title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
ဝမ်းဗိုက်လေပွ ခြင်းကို ဖြစ်စေသည့် အကြောင်းအရင်းများ
tအူထဲက လေနဲ့ ဓာတ်ငွေ့တို့ကြောင့် ဝမ်းဗိုက်တစ်ခုလုံး ပြည့်တင်းသလို ခံစားရခြင်းကို ဝမ်းဗိုက်လေပွ ခြင်းလို့ ခေါ်ပါတယ်။ လေပွတဲ့အခါ သင့်ဝမ်းဗိုက်တစ်ခုလုံး ဖောင်းတင်းပြီး နာကျင်မှုဝေဒနာ ခံစားရနိုင်သလို မကြာခဏလေထိုးလေအောင့်ခြင်း၊လေချဉ်တက်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ဝမ်းဗိုက်လေပွခြင်းဟာ နေ့စဉ်လူမှုဘ၀ လုပ်ငန်းဆောင်တာတွေကိုပါ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ဝမ်းဗိုက်လေပွခြင်းရဲ့ အဓိကတရားခံကတော့ အစာစားပြီးချိန်မှာ ထွက်လာတဲ့ ဓာတ်ငွေ့ပဲဖြစ်ပါတယ်။ အစာအိမ်က မချေဖျက်နိုင်တဲ့ အစားအစာတွေ ပြိုကွဲတဲ့အခါ ဒါမှမဟုတ် ပါးစပ်ကနေ လေအများအပြားဝင်ရောက်တဲ့အခါ ဝမ်းဗိုက်ထဲ ဓာတ်ငွေ့တွေ စုပုံလာမှာဖြစ်ပါတယ်။ အမှန်တကယ်တော့ အစာစားတဲ့အချိန်၊ သောက်တဲ့အချိန်တိုင်း ပါးစပ်ကတဆင့် ခန္ဓာကိုယ်ထဲ ပြင်ပလေဝင်ရောက်နိုင်ပေမယ့် အောက်ပါအခြေအနေတွေမှာ ပုံမှန်ဝင်နေကျ လေပမာဏထက် အဆပေါင်းများစွာ ပိုဝင်သွားတတ်ပါတယ်။ပုံမှန်အားဖြင့် မျိုချလိုက်မိတဲ့ လေတွေဟာ လေချဉ်တက်ရာ၊ လေလည်ရာကတဆင့် ခန္ဓာကိုယ်ပြင်ပဆီ ပြန်ထွက်သွားတာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲ ဓာတ်ငွေ့စုပုံခြင်းအပြင် အစာချေဖျက်နှုန်း နှေးကွေးခြင်းကြောင့်လည်း လေပွခြင်း၊ ဝမ်းဗိုက်ကယ်ခြင်းကို ဖြစ်လာနိုင်ပါတယ်။ဝမ်းဗိုက်လေပွစေတဲ့ ဖြစ်လေ့ဖြစ်ထအရှိဆုံး အကြောင်းအရင်းကတော့ဝမ်းချုပ်ခြင်းပဲ ဖြစ်ပါတယ်။ ပုံမှန်ဝမ်းသွားနေကျ အကြိမ်ရေလောက် မသွားတော့ဘူးဆိုရင် ဝမ်းချုပ်နေမှန်း မိမိကိုယ်ကိုယ် သတိထားမိကြတာ များပါတယ်။ ဒါပေမယ့် အောက်ပါလက္ခဏာတွေ ဖြစ်လာမယ်ဆိုရင်တော့ ဝမ်းပုံမှန်သွားနေရင်တောင် ဝမ်းချုပ်တယ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ဝမ်းဗိုက်လေပွခြင်းကို ကာကွယ်နိုင်မယ့် အသုံးအဝင်ဆုံး နည်းလမ်းကတော့ အစားအသောက်ပုံစံ ပြောင်းလဲခြင်းပဲ ဖြစ်ပါတယ်။ ဝမ်းဗိုက်တွင်းမှာ အချဉ်ဖောက်ရမလွယ်ကူတဲ့ FODMAP diet ခေါ် oligosaccharide များ (ဂျုံ၊ ကြက်သွန်နီ၊ ပဲတောင့်အမျိုးမျိုး)၊ disaccharide များ (ဒိန်ချဉ်၊ နို့)၊ monosaccharide များ (ပန်းသီး၊ သစ်တော်သီး) နှင့် polyols များ (တရုတ်ဆီးသီး၊ ဆီးသီး၊ ပန်းဂေါ်ဖီ) ကို စားသုံးခြင်းအားဖြင့် ဝမ်းဗိုက်လေပွတာကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ဝမ်းဗိုက်လေပွ ခြင်းဟာ လူတိုင်း ဖြစ်ဖူးပြီး အများစုက အလိုလို ပျောက်ကင်းသွားနိုင်ပါတယ်။ ရောဂါအခံတစ်ခုခုရှိပြီး မကြာခဏ လေပွတတ်ရင်တော့ ဆရာဝန်နဲ့ ပြသပြီး ဆွေးနွေးသင့်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/bloating-gas/bloating-and-gas-2/
Revision Total Hip Replacement (ပေါင်ရိုးအစားထိုးမှု ထပ်မံပြုလုပ်ခြင်း)
သင့်ရဲ့အစားထိုးထားတဲ့ပေါင်ရိုးအဟောင်းကို ထုတ်ပြီး ပေါင်ရိုးအသစ်နဲ့အစားထိုးလဲလှယ်တဲ့ ခွဲစိတ်မှုလုပ်ငန်းစဉ်ပဲ ဖြစ်ပါတယ်။အောက်ပါအချက်တွေကြောင့် ပေါင်ရိုးအစားထိုးတာ မအောင်မမြင် ဖြစ်တတ်ပါတယ်။• အစားထိုးထားတဲ့ ပေါင်ရိုးအဆစ်နေရာပျက်စီးခြင်း။• အစားထိုးထားတဲ့ ပေါင်ရိုးမှာပိုးဝင်ခြင်း။• အစားထိုးထားတဲ့ ပေါင်ရိုး နေရာရွေ့ခြင်း၊လွဲခြင်း။• ပေါင်ရိုးကျိုးခြင်း။သင့်အနေနဲ့ပိုပြီးလမ်းကောင်းကောင်း လျှောက်နိုင်မယ်။ နိစ္စဓူဝလုပ်ငန်းဆောင်တာတွေကို ပိုလုပ်လာနိုင်မယ်။အချိန်ကြာလာတာနဲ့အမျှ ပြန်ပြီးပျက်စီးသွားနိုင်ပါတယ်။တကယ်လို့ ရောဂါလက္ခဏာတွေက မပြင်းထန်ဖူးဆိုရင် အချိန်အနည်းငယ် စောင့်ကြည့်နိုင်ပါတယ်။တကယ်လို့ပိုးဝင်တာမျိုးရှိတယ်ဆိုရင် ခွဲစိတ်မှုအောင်မြင်နိုင်ဖို့အတွက် ပဋိဇီဝပိုးသတ်ဆေးတွေသုံးစွဲဖို့လိုပါလိမ့်မယ်။တကယ်လို့ခွဲစိတ်ထားတဲ့ ပေါင်ရိုးအဆစ်ကအပြင်ကို ပြန်ပြန်ပြီး ထွက်လာနေတယ်ဆိုရင် ပေါင်ကိုထောက်ပံ့ပြီး ပတ်စည်းပေးထားဖို့အပတ်(brace) လိုပါလိမ့်မယ်။တကယ်လို့သင့်ပေါင်ရိုးကျိုးနေတယ်ဆိုရင် ခဲဆွဲထားဖို့လိုကောင်းလိုပါလိမ့်မယ်။ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ၊ အန္တရာယ်တွေအကြောင်းကို ခွဲစိတ်ကုသမှုမခံယူခင်မှာ သင့်အနေနဲ့ကောင်းကောင်းနားလည်သဘောပေါက်ထားဖို့လိုအပ်ပါတယ်။ တကယ်လို့သင့်အနေနဲ့ မရှင်းလင်းတာ၊ မေးချင်တာတွေရှိတယ်ဆိုရင် သင့်ဆရာဝန် ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်မေးမြန်းနိုင်ပါတယ်။သင့်ရဲ့ လတ်တလောသောက်နေတဲ့ ဆေးတွေ၊ ဓါတ်မတည့်တာတွေရှိမရှိနဲ့ရောဂါတစ်ခုခုရှိတာမျိုးစတဲ့ အခြေအနေတွေကို ဆရာဝန်နဲ့ ကြိုတင်ဆွေးနွေးထားရမှာဖြစ်သလို ခွဲစိတ်မှုမခံယူခင်မှာ မေ့ဆေးဆရာဝန်နဲ့ တွေ့ဆုံပြီး အသုံးပြုမယ့် မေ့ဆေးအမျိုးအစားနဲ့ ပုံစံအကြောင်းကို မေးမြန်းဆွေးနွေးရမှာဖစ်ပါတယ်။ ခွဲစိတ်မှုမပြုလုပ်ခင် ဘယ်အချိန်မှာအစာစားတာ၊ ရေသောက်တာရပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေကို အတိအကျလိုက်နာရပါမယ်။အမျိုးမျိုးသောထုံဆေး၊ မေ့ဆေးတွေကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ခွဲစိတ်ဆရာဝန်အနေနဲ့သင့်ရဲ့ ပေါင်မှာ ခွဲကြောင်းပေးပါမယ်။ ပြီးရင် အစားထိုးထားတဲ့စတီးရိုးအဟောင်းကို ဖယ်ထုတ်ပါမယ်(တခြားမလိုအပ်တာတွေကိုလည်းဖယ်ထုတ်ပါမယ်)။ ထို့နောက် စတီးရိုးအသစ်ကို ထပ်ပြီးအစားထိုး တပ်ဆင်ပါလိမ့်မယ်။ အစားထိုးတပ်ဆင်လိုက်တဲ့ စတီးရိုးနဲ့ခန္ဓါကိုယ်ထဲမှာရှိနေတဲ့အရိုးတို့ မြဲမြံစွာကပ်နေဖို့အတွက် acrylic cement လို့ခေါ်တဲ့ ပစ္စည်းတစ်မျိုးကို အသုံးပြုပါမယ်။သင့်အရိုးကပါးနေရင်၊ ကျိုးနေရင် ဒါမှမဟုတ် ပိုးဝင်နေရင်ခွဲစိတ်မှုလုပ်ရတာ ပိုပြီးရှုပ်ထွေးလက်ဝင်ပါလိမ့်မယ်။ခွဲစိတ်ပြီးငါးရက်ကနေ ဆယ်ရက်အတွင်းမှာ ဆေးရုံကဆင်းခွင့်ရပါလိမ့်မယ်။ သင့်အနေနဲ့ ရက်သတ္တပတ်အနည်းငယ်လောက် ချိုင်းထောက်အသုံးပြုဖို့လိုမှာ ဖြစ်ပြီး လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးမယ်ဆိုရင်တော့ သင့်ရဲ့ပုံမှန်လှုပ်ရှားသွားလာမှုတွေကို မြန်မြန်ဆန်ဆန် ပြန်လုပ်လာနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းတွေမလုပ်ခင်မှာ သင့်ဆရာဝန်နဲ့အရင်တိုင်ပင်ရပါမယ်။ ပေါင်ရိုးအစားထိုးမှု ထပ်မံပြုလုပ်ခြင်းက လူနာအများစုမှာ ရလဒ်ကောင်းမွန်လေ့ရှိပါတယ်။ပေါင်ကြွက်သား၊ တင်ပါးကြွက်သားတွေ သန်စွမ်းလာစေဖို့အတွက် သင့်ရဲ့ physiotherapist (ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင် သန်စွမ်းရေးကုထုံး ပညာရှင်) ညွှန်ကြားတဲ့အတိုင်း တစ်သဝေမတိမ်းလိုက်နာဖို့လိုအပ်လှပါတယ်။ တကယ်လို့ သင့်မှာမရှင်းလင်းတာ ဒါမှမဟုတ် စိုးရိမ်ပူပန်မှုတွေရှိနေတယ်ဆိုရင် သင့်ဆရာဝန် ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်နဲ့ တွေ့ဆုံမေးမြန်းနိုင်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ပုံမှန်အားဖြင့် ဒီခွဲစိတ်မှုဟာ အရေးပေါ်မဟုတ်ဘဲ စိတ်ချရတဲ့ခွဲစိတ်မှုတစ်ခုဖြစ်ပါတယ်။ မေ့ဆေးနဲ့ပတ်သက်ပြီး ကြိုတင်တွက်ဆထားလို့မရနိုင်တဲ့ ပြဿနာတွေဥပမာ-အသက်ရှုလမ်းကြောင်း ဒါမှမဟုတ် နှလုံးနဲ့ဆိုင်တဲ့ ပြဿနာတွေတော့ ဖြစ်ပေါ်လာနိုင်ပါတယ်။ဒါ့အပြင် ပိုးဝင်ခြင်း၊ အာရုံကြောနဲ့ သွေးကြောတွေကို ထိခိုက်မိခြင်း၊ အရိုးကျိုးခြင်း ၊ အားနည်းခြင်း၊ ပေါင်ရိုးဆစ်နေရာကမာတောင့်နေခြင်း၊ မလှုပ်နိုင်ခြင်း ၊ နာခြင်း ဒါမှမဟုတ် ထပ်မံခွဲစိတ်ဖို့လိုအပ်ခြင်းစတဲ့ ပြဿနာတွေကိုလည်း ရင်ဆိုင်ကောင်းရင်ဆိုင်ရနိုင်ပါတယ်။ပေါင်ရိုးအစားထိုးမှု ထပ်မံပြုလုပ်တာကြောင့် ရင်ဆိုင်တွေ့ကြုံရလာနိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေကတော့-။• ပေါင်ရိုးအက်ခြင်း။• ပေါင်ရိုးအနားတစ်ဝိုက်ကအာရုံကြောတွေနဲ့ သွေးကြောတွေထိခိုက်ခြင်း။• ပိုးဝင်ခြင်း။• ချောင်သွားခြင်း။• နေရာလွဲခြင်း။• ခြေထောက်တစ်ချောင်းနဲ့တစ်ချောင်းအရှည်အတိုမတူညီခြင်း။• အသက်ဆုံးရှုံးခြင်းစတာတွေပဲ ဖြစ်ပါတယ်။ခွဲစိတ်မှုမပြုလုပ်ခင် အစာမစားဖို့ ညွှန်ကြားတာမျိုး ဒါမှမဟုတ် သောက်နေကျဆေးတချို့ကို ရပ်ခိုင်းတာမျိုးအစရှိတဲ့ ဆရာဝန်ရဲ့လမ်းညွှန်ချက်တွေကို အတိအကျလိုက်နာမယ်ဆိုရင် ခွဲစိတ်မှုကြောင့် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲပြဿနာတွေကို အနည်းဆုံး ဒါမှမဟုတ် လုံးဝမဖြစ်အောင် လျှော့ချလိုက်နိုင်မှာပဲ ဖြစ်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-procedures-and-surgeries/revision-total-hip-replacement-%e1%80%b1%e1%80%95%e1%80%ab%e1%80%84%e1%80%b9%e1%82%90%e1%80%ad%e1%80%af%e1%80%b8%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%91%e1%80%ad%e1%80%af%e1%80%b8%e1%80%99/
ငှက်ပျောသီးက နေ့စဉ်အစာအာဟာရကို ဘယ်လိုအကျိုးပြုလဲ
ကျွန်တော်တို့နိုင်ငံမှာတော့ငှက်ပျောသီးကို နေရာအနှံ့၊ ရာသီမရွေး တွေ့နေကြတာပါပဲ။ အရသာလည်း ရှိတယ်၊အမျှင်ဓါတ်လည်း များတော့ တစ်လုံးလောက်စားပြီးတာနဲ့ ဗိုက်ဝသွားရော။ သဘာဝအချို အရသာဆိုတော့ ကလေးတွေပါ ကြိုက်ကြတာပေါ့။ ဒီနေ့ဆောင်းပါးလေးမှာ အသက်အရွယ်မရွေး ကြိုက်နှစ်သက်ကြတဲ့ ငှက်ပျောသီးရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို ပြောပြပေးချင်ပါတယ်။အရောင်၊ အရွယ်အစား၊ ပုံစံချင်း မတူရင်တောင် ငှက်ပျောသီးမှာ ပါတဲ့အာဟာရဓါတ်ေတွကတော့ လူတွေအတွက် အကျိုးများစွာ ဖြစ်စေနိုင်ပါတယ်။ အမျှင်ဓါတ် ပါဝင်မှု များလို့ အစာကြေလွယ်စေတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်လို့ ကိုယ်ခံအားစနစ်ကို ကောင်းစေပြီး ရောဂါတွေကို တိုက်ဖျက်ပေးနိုင်တယ်။အိုမင်းရင့်ရော်မှုကို နှေးကွေးစေတယ်။ ပိုတက်စီယမ်ဓါတ်၊ ဗီတာမင် ဘီ-စစ်၊ ဗီတာမင် စီ၊ မဂ္ဂနီဆီယမ်ဓါတ်၊ ကစီဓါတ်၊ ပရိုတင်းဓါတ်နဲ့ အဆီဓါတ်အနည်းငယ် ပါဝင်လို့ ကျန်းမာကြံ့ခိုင်စေပြီး တစ်နေ့တာအတွက် လိုအပ်တဲ့ ခွန်အားတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ငှက်ပျောသီးမှာပါဝင်တဲ့ ပက်တင် (Pectin) လို့ ခေါ်တဲ့အမျှင်ဓါတ်ေတွဟာ အစာကို လျင်မြန်စွာ ချေဖျက်နိုင်စေဖို့ ကူညီပေးတဲ့အပြင် သွေးတွင်း သကြားဓါတ်ကိုပါ ထိန်းညှိပေးနိုင်ပါတယ်။ အမျိုးအစား (၂)ဆီးချိုရောဂါရှင်ေတွအနေနဲ့ ငှက်ပျောသီးကို သင့်တင့်ရုံ ပမာဏလောက်သာ စားပေးနိုင်ရင် ပိုကောင်းပါတယ်။ ဒါ့အပြင် စားပြီးတာနဲ့ ဗိုက်ပြည့်သွားစေလို့ အစာမကြာခဏ စားချင်စိတ်ကို မဖြစ်စေတော့ အဝမလွန်စေဖို့ ကာကွယ်ပြီးသား ဖြစ်တာပေါ့။ငှက်ပျောသီးမှာ ပါဝင်တဲ့ အမျှင်ဓါတ်နဲ့ကစီဓါတ်ဟာ အူမကြီးထဲရောက်သွားတဲ့အခါမှာ ကိုယ်ခန္ဓါအကျိုးပြုဘက်တီးရီးယားတွေအတွက် အစာဖြစ်သွားပါတယ်။ ဒီဘက်တီးရီးယားလေးတွေ များလာတာနဲ့ ကိုယ်ခံအားစနစ်ကိုသာမက အစာကောင်းကောင်း ချေဖျက်နိုင်ဖို့ကိုလည်း ကူညီပေးတယ်။ အူမကြီးကင်ဆာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ကိုယ်အလေးချိန် ချဖို့ ရည်မှန်းထားတဲ့ မိန်းကလေးတွေအတွက် စားပေးသင့်တဲ့ အသီးတွေထဲမှာ ပါပါတယ်။ ငှက်ပျောသီးမှာ ကယ်လိုရီပမာဏ နည်းပြီးပရိုတင်းဓါတ်နဲ့ တခြားအကျိုးပြု အာဟာရဓါတ်တွေ အများအပြား ပါဝင်ပါတယ်။ အမျှင်ဓါတ်ပါဝင်မှု များလို့ ကိုယ်အလေးချိန်ကို ကျစေပြီး အစာမကြာခဏ စားချင်စိတ်ကို ထိန်းချုပ်ပေးလို့ အဝမလွန်စေဖို့ ကူညီပေးနိုင်တာပေါ့။ငှက်ပျောသီးမှာ နှလုံးနဲ့ ကျောက်ကပ်အတွက် မရှိမဖြစ်အာဟာရ ပိုတက်စီယမ်ဓါတ်တွေ အများအပြား ပါဝင်ပါတယ်။ ဒါ့အပြင် ပိုတက်စီယမ်ဓါတ်ဟာ သွေးတိုးကျစေလို့ နှလုံးနဲ့ ဆက်စပ်ရောဂါတွေ ဖြစ်မလာစေဖို့ ကာကွယ်ပေးနိုင်တယ်။ နှလုံးအားကောင်းစေတဲ့ သက်လုံကောင်းပြီး အမောခံနိုင်ရည်ရှိစေတာပေါ့။ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေမှာ ကိုယ်ခန္ဓါအကျိုးပြုဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများအပြား ပါဝင်တာကို သိပြီးသားဖြစ်မှာပါ။ ဒီဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ရောဂါတွေကို တိုက်ထုတ်ပေးနိုင်တယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပြီး ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးနိုင်တယ်။ နှလုံးရောဂါ၊ သွေးတိုးရောဂါ ဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။ငှက်ပျောသီးက တစ်နေ့တာအတွင်း ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်လို့ အားကစားသမားတွေအတွက်သာမက လေ့ကျင့်ခန်းလိုက်စားသူတွေအတွက်ပါ ကောင်းကျိုးများစွာ ဖြစ်စေပါတယ်။ ပိုပြီး အမောခံနိုင်တဲ့အတွက် အလေးအပင်တွေ မတဲ့အခါမှာလည်း အားစိုက်လို့ ရတာပေါ့။ အချိန်တိုအတွင်း ကြွက်သားတည်ဆောက်ဖို့ ရည်မှန်းထားတဲ့ ကိုကိုတွေအနေနဲ့ ငှက်ပျောသီးကို Gym မကစားခင် တစ်လုံးလောက်ဖြစ်ဖြစ် စားပေးတာ ပိုကောင်းတယ်နော်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%84%e1%80%be%e1%80%80%e1%80%ba%e1%80%95%e1%80%bb%e1%80%b1%e1%80%ac%e1%80%9e%e1%80%ae%e1%80%b8%e1%80%80-%e1%80%94%e1%80%b1%e1%80%b7%e1%80%85%e1%80%89%e1%80%ba%e1%80%a1%e1%80%85%e1%80%ac%e1%80%a1/
ကြက်ရိုး ဆိတ်ရိုးထဲက ရိုးတွင်းခြင်ဆီတွေထုတ်စားရတာ ကြိုက်တဲ့သူတွေရှိလား ။ ။
ကြက်စွပ်ပြုတ်တို့ ၊ ဆိတ်ရိုးစွပ်ပြုတ်တို့ စားဖူးတဲ့သူတိုင်း သိကြမှာပါ။ အရိုးထဲကရိုးတွင်းခြင်ဆီမဲမဲလေးတွေကို စုပ်စားလိုက်ရ၊ ခြစ်စားလိုက်ရမှ ကျေနပ်တယ်ဟုတ်။ စိမ့်ပြီးတော့ အရသာကိုရှိလို့။ ပါတာကလည်းနည်းနည်းလေးဆိုတော့ စားလို့လည်းကောင်း စားရတာလည်း မဝဘူးမလား။ ဒီကြက်ရိုးတို့ ဆိတ်ရိုးတို့ထဲက ရိုးတွင်းခြင်ဆီက ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေ ရှိလဲဆိုတာရော သိကြလား။ ။ရိုးတွင်းခြင်ဆီဆိုတာအရိုးတွင်းမှာရှိတဲ့ တစ်ရှူးအပွတွေဖြစ်ပြီးအောက်ဆီဂျင်တွေ ပို့ပေးတဲ့ေသွးနီဥ၊ ခုခံအားအတွက်လိုအပ်တဲ့ သွေးဖြူဥနဲ့ သွေးတိတ်စေတဲ့ သွေးဆဲလ်တစ်မျိုးကိုထုတ်လုပ်ပေးတဲ့နေရာဖြစ်ပါတယ်။ ဒီ ကြက်သား၊ဆိတ်သား၊ အမဲသားတို့ကရတဲ့ ရိုးတွင်းခြင်ဆီကို စားစရာအဖြစ် စားသုံးကြပါတယ်။ရိုးတွင်းခြင်ဆီမှာကယ်လိုရီနဲ့ အဆီပါဝင်မှုများပြီးပရိုတင်းနဲ့ ဗီတာမင် B 12 တို့လိုဗီတာမင်သတ္တုဓါတ်တွေ အဓိကပါဝင်ပါတယ်။ ပါဝင်တဲ့ ညွှန်းကိန်းတွေကတော့။ရိုးတွင်းခြင်ဆီမှာကော်လာဂျင်ပရိုတင်းပါဝင်မှုလည်းများတာကြောင့်အသားအရေတင်းရင်းဖို့နဲ့ အရိုးအဆစ်နာကျင်တာတွေအတွက်သူက စားပေးသင့်တဲ့ အစားအသောက်တစ်ခုပါ။ နွား၊ဆိတ်၊ သိုးတို့ကနေ ရတဲ့ ရိုးတွင်းခြင်ဆီဟာ ရောင်ရမ်းခြင်းကို လျော့ကျစေပြီး ခုခံအားကို မြင့်တက်စေတဲ့ conjugated linoleic acid (CLA) ပါဝင်ပါတယ်။ ဒါ့အပြင် အရိုးနဲ့ အရွတ်ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ glycine, glucosamine, and chondroitin တွေလည်းပါဝင်တာကြောင့် အရိုးအဆစ်သန်မာဖို့အတွက်လည်း သူကကူညီပေးပါသေးတယ် ။ ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/bone-marrow/
အသည်းရောင် အသားဝါဘီပိုးရှိသူ ပြုလုပ်သင့်သော အရာများ
သင့်မှာအသည်းရောင် အသားဝါဘီပိုး ရှိနေရင် ဒီရောဂါနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို သိထားသင့်ပါတယ်။ ဒီလို သိထားတာက ရောဂါကို မြန်မြန်သက်သာစေပြီး တခြားသူများကို မကူးစက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါဆို အသည်းရောင် အသားဝါဘီပိုး နဲ့ပတ်သက်ပြီး သင်ဘာတွေသိထားသင့်ပါသလဲ။ အသည်းရောင် အသားဝါဘီပိုးရှိသူ ပြုလုပ်သင့်သော အရာများ က ဘာတွေလဲ။အရွယ်ရောက်ပြီးတဲ့သူတွေမှာ ပြန်ကောင်းနိုင်တဲ့ အခွင့်အလမ်းပိုများပြီး ကလေးငယ်တွေနဲ့  မွေးခါစကလေးအများစုမှာဆိုရင်တော့ နာတာရှည် အသည်းရောင်အသားဝါ ဘီရောဂါ ဖြစ်သွားနိုင်ပါတယ်။ အသက်အရွယ်အလိုက် ရောဂါပြန်လည် ပျောက်ကင်းနိုင်တဲ့ ရာခိုင်နှုန်းတွေကို အောက်မှာ ဖော်ပြထားပါတယ်။သင့်မှာ ဘီပိုးကူးစက်ခံရပါက အခြားသူများကိုလည်း ကူးစက်စေနိုင်ပါတယ်။ မိမိနဲ့ လိင်ဆက်ဆံသူ၊ တစ်အိမ်တည်းနေတဲ့ သူများကို ဘီပိုးရှိမရှိ စစ်ဆေးသင့်ပြီး မရှိပါက ကာကွယ်ဆေး ထိုးထားသင့်ပါတယ်။ အသည်းရောင်အသားဝါဘီပိုးရှိတဲ့ မိခင်မှ မွေးဖွားလာတဲ့ ကလေးငယ်များကို မွေးပြီး၁၂နာရီအတွင်းကာကွယ်ဆေးထိုးရပါမယ်။ဒါ့ပြင် ထိခိုက်ဒဏ်ရာများရှိရင် အုပ်ထားသင့်ပြီး မုတ်ဆိတ်ရိတ်ဓား၊ သွားပွတ်တံများ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများ ဝေမျှသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအရာတွေကနေတဆင့် သွေးချင်းထိပြီး ရောဂါပိုး ကူးစက်နိုင်တာကြောင့် ဖြစ်ပါတယ်။အမြစ်ပြတ်ပျောက်ကင်းနိုင်တော့ မကုသနိုင်သေးပါဘူး။ လောလောလတ်လတ် ကူးစက်ခံထားရသူတချို့မှာတော့ အလိုလို ပျောက်ကင်းတတ်ပါတယ်။ နာတာရှည်ဖြစ်သွားရင်တော့ ဆေးဝါးများနဲ့ ထိန်းထားနိုင်ပါတယ်။၆လနဲ့ အထက် ဘီပိုးရှိပါက နာတာရှည် အသည်းရောင် အသားဝါဘီပိုး ရှိနေတယ်လို့ ပြောလို့ရပါတယ်။ ဒီအခါမှာ အသည်းအထူးကုနဲ့ ပြသပြီး အသည်းအခြေအနေကို သိရှိရန် သွေးစစ်ခြင်း၊ အာထရာဆောင်းရိုက်ခြင်းများ ပြုလုပ်သင့်ပါတယ်။ နာတာရှည် အသည်းရောင်အသားဝါဘီပိုးရှိတဲ့သူတွေက သေချာကုသမှု ခံယူရင် သက်တမ်းစေ့နေနိုင်ပါတယ်။နာတာရှည် အသည်းရောင်အသားဝါဘီပိုး ရှိပါက ပိုးသည် သွေးနဲ့ အသည်းမှာ အချိန်အကြာကြီးတသက်လုံးရှိနေမှာ ဖြစ်ပါတယ်။ သင့်မှာ ရောဂါလက္ခဏာမပြရင်တောင်မှ အခြားသူများကို ကူးစက်နိုင်ပါတယ်။ ဒါကြောင့် မိမိနဲ့ အတူနေသူများနဲ့  လိင်ဆက်ဆံဖော်များကို ဘီပိုးရှိမရှိစစ်ဆေးပြီး ကာကွယ်ဆေးထိုးထားသင့်ပါတယ်။အသည်းရောင် အသားဝါဘီပိုးရှိသူ ပြုလုပ်သင့်သော အရာများ ကတော့ အရက်က အသည်းကို ဘေးဖြစ်စေနိုင်တာကြောင့် အရက်သောက်ခြင်းမှ လုံးဝရှောင်ကြဉ်ပါ။ ဒီလိုပဲ ဆေးလိပ်သောက်ခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ဆေးဝါးများ၊ အားဆေးများ၊  သဘာ၀ ဆေးဖက်ဝင်ဆေးများ မသောက်မီ ဆရာဝန်နဲ့ အရင်ဆွေးနွေးသင့်ပါတယ်။နာတာရှည်အသည်းရောင်အသားဝါဘီပိုးရှိသူများအတွက် စားသောက်မှုပုံစံသက်သက်မရှိပေမယ့် သင့်တင့်မျှတတဲ့ အစားအသောက်၊ အဆီနည်းပြီး အသီးအရွက်များတဲ့ စားသောက်မှု ပုံစံများ မှီဝဲသင့်ပါတယ်။ ပင်လယ်စာအစိမ်းမှာ အသည်းကို ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားပိုးများ ပါဝင်တာကြောင့် ပင်လယ်စာအစိမ်းစားခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။အားကစားများပုံမှန်လုပ်တာက ကျန်းမာသောဘဝကို ရရှိစေနိုင်ပါတယ်။  ဒါက ဆေးကုသမှုမဟုတ်ပေမယ့် သင့်ရောဂါကို သက်သာစေရန် ကူညီပါလိမ့်မယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/what-hepatitis-b-patients-should-not-do/
ဝမ်းဗိုက်ထဲ ကျန်ခဲ့တဲ့ဝှေးစေ့အတွက် ခွဲစိတ်ကုသခြင်း (Orchiopexy)
ယောက်ျားလေးတွေ ဗိုက်ထဲမှာ သန္ဓေသားအဖြစ်နဲ့ ကြီးထွားလာတဲ့အခါကတည်းကဝှေးစေ့တွေ စတင်ဖွံ့ဖြိုးလာပါတယ်။ စစချင်းမှာ ဝမ်းဗိုက်ထဲမှာသာ ဝှေးစေ့ရှိနေပြီး ကိုယ်ဝန်သက်တမ်းရင့်လာတာနဲ့အမျှ ဝှေးစေ့က အောက်ကို ပြုတ်ကျသွားကာ ပုံမှန်အနေအထားကို ရောက်ရှိပါတယ်။ အဲ့လိုမဟုတ်ဘဲ သန္ဓေသားဖွံ့ဖြိုးမှုနှေးကွေးခြင်းကြောင့် ဝှေးစေ့က အောက်ကို ပြုတ်ကျမလာဘဲ ဗိုက်ထဲမှာ ကျန်နေလျက်နဲ့ မွေးလာတဲ့အခြေအနေမျိုးလည်း ကြုံလာနိုင်ပါတယ်။ ဒါကို ဝမ်းဗိုက်တွင်းဝှေးစေ့ကျန်ခဲ့ခြင်း (Undescended Testicle သို့မဟုတ် ဆေးအခေါ်အရ Cryptorchidism) လို့ ခေါ်ပါတယ်။ ဝမ်းဗိုက်ထဲကျန်နေခဲ့တာ ဝှေးစေ့တစ်လုံးထဲလည်း ဖြစ်နိုင်သလို ၂လုံးလုံး ကျန်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ပုံမှန်အားဖြင့် ကလေးမွေးပြီးတဲ့အခါ ဝှေးစေ့ပြန်ကျလာခြင်း မရှိပါက ဆရာဝန်အနေနဲ့ ဒီအကြောင်းကို မိဘတွေကို ပြောပြမှာဖြစ်ပြီး တစ်နှစ်အထိ စောင့်ကြည့်မှာ ဖြစ်ပါတယ်။ ၆လတစ်ကြိမ် ဆရာဝန်နဲ့ ပြန်ပြဖို့တော့ လိုပါတယ်။ တစ်နှစ်အထိမှဝှေးစေ့က လုံးဝအောက်ကို သူ့အလိုလိုပြန်မကျလာဘူးဆိုရင် ခွဲစိတ်ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ ဒီခွဲစိတ်ကုထုံးကိုတော့ Orchiopexy သို့မဟုတ် Orchidopexy လို့ ခေါ်ပြီး အသက် ၅လမှ ၁၅ နှစ်ကြားအရွယ် ကလေးတွေအတွက် လိုအပ်တဲ့ ကုထုံးဖြစ်ပါတယ်။Orchiopexy ခွဲစိတ်ကုထုံးဟာ ဝှေးစေ့တစ်လုံး သို့မဟုတ် နှစ်လုံးလုံး ဝမ်းဗိုက်ထဲ ကျန်နေခဲ့သလိုမျိုး ပုံမှန်မဟုတ်တဲ့ အခြေအနေကို ပြုပြင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ ဒီအတိုင်း ထားထားလိုက်မယ်ဆိုရင် ကလေးကြီးလာတဲ့အခါမျိုးအောင်နိုင်စွမ်းကို သွားပြီးထိခိုက်စေနိုင်သလို ကိုယ်တွင်းအပူချိန်ကြောင့် ဝှေးစေ့က ပျက်စီးပြီး သုက်ပိုးထုတ်လုပ်နိုင်ခြင်း မရှိတော့ပါဘူး။ ဒါ့အပြင် အူကျတာ၊ဝှေးစေ့ကင်ဆာဖြစ်နိုင်ခြေကိုလည်း ပိုများစေနိုင်ပါတယ်။ ဒါကြောင့် ဒီလိုခွဲစိတ်ကုသမှုခံယူဖို့ အမြန်ဆုံး စတင်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ခွဲစိတ်ကုထုံးကို အများဆုံး အသက် ၃၂နှစ်အရွယ် အမျိုးသားတွေအထိ သတ်မှတ်ထားပြီး အဲ့ထက်ကြီးရင်တော့မေ့ဆေးရဲ့ အာနိသင်ပြောင်းပြန်ဖြစ်ပြီး ဘေးထွက်ဆိုးကျိုးပိုများနိုင်လို့ပါ။အဓိကကတော့ အစာ၊ ရေသောက်တာကို ဆင်ခြင်ဖို့ပါပဲ။ ခွဲစိတ်ကုသဖို့ ရက်ချိန်းရပြီဆိုရင် ခွဲပေးမယ့်ဆရာဝန်အနေနဲ့ ဘယ်အချိန်ကို နောက်ဆုံးထားပြီး အစာစားရမယ်၊ ရေသောက်ရမယ်ဆိုတာကို ညွှန်ကြားပေးမှာဖြစ်ပြီး အဲ့အတိုင်း လိုက်နာဖို့ လိုပါတယ်။ အသက်ငယ်သေးတဲ့ ကလေးတွေမှာတော့ ဘာမှမသိသေးတဲ့အတွက် စိုးရိမ်ကြောင့်ကြမှုမရှိပေမဲ့ လူကြီးတွေမှာတော့ အနည်းငယ်စိုးရိမ်စိတ်တွေ ဖြစ်တတ်ပါတယ်။မိဘတွေအနေနဲ့ ကိုယ့်ရဲ့ ကလေးကို ခွဲစိတ်ကုသမှုခံယူဖို့ သဘောတူကြောင်းစာရွက်ကို လက်မှတ်အရင်ရေးထိုးရပါမယ်။ ပြီးသွားပြီဆိုတာနဲ့ ကလေးကို ကုသဆောင်မှာ ထားရှိပြီး လက်မောင်းနဲ့ ခြေထောက်အတွင်း IV ဆေးသွင်းမှာဖြစ်ပါတယ်။ ထိုးသွင်းကာစမှာ အနည်းငယ်နာကျင်မှုမျိုး ရှိနိုင်ပေမယ့် ခဏလေးအတွင်းမှာ ပျောက်သွားမှာပါ။ခွဲစိတ်ကုသဖို့ အချိန်ကြာပြီဆိုရင် မေ့ဆေးဆရာဝန်က IV အကြောဆေးသွင်းထားတဲ့ ပိုက်ထဲ မေ့ဆေးထည့်ပေးလိုက်မှာဖြစ်ပြီး ခွဲစိတ်နေတဲ့ အချိန်တစ်လျှောက်လုံးမှာ ကလေးကောင်းကောင်း အိပ်ပျော်သွားစေမှာပါ။ ကလေးအိပ်ပျော်သွားတာနဲ့ ခွဲစိတ်ဖို့ စတင်မှာဖြစ်ပါတယ်။စစချင်းမှာပေါင်ခြံအတွင်း အနည်းငယ်ဖြတ်ရာပေးပြီး ဝမ်းဗိုက်ထဲမှာ ကျန်နေတဲ့ ဝှေးစေ့ကို လက်နဲ့ စမ်းပြီး အပြင်သို့ဆွဲထုတ်ကာ သုက်ပို့ပြွန်ကို လွတ်လွတ်ကျွတ်ကျွတ်ဖြစ်အောင် ဖယ်ထားမှာဖြစ်ပါတယ်။ သုက်ပို့ပြွန်ဟာ သေးလွန်းနေတဲ့အတွက် ဝှေးစေ့ကို အောက်ကိုကျမလာအောင် တင်းခံထားသလို ဘေးမှာရှိတဲ့တစ်ရှူးတွေကိုလည်း ချုံ့နိုင်၊ ဆန့်နိုင်ခြင်းနည်းသွားအောင် လုပ်လိုက်သလို ဖြစ်စေပါတယ်။ကပ္ပါယ်အိတ်အတွင်းမှာ ခွဲစိတ်ဓားနဲ့ ဖြတ်ရာသေးသေး ပေးပြီး ဝှေးစေ့ဝင်လာဖို့ အိတ်ငယ်လေးပုံစံဖြစ်အောင် လုပ်ပေးလိုက်မှာဖြစ်ပါတယ်။ ပြီးသွားမှသာ ဝှေးစေ့ကို ကပ္ပါယ်အိတ်အတွင်း ဖြည်းဖြည်းချင်းဝင်သွားအောင် ဆွဲမှာဖြစ်ပြီး နေရာတကျဖြစ်သွားပြီဆိုတာနဲ့ ခွဲစိတ်ဖြတ်တောက်ထားခဲ့တဲ့ နေရာတွေကို အကုန်လုံးကို ချုပ်ရိုးနဲ့ သေချာချုပ်ပေးမှာဖြစ်ပါတယ်။ကလေးနိုးလာပြီဆိုတာနဲ့ ဆရာဝန်က သွေးခုန်နှုန်းတွေ တိုင်းတာစစ်ဆေးပြီး ပြဿနာတစ်စုံတစ်ရာမရှိဘူးဆိုရင် အိမ်ပြန်ခေါ်သွားလို့ရပါတယ်။ ဆရာဝန်မှာကြားခဲ့တဲ့ အရာတွေကို သေချာလိုက်နာပြီး နောက်နေ့ တစ်ခေါက် ထပ်လာပြပြီး အဆင်ပြေတယ်ဆိုရင်တော့ ခွဲစိတ်မှုအောင်မြင်တယ်လို့ ဆိုနိုင်ပါပြီ။ခွဲစိတ်နေစဉ်မှာ ဆရာဝန်အနေနဲ့ ဝှေးစေ့က အထဲမှာ သွေးစီးဆင်းမှုမရှိဘဲ ပုပ်ပြီးပျက်စီးနေတယ်ဆိုရင်တော့ လုံးဝဖြတ်ထုတ်လိုက်မှာဖြစ်ပြီး ၂လုံးလုံး အလုပ်မလုပ်တော့ဘူးဆိုရင် နောက်ထပ် ဟော်မုန်းပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပြီး ထပ်မံကုသမှုခံယူဖို့ လိုအပ်နိုင်ပါတယ်။လူကြီးဖြစ်စေ၊ လူငယ်ဖြစ်စေ၊ ခွဲစိတ်ပြီးတဲ့နေ့မှာ အိမ်ပြန်နိုင်ပြီး ၂ရက်မှ ၃ရက်ထိ အိမ်မှာပဲ နားနားနေနေ နေရပါမယ်။ အလေးအပင်မတာ၊ အပြင်သွားတာ၊ လမ်းအကြာကြီးလျှောက်တာ၊လေ့ကျင့်ခန်းလုပ်တာ လုံးဝမလုပ်ရပါဘူး။ တစ်လလောက်အထိကို ဝှေးစေ့ထိခိုက်စေနိုင်တဲ့အထိ ပြင်းထန်တဲ့ လေ့ကျင့်ခန်း၊ အားကစား အကုန်ရှောင်ရပါမယ်။ ဆရာဝန်ရက်ချိန်းအတိုင်း ပုံမှန်ပြသပြီး နောက်ပိုင်းမှာ ကိုယ်တိုင် တိုင်းထွာစစ်ဆေးနိုင်မယ့် နည်းလမ်းတွေကို ပြောပြပေးမှာဖြစ်ပါတယ်။ ဝှေးစေ့ကင်ဆာနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ခြေများတဲ့ လက္ခဏာတွေကိုတော့ သိထားပြီးလိုအပ်ပြီး ဒီလက္ခဏာတစ်ခုခု ပြလာပြီဆိုတာနဲ့ ဆရာဝန်နဲ့ ပြန်လာပြရမှာ ဖြစ်ပါတယ်။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/%e1%80%9d%e1%80%99%e1%80%ba%e1%80%b8%e1%80%97%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%91%e1%80%b2-%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%81%e1%80%b2%e1%80%b7%e1%80%90%e1%80%b2%e1%80%b7%e1%80%9d/
လိင်တံပေါ်မှာ ပေါက်တဲ့ ဝဲခြောက် ယားနာ
သာမန်လူတစ်ယောက်ရဲ့ မျက်လုံးနဲ့ မမြင်နိုင်တဲ့Sarcoptes Scabiei ဆိုတဲ့ ကပ်ပါးရောဂါပိုးဟာအရေပြားထဲ ဝင်ရောက်ကူးစက်ရာကနေ ဝဲခြောက် ယားနာတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ့်ရဲ့လိင်တံပေါ်မှာ ယားယံတဲ့ အကွက်တွေထတာဆိုရင် ဝဲခြောက်ပေါက်တာ ဖြစ်နိုင်ပါတယ်။ လိင်တံပေါ်မှာ ပေါက်တဲ့ ဝဲခြောက် ဘာကြောင့် ဖြစ်တာလဲ။ ဘယ်လို သက်သာအောင် လုပ်ရမလဲ။လိင်တံအရေပြား ပတ်လည်မှာ အလွန်အမင်း ယားယံတဲ့ ဝေဒနာကို ခံစားရမယ်။ ယားနေတဲ့ အရေပြားပေါ်မှာ သေးပြီးဝက်ခြံလိုပုံစံဖြစ်နေတဲ့ အဖုလေးတွေ ထနေမယ်။ လိင်တံသာမက ကပ္ပာယ်အိတ်၊ ပေါင်ခြံတွေအထိပါ ကူးစက်နိုင်ပါတယ်။ ကပ်ပါးရောဂါပိုးတွေ ကူးစက်ခံရပြီး ၄ပတ် မှ ၆ပတ်အတွင်း ဝဲခြောက် စတင် ဖြစ်ပေါ်လာပါတယ်။ကပ်ပါးရောဂါပိုးတွေဟာ အရေပြားထဲကို ထိုးဖောက်ဝင်ရောက်ပြီး တစ်ကောင်နဲ့ တစ်ကောင် မျိုးပွားပါတယ်။ မျိုးပွားပြီးနောက် အသားထဲမှာ ဥတွေ ချန်ထားခဲ့ပါတယ်။ ဒီဥတွေကြောင့် ဝက်ခြံလိုမျိုး သေးငယ်ပြီး ယားတဲ့ အဖုပုံစံ ဖြစ်လာရတာပါ။ အထူးသဖြင့် ကပ်ပါးပိုးတွေ ထိုးဖောက်ထားတဲ့ လမ်းကြောင်းတစ်လျှောက်မှာ အဖြူရောင်မျဉ်းလေးတွေကို မြင်ရပါတယ်။ ဝဲခြောက် တွေဟာ အလွန်အမင်းယားယံစေပြီး မကြာခဏ ကုတ်တဲ့အခါ အရေပြားပွန်းပဲ့ပြီး လက်သည်းကနေ ပိုးဝင်ကာ အနာပိုဆိုးသွားနိုင်ပါတယ်။ အထူးသဖြင့် ညဘက်အချိန်တွေမှာ ကပ်ပါးပိုးတွေ ပိုမိုလှုပ်ရှားတဲ့အတွက် ယားယံမှုဟာ ပိုပြီး ပြင်းထန်ပါတယ်။အရေပြားချင်းထိတွေ့မှုကနေ အဓိကကူးစက်ပြီး ပျံ့နှံ့မှုနှုန်း အရမ်းမြန်ပါတယ်။ ပိုးမွှားရှိတဲ့သူနဲ့လိင်ဆက်ဆံမိတာ၊ တစ်ဦးထက် မကသော လိင်ဆက်ဆံဖော်တွေနဲ့ အမြဲလိုလို ဆက်ဆံမှုရှိတဲ့သူတွေမှာ ကူးစက်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ ကပ်ပါးပိုးရှိသူရဲ့ အဝတ်အစား၊အတွင်းခံဘောင်းဘီတွေကို ယူဝတ်တာ၊ အိပ်ရာခင်းတစ်ခုထဲမှာ အတူတူအိပ်တာကြောင့်လည်း ကူးစက်နိုင်ပါတယ်။သိထားရမှာကတော့ ဝဲခြောက်ကို ဖြစ်စေတဲ့ ကပ်ပါးပိုးဟာ တိရစ္ဆာန်ကနေ လူကို ကူးစက်တာမဟုတ်ဘဲ လူအချင်းချင်းသာ ကူးစက်နိုင်တာ ဖြစ်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှု မရှိတဲ့ အမျိုးသားတွေမှာ ယားယံတဲ့ ဝေဒနာ ပိုပြင်းထန်တတ်ပြီး ဝဲခြောက်ထဲကို ဘက်တီးရီးယားပိုးဝင်ရာကနေ အရေပြားရောဂါတွေ ဖြစ်ပြီး ကုသဖို့ ပိုမိုခက်ခဲနိုင်ပါတယ်။အကောင်းဆုံးကတော့ လိင်တံနေရာတစ်ဝိုက်မှာ မခံမရပ်နိုင်အောင် ယားယံနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်သင့်ပါတယ်။ ဝဲခြောက်ကြောင့်လည်း ဖြစ်နိုင်သလို တခြားအရေပြားရောဂါတွေ ဖြစ်တဲ့နှင်းခူ၊ မွေးညှင်းပေါက် ရောင်ရမ်းခြင်း၊ ဆီးခုံမွေး သန်း၊ မွှားကောင် တွယ်ခြင်း၊ကာလသားရောဂါ၊ လိင်အင်္ဂါအနာပေါက်တာ၊ ပေါင်ခြံပွေးပေါက်တာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။အချိန်ပေးပြီး ဆရာဝန်ညွှန်းပေးတဲ့ ဆေးအညွှန်းအတိုင်း သောက်ဆေး၊ လိမ်းဆေး မှန်မှန်သုံးစွဲပေးမယ်ဆိုရင်တော့ ပျောက်ကင်းနိုင်တဲ့အရေပြားပြဿနာဖြစ်ပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းဖို့ နေ့စဉ်ရေချိုးပေးပါ။ ယားယံမှုကို သက်သာစေဖို့ လိမ်းဆေးလိမ်းပါ။ မလိမ်းခင်မှာ လိင်တံနဲ့ ပေါင်ခြံတစ်ဝိုက်ကို ရေခြောက်သွားအောင် သေချာသုတ်ပေးဖို့ လိုအပ်ပါတယ်။ကုသမှုခံယူနေစဉ် ကိုယ့်ရဲ့ အဝတ်အစား၊ မျက်နှာသုတ်ပဝါ၊ အိပ်ရာခင်းတွေကို အပူချိန် ၅၀ ဒီဂရီ ဆဲလ်စီးယပ်ရှိတဲ့ ရေပူထဲမှာ ၁၀ မိနစ်ခန့် စိမ်ပြီးမှ လျှော်ပါ။ လျှော်ဖွပ်လို့မရတဲ့ ကြမ်းခင်း၊ ကော်ဇော်တွေကို အမြဲဖုန်စုပ်စက်နဲ့ သန့်ရှင်းရေးလုပ်ပါ။ သန့်ရှင်းပြီးတာနဲ့ ဖုန်တွေ၊ အမှိုက်တွေအကုန်လုံးကို အိတ်နဲ့ အလုံပိတ်ပြီး ပစ်ရပါမယ်။ ကပ်ပါးပိုးတွေဟာ ခန္ဓာကိုယ်ပြင်ပမှာ ၇၂နာရီထိ အသက်ရှင်နိုင်တဲ့အတွက် အမှိုက်ကို စနစ်တကျ စွန့်ပစ်ဖို့တော့ လိုပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/scabies-in-penis/
နေရာအလိုက်ခွဲပြီး မျက်နှာပေါ်ဝက်ခြံဖြစ်ရတဲ့ အကြောင်းအရင်းကို လေ့လာကြမယ် ။
ဝက်ခြံဆိုတဲ့ အမျိုးဟာ တစ်နေရာတည်းမှာ ဘယ်တော့မှ ထွက်လေ့မရှိပါဘူး။ ကိုယ်ခန္ဓာ နေရာတော်တော်များများမှာ ထွက်လေ့ရှိပြီး အများဆုံးကတော့ မျက်နှာမှာပဲ ဖြစ်ပါတယ်။ မျက်နှာမှာတောင်မှ နဖူးဆို နဖူး၊ နှာခေါင်းဆို နှာခေါင်း တစ်နေရာတည်း စည်းကမ်းရှိရှိ ထွက်တာမျိုး မဟုတ်ဘဲ ဟိုနေရာမှာ ပေါက်လိုက် ဒီနေရာမှာ ပေါက်လိုက်နဲ့ တော်တော်ဆိုးတဲ့ဝက်ခြံတွေပါ။ ဒီတော့ ဘာ့ကြောင့် ဒီလိုမျိုး မျက်နှာအနှံ့ ဝက်ခြံတွေ ထွက်ရတာလဲ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/acne/
ဒါတွေကိုများတွဲစားမိနေပြီလား.................
စားကောင်းလို့ဆိုပြီး တွဲစားလိုက်တယ်။ပြီးရင် ရင်ပြည့်သလိုလို၊ ဗိုက်ထဲမှာမအီမသြာဖစ်သလိုလိုခံစားရတယ်ဟုတ်။ ဗိုက်ထဲမှာ မအီမသာဖြစ်တဲ့ ခံစားချက်ကနေ့စဉ်လုပ်ဆောင်မှုတွေအပေါ်မှာ ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ ဒီလိုမျိုးအစားတစ်လုတ်ေကြာင့်နေ့စဉ်လုပ်ငန်းဆောင်တာတွေမထိခိုက်စေဖို့ အခုပြောမယ့်အချက်လေးတွေကို သတိထားပေးပါနော်။အချိုစာ နဲ့အရက်။အရက်သောက်တဲ့အချိန်မှာ သစ်သီး ဒါမှမဟုတ်ဟင်းသီးဟင်းရွက်တွေနဲ့မြည်းတာက အကောင်းဆုံးပါ။ အရက်သောက်တဲ့အခါအချိုဓါတ်ကဲတဲ့ အစားအစာတွေနဲ့တွဲမစားမိစေဖို့ သတိထားစေချင်ပါတယ်။ အယ်လ်ကိုဟောက အချိုဓါတ်ကိုပြည့်ဝအဆီအဖြစ်ပြောင်းလဲစေတာကြောင့် ခန္ဓါကိုယ်မှာ အဆီပိုတွေဖြစ်စေနိုင်ပါတယ်နော်။ကြက်ဥ/ဘဲဥနဲ့ အသားကြော်။ဒီနှစ်ခုကိုတွဲစားတာကအစာအိမ်ကိုတော်တော်လေးဝန်ပိစေတာပါ။ ပရိုတင်းကိုချေဖျက်ဖို့ဆိုရင် ပုံမှန်ထက်အချိန်ပိုယူနိုင်တာကြောင့် ဒီနှစ်ခုကို တွဲမစားစေချင်တာပါ။ အသားနဲ့ ကြက်ဥကိုတွဲစားမယ့်အစား၊ အသားကြော်ကို ဟင်းသီးဟင်းရွက်တစ်မျိုးမျိုးနဲ့ တွဲစားလိုက်တာက ပိုကောင်းပါတယ်။ချိစ်နဲ့ ပဲအမျိုးမျိုး။ဒီနှစ်ခုကိုတွဲစားပြီးရင်ခေါင်းထဲက ညီးစီစီဖြစ်သလိုလိုလေပွနေသလိုလိုခံစားရတယ်ဟုတ်။ ဒီနှစ်ခုကို တွဲစားလိုက်တာကအစာခြေစနစ်ကိုလေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ခိုင်းလိုက်ရာရောက်ပါတယ်။ ဒါကြောင့်နို့ထွက်ပစ္စည်းတွေနဲ့ ပဲအမျိုးမျိုးကို တွဲမစားမိစေဖို့ သတိထားပေးပါ။အစားအစာနဲ့ရေ။မဖြစ်နိုင်တာပါ၊ လို့တွေးနေပြီလား။ထမင်းစားနေရင်းဖြစ်ဖြစ်၊ အစားတစ်ခုခုစားနေရင်းဖြစ်ဖြစ်ရေကို မသောက်ပါနဲ့။ အစားစားပြီး နာရီဝက်ကြာမှရေသောက်တာက အကောင်းဆုံးပါ။ ဒီလိုမှမဟုတ်ရင်အစာခြေအက်ဆစ်အားပျော့သွားပြီးအစာချေဖျက်ရချိန်က ပုံမှန်ထက် ပိုကြာသွားနိုင်ပါတယ်။အာလူးချောင်းကြော်နဲ့ဘာဂါ။ဒီနှစ်ခုက တွဲစားလို့ တအားကောင်းတာနော်။ ဒါပေမယ့် မစားတာကတော့ အကောင်းဆုံးပါ။ အကြာကြီးကြော်ထားတဲ့ အစားအစာတွေကသွေးတွင်းသကြားဓါတ်ကို ကျဆင်းစေနိုင်ပါတယ်။သွေးတွင်းသကြားဓါတ်ကျဆင်းမှုက ပင်ပန်းစေပြီး အားအင်ကုန်ခမ်းသလိုဖြစ်စေနိုင်ပါတယ်။ကိုလာ နဲ့ ပီဇာ။ပီဇာမှာက ကစီဓါတ်နဲ့ပရိုတင်းပမာဏ ပါဝင်မှုများသလို ကိုလာမှာကလည်း အချိုဓါတ်ပါဝင်မှုမြင့်ပါတယ်။ ဒီနှစ်ခုကို တွဲပြီးစားသုံးတာက ကျန်းမာရေးကိုတော်တော်လေးထိခိုက်စေမယ့် အနေအထားပါ။အစာခြေစနစ်ကို အနှောင့်အယှက်ဖြစ်စေနိုင်သလိုသွေးတွင်းသကြားဓါတ်အပေါ်မှာပါ သက်ရောက်မှုရှိလာနိုင်ပါတယ်။သစ်သီးတွေနဲ့ဒိန်ချဉ်။ဒိန်ချဉ်ထဲမှာ သစ်သီးလေးတွေထည့်တာက စားလို့ကောင်းတာတော့အမှန်ပါနော်။ ကျန်းမာရေးနဲ့ညီညွတ်တယ်၊လို့လည်း ယူဆလက်ခံထားကြပါတယ်။ ဒါပေမယ့် ဒီနှစ်မျိုးကလည်း တွဲမစားသင့်ပါဘူးတဲ့။ အကြောင်းကတော့ အသီးတွေကထွက်တဲ့ အက်ဆစ်နဲ့ ဒိန်ချဉ်မှာပါတဲ့ ပရိုတင်းတို့ဓါတ်ပြုတဲ့အခါ အစာခြေစနစ်က အကျိုးပြုအမျှင်ဓါတ်တွေကို ထိခိုက်စေနိုင်တာကြောင့်ပါ။ အခန့်မသင့်ရင် ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ပါတယ်နော်။ထမင်းစားပြီး သစ်သီးအချိုတည်းခြင်း။ဒါကတော့ မှားယွင်းနေတဲ့ စားသောက်မှုအလေ့အထတစ်ခုပေါ့။ ထမင်းစားပြီးရင် သစ်သီးလေးအချိုတည်းက အလေ့အကျင့်လိုတောင်ဖြစ်နေပါပြီနော်။ ဒါပေမယ့် မစားဖို့ပြောပါရစေ။ သစ်သီးတွေက အစာကြေလွယ်ပေမယ့် ထမင်းစားလိုက်တဲ့အခါ စားသုံးမိတဲ့ ပရိုတင်း၊အဆီနဲ့ ကာဗိုဟိုက်ဒရိတ်တွေကတော့ အစာကြေမလွယ်ပါဘူး။ တကယ်လို့ သစ်သီးမှာပါတဲ့ အချိုဓါတ်က အစာအိမ်ထဲမှာ အချိန်ကြာမြင့်စွာရှိနေမယ်ဆိုရင် အစာအိမ်ထဲမှာ အချဉ်ပေါက်ပြီး ဗိုက်အောင့်ဗိုက်နာတာမျိုးဖြစ်စေနိုင်ပါတယ်။ဆိတ်သားနဲ့ပုဇွန်။ပုံမှန်အတိုင်းကတော့ ဒီနှစ်ခုကို တွဲချက်မိခဲပါတယ်။ ဒါပေမယ့် ညစားစားပွဲတွေသွားစားတဲ့အခါမျိုးမှာဖြစ်ဖြစ် ဘူဖေးသွားစားတဲ့အခါမျိုးမှာဖြစ်ဖြစ် တွဲစားမိနိုင်ပါတယ်။ ဒီလိုတွဲစားတာက အစာခြေစနစ်ကို အလုပ်များစေပြီး အစာမကြေတာလိုမျိုးပြဿနာတွေကိုခံစားရစေနိုင်ပါတယ်။ဒီတော့ အစားတစ်လုတ်ကြောင့် ဒုက္ခမရောက်စေဖို့ ကိုယ့်ကိုယ်ကိုစောင့်ရှောက်လိုက်ပါနော်…. Hello ဆရာဝန်ပရိသတ်ကြီးရေ………………..။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%a1%e1%80%85%e1%80%ac%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%80%e1%80%ad%e1%80%af-%e1%80%99%e1%80%a1%e1%80%ae%e1%80%99%e1%80%9e%e1%80%ac%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%85%e1%80%b1/
ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ အသက်အရွယ်အလိုက် ဘာတွေများကျွေးမလဲ
ကလေးက ၆ လ အထိနို့သောက်ပြီးပြီ။ ဒီတော့ ကလေးက ၆ လပြည့်ပြီဆိုရင် ဘာလုပ်မယ်ထင်လဲ။ထမင်းစားမှာပေါ့။ ထမင်းကလူကြီးတွေစားသလိုတော့ စားလို့မရသေးဘူးပေါ့။ ဒီတော့ ထမင်းတိုက်ကျွေးမယ်။ ထမင်းတိုက်ကျွေးတယ်ဆိုတဲ့နေရာမှာ ထမင်းပဲကျွေးလို့မရပါဘူးနော်။ လိုအပ်တဲ့အာဟာရတွြေပည့်ဖို့အသီးအရွက်၊ပဲအမျိုးမျိုးနဲ့ အသား၊ငါးတွေကို မျှတအောင်ကျွေးပေးဖို့လိုပါမယ်နော်။အစားစစားတာက ကလေးတစ်ယောက်အတွက် ကြီးမားတဲ့စွန့်စားခန်းပေါ့။ မိဘတွေအနေနဲ့ကလည်း ကိုယ့်ကလေး အကောင်းဆုံးကျော်ဖြတ်နိုင်အောင် ကူညီပေးရမှာပါနော်။ကလေး ၆ လ ကနေ ၈ လအရွယ်။ကလေးက ၆ လရောက်လာပြီဆိုရင် အစားစစားလို့ရပြီပေါ့။ ဒီအရွယ်မှာ ကလေးကို အစာခပ်ပျော့ပျော့လေးတစ်နေ့ကို ၂ ကြိမ် ကနေ ၃ ကြိမ်လောက်ကျွေးရပါမယ်။ ကလေးစားတဲ့ ခွက်ကလေးနဲ့တစ်ဝက်စာလောက်ကျွေးရမှာပါနော်။ ကလေးကို ထမင်း၊ပန်းဂေါ်ဖီစိမ်း၊မုန်လာဥနီ၊ရွှေဖရုံသီး၊ ကန်ဇွန်းဥတို့ကိုကျွေးလို့ရပါတယ်။ ပျားရည်တော့လုံးဝမကျွေးပါနဲ့ဦး။မိခင်နို့၊အာဟာရပြည့်နို့တွေတိုက်လို့ရပါတယ်။သစ်သီးတွေကို ကြိတ်ခြေပြီး သရေစာအနေနဲ့ကျွေးလို့ရပါတယ်။ တဖြည်းဖြည်းချင်းနဲ့ ကလေးကို နည်းနည်းချင်းတိုးကျွေးသွားပေးပါ။ကလေး ၆ လကနေ ၈ လအတွင်းမှာ ကလေးအတွက် လုံလောက်တဲ့အာဟာရြပည့်ဝစေဖို့ တစ်နေ့ကို ထမင်း ၃ ကြိမ် နဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့သရေစာတစ်ကြိမ်ကျွေးပေးပါ။ ထမင်းနဲ့ ဟင်းသီးဟင်းရွက်တွေကို အရောင်စုံစုံလေးကျွေးပေးပါ။ဆားနဲ့ အရသာအတွက်ထည့်ရတဲ့ အရာတွေတော့ ထည့်ဖို့မလိုပါဘူးနော်။ဘာတွေကျွေးလို့ရလဲ။ဒီအသက်အပိုင်းအခြားမှာကလေးကို။ကလေး ၉ လ ကနေ ၁၂ လအရွယ်။ပိုပြီး စုံစုံလင်လင်စားလို့ရပါပြီ။ လူကြီးစားသမျှခွံလို့မရသေးပေမယ့် အရင်လတွေကထက်တော့ ပိုပြီး စုံလင်အောင်စားလို့ရပါပြီ။ အသား၊ငါးတွေစားလို့ရပါပြီ။ ထင်းတိုက်ကျွေးတဲ့အခါ အသ်းအရွက်တွေအပြင် ကြိတ်ခြေထားတဲ့ ငါးနဲ့ကြက်သားတို့ကို စစားလို့ရနေပါပြီ။ အမဲသား၊ဝက်သားလိုမျိုးအသားတွေကိုသေချာနူးအိနေအောင်ချက်ပြီးကျွေးလို့ရနေပါပြီ။ ပဲအမျိုးမျိုး၊ ဥနဲ့ နို့ထွက်ပစ္စည်းလေးတွေစားလို့ရပါပြီ။မေမေ့နို့ကိုတော့ ဆက်တိုက်နိုင်ရင် ပိုကောင်းပါမယ်။ သစ်သီးတွေကို ကြိတ်ခြေပြီးသရေစာအဖြစ်ကျွေးလို့ရပါတယ်။ပေါင်မုန့်ချောင်းလေးတွေကိုကျွေးလို့ရပါပြီ။ကလေး ၉ လကနေ ၁၂ လအတွင်းမှာ ကလေးအတွက် လုံလောက်တဲ့ အာဟာရပြည့်ဝစေဖို့ တစ်နေ့ကို ထမင်း ၄ ကြိမ် ကနေ ၅ ကြိမ်လောက်အထိကျွေးပေးရပါမယ်။ တစ်နေ့တာအတွင်းမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သရေစာ နှစ်ကြိမ်ကျွေးပေးပါ။ အရွယ်ရောက်လာတာနဲ့အမျှ လိုအပ်တဲ့ အာဟာရပမာဏကလည်း ပိုများလာပါပြီ။ ထမင်းနဲ့ ဟင်းသီးဟင်းရွက်တွေကို အရောင်စုံစုံလေးကျွေးပေးပါ။ ဆားနဲ့ အရသာအတွက်ထည့်ရတဲ့ အရာတွေတော့ ထည့်ဖို့မလိုသေးပါဘူးနော်။ဘာတွေကျွေးမလဲ။ဒီအသက်အပိုင်းအခြားမှာတော့ ကလေးက အရွယ်ရောက်လာပြီဖြစ်သလို အာဟာရလိုအပ်ချက်ကလည်း ပိုလာပါပြီ။ လိုအပ်တဲ့အာဟာရပြည့်ဝအောင်ကျွေးရမယ့်အစားအစာတွေကလည်း အရင်ကထက်ပိုများလာပြီပေါ့။ဒီလိုကျွေးပေးတာက လိုအပ်တဲ့ ပရိုတင်းနဲ့အမျှင်ဓါတ်တို့အပါအဝင် ကလေးအတွက် လိုအပ်တဲ့ အာဟာရတွေပြည့်ဝစုံလင်နေတာကြောင့် ကလေးကို ကျန်းမာပြီးပျော်ရွှင်ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်အဖြစ်ကြီးပြင်းလာစေဖို့ အကောင်းဆုံးအထောက်အကူပြုပေးနိုင်မှာပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/sample-meals-for-babies-6-to-12-months-old/
သင့်မှာသွေးတိုးရှိနေရင် sleep apnea (အိပ်နေစဉ်ခဏတာအသက်ရှူရပ်ခြင်း) အကြောင်း လေ့လာထားပါ။
သွေးတိုးရောဂါဖြစ်စေတဲ့ထဲမှာ လူသိနည်းပြီး အဖြစ်များတဲ့ ရောဂါတစ်ခုက sleep apnea(အိပ်နေစဉ်ခဏတာအသက်ရှူရပ်ခြင်း)ပဲ ဖြစ်ပါတယ်။ လေ့လာမှုတွေအရ သွေးတိုးရှိသူတွေရဲ့ငါးဆယ်ရာခိုင်နှုန်းက sleep apnea ဖြစ်နိုင်ချေရှိပါတယ်။ Obstructive Sleep apneaကထိန်းချုပ်ရခက်တဲ့ သွေးတိုးရောဂါဖြစ်စေတဲ့အကြောင်းအရင်းတွေထဲက တစ်ခုဆိုရင်လည်း မမှားပါဘူး။ထိန်းချုပ်ရခက်တဲ့သွေးတိုးဆိုတာ သွေးတိုးကိုထိန်းဖို့ သွေးကျဆေးသုံးမျိုးနဲ့အထက် သောက်ရခြင်းကိုဆိုလိုတာပါ။သင်အိပ်မပျော်အောင် နှောင့်ယှက်သောအရာများသည် သင့်ကို သွေးတိုးဖြစ်နိုင်ချေများစေပါတယ်။ Sleep apneaကထိန်းချုပ်ရခက်တဲ့ သွေးတိုးရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရင်းပါ။ယေဘူယျလက္ခဏာတွေကတော့။လူတစ်ယောက်အိပ်တဲ့အခါ ဘာတွေဖြစ်လဲဆိုတာသိထားဖို့က အရေးကြီးပါတယ်။ ကျွန်တော်တို့အိပ်တဲ့အခါ သွေးဖိအားက နေ့ခင်းထက်စာရင် နည်းသွားပါတယ်။ ကျွန်တော်တို့ရဲ့ကိုယ်ဟာ အနားယူနေတဲ့အတွက် သွေးဖိအားက125 mmHg ဒါမှမဟုတ် အဲဒီထက်နည်းသွားပါမယ်။ Sleep apnea ကို တစ်စုံတစ်ယောက်က ကိုယ့်လည်ပင်းကို လာညှစ်နေတယ်ဆိုပြီး စဉ်းစားကြည့်ပါ။ သင့်မှာ sleep apnea ခံစားနေရတယ်ဆိုရင် သင့်ရဲ့ကိုယ်မှာ အောက်ဆီဂျင်အလုံအလောက်ရမှာမဟုတ်ပါဘူး။သင့်ရဲ့သွေးတွေက အောက်ဆီဂျင်ကို သယ်ပြီး ဆဲလ်တွေ တစ်ရှူးတွေဆီကို ပို့ပေးတယ်ဆိုတာ သတိရပါ။ Sleep apnea ကြောင့် အောက်ဆီဂျင်မလုံလောက်တဲ့အခါမှာ နှလုံး၊ အဆုတ်၊ ကျောက်ကပ်တို့က ပိုပြီးအလုပ်လုပ်လာရပါတယ်။ ဒီလိုမျိုးဖြစ်နေတာကို နှစ်နဲ့ချီပြီး တွေးကြည့်လိုက်ပါ။ ဒီအချက်ကို ဆရာဝန်တွေ လူနာတွေအပါအဝင် တော်တော်များများဂရုမထားကြပါဘူး။အပေါ်မှာပြောသွားတဲ့ ရောဂါလက္ခဏာတွေက Sleep apneaရှိကြောင်း ဖော်ပြပေးပေမယ့် သေချာသိနိုင်ဖို့က polysomnographyလို့ခေါ်တဲ့အိပ်စက်ခြင်းကို လေ့လာတဲ့အတတ်ပညာကို လေ့လာထားရပါမယ်။ ဒီစမ်းသပ်မှုက sleep apneaရှိမရှိသိနိုင်တဲ့အပြင် ဘယ်အဆင့်လဲဆိုတာပါ သိနိုင်ပါတယ်။ ဒါ့အပြင် sleep apnea ကြောင့် ဖြစ်နိုင်ချေရှိတဲ့ restless legs ရောဂါ ဒါမှမဟုတ် periodic limb movementလို့ခေါ်တဲ့ အိပ်နေစဉ် ခြေထောက်လှုပ်တဲ့ ရောဂါရှိမရှိပါသိနိုင်ပါတယ်။ကိုယ်အလေးချိန်လျှော့ဖို့နဲ့ အရက်ရှောင်ဖို့က အရေးကြီးပါတယ်။ ငါးပေါင်လောက် ဝိတ်ကျတာကတောင် sleep apnea ကုသရာမှာအထောက်အကူပြုပါတယ်။CPAP (အောက်ဆီဂျင်ပေးသောစက်တစ်မျိုး) လို့ခေါ်တဲ့ sleep machine စက်တစ်မျိုးကို အသုံးပြုရတဲ့ကုသမှုကို ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ CPAP ကသင့်အတွက် အကောင်းဆုံးကုသမှုလားဆိုတာကို ဆန်းစစ်ဖို့ နောက်ဆက်တွဲလေ့လာကုသမှုတွေတော့ လိုအပ်ပါတယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/%e1%80%9e%e1%80%84%e1%80%b9%e2%80%8b%e1%80%b7%e1%80%99%e1%80%bd%e1%80%ac%e2%80%8b%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%bd%e1%80%ad%e2%80%8b%e1%80%b1/
Lumbar Microdiscectomy (ခါးရိုးဆစ်ခွဲစိတ်ခြင်း အကြောင်း သိကောင်းစရာ)
ကျောရိုးဆစ်ပြား ချော်ထွက်ခြင်းဆိုတာဟာ အဆိုပါ အဆစ်ပြားရဲ့ အလယ်ခေါင်နေရာက အပြင်ကို ထိုးထွက်ပြီး အာရုံကြောအပေါ် ဖိထားသလိုဖြစ်နေပါလိမ့်မယ်။ဒီလိုဖြစ်နေရင် ဖိခံထားရတဲ့ အာရုံကြောက ထောက်ပံ့တဲ့ နေရာတဝိုက်မှာ ပြင်းထန်စွာ နာကျင်ခြင်း၊အားနည်းခြင်း နဲ့ ထုံကျဉ်ခြင်းတို့ ခံစားရမှာ ဖြစ်ပြီး ခါးနားတဝိုက်က ကျောရိုးဆစ်ပြားမှာ ဒီအခြေအနေ ဖြစ်ပေါ်ရင် သင့်ခြေထောက်တွေမှာ ဝေဒနာခံစားရပါလိမ့်မယ်။နာကျင်ခြင်းတွေကို လျော့ပါးသက်သာစေဖို့နဲ့ ပုံမှန်အတိုင်း ပြန်လည်လှုပ်ရှားသွားလာနိုင်ဖို့အတွက် ဒီခွဲစိတ်မှုကို ပြုလုပ်ရပါတယ်။အောက်ပါအခြေအနေတွေရှိနေရင် ခွဲစိတ်ဖို့ စဉ်းစားရပါတယ်။· ခြေထောက် အလွန်နာကျင်၊ထုံကျဉ်၊အားနည်းနေတဲ့အတွက် နေ့စဉ်ပုံမှန်လှုပ်ရှားသွားလာမှုတွေကို မပြုလုပ်နိုင်ခြင်း။· ခွဲစိတ်တာမဟုတ်တဲ့ အခြားသော နည်းလမ်းတွေနဲ့ တလလောက်ကုသပေမယ့် မသက်သာခြင်း။· စမ်းသပ်စစ်ဆေးချက်တွေအရ သင်ခံစားနေရတဲ့ ခြေထောက်ကြွက်သားတွေ အားနည်းတာ၊မလှုပ်ရှားနိုင်တော့တာ ဒါမှမဟုတ် ထုံကျဉ်ကိုက်ခဲနာကျင်နေတာမျိုးတွေဟာ ခွဲစိတ်လိုက်ရင် သက်သာသွားမယ်၊အခြေအနေတိုးတက်လာမယ်လို့ ယူဆရခြင်းစတာတွေပဲ ဖြစ်ပါတယ်။ခွဲစိတ်မှုဟာ အခြားသော ကုသမှုနည်းလမ်းတွေထက် ပိုမိုထိရောက်အကျိုးရှိပြီး နာကျင်ခြင်းဝေဒနာတွေကို လျင်မြန်စွာ ပျောက်ကင်းစေနိုင်ပါတယ်။ ဒါပေမယ့် ခွဲစိတ်ပြီးနောက်မှာ အခြားသော ကုသမှုပုံစံတွေကို ဆက်လက်ပြီး အသုံးပြုဖို့ လိုမလို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ဘယ်လိုခွဲစိတ်မှုပုံစံကိုပဲ သုံးသုံး လူနာတွေအနေနဲ့ ခွဲစိတ်မှုခံယူပြီး တနှစ်လောက်အကြာမှာ တူညီတဲ့ အကျိုးသက်ရောက်မှုကို ရရှိကြတယ်လို့ သိရပါတယ်။sciatica လို့ခေါ်တဲ့ ခါးကနေ ခြေထောက်အထိ နာကျင်ခြင်းဟာ လူနာအများအပြားမှာ ခွဲစိတ်ကုသစရာမလိုဘဲ သက်သာသွားလေ့ရှိပါတယ်။ကုသမှုနည်းလမ်းတွေကတော့ အကိုက်အခဲပျောက်ဆေးသုံးစွဲခြင်း၊အနားယူခြင်း၊လေ့ကျင့်ခန်းလုပ်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ အရမ်းနာနေရင် ခါးဆစ်ရိုးထဲကို စတီးရွိုက်ဆေး ထိုးလို့ရပါတယ်။ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ၊အန္တရာယ်တွေနဲ့ ပတ်သက်ပြီး ခွဲစိတ်မှုမပြုလုပ်ခင်မှာ သေချာစွာကြိုတင်သိရှိနားလည်ထားဖို့ အရေးကြီးပါတယ်။ မရှင်းလင်းတာ၊မေးမြန်းချင်တာတွေရှိရင် ခွဲစိတ်ဆရာဝန်ကို အသေးစိတ်မေးမြန်းနိုင်ပါတယ်။သင့်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေ၊ရောဂါရှိမရှိ၊လက်ရှိသောက်သုံးနေတဲ့ဆေးရှိမရှိ ဒါမှမဟုတ် ဓါတ်မတည့်ခြင်း ရှိမရှိတို့နဲ့ ပတ်သက်ပြီး ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ခွဲစိတ်မှုမခံယူခင်မှာ မေ့ဆေးဆရာဝန်နဲ့ တွေ့ဆုံပြီး ဘယ်လိုနည်းလမ်းကို အသုံးပြုမလဲဆိုတာကိုလည်း ဆွေးနွေးရပါမယ်။ခွဲစိတ်မှုမခံယူခင် အချိန်ဘယ်လောက်အလိုမှာ အစားအသောက် လုံးဝမစားရတော့ဖူးဆိုတဲ့ ညွှန်ကြားချက်ကို အတိအကျ ဂရုတစိုက်လိုက်နာပါ။ ခွဲစိတ်မှုမခံယူခင် အစားအသောက်စားလို့ရမရ အပါအဝင် အရေးတကြီးလိုက်နာစရာအချက်တွေနဲ့ ပတ်သက်လို့ ရှင်းလင်းပြတ်သားတဲ့ လမ်းညွှန်ချက်တွေကို သိထားသင့်ပါတယ်။မေ့ဆေးအမျိုးအစား အမျိုးမျိုးကို ရွေးချယ်သုံးစွဲနိုင်ပြီး ခွဲစိတ်မှုဟာ ၄၅မိနစ်ကနေ တနာရီလောက်ထိ ကြာမြင့်မှာ ဖြစ်ပါတယ်။ ခွဲစိတ်ဆရာဝန်က သင့်ရဲ့ကျောအလယ်ခေါင်တည့်တည့်မှာ စတင်ခွဲမှာ ဖြစ်ပြီး ကျောရိုးဆစ်ပြားကို ဖယ်ထုတ်ဖို့အတွက် အထူးပြုလုပ်ထားတဲ့ အဏုကြည့်မှန်ပြောင်းလေးတမျိုးကို အသုံးပြုမှာ ဖြစ်ပါတယ်။ခွဲစိတ်ပြီးတဲ့နေ့ ဒါမှမဟုတ် နောက်တနေ့မှာ ဆေးရုံကဆင်းနိုင်ပါပြီ။ အလေးအပင်မတာ ဒါမှမဟုတ် ခန္ဓါကိုယ်ကို လိမ်ခေါက်တာမျိုး မလုပ်ပါနဲ့။ ထိုင်နေတဲ့အခါ နဲ့ လမ်းလျှောက်တဲ့အခါမှာ ကိုယ်ဟန်အနေအထား မှန်ကန်ပါစေ။လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးရင် အချိန်တိုအတွင်းမှာ မူလအတိုင်း လှုပ်ရှားသွားလာမှုပြုလုပ်နိုင်မှာ ဖြစ်ပေမယ့် လေ့ကျင့်ခန်းစတင်မပြုလုပ်မီ ဆရာဝန်နဲ့ ဦးစွာ တိုင်ပင်ဆွေးနွေးရပါမယ်။ လူနာဆယ်ယောက်မှာ ကိုးယောက်လောက်ဟာ ခွဲစိတ်မှုခံယူပြီးနောက်မှာ ရောဂါလက္ခဏာတွေ သက်သာသွားလေ့ ရှိပြီးပုံမှန်လှုပ်ရှားသွားလာမှုတွေကို ပြန်လည် လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။တကယ်လို့ မေးချင်တာ ဒါမှမဟုတ် စိုးရိမ်ပူပန်တာမျိုးလေးတွေ ရှိနေတယ်ဆိုရင် အသေးစိတ်ထပ်မံသိရှိနိုင်ဖို့အတွက် သင့်ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ဘယ်လိုကုသမှုမျိုးမဆို ဘေးထွက်ဆိုးကျိုးပြဿနာကတော့ ရှိတာပါပဲ။ ဒါကြောင့် သင့်အနေနဲ့ အဆိုပါ ဘေးထွက်ဆိုးကျိုးတွေကို သိရှိနိုင်ဖို့အတွက် ဆရာဝန်ကို အသေအချာ ကြိုတင်မေးမြန်းရပါမယ်။ဘယ်လိုခွဲစိတ်မှုမျိုး၊ကုသမှုမျိုးမှာမဆို မေ့ဆေး သို့မဟုတ် ထုံဆေးနဲ့ ဓါတ်မတည့်တာ၊ သွေးအလွန်အကျွံထွက်တာ ဒါမှမဟုတ် သွေးခဲတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ကျောရိုးဆစ်ပြားထုတ်ပစ်တဲ့ ခွဲစိတ်ကုသမှုကြောင့် ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးအန္တရာယ်တွေက။· ဆီးသွားရခက်ခြင်း။· အဆုတ်ပိုးဝင်ခြင်း။· ရုတ်တရက် နှလုံးထိခိုက်ခြင်း၊လေဖြတ်ခြင်း။· ခြေထောက် ဆက်နာနေခြင်း၊ထုံနေခြင်း။· ခြေထောက်နှစ်ချောင်းကြား ထုံကျဉ်နေခြင်း၊ဆီး၊ဝမ်းမထိန်းနိုင်ခြင်း၊အမျိုးသားတွေမှာ လိင်တံမထောင်မတ်နိုင်ခြင်း (ပန်းသေပန်းညှိုးဖြစ်ခြင်း)။· အာရုံကြောကြောင့် နာကျင်ခြင်း။· အာရုံကြောလေးတွေကို အုပ်ထားတဲ့ အမြှေးပါးလေးတွေ ပေါက်ပြဲခြင်းစတာတွေပဲ ဖြစ်ပါတယ်။ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ၊အန္တရာယ်တွေနဲ့ ပတ်သက်ပြီး ခွဲစိတ်မှုမပြုလုပ်ခင်မှာ သေချာစွာကြိုတင်သိရှိနားလည်ထားဖို့ အရေးကြီးပါတယ်။ မရှင်းလင်းတာ၊မေးမြန်းချင်တာတွေရှိရင် ခွဲစိတ်ဆရာဝန်ကို အသေးစိတ်မေးမြန်းနိုင်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-procedures-and-surgeries/lumbar-microdiscectomy-%e1%80%81%e1%80%ab%e1%80%b8%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%86%e1%80%85%e1%80%b9%e1%80%81%e1%80%bc%e1%80%b2%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%bb%e1%80%81/
တင်ပါး နှင့် ပေါင် လေ့ကျင့်ခန်းများ
တင်ပါး နှင့် ပေါင် လေ့ကျင့်ခန်းများ။မြန်မြန်ပြေးချင်သည် ဖြစ်စေ၊ လှေကားတက်လို့ ပေါ့ပေါ့ပါးပါး ပြေးတက်လိုသည် ဖြစ်စေ တင်ပါးဆုံနဲ့ ပေါင်လေ့ကျင့်ခန်းတွေဟာ အသုံးဝင်ပါတယ်။သင့်ကိုယ်ခန္ဓါအောက်ပိုင်းကို လျစ်လျုရှုထားခြင်းဟာ လှုပ်ရှားမှုတွေမှုတွေ ဆုံးရှုံးနိုင်စေပါတယ်။ ကလေးတွေနဲ့ ကြမ်းပြင်ပေါ်မှာ ကစားခြင်း၊ ဇိမ်ကျတဲ့ ကုလားထိုင်ပေါ်က အလွယ်တကူ ထရပ်ခြင်းတို့ကို မပြုလုပ်နိုင်အောင် ဒုက္ခပေးနိုင်ပါတယ်။ လူအတော်များများဟာ တစ်နေကုန် ထိုင်နေကြပြီး glute ကြွက်သား (တင်ပါးကြွက်သား) တွေကို အသုံးမပြုကြဘူးလို့ ပညာရှင်တွေက ဆိုပါတယ်။ လူအတော်များများဟာ ကားကိုသာ တစ်ချိန်လုံး အသုံးပြုကြပြီး ကိုယ်ခန္ဓါအောက်ပိုင်းကို အသုံးပြုမှု နည်းပါးတယ်လို့ ဆိုပါတယ်။အောက်ဖေါ်ပြပါ လှုပ်ရှားမှု ငါးမျိုးကို တစ်ပတ်အနည်းဆုံးနှစ်ရက်၊ ၁၂-၁၅ ကြိမ် ကို သုံးခါပြုလုပ် ပြီးစီးပါကကိုယ်ခန္ဓာအောက်ပိုင်းကို သန်စွမ်းစေပါတယ်။ဒီနည်းကိုလုပ်ခြင်းအားဖြင့် အားအင်နဲ့ လှုပ်ရှားမှုတွေကို ပြန်လည်ရရှိစေပါတယ်။ Glutes ကြွက်သားတွေကို ညှစ်ပေးခြင်းဟာလည်း အသုံးဝင်ပါတယ်။ဘယ်လိုလုပ်ရမလဲ။မတ်မတ်ရပ်ပါ။ ခြေထောက်တွေကိုပခုံးထက်အနည်းငယ် ပိုကားပါ။ ခြေချောင်းတွေကို ၄၅ ဒီဂရီဆန့်ထုတ်ပါ။ လူကိုမတ်မတ်ထားပါ။ ဒူးခေါင်းကို ခြေချောင်းတွေနဲ့တစ်တန်းတည်းဖြစ်ပါစ။ သင့်ကိုယ်အလေးချိန်ကို ခြေဖနောင့်တွေပါ်မှာ ကျရောက်ပါစေ။ တင်ပါးဆုံဟာ ကြမ်းပြင်နဲ့ တစ်ပြေးတည်း ဖြစ်သည်အထိ glutes ကြွက်သား နဲ့ ပေါင်တွေကို အောက်ချပါ။ ခြေဖနောင့်က အားယူပြီး ပြန်ထပါ။ ဒါကို အပြန်ပြန်အလှန်လှန် ပြုလုပ်ပါ။ဒီနည်းဟာ သင့်တင်ပါးဆုံနဲ့ ပေါင်တွေကို ပူလောင်စေတာ ခံစားရမှာပါ။ တကယ်လို့အပူဒဏ်ကို မခံနိုင်ဘူးဆိုရင် ခြေခြင်းဝတ်မှာ blocking band တစ်ခုကို ပတ်ထားသင့်ပြီး ဒါဟာ ခံနိုင်ရည်စွမ်းကို မြင့်မားစေမှာဖြစ်ပါတယ်။ဘယ်လိုလုပ်ရမလဲ။မတ်မတ်ရပ်ပါ။ ခြေထောက်တွေကို ပုခုံးနဲ့ တန်းတူ ကားပါ။ ခြေချောင်းတွေကို အရှေ့တည့်တည့်ကို မျက်နှာမူစေပြီး ပုံမှန်ဆောင့်ကြောင့်ထိုင်တဲ့ အနေအထားအတွက် ကိုယ်ခန္ဓါကို နှိမ့်လိုက်ပါ။ ဒီလိုပုံစံအတိုင်း ထိန်းထားပြီး ညာဘက်ခြေထောက်ကို ဘေးကိုဆန့်ထုတ်ပြီး ခြေနှစ်လှမ်းစာလောက် ကားပါ။ ခဏနားပြီး ညာခြေကို နဂိုနေရာ ပြန်ထားပြီ ဘယ်ခြေကို နှစ်လှမ်းစာလောက် ဘေးကို ကားထုတ်ပါ။ အပြန်ပြန်အလှန်လှန်လုပ်ပါ။ဒါဟာ သင့်တင်ပါးဆုံနဲ့တင်ပါးတွေအတွက် သင့်လျော်တဲ့ နည်းဖြစ်ပြီး ဒီလှုပ်ရှားမှုကို မပြုလုပ်ခင် ဒါကိုအရင်ဖတ်သင့်ပါတယ်။ မှန်ကန်စွာ ပြုလုပ်ရင် သင့်ကိုယ်ခန္ဓါနဲ့ ပုခုံးတွေကို သန်စွမ်းစေသလို ကိုယ်ခန္ဓါအောက်ပိုင်းကိုလည်း သန်စွမ်းစေတာတွေ့ရမှာပါ။ဘယ်လိုလုပ်မလဲ။ကြမ်းပြင်ပေါ်မှာ ဘေးစောင်းအိပ်သောအနေအထားကို ယူလိုက်ပါ။ လက်တွေကို ပုခုံးအောက်မှာ ထားပြီး တင်ပါးကို အောက်စိုက်ထားသင့်ပါတယ်။ ပုခုံးအောက်မှာ ရှိသော လက်က ကြမ်းပြင်ကို တံတောင်ဆစ်နဲ့ဘေးတိုက်ထောက် အားပြုပါ။ ခြေထောက်တွေကို ဆန့်တန်းထားပါ။ ဘယ်ခြေထောက်ကို ကြမ်းပြင်ကနေ နှစ်လက်မလောက် အပေါ်ကို မတင်ဖို့ တင်ပါးဆုံကြွက်သားကို ညှစ်ကာ အခြားခြေထောက်တစ်ဖက်ကို ဖြောင့်တန်းစွာ ထားသင့်ပါတယ်။ ဘယ်ဘက်ခြေထောက်ကိုဘေးကိုထုတ်ပြီး နဂိုနေရာကို ပြန်ထားပါ။ ခြေထောက်ပြောင်းပြီး ပြုလုပ်သင့်ပါတယ်။ဒီလှုပ်ရှားမှုဟာသွေးပူအောင်လုပ်တဲ့လေ့ကျင့်ခန်းတွေထက်ပိုပြီးရင်သားကိုပါ ကြီးထွားစေနိုင်ပါတယ်။ဘယ်လိုလုပ်မလဲ။စားပွဲပေါ်မှာ လေးဘက်ထောက်တဲ့ပုံစံမျိုး လက်နဲ့ ဒူးခေါင်းတွေကို ထားပါ။ကျောရိုးမကြီးဘက်ကို ချက်ကို ဆွဲပြီး ကြွက်သားတွေကို အားပြုလေ့ကျင့်ရပါတယ်။ ခြေထောက်ကို ၉၀ ဒီဂရီ ဆန့်ထုတ်သင့်ပါတယ်။ ဘယ်ဘက်ဒူးကို ဘေးကိုတတ်နိုင်သမျှမြင့်မြင့် ဆန့်ထုတ်သင့်ပါတယ်။ အပေါ်ဆုံးရောက်ရင် ခဏရပ်ပြီး နဂိုနေရာကို ပြန်သွားသင့်ပါတယ်။ ဒါကို အပြန်ပြန်အလှန်လှန် ခြေထောက်ပြောင်းပြီး ပြုလုပ်သင့်ပါတယ်။ဒါဟာ နောက်ဆုံးလေ့ကျင့်ခန်း ဖြစ်ပါတယ်။ တင်ပါးဆုံကြွက်သားတွေကို ရှုထောင့်မျိုးစုံကနေ လေ့ကျင့်နိုင်အောင် ပြုလုပ်နေတာမို့ ဒါကိုလည်း လျစ်လျူမရှုသင့်ပါဘူး။ဘယ်လိုလုပ်ရမလဲ။ပက်လက်လှန်အိပ်ပါ။ လက်တွေကို နဖူးပေါ်တင်ပါ။ ဘယ်ဘက်တင်ပါးဆုံကြွက်သားကိုညှစ်ပြီး ဘယ်ဘက်ခြေထောက်နဲ့ ပေါင်တွေကို ကြမ်းပြင်အပေါ်တတ်နိုင်သမျှ မြှောက်ပါ။ ခြေထောက်ကို ဆန့်ထားဖို့ အရေးကြီးပါတယ်။ အပေါ်ဆုံးရောက်ရင် တစ်မိနစ်လောက် ရပ်နိုင်ပြီး အောက်ပြန်ချပါ။ ခြေထောက်လဲပြီး ခြေထောက်တစ်ဖက်ကို ဆယ်ကြိမ်လောက် ပြုလုပ်ပါ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/strength-training/exercises-hips-and-thighs/
ကလေးကို Solid Food စပြီးမိတ်ဆက်ပေးတော့မယ်ဆိုရင်
ကလေးတစ်ယောက်ကောင်းကောင်းကြီးပြင်းလာအောင် ပျိုးထောင်ရတာ လွယ်တော့မလွယ်ပါဘူး။ ဒါပေမယ့်ပျော်စရာတွေ၊ စိတ်လှုပ်ရှားစရာတွေနဲ့ပြည့်နှက်နေတဲ့ ပင်ပန်းခက်ခဲတဲ့ ခရီးပေါ့။ ဘယ်လောက်ပင်ပန်းပင်ပန်းရင်သွေးကကျန်းကျန်းမာမာကြီးပြင်းလာတယ်ဆိုရင်ကို ပင်ပန်းတာတွေက အကုန်ပျောက်ကုန်တာလေ။ ကလေးရဲ့နေ့စဉ်နဲ့အမျှ တိုးတက်လာတဲ့တိုးတက်မှုတိုင်းကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့စောင့်ကြည့်ရတာလည်းပြန်မရနိုင်တဲ့ အခိုက်အတန့်လေးတွေပါနော်။ ဒီအခိုက်အတန့်လေးတွေထဲမှာ ကလေးအတွက်အကြီးမားဆုံးစိန်ခေါ်မှုဖြစ်ပြီးမိဘတွေအတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံး အခိုက်အတန့်ရှိပါတယ်။ ဒါကဘယ်အချိန်ဖြစ်မယ်ထင်လဲ၊ စကားစပြောတဲ့အချိန်လား၊ မတ်တတ်စမ်းတဲ့အချိန်လား၊ အစားစစားတဲ့အချိန်လား။ အစားစစားတဲ့အချိန်ပါနော်။ကလေးတစ်ယောက်ကိုမိခင်နို့လိုမျိုး အရည်ပဲတိုက်နေရင်းကနေ အစားစကျွေးရတာက ကလေးအတွက်ရော မိဘအတွက်ရောတော်တော်လေး စိတ်လှုပ်ရှားရတဲ့ အခိုက်အတန့်ပါ။ ဒီအခိုက်အတန့်ကို ဘယ်အချိန်မှာ ကြုံရမလဲဆိုတော့ ကလေးအသက် ၆ လရောက်လာတဲ့အချိန်မှာပါ။ ဒီအချိန်မှာမှ ကလေးကအစာခြေစနစ်အပြည့်အဝဖွံ့ဖြိုးမှာဖြစ်ပါတယ်။ခန္ဓါကိုယ်ကြီးထွားလာမှုနဲ့အမျှ လိုအပ်တဲ့အာဟာရပမာဏကလည်း တိုးလာပါပြီ။ ကလေးတွေကို အသက် ၆ လရောက်တဲ့အခါ အစားစကျွေးရမှာဖြစ်ပြီး ၆ လထက်နောက်မကျတာက အကောင်းဆုံးဖြစ်မှာပါ။ကလေးက ၆ လပြည့်ပြီဆိုရင် အစားစစားဖို့အသင့်ဖြစ်ပြီဖြစ်တာကြောင့် ကလေးကို အစားစကျွေးရပါတော့မယ်။ ဘယ်လိုစကျွေးရမလဲ မသိဘူးလို့များဖြစ်နေတာလား။ မစိုးရိမ်ပါနဲ့။ပြောပြမှာပါ။ကလေးကို ဇွန်းနဲ့ခွံ့ရပါမယ်–အစားစစားမယ့်ကလေးတစ်ယောက်ကို သစ်သားဇွန်း ဒါမှမဟုတ်ကြွေဇွန်းလေးနဲ့ နည်းနည်းချင်းခွံ့ပေးရပါမယ်။ အချိန်ပေးပြီး နည်းနည်းချင်းနဲ့ဖြည်းဖြည်းချင်းစီခွံရမှာပါ။ဖြည်းဖြည်းချင်းကနေစပါမယ် –ကလေးက တစ်ခါမှမစားဘူးသေးတာကို ပထမဆုံးအကြိမ်စစားမှာဆိုတော့ စမ်းသပ်တဲ့အခိုက်အတန့်ဖြစ်နေတာကြောင့်ဖြည်းဖြည်းချင်းကနေ စပေးရပါမယ်။ ကလေးကို တစ်နေ့တစ်ကြိမ်လောက်ကျွေးတာကနေ စရပါမယ်။တစ်ကြိမ်ထက်ပိုပြီးကျွေးရပါမယ်– ကလေးက ပထမဆုံးအရသာကိုခံစားမှာဖြစ်တာကြောင့် ကလေးက အစားတစ်ခုကိုကြိုက်လား၊ မကြိုက်ဘူးလားဆိုတာကိုသိနိုင်ဖို့ အနည်းဆုံး အကြိမ် ၂၀လောက် စမ်းသပ်ကျွေးရပါမယ်။အစားအစာတစ်ခုကို အချိန် ၃ ရက်ပေးပါ– ကလေးကို အစားစအာတစ်ခုခုကျွေးတဲ့အခါတိုင်း ကလေးက စားချင်သည်ဖြစ်စေ၊ မစားချင်သည်ဖြစ်စေ ၃ ရက်ဆက်တိုက်ကျွေးရပါမယ်။ ဒါမှ ကိုယ်ကျွေးလိုက်တဲ့ အစားအစာက ကလေးနဲ့ တည့်ရဲ့လားဆိုတာကို သိရမှာပါ။ပုံစံအမျိုးမျိုးပြင်ဆင်ပေးပါ– ကလေးက ငယ်ပေမယ့် တစ်ပုံစံတည်းစားချင်မှာ မဟုတ်တာတော့ လူကြီးတွေလိုပါပဲ။ ဒါကြောင့် ကလေးကို အစားအသောက်ကိုနေ့စဉ် တစ်ပုံစံတည်းပြင်ဆင်ပေးတာမျိုးမလုပ်ပါနဲ့။ကလေးကို အစားစကျွေးစမှာတော့ကျွေးမယ့်အစားအစာတွေထဲကိုမိခင်နို့ထည့်ပြီးကျွေးပေးလို့ရပါတယ်။၆ လအရွယ်။၉ လအရွယ်။အပေါ်မှာပြောခဲ့တဲ့အစားအစာတွေအပြင် ဒါတွေပါထပ်တိုးပြီးစားလို့ရပါပြီ။၁၂ လ (၁နှစ်) အရွယ်။ဒါလေးတွေထပ်တိုးစားခွင့်ရပါပြီ။အသက် ၄ နှစ်အရွယ်။ကလေးတစ်ယောက်နဲ့တစ်ယောက်က အစားစားတဲ့ပမာဏချင်းမတူနိုင်ပါဘူး။ ဒါပေမယ့် ဗိုက်ပြည့်သွားတဲ့အခါ ကလေးတွေလုပ်တတ်တဲ့ အလေ့အထလေးတွေကတော့ ဆင်တူကြပါတယ်။ ကလေးက။ကဲ ကလေးကို အစားစကျွေးဖို့ခေါင်းခဲနေသေးလား။ ဒီဆောင်းပါးလေးထဲကအတိုင်းဖြေရှင်းကြည့်လိုက်ပါနော်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/complete-guide-to-starting-baby-on-solids/
Prostate Disease Surgery (ဆီးကျိတ်ခွဲစိတ်ခြင်း)
ဆီးပြွန်မှတစ်ဆင့် ဆီးကျိတ်ခွဲစိတ်ခြင်း Transurethral resection of the prostate (TURP) ဟာ ဆီးကျိတ်ကြီးမားခြင်းကြောင့် ဆီးလမ်းကြောင်းဆိုင်ရာ လက္ခဏာ အသင့်အတင့်မှ များပြားခြင်းကို လျော့နည်းစေဖို့အတွက် ဆီးကျိတ်ခွဲစိတ်မှု တစ်ခုဖြစ်ပါတယ်။Transurethral resection of the prostate (TURP) ဟာ ဆီးကျိတ်ကြီးမားခြင်းကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကုသဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ခွဲစိတ်မှုဟာ သင့်အတွက် သင့်လျော်လားဆိုတာ သိရှိဖို့အတွက် ဆရာဝန်က နောက်ဆက်တွဲဆိုးကျိုးတွေရဲ့ ပြင်းထန်မှုတွေကို လေ့လာစစ်ဆေးမှာ ဖြစ်ပြီး အခြားရောဂါရှိမရှိ၊ ဆီးကျိတ်ရဲ့ အရွယ်အစားနဲ့ ပုံသဏ္ဍန်ကို စစ်ဆေးမှာ ဖြစ်ပါတယ်။Transurethral resection of the prostate (TURP) ကို ဆီးကြောပိတ်ခြင်းကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကုသဖို့နဲ့ ကာကွယ်ဖို့အတွက် အသုံးပြုပါတယ်။ ဥပမာ။ဆီးကျိတ်ကြီးမားခြင်းအတွက် ကုသမှုများစွာ ရှိသော်လည်း ဆီးကျိတ်ခွဲစိတ်မှုဟာ အသုံးအများဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။တကယ်တော့ ဆရာဝန်တွေဟာ ရေရှည် ပြဿနာ ဖြေရှင်းနည်းအနေနဲ့ ဆီးကျိတ်ကြီးမားခြင်းအတွက် ဆေးတွေကို ရှားရှားပါးပါး အသုံးပြုကြပါတယ်။ အခြေအနေ အများစုမှာ ဒီခွဲစိတ်မှုဟာ လက္ခဏာတွေကို ၇ နှစ်ကနေ ၁၅ နှစ်အထိ သက်သာစေနိုင်ပါတယ်။ခွဲစိတ်မှုအပြီးမှာ ဆီးကျိတ်ကင်ဆာနဲ့ ဆီးကျိတ်ကို စစ်ဆေးဖို့အတွက် စအိုမှတစ်ဆင့် စစ်ဆေးမှုကို ပြုလုပ်သင့်ပါတယ်။ခွဲစိတ်မှုမပြုလုပ်မီမှာ ဆိုးကျိုးတွေ၊ သတိပေးချက်တွေကို နားလည်ထားဖို့ လိုအပ်ပါတယ်။ သင့်မှာ မေးခွန်းတွေရှိရင် ဆရာဝန်ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ခွဲစိတ်မှုရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို သိထားဖို့ အရေးကြီးပါတယ်။ မေးစရာရှိရင် ခွဲစိတ်ဆရာဝန်ကို ဆက်သွယ်မေးမြန်းသင့်ပါတယ်။ခွဲစိတ်မှုမပြုလုပ်မီ ဆရာဝန်က cystoscopy ပြုလုပ်ပြီး ဆီးပြွန်နဲ့ ဆီးအိမ်ရဲ့ပုံသဏ္ဍန်ကို လေ့လာကြည့်မှာ ဖြစ်ပါတယ်။ ဒီစစ်ဆေးမှုဟာ ဆရာဝန်ကို ဆီးကျိတ်ရဲ့ အရွယ်အစားကို သိရှိစေပြီး လောလောဆယ် ဆီးလမ်းကြောင်းရဲ့ အခြေအနေကို သိရှိစေနိုင်ပါတယ်။ပြီးရင်တော့ ဆရာဝန်က အခြားစစ်ဆေးမှုတွေ ပြုလုပ်ပြီး ဆီးကျိတ်အရွယ်အစား တိုင်းတာခြင်း၊ ဆီးသွားမှုစစ်ဆေးခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ခွဲစိတ်မှုမပြုခင် သောက်နေတဲ့ဆေးတွေ၊ ဆေးမတည့်မှုတွေ၊ အခြားကျန်းမာရေးအခြေအနေအကြောင်းတွေကို ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။ မေ့ဆေးဆရာဝန်နဲ့ တွေ့ဆုံပြီး မေ့ဆေးအစီအစဉ် ဆွဲသင့်ပါတယ်။ ခွဲစိတ်မှုမပြုလုပ်မီ စားသောက်မှု ရပ်သင့်တဲ့အချိန်နဲ့ ပတ်သက်ပြီး ညွှန်ကြားချက်ကို လိုက်နာသင့်ပါတယ်။Prostate ablation ကို မေ့ဆေး (သို့) ခါးထုံဆေးနဲ့ ပြုလုပ်နိုင်ပါတယ်။ ဒီကုသမှုဟာ တစ်နာရီအထိ ကြာမြင့်နိုင်ပါတယ်။ ခွဲစိတ်ဆရာဝန်က ကင်မရာပါတဲ့ ပြွန်ကို ဆီးအိမ်အတွင်းထည့်ပြီး ဆီးကျိတ်တစ်ရှူးကို တိကာ ဆီးပြွန်ပေါ်မှာ ဖိအားသက်ရောက်မှုကို လျော့နည်းစေမှာ ဖြစ်ပါတယ်။ခွဲစိတ်မှုအပြီး သုံးလေးရက်နေရင် အိမ်ပြန်နိုင်မှာ ဖြစ်ပါတယ်။ ဆီးသွားချိန် ပထမ အကြိမ်အနည်းငယ်အထိ နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ၄ ပတ်မှ ၆ ပတ်အထိကြာရင်တော့ အခြေအနေပေါ်မူတည်ပြီး အလုပ်ပြန်လုပ်နိုင်ပြီ ဖြစ်ပါတယ်။ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက သင့်ကို နေ့စဉ်လှုပ်ရှားမှုကို အမြန်ဆုံးပြန်လုပ်နိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းမလုပ်မီ ကျန်းမာရေးစောင့်ရှောက်သူ (သို့) ဆရာဝန်ကို အကြံဉာဏ်တောင်းသင့်ပါတယ်။ဒီစစ်ဆေးမှုနဲ့ပတ်သက်ပြီး မေးစရာရှိရင် ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။နောက်ဆက်တွဲဆိုးကျိုးတွေမှာ အောက်ပါအချက်တွေပါဝင်ပါတယ်။သွေးဆင်းများခြင်း –အချို့လူတွေဟာ ခွဲစိတ်စဉ်အတွင်း သွေးဆင်းများခြင်းကြောင့် သွေးသွင်းဖို့ လိုအပ်နိုင်ပါတယ်။ ဒါဟာ အလွန်ရှားပါးပါတယ်။ တကယ်လို့ သင့်ဆီးကျိတ်ဟာ ပုံမှန်ထက် ကြီးတယ်ဆိုရင် သွေးပိုထွက်နိုင်ပါတယ်။သွေး ဆိုဒီယမ် ပမာဏနည်းခြင်း –ဒါဟာ ဆီးပြွန်မှတစ်ဆင့် ဆီးကျိတ်ခွဲစိတ်ခြင်းရဲ့ ရှားပါးတဲ့ ဆိုးကျိုးဖြစ်ပါတယ်။ ခွဲစိတ်စဉ်မှာ ခွဲစိတ်တဲ့နေရာကို ဆေးကြောဖို့ အသုံးပြုတဲ့အရည်ကို ကိုယ်ခန္ဓါမှ စုပ်ယူတာကြောင့် ဖြစ်ပါတယ်။ ဒီအခြေအနေဟာ မကုသရင် အသက်အန္တရာယ် ရှိနိုင်ပါတယ်။ဆရာဝန်တွေက ဆီးပြွန်မှတစ်ဆင့် ဆီးကျိတ်ခွဲစိတ်ခြင်းရဲ့ ဆိုးကျိုးကို လျှော့ချနိုင်ဖို့အတွက် bipolar surgical method ကို ဆားရည်ဆေးချဖို့အတွက် အသုံးပြုပါတယ်။ဆီးသွားရ ခက်ခဲခြင်း –ခွဲစိတ်မှုအပြီး ရက်အနည်းငယ်မှာ ဆီးကျန်ခြင်း ဖြစ်နိုင်ပါတယ်။ ကိုယ်တိုင်ဆီးသွားနိုင်သည်အထိ လိင်တံမှတစ်ဆင့် ပြွန်တစ်ခု ထည့်ထားဖို့လိုအပ်ပါတယ်။ဆီးလမ်းကြောင်း ပိုးဝင်ခြင်း –ဆီးလမ်းကြောင်းပိုးဝင်ခြင်းဟာ ဆီးကျိတ်ခွဲစိတ်မှုအပြီး ဖြစ်ပွားနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ခု ဖြစ်ပါတယ်။ တကယ်လို့ ဆီးပြွန်ကို လိင်တံအတွင်းမှာ ကြာမြင့်စွာ ထည့်ထားရင် ဆီးလမ်းကြောင်းပိုးဝင်ခြင်းဖြစ်နိုင်တာကြောင့် ပိုးသတ်ဆေးသောက်ရနိုင်ပါတယ်။ အချို့ခွဲစိတ်မှုတွေဟာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ပြန်ဖြစ်စေနိုင်ပါတယ်။ဆီးထိန်းရခက်ခဲခြင်း –ဆီးထိန်းရခက်ခဲခြင်းဟာလည်း ဒီခွဲစိတ်မှုရဲ့ ရေရှည် ဆိုးကျိုးတစ်ခု ဖြစ်ပါတယ်။Dry orgasm –ဒီခွဲစိတ်မှုဟာ သုက်ပိုးနောက်ပြန်လွှတ်ခြင်းကို ဖြစ်စေပါတယ်။ သုက်ပိုးတွေဟာ လိင်တံထဲ ဆင်းလာရမယ့်အစား ဆီးကျိတ်အတွင်း ပြန်ရောက်သွားခြင်းကို ဆိုလိုပါတယ်။ ဒီလိုနောက်ပြန်သုက်လွှတ်ခြင်းဟာ လိင်ပိုင်းဆိုင်ရာ သာယာမှုကို မထိခိုက်စေပါဘူး။ဒါပေမယ့် ကလေးရရှိမှုကိုတော့ ထိခိုက်စေနိုင်ပါတယ်။ ကြာရှည်တဲ့ ဆိုးကျိုးတွေကို ခွဲစိတ်မှုခံယူတဲ့ အမျိုးသားတွေရဲ့ ၇၅%မှာ တွေ့ရတတ်ပါတယ်။လိင်တံထောင်မတ်မှု ထိန်းသိမ်းနိုင်ခြင်းမရှိခြင်း –ဒီအခြေအနေဟာ ရှားပါးပေမယ့် ဖြစ်နိုင်တဲ့ ဆိုးကျိုးတစ်ခုဖြစ်ပါတယ်။လက္ခဏာတွေ ပြန်ဖြစ်တတ်ခြင်း-ခွဲစိတ်မှုအပြီးမှာ လက္ခဏာ လျော့သွားတတ်ခြင်းမရှိတာကြောင့် အချို့လူတွေဟာ ကုသမှုအပြီးမှာ စောင့်ကြည့်ဖို့လိုအပ်နိုင်ပါတယ်။ခွဲစိတ်မှုမပြုမီ အစာမစားခြင်း၊ ဆေးအချို့ကို ရပ်ခြင်း အစရှိတဲ့ ဆရာဝန်ညွှန်ကြားချက်တွေကို လိုက်နာခြင်းအားဖြင့် နောက်ဆက်တွဲဆိုးကျိုးဖြစ်ပွားမှုကို လျှော့ချနိုင်ပါတယ်။သင့်မှာ နောက်ဆက်တွဲဆိုးကျိုးတွေနဲ့ပတ်သက်ပြီး မေးခွန်းတွေရှိရင် ဆရာဝန်နဲ့ ဆက်သွယ်မေးမြန်းသင့်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-procedures-and-surgeries/prostate-disease-surgery-%e1%80%86%e1%80%ae%e1%80%b8%e1%80%80%e1%80%ba%e1%80%ad%e1%80%90%e1%80%b9%e1%80%81%e1%80%bc%e1%80%b2%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9/
Kaposi Sarcoma (ကာပိုးစီးဆာကိုးမား အရေပြားကင်ဆာ)
Kaposi’s sarcoma သည် အရေပြားကင်ဆာတစ်မျိုးဖြစ်ပြီးအရေပြားအောက်၊ ပါးစပ်အနားသတ်တစ်လျှောက်၊ နှာခေါင်း၊ လည်ပင်းနှင့် တခြားအင်္ဂါများတွင် ပုံမှန်မဟုတ်သည့် တစ်ရှူးအချပ်များကြီးထွားစေပါသည်။ ဒီအချပ်ပြားများသည် နာကျင်မှုကို ဖြစ်စေပြီး လူနာကို မသက်မသာခံစားရစေနိုင်ပါသည်။ကုသမှုမခံယူပါကအချပ်ပြားများသည် အစာချေစနစ်ထဲ၊ အဆုတ်ထဲထိပြန့်ပွားသွားကာသွေးယိုခြင်း၊ အသက်ရှူရခက်ခြင်းတို့ကို ဖြစ်ပွားစေနိုင်ပါသည်။၎င်းသည် အတွေ့ရများသောရောဂါမဟုတ်ပါ။ လူဦးရေ၏ ၁ရာခိုင်နှုန်းလောက်သာ Kaposi’s sarcoma ရှိနေခြင်း ဖြစ်သည်။ Kaposi’s sarcoma သည် အမျိုးသားများတွင် ပိုတွေ့ရ၏။ ရောဂါဖြစ်ပွားနိုင်သော အချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။Kaposi’s sarcoma ၏ ယေဘုယျအကျဆုံးလက္ခဏာသည် အရေပြားတွင် အကွက်များအနာများထခြင်းဖြစ်သည်။ အကွက်များသည် ခရမ်းရောင်နှင့် အနီရောင်များဖြစ်နိုင်သည်။၎င်းတို့ိကိုခြေထောက်အောက်ပိုင်းနှင့် မျက်နှာတို့တွင် တွေ့ရ၏။ ၎င်းတို့သည် ကြည့်ရဆိုးသော်လည်း တိုက်ရိုက် မထိခိုက်စေနိုင်ပါ။သို့သော် ၎င်းတို့သည် ခြေထောက်နှင့်မျက်နှာကို ရောင်စေပြီး နာကျင်ခြင်းနှင့် မအီမသာဖြစ်မှုကို ဖြစ်စေနိုင်သည်။Kaposi’s sarcoma အကွက်များမျက်နှာတွင်ထလျှင် အန္တရာယ်ကြီး၏။ ၎င်းသည် ပြန်ရည်ကျိတ်များ၊ အစာအိမ်နှင့် အဆုတ်အား အလွယ်တကူပျံ့သွားစေနိုင်သည်။တွေ့ရများသောလက္ခဏာသည် ခရမ်းနီရောင်အပြောက်များဖြစ်ပြီး ခြေထောက်အောက်ပိုင်းများတွင် တွေ့ရပါသည်။ Kaposi’s sarcoma ကို နှာခေါင်းနှင့် မျက်နှာ၏ကျန်သောအပိုင်းများတွင်လဲတွေ့နိုင်ပါသည်။၎င်းသည် ပြန်ရည်ကျိတ်များ၊ အစာအိမ်နှင့် အဆုတ်များဆီသို့ ပျံ့နိုင်၏။ အကယ်၍၎င်းသည် အစာအိမ်တွင်ဖြစ်လျှင် သွေးထွက်ခြင်းနှင့် ဗိုက်နာခြင်းများဖြစ်စေနိုင်ပါသည်။အဆုတ်တွင်ဖြစ်လျှင် အသက်ရှူရခက်ခြင်း၊ အသက်ရှူမဝခြင်း၊ မောခြင်းများ ဖြစ်နိုင်ပါသည်။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်းရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။အနာကွက်များကိုသတိထားမိလျှင် ဆရာဝန်နှင့် ပြရမည်။ Kaposi’s sarcoma သည် ကင်ဆာတစ်မျိုးဖြစ်ပြီး တခြားအင်္ဂါများဆီသို့ မပျံ့နှံ့ခင်တွင် ထိန်းချုပ်သင့်သည်။ အောက်တို့မှတစ်ခုခုရှိလျှင် ဆရာဝန်နှင့်ဆက်သွယ်ပါ။• အရောင်ပြောင်းသည့်အနာတစ်ခုခုမျက်နှာ၊ နှာခေါင်းနှင့် ခြေထောက်များတွင် တွေ့လျှင်။• နာလျှင်၊ အသက်ရှူရခက်မောလျှင်၊ သွေးအန်လျှင် သို့မဟုတ် ပြန်ရည်ကျိတ်များရောင်လျှင်။• အရေပြားအနာကွဲအက်လျှင်။သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နှင့် တိုင်ပင်တာကအကောင်းဆုံးပါပဲ။ဖြစ်ပွားစေသည့်အကြောင်းရင်းသည် ရေယုန်ဗိုင်းရပ်စ်ပိုး (HHV-8) ကြောင့်ဟုထင်ရသည်။ ဒီဗိုင်းရပ်စ်သည် တခြားသူများအား လိင်မှတဆင့် သို့မဟုတ် အခြားသောနည်းများဥပမာမိခင်မှသန္ဓေသားသို့ကူးခြင်းဖြင့် ကူးစက်နိုင်သည်။ (အာဖရိကနိုင်ငံများတွင် တွေ့ရများ၏။)။Kaposi’s sarcoma အမျိုးအစားလေးမျိုးရှိပါသည်။Epidemic, classic, endemic နဲ့ iatrogenicဟူ၍ဖြစ်သည်။• Epidemic Kaposi’s sarcoma –။ဒီရောဂါသည် HIV ပိုးကြောင့်ဖြစ်ပွားခြင်း ဖြစ်သည်။ HIV ပိုးရှိသူထံတွင် ဒီရောဂါပါ ရှိနေလျှင် AIDS ရောဂါ ဖြစ်ဖို့ ကျိန်းသေပါသည်။ (HIV သည်ဗိုင်းရပ်စ်ပိုးဖြစ်ပြီး AIDS သည်ရောဂါဖြစ်သည်။ HIV ပိုးရှိသူတိုင်း AIDS အဆင့်သို့ရောက်ချင်မှရောက်မည်။)။• Classic Kaposi’s sarcoma –။ဒီရောဂါမျိုးသည် ခုခံအားနည်းသည့်လူများတွင် ကူးစက်ရောဂါကြောင့် ဖြစ်သည်။ သို့သော် epidemic Kaposi’s sarcoma ဖြစ်သူများလောက် ခုခံအားမနည်းပါ။• Endemic Kaposi’s sarcoma –။ဒီရောဂါသည် လူငယ်များတွင်ဖြစ်နိုင်သည်။ (များသောအားဖြင့်အသက် ၄၀ အောက်) အာဖရိကလူမျိုးများတွင် တွေ့ရများ၏။• Iatrogenic Kaposi’s sarcoma –။ကိုယ်အင်္ဂါအစားထိုးကုသမှုခံယူထားလျှင် သင်သည့် အစားထိုးသည့်အင်္ဂါအား တိုက်ခိုက်ဖယ်ရှားမှု မဖြစ်စေရန် ခုခံအားကိုဖိနှိပ်သည့်ဆေးများသောက်ရမည်ဖြစ်သည်။ ဒီအတွက်ကြောင့် ဗိုင်းရပ်စ်ပိုးကူးစက်ခံရပါက ဒီရောဂါမျိုး ဖြစ်လာစေနိုင်ပါသည်။Kaposi’s sarcoma ဖြစ်ပွားနိုင်ချေကိုမြင့်စေသည့်အကြောင်းများမှာအောက်ပါအတိုင်း ဖြစ်သည်။• လိင် – အမျိုးသားများသည် အမျိုးသမီးများထက် ဖြစ်နိုင်ချေပိုများသည်။• ရေယုန်ဗိုင်းရပ်စ် – ၈ (HHV-8) ကူးစက်ခံရလျှင်။• ခုခံအားနည်းလျှင်။• AIDS ရှိလျှင်။• အကာအကွယ်မဲ့လိင်ဆက်ဆံလျှင်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။Kaposi’s sarcoma ကိုအတည်ပြုရန် ဆရာဝန်သည် ရောဂါရာဇဝင်မေးခြင်း ခန္ဓါကိုယ်အားစမ်းသပ်ခြင်းတို့ကို ပြုလုပ်ပါလိမ့်မည်။ သင်၏ဆရာဝန်သည် နာကျင်မှုနှင့် မအီမသာခံစားရမှုရှိမရှိမေးပြီး အနာက ထိတာသိမသိ မေးပါလိမ့်မည်။ ရောဂါအမည် သေချာတပ် နိုင်ရန်အတွက် အသေချာဆုံးနည်းလမ်းသည် အသားစယူခြင်းဖြစ်သည်။အသားစအတွက် ဆရာဝန်သည် အနာမှတစ်ရှူးစကိုယူပြီး အဏုကြည့်မှန်ပြောင်းနှင့် စစ်ဆေးမည်ဖြစ်သည်။ သင်၏ဆရာဝန်သည် HHV-8 ဗိုင်းရပ်စ်ရှိမရှိစစ်ဆေးရန်နှင့် HIV မရှိကြောင်း သေချာစေရန် သွေးစစ်ဆေးမှုကိုလုပ်ခိုင်းမည်ဖြစ်သည်။တခြားနေရာများသို့ မပျံ့နှံကြောင်းသေချာစေရန် ဆရာဝန်သည် ဓါတ်မှန်၊ ကွန်ပျူတာဓါတ်မှန် သို့မဟုတ် မှန်ပြောင်းကြည့်ရန် တောင်းဆိုနိုင်ပါသည်။ကုသမှုသည် ရောဂါပြင်းမပြင်းဘယ်လောက်ထိပျံ့မပျံ့ပေါ်မူတည်ပါသည်။ အနာသေးပါက ဆရာဝန်သည် ကုသမှုမပေးသေးဘဲနှင့် အနာကြီးလာမှုရှိမရှိကို စောင့်ကြည့်မည်ဖြစ်သည်။ အကယ်၍ အနာသည်ပိုပြင်းထန်ပါက ကင်ဆာဆေးသွင်းခြင်း ဓါတ်ရောင်ခြည်ကုသခြင်းများ ပြုလုပ်ရန် လိုနိုင်ပါသည်။Kaposi’s sarcoma ၏ အရေးကြီးဆုံးကုသမှုသည် ခုခံအားစနစ်ကိုကောင်းမွန်ပြီးသေချာထိန်းချုပ်ထားသည့်အခြေအနေရှိနေစေရန် ဖြစ်သည်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/skin-cancer-cancer/kaposi-sarcoma-%e1%80%80%e1%80%ac%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%80%85%e1%80%ae%e1%80%b8%e1%80%86%e1%80%ac%e1%80%80%e1%80%ad%e1%80%af%e1%80%b8%e1%80%99%e1%80%ac%e1%80%b8-%e1%80%a1%e1%80%b1/
သွေးတိုးခြင်းနဲ့ ပတ်သက်ပြီး မှားယွင်းသောအယူအဆ ၅ ချက်
သွေးတိုးခြင်းက တစ်ခါတစ်လေ ထိန်းညှိရခက်ပါတယ်။ သင်ကျန်းမာနေတယ်လို့ သင်ထင်နေပေမယ့် ဒီသွေးတိုးခြင်းက သင့်ရဲ့ခန္ဓါကိုယ်ကို ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ သွေးတိုးခြင်းက လက္ခဏာတွေ သိပ်ပြလေ့မရှိဘဲ တစ်ခါတစ်လေ နှစ်နဲ့ချီပြီး ရှိလို့ရှိမှန်း မသိပါဘူး။ တကယ်လို့ မကုသဘဲထားလိုက်မယ်ဆိုရင် လေဖြတ်ခြင်း နှလုံးရောဂါဖြစ်ခြင်း တို့ပါ ကြုံတွေ့လာနိုင်ပါတယ်။ တကယ်လို့ သင့်မှာသွေးတိုးရှိနေပြီဆိုရင် ဒီသွေးတိုးရောဂါအကြောင်းကို လေ့လာထားသင့်ပါတယ်။အောက်မှာပြောပြသွားမှာက သွေးတိုးရောဂါနဲ့ပတ်သက်တဲ့ မှားယွင်းတဲ့ အယူအဆ ၅ ချက်ပါ။သင့်အထင်လုံးဝမှားပါလိမ့်မယ်။ သွေးတိုးရောဂါဟာ အသံတိတ်လူသတ်သမားလို့တောင် တင်စားရတဲ့ထိဆိုးရွားပါတယ်။ သွေးတိုးရောဂါဟာ သင့်ရဲ့သွေးကြောလေးတွေ၊ ကျောက်ကပ် နှလုံးအပြင် တခြားအစိတ်အပိုင်းတွေကိုပါ ပျက်စီးစေပါတယ်။ ပုံမှန်ဆို နှလုံးခုန်ခြင်းဖြင့် လူ့ကိုယ်အတွက်လိုအပ်တဲ့ အောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေကို သွေးကိုအသုံးပြုပြီး သွေးကြောလေးတွေကတစ်ဆင့် ပို့လွှတ်ပါတယ်။ သွေးကြောလေးတွေကလည်း သွေးအဆင်ပြေပြေ စီးဆင်းနိုင်ဖို့ ကျယ်လိုက် ကျဉ်းလိုက် လုပ်ပေးပါတယ်။ တကယ်လို့ သင့်မှာသွေးတိုးရှိတယ်ဆိုရင် နှလုံးကနေ သွေးတွေကို တွန်းကန်တဲ့အားက မြင့်နေပါလိမ့်မယ်။သွေးတိုးကို အစောပိုင်းအခြေအနေတွေမှာ သိတာနဲ့ သိသိချင်းကုသဖို့လိုအပ်ပါတယ်။သင့်မိသားစုတွေမှာ သွေးတိုးရှိတဲ့အခါ သင့်အနေနဲ့ သွေးတိုရောဂါဟာ ကာကွယ်မရဘူးလို့ ထင်လာနိုင်ပါတယ်။ တကယ်တော့ ကာကွယ်လို့ရပါတယ်။နေထိုင်မှုပုံစံပြောင်းလဲတာတွေနဲ့ စိတ်ဖိစီးမှုလျှော့ချတာတွေဟာ သွေးတိုးရောဂါကိုကာကွယ်ဖို့အတွက် ရိုးစင်းပြီး ထိရောက်တဲ့နည်းလမ်းတွေပါ။မှားပါတယ်။ နံပတ်နှစ်ခုလုံးက အရေးကြီးပါတယ်။ သွေးတိုးတိုင်းတဲ့အခါမှာ နံပါတ်နှစ်ခုရှိပါတယ်။ အပေါ်တစ်ခု အောက်တစ်ခုပေါ့။ အပေါ်တစ်ခုကို Systolic blood pressure (အပေါ်သွေး) လို့ခေါ်ပါတယ်။ သူက နှလုံးခုန်လိုက်တိုင်း ထွက်သွားတဲ့ သွေးရဲ့ဖိအားပါ။ ၁၁၉ နဲ့အောက်က ပုံမှန်ပါ။ ၁၂၀ နဲ့ ၁၃၉ ကြားဆိုရင်တော့ သွေးတိုးရောဂါစနေပြီလို့ဆိုလိုရပြီး ၁၄၀ ကျော်ရင်တော့ သွေးတိုးရှိနေပါပြီ။ အောက်နံပါတ်ကတော့ Diastolic blood pressure (အောက်သွေး) လို့ခေါ်ပြီး သူက နှလုံးခုန်ခြင်းနားလိုက်တဲ့ အချိန်ကြားက သွေးရဲ့ဖိအားပါ။ ၇၉ နဲ့အောက်က ပုံမှန်ပါ။ ၈၀ နဲ့ ၈၉ ကြားက သွေးတိုးအစပြုလာပါပြီ။ ၉၀ အထက်ဆိုရင်တော့ သွေးတိုးရှိပါပြီ။နံပါတ်တစ်ခုခုက ပုံမှန်ဖြစ်နေရင် ပုံမှန်ပဲလို့ သင်ထင်ကောင်းထင်နိုင်ပါတယ်။ တကယ်တော့မဟုတ်ပါဘူး။ နံပါတ်နှစ်ခုလုံးက အရေးကြီးပါတယ်။ သင့်ရဲ့ သွေးဖိအားက တစ်နေ့လုံးပြောင်းလဲနိုင်ပါတယ်။ တကယ်လို့ နံပါတ်တစ်ခုခုက ပုံမှန်ထက် ဆက်တိုက် မြင့်နေမယ်ဆိုရင် ဆရာဝန်ဆီ အသိပေးပါ။ သွေးတိုးရောဂါဟာ စောစီးစွာကုသမယ်ဆိုရင် နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်နိုင်ပါတယ်။မှားပါတယ်။ သွေးတိုးရောဂါကို ဆေးတစ်ခုတည်းနဲ့ ကုသလို့မရပါဘူး။ အစားအသောက် အချိုးကျအောင်စားခြင်း နေထိုင်မှုပုံစံပြောင်းခြင်းက သွေးတိုးကိုလျော့ကျစေပါတယ်။ သွေးတိုးရောဂါအတွက် ကုသမှုပုံစံ မျိုးစုံရှိပါတယ်။ သင့်ဆရာဝန်ကလည်း အခုပြောပြမယ့် ကုသမှုတွေကို ပေးကောင်းပေးနိုင်ပါတယ်။DASH diet plan : သူ့ရဲ့အရှည်ကောက်ကတော့ the Dietary Approaches to Stop Hypertension ဖြစ်ပါတယ်။ သွေးတိုးခြင်းကို ရပ်တန့်ဖို့ အစားအသောက်ဖြင့် ချဉ်းကပ်နည်း ဖြစ်ပါတယ်။ ဒီကုသမှုမှာ ဆီလျှော့စားခြင်း သစ်သီး နှင့် ဟင်းသီးဟင်းရွက်များများစားခြင်း တို့ပါဝင်ပါတယ်။ ဒီကုသမှုမှာ အစားအသောက်တွေထဲ ဆားလျှော့စားဖို့အတွက် ဆားမထည့်ဘဲ အရသာရှိစေတဲ့ တခြားနည်းလမ်းတွေလည်း ပါပါတယ်။ အရက်သောက်ခြင်းကိုလည်း လုံးဝလျှော့ခိုင်းပါလိမ့်မယ်။ အရက်က သွေးဖိအားတက်စေတာကြောင့်ပါ။ကိုယ်အလေးချိန် ထိန်းခြင်း : အဝလွန်ခြင်းကလည်း သွေးတိုးဖြစ်နိုင်ခြေများစေပါတယ်။ အပေါ်ကပြောသွားတဲ့ DASH plan ကိုလိုက်နာနေစဉ်အတွင်း လေ့ကျင့်ခန်းလည်း လုပ်ပေးပါ။ဆေးလိပ်မသောက်ရ။ ။ ဆေးလိပ်သောက်ခြင်းက သွေးဖိအားတိုးလာစေတဲ့အပြင် နှလုံးနဲ့ သွေးကြောတွေကိုပါ တိုက်ရိုက် ထိခိုက်စေပါတယ်။ဆေးသောက်ခြင်း။ ။ သင့်ရဲ့သွေးတိုးရောဂါကို ထိန်းချုပ်ဖို့ ဆရာဝန်အနေနဲ့ ဆေးပေးပါလိမ့်မယ်။ ဆေးတစ်မျိုးတည်းနဲ့လည်း သွေးတိုးရောဂါကို ထိန်းချုပ်ဖို့ မလုံလောက်ပါဘူး။ ဆရာဝန်အနေနဲ့ အောက်ပါဆေးညွှန်းတွေကို ပေးနိုင်ပါတယ်။ဆေးနည်းတွေကို ပေါင်းစပ်ခြင်းက လူအပေါ်လိုက်ပြီး ခက်ခဲနိုင်ပါတယ်။ ဒီဆေးနည်းတွေကြောင့် သင်ဘယ်လိုဖြစ်လာလည်းဆိုတာကိုလည်း ဆရာဝန်ကို အသိပေးပါ။မမှန်ပါဘူး။ ပထမဆုံး ကုသခြင်းမှာတော့ သိပ်ထိရောက်မှုမရှိတာဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့်နောက်ပိုင်း ကိုယ်နဲ့သင့်တော်တဲ့ ကုသမှုကိုရှာတွေ့ပြီဆိုရင် ထိရောက်မှုက သိသာလာပါလိမ့်မယ်။ အောက်မှာပြောပြမှာကတော့ သင့်ကုသမှုတွေကို ထိရောက်မှုပိုရှိစေမယ့် နည်းလမ်းတွေပါ။သွေးတိုးရောဂါနဲ့ ပတ်သက်တဲ့ မှားယွင်းတဲ့အယူအဆတွေကို သိခြင်းအားဖြင့် သင့်အနေနဲ့ ဘယ်ဟာမှန်လဲ ဘယ်ဟာလုပ်သင့်လဲဆိုတာကို သိလာနိုင်ပါတယ်။ သွေးတို့ရောဂါအကြောင်းသိထားခြင်းက သင့်ကိုယ်သင် ကြိုတင်ကာကွယ်ရာလည်း ရောက်ပါတယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/%e2%80%8b%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e2%80%8b%e1%80%b8%e1%80%94%e1%80%b2%e1%82%94-%e1%80%95%e1%80%90%e1%80%b9%e2%80%8b/
ကျွန်တော် သွေးတိုး ဖြစ်နိုင်သလား
သွေးတိုးအကြိုအဆင့်မှာ သွေးတိုးတိုင်းတဲ့အခါအပေါ်သွေး (Systolic blood pressure) က၁၂၀ကနေ ၁၃၉ကြားမှာရှိနေမယ် ဒါမှမဟုတ် အောက်သွေး (Diastolic blood pressure) က ၈၀ကနေ ၈၉အထိရှိနေပါလိမ့်မယ်။Prehypertension ဆိုတာကသင်သွေးတိုးဖြစ်လာနိုင်ခြေရှိတယ်လို့ သတိပေးတာပါ။ သွေးတိုးခြင်းက သင့်ကိုနှလုံးနဲ့ ပတ်သက်တဲ့ ရောဂါများ၊ လေဖြတ်ခြင်းနဲ့ ကျောက်ကပ်နဲ့ ပတ်သက်တဲ့ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ သွေးတိုးခြင်းကို လုံးဝပျောက်အောင်ကုနိုင်တဲ့ဆေးမရှိသေးပါဘူး။ ဒါပေမယ့် အစားအသောက် နေထိုင်မှုနဲ့ ဆေးတွေကတော့ သက်သာအောင်ပြုလုပ်နိုင်ပါတယ်။ပျှမ်းမျှတွက်ချက်မှုအရ အသက်၁၈နှစ်ပြည့်ပြီးသူတိုင်းရဲ့ တစ်ဝက်နီးပါးက Prehypertension (သွေးတိုးဖြစ်နိုင်ချေ) ဒါမှမဟုတ် Hypertension (သွေးတိုး) ရှိနေတာချည်းပါဘဲ။အမေရိကန်နိုင်ငံရဲ့ Heart Association ရဲ့ပြောကြားချက်အရ အမေရိကန်မှာက လူဦးရေ ၅၉ သန်းက သွေးတိုးရှိနေပါတယ်။သွေးတိုးရောဂါရှိနေတဲ့သူတွေကနှလုံးသွေးကြောကျဉ်းရောဂါကိုလည်း ဖြစ်နိုင်ချေများပါတယ်။ ကိုလက်စထရောများခြင်း၊ အဝလွန်ခြင်း၊ ဆီးချို သွေးချိုရှိခြင်းစတဲ့အချက်တွေက သာမန်လူတွေမှာထက် သွေးတိုးရောဂါရှိတဲ့သူတွေမှာ ပိုအတွေ့များပါတယ်။မဟုတ်ပါဘူး။ ဒါပေမယ့် တချို့တလေကတော့ အသက်ကြီးလာတာနဲ့အမျှ သွေးတိုးဖြစ်လာတာမျိုးတော့ ရှိပါတယ်။ Mexico ရဲ့ တချို့နေရာများ၊ ပစိဖိတ်တောင်ပိုင်းနဲ့ တချို့နေရာတွေမှာ နေထိုင်တဲ့သူတွေဟာ ဆားစားသုံးတာ နည်းပါးကြတဲ့အတွက် US နဲ့ယှဉ်ရင်အသက်ကြီးလာလို့ သွေးတိုးဖြစ်လာတာမျိုးက ပိုနည်းပါတယ်။Prehypertension ဆိုတာ သွေးတိုးရောဂါ (Hypertension) ရဲ့ ရှေ့ပြေးအခြေအနေပါ။ Hypertension အတွက် ကုသမှုဆိုတာက သင့်ရဲ့နေထိုင်မှုပုံစံကို ထိန်းညှိရုံသက်သက်ပါ။ အခုပြောပြသွားမှာကတော့ Prehypertension ကို ထိန်းချုပ်ဖို့ နည်းလမ်းတွေပါ။အဝလွန်ခြင်းက သွေးတိုးဖြစ်နိုင်ခြေများစေပါတယ်။ သွေးတိုးရှိနေရင်လည်းဝိတ်ချခြင်းက သွေးတိုးကို လျှော့ချပေးပါတယ်။လေ့ကျင့်ခန်းလုပ်ခြင်းက အဆီကျစေတဲ့အပြင် သွေးတိုးကိုလည်း လျော့စေပါတယ်။လေ့လာမှုများက Dash ဆိုတဲ့ diet plan က သွေးတိုးကို လျော့စေနိုင်ကြောင်း သက်သေပြထားပါတယ်။ ဒီလိုအစားအစာတွေက ဆားဓာတ် (Sodium) ပါဝင်မှုနည်ပြီး ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ် ၊ ပရိုတင်းအသားဓာတ်နဲ့ အမျှင်ဓာတ် ပါဝင်မှုများပါတယ်။ဆားပါဝင်မှုမြင့်သော စားစရာတွေက သွေးတိုးဖြစ်စေပါတယ်။ အတတ်နိုင်ဆုံး မစားဖြစ်အောင် ကြိုးစားပါ။အဆီနဲ့ ကိုလက်စထရောပါဝင်မှုများတဲ့ အသားနို့ထွက်ပစ္စည်းများ မုန့်များစတာတွေက အဝလွန်စေပြီး သွေးတိုးရောဂါအပြင် နှလုံးနဲ့ကင်ဆာရောဂါပါ ဖြစ်စေနိုင်ပါတယ်။အသားဓာတ်အတွက် ပဲ ကိုစားသုံးပေးပါ။ နေ့လည်စာမှာ အသီးထည့်စားပြီး ညနေစာမှာ အသီးအရွက်ထည့်စားခြင်းဖြင့် အသီးအရွက်စားခြင်း အလေ့အကျင့်ရအောင် လုပ်ပါ။အရက်က သွေးတိုးကို တက်စေတဲ့အတွက် တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်းနည်းနည်းပဲသောက်ပါ။သွေးတိုးနှုန်းကအချိန်နဲ့အမျှ ပြောင်းနေတဲ့အတွက် ခဏခဏတိုင်းပါ။ ဆရာဝန်လာမှ တိုင်းတာထက် အိမ်မှာသွေးတိုးတိုင်းစက်ဝယ်ထားတာက ပိုအဆင်ပြေပါလိမ့်မယ်။ သွေးတိုးမြင့်လာတာနဲ့ ဆရာဝန်ကို ဆက်သွယ်ဖို့ဝန်မလေးပါနဲ့။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/%e1%80%80%e1%80%ba%e1%80%bc%e1%80%94%e1%80%b9%e2%80%8b%e2%80%8b%e1%80%b1%e1%80%90%e1%80%ac%e1%80%b9%e2%80%8b-%e2%80%8b%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%b8/
စတင်အပြေးလေ့ကျင့်မည့်သူများအတွက် လိုက်နာရမည့်အခြေခံစည်းမျဉ်းများ
စတင်ပြေးသောအခါ သင်ဘာတွေသိသင့်လဲ။စည်းမျဉ်းများသည် အရာဝတ္ထုများအခြေကျအောင် ပြုလုပ်ထားသောအခြေခံအုတ်မြစ် ဖြစ်သည်။ အရာရာတိုင်းတွင် စည်းမျဉ်းများရှိပါသည်။ ညစာစားခြင်း မှ အစလူအများနှင့် တွေ့ဆုံခြင်းထိတိုင် စည်းမျဉ်းများရှိပါသည်။ လေ့ကျင့်ခန်းလုပ်ခြင်း၊ အပြေးအားကစားတွင်လည်း ထိုနည်းတူ ချွင်းချက်မရှိ စည်မျဉ်းများရှိပါသည်။ ထိုစည်မျဉ်းများသည် သင့်ကို ပို၍ကောင်းမွန်သော အပြေးသမားဖြစ်အောင် ကူညီနိုင်ရန်သာ ဖြစ်ပါသည်။ အမှန်စင်စစ် ထိုစည်းမျဉ်းများသည် သင်အပြေးလေ့ကျင့်ရန်အတွက် အကြံပြုချက်များသာ ဖြစ်သည်။၁။ ရှူးဖိနပ်။အပြေးအားကစားအတွက် အရေးကြီးဆုံးပစ္စည်းတစ်ခုမှာ ရှူးဖိနပ်ဖြစ်သည်။ အားကစားဖိနပ်မဟုတ်သော ဖိနပ်ကို ဝတ်ဆင်လျှင် များမကြာမီတွင် ဟောင်းနွမ်းစုတ်ပြတ်သွားနိုင်ပြီး ရှူးဖိနပ်ဆိုင်ကို မကြာခဏ သွားနေရပါလိမ့်မည်။ မသင့်တော်သော ရှူးဖိနပ်ကို ဝတ်ဆင်ပါက သက်တောင့်သက်သာမရှိသကဲ့သို့ ဒဏ်ရာရမည့်အန္တရာယ် ပိုများနိုင်ပါသည်။ ထို့ပြင် သက်သောင့်သက်သာ မရှိခြင်းသည် အပြေးအားကစားပေါ်တွင် မကောင်းသောခံစားမှု ဖြစ်စေနိုင်ပြီး စိတ်ဓါတ်ခွန်အားပါ ကျဆင်းစေနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ ရှူးဖိနပ်များသည် ဝယ်ယူရန်အတွက် ထိုက်တန်ပါသည်။ ကောင်းမွန်သော ရှူးဖိနပ်တစ်ရံသည် သင့် ကိုဂုဏ်ကျက်သရေနှင့် ပြည့်စုံစေပြီး သက်သောင့်သက်သာရှိစေမှာပါ။ သင့်အတွက် ဖန်စီအဝတ်အစား မလိုအပ်ပါဘူး။ လမ်းပေါ်တွင် ပြေးလွှားမည်ဆိုလျှင် သင်ကြိုက် နှစ်သက်သော ရှူးဖိနပ်တစ်ရံတော့ အတူရှိနေဖို့ လိုအပ်ပါသည်။ ယနေ့ခေတ်စ တိုးဆိုင်များတွင် ကျွမ်းကျင်သောဝန်ထမ်းများရှိသောကြောင့် သင့်အတွက် သင့်လျော်သော ရှူးဖိနပ်တစ်ရံတော့ ရွေးချယ်ပေးနိုင်မှာပါ။ ထို့ကြောင့် သွားဝယ်ဖို့ မနှောင့်နှေးပါနှင့်။၂။ သွေးပူလေ့ကျင့်ခန်းနှင့် စိတ်တည်ငြိမ်အောင် ပြုလုပ်ခြင်း။မပြေးခင်နှင့် ပြေးပြီးချိန် ပြုလုပ်ရမည့်အရာများသည် အထူးသဖြင့် အခုမှစတင်မည့် အပြေးသမားများတွင် အလွန်အရေးပါသည်။ မပြေးမီ ခုန်ခြင်းသည် မကောင်းမွန်သည့်အပြင် သင့်ကို ကြွက်တက်ခြင်း၊ အဆစ်နှင့် ကြွက်သားများထိခိုက်ခြင်းတို့ကိုသာ ဖြစ်စေနိုင်ပါသည်။ သွေးပူဖို့အတွက် (၁၀)မိနစ်ခန့် အကြောလျော့ခြင်း (သို့) လမ်းလျှောက်ခြင်း (သို့)နှစ်ခုလုံးပြုလုပ်ခြင်းနဲ့ပင် လုံလောက်ပါ သည်။ အကြောလျော့နည်း နည်းလမ်းများစွာရှိသည့်အနက် သင်နှင့်သင့်တော်ရာတစ်ခုကို ပြုလုပ်နိုင်ပါသည်။၃။ ကတိကဝတ်။အလေ့အကျင့်တစ်ခုရရန်မှာ အစပိုင်းတွင် ခက်ခဲသောကြောင့် သင်သာအပြေးလေ့ကျင့်ချင်သည်ဆိုလျှင် အမှန်တကယ် အားစိုက်ရန် လိုအပ်ပါသည်။ မနက်အစောကြီးအိပ်ရာမှထရန် အချိန်အတော်ကြာ သင်ရုန်းကန်ကြိုးစားပါလိမ့်မည်။ ရုံးပိတ်ရက်များတွင် ပို၍အိပ်စက်နိုင်ပါသည်။ ‘အအိပ်လွန်သွားတာကြောင့် ဒီတစ်နေ့မပြေးလျှင်လည်း အဆင်ပြေပါလိမ့်မည်’ ဟု သင်တွေးကောင်းတွေးလိမ့်မည်။ သို့သော်လည်းသင်တစ်ခါ ကတိပျက်ကွက်လိုက်သည်နှင့် နောက်တစ်ခါ ပြန်စရန် ခက်ခဲမည်ကိုမမေ့လိုက်ပါနှင့်။ ထို့ကြောင့် သင်နှင့်အဆင်ပြေမည့် အချိန်နှင့်နေရာကိုေ ရွးချယ်ရန် ကြိုးစားပါ။ အကောင်းဆုံးကတော့ သင်နေ့စဉ် အပြေးလေ့ကျင့်နိုင်ရန် လွယ်ကူသော အပန်းမကြီးသောအချိန်တစ်ခုကိုပေးရန် ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ကတိကဝတ်ဆိုသည်မှာ သင့်ကိုသင် တွန်းအားပေးခြင်းမဟုတ်ဘဲ သင့်အတွက် အပြေးအားကစားသည် သက်သောင့်သက်သာရှိသောေ န့စဉ်လုပ်ငန်းဆောင်တာတစ်ခုအဖြစ် ရှိစေချင်ပါသည်။ကျင့်ဝတ်သည် လူမှုရေးကျင့်ဝတ်မှသည် ရေချိုးခန်းကျင့်ဝတ်စသည်ဖြင့် နေရာတိုင်းတွင်ရှိသကဲ့သို့ အပြေးအားကစားတွင်လည်း ကျင့်ဝတ်များစွာ ရှိသည်။ ၎င်းကျင့်ဝတ်များသည် အချို့သောအခြေအနေများတွင် ကျွန်ုပ်တို့ ကောင်းစွာလိုက်နာဆောင်ရွက်နိုင်ရန် နည်းလမ်းများ ဖြစ်သည်။ အထက်တွင် ဖော်ပြထားသည်မှာ အခြေခံနည်းများဖြစ်ပြီး လိုက်နာဆောင်ရွက်ပါက ကောင်းမွန်သောအကျိုးကျေးဇူးရရှိမည်မှာ အသေအချာပင် ဖြစ်ပါသည်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/%e1%80%85%e1%80%90%e1%80%84%e1%80%b9%e1%80%a1%e1%80%b1%e1%80%bb%e1%80%95%e1%80%b8%e1%80%b1%e1%80%9c%e1%80%b7%e1%80%80%e1%80%ba%e1%80%84%e1%80%b9%e1%80%b7%e1%80%99%e1%80%8a%e1%80%b9%e1%80%9e%e1%80%b0/
ကလေးရနိုင်ခြေမြင့်မားနိုင်စေတဲ့ လိင်ဆက်ဆံပုံနည်းလမ်းတွေ
လိင်ဆက်ဆံမှု ပုံစံတွေဟာ မျိုးအောင်ဖို့အတွက် အရေးကြီးတယ်လို့ ယူဆကြပါတယ်။ လူအချို့အတွက် ဘယ်ပုံစံဟာ အကောင်းဆုံးလဲဆိုတာ စိတ်ရှုပ်ထွေးဖွယ်နဲ့ မေးခွန်းထုတ်စရာ ဖြစ်နေဆဲဖြစ်ပါတယ်။ သင်ဟာလည်း သူတို့ထဲက တစ်ယောက်ဆိုရင် ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်တဲ့ အချက်အလက်တွေကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ ကဲ …… ကလေးရနိုင်ခြေမြင့်မားနိုင်စေတဲ့ လိင်ဆက်ဆံပုံနည်းလမ်းတွေ က ဘာတွေဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်နော်။Case Western Reserve University School of Medicine in Cleveland က Dr Sheryl A Kingsberg ကကလေးရရှိရန်အတွက်အကောင်းဆုံး လိင်ဆက်ဆံမှု ပုံစံနဲ့ ပတ်သက်တဲ့ ခိုင်မာတဲ့ သက်သေတွေ (သို့) အသေးစိတ် သုတေသနလုပ်ထားတာတွေ မရှိဘူးလို့ဆိုပါတယ်။သိပ္ပံပညာရှင်တွေက ဒီလိုပုံစံတွေနဲ့ ပတ်သက်ပြီး ဘာမှ မပြောထားပေမယ့် လိင်ဆက်ဆံမှု ပုံစံနဲ့ ပတ်သက်တဲ့ သီအိုရီတွေပေါ်မှာ အခြေခံပြီး ကြိုးစားကြည့်နိုင်ပါတယ်။ကလေးရနိုင်ခြေမြင့်မားနိုင်စေတဲ့ လိင်ဆက်ဆံပုံနည်းလမ်းတွေ ကတော့။ယောကျာ်းလေးရရှိဖို့အတွက် အကောင်းဆုံး လိင်ဆက်ဆံမှု ပုံစံကတော့ အနောက်ကနေ လိင်ဆက်ဆံခြင်း (doggy style) ပဲဖြစ်ပါတယ်လို့ ပြောကြပါတယ်။ အမျိုးသမီးဆီက X-chromosome ဟာ အမျိုးသားရဲ့ Y-chromosome ထက် နှေးကွေးစွာ သွားတဲ့အတွက်ကြောင့် အမျိုးသား သုက်ပိုးဟာ အနိုင်ရပြီး မျိုးဥအောင် နိုင်ပါတယ်။ ဒီပုံစံဟာ Y-chromosome သုက်ပိုးရဲ့ အရှိန်ကို မြှင့်တင်ပေးပါတယ်။မိန်းကလေး ရရှိချင်တယ်ဆိုရင်တော့ အမျိုးသားက အပေါ်ကနေတဲ့ ပုံစံ (missionary position) က အကောင်းဆုံးလို့ ယူဆကြပါတယ်။ ဒီပုံစံမှာ ထိုးသွင်းမှုဟာ မနက်နဲတာကြောင့် သုက်ပိုးတွေဟာ မျိုးဥဆီရောက်အောင် အကြာကြီး သွားရပါတယ်။ ဒီအခါမှာ အမျိုးသမီး သုက်ပိုးဟာ အမျိုးသား သုက်ပိုးထက် ပိုအသက်ရှင်နိုင်တာကြောင့် X chromosome သုက်ပိုးဟာ Y-chromosome သုက်ပိုးထက် ပိုအကျိုးကျေးဇူး ရှိပါတယ်။အချို့အမျိုးသမီးတွေအတွက် ဒါဟာ သာယာမှု အရဆုံး ပုံစံဖြစ်ပါတယ်။ ဆရာဝန်တွေကတော့ ဒါဟာကလေးရရှိမှုအတွက်လည်း အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်လို့ ဆိုပါတယ်။ . The Mommy Docs Allison Hill, MD; Yvonne Bohn, MD; and Alane Park က ကလေးရဖို့ အကောင်းဆုံးပုံစံကတော့ အမျိုးသမီးအတွက် သက်တောင့်သက်သာ အရှိဆုံးပုံစံပါပဲလို့ ဆိုပါတယ်။လိင်ဆက်ဆံပြီးရင် ဒီပုံစံကို လုပ်ကြည့်ပါ။ သင့်ခါးအောက်မှာ ခေါင်းအုံးအသေးတစ်လုံးကို မိနစ် ၂၀ခန့်ထားပါ။ ဒါဟာ သုက်ပိုးတွေကို သင့်ရဲ့ သားအိမ်ဆီကို ရောက်ရှိဖို့ ပိုမိုအားပေးပါတယ်။ ဒီလို လိင်ဆက်ဆံပြီး ၁၅ မိနစ်လောက် လဲလျောင်းနေတဲ့ အမျိုးသမီးတွေမှာ ကလေးရရှိမှုနှုန်း ပိုများတာကို တွေ့ရပါတယ်။အချို့ကျွမ်းကျင်သူတွေက ကလေးရရှိဖို့အတွက် အမျိုးသမီးတွေမှာ လိင်စိတ်အထွတ်အထိပ်ရောက်ခြင်းဟာ အရေးကြီးတယ်လို့ ယူဆကြပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ လိင်စိတ်အထွတ်အထိပ်ရောက်ရင် ဖြစ်လာတဲ့ကြွက်သားကျုံ့ခြင်းဟာ သားအိမ်ခေါင်းကို မိန်းမကိုယ်ထဲကို ဆွဲနှစ်လိုက်ပါတယ်။ ဒါဟာ သုက်ပိုး သားအိမ်ထဲကိုရောက်ဖို့ စုပ်ယူလိုက်သလိုဖြစ်သွားပြီးတော့ ကလေးရရှိမှု ပိုမိုမြင့်တက်စေပါတယ်။သင်အိမ်ထောင်ကျနေစဉ်မှာ လိင်ဆက်ဆံခြင်းနဲ့ ကလေးရရှိအောင်ကြိုးစားခြင်းဟာ အရေးကြီးပါတယ်။ ဒါပေမယ့် ကလေးရရှိအောင် ကြိုးစားခြင်းဟာ အမြဲလွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။ သင်ပုံစံအမျိုးမျိုးနဲ့ ကြိုးစားပေမယ့် ကလေးမရရှိဘူးဆိုရင်တော့ သင့်ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/preparing-to-get-pregnant/best-sexual-positions-for-getting-pregnant/
အစာဓာတ်မတည့်ခြင်း
အစာဓာတ်မတည့်ခြင်း ဆိုတာ အစားအစာ တစ်ခုခုကို စားပြီး သိပ်မကြာခင်မှာကိုယ်ခံအားစနစ်က တုံ့ပြန်တဲ့  တုံ့ပြန်မှု တစ်ရပ်ပါ။ ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့ အစားအစာ နည်းနည်းလေးကို စားမိရင်တောင်မှအစာမကြေတာ၊ အင်ပြင်တွေ ထတာ၊ လေပြွန်တွေ ရောင်တာလိုမျိုး အစာဓာတ်မတည့်မှု လက္ခဏာတွေ ခံစားရနိုင်ပါတယ်။အစာဓာတ်မတည့်မှု က သိပ်မပြင်းထန်တဲ့ အခြေအနေကနေအသက်အန္တရာယ်ကို ထိခိုက်စေလောက်တဲ့အထိ ပြင်းထန်တဲ့ အစာဓာတ်မတည့်မှုတွေအထိ ဖြစ်စေနိုင်ပါတယ်။အစာဓာတ်မတည့်ခြင်း ကို အသက် ၃ နှစ်အောက်ကလေးငယ်တွေရဲ့ ၆ ရာခိုင်နှုန်းလောက်ကနေ ၈ ရာခိုင်နှုန်းလောက်အထိ ခံစားနေရပြီး အရွယ်ရောက်ပြီးသူ ၃ ရာခိုင်နှုန်းလောက်ဟာလည်း အစာဓာတ်မတည့်မှုကို ခံစားနေရပါတယ်။အစာဓာတ်မတည့်ခြင်း ကို ကုသနိုင်တဲ့ ကုထုံးကတော့ မရှိသေးပါဘူး။ အချို့ကလေးတွေဟာ ငယ်စဉ်မှာ အစာဓာတ်မတည့်မှုကို ခံစားကြရပေမယ့် အရွယ်ရောက်လာတာနဲ့အမျှ သက်သာသွား တတ်ကြပါတယ်။အစားအသောက်တိုင်းကတော့ အစာဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဒီ အစားအစာတွေကတော့ အစာဓာတ်မတည့်ခြင်း ဖြစ်နိုင်ခြေ အတော်လေး များပါတယ်။အစာဓာတ်မတည့်ခြင်းကိုလက္ခဏာတွေအပေါ် မူတည်ပြီး အမျိုးအစား (၃) မျိုး ခွဲခြားနိုင်ပါတယ်။အစာဓာတ်မတည့်မှုက အမျိုးအစားကိုလိုက်ပြီး မိနစ်ပိုင်း စက္ကန့်ပိုင်းမှာတင် လက္ခဏာတွေ ပေါ်တာ ရှိသလို နာရီပိုင်းလောက် ကြာပြီးမှ လက္ခဏာ ပေါ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။အတွေ့ရများတဲ့ အစာဓာတ်မတည့်ခြင်း လက္ခဏာတွေက။အသက်အန္တရာယ်ကို ထိခိုက်စေလောက်တဲ့အထိ ပြင်းထန်တဲ့ အစာဓာတ်မတည့်မှု (anaphylaxis) ခံစားရမယ်ဆိုရင်တော့။anaphylaxisကို ခံစားရတဲ့အခါ အလျင်အမြန် ကုသမှု ခံယူဖို့ လိုပါမယ်။ မကုသဘဲ ထားမယ်ဆိုရင် အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။အစာဓာတ်မတည့်မှုကို ကုသနိုင်မယ့် အကောင်းဆုံး နည်းလမ်းက ဓာတ်မတည့်မှု ဖြစ်စေတဲ့ အစားအစာတွေကို မစားဘဲ ရှောင်တာက အကောင်းဆုံးပါ။အစာဓာတ်မတည့်မှုက မပြင်းထန်ရင် သက်သာနိုင်တယ်ဆိုပေမယ့် အခုလို အခြေအနေတွေဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး သွားပြဖို့ အကြံပြုပါရစေ။အစာဓာတ်မတည့်မှုကို ကုသနိုင်မယ့် အကောင်းဆုံး နည်းလမ်းက ဓာတ်မတည့်မှု ဖြစ်စေတဲ့ အစားအစာတွေကို မစားဘဲ ရှောင်တာက အကောင်းဆုံးပါ။ အစာဓာတ်မတည့်မှုက မပြင်းထန်ရင် သက်သာနိုင်တယ်ဆိုပေမယ့် အပေါ်မှာ ပြောခဲ့တဲ့ လက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ နီးစပ်ရာ ဆေးခန်းကို အမြန်ဆုံးသွားရောက်ပေးဖို့ အကြံပြုပါရစေ။[embed-health-tool-bmr]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-care/%e1%80%99%e1%80%bb%e1%80%80%e1%80%ba%e1%80%85%e1%80%ad-%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%9b%e1%80%b1%e1%80%b8%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba-%e1%80%a1/
အပြေးသမားများအတွက် အာဟာရလမ်းညွှန်
အပြေးလေ့ကျင့်ခြင်းသည် လူတိုင်းစိတ်ဝင်စားသော အခြေခံလှုပ်ရှားမှု ဖြစ်သည်။ အကယ်၍သင်သည် အပြေးလေ့ကျင့်ခန်း စတင်တော့မည်ဆိုလျှင် သင့်လျော်သော စားသောက်မှုပုံစံ ရှိသင့်ပါသည်။ လိုအပ်သော အာဟာရစားခြင်းသည် ကြီးမားသော အကျိုးကျေးဇူးရရန်အတွက် အရေးကြီးသည်။ အောက်ဖော်ပြပါ အစားအစာများသည် အပြေးသမားအတွက် အသုံးဝင်နိုင်ပါသည်။ဗာဒံစေ့။ဗာဒံစေ့တွင် တခြားသောအစားအစာများ၌ ပါဝင်မှုနည်းသော ဗီတာမင်အီး အမြောက်အမြားပါရှိသည်။ ဗာဒံစေ့ လက်တစ်ဆုပ်ပမာဏကို တစ်ပတ်လျှင် (၃)ကြိမ်မှ (၅)ကြိမ်ထိ သုံးဆောင်ခြင်းသည် ကိုလက်စထရောပမာဏ နှင့် နှလုံးသွေးကြောကျဉ်းရောဂါကို လျော့ချစေနိုင်ပါသည်။ ထို့ပြင် ဗာဒံစေ့တွင်ပါသော ဗီတာမင်အီး သည် ကင်ဆာရောဂါကိုလည်း ကာကွယ်နိုင်ပါသည်။ဥများ။ယေဘူယျအားဖြင့် ဥများသည် အကောင်းဆုံးအစာများထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။ ပုံမှန်လူတွေအတွက် မနက်စာ ကြက်ဥမွှေကြော်ဟင်းတစ်ခွက်သည် နေ့တစ်နေ့ကို ပြည့်စုံစေနိုင် ပါသည်။ အပြေးသမားများအတွက် ဥများသည် အသားဓါတ် ကြွယ်ဝစွာ ပါဝင်ရုံမျှမက အရိုးအတွက်ကောင်းသော ဗီတာမင်ကေများလည်း ပါဝင်ပါသည်။ ထို့ပြင် မှတ်ဉာဏ်အတွက်ကောင်း သော Choline ၊ မျက်စိအတွက်ကောင်းသော Lutein ၊ အိုမီဂါသရီး လည်း ပါဝင်ပါသည်။ ဥများသည် ကိုလက်စထရောပမာဏ ကို တက်စေသည်ဟု အယူအဆရှိသော်လည်းအမေရိကန်အာဟာရအဖွဲ့အစည်းကတော့ ဥများသည်နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပွားမှုကိုတော့ မမြင့်တက်စေနိုင်ကြောင်း ဖော်ပြထားပါသည်။ကန်စွန်းဥ။ကန်စွန်းဥတွင် ဗီတာမင်အေ (B-carotene) ပမာဏများစွာ ပါဝင်ပါ သည်။ ထို့ပြင် ဗီတာမင်စီ၊ ပိုတက်ဆီယမ် ၊ သံဓါတ်နှင့် တခြားကြွက်သားများအတွက် အရေးပါသောသတ္တုဓါတ် (ကော့ပါး ၊ မဂ္ဂနီဆီယမ်) များလည်း ပါဝင်ပါသည်။လိမ္မော်သီး။မည်သည့်အရာမျှ လိမ္မော်သီးလောက် ဗီတာမင်စီ မကြွယ်ဝပါဘူး။ လိမ္မော်သီးသည် အပြေးလေ့ကျင့်ပြီးနောက် ကြွက်သားနာကျင်ခြင်းကို ပြေလျော့စေနိုင်ပါသည်။ ထို့ပြင် Hesperidin ဒြပ်ပေါင်း ပါဝင်သောကြောင့် ကိုလက်စထရောနှင့် သွေးပေါင်ကို ကျစေနိုင်ပါသည်။ဆော်လမွန်ငါး။ဆော်လမွန်ငါးသည် ပင်လယ်စာများထဲတွင် အာဟာရကြွယ်၀ သော အစားအစာတစ်ခု ဖြစ်ပြီး (၄)အောင်စ ဆော်လမွန်ငါးတွင် အသားဓါတ် (၃၀)ဂရမ်ပါဝင်သည်။ ထို့ပြင် ခန္ဓါကိုယ် ရောင်ရမ်း ခြင်းများအတွက် သက်သာစေသော အိုမီဂါသရီးလည်း များစွာ ပါဝင်ပါသည်။ကြက်သား။ကြက်သားသည် ကြွက်သားဖွံ့ဖြိုးမှုနှင့် ပြန်လည်သန်စွမ်းရေးအတွက် ကောင်းသော အသားဓါတ်များစွာပါဝင်သည်။ ထို့ပြင် Selenium ပါဝင်သောကြောင့် လေ့ကျင့်ခန်းပြုလုပ်နေစဉ်အတွင်း ကြွက်သားပျက်စီးခြင်းကို ကာကွယ်ပေးပါသည်။ Niacin (ဗီတာမင် ဘီ ၃ ) ပါဝင်သောကြောင့် ပြေးနေစဉ်အတွင်း အဆီ လောင်ကျွမ်းခြင်းအတွက် အထောက်အကူပြုသည်။လေ့ကျင့်ခန်းလုပ်နေသူအတွက် ကျန်းမာသော စားသောက်မှုပုံစံသည် အလွန်အရေးကြီးပါသည်။ ကျွန်ုပ်တို့အတွက် အပြေးလေ့ကျင့်ခြင်းသည် ခန္ဓါကိုယ် ကျန်းမာဖို့အတွက် ဖြစ်သည်။ ကျန်းမာစွာ မစားသုံးခြင်းသည် ကျွန်ုပ်တို့ခန္ဓါကိုယ်ကို အကြီးအကျယ် ထိခိုက်စေနိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့နေ့စဉ် စားသုံးနေသော အရာများကို ဂရုပြုကြည့်ရှုသင့်ပြီး လိုအပ်လျှင် ပြောင်းလဲသင့် သည်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/%e1%80%a1%e1%80%b1%e1%80%bb%e1%80%95%e1%80%b8%e1%80%9e%e1%80%99%e1%80%ac%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-%e1%80%a1%e1%80%ac%e1%80%9f%e1%80%ac/
General Anaesthetic (မေ့ဆေးပေးခြင်း)
သင့်ကို လုံးဝသတိလစ်မေ့မြောသွားအောင် ဒါမှမဟုတ် ထုံနေအောင်လုပ်ပေးနိုင်တဲ့ ဆေး ဒါမှမဟုတ် အရာဝတ္ထုတွေကို မေ့ဆေးထုံဆေးလို့ခေါ်ပြီး အမျိုးအစားနဲ့ ပုံစံအမျိုးမျိုး ရှိပါတယ်။ မေ့ဆေးပေးလိုက်ပြီဆိုရင်တော့ လူနာဟာ ခံစားသိရှိမှု လုံးဝပျောက်ကွယ်သွားမှာဖြစ်ပြီး သတိလစ်မေ့မြောသွားမှာပါ။ ဒါမှသာ ခွဲစိတ်နေတာတွေကို မသိမှာ ဖြစ်ပါတယ်။မေ့ဆေး၊ထုံဆေး အမျိုးအစားအားလုံးဟာ အာရုံကြောတွေရဲ့ သတင်းအချက်အလက် လွှင့်ထုတ်မှုတွေကို တားဆီးနှောင့်ယှက်ပြီး အာနိသင်ပြတယ်ဆိုတာ အားလုံးသိရှိပြီး ဖြစ်ပါတယ်။ ဆိုလိုတာက မေ့ဆေး၊ထုံဆေးပေးထားချိန်မှာ ခန္ဓါကိုယ်မှာ ဖြစ်ပေါ်နေတဲ့ လှုံ့ဆော်နှိုးဆွမှုတွေကို ဦးနှောက်က မသိရှိ၊မတုံ့ပြန်နိုင်ဖူးဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။ မေ့ဆေးကို မေ့ဆေးဆရာဝန်ကသာ ကိုင်တွယ်သုံးစွဲသင့်ပြီး ထိုးဆေး ဒါမှမဟုတ် အငွေ့အဖြစ် ပေးနိုင်ပါတယ်။အချို့သော ခွဲစိတ်မှုတွေကို ပြုလုပ်တဲ့အခါ မေ့ဆေးပေးရပါတယ်။ ဒါမှသာ ပိုပြီးလုံခြုံစိတ်ချရသလို လူနာအနေနဲ့လည်း ဆရာဝန် ဘာလုပ်နေလဲဆိုတာ မသိနိုင်တော့တဲ့အတွက် ပိုပြီးသက်တောင့်သက်သာရှိမှာ ဖြစ်ပါတယ်။အထူးသဖြင့် အချိန်ကြာမြင့်စွာ ခွဲစိတ်ရမယ့် ခွဲစိတ်မှုမျိုးနဲ့ အတော်လေးနာကျင်နိုင်တဲ့ ခွဲစိတ်မှုတွေမှာ မေ့ဆေးကို အသုံးပြုရပါတယ်။ဥပမာ သည်းခြေဖယ်ထုတ်ခြင်း၊အူကျတာကို ခွဲစိတ်ပြုပြင်ခြင်း၊အဆီစုပ်ထုတ်ခြင်း ဒါမှမဟုတ် သားအိမ်ထုတ်ခြင်း စတဲ့ ခွဲစိတ်မှုတွေပဲ ဖြစ်ပါတယ်။ကျန်းမာနေတဲ့သူအများစုအတွက် မေ့ဆေးက ဘာပြဿနာမှ မရှိပါဘူး။ ယေဘုယျအားဖြင့် မေ့ဆေးကြောင့် ပြဿနာဖြစ်တာထက် အခုပြုလုပ်တဲ့ ခွဲစိတ်မှု နဲ့ သင့်ရဲ့ နဂိုမူလ ကျန်းမာရေးအခြေအနေတွေကြောင့် ပြဿနာဖြစ်တာ ပိုများပါတယ်။မေ့ဆေးပေးထားသူ ၁၀၀၀မှာ တယောက်နှစ်ယောက်လောက်ဟာ မေ့ဆေးပေးပြီးတဲ့အချိန်မှာ ခဏပြန်လည်နိုးလာတတ်တယ်လို့ သိရပြီး ဒါဟာ ခန့်မှန်းခြေကိန်းဂဏန်းမျှသာ ဖြစ်ပါတယ်။ ဒီလိုနိုးလာရင် နာကျင်မှုကို မခံစားရပေမယ့် ပတ်ဝန်းကျင်မှာ ဖြစ်ပျက်လုပ်ကိုင်နေတာတွေကို သိနေပါလိမ့်မယ်။ရှားရှားပါးပါးဖြစ်ပေါ်လာတတ်တဲ့ မေ့ဆေးရဲ့ ဘေးထွက်ဆိုးကျိုးပြဿနာတွေက။· ဆေးထိုးတဲ့ နေရာမှာ ထိခိုက်ဒါဏ်ရာဖြစ်ခြင်း။· ကူးစက်ပိုးဝင်ခြင်း။· အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများ ဖြစ်ပွားခြင်း။· အာရုံကြောများ ယာယီထိခိုက်ခြင်း။· ဓါတ်မတည့်ခြင်း ပြဿနာများ ခံစားရခြင်း (ဥပမာ ရင်ကျပ်ပန်းနာထခြင်း)။· ခွဲစိတ်နေချိန်မှာ နာကျင်မှုကို ခံစားနေရခြင်း၊သိနေခြင်း။· ပါးစပ်၊သွား၊နှုတ်ခမ်း သို့မဟုတ် လျှာတို့ကို ထိခိုက်မိခြင်း။· အသံကြိုးများ သို့မဟုတ် အသံအိုးကို ထိခိုက်မိခြင်း။· အဆုတ်ထိခိုက်ခြင်း။· ရုတ်တရက် နှလုံးရောဂါထခြင်း။· ဦးနှောက်ထိခိုက်ခြင်း။· လေဖြတ်ခြင်း။· ကျောက်ကပ်ပျက်စီးခြင်း။· အသည်းပျက်စီးခြင်း။· အောက်ပိုင်းသေခြင်း။· ခြေလက်အပါအဝင် တကိုယ်လုံး လှုပ်မရတော့ခြင်း။မေ့ဆေးမပေးခင်မှာ ၎င်းရဲ့ ကောင်းကျိုးဆိုးပြစ်တွေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေကို သေချာစွာ သိရှိနားလည်ထားဖို့ အရေးကြီးပါတယ်။ တကယ်လို့ မရှင်းလင်းတာ၊သိချင်တာတွေရှိရင် သင့်ခွဲစိတ်ဆရာဝန်ကို အချိန်မရွေးမေးမြန်းနိုင်ပါတယ်။သင့်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေ၊ရောဂါရှိမရှိ၊လက်ရှိသောက်သုံးနေတဲ့ဆေးရှိမရှိ ဒါမှမဟုတ် ဓါတ်မတည့်ခြင်း ရှိမရှိတို့နဲ့ ပတ်သက်ပြီး ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ခွဲစိတ်မှုမခံယူခင်မှာ မေ့ဆေးဆရာဝန်နဲ့ တွေ့ဆုံပြီး ဘယ်လိုနည်းလမ်းကို အသုံးပြုမလဲဆိုတာကိုလည်း ဆွေးနွေးရပါမယ်။ခွဲစိတ်မှုမခံယူခင် အချိန်ဘယ်လောက်အလိုမှာ အစားအသောက် လုံးဝမစားရတော့ဖူးဆိုတဲ့ ညွှန်ကြားချက်ကို အတိအကျ ဂရုတစိုက်လိုက်နာပါ။ ခွဲစိတ်မှုမခံယူခင် အစားအသောက်စားလို့ရမရ အပါအဝင် အရေးတကြီးလိုက်နာစရာအချက်တွေနဲ့ ပတ်သက်လို့ ရှင်းလင်းပြတ်သားတဲ့ လမ်းညွှန်ချက်တွေကို သိထားသင့်ပါတယ်။အများအားဖြင့် ခွဲစိတ်မှုမပြုလုပ်ခင် ခြောက်နာရီလောက်အလိုလောက်ကစပြီး ဘာမှမစားရတော့ပါဖူး။ ဒါပေမယ့် ကော်ဖီအစရှိတဲ့ သောက်စရာတွေကိုတော့ မခွဲခင် နာရီအနည်းငယ်အလိုအထိ သောက်နိုင်ပါတယ်။မေ့ဆေးဆရာဝန်က တာဝန်ယူလုပ်ကိုင်ပြီး မေ့ဆေးပေးမှာ ဖြစ်ကာ ထိုးဆေး ဒါမှမဟုတ် အငွေ့အဖြစ် ပေးနိုင်ပါတယ်။· ထိုးဆေး— သွေးကြောထဲထိုးသွင်းထားတဲ့ cannula လို့ခေါ်တဲ့ ပလတ်စတစ်ပိုက် ပါးပါးလေးထဲကနေတဆင့် မေ့ဆေးကို သင့်သွေးကြောထဲ ထိုးသွင်းမှာ ဖြစ်ပါတယ်။· အငွေ့— မျက်နှာအုပ်တဲ့ mask ကနေတဆင့် အငွေ့လွှတ်ပြီး ရှုခိုင်းမှာ ဖြစ်ပါတယ်။ခွဲစိတ်မှုပြုလုပ်နေစဉ်ကာလတလျှောက်လုံး သင့်ဘေးနားမှာ မေ့ဆေးဆရာဝန် ရှိနေမှာဖြစ်ပြီး သင်ကောင်းစွာ သတိလစ်နေခြင်းရှိမရှိကို တချိန်လုံး ဂရုတစိုက် စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။ ခွဲစိတ်မှုပြီးသွားတဲ့ အချိန်မှာ မေ့ဆေးကို ပြယ်သွားအောင် လုပ်လိုက်မှာဖြစ်တဲ့အတွက် သင်ဖြည်းဖြည်းချင်း ပြန်လည်သတိရလာမှာ ဖြစ်ပါတယ်။တကယ်လို့ မေးချင်တာ ဒါမှမဟုတ် စိုးရိမ်ပူပန်တာမျိုးလေးတွေ ရှိနေတယ်ဆိုရင် အသေးစိတ်ထပ်မံသိရှိနိုင်ဖို့အတွက် သင့်ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။မေ့ဆေးစတင်ပြယ်တဲ့အချိန်မှာ သင့်အနေနဲ့ စိတ်ရှုပ်ထွေးခြင်း၊အချိန်၊နေရာနဲ့ လူတွေကို မသိခြင်း ဒါမှမဟုတ် ကောင်းစွာ စဉ်းစားတွေးတောနိုင်မှု မရှိခြင်း စတာတွေကို ခံစားရမှာဖြစ်ပါတယ်။ ဒါဟာ ပုံမှန်ပဲဖြစ်လို့ မစိုးရိမ်ပါနဲ့။ မေ့ဆေးရဲ့ အာနိသင် လုံးဝကွယ်ပျောက်သွားဖို့ အချိန်နည်းနည်းတော့ ကြာပါလိမ့်မယ်။လက်တွန်းလှည်း ဒါမှမဟုတ် ဘီးတပ်ကုလားထိုင်ဝှီးချဲလ်ကို အသုံးပြုပြီး သင့်ကို အထူးခန်းထဲ ခေါ်ဆောင်သွားမှာဖြစ်ကာ အထူးလေ့ကျင့်ထားတဲ့ ကျွမ်းကျင်ဆေးပညာရှင်တွေက ဂရုတစိုက် ကြည့်ရှုစောင့်ရှောက်မှာပဲ ဖြစ်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-procedures-and-surgeries/general-anaesthetic-%e1%80%b1%e1%80%99%e1%80%b7%e1%80%b1%e1%80%86%e1%80%b8%e1%80%b1%e1%80%95%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
ဆားလျှော့စားဖို့အကြံပြုချက်(၅)ချက်
ဆားလျှော့စားခြင်းကသင့်ရဲ့ သွေးတိုးကို လျော့စေပါတယ်။The American Heart Association ကလူတစ်ယောက်အနေနဲ့တစ်ရက်ကိုဆား၂၅၀၀မီလီဂရမ်ထက်ပိုမစားရသင့်ဘူးလို့ဆိုထားပါတယ်။ ဒါကလက်ဖက်ရည်ဇွန်းတစ်ဇွန်းရဲ့ပမာဏပဲရှိပါတယ်။ သွေးတိုးရှိနေတာပဲဖြစ်ဖြစ် သွေးတိုးဖြစ်နိုင်ခြေရှိနေတာပဲဖြစ်ဖြစ်ဆားကိုလျှော့စားတာအကောင်းဆုံးပါ။ဒီအချက်တွေကိုလိုက်နာပြီးဆားလျှော့စားဖို့အကျင့်လုပ်ပါ။(၁) သင်ရဲ့လက်ကဆားဘူးဆီရောက်ရောက်သွားတဲ့အကျင့်ကိုပြင်ပါ။ စားပွဲတင်ဆားက Sodium ၄၀% ပါဝင်ပါတယ်။ ဒါကြောင့်စားစရာတွေကိုဆားထပ်ထည့်တာမျိုးမလုပ်ပါနဲ့။(၂) ဈေးဝယ်ထွက်တဲ့အခါမှာလည်း sodium ပါဝင်မှုနည်းတဲ့စားသောက်စရာတွေကို ရွေးဝယ်ပါ။(၃) အသင့်စားအစားအစာတွေကိုစားတာလျှော့ပါ။ အသင့်ထုတ်ပိုးပြီးသားအသင့်စားစားစရာတွေကSodiumပါဝင်မှုအများဆုံးဖြစ်ပါတယ်။ ဒါကြောင့်စားစရာတွေကိုပြင်ဆင်တဲ့အခါဆားပါဝင်နှုန်းကိုထိန်းညှိပါ။(၄) စားသောက်ဆိုင်တွေမှာလည်းဆားလျှော့ထည့်ဖို့ ပြောပါ။(၅) တကယ်လို့သင်စားတဲ့စားသောက်ဆိုင်ကသူတို့ရဲ့စားစရာတွေမှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေကိုပြထားရင် Sodium ဘယ်လောက်ပါလဲစစ်ပါ။Sodium ပါဝင်မှုအနည်းဆုံးကို ရွေးစားပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/%e1%80%86%e1%80%ac%e1%80%b8%e2%80%8b%e1%80%b1%e1%80%9c%e1%80%ba%e1%80%bd%e1%80%ac%e1%82%94%e1%80%85%e1%80%ac%e1%80%b8%e1%80%96%e1%80%ad%e1%80%af%e1%82%94%e1%80%a1%e1%82%80%e1%80%80%e1%80%b6%e1%80%bb/
Home Test For Urinary Tract Infection (ဆီးလမ်းကြောင်းပိုးဝင်ခြင်း အိမ်မှာ စစ်ဆေးနည်း)
ဆီးလမ်းကြောင်းမှာ ကျောက်ကပ်၊ ဆီးအိမ်၊ ureter နဲ့ urethra တို့ပါဝင်ပါတယ်။ ဆီးအိမ်အတွင်းမှာ ရှိတဲ့ ဆီးတွေဟာ ပုံမှန်အားဖြင့် သန့်စင်ပြီး ဘက်တီးရီးယားနဲ့ အခြားမှိုရောဂါတွေ ပါဝင်ခြင်း မရှိပါဘူး။ ဒါပေမယ့် ဘက်တီးရီးယားတွေဟာ urethra ကို ဖြတ်ပြီး ဆီးလမ်းကြောင်းအတွင်းပိုင်းကို ဝင်ရောက်နိုင်ပါတယ်။ဆီးလမ်းကြောင်း ပိုးဝင်ခြင်းဟာ အမျိုးသမီးကြီးတွေနဲ့ အမျိုးသမီးငယ်တွေမှာ အမျိုးသားတွေထက်ပိုအဖြစ်များပါတယ်။ ဒါဟာ အမျိုးသမီးတွေရဲ့ urethra ဟာ ပိုတိုပြီး စအိုနားကိုပိုနီးတာကြောင့် အူကဘက်တီးရီးယားတွေဟာ urethra နားကို ပိုမိုထိတွေ့နိုင်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ အမျိုးသားတွေမှာ ဆီးကျိတ်အတွင်းမှာရှိတဲ့ ဘက်တီးရီးယားပိုးတွေကို သတ်ပစ်နိုင်တဲ့ အရာဝတ္ထုတစ်ခုဟာ သူတို့ရဲ့ ရောဂါပိုး ကူးစက်နိုင်ခြေကို လျှော့ချပေးပါတယ်။ဆီးလမ်းကြောင်း ပိုးဝင်ခြင်းအများစုကို ပိုးသတ်ဆေးတွေနဲ့ အလွယ်တကူ ကုသနိုင်ပါတယ်။ ဒါပေမယ့် ကုသမှုမရှိတဲ့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းတွေက ကျောက်ကပ်တွေဆီကို ပြန့်သွားပြီး ပိုမို ပြင်းထန်တဲ့ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ Home test kit ကို အသုံးပြုရင် ပုံမှန်မဟုတ်တဲ့ အဖြေတွေရလာရင် ပြင်းထန်တဲ့ ပြဿနာတွေကို လွတ်မသွားရအောင် ဆရာဝန်ကို သိစေသင့်ပါတယ်။ဆီးလမ်းကြောင်း ပိုးဝင်ခြင်းအတွက် ကိုယ်တိုင်စစ်ဆေးမှုကို ဆရာဝန်ညွှန်ကြားချက်နဲ့ ပြုလုပ်နိုင်ပါတယ်။• ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ကို ရှာဖွေရန် (အထူးသဖြင့် မကြာခဏ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ဖြစ်တတ်သူများ)။ အချို့အခြေအနေတွေမှာ ဆီးလမ်းကြောင်း ပိုးဝင်မှု မြင့်မားတတ်ပါတယ်။ ဥပမာ ကိုယ်ဝန်ရှိနေရင်၊ ဆီးချိုရှိနေရင်၊ ဆီးသွားနှုန်းကို ထိခိုက်စေတဲ့ အခြေအနေတွေ (ဥပမာ ကျောက်ကပ် ကျောက်တည်ခြင်း၊ လေဖြတ်ခြင်း၊ ကျောရိုးမ ထိခိုက်မိခြင်း)။ လူကြီးတွေမှာတော့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ဟာ ဆီးသွားစဉ် ပူလောင် နာကျင်မှု၊ မကြာခဏ ဆီးသွားခြင်း၊ ရုတ်တရက် ဆီးအရမ်းသွားချင်လာခြင်း တွေ ဖြစ်တတ်ပါတယ်။ အသက်ကြီးသူတွေနဲ့ ကလေးတွေမှာတော့ ဒီလက္ခဏာတွေ မရှိတတ်ပါဘူး။ ဒါကြောင့် ကျွမ်းကျင်သူတွေက အသက်ကြီးသူတွေနဲ့ ကလေးတွေမှာ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကိုသိရှိဖို့ ဆရာဝန်ပြသဖို့ အကြံပြုကြပါတယ်။• ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကုသမှု အလုပ်ဖြစ်မဖြစ်ကို သိရှိရန်။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကုသနေတယ်ဆိုရင် ပိုးသတ်ဆေးဟာ ရောဂါပိုးကို ကုသနိုင်သလားဆိုတာကို အိမ်မှာ ဆီးစစ်ကြည့်နိုင်ပါတယ်။ မကြာခဏ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းဖြစ်တယ်ဆိုရင်တော့ ကိုယ်တိုင် ရောဂါပိုးဝင်မှုကို စစ်ဆေးကြည့်နိုင်ပါတယ်။• ဆီးအိမ် ရောဂါပိုးဝင်ခြင်း မကြာခဏ ဖြစ်ပွားတဲ့ ကလေးငယ်တွေမှာ စစ်ဆေးနိုင်ပါတယ်။ ဒါပေမယ့် ကလေးငယ်တွေဟာ လက္ခဏာတွေကို မပြောပြနိုင်ပါဘူး။ ဒီကလေးငယ်အတွက် အိမ်မှာ စစ်ဆေးမှုကို ဆရာဝန် ညွှန်ကြားချက်အတိုင်း ပြုလုပ်သင့်ပါတယ်။ဆီးလမ်းကြောင်း ပိုးဝင်ခြင်းအတွက် အိမ်မှာ စစ်ဆေးမှုကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ပြုလုပ်သင့်ပါတယ်။ ဒါမှသာ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကြောင့်မဟုတ်တဲ့ ပြဿနာတွေကို လွတ်မသွားမှာ ဖြစ်ပါတယ်။ အိမ်မှာစစ်ဆေးမှုဟာ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရှိမရှိကို စစ်ဆေးနိုင်ပေမယ့် ရောဂါဖြစ်နေတဲ့နေရာကို ညွှန်ပြနိုင်ခြင်း မရှိပါဘူး။သွေးအဖြေမှာ ရှိတယ်လို့ ပြတာဟာ အမြဲတမ်း ရောဂါပိုးရှိတယ်လို့ မဆိုလိုပါဘူး။ positive အဖြေရရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ သင့်မှာ ဆီးလမ်းကြောင်းရောဂါပိုးဝင်ခြင်းရဲ့ လက္ခဏာတွေရှိပြီး အဖြေက Negative ဖြစ်နေတယ်ဆိုရင်တော့ ဆရာဝန်ကို ပြသပြီး စမ်းစစ်ပါ။အိမ်မှာစစ်ဆေးတဲ့ test kit တွေဟာ အမြဲတမ်းရာနှုန်းပြည့် မှန်ကန်ခြင်း မရှိပါဘူး။ စစ်ဆေးမှုမှာ ရောဂါပိုးမရှိဘူးလို့ ပြပြီး ရောဂါလက္ခဏာတွေကို ဆက်လက်ခံစားနေရတယ်ဆိုရင် ဆရာဝန်ကို ပြသသင့်ပါတယ်။Home test kit အမျိုးအစား အတော်များများကို အင်တာနက်ပေါ်က မှာနိုင်ပါတယ်။ သင်အင်တာနက်သုံးရင် ဒီ စစ်ဆေးမှုတွေရဲ့ အမျိုးအစား၊ ထုတ်လုပ်သူအမည်ကို ရှာနိုင်ပါတယ်။Home test kit အချို့ဟာ စစ်ဆေးပြီးရင် အသုံးပြုဖို့ ဆေးတောင့်တွေ၊ အခြားဆေးတွေနဲ့ လာတတ်ပါတယ်။ ဒီဆေးတွေကို သင့်ဆရာဝန် ပြသခြင်းနဲ့ အစားမထိုးနိုင်ပါဘူး။ဆရာဝန်ညွှန်ကြားချက်မရှိပဲ dipstick test kit တွေကို ဝယ်ယူနိုင်ပြီး ဆီးလမ်းကြောင်း ပိုးဝင်ခြင်းအတွက် အိမ်မှာ စစ်ဆေးနိုင်ပါတယ်။ Test kit အသုံးပြုခြင်းနဲ့ ပတ်သက်ပြီး ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။စစ်ဆေးမှု မပြုလုပ်ခင် အနည်းဆုံးလေးနာရီလောက်ကြိုပြီး ဆီးမသွားသင့်ပါဘူး။ မနက်စောစော ပထမဆုံး ဆီးအနည်းငယ်ကို sample ယူခြင်းဟာ ပိုမိုတိကျတဲ့ အဖြေကို ပေးနိုင်ပါတယ်။ဆီးကို စုဆောင်းပြီး ၁၅ မိနစ်အတွင်း စဆေးသင့်ပါတယ်။ (သို့) ဆီးသွားချိန်မှာ ဆီးလမ်းကြောင်းပေါ်ကို dipstick တင်ပေးနိုင်ပါတယ်။ထည့်တဲ့ ဘူးရဲ့ ဘေးဘောင်ကို လိင်အင်္ဂါနဲ့ ထိတွေ့ခြင်းကနေ ရှောင်ကျဉ်သင့်ပါတယ်။ အိမ်သာစက္ကူ၊ အမွှေး၊ မစင်၊ ရာသီသွေး၊ အခြား ပြင်ပအရာတွေကို ဆီး sample ထဲ မပါစေဖို့ ဂရုစိုက်သင့်ပါတယ်။ယူထားတဲ့ ဆီး sample ကို test kit package ပေါ်မှာ ပါတဲ့ အညွန်းအတိုင်း ပြုလုပ်စစ်ဆေးသင့်ပါတယ်။သင့်ဆရာဝန်ဟာ ပုံမှန်မဟုတ်တဲ့ အဖြေတွေကို သိရှိသင့်ပါတယ်။ ဒါမှသာ ဆီးလမ်းကြောင်း ပြဿနာတွေကို လွတ်မသွားမှာ ဖြစ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဓါတ်ခွဲခန်းနဲ့ ဆေးရုံတွေပေါ်မူတည်ပြီး Home Test for Urinary Tract Infections ရဲ့ အဖြေတွေဟာ ကွဲပြားနိုင်ပါတယ်။ စစ်ဆေးမှုနဲ့ပတ်သက်ပြီး ပိုမိုသိလိုတယ်ဆိုရင် ဆရာဝန်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Home Test for Urinary Tract Infections နဲ့ပတ်သက်ပြီး မေးခွန်းတွေရှိတယ်ဆိုရင် ညွှန်ကြားချက်တွေကို ပိုမိုနားလည်စေဖို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ဆီးလမ်းကြောင်းပိုးဝင်ခြင်းအတွက် အိမ်တွင်စစ်ဆေးမှု။ပုံမှန်။•Nitrite dipstick test:Nitrate ကို ဆီးအတွင်းမှာ မတွေ့ရပါဘူး။ ပုံမှန်အဖြေတွေကို Negative လို့ခေါ်ပါတယ်။•Leukocyte dipstick test:သွေးဖြူဥ (leukocytes) တွေကို ဆီးထဲမှာ မတွေ့ရပါဘူး။ ပုံမှန်အဖြေတွေကို Negative လို့ခေါ်ပါတယ်။ပုံမှန်မဟုတ်။•Nitrite dipstick test:Nitrate ကို ဆီးအတွင်းမှာ တွေ့ရပါတယ်။ ဒီအဖြေတွေကို positive လို့ခေါ်ပါတယ်။•Leukocyte dipstick test:သွေးဖြူဥ (leukocytes) တွေကို ဆီးထဲမှာ တွေ့ရပါတယ်။ ဒီအဖြေတွေကို positive လို့ခေါ်ပါတယ်။သင့်အဖြေဟာ Positive ဖြစ်နေခဲ့ရင် ဆရာဝန်ကို ပြသသင့်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-tests-health/home-test-for-urinary-tract-infection-%e1%80%86%e1%80%ae%e1%80%b8%e1%80%9c%e1%80%99%e1%80%b9%e1%80%b8%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%95%e1%80%ad%e1%80%af%e1%80%b8/
Thalassemia ရောဂါ နှင့် အာဟာရ
Thalassemia ရောဂါ ကသွေးခဏခဏ သွင်းရတဲ့ ရောဂါတစ်မျိုးဖြစ်တဲ့ အတွက်သံဓါတ်များတဲ့ အစားအစာတွေကို အဓိက ရှောင်ရှားပေးရပါမယ်။နောက်ထပ်အရေးကြီးတာကတော့ သံဓါတ်အားဆေးတွေကိုလည်း ရှောင်ကြဉ်ရပါမယ်။နောက်ပြီး အစာစားပြီးတိုင်းရေနွေးကြမ်း (လက်ဖက်ခြောက် ခတ်ထားတဲ့) ကို သောက်ပေးတဲ့အကျင့် လုပ်ပေးရပါမယ်။ထမင်း၊ ဟင်းချက်ပြုတ်တဲ့နေရာမှာလည်း သံထည်ပစ္စည်းတွေ နဲ့ ချက်မယ့်အစား အခုနောက်ပိုင်းပေါ် လာတဲ့ ကြွေအိုး၊ ဖန်အိုးတွေ နဲ့ ပြောင်းချက်ပေးနိုင်ရင်တော့ အကောင်းဆုံးပါ။နောက်ပြီး ထမင်းစားစားပြီးချင်းသံပုရာရည်ေသာက်၊ လိမ္မော်သီး၊ခရမ်းချဉ်သီး၊ မာလကာသီး၊ ငရုပ်ပွအနီ၊ သံပုရာသီး ဖြင့်သုပ်ထားတဲ့ အသုပ်စတဲ့ ဗီတာမင် စီ (Vitamin C) ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးခြင်းမှ ရှောင်ကြဉ်ရပါမယ်။အရေးအကြီးဆုံးကတော့ ဘာပဲ ဝယ်စားစား Nutrition Label (အာဟာရတန်ဖိုး အညွှန်းပြဇယား) ကို ဖတ်တတ်တဲ့ အကျင့်ကိုလုပ်ပါ။ ဥပမာ Fe – 10 % ရေးထားတယ်ဆိုရင် သံဓါတ် 1.8 mg ပါဝင်နေပြီဆိုပြီး ပြောချင်တာပါ။ (ပါဝင်တဲ့ percentage ကို ၁၀၀ နဲ့စားပြီး 18mg နဲ့ ပြန်မြှောက်ပေးရင် ပါဝင်တဲ့ Iron (သံဓါတ်) ပမာဏ ကို သိနိုင်ပါတယ်။ သာမန် လူတစ်ဦးတစ်နေ့တာ ကို သံဓါတ် 18 mg လိုအပ်ပါတယ်။ ဒါပေမယ့် Thalassemia လူနာ ကတော့ ဒီထက်ပိုနည်းနည်းပဲလိုပါတယ်။ ဖြစ်နိုင်ရင် သံဓါတ် ပါတဲ့အစားအစာ ကို တက်နိုင်သမျှရှောင်သင့်ပါတယ်။ ဥပမာ Fe – 1%,2% လောက်ဆို စားလို့ အဆင်ပြေပါတယ်။ရှောင်သင့်တဲ့ အစားအစာ များ။Thalassemia ရောဂါသည် နာတာရှည် ရောဂါ ဖြစ်တဲ့ အတွက် အစားအသောက် အထူးဆင်ခြင် ဖို့လိုအပ်ပါသည်။လေးစားစွာဖြင့်။ဒေါက်တာ ညီညီကျော်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/thalassemia-%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab-%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%a1%e1%80%ac%e1%80%9f%e1%80%ac%e1%80%9b/
လေဆာမီးနှင့် မျက်စိအန္တရာယ်
လေဆာမီးဆိုတာ ကျွန်တော်တို့ လက်ရှိသုံးနေတဲ့အသုံးအဆောင်ပစ္စည်းတွေမှာပါတတ်ပါတယ်။ အစည်းအဝေးတွေမှာ presentation လုပ်ရင်သုံးတဲ့ လေဆာ pointer တွေ၊ ကလေးတွေဆော့ကစားတဲ့ သေနတ်တွေမှာ ပါတတ်ပါတယ်။ ငယ်ငယ်က ကလေးအချင်းချင်း သည်လိုသေနတ်တွေနဲ့ ဆော့တဲ့အခါမှာ မျက်စိကိုမထိုးနဲ့၊ မျက်စိပျက်လိမ့်မယ်လို့ အော်ခံထိဖူးကြမှာပါ။လေဆာရောင်ခြည် LASER ဆိုတာရဲ့အရှည်က Light Amplification Stimulated Emission of Radiation ဖြစ်ပါတယ်။ အလွယ်ဆုံးရှင်းပြရရင်တော့ လေဆာဆိုတာက ရိုးရိုးသာမန်အလင်းရောင်ထက် အဆပေါင်းများစွာ ပြင်းအားကြီးအောင် ဖန်တီးယူထားတဲ့ အလင်းရောင်တစ်မျိုးပါပဲ။ ရိုးရိုးအလင်းရောင်နဲ့ လေဆာရောင်ခြည်က ဘယ်လိုကွာသလဲ ဆိုတော့ ရိုးရိုးအလင်းရောင်မှာက အရောင်ပေါင်းစုံပါပြီး အဖက်ဖက်ကို ဖြာထွက်ပါတယ်။ လေဆာရောင်ခြည်ကတော့ အရောင်တစ်ရောင်တည်းပါပြီး တစ်နေရာတည်းကို စူးစိုက်ထိုးရင် ဖြာထွက်ခြင်းလုံးဝမရှိပါဘူး။ ဒါကြောင့်ရိုးရိုးအလင်းရောင်ထက် အဆပေါင်းများစွာ ပြင်းအားပိုကြီးတာပါ။လေဆာမီးတွေကို သူတို့ရဲ့ လူကိုထိခိုက်နိုင်စွမ်းပေါ် မူတည်ပြီး အမျိုးအစားခွဲထားပါတယ်။ကဲသည်တော့ လက်ရှိအသုံးပြုနေကြတဲ့ လေဆာ pointer လေးတွေက ဘယ်အဆင့်မှာလဲ။ များသောအားဖြင့်တော့ ၁ မီလီဝပ်ကနေ ၃ မီလီဝပ်အတွင်းမှာ ရှိတတ်ကြပါတယ်။ ကိုယ်တိုင်စစ်ဆေးကြည့်လို့လည်း ရနိုင်ပါတယ်။ လေဆာ pointer ရဲ့ လက်ကိုင်မှာပဲဖြစ်ဖြစ်၊ ဝယ်လိုက်တဲ့ဘူးမှာပဲဖြစ်ဖြစ်၊ အသုံးပြုလမ်းညွှန်စာရွက်မှာပဲဖြစ်ဖြစ် မီလီဝပ်နဲ့ Class ခွဲရေးထားတာတွေ ပါတတ်ပါတယ်။အကယ်၍ မျက်စိကို လေဆာမီးနဲ့ မတော်တဆ အထိုးခံရရင် ဘာလုပ်ကြမလဲ။နောက်ဆုံးအနေနဲ့ပြောချင်တာကတော့။အားလုံး လေဆာမီးအန္တရာယ်မှ ကင်းဝေးကြပါစေ။ရေးသားသူ – Dr. Khaing Win။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-care/%e1%80%9c%e1%80%b1%e1%80%86%e1%80%ac%e1%80%99%e1%80%ae%e1%80%b8%e1%80%94%e1%80%be%e1%80%84%e1%80%ba%e1%80%b7-%e1%80%99%e1%80%bb%e1%80%80%e1%80%ba%e1%80%85%e1%80%ad%e1%80%a1%e1%80%94%e1%80%b9%e1%80%90/
ကိုယ်ဝန်ရဖို့ ကြိုးစားစဉ်မှာ လုပ်လေ့ရှိသော အမှား ၁၀ မျိုး
လူတွေဟာ ကလေးရဖို့ ကြိုးစားစဉ်မှာ အမှားတော်တော်များများကို လုပ်လေ့ရှိပါတယ်။ ဒါကြောင့် ကလေးရဖို့အတွက် ပိုပြီးစိတ်ဖိစီးကာ ခက်ခဲနေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ရဖို့ ကြိုးစားစဉ်မှာ လုပ်လေ့ရှိသော အမှား ၁၀ မျိုး အကြောင်းလေး ​ပြောပြပေးချင်ပါတယ်။ကိုယ်ဝန်ရဖို့ ကြိုးစားစဉ်မှာ လုပ်လေ့ရှိသော အမှား တွေကတော့ –။၁ ။သားဥကြွေသော အချိန်ကို မသိရှိခြင်း။ပုံမှန်အားဖြင့် အမျိုးသမီးတစ်ယောက်ဟာဓမ္မတာ စက်ဝန်းကာလ ၂၈ရက် ရှိတယ်လို့လိင်မှုဆိုင်ရာပညာပေးအချို့က ဖော်ပြလေ့ရှိပါတယ်။ သို့သော် အချို့ အမျိုးသမီးများမှာတော့ ဒီစက်ဝန်းဟာ ပိုပြီး ရှည်နိုင်သလို ပိုပြီးလည်း တိုနိုင်ပါတယ်။ ဒီလိုရာသီစက်ဝန်း အချိန်တွေဟာ သင့်အတွက် လိုအပ်လို့လားလို့ မတွေးပါနဲ့။ တကယ်လို့သင်ဟာ သားဥကြွေတဲ့ ရက်အတိအကျကို သိချင်တယ်ဆိုရင် သင့်ရဲ့ ဓမ္မတာ စလာတဲ့ ရက်မှ အနောက်ကို ၁၄ ရက် နောက်ပြန်ဆုတ်ပြီး ရေတွက်လိုက်ပါ။ ၎င်းရက်ဟာ သားဥကြွေတဲ့ ရက် ဖြစ်ပါတယ်။၂။ အထူးကုဆရာဝန်ဆီသို့ စောစောသွားပါ။တကယ်လို့ သင်ဟာ အသက် ၃၅ နှစ်အောက်ဖြစ်ပြီး အရမ်းငယ်သေးတယ်ဆိုရင် ကိုယ်ဝန်ဆောင်ဖို့ရာ တစ်နှစ်လောက် စောင့်ခြင်းက ပုံမှန်ပဲ ဖြစ်ပါတယ်။ တကယ်လို့ သင့်အသက်ဟာ ၃၅ နှစ်ထက် ပိုကြီးနေပြီဆိုရင်တော့ ၆ လကြာပြီးတဲ့နောက်ကိုယ်ဝန်မရတဲ့အခါ အထူးကုဆရာဝန်နဲ့ သွားရောက်ပြသင့်ပါတယ်။ တကယ်လို့ စောင့်နေမယ်ဆိုရင်တော့ ကြာလေလေ သင့်အတွက် ပိုဆိုးလေလေပဲ ဖြစ်ပါလိမ့်မယ်။၃။ အထူးကုဆရာဝန်နဲ့ပြဖို့ အချိန်ကို စောင့်ဆိုင်းနေခြင်းမျိုး မပြုလုပ်ပါနဲ့။တကယ်လို့ သင်ဟာရာသီစလာတဲ့ အချိန်မှာ အရမ်းနာကျင်ပြီး တစ်ခါတစ်လေမှာ ရာသီစက်ဝန်းဟာလည်း ၂၅ရက် ထက် တိုတောင်းခြင်း သို့မဟုတ် ၃၅ ရက်ထက် ပိုရှည်ကြာခြင်း ဖြစ်ပေါ်လာပါက ရောဂါရှိလျှင် တတ်နိုင်သမျှ အစောဆုံး စစ်ဆေးတွေ့ရှိဖို့ရာအတွက် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဒါ့အပြင် ဆေးကုသမှုကို ခံယူသင့်ပါတယ်။၄။ ကျန်းမာရေးနှင့် မညီညွတ်သော အလေ့အထများကို မပြုလုပ်ပါနဲ့။သင်ဟာ ကိုယ်ဝန်ဆောင်ဖို့ ကြုးစားနေချိန်မှာ ဆေးလိပ်သောက်ခြင်း ၊ အရက်သောက်ခြင်း သို့မဟုတ် တခြားဆေးများသုံးစွဲခြင်းကဲ့သို့ မကောင်းသော အလေ့အကျင့်တွေကို မပြုလုပ်သင့်ပါဘူး။ သင့်ရဲ့မျိုးအောင်နိုင်စွမ်းကို ဒီဘဝနေထိုင်မှု အလေ့အထများက လွှမ်းမိုးနေတယ် ပါဝင်နေတယ်ဆိုတာကို သတိရပါ။ အရက် သို့မဟုတ် ကဖင်းဓါတ်ပါသော အစားအသောက်များကို ရှောင်ကြဉ်ပြီး ကျန်းမာရေးနှင့် ညီညွတ်ကာ သင့်တင့်မျှတတဲ့ အစားအသောက်ကို စားပေး သင့်ပါတယ်။၅။ ကိုယ်ဝန်ရဖို့ အခွင့်အလမ်း ပိုများစေတဲ့ ကိုယ်နေဟန်ထားဆိုပြီး စိတ်ထဲစွဲမနေပါနဲ့။တကယ်လို့ သင်ဟာကိုယ်ဝန်ရဖို့ အခွင့်အလမ်း ပိုများစေတဲ့ ကိုယ်နေဟန်ထားဆိုပြီး လေထဲကို သင့်ခြေထောက်တွေ မြှောက်ထားခြင်း သို့မဟုတ် ကိုယ်ဝန် ရရန် လိင်ဆက်ဆံစဉ် ခန္ဓါကိုယ်ကို ကွေးညွှတ် ထားခြင်း သို့မဟုတ် ခန္ဓါကိုယ်ကို လိမ်ထားခြင်း စတာတွေကို ပြုလုပ်ခြင်းဟာ အချိန်ဖြုန်းတာ သက်သက်ပဲ ဖြစ်ပါတယ်။ အမျိုးသားတွေရဲ့ သုက်ရည်ဟာ လွှတ်ပြီးပြီးခြင်းမှာကတည်းက အမျိုးသမီးရဲ့ မမျိုးဥဆီသို့ ပြေးသွားပါတယ်။ ဒါကြောင့် သင့်ရဲ့ ကိုယ်ဝန်ရနိုင်ချေဟာ ကိုယ်နေဟန်ထား ပုံစံများထက်စာရင် အခြားသော အချက်အလက်တွေပေါ်ပဲ မူတည်ပါတယ်။၆။ မမျိုးဥကြွေတယ်လို့ ယူဆတဲ့ ရက်အတိအကျရောက်မှသာ လိင်ဆက်ဆံခြင်းကို မပြုလုပ်သင့်ပါဘူး။အမျိုးသမီးတွေဟာ ဓမ္မတာ စက်ဝန်း ၂၈ရက် ရှိပါတယ်။ မျိုးဥကြွေတဲ့ အချိန်ဟာ သင်ထင်ထားတဲ့ အချိန်ထက် ၁ ရက် သို့မဟုတ် ၂ရက် စောပြီး ကြွေနိုင်ပါတယ်။ အချို့သော သတင်းအချက်အလက်များအရ သင်ဟာ မျိုးဥမကြွေခင် ၄ ရက်ကနေ ၆ရက် ကြားလိင်ဆက်ဆံခြင်းဟာ ကလေးရဖို့ ပိုကောင်းစေတယ်လို့ ဆိုကြပါတယ်။၇။ နေ့စဉ်လိင်ဆက်ဆံခြင်းကိုလည်း မပြုပါနဲ့။လိင်ဆက်ဆံတဲ့ အရေအတွက် များပြားလာခြင်းဟာ အမျိုးသားများရဲ့ သုက်ပိုးအရေအတွက်ကို လျော့ကျစေကာ မကောင်းပါဘူး။ တကယ်လို့ သင်ဟာ မမျိုးဥကြွေရက်ကို အချိန်တွက်တာ မှားနေပြီ ဆိုရင်တော့ နေ့တိုင်းလိင်ဆက်ဆံမယ့် အစား တစ်ရက်ခြားဆီ လိင်မှု ကိစ္စကို ပြုလုပ်နိုင်ပါတယ်။၈။ ကိုယ်ဝန်မရခြင်းပြဿနာဟာ အမျိုးသားနှင့်လည်း သက်ဆိုင်တယ်ဆိုတာ သတိရပါ။အချို့သော သတင်းအချက်အလက်များအရ ကိုယ်ဝန်မရခြင်း ပြဿနာရဲ့ ၄၀ ရာခိုင်နှုန်းဟာ အမျိုးသမီးများထက်စာရင် အမျိုးသားကြောင့် ဖြစ်တယ်လို့ ယူဆကြပါတယ်။ ဒါကြောင့် တကယ်လို့ သင်ဟာ ကိုယ်ဝန်ရဖို့ ကြိုးစားတာတောင် ၁ နှစ်ကြာပြီးတဲ့ နောက်မရခဲ့ရင် ပြဿနာတွေကို ဖြေရှင်းဖို့ရာအတွက် ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။၉။ ကိုယ်ဝန်ရဖို့အတွက် ကိုယ်ဝန်ဆောင် အားဆေးများသောက်သုံး ခြင်းက ပိုကောင်းတယ်လို့ ယုံကြည်ခြင်းဟာလည်း မဟုတ်ပါဘူး။သင်ဟာ နေ့စဉ်ကိုယ်ဝန်ဆောင် အားဆေးတွေကို သောက်ပေးရုံမျှနဲ့ ကလေးရဖို့ အခွင့်အလမ်း ပိုမများလာပါဘူး။ ကလေးတွင် ကျောရိုးမ ဆိုင်ရာ ရောဂါပြဿနာတွေ မဖြစ်လာအောင်တော့ ကိုယ်ဝန်ရဖို့ ကြိုးစားစဉ်မှာ ဖောလစ်အက်စစ်ကို သောက်ပေးနိုင်ပါတယ်။၁၀။ ကလေးမယူသေးခင် အချိန်ကြာရှည်စွာ ကြိုတင်စီစဉ်ခြင်းများ ပြုလုပ်ခြင်း။ကလေးမယူခင် သင်ဟာ ကလေးရှေ့ရေးအတွက် အလုပ်အကိုင်သစ် စတင်ရှာဖွေခြင်း၊ ဘဏ်တွင် ငွေများစွာ စုခြင်း၊ အိမ်အကြီးကြီးတစ်လုံးဝယ်ခြင်း စတဲ့ အရာတွေအတွက် ကြိုးစားကောင်း ကြိုစားနိုင်ပါတယ်။ သို့သော်ထိုသို့ ကြိုးစားရင်း အချိန်အကြာကြီး မကုန်ဆုံးသင့်ပါဘူး။ အဘယ်ကြောင့်ဆိုသော် အသက်အရွယ် ကြီးရင့်လာသည်နှင့် အမျှ မျိုးအောင်နိုင်စွမ်း လျော့ကျ လာတာကို သိထားသင့်ပါတယ်။တတ်နိုင်သမျှ သဘာဝက ရတဲ့ အာဟာရဓါတ် မျှတစွာပါဝင်သော အစားအသောက်တွေ၊ အစေ့အဆံကြမ်းတွေ၊ အသီးအနှံ ၊ အသီးအရွက်တွေနဲ့ အဆီမပါသော အသား စတာတွေကို သင့်တင့်မျှတစွာ စားပေး သင့်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းကို ပုံမှန် ပြုလုပ်ပေးခြင်းနှင့် လုံလောက်သော အနားယူ အိပ်စက်ခြင်းဟာလည်း သင့်ရဲ့ ခန္ဓါကိုယ်ကျန်းမာရေးကိုကောင်းမွန်စေနိုင်ပြီး မျိုးအောင်ဖို့အတွက် အကောင်းဆုံး အခြေအနေကို ပေးစွမ်းပါတယ်။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/preparing-to-get-pregnant/common-mistakes-when-trying-to-conceive/
အဆီကျဖို့အတွက် သင်ကိုယ်သင်မေးသင့်တဲ့ မေးခွန်း ၄ ခု
အဆီကျဖို့ ကိုယ်ရည်စစ်ဖို့အတွက်က ကျန်းမာရေးအကြောင်း သင်ဘယ်လောက်သိသလဲ ဆိုတာနဲ့ မဆိုင်ပါဘူး။ သင်သိထားတဲ့ ကျန်းမာရေးဆိုင်ရာ အလေ့အကျင့်တွေကို ဘယ်လောက်လုပ်နိုင်သလဲ ဆိုတာနဲ့ပဲ သက်ဆိုင်ပါတယ်။လူတော်တော်များများက ကျန်းမာရေးနဲ့ သင့်တော်တဲ့ အစားအသောက်တွေကို ရွေးစားသင့်တယ်ဆိုတာ နားလည်ထားကြပါတယ်။ ပိုပြီး နားလည်တဲ့သူက ကိုယ်ခန္ဓါကိုယ်ကို ပိုပြီးကျန်းမာကြံခိုင်အောင် လုပ်နိုင်ဖို့ လွယ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မှားယွင်းတဲ့ဇီဝကမ္မ ဖြစ်စဉ်တွေမရှိဘဲ ဟိုမုန်းမညီမျှမှုတွေမရှိဘဲနဲ့ ကျန်းမာနေတယ်ဆိုရင်တော့ ဒါ ကံကောင်းတာပါပဲ။ခန္ဓါဗေဒနဲ့ပတ်သက်လို့ ကျွမ်းကျင်သူတွေကတော့ အားသိပ်မစိုက်ရတဲ့ လွယ်ကူပြီးရိုးရှင်းတဲ့ ဆောင်ရွက်ချက်လေးတွေလုပ်ရုံနဲ့ အကျိုးရှိမယ့်မရာတွေကို ရှာဖွေနေခဲ့ပါတယ်။ ရိုးရှင်းတဲ့လုပ်ဆောင်ချက်တစ်ခုကတော့ မိမိအစာစားမယ် ဒါမှမဟုတ် စားဖို့ပြင်ဆင်နေအချိန်မှာ မေးခွန်းလေးတွေ မေးဖို့ပဲ ဖြစ်ပါတယ်။ဒီမေးခွန်းတွေမေးခြင်းအားဖြင့် ကိုယ်စားမယ့် အစားအသောက်က ကိုယ့်ကျန်းမာရေးအတွက် ဘယ်လို သက်ရောက်မှု ရှိစေလဲဆိုတာ သိနိုင်မှာဖြစ်ပြီး စားသင့်မစားသင့် ဆုံးဖြတ်ချိန်ရမှာလည်း ဖြစ်ပါတယ်။အကောင်းဆုံးရလဒ်တွေရဖို့ မေးခွန်းအတွက် ရှင်းလင်းတိကျတဲ့ ရည်ရွယ်ချက်တွေ စဉ်းစားထားဖို့လိုအပ်ပြီး ဒီမေးခွန်းတွေကနေတဆင့် ဖြစ်နိုင်ချေအရှိဆုံး အကောင်းဆုံး အပြုအမှုတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ဒါက အရေးကြီးတဲ့ မေးခွန်းပါပဲ။ ကယ်လိုရီတွေက ညီညီမျှမျှ ဖြစ်နေတာပါ။ အစားမှားရင် ဟိုမုန်းတွေ ကမောက်ကမ ဖြစ်တတ်ပါတယ်။ ရှင်းလင်းမှန်ကန်တဲ့ အစားတွေစားရင် ကိုယ်ခန္ဓါရဲ့ လုပ်ဆောင်ချက်တွေ ပိုကောင်းစေပြီး ကယ်လိုရီနဲ့ အဆီကို ချေဖျက်ရာမှာလည်း ပိုလွယ်ပါတယ်။ အစာပိုတွေကို လျှော့ပါ။ မူလအခြေအနေအတိုင်း မဟုတ်ဘဲ ပြန်လည်ပြုပြင်ထားတဲ့ အစားအသောက်မှန်သမျှ ကန့်သတ်ပြီး စားပါ။အသားဓါတ်က သင့်အဆီကျဖို့နဲ့ ကြွက်သားတိုးပွားဖို့ လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် သင်စားတဲ့အထဲမှာ အသားဓါတ်ပါပါစေ။သကြားဓါတ်နဲ့ ကစီဓါတ်များများပါတာက သင့်အဆီကျဖို့ ခက်ခဲစေတဲ့အပြင် ပိုလို့တောင် တက်စေနိုင်ပါတယ်။ သကြားဓါတ်က လက်ပတင်ဟိုမုန်းရဲ့ အလုပ်တွေကို ဟန့်တားပေးပြီး ဗိုက်ဝနေတယ်လို့ မခံစားရအောင် လုပ်ပေးပါတယ်။ခန္ဓါကိုယ်မှာ သကြားဓါတ် ကစီဓါတ်တွေ ပြည့်နေပြီ ဆိုတဲ့အကြောင်း လက်ပတင်ဟိုမုန်းက ဦးနှောက်ဆီ အချက်ပြတဲ့ တာဝန်ကို ထမ်းဆောင်ပါတယ်။ ဒါကြောင့် သကြားဓါတ်တွေ အများကြီးဝင်သွားတဲ့အခါမှာ လက်ပတင်ဟော်မုန်း မထွက်တော့ဘဲ ဗိုက်ပြည့်တယ်လို့ ခံစားရတော့မှာ မဟုတ်တာကြောင့် သင့်အနေနဲ့ အများအပြား စားမိနေပါလိမ့်မယ်။ကစီဓါတ်အမျိုးမျိုးရှိပါတယ် ဥပမာ ပေါင်မုန့်နဲ့ ဂျုံခေါက်ဆွဲ။ စားသောက်တဲ့နေရာမှာ ဘယ်လောက်ပမာဏ စားသင့်တယ်၊ ဘယ်အချိန်စားသင့်တယ်၊ ဆိုတာတွေက သင့်ကိုယ်သင် မေးသင့်တဲ့မေးခွန်းတွေပါပဲ။အရောင်စုံတဲ့ အသီးအရွက်တွေစားတာက ရောဂါကာကွယ်ပေးတဲ့ ဓါတုပစ္စည်းတွေ ရနိုင်ပါတယ်။ ဒီဓါတ်က အပင်တွေကသာ ရနိုင်တဲ့အရာ ဖြစ်ပါတယ်။ အပင်စားတဲ့သတ္တဝါတွေကို စားခြင်းဖြင့်လည်း ဒီဓါတ်အနည်းငယ်ရရှိနိုင်ပါတယ်။အပင်တွေထုတ်ပေးတဲ့ ဒီဓါတ်က ကျန်းမာတဲ့ဆဲလ်တွေကို ထိခိုက်စေတဲ့ ဒြပ်ပေါင်းတွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။ ဒါက အိုမင်းရင့်ရော်ခြင်းကို ကာကွယ်နိုင်တဲ့သဘောပါပဲ။ ဒါကြောင့် အသီအရွက်တွေစားတာက ကျန်းမာတဲ့ဆဲလ်တွေကို ဒိုင်းနဲ့ကာကွယ်ထားသလိုပါပဲ။ ကံကောင်းတာကတော့ အပင်ကနေရတဲ့ ဒီဓါတ်က အပင်မှာ အလုပ်လုပ်တဲ့အတိုင်း ကျွန်တော်တို့ ခန္ဓါကိုယ်မှာလည်း အလုပ်လုပ်ပါတယ်။ ကျွန်တော်တို့ ကျန်းမာရေးအတွက် အပင်တွေကနေ ခဏငှားပြီး သုံးတဲ့သဘောပါပဲ။အသီးအရွက်စားတာက အမျှင်ဓါတ်နဲ့ ခန္ဓါကိုယ်အတွက် အရေးကြီးတဲ့ သတ္တုဓါတ်နဲ့ ဗီတာမင်တွေလည်း ရရှိစေပါတယ်။ ဒီတစ်ခါ မေးသင့်တဲ့မေးခွန်းကတော့ ဘယ်လောက်များများ စားဖို့လိုတာလဲနဲ့ လတ်ဆတ်ပြီး အရည်အသွေးမီတဲ့ အသီးအရွက်တွေစားလို့ အဆီများလာတဲ့သူအကြောင်း သင်နောက်ဆုံးဘယ်အချိန်က ကြားဖူးခဲ့လဲ ဆိုတာပါပဲ။ဒီလိုမေးခွန်းတွေကို သင့်ကိုယ်ပိုင်ဖန်တီးပုံဖော်ပြီး ကိုယ်ရဲ့ လုပ်ဆောင်ချက်တွေက ကိုယ့်ရဲ့ ရည်မှန်းချက်ဆီကို အမှန်တကယ် ဦးတည်နေသလားဆိုတာ အမြဲတမ်းမေးခွန်းထုတ်ဖို့ လိုပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/weight-loss-exercises/%e1%80%a1%e1%80%86%e1%80%ae%e1%80%80%e1%80%bb%e1%80%96%e1%80%ad%e1%80%af%e1%80%b7%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba-%e1%80%9e%e1%80%84%e1%80%ba%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba/
Ovarian Cancer (မမျိုးဥအိမ်ကင်ဆာ)
ovarian cancer ဆိုတာ မ မျိုးဥ နှင့် ဟော်မုန်း estrogen နှင့် progestogen ထုတ်ပေးတဲ့ အင်္ဂါတွေမှာ ကင်ဆာဖြစ်ခြင်းကို ခေါ်ပါတယ်။ အစောပိုင်းမှာကြိုသိရတဲ့ မျိုးဥကင်ဆာရောဂါကိုတော့ ကုသရလွယ်ကူနိုင်ပါတယ်။ သို့သော်လဲ အစောပိုင်းအခြေအနေမှာ ရောဂါကိုတွေ့ရဖိုက ခဲယဉ်းပါတယ်။မမျိုးဥကင်ဆာက အမျိုးသမီး သက်လတ်ပိုင်းတွေနဲ့ သက်ကြီးပိုင်းတွေမှာ အဖြစ်များပါတယ်။ အများဆုံး သေစေနိုင်တဲ့ မမျိုးဥကင်ဆာတွေကို အသက် ၅၅ နှစ်ကျော်တဲ့ အမျိုးသမီးတွေမှာ တွေ့ ရနိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့ အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ovarian cancer ရဲ့ ရောဂါလက္ခဏာတွေက အထူးသဖြင့် အစောပိုင်းမှာ မထင်ရှားပါဘူး။ လူနာအများစု နှင့် ဆရာဝန်တွေတောင်မှ တခြားရောဂါတွေရဲ့လက္ခဏာတွေနဲ့ မှားတတ်ပါတယ်။ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။တခြားလက္ခဏာတွေကတော့။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခု ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ယနေ့ထိတိုင် ဆရာဝန်တွေ အဖြေရှာ ရခက်နေဆဲ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ခန္ဒါကိုယ်တွင်း မျိုးရိုးဗီဇပြောင်းလဲ ခြင်းတွေကြောင့် ပုံမှန်ဆဲလ်တွေကနေ ကင်ဆာဆဲလ်တွေ အဖြစ်ပြောင်းလဲ ပြီး ဖြစ်ပွားနိုင်ပါတယ်။ ထို့နောက် ပွားများလာကြကာ ကင်ဆာကြိတ်ဖြစ်လာကြပါတယ်။ ထို့ပြင် ဒီကင်ဆာဆဲလ်တွေက အနီးနားက ဆဲလ်တွေကို တိုက်ခိုက်ပြီး တခြားအင်္ဂါတွေကို ပြန့်နှံ့နိုင်ပါတယ်။ovarian cancer ဖြစ်ပွားနိုင်ချေကို မြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရောဂါလက္ခဏာ နှင့် စမ်းသပ်မှုတွေကို အခြေခံပြီး ဆရာဝန်တွေက ရောဂါကို အဖြေရှာ အတည်ပြုနိုင်ပါတယ်။ အက်ထရာဆောင်း၊ သံလိုက်ဓါတ်မှန်၊ ကွန်ပြူတာဓါတ်မှန်ရိုက်ခြင်းတွေ ဖြင့်လည်း ကင်ဆာရဲ့ လက္ခဏာတွေ တွေ့နိုင်ပါတယ်။Biopsy က မျိုးဥ ကင်ဆာဟာ ပြန့်နှံ့နိုင်တဲ့ အမျိုးအစား ဟုတ်မဟုတ်ကို သိနိုင်တဲ့ တစ်ခုထဲသောနည်းဖြစ်ပါတယ်။ biopsy ဆိုတာ တစ်ရှူး အသားစ ယူပြီး အနုကြည့်မှန်ပြောင်းအောက်မှာ ကြည့်ခြင်းဖြစ်ပါတယ်။ဆရာဝန်တွေက ကင်ဆာရဲ့ အဆင့်(ကင်ဆာ ဘယ်လောက်ပြန့်နှံ့နေပြီလဲ) ကို သိနိုင်ရန် ခွဲစိပ်ခြင်းတွေလဲ လုပ်နိုင်ပါတယ်။ တခါတရံ ကင်ဆာ antigen ( CA-125 ၊ သွေးထဲမှ အရာတစ်ခု) ကလည်း ရောဂါရှာရာမှာ အထောက်အကူပေး နိုင်ပါတယ်။ကင်ဆာအဆင့်ပေါ်မူတည်ပြီး ခွဲစိပ်ကုသခြင်းက အသုံးများဆုံးသော ကုသနည်းတစ်ခုဖြစ်ပါတယ်။ ကင်ဆာရဲ့ အစပိုင်းအဆင့်တွေအတွက် မမျိုးဥအင်္ဂါနဲ့ ပြွန်တို့အား ခွဲစိပ်ဖယ်ရှားခြင်းက တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ ထို့ပြင် ကင်ဆာက တင်ပါးစုံ နှင့် အစာအိမ်တွေထဲ ပြန့်နှံ့လာလျှင် ၎င်းအင်္ဂါတွေနဲ့ သားအိမ်ကိုပါ ဖယ်ရှားရနိုင်ပါတယ်။ ထို့ပြင် ကင်ဆာဆဲလ်တွေ ကျန်ရှိနေသေးလျှင် ကင်ဆာဆေးသွင်းခြင်းများလဲ လုပ်ရနိုင်ပါတယ်။ နောက်ဆုံးအနေနဲ့ ဆရာဝန်က လူနာကို အခြေအနေ သိနိုင်ရန် ရက်ချိန်း ပုံမှန် ခေါ်နိုင်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ovarian cancer ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။• ဆရာဝန်ရက်ချိန်းများကို မှန်မှန် သွားပြခြင်းဖြင့် သင့်ရောဂါအခြေအနေ နဲ့ ကျန်းမာရေးအခြေအနေကို သိနိုင်ပါတယ်။• ဆရာဝန်ညွှန်ကြားချက်ကို လိုက်နာပြီး ဆေးများကို အသုံးပြုပါ။ ဆရာဝန် မမှာပဲ မိမိ သဘောဖြင့် ဆေးသောက်ချိန်ကျော်ခြင်းများ မပြုလုပ်ရပါ။• ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားနေရလျှင် ဆရာဝန်ကိုပြောပြပါ။• ဟင်းသီးဟင်းရွက်၊ သစ်စေ့များ နှင့် အဆီလျှော့စားခြင်းဖြင့် ကျန်းမာတဲ့စားသောက်မှုပုံစံကို ပြုမူပါ။• ကိုယ်အလေးချိန်ထိန်းခြင်း နှင့် လေ့ကျင့်ခန်းလုပ်ခြင်းတို့ကို ပြုလုပ်ပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/ovarian-cancer/ovarian-cancer-%e1%80%99%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%a5%e1%80%a1%e1%80%ad%e1%80%99%e1%80%b9%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac/
မနက်စောစောမှာ အစာမရှိဘဲ လေ့ကျင့်ခန်း လုပ်သင့်လား
ဒီဆောင်းပါးလေးကတော့မနက်စောစောအိပ်ရာက နိုးတာနဲ့ပြေးတာ၊လမ်းလျှောက်တာ၊စက်ဘီးစီးတာ စတဲ့ လေ့ကျင့်ခန်း တွေ လုပ်လေ့ရှိတဲ့သူတွေ အတွက်ပါ။ အဲဒီလို မနက်စောစောလေ့ကျင့်ခန်းလုပ်ကြတဲ့ သူတွေထဲမှာ တချို့က အစာမစားဘဲ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်အဆီတွေပိုကျတယ်ဆိုပြီး အစာမရှိဘဲ empty stomach နဲ့ လေ့ကျင့်ခန်းတွေလုပ်ကြပါတယ်။ Hello ဆရာဝန်ပရိသတ်ကြီးထဲမှာရော အဲဒီလို လုပ်တဲ့သူတွေ ရှိမယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။ မနက်စောစောမှာ အစာမရှိဘဲ လေ့ကျင့်ခန်း လုပ်သင့်လား ဆိုတာကို လေ့လာလိုက်ရအောင်နော်။မနက်စောစောမှာ အစာမရှိဘဲ လေ့ကျင့်ခန်း လုပ်သင့်လား ဆိုတော့။စားထားတဲ့ အစားအစာတွေ energy intake တွေ မရှိတဲ့အတွက် လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ လိုအပ်တဲ့ energy တွေအတွက် ခန္ဓာကိုယ်မှာရှိနေတဲ့ အဆီတွေကို များများဖြိုခွင်းပြီး အသုံးပြုရတာကြောင့် အဆီများများကျတဲ့အပြင် အစာစားထားတဲ့အခါ ဖြစ်နိုင်တဲ့ အန်ချင်စိတ်ဖြစ်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်ရစ်ခြင်း စတဲ့ ပြဿနာတွေ လျော့နည်းနိုင်တာကြောင့် မနက်စောစောမှာ အစာမရှိဘဲ လေ့ကျင့်ခန်းလုပ်တာက ကောင်းတယ်ဆိုပြီး ဆိုကြပါတယ်။ဒါပေမယ့် အစာမရှိဘဲ လေ့ကျင့်ခန်းလုပ်တာဟာ လူတိုင်းနဲ့ မသင့်တော်ပါဘူး။ အစာမရှိတဲ့အခါသွေးတွင်းအချိုဓာတ်နည်းပြီး ခေါင်းမူးခြင်း၊ အားနည်းလာခြင်း၊ မောခြင်း၊ ခြေလက်တုန်လာခြင်းနဲ့ မူးမေ့သွားတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် အစာမရှိဘဲ လေ့ကျင့်ခန်းလုပ်ရတာကို ကြိုက်တယ်ဆိုရင်တော့ အချိန်အကြာကြီး လုပ်တာတွေ၊ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ ကို ရှောင်ကြဉ်သင့်ပါတယ်။Energy ပိုလိုအပ်တဲ့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်မယ် ဆိုရင်တော့ အစားစားထားပြီးမှာ လုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင်မှာ အစားအစာထားခြင်းဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အားအင်တွေကို ပေးစွမ်းနိုင်တဲ့အတွက် အကျိုးရှိရှိနဲ့ ကျန်းကျန်းမာမာ လေ့ကျင့်ခန်းလုပ်နိုင်ဖို့အတွက် ကူညီပေးပါတယ်။လေ့ကျင့်ခန်းမလုပ်ခင်မှာ စားသုံးမယ့်အစားအစာတွေကိုလည်း သေချာရွေးချယ်ဖို့လိုအပ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ energy ရစေမယ့်အစားအစာတွေ (ဥပမာ-ငှက်ပျောသီး၊ ပန်းသီး၊ ဒိန်ချဉ်၊ ဆန်(သို့) ဂျုံနဲ့ ပြုလုပ်ထားတဲ့ ပေါ့ပေါ့ပါးပါးအစားအစာတွေ၊ ဥအမျိုးမျိုး၊ သဘာဝသစ်သီးများ၊ အစေ့အဆံများ) ကို လေ့ကျင့်ခန်းမလုပ်ခင် ၁နာရီကနေ ၃နာရီအတွင်းမှာ ရွေးချယ်စားသုံးသင့်ပါတယ်။ လေ့ကျင့်ခန်းမလုပ်မီ၊ လုပ်နေစဉ်နဲ့ လုပ်ပြီးတဲ့အခါတိုင်းမှာရေဓာတ်ပြည့်ဝနေဖို့ ရေများများသောက်ပေးဖို့နဲ့ ချွေးထွက်များတဲ့အခါ ဓာတ်ဆားရည်ကို ပြန်သောက်ပေးကြဖို့လည်း မမေ့ကြပါနဲ့နော်။လေ့ကျင့်ခန်းတွေ မလုပ်ခင်မှာ မစားသင့်တဲ့အစားအစာတွေကတော့ အစာအိမ်ကို မကောင်းစေမယ့်၊ ဗိုက်ရစ်စေနိုင်တဲ့ နို့တွေ၊ caffeine ဓာတ်ပါတဲ့ အစားအစာတွေနဲ့ ချဉ်တဲ့ အစားအစာတွေကို ရှောင်သင့်ပါတယ်။သွေးတွင်းအချိုဓာတ်နည်းတဲ့ ရောဂါလက္ခဏာတွေအပြင် အစာမစားဘဲ လေ့ကျင့်ခန်းလုပ်တဲ့အခါ ဖြစ်နိုင်တဲ့ အခြားဆိုးကျိုးလေးတွေလည်း ရှိပါတယ်။၁။ လေ့ကျင့်ခန်းလုပ်နိုင်တဲ့ စွမ်းရည်ကို ကျဆင်းစေခြင်း။လိုအပ်တဲ့ အားအင်တွေရရှိနိုင်ဖို့ အစာမစားထားတဲ့အတွက် လေ့ကျင့်ခန်းလုပ်တဲ့အခါ ပုံမှန်လောက် လုပ်ဆောင်နိုင်မှာမဟုတ်တဲ့အပြင် အကျိုးရလဒ်လည်း မကောင်းနိုင်ပါဘူး။၂။ထိခိုက်ဒဏ်ရာရနိုင်ခြေပိုများခြင်း။ခန္ဓာကိုယ်က လှုပ်ရှားသွားလာဖို့အတွက် အားအင်တွေလိုအပ်သလို ဦးနှောက်ကလည်း လုပ်ငန်းတွေ ကောင်းကောင်းလုပ်နိုင်ဖို့ အတွက် glucose ကို လိုအပ်ပါတယ်။ အစာမစားထားတဲ့အခါ ဦးနှောက်ကလည်း glucose လို့ခေါ်တဲ့ သကြားဓာတ်တွေ မရနိုင်တဲ့အတွက် ကောင်းကောင်းမစဉ်းစားနိုင်ဘဲ အာရုံထွေပြားနေနိုင်ပါတယ်။ အဲဒီလို အာရုံစူးစိုက်မှုတွေ လျော့ကျခြင်းကြောင့် နောက်ဆက်တွဲအနေနဲ့ ဘေးပတ်ဝန်းကျင်ကို သတိမပြုမိနိုင်ဘဲ မတော်တဆ ထိခိုက်မှုတွေကို ပိုပြီးဖြစ်စေနိုင်ပါတယ်။၃။ ကြွက်သားဆုံးရှုံးနိုင်ခြင်း။၂၀၁၅ ခုနှစ်က လေ့လာတွေ့ရှိချက်တစ်ခုအရ အစာမစားဘဲ နိုးနိုးချင်းမှာ လေ့ကျင့်ခန်းတွေလုပ်တာဟာ cortisol လို့ခေါ်တဲ့ ဟော်မုန်းလေးတွေကို များစေပါတယ်။ အဲဒီ ဟော်မုန်းလေးတွေများလာတဲ့အခါ ကြွက်သားတွေမှာရှိတဲ့ အသားဓာတ်(ပရိုတင်းဓာတ်)တွေကို ဖျက်ဆီးနိုင်တဲ့အတွက်ကြွက်သားဆုံးရှုံးမှုကို ဖြစ်စေပါတယ်။၄။ ရေရှည်အတွက် ထိရောက်မှုမရှိခြင်း။စစပိုင်းမှာတော့ အစားအစာတွေက အားအင်မရတဲ့အတွက် အဆီတွေကို ဖြိုခွဲပြီး အဆီတွေအများကြီးလောင်ကျွမ်းသွားနိုင်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်က အဆီတွေလောင်ကျွမ်းတာ များထားတဲ့အတွက် ပြန်ပြီးထိန်းညှိတဲ့ လုပ်ငန်းအရ နောက်ပိုင်းမှာ glucoseနဲ့ ကစီဓာတ်တွေကိုပဲ ပိုဖြိုခွဲပြီး အဆီတွေ လောင်ကျွမ်းတာကို နည်းအောင် ပြန်ထိန်းညှိပေးတဲ့အတွက် ကြာလာတဲ့အခါ ထိရောက်မှုမရှိတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ၂၀၁၄ ခုနှစ် လေ့လာချက်တစ်ခုအရ လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ အစာရှိရှိ၊ မရှိရှိ အချိန်ကြာလာတဲ့အခါမှာ အဆီတွေကို လောင်ကျွမ်းနိုင်တဲ့ ပမာဏက အတူတူလောက်ပဲ ဖြစ်နေတာကို တွေ့ရပါတယ်။ဒါ့ကြောင့် ရေရှည်အတွက်လည်း အဆင်ပြေပြီး ကျန်းမာရေးအတွက်လည်း ကောင်းမွန်အောင် သင့်တော်တဲ့ အစားအစာလေးတွေ စားပြီးမှ လေ့ကျင့်ခန်းတွေလုပ်ကြဖို့ ဒီဆောင်းပါးလေးကနေ အကြံပြုချင်ပါတယ်။ ကျန်းမာကြပါစေ။ရေးသားသူ – Khine Phoo Ngon။[embed-health-tool-bmr]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/exercise-safety-tips/should-exercise-without-having-breakfast/
တောင့်တင်းနေတဲ့ ပေါင်နဲ့ ခြေထောက် အကြောဘယ်လိုလျှော့ကြမလဲ
အထိုင်များလို့၊ လှုပ်လှုပ်ရှားရှား သိပ်မရှိလို့ အကြောအခြင်တွေ တောင့်တင်းနေတာ၊ အကြောတက်တာ၊ နာကျင်ကိုက်ခဲတာ၊ ခြေထောက် တွေလေးလံတာ စတဲ့ အဆင်မပြေမှုတွေ အဖြစ်များကြပါတယ်။ ဒါတွေကို သက်သာစေဖို့gymလည်း မသွားနိုင်၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့လည်း အချိန်မပေးနိုင်၊ လမ်းလျှောက်ထွက်ပြန်တော့လည်း ခြေထောက်ပိုတောင့်လာတယ်ဆိုသူတွေ အတွက် တောင့်တင်းနေတဲ့ ပေါင်နဲ့ ခြေထောက် အကြောဘယ်လိုလျှော့ကြမလဲ ။ ၅ မိနစ်တောင် မကြာတဲ့ နည်းလမ်းလေးတွေ ပြောပြပေးမယ်နော်။ဒီလေ့ကျင့်ခန်းလေးတွေကို ကိုယ့်အိမ်မှာပဲ အိပ်ရာထဲ ဖြစ်စေ၊ မျက်နှာသစ်ရင်း ဖြစ်စေ၊ လှေကားအတက်အဆင်း လုပ်ရင်း ဖြစ်စေ ခဏလုပ်လိုက်ရုံနဲ့ အကျိုးရှိပါတယ်။ သိပ်မပြင်းထန်တဲ့ နည်းလမ်းလည်းဖြစ်၊ လွယ်လည်း လွယ်ကူပြီး နေရာမရွေး လုပ်လို့ရတာမို့ အချိန်မရသူတွေအတွက် ဘယ်လောက် အဆင်ပြေလိုက်မလဲ။(၁)ခြေဖနောင့်အကြောဆန့်ခြင်း။မျက်စိ နဲ့ တန်းတန်းမှာ လက်နှစ်ဘက်ကို နံရံပေါ် ဆန့်ထားပါ။ ညာခြေထောက်ကို ဘယ်ခြေထောက်ထက် နောက်နည်းနည်းဆုတ်ပါ။ ဘယ်ခြေကို ဖြည်းဖြည်းနဲ့ ညင်ညင်သာသာ ကွေးလိုက်ပြီး နံရံကို တွန်းထားပါ။ အဲ့အနေအထား အတိုင်း စက္ကန့်၂၀ ကနေ ၃၀ (အသက် ၄၊ ၅ ကြိမ် ရှူပြီး) လောက် ထိန်းထားပါ။ ၅ ကြိမ် ပြန်လုပ်ပြီးနောက် နောက်တစ်ဖက်ကို ပြောင်းလုပ်ပါ။(၂) ခြေသလုံးကြွက်သားအကြောလျှော့ခြင်း။အိပ်ရာ နိုးနိုးချင်း အိပ်ရာထဲက မထွက်ခင် လေ့ကျင့်ခန်းပြုလုပ်ခြင်းက ရောင်ရမ်းခြင်း၊ နာကျင်ခြင်းကို ပိုဆိုးသွားစေနိုင်ပါတယ်။ နာကျင်မှု သက်သာစေတဲ့ အကောင်းဆုံးနည်းလမ်းကတော့ အိပ်ရာထဲက မထွက်ခင် ခြေသလုံးကြွက်သားကို ဖြေလျှော့ပေးသင့်ပါတယ်။ခြေသလုံးကြွက်သားတွေက တောင့်တင်းနေတဲ့ အခါမှာ ခြေဖနောင့်ရိုးကို ဆွဲပြီး ခြေဖဝါးအရွတ်ပြားကို တောင့်တင်းစေတဲ့အတွက် အလွယ်တကူ ထိခိုက်မိစေနိုင်ပါတယ်။ ဒါကို သက်သာစေဖို့ ဆိုရင် ပဝါစ သို့မဟုတ် ခါးပတ်ကို ခြေဖဝါးအထက်ပိုင်းမှာ သိုင်းပြီး ဆွဲပါ (U ပုံစံ)။ခြေထောက်အောက်ပိုင်း ဆန့်သွားတယ်လို့ ခံစားရသည်အထိ ပဝါစကို ဆွဲဆန့်ပြီး ခြေထောက်ဆီကို  ဖြည်းဖြည်းချင်း ကိုယ်ကို ကိုင်းချပါ။ အိပ်ရာထဲက မထွက်သေးခင် ၃ကြိမ်ကနေ ၅ကြိမ်အထိ အခါခါပြုလုပ်လို့ ရပါတယ်။(၃) ရေပုလင်း နင်းခြင်း။ခြေထောက် နာကျင်ကိုက်ခဲတာတွေကို ရေခဲက အရောင်ကျ စေပါတယ်။ ဒါကတော့ အကြောအခြင်တွေကိုရေခဲနဲ့ နှိပ်နယ်တဲ့ နည်းပါပဲ။အရင်ဆုံး သက်တောင့်သက်သာ ရှိတဲ့ခုံမှာ ထိုင်ပါ။ ကြမ်းပြင်ပေါ်မှာ ရေခဲပုလင်းကို ထားပါ။ ခြေဖဝါးကို ပုလင်းပေါ်တင်ပြီး ခြေဖဝါး အစကနေ အဆုံးအထိ ၅မိနစ်လောက် ဖြည်းဖြည်းချင်း လှိမ့်ပေးပါ။ခြေဖနောင့် နှစ်ခုလုံး နာနေတယ်ဆိုရင် နှစ်ဖက်လုံးအတွက် အသုံးပြုနိုင်ပါတယ်။ တစ်ဖက်ပြီးမှ တစ်ဖက်လုပ်ပါ။ ဒီလေ့ကျင့်ခန်းက ခြေဖဝါး အရွတ်ပြားကို ဖြည်းဖြည်းချင်း ဆွဲဆန့်ပေးပါတယ်။ ခြေဖဝါး အရွတ်ပြားရောင်ခြင်းကြောင့် အဖြစ်များတဲ့ ရောင်ရမ်းခြင်းတွေကို သက်သာစေဖို့ လေ့ကျင့်ခန်း ပြုလုပ်စဉ်မှာ သင့်ခြေထောက်ကို ဒီလိုမျိုး အအေးဓာတ်ပေးနိုင်ပါတယ်။(၄)လှေကားထစ် အကြောလျှော့ခြင်း။ဘယ်လှေကား အထစ်မှာဖြစ်ဖြစ် ခြေထောက်နှစ်ဘက်လုံးနဲ့ လှေကားထစ်မှာ မတ်မတ်ရပ်ပါ။ လက်ရန်းကို မြဲမြဲ ကိုင်ထားပြီး ဘယ်ခြေထောက်ကို အနောက်ဆုတ်လိုက်ပါ။ ခြေဖျားနဲ့ ခြေချောင်းလေးတွေပဲ ချန်ထားပြီး ဖနောင့်လွတ်တဲ့အထိ လှေကားထစ်မှာ ခြေတခြမ်းပဲ တင်ထားပါ။ပြီးရင် အဲဒီဘယ်ဘက်ခြေထောက်ရဲ့ ဖနောင့်ကို ဖြည်းဖြည်းချင်း‌ အောက်ကိုနှိမ့်ချပါ (စက္ကန့် ၃၀ လောက်)။ ခြေဖနောင့်ကို အပေါ်ဘက် ပြန်ကြွပေးပါ (၁၀ စက္ကန့်လောက်)။ ၃ ကြိမ်လောက် လုပ်ပြီး ညာဘက်ခြေထောက်ကို ပြောင်းလုပ်ပါ။(၅)ခြေဖဝါးအကြောလျှော့ခြင်း။ကြမ်းပြင်ပေါ်မှာ ထိုင်ချပြီး ခြေထောက်တွေကို ရှေ့ ဆန့်ထုတ်လိုက်ပါ။ ညာခြေထောက်ကို ဒူးမှာ ကွေးလိုက်ပြီး ညာခြေဖျားကို ခြေချောင်းတွေ အထက်က နေပြီး ဆုပ်ကိုင်ထားပါ။ ခန္ဓာကိုယ် ဘက်ကို ဆွဲယူပြီး ၁၅ စက္ကန့်ကနေ၂၀ အထိ ကိုင်ထားပါ။ဒီလေ့ကျင့်ခန်းကခြေဖဝါးတစ်လျှောက် ရှိနေတဲ့ ခြေဖဝါးအရွတ်ပြားကို ပြေလျော့စေပါတယ်။ နေ့စဉ် ပြုလုပ်ပေးခြင်းဖြင့် ခြေဖနောင့်နာကျင်ခြင်း ကို တစ်ပတ်အတွင်း သက်သာသွားစေပါလိမ့်မယ်။ရိုးရှင်းဘေးကင်းတဲ့ အကြောလျှော့ နည်းလမ်းတွေနဲ့ ခြေထောက် နာကျင်ခြင်းကို အိမ်မှာပဲ ကုသမှု ပေးနိုင်ပါတယ်။ မသက်သာဘူးဆိုရင်တော့ သင့်ဆရာဝန်ဆီမှာ စမ်းသပ်စစ်ဆေးကုသမှု ခံယူသင့်ပါတယ်။[embed-health-tool-heart-rate]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/balance-and-flexibility/legs-muscle-relax-exercises/
Haemorrhoidectomy (လိပ်ခေါင်းဖြတ်ခြင်း)
လိပ်ခေါင်းဖြတ်ခြင်းဟာ လိပ်ခေါင်းရောဂါကို ကုသတဲ့ နည်းလမ်းတမျိုးဖြစ်ပါတယ်။ လိပ်ခေါင်းဆိုတာဟာ သင့်စအိုဝမှာရှိနေတဲ့ ခပ်ပျော့ပျော့ အသားလုံးတွေကို ဆိုလိုပြီး ဝမ်းသွားတဲ့အခါ လိပ်ခေါင်းကနေ အလွယ်တကူ သွေးယိုနိုင်ပါတယ်။ လိပ်ခေါင်းကြောင့် နာကျင်လေ့မရှိပေမယ့် ယားယံမှုကိုတော့ ဖြစ်စေပါတယ်။လိပ်ခေါင်းဟာ ကြီးလာရင် စအိုကတဆင့် အပြင်ကို ထွက်လာနိုင်တဲ့အတွက် အိမ်သာတက်ပြီး သန့်ရှင်းရေးလုပ်တဲ့အခါ အလုံးအဖြစ် စမ်းမိနိုင်ပါတယ်။ လိပ်ခေါင်းတွေဟာ အချိန်အတိုင်းအတာ တခုအတွင်းမှာ တဖြည်းဖြည်း ကြီးလာနိုင်ပါတယ်။ ဝမ်းချုပ်ခြင်းကြောင့် လိပ်ခေါင်းဖြစ်နိုင်သလို မျိုးရိုးလည်း လိုက်တတ်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်မှာ လိပ်ခေါင်းတွေ ပိုဆိုးလာလေ့ရှိပါတယ်။ရေများများသောက်ခြင်း၊အမျှင်ဓါတ်ပါတဲ့ အစားအစာတွေ များများစားပေးခြင်း အစရှိတဲ့ ရိုးရှင်းတဲ့ နည်းလမ်းလေးတွေနဲ့လည်း လိပ်ခေါင်းရောဂါကို ကုသနိုင်ပြီး ဒီနည်းလမ်းတွေနဲ့ မလုံလောက်တော့ဖူးဆိုရင်တော့ ဆေးခန်းပြဖို့ လိုပါပြီ။သားရေကွင်းချည်ခြင်း၊ဆေးထိုးခြင်း စတဲ့ နည်းလမ်းတွေနဲ့လည်း လိပ်ခေါင်းကို ကုနိုင်ပါတယ်။ အဆိုပါ နည်းလမ်းတွေနဲ့ ကုသလို့ မအောင်မြင်ရင် ဒါမှမဟုတ် လိပ်ခေါင်းက အရမ်းကြီးနေရင် ခွဲစိတ်ကုသဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။အဆိုပါ နည်းလမ်းကတော့ လိပ်ခေါင်းကို ခွဲစိတ်ဖြတ်တောက်ပြီး ကုသခြင်းပဲ ဖြစ်ပါတယ်။ ဒါဆိုရင် သင့်အနေနဲ့ လိပ်ခေါင်းကပေးတဲ့ ဒုက္ခတွေကနေ ကင်းဝေးသွားမှာပဲ ဖြစ်ပါတယ်။ဘယ်လိုကုသမှုမျိုးမဆို ဘေးထွက်ဆိုးကျိုးပြဿနာကတော့ ရှိတာပါပဲ။ ဒါကြောင့် သင့်အနေနဲ့ အဆိုပါ ဘေးထွက်ဆိုးကျိုးတွေကို သိရှိနိုင်ဖို့အတွက် ဆရာဝန်ကို အသေအချာ ကြိုတင်မေးမြန်းရပါမယ်။ ဘယ်လိုခွဲစိတ်မှုမျိုး၊ကုသမှုမျိုးမှာမဆို မေ့ဆေး သို့မဟုတ် ထုံဆေးနဲ့ ဓါတ်မတည့်တာ၊ သွေးအလွန်အကျွံထွက်တာ ဒါမှမဟုတ် သွေးခဲတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။လိပ်ခေါင်းဖြတ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကတော့။· လိပ်ခေါင်းကျန်နေခြင်း (ဖြတ်တာ ကျန်ခဲ့တာ)။· ဆီးသွားရခက်ခဲခြင်း။· စအိုကျဉ်းသွားခြင်း။· အသားပိုလေးတွေ ဖြစ်လာခြင်း။· စအိုကွဲခြင်း။· ဝမ်းမလုံတော့ခြင်းစတာတွေပဲ ဖြစ်ပါတယ်။ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုး၊နောက်ဆက်တွဲပြဿနာတွေကို အတတ်နိုင်ဆုံး လျှော့ချနိုင်ဖို့အတွက် ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေ (ဥပမာ အစာမစားဖို့၊သုံးစွဲနေတဲ့ တချို့ဆေးတွေကို ရပ်ထားဖို့ စသည်)ကို ဂရုတစိုက်လေးစားစွာ လိုက်နာရပါမယ်။ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ၊အန္တရာယ်တွေနဲ့ ပတ်သက်ပြီး ခွဲစိတ်မှုမပြုလုပ်ခင်မှာ သေချာစွာကြိုတင်သိရှိနားလည်ထားဖို့ အရေးကြီးပါတယ်။ မရှင်းလင်းတာ၊မေးမြန်းချင်တာတွေရှိရင် ခွဲစိတ်ဆရာဝန်ကို အသေးစိတ်မေးမြန်းနိုင်ပါတယ်။သင့်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေ၊ရောဂါရှိမရှိ၊လက်ရှိသောက်သုံးနေတဲ့ဆေးရှိမရှိ ဒါမှမဟုတ် ဓါတ်မတည့်ခြင်း ရှိမရှိတို့နဲ့ ပတ်သက်ပြီး ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ရမှာဖြစ်ပါတယ်။ဒါ့အပြင် ခွဲစိတ်မှုမခံယူခင်မှာ မေ့ဆေးဆရာဝန်နဲ့ တွေ့ဆုံပြီး ဘယ်လိုနည်းလမ်းကို အသုံးပြုမလဲဆိုတာကိုလည်း ဆွေးနွေးရပါမယ်။ ခွဲစိတ်မှုမခံယူခင် အချိန်ဘယ်လောက်အလိုမှာ အစားအသောက် လုံးဝမစားရတော့ဖူးဆိုတဲ့ ညွှန်ကြားချက်ကို အတိအကျ ဂရုတစိုက်လိုက်နာပါ။ခွဲစိတ်မှုမခံယူခင် အစားအသောက်စားလို့ရမရ အပါအဝင် အရေးတကြီးလိုက်နာစရာအချက်တွေနဲ့ ပတ်သက်လို့ ရှင်းလင်းပြတ်သားတဲ့ လမ်းညွှန်ချက်တွေကို သိထားသင့်ပါတယ်။အများအားဖြင့် ခွဲစိတ်မှုမပြုလုပ်ခင် ခြောက်နာရီလောက်အလိုလောက်ကစပြီး ဘာမှမစားရတော့ပါဖူး။ ဒါပေမယ့် ကော်ဖီအစရှိတဲ့ သောက်စရာတွေကိုတော့ မခွဲခင် နာရီအနည်းငယ်အလိုအထိ သောက်နိုင်ပါတယ်။ဒီခွဲစိတ်မှုကို မေ့ဆေးနဲ့ပြုလုပ်လေ့ရှိပြီး မိနစ်၂၀လောက် ကြာမြင့်တတ်ပါတယ်။ သင့်ဆရာဝန်အနေနဲ့ လိပ်ခေါင်းကို ဖြတ်တောက်ပစ်နိုင်သလို staple gun လို့ခေါ်တဲ့ ကိရိယာလေးကို အသုံးပြုပြီးတော့လည်း ဖယ်ရှားပစ်နိုင်ပါတယ်။တကယ်လို့ မေးချင်တာ ဒါမှမဟုတ် စိုးရိမ်ပူပန်တာမျိုးလေးတွေ ရှိနေတယ်ဆိုရင် အသေးစိတ်ထပ်မံသိရှိနိုင်ဖို့အတွက် သင့်ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ခွဲစိတ်မှုပြုလုပ်ပြီးတဲ့နေ့မှာပဲ ဆေးရုံကဆင်းနိုင်ပါတယ် (အထူးသဖြင့် staple gun ကိုသုံးပြီး လိပ်ခေါင်းဖယ်ရှားထားသူတွေမှာပေါ့)။ ဝမ်းမချုပ်စေဖို့အတွက် ရေများများ သောက်ပေးဖို့နဲ့ အမျှင်ဓါတ်ပါတဲ့ အစာတွေ များများစားပေးဖို့ လိုပါလိမ့်မယ်။အနာလုံးဝကျက်သွားဖို့ကတော့ ရက်သတ္တပတ်အနည်းငယ်လောက် စောင့်ရပါမယ်။staple gun ကို အသုံးပြုပြီး ခွဲစိတ်ကုသတဲ့နည်းမှာ ဟောင်းလောင်းဖွင့်ထားတဲ့ အနာလုံးဝမရှိပါဘူး။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးရင် အချိန်တိုအတွင်းမှာ မူလအတိုင်း လှုပ်ရှားသွားလာမှုပြုလုပ်နိုင်မှာ ဖြစ်ပေမယ့် လေ့ကျင့်ခန်းစတင်မပြုလုပ်မီ ဆရာဝန်နဲ့ ဦးစွာ တိုင်ပင်ဆွေးနွေးရပါမယ်။ခွဲစိတ်ပြီးနောက်ပိုင်းမှာ ပုံမှန်အတိုင်းလုံးဝကောင်းမွန်သွားရမှာဖြစ်ပြီး ဘာရောဂါလက္ခဏာမှ မကျန်ခဲ့ရပါဘူး။ ဒီလိုမှ မဟုတ်ရင် လိပ်ခေါင်းက တခါပြန်ဖြစ်လာဦးမှာပဲ ဖြစ်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-procedures-and-surgeries/haemorrhoidectomy-%e1%80%9c%e1%80%ad%e1%80%95%e1%80%b9%e1%80%b1%e1%80%81%e1%80%ab%e1%80%84%e1%80%b9%e1%80%b8%e1%80%bb%e1%80%96%e1%80%90%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
အဆိပ်ဖြစ်စေသော ငါးတို့နှင့် ထိခိုက်မိခြင်း
ဆူးချွန်ပါတဲ့ ငါးတွေဟာ သူတို့ရဲ့ ကျောဘက်က ဆူးမှာ အဆိပ်ပါတတ်ကြပါတယ်။ ငါးလိပ်ကျောက်တွေမှာဆိုရင် သူတို့ရဲ့ အမြီးမှာ တစ်ခုသို့မဟုတ် တစ်ခုထက်ပိုတဲ့ အဆိပ်သင့်ဆူးချွန်တွေ ပါတတ်ပါတယ်။ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကြောင့် ပေါက်ပြဲဒဏ်ရတွေလည်း ရစေနိုင်ပါတယ်။အဲဒီရေသတ္တဝါတွေရဲ့ ဆူးတွေက နာကျင်မှုနဲ့ နီရဲမှုကို ဖြစ်စေပါတယ်။ အားနည်းလာခြင်း၊ ချွေးပြန်လာခြင်း၊ ဖျားခြင်း၊ အော့အန်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ အကြောသေခြင်းနဲ့ ပြင်းထန်တဲ့အခြေအနေမျိုးတွေထိ ဖြစ်နိုင်ပါတယ်။ကနဦးအနေနဲ့ လုပ်လို့ရတာတွေကတော့။ကံကောင်းစွာနဲ့ အဲဒီအဆိပ်တွေက အပူပေးပြီး ဖျက်ဆီးလို့ ရပါတယ် ပင်လယ်ရေနဲ့ ဆေးချခြင်းအားဖြင့်လည်း အဆိပ်ကို ဖြေလျော့စေပါတယ် အနာထဲမှာ ဆူးအစတွေ ကျန်နေခဲ့ရင် ဖယ်ရှားလိုက်ပါ အပူချိန် ၁၁၀-၁၁၄ ဖာရင်ဟိုက် (၄၃-၄၅ ဒီဂရီဆဲလ်စီးယပ်စ်)မှာ ရှိနေတဲ့ ရေနွေးထဲ ဖြစ်တဲ့နေရာကို မိနစ် ၃၀ ကြာ စိမ်ထားပါ။ ကလေးတွေကို အပူမလောင်မိစေဖို့တော့ သတိထားစေချင်ပါတယ်။ ရေပူတွေက ငါးရဲ့ အဆိပ်တွေကို ဖြေပေးပြီး နာကျင်မှုကို သက်သာစေပါတယ်။ဒီလိုအခြေအနေမျိုးတွေ ဖြစ်လာရင် ဆရာဝန်နဲ့ ချက်ချင်းပြပါ ထိခိုက်မိတဲ့ နေရာအပြင် တခြားနေရာတွေမှာပါ လက္ခဏာပြလာရင်။ငါးလိပ်ကျောက်နဲ့ ထိခိုက်မိပြီး အရေပြားကွဲသွားရင် ဆူးက ထုတ်ဖို့လိုအပ်ရင်။သတိထားပါ။အကောင်းဆုံးကာကွယ်နည်းကတော့ ရေထဲမှာ နေထိုင်အလုပ်လုပ်ရှင်သန်တာကို ရှောင်ရှားနိုင်ဖို့ပါပဲ။ ကမ်းခြေတခုခုသွားမယ်ဆိုရင် ဂျယ်လီငါးနဲ့ တခြားအန္တရာယ်ရှိ ရေသတ္တဝါတွေအကြောင်း ကြော်ငြာထားတဲ့ဆိုင်းဘုတ်တွေကို သတိထားစောင့်ကြည့်ပါ။ ငါးဖမ်းလှေတွေနဲ့ ခပ်ဝေးဝေးနေပါ။ ကိုယ့်မှာ သွေးထွက်နေတာရှိရင် ရေထဲမဆင်းပါနဲ့။ သင့်သွေးက ဟိုးမိုင်အဝေးက ငါးမန်းတွေကို စွဲဆောင်နိုင်ပါတယ်။ တကယ်လို့ ငါးမန်းတွေကို မြင်ပြီဆိုလည်း ရေထဲက အမြန်ဆုံး တည်တည်ငြိမ်ငြိမ်နဲ့ တက်နိုင်အောင် ကြိုးစားပါ။ ရေအောက်ထဲမှာပဲ လမ်းကို ဒရွတ်တိုက်လျှောက်ပါ။ အဲဒါက ရေထဲမှာ ကိုယ်မမြင်ရတဲ့ သတ္တဝါတစ်ကောင်ကောင်ကို ခြေထောက်နဲ့ မနင်းမိစေဖို့ ကူညီပေးနိုင်ပါတယ်။ သူတို့တွေကလည်း သင်လာနေတာကို ခံစားမိပြီး အဝေးကိုထွက်သွားပါလိမ့်မယ်။ ရေသတ္တဝါတွေကို မထိပါနဲ့။ သေဆုံးနေရင်တောင်မှ မထိတွေ့ပါနဲ့။ အန္တရာယ်ပေးနိုင်ပါတယ်။ လုံလုံခြုံခြုံ ဝတ်ဆင်ပါ။ အဝတ်အစားက ရေသတ္တဝါတွေ၊ ကျောက်ဆောင်တွေနဲ့ ထိခိုက်မိမှုကနေ ကာကွယ်ပေးပါတယ်။ သင့်အရေပြားပေါ်က ဓါတုပစ္စည်းတွေက ဂျယ်လီငါးတွေကို သူတို့ရဲ့ ဆူးတွေထုတ်လာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒါပေမယ့် နေလောင်ခံခရင်မ်မျိုးတွေက သင့်အရေပြားပေါ်က ဓါတုပစ္စည်းတွေနဲ့ ဂျယ်လီငါးနဲ့ မတွေ့ဆုံမိအောင် ကြားခံအနေနဲ့ ကာကွယ်ပေးနိုင်ပါတယ်။ ဖိနပ်စီးသွားခြင်းကလည်း ကောင်းတာပါပဲ။ ဒါပေမယ့် အင်မတန်သေးငယ်တဲ့ ရေသတ္တဝါလေးတွေဟာ သူတို့ရဲ့ ဆူးချွန်တွေနဲ့ သင့်ရဲ့ဖိနပ် သို့မဟုတ် စိုစွတ်နေတဲ့ ဝတ်စုံကို ဖြတ်ပြီး သင့်အရေပြားကို ထိခိုက်စေနိုင်တယ်ဆိုတာတော့ သိစေချင်ပါတယ်။ နောက်ပြီး လက်နှိုက်တဲ့အခါတိုင်းမှာလည်း ဂရုပြုစေချင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%a1%e1%80%86%e1%80%ad%e1%80%95%e1%80%b9%e1%81%bf%e1%80%96%e1%80%85%e1%80%b9%e1%80%b1%e1%80%85%e1%80%b1%e1%80%9e%e1%80%ac-%e1%80%84%e1%80%ab%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%82%95%e1%82%8f/
Esophageal spasm (အစာမျိုပြွန်ညှစ်အားမမှန်ခြင်း)
ပုံမှန်အားဖြင့် ပါးစပ်နဲ့ အစာအိမ်ကို ဆက်သွယ်ပေးထားတဲ့ အစာမျိုပြွန်ဟာ အစာတွေကို ရွေ့လျားဖို့ ပုံမှန်စည်းချက်နဲ့ ညှစ်အားဖြစ်ပေါ်စေပါတယ်။ တခါတရံ ညှစ်အားဟာ ပုံစံမမှန်တဲ့ အခြေအနေကြုံနိုင်ပါတယ်။ အံဝင်ခွင်ကျမရှိတတ်ဘဲ တခါတရံညှစ်အားဟာ ပြင်းထန်နေတတ်ပါတယ်။ဒီအခြေအနေကို အစာမျိုပြွန်ညှစ်အားမမှန်ခြင်း (DES) လို့ ခေါ်ပါတယ်။ အဲဒီလိုဖြစ်ရင် အစာတွေ အစာအိမ်ထဲရောက်မသွားအောင် အတားအဆီး ဖြစ်သွားစေပါတယ်။ အစာနင်တတ်ပါတယ်။တခါတရံ ညှစ်အားဟာမှန်ပေမယ့် ပုံမှန်ထက် ပိုပြီး ပြင်းထန်နေတတ်ပါတယ်။ အစာတွေဟာ အစာမျိုပြွန်ကို ဖြတ်သန်းပြီး ဝင်ရောက်သွားနိုင်ပေမယ့် အရမ်းနာကျင်ပါတယ်။သိပ်တော့မဖြစ်တတ်ပါဘူး။ အသက် ၆၀နဲ့ ၈၀ကြားအရွယ်မှာ ပိုဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။တွေ့ရများတဲ့လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။အကြောင်းအရင်းကိုတော့ မသိရပါဘူး။ ဆရာဝန်အများကတော့ အစာမျိုချတဲ့လုပ်ငန်းရဲ့ အာရုံကြောပြသနာလို့ ယူဆကြပါတယ်။ လူတချို့မှာတော့ ပူလွန်းအေးလွန်းတဲ့ အစာတွေကြောင့် ဖြစ်တတ်ပါတယ်။အောက်ပါအချက်တွေမှာ မြင့်မားစေပါတယ်။ဝိုင်နီ၊ ပူလွန်းအေးလွန်းသော အစား၊ အရည်များ စားသောက်ခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်ဟာ သင့်ကို ရောဂါရာဇဝင်မေးပြီး အောကာင်းအရင်းကို ဖော်ထုတ်ပါလိမ့်မယ်။ ဘယ်အစားအစာတွေကြောင့် ဖြစ်စေလဲ၊ အစာနင်သလို ခံစားရသလား၊ တခြားဘာတွေဖြစ်သေးလဲ၊ ဘာဆေးတွေသောက်နေလဲ စတာတွေ မေးပါလိမ့်မယ်။ရောဂါရှာဖွေမှုဟာ အစာမျိုပြွန်ဖိအားစစ်ဆေးခြင်းနဲ့ ဘေရီယမ်မျိုခြင်း စတဲ့နည်းတွေ ပါဝင်ပါတယ်။ အစာမျိုပြွန် ဖိအားစစ်ဆေးရာမှာ ပြွန်ငယ်နဲ့ ဖိအားတိုင်းကိရိယာ ပေါင်းစပ်ထားတဲ့ ကိရိယာပါပါတယ်။ ဘေရီယမ်နည်းမှာတော့ ဓါတ်မှန်ရိုက်ပါတယ်။ကုသခြင်းမှာ အစာမျိုပြွန် ညှစ်အားမမှန်စေတဲ့ တခြားအခြေအနေတွေ ပိုမဆိုးသွားအောင် ကုသခြင်း ပါဝင်ပါတယ်။ အစားအသောက်၊ နေထိုင်မှုပုံစံပြောင်းလဲရပြီး အစာအိမ်ထဲမှာ အက်ဆစ်ဓါတ်နည်းစေတဲ့ ဆေးဝါးတွေ သောက်သုံးခြင်း ပါဝင်ပါတယ်။တခြားနည်းလမ်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/esophageal-spasm-%e1%80%a1%e1%80%85%e1%80%ac%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%95%e1%80%bc%e1%80%bd%e1%80%94%e1%80%ba%e1%80%8a%e1%80%be%e1%80%85%e1%80%ba%e1%80%a1%e1%80%ac%e1%80%b8%e1%80%99/
အဝေးမှုန် လား ....... ဒါတွေစားပေးပါ။
မျက်လုံးက အနီးဆိုရင် ကောင်းကောင်း မြင်ရပေမယ့် ခပ်ဝေးဝေးရောက်သွားရင် သဲသဲကွဲကွဲ မမြင်ရတော့ဘူး။ အဝေးက စာတွေကို လှမ်းဖတ်ရင် ဝါးနေတာ၊ ပုံတွေကို ရေးရေးပဲမြင်ရတာတွေ ဖြစ်နေပြီလား။ ကားနံပါတ်တွေကို မသဲကွဲတာမျိုး ဖြစ်နေပြီလား။ ဒါဆိုရင်တော့အဝေးမှုန်နေတာပါ။ဒီတော့ အဝေးမှုန် တာကို သက်သာစေဖို့ဘာတွေ စားရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။မျက်စိ အဝေးမှုန်တာကမွေးရာပါမဟုတ်ဘူး။ အရွယ်ရောက်မှ ဖြစ်တာဆိုရင် သက်သာစေဖို့အစားအသောက်လေးတွေဆေးဝါးလေးတွေနဲ့ ကုသလို့ ရပါတယ်။ ဒီတော့ အဝေးကအရာတွေကို ဝါးတားတားပဲ မြင်နေရတဲ့ အဝေးမှုန်တာကို သက်သာစေဖို့ ဘာတွေ စားပေးရမလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ဆယ်လ်မွန်၊ တူနာ၊ မက်ကာရယ်တို့လိုမျိုးomega-3 fatty acidsကြွယ်ဝတဲ့ အစားအစာတွေကို စားပေးဖို့ လိုပါမယ်။ ဒီပင်လယ်ငါးတွေက မျက်လုံးကို ကျန်းမာစေပြီးအမြင်အာရုံ ပြဿနာတွေကို သက်သာစေနိုင်ပါတယ်။ပုံမှန် စားသုံးပေးမယ်ဆိုရင် အဝေးမှုန်တာကို သက်သာစေနိုင်သလိုအသက်အရွယ်ရလာတဲ့အခါခံစားရနိုင်တဲ့ အမြင်အာရုံ ပြဿနာတွေကိုလည်း ကာကွယ်ပေးပါတယ်။ရေတိမ်ဖြစ်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ကိုက်လန်၊ ဟင်းနုနွယ်၊ မုန်ညှင်းစိမ်း စတဲ့ ဟင်းရွက်တွေမှာ မျက်လုံးအတွက် အရေးပါတဲ့ အာဟာရဓာတ်တွေဖြစ်ကြတဲ့luteinနဲ့ zeaxanthin တို့ ပါဝင်နေပါတယ်။ ဒီအာဟာရဓာတ်တွေက မျက်လုံးနဲ့အမြင်အာရုံကိုဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။အဝေးမှုန်တာ သက်သာစေသလို ရေတိမ် မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ကြက်ဥ၊ ဘဲဥ၊ ငုံးဥတို့လိုမျိုး ဥအမျိုးမျိုးမှာဗီတာမင် Aကြွယ်ဝစွာ ပါဝင်နေတာကြောင့် အမြင်အာရုံကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ အဝေးမှုန်တာကို သက်သာစေနိုင်သလိုကြက်မျက်သင့်တာ၊မျက်လုံးခြောက်တာတွေကိုလည်း ကာကွယ်ပေးပါတယ်။ အမြင်အာရုံ ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။မုန်လာဥနီမှာ ဗီတာမင် A-နဲ့ကာရိုတီးနွိုက်ကြွယ်ဝစွာ ပါဝင်နေတာကြောင့် မျက်လုံးရဲ့ လုပ်ဆောင်မှုတွေကို ကောင်းမွန်စေပြီး အမြင်အာရုံကို ကျန်းမာစေသလို အဝေးမှုန်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။စတော်ဘယ်ရီ၊ ဘလူးဘယ်ရီတို့လိုမျိုး ဘယ်ရီသီးတွေကဗီတာမင် Cကြွယ်ဝတာကြောင့်ကိုယ်ခံအား ကောင်းစေနိုင်သလိုမျက်စိနာတာ၊ မျက်လုံးပိုးဝင်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို အမြင်အာရုံ ကျန်းမာစေဖို့ နဲ့ အဝေးမှုန်တာ သက်သာစေဖို့လည်း ထောက်ကူပေးပါတယ်။အယ်လ်မွန်သီး၊ ပီစတာချီယို၊သစ်ကြားသီး စတဲ့ အခွံမာသီးတွေကဗီတာမင် Eကြွယ်ဝစွာ ပါဝင်နေသလို ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝစွာ ပါဝင်တာကြောင့် မျက်လုံးကို ကျန်းမာစေသလို အဝေးမှုန်တာကို သက်သာစေမှာပါ။အနီရောင် အသားဖြစ်တဲ့ အမဲစားနဲ့ ကမာကောင်မှာ မျက်လုံးကို အားဖြစ်စေနိုင်တဲ့ ဇင့် ပါဝင်နေတာကြောင့် မျက်လုံးကို နေရောင်နဲ့ အခြားသော အလင်းတွေကြောင့် ထိခိုက်မှုကနေ ကာကွယ်ပေးသလို အဝေးမှုန်တာ၊ ကြက်မျက်သင့်တာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ဒါတွေအပြင်ရွှေဖရုံသီး၊ လိမ္မော်သီးတို့လိုမျိုး အသီးတွေကလည်း အမြင်အာရုံ ကျန်းမာစေပြီး အဝေးမှုန်တာ သက်သာစေဖို့ ထောက်ကူပေးပါတယ်။အဝေးမှုန် လား …….. သက်သာအောင်လို့ အခုပြောပြခဲ့တာလေးတွေကို နေ့စဉ် စားသုံးမှုမှာ ၂ မျိုးလောက် ပါဝင်အောင် ပုံမှန်လေး စားသုံးပေးပါ။ လိုအပ်တဲ့ စစ်ဆေး ကုသမှုတွေကိုလည်း ခံယူပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/special-diets/best-foods-for-myopia/
အနာတွင်ပိုးဝင်ခြင်း
သင့်ကလေးရဲ့ အရေပြားမှာ ပေါက်ပြဲမှု ဖြစ်သွားရင် ပိုးဝင်ခြင်းရဲ့ လက္ခဏာတွေ ရှိမရှိကို စောင့်ကြည့်ပါ။ ရှိခဲ့ရင်တော့ ပိုးသတ်ဆေးတွေ သောက်ဖို့ လိုပါမယ်။ အများအားဖြင့် ဒဏ်ရာရပြီး ၂၄နာရီကနေ ၇၂နာရီအတွင်း အနာပိုးဝင်မှုအများဆုံး ဖြစ်တတ်ပါတယ်။အနာပိုးဝင်သွားရင် ရဲလာမယ်၊ ရောင်လာမယ်၊ ထိလိုက်တာနဲ့ နာမယ်၊ ပြည်ထွက်မယ်။ အနာရဲ့အနားသတ်နားမှာပဲ ပန်းရောင်ဖြစ်နေတာ၊ ရောင်နေတာတွေကတော့ ပုံမှန်ပါပဲ။ အထူးသဖြင့် အနာကို ချုပ်ထားပြိးရင် ဖြစ်တတ်ပါတယ်။ ဒါပေမယ့် နီရဲနေတဲ့နေရာကို တခြားကို မပျံ့နှံ့ဖို့တော့ လိုပါတယ်။ ဒါဆိုရင် စိတ်ပူစရာ မလိုပါဘူး။ နာကျင်မှုကတော့ သာမန်အားဖြင့် ဖြစ်တတ်ပါတယ်။ ဒုတိယနေ့လောက်မှာ အဆိုးဆုံးဖြစ်တတ်ပြီး နောက်ပိုင်းမှာတော့ သက်သာသွားပါမယ်။ ပိုးဝင်သွားမယ်ဆိုရင်တော့ အနာမှာတင်မကတော့ဘဲ ပြန်ရည်ကြောတစ်လျှောက်မှာ ရောင်ရမ်းနာကျင်မှုတွေ ဖြစ်တတ်ပါတယ်။ သွေးကြောထဲအထိ ပိုးတွေပျံ့နှံ့ကုန်ရင်တော့ အဖျားပါဝင်လာပါမယ်။ အနာကျက်ရင် ပုံမှန်အားဖြင့် ထိခိုက်မိတဲ့နေရာတစ်လျှောက်မှာ ရှိနေတဲ့ ပြန်ရည်ကြောတစ်လျှောက် နာကျင်မှုတွေ ခံစားရနိုင်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။အနည်းအပါး နီရဲတာလောက်ကို ဆား လက်ဖက်ရည်ဇွန်း၂ဇွန်းနဲ့ ရေနဲ့ရောပြီး တစ်နေ့ကို ၃ကြိမ်၊ တစ်ကြိမ်ကို ၁၅မိနစ်ခန့် စိမ်ပေး၊ ဖိပေးပါ။ ပြီးရင် ခြောက်သွေ့အောင် ထားပါ။ ချုပ်ပြီးတဲ့အနာကို ဒါမျိုးမလုပ်ဖို့ လိုပါတယ်။ ပိုးဝင်တတ်လို့ပါ။အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ကလေးရဲ့ ဆရာဝန်နဲ့ ချက်ချင်း ဆက်သွယ်သင့်ပါတယ်။• အနာက အလွန်အမင်း နာကျင်ရင်။• အကြောင်းရင်းမရှိဘဲ ဖျားရင်။• အနာနားမှာ နီရဲမှုတွေ ဖြစ်နေရင်။• အနာပိုးဝင်ခြင်းက မျက်နှာမှာ ဖြစ်နေရင်။• သင့်ကလေးက အလွန်ကို ဖျားနာနေရင်။အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ကလေးရဲ့ ဆရာဝန်နဲ့ ၂၄နာရီအတွင်း ဆက်သွယ်သင့်ပါတယ်။• အနာမှာ ပြည်တွေ့ရင်၊ ပြည်ထွက်လာရင်။• အရေပြားကို ချုပ်ထားတဲ့ ချုပ်ရိုးတစ်လျှောက် အမဲစက်တွေ တွေ့ရင်။• ဒုတိယနေ့ထက် နောက်ရက်တွေမှာ ပိုမိုနာကျင်နေရင်။• သင့်ကလေးကို ဆရာဝန်ပြသင့်တယ်လို့ ထင်ရင်။အနာပိုးဝင်ခြင်းကို ကာကွယ်ဖို့ အနာဖြစ်တာနဲ့ ဆပ်ပြာ၊ ရေတို့နဲ့ ၅မိနစ်ကနေ ၁၀မိနစ်ကြာအောင် သေချာဆေးပါ။ ထိုးသွင်းဒဏ်ရာတွေကို ရေနွေးထဲ ၁၅မိနစ်ခန့် စိမ်ထားပါ။ တတ်နိုင်သမျှ ဖြစ်ဖြစ်ချင်း လုပ်ဖို့ လိုပြီး အချိန်ကြာတာနဲ့အမျှ ပိုးဝင်နိုင်ချေလည်း များပါတယ်။ သန့်ရှင်းရေးလုပ်ပြိးတဲ့အခါ ပိုးသတ်ဆေးတခုခု လိမ်းထားနိုင်ပါတယ်။ သင့်ကလေးကို ပိုးကောင်ကိုက်ခံရတဲ့၊ ခြစ်ခံရတဲ့နေရာတွေကို မကိုင်ဖို့ ပြောပါ။ အနာကို ပါးစပ်နဲ့ မထိတွေ့မိဖို့လည်း သိပ်အရေးကြီးပါတယ်။ ပါးစပ်ထဲက ပိုးတွေက အနာထဲ ဝင်သွားနိုင်လို့ပါ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%a1%e1%80%94%e1%80%ac%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%81%80%e1%80%84%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
တိတိကျကျ ပြောမရသောမြွေကိုက်ခံရခြင်း
တစ်ခါတစ်လေမှာ ကလေးမြွေကိုက်ခံရတာကို မိဘတွေက သိတဲ့အချိန်မှာ မြွေက မရှိတော့ပါဘူး။ တစ်ခါတစ်ခါကျတော့လည်း မြွေက အသတ်ခံလိုက်ရပြီး ဘာမြွေရယ်လို့ တိတိကျကျ ပြောရခက်သွားပါတယ်။ (တကယ်လို့ သေသွားတာ သေချာရင်တော့ ဆေးခန်းသွားပြတဲ့အခါ ကိုယ်နဲ့တစ်ပါတည်း ယူသွားသင့်ပါတယ်) အများအားဖြင့်တော့ အန္တရာယ်မရှိနိုင်ဘဲ ကိုက်ခံရပြီး ၅မိနစ်အတွင်းမှာ နီရဲရောင်ရမ်းပြီး ပူလာတယ်ဆိုရင်တော့ ဆေးခန်းပြသင့်ပါတယ်။အဆိပ်ကို ထိုးသွင်းခံလိုက်ရပြီးတဲ့နောက်မှာ ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့။• စိတ်တွေ ရှုပ်ထွေးလာမယ်၊ ခေါင်းမူးဝေမယ်၊ သတိလစ်မယ်။• ပါးစပ်၊ နှာခေါင်း၊ အနာကနေ သွေးထွက်မယ်။• သွေးအန်မယ်၊ ဆီးနဲ့ဝမ်းထဲမှာ သွေးပါလာမယ်။• ပြင်းပြင်းထန်ထန် နာမယ်။• ရောင်မယ်၊ နီရဲလာမယ်၊ အညိုကွက်တွေ ဖြစ်လာမယ်၊ ကိုက်ခံရတဲ့နေရာကနေ တဖြည်းဖြည်း ကျယ်ပြန့်လာမယ်။• ကြွက်သားတွေ အကြောသေပြီး အသက်ရှူရ ခက်လာမယ်။အကောင်းဆုံးကတော့ မြွေကိုက်ခံရပြီဆိုတာနဲ့ လက္ခဏာတွေ ဆိုးဆိုးရွားရွားမဖြစ်သေးရင်တောင် နီးစပ်ရာ ဆေးရုံဆေးခန်းမှာ ပြသသင့်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေက သင့်ရဲ့ ရောဂါလက္ခဏာပေါ် မူတည်ပြီး ဘာအဆိပ်သင့်တယ်ဆိုတာကို ပြောပြပေးနိုင်ပါတယ်။• မြွေပေါက်ထားတဲ့အရာတွေ တွေ့နေရင်။• ကိုက်ခံရတဲ့နေရာက ပူနေသလို ခံစားရရင်၊ နာရင်၊ ရောင်ရမ်းနေရင်။• သွေးဖုတွေ၊ ခရမ်းရောင်အစက်တွေ ရှိနေရင်။• ကလေးက ဖျားနေရင်၊ နွမ်းနေရင်။• သင့်အနေနဲ့ သင့်ကလေးကို ဆေးခန်းပြသင့်တယ်လို့ ထင်ရင်။မြွေကိုက်မခံရဖို့အတွက်။မြွေများပုန်းအောင်းနေနိုင်တဲ့နေရာများကို ရှောင်ပါ။ (ဥပမာ ကျောက်တုန်းအောက်လိုနေရာမျိုးတွေ)။အဆိပ်မရှိဘူးဆိုရင်တောင်မှ ကိုယ့်မှာကျွမ်းကျင်မှု မရှိဘူးဆိုရင် မြွေနဲ့ကစားတာမျိုးတွေ မလုပ်ပါနဲ့။တကယ်လို့ ကိုယ်က တောင်တက်လေ့ရှိသူဆိုရင် မြွေကိုက်တာနဲ့ ကုသမှုပေးနိုင်အောင် လက်ဆွဲအိတ်ဆောင်ထားပါ။ သက်တမ်းလွန်နေတဲ့ အိတ်တွေ မသုံးမိဖို့တော့ လိုပါတယ်။မြွေကို သွားမစပါနဲ့။ အဲ့လိုစလိုက်ရင် မြွေက ပိုပြီး ပြင်းပြင်းထန်ထန် ကိုက်လေ့ရှိပါတယ်။မှောင်တဲ့နေရာတွေ သွားတဲ့အခါ တစ်နေရာရာထဲ မဝင်မီ တုတ်နဲ့အသံပေးပါ။ ဒါဆိုရင် မြွေက ကိုယ့်ကို ရှောင်သွားပါလိမ့်မယ်။မြွေပေါတဲ့နေရာတွေဆီ သွားမယ်ဆိုရင်တော့ ဘောင်းဘီရှည်ဝတ်တာ၊ လည်ရှည်ဖိနပ်စီးတာမျိုးတွေ လုပ်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%90%e1%80%ad%e1%80%90%e1%80%ad%e1%80%80%e1%80%ba%e1%80%80%e1%80%ba-%e1%80%b1%e1%81%bf%e1%80%95%e1%80%ac%e1%80%99%e1%80%9b%e1%80%b1%e1%80%9e%e1%80%ac%e1%80%b1%e1%81%bf%e1%80%99%e1%80%bc-%e1%80%80/
အစားလည်း မလျှော့ဘဲနဲ့ မနက်ဆို ဘာ့ကြောင့် ဗိုက်တွေဆာပြီး နိုးလာရတာလဲ ။ ။
အစားလျှော့နေလို့ ညစာမစားလို့ မနက်ပိုင်း ဗိုက်တွေဆာပြီးနိုးလာတယ်ဆိုထားပါတော့။ ခုဟာက ပုံမှန်လည်းစားနေရက်သားနဲ့ မနက်မျက်လုံး ပွင့်လာတာနဲ့ ဗိုက်ကြီးက ဟာတာတာနဲ့ ဆာနေတယ်ဆိုတာ ဘာတွေကြောင့် ဖြစ်ရတာလဲ။ အစာအိမ်ရောဂါများရနေပြီလား ။ ။အများအားဖြင့် ပုံမှန် ဗိုက်အဆာဆုံးအချိန်က ညနေခင်းပါ။ဗိုက်ဆာမှု အနည်းဆုံး အချိန်တွေကတော့ မနက်ခင်းနဲ့ ညပိုင်းအချိန်တွေပါ။ ဒါပေမယ့် တချို့လူတွေအတွက်တော့ ဒီ အနည်းဆုံးဖြစ်တဲ့ ညသန်းခေါင်းကျော်နဲ့ မနက်အစောပိုင်း အချိန်တွေမှာ ဗိုက်ဆာတာမျိုးဖြစ်တတ်တာက ဒါတွေ ကြောင့် ဖြစ်နိုင်ပါတယ် ။အိပ်ရာဝင်ခါနီး ၁ နာရီ ၂ နာရီလောက်အလိုမှာသရေစာဖြစ်ဖြစ်၊ ဗိုက်ပြည့်အောင်ဖြစ်ဖြစ် တင်းနေအောင် စားလိုက်ရင် မနက်နိုးလာတဲ့အချိန် ဗိုက်ဆာနေတော့မှာပါ။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းက အိပ်ခါနီး အစာစားလိုက်လို့ တက်သွားတဲ့သွေးတွင်း သကြားဓာတ်တွေ ပုံမှန်ပြန်ရောက်အောင်အင်ဆူလင်တွေ အများကြီးထွက်လာပါတယ်။ ထွက်လာတဲ့ အင်ဆူလင်တွေက သကြားဓာတ်တွေကို ဆဲလ်ထဲ အကုန်သွင်းလိုက်တာကြောင့် သွေးတွင်းမှာ သကြားဓာတ်တွေနည်းသွားပြီး မနက်ရောက်လာတဲ့အခါ ဗိုက်ဆာနေတာဖြစ်ပါတယ်။အိပ်ရေးမဝတဲ့အခါ ကမောက်ကမဖြစ်သွားတဲ့ သွေးတွင်းသကြားဓာတ်က တစ်ကြောင်း၊ အိပ်ချိန်နောက်ကျရင် ထွက်လာတတ်တဲ့ghrelinဟော်မုန်းကြောင့် ဗိုက်ဆာမှာကတစ်ကြောင်းနဲ့ မနက်ပိုင်းနိုးလာတဲ့အချိန် ဗိုက်ကြီးက ဆာနေတော့မှာပါ။ဓမ္မတာလာခါနီးရင် ဖြစ်တတ်တဲ့ ဟော်မုန်းအပြောင်းအလဲတွေကြော့င် ကိုယ့်တွင်းဇီဝကမ္မဖြစ်စဉ်တွေ ပြောင်းလဲပြီး မနက်အိပ်ရာနိုးနိုးချင်း ဗိုက်ဆာတာမျိုးဖြစ်တတ်ပါတယ်။ညဘက် အိပ်ကောင်းနေတဲ့အချိန် ဆီးထ မသွားချင်တာကြောင့် အိပ်ခါနီးရေဆာပေမယ့် ရေမသောက်လိုက်ဘဲ အိပ်ရာဝင်တဲ့အခါ မနက်နိုးလာချိန် ဗိုက်ဆာနေတတ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ရေဆာတဲ့ခံစားမှုနဲ့ ဗိုက်ဆာတဲ့ ခံစားမှုကို မနက်နိုးတဲ့အချိန် မခွဲနိုင်သေးတာကြောင့်ပါ။ ဒါ့ကြောင့်နိုးနိုးချင်း ရေကို တစ်ဝလောက်သောက်ချလိုက်ပါ။ ရေသောက်လိုက်လို့ ဗိုက်ပြည့်သွားရင် ဒါရေဆာနေတာပါ။စိတ်ဖိစီးမှုတွေ များလွန်းရင် ထွက်လာတဲ့ cortisol ဟော်မုန်းက ဆာလောင်ခြင်းကို အားပေးတာကြောင့် မနက်ပိုင်း ဗိုက်တွေဆာပြီး နိုးလာတတ်ပါတယ်။ညနေပိုင်း လေ့ကျင့်ခန်းလုပ်ဖို့ မအားလို့ပဲ ဖြစ်ဖြစ်၊ ညဘက်အိပ်ကောင်းအောင် ဖြစ်ဖြစ် လေ့ကျင့်ခန်းလုပ်တဲ့အခါ သွေးတွင်း သကြားဓာတ်တွေ ကုန်သွားလို့ မနက်နိုးလာတဲ့အချိန် ဗိုက်ဆာတာမျိုး ဖြစ်တတ်ပါတယ်။ကိုယ်က ညည ဗိုက်ဆာတတ်တဲ့သူဆိုရင် အစားတွေကို အရမ်းအပြည့်ကြီး မစားဘဲ အပေါ့စားသရေစာလေးတွေ လောက်ပဲ စားပေးပါ။ သကြားများတာ ကစီဓာတ်များတွေရှောင်ပြီး အသီးအရွက်များများစားပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/wake-up-hungry/
နေလောင်ခံရ ပြီဆိုရင် ရှားစောင်းလက်ပပ်ကို သတိရလိုက်ပါ
ရှားစောင်းလက်ပပ်ဆိုတာ ကျွန်တော်တို့အသားအရေအတွက်တော့ နတ်ဆေးတစ်ပါးပါပဲ။ အလှအပအတွက်လည်း သုံးနိုင်သလို ဝက်ခြံ၊ အမာရွတ်၊ ဒဏ်ရာ၊ ရာသီအကူးအပြောင်းမှာ ဖြစ်တဲ့ အရေပြားပြဿနာတွေအပြင် နေလောင်ခံရ လို့ ပျက်စီးနေတဲ့ အသားအရေကို ပြန်လည်ကုသပေးတဲ့နေရာမှာလည်း အသုံးဝင်တယ်နော်။ သူ့မှာပါဝင်တဲ့ ဂျယ်လ်အနှစ်ကအရေပြားကို အေးမြစေပြီး အသားအရေကို ကြည်လင်ဝင်းပလာစေတယ်။ ဘက်တီးရီးယားပိုးတွေကိုလည်း တိုက်ထုတ်ပေးနိုင်လို့ မလိုလားအပ်တဲ့ အဖုအပိမ့်တွေဖြစ်လာမှာကိုလည်း ပူစရာမလိုတော့ဘူးပေါ့။ကမ်းခြေသွားလို့ တစ်နေကုန် နေပူစာလှုံပြီး ပြန်လာတာ၊ အပြင်မှာ နေပူမရှောင် မိုးရွာမရှောင် သွားပြီးသွားလို့ အိမ်ပြန်ရောက်ပြီဆိုရင် အသားက နီရဲပြီး စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ ထိလိုက်တာနဲ့ အသားက ပူခြစ်နေတာ၊နေလောင်ဒဏ်ခံတာများသွားတဲ့အချိန်တွေဆိုရင် အရည်ကြည်ဖုတွေ ထွက်လာတာ၊အရေပြားယားယံလာတာတွေပါ ဖြစ်နိုင်တယ်နော်။ရှားစောင်းလက်ပပ်ရဲ့ အာနိသင်က နေလောင်ခံရပြီး ကျန်ခဲ့တဲ့ လက္ခဏာတွေကိုလည်း သက်သာစေသလို ပျက်စီးသွားတဲ့အသားအရေကို ပြန်လည်ပြုပြင်ပေးတယ်။ အရေပြားဆဲလ်အဟောင်းတွေကို ကွာကျစေပြီး ဆဲလ်အသစ်တွေ အလျင်အမြန်ထွက်လာစေလို့ နဂိုအသားအရောင်အတိုင်း ပြန်ရအောင် ကူညီပေးတယ်။သဘာဝကရတဲ့ ရှားစောင်းလက်ပပ်ဖြစ်စေ၊ ရှားစောင်းလက်ပပ်ပါဝင်တဲ့ အသားအရေထိန်းပစ္စည်းတွေဖြစ်စေ ရေခဲသေတ္တာ သို့မဟုတ် အေးမြတဲ့ နေရာမှာ သိမ်းထားပြီးမှ အသုံးပြုတာ အကောင်းဆုံးပါပဲ။၁။ ကိုယ့်အိမ်မှာရှားစောင်းလက်ပပ်အပင်စိုက်ထားတာရှိရင် တစ်ခက်လောက် ချိုးပြီး ထွက်လာတဲ့ အကြည်ရောင် စေးကပ်ကပ်ဂျယ်လ်အနှစ်တွေကို နေလောင်ခံရတဲ့ အရေပြားတစ်ဝိုက် စက်ဝိုင်းပုံစံ လိမ်းပေးရမှာပါ။ ၁၀ မိနစ်လောက်နေရင်တော့ ရေဆေးချလိုက်ရုံပါပဲ။ကိုယ်က အပင်မစိုက်ထားဘူးဆိုရင် နီးစပ်ရာ ဆိုင်တွေကနေ ဝယ်ပြီး အသုံးပြုလို့ရပါတယ်။ သတိထားဖို့က လတ်လတ်ဆတ်ဆတ် ရှားစောင်းလက်ပပ်တွေကိုပဲ အသုံးပြုဖို့နဲ့ မသုံးခင်မှာ ရေခဲသေတ္တာထဲ အေးနေအောင် အရင်ထည့်ထားဖို့ပါပဲ။၂။ ဒီဘက်ခေတ် အလှကုန်နဲ့ အသားအရေထိန်းပစ္စည်းတွေမှာ ရှားစောင်းလက်ပပ်ကို မဖြစ်မနေ ထည့်သွင်းလာကြပါပြီ။ ကိုယ်က သဘာဝအတိုင်းလုပ်ဖို့ အချိန်မပေးနိုင်ဘူးဆိုရင် ဒီပစ္စည်းတွေကို ဝယ်သုံးလို့လည်း အဆင်ပြေပါတယ်။အဓိက အသားအရေကိုအစိုဓာတ်နဲ့ ရေဓာတ်ပြန်ဖြည့်ပေးဖို့အတွက် Lotion သို့မဟုတ် အစိုဓာတ်ထိန်းခရင်မ်တွေကို သုံးပေးရမှာပါ။ လိုသလောက် ပမာဏကို လက်ထဲထည့်ပြီး နေလောင်ခံထားရတဲ့နေရာတစ်ဝိုက် ပါးပါးလေးလိမ်းပေးရမှာပါ။၃။ သဘာဝအတိုင်း ရတဲ့ ရှားစောင်းလက်ပပ်ဂျယ်လ်ကို စားပေးလို့လည်း ရပါတယ်။ အရေပြားအောက်ဆုံးလွှာမှာ ဖြစ်နေတဲ့ ပူစပ်ပူလောင်ဖြစ်တာ၊ နီရဲတာကို သက်သာစေပြီး ကိုယ်တွင်းအပူကို အေးမြစေတယ်။ ဗီတာမင်နဲ့ အာဟာရဓာတ်တွေလည်း ဖြည့်ပေးပါတယ်။ဒါပေမယ့် မစားခင်မှာ ရှားစောင်းလက်ပပ်အခက်ကို ရေနဲ့ သေချာပြောင်စင်အောင် ဆေးရပါမယ်။ အစေးထုတ်ရမယ်။ ပြီးသွားမှ လတ်လတ်ဆတ်ဆတ် ညှစ်ပြီး စားရုံပါပဲ။ရှားစောင်းလက်ပပ်ကို နေလောင်ဒဏ်အတွက် အရေးပေါ် အိမ်တွင်းဆေးဝါးအဖြစ် သုံးစွဲကြပြီး သိပ်မပြင်းထန်တဲ့ အခြေအနေမျိုးမှာ အလျင်အမြန် ဝေဒနာသက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။ တော်တော်လေးကို ပြင်းထန်တဲ့အခြေအနေမျိုးမှာတော့ ဆရာဝန်နဲ့ အရင်ဆုံးပြသဖို့ လိုအပ်ပါတယ်။သိပ်ပြီးမပြင်းထန်တဲ့ အခြေအနေမျိုးအတွက် အရင်ဆုံး အိမ်ပြန်ရောက်ပြီဆိုရင် ချွေးခြောက်အောင်သုတ်ပါ။ နေလောင်ခံထားရတဲ့နေရာကို ရေခဲဝတ်ကပ်ပေးတာ၊ ရေအေးချိုးတာမျိုး လုပ်ပေးပါ။ နေလောင်ခံရတဲ့ အရေပြားကို မခြောက်တခြောက် သုတ်ပြီးသွားရင် ရှားစောင်းလက်ပပ်အနှစ်ဖြင့် လိမ်းပေးပါ။ ပြီးသွားမှ ရေနဲ့ ပြန်ဆေးပေးပါ။နာကျင်ကိုက်ခဲမှု သက်သာသွားအောင် ibuprofen အကိုက်အခဲပျောက်ဆေး သောက်လို့ရပါတယ်။ အရည်ကြည်ဖုထွက်လာရင်တော့ မဖောက်လိုက်ပါနဲ့။ အရေပြားကို သေချာလေး ဂရုစိုက်ပေးရင် သူ့အလိုလို ချပ်သွားပါလိမ့်မယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/aloe-vera-for-sunburn/
Mallory-Weiss Tear (Mallory-Weiss tear)
အချိန်ကြာရှည်စွာ ဆိုးဆိုးရွားရွားအော့အန်နေမယ်ဆိုရင် အစာအိမ်နှင့် လည်ချောင်းကို ဆက်ပေးထားသောပြွန်တစ်ခုဖြစ်သည့် အစာရေပြွန်အတွင်းပိုင်းနံရံတွေမှာ ပေါက်ပြဲမှုတွေရှိလာနိုင်ပါတယ်။ Mallory-Weiss tear ဆိုတာ အစာရေပြွန်နဲ့ အစာအိမ်ဆုံတဲ့နေရာ အတွင်းပိုင်းနံရံတွေမှာ ပေါက်ပြဲခြင်းကို ခေါ်တာပါ။ စုတ်ပြဲမှုအများစုကတော့ ကုသမှုရှိရှိမရှိရှိ၇ရက်၁၀ရက်အတွင်းမှာ ပြန်ကောင်းသွားကြသော်လည်း Mallory-Weiss tearကတော့ သွေးအလွန်ထွက်စေနိုင်ပါတယ်။ စုတ်ပြဲမှု၏ ဆိုးရွားမှုအပေါ်မူတည်ပြီး ခွဲစိတ်မှုလည်းလိုအပ်နိုင်ပါတယ်။ယောက်ျားများ အထူးသဖြင့် အရက်သမားများမှာ ပိုဖြစ်တတ်ပါတယ်။ အမျိုးသားရှားပါးရောဂါအဖွဲ့အစည်းရဲ့အဆိုအရ အသက်၄၀နဲ့၆၀ကြားလူတွေမှာ ဖြစ်နိုင်ခြေများတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း တစ်ခါတစ်ရံ ကလေးတွေနဲ့ လူငယ်တွေမှာ တွေ့ရတာလည်းရှိပါတယ်။နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။အတွေ့များတဲ့ ရောဂါလက္ခဏာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။ဗိုက်အောင့်ခြင်း။ဆိုးဆိုးရွားရွားအန်ခြင်း။Hematemesis လို့ခေါ်သော သွေးအန်ခြင်း။အလိုလိုပျို့နေခြင်း။အန်လိုက်သောသွေးသည် မဲပြီးခဲနေတာလည်းဖြစ်နိုင်သလို လတ်ဆတ်မယ်ဆိုရင် နီနေနိုင်ပါတယ်။ ကော်ဖီရောင်ဖြစ်နိုင်ပါတယ်။ မစင်မှာမဲနေပြီး ကတ္တရောင်ဖြစ်နေနိုင်ပါတယ်။ ထိုလက္ခဏာတွေရှိနေပြီဆိုရင် အရေးပေါ်ဆေးကုသမှုခံယူပါ။ တချို့အခြေအနေတွေမှာ သွေးထွက်များပြီး အသက်အန္တရယ်ရှိနိုင်ပါတယ်။Mallory-Weiss tear တိုင်းမှာတော့ လက္ခဏာပြမှာမဟုတ်ဘူးဆိုတာ သိထားရပါမယ်။ နည်းနည်းပဲပေါက်ပြဲတဲ့အခြေအနေတွေမှာဆို သွေးအနည်းငယ်သာထွက်ပြီး မြန်မြန်အနာကျက်သွားတာကြောင့် လက္ခဏာမပြတတ်ပါဘူး။အထက်တွင်မဖော်ပြထားသော လက္ခဏာများလည်းရှိနိုင်ပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ ပတ်သတ်ပြီး သိချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့်ဆွေးနွေးတိုင်ပင်ပေးပါ။အထက်တွင်ဖော်ပြထားသောလက္ခဏာတွေရှိမယ် ဒါမှမဟုတ် မေးစရာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပါ။ လူတစ်ယောက်နဲ့တစ်ယောက်ဟာ ခန္ဓါကိုယ်တုံ့ပြန်ပုံချင်းမတူညီကြပါဘူး။ သင့်အခြေအနေအတွက်ဘာက အသင့်တော်ဆုံးလဲဆိုတာ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါပဲ။အများစုကတော့ အချိန်ကြာမြင့်စွာ ဆိုးဆိုးရွားရွားအန်လို့ဖြစ်ရတာပါ။ အော့အန်တာတွေက နာမကျန်းဖြစ်ခြင်းတွေနဲ့ တွဲပါတယ်။ အရက်သမားတွေ၊ အစာအလွန်စားသောရောဂါရှိတဲ့သူတွေမှာလည်း ဖြစ်နိုင်ပါတယ်။အော့အန်ခြင်းဟာ အဓိကအကြောင်းအရင်းဖြစ်သော်လည်း အောက်ပါတို့ကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ရင်ဘတ်တို့၊ ဝမ်းဗိုက်တို့ကို ထိခိုက်မိခြင်း။အချိန်ကြာမြင့်စွာ ဆိုးဆိုးရွားရွား ကြို့ထိုးခြင်း။ပြင်းပြင်းထန်ထန်ချောင်းဆိုးခြင်း။အလေးမခြင်း၊ ညစ်ခြင်း။အစာအိမ်ရောင်ခြင်း။အစာအိမ်က ရင်ဝမ်းခြားကြွက်သား၏ အစာရေပြွန်ထွက်သည့် အပေါက်မှ ထိုးထွက်နေခြင်း (Hiatal hernia)။CPR အလုပ်လွန်သောကြောင့် အစာရေပြွန်စုတ်ပြဲခြင်း။Mallory-Weiss tear ဖြစ်နိုင်ခြေမြင့်မားစေတဲ့အရာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။အစာအိမ်မှ အက်စစ်ထုတ်လုပ်မှုများပြားစေသည့် ရှားပါးကျူမာရောဂါတစ်မျိုးဖြစ်သော Zollinger-Ellison syndrome ။ နာတာရှည်အနာတွေဖြစ်ပေါ်စေပါတယ်။နာတာရှည်အစာအိမ်ရောင်ခြင်း။ အနာလိုအရာမျိုးတွေဖြစ်ပြီး အစာအိမ်ရောင်နေခြင်းဖြစ်ပါတယ်။အစာရေပြွန်ပေါက်ခြင်း။အော့အန်ခြင်းကြောင့် အစာရေပြွန်ပေါက်သောရောဂါဖြစ်သည့် Boerhaave’s syndrome။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ထိုရောဂါရှိနေမယ်လို့ သံသယရှိရင် ဆရာဝန်က ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုများနဲ့ အခြားစစ်ဆေးမှုများ ပြုလုပ်ပါလိမ့်မယ်။ ရောဂါလက္ခဏာက အစာရေပြွန်မှာ သွေးထွက်နေတယ်လို့ပြနေရင် EGD လို့ခေါ်တဲ့ မှန်ပြောင်းထိုးကြည့်သည့်နည်းလမ်းကို အသုံးပြုပါလိမ့်မယ်။ ထိုသို့ပြုလုပ်နေစဉ်မှာ အဆင်ပြေမှုရှိရအောင် စိတ်ညိမ်ဆေးနဲ့ အနာသက်သာဆေးတွေကို သောက်ရပါလိမ့်မယ်။ ဆရာဝန်က Endoscope လို့ခေါ်တဲ့ ကင်မရာတပ်ဆင်ထားသည့် ပိုက်ပျော့လေးကို အစာရေပြွန်ကနေတစ်ဆင် အစာအိမ်ထဲထိကြည့်မှာပါ။ ထိုနည်းလမ်းက အစာရေပြွန်ကိုကြည့်ရှုဖို့နဲ့ စုတ်ပြဲတဲ့နေရာတွေကို ရှာဖွေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။သွေးနီဥအရေအတွက်ကိုသိဖို့ သွေးဆဲလ်စုစုပေါင်းအရေအတွက်ကိုရှာခြင်း(CBC) လုပ်ခိုင်းပါလိမ့်မယ်။ အစာရေပြွန်မှာ သွေးထွက်နေမယ်ဆိုရင် သွေးနီဥအရေအတွက်နည်းနေပါလိမ့်မယ်။ ထိုစစ်ဆေးမှုတွေကနေတစ်ဆင့် Mallory-Weiss tear ရှိမရှိသိနိုင်ပါတယ်။Mallory-Weiss tear ရဲ့ ၈၀နဲ့၉၀ရာခိုင်နှုန်းလောက်တို့မှာ သွေးထွက်တာ သူ့အလိုလို ရပ်သွားတတ်ကြပါတယ်။ ရက်အနည်းငယ်လောက်သာရှိပြီး ကုသမှုမလိုအပ်ကြပါဘူး။ဆိုးရွားတဲ့အခြေအနေတွေအတွက် ကုသမှုတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။ခွဲစိတ်ခြင်း။သွေးထွက်တာသူ့အလိုလိုမရပ်သွားဘူးဆိုရင်တော့ ခွဲစိတ်ဖို့လိုအပ်ပါလိမ့်မယ်။ခွဲစိတ်ကုသဖို့အတွက် ရွေးချယ်မှုတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။အနာထံသို့ ဆေးတိုက်ရိုက်ရောက်စေပြီး သွေးကြောတွေပိတ်စေကာ သွေးတိတ်စေသော Sclerotherapy ဒါမှမဟုတ် ဆေးထိုးကုသနည်း။ပေါက်ပြဲသွားသော သွေးကြောများအား အပူပေးပြီးပိတ်စေသော သွေးခဲကုသနည်း။ပေါက်ပြဲနေသော သွေးကြောများအားရှာဖွေပြီး ပိတ်စေသော Arteriography။သွေးအလွန်အကျွန်ထွက်နေပါက သွေးသွင်းခြင်း။ဆေးဝါးကုသနည်း။အစာအိမ်မှ အက်စစ်ထုတ်လုပ်မှုကို လျော့ချပေးသော Famotidine(Pepcid) ဒါမှမဟုတ် Lansoprazole(Prevacid) တို့ကို လိုအပ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ထိရောက်မှုကတော့ သိပ်ပြီးစိတ်မချရပါဘူး။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။အောက်ပါလူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက Mallory-Weiss tear ကိုရင်ဆိုင်နိုင်စေဖို့ ကူညီပေးပါလိမ့်မယ်။Hemophilia လို့ခေါ်တဲ့ သွေးမတိတ်သောရောဂါရှိနေမယ်ဆိုရင် သွေးခဏခဏထွက်နေပါလိမ်မယ်။ Mallory-Weiss tear (MWS) ကို ကာကွယ်နိုင်ဖို့ အချိန်ကြာကြာ ဆိုးဆိုးရွားရွားအော့အန်နေခြင်း၏ ရောဂါရင်းမြစ်ကို ကုသဖို့လိုအပ်ပါတယ်။ အရက်အလွန်အကျွန်သောက်ခြင်းနဲ့ အသဲခြောက်ခြင်းတွေကလည်း MWS ကို ပိုဆိုးစေနိုင်ပါတယ်။ နောက်ထပ်မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲဆိုတာ ဆရာဝန်နဲ့တိုင်ပင်ပါ။ အရက်ဖြတ်ပါ။ အရက်ရှောင်ပါ။မေးစရာတွေရှိမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုသိရှိနားလည်စေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။Hello Health Groupသည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/mallory-weiss-tear-mallory-weiss-tear/
အမျိုးသားတွေ ရင်သားဆူထွက်လာတာ ဘာကြောင့်လဲ
အမျိုးသားတွေ ရင်သားဆူထွက်လာတာ ဘာကြောင့်လဲ ….. ပတ်ဝန်းကျင်မှာ အသက်လတ်ပိုင်း အမျိုးသားတွေ ရင်သားတွေ ဆူပြီးနို့သီးခေါင်းက အရှေ့ကို ရှည်ထွက်နေတာမျိုးတွေ မြင်ဖူးမှာပါ။ ဒီလို ဖြစ်စေရတဲ့ အကြောင်းအရင်းလေးတွေကို လေ့လာလိုက်ရအောင်နော်။လူတော်တော်များများက ဒါကိုအဝလွန်တယ်၊ အသက်ကြီးလို့ ဖြစ်တယ်လို့ ထင်ကြပေမယ့် နောက်ခံအကြောင်းရင်းကတော့ ရှိသင့်ရှိထိုက်တဲ့ ကျားဟော်မုန်းတွေက နည်းနေပြီး သူ့နေရာမှာ မဟော်မုန်းတွေ များနေတာကြောင့်ပါ။ ဒီအခြေအနေကိုတော့ Gynecomastia အမျိုးသားများ ရင်သားကြီးထွားလာတဲ့ ရောဂါလို့ ခေါ်ကြပါတယ်။ရောဂါအကြောင်း မပြောခင် အရေးပါတဲ့ ဟော်မုန်း ၂မျိုးအကြောင်း အရင်ရှင်းပြပါ့မယ်။ ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေကျားဟော်မုန်း(Testosterone) နဲ့ မဟော်မုန်း (Estrogen) ဆိုပြီး ၂မျိုးလုံး ရှိပါတယ်။ ယောက်ျားလေးတွေမှာတော့ ကျားဟော်မုန်းပိုများပြီး မိန်းကလေးတွေမှာ မဟော်မုန်း ပိုများပါတယ်။ဒီဟော်မုန်း ၂မျိုးလုံးက ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အလွန်အရေးပါတယ်။လိင်စိတ်ဆန္ဒကို နှိုးဆွပေးရုံသာမက စိတ်ကျန်းမာရေးနဲ့လည်း ဆက်စပ်မှုရှိနေပါတယ်။ အဲ့လိုမဟုတ်ဘဲ ဟော်မုန်းမျှခြေတွေက ကမောက်ကမ ဖြစ်မယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာမှာပါ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။ကျားဟော်မုန်း ထုတ်လုပ်မှုအများဆုံးအချိန်ဟာလူပျိုဖော်ဝင်ကာစ ဆယ်ကျော်သက်အရွယ်ဖြစ်ပြီး အသက်အရွယ် ကြီးလာတာနဲ့အမျှ ကျားဟော်မုန်းအထွက် နည်းသွားတတ်ပါတယ်။ တချို့အမျိုးသားတွေမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ကျားဟော်မုန်းတွေ နည်းတာမျိုးတွေလည်း ရှိပါတယ်။ ကျောင်း၊ လုပ်ငန်းခွင် စိတ်ဖိစီးမှုများလွန်းတာ၊ စိတ်ကျန်းမာရေးပြဿနာတွေ၊ အိမ်တွင်းရေး၊ အချစ်ရေး အဆင်မပြေတာ၊ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချိုရောဂါ၊ ဝှေးစေ့ကင်ဆာ၊ အသည်းရောဂါ၊ ကင်ဆာကုထုံး ကုသမှုခံယူတာ၊ မတော်တဆ လိင်တံနဲ့ ဝှေးစေ့ကို ထိခိုက်မိတာ အစရှိတဲ့ အခြေအနေတွေကြောင့် နည်းသထက် နည်းသွားတတ်ပါတယ်။အဓိက အမျိုးသားတွေမှာ လိင်စိတ်ဆန္ဒ နည်းလာမယ်။သုက်ပိုးကောင်တွေ နည်းလာမယ်။ တဖြည်းဖြည်းနဲ့ လိင်တံထောင်မတ်နိုင်စွမ်းကို ထိခိုက်ပြီး ပန်းသေပန်းညှိုးဖြစ်လာမယ်။ စိတ်သွားတိုင်း ကိုယ်မပါတော့ဘဲ လိင်မှုကိစ္စဆောင်ရွက်ရမှာ စိတ်ထဲက မလိုလားတော့ဘဲ ဖြစ်လာမယ်။ ကိုယ်ခန္ဓာမှာလည်း ကြွက်သားထုနည်းသွားတာ၊ အရိုးအဆစ်တွေ အားနည်းတာ၊ ရင်သားဆူထွက်လာတာ၊ နို့သီးခေါင်းထိပ်ကနေ အရည်ကြည်တွေ စိမ့်ထွက်လာတာ၊ ဆံပင်ကျွတ်တာ အစရှိတဲ့ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ယောက်ျားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကနေ ကျားဟော်မုန်းနဲ့ မဟော်မုန်းကို နေ့စဉ်ပုံမှန်ထုတ်လုပ်ပေးပါတယ်။ ကျန်းမာရေးအခြေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် ကျားဟော်မုန်းက နည်းသွားရာကနေ မဟော်မုန်းပမာဏအောက် ရောက်သွားတဲ့အခါ ရင်သားက စတင်ကြီးလာပါတယ်။ဒီမှာပြောရမယ်ဆိုရင် Estrogen လို့ခေါ်တဲ့ မဟော်မုန်းဆိုတာ အမျိုးသမီးတွေမှာ ရင်သားကြီးလာစေဖို့၊ အရှေ့ကို ဆူထွက်လာစေဖို့နဲ့ ပြည့်ပြည့်ဖြိုးဖြိုး ဖြစ်လာစေဖို့ ကူညီတာပါ။ ဒီသက်ရောက်မှုကြောင့် အမျိုးသားတွေမှာ ရင်သားကြီးလာတာ ဖြစ်ပါတယ်။ဆယ်ကျော်သက်အရွယ် ဟော်မုန်းပြောင်းလဲမှု များတာကြောင့် ရင်သားဆူထွက်တာမျိုး ဖြစ်တတ်ပေမယ့် ကုသမှုမလိုဘဲ သူ့အလိုလို ပျောက်သွားနိုင်ပါတယ်။ အသက်ကြီးတဲ့အမျိုးသားတွေ အထူးသဖြင့် အသက် ၄၅နှစ်နောက်ပိုင်းမှာ ဖြစ်တဲ့ ရင်သားဆူထွက်တာကတော့ အကြောင်းရင်းပေါ် မူတည်ပါတယ်။ အဝလွန်လို့၊ အသက်ကြီးလို့ ဖြစ်တာက အရေးပေါ်ပြဿနာမဟုတ်ပေမယ့် ရောဂါတစ်ခုခုကြောင့်ဆိုရင်တော့ ကုသမှုခံယူဖို့ လိုပါတယ်။စစ်တမ်းကောက်ယူချက်အရ အသက် ၅၀ မှ ၈၀ အတွင်း အမျိုးသား၄ယောက်မှာ တစ်ယောက်က ရင်သားဆူထွက်တဲ့ပြဿနာကို ကြုံတွေ့နေရပါတယ်။ ရင်သားဆူထွက်လို့ ဘေးအန္တရာယ်တော့ မဖြစ်စေနိုင်ဘူးဆိုပေမဲ့ ကျားဟော်မုန်းနည်းတဲ့ ပြဿနာကတော့ မကုသဘဲ ပစ်ထားလိုက်ရင် အမျိုးသားတွေအတွက် ရေရှည်မှာ ကျန်းမာရေးထိခိုက်လာမှာပါ။ကိုယ့်ရဲ့ ရင်သားက ပုံမှန်ထက်ပိုပြီး ကြီးလာတာ၊ ညှစ်လိုက်တဲ့အချိန် အရည်ကြည် ဒါမှမဟုတ် နို့ရည်လေးတွေ ထွက်တာ၊ လိင်စိတ်တွေ နည်းလာတာ၊ လိင်တံ ကောင်းစွာမထောင်မတ်နိုင်တာ အစရှိတဲ့ ပြဿနာတွေနဲ့ တွေ့လာရပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးကုသမှုခံယူတာ အကောင်းဆုံးပါပဲ။ ကိုယ့်ရဲ့ လက်ရှိအခြေအနေ၊ သောက်နေရတဲ့ ဆေးတွေ၊ ရောဂါတွေ၊ အရင်က ထိခိုက်မှုရှိ မရှိ၊ ဒါမှမဟုတ် လတ်တလော ခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေပေါ်မူတည်ပြီး ကုသနိုင်မယ့်နည်းလမ်းကို ညွှန်ပြပေးမှာပါ။ကျားဟော်မုန်းနည်းတဲ့ ပြဿနာအတွက်တော့ အရေပြားမှာ သုတ်လိမ်းရတဲ့ ဂျယ်လ်၊ ကပ်ခွာ ဒါမှမဟုတ် ဆေးထိုးသွင်းခြင်း အစရှိတဲ့ ကျားဟော်မုန်းအစားထိုးကုထုံးတွေနဲ့ ကုသမှုခံယူနိုင်ပါတယ်။ ကုသမှုခံယူပြီး သိပ်မကြာခင်မှာပဲ လိင်ပိုင်းဆိုင်ရာမှာ သက်လုံကောင်းတာ၊ အားအင်ပြည့်ဝတာ၊ လိင်တံထောင်မတ်နိုင်တာ၊ ကြွက်သားထုတက်လာတာ၊ ရုပ်ရည်နဲ့ ကိုယ်ခန္ဓာအချိုးအစား အရင်ကထက် ပိုကြည့်ကောင်းလာတာ၊ ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်တာ အစရှိတဲ့ လက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။ကျားဟော်မုန်းနည်းခြင်းနဲ့ အမျိုးသားများ ရင်သားဆူထွက်လာတဲ့ ပြဿနာနှစ်မျိုးလုံးက အဖြစ်များပါတယ်။ ဆရာဝန်နဲ့ ပုံမှန်ပြသပြီး ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို စစ်ဆေးကုသမှုခံယူနိုင်ရင်တော့ အကောင်းဆုံးပါပဲ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-hormone-issues/causes-of-breast-enlargement-in-men/
Breast Reduction Surgery (ရင်သားသေးရန် ပြုပြင်ခွဲစိတ်ခြင်း)
ရင်သားသေးရန် ပြုပြင်ခွဲစိတ်ခြင်းဆိုတာ ရင်သားမှာ ပိုနေတဲ့ အဆီတွေ၊ အရေပြားတွေကို ဖယ်ထုတ်ပြီး သေးငယ်ပါးလျားစေဖို့ ခွဲစိတ်ပုံသွင်းခြင်း ဖြစ်ပါတယ်။ရင်သားကြီးမားလွန်းပြီး စိတ်အနှောက်အယှက် ဖြစ်ရသူတွေအတွက် ဒီခွဲစိတ်မှုဟာ အထောက်အကူ ပြုပါတယ်။ဒီခွဲစိတ်မှုဟာ ကိုယ်ခန္ဓါနဲ့ ရင်သား အချိုးအစား ကိုက်ညီမှုရှိစေပြီး မိမိကိုယ်ကို ယုံကြည်မှုရှိကာ လှုပ်ရှားသွားလာနိုင်စေပါတယ်။ဒီခွဲစိတ်ခြင်းဟာ သင့်ရဲ့ကိုယ်ပိုင် အလေးထားစရာ ကိစ္စဖြစ်တာမို့ သင့်ရဲ့ကိုယ်ပိုင် စိတ်ဆန္ဒနဲ့ အကိုက်ညီဆုံးဖြစ်အောင် ပြင်ဆင်သင့်ပါတယ်။အောက်ပါအခြေအနေတွေမှာ ခွဲစိတ်မှုလုပ်ဆောင်ဖို့ ဆုံးဖြတ်နိုင်ပါတယ်။– ခွဲစိတ်မှုခံယူရန် ကျန်းမာရေးကောင်းမွန်ခြင်း။– ဆေးလိပ်မသောက်ခြင်း။– ရင်သားများကြီးမားလွန်း၍ စိတ်အနှောက်အယှက် ဖြစ်နေခြင်း။– ရင်သားများကြောင့် ကိုယ်လက်လှုပ်ရှားမှု အကန့်အသတ်ရှိနေခြင်း။– ရင်သားအလေးချိန်ကြောင့် ကျော၊ လည်ပင်နှင့် ပခုံးများ နာကျင်မှုရှိခြင်း။– ရင်သားကြီးခြင်းကြောင့် ဘရာစီယာကြိုးရာများ အမြောင်းလိုက်ပေါ်နေခြင်း။– ရင်သားတွန့်သည့်အောက်တွင် အရေပြား ယားယံခြင်း။– ရင်သားများနိမ့်ကျကာ အရေပြားတင်းနေခြင်း။– နို့သီးခေါင်းများ ရင်သားအတွင်းခွက်ဝင်နေခြင်း။– အရေပြားတင်းသောကြောင့် နို့သီးခေါင်း ပတ်လည်ရှိ အရောင်ရင့်သောနေရာ ကျယ်ခြင်း။ရင်သားသေးရန်ခွဲစိတ်ခြင်းဟာ နို့တိုက်စဉ်ကာလမှာ အနှောက်အယှက်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လူနာအများစုဟာ ခွဲစိတ်ပြီးချိန်မှာ ပုံမှန်အတိုင်း နို့တိုက်နိုင်ပါတယ်။ခွဲစိတ်မှုရဲ့ ရလာဒ်ဟာ မပြောင်းနိုင်ပေမယ့် ကိုယ်ဝန်ရှိခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း ကျခြင်းတို့ကြောင့် ရင်သား အရွယ်အစား ပြောင်းလဲနိုင်ပါတယ်။အဝလွန်တဲ့ အခြေအနေကနေ ရုတ်တရက်ပိန်သွားတဲ့အခါ ခွဲစရာမလိုဘဲ ရင်သားအရွယ်အစားဟာ သိသိသာသာ သေးသွားနိုင်ပါတယ်။ရင်သားကြီးတဲ့အခါ သီးသန့်ဝတ်ဆင်ရတဲ့ ဘရာစီယာများ ဝတ်ဆင်ပြီး ဖြေရှင်းနိုင်ပါတယ်။နောက်ဆက်တွဲပြသနာတချို့ ရှိနိုင်ပါတယ်။အထွေထွေပြသနာများ။– နာကျင်ခြင်း။– သွေးထွက်ခြင်း။– ခွဲသည့်နေရာ ပိုးဝင်ခြင်း။– အမာရွတ်ကြည့်မကောင်းခြင်း။– သွေးခဲခြင်း။ယခုခွဲစိတ်မှု၏ သီးသန့်ပြသနာများ။– ရင်သားအတွင်း အကျိတ်ဖြစ်ခြင်း၊ ရောင်ရမ်းခြင်း။– ရင်သားအပြင်ဘက်တွင် ထုံခြင်း၊ နာခြင်း။– နို့သီးခေါင်း အပါအဝင် အရေပြားများ ဆုံးရှုံးခြင်း။– ပခုံးတောင့်ခြင်း။– ရင်သားနှင့် နို့သီးခေါင်း အာရုံခံစားမှု ပြောင်းခြင်း။– နို့တိုက်နိုင်မှု လျော့နည်းခြင်း။– အလှအပပိုင်းဆိုင်ရာ ပြသနာဖြစ်ခြင်း။ဒီခွဲစိတ်မှုကို မခံယူခင်မှာ သတိပြုရမယ့်အချက်တွေနဲ့ သတိပေးချက်တွေကို နားလည်သိရှိထားဖို့ လိုပါတယ်။ သိလိုတဲ့အချက်တွေရှိရင် သင့်ရဲ့ခွဲစိတ်ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးပါ။ရင်သားသေးရန် ပြုပြင်ခွဲစိတ်ခြင်းကို မပြုလုပ်မီ ဘာတွေ ပြင်ထားရမလဲ။ခွဲစိတ်မှုကို မေ့ဆေးနဲ့ လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် မခွဲစိတ်ခင်မှာ အောက်ပါအချက်တွေ လုပ်ဆောင်နိုင်ပါတယ်။– ရုပ်ပိုင်းဆိုင်ရာစစ်ဆေးခြင်း။– ဆေးသောက်ခြင်း၊ သောက်လက်စဆေးများ ချိန်ညှိခြင်း။– မခွဲစိတ်မီနှင့် ခွဲစိတ်အပြီး ရင်သားပုံရိပ် ဖော်စက်ဖြင့် ရင်သားပြောင်းလဲမှုကို လေ့လာခြင်း။– မခွဲစိတ်မီ ဆေးလိပ်ဖြတ်ခြင်း။– သွေးယိုခြင်းကို အားပေးသော အက်စပရင်၊ အရောင်ကျဆေးများ၊ ဆေးဘက်ဝင်အပင်များမှ ပြုလုပ်သော ဖြည့်စွက်အားဆေးများ ရှောင်ကြဉ်ခြင်း။ရင်သားတင်းရင်းရန် ပြုပြင်ခွဲစိတ်ခြင်းကို ပြုလုပ်နေစဉ် ဘာဖြစ်နိုင်လဲ။ခွဲစိတ်မှုဟာ မိနစ် ၉၀ ထိ ကြာနိုင်ပါတယ်။ခွဲစိတ်ဆရာဝန်ဟာ နို့သီးခေါင်းပတ်လည်မှာ ခွဲစိတ်ရာပေးပြီး နို့သီးခေါင်းရဲ့ အောက်ခြေကို ခွဲပါလိမ့်မယ်။ ပိုနေတဲ့အရေပြားတွေကို ဖယ်ထုတ်ပြီး ရင်သားကို အရွယ်သေးသွားအောင် လုပ်ပါတယ်။များသောအားဖြင့် နို့သီးခေါင်းဟာ ရင်ခေါင်းက အရေပြားနဲ့ ဆက်လျက်ရှိပါတယ်။ ရင်သားတွေဟာ အရမ်းကြီးမားပြီး လျော့ရဲနေရင်တော့ ဆရာဝန်ဟာ နို့သီးခေါင်းပတ်လည်က ဖြတ်ထုတ်ပြီး ပိုပြီးမြင့်တဲ့နေရာမှာ ပြန်ဆက်ပေးပါတယ်။သိလိုတဲ့အချက်တွေရှိရင် စိုးရိမ်ပူပန်မှုတွေရှိရင် ပိုသိရအောင် သင့်ရဲ့ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ပါ။ခွဲစိတ်မှုပြီးသွားချိန်မှာ ရင်သားတွေကို ပတ်တီးစည်းထားပါလိမ့်မယ်။ ခွဲတဲ့နေရာကနေ သွေးနဲ့အရည်တွေ ထွက်နိုင်အောင် ချိုင်းအောက်ဖက်ကနေ သေးငယ်တဲ့ပြွန်လေးတခု ဆက်ထားပေးပါလိမ့်မယ်။ ခွဲစိတ်ထားတဲ့ နေရာ ပိုးမဝင်အောင် ဆရာဝန်ဟာ ပဋိဇီဝဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေ သောက်ခိုင်းပါလိမ့်မယ်။ပထမအပတ်မှာ ရင်သားဟာ အနည်းငယ်ရောင်ရမ်းပြီးအထိမခံနိုင်ဖြစ်တာ၊ သွေးခြေဥတာ ဖြစ်နိုင်ပါတယ်။ ဆရာဝန်ဟာ အထူးပြုလုပ်ထားတဲ့ ဘရာစီယာဝတ်ခိုင်းပါလိမ့်မယ်။ ခွဲစိတ်ပြီး ၂ပတ်ကနေ ၄ပတ်အတွင်း အလုပ်များများ မလုပ်သင့်ပါဘူး။ အဲဒီအချိန်ဟာ ရင်သားအနာကျက်တဲ့ အချိန်ဖြစ်ပါတယ်။ခွဲစိတ်အပြီး ရင်သားဟာ အရောင်ပြောင်းပြီး တင်းမာရောင်ရမ်းနိုင်ပါတယ်။ခွဲစိတ်ပြီးနောက်နေ့မှာ အိမ်ပြန်နိုင်ပါတယ်။ ၂ပတ်၃ပတ်နေရင် ပုံမှန်ပြန်လှုပ်ရှားနိုင်ပါတယ်။ခွဲစိတ်ပြီးတပတ်ကြာရင် အလုပ်ပြန်ဝင်နိုင်ပါတယ်။ အလုပ်အမျိုးအစားပေါ်လည်း မူတည်ပါတယ်။ ၂ပတ်ကြာပြီးချိန်မှာ ရင်ဘတ်ကြွက်သားတွေ သုံးရတဲ့အလုပ် ဥပမာ ကလေးချီခြင်း ပြန်လည် ပြုလုပ်နိုင်ပါတယ်။ခွဲစိတ်မှုရဲ့ရလာဒ်ဟာ တဖြည်းဖြည်းနဲ့ သက်သာကောင်းမွန်လာပါလိမ့်မယ်။ ရင်သားများဟာ တင်းမာခြင်းလျော့ပါးလာပြီး သဘာဝအတိုင်း ဖြစ်လာပါလိမ့်မယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-procedures-and-surgeries/breast-reduction-surgery-%e1%80%9b%e1%80%84%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8%e1%80%b1%e1%80%9e%e1%80%b8%e1%80%9b%e1%80%94%e1%80%b9-%e1%80%bb%e1%80%95%e1%80%b3%e1%80%bb%e1%80%95%e1%80%84%e1%80%b9/
ပုရိသများနှင့် သုက်ထွက်ရန်ကြာလွန်းတဲ့ ပြဿနာ
အမျိုးသားတွေနဲ့ လိင်ကျန်းမာရေးအကြောင်း ပြောမယ်ဆိုရင် လူတော်တော်များများကပန်းသေပန်းညှိုးပြဿနာနဲ့ သုက်ထွက်မြန်တဲ့ အကြောင်းတွေကို ပိုပြီး မြင်တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အဖြစ်များတဲ့ ပြဿနာတွေကိုး။ ဒီနေ့ ကျွန်တော်ပြောပြပေးမယ့် အကြောင်းအရာကတော့ တချို့အမျိုးသားတွေမှာ ဖြစ်တတ်တဲ့ သုက်ထွက်ဖို့ ကြာလွန်းတဲ့ ကိစ္စပဲဖြစ်ပါတယ်။ပုံမှန်အမျိုးသားတစ်ယောက်ရဲ့ထိုးသွင်းဆက်ဆံနေစဉ် သုက်ထွက်ရန်ကြာချိန်ကို အတိအကျပြောလို့ မရဘူးဆိုပေမဲ့ မိနစ် ၃၀ထက် ပိုအချိန်ယူနေရတယ်ဆိုရင်တော့ သုက်ထွက်တာ ကြာတယ်လို့ ဆိုနိုင်ပါတယ်။ ဒီပြဿနာကို ဆေးပညာအရ Delayed Ejaculation (DE) လို့လည်း ခေါ်ကြပါတယ်။ DE ကို ဖြစ်စေတဲ့ အကြောင်းရင်းများစွာထဲမှာ အဖြစ်အများဆုံး တရားခံကတော့ စိတ်ကျန်းမာရေးပြဿနာပါပဲ။တစ်ခါတစ်ရံမှာ သုက်လုံးဝ မထွက်တော့တဲ့အခြေအနေထိပါ ဖြစ်တတ်ပါတယ်။ ခဏတာလောက်ပဲ ဝေဒနာခံစားရတဲ့သူတွေလည်း ရှိသလို နှစ်ရှည်လများစွာ ကြာပြီးလိင်မှုကိစ္စမှာ ကိုယ့်ကိုယ်ကိုယ်ရော၊ လိင်ဆက်ဆံဖော်ကိုပါ စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။တစ်ကိုယ်ရေ အာသာဖြေတဲ့အချိန်မှာ သုက်ထွက်ချိန်ဟာ ပုံမှန်အတိုင်းဖြစ်နေတတ်ပြီး ထိုးသွင်းဆက်ဆံမှုပြုတဲ့အခါမှာဆန္ဒပြီးမြောက်ပြီး မိနစ် ၃၀ ထက်ပိုကြာနေတတ်ပါတယ်။ ဒီလိုကြာနေတဲ့အခါ ကိုယ်တိုင် လက်နဲ့အာသာဖြေလိုက်ရမှ သို့မဟုတ် ဆက်ဆံဖော်က ပါးစပ်ဖြင့် နှိုးဆွပေးလိုက်တော့မှသုက်ထွက်နိုင်တဲ့ အမျိုးသားတွေလည်း ရှိသလို လုံးဝမထွက်လာတဲ့သူတွေလည်း ရှိပါတယ်။သုက်ထွက်တော့မယ့် အချိန်မှာ ရုတ်တရက် စိတ်ကတခြားရောက်သွားတာ၊ စိတ်မပါသလို ဖြစ်သွားတာ၊ သုက်ထွက်ဖို့ ခက်ခဲတာ၊ တစ်နေသလို ခံစားရတာ၊ အရှိန်လျော့သွားတာ အစရှိတဲ့ လက္ခဏာတွေလည်း တွေ့ရပါတယ်။ ပုံမှန်ဆက်ဆံနေကျ မဟုတ်တဲ့ အဖော်တွေ၊ တချို့သော ကိုယ်နဲ့ အသားမကျတဲ့ နေရာ၊ အခြေအနေမျိုးတွေမှာ သုက်ထွက်ဖို့ ကြာတတ်ပါတယ်။ ဒါကိုတော့ အခြေအနေအရ သုက်ထွက်ရန်ကြာခြင်း (Situational Delayed Ejaculation) လို့ ခေါ်ပါတယ်။စိုးရိမ်ပူပန်စိတ်တွေ၊စိတ်ကျရောဂါပြင်းပြင်းထန်ထန် ခံစားနေရတဲ့သူတွေမှာ အဖြစ်များနိုင်ပါတယ်။ သူတို့ရဲ့ စိတ်ထဲမှာ ကြီးစိုးနေတဲ့ အတွေးတွေကလိင်စိတ်ဆန္ဒကိုပါ လွှမ်းမိုးသွားတာကြောင့် လိင်ဆက်ဆံရာမှာ အခက်အခဲတွေ ကြုံလာတတ်ပါတယ်။ ကိုယ့်ချစ်သူနဲ့ အချစ်ရေးကိစ္စ အဆင်မပြေတာ၊ စိတ်ဆိုးဒေါသထွက်နေတာ၊ ကိုယ့်စိတ်ထဲမှာ မှန်းထားသလောက် လက်တွေ့လိင်ဆက်ဆံတဲ့အခါ စိတ်တိုင်းမကျတာတွေကြောင့်လည်း အဖြစ်များပါတယ်။ကျန်းမာရေးအခြေအနေအရ ကျောရိုး၊တင်ပါးဆုံရိုးမှာ ရှိတဲ့ အာရုံကြောတွေမှာ ဒဏ်ဖြစ်နေတာ၊ဆီးကျိတ်ခွဲစိတ်မှုအပြီး အာရုံကြောထိခိုက်သွားတာ၊ နှလုံးရောဂါ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ရုတ်တရက်သတိလစ်ခြင်း၊ သိုင်းရွိုက်ဟော်မုန်း၊ ကျားဟော်မုန်း နည်းလာခြင်း၊ မွေးရာပါချို့ယွင်းချက်တွေ၊စိတ်ကျရောဂါပျောက်ဆေး၊ သွေးတိုးကျဆေး၊ ဆီးဆေး၊ အရက်အလွန်အကျွံသောက်ခြင်းကြာင့် သုက်ထွက်ကြာနိုင်ပါတယ်။မကုသဘဲ ထားလိုက်လို့ ပျောက်သွားတဲ့သူတွေလည်း ရှိသလို နှစ်ရှည်လကြာ ဝေဒနာခံစားနေရတဲ့ အမျိုးသားတွေလည်း ရှိပါတယ်။ ဒါကြောင့် ကိုယ့်မှာ လိင်ဆက်ဆံနေစဉ် သုက်ထွက်ဖို့ ကြာလွန်းတယ်လို့ ခံစားနေရရင်၊ ဒီလိုဖြစ်နေတာ ၆လထက် ကျော်နေပြီဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသကြည့်တာ အကောင်းဆုံးပါပဲ။ သွေးဖောက်စစ်ခြင်း၊ ဆီးစစ်ခြင်း၊ တခြားသော ရောဂါတွေ၊ကျားဟော်မုန်းပမာဏ၊ ဟော်မုန်းမျှခြေ အပြောင်းအလဲ၊ လတ်တလော ခံစားနေရတဲ့ စိတ်ကျန်းမာရေးပြဿနာတွေအပြင် ကိုယ့်ရဲ့ လိင်တံမှာ ကောင်းစွာထောင်မတ်နိုင်ခြင်း၊ တခြားသော ပြဿနာတွေ ရှိ၊ မရှိ စစ်ဆေးမှာဖြစ်ပါတယ်။တရားခံအကြောင်းရင်းကို ရှာဖွေစစ်ဆေးပြီးသွားမှ ကုသမှုခံယူဖို့ အကောင်းဆုံးဖြစ်မယ့် နည်းလမ်း၊ ကုထုံးတွေကို ဆရာဝန်က အကြံပေးမှာဖြစ်ပါတယ်။ သုက်ထွက်ကြာတာကို မကုသဘဲ ပစ်ထားလိုက်ရင် သူ့နောက်ကွယ်မှာ လိင်စိတ်သာယာမှုမရှိတာ၊ လိင်ဆက်ဆံရမှာ စိုးရိမ်ပူပန်တာ၊ မျိုးမအောင်တာ၊ မြုံတာ၊ လိင်စိတ်ဆန္ဒနည်းသွားတာအပြင် တခြားစိတ်ကျန်းမာရေးမှာပါ ထိခိုက်လာနိုင်သလို ကိုယ့်ချစ်သူ၊ အိမ်ထောင်ဖက်နဲ့လည်း လူမှုရေးဆိုင်ရာ ပြဿနာတွေ ပိုဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဒီပြဿနာရှိနေတယ်လို့ သံသယရှိနေရင် မရှက်ပါနဲ့။ တွေ့ရာ ဆေးမြီးတိုတွေနဲ့ မကုပါနဲ့။ စောစောသိလေ ကုသပျောက်ကင်းဖို့ ပိုလွယ်တာကြောင့် ဆရာဝန်နဲ့ အမြန်ဆုံးပြသတာ အကောင်းဆုံးပါပဲလို့ အကြံပေးလိုက်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/%e1%80%95%e1%80%af%e1%80%9b%e1%80%ad%e1%80%9e%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%9e%e1%80%af%e1%80%80%e1%80%ba%e1%80%91%e1%80%bd%e1%80%80%e1%80%ba/
Intestinal Ischemia (အူလမ်းကြောင်း သွေးပြတ်လပ်ခြင်း)
အကြောင်းအရင်း တစုံတရာကြောင့် အူလမ်းကြောင်းဆီသွားတဲ့ သွေးကြော အထူးသဖြင့် သွေးလွှတ်ကြော ပိတ်ဆို့ခြင်းကို အူလမ်းကြောင်း သွေးပြတ်လပ်ခြင်းလို့ ခေါ်ပါတယ်။ အူသိမ်၊ အူမကြီး ဒါမှမဟုတ် နှစ်နေရာလုံးမှာ ဖြစ်တတ်ပါတယ်။နာကျင်မှုဝေဒနာကို ဖြစ်ပေါ်စေပြီး အူလမ်းကြောင်းရဲ့ လုပ်ငန်းဆောင်တာကို အနှောင့်အယှက်ပေးနိုင်တဲ့ ပြင်းထန်တဲ့ ရောဂါတစ်ခုဖြစ်ပြီး အဆိုးရွားဆုံးအခြေအနေအဖြစ် သွေးလှည့်ပတ်မှုပြတ်တောက်သွားတဲ့ အူအစိတ်အပိုင်းက တစ်ရှုးတွေ ထိခိုက်ပျက်စီးပြီး သုံးမရတော့တဲ့အထိ ဖြစ်နိုင်ပါတယ်။ဒါပေမယ့်လည်း အူလမ်းကြောင်း သွေးပြတ်လပ်ခြင်းဟာ ကုသလို့မရတဲ့ ရောဂါတစ်ခု မဟုတ်ပါဘူး။ ဒီရောဂါရဲ့ ကနဦးလက္ခဏာတွေကို သတိမူပြီး ဆေးကုသမှုအမြန်ဆုံး ခံယူမယ်ဆိုရင် သက်သာပျောက်ကင်းနိုင်မှာ ဖြစ်ပါတယ်။ဒီရောဂါဟာ အသက်အရွယ်မရွေး ဖြစ်တတ်ပေမယ့် အသက် ၆၀အထက် လူကြီးပိုင်းတွေမှာ အများဆုံး ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အူလမ်းကြောင်း သွေးပြတ်လပ်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။ရုတ်တရက် မသိမသာ သို့မဟုတ် ပြင်းပြင်းထန်ထန် ဗိုက်အောင့်ခြင်း။ဝမ်းမထိန်းနိုင်ခြင်း။မကြာခဏ ပြင်းပြင်းထန်ထန် ဗိုက်ရစ်ခြင်း။ဗိုက်တင်းခြင်း၊ ဗိုက်ကို စမ်းသပ်လျှင် နာကျင်ခြင်း။ဝမ်းထဲသွေးပါခြင်း။ပျို့ခြင်း၊ အန်ခြင်း။ဖျားခြင်း။သက်ကြီးပိုင်းလူနာများတွင် စိတ်အခြေအနေ ပြောင်းလဲခြင်း။အူလမ်းကြောင်း သွေးပြတ်လပ်ခြင်းရဲ့ ရောဂါလက္ခဏာတွေဟာ ရုတ်တရက် ကောက်ကာငင်ကာ ပေါ်လာနိုင်သလို တဖြည်းဖြည်းချင်း ပေါ်လာတာမျိုးလည်း ဖြစ်တတ်ပါတယ်။ များသောအားဖြင့် ရောဂါလက္ခဏာအတွဲလိုက် ဖြစ်တတ်တာမျိုး မဟုတ်ပေမယ့် ယေဘုယျ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံစံတွေတော့ ရှိပါတယ်။နာတာရှည် အူလမ်းကြောင်းသွေးပြတ်လပ်ခြင်းရဲ့ လက္ခဏာတွေကတော့။ဝမ်းဗိုက်ကြွက်သား ကြွက်တက်ခြင်း၊ အစာစားပြီး တစ်နာရီမှ သုံးနာရီလောက်အထိ ရင်ပြည့်ခြင်း။ရက်၊ လ ကြာလာသည်နှင့်အမျှ ဗိုက်အောင့်ဝေဒနာ ပိုမိုဆိုးရွားလာခြင်း။ဗိုက်နာမှာစိုးသည့်အတွက် အစာစားရန် တွန့်ဆုတ်နေခြင်း။မိမိအားထုတ်မှုကြောင့်မဟုတ်ဘဲ ကိုယ်အလေးချိန်ကျခြင်း။ဝမ်းလျောခြင်း။ပျို့ခြင်း၊ အန်ခြင်း။လေပွခြင်း။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ရှေ့မှာပြောခဲ့သလိုပဲ အူလမ်းကြောင်းဆီ လုံလောက်တဲ့ သွေးပမာဏ မရောက်နိုင်တဲ့အခါ အူလမ်းကြောင်း သွေးပြတ်လပ်ခြင်း ဖြစ်လာရပါတယ်။ နောက်ဆက်တွဲရလဒ်အဖြစ် အူလမ်းကြောင်းဟာ သူ့ရဲ့လုပ်ငန်းဆောင်တာတွေ ပုံမှန်လုပ်ဆောင်နိုင်တော့မှာ မဟုတ်ပါဘူး။ဘယ်လိုအကြောင်းအရင်းကြောင့် သွေးပြတ်လပ်သည်ဖြစ်စေ အစာခြေလမ်းကြောင်းဆီ သွေးလှည့်ပတ်မှု လျော့ကျလာတာနဲ့အမျှ ဒီလမ်းကြောင်းက ဆဲလ်တွေ အောက်ဆီဂျင်ပြတ်လပ်ပြီး ပျက်စီးသေဆုံးကြရပါတယ်။ ပြင်းထန်တဲ့အခြေအနေတွေမှာဆိုရင် အူလမ်းကြောင်းပိုးဝင်ပြီး အူနံရံပေါက်ထွက်တဲ့အထိ ဆိုးရွားတတ်ပါတယ်။ တကယ်လို့သာ သင့်လျော်တဲ့ကုသမှု မခံယူဘူးဆိုရင် ဒီရောဂါကြောင့် အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်နိုင်ပါတယ်။အူလမ်းကြောင်း သွေးပြတ်လပ်ခြင်းကို အောက်ပါအတိုင်း အမျိုးအစားခွဲခြားထားပါတယ်။အူမကြီး သွေးပြတ်လပ်ခြင်း – ဒါဟာအဖြစ်အများဆုံး အူလမ်းကြောင်း သွေးပြတ်လပ်မှုရောဂါဖြစ်ပြီး အူမကြီးဆီသွားတဲ့ သွေးလှည့်ပတ်မှု နှေးသွားရာကတဆင့် ဖြစ်လာတာပါ။ အသက်အရွယ်မရွေးဖြစ်တတ်ပေမယ့် အသက် ၆၀အထက် သက်ကြီးပိုင်းတွေမှာ ပိုဖြစ်လေ့ရှိပါတယ်။ ဒီရောဂါဖြစ်စေတယ့် အကြောင်းအရင်းတချို့ကတော့။သွေးပြန်ကြောနံရံမှာ ကိုလက်စထရော ခေါ် အဆီဓါတ်တစ်မျိုး စုပုံလာခြင်း။နှလုံးအလုပ်မလုပ်နိုင်ခြင်း၊ အကြီးစားခွဲစိတ်မှု ခံယူရခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် ရှော့ခ်ရခြင်းကြောင့် သွေးပေါင်အလွန်အမင်းကျခြင်း။အူမကြီးကို ထောက်ပံ့ပေးသည့် သွေးပြန်ကြောအတွင်း သွေးခဲပိတ်ဆို့ခြင်း။အခြားရောဂါအမျိုးမျိုး။ဥပမာ – သွေးကြောရောင်ရမ်းခြင်း၊ lupus ခေါ် ခန္ဓါကိုယ်တုံ့ပြန်မှုကြောင့်ဖြစ်သည့် ရောဂါတမျိုး၊ sickle cell anemia ခေါ် မျိုးရိုးဗီဇကြောင့်ဖြစ်သည့် သွေးအားနည်းရောဂါတမျိုး။ဆေးဝါးများ၊ အထူးသဖြင့် သွေးကြောကျဉ်းစေသော အာနိသင်ရှိသည့် နှလုံးဆေး၊ ခေါင်းတခြမ်းကိုက်ရောဂါတွင် အသုံးပြုသည့်ဆေး၊ အီစထရိုဂျင်ကဲ့သို့ ဟော်မုန်းဆေးများ။မူးယစ်ဆေးဝါး (ကိုကင်း၊ မက်အမ်ဖက်တမင်း) သုံးစွဲခြင်း။တာဝေးပြေးခြင်းကဲ့သို့ ပြင်းထန်သည့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း။ရုတ်တရက် အူအမှေး သွေးပြတ်လပ်ခြင်း။နှလုံးကပြုတ်ထွက်လာတဲ့ သွေးခဲဟာ သွေးစီးရာလမ်းကြောင်းတလျှောက် ပါလာပြီး အူအမှေးဆီသွားတဲ့ သွေးပြန်ကြောမှာ လာရောက်ပိတ်ဆို့တဲ့အတွက် ဒီရောဂါဖြစ်ရခြင်း ဖြစ်ပါတယ်။ အူလမ်းကြောင်းကို အောက်ဆီဂျင် အများအပြားထောက်ပံ့ပေးနေတဲ့ Superior mesenteric artery ခေါ် သွေးလွှတ်ကြောကြီးမှာ အများဆုံးပိတ်ဆို့တတ်ပါတယ်။ဒါ့အပြင် ဒီရောဂါဟာ အူလမ်းကြောင်းဆီသွားတဲ့ အဓိကသွေးလွှတ်ကြောတွေထဲက တစ်ခုခု ပိတ်ဆို့တာကြောင့်ပဲဖြစ်ဖြစ်၊ သွေးပေါင်ကျရာကနေ သွေးလှည့်ပတ်မှု လျော့နည်းသွားတာကြောင့်ပဲဖြစ်ဖြစ် ဖြစ်တတ်ပါသေးတယ်။အူအမှေးသွေးပြန်ကြောပိတ်ဆို့ခြင်း။အူလမ်းကြောင်းကနေ အောက်ဆီဂျင်ဖယ်ရှားပြီးသား သွေးညစ်တွေ သယ်ဆောင်ပေးတဲ့ သွေးပြန်ကြောထဲ သွေးခဲပိတ်ဆို့ရာကတဆင့် ဒီရောဂါဖြစ်လာပြီး အူလမ်းကြောင်းနဲ့ဝေးရာဆီ မသွားနိုင်တော့တဲ့ သွေးညစ်တွေ အူထဲပြန်ရောက်ကုန်တဲ့အတွက် အူရောင်ခြင်းနဲ့ သွေးယိုခြင်း ဖြစ်ပေါ်စေပါတယ်။ ဒီရောဂါ ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့။မုန့်ချိုအိတ် ရုတ်တရက်သို့မဟုတ် နာတာရှည် ရောင်ရမ်းခြင်း။ဝမ်းဗိုက်ပိုးဝင်ခြင်း။အစာခြေလမ်းကြောင်းတလျောက်ဖြစ်သည့် ကင်ဆာများ။အူမကြီး ရောဂါများ ဥပမာ အူမကြီးတွင် အနာဖြစ်ပြီး ရောင်ရမ်းခြင်း၊ ခရုမ်းရောဂါ။သွေးခဲစေသည့် အခြေအနေများ – ဥပမာ မျိုးရိုးလိုက်သည့် သွေးခဲရောဂါ၊ အီစထရိုဂျင်ပါဝင်သည့် ဆေးများ အသုံးပြုခြင်း။ဝမ်းဗိုက် ထိခိုက်ဒဏ်ရာရခြင်း။အူလမ်းကြောင်းသွေးပြတ်လပ်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။သွေးလွှတ်ကြောထဲ အဆီစုပုံခြင်း (အဆီကြောင့် သွေးကြောကျဉ်းခြင်း)။သွေးပေါင်ချိန်မမှန်ခြင်း။နှလုံးရောဂါများ။အချို့ဆေးဝါးများ။သွေးခဲစေသည့် အခြေအနေများ။မူးယစ်ဆေးဝါး သုံးစွဲခြင်း။အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ့health condition မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အူလမ်းကြောင်း သွေးပြတ်လပ်ခြင်းဖြစ်ကြောင်း အဖြေရှာအတည်ပြုနိုင်ဖို့ လူနာရဲ့ ယခင်ရောဂါရာဇဝင်ကို သေချာစွာပြောပြဖို့ အရေးကြီးပါတယ်။ ပုံမှန်လုပ်ရိုးလုပ်စဉ် သွေးစစ်ဆေးမှုများအပြင်။အူမကြီးမှန်ပြောင်းကြည့်ခြင်း။အာလ်ထရာဆောင်းရိုက်ခြင်း။CAT၊ MRI scan အပါအဝင် ဓါတ်ရောင်ခြည်အသုံးပြု စစ်ဆေးမှုများ။အူအမှေး သွေးကြောများကို ပုံဖော်စစ်ဆေးခြင်း။ခွဲစိတ်ပြီး ရောဂါရှာဖွေခြင်း စတာတွေ ပြုလုပ်ရဖို့ အလားအလားရှိပါတယ်။သွေးကြောပုံဖော်စစ်ဆေးခြင်း ဆိုတာကတော့ ဝမ်းဗိုက်ပိုင်း သွေးလွှတ်ကြော သို့မဟုတ် သွေးပြန်ကြောထဲကို ပိုက်ငယ်တစ်ခုကတဆင့် ဆေးရည်တစ်မျိုးထည့်သွင်းပြီး ရရှိလာမယ့် ပုံရိပ်တွေကို ကြည့်ရှုအဖြေရှာတဲ့ နည်းလမ်း ဖြစ်ပါတယ်။အူမကြီး သွေးပြတ်လပ်ခြင်း။သင့်ဆရာဝန်အနေနဲ့ ပိုးဝင်ခြင်းမှ ကာကွယ်ဖို့ သို့မဟုတ် ကုသဖို့ ပိုးသတ်ဆေးပေးခြင်း၊ နှလုံးအလုပ်မလုပ်နိုင်ခြင်း၊ နှလုံးခုန်မမှန်ခြင်း စတဲ့ နဂိုရောဂါအခံကို ကုသခြင်း ပြုလုပ်မှာဖြစ်ပါတယ်။တကယ်လို့ အူမကြီးထိခိုက်ပျက်စီးခဲ့မယ်ဆိုရင်တော့ ပျက်စီးသွားတဲ့ တစ်ရှုးတွေကို ဖယ်ထုတ်ဖို့အတွက် ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်မှာဖြစ်ပါတယ်။ရုတ်တရက် အူအမှေး သွေးကြောပိတ်ခြင်း။ပိုးသတ်ဆေးပေးခြင်း၊ သွေးခဲဖြစ်ပေါ်မှုကို ကာကွယ်တဲ့ ဆေးများပေးခြင်း၊ သွေးခဲဖျော်ခြင်း၊ သွေးကြောချဲ့ခြင်း စတဲ့နည်းလမ်းတွေကို အသုံးပြုပြီး ဒီရောဂါကု ကုသနိုင်ပါတယ်။သွေးခဲတွေကို ဖယ်ရှားပစ်ဖို့၊ ပိတ်ဆို့နေတဲ့ သွေးလွှတ်ကြောကို လမ်းကြောင်းလွှဲဖို့၊ ပျက်စီးသွားတဲ့ အူအစိတ်အပိုင်းကို ပြုပြင်ဖို့ ဒါမှမဟုတ် ဖယ်ထုတ်ဖို့ ခွဲစိတ်ကုသမှု ခံယူရနိုင်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် အူလမ်းကြောင်း သွေးပြတ်လပ်ခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။ရောဂါဖြစ်ပွားနိုင်ချေမြင့်စေတဲ့ အကြောင်းအချက်တွေကို ထိန်းချုပ်ခြင်း ဥပမာ – နှလုံးခုန်မမှန်ခြင်း၊ သွေးတိုးခြင်း၊ သွေးတွင်းအဆီဓါတ်များခြင်း။ဆေးလိပ်ဖြတ်ခြင်း။ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များ စားသုံးခြင်း။ကိုယ်လက်လှုပ်ရှားပြုလုပ်ခြင်း။အူကျွံရောဂါရှိခဲ့လျှင် စောစောကုသမှု ခံယူခြင်း။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/intestinal-ischemia-%e1%80%a1%e1%80%b0%e1%80%9c%e1%80%99%e1%80%b9%e1%80%b8%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8-%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%bb%e1%80%95/
ကိုယ်လက်လေ့ကျင့်ခန်းမလုပ်မီ ဘာစားထားသင့်သလဲ
သင့်ရဲ့တနေ့တာလှုပ်ရှားမှုတွေအတွက် လုံလောက်တဲ့ ကယ်လိုရီနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ လိုပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းမလုပ်မီ တော့ သိပ်အများကြီး စားဖို့ မလိုအပ်ဘဲ အဆာပြေသဘောလောက်သာ စားသင့်ပါတယ်။စားတဲ့အခါမှာလည်း သင့်တော်တဲ့ အစားအသောက်ကို ရွေးချယ်မှ အထောက်အကူဖြစ်ပါလိမ့်မယ်။ လေ့ကျင့်ခန်းမစမီ ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေဖို့ အရေးကြီးပါတယ်။ ကျွမ်းကျင်သူတွေကတော့ လေ့ကျင့်ခန်းမလုပ်မီ ရေ ၅၀၀ မီလီလီတာ (ရေသန့်ဗူးကြီးတစ်ဝက်) လောက် သောက်ထားသင့်တယ်လို့ အကြံပေးထားပါတယ်။အဆီဓာတ်ပါဝင်မှု နည်းတဲ့ အစားအစာ (ကယ်လိုရီ ၁၀၀ – ၃၀၀) ရှိတဲ့ အစားအသောက်က အသားဓာတ်နဲ့ ကစီဓာတ်ကို ပြည့်ဝစေနိုင်ပါတယ်။ ကစီဓာတ်က စွမ်းအင်ပေးပါတယ်။ အသားဓာတ်ကတော့ ကြွက်သားတည်ဆောက်မှုမှာ အရေးပါပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းမလုပ်မီ ဒါလေးတွေ စားပေးလို့ ရပါတယ်။အဆီများတာ ဒါမှမဟုတ် အမျှင်ဓာတ်များတဲ့ အစားအသောက်တွေက ဗိုက်နာခြင်းကို ဖြစ်စေနိုင်ပြီး လေ့ကျင့်ခန်းလုပ်ဖို့အတွက် စွမ်းအင်အများကြီး မရရှိတဲ့အတွက် သင်ခန္ဓာကိုယ် လေးလံထိုင်းမှိုင်းနေနိုင်ပါတယ်။ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက ကျန်းမာရေးကို ကောင်းမွန်စေတယ်ဆိုပေမယ့် ထိရောက်တဲ့ ရလဒ်တွေကို ရရှိစေဖို့ဆိုရင်တော့ အစားအသောက်ပိုင်းကိုလည်း သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။အခုပြောပြခဲ့တဲ့ ကိုယ်လက် လေ့ကျင့်ခန်းမစမီ စားသင့်တာ၊ မစားသင့်တာလေးတွေကို သေချာလေး ဂရုစိုက် စားသောက်စေလို့ ကျန်းမာသွက်လက်တဲ့ နေ့စဉ်ဘဝကို ဖြတ်သန်း လိုက်ပါ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/what-you-should-eat-before-exercises/
အမျိုးသမီးများ ကိုယ်ဝန်ရနိုင်ရန် ကူညီပေးသော နည်းလမ်းများ
သင်သည်ယခု (သို့မဟုတ်) မကြာခင်ကိုယ်ဝန်ရလိုပါက သန္ဓေအောင်ခြင်းအကြောင်းနှင့် သန္ဓေရနိုင်သည့်နည်းလမ်းများကိုသိထားသင့်ပါသည်။ သင်မသိသောအမျိုးသမီးများ၏ ကျန်းမာရေးအခြေအနေနှင့်တကွ နေ့စဉ်နေထိုင်စားသောက်မှုပုံစံများသည်သန္ဓေအောင်ခြင်းဖြစ်စဉ်အပေါ်သက်ရောက်မှုရှိသည်ကိုတွေ့ရပါသည်။အမျိုးသမီးသန္ဓေအောင်ခြင်း။ရင်သွေးငယ်တစ်ဦးရရှိနိုင်သောအမျိုးသမီးတစ်ဦး၏စွမ်းရည်ကိုသန္ဓေအောင်ခြင်းဟုခေါ်ပါသည်။ သင်နှင့်သင့်အမျိုးသားသည် ကိုယ်ဝန်ရလိုပါကသင်တို့သည် ကလေးရနိုင် မရနိုင်သိချင်ပေလိမ့်မည်။ သင်တို့သည်အမျိုးသားနှင့်အမျိုးသမီးအတူနေလျက်တစ်နှစ်ခန့်ကြာသည်အထိကိုယ်ဝန်မရလျှင်သော်လည်းကောင်း၊ အသက် ၄၀ ကျော်အမျိုးသမီးတစ်ဦးအနေဖြင့် ၆ လအထိလည်းကောင်း ကိုယ်ဝန်မရပါက စဉ်းစားရန်လိုအပ်လာပေသည်။အမျိုးသမီးသန္ဓေအောင်ခြင်းဆိုင်ရာပြဿနာများ။အမျိုးသမီးတစ်ဦး၏သန္ဓေအောင် ဖြစ်စဉ်တွင် – အသက်အရွယ် ၊ သားဥကြွေခြင်းအခြေအနေ ၊ သားအိမ်၏အနေအထား ၊သားဥပြွန်များတွင်ပိတ်ဆို့နေသောရောဂါများ၊ မီးယပ်ရောင်ရမ်းရောဂါများ၊ Endometriosis ဟုခေါ်သည့် သားအိမ်တွင်းဆဲလ်များသားအိမ်ပြင်ပသို့ရောက်သောမီးယပ်ရောဂါများကိုလည်း ထည့်သွင်းစဉ်းစားရသည်။ အသက်ကြီးမှကိုယ်ဝန်ဆောင်လိုခြင်းသည် သန္ဓေအောင်နိုင်ခြေကိုနည်းပါးစေသည်။ အသက်ကြီးသောအမျိုးသမီးများကအသက်ငယ်သောအမျိုးသမီးများထက် သန္ဓေအောင်နိုင်ခြေနည်းပါးသည်။ သန္ဓေအောင်ပြီးလျှင်လည်းပုံမှန်အတိုင်းဖွံ့ဖြိုးမှုမရှိခြင်းမျိုးလည်း ဖြစ်နိုင်သည်။အမျိုးသမီးတစ်ဦး၏ သန္ဓေအောင်ခြင်းကိုတိုးတတ်ကောင်းမွန်စေနိုင်သောနည်းလမ်းများ။(၁)ကိုယ်အလေးချိန်ထိန်းသိမ်းပါ – ရှိသင့်သည့်ကိုယ်အလေးချိန်ထက် များခြင်းနည်းခြင်းသည် ဟော်မုန်းများအပေါ်အကျိုးသက်ရောက်သဖြင့်သားဥကြွေခြင်းကိုတားဆီးသည်။ ရှိသင့်သောကိုယ်အလေးချိန်ကိုထိန်းထားနိုင်ပါကသားဥကြွေခြင်းကို ဖြစ်စေပြီးကိုယ်ဝန်ရစေနိုင်သည်။(၂)လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါများကိုကာကွယ်ပါ – ဆီးပူညောင်းကျရောဂါနှင့် Chlamydia ရောဂါ (Chlamydia ပိုးကြောင့်ဖြစ်သော လိင်ဆက်ဆံရာမှ ကူးစက်တတ်သည့်ရောဂါ) တို့သည် အမျိုးသားရောအမျိုးသမီးပါ ကူးစက်တတ်သည်။ ထိုရောဂါများမှကာကွယ်ရန် စိတ်ချရသောလိင်ဆက်ဆံမှုပြုလုပ်ပါ။ လိင်ဆက်ဆံဖော်အရေအတွက်ကိုလျှော့ချပါ။ လိင်ဆက်ဆံတိုင်းအကာအကွယ်ကွန်ဒုံးသုံးပါ။ ရောဂါမရှိသောမိမိ၏လိင်ဆက်ဆံဖော်နှင့် တစ်ဦးပေါ်တစ်ဦးသစ္စာရှိစွာနေထိုင်ပါ။(၃)အာဟာရပြည့်ဝစွာစားသုံးပါ-ကိုယ်ဝန်ရလွယ်စေခြင်းနှင့်သန္ဓေအောင်ခြင်းအတွက် သီးသန့်အစားအစာဟူ၍အခိုင်အမာပြဆိုထားခြင်းမရှိသော်လည်းကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများကကူညီပေးနိုင်သည်မှာအမှန်ဖြစ်သည်။ ကိုယ်ဝန်မရခင် ၊ ရပြီးနှင့် ကိုယ်ဝန်ကာလတလျှောက် ဖောလစ်အက်ဆစ်ကဲ့သို့ ဗီတာမင်ဓါတ်များသည် အရေးပါသဖြင့် အာဟာရပြည့်ဝစွာ စားသုံးပေးပါ။(၄)ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုခံယူပါ-ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံ၍ သန္ဓေအောင်ခြင်းကိုတားဆီးသောရောဂါများရှိမရှိစမ်းသပ်ကုသပါ။(၅)စိတ်ဖိစီးမှုကိုထိန်းချုပ်ပါ-စိတ်ဖိစိးမှုသည်ကိုယ်ဝန်ရနိုင်ခြင်းကိုဟန့်တားသည်ဟုအချို့လေ့လာမှုများကဆိုသည်။ စိတ်ဖိစီးမှု၏ အမျိုးသမီးသန္ဓေအောင်ခြင်းအပေါ်သက်ရောက်မှုကိုသုတေသနများနောက်ထပ်ပြုလုပ်ရဦးမည်ဖြစ်သော်လည်း ကိုယ်ဝန်ရရန်ကြိုးစားနေချိန်တွင် စိတ်ဖိစီးမှုကိုပြေလျော့၍ ကျန်းမာရေးနှင့် ညီညွတ်သောနည်းလမ်းများကို ကျင့်သုံးသင့်သည်ကတော့ အမှန်ပင်ဖြစ်သည်။(၆)ဆေးလိပ်ဖြတ်ပါ-ဆေးလိပ်သောက်ခြင်းကြောင့်သားဥအိမ်၏လုပ်ငန်းကိုလျော့ကျစေပြီးအချိန်မတိုင်မီသားဥများကုန်ခမ်းခြင်းကို ဖြစ်စေသည်။ သင်ကဆေးလိပ်သောက်တတ်သူဆိုလျှင် သင်၏ဆရာဝန်ကို ဆေးလိပ်ဖြတ်ရာတွင် ကူညီရန် တောင်းဆိုပါ။(၇)အရက်ကိုချိန်ဆ၍သောက်သုံးပါ -အရက်ကိုလွန်ကျှွှံစွာသောက်သုံးလျှင် သားဥအိမ်ရောဂါများရစေနိုင်သည်။ အချို့လေ့လာချက်များတွင်မူအရက်အနည်းငယ်သောက်ရုံမျှနှင့်ပင် ကိုယ်ဝန်ရနိုင်ခြေကို လျော့ကျစေသည့်အတွက် ကိုယ်ဝန်ရလိုပါက အရက် လုံး၀ ဖြတ်သင့်ကြောင်းဖော်ပြထားသည်။(၈)ကဖင်းဓါတ်ကိုလျှော့ချပါ-အချို့လေ့လာချက်များတွင် ကဖင်းဓါတ်လွန်ကဲပါကအမျိုးသမီးဟော်မုန်းအီစထရိုဂျင်ထုတ်လုပ်မှုများပြားခြင်း (သို့မဟုတ်) အီစထရိုဂျင်ကိုချေဖျက်မှုနည်းခြင်း ဖြစ်စေနိုင်သည်ဟုဆိုသည်။ သင်နေ့စဉ်သောက်သောကဖင်းဓါတ်ကိုတစ်နေ့လျှင်၂၀၀မီလီဂရမ်အထိလျှော့ချသင့်သည်ဟုအကြံပြုထားပါသည်။(၉)ပြင်းထန်သောကိုယ်လက်လှုပ်ရှားမှုကိုရှောင်ကြဉ်ပါ-ကိုယ်လက်လှုပ်ရှားမှုပြုခြင်းသည် ကျန်းမာရေးအတွက်ကောင်းမွန်သည်မှန်သော်လည်းလွန်စွာပြင်းထန်သောကိုယ်လက်လှုပ်ရှားမှုများသည် အမျိုးသမီးသန္ဓေအောင်ခြင်းကိုထိခိုက်စေသည်။ အဘယ့်ကြောင့်ဆိုသော် သားဥကြွေခြင်းကိုတားမြစ်ပြီး ကိုယ်ဝန်ရရန်အားပေးသော ဟော်မုန်းဖြစ်သည့် ပရိုဂျက်စထရုန်း ဟော်မုန်း(progesterone) ကို လျော့ကျစေသောကြောင့်ဖြစ်သည်။ သင်သည် ကိုယ်ဝန်ယူရန် စိတ်ကူးရှိပြီးကိုယ်အလေးချိန်လည်း ပုံမှန်ဖြစ်နေသည်ဆိုပါကတစ်ပတ်လျှင်အချိန် ၇ နာရီထက်ပို၍ကိုယ်လက်လှုပ်ရှားမှု မပြုသင့်ပါ။ အကယ်၍ သင့်ကိုယ်အလေးချိန်ကပုံမှန်ထက်များလျှင် ကိုယ်လက်လှုပ်ရှားမှုမည်မျှ ပြုလုပ်သင့်သည်ကိုသင့်ဆရာဝန်နှင့် တိုင်ပင်ပါ။(၁၀) အဆိပ်အတောက်ဖြစ်စေသည့် အရာများကိုရှောင်ကြဉ်ပါ – ဓါတုပစ္စည်းများနှင့် ညစ်ညမ်းပစ္စည်းများသည် သန္ဓေအောင်ခြင်းဖြစ်စဉ်ကိုထိခိုက်စေသည်။ ထို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများ ၊ ဆံပင်ညှပ်သူများနှင့် အချို့သောဆိုးဆေးနှင့် ဓါတုပစ္စည်းကိုထိတွေ့လုပ်ကိုင် နေရသူများတွင် မီးယပ်ဆိုင်ရာရောဂါများတွေ့ရတတ်သည်။ သွားနှင့် သွားဖုံးကုသရေးတွင် ကူညီပေးရသူများသည် နိုက်ထရိုဂျင်အောက်ဆိုဒ်ဓါတ်နှင့် ထိတွေ့ပြီးအန္တရာယ်ရှိနိုင်သည်။ စက်မှုလုပ်ငန်းများတွင် လုပ်ကိုင်သူများသည်လည်း ဓါတုဆေးဝါးများနှင့် ထိတွေ့နေရသည့်အတွက် အန္တရာယ်ရှိနိုင်ပါသည်။သင့်အနေဖြင့် ကိုယ်ဝန်ရလိုပြီး သင်၏နေထိုင်စားသောက်မှု ပုံစံများသည် သန္ဓေအောင်ခြင်းအပေါ် သက်ရောက်မှုရှိ /မရှိစိုးရိမ်မှုရှိပါက တတ်ကျွမ်းနားလည်သော ကျန်းမာရေးဝန်ထမ်းများနှင့်ဆွေးနွေးတိုင်ပင်၍ အကူအညီရယူနိုင်ပါသည်။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/fertility-problems-and-treatment/%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%99%e1%80%ae%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba/
Biliary Atresia (သည်းခြေရည်ပြွန်ကျဉ်းမြောင်းပိတ်ဆို့ခြင်း)
Biliary Atresia (သည်းခြေရည်ပြွန်ကျဉ်းမြောင်းပိတ်ဆို့ခြင်း) အကြောင်း လေ့လာရအောင်။>> Biliary Atresia (သည်းခြေရည်ပြွန်ကျဉ်းမြောင်းပိတ်ဆို့ခြင်း) ကဘာလဲ။Biliary Atresia (သည်းခြေရည်ပြွန်ကျဉ်းမြောင်းပိတ်ဆို့ခြင်း) ဆိုသည်မှာသည်းခြေရည်ပြွန်တွင် ပိတ်ဆို့မှုတစ်ခု ဖြစ်စေသော ရှားပါးသော အခြေအနေတစ်ခု ဖြစ်ပါသည်။ အသည်းပြွန်ဟုလည်းခေါ်သောအသည်းတွင်းမှ သည်းခြေရည် ပြွှန်သည် သည်းခြေရည်များကိုအသည်းမှ သည်းခြေအိတ် သို့ သိုလှောင်ရန်အတွက် သယ်ယူသွားပြီးအူငယ်များသို့ အစာခြေခြင်းတွင် အသုံးပြုရန်အတွက် သယ်ယူပါသည်။သည်းခြေရည် သည် အသည်းမှ ပြုလုပ်သောအရည်တစ်မျိုးဖြစ်ပြီးအဓိကတာဝန် နှစ်ခုကိုထမ်းဆောင် ပါသည်။ ၎င်းတို့မှာအဆိပ်အတောက်များ နှင့် အညစ်အကြေးများကို ခန္ဓါကိုယ် ပြင်ပသို့ သယ်ဆောင်သွားခြင်းနှင့် ခန္ဓါကိုယ် မှ အဆီများကိုခြေဖျက်ခြင်းနှင့် အဆီတွင် ပျော်ဝင်သောဗီတာမင် အေ၊ ဒီ၊ အီး နှင့် ကေတို့ကိုစုပ်ယူရန် ကူညီခြင်းတို့ဖြစ်သည်။သည်းခြေရည် ပြွန်ပိတ်ဆို့ပါကသည်းခြေရည်များသည် အသည်းထဲတွင် စုပြုံ လာပြီးအသည်းပျက်စီးခြင်းကို ဖြစ်စေပါသည်။ ထိုအခါ အသည်းသည် ခန္ဓါကိုယ်မှ အဆိပ်အတောက်များစွန့်ထုတ်ရန် ခက်ခဲစေပါသည်။သည်းခြေရည်ပိတ်ဆို့မှုသည် သန္ဓေသားဘဝတွင်ဖြစ်ခြင်း နှင့် မွေးဖွားပြီးခါစတွင်ဖြစ်ခြင်းဟူ၍နှစ်မျိုးရှိပါသည်။ သန္ဓေသားသည်းဖြေရည်ပိတ်ခြင်းသည် ကလေးငယ်သားအိမ်ထဲတွင်ရှိချိန် တွင် ဖြစ်ပေါ်ပါသည်။မွေးဖွားပြီးခါစ သည်းခြေရည် ပိတ်ခြင်းသည် ပို၍အဖြစ် များပါသည်။ မွေးဖွားပြီး နှစ်ပတ်မှ လေးပတ်အကြာအထိ မသိသာမထင်ရှားသေးပါ။ သန္ဓေသားအဖြစ် ရှိနေသောကလေးငယ်များသည် နှလုံး၊ ဘေလုံး နှင့် အူများတွင်လည်းမွေးရာပါ ချို့ယွင်းချက် များရှိနိုင်ပါသည်။>> Biliary Atresia (သည်းခြေရည်ပြွန်ကျဉ်းမြောင်းပိတ်ဆို့ခြင်း) က ဘယ်လောက်အဖြစ်များသလဲ။သည်းခြေရည်ပိတ်ဆို့မှုသည် ရှားပါးပြီးကလေးငယ် ၁၈၀၀၀ တွင် ၁ ယောက်သာလျှင် ဖြစ်ပွားပါသည်။ အမျိုးသမီးများ၊ လမစေ့သောကလေးငယ်များနှင့် အာရှ သို့မဟုတ် အမေရိကန် အာဖရိက အနွယ်ဝင် ကလေးများတွင် ပို၍ဖြစ်ပွားပါသည်။>> Biliary Atresia (သည်းခြေရည်ပြွန်ကျဉ်းမြောင်းပိတ်ဆို့ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ။ပထမဆုံးပေါ်သောရောဂါလက္ခဏာသည် အသားဝါခြင်း နှင့် မျက်လုံးဝါခြင်းတို့ဖြစ်ပါသည်။ အသားဝါခြင်းသည် သတိပြုမိရန် ခက်ခဲပါသည်။ ထုံးစံအားဖြင့် မွေးပြီးစတစ်ပတ် နှစ်ပတ်တွင် ကလေးငယ်များသည် မပြင်းထန်သော အသားဝါခြင်း ဖြစ်ပြီး နှစ်ပတ် သုံးပတ်ကြာသောအခါ ပျောက်ကွယ်သွားပါသည်။သို့သော်လည်း သည်းခြေရည် ပိတ်ဆို့မှုရှိသောကလေးသည် အသားဝါခြင်း တဖြည်းဖြည်းဆိုးရွားလာပါသည်။အောက်ပါလက္ခဏာများလည်းတွေ့မြင်နိုင်ပါသည်။အထက်တွင် ဖော်ပြမထားသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင်ရောဂါလက္ခဏာတစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။မွေးဖွားပြီး နှစ်ပတ် သုံးပတ် ကြာသည်အထိ သင်၏ကလေးတွင်အသားဝါခြင်း နှင့်အဖြူရောင် ဝမ်းသွားခြင်းတို့ ဖြစ်ပါကဆရာဝန်ထံသို့ အမြန်သွားရောက်ပြသပါ။>>သည်းခြေရည်ပြွန် ကျဉ်းမြောင်းပိတ်ဆို့ခြင်းကို ဘာတွေကဖြစ်စေသလဲ။သည်းခြေရည် ပြွန် ပိတ်ဆို့ပါကသည်းခြေရည်များသည် အသည်းထဲတွင် စုပြုံ လာပြီးအသည်းပျက်စီးခြင်းကို ဖြစ်စေပါသည်။ ထိုအခါ အသည်းသည် ခန္ဓါကိုယ်မှ အဆိပ်အတောက်များစွန့်ထုတ်ရန် ခက်ခဲစေပါသည်။>> Biliary Atresiaဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ။အောက်ပါအချက်များသည် Biliary atresia ဖြစ်ပွားမှုနှုန်းကို မြင့်မားစေပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရောဂါအဖြေရှာခြင်း။ယခုဖော်ပြထားသည့်အချက်အလက်များမှာဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက် များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက် သိရှိလိုသောအချက်အလက် များအတွက် သင့်ရဲ့ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးပါ။သည်းခြေရည်ပိတ်ဆို့မှုကိုဘယ်လိုရှာဖွေစစ်ဆေးမလဲ။မှန်ကန်သောရောဂါအဖြေရရှိရန် ဆရာဝန်သည် အောက်ပါစစ်ဆေးမှု များကိုလုပ်ဆောင်ရမည် ဖြစ်သည်။>> သည်းခြေရည်ပြွန်ကျဉ်းမြောင်းပိတ်ဆို့ခြင်းကို ဘယ်လိုကုသပါသလဲ။သည်းခြေရည် ပိတ်ဆို့မှုကိုများသောအားဖြင့် ခွဲစိတ်ကုသမှုပြုလုပ်ခြင်းဖြင့် ကုသပါသည်။ အထူးသဖြင့် အသည်းအစားထိုးကုသခြင်းနှင့် Kasai လုပ်ထုံးတို့ဖြစ်ကြသည်။သည်းခြေရည် ပိတ်ဆို့မှုအတွက် ပထမဦးစားပေးကုသမှုဖြစ်ပါသည်။ Kasai လုပ်ထုံးတွင် ခွဲစိတ် ဆရာဝန်သည် ကလေးငယ်၏ ပိတ်ဆို့နေသောသည်းခြေရည်ပြွှန်ကိုဖယ်ရှား၍အူအခွေ တစ်ခုကိုယူကာ ၎င်းဖြင့် နေရာလဲလိုက်ပါသည်။ထိုအခါ သည်းခြေရည်များသည် အူငယ်ဆီသို့ တည့်တည့် မတ်မတ် စီးဆင်းသွားပါသည်။ ခွဲစိတ်မှု အောင်မြင်ပါကလူနာသည် ကျန်းမာရေးကောင်းမွန်လာကာအသည်းပြဿနာခံစားရတော့မည် မဟုတ်ပါ။Kasai လုပ်ထုံးမအောင်မြင်ပါကကလေးငယ်သည် ၁-၂ နှစ်အတွင်းအသည်းအစားထိုးကုသမှုလိုအပ်ပါလိမ့်မည်။အစားထိုးကုသမှု အောင်မြင်ပါသော်လည်းကလေးအများစုတွင်အရွယ်ရောက်ချိန်၌သည်းခြေရည်ပိတ်မှုကြောင့်ဖြစ်သောနာတည်ရှည်အသည်းရောဂါ ဖြစ် နိုင်ပါသည်။ ထို့ကြောင့် ကလေးငယ်များသည် အသည်းစွမ်းဆောင်ရည် ကိုစောင့်ကြည့်ရန် ပုံမှန် စစ်ဆေးမှုများလိုအပ်ပါသည်။အစားထိုး ခွဲစိတ်ကုသမှုဆေးပညာ၏ဖွံဖြိုးတိုးတက်မှုများသည် အစားထိုးထားသောအသည်း၏ လုပ်ဆောင်နိုင်စွမ်းနှင့်အကျိုးကျေးဇူးရရှိမှုကိုမြင့်တက်စေပါသည်။အရင်ကအစားထိုးကုသမှုသည် သေဆုံးသွားသောကလေးငယ်များအသည်း လှူဒါန်းမှသာလုပ်ဆောင်နိုင်သည်။ ယခုတွင်မူခွဲစိတ်ကုသမှု၏ဖွံဖြိုးတိုးတက်မှုနှင့်အတူအရွယ်ရောက်ပြီးသူများ၏အသည်းကိုကလေးငယ်များတွင် အစားထိုးနိုင်ပြီ ဖြစ်သည်။ အရွယ်အစားသေးခြင်းသို့မဟုတ် ခွဲခြမ်းကာအစားထိုးခြင်းဟုခေါ်သည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကသည်းခြေရည် ပိတ်ဆို့မှုကို ကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများသည် သည်းခြေရည် ပိတ်ဆို့မှုကို ကုသသော နေရာတွင် အကူအညီပေးနိုင်ပါသည်။အသည်း အစားထိုးကုသမှုအပြီးတွင် ကလေးငယ်အများစုသည် ပုံမှန် စားသောက်နိုင်ပါသည်။ သို့သော် ကလေးငယ်အတွက် သင့်တော်သောအစားအစာကိုရွေးချယ်နိုင်ရန် ကလေးအထူးကုဆရာဝန်နှင့် အမြဲတိုင်ပင်သင့်ပါသည်။အကယ်၍သင့်မှာမေးခွန်းတွေရှိပါကသင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ရန် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/gallbladder-disease/biliary-atresia/
အစာအိမ်ရောင်ခြင်း (Gastritis)
အစာအိမ်ရောင်ခြင်းဆိုသည်မှာ အစာအိမ်အမြှေးပါးရောင်ရမ်းသော အခြေအနေတစ်ခု ဖြစ်ပါသည်။ အစာအိမ်ရောင်ခြင်းသည် ရုတ်တရက် သို့မဟုတ် နာတာရှည် ဖြစ်ပွားနိုင်ပါသည်။ ရောဂါကို သေချာကုသလျှင် လျင်မြန်စွာ ကောင်းမွန်လာနိုင်ပါသည်။ သို့သော်လည်း အချို့ကိစ္စများတွင် အစာအိမ်ရောင်ခြင်းကြောင့်အစာအိမ်အနာဖြစ်လာနိုင်ပြီးအစာအိမ်ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေပါသည်။အစာအိမ်ရောင်ခြင်းသည် အလွန်အဖြစ်များပါသည်။ များသောအားဖြင့်အကိုက်အခဲပျောက်ဆေးအလွန်အကျွံသောက်သူများ၊အရက်အလွန်အကျွံ သောက်သူများတွင် ပို၍ အဖြစ်များပါသည်။အစာအိမ်ရောင်ရောဂါရှိသူများသည် ရံဖန်ရံခါမှသာ လက္ခဏာပြတတ်သည်။ အဖြစ်များသော ရောဂါလက္ခဏာများမှာ။အစာအိမ်အမြှေးပါးတွင် သွေးထွက်ပါက အောက်ပါရောဂါလက္ခဏာများကိုပါ တွေ့ရပါမည်။အဖြစ်များသော အကြောင်းရင်းများမှာ။အခြားအကြောင်းရင်းများမှာ။အစာအိမ်ရောင်ခြင်း ဖြစ်နိုင်ခြေကို မြင့်စေသော အကြောင်းရင်းများများစွာရှိပါသည်။ ဥပမာအားဖြင့်-။အစာအိမ်ရောင်ခြင်းကုသမှုသည် လူနာ၏ ရောဂါလက္ခဏာများအပေါ်တွင် မူတည်သည်။ တိကျမှုရရှိရန် ဆရာဝန်သည် အောက်ပါစစ်ဆေးမှုများကိုအသုံးပြုလိမ့်မည်။Helicobacter pylori ကြောင့်ဖြစ်သော အစာအိမ်ရောင်ခြင်းကို ပဋိဇီဝဆေးများနဲ့အစာအိမ်ဆေးများဖြင့် ကုသနိုင်ပါသည်။ ကုသမှုခံယူနေစဉ်အတွင်း အရက်သောက်ခြင်း၊ ibuprofen၊ naproxen၊ asprin စတဲ့ အကိုက်အခဲသောက်ဆေးများသောက်ခြင်းကို ရှောင်ရှားသင့်ပါသည်။အစာအိမ်တွင်းမှ အက်စစ်များကို ပြန်ဖြေရန် အောက်ပါ ဆေးများအသုံးပြုနိုင်ပါသည်။အစာအိမ်ရောင်ခြင်း ပိုမိုဆိုးရွားလာပါက အကြောထဲဆေးထိုးခြင်းနဲ့ အခြားအက်စစ်လျော့ကျစေသော ဆေးများ အသုံးပြုခြင်းတို့ ပြုလုပ်နိုင်ပါသည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများသည် အစာအိမ်ရောင်ခြင်းကို ကုသသောနေရာတွင် အကူအညီပေးနိုင်ပါသည်။Takeaways။အစာအိမ်ရောင်ခြင်းက အဖြစ်များတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်း ပြဿနာတစ်ခုဖြစ်ပြီး စနစ်တကျ မကုသဘူးဆိုရင် ဖြစ်လိုက်ပျောက်လိုက်နဲ့ သံသရာလည်နေမှာပါ။ ဒါ့ပြင် နောက်ပိုင်းမှာ အစာအိမ်အနာ၊ အနာကနေ ကင်ဆာအထိ ပြောင်းနိုင်လို့ သေသေချာချာ ကုသဖို့ အကြံပြုချင်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/gastritis-digestive-health/gastritis-explained/
သွေးတိုးရောဂါ အမျိုးအစားများ၊ လက္ခဏာများနှင့် ကုသပုံနည်းလမ်းများ
သွေးတိုးရောဂါဟာ သွေးဖြတ်သန်းစီးဆင်းတဲ့ သွေးလွှတ်ကြောတွေဟာ ပုံမှန် ဖိအားထက်များနေတဲ့ သွေးပေါင်တက်တဲ့ အခြေအနေကို ခေါ်တာ ဖြစ်ပါတယ်။ သွေးပေါင်ဟာ ရက်သတ္တပတ် အတော်များများ အမြဲတမ်း ၁၄၀၊ ၉၀ ကျော်နေမယ်ဆိုရင် သွေးတိုးလို့ခေါ်ပါတယ်။ သွေးလွှတ်ကြောနံရံကို ဆန့်ကျင်တဲ့ သွေးတွေရဲ့ အားဟာ ပုံမှန်ထက်ကျော်နေတယ်ဆိုရင် သွေးတိုးလို့ခေါ်ပါတယ်။ ရောဂါလက္ခဏာတွေ မရှိပဲနဲ့ ရေရှည်မှာဆိုရင် သူဟာ ကျန်းမာရေး ပြဿနာတွေ ဖြစ်တဲ့ နှလုံးရပ်ခြင်းနဲ့ လေဖြတ်ခြင်းတို့ကိုပါ ဖြစ်စေနိုင်ပါတယ်။သွေးတိုးဟာ အတော်အဖြစ်များပါတယ်။ ဒါပေမယ့် သွေးတိုးရှိသူတွေဟာ နှစ်ပေါင်းများစွာ ဘာလက္ခဏာမှ မပြတာလဲ ဖြစ်နိုင်ပါတယ်။ လက္ခဏာတွေ မရှိပဲတောင်မှ သူဟာ သွေးလွှတ်ကြောတွေ သွေးကြောတွေကို ထိခိုက်နိုင်ပါတယ်။သွေးတိုးရှိတဲ့ လူအများစုဟာ သူတို့ အန္တရာယ်ရှိနေရင်တောင်မှ ဘာလက္ခဏာမှ မပြတတ်ပါဘူး။အချို့သူတွေမှာသာ ခေါင်းကိုက်ခြင်း၊ မောခြင်းနဲ့ နှာခေါင်းသွေးယိုခြင်းတို့ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီလက္ခဏာတွေဟာ တိတိကျကျမဟုတ်ပဲ သွေးပေါင်အရမ်းတက်ချိန် (သို့) အသက်အန္တရာယ် မစိုးရိမ်ရမချင်း မပြတတ်ပါဘူး။သွေးတိုးရောဂါ လက္ခဏာ တွေကတော့-။• ခေါင်းကိုက်ခြင်း။• မောခြင်း။• နှာခေါင်းသွေးယိုခြင်း။• သွေးရောင်ဖြန်းခြင်း။• ခေါင်းမူးခြင်း။• ရင်ဘတ်အောင့်ခြင်း။• အမြင်အာရုံပြောင်းလဲခြင်းနဲ့။• ဆီးထဲ သွေးပါခြင်း တို့ ဖြစ်ပါတယ်။လူအများစုဟာ ဆရာဝန်နဲ့ သွားပြီး စစ်ဆေးမှုပြုချိန်မှာ ဒီအခြေအနေကို သိရှိတာဖြစ်ပါတယ်။ တစ်ကိုယ်လုံးကို စမ်းသပ်စစ်ဆေးခြင်းဟာ သင့်ကို ရောဂါဖြစ်စေတဲ့အချက်တွေကို စောစောနဲ့ မှန်မှန် သိစေနိုင်ပါတယ်။သွေးတိုးရှိမရှိ သိဖို့ကတော့ ပုံမှန်သွေးပေါင်ချိန်ခြင်းဟာ အကောင်းဆုံးနည်းဖြစ်ပါတယ်။ အိမ်မှာ ကိုယ်တိုင် သွေးပေါင်ချိန်နိုင်ပြီး ဆေးရုံမှာလည်း ပုံမှန် သွားရောက်စစ်ဆေးနိုင်ပါတယ်။သွေးတိုးရောဂါ အမျိုးအစားများ။သွေးတိုးရောဂါ နှစ်မျိုးရှိပြီး တစ်မျိုးစီမှာ ဖြစ်စေတဲ့ အကြောင်းရင်း တစ်ခုစီရှိပါတယ်။ပထမအဆင့်သွေးတိုးခြင်းကို essential hypertension လို့လည်းခေါ်ပါတယ်။ သူ့မှာဖြစ်စေတဲ့ အကြောင်းရင်း မရှိပါဘူး။ သူဟာ မိသားစုမျိုးရိုးလိုက်တာ ဖြစ်နိုင်ပါတယ်။ အောက်ပါအချက်တွေတော့ ပေါင်းစပ်ပါဝင်နိုင်ပါတယ်။• မျိုးရိုးဗီဇ။• ကိုယ်ခန္ဓါ ပြောင်းလဲမှု။• ပတ်ဝန်းကျင်။ဒုတိယအဆင့် သွေးတိုးခြင်းဟာ အခြားရောဂါ အခြေအနေတွေနဲ့ ဆေးတွေရဲ့ အကျိုးဆက်ကြောင့် ဖြစ်တာ ဖြစ်နိုင်ပါတယ်။ဒုတိယအဆင့် သွေးတိုးခြင်းဟာ ပထမအဆင့် သွေးတိုးခြင်းထက် ပိုမိုပြင်းထန်ပါတယ်။သူ့ကို ဖြစ်စေတဲ့ ရောဂါတွေကတော့။• ကျောက်ကပ်ရောဂါ။• မွေးရာပါ နှလုံးရောဂါ။• သိုင်းရွိုက် ပြဿနာများ။• ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးများ။• တရားမဝင်တဲ့ ဆေးတွေသုံးစွဲခြင်း တွေပဲ ဖြစ်ပါတယ်။ကိုယ်ခန္ဓါ အခြေအနေပေါ်မူတည်ပြီး ဆရာဝန်က ဆေး၊ လူမှုဘဝ နေထိုင်ပုံနဲ့ အခြား လှုပ်ရှားမှုတွေပါဝင်တဲ့ ကုသမှု အစီအစဉ်ကို အကြံပေးနိုင်ပါတယ်။ ရည်ရွယ်ချက်ကတော့ သွေးပေါင်ကို ကျအောင် ထိန်းထားပေးဖို့ ဖြစ်ပါတယ်။လူနေမှုဘဝ ပုံစံ ပြောင်းလဲမှုများ။ကျန်းမာတဲ့ လူမှုဘဝ နေပုံဟာ သွေးပေါင်တက်ခြင်းကို ကာကွယ်နိုင်ပါတယ်။ သွေးပေါင်ထိန်းပေးနိုင်တဲ့ အလေ့အကျင့်တွေကတော့။• ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ စားခြင်း။• လှုပ်လှုပ်ရှားရှား ရှိခြင်း။• အရက်အလွန်သောက်ခြင်းမှ ရှောင်ကျဉ်ခြင်း။• ဆေးလိပ်ဖြတ်ခြင်း (သို့) ဆေးလိပ်ငွေ့ရှူရှိုက်မှုက ကာကွယ်ခြင်း။• စိတ်ဖိစီးမှု ထိန်းချုပ်ခြင်း။• မိသားစုနဲ့ သူငယ်ချင်းတို့ထံမှ ထောက်ခံမှုရခြင်း တွေပဲဖြစ်ပါတယ်။သင့်အတွက် သင့်တော်တဲ့ ဆေးကို မတွေ့မချင်း မတူညီတဲ့ ဆေးတွေကို စမ်းသပ်ကြည့်ဖို့ လိုနိုင်ပါတယ်။သွေးတိုးဆေးတွေကတော့။Beta-blockers – ဒီဆေးတွေဟာ နှလုံးခုန်နှုန်းကို နှေးကွေးစေပြီးတော့ အားလျော့စေပါတယ်။ ဒါဟာ သွေးကြောထဲကို ညှစ်ထုတ်ပေးလိုက်တဲ့ သွေးပမာဏကို နည်းစေပြီးတော့ သွေးပေါင် ကျဆင်းစေပါတယ်။ဆီးဆေး – ဆိုဒီယမ်နဲ့ အရည်တွေ ကိုယ်ခန္ဓါထဲမှာ များခြင်းဟာ သွေးပေါင် တက်စေနိုင်ပါတယ်။ ဆီးဆေးတွေဟာ ကျောက်ကပ်ကို ပိုနေတဲ့ ဆိုဒီယမ်တွေ ကိုယ်ခန္ဓါက စွန့်ထုတ်ဖို့ စေခိုင်းပါတယ်။ ဆိုဒီယမ် ပမာဏ ကျဆင်းသွားတာကြောင့် ကိုယ်ခန္ဓါထဲက အရည်ပမာဏလည်း ကျဆင်းသွားပြီး သွေးပေါင်ကျဆင်း စေပါတယ်။Angiotensin II receptor blockers (ARBs) – ACEI တွေ ဟာ angiotensin တွေကို သူ့ receptor တွေနဲ့ ပေါင်းစည်းခြင်းကို တားမြစ်ပါတယ်။ ဒီ angiotensin မရှိရင် သွေးကြောတွေဟာ မတင်းတောပဲ လျော့လာပြီး သွေးပေါင်ကျဆင်းစေပါတယ်။Calcium channel blockers – ပိုနေတဲ့ ကယ်လ်ဆီယမ်တွေဟာ ပြင်းထန်တဲ့ နှလုံးခုန်နှုန်းကို ဖြစ်စေပါတယ်။ ကယ်လ်ဆီယမ်တွေ နည်းသွားရင် နှလုံးခုန်တဲ့အားလည်း နည်းသွားပါတယ်။ ဒါဟာ သွေးပေါင်ကျစေပြီး သွေးကြောတွေကို လျှော့စေပါတယ်။Alpha-2 agonists – ဒီဆေးတွေဟာ သွေးကြောတွေကို တင်းစေတဲ့ အာရုံကြောတွေရဲ့ နှိုးဆွမှုတွေကို နှေးကွေးစေပါတယ်။ ဒါဟာ ကြွက်သားတွေကို လျှော့စေပြီး သွေးပေါင်ကျစေပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%b8%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab-%e1%80%a1%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%a1%e1%80%85%e1%80%ac/
တီဘီဆေးသောက်နေစဉ် ကလေးအာဟာရကို ဂရုစိုက်ကြမယ်
လေထဲကတစ်ဆင့် အသက်ရှူလမ်းကြောင်းတွင်းသို့ ဘက်တီးရီးယားပိုး ကူးစက်ရာမှ ဖြစ်ပွားပြီး လူကြီး၊ လူငယ်မရွေး ကလေးတွေမှာလည်းတော်တော်လေး အဖြစ်များလာတာကိုတွေ့ရပါတယ်။ ကူးစက်ခံရတဲ့ ကလေးရဲ့ကိုယ်ခံအားပေါ်မူတည်ပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း အဆုတ်တီဘီ ဖြစ်နိုင်ပါတယ်။ အဆုတ်ထဲမှာ ရှိတဲ့ တစ်ရှုးတွေကို အဓိကတိုက်ခိုက်ပြီးဦးနှောက်၊ ကျောရိုးနဲ့ တခြားကိုယ်တွင်းအင်္ဂါတွေထိပါ အလွယ်တကူ ပျံ့နှံ့သွားနိုင်ပါတယ်။ သေချာကုသမှုမခံယူဘူး၊ ဆေးကို ပုံမှန်မသောက်ဘူး၊ အစာအာဟာရကို ဂရုမစိုက်ဘူးဆိုရင်တော့ ရောဂါအခြေအနေဟာ အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်တဲ့အထိ ဆိုးရွားလာနိုင်ပါတယ်။ကလေးတွေဆိုတာ မျက်စိထဲမြင်တဲ့ ဘယ်အရာဝတ္ထုကိုမဆို သွားကိုင်ကြည့်တာ သဘာဝပါပဲ။ မကြာခဏလက်ဆေးဖို့ မေ့တာ၊ မသန့်ရှင်းတဲ့ လက်နဲ့ မျက်နှာကိုင်တာ၊ နှာခေါင်းပွတ်တာ၊ အစာစားတာတွေ လုပ်တတ်တာဆိုတော့တီဘီပိုးကူးစက်နိုင်ဖို့ ပိုလွယ်ကူတာပေါ့။ဒီဘက်ခေတ်ထဲမှာအဆုတ်တီဘီကို ထိရောက်စွာ ကုသလို့ ရတဲ့ ဆေးတွေလည်း အလွယ်တကူရနိုင်ပြီဖြစ်လို့ မိဘတွေလည်း နည်းနည်းတော့ စိတ်အေးရမှာပါ။ ဒါပေမယ့် ဝေဒနာ မပျောက်ကင်းသွားခင်အထိ ကလေးရဲ့ နေ့စဉ် အစာအာဟာရကို ပြည့်ဝအောင် ကျွေးပေးဖို့တော့ လိုပါတယ်။တီဘီဆေးတွေက ရောဂါပိုးကို တိုက်ဖျက်နေစဉ်မှာ မိဘတွေ ကျွေးလိုက်တဲ့ အစားအစာမှာပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေဟာ ကလေးရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တယ်။ ဒီအခါမှာ ရောဂါဝေဒနာ သက်သာစေဖို့နဲ့ အမြန်ဆုံးသက်သာပျောက်ကင်းစေဖို့ ကူညီပေးနိုင်တာပေါ့။ကလေးက တီဘီဆေးသောက်နေရပြီဆိုရင်မေမေတွေအနေနဲ့ ဒီအစာအာဟာရတွေကို အဓိက ကျွေးပေးဖို့ အရေးကြီးပါတယ်။သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေမှာ ကလေးကျန်းမာဖို့နဲ့ ကိုယ်ခံအားစနစ် ကောင်းစေဖို့ ဗီတာမင်အာဟာရတွေ အများအပြားပါဝင်ပါတယ်။ အထူးသဖြင့် အချဉ်ဓါတ်များတဲ့ လိမ္မော်သီး၊ သရက်သီး၊ မာလကာသီးလို အသီးအနှံတွေ၊ ရွှေဖရုံသီး၊မုန်လာဥနီ၊ ခရမ်းချဉ်သီး အစရှိတဲ့ ဟင်းသီးဟင်းရွက်တွေ၊ အစေ့အဆန်တွေကနေ ဗီတာမင် အေ၊ စီ၊ အီး ဓါတ်တွေ ရရှိနိုင်ပါတယ်။ပြင်းထန်တဲ့ တီဘီရောဂါနဲ့ သူ့ကိုတိုက်ဖျက်ဖို့ ဆေးဝါးတွေ သောက်နေရချိန်မှာ ကိုယ်ခံအားနည်းသေးတဲ့ကလေးတွေအတွက်တော့ ကိုယ်အလေးချိန်တွေပါ ကျပြီး တော်တော်လေးကို အားနည်းပြီး ပျော့ခွေနေမှာပါ။ ဒီအတွက် ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေကို များများကျွေးပေးဖို့လည်း လိုတယ်နော်။ပရိုတင်းဓါတ်ဟာ ကိုယ်ခန္ဓါအတွက် လိုအပ်တဲ့ အားအင်တွေကို ဖြည့်တင်းပေးနိုင်တယ်။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ရောဂါဝေဒနာကို အမြန်ဆုံးသက်သာစေဖို့ ကူညီပေးပါတယ်။ ဒါကြောင့် ကလေး တီဘီဆေးသောက်နေရပြီဆိုရင် ပရိုတင်းကြွယ်ဝတဲ့ အသား၊ ငါး၊ ဥ၊ ပဲနို့၊ နွားနို့တွေ ကျွေးပေးဖို့ အရေးကြီးပါတယ်။ဇင့်ဓါတ်ဟာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တယ်။ တီဘီရောဂါကြောင့် အားနည်းပြီး နုံးချိနေတဲ့ ကလေးတွေအတွက်ဇင့်ဓါတ်အများဆုံး ပါဝင်တဲ့ အစေ့အဆန်တွေအပြင် အသား၊ ငါး၊ ပင်လယ်စာတွေကို သေချာကျွေးမွေးဖို့ လိုအပ်ပါတယ်။ဗီတာမင် ဘီ အုပ်စုနဲ့အမျှင်ဓါတ်ေတွဟာ ကလေးတွေအတွက် အစာကြေလွယ်စေတယ်။ မောပန်းပြီး လေးလံထိုင်းမှိုင်းနေတာကို ပြေပျောက်စေပြီး ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်ပေးနိုင်လို့ ကလေးကို လန်းဆန်းတက်ကြွစေတယ်။ ဂျုံကြမ်းပေါင်မုန့်၊ အစေ့အဆန်၊ ငါးနဲ့ ကြက်သားတွေမှာ ဗီတာမင် ဘီအုပ်စုအပြင် တီဘီဆေးသောက်နေရတဲ့ ကလေးတွေအတွက် လိုအပ်တဲ့ အမျှင်ဓါတ်၊ သတ္တုဓါတ်တွေ ပါဝင်ပါတယ်။ရောဂါဒဏ်ရော၊ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ကလေးမှာလည်း ဝေဒနာတော်တော်ခံစားနေရမှာပါ။ ကိုယ်အလေးချိန်တွေလည်း ကျသွားမယ်။ ခံတွင်းပျက်ပြီး အစာစားချင်စိတ် မရှိတာ၊ မူးဝေအော့အန်တာ၊ဗိုက်အောင့်တာတွေ ဖြစ်နိုင်ပါတယ်။ဒါကြောင့် တီဘီဖြစ်နေတဲ့ ကလေးအတွက် ရောဂါဝေဒနာကို သက်သာစေဖို့နဲ့ ကိုယ်ခံအားမြှင့်တင်ပေးဖို့ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို မေမေတွေကိုယ်တိုင် ဂရုစိုက်ပြီး ချက်ပြုတ်ကျွေးမွေးသင့်ပါတယ်။ ဆေးတိုက်တဲ့အခါမှာလည်း ဆရာဝန်ပြောထားတဲ့ ဆေးညွှန်းအတိုင်း နေ့စဉ်မပျက်မကွက် တိုက်ပေးဖို့ လိုပါတယ်။ကလေးကို ပြည့်ဝစွာအိပ်စက်အနားယူခိုင်းပါ။ ပင်ပန်းတဲ့ အလုပ်တွေ သိပ်မခိုင်းဘဲ နားနားနေနေ နေခိုင်းပါ။ ကလေးကို လူအရမ်းများတဲ့ နေရာတွေ ခေါ်သွားတာမျိုး၊ ကျောင်းသွားတက်ခိုင်းတာမျိုး ရှောင်ပေးပါ။ တီဘီရောဂါပိုးဟာ တခြားကလေးတွေကိုပါ လေထဲကတစ်ဆင့် အသက်ရှူလမ်းကြောင်းထဲသို့ အလွယ်တကူဝင်ရောက်ပြီး ကူးစက်နိုင်တဲ့အတွက် အပြင်သွားမယ်ဆိုရင် နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ပေးပြီးမှ ထွက်ပေးပါ။ဆရာဝန်နဲ့ ချိန်းထားတဲ့ရက်မှာ မပျက်မကွက် သွားရောက်စစ်ဆေးပါ။ ကိုယ့်ကလေးရဲ့ ကျန်းမာရေးအခြေအနေကို မိဘတွေအနေနဲ့ အမြဲစောင့်ကြည့်နေမှ မလိုလားအပ်တဲ့ ပြဿနာတွေကို ကာကွယ်ပေးနိုင်ပြီး ကလေးကျန်းမာပျော်ရွှင်စွာနဲ့ ကြီးပြင်းလာနိုင်မှာ ဖြစ်ပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/nutrients-for-tb-baby/
အဆီတွေစုပြီး ကိတ်နေတဲ့ ဗိုက်ကို ဘယ်လို ခပ်မြန်မြန် ဖယ်ရှားမလဲ
ကိတ်တယ်ဆိုတဲ့ ဗန်းစကားက ဒီခေတ်မှာ သိပ်ခေတ်စားတယ်။ အထူးသဖြင့် မိန်းကလေးတွေဆိုရင် ကိတ်တယ်လို့ အပြောခံရရင် သိပ်သဘောကျတတ်တာမဟုတ်လား။ ကိတ်တယ်ဆိုတဲ့နေရာမှာ အဆီတွေစုပြီး ကိတ်နေတဲ့ ဗိုက်ကိုတော့ သဘောမကျလောက်ဘူး ထင်ပါတယ်နော်။ ဒီတစ်ခေါက်တော့ အဆီတွေစုပြီး ကိတ်နေတဲ့ ဗိုက်ကို ဘယ်လို ခပ်မြန်မြန် ဖယ်ရှားမလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။ကျားပဲဖြစ်ဖြစ်၊ မပဲဖြစ်ဖြစ် ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ ဖွံ့သင့်၊ ထွားသင့်တဲ့နေရာတွေမှာ ဖွံ့နေထွားနေတာကြောင့်သာ ဒီလို အပြောခံရတာလေ။ ဒါပေမယ့်လည်း ကိုယ့်တစ်ကိုယ်လုံးမှာ ကိတ်နေတာက ရင်အုပ်/ရင်သားလည်းမဟုတ်၊ ကြွက်သားလည်းမဟုတ်၊ တင်လည်းမဟုတ်ဘဲ၊ ဗိုက်ဖြစ်နေခဲ့ရင်ရော။ဒါဆိုရင်တော့ ပြဿနာရှိလာပါပြီ။ အစားတွေ ပိုပိုစားမိနေပြီး ကိုယ်လက်လှုပ်ရှားမှုနည်းလာတဲ့အခါ ကိုယ့်ရဲ့ ဗိုက်ဟာ ရှေ့ကို စူထွက်လာမှာဖြစ်ပါတယ်။ နောက်ပြီး ဗိုက်ပူလာချင်းနဲ့အတူ ရောဂါဘယတွေလည်း ကပ်ပါလာတာတတ်ပါသေးတယ်။ဒီနေရာကြီးတစ်ခုတည်း ကွက်ကိတ်နေတဲ့နေရင်တော့ မလှမပနဲ့ ကြည့်ရဆိုးနေနိုင်တာအပြင် ကျန်းမာရေးပါထိခိုက်နိုင်တာပါ။ အဲဒီခန္ဓာကိုယ်ရဲ့ အရှေ့အလယ်ပိုင်းက ဗိုက်ဆိုတဲ့နေရာလေးကို ချပ်ချပ်ရပ်ရပ်နဲ့ ကြည့်လို့ကောင်းအောင် လုပ်လို့ရနိုင်တဲ့ နည်းလမ်းတွေကတော့ အများကြီးပါပဲ။ဒီတစ်ခါမှာတော့ သိပ္ပံနည်းကျ လေ့လာသုတေသနပြုပြီး အတည်ပြုထားတဲ့ နည်းလမ်းတွေကို ပြောပြချင်တာပါ။ ဒီနည်းလမ်းတွေကတော့ ရိုးရှင်းလွယ်ကူပြီး ထိရောက်မှုလည်း ရှိမယ့် နည်းတွေဖြစ်ပါတယ်။ကဲ ….. အဆီတွေစုပြီး ကိတ်နေတဲ့ ဗိုက်ကို ဘယ်လို ခပ်မြန်မြန် ဖယ်ရှားမလဲ ဆိုတာ ဆက်ကြည့်လိုက်ရအောင်နော်။  နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပါပဲ …။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/weight-loss-exercises/tips-to-lose-belly-fat/
မုန်လာဥဖြူရဲ့ အရွက် ဆေးဖက်ဝင်လား ......
မုန်လာဥချဉ်ရည်လို့ ဆိုလိုက်ရင် အရွက်တွေကို မထည့်ဘဲမုန်လာဥဖြူကိုပဲ ချက်ဖြစ်တာ များပါတယ်။ တကယ်ကတော့ မုန်လာဥဖြူ အရွက်က ချဉ်ဟင်းထဲ ထည့်ချက်လို့ ရပေမယ့် အရွက်က ဝါသွားတာ၊ မလတ်ဆတ်တာတွေကြောင့် ထည့်မချက် ဖြစ်တာလည်း များပါတယ်။ တကယ်ကတော့ မုန်လာဥဖြူရဲ့ အရွက် က စားလို့ရသလိုကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူး များပါတယ်။ ဒီတစ်ခေါက်တော့ မုန်လာဥဖြူရဲ့ အရွက်က ကျန်းမာရေးအတွက် ဘယ်လို ထောက်ပံ့ပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။မုန်လာရွက်ဆိုတာက မုန်လာဥဖြူရဲ့ အထက်ပိုင်းမှာပါတဲ့ အရွက်ကို ဆိုလိုတာပါ။ နာမည်အတိုင်း မုန်လာဥက ဖြူဖြူလေး ဖြစ်ပြီး အရွက်ကတော့ အစိမ်းရောင်လေးပါ။ဒီအရွက်ကိုကြက်စွပ်ပြုတ်တွေထဲ ထည့်သောက်တာ၊အချဉ်စိမ်တာတွေ လုပ်လေ့ရှိသလိုချဉ်ဟင်းထဲလည်း ထည့်ချက်စားလို့ ရပါတယ်။ အရွက်က ရိုးတံ ကြွပ်ကြွပ်လေးနဲ့ စားလို့ ကောင်းတဲ့ အရွက် တစ်မျိုးပါ။စားရတာ အရသာရှိတဲ့ မုန်လာရွက်ထဲမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။မုန်လာရွက် က ဆေးဖက်ဝင်လား ဆိုတော့ အခုလိုဆေးဖက်ဝင်ပါတယ်။မုန်လာဥဖြူရဲ့ အရွက်မှာ သံဓာတ်၊ phosphorus တို့ ပါဝင်သလို ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့သတ္တုဓာတ်တွေဖြစ်တဲ့ ဗီတာမင် C၊ ဗီတာမင် A၊ သီရာမင်းတို့ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခြေကုန်လက်ပမ်းကျတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။သွေးအားနည်းတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။သံဓာတ်၊ phosphorus နဲ့ ဗီတာမင် C၊ ဗီတာမင် A တို့ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေပြီး ဖျားနာမှု ကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အအေးမိ ဖျားနာတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို တုပ်ကွေး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။မုန်လာဥဖြူ အရွက်က သဘာဝ ဆီးရွှင်ဆေး တစ်မျိုးပါ။ ဆီးကျောက်တွေကို ကြေစေနိုင်ပြီး ဆီးအိမ်ကို ရှင်းစေပါတယ်။ ဝမ်းမှန်စေနိုင်တာကြောင့် ဝမ်းချုပ်တာ၊ လေပွတာတွေ သက်သာစေဖို့ အသုံးပြုလို့ ရပါတယ်။မုန်လာဥဖြူရဲ့ အရွက် က ဗီတာမင် C ချို့တဲ့တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ အကြောင်းကတော့ မုန်လာရွက်က ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေပါတယ်။စမြင်းခံတာက အတော်လေး နာကျင်ပြီး ခံစားရခက်ပါတယ်။ မုန်လာဥဖြူအရွက်က ဒီပြဿနာကို​ ပြေလည်စေနိုင်ပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး အရောင်ကျစေနိုင်ပါတယ်။ အခြောက်ခံထားတဲ့ မုန်လာဥဖြူအရွက်ခြောက်ကို အမှုန့်ကြိတ်ပြီး သကြားနဲ့ ရေကိုရောပြီး ခပ်ပျစ်ပျစ်လေး စားပေးရုံပါ။အသည်းရောင် အသားဝါ ရောဂါဖြစ်တဲ့အခါ အရေပြားရော မျက်ဖြူသားတွေပါ ဝါလာပါတယ်။ ဒီလို ဖြစ်တာကို သက်သာစေဖို့ဆိုရင် မုန်လာဥဖြူ အရွက်ကို စားပေးလို့ ရပါတယ်။ဆီးချိုက အခုနောက်ပိုင်း အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ မုန်လာဥဖြူ အရွက်က ဆီးချိုကို ကာကွယ်ပေးနိုင်ပါတယ်။ မုန်လာဥဖြူအရွက်က သွေးတွင်းသကြားဓာတ် ကျဆင်းစေနိုင်ပြီး ဆီးချိုကို ကာကွယ်ပေးနိုင်ပါတယ်။အစာခြေစနစ်ထဲက အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပြီး အူမကြီးကို သန့်စင်ပေးနိုင်ပါတယ်။ ဘက်တီးရီးယားတွေကို သေစေနိုင်သလို ကိုယ်တွင်းက အဆိပ်အတောက်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။မုန်လာရွက်က ဆေးဖက်ဝင်တယ်ဆိုပေမယ့် သူ့ရဲ့ ကောင်းကျိုးတွေကို ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။ ဒါကြောင့် အထက်ပါ ရောဂါဝေဒနာတွေ ခံစားရတဲ့အခါ မုန်လာရွက်ကိုပဲ အားမကိုးဘဲ တတ်ကျွမ်းနားလည်သူနဲ့ ကုသဖို့ လိုပါတယ်။ တန်ဆေး လွန်ဘေး ဖြစ်တာကြောင့် အလွန်အကျွံ မစားဖို့လည်း အရေးကြီးပါတယ်။ဖရဲခွံက လူတော်တော်များများနဲ့ တည့်တယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ ကလေးငယ်တွေ၊ ရောဂါအခံရှိသူတွေနဲ့ ဆေးဝါးတစ်ခုခုကို စွဲသောက်နေသူတွေကတော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသောက်သင့်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/leaf-of-radish-health-benefits/
ရေဘဝဲ စားတာ ကျန်းမာစေသလား .......
ပင်လယ်စာတွေစားတဲ့အခါ ရေဘဝဲကို အကြိုက်ဆုံးလား။ ရေဘဝဲ စပ်စပ်လေး ချက်ပြီး ထမင်းဖြူ ပူပူလေးနဲ့ တွဲစားရတာက အတော်လေး အရသာရှိလှပါတယ်။ ဒီလို စားရတာတင် မဟုတ်ဘဲ ရေဘဝဲသုပ်၊ ရေဘဝဲကြော်၊ ရေဘဝဲကင်၊ ရေဘဝဲလုံးကြော် အားလုံးကို ကြိုက်တာဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ လိုပါမယ်။ရေဘဝဲ ဆိုတာက ပင်လယ်ထဲက သတ္တဝါ တစ်မျိုးပါ။ကယ်လ်လိုရီပါဝင်မှု နည်းပြီး ပရိုတင်း ကြွယ်ဝတဲ့ အစားအစာ တစ်မျိုးပါ။ ဒါတွေတင် မဟုတ်ဘဲ ရေဘဝဲမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါကြောင့် ရေဘဝဲက ကျန်းမာစေသလားဆိုရင် ကျန်းမာစေတယ်လို့ပဲ ပြောပါရစေ။ရေဘဝဲကနေ အခုလို အာဟာရဓာတ်တွေကို ရရှိနိုင်ပါတယ်။ရေဘဝဲ စားတဲ့အခါ အခုလိုကျန်းမာရေး အကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်။ရေဘဝဲမှာ သန္ဓေသားလေး ဖွံ့ဖြိုးစေဖို့၊ နှလုံးကျန်းမာစေဖို့နဲ့သိမြင်မှု စွမ်းဆောင်ရည်ကောင်းမွန်စေနိုင်တဲ့ အာဟာရဓာတ်တွေ ဖြစ်တဲ့  eicosapentaenoic acid (EPA) နဲ့ docosahexaenoic acid (DHA) တို့အပါအဝင် omega-3 fatty acids  ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အယ်လ်ဇိုင်းမား မဖြစ်အောင် ကာကွယ်ပေးပါတယ်။ရေဘဝဲမှာ အမိုင်နိုအက်ဆစ်တွေ ကြွယ်ဝစွာ ပါဝင်နေသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ကိုယ်ခံအားကောင်းစေနိုင်သလို ဓာတ်တိုးပစ္စည်းတွေကြောင့် ရောင်ရမ်းတာနဲ့နာတာရှည် ရောဂါတွေမဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ရေဘဝဲမှာ သံဓာတ်နဲ့ ဗီတာမင် B12 ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို တိုးတက်စေနိုင်ပါတယ်။ သံဓာတ် အားနည်းတာကြောင့် သွေးအားနည်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ရေဘဝဲရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်တစ်ရပ်က သွေးတွင်းအဆီကို ကျစေတာပါ။ သွေးထဲမှာ အဆီဖြစ်တာ၊ အနည်ထိုင်တာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပြီး သွေးကြောတွေကို ကျန်းမာစေနိုင်ပါတယ်။ သွေးကြောကျဉ်းတာတွေကို ကာကွယ်ပေးနိုင်သလို နှလုံးသွေးကြောရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ရေဘဝဲ လက်ချောင်းတွေမှာပါတဲ့ စုပ်ခွက်လေးတွေထဲမှာ peptide လို့ခေါ်တဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အရာလေးပါဝင်နေပါတယ်။ ဒီ peptide ကို ဘက်တီးရီးယားတွေကို တိုက်ဖျက်ဖို့ သုံးနိုင်သလို အစားအစာတွေ တာရှည်ခံစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ရေဘဝဲမှာ Bioactive ဒြပ်ပေါင်း တစ်မျိုး ဖြစ်တဲ့ macrocyclic lactone ပါဝင်နေပါတယ်။ သွေးပေါင်ကို ထိန်းညှိပေးသလို သွေးတွင်း ကိုလက်စထရောများတာနဲ့ သွေးခဲပိတ်ဆို့တာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ သွေးကြောလေးတွေကို ကျန်းမာစေနိုင်ပါတယ်။ရေဘဝဲမှာပါတဲ့ ပရိုတင်းက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်သလို ဆီးချိုကြောင့် ဖြစ်တဲ့နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကိုလည်း ကာကွယ်ပေးပါတယ်။ အသည်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ကဲ ….. ရေဘဝဲ စားရင်း အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရယူလိုက်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/octopus-health-benefits/
တစ်နေ့လုံး ကွန်ပျူတာကြည့်နေသူတွေအတွက် အသုံးဝင်မယ့်နည်းလမ်းတချို့
အဲကွန်းခန်းလေးထဲမှာ အလုပ်လုပ်နေတဲ့ သူတွေတိုင်း ဇိမ်ကျပြီး အရမ်း သက်သာမှာပဲလို့ ထင်တတ်ကြပေမယ့် အဲ့လို အလုပ်လုပ်နေရတဲ့ သူတွေမှာလည်း ကြုံရတတ်တဲ့ အခက်အခဲတွေ ရှိပါတယ်။ တစ်နေ့လုံး ထိုင်ပြီးအလုပ်လုပ်နေရတာကြောင့် လူကအဝလွန်လာတာ၊ အဆီ၊ကယ်လိုရီတွေ လောင်ကျွမ်းနှုန်း နှေးသွားတာ၊ မြန်မြန်အိုမင်းရင့်ရော်လာတာ၊ အသားခြောက်တာ၊ သွေးတိုး၊ဆီးချိုဖြစ်တာတွေအပြင်မျက်လုံးအောင့်၊ မျက်ရိုးကိုက်တာ၊ ညဘက်ဆိုရင် တစ်နေ့လုံး ကွန်ပျူတာ ကြည့်ထားတဲ့ အရှိန်ကြောင့် မျက်စိကြောင်ပြီးအိပ်မပျော်တာ၊ ဇက်ကြောတက်တာ စတဲ့ ကျန်းမာရေး ပြဿနာ အမျိုးမျိုး ကြုံရပါတယ်။ဒီလို အခက်အခဲမျိုးကတော့ မလွဲမသွေ ကြုံရမှာပဲဆိုပေမယ့် ကိုယ့်ရဲ့ တစ်နေ့တာနေထိုင်စားသောက်မှုပုံစံကို အနည်းငယ် ပြင်ဆင်ခြင်းဖြင့် တချို့သော ပြဿနာတွေကို ကာကွယ်ပေးရာ ရောက်သလို ဖြစ်လာခဲ့ရင်လည်း ခံစားရတဲ့ ဝေဒနာ အနည်းငယ် လျော့ကျအောင် ကူညီပေးနိုင်မှာပါ။ ဒီဆောင်းပါးမှာတော့ တစ်နေ့လုံးကွန်ပျူတာကြည့်ပြီး အလုပ်လုပ်နေသူတွေ အတွက်သာမက အိမ်မှာပဲ တစ်နေကုန်ဖုန်းသုံးနေတဲ့ လူငယ်တွေအတွက်ပါ အဆင်ပြေစေမယ့် နည်းလမ်းတချို့ကို ဝေမျှပေးလိုက်ချင်ပါတယ်။အရမ်းကြီး နီးကပ်ပြီးအာရုံစိုက်ကြည့်တဲ့အခါ ကွန်ပျူတာက လာတဲ့ အလင်းရောင်တွေဟာ မျက်လုံးထဲကို အများကြီး ဝင်ရောက်သွားပြီး မျက်လုံးရဲ့ အမြင်အာရုံကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကွန်ပျူတာပဲ ကြည့်ကြည့်၊ ဖုန်းပဲ သုံးသုံး အနည်းဆုံး တစ်ပေမှ နှစ်ပေအကွာကနေ ခွာပြီး အသုံးပြုပေးရပါမယ်။ကွန်ပျူတာက လာတဲ့အလင်းရောင်တွေဟာ မျက်လုံးအတွင်းသားထဲက ရေဓာတ်၊ အဆီဓာတ်တွေကို ခန်းခြောက်သွားစေလို့ မျက်ရိုးအောင့်တာတွေ ဖြစ်စေတတ်ပါတယ်။ ဒီလို မဖြစ်ရဖို့ တစ်နေ့ကို တစ်ကြိမ်တော့ မျက်စဉ်းခတ်ပေးဖို့ လိုပါတယ်။ညအိပ်ချိန်ကတော့ မျက်စဉ်းခတ်ဖို့ အကောင်းဆုံးအချိန်ပါပဲ။မျက်စိက မှုန်နေတယ်၊ပါဝါကလည်း တိုးနေတယ်ဆိုရင် ကိုယ့်ပါဝါအလိုက် သင့်လျော်တဲ့ မျက်မှန်ကို တပ်ပါ။ အလှပျက်မှာပဲဆိုပြီး မမြင်တဲ့ကြားက အားစိုက်ပြီး ကြည့်တဲ့အခါ မျက်စိပါဝါ ပိုတိုးလာနိုင်ပါတယ်။ ကွန်ပျူတာ၊ ဖုန်းအသုံးများတဲ့ သူတွေအတွက် မှန်မထူ၊မျက်မှန်ကိုင်း အပါးကို ရွေးပြီး တပ်ဆင်ခြင်းက မျက်လုံး၊ နားထင်စပ် လေးတဲ့ဒဏ်ကို အနည်းငယ် သက်သာသွားစေနိုင်မှာပါ။ကွန်ပျူတာ၊ သို့မဟုတ် ဖုန်းသည် ကိုယ့်မျက်လုံးရဲ့ တစ်တန်းတည်း သို့မဟုတ် အောက်ကို အနည်းငယ်သာ ရောက်နေသင့်ပါတယ်။ ဒါမှပဲ ကျွန်တော်တို့ ကွန်ပျူတာကို ကြာရှည် အသုံးပြုတဲ့အခါ ဇက်ကြောတက်တာ၊မျက်စိညောင်းတာမျိုး မဖြစ်မှာပါ။ကွန်ပျူတာကနေ ပြန်လာတဲ့အလင်းဟာ မျက်လုံးစူးလောက်တဲ့အထိ ပြင်းထန်တာမျိုး မလုပ်သင့်ပါဘူး။ ကိုယ့်မျက်စိက ကောင်းကောင်းလည်း မြင်နိုင်ရမယ်၊ အလင်းကြီး အရမ်းစူးတာမျိုးလည်း မဖြစ်စေဖို့ သင့်တော်သလောက် ဆက်တင်ချိန်ထားဖို့ အရေးကြီးပါတယ်။ မျက်လုံးက အရမ်းအားစိုက်ကြည့်ရလောက်တဲ့အထိမှောင်နေတာမျိုးလည်း မဖြစ်ဖို့ သတိထားပေးပါ။ဒီအချက်က ဖုန်း၊ ကွန်ပျူတာကို အမြဲလိုလို အသုံးပြုနေသူတိုင်း မဖြစ်မနေ လုပ်ရမယ့် အချက်ပါ။ အမြဲတမ်း ဒီဖန်သားပြင်ကလာတဲ့ အလင်းကို စိုက်ကြည့်နေရင်တော့ မျက်ရိုးကိုက်တာမျိုး ဖြစ်မှာပါပဲ။ ဒါကြောင့် နာရီဝက်လောက် အလုပ်လုပ်၊ ၁၀ မိနစ်လောက် ကိုယ့်မျက်စိကို မှိတ်ထားတာ၊ တစ်နေရာရာ ထသွားတာ၊ လမ်းလျှောက်တာ၊အိမ်သာထတက်တာမျိုး၊ သဘာဝ အလင်း၊ ပတ်ဝန်းကျင်ကို ကြည့်တာမျိုး လုပ်ပေးပါ။ရေများများ သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်အတွက်သာမက ကိုယ့်မျက်လုံးကိုပါရေဓာတ်ဖြည့်ပေးရာရောက်ပါတယ်။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး ရေ ၃လီတာခန့် သောက်ပေးဖို့ မမေ့နဲ့နော်။ အလုပ်များလို့ဆိုပြီး ရေမသောက်ဘဲ မေ့နေတာမျိုး မဖြစ်ရလေအောင် ကိုယ့်ကိုယ်ကိုယ် အမြဲသတိပေးပါ။ တခြား အစာအာဟာရ အနေနဲ့ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ငါး၊ အစေ့အဆန်တွေကိုလည်း စားပေးနိုင်ပါတယ်။အပေါ်မှာ ပြောထားခဲ့တဲ့ အချက်တွေကို သေချာလိုက်လုပ်ပေးခြင်းဖြင့် ကွန်ပျူတာအကြည့်များခြင်းကြောင့် ကြုံလာနိုင်တဲ့ မျက်လုံး ပြဿနာတွေကို အနည်းငယ်တော့ လျော့သွားစေနိုင်ပါတယ်။ ဒါ့အပြင် မျက်စိဆရာဝန်နဲ့လည်း ၆လ သို့မဟုတ် တစ်နှစ်တစ်ကြိမ်ခန့် သွားပြပြီး ကိုယ့်မျက်လုံး အခြေအနေကို စစ်ဆေးကြည့်ဖို့လည်း မမေ့ပါနဲ့နော်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်ပေးလိုက်ပါတယ်။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-care/%e1%80%90%e1%80%85%e1%80%ba%e1%80%94%e1%80%b1%e1%80%b7%e1%80%9c%e1%80%af%e1%80%b6%e1%80%b8-%e1%80%80%e1%80%bd%e1%80%94%e1%80%ba%e1%80%95%e1%80%bb%e1%80%b0%e1%80%90%e1%80%ac%e1%80%80%e1%80%bc%e1%80%8a/
ဝမ်းမှာအချွဲတွေ ပါနေတာ ဘာကြောင့်လဲ
ကိုယ်ခန္ဓာတွင်းမှာ အချွဲတွေ ရှိနေတာသဘာဝပါပဲ။ ပုံမှန်အားဖြင့် တစ်ရှူးတွေကနေ အချွဲတွေထုတ်ပေးပြီး ဒီအချွဲတွေက ပါးစပ်၊ နှာခေါင်း၊ အသက်ရှူလမ်းကြောင်း၊ လည်ပင်း၊ အဆုတ်နဲ့ အူတို့ကို ကာကွယ်ပေးပါတယ်။ အရောင်အားဖြင့်တော့ အကြည်ရောင်ရှိပြီး အမျှင်ပါးပါးလေးသာ ဖြစ်ပါတယ်။ တစ်ခါတလေဖျားနာတာ၊ ပတ်ဝန်းကျင်က အဆိပ်သင့်စေတဲ့ အရာတွေ၊ စားသောက်မှုပုံစံကြောင့် အချွဲတွေက ပိုစေးပျစ်လာကာ အရောင်ပြောင်းတာမျိုး ဖြစ်နိုင်ပါတယ်။အူမကြီးကနေ ဝမ်းကို အဆင်ပြေချောမွေ့စွာ စွန့်ထုတ်နိုင်ဖို့ အချွဲနံရံတွေက ကူညီပေးပါတယ်။ ပုံမှန်ဝမ်းသွားတဲ့အချိန်မှာလည်း အချွဲတွေက ပါနိုင်ပေမယ့် သာမန်မျက်စိနဲ့ မြင်ရလောက်တဲ့အထိတော့ မများပါဘူး။ အရောင်အားဖြင့်တော့ အဝါရောင် သို့မဟုတ် အကြည်ရောင်ရှိပြီး ပမာဏအလွန်နည်းပါတယ်။ ဒါကတော့ ပုံမှန်ဖြစ်စဉ်ပါ။စိတ်ပူဖို့ လိုအပ်တာက ဝမ်းသွားပြီး တစ်ရှူးနဲ့ သုတ်လိုက်တဲ့အချိန် အချွဲတွေပဲ တွေ့နေတာမျိုးပါ။ ရေဓာတ်ခမ်းခြောက်တာ၊ ဝမ်းချုပ်တာ၊ ဖျားနာတာကြောင့်လည်း ဖြစ်နိုင်သလို ဘက်တီးရီးယားပိုးဝင်တာ၊စအိုနံရံကွဲတာ၊ ဝမ်းပိတ်တာ၊ ခရောင်းရောဂါ (Crohn’s disease) ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ဒီလိုလက္ခဏာတွေရှိရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြပြီး အကြောင်းရင်းအမှန်ကို သိအောင်စစ်ဆေးဖို့ လိုပါတယ်။ဝမ်းကို အချွဲထစေတဲ့ အဖြစ်အများဆုံး အကြောင်းရင်းတွေထဲက တစ်ခုပါ။ အစာအဆိပ်သင့်ခြင်း၊ တခြားရောဂါပိုးတွေ ကိုယ်ခန္ဓာထဲ ဝင်လာတာကြောင့် ဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့။မကြာခဏ ဝမ်းလျှောတာ၊ ဝမ်းအမာတွေ သွားတာအပြင် တခြားဝမ်းနဲ့ဆိုင်တဲ့ ပြဿနာတွေကြောင့် စအိုဝအောက်နားက အက်ကွဲတတ်ပါတယ်။ ဒီအခါ ဝမ်းသွားရပိုခက်သွားသလို အလွန်အမင်းနာကျင်မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာအတွက် ဆေးဆိုင်ကနေ နာကျင်မှုသက်သာစေတဲ့ လိမ်းဆေးဖြင့် အလွယ်တကူဝယ်လိမ်းရင် ရပါတယ်။ မသက်သာရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။အူကျွံတာ၊ စအိုမှာ အသားပိုထွက်တာ၊ စားစရာမဟုတ်တဲ့ အရာတွေ ဗိုက်ထဲရောက်သွားပြီး ဝမ်းအဖြစ်အပြင်ကို မစွန့်ထုတ်နိုင်တာကြောင့် အူပိတ်ခြင်း ဖြစ်စေနိုင်ပါတယ်။ဝမ်းသွားစဉ် နာကျင်ခြင်း၊ ဝမ်းသွားရခက်ခဲခြင်းတွေကြောင့် ဖြစ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ခရောင်းရောဂါဟာ အချွဲဝမ်းတွေ ထွက်စေတဲ့ အဓိကပြဿနာဆိုလည်း မမှားပါဘူး။ ဒီအချွဲတွေဟာ ဝမ်းအရောင်ရှိပြီး ပိုပြီးစေးကပ်တတ်ပါတယ်။ တစ်ခါတလေ စအိုအတွင်း အနာပေါက်နေတာရှိရင် သွေးနဲ့ ပြည်တွေ ထွက်လာတတ်သလို ပိုးဝင်ဖို့လည်း ပိုလွယ်ကူပါတယ်။ကိုယ်နဲ့ ဓာတ်မတည့်တဲ့ အစားအစာတွေ ဥပမာ –နို့ထွက်ပစ္စည်း၊ အခွံမာသီး၊ ဂလူတန်တွေ စားမိတဲ့အခါ ဝမ်းသွားရင်အချွဲတွေ ပါလာတတ်ပါတယ်။ အရေပြား နီရဲပြီး ယားယံတာ၊ အင်ပျဉ်ထတာ၊ ဝမ်းဗိုက်ဖောရောင်တာ၊ ဝမ်းလျှောတာ၊ ဝမ်းချုပ်တာတွေလည်း ဖြစ်တတ်ပါတယ်။ အစာနဲ့ ဓာတ်မတည့်ခြင်းကြောင့် ဖြစ်တဲ့ ဝမ်းတွင်အချွဲပါခြင်းကတော့ ကုဖို့ပိုလွယ်ပါတယ်။ဝမ်းမှာ အချွဲတွေပါတာက ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုလို့ သတ်မှတ်လို့ရပါတယ်။ ဒီလိုမျိုးဝမ်းတွေ အမြဲလိုလို သွားနေတာ၊ တခြားသော လက္ခဏာတွေ တွေ့ရတာ၊ ဝမ်းသွားရခက်တာတွေပါ ကြုံလာရပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသတာ အကောင်းဆုံးပါပဲ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/%e1%80%9d%e1%80%99%e1%80%ba%e1%80%b8%e1%80%99%e1%80%be%e1%80%ac%e1%80%a1%e1%80%81%e1%80%bb%e1%80%bd%e1%80%b2%e1%80%90%e1%80%bd%e1%80%b1-%e1%80%95%e1%80%ab%e1%80%94%e1%80%b1%e1%80%90%e1%80%ac-%e1%80%98/
Pacemaker Insertion (နှလုံးစက် ထည့်သွင်းခြင်း)
Pacemaker ဟာ နှလုံးခုန်သံ နှေးကွေးခြင်းကို ကုသနိုင်တဲ့ စက်တစ်ခု ဖြစ်ပါတယ်။ Pacemaker ဟာ မီးခြစ်ဆံဗူး အရွယ်အစားရှိပြီး သူ့မှာ လျှပ်စစ်စီးကြောင်းနဲ့ ဘက်ထရီ ပါဝင်ပါတယ်။ Pacemaker ကို များသောအားဖြင့် ရင်ညွန့်ရိုးအောက်မှာ ထည့်တတ်ပြီး နှလုံးရဲ့ သွေးပြန်ကြော တစ်လျှောက် လျှပ်စစ်လှိုင်းတွေကို ပေးစွမ်းမယ့် lead တစ်ခု (သို့) တစ်ခုထက်ပိုပြီး ပါဝင်ပါတယ်။နှလုံးခုန်ခြင်းကို sinus node လို့ခေါ်တဲ့ နှလုံးရဲ့ ဆဲလ်အုပ်စုမှနေပြီး လျှပ်စစ်လှိုင်းတွေ ထုတ်လုပ်ကာ ထိန်းချုပ်ပေးပါတယ်။ နှလုံးက ပုံမှန်အတိုင်းခုန်မယ်ဆိုရင် လျှပ်စစ်လှိုင်းတွေဟာ နှလုံးရဲ့ သွေးလက်ခံခန်းနဲ့ သွေးလွှတ်ခန်းတွေကို စည်းချက်ကျကျ ကံျု့ခြင်း၊ လွှတ်ခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။Pacemaker ဟာ သွေးလွှတ်ခန်းတွေပုံမှန်ထက်ပိုပြီး နှေးကွေးစွာ ခုန်တာကြောင့် သွေးအလုံအလောက်ညှစ်မထုတ်နိုင်ခြင်း ဖြစ်တဲ့ နှလုံးခုန်နှေးခြင်းကို ကုသဖို့ အသုံးပြုပါတယ်။ပုံမှန်မဟုတ်တဲ့ နှလုံးခုန်နှုန်းဖြစ်နိုင်ခြေရှိခြင်း (သို့) ပုံမှန်မဟုတ်တဲ့ နှလုံးခုန်မှု ဖြစ်နေခြင်းတွေ သင့်မှာ ဖြစ်နေနိုင်ပါတယ်။ပြင်းထန်တဲ့ နှလုံးခုန်နှေးခြင်းဟာ နှလုံးရပ်ခြင်းနဲ့ အသက်သေဆုံးခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ အခြားလက္ခဏာတွေကတော့ ခေါင်းမူးခြင်း၊ သတိလစ်ခြင်း၊ မေ့ခြင်း၊ ခြေထောက်ရောင်ခြင်းတွေ ဖြစ်နိုင်ပါတယ်။Pacemaker ကို သင့်နှလုံးခုန်နှုန်း နှေးနေလားဆိုတာ အာရုံခံနိုင်အောင် ပြုလုပ်ထားပြီး နှလုံးကိုပုံမှန်ခုန်အောင် လှုံ့ဆော်မှု ပြုလုပ်ပေးနိုင်ပါတယ်။တခါတရံမှာ ဆေးသောက်ခြင်းဟာ နှလုံးခုန်နှေးခြင်းကို သက်သာစေနိုင်ပါတယ်။နှလုံးခုန်ပုံမှန်မဟုတ်ခြင်းရဲ့ အချို့လက္ခဏာတွေဟာ ဆေးသောက်ခြင်းနဲ့ သက်သာနိုင်ပေမယ့် ဆေးသောက်ခြင်းဟာ Pacemaker ထည့်ခြင်းလောက် အစွမ်းထက်ခြင်း မရှိပါဘူး။ဒီခွဲစိတ်မှုမပြုလုပ်မီ ကောင်းကျိုး၊ ဆိုးကျိုးတွေကို နားလည်ထားသင့်ပါတယ်။ သင့်မှာမေးစရာရှိရင် ခွဲစိတ်ဆရာဝန်ကို ဆက်သွယ်မေးမြန်းသင့်ပါတယ်။ခွဲစိတ်မှုမပြုခင် သောက်နေတဲ့ဆေးတွေ၊ ဆေးမတည့်မှုတွေ၊ အခြားကျန်းမာရေးအခြေအနေအကြောင်းတွေကို ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။ မေ့ဆေးဆရာဝန်နဲ့ တွေ့ဆုံပြီး မေ့ဆေးအစီအစဉ် ဆွဲသင့်ပါတယ်။ ခွဲစိတ်မှုမပြုလုပ်မီ စားသောက်မှု ရပ်သင့်တဲ့အချိန်နဲ့ ပတ်သက်ပြီး ညွှန်ကြားချက်ကို လိုက်နာသင့်ပါတယ်။ခွဲစိတ်မှုကို မေ့ဆေးနဲ့ ဆောင်ရွက်မှာ ဖြစ်ပြီး မိနစ် ၃၀ ကြာမြင့်နိုင်ပါတယ်။တကယ်လို့ သင့်လျော်တယ်ဆိုရင် ဆရာဝန်က စိတ်ငြိမ်ဆေး၊ အကိုက်အခဲပျောက်ဆေးတွေ ပေးနိုင်ပါတယ်။နှလုံးခွဲစိတ် အထူးကုဆရာဝန်က ရင်ညွန့်ရိုးတစ်လျှောက်မှာ ဓါးရာပေးပြီး နှလုံးရဲ့ သွေးပြန်ကြောတစ်လျှောက်ကို lead ကို ထည့်မှာ ဖြစ်ပါတယ်။ တကယ်လို့ lead တစ်ခုထက်ပိုပြီး လိုအပ်မယ်ဆိုရင်တော့ ဆရာဝန်က နောက်တစ်ကြိမ် ထပ်မံပြုလုပ်မှာ ဖြစ်ပါတ်ယ။ သူတို့ဟာ Pacemaker ထည့်ဖို့အတွက် ရင်ညွန့်ရိုးအောက် အရေပြားအောက်မှာ အိတ်တစ်ခုကို ဖန်တီးမှာ ဖြစ်ပါတယ်။ခွဲစိတ်မှုပြုလုပ်တဲ့ရက် (သို့) နောက်တစ်ရက်မှာ အိမ်ပြန်နိုင်မှာ ဖြစ်ပါတယ်။နှစ်ရက်သုံးရက်လောက် ရေပူနဲ့ ရေမချိုးသင့်ပါဘူး။ ပထမအပတ်မှာ အနာကို ခြောက်အောင် ထားသင့်ပါတယ်။ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ၊ အထူးသဖြင့် ပုခုံးလှုပ်ရှားမှုပါတဲ့ လေ့ကျင့်ခန်းတွေကို ပထမတစ်ပတ် မလုပ်သင့်ပါဘူး။ နေပြန်ကောင်းလာချိန်အထိ နှစ်ပတ်ကနေ လေးပတ်လောက် လိင်ဆက်ဆံမှုကို ရှောင်ကျဉ်သင့်ပါတယ်။Electro-magnetic fields တွေဟာ pacemaker ကို နှောင့်ယှက်နိုင်တာကြောင့် ဖုန်း၊ အိုင်ပေါ့ အစရှိတဲ့ လျှပ်စစ်ကိရိယာတွေကို pacemaker နဲ့ ၆ လက်မ (၁၅ စင်တီမီတာအတွင်း) သယ်ဆောင်ခြင်း မပြုလုပ်သင့်ပါဘူး။ လေယာဉ်ကွင်းမှာ လုံခြုံရေးဂိတ်ကို ဖြတ်သန်းသွားမယ်ဆိုရင် သင့်မှာ pacemaker ထည့်ထားကြောင်း ပြောပြသင့်ပါတယ်။နေ့စဉ်အသုံးပြုတဲ့ အိမ်သုံးပစ္စည်းတွေကိုတော့ သတိထားဖို့မလိုအပ်ပါဘူး။သင့်ဆရာဝန်က သင်ဘယ်အချိန် ကားပြန်မောင်းနိုင်တယ်ဆိုတာ ပြောပြမှာ ဖြစ်ပါတယ်။သင်လုပ်နိုင်တဲ့အလုပ်အမျိုးအစား (အထူးသဖြင့် စက်ကိရိယာတွေ ပါဝင်တဲ့အလုပ်ဆိုရင်)ကို ထိခိုက်နိုင်ပါတယ်။ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဟာ ရေရှည်ကျန်းမာရေးကို တိုးတက်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းမလုပ်မီ ဆရာဝန်၊ ကျန်းမာရေးစောင့်ရှောက်သူတွေကို မေးမြန်းသင့်ပါတယ်။ပုံမှန်စစ်ဆေးမှုတွေကို ခြောက်လ တစ်ကြိမ်ပြုလုပ်သင့်ပါတယ်။ဒီစစ်ဆေးမှုနဲ့ပတ်သက်ပြီး မေးစရာရှိရင် ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေကတော့။ခွဲရာ၊ ပိုက်ထည့်ရာမှ သွေးထွက်ခြင်း။ပိုက်ထည့်တဲ့နေရာမှာ သွေးကြောဒဏ်ရာရရှိခြင်း။ခွဲရာ၊ပိုက် ရောဂါပိုးဝင်ခြင်း။Pneumothorax– ပတ်ဝန်းကျင်မှာရှိတဲ့ အဆုတ်ကို ခွဲစိတ်စဉ် ထိုးမိမယ်ဆိုရင် ထွက်လာတဲ့လေတွေဟာ အဆုတ်မြှေးထဲမှာ ပိတ်မိနိုင်ပါတယ်။ ဒါဟာ အသက်ရှူခက်ခဲခြင်းကို ဖြစ်စေပြီး ဆိုးရွားတဲ့အခြေအနေတွေမှာ အဆုတ်ပျက်စီးခြင်းကို ဖြစ်စေနိုင်ပါတယ်။တကယ်လို့ သင့်မှာ ကိုယ်ဝန်ရှိနေရင် (သို့) ကိုယ်ဝန်ရှိနေတယ်လို့ သံသယရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။ ကလေးနို့တိုက်နေရင်လည်း ဆရာဝန်ကိုပြောထားသင့်ပါတယ်။ဆေးမတည့်ခြင်းတွေ၊ latex နဲ့ မတည့်ခြင်းရှိရင်လည်း ဆရာဝန်ကို ပြောပြသင့်ပါတယ်။လူနာအချို့အတွက်တော့ ခွဲစိတ်နေစဉ် ခွဲစိတ်စားပွဲပေါ်မှာ ငြိမ်သက်စွာ လဲလျောင်းနေရခြင်းဟာ နာကျင်မှု၊ သက်တောင့်သက်သာမရှိမှုတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။သင့်အခြေအနေနဲ့ပတ်သက်ပြီး အခြားဆိုးကျိုးတွေလည်း ရှိနိုင်ပါသေးတယ်။ ဒီခွဲစိတ်မှုကိုမပြုလုပ်မီ ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးသင့်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-procedures-and-surgeries/pacemaker-insertion-%e1%80%94%e1%80%bd%e1%80%9c%e1%80%b6%e1%80%af%e1%80%b8%e1%80%85%e1%80%80%e1%80%b9-%e1%80%91%e1%80%8a%e1%80%b7%e1%80%b9%e1%80%9e%e1%80%bc%e1%80%84%e1%80%b9%e1%80%b8%e1%80%bb/
သွေးတိုးရောဂါအတွက် ဘယ်လိုပုံစံစားသောက်ရမလဲဆိုတာ သင်သိပါသလား
စားသောက်မှုအလေ့အကျင့်ပုံစံသစ်ပြောင်းလဲခြင်းဥပမာ – ကယ်လိုရီရေတွက်ထားခြင်းနဲ့အစားအစာပမာဏကို စောင့်ကြည့်ထားခြင်းတို့ကသင့်ရဲ့ သွေးတိုးကိုလျော့စေပြီး သွေးတိုးအတွက် သောက်နေရတဲ့ ဆေးတွေကိုလည်း လျှော့ချပေးပါတယ်။သင်စားသမျှကိုမှတ်ထားပါ။တချို့လူတွေကသူတို့တစ်နေ့ကိုကယ်လိုရီဘယ်လောက်စားသောက်မိလဲဆိုတာကိုသတိမထားမိကြပါဘူး။ သူတို့ကသူတို့စားတာတွေကိုသဘောမပေါက်ဘဲကိုယ်အလေးချိန်ဘာလို့မကျလဲဆိုတာကိုပဲသိချင်နေကြပါတယ်။သင်စားသမျှကိုပမာဏနဲ့တကွချရေးထားပါ။ အဲဒါကသင့်ကိုသင့်ဘယ်လောက်စားဖြစ်သလဲဆိုတာကို တိတိကျကျသိစေပါတယ်။ သင့်အနေနဲ့ နောက်ပိုင်းမှာကယ်လိုရီလျှော့တာပမာဏလျှော့စားတာတွေနဲ့ကိုယ်အလေးချိန်ကျအောင်လုပ်ပြီး သွေးတိုးကိုထိန်းချုပ်နိုင်ပါလိမ့်မယ်။ဆား (ဆိုဒီယမ်) ကိုရှောင်ပါ။ဆိုဒီယမ်ပါဝင်မှုများတဲ့အစားအစာတွေကလူတော်တော်များများမှာ သွေးတိုးတက်စေပါတယ်။ တကယ်တော့သင်ဆိုဒီယမ်စားတာနည်းလေသင့်သွေးတိုးကိုထိန်းချုပ်ရလွယ်လေပါပဲ။သင့်ရဲ့အစားအသောက်တွေထဲမှာဆိုဒီယမ်ကို လျှော့ချနိုင်ဖို့အခုပြောပြသွားမယ့်အကြံပေးချက်တွေကိုစမ်းကြည့်ပါ။ဘာစားရမလဲဆိုတာသိထားပါ။ပိုတက်ဆီယမ၊်မဂ္ဂနီဆီယမ်နဲ့အမျှင်ဓါတ်တို့ကသွေးတိုးကိုထိန်းချုပ်ပေးနိုင်ပါတယ်။ သစ်သီးတွေနဲ့ဟင်းသီးဟင်းရွက်တွေကပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် နဲ့အမျှင်ဓါတ်ကြွယ်ဝပြီးဆိုဒီယမ်ပါဝင်မှုနည်းပါတယ်။ အသီးနဲ့ဟင်းသီးဟင်းရွက်တွေကိုမှီဝဲပါ။ အသီးဖျော်ရည်တွေကအမျှင်ဓါတ်ဖယ်ထားတဲ့အတွက်သိပ်အကူအညီမပေးပါဘူး။ ဒါ့အပြင်အစေ့အဆံ၊ပဲမျိုးစုံ၊ အဆီပါဝင်မှုနည်းသောအသားများစတာတွေကလည်းမဂ္ဂနီဆီယမ် ဓါတ်ကြွယ်ဝတဲ့အစားအစာတွေဖြစ်ပါတယ်။သဘာဝအလျောက်ပိုတက်ဆီယမ်မဂ္ဂနီဆီယမ် နဲ့အမျှင်ဓါတ်တွေရဲ့ပမာဏကိုတိုးချင်ရင်တော့ အောက်မှာဖော်ပြထားတာတွေကိုစားသုံးပါ။ဒက်ရှ် (DASH)စားသောက်မှုပုံစံဆိုတာဘာလဲ။သွေးတိုးကျစေတဲ့ စားသောက်မှုပုံစံကို ဆိုလိုခြင်းဖြစ်တယ်။ အသီးအရွက်၊အစေ့အဆံ၊ငါး၊ပဲ၊ အဆီမပါတဲ့နို့ထွက်ထုတ်ကုန်တွေကြွယ်ဝတဲ့စားသောက်မှုပုံစံတစ်မျိုးပါ။အဲဒီအစားအစာတွေမှာအဓိကကျတဲ့အာဟာရတွေဥပမာပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ၊်ကယ်လ်ဆီယမ်နဲ့အမျှင်ဓါတ်၊ ပရိုတိန်းစတာတွေကြွယ်ဝပါတယ်။ဒက်ရှ် (DASH)စားသောက်မှုပုံစံကပုံမှန်အစားအစာတွေထက်အချိုနဲ့အငန်ပါဝင်မှုနည်းခြင်းကြောင့်သွေးတိုးကျစေပါတယ်။ DASH ကအချိုပွဲ၊အချိုရည်၊အဆီ၊ အသားကြီးများနဲ့အအေးခံအသားများကိုလုံးဝကန့်သတ်ထားပါတယ်။ DASH စားသောက်မှုပုံစံအတိုင်းနှစ်ပေါင်းများစွာကျင့်သုံးလာတဲ့အမျိုးသမီးများမှာ နှလုံးသွေးကြောကျဉ်းရောဂါ နဲ့ လေဖြတ်နိုင်ချေ လျော့နည်းစေပါတယ်။ဒက်ရှ် (DASH ) စားသောက်မှုပုံစံကျင့်သုံးဖို့ဆိုရင် အောက်ဖော်ပြပါတွေ (တစ်နေ့ကို ၂၀၀၀ ကယ်လိုရီအပေါ် အခြေခံထားသည်)ကိုလိုက်နာပါ။အစေ့အဆံများ- တစ်နေ့၇- ၈ ကြိမ် ( တစ်ကြိမ်ပမာဏ – ပေါင်မုန့်တစ်ချပ်၊ချက်ပြီးသားထမင်း (သို့) ပါစတာခေါက်ဆွဲ ခွက်တစ်ဝက်၊အုတ်ဂျုံတစ်အောင်စ)။ဟင်းသီးဟင်းရွက်- တစ်နေ့၄-၅ ကြိမ် (မချက်ရသေးတဲ့အရွက်အစိမ်းတစ်ခွက်၊ချက်ပြီးသားအရွက်ခွက်တစ်ဝက် )။သစ်သီးဝလံ – တစ်နေ့၄-၅ ကြိမ် ( အနေတော်အရွယ်အသီးတစ်လုံး၊လတ်လတ်ဆတ်ဆတ်/အအေးခံအသီးခွက်တစ်ဝက်၊အသီးခြောက်ခွက်လေးပုံတစ်ပုံ၊အသီးဖျော်ရည် ခြောက်အောင်စ )။အဆီပါမှုနည်း (သို့) အဆီလုံးဝမပါတဲ့နို့ထွက်ထုတ်ကုန်-တစ်နေ့ 2-3 ကြိမ် (နို့ရှစ်အောင်စ၊ဒိန်ချဉ်တစ်ခွက်၊ဒိန်ခဲ တစ်အောင်စခွဲ)။အဆီပါဝင်မှုနည်းတဲ့အသား၊ဝက်၊ ငါး- တစ်နေ့၂ ကြိမ် အောက် (ချက်ပြီးသားအသား၊ဝက် (သို့)ငါးသုံးအောင်စ)။အစေ့အဆံနဲ့ပဲသီး- တစ်ပတ်ကို ၄-၅ ကြိမ်(ပဲ ခွက်သုံးပုံတစ်ပုံ၊အစေ့လက်ဖက်ရည်ဇွန်းနှစ်ဇွန်း၊ချက်ပြီးသားပဲခွက်တစ်ဝက်)။ဆီ – တစ်နေ့၂-၃ ကြိမ်(ဟင်းရွက်ဆီ (သို့) မီရောနိစ့် လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊အဆီပါဝင်မှုနည်းတဲ့ မီရောနိစ့် စားပွဲတင်ဇွန်း တစ်ဇွန်း၊ အသုတ်ထဲထည့်သောအဆီ လက်ဖက်ရည်ဇွန်းနှစ်ဇွန်း)။အချို- တစ်ပတ်ကို ၅ ကြိမ်အောက် ( သကြား/ယို/ဂျယ်လီစားပွဲတင်ဇွန်းတစ်ဇွန်း)။သင့်ဆရာဝန်ဒါမှမဟုတ်အာဟာရပညာရှင်ကိုသင် ဒက်ရှ်(DASH)စားသောက်မှုပုံစံစတင်ဖို့ကူညီခိုင်းပါ။ သူတို့ကသင့်ကိုယ်အလေးချိန်ကိုထိန်းနိုင်ဖို့တစ်နေ့ကယ်လိုရီဘယ်လောက်စားရလဲစတာတွေကိုပြောပြမှာပါ။ ဒါ့အပြင်သူတို့ကသင့်အစားအစာတွေပြင်ဆင်ရာမှာကူညီနိုင်ပြီးသင့်ကိုဒီစားသောက်မှုပုံစံနဲ့ကျင့်သားရအောင်လုပ်ပေးနိုင်ပါတယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%b8%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-%e1%80%98%e1%80%9a%e1%80%b9%e1%80%9c/
ကလေးကို ဘယ်အချိန်မှာ ကြက်ဥကျွေးမလဲ
ကြက်ဥဘဲဥတွေက စားလို့ကောင်းသလို အလုပ်လည်မရှုပ်ဘဲကျန်းမာရေးနဲ့ညီညွတ်တဲ့စားစရာတွေပါ။အာဟာရတွေကလည်း အပြည့်ပါပဲ။ ဒါဆို ကလေးတွေကိုရောကျွေးလို့ရလား။ သားသားမီးမီးကို အာဟာရပြည့်စေချင်တဲ့ မိဘတွေသိချင်နေမယ့် အမေးလေးတစ်ခုပေါ့။ ဒီမေးခွန်းလေးကို Helloဆရာဝန်ပရိသတ်ကြီးအတွက် ဒီဆောင်းပါးလေးကနေတဆင့်ဖြေကြားပေးလိုက်ပါတယ်။ကလေးကို ကြက်ဥကျွေးလို့ရလားဆိုရင်တော့ ရတယ်လို့ပဲပြောရမှာပါ။ ဒါပေမယ့် အရမ်းငယ်သေးတဲ့ ကလေးတွေကိုတော့ ကြက်ဥမကျွေးသင့်သေးပါဘူးနော်။နောက်တစ်ချက်ရှိတာက ကလေးက ကြက်ဥနဲ့ ဓာတ်တည့်ရဲ့လားဆိုတာပါ။ ကြက်ဥဘဲဥတွေနဲ့ဓာတ်မတည့်ဘူးဆိုတဲ့ အခြေအနေမျိုးလည်းရှိပါသေးတယ်နော်။ ကြက်ဥအကာက ဓာတ်မတည့်မှုကိုဖြစ်စေနိုင်တဲ့ အစားအစာတွေထဲကတစ်ခုပေါ့။ ဒါကြောင့် ကလေးကို ကြက်ဥစကျွေးမယ်ဆိုရင် အကာကိုမကျွေးဘဲ အနှစ်ကို စကျွေးပါ။ကလေးကအသက် ၉ လလောက်ရောက်လာပြီဆိုရင် ကြက်ဥကို ကျက်နေအောင်ပြုတ်လို့ အခွံနွှာ အကာဖယ်ပြီး အထဲက အနှစ်ကိုကျွေးပေးပါ။ အနှစ်ကိုလည်ကြေအောင်ချေပြီးမှာ ဇွန်းနဲ့ နည်းနည်းချင်းကျွေးပေးပါ။ ကလေးမှာဓာတ်မတည့်မှုနဲ့ တူတဲ့လက္ခဏာတစ်စုံတရာတွေ့ရမယ်။ အမျိုးတွေထဲမှာ ကြက်ဥဘဲဥဓာတ်မတည့်တဲ့သူတွေရှိနေတယ်ဆိုရင် ကလေးကို ကြက်ဥကျွေးသင့်၊ မကျွေးသင့်ကို ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။ ကလေးအသက်တစ်နှစ်ပြည့်မှ ကြက်ဥကိုအကာရောအနှစ်ရောကျွေးပေးပါ။ကြက်ဥက အလွယ်တကူဝယ်လို့ရတဲ့ အစားအသောက်တစ်ခုပါ။ ဈေးမကြီးသလို ပြင်ဆင်ချက်ပြုတ်ရတာလည်းလွယ်ပါတယ်။မနက်စာ၊ နေ့လယ်စာ၊ ညစာ ဘယ်ချိန်စားစားအဆင်ပြေပါတယ်နော်။ ကြက်ဥမှာကယ်လ်လိုရီ၇၀ ရာခိုင်နှုန်းပါဝင်ပြီး ပရိုတင်း ၆ ဂရမ်ပါဝင်နေပါတယ်။ အနှစ်မှာ အာဟာရပြည့်ဝစွာပါဝင်နေပါတယ်။ ဆဲလ်တွေကို ကျန်းမာစေနိုင်တဲ့ choline ၂၅၀ မီလီဂရမ်ပါဝင်နေပါတယ်။ ဒီဓာတ်ကအသည်းလုပ်ဆောင်ချက်ကိုကောင်းမွန်စေသလိုခန္ဓာကိုယ်အနှံ့ကိုလည်း အာဟာရဓာတ်တွေပို့ဆောင်ပေးပါတယ်။ ကလေးကိုမှတ်ဉာဏ်ကောင်းစေဖို့အတွက်လည်း အထောက်အပံ့ပေးပါတယ်။ ကြက်ဥတစ်လုံးလုံးမှာဆိုရင် Riboflavin၊ ဗီတာမင် B12 နဲ့ဖောလိတ်တို့ပါဝင်နေပါတယ်။ phosphorusနဲ့ selenium တို့ပါဝင်နေပြီး ကလေးကို ကျန်းမာစေမှာပါ။အစားအစာတစ်ခုခုနဲ့ ဓာတ်မတည့်တဲ့အခါ ခန္ဓာကိုယ်က တုံ့ပြန်မှုတွေဖြစ်လာပါတယ်။ ကလေးတွေမှာဆိုရင် နုနယ်ပြီးကိုယ်ခံအားစနစ် အပြည့်အဝမဖွံ့ဖြိုးသေးတာကြောင့် ကြက်ဥအကာမှာပါတဲ့ ပရိုတင်းကို မချေဖျက်နိုင်သေးပါဘူး။ ဒီတော့ ကလေးတွေအနေနဲ့ ကြက်ဥအကာစားတဲ့အခါ။ဘေဘီလေးကို အာဟာရပြည့်ဝပြီး စားကောင်းတဲ့ စားစရာလေးကို စားချင်စဖွယ်မိတ်ဆက်ပေးလိုက်ပါနော်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/%e1%80%98%e1%80%b1%e1%80%98%e1%80%ae%e1%80%9c%e1%80%b1%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a%e1%80%ba%e1%80%a1%e1%80%81%e1%80%bb%e1%80%ad%e1%80%94%e1%80%ba%e1%80%99%e1%80%be%e1%80%ac/
သတိမေ့မြောခြင်း
သတိလစ်ပြီး ခေါ်မရဖြစ်နေတာ၊ နှိုးလို့မရတဲ့ ဖြစ်နေတဲ့ အခြေအနေမျိုးကို သတိမေ့မြောခြင်းလို့ ခေါ်ပါတယ်။ အကြောင်းရင်းတွေကတော့ မြောက်များစွာရှိပါတယ်။ မူးယစ်ဆေးတခုခုသုံးမိတာ၊ ဆေးသောက်လွန်သွားတာ၊ အဆိပ်သင့်တာ၊ ခေါင်းကိထိခိုက်မိတာ၊ ဦးနှောက်ရောင်တာနဲ့ သွေးထဲသကြားဓါတ်ကျတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ အဲဒီလိုဖြစ်ခဲ့ရင်တော့ သင့်ကလေးရဲ့ ဆရာဝန်ဆီ အမြန်ဆုံးဆက်သွယ်သင့်ပါတယ်။ဒီလိုလက္ခဏာတွေ ရှိနေရင်တော့ သတိထားသင့်ပါတယ်။တကယ်လို့ အန်နေတယ်ဆိုရင်တော့ ဘေးစောင်းတာ၊ ဒါမှမဟုတ် မှောက်ရက်အနေအထားအတိုင်း နေသင့်ပါတယ်။သတိလစ်မေ့မြောခြင်းက ဆေးပညာဆိုင်ရာ အရေးပေါ်အခြေအနေတစ်ရပ် ဖြစ်ပါတယ်။ ဆရာဝန်က မေ့မြောသွားတဲ့သူရဲ့ အသက်ရှူလမ်းကြောင်းကို စစ်ဆေးမယ်၊ သူ့ရဲ့ အသက်ရှူခြင်းနဲ့ သွေးလည်ပတ်မှုကို ပုံမှန်အတိုင်း ဖြစ်နေအောင် လုပ်ပေးပါလိမ့်မယ်။ လိုအပ်ရင် အသက်ရှူစက်တပ်တာ၊ သွေးသွင်းတာမျိုးတွေလည်း လုပ်ပေးပါတယ်။နောက်ပြီး သွေးအဖြေတွေ မသိရသေးရင်တောင် သွေးချိုဓါတ်ကျသွားတာ၊ ဦးနှောက်ထဲ ပိုးဝင်တာ စတဲ့အနေအထားတွေမှာ လူနာအခြေအနေပေါ် မူတည်ပြီး အရေးပေါ်ဌာနက ကျန်းမာရေးဝန်ထမ်းအနေနဲ့ သကြားဓါတ်ဂလူးကို့စ် ထိုးပေးတာ၊ ပိုးသတ်ဆေးတစ်မျိုးမျိုးပေးတာ မျိုးတွေလည်း လုပ်နိုင်ပါတယ်။ကုသမှုတွေကတော့ သတိမေ့မြော၇တဲ့ အကြောင်းရင်းပေါ် မူတည်ပါတယ်။ ဦးနှောက်အကြိတ်ကြောင့် ဦးနှောက်ပေါ်ဖိမိနေတာမျိုးဆိုရင် ဆေးတိုက်ဖို့၊ ဒါမှမဟုတ် အကြိတ်ကို ဖယ်ရှားဖို့ လုပ်ရပါမယ်။ တကယ်လို့ ဆေးသောက်လွန်သွားလို့ဆိုရင် အဲဒီအခြေအနေအတွက် လိုအပ်တဲ့ ဆေးတွေ ဆရာဝန်က ညွှန်လိမ့်မယ်။ တက်လို့သတိလစ်သွားတာဆိုရင်တော့ တက်တာကို ထိန်းတဲ့ဆေးတွေ ပေးပါလိမ့်မယ်။တခြားကုသမှုတွေအနေနဲ့ သတိလစ်မေ့မြောစေတဲ့ အကြောင်းရင်းတွေကို ကုသဖို့ လိုပါမယ်။ အသည်းရောဂါ၊ ဆီးချိုရောဂါကုသမှုတွေပါ။တစ်ခါတစ်လေမှာတော့ သတိလစ်ရတဲ့အကြောင်းရင်းတွေ လုံးဝပျောက်သွားပြီး လူနာက ပုံမှန်ပြန်ဖြစ်သွားတာမျိုး ရှိသလို၊ ဦးနှောက်ကို ပြင်းပြင်းထန်ထန် ထိခိုက်မိသွားရင်တော့ ဘယ်လိုမှ သတိပြန်လည်မလာတော့တာ၊ ကိုယ်လက်မလှုပ်ရှားနိုင်တော့တာမျိုးတွေ ဖြစ်တတ်ပါတယ်။ တစ်ချို့လူနာတွေဆိုရင် အသက်ရှူနေပေမယ့် ဦးနှောက်သေဆုံးသွားတာမျိုးလည်း ရှိပါတယ်။ရောဂါတခုခု၊ ထိခိုက်ဒဏ်ရာတခုခုကနေ သတိလစ်မေ့မြောခြင်း ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ ဆီးချိုကနေ နောက်ဆက်တွဲပြဿနာ မဖြစ်လာအောင် ဂရုစိုက်တာ၊ ထိခိုက်ဒဏ်ရာ မရအောင် သတိထားတာတွေ လုပ်သင့်ပါတယ်။ သတိလစ်မေ့မြောစေတဲ့ အဓိကအကြောင်းရင်းတစ်ခုကတော့ ယာဉ်မတော်တဆမှုပါ။ ဒါကြောင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေ လိုက်နာဖို့ လိုပါတယ်။ သုတေသနလုပ်နေတဲ့ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ ကာကွယ်မှုနဲ့ ကုသမှုအကြောင်းရာများကို အဓိကထား လေ့လာသင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%9e%e1%80%90%e1%80%ad%e1%80%b1%e1%80%99%e1%80%b7%e1%80%b1%e1%81%bf%e1%80%99%e1%80%ac%e1%81%bf%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
ပျော်ရွှင်မြူးထူးစွာ Zumba ကကြမယ်
ကိုယ်အလေးချိန်ကျအောင်Gymကစားရတာ၊လေ့ကျင့်ခန်းလုပ်တာဟာ ပျင်းစရာကောင်းတယ်လို့ ထင်ကြမှာပါ။ တစိုက်မတ်မတ် ဇွဲကောင်းကောင်းနဲ့ ပုံမှန် ပြုလုပ်ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဝိတ်ကျဖို့အတွက် နည်းလမ်း နောက်တစ်မျိုးရှိနေပါသေးတယ်။ ဒါကတော့ ယနေ့ခေတ်ရေစီးကြောင်းမှာ ခေတ်စားလာတဲ့ ‘Zumba dance’ ဆိုတဲ့ ဇွန်းဘား အကပါပဲ။Zumbaအကဟာ ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်ရုံမကဘဲ Gym ဆော့ရသလိုလည်း ပျင်းရိဖွယ်မရှိပါဘူး။ လူအများအပြားနဲ့ သီချင်းမြူးမြူးလေးတွေ နားထောင်ပြီး စည်းချက်နဲ့အညီ ကခုန်ရတာကြောင့် ပျော်ဖို့တောင် ကောင်းပါသေးတယ်။ အံ့သြဖွယ်ကောင်းတာကကိုယ်အလေးချိန်ကျစေတဲ့အပြင် အခြား ကောင်းကျိုးတွေလည်း ရှိနေပါသေးတယ်။ ဘာတွေလဲ ကြည့်လိုက်ကြရအောင်။Zumbaအတန်းတစ်ခုကို သွားJoinလိုက်တာနဲ့ ပျမ်းမျှအားဖြင့် ကယ်လိုရီ ၆၀၀ ကနေ ၁၀၀၀ အထိ ကျနိုင်ပါတယ်တဲ့နော်။ မယုံမရှိပါနဲ့။Zumbaကကွက်တွေဟာ ခုန်ပေါက်နေရရုံမကဘဲ ထပြီးထိုင်၊ ထိုင်ပြီးထရတဲ့ ကကွက်တွေလည်း ပါဝင်နေပါတယ်။ ဒါကြောင့်  အချိုးကျနတဲ့ ခန္ဓာကိုယ်အချိုးအစားကို တည်ဆောက်ပေးနိုင်ပါတယ်။Zumbaဆိုတာတစ်ကိုယ်လုံးအတွက်လေ့ကျင့်ခန်းပါ။Zumba ဟာ အကရော လေ့ကျင့်ခန်း အပိုင်းတွေရော ရောပြွမ်းပါဝင်တဲ့ ဝိတ်ချနည်းလမ်း အသစ်အဆန်းတစ်ခုပါ။Zumbaကခြင်းဖြင့် ခေါင်းအစ ခြေအဆုံးကြွက်သားတွေပြေလျော့သွားနိုင်စေသလို ခြေသလုံးကြွက်သားတွေ၊ လက်မောင်းကြွက်သားတွေ အစရှိတဲ့ သန်စွမ်းဖို့လိုအပ်တဲ့ ကြွက်သားတွေဟာ ပိုမို သန်မာလာနိုင်ပါတယ်။Zumbaကတဲ့ နည်းလမ်းဟာ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတိုင်း၊ အဆစ်အမြစ်တိုင်းလိုလိုအတွက် အကျိုးသက်ရောက်စေပါတယ်။Gymကစားသလို ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုစီအတွက် လိုအပ်တဲ့ပုံစံမျိုးရဖို့ ကစားနည်းမျိုးစုံ လိုက်ကြိုးစားကြည့်စရာမလိုပါဘူး။ ခန္ဓာကိုယ်တစ်ခုလုံးအတွက် တစ်ချက်ခုတ်ရုံနဲ့ အချက်ပေါင်းများစွာပြတ်တဲ့ လေ့ကျင့်ခန်းပါ။Zumbaအတန်းတစ်ခုကို ပါဝင်ဆင်နွှဲခြင်းအားဖြင့် အလွန် စိတ်ဝင်စားစရာကောင်းပြီး ခင်မင်ဖွယ် ပျော်ပျော်နေတတ်တဲ့လူတွေနဲ့ ရင်းနှီးမှုရနိုင်ပါတယ်။ တစ်ပတ်ကို နှစ်ရက်သုံးရက်ပဲ ကဦးတော့၊ သူငယ်ချင်းမိတ်ဆွေအသစ်တွေ အများကြီးတိုးလာနိုင်ပါတယ်။ ဒါ့အပြင် ပါတီတွေ၊ ပွဲလမ်းသဘင်တွေ၊ ကာရာအိုကေဆိုပြီး ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်တဲ့အခါ သင်ဟာ ယုံကြည်မှုရှိစွာနဲ့ ကပြပျော်ရွှင်နိုင်ပါသေးတယ်။အနာဂတ်အလုပ်ခွင်မှာ သင်ဟာ လူအမျိုးမျိုး စိတ်အထွေထွေနဲ့ ထိတွေ့ပတ်သက်ရဦးမှာဖြစ်သလို ညှိုနှိုင်းတိုင်ပင်ရမယ့် ကိစ္စတွေလည်း အများအပြားရှိလာဉီးမှာပါ။Zumbaကခုန်တဲ့အခါ ကိုယ့်ရဲ့အသင်းဖော်တွေနဲ့ ဟန်ပန်တူညီစွာ လှုပ်ရှားရပါတယ်။ ညီညီညာညာလေးဖြစ်မှ ကြည့်ရလှသလို အားလည်းတက်ပါတယ်။ ဒီအခါ ဘာအကျိုးကျေးဇူးရသလဲဆိုတော့ အခြားသူတွေနဲ့ ညှိုနှိုင်းတိုင်ပင်တဲ့အခါ ပိုမိုအဆင်ပြေ ချောမွေ့လာတတ်ပါတယ်။စိတ်တက်ကြွရွှင်လန်းစေဖို့ အကောင်းဆုံးသော လေ့ကျင့်ခန်းဟာZumbaပါပဲ။ တစ်နေ့လုံးကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေကို Zumba ကလိုက်ခြင်းဖြင့် လွှတ်ချလိုက်နိုင်ပါတယ်။ သီချင်းထဲမှာ ပါဝင်တဲ့ စည်းချက်တွေနဲ့ အတူတကွ ကခုန်လိုက်ခြင်းကြောင့် ခန္ဓာကိုယ်ထဲကနေပြီးတော့‘Endorphin’လို့ခေါ်တဲ့ ပျော်ရွှင်ခြင်း ဟော်မုန်းထွက်လာလို့ ပါပဲ။သီချင်းတစ်ပုဒ်နဲ့ မြူးကြွစွာ ကလိုက်ခြင်းအားဖြင့် နှလုံးခုန်မြန်လာစေပြီး နှလုံးရဲ့စွမ်းအားကို မြင့်မားစေနိုင်ပါတယ်။ နှလုံးပဲလားဆိုတော့ မဟုတ်ပါဘူး။အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်အတွက် အကျိုးရှိသလို သက်လုံလည်း ကောင်းလာစေနိုင်ပါတယ်။၂၀၁၆ ခုနှစ်ရဲ့ လေ့လာချက်တစ်ခုမှာတော့ ၃ လတာZumbaကခဲ့တဲ့သွေးတိုးဝေဒနာရှင်အမျိုးသမီးဟာ ကိုယ်အလေးချိန်ကျဆင်းသွားပြီး သွေးပေါင်ချိန်လည်း သိသိ သာသာ လျော့နည်းသွားပါသတဲ့။ သွေးတိုးလို ရောဂါမျိုးရဲ့ အဓိကနည်းလမ်းဟာ နေထိုင် စားသောက်မှုပုံစံပြောင်းလိုက်ခြင်း မဟုတ်ပါလား။Zumbaကခြင်းနဲ့ကျန်းမာတဲ့ နေထိုင်မှု ပုံစံကိုမွေးမြူလိုက်တဲ့ သဘောပါပဲ။Gym​ဆော့ရခြင်း၊   ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ရခြင်းကို လူတွေဟာ သိပ်မကြိုက်ပါဘူး။ ဆက်တိုက်Gym​ဆော့နေရင်းကနေ ခေတ္တရပ်နားလိုက်တဲ့အခါ တစ်ခါပြန်ဆော့ဖို့ အတော်လေး အားမွေးရတတ်ပါတယ်။Zumbaကတော့ ဒီလိုမဟုတ်ပါဘူး။ ကခုန်ရခြင်း ကိုက ပျော်ရွှင်စရာလေးတစ်ခု ဖြစ်နေတော့ ရပ်ထားပြီး ပြန်ဆော့သည်ဖြစ်စေ၊ ဆက်တိုက် အလေ့အကျင့်တစ်ခုလို ဆော့နေရင်ဖြစ်စေ လုံးဝမငြီးငွေ့ပါဘူး။တခြားနိုင်ငံတွေမှာဆိုရင် ကလေးတွေအတွက် ရေမှာကခုန်ရတဲ့‘Agua-Zumba Class’​တွေတောင် ဖွင့်ထားကြပါသေးတယ်။ မိမိကိုယ်ကို ယုံကြည်မှုတွေလည်း တိုးပွားလာမှာအမှန်ပါပဲ။မပြုလုပ်ရဲတဲ့အရာတွေ မှေးမှိန်ပျောက်ကွယ်သွားမယ်။ လူရှေ့သူရှေ့ထွက်ရဲလာမယ်။ လုပ်ချင်တာကို ရဲရဲတင်းတင်း ပြုလုပ်လာနိုင်မယ်။ လူမကြောက်တော့ဘူး။ လူမှုဆက်ဆံရေး ပိုမိုကောင်းမွန်လာမယ်။မိမိကိုယ်ကို ပိုမိုကျေနပ်အားရလာနိုင်ပါသေးတယ်။ ဒီလိုပြောင်းလဲမှုတွေဟာ သင့်ရဲ့ရုပ်ရည် အသွင်အပြင်ပေါ်မှာလည်း ရောင်ပြန်ဟပ်လာပြီး ပိုမိုကြည့်ကောင်းလာနိုင်ပါတယ်။ အဓိကကတော့ မိမိကိုယ်ကို ယုံကြည်မှုတွေ ပြည့်ဝလာမယ်လို့ ဆိုလိုပါတယ်။ မယုံမရှိပါနဲ့ တကယ်ပါပဲ။နာကျင်မှုကို ခံနိုင်တဲ့ စွမ်းရည်လည်း မြင့်လာနိုင်ပါသေးတယ်။အချုပ်အားဖြင့် ပြောပြချင်တာကတော့ ယနေ့ခေတ် လူငယ်တွေ တစိုက်မတ်မတ် ကခုန်ကြတဲ့‘Zumba Dance’ဟာ ကျန်းမာခြင်းစွမ်းရည်တွေ သာမက လူမှုဆက်ဆံရေးစွမ်းရည်တွေပါ ပေးစွမ်းနိုင်ပါတယ်။ အသက်အရွယ်မရွေးလည်း ကခုန်နိုင်တာမို့ အခုပဲသွားပြီး‘Zumba’သင်တန်းတစ်ခုကို သွားရောက်ပါဝင်လိုက်ပါတော့နော်။ရေးသားသူ-ဒေါက်တာမှူးခင်။[embed-health-tool-heart-rate]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/cardio-endurance/health-benefits-zumba/
Lumbar Laminectomy (ခါးရိုးဆစ်ပြားခွဲထုတ်ကုသခြင်း)
ကျောခါးဆစ်ရိုးကျဉ်းခြင်းကြောင့် ခြေထောက်နာကျင်ခြင်း၊အားနည်းခြင်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။Laminectomy ဆိုတာဟာ ကျောရိုးဆစ်ရဲ့အနောက်ဖက်အပိုင်းဖြစ်တဲ့ lamina ကို ဖြတ်ထုတ်ခြင်းအားဖြင့် နေရာလွတ်ဖြစ်အောင် ခွဲစိတ်ဖန်တီးတာကို ဆိုလိုပါတယ်။ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ကျောရိုးဆစ်အတွင်း နေရာပိုကျယ်သွားတာကြောင့် ကျောရိုးအာရုံကြောမကြီး သို့မဟုတ် အာရုံကြောတွေပေါ်မှာ ဖိနေတဲ့ ဖိအားလျော့နည်းသွားမှာ ဖြစ်ပါတယ်။ ဒီခွဲစိတ်မှုရဲ့ အဓိက ရည်ရွယ်ချက်ကတော့ သင့်ရောဂါလက္ခဏာတွေကို ပိုဆိုးမသွားစေဖို့ပဲ ဖြစ်ပါတယ်။အောက်ပါအခြေအနေတွေမှာ lumbar laminectomy ကို ပြုလုပ်ဖို့ သင့်ဆရာဝန်က အကြံပြုပါလိမ့်မယ်။· ဆေးသောက်ခြင်း သို့မဟုတ် လေ့ကျင့်ခန်းလုပ်ခြင်းတွေနဲ့ မသက်သာရင်။· ကြွက်သားအားနည်းထုံကျဉ်တာ ဆိုးရွားလာတဲ့အတွက် လမ်းလျှောက်ဖို့၊မတ်တပ်ရပ်ဖို့တောင် အဆင်မပြေတော့ရင်။· ဆီး၊ဝမ်း မထိန်းနိုင်တော့ရင်စတဲ့ အခြေအနေတွေပေါ့။ကျောရိုးဆစ်ရိုးပြားကျွံတာကို ကုသဖို့ပြုလုပ်တဲ့ ခွဲစိတ်မှုရဲ့ တစိတ်တပိုင်းအဖြစ်လည်း laminectomy ပြုလုပ်လေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ ထိခိုက်ပျက်စီးနေတဲ့ ကျောရိုးဆစ်ရိုးပြားဆီ ရောက်ဖို့အတွက် lamina ကို ဦးစွာ ဖယ်ရှားပစ်ဖို့ လိုအပ်လို့ ဖြစ်ပါတယ်။ခွဲစိတ်မှုပြုလုပ်ပြီးတဲ့နောက် လူနာအများစုမှာ ရောဂါလက္ခဏာတွေ သိသိသာသာ သက်သာသွားလေ့ရှိပေမယ့် အသက်ကြီးလာခြင်း သို့မဟုတ် အဆစ်အမြစ်ရောင်ရောဂါပြန်ဖြစ်ခြင်း စတာတွေကြောင့် အကျိုးသက်ရောက်မှု လျော့ပါးသွားနိုင်ပါတယ်။ ခါးနာတာကြောင့် ဖြစ်တဲ့ ခြေထောက်နာကျင်ခြင်းထက် အာရုံကြောကိုဖိထားလို့ ဖြစ်လာတဲ့ ခြေထောက်နာကျင်ခြင်းကို Laminectomy ခွဲစိတ်မှုက ပိုမိုသက်သာ အကျိုးရှိစေပါတယ်။သင့်ရောဂါလက္ခဏာတွေက အပရိကသာဖြစ်ပြီး မပြင်းထန်ဖူးဆိုရင် ဘာကုသမှုမှ ပြုလုပ်စရာ မလိုပါဘူး။ ဒါပေမယ့် ရောဂါလက္ခဏာတွေ ပိုဆိုးလာပြီဆိုရင်တော့ ခွဲစိတ်ကုသတဲ့ နည်းလမ်းတမျိုးတည်းသာ ရှိပါတယ်။ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ၊အန္တရာယ်တွေနဲ့ ပတ်သက်ပြီး ခွဲစိတ်မှုမပြုလုပ်ခင်မှာ သေချာစွာကြိုတင်သိရှိနားလည်ထားဖို့ အရေးကြီးပါတယ်။ မရှင်းလင်းတာ၊မေးမြန်းချင်တာတွေရှိရင် ခွဲစိတ်ဆရာဝန်ကို အသေးစိတ်မေးမြန်းနိုင်ပါတယ်။ခွဲစိတ်မှုမပြုလုပ်ခင် အချိန်အတိုင်းအတာ တခုအတွင်းမှာ ဘာမှမစားမသောက်ရပါဘူး။ ခွဲစိတ်မှုမပြုလုပ်ခင်မှာ သောက်ရမယ့်၊ရှောင်ကျဉ်ရမယ့် ဆေးဝါးတွေအကြောင်း အသေးစိတ်အတိအကျကို သင့်ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ထုံဆေး၊မေ့ဆေး အမျိုးမျိုးကို ရွေးချယ်အသုံးပြုနိုင်ပြီး ခွဲစိတ်မှုဟာ တနာရီကနေ သုံးနာရီလောက်ထိ ကြာမြင့်လေ့ရှိပါတယ်။ သင့်ကျောအောက်ခြေနားလောက်မှာ ဒေါင်လိုက်ခွဲရာတခုကို သင့်ဆရာဝန်က ပြုလုပ်လိုက်မှာ ဖြစ်ပါတယ်။ပြီးရင် ကျောရိုးပင်မအာရုံကြောကြီးဆီ ရောက်ရှိနိုင်ဖို့အတွက် ကြွက်သားတွေကို ဘေးဘက်ဆွဲခွာမှာ ဖြစ်ပါတယ်။ ကျဉ်းနေတဲ့ နေရာကိုချဲ့ပြီး အာရုံကြောနဲ့ သွေးကြောတွေ နေရာကောင်းကောင်းရစေဖို့အတွက် အရိုးတွေနဲ့အရွတ်တစ်ရှူးတွေကို သင့်ဆရာဝန်က လိုအပ်သလို ဖယ်ရှားပစ်မှာ ဖြစ်ပါတယ်။ခွဲစိတ်ပြီး နှစ်ရက်သုံးရက်လောက်အကြာမှာ ဆေးရုံဆင်းခွင့်ရမှာပါ။ အလေးအပင်မတာ ဒါမှမဟုတ် ခန္ဓါကိုယ်ကို လိမ်ခေါက်တာမျိုး မလုပ်ပါနဲ့။ ထိုင်နေတဲ့အခါ နဲ့ လမ်းလျှောက်တဲ့အခါမှာ ကိုယ်ဟန်အနေအထား မှန်ကန်ပါစေ။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးရင် အချိန်တိုအတွင်းမှာ မူလအတိုင်း လှုပ်ရှားသွားလာမှုပြုလုပ်နိုင်မှာ ဖြစ်ပေမယ့် လေ့ကျင့်ခန်းစတင်မပြုလုပ်မီ ဆရာဝန်နဲ့ ဦးစွာ တိုင်ပင်ဆွေးနွေးရပါမယ်။လူနာအများစုဟာ ခွဲစိတ်မှုခံယူပြီးနောက်မှာ ရောဂါလက္ခဏာတွေ သက်သာသွားလေ့ ရှိပါတယ်။ တကယ်လို့ မေးချင်တာ ဒါမှမဟုတ် စိုးရိမ်ပူပန်တာမျိုးလေးတွေ ရှိနေတယ်ဆိုရင် အသေးစိတ်ထပ်မံသိရှိနိုင်ဖို့အတွက် သင့်ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။Laminectomy ဟာ ယေဘုယျအားဖြင့် စိတ်ချရပြီး အန္တရာယ်မရှိတဲ့ ခွဲစိတ်မှု ဖြစ်ပေမယ့် အခြားသော ခွဲစိတ်ကုသမှုတွေနည်းတူ သူ့မှာလည်း မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာလေးတွေ ရှိနေနိုင်ပါတယ်။ ဒါတွေကတော့။· သွေးထွက်လွန်ခြင်း။· ကူးစက်ပိုးဝင်ခြင်း။· သွေးခဲခြင်း။· အာရုံကြော ထိခိုက်ခြင်း။· ကျောရိုးချဉ်ဆီများ အပြင်လျှံထွက်ခြင်းစတာတွေပဲ ဖြစ်ပါတယ်။ဘေးထွက်ဆိုးကျိုးအနည်းဆုံးဖြစ်စေဖို့အတွက် ခွဲစိတ်မှုမပြုလုပ်ခင်မှာ ဆရာဝန်ညွှန်ကြားချက်တွေကို ဂရုတစိုက်လိုက်နာရပါမယ်(ဥပမာ အချိန်အတိုင်းအတာတခုအတွင်းမှာ အစာမစားဖို့ ညွှန်ကြားတာ ဒါမှမဟုတ် လက်ရှိသုံးစွဲနေတဲ့ အချို့သော ဆေးတွေကို ခဏရပ်ခိုင်းထားတာ စသည်)။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-procedures-and-surgeries/lumbar-laminectomy-%e1%80%81%e1%80%ab%e1%80%b8%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%86%e1%80%85%e1%80%b9%e1%80%bb%e1%80%95%e1%80%ac%e1%80%b8%e1%80%81%e1%80%bc%e1%80%b2%e1%80%91%e1%80%af%e1%80%90/
မိခင်နို့နဲ့ နို့မှုန့် အတူတူ တွဲတိုက်လို့ရလား ။ ။
ကလေးအသက် ၆လ အထိမိခင်နို့တစ်မျိုးတည်း တိုက်ရမယ်ဆိုတဲ့ စကားလေးကိုဆရာဝန်တွေ ဆီက မကြာခဏ ကြားဖူးကြမှာပါ။ ဆရာဝန်တွေသာ တိုက်တွန်းကြပေမယ့် ကာယကံရှင်ဖြစ်တဲ့ မိခင်တွေထဲမှာ ဒီအဆိုကို လိုက်နာတဲ့သူရှားပါတယ်။ ကိုယ့်ပတ်ဝန်းကျင်က မိခင်တွေကိုကြည့်ရုံနဲ့ သိသာပါတယ်။ ကလေး ၃ လ ၄လ လောက်ရောက်ပြီဆိုတာနဲ့ မိခင်နို့အပြင် အပြင်က နို့မှုန့်တွေကိုပါ ဖျော်တိုက်ကြတယ်လေ။ ဒါကလည်း ကလေးကိုအာဟာရပိုပြည့်စေချင်တဲ့ စေတနာဖြစ်တာကြောင့်၆ လပြည့်တဲ့အထိ မစောင့်နိုင်တဲ့ မိခင်တွေကိုလည်း အပြစ်တင်လို့မရပါဘူး။မိခင်နို့ရော နို့မှုန့်တိုက်သာတိုက်နေရပေမယ့် တစ်ဘက်မှာလည်း ဆရာဝန်တွေ ပြောထားတဲ့ ကလေးအသက် ၆ လ အထိမိခင်နို့တစ်မျိုးတည်းတိုက်ရမယ်ဆိုတဲ့ စကားကလည်းရှိသေးတော့ မေမေတို့ စိတ်ထဲမှာ စနိုးစနောင့်ဖြစ်နေတဲ့ မေးခွန်းတစ်ခုရှိမယ်လို့ထင်ပါတယ်။ ဘာလဲဆိုတော့ မိခင်နို့နဲ့ နို့မှုန့်ကရောတိုက်ရင် ကလေးအတွက် တကယ်ပဲ စိတ်ချရလား။ ဘေးရောကင်းရဲ့လားပေါ့။ကလေးကို မိခင်နို့အပြင် နို့မှုန်ပါတွဲတိုက်တာကို supplementing ( ထပ်ပေါင်းဖြည့်စွက်အာဟာရ ) လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံက မိသားစုတော်တော်များများက မွေးကင်းစကလေးတွေကို ဒီလို ထပ်ပေါင်းဖြည့်စွက်အာဟာရပုံစံနဲ့ ကျွေးမွေးကြတာများပါတယ်။ ဒီလို မိခင်နို့ရော နို့မှုန့်ရော တွဲတိုက်တဲ့ ပေါင်းစပ်အာဟာရ ပုံစံက ကလေးတွေ အတွက် တကယ်ရော ဘေးကင်းရဲ့လား။ကလေးကို မိခင်နို့အပြင် နို့မှုန့်ပါ တွဲတိုက်တာဟာ  စိတ်ချရပြီး ကလေးအတွက် ဘေးကင်းပါတယ်။ ဒါဆို ကလေးတိုင်းကို ဒီလို ပေါင်းစပ်အာဟာရပုံစံ ကျွေးရင် အာဟာရတွေပိုရပြီး ပိုမကောင်းဘူးလားလို့ မေးစရာရှိပါတယ်။ မဟုတ်ပါဘူး။ ဒီပေါင်းစပ်အာဟာရက ကလေးအတွက် စိတ်ချရတယ်ဆိုပေမယ့် ကလေးအသက် ၆ လ မပြည့်ခင်အထိမိခင်နို့တစ်မျိုးတည်းတိုက်တာက ပေါင်းစပ်အာဟာရထက် အဆပေါင်းများစွာ ပိုပြီး စိတ်ချရပါတယ်။ မိခင်နို့ထဲမှာ ကလေးတစ်ယောက်အတွက် ပြည့်စုံလုံလောက်တဲ့ အာဟာရတွေ ပါပြီးသားဖြစ်တာကြောင့် ဖြစ်နိုင်ရင် ကလေး အသက်၆လအထိ မိခင်နို့တစ်မျိုးတည်း တိုက်တာကသာ အကောင်းဆုံးပါ။မွေးလာတဲ့ကလေးတိုင်းကိုမိခင်နို့တစ်မျိုးတည်း တိုက်စေချင်တယ်ဆိုပေမယ့် တချို့ မိခင်နို့တစ်မျိုးတည်းနဲ့ မလုံလောက်တဲ့ကလေးတွေရှိပါတယ်။ သူတို့ကိုတော့ မိခင်နို့နဲ့နို့မှုန့် ပေါင်းစပ်ထားတဲ့ အာဟာရကို တိုက်မှ ရမှာပါ။ ဒါဆို ဘယ်လို အခြေအနေတွေမှာ ကလေးတွေကို ပေါင်းစပ် အာဟာရပေးရမလဲဆိုတာ ဆက်ကြည့်ရအောင် ။ ။ ဆရာဝန်တွေဘက်ကတော့ မိခင်နို့တစ်မျိုးတည်းတိုက်စေချင်ပေမယ့် ပေါင်းစပ်အာဟာရတိုက်ဖို့ ညွန်ကြားတဲ့အချိန်တွေလည်းရှိပါတယ်။ ဒါတွေကတော့။ဖြည့်စွက် နို့မှုန့်တိုင်းကတော့ အာဟာရနဲ့ ပြည့်စုံအောင်ထုတ်ထားချည်းပါပဲ။ ကလေးအတွက် အသင့်တော်ဆုံးနို့မှုန့်ကို အကြံပေးနိုင်တာ ဆရာဝန်တွေက လွဲလို့ မရှိတဲ့အတွက် အာဟာရဆရာဝန်နဲ့သာ တိုင်ပင်စေချင်ပါတယ်။ နို့မှုန့်တိုက်လိုက်တဲ့အချိန်ကျမှကလေးက ပျို့အန်တာ၊ ဝမ်းလျှောတာ၊ အနီကွက်တွေထလာတာမျိုးရှိခဲ့ရင် ဆရာဝန်နဲ့ ပြန်တိုင်ပင်ပြီးနောက်နို့မှုန့် တစ်ခုကို ပြောင်းစေချင်ပါတယ်။ကလေးကျန်းမာရေး တစ်စုံတစ်ရာ ချို့ယွင်းချက်ကြောင့် မဟုတ်ဘဲ မေမေတို့ ဘက်က အဆင်မပြေလို့၊ နို့မထွက်လို့ဆိုတဲ့အခါမျိုးတွေရှိရင်တောင် မိခင်နို့တစ်မျိုးတည်း တစ်လ လောက်တိုက်ပြီးမှသာ ကလေးကိုနို့ဘူးတိုက်စေချင်ပါတယ်။ ကလေးနဲ့ နို့မှုန့်ကို ဖြည်းဖြည်းချင်း မိတ်ဆက်ပေးတာ ကလေးအတွက်ရော မေမေတို့အတွက်ရော အကောင်းဆုံးပါ။ စစချင်းတိုက်တဲ့အချိန်မှာဆို ၁ပတ်ကို နို့မှုန့် ၁ ဘူး၊ ၂ ဘူးလောက်သာတိုက်သင့်ပြီးနောက်ပိုင်းမှ ကလေးလိုအပ်ချက်နဲ့ မေမေတို့ အခြေအနေပေါ်မူတည်ပြီး တိုးသင့်ရင် တိုးသွားပါ။ ဒါမှ နို့မှုန့်ကို ကလေးအစာအိမ်ကျင့်သားရလာမယ့်အပြင် မေမေတို့အတွက်လည်း နို့သိပ်မတိုက်ရလို့ နို့တင်းပြီးနာတာ ၊နို့ချောင်းပိတ်တဲ့ ပြဿနာတွေ ကင်းဝေးသွားမှာဖြစ်ပါတယ်။ဒါကလည်း မေမေတို့ အမေးများပြီး သိချင်နေတဲ့ မေးခွန်းတွေထဲက တစ်ခုပါ။ ဒီလို ရောပြီးတိုက်ချင်တာဟာ ကလေးကို ဘာပြဿနာမှ မဖြစ်စေပေမယ့် တစ်ဘူးထဲ ရောဖျော်တိုက်ဖို့တော့ ဆရာဝန်တွေက ညွှန်ကြားလေ့မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ရောဖျော်ထားတဲ့နို့ဘူးကို ကလေးက ကုန်အောင်မသောက်ခဲ့လို့ ကျန်ခဲ့တဲ့ နို့တွေထဲမှာ မိခင်နို့တွေလည်း ပါနေတာကြောင့် မိခင်နို့အလဟဿ ဖြုန်းတီးမိသလို ဖြစ်သွားလို့ပါ။ ဒါ့ကြောင့် ကလေးကို မိခင်နို့က အရင်တိုက်ပြီးမှ ကလေးမဝသေးရင် နို့မှုန့်ထပ်တိုက်တာကသာ အကောင်းဆုံးနည်းလမ်းပါ ။ ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/breastmilk-and-formula-milk/
တိရစ္ဆာန် ကိုက်ခံရတဲ့အခါ
အဓိကအားဖြင့် တိရစ္ဆာန်တွေကို ခွေးရူးပြန်ရောဂါ ရနိုင်တဲ့တိရစ္ဆာန်တွေနဲ့ စိတ်ချရတဲ့ တိရစ္ဆာန်တွေရယ်လို့ နှစ်မျိုးခွဲနိုင်ပါတယ်။ခွေးရူးပြန်ရောဂါ ရနိုင်တယ်ဆိုရင် ဒီရောဂါဟာ သေစေနိုင်တဲ့ ရောဂါဖြစ်တာမို့ သတိထားရပါမယ်။ ခွေးကိုက်မှ ဖြစ်တာမဟုတ်ဘဲ လင်းနို့၊ မြေခွေး၊ ခွေးအ၊ ကြောင်မျိုးစိတ်တချို့နဲ့ တောရိုင်းတိရစ္တာန်တွေ ကိုက်ခံရရင်လည်း ဖြစ်တတ်ပါတယ်။ သူတို့မှာ ဘာလက္ခဏာမှ ရှိမနေရင်တောင် ရောဂါပိုးကို ပြန့်ပွားစေနိုင်ပါတယ်။ ရှားရှားပါးပါးအနေနဲ့ ရှဉ့်တွေမှာလည်း ဒီပိုးက ရှိနေတတ်ပါတယ်။ခွေးရူးပြန်ရောဂါ မရနိုင်တဲ့ တိရစ္ဆာန်ကိုက်ခြင်းတွေကတော့ ကြွက်၊ ပူး၊ ယုန် စတာတွေကို ပြောတာဖြစ်ပါတယ်။ဖြစ်နိုင်တဲ့ လက္ခဏာတွေကတော့။• ပြတ်ရှဒဏ်ရာများနှင့် သွေးထွက်ခြင်း။• အညိုအမဲစွဲခြင်း။• ကြိတ်ချေခံရခြင်းနဲ့။• ထိုးသွင်းဒဏ်ရာများ ဖြစ်ပါတယ်။ခွေးရူးပြန်ရောဂါပိုးနဲ့ ထိတွေ့မိလိုက်တယ်ထင်ရင် အနာကို ဆပ်ပြာ၊ ရေတို့နဲ့ ၁၀မိနစ်ကနေ ၁၅မိနစ်ကြာအောင် ချက်ချင်းဆေးကြောပစ်ဖို့ သိပ်အရေးကြီးပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် အနာကို ရေဘုံဘိုင်အောက်မှာ ထားပြီး ဆေးချပစ်ပါ။ တိရစ္တာန်က မသွားသေးဘဲ ရှိနေသေးတယ်ဆိုရင်တော့ ရဲအကူအညီခေါ်ပါ။ တကယ်လို့ ဖမ်းမိတယ်၊ သေသွားတယ်ဆိုရင်လည်း မထိတွေ့မိအောင် သတိထားပါ။ ပိုးရှိတဲ့ တိရစ္တာန်ဆီက တံတွေးနဲ့ ကိုယ့်အနာနဲ့ ထိတွေ့မိရင်တောင် ပိုးကူးစက်သွားနိုင်ပါတယ်။• ကိုက်ခံရတာက ခွေးရူးပြန်ပိုးရှိနိုင်တဲ့ တိရစ္ဆာန်ဖြစ်နေရင်။• အရေပြားပေါက်ပြဲသွားရင်။• ဒါမှမဟုတ် သင့်မှာ အရေးပေါ်ပြဿနာတခုခု ရှိရင် သင့်ကလေးရဲ့ဆရာဝန်ဆီ အမြန်ဆုံးဆက်သွယ်ဖို့ လိုပါမယ်။အဲဒီလို တိရစ္ဆာန်မျိုးတွေနဲ့၊ ဘာရောဂါပိုးမှ ရှိမနေတဲ့ တိရစ္ဆာန်တွေနဲ့တောင် မထိတွေ့ဖို့အတွက် သင့်ကလေးကို သင်ကြားပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%90%e1%80%ad%e1%80%9b%e1%80%85%e1%80%ac%e1%81%a6%e1%80%94%e1%80%b9-%e1%80%80%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%81%e1%80%b6%e1%80%9b%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%81%e1%80%ab/
Caesarean Section (ဗိုက်ခွဲမွေးဖွားခြင်း)
ဗိုက်ခွဲမွေးဖွားခြင်း (C-Section)ဆိုတာ ဝမ်းဗိုက်ကို ခွဲစိတ်ခြင်းအားဖြင့် ကလေးမွေးဖွားစေတဲ့ ခွဲစိတ်မှု တခုပဲ ဖြစ်ပါတယ်။များသောအားဖြင့် ပုံမှန်လမ်းကြောင်းကနေ ကလေးမွေးဖွားဖို့ ခက်ခဲတဲ့အခါ ဗိုက်ခွဲမွေးဖွားကြပါတယ်။ ယခင်က ခွဲစိတ်ဖူးရင်လည်း ထပ်မံခွဲစိတ်ရတတ်ပါတယ်။ပထမဆုံးအကြိမ် ကလေးမွေးတာဆိုရင်တော့ ဗိုက်ခွဲမွေးဖို့ ကိစ္စကို မွေးခန်းထဲမှာ ဆရာဝန်ကပဲ ဆုံးဖြတ်တတ် ကြပါတယ်။တခါတရံမှာ ဗိုက်ခွဲမွေးဖွားဟာ ဘေးအကင်းဆုံးနည်း ဖြစ်ပါတယ်။ အောက်ပါ အခြေအနေတွေမှာ ဆရာဝန်ဟာ ဗိုက်ခွဲပြီး မွေးပေးနိုင်ပါတယ်။ဗိုက်ခွဲမွေးဖွားခြင်းကို ယနေ့အခါမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ကြပါတယ်။ ဒီနည်းဟာ ကလေးနဲ့ မိခင်အတွက် ဘေးကင်းစေပါတယ်။ ဒါပေမယ့် တခြား ခွဲစိတ်မှုတွေလိုပဲ နောက်ဆက်တွဲပြသနာတချို့ ရှိပါတယ်။ဒါ့အပြင် နာလန်ထခြင်းဟာလည်း ရိုးရိုးမွေးဖွားခြင်းထက် ပိုပြီးကြာနိုင်ပါတယ်။ သိသာတဲ့တချက်ကတော့ ခွဲစိတ်လိုက်တဲ့အတွက် သားအိမ်နံရံမှာ အားနည်းတဲ့ တနေရာဖြစ်ပေါ်သွားပြီး နောက်ကလေးတယောက်ကို ရိုးရိုးမွေးဖို့ ဆုံးဖြတ်ရင် ပြသနာရှိလာနိုင်ပါတယ်။ဒါပေမယ့် ကိုယ်ဝန်ဆောင် အမျိုးသမီး တဝက်လောက်ဟာ ဗိုက်ခွဲမွေးပြီး နောက်တကြိမ်မှာ ရိုးရိုးမွေးနိုင်ကြတာမို့ စိတ်ပူစရာတော့ သိပ်မလိုပါဘူး။ဒီခွဲစိတ်မှုဟာ လုပ်နေကြအရာဖြစ်ပေမယ့် ဝမ်းဗိုက်ပိုင်း အကြီးစားခွဲစိတ်မှု တခုဖြစ်တယ်ဆိုတာကို သတိချပ်ရပါမယ်။ တခြား ခွဲစိတ်မှုတွေလိုပဲ အန္တရာယ်တချို့ ရှိပါတယ်။ အဓိက အန္တရာယ်တွေကတော့။ဒါပေမယ့် မကြာသေးမီက ပြောင်းလဲလာတဲ့ ကုသမှုပုံစံတွေအရ ရောဂါပိုးဝင်ခြင်းဟာ သိပ်မဖြစ်တော့ပါဘူး။ ဆရာဝန်များဟာ အမျိုးသမီးများကို မခွဲခင်မှာ ပဋိဇီဝဆေးကို ပေးထားတဲ့အတွက်ကြောင့် ရောဂါပိုးဝင်နိုင်ခြေ နည်းသွားပါတယ်။ဗိုက်ခွဲမွေးခြင်းကြောင့် ကလေးများကို ထိခိုက်မှုအများဆုံး ပြသနာကတော့ အသက်ရှူရခက်ခြင်း ဖြစ်ပါတယ်။ လမစေ့ခင် မွေးတဲ့ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ၃၉ပတ်နဲ့နောက်ပိုင်း ဗိုက်ခွဲမွေးခဲ့တဲ့ ကလေးများမှာတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြသနာဟာ ရိုးရိုးမွေးတဲ့ကလေးတွေနဲ့ အတူတူဖြစ်သွားတယ်လို့ ဆိုပါတယ်။ကလေးအတွက် ဆိုးရွားတဲ့ အန္တရာယ်တွေဖြစ်တဲ့ လည်ပင်းနဲ့ လက်အာရုံကြောများ ထိခိုက်မှု၊ ဦးနှောက်အတွင်း သွေးယိုမှု၊ ဦးနှောက်ချို့ယွင်းမှု၊ သေဆုံးမှု စတာတွေဟာ ဗိုက်ခွဲမွေးခြင်းကြောင့် ပိုတိုးလာခြင်း လျော့သွားခြင်း မရှိပါဘူး။တခါတရံ သားအိမ်ကိုဖွင့်ရင်း ကလေးကိုပါ ထိခိုက်မိတာမျိုး ရှိတတ်ပါတယ်။ ဗိုက်ခွဲမွေးတဲ့ကလေး အယောက်တရာမှာ ၂ယောက်လောက်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အနာကျက်သွားပြီး အန္တရာယ်မရှိပါဘူး။ခွဲစိတ်မှု မခံယူခင် ဖြစ်နိုင်ခြေအန္တရာယ်တွေ၊ နောက်ဆက်တွဲပြသနာတွေ သိနားလည်ထားဖို့ အရေးကြီးပါတယ်။ သိလိုတဲ့အချက်တွေရှိရင် သင့်ဆရာဝန်နဲ့ဖြစ်ဖြစ်၊ ခွဲစိတ်ဆရာဝန်နဲ့ ဖြစ်ဖြစ် တိုင်ပင်နိုင်ပါတယ်။ခွဲစိတ်ဖို့ကို ကြိုတင်ရက်ချိန်းပေးပါလိမ့်မယ်။ ခွဲစိတ်မှုအတွက် ကျန်းမာရေးကောင်းမွန်ရဲ့လားဆိုတာ မေ့ဆေးဆရာဝန်ပြဖို့ လိုအပ်ပါတယ်။ဆရာဝန်ဟာ သွေးသွင်းဖို့လိုခဲ့ရင် အဆင်ပြေအောင်ေ သွးအုပ်စု စစ်ပါလိမ့်မယ်။ ကိုယ်ဝန် ၃၉ပတ်မတိုင်ခင်မှာ မွေးမယ်ဆိုရင် ကလေးရဲ့အဆုတ်အတွက် စမ်းသပ်မှုကို ရေမွှာနမူနာယူပြီး စစ်ဆေးပါလိမ့်မယ်။အကယ်၍ ရိုးရိုးမွေးဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်တောင် ခွဲစိတ်မှုနဲ့ ပတ်သက်ပြီး ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ရိုးရိုးမွေးရင်း အရေးပေါ်အခြေအနေကြုံလာရင် ခွဲမွေးနိုင်အောင် ဖြစ်ပါတယ်။မိနစ် ၄၀ကနေ ၅၀ ခန့်ကြာနိုင်ပါတယ်။ ဝမ်းဗိုက်ပေါ်မှာ ကလေးအတွက် မှတ်တမ်းတင်ရအောင် မော်နီတာတခု ရှိပါလိမ့်မယ်။ ဆရာဝန်ဟာ ဝမ်းဗိုက်တလျှောက်မှာ အရှည်လိုက် ဓါးရာပေးပြီး ဆီးခုံထိရောက်အောင် ခွဲပါလိမ့်မယ်။ ပြီးတဲ့အခါ အဲဒီခွဲရာကနေ ခွဲစိတ်ကိရိယာတွေ ထည့်သွင်းပြိး သားအိမ်ကို ဖွင့်ပါလိမ့်မယ်။ ပြီးရင် ကလေးကို ထုတ်ယူပါလိမ့်မယ်။ကလေးကို ထုတ်ယူပြီးရင် မိခင်ကို oxytocin ဆေး ထိုးပါလိမ့်မယ်။ ဒီဆေးဟာ သားအိမ်ကို ကျုံ့စေတာမို့ သွေးထွက်မှုကို လျော့နည်းစေပါတယ်။ အချင်းကြိုးကို ဖြတ်ပါလိမ့်မယ်။ သားအိမ်နဲ့ ဝမ်းဗိုက်ကို ပြန်ချုပ်ပါလိမ့်မယ်။ ချုပ်ကြိုးဟာ ပျော်ဝင်နိုင်တဲ့ကြိုး ဒါမှမဟုတ် ရိုးရိုးကြိုး ဖြစ်နိုင်ပါတယ်။သိလိုတဲ့အချက်တွေ စိုးရိမ်ပူပန်တာတွေရှိရင် သင့်ဆရာဝန် ဒါမှမဟုတ် ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။ခွဲစိတ်ပြီးရင် ပြန်လည်သက်သာခန်းကို ခေါ်သွားပြိး တဖြည်းဖြည်း သတိရလာပါလိမ့်မယ်။ ဆရာဝန်ဟာ အနီးကပ်စောင့်ကြည့်ပါလိမ့်မယ်။ အောက်ပါ စစ်ဆေးမှုတွေလည်း ပြုလုပ်နိုင်ပါတယ်။ပါရာစီတမော၊ NSAID ဒါမှမဟုတ် အားကောင်းတဲ့ မော်ဖိန်းလိုမျိုး အကိုက်အခဲပျောက်ဆေးတွေ ပေးပါလိမ့်မယ်။ကလေးကို နို့တိုက်နိုင်ပါတယ်။ ဘယ်လိုတိုက်သင့်တယ်ဆိုတာ ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-procedures-and-surgeries/caesarean-section-%e1%80%97%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%81%e1%80%bc%e1%80%b2%e1%80%b1%e1%80%99%e1%80%bc%e1%80%b8%e1%80%96%e1%80%bc%e1%80%ac%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9/
နုနယ်လှတဲ့ မျက်ဝန်းအစုံကို ဂရုစိုက်ကြမယ်
ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အနုနယ်ဆုံးဖြစ်တဲ့ မျက်လုံးကို ပစ်မထားပါနဲ့။ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းတွေနဲ့ ဂရုစိုက်လိုက်ကြရအောင်ပါ။(၁)အစားကောင်းကောင်းစားရအောင်။သင့်တော်တဲ့အစားအစာကို ရွေးချယ်စားသောက်တတ်ခြင်းဟာ မျက်လုံးအတွက် အတော်လေး အကျိုးရှိပါတယ်။ အိုမီဂါ – ၃ ဖက်တီးအက်စစ်၊ ဇင့်၊ ဗီတာမင်စီ၊ ဗီတာမင်အီးစတဲ့ အာဟာရတွေကို စားပေးခြင်းဟာမျက်လုံးမှုန်ဝါးခြင်း၊ အသက်အရွယ်ကြောင့် ယိုယွင်းပျက်စီးလာခြင်းနဲ့ အတွင်းတိမ် ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားနိုင်တာဟာ ဆီးချိုရောဂါကို ကာကွယ်နိုင်ပါသေးတယ်။ ဆီးချိုရောဂါ အမျိုးအစား(၂)ဖြစ်တဲ့အခါ မျက်လုံးကိုပြင်းထန်စွာ ထိခိုက်နိုင်တာကို သတိချပ်စေချင်ပါတယ်။(၂)ဆေးလိပ်ဖြတ်ရအောင်။ဆေးလိပ်သောက်ခြင်းဟာ အတွင်းတိမ်ဖြစ်စေပြီး မျက်လုံးကို ထောက်ပံ့ပေးတဲ့ အာရုံကြော ကို ထိခိုက်စေနိုင်ပါတယ်။ ဆေးလိပ်ဖြတ်ခြင်းဟာ အမြင်အာရုံပြဿနာတွေကို လျော့နည်းစေတာ ကြောင့် မြန်မြန်ဖြတ်ကြရအောင်ပါ။ ဆေးလိပ်ဖြတ်နိုင်မယ့် နည်းလမ်းတွေကို ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။(၃)နေကာမျက်မှန်တပ်ရအောင်။လူတွေဟာ အရိပ်ကောင်းကောင်းကို ကြိုက်ကြသလို မျက်လုံးကိုလည်း နေကာမျက်မှန် တပ်ဆင်ခြင်းဖြင့် အရိပ်ပေးကြရအောင်။ မျက်လုံးကို တိုက်ရိုက်ထိခိုက်လာနိုင်တဲ့ ခရမ်းလွန်ရောင်ခြည်ကို နေကာမျက်မှန်တစ်လက်က ကာကွယ်ပေးနိုင်ပါတယ်။ နေကာမျက်မှန်အမျိုးအစားနဲ့ မှန်ကို အသေအချာ ရွေးဝယ်ပါ။ မျက်ကပ်မှန်အချို့မှာလည်း ခရမ်းလွန်ရောင်ခြည် ကာကွယ်နိုင်တဲ့ အလွှာတွေ ထည့်ပေးထားပါတယ်။ မျက်ကပ်မှန် တပ်ထားလည်း နေကာမျက်မှန် ထပ်မံတပ်ဆင်တာ ပိုကောင်းမွန်တဲ့ ရွေးချယ်မှုပါပဲ။ နေပူပူထဲ ထွက်တိုင်း ထွက်တိုင်း နေကာမျက်မှန် တပ်ကြရအောင်ပါ။(၄)မျက်လုံးအကာအကွယ်ဝတ်ရအောင်။မျက်လုံးကိုထိခိုက်နိုင်တဲ့ အလုပ်တွေလုပ်တော့မယ်ဆိုရင် အကာအကွယ်တပ်ဆင်ထားပါ။ အိမ်မှာလုပ်တဲ့အလုပ်တွေလည်း ပါပါတယ်။ ဥပမာ ဖုန်မှုန့် ဝင်နိုင်တဲ့ အလုပ်တွေ (အခန်းရှင်း၊ ဗီရို ရှင်းခြင်း)၊ ဆိုင်ကယ်မောင်းနှင်ခြင်း၊ ဂဟေဆော်ခြင်း၊ ဆီကြော်ခြင်း၊ ဓာတုပစ္စည်းတစ်ခုခုကို ကိုင်တွယ်ရန် လိုအပ်ခြင်း စတာတွေမှာ (Eye Shield) မျက်လုံးအကာ တပ်ဆင်ပါ။ ခွဲစိတ်ခန်းတွေမှာ ဆရာဝန် တွေ တစ်ခါတစ်လေသုံးတဲ့ Shield မျိုးတွေကို ဆိုလိုပါတယ်။(၅)ကွန်ပျူတာကိုလျော့သုံးရအောင်။ကွန်ပျူတာ မှန်သားပြင်ကို အကြာကြီးကြည့်နေခြင်းဟာ။(၆)မျက်စိစမ်းသပ်ရအောင်။လူတိုင်းလူတိုင်းမျက်စိကို မကြာခဏ စမ်းသပ်ဖို့လိုပါတယ်။ ကလေးငယ်တွေလည်း ပါပါ တယ်။ မျက်မှန်သမားတွေမှ လိုအပ်တာမဟုတ်ပါဘူး။မျက်စိစမ်းသပ်ခြင်းဟာ ရေတိမ်၊အတွင်းတိမ်စတဲ့ မျက်စိရောဂါတွေကို ရှာဖွေနိုင်ပါတယ်။ မစမ်းသပ်လို့ နောက်ကျမှ သိရရင်တော့ အပ်နဲ့ထွင်းရမယ့်နေရာမှာ ပုဆိန်နဲ့ ပေါက်ရတာမျိုး ဖြစ်လာတတ်ပါတယ်။မျက်စိအထူးကုဆရာဝန်ကြီးများနဲ့ မျက်စိအထူးပြု ကျန်းမာရေးဝန်ထမ်းများဆီမှာ သွားရောက်စမ်းသပ်နိုင်ပါတယ်။ မျက်မှန်ဆိုင်တွေမှာလည်း အလွယ်တကူစမ်းသပ်မှု ပြုလုပ်နိုင်ပါတယ်။ရေးသားသူ-ဒေါက်တာမှူးခင်။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-care/%e1%80%94%e1%80%af%e1%80%94%e1%80%9a%e1%80%ba%e1%80%9c%e1%80%be%e1%80%90%e1%80%b2%e1%80%b7-%e1%80%99%e1%80%bb%e1%80%80%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%b8%e1%80%a1%e1%80%85%e1%80%af%e1%80%b6/
မျက်စိအောင့်တာမျိုး မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။
မျက်လုံးက ဖွင့်ထားနေတဲ့ အချိန်မှာ နာလာတာ၊ ပူစပ်လာတာ၊မျက်ရည်ပူတွေ ကျလာတာမျိုး၊ အထဲကနေ အောင့်ပြီးယားယံလာတာမျိုး စတဲ့ ခံစားချက်မျိုး ဖြစ်ဖူးကြမှာပါ။ အထူးသဖြင့်အိပ်ခါနီးအချိန်တွေ၊ ဖုန်းနဲ့ ကွန်ပျူတာကို အကြာကြီး စိုက်ကြည့်ပြီးလို့ မျက်လုံးခွာလိုက်တဲ့ အခါမျိုးမှာ ပိုတွေ့ရတတ်ပါတယ်။မျက်စိကိုက်တာအပြင် မျက်ရိုးကိုက်တယ်လို့လည်း ခေါ်တတ်ကြပါတယ်။ဒီဘက်ခေတ်လို နည်းပညာတွေ တိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ ဖုန်း၊ကွန်ပျူတာ၊ အီလက်ထရောနစ် ပစ္စည်းတွေကို နေ့စဉ် အချိန်နာရီပေါင်းများစွာ အသုံးပြုလာကြပါတယ်။ ကောင်းတဲ့ အချက်တွေလည်း ရှိသလိုကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင်လည်း ဆိုးကျိုး ဖြစ်နိုင်တာတွေ တွေ့ရပါတယ်။ ဥပမာ အပေါ်မှာ ပြောထားခဲ့တဲ့ မျက်စိအောင့်တာမျိုး၊အထိုင်များပြီး လှုပ်ရှားမှု နည်းသွားလို့ အဝလွန်လာတာ၊ကယ်လိုရီလောင်ကျွမ်းမှု နည်းသွားတာ၊ ကိုယ်ခန္ဓာထဲ သွေးစီးဆင်းမှု နည်းသွားပြီး လူက လေးလံ ထိုင်းမှိုင်းလာတာ၊စွဲလမ်းမှုတစ်ခုလိုမျိုး ဖြစ်ပြီး တခြားအလုပ်တွေ မလုပ်ချင်တော့တာ စသဖြင့် ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ဒီဆောင်းပါးမှာတော့ ဒီဆိုးကျိုးတွေထဲကမှ မျက်စိအောင့်တာနဲ့ ပတ်သက်ပြီး ဘာတွေ ကာကွယ်သင့်လဲ၊ ဘယ်လို နေထိုင်သင့်လဲ စတာတွေကို ပြောပြပေးချင်ပါတယ်။ဖုန်း၊ ကွန်ပျူတာ အစရှိတဲ့ အီလက်ထရောနစ် ပစ္စည်းတွေရဲ့ မှန်သားပြင်ကနေ ပြန်လာတဲ့ လျှပ်စစ် အလင်းလှိုင်းတွေဟာ မျက်စိနဲ့ ထိတွေ့ဖန်များလာတာ၊ မျက်လုံးကို အရမ်း အားစိုက်ပြီး ကြည့်တာ၊ အချိန် ကြာမြင့်စွာ အသုံးပြုတာ၊ မျက်လုံးကို အနားမပေးတာတွေကြောင့် မျက်လုံးအောင့်တာ အရမ်း အဖြစ်များပါတယ်။ တခြား ဖြစ်နိုင်စေတဲ့ အကြောင်းရင်းတွေကတော့။•ခေါင်းကိုက်ခြင်း။• နေပူရှိန် ပြင်းထန်ခြင်း။•အမြင်အာရုံဝေဝါးခြင်း။• မျက်မှန်၊မျက်ကပ်မှန်ပါဝါ အရမ်းများလွန်းခြင်း။• မျက်စိယားယံပြီး ခြောက်သွေ့ခြင်း။• လည်ပင်း၊ ပုခုံး၊ ကျောပြင်မှာ နာကျင်ခြင်း၊ ဒဏ်ဖြစ်ခြင်း။• မျက်လုံးကို အနားမပေးဘဲ အချိန်ကြာမြင့်စွာအလုပ်လုပ်ခြင်း၊ ကားမောင်းခြင်း၊ စာဖတ်ခြင်း။• လင်းလွန်း၊ မှောင်လွန်းတဲ့ နေရာများတွင် မျက်လုံးကို အလုပ်လုပ်ခြင်း။• ဖုန်း၊ ကွန်ပျူတာကို မျက်လုံးနား ကပ်ပြီး အသုံးပြုခြင်း၊ အသုံးပြုပုံ၊ နေထိုင်ပုံ မမှန်ကန်ခြင်း စတဲ့ အချက်တွေကြောင့် မျက်လုံးအောင့်နိုင်ပါတယ်။၁။ ဖုန်း၊ ကွန်ပျူတာ အစရှိတဲ့အီလက်ထရောနစ်ပစ္စည်းများကို အချိန်ကြာမြင့်စွာ အသုံးပြုခြင်း ရှောင်ကြဉ်ပေးပါ။ အလုပ်အတွက်နဲ့ အသုံးပြုရတယ် ဆိုရင်လည်း နာရီဝက် အသုံးပြုပြီးတိုင်း ၁၀ မိနစ်ခန့် မျက်လုံးမှိတ်တာ၊ သဘာဝ အလင်းရောင်ကို ငေးကြည့်တာမျိုး လုပ်ပေးပါ။၂။ လင်းလွန်းမှောင်လွန်းတဲ့ နေရာမျိုးမှာ ဖုန်း အသုံးပြုတာ၊စာဖတ်တာမျိုး မလုပ်ပါနဲ့။၃။ ဖုန်း၊ ကွန်ပျူတာ အသုံးပြုတဲ့အခါ မျက်လုံးနဲ့ ဝေးရာမှာ ထားပါ။ မျက်လုံးနဲ့ တစ်တန်းတည်း သို့မဟုတ် အောက် နည်းနည်း ရောက်အောင် ရွှေ့ပေးပါ။၄။အိပ်ခါနီးတိုင်း မျက်စဉ်း ခတ်ပေးပါ။ တစ်နေ့လုံး အလုပ်လုပ်၊ ဖန်သားပြင် ကြည့်နေရတဲ့ မျက်လုံးဟာ ခြောက်သွားတတ်ပါတယ်။ ဒီအတွက် မျက်လုံးကို အေးမြစေပြီး ဘက်တီးရီးယားပိုးတွေ သေစေနိုင်တဲ့ မျက်စဉ်းမျိုး ရွေးချယ် အသုံးပြုသင့်ပါတယ်။၅။ လိုအပ်လာရင်မျက်မှန်တပ်ပါ။ မျက်လုံးမှုန်နေတယ်၊ မျက်စိအားနည်းနေရင် မျက်စိဆရာဝန်အနေနဲ့ မျက်မှန် တပ်ဖို့ အကြံပေးပါလိမ့်မယ်။ ပုံမှန်အချိန်မှာ မတပ်ရင်တောင် ဖုန်း၊ ကွန်ပျူတာ ကြည့်ရင်တော့ မျက်လုံးအတွက် အကာအကွယ်အနေနဲ့ တပ်ပေးသင့်ပါတယ်။၆။ မျက်လုံးကို အရမ်း အားစိုက်ပြီး အလုပ်မခိုင်းပါနဲ့။အနားယူသင့်တဲ့ အချိန် အနားယူပါ။ သို့မဟုတ် မျက်စိ အားစိုက်ထုတ်စရာ မလိုတဲ့ အလုပ် တစ်ခုခု ပြောင်းလုပ်တာ၊ အပြင်သွားတာမျိုး လုပ်ပေးလို့ ရပါတယ်။တစ်ခါတစ်လေ ကိုယ့်ရဲ့နေထိုင်မှုပုံစံကြောင့် မျက်စိအောင့်တာ ဖြစ်တတ်တာ သဘာဝပါ။ ဒါပေမယ့် ရက်ရှည်လများစွာ နေ့တိုင်းလိုလို ဖြစ်နေတယ်ဆိုရင်တော့ မျက်စိဆရာဝန်နဲ့ သေချာပြသစစ်ဆေးပြီး ကိုယ့်ရဲ့ မျက်ဝန်းမှာ ပုံမှန်မဟုတ်တဲ့ ကျန်းမာရေး ပြဿနာများ ရှိနေနိုင်လားဆိုတာ စစ်ဆေးကြည့်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/%e1%80%99%e1%80%bb%e1%80%80%e1%80%ba%e1%80%85%e1%80%ad%e1%80%a1%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba%e1%80%90%e1%80%ac%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8-%e1%80%99%e1%80%96%e1%80%bc/
Carpal Tunnel syndrome ( လက်ဖဝါးထုံကျင် အားမရှိခြင်း)
Carpal Tunnel syndromeဆိုတာ လက်ဖဝါးနဲ့လက်ကောက်ဝတ်ထုံကျင်ပြီး နာကျင်အားမရှိတဲ့ပြဿနာကို ပြောတာဖြစ်ပါတယ်။ ဒါက လက်ဖဝါးမှ ာအဖြစ်အများဆုံး ပြဿနာတစ်ခုဖြစ်ပြီး လက်ဖဝါးမှာရှိတဲ့ median nerve အာရုံကြောပေါ် ဖိအားတွေ အများကြီးသက်ရောက်တာကြောင့်ဖြစ်ရတာပါ။ ဒီတော့ median nerve အာရုံကြောရှိနေတဲ့လက်ညှိုး၊ လက်မ၊ လက်သန်းကြွယ်တစ်ဝက်လောက်က ကျင်နေတတ်ပြီး median nerve အာရုံကြောမရှိတဲ့ လက်သန်းလေးကတော့ ပုံမှန်ပဲ ဖြစ်နေမှာ ဖြစ်ပါတယ်။Carpel Tunnel ဆိုတာ လက်ကောက်ဝတ်မှာရှိတဲ့မြောင်းလေးတစ်ခုဖြစ်ပြီး အောက်ခြေနဲ့ဘေးဘက်နားတွေကို carpal bones တွေက ဝိုင်းရံထားပါတယ်။ အပေါ်ပိုင်းမှာတော့အရွတ်တွဲတစ်ခုရှိနေပြီး လက်မနဲ့လက်ချောင်းတွေ ကွေးနိုင်ဆန့်နိုင်ဖို့အတွက်သူကထောက်ပံ့ပေးထားတာပဲ ဖြစ်ပါတယ်။ အပေါ်မှာပြောခဲ့တဲ့ median nerve က ဒီအရွတ်တွေ အရိုးတွေ ဝိုင်းရံထားတဲ့ Carpel Tunnel ကြားထဲကဖြတ်ပြီး လက်မ ၊လက်ညှိုး၊နဲ့ လက်သန်းကြွယ် တစ်ဝက်တို့ရဲ့ အာရုံခံနိုင်စွမ်းကိ ုထောက်ပံ့ပေးတာပဲ ဖြစ်ပါတယ်။ ဒီတော့ ဒီ Carpel Tunnel ကျဉ်းသွားတဲ့ အခြေအနေတွေ၊ လက်ကြီးရောင်လာတဲ့အခြေအနေတွေမျိုးမှာဆို median nerve ကိုသွားဖိတာကြောင့် Carpel Tunnel Syndrome ပေါ်လာပါတော့တယ်။လက်ချောင်းလေးတွေ လက်ဆစ်လေးတွေများများသုံးနေရတဲ့ သူတွေ အများဆုံးဖြစ်တာပါပဲ။ ကွန်ပျူတာ စာအရိုက်များတဲ့သူတွေ၊ တုန်ခါတဲ့စက်ပစ္စည်းတွေတစ်ချိန်လုံ ကိုင်တွယ် အလုပ်လုပ်နေရတဲ့သူတွေ ပိုဖြစ်တတ်ပါတယ်။ ဒါ့အပြင် အခြားဖြစ်နိုင်သေးတဲ့သူတွေကတော့။စစချင်း စပြတဲ့ လက္ခဏာတွေကတော့ – ညရောက်ပြီဆိုရင် လက်ဖဝါးတွေထုံနေပြီး လက်မ လက်ညှိုးနဲ့ လက်ခလယ်တွေမှာ ကျင်တဲ့ဝေဒနာ ခံစားရမယ်။ လက်မောင်းကို ခေါင်းအောက်ထားအိပ်တဲ့သူတွေမှာဆို ဒီလို ထုံကျင်တဲ့ပြဿနာတွေက အိပ်နေတာကိုတောင် နိုးသွားစေတတ်ပါတယ်။ အစပိုင်း လက္ခဏာပဲ ဖြစ်တာကြောင့် လက်ကိုခါလိုက်ရင် ထုံကျင်တဲ့ဝေဒနာ သက်သာသွားပါလိမ့်မယ်။ဒီတော့ ကိုယ့်လက်ချောင်းလေးတွေ အားနည်တာထုံကျင်တာမျိုး သိသိသာသာဖြစ်လာပြီဆိုရင် လုံးဝကို မပေါ့ဆဘဲ ဆရာဝန်ဆီ သွားပြဖို့လိုပါတယ်။ စားဆေးသောက် လေ့ကျင့်ခန်လုပ်ရင်ပျောက်သွားနိုင်သလို ခွဲစိတ်မှု လုပ်ရတဲ့ Carpel tunnel syndrome ပြဿနာတွေလည်း ရှိပါတယ် ။ စောစောသိလေ မြန်မြန်ပျောက်လေနော် ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/peripheral-nervous-system-disorders/carpel-tunnel-syndrome/
အသည်းအစားထိုးခြင်း၏ နောက်ဆက်တွဲပြသနာများ
အသည်းအစားထိုးခြင်း အမျိုးအစား ၂မျိုး ရှိပါတယ်။ တမျိုးကတော့ သေဆုံးပြီးအလှူရှင်ဆီမှ အသည်းကို ရယူအစားထိုးခြင်း (DDLT) ဖြစ်ပါတယ်။ နောက်တမျီုးကတော့ အသက်ရှင်နေသေးတဲ့ အလှူရှင်ဆီကနေ ရယူအစားထိုးခြင်း (LDLT) ဖြစ်ပါတယ်။အလှူရှင်ဆီက အသည်းလက်ခံတယ်ဆိုရာမှာ အသည်းရဲ့ ၅၀-၇၀%ခန့်ကို လက်ခံခြင်း ဖြစ်ပါတယ်။ ဂရုတစိုက်ပြုလုပ်လိုက်တဲ့ အသည်းအစားထိုးခြင်းကနေ လှူဒါန်းလိုက်တဲ့ အသည်းအစိတ်အပိုင်းဟာ ရောဂါဖြစ်နေတဲ့ အသည်းကို အစားထိုးနိုင်ပါတယ်။ လှူဒါန်းလိုက်သူရော လက်ခံသူမှာပါ အသည်းဟာ ပုံမှန်အရွယ်အစားအတိုင်း ခြောက်လအတွင်း ပြန်လည် ကြီးထွားလာနိုင်ပါတယ်။ ခွဲစိတ်မုဟာ စိတ်ချရရင်တောင် နောက်ဆက်တွဲပြသနာကြုံနိုင်ခြေ ၁၅%ထိရှိနိုင်ပြီး ဝ.၀၅%ထိ သေဆုံးနိုင်ခြေ ရှိနေပါသေးတယ်။ များသောအားဖြင့် အဓိက ၃မျိုး ကြူံရတတ်ပါတယ်။တခြားကိုယ်တွင်းအင်္ဂါ အစားထိုးခြင်းတွေလိုပဲ လူနာကို ကိုယ်ခံအားနှိမ့်ထားမပေးရင် အစားထိုးလိုက်တဲ့ အသည်းကို ကိုယ်ခန္ဓါကနေ လက်မခံပါဘူး။ အသည်းအစားထိုးခြင်းမှာ ဒီလိုလက်မခံခြင်းဟာ လျော့နည်းလာပေမယ့် အသည်းအစားထိုး လူနာများအနေနဲ့ ကိုယ်ခံအားနှိမ့်ပေးတဲ့ ဆေးဝါးတွေကို သူတို့ဘဝတလျှောက်လုံးမှာ သောက်သုံးနေရဆဲ ဖြစ်ပါတယ်။အဲဒီဆေးဝါးတွေဟာ လူနာတွေရဲ့ ရောဂါပိုးဝင်ခြင်းကို မြင့်တက်စေပါတယ်။ ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိနေပါတယ်။ ကော်တီဆုန်းပါတဲ့ဆေးတွေမှာ အရည်ဓါတ်စုခြင်း၊ မျက်နှာအမ်းခြင်း၊ ဆီးချိုနဲ့ အရိုးပွခြင်းဖြစ်နိုင်ခြေ အနည်းငယ်ရှိနေခြင်း စတာတွေ ဖြစ်ပါတယ်။ကိုယ်ခံအားနှိမ့်ပေးတဲ့ ဆေးတမျိုးဖြစ်တဲ့ Cyclosporineဟာ သွေးပေါင်ချိန်ကို တက်စေပြီး အမွေးအမြှင်များ ထွက်လာစေပါတယ်။ ဆေးပမာဏကို သေချာစွာ ချိန်ဆရပါတယ်။ ကျောက်ကပ်လည်း ထိခိုက်နိုင်ပါတယ်။ သွေးထဲမှာဆေးပမာဏ ပါဝင်နှုန်းကို စစ်ဆေးပြီး ကာကွယ်နိုင်ပါတယ်။ ကိုယ်ခံအားနှိမ့်ဆေး တမျိုးဖြစ်တဲ့ FK-506 ရဲ့ တွေ့ရများတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ ခေါင်းကိုက်ခြင်း၊ ခြေတုန်လက်တုန်ဖြစ်ခြင်း၊ ဝမ်းပျက်ခြင်း၊ အာရုံကြော တောင့်တင်းခြင်း၊ ပျို့အန်ခြင်း၊ ပိုတက်ဆီယမ်နှင့် သွေးတွင်းသကြားဓါတ် တက်ခြင်း၊ ကျောက်ကပ်ကောင်းစွာ အလုပ်မလုပ်ခြင်းပဲ ဖြစ်ပါတယ်။အစားထိုးပြီးနောက်မှာ အသည်းကို ကိုယ်ခန္ဓါမှ လက်မခံဘဲ တွန်းကန်ရာမှာ ၃မျိုးရှိပါတယ်။ ရုတ်တရက် ပြင်းထန်စွာဖြစ်ပွားတဲ့ တွန်းကန်ခြင်း၊ ရုတ်တရက်ဖြစ်ပွားတဲ့ တွန်းကန်ခြင်း၊ အချိန်ကြာမှဖြစ်ပွားတဲ့ တွန်းကန်ခြင်း စတာတွေ ဖြစ်ပါတယ်။ ရုတ်တရက်ပေါ်လာတဲ့ အပေါ်ယံဒဏ်ရာတွေဟာ ခွဲစိတ်ပြီး မိနစ်ပိုင်း၊ နာရီပိုင်းအတွင်း ပေါ်လာပါတယ်။ ကာလကြာမှ တွန်းကန်ခြင်းကတော့ တနှစ်ကျော်ရင် ဖြစ်တတ်ပါတယ်။ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းအရင်းကို မသိရသေးပါဘူး။ ဒါပေမယ့် ရုတ်တရက် တွန်းကန်ခြင်းကတော့ သတိပေးလက္ခဏာပဲ ဖြစ်ပါတယ်။ AST, ALT, GGT စတဲ့ စစ်ဆေးမှုရလဒ်တွေဟာ အစားထိုးခြင်းကို တွန်းကန်တဲ့လူနာတွေမှာ ပုံမှန်မဟုတ်တာ တွေ့ရပါတယ်။ အသည်းလုပ်ငန်း စစ်ဆေးခြင်းတွေဖြစ်တဲ့ အမိုးနီးယား၊ ဘီလီရူဘင်၊ အယ်လ်ဗျူမင်နဲ့ သွေးတွင်းသကြားဓါတ် စတာတွေရဲ့ ပမာဏကို စစ်ဆေးခြင်းတွေလည်း ပါဝင်ပါတယ်။အောက်ပါလက္ခဏာတွေ တွေ့နိုင်ပါတယ်။– ဦးနှောက်ပိုင်း ထိခိုက်ခြင်း။– အသားဝါခြင်း။– သွေးခြေဥခြင်း၊ သွေးထွက်ခြင်း။သိပ်မထင်ရှားပေမယ့် အောက်ပါလက္ခဏာတွေလည်း တွေ့ရပါတယ်။– သက်တောင့်သက်သာမဖြစ်ခြင်း။– အစားပျက်ခြင်း။– ကြွက်သားများကိုက်ခဲခြင်း။– ငွေ့ငွေ့ဖျားခြင်း။– သွေးဖြူဥမြင့်တက်ခြင်း။အစားထိုးခြင်း လုပ်ဆောင်ပြီးချိန်မှာ ပြုစုကုသခြင်းဟာ ပိုပြီး မြန်ဆန်စွာ ကျန်းမာလာစေနိုင်ပါတယ်။ အရေးအကြီးဆုံးကတော့ ကိုယ်ခန္ဓါမှ လက်မခံခြင်းကို ကုကွယ်ရန် ကိုယ်ခံအားနှိမ့်သော ဆေးများပေးခြင်း၊ ရောဂါပိုးဝင်မှုကိုထိန်းချုပ်ခြင်း၊ အာဟာရပြည့်ဝစွာ စားသောက်ခြင်း၊ အသည်းအစားထိုးခြင်းရဲ့ နောက်ဆက်တွဲပြသနာများကို စောစီးစွာ သိရှိနိုင်ရန် စောင့်ကြည့်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ ဆေးရုံကဆင်းပြီးနောက်မှာ ချိန်းဆိုတဲ့အတိုင်း ပုံမှန်ပြသပြီး အစားထိုးလိုက်တဲ့ အသည်းရဲ့ အခြေအနေကို စစ်ဆေးဖို့ လိုအပ်ပါတယ်။ ပြန်လည်ပြသရမယ့်အချိန်က တဖြည်းဖြည်းနဲ့တော့ ကျဲသွားမှာဖြစ်ပါတယ်။အချိန်ကြာမြင့်စွာ စောင့်ကြည့်ခြင်းဟာ ကိုယ်ခံအားနှိမ့်စေတဲ့ ဆေးတွေကို ချိန်ညှိဖို့အပြင် ဆီးချို၊ ကိုလက်စထရောတက်ခြင်း၊ သွေးတိုးခြင်း၊ အဝလွန်ခြင်း စတဲ့ကျန်းမာရေး ပြသနာတွေကို ထိန်းချုပ်နိုင်ဖို့အတွက်ပါ လိုအပ်ပါတယ်။ ကျွမ်းကျင်သူများရဲ့ အဆိုအရ အစားထိုးပြီး ၅နှစ်အကြာမှာ လူနာများ အသက်ရှင်နိုင်ခြေဟာ ၈၀%အထက်မှာရှိတယ်လို့ သိရပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%91%e1%80%ad%e1%80%af%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%81%8f-%e1%80%94%e1%80%b1%e1%80%ac/
Helicobacter Pylori Infection (Heliocbacter pylori ရောဂါပိုး)
H pyloriရောဂါပိုးဆိုသည်မှာ အစာအိမ်ကို ထိခိုက်စေသည့် helicobacter pyloriဟုခေါ်သောဘက်တီးရီးယားတခုမှ ဖြစ်ပွားစေသည့်ရောဂါဖြစ်သည်။ ကလေးဘဝတွင် အများအားဖြင့်ဖြစ်ပွားတတ်သည်။ အစာအိမ်အနာများ၏။အဖြစ်များစေသောအကြောင်းအရင်းတခုဖြစ်ပြီး ကမ္ဘာပေါ်ရှိလူတစ်ဝက်ကျော်လောက်တွင် ရှိနေသောရောဂါပိုးဖြစ်သည်။ လူအများစုတွင် ထိုပိုးကြောင့် မဖျားနာသောကြောင့် ရှိမှန်းပင်သတိမထားမိကြပေ။ အကယ်၍သင့်တွင် အစာအိမ်နာ၏လက္ခဏာများပြလာပါက သင်၏ဆရာဝန်သည် h pylori ရောဂါပိုးရှိမရှိကို စမ်းဆေးပါလိမ့်မည်။h pylori သည် ပိုးသတ်ဆေးများဖြင့် ပျောက်ကင်းနိုင်ပါသည်။H pylori ပိုးသည် အဖြစ်များပါသည်။ ကမ္ဘာ့ လူဦးရေ၏သုံးပုံနှစ်ပုံတွင် ပင် ရှိနေသောပိုးဖြစ်သည်။ လူအများစုအတွက် အနာများ(သို့)အခြားသောလက္ခဏာများမဖြစ်ပွားစေပါ။ အကယ်၍သင့်တွင် ပြဿနာများရှိလာပါက ထိုပိုးများကိုသတ်နိုင်သောဆေးများနှင့် အနာပြန်ကျက်စေသောဆေးများကို အသုံးပြုရပါမည်။ သို့သော်။ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။H pyloriရှိသောလူအများစုတွင် မည်သည့်အခါမှ လက္ခဏာမပြတတ်ခြင်းကို သတိပြုမိပြီးဖြစ်သည်။ ထိုကဲ့သို့အဘယ်ကြောင့်ဖြစ်သည်ကို မသဲကွဲသေးသော်လည်း အချို့သောသူများတွင် H pyloriပိုးမှ ပေးစွမ်းသောဘေးဥပဒ်များကို မွေးရာပါခံနိုင်ရည်ရှိနေသည်။H pylori ပိုးမှ လက္ခဏာများပြသောအခါ အောက်ပါတို့ပါဝင်သည်။အကြောင်းအရင်းထူးထူးခြားခြားမရှိပဲကိုယ်အလေးချိန်ကျဆင်းသွားခြင်း။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ယခုအချိန်ထိH pyloriရောဂါပိုးမည်ကဲ့သို့ပြန့်ကြောင်းကိုမသိရသေးပေ။ လူအများအပြားတွင် ထိုပိုးသည် နှစ် ထောင်ပေါင်းများစွာ ကပ်၍နေနေသည်။ ပို၍ပြောရလျှင် ပိုးများသည် လူတစ်ဦး၏ပါးစပ်မှတဆင့် နောက်တစ်ဦးထံသို့ကူးစက်ကြသည်။ ထိုပိုးများသည် မစင်များကနေ ပါးစပ်သို့လည်း ကူးစက်ကာပြန့်သွားနိုင်ကြသည်။ ရေချိုးခန်းအားအသုံးပြုပြီးသောအခါလက်များကိုသေချာသန့်စင်စွာမဆေးသောအခါထိုသို့ဖြစ်ပွားရသည်။H pyloriပိုးသည် ညစ်ပတ်သောရေနှင့်အစားအသောက်များကို ကိုင်တွယ်ရာမှ လည်းကူးစက်နိုင်သည်။ ဘက်တီးရီးယားများသည် အစာအိမ်၏နံရံအမြှေးပါးကို ထိုးဖောက်ပြီး အစာအိမ်ရှိအက်စစ်များကို ဓါတ်ပြယ်စေသော ပစ္စည်းများကိုထုတ်လုပ်ကြခြင်းဖြင့် အစာအိမ်ပြဿနာများကို ဖြစ်စေသည်ဟုယုံကြည်ရသည်။ ထိုသို့ဖြစ်ပွားခြင်းဖြင့် အစာအိမ်ရှိဆဲလ်များကို ပြင်းထန်သည့် အက်စစ်များအား ခံနိုင်ရည်မရှိအောင်ပြုလုပ်ပေးသည်။ အစာအိမ်အက်စက်များနှင့် h pyloriပိုးတို့ပေါင်းကာ အစာအိမ်နံရံကို ထိခိုက်ပြီး အစာအိမ်(သို့)duodenumဟုခေါ်သည့် အူသိမ်ပထမအပိုင်းတွင် အနာများကိုဖြစ်ပွားစေပါသည်။Heliocbacter pylori ရောဂါပိုး ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။လူနေထူထပ်သောအခြေအနေများတွင် နေထိုင်ခြင်း။အိမ်တစ်အိမ်တွင် လူအများအပြားနှင့် နေထိုင်ပါက သင့်တွင် h pyloriပိုးဝင်ရောက်နိုင်ချေပိုများသည်။ သန့်စင်သောရေမရပါ။ကလည်း ဖြစ်နိုင်ချေများသည်။ သန့်ရှင်းသောရေကို။ထောက်ပံ့ပေးနိုင်ပါက h pyloriဖြစ်ပွားနိုင်ချေကို လျှော့ချနိုင်သည်။ဖွံ့ဖြိုးဆဲနိုင်ငံတွင် နေထိုင်ခြင်း။လူနေထူထပ်ပြီး ပတ်ဝန်းကျင်သန့်ရှင်းမှုမရှိသော။ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်သူများသည်H pylori ရောဂါ ပို၍ဖြစ်ပွားနိုင်ချေများသည်။H pylori ရောဂါပိုးရှိသူနှင့် နေထိုင်ခြင်း။အကယ်၍သင်သည်H pyloriပိုးရှိသူတစ်ယောက်နှင့်နေထိုင်ပါက H pyloriဖြစ်ပွားနိုင်ချေများသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ထိုရောဂါသင့်တွင် ဖြစ်နေသည်ဟုဆရာဝန်မှ သံသယရှိပါက ကိုင်တွယ်ထိတွေ့စမ်းသပ်ခြင်းအပြင်အခြားသောစစ်ဆေးမှုများကို ပြုလုပ်ရတတ်ပါသည်။ အချို့သောစစ်ဆေးမှုများမှာ။သွေးစစ်ခြင်း။သွေးနမူနာအားဓါတ်ခွဲကြည့်ခြင်းဖြင့် သင်၏ကိုယ်တွင် ရှိနေသော(သို့)ရှိခဲ့ဖူးသော H pylori ပိုးကို တွေ့ရှိနိုင်သည်။ သို့သော် အသက်ရှူမှုအားစစ်ဆေးခြင်းနှင့် ဝမ်းစစ်ဆေးမှုများသည် ဖြစ်ပွားနေသောH pyloriပိုးများကို သွေးစစ်ဆေးမှုများထက်ပိုမိုဖော်ထုတ်ပေးနိုင်သည်။Breath test။စစ်ဆေးမှုအတွင်းတွင် သင်သည် ကာဗွန်မော်လီကျူးများပါသော ဆေးပြား၊အရည်(သို့)ပူတင်း ကို မျိုချရသည်။အကယ်၍သင့်တွင် ထိုပိုးရှိပါက မျိုချထားသောအရည်သည် သင့်အစာအိမ်ထဲတွင် ပြိုကွဲသွားသောအခါ ကာဗွန်ထွက်လာသည်။ သင်၏ကိုယ်သည် ကာဗွန်ကိုစုပ်ယူပြီး အသက်ရှူထုတ်သောအခါ တပါတည်း ထုတ်ပေးလိုက်သည်။ အိတ်ထဲသို့သင်သည်မှုတ်ထုတ်ရပြီး သင်၏ဆရာဝန်မှ အထူးပြုလုပ်ထားသောစက်တခုဖြင့် ကာဗွန်မောလီကျူးများကို စစ်ဆေးသည်။ဝမ်းစစ်ဆေးမှု။Stool antigen testဟုခေါ်သော h pylori ပိုးနှင့်ပတ်သတ်သည့် မိမိကိုယ်မှမဟုတ်သော ပရိုတိန်းများကို ဓါတ်ခွဲစစ်ဆေးခြင်းဖြစ်သည်။Breath test ကဲ့သို့ပင် PPISနှင့် bismuth subsalicylate တို့သည် ထိုစစ်ဆေးမှု၏ ရလဒ်များကို ထိခိုက်စေနိုင်သောကြောင့် သင်၏ဆရာဝန်သည် သင့်အား စစ်ဆေးမှုမတိုင်ခင်နှစ်ပတ်အလိုတွင် ထို ဆေးများမသောက်ရန်မှာကြားတတ်သည်။မှန်ပြောင်းဖြင့်စစ်ဆေးခြင်း။ကိုယ်တွင်းသို့မှန်ပြောင်းကြည့်ခြင်း ဟုခေါ်သည့် ထို စစ်ဆေးမှုအတွက် သင့်အားစိတ်ငြိမ်ဆေးပေးထားရသည်။ စစ်ဆေးနေစဉ်တွင် သင့်ဆရာဝန်သည် ကင်မရာပါသည့် ရှည်လျားပျော့ပျောင်းသော ပြွန်အားသင့်လည်ချောင်းနှင့် အစာမျိုပြွန်မှတဆင့် သင့်အစာအိမ်နှင့် အူသိမ်အစပိုင်းအထိထည့်ထားရသည်။ ထိုကိရိယာသည် သင့်ဆရာဝန်အား အထက်ပိုင်းအစာလမ်းကြောင်းရှိမူမမှန်သည့်တည်ဆောက်ပုံများကို ကြည့်ရှူစေနိုင်ပြီး နမူနာအသားစများကိုလည်း စစ်ဆေးရန် ဖြတ်ထုတ်နိုင်သည်။H pylori ရောဂါပိုးများကို ပိုးသတ်ဆေးနှစ်မျိုးဖြင့် အများအားဖြင့်ကုသပြီး ပိုးသတ်ဆေးတခုအား ဘက်တီးရီးယားများ၏ ဆေးယဉ်ပါးမှုကိုလည်း ကာကွယ်နိုင်ပါသည်။ သင်၏ဆရာဝန်သည် အက်စစ်များအားဓါတ်ဖြယ်ပေးသောဆေးကိုလည်း အစာအိမ်နံရံအနာကျက်စေရန် ပေးတတ်သည်။အက်စစ်များအား ဓါတ်ဖြယ်ပေးနိုင်သည့် ဆေးများမှာ။Proton pump inhibitors။ထိုဆေးများသည် အစာအိမ်ထဲတွင် အက်စစ်များ ထုတ်လုပ်ခံနေရသည်ကို တားနိုင်ပြီး အချို့သောPPI ဆေးများမှာ။Omeprazole,esomeprazole,lansoprazoleနှင့် pantoprazole တို့ဖြစ်ကြသည်။Histamine blockers။Histamine ကဲ့သို့သော အက်စစ်ထုတ်လုပ်စေသည့် ပစ္စည်းများ၏ ထိရောက်မှုအားကို လျှော့ချပေးသောဆေးများဖြစ်သည်။cimetidineနှင့် ranitidine တို့ဖြစ်သည်။Bismuth subsalicylate။Pepto bismolဟုပို၍အသိများပြီး ထိုဆေးသည် အစာအိမ်အနာများကို ကာရံပေး၍ အစာအိမ်အက်စစ်များကို ကာကွယ်ပေးသည်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Heliocbacter pylori ရောဂါပိုး ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/peptic-ulcer-disease/helicobacter-pylori-infection-heliocbacter-pylori-%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%95%e1%80%ad%e1%80%af%e1%80%b8/
Peripheral Nerve Block (စွန်ဖျားအာရုံကြောထုံဆေး)
Peripheral nerve block ဟာ ထုံဆေးထိုးခြင်းနဲ့ လက်မောင်းကိုသွားတဲ့အဓိက အာရုံကြောများပတ်လည်မှာ နာကျင်မှုကင်းမဲ့စေခြင်းတွေ ပါဝင်တဲ့ ထုံဆေးပေးနည်းတစ်မျိုး ဖြစ်ပါတယ်။ Peripheral nerve block ဟာ နာကျင်မှုသက်သာစေဖို့ အာရုံကြောတွေကို ခဏတာထုံသွားစေပါတယ်။လက်မောင်းတွင် အာရုံကြောပိတ်ဆို့ခြင်းကို များသောအားဖြင့် သင့်ကို စိတ်ငြိမ်ဆေးပေးပြီး နိုးနေစဉ်မှာ ပြုလုပ်လေ့ရှိပြီး မေ့ဆေးနဲ့လည်း တွဲဖက် ပြုလုပ်နိုင်ပါတယ်။ အာရုံကြောပိတ်ဆို့ခြင်းကို ခွဲစိတ်မှုအတွက် မေ့ဆေးအနေနဲ့အသုံးပြုနိုင်ပြီး နောက်ပိုင်းမှာ နာကျင်မှု သက်သာစေပါတယ်။ခွဲစိတ်မှုပေါ်မူတည်ပြီး ထိုးသွင်းခြင်းကို လည်ပင်းဘေး၊ ရင်ညွန့်ရိုးနဲ့ ချိုင်းကြားနား၊ လက်မောင်း၊ လက်ဖျံ၊ လက်ကောက်ဝတ်တွေမှာ ထိုးနိုင်ပါတယ်။ ခြေထောက်မှာတော့ ပေါင်၊ ဒူး အနောက်ပိုင်း၊ ခြေချင်းဝတ်၊ ခြေဖဝါးနဲ့ ပေါင်နားမှာ ထိုးနိုင်ပါတယ်။Peripheral nerve block တွေကို များသောအားဖြင့် ခြေထောက်၊ လက်ခွဲစိတ်မှုတွေအတွက် အသုံးပြုကြပြီး လည်ပင်းခွဲစိတ်မှု (ဥပမာ carotid artery endarterectomy သို့ အူကျခြင်း (ပေါင်ခြံ))အတွက်လည်း အသုံးပြုနိုင်ပါတယ်။မေ့ဆေးနဲ့ central nerve block တွေရဲ့ အစားထိုးအဖြစ် အသုံးပြုနိုင်ပါတယ်။Peripheral nerve block တွေဟာ ခွဲစိတ်မှုပြုလုပ်စဉ်မှာ မေ့ဆေးနဲ့ central nerve block တွေအစား အသုံးပြုနိုင်ပါတယ်။ အချို့အခြေအနေတွေမှာ အထူးသဖြင့် ကျန်းမာရေးပြဿနာရှိတဲ့လူနာတွေမှာ Peripheral nerve block တွေဟာ မေ့ဆေးနဲ့ ခါးထုံဆေးတွေထက်ပိုပြီး စိတ်ချရပါတယ်။Peripheral nerve block ဟာ အာရုံကြောခိုက်မခိနိုင်ပါတယ်။ ဒါဟာ ရှားပါးပေမယ့် လုံးဝပြန်ကောင်းသွားဖို့ ၆ ပတ်ကနေ ၈ ပတ်အထိ ကြာမြင့်နိုင်ပါတယ်။ Peripheral nerve block ပြည့်ပြည့်ဝဝအလုပ်မလုပ်ဘူးဆိုရင်တော့ အခြားထုံဆေးနဲ့ နာကျင်မှုသက်သာဆေးတွေ လိုအပ်နိုင်ပါတယ်။ မေ့ဆေးကိုလည်း အသုံးပြုနိုင်ပါတယ်။ခွဲစိတ်မှုရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို သိထားဖို့ အရေးကြီးပါတယ်။ မေးစရာရှိရင် ခွဲစိတ်ဆရာဝန်ကို ဆက်သွယ်မေးမြန်းသင့်ပါတယ်။မေ့ဆေးဆရာဝန်က ultrasound scanner ကို အသုံးပြုပြီး ထုံဆေးထိုးထည့်ဖို့ နေရာကို ရှာမှာ ဖြစ်ပါတယ်။မေ့ဆေးဆရာဝန်ဟာ မှန်ကန်တဲ့နေရာရှာတွေ့စဉ်မှာ အပ်ကို ထည့်လိုက်မှာဖြစ်ပြီး ထုံဆေးကို ထိုးထည့်မှာဖြစ်ပါတယ်။ တခါတရံမှာ မေ့ဆေးဆရာဝန်ဟာ မဖယ်ခင်မှာ အပ်ကို ပြွန်လေးမှတစ်ဆင့် ထည့်မှာ ဖြစ်ပြီး ဒီပြွန်ကို ဒီအတိုင်းထားခဲ့မှာ ဖြစ်ပါတယ်။ ထပ်မံ ထုံဆေးထိုးသွင်းဖို့ အတွက် ဖြစ်ပါတယ်။သင့်မှာ မေးစရာရှိရင် မေ့ဆေးဆရာဝန်ကို ဆက်သွယ်မေးမြန်းသင့်ပါတယ်။အခြား procedures တွေလိုပဲ ဆိုးကျိုးရှိနိုင်ပါတယ်။ ဘယ်လိုဆိုးကျိုးရှိလဲဆိုတာ ဆရာဝန်ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ဖြစ်နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့။ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာခြင်းအားဖြင့် နောက်ဆက်တွဲဆိုးကျိုးတွေကို နည်းပါးအောင် ပြုလုပ်နိုင်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-procedures-and-surgeries/peripheral-nerve-block-%e1%80%85%e1%80%bc%e1%80%94%e1%80%b9%e1%80%96%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%9b%e1%80%b6%e1%80%af%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%91%e1%80%b6/
ကလေးချွဲကြပ်တဲ့အချိန် ဘယ်လို အစားအစာတွေကို ရှောင်ကျွေးရမလဲ ။ ။
ချောင်းဆိုးချွဲကြပ်တယ်ဆိုတာ လူကြီးတစ်ယောက်အတွက်တောင် နေရထိုင်ရခက်ခဲတာ ကလေးတွေ အတွက်ဆို ပိုလို့တောင်ဆိုးပါသေးတယ်။ ဒီလို ချောင်းဆိုးချွဲကြပ်နေရင် ကလေးကမလန်းတော့တာ၊ အသက်ရှူရကြပ်နေတာနဲ့ မေမေတို့ပိုပြီး စိုးရိမ်တတ်ကြပါတယ်။ ဒီလို အချိန်တွေကို ကျော်လွန်ဖို့ဆိုရင် မေမေတို့ ပြုစုတဲ့အပိုင်းက ကလေးအတွက် အရမ်းကိုအရေးကြီးလာပါပြီ။ ဒါဆို သင့်ကလေး ချောင်းဆိုး ချွဲကြပ်နေတဲ့အခါ ဘယ်လို အစားအသောက်တွေကို ရှောင်ကျွေးရမလဲ။နွားနို့–နွားနို့မှာပါတဲ့ အဆီဓာတ်တွေနဲ့မလိုင်ဖတ်တွေဟာ သင့်ကလေး ကို ချွဲကြပ်စေမှာ အသေအချာပါ။ ဘယ်လောက်ပဲ အားရှိစေတယ်ပြောပြော ချောင်းဆိုး ချွဲကြပ်နေတဲ့ အချိန်မှာတော့ ကလေးကို နွားနို့မတိုက်သင့်ပါဘူး။အသီးအနှံတွေ– ချောင်ဆိုးချွဲကြပ်နေတဲ့ ကလေးကို ထိပ်ဆုံးက မကျွေးသင့်တဲ့ အသီးတွေရှိပါတယ်။ အသီးတွေဟာ ကျန်းမာရေးအတွက် အကျိုးပြုပေမယ့်လည်း ဒီအသီးတွေကိုတော့ ချောင်းဆိုးနေတဲ့ ကလေးတစ်ယောက်ကို မကျွေးသင့်ပါဘူး။ငှက်ပျောသီး၊စပျစ်သီး၊ လိုင်ချီးသီးနဲ့အုန်းသီးတို့ဟာ ချွဲကြပ်ခြင်းကို ပိုဖြစ်စေတာကြောင့် ကလေး ချွဲကြပ်နေရင် ဒီအသီးတွေ မကျွေးပါနဲ့။ဟင်းသီးဟင်းရွက်တွေ–သခွားသီး၊ကြက်ဟင်းခါးသီးနဲ့ရွှေဖရုံသီးတို့ဟာ ကလေးတွေကို ချွဲထခြင်းဖြစ်တဲ့ အစားအသောက်တွေပါ။ သူတို့မှာကစီဓာတ်တွေ အများကြီးပါတဲ့အပြင် သူတို့ဟာ အအေးစာတွေ ဖြစ်တာကြောင့် ချောင်းဆိုးနေတဲ့ကလေးတွေကို အစားအစာတွေ မကျွေးပါနဲ့။အချိုကဲတဲ့ သရေစာတွေ– အချိုများတဲ့သကြားများတဲ့ အစားအသောက်တွေဟာ ကျန်းမာရေးအတွက် လုံးဝကို မကောင်းဘူးဆိုတာ အားလုံးသိကြမှာပါ။ အချိုဓာတ်က ချွဲကြပ်ခြင်းကို အများဆုံးဖြစ်စေမို့ ကလေး ချောင်းဆိုးတဲ့အခါ အချိုကဲတဲ့ မုန့်တွေကို လုံးဝရှောင်ကျွေးသင့်ပါတယ်။အစေ့အဆံတွေ– ပုံမှန် ဆို ကျန်းမာရေးအတွက် အထူးကောင်းမွန်ပေမယ့် ချောင်းဆိုးချွဲကြပ်နေတဲ့ကလေးတွေကိုတော့ ဒီအစေ့အဆံတွေကို ရှောင်ကျွေးသင့်ပါတယ်။ ဝါးရတာခက်တဲ့အပြင် မြိုချလိုက်လို့ လည်ချောင်းထဲကပ်နေတဲ့အခါ ချောင်းဆိုးတာကို ပိုတောင်ဖြစ်စေပါဦးမယ်။စပ်တဲ့ အစားအသောက်တွေ– အဆီများပြီး ပူစပ်တဲ့ အစားအသောက်တွေကြောင့် လည်ချောင်းမှာ အဆီကပ်ပြီး ချောင်းဆိုးချွဲကြပ်သလို ဖြစ်ကြပါတယ်။ ဒါကြောင့် ချောင်းဆိုးချွဲကြပ်နေတဲ့အချိန်ဆို ဒီ အစားအသောက်တွေကို လူကြီးရော ကလေးရော ရှောင်စားသင့်ပါတယ်။မလိုင်– မလိုင်ဆိုလည်း အဆီများပြီး ချွဲထစေတဲ့ အစားအသောက်တွေထဲက တစ်ခုဖြစ်တာကြောင့် ကလေးချောင်းဆိုးတဲ့အခါ ရှောင်သင့်တဲ့ အစားအသောက်ထဲမှာ ပါပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/food-to-avoid-coughing-child/
သင်ဆီးချိုနဲ့သွေးတိုးရောဂါအတွက် ဒီစားသောက်မှုစနစ် ၉ချက်ကိုသိပါသလား
ဆီးချိုရှိတဲ့လူသုံးယောက်မှာနှစ်ယောက်က သွေးတိုးရှိပါတယ်။ သင့်စားသောက်မှုပုံစံမှာကာဘွန်ဟိုက်ဒရိတ်(Carbohydrate)ပါဝင်မှု တွက်ချက်ခြင်း၊သကြားကိုကန့်သတ်စားခြင်း၊ဆားလျှော့စားခြင်းစတဲ့ဂရုတစိုက်ပြုလုပ်မှုတွေကအဓိကဖြစ်ပါတယ်။ သင့်အနေနဲ့ဆီးချို ၊သွေးတိုးရှိနေပေမယ့် အောက်ကအချက်တွေကိုဂရုစိုက်မယ်ဆိုရင်သင့်အနေနဲ့ ကောင်းကောင်းစားနိုင်မယ့်အပြင်သင့်ရောဂါကိုလည်းထိန်းညှိပြီးသားဖြစ်သွားမှာပါ။၁.ဆားအစားထိုး ကျန်းမာရေးနဲ့ညီညွတ်သောအရသာမှုန့်များသုံးပါ။သင့်မှာ သွေးတိုးရှိနေပြီဆိုတည်းကသင်တစ်နေ့ကို ဆား(sodium)၁၅၀၀ မီလီဂရမ် ထက်ပိုမစားသင့်ပါဘူး။လျှာကိုအလိုမလိုက်ပါနဲ့။ ဆားဘူးကိုလက်လှမ်းယူနေမယ့်အစားအစားအစာတွေကိုရှောက်သီးခွံမှုန့်၊ကြက်သွန်ဖြူ၊ Rosemaryရွက်၊ဂျင်း၊ငရုတ်ကောင်းဒါမှမဟုတ်ဇီယာမှုန့်စတာတွေနဲ့အမွှေးခတ်အရသာသွင်းပါ။အိမ်မှာမိမိဘာသာချက်ခြင်းကပိုအဆင်ပြေပါတယ်။ သွေးတိုးကျနည်းဆိုတဲ့စာအုပ်ကိုရေးသောစာရေးဆရာ Janet Bond Brill က “သင်ဟာဆိုင်ကနေစားစရာတစ်ခုခုမှာစားပြီဆိုရင်သင့်ကိုယ်မှာ sodium ပါဝင်မှုများလာပြီ” လို့ဆိုထားပါတယ်။၂.အစားအစာများကိုနာရီပုံစံမှတ်ယူပါ။မျှတတဲ့အစားအစာအသောက်အကျင့်ရဖို့က “သင့်ပန်းကန်ပြားကိုနာရီလိုပုံဖော်ပါ” လို့Baltimore မှာရှိတဲ့ Mercy Medical Center ကဆီးချိုဌာနကိုညွှန်ကြားတဲ့Amber L. Taylorကဆိုထားပါတယ်။သင့်ပန်းကန်ပြားရဲ့တစ်စိတ်ကိုအသီးအရွက်တွေထည့်ပါ။ ကျန်တဲ့တစ်ဝက်ရဲ့တစ်ဝက်ကိုအသားဓါတ်ကြွယ်ဝတဲ့ငါး၊ပဲဒါမှမဟုတ်ကြက်သားကိုထည့်ပါ။ နောက်ဆုံးတစ်စိတ်ကိုတော့ဆန်ကဲ့သို့ သီးနှံအစေ့( whole grain) တွေကိုထည့်ပါ။သင့်အနေနဲ့ကာဘွန်ဟိုက်ဒရိတ်ပါဝင်မှုနှုန်းကို ရေတွက်ဖို့လိုဦးမှာဖြစ်ပြီးsodium တွေအလွန်အကျွံမစားဖို့လည်းသတိပြုပါ။၃.Coffee ကိုလည်းချင့်ချိန်သောက်ပါ။Coffee မှာပါတဲ့ကဖိန်းဓါတ်သင့်သွေးထဲကသကြားဓါတ်ကိုမြင့်တက်စေရုံသာမက သွေးတိုးလည်းတက်စေပါတယ်။ အာဟာရနဲ့ဆီးချိုအဖွဲ့အစည်းရဲ့ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး Torey Jones Armul ကကဖိန်းဓါတ်ကိုတစ်ရက်၂၀၀ မီလီဂရမ် အထိပဲကန့်သတ်ထားဖို့ပြောပါတယ်။ ဒီပမာဏက ကော်ဖီ နှစ်ခွက်စာပမာဏပါ။၄.အစေ့အဆံနဲ့ဆန်ညိုကဲ့သို့ Whole grain တွေများများစားပါ။Whole grain တွေက ဗီတာမင် နဲ့ သတ္တုဓါတ် ကြွယ်ဝပြီး အမျှင်ဓါတ် လည်းပါဝင်တဲ့အတွက်သင့်ကိုဗိုက်ပြည့်စေတဲ့အပြင် သွေးထဲကသကြားပါဝင်မှုနှုန်းကိုလည်းထိန်းညှိပေးပါတယ်။Whole grain တွေကိုတစ်ရက်၃ကြိမ်မှ၅ကြိမ်အထိစားပါ။၅.ငှက်ပျောသီးစားပါ။ငှက်ပျောသီးတွေက ပိုတက်ဆီယမ် ပါဝင်မှုမြင့်မားပါတယ်။ ငှက်ပျော်သီးသားမကဘဲသခွားမွှေးသီး၊ broccoli ၊မုန်လာဥနီ၊ပဲနီလေး၊ဂျူံပေါင်မုန့်များနဲ့အစေ့အဆံတွေကလည်း ပိုတက်ဆီယမ် ပါဝင်မှုများပါတယ်။Marina Del Rey ဆေးရုံက အစားအသောက်ဒါရိုက်တာ Lauren Elkins ကလည်း “ပိုတက်ဆီယမ် က sodium ရဲ့ဆိုးကျိုးတွေကို လျှော့ချပေးတဲ့အပြင် သွေးတိုးကိုလည်းထိန်းချုပ်ပေးတယ်” လို့ပြောပါတယ်။တကယ်လို့သင့်မှာ ကျောက်ကပ်နဲ့ပတ်သက်တဲ့ ရောဂါရှိနေရင်တော့ ပိုတက်ဆီယမ်များများစားတာကမကောင်းပါဘူး။ ဆရာဝန်နဲ့တိုင်ပင်ပြီးကန့်သတ်ပါ။၆.အရက်လျှော့သောက်ပါ။သင်ဟာသင့်မိသားစုနဲ့ဖြစ်ဖြစ်အပေါင်းအသင်းတွေနဲ့ဖြစ်ဖြစ်တွေ့ဆုံတဲ့အခါ ပျော်ပျော်နေပါ၊ဒါပေမယ့်အရက်မသောက်ပါနဲ့။Elkins က “ဘီယာ၊ဝိုင်နဲ့ကော့တေး တွေမှာသကြားပါဝင်ပြီး သင့်သွေးထဲကသကြားဓါတ်ကိုမြင့်လာစေတဲ့အတွက် သွေးတိုးပါတက်လာစေပါတယ်။ ဒါ့အပြင်အရက်ကအစားအစားချင်စိတ်ကိုဖြစ်လာစေတဲ့အပြင်သင့်ကိုယ်ရဲ့အပူချိန်ပါတက်လာစေတယ်” လို့ဆိုပါတယ်။ယောက်ျားလေးတွေကတစ်ရက်ကိုအရက်နှစ်ခွက်ပဲ သောက်သင့်ပြီးမိန်းမတွေကလည်းတစ်ရက်ကိုအရက်တစ်ခွက်ပဲ သောက်သင့်တယ်လို့ဆိုပါသေးတယ်။၇.သင့်ကိုယ့်အတွက်အဆီတွေကိုချင့်ချိန်ပါ။ဟင်းသီးဟင်းရွက်တွေကရတဲ့အဆီကိုသာသုံးပါ။အရေခွံမခွာထားတဲ့ကြက်သား၊ဒိန်ခဲနဲ့ ထောပဲတွေမှာ တွေ့ရတဲ့ အဆီ (Saturated fats) တွေကသင့်ကိုယ်ရဲ့နေ့စဉ်ကယ်လိုရီ တွေရဲ့၁၀ရာခိုင်နှုန်းကို နေရာယူထားပါတယ်။ဆီကြော်တွေမှာပါဝင်တဲ့ဆီ (trans fats) တွေကိုတတ်နိုင်သမျှရှောင်ကြဉ်ပါ။ အသားနဲ့နို့ထွက်ထုတ်ကုန်တွေမှာလည်း Trans fats ပါဝင်တဲ့အတွက်ကန့်သတ်ပြီးစားသင့်ပါတယ်။ဒီအဆီနှစ်မျိုးလုံးကကိုလက်စထရောကိုမြင့်လာစေပြီးနှလုံးရောဂါကိုဦးတည်စေပါတယ်လို့ Armul ကဆိုပါတယ်။၈.ပမာဏနည်းနည်းပဲစားသုံးပါ။တကယ်လို့ သွေးတိုးတက်စေမယ့်အရာတွေကိုစားမယ်ဆိုရင်ပမာဏကိုထိန်းပါ။ဥပမာရေခဲမုန့်စားချင်တယ်ဆိုရင်ကလေးစားတဲ့ပမာဏလောက်ပဲမှာစားပါ။တကယ်လို့ဆိုင်မှာ ဘာဂါ စားမယ်ဆိုလည်းအာလူးကြော်နဲ့တွဲစားမယ့်အစား အရွက်သုပ်တစ်ခုခုနဲ့စားပါ။၉.သင့်တိုးတက်မှုကိုသင်မှတ်ထားပါ။“စားသောက်မှုပုံစံပြောင်းလဲဖို့ကမှတ်သားတွက်ချက်တတ်ဖို့ပဲ” လို့ Brill ကပြောခဲ့ပါတယ်။ ကိုယ်စားသောက်တာတွေကို ဒိုင်ယာရီ စာအုပ်နဲ့ပဲဖြစ်ဖြစ် ဖုန်း ဆော့ဝဲ (Smart phone food tracking application) တစ်ခုခုနဲ့ပဲဖြစ်ဖြစ်မှတ်သားထားပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/%e1%80%9e%e1%80%84%e1%80%b9%e2%80%8b%e1%80%86%e1%80%ae%e1%80%b8%e1%80%81%e1%80%ba%e1%80%ad%e1%80%b3%e1%80%94%e1%80%b2%e1%82%94%e2%80%8b%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%90%e1%80%ad%e1%80%af/
အမြင်အာရုံအတွက် အမှားတစ်ရံနဲ့ အမှန်တရားများ
မှားပါတယ်။ စခရင်တွေကို နီးကပ်စွာကြည့်ခြင်းဟာ ကြာလာတဲ့အခါမှာ ခေါင်းကိုက်ခြင်းကို ဖြစ်လာစေနိုင် ပါတယ်။ အမြင်အာရုံကို ထိခိုက်စေနိုင်ခြင်းတော့ မရှိပါဘူး။ အထူးသဖြင့်အဝေးမှုန်တဲ့ကလေးတွေဟာ တီဗီ၊ ကွန်ပြူတာတို့ကို နီးကပ်စွာ ကြည့်တတ်ကြပါတယ်။ ဒီလိုလုပ်မယ့်အစားမျက်မှန်တပ်လိုက်ခြင်းက ပိုလို့ အဆင်ပြေ စေမှာပါ။မှားပါတယ်။ တီဗီကို နီးကပ်စွာကြည့်ခြင်းလိုပါပဲ။ သေသေချာချာ မမြင်ရတဲ့အခါ အာရုံစူးစိုက်စွာ ဖတ်ရှုရတာကြောင့် အချိန်ကြာလာတာနဲ့အမျှ ခေါင်းကိုက်လာမှာပါ။ အမြင်အာရုံကို ဆိုးရွားစွာထိခိုက်နိုင်ခြင်းမျိုးတော့ မရှိပါဘူး။မှားပါတယ်။ မှန်ကန်တဲ့မျက်မှန်၊ မျက်ကပ်မှန်တွေကို တပ်ဆင်ခြင်းဟာ အမြင်အာရုံကို ပိုမဆိုးရွားသွားစေနိုင်ပါဘူး။ မျက်မှန်တပ်ပါလျက်နဲ့ ပါဝါတိုးလာရခြင်းဟာ ရောဂါတစ်ခုခု (မျက်လုံးနဲ့ ပတ်သက်ပြီး အခြေအနေ တစ်ခုခု) ရှိတာဖြစ်နိုင်သလို အသက်အရွယ် ရလာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။မှန်ပါတယ်။ အခြေအနေသိပ်မဆိုးတဲ့ ကလေးတွေမှာဆိုရင်တော့ ငယ်ရွယ်စဉ်အချိန်မှာ ဆေးကုသမှု ခံယူလို့ရနိုင်ပါတယ်။ ဒီထက် ပိုလို့ဆိုးရွားတဲ့ အခြေအနေ ဖြစ်မလာအောင် အမြန်ဆုံး မျက်စိစမ်းသပ်ဖို့ အရေးကြီးလှပါတယ်။ ဒါကြောင့် မိမိကလေးကို ငယ်ရွယ်စဉ်အခါမှာ မျက်စိစမ်းသပ်မှု ပြုလုပ်သင့်ပါတယ်နော်။မှားပါတယ်။ လက္ခဏာတွေမဆိုးရွားခင် အခြေအနေတွေမှာဆိုရင် ကာကွယ်လို့ရပါတယ်။ (ဥပမာ-အမြင်အာရုံ ဝေဝါးခြင်း၊ မျက်လုံးကိုက်ခဲခြင်း၊ အလင်းစူးစူးကို မခံနိုင်ခြင်း၊ မျက်စိရှေ့မှာ အမဲစက်လေးတွေ ပျံဝဲနေတာကို မြင်နေရခြင်း) စတဲ့လက္ခဏာတွေရှိလာရင် မျက်စိအထူးကုဆရာဝန်ဆီသွားရောက်လို့ စမ်းသပ်ပါ။ စောစီးစွာ စမ်းသပ်ကုသမယ်ဆိုရင် ဖြစ်လာနိုင်တဲ့ အမြင်အာရုံပြဿနာတွေကို ကြိုတင်ကာကွယ်နိုင်မှာပါ။ ရောဂါအမျိုးအစားပေါ်တော့ မူတည်နိုင်ပါတယ်။မှားယွင်းပါတယ်။ ညအိပ်မီးလုံးလေးတွေ ထွန်းကာ အိပ်စက်စေခြင်းဟာ အဝေးမှုန်တစ်ယောက်ဖြစ်လာစေတယ်လို့ ထင်မှားနေကြပါတယ်။တကယ်တော့ သင့်ကလေးရဲ့ အခန်းထဲမှာ ဒီလိုညအိပ်မီးလုံးလေးတွေ ထားပေးထားခြင်းဟာ အာရုံစူးစိုက်မှုကို ပိုလို့တောင် ကောင်းစေနိုင်ပါသေးတယ်။ဒီအချက်ဟာ အမှန်ပါပဲ။ နေကိုကြည့်ခြင်းဟာ ခေါင်းကိုက်စေရုံသာမက အမြင်ကို ခဏတာ ပြတ်တောက်သွားစေပါတယ်။ ဒါတင်မကသေးပါဘူး။ သင့်ရဲ့ မျက်လုံးထဲမှာရှိတဲ့ မြင်လွှာကိုလည်း ထာဝရပျက်စီးသွားနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ဟာလည်း မျက်လုံးထဲကိုဝင်ရောက်ပြီး အတွင်းတိမ်၊ ရေတိမ်နဲ့ အခြားအမြင်အာရုံပျက်စီးမှုတွေလည်း ဖြစ်နိုင်ပါသေးတယ်။ နေရောင်ခြည်ကို တိုက်ရိုက်ကြည့်ဖို့  လုံးဝမသင့်တော်တဲ့ အချိန်တွေကတော့ နေ့လယ်ခင်းနဲ့ နေကြတ်ချိန်တွေမှာပါပဲ။ နေရောင်ခြည် တိုက်ရိုက် ထိတွေ့ပြီး မျက်လုံးမထိခိုက်ရအောင်လို့ နေပူထဲထွက်တဲ့အခါ နေကာမျက်မှန် တပ်ဆင်သွားသင့်ပါတယ်။မှန်ပါတယ်။ ပိုးသတ်ဆေးအချို့၊ သန္ဓေတားဆေးများ၊ သွေးထိန်းဆေး၊ ဆီးဆေးနဲ့ သွေးတွင်း သကြားဓာတ် ထိန်းညှိ ပေးတဲ့ ဆေးတွေကို စွဲသောက်နေရသူတွေရဲ့ မျက်လုံးဟာ အလင်းရောင်ကို အထိမခံနိုင်ဘဲ ထိလွယ် ရှလွယ်လာတတ်ပါတယ်။မှန်ပါတယ်။ မုန်လာဥနီမှာ ဗီတာမင်အေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဗီတာမင်အေဟာ အမြင်အာရုံ အတွက် အထူးကောင်းမွန်ပါတယ်။ ဒါပေမယ့်ဗီတာမင် အေကို မုန်လာဉနီမှာပဲ ပါတာမဟုတ်ပါဘူး။ ကြက်ဥ အနှစ်၊ အသည်း၊ ချိစ်နဲ့ နို့ထွက်ပစ္စည်းတွေကို စားခြင်းဖြင့်လည်း ဗီတာမင်ကိုရရှိနိုင်ပါသေးတယ်။ရေးသားသူ-ဒေါက်တာမှူးခင်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-care/%e1%80%a1%e1%80%99%e1%80%bc%e1%80%84%e1%80%ba%e1%80%a1%e1%80%ac%e1%80%9b%e1%80%af%e1%80%b6%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba-%e1%80%a1%e1%80%99%e1%80%be%e1%80%ac%e1%80%b8%e1%80%90%e1%80%85/
Chronic Myelogenous Leukemia ()
သွေးကင်ဆာသည် သွေးဖြူဥများတွင်ဖြစ်သော ကင်ဆာ ဖြစ်သည်။ သွေးကင်ဆာတွင် ရိုးတွင်ခြင်ဆီ ( အရိုး၏ အလယ် မှ တစ်ရှူးအပျော့) သည် သွေးဖြူဥ အများအပြားကို ထုတ် လုပ်ရပါသည်။ သွေးဆဲလ်များသည် ရိုးတွင်းခြင်ဆီတွင် ဖြစ် ပေါ်ပြီး ကြီးထွားလာပါသည်။ထို့နောက် သွေးစီးကြောင်းတွင်း သို့ ရောက်သွားပါသည်။ သွေးကင်ဆာသည် သွေးဖြူဥ၊ သွေး နီဥ နှင့် သွေးဥမွှာများကို ထိခိုက်စေပါသည်။သွေးကင်ဆာ အမျိုးအစားသည် ကင်ဆာဖြစ်စေသော သွေးဆဲလ် အမျိုးအစားအပေါ်မူတည်ပါသည်။ သွေးကင်ဆာ ၄မျိုး ရှိပါသည်။နာတာရှည် ရိုးတွင်းခြင်ဆီ သွေးကင်ဆာမှ နာတာရှည် ဆိုသည်မှာ ရောဂါသည် ရုတ်တရက် ပြင်းထန်သော အမျိုးအ စားထက် ပို၍ နှေးစွာဖြစ်ခြင်းကို ဆိုလိုပါသည်။ CML သည် ရိုးတွင်းခြင်ဆီ ကို သွေးဖြူဥအများအပြား ထုတ်လုပ်စေပါ သည်။ထိုပုံမှန်မဟုတ်သော ဆဲလ်များသည် ကောင်းစွာ အ လုပ်မလုပ်နိုင်ပါ။ ၎င်းတို့သည် ရောဂါပိုးကူးစက်မှုကို မတိုက် ခိုက်နိုင်ပါ။ သေလဲမသေပါ။ ထို့အပြင် ကင်ဆာဆဲလ်များ သည် ကျန်းမာသော ဆဲလ်များကို ဖိနှိပ်ပြီး လုပ်ငန်းများ ဆောင်ရွက်မှုကို ပျက်စီးစေပါသည်။ရိုးတွင်းခြင်ဆီ သွေးကင်ဆာသည် neutrophils, basophils, eosinophils နှင့် nomocytes စသော သွေးဖြူဥ ဆဲလ်များကို ပုံမှန်ထုတ်လုပ်သော ဆဲလ်များတွင် ကင်ဆာ ပြောင်းလဲမှုများကို ဖြစ်စေခြင်းဖြစ်သည်။CML သည် အသက် ၆၀ကျော်တွင် အဖြစ်အများဆုံး ဖြစ် သော်လည်း မည်သည့်အသက်အရွယ်တွင် မဆိုဖြစ်ပွားနိုင် ပါသည်။ ထိုရောဂါသည် ကလေးများတွင်ဖြစ်ပွားခြင်း ရှားပါး ပါသည်။အရွယ်ရောက်ပြီးသူများ တွင် ဖြစ်သော သွေးကင် ဆာ ၏ ၂၀ ရာခိုင်နှုန်းသည် နာတာရှည် ရိုးတွင်းခြင်ဆီ သွေးကင်ဆာ ဖြစ်ပါသည်။ CML သည်ကာကွယ်၍ မရပါ။ မိဘ မှကလေးသို့ ကူးစက်ခြင်း မဟုတ်ပါ။တစ်ခါတစ်ရံ CML သည် ရောဂါလက္ခဏာများကို လုံးဝ မဖြစ်စေပါ။ အချို့ ရောဂါလက္ခဏာများမှာ-။သွေးအားနည်းခြင်း (သွေးနီဥ အရေအတွက် နည်းခြင်း) နှင့် သွေးဥမွှာနည်းခြင်း သည် နောက်ပိုင်းတွင် ဖြစ်ပေါ်လာ သည်။ CML ပိုဆိုးလာသူများသည် ပြင်းထန်စွာ ခေါင်းကိုက် ခြင်း၊ အသက်ရှူမြန်ခြင်း ( ရိုးတွင်းခြင်ဆီဆဲလ်များ အဆုတ် နှင့် ဦးနှောက်တွင် ပိတ်ဆို့ခြင်း) တို့ဖြစ်နိုင်ပါသည်။အောက်ပါတို့ ဖြစ်ပွားပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေး သင့်ပါသည်။အထက်တွင် ဖော်ပြထားသော ရောဂါလက္ခဏာများ ရှိပါက သို့မဟုတ် မေးလိုသည်များ ရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေး နွေးပါ။အကြောင်းရင်းကို မသိရှိရသေးသော်လည်း benzene နှင့် ဓါတ်ရောင်ခြည် များခြင်းကြောင့် ဖြစ်နိုင်သည်။ CML ဆဲလ် များတွင် ခရိုမိုဆုန်း ချို့ယွင်းမှု ရှိပါသည် ( Philadelphia ခရို မို ဆုန်းဖြစ်ပြီး CML ဖြစ်သော လူများ၏ ၉၅ရာခိုင်နှုန်းကျော်တွင် တွေ့ ရပါသည်)။Philadelphia ခရိုမိုဆုန်းသည် ခရိုမိုဆုန်း တစ်ခုမှ အခြား ခရိုမိုဆုန်းတစ်ခုသို့ DNA အစိတ်အပိုင်း တစ်ခု ပြောင်းရွေ့သွားသော အခြေအနေတစ်ခု ဖြစ်သည်။ ထိုချို့ ယွင်းမှုသည် ရိုးတွင်းခြင်ဆီကို tyrosine kinase ဟုခေါ်သော အင်ဇိုင်းတစ်မျိုး ထုတ်စေပြီး သွေးဖြူဥ အလွန်အကျွံထုတ်ခြင်း ကို ဖြစ်စေပါသည်။နာတာရှည် ရိုးတွင်းခြင်ဆီ သွေးကင်ဆာဖြစ်နိုင်ချေကို မြင့်စေသော အချက်များစွာ ရှိပါသည်။ ဥပမာ-။CML သည် မိသားစုအတွင်းတွင် မဖြစ်ပွားပါ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်သည် CML ကို သွေးနှင့် ရိုးတွင်းခြင်ဆီစစ်ခြင်း ဖြင့် အဖြေရှာအတည်ပြုနိုင်ပါသည်။ ထိုစစ်ဆေးမှုများသည် သွေးဖြူဥ ပမာဏများခြင်း၊ သွေးဥမွှာ ပမာဏ များခြင်း နှင့် ရိုး တွင်းခြင်ဆီ ဆဲလ်များတွင် Philadelphia ခရိုမိုဆုန်းရှိခြင်းတို့ ကို ပြသပေးနိုင်ပါသည်။ရိုးတွင်ခြင်ဆီ ထုတ်ယူခြင်းအတွက် အခေါင်းရှိသော အပ်ရှည်တစ်ချောင်းဖြင့် အရိုးတွင်းသို့ ထိုး သွင်းပါသည်။ ခြင်ဆီ နမူနာကို ထုတ်ယူပြီး အဏုကြည့်မှန် ပြောင်းဖြင့် စစ်ဆေးလေ့လာပါသည်။သွေးရောဂါ အထူးကုဆရာဝန် သို့မဟုတ် ကင်ဆာအထူး ကု ဆရာဝန်သည် CML ဖြစ်သောသူများကို ကုသပါသည်။ အ သုံးများသော ကုသမှုတွင် ဆေးသောက်ခြင်း၊ ရိုးတွင်းခြင်ဆီ အစားထိုးခြင်း (ရောဂါဖြစ်သော ခြင်ဆီများကို အစားထိုးခြင်း) တို့ ပါဝင်ပါသည်။အကောင်းဆုံး ဆေးကုသမှုသည် imatinib (GLeevec) ဖြစ်ပါသည်။ ခြင်ဆိ အစားထိုးခြင်းတွင် ပုံမှန်မဟုတ်သော ရိုး တွင်းခြင်ဆီကို ကျန်းမာသော ရိုးတွင်းခြင်ဆီဖြင့် အစားထိုးခြင်း ဖြစ်သည်။ သို့မဟုတ် ဆေးဖြင့်ကုသသည်။ခြင်ဆီ အလှူရှင် များသည် နီးစပ်သော ဆွေမျိုး (အကို၊ အမ) သို့မဟုတ် ခြင်ဆီ ကိုက်ညီမှုရှိသော စေတနာ့ဝန်ထမ်းများ ဖြစ်သည်။ အစားထိုး ခြင်းသည် ဆံပင်ကျွတ်ခြင်း၊ ပါးစပ် အနာဖြစ်ခြင်း စသော ဘေးထွက် ဆိုးကျိုးများစွာ ရှိပါသည်။ အသက်အန္တရာယ် စိုးရိမ် ရသော အစားထိုးတစ်ရှူးကို ခန္ဓါကိုယ်မှ တိုက်ထုတ်ခြင်း ကိုလည်း ဖြစ်စေနိုင်ပါသည်။လူနာ၏ အခြေအနေအပေါ်မူတည်၍ ဆရာဝန်သည် CML ကို ကုသရန် ဓါတုကုထုံး သို့မဟုတ် ဇီဝကုထုံးကို ညွှန်ကြား နိုင်ပါသည်။ ထိုကုသမှုများတွင် အများအားဖြင့် ပါးစပ်မှ သောက်ရသော ဆေးလုံးများပေးပြီး သွေးကင်ဆာဆဲလ် ကြီး ထွားမှုများကို လျော့ချပေးပါသည်။အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် နာတာရှည် ရိုးတွင်းခြင်ဆီ သွေးကင်ဆာ ကို ထိန်းချုပ်နိုင် ပါသည်။အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။Hello Health Group does not provide medical advice, diagnosis or treatment.။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/leukemia/chronic-myelogenous-leukemia/
သွေးတိုးရောဂါရဲ့တခြားသောကုသမှုများအကြောင်း
သွေးတိုးရောဂါအတွက်သာမန်ဆေးသောက်တာအပြင်ဆေးဖက်ဝင်အပင်များကိုအသုံးပြုကုသခြင်းများအထောက်အကူပြုအားဆေးများကိုအသုံးပြုကုသခြင်းများအနာယူခြင်းအားဖြင့်ကုသခြင်းများစတဲ့တခြားသောကုသမှုများစွာရှိပါတယ်။ ဒီမှာတော့အဲဒီတခြားသောကုသနည်းတွေအကြောင်းအကြမ်းဖျင်းရှင်းပြသွားမှာပါ။Complementary and alternative medicine (CAM) ဆိုတဲ့ကုသနည်းကပုံမှန်သမာရိုးကျ ဆေးနည်းကုသနည်းတွေကနေမတူဘဲခွဲထွက်နေတဲ့ကုသနည်းကိုရည်ညွှန်းတာဖြစ်ပါတယ်။ သမာရိုးကျ ဆေးနည်းတွေကုသနည်းတွေဆိုတာက ဆေးကျောင်းတွေမှာဆရာဝန်တွေသင်ခဲ့ရတာတွေကိုဆိုလိုတာဖြစ်ပါတယ်။ အောက်ဖော်ပြပါ CAM တွေကတော့ သွေးတိုးရောဂါကိုကုသရာမှာထိရောက်တယ်လို့ လေ့လာမှုတွေကဆိုထားပါတယ်။CAM ကုသနည်းတွေကသွေးတိုးရောဂါကိုကာကွယ်ကုသပေးနိုင်ပေမယ့်သူတို့ကိုသမာရိုးကျကုသနည်းတွေနဲ့တွဲဖက်ပြီးအသုံးမပြုသင့်ပါဘူး။ ဒီ CAM ကုသနည်းတွေကိုအသုံးပြုဖို့သင့်ဆရာဝန်နဲ့တိုင်ပင်တာအကောင်းဆုံးပါ။လေ့လာမှုတွေအရ အောက်ပါ အစားအစာတွေအားဆေးတွေကသွေးတိုးကိုထိန်းချုပ်နိုင်တယ်လို့ ပြောထားပါတယ်။Omega – 3 Fatty Acids (ငါးကြီးဆီ)။ဒီကျန်းမာရေးကိုအထောက်အကူပြုတဲ့ဆီတွေကိုငါး၊တချို့အစေ့အဆံတွေ၊အသီးအရွက်တွေနဲ့အားဆေးတွေမှာတွေ့နိုင်ပါတယ်။ သူတို့ကနှလုံးကျန်းမာရေးကိုအထောက်အကူပြုပါတယ်။ နှလုံးသွေးကြောကျဉ်းခြင်း၊နှလုံးခုန်နှုန်းမူမမှန်ခြင်းစတာတွေကိုကာကွယ်ပေးတဲအပြင်သွေးဖိအားကိုလည်း လျော့စေပါတယ်။Coenzyme Q – 10။Coenzyme Q – 10 ကလူကိုယ်ကထုတ်လုပ်တဲ့အပြင်အားဆေးတွေမှာလည်း တွေ့နိုင်ပါတယ်။ သူကဆဲလ်လေးတွေရဲ့လုပ်ငန်းစဉ်ကိုအထောက့်အပံ့ပေးပါတယ်။ လေ့လာမှုတချို့မှာ Coenzyme Q – 10 က သွေးတိုးကို လျှော့ချပေးတယ်လို့ဆိုထားပါတယ်။ ဒါ့ကြောင့်သူတို့ဟာCoenzyme Q – 10 ကိုပမာဏမှန်မှန်အသုံးပြုနိုင်ဖို့ လေ့လာမှုတွေဆက်လက်ပြုလုပ်နေပါတယ်။ကြက်သွန်ဖြူ။ကြက်သွန်ဖြူကတော့လူတိုင်းသိကြမှာပါ။ သူ့ကိုလည်းအားဆေးပုံစံနဲ့ ရောင်းကြပါတယ်။ သူ့မှာဆာလဖာဓါတ်ပေါင်းစုပါဝင်ပြီးသူတို့တွေကကိုလက်စထရောတွေအပေါ်မှာသက်ရောက်မှုရှိပါတယ်။ လေ့လာမှုတချို့ကကြက်သွန်ဖြူကလည်း သွေးဖိအားကို လျော့ကျစေပါတယ်တဲ့။Cocoa။အနက်ရောင် ချောကလက်လိုမျိုး Cocoa ကထုတ်တဲ့ထုတ်ကုန်တွေက flavonoid လို့ခေါ်တဲ့အထောက်အကူပြုဓါတုဒြပ်ပါင်းတစ်မျိုးပါဝင်ပါတယ်။National Center For Complementary and Alternative Medicine (NCCAM) ရဲ့ လေ့လာချက်အရ သွေးတိုးရှိတဲ့သူတွေကတစ်နေ့ကို Cocoa နှစ်ကြိမ်နှစ်ပတ်ကြာသောက်သုံးခြင်းကနှလုံးသွေးလွှတ်ကြောတွေကိုအနားပေးစေပါတယ်။ ဒါပေမယ့်သွေးဖိအားကိုတော့မလျော့စေနိုင်ပါဘူး။ဒီကုသနည်းတွေကလူနာရဲ့စိတ်ဖိစီးမှုတွေကို လျော့ကျစေပြီး သွေးစီးဆင်းမှုကောင်းစေတဲ့အတွက် သွေးတိုးရောဂါကုသရာမှာအထောက်အကူပြုပါတယ်။တရားထိုင်ခြင်း။တရားထိုင်တာကစိတ်ကိုငြိမ်စေပါတယ်။ ဒါကခန္ဓါကိုယ်ကိုအနားပေးပြီးစိတ်ဖိစီးမှုကို လျော့စေပါတယ်။NCCAM ရဲ့မကြာသေးခင် လေ့လာမှုအရသွေးတိုးဖြစ်နိုင်ခြေများတဲ့လူငယ်တစ်စုကိုတရားထိုင်ခိုင်းရာမှာ သွေးဖိအားသိသိသာသာလျော့သွားတာကို တွေ့ရပါတယ်တဲ့။ယောဂကျင့်ခြင်း။ဒီကျင့်စဉ်ကကိုယ်လက်လှုပ်ရှားမှု၊အသက်ရှူးနည်းလမ်းတွေနဲ့အာရုံစူးစိုက်မှုကို ပေါင်းစည်းထားတဲ့ကျင့်စဉ်ဖြစ်ပါတယ်။ ဒီကျင့်စဉ်ကရုပ်ပိုင်းဆိုင်ရာကျန်းမာစေတဲ့အပြင်စိတ်ပိုင်းဆိုင်ရာပါအပန်းပြေစေပါတယ်။NCCAM ရဲ့လေ့လာမှုအရဒီကျင့်စဉ်ဟာနှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို လျော့စေပါတယ်။Biofeedback။Biofeedback ဆိုတာကသင့်ခန္ဓါကိုယ်ရဲ့လုပ်ငန်းစဉ်တစ်ခုခုကိုစိတ်နဲ့ထိန်းချုပ်ခြင်းဖြစ်ပါတယ်။ ဒီကုသမှုမှာသင့်ကိုအာရုံခံကိရိယာတွေနဲ့ဆက်သွယ်ထားပြီးဒီကိရိယာတွေကနေသင့်ကိုယ်ထဲမှာဘာတွေဖြစ်ပျက်နေလဲဆိုတာသိရပါတယ်။ ဒီ အချက်အလက် တွေကသင့်ကိုဖန်သားပြင်ကနေ ပြနေပါလိမ့်မယ်။ဥပမာ – သင်ဟာသင့်နှလုံးလုပ်ဆောင်ချက် တွေကိုသိနိုင်မယ့်အာရုံခံကိရိယာတပ်ဆင်ထားခြင်းခံရပြီးနှလုံးခုန်နှုန်းတွေကိုဖန်သားပြင်ပေါ်မှာသင့်ကိုပြနေပါမယ်။ ရည်ရွယ်ချက်ကသင့်နှလုံးခုန်နှုန်းကိုသင်ကိုယ်တိုင်ထိန်းချုပ်နိုင်ဖို့ပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/%e2%80%8b%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%b8%e2%80%8b%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%9b%e1%80%b2%e1%82%95%e1%80%90%e1%80%bb%e1%80%81%e1%80%ac/
သွေးတိုးကျဖို့ လေ့ကျင့်ခန်း လုပ်ခြင်း
လေ့ကျင့်ခန်းလုပ်ခြင်းက သွေးတိုးကျစေတဲ့အဓိကအချက်တွေထဲကတစ်ခုပါ။ လေ့ကျင့်ခန်းလုပ်တာကသင်သွေးတိုးကိုကုသနေတဲ့ကုသမှုတွေကိုလည်းပိုထိရောက်မှုရှိစေပါတယ်။ ဒီအတွက်သင်ဟာအားကစားသမားတစ်ယောက်ဖြစ်ဖို့လည်းမလိုပါဘူး။သင်ကြိုက်တဲ့ လေ့ကျင့်ခန်းကို ရွေးချယ်ကစားပါ။ တစ်ရက်ကိုမိနစ်၃၀ လောက်တစ်ပတ်မှာရက်လောက်လုပ်ပေးရင်လုံလောက်ပါပြီ။ တကယ်လို့သင် Gym ကစားလို့အဆင်မပြေဘူးဆိုလည်းကလို့ရပါတယ်။ ဒါမှမဟုတ် ယောဂကျင့်ခြင်း၊ တောင်တက်ခြင်း၊နဲ့တခြားသင့်နှလုံးကိုအခုန်မြန်စေမယ့်ဘာဖြစ်ဖြစ်လုပ်လို့ရပါတယ်။ အကျင့်ပါသွားပြီဆိုရင်ကိုယ်ကြိုက်တာသာ ရွေးလုပ်ပါ။ သင့်ဆရာဝန်ကိုလည်းသင့်အခြေအနေကိုပြောပြပြီးအကြံတောင်းပါ။လေ့ကျင့်ခန်းကိုစလုပ်တည်းကအဆင်ပြေပြေလုပ်ချင်ရင်တော့ထရိန်နာငှားပါ။ သူကသင့်ကို လေ့ကျင့်ခန်းလုပ်ဖို့နည်းမှန်လမ်းမှန်ပြပေးမှာဖြစ်တဲ့အတွက်သင့်အတွက်အရမ်းသင့်တော်ပါတယ်။သန်မာလာအောင်လုပ်ဖို့ကလည်းအရေးကြီးပါတယ်။ သင့်အနေနဲ့ဝိတ်မခြင်း၊စက်အကူအညီနဲ့အလေးမခြင်း၊အိပ်ထမတင်လုပ်ခြင်းစတာတွေကိုလုပ်နိုင်ပါတယ်။ သင်အဆီကျလာမယ့်အပြင်ကြွက်သားတွေကိုသန်မာလာစေပြီးဇီဝကာမလုပ်ငနးကိုလည်းအထောက်အကူပြုပါတယ်။ သင်ကအဝလွန်နေရင်၁၀ ပေါင်လောက်ကျတာကိုကသင့်ရဲ့သွေးတိုးကိုလျော့စေပါတယ်။အေရိုးဘစ်လေ့ကျင့်ခန်းတွေလုပ်ခြင်းကလည်း သွေးတိုးကျစေပါတယ်။ ရေကူးခြင်းကလည်းအကောင်းဆုံးရွေးချယ်မှုပါ။ မိနစ်၃၀ လောက်ကူးတာကလုံလောက်ပါတယ်။မပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကိုတစ်ရက်အနည်းဆုံးမိနစ်၃၀တစ်ပတ်အနည်းဆုံး၅ရက်လုပ်ပါ။ဥပမာ – လမ်းလျှောက်ခြင်း။ ဒီလောက်ကသင့်ကုသမှုတွေကိုပိုမိုထိရောက်စေဖို့ကူညီဖို့လုံလောက်ပါပြီ။ လေ့ကျင့်ခန်းတွေကသင့်သွေးတိုးကို၅ကနေ၁၅အထိလျှော့ချပေးနိုင်ပါတယ်။ တဖြည်းဖြည်းပုံမှန်လုပ်ရာကနေပြင်းထန်တဲ့ဆီတစ်ဆင့်ချင်း လေ့ကျင့်ခန်းလုပ်သွားတာကသင့်သွေးတိုးကိုကျစေပြီးပုံမှန်နှုန်းမှာထိန်းထားဖို့ကူညီပါလိမ့်မယ်။မလိုအပ်တဲ့ထိခိုက်မှုတွေမဖြစ်စေဖို့ဖြည်းဖြည်းပဲစလုပ်ပါ။ သင်ကြိုက်တဲ့ လေ့ကျင့်ခန်းတစ်ခုကိုတစ်ရက်၁၀မိနစ်ကနေ၁၅မိနစ်လောက်ထိစလုပ်ပါ။ တဖြည်းဖြည်းနဲ့မှကြာချိန်ကိုမြှင့်သွားပါ။သင်ကအခုမှ လေ့ကျင့်ခန်းစလုပ်မယ်ဆိုရင်ဖြေးဖြေးချင်းပဲစပါ။ ယောဂကျင့်တာကဲ့သို့ပုံမှန်လေ့ကျင့်ခန်းတွေပဲစလုပ်ပါ။ နောက်မှပိုပြင်းထန်တဲ့ လေ့ကျင့်ခန်းကိုလုပ်တာကသင့်ကိုပိုပြီးကျန်းမာလာစေတဲ့အပြင် သင့်သွေးတိုးကိုလည်း လျှော့ချပေးပါတယ်။လေ့ကျင့်ခန်းလုပ်ခြင်ကိုသင့်ရဲ့နေ့စဉ်အချိန်စာရင်းထဲထည့်လိုက်ပါ။ သင်နဲ့အဆင်အပြေဆုံးဖြစ်မယ့်အချိန်ကို ရွေးပါ။ အလုပ်မသွားခင်၊အလုပ်ဆင်းပြီး၊နေ့လည်ထမင်းစားချိန်စတဲ့အချိန်တွေမှာလုပ်နိုင်ပါတယ်။ တကယ်လို့သင်ကအပြင်ထွက်ဖို့အဆင်မပြဘူးဆိုရင်အိမ်မှာပဲ လေ့ကျင့်ခန်းနည်းပြ Software တွေ DVD တွေ၊ ယောဂဖျာတွေ၊ဒါမှမဟုတ်ဝိတ်တုံးတွေနဲ့သင့်ဘာသာသင် ပြုလုပ်နိုင်ပါတယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/%e2%80%8b%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%ba%e1%80%96%e1%80%ad%e1%80%af%e1%82%94-%e2%80%8b%e1%80%b1%e1%80%9c%e1%80%b7%e1%80%80%e1%80%ba%e1%80%84/
မျက်လုံးခြောက်ရတဲ့ အကြောင်းရင်းကို အဖြေရှာကြမယ်
ကြည်လင်ဝင်းပတဲ့မျက်ဝန်း တစ်စုံကို ရရှိဖို့ မျက်ရည်ထဲမှာ ရေ၊ အချွဲ၊ အဆီ ပမာဏ မျှတစွာ ရှိနေဖို့ လိုအပ်ပါတယ်။ ဒီပမာဏ မျှခြေ ပျက်ယွင်းသွားရင်၊ ခမ်းခြောက်နေရင်တော့ မျက်လုံးခြောက်တာမျိုး ဖြစ်တတ်ပါတယ်။မျက်လုံးခြောက်နေပြီဆိုတာ သိနိုင်မယ့် လက္ခဏာတွေကတော့။•မျက်မှန်တပ်လိုက်တဲ့အခါ မျက်လုံးက ကြည့်လို့ သိပ်အဆင်မပြေတာ၊ အထဲက ယားသလိုလို နေရခက်သလို ဖြစ်လာတာ။•အမြင်အာရုံဝေဝါးလာတာ၊ တစ်ခုခု ဖုံးနေတယ်လို့ ခံစားရတာ။• မျက်ရည် ခဏခဏ ထွက်တာ၊ သို့မဟုတ်မျက်ရည်လုံးဝ မထွက်နိုင်တော့တာ။• မျက်လုံးက ယားယံပြီး နီရဲနေတာ။• စပ်ဖျဉ်းဖျဉ်း ဖြစ်နေတာ။•မျက်လုံးထဲ တစ်ခုခု ဝင်သွားလိုမျိုး ခံစားချက်မျိုး အမြဲ ရနေတာ။• မျက်လုံးက ပင်ပန်းပြီး ညောင်းကိုက်နေတာ၊ လေးလံနေတာ။•ကွန်ပျူတာ၊ ဖုန်းမှန်သားပြင်ကနေ စာဖတ်တဲ့အခါ အခက်အခဲ ဖြစ်ခြင်း စတဲ့ လက္ခဏာမျိုးတွေ တွေ့ရနိုင်ပါတယ်။မျက်လုံးခြောက်တာမှာ တစ်ခါတစ်ရံ ဖြစ်တာနဲ့ အမြဲ ဖြစ်တာဆိုပြီး ၂ မျိုး ခွဲလို့ ရပါတယ်။ တစ်ခါတစ်ရံမျက်လုံးခြောက်တာက ပျောက်ဖို့လည်း မြန်သလို ဘာကြောင့် ဖြစ်တာလဲဆိုတဲ့ အကြောင်းရင်း ရှာတဲ့အခါလည်း ပိုလွယ်ပါတယ်။ အဓိက ကိုယ့်ရဲ့နေထိုင်မှုပုံစံကို အနည်းငယ် ပြောင်းလဲလိုက်ရင် သက်သာသွားနိုင်ပါတယ်။ အမြဲ မျက်လုံးခြောက်တဲ့သူတွေမှာတော့ တခြား ကျန်းမာရေး ပြဿနာများ ရှိနေနိုင်တဲ့အတွက် သေချာ စစ်ဆေးမှု ခံယူဖို့ လိုအပ်ပါတယ်။ အပေါ်မှာ ပြောထားခဲ့တဲ့ လက္ခဏာတွေ တစ်ခုထက် မက တွေ့နေရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြတာ ပိုကောင်းမှာပါ။ဖြစ်စေနိုင်တဲ့ အကြောင်းရင်း အများကြီးထဲမှာမှ အဖြစ်အများဆုံး တရားခံ ပြဿနာတွေကတော့။တစ်ခါတလေ ကိုယ် အသုံးပြုလုပ်တဲ့မိတ်ကပ်၊ ပေါင်ဒါက အမှုန်တွေဟာ မျက်လုံးထဲကို ဝင်သွားပြီး မျက်လုံး အရည်ထဲမှာ ရှိနေတဲ့ အဆီတွေကို ပါးသွားစေတယ်။ မျက်လုံးကို ခြောက်ပြီးတော့လည်း ယားယံလာစေပါတယ်။ ဒီအတွက်မိတ်ကပ်၊ ပေါင်ဒါရိုက်တဲ့အခါ မျက်လုံးကို သေချာမှိတ်ထားဖို့ လိုသလို အကြောင်းရင်း မရှိဘဲ မျက်လုံးကို ပွတ်တာမျိုးလည်း မလုပ်သင့်ပါဘူး။ပတ်ဝန်းကျင်မှာ လေအရမ်း တိုက်တဲ့အခါ၊ဖုန်ထူထပ်တဲ့အခါ၊ လေထုက ခြောက်သွေ့နေရင်လည်း မျက်လုံးက ရေဓာတ် ခန်းခြောက်သွားတတ်ပါတယ်။ ဒီအတွက် ဖုန်ထူတဲ့ နေရာကို ရောက်ရင် တတ်နိုင်သလောက် မျက်လုံးကို မှိတ်ထားပါ သို့မဟုတ် မျက်လုံးကို အနည်းငယ် မှေးထားပါ။ အိမ်မှာဆိုရင် လေထု အစိုဓာတ် ထိန်းစက် (Humidifier) တပ်ပေးထားပါ။ကွန်ပျူတာနဲ့ နေ့စဉ် အလုပ်လုပ်နေရသူတွေ၊ဖုန်းကို အကြာကြီး သုံးနေသူတွေ၊ မျက်လုံးကို အားအရမ်း စိုက်ထုတ်ပြီး ကြည့်ခြင်း၊ မျက်လုံးကို အနားမပေးခြင်းကြောင့်လည်း မျက်လုံးကို ခြောက်သွားတတ်ပါတယ်။ ဒီလို မဖြစ်စေဖို့ကွန်ပျူတာ၊ ဖုန်း အသုံးပြုတဲ့အခါ နာရီဝက် တစ်ခါ မျက်လုံးကို အနားပေးပါ။ အသုံးပြုနေစဉ်မှာ မျက်လုံးကို ပုတ်ခတ် ပုတ်ခတ် လုပ်ပေးပါ။ ညအမှောင်ထဲမှာ ဖုန်း အသုံးမပြုပါနဲ့။ဓာတ်မတည့်လက္ခဏာပျောက်ဆေး၊ အိပ်ဆေး၊ သွေးတိုးကျဆေး၊ စိတ်ပူပန်တာကို လျော့နည်းစေတဲ့ ဆေး၊ အကိုက်အခဲပျောက်ဆေးတွေဟာ မျက်လုံးထဲမှာ ရှိတဲ့ အချွဲတွေကို ခန်းခြောက်သွားစေလို့ မျက်လုံးခြောက်တာမျိုး ဖြစ်တတ်ပါတယ်။ ကိုယ် ပြနေကျ ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ပြီး ဆေးရပ်သင့်၊ မရပ်သင့်၊ ဆေးပြောင်း သောက်ဖို့ကို အကြံဉာဏ်တောင်းပါ။အမျိုးသမီးများကိုယ်ဝန်ဆောင်နေစဉ်၊ မီးဖွားနေစဉ်၊ သွေးဆုံးနေချိန်ကာလတွေ၊ ဟော်မုန်း အပြောင်းအလဲများ၊ အသက်အရွယ် ကြီးရင့်လာခြင်း စတဲ့ ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုတွေကြောင့်လည်း မျက်လုံးခြောက်တဲ့ လက္ခဏာမျိုး တွေ့ရနိုင်ပါတယ်။ သူ့အလိုလို ပျောက်သွားတတ်တာမျိုးလည်း ရှိသလို ဆရာဝန်နဲ့ သေချာပြပြီး စစ်ဆေးကုသမှု ခံယူရနိုင်တဲ့ အခြေအနေမျိုးလည်း ဖြစ်နိုင်ပါတယ်။ဆီးချိုရောဂါ၊ သိုင်းရွိုက် ပြဿနာများ၊ ဗီတာမင် ဒီဓာတ် ချို့တဲ့ခြင်း၊ မျက်ရည် ထွက်စေတဲ့ ဂလန်းများ ထိခိုက်မိခြင်း စတဲ့ ကျန်းမာရေး ပြဿနာတွေ ကြုံတွေ့နေရစဉ်မှာ မျက်လုံးခြောက်တတ်ပါတယ်။နောက်ဆုံး ပြောချင်တာကတော့မျက်လုံးခြောက်ခြင်းဟာ ပုံမှန်အားဖြင့် သိပ်ပြီး စိုးရိမ်ရတဲ့ ပြဿနာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ တစ်နေ့တာမှာ နေရထိုင်ရခက်စေနိုင်တာကြောင့် ဒီအတိုင်း ပစ်ထားလိုက်တာထက် ရေများများ သောက်ပေးတာ၊ မျက်စဉ်းခတ်ပေးတာ၊ အစာအာဟာရကို ဂရုစိုက်ပြီး စားသုံးတာ၊ အီလက်ထရောနစ် ပစ္စည်း သုံးစွဲချိန်ကို လျှော့ချတာမျိုး လုပ်ပေးလို့ ရပါတယ်။ မျက်စိဆရာဝန်နဲ့လည်း ၆လ သို့မဟုတ် တစ်နှစ် တစ်ကြိမ်လောက် ပုံမှန်ပြပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/%e1%80%99%e1%80%bb%e1%80%80%e1%80%ba%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%81%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%9b%e1%80%90%e1%80%b2%e1%80%b7-%e1%80%a1%e1%80%80%e1%80%bc%e1%80%b1/
Inflammatory bowel disease (IBD) (အူရောင်ရမ်းသောရောဂါ)
အူရောင်ရမ်းသောရောဂါဆိုသည်မှာ နာတာရှည် ရောဂါဖြစ်ပြီး အူလမ်းကြောင်းတစ်လျောက်လုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း ရောင်ရမ်းနေခြင်းကို ခေါ်ပါသည်။ အူရောင်ရမ်းသောရောဂါကိုUlcerative colitis(အနာဖြစ်ပြီး အူရောင်ရမ်းခြင်း)နှင့်Crohn’s disease(ခရုမ်းရောဂါ)ဟု နှစ်မျိုးခွဲခြား နိုင်ပါသည်။ ယင်းရောဂါ နှစ်မျိုးစလုံးမှာ ရောဂါလက္ခဏာများ ထပ်တူညီလုနီးပါးဖြစ်ပြီး ခွဲခြားရန် ခက်ခဲပါသည်။Ulcerative colitis(အနာဖြစ်သော အူရောင်ရမ်းခြင်း)တွင် နာတာရှည် အူရောင်ရမ်းခြင်းအပြင် အူမကြီးနှင့် အစာဟောင်းအိမ် နေရာရှိ အူအတွင်း နံရံများ၏ အပေါ်ဆုံးအလွှာတွင် အနာများ ဖြစ်ပေါ်နေပါသည်။Crohn’s disease(ခရုမ်းရောဂါ)တွင်မူ အူရောင်ရမ်းခြင်းသည် အတွင်းနံရံ အပေါ်ဆုံးအလွှာတွင်သာမက အောက်အလွှာများအထိ ပျံ့နှံ့နေသကဲ့သို့ အူသိမ်ပိုင်းမှ အူမကြီးတစ်လျောက်လုံးနေရာအနှံ့ ဖြစ်နိုင်ပါသည်။Collagenous colitisနှင့်lymphocytic colitisတို့ကဲ့သို့ အူမကြီး ရောင်ရမ်းသည့် ရောဂါများကိုလည်း အူရောင်ရမ်းသည့် ရောဂါအုပ်စုတွင် ထည့်သွင်းကြပါသည်။မည်သည့် အသက်အရွယ်မဆို အူရောင်ရမ်းသော ရောဂါဖြစ်နိုင်ပြီး အသက် ၁၅နှစ်နှင့် ၄၀နှစ်ကြားတွင် အများအားဖြင့် တွေ့ရှိရပါသည်။အူရောင်ရမ်းသော ရောဂါရဲ့ အဖြစ်အများဆုံး ရောဂါလက္ခဏာတွေ ကတော့။ရောဂါဖြစ်စေသော အကြောင်းအရင်းကို သေချာစွာ မသိရှိရသေးပါ။ ယခင်က အစားအသောက်နှင့် စိတ်ဖိစီးမှုများကြောင့် ဖြစ်သည်ဟု ယူဆခဲ့ကြသော်လည်း ယင်းတို့မှာ ရောဂါကို ပိုဆိုးစေသော အကြောင်းရင်းများသာ ဖြစ်ပါသည်။အခြားဖြစ်နိုင်သည့် အကြောင်းအရာတစ်ခုမှာ ကိုယ်ခံအားစနစ် ဖောက်ပြန်မှုကြောင့် ဖြစ်သည်။ အူလမ်းကြောင်းအတွင်း ဝင်ရောက်လာသော ရောဂါပိုးမွှားများကို ကိုယ်ခံအားက တိုက်ထုတ်ရန် ကြိုးစားရင်း အူနံရံရှိ ဆဲလ်များကိုပါ မှားယွင်းတိုက်ခိုက်မိပြီး အူရောင်ရမ်းသည့် ရောဂါ ဖြစ်လာသည်ဟု ယူဆကြပါသည်။ မျိုးရိုးလိုက်သည်ဟု ဆိုကြသော်လည်း ရောဂါဖြစ်သူ အများစုမှာမူ မျိုးရိုးလိုက်သော ရာဇဝင်မရှိတာကို တွေ့ရပါသည်။အောက်ပါ အချက်များသည် အူရောင်ရမ်းသောရောဂါ ဖြစ်ပွားနိုင်ချေကို မြင့်စေပါသည်။အူရောင်ရမ်းသောရောဂါ ဟုတ်မဟုတ် အတည်ပြုနိုင်ရန် ရောဂါ လက္ခဏာများကို မေမြန်းခြင်း၊ အူအတက်ရောင်ရမ်းခြင်း၊ အူမကြီးကင်ဆာ စသော ရောဂါလက္ခဏာ ဆင်တူသည့် အခြားသောရောဂါများမှ ခွဲခြားနိုင်ရန် အောက်ပါစမ်းသပ်မှုများထဲမှ လိုသလိုပြုလုပ်ရန် ညွှန်ကြားပါလိမ့်မည်။သွေးစစ်ဆေးခြင်း။ ။ သွေးစစ်ဆေးခြင်းတွင် သွေးအားနည်းခြင်း ရှိမရှိ စစ်ဆေးခြင်းနှင့် သွေးတွင် ပိုးဝင်ခြင်း လက္ခဏာရှိမရှိကို စစ်ဆေးပါမည်။ဝမ်းတွင်သွေးပါမပါစစ်ဆေးခြင်း။ ။ ဝမ်းနမူနာယူ၍ သာမန်မျက်စိနှင့် မမြင်နိုင်သော သွေးစများ ပါမပါကို စစ်ဆေးပါမည်။အူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်း။ ။ သင်၏အူမကြီး တစ်လျှောက်ကို မှန်ပြောင်းဖြင့် ကြည့်ပြီးနောက် ယင်းမှန်ပြောင်းမှ တဆင့် အသားစယူပြီး ဓာတ်ခွဲခန်းသို့ ပို့ကာ စစ်ဆေးပါလိမ့်မည်။ အကယ်၍ ယင်းအသားစတွင် granulomasဟု ခေါ်သော ရောင်ရမ်းခြင်းကို ပြသသည့် ဆဲလ်များ တွေ့ရှိရပါက Crohn’s disease (ခရုမ်းရောဂါ) ကိုအတည်ပြု နိုင်ပါမည်။အူမကြီးမှန်ပြောင်းကြည့်ခြင်း။ ။ sigmoid colon ဟုခေါ်သော အူမကြီး၏ နောက်ဆုံးပိုင်းကို သီးသန့်စစ်ဆေးသော မှန်ပြောင်းဖြင့်လည်း အသားစယူ စစ်ဆေးနိုင်ပါသည်။အစာအိမ်နှင့်အူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်း။ ။ ဤနည်းလမ်းတွင် မှန်ပြောင်းကို ပါးစပ်မှတဆင့် မျိုချရပြီး အစာရေမျိုပြွန်၊ အစာအိမ်နှင့် အူသိမ် အပေါ်ပိုင်းကို စစ်ဆေးကြည့်ရှုနိုင်ပါသည်။ Crohn’s disease(ခရုမ်းရောဂါ) အတွက် စစ်ဆေးရာတွင်မှု အသုံးသိပ်မဝင်လှသော်လည်း ပျို့ခြင်း၊ အန်ခြင်း၊ မျိုချရန်ခက်ခဲခြင်း၊ ရင်ညွန်အောင့်ခြင်း စသည့် လက္ခဏာများ ရှိလျင်မှု စစ်ဆေးရပါမည်။ဆေးတောင့်မြို၍စစ်ဆေးခြင်း။ ။ Crohn’s disease(ခရုမ်းရောဂါ) ကို စစ်ဆေးအတည်ပြုရန် သုံးကြပါသည်။ ကင်မရာပါသော ဆေးတောင့်ကို မြိုချပြီး ယင်းကင်မရာမှ ပုံရိပ်ကို ကွန်ပြူတာဖြင့် ကြည့်ရှုကာ ရောင်ရမ်းနေသော အူအစိတ်အပိုင်းကို ကြည့်ရှုနိုင်ပါသည်။ သို့သော် မှန်ပြောင်းဖြင့် အသားစယူကာ ထပ်မံစစ်ဆေးရန် လိုအပ်ပါသည်။နှစ်ထပ်ဘောလုံးပါသောမှန်ပြောင်းဖြင့်စစ်ဆေးခြင်း။ ။ အစာအိမ်နှင့် အူလမ်းကြောင်းကို စစ်ဆေးသော မှန်ပြောင်း မရောက်နိုင်သော အူအစိတ်အပိုင်းအထိ ရောက်ရှိနိုင်သော မှန်ပြောင်းအမျိုးအစား တစ်မျိုးကို အသုံးပြု စစ်ဆေးခြင်း ဖြစ်ပြီး ဆေးတောင့်မြို၍ တွေ့သော နေရာကို အသားစယူရန် အသုံးပြုကြပါသည်။ပုံရိပ်ဖော်နည်းပညာများ။ရိုးရိုးဓာတ်မှန်။ ။ ပြင်းထန်သော လက္ခဏာများ ခံစားနေရလျှင် အန္တရာယ်ရှိသော ရောဂါများ (ဥပမာ။ အူပေါက်ခြင်း) ရှိမရှိ သိနိုင်ရန် အသုံးပြုသည်။ကွန်ပြူတာဓာတ်မှန်။ ။ ရိုရိုးဓာတ်မှန်ထက် ပိုမိုတိကျသော အဖြေကို ပေးနိုင်ပါသည်။ အူလမ်းကြောင်း တစ်ခုလုံးကို ပုံရိပ်ဖော် စစ်ဆေးနိုင်သော နည်းပညာဖြစ်ပြီး အူသိမ်ပိုင်းများ၏ အခြေအနေကို တိကျသော ပုံရိပ်များ ထုတ်ပေးနိုင်ပါသည်။သံလိုက်ဓာတ်မှန်။ ။ ကွန်ပြူတာ ဓာတ်မှန်နှင့် မတူဘဲ ဓာတ်ရောင်ခြည်အန္တရာယ်မရှိသည့် ပုံရိပ်ဖော်နည်းပညာဖြစ်ပြီး စအိုအနီးတဝိုက် အက်ကွဲကြောင်းများ ရှိမရှိနှင့် အူသိမ်ပိုင်း ရောဂါရှာဖွေရာတွင် အသုံးပြု ကြပါသည်။အူရောင်ရမ်းသောရောဂါကို များစွာသော ကုသနည်းများဖြင့် လိုအပ်သလို အသုံးပြု ကုသနိုင်ပါသည်။ခွဲစိတ်ကုသခြင်းများ ကိုလည်း လိုအပ်သလို လုပ်ဆောင်ရပါမည်။ အူကျဉ်းသော ဝေဒနာသည်များတွင် ပြန်ချဲ့ခြင်း၊ စအိုကွဲခြင်းတွင် ပြန်ပိတ်ခြင်း၊ Crohn’s disease(ခရုမ်းရောဂါ) တွင် ရောဂါဖြစ်နေသော အူအစိတ်အပိုင်းကို ဖြတ်ထုတ်ပစ်ခြင်း၊ ပြင်းထန်သော Ulcerative colitis (အနာဖြစ်သော အူရောင်ရမ်းခြင်း) တွင် အူမကြီးနှင့် အစာဟောင်းအိမ် တစ်ခုလုံးကို ဖြတ်တောက်ပစ်ရခြင်းတို့ကို လိုအပ်သလို ပြုလုပ်ရပါသည်။အူရောင်ရမ်းသော ရောဂါသည် ကင်ဆာရောဂါသို့ ပြောင်းတတ်သဖြင့် မှန်ပြောင်းကြည့် စစ်ဆေးခြင်းကို ပုံမှန်ပြုလုပ်သင့်ပါသည်။အစားအသောက်။ ။ အူရောင်ရမ်းသောရောဂါကို ဖြစ်စေသော အစားအသောက်ဟူ၍ မရှိပါ။ သို့သော် ရောဂါကြွလာချိန်တွင် အချို့ အစားအစာနှင့် အချိုရည်များသည် ရောဂါ လက္ခဏာကို ပိုမိုဆိုးရွားစေပါသည်။ ထို့ကြောင့် ရောဂါကြွချိန်တွင်။-ပေါ့ပေါ့ပါးပါး ကိုယ်လက်လေ့ကျင့်ခန်း လုပ်ခြင်းသည် စိတ်ဖိစီးမှုကို လျော့ကျစေရုံမျှမက အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင့်မွန်စေပါသည်။-စိတ်လေ့ကျင့်ခန်းများသည်လည်း စိတ်ဖိစီးမှုကို လျော့ပါးစေရုံသာမက ကြွက်သားများကို ပြေလျော့စေပြီး နှလုံးကျန်းမာရေးအတွက် ကောင်းမွန်ပါ သည်။-တရားထိုင်ခြင်းနှင့် ယောဂကဲ့သို့ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းသည်လည်း စိတ်အပန်းပြေစေနိုင်သလို စာဖတ်ဝါသနာပါသူများအဖို့ အနားယူ စာဖတ်ခြင်းသည်လည်း ကောင်းကျိုးများ ရရှိန်ုင်ပါသည်။အူရောင်ရမ်းသောရောဂါ သည်  နာတာရှည် ရောဂါဖြစ်ပြီး Crohn’s diseaseနဲ့ Ulcerative colitis ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဆေးကုသရုံတင်မက နေထိုင်စားသောက်ပုံပါ ဂရုစိုက်မယ်ဆိုရင် ရောဂါကို ထိန်းချုပ်နိုင်မှာပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/inflammatroy-bowel-disease/inflammatory-bowel-disease-ibd/
ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့ ကလေးကိုဘာတွေကျွေးမလဲ
ကိုယ့်ရင်သွေးအမြဲတမ်းကျန်းမာပျော်ရွှင်နေစေဖို့က မိဘတိုင်းဖြစ်ချင်တဲ့ ဆန္ဒပါ။ကလေးအရမ်းဆော့နေလို့ စိတ်ညစ်လိုက်တာလို့ ညည်းညူမှုမှာ အပျော်သံလေးနှောနေတတ်သလို ပီတိဖြစ်တဲ့အသံလေးလည်းပါနေတတ်ပါသေးတယ်နော်။ ဒါပေမယ့် ကလေးကဖျားနာမယ်၊ဝမ်းသွားမယ်ဆိုတဲ့ ကျန်းမာရေးပြဿနာတွေများဖြစ်တဲ့အခါ စိတ်ညစ်လိုက်တာလို့ ညည်းညူမှုက အရမ်းကိုပူပန်နေသလို စိတ်မကောင်းမှုတွေကလည်း အပြည့်ပါနော်။ ဘာလုပ်ပေးလို့လုပ်ပေးရမှန်းမသိဖြစ်နေပြီလား။ ဒါဆိုရင်တော့ ကိုယ့်ချစ်ရတဲ့ သားသားမီးမီးတို့မှာဝမ်းပျက်ဝမ်းလျှောဖြစ်ခဲ့ရင် ဘာကျွေးလို့ကျွေးရမှန်းမသိဖြစ်နေတာကို ဒီဆောင်းပါးလေးကနေဖြေရှင်းပေးပါရစေလား။ကလေးရဲ့ကိုယ်ခံအားက လူကြီးတွေလောက်မကောင်းတာတော့ အမှန်ပါ။ အထူးသဖြင့် ၂နှစ် ၃နှစ်ကလေးတွေက ဖြည့်စွက်စာအပြင် လူကြီးစာလေးတွေကို စမ်းစမ်းပြီး လျှောက်မြည်းတတ်ပါတယ်။ ဒါကြောင့် ဝမ်းပျက်ဝမ်းလျှောတာလိုမျိုးအစာခြေစနစ်ပြဿနာတွေခံစားရနိုင်ခြေက လူကြီးတွေထက်ပိုများနေနိုင်ပါတယ်။ဒီလိုဖြစ်လာတဲ့အခါ ကလေးက ငယ်သေးတော့ လူကြီးတွေလိုဆေးသောက်ဖို့ကမဖြစ်နိုင်ဘူးလေ။ ဒီတော့ အကောင်းဆုံးဖြစ်မယ့်နည်းလမ်းက အိမ်တွင်းကုထုံးလေးတွေ အားရှိစေမယ့် အစားအသောက်လေးတွေပြင်ဆင်ပေးတာမျိုးပေါ့။မိခင်နို့။မိခင်နို့ကို ကလေးနှစ်နှစ်ကျော်တဲ့အထိ တိုက်လို့ရပါတယ်။ တချို့ကလေးတွေကလည်း ဒီအရွယ်အထိ နို့မပြတ်သေးပါဘူး။ ကလေးကဝမ်းသွားနေတယ်ဆိုလို့ လန့်ပြီး နို့မတိုက်ဘဲထားတာမျိုးမလုပ်ပါနဲ့။ နို့တိုက်လို့ရပါတယ်။ ဖြည့်စွက်နို့မှုန့်တွေတိုက်နေတယ်ဆိုရင်လည်း ဆက်တိုက်ပေးလို့ရပါတယ်။အရည်များများတိုက်ပေးပါ။ဒါကတော့ ဝမ်းပျက်ဝမ်းလျှောတာအတွက် ရှေးအစဉ်အဆက်သုံးလာခဲ့တဲ့ အိမ်တွင်းကုထုံးတစ်ရပ်ပါ။ ကုန်ဆုံးသွားတဲ့ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးတဲ့သဘောပေါ့။ ဓာတ်ဆားရည်တိုက်ပေးလို့လည်း ရပါတယ်။ငှက်ပျောသီး။ကလေးကဝမ်းသွားတဲ့အခါ ကိုယ်တွင်းက ပိုတက်ဆီယမ်တော်တော်များများကိုဆုံးရှုံးသွားပါတယ်။ ငှက်ပျောသီးက ပိုတက်ဆီယမ်၊ဇင့်၊သံဓါတ်၊ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ် အပြင်ဗီတာမင် Aနဲ့ ဗီတာမင် B6 တို့ပါဝင်နေပါတယ်။ ဝမ်းသွားတာကြောင့် ကုန်ဆုံးသွားတဲ့ ဓာတ်တွေကိုပြန်ဖြည့်တင်းပေးမှာပါ။ ငှက်ပျောသီးက ကလေးတွေလည်းကြိုက်တဲ့ ဓါတ်စာတစ်ခုပါ။ပန်းသီး။ကလေးရဲ့အူမကြီးစနစ်ကို ကျန်းမာစေနိုင်တဲ့ pectin ပါဝင်နေပါတယ်။ ရေနွေးဆူဆူထဲကို စင်နေအောင်ဆေးထားတဲ့ ပန်းသီးထည့်ပြုတ်ပြီး ကလေးကိုချေကျွေးပေးပါ။ ကလေးကို အားအင်ပြည့်စေပြီး ဝမ်းပျက်တာကိုမြန်မြန်သက်သာစေနိုင်မှာပါနော်။အုန်းစိမ်းရည်။အုန်းစိမ်းရည်က ကလေးဝမ်းလျှောတာကို သိသိသာသာသက်သာစေမယ့်အရာတစ်ခုပေါ့။ သောက်ရတာ အရသာကောင်းသလို ကိုယ်တွင်းကဆုံးရှုံးသွားတဲ့အရည်ဓာတ်ကိုလည်း အပြည့်အဝပြန်ဖြည့်ပေးနိုင်ပါတယ်။ ကလေးကို တစ်နေ့မှာ အုန်းစိမ်းရည်ကို အနည်းဆုံး ၂ ကြိမ်ကနေ ၃ ကြိမ်အထိတိုက်ပေးလို့ရပါတယ်။မုန်လာဥနီ။ဝမ်းသွားတဲ့အခါ ကလေးက အားအင်တွေကုန်ခမ်းသွားသလို ရေဓာတ်တွေလည်း ဆုံးရှုံးသွားပါတယ်။ ဒီအချိန်မှာ ကုန်ဆုံးသွားတဲ့ရေဓာတ်နဲ့ အင်အားတွေကိုပြန်ဖြည့်တင်းဖို့အတွက် မုန်လာဥနီဖျော်ရည်တိုက်ပေးလို့ရပါတယ်။ မုန်လာဥနီကိုနူးနေအာင်ပြုတ်ပြီး ကြိတ်ခြေလို့ကျွေးပေးလည်းရပါတယ်။ဒါတွေအပြင် ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့ ကလေးကို အစာခြေစနစ်အတွက်အကျိုးပြုဘက်တီးရီးယားလေးတွေကို အားဖြည့်ပေးမယ့် အကျိုးပြုဘက်တီးရီးယား အာဟာရ (Prebiotic) ပါတဲ့ဖြည့်စွက်အာဟာရတွေကိုလည်း တိုက်ကျွေးပေးလို့ရပါသေးတယ်နော်။ကလေးကဝမ်းလျှောနေပြီဆိုရင် ဒါတွေမကျွေးဖို့ပြောပါရစေ။ဘက်တီးရီးယားတွေကူးစက်တာမျိုးမဖြစ်အောင် ကလေးကိုသေးခံကို ညစ်ပေတိုင်းလဲပေးပါ။ ကလေးကိုသေးခံလဲပေးတိုင်းရောဂါပိုးကူးစက်မှုမရှိစေဖို့သေးခံလဲပေးတိုင်း လက်ကိုရေနွေးနဲ့ ဆပ်ပြာမဆေးပေးပါ။ သေးခံလဲပေးတဲ့အခါတိုင်း ကလေးကို သန့်ရှင်းရေးလုပ်ပေးပါ။ကလေးက ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ မြန်မြန်ကျန်းမာလာစေဖို့ ဒီအစားအသောက်လေးတွေပြင်ဆင်ပေးပါနော်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/digestive-problems/diarrhea-in-babies/
အရိုးစွပ်ပြုတ်လေး သောက် ၊ ထမင်းပူပူလေးစားရတာ ကြိုက်တဲ့သူတွေ ရှိလားဗျို့ ။ ။
ကြက်စွပ်ပြုတ်၊ဆိတ်နံရိုးစွပ်ပြုတ်တို့ကို မကြိုက်တဲ့သူရှိမယ် မထင်ပါဘူး။ စားရတာ စိမ့်စိမ့်လေးနဲ့ အရသာလည်းရှိ၊ သံပုရာသီးလေးများ ညှစ်လိုက်ရင် ဘာပြောကောင်းမလဲ။ မွှေးမွှေးချဉ်ချဉ်လေး ခံတွင်းကိုတွေ့လို့ ။ နေကောင်းခါစ နလန်ပြန်ထစ အချိန်တွေဆို ဒါတွေကို အဓိကထားစားကြတယ်မလား။ အားပြန်ပြည့်အောင်လို့လေ။ တကယ်ပဲ ဒီလို အရိုးစွပ်ပြုတ်လေး တွေက ကျန်းမာရေးအတွက် အကျိုးတွေရှိတာလား။ ။အရိုးတစ်ခု မှာ အပြင်အရိုး၊ အတွင်း ရိုးတွင်းချဉ်ဆီနဲ့ တစ်ရှူးတွေနဲ့ ဖွဲ့စည်းထားတာကြောင့် အရိုးပြုတ်စွပ်ပြုတ်လေး တစ်ပွဲ သောက်ရင် အဲ့ဒီ ၃ မျိုးက အာဟာရတွေ အကုန်ရနိုင်ပါတယ်။ဒါ့အပြင် အရိုး၊ရိုးတွင်းခြင်ဆီနဲ့ Connective tissues တို့ဟာကော်လာဂျင် ပရိုတင်းတွေနဲ့ ဖွဲ့စည်းထားတာကြောင့် အရိုးစွပ်ပြုတ်တစ်ခွက်မှာ glycine နဲ့ amino acids တွေလည်း ပါပါသေးတယ်။ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ များတာကြောင့်အာဟာရတွေ အတော်အသင့်ရပါတယ်။ ဒါ့အပြင် အရိုးစွပ်ပြုတ်တစ်ခွက်ပေးတဲ့ အခြား ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်။ဒီလိုနည်းနဲ့ အရိုးစွပ်ပြုတ်တွေက အရိုးတွေကို သန်မာစေတယ်၊အဆစ်အမြစ်တွေရဲ့ လှုပ်ရှားမှုကို ချောမွေ့စေတယ်၊ အိပ်စက်ခြင်းကို အားပေးပြီး နဲ့ဦးနှောက်စွမ်းဆောင်ရည်ကိုလည်း တိုးမြင့်စေနိုင်ပါတယ်။ဒါပေမယ့် ပိုပြီး အာဟာရပြည့်ဝစေဖို့ အရိုးစွပ်ပြုတ်အပြင် အသားကိုပါ စားပေးဖို့ လိုပါတယ်။ အရိုးကနေရတဲ့ အာဟာရက အကန့်အသတ်ရှိတာကြောင့် အသားပါစားပါမှ အာဟာရအပြည့်ရမှာ ဖြစ်ပါတယ်။ရေးသားသူ- Dr Thin Yadanar @ Frances။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/bone-broth/
ကပ္ပယ်အိတ် ( scrotum) တစ်ဝိုက်ယားယံတာ ဘာ့ကြောင့်ဖြစ်ရတာလဲ။ ။
အမျိုသားတို့ကပ္ပယ်အိတ်ပေါ်က အရေပြားလေး ယားယံတာမျိုး ဖြစ်ဖူးကြပါသလား။ တစ်နေ့ခင်းလုံး ဘာလက္ခဏာမှ မပြဘဲညကျမှ ယားယံတာမျိုး ဖြစ်တတ်ကြပါသလား။ ပုံမှန်ဆို ဒီ ကပ္ပယ်အိတ်ပေါ်က အရေပြားလေးက ယားမနေသင့်ဘူးလေ။ ဒါတွေ ဘာ့ကြောင့်ဖြစ်ရတာလဲ။ တစ်ကိုယ်ရည်သန့်ရှင်းမှု အပိုင်း အားနည်းလို့လား။ အခြား ကျန်းမာရေး ပြဿနာတွေ ရှိလို့လား။ခုလို ပူတဲ့ေနွရာသီဆို ပိုဆိုးတာပေါ့။ ကိုယ်ဝတ်ထားတဲ့အတွင်းခံက ချွေးတွေစိုနေတဲ့အပြင် တစ်နေ့လုံးလည်း ဝတ်ထားရတော့ ယားဖို့ အခွင့်အရေးပိုများသွားပြီပေ့ါ။ ဒါကို တစ်နေ့တစ်ထည် အတွင်းခံ မလဲဘဲ ပြန်ပြန်ဝတ်နေရင်တော့ တစ်ကိုယ်သန့်ရှင်းမှု အပိုင်းမှာ သုညပဲဗျို့။ ဒါပေမယ့် ဒီလို တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းလို့ ဖြစ်ရတဲ့ ပြဿနာတွေက သန့်ရှင်းရေးလုပ်လိုက်တဲ့အခါ ပျောက်သွားတာများပါတယ်.။တစ်ကိုယ်ရည်သန့်ရှင်းမှုလည်းရှိရက်နဲ့ကပ္ပယ်အိတ်တစ်ဝိုက်ယားယံနေပြီဆိုရင်တော့ ဒါ ကျန်းမာရေးနဲ့ဆိုင်တဲ့ ပြဿနာတစ်ခုခုကြောင့် ဖြစ်ဖို့အလားအလာများသွားပါပြီ။ ဒါဆို ဘာတွေလဲဆက်ကြည့်ရအောင် ။ ။ပူအိုက်တဲ့ရာသီကြောင့်လိင်အဂါၤတစ်ဝိုက်ခြောက်သွေ့တာမျိုး ဖြစ်တဲ့အခါ၊ တစ်နေကုန် သွားလာလှုပ်ရှားနေရလို့ ချွေးစိုတဲ့ အတွင်းခံနဲ့ ကပ္ပယ်အိတ်ပေါ်က အရေပြားနဲ့ ပွတ်တိုက်မှု များနေတဲ့အခါ အရေပြားက အထိမခံဖြစ်လာပြီး ယားယံခြင်း စတင်ပါတော့တယ်။ လက္ခဏာတွေကတော့။ကိုယ်ခန္ဓါပေါ်မှာ မျက်လုံးမြင်နိုင်ဖို့ ခက်ခဲတဲ့ သတ္တဝါလေးတွေ အများကြီးနေထိုင်ပါတယ်။ အဲဒီ အထဲကမှ နယ်မြေတော်တော်များများမှာ မင်းမူပြီး ဒုက္ခပေးနေတာ အထင်ရှားဆုံးကတော့ မှိုရောဂါပေါ့။ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းတဲ့အခါ၊ အကာအကွယ်မသုံးဘဲ လိင်ဆက်ဆံမိတဲ့အခါမျိုးမှာလိင်အဂါၤတစ်ဝိုက် သူတို့စပြီး သောင်းကျန်းလာပေါတော့တယ်။အဲဒီ အထဲမှာ နာမည်အကြီးဆုံးကတော့ candidiasisလို့ခေါ်တဲ့ မှိုရောဂါပဲ ဖြစ်ပါတယ်။ သူတို့စပြီး အားကောင်းလာတဲ့အခါ ကပ္ပယ်အိတ်တစ်ဝိုက် ပိုးဝင်သလိုမျိုး လက္ခဏာတွေဖြစ်ပြီး စပြီး ယားယံလာပါတော့တယ်။ လက္ခဏာတွေကတော့။သူကတော့ herpes virus လို့ခေါ်တဲ့ ဗိုင်းရပ်စတ်လိင်အဂါၤတစ်ဝိုက်မှာရေယုန်ရောဂါ ဖြစ်နေသူနဲ့ လိင်ဆက်ဆံမိတဲ့အခါ၊ ရေယုန်ဖြစ်နေတဲ့ အရေပြားနဲ့ ထိမိတဲ့အခါမှာ ရေယုန်ရောဂါ ကူးစက်လာနိုင်ပါတယ်။ လိင်အဂါၤတစ်ဝိုက်ရေယုန်ပေါက်ခြင်း ရဲ့ လက္ခဏာတွေကတော့။ဒါကလည်း လိင်ဆက်ဆံရာက တစ်ဆင့် ကူးစက်တဲ့ ရောဂါဖြစ်ပြီး ဘက်တီးရီးယားတစ်မျိုးကြောင့်ဖြစ်ရတာပါ။ သူ့ရဲ့ လက္ခဏာတွေကတော့။တစ်ကိုယ်ရည်သန့်ရှင်းမှု မရှိလို့ ဖြစ်တဲ့ ယားယံခြင်း ပြဿနာတွေကတော့ တစ်ကိုယ်ရည်သန့်ရှင်းရေးကိုပြန် ဂရုစိုက်လိုက်တဲ့အခါကျ သက်သာသွားမှာပါ။ ဒါပေမယ့် ယားယံခြင်းကို ဖြစ်စေတဲ့ အခြား ကျန်းမာရေး ပြဿနာအများကြီးကလည်း ရှိသေးတာကြောင့် သူ့ကိုဖြစ်စေတဲ့ အကြောင်းအရင်းကို သေချာကုသမှ ပျောက်သွားနိုင်မှာပါ။ ဒါ့ကြောင့် မပေါ့ဆဘဲ ဆရာဝန်နဲ့တိုင်ပင်ကာ ယားယံခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းကို သေချာရှာပြီး ကုသဖို့လိုပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/itching-scrotum/
Breast Uplift (ရင်သားတင်းရင်းရန် ပြုပြင်ခွဲစိတ်ခြင်း)
ရင်သားတင်းရင်းရန် ပြုပြင်ခွဲစိတ်ခြင်းဆိုတာ အလှအပဆိုင်ရာ ခွဲစိတ်ပြုပြင်မှုဖြစ်ပြီး ရင်သားမှာ ပိုနေတဲ့အရေပြားတွေကို ဖယ်ထုတ်ပြီး ပုံသွင်းခြင်း ဖြစ်ပါတယ်။ အရေပြားနဲ့ တစ်သျှူးများကို ငယ်စဉ်ကလိုပဲ တင်းရင်းအောင် ပြန်လည်ပြုပြင် ခွဲစိတ်ခြင်း ဖြစ်ပါတယ်။ဒါ့အပြင် နို့သီးခေါင်းပတ်လည်က တဖြည်းဖြည်း ကြီးထွားလာတဲ့ အရောင်မည်းခြင်းကို လျှော့ချနိုင်ပါတယ်။ရင်သားလျော့ရဲစေတဲ့ အကြောင်းရင်းတွေကတော့။– ကိုယ်ဝန်ရှိခြင်း။– ကလေးနို့တိုက်နေခြင်း။– ကိုယ်အလေးချိန် အတက်အျကရှိခြင်း။– အသက်အရွယ်ကြီးလာခြင်း။– မြေဆွဲအား။– မျိုးရိုးလိုက်ခြင်းစတာတွေ ဖြစ်ပါတယ်။ကိုယ်ဝန်ရှိချိန်၊ နို့တိုက်ချိန်၊ ကိုယ်အလေးချိန် ကျချိန်တွေမှာ ရင်သားတင်းရင်းခြင်းကို အဓိက ပျက်စီးစေတဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အသက်ကြီးလာတာနဲ့အမျှ ရင်သားတွေဟာ လျော့ရဲ့လာပါတယ်။အောက်ပါအခြေအနေတွေကို ပြန်လည်ပြင်ဆင်နိုင်ဖို့ ရင်သားခွဲစိတ်ခြင်းကို လုပ်ဆောင်ပါတယ်။– ရင်သားနှစ်ဘက် လျော့ရဲတွဲကျနေခြင်း။– ရင်သားများ ပျော့အိလျော့ရဲကာ တင်းရင်းမှု မရှိတော့ခြင်း။– နို့သီးခေါင်းနှစ်ခု အောက်စိုက်နေခြင်း။– ကိုယ်အလေးချိန် ရုတ်တရက် ကျဆင်း၍ တင်းအားလျော့ကာ အရေပြားများ တွန့်လာခြင်း။များသောအားဖြင့် အမျိုးသမီးများဟာ ဒီခွဲစိတ်ခြင်းကို ခံယူပြီးချိန်မှာ ကျေနပ်မှုရှိကြပါတယ်။ ဒါပေမယ့် ရင်သားကြီးမားအောင် ခွဲစိတ်ခြင်းနဲ့ ပေါင်းစပ်ရင် ပိုပြီး ကြည့်ကောင်းပါတယ်။ခွဲစိတ်မှုမလုပ်ခင်မှာ သတိပြုရမယ့်အချက်တွေကို သိထားဖို့ အရေးကြီးပါတယ်။ သိလိုတာတွေရှိရင် ဆရာဝန်ကို မေးမြန်းပါ။ခွဲစိတ်မှုကို မေ့ဆေးနဲ့ လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ မခွဲစိတ်ခင် ၆နာရီလောက်ကစပြီး အစာမစားဖို့ သင့်ကို ညွှန်ကြားပါလိမ့်မယ်။ အဓိကကတော့ မေ့ဆေးဆရာဝန်ရဲ့ အကြံဉာဏ်ကို လိုက်နာဖို့ပါပဲ။ဆေးရုံမှာ သူနာပြုတွေဟာ နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန် စစ်ဆေးခြင်း၊ ဆီးစစ်ခြင်း စတာတွေကို လုပ်ဆောင်ပေး ပါလိမ့်မယ်။ ခွဲစိတ်ဆရာဝန်ဟာလည်း ဘယ်တွေပြင်ဆင် ထားရမယ်ဆိုတာ ညွှန်ကြားပါလိမ့်မယ်။ မခွဲစိတ်ခင် ရင်သားဓါတ်မှန် ရိုက်ဖို့ လိုအပ်ပါတယ်။ဒီခွဲစိတ်မှုကို မခံယူခင်မှာ သတိပြုရမယ့်အချက်တွေနဲ့ သတိပေးချက်တွေကို နားလည်သိရှိထားဖို့ လိုပါတယ်။ သိလိုတဲ့အချက်တွေရှိရင် သင့်ရဲ့ခွဲစိတ်ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးပါ။ခွဲစိတ်မှုကို မေ့ဆေးနဲ့ လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ မခွဲစိတ်ခင် ၆နာရီလောက်ကစပြီး အစာမစားဖို့ သင့်ကို ညွှန်ကြားပါလိမ့်မယ်။ အဓိကကတော့ မေ့ဆေးဆရာဝန်ရဲ့ အကြံဉာဏ်ကို လိုက်နာဖို့ပါပဲ။ဆေးရုံမှာ သူနာပြုတွေဟာ နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန် စစ်ဆေးခြင်း၊ ဆီးစစ်ခြင်း စတာတွေကို လုပ်ဆောင်ပေး ပါလိမ့်မယ်။ ခွဲစိတ်ဆရာဝန်ဟာလည်း ဘယ်တွေပြင်ဆင် ထားရမယ်ဆိုတာ ညွှန်ကြားပါလိမ့်မယ်။ မခွဲစိတ်ခင် ရင်သားဓါတ်မှန် ရိုက်ဖို့ လိုအပ်ပါတယ်။ခွဲစိတ်မှုဟာ မိနစ် ၉၀ ထိ ကြာနိုင်ပါတယ်။ခွဲစိတ်ဆရာဝန်ဟာ နို့သီးခေါင်းပတ်လည်မှာ ခွဲစိတ်ရာပေးပြီး နို့သီးခေါင်းရဲ့ အောက်ခြေကို ခွဲပါလိမ့်မယ်။ ပိုနေတဲ့အရေပြားတွေကို ဖယ်ထုတ်ပြီး ရင်သားကို ပြန်လည်ပုံသွင်းပါတယ်။ နို့သီးခေါင်းကို ပိုမြင့်လာအောင် မြှင့်တင်ပါတယ်။သိလိုတဲ့အချက်တွေရှိရင် စိုးရိမ်ပူပန်မှုတွေရှိရင် ပိုသိရအောင် သင့်ရဲ့ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ပါ။ရင်သားတွေ အရောင်ပြောင်းသွားပြီး တင်းမာပြီး ဖောင်းလာနိုင်ပါတယ်။ ခွဲတဲ့နေ့မှာပဲ အိမ်ပြန်နိုင်ပါတယ်။၂ပတ်၃ပတ်အတွင်း ပုံမှန်လှုပ်ရှားမှုတွေ ပြန်လုပ်နိုင်ပါတယ်။ အလုပ်အမျိုးအစားပေါ် မူတည်ပြီး ၂ပတ်လောက်ကြာရင် လုပ်ငန်းခွင် ပြန်ဝင်နိုင်ပါတယ်။ ၂ပတ်လောက်ကြာပြီးတဲ့အထိ လှုပ်ရှားမှု အမျိုးအစားတွေကို (ဥပမာ ကလေးချီခြင်း) ကန့်သတ်ထားနိုင်ပါတယ်။လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းဟာ ပုံမှန်လှုပ်၇ှား သွားလာနိုင်တဲ့ အနေအထားကို မြန်မြန် ရောက်နိုင်ပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ပါ။ခွဲစိတ်မှုရဲ့ရလာဒ်ဟာ ၆လအတွင်း တဖြည်းဖြည်းနဲ့ သက်သာကောင်းမွန်လာပါလိမ့်မယ်။ ရင်သားများဟာ နူးညံ့လာပြီး သဘာဝအတိုင်း ဖြစ်လာပါလိမ့်မယ်။သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-procedures-and-surgeries/breast-uplift-%e1%80%9b%e1%80%84%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8%e1%80%90%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%94%e1%80%ba-%e1%80%95%e1%80%bc%e1%80%af/
ကျန်းမာတဲ့သုက်ရည်- ပိုမိုကောင်းမွန်တဲ့မျိုးအောင်နိုင်စွမ်း
အမျိုးသားတွေဟာ ၉လလွယ်ဆယ်လဖွားဆိုတဲ့ ကိုယ်ဝန်ဆောင်ကာလတွေကိုမဖြတ်ကျော်ရပေမယ့်လည်း သူတို့ဟာ အသက်တစ်ချောင်းဖြစ်ပေါ်လာဖို့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်လှုပ်ရှားရပါတယ်။ မျိုးဥနဲ့ပေါင်းစည်းပြီး သန္ဓေတည်နိုင်ဖို့ ကျန်းမာသန်စွမ်းတဲ့ သုကပိုးတွေကို ထုတ်ပေးရတယ်လေ။ သုက်ပိုးတွေရဲ့ အရည်အသွေးဟာ သင့်ကလေးရဲ့ကျန်းမာရေးအခြေအနေကိုဆုံးဖြတ်ပေးနိုင်ပါတယ်။ သင့်အမျိုးသားရဲ့သုက်ပိုးကို ကျန်းမာသန်စွမ်းအောင်ပြုလုပ်ပေးနိုင်တဲ့ ရိုးရှင်းတဲ့အချက်၄ချက်ကို ဖော်ပြထားပေးပါတယ်။ကိုယ်အလေးချိန်နည်းလွန်းခြင်း သို့မဟုတ် များလွန်းခြင်းဟာ အမျိုးသားတွေရဲ့ သုက်ပိုးအပေါ် သက်ရောက်မှုရှိနိုင်ပြီး ကြင်ဖော်၂ဦးချစ်တင်းနှီးနှောမှုကိုလည်း အဆုံးသတ်ပေးသလိုဖြစ်သွားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်အလေးချိန်ပြဿနာဟာ အမျိုးသားရဲ့ လိင်စိတ်ဆန္ဒနဲ့ စွမ်းဆောင်ရည်ကို သက်ရောက်စေနိုင်လို့ပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေစားသုံးခြင်းနဲ့ ရက်သတ္တပတ်ရဲ့ နေ့ရက်အများစုမှာ ကိုယ်ကာယလှုပ်ရှားမှု တွေပြုလုပ်ခြင်းက ကျန်းမာတဲ့အလေးချိန်ကို ထိန်းသိမ်းထားပေးနိုင်ပါတယ်။ ဒီလိုအစားအစာတွေထဲမှာ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အနှံနဲ့ နို့ထွက်ပစ္စည်းတွေပါဝင်ပါတယ်။အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ လုံးတီးအနှံတွေနဲ့ အဆီနည်းပရိုတိန်းတွေဟာ အမျိုးသားတွေအတွက် အရည်အသွေးအကောင်းဆုံးသုက်ပိုးတွေကိုထုတ်ပေးနိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့အာဟာရဓါတ်တွေချို့တဲ့ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် စီနဲ့ အီး၊ ဇင့်နဲ့ ဖောလစ်အက်ဆစ်တွေကလည်း အထူးအရေးကြီးလှပါတယ်။ ဆေးကောင်တာတွေမှာဝယ်ယူရရှိနိုင်တဲ့အားဆေးတွေဖြစ်တဲ့ အမျိုးသားများအတွက် Fertil Aid နဲ့ Fertility Blend for Menတွေမှာ sperm-friendly ဗီတာမင်တွေနဲ့ သတ္တုဓါတ်တွေပါဝင်ပြီး စိတ်ချယုံကြည်စွာသောက်သုံးနိုင်ပါတယ်။ ဒါပေမယ့် ဒါတွေက ကိုယ်ဝန်ရရှိနိုင်မယ့်အခြေအနေတွေကို ဆထက်ထမ်းပိုးတိုးစေနိုင်မယ်လို့ သက်သေပြထားတာတွေတော့မရှိပါဘူး။အရက်အလွန်အကျွံသောက်ခြင်းဟာ သုက်ပိုးဖြစ်ပေါ်မှုနဲ့ လုပ်ဆောင်ချက်တွေ လျော့နည်းသွားမှုနဲ့ဆက်စပ်နေပါတယ်။ အရက်ကိုအသင့်အတင့်သောက်ခြင်းနဲ့ အမျိုးသားတွေရဲ့မျိုးအောင်နိုင်စွမ်းကြားထဲက တိကျတဲ့ဆက်စပ်မှုဟာ ရှင်းရှင်းလင်းလင်း ဖြစ်မနေပေမယ့် ဖခင်လောင်းတွေဟာ အန္တရာယ်ကင်းစေနိုင်ဖို့အတွက် တစ်ရက်ကို အများဆုံးအရက်၂ခွက်ကိုသာ ကန့်သတ်ပြီးသောက်သုံးသင့်ပါတယ်။ဆေးလိပ်သောက်ခြင်းကလည်း သုက်ပိုးအရေအတွက်ကိုနည်းစေပြီး သုက်ပိုးတွေရဲ့ ရွေ့လျားမှုကိုလည်း နှေးကွေးစေပါတယ်။ သူတို့ရဲ့ကူးခတ်နှုန်းကို ဆထက်ထမ်းပိုးတိုးစေဖို့အတွက် သင့်အမျိုးသားက ဆေးလိပ်သောက်တာကို ရပ်သင့်ပါတယ်။ အတတ်နိုင်ဆုံးအမြန်ရပ်လိုက်တာက ပိုကောင်းနိုင်ပေမယ့် သင်ကိုယ်ဝန်ဆောင်ဖို့ကြိုးစားနေချိန်မတိုင်မီ အနည်းဆုံး၃လအတွင်း ဆေးလိပ်လုံးဝပြတ်သွားဖို့ ရည်မှန်းချက်ထားပြီး ကြိုးစားဖြတ်သင့်ပါတယ်။သူဟာ ဆေးခြောက်နဲ့ အခြားသော တရားမဝင်ဆေးဝါးတွေကိုလည်း ရပ်လိုက်သင့်ပါပြီ။ သုက်ပိုးတွေဟာ ဒီဆေးဝါးတွေကြောင့်ထိခိုက်နိုင်ပြီး ကိုကိန်း၊ဆေးခြောက်နဲ့အခြားသော မူးယစ်ဆေးဝါးတွေကိုသုံးစွဲနေကြတဲ့ ခင်ပွန်းသည်ရှိတဲ့အမျိုးသမီးတွေဟာ ကိုယ်ဝန်ပျက်ကျနိုင်ချေပိုများပါတယ်။အမျိုးသားတစ်ယောက်ရဲ့ ကပ်ပယ်အိတ်တွေပူလွန်းတဲ့အခါမှာ သုက်ကောင်တွေကိုပျက်စီးစေနိုင်ပါတယ်။ ဒါဟာ ကပ်ပယ်အိတ်တွေက ခန္ဓါကိုယ်အပြင်ဘက်မှာရှိနေရခြင်းရဲ့အကြောင်းရင်းပါပဲ။ ဒါကြောင့် သူတို့ကို ကျန်တဲ့ခန္ဓါကိုယ်အစိတ်အပိုင်းတွေထက် အနည်းငယ်ပိုအေးတဲ့ဒီဂရီတွေမှာ ရှိနေပါစေ။ သင့်အမျိုးသားဟာ ချွေးထုတ်ခြင်း၊ ရေပူစိမ်ခြင်းနဲ့ super hot baths တွေကို မပြုလုပ်တာသေချာပါစေ။ ဒါ့အပြင် အရမ်းကိုကြပ်နေတဲ့အဝတ်အစားတွေ ဥပမာ စက်ဘီးစီးဘောင်းဘီလိုမျိုး မဝတ်စေခြင်းက ပိုကောင်းပါလိမ့်မယ်။တကယ်လို့ အမျိုးသားတစ်ယောက်က တောင်တက်စက်ဘီးစီးခြင်းကို မိုင်အတော်များများသွားခဲ့ပြီဆိုရင် သူ့မှာ ကပ်ပယ်အိတ်ပျက်စီးခြင်းဖြစ်စေနိုင်ပြီး ကလေးရနိုင်ချေကို လျှော့ချပစ်လိုက်ပါတယ်။ အနားယူဖို့မကြာခဏရပ်ခြင်း၊ အခုအခံပါတဲ့ စက်ဘီးစီးဘောင်းဘီတိုဝတ်ခြင်းနဲ့ အခုအခံပါတဲ့ထိုင်ခုံကို သုံးခြင်းတွေဟာ အဆိုပါအမျိုးသားက လမ်းကြမ်းစက်ဘီးစီးသမား (road biker)ဖြစ်နေပါစေ အထက်ပါပြဿနာတွေကိုလျှော့ချပေးနိုင်ပါတယ်။ဆရာဝန်ထံမှာ Preconception check-up (ကြိုတင်စစ်ဆေးခြင်း)ပြုလုပ်ထားတာဟာ အမျိုးသားရော အမျိုးသမီးအတွက်ပါကောင်းမွန်ပါတယ်။ ဒီစစ်ဆေးမှုဟာ ကျန်းမာရေးနဲ့ပတ်သက်တဲ့အချက်တွေအပြင် ကိုယ်ဝန်ဆောင်နိုင်မယ့်အခွင့်အလမ်းမြင့်မားလာဖို့ ဘာတွေလုပ်နိုင်မလဲဆိုတဲ့ ယေဘုယျအကြံဉာဏ်အချို့ကို ပေးစွမ်းနိုင်ပါတယ်။ ဆရာဝန်တွေဟာ မိသားစုရာဇဝင်ကိုပြန်ကြည့်တာမျိုးနဲ့ ကိုယ်ဝန်ဆောင်နိုင်ချေ တိုးတက်လာဖို့ ဘာတွေလုပ်ပေးနိုင်မယ်ဆိုတာကို သေချာအကြံဉာဏ်ပေးနိုင်ပါလိမ့်မယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/fertility-problems-and-treatment/%e1%80%80%e1%80%ba%e1%80%94%e1%80%b9%e1%80%b8%e1%80%99%e1%80%ac%e1%80%90%e1%80%b2%e1%80%b7%e1%80%9e%e1%80%af%e1%80%80%e1%80%b9%e1%80%9b%e1%80%8a%e1%80%b9-%e1%80%95%e1%80%ad%e1%80%af%e1%80%99%e1%80%ad/
Ulcerative Colitis (အစာခြေလမ်းကြောင်းတွင် အနာများဖြစ်ခြင်း)
ulcerative colitis (UC) ဆိုတာ အစာချေလမ်းကြောင်းမှာ အနာဖြစ်စေတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ အရည်တွေကနေ အူအသေးတွေနဲ့ အူမကြီးမှာ အစာပျော်ဝင်အောင် ပြုလုပ်ပေးခြင်းကြောင့် အနာတွေကို ပြန့်နှံ့စေပါတယ်။၎င်းအနာတွေဟာ သွေးထွက်တတ်ပြီး ပြည် သို့ အချွဲတွေလဲ ထွက်လာတတ်ပါတယ်။ အရည်တွေက အစာချေလမ်းကြောင်းကနေ အူမကြီးဆီရောက်ပါတယ်။ အူမကြီးဟာ ခဏခဏအစာကို ကုန်အောင်လုပ်ရတာကြောင့် တခခါတစ်ရံ ဝမ်းလျှောခြင်းကို ဖြစ်စေပါတယ်။UC က ကျား/မ မရွေးဖြစ်နိုင်ပြီး မျိုးရိုးဗီဇနဲ့လဲ ဆိုင်သလို ရှိပါတယ်။ ဒီရောဂါ ဖြစ်ပွားတတ်တာတော့ အသက် ၁၅ နှစ် နှင့် ၃၅ နှစ်အတွင်း ဖြစ်နိုင်ပါတယ်။ လူအများစုမှာUC ကို တသက်လုံးဖြစ်နေတာတွေ ရှိပါတယ်။ လူနာတစ်ဝက်လောက်မှာ ရောဂါလက္ခဏာအနည်းငယ်သာ တွေ့ရပါတယ်။ တခြားသူတွေမှာ ပိုပြီးဆိုးဝါးတဲံ ကိုက်ခဲမှုတွေနဲ့ ခဏခဏဖြစ်တတ်တာကို တွေ့ရပါတယ်။အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့ ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်း၊ သွေးဝမ်းသွားခြင်း နှင့် ချွဲဝမ်းသွားခြင်းတို့ ဖြစ်ကြပါတယ်။ နောက်ဖေးသွားခြင်းဖြင့် ဗိုက်ဘယ်ဘက်ပိုင်းအောင့်ခြင်းကို သက်သာစေပါတယ်။UC က ပိုဆိုးလာမယ်ဆိုလျှင် ဝမ်းလျှောတာက တရက်ထက်တရက် ပိုများလာပါလိမ့်မယ်။ ရောဂါပြန်ဖြစ်ခြင်းက ဖြစ်နိုင်ပါတယ် သို့သော် လူနာ ၇၅% လောက်ကတော့ ပျောက်ကင်းသွားကြပါတယ်။တခြားလက္ခဏာတွေကတော့ မောပန်းခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ခံတွင်းပျက်ခြင်းနှင့် ဖျားခြင်းတို့ ဖြစ်ကြပါတယ်။ အူအပြင်ဘက် လက္ခဏာတွေ အနေနဲ့ အဆစ်ကိုက်ခဲခြင်း အထူးသဖြင့် ဒူးဆစ်၊ခြေချင်းဝတ်နှင့် လက်ကောက်ဝတ်တွေမှာ ပိုဆိုးပါတယ်။ အမြင်ပိုင်းဆိုင်ရာ ပြသနာတွေလဲ ဖြစ်လာနိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ သွေးအလွန်အကျွံထွက်ခြင်း၊ အူပေါက်ခြင်း နှင့် အစာအိမ်ရောင်ခြင်းတို့ ဖြစ်ကြပါတယ်။ အစာခြေလမ်းကြောင်းတွင် အနာများဖြစ်ခြင်း (Ulcerative colitis) ဖြစ်နေတဲ့ သူတွေမှာ အူမကြီးကင်ဆာ ဖြစ်ဖို့ ပိုများပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဖြစ်စေတဲ့ အရာကိုတော့ သေချာ မသိရသေးပါ။ အရင်တုန်းကတော့ အစားမမှန်တဲ့သူတွေ၊ စိတ်ဖိစီးမှုတွေကြောင့် ဖြစ်တယ်လို့ ထင်ခဲ့ကြပေမယ့် ဒီအရာတွေက ဖြစ်ပွားမှုကို လှူံ့ဆော်ပေးတဲ့ အရာတွေသက်သက် ဖြစ်ပြီး တကယ့် အစာခြေလမ်းကြောင်းတွင် အနာများဖြစ်ခြင်း (Ulcerative colitis) ရဲ့ ဖြစ်စေတဲ့ အရာတွေ မဟုတ်ပါဘူး။တခြားဖြစ်နိုင်တာကတော့ ကိုယ်ခံအားစနစ် ချို့ယွင်းတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ကိုယ်ခံအားစနစ်က ဗိုင်းရပ်စ် တွေ ဘက်တီးရီးယား တွေကို တိုက်ထုတ်တဲ့ အခါမှာ မူမမှန်တဲ့ စနစ်ရဲ့ တုန့်ပြန်မှု အနေနဲ့ ကိုယ်ခံအားစနစ်ဟာ အစာချေဆဲလ်တွေကို မှားပြီး တိုက်ထုတ်ကြပါတယ်။မျိုးရိုးဗီဇဟာလဲ အစာခြေလမ်းကြောင်းတွင် အနာများဖြစ်ခြင်း (Ulcerative colitis) မှာ ပါဝင်ပတ်သတ်နေပါသေးတယ်။ အစာခြေလမ်းကြောင်းတွင် အနာများဖြစ်ခြင်း (Ulcerative colitis) ဖြစ်ဖူးတဲ့ မိသားစုဝင်ရှိနေခြင်းဟာ သင့်ကိုလည်း ဒီရောဂါဖြစ်လာနိုင်စေပါတယ်။ သို့သော် တော်တော်များများမှာတော့ မိသားစုထဲမှာ မဖြစ်ဖူးကြပါ။ဒီရောဂါ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်ဆရာဝန်က သင့်မိသားစုကျန်းမာရေးကို လေ့လာခြင်း နှင့် လက်တွေ့စမ်းသပ်ခြင်းတို့ကို လုပ်ပါလိမ့်မယ်။ ဆရာဝန်က ဝမ်းနမူနာနှင့် သွေးနမူနာတို့ကို ယူပြီး သွေးထွက်ခြင်းနှင့် ရောဂါပိုးရှိမရှိ စစ်ဆေးပါလိမ့်မယ်။ အစာခြေလမ်းကြောင်းတွင် အနာများဖြစ်ခြင်း (Ulcerative colitis) ကို အစာအိမ်ကြည့် မှန်ပြောင်းနဲ့ ကြည့်ခြင်းဖြင့် တွေ့နိုင်ပါတယ်။ ဒီလုပ်ငန်းစဉ်မှာ ကွေးနိုင် ဆန့်နိုင်ပြီး မီးပါတဲ့ မှန်ပြောင်းကို အူမကြီးတွင်းထည့်ကာ ကြည့်ရှုစစ်ဆေးပါတယ်။ အူမကြီး မှ တစ်ရှူးအသားစ ယူပြီးလဲ မိုက်ခရိုစကုပ်အောက်မှာ ကြည့်ပြီး အဖြေရှာနိုင်ပါတယ်။ကုသခြင်းရဲ့ ရည်မှန်းချက်ကတော့ ရောဂါလက္ခဏာတွေသက်သာဖို့နဲံ နောက်ဆက်တွဲရောဂါမဖြစ်ဖို့ ပဲ ဖြစ်ပါတယ်။အစာခြေလမ်းကြောင်းတွင် အနာများဖြစ်ခြင်း (Ulcerative colitis)ကိုကုရာမှာ အသုံးများတဲ့ ဆေးတွေကတော့ အရောင်ကျဆေးများ mesalamine, sulfasalazine, olsalazine and steroids တို့ပဲဖြစ်ပါတယ်။ Mesalamie က ရောဂါပြန်မဖြစ်အောင်နဲ့ ရောဂါလက္ခဏာအသေးစားတွေကို သက်သာအောင် သို့ ပိုဆိုးမလာအောင် ထိန်းချုပ်ပေးတဲ့ အနေနဲ့ သုံးပါတယ်။ အရေးကြီးတဲ့ ရောဂါလက္ခဏာတွေ အတွက်ကတော့ ဆေးရုံတက်၊ အစာအိမ်ကို အနားပေး(ဘာမှမစား) ပဲ အကြောဆေးသာ သွင်းရပါမယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် အစာခြေလမ်းကြောင်းတွင် အနာများဖြစ်ခြင်း (Ulcerative colitis) ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/inflammatroy-bowel-disease/ulcerative-colitis-%e1%80%a1%e1%80%85%e1%80%ac%e1%80%b1%e1%80%bb%e1%80%81%e1%80%9c%e1%80%99%e1%80%b9%e1%80%b8%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%90%e1%80%bc-2/
လေ့ကျင့်ခန်းလိုက်စားခြင်းဖြင့် လူ့ဘဝသက်တမ်းကို မြှင့်တင်ကြမယ်
လေ့ကျင့်ခန်းလိုက်စားခြင်းဖြင့် လူ့ဘဝသက်တမ်းကို မြှင့်တင်ကြမယ် ….. လေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်အလှအပအတွက်သာမက ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ပါ အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်တယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ကလေးဘဝက စလို့ လူကြီးဖြစ်လာတဲ့အထိ လေ့ကျင့်ခန်းလိုက်စားခြင်းဖြင့်အရွယ်တင်နုပျိုကျန်းမာစေသလို ရုတ်တရက်သေဆုံးနိုင်ခြေကိုလည်း ၃၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပါတယ်။လေ့ကျင့်ခန်းလိုက်စားခြင်းဖြင့် လူ့ဘဝသက်တမ်းကို မြှင့်တင်ကြမယ် ဆိုတော့။အားကစား လုပ်ခြင်းဖြင့် အဆုတ်၊နှလုံးကို အားကောင်းလာစေတယ်။ အသက်ကို ဝဝလင်လင် ရှူရှိုက်ရတဲ့အပြင်သွေးလည်ပတ်မှုနှုန်း မြန်ဆန်လာခြင်းကြောင့် နှလုံးကို ကျန်းမာစေတယ်။ အဆီနဲ့ကယ်လိုရီတွေကို လောင်ကျွမ်းစေလို့အဝလွန်ခြင်းကို ကာကွယ်ပေးပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန်တစ်ခု ဖြစ်အောင် ထိန်းညှိပေးနိုင်ပါတယ်။ဒါ့အပြင် လေ့ကျင့်ခန်း လုပ်ခြင်းဟာ လူတစ်ယောက်ရဲ့အစာစားချင်စိတ်ကို မြှင့်တင်ပေးသလို ကျန်းမာစွာ စားသောက်နေထိုင်ခြင်းကို လိုက်နာစေဖို့ အားပေးအားမြှောက်ပြုပေးတယ်။အလုပ်ခွင်မှာ ပင်ပန်းညောင်းကိုက်နေသမျှ ဒဏ်တွေကို အားကစားလုပ်ခြင်းဖြင့် သက်သာလန်းဆန်းသွားစေသလိုညဘက်မှာ ကောင်းစွာ အိပ်ပျော်နိုင်ဖို့အတွက်လည်း ကူညီပေးနိုင်ပါတယ်။စိတ်နဲ့ ခန္ဓာသည် အပြန်အလှန် မှီခိုဆက်စပ်နေတာ သဘာဝပါ။ ရုပ်ခန္ဓာက ကျန်းမာလာတဲ့အခါစိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာတွေနဲ့ ကြုံလာရရင်တောင် လူတွေက ပိုပြီး ခံနိုင်ရည်ရှိသွားတယ်။ လောကကြီးနဲ့ လူတွေအပေါ် အကောင်းမြင်စိတ်တွေ ထားတတ်လာမယ်။ လန်းလန်းဆန်းဆန်း ဖြစ်လာပြီး တစ်နေ့တာကို ပျော်ရွှင်စွာနဲ့ ဖြတ်ကျော်သွားနိုင်မယ်။ ခန္ဓာကိုယ်ကပါ အရင်ကလို မဟုတ်ဘဲ ပြောင်းလဲလှပလာတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း တိုးလာစေနိုင်ပါတယ်။၁။ကလေးတွေအတွက် အပြင်ထွက်ပြီး အချိန်နဲ့ ဆော့ကစားခွင့်ပေးလိုက်ပါ။ အားလပ်ရက်တွေမှာ မိသားစုလိုက် လေ့ကျင့်ခန်းလုပ်တာ၊ရေကူးသင်ပေးတာမျိုး၊ လုပ်ပေးပါ။ မိဘတွေပါ သားသမီးတွေနဲ့ အတူလေ့ကျင့်ခန်းလိုက်စားခြင်းဖြင့် ပိုပျော်ဖို့ကောင်းသလို ကလေးတွေအတွက်လည်း လေ့ကျင့်ခန်း လုပ်ချင်စိတ် ပိုဖြစ်မိမှာပါ။၂။ လူငယ်ပိုင်းတွေအနေနဲ့ အမြဲတမ်း ငြိမ်ငြိမ်လေး ထိုင်တာမျိုး မလုပ်ပါနဲ့။ တစ်နေ့ကို အနည်းဆုံး မိနစ် ၂၀၊ နာရီဝက်ခန့်လမ်းလျှောက်တာ၊ ပြေးတာမျိုး လုပ်ပေးပါ။ အချိန်ပေးနိုင်ရင်တော့ Gym မှာ နည်းပြဆရာနဲ့ အတူ စနစ်တကျ လေ့ကျင့်ခန်းလုပ်၊အလေးမတာမျိုး လုပ်ပေးပါ။၃။ လူကြီးပိုင်းတွေအနေနဲ့ အပြင်းအထန်လေ့ကျင့်ခန်းလုပ်တာမျိုးထက်စာရင် ပေါ့ပေါ့ပါးပါးနဲ့ အားစိုက်ထုတ်စရာ မလိုတဲ့ လေ့ကျင့်ခန်းမျိုးတွေကို ဦးစားပေးပါ။ လမ်းလျှောက်တာ၊ယောဂကျင့်တာ၊ အေရိုးဗစ် ကိုယ်ကာယ လေ့ကျင့်ခန်းမျိုးဆိုရင် အဆင်ပြေပါတယ်။၄။ လေ့ကျင့်ခန်းကို လုံးဝမလုပ်တာထက် တစ်နေ့အနည်းငယ်ပဲ လုပ်ပေးနိုင်ရင်တောင် အကျိုးထူးရှိပါတယ်။ နေ့စဉ် လုပ်ပေးနိုင်ရင်တော့ စိတ်နဲ့ ခန္ဓာ ကျန်းမာရေးအတွက် အကောင်းဆုံး ဖြစ်မှာပါ။၅။ လေ့ကျင့်ခန်းကိုအလှအပတစ်ခုတည်းအတွက် မဟုတ်ဘဲ ကျန်းမာရေးရှုထောင့်ကနေပါ လိုက်စားပေးဖို့တော့ လိုပါတယ်။ လေ့ကျင့်ခန်းအပြင် အစာအာဟာရကို ဂရုစိုက် စားသုံးခြင်း၊အိပ်ချိန်ကို ပြည့်ဝစွာ အိပ်စက်အနားယူခြင်း၊ ကျန်းမာရေးကို ထိခိုက်စေမယ့် အပြုအမူတွေကို ရှောင်ရှားခြင်းဖြင့်လည်း လူ့ဘဝသက်တမ်းကို မြှင့်တင်ပေးနိုင်ပါတယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/exercises-and-longetivity/
ဝမ်းသွားပြီးနောက်ပိုင်း သွေးတစ်စက် တစ်စက်ကျနေတာ ဘာဖြစ်လို့လဲ ။
ဝမ်းသွားပြီး နောက်ပိုင်းစအိုကနေ သွေးတစ်စက်ပြီး တစ်စက်ကျလာတာ ပုံမှန် မဟုတ်ဘူးဆိုတာ လူတိုင်းသိမှာပါ။ အများစုသိကြတာကတော့ ဒီလို ဝမ်းသွားပြီး သွေးဆင်းရင်လိပ်ခေါင်းရှိနေတာ ဖြစ်နိုင်တယ်ဆိုတာပါ။မှန်ပါတယ်။ ဝမ်းသွားပြီးနောက်ပိုင်းသွေးဆင်းတာဟာလိပ်ခေါင်းရောဂါရဲ့ အဓိက လက္ခဏာပါ။ ဒါပေမယ့် ဒီလို ဝမ်းသွားပြီး သွေးဆင်းတဲ့ပြဿနာဟာ လိပ်ခေါင်းရောဂါ တစ်ခုတည်းကြောင့် ဖြစ်တာတော့ မဟုတ်ပါဘူး။ သူ့ကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ ဘာတွေလဲဆိုတာ ဆက်ကြည့်လိုက်ရအောင် ။ ။ဝမ်းသွားပြီးနောက်ပိုင်း သွေးဆင်းတဲ့ ပြဿနာကို အဖြစ်များတာ( common causes )နဲ့ အဖြစ်နည်းတာ ( rare causes ) ဆိုပြီး ၂ မျိုးခွဲလိုက်လို့ရပါတယ်။ဝမ်းသွားပြီးနောက်ပိုင်း သွေးဆင်းခြင်းကို အဖြစ်များစေတဲ့ ပြဿနာတွေကတော့။ဒါတွေကတော့ ဝမ်းသွားပြီးနောက်ပိုင်း သွေးဆင်းခြင်းကို ဖြစ်စေတဲ့ ပြဿနာတွေပဲ ဖြစ်ပါတယ်။ ဒီလို ဝမ်းသွားပြီးနောက်ပိုင်း သွေးဆင်းခြင်းကို အဖြစ်များစေတဲ့ အကြောင်းအရာတွေကဝမ်းချုပ်ခြင်းကစတာဖြစ်တဲ့အတွက် ကြောင့် ဝမ်းမှန်အောင် အသီးအရွက်များများစားပါ။ ရေများများသောက်ပါ။ ကိုယ်လက်လှုပ်ရှားမှုလေးတွေ သောက်ပေးပါ ။ ။ဒီလိုဝမ်းသွားပြီးတိုင်း သွေးဆင်းနေတဲ့ ပြဿနာဖြစ်တာ ၃ ရက်လောက်ထိ ဆက်တိုက်ဖြစ်နေပြီ။ လုံးဝကို ပြန်မပျောက်ဘူးဆိုရင် ဆရာဝန်ဆီ သွားပြပြီး ဖြစ်ရတဲ့ အကြောင်းအရင်းကိုသေချာရှာပြီး ကုသဖို့တော့ လိုတယ်နော် ။ ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/rectal-bleeding/
အရာရာကို ဘာလို့ အမြင် မကြည်ရတာလဲ
အမြင် မကြည်ဘူး ဆိုတဲ့ စကားက အဓိပ္ပာယ် နှစ်ခွ ထွက်နိုင်ပါတယ်။ တစ်ယောက်ယောက်ကို ကြည့်မရတာ၊ အဆိုးမြင်နေတာ ဆိုတဲ့ သဘောရယ်၊ အမြင်အာရုံ ကိုက ကြည့်လို့မကောင်းတာ၊ မှုန်ဝါးဝါး ဖြစ်လာတာရယ်ပေါ့။ဒီဆောင်းပါးမှာတော့ မျက်စိကျန်းမာရေးနဲ့ ပတ်သက်တဲ့ အမြင်မကြည်ပုံလေး ကို ရည်ညွှန်းပါတယ်နော်။ ဘာလို့ အမြင်မကြည်ရတာလဲ ဆိုတော့ ဖြစ်နိုင်ခြေ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။တီဗီ၊ကွန်ပျူတာသို့မဟုတ် ဖုန်းကို အကြာကြီး ကြည့်နေတတ်တဲ့သူလား။ ဒီလို ကြည့်တဲ့အခါ မျက်တောင်ခတ်တာနည်းတတ်ပါတယ်။ မျက်တောင်တစ်ခါခတ်တိုင်းမှာ မျက်လုံးထဲမှာ မျက်ရည်တွေကဖြန့်ကြက်ပြီး အစိုဓာတ်ပေးနိုင်တယ်။ လန်းဆန်းစေတယ် ။ဒါ့ကြောင့် မျက်စိမညောင်းရအောင် ဒီလိုအကြာကြီးကြည့်တဲ့အခါ မကြာခဏ မျက်တောင်ခတ်ဖို့ကို မမေ့ပါနဲ့။မျက်စိ အသုံးပြုရတာများလို့ အပါအဝင် အကြောင်းရင်းအမျိုးမျိုးကြောင့်အဝေးမှုန်၊ အနီးမှုန်မျက်စိပါဝါရှိလာတာ ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ မျက်စိကျန်းမာရေးစစ်ဆေးပြီး မျက်မှန်လုပ်လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။အသက် ၄၀လောက် ရောက်တဲ့အခါ စာဖတ်တာက အစ အနီးကပ် အာရုံစိုက်ရ အဆင်မပြေတော့တာ သတိထားမိလာပါလိမ့်မယ်။ ဒါဟာ အသက်ကြီးလာရင် ဖြစ်လေ့ရှိတဲ့ ပုံမှန်လက္ခဏာတစ်ခု ပါပဲ။ လိုအပ်တဲ့ မျက်စိကျန်းမာရေး စစ်ဆေးမှု လုပ်ကြည့်ပြီး စာကြည့်မျက်မှန်၊ ပါဝါမျက်မှန်တွေ ဖြစ်ဖြစ် ဆရာဝန်နဲ့ တိုင်ပင်ပြီး အသုံးပြုသင့်ပါတယ်။သွေးတွင်းသကြားဓာတ်ကို ကောင်းကောင်း မထိန်းချုပ်နိုင်တဲ့အခါ မျက်စိမှန်ဘီလူးအတွင်းကို အရည်တွေ စိမ့်ဝင်စေနိုင်ပြီး ဖောင်းလာစေပါတယ်။ ဒါကို ကုသမှုမလုပ်မချင်း ဆက်ပြီးဖြစ်နေနိုင်တဲ့လက္ခဏာပါ။သကြားဓာတ်ပမာဏ ပုံမှန်ဖြစ်မှ မှန်ဘီလူးလည်း ပုံမှန်ပြန်ဖြစ်မှာပါ။ ဆီးချိုရောဂါရှိတဲ့သူတွေမှာ Retinopathy မျက်စိရောဂါ ဖြစ်နိုင်ခြေ ပိုများတာကြောင့် အမြင်အာရုံ မှုန်ဝါးလာရင်ဆီးချိုကိုလည်း သတိပြုပါ။မျက်လုံးမှာ ထိခိုက်ထားတာ တစ်ခုခုရှိနေတာလည်း ဖြစ်နိုင်ပါတယ်။ မျက်ကပ်မှန် တပ်ရင်း အိပ်မိတာ၊ သေချာမသန့်စင်တာ၊ သိမ်းဆည်းပုံမမှန်ကန်ဘဲ ပစ်ထားတာတွေက မျက်စိကိုရောဂါပိုးဝင်စေနိုင်ပါတယ်။ ဆိုရီရေးစစ်အရေပြားရောဂါ၊ လေးဘက်နာအဆစ်ရောင်ရောဂါတို့လို ခန္ဓာကိုယ်တခြားအစိတ်အပိုင်းတွေမှာဖြစ်တဲ့ ကိုယ်ခံအားဆိုင်ရာရောဂါတွေကြောင့်လည်း မျက်စိကိုရောင်ရမ်းစေတတ်ပါတယ်။အမြင် မကြည်တာအပြင် အားနည်းပြီး ခေါင်းမူးနေတာကိုပါ ခံစားနေရလား။ ဒါက ရေဓာတ်ခမ်းခြောက်တာကြောင့် သွေးပေါင်ကျနေတာလည်း ဖြစ်နိုင်ပါတယ်။ သောက်သုံးနေရတဲ့ ဆေးဝါးတချို့ကြောင့်၊ နှလုံးနဲ့ ဆိုင်တဲ့ ပြဿနာတချို ကြောင့်၊ အာဟာရ မပြည့်လို့၊ ဟော်မုန်း မညီမျှလို့ ၊ အိပ်ရေးပျက်လို့ စတာတွေက သွေးပေါင်ကျပြီး အမြင်အာရုံ ဝေဝါးစေတဲ့ အကြောင်းရင်းတွေထဲ ပါဝင်ပါတယ်။ဒီလိုဖြစ်လာရင် မျက်စိအာရုံကြောမှာ ဖိအားဖြစ်စေပြီး ထိခိုက်မှု အန္တရာယ် ရှိစေနိုင်ပါတယ်။ အလင်းရောင်ကို ကြည့်လိုက်တဲ့အခါ အစက်အပျောက်လေးတွေ မြင်နေရတယ် ဆိုရင်၊ မျက်စိ နီရဲနေပြီး နာကျင်လာတယ် ဆိုရင်၊ ပျို့အန်ချင်နေတယ် ဆိုရင် acute angle glaucoma ဆိုတဲ့ ရေတိမ်အမျိးအစား ဖြစ်နေနိုင်ပါတယ်။ရေတိမ်က ဆက်ဖြစ်လာတာ မြန်တတ်လို့ မကုသရင် သိပ်မကြာခင်မှာပဲ အမြင်အာရုံကို ဆုံးရှုံးရနိုင်ပါတယ်။ပုံမှန်ဆို ကြည်လင်နေရမယ့် မျက်စိမှန်ဘီလူးမှာ တစ်ခုခုပိတ်ကာနေသလိုခံစားရတာမျိုး မြင်နေရတာပါ။ အတွင်းတိမ်တွေက အသက် ၅၅ နှစ်နောက်ပိုင်းမှာ တဖြည်းဖြည်းချင်းဖြစ်လာတတ်ပါတယ်။ဒါပေမယ့် လူငယ်တွေမှာလည်း (ကလေးတွေမှာတောင်) ဖြစ်နိုင်ခြေ ရှိပါတယ်နော်။ မျက်စိထဲမှာ အရောင်တွေ မှိန်နေပြီး ညဘက်ဆို သိပ်မမြင်ရတော့ဘူး ဆိုရင် ဆရာဝန် အမြန်ပြသင့်ပါတယ်။ သင့်တော်တဲ့ မျက်မှန်တပ်ပြီး ကုသမှုခံယူလို့ ရနိုင်ပေမယ့် လိုအပ်ရင် ခွဲစိတ်မှုလည်းလုပ်ရနိုင်ပါတယ်။ခေါင်းထိခိုက်လို့ သတိလစ်တာ ဒါမှမဟုတ် ဦးနှောက်ထိခိုက်မှုဖြစ်ထားရင် မျက်စိလုပ်ဆောင်ချက်တွေကို ထိခိုက်စေနိုင်ပါတယ်။ ဦးနှောက်အကျိတ်ဆိုလည်း ဖြစ်တဲ့နေရာ သို့မဟုတ် အရွယ်အစားကိုမူတည်ပြီး အမြင်အာရုံကို ထိခိုက်စေနိုင်တယ်။အမြင်နှစ်ထပ် ဖြစ်ခြင်းက ဦးနှောက်ရောင်ရောဂါရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတစ်ခု မဟုတ်ပေမယ့် အမြင်အာရုံမှုန်ဝါးခြင်းက တချို့မှာ လေဖြတ်ခါနီးရင် ဖြစ်တတ်ပါတယ်။(၁၀) မြင်လွှာထိခိုက်ထားတာ။အစားအသောက်ကြောင့်၊ဆေးလိပ်သောက်ခြင်း၊မျက်စိ ထိခိုက်မှု ဖြစ်ဖူးခြင်း၊ မျက်စိရောဂါ ဖြစ်ဖူးခြင်း၊ သွေးတိုး၊ ကိုလက်စထရောများခြင်းနဲ့ ဆီးချိုရောဂါတို့ကြောင့် မြင်လွှာထိခိုက်မှုကို ဖြစ်စေနိုင်ပါတယ်။ဒါတွေက ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းတွေထဲက တချို့ကို ဖော်ပြထားတာဖြစ်လို့ တခြားအကြောင်းရင်းတွေလည်း ရှိနိုင်ပါတယ်။ ကိုယ့်မျက်လုံးနဲ့ အမြင်အာရုံမှာ ထူးခြားတဲ့၊ ပုံမှန်နဲ့မတူတဲ့ လက္ခဏာတွေ ရှိလာတာ သတိထားမိတယ် ဆိုရင် ဆရာဝန် အမြန်ပြပြီး စစ်ဆေးမှုခံယူတာ ကောင်းပါတယ်။မျက်လုံးဆိုတာ နုနယ်လွန်းတဲ့ အရေးကြီးအစိတ်အပိုင်းဖြစ်တာမို့ အမြဲလိုလို အမြင် မကြည် ဖြစ်နေရင် ပေါ့ပေါ့ဆဆ မနေသင့်ပါဘူးနော်။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/vision-impairment-loss/why-you-have-blurred-vision/
အူကျွံတဲ့ ရောဂါနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အချက်တွေ ။ ။
အူကျွံတဲ့ ရောဂါနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အချက်တွေ က ဘာတွေများ ဖြစ်မလဲ အတူတူ လေ့လာကြည့်လိုက်ရအောင်နော်။အူကျွံတဲ့ ရောဂါနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အချက်တွေ ကတော့။Q – အူကျွံတယ်ဆိုတာဘာလဲ ။ ။အူကျွံတယ်ဆိုတာ ဗိုက်ထဲက အားလျော့နေတဲ့ ကြွက်သားနေရာကနေအူအစိတ်အပိုင်းတချို့ ထွက်လာပြီး ဗိုက်ထဲကနေပေါင်ခြံနေရာကို ရောက်သွားတာကိုခေါ်တာပါ။ အမျိုးသားတွေ မှာအဖြစ်များပြီး ကျွံတဲ့အူက ကပ္ပာယ်အိတ်ထဲ ဝင်ရာကနေ ကပ္ပာယ်အိတ်ကြီးလာတတ်ပါတယ်။Q – အူကျွံနေတာကို ဘယ်လိုခံစားသိရှိနိုင်သလဲ ။ ။အလေးအပင်မလိုက်တဲ့အခါ ၊ချောင်းဆိုးလိုက်တဲ့အခါမှာ တင်းကနဲဖြစ်ပြီး ကျွံနေတဲ့ နေရာက ဖောင်းဖောင်းပြီး နာလာရင် အူကျွံတာဖြစ်နေနိုင်ပါတယ်။ အပေါက်ရှိနေတာကြောင့် အိပ်လိုက်ရင် ဗိုက်ထဲပြန်ဝင်သွားတတ်ပြီး ချောင်းဆိုးလိုက်ရင် ပြန်ဆင်းလာတတ်ပါတယ်။Q – အူကျွံတာ ဘယ်နှစ်မျိုးရှိသလဲ ။ ။အူကျွံတာက ပေါင်ခြံတစ်ဘက်တည်းရော၊ နှစ်ဘက်စလုံးမှာရော ဖြစ်တတ်ပါတယ် ။ အူကျွံတာ ၂ မျိုးရှိပါတယ်။၁ – Indirect inguinal hernia –မွေးရာပါ ဗိုက်ထဲက ကြွက်သားတွေ ကောင်းကောင်း မဖွံဖြိုးသေးတာကြောင့် အူကျွံ့ရတာဖြစ်ပြီးမွေးကင်းစကလေးတွေ မှာ အဖြစ်များပါတယ်။၂ – Direct inguinal hernia –သက်လတ်ပိုင်းအမျိုးသားတွေမှာ အဖြစ်များပြီး အသက်ကြီးလာတာ၊ အလေးအပင်မလွန်းရာ၊ဝမ်းသွားရင် ညှစ်လွန်းရာကနေ ကြွက်သားတွေ အားလျော့လာပြီး အူတွေကျွံလာရတာဖြစ်ပါတယ်။Q – ဘယ်သူတွေက အဖြစ်များလဲ ။ ။မိန်းကလေးတွေထက်စာရင် ယောက်ျားလေးတွေဖြစ်တာပိုများပါတယ်။ ယောက်ျားလေးတွေထဲမှာမှ အသက် ၄၀ ကျော်တဲ့သူတွေက ပိုဖြစ်နိုင်ပါတယ်။ ဒါ့အပြင် မျိုးရိုးထဲမှာအူကျွံဖူးတဲ့သူရှိရင်၊ ဆေးလိပ်သောက်ရင်၊ ဝမ်းဗိုက်ခွဲစိတ်မှု ပြုလုပ်ခဲ့ဖူးရင် အူကျွံနိုင်တဲ့ အလားအလာပိုများပါတယ်။Q – အူကျွံတဲ့ လက္ခဏာတွေက ဘာများလဲ ။ ။Q – အူကျွံတဲ့ ရောဂါက စိုးရိမ်ရလား ။ ။အူကျွံတာက ချက်ချင်းကြီး အသက်အန္တရာယ်ကို ထိခိုက်စေတဲ့ရောဂါတစ်ခုမဟုတ်ပါဘူး။ ဒါပေမယ့် ဆေးကုသမှု သေချာမခံယူရင်တော့ နောက်ဆက်တွဲဆိုးကျိုးတွေ ဆက်ဖြစ်နိုင်ပြီး အသက်အန္တရာယ်ကို ထိခိုက်လာနိုင်ပါတယ်။Q – အူကျွံတာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ဘာများလဲ ။ ။အသက်ကိုထိခိုက်နိုင်တဲ့ အူကျွံတာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့။Incarcerated hernia – ဒါက ပေါင်ခြံထဲကို ကျွံသွားတဲ့ အူတွေ ညက်နေပြီး အပေါ်ကို ပြန်မတက်နိုင်တော့တာကို ပြောတာပါ။Strangulated hernia – ဒါကတော့ Incarcerated hernia ဖြစ်ပြီးနောက်ပိုင်း ပေါ့ပေါ့ဆဆနေလိုက်တဲ့အခါ နောက်ဆက်တွဲဖြစ်လာမယ့် အရာတစ်ခုပါ။ ကျွံသွားရာက ပိတ်ပြီး ညက်နေတဲ့ အူတွေ အပေါ်ပြန်မတက်နိုင်တော့တဲ့အခါ သွေးလုံလောက်စွာ မရတော့လို့ ကျွံနေတဲ့ အူအစိတ်အပိုင်း ပုပ်သွားတာကို ပြောတာပါ။ ဒီအဆင့်ဆိုရင်တော့ အရေးပေါ် အခြေအနေ ရောက်နေပါပြီ။ အူတွေပုပ်သွားရာကနေ ပိုးတွေဝင်သွားနိုင်ပြီး တစ်ကိုယ်လုံး သွေးဆိပ်ပြန့်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ဒါ့ကြောင့် အရင်ဆင်းလိုက်ပြန်တက်လိုက်ဖြစ်နေတဲ့ အူကျတာ ဆင်းတုန်းကတော့ဆင်းသွားပါရဲ့။ ဗိုက်ထဲပြန်မဝင်တော့ဘဲ ညက်နေတဲ့ လက္ခဏာမျိုးရှိနေပြီဆိုရင် ဆေးရုံကို စောစောသွားပြီး ကုသမှုခံယူတာအကောင်းဆုံးပါ။Q – အူကျွံတာက သူ့ဘာသာသူ ပြန်ပျောက်သွားနိုင်လား။ ဆေးကုသမှု မခံယူဘဲထားလို့ရလား ။အူကျွံတဲ့ ပြဿနာဟာ သူ့ဘာသာသူ ပြန်ပျောက်မသွားတတ်ပါဘူး။ ဆေးကုသမှု ခံကိုခံယူရပါမယ်။ ဆေးကုမှုမှာတောင် သောက်ဆေးသောက်ရုံ အူက ပြန်မတက်သွားနိုင်တာကြောင့် အားနည်းနေတဲ့ဗိုက်ကြွက်သားကို ပြန်ပြင်ဖို့ ခွဲစိတ်မှု လုပ်ပြီး အူကျွံတာကို ကုသရပါတယ်။Q – အူကျွံတာ မဖြစ်အောင် ကြိုတင်ကာကွယ်လို့ရလား ။ ။ဗိုက်အတွင်းက ကြွက်သားတွေ အားနည်းတာကို ကြိုတင်ကာကွယ်လို့မရပါဘူး။ ဒါပေမယ့် အားနည်းတာပိုဆိုးမသွားအောင်တော့ ဒီအချက်တွေ လိုက်လုပ်ပြီး တားဆီးလို့တော့ရပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/hernia/
မလိုချင်တဲ့ အမွေးအမျှင်တွေကို ဖယ်ရှားချင်သူတွေအတွက် နည်းလမ်းကောင်းတစ်ခု
ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေ တိုင်းကတော့ လူတိုင်းမလိုချင်ကြပါဘူးနော်။ဆံပင်၊မျက်ခုံးမွေးနဲ့ မျက်တောင်မွေးတွေက လွဲလို့ပေါ့။ အထူးသဖြင့် အလှကြိုက်တဲ့လေဒီလေးတွေဆိုရင် မလိုချင်တဲ့အမွေးအမျှင်တွေက တော်တော်လေးများမှာပါ။ ဒီလို ဆိုတာနဲ့ အမွေးအမျှင်တွေကို အမြဲရိတ်နေတကလည်း အဆင်တော့သိပ်မပြေလှပါဘူး။ တစ်ခါရိတ်ထားရင် တစ်ပတ်လောက်ပဲခံတာမျိုးဆိုတော့ အပတ်စဉ်အလုပ်ရှုပ်နေရပြီပေါ့။ ဒီပြဿနာကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းရှာနေတာဆိုရင်တော့ နည်းလမ်းကောင်းလေးတစ်ခုရှိပါတယ်။ခန္ဓာကိုယ်ပေါ်က မလိုချင်တဲ့အမွေးအမျှင်တွေကို ဖယ်ရှားနိုင်တဲ့ နည်းလမ်းတွေက တစ်ခုမကရှိပါတယ်။ဒီထဲကမှာ အချိန်တော်တော်ကြာတဲ့အထိ လှည့်ကြည့်စရာမလိုတာကြောင့် အလုပ်များတဲ့လေဒီလေတွေအတွက် အဆင်ပြေစေမယ့်နည်းလမ်းတစ်ခုကတော့ IPL ကုထုံးသုံးပြီး အမွေးအမျှင်တွေကို ဖယ်ရှားတာပါ။IPL (Intense Pulsed Light) ကုထုံးဆိုတာဘာလဲ……….။ခန္ဓာကိုယ်ပေါ်ကမလိုလားအပ်တဲ့ အမွေးအမျှင်တွေကိုအထိရောက်ဆုံးဖယ်ရှားပေးနိုင်တဲ့ကုထုံးတစ်ရပ်ပါ။ IPL ဆိုတာက ရောင်ခြည်တန်းကို အသုံးပြုပြီး အမွေးအမျှင်တွေကိုဖယ်ရှားတဲ့အလှအပရေးရာကုထုံးတစ်မျိုးပါ။အရေပြားအောက်က မွေးညှင်းအိတ်ကလေးတွေကို လုပ်ဆောင်မှုနှေးကွေးသွားရောင် ရောင်ခြည်ကို အသုံးပြုပြီး လုပ်ဆောင်တဲ့ ကုထုံးတစ်ရပ်ပါ။ မြင်သာတဲ့အမွှေးအမျှင်တွေ (ဥပမာ- ချိုင်းမွေး၊ခြေသလုံးမွေး)တွေကိုဖယ်ရှားဖို့ဆိုရင် အနည်းဆုံး ကုထုံးကို ၁ ကြိမ်မကခံယူဖို့လိုပါမယ်။ တစ်ကြိမ်တည်းနဲ့တော့ သိသာမှုရှိမှာ မဟုတ်လို့ပါ။ သတ်မှတ်ထားတဲ့ ကုထုံးအကြိမ်ရေအတိုင်းခံယူပြီးရင်တော့ မလိုချင်တဲ့ အမွေးအမျှင်တွေကို အပြီးတိုင် ဖယ်ရှားလိုက်နိုင်မှာ အသေအချာပါ။IPL ကုထုံးခံယူရင် အချိန်ဘယ်လောက်ကြာမှာလဲ…..။IPL ကုထုံးခံယူမယ်ဆိုရင် ခန္ဓာကိုယ်ပေါ်က နေရာတွေကိုလိုက်ပြီး အချိန်အပိုင်းအခြားကလည်း ကွာခြားနိုင်ပါတယ်။ ခြေထောက်တွေနဲ့ချိုင်းလိုနေရာမျိုးဆိုရင်တော့ တစ်နာရီက နေ ၂ နာရီလောက်အထိကြာမြင့်နိုင်ပါတယ်။မျက်နှာပေါ်က မွေးညှင်းလေးတွေကိုဖယ်ရှားမယ်ဆိုရင်တော့ မိနစ်ပိုင်းလောက်ပဲ ကြာမြင့်မှာဖြစ်ပါတယ်။ဘယ်နှကြိမ်လောက် ကုထုံးခံယူရမလဲ………။မြင်သာတဲ့အမွေးအမျှင်တွေ (ဥပမာ- ချိုင်းမွေး၊ခြေသလုံးမွေး)တွေကိုဖယ်ရှားဖို့ဆိုရင် အနည်းဆုံး ကုထုံးကို ၈ ကြိမ် ကနေ ၁၀ ကြိမ်အထိခံယူဖို့လိုပါမယ်။ တစ်ကြိမ်တည်းနဲ့တော့ သိသာမှုရှိမှာ မဟုတ်ပါဘူး။ ၆ ကြိမ်ကနေ ၈ကြိမ်လောက်ထိ ကုသမှုခံယူပြီးရင်တော့ မလိုချင်တဲ့ အမွေးအမျှင်တွေကို အပြီးတိုင်နီးပါး ဖယ်ရှားလိုက်နိုင်မှာ အသေအချာပါ။ဘယ်လောက်တစ်ကြိမ် လုပ်ဆောင်ပေးရမလဲ……..။အမွေးအမျှင်တွေကို အပြီးတိုင်နီးပါးဖယ်ရှားနိုင်ဖို့အတွက် ကုထုံးကို အနည်းဆုံး ၆ ကြိမ်ကနေ အများဆုံး ၈ ကြိမ်ထိခံယူဖို့လိုပါမယ်။ တစ်ကြိမ်နဲ့တစ်ကြိမ်ကြားမှာတော့ အနည်းဆုံး ၄ ပတ်လောက်ခြားထားသင့်ပါတယ်။IPL ကုထုံးရဲ့ ထိရာက်မှုကရော ဘယ်လိုလဲ……။IPL ကုထုံးခံယူလိုက်တဲ့အခါ အမွေးအမျှင်တွေကို တော်တော်လေးထိထိရောက်ရောက်ဖယ်ရှားနိုင်တာကိုတွေ့ရမှာဖြစ်ပြီး မလိုချင်တဲ့အမွေးအမျှင်တွေကို ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိဖယ်ရှားပေးနိုင်မှာပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%99%e1%80%9c%e1%80%ad%e1%80%af%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%80%90%e1%80%b2%e1%80%b7-%e1%80%a1%e1%80%b1%e1%80%99%e1%82%8a%e1%80%b8%e1%80%a1%e1%80%99%e1%80%bd%e1%80%ba%e1%80%84%e1%80%b9/
ပန်းသီး သေးသေးလေး ကြိုက်ကြလား။
ပန်းသီး သေးသေးလေး တွေကို စားဖူးကြလား။ အဝါရောင် ဖျော့ဖျော့လေး အနီရဲရဲလေးနဲ့ အရောင်အသွေးက လှသလို ပုံမှန် ပန်းသီးထက် ဆိုဒ်သေးနေတာလေးက ချစ်စရာ ကောင်းလှပါတယ်။ဒီလို ချစ်စရာ ကောင်းတဲ့ ပန်းသီး သေးသေးလေးတွေက အမြင်မှာ ချစ်စရာကောင်းသလို အရသာလည်း ကောင်းပါတယ်။ ဒါတင်မကသေးတာကကျန်းမာရေးကိုလည်း ထောက်ကူပေးနိုင်တာပါ။ ဘယ်လို ထောက်ကူပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ပန်းသီးသေးသေးလေးတွေဆိုတာက ပန်းသီး မျိုးရင်းဝင် တစ်မျိုးပါ။ သဘာဝအတိုင်း ပေါက်ရောက်တတ်တဲ့ ပန်းသီး တစ်မျိုးပါ။ ပန်းသီးနဲ့ ပုံစံတူပေမယ့် အရွယ်အစားကတော့ သေးငယ်ပါတယ်။အချိုမကဲဘဲ အချဉ်ဘက်ကို နည်းနည်းလုတဲ့ အရသာ ရှိပါတယ်။ အပင်ကြီးပင်ဖြစ်ပြီး အသီးလေးတွေကတော့ အခိုင်လိုက် သီးတတ်ပါတယ်။ အရွယ်က အကြီးဆုံး အနေနဲ့တရုတ်ဇီးချိုသီး အရွယ်လောက် ရှိပါပြီ။ပန်းသီး သေးသေးလေးတွေမှာ။ပန်းသီး သေးသေးလေးတွေမှာ ပန်းသီးလိုပဲ အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ အာဟာရတန်ဖိုးကွာတာကြောင့် ပန်းသီး တစ်လုံးမှာပါတဲ့ ပမာဏ ရစေဖို့ဆိုရင် အရွယ်တော် ၃ လုံးလောက် စားပေးဖို့တော့ လိုပါမယ်။ပန်းသီး သေးသေးလေး တွေက ကျန်းမာရေးကို အခုလို ထောက်ပံ့ပေးပါတယ်။ပန်းသီး သေးသေးလေးတွေမှာ phenolic ဒြပ်ပေါင်း ပါဝင်နေပါတယ်။ ဒီလို ကြွယ်ဝတာက အရသာတိုးစေပြီး အရောင်အသွေး လှစေဖို့ လုပ်ဆောင်ပေးတာ မဟုတ်ပါဘူး။ အဆိပ်အတောက်တွေကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင် ပစ္စည်းကြွယ်ဝတာကြောင့် ကျန်းမာရေးကို ထောက်ကူပေးသလို အရေပြား ကျန်းမာစေဖို့လည်း အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ကင်ဆာဖြစ်နေသူတွေမှာလည်း ကင်ဆာကျိတ်တွေ ကြီးလာတာကို ဟန့်တားပေးသလို ကင်ဆာဆဲလ်တွေ ပြန့်တာကို တားဆီးပေးပါတယ်။ပန်းသီး သေးသေးလေးတွေမှာ bioactive components ပါဝင်နေတာကြောင့် သွေးတွင်းကိုလက်စထရော ပမာဏကို ကျဆင်းစေနိုင်ပါတယ်။ သွေးတွင်း အဆီများတဲ့သူတွေ စားသုံးဖို့ သင့်တော်ပါတယ်။ တစ်နေ့ကို ၃ လုံးလောက် ပုံမှန် စားသုံးပေးဖို့ လိုပါမယ်။ဗီတာမင် C ပါဝင်နေတာကြောင့် ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝပြီး ကိုယ်ခံအား ကောင်းစေနိုင်ပါတယ်။ သွေးဖြူဥဆဲလ်တွေ ဖြစ်ပေါ်အောင် လှုံ့ဆော်ပေးပြီး ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ဗီတာမင် A က မျက်လုံး ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ ပန်းသီး သေးသေးလေး တွေမှာ ဗီတာမင် A ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အမြင်အာရုံကို ကျန်းမာစေပြီးကြက်မျက်သင့်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ဒီတော့ ကျန်းမာရေး ကောင်းစေဖို့ အခုလို ပန်းသီး သေးသေးလေးတွေကို စားပေးလို့ ရပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/crab-apple-benefits/
အသင့်စား အစာတွေfast food တွေက သင့်ကို ကလေးမရတာ ဖြစ်စေနိုင်သလား
အသင့်စား အစာတွေfast food တွေက သင့်ကို ကလေးမရတာ ဖြစ်စေနိုင်သလား ကလေးမရနိုင်တာဟာ အိမ်ထောင်သည်အများစုအတွက် အရေးကြီးတဲ့ ပြဿနာ တခုပါ။ သင့်ဘေးနားပတ်ဝန်းကျင်မှာ ကလေးမရနိုင်တဲ့ စုံတွဲတွေကို သင်တွေ့မိမှာပါ။ လွန်ခဲ့တဲ့ နှစ်ကာလတွေတုန်းက ကလေးမရနိုင်ဖူးဆိုတာ အင်မတန်ရှားပေမယ့် လက်ရှိအချိန်မှာတော့ စုံတွဲငါးတွဲမှာ တတွဲဟာ ဒီပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် ဒီဆောင်းပါးမှာ သဘာဝအတိုင်း ကိုယ်ဝန်ရနိုင်ဖို့အတွက် သိထားဖို့လိုတဲ့ သတင်းလေးတွေ နဲ့ နည်းလမ်းလေးတွေကို သင်ရှာဖွေ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဆောင်းပါးမှာ အခုကျွန်တော်တို့ ဆွေးနွေးချင်တာက လက်ရှိခေတ်ရဲ့ ကံအကောင်းဆုံးလို့ ပြောလို့ရသလို ကံအဆိုးဆုံးလို့လည်း ပြောလို့ရတဲ့ အချက်ကိုပါ။အသင့်စား အစာတွေ (ကြက်ကြော်၊ဟမ်ဘာဂါ၊အာလူးကြော် စတာတွေပေါ့)ဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အပြင် ဈေးလည်း ပေါလှတယ်ရယ် မဟုတ်တဲ့အတွက် မစားကြပါနဲ့လို့ ပြောတာတွေကို သင်မကြာခဏ ကြားကောင်းကြားမိပါလိမ့်မယ်။ဒါပေမယ့် ကျွန်တော်တို့ အတော်များများဟာ ကြက်ကြော်တို့၊ဘာဂါတို့ကို အပြစ်မမြင်ဘဲ အချစ်တွေသာတဖွားဖွားဝင်ပြီး အခွင့်ကြုံလည်းစား၊မကြုံလည်း ကြုံအာင်လုပ်ပြီး စားလေ့ရှိကြပါတယ်။ ကြက်ကြော်စားမလား ဒါမှမဟုတ် ဘာဂါလေး၊အာလူးချောင်းကြော်လေးစားရအောင်လေ ဆိုရင် ကျွန်တော်တို့တွေခမျာ ငြင်းဆန်နိုင်စရာ စွမ်းအားတွေမရှိ ဖြစ်တတ်ကြပါတယ်။အမေရိကန်နဲ့ စပိန်ပညာရှင်တွေ ပူးပေါင်းပြုလုပ်တဲ့ လေ့လာချက်အသစ်တခုအရ ဒီလို အစားအစာမျိုးတွေ အထူးသဖြင့် trans fat လို့ခေါ်တဲ့ အဆီတမျိုးပါဝင်တဲ့အစားအစာတွေဟာ ကျန်းမာသန်စွမ်းငယ်ရွယ်တဲ့ အမျိုးသားတွေရဲ့သုက်ကောင်တွေကို ထိခိုက်စေတဲ့အတွက် ကလေးမရအောင် နှောင့်ယှက်တယ်လို့ တွေ့ရှိရပါတယ်။ဟားဗတ်တက္ကသိုလ်နဲ့ စပိန်အရှေ့တောင်ပိုင်းမှာရှိတဲ့ မာစီယာ တက္ကသိုလ်က မျိုးပွားဗေဒအထူးပြုဆရာဝန်တွေပူးပေါင်းပြီး အသက် ၁၈နှစ်ကနေ ၂၂နှစ်ကြား အရွယ်ရှိတဲ့ အမျိုးသားတွေရဲ့ သုတ်ရည်တွေကို လေ့လာခဲ့ပါတယ်။ စာဖတ်သူခန့်မှန်းမိတဲ့အတိုင်းပါပဲ အသင့်စား အစာတွေစားလေ့ရှိသူတွေရဲ့ သုတ်ကောင်တွေဟာ အာဟာရမျှတပြည့်စုံစွာ စားလေ့ရှိသူတွေရဲ့ သုတ်ကောင်တွေလောက် အရည်အချင်းမပြည့်မှီဖူးလို့ တွေ့ရှိခဲ့ရပါတယ်။တခုသိထားရမှာက ဒီလေ့လာမှုမှာ ပါဝင်ခဲ့တဲ့ အမျိုးသားတွေ အားလုံးဟာ ကိုယ်ကာယကြံ့ခိုင်သန်စွမ်းကြသူတွေချည်းဖြစ်ကြပြီး သူတို့ရဲ့ မျိုးပွားနိုင်စွမ်းကို ထိခိုက်စေနိုင်မယ့် တခြားဘာရောဂါမှလည်း မရှိကြပါဖူး။အံ့ဩစရာ တွေ့ရှိရတာကတော့ trans-fat တွေ အမြောက်အမြားပါဝင်တဲ့အသင့်စား အစာတွေကိုစားလေ့ရှိသူတွေရဲ့ သုက်ကောင်တွေဟာ ဆိုးဆိုးရွားရွားထိခိုက်နေပြီး ဒီအတိုင်းသာ ဆက်ပြီးစားသွားမယ်ဆိုရင် မျိုးမအောင်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။အခုချိန်ထိ ကျွန်တော်တို့သိထားတာက ဒီလို အစားအစာတွေဟာဆီးချိုဖြစ်စေတယ်၊ကိုလက်စထရောတက်စေတယ်၊အဝလွန်စေတယ် စတာတွေကြောင့် ကျန်းမာရေးနဲ့ မညီညွတ်ဖူးဆိုတာတွေပါ။ဒါပေမယ့် ဒီလေ့လာမှုအရ သင်ကြိုက်လှပါချည်ရဲ့ဆိုတဲ့ ကြက်ကြော်တို့၊ဟမ်ဘာဂါတို့ဟာ ကလေးမရအောင်ပါ နှောင့်ယှက်တားဆီးပေးနိုင်တယ်ဆိုတာပါပဲ။ ဖြစ်နိုင်တာကတော့ ဒီလိုအစားအစာတွေအများစုမှာ ပါဝင်လေ့ရှိတဲ့ မျိုးဗီဇပြုပြင် ပြောင်းလဲထားတဲ့ ပါဝင်ပစ္စည်းတွေကြောင့်လို့ ထင်မြင်ယူဆရပါတယ်။ဓါတုဗေဒနည်းနဲ့ လုပ်ထားတဲ့ အသားတွေ၊e-cigaretteမှာထည့်ရတဲ့ အရည်တွေ၊ ဆီလီကွန်ရင်သားတုလုပ်ရာမှာ သုံးတဲ့ ပစ္စည်းတွေအပြင် မျိုးဗီဇပြုပြင် ပြောင်းလဲထားတဲ့ ပစ္စည်းတွေ ပါဝင်ပြုလုပ်ထားတဲ့ ကျွန်တော်တို့ရဲ့ ချစ်လှစွာသော အသင့်စား အစာတွေဖြစ်ပါတယ်။၂၀၀၈ခုနှစ်က ဩစတျေးလျပညာရှင်တွေ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ GMO လို့အတိုကောက်ခေါ်တဲ့ မျိုးဗီဇပြုပြင်ထားတဲ့ အစားအစာတွေဟာ မျိုးပွားအဖွဲ့အစည်းကို ထိခိုက်စေတဲ့အတွက် မျိုးမအောင်တာ(ကလေးမရတာ)ကို ဖြစ်စေတယ်လို့ ဆိုပါတယ်။ဒီတွေ့ရှိချက်ဟာ အသင့်စား အစာတွေဟာ ဘာလို့ သုက်ကောင်အရည်အသွေးနဲ့ မျိုးပွားအဖွဲ့အစည်းကို ထိခိုက်စေသလဲ ဆိုတဲ့ အဖြေကို ကောင်းကောင်းကြီးပေးထားပါတယ်။ ကြက်ကြော်တို့၊ဘာဂါတို့လို အသင့်စား အစာတွေအများစုမှာ GMO တွေ ဖောချင်းသောချင်း ပါဝင်နေလို့ပါပဲ။နယူးယောက်တက္ကသိုလ် အစားအသောက်နဲ့ အာဟာရဗေဒ ဌာနက ပါမောက္ခ Marion Nestle က ဒီလို အသင့်စား အစာတွေဟာ နေ့စဉ်ပုံမှန်အမြဲတမ်းစားဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့တာကြောင့် ပုံမှန်မစားသင့်ဖူးလို့ဆိုပါတယ်။ကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့ အရာတွေထဲမှာ အသင့်စား အစာတွေဟာ တဖြည်းဖြည်းနဲ့ အန္တရာယ်အများဆုံး ဖြစ်လာနေပါပြီ။ ဒီအစားအစာတွေမှာကယ်လိုရီပါဝင်နှုန်းမြင့်မားတဲ့အပြင် ဆားနဲ့ တခြားဓါတုပစ္စည်းတွေပါဝင်နှုန်းလည်း များပြားပါတယ်။သင်သိတဲ့အတိုင်းပါပဲ စက်ရုံထုတ် အစားအစာတွေထဲမှာ ပါဝင်တဲ့ ဓါတုပစ္စည်းတွေဟာကျန်းမာရေးကို ထိခိုက်စေပြီး ရောဂါမျိုးစုံကို ဖြစ်စေတဲ့အပြင် သဘာဝအတိုင်း ကိုယ်ဝန်မရနိုင်အောင်လည်း တားဆီးပိတ်ပင်ပါလိမ့်မယ်။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/preparing-to-get-pregnant/fast-food-eaters-have-higher-levels-of-chemical-that-may-cause-infertility/
အိမ်ထဲမှာပဲ ကိုယ်ပိုင် spa လေးတစ်ခု ဖန်တီးရအောင်။ ။
ခုခေတ်ကြီးက ရုံးနဲ့ အိမ်၊ အိမ်နဲ့ရုံး အသွားအပြန်၊ ပြီးတော့ ကားစီးနေတာနဲ့ပဲ အချိန်ကုန်နေတော့ အလှပြင်ဆိုင်တို့၊ spa တို့သွားဖို့ အချိန်ဆိုတာ လုံးဝကို မရှိသလောက်နေတဲ့ ခေတ်ကြီးပါ။ အသက်ကကြီးလာနေပူထဲသွားတာလည်းများလာတော့ အသားအရေတွေကပျက်စီး၊ လှတာတော့ လှချင်ပါရဲ့။ ဒါပေမယ့် spa တို့ အလှပြင်ဆိုင်တို့ သွားဖို့ကလည်း အချိန်ကမရှိဆိုတော့ အိမ်မှာပဲ ကိုယ်ပိုင် spa လေးတစ်ခု လောက် ဖန်တီးထားရင် မကောင်းဘူးလား။အိမ်ထဲမှာပဲ ကိုယ်ပိုင် spa လေးတစ်ခု ဖန်တီးမယ်ဆိုရင်။မျက်နှာကို ကြည့်လိုက်တာနဲ့ တင်းရင်းပြီး လင်းလက်နေတာမျိုးကို အိမ်တွင်းမီးဖိုချောင်သုံး ပစ္စည်းလေးတွေနဲ့ပဲ ဖန်တီးလို့ရတယ်ဆိုတာ သင်သိပါသလား။သံပရာသီး+ပျားရည်။ပါဝင်ပစ္စည်း – သံပရာသီးတစ်ခြမ်း၊ ပျားရည်တစ်ဇွန်း။ပြုလုပ်ပုံ – ဆံပင်တွေ မျက်နှာပေါ် မကျအောင် သေချာစည်းလိုက်ပါ။သံပရာသီးကို အရည်ညှစ်ပြီး ပျားရည်နဲ့ ရောလိုက်ပါ။ သေချာနှံစပ်အောင် မွှေးပြီး မျက်လုံးနေရာကို ရှောင်၍ မျက်နှာအနှံ့ ညီညီညာညာ သုတ်လိမ်းပါ။ မိနစ် ၂၀လောက်ထားပြီးရင် ရေနွေးနွေးလေးနဲ့ ပြန်ဆေးချပါ။ အစိုဓာတ်ထိန်းခရင်မ်လိမ်းပါ။ သံပရာသီး အသားခြောက်စေတာကြောင့် ၁ပတ် ၁ကြိမ်လောက်ပဲ လုပ်ပါ။ မျက်နှာမှာ ထိခိုက်ရှနာရှိရင် မလုပ်ရပါ။နှင်းဆီရေ။ပါဝင်ပစ္စည်း – နှင်းဆီပွင့်ဖတ်သန့်သန့်လေး အခု ၂၀၊ ရေ ၃၀၀ မီလီလီတာ။ပြုလုပ်ပုံ-နှင်းဆီပွင့်ဖတ်တွေကို အိုးသန့်သန့်လေးတစ်ခုအတွင်း ရေ ၃၀၀ မီလီလီတာနဲ့ ရောပြီး မီးအပူပေး ၁ နာရီ ၂ နာရီလောက် ကျိုချက်လိုက်ပါ။ ပြီးတဲ့အခါ ရေစစ်နဲ့ စစ်ပြီး ခွက်သန့်သန့်တစ်ခုထဲ ပြောင်းထည့်ပါ။ စစ်ပြီးသားအရည်ကို အဖုံးပိတ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားပါ။ အေးသွားတဲ့အခါ အသုံးပြုလို့ရပါပြီ။ ရလာတဲ့ နှင်းဆီရေကို ဒီတိုင်း toner အဖြစ်ပဲ သုံးသုံး၊ မျက်နှာပေါင်းတင်ဖို့ပဲ သုံးသုံး အသုံးပြုလို့ရပါပြီ။ငှက်ပျောသီး+အုန်းဆီ+ ကြက်ဥ အကာ။ပြုလုပ်ပုံ။ပါဝင်ပစ္စည်းအားလုံးကို နှံ့စပ်အောင် ရောမွှေလိုက်ပြီး ရလာတဲ့ အနှစ်ကို ခေါင်းပေါ် သုတ်လိမ်းလိုက်ပါ။ ပြီးရင် ခေါင်းစည်းပုဝါ ( shower cap) နဲ့ မိနစ် ၃၀လောက် ပေါင်းထားပါ။ ခေါင်းပြန်လျှော်ပါ။ခုပြောပြမယ့် ပါဝင်ပစ္စည်း ၃ ခုနဲ့တင် ကိုယ်ခန္ဓာတစ်ခုလုံးကို ကြေးချွတ် ပေါင်းတင်လို့ရမယ်ဆို အံ့သြသွားမလား။ပါဝင်ပစ္စည်း။ပြုလုပ်ပုံ – ပါဝင်ပစ္စည်းအားလုံးကို သေချာရောမွှေပါ။ ကိုယ်ခန္ဓာတစ်ခုလုံးပေါ် သုတ်လိမ်းပြီး ညင်သာစွာ ပွတ်တိုက်ကြေးချွတ်ပါ။ ပုံမှန် အတိုင်း ရေပြန်ချိုးလို့ရပါပြီ။ကိုယ့်အိမ်က ရေချိုးခန်းလေးကိုချွေးထုတ်ခန်းအဖြစ်ပြောင်းလဲလိုက်ရအောငါ။ဒါတွေကတော့ ဝေးဝေးလံလံ အပင်ပန်းခံပြီး သွားစရာမလိုတဲ့အပြင် အကုန်အကျလည်း သက်သာ လုပ်ရတာလည်း လွယ်ကူတဲ့ အိမ်တွင်း spa လေးတစ်ခု ဖန်တီးနိုင်မယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/spa/
လိင်တံကနေ အနံ့ဆိုးထွက် စေတဲ့ အဓိကတရားခံ
အမျိုးသားတော်တော်များများမှာ ကြုံတွေ့ရတဲ့ ပြဿနာတစ်ခုကတော့လိင်တံမှာ မကောင်းတဲ့ အနံ့အသက်တွေ အမြဲထွက်နေတတ်တာပါပဲ။ ဒီလို လိင်တံကနေ အနံ့ဆိုးထွက် စေတဲ့ အဓိကတရားခံ ကို ပြောပါဆိုရင် လိင်တံအရေပြားအောက်မှာ ဖုံးနေတဲ့ အဖြူရောင်အရိအချွဲတွေနဲ့ အဖတ်တွေလို့ ဆိုရမှာပါ။ အထူးသဖြင့်လိင်တံထိပ်အရေပြားကို ဖြတ်မထားတဲ့ အမျိုးသားတွေတစ်ကိုယ်ရေသန့်ရှင်းမှုမရှိတဲ့အခါမှာ ဒီအဖြူရောင်အဖတ်တွေ (Smegma) ဖြစ်လာပါတယ်။ထိပ်အရေပြား မဖြတ်ထားတဲ့အခါ လိင်တံထိပ်ရဲ့ ပတ်လည်ကို အရေပြားက အမြဲဖုံးနေပါတယ်။ အမျိုးသားတွေက အမြဲ အားကစား၊လေ့ကျင့်ခန်းလုပ်တာ၊ လှုပ်လှုပ်ရှားရှားနဲ့ အပြင်ထွက်ပြီး သွားလာနေရတာကြောင့်ပေါင်ခြံနဲ့ လိင်တံတစ်ဝိုက်မှာ ချွေးတွေက အမြဲလိုလို ထွက်တတ်ပါတယ်။ဒီအဖြူရောင်အရိအချွဲတွေ (Smegma) ဆိုတာ အရေပြားပေါ်က ပျက်စီးနေတဲ့ဆဲလ်အသေတွေ၊ အဆီတွေ၊ ဆီး၊ သုက်ရည်၊ ချွေး အစရှိတဲ့အရာတွေနဲ့ ပေါင်းမိပြီး ကြာလာတဲ့အခါ အရိအချွဲတွေ ဖြစ်လာပါတယ်။ ဒီအချိန်မှာ မကောင်းတဲ့ အနံ့ဆိုးထွက် တာက စလာပါပြီ။ အဲ့လိုနဲ့ ကြာလာရင် အရိအချွဲတွေက မာလာပြီး အဖြူရောင်အဖတ်တွေ ဖြစ်လာတော့ အနံ့တွေက ပိုဆိုးလာတာပေါ့။အမျိုးသားတွေဆိုရင်လိင်တံထိပ်အရေပြားကို အောက်ဆွဲချလိုက်တဲ့အခါ ထိပ်ဖူးရဲ့ ပတ်ပတ်လည်မှာ အဖြူရောင်အရိအချွဲတွေ၊ အဖတ်တွေ ကပ်နေတာကို မြင်ရမှာပါ။ မလိုင်ဖတ်တွေလို ပုံစံမျိုးဖြစ်နေတာ၊ အဖတ်တွေက အဖြူရောင်ဖြစ်နေတာ (တဖြည်းဖြည်း ကြာလာတဲ့အခါ အဖြူရောင်ကနေ အဝါညစ်ညစ်ရောင်ကို ပြောင်းသွားနိုင်ပါတယ်) ၊ မကောင်းတဲ့ အနံ့ဆိုးထွက် လာတယ်ဆိုရင်တော့ ရှိတယ်ဆိုတာ သေချာနေပါပြီ။ဒီအဖြူရောင်အဖတ်တွေက များသောအားဖြင့် အန္တရာယ်မရှိပါဘူး။ ဒါပေမဲ့ သန့်ရှင်းရေးလုံးဝမလုပ်ဘဲ ပစ်ထားလိုက်မယ်ဆိုရင်တော့ ကြာလာရင် ဒီအဖတ်တွေက မာသွားပြီး ယားယံတာ၊ နီရဲပြီး ရောင်နေတာအပြင် လိင်တံထိပ် ရောင်ရမ်းတဲ့အခြေအနေ (Balanitis) ထိပါ ဖြစ်လာနိုင်ပါတယ်။ကိုယ်ခန္ဓာက အရေပြားကို ခြောက်သွေ့ယားယံတာမျိုး မဖြစ်စေဖို့ ချွေးပေါက်တွေကနေ သဘာဝအဆီ (Sebum) တွေ အမြဲထုတ်ပေးနေရပါတယ်။ ဒီအဖြူရောင်အဖတ်တွေက သဘာဝအတိုင်းကို ရှိနေတာပါ။ ထိပ်အရေပြား မဖြတ်ထားတဲ့အခါ အမျိုးသားတော်တော်များများက အရေပြားအောက်ကို သန့်ရှင်းရေးလုပ်ဖို့ မေ့သွားတတ်တာကြောင့် အဖတ်တွေ ဖြစ်လာရတာပါ။ရေချိုးတဲ့အချိန်ဖြစ်စေ၊တစ်ကိုယ်ရေ အာသာဖြေတဲ့အချိန်မှာ အနံ့ဆိုးထွက် နေတယ်ဆိုတာ သတိထားမိပြီဆိုရင်တော့ သေချာသန့်ရှင်းရေးလုပ်သင့်ပါပြီ။ စောစော ဖယ်ရှားလိုက်နိုင်ရင် ကျန်းမာရေးအတွက် ဘယ်လိုမျိုးဆိုးကျိုးမှ မဖြစ်စေနိုင်တာကြောင့် သိပ်ပြီး စိုးရိမ်စရာမလိုပါဘူး။ထိပ်အရေပြား ဖြတ်မထားတဲ့ အမျိုးသားတွေဆိုရင်ရေချိုးတဲ့အခါတိုင်း အရေပြားအောက်ကို သေချာသန့်ရှင်းပေးရပါမယ်။ သန့်ရှင်းတဲ့နေရာမှာလည်း ဆပ်ပြာအပျော့စားနဲ့ သေချာတိုက်ချွတ်ပြီးမှ ရေနဲ့ ပြောင်စင်အောင် ဆေးကြောပေးရုံပါပဲ။ ရေချိုးပြီးသွားတဲ့အခါတိုင်း ပေါင်ခြံ၊ လိင်တံတစ်ဝိုက်ကို သေချာ ခြောက်အောင် သုတ်ပေးရပါမယ်။တခြား ဘယ်လိုအလှကုန်ပစ္စည်းမှ လိမ်းစရာတော့ မလိုအပ်ပါဘူး။ ကိုယ်ခန္ဓာက နေ့စဉ်နေ့တိုင်း အဆီတွေ၊ ချွေးတွေ ထွက်နေတာဖြစ်တဲ့အတွက် အပြင်က ပြန်လာတဲ့အခါတိုင်း၊ အားကစား ပြင်းပြင်းထန်ထန် လုပ်ပြီးတဲ့အချိန်တိုင်း အဝတ်အစားတွေကို ချွတ်ပြီး ရေသေချာချိုးဖို့တော့ လိုမယ်နော်။ပုံမှန်အားဖြင့် စိတ်ပူစရာ ဖြစ်စဉ်တစ်ခုမဟုတ်ပေမဲ့ နေ့တိုင်းသန့်ရှင်းရေးလုပ်နေတဲ့ကြားက အဖတ်တွေ အမြဲကပ်နေတယ်၊ မကောင်းတဲ့ အနံ့ဆိုးတွေ အမြဲထွက်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသကြည့်ပြီး တခြားရောဂါတွေ ရှိ၊ မရှိကို စစ်ဆေးကြည့်တာ အကောင်းဆုံးပါပဲ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/causes-of-foul-smelling-in-penis/
ဘေဘီလေးတွေ ဘာကြောင့် ဆီးသွားတိုင်း ငိုနေရတာလဲ ။ ။
မွေးကင်းစ ကလေးပိစိလေးတွေကို အရိပ်တကြည့်ကြည့် ကြည့်ပြီး စောင့်ရှောက်ကြရတာ မေမေတိုင်းပါ။ အထူးသဖြင့် ကလေးတွေ ငိုနေရင် ပိုပြီး စိုးရိမ်ရတာပေါ့။ စကားမပြောတတ်သေးတဲ့ ကလေးတွေ အတွက် ငိုတာကသာ သူတို့ရဲ့ စကားသံလေ။နို့ဆာလို့၊ဗိုက်အောင့်လို့၊ တစ်နေရာရာမှာ နာနေလို့ စသဖြင့် ကလေးပိစိ လေးတွေ ငိုကြတဲ့အထဲမှာမှ ဒီဆောင်းပါးထဲမှာ ဆီးသွားရင် ငိုတတ်တဲ့ကလေးတွေ အကြောင်းပြောပြပေးချင်ပါတယ်။ပုံမှန် ဆိုဆီးသွားရတာ နာကျင်ခြင်းမရှိရပါဘူး။ ကလေးတော်တော်များများကလည်း ဆီးသွားရမှာ မကြောက်ကြပါဘူး။ ဒါပေမယ့် သင့်ကလေးက ဆီးသွားခါနီးတိုင်း ငို၊ ဆီးသွားနေရင်းနဲ့လည်း ငိုနေပြီးဆိုရင်တော့ သင့်ကလေးဆီးလမ်းကြောင်းမှာ ပြဿနာ တစ်ခုခုတက်နေပါပြီ ။ ။အဖြစ်အများဆုံးကတော့ဆီးလမ်းကြောင်း ပိုးဝင်ခြင်းပါပဲ။ ဒီပြဿနာဟာ ကလေးတွေမှာ အဖြစ်များဆုံး ဆီးလမ်းကြောင်းပြဿနာဆိုလည်း မမှားပါဘူး။ သူ့မှာ ဘယ်လို လက္ခဏာတွေရှိလဲ ။ ။သင့်ကလေးမှာ ဒီလိုအချက်တွေက တစ်ချက်ချက် ရှိနေပြီ၊ ဆီးသွားတိုင်းလည်း ကလေးက ငိုနေုပြီဆိုရင် ဒါဆီးလမ်းကြောင်းပိုးဝင်တာ ဖြစ်နိုင်ချေများပါတယ်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/baby-cry-when-urinating/
Benign essential tremor (တုန်ခါခြင်း )
Essential tremor ဆိုတာဘာလဲ။Essential tremorဆိုသည်မှာ ခန္ဓါကိုယ်ရှိအစိတ်အပိုင်းများတွင် ထိန်းမရအောင်တုန်ခါမှုနေစေသည့် အာရုံကြောရောဂါတခုဖြစ်။သည်။ အဖြစ်များသောအစိတ်အပိုင်းများတွင် လက်များ၊လက်မောင်း၊ခေါင်း၊အသံအိုး၊လျှာနှင့်မေးစေ့တို့ပါဝင်သည်။ ခန္ဓါကိုယ်အောက်ပိုင်းတွင် ဖြစ်ပွားခဲသည်။ ထိုရောဂါသည် အသက်ဘေးရန်ကိုမထိခိုက်စေသော်လည်း အချိန်ကြာလာသည်နှင့်အမျှပိုဆိုးလာတတ်သည်။ တခါတရံတွင် ပါကင်ဆန် ရောဂါနှင့်မှားယွင်းနိုင်သည်။Essential tremor ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။အမေရိကန်ရှိ လူဆယ်သန်းမှာ ဒီရောဂါရှိပါတယ်။ အဖြစ်များဆုံးသောရောဂါတခုဖြစ်ပါတယ်။ အသက်အရွယ်မျိုးစုံမှာ ဖြစ်ပွားနိုင်ပေမယ့်မြှီးကောင်ပေါက်အရွယ်(သို့)အသက်40-50များတွင် ပထမဦးဆုံးအကြိမ်အဖြစ်မကြာခဏဖြစ်ပွားနေတာတွေ့ရပါတယ်။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Essential tremor ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။Essential tremor ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဘာတွေက Essential tremor ဖြစ်ပွားစေသလဲ။အရက်အလွန်အကျွံသောက်ခြင်း၊သိုင်းရွိုက်ဂလင်းအလွန်အကျွံအလုပ်လုပ်နေခြင်း၊လေဖြတ်ခြင်းနှင့်များပြားလှသော အာရုံကြောရော။ဂါများသည် တုန်ခါမှုများကို ဖြစ်ပွားစေသည်။ သို့သော် ထိုကဲ့သို့သောအကြောင်းအရာများကြောင့်ဖြစ်သည့် တုန်ခါမှုများကို Essential tremorဟုခေါ်ဆိုခြင်းမရှိပေ။ မည်သည့် ဗီဇကြောင့်ဖြစ်ပွားသည်ကို မသိရသော်လည်း 50ရာခိုင်နှုန်းသော Essential tremor ရောဂါများသည် မျိုးရိုးဗီဇပြောင်းလဲမှုနှင့်ပတ်သတ်သည်။FamilialTremorဟုလည်း ခေါ်သည်။ ထိုကဲ့သို့မျိုးရိုးဗီဇမရှိသော သူများတွင် မည်သည့်အကြောင်းအရာကြောင့် Essential tremorဖြစ်ပွားစေသည်ကို ရှင်းလင်းစွာမသိရသေးပေ။ဘယ်အရာတွေက Essential tremor ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။Essential tremor ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်-။၏ ချို့ယွင်းချက်ရှိသော ဗီဇတခုသည် ဝေဒနာရှင်တွင်ရှိနေသည်။ သင့်မိဘတွင် ထိုရောဂါဗီဇရှိပါက သင့်တွင်ထိုရောဂါဖြစ်နိုင်ချေ 50ရာခိုင်နှုန်းရှိနေသည်။ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။Essential tremor ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။အာရုံကြောစစ်ဆေးမှုများ။အာရုံကြောစစ်ဆေးမှုများတွင်သင့်အာရုံကြောစနစ်၏စွမ်းဆောင်ရည်ကို အောက်ပါ အတိုင်း စစ်ဆေးပါလိမ့်မည်။ဓါတ်ခွဲစစ်ဆေးခြင်း။သိုင်းရွိုက်ရောဂါ။ဇီဝကမ္မရောဂါများ။ဆေး၏ဘေးထွက်ဆိုးကျိုးများ။အရက်ပမာဏ။တုန်ခါမှုဖြစ်ပွားစေနိုင်သည့် ဓါတုပစ္စည်းများ၏ ပမာဏ။လုပ်ဆောင်ပြသစေခြင်းဖြင့် အကဲခတ်စစ်ဆေးခြင်း။တုန်ခါမှုအားအကဲခတ်သုံးသပ်နိုင်ရန် သင့်ဆရာဝန်မှ အောက်ပါတို့ကိုလုပ်ခိုင်းတတ်သည်။Essential tremor ကို ဘယ်လိုကုသလဲ။ဆေးဝါးဖြင့်ကုသမှု။Propranolol ကဲ့သို့သော betablockers ဆေးများသည် adrenaline ဓါတ်ကို ထိန်းညှိပေးပြီး ရောဂါ ပိုဆိုးမလာအောင်ကာကွယ်ပေးသည်။Flunarizine ကဲ့သို့သောသွေးပေါင်အားထိန်းညှိပေးသည့်ဆေးများသည်လည်း adrenaline ဓါတ်ကိုထိန်းညှိပေးသည်။Primidone ကဲ့သို့သော အတက်ပျောက်ဆေးများသည်လည်း အာရုံကြောဆဲလ်များ၏ လှံူ့ဆော်တက်ကြွမှုကို လျှော့ချပေးသည်။Alprazolam ကဲ့သို့သော မပြင်းထန်သည့် စိတ်ငြိမ်ဆေးများသည်လည်း ကုသမှုတစ်မျိုးဖြစ်သည်။Occupational therapists များသည် သင့်အား ထိုရောဂါနှင့်အသက်ရှင်စဉ်တွင် အဆင်ပြေပြေဖြစ်ရန် ကူညီပေးတတ်သည်။ သင့်နေ့စဉ်လုပ်ငန်းများတွင် သက်ရောက်တတ်သည့် တုန်ခါမှုများကို လျှော့ချရန်သုံးသော ပစ္စည်းအချို့မှာ။ခွဲစိတ်ကုသခြင်း။Stereotactic radio surgeryဆိုသည်မှာပြင်းအားများသော ဓါတ်ရောင်ခြည်များကို ဦးနှောက်ရှိသေးငယ်သောနေရာတခုသို့ထိတွေ့စေကာ တုန်ခါမှုများကို သက်သာစေသည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Essential tremor ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Essential tremor ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။သက်သာကောင်းမွန်သွားတတ်သော်လည်း အရက်သောက်ခြင်းသည် ကောင်းကျိုးတစ်စုံတစ်ရာမှ ပေးမည်မဟုတ်ကြောင်းသိရှိကြပြီးဖြစ်သည်။ အရက်ကို ရုတ်တရက်ဖြတ်လိုက်သောအခါတွင် လည်း ပိုမိုတုန်ခါနိုင်ပြီး ထိုသို့မဖြစ်ရန် ဝေဒနာရှင်သည်အရက်ကိုပိုပိုတိုးသောက်သောကြောင့်လည်း အရက်စွဲသွားနိုင်ပါသည်။တုံ့ပြန်ပုံတို့ကို နည်းစနစ်ကောင်းများဖြင့် ပြောင်းလဲနိုင်သည်။ဥပမာ အနှိပ်ခံခြင်း(သို့)တရားထိုင်ခြင်း။အစားအသုံးပြုခြင်း။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/benign-essential-tremor-%e1%80%90%e1%80%af%e1%80%94%e1%80%ba%e1%80%81%e1%80%ab%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
အလုပ်ချိန်သိပ်များရင် လေဖြတ်နိုင်ခြေပိုများ
အချိန်ရှိခိုက် လုံ့လစိုက် ပါတဲ့။ ဒီဆောင်ပုဒ်ကို လက်ကိုင်ထားပြီး အလုပ် ကြိုးစားကြတာ တကယ် အကျိုးရှိ ပါတယ်။ ဒါပေမယ့် ဘယ်အရာမှ အလွန်အကျွံ ဆိုရင် မကောင်းတာကြောင့်ကျန်းမာရေး မှာတော့ အနုတ် လက္ခဏာ မပြအောင် ဂရုစိုက်သင့် ပါတယ်။ အခုပဲ သုတေသနတွေ့ရှိချက်တွေက ပြောနေပါပြီ၊ အလုပ်ချိန်သိပ်များရင် လေဖြတ်နိုင်ခြေပိုများ ပါတယ်လို့။တစ်နှစ်ကို အနည်းဆုံး ရက် ၅၀လောက် တစ်နေ့ကို ၁၀ နာရီကျော် အလုပ်လုပ်ခဲ့တဲ့ သူတွေဟာ လေဖြတ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းလောက် ပိုများတယ်လို့ Stroke ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ သုတေသနက ဆိုပါတယ်။ ဒီလို နှုန်းနဲ့ အလုပ်လုပ်တာ ၁၀ နှစ် ကျော်ပြီ ဆိုရင်တော့လေဖြတ်အန္တရာယ် ၄၅ ရာခိုင်နှုန်းလောက် ပိုများသွားနိုင် တယ်လို့ သိရပါတယ်။” ၁၀ နှစ်ကြာ အလုပ်ချိန် များခဲ့တာနဲ့ လေဖြတ် အန္တရာယ် ဆက်နွယ်မှုက အသက် ၅၀ အောက် အရွယ်တွေမှာ ပိုသိသာပါတယ်” လို့ Paris Hospital, Versailles and Angers University မှ သုတေသီ Alexis Descatha က ပြောပါတယ်။သုတေသနမှာ အသက် ၁၈ နှစ် ကနေ ၆၉ နှစ် အတွင်း ပြင်သစ် လူမျိုး ၁၄၃၀၀၀ ကျော်ရဲ့ အချက်အလက်တွေကို စုဆောင်းခဲ့တာပါ။ အဲဒီအချက်အလက်တွေ ထဲမှာ ပါဝင်သူတွေရဲ့ နှလုံးသွေးကြော ကျန်းမာရေးနဲ့ လေဖြတ်ခြင်း ကျန်းမာရေး ရာဇဝင်၊ဆေးလိပ်သောက်ခြင်း၊ အလုပ်ချိန်တွေ ပါဝင်ပါတယ်။အားလုံးထဲမှာမှ လူဦးရေ ၁၂၂၄ ဦးကလေဖြတ် ဝေဒနာခံစားခဲ့ရတာ တွေ့ရပါတယ်။ ဒီလေ့လာမှုမှာ အချိန်ပိုင်း အလုပ်သမားတွေ၊ အလုပ်ချိန် မများခင်က လေဖြတ်ဖူးသူတွေ မပါဝင်ပါဘူး။ဒီလေ့လာမှုက အလုပ်ချိန် များခြင်းနဲ့ နှလုံးသွေးကြော ရောဂါ အန္တရာယ် ဆက်နွှယ်မှုကိုThe Lancetမှာ ဖော်ပြခဲ့တဲ့ ၂၀၁၅ ခုနှစ်သုတေသန တစ်ခုနဲ့ ကိုက်ညှိပြီး လုပ်ဆောင်ခဲ့တာပါ။ အဲဒီ သုတေသနက အလုပ်ချိန် ကြာရှည်ခြင်း ကနေ ဖြစ်လာတဲ့စိတ်ဖိစီးမှုအပြင် တခြား ကျန်းမာရေး ပြဿနာတွေ၊အရက်သောက်သုံးမှု၊ ကိုယ်လက်လှုပ်ရှားမှုတို့ အားလုံးက လေဖြတ် အန္တရာယ် ပိုများစေနိုင်တယ်လို့ဖော်ပြခဲ့ပါတယ်။” ကျန်းမာရေး စောင့်ရှောက်မှု နယ်ပယ်က ဝန်ဆောင်မှု ပေးတဲ့သူတွေက အလုပ်ချိန် အကြာကြီးတွေ လုပ်ကြရပြီး လေဖြတ်အန္တရာယ် ပိုများတာ ကိုလည်း ဦးစားပေး သတိပေးချင် ပါတယ်။ ဆရာဝန် တစ်ယောက် အနေနဲ့ အကြံပေးချင်တာက ဘယ်သူမဆို ကိုယ့်အလုပ်ကို ကြိုးစားတာ ကောင်းပေမယ့် စနစ်တကျ အချိန်ဇယား ဆွဲပြီး အလုပ်လုပ်သင့်တယ် ဆိုတာပါပဲ” လို့ Descatha ကပြောပါတယ်။အလုပ်ထဲမှာပဲ တရားလွန် မြှုပ်နှံပြီး အချိန်တွေ အကုန် ပေးဆပ်ထားတာက ကိုယ့်ကျန်းမာရေးနဲ့ အလဲအလှယ် ပြုလုပ်နေတာပဲ ဆိုတာကို သတိရပါ။ လုပ်သင့်သလောက် လုပ်ပါ၊ သို့သော် စိတ်နဲ့ ခန္ဓာကို အနားယူချိန်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/stroke-and-aneurysm/longer-work-hours-may-raise-stroke-risk/
ကလေးရအောင် ကြိုးစားနေတဲ့အချိန်မှာ စိတ်ဖိစီးမှုတွေကို ဘယ်လိုရင်ဆိုင်မလဲ
ရင်သွေးလေးရဖို့ကြိုးစားနေတဲ့ကာလမှာ သင့်အနေနဲ့ စိတ်ဖိစီးမှုတွေ ကြုံတွေ့နေရပါသလား။ သင့်အဖြေက ဟုတ်တယ်ဆိုရင် သင့်ကို ကလေးမရစေတဲ့ အဓိက တရားခံတွေက အဲဒီ စိတ်ဖိစီးမှုတွေပဲ ဖြစ်တယ်ဆိုတာ သိထားသင့်ပါတယ်။ ဆိုတော့ ဒီ စိတ်ဖိစီးမှုတွေကို ဘယ်လိုလျှော့ချမလဲ။ ဒီဆောင်းပါးလေးက သင့်ကို အကြံဉာဏ်လေးတွေ ပေးနိုင်မှာပါ။ ကလေးရအောင် ကြိုးစားနေတဲ့အချိန်မှာစိတ်ဖိစီးမှုတွေကို ဘယ်လိုရင်ဆိုင်မလဲ ဆိုတာ ဆက်ကြည့်လိုက်စို့နော်။ကလေးရအောင် ကြိုးစားနေတဲ့အချိန်မှာ စိတ်ဖိစီးမှုတွေကို ဘယ်လိုရင်ဆိုင်မလဲ ဆိုတော့။ဒိုင်ယာရီရေးတာ ကလေးကလားဆန်ပြီး ခေတ်လည်းနောက်ကျနေပြီလို့ သင်ထင်ကောင်းထင်နေမှာပါ။ ဒါပေမယ့်စိတ်ပိုင်းဆိုင်ရာသုတေသနပြုချက် အများအပြားအရ ဒိုင်ယာရီရေးတာဟာ စိတ်ဖိစီးမှုတွေကို လျှော့ချဖို့နဲ့ သင့်ရင်ထဲရှိတာတွေ ဖွင့်ထုတ်လိုက်ဖို့အတွက် အင်မတန်မှ အကျိုးရှိတဲ့ နည်းလမ်းတခု ဖြစ်တယ်လို့ သိရပါတယ်။ဒိုင်ယာရီကို နေ့တိုင်းရေးရမယ်လို့ မဆိုလိုပါဘူး။ အလှအပဆင်စရာလည်း မလိုပါဘူး။ ဒီစာအုပ်လေးဟာ သင့်စိတ်ထဲရှိသမျှကို ဖွင့်ချနိုင်တဲ့ အဖော်မွန်တယောက် ဒီလောက်ပါပဲ။သင် စိတ်ထဲမတွေ့တဲ့၊ သင်စိတ်အလိုမကျတဲ့ ဖိစီးမှုတွေအားလုံးကို ဒိုင်ယာရီထဲ သင်ရေးတတ်သလို ကြိုက်သလို ရေးထည့်ပါ။ မျိုသိပ်ထားရတာထက် အများကြီးနေလို့ ကောင်းသွားတာ တွေ့ရပါလိမ့်မယ်။ဒိုင်ယာရီကို သင်အနေအများဆုံးနေရာ ဒါမှမဟုတ် အသင့်တော်ဆုံးလို့ထင်တဲ့နေရာ (ဥပမာ ကုတင်ဘေးက စားပွဲပေါ် စသဖြင့်ပေါ့) မှာ ထားပါ။ ဒီလိုဆိုတော့ သင်အိပ်မပျော်တဲ့ ညမျိုးမှာ ဒါမှမဟုတ် သင့်ကို တခုခုကစိတ်အနှောင့်အယှက်ပေးနေတဲ့ အချိန်မျိုးမှာ ဒိုင်ယာရီထဲ ချရေးလိုက်ရုံပါပဲ။သင့်အနေနဲ့ ဒိုင်ယာရီကို သူများတွေမြင်မှာစိုးတယ်ဆိုရင်လည်း ဖုန်း၊ တက်ဘလက်၊ ကွန်ပြူတာ စသဖြင့် တကိုယ်ရည်သုံး digital ပစ္စည်းတွေထဲမှာ application အနေနဲ့ ဒါမှမဟုတ် note အနေနဲ့ ရေးထားနိုင်ပါတယ်။သင့်အနေနဲ့ စိတ်ဖိစီးမှုတွေ၊ စိတ်အနှောင့်အယှက်ဖြစ်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ သင့်အချစ်ဆုံးအရင်းနှီးဆုံး သူငယ်ချင်းတွေဆီမှာ ရင်ဖွင့်လိုက်ရတာထက် ပိုကောင်းတဲ့ နည်းလမ်းဘယ်မှာများ ရှိနိုင်ဦးမှာလဲ။ လူချင်းတွေ့ပြီး ပြောလို့ရတယ်။ဖုန်းဆက်လို့ရတယ်။ အင်တာနက်က ပြောလို့ရတယ် ဒါမှမဟုတ် တယောက်ယောက်အိမ်မှာ မုန့်လုပ်စား၊ ဟင်းချက်စားကြရင်း အချင်းချင်း စကားတွေပြောကြ၊ တယောက်သတင်း တယောက်ဖလှယ်ကြနဲ့ ဘယ်လောက်ပျော်စရာကောင်းမလဲ။သင့်အနေနဲ့ သင့်ပြဿနာတွေ၊ ဖိစီးမှုတွေအကြောင်း သူတို့ကို ပြောပြလို့ရတဲ့အပြင် ဖြစ်နိုင်ရင် သူတို့ဆီက အကြံဉာဏ်တောင် တောင်းလို့ရပါသေးတယ်။ ဒီလို သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ တွေ့ပြီးစကားပြောပေးတာဟာ သင့်ကို ပိုပြီး သက်သောင့်သက်သာ ရှိစေမှာဖြစ်သလို အားအင်အသစ်တွေလည်း ပြန်လည်ရရှိလာစေမှာပါ။တခါတလေ အိမ်ထဲအနေများတာ၊ အခန်းအောင်းနေတာဟာ သင့်ကို စိတ်ဖိစီးမှုတွေ၊ စိတ်ဓာတ်ကျမှုတွေကို ပိုလာစေရုံပဲ ရှိပါတယ်။ အပြင်ထွက်ပါ။ ပြင်ပလောကကြီးကို တောက်ပတဲ့ နေခြည်အောက်မှာ တဝကြီးကြည့်ပါ။ အထူးသဖြင့် စိမ်းစိမ်းစိုစိုရှိတဲ့ နေရာတွေကို သွားပါ။ဖြစ်နိုင်ရင် သင့်ခင်ပွန်း ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ ခရီးတိုလေးတွေသွားပါ။ ပေါ့ပေါ့ပါးပါး အားကစားလေးတွေကို အတူကစားပါ။ဥပမာ ရေကူးတာ၊ ယောဂကျင့်တာ စသဖြင့်ပေါ့။ ခရီးသွားတာဟာ သင့်ကို စိတ်ပျော်ရွှင်စေရုံသာမက သင့်ချစ်သူခင်သူ၊ ယုံကြည်ရသူတွေနဲ့ တွယ်တာချစ်ခင်မှုတွေကို ပိုလာစေမှာပါ။သင်ကိုယ်ဝန်ရှိဖို့ ကြိုးစားနေတဲ့ အချိန်မှာ အလုပ်၊ အိမ်ထောင်ရေး ဒါမှမဟုတ် စီးပွားရေးကိစ္စတွေရဲ့ ဖိစီးမှုကို ခံရမှာလည်း အမှန်ပါပဲ။ ဒါပေမယ့် အပေါ်မှာ ပြောခဲ့တဲ့ အချက်လေးတွေကို စိတ်ထဲထည့်ထားပြီး မှန်မှန်ကန်ကန် လိုက်နာကျင့်သုံးသွားမယ်ဆိုရင် သင့်အနေနဲ့ တရက်ပြီးတရက် နေရထိုင်ရတာ ပိုပြီးသက်သောင့်သက်သာရှိလာတာကို တွေ့ရမှာပါ။သင့်အနေနဲ့ သိထားသင့်တာက ဒီအချိန်မှာ သင့်စိတ်နဲ့ ခန္ဒ္ဓာသာလျှင် အရေးအကြီးဆုံး ဆိုတာပါပဲ။ တခြားအာရုံနောက်စရာတွေကို တတ်နိုင်သမျှ ဘေးချိတ်ထားပြီး သင်အဆင်သင့်ဖြစ်တဲ့အချိန်၊ စိတ်ဓာတ်အင်အား ပိုပြီးတောင့်တင်းလာတဲ့အချိန်ကျမှ ရင်ဆိုင်ဖြေရှင်းလိုက်တာ အကောင်းဆုံး ဖြစ်ပါကြောင်း။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/preparing-to-get-pregnant/how-to-deal-with-stress-in-preparing-to-get-pregnant/
ဖဲမွေ့ရာပေါ်က အချစ်စွမ်းဆောင်ရည် ကို မြှင့်တင်ပေးမယ့် လေ့ကျင့်ခန်းများ
ဖဲမွေ့ရာပေါ်က အချစ်စွမ်းဆောင်ရည် ကို မြှင့်တင်ပေးမယ့် လေ့ကျင့်ခန်းများ အကြောင်း သိပြီးပြီလား! လိင်မှုကိစ္စဆိုတာမျိုးဆက်ပွားကျန်းမာရေးဆိုတာထက် ပိုတဲ့ သဘာဝ ဖြစ်ရပ်တစ်ခုပါ။ ကျေနပ်စရာ စွမ်းဆောင်ရည်နဲ့ ပြီးမြောက်မှုကို ရယူနိုင်တယ်ဆိုရင် လူရောစိတ်ပါ ကျန်းမာစေဖို့ အထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် အချစ်စွမ်းဆောင်ရည် လို့ တင်စားခေါ်ကြတာပါ။ဒါပေမယ့် လူတိုင်းကတော့ အိပ်ရာပေါ်မှာ စွမ်းဆောင်ရည်ကောင်းမွန်နေတတ်တာမျိုးမဟုတ်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် အိပ်ယာပေါ်မှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ဖို့ အခက်တွေ့ရတတ်ကြပါတယ်။စိတ်ကျေနပ်စရာစွမ်းဆောင်ရည်ကို မပြသနိုင်ရင် ကိုယ့်ကိုယ်ကိုယ် မလုံမလဲတဲ့ စိတ်ခံစားချက်မျိုး ပေါ်လာတတ်ပြီးတော့ ဒီစိတ်က ပြင်ပလူနေမှုဘဝအထိ သက်ရောက်လေ့ရှိပါတယ်။ ဒီလိုစိတ်ခံစားချက်မျိုးမဖြစ်စေဖို့ဆိုရင် ကိုယ့်ရဲ့ ကျန်းမာကြံ့ခိုင်အမှုအပိုင်းကို သေချာကြိုတင်ပြင်ဆင်ထားဖို့တော့ လိုအပ်တာပေါ့။လေ့ကျင့်ခန်းလုပ်ခြင်းဟာ အိပ်ရာပေါ်မှာ စွမ်းဆောင်ရည် မြင့်မားစေဖို့ အထူးကို အထောက်အကူ ဖြစ်စေပါတယ်။ ဘယ်လိုလေ့ကျင့်ခန်းမျိုးကို လုပ်ရင် လိင်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မယ်ဆိုတာကို သိနားလည်ထားဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။လိင်မှုကိစ္စဟာ စိတ်စွမ်းရည်ကို တိုးတက်ကောင်းမွန် စေရုံသာမက မိမိ ကျန်းမာရေးကိုလည်း ကောင်းမွန်စေတဲ့အတွက် မဖြစ်မနေ လိုအပ်တဲ့ ကိစ္စလို့ လေ့လာသုတေသနပြုမှုရလဒ်တွေက ဆိုကြတယ်။ နောက်ပြီး လိင်ဆိုတာက လူအများစုရဲ့ ဘဝမှာ သဘာဝဗီဇ လိုအပ်ချက်လည်းဖြစ်တယ်မဟုတ်လား။တကယ်တမ်းမှာတော့ အချစ်စွမ်းဆောင်ရည် ဆိုတာကိုက သဘာဝWorkoutလေ့ကျင့်ခန်းတစ်မျိုးပါပဲ။ လေ့လာချက်တွေအရဆိုရင် အမျိုးသားတွေဟာ လိင်ဆက်ဆံခြင်းကြောင့် တစ်မိနစ်ကို ၄.၂ ကယ်လိုရီ ချေဖျက်နိုင်ပြီးတော့ အမျိုးသမီးတွေကတော့ ၃.၁ ကယ်လိုရီ ချေဖျက်နိုင်ပါတယ်တဲ့။ ဒါပေမယ့် ပျမ်းမျှ မိနစ် ၂၀ လောက်တော့ ဆက်ဆံဖို့ လိုအပ်မှာပါ။မိနစ် ၃၀ လောက်ကြာအောင် ဆက်ဆံဖြစ်မယ်ဆိုရင်တော့ အမျိုးသားတွေဟာ ၂၇၆ ကယ်လိုရီအထိ ခြေဖျက်နိုင်မှာဖြစ်ပြီးတော့ အမျိုးသမီးတွေကလည်း ၂၁၃ ကယ်လိုရီအထိ ချေဖျက်နိုင်မှာဖြစ်ပါတယ်တဲ့။ဒါပေမယ့် အရေးအကြီးဆုံး သိထားဖို့ကတော့ အိပ်ရာပေါ်မှာ ခုလို ကြာကြာဆက်ဆံနိုင်ပြီး ကယ်လိုရီတွေ ချေဖျက်နိုင်ဖို့ဆိုရင် ကိုယ့်မှာ အဲ့ဒီလောက် စွမ်းဆောင်နိုင်မယ့် ကြံ့ခိုင်သန်စွမ်းမှုမျိုးရှိထားဖို့တော့ လိုအပ်မယ်ဆိုတာပါပဲ။ ဒီလိုမဟုတ်ဘူးဆိုရင် သူငယ်ချင်းအချင်းချင်း နောက်ပြောင်နေကြစကားလို “တက်ထွက်ကြီး” ဖြစ်နေမှာပေါ့။လိင်စိတ်ဆန္ဒပြင်းပြဖို့၊ကျေနပ်မှုရဖို့၊ အချစ်စွမ်းဆောင်ရည် ကောင်းရဖို့ သွေးလည်ပတ်နှုန်းကောင်းရမယ်၊ နှလုံးခုန်နှုန်းကောင်းရမယ်၊ အသက်ရှူနှုန်းလည်း ကောင်းရမယ်၊ တင်ပါးဆုံရိုးနဲ့ ကြွက်သားတွေလည်း တောင့်တင်းသန်မာရမယ်။ ဒါတွေဖြစ်လာစေဖို့ဆိုရင် အရင်ဆုံး လေ့ကျင့်ခန်းတွေလုပ်ဖို့ လိုအပ်ပါတယ်။ကောင်းမွန်တဲ့ လိင်စွမ်းဆောင်ရည်ကို ပြသနိုင်ဖို့ဆိုရင် တစ်နေ့ကို ၃ ကြိမ်လောက် ပုံမှန် လေ့ကျင့်ခန်းပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ တစ်ကြိမ်ကို မိနစ် ၂၀-၃၀ ဝန်းကျင်လောက်ပေါ့။ဖဲမွေ့ရာပေါ်က အချစ်စွမ်းဆောင်ရည် ကို မြှင့်တင်ပေးမယ့် လေ့ကျင့်ခန်းများ ကတော့ အောက်ပါအတိုင်းပါပဲ။(Youtube မှာ လေ့ကျင့်ခန်း လုပ်နည်း အသေးစိတ်ကို ရှာကြည့်ပါ။)။ဒီလေ့ကျင့်ခန်းတွေကို နေ့စဉ် ပုံမှန်လုပ်ပေးမယ်ဆိုရင် ကိုယ့်ရဲ့ အိပ်ရာပေါ်က အချစ်စွမ်းဆောင်ရည် ဟာ သိသိသာသာတိုးတက်လာမှာပါ။ လေ့ကျင့်ခန်းအချိန်တွေနဲ့ အကြိမ်ရေတွေကို မိမိအဆင်ပြေသလို ချိန်ညှိလုပ်ဆောင်လို့ရပါတယ်။“Practice makes perfect” ဆိုတဲ့ ဆိုရိုးစကားလည်း ရှိတယ်မဟုတ်လား။ ဒီလိုနေ့စဉ်လေ့ကျင့်ခန်းလုပ်ပေးတဲ့အခါ စိတ်ရောလူပါ အခြေအနေကောင်းတစ်ခုကို ပိုင်ဆိုင်လာမှာဖြစ်တာမို့ စိတ်ကျေနပ်စရာ လိင်မှုဘဝကို ရရှိပိုင်ဆိုင်လာမှာဖြစ်ပါတယ်။တစ်လက်စတည်းပြောချင်တာကတော့ လိင်ဆက်ဆံခါနီးမှာ ရှောင်ကြဉ်သင့်တဲ့ ကိစ္စတွေဖြစ်ပြီးတော့ အောက်ပါဖော်ပြထားတဲ့ အပြုအမူမျိုးတွေကို ရှောင်ကြဉ်မယ်ဆိုရင် ပိုပြီးစိတ်ကျေနပ်စရာ အခြေအနေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ အဲ့ဒါတွေကတော့။ဒါတွေကို သတိထားနိုင်မယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ အချစ်စွမ်းဆောင်ရည် ကို ရရှိလာမှာဖြစ်ပါတယ်။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/better-sex-workout/
ဦးထုပ်ဆောင်းရင် ခေါင်းကိုက်တာ ဘာကြောင့်လဲ
နေပူလို့ဦးထုပ်လေးဆောင်းပါမယ်ဆိုဆောင်းလို့မဖြစ်၊ သူများလို စတိုင်ထုတ်ချင်လည်း ဦးထုပ်ဆောင်းတိုင်းခေါင်းကိုက်ရသူတွေ ရှိပါတယ်။ အလှလည်းဆောင်းမရ၊ ကျန်းမာရေးအတွက်လည်းဆောင်းမရ၊နောက်ဆုံးဆောင်းတွင်းခေါင်းစွပ်တောင် စွပ်မရသူတွေမှာ အတော်အဆင်မပြေဖြစ်ရပါတယ်။ ဒါဘာကြောင့်ဖြစ်ရတာလဲဆိုတာကို ဒီဆောင်းပါးမှာဖော်ပြပေးမှာပါ။ဒီလိုဖြစ်တာကို ဖိအားကြောင့်ခေါင်းကိုက်ခြင်း (compression headache) လို့ခေါ်ပါတယ်။ ဦးခေါင်းမှာ ဒါမှမဟုတ် ဦးရေပြားမှာ ဖိအားဖြစ်စေ၊ တင်းကျပ်စေတဲ့အရာတွေဝတ်ဆင်တဲ့အခါဖြစ်လာတတ်တဲ့ခေါင်းကိုက်ခြင်းတစ်မျိုးပါ။ ဦးထုပ်၊ခေါင်းစည်းကြိုး၊ခေါင်းပေါင်းတွေဝတ်ရင်ဖြစ်တတ်သလို တချို့မိန်းကလေးတွေမှာ ဘီးကုတ်တပ်ရင်တောင်ခေါင်းကိုက်တတ်ပါတယ်။ဒီဝေဒနာက ဦးထုပ်ဆောင်းထားသရွေ့ခံစားနေရတတ်ပြီး ချွတ်လိုက်တဲ့အခါ သက်သာသွားတတ်ပါတယ်။ သူ့ရဲ့လက္ခဏာတွေက –။ဒါပေမယ့် ခေါင်းတစ်ခြမ်းကိုက်ခြင်းဖြစ်လေ့ရှိတဲ့သူတွေမှာဆို ဒီဝေဒနာကနေခေါင်းတစ်ခြမ်းကိုက်ဝေဒနာအဖြစ် ကူးပြောင်းသွားနိုင်ပါတယ် –။ဖိအားကြောင်းခေါင်းကိုက်ခြင်းကိုဖြစ်စေတာက အပေါ်မှာပြောခဲ့တဲ့အတိုင်း ဦးခေါင်းကိုတင်းကျပ်စေတဲ့အရာ – ဦးထုပ်၊ခေါင်းဆောင်း၊ခေါင်းစည်းကြိုးစတာတွေဝတ်ဆင်တာကြောင့်ဖြစ်ပါတယ်။မျက်နှာကနေ ဦးနှော်က်ကို သတင်းပေးပို့တဲ့ နာကျင်မှုအာရုံကြောမျှင်လေးတွေနဲ့ နာကျင်မှုအာရုံလက်ခံပေးတဲ့အာရုံကြောဆဲလ်တွေ ဒါမှမဟုတ် ဦးခေါင်းနောက်စေ့က အာရုံကြောတွေကို ဖိအားဖြစ်စေရာကဖြစ်လာတာပါ။ဒီလိုဖြစ်တာကြာလာရင်ခေါင်းတစ်ခြမ်းကိုက်ဝေဒနာဖြစ်လာစေနိုင်ပါတယ်။ပြင်ပဖိအားကြောင့်ခေါင်းကိုက်ဝေဒနာကို ကာကွယ်နိုင်ဖို့ကတော့ ဒီလိုဖြစ်စေတဲ့အရာတွေ ဦးခေါင်းမှာမဝတ်မိဖို့ပဲဖြစ်ပါတယ်။ ဦးထုပ်ဆောင်းမယ်ဆိုရင်တောင်မှ သိပ်မကျပ်တဲ့ ခပ်ချောင်ချောင်အရွယ်အစားကိုရွေးချယ်ပါ။ ဦးခေါင်းမှာ ဘာပဲဝတ်ဝတ် သက်တောင့်သက်သာဖြစ်စေဖို့ ကိုယ်နဲ့သင့်တော်မယ့် အရွယ်အစားနဲ့ ဒီဇိုင်းကိုရွေးချယ်ပါ။အရှင်းဆုံးကတော့ ဒါကြောင့်ခေါင်းကိုက်နေရင် အဲဒီအရာကို ချွတ်ဖယ်လိုက်ဖို့ပဲလိုပါတယ်။နောက်ထပ်သီးသန့်ကုသဖို့ လိုအပ်တာ နည်းပါတယ်။ခေါင်းတစ်ခြမ်းကိုက် အဖြစ်များတဲ့သူတွေမှာသာ အခုလိုဖြစ်လာရင်ခေါင်းကိုက်ပျောက်ဆေးသောက်ဖို့လိုပါလိမ့်မယ်။ဦးထုပ်ဆောင်းတဲ့အခါ ဦးထုပ်ကို မကျပ်အောင်လျှော့ထားလိုက်ရင်လည်း သက်သာပါတယ်။ ဆံပင်နဲ့ဦးခေါင်းကို တင်းပြီးဆွဲစည်းသလိုမဖြစ်စေဖို့ ဂရုစိုက်ပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/headaches-and-migraines/%e1%80%a5%e1%80%ae%e1%80%b8%e1%80%91%e1%80%af%e1%80%95%e1%80%b9%e1%80%b1%e1%80%86%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%9b%e1%80%84%e1%80%b9-%e1%80%b1%e1%80%81%e1%80%ab%e1%80%84%e1%80%b9%e1%80%b8/