title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူကြတာ ဘာကြောင့်လဲ
လူတွေမှာ ဆံပင်ဖြူတယ်ဆိုတာ သဘာဝပါပဲ။ အသက်ကြီးလာရင် ဆံပင်ဖြူမယ်လေ။ ဒါပေမယ့် ကိုယ့်အသက်က ငယ်ငယ်လေးနဲ့ ဆံပင်ဖြူတွေရှိနေရင် ဘယ်လိုလုပ်မလဲ။ဒီလိုငယ်ရွယ်တုန်းအချိန်မှာ ဆံပင်ဖြူတွေရှိလာတာကို အရွယ်မတိုင်မီ ဆံပင်ဖြူခြင်းလို့ ခေါ်ပါတယ်။ သဘာဝအတိုင်းမဟုတ်တော့တာကြောင့် ဆေးပညာအရ သိထားသင့်တဲ့အချက်တွေကို ဖော်ပြလိုက်ပါတယ်။ဆံပင်ဖြူရခြင်းအကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဆေးလိပ်သောက်ခြင်း၊ အစားအစာ၊ ဆံသားထိန်းသိမ်းမှုနည်းလမ်းမမှန်တာစတဲ့ နေထိုင်မှုပုံစံတချိုကြောင့်လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူစေနိုင်ပါတယ်။နောက်ထပ်အကြောင်းရင်းတွေကတော့ ဗီတာမင် B12 ချို့တဲ့မှု၊ ဟော်မုန်းမညီမျှမှုနဲ့ အရွယ်မတိုင်မီသွေးဆုံးခြင်းတို့ ပါဝင်ပါတယ်။လူတစ်ယောက်ဟာ အသက်ကြီးလာတာနဲ့အမျှ (ဆံပင်ကိုအနက်ရောင်ဖြစ်စေတဲ့) melanin pigment ပုံမှန်ပမာဏလောက်ကို ပေါင်းစပ်ဓာတ်ပြုနိုင်တဲ့စွမ်းရည်က ကျဆင်းလာပါတယ်။ ဒါ့ကြောင့်ပဲ ဖြူလွလွ ဆံနွယ်တွေဖြစ်လာရတာပေါ့။ဒီတော့ ဒီလို ပုံမှန်မဟုတ်ဘဲ ဖြူလာရတဲ့အကြောင်းရင်းတွေကို သိထားမှ သင့်တော်တဲ့ ကုသထိန်းသိမ်းမှုကို လုပ်နိုင်မှာဖြစ်လို့ အသက်ငယ်ငယ်နဲ့ ဆံပင်ဖြူနေပြီဆိုရင် ကိုယ့်မှာရှိနေနိုင်လောက်တဲ့ အောက်ပါအချက်တွေကို သတိထားပါ။ဆံပင်ဖြူရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုက သိုင်းရွိုက်ရောဂါဖြစ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းများလွန်းတာ ဒါမှမဟုတ် နည်းလွန်းတာတွေက ဆံသားအတွင်း melanin ထွက်ရှိမှုကို ထိခိုက်စေပြီး အရွယ်မတိုင်မီ ဆံပင်ဖြူခြင်းကိုဖြစ်လာစေနိုင်ပါတယ်။B12 ဓာတ်ချို့တဲ့ရင် ငယ်ရွယ်စဉ်မှာ ဆံပင်ဖြူနိုင်ပါတယ်။ ဗီတာမင်B12၊ ဇင့်နဲ့ ကော့ပါးတို့က ဆံသားအားဖြည့်ပေးတဲ့ ဓာတ်တွေဖြစ်တာကြောင့် B12 ကြွယ်ဝတဲ့ အစားအစာတွေကို နေ့စဉ်အာဟာရမှာ အမြဲထည့်စားပါ။မိဘတွေမှာ ငယ်ငယ်လေးနဲ့ ဆံပင်ဖြူရှိခဲ့ဖူးရင် မွေးလာတဲ့သားသမီးမှာလည်း ဖြစ်နိုင်ဖို့ ပိုများပါတယ်။ခန္ဓာကိုယ်မှာ ဗီတာမင်Cနဲ့ E ချို့တဲ့နေရင်လည်း ဆံပင်ဖြူလာနိုင်ပါတယ်။ ဒီလိုချို့တဲ့ရင် melanin ထုတ်ပေးတဲ့ ဆဲလ်တွေရဲ့ ပမာဏကို လျော့နည်းစေပြီး ဆံပင်ဖြူလာစေပါတယ်။ဆေးလိပ်သောက်ခြင်းဟာ အသက်ငယ်ငယ်နဲ့ ဆံပင်ဖြူစေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဆေးလိပ်သောက်တဲ့အခါ သောက်သုံးသူရဲ့ခန္ဓာကိုယ်ထဲမှာ free radicals ဓာတ်တွေထွက်ရှိစေပြီး melanin ကို လျော့နည်းစေပါတယ်။အသင့်အလွယ်စားအစားအစာတွေက အသက်ငယ်ရွယ်စဉ်မှာ ဆံပင်ဖြူစေတဲ့အကြောင်းရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ အသင့်စား သို့မဟုတ် ပြုပြင်စီမံထားတဲ့အစားအစာတွေဟာ ဆံသားအတွင်းက melanin ဓာတ်ကို လျော့နည်းစေပြီး အိုမင်းရင့်ရော်မှုကို မြန်ဆန်စေပါတယ်။ ဒီအစားအစာတွေကို ကြာရှည်စွဲမြဲစားသုံးသူတွေဟာ အရွယ်မတိုင်မီ ဆံပင်ဖြူလာဖို့များပါတယ်။စိတ်ဖိစီးမှုက လူကို ထိခိုက်မှုများစွာ ဖြစ်လာစေနိုင်ပြီး စိတ်တုန်လှုပ်ခြင်း၊ ဝမ်းနည်းခြင်း၊ စိတ်ပူပန်ခြင်းတို့က melanin ဆဲလ်တွေကို ပမာဏလျော့စေပြီး ငယ်ငယ်နဲ့ ဆံပင်ဖြူလာစေပါတယ်။ဘာလို့ ဆံပင်ဖြူတွေတွေ့နေရလဲ။ အာဟာရမညီမျှတဲ့ စားသောက်ပုံအလေ့အထရှိရင် ချို့တဲ့နေတဲ့အာဟာရတွေလည်း အများကြီးရှိမှာပါပဲ။ ကိုယ့်ခန္ဓာကိုယ်က ဗီတာမင်နဲ့ သတ္တုဓာတ်အလုံအလောက်မရနိုင်တဲ့အခါ လုပ်ဆောင်ချက်တွေ ချို့ယွင်းလာတတ်တာကြောင့် ဆံပင်ဖြူတာ အပါအဝင် တခြားကျန်းမာရေးပြဿနာတွေပါ ဖြစ်စေနိုင်ပါတယ်။ဒီလို အသုံးများခြင်းက ဆံသားကို အားနည်းစေပါတယ်။ ဒီစက်တွေကနေ ထွက်ရှိလာတဲ့ အပူရှိန်က melanin ထွက်ရှိမှုကို ထိခိုက်စေပြီး ဆံပင်ဖြူလာစေနိုင်ပါတယ်။တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိခြင်းကြောင့်ဖြစ်လာတဲ့ ဦးရေပြားမသန့်ရှင်းမှုကလည်း အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ဆံပင်ကို ဂရုမစိုက်ရင်တော့ ဆံပင်ကဖြူလာမှာပဲဖြစ်ပါတယ်။မကြာခဏဆံပင်ဆိုးရင် ဆံသားပျက်စီးစေနိင်ပါတယ်။ ဒီဆိုးဆေးတွေမှာ ဓာတုပစ္စည်းတွေ ပါဝင်တာကြောင့် melanin ဆဲလ်တွေကိုလည်း ပျက်စီးစေနိုင်ပါတယ်.။အရွယ်မတိုင်မီသွေးဆုံးခြင်း လက္ခဏာခံစားနေရသူတွေဟာ ငယ်ရွယ်စဉ်မှာ ဆံပင်ဖြူလာစေနိုင်ပါတယ်။ဖောလစ်အက်စစ်ဟာ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်အတော်များများအတွက် မရှိမဖြစ်ဓာတ်တစ်မျိုးဖြစ်ပြီး သူချို့တဲ့ပြီဆိုရင် ဆံပင်သန်စွမ်းမှုကို နှေးကွေးစေနိုင်ရုံမက ဆံပင်ပါဖြူစေပါတယ်။၁) စိတ်ဖိစီးမှုကိုလျော့ပါ။၂) အစားအသောက်ရွေးချယ်မှု မှန်ကန်ပါစေ။၃) ဆေးလိပ်ဖြတ်ပါ။၄) သိုင်းရွိုက်အခြေအနေကို ဆန်းစစ်ပါ။၅) ခေါင်းလျှော်ရည်အပြင်းစားတွေမသုံးပါနဲ့။၆) ဆံပင်ကို ဆီလိမ်းပါ။၇) ရေမွှေးပါတဲ့ခေါင်းလိမ်းဆီတွေကိုရှောင်ပါ။ဗာဒံစေ့အပါအဝင် အစေ့အဆံတွေကို စားသုံးပေးရင် ဆံပင်ဖြူခြင်းကို သက်သာစေနိုင်ပါတယ်။ ချောကလက်၊ ငှက်ပျောသီး၊ ဗာဒံစေ့တို့ကို ဖျော်သောက်ပေးရင် ဆံပင်နဲ့ အရေပြားကျန်းမာရေးအတွက်ကောင်းပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/causes-of-grey-hair-in-youth/
အာသီးဖြတ်ခြင်းနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းတွေ ။ ။
အာသီးဖြတ်ခြင်းနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းတွေ အကြောင်းလေးကို ဗဟုသုတ အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။အာသီးခဏခဏရောင်တယ်၊ လည်ချောင်းနာတာ ခဏခဏဖြစ်တယ်။ အာသီးက ကြီးကြီးလာလို့ အသက်ရှူ မရတော့ဘူးစတဲ့ ပြဿနာတွေအတွက် အဓိက ဖြေရှင်းနည်းကတော့ အာသီးဖြတ်ထုတ်တာပဲဖြစ်ပါတယ်။ အာသီးဖြတ်ရတော့မယ်ဆိုရင် လူတိုင်းက ကြောက်သွားတတ်ကြပါတယ်။ အာသီးကြီး ဘာ့ကြောင့်ဖြတ်ရမှာလဲ၊ မဖြတ်ဘဲနေလို့ရော မရဘူးလား။ ဖြတ်လိုက်ရင်ရော ဘာတွေ ဖြစ်သွားမှာလဲဆိုတဲ့မေးခွန်းတွေ တစ်သီတစ်တန်းကြီး ဝင်လာမှာပါ။အာသီးဖြတ်တယ်ဆိုတာ လျှာအနောက်နားက အာခေါင်မှာရှိတဲ့ အာသီးနှစ်ဘက်ကိုဖြတ်ထုတ်လိုက်တာဖြစ်ပါတယ် ။ ဒီနေရာမှာ uvulaနဲ့ အာသီးကို ရောနေတတ်ကြပါတယ်။ ပါးစပ်ဟပြီးကြည့်လိုက်လို့ တွဲလွဲကျနေတာက uvula ပါ။ အာခေါင်ကနေ  တွဲလောင်းကျနေတဲ့ တစ်ရှူး‌ပျော့လေး ဖြစ်ပါတယ်။အာသီးဆိုတာ ဘေးတစ်ဘက်တစ်ချက်စီမှာရှိတဲ့ ဖုသီးနီနီလေးတွေပါ။ ကလေးအသက် ပထမနှစ်တွေမှာ လည်ချောင်းတွင်းကို ဝင်လာတဲ့ ပိုးမွှားတွေကို ဖမ်းယူတဲ့နေရာမှာ အာသီးက ကူညီပေးပါတယ်။ဒီ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ဖမ်းယူပေးနေတဲ့။အစားလည်းစားနိုင် တံတွေးလည်း မျိုချနိုင်တယ်ဆိုရင် ဒီနေ့ခွဲစိတ် ဒီနေ့တင်ဆေးရုံတန်းဆင်းလို့ရတဲ့ ခွဲစိတ်မှုတစ်ခုပါ။ ဒါပေမယ့် သွေးထွက်လွန်တဲ့ပြဿနာတွေကို စောင့်ကြည့်ဖို့ ဆေးရုံမှာ အနည်းဆုံး ၆ နာရီလောက်တော့ နေရမှာ ဖြစ်ပါတယ်။ရေးသားသူ- Dr Thin Yadanar @ Frances။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/throat-conditions/tonsillectomy-postop-care/
ကလေးတွေ အိပ်ပါစေ…
ကလေးတွေအတွက် အိပ်စက်ခြင်းဟာ အစားအစာ နှင့် လုံခြုံစွာနေထိုင်ရမှုထက်မနည်း အရေးကြီးပါတယ်။ အကြောင်းကတော့ အိပ်စက်ခြင်းဟာ ဉာဏ်ရည်ဖွံ့ဖြိုးမှုအပေါ်မှာသာမက ကိုယ်ကာယဖွံ့ဖြိုးမှုအပေါ်မှာပါ ကြီးမားတဲ့ သက်ရောက်မှု ရှိနေလို့ပါပဲ။ဒါပေမယ့် အိပ်ချိန်တစ်ခုပဲ အရေးကြီးတာတော့ မဟုတ်ပါဘူး။ အိပ်စက်တဲ့အချိန်အတွင်းမှာလည်း အနှောင့်အယှက်ကင်းကင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်ဖို့နဲ့ နေ့လည်နေ့ခင်းလိုအချိန်တွေမှာ တစ်မှေးအိပ်စက်ခြင်းတွေဟာဆိုရင်လည်း အရေးကြီးပါတယ်။လေ့လာတွေ့ရှိချက်တစ်ခုမှာဆိုရင် IQ မြင့်တဲ့သူတွေဟာ အိပ်ချိန် ပိုများကြကြောင်းတွေ့ရှိထားပါတယ်။ အဲလိုပြောလို့ ပိုအိပ်တာကောင်းတယ်ချည်း မဟုတ်ပါဘူးနော်။ ယနေ့ခေတ်အချိန်အရ လူတွေဟာ ဖျော်ဖြေရေးတွေ၊ အင်တာနက်၊ ရုပ်ရှင်၊ ဂိမ်း စတာတွေကြောင့် အိပ်ချိန် လျော့နည်းလာကြချိန်မှာ IQ မြင့်တဲ့လူတွေက ယေဘုယျအားဖြင့် အိပ်ချိန်ပိုကြကြောင်း လေ့လာတွေ့ရှိထားတာဖြစ်ပါတယ်။ နေ့စဉ် အခြားကလေးများထက် အိပ်ချိန်ပိုလာတာကို သတိထားမိလာပြီဆိုရင်တော့လည်း ဒါဟာ စိတ်ကျခြင်းရဲ့ လက္ခဏာဖြစ်နိုင်တာမို့လို့ မိဘတွေအနေနဲ့ သတိထားသင့်ပါတယ်။ အကြောင်းကတော့ လူတော်တော်များများ တွေးထင်ထားတဲ့ ကလေးတွေဟာ depression မဝင်နိုင်ဘူးဆိုတဲ့အချက်ဟာ အမှန်မဟုတ်လို့ပါပဲ။ ကလေးတွေဟာလည်း စိတ်ကျခြင်းကို ခံစားရနိုင်ပါတယ်။နောက်တစ်ခုကတော့ အိပ်ချိန်လေး အနည်းငယ်လောက် လျော့နည်းရုံပါလို့ ပေါ့ပေါ့ဆဆတွေးလို့ မရပါဘူး။ အနည်းငယ်သောအိပ်ချိန်လျော့နည်းခြင်းဟာဆိုရင်လည်း ကလေးတွေကို နွမ်းလျစေပါတယ်။ တစ်ခါတစ်ရံ ကလေးတွေဟာ တက်ကြွနေတယ်လို့ ထင်ရနိုင်ပြီး အမှန်တကယ်မှာ မိဘတွေ၊ သူငယ်ချင်းတွေနှင့် ကစားချင်သောကြောင့် အဲ့ဒီလို တက်ကြွနေဖို့ကို သူတို့ကိုယ်တိုင်က ကြိုးစားနေကြတာဖြစ်ပြီး နောက်ပိုင်းမှာ အလွန်အမင်း ခြေကုန်လက်ပန်းကျခြင်းမျိုးကဲ့သို့သော အရာတွေဖြစ်လာနိုင်ပါတယ်။ အဲ့ဒါရဲ့ နောက်ဆက်တွဲရလဒ်အနေနဲ့ ဇီဇာကြောင်တာတွေ၊ ဒေါသထွက်လွယ်တာတွေ၊ ဒါမှဒါဆိုပြီး တစ်ယူသန်တာတွေ ဖြစ်လာနိုင်ပါတယ်။ အိပ်ပျော်ဖို့ ခက်ခဲသွားတာတွေ၊ ညအချိန်မှာ နိုးနေတာမျိုးတွေလည်း ဖြစ်လာနိုင်လို့ မပေါ့ဆသင့်ပါဘူး။ဒီလိုမျိုးလေး ကလေးအတွက် ဆောင်ရွက်ပေးထားမယ်ဆိုရင် ကလေးအတွက် အများကြီး အကျိုးရှိသလို မိမိကိုယ်တိုင်အတွက်လည်း ကောင်းမွန်စွာ အိပ်ပျော်ခွင့်ရနိုင်ဖို့ အခွင့်အလမ်းများသွားမှာပဲ ဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။‌ရေးသားသူ – May Kham Eain။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1-%e1%80%a1%e1%80%ad%e1%80%95%e1%80%ba%e1%80%95%e1%80%ab%e1%80%85%e1%80%b1/
မျက်လုံးပါဝါကို လေဆာဖြင့် ဖျောက်ပြီးပါက ဂရုစိုက်နေထိုင်နည်းများ
မျက်လုံးများ ဟာ ရတနာတစ်မျိုးကဲ့သို့ အဖိုးတန်ပါတယ်။ ခန္ဓါကိုယ်ရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းများထဲမှာ ပါဝင်ပါတယ်။ အဝေးမှုန်ရောဂါ ရှိသူများဟာ LASIK(Laser-assisted in situ keratomielusis) ဟုခေါ်တဲ့ မျက်လုံးပါဝါကို လေဆာဖြင့်ဖျောက်ခြင်းကို ပြုလုပ်နိုင်ပါတယ်။ ထိုသို့ပြုလုပ်ပြီးပါက ပါဝါမျက်မှန်တပ်ဆင်ရန် မလိုတော့ပါ။သည်နည်းလမ်းဟာ လူသန်းပေါင်းများစွာကို မျက်လုံးပါဝါ ၂၀/၂၀ ပြန်လည်ကောင်းမွန်စေနိုင်ပါတယ်။ LASIK ပြုလုပ်ပြီးနောက် လိုက်နာရမယ့် အချက်များကို အောက်တွင် ဖေါ်ပြထားပါတယ်။LASIK ပြုလုပ်ပြီးနောက် ပထမဆုံး ပြုလုပ်ရမည်မှာ မျက်လုံးများကို နာရီအနည်းငယ်ကြာ အနားပေးဖို့ပဲ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ LASIK ပြုလုပ်ပြီးခါစ စောင့်ကြည့်ခန်းတွင် နေပြီး လှုပ်ရှားမှု သိပ်မပြုလုပ်သင့်ပါ။ မျက်လုံးကို နေသားကျသွားသည်အထိ စောင့်သင့်ပါတယ်။ယားယံခြင်း၊ နာကျင်ခြင်းတို့မှလွဲ၍ အတတ်နိုင်ဆုံး မျက်လုံးများကို သွားမကိုင်၊မထိသင့်ပါ။ ပြန်လည်ကောင်းမွန်လာအောင် စောင့်နေချိန်တွင် သည်အချက်က အရမ်းအရေးကြီးပါတယ်။ မျက်လုံးများကို ပွတ်ပါက ထိခိုက်ခြင်းများ ဖြစ်နိုင်သောကြောင့်ြဖ်စပါတယ်။ အကယ်၍ နေရအလွန်ခက်ပါက ဆရာဝန်နှင့် ပြသနိုင်ပါတယ်။လူအတော်များများဟာ သည်အချက်ကို လျစ်လျူရှုတတ်ကြပါတယ်။ LASIK ပြုလုပ်ပြီးနောက် သင့်မျက်လုံးများဟာ အားနည်းနေပါတယ်။ ကားမောင်းပါက အမြင်များ ဝါးနေသေးသဖြင့် မျက်လုံးများ ပိုပင်ပန်းလာနိုင်ပါတယ်။LASIK ပြုလုပ်ပြီးနောက် အနည်ဆုံး ၃ ရက်ကြာသည်အထိ ကားမောင်းခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ကားပြန်မောင်းခွင့်ရသောအခါတွင်လည်း မျက်လုံးများ လုံးဝအနာကျက်သည်အထိ ခရီးရှည် မောင်းနှင်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။မျက်လုံးအကာများ အသုံးပြုထားခြင်းဖြင့် မျက်လုံးကို အတော်တဆ ထိခိုက်မှုများ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ညဘက်အိပ်လျှင်လည်း မျက်လုံးများကို ကာ၍ အိပ်နိုင်ပါတယ်။ ထိုသို့ဖြင့် အိပ်နေတုန်း ယောင်ပြီး မျက်လုံးကို ထိခိုက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။မျက်စင်းဆေးရည် များကို ညွှန်ကြားထားသည့်အတိုင်း ပုံမန် အသုံးပြုပါ။ ထိုဆေးရည်တွင် ပိုးသတ်ဆေးပါဝင်သောကြောင့် ညွှန်ကြားထားသည့်အတိုင်း အသုံးပြုရပါမယ်။ ထို့ပြင် LASIK ပြုလုပ်ပြီးပါ မျက်ရည်ထွက်ခြင်းလုပ်ငန်းဟာ အချိန်အတိုင်းအတာတစ်ခု အထိ နှောင့်နှေးနေနိုင်သည့်အတွက် မျက်လုံးများ မခြောက်စေရန် မျက်စင်းဆေးရည်ကို အသုံးပြုပေးရပါမယ်။အချို့သူများဟာ နည်းနည်းသက်သာသည်နှင့် ပိုးသတ်ဆေးအသုံးပြုခြင်းကို ရပ်လိုက်ခြင်း၊ ဆရာဝန်ချိန်းဆိုသည့်အတိုင်း သွားမပြခြင်းများ ပြုလုပ်တတ်ပါတယ်။ ဆရာဝန်နှင့် ပြန်လည်ပြသခြင်းဟာ သင့်မျက်လုံးအနာကျက်ခြင်းအတွက် အရေးကြီးပါတယ်။ အနာမကျက်ပါက အခန့်မသင်လျှင် မျက်ကြည်လွှာ အနားသတ်လေး လန်သွားခြင်းများ ဖြစ်တတ်ပါတယ်။ နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်မဖြစ် စစ်ဆေးနိုင်ရန် ဆရာဝန်ချိန်းဆိုသည့်အတိုင်း သွားရောက်ပြသရပါမယ်။LASIK ပြုလုပ်ပြီးနောက် ယားယံခြင်း၊ အလင်းဒါဏ်မခံနိုင်ခြင်းများ ဖြစ်တတ်ပါတယ်။ သို့သော် ထိုလက္ခဏာများဟာ နှစ်ရက် သုံးရက်ကြာပါက ပျောက်သွားရပါမယ်။ ထိုထက်ကြာနေပါက ဆရာဝန်နှင့် သွားပြပါ။LASIK နည်းဟာ အဝေးမှုန်သူများအတွက် မှော်ပညာတစ်ခုကဲ့သို့ အထောက်အကူဖြစ်စေပါတယ်။ LASIK ပြုလုပ်ပြီးနောက် သေချာစွာ ဂရုစိုက်နေထိုင်ပါက ပြီးပြည့်စုံတဲ့ အမြင်အာရုံကို ပြန်ရရှိမှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%95%e1%80%ab%e1%81%80%e1%80%ab%e1%80%80%e1%80%ad%e1%80%af-%e1%80%b1%e1%80%9c%e1%80%86%e1%80%ac%e1%80%bb%e1%80%96%e1%80%84/
ရေဓာတ်လွန်ကဲခြင်းအကြောင်း
လူ့ခန္ဓာကိုယ်ရဲ့ အဓိကစနစ်ကြီးများဟာ ကောင်းစွာလည်ပတ်နိုင်ဖို့ ရေဓာတ်ကို လိုအပ်ပါတယ်။ ရေကို လုံလောက်စွာ သောက်သုံးမှသာ။–ကိုယ်ခန္ဓာအပူချိန်ထိန်းညှိနိုင်ခြင်း။–ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်ခြင်း။– အညစ်အကြေးများစွန့်နိုင်ခြင်း။– ကိုယ်ခန္ဓာ၏ အဓိကလုပ်ငန်းဆောင်တာများ ဆောင်ရွက်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။ရာသီဥတုပူအိုက်ချိန်၊ လှုပ်ရှားမှုများချိန်တွေမှာ ရေကို ပိုပြီးဂရုစိုက် သောက်သုံးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ရေကို အလွန်အကျွံသောက်သုံးမိရင်လည်း အန္တရာယ်ဖြစ်နိုင်ပါတယ်။ရေကို အလွန်အကျွံသောက်မိရင် ရေဆိပ်သင့်ခြင်း ဖြစ်နိုင်ပါတယ်။ ကိုယ်ခန္ဓာထဲမှာ ဆားနဲ့ တခြားဓာတ်ဆားပမာဏဟာ အရမ်းကို အားပျော့သွားတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဆိုဒီယမ် (ဆား) နည်းသွားတဲ့ အခြေအနေကို hyponatremia လို့ ခေါ်ပါတယ်။ ရေဓာတ်များလာခြင်းကြောင့် ဖြစ်ပါတယ်။ ဓာတ်ဆားတွေဟာ ရုတ်တရက် ကျဆင်းသွားရင် အသက်အန္တရာယ်ထိ ဖြစ်နိုင်ပါတယ်။ ရေဓာတ်လွန်ကဲခြင်းကြောင့် သေဆုံးတာ ရှားပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ပါတယ်။ရေဓာတ်လွန်ကဲတဲ့ အခြေအနေနှစ်မျိုး ရှိပါတယ်။ အဲ့ဒါတွေကတော့။– ရေသောက်သုံးမှုများခြင်း။ သင့်ရဲ့ကျောက်ကပ်က စွန့်ထုတ်နေတဲ့ပမာဏထက် ပိုမိုသောက်သုံးမိတဲ့ အခြေအနေ ဖြစ်ပါတယ်။ သွေးထဲမှာ ရေအလွန်များသွားပါတယ်။– ရေကို ထိန်းထားခြင်း။ ကိုယ်ခန္ဓာကနေ စွန့်သင့်တဲ့ပမာဏလောက် မစွန့်ထုတ်ဘဲ ဆွဲထိန်းထားတဲ့ အခြေအနေ ဖြစ်ပါတယ်။ ရောဂါတချို့ကြောင့် ရေကို ကိုယ်ခန္ဓာထဲကနေ မစွန့်ထုတ်နိုင်ဘဲ ဖြစ်တတ်ပါတယ်။နှစ်မျိုးစလုံးဟာ ရေနဲ့ ဆိုဒီယမ် ဟန်ချက်မညီခြင်းကြောင့်ဖြစ်တာမို့ အန္တရာယ်ရှိပါတယ်။ရေကို အလွန်အကျွံသောက်ပြီး စွန့်ထုတ်သင့်သလောက် မစွန့်ထုတ်နိုင်ရင် ကိုယ်ခန္ဓာထဲမှာ ရေတွေမျာပြားလာမှာ ဖြစ်ပါတယ်။ သွေးထဲမှာရှိတဲ့ အရေးကြီးတဲ့ အရာတွေကို ကျဲပြီး အားပျော့သွားစေမှာ ဖြစ်ပါတယ်။ကျန်းမာသန်စွမ်းတဲ့ အရွယ်ရောက်ပြီးလူတယောက်ဟာ တစ်နေ့ကို ရေ ၇၈ မှ ၁၀၀ အောင်စ (၉ခွက်မှ ၁၃ခွက်) ပျမ်းမျှသောက်သုံးသင့်တယ်လို့ သိရပါတယ်။ ဒါ့အပြင် တစ်နေ့တာ ရေလိုအပ်ချက်ဟာ အသက်အရွယ်၊ ကျားမကွဲပြားမှု၊ ရာသီဥတု၊ လှုပ်ရှားမှုပမာဏ စတဲ့အချက်တွေပေါ်လည်း မူတည်ပါသေးတယ်။ရောဂါတချို့နဲ့ ဆေးဝါးများဟာ သင့်ခန္ဓာကိုယ်ထဲမှာ ရေကိုထိန်းသိမ်းထားတာကြောင့် ရေဓာတ်လွန်ကဲခြင်း ဖြစ်တတ်ပါတယ်။ အဆိုပါအခြေအနေတွေကတော့။– နှလုံးကောင်းစွာအလုပ်မလုပ်ခြင်း။– အသည်းရောဂါ။– ကျောက်ကပ်ရောဂါ။– စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေးများသုံးစွဲခြင်း။– ဆီးချိုမထိန်းနိုင်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။သင့်ကို ရေအလွန်အမင်းငတ်စေပြီး ရေကိုပိုမိုသောက်သုံးရာကတဆင့် ရေဓာတ်လွန်ကဲစေတဲ့ အခြေအနေတွေလည်း ရှိပါသေးတယ်။ အဲ့ဒါတွေကတော့။– စိတ်ကစဉ့်ကလျားဖြစ်ခြင်း။– စိတ်ကြွဆေးများသုံးစွဲခြင်း။– စိတ်ကျန်းမာရေးကုသဆေးများသုံးစွဲခြင်း။– ဆီးဆေးများသုံးစွဲခြင်း စတာတွေ ဖြစ်ပါတယ်။အင်အားသုံးရတဲ့ အားကစားသမားတွေမှာ လေ့ကျင့်ခန်းမလုပ်မီနဲ့ ပြုလုပ်အပြီးမှာ ရေအများအပြား သောက်တတ်ပြီး ရေဓာတ်လွန်ကဲခြင်း ဖြစ်တတ်ပါတယ်။ မာရသွန်အပြေးသမားများ၊ စက်ဘီးစီးအားကစားသမားများ၊ ရဂ်ဘီကစားသမားများ၊ လှေလှော်အားကစားသမားများ၊ လေ့ကျင့်ခန်း အပြင်းအထန်ပြုလုပ်သော စစ်သားများ၊ တောင်တက်သူများ စသူတွေမှာ ဖြစ်တတ်ပါတယ်။ရေဓာတ်လွန်ကဲတဲ့ အခြေအနေကို အစပိုင်းမှာ သတိမထားမိတတ်ပါဘူး။ တဖြည်းဖြည်းချင်းနဲ့ တွေ့လာရတာတွေကတော့။– ပျို့တက်ခြင်း၊ အန်ခြင်း။–ခေါင်းကိုက်ခြင်း။– အာရုံရှုပ်ထွေးခြင်း၊ အချိန်နေရာ မခွဲခြားနိုင်ခြင်း စသည့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်ပေါ်ခြင်း စတာတွေ ဖြစ်ပါတယ်။ရေဓာတ်လွန်ကဲခြင်းကို မကုသဘဲထားလိုက်ရင် သွေးထဲမှာ ဆိုဒီယမ်ဟာ စိုးရိမ်ဖွယ်ရာ ကျဆင်းသွားနိုင်ပါတယ်။ အဲဒီအချိန်မှာ ပိုဆိုးတဲ့လက္ခဏာတွေ ပေါ်လာတတ်ပါတယ်။ အဆိုပါလက္ခဏာတွေကတော့။– ကြွက်သားများ အားနည်းခြင်း၊ အကြောဆွဲခြင်း၊ ကြွက်တက်ခြင်း။– တက်ခြင်း။– သတိလစ်ခြင်း။– ကိုမာဝင်ပြီး မေ့မြောခြင်း စတာတွေပဲ ဖြစ်ပါတယ်။ကုသရာမှာပါဝင်တဲ့ နည်းလမ်းတွေကတော့။– အရည်များသောက်သုံးမှုကို ရပ်တန့်ခြင်း။– လိုအပ်လျှင် ဆီးဆေးပေးခြင်း။– ရေဓာတ်လွန်ကဲခြင်းဖြစ်ပေါ်စေသော အခြေအနေများကို ထိန်းချုပ်ကုသခြင်း။– ဆေးဝါးများကြောင့်ဖြစ်လျှင် သုံးစွဲမှုရပ်တန့်ခြင်း။–ဆိုဒီယမ်ပေးခြင်း စတာတွေ ဖြစ်ပါတယ်။သတိပြုရမှာကတော့ အဆိုပါကုသမှုနည်းလမ်းတွေကို နားလည်တတ်ကျွမ်းသူ ဆရာဝန်များဆီမှာပဲ ကုသမှု ခံယူရမှာ ဖြစ်ပါတယ်။ဆေးဝါးများကို မိမိသဘောနဲ့ ရပ်တန့်ခြင်း၊ သုံးစွဲခြင်းများ မပြုသင့်ပါဘူး။အားကစားသမားများအနေနဲ့ လေ့ကျင့်ခန်းမပြုလုပ်မီနဲ့ ပြုလုပ်ပြီးချိန် ရေကိုပြန်လည်ဖြည့်တင်းရာမှာ ဘယ်လောက်ဆုံးရှုံးထားသလဲ၊ ဘယ်လောက်ပြန်ဖြည့်မလဲ စဉ်းစားတွက်ချက်ပြီးမှ သောက်သုံးသင့်ပါတယ်။ကိုယ်အလေးချိန်မှာ တစ်ပေါင်လောက်လျော့သွားရင် အရည်များကို ၁၆ အောင်စကနေ ၂၀ အောင်စအထိ ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။လေ့ကျင့်ခန်းပြုလုပ်နေစဉ်မှာ တစ်နာရီကို အရည် ၂ခွက်က ၄ခွက်အထိ သောက်နိုင်ပါတယ်။ တစ်နာရီထက်ကြာရင်တော့ အားကစားသမားတွေအတွက် ထုတ်လုပ်ထားတဲ့ ဖျော်ရည်တွေ သောက်သုံးနိုင်ပါတယ်။ အဆိုပါဖျော်ရည်တွေမှာ သကြားအပြင် ဆိုဒီယမ်၊ပိုတက်ဆီယမ်စတဲ့ဓာတ်ဆားတွေလည်း ပါဝင်ပါတယ်။ဆီးချို၊ နှလုံး၊ ကျောက်ကပ် ရောဂါရှိသူများအနေနဲ့ ဆရာဝန်နဲ့ ပုံမှန်ပြသသင့်ပါတယ်။ ပုံမှန်မဟုတ်ဘဲ ရေအလွန်အမင်းငတ်နေရင် ဆရာဝန်ပြသသင့်ပါတယ်။ ဆေးဝါးများကို ဆရာဝန်နဲ့ မတိုင်ပင်ဘဲ မိမိသဘောနဲ့ တိုးသောက်ခြင်း၊ ရပ်တန့်ခြင်းများ မပြုရပါဘူး။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/overhydration/
အာရုံကြော ညပ်ရာကနေ ဘာတွေဖြစ်လာမလဲ
ဦးနှောက်နဲ့ ကျောရိုးမကြီး ကနေ ဖြန့်ထွက် လာတဲ့ အာရုံကြောတွေက ခန္ဓာကိုယ် အတွက် သိပ်ကို အရေးပါ ပါတယ်။ ဒါကြောင့် အာရုံကြောညပ်တဲ့အခါ မပေါ့ဆသင့် တာပါ။ အာရုံကြောညပ်တဲ့အခါ ဖြစ်လာတဲ့ နောက်ဆက်တွဲ ထိခိုက်မှုတွေက ခဏတာပဲ ဖြစ်နိုင်သလို၊ ကာလ တာရှည်လည်း ဖြစ်သွားနိုင်ပါတယ်။ ဒီတော့ အာရုံကြော ညပ်ရာကနေ ဘာတွေဖြစ်လာမလဲ ဆိုတာကို လေ့လာလိုက်ရအောင်နော်။အာရုံကြော တစ်ခုခု အပေါ်မှာ ဖိမိတာမျိုး ဖြစ်လာခဲ့ရင် ဒီအခြေအနေ ဖြစ်လာနိုင်ပါတယ်။ ဒီလို ဖိမိတာက အကြိမ်ကြိမ် လှုပ်ရှားမှုကြောင့်လည်း ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် အဲဒီ အစိတ်အပိုင်းကို အနေအထား တစ်ခုတည်းမှာ အချိန် ကြာကြာ နေမိစေလို့လည်း ဖြစ်နိုင်တယ်။ ဥပမာ – ညအိပ်ချိန် လက်ကို တစ်ဖက်တည်း ဖိအိပ်မိတာမျိုးပေါ့။ ဒါမှမဟုတ် အာရုံကြောနားမှာ အလုံးအကျိတ်တွေ ပေါ်လာရင်လည်း ဖြစ်နိုင်ပါတယ်။ကျောရိုးမကြီးကနေဖြာထွက်တဲ့ အာရုံကြောပေါ်မှာ ဖိမိနေတာ တစ်ခုခု ဒါမှမဟုတ် ရောင်ရမ်းမှု ဖြစ်ရာကနေ ဇက်နာတာ သို့မဟုတ် ခါးနာတာတွေ ဖြစ်လာနိုင်တယ်။ လည်ပင်း ကနေ ပခုံးနဲ့ လက်မောင်းတို့ကို နာကျင်မှု ဖြာထွက်လာတာလည်း ရှိနိုင်တယ်။ ဒါမှမဟုတ် ခြေထောက်နဲ့ ခြေဖဝါးအထိ နာကျင်တာ၊ တောင့်တင်းတာတွေ ရှိလာနိုင်တယ်။ခါးဆစ်ရိုးပြား ကျွံတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အာရုံကြော ညပ်ရာကနေ ဘာတွေဖြစ်လာမလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။လည်ပင်းသို့မဟုတ် လက်မောင်းမှာ အာရုံကြော ညပ်တဲ့အခါ –။ဒီလိုလက္ခဏာပြလာရင် –။အာရုံကြော ညပ်တာကို မကုသဘဲ ကြာလာတဲ့အခါ အာရုံကြော ပတ်လည်က အကာအကွယ်လေးတွေ ပျက်စီးလာ ပါမယ်။ အရည်တွေ စုလာမယ်၊ ပြီးရင် ဖောရောင်တာ၊ ဖိအား ပိုများတာ၊ ဒဏ် ဖြစ်စေတာတွေ ရှိလာနိုင်တယ်။ ဒဏ် ဖြစ်လာတဲ့ အခါ အာရုံကြောရဲ့လုပ်ဆောင်ချက်တွေကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။အာရုံကြော ညပ်တဲ့အခါ တစ်ခါတလေနာကျင်ကိုက်ခဲမှုတစ်ခုတည်း ဖြစ်တတ်ပေမယ့် နာကျင်မှု မဟုတ်တဲ့ တခြား လက္ခဏာတွေလည်း ရှိတတ်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေက –။တစ်ခါတလေ ခေါင်းကို လှည့်လိုက်တာ၊ လည်ပင်း စောင်းလိုက်တာ လိုမျိုး လှုပ်ရှားမှုလောက်နဲ့ လက္ခဏာ ပိုဆိုးသွားနိုင်ပါတယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/ompressed-nerves-explained/
ကျွန်တော့် လိင်တံက အရမ်း သေးနေသလား
ကျွန်တော့် လိင်တံက အရမ်း သေးနေသလား ဆိုတဲ့ မေးခွန်းကို အမျိုးသားတွေက သူတို့ရဲ့ လက်တွဲဖော်တွေကိုတော့ ထုတ်မမေးတတ်ကြပေမဲ့ ဆရာဝန်တွေနဲ့ တွေ့တဲ့အခါကျရင်တော့ ဒါက မေးလေ့မေးထရှိတဲ့ မေးခွန်းဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ နယူးယောက်မြို့ Cohen ကလေးဆေးရုံမှ ဆီးလမ်းကြောင်းဆိုင်ရာ ကလေးအထူးကု ဖြစ်သူ လိန်း အက်စ် ပေါလ်မာ (Lane S. Palmer) ကတော့ ” ဖခင်တွေက သူတို့သားတွေရဲ့ လိင်တံအရွယ်အစား သေးနေလားဆိုတာကိုမကြာခဏမေးလေ့ရှိပြီး တစ်ခါတစ်ရံမှာတော့ သူတို့လိင်တံရော သေးနေလားဆိုတာကို မေးမြန်းလေ့ရှိကြပါတယ် ” ဆိုပါတယ်။လိင်တံအရွယ်အစား သေးနေလားဆိုတာကို မေးကြတဲ့ အမျိုးသားတွေဟာ တခြားအကြောင်းရင်းကြောင့် ဆရာဝန်ကိုလာတွေ့ကြတာ ဖြစ်တယ်လို့ အမေရိကန် နယူးယောက်မြို့ Lake Success ရှိ စမစ် ဆီးလမ်းကြောင်းဆိုင်ရာ တက္ကသိုလ်မှ မျိုးပွားအင်္ဂါနဲ့ လိင်မှုဆိုင်ရာ ဒါရိုက်တာ ဖြစ်သူ ပါမောက္ခ ဘရုစ် အာ ဂီးလ်ဘတ် (Bruce R. Gilbert) ကဆိုပါတယ်။ သူတို့တွေ ဆေးရုံကို တခြားကိစ္စနဲ့ ပတ်သတ်ပြီးလာပြတဲ့ အချိန်မှာ “ အော် ဒါနဲ့ စကားမစပ် ကျွန်တော် ကျွန်တော့်လိင်တံနဲ့ ပတ်သက်ပြီး စိုးရိမ်နေတယ်ဆရာ။ ” လို့ပြောတတ်ကြတယ်။ ဒီလိုမေးကြတဲ့ အမျိုးသားအများစုကတော့ အသက် ၂၀ ကနေ ၄၀ ကြားဖြစ်ပြီး တချို့ကတော့ အသက် ၄၀ ကနေ ၅၀ ကြားဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဒီထက် အသက်ကြီးတဲ့ အမျိုးသားတွေတောင် မေးတတ်ကြပါတယ်။ ” လို့ဆိုပါတယ်။အမျိုးသားတွေ လိင်တံအရွယ်အစား သေးနေတယ်ဆိုပြီး စိုးရိမ်ကြတာ သဘာဝပါပဲ။ ဒါပေမဲ့ လိင်တံအရွယ်အစား အရမ်းသေးနေလို့ဆိုပြီး စိုးရိမ်တာကတော့ သာမန်မဟုတ်တော့ပါဘူး။လိင်တံအတွက်အရွယ်အစား ဘယ်ဆိုဒ်က ပုံမှန်လဲ၊ ဘယ်ဆိုဒ်က ပုံမှန်မဟုတ်ဘူးလဲ။သင့်အနေနဲ့ အမျိုးသားတစ်ယောက်ရဲ့ လိင်တံက အလုပ်လုပ်နေသ၍ သူ့မှာ ဘာပြဿနာ မှမရှိဘူးလို့ ထင်မိနေပါလိမ့်မယ်။ ဒီလို ထင်နေတာက မှားပါတယ်။ လိင်တံအရွယ်အစားဟာ အမျိုးသားတစ်ယောက် ကိုယ့်ကိုကိုယ်မြင်တဲ့ပုံရိပ်ရဲ အဓိက အခြေခံအချက်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ဝင်စားစရာ အချက်တစ်ချက်က အမျိုးသားအများစုက သူတို့လိင်တံရဲ့ အရွယ်အစားကို သေးတယ်လို့ပဲ မြင်တတ်ကြပါတယ်။ ဥပမာ တစ်ခုပြောရမယ်ဆိုရင် အချိန် ၂ နှစ်တာကာလအတွင်းမှာ အီတလီက ဆေးရုံတစ်ရုံမှာ အမျိုးသား ၆၇ ယောက်တိတိဟာ သူတို့လိင်တံသေးနေတဲ့အတွက် ခွဲစိတ်ပြုပြင်လို့ရမလားလို့ လာရောက်စုံစမ်းခဲ့ကြပါတယ်။ နောက်ဆုံးတော့လည်း သူတို့အားလုံးရဲ့ လိင်တံတွေဟာ ပုံမှန် လိင်တံအရွယ်အစားတွေ ပဲ ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။” ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ကျွန်တော့်လူနာတစ်ယောက်ဆို လိင်တံကို တစ်နေ့ တစ်နာရီလောက်အချိန်ပေးပြီး တိုင်းနေရင်း သူ့လိင်တံကအရမ်းသေးနေတယ်လို့ ထင်နေတာပါ။ ဒါပေမဲ့ သူ့လိင်တံကလည်း ပုံမှန်အရွယ်အစားပါပဲ။ ” ဂီးလ်ဘတ်ကဆိုပါတယ်။ဒါပေမဲ့ ဒီလိုမျိုးစိုးရိမ်တာ သူတစ်ယောက်တည်းမဟုတ်ပါဘူး။ အမျိုးသား ၄၅ ရာခိုင်နှုန်းခန့်က လိင်တံကြီးတာ ပိုလိုချင်ကြပါတယ်။ ဒါပေမဲ့ အမျိုးသမီး ၈၅ % ခန့်က သူတို့ အဖော်ဖြစ်သူရဲ့ လိင်တံအရွယ်အစားနဲ့ ပတ်သတ်ပြီး ကျေနပ်တယ်လို့ ဆိုကြပါတယ်။ဒီလို အမျိုးသမီး ၈၅ ရာခိုင်နှုန်းခန့်က သူတို့ အဖော်ဖြစ်သူနဲ့ လိင်တံအရွယ်အစားကို ကျေနပ်ကြပေမဲ့ အမျိုးသားအများစုကတော့ ထောင်မတ်နေတဲ့ အချိန် သူတို့လိင်တံဘယ်လိုပုံစံရှိလဲ၊ ပျော့နေတဲ့အချိန် သူတို့ လိင်တံ ဘယ်လိုပုံစံရှိလဲဆိုတာ စိုးရိမ်နေကြတုန်းပါပဲ။ဒီတော့ သူတို့ရဲ့ လိင်တံဟာ ပုံမှန်အရွယ်အစားလား၊ အရွယ်အစားကြီးလား၊ သေးလားဆိုတာကို အမျိုးသားတွေ ဘယ်လိုသိနိုင်မလဲ။ ဖိနပ်အရွယ်အစားနဲ့ လိင်တံဆိုဒ်ကို ခန့်မှန်းနိုင်တယ်ဆိုတဲ့ယုံတမ်းစကားတွေအရ သိတာကိုပြောတာ မဟုတ်ပါဘူး။ သေချာအတိအကျသိဖို့ကတော့ရှင်းပါတယ်။ သေချာတိုင်းတာဖို့ပါပဲ။ဒါဆိုရင် လိင်တံကို ဘယ်လိုတိုင်းတာမလဲ။လိင်တံ တစ်ခုရဲ့ အရွယ်အစားကို တိုင်းတာတာဟာ ထောင်မတ်နေတဲ့ အချိန်တိုင်းတာရတာ မဟုတ်ဘူးဆိုရင် အမျိုးသား အများစု အံ့အားသင့်သွားကြမှာပါ။ ဒီလိုတိုင်းတာ နည်းက အမျိုးမျိုးရှိပါတယ်။ ယုံကြည်စိတ်အချရဆုံး လိင်တံကို တိုင်းတာနိုင်တဲ့ နည်းက SPL လို့ခေါ်တဲ့ stretched penis length ပါ။ အမျိုးသားတစ်ယောက်ရဲ့ SPL က ရှည်လေလေ ၊ ထောင်မတ်တဲ့ အခါ ရှည်လေလေပါပဲ။ SPL ကို လိင်တံ ပျော့ခွေနေတဲ့ အချိန်တိုင်းတာရတာ ဖြစ်ပါတယ်။ တိုင်းတာမယ်ဆိုရင် ပေတံဖြစ်ဖြစ်၊ ပေကြိုးဖြစ်ဖြစ် တစ်ခုခုကို လိင်တံအရင်းနားဆီးခုံရိုးကို တင်းကျပ်စွာ ကပ်ထားလိုက်ပါ။ ကပ်ပယ်အိတ်နဲ့ လိင်တံခွာသွားတဲ့ နေရာကနေ စပြီး မတိုင်းတာပါနဲ့။ ဒီလိုတိုင်းတာမယ်ဆိုရင် အဖိုးတန်တဲ့ အတိုင်းအတာတွေ လျော့သွားမှာပါ။ ဒီလိုပေတံထောက်ပြီးတာနဲ့ လိင်တံထိပ်ကို သေချာမြဲမြဲကိုင်ပြီး အရှေ့ကို ရောက်နိုင်သမျှရောက်အောင် ဆွဲဆန့်ပါ။ ပြီးရင် ဆီခုံးရိုးကနေ ဆွဲဆန့်ထားတဲ့ လိင်တံထိပ်ထိအတိုင်းအတာကို တိုင်းလိုက်ပါ။ တိုင်းတာပြီးတော့ ၅.၄လက်မနီးပါး ရှိတဲ့အတိုင်းအတာကို ရပါသလား။ ရတယ်ဆိုရင်တော့ သင့်ရဲ့ လိင်တံဆိုဒ်က လုံးဝ သဘာဝ အရွယ်အစားရှိနေပါတယ်။ အရွယ်ရောက် အမျိုးသားအများစုက သာမန်အားဖြင့် ၅.၂၄ လက်မခန့် ရှိကြတယ်လို့ ပေါလ်မားက သူ့စစ်တမ်းများအရ ဆိုပါတယ်။ လိင်တံအရွယ်အစားတိုင်းတာတဲ့ စစ်တမ်းများအားလုံးနီးပါး ဒီအရွယ်အစား ပတ်လည်ခန့်မှာသာရှိပါတယ်။တကယ်လို့ ဒီအတိုင်းအတာထက် နည်းနည်း တိုနေမယ်ဆိုရင် သင့်မှာ အဖော်အများကြီးရှိပါတယ်။ သာမန် လိင်တံအရွယ်အစား အောက်ထက် အနည်းငယ်သေးငယ်တဲ့ အမျိုးသားတွေဟာ သာမန် အရွယ်အစားအနည်းငယ်ကြီးတဲ့ အမျိုးသားတွေလိုပဲ အများအပြားရှိပါတယ်။ဘယ်လောက်ကြီးပြီဆိုရင် လိင်တံကြီးတယ်လို့ ခေါ်လို့ရမလဲ။ပေါလ်မားရဲ့ စစ်တမ်းများအရ အမျိုးသား ဝ.၆ ရာခိုင်နှုန်းခန့်ကသာ SPL ၆.၈ လက်မနဲ့ အထက် ရှိကြတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ လိင်တံကြီးနေတာကိုတော့ အမျိုးသားတွေ စိုးရိမ်လေ့မရှိကြပါဘူး။ဘယ်အရွယ်အစားလောက်ဆို အမျိုးသား လိင်တံအရမ်းသေးတယ်လို့ ပြောလို့ရလဲ။ (Micropenis)။ကျွန်တော့် လိင်တံက အရမ်း သေးနေသလား ဆိုတော့ လိင်တံအရမ်းသေးတဲ့ အမျိုးသားတွေလည်းရှိပါတယ်။ ဒါကို ဆေးပညာအရ micropenis လို့ခေါ်ပြီး အမျိုးသား ဝ.၆ ရာခိုင်နှုန်းဟာ micropenis ပိုင်ရှင်တွေ ဖြစ်ကြပါတယ်။ ပေါလ်မားရဲ့ စာရင်းဇယားများအရ micropenis အရွယ်အစားဟာ ၃ လက်မနဲ့ ၂ လက်မ ကြားသာရှိတယ်လို့ ဆိုပါတယ်။ ဒီလိုဖြစ်နေတယ်ဆိုရင်တောင် အမေရိကန်ဒေါက်တာတွေကတော့ SPL ၃ လက်မခန့်ရှိ အမျိုးသားတွေကို ခွဲစိတ်ဖို့ သိပ်ညွှန်ကြားလေ့မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ လိင်တံခွဲစိတ်ခြင်းဟာ အန္တရာယ်များလို့ပါ။ micropenis လိင်တံပိုင်ရှင်တွေဟာ သူတို့ လိင်တံဟာ micropenis ဖြစ်နေကြောင်းကို လူပျိုပေါက်အရွယ်ရောက်မှ သိရတာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ micropenis ဟာ မျိုးရိုးဗီဇနဲ့ ဟော်မုန်းများ ပုံမှန်မဟုတ်တဲ့အတွက် ဖြစ်ရတာ ဖြစ်ပြီး လိင်တံသေးတဲ့ အပြင်တစ်ခြားပြင်းထန်တဲ့ ရောဂါများလည်း ဖြစ်တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လိင်တံဟာ သန္ဓေသား ၈ ပတ်အရွယ်ကတည်းက စတင်ဖွံ့ဖြိုးတာပါ။ ၁၂ ပတ်အကြာမှာတော့ လိင်တံဟာ အပြည့်အဝဖွံ့ဖြိုးပြီး စတင်ကြီးထွားပါတော့တယ်။ ဒုတိယ သုံးလပတ်နဲ့တတိယ သုံးလပတ်ကြားမှာတော့ အမျိုးသားလိင်ဟော်မုန်းတွေက လိင်တံကို ပုံမှန်အရွယ်အစားအထိကြီးထွားစေပါတယ်။ အဲ့အချိန် ဟော်မုန်း ထုတ်လုပ်ခြင်းကို နှောင့်ယှက်တဲ့အရာတွေရှိလာရင် လိင်တံကြီးထွားခြင်း ရပ်တန့်သွားပါတယ်။သန္ဓေသားဘဝမှာ micropenis ဖြစ်နေတာကို စောစောတွေ့မယ်ဆိုရင် လိင်တံကြီးထွားမှုကို လှုံဆော်ပေးတဲ့ တက်စတိုစတီရုန်း ဟော်မုန်းနဲ့ ကုသလို့လိုရပါတယ်။ ဒီလို တက်စတိုစတီရုန်း ဟော်မုန်းနဲ့ ကုသခြင်းဟာ ကလေးဘဝနဲ့ လူပျိုဖော်ဝင်ပြီးတဲ့ အချိန်ထိတောင် လိင်တံကြီးထွားစေနိုင်ပြီး စိတ်ချရတဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။ စစ်တမ်းများအရတော့ ဒီကုသမှုနည်းလမ်းဟာ လူပျိုပေါက်အရွယ် လိင်တံကြီးထွားမှုကို ထိခိုက်မှုမရှိဘူးလို့ဆိုပါတယ်။“ အရွယ်ရောက်တဲ့ အချိန် အထိ micropenis ဖြစ်နေမယ်ဆိုရင် ရွေးချယ်စရာက နည်းလာပါပြီ။လူပျိုပေါက်လူနာတစ်ယောက်အတွက်လိင်တံအတုတပ်ဆင်ခြင်းကလွဲပြီးmicropenis ကို လုံလုံလောက်လောက်ကုသပေးနိုင်တဲ့ နည်းမရှိပါဘူး” လို့ ဂီးလ်ဘတ်က ဆိုပါတယ်။ ဒါပေမဲ့ ကံကောင်းတာတစ်ခုက micropenis ဟာ ရှားပါးတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။micropenis ထက်ပိုပြီး အတွေ့ရများတဲ့ ဖြစ်စဉ်တစ်ခုက လိင်တံကို သေးကွေးနေတဲ့ ပုံစံ ဖြစ်အောင်ပြုလုပ်ပေးတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါကို အရမ်းမသိသာတဲ့လိင်တံ အခြေအနေ inconspicuous penis လို့ခေါ်ပါတယ်။inconspicuous penis သို့မဟုတ် အရွယ်အစားကြောင့် ပြဿနာတက်နေတာ မဟုတ်တဲ့ လိင်တံ။inconspicuous penis ဆိုတာ အတွေ့ရခက်တဲ့ လိင်တံကို ပြောတာ ဖြစ်ပါတယ်။ Micropenis ဆိုတာတကယ်သေးငယ်နေတဲ့ လိင်တံ ကိုခေါ်တာဖြစ်ပြီး inconspicuous penis ခေါင်းစဉ်အောက်က အတွေ့ရနည်းတဲ့ ဖြစ်စဉ်တစ်ခုပါ။ inconspicuous penis ရဲ့ဖြစ်စဉ်တွေထဲက အတွေ့ရများတဲ့ ဖြစ်စဉ်တွေကတော့ အသားချင်းကပ်နေတဲ့ လိင်တံနဲ့ အသားထဲမြုပ်နေတဲ့ လိင်တံတို့ဖြစ်ပါတယ်။ အသားချင်းကပ်နေတဲ့ လိင်တံဆိုတာ ကပ်ပယ်အိတ်ဟာ လိင်တံရဲ့ အောက်ခြေ အရင်းထိ ကပ်နေတဲ့ အတွက် လိင်တံကို အောက်စိုက်စေပြီး ခန္ဓါကိုယ်အတွင်းပိုင်းထဲ ပိုရောက်နေတဲ့ ဖြစ်စဉ်ကို ခေါ်တာပါ။ ပုံမှန်အားဖြင့် လိင်တံဟာ ကပ်ပယ်အိတ်နဲ့ ၉၀ ရာခိုင်နှုန်းမှာ ရှိနေတာ ဖြစ်ပြီး အသားချင်းကပ်နေတဲ့ လိင်တံ မှာတော့ ကပ်ပယ်အိတ်ဟာ လိင်တံနဲ့ တွဲနေပြီး ဘယ်နေရာနားကွဲသွားလဲဆိုတာ သိပ်မသိသာပါဘူး။အသားထဲမြုပ်နေတဲ့ လိင်တံဆိုတာကတော့ လိင်တံက အရေပြားအောက်ထဲရောက်နေတာကိုခေါ်တာ ဖြစ်ပါတယ်။ ဒီလို လိင်တံမျိုးဟာ အဝလွန်နေတဲ့ ဗိုက်မှ အဆီတွေက တွဲကျပြီး လိင်တံကို ဖုံးအုပ်နေစေတာ ဖြစ်ပါတယ်။ နောက်တွေ့ရတဲ့ ပုံစံမျိုးက ကပ်ပယ်အိတ်နဲ့ ဆက်သွယ်ထားတဲ့ အပိုင်းက မပါလာတဲ့အခါမှာ လိင်တံက ဆီးခုံရိုးသို့ ကပ်နေတာ ဖြစ်ပါတယ်။တစ်ခြားမြုပ်နေတဲ့ လိင်တံ အမျိုးအစားကတော့ လိင်တံထိပ်ငုံ အရေပြားက အရမ်းကြီးမားလွန်းနေတဲ့ အခါမှာ လိင်တံကိုမြုပ်နေစေတာ ဖြစ်ပါတယ်။ ကပ်တွဲနေတဲ့ လိင်တံကတော့ ပုံမှန်အားဖြင့် ခွဲစိတ်ခြင်းဖြင့် ကုသလို့ရပေမဲ့ မြုပ်နေတဲ့ လိင်တံတွေ ဆိုရင်တော့ ကိုယ်အလေးချိန်လျှော့ချခြင်း နဲ့ liposuction လို့ခေါ်တဲ့ အဆီတွေကို စုပ်ထုတ်ဖို့ လိုအပ်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ချို့ ဖြစ်စဉ်တွေမှာလည်း ခွဲစိတ်နည်းဖြင့် ကုသနိုင်ပါတယ်။လိင်တံသေးခြင်း ရောဂါလက္ခဏာ။small penis syndrome လို့ အမည်ပေးထားတဲ့ ဖြစ်စဉ်ဟာ ကိုယ်မှာ လိင်တံကြီးကြီးမရှိလို့ ယောက်ျားအစစ်တစ်ယောက်မဟုတ်ဘူးဆိုပြီးထင်နေတဲ့ ယူဆချက်ကိုခေါ်တာဖြစ်ပါတယ်။ အမျိုးသား အများစု ဒီအချက်ကို ယုံကြည်ကြတဲ့ အဓိက အကြောင်းရင်းကတော့ အမျိုးသားအများစုက ပုံမှန်လိင်တံအရွယ်အစား ဘယ်လောက်ရှိလဲဆိုတာကို မသိကြလို့ဖြစ်ပါတယ်။ အမျိုးသား အများစုကို ပုံမှန်လိင်တံအရွယ်အစား ဘယ်လောက်ရှိလဲဆိုတာ မေးမြန်းတဲ့ စစ်တမ်းတစ်ခုမှာလည်း အမျိုးသားအများစုက မှားယွင်းကြပြီး ၁၅ ရာခိုင်နှုန်းက သူတို့ မသိကြောင်း ဝန်ခံခဲ့ကြပါတယ်။နောက်တစ်ချက်ကတော့ ယောက်ျားလေးတွေ အကြည့်များတဲ့ အပြာရုပ်ရှင်တွေ ဖြစ်ပါတယ်။ ပေါလ်မားကတော့ သူ့ရဲ့ လိင်တံအရွယ်အစား သေးငယ်နေလို့ဆိုပြီး အကြီးအကျယ်စိတ်ဆင်းရဲနေတဲ့ လူငယ်တစ်ဦးကို ကုသပေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ သေချာ စစ်ဆေးတဲ့ အခါမှာတော့ သူရဲ့ လိင်တံဟာ လုံးဝပုံမှန်ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ ဘာကြောင့် ဒီလို ခံစားနေရတာလဲဆိုတဲ့ အဖြေကိုရှာကြည့်တော့ ဒီလူငယ်လေးဟာ အင်တာနက် အပြာရုပ်ရှင်များကို ကြည့်ရှုသူတစ်ယောက်ဖြစ်ပြီး ဒီအပြာရုပ်ရှင်ထဲက ပုံဖျက်ထားတဲ့ အမျိုးသားတစ်ယောက်ရဲ့ပုံကိုမြင်ပြီး ဒီလို ခံစားချက် ဖြစ်လာတာပါ။ ဘာကြောင့်လဲဆိုတော့ လိင်တံအရွယ်အစားဟာ အမျိုးသားခန္ဓါကိုယ်ရဲ့ အဓိကပုံရိပ်ဖြစ်တဲ့ အတွက် အမျိုးသားအများစုဟာ လိင်တံအရွယ်အစားကို အာရုံစိုက်ရင်း body dysmorphic disorder လို့ခေါ်တဲ့ ခန္ဓါကိုယ်ရဲ့ ပြစ်ချက်တွေ အပေါ် အလွန်အကျွံ စိုးရိမ်ပူပန်တဲ့ စိတ်ဝေဒနာကို ခံစားနေရတာ ဖြစ်ပါတယ်။ body dysmorphic disorder နဲ့ တစ်ခြားသော စိတ်ရောဂါတွေကို ခံစားနေရမယ်ဆိုရင် စိတ်ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးခြင်းက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ပေါလ်မားရော ဂီးလ်ဘတ်ကပါ ဒီလို စိတ်ဝေဒနာ ခံစားနေရတာ ပျောက်ကင်းဖို့ဆိုရင်တော့ ဒီအမျိုးသားတွေကို သူတို့ လိပ်တံ အရွယ်အစားက လုံးဝပုံမှန်ဖြစ်ကြောင်း ပြောပြရင် ပျောက်တယ်လို့ဆိုပါတယ်။“ ကျွန်တော် လူနာတစ်ယောက်ကို ကုပြီဆိုရင် ရုပ်ပိုင်းဆိုင်ရာ၊ ပုဂ္ဂိုလ်ရေး ဖြစ်စဉ် နဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ဖြစ်စဉ်တို့ ကို သေချာ စစ်ဆေးလေ့ရှိပါတယ်။ တကယ်လို့ ဆေးပညာအရ ပြဿနာ ရှိမနေဘူးဆိုရင် ကျွန်တော် လူနာနဲ့ သေချာစကားပြောပြီး သူ့မှာ တစ်ခြားကျန်းမာတဲ့ ယောက်ျားလေးတွေလိုပဲ အရွယ်အစားတူတဲ့ လိင်တံရှိကြောင်းပြောပြရပါတယ် “။ဒါပေမဲ့ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အတိုင်း တချို့သော အမျိုးသားတွေကတော့ တစ်ချို့ အမျိုးသားတွေထက် လိင်တံသေးကြမှာပါ။ ဒါကလည်း ပုံမှန်ဖြစ်စဉ်သာ ဖြစ်ပါတယ်။“ တကယ်လို့ အမျိုးသားတစ်ယောက်ရဲ့ လိင်တံဟာ သာမန် လုပ်ဆောင်ချက်တွေ အားလုံးကို ကောင်းကောင်း အလုပ်လုပ်မယ်ဆိုရင် ကိုယ်ရဲ့ လိင်တံ အရွယ်အစားကို လက်ခံရပါမယ်။ သင့်အနေနဲ့ အရပ်ပုတဲ့ လူကို ရှည်လာအောင် လုပ်လို့ မရပါဘူး။ လူတိုင်းဟာ သူတို့ရဲ့ ကိုယ်ပိုင် ခန္ဓါကိုယ် ဖွဲ့စည်းပုံကို လက်ခံရပါလိမ့်မယ်။ခွဲစိတ်ခြင်းဖြင့် သေးနေတဲ့ လိင်တံကို ကြီးလာအောင် လုပ်လို့ရလား။လိင်တံကြီးစေမယ့် ဆေးနည်းတွေ၊ ကိရိယာတွေ၊ ခွဲစိတ်မှုတွေ အကြောင်းကြော်ငြာတွေဆိုရင် အမျိုးသား အများစုက စိတ်ဝင်စားတတ်ကြပါတယ်။ ဒါပေမဲ့ အထက်ပါ အရာအများစုက အလိမ်အညာတွေ သာဖြစ်ပါတယ်။ဒါဆိုရင် ဆေးပညာအရ လိင်တံကြီးလာအောင် လုပ်ဆောင်လို့ရရဲ့လား။“ လိင်တံကြီးစေဖို့ လုပ်ဆောင်လို့ ရတာတော့ သိပ်မရှိပါဘူး။ ခွဲစိတ်မှု အရဆိုရင်တောင် လိင်တံအရွယ်အစားနဲ့ လုံးပတ်ကို သိသိသာသာ ကြီးလာအောင် လုပ်လို့ မရနိုင်ပါဘူး။ ဒါ့အပြင် ဒီလို ခွဲစိတ်ရင် ပြင်းထန်တဲ့ ရောဂါတွေတောင် ထွက်ပေါ်လာနိုင်ပါသေးတယ် ” လို့ ပေါလ်မားကဆိုပါတယ်။augmentative phalloplasty လို့ခေါ်တဲ့ ခွဲစိတ်မှု တစ်ခုကတော့ လိင်တံ လုံးပတ်ကို ပိုကြီးလာစေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီခွဲစိတ်မှုဟာ ခန္ဓာကိုယ်ရဲ့ တခြားသော အစိတ်အပိုင်းက အဆီတွေကို လိင်တံထဲ ပေါင်းထည့်ပေးတာ ဖြစ်ပြီး လိင်တံပျော့ခွေနေတဲ့ အချိန် လိင်တံကို လက်မဝက်လောက် ပိုရှည်လာစေပါတယ်။“ ဒါပေမဲ့ ဒီလို အဆီအစားထိုးမှုတွေ လုပ်ခြင်းရဲ့ အကျိုးဆက်ကို ခန့်မှန်းလို့ မရနိုင်တဲ့ အပြင် တစ်ခါတစ်ရံ ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါသေးတယ်။ သင်အနေ့နဲ့ အဆီတွေ ဖုထစ်နေတဲ့ လိင်တံကိုတော့ မလိုချင်မိပါစေနဲ့။ ဒီခွဲစိတ်မှုကို လုပ်ရတာလည်း မလွယ်ပါဘူး ” လို့ ပေါလ်မားက ဆိုပါတယ်။အမျိုးသားအများစုဟာ သူတို့လိင်တံရဲ့ သုံးပုံ နှစ်ပုံသာ ခန္ဓာကိုယ်ထဲက ထွက်နေတယ်ဆိုတာကို မသိကြပါဘူး။ ကျန်တဲ့ သုံးပုံတစ်ပုံဟာ အရွတ်များ၊ ခန္ဓါကိုယ်အရိုးများနဲ့ ချိတ်ဆက်ထားပြီး လိင်မှု ကိစ္စ လုပ်ငန်းတွေကို ဆောင်ရွက်ပေးပါတယ်။ ဒီလို ခန္ဓာကိုယ်ထဲ ရှိနေတဲ့ လိင်တံ အရွတ်တွေကို ဖြတ်ထုတ်ပြီး လိင်တံကို တစ်လက်မ၊ ၂လက်မ အထိရှည်လာစေတဲ့ ခွဲစိတ်မှုလည်း ရှိပါတယ်။ ဒါပေမဲ့ ဂီးလ်ဘတ်ကတော့ ဒီလို့ ဖြတ်ထုတ်လိုက်ခြင်းဟာ လိင်တံတွေရဲ့ ထောင်မတ်အားကို လျော့ကျစေတဲ့ အတွက် အားမပေးဘူးလို့ဆိုပါတယ်။“ ခွဲစိတ်ဆရာဝန်တွေ လိင်တံရဲ့ အတွင်းပိုင်းကို ယူပြီး ဖြတ်ထုတ်လိုက်တဲ့ အခါ အဖြစ်များတာကတော့ ကြာကြာမထောင်မတ်နိုင်တော့တာပါပဲ။ တကယ်လို့ အမျိုးသားတစ်ယောက်က သူ့လိင်တံကို ပိုရှည်စေချင်တယ်ဆိုရင် လိင်တံ မထောင်မတ်နိုင်တော့တာမျိုးရော လိုချင်ရဲ့လားဆိုတာ ကိုယ့်ကိုကို ပြန်မေးသင့်ပါတယ်။ ကျွန်တော့်ဆီကိုလည်း ဒီဟာကို အရင်လို ပြန်ဖြစ်အောင် လုပ်လို့ရလားလို့ မေးတဲ့ သူတွေရှိကြပါတယ်။အနောက်နိုင်ငံမှာဆို ဒီလို လိင်တံ ရှည်လာအောင်လုပ်တဲ့ ခွဲစိတ်မှုတွေက အန္တရာယ် များလွန်းတဲ့ အတွက် ဆေးအာမခံတွေတောင် သိပ်မထုတ်ပေးကြပါဘူး။ ဒီလို ခွဲစိတ်မှုတွေဟာ စမ်းသပ်ခွဲစိတ်မှုတွေသာ ဖြစ်ပြီး အကျိုးဆက်တွေအနေနဲ့ လိင်တံပြန်တိုသွားခြင်း၊ အဖုအထစ်များ ဖြစ်ပေါ်ခြင်း၊ အမာရွတ်ဖြစ်ခြင်း၊ လိင်ဆက်ဆံရေးဆိုင်ရာ လုပ်ဆောင်ချက်တွေ ချို့ယွင်းခြင်း၊ လိင်တံကွေးကောက်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ဒီလို ဖြစ်လာပြီဆိုရင်တော့ ပြန်ပြင်လို့ မရတော့ပါဘူး။ပစ္စည်းတွေကရော သေးနေတဲ့ လိင်တံကို ကြီးလာအောင်လုပ်လို့ရလား။လိင်အင်္ဂါကို ဆွဲပေးတဲ့ ပစ္စည်းတွေဟာ တစ်လက်မခန့် လိင်တံကို ပိုရှည်လာစေနိုင်ပါတယ်။ဒါပေမဲ့ ဂီးလ်ဘတ်ကတော့ ဒီပစ္စည်းတွေ အသုံးပြုနေတဲ့ လူနာနှစ်ယောက်ကို ကုသပေးဖူးခဲ့ပြီး “ ဒီပစ္စည်းတွေကို တစ်ရက်မှာ နာရီအကြာကြီးတပ်ဆင်ထားရပြီး လပေါင်းများစွာခန့်အထိ ဝတ်ဆင်ရပါတယ်။ အမျိုးသားအများစုက လိင်တံ အရမ်းကြီးချင်ကြပေမဲ့ သူတို့မှာ အဲ့လောက်အချိန်မရှိကြပါဘူး။ လူနာ အများစုလည်း ဒီလောက်ဇွဲရှိကြလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး ” လို့ ဆိုပါတယ်။ Vacuum devices တွေဟာ အမျိုးသားတွေ လိင်တံ ထောင်မတ်ခြင်း ပြဿနာ ဖြစ်နေတာကို ကုသပေးနိုင်ပေမဲ့ လိင်တံကိုတော့ ပိုရှည်လာစေမှာ မဟုတ်ပါဘူး။အသစ်ဖြစ်စေတဲ့ ဆေးဝါးတွေကရော သေးနေတဲ့ လိင်တံကို ရှည်လာအောင် လုပ်ပေးနိုင်လား။လေ့လာချက်အရတော့ သိပ္ပံပညာရှင်တွေဟာ regenerative medicine ကို အသုံးပြုပြီး တိရစ္ဆာန် လိင်တံတွေကို ကြီးထွားစေနိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှ သိပ္ပံပညာရှင်တွေကတော့ ဒီလို ဆေးနည်းပညာကို အသုံးပြုပြီး small penis syndrome ဝေဒနာရှင်အမျိုးသား ၆၉ ယောက်ကို ကုသပေးခဲ့ဖူးပါတယ်။ ဒီဖြစ်စဉ်မှာတော့ သိပ္ပံပညာရှင်တွေဟာ လူနာဝှေးစေ့အရေပြားတွေကို လိင်တံကို အစားထိုး ထည့်သွင်းပြီး ကြီးထွားစေခဲ့တာ ဖြစ်ပါတယ်။“ ဒီregenerative medicineဆေးတွေနဲ့ဆို နောက်ပိုင်းရွေးချယ်စရာရှိလာတော့မှာပါ။ ဒါပေမဲ့ ဒီဆေးတွေကို လူတွေမစမ်းသပ်ရသေးပါဘူး။ ဒီဆေးဟာ အလားအလာအများကြီးရှိပေမဲ့ လောလောဆယ်တော့ ကျွန်တော်တို့ လူနာတွေကို ဘာမှ မလုပ်ပေးနိုင်သေးပါဘူး” လို့ ဂီးလ်ဘတ်က ဆိုပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/my-penis-is-too-small-what-can-i-do/
ဗိုင်းရပ်စ်ပိုးကြောင့် အထက်လန်အောက်လျှောဖြစ်ခြင်း (viral gastroenteritis)
ဗိုင်းရပ်စ်ပိုးကြောင့် အစာအိမ်နဲ့အူလမ်းကြောင်း ရောင်ရမ်းတဲ့အခါအထက်လန်အောက်လျှော ဖြစ်တတ်ပါတယ်။Stomach Fluလို့လည်း ခေါ်ဝေါ်ကြပြီး ကမ္ဘာတလွှားက လူအများကို နှစ်စဉ်ဒုက္ခပေးနေတဲ့ ပြဿနာ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့အထက်လန်အောက်လျှောဟာ ရောဂါပိုးကူးစက်မိထားသူနဲ့ ထိတွေ့ရာကနေဖြစ်စေ၊ရောဂါပိုးရှိတဲ့ အစားအစာနဲ့ရေကို စားသောက်မိရာကနေ ဖြစ်စေ ကူးစက်နိုင်ပါတယ်။ ကဲ …… ဗိုင်းရပ်စ်ပိုးကြောင့် အထက်လန်အောက်လျှောဖြစ်ခြင်း (viral gastroenteritis) အကြောင်းလေး လေ့လာလိုက်ရအောင်နော်။အစာအိမ်အူလမ်းကြောင်းကို ဒုက္ခပေးတဲ့ ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်တတ်ပါတယ်။ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ခံအားနည်းပါးသူတွေမှာ အဖြစ်များပါတယ်။ အစားအစာများကို ကိုင်တွယ်ရာမှာ မသန့်ရှင်းခြင်း၊ရေဆိုးရေညစ်များနှင့် သောက်သုံးရေထိစပ်နေခြင်း၊ အစားအစာများကို ကျက်အောင် မချက်ဘဲ စားသုံးမိခြင်း စတဲ့ အခြေအနေတွေကနေ ကူးစက်နိုင်ပါတယ်။ ရောဂါဖြစ်စေတဲ့ အဓိကဗိုင်းရပ်စ်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။နိုရိုဗိုင်းရပ်စ်။နိုရိုဗိုင်းရပ်စ်ဟာ ပျံ့နှံ့ကူးစက်လွယ်ပြီး အသက်အရွယ်မရွေး ဒုက္ခပေးတတ်ပါတယ်။ အစားအစာ၊ ရေ စတာတွေကနေ ကူးစက်တတ်သလို ဗိုင်းရပ်စ်ရှိထားသူနဲ့ ထိတွေ့ထားတဲ့ ပစ္စည်းကိရိယာတွေကနေလည်း ကူးစက်နိုင်ပါတယ်။ လူထူတဲ့နေရာတွေမှာ ကူးစက်တတ်ပါတယ်။ နိုရိုဗိုင်းရပ်စ်ကြောင့် ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့။–ပျို့အန်ခြင်း။– ဝမ်းပျက်ခြင်း။– အဖျားတက်ခြင်း။– ကိုယ်ခန္ဓာနာကျင်ကိုက်ခဲခြင်း စတာတွေ ဖြစ်ပါတယ်။နိုရိုဗိုင်းရပ်စ်ကူးစက်ခံရသူတွေဟာ အထက်ပါလက္ခဏာတွေ ခံစားရပြီး တရက်ကနေ သုံးရက်ခန့်ဆိုရင်တော့ နေပြန်ကောင်းတတ်ပါတယ်။ နိုရိုဗိုင်းရပ်စ်ဟာ အမေရိကန်လို ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေမှာတောင် အစုလိုက် အပြုံလိုက် ဖြစ်ပွားတတ်ပါတယ်။ရိုတာဗိုင်းရပ်စ်။ဒီဗိုင်းရပ်စ်ကတော့ ကလေးငယ်များကို ကူးစက်တတ်တာများပါတယ်။ ကလေးများဟာ ဗိုင်းရပ်စ်ရှိတဲ့ အရာဝတ္တုများကို ကိုင်ထားမိပြီး ပါးစပ်ထဲကို လက်ထည့်မိတဲ့အခါ အစာအိမ်အူလမ်းကြောင်းထဲ ဝင်ရောက်နိုင်ပါတယ်။ ရောဂါပိုးဝင်ရောက်ပြီး နှစ်ရက်အတွင်း လက္ခဏာပြတတ်ပါတယ်။ တွေ့ရတဲ့ လက္ခဏာတွေကတော့။– ပျို့အန်ခြင်း။– အစားပျက်ခြင်း။– အရည်ဝမ်းများသွားခြင်း စတာတွေ ဖြစ်ပါတယ်။ရိုတာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးတော့ ရှိပါတယ်။ ကလေးငယ်တွေအတွက် အသုံးပြုနိုင်ပါတယ်။အဒီနိုဗိုင်းရပ်စ်။ဒီဗိုင်းရပ်စ်ဟာတော့ အသက်အရွယ်မရွေးဖြစ်နိုင်ပြီး အထက်လန်အောက်လျှောရောဂါကို ဆိုးရွားစွာ ဖြစ်စေနိုင်ပါတယ်။ လေထဲကနေ နှာချေခြင်း၊ ချောင်းဆိုးခြင်း စတာတွေကနေ ကူးစက်နိုင်သလိုရောဂါပိုးရှိနေတဲ့ အရာဝတ္တုတွေကို ထိတွေ့ကိုင်တွယ်ခြင်းကနေလည်း ကူးစက်နိုင်ပါတယ်။ တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့။– လည်ချောင်းနာခြင်း။– မျက်စိနီရဲခြင်း။– အဖျားတက်ခြင်း။–ချောင်းဆိုးခြင်း။– နှာရည်ကျခြင်း စတာတွေ ဖြစ်ပါတယ်။အက်စ်ထရိုဗိုင်းရပ်စ်။ဒီဗိုင်းရပ်စ်ကတော့ ကလေးတွေကို အဓိကဒုက္ခပေးတတ်ပါတယ်။ အက်စ်ထရိုဗိုင်းရပ်စ်ကြောင့် ဖြစ်တတ်တဲ့လက္ခဏာတွေကတော့။– ဝမ်းပျက်ခြင်း။– ခေါင်းကိုက်ခြင်း။– ရေဓာတ်ခန်းခြောက်ခြင်း။– အစာအိမ်အောင့်ခြင်း စတာတွေ ဖြစ်ပါတယ်။အစာအိမ်အူလမ်းကြောင်းကို ဗိုင်းရပ်စ်ပိုးဝင်ရောက်ပြီးတဲ့အခါ တရက်နှစ်ရက်အတွင်း ရောဂါလက္ခဏာတွေ ပြတတ်ပါတယ်။ အဓိကတွေ့ရတာတွေကတော့။– ဝမ်းပျက်ခြင်း။– ပျို့အန်ခြင်း။– ခေါင်းကိုက်ခြင်း၊ ကြွက်သားများ အဆစ်အမြစ်များ ကိုက်ခဲခြင်း။– ဖျားခြင်း၊ ချမ်းတုန်ခြင်း။– ချွေးထွက်ခြင်း (သို့မဟုတ်) ခြေဖျားလက်ဖျားများ အေးစက်ခြင်း။– ဗိုက်နာ ဗိုက်အောင့်ခြင်း။– အစားပျက်ခြင်း စတာတွေ ဖြစ်ပါတယ်။အကယ်၍ အောက်ပါလက္ခဏာတွေ ရှိနေရင်တော့ ဆေးရုံဆေးခန်းကို အမြန်ဆုံး ပြသသင့်ပါတယ်။– သုံးရက်ခန့်ဆက်တိုက် ဝမ်းပျက်နေခြင်း၊ မသက်သာခြင်း။– ဝမ်းသွားရာတွင် သွေးပါခြင်း။– ရေဓာတ်ခန်းခြောက်ခြင်း (နှုတ်ခမ်းများခြောက်ခြင်း၊ မူးဝေခြင်း)။အဓိကအချက်က ရေဓာတ်ခန်းခြောက်မှု မဖြစ်အောင် အရည်များများ သောက်သုံးဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် ဓာတ်ဆားရည်သောက်သုံးရပါမယ်။ ဆိုးရွားတဲ့ အခြေအနေမှာဆိုရင် ဆေးရုံတက်ပြီး သွေးကြောကတဆင့် အရည်များသွင်းပြီး ကုသမှု ခံယူရပါမယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပြဿနာမှာ ပဋီဇီဝဆေးတွေ သုံးစါဲစရာ မလိုပါဘူး။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာဖို့ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကြောင့် အထက်လန်အောက်လျှောဖြစ်ချိန်မှာ ပင်ပန်းတဲ့အလုပ်တွေ မလုပ်ဘဲ ကောင်းကောင်း အနားယူဖို့ လိုပါတယ်။အထက်လန်အောက်လျှောဖြစ်စေတဲ့ ဗိုင်းရပ်စ်ဟာ ပျံ့နှံ့ကူးစက်လွယ်ပါတယ်။ ဗိုင်းရပ်စ်ပိုးမကူးစက်အောင် လက်ကို မကြာခဏဆေးကြောပါ။ အထူးသဖြင့် အိမ်သာဝင်ပြီးတဲ့အခါနဲ့ အစားအစာများကို ပြင်ဆင်ချက်ပြုတ်ချိန်မှာ လက်ကို သေချာဆေးကြောသင့်ပါတယ်။ အသားငါးများကို သေချာစွာ ချက်ပြုတ်စားသုံးပါ။ အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များကို ရေနဲ့သေချာစွာ ဆေးကြောပါ။ သန့်ရှင်းသောရေကို သောက်သုံးပါ။ မြစ်ရေချောင်းရေများကို ကျိုချက်ပြီးမှ သောက်ပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/gastroenteritis/viral-gastroenteritis/
ခဏခဏ လက်ဆေးနေရလို့ အရေပြားပျက်စီးမှာ စိတ်ပူနေပြီလား
အခုဆိုရင်ကိုရိုနာအဆုတ်ရောင်ရောဂါကြောင့်မြန်မာနိုင်ငံသားတွေ အပါအဝင် တစ်ကမ္ဘာလုံးက လူတွေ အကုန်လုံး လက်ကို အချိန်ပြည့် ဆေးနေရပြီနော်။ အဓိက လက်မှာရောဂါပိုးမွှားတွေ ကပ်ငြိနေနိုင်ပြီး အဲ့လက်ကနေ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်ကို ပွတ်သပ်ကိုင်တွယ်လိုက်ရာကနေ ကူးစက်နိုင်တာကြောင့်ပါပဲ။ ဒီအတွက်ကြောင့်ကိုရိုနာအဆုတ်ရောင်ရောဂါကို ကာကွယ်ပေးဖို့ အထိရောက်ဆုံး နည်းလမ်းအနေနဲ့ လက်ကို ရေ၊ ဆပ်ပြာနဲ့ စနစ်တကျ ဆေးကြောဖို့ တိုက်တွန်းရတာပါပဲ။အဲ့တော့ လက်ကို ခဏခဏ ရေ၊ ဆပ်ပြာနဲ့ ဆေးတယ်၊ ဒါမှမဟုတ် ရေမလိုလက်သန့်စင် ဆေးရည်တွေ အသုံးပြုတာ များလာရင် ဘာဖြစ်နိုင်လဲဆိုတာ လက်အရေပြား ခြောက်ပြီး ပျက်စီးဖို့ ပိုလွယ်တာပါပဲ။ ရောဂါပိုးတွေကို သေစေတဲ့ ဓာတုပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ဆပ်ပြာတွေ ဖြစ်တဲ့အတွက် ကြာရှည်သုံးတာနဲ့အမျှ ကျွန်တော်တို့အရေပြားအပေါ်ယံလွှာက ဆဲလ်တွေ ပျက်စီးပြီး အရေပြားက ကြမ်းခြောက်ခြောက် ဖြစ်သွားတတ်ပါတယ်။ဒီပြဿနာက ရုတ်တရက် ကြည့်ရင်တော့ အသေးအမွှားလို့ ထင်စရာပါပဲ။ ဒါပေမယ့် အလှအပကို အရမ်းဂရုစိုက်တဲ့ ပျိုမေတွေအတွက်လည်း အဆင်မပြေသလို ကျန်းမာရေးအရ ကြည့်မယ်ဆိုရင်လည်း အရေပြား ပျက်စီးမှု ပိုလွယ်ကူတဲ့အတွက်ဝက်ခြံ၊ ညှင်း၊ နှင်းခူ၊ အသားပပ် အက်ကွဲခြင်း၊ ငါးအကြေးခွံလို ဖြစ်လာခြင်း၊ အသားက ထိခိုက်ပွန်းပဲ့ရန် ပိုလွယ်ကူလာခြင်း၊ ယားယံခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ လက်မဆေးလို့ကလည်း မရတဲ့ အခြေအနေ ဖြစ်နေတာဆိုတော့ နည်းမှန်လမ်းမှန်ဆေးဖို့နဲ့ ကိုယ့်အသားအရေ ပျက်စီးခြင်း မဖြစ်အောင် ကာကွယ်ဖို့ နည်းလမ်းတွေကို ဒီဆောင်းပါးမှာ ဖတ်ကြည့်ကြရအောင်။လက်ဆေးတဲ့အခါ အရေပြားဆဲလ်တွေကို အရမ်းကြီး ထိခိုက်ခြင်း မဖြစ်စေဖို့ အရမ်းပူလွန်း၊ အေးလွန်းတဲ့ ရေမျိုး သုံးတာထက် ရေကျက်နွေးနဲ့ သေချာ ဆေးကြောတာဟာ အကောင်းဆုံးပါပဲ။ ရေကျက်နွေး အဆင်မပြေရင်တောင် အခန်းအပူချိန်မှာ ရှိတဲ့ ရေနဲ့ ဆေးလို့ ရပါတယ်။လက်ဆေးပြီးတာနဲ့ ရေကို အမြန်သုတ်ပြီး Moisturizer အမြန်လိမ်းပေးသင့်ပါတယ်။ ဒါမှပဲ ရေဓာတ်နဲ့ အစိုဓာတ် ၂မျိုးလုံးကို ချွေးပေါက်ထဲမှာ သိမ်းဆည်းပေးပြီး ခဏခဏ ရေဆေးလို့ အသားခြောက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။ ခန္ဓာကိုယ်မှာ လိမ်းသလိုမျိုး Moisturizer အများကြီး သုံးစရာ မလိုပါဘူး။ ပါးပါးလေးနဲ့ နှံ့နေအောင် လိမ်းပေးရင် လုံလောက်ပါတယ်။အစိုဓာတ်ထိန်းပေးတဲ့ Body Lotion တွေ၊ လက်အရေပြား မပျက်စီးအောင် လိမ်းတဲ့ Hand Cream တွေလည်း လိမ်းပေးလို့ ရပါတယ်။လက်ကို ရေဆေးဖန်များလာတဲ့အခါ အရေပြားက ပါးလာတတ်ပါတယ်။ ဒီလို ပါးလာတာကြောင့် အမာ၊ အချွန်အထက် ပစ္စည်းတွေ၊ အလေးအပင်တွေ မရတဲ့အခါ အရေပြား ပိုပြီး ပျက်စီးလာတတ်ပါတယ်။ ဒါကို ကာကွယ်ပေးဖို့အတွက်လက်အိတ်ကို စွပ်ပေးရတာပါ။ နောက်တစ်ချက်ကတော့ အစိုဓာတ်တွေ ခမ်းခြောက်တာ နှေးစေဖို့ပါ။ Moisturizer လိမ်းပြီး လက်အိတ်စွပ်လိုက်တဲ့အခါ ရေဓာတ်နဲ့ အစိုဓာတ်ကို လက်အိတ်ထဲမှာ သိမ်းဆည်းထားလိုက်သလို ဖြစ်ပြီး လွယ်လွယ်နဲ့ ခြောက်မသွားတော့ပါဘူး။ ညအိပ်ခါနီး လက်ကို အစိုဓာတ်ထိန်းဖို့ Moisturizer တစ်ခုခုလိမ်း၊ ပြီးသွားရင် လက်အိတ်စွပ်ပြီး တစ်ညလုံး ထားထားနိုင်ရင် မနက်နိုးလာတဲ့အခါ ကိုယ့်လက်အရေပြား နူးအိအိလေး ဖြစ်နေတာကို ခံစားမိမှာပါ။လက်ကို ရေဆေးပြီးလို့ ခြောက်အောင် သုတ်ဖို့ တစ်ရှူး သို့မဟုတ် အဝတ်ပါးပါးလေးတွေ ထားထားပေးဖို့ လိုပါတယ်။ သုတ်တဲ့အခါမှာလည်း လက်ကို ပွတ်ဆွဲပြီး သုတ်တာမျိုးထက် ဖြည်းဖြည်းချင်း ဖွဖွလေး သုတ်ပေးပါ။အိပ်ခါနီး အချိန်ဖြစ်ဖြစ်၊ ဒါမှမဟုတ်နေ့လည်နေ့ခင်းအချိန်တွေမှာ ကိုယ့်လက်ကို အုန်းဆီ၊ သံလွင်ဆီ၊ လာဗင်ဒါ အဆီ၊ ပန်းအဆီ စတဲ့သဘာဝဆီသန့်တွေနဲ့လည်း လိမ်းပေးလို့ ရပါတယ်။ လိမ်းပြီးသွားရင်တော့ ခဏလေးခြောက်အောင် ထားပြီးမှ လက်အိတ်စွပ်ပေးဖို့ မမေ့နဲ့နော်။ကျန်းမာရေးက အရေးကြီးတယ် ဆိုပေမယ့် ကိုယ့်အသားအရေနဲ့ အလှအပကိုတော့ လုံးဝ ပစ်ပယ်ထားလိုက်စရာ မလိုပါဘူးနော်။ ကျန်းမာရေးအတွက် ဆောင်ရန်၊ ရှောင်ရန်တွေကို နားလည်ထားပြီး လိုက်နာနိုင်ရင် ကိုယ့်အတွက် ဘေးကင်းသလို ကျန်တဲ့အချိန်တွေမှာလည်း ကိုယ်ပုံမှန်လုပ်နေကျ Skin Care မျိုးတွေ လုပ်ပေးဖို့ မမေ့သင့်ပါဘူး။တစ်ပတ်ကို တစ်ကြိမ်လောက် ဓာတုဗေဒပစ္စည်း (Chemical) မပါဝင်တဲ့ အိမ်သုံးပစ္စည်းတွေနဲ့Scrubလုပ်ပြီး အရေပြားကို ပွတ်တိုက်တာမျိုး၊ အဲ့လိုမဟုတ်လည်း ရှားစောင်းလက်ပပ်၊ ပျားရည်တွေနဲ့ လက်အရေပြားကို ကပ်ပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။အရေပြားကို ဂရုမစိုက်ဘဲ ပစ်ထားလိုက်ရင် ဝက်ခြံ၊ နှင်းခူ၊ ညှင်း၊ ပွေး၊ ဝဲအပြင် အရေပြားကင်ဆာထိပါ ဖြစ်လာနိုင်တယ်ဆိုတာလည်း မမေ့ပါနဲ့။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်နိုင်ဖို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%81%e1%80%8f%e1%80%81%e1%80%8f-%e1%80%9c%e1%80%80%e1%80%ba%e1%80%86%e1%80%b1%e1%80%b8%e1%80%94%e1%80%b1%e1%80%9b%e1%80%9c%e1%80%ad%e1%80%af%e1%80%b7-%e1%80%a1%e1%80%9b%e1%80%b1%e1%80%95%e1%80%bc/
Hidradenitis suppurativa ( HS ) ပြည်တည်နာ တစ်မျိုး
Hidradenitis suppurativa ( HS ) ဆိုတာ အရေပြားအောက်မှာပြည်ဖုလိုမျိုး နာတဲ့ အဖုသေးသေးလေးတွေ ထွက်လာတာပါ။ဝက်ခြံနဲ့တူပေမယ့် ဝက်ခြံတော့ ပိုပြင်းထန်ပါတယ်။ ဒီအဖုလေးတွေက ကြာလာရင် ပွင့်ထွက်တာ ဒါမှမဟုတ် အရေပြားအောက်မှာ သူတို့အချင်းချင်း ဆက်ပြီး ပွင့်သွားတာမျိုးတွေ ရှိတတ်ပါတယ်။ လူပျို အပျိုဝင်ချိန်မှာ စဖြစ်တတ်ပြီး နှစ်အတော်ကြာ ဒီတိုင်းလေးရှိနေတတ်ပါတယ်။ မကုဘဲထားရင်တော့ ပိုဆိုးလာတတ်ပါတယ်။ ဒီရောဂါကြောင့် နေ့စဉ်ဘဝမှာ စိတ်ရှုပ်ရတာတွေ၊ နေလို့ထိုင်လို့ မကောင်းတာတွေ ရှိလာနိုင်တာကြောင့် ဆောင်ရန် ရှောင်ရန်လေးတွေ ပြောပြပေးချင်ပါတယ်။အဓိက လက္ခဏာကတော့ အရေပြားမှာ နာတဲ့ အဖုလေးတွေ အများကြီး ထွက်လာတာပဲ ဖြစ်ပါတယ်။ အဖြစ်များတဲ့ နေရာတွေကတော့ အရေပြားချင်း ပွတ်တိုက်တဲ့ နေရာတွေ ဖြစ်တဲ့။တခြားလက္ခဏာတွေကတော့။တကယ်လို့ မကုဘဲ ဒီတိုင်းထားမယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာမှာ ဖြစ်ပြီး။ဖြစ်လိုက်ပျောက်လိုက်နဲ့ သံသရာလည်နေတဲ့ သူတွေလည်း ရှိသလို အမြဲအဖုတွေ ပေါက်နေတဲ့ သူလည်း ရှိပါတယ်။အဝလွန်တာ၊စိတ်ဖိစီးမှုများတာ၊ ဟော်မုန်းအပြောင်းအလဲ၊ ရာသီဥတုပူတာတွေက လက္ခဏာကို ပိုဆိုးစေပါတယ်။ အမျိုးသမီးတွေကတော့သွေးဆုံးပြီးရင် ပိုပြီး သက်သာလာတာကို တွေ့ရပါတယ်။ဖြစ်ရတဲ့ အကြောင်းရင်းကို အတိအကျ မပြောနိုင်ကြသေးပါဘူး။ အရေပြားမှာ ရှိတဲ့ မွေးညှင်းပေါက်လေးတွေ ပိတ်ရာက စဖြစ်တယ်လို့ ယူဆကြပါတယ်။ ပညာရှင်တွေက ဒီရောဂါဟာ ဟော်မုန်း၊ မျိုးရိုးဗီဇနဲ့ ခုခံအားစနစ်ပေါ် သက်ဆိုင်တယ်လို့ ပြောကြပါတယ်။ ဆေးလိပ်သောက်တာ၊ အဝလွန်တာနဲ့ metabolic syndrome ကလည်း တစ်စိတ်တစ်ဒေသ သက်ဆိုင်နေနိုင်ပါတယ်။ ဒါပေမယ့် ဒီရောဂါက ပိုးကြောင့် ဖြစ်တာ၊ တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိတာကြောင့် ဖြစ်တာ မဟုတ်ပါဘူး။ သူများကိုလည်း မကူးစက်ပါဘူး။၁၈နှစ်နဲ့ ၁၉နှစ်ကြား အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ အသက်ငယ်ငယ်နဲ့ ဖြစ်လေလေ ရောဂါပိုပျံ့ဖို့ အခွင့်အရေး များလေပါပဲ။ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး ဖြစ်တတ်ပါတယ်။မိသားစုထဲမှာ ရောဂါရာဇဝင်ရှိရင် မျိုးရိုးလိုက်ပြီး ကိုယ့်ဆီမှာ ဖြစ်တတ်ပါတယ်။လေ့လာချက်တွေ များစွာက အဝလွန်တာနဲ့  HS က ဆက်စပ်မှုရှိတယ်လို့ ဆိုပါတယ်။ဆေးလိပ်သောက်တာက HS နဲ့ သက်ဆိုင်မှုရှိတာကို တွေ့ရပါတယ်။ကုသနည်းတွေကတော့ ဆရာဝန်နဲ့ ပြသပြီး ပိုးသတ်ဆေးတွေ လိမ်းတာ၊ သောက်ဆေးတွေ ပေးတာ၊ အနာသက်သာအောင် ဆေးပေးတာတွေပဲ ဖြစ်ပါတယ်။ ဒါနဲ့မှ မသက်သာရင် လိုအပ်သလို အသေးစား ခွဲစိတ်တာ၊ လေဆာပစ်တာ စတာတွေလည်း လုပ်လို့ရပါတယ်။အိမ်မှာ ဆောင်ရန် ရှောင်ရတ် နည်းလမ်းတွေကတော့။အနာရှိတဲ့နေရာကို Cetaphilလိုမျိုး ဆပ်ပြာပါဝင်မှု နည်းတာနဲ့ သန့်စင်ပါ။ chlorhexidine 4%ပါတဲ့ဟာဆို ပိုးပါသေစေလို့ ပိုကောင်းပါတယ်။ စစချင်းတော့ တစ်ပတ် တစ်ခါလောက်ပဲ သုံးပါ။ နောက်ပိုင်း ခံနိုင်ရည်ရှိလာရင် တစ်နေ့ တစ်ခါလောက် သုံးနိုင်ပါတယ်။ရေချိုးရင်လည်း အနာရှိတဲ့ နေရာကို အဝတ်နဲ့တိုက်တာ၊ ရေမြုပ်နဲ့ တိုက်တာမျိုး မလုပ်ပါနဲ့။ ဒါက သင့်အရေပြားကို ပိုပြီး ပျက်စီးစေပါတယ်။ ဆေးဆိုင်မှာ အလွယ်တကူဝယ်လို့ရတဲ့ ပိုးသတ်ဆေးကရင်မ် လိမ်းတာမျိုး၊ zinc oxideပါတာ လိမ်းတာမျိုး လုပ်ပေးလို့ရပါတယ်။ရေနွေးစိမ်ထားတဲ့ အဝတ်သန့်သန့်ကို ရောင်ပြီး နာနေတဲ့နေရာမှာ ၁၀မိနစ်လောက် ကပ်ထားလို့ရပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပြီး အကိုက်အခဲ ပျောက်ဆေးတွေ၊ အနာဆေးထည့်နည်းတွေ မေးလို့ရပါတယ်။အရေပြားနဲ့ ပွတ်တိုက်မှုနည်းအောင် အဝတ်ပွပွပဲ ဝတ်ပါ။ ချွေးစုပ်တဲ့ အဝတ်ဆို ပိုကောင်းပါတယ်။ ပေါင်ကြားမှာ ဖြစ်တဲ့ အမျိုးသမီးတွေဆို ရာသီလာတဲ့အချိန် ဒုက္ခရောက်ပါတယ်။ padခံရတဲ့အတွက် ပူတာရော၊ ပွတ်တိုက်မှု ဖြစ်တာရောပါ။ အဲ့ဒီအချိန်မှာ pad ထက် tampons က ပိုပြီး အဆင်ပြေနိုင်ပါတယ်။ နောက်ပြီး ဓာတုပစ္စည်း အပြင်းစား ပါတဲ့ ပစ္စည်းတွေကို ရှောင်တာ ပိုကောင်းပါတယ်။အဖုတွေကို ညှစ်တာ၊ ဆိတ်တာမျိုး မလုပ်ပါနဲ့။ အဖုပေါက်တဲ့ နေရာက အမွေးတွေကိုလည်း မရိတ်ပါနဲ့။သင့်တော်တဲ့ ကိုယ်အလေးချိန်ရှိပါစေ။ လေ့ကျင့်ခန်း လုပ်ပါ။ ဒါပေမယ့် အရေပြားကို ပွန်းပဲ့ထိခိုက်နိုင်တဲ့ လေ့ကျင့်ခန်းမျိုးတော့ ရှောင်ပါ။ရှောင်သင့်တဲ့ အစားအစာတွေကတော့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ အချိုများလွန်းတဲ့ အစားအစာတွေ၊ အနီရောင် အသားတွေ၊ ဘီယာ၊ ဝိုင်နဲ့ ပဲငံပြာရည်တွေပါ။ စားသင့်တာတွေကတော့ အမျှင်ဓာတ်များတဲ့ အစားအစာတွေ၊ omega-3 fatty acidsပါတဲ့ အစားအစာတွေနဲ့ ဇင့်ဓာတ်ကြွယ်ဝတာတွေပဲ ဖြစ်ပါတယ်။HS က နာတာရှည်ရောဂါဖြစ်လို့ အချိန်ယူပြီး ကုသရမှာပါ။ ဒါပေမယ့် စောစောသိပြီး စောစောကုတာက မြန်မြန်သက်သာစေတဲ့အပြင် ခဏခဏ ရောဂါပြန်ကြွတာကိုလည်း သက်သာစေပါတယ်။ သိပ်ဆိုးရင် အမာရွတ်တွေ ကျန်တတ်လို့ ခွဲစိတ်ရတာမျိုးတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် ၃ပုံ ၁ပုံလောက်က ပြန်ဖြစ်တတ်တယ်ဆိုတာကို မျှော်လင့်ထားပါ။သာမန်အချိန်တွေမှာ နေလို့ထိုင်လို့ကောင်းအောင် ဆောင်ရန် ရှောင်ရန်တွေကို သေချာ လိုက်နာပါ။ ဆေးကုသတဲ့ ဆရာဝန်နဲ့လည်း ရောဂါရဲ့ သဘောသဘာဝအကြောင်းကို ပွင့်ပွင့်လင်းလင်း မေးမြန်းထားဖို့ လိုပါတယ်။ ဒါမှ ကုသတဲ့နေရာမှာ အဆင်ပြေမှာပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/infectious-skin-diseases/hidradenitis-suppurativa-hs-%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%90%e1%80%8a%e1%80%ba%e1%80%94%e1%80%ac-%e1%80%90%e1%80%85%e1%80%ba%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8/
မေ့ဆေး၏ နောက်ဆက်တွဲပြဿနာများ
မေ့ဆေး (Anesthesia)ဆိုတဲ့ အသုံးအနှုန်းဟာ ဂရိဘာသာကနေ ဆင်းသက်လာတာဖြစ်ပြီး အာရုံခံစားမှုတွေဆုံးရှုံးခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ နာကျင်မှုတွေနဲ့ အတွင်းပိုင်းထိခွဲစိတ်ရဖို့တွေလုပ်ရမယ်ဆိုရင်တော့ မေ့ဆေးကို လိုအပ်လာပါပြီ။ ခြုံကြည့်မယ်ဆိုရင်တော့ မေ့ဆေးဟာ အန္တရာယ်ကင်းပေမယ့် နောက်ဆက်တွဲပြဿနာအချို့တော့ ဖြစ်ပွားနိုင်ပါသေးတယ်။မေ့ဆေး (Anesthesia) မှာ အဓိကအားဖြင့် ၃မျိုးရှိပါတယ်။တကယ်လို့သင်က Anesthesia လိုအပ်မယ့် ကျန်းမာရေးဆိုင်ရာကုသမှုတစ်ခုလုပ်ဖို့ ပြင်ဆင်နေပြီဆိုရင် သင့်ကျန်းမာရေးအခြေအနေနဲ့ Anesthesia ကုသမှုကြောင့် ရလာနိုင်တဲ့ အန္တရာယ်အခြေအနေတွေကို စစ်ဆေးရမှာပါ။ သင့်ရဲ့မေ့ဆေးအထူးကုကိုလည်း သင့်ကျန်းမာရေးရာဇဝင်အကြောင်း၊ ဆိုလိုတာက သင်ခွဲစိတ်မှုတစ်ခုခုပြုလုပ်ဖူးရင် အဆိုပါခွဲစိတ်မှုအကြောင်းနဲ့ သင့်ကျန်းမာရေးပြဿနာတွေကို ပြောပြသင့်ပါတယ်။ မေ့ဆေးအထူးကုကို သင့်ကျန်းမာရေးအခြေအနေတွေအားလုံးကို အနုလုံ ပဋိလုံသုံးသပ်နိုင်ပါစေ၊ သင်ကိုယ်ဝန်ဆောင်နေတာပဲဖြစ်ဖြစ်၊ ဆေးလိပ်သို့မဟုတ် အရက် သို့မဟုတ် ဆေးဝါးပြဿနာတစ်ခုခုရှိနေတာပဲ ဖြစ်ဖြစ်အားလုံးပေါ့။ ဒါ့အပြင် anesthesia နဲ့ မတည့်ခဲ့ဖူးတဲ့ ရာဇဝင်ရှိတဲ့ မိသားစုဝင်တွေရှိနေရင်လည်း သူ့ကိုပြောပြပါ။ သင့်ရဲ့မေ့ဆေးအထူးကုကို သင်ပုံမှန်သောက်သုံးနေရတဲ့ဆေးတွေ၊ လောလောလတ်လတ်သုံးစွဲနေရတာတွေ၊ ဆေးညွှန်းအရသောက်ရတဲ့ဆေးတွေ၊ ဗီတာမင်တွေ၊ ဆေးကောင်တာတွေမှာ ဝယ်ယူရရှိနိုင်တဲ့ဆေးတွေ သို့မဟုတ် တိုင်းရင်းဆေးတွေပါ အပါအဝင်ပေါ့။တကယ်လို့သင်က anesthesia ကုသမှုခံယူရမယ်ဆိုရင် အချို့သောကျန်းမာရေးပြဿနာတွေက နောက်ဆက်တွဲပြဿနာဖြစ်လာနိုင်ချေကို တိုးမြင့်စေပါတယ်။ ဒီလိုကျန်းမာရေးပြဿနာတွေထဲမှာ။စတာတွေ ပါဝင်ပါတယ်။Anesthesia နဲ့ပတ်သက်ပြီး သိပ်ပြီးစိုးရိမ်ပူပန်နေစရာမလိုပါဘူး။ သင့်ကိုကုသပေးနေတဲ့ဆရာဝန်တွေက ဒီဆေးနဲ့ပတ်သက်ပြီး သင်ဖြစ်နိုင်တဲ့ အခြေအနေတွေကို ဆုံးဖြတ်ပေးနိုင်ပါလိမ့်မယ်။ သူတို့ဟာ မေ့ဆေးရဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်ချေကို လျှော့ချပေးနိုင်ဖို့ သင့်ရဲ့ အရေးပါတဲ့ ခန္ဓါကိုယ်အလုပ်လုပ်ပုံတွေကို အနီးကပ်ဆုံးစောင့်ကြည့်နေမှာဖြစ်ပါတယ်။Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-procedures-and-surgeries/%e1%80%b1%e1%80%99%e1%80%b7%e1%80%b1%e1%80%86%e1%80%b8%e1%81%8f-%e1%80%b1%e1%80%94%e1%80%ac%e1%80%80%e1%80%b9%e1%80%86%e1%80%80%e1%80%b9%e1%80%90%e1%80%bc%e1%80%b2%e1%80%bb%e1%80%95%e1%82%86%e1%80%94/
လည်ချောင်းနာတာ အမြန်သက်သာဖို့ ငုံဆေးသကြားလုံးကို သတိရပါ
လည်ချောင်းနာတယ်ဆိုတာ ရာသီဥတု၊ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ အရမ်းကြီးစိုးရိမ်စရာမဟုတ်ဘူးဆိုပေမဲ့ ဝေဒနာခံစားရတဲ့သူအတွက်တော့ တော်တော်လေးကို စိတ်ကသိကအောက်နိုင်စရာကိစ္စပါပဲ။ ဒါကြောင့် ဘယ်လိုအကြောင်းကြောင့်ပဲလည်ချောင်းနာနေပါစေ၊ ဒီဝေဒနာကို အမြန်ဆုံးသက်သာသွားစေနိုင်မယ့် နည်းလမ်းကတော့ ငုံဆေးသကြားလုံးပါပဲ။ငုံဆေးသကြားလုံးဆိုလို့ ပုံမှန်အချိုကဲတဲ့ချောင်းဆိုးစေလောက်တဲ့ သကြားလုံးတော့ မဟုတ်ပါဘူးနော်။ အရသာအမျိုးမျိုးနဲ့ ကိုယ့်ရဲ့လည်ချောင်းမှာ နီရဲရောင်ရမ်းနေတာကို အရောင်ကျသွားစေတယ်။ လည်ချောင်းထဲမှာ ကပ်နေတဲ့ ချွဲသလိပ်တွေကိုလည်း ပျော်ကျစေတယ်။ ဘက်တီးရီးယားပိုးတွေကို ရှင်းပေးလို့ ခံတွင်းအနံ့ဆိုးဖြစ်တာကိုလည်း သက်သာစေနိုင်ပါတယ်။ နောက်ထပ်အားသာချက်ကတော့ တခြားအိမ်တွင်းနည်းလမ်းတွေလိုမဟုတ်ဘဲ ဘယ်သွားသွားငုံဆေးသကြားလုံးထုပ်လေး ဆောင်ထားလို့ရပြီး လည်ချောင်းနာတာနဲ့ သောက်လိုက်ရုံပဲဆိုတော့ အလုပ်လည်း မရှုပ်တော့ဘူးပေါ့။များသောအားဖြင့် လူတိုင်းကြိုက်နှစ်သက်ပြီး ခံတွင်းအေးစေလောက်မယ့် အရသာမျိုးနဲ့သာ ငုံဆေးသကြားလုံးကို ထုတ်လုပ်တတ်ကြပါတယ်။ ဒီအရသာတွေထဲမှာ ဘာတွေပါတတ်လဲဆိုရင်။၁။ယူကလစ်ဆီ(Eucalyptus Oil)။လည်ချောင်းနာတဲ့ အချိန်တွေတင်မကဘဲချောင်းဆိုးတာ၊ ချွဲကျပ်ပြီး အသံဝင်တာ၊ အအေးမိဖျားနာတာတွေအတွက်ပါ ပိုးသေစေတဲ့ ဆေးဝါးအဖြစ် အသုံးပြုကြပါတယ်။ အသက်ရှူလမ်းကြောင်းအတွက်လည်း ဆေးဘက်ဆိုင်ရာ အကျိုးများစွာ ပေးစွမ်းနိုင်လို့ ငုံဆေးသကြားလုံးလို့ဆိုတာနဲ့ ဒီပစ္စည်းကို မဖြစ်မနေ ထည့်သွင်းတတ်ကြပါတယ်။၂။ပျားရည်(Honey)။ပျားရည်ကို လည်ချောင်းနာတာ အမြန်သက်သာစေဖို့ အိမ်တွင်းနည်းလမ်းအနေနဲ့ အလွယ်တကူ အသုံးပြုကြတာ သိထားကြမယ်ထင်ပါတယ်။ အဲ့လို အရောင်ကျစေပြီး လည်ချောင်းတွင်း ဘက်တီးရီးယားပိုးမွှားတွေ သေစေဖို့ အကျိုးရှိတဲ့ ပျားရည်ကို ငုံဆေးသကြားလုံးထဲ ထည့်သွင်းလိုက်တဲ့အခါ အေးမြပြီး ပူရှိန်းတဲ့ ခံစားချက်နဲ့ ကိုယ့်ရဲ့လည်ချောင်းနာဝေဒနာကို အမြန်ဆုံး သက်သာသွားစေနိုင်ပါတယ်။၃။ပူရှိန်းပရုပ်အေး(Menthol)။ပီကေဝါးတတ်တဲ့သူတွေဆိုရင် ပရုပ်အေးရဲ့ အရသာကို ရင်းနှီးပြီးသားဖြစ်ပါတယ်။ခံတွင်းထဲ ရောက်သွားတာနဲ့ လည်ချောင်းတစ်ခုလုံးကို အေးမြသွားစေတယ်။ ပူရှိန်းရှိန်းဖြစ်သွားစေတယ်။ အဲ့လိုခံစားချက်မျိုးက လည်ချောင်းအတွင်းထဲမှာ ရှိတဲ့ ဘက်တီးရီးယားကြောင့် တစ်ရှူးတွေရောင်ရမ်းတာကို သက်သာသွားစေနိုင်ပါတယ်။၄။သံပရာ(Lemon/ Lime)။လည်ချောင်းနာသက်သာစေနိုင်တဲ့ အိမ်တွင်းနည်းလမ်းတစ်ခုကတော့သံပရာရည်နဲ့ ပျားရည်ကို ရောပြီးသောက်ပေးတာပါပဲ။ ဒီနည်းလမ်းက လည်ချောင်းနာတာအပြင် ချောင်းဆိုးတာ၊ ချွဲသလိပ်ထတာအတွက်ပါ အမြန်ဆုံးသက်သာစေနိုင်ပါတယ်။ဒါဆိုရင်ရာသီအကူးအပြောင်းကာလကြောင့် မကြာခဏ လည်ချောင်းနာတတ်သူတွေအတွက် ကိုယ်ကြိုက်တဲ့အရသာအလိုက် အဆင်ပြေတဲ့ ငုံဆေးသကြားလုံးတွေကို ရွေးဝယ်လို့ရတယ်နော်။ ငုံဆေးသကြားလုံးကို ဆေးဆိုင်၊ စတိုးဆိုင်တွေမှာ ရနိုင်ပါတယ်။လည်ချောင်းနာတာမဟုတ်ဘဲ အစာစားပြီး ခံတွင်းနံ့ နံနေတဲ့အခါမျိုး၊ချောင်းဆိုးနေတာ၊ ချွဲသလိပ်ထနေတာ၊ အအေးမိဖျားနာနေတဲ့အချိန်မှာလည်း ငုံပေးလို့ရပါတယ်။ ဘေးဥပါဒ်ဖြစ်စေတဲ့ သကြားတုပါဝင်ခြင်းမရှိဘဲ သဘာဝမီးဖိုးချောင်သုံးပစ္စည်းအရသာကိုသာ အဓိကထည့်သွင်းထားတာဖြစ်လို့ ကလေး၊ လူကြီးမရွေး ငုံဆေးသကြားလုံး ငုံလို့အဆင်ပြေစေမှာပါ။ သကြားလုံးကို လုံးဝအရည်ပျော်သွားတဲ့အထိ ငုံဖို့၊ ချက်ချင်းမမျိုချလိုက်ဖို့ သတိထားပေးပါနော်။လည်ချောင်းနာသက်သာစေဖို့ ငုံဆေးအပြင် တခြားအိမ်တွင်းနည်းလမ်းတွေဖြစ်တဲ့။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/throat-conditions/help-sore-throats/
ကြည်လင်လန်းဆန်းတဲ့ မနက်ခင်းလေး ဖြစ်ပါစေ
ကြည်လင်လန်းဆန်းတဲ့ မနက်ခင်းလေး ဖြစ်ပါစေ …..မနက်ခင်းက တစ်နေ့တာ အတွက် အရေးအကြီးဆုံးပါ။ မနက်ခင်းမှာ ကြည်လင်စွာ နိုးထနိုင်တာကတစ်နေ့တာလုံးကို အင်အား ပြည့်ဝစွာနဲ့ လုပ်ငန်း တာဝန်တွေကို အကောင်းဆုံး လုပ်ဆောင် နိုင်စေမှာပါ။ ဒီတော့ မနက်ခင်းတိုင်းကို ကြည်လင် လန်းဆန်းတဲ့ မနက်ခင်း အဖြစ် နိုးထလာနိုင်စေဖို့ ဒီ ဆောင်းပါးလေးကနေ ပြောပြပေးပါရစေ။နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ လူတွေကအိပ်စက်ချိန်တွေ နည်းလာပါတယ်။ မနက်ခင်းတိုင်းမှာ အိပ်ရေးမဝကြသလို မကြည်လင်မှုတွေနဲ့ နိုးထလာတတ်ကြပါတယ်။ဒီလို နိုးထလာတဲ့အခါ လန်းသွားအောင် ဆိုပြီး လူ တော်တော်များများ လုပ်တတ်တာကကော်ဖီတစ်ခွက် သောက်လိုက်တာပါ။ ကော်ဖီ သောက်တာက နည်းနည်းဆိုရင် လန်းဆန်းစေတာ မှန်ပေမယ့် အရမ်း များသွားမယ် ဆိုရင်တော့ ပင်ပန်းနွမ်းနယ်မှုကိုပါ ခံစား ရနိုင်ပါသေးတယ်။ကြည်လင်လန်းဆန်းတဲ့ မနက်ခင်းလေး ဖြစ်ပါစေ ဆိုတဲ့အတိုင်း မနက်ခင်းတိုင်းမှာ ကြည်လင် လန်းဆန်းပြီးခွန်အားပြည့်နေစေဖို့။မနက်ကို မထနိုင်မှာ စိုးပြီး နှိုးစက်နဲ့ နိုးထကြသူက တော်တော်လေး များပါတယ်။ ဖုန်းမှာ အလွယ်တကူ alarm ပါနေတာ ကြောင့်လည်း ပါပါတယ်။ တကယ်တော့ နှိုးစက်နဲ့ နိုးထတာက အလန့်တကြား နိုးစေပြီးအိပ်ရေးမဝသလို ခံစားရ စေနိုင်ပါတယ်။ပင်ပန်းနွမ်းနယ်မှုကရေဓာတ်မပြည့်ဝမှုရဲ့ လက္ခဏာ တစ်ရပ်ပါ။ ရေဓာတ်မပြည့်ဝတာကအိပ်ငိုက်စေနိုင်သလိုသိမြင်မှု စွမ်းရည်ကိုလည်း ပြောင်းလဲစေနိုင် ပါတယ်။ စိတ်ခံစားမှုကိုလည်း ထိခိုက် စေနိုင်ပါတယ်။ဒါကြောင့် မနက် အိပ်ရာထတာနဲ့ ရေတစ်ခွက် သောက်ပါ။ ကြည်လင် လန်းဆန်းပြီးတစ်နေ့တာမှာအင်အားပြည့်ဝစွာ လှုပ်ရှားနိုင်စေဖို့ အကောင်းဆုံး အားဖြည့်ပေးမှာပါ။မနက်ခင်း အိပ်ယာ နိုးလာတဲ့အခါ လေ့ကျင့်ခန်း အများကြီး မလုပ်နိုင်ရင်တောင်အကြောလျှော့ပါ။ဒါမှ တစ်ညတာလုံး တင်းရင်းနေတဲ့ကြွက်သားတွေ ပြေလျော့ပြီး ကြွက်သားတွေဆီ သွေးနဲ့အောက်ဆီဂျင်ကောင်းကောင်း ရောက်ရှိစေမှာပါ။မနက်ခင်းမှာ ၂၅ မိနစ်လောက် အကြောလျှော့တာ၊ယောဂလုပ်တာမျိုး လုပ်ပေးမယ်ဆိုရင် အင်အား ပြည့်ဝမှာ ဖြစ်သလိုဦးနှောက်စွမ်းဆောင်ရည်ကိုလည်း ကောင်းမွန်စေမှာ ဖြစ်ပါတယ်။ကော်ဖီ  သောက်တာက နည်းနည်းဆိုရင် ပြဿနာ မရှိပေမယ့် များလာမယ်ဆိုရင်တော့ ကဖင်း များလွန်းပြီးခြေကုန်လက်ပမ်းကျတာ၊ ပင်ပန်းတာမျိုး ခံစားရနိုင်ပါတယ်။ ဒါကြောင့် ညဘက်မှာ ကောင်းကောင်း အိပ်ပျော်ပြီး မနက်ခင်းမှာ ကြည်လင်လန်းဆန်းနေစေဖို့ ကော်ဖီ လျှော့သောက်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/special-diets/fatigue-fighting-hacks-to-supercharge-your-mornings/
Skin care တိုင်း ဝက်ခြံကင်းသလား........
အသားအရေကို ပုံမှန်လည်း Skin care ပါရဲ့။ ဝက်ခြံတွေက ပျောက်သွားလိုက် ပြန်ပေါ်လာလိုက်ပဲ ဆိုတဲ့သူလေးတွေရှိလား…….  ဒီတစ်ခေါက်တော့Skincareရဲ့သားနဲ့ ဝက်ခြံ ဘာလို့ မပျောက်တာလဲ။ Skin care တိုင်း ဝက်ခြံကင်းသလား……..  ဆိုတာကို ရှင်းရှင်းလင်းလင်း အဖြေထုတ် ကြည့်ရအောင်။အသားအရေကို ပုံမှန် ထိန်းသိမ်းမှု လုပ်ပေမယ့် ဝက်ခြံ လုံးဝကင်းသွားဖို့ကတော့ မဖြစ်နိုင်ပါဘူး။ဝက်ခြံပိုးဝင်တာ၊ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကိုတော့ သက်သာစေနိုင်ပါတယ်။ ဝက်ခြံ ထပ်မဖြစ်လာအောင်လည်း ထိုက်သင့်သလောက် ကာကွယ်ပေးနိုင်ပါတယ်။ဒီလိုပြောရတာက ဝက်ခြံက ပျောက်ဖို့ မလွယ်ကူတဲ့အရေပြား ပြဿနာဖြစ်နေတာရယ် ဝက်ခြံတစ်လုံး ပျောက်ဖို့က အချိန်အတော်လေးပေးရတာရယ်ကြောင့်ပါ။ ဒါတင်လားဆိုတော့ မဟုတ်သေးပြန်ပါဘူး။ ဝက်ခြံကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကလည်း များပါတယ်။အချို့သော အကြောင်းအရင်းတွေက ရှောင်လွှဲလို့ ရပေမယ့် အချို့သော အကြောင်းအရင်းတွေက ရှောင်လွှဲဖို့ ခက်ပါမယ်။ ဥပမာလေဒီလေးတွေမှာ လစဉ် ပြဿနာကြောင့် ဟော်မုန်း အပြောင်းအလဲ ဖြစ်တာမျိုးပေါ့။နောက်ပြီး Skin careရွေးတဲ့အခါ မိမိအသားအရေနဲ့ မကိုက်တာမျိုးကို သုံးမိတာ၊ ချွေးပေါက်ပိတ်စေတဲ့ အမျိုးအစားတွေကို သုံးမိတာ၊ အရည်အသွေးမပြည့်မီ၊ ဒိတ်လွန်နေတာတွေကို သုံးမိရင်လည်း Skin careနေရဲ့သားနဲ့ ဝက်ခြံထွက်တာမျိုး ဖြစ်နိုင်ပါတယ်။ဝက်ခြံဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေက တော်တော်လေး များပါတယ်။ ဒီတစ်ခုမကတဲ့ အကြောင်းအရင်းတွေထဲမှာ သတိမပြုမိဘဲ လုပ်မိနေတဲ့နေ့စဉ် အပြုအမူတွေတောင် ပါနေနိုင်ပါတယ်။Skin care သာလုပ်နေရတယ် ဝက်ခြံကလည်း သက်သာမလာဘူး။ ဒါဆိုဘာလို့များ skin care နေရဦးမှာလဲဆိုတဲ့သူတွေကို ဆက်ပြီးအသားအရေ ထိန်းသိမ်းပါလို့ ပြောပါရစေ။ Skin care တာက ဝက်ခြံ မသက်သာပေမယ့်။အသားအရေပေါ်က ဆဲလ်သေတွေကို ဖယ်ရှားတာကသွေးလည်ပတ်မှုကောင်းစေပြီး ချွေးပေါက်တွေ ပွင့်စေလို့ အရေပြားပေါ်မှာ လိမ်းလိုက်တဲ့ အသားအရေအတွက်အာဟာရဓာတ်တွေကို ကောင်းကောင်း စုပ်ယူနိုင်စေဖို့ အသားအရေ ကျန်းမာမှာပါ။မျက်နှာကိုSheet Maskကပ်တာ။ သဘာဝ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းလေးတွေ သုံးပြီး ပေါင်းတင်နှိပ်နယ်တာက အသားအရေကိုတင် ကျန်းမာစေတာ မဟုတ်ဘဲ သက်တောင့်သက်သာဖြစ်စေပြီး စိတ်ဖိစီးမှုကို ပြေလျော့စေလို့ စိတ်ခံစားမှုကို ကောင်းစေပါတယ်။ချွေးပေါက်တွေထဲက အညစ်အကြေးတွေကို အသေအချာ သန့်စင်ဖယ်ရှားမိနိုင်တာကြောင့် ကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။အသားအရေကို ပုံမှန် သန့်စင်မယ်၊ အာဟာရဖြည့်မယ်၊ နှိပ်နယ်မယ်ဆိုရင် သွေးလည်ပတ်မှု ကောင်းစေပြီး ဆဲလ်အသစ်တွေ ဖြစ်စေသလိုကော်လာဂျင်ထွက်ရှိမှု မြှင့်တင်ပေးနိုင်တာကြောင့် အရွယ်တင် နုပျိုနေစေမှာပါ။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာကိုလည်း ကာကွယ်နိုင်မှာပါ။အသားအရေကို ပုံမှန် ထိန်းသိမ်းတာက အရေပြားပေါ်က ဝက်ခြံဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်တာကြောင့် ဝက်ခြံ သိပ်မဖြစ်အောင် ကာကွယ်ပေးသလို ဝက်ခြံကြောင့် ကျန်ခဲ့တဲ့ အမာရွတ်တွေကိုလည်း သက်သာစေမှာပါ။ချွေးပေါက်ထဲက အညစ်အကြေးတွေ၊အဆီတွေနဲ့ ဆဲလ်သေတွေကို အထိရောက်ဆုံး ဖယ်ရှားနိုင်မှုက ချွေးပေါက်ပိတ်ဆို့ပြီးဆားဝက်ခြံတွေဖြစ်မလာအောင် ကာကွယ်ပေးနိုင်ပါတယ်။ သန့်စင်တဲ့ ချွေးပေါက်တွေက အသားအရေကို ကျန်းမာစေမှာပါ။အသားအရေ ကောင်းမွန်ခြင်းက လူတစ်ယောက်ကို ယုံကြည်မှုတိုးစေနိုင်တဲ့ အချက် တစ်ခုပါ။ ဒါ​ကြောင့် အသားအရေကို ပုံမှန်လေး ထိန်းသိမ်းပေးတာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မြှင့်တင်ရာလည်း ရောက်ပါတယ်။Skin care တာက ဝက်ခြံ မပျောက်ဘူးဆိုသော်ငြားလည်း အခုပြောခဲ့သလိုအကျိုးကျေးဇူးလေးတွေ ရနိုင်သလို မလိုအပ်ဘဲ ဝက်ခြံတွေ မထွက်အောင်လည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/skin-care-and-acne/
ဘက်တီးရီးယားပိုးကြောင့် အထက်လန်အောက်လျှောဖြစ်ခြင်း (bacterial gastroenteritis)
အူလမ်းကြောင်းထဲကို ဘက်တီးရီးယားပိုးအချို့ဝင်ရောက်တဲ့အခါအထက်လန်အောက်လျှောရောဂါဖြစ်တတ်ပါတယ်။ အစာအိမ်နံရံနဲ့ အူလမ်းကြောင်းမှာ ရောင်ရမ်းပြီး အဆက်မပြတ်အန်ခြင်း၊ ဝမ်းပျက်ခြင်းတွေကြောင့် အထက်လန်အောက်လျှောလို့ ခေါ်ဝေါ်ခြင်း ဖြစ်ပါတယ်။ဘက်တီးရီးယားပိုးကြောင့် အထက်လန်အောက်လျှောဖြစ်ရခြင်းဟာတစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်းကြောင့် ဖြစ်တတ်ပါတယ်။ တိရစ္ဆာန်များနဲ့ လက်ပွန်းတတီးထိတွေ့ခြင်း၊ဘက်တီးရီးယားပါသော အစားအစာနှင့်ရေကို စားသောက်မိခြင်း စတာတွေကနေ ရောဂါပိုးဝင်ရောက်နိုင်ပါတယ်။ ဘက်တီးရီးယားကနေ အဆိပ်အတောက်တွေ ထုတ်လွှတ်တဲ့အတွက် ရောဂါဝေဒနာ ခံစားရခြင်း ဖြစ်ပါတယ်။ဝင်ရောက်ကူးစက်တဲ့ ရောဂါပိုးအမျိုးအစားပေါ် မူတည်ပြီး ဖြစ်ပေါ်တဲ့လက္ခဏာ ကွားခြားမှုရှိနိုင်ပါတယ်။ တွေ့ရများတဲ့ လက္ခဏာတွေကတော့။– အစားပျက်ခြင်း။–ပျို့ခြင်း၊ အန်ခြင်း။– ဝမ်းပျက်ခြင်း။– ဗိုက်နာ ဗိုက်အောင့်ခြင်း။– သွေးဝမ်းသွားခြင်း။–အဖျားတက်ခြင်းစတာတွေ ဖြစ်ပါတယ်။အဆိုပါလက္ခဏာတွေကြုံလာရပြီး ရက်အနည်းငယ်နဲ့မှ မသက်သာရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။ ကလေးငယ်တွေဆိုရင် အန်ပြီး ဝမ်းသွားပြီဆိုတာနဲ့ ဆရာဝန်ချက်ချင်းပြသင့်ပါတယ်။အထက်လန်အောက်လျှောဖြစ်စေတဲ့ ဘက်တီးရီးယားမျိုးစုံ ရှိပါတယ်။ အဓိကဖြစ်စေတဲ့ ပိုးမွှားတွေကတော့။• yersinia (ဝက်သားမှာ အတွေ့များပါတယ်)။• staphylococcus (အသားအမျိုးမျိုး၊ နို့ထွက်ပစ္စည်းများနဲ့ ဥအမျိုးမျိုးမှာ တွေ့ရပါတယ်)။• shigella (ရေထဲမှာ အထူးသဖြင့် ရေကူးကန်တွေကနေ ကူးစက်တတ်ပါတယ်)။•salmonella(အသားအမျိုးမျိုး၊ နို့ထွက်ပစ္စည်းများနဲ့ ဥအမျိုးမျိုးမှာ တွေ့ရပါတယ်)။• campylobacter (ကြက်သားဘဲသား စတာတွေမှာ တွေ့ရများပါတယ်)။•E. coli(အမဲသား၊ အသီးအရွက်သုပ်တွေကနေ ကူးနိုင်ပါတယ်)။ဘက်တီးရီးယားကြောင့် အထန်လန်အောက်လျှောဖြစ်ခြင်းဟာ လူတဦးနဲ့တဦး ထိတွေ့ရာကနေလည်း ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် ဘက်တီးရီးယားပိုးရှိနေတဲ့လက်နဲ့ အစားအစာတွေ၊ အရာဝတ္တုတွေကို ကိုင်တွယ်မိရင်ဖြစ်ဖြစ်၊ လူအချင်းချင်းထိတွေ့မိရင်ဖြစ်ဖြစ် ကူးစက်နိုင်ပါတယ်။ရောဂါပိုးနဲ့ထိတွေ့ထားတဲ့လက်နဲ့ မိမိရဲ့ မျက်လုံး၊ ပါးစပ်၊ မျက်နှာ စတာတွေကို ထိတွေ့မိရာကတဆင့် ဘက်တီးရီးယားဟာ ခန္ဓာကိုယ်ထဲ ဝင်ရောက်နိုင်ပါတယ်။ လူထူထပ်တဲ့နေရာတွေမှာဆိုရင် ကူးစက်နိုင်ခြေ ပိုများပါတယ်။ လက်ကို ဆပ်ပြာနဲ့ရေသုံးပြီး မကြာခဏ ဆေးကြောသင့်ပါတယ်။ဘက်တီးရီးယားကြောင့် အထက်လန်အောက်လျှောဖြစ်ပွားတဲ့အခါ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေမှာ နောက်ဆက်တွဲပြဿနာကို ပိုမိုကြုံတွေ့ရပါတယ်။ နောက်ဆက်တွဲပြဿနာများအနေနဲ့ အဖျားကြီးခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ ဝမ်းမထိန်းနိုင်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ပိုမိုဆိုးရွားတဲ့ အခြေအနေမှာ ရေဓာတ်ခန်းခြောက်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ အူလမ်းကြောင်းသွေးယိုခြင်း စတာတွေ ကြုံနိုင်ပါတယ်။ အထက်လန်အောက်လျှောရောဂါဟာ သေချာစွာ မကူသရင် အသက်အန္တရာယ်ထိ ကြုံနိုင်တာမို့ ဂရုစိုက်သင့်ပါတယ်။ဝမ်းလျှောခြင်း၊ ပျို့အန်ခြင်း စတာတွေ မသက်သာဘဲ ဆက်တိုက်ကြုံနေရရင် ဆေးရုံဆေးခန်းပြသပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာသင့်ပါတယ်။အိမ်သာဝင်ပြီးချိန်နဲ့ အစားအသောက်များကို ကိုင်တွယ်ခါနီးအချိန်တွေမှာ လက်ကို သေချာစွာ ဆေးကြောသင့်ပါတယ်။ အစားအစာများကို မချက်ပြုတ်မီ သေချာစွာ ဆေးကြောရပါမယ်။ အသီးအရွက် အသားငါးများကို သက်ဆိုင်ရာအပူချိန်အလိုက် ကျက်အောင် ချက်ပြုတ်ရပါမယ်။အသားစိမ်းတွေ၊ ပိုးမသတ်ထားတဲ့နို့တွေ၊ ရက်လွန် အားအစာတွေကို ရှောင်ကြဉ်ရပါမယ်။ အသားငါးများကို လှီးဖြတ်ပြီးချိန်မှာ စဉ့်တီတုံးကို သေချာစွာ ဆေးကြောသင့်ပါတယ်။ တာရှည်ခံအစားအစာများကို သိမ်းဆည်းရာမှာ ရေခဲသေတ္တာထဲမှာ သင့်တော်တဲ့အပူချိန်နဲ့ ချိန်ညှိသိမ်းဆည်းရပါမယ်။ ခရီးသွားလာချိန်မှာ ရေသန့်ဘူးကိုပဲ သောက်သင့်ပါတယ်။ မြစ်ရေကန်ရေတွေကို ကျိုချက်သောက်သုံးသင့်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/gastroenteritis/bacterial-gastroenteritis/
ကြက်ဟင်းခါးသီးဖျော်ရည်
ကြက်ဟင်းခါးသီးကို ဟင်းအနေနဲ့ချက်စားကြပေမယ့် ဖျော်ရည်အနေနဲ့ သောက်သုံးနိုင်တယ်ဆိုတာကိုတော့ သိရှိသူနည်းပါးတယ်။ နာမည်နဲ့လိုက်အောင်ပဲ ဖျော်ရည်မှာ ခါးတဲ့အရသာတော့ ရှိနေမှာ ဖြစ်ပါတယ်။အရသာခါးပေမယ့် သွေးတိုးကျစေခြင်း၊ အရေပြားလှပခြင်း စတဲ့ ကျန်းမာရေးအတွက်အကျိုးကျေးဇူးများစွာ ရရှိတာကြောင့် နောက်ပိုင်းမှာ ဖျော်ရည်အဖြစ် သုံးစွဲလာကြပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြသွားမှာကတော့ ကြက်ဟင်းခါးသီးရဲ့ အာဟာရများနဲ့ ကျန်းမာရေးအကျိုးကျေးဇူးများအကြောင်းပဲ ဖြစ်ပါတယ်။ကြက်ဟင်းခါးသီးကို သိပ္ပံအမည်အရ Momordica charantia လို့ခေါ်ဝေါ်ပါတယ်။ ပြင်ပပုံစံအရ ကြမ်းတမ်းပြီး တရုတ်မျိုးနဲ့ အိန္ဒိယမျိုးဆိုပြီး နှစ်မျိုးရှိပါတယ်။ပါဝင်သော အာဟာရဓာတ်များ။ကြက်ဟင်းခါးသီးဖျော်ရည်မှာ အရေးကြီးတဲ့ အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ ဥပမာအားဖြင့် ကြက်ဟင်းခါးသီးဖျော်ရည်တခွက် (၁၁၈ မီလီလီတာ) မှာ အာဟာရဓာတ်အားဖြင့်။– ကယ်လ်လိုရီ ၁၆ ယူနစ်။– ကာဗို ဟိုက်ဒရိတ် ၃.၄ ဂရမ်။– အမျှင်ဓာတ် ၂.၆ ဂရမ်။– ပရိုတိန်း ဝ.၉ ဂရမ်။– အဆီဓာတ် ဝ.၂ ဂရမ်။– ဗီတာမင်စီ တနေ့တာလိုအပ်ချက်၏ ၉၅%။– ဖောလိတ် တနေ့တာလိုအပ်ချက် ၁၇%။– ဇင့်ဓာတ် တနေ့တာလိုအပ်ချက်၏ ၉၅%။– ပိုတက်ဆီယမ် တနေ့တာလိုအပ်ချက်၏ ၉၅%။– သံဓာတ် တနေ့တာလိုအပ်ချက်၏ ၉၅%။– ဗီတာမင်အေ တနေ့တာလိုအပ်ချက်၏ ၄% စတာတွေ ပါဝင်ပါတယ်။ကြက်ဟင်းခါးသီးဖျော်ရည်ဟာ ဗီတာမင် စီ ကြွယ်ဝပြီး ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေရှိတာကြောင့် ကိုယ်ခံစွမ်းအားမြင့်တက်စေခြင်း၊ ဦးနှောက်ကို အကျိုးပြုခြင်း၊ တစ်ရှူးများ အနာကျက်မြန်စေခြင်း စတဲ့အကျိုးကျေးဇူးတွေ ပေးပါတယ်။ဗီတာမင်အေလည်း ကြွယ်ဝတာကြောင့် အမြင်အာရုံကောင်းစေခြင်း၊ အရေပြားကျန်းမာရေးကောင်းခြင်း စတဲ့ အာနိသင်တွေ ရှိပါတယ်။ ဒါ့အပြင် ကြက်ဟင်းခါးသီးဖျော်ရည် တစ်ခွက်မှာ တစ်နေ့တာလိုအပ်တဲ့အမျှင်ဓာတ်ရဲ့ ၈% ပါဝင်တာကြောင့်အစာခြေစနစ်ကို အကျိုးပြုပါတယ်။ သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းပေးပါတယ်။သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်တာနဲ့ ပတ်သက်ပြီး သုတေသနတွေ ပြုလုပ်ထားပါတယ်။ ကြက်ဟင်းခါးသီးမှာ polypeptide-p၊ charantin နဲ့ vicine စတဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်ပါတယ်။ polypeptide-p ဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းရာမှာ အင်ဆူလင်လိုပဲ လုပ်ဆောင်ပေးပါတယ်။ ဒါ့အပြင် ကြက်ဟင်းခါးသီးဖျော်ရည်ဟာ အင်ဆူလင်ဟော်မုန်းထုတ်ပေးတဲ့ ပန်ကရိယရဲ့ ဆဲလ်တွေကို ကာကွယ်ပေးခြင်း၊ အသစ်ပြန်ဖြစ်စေခြင်း စတဲ့နည်းတွေနဲ့ အကျိုးပြုပါတယ်။ကြက်ဟင်းခါးသီးဖျော်ရည်ဟာ အသားအရေကို ကြည်လင်တောက်ပစေတဲ့ ဂုဏ်သတ္တိရှိတယ်လို့ ဆိုပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့ ဗီတာမင်စီနဲ့ ဗီတာမင်အေဟာ အရေပြားကို လှပစေခြင်း၊ အနာကျက်မြန်စေခြင်း စတဲ့အကျိုးကျေးဇူးတွေ ပေးပါတယ်။ တိုင်းရင်းဆေးပညာအချို့မှာ နှင်းခူအပါအဝင် အရေပြားမှာဖြစ်တတ်တဲ့ ယားနာများ၊ အနာများအတွက် ကုသရာမှာ သုံးစွဲကြတယ်လို့ ဆိုပါတယ်။ကြက်ဟင်းခါးသီးဖျော်ရည်ဟာ ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူ ပြုပါတယ်။ အမျှင်ဓာတ်များပြီး ကယ်လိုရီနည်းလို့ ဖြစ်ပါတယ်။ ဒါကြောင့် အချိန်အတော်ကြာကြာ ဗိုက်ပြည့်နေတဲ့ ခံစားချက်ကို ပေးပါတယ်။ကြက်ဟင်းခါးသီးဟာအကျိုးပြုကိုလက်စထရောဖြစ်တဲ့ HDL ကိုလက်စထရောကို တက်စေပြီး မကောင်းတဲ့ LDL ကိုလက်စထရောနဲ့ triglyceride ကို လျော့ကျစေတယ်လို့လည်း သိရပါတယ်။ တိရစ္ဆာန်များနဲ့ စမ်းသပ်တဲ့ သုတေသနအရ ကင်ဆာရောဂါအချို့ကို ကာကွယ်နိုင်တဲ့အစွမ်း ရှိတယ်လို့လည်း သိရပါတယ်။ခြုံပြောရရင် ကြက်ဟင်းခါးသီးဖျော်ရည်ဟာ အရသာခါးပေမယ့် ကျန်းမာရေးအတွက် ကောင်းမွန်စေတာကြောင့် မြည်းစမ်းသောက်သုံးသင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/karela-juice/
ထိပ်ကပ်နာအကြောင်း သိသင့်သမျှ
ထိပ်ကပ်နာအကြောင်း သိသင့်သမျှ လေးတွေကို ပြောပြပေးသွားဖို့ ရှိပါတယ်။ထိပ်ကပ်နာအကြောင်း သိသင့်သမျှ တွေကတော့။ထိပ်ကပ်နာဆိုတာ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ မှိုပိုးတို့ကြောင့်ဖြစ်လာတဲ့ ဆိုင်းနပ်စ်ရောင်ရမ်းမှုဖြစ်ပါတယ်။ ဓာတ်မတည့်မှုများ၊ နှာခေါင်းအသားပို၊ သွားနှင့်ခံတွင်းပိုးဝင်ခြင်း၊ နှာရိုးအကန့်စောင်းနေခြင်းတို့ကလည်း ထိပ်ကပ်နာဖြစ်စေနိုင်ပါတယ်။ထိပ်ကပ်နာကို ရောဂါလက္ခဏာကာမြင့်ချိန်ပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ် –။ထိပ်ကပ်နာက အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ လူငယ်၊ လူလတ်ပိုင်းတွေမှာ အဖြစ်များပေမယ့် ကလေးတွေမှာလည်းဖြစ်နိုင်ပါတယ်။ ဖြစ်စေနိုင်တဲ့အကြောင်းရင်းအချက်တွေကို ဆင်ခြင်နေထိုင်မယ်ဆိုရင် အန္တရာယ်လျှော့ချနိုင်ပါတယ်။ထိပ်ကပ်နာရဲ့အဖြစ်များတဲ့ရောဂါလက္ခဏာတွေကဘာတွေလဲ –။နာတာရှည်နဲ့ ရက်တိုထိပ်ကပ်နာရောဂါတို့က လက္ခဏာချင်းဆင်တူပေမယ့် ရက်တိုထိပ်ကပ်နာက အအေးမိတဲ့အခါ အတူဖြစ်တတ်တဲ့ ဆိုင်းနပ်စ်ယာယီရောဂါပိုးဝင်မှုတစ်ခုဖြစ်ပါတယ်။အောက်ပါအခြေအနေတွေထဲက လက္ခဏာတစ်ခုခုရှိလာရင် ဆရာဝန်ပြသင့်ပါတယ် –။နာတာရှည်ထိပ်ကပ်နာရဲ့အဖြစ်များတဲ့အကြောင်းရင်းတွေကတော့-။ထိပ်ကပ်နာဖြစ်ရင်ဖြစ်လာနိုင်မယ့် အန္တရာယ်အချက်တွေကဘာလဲ။ရောဂါရှာဖွေစစ်ဆေးမှုနဲ့ကုသမှုအတွက်က ဆရာဝန်နဲ့ ပြသစစ်ဆေးသင့်ပါတယ်။ဘယ်လိုရောဂါစစ်ဆေးမလဲ။နာတာရှည်ထိပ်ကပ်နာရောဂါ စစ်ဆေးမှုတွေမှာ –။လူနာအများစုဟာ ထိပ်ကပ်နာသက်သာစေဖို့ အိမ်သုံးဆေးနည်းတွေနဲ့ ကြိုးပမ်းတတ်ကြပါတယ် –။ရောဂါလက္ခဏာပြင်းထန်လာရင်၊ ၇ ရက်အတွင်းမသက်သာရင် ဒါမှမဟုတ် ပိုဆိုးလာရင် ဆရာဝန်ပြပါ။ကုသနည်းတွေနဲ့မသက်သာရင် functional endoscopic sinus surgery (FESS) လို့ခေါ်တဲ့ ခွဲစိတ်မှုခံယူဖို့ လိုအပ်လာနိုင်ပါတယ်။ဘယ်လိုနေထိုင်မှုပုံစံအပြောင်းအလဲတွေက ထိပ်ကပ်နာကို သက်သာစေနိုင်သလဲ။မေးမြန်းစရာရှိတယ်ဆိုရင် ကျွမ်းကျင်သူ ဆရာဝန်တွေကို ဆွေးနွေးအကြံဉာဏ်တောင်းတာက အကောင်းဆုံးဖြစ်ပါတယ်။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/nose-conditions/chronic-sinusitis/
ကျောင်းနေအရွယ်မတိုင်ခင် ကလေးများကို အနုပညာတစ်ခုခု သင်ပေးပါ
ကျောင်းနေအရွယ်မတိုင်ခင် ကလေးများကို စောစီးစွာ အနုပညာတစ်ခုခု သင်ကြားပေးခြင်းဟာဆိုရင် ကလေးတွေရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူများစွာ ဖြစ်စေတာကို တွေ့ရှိရပါတယ်။အနုပညာလို့ပြောတဲ့အခါမှာ ဂီတ၊ အက၊ ပန်းချီ တို့အပြင် လက်မှုပညာများ၊ စိတ်ကူးစိတ်သန်းဖြင့် ဖန်တီးမှုများလည်း ပါဝင်ပါတယ်။(၁) လှုပ်ရှားမှုအတွက် အထောက်အကူပြုပါတယ်။ကလေးတွေအဖို့ တူရိယာတစ်ခုခု တီးခတ်မယ်၊ ရွှံစေးနဲ့ အရုပ်ကလေးတွေ ပုံဖော်မယ်၊ စုတ်တံကို အသုံးပြုကာ ပန်းချီဆွဲမယ်… အစရှိတဲ့ နည်းလမ်းများဟာ ကလေးတွေရဲ့ လက်လှုပ်ရှားမှုလေးများဖြင့် ပြုလုပ်ရတာကြောင့် ကလေးတွေရဲ့ လှုပ်ရှားမှုတွေကို တိကျစေတယ်၊ ခန္ဓာကိုယ်အစိတ်အပိုင်းကိုလည်း သန်မာစေပါတယ်။(၂) ဂဏန်းသင်္ချာသင်ကြားရာမှာ အထောက်အကူပြုတယ်။ကလေးတွေဟာ ဖန်တီးမှုတစ်ခုခုလုပ်တယ်ဆိုကြပါစို့။ ဥပမာ – ဆွဲကြိုလေးတစ်ကုံးသီကြတယ်ဆိုရင်.. crystal လေးတွေတော့ ဘယ်နှလုံး သုံးရမယ် စသည်ဖြင့် ရွေးချယ်ရတာကြောင့် သူတို့လေးတွေရဲ့ ဂဏန်းသင်္ချာသင်ကြားမှုမှာ လွယ်ကူ ပျော်ရွှင်စွာနဲ့ သင်ယူနိုင်ပါတယ်။(၃) အရောင်ခွဲခြားမှုသင်ကြားရာမှာ အထောက်အကူပြုတယ်။ပန်းချီဆွဲခြင်း၊ အရောင်ခြယ်ခြင်းများတွင် အရောင်နှင့် လုပ်ဆောင်ရသည့်အတွက် အရောင်များသင်ကြားရာတွင် လွယ်ကူစွာ သင်ကြားနိုင်ပြီး တစ်ဆက်တည်းတွင် ခွဲခြမ်းစိတ်ဖြာမှုစွမ်းရည်လည်း ပိုတက်လာနိုင်ပါတယ်။(၄) ဉီးနှောက်ဖွံ့ဖြိုးမှုတွင် အကျိုးရှိစေတယ်။တူရိယာတစ်ခုခု တီးခတ်ဖို့ သင်ယူရာမှာ notes များကို ဖတ်ရတဲ့အခါ၊ ပုံဆွဲတဲ့အခါ၊ ဖန်တီးမှုများကို ပြုလုပ်ရတဲ့အခါ သူတို့လေးတွေရဲ့ ဉီးနှောက်ဟာ ပုံမှန်ထက် ဖွံ့ဖြိုးမှု မြန်ဆန်ပါတယ်။ ဒီအရာဟာဆိုရင် ကျောင်းပညာရေး သင်ကြားတဲ့အခါမှာလည်း ပုံမှန်ထက်သာလွန်တဲ့ ရမှတ်တွေကို ရစေနိုင်ပါတယ်။(၅) ကလေးတွေမှာ ရှိတတ်တဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးပါတယ်။အနုပညာဟာ လူကြီးတွေ အတွက်ပဲမဟုတ်ပါဘူး။ ကလေးတွေအတွက်လည်း စိတ်ထွက်ပေါက်တစ်ခုလို့ တင်စားလို့ရပါတယ်။ သူတို့အရွယ်နဲ့ တွေ့ကြုံခံစားရနိုင်တဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးပါတယ်။(၆) ငယ်ရွယ်စဉ်ကပင် မိမိကိုယ်ကို တန်ဖိုးထားတတ်အောင် သင်ကြားပေးရာလည်း ရောက်ပါတယ်။အထူးသဖြင့် အဖွဲ့လိုက်လုပ်ဆောင်မှုများမှာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် မှတ်ချက်ပေးခြင်းများ ပြုလုပ်ကြတဲ့အခါ ငယ်စဉ်ကပင် ဝေဖန်မှု နှင့် ချီးမွမ်းမှုကို တစ်ပါးတည်းတွဲ၍ လက်ခံရတဲ့အတွက် စိတ်ထားတတ်လာတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်လာတယ်။ဒီအရာတွေကြောင့် ကလေးတွေကို ငယ်စဉ်ကပင် အနုပညာ တစ်ခုခု သင်ကြားပေးခြင်းဟာ သူတို့လေးတွေရဲ့ စိတ်ခံစားမှုတွေ၊ ဆုံးဖြတ်ချက်ချမှုတွေ၊ သင်ကြားနိုင်မှုစွမ်းအားတွေ၊ ဖတ်တီးနိုင်မှုစွမ်းအားတွေနှင့် ဆက်စပ်နေတဲ့အပြင် အဖွဲ့လိုက် အက ကခြင်းမျိုးတွင်ဆိုလည်း ပေါင်းသင်းဆက်ဆံရေးနှင့်ပါ ချိတ်ဆက်နေတာကို လေ့လာတွေ့ရှိရပါတယ်။အခုလို ကလေးတွရဲ့ ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးတဲ့ အနုပညာသင်ကြားမှုကိုဆိုလျှင် နိုင်ငံတကာမှာ ကျောင်းတွေမှာပါ ဘာသာရပ်တစ်ခုအနေနဲ့ သင်ကြားပေးနေတာကို တွေ့ရှိရပါတယ်။သင့်ကလေးကိုရော ဘယ်လို အနုပညာမျိုး သင်ကြားပေးမလဲ။ကျေးဇူးတင်ပါတယ်။ရေးသားသူ – May Kham Eain။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-milestones/%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%94%e1%80%b1%e1%80%a1%e1%80%9b%e1%80%bd%e1%80%9a%e1%80%ba%e1%80%99%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%81%e1%80%84/
ဦးနှောက် လေး အငွေ့ပျံမသွားခင် ဘယ်လို ပြန်ချော့ကြမလဲ
ခေါင်းတွေ ပူလိုက်တာနော် ၊ လုပ်စရာတွေများပြီး ဖိစီးနေတာ အငွေ့ပျံတော့မတတ်ပဲ လို့ ညည်းရဖူးလား။ တကယ်လည်း စိတ်ဖိစီးစရာ၊ ပူပန်စရာတွေ ၊ အလုပ်တွေ အများကြီးရှိနေပြီဆို ဒီခံစားချက်ကို နားလည်မှာပါ။ဒီအချိန်မှာ ဦးနှောက် ကို ထပ်ပြီး အတင်း ဖိအား မပေးမိဖို့ လိုပါတယ်။ သူလည်း နားချိန် လိုအပ်တယ်လေ။ ဒါ့ကြောင့် အခုပြောပြမယ့် အချက်လေးတွေ သတိထားပေးနော် …။ညတိုင်း အချိန်မှန်အိပ်သင့်တယ် ဆိုပေမယ့် ကိုယ့်ဦးနှောက်က ပြေးနေတာ အရှိန်မကုန်သေးဘဲ အိပ်ဖို့အသင့်မဖြစ်သေးတဲ့ အချိန်တွေ ရှိတယ်။ ဒီလိုဖြစ်လာရင် အတင်းကြီး လှိမ့်အိပ်မနေပါနဲ့။ အိပ်မပျော်တဲ့အတွေးပေါင်းသောင်းခြောက်ထောင်က ဖိစီးလာလိမ့်မယ်။အဲ့တော့ သင့်ခန္ဓာကိုယ် ကို ပင်ပန်းလာ ၊ ပျင်းရိလာစေတဲ့အထိ မပင်ပန်းတဲ့ အလုပ် တစ်ခု ထလုပ်ပါ။ဥပမာ ပျင်းစရာကောင်းတဲ့ စာအုပ်(ကိုယ်နှစ်သက်လေ့မရှိတဲ့အမျိုးအစား) ဖတ်တာမျိုး၊ရေနွေးနဲ့ ရေထချိုးတာမျိုး၊ ကိုယ်တခြမ်း မှီပြီးသီချင်းအေးအေးလေးနားထောင်နေတာမျိုး။ အိပ်ရာထဲလှိမ့်ရင်း မျက်စိကြောင်နေတာထက် အပြင်မှာ ခဏအချိန်ဖြုန်းပြီး အိပ်ငိုက်လာတာနဲ့ ချက်ချင်းဝင်အိပ်ပါ။အလုပ်ကိစ္စ သို့မဟုတ် ငွေရေးကြေးရေးကိစ္စ တို့လို စိတ်ဖိစီးစေနိုင်တဲ့ အကြောင်းအရာတွေကြောင့်အတွေးတွေများနေတတ်ပါတယ်။ အိပ်ချိန်နီးတဲ့အခါ ဒီအတွေးတွေကို ဖျောက်သင့်တယ်၊ စိတ်လှုပ်ရှားရတဲ့ ရုပ်ရှင်တွေလည်း ပိတ်ပါ၊ အွန်လိုင်းလည်း မတက်ပါနဲ့။ ဒါတွေအသုံးပြုချိန်ကို အနည်းဆုံး တစ်နာရီတော့ အိပ်ချိန်နဲ့ ခွာထားပါ။မပြီးသေးတဲ့ အလုပ်တွေက ခေါင်းထဲ ကျန်နေမှာဆိုတော့ ဦးနှောက် က အနားယူမှာ မဟုတ်ပါဘူး။ အိပ်ရာမဝင်ခင် ကိုယ်ခေါင်းထဲရှိသလောက် အလုပ်ကြွေးတွေကို ချရေးထားပါ။ ခေါင်းထဲ ရှိသမျှကို စာရွက်ထဲ အကုန်သာ လွှတ်ပေတော့။ ပြီးရင် အားလုံးမေ့လိုက်ပြီး ခေါင်းအေးအေးနဲ့ အိပ်စက်ပါ။တစ်ကိုယ်လုံးကို ဖြေလျှော့ချပြီး သက်တောင့်သက်သာ နေလိုက်တာက စိတ်ဖိစီးတာကိုပါ သက်သာစေနိုင်ပါတယ်။ ကြမ်းပြင်မှာ လှဲချပြီးခြေပစ်လက်ပစ် အိပ်ပါ။ အသက်ကို ရှိုက်ပြီး ရှူသွင်း၊ ရှူထုတ်ပါ။ တစ်ကိုယ်လုံး တစ်ပိုင်းချင်း တင်းထားပြီးမှ ပြန်ဖြေလျှော့ပါ။ ဥပမာခြေချောင်းတွေကို တင်းထား၊ပြန်လျှော့၊ ဖနောင့်ကြော၊ ပြီးရင် ပေါင်၊ ဗိုက် စသည်ဖြင့်ပေါ့။ နဖူးကြောကို နောက်ဆုံးမှ လျှော့ပါ။အကြောပြေလျော့သွားမှစိတ်ချလက်ချအိပ်ပါ။ဝင်လေထွက်လေမှတ်တဲ့ သဘောပါပဲ။ လူကိုဖြေလျော့ပြီး အတွေးတွေကို နှေးစေဖို့ပါ။ ပက်လက်အိပ်နေတဲ့အခါ လက်ကို ရင်ဘတ်မှာထားပြီး နှလုံးခုန်သံကို ခံစားကြည့်ပါ။ အသက်တစ်ခါရှူရင် ၄ စက္ကန့်လောက်ကြာအောင် ရှိုက်ရှူပြီး ဖြည်းဖြည်းချင်း ပြန်ရှူထုတ်ပါ။ဖုန်း၊တက်ဘလက်တို့လိုဒစ်ဂျစ်တယ်ပစ္စည်းတွေက အိပ်စက်မှုကိုအနှောင့်အယှက်ဖြစ်စေပါတယ်။ သူတို့ဆီက ထွက်တဲ့ အပြာရောင်အလင်းကြောင့် ခန္ဓာကိုယ်မှာ အိပ်ချင်စိတ်ကို ထိန်းချုပ်တဲ့melatoninဟော်မုန်းထွက်ရှိမှုကို ရပ်တန့်စေပါတယ်။ပြီးတော့ ဦးနှောက်ကို အနားမယူဖို့ လှုံ့ဆော်ပေးပါတယ်။ အိပ်ရာထဲဖုန်းပွတ်တတ်တဲ့သူတွေ ညဉ့်နက်ကြတာ လည်း မဆန်းပါဘူး။ အိပ်မပျော်လို့ အွန်လိုင်းတက်တာ ဆိုတဲ့ ဆင်ခြေနဲ့ပဲအိပ်ရေးပျက်နေကြမှာပဲ။အတွေးတွေ ထဲမှာ နစ်နေပြီး ပူပင်မှုတွေ ကနေ ရုန်းမထွက်နိုင်မယ့်တူတူ ကိုယ့်ပူပင်စရာ ၊ ဖိစီးစရာ ၊ လုပ်စရာတွေကို အဖြေရှာဖို့ အချိန်တစ်ခုသတ်မှတ်ပါ။ တိတ်တိတ်ဆိတ်ဆိတ်လေး ထိုင်တွေးနေဖို့၊ ဆုံးဖြတ်ချက်ချနိုင်ဖို့ အချိန် ခဏလောက် ပေးလိုက်ပါ။ ဒါတွေ တွေးပြီးရင် စိတ်ထဲ နည်းနည်းတော့ ပေါ့သွားပြီး အိပ်ပျော်လာပါလိမ့်မယ်။နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမယ့်ယောဂကစားကွက်လေးတွေ ဆို နည်းလမ်း နှစ်မျိုး ရှိတယ်နော်။ တစ်မျိုးက ကြမ်းပြင်ပေါ် ဒူးတုပ် ထိုင်ပါ၊ ခြေမလေးတွေထောက်ထားမှာပေါ့။ပြီးရင် ဒူးနှစ်ဖက်ကို နည်းနည်းလေး ခွဲလိုက်ပါ၊ လက်နှစ်ဘက်ကို အပေါ် ဆန့်တန်းပြီး ဖြည်းဖြည်းချင်း ရှေ့ကို မှောက်ချပါ။ ရင်ဘတ်က ပေါင်နဲ့ထိမယ်၊ နဖူးက ကြမ်းပြင်နဲ့ထိမယ်၊ ဖြည်းဖြည်းနော်။ဒူးနာတတ်တယ် ဆိုရင် ဒုတိယနည်းက ပက်လက်အိပ်ပါ၊ ခြေကားယား လက်ကားယား အိပ်ပစ်လိုက်ပါ။ ဘေးဘက်ကို အကြောပြေသလောက် ဖြန့်ကားအိပ်ပါ။အသက်ကို အားရပါးရ ရှူပြီး ၃/၄/၅ မိနစ်လောက် ဒီအတိုင်းနေပါ။ အကြောတွေပြေပြီး အိပ်လို့ကောင်းမှာ သေချာပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/%e1%80%a6%e1%80%b8%e1%80%94%e1%80%be%e1%80%b1%e1%80%ac%e1%80%80%e1%80%ba/
အစာအိမ်အူလမ်းကြောင်းတွင် E Coli ရောဂါပိုးကူးစက်ခြင်း
E Coliဟာ လူနဲ့ တိရစ္ဆာန်တွေရဲ့ အူလမ်းကြောင်းမှာ ရှင်သန်ပေါက်ပွားတတ်တဲ့ ဘက်တီးရီးယား ဖြစ်ပါတယ်။ ဒါပေမယ့် E Coli မျိုးကွဲတချို့ကသာ အူလမ်းကြောင်းကို ရောဂါဖြစ်စေပြီး ဒုက္ခပေးပါတယ်။ အထူးသဖြင့် E. coli O157:H7 ဆိုတဲ့ အမျိုးအစား ဖြစ်ပါတယ်။STE Coliဆိုတဲ့ အမျိုးအစားဟာလည်းအူလမ်းကြောင်းထဲမှာ အဆိပ်ဓာတ်အချို့ထွက်လာစေပြီး ရောဂါဖြစ်စေပါတယ်။E Coli ရောဂါပိုးကူးစက်ချိန်မှာ များသောအားဖြင့် အိမ်မှာပဲ ကုသနိုင်ပါတယ်။ ရက်အနည်းငယ်လောက်နေရင် သက်သာသွားနိုင်ပါတယ်။ရောဂါလက္ခဏာတွေမသက်သာဘဲ ပိုဆိုးလာရင်တော့ ဆေးရုံဆေးခန်း ပြသသင့်ပါတယ်။E Coli ရောဂါပိုးဟာ အူလမ်းကြောင်းထဲ ဝင်ရောက်အပြီး တရက်ကနေ ဆယ်ရက်အတွင်း လက္ခဏာတွေ ပြလာနိုင်ပါတယ်။ တွေ့ရများတဲ့ လက္ခဏာတွေကတော့။–ဗိုက်အောင့်ခြင်း။– အရည်ဝမ်းများသွားခြင်း။– လေပွလေထခြင်း။– ပျို့အန်ခြင်း။– မောပန်းနွမ်းနယ်ခြင်း။– ဖျားနာခြင်း စတာတွေ ဖြစ်ပါတယ်။ပိုပြီး ဆိုးရွားတဲ့ အခြေအနေတွေမှာတော့။– ဆီးအတွင်းသွေးပါခြင်း။– ဆီးနည်းခြင်း။– အသားအရေဖျော့တော့ခြင်း။– သွေးခြည်ဥခြင်း။–ရေဓာတ်ခန်းခြောက်ခြင်းစတာတွေ ဖြစ်ပါတယ်။ဝမ်းအသွားလွန်ပြီး ရေဓာတ်ဆုံးရှုံးမှုများလွန်းရင် ကျောက်ကပ်ကို ထိခိုက်နိုင်ပါတယ်။ အထက်ပါရောဂါလက္ခဏာတွေ ကြုံနေရရင်တော့ ဆေးရုံဆေးခန်းကို အမြန်ဆုံးပြသသင့်ပါတယ်။ရောဂါပိုးဝင်ရောက်ကူးစက်နိုင်တဲ့ အဓိကအကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။မိမိအိမ်မှာဖြစ်စေ၊ စားသောက်ဆိုင်မှာဖြစ်စေ အစားအသောက်ပြင်ဆင်ရာမှာ သန့်ရှင်းမှုအားနည်းရင် ရောဂါပိုးဝင်ရောက်နိုင်ပါတယ်။ အဓိကအားဖြင့်။– အစားအစာများမကိုင်တွယ်မီ လက်ကို သေချာစွာ မဆေးကြောခြင်း။– ချက်ပြုတ်ပြင်ဆင်ရာမှာ အသုံးပြုသည့် စဉ့်တီတုံးများ၊ အိုးခွက်ပန်းကန်များကို သေချာစွာ မဆေးကြောခြင်း။– သက်တမ်းလွန်နေသည့် နို့ထွက်ပစ္စည်းများ စားသုံးခြင်း။– သင့်တော်သည့် မီးအပူချိန်တွင် ချက်ပြုတ်မှုမပြုခြင်း။– အသားငါးများ အစိမ်းစားခြင်း၊ မကျက်တကျက်စားခြင်း စတာတွေ ဖြစ်ပါတယ်။ရောဂါပိုးကူးစက်ထားတဲ့ရေကို သောက်သုံးမိရင်၊ အစားအသောက်ပြင်ဆင်ရာမှာ သုံးစွဲမိရင် အူလမ်းကြောင်းထဲကို ရောဂါပိုးကူးစက်နိုင်ပါတယ်။ ဒါကြောင့်မို့ မြစ်ရေကန်ရေများကို ကျိုချက်ပြီးမှ သောက်သုံးသင့်ပါတယ်။ တခါတရံ ရေကူးရာကနေလည်း ပိုးဝင်နိုင်ပါတယ်။ရောဂါပိုးရှိသူတယောက်ဟာ အိမ်သာဝင်ပြီးချိန် လက်ကိုမဆေးကြောဘဲ တခြားတစုံတယောက်နဲ့ ထိတွေ့မိရင်ဖြစ်စေ၊ အရာဝတ္တုတခုခုကို ကိုင်တွယ်မိရာက ဖြစ်စေ ရောဂါပိုးကူးစက်နိုင်ပါတယ်။ နေ့ကလေးထိန်းကျောင်း၊ ဘိုးဘွားရိပ်သာ စတဲ့နေရာမျိုးတွေဟာ တဦးနဲ့တဦး ထိတွေ့ကူးစက်မိနိုင်တဲ့ နေရာတွေ ဖြစ်ပါတယ်။ ကျွဲနွား၊ ဆိတ်၊ သိုး စတဲ့ တိရစ္ဆာန်များနဲ့ ထိတွေ့လုပ်ကိုင်နေရသူများဟာလည်း ရောဂါပိုးကူးစက်နိုင်ပါတယ်။ တိရစ္ဆာန်များကို ထိတွေ့ကိုင်တွယ်ပြီးရင် လက်ကိုသေချဆေးသင့်ပါတယ်။ဆရာဝန်ပြသင့်တဲ့ အခြေအနေတွေကတော့။– နှစ်ရက်သုံးရက်လောက် ဝမ်းဆက်တိုက်သွားနေခြင်း။– ဖျားပြီး ဝမ်းသွားခြင်း။– ဝမ်းသွားရာတွင် အမြှုပ်များ သွေးများ ပါခြင်း။– အစာ အရည် ကောင်းကောင်းမဝင်ခြင်း။– ဆက်တိုက်ပျို့အန်နေခြင်း။– ရေဓာတ်ခန်းခြောက်သည့် လက္ခဏာများ (ရေအလွန်ငတ်ခြင်း၊ မူးဝေခြင်း၊ ဆီးနည်းခြင်း)။စတာတွေ ဖြစ်ပါတယ်။ ကလေးငယ်များနဲ့ သက်ကြီးရွယ်အိုတွေမှာဆိုရင် ပိုပြီးဂရုစိုက်ရပါမယ်။အစာအိမ်အူလမ်းကြောင်းကို E Coli ပိုးမဝင်နိုင်အောင် အစားအသောက်များကို ချက်ပြုတ်စားသုံးရာမှာ အထူးဂရုပြုရပါမယ်။ လိုက်နာသင့်တဲ့ အချက်တွေကတော့။– အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များကို ရေနဲ့သေချာဆေးပါ။– အိုးခွက်များ၊ စဉ့်တီတုံးများကို အသုံးပြုပြီးတိုင်း သေချာဆေးကြောပါ။– အသားစိမ်းငါးစိမ်းများကို စနစ်တကျသိမ်းဆည်းပါ။– ပိုးသတ်ပြီး နို့များကိုသာ သောက်သုံးပါ။– သန့်ရှင်းသော ရေကို သုံးစွဲပါ။ မြစ်ရေကန်ရေကို ကြိုချက်ပြီးမှ သောက်သုံးပါ။– အိမ်သာဝင်ပြီးချိန်နှင့် အစားအစာများကို မကိုင်တွယ်မီ လက်ကို စင်ကြယ်အောင်ဆေးပါ။– အစားအစာများကို အထူးသဖြင့် သားငါးများကို ကျက်အောင်ချက်ပါစတာတွေပဲ ဖြစ်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/e-coli-infection/
Internal Bleeding (ကိုယ်အတွင်းဘက်တွင် သွေးယိုခြင်း )
လူအများစုသည် ကိုယ်အတွင်းဘက်တွင် သွေးယိုခြင်းကို ခန္ဓါကိုယ် အပြင်ဘက်တွင် မမြင်ရသော သွေးထွက်ခြင်းအဖြစ်နားလည်ထားသော်လည်း ကျန်းမာရေးစောင့်ရှောက်သူများအတွက်မူ သွေးထွက်သည့် နေရာအတိအကျကို ဖော်ပြနိုင်သော စကားလုံးများကို ပိုသုံးလေ့ရှိကြသည်။ကိုယ်အတွင်းဘက်တွင် သွေးယိုခြင်းသည် ကိုယ်တွင်းရှိ တစ်သျူးများ၊ အဂါၤများ သို့မဟုတ် ခေါင်း၊ အာရုံကြောမ နေရာ၊ နှင့် ဝမ်းဗိုက်ကဲ့သို့သော ကိုယ်တွင်း ဝမ်းခေါင်းထဲတွင် သွေးယိုစီးခြင်းဖြစ်သည်။ကိုယ်တွင်းသွေးယိုခြင်းသည် ခွဲခြားရန်ခက်ခဲပြီး စထွက်သည်မှအချိန်ကြာလာသည်အထိ မသိသာတတ်ပေ။ လက္ခဏာများသည် သွေးအများကြီး ဆုံးရှုံးသည့်အခါ သို့မဟုတ် သွေးခဲများက အဂါၤတစ်ခုခုကို ဖိသဖြင့် ကောင်းစွာ အလုပ်မလုပ်နိုင်သည့်အခါတွင် သိသာလာလေ့ရှိသည်။လတ်တလော လေ့လာမှုများအရ ကိုယ်တွင်းသွေးယိုသော လူများ ပိုများလာသည်ကိုတွေ့ရသည်။ အထူးသဖြင့် ယာဉ်မတော်တဆမှုများကြောင့်ဖြစ်သည်။ သို့သော် ဖြစ်နိုင်ချေများစေသော အချက်များကို လျော့ချခြင်းဖြင့် ၎င်းကို ထိန်းချုပ်နိုင်သည်။ ပိုမိုသိရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ရောဂါလက္ဓဏာသည် သွေးထွက်သည့်နေရာ၊ သွေးမည်မျှထွက်သည်နှင့် မည်သည့် အဂါၤများ ထိခိုက်ထားသည့်ပေါ်တွင် မူတည်ပြီး ကွဲပြားသည်။စောစီးစွာ သိရှိခြင်းနှင့် ကုသခြင်းသည် အခြေအနေကို ပိုဆိုးမလာစေရန်၊ အရေးပေါ်အခြေအနေမရောက်စေရန် ကာကွယ်ပေးသည်။ ထို့ကြောင့် ပြင်းထန်သော အခြေအနေမရောက်ခင် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။သင့်တွင် အထက်ပါ လက္ခဏာများရှိလျှင် ဆရာဝန်နှင့် ပြသပါ။ လူများသည်တစ်ယောက်တစ်ယောက် တုံ့ပြန်မှုမတူညီသောကြောင့် သင့်အခြေအနေအတွက် အကောင်းဆုံး ဖြစ်သောကုသမှုကို ရရန် သင့်ဆရာဝန်နှင့် တိုင်ပင်ပါ။သွေးထွက်ခြင်းသည် ထိခိုက်ဒဏ်ရာရခြင်းကြောင့် အများဆုံးဖြစ်ပြီး၊ အခြေအနေပေါ်တွင်လည်းမူတည်သည်။ သွေးထွက်ခြင်းကို ဖြစ်စေနိုင်သော အင်အားကို မည်မျှသုံးလိုက်သည် ပေါ်တွင်လည်း မူတည်သည်။ အချို့လူများသည် ထိခိုက်ဒဏ်ရာမရှိပဲ အလိုလျောက် သွေးထွက်တတ်သည်။၎င်းကို ဖြစ်စေနိုင်သော အကြောင်းများစွာတွင် အောက်ပါတို့ပါဝင်သည်။– စီးကရက်သောက်ခြင်း။– အရက်အသောက်များခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရောဂါရှာခြင်းသည် သင့်ကို ရောဂါရာဇဝင်မေးမြန်းခြင်းနှင့် စတင်သည်။ ထို့နောက် စမ်းသပ်စစ်ဆေးပြီး မည်သည့် နေရာတွင် သွေးထွက်သည်ကို ရှာဖွေရသည်။သွေးစစ်ခြင်းကို သွေးအားနည်းခြင်းကို သိနိုင်ရန် စစ်သည်။ သို့သော် သွေးထွက်ခြင်းသည် အလွန်မြန်လျှင် အစပိုင်းတွင်သွေးနီဥသည် ပုံမှန်ပင်ရှိလိမ့်မည်။ဓါတ်မှန်ရိုက်ခြင်းသည် အထဲရှိ သွေးထွက်သည့်နေရာကို သိရန်ဖြစ်သည်။ CT scan, MRI, endoscopy နှင့် colonoscopy တို့ကို သုံးကြသည်။အစပိုင်းတွင် ကုသမှုတွင် မည်သည့်လူနာမဆို အသက်ရှူလမ်းကြောင်း၊ အသက်ရှုနှုန်းနှင့် သွေးစီးဆင်းမှုကို စစ်ဆေးပြီး သေချာစေရန် စစ်ဆေးရသည်။သွေးထွက်သည့် နေရာနှင့် အခြေအနေပေါ်မူတည်ပြီး ကုသမှုများ ကွဲပြားနိုင်သည်။ အခြေခံသည် သွေးထွက်ခြင်းကို ခွဲခြမ်းစိတ်ဖြာပြီး အရင်းမမြစ်တွင် သွေးထွက်ခြင်းကိ ုရပ်တန့်ရန်ဖြစ်သည်။ သွေးထွက်စေသော နေရာတွင် ထိခိုက်ပျက်စီးခြင်းကို ပြုပြင်ပေးရမည်။ထိုသို့ဖြစ်ခြင်းကို သက်သာစေနိုင်သော အိမ်တွင်းကုထုံးများ သို့မဟုတ် နေထိုင်မှုပုံစံပြောင်းလဲနည်းများ ရှိပါသလား။-ကိုယ်တွင်းသွေးယိုခြင်းဖြစ်လျှင် လူနာသည် သွေးလန့်သည့် လက္ခဏာနှင့်လာပြီး အရေးပေါ်ဆေးကုသခြင်းကို လိုအပ်နိုင်သည်။ လူနာသည် ပက်လက်လှဲနေရန်လိုအပ်ပြီး ခြေထောက်ကို မြှောက်ထားရန်လိုသည်။သို့သော် ထိခိုက်ဒဏ်ရာရခြင်းကြောင့်သွေးယိုလျှင် လည်ပင်း သို့မဟုတ် ခါးဆစ်ရိုးကို ထိခိုက်နိုင်သည့်အတွက် အရေးပေါ်ဆရာဝန်မှ မစမ်းသပ်ခင် လူနာကိ ုမရွှေ့သင့်ပါ။လူနာတွင် လေဖြတ်သည့်လက္ခဏာရှိလျှင် ဦးနှောက် လုပ်ဆောင်ချက်များကျဆင်းခြင်းသည် ဦးနှောက်ထဲတွင်သွေးယိုခြင်းကြောင့်ဖြစ်ခြင်းနှင့် သွေးကြောပိတ်ဆို့ခြင်းကြောင့် ဖြစ်ခြင်းကို မခွဲခြားနိုင်သောကြောင့် အရေးပေါ်စစ်ဆေးကုသမှုများလိုအပ်သည်။-သင့်တွင် မေးမြန်းလိုသည်များ ရှိပါက သင့်အတွက် အကောင်းဆုံး အဖြေကို ရရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/internal-bleeding-%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%80%a1%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%b8%e1%80%98%e1%80%80%e1%80%b9%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%b1%e1%80%9e/
မေ့ တတ်တဲ့ ပြဿနာ အဖြေရှာ ကြည့်ရအောင်
မေ့ တာ မှ လက်ထဲ ဖုန်းကိုင်ထားပြီး ဖုန်းပျောက် လိုက်ရှာမိတဲ့အထိ။ ကိုယ် ဘာပြောနေလဲ ဆိုတာတောင် အခုပြော အခုမေ့တဲ့ အဖြစ်။ စကားတွေလည်း မှားပြောလိုပြော။ အယောင်ယောင် အမှားမှား နဲ့ မေ့လျော့တတ်နေတာ အတော်လေး အဆင်မပြေ ဖြစ်ရတယ် မဟုတ်လား…။ဒါတွေ ဘာလို့ ဖြစ်ရတာလဲ  ဆေးပညာ ဘက်ကနေ နည်းနည်းလောက် အဖြေရှာကြည့်ရအောင်။အိပ်ရေးပျက်ခံတာ များလို့။အိပ်ရေးပျက်ထားတယ် ဆိုရင် နောက်တစ်နေ့မှာ ဘာလုပ်လုပ် လေးဖင့် နေပြီး ဟို မေ့ ဒီ မေ့ ဖြစ်၊ အာရုံစိုက်မရတာ တွေ ဖြစ်တတ်ပါတယ်။ အကြောင်းရင်း ကတော့ ဦးနှောက်ထဲက အာရုံကြောဆဲလ်တွေ ရဲ့ လုပ်ဆောင်နိုင်စွမ်း အားနည်းစေလို့ ပါပဲ။မနက်စာမစားလို့။နေ့တစ်နေ့ရဲ့ အစမှာ ခန္ဓာကိုယ် အင်ဂျင်ကြီးကို လည်ပတ်နိုင်ဖို့ လောင်စာအဖြစ် စတင်ပေးမယ့် မနက်စာက သိပ်အရေးကြီးပါတယ်။ မနက်စာ မစားဖြစ်ရင်သွေးတွင်းသကြားဓာတ်ကို ကျစေပြီး ကြာလာရင် ဦးနှောက်ကို ထိခိုက်စေနိုင်ပါတယ်။ဦးနှောက်ဟာ တခြားအစိတ်အပိုင်းတွေထက် အားအင် ပိုအသုံးပြုတာ ဖြစ်ပြီး တစ်နေ့တာရှိနေတဲ့ သွေးတွင်းသကြားဓာတ်တွေ ရဲ့ ၂၀% အထိ ယူသုံးနိုင်ပါတယ်။ဦးနှောက်မှာ အာဟာရ‌ မလုံလောက်တာ ပုံမှန်လို ဖြစ်လာတဲ့အခါ အားအင်ချို့တဲ့မှု ဖြစ်လာပြီး ဦးနှောက်ရဲ့ တုံ့ပြန်နိုင်စွမ်း ကို ယိုယွင်းလာစေပါတယ် ။ဦးနှောက်ဆဲလ်တွေက မကျန်းမာတော့ဘဲ မြန်မြန် သေဆုံးကုန်ပါတယ်။ ဒါ့ကြောင့် မနက်စာ လွတ်ရင် အစာအိမ်ပဲ ထိခိုက်မယ် မထင်လိုက်ပါနဲ့။အစား သောင်းကျန်းလို့။အဝလွန်တာ နဲ့မှတ်ဉာဏ်ချို့ယွင်းမှုကြားမှာ ဆက်နွှယ်မှု ရှိနေတယ် လို့ လေ့လာမှု တွေက ဖော်ပြကြပါတယ်။ ဒါပေမယ့် ကိုယ်စားတဲ့အစားအစာ တွေက အာဟာရ ဖြစ်တာ မပါဘူး ဆိုရင် အဝလွန်ခြင်း ဖြစ်လာနိုင်တယ် လို့ သုတေသီတွေ က သံသယရှိလာကြပါတယ်။အာဟာရဖြစ်တာတွေ မပါရင် ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ဆက်တောင့်တနေလို့ အလွန်အကျွံ စားမိတတ်တယ် လို့ ယူဆကြပါတယ်။ ဒါ့ကြောင့် အများကြီးစားနေရင်းနဲ့ကို ဆာနေသေးတယ်လို့ ဦးနှောက်မှာ လာပေါ်နေတာ ဖြစ်ပါတယ်။ဆေးလိပ်သောက်လို့။ဆေးလိပ်သောက်ခြင်းက ဟန်ချက် ထိန်းညှိခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်း စတဲ့ လုပ်ဆောင်ချက်တွေကို စီမံတဲ့ ဦးနှောက်အပိုင်းတွေမှာ ဆဲလ်အမြှေးပါးတွေ နဲ့ အာရုံကြော တွေကို ပျက်စီးစေနိုင်တယ်။ ဒါ့ကြောင့် ဆေးလိပ် အသောက်များသူတွေ ပိုမေ့တတ်လာနိုင်ပါတယ်။ရေသောက်နည်းလို့။ခန္ဓာကိုယ်မှာက ၇၀% လောက်အထိက ရေ နဲ့ ဖွဲ့စည်းထားတာ ဆိုတော့ ခန္ဓာကိုယ်ရဲ့ ဘယ်လုပ်ဆောင်ချက်အတွက်မဆို ရေက အရေးပါပါတယ်။ ရေဓာတ် မလုံလောက်တာနဲ့ ဦးနှောက်ဉာဏ်ရည် လုပ်ဆောင်ချက်တွေ ကျဆင်းမှုက အရမ်းကို မြန်ပါတယ်။ ရေဓာတ် မလုံလောက်ရင် ပြဿနာ ဖြေရှင်းခြင်း၊ ပူးပေါင်းလုပ်ဆောင်ခြင်းနဲ့ အာရုံစူးစိုက်ခြင်းတွေမှာ သက်ရောက်မှု မကောင်းပါဘူး။အချို အစားများလို့။ခန္ဓာကိုယ်နဲ့ ဦးနှောက်က သကြားဓာတ်ကို လိုအပ်တယ် ဆိုပေမယ့် အချို သိပ်များရင်လည်း မကောင်းပါဘူး။ အချိုများများ ပုံမှန်စားမိရင် ဦးနှောက်ဆဲလ်တွေ အပါအဝင် ဆဲလ်တွေမှာ နာတာရှည်ရောင်ရမ်းမှု ဖြစ်စေနိုင်ပါတယ်။အရေးကြီးတဲ့ အာဟာရဓာတ်တွေ စုပ်ယူနိုင်စွမ်းကို လျော့နည်းစေနိုင်ပါသေးတယ်။စိတ်ဖိစီးမှု များလို့။စိတ်ဖိစီးတာ ကြာလာရင် ခန္ဓာကိုယ်အနှံ့မှာ ဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ စိတ်ဖီစီးစရာတွေ ဖြစ်လာရင် cortisol ဟော်မုန်းတွေက ဦးနှောက်ထဲမှာ စုပုံနေပြီး ထိခိုက်မှုတွေပဲ ကျန်ခဲ့မှာပါ။ဘာဖြစ်လာမလဲ ဆိုတော့ ဦးနှောက်ဆဲလ်တွေကို သေစေတဲ့အပြင် ဦးနှောက် ကိုပါ ကျုံ့စေပါတယ်။မေ့ တတ်တာ ကို အစပိုင်းတော့ ရယ်စရာအဖြစ် လက်ခံကြပေမယ့် အရေးကြီးတဲ့ အရာတွေ မေ့ရင် ဘယ့်နှယ့်လုပ်ပါ့မလဲ။ အမြဲတမ်း အသုံးပြုနေရတဲ့ ကိုယ့်ရဲ့ ဦးနှောက်လေးကို ချစ်တယ်ဆို ဒီအချက်တွေ မလုပ်နဲ့တော့နော်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/dementia-and-alzheimers-disease/%e1%80%99%e1%80%b1%e1%80%b7/
Insect Bites (ပိုးမွှားကိုက်ခြင်း)
ပိုးမွှားအများစုကိုက်လျှင် အခံရခက်သည်ကလွဲလျင် အန္တရာယ်သိပ်မရှိပါ။ ပျားတုပ်၊ နကျယ်ကောင်၊ နကျယ်ကောင် အကြီးစား နှင့် ပုရွက်ဆိတ်အကောင်ကြီးများကိုက်လျှင် နာသည်။ ခြင်၊ နှင့် လှေး၊သန်းများ ကိုက်လျှင် ယားတတ်သည်။ ပိုးမွှားများသည် ရောဂါပိုးများကိုလည်းပျံနှံ့စေပါသည်။ပိုးမွှားကိုက်ခြင်း နှင့် တုပ်ခြင်းသည် အရေပြားတွင် တုံ့ပြန်မှုချက်ချင်းပေါ်တတ်သည်။ ပုရွက်ဆိတ်အကောင်ကြီးများကိုက်ခြင်းနှင့် ပျားတုပ်ခြင်း၊ နကျယ်ကောင်တုပ်ခြင်းတို့သည် နာကျင်မှုကို အဖြစ်စေဆုံးဖြစ်သည်။ ခြင်၊ လှေး၊ သန်း တို့ကိုက်ခြင်းသည် နာကျင်ခြင်းထက် ယားယံခြင်းကို ပိုဖြစ်စေသည်။ပိုးမွှားကိုက်ခြင်း သည် အလွန် အဖြစ်များသည်။ ၎င်းသည် အသက်အရွယ်မရွေးတွင်လည်း ဖြစ်နိုင်သည်။ ဖြစ်နိုင်ချေများစေသော အချက်များကို လျော့ချခြင်းဖြင့် ၎င်းကို ထိန်းချုပ်နိုင်သည်။ ပိုမိုသိရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။လက္ခဏာသည် ကိုက်သော အကောင်ပေါ်မူတည်ပြီး ကွဲပြားနိုင်သည်။ အဖြစ်များသောလက္ခဏာများမှာ-။-နာကျင်ခြင်း။-နီလာခြင်း။-အဖုဖြစ်လာခြင်း။-ယားယံခြင်း။-ပူနေခြင်း။-ထုံနေခြင်း။-ကျင်ခြင်း။ထိုလက္ခဏာများသည် ပုံမှန်ဆိုလျှင်နာရီပိုင်းမှ ရက်ပိုင်းအတွင်း သက်သာသွားပြီး တခါတရံ အနည်ငယ် ကြာတတ်ပါသည်။အချို့လူများတွင် ပျားတုပ်ခြင်း၊ ပိုးကောင်ကိုက်ခြင်းကြောင့် အသက်အန္တရာယ်စိုးရိမ်ရကာ ပြင်းထန်တတ်ပြီး သွေးလန့်သည့် အနေအထားမျိုးဖြစ်တတ်သည်။ ထိုအခြေအနေသည် ချက်ချင်းမကုသလျှင် လျင်မြန်စွာ သေဆုံးနိုင်သည်။ သွေးလန့်သည့် အခါ ဖြစ်တတ်သော လက္ခဏာများမှာ-။-ရင်ဘတ်အောင့်ခြင်း။-မျက်နှာ၊ပါးစပ် ရောင်ရမ်းခြင်း။-အသက်ရှူရခက်ခြင်း။-အစာမျိုရခက်ခြင်း။-မူးလဲခြင်း၊ ခေါင်းကိုက်ခြင်း။-ဗိုက်အောင့်ခြင်း၊ အန်ခြင်း။-အနီကွက်များထွက်ခြင်း၊ ပူလာခြင်း။အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ရှိတတ်သည်။ မေးလိုသည်များရှိလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။သင့်တွင် အောက်ပါလက္ခဏာများရှိလျှင် ဆရာဝန်နှင့် ပြသပါ။-ပိုးမွှားကိုက်ခံရသည့်အတွက် စိတ်ပူနေလျှင်။-လက္ခဏာများရက်ပိုင်းအတွင်း မသက်သာလျှင်။-ပါးစပ်၊ လည်ပင်း သို့မဟုတ် မျက်လုံးတွင်ကိုက်ခံရလျှင်။-အကိုက်ခံရသည့် နေရာဝန်းကျင်တွင် ၁၀ စင်တီမီတာထက်ကြီးကာ ရောင်ရမ်းလာလျှင်။-အနာဖြစ်ပြီး ပြည်တည်ခြင်း၊ ပိုနာလာခြင်း၊ ရောင်ရမ်းနီရဲလာခြင်းများဖြစ်လျှင်။-ဖျားနာခြင်း၊ ဂလင်းများရောင်လာခြင်း၊ နှင့် တုပ်ကွေးကဲ့သို့လက္ခဏာများဖြစ်လာခြင်း၊။သို့သော် အောက်ပါတို့ဖြစ်လျင် ချက်ချင်းကုသမှုခံယူပါ။-အသက်ရှူခက်ပြီး အသံမြည်လာလျင်။-မျက်နှာ၊ ပါးစပ်၊ လည်ပင်းများရောင်လာလျင်။-ပျို့အန်လျင်။-နှလုံးခုန်မြန်လျင်။-အစာမျိုရခက်လျင်။-သတိလစ်လျင်။Hymenoptera မျိုးစုဝင်ပိုးမွှားများကိုက်လျှင် ပိုမိုပြင်းထန်သော လက္ခဏာများတွေ့ရသည်။ ပျားတုပ်ခြင်းကြောင့် သေဆုံးခြင်းသည် မြွေကိုက်ခြင်းကြောင့် သေဆုံးခြင်းထက် သုံးလေးဆပိုများသည်။တုပ်တတ်သောအကောင်များတွင် ပိတုန်း၊ ဝတ်ရည်စုပ်ပျား၊ နကျယ်ကောင်၊ ပုရွက်ဆိတ်အကောင်ကြီးများနှင့် ပျားနကျယ်ကောင်များ ပါဝင်သည်။ကိုက်ပြီးသွေးစုပ်တတ်သော ပိုးမွှားများတွင် ကြမ်းပိုး၊ လှေး၊ ယင်ကောင်၊ ဖြုတ်၊ သန်း၊ ခြင်၊ ပင့်ကူတို့ဖြစ်သည်။ပိုးကောင်ကိုက်ခြင်းကို ဖြစ်စေနိုင်သော အကြောင်းများစွာတွင် အောက်ပါတို့ပါဝင်သည်။-မဲနက်သော အဝတ်များဝတ်ခြင်း။-အပြင်ထွက်အစားထွက်စားခြင်း။-ပိုးကောင်နေသောတောင်ပို့များ၊အသိုက်များ နားသို့သွားခြင်း။-ပန်းနံ့ရေမွှေးစွတ်ခြင်း။-ချောင်ချိသော အဝတ်များဝတ်ခြင်း။-အပြင်ထွက်ပြီး အပန်းဖြေခြင်း။-အပြင်တွင် အလုပ်လုပ်ခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။များသောအားဖြင့် ရောဂါရှာဖွေခြင်းသည် သင့်ကို အကောင်ကိုက်လျင် သိနိုင်သောကြောင့် ရှင်းလင်းပါသည်။ တခါတရံ နောက်ကျမှ သိသည်လည်းရှိနိုင်ပါသည်။ ထိုအခါတွင်မည်သည့် ပိုးကောင်ကိုက်သည်ကို မသိနိုင်သောကြောင့် ရောဂါအမည်တပ်ရန်ခက်ပါသည်။ သို့သော် ကိုက်သည့်နေရာနှင့် အရွယ်အစားကိုကြည့်ပြီး ဖြစ်နိုင်ချေကို ခန့်မှန်းနိုင်ပါသည်။ပိုးကောင်ကိုက်လျှင် လူနာကိုရာဇဝင်မေးခြင်းနှင့် စပ်သပ်စစ်ဆေးခြင်းတို့ကို အရင်ဆုံးပြုလုပ်ပါသည်။ စမ်းသပ်စစ်ဆေးချက်များ ပြုလုပ်လေ့မရှိပါ။ စစ်ဆေးချက်များသည် ပိုးကောင်မှ ရောဂါပိုးသယ်လာသည်ကိုသိရှိရန် များသောအားဖြင့် စစ်ဆေးခြင်းဖြစ်သည်။ သင့်ဆရာဝန်မှ အခြားဖြစ်နိုင်ချေများကို ခွဲခြားပြီးနောက် ပိုးကောင်ကိုက်ခြင်းကို ကုသပါလိမ့်မည်။အခြားသော ရောဂါရှာဖွေသည့် စစ်ဆေးချက်များတွင်-။-ပိုးမွှား၏ အဆိပ်ကို တုံ့ပြန်မှုကို စစ်ဆေးခြင်းသည် အရေပြားတွင် အဆိပ်ကို ခြစ်လိုက်ခြင်းဖြင့် အရေပြားမှ တုံ့ပြန်မှုကိုစစ်ဆေးခြင်းဖြစ်သည်။-Lyme ရောဂါကို စစ်ဆေးခြင်းသည် အရေပြားအောက်မှ ပိုးမွှားကို ယူပြီး Borrelia burgdorferi ပိုးရှိ၊မရှိ စစ်ဆေးခြင်းဖြစ်သည်။ပိုးကောင်ကိုက်ခြင်းတွင်အများစုသည် အနည်းငယ်သာ လက္ခဏာပြတတ်သောကြောင့် ကုသရန် လွယ်ကူပါသည်။ အိမ်တွင်သာ ပိုးမွှားကိုက်ခြင်းကို အသေးစားကုသမှုလုပ်ကြသည်။ပိုးမွှားကိုက်ခြင်းကြောင့် ဓါတ်မတည့်သော တုံ့ပြန်မှုဖြစ်လျှင် Immunotherapy (desensitization) ဖြင့် ကုသခြင်းသည် ထိရောက်သော နည်းလမ်းတစ်ခုဖြစ်သည်။ အဆိပ်ကို ခုခံအားထွက်ခြင်းဖြင့် ပိုးမွှားကိုက်ခြင်းကြောင့် တုံ့ပြန်မှုများကို ကာကွယ်နိုင်ပါသည်။ပိုးမွှားကိုက်ခြင်းကို သက်သာစေနိုင်သော အိမ်တွင်းကုထုံးများ သို့မဟုတ် နေထိုင်မှုပုံစံပြောင်းလဲနည်းများ ရှိပါသလား။ပိုးမွှားကိုက်ခြင်းကိုသက်သာစေရန် အောက်ပါတို့သည် သင့်ကို အထောက်အကူပြုနိုင်ပါလိမ့်မည်။– အရေကြည်ဖုများကို မဖောက်ပါနှင့်။ ထိုမှတဆင့်ပိုးဝင်နိုင်သောကြောင့်ဖြစ်သည်။ တကမ်တမ်းတွင် အရေကြည်ဖုပေါက်သွားလျှင် နာတတ်သောကြောင့် အရေကြည်ဖုနေရာကို ပတ်တီးနှင့်အုပ်ထားပါ။-အနီစက်များထွက်ပြီးယားခြင်း ကို သတိပြုမိလျင် ဆရာဝန်မှ အယားပျောက်ပြီး၊ အရောင်ကျစေရန် ဆေးများပေးပါလိမ့်မည်။ လက္ခဏာများပိုဆိုးလာလျှင် ဆေးကုသမှုခံယူပါ။-ဖြစ်သည့်နေရာကြီးလျှင် အယားပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေးများသောက်နိုင်သည်။ အလွန်ရောင်ရမ်းနေလျင် ဆရာဝန်မှ စတီးရွိုက်ပါသော အရောင်ကျဆေးပေးနိုင်သည်။-ကိုက်ခံရသည့်နေရာသေးလျှင် အအေးဝတ်ကပ်ပေးခြင်း၊ အကိုက်အခဲပျောက်ဆေးသောက်ခြင်းတို့ဖြင့် ကုသနိုင်သည်။ ကွဲနေသောအရေပြားပေါ်တွင်လိမ်းဆေးများ မလိမ်းရပါ။ ကိုက်ခံရသည့်နေရာသည် ယားယံနေသော်လည်း မကုတ်ပါနှင့်၊ ထိုနေရာမှ ရောဂါပိုးများဝင်နိုင်သည်။-သင့်တွင် မေးမြန်းလိုသည်များ ရှိပါက သင့်အတွက် အကောင်းဆုံး အဖြေကို ရရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/insect-bites-%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%80%99%e1%82%8a%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
အူအတက်ရောင်တာလား၊ လေနာတာလား
ဗိုက်နာပြီ အထူးသဖြင့် ဝမ်းဗိုက်ညာဘက်အောက်ပိုင်းက နာပြီဆိုရင်အူအတက်ရောင်တာများလားလို့ တွေးတတ်ကြပါတယ်။ ဝမ်းဗိုက်ထဲမှာ ကလီစာ အများကြီး ရှိတဲ့အတွက် ဗိုက်အောင့်တိုင်း အူအတက်ရောင်တာ မဟုတ်ပါဘူး။ မှားတတ်ကြတာတော့ လေနာတာနဲ့ အူအတက်ရောင်တာနဲ့ မှားတတ်ကြပါတယ်။ ဒါကြောင့် ဗိုက်အောင့်တာက အူအတက်ကြောင့်လား၊လေနာတာကြောင့်လားဆိုတာ အကြမ်းဖျင်း ခွဲကြည့်ရအောင်။လက္ခဏာပေါ်မူတည်ပြီး ခွဲတာဖြစ်တတ်တဲ့အတွက် အတိအကျမှန်မှာတော့ မဟုတ်ပါဘူး။ အတိအကျသိချင်ရင် ဆေးစစ်ကြည့်မှပဲ ရမှာပါ။ ဒါပေမယ့် အောက်ကပြောတဲ့အချက်တွေကတော့ အနည်းနဲ့ အများ အထောက်အကူပြုမှာပါ။အူအတက်က ဗိုက်ရဲ့ ညာဘက် အောက်ပိုင်းမှာ ရှိတယ်ဆိုပေမယ့် နာရင်တော့ ချက်ကနေ စနာတာပါ။ ပြီးတော့မှ တဖြည်းဖြည်း ညာဘက်ကို ရောက်လာတာပါ။စစချင်းကတော့ ညှစ်ထားသလို အောင့်ပေမယ့် နောက်ပိုင်းကျရင် လှုပ်တာနဲ့ကို နာလာပါတယ်။ဆေးသောက်လို့လည်း မသက်သာပါဘူး။အူအတက်ရောင်သူတွေရဲ့ ၈၀ရာခိုင်နှုန်းမှာ ဒီလက္ခဏာ ၃ရပ်ရှိပါတယ်။တခြား လက္ခဏာတွေအနေနဲ့ကတော့ ဝမ်းလျှောတာ ဒါမှမဟုတ် ဝမ်းချုပ်တာ၊အစားအသောက်ပျက်တာတွေ ဖြစ်တတ်ပါတယ်။ဒီလို လက္ခဏာတွေ မဟုတ်ဘဲ တခြားထူးခြားတဲ့ လက္ခဏာတွေကိုတော့ ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်တွေမှာ တွေ့ရပါတယ်။ကလေးတွေက နာတာကို သေချာ မပြောတတ်တဲ့အတွက် သူတို့ ပုံစံလေးတွေကို ကြည့်ရတာပါ။ ဗိုက်နာတာအပြင်။ကိုယ်ဝန်ဆောင်ချိန်မှာ အူအတက်ရောင်တာ ရှားတယ်ဆိုပေမယ့် ဖြစ်တော့ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာ သားအိမ်က ဗိုက်ထဲကို ကြီးလာတာကြောင့် ကိုယ်တွင်းအင်္ဂါတွေက ရှိရမယ့် နေရာထက် အပေါ်ကို ရောက်နေပါတယ်။ ဒါကြောင့် ညာဘက် အောက်ပိုင်းအစား ညာဘက် အပေါ်ပိုင်း (အသည်းနေရာ) လောက်မှာ နာတတ်ပါတယ်။အူအတက်ရောင်တာကို မသိလိုက်ဘူးဆိုရင် နောက်ထပ် ၁ရက်ခွဲနဲ့ ၃ရက်လောက်ကြာရင် အူအတက်ပေါက်တတ်ပါတယ်။ အူအတက်ပေါက်ပြီဆိုရင် တင်းထားတာတွေ လျော့သွားတဲ့အတွက် နာတာက ရုတ်တရက် သက်သာသွားပါတယ်။ ဒါက ရောဂါပျောက်သွားတာ မဟုတ်ပါဘူး။ မုန်တိုင်းမလာခင် လေငြိမ်နေတာပါ။ သိပ်မကြာခင်မှာပဲ အူထဲက ဘက်တီးရီးယားတွေ ဝမ်းခေါင်းထဲ ပျံ့သွားတဲ့အတွက် ဝမ်းတွေင်း အမြှေးပါး ရောင်လာပါလိမ့်မယ်။ဝမ်းတွင်း အမြှေးပါးရောင်လာပြီဆိုရင်။အချိန်မီမကုဘူးဆိုရင်သွေးဆိပ်သင့်ပြီး အသက်အန္တရာယ်ထိခိုက်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။လေနာတဲ့အခါ အူထဲမှာ လေတွေ သွားနေတာကို ခံစားမိပါတယ်။ဗိုက်က ရစ်ရစ်ပြီး နာတာပါ။ အူအတက်လိုမျိုး ညာဘက်ကပဲ မအောင့်ပါဘူး။ ဗိုက်တစ်ပြင်လုံး အောင့်ပြီး ရင်ခေါင်းထိ တက်အောင့်တတ်ပါတယ်။ ဒါ့ပြင်။လေနာတာက ကုကု မကုကု မိနစ်ပိုင်းကနေ နာရီပိုင်းအတွင်းမှာ သက်သာသွားပါတယ်။လေဆေးတွေသောက်၊ လေတွေလည်လိုက်ရင်လည်း သက်သာသွားပါတယ်။တစ်ရက်ကျော်လို့မှ မသက်သာရင်တော့ လေနာတာထက် တခြားရောဂါတစ်ခုခု ဖြစ်ဖို့များတာကြောင့် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ဒါကြောင့် ခြုံပြောရလို့ရှိရင်ရုတ်တရက် ဗိုက်အောင့်လာတယ်ဆိုရင် တခြားဘာလက္ခဏာတွေ ခံစားရသေးလည်း စဉ်းစားပါ။ နာတာက လုံးဝမသက်သာဘူးဆိုရင်တော့ ဆေးရုံ၊ ဆေးခန်းသွားလိုက်ဖို့ အကြံပြုပါရစေ။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ အူအတက်ရောင်တာဆိုရင် အချိန်မီ ကုသနိုင်အောင်လို့ပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/bloating-gas/appenditis-vs-gas/
Spermatocele (Epididymal Cyst) (သုတ်ရည်ပြွန်တွင်အရည်အိတ်တည်ခြင်း)
ထိုရောဂါဟာ ဝှေးစေ့အပေါ်အနောက်ဘက်မှာ ရှိသော Epididymis ခေါ် ကွေးကောက်နေတဲ့ပြွန်လေးမှာ အရည်အိတ်တည်ခြင်းကို ဆိုလိုတာပါ။ ထိုအိတ်ထဲမှာရှိတဲ့အရည်ထဲမှာတော့ သေဆုံးသွားတဲ့ သုတ်ပိုးတွေပါဝင်နေနိုင်ပါတယ်။ ဝှေးစေ့အထက်ပိုင်းမှာ မာမာ၊ချောချောအလုံးလေးကို စမ်းမိနိုင်ပါတယ်။Spermatocele ရှိနေခြင်းက ယောက်ျားတစ်ယောက်ရဲ့ မျိုးအောင်နိုင်မှုကို မထိခိုက်ပါဘူး။Spermatocele ဟာ အဖြစ်များပြီး spermatic cyst လို့လည်း ခေါ်ကြပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။Spermatocele ရဲ့ အဖြစ်များသော လက္ခဏာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။ရောဂါရှိနေတဲ့ ဝှေးစေ့မှာ နာကျင်ခြင်း၊ မသက်မသာဖြစ်နေခြင်း။လေးနေတယ်လို့ခံရစားရခြင်း။ဝှေးစေ့အနောက်နဲ့အပေါ်ဘက်မှာဆိုရင် အစိုင်အခဲတစ်ခုရှိနေပြီး ပြည့်ကျပ်နေခြင်း။အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်းရှိပါသေးတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။အထက်တွင် ဖော်ပြထားသော လက္ခဏာတွေရှိမယ်ဆိုရင် ဒါမှမဟုတ် မေးစရာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်ဟာ ခန္ဓါကိုယ်တုံ့ပြန်ပုံချင်း မတူညီကြပါဘူး။ သင့်အခြေအနေအတွက် ဘာကအသင့်တော်ဆုံးလဲဆိုတာ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါပဲ။ဘာကြောင့်ဖြစ်တယ်ဆိုတာ သေသေချာချာမရပါဘူး။ ဒါပေမယ့်လည်း သုတ်ပို့ပြွန်ပိတ်တာကြောင့်လို့တော့ ထင်ကြပါတယ်။အသက်ကြီးခြင်းကလွဲပြီး ကျန်တဲ့အချက်တွေကိုတော့ ဂဂနနမသိရပါဘူး။ များသောအားဖြင့် အသက်၂၀နဲ့ ၅၀ကြားလူတွေမှာ တွေ့ရတတ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ကပ်ပယ်အိတ်ကို စစ်ဆေးခြင်းအားဖြင့် တွေ့ရှိတာများပါတယ်။ စစ်ဆေးမှုကို ဝှေးစေ့နောက်ကနေ ဓါတ်မီးဖြင့်ထိုးကြည့်ခြင်းလည်းပါဝင်ပါတယ်။Transillumination လို့ခေါ်ပြီး ဝှေးစေ့ကင်ဆာတွေမှာ တွေ့ရတတ်တဲ့ အစိုင်အခဲတွေကို သိရှိနိုင်ပါတယ်။ Spermatocele တွေဟာ ရေတွေဖြစ်တာကြောင့် အလင်းဖောက်နိုင်ပါတယ်။ ကင်ဆာလိုမျိုးအစိုင်အခဲတွေဆိုရင်တော့ အလင်းမဖောက်နိုင်ပါဘူး။ အာထရာဆောင်းလည်း ရိုက်နိုင်ပါတယ်။ကပ်ပယ်အိတ်ကို စစ်ဆေးခြင်းအားဖြင့် တွေ့ရှိတာများပါတယ်။ စစ်ဆေးမှုကို ဝှေးစေ့နောက်ကနေ ဓါတ်မီးဖြင့်ထိုးကြည့်ခြင်းလည်းပါဝင်ပါတယ်။Transillumination လို့ခေါ်ပြီး ဝှေးစေ့ကင်ဆာတွေမှာ တွေ့ရတတ်တဲ့ အစိုင်အခဲတွေကို သိရှိနိုင်ပါတယ်။ Spermatocele တွေဟာ ရေတွေဖြစ်တာကြောင့် အလင်းဖောက်နိုင်ပါတယ်။ ကင်ဆာလိုမျိုးအစိုင်အခဲတွေဆိုရင်တော့ အလင်းမဖောက်နိုင်ပါဘူး။ အာထရာဆောင်းလည်း ရိုက်နိုင်ပါတယ်။ကာကွယ်နည်းတော့မရှိပါဘူး။ ဒါပေမယ့် ကပ်ပယ်အိတ်ထဲမှာ အစိုက်အခဲတွေ၊ အရည်အိတ်တွေနဲ့ အခြားအရာတွေရှိမရှိကို မိမိဘာသာ အနည်းဆုံးတစ်လတစ်ခါစစ်ဆေးသင့်ပါတယ်။ အစိုင်အခဲအသစ်တွေရှိလာပြီဆိုရင် ချက်ချင်းဝေဖန်ပိုင်းခြားသင့်ပါတယ်။မိမိဘာသာရှာဖွေမှု ပိုမိုကောင်းမွန်စေနိုင်ရန်အတွက် ဆရာဝန်က ညွှန်ကြားပေးနိုင်ပါတယ်။မေးစရာတွေရှိမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုသိရှိနားလည်စေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/spermatocele-epididymal-cyst-%e1%80%9e%e1%80%af%e1%80%90%e1%80%ba%e1%80%9b%e1%80%8a%e1%80%ba%e1%80%95%e1%80%bc%e1%80%bd%e1%80%94%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%a1%e1%80%9b%e1%80%8a/
ကိုယ်တစ်ခြမ်းအားပျော့ခြင်း နဲ့ ကိုယ်တစ်ခြမ်းသေခြင်း
မြန်မာစကားမှာ ‘ ကိုယ်တစ်ခြမ်းအားပျော့ခြင်း ‘နဲ့ ‘ ကိုယ်တစ်ခြမ်းသေခြင်း ‘ရယ်လို့ ရှိပါတယ်။ စာလို ပြောရင်တော့ Hemiparesis နဲ့ Hemiplegia ပါ။ မြန်မာလိုပဲ ကြည့်ကြည့်၊ အင်္ဂလိပ်လိုပဲ ကြည့်ကြည့် တူတူပဲလို့ ထင်စရာရှိပါတယ်။ တကယ်လည်း သိပ်မကွာပါဘူး။ ဖြစ်တဲ့ အကြောင်းရင်းကလည်း အတူတူပါပဲ။ အဓိကက ခံစားရတဲ့ ပုံစံချင်းပဲ ကွာတာပါ။ ဒီအကြောင်းကို အောက်မှာ အသေးစိတ် ရှင်းပြပေးပါမယ်။ကိုယ်တစ်ခြမ်းအားပျော့ခြင်း – ဆိုလိုတာက ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်ခြမ်းပဲဖြစ်ဖြစ်၊ ညာဘက်ခြမ်းပဲဖြစ်ဖြစ် အားနည်းတာပါ။ ကြွက်သားအားနည်းတာပဲဖြစ်ဖြစ်၊ ခံစားမှုမရှိတာပဲဖြစ်ဖြစ် ဖြစ်နိုင်ပါတယ်။ကိုယ်တစ်ခြမ်း သေခြင်း– ကိုယ်တစ်ခြမ်း သေတာကတော့ အားပျော့တာထက် ပိုပြင်းထန်ပါတယ်။ လုံးဝကို မလှုပ်နိုင်တာပါ။ အာရုံခံစားမှု ရှိကောင်း ရှိနိုင်ပါသေးတယ်။ တစ်ခါတစ်လေတော့ ဒီနှစ်ခုက ခွဲရခက်တတ်ပါတယ်။ကိုယ်တစ်ခြမ်း အားပျော့ခြင်း – အတွေ့ရများတဲ့ လက္ခဏာကတော့ ကိုယ်တစ်ခြမ်း မလှုပ်နိုင်တာပါ။ သာမန်ကနေ ပြင်းထန်တဲ့အထိ ဖြစ်နိုင်ပါတယ်။ တခြားလက္ခဏာတွေကတော့။ကိုယ်တစ်ခြမ်း သေခြင်း- ကံကောင်းတာက သူက တစ်သက်လုံး လှုပ်လို့မရ၊ ခံစားမှုမရှိ ဖြစ်နေမှာ မဟုတ်ပါဘူး။ အချိန်ကြာလာတာနဲ့အမျှ လေ့ကျင့်ခန်းပြန်လုပ်ရင် ကောင်းလာနိုင်ပါတယ်။ ကိုယ်တစ်ခြမ်း သေတာရဲ့ လက္ခဏာတွေကတော့။နှစ်ခုလုံး ဖြစ်ရတဲ့ အကြောင်းရင်းကတော့ အတူတူပါပဲ။ ဖြစ်တာက ကြွက်သား မလှုပ်ရှားနိုင်တာဆိုပေမယ့် တကယ့်ပြဿနာက ဦးနှောက်နဲ့ အာရုံကြောမှာ ရှိနေတာပါ။ ဒီထဲမှာ အဖြစ်များဆုံး အကြောင်းရင်းကတော့လေဖြတ်တာပါ။ ဦးနှောက်ကို သွေးကောင်းကောင်းမရောက်တဲ့အခါ အဲ့ဒီမရောက်တဲ့ အစိတ်အပိုင်းကပုပ်ပြီး သူနဲ့သက်ဆိုင်တဲ့ အခြမ်းက မလှုပ်နိုင်တော့တာ၊ ခံစားမှုမရှိတာဖြစ်တာပါ။ ပြီးတော့ ဖြစ်တဲ့ဘက်နဲ့ ခံရတဲ့ဘက်ကလည်း ဆန့်ကျင်ဖက်ပါ။ ဥပမာပြောရရင် ညာဘက် ဦးနှောက်ကသွေးကြောပေါက်ရင် ဘယ်ဘက်ခြမ်းက မလှုပ်နိုင်တာပါ။ တခြားအကြောင်းရင်းတွေကတော့။ကိုယ်တစ်ခြမ်း အားပျော့တာပဲ ဖြစ်ဖြစ်၊ ကိုယ်တစ်ခြမ်း သေတာပဲဖြစ်ဖြစ် ခံစားရတာလက္ခဏာသာ ကွာတာ ဖြစ်ရတဲ့ အကြောင်းရင်းနဲ့ ကုသနည်းတွေကတော့ အတူတူပဲ ဖြစ်ပါတယ်။ အဓိကကတော့ ဖြစ်စေတဲ့ အကြောင်းရင်းကို ရှာပြီး ကုသဖို့ပါပဲ။ ကုသတာရဲ့ ရည်ရွယ်ချက်ကတော့ ပြန်ပြီးလှုပ်ရှားနိုင်အောင်နဲ့ နေ့စဥ်အလုပ်တွေကို ပြန်လုပ်နိုင်အောင်ပါ။ ကုသနည်းတွေကတော့။ကိုယ်တစ်ခြမ်း အားပျော့တာရော ကိုယ်တစ်ခြမ်း သေတာရောက ဘယ်လိုဖြစ်သွားမယ်ဆိုတာ ခန့်မှန်းလို့မရပါဘူး။ အချိန်ကြာလာတာနဲ့အမျှ လက္ခဏာတွေက ပြောင်းလဲလာပါတယ်။ မြန်မြန်ကုသနိုင်လေလေ မြန်မြန်သက်သာလေလေပါပဲ။ စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုကလည်း အရေးကြီးပါတယ်။ လူနာတစ်ယောက်နဲ့ တစ်ယောက် ပြန်ကောင်းပုံခြင်းကလည်း မတူပါဘူး။ တချို့ကလည်း သူ့ဟာသူ အလိုလိုပြန်ကောင်းသွားတာလည်း ရှိပါတယ်။ တချို့ကျတော့လည်း ပြန်သက်သာတာ နှေးတာကို တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘာမှမလုပ်တာထက်စာရင် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းလုပ်တဲ့သူတွေက မြန်မြန် ပြန်ကောင်းနိုင်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/stroke-and-aneurysm/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%90%e1%80%85%e1%80%ba%e1%80%81%e1%80%bc%e1%80%99%e1%80%ba%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8%e1%80%95%e1%80%bb%e1%80%b1%e1%80%ac%e1%80%b7%e1%80%81/
အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးမကောင်းသည့် လက္ခဏာများ
အစာအိမ်အူလမ်းကြောင်း ဟာ အဆင့်မြင့်ရှုပ်ထွေးတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် အစာအိမ်အူလမ်းကြောင်းဟာကိုယ်ခံအား၊ စိတ်ကျန်းမာရေး၊ ဟော်မုန်းဆိုင်ရာ ရောဂါများ၊အရေပြားပြဿနာ၊ ကင်ဆာ စတဲ့ရောဂါတွေ ဖြစ်ပွားခြင်းနဲ့လည်း ဆက်စပ်နေပါတယ်။ထူးခြားချက်တစ်ခုကတော့ အစာအိမ်အူလမ်းကြောင်းတလျှောက်မှာအကျိုးပြုဘက်တီးရီးယားတွေရှိနေခြင်းပါပဲ။ လူတစ်ဦးချင်းစီရဲ့ အစာအိမ်အူလမ်းကြောင်းထဲမှာ ဘက်တီးရီးယားမျိုးကွဲပေါင်း ၃၀၀ ကနေ ၅၀၀ အထိ ရှိနေနိုင်ပြီး အများစုဟာ အကျိုးပြုဘက်တီးရီးယား ဖြစ်ပါတယ်။ အနည်းငယ်ကပဲ အန္တရာယ်ပေးနိုင်တဲ့ ပိုးမွှားတွေဖြစ်ပါတယ်။စိတ်ဖိစီးမှုများခြင်း၊ အအိပ်အနေနည်းခြင်း၊ အဆင့်ဆင့်ပြုပြင်ထားပြီး သကြားပါဝင်မှုမြင့်မားသော အစားအစာများ စားသုံးခြင်း၊ ပဋိဇီဝဆေးဝါးအချို့ သုံးစွဲခြင်း စတာတွေဟာ အူလမ်းကြောင်းမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားတွေကို ထိခိုက်စေနိုင်ပါတယ်။ ၎င်းတို့နဲ့ ဆက်နွယ်နေတဲ့ ဦးနှောက်၊ နှလုံး၊ ကိုယ်ခံအား၊ အရေပြား၊ ကိုယ်အလေးချိန်နှင့် ဟော်မုန်း စတဲ့ ကျန်းမာရေးကိစ္စရပ်တွေမှာပါ အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။ အူလမ်းကြောင်း ကျန်းမာရေးမကောင်းတဲ့အခါ အောက်ပါလက္ခဏာများ တွေ့နိုင်ပါတယ်။လေပွလေထခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ခြင်း၊ အစာမကြေရင်ပူခြင်း စတဲ့ အစာအိမ်ပြဿနာများဟာ အူလမ်းကြောင်းမကောင်းတဲ့ အခြေအနေများပဲ ဖြစ်ပါတယ်။ ကျန်းမာရေး ကောင်းမွန်တဲ့ အူလမ်းကြောင်းဟာ အစာများကို ကောင်းစွာချေဖျက်နိုင်ပြီး အညစ်အကြေးစွန့်တဲ့ အဆင့်အထိ လုပ်ငန်းစဉ် ချောမွေ့ပါတယ်။အဆင့်ဆင့်ပြုပြင်ထားတဲ့အသင့်စား အစားအစာတွေနဲ့ လိုအပ်တာထက် ပိုမိုထည့်သွင်းစီမံထားတဲ့ သကြားဓာတ်တွေဟာ အူလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားတွေကို လျော့နည်းစေပါတယ်။ သကြားဓာတ်ကဲတဲ့ အစားအသောက်တွေကို စားသောက်ချင်စိတ်ကိုလည်း မထိန်းနိုင်ဖြစ်နေပါတယ်။ သကြားဓာတ်တွေထဲမှာမှ ဖရက်တို့စ်သကြားပါဝင်မှုများတဲ့ အစားအစာတွေဟာ ကိုယ်ခန္ဓာအတွင်းက ရောင်ရမ်းခြင်းဖြစ်စဉ်တွေနဲ့ ဆက်နွယ်နေပါတယ်။စားသောက်ပုံနဲ့ ကိုယ်လက်လေ့ကျင့်ခန်းကို သိသာစွာ ပြောင်းလဲခြင်းမလုပ်ဘဲ ကိုယ်အလေးချိန် ရုတ်ချည်း တိုးလာခြင်း၊ လျော့သွားခြင်း စတာတွေဟာ အူလမ်းကြောင်းမကောင်းခြင်းရဲ့ လက္ခဏာတမျိုးပါပဲ။ ကျန်းမာရေးမကောင်းတဲ့ အူလမ်းကြောင်းဟာ အာဟာရဓာတ်များ စုပ်ယူနိုင်ခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိနိုင်ခြင်း၊ အဆီများကို သိုလှောင်ခြင်း စတဲ့လုပ်ငန်းစဉ်တွေကို ကောင်းစွာလုပ်ဆောင်နိုင်ခြင်း မရှိပါဘူး။ကိုယ်အလေးချိန် လျော့နည်းသွားခြင်းဟာ အူသိမ်ထဲက ဘက်တီးရီးယားတွေ အလွန်အကျွံပေါက်ပွားခြင်းကြောင့် ဖြစ်နိုင်သလို ကိုယ်အလေးချိန်တက်ခြင်းဟာလည်း အင်ဆူလင်အာနိသင်ကျဆင်းခြင်း၊ အာဟာရဓာတ် စုပ်ယူမှုနည်းခြင်းကြောင့် စားသောက်ချင်စိတ်လွန်ကဲလာခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။အိပ်မပျော်ခြင်း၊ အိပ်ရေးမဝခြင်း စတာတွေဟာ ကျန်းမာရေးမကောင်းတဲ့ အူလမ်းကြောင်းကြောင့် ဖြစ်နိုင်ပါတယ်။ အိပ်ရေးမဝခြင်းကြောင့် ပင်ပန်းနွမ်းနယ်ခြင်းပါ ယှဉ်တွဲနေနိုင်ပါတယ်။ စိတ်အခြေအနေနဲ့ အိပ်စက်ခြင်းအပေါ် လွှမ်းမိုးမှုရှိတဲ့ ဆီရိုတိုနင်ဟော်မုန်းကို အူလမ်းကြောင်းထဲက ထုတ်လုပ်ပါတယ်။ ဒါကြောင့် အူလမ်းကြောင်းမှာ ထိခိုက်မှု တစုံတရာရှိနေရင် အိပ်စက်ခြင်းအပေါ် သက်ရောက်နိုင်ပါတယ်။အရေပြားပြဿနာတွေ (ဥပမာ နှင်းခူ) ဟာ အူလမ်းကြောင်းထိခိုက်မှုနဲ့ ဆက်စပ်နေပါတယ်။ အာဟာရနည်းပါးခြင်း၊ အစားအစာဓာတ်မတည့်ခြင်း စတာတွေကြောင့် အူလမ်းကြောင်းအတွင်းမှာ ရောင်ရမ်းမှုဖြစ်နေရင် ပရိုတိန်းတချို့ကို ကိုယ်ခန္ဓာထဲ စိမ့်ထွက်သွားစေပါတယ်။ အဆိုပါအခြေအနေမှာ အရေပြားယားယံပြီး နှင်းခူလို ပြဿနာမျိုးတွေ တွေ့နိုင်ပါတယ်။အစာအိမ်အူလမ်းကြောင်းနဲ့ ကိုယ်ခံစွမ်းအားဟာ ဆက်စပ်မှု ရှိနေပါတယ်။ အူလမ်းကြောင်းမကောင်းခဲ့ရင် ကိုယ်ခံစွမ်းအားရဲ့ လုပ်ဆောင်ချက်တွေ ကမောက်ကမဖြစ်စေပြိး မိမိကိုယ်ခံအားကနေ မိမိကိုယ်ကို ပြန်လည်တိုက်ခိုက်တဲ့ ရောဂါမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ဒီပြဿနာဟာ ဓာတ်မတည့်ခြင်းနဲ့ မတူပါဘူး။ အစားအစာတချို့ကို မချေဖျက်နိုင်တဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ အစာမတည့်ခြင်းပြဿနာဟာ အူလမ်းကြောင်းက ဘက်တီးရီးယားတွေရဲ့ အရည်အသွေး အားနည်းလို့ပဲ ဖြစ်ပါတယ်။ အစာကို မချေဖျက်နိုင်ခြင်းကြောင့် လေပွခြင်း၊ ဝမ်းပျက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ပျို့အန်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/gut-health/
ခေါင်းတစ်ခြမ်းကိုက်ခြင်း (Migraine)
Migraineဆိုတာ ပြင်းထန်တဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်း ပါ။ ဖြစ်လာရင် တဒိန်းဒိန်းနဲ့ ခေါင်းထိုးနေတာကြောင့် အလုပ်ပျက်အကိုင်ပျက်ဖြစ်တဲ့အထိ ပြင်းထန်တတ်ပါတယ်။ တစ်ခါကိုက်ရင် နာရီပိုင်းလောက်ကနေ ရက်ပိုင်းအထိကြာတတ်ပါတယ်။ မကြာခဏခေါင်းကိုက်တတ်သူတွေ ဒီmigraineရဲ့ ထူးခြားတဲ့လက္ခဏာတွေကို လေ့လာကြည့်ရအောင်။Migraineက တခြားခေါင်းကိုက်တာနဲ့မတူဘဲ သူ့မှာအဆင့်၄ဆင့်ရှိပါတယ်။ လူတိုင်းဒီ၄ဆင့် ရှိချင်မှရှိပါတယ်။(၁)အကြိုအဆင့်။ခေါင်းမကိုက်ခင် ၁ရက် ၂ရက်အလိုမှာ။(၂) Aura (ဖြစ်ခါနီးအဆင့်)။တချို့သူတွေက ခေါင်းမကိုက်ခင် ဒီအဆင့်ကိုဖြတ်ရပါတယ်။ ၈၀ရာခိုင်နှုန်းမှာတော့ မရှိပါဘူး။ ဒါကို migraine without auraလို့ခေါ်ပါတယ်။ ဖြည်းဖြည်းခြင်းစဖြစ်လာပြီး မိနစ်၂၀ကနေ ၆၀အထိကြာတတ်ပါတယ်။ လက္ခဏာတွေကတော့။(၃) လက္ခဏာပြတဲ့အဆင့်။Migraineက ဒီတိုင်းထားရင် ၄နာရီကနေ ၃ရက်အထိကြာတတ်ပါတယ်။ တစ်ခါတစ်လေ တစ်လထဲမှာ ခဏခဏဖြစ်တာမျိုးလည်းရှိပါတယ်။ ခံစားရနိုင်တာတွေကတော့။(၄) သက်သာတဲ့အဆင့်။ခေါင်းတစ်ခြမ်းကိုက်တာ သက်သာသွားပြီးရင်တော့ လူလည်း အားကုန်ပြီး ပုံကျသွားပါတယ်။ နည်းနည်းလှုပ်တာနဲ့ ခေါင်းကနာလိုလို ခံစားရပါတယ်။တကယ်တော့ ဘာလို့ဖြစ်လဲဆိုတာ သေချာတော့ မပြောနိုင်သေးပါဘူး။ လေ့လာချက်တွေအရ ဦးနှောက်ထဲမှာရှိတဲ့ဆီရိုတိုနင်(serotonin)လို့ခေါ်တဲ့ ဓာတ်ပစ္စည်းမမျှတလို့ ဖြစ်ရတာလို့ ပြောကြပါတယ်။ သူက အာရုံကြောစနစ်ရဲ့ နာကျင်မှုတွေကို ထိန်းပေးတဲ့ ဓာတ်ပစ္စည်းပါ။ဒါတွေကတော့။နောက်ဆက်တွဲကတော့ ကြီးကြီးမားမားမရှိပါဘူး။အကိုက်အခဲပျောက်ဆေးတွေ စွဲသောက်ရလို့ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတော့ ခံစားရနိုင်ပါတယ်။ ခေါင်းကိုက်လို့ အကိုက်အခဲပျောက်ဆေးကို သောက်ရာကနေ ဆေးမသောက်ရင် ခေါင်းကိုက်လာတဲ့အထိ ဆေးစွဲတာမျိုးဖြစ်တတ်ပါတယ်။ဆရာဝန်နဲ့တိုင်ပင်ပြီး အကိုက်အခဲပျောက်ဆေးတွေ သောက်လို့ရပါတယ်။ ကိုယ်တိုင်လုပ်နိုင်တာတွေကတော့။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/headaches-and-migraines/migraine-explained/
Deviated Nasal Septum (နှာနုရိုးနေရာလွဲခြင်း )
နှာနုရိုးသည် နှာခေါင်းအတွင်းအား အခန်းနှစ်ခုအဖြစ် အညီအမျှပိုင်းခြားပေးသော နံရံတစ်ခုဖြစ်သည်။ ဖြစ်သင့်သည့် နှာနုရိုးသည် အလယ်တည့်တည့်တွင် ရှိရမည်ဖြစ်ပြီး နှာခေါင်းလေဝင်ပေါက်ကို ဘယ်နှင့်ညာ ညီတူမျှတူ ပိုင်းခြားနေရမည်ဖြစ်သည်။သို့သော် ၈၀ % သော နှာနုရိုးများသည် အလယ်တွင်မဟုတ်ပါ။ ထိုအခြေအနေအား နှာနုရိုးနေရာလွဲခြင်းဟု ခေါ်၏။နှာခေါင်းအတွင်းပိုင်းပုံစံကြောင့် လေအိတ်များတွင် နာတာရှည်ပိုးကူးစက်မှုကို အလွယ်တကူဖြစ်စေနိုင်သည်။ ရောဂါလက္ခဏာများသည် များသောအားဖြင့် တစ်ဖက်တည်းတွင်သာ အဖြစ်များသည်။ တစ်ခါတစ်ရံတွင် တစ်ကယ်ဖြစ်နေသည့်ဖက်ကမဟုတ်ပဲ တခြားတစ်ဖက်မှာသွားဖြစ်နေတာမျိုးလဲ ရှိသည်။ဖြစ်ရပ်တစ်ချို့တွင် ကောက်နေသော နှာနုရိုးသည် လေအိတ်များမှ အရည်များစီးဆင်းမှုကို နှောက်ယှက်နိုင်ပြီး လေအိတ်ပိုးဝင်ခြင်း ခဏခဏဖြစ်တတ်ပါသည်။နှာနုရိုးနေရာလွဲခြင်းသည် ကမ္ဘာအနှံ့အဖြစ်များသော အကျိတ် (အမီလိုဘလက်စတိုးမားအကျိတ်)ပြီးနောက် ဒုတိယအဖြစ်များဆုံး ရောဂါဖြစ်သည်။သို့သော် ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။နှာနုရိုးနေရာလွဲခြင်းအများစုသည် ရောဂါလက္ခဏာမရှိပါ။ သင် နှာနုရိုးနေရာလွဲနေတာကို သိချင်မှတောင် သိပါလိမ့်မည်။ သို့သော် တစ်ချို့သော နှာနုရိုးပုံစံ မူမမှန်ခြင်းများသည် အောက်ပါတို့ကို ဖြစ်ပွားစေနိုင်ပါသည်။နှာပေါက်တစ်ဖက် သို့ နှစ်ဖက်လုံးပိတ်ခြင်း။ထိုသို့ပိတ်လျှင် နှာပေါက်မှ အသက်ရှူရန်ခက်ခဲသည်။ အထူသဖြင့် အအေးမိသည့်အခါ (လေပြွန်အထက်ပိုင်း ပိုးဝင်ခြင်း) သို့မဟုတ် အလက်ဂျီထလျှင် ပိုခက်၏။နှာခေါင်းသွေးယိုခြင်း –နှာနုမျက်နှာပြင် ခြောက်သွေ့လာသည့်အခါတွင် နှာခေါင်းသွေးထွက်နိုင်ပါသည်။မျက်နှာနာကျင်ခြင်း –မျက်နှာနာကျင်ခြင်းကို ဖြစ်စေသော နှာနုအကြောင်းရင်းကို ငြင်းခုန်နေဆဲဖြစ်သော်လည်း ပြင်းထန်စွာ နှာနုရိုးနေရာလွဲခြင်းသည် နှာနုအတွင်းနံရံကို ထိခိုက်စေပြီး တစ်ခါတစ်ရုံ မျက်နှာတစ်ခြမ်း နာကျင်မှုကို ဖြစ်ပေါ်စေနိုင်ပါသည်။အိပ်ပျော်နေစဉ်အသက်ရှုသံညံနေခြင်း –နှာနုရိုးနေရာလွဲခြင်းဖြစ်နေသော သို့မဟုတ် နှာခေါင်းအတွင်းသားများ ရောင်ရမ်းနေသော မွေးကင်းစမှတစ်နှစ်သားများနှင့် ကလေးငယ်များတွင် အဖြစ်များ၏။နှာခေါင်းပိတ်သည့်စက်ဝိုင်းကို သတိပြုပါ –တစ်ဖက်ပိတ်ပြီးနောက် တစ်ခြားဖက်ပိတ်ခြင်း တစ်လှည့်စီသည် ပုံမှန်ဖြစ်သည်။ ဤသည်ကို နှာခေါင်းပိတ်စက်ဝိုင်းဟုခေါ်၏။ နှာခေါင်းပိတ်စက်ဝိုင်းသည် သဘာဝအဖြစ်အပျက် ဖြစ်သော်လည်း ၎င်းပုံမှန်မဟုတ်ခြင်းကို သတိထားမိပါက ပုံမှန်မဟုတ်သည့် နှာခေါင်းပိတ်ခြင်းမျိုး ဖြစ်နေကြောင်းကို သိနိုင်ပါသည်။တစ်ဖက်တည်းသို့သာလှည့်အိပ်လိုခြင်း –တစ်ချို့လူများသည် ညအခါတွင် နှာခေါင်းမှ အသက်ရှူရလွယ်ကူစေရန် တစ်ဖက်တည်းသို့သာ စောင်းအိပ်တတ်ကြသည်။ နှာနုရိုးနေရာလွဲခြင်းကြောင့် နှာပေါက်တစ်ဖက် ကျဉ်းနေသည့်အတွက် ထိုသို့အိပ်ရခြင်း ဖြစ်နိုင်ပါသည်။စောလျင်စွာ သိရှိကုသခြင်းဖြင့် အခြေအနေများ ပိုဆိုးမလာအောင် နောက်ထပ် အရေးပေါ်အခြေအနေများမဖြစ်အောင် တာဆီးနိုင်ပါသည်။ ထို့ကြောင့် ပြင်းထန်သည့်အခြေအနေကို ကာကွယ်ရန် စောနိုင်သမျှ စောအောင် ဆရာဝန်နှင့် ဆွေးနွေးပါ။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။နှာနုရိုးနေရာလွဲခြင်းကို အောက်ပါတို့ကြောင့် ဖြစ်စေနိုင်ပါသည်။မွေးရာပါအခြေအနေ –တစ်ချို့ဖြစ်ရပ်များတွင် နှာနုရိုးနေရာလွဲခြင်းသည် သန္ဓေသား ဖွံဖြိုးစတွင် ဖြစ်လာပြီး မွေးဖွားစဉ် ပိုသိသာတာမျိုးဖြစ်သည်။နှာခေါင်းထိခိုက်မိခြင်း –နှာနုရိုးနေရာလွဲခြင်းသည် နှာနုရိုးနေရာလွဲလောက်အောင် ထိခိုက်မိခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။နှာနုရိုးနေရာလွဲခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ဥပမာအားဖြင့်-။အများနှင့်ကစားရသော အားကစားများ။စက်တပ်ယာဉ်စီးလျှင် ထိုင်ခုံခါးပတ်မပတ်ခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆေးခန်းလာပြစဉ် ဆရာဝန်မှ သင်ခံစားနေရသည့် လက္ခဏာများကို အရင်မေးပါလိမ့်မည်။ နှာခေါင်းအတွင်းသို့ စစ်ဆေးကြည့်ရန်အတွက် ဆရာဝန်မှ အလင်းစူးစူးကိုအသုံးပြုကာ တစ်ခါတစ်ရံ Nasal speculum ခေါ်သော နှာခေါင်းပေါက် ချဲ့ကိရိယာနှင့် စစ်ဆေးပါလိမ့်မည်။တစ်ခါတစ်ရံတွင် ဆရာဝန်မှ ကင်မရာနှင့် အလင်းတပ်ထားသော ပြွန်သေးသေးလေးကိုသုံးကာ နှာခေါင်းနောက်ထဲထိ ကြည့်ရှု့စစ်ဆေးနိုင်ပါသည်။နှာပိတ်ခြင်းကိုသက်သာစေသည့် စပရေး မဖြန်းခင်နှင့် ဖြန်းပြီးနောက် နှာခေါင်းတစ်ရှူးများကို လေ့လာကြည့်ပြီး နှာခေါင်းအတွင်း၌ နှာပိတ်စေသည့် အကြောင်းရင်းရှိမရှိ ကြည့်ပါလိမ့်မည်။ထိုစမ်းသပ်မှုကိုမူတည်ကာ နှာနုရိုးနေရာလွဲခြင်းနှင့် သင့်အခြေအနေ ဘယ်လောက်ဆိုးသည်ကို ဆုံးဖြတ်ပေးပါမည်။ ဆရာဝန်သည် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုမဟုတ်ပါပဲ ကုသရန်လဲ လိုအပ်နေသည်ဆိုပါက သင့်အား ဆက်လက်ကုသရန် အထူးကုဆီသို့ လွှဲပေးနိုင်ပါသည်။ဒုက္ခရောက်လောက်အောင် နှာခေါင်းသွေးထွက်ခြင်း သို့မဟုတ် ခဏခဏနှာခေါင်းလေအိတ်များ ပိုးဝင်ခြင်း ဖြစ်နေပါက ခွဲစိတ်ကုသမှုကို လမ်းညွှန်ပါလိမ့်မည်။ တစ်ချို့အခြေအနေများတွင် အပိုဆောင်း စစ်ဆေးမှုများ လုပ်ရနိုင်ပါသည်။Septoplasty ဆိုသည်မှာ နှာပေါက်တစ်လျှောက် ခွဲစိတ်ပြီး ပြင်ပလက္ခဏာများ သွေးခြေဥခြင်းများ မဖြစ်စေသော ခွဲစိတ်မှုြုဖစ်သည်။ ခွဲစိတ်နေစဉ် ဆိုးဝါးစွာ နေရာလွဲနေသော နှာနုရိုးအား အကုန် ဖယ်ရှားလိုက်ခြင်း သို့မဟုတ် ပြုပြင်ပြင်ဆင်ကာ နှာခေါင်းအတွင်း ပြန်ထည့်ခြင်းမျိုး ပြုလုပ်နိုင်ပါသည်။နှာနုရိုးနေရာလွဲခြင်းသည် သင့်ဘဝအား နှောက်ယှက်မှု ဘာမှမရှိသော်လည်း သင့် အအေးမိ အလက်ဂျီထသည့်အခါတွင် သက်တောင့်သက်သာ မရှိပါက ဆရာဝန်မှ စီမံနိုင်မည့် နည်းလမ်းများကို ညွှန်ပါလိမ့်မည်။Decogestants (နှာပိတ်သက်သာဆေးများ) –နှာပိတ်သက်သာဆေးများသည် နှာခေါင်းတစ်ရှူးများ ဖောင်းကြွခြင်းကို လျော့ချပေးပြီး နှာခေါင်းပေါက်နှစ်ခုလုံး လေဝင်ထွက်ကောင်းစေရန် အထောက်အကူပြုပါသည်။Antihistamines –Antihistamine များသည် အလက်ဂျီလက္ခဏာများဖြစ်သည့် နှာပိတ်ခြင်း နှာရည်ယိုခြင်းများကို ကာကွယ်ပေးပါသည်။နှာခေါင်းစတီးရွိက်စပရေးများ –နှာခေါင်းစတီးရွိက် စပရေးများသည် နှာခေါင်းလမ်းကြောင်းအတွင်းမှ ရောင်ရမ်းမှုကိုကျစေပြီး ပိတ်ခြင်း နှာရည်ယိုခြင်းများအတွက် အထောက်အကူပေးပါသည်။ဆေးများသည် ဖောင်းကြွနေသော အကျိချွဲအမြှေးပါးအား သက်သာစေရုံသာဖြစ်ပြီး နှာနုရိုးနေရာလွဲခြင်းကို ကုသပေးသည်မဟုတ်ပါ။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကနှာနုရိုးနေရာလွဲခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ပါသတိပေးချက်များကို လိုက်နာခြင်းဖြင့် နှာနုရိုးနေရာလွဲခြင်းကို ဖြစ်စေနိုင်သည့် နှာခေါင်းထိခိုက်မိခြင်းများကို ကာကွယ်နိုင်မည်ဖြစ်သည်။လူအများနှင့်ကစားရသည့် ဘောလုံး၊ ဘောလီဘော ကစားရာတွင် အကာကွယ်ရသည့် ဦးထုပ်များ မျက်နှာကာများကို သုံးပါ။စက်တပ်ယာဉ်များစီးလျှင် ထိုင်ခုံခါးပတ်ပတ်ပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-procedures-and-surgeries/deviated-nasal-septum-%e1%82%8f%e1%80%bd%e1%80%ac%e1%82%8f%e1%80%af%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%b1%e1%80%94%e1%80%9b%e1%80%ac%e1%80%9c%e1%80%bc%e1%80%b2%e1%80%bb%e1%80%81%e1%80%84/
ကလေးတစ်ယောက် ကောင်းမွန်စွာကြီးပြင်းလာစေဖို့ ဘယ်လိုဂရုစိုက်မလဲ
ပြောတော့သာလွယ်တာပါနော်။ ကလေးတစ်ယောက် ကြီးပြင်းလာတဲ့အထိ ပြုစုပျိုးထောင်ရတာ အတော်လေးဂရုစိုက်ရပါတယ်။ ကလေးက ကျန်းမာဖွံ့ဖြိုးရမယ့်အပြင် သွက်လက်ပျော်ရွှင်နေဖို့ကိုလည်း ဦးစားပေးရပါလိမ့်မယ်။ ကနေ့ခေတ် ထူးချွန်ထက်မြက်တဲ့ သားသမီးတွေကို မွေးထုတ်ပေးနိုင်တဲ့ မိဘတွေက ဒီအကျိုးရလဒ်ကို လွယ်လွယ်နဲ့ရခဲ့တယ်ထင်ပါသလား။ကလေးကို စားချင်တာဝယ်ကျွေး၊ လိုချင်တာဝယ်ပေးပြီး စိတ်ချမ်းသာအောင် အလိုလိုက်ထားရုံနဲ့ကျန်းမာပျော်ရွှင်စေမှာလား ဒါမှမဟုတ် စည်းကမ်းကောင်းကောင်း ကြပ်မတ်ထားရုံနဲ့ ထူးချွန်ထက်မြက်စေမှာတဲ့လား…။ဒီလိုဆို မိဘတွေက ဘယ်လိုဂရုစိုက်ပေးရမှာလဲ၊ ဘယ်လိုပျိုးထောင်ပေးရမှာလဲ။ ဒီမေးခွန်းကို အဓိကအဖြေကတော့ နေ့စဉ်ဘဝမှာ ကလေးရဲ့အာဟာရနဲ့ လှုပ်ရှားမှုအလေ့အကျင့်‌တွေပဲဖြစ်ပါတယ်။ ကိုယ့်ကလေး နေ့တိုင်းစားသောက်နေတဲ့အာဟာရထဲမှာ သူ့ရဲ့ဖွံ့ဖြိုးမှုအတွက် လိုအပ်နေတဲ့ဓာတ်တွေ ပါနေရဲ့လား၊ သွက်လက်ထက်မြက်မှုကို အားပေးတဲ့ လှုပ်ရှားမှုတွေနဲ့ အလေ့အကျင့်ကောင်းတွေ ရှိနေရဲ့လား သိဖို့ အရေးကြီးပါတယ်။ ဖေဖေမေမေတို့ကို အကြံပေးချင်တာကတော့ –။အမြဲအလိုလိုက်ပြီး မျောက်ရှုံးအောင် ဆော့ခွင့်ပေးထားဖို့ကို မဆိုလိုပါဘူးနော်။ အချိန်နဲ့နေရာ သတ်သတ်မှတ်မှတ်ဆော့ကစားခွင့်ပေးပါ။ တစ်နေ့ကို အနည်းဆုံးတစ်နာရီလောက်တော့ ဘေးကထိန်းချုပ်တာမပါဘဲ စိတ်လွတ်ကိုယ်လွတ် ဆော့ကစားဖို့ခွင့်ပြု၊ ဖန်တီးပေးသင့်ပါတယ်။ ကလေးကို ဘေးဖြစ်မှာ၊ ထိခိုက်မှာတွေကိုတော့ ကြိုတင်ကာကွယ်၊ ရှင်းလင်းပေးထားရမှာ မိဘတာဝန်ပါ။ ပျော့ပျော့အိအိကစားကွင်းတို့၊ အပန်းဖြေကစားကွင်း၊ ပန်းခြံ တို့မှာ ကစားစေတာ၊ မိဘနဲ့အတူကစားနည်းတစ်ခုခု သို့မဟုတ် ရွယ်တူချင်း၊ မောင်နှမချင်း ကစားစေတာမျိုး ဖန်တီးပေးပါ။ကလေးတွေရဲ့တက်ကြွမှုကို အားပေးတဲ့နေရာမှာ မိဘတွေရဲ့နည်းလမ်းတွေမတူကြပါဘူး။ အရေးကြီးဆုံးက သူတို့ရဲ့စိတ်အားထက်သန်မှုတွေ၊ အားသန်တဲ့အရာတွေအပေါ် မိဘက ဘယ်လောက်အလေးထားပေးလဲ၊ ထောက်ပံ့အားပေးလဲဆိုတာ ကလေးက သိနေဖို့ပါပဲ။ ကလေးက အားကစားမှာ အားသန်သလား၊ အနုပညာဘက်ကို စိတ်ဝင်စားသလား၊ သိပ္ပံ ဒါမှမဟုတ် နည်းပညာပိုင်းကို ဝါသနာပါနေတာလားဆိုတာ အရင်မြင်အောင်ကြည့်ပါ။ကျောင်းစာကိုပဲ ကြိုးစားဖို့ ဖိအားပေးထားတာထက် ကျောင်းပညာရေးကို တစ်ဖက်ကကြိုးစားနေချိန် တစ်ဖက်မှာ သူ့ဝါသနာလေးတွေကို ပျိုးထောင်အားပေးတာကောင်းပါတယ်။ နည်းလမ်းတကျ ပုံသွင်းပေးရင် ကလေးရဲ့စိတ်အားထက်သန်မှုကြောင့်ထူးချွန်ထက်မြက်လာမှာ သေချာပါတယ်။ကလေးကို ဖုန်းတစ်လုံးပေးထားရင် ဒါမှမဟုတ် တီဗီရှေ့ချပေးထားရင် ငြိမ်နေတာပဲ ဆိုတာမျိုးကို ဝမ်းမသာပါနဲ့။ ကလေးရဲ့မျက်စိဖွံ့ဖြိုးမှုကို ထိခိုက်စေလို့ ငယ်ငယ်လေးနဲ့ မျက်မှန်တပ်ကြရတာ မြင်ဖူးမှာပေါ့။ ဒီလိုအရွယ်မှာ ဒစ်ဂျစ်တယ်ပစ္စည်းတွေနဲ့ထိတွေ့မှုများလို့ ကလေးရဲ့ဖွံ့ဖြိုးဆဲ ဦးနှောက်နဲ့ဉာဏ်ရည်ထက်မြက်မှုမှာ အနှောင့်အယှက်ဖြစ်စေနိုင်တယ်လို့ သုတေသနတွေက အခိုင်အမာ သတိပေးထားပြီးသားပါ။ ဒါ့ကြောင့် ကလေးချင်း အတူကစားစေတာ(သူငယ်ချင်းတွေနဲ့ဆုံပေးတာ)၊ မိသားစုလိုက် ကစားတာမျိုး လှုပ်လှုပ်ရှားရှားနေစေမယ့် နည်းလမ်းတွေ အစီအစဉ်ဆွဲပါ။ကလေးအတွက် အိမ်မှာပဲချက်တဲ့၊ စီစဉ်တဲ့ အစားအသောက်တွေပဲ အဓိကထားကျွေးပါ။ အချိုးအဆ အသေးစိတ်မတွက်ချက်နိုင်ရင်တောင် အနည်းဆုံးတော့ ဗီတာမင်နဲ့သတ္တုဓာတ်တွေအပါအဝင်ကြီးထွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေပါဖို့ အရေးကြီးပါတယ်။ ဥပမာ – ကြွက်သားဖွံ့ဖြိုးမှုအတွက် ပရိုတင်း၊ ဦးနှောက်နဲ့အမြင်အာရုံဖွံ့ဖြိုးမှုအတွက်အကျိုးပြုအဆီဓာတ်(DHA)စတာတွေပါဝင်တဲ့ အစားအစာတွေကို စီစဉ်ပေးသင့်ပါတယ်။အပြင်စာတွေ၊ အသင့်စား အစားအစာတွေ၊ ပြုပြင်စီမံထားတာတွေကို ရှောင်ပြီး ညီညွတ်မျှတတဲ့ အာဟာရကို စီမံပေးလိုက်ပါ။အပြင်စာ၊ သရေစာ မက်နေတဲ့ ကလေးကို ချက်ချင်းကြီး ပုံစံပြောင်းဖို့မလွယ်တဲ့အတွက် အစတည်းက ဖြည်းဖြည်းချင်း အလေ့အကျင့်လုပ်ပေးထားသင့်ပါတယ်။ ဥပမာ အိမ်မှာသုံးတဲ့ ဆီကအစ ဟင်းခတ်မှုန့်တွေအထိ၊ အရသာ အပေါ့အငန်တွေအထိ ကျန်းမာတဲ့စားသောက်မှုပုံစံနဲ့ ကလေးကို လေ့ကျင့်ပေးထားသင့်ပါတယ်။ ဆိုလိုတာက ကလေးအတွက်တစ်မျိုး၊ ကိုယ်တွေစားတော့တစ်မျိုး မလုပ်ဘဲ တစ်မိသားစုလုံး ကျန်းမာအောင်စားဖို့ပါပဲ။ အဆီများတာ၊အချိုကဲတာ၊ အငန်များတာ၊ ဆိုးဆေးပါတာ၊ တာရှည်ခံပစ္စည်းများတာ စတဲ့ အစားအသောက်တွေကို ငြင်းပယ်တတ်လာအောင် ကလေးကို အသိပညာပေးပါ။ထူးချွန်ထက်မြက်တဲ့သားသားမီးမီးတွေအဖြစ် ကြီးပြင်းလာစေဖို့ ဒီအချက်တွေက အကြံဉာဏ်ကောင်းတွေ ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-growth-and-development/how-to-takecare-child/
မျက်လုံးထိခိုက်ခြင်းကို ဘယ်လို ကုသမလဲ
မျက်လုံးဟာ ထိခိုက်လွယ်သော ခန္ဓါကိုယ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ရိုးရှင်းသော အကြောင်းရင်း ဖြစ်စေကာမူ မျက်လုံးကို ထိခိုက်သွားစေနိုင်ပါတယ်။ ဥပမာ၊ မျက်လုံးထဲသို့ သေးငယ်သော အမှုန်ဝင်ခြင်း၊ ခေါင်းလျှော်ရည် ဝင်သွားခြင်း၊ တစ်စုံတစ်ခုက ရုတ်တရက် ဝင်သွားခြင်း။ ထိုအခြေအနေများမှာ အိမ်မှာနေစဉ်ဖြစ်စေ၊ အလုပ်တွင်ဖြစ်စေ၊ အားကစားလုပ်နေစဉ်ဖြစ်စေ ကြုံတွေ့ရနိုင်ပါတယ်။ ထို့ကြောင့် ဖြစ်ခဲ့ပါက မည်သို့ ကုသရမည်ကို သိထားသင့်ပါတယ်။မျက်လုံးနားဝန်းကျင်တွင် ဖြစ်ပေါ်သော နာကျင်မှုများ ကို မျက်လုံးထိခိုက်ခြင်းဟု ခေါ်ပါတယ်။ မျက်လုံးကို ထိခိုက်နာကျင်စေတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ အောက်ဖေါ်ပြပါအချက်များဟာ ပိုပြီး အဖြစ်များသော အကြောင်းရင်းများ ဖြစ်ပါတယ်။မျက်လုံးနားဝန်းကျင် အဖုများပေါက်ခြင်း ကို အားကစားသမားများ၊ လက်ဝှေ့သမားများ တွင် တွေ့ရတတ်ပါတယ်။ဘောလုံးကစားသမားများ၊ ဘေစ့်ဘော၊ စကွက်ရှ်၊ရေကူး၊ အားစားရုံတွင်စော့သော ကစားသမားများ တွင်တော့ အဖြစ်နည်းပါတယ်။ကလေးများတွင် အဖြစ်များပါတယ်။ ကလေးများဟာ အရမ်းစော့ကစားလွန်းပြီး ထိန်းရခက်တတ်ပါတယ်။ ထိုသို့စော့ကစားရင်း တစ်စုံတစ်ခုနှင့် သို့မဟုတ် မိမိဘာသာမိမိ လက်ဖြင့် ကုတ်ခြစ်မိတတ်ပါတယ်။ခေါင်းလျှော်ရည်၊ အခြားသော သန့်စင်ရည်များ မျက်လုံးထဲသို့ ဝင်တတ်ပါတယ်။ ချက်ချင်းဆေးကြောသင့်ပါတယ်။-နေပူထဲသွားသော အခါ နေကာမျက်မှန်ဝတ်ဆင်ခြင်းမရှိပါက မျက်လုံးကို ထိခိုက်စေနိုင်ပါတယ်။ ဝဒိန်စော်သော အလုပ်သမားများတွင်လည်း အလုပ်လုပ်စဉ် လုပ်ငန်းသုံးမျက်မှန် မတပ်ဆင်ပါက မျက်လုံးများ ကို ထိခိုက်စေနိုင်ပါတယ်။အသားညိုစေရန်အသုံးပြုသော စက်မှ အလင်းများ၊ အချို့သော မီးအိမ်များမှ အလင်းများ ဟာလည်း မျက်လုံးကို ထိခိုက်စေပါတယ်။သေးငယ်သော သစ်သားစ သို့မဟုတ် သတ္တုစလေးများ မျက်လုံးထဲဝင်လျှင်လည်း ထိခိုက်စေနိုင်ပါတယ်။ထိုသို့ မျက်လုံးထိခိုက်လျှင် ဘာလုပ်မလဲ။မျက်လုံးထိခိုက်မှုသည် အသေးစားဖြစ်ပါက ဆေးမလိုပါ၊ ၂၄ နာရီအတွင်း သူ့အလိုလို သက်သာသွားနိုင်ပါတယ်။ သို့သော် မခံနိုင်သော နာကျင်မှုမျိုးဖြစ်ပါက အကိုက်အခဲပျောက်ဆေး သောက်နိုင်ပါတယ်။မျက်ကပ်မှန် အသုံးပြုပါက သန့်ရှင်းစွာ ဂရုတစိုက်အသုံးပြုသင့်ပါတယ်။ မျက်လုံးကို လက်ဖြင့်ပွတ်သပ်ခြင်းများ မပြုလုပ်သင့်ပါ။ မျက်လုံးထိခိုက်ပြီးသား ဖြစ်ပါက မျက်ကပ်မှန် အသုံးမပြုသင့်တော့ပါ။ဓါတုပစ္စည်းများကြောင့် ထိခိုက်ခြင်း ဖြစ်ပါက ချက်ချင်း ရေနှင့် ဆေးကြောဖို့ အလွန်အရေးကြီးပါတယ်။ ထိုသို့မှ မသက်သာပါက ဆရာဝန်နှင့် သွားပြသင့်ပါတယ်။မျက်လုံးထဲသို့ ပြင်ပ ပစ္စည်းတစ်ခုခု ဝင်သွားပါက မိမိဘာသာ မိမိ မဖယ်ထုတ်သင့်ပါ။ ပိုးဝင်ခြင်း၊ နောက်ထပ် ထိခိုက်ခြင်းများ ဖြစ်နိုင်သောကြောင့် ဖြစ်ပါတယ်။ ဆရာဝန်ထံ သွားပြသင့်ပါတယ်။ပြင်းထန်သော ထိခိုက်မှုများတွင် မျက်လုံးအထူးကု ဆရာဝန်နှင့် သွားပြသင့်ပါတယ်။ရှေးဦးစွာ ဆရာဝန်က ထိခိုက်မှု မည်သို့ဖြစ်ခဲ့ပုံကို မေးခြင်းဖြင့် ပြင်းထန်မှုကို အဆင့်သတ်မှတ်ပေးပါလိမ့်မယ်။ ထို့နောက် ပိုးသတ်ဆေးလိမ်းဆေး သို့မဟုတ် မျက်စင်းခတ်ဆေးရည်ကို အသုံးပြုရန် ညွှန်ကြားပါလိမ့်မယ်။ ပိုးဝင်ခြင်းဟာ ရှားပါးသော်လည်း ဖြစ်ခဲ့ပါက အလွန် အန္တရာယ်ရှိပါတယ်။မျက်လုံးထိခိုက်ခြင်းကို မည်သို့ကာကွယ်ရမည်၊ မည်သို့မှန်ကန်စွာ ကုသရမည်ကို သိထားပါက ဖြစ်ခဲ့ပါက မပြင်းထန်နိုင်တော့ပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%91%e1%80%ad%e1%80%81%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%80%e1%80%ad/
နားဖာချေး ကို အမြဲသန့်ရှင်းပေးဖို့ လိုလား
နားကြပ်တံလေးတွေ တချို့တွေ အိတ်ထဲ ဆောင်ထားကြတာ တွေ့ဖူးပါတယ်။ နားသန့်ရှင်းရေး အဖြစ်နဲ့ မကြာခဏ သုံးတတ်ကြတယ်ပေါ့။ နားဖာကလော်လေးတွေ သော့ချိတ်မှာ ချိတ်ထားတာက ရှိသေးတယ်။ ဒီပစ္စည်းတွေနဲ့ မကြာမကြာ နားဖာချေး သန့်ရှင်းရေး မလုပ်ပေးရင်ဘဲ တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိသူလိုလို ဆက်ဆံခံရတတ်တာ သေချာတာပေါ့။ တကယ်ပဲ နားဖာချေး ကို အမြဲသန့်ရှင်းပေးဖို့ လိုလား ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။နားဖာချေး ကို အမြဲသန့်ရှင်းပေးဖို့ လိုလား ဆိုတော့ ဒီလို အယူအဆမျိုးကို ဆေးပညာ ကတော့ နိုးပါ တဲ့။နား အတွင်းပိုင်းဆိုတာ သူ့အလိုအလျောက် သန့်စင်နိုင်စွမ်း ရှိသလို ထူးထူးခြားခြား သန့်ရှင်းပေးဖို့ မလိုပါဘူး။ အတော်များများ လုပ်လေ့ရှိတဲ့ နားသန့်ရှင်းရေးကတော့ နားဖာချေးတွေကို ရှင်းထုတ်တာပါပဲ။ ဒါတွေ မရှိမှ သန့်နေမယ်၊ အကြား အာရုံ ပိုကောင်းတယ် လို့ ထင်ကြတယ်လေ။နားဖာချေးဆိုတာ cerumen လို့ခေါ်တဲ့ ဓာတ်ပစ္စည်း တစ်မျိုးဖြစ်ပြီး နားကို ကာကွယ်ပေးဖို့နဲ့ နားအတွင်းပိုင်း စိုစွတ်မှု ထိန်းပေးဖို့ ခန္ဓာကိုယ်က အလိုအလျောက် ပုံမှန် ထုတ်ပေးနေတာပါ။ နားဖာချေးသာ မရှိရင် နားထဲမှာ ခြောက်သွေ့ယားယံ နေနိုင် ပါတယ်။သူ့မှာ ဘက်တီးရီးယား သေစေနိုင်စွမ်းလည်း ရှိလို့ နားကို အလိုအလျောက် သန့်စင်ပေးနိုင် ပါတယ်။ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေလို အန္တရာယ် ပေးနိုင်တဲ့ အရာတွေ နားအတွင်းထဲ မရောက်နိုင်အောင် တားဆီးပေးထားတာမို့ နားဖာချေးက နားအတွက် အကာအကွယ် တစ်ခုလိုတောင် ဖြစ်နေပါသေးတယ်။ ဒါပေမယ့် နားဖာချေးက အပြင်ပိုင်းမှာပဲ ရှိပြီး အတွင်းပိုင်းမှာ မရှိတတ်ပါဘူး။နားဖာချေး ပိတ်ရတဲ့ အကြောင်းရင်းကတော့ နားထဲကို နားကြပ်ဂွမ်းလို တစ်ခုခုနဲ့ သန့်ရှင်းဖို့ ကြိုးစားတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး နားထဲ ထိုးလိုက်တဲ့အခါ နားဖာချေးတွေကို အတွင်းထဲ နက်နက် ပိုရောက်သွားအောင် တွန်းပို့သလို ဖြစ်စေတာမို့ပါ။ ပြင်ပ အရာဝတ္ထုတစ်ခုခု ဒါမှမဟုတ် ချွန်ထက်တဲ့ အရာဝတ္ထု တစ်ခုခုနဲ့ နားထဲကို ကလော်တာ၊ ထိုးတာတွေကြောင့် ပိုးဝင်တာ၊ နားစည်ပေါက်ပြဲတာ၊ အကြားအာရုံ ဆုံးရှုံးတာတွေလို နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။ပုံမှန် အားဖြင့်တော့ မလိုပါဘူး။ ဒါပေမယ့် နားဖာချေးတွေ များနေတယ်၊ လက္ခဏာ တစ်ခုခု ဖြစ်လာတယ်ဆိုရင် cerumen impaction လို့ခေါ်တဲ့နားဖာချေးပိတ်ဆို့ခြင်းဖြစ်နေနိုင်ပါတယ်။သူ့ရဲ့လက္ခဏာတွေက –။ဆရာဝန်ပြတဲ့အခါ နားကိုစစ်ဆေးကုသပြီး နားဖာချေးတွေကို ကိရိယာအသေးစားလေးတွေသုံးပြီး ဖယ်ရှားတာ၊ စုပ်ထုတ်တာ စတဲ့နည်းတွေ လုပ်ပေးမှာပါ။ ဒါ့ကြောင့် နားထဲ ယားလာတာ၊ စပ်လာတာ တစ်ခုခုဖြစ်လာရင် ဆရာဝန်ပြပါ။နားပိတ်ဆို့တာ သိပ်ဆိုးဆိုးရွားရွားမဖြစ်ဘူးဆိုရင်တော့ အဝတ်စ နုနုလေးတစ်ခုကိုသုံးပြီး နားအပြင်ပိုင်းလေးကို အသာအယာသန့်ရှင်းပေးနိုင်ပါတယ်။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/ear-conditions/how-to-clean-your-ears/
Collagen ဟင်းရည် ကြိုက်သူတွေ ရမယ့် အကျိုးကျေးဇူး (၇) ခု
Collagen ဟင်းရည်ဆိုတာ ဟော့ပေါ့ချစ်သူတွေ သိကြပြီးသား နေမှာပါ။ သိပ်အရသာ ရှိတယ် ဆိုပဲ။ အခုပြောပြမှာက ဒီဟင်းရည်မှာ ပါနေတဲ့ Collagen ဓာတ်အကြောင်းကိုပါ။ ဒီဓာတ်ကြောင့် ကိုယ့်မှာ ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်မှာမို့လို့ စျေးကြီးပေးရတဲ့ ဖြည့်စွက်အာဟာရပုလင်းလေးတွေ ကိုတောင် တကူးတက ဝယ်သောက်လာကြသလဲ။ ဆက်ပြီး ကြည့်ရအောင်…။Collagen (ကော်လာဂျင်) ဆိုတာ ခန္ဓာကိုယ်မှာ အပေါများဆုံးတွေ့ရတဲ့ပရိုတင်းဖြစ်ပြီး အရွတ်၊ အရွတ်တွဲ၊ အရေပြားနဲ့ ကြွက်သားအပါအဝင် ခန္ဓာကိုယ်အစိတ်အပိုင်းတော်တော်များများရဲ့ တွယ်ဆက်တစ်ရှူးတွေမှာ အဓိကပါဝင်နေတာဖြစ်ပါတယ်။ သူ့ရဲ့ အကျိုးကျေးဇူးတွေက –။ကော်လာဂျင်က အရေပြားမှာ အဓိကပါဝင်ဖွဲ့စည်းထားတဲ့ပရိုတင်းဖြစ်လို့ အသားအရေတင်းရင်းစေပြီး ရေဓာတ်ကို ဖြည့်တင်းနိုင်စွမ်း ရှိပါတယ်။ အသက်အရွယ်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်က ကော်လာဂျင်ထုတ်လုပ်နိုင်စွမ်း ကျဆင်းလာတယ်၊ ကြာလာတော့ အသားတွေခြောက်လာတယ်၊ အရေးအကြောင်းတွေ ဖြစ်လာတယ်လေ။ ကော်လာဂျင်ကို အသားအရေအတွက် သောက်တာက အများအားဖြင့် ရည်ရွယ်ချက်သုံးမျိုးရှိတယ် –။ကော်လာဂျင်က အဆစ်တွေကိုကာကွယ်ပေးတဲ့ အရိုးနုလွှာကို အားဖြည့်ပေးပါတယ်။ ခန္ဓာကိုယ်မှာ ကော်လာဂျင်အားနည်းတဲ့အခါ အဆစ်နာ လိုမျိုး အရိုးအဆစ် ယိုယွင်းမှုပြဿနာတွေ ဖြစ်လာနိုင်ခြေ ပိုများလာတတ်ပါတယ်။ ဒါ့ကြောင့် ကော်လာဂျင်သောက်တဲ့အခါ အရိုး၊အဆစ်၊ အရွတ်နာတွေကို သက်သာစေနိုင်တယ်။ ကော်လာဂျင်ကြောင့် ရောင်ရမ်းမှုတွေလည်း လျော့ပါးသက်သာစေနိုင် ပါသေးတယ်။အရိုးတွေမှာကော်လာဂျင်တွေအများစုနဲ့ဖွဲ့စည်းထားတာဖြစ်ပြီးအရိုးကျန်းမာရေးကို အကျိုးပြုတာလည်းများပါတယ်။ အသက်ကြီးလာလေ ခန္ဓာကိုယ်ထဲမှာ ကော်လာဂျင်နည်းလာလေဖြစ်ပြီး အရိုးသိပ်သည်းဆလည်း လျော့လာတတ်ပါတယ်။ ဒီအချိန်မှာ အရိုးပွအရိုးပါးရောဂါ ဖြစ်နိုင်ခြေပိုများစေပြီး အရိုးကျိုးအက်မှုအန္တရာယ်လည်း များပါတယ်။ ဖြည့်စွက်ကော်လာဂျင်တွေ သောက်တဲ့အခါ အရိုးကိုအားဖြည့်ပေးပြီး ဒီပြဿနာတွေ ကာကွယ်ပေးနိုင်ပါတယ်။ခန္ဓာကိုယ်ရဲ့ကြွက်သားတစ်ရှူးတွေ ၁၀ ရာခိုင်နှုန်းလောက်ကို ကော်လာဂျင်တွေနဲ့ ဖွဲ့စည်းထားတာပါ။ ကြွက်သားတွေ သန်မာဖို့နဲ့ လုပ်ဆောင်ချက်တွေ ကောင်းမွန်ဖို့ ဒီပရိုတင်းကို လိုအပ်ပါတယ်။ အသက်ကြီးလာတဲ့အခါ လျော့ရဲလာတဲ့ ကြွက်သားတွေကို ပြန်လည်သန်မာစေဖို့ ကော်လာဂျင်က အထောက်အကူ ပေးနိုင်ပါတယ်။သုတေသနတွေအရ ကော်လာဂျင်က နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါပြဿနာတွေ ဖြစ်လာနိုင်ခြေလျော့နည်းစေတယ်လို့ တွေ့ရှိထားပါတယ်။ ကော်လာဂျင်က နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး သွေးပို့လွှတ်မှုပုံမှန်ဖြစ်အောင် ထိန်းပေးပါတယ်။ ကော်လာဂျင်ဓာတ် မလုံလောက်ရင် နှလုံးသွေးကြောတွေ အားနည်းပြီးရောဂါဖြစ်လွယ်နိုင်ပါတယ်။ကော်လာဂျင်သောက်ရင် လက်သည်းခြေသည်းကြွပ်ဆတ်၊ ကျိုးပဲ့ခြင်းမဖြစ်အောင် ကာကွယ်ပေးတယ်။ခြေသည်းလက်သည်းကျန်းမာလှပစေတယ်၊ ဆံပင်သန်စေတယ်၊ ဆံပင်အရှည်မြန်စေတယ်။ဆေးပညာ အထောက်အထား မလုံလောက်သေးပေမယ့် ကော်လာဂျင်သောက်ခြင်းက စိတ်ခံစားမှုကောင်းစေပြီး ပူပန်စိတ်တွေကိုလျော့ပါးသက်သာစေနိုင်တယ်လို့ ဆိုကြပါတယ်။ကော်လာဂျင်သောက်ရင် ကိုယ်အလေးချိန်ကျပြီး ကိုယ်တွင်းဇီဝဖြစ်စဉ်ကို ပိုမြန်စေနိုင်တယ်လို့ တချို့က ယုံကြည်ကြပါတယ်။ကော်လာဂျင် ကို မီးအေးအေးနဲ့ အကြာကြီးတည်ထားတဲ့ အရိုးပြုတ်ရည်ကနေ ရနိုင်တယ်။ အိမ်မှာ ချက်တဲ့ အရိုးစွပ်ပြုတ်ရည် ၊ ကြေးအိုး၊ ဟော့ပေါ့ဟင်းရည် တို့လိုပေါ့။ အသား၊ ငါး၊ ကြက်ဥတို့လို ပရိုတင်းများတဲ့အစားအစာတွေလို အစားအစာတွေနဲ့လည်း ခန္ဓာကိုယ်ထဲ ကော်လာဂျင်သဘာဝအတိုင်း ထုတ်ပေးအောင် လှုံ့ဆော်အားပေးလို့ ရတယ်။ ဖြည့်စွက်စာပုလင်းလေးတွေလည်း သောက်လို့ရတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/collagen-%e1%80%9f%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%8a%e1%80%ba-%e1%80%80%e1%80%bc%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%9e%e1%80%b0%e1%80%90%e1%80%bd%e1%80%b1-%e1%80%9b%e1%80%99%e1%80%9a/
Liver Cancer (အသည်းကင်ဆာ)
အသည်းကင်ဆာသည် အသည်းဆဲလ်များတွင် စတင်ဖြစ်ပွားပါသည်။ ဝမ်းဗိုက်၏ ညာဖက်အပေါ်ပိုင်းတွင် ရှိသော အင်္ဂါအစိတ်အပိုင်း တစ်ခု ဖြစ်ပါသည်။ ဗိုက်နဲ့ ရင်ခေါင်းကိုခြားပေးထားသေားကြွက်သား (diaphragm) နှင့် အစာအိမ်အောက် တွင်ရှိပါသည်။အသည်းကင်ဆာသည် အသည်းဆဲလ်များ၏ အဖြစ်များဆုံး ကင်ဆာအကျိတ် ဖြစ်ပါသည်။ ခန္ဓါကိုယ်၏ အခြားနေရာများမှ ပျံ့နှံ့လာခြင်း မဟုတ်ဘဲ အသည်းမှ ထွက်ပေါ်လာသော အဓိကပင်မ အကျိတ်တစ်ခု ဖြစ်သည်။အသည်းတွင်ဖြစ်သော ကင်ဆာတိုင်းကို အသည်းကင်ဆာဟု မခေါ်ပါ။ အူမကြီး၊ အဆုတ် သို့မဟုတ် ရင်သား စသော ခန္ဓါကိုယ်ရှိ အခြားနေရာများမှ ပေါ်ထွက်လာပြီးမှ အသည်းသို့ ပျံ့နှံ့သွားသော ကင်ဆာကို ပျံ့နှံ့ကင်ဆာ (metastatic cancer) ဟုခေါ်ပါသည်။အသည်းကင်ဆာသည် အမျိုးသမီးများထက် အမျိုးသားများတွင် ပို၍ အဖြစ်များပါသည်။ အသက် ၅၀-၇၀ လူများတွင် ပိုဖြစ်ပါသည်။ စောစီးစွာ ရောဂါအဖြေရှာနိုင်ခြင်းသည် ရောဂါသက်သာ စေရန် အခွင့်အရေးများပါသည်။ အန္တရာယ်ဖြစ်စေနိုင်သော အချက်များကို လျော့ချခြင်းဖြင့် ရောဂါကို ထိန်းချုပ်နိုင်ပါသည်။ ပိုမိုသော အချက်အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။လူနာများ၏ သုံးပုံတစ်ပုံသည် မူလအသည်းကင်ဆာ၏ အစောပိုင်း အဆင့်တွင် ရောဂါလက္ခဏာ မပြသပါ။ ရောဂါလက္ခဏာများတွင် အောက်ပါတို့ ပါဝင်ပါသည်။အထက်တွင်ဖော်ပြမထားသော အခြားလက္ခဏာများလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါက သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ အခြေအနေနှင့် ဖြစ်ပွားပုံ သည် တစ်ယောက် နှင့် တစ်ယောက် ကွဲပြားနိုင်ပါသည်။ ရောဂါအဖြေရှာခြင်း၊ ကုသခြင်း များအတွက် ချိန်းဆိုရန်နှင့် သင့်အတွက် အကောင်းဆုံး ကုသမှုရရှိရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။အသည်းကင်ဆာအများစုကို ဖြစ်စေသော အကြောင်းရင်းကို ကောင်းစွာ မသိရှိပါ။ သို့သော်လည်း အချို့ကိစ္စများတွင် အသည်းကင်ဆာသည် အသည်းရောင်ခြင်းကြောင့် ဖြစ်နိုင်ပါသည်။အခြားအဖြစ်များသော အကြောင်းရင်းများမှာ အသည်းခြောက်ရောဂါ၊ အရက်ကြောင့် အသည်း ပျက်စီးခြင်း၊ အဝလွန်ခြင်း နှင့် အသည်းအဆီဖုံးခြင်း တို့ ဖြစ်ပါသည်။အသည်းဆဲလ်များ ပြောင်းလဲခြင်း ( DNA မျိုးဗီဇ သန္ဓေပြောင်းခြင်း) သည် ခန္ဓါကိုယ်ရှိ ဇီဝကမ္မ ဖြစ်စဉ်များကို ပြောင်းလဲစေသောအခါ အသည်းကင်ဆာ ဖြစ်ပွားပါသည်။ ဆဲလ်များသည် ထိန်းချုပ်မှု ပျောက်ဆုံး ပြီး အကျိတ်ဖုများ ဖြစ်ပေါ်လာပါသည်။အသည်းကင်ဆာ ဖြစ်ပွားနိုင်ချေကို မြင့်စေသော အချက်များမှာ။အသည်းရောင်ရောဂါ (ဘီ) ဗိုင်းရပ်စ် သို့မဟုတ် အသည်းရောင်ရောဂါ (စီ) ဗိုင်းရပ်စ် တို့ နာတာရှည် ကူးစက်ခြင်းသည် အသည်းကင်ဆာ ဖြစ်ပွားနိုင်ချေကို မြင့်တက်စေပါသည်။အသည်းတွင် အမာရွတ် တစ်ရှူးဖြစ်ခြင်းသည် အသည်းကင်ဆာ ဖြစ်နိုင်ချေကို မြင့်တက်စေပါသည်။သံဓါတ်များသောရောဂါ (hemochromatosis syndrome)၊ Wilson’s disease(copper ဓါတ်များသောရောဂါ) ကဲ့သို့ မျိုးဗီဇ အသည်းရောဂါများ။သွေးတွင်းသကြားချို့ယွင်းချက်ရှိသောသူများသည် ဆီးချိုမရှိသော သူများထက် အသည်းကင်ဆာ ဖြစ်နိုင်ချေ ပိုမြင့်ပါသည်။အသည်းတွင် အဆီများ စုပြုံလာခြင်းသည် အသည်းကင်ဆာ ဖြစ်ပွားစေနိုင်ပါသည်။ပြောင်းဖူး၊ မြေပဲတို့မှ ပြုလုပ်သော အစားအစာများတွင် ပါဝင်သော အန္တရာယ်ရှိသော အဆိပ်အတောက်တစ်မျိုး ဖြစ်သည်။အရက်ကို နေ့စဉ် နှစ်အတော်ကြာ သောက်သုံးပါက အသည်း ပျက်စီးခြင်း ကို ဖြစ်စေပြီး အသည်းကင်ဆာ ဖြစ်ပွားနိုင်ချေကို မြင့်တက်စေပါသည်။အဝလွန်ခြင်းသည် အသည်းကင်ဆာဖြစ်ပွားနိုင်ချေကို မြင့်တက်စေပါသည်။ အသည်း အဆီဖုံးရောဂါ နှင့် အသည်းခြောက်ခြင်း ကိုလည်း ဖြစ်စေပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ကင်ဆာဖြစ်သော အပေါ်ယံအသည်းဆဲလ်များသည် စောစီးသော အဆင့်တွင် ရောဂါ လက္ခဏာ မပြသသောကြောင့် ရောဂါအဖြေရှာ ရန် ခက်ခဲတတ်ပါသည်။ ရောဂါအဖြေရှာရန် ဆရာဝန်သည် အသည်းခြောက်ရောဂါ ရှိသူများ၊ အသည်းရောင်ရောဂါ (ဘီ) (စီ) ရှိသူများကို သွေးထဲတွင် AFP (alpha fetoprotein) စစ်ခြင်း သို့မဟုတ် အသည်း လုပ်ငန်း စစ်ခြင်း တို့ ပြုလုပ်နိုင်ပါသည်။သို့သော်လည်း ကင်ဆာအသည်းဆဲလ် ရှိသူများသည် မမှန်သော သွေးစစ်မှု ရလဒ်များ ဖြစ်နိုင်သော ကြောင့် ထိုစစ်ဆေးမှုများ သည် သေချာမှု မရှိသေးပါ။ ထို့ကြောင့် ဆရာဝန်သည် အသည်းအား အာထရာဆောင်း၊ကွန်ပျူတာ ဓါတ်မှန်ရိုက်ခြင်း၊သံလိုက် ဓါတ်မှန် ရိုက်ခြင်း ကဲ့သို့ အခြားစစ်ဆေးမှုများကို ဆက်လက် လုပ်ဆောင် ရပါမည်။အာထရာဆောင်း တွင် အကျိတ်ဖု မြင်ရပါက အသည်း တစ်ရှူးစထုတ်ယူခြင်း ကို ဆက်လက်လုပ်ဆောင်သင့်ပါသည်။ အသည်းမှ သေးငယ်သော တစ်ရှူးစကို အပ်ဖြင့် ယူကာ အဏုကြည့်မှန်ပြောင်း ဖြင့်ကြည့်ပြီး ကင်ဆာဆဲလ်များကို ရှာဖွေခြင်း ဖြစ်သည်။အသည်းကင်ဆာ ကုသမှုသည် ရောဂါအဆင့်၊ အသက်နှင့် ကျန်းမာရေး အခြေအနေတို့ ပေါ်တွင် မူတည်ပါသည်။ ခွဲစိတ်ကုသခြင်းသည် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။ သို့သော် လူနာ အများစုသည် အသည်း ခြောက်နေခြင်း သို့မဟုတ် အကျိတ်များ ပျံ့နှံ့ခြင်းသွားမည်စိုးခြင်း တို့ကြောင့်ခွဲစိတ်ကုသမှု ကိုမပြုလုပ်နိုင်ပါ။ခွဲစိတ်ကုသခြင်း ပြုလုပ်၍မရသော လူနာများတွင် ကင်ဆာဆေးကုထုံး ဖြင့် ကုသခြင်း ကဲ့သို့ အခြား နည်းလမ်းများကို အသုံးပြုနိုင်ပါသည်။ကင်ဆာကျိတ်အကြီးစား သို့မဟုတ် အသည်းအလွန်အကျွံ ပျက်စီးခြင်း ရှိသော သူများသည် လှူဒါန်းသူ ဆီမှ အသည်းအစားထိုးကုသခြင်း ပြုလုပ်နိုင်ပါသည်။အောက်ပါ အသုံးဝင်သော အချက်များသည် အသည်းကင်ဆာ ကို ရှောင်ရှားရန် ကူညီနိုင်ပါသည်။အကယ်၍သင့်တွင်မေးခွန်းများ ရှိပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/liver-cancer-cancer/liver-cancer-%e1%80%a1%e1%80%9e%e1%80%8a%e1%80%b9%e1%80%b8%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac/
မိခင်နို့ကို စနစ်တကျ အပြင်မှာ ဘယ်လိုသိမ်းကြမလဲ ။ ။
မီးဖွားခွင့်ကုန်သွားလို့ ကလေးနို့စို့အရွယ်လေးမှာတင် အလုပ်ခွင်ပြန်ဝင်ရတာ ဖြစ်ဖြစ်၊ အပြင်သွားစရာရှိလို့ ကလေးနို့ဆာတဲ့အချိန်တိုင်း နို့မတိုက်နိုင်တာ ဖြစ်ဖြစ် နို့ကို ညှစ်ထုတ်ပြီး အပြင်မှာ သိမ်းခဲ့ကြတယ်မလား။ တချို့ အပြင်မှာ သိမ်းခဲ့တာကို သဘောကျပေမယ့်လည်း တချို့ လတ်လတ်ဆတ်ဆတ် ကလေးကိုနို့တိုက်လိုက်ရမှ ကျေနပ်တဲ့သူတွေလည်း ရှိကြမယ်လို့ထင်ပါတယ်။ မိခင်နို့ တိုက်ကျွေးတာက ပြဿနာ မဟုတ်ပေမယ့် နို့ကို ညှစ်ထုတ်ပြီး အပြင်မှာ သိမ်းထားရင်တော့ သိထားဖို့လိုမယ့် ကိစ္စလေးတွေ ရှိလာပြီလေ။ ဘယ်လိုစနစ်တကျသိမ်းရမလဲ၊ ညှစ်ပြီးသား မိခင်နို့က အပြင်မှာ ဘယ်လောက်ခံမလဲ စတဲ့ မေးခွန်းတွေ မေမေတို့ခေါင်းထဲ တန်းစီနေမှာပေါ့။ ကဲ …. မိခင်နို့ကို စနစ်တကျ အပြင်မှာ ဘယ်လိုသိမ်းကြမလဲ ။ ။ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။မိခင်နို့ကို စနစ်တကျ အပြင်မှာ ဘယ်လိုသိမ်းကြမလဲ ။ ။ ဆိုတော့။ညှစ်ပြီးသားမိခင်နို့ကို ဘာနဲ့ထည့်သိမ်းကြမလဲဆိုတာ အရေးအကြီးဆုံး အချက်တစ်ခုပါ။ ထည့်လို့ရတဲ့ တွေ့ရာ ပစ္စည်းတစ်ခုခုနဲ့ သိမ်းလို့မရတဲ့အတွက် မိခင်နို့သိမ်းဖို့ ဆိုပြီး သီးသန့်ထုတ်ထားတဲ့ ပလတ်စတစ်တွေ ဘူးတွေကို သုံးဖို့အရေးကြီးပါတယ်။ ကိုယ်သုံးတဲ့ ပလတ်စတစ်ဘူးတွေ အိတ်တွေမှာ BPA ဓာတုပစ္စည်း free ဆိုတဲ့ စာတန်းလေးပါဖို့ တော့ လိုအပ်ပါတယ်။ ဖန်ပုလင်းနဲ့ သိမ်းမယ်ဆိုရင်တော့ မကွဲအောင် ဂရုစိုက်ဖို့၊ သုံးပြီးသား ဖန်ပုလင်းကို သေချာ သန့်စင်အောင်ပြန်ဆေးပြီး နေလှန်းအခြောက်ခံဖို့ကလည်း အရေးကြီးတဲ့ အချက်တွေထဲက တစ်ချက်ပါ။• အခန်းအပူချိန် ( ၂၅ ဒီဂရီ ) လောက်မှာဆိုရင် ညှစ်ပြီးသားနို့က  ၄ နာရီလောက်အထိ ခံတတ်ပါတယ်။•ရေခဲသေတ္တာ( ၄ ဒီဂရီစင်တီဂရီတ်) လောက်မှာဆိုရင်တော့ ၄ ရက်လောက်အထိခံပါတယ်။• ရေခဲတဲ့အကန့်ထဲ ထည့်ထားမယ်ဆိုရင်တော့ ၆လကနေ ၁၂လလောက်အထိ ခံပါတယ်။• နို့ကို သိမ်းထားတဲ့နေရာမှာ မိခင်နို့သိမ်းဖို့အတွက် သီးသန့်ထုတ်ထားတဲ့ BPA free ဖြစ်တဲ့ ပလတ်စတစ်ဘူးတွေ၊ အိတ်တွေ နဲ့ မိခင်နို့ကို သိမ်းထားဖို့ပါ။• နောက်ပြီး ကိုယ်သိမ်းထားတဲ့ နေရာရဲ့ အပူချိန်ကိုလိုက်ပြီး နို့ရဲ့ တာရှည်ခံမှု ကိုသိဖို့လိုပါတယ်။• သိမ်းထားတဲ့ ဘူးဖြစ်ဖြစ် အိတ်ဖြစ်ဖြစ်မှာ စသိမ်းထားတဲ့ အချိန်နေ့ရက်နဲ့ ကလေးနာမည်လေးတွေကို သေချာစာရင်းလုပ်ထားဖို့လည်းအရေးကြီးပါတယ်။• နောက်တစ်ချက်နို့ဘူးနဲ့သိမ်းထားရင် ချိုလိမ်တပ်မထားဘဲ အဖုံးလေးနဲ့ပဲ သိမ်းထားဖို့ဖြစ်ပါတယ်။ဘယ်နို့ပဲ ဖြစ်ဖြစ် မကောင်းတော့ဘူးဆိုတာနဲ့ ချဉ်တဲ့အနံ့တွေ ထွက်လာတတ်ကြတာ အားလုံးသိမှာပါ။ ဒီတော့ ကိုယ်သိမ်းထားတဲ့ နို့လေးကချဉ်တဲ့ အနံ့ထွက်လာပြီဆိုရင် ကလေးကို မတိုက်တော့တာအကောင်းဆုံးပါ။မနက်က ညှစ်ထားတဲ့နို့နဲ့ ညနေညှစ်ထားတဲ့နို့ကို ရောလိုက်လို့ရပေမယ့် ရေခဲသေတ္တာထဲထည့်ပြီး အအေးခံထားတဲ့နို့နဲ့ လတ်လတ်ဆတ်ဆတ် ညှစ်ထားတဲ့နို့ကို ရောတာမျိုးတော့ မလုပ်သင့်ပါဘူး။လတ်လတ်ဆတ်ဆတ်တိုက်တဲ့မိခင်နို့က အကောင်းဆုံးဆိုတာ ဘယ်သူမှ ငြင်းလို့မရပါဘူး။ နို့ကိုညှစ်ပြီးသိမ်းထားတာနဲ့ လတ်လတ်ဆတ်ဆတ်နို့က အာနိသင် ကွာခြားမှု သိပ်မရှိဘူးဆိုပေမယ့် အကျိုးများမယ့် မိခင်နို့ လတ်လတ်ဆတ်ဆတ်ကို တိုက်နိုင်ရင်ပိုကောင်းပါတယ်။ရေးသားသူ- Dr Thin Yadanar@Frances။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/breastmilk-storage/
ဘေဘီလေး အသားမည်းမှာစိုးတဲ့ မေမေတို့အတွက်
အသားအရေထိန်းသိမ်းဖို့ လူကြီးတွေပဲ လိုအပ်တာလား။ မဟုတ်ဘူးနော်။ အရွယ် သုံးပါးစလုံးလိုအပ်တာပါ။ ဒါဆိုဘေဘီလေးတွေလည်း လိုအပ်တာပေါ့ဆိုရင် ဟုတ်တာပေါ့လို့ပြန်ဖြေပါရစေနော်။ဘေဘီလေးတွေရေနွေးနဲ့ ရေချိုးမိလို့၊ရေကျောက်ပေါက်လို့စတဲ့အရေပြားပြဿနာတစ်စုံတစ်ခု ခံစာရတာကြောင့် အသားတွေမည်းသွားတဲ့အခါ အသားပြန်ဖြူမလာမှာကို စိုးရိမ်မိတယ်ဟုတ်။ ဒီပြဿနာကိုဖြေရှင်းဖို့ နည်းလမ်းလေးတွေရှိပါတယ်။နဂိုညိုမဟုတ်တဲ့ဘေဘီလေးတွေအတွက် အသားဖြူစေမှာ အသေအချာပါ။နနွင်းနဲ့နို့။နို့က အသားဖြူဝင်းစေတဲ့ သဘာဝပစ္စည်းတစ်ခုပါ။အရေပြားအတွက် လိုအပ်တဲ့ အာဟာရတွေကိုလည်းဖြည့်ပေးနိုင်ပါတယ်။ ဗီတာမင်အေပါဝင်တာကြောင့် အရေပြားဆဲလ်တွေကို ကျန်းမာစေနိုင်ပါတယ်။ နနွင်းနဲ့နို့ကို ခပ်ပျစ်ပျစ်လေးဖျော်ပြီး ကလေးကိုယ်အနှံ့မှာ လူးပေးပါ။ပြီးရင်ခြောက်တဲ့ အထိထားလိုက်ပါ။နောက်ဆုံးအဆင့်ကတော့ရေစွတ်ထားတဲ့ တဘက်လေးနဲ့ ခပ်ဖွဖွလေးသုတ်ပေးလိုက်ပါ။ပြီးရင် ဆပ်ပြာမသုံးဘဲ ကလေးကိုရေချိုးပေးလိုက်ပါ။ တစ်ပတ်တစ်ကြိမ်လေက်လုပ်ပေးမယ်ဆိုရင် ကလေးက သိသိသာသာအသားဖြူလာမှာပါ။ဒိန်ချဉ်နဲ့ခရမ်းချဉ်သီး။ခရမ်းချဉ်သီးက အသားအရေကို လင်းလက်စေတဲ့ အာနိသင်အပြည့်ရှိတာ သိပြီးဖြစ်မှာပါ။ ခရမ်းချဉ်သီးကို အရည်ကြိတ်လိုက်ပါ။ပြီးရင် ဒိန်ချဉ်နဲ့ရောလိုက်ပါ။အုတ်ဂျုံနည်းနည်းထည့်ပေးရင်ပိုအဆင်ပြေပါတယ်။ပြီးရင်တော့ ကလေးရဲ့ အသားအရေပေါ်မှာ လူးပေးပြီးခြောက်တဲ့ အထိထားလိုက်ပါ။ခြောက်သွားရင်ရေစိုတဘက်လေးနဲ့ ခပ်ဖွဖွသုတ်လို့ ဆပ်ပြာမသုံးဘဲရေချိုးပေးပါ။ အဆီထုတ်ဒိန်ချဉ်က ပိုအဆင်ပြေမှာပါ။အုန်းဆီ။ကလေးအသားအရေကို သဘာဝ အုန်းဆီစစ်စစ် သုံးပြီးနှိပ်နယ်ပေးတာက အသားအရေကိုဖြူစင်ဝင်းပလာစေမယ့် သဘာဝနည်းလမ်းတစ်ခုပါ။ ကလေးကို အုန်းဆီခပ်နွေးနွေးလေးသုံးလို့ နေ့စဉ် နှိပ်နယ်ပေးပါ။မန်ကျည်းသီး။မန်ကျည်းသီးမှည့်ကို အနှစ်တိုက်လို့ အသားပေါ်မှာလူးပေးပြီးခြောက်တဲ့အထိထားလိုက်ပါ။ပြီးရင် ဆပ်ပြာမသုံးဘဲရေချိုးပေးလိုက်ပါ။ တစ်ပတ်တစ်ကြိမ်လုပ်ရုံနဲ့ သိသာလာမှာပါ။ရှားစောင်းလက်ပပ်။ရှားစောင်းလက်ပပ်အနှစ်ကို အသားပေးမှာ လူးပေးပြီးခြောက်တဲ့အထိထားပါ။ပြီးရင် တဘက်ရေစိုလေးနဲ့ ခပ်ဖွဖွသုတ်ပေးပါ။ကလေးကိုပေါင်းတင်ပေးတဲ့အခါ နုနယ်သေးတဲ့ အသားအရေလေးထိခိုက်မှုနည်းစေဖို့ သဘာဝပစ္စည်းလေးတွေကိုပဲ သုံးဖို့ မမေ့ပါနဲ့။ ဒီနည်းလေးတွေ သုံးပြီး ကလေးကို အသားဖြူလာအောင်ပေါင်းတင်ပေးပါနော်။ပေါင်းတင်ပြီးတိုင်းbaby lotionလေးလူးပေးဖို့မေမေ့ပါနဲ့။ရေများများတိုက်ပါ။ရေဓာတ်ကလည်းအသားအရေအတွက် အတော်လေးအထောက်အကူပြုပါတယ်။ ဒါကြောင့်ဘေဘီလေးက ၆လကျော်သွားပြီဆိုရင်တော့ ရေတိုက်လို့ရပါပြီ။ ကလေးကို အစားစားပြီးချိန်၊ အိပ်ရာကနိုးလာချိန်တွေမှာရေပုံမှန်တိုက်ပေးပါ။နို့တိုက်ပါ။ကလေးက နွားနို့သောက်လို့ရတဲ့ အရွယ်ရောက်ပြီ။နွားနို့နဲ့ ဓာတ်မတည့်တာမျိုးလည်း မရှိဘူးဆိုရင် ကလေးကိုနေ့စဉ်နွားနို့တစ်ခွက်ပုံမှန်တိုက်ပေးပါ။ နွားနို့သောက်တာကလည်း အသားဖြူစေနိုင်ပါတယ်။အသီးအနှံတွေကျွေးပါ။ကလေးကို အသားအရေအတွက် အထောက်အကူဖြစ်စေနိုင်တဲ့ မုန်လာဥနီ၊လိမ္မော်သီး၊ ကိုက်လန်၊ ခရမ်းချဉ်သီး၊ရွှေဖရုံသီးစတဲ့ သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေကိုကျွေးပေးပါ။ဒိန်ချဉ်။ဘေဘီလေးက ဒိန်ချဉ်သောက်လို့ရတဲ့ အရွယ်ရောက်ပြီဆိုရင်လည်းဘေဘီလေးကို ဒိန်ချဉ်တိုက်ပေးလို့ရပါတယ်။ ဒီနည်းကလည်း ကလေးကို အသားဖြူစေဖို့ အထောက်အကူပြုနိုင်မှာပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%98%e1%80%b1%e1%80%98%e1%80%ae%e1%80%9c%e1%80%b1%e1%80%b8-%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%99%e1%80%b2%e1%80%99%e1%80%be%e1%80%ac%e1%80%85%e1%80%ad%e1%80%af%e1%80%b8%e1%80%90%e1%80%b2/
အမျိုးသားလိင်အင်္ဂါရဲ့ ဘဝသက်တမ်း
ကမ္ဘာကြီးမှာ သက်ရှိ၊ သက်မဲ့အရာတွေအားလုံး အချိန်သက်တမ်းတစ်ခုကို ကျော်လွန်လာတာနဲ့အမျှ ပြောင်းလဲတတ်ကြပါတယ်။ ဒီလိုပဲ အမျိုးသားလိင်အင်္ဂါကလည်း ဘဝသက်တမ်းတစ်လျှောက် အဆင့်အမျိုးမျိုးပြောင်းလဲပါတယ်။ ဒီပြောင်းလဲမှု အဆင့်တစ်ဆင့်ချင်းစီတိုင်းကို ခန္ဓါကိုယ်ရဲ့ တက်စတိုစတီရုန်း ဟော်မုန်း (testosterone)ပမာဏ က ထိန်းချုပ်ပေးထားတာပါ။အသက် ၉ နှစ် ကနေ ၁၅ နှစ်ကြား အချိန်အတွင်း ပီကျူထရီ ဂလင်း (Pituitary) လို့ခေါ်တဲ့ ခန္ဓါကိုယ်ကြီးထွားမှုကို ထိန်းချုပ်ထားတဲ့ ဂလင်းက တက်စတိုစတီရုန်း ဟော်မုန်း စတင်ထုတ်လုပ်ဖို့ ခန္ဓါကိုယ်ကို အမိန့်ပေးတဲ့ ဟော်မုန်းတစ်မျိုး ထုတ်လုပ်လိုက်ပါတယ်။ အဲ့လို ပီကျူထရီဂလင်းက အမိန့်ပေးတဲ့ အချိန်မှာ လူပျိုဖော် စဝင်ပြီး ခန္ဓါကိုယ်ပြောင်းလဲမှုတွေ စတင်ဖြစ်ပေါ်ပါတယ်။ ဝှေးစေ့၊ ကပ်ပယ်အိတ်၊ လိင်တံနဲ့ ဆီးခုံအမွှေးတွေက အဲ့အချိန်ကစလို့ စတင်ကြီးထွားလာပါတော့တယ်။ တက်စတိုစတီရုန်း ဟော်မုန်းပမာဏဟာ ဆယ်ကျော်သက်အရွယ်ရဲ့ နောက်ဆုံးအချိန်ဖြစ်တဲ့ အသက် ၂၀ အစပိုင်းမှာ အများဆုံးပါပဲ။အသက် ၂၀ ကနေ ၄၀ အတွင်း တက်စတိုစတီရုန်း ဟော်မုန်းပမာဏဟာ အနည်းငယ်စီ ကျဆင်းသွားပေမဲ့ ပြောင်းလဲမှုတွေကတော့ နည်းပါးပါတယ်။ ၄၀ ကျော်လာတဲ့ အချိန်အထိ တက်စတိုစတီရုန်း စုစုပေါင်း ပမာဏဟာ အနည်းငယ်သာ ကျဆင်းသွားတာပါ။ ဒါပေမဲ့ အဲ့အချိန် ခန္ဓါကိုယ်က sex hormone binding globulin (SHBG) လို့ခေါ်တဲ့ သွေးရည်ကြည်ထဲပါဝင်တဲ့ ပရိုတင်း တစ်မျိုးကို ထပ်မံ ထုတ်လုပ်ပါတယ်။ ဒီ ပရိုတင်းဟာ ခန္ဓါကိုယ်ထဲက တက်စတိုစတီရုန်းပမာဏကို သုံးဖို့ လုံလောက်တဲ့ ပမာဏ အထိသာ လျော့ကျသွားစေပါတယ်။ တက်စတို စတီရုန်း ပမဏ ကျဆင်းသွားတာနဲ့ အမျှ သင့်ခန္ဓါကိုယ်မှာ ဒီအစိတ်အပိုင်းတွေကတော့ စတင်ပြောင်းလဲမှု ဖြစ်ပေါ်ပါတယ်။သင့်ခန္ဓါကိုယ်ရဲ့ တစ်ခြားသော အစိတ်အပိုင်းက အမွှေးများလိုပါပဲ။ ဆီးခုံမွှေးတွေဟာ ပိုပါးလာပြီး မီးခိုးရောင် ပြောင်းလာပါလိမ့်မယ်။အဲ့ဒီအသက်အရွယ်ရောက်လာတာနဲ့ သင့်ရဲ့ လိင်တံဟာ အရင်ကထက် ပိုသေးသွားတယ်လို့ ခံစားကြရမှာပါ။ လိင်တံရဲ့ အရွယ်အစားကတော့ သိသိသာသာကြီး ပြောင်းလဲသွားမှာ မဟုတ်ပေမဲ့ ဆီးခုံရိုးနား တစ်ဝိုက်မှာ အဆီတွေ ပိုလာတဲ့အတွက် ဒီအဆီတွေဟာ အမျိုးသားလိင်တံအပေါ်ကို အိကျလာတဲ့အခါ လိင်တံသေးသွားတဲ့ ပုံစံပေါက်စေတာ ဖြစ်ပါတယ်။အမျိုးသား အနည်းစုမှာ လိင်တံတွေဟာ အသက်အရွယ်ရလာတာနဲ့အမျှ ကောက်လာတတ်ပါတယ်။ ဒီလိုကောက်လာတဲ့အခါ လိင်တံရဲ့ အလျား၊ လုံးပတ်နဲ့ လုပ်ဆောင်ချက်တွေ အပေါ် သက်ရောက်မှုရှိပါတယ်။ ဒီလိုလိင်တံ ကောက်လာခြင်း ဖြစ်စဉ်ကို ပေရိုနီးစ်ရောဂါ (Peyronie’s disease) လို့ခေါ်ပြီး ထိခိုက်မှု ဒဏ်ရာတွေကြောင့် ဖြစ်ပေါ်တာ ဖြစ်ပါတယ်။ အများစုအားဖြင့် ဒီဒဏ်ရာတွေဟာ လိင်ဆက်ဆံစဉ် လိင်တံကွေးခြင်းကြောင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဒဏ်ရာတွေ စတင်ပျောက်ကင်းတဲ့ အချိန်မှာ corpora cavernosa ဆိုတဲ့ ထောင်မတ်ကြွက်သားတွေကို ဖုံးထားပေးတဲ့။tunica albuginea ဆိုတဲ့ ဖိုက်ဘာ အစွပ်မှာ အမာရွတ် တစ်ရှူးတွေ ဖြစ်ပေါ်လာပါတယ်။ ဒီလို အမာရွတ်ထင်နေတဲ့ အစွပ်ဟာ ထပ်မံပြန့်မကားနိုင်တော့တဲ့ အတွက် ကောက်ကွေးစွာ လိင်တံ ထောင်မတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီလို လိင်တံကောက်ခြင်းရောဂါ (Peyronie’s disease)ကို ဆေးဝါးနဲ့ပဲ ဖြစ်ဖြစ် ခွဲစိတ်ကုသပြီးပဲ ဖြစ်ဖြစ် ပြန်လည် ကုသနိုင်ပါတယ်။သင့်ရဲ့ ကပ်ပယ်အိတ်ထဲမှာ ရှိနေတဲ့ ဒီ အသေးစား အင်္ဂါလေးတွေဟာ သုတ်ကောင်ထွက်ဖို့အတွက် လုပ်ဆောင်တဲ့ အင်္ဂါတွေ ဖြစ်ပါတယ်။ တက်စတို စတီရုန်း (testosterone) ဟော်မုန်းပမာဏ ကျဆင်းသွားတာနဲ့ သုတ်ကောင်ထုတ်လုပ်မှု လုပ်ငန်းလည်း နှေးကွေးသွားပြီး ဝှေးစေ့ များလည်း ရှုံ့သွားပါတယ်။ ဟော်မုန်း အစားထိုးကုသမှုတွေကို သင်ပြုလုပ်တဲ့ အခါမှာ ဦးနှောက်အောက်မှာ တည်ရှိတဲ့ ပီကျူထရီ ဂလင်းက ဝှေးစေ့ကို တက်စတိုစတီရုန်း ဟော်မုန်းထုတ်လုပ်ဖို့ ပို့နေတဲ့ အချက်ပြမှုတွေကို ရပ်တန့်လိုက်ပါတယ်။ အဲ့အချိန်ကျရင်တော့ ဝှေးစေ့တွေဟာ ပိုမို ရှုံ့သွားမှာ ဖြစ်ပါတယ်။ကပ်ပယ်အိတ်ရဲ့ အဓိက လုပ်ဆောင်ချက်ဟာ ဝှေးစေ့ရဲ့ အပူချိန်ကို ထိန်းညှိပေးဖို့အတွက်ပါ။ ကပ်ပယ်အိတ်ကို အလိုအလျောက် ထိန်းချုပ်တဲ့ ကြွက်သားတွေနဲ့ ဖွဲ့စည်းထားပြီး ဝှေးစေ့တွေကို ပူစေလိုတဲ့အခါမှာ ခန္ဓါကိုယ်နဲ့ ကပ်ပေးထားပြီး အေးစေလိုတဲ့ အခါမှာတော့ ခန္ဓါကိုယ်အောက်သို့ ချထားပေးခြင်းဖြင့် အပူချိန်ကို ထိန်းချုပ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ဒီကြွက်သားတွေဟာ ကောင်းကောင်းမွန်မွန် အလုပ်မလုပ်ဘဲ ကပ်ပယ်အိတ်ဟာ တွဲလောင်းကျနေတဲ့ ပုံစံနဲ့ ပဲနေပါတော့တယ်။ အသက် ၄၀ ကျော်လာတဲ့ အချိန်မှာ Hydrocele လို့ခေါ်တဲ့ ကပ်ပယ်အိတ်အတွင်း အရည်များစုလာမိခြင်းကြောင့် ကပ်ပယ်အိတ် ယောင်လာတဲ့ ဖြစ်စဉ်လည်း ဖြစ်နိုင်ပြီး ဒီလိုဖြစ်ရင် ကပ်ပယ်အိတ်ဟာ ပိုပြီး တွဲလောင်းကျလာနိုင်ပါတယ်။ Hydrocele ဟာ မွေးကင်းစ ကလေးတွေ မှာ ဖြစ်လေ့ရှိပြီး အသက် ၁ နှစ်အရွယ်မှာ ဘာကုသစရာမှ မလိုဘဲ ပျောက်ကင်းသွားလေ့ရှိပါတယ်။ ဆယ်ကျော်သက်တွေနဲ့ အရွယ်ရောက်ယောကျာ်းလေးတွေမှာတော့ ကပ်ပယ်အိတ်အတွင်း ယောင်ယမ်းခြင်းနဲ့ ဒဏ်ရာတို့ကြောင့် Hydrocele ဖြစ်တတ်ကြပါတယ်။ ပုံမှန်အားဖြင့် Hydrocele တွေဟာ နာကျင်မှုမရှိဘဲ သင့်အနေနဲ့ ကပ်ပယ်အိတ် ယောင်ကားနေပြီး၊ နေရထိုင်ရ အဆင်မပြေတဲ့ အခါမှာ ဆရာဝန်နဲ့ သွားရောက်ပြသင့်ပါတယ်။အသက်ကြီးလာတာနဲ့ အမျှ လိင်တံတစ်ဝိုက် အာရုံကြောတွေဟာ ခံစားမှု စွမ်းအား နည်းလာကြပါတယ်။ ဒီလို ခံစားမှု အားနည်းလာတဲ့အခါမှာ လိင်စိတ် ထကြွမှုနဲ့ ခံစားမှု အထွတ်အထိပ်ရောက်ဖို့ ပိုခက်ခဲလာတတ်ပါတယ်။ တက်စတိုစတီရုန်း ဟော်မုန်း ပမာဏ နည်းလာတာနဲ့ အမျှ လိင်တံထောင်မတ်ဖို့ ပိုပြီး ခက်ခဲလာနိုင်ပါတယ်။ အဲ့ဒီအချိန် လိင်တံမာကျောမှု အားနည်းလာမှာ ဖြစ်ပေမဲ့ လိင်ဆက်ဆံရာမှာ လိုအပ်တဲ့ တောင့်တင်းမှုတော့ ကျန်ရှိနေဦးမှာ ဖြစ်ပါတယ်။ဒီလို အသက်ကြီးလာတဲ့ အချိန် လိင်တံတွေရဲ့ စွမ်းဆောင်မှု လျော့နည်းသွားရခြင်းရဲ့ အဓိက လက်သည်ကတော့ ခန္ဓါကိုယ်က လိင်တံထဲသို့ ပို့ပေးနေတဲ့ သွေးပမာဏကို ခန္ဓါကိုယ်က မထိန်းထားနိုင်တော့တဲ့ အတွက် ဖြစ်ပါတယ်။ ဒီလို သွေးလုံလုံလောက်လောက်မရတဲ့အခါမှာ သင့်အနေနဲ့ လိင်တံတော့ ထောင်မတ်ဦးမှာ ဖြစ်ပေမဲ့ အကြာကြီးထိန်းထားနိုင်မှာတော့ မဟုတ်ပါဘူး။ သွေးက လုံလုံလောက်လောက်ဝင်လာတဲ့အခါ သင့်လိင်တံနားတစ်ဝိုက်နားက အိုမင်းနေတဲ့ ထောင်မတ်ကြွက်သားများက သွေးများကို မထိန်းထားနိုင်ကြတော့ပါဘူး။ ဒီတော့ ရလာဒ်က လိင်တံတောင့်တင်းမှု လျော့ကျလာခြင်းပဲ ဖြစ်ပါတယ်။အသက်ကြီးလာတာနဲ့ လိင်အင်္ဂါတွေ ပြောင်းလဲလာခြင်းနဲ့ လိင်စိတ်ဆန္ဒတွေ လျော့နည်းလာခြင်းဆိုတာ သဘာဝ ဖြစ်စဉ်တစ်ခုပါ။ တကယ်လို့ အသက်ကြီးလာလို့ ချို့ယွင်းလာတဲ့ ပြောင်းလဲမှုတွေက သင့်ရဲ့ဘဝနဲ့ လက်တွဲဖော်နဲ့ ဆက်ဆံရေး အပေါ်သက်ရောက်မှု ရှိလာပြီဆို ဆရာဝန်နဲ့ သွားရောက်တိုင်ပင်ပြီး ထိရောက်တဲ့ ကုသမှုကို ခံယူနိုင်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%a1%e1%80%84%e1%80%ba%e1%80%b9%e1%80%82%e1%80%ab%e1%80%9b%e1%80%b2%e1%80%b7/
နား သွေးခြည်ဥခြင်း
တချို့သော အားကစားသမားတွေ၊ လက်ဝှေ့ထိုးတဲ့ သူတွေရဲ့ နား ကို သတိထားကြည့်ဖူးပါသလား။ ထူပိန်းပိန်းလေးနဲ့ နည်းနည်းလေး ပုံပျက်နေတယ်လေ။ ဒါအရင်က နားကိုထိခိုက်ဒဏ်ရာရဖူးလို့ ဒဏ်ဖြစ်သွားတာပါ။ ဆေးပညာ အရ Haematoma auris လို့ ခေါ်ပါတယ်။ နားက ပန်းဂေါ်ဖီပွင့်လို ကားထွက်နေလို့ Cauliflower ear လို့လည်း ခေါ်ပါတယ်။ အသက်အန္တရာယ်တော့ မရှိပေမယ့် သေချာမကုရင် ခဏခဏပြန်ဖြစ်တာ၊ အရှင်း မပျောက်တာ ဖြစ်တတ်ပါတယ်။ ဒီတော့ နားက ပုံပျက်နေတာပေါ့။ ဒါက ဘာကြောင့် ဖြစ်ရတာလဲ။ မတော်တဆများ ကိုယ်ကြုံခဲ့ရင် ဘာလုပ်နိုင်လဲဆိုတာကို ပြောပြပေးပါ့မယ်။အဓိက အကြောင်းရင်းကတော့ နားကို တစ်ခုခုနဲ့ ရိုက်မိ ခိုက်မိလို့ပါပဲ။ အထူးသဖြင့် ထပ်ခါထပ်ခါ ထိခိုက်မိရင် ပိုဖြစ်တတ်ပါတယ်။ ဒီလို ထိခိုက်မိတဲ့ အတွက် နားမှာ ရှိတဲ့အရိုးနုပြဲပြီး သွေးထွက်လာပါတယ်။ အပြင်ကို ထွက်လာတာ မဟုတ်ဘဲ အထဲမှာ သွေးခြည်ဥတာပေါ့။ ဒီလိုနဲ့ တဖြည်းဖြည်း သွေးတွေ စုလာပြီး နားကို သွေးနဲ့ တခြား လိုအပ်တဲ့ အာဟာရတွေ မရအောင် တားဆီး လိုက်ပါတယ်။သွေးမရတဲ့ အခါကျတော့ ထိခိုက်ထားတဲ့ အရိုးနုက ပြန်ကောင်းဖို့ မဖြစ်နိုင်တော့ဘဲ တဖြည်းဖြည်း ပျက်စီးသွားပါလိမ့်မယ်။ ပြီးတော့အနာရွတ်လိုမျိုး ဖြစ်ပြီး နားရွက်က ပုံပျက်လာတာပေါ့။ အချိန်ကြာလာလေလေ ပိုပြီး ပြင်ရခက်လေလေပါပဲ။ ကံကောင်းတာက ဒဏ်ရာရတိုင်း ဒီလို ပုံပျက်သွားတာ မဟုတ်ပါဘူး။ ပုံမပျက်အောင် ကြိုတင် ကာကွယ်လို့ ရပါတယ်။အဓိကကတော့အားကစားလုပ်တဲ့ သူတွေပေါ့။ တွန်းတွန်းတိုက်တိုက် အားကစား လုပ်တဲ့သူတွေ (ဥပမာ-လက်ဝှေ့ထိုးတာ) မှာ ဖြစ်နိုင်ပါတယ်။ တခြားအကြောင်းတွေကတော့ နားကို မတော်တဆ ထိခိုက်ဒဏ်ရာရရင်လည်း ဖြစ်နိုင်ပါတယ်။ ရှားရှားပါးပါး နားကို အပေါက်ဖောက်ပြီး ပိုးဝင်ရင်လည်း ဖြစ်တတ်ပါတယ်။ခေါင်းကို ထိခိုက်ဒဏ်ရာ ရရင်ပဲဖြစ်ဖြစ်၊ နားကို တစ်ခုခုနဲ့ ပြင်းပြင်းထန်ထန် ဆောင့်မိရင်ပဲ ဖြစ်ဖြစ်  အရင်ဆုံး လုပ်ရမှာက နားမှာ ရောင်တာ၊ ဖောင်းလာတာ ရှိမရှိကို စစ်ဆေးရမှာပါ။ ဒါ့ပြင် နားပုံပျက်သွားလားဆိုတာပါ စစ်ဆေးရမှာပါ။ ဒါက ကိုယ့်ကိုယ်ကို မှန်ထောင်ကြည့်ပြီး စစ်ဆေးလို့ရပါတယ်။ ပြီးတော့ ဆောင့်မိ ခိုက်မိထားတဲ့ ဒဏ်ကြောင့် နာတာမျိုးလည်း ရှိနိုင်ပါတယ်။ နား သွေးခြည်ဥတာ သက်သက်နဲ့တော့ နာခဲပါတယ်။မကုဘဲ ထားမယ်ဆိုရင်တော့။လေ့လာချက်တွေအရ နပန်းသမားခြင်း တူရင်တောင် နားမှာ သွေးခြည်ဥပြီး ပုံပျက်နေတဲ့ နပန်းသမားက ပိုပြီး နားလေးဖို့ အခွင့်အလမ်း များပါတယ်တဲ့။ ပြီးတော့ နားသွေးခြည်ဥတာက နောက်ပိုင်းမှာ ပိုးဝင်နိုင်ချေ များပါတယ်။ ဒါ့ပြင် ပုံပျက်နိုင်ချေလည်း များပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/%e1%80%94%e1%80%ac%e1%80%b8-%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%81%e1%80%bc%e1%80%8a%e1%80%ba%e1%80%a5%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
ကင်ဆာအကျိတ်ဆဲလ်တွေကို ၁၀ စက္ကန့်အတွင်း စစ်ဆေးသိရှိနိုင်မယ့် ကိရိယာ
ကင်ဆာဖြစ်လာမယ့်အကျိတ်တစ်ရှူးကို ချက်ချင်းစစ်ဆေးသိရှိနိုင်ပြီး လုံးဝဖယ်ရှားပေးနိုင်စေမယ့် ကင်ဆာစစ်ဆေးမှု ကိရိယာအသစ်တစ်မျိုးကို တီထွင်လိုက်ပြီဖြစ်ပါတယ်။ ဒီကိရိယာနဲ့သာဆိုရင် လူနာကို ခွဲခန်းကုတင်မှာထားပြီး ဓါတ်ခွဲခန်းကို နမူနာတွေပို့ပြီးစစ်ဆေးရတာတွေ စောင့်ဆိုင်းရတာတွေမရှိတော့ဘဲ အချိန်ကုန်သက်သာစေမှာဖြစ်ပါတယ်။ဘောပင်ပုံစံ The MasSpec Pen ဟာ စစ်ဆေးမယ့်တစ်ရှူးက ကင်ဆာဖြစ်မဖြစ်ကို အချိန်နဲ့တပြေးညီစစ်ဆေးနိုင်ပြီး ၁၀ စက္ကန့်အတွင်း အဖြေရရှိနိုင်တဲ့ ကိရိယာငယ်ဖြစ်ပါတယ်။ဒီကိရိယာကြောင့် အကျိတ်ဘေးတဝိုက်က ကင်ဆာဆဲလ်တွေအားလုံးကို ခွဲစိတ်ဖယ်ရှားနိုင်ဖို့ ပိုလွယ်ကူစေလိမ့်မယ်လို့University of Texas မှ လက်ထောက်ပါမောက္ခ သုတေသီLivia Eberlin ကပြောပါတယ်။အထူးသဖြင့် ရင်သားကင်ဆာ၊ မုန့်ချိုအိတ်ကင်ဆာ၊ ဦးနှောက်ကင်ဆာတို့ဟာ ပုံမှန်တစ်ရှူးတဝိုက်ကို ပျံ့နှံ့ရောက်ရှိတတ်ကြပါတယ်။ ဒီအချိန်မျိုးမှာ ခွဲစိတ်ဆရာဝန်တွေအတွက်တော့ ကင်ဆာဆဲလ်တွေက ပုံမှန်တစ်ရှူးနဲ့ ဆင်တူနေတာကြောင့် မျက်စိအမြင်တစ်ခုတည်းနဲ့ အရမ်းကို ခွဲခြားဖယ်ရှားရခက် တယ်လို့သူကပြောပါတယ်။လက်ရှိမှာ ကိရိယာသစ်ရဲ့ရလဒ်တိကျမှန်ကန်မှုကတော့ ၉၆ ရာခိုင်နှုန်းကျော်တယ်လို့ စမ်းသပ်စစ်ဆေးမှုတွေအရဖော်ပြခဲ့ပါတယ်။အခုအသုံးပြုနေတဲ့နည်းလမ်းမှာဆို ကင်ဆာခွဲစိတ်ဆရာဝန်တွေက ခွဲစိတ်မှုအတွင်း အကျိတ်တွေအားလုံးဖယ်ထုတ်ပြီးမပြီးသေချာစေဖို့ တစ်ရှူးနမူနာတွေကိုဆေးရုံတွင်းဓါတ်ခွဲခန်းတွေဆီပေးပို့ရပါတယ်။ စစ်ဆေးမှုက အလွန်ဆုံး အချိန်နာရီဝက်လောက်ကြာမြင့်တတ်ပြီး ရလဒ်မသိရမီအချိန်အတွင်းမှာ လူနာကိုခွဲခန်းကုတင်မှာမေ့ဆေးပေးထားရတာဖြစ်ပါတယ်။တခါသုံးဖြစ်တဲ့ ကိရိယာသစ်မှာပါးလွှာတဲ့ပြွန်ငယ်တစ်ခုကို mass spectrometer တစ်ခုနဲ့ချိတ်ဆက်ထားပြီးmass spectrometer က ဓါတုမော်လီကျူးတွေနဲ့မော်လီကျူးအစုတွေကို ခွဲခြမ်းစိတ်ဖြာစစ်ဆေးတာဖြစ်ပါတယ်။ဆရာဝန်တွေက ခွဲခန်းထဲမှာ လူနာရဲ့ခန္ဓါကိုယ်တစ်ရှူးပေါ်မှာ ကိရိယာထိပ်ကို တင်လိုက်တဲ့အခါ ကိရိယာကရေစက်လေးတစ်စက် အမြန်ထွက်လာပြီး ချက်ချင်းကိုပြန်စုပ်ယူသွားတာဖြစ်ပါတယ်။ရေစက်လေးက တစ်ရှူးပေါ်မှာ ၃ စက္ကန့်သာတင်ခဲ့ပါတယ်။ ဒီအချိန်လေးအတွင်းမှာပဲရေစက်လေးက တစ်ရှူးဆီကနေမော်လီကျူးတွေကို စုပ်ယူသွားခဲ့တာပါ။မော်လီကျူးအများစုကရေမှာပျော်ဝင်လွယ်တာကြောင့် ကိရိယာက လွယ်လွယ်လေးနဲ့မော်လီကျူးတွေရရှိသွားပြီးmass spectrometer ဆီကို ရောက်ရှိသွားပါတယ်။mass spectrometer ကမှမော်လီကျူးတွေ ပုံမှန်ဖြစ်မဖြစ်၊ ကင်ဆာဖြစ်မဖြစ်ကို ဆုံးဖြတ်ပေးတာဖြစ်ပါတယ်။“ကင်ဆာတစ်ရှူးတွေနဲ့ ပုံမှန်တစ်ရှူးတွေက အရမ်းကို ကွာခြားတဲ့မော်လီကျူးဖွဲ့စည်းပုံတွေရှိကြတယ်” Eberlin ကဆိုပါတယ်။ကိရိယာကစစ်ဆေးပြီးသွားတဲ့အခါ ( ၁၀စက္ကန့်အကြာ) ပုံမှန်(Normal) သို့မဟုတ် ကင်ဆာ (Cancer) လို့ ကိရိယာနဲ့ချိတ်ဆက်ထားတဲ့ကွန်ပျူတာမျက်နှာပြင်မှာပေါ်လာပါတယ်။လူတွေရဲ့လက်ဗွေရာလိုမျိုး ကင်ဆာရောဂါတိုင်းမှာလည်း တခုနဲ့တခုမတူတဲ့ သီးခြားဇီဝပြယုဂ်တွေရှိတာကြောင့် The MasSpec Pen က ကင်ဆာအမျိုးအစားနဲ့ အမျိုးအစားခွဲတွေကိုပါ ခွဲခြားဖော်ပြနိုင်တယ်လို့ သုတေသီတွေကပြောပါတယ်။အခုတော့ ကိရိယာကို ထပ်အဆင့်မြှင့်တင်ဖို့ လုပ်ဆောင်လျက်ရှိပြီး လာမယ့်နှစ်အစောပိုင်းမှာ ခွဲစိတ်ကုသမှုတွေအတွင်း စတင်အသုံးပြုနိုင်ဖို့ မှန်းထားတယ်လို့ သိရပါတယ်။ အဲဒီနောက်မှဈေးကွက်ထဲဖြန့်ချိမှာဖြစ်ပါတယ်။ဒီလေ့လာမှုမှာ ကိရိယာရဲ့အဖြေတိကျမှုကိုသိရှိနိုင်ဖို့ ရင်သားကင်ဆာ၊ သိုင်းရွိုက်၊ အဆုတ်နဲ့ မျိုးဥအိမ်ကင်ဆာတို့ရဲ့ နမူနာတွေကိုအသုံးပြု စမ်းသပ်ခဲ့ပါတယ်။“အတည်ပြုဖို့ ခက်ခဲတယ်လို့ နာမည်ကြီးတဲ့ အစာအိမ်ကင်ဆာ၊ သည်းခြေပြွန်ကင်ဆာ၊အူမကြီးကင်ဆာ၊ ပန်ကရိယာကင်ဆာတို့ရဲ့ အကျိတ်တွေအတွက် တိတိကျကျ ရလဒ်ထုတ်ပေးနိုင်ရင် ပိုကောင်းမှာပါ” လို့ နယူးယောက်မြို့Northwell Health Cancer Institute မှဒေါက်တာGary Deutsch ကပြောပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/health-news/%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac%e1%80%a1%e1%80%80%e1%80%ba%e1%80%ad%e1%80%90%e1%80%b9%e1%80%86%e1%80%b2%e1%80%9c%e1%80%b9%e1%80%b1%e1%80%90%e1%80%bc%e1%80%80%e1%80%ad%e1%80%af-%e1%80%85/
လေဖြတ် ကာကွယ်ဆေး ထိုးကြမလား
လေဖြတ် ရောဂါကို ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရတယ်ဆိုတာ ကြားဖူးပါလား။ ပတ်ဝန်းကျင်မှာရော သူများတွေသွားထိုးတာကို မြင်ဖူးပါလား။သွေးတိုးရောဂါရှိနေတာ လေမဖြတ်အောင် ကာကွယ်ဆေးသွားထိုးပါလားလို့ အပြောခံဘူးလား။ တကယ်ပဲ ကာကွယ်လို့ရတယ်လို့ထင်ပါလား။တစ်ခါတစ်ခါ သိန်းချီပေးပြီးထိုးနေရတဲ့ ဒီကာကွယ်ဆေးတွေက တကယ်ပဲ မကာကွယ်နိုင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ ဘယ်လိုပဲဖြစ်ဖြစ် အဖြစ်များတဲ့၊ အသက်အန္တရာယ်ရှိတဲ့ လေဖြတ် ရောဂါကို ကာကွယ်ချင်တာ လူတိုင်းရဲ့ ဆန္ဒပါ။ ဒါပေမယ့် တကယ့်ကာကွယ်နည်းက သက်သက်ရှိနေပါတယ်။ ဒါဘာလဲဆိုတာ ဆက်ကြည့်ရအောင်။လေဖြတ် တယ်ဆိုတာ ဦးနှောက်ကို သွေးကောင်းကောင်းမရောက်လို့ ဦးနှောက်သားပုပ်သွားတာပါ။သွေးကြောပေါက်လို့ ဖြစ်နိုင်သလို၊သွေးခဲပိတ်လို့လည်း ဖြစ်နိုင်ပါတယ်။ အသက်အန္တရာယ်မထိခိုက်ရင်တောင်မှ အားလုံးသိတဲ့အတိုင်း လူက အကောင်းအတိုင်းပြန်ဖြစ်ဖို့ တော်တော်အချိန်ယူရမှာပါ။ခုပတ်ဝန်းကျင်မှာ ထိုးထိုးနေကြတဲ့ လေဖြတ်ကာကွယ်ဆေးဆိုတာ တကယ်တော့ အလွယ်ပြောရရင် ဦးနှောက်အားဖြည့်ဆေးလို့ပြောလို့ရပါတယ်။ တချို့ကအတက်ကျဆေးတွေ၊ မှတ်ဉာဏ်မေ့တာကို ကုသတဲ့ ဆေးတွေပါ။ အများဆုံးသုံးကြတာတော့။Citicoline။Citicolineဆိုတာ ဦးနှောက်မှာ ပုံမှန်လည်း ရှိနေတဲ့ ဓာတ်တစ်မျိုးပါ။ စားဆေးရော၊ ထိုးဆေးရောလာပါတယ်။ သူက မှတ်ဉာဏ်ချို့တဲ့တာ၊ပါကင်ဆန်ရောဂါ၊အယ်ဇိုင်းမားရောဂါ၊ မျက်စိတိမ်စွဲတာတွေမှာသုံးပါတယ်။ သူ့ကို dietary supplement (ဖြည့်စွက်စာ)အနေနဲ့ သုံးပါတယ်။ အလွယ်ပြောရရင် ဦးနှောက်အားဆေးပေါ့။ အသက်ကြီးတဲ့သူတွေမှာ ဒီဓာတ်နည်းတယ်လို့ ယူဆတဲ့အတွက် ဖြည့်စွက်စာအနေနဲ့ ပေးကြတာပါ။ လေဖြတ်တဲ့နေရာမှာ မသုံးဘူးလားဆိုတော့ လေဖြတ်ပြီးလို့ မြန်မြန်သက်သာလာစေဖို့အတွက်တော့ သုံးကြပါတယ်။ ဒါပေမယ့် သူက လေဖြတ်တာကို ကုသတဲ့နေရာမှာ အဓိကဆေးမဟုတ်သလို လေဖြတ်တာကိုလည်း မကာကွယ်နိုင်ပါဘူး။Piracetam။Piracetamဆိုတာ အလွယ်ပြောရရင် အာရုံကြောဆေးပါပဲ။ ဘယ်မှာသုံးလဲဆိုတော့ ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေကောင်းဖို့၊ ဆဲလ်တွေကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ သုံးတာပါ။နောက်ပြီး စာရေးစာဖတ်ခက်ခဲတဲ့ရောဂါ၊ အတက်ရောဂါတွေ၊ မှတ်ဉာဏ်ချို့တဲ့တဲ့ရောဂါနဲ့ အယ်လ်ဇိုင်းမားရောဂါတွေမှာလည်းသုံးပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် လေဖြတ်ရောဂါအတွက် ဒီဆေးက ဘာမှမလုပ်ပေးနိုင်ဘူးဆိုတာတွေ့ရမှာပါ။Cerebrolysin။Cerebrolysinဆိုတာလည် အလွယ်ပြောရရင်ဦးနှောက်အားတိုးဆေးပဲဖြစ်ပြီး အမိုင်နိုအက်စစ်နဲ့ ပရိုတင်းတွေပါဝင်ပါတယ်။ သူက ဦးခေါင်းဒဏ်ရာရပြီးတဲ့ နောက်မှာ မြန်မြန်နာလန်ထူအောင်၊ မှတ်ဉာဏ်ချို့တဲ့တာသက်သာအောင် (ဒါကလည်း,သေချာသက်သေမပြရသေးပါဘူး။)၊ အယ်လ်ဇိုင်းမားရောဂါသက်သာအောင်ဆိုပြီး သုံးကြတာပါ။ နောက်ပြီး လေဖြတ်ပြီးတဲ့သူတွေမှာ မြန်မြန်နာလန်ထူအောင် ထောက်ပံ့တဲ့အနေနဲ့ သုံးကြတာပါ။ ကုသတဲ့နေရာမှာရော၊ ကာကွယ်တဲ့နေရာမှာရော သုံးလို့မရပါဘူး။အောက်ကနည်းလမ်းတွေက လေဖြတ်တာကို လုံးဝကြီးမဟုတ်တောင် တော်တော်ကြီးကာကွယ်နိုင်ပါတယ်။ အဲ့တာတွေကတော့။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/stroke-and-aneurysm/stroke-vaccine/
လိင်တံပျော့ခြင်းရောဂါကို ဖြေရှင်းပေးနိုင်တဲ့ အစားအစာများ
ဆေးတွေ၊ လိင်တံပြွန်တွေ၊ ခွဲစိတ်မှုတွေက အမျိုးသားလိင်တံပျော့ခြင်းကို အထိုက်အလျောက် သက်သာစေနိုင်တယ်ဆိုတာ စာဖတ်သူတို့ သိကြမှာပါ။ ဒါဖြင့်ရင် အစားအစာတွေကရော အမျိုးသားလိင်တံပျော့ခြင်း အပေါ် သက်ရောက်မှုရှိသလား။ အဖြေကိုပြောရမယ်ဆိုရင်တော့ အစားအစာတွေကလည်း လိင်တံပျော့ခြင်းဆိုင်ရာ ပြဿနာ Erectile dysfunction (ED) ကို သက်သာစေနိုင်ပါတယ်။ အခုဒီဆောင်းပါးမှာတော့ Hello ဆရာဝန် ပရိတ်သတ်ကြီးအတွက် လိင်တံ ပျော့ခြင်းရောဂါကို ဖြေရှင်းပေးနိုင်တဲ့ အစားအစာများ ကို ဖော်ပြလိုက်ပါတယ်။လိင်တံပျော့ခြင်းရောဂါကို ဖြေရှင်းပေးနိုင်တဲ့ အစားအစာများ ကတော့။၁။ ဖရဲသီး။လိင်တံပျော့ခြင်းကို ကုသပေးနေတဲ့ ဆေးတွေမှာ ပါဝင်တဲ့ ဒြပ်ပေါင်းကဖရဲသီးတွေမှာလည်း ပါဝင်ပါတယ်။ ဒါ့အပြင် ဖရဲသီးဟာ အမျိုးသားတွေရဲ့ လိင်စိတ်ဆန္ဒပြင်းပြခြင်းကို အရှိန်မြှင့်တင်ပေးနိုင်တယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။ ဖရဲသီးမှာ ရေဓာတ်အများဆုံးပါဝင်တဲ့အပြင် lycopene လို့ခေါ်တဲ့ အနီရောင်ခြယ်ပစ္စည်းဟာ နှလုံး၊ ပရော့စတိတ် (သုက်ရည်ဂလင်း) နဲ့ အရေပြားတို့အတွက် ကောင်းကျိုးဖြစ်စေပါတယ်။၂။ ကမာကောင်။အခွံမာ ရေနေသတ္တဝါတစ်မျိုးဖြစ်တဲ့ ကမာကောင်တွေဟာ သင့်ရဲ့ တက်စတိုစတီရုန်း (testosterone) ဟော်မုန်းပမာဏကို မြှင့်တက်စေနိုင်ပြီးလိင်စိတ်ဆန္ဒကို တိုးမြှင့်စေပါတယ်။ ဒါ့အပြင် ကမာကောင်တွေမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Zinc ဓာတ်လည်း ပါဝင်ပါသေးတယ်။၃။ ကော်ဖီ။မနက်ခင်းမှာကော်ဖီတစ်ခွက်သောက်သုံးလိုက်ခြင်းဟာ စိတ်ကျေနပ်ဖွယ်ကောင်းရုံသာမကဘဲ သင့်ရဲ့ လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကိုလည်း အရှိန်မြှင့်တင်စေနိုင်ပါတယ်။ တစ်နေ့ကို ကော်ဖီ ၂ ခွက်ကနေ ၃ ခွက် ကြားသောက်သုံးတဲ့ အမျိုးသားတွေဟာ လိင်တံပျော့ခြင်းပြဿနာ (Erectile dysfunction (ED)) ဖြစ်ခြင်း နည်းပါးတယ်လို့ လေ့လာချက်တစ်ခုက ဆိုပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ကဖင်းဓာတ်က သွေးလည်ပတ်မှုနှုန်းကို အားကောင်းစေတဲ့ အတွက်ဖြစ်ပါတယ်။၄။ ချောကလက် အနက်။တစ်ပတ်ကိုချောကလက်အောင်စ အနည်းငယ်စားသုံးပေးခြင်းက သင့်ရဲ့ နှလုံးနဲ့ တခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေရဲ့ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ချောကလက်မှာပါဝင်တဲ့ ဖလေဗန်နောလ် (Flavanol)က သွေးကြော ကျန်းမာရေးကို ကောင်းမွန်စေပြီး သွေးဖိအားကိုလည်း လျော့ကျစေပါတယ်။ဒါ့အပြင် ဒီ ဖလေဗန်နောလ် (Flavanol)ဟာ လိင်တံထောင်မတ်ခြင်းကို ဖြစ်စေနိုင်တဲ့ နိုက်ထရစ်အောက်ဆိုဒ် ဓာတ်ပေါင်း ထွက်ရှိဖို့လည်း ကူညီပေးနိုင်ပါတယ်။၅။ အခွံမာသီး။အခွံမာသီး အမျိုးအစားတွေထဲမှာ ဟေဇဲလ်သီး၊ သစ်ကြားသီး၊ မြေပဲနဲ့ ဝက်သစ်ချသီးတို့ပါဝင်ပါတယ်။ အခွံမာသီးတွေမှာ arginine လို့ခေါ်တဲ့ နိုက်ထရစ် အောက်ဆိုဒ်ထွက်ရှိစေဖို့ ကူညီပေးနိုင်တဲ့ အမိုင်နို အက်ဆစ်တွေပါဝင်ပါတယ်။ဒါ့အပြင် အခွံမာသီးတွေမှာ ဗီတာမင် E၊ ဗီတာမင် B အုပ်စုဝင် ဖောလစ် အက်ဆစ်နဲ့ အမျှင်ဓာတ်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါပေမဲ့ အခွံမာသီးတွေမှာ ကယ်လိုရီဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့အတွက် တရားလွန် မစားသုံးသင့်ပါဘူး။၆။ စပျစ်သီးဝိုင်။သင်ဟာ စပျစ်ဝိုင် ကို နဂိုကတည်းက ကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်ရင်တော့ ဒါက သတင်းကောင်းတစ်ခုပါ။ စပျစ်ဝိုင်မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ သင့်ခန္ဓာကိုယ်တွင်း နိုက်ထရစ်အောက်ဆိုဒ် ပမာဏ ကိုတိုးမြှင့်ပေးနိုင်ပါတယ်။စပျစ်ဝိုင်ကို မကြိုက်နှစ်သက်ဘူးဆိုရင်လည်းစပျစ်သီးနဲ့ ပါဝင်ပစ္စည်းတွေ တူညီတဲ့ သလဲသီးဖျော်ရည်ကို သောက်သုံးနိုင်ပါတယ်။၇။ ကြက်သွန်ဖြူ။အနံ့ပြင်းလွန်းတဲ့ ကြက်သွန်ဖြူတွေဟာ သင့်ရဲ့ သွေးကြောအတွက် အဓိက အထောက်အပံ့ဖြစ်စေတဲ့ အရာတစ်ခုပါ။ သွေးလွှတ်ကြောတွေမှာ ချိုးများ ဖြစ်ပေါ်တဲ့အခါ သွေးစီးဆင်းမှုကို ပိတ်ဆို့စေနိုင်ပါတယ်။ ဒီလို သွေးကြော ကောင်းကောင်းမစီးဆင်းတဲ့အခါ သင့်ရဲ့ လိင်မှုကိစ္စ ကိုလည်း ထိခိုက်နိုင်ပါတယ်။ ဒါပေမဲ့ ကြက်သွန်ဖြူကို စားသုံးပေးမယ်ဆိုရင် သင့်ရဲ့ သွေးလွှတ်ကြောတွေရဲ့ ကျန်းမာရေးကို ကောင်းမွန်စေပြီး သွေးစီးဆင်းမှု အားကောင်းစေပါတယ်။၈။ ငါး။ဆယ်လမွန်နဲ့ တခြားသော အဆီကြွယ်ဝတဲ့ ငါးတွေဟာ အိုမီဂါ ၃ အက်ဆစ်တွေ အများအပြားဝင်တဲ့ ငါးတွေပါ။ အိုမီဂါ ၃ အက်ဆစ်ဟာ သင့်ခန္ဓာကိုယ်တွင်း နိုက်ထရစ် အောက်ဆိုဒ်ဓာတ်ထုတ်လုပ်မှုကို တိုးမြှင့်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဒီအက်ဆစ်တွေဟာ သွေးဖိအားကို လျော့ကျစေပြီး နှလုံးဖောက်ပြန်မှုနဲ့ သွေးကြောခဲခြင်းများကိုလည်း ကာကွယ်ပေးပါတယ်။ကျန်းမာလိုသူတစ်ယောက်အနေနဲ့ တစ်ပတ်ကို ဆယ်လမွန်ငါး ၈ အောင်စခန့်စားသုံးပေးသင့်ပါတယ်။  ဆယ်လမွန်ငါး စားသုံးဖို့ မလွယ်ကူဘူးဆိုရင်လည်း ငါးသေတ္တာငါး၊ တူနာငါး နဲ့ မက်ကရယ်ငါးတို့ စားသုံးပေးနိုင်ပါတယ်။၉။ ဟင်းသီး သစ်ရွက်များ။ကိုက်လန်လို အရွက်မျိုးဟာ နိုက်ထရစ် အောက်ဆိုဒ်ပမာဏကို များပြားစေနိုင်ပါတယ်။ ကိုယ့်ရဲ့ လိင်မှု ကျန်းမာရေး ကောင်းမွန်ရုံသာ မကဘဲ ခန္ဓာကိုယ်အတွက် အရေးပါ အာဟာရဓာတ်တွေ ဖြစ်တဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေနဲ့ အိုမီဂါ ၃ အက်ဆစ်တို့ပါ ဖြည့်စွက်ပေးနိုင်ပါတယ်။၁၀။ ငရုတ်သီးများ။ငရုတ်သီးတောင့်များဟာ သင့်ရဲ့ လိင်မှုကိစ္စပိုင်းဆိုင်ရာ စွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။ ငရုတ်သီးအမျိုးအစားအမျိုးမျိုးမှာ ပါဝင်တဲ့ အပူဓာတ်ဟာ သွေးလည်ပတ်မှု ကောင်းစေပါတယ်။ ဒါကြောင့် နှလုံးနဲ့ တခြားအင်္ဂါတွေဖြစ်တဲ့ လိင်အင်္ဂါတို့ ထံသို့ သွေးကြောများ လွယ်ကူစွာ စီးဆင်းစေပါတယ်။ ဒါ့အပြင် ငရုတ်သီးတွေဟာ သွေးဖိအားနဲ့ ကိုလက်စထရော ပမာဏကို ကျဆင်းစေပြီး သွေးခဲခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။၁၁။ သံလွင်ဆီ။သံလွင်ဆီတွေဟာ သင့်ရဲ့ ခန္ဓာကိုယ်ကို တက်စတို စတီရုန်း (testosterone) ဟော်မုန်းတွေ ပိုထွက်စေပါတယ်။ ဒါ့အပြင် သံလွင်ဆီနဲ့ အခွံမာသီးတွေမှာပါဝင်တဲ့ monounsaturated အဆီဟာ မကောင်းတဲ့ ကိုလက်စထရောတွေကို ရှင်းလင်းပေးနိုင်ပါတယ်။ ဓာတုပစ္စည်းတွေနဲ့ မထုတ်လုပ်ထားတဲ့ သံလွင်ဆီတွေမှာမှ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အန်တီအောက်ဆီဒန့် (antioxidants) ဓာတ်တွေ အပြည့်အဝ ပါဝင်တာ ဖြစ်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/erectile-dysfunction/foods-for-erectile-dysfunction/
ပါးစပ်အရမ်းပူစပ်နေရင် အမြန်ဆုံးသက်သာအောင် ဘယ်လိုလုပ်မလဲ
ပါးစပ်အရမ်းပူစပ်နေရင် အမြန်ဆုံးသက်သာအောင် ဘယ်လိုလုပ်မလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။အပူအစပ်စာတွေကို လူအတော်များများက ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမယ့် လူတိုင်းမှာ လက်ခံနိုင်စွမ်းတဲ့ အတိုင်းအတာသတ်မှတ်ချက်တော့ ရှိကြတာပါပဲ။တခါတလေ ကျရင်တော့ ကိုယ်စားနိုင်တာထက် ပိုများတဲ့ အပူအစပ်တွေ၊Spicy foodတွေကို စားမိသွားတယ်ဆိုပါစို့။ မျက်ရည်ကျမလောက် ခံစားသွားရတယ် မဟုတ်လား။ ပါးစပ်တစ်ခုလုံး ပူလောင်စပ်လာပြီး နှုတ်ခမ်း၊ လျှာနဲ့ အာခေါင် တစ်ခုလုံးဟာလည်း မထိကပ်နိုင်တော့လောက်အောင်ကို စပ်နေတော့မှာပါ။ဒီလိုဝေဒနာမျိုး ကြုံလာရရင် ဘယ်ပုံ ဘယ်နည်းနဲ့ သက်သာအောင် လုပ်ကြမလဲ။ အမြန်ဆုံးနည်းလမ်းနဲ့ပေါ့။ မြန်မြန်သက်သာအောင်လုပ်နိုင်လေလေ ဝေဒနာခံစားရတာ နည်းလေလေမဟုတ်လား။ဒါကြောင့်မာလာရှမ်းကောတို့၊ Extreme Spicy ခေါက်ဆွဲပြုတ်တို့၊ ရခိုင်ငါးပိထောင်းတို့၊ ဝါဆာဘိတို့လို အရမ်းပူတာစပ်တာတွေစားမိပြီးချိန်မှာ အဲ့ဒီလို ပူနေစပ်နေတာတွေ သက်သာစေနိုင်မယ့် အလွယ်ဆုံးနဲ့ အမြန်ဆုံး နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။ပါးစပ်အရမ်းပူစပ်နေရင် အမြန်ဆုံးသက်သာအောင် ဘယ်လိုလုပ်မလဲ ဆိုရင်တော့။၁။ နို့။အံ့အားသင့်စရာ ကောင်းလောက်အောင်ကို ထိရောက်ပါတယ်။ နွားနို့ ဒါမှမဟုတ် ဒိန်ချဉ် အေးအေးလေးကို ငုံပေးတာ၊ ဒါမှမဟုတ် ဖြည်းဖြည်းချင်း မျိုချတာမျိုးက ပူနေ စပ်နေတာကို အလျှင်အမြန်သက်သာစေပါလိမ့်မယ်။၂။ သကြား သို့ပျားရည်။အချိုဓာတ်က အစပ်ကို သက်သာစေနိုင်ပါတယ်။ သကြား တစ်ငုံစာလောက် ဒါမှမဟုတ် ပျားရည် တစ်ဇွန်းလောက်ကို လျှာပေါ် တင်ထားတာမျိုးက သင်ခံစားနေရတဲ့ ဝေဒနာကို ခပ်မြန်မြန်လေး သက်သာစေမှာပါ။၃။ ကစီဓာတ်။ကစီဓာတ် ပါဝင်တဲ့ အစာတွေဖြစ်တဲ့ ဂျုံမှုန့်တို့ ဆန်တို့ ကလည်း အစပ် သက်သာစေဖို့ ကူညီနိုင်ပါတယ်။ သူတို့က စပ်တဲ့ဓာတ်သဘောတွေကို စုပ်ယူသွားမှာပါ။ ဂျုံမှုန့်တွေ၊ ဆန်တွေကို ငုံထားပေးတာမျိုး လုပ်လို့ရပါတယ်။၄။ ခရမ်းချဉ်သီးနဲ့ သံပုရာမျိုးနွယ်များ။အံ့သြနေကြ မလား။ စပ်နေပါတယ် ဆိုမှ ဒီလိုအချဉ်တွေ ပါးစပ်ထဲ ထည့်ရင် ပိုစပ်ကုန်မယ်လို့ ထင်သွားကြမယ် ထင်ပါတယ်။ တကယ်တော့ ဆန့်ကျင်ဘက် ပါပဲ။ ခရမ်းချဉ်သီး အစိတ်လေးတွေ ဒါမှမဟုတ် သံပုရာ၊ လိမ္မော်၊ နာနတ်စတဲ့ ဖျော်ရည်တွေဟာ သင့်ကို ပူတဲ့စပ်တဲ့ ဝေဒနာခံစားနေရတာကနေ လျော့ပါးစေမှာပါ။၅။အုန်းရည်။အုန်းရည် ချိုမြမြကလည်း သင့်ရဲ့ မခံမရပ်နိုင်အောင် ပူစပ်နေတဲ့ အာခေါင်ကို အေးမြသွားစေနိုင်ပါတယ်။၆။ ရေခဲမုန့်။အေးမြပြီး ချိုမြိန်တဲ့ ရေခဲမုန့်ဟာ သင့်ရဲ့ ဝေဒနာတွေကို လျော့ပါးစေမယ် ဆိုတာ သေချာပါတယ်။ အများကြီး စားရင်တော့ ချောင်းဆိုးနိုင်တာမို့ သတိထားပါ။၇။Mint။Mint ပါဝင်တဲ့ ပူရှိန်းပြားလေးတွေကိုလည်း ပါးစပ် ပူစပ်နေရင် အသုံးပြုနိုင်ပါတယ်။ သူတို့ကလည်း အာခံတွင်းကို အေးမြစေနိုင်တာမို့ပါ။ရေသောက်လို့ ရပါတယ်။ ရေက သဘာဝ နည်းလမ်းကောင်း တစ်ခုပါ။ ဒါပေမယ့် များများတော့ သောက်ဖို့ လိုအပ်ပါတယ်။ ချက်ချင်းတော့ မသက်သာနိုင်ပါဘူး။ ခပ်မြန်မြန် သက်သာချင်တာ ဆိုရင်တော့ အပေါ်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်းတွေကို အသုံးပြုတာက ပိုသင့်လျော်မှာ ဖြစ်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/the-best-ways-to-cool-a-burning-mouth-after-eating-spicy-foods/
ချွေးထွက်များခြင်း ဟာ ဘယ်လိုကျန်းမာရေးပြဿနာကြောင့် ဖြစ်နိုင်သလဲ
ချွေးထွက်ခြင်းဟာ နေ့စဉ်ဘဝမှာ သာမန် ဖြစ်ပျက်မှု တစ်ခုပါ။ ဒါပေမယ့် ချွေးထွက် များပြီ ဆိုရင်တော့ တစ်မျိုး ဖြစ်လာပြီပေါ့။ ချွေးထွက်များခြင်း က ကျန်းမာရေး အခြေအနေ တစ်စုံတစ်ခုကြောင့် ဖြစ်နိုင်ပါတယ်။ ချွေးထွက်များခြင်း ဟာ ဘယ်လို ကျန်းမာရေး ပြဿနာကြောင့် ဖြစ်နိုင်သလဲ ဆိုတာကို လေ့လာလိုက်ရအောင်လား။ချွေးထွက် များတယ် ဆိုတာ လိုတာထက် ချွေးပိုထွက်ခြင်း ဖြစ်ပါတယ်။ ချွေးထွက်ခြင်းဟာ ခန္ဓာကိုယ်ကို အေးစေခြင်းဖြင့်အပူလွန်ခြင်းမှ ကာကွယ်ပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်က အေးနေချိန် သာမန်လူထက် ပိုပြီး ချွေးထွက်နေရင် ပြဿနာ ဖြစ်ပါတယ်။ ချွေးထွက်များတတ်တဲ့ လူတွေဟာ ခြေဖဝါး၊ လက်ဖဝါး၊ လက်မောင်းအောက် နဲ့ ခေါင်းတွေလို တစ်နေရာ မက ချွေးထွက်များလေ့ ရှိတယ်။ ဒါမှမဟုတ် တခြား တစ်ကိုယ်လုံး ခြောက်သွေ့နိုင်ချိန်မှာ တစ်နေရာထဲကပဲ ချွေးများနဲ့  ရွှဲရွှဲစိုနေတာလည်း ဖြစ်နိုင်ပါတယ်။ဒီလို လူတွေမှာ နေ့စဉ် သာမန် လှုပ်ရှားမှုတွေကတောင် ချွေးထွက် များခြင်းကို ဖြစ်စေနိုင်ပါတယ်။ လက်တွေမှာ ချွေးထွက်လွန်ပြီး ဘောပင်၊ စာအုပ်ကိုင်ရန် ခဲယဉ်းတာမျိုး၊ ကားမောင်းဖို့ ခက်လာတာမျိုး ဖြစ်နိုင်ပါတယ်။ လက်မောင်းအောက်တွေမှာ ချွေးထွက်များခြင်းက အဝတ်အစားတွေကို စိုစေပြီး ရှက်စရာ ချွေးကွက်တွေလည်း ပေါ်လာစေပါတယ်။ အရေပြား စိုစွတ်နေမှုကြောင့်အရေပြားကို အလွယ်တကူလည်း ရောဂါဝင်နိုင်ခြေရှိပါတယ်။ချွေးထွက် များခြင်း ဖြစ်ရတဲ့ အကြောင်းရင်း နှစ်မျိုး ရှိပါတယ်။Primary Hyperhidrosis(အကြောင်းမဲ့ ချွေးထွက်များခြင်း)။ပထမ တစ်မျိုးဟာ အကြောင်းအရင်း တိတိကျကျ မရှိဘဲ ချွေးထွက်များတာမျိုး ဖြစ်ပါတယ်။ ဘယ်လို ဖြစ်လာသလဲ မသေချာပေမယ့် အာရုံကြော ပြဿနာကြောင့်လို့ ယူဆကြပါတယ်။ ဒါဟာ မျိုးရိုးဗီဇနဲ့လည်း သက်ဆိုင်နေနိုင်တယ်။Secondary Hyperhidrosis (အကြောင်းရင်း တစ်ခုခုကြောင့် ချွေးထွက်များခြင်း)။ဒုတိယ တစ်မျိုး ကတော့ အကြောင်းအရင်း ရှာလို့ရတဲ့ ချွေးထွက် များခြင်းမျိုး ဖြစ်ပါတယ်။ အကြောင်းအရင်း အမျိုးမျိုး ရှိနိုင်ပါတယ်။ဒုတိယ တစ်မျိုးက ပထမ တစ်မျိုးထက် ပိုရုတ်တရက် ဖြစ်တတ်ပြီး တစ်ကိုယ်လုံးမှာ ဖြစ်တတ်ပါတယ်။ တကယ်လို့ ချွေးထွက် များခြင်း ခံစားရတယ်ဆိုရင် ပိုမို သိရှိနိုင်စေဖို့ ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေး ကြည့်သင့်ပါတယ်။ရေးသားသူ- Dr Aye Myat Myat Noe။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/symptoms/causes-of-hyperhidrosis/
မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ လည်ချောင်းနာ တာနဲ့ ချောင်းဆိုးတာကို ဖြစ်စေတဲ့ အကြောင်းအရင်းများ
မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ လည်ချောင်းနာ တာနဲ့ ချောင်းဆိုးတာကို ဖြစ်စေတဲ့ အကြောင်းအရင်းများ အကြောင်း သိပြီးပြီလား! အစိုးမရတဲ့ ပူလိုက်အေးလိုက်မိုးရွာလိုက်ဖြစ်နေတဲ့ ရာသီဥတုဒဏ်အောက်မှာ အမှုမဲ့အမှတ်မဲ့ လှုပ်ရှားသွားလာရင်းကခေါင်းကိုက်သလို၊ ခြေလက်တွေကိုက်ခဲသလို၊လည်ချောင်းထဲက နာသလိုတွေ ဖြစ်ဖူးလား။ တစ်ခါတလေများဆိုရင် နှာစေး၊ နှာပိတ်၊ ချောင်းဆိုးတာတွေတောင် ဖြစ်တတ်ပါသေးတယ်။ခန္ဓာကိုယ်က ကျန်းမာနေပေမယ့် ညဘက်လေးအိပ်ရေးပျက်ရင်တောင် တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ရာမှာ အခက်တွေ့တတ်တယ်ဆိုတော့ နေထိုင်မကောင်းတဲ့အခါမျိုးဆိုရင် တော်တော်လေးစိတ်အနှောင့်အယှက်ဖြစ်စရာပါ။ အခုပြောခဲ့တာတွေ အထူးသဖြင့် လည်ချောင်းနာ ပြီဆိုရင်က နေထိုင်မကောင်းဖြစ်တော့မယ်ဆိုတာရဲ့ ရှေ့ပြေးဖြစ်ပါတယ်။ ဒီလိုပြဿနာတွေကြောင့်တစ်နေ့တာလုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ရာမှာ အနှောင့်အယှက်မဖြစ်ချင်သူတွေအတွက် ဒီဆောင်းပါးလေးကနေတဆင့် သတင်းကောင်းပါးပါရစေ။လည်ချောင်းနာ တာကို ဖြစ်စေတဲ့အကြောင်းအရင်းက တစ်ခုမက ဖြစ်နိုင်ပါတယ်။ လည်ချောင်းနာတာကို အများဆုံးဖြစ်စေတဲ့ အချက်တွေကတော့ –။လည်ချောင်းနာတာကတော်တော်လေးတော့ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ အခြေအနေပါ။ လည်ချောင်းနာပြီဆိုရင် စားကောင်းတိုင်းလည်းမစားရသလို စကားပြောရင်ဖြစ်ဖြစ် ယုတ်စွအဆုံးတံထွေးမျိုချရင်တောင်တော်တော်လေးခက်ခဲပါတယ်။ ဒီဝေဒနာကို ထမ်းပိုးရင်း တစ်နေ့တာအလုပ်တွေကို အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ဆိုတာအတော်လေးတော့ခက်ခဲပါမယ်။ ဒီတော့ လည်ချောင်းနာတာကြောင့် တစ်နေ့တာမှာ ထိခိုက်တာတွေမဖြစ်စေဖို့ဆိုရင် ဒါလေးတွေလုပ်ကြည့်ပါ။အခုပြောခဲ့တဲ့နည်းလမ်းလေးတွေကို လုပ်ဆောင်ကြည့်ပြီး သင့်တစ်နေ့တာကို လည်ချောင်းနာ တာကြောင့် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ အနေအထားကနေ ကယ်ဆယ်လိုက်ပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/throat-conditions/common-causes-of-sore-throat-and-cough-in-myanmar/
Rose Water ကပေးတဲ့ ကျန်းမာရေး
Rose Waterလို့ပြောလိုက်ရင် လေဒီလေး တော်တော်များများကတော့ သိပြီးသားဖြစ်မှာပါ။ ဒီ Rose Water လေးကလေဒီလေးတွေသိထားသလို အသားအရေအတွက်ပဲ အသုံးဝင်တာလား။ အခြားရော ဘာတွေများ အသုံးဝင်သေးလဲဆိုတာကို သိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။Rose Water ဆိုတာက နားလည်လွယ်အောင် ပြောပြရရင် နှင်းဆီပွင့်ချပ်လေးတွေ စိမ်ထားတဲ့ အရည်တစ်မျိုးပါ။ အမွှေးနံ့သာ အနေနဲ့ အသုံးပြုကြသလိုအရေပြားကျန်းမာရေး နဲ့ အခြားသောကျန်းမာရေး ပြဿနာတွေအတွက် ဆေးဖက်ဝင်တဲ့ သဘာဝ ဖော်စပ်မှု တစ်ရပ်အနေနဲ့လည်း အသုံးပြုကြပါတယ်။နှင်းဆီပန်းကို ဆေးဖက်ဝင်တဲ့ အရာတစ်ခုအဖြစ် ရှေးယခင်ကာလတွေကတည်းက အသုံးပြုလာခဲ့ကြတာပါ။ ၇ ရာစုလောက်ကတည်းက အီရန် နဲ့ အခြား အရှေ့အလယ်ပိုင်း ဒေသတွေမှာ နှင်းဆီပန်းကို ဆေးဝါးဖော်စပ်မှုတွေမှာ အသုံးပြုခဲ့ကြပါတယ်။အရောင်အသွေးရော ရနံ့ပါပြည့်စုံသလို သဘာဝဖော်စပ်မှုစစ်စစ်ဖြစ်လို့ ဆေးဖြစ်ဝါးဖြစ် သောက်သုံးလို့ရတဲ့ Rose Water လေးက။အရေပြားနာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တယ်။လည်ချောင်းနာသက်သာစေတယ်။ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတယ်။နှင်းဆီ ပွင့်ချပ်တွေနဲ့ နှင်းဆီ အဆီအနှစ်တွေမှာ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့်ဆဲလ်တွေပျက်စီးတာကို ကာကွယ်ပေးနိုင်ပါတယ်။ ဆဲလ်တွေကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်တာက Rose water လေးရဲ့ အစွမ်းအာနိသင်တစ်ခုပါ။ခေါင်းကိုက်သက်သာစေတယ်။အရွယ်တင်စေနိုင်ပါတယ်။Rose water ကို မျက်နှာပေါ်ကအရေးအကြောင်းတွေသက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ရပါတယ်။ နေ့စဉ်ပုံမှန်အသားအရေမှာ လိမ်းပေးတာက အရွယ်တင်နုပျိုစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ကဲ……. အရောင်အသွေးရော အမွှေးရနံ့ပါ ပြည့်စုံတဲ့ Rose water  လေးကို သုံးရင်း ကျန်းမာရေး အာနိသင်တွေရယူလိုက်ပါ……။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/rose-water/
ညနေ ၆ နာရီနောက်ပိုင်း ဘာမှမစားရင် ဝိတ်ကျမှာလား
ကိုယ်အလေးချိန်လျှော့ချသူတွေမှာ လူသိများတဲ့ နည်းတချို့ရှိပါတယ်။ Raw until 4 ၊Ketountil 5 ၊ Vegan until 6 ၊ Dry until Fri စတာတွေပေါ့။ ဒီလိုနည်းတွေအပြင် ညနေ ၆ နာရီမတိုင်ခင် အစားအသောက်တွေမှီဝဲခိုင်းတဲ့ Before 6 ကလည်း လူသိများလှပါတယ်။ ဒါဆို ညနေ ၆ နာရီနောက်ပိုင်း ဘာမှမစားရင် ဝိတ်ကျမှာလား ဆိုတာလေး လေ့လာလိုက်ရအောင်နော်။လူတော်တော်များများပြောနေကြ စကားတချို့ရှိတယ်မဟုတ်လား။ “ဝိတ်ကျချင်ရင် ညကျရင် ဘာမှမစားနဲ့” “ညနေ ၆ နာရီ ကျော်ရင် အစာမစားရဘူး” ဆိုတာမျိုးလေ။တကယ်ရော ညဘက် ဘာမှမစားရင် ကိုယ်အလေးချိန်လျော့ကျဖို့ အထောက်အကူဖြစ်စေမှာလား။ အာဟာရဗေဒပညာရှင်တွေနဲ့ ကိုယ်အလေးချိန်လျှော့ချရေးလမ်းညွှန်သူတွေကတော့ ဒီနည်းလမ်းဟာ ထင်သလောက် အလုပ်မဖြစ်ဘူးလို့ ဆိုထားကြပါတယ်။နာမည်ကျော် အာဟာရလမ်းညွှန်စာရေးဆရာ မာ့ခ် ဘစ်တန်ကဆိုရင် ညပိုင်းမှာ အစာလျှော့စားတာက ကောင်းပေမယ့် တစ်နေကုန် ကျန်းမာရေးနဲ့ မညီညွတ်တာတွေချည်းစားနေရင် ဘာမှထူးမှာမဟုတ်ဘူးလို့ သူ့ရဲ့ စာအုပ်တစ်အုပ်မှာ ထည့်ရေးဖူးပါရဲ့။တကယ်တော့ ညအိပ်ရာမဝင်ခင်မှာ အစာမစားတာဟာ ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အိပ်ရာမဝင်ခင် ၂ နာရီလောက်ခြားပြီး အစာအစားထားရင် အဆင်ပြေပါပြီ။၆ နာရီနောက်ပိုင်းရောက်တာနဲ့ ဘာမှမစားရဘူးလို့တော့ ပုံသေသတ်မှတ်လို့မရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ လူတိုင်းဟာ နေ့တိုင်း ၆ နာရီမတိုင်ခင်မှာ ဒင်နာစားကြမှာမဟုတ်လို့ပါပဲ။ တချို့များဆို အဲ့ဒီအချိန်မှာ ရုံးအဆင်း အိမ်အပြန် ဘတ်စ်ကားပေါ်မှာပဲရှိကြဦးမှာလေ။ဒါဆို ဘယ်လိုလုပ်ကြမလဲ။ ကျွမ်းကျင်သူတွေကတော့ ကိုယ်အလေးချိန်လျှော့ချရာမှာ အောက်ပါနည်းတွေ သုံးဖို့ အကြံပေးထားကြပါတယ်။မနက်စာနဲ့ နေ့လယ်စာ မှီဝဲရာမှာ အသားကို လျှော့စားပြီး အသီးအရွက်တွေ ပိုစားတာက ကိုယ်အလေးချိန်ကျဖို့ အကူအညီဖြစ်စေပါတယ်။ ဖြစ်နိုင်ရင် မနက်စာစားချိန်မှာ သစ်သီးတွေ၊ပရိုတိန်းဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေများများမှီဝဲတာက ကောင်းမွန်တဲ့နည်းလမ်းဖြစ်ပါတယ်။နေ့လယ်စာအတွက်ဆိုရင်တော့ အသားကို သင့်လျော်တဲ့ ပမာဏမျိုးထည့်စားနိုင်ပါတယ်။ ပြီးတော့ အသုပ်တွေ၊ စွပ်ပြုတ်တွေနဲ့ ပဲတွေကို ပိုပြီးမှီဝဲပေးသင့်ပါတယ်။အသားကို လျှော့စားကြတဲ့အခါ စားစရာနည်းသွားတယ်လို့ လူတိုင်းက ထင်မြင်တတ်ကြပါတယ်။ တကယ်တော့ သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေက အသားတွေထက်ပိုပြီး ရွေးချယ်စရာများပါတယ်။ လူတွေရဲ့ အသားအပေါ် စွဲလမ်းနေတဲ့စိတ်ကြောင့်သာ ခုလို ခံစားနေရတာပါ။နေ့လယ်စာ မှီဝဲချိန်မှာ လတ်ဆတ်တဲ့ သစ်သီးဝလံတွေကို များများပိုမှီဝဲပေးတာက ကိုယ်အလေးချိန်ကျဆင်းစေဖို့ ခြေလှမ်းကောင်းတွေကိ စတင်လိုက်တာပါပဲ။အေးခဲစာတွေဟာ ကိုယ်အလေးချိန်လျှော့ချနေသူတွေနဲ့ တကယ့် ရန်ဘက်တွေပါပဲ။ နောက်ပြီး ဆီကြော်မုန့်တွေ၊ အသင့်စားမုန့်ထုတ်တွေကလည်း ဒီအတိုင်းပါပဲ။ ဒီမုန့်တွေမှာပါဝင်နေတဲ့ သကြား၊ ဆိုဒီယမ်နဲ့ အဆီတွေဟာ သင့်ကို ဝစေရုံသာမက ကျန်းမာရေးကိုပါ ထိခိုက်စေမှာပါ။သင်အရမ်းကြိုက်နှစ်သက်တဲ့အရာတွေရှိနေတယ်ဆိုရင် အာသာပြေရုံနည်းနည်းပဲစားပါ။ နောက်ပြီး အဲ့ဒီအရာတွေကိုတော့ ညနေ ၆ နာရီမကျော်ခင်မှာစားပါ။အသီးအရွက်တွေကို ပိုမိုမှီဝဲတာက ကျန်းမာစေတယ်ဆိုပေမယ့် နည်းမှန်လမ်းမှန်မဟုတ်ရင်တော့ အကျိုးထူးမှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်က သက်သက်လွတ်စားတတ်တဲ့လူမျိုးမဟုတ်ဘူးဆိုရင် အာဟာရမျှတစွာ မှီဝဲဖို့ လိုအပ်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ သားငါးကို မျှတအောင် မှီဝဲစားသုံးတာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ တကယ်ရှောင်ရှားသင့်တာက အသင့်စားမုန့်ထုပ်တွေပါပဲ။မဟုတ်ပါဘူး။ ၆ နာရီနောက်ပိုင်းမှာ ကိုယ်နေသာထိုင်သာရှိအောင် အစာနည်းနည်းမှီဝဲလို့ရပါတယ်။ တကယ်တမ်း ၆ နာရီနောက်ပိုင်းမှာ လုံးဝရှောင်ကျဉ်ရမှာကJunk Food တွေ၊ ဆီကြော်အစာတွေ၊အယ်ကိုဟောနဲ့ အသင့်စား မုန့်ထုတ်တွေပါပဲ။ အဲ့ဒီအစားအစာတွေကိုတော့ လုံးမဝစားသင့်ပါဘူး။ညနေ ၅:၅၉ မှာ ချီစ်ဘာဂါအကြီးကြီး တစ်လုံးစားတဲ့သူနဲ့ ၇ နာရီလောက်မှာ ဟင်းသီးဟင်းရွက်တွေနဲ့ ညစာစားတတ်သူ ဘယ်သူက ကျန်းမာရေးနဲ့ ပိုညီညွတ်မယ်ထင်သလဲလေနော့။ အဓိက ကျတာက ဘယ်အချိန်မှာစားတယ်ဆိုတာထက် ဘယ်လိုစားတယ်၊ ဘယ်လောက် စနစ်တကျ စားတယ်ဆိုတာက အဓိကဖြစ်ပါတယ်။အသားတွေ ငါးတွေစားမယ်ဆိုရင် ဆိုင်မှာစားတာမျိုးကို တတ်နိုင်သမျှ ရှောင်ကြဉ်တာက အကောင်းဆုံးပါပဲ။ ကိုယ်တိုင် ဒါမှမဟုတ် အိမ်မှာ ချက်ပြုတ်စားတဲ့အခါ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အချိုမှုန့်လို၊ အဆီများတဲ့အစိတ်အပိုင်းတွေကို ရှောင်ရှားနိုင်သလို ဆားတွေ၊ ငံပြာရည်တွေနဲ့ အဆီတွေကိုလည်း လျှော့ချနိုင်မှာဖြစ်ပါတယ်။ခြေလှမ်းသေးသေးလေးတွေကနေ အကျိုးကျေးဇူးအများကြီးဆီ လျှောက်လှမ်းရပါမယ်။ကိုယ်အလေးချိန်လျှော့ချတယ်ဆိုတာက ဝုန်းခနဲ ဒိုင်းခနဲ လုပ်တာထက် ဖြေးဖြေးနဲ့မှန်မှန်တာက ပိုပြီး အကျိုးဖြစ်ထွန်းစေမှာဖြစ်ပါတယ်။ ရည်မှန်းချက်ထားပြီး ဖြေးဖြေးမှန်မှန်သွားရပါမယ်နော်။ခုပြောခဲ့တဲ့ နည်းတွေကို သုံးကြည့်ပါ။ ညနေ ၆ နာရီနောက်ပိုင်းဘာမှမစားတာထက်သင့်ကိုပိုပြီး အကျိုးရှိစေပါလိမ့်မယ်။ ဘယ်အချိန်မှာ အစာစားတယ် မစားဘူးဆိုတာထက်၊ ဘယ်လို အစားအစာမျိုးကို ဘယ်ပုံစံမှီဝဲတယ်ဆိုတာကိ သင့်ကျန်းမာရေးအတွက် ပိုအရေးကြီးပါတယ်နော်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/lose-weight-eating-dinner-before-6/
အစာအိမ်ဖြတ်ထုတ်ကုသခြင်း
အစာအိမ်ဟာ ပါးစပ်ကစပြီး စအိုမှာအဆုံးသတ်တဲ့အူလမ်းကြောင်းမှာ အရေးအပါဆုံး အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ အစာများကို ချေဖျက်ပြီး လိုအပ်တဲ့အာဟာရဓာတ်များရရှိအောင် လုပ်ဆောင်ပေးပါတယ်။ အစာအိမ်မရှိခဲ့ရင် အစားအစာများကို ကောင်းစွာချေဖျက်နိုင်ခြင်း မရှိတော့ဘဲနေထိုင်စားသောက်မှုပုံစံလည်း အတော်လေးကို ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။အစာအိမ်ဖြတ်ထုတ်ကုသခြင်း(Gastrectomy) ဆိုတာကတော့ အကြောင်းတခုခုကြောင့် အစာအိမ်ရဲ့ မကောင်းတော့တဲ့ အစိတ်အပိုင်းကိုဖြစ်စေ၊ တခုလုံးကိုဖြစ်စေ ခွဲစိတ်ဖယ်ရှားခြင်း ဖြစ်ပါတယ်။ အဓိကအားဖြင့် အစာအိမ်ဖြတ်ထုတ်ကုသခြင်း ၃မျိုးရှိပါတယ်။ ၎င်းတို့ကတော့။– အစာအိမ် တပိုင်းတစကို ဖြတ်ထုတ်ခြင်း (Partial Gastrectomy)။ အစာအိမ်ရဲ့ တစိတ်တပိုင်းလောက်သာ ဖြတ်ထုတ်ပါတယ်။ များသောအားဖြင့် အောက်ပိုင်းကို ဖြတ်ထုတ်ကြပါတယ်။– အစာအိမ်တခုလုံး ဖြတ်ထုတ်ခြင်း (Full Gastrectomy)။– အစာအိမ်ဘယ်ဘက်အပိုင်းဖြတ်ထုတ်ခြင်း (Sleeve Gastrectomy)။ များသောအားဖြင့် ကိုယ်အလေးချိန်လျှော့ချဖို့ ရည်ရွယ်ချက်နဲ့ ကုသခြင်း ဖြစ်ပါတယ်။တခြားနည်းလမ်းတွေနဲ့ ကုသဖို့ အဆင်မပြေတော့တဲ့အစာအိမ်ပြဿနာတွေအတွက် အစာအိမ်ဖြတ်ထုတ် ခွဲစိတ်ခြင်းကို ပြုလုပ်ပါတယ်။ အောက်ပါအခြေအနေတွေမှာ ဒီနည်းလမ်းကို သုံးတတ်ပါတယ်။–ကင်ဆာမဟုတ်သော အကျိတ်များဖြစ်ခြင်း။– အစာအိမ်ကင်ဆာဖြစ်ခြင်း။–အစာအိမ်သွေးယိုခြင်း။– အစာအိမ်ပေါက်ခြင်း။– အစာအိမ်အတွင်း အသားပိုများဖြစ်ခြင်း။– အစာအိမ် (သို့) အူလမ်းကြောင်းအနာ အခြေအနေဆိုးရွားခြင်း။တခါတရံမှာအဝလွန်ခြင်းကို ကုသဖို့အတွက်လည်း အစာအိမ်ဖြတ်ထုတ်ခွဲစိတ်တဲ့နည်းကို အသုံးပြုပါတယ်။ အစာအိမ်ရဲ့ပမာဏ သေးငယ်စေခြင်းအားဖြင့် မြန်မြန်ဆန်ဆန်ဗိုက်ပြည့်စေပြီး အစားအသောက်ကို လျော့ကျသွားစေပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းဟာလည်း အခြားနည်းလမ်းတွေနဲ့ ကုသလို့မရမှသာ နောက်ဆုံးရွေးချယ်ပါတယ်။ခွဲစိတ်မှုမတိုင်မီ သွေးစစ်ခြင်း၊ ပုံရိပ်ဖော်စစ်ဆေးခြင်းတွေ ပြုလုပ်ရပါတယ်။ ခွဲစိတ်မှုဒဏ်ကို ခံနိုင်ရည်ရှိမရှိ စစ်ဆေးပါလိမ့်မယ်။ ခွဲစိတ်ကုသမှုကို ခံယူမယ့်သူအနေနဲ့ မိမိသောက်သုံးနေတဲ့ ဆေးဝါးများအားလုံးကို ဆရာဝန်သိအောင် ပြောပြရပါမယ်။ လိုအပ်ရင် ဆေးဝါးအချို့ကို ခွဲစိတ်မှုပြုလုပ်ခါနီးမှာ သုံးစွဲမှုရပ်ထားရပါတယ်။ ဆေးလိပ်သောက်တတ်သူဆိုရင် ဆေးလိပ်ဖြတ်ထားရပါတယ်။ဆေးလိပ်သောက်ခြင်းဟာ အနာကျက်နှေးစေတဲ့အတွက် ဖြစ်ပါတယ်။အကြီးစားခွဲစိတ်မှုဖြစ်ပြီး မေ့ဆေးပေးပြီးနောက် ခွဲစိတ်ပါတယ်။ ခွဲစိတ်ရာမှာ သမားရိုးကျခွဲစိတ်နည်းနဲ့ မှန်ပြောင်းသုံးခွဲစိတ်နည်းဆိုပြီး နှစ်မျိုးရှိပါတယ်။ သမားရိုးကျခွဲစိတ်နည်းကတော့ ဝမ်းဗိုက်မှာ ဓားရာတခုတည်း ခပ်ကြီးကြီးပေးပြီး အစာအိမ်ကို ခွဲစိတ်ခြင်းဖြစ်ပါတယ်။မှန်ပြောင်းသုံးခွဲစိတ်နည်းကတော့ ခွဲစိတ်တဲ့ဓားရာ သေးငယ်ပါတယ်။ အထူးစီမံထားတဲ့ ခွဲစိတ်ကိရိယာများပါဝင်ပြီး ဝမ်းဗိုက်ကို အပေါက်ငယ်များသာ ဖောက်ပါတယ်။ အဲဒီကမှတဆင့် ကင်မရာတပ်ထားတဲ့ ပြွန်များကို ထည့်သွင်းပြီး ခွဲစိတ်ပါတယ်။ ဒီနည်းလမ်းဟာ နာကျင်မုှသိပ်မရှိဘဲ အနာလည်းအကျက်မြန်ပါတယ်။အစာအိမ်ဖြတ်ထုတ်ခွဲစိတ်ပြီးကြုံတွေ့နိုင်သော ဆိုးကျိုးများ။– အချဉ်ဓာတ် အထက်ကိုပြန်ဆန်ခြင်း။– ဝမ်းပျက်ခြင်း။– အစာမကြေခြင်း။– ခွဲစိတ်အနာမှ ပိုးဝင်ခြင်း။– ပျို့အန်ခြင်း။– ဝမ်းဗိုက်အတွင်း သွေးယိုခြင်း။– အူသိမ်လမ်းကြောင်း ပိတ်ဆို့ခြင်း။– ကိုယ်အလေးချိန်လျော့ကျခြင်း။– ဗီတာမင်ချို့တဲ့ခြင်း စတာတွေ ကြုံနိုင်ပါတယ်။ခွဲစိတ်ပြီးဘယ်လိုနေမလဲခွဲစိတ်ပြီး တပတ်နှစ်ပတ်လောက် ဆေးရုံမှာ ဆက်နေရနိုင်ပါတယ်။ အဆိုပါကာလအတွင်းမှာ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အတိအကျလိုက်နာရပါမယ်။ အထူးသဖြင့် စားသောက်ပုံဖြစ်ပါတယ်။ အစာအိမ်ခွဲစိတ်ထားခြင်းကြောင့် ပုံမှန်ပြန်စားသောက်နိုင်ဖို့ အချိန်ကြာကြာယူရပါတယ်။ ဆေးရုံကဆင်းပြီးချိန်မှာ ဆရာဝန်ချိန်းဆိုတိုင်း မပျက်မကွက်ပြသဖို့ လိုအပ်ပါတယ်။နောက်ပိုင်းမှာလည်း နေထိုင်စားသောက်ပုံကို အဆင်ပြေအောင် ပြောင်းလဲသွားရပါမယ်။ အဓိကအားဖြင့် အစားကို နည်းနည်းချင်းစီနဲ့ တနေ့လုံး စားနေရပါမယ်။ အရင်လို ဗိုက်ကို တင်းကားသွားအောင် စားသုံးဖို့ အဆင်မပြေပါဘူး။ အမျှင်ဓာတ်များလွန်းတဲ့ အစားအစာတွေကို ရှောင်ရပါမယ်။ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ဗီတာမင် C နဲ့ D ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးရပါမယ်။ လိုအပ်ရင်ဗီတာမင်အားဖြည့်ဆေးတွေသောက်သုံးရပါမယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/gastrectomy/
အရေပြားခြောက်သွေ့မှုကို ကာကွယ်ပေးမယ့် သဘာဝ အဆီ ၇ မျိုး
အသားအရေလှပဖို့အတွက် ပြုစု ထိန်းသိမ်းကြတဲ့အခါမှာသဘာဝအဆီတွေ အသုံးပြုပြီး ထိန်းသိမ်းတာက အလွန် သင့်လျော် မှန်ကန်တဲ့ နည်းလမ်း တစ်ခုဖြစ်ပါတယ်။ ခေတ်ပေါ် အလှကုန်ပစ္စည်းတွေ စုံလင်များပြားစွာရှိနေပေမယ့် သဘာဝထုတ်ကုန် အဆီတွေဟာ အသားအရေ ကြည်လင်သန့်စင်မှုနဲ့ လှပစိုဝင်းမှုဖြစ်စေနိုင်တဲ့ အကောင်းဆုံး လက်ဆောင်မွန်တွေဖြစ်နေဆဲပါ။ခုလို နွေရာသီမျိုးဟာ အသားအရေခြောက်သွေ့တတ်သူတွေအတွက် စိတ်ညစ်စရာ အချိန်ကာလမျိုးဖြစ်ပါတယ်။ သဘာဝအဆီတွေကို သုံးစွဲပေးမယ်ဆိုရင် အဆိုပါပြဿနာတွေကို ဖြေရှင်းနိုင်ပြီး အရေပြားခြောက်သွေ့မှုကို ကောင်းကောင်းကာကွယ်မှု ပေးနိုင်မှာဖြစ်ပါတယ်။ပူပြင်းခြောက်သွေ့တဲ့ရာသီကို ရောက်လာရင်အရေပြားဆိုင်ရာပြဿနာတွေလည်း ဆက်တိုက်ဆိုသလို ကြုံလာရနိုင်ပါတယ်။ အရေပြားယားယံတာ၊ အက်ကွဲတာ၊ အဖတ်တွေ ကွာကျတာ စတာတွေဟာ အရေပြားခြောက်သွေ့မှုရဲ့ လက္ခဏာတွေဖြစ်ပါတယ်။ များသောအားဖြင့်တော့ ခြေသလုံး၊ လက်မောင်းနဲ့ ဗိုက်လိုနေရာတွေမှာ အဖြစ်များတတ်ပါတယ်။ဒီလို အရေပြားခြောက်သွေ့မှု ဝေဒနာတွေကို တားဆီးကာကွယ်ဖို့နဲ့ ကိုယ့်မှာ ဒီလိုပြဿနာမျိုးရင်ဆိုင်နေရတယ်ဆိုရင် မှီဝဲသုံးစွဲဖို့ သင့်လျော်တဲ့ သဘာဝအဆီအမျိုးအစားတွေကို မိတ်ဆက်ပေးချင်ပါတယ်။အုန်းဆီ၊ သံလွင်ဆီတို့လို သဘာဝအဆီတွေကို အလှအပေရေးရာအတွက် အသုံးချတဲ့ ဓလေ့ဟာ ခေတ်ဟောင်းလူ့အဖွဲ့အစည်းတွေဖြစ်ကြတဲ့ ရှေး အီဂျစ်နဲ့ ဂရိခေတ်တွေကတည်းက စတင်အမြစ်တွယ်လာတဲ့ ဓလေ့တွေဖြစ်ပါတယ်။ခေတ်တွေ မတူတော့တာကြောင့် အသုံးပြုတဲ့ နည်းစနစ်တွေကလည်း အစဉ်အဆက် ပြောင်းလဲလာခဲ့ပါတယ်။ အခြေခံအားဖြင့် သဘာဝအဆီတွေကို အသုံးပြုရာမှာ သတိထားသင့်တာလေးတွေ ရှိတာမို့ ဆက်ပြီးဝေမျှချင်ပါသေးတယ်။ ဒါတွေကတော့။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/body-oils-for-dry-skin/
အကြားအာရုံ ကျန်းမာစေမယ့် သဘာဝဓာတ်စာများ
အကြားအာရုံဆိုတာ အာရုံ ၅ ပါးထဲမှာ တစ်ပါးအပါအဝင်ဖြစ်ပြီးတော့ လူတိုင်းအတွက် အစားထိုးဖို့ခက်ခဲတဲ့ အရာတစ်မျိုးဖြစ်ပါတယ်။ ဒီနားအကြားအာရုံ ထိခိုက်မိပြီဆိုရင် အလုံးစုံပြန်လည်ကောင်းမွန်လာအောင် ကုသဖို့ ခက်ခဲပါတယ်။လူအချင်းချင်း ဆက်သွယ်ကြရာမှာ နားနဲ့ အကြားအာရုံဟာ အဓိကအကျဆုံး ကြားခံအရာတစ်ခုဖြစ်ပေမယ့် တခြားသော ကိုယ်အင်္ဂါအစိတ်အပိုင်းတွေလောက်တော့ ဂရုစိုက်ခြင်း ခံရလေ့မရှိပါဘူး။အကြားအာရုံ ဆုံးရှုံးသွားသူတွေအနေနဲ့ မူလအတိုင်း ပြန်လည်ကောင်းမွန်လာဖို့ မဖြစ်နိုင်သလောက်ပါပဲ။ ဒီလိုတန်ဖိုးရှိလှတဲ့ နားအကြားစွမ်းရည်ကို ဂရုတစိုက် ထိမ်းသိမ်းဖို့ လိုအပ်သလို အစဉ်အမြဲ ကျန်းမာအောင် စောင့်ရှောက်ပေးနေဖို့လည်း အရေးကြီးပါတယ်။ခုဆောင်းပါးမှာတော့ လူတစ်ဦးချင်းစီရဲ့ နားအကြားအာရုံကို ပိုမိုကျန်းမာစေပြီး ရေရှည် ကောင်းမွန်နေအောင် ပံ့ပိုးပေးနိုင်မယ့် အာဟာရဓာတ်တွေနဲ့ အစားအစာတွေအကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။သဘာဝတရားကြီးဟာ လူ့ခန္တာကိုယ်က အစိတ်အပိုင်းတွေတိုင်းကို ပံ့ပိုးပေးနိုင်တဲ့ အာဟာရဓာတ်တွေကို သဘာဝထွက်ကုန်တွေထဲမှာ ဖြည့်ဆည်းပေးထားပြီးသားပါ။ အဲ့ဒီ လိုအပ်တဲ့ အာဟာရဓာတ်တွေကို နည်းမှန်လမ်းမှန်နဲ့ သုံးစွဲဖြည့်ဆည်းပေးဖို့သာ လိုအပ်တာပါ။နားကျန်းမာရေးလို့ ဆိုလိုက်တာနဲ့ လူအတော်များများက ဆေးဝါးဓာတ်စာတွေ၊ earplugs တွေ ဒါမှမဟုတ် noise cancelingheadphonesတွေအကြောင်းကိုသာ တွေးမိတတ်ကြပါတယ်။တကယ်တမ်း နားနဲ့ အကြားအာရုံတွေကို ကောင်းမွန်းစေဖို့၊ ကာကွယ်ပေးနိုင်ဖို့ဆိုရင် ငှက်ပျောသီးလို အသီးအနှံတွေ၊ အစိမ်းရောင်ရှိတဲ့ အရွက်တွေနဲ့ ပဲတွေကို များများစားပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။နားနဲ့ အကြားအာရုံအစိတ်အပိုင်းတွေကို ကျန်းမာစေမယ့် အစားအစာတွေကို စုစည်းဖော်ပြရမယ်ဆိုရင်တော့။အကြားအာရုံနဲ့ နားကျန်းမာရေး ကောင်းမွန်စေဖို့ အလိုရှိတယ်ဆိုရင် အထက်ဖော်ပြပါ အစားအစာတွေကို နေ့စဉ် လုံလောက်စွာမှီဝဲပေးပြီး ကောင်းမွန်စွ ဂရုတစိုက်ထိမ်းသိမ်းပေးတာဟာ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/ear-conditions/%e1%80%a1%e1%80%80%e1%80%bc%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%9b%e1%80%af%e1%80%b6-%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%85%e1%80%b1%e1%80%99%e1%80%9a%e1%80%b7/
တက်စတိုစတီရုန်း ဟော်မုန်း နည်းလာရင် အမျိုးသားတွေမှာ ဘာတွေ ဖြစ်လာမလဲ
တက်စတိုစတီရုန်း ဟော်မုန်း နည်းလာရင် အမျိုးသားတွေမှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာက အတူတူ ကြည့်လိုက်ရအောင်နော်။တက်စတိုစတီရုန်း ဟော်မုန်း နည်းလာရင်အမျိုးသားတွေမှာ ဘာတွေ ဖြစ်လာမလဲ ဆိုတော့ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ Lenox Hill ဆေးရုံမှ Endocrinology ဆိုင်ရာ ပါရဂူဆရာဝန်တစ်ယောက်ဖြစ်တဲ့ စိုင်ပရို မဇ်တစ် (Spyros Mezitis) အနေနဲ့ လတ်တလောမှာ တက်စတိုစတီရုန်း ဟော်မုန်း နည်းပါးနေတဲ့ အမျိုးသားလူနာ အများအပြားကို ကုသပေးခဲ့ရပါတယ်။ Endocrinology (ခန္ဓာကိုယ်တွင်း ဟော်မုန်းများ ထွက်ရှိခြင်းကို လေ့လာသော ပညာရပ်) ဆိုတာ ပီနီရယ် ဂလင်း (pineal) ၊ ပီကျူထရီ ဂလင်း (pituitary)၊ ပန်ကရိယ (pancreas)၊ မျိုးဥအိမ်နဲ့ ဝှေးစေ့တို့ရဲ့ လုပ်ဆောင်ချက်ကို လေ့လာတဲ့ ပညာရပ်ဖြစ်ပါတယ်။သူရဲ့ပြောကြားချက်အရကတော့ “ အမျိုးသားအများစုဟာ အိုမင်းလာတဲ့အခါ တက်စတိုစတီရုန်း ဟော်မုန်း နည်းလာပြီးအမျိုးသား လိင်အင်္ဂါက ပိုပြီးထောင်မတ်ဖို့ ပိုခက်ခဲလာတယ် ” လို့ဆိုပါတယ်။မဇ်တစ် တစ်ယောက် အခုလို တက်စတိုစတီရုန်း ဟော်မုန်းနည်းပါးတဲ့ လူနာအများအပြားကို ကုသပေးခဲ့ရတယ်ဆိုတာ နိုင်ငံတစ်ဝှမ်း အသက်ကြီးလာတဲ့ လူတွေ များလာတဲ့ အတွက်ကြောင့်လည်း ဖြစ်ပေမဲ့ မဇ်တစ် ထံကို လူနာ အမျိုးသားတွေ အများအပြားလာရောက် ကုသကြတဲ့ အကြောင်းရင်းတစ်ခုလည်း ရှိပါတယ်။အဲ့ဒါကတော့ မီဒီယာတွေက တက်စတိုစတီရုန်း ဟော်မုန်း နည်းပါးခြင်း အကြောင်းကို အကြိမ်ပေါင်းများစွာ စတင်ပြောဆိုလာခဲ့လို့ပါ။ ဒါ့ကြောင့် လူအများအပြားဟာ တက်စတိုစတီရုန်း ဟော်မုန်း နည်းပါးခြင်းနဲ့ပတ်သတ်ပြီး ဆရာဝန်တွေထံ လာရောက်စစ်ဆေးမှု ခံယူကြတာ ဖြစ်ပါတယ်။ လူနာတွေ အများအပြားဟာ တက်စတိုစတီရုန်း ဟော်မုန်း နည်းပါးလာတာနဲ့ အမျှ အလွန်အမင်း မောပန်းတတ်လာခြင်း၊ အားနည်းလာခြင်း၊ စိတ်ကျလာခြင်းနဲ့လိင်ဆက်ဆံချင်စိတ်နည်းပါးလာခြင်းတို့ ဖြစ်လာကြပါတယ်။စိုင်ပရို မဇ်တစ် ကတော့ “endocrinologist တစ်ယောက်မို့လို့ ကျွန်တော် ဟော်မုန်းတွေအကြောင်း ကျွန်တော် ကျွမ်းကျင်ပါတယ်။ ကျွန်တော်ထံ တက်စတိုစတီရုန်း ဟော်မုန်းနည်းနေတယ်လို့ ထင်ပြီးလာပြတဲ့ အမျိုးသား ၄ ပုံ ၃ ပုံလောက်မှာ သာမန် တက်စတိုစတီရုန်း ပမာဏထက် အနည်းငယ်လောက်ပဲ နည်းနေကြတာပါ။ လုံးဝကြီး နည်းပါးနေတဲ့ အခြေအနေမဟုတ်ပါဘူး။ အဲ့လူနာတွေမှာ တစ်ခါတစ်ရံ တက်စတို စတီရုန်း ဟော်မုန်းနည်းနေသလို တစ်ခါတစ်ရံ ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးမှုကိုထိန်းပေးတဲ့ ဒြပ်တစ်မျိုး ကိုထုတ်ပေးတဲ့ သိုင်းရွိုက် ဟော်မုန်းနဲ့ တစ်ခြား လိင်နဲ့ မသက်ဆိုင်တဲ့ ဟော်မုန်းတွေ နည်းပါးနေတာကို တွေ့ရှိခဲ့ရပါတယ်။ “။တက်စတိုစတီရုန်း ဟော်မုန်းဆိုတာ သန္ဓေရခြင်း၊ ကြွက်သားကြီးထွားခြင်း၊ အမွေးအမျှင်ပေါက်ခြင်း၊လိင်စိတ်ပြင်းပြခြင်းနဲ့ သွေးနီဆဲလ်များကို ထုတ်လုပ်ရာမှာ အရေးပါတဲ့ အမျိုးသားလိင်ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ လူပျိုဖော်စဝင်စမှာ တက်စတိုစတီရုန်း ဟော်မုန်းဟာ ယောက်ျားလေးတွေရဲ့ ကြွက်သားများကို ကြီးထွားစေခြင်း၊ အသံဩလာခြင်း၊ လိင်တံနဲ့ ဝှေးစေ့များ ကြီးထွားခြင်း ဖြစ်စေပါတယ်။ လူလားမြောက်တဲ့ အချိန်မှာ တက်စတိုစတီရုန်းဟော်မုန်းဟာ အမျိုးသားကြွက်သားနဲ့ အရိုးများကို ကြီးထွားစေပြီး လိင်စိတ်ပြင်းပြခြင်းကို ဖြစ်စေပါတယ်။အတိုချုံးပြောရမယ်ဆိုရင် တက်စတိုစတီရုန်း ဟော်မုန်းဟာ ယောက်ျားတစ်ယောက်ဆိုတဲ့ ရုပ်ပိုင်းဆိုင်ရာ အရ ဖြစ်တည်မှုကို လုပ်ဆောင်ပေးတဲ့ ဟော်မုန်းဖြစ်ပါတယ်။ တက်စတိုစတီရုန်း ဟော်မုန်း နည်းပါးလာတဲ့အခါ သန္ဓေမအောင်ခြင်းနဲ့ ဝှေးစေ့တို့ရဲ့ လုပ်ဆောင်ချက်နည်းပါးလာခြင်းတို့ ဖြစ်တတ်ပါတယ်။ သို့ပေမဲ့ တက်စတိုစတီရုန်း ဟော်မုန်း နည်းပါးလာခြင်းကို ကုသပေးနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ အမေရိကန်နိုင်ငံမှာ တက်စတိုစတီရုန်း ဟော်မုန်း နည်းပါးခြင်းကို ကုသပေးနိုင်တဲ့ ဆေးဝါးတွေဟာ ၂၀၁၂ ခုနှစ်က စလို့ ၅ ဆ အထိ များပြားလာခဲ့ပါတယ်။အသက် ၃၀ ကျော်က စလို့ အမျိုးသားအများစုဟာ တက်စတိုစတီရုန်း ဟော်မုန်း တဖြည်းဖြည်းနည်းပါးလာခြင်းကို စတင်ခံစားကြရပါတယ်။ အမေရိကန် အိုရီဂွန်ပြည်နယ်၊ ပို့တ်လန်း မြို့ရှိ ကျန်းမာရေး သိပ္ပံ တက္ကသိုလ်မှ လိင်အင်္ဂါနဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ပါရဂူ ဖြစ်သူ ဂျေဆင် ဟေဂ်ျ (Jason Hedges) ကတော့ “ တစ်ချို့တွေက အသက်ကြီးလာလို့ လိင်စိတ်နည်းသွားကြတယ် လို့ဆိုကြတယ်။ တကယ်တော့ ဒါ အယူအဆမှားတစ်ခုပါ။ တက်စတိုစတီရုန်း ဟော်မုန်း တဖြည်းဖြည်း နည်းပါးလာတာနဲ့ လိင်ဆက်ဆံချင်စိတ် လုံးဝ မပျောက်သွားပါဘူး။ ဥပမာ ကျွန်တော်ရဲ့ လူနာတွေထဲက အသက် ၂၀၊ ၃၀၊ ၄၀ အမျိုးမျိုးရှိပြီး သူတို့တွေဟာ လိင်တံထောင်မတ်ခြင်း ပြဿနာ၊ တစ်ခြား ကျန်းမာရေး ပြဿနာတွေကြောင့် လိင်စိတ်နည်းပါးလာတာ ဖြစ်ပြီး ဒီပြဿနာတွေဟာ အသက်ကြီးလာလို့ လိင်စိတ်နည်းပါးလာတယ်ဆိုတာ ထက်ပိုပါတယ်။ ” လို့ဆိုပါတယ်။“ လိင်ဆက်ဆံချင်စိတ် နည်းပါးလာခြင်း ဟာ တခြားသော ကျန်းမာရေး ပြဿနာတွေကြောင့် ဖြစ်ရတာပါ။ ဟိုးအရင်ကတည်းက ကျွန်တော်တို့တွေဟာ တက်စတိုစတီရုန်း ဟော်မုန်း နည်းပါးလာတဲ့ အကြောင်းကို သိပ်မပြောခဲ့ကြပဲ ဆီးချိုရောဂါ အကြောင်း၊ စိတ်ကျခြင်း အကြောင်း၊ သွေးဖိအားများလာခြင်းတွေနဲ့ နှလုံးသွေးလွှတ်ကြော ယိုယွင်းလို့ဖြစ်တဲ့ရောဂါ အကြောင်းတွေကိုပဲ ပြောခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်း တက်စတိုစတီရုန်း ဟော်မုန်း နည်းပါးတဲ့ အကြောင်းဟာ လူသိများလာကြပါတယ်။ အဲ့တော့ လူတွေက တက်စတိုစတီရုန်းနည်းပါးခြင်းဟာလိင်စိတ်နည်းပါးလာခြင်းရဲ့ အဓိက အကြောင်းရင်းလို့ ထင်သွားကြပါတယ်။ ဒါပေမဲ့ တက်စတို စတီရုန်း ဟော်မုန်းနည်းလာတယ်ဆိုတာထက် တစ်ခြား ရောဂါအကြောင်းရင်းတွေ ကိုလည်း လေ့လာပြီး၊ အမျိုးသားတစ်ယောက်ရဲ့ တက်စတိုစတီရုန်း ပမာဏကို တိုင်းတာဖို့အတွက် သွေးစစ်ဆေးမှုတွေကို အရင်ဆုံး ပြုလုပ်သင့်ပါတယ်။ ” လို့ စိုင်ပရို မဇ်တစ် ဆိုပါတယ်။အမျိုးသား တစ်ယောက်ရဲ့ သာမန် တက်စတိုစတီရုန်းပမာဏာရဲ့ အောက်ဆုံး ဟာ ၃၀၀ (နာနိုဂရမ်ပါ ဒက်ဆီလီတာ ) nanograms per deciliter (ng/dL) ရှိပါတယ်။ သာမန် တက်စတိုစတီရုန်းပမာဏရဲ့ အမြင့်ဆုံး ကတော့ 800ng/dL အထိရှိပါတယ်။ (300-800 ng/dL )။( ၁ ဂရမ်ရဲ့ သန်းတစ် ထောင်ပုံတစ်ပုံကို nanogram လို့ခေါ်ပြီး ၁ လီတာရဲ့ ဆယ်ပုံတစ်ပုံကို deciliter လို့ခေါ်ပါတယ်။ )။တက်စတိုစတီရုန်း ဟော်မုန်း ပမာဏ တိုင်းတာခြင်းအကြောင်း မပြောခင် ခန္ဓာကိုယ်ထဲမှာ မတူတဲ့ တက်စတိုစတီရုန်း ဟော်မုန်း အမျိုးအစား ၃ ခု ရှိနေပါတယ်။ အဲ့ဒါတွေကတော့ free တက်စတိုစတီရုန်း၊ SHBG-bound တက်စတိုစတီရုန်း နဲ့ albumin-bound တက်စတိုစတီရုန်းတို့ဖြစ်ပါတယ်။တက်စတိုစတီရုန်း ပမာဏ တိုင်းတာမယ်ဆိုရင် သင့်အနေနဲ့ free တက်စတို စတီရုန်း ကိုတိုင်းတာခြင်းနဲ့ စုစုပေါင်း တက်စတိုစတီရုန်း ပမာဏကို တိုင်းတာခြင်းဆိုပြီး ၂ မျိုးတိုင်းတာနိုင်ပါတယ်။ သို့ပေမဲ့ free တက်စတို စတီရုန်း ပမာဏဟာ သွေးထဲမှာ အရမ်း နည်းပါးတဲ့အတွက် စုစုပေါင်း တက်စတိုစတီရုန်း ပမာဏကိုသာ တိုင်းတာကြပါတယ်။ သွေးကြောထဲက တက်စတိုစတီရုန်း ပမာဏကို တိုင်းတာတဲ့ အခါ ပုံမှန်ရှိသင့်တဲ့ ပမာဏထက် လျော့နည်းနေရတဲ့ အကြောင်းရင်းတွေ အများကြီးရှိနိုင်ပါတယ်။ အဲ့ဒါတွေကတော့-။တစ်ခါတစ်ရံ ဆေးဝါးတချို့နဲ့ မျိုးရိုးဗီဇဆိုင်ရာ ချို့ယွင်းမှုတို့ အပြင် အသက်ကြီးလာတဲ့ အတွက်ကြောင့်လည်း တက်စတိုစတီရုန်း ဟော်မုန်းတွေ နည်းနေနိုင်ပါတယ်။တက်စတိုစတီရုန်း ဟော်မုန်းနည်းနေခြင်းဟာ ရောဂါလက္ခဏာတစ်ခုမဟုတ်ပါဘူး။ ဒါပေမဲ့ အမျိုးသားတစ်ယောက်ရဲ့ တက်စတိုစတီရုန်းဟာ ရှိသင့်တဲ့ ပမာဏထက် နည်းနေပြီဆိုရင် ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တက်စတိုစတီရုန်း ပမာဏ နည်းနေခြင်းဟာအရိုးသိပ်သည်းဆနည်းခြင်းကို ဖြစ်စေနိုင်ပြီး အရိုးတွေ ကျိုးလွယ်တတ်စေနိုင်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။အသက်ကြီးလာတာနဲ့ အမျှ တက်စတိုစတီရုန်း ဟော်မုန်း နည်းလာတယ်ဆိုတာ သဘာဝပါပဲ။ ဒါပေမဲ့ သင့်အနေနဲ့ တက်စတိုစတီရုန်း နည်းလို့ ဖြစ်လာတဲ့ ရောဂါတွေခံစားရနေပြီဆိုရင် ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။ အသက်အရမ်းကြီးလို့ တက်စတိုစတီရုန်း နည်းလာတာက ပြဿနာမရှိပေမဲ့ လူငယ်ဘဝမှာကတည်းက တက်စတိုစတီရုန်းဟော်မုန်း နည်းလာလို့ ကိုယ်ဝန်မရနိုင်တဲ့ လူငယ်တွေအတွက်ကတော့ gonadotropin လို့ခေါ်တဲ့ ဝှေးစေ့ရဲ့ လုပ်ဆောင်ချက်တွေကို တိုးတက်စေတဲ့ ဆေးထိုးသင့်ပါတယ်။ ဒီဆေးဟာ ခန္ဓာကိုယ်ကို တက်စတိုစတီရုန်း ဟော်မုန်း ပိုမို ထုပ်လုပ်ဖို့ အချက်ပြတဲ့ ဟော်မုန်းဆေးလည်းဖြစ်ပါတယ်။ ဒီဟော်မုန်းဆေး သုံးလိုက်တဲ့အခါမှာ သုတ်ကောင် အရည်အတွက်ပိုများလာနိုင်ပါတယ်။ ဒါ့အပြင် တက်စတိုစတီရုန်း ဟော်မုန်း နည်းလာခြင်းကို ကုသပေးနိုင်တဲ့ နောက်ထပ်တစ်နည်းကတော့ တင်ပါးထဲမှာ ထည့်သွင်းတပ်ဆင်ရတဲ့ တက်စတိုစတီရုန်း ဟော်မုန်း အလုံးများပဲ ဖြစ်ပါတယ်။ ဒီဟော်မုန်း အလုံးတွေဟာ ၃ လကနေ ၄ လအထိ တက်စတိုစတီရုန်း ဟော်မုန်းတွေ ထွက်ရှိပါတယ်။“တက်စတိုစတီရုန်း နည်းပါးခြင်းကြောင့် လိင်စိတ်နည်းနေတာ ဆိုရင်တော့ တက်စတိုစတီရုန်း ဟော်မုန်း ဖြည့်တင်းမှု ပြုလုပ်အပြီး ရက်သတ္တပတ်အတွင်းမှာ လူနာများဟာ လိင်ဆက်ဆံရတာ ပိုကောင်းလာပြီး စိတ်ကျခြင်းလည်း ပျောက်ကင်းသွားတယ်လို့ ဆိုကြပါတယ်။ ” လို့ စိုင်ပရို မဇ်တစ် ဆိုပါတယ်။ဒါပေမဲ့ ဒီလို ဟော်မုန်းဖြည့်တင်းမှုတွေလုပ်တဲ့ အခါ အမျိုးသားတွေရဲ့ သွေးနီဥဆဲလ် ပမာဏကို များပြားလာစေပြီး ရင်သားတွေကို ကြီးလာစေပါတယ်။ ဒါ့အပြင် သုတ်လွှတ်ဂလင်း (prostate) လည်း ပိုမိုကြီးထွားလာနိုင်ပါတယ်။ ရင်သားကင်ဆာရှိနေတဲ့ အမျိုးသားတွေ အနေနဲ့ တက်စတိုစတီရုန်း ဟော်မုန်း ဖြည့်တင်းမှုကို မခံယူသင့်ပါဘူး။ ဒါ့အပြင် ပရောစတိတ် သုတ်လွှတ်ဂလင်း (prostate) ကင်ဆာဖြစ်နေတဲ့ အမျိုးသားတွေလည်း တက်စတိုစတီရုန်း ဟော်မုန်း ဖြည့်တင်းမှု မခံယူသင့်ပါဘူး။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-hormone-issues/low-testosterone-explained-how-do-you-know-when-levels-are-too-low/
ကျောင်းပြန်တက်မယ့် ကလေးအတွက် ဘယ်လိုပြင်ဆင်ကြမလဲ
မိုးလေးစရွာတာနဲ့အတူသားသားမီးမီးတွေကျောင်းပြန်တက်ရမယ့် အချိန်ရောက်လာပါပြီ။ ကျောင်းတက်ဖို့ တက်ကြွနေမယ့် သားသားမီးမီးတွေရှိနေနိုင်သလို ဖေဖေမေမေကိုမခွဲနိုင်ပါဘူးဆိုပြီး ကျောင်းမတက်ချင်လို့ ငိုမယ့် သားသားမီးမီး တွေလည်းရှိမှာပါ။ ကျောင်းတက်ချင်တဲ့ကလေးကို ကျောင်းပို့ရတာမခက်ပေမယ့် ကျောင်း မတက်ချင်ပါဘူးဆိုတဲ့ သားသားမီးမီးတွေကိုကျောင်းပို့ဖို့ကျ မေမေတို့အတွက် စိတ်မကောင်းဖြစ်ရသလို အရမ်းလည်းခက်ခဲနိုင်ပါတယ်။ ကျောင်းပြန်တက်မယ့် ကလေးအတွက် အကောင်းဆုံးဖြေရှင်းလို့ရမယ့် နည်းလမ်းလေးတွေရှိပါတယ်။ ကဲ …. ကျောင်းပြန်တက်မယ့် ကလေးအတွက် ဘယ်လိုပြင်ဆင်ကြမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ကျောင်းပြန်တက်မယ့် ကလေးအတွက် ဘယ်လိုပြင်ဆင်ကြမလဲ ဆိုတော့ ကိုယ်ချစ်ရတဲ့ ကိုယ်ပွားလေးတွေကို ကျောင်းပြန်တက်ဖို့ဆိုရင် အရင်ဆုံးက ကျောင်းတက်ချင်စိတ်ဖြစ်အောင်လှုံ့ဆော်ရမှာပါ။ အကြောင်းကတော့ ကျောင်းတက်ရတာက တစ်ရက်နှစ်ရက်အလုပ်မဟုတ်လို့ပါပဲ။ တစ်နှစ်ရဲ့ ၃ ချိုး ၂ ချိုးကာလကိုအကောင်းဆုံးကျော်ဖြတ်နိုင်ဖို့လိုမှာပါ။ ဒီတော့ ကျောင်းတက်ရာသီကိုအကောင်းဆုံးကျော်ဖြတ်နိုင်ဖို့ ကလေးကို ဒါလေးတွေပြင်ဆင်ပေးပါနော်။အဝတ်အစား။ကလေးကို အရင်နှစ်ကအဝတ်အစားတွေပဲ ပြန်ပေးမဝတ်ပါနဲ့။ အသစ်တစ်စုံနှစ်စုံလောက်ချုပ်ပေးပါ။ သူ့စိတ်ကြိုက်ဖြစ်မယ့် အဝတ်အစားလေးတွေ ဝယ်ပေးပါ။ ကလေးကို အဝတ်အစားဝယ်ပေးတဲ့အခါခြင်ကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေကင်းစေဖို့အတွက် လုံခြုံမှုရှိတဲ့ အဝတ်အစားလေးတွေကို အဓိကထားဝတ်ဆင်ပေးပါ။ဖိနပ်။ဖိနပ်ဆိုတဲ့နေရာမှာလည်းမုတ်သုံရာသီနဲ့ ကိုက်ညီမယ့် အရာမျိုးကိုရွေးချယ်ပေးပါ။ ဒါမှ ကလေးကို မတော်တဆချော်လဲတာကြောင့် ထိခိုက်ဒဏ်ရာရမှုတွေကနေ ကာကွယ်နိုင်မှာပါ။ကျောပိုးအိတ်။လေးလံတဲ့ ကျောပိုးအိတ်တွေက ကလေးရဲ့ ကျန်းမာရေးကိုထိခိုက်စေနိုင်သလိုကြီးထွားမှုမှာအဟန့်အတားဖြစ် စေနိုင်ပါတယ်။ ဒီတော့ ကလေးကိုကျောပိုးအိတ်ဝယ်ပေးတဲ့အခါ ပေါ့ပေါ့ပါးပါးဖြစ်စေမယ့် အိတ်မျိုးကိုရွေးချယ်ပေးပါ။မိုးကာ။ကလေးတွေကျောင်းစတက်မယ့်အချိန်က မိုးရွာနေတဲ့အချိန်ဖြစ်တာကြောင့် ကလေးကို မိုးရေတွေစိုပြီးဖျားနာမှုကင်းစေဖို့ မိုးကာလမှာ သားသားမီးမီးကို သူ့စိတ်ကြိုက်မိုးကာအသစ်လေးဝယ်ပေးပြီး ဖျားနာမှုကင်းဝေးတဲ့ ကလေးလေးဖြစ်အောင် ဂရုစိုက်လိုက်ပါ။ထီး။မိုးကာအပြင် မိုးရေကို ကာကွယ်ဖို့ လိုအပ်မယ့် နောက်အရာ တစ်ခုက ထီးပေါ့။ ဒီတော့ နေပဲပူပူ၊ မိုးပဲ ရွာရွာ ကလေးကို နေရာင်ဒဏ် ကရော မိုးရေ ကနေပါ ကာကွယ်ဖို့ ထီးလေး တစ်ချောင်းတော့ ပါအောင် ထည့်ပေးလိုက်ပါနော်။ထမင်းဗူး။မတည့်တာတွေ စားမိပြီး ခန္ဓာကိုယ် ဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးကို ထိခိုက်တာမျိုး မဖြစ်စေဖို့အတွက် နေ့လယ်စာကို အာဟာရ ပြည့်ဝ အောင်ပြင်ဆင်ပြီး ထည့်ပေးလိုက်နိုင်စေဖို့ ထမင်းဗူးလေးကတာ့ မဖြစ်မနေ လိုမှာပါ။ ထမင်းဗူး ဝယ်တဲ့ အခါ ကျန်းမာရေးနဲ့ ညီညွတ်စေဖို့အတွက် BPA မပါတဲ့ ထမင်းဗူးမျိုးရွေးချယ်ပြင်ဆင်ပေးပါ။ရေဗူး။ကလေး ကျန်းမာဖျတ်လတ် နေစေဖို့အတွက် ရေဓာတ်က လိုအပ်ပါတယ်။ရေဓာတ်လိုအပ်ချက်ကို ပြည့်မိစေဖို့ ရေဗူးလေး တစ်လုံးကတော့ မဖြစ်မနေ ထည့်ပေးလိုက်ဖို့လိုမှာပါ။ သန့်ရှင်းတဲ့ သောက်ရေက ကလေးကို ကျန်းမာနေစေဖို့ အထောက်အပံ့ ပေးမှာပါ။စာရေးကိရိယာတွေ။အရင်တုန်းက ရွေးစရာသိပ်မများပေမယ့် အခုခေတ်မှာ စာရေးကိရိယာဆိုရင် ဆန်းဆန်းပြားပြားနဲ့ ရွေးစရာတွေကလည်း အများကြီးပါ။ ဒါပေမယ့် စာရေးကိရိယာရွေးတဲ့အခါ သူတို့စိတ်ကြိုက်ဖြစ်ဖို့ရော အန္တရာယ်ကင်းဖို့ရောကိုပါ သတိထားရပါမယ်။ ဒါမှ ကလေးအတွက်ရော မေမေဖေဖေတို့အတွက်ပါ အဆင်ပြေစေမှာပါ။ဒီအချက်တွေကို ပြည့်ပြည့်စုံစုံပြင်ဆင်ပေးပြီးရင်ဆိုတော့ ကလေးကျောင်းပြန်တက်ဖို့ ရုပ်ပိုင်းဆိုင်ရာအရ ပြီးပြည့်စုံသွားပြီလို့ ပြောလို့ရပါပြီ။ ကျန်နေသေးတာကတော့ ကလေးကို ကျန်းမာရေးအတွက်လုံလောက်တဲ့ အိပ်စက်ချိန်ရှိအောင် ဂရုစိုက်ပေးဖို့ နဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေကို အတူတူဖြေရှင်းပေးဖို့ပါ။ ကလေးငယ်တွေအတွက် ပျော်ရွှင်စရာ စာသင်နှစ်လေးဖြစ်စေဖို့ ဖန်တီးပေးနိုင်ကြပါစေကြောင်း……………………………………………။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-nutrition/what-parents-should-prepare-for-back-to-school-kids/
ရာသီလာချိန်မှာ နာကျင်မှုကို သက်သာစေမယ့် လေ့ကျင့်ခန်းလေးတွေ
လစဉ် ရာသီလာချိန် ရောက်လာမှာကို လေဒီလေး တော်တော်များများ စိတ်အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။ အကြောင်းကတော့ ရာသီလာချိန်မှာ အစာခြေစနစ်ပြဿနာကို ခံစားရနိုင်သလို အမျိုးမျိုးသော နာကျင်ကိုက်ခဲမှုတွေကိုပါ ခံစားရနိုင်ပါတယ်။ ရာသီလာချိန်မှာ ဟော်မုန်း ပြောင်းလဲမှုနဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေက ရာသီစက်ဝန်းရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။  ဒါပေမယ့် ဒီလက္ခဏာတွေက တစ်ယောက်နဲ့ တစ်ယောက်မှာ ခံစားရတဲ့ အတိုင်းအတာတွေလည်း မတူသလို ဖြေရှင်းနိုင်တဲ့ ပုံစံချင်းလည်း မတူကြပါဘူး။ရာသီလာချိန်မှာ နာကျင်တာက ဗိုက်အောက်ဖက်နားနဲ့ နောက်ကျော ခါးတွေမှာ နာကျင်တာကို ခံစားရနိုင်ပါတယ်။ ကံကောင်းတာ တစ်ခုကတော့ ရာသီလာချိန်မှာ နာကျင်ကိုက်ခဲတာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိနေတာပါပဲ။ ဒီတစ်ခေါက်မှာတော့ ရာသီလာချိန်မှာ နာကျင်မှုကို သက်သာစေမယ့် လေ့ကျင့်ခန်းလေးတွေ အကြောင်း ပြောပြပေးချင်ပါတယ်။ရာသီလာချိန်မှာ နာကျင်တာကို သက်သာစေဖို့ဆိုရင် OTC အကိုက်အခဲပျောက်ဆေး တစ်ခုခု သောက်တာ၊ ရေများများ သောက်တာ၊ အာဟာရ ပြည့်ဝမျှတအောင် စားသောက်တာတွေကို လုပ်ဆောင်ဖို့ လိုသလို သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားသောက်ပေးဖို့လည်း လိုပါမယ်။ နောက်တစ်ချက်ကတော့ လေ့ကျင့်ခန်း လုပ်တာက နာကျင်တာကို ထိထိရောက်ရောက် သက်သာစေမယ့် နည်းလမ်းပါ။လေဒီလေးတိုင်းမှာ မတူတဲ့ရာသီစက်ဝန်းတွေရှိသလို လေဒီလေးတွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ဟာ ရာသီလာချိန်မှာ နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ဒီလို ရာသီလာချိန်မှာ ခံစားရနိုင်တဲ့ နာကျင်ကိုက်ခဲမှုကို အခြေခံကျတဲ့ နာကျင်ကိုက်ခဲမှု နဲ့ တဆင့်ခံ နာကျင်မှုဆိုပြီး ၂ မျိုး ရှိနေပါတယ်။အဖြစ်များတာကတော့ အခြေခံကျတဲ့ နာကျင်ကိုက်ခဲမှုပါပဲ။ ဒါက အကြောင်းအရင်း ရေရေရာရာ မရှိဘဲ နာကျင်ကိုက်ခဲမှုကို ခဏခဏ ခံစားနေရတာပါ။ အကြောင်းကတော့ ရာသီစက်ဝန်းကာလမှာ လေဒီလေးတွေရဲ့ ကိုယ်တွင်းမှာ prostaglandins ပမာဏ မြင့်တက်နေတာကြောင့်ပါ။ ဒါက ဟော်မုန်းလိုမျိုး အရာဖြစ်ပြီး သားအိမ်ကို ကျုံ့တာမျိုး ဖြစ်စေနိုင်တာကြောင့် ရာသီလာချိန်မှာ နာကျင်မှုကို ခံစားရတာပါ။ဒီနာကျင်မှုက နာကျင်ကိုက်ခဲမှုကို ခံစားရနိုင်ပါတယ်။ သိပ်မပြင်းထန်တဲ့ အနေအထားကနေ အရမ်းပြင်းထန်တဲ့ အနေအထားအထိ ခံစားရနိုင်ပါတယ်။ ဒီခံစားမှုက ရာသီစမလာခင် ရက်တွေကနေ စပြီး ရာသီစလာတဲ့ရက် ကနေ နောက်ထပ် ၁ ရက် ကနေ ၃ ရက်လောက်အထိ ခံစားရနိုင်ပါတယ်။နောက်ထပ်နာကျင်မှု တစ်မျိုးဖြစ်တဲ့ တဆင့်ခံ နာကျင်မှုဆိုတာကတော့ အရင်ရှိပြီးသား ကျန်းမာရေး အခြေအနေ တစ်ခုခုကြောင့် နာကျင်မှုပါ။ဒီလိုမျိုး ကျန်းမာရေး ပြဿနာကြောင့် ရာသီလာချိန်မှာ ကိုက်ခဲတာကို ခံစားရမယ်ဆိုရင်တော့ အချိန်ကြာလာတာနဲ့အမျှ ပိုပြင်းထန်လာမှာ ဖြစ်သလို နာကျင်မှုကို ရက်အနည်းငယ်ကြာတဲ့အထိ ခံစားရနိုင်ပါတယ်။ရာသီလာချိန်မှာ နာကျင်မှုကို ခံစားရနိုင်ပေမယ့် နာကျင်မှုကို သက်သာစေဖို့အိမ်တွင်းကုထုံးတွေကို လုပ်ဆောင်ကြည့်ပေမယ့် မသက်သာဘူးဖြစ်မယ်။ ရက်အတော်ကြာတဲ့အထိ မသက်သာဘဲ ဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာလေး ပြသပေးဖို့ လိုပါမယ်။ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုတွေနဲ့ အခြားသော လက္ခဏာတွေ ဖြစ်ကြတဲ့ခြေကုန်လက်ပမ်းကျတာ၊ လေပွတာ၊ စိတ်ခံစားမှု ပြောင်းလဲတာတွေက နေ့စဉ်ဘဝကို ထိခိုက်စေနိုင်ပါတယ်။ ဒါပေမယ့်ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်ပါတယ်။လေ့ကျင့်ခန်း လုပ်တာက ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကို ဖြစ်စေနိုင်တဲ့ prostaglandins ပမာဏကို လျော့ကျစေနိုင်တာကြောင့် ရာသီလာချိန်မှာ နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်ချိန်မှာ ဖြစ်ပေါ်လာတဲ့ အခြားသော ဟော်မုန်း ပြောင်းလဲမှုတွေကလည်း ရာသီလာချိန်မှာ နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်ပါတယ်။အကြောင်းကတော့ လေ့ကျင့်ခန်း လုပ်ချိန်မှာ ခန္ဓာကိုယ်က ထွက်လာတဲ့ endorphins နဲ့ endocannabinoids ဟော်မုန်းတွေကလည်း နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်တာက နာကျင်မှုကို သက်သာစေနိုင်သလို စိတ်ခံစားမှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ရာသီလာချိန်မှာ နာကျင်မှုကို သက်သာစေမယ့် လေ့ကျင့်ခန်းလေးတွေ က ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/best-exercises-for-period-cramps/
သက်သတ်လွတ်စားရင်း ကြွက်သားလည်း ဖွံ့ဖြိုးစေမယ့် နည်းလမ်းများ
သက်သတ်လွတ်စား တယ် ဒါမှမဟုတ် အရွက်ချည်းပဲပါတဲ့ Vegan Diet တွေ စားတယ်ဆိုတာက ကျန်းမာရေးအတွက် သင့်လျော်တဲ့ အလေ့အထတစ်ခုပါ။ဒါပေမယ့် လူတော်တော်များများ တွေးပူတတ်ကြတာက ဒီလိုစားတဲ့အခါ ကြွက်သားတွေ ကြီးသင့်သလောက်ကြီးရဲ့လား၊ ဖွံ့သင့်သလောက် ဖွံ့ပါ့မလားဆိုတာကိုပေါ့။ပုံမှန်အားဖြင့် သက်သတ်လွတ်စား တာက ကိုယ်အလေးချိန်လျှော့ချဖို့ ကိုယ်ရည်စစ်ဖို့အတွက် ရည်ရွယ်ပြီးလုပ်ကြတာများပါတယ်။ တကယ်လည်း သက်သတ်လွတ်စားသူတစ်ယောက် ကြွက်သားတွေ တက်လာဖို့အတွက်ဆိုတာက အတန်ငယ်ခက်ခဲတတ်ပါတယ်။ဒါပေမယ့် သက်သတ်လွတ်စားတာဟာကိုယ်အလေးချိန်လျှော့ချမှုကိုပဲ အထောက်အကူ ဖြစ်စေတာမဟုတ်ပါဘူး။ နည်းမှန်လမ်းမှန်နဲ့ စားမယ်ဆိုရင် လေ့ကျင့်ခန်းပြုလုပ်သူတွေအတွက် ခန္ဓာကိုယ်ကြွက်သားတွေ ဖွံ့ဖြိုးစေဖို့လည်း ကူညီပေးနိုင်ပါတယ်။ သက်သတ်လွတ်စားရင်း ကြွက်သားလည်း ဖွံ့ဖြိုးစေမယ့် နည်းလမ်းများ အကြောင်းလေး ဆက်ကြည့်လိုက်ရအောင်လား။နာမည်ကျော် Body Builder မီဂန်း ရိုက်ချ်ကတော့ သက်သတ်လွတ်စားသူတွေအနေနဲ့ကြွက်သားတိုးလာအောင်ဘာတွေလုပ်ရမယ်ဆိုတာကို လမ်းညွှန်ပေးထားတာရှိပါတယ်။သူမရဲ့ အဆိုအရ အဆီပိုတွေ ဖယ်ရှားဖို့၊ ကြွက်သားဖွံ့ဖြိုးဖို့နဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေဖို့ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်သွားဖို့လည်း လိုအပ်ပါတယ်တဲ့။ ဒါပေမယ့် ဒီလို လေ့ကျင့်ခန်းတွေကို စဉ်ဆက်မပြတ်လုပ်နိုင်ဖို့အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေကိုတော့ အောက်ပါနည်းလမ်းတွေနဲ့ ဖြည့်ဆည်းနိုင်ပါတယ်။မီဂန်း ရိုက်ခ်ပြောပြတဲ့ သက်သတ်လွတ်စားရင်း သဘာဝအတိုင်း ကြွက်သားကို ကောင်းမွန်စွာ ဖွံ့ဖြိုးစေမယ့် နည်းလမ်းတွေကတော့။အရေးအကြီးဆုံးအချက်ဖြစ်တာကြောင့် ထိပ်ဆုံးမှာတင်ပြီး ပြောထားတာပါ။ သင်က သက်သတ်လွတ်လည်းစားတယ်၊ တစ်ပတ်မှာ ၆ ရက်လောက်လည်း Work-out လုပ်နေသူတစ်ယောက်ဆိုပါစို့။ တစ်နေ့မှာ အစာ ၄ ကြိမ် စားဖို့ လိုအပ်တာ မမေ့ပါနဲ့။ ပရိုတင်းများတဲ့ အစားအစာတွေကို အဓိကမှီဝဲပေးဖို့ လိုအပ်ပါတယ်။ မှန်မှန်Work-outလုပ်ပြီး မှန်မှန်စားသွားဖို့က အရေးအကြီးဆုံးပါပဲ။အဆာပြေမုန့်တွေစားရာမှာ ပရိုတင်းပါဝင်မှုများတဲ့ မုန့်မျိုးတွေကို ရွေးချယ်စားသောက်ပေးပါ။Protein Barလို အရာမျိုးတွေကိုလည်း စားသုံးနိုင်ပါတယ်။ ဂရုပြုရမှာကတော့ လူတစ်ယောက်ဟာ ကိုယ့်ရဲ့ ခန္ဓာကိုယ်အလေးချိန်နဲ့ ကိုက်ညှိပြီး ကိုယ်အလေးချိန် တစ်ပေါင်ကို ပရိုတင်း ဝ.၅-ဝ.၇ ဂရမ်လောက် မှီဝဲပေးဖို့ လိုအပ်တယ်ဆိုတာပါပဲ။သကြားကတော့ ကျန်းမာလိုသူတိုင်းအတွက် ရန်သူပါ။ မဖြစ်မနေ ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ ဖြစ်နိုင်ရင် ဟင်းချက်ဆီကိုလည်း လျှော့စားပါ။ဗီတာမင် B12၊ မဂ္ဂနီဆီယမ်၊ကယ်လ်ဆီယမ်နဲ့ ဇင့်တို့လို ဓာတ်တွေ နဲ့ မိမိနှစ်သက်ရာ ပရိုတင်းဖျော်ရည်တစ်မျိုးမျိုးကို ပုံမှန်မှီဝဲပေးဖို့ လိုအပ်ပါတယ်။အစေ့အဆန်၊ ပဲ၊ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်၊ ပဲနို့၊ ဂေါ်ဖီနွယ်ဝင်တွေလို အရွက်တွေကို များများစားသောက်ပေးပါ။ ဒီအရာတွေက သင့်ကို ခွန်အားဖြစ်စေမှာဖြစ်သလို ကြွက်သားတည်ဆောက်မှုကိုလည်း ကူညီပေးမှာဖြစ်ပါတယ်။ဥပမာအားဖြင့်ပြောရရင် ရိုမေးနီးယားနိုင်ငံက အိုလံပစ်ပြိုင်ပွဲဝင် ပြေးခုန်ပစ်အားကစားသမားတွေထဲက သက်သတ်လွတ်စားတဲ့ ကစားသမားတချို့ဟာ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးဖို့ တစ်နေ့ကို ပဲနို့ ၁.၅ ဂရမ်နှုန်း ပုံမှန်မှီဝဲကြရလေ့ရှိပါတယ်။ ပဲနို့မှာပါဝင်တဲ့ ပရိုတင်းဓာတ်ဟာ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးစေရုံသာမက ကြံ့ခိုင်သန်မာစေဖို့ကိုလည်း အထောက်အကူပေးနိုင်တာကြောင့်ပါ။ဒါကြောင့် ပြောချင်တာက ကြွက်သားတွေဖွံ့ဖြိုးစေဖို့အတွက် အသားတွေ မပြတ်မှီဝဲနေတာက နည်းလမ်းကောင်းတစ်ခုဆိုတာမှန်ပါတယ်။ ဒါပေမယ့် သက်သတ်လွတ်စားသူတစ်ယောက်အတွက်လည်း ကြွက်သားတွေ သန်မာဖွံ့ဖြိုးလာအောင် လုပ်ဆောင်လို့ရနိုင်ပါတယ်လို့ ပြောပါရစေ။တကယ်လို့ ကိုယ်က သက်သတ်လွတ်မစားပေမယ့် Diet လုပ်နေတဲ့သူဆိုရင်လည်း အထက်ပါနည်းတွေကို အသုံးချလို့ရနိုင်ပါတယ်။ ကဲ … သက်သတ်လွတ်စားရင်း ကြွက်သားလည်း ဖွံ့ဖြိုးစေမယ့် နည်းလမ်းများ ကို လက်တွေ့ အသုံးချကြည့်လိုက်တော့နော်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/special-diets/how-to-build-muscle-on-a-vegan-diet/
လက်သည်းကိုက် တတ်တဲ့ အကျင့်ကို ပြင်ကြမယ်။
လူအမျိုးမျိုးရှိတဲ့အတွက် လူတစ်ယောက်နဲ့ တစ်ယောက်မှာလည်း မတူညီတဲ့ အကျင့်လေးတွေရှိကြပါတယ်။ ကောင်းတဲ့ အကျင့် လေးတွေ ရှိသလို မကောင်းတဲ့ အကျင့်လေးတွေလည်း ရှိနိုင်ပါတယ်။ ဒီလိုအကျင့်လေးတွေထဲက လူအတော်များများမှာ တွေ့ရတဲ့ လက်သည်းကိုက်တတ်တဲ့ အကျင့်လေးအကြောင်း ပြောပြချင်ပါတယ်။ သင့်မှာရော လက်သည်းကိုက် တတ်တဲ့ အကျင့်ရှိနေပြီလား။ ဒီဆောင်းပါးလေးမှာ လက်သည်းကိုက်တတ်တဲ့ သူတွေအတွက် သတိမထားမိနိုင်တဲ့ ဆိုးကျိုးတွေနဲ့ လက်သည်းကိုက် တတ်တဲ့ အကျင့်ကို ဘယ်လိုပြင်ကြမလဲဆိုတဲ့ နည်းလမ်းလေးတွေကို မျှဝေပေးသွားမှာပါ။၁။ ရောဂါပိုးဝင်ခြင်း။လက်ဆိုတာ နေရာတကာ အသုံးပြုရတာကြောင့် ပိုးမွှားတွေနဲ့ ထိတွေ့မှုများတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီးလက်သည်းကြားလေးတွေမှာ ပိုးမွှားတွေ အများကြီးဝင်နေနိုင် ခိုအောင်းနေနိုင်ပါတယ်။ဒါ့ကြောင့် လက်သည်းကိုက်တဲ့ အကျင့်ရှိတယ် ဆိုရင် ကိုက်လိုက်တဲ့ လက်သည်းကတဆင့် ရောဂါပိုးမွှားလေးတွေဟာ အစာလမ်းကြောင်းနဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားနိုင်တဲ့အတွက်ဝမ်းလျှော၊ ဝမ်းပျက်ခြင်းတွေနဲ့ မကြာခဏ ဖျားနာခြင်းတွေ ဖြစ်စေနိုင်ပါတယ်။၂။ လက်စွယ်ငုတ်ခြင်း၊ ပြည်တည်ခြင်း။လက်သည်းကိုက်တဲ့အခါ လက်သည်းအနားမှာရှိတဲ့ အရေပြားလေးတွေ၊ တစ်ရှူးလေးတွေ ထိခိုက်သွားမယ်ဆိုရင် အဲ့ဒီကနေတစ်ဆင့် ရောဂါပိုးမွှားတွေ ဝင်ပြီးလက်စွယ်ငုတ်တာ၊ပြည်တည်တာတွေ ဖြစ်လာနိုင်ပါတယ်။၃။ လက်သည်းတွေ မလှမပဖြစ်လာမယ်။လက်သည်းတွေကို သေသေချာချာ မညှပ်ဘဲ သွားနဲ့ကိုက်တဲ့အတွက် လက်သည်းထိပ်လေးတွေက မညီမညာ မလှမပနဲ့ ကြည့်ရရုပ်ဆိုးစေပါတယ်။ ဒါ့အပြင် အဲလို မကြာခဏကိုက်မယ်ဆိုရင် နောက်ပိုင်းမှာ လက်သည်းလေးတွေ ကြီးထွားလာမှုမှာလည်း အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။အဲဒီအခါမှာ နောက်ထပ်ထွက်လာမယ့်လက်သည်းလေးတွေကလည်း ပုံမမှန်၊ မလှမပ ဖြစ်နေနိုင်ပါတယ်။၄။ သွားလေးတွေ ပျက်စီးမယ်။လက်သည်းလေးတွေဟာ မာတဲ့အတွက် ကိုက်တာများလာတဲ့အခါမှာ သွားထိပ်လေးတွေကလည်း ပွန်းလာတာ၊ အက်ကွဲတာနဲ့ ကျိုးပဲ့သည်အထိ ဖြစ်စေနိုင်ပါတယ်။တချို့က မိဘတွေမှာအကျင့်ရှိလို့ ကိုက်မိတာ၊ တချို့ကတော့ စိတ်ညစ်လို့၊ စိတ်ဖိစီးမှုတွေများလို့၊ စဉ်းစားစရာများလို့၊ ဗိုက်ဆာလို့ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ကိုက်ကြပါတယ်။ တချို့ကလည်း ဘာလို့ကိုက်မှန်းမသိအောင် အလိုအလျောက်ကို ကိုက်မိနေတတ်ကြပါတယ်။အကျင့်တစ်ခု ဖြစ်လာတဲ့အခါမှာ တော်တော်ကြီးကို ပြင်ဖို့ ခက်ခဲနိုင်ပေမယ့်လည်း ဆိုးကျိုးတွေ အများကြီးကို ဖြစ်စေနိင်တာကြောင့် လက်သည်းကိုက်တတ်တဲ့ အကျင့်ကို ပြင်ဖို့ ကြိုးစားသင့်ပါတယ်။ အဲဒီအတွက် အကူညီဖြစ်နိုင်မယ့် အချက်လေးတွေကို ဆက်ပြီး မျှဝေပေးပါမယ်။၁။ လက်သည်းကို အမြဲတိုတို ညှပ်ထားပါ။လက်သည်းရှည်နေတဲ့အခါ ပိုပြီး ကိုက်မိနိုင်တဲ့အတွက် လက်သည်းကို အမြဲတိုတိုလေးဖြစ်အောင် ဂရုစိုက်ပြီး မှန်မှန်လေး ညှပ်ထားပေးသင့်ပါတယ်။၂။ လက်သည်းဆိုးဆေး ဆိုးထားပါ။ဖြစ်နိုင်ရင် အရသာခါးတဲ့ ဆိုးဆေးတစ်ခုခု အသုံးပြုတာကောင်းပါတယ်။လက်သည်းဆိုးဆေးဆိုးထားတဲ့ နည်းလမ်းကလည်း လက်သည်းကိုက်မိတာကို အနည်းငယ်တော့ လျော့နည်းစေမှာပါ။၃။ ဘာကြောင့်ကိုက်ရတယ်၊ ဘယ်လို အချိန်တွေမှာပိုပြီး ကိုက်တတ်တယ် ဆိုတာကို သိအောင်လုပ်ပါ။ဥပမာ- စိတ်ညစ်လာရင် ကိုက်တတ်တယ်၊ စဉ်းစားစရာများလာရင် ကိုက်တတ်တယ်ဆိုရင် အဲလို အချိန်တွေမှာ ကိုယ့်ကိုကိုယ် မကိုက်မိစေဖို့ သတိထားပြီးနေသင့်ပါတယ်။ အဲလို အချိန်တွေမှာ လက်သည်းကိုက်ခြင်းအစား အခြား activity တစ်ခုခုလုပ်တာ၊ ကျန်းမာရေးအတွက် ကောင်းတာ တစ်ခုခုစားတာမျိုးတွေကို အစားထိုး လုပ်ကြည့်သင့်ပါတယ်။ဒါ့အပြင်စိတ်ဖိစီးမှုကြောင့် ဖြစ်ရတာမျိုးဆိုရင် စိတ်ဖိုစီးမှုကို လျှော့ချနိုင်အောင် လေ့ကျင့်ခန်းလုပ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ အိပ်ရေးဝအောင်အိပ်ခြင်း စတဲ့ နည်းလမ်းတွေနဲ့ ကာကွယ်နိုင်ပါတယ်။ ဗိုက်ဆာတဲ့ အချိန်ကိုက်တတ်တယ်ဆိုရင်လည်း အစားအသောက် ကိုပုံမှန်စားပေးပြီး အဆာမလွန်အောင် ကာကွယ်နိုင်ပါတယ်။၄။ လက်အိတ်ဝတ်ထားပါ။လက်အိတ်ဝတ်ထားမယ်ဆိုရင်လည်း လက်သည်းကိုက်မိတော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အမြဲတမ်း လက်အိတ်ဝတ်ထားဖို့ကတော့ ပူပြင်းတဲ့ ဒေသတွေမှာ သိပ်မဖြစ်နိုင်ပါဘူး။ ရာသီဥတုအေးတဲ့နေရာ၊ အေးတဲ့ အချိန်တွေမှာ တော့ ဒီနည်းလမ်းကို အသုံးပြုသင့်ပါတယ်။၅။ လက်သည်းကို သေသေချာချာ အလှပုံဖော်ထားပါ။ဒီနည်းလမ်းလေးကတော့ အလှကြိုက်တဲ့ မိန်းကလေးတွေအတွက်ပါ။ လက်သည်းကို အလှလုပ်ထားတဲ့အခါ အလှပျက်မှာစိုးတဲ့အတွက် လက်သည်းကိုကိုက်မိတော့မှာ မဟုတ်ပါဘူး။ ဒါမျမဟုတ်Nail Spaသွားပြီး ပုံဖော်ထားမယ်ဆိုရင်လည်း ဈေးကြီးပေးပြီး ပုံဖော်ထားရတဲ့အတွက် လက်သည်းကိုက်မိနိုင်ချေ နည်းသွားမှာပါ။၆။ စိတ်ရှည်ရှည်ထားပါ။အကျင့်တစ်ခုကို ပြုပြင်ဖို့အတွက် အချိန်တော်တော်ယူရနိုင်တဲ့အတွက် စိတ်ရှည်သည်းခံပြီး ကြိုးစားဖို့လိုအပ်ပါတယ်။ဒီဆောင်းပါးလေးကို ဖတ်ပြီး စိတ်ရှည်ရှည်နဲ့ လက်သည်းကိုက်တတ်တဲ့ အကျင့်ကို ဖျောက်ဖျက်နိုင်ကြပါစေ။ရေးသားသူ- Khine Phoo Ngon။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/nail-care/why-should-i-stop-biting-my-nails/
အစားစားပြီးချိန် ပျို့အန်ချင်စိတ်ဖြစ်ပေါ်ခြင်း
အစားစားပြီးချိန် ပျို့အန်ချင်စိတ်ဖြစ်ပေါ်ခြင်း အကြောင်း နည်းနည်းလောက် လေ့လာလိုက်ရအောင်နော်။ စားသောက်ပြီးချိန်မှာ ဗိုက်ထဲမကောင်းတာ အကြောင်းအရင်းပေါင်းစုံကြောင့် ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ရှိခြင်းကနေအစာအဆိပ်သင့်ခြင်းအထိ မျိုးစုံဖြစ်နိုင်ပါတယ်။ ဖြစ်ပေါ်တဲ့လက္ခဏာပေါ် မူတည်ပြီး အကြောင်းအရင်းကို ခန့်မှန်းရပါတယ်။ လိုအပ်တဲ့ကုသမှုကို ခံယူနိုင်ပါတယ်။ယခုဆက်လက်ဖော်ပြမှာကတော့ စားသောက်ပြီးချိန်မှာပျို့အန်ခြင်းဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။အစားစားပြီးချိန် ပျို့အန်ချင်စိတ်ဖြစ်ပေါ်ခြင်း က ဒီအချက်တွေကြောင့်ပါ။တစ်ခါတရံမှာ အစားအစာအချို့ ဥပမာ ခရုကမာ၊ အခွံမာသီး၊ ဥအမျိုးမျိုးကို သင့်ကိုယ်ခံစွမ်းအားကနေ အန္တရာယ်ရှိတဲ့ ပစ္စည်းများအနေနဲ့ မှတ်ယူတတ်ကြပါတယ်။ တစ်ခုခုကိုစားလိုက်မိရင် ကိုယ်ခံအားစနစ်ကနေ ဟစ်စ်တမင်းနဲ့ တခြားဓာတ်ပစ္စည်းများ ထုတ်လုပ်ခြင်းအားဖြင့် တုံ့ပြန်မှုတွေ ပြုလုပ်ပါတယ်။ အဲဒီအခါ ဓာတ်မတည့်ခြင်းလက္ခဏာများဖြစ်တဲ့ အင်ပျဉ်ထခြင်း၊ ယားယံခြင်း စတာတွေ ဖြစ်လာတတ်ပြီး ပျို့အန်တာပါ ဖြစ်လာနိုင်ပါတယ်။သေချာစွာ ထုတ်ပိုးသိမ်းဆည်းမထားတဲ့ အစားအစာတွေမှာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ကပ်ပါးပိုး စတဲ့ရောဂါပိုးပေါင်းစုံ ဝင်ရောက်ပေါက်ပွားနိုင်ပါတယ်။ အဆိုပါ အစားအစာတွေကို စားသုံးမိရင် နာရီအနည်းငယ်အတွင်း ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းပျက်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ကိုယ်ဝန်ရှိလာရင် ဟော်မုန်းအပြောင်းအလဲကြောင့် မအီမသာဖြစ်ခြင်း၊ သက်သောင့်သက်သာမရှိခြင်းတွေ ကြုံလာရပါတယ်။ အထူးသဖြင့် အစားစားပြီးချိန်တွေမှာ ပျို့အန်ချင်စိတ် ဖြစ်လာနိုင်ပါတယ်။ တစ်ခါတရံမှာ အစားအစာတချို့ရဲ့ အနံ့အရသာကို ရလိုက်ရုံနဲ့တင် မအီမသာဖြစ်ပြီး ပျို့အန်ချင်စိတ် ပေါ်လာနိုင်ပါတယ်။ရင်ပူခြင်း၊ လေချဉ်တက်ခြင်းများဟာ အစာအိမ်ထဲမှာရှိတဲ့ အစာခြေရည်များဟာ လည်ချောင်းရင်းထိ ပြန်ဆန်တက်လာတာကြောင့် ဖြစ်ပါတယ်။ အစာရေမျိုနဲ့ အစာအိမ်ကို ပိုင်းခြားပေးထားတဲ့ အဆို့ရှင်ကြွက်သား အားနည်းတာကြောင့် ဖြစ်ပါတယ်။ အဆိုပါ အခြေအနေမှာ ပျို့အန်ခြင်းလည်း ဖြစ်တတ်ပါတယ်။စိတ်ဖိစီးခြင်းဟာ စိတ်ပိုင်းဆိုင်ရာတစ်မျိုးတည်းကိုသာ ထိခိုက်စေတာ မဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ထိခိုက်လာစေနိုင်ပါတယ်။ စားပြီးချိန်တွေမှာလည်း ပျို့တက်နိုင်ပါတယ်။ကင်ဆာဖြစ်နေသူတွေ ဆေးကုသမှုခံယူချိန်မှာ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကြောင့် ပျို့အန်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကုသမှုပြီးချိန်မှာတော့ ပျောက်ကင်းသွားနိုင်ပါတယ်။သည်းခြေအိတ်ဟာ အစာအိမ်ရဲ့ညာဘက်အပေါ်ပိုင်းမှာ တည်ရှိပါတယ်။ သည်းခြေအိတ်ဟာ အဆီကို ချေဖျက်နိုင်ဖို့ ကူညီပေးပါတယ်။ သည်းခြေကျောက်တည်ခြင်း၊ အပါအဝင် သည်းခြေအိတ်မှာ ရောဂါတစ်ခုခုဖြစ်ရင် အဆီဓာတ်ကို ချေဖျက်ဖို့ ခက်ခဲသွားပါတယ်။ ဒါကြောင့် အစာအိမ်နေရာမှာ မအီမသာဖြစ်ပြီး လေပျို့ခြင်းများ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အဆီများတဲ့ အစားအစာတွေစားပြီးချိန်မှာ ပိုဖြစ်တတ်ပါတယ်။လူတချို့ဟာ ရွေ့လျားခြင်းဒဏ်ကို မခံနိုင်ကြပါဘူး။ ယာဉ်တစ်ခုခုပေါ် စီးနင်းပြီး ရွေ့လျားတဲ့အခါ မူးဝေခြင်း၊ ပျို့အန်ခြင်းများ ဖြစ်ပေါ်စေနိုင်ပါတယ်။ ကားမစီးခင် ဒါမှမဟုတ် ကားစီးပြီးခါစမှာ စားသောက်ရင် ပိုဖြစ်တတ်ပါတယ်။ခဏတာမျှ ပျို့အန်ခြင်းဟာ ပြဿနာမရှိပါဘူး။ ဒါပေမယ့် တစ်ပတ်လောက်နဲ့ ပျောက်မသွားခဲ့ရင် ဆရာဝန်ပြသပြီး အကြောင်းအရင်းကို ရှာဖွေသင့်ပါတယ်။ အထူးသဖြင့် ဆိုးရွားပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ပေါ်လာခဲ့ရင် ဖြစ်ပါတယ်။ အဆိုပါလက္ခဏာတွေကတော့။– သွေးဝမ်းသွားခြင်း။– ရင်ဘတ်အောင့်ခြင်း။– အာရုံရှုပ်ထွေးခြင်း။– ဝမ်းပျက်ခြင်း (၂-၃ရက်ဆက်တိုက်)။– ရေဓာတ်ခမ်းခြောက်ခြင်းလက္ခဏာများဖြစ်သည့် အလွန်အမင်း ရေငတ်ခြင်း၊ ဆီးနည်းခြင်း၊ အားနည်းခြင်း၊ မူးဝေခြင်း။– အဖျားကြီးခြင်း။– ဝမ်းဗိုက်အတွင်း စူးအောင့်ခြင်း။– နှလုံးခုန်မြန်ခြင်း။– ဆိုးရွားစွာ ပျို့အန်ခြင်း၊ အစာမျိုရန်ခက်ခဲခြင်း စတာတွေ ဖြစ်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/nausea-after-eating/
ဘာလို့ ဆံပင်တွေ ကျွတ်နေတာလဲ
ဆံပင်လေးတစ်ချက်လောက် ဖြီးလိုက်ရုံနဲ့ ဆံနွယ်စတွေ အထွေးလိုက်ပါလာတာမျိုး ကြုံဖူးကြမှာပါ။အမျိုးသားထုတွေကတော့ များသောအားဖြင့် သိပ်ပြီး ဂရုမစိုက်ကြပေမယ့် မမ တွေကတော့ ဆံပင်တွေ ကျွတ်လာပြီဆိုရင် စိုးရိမ်ရ ပူပန်ရ စိတ်ညစ်ရတတ်တာ သဘာဝပါပဲ။ ကိုကို တွေ အနေနဲ့လည်း မမ တွေ လောက် စိတ်မပူရရင်တောင်မှ နဖူးပြောင်တာတွေ ထိပ်ပြောင်တာတွေ ဖြစ်မှာကိုတော့ စိုးရိမ်တတ်ကြပါတယ်။တစ်ခုရှိတာက ဆံပင်ဆိုတာမျိုးက သူ့အလိုလိုနေရင်းကို ကျွတ်တတ်တဲ့အရာဆိုတာကို မမေ့ပါနဲ့နော်။ ပုံမှန်အခြေအနေမှာ တစ်နေ့ကို ဆံပင် အချောင်း ၁၀၀ ဝန်းကျင် ကျွတ်လေ့ရှိပါတယ်။ ဒါပေမယ့် တစ်ချို့အခြေအနေတွေမှာတော့ ကျန်းမာရေးပြဿနာတွေကြောင့်လည်း ဆံပင်ကျွတ်နိုင်ပါတယ်။ ဒါကြောင့် ဘယ်လို ကျန်းမာရေးအခြေအနေတွေမှာ ဆံပင်ကျွတ်နိုင်လဲဆိုတာကို ပြောပြချင်ပါတယ်။ဆံပင်ကျွတ်တာက လူတိုင်း အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် သာမန်လူတစ်ယောက်ဟာ တစ်နေ့ကို ဆံပင် ၁၀၀ ဝန်းကျင်လောက် ကျွတ်တတ်တယ်လို့ ဆေးပညာရှင်တွေက ဆိုထားပါတယ်။ ဒါပေမယ့် ကိုယ့်စိတ်ထဲမှာ လိုအပ်တာထက် ပိုကျွတ်နေတယ်လို့ ခံစားရရင် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဖို့ လိုအပ်ပါတယ်။ ဆံပင်ကျွတ်ခြင်းဟာ စောစောသိလေ ကောင်းလေဆိုတဲ့ ပြဿနာတစ်မျိုးဖြစ်ပါတယ်။တချို့လူတွေက အချိန်ကာလတစ်ခုမှာ ဆံပင်ပိုကျွတ်တာမျိုး ကြုံရနိုင်ပါတယ်။ ဒါကိုseasonal hair lossလို့ ခေါ်ဆိုကြပါတယ်။ ကိုယ်တွင်းကmelatoninနဲ့prolactinတွေ မူမမှန်တာကြောင့် ဖြစ်လေ့ရှိတဲ့ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ နေရောင်ခြည်နဲ့ အချိန်ကြာမြင့်စွာ တိုက်ရိုက်ထိတွေ့နေရသူတွေမှာ အဖြစ်များပါတယ်။ဆံပင်ကျန်းမာဖို့ဆိုရင် ဗီတာမင် A ၊ ဗီတာမင် B ၊ ဗီတာမင် C နဲ့ ဗီတာမင် E တို့အပြင် iron ၊ zinc ၊ copper ၊ magnesium နဲ့ selenium တို့လည်း လိုအပ်ပါတယ်။ ဒီအရာတွေက ဆံပင်ကျန်းမာဖို့နဲ့ တောက်ပြောင်လာစေဖို့ အထောက်အကူဖြစ်စေပါတယ်။ ကိုယ်အလေးချိန်လျှော့ချသူတွေဟာ များသောအားဖြင့် အသီးအရွက် စားသုံးမှုများပြားပြီး အစားအသောက်ပမာဏကို လျှော့ချတာမျိုး၊ သင့်တော်တဲ့ အာဟာရဓာတ်တွေ ပြည့်ဝအောင် မဖြည့်ဆည်းနိုင်တာမျိုးတွေဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ ဆံသားကျန်းမာစေမယ့် အာဟာရဓာတ်တွေ နည်းပါးပြီး ဆံပင်ကျွတ်တာမျိုး ကြုံရလာရလေ့ရှိပါတယ်။တစ်ချို့လူတွေအတွက်ကတော့ ဆံပင်လိုတာထက်ပို ကျွတ်တာဟာ မျိုးရိုးလိုက်တာဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အမျိုးသား အများစု ဆံပင်ကျွတ်တာဟာ အဖေ၊ (ဖခင်ဘက်က) အဘိုးဖြစ်သူတို့နဲ့ တိုက်ရိုက်ဆက်စပ်နေတတ်ပါတယ်။ ဒါမှမဟုတ်ရင်လည်း အသက်အရွယ်အလိုက် ဟိုမုန်းပြောင်းလဲမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ဆိုရင်testosteroneပမာဏမြင့်တက်နေတာကြောင့်ဖြစ်နိုင်သလို Polycystic Ovarian Syndrome (PCOS) ဝေဒနာခံစားနေရတာလည်းဖြစ်နိုင်ပါတယ်။အမျိုးသမီးတွေအနေနဲ့ ယာယီဆံပင်ကျွတ်တာမျိုးကို ကိုယ်ဝန်ဆောင်ချိန်၊ ကလေးမီးဖွားထားချိန်၊ ပဋိသန္ဓေတားဆေး မှီဝှဲနေချိန်၊ သွေးဆုံးချိန်တွေမှာဖြစ်နိုင်ပါတယ်။ ဒါ့အပြင် thyroid disease ဝေဒနာခံစားနေရချိန် ၊ ဆံပင်ရဲ့ မွေးညင်းပေါက်တွေကို ထိခိုက်စေတဲ့ ရောဂါတစ်မျိုးဖြစ်တဲ့alopecia areataဝေဒနာခံစားနေရချိန်၊ ဗောက် အလွန်အမင်း ထတဲ့ပြဿနာကြုံနေရချိန်၊ အပြင်းအထန် ဖျားနာချိန်၊ နှလုံး၊ ကင်ဆာ၊ သွေးတိုး၊ စိတ်ဖိစီးမှုဝေဒနာတွေ ခံစားနေရချိန်တွေမှာလည်း ဆံပင် ကျွတ်နိုင်ပါတယ်။ဟုတ်ပါတယ်။ ဘာကြောင့် ကျွတ်ကျွတ် ဆံပင်ကျွတ်ခြင်းကို ပျောက်ကင်းအောင်ဖို့ ခက်ခဲပါတယ်။ အထူးသဖြင့် မျိုးဗီဇလိုက်လို့ဖြစ်တဲ့ ဆံပင်ကျွတ်ခြင်းတွေဟာ ကုသလို့မရနိုင်ပါဘူး။ ထိပ်ပြောင်တာမဖြစ်အောင် တားဆီးဖို့လည်း ခက်ပါတယ်။ အရှိန်နှေးသွားအောင် တားဆီးတာမျိုးလောက်ပဲ လုပ်လို့ရပါတယ်။ နေထိုင်စားသောက်မှုတွေနဲ့ပဲ ဆံပင်ကျွတ်ခြင်း နည်းပါးအောင် ကာကွယ်နိုင်မှာဖြစ်တာကို သတိထားကြဖို့ လိုအပ်ပါတယ်။ခေါင်း ခဏခဏ ကုတ်တာကလည်း ဆံပင်တွေ ပိုကျွတ်အောင် တွန်းအားပေးပါတယ်။ ဗောက်ထလို့ပဲဖြစ်စေ၊ စိတ်ညစ်လို့ပဲဖြစ်စေ ခေါင်းကုတ်တတ်ကြတယ်မဟုတ်လား။ ဒီလို ခေါင်းတွေ ခနခန ကုတ်နေမိပြီဆိုရင်တော့ ဆံပင်ကျွတ်ဖို့ အကြောင်းဖန်လာနိုင်ပါတယ်။ လက်သည်းနဲ့ ထိခိုက်မိတာတွေ၊ ကြမ်းကြမ်းတမ်းတမ်း ကုတ်ခြစ်မိတာတွေက ဆံပင်ကို ထိခိုက်စေနိုင်ပြီး လိုအပ်တာထက် ပိုကျွတ်စေပါလိမ့်မယ်။ဦးရေပြားနဲ့ ဆံပင်သန့်ရှင်းမှုကလည်း အရေးပါပါတယ်။ ဒါတွေကို သေချာ စနစ်တကျနဲ့ ပုံမှန် မသန့်ရှင်းပေးဘူးဆိုရင်လည်း ဆံပင်ကျွတ်စေနိုင်ပါတယ်။ သန့်ရှင်းတဲ့ ဆံသားလေးတွေဟာ သန်စွမ်းလှပတဲ့ ဆံသားလေးကို ပံ့ပိုးပေးနိုင်မှာဖြစ်ပြီးတော့ ညစ်ပတ်နေတဲ့အခါမျိုးမှာ ဗောက်ထတာမျိုး၊ ဆံပင်ကျွတ်တာမျိုးတွေ ပိုဖြစ်လာမှာဖြစ်ပါတယ်။ပုံမှန် အားဖြင့် ခေါင်းလျှော်ကြတဲ့အခါမှာ ရေပိုက်ခေါင်းက ထွက်လာတဲ့ ဒါမှမဟုတ် ရေစည်မှာရှိနေတဲ့ ပုံမှန်ရေမျိုးတွေနဲ့သာ လျှော်ကြတာသာများပါတယ်။ ခေါင်းလျှော်ရာမှာ ကြက်သီးနွေးလောက် အပူချိန်ရှိတဲ့ ရေမျိုး (ရေနွေးမဟုတ်)နဲ့ လျှော်ပေးတာဟာ ဦးရေပြားကို လန်းဆန်းစေမှာဖြစ်သလို ဆံပင်မကျွတ်အောင်၊ ဆံသား ကျန်းမာလာအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ဆံပင်ကို ပုံမှန် ဖြီးသင်ပေးတာဟာ ဆံပင် အများအပြား မကျွတ်စေဖို့ အထောက်အကူပြုနိုင်တယ်ဆိုရင် အတော်များများ အံ့သြကြမယ်ထင်ပါတယ်။ ဆံပင်ရှည်ရှည်ကြီးတွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတွေဆိုရင် ဆံပင်ကို ဖြီးသင်ဖို့ကိစ္စဟာ အတော်ကရိကထများတဲ့ အလုပ်တစ်ခုဖြစ်နေလေ့ရှိပါတယ်။ ဒါပေမယ့် နေ့စဉ် မနက်ခင်းနဲ့ ညနေခင်းတွေမှာ ၁-၂ မိနစ်ဝန်းကျင် ဆံပင်ကို ဖြီးသင်ပေးတာဟာဆံပင် ရှုပ်ပွတာကို ကာကွယ်နိုင်ရုံသာမက ဆံပင်လိုတာထက် ပိုမကျွတ်အောင်လည်း အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ရှုပ်ပွနေတဲ့ ဆံပင်တွေဟာ ကျွတ်နိုင်ချေပိုများလို့ဖြစ်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/%e1%80%98%e1%80%ac%e1%80%9c%e1%80%ad%e1%80%af%e1%80%b7-%e1%80%86%e1%80%b6%e1%80%95%e1%80%84%e1%80%ba%e1%80%90%e1%80%bd%e1%80%b1-%e1%80%80%e1%80%bb%e1%80%bd%e1%80%90%e1%80%ba%e1%80%94%e1%80%b1%e1%80%90/
မရှိမဖြစ် ရှိထားသင့်တဲ့ အရေးပေါ်ဆေးသေတ္တာ
မထင်မှတ်ဘဲ ဖြစ်တတ်တဲ့ မတော်တဆထိခိုက်ဒဏ်ရာတွေအတွက် အိမ်တစ်အိမ်မှာ အရေးပေါ်ဆေးသေတ္တာဆိုတာ ရှိထားဖို့ လိုအပ်ပါတယ်။ချော်လဲတာပဲဖြစ်ဖြစ်၊ ပွန်းပဲ့ရှနာတွေဖြစ်လာတာပဲဖြစ်ဖြစ် အရေးတကြီး အမြန်သုံးလို့ရဖို့လိုသလို အလိုရှိရာ လွယ်ကူစွာ သယ်ယူသွားနိုင်လို့ ကျန်းမာရေးအတွက်အသုံးဝင်လှပါတယ်။လိုအပ်မယ့်ပစ္စည်းအစုံအလင်ကို တစ်စုတည်းပြင်ဆင်ထားတာက သေးသေးမွှားမွှားကျန်းမာရေးပြဿနာတွေကအစ အရေးပေါ်တစုံတရာဖြစ်လာတဲ့အခြေအနေမျိုးတွေအထိ ကိုယ့်ဘာသာအမြန်ဆုံးဖြေရှင်းနိုင်စေပါလိမ့်မယ်။ ဘယ်သွားသွားအရေးပေါ်ဆေးသေတ္တာကို အိမ်မှာတစ်ခု ကားထဲမှာတစ်ခု ထားရှိသင့်ပါတယ်။ဆေးဆိုင်မှာဖြစ်ဖြစ်ဆေးသေတ္တာဝယ်လို့ရတယ်ဆိုပေမယ့် ကိုယ်တိုင်စုဆောင်းပြီးပြင်ဆင်တာက ပိုကောင်းပါတယ်။ ကိုယ်တိုင်လုပ်မယ်ဆိုရင် အရင်ဆုံးလိုအပ်မှာက အရွယ်အစားကြီးကြီး၊သယ်ယူလို့လွယ်၊ဖွင့်ရလွယ်ပြီး အကြမ်းခံတဲ့ ဘူးတစ်ဘူးကိုရွေးရပါမယ်။ ပလတ်စတစ် ဆေးသေတ္တာတွေက သယ်ရတာပေါ့ပါးပြီး အလွယ်တကူယူဆောင် အသုံးပြုနိုင်တာကြောင့်လိုအပ်တဲ့ပစ္စည်းအစုံအလင်ထည့်ဖို့အတွက် အဆင်ပြေဆုံးပါ။ဆေးသေတ္တာမှာ ဘာတွေပါရမလဲ။အရေးပေါ်ဆေးသေတ္တာမှာ ဘယ်ပစ္စည်းတွေကို ထည့်ထားသင့်သလဲဆိုတာလည်းအရေးကြီးပါတယ်။ ဒါမှ လိုအပ်တဲ့အချိန် ထိထိရောက်ရောက်အသုံးချနိုင်မှာဖြစ်ပါတယ်။ဆေးသေတ္တာမှာ ဒါတွေ ပါဝင်သင့်ပါတယ်။ဆေးသေတ္တာကို ပစ္စည်းတွေ ထည့်ပြီးပြီဆိုရင်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%a1%e1%80%b1%e1%80%9b%e1%80%b8%e1%80%b1%e1%80%95%e1%81%9a%e1%80%b1%e1%80%86%e1%80%b8%e1%80%b1%e1%80%9e%e1%80%90%e1%81%b1%e1%80%ac%e1%80%99%e1%80%bd%e1%80%ac-%e1%80%98%e1%80%ac%e1%80%b1%e1%80%90/
သင်သောက်နေတဲ့ အရက်တွေကို ဘာတွေနဲ့ ဖန်တီးထားတာလဲ
သင်သောက်နေတဲ့ အရက်တွေကို ဘာတွေနဲ့ ဖန်တီးထားတာလဲ ဆိုတာကို သိပါရဲ့လား။ အရင်ဆုံး အရက်ကို ဘာတွေနဲ့ ဖန်တီးထားသလဲဆိုတာကို မပြောခင်မှာ အရက် ကြိုက်သူတွေ တွေ့ကြုံနေရတဲ့ အဖြစ်အပျက်လေးတစ်ခုကို အရင်ဆုံး ပြောချင်ပါတယ်။အရက် မသောက်နဲ့နော် လို့ ပြောရတာက တကယ်တော့ လွယ်မယောင်နဲ့ အခက်ဆုံး စကားပါ။ ခပ်လွယ်လွယ်ခေါင်းငြိမ့်ပြ ပြီးသွားရင် လစ်တာနဲ့ ကစ်ကြပြန်တဲ့သူတွေ သိပ်များပါတယ်။အရက် သောက်တာက မကောင်းပါဘူး။ လူတိုင်းပြောနေကြစကားပါ။ ဒါပေမယ့်လည်း ပြောရင်းဆိုရင်း တစ်ခွက်တစ်ဖလား မော့မိကြပြန်တာပဲ မဟုတ်လား။ကိုယ်ဒီလို မော့မိနေတဲ့ အရက်တွေကို ဘယ်အရာတွေကနေ ဖန်တီးထားတာလဲ။ ဘာကြောင့် အရက်ကို လူတွေ ဒီလောက်နှစ်ခြိုက်နေရတာလဲဆိုတာကို တွေးမိဖူးကြရဲ့လား။ အရက် မြင်ရင် ချဉ်ချဉ်တူးတူး မူးရင်ပြီးရောဆိုပြီး သောက်နေလို့ မဖြစ်ဘူးလေ။အရက် အမျိုးအစားကလည်း တစ်ခုနဲ့တစ်ခု မတူကြသလို အခြေခံကုန်ကြမ်းချင်းကလည်း မတူကြပါဘူး။ ကဲ …..လူအများစုသောက်သုံးနေတဲ့ အရက်တွေကို ဘယ်လိုအရာတွေကို အခြေခံပြီး ဖန်တီးထားတာလဲဆိုတာကို ဆက်လက်ဆွေးနွေးလိုက်ကြစို့နော်။သင်သောက်နေတဲ့ အရက်တွေကို ဘာတွေနဲ့ ဖန်တီးထားတာလဲ ဆိုတော့။ဝီစကီလို့ပြောလိုက်ရင် ဂျော်နီဝါကာပဲ ပြေးမြင်မိကြမယ်မဟုတ်လား။ ဝီစကီဆိုတာ မုယောဂျုံစေ့ကို ပေါင်းခံချက်လုပ်ထားတဲ့ ယမကာတစ်မျိုးပဲဖြစ်ပါတယ်။ ဘီယာနဲ့မတူတာကတော့ ဝီစကီမှာ ဗျစ်ပွင့်မပါဘဲ ချက်လုပ်ထားတာပါ။ပါဝင်ပစ္စည်းတွေဖြစ်တဲ့ ဂျုံ၊ နှံစားပြောင်း၊ မုယောစပါး၊ပြောင်းဖူးနဲ့ မြင်းစားဂျုံတွေဟာ နည်းစနစ်အလိုက် ပြောင်းလဲနိုင်ပေမယ့် ဘီယာနဲ့ ထုတ်လုပ်ပုံခြင်း ဆင်တူသယောင်ရှိပါတယ်။ မုယောစပါးတွေကို ပေါင်းခံချက်လုပ်တာဖြစ်တဲ့အတွက် နည်းမှန်လမ်းမှန်နဲ့ သင့်လျော်ရုံမှီဝဲရင်နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပေမယ့် နေ့စဉ်ရက်ဆက်သောက်သုံးမယ်ဆိုရင်တော့ ပြောင်းပြန်ရလဒ်ရပါလိမ့်မယ်။ဘရန်ဒီဆိုတာ ဝိုင်အရက်ကို ထပ်မံချက်လုပ်ထားတာ ဖြစ်ပါတယ်။ Cognac နဲ့ Armagnac ဘရန်ဒီတွေဟာ ပြင်သစ်နိုင်ငံရဲ့ သီးခြားနေရာတွေမှာသာ ချက်လုပ်ကြရတာဖြစ်သလို ထုထည်အားဖြင့် အရက်ပါဝင်မှု ၃၅% ကနေ ၆ဝ% အထိ ဖြစ်ပါတယ်။ အများအားဖြင့် ဘရန်ဒီကို ညအိပ်ရာဝင်ခါနီး သောက်လေ့ရှိပြီးအသားအရေလှပစေရုံမက အိုမင်းရင့်ရော်မှုကိုလည်း ကာကွယ်ပေးတယ်လို့ အဆိုရှိပါတယ်။ တချို့ဒေသတွေမှာ စပျစ်သီးတို့လို သစ်သီးတွေကို အချဉ်ဖောက်ပြီးတော့လည်း ဘရန်ဒီချက်လုပ်လေ့ရှိပါတယ်။ရှန်ပိန်ဆိုတာက ပြင်သစ်နိုင်ငံအရှေ့မြောက်ပိုင်းက ထွက်တဲ့ ဝိုင်အမျိုးအစားတစ်ခုဖြစ်ပါတယ်။ Gas အရှိန်ပြင်းတ အဖျော်ယမကာ တစ်မျိုးဖြစ်ပြီးတော့ အရက်ပါဝင်မှု ၁၂% ခန့် ဖြစ်ပါတယ်။ အဓိက အားဖြင့် စပျစ်သီးကို အခြေခံပြီး ဖန်တီးတာဖြစ်ပေမယ့် တခြားသစ်သီးတွေကနေလည်း ချက်လုပ်တတ်ပါတယ်။ နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပြီး အစာကြေလွယ်စေတဲ့ ယမကာတစ်မျိုးပါ။ အဖျော်ယမကာတွေထဲမှာ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးလို့ ဆိုကြပါတယ်။သကြားတွေ ၊ ကြံချောင်းတွေကို အချဉ်ဖောက်ပြီး ပေါင်းခံချက်လုပ်ထားတာကို ရမ်လို့ခေါ်ပါတယ်။ သက်တမ်းနုသေးတဲ့ရမ်ကိုတော့ တခြားအရည်တွေနဲ့ ရောနှောသောက်ဖို့ သင့်တော်ပြီးတော့ ချက်လုပ်ထားတာ ကြာပြီဖြစ်တဲ့ သက်တမ်းရင့်ရမ်တွေကို အရသာခံသောက်သုံးရတယ်လို့ ဆိုစကားရှိပါတယ်။ ဆီးချိုသမားတွေ ရှောင်သင့်တဲ့ ယမကာတစ်မျိုးပါ။ဗော့ကာဟာ မူလတုန်းက အာလူးကနေ ချက်လုပ်တာပါ။ ခုနောက်ပိုင်းမှာတော့ ဝီစကီများလိုပဲ ဂျုံစေ့ကနေပဲ ပေါင်းခံပြီး ချက်ကြပါတယ်။ ဗော့ကာဟာ သက်တမ်းနုတဲ့အတွက် ပေါင်းခံချက်လုပ်ရာမှာ ရေလိုပဲ အရောင်ကင်းမဲ့ပြီး ကြည်လင်နေတတ်တာဖြစ်ပါတယ်။ ဗော့ဒ်ကာကသွေးလည်ပတ်မှုကောင်းစေပြီးကိုလက်စထရောကို လျှော့ချပေးနိုင်ပါတယ်။တက်ကီလာဆိုတာကတော့ သင်္ဘောနာနတ် (Agave Tequilana) ဖျော်ရည်ကို အချဉ်ဖောက်ပြီး ပေါင်းခံချက်လုပ်ထားတာဖြစ်ပါတယ်။ တက်ကီလာအရက်အားလုံးကို မက္ကဆီကိုနိုင်ငံ တက်ကီလာမြို့ဝန်းကျင်နဲ့ မက္ကဆီကိုနိုင်ငံ အနောက်မြောက်ဒေသနဲ့ အနောက်အလယ်ပိုင်း ကုန်းမြင့်ဒေသတွေမှာ အဓိက ချက်လုပ်ကြတာ ဖြစ်ပါတယ်။ တက္ကီလာက အရိုးသန်မာစေပြီး အိပ်ပျော်စေပါတယ်။ဂျင်အရက်ဆိုတာက ဂျူနီပါဘယ်ရီသီးကို အချဉ်ဖောက်ချက်လုပ်ပြီးတော့ ပေါင်းခံချက်လုပ်ထားတာ ဖြစ်ပါတယ်။ ၁၇ ရာစု အလယ်လောက်ကတည်းက လူကြိုက်များခဲ့တဲ့အရက်ဖြစ်ရုံမက ဒီနေ့ခေတ်မှာလည်း ဂျင်ကို သံပရာသီးနဲ့ တွဲဖက် သောက်သုံးကြပါသေးတယ်။ လေ့လာချက်တွေအရ ဂျင်ကို ဆေးဖြစ်ဝါးဖြစ် သောက်သုံးခြင်းက လေသင်တုန်းဖြတ်ချင်းကို ကာကွယ်နိုင်စွမ်းရှိပါတယ်။အရက်တွေအကြောင်းပြောပြီးချိန်မှာ တစ်ပါတည်းသတိပေးချင်တာက ကြိုက်တတ်လို့ မှီဝဲရင်တောင်မှ ချိန်ချိန်ဆဆ မှီဝဲဖို့ကိစ္စပါ။ အရက်အလွန်အကျွံသောက်ခြင်းဟာ အသက်အန္တရာယ်ကြုံတွေ့နိုင်စေသလို ဘဝတွေကိုပါ ပျက်စီးစေတဲ့အရာပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/nutrition-and-healthy-eating-in-depth-alcohol/
ဝမ်းလျှောတာကို ပရိုဘိုင်အိုးတစ်တွေက ဘယ်လိုကာကွယ်ကုသပေးနိုင်သလဲ
ဝမ်းလျှောတာကို ပရိုဘိုင်အိုးတစ်တွေက ဘယ်လိုကာကွယ်ကုသပေးနိုင်သလဲ ဆိုတာကို အတူတူ လေ့လာလိုက်ရအောင်နော်။ဝမ်းလျှောပြန်ပြီလား။ ဘာသွားစားမိလို့လဲ လို့ မေးကြမယ်၊ပဋိဇီဝပိုးသတ်ဆေးတွေ၊ ဝမ်းပိတ်ဆေးဆိုတာတွေ သောက်ခိုင်းမယ်။ လျှောနေတဲ့ ဝမ်း ရပ်သွားဖို့ပဲ အဓိက တွေးကြတယ် မဟုတ်လား။ဝမ်းလျှောတာကို ပရိုဘိုင်အိုးတစ်တွေက ဘယ်လိုကာကွယ်ကုသပေးနိုင်သလဲ ဆိုတာကို ကိုယ်တိုင် လေ့လာလိုက်တော့နော်။တကယ်တော့ ဝမ်းလျှော တယ်၊ဝမ်းပျက်တယ်ဆိုတာတွေက အစားအသောက်က တဆင့်ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေ ကူးစက်ရရှိတာအပါအဝင် တခြားအကြောင်းရင်းတွေ အများကြီးကြောင့် ဖြစ်နိုင်ပါတယ်။အများအားဖြင့် ဝမ်းပျက်ဝမ်းလျှောကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေက –။ဒီလို ဝမ်းပျက်ခြင်းမျိုးက Rotavirus ၊ E. coli နဲ့ Salmonella အပါအဝင် ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ကပ်ပါးပိုး တွေကြောင့်ပါ။မသန့်ရှင်းတဲ့ သောက်သုံးရေ၊ အစားအသောက်တွေက တဆင့်ရောဂါပိုးတွေအစာလမ်းကြောင်းထဲ ရောက်ရှိနိုင်သလို လက်မသန့်ရှင်းမှု၊တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းခြင်း တို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။အကြောင်းရင်း အမျိုးမျိုးကြောင့် နေမကောင်းဖြစ်တဲ့ အခါ ဆရာဝန် ညွှန်လို့ပဲ ဖြစ်ဖြစ်၊ ကိုယ့်သဘောနဲ့ ကိုယ်ပဲ ဖြစ်ဖြစ် ပဋိဇီဝဆေးဝါးတွေကို သောက်သုံးကြပါတယ်။ဒီဆေးတွေ မကြာခဏ သောက်လွန်းခြင်းရဲ့ဘေးထွက်ဆိုးကျိုးကတော့ အစာခြေစနစ်အတွင်းကအကျိုးပြုဘက်တီးရီးယားတွေကို ကမောက်ကမဖြစ်စေတာပါပဲ။ အဲဒီနောက်တော့ ဝမ်းပျက်ပါတော့တယ်။ကိုယ်မရောက်ဖူးတဲ့ နေရာဒေသတစ်ခုကို ခရီးသွားပြီ ဆိုပါစို့။ ပတ်ဝန်းကျင်အသစ်မှာ ရှိတဲ့ အဏုဇီဝ ပိုးမွှားအမျိုးအစားတွေကို ကိုယ်တွင်းစနစ်က ပထမဆုံး ထိတွေ့မိတဲ့အခါ ဒီဝမ်းပျက်ခြင်းဝေဒနာ ဖြစ်လာတတ်ပါတယ်။ ဒါ့ကြောင့် ခရီးသွားစဉ် ဝမ်းလျှောခြင်း (Traveler’s diarrhea) လို့ ခေါ်ကြတာ ဖြစ်ပါတယ်။အတော်များများကတော့ ကိုယ်သောက်လေ့ရှိတဲ့ဆေး သောက်လိုက်ကြတာပါပဲ။ ဝမ်းနည်းနည်းလျှောရုံနဲ့ ဆေးခန်း မသွားကြတော့ဘဲ ဆေးဆိုင်မှာမေး၊ နီးစပ်ရာလူတွေကိုမေး၊ ကိုယ်တိုင်ဆုံးဖြတ်နဲ့ ပိုးသတ်ဆေး သို့မဟုတ် ဝမ်းပိတ်ဆေးတွေ သောက်လိုက်ကြတာများပါတယ်။ဒါပေမယ့် ဝမ်းလျှော တဲ့အခါ ဆရာဝန်တွေ ညွှန်ကြားလေ့ရှိတဲ့ ဆေးညွှန်းထဲမှာ ပါလေ့ရှိတာက ပရိုဘိုင်အိုးတစ် လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားပါ။ သူ့ကို အမှုန့်၊ ဆေးတောင့် တို့လို ပုံစံအမျိုးမျိုး၊ ကုန်အမှတ်တံဆိပ် အမျိုးမျိုးနဲ့ ထုတ်လုပ်ကြတယ်။ပရိုဘိုင်အိုးတစ်ဆိုတာအစာခြေစနစ်အတွင်းမှာ ရှိနေတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေပါပဲ။ အူတွင်းအကျိုးပြု ဘက်တီးရီးယားလို့လည်း ခေါ်ကြပါတယ်။အစာခြေစနစ် အတွင်းမှာ ဘက်တီးရီးယားအမျိုးပေါင်းများစွာ သဘာဝအတိုင်း ရှိနေပြီး သူတို့ကအစာအိမ်နဲ့ အူလမ်းကြောင်းကျန်းမာရေးအတွက် အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်နေကြတာ ဖြစ်ပါတယ်။ရောဂါပိုးတွေအပါအဝင် ပြင်ပက အနှောင့်အယှက်တွေ ဝင်ရောက်လာတဲ့အခါ အူတွင်းဘက်တီးရီးယားတွေ မညီမမျှဖြစ်စေပြီး အစာခြေစနစ်ရဲ့လုပ်ဆောင်ချက်တွေ ပျက်ယွင်းရပါတယ်။ဝမ်းချုပ်တာ၊ ဝမ်းပျက်တာ၊ ဗိုက်အောင့်တာ စတဲ့ ဗိုက်နဲ့ ဝမ်းပြဿနာတွေ ဖြစ်လာတာပေါ့။ဒီလိုအချိန်မှာ အမှုန့်ပုံစံ၊ ဆေးတောင့်ပုံစံနဲ့ ရရှိနိုင်တဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေကို သောက်သုံးပြီး ဖြည့်တင်းလိုက်ရင် လုပ်ဆောင်ချက်တွေ ပုံမှန်ပြန်လည်ပတ်နိုင်စေဖို့ ကူညီပေးပါတယ်။ ဒါ့ကြောင့်ဝမ်းပျက်ဝမ်းလျှောချိန် ပရိုဘိုင်အိုးတစ်လေးတွေ သောက်လိုက်ရင် အမြန်သက်သာစေတာ ဖြစ်ပါတယ်။ပရိုဘိုင်အိုးတစ်တွေဟာ။– ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို အူလမ်းကြောင်းမှာ ခြေကုပ်မယူနိုင်အောင် ခုခံတားဆီးပေးတယ်။– အူနံရံအမြှေးကို မပါးအောင် ထိန်းသိမ်းပေးတယ်။– ပုံမှန်ဝမ်းသွားအောင် အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက် အားဖြည့်ကူညီပေးတယ်။– လေပွခြင်း၊ဗိုက်ပွခြင်း၊ ဝမ်းဗိုက်မအီမသာဖြစ်ခြင်း စတဲ့ ဝမ်းဗိုက်ဝေဒနာတွေကို သက်သာစေတယ်။– အူတွင်းဘက်တီးရီးယားတွေကို ဖြည့်တင်းပေးပြီး ပုံမှန်ထိန်းညှိမှု ပြန်ရစေတယ် စတဲ့ တခြားအကျိုးကျေးဇူးတွေလည်း ရှိနေပါသေးတယ်။ပဋိဇီဝဆေးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်တဲ့ ဝမ်းလျှောခြင်းမှာဆိုရင်လည်း ပရိုဘိုင်အိုးတစ် ကိုပါ တွဲပြီးသောက်ထားမယ်ဆိုရင် ဆေးကြောင့် ဝမ်းလျှောတာ မဖြစ်အောင် ကြိုတင်ကာကွယ်ထားနိုင်ပါသေးတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/probiotic/
မေ့ဆေး အမျိုးအစားများ
ခွဲစိတ်မှုအတောအတွင်းတွင် လူနာကို မေ့ဆေးဆရာဝန်မှ စောင့်ကြပ်ကြည့်ရှုပြီး မေ့ဆေးပေးပါလိမ့်မည်။ မေ့ဆေးဆရာဝန်မှ မည်သည့်ဆေးကို အသုံးပြုမည်၊ ပမာဏမည်မျှသုံးမည်၊ နှင့် မည်ကဲ့သို့ထိန်းချုပ်မည်ကို ဆုံးဖြတ်ပါလိမ့်မည်။ မေ့ဆေးပေးသူ သုံးမျိုးရှိပါသည်။မေ့ဆေးအထူးကုသည် ဆေးကုသမှုဖြစ်စဉ် အတောအတွင်းတွင် မေ့ဆေးပေးခြင်းကို ကြီးကြပ်ရန်၊ စောင့်ကြည့်ရန် လေ့ကျင့်ထားသော ဆရာဝန်ဖြစ်ပါသည်။ သူတို့သည် မေ့ဆေးပေးခြင်းအတွက် အကျွမ်းကျင်ဆုံးသော ပညာရှင်များဖြစ်ကြပါသည်။သူတို့သည် လူနာ၏ စိတ်ကျန်းမာရေးနှင့် ကိုယ်ကာယကျန်းမာရေးကို မေ့ဆေးမပေးမီ၊ ပေးနေစဉ်နှင့် ပေးပြီးနောက်ပိုင်းတွင် တာဝန်ယူကြရသည်။ အောက်ပါတို့သည် သူတို့၏ တာဝန်များဖြစ်ပါသည်။မေ့ဆေးလက်ထောက်သည် မေ့ဆေးအဖွဲ့တွင် တစ်ယောက်အပါအဝင်ဖြစ်ပြီး လေးနှစ်ကြာအောင် လေ့ကျင့်သင်ကြားပေးထားသူဖြစ်ပါသည်။ ၎င်းတို့သည်လည်းကျွမ်းကျင်သူများပင်ဖြစ်ပြီး မေ့ဆေးဆရာဝန်၏ ညွှန်ကြားမှုအောက်တွင် အလုပ်လုပ်ကြသည်။ အောက်ပါတို့သည် မေ့ဆေးပေးသည့်အချိန်တွင် သူတို့လုပ်ဆောင်ရသည်များဖြစ်ပါသည်။မေ့ဆေးလက်ထောက်သည် မေ့ဆေးပေးခြင်းအပြင် အခြားသော အလုပ်နယ်ပယ် များကို မလုပ်ကြပေ။မေ့ဆေးသူနာပြုသည် မေ့ဆေးပေးသည့် သူနာပြုအဖြစ်လေ့ကျင့်သင်ကြားထားသူများဖြစ်ကြပါသည်။ သူတို့သည်လည်း မေ့ဆေးဆရာဝန်၏ ညွှန်ကြားမှုအောက်တွင် အလုပ်လုပ်ကြသည်။ သမားတော်များ၏ ညွှန်ကြားမှုအောက်တွင်လည်း တခါတရံ အလုပ်လုပ်ကြရသည်။မေ့ဆေးသူနာပြု၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။အရေးကြီးသော လက္ခဏာများဖြစ်သော သွေးပေါင်ချိန်၊ အသက်ရှူနှုန်းများကို စောင့်ကြည့်ပေးသည်။မေ့ဆေးဆရာဝန်များတွင် မေ့ဆေးပေးသည့်အခါ သူတို့၏ ကိုယ်ပိုင်နည်းလမ်းများရှိတတ်ကြသည်။ သူတို့အလုပ်ကို နားလည်ရန်နှင့် အကူအညီလိုအပ်လျှင် သူတို့ကို ပြောရန်လိုအပ်ပါသည်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-procedures-and-surgeries/%e1%80%b1%e1%80%99%e1%80%b7%e1%80%b1%e1%80%86%e1%80%b8-%e1%80%a1%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8/
သွေးကြောထုံးများကို ဆေးထိုးပိတ်ဆို့သော ကုသမှု (Sclerotherapy)
Sclerotherapy ဆိုတာကြားဖူးပါသလား။ ထိုကုသမှုဟာ သွေးပြန်ကြောများဖောင်းခြင်း၊ ကျယ်ခြင်း (သွေးကြောထုံး)တို့ကို ကုသရာမှာအကောင်းဆုံးနည်းဖြစ်တယ်။ သွေးပြန်ကြောများဖောင်းခြင်း၊ ကျယ်ခြင်းတွေဟာ နာကျင်မှုတွေ၊ နေထိုင်ရမသက်သာခြင်းတွေနဲ့ သွေးလှည့်အဖွဲ့အစည်းပြဿနာတွေပါ ဖြစ်စေနိုင်တယ်။ Sclerotherapy နဲ့ပတ်သတ်တဲ့ အခြေအခံအချက်လေးတွေကို လေ့လာကြည့်ရအောင်။ဒီကုထုံးကို သွေးပြန်ကြောများဖောင်းခြင်း ကျယ်ခြင်းတွေကို ကုသဖို့အတွက်သုံးပါတယ်။ လက္ခဏာတွေကိုသက်သာစေနိုင်တယ်။• ကျယ်နေ ၊ ဖောင်းနေတဲ့ သွေးပြန်ကြောတွေကိုပျောက်သွားစေတယ်၊။• ထိုသွေးပြန်ကြောတွေကြောင့် ပေါ်နေသောအရေပြားပေါ်မှ အခြေအနေကိုသက်သာစေကာ တဖြေးဖြေးပုံမှန်ပြန်ဖြစ်သွားစေနိုင်တယ်၊။• နာကျင်မှု၊ ရောင်ရမ်းမှုတွေကိုသက်သာစေနိုင်ပါတယ်။ဒီကုထုံးက အန္တရာယ်နည်းတဲ့ ကုသမှုတစ်ခုဖြစ်ပေမယ့် မခံယူနိုင်မယ့် အခြေအနေတချို့လည်းရှိပါတယ်။ ယူသင့် မယူသင့်ကို ဆရာဝန်နဲ့အရင်ဆွေးနွေးကြည့်ပါ။ တကယ်လို့ ကိုယ်ဝန်ရှိနေရင် မခံယူနိုင်သလို၊ အရင်က သွေးခဲမှုပြဿနာရှိဖူးပါကလည်း ခံယူသင့်မယူသင့်က သင့်ကျန်းမာရေးအခြေအနေပေါ် မူတည်ပါလိမ့်မယ်။ခြေထောက်တွေကို မြှင့်ထားပြီး ကုတင်ပေါ်မှာလှဲနေရပါမယ်။ ဆရာဝန်က အပ်ထိုးမယ့်နေရာမှ အရေပြားကိုအရက်ပျံနဲ့သန့်စင်ပြီး ဆားရည် (Saline) သို့မဟုတ် ဓါတုဆေးရည်တစ်မျိုးကို ပျက်စီးနေတဲ့သွေးပြန်ကြောထဲထိုးသွင်းပါမယ်။ ထိုဆေးရည်က သွေးကြောနံရံများပေါ်သက်ရောက်ပြီး သွေးစီးကြောင်းကိုတားဆီးလိုက်ပါတယ်။ ထို့နောက် ထိုထိခိုက်နေတဲ့သွေးကြောထုံးမှ အမာရွတ်အဖြစ်ပြောင်းသွားကာ တဖြည်းဖြည်းပိတ်ဆို့ပျောက်ကွယ်သွားပြီး သွေးတွေက အခြားကျန်းမာသော သွေးကြောအကောင်းတွေဆီကို စီးဆင်းသွားပါလိမ့်မယ်။အနည်းငယ်နာနိုင်ပေမယ့် အရမ်းနာလာရင်တော့ ဆရာဝန်ကိုပြောနိုင်ပါတယ်။ ထိခိုက်နေတဲ့သွေးပြန်ကြော အခြေအနေနဲ့ အရွယ်အစားပေါ်မူတည်ပြီး တစ်ကြိမ်မကထိုးရနိုင်ပါတယ်။သွေးကြောထုံးကသေးငယ်ပါက ၆ ပတ်အတွင်း ရလဒ်ကိုတွေ့ရနိုင်ပြီး သွေးကြောထုံးကြီးပါက ၃ ၊ ၄ လလောက်စောင့်ရနိုင်ပါတယ်။ တစ်ကြိမ်ကုသပြီးသော သွေးပြန်ကြောမှ နောက်တစ်ခါထပ်မဖြစ်တတ်ပါဘူး။ ဒါပေမယ့် နောက်ထပ်အခြားသွေးပြန်ကြောတွေကတော့ ကျယ်နိုင်၊ ဖောင်းနိုင်ပါတယ်။မိမိကုသမှုအဆင်ပြေလားသိဖို့ လစဉ်ဆရာဝန်ပြန်ပြသင့်ပါတယ်။အခြားဆေးကုသမှုများကဲ့သို့ Sclerotherapy သွေးကြောထုံးကုထုံးမှာလည်း ဘေးထွက်ဆိုးကျိုးအချို့ရှိပါတယ်။ ထိုဆိုးကျိုးများက မပြင်းထန်ဘဲ ရက်အနည်းငယ်သာကြာတာဖြစ်နိုင်သလို ပြင်းထန်ပြီး ကုသဖို့လိုတာလည်းဖြစ်နိုင်တယ်။ယာယီဘေးထွက်ဆိုးကျိုးများ။ဒီဘေးထွက်ဆိုးကျိုးတွေကတော့ ကုသဖို့မလိုပါဘူး။• အရေပြားအရောင်ပြောင်းခြင်း။• ယားယံခြင်း။• နီရဲခြင်း။• အမည်းစက်များထွက်ခြင်း၊ အသားရောင်ညစ်ခြင်း။ရက်အနည်းငယ် လအနည်းငယ်အတွင်းမှာ ပျောက်သွားတတ်ပါတယ်။ တခါတလေတော့ နှစ်အနည်းငယ်ထိကြာနိုင်တယ်။အောက်ပါ ဆိုးကျိုးတွေရရင်တော့ ကုသဖို့လိုပါပြီ။• ဓါတ်မတည့်ခြင်း- တချို့အခါတွေမှာ ထိုးသွင်းရမည့်ဆေးနဲ့ ဓါတ်မတည့်တာဖြစ်နိုင်ပါတယ်။• သွေးခဲခြင်း-သွေးကြောထဲမှာ သွေးခဲဖြစ်ပေါ်လာပြီး ဖယ်ထုတ်ရနိုင်ပါတယ်။• လေပူဖောင်းထခြင်း- သွေးထဲမှာလေပူပေါင်းထစေပြီး ခေါင်းကိုက်ခြင်း၊ ပျို့ခြင်း၊ မူးဝေခြင်းများ ဖြစ်စေနိုင်ပါတယ်။• ရောင်ရမ်းခြင်း- ထိုးသွင်းတဲ့နေရာမှာ ရောင်ရမ်းခြင်း၊ သက်တောင့်သက်သာမရှိခြင်းများ ဖြစ်နိုင်ပါတယ်။ထိုအခြေအနေတွေမှာတော့ ဆေးကုသမှုခံယူသင့်ပါတယ်။သွေးကြောထုံးများကို ဆေးထိုးပိတ်ဆို့သော ကုသမှု (Sclerotherapy) ကို သွေးကြောဖောင်းခြင်း ကျယ်ခြင်း (သွေးကြောထုံး)အတွက် နှစ်ပေါင်းများစွာကြာအောင် အသုံးပြုလာခဲ့ကြပြီးဖြစ်တယ်။ ကုသပြီးတာနဲ့ အိမ်ပြန်လို့ရနိုင်တဲ့ အန္တရာယ်နည်းသော ကုသမှုမျိုးလည်းဖြစ်ပါတယ်။ ဒါပေမယ့် ကုသမှုခံယူအပြီးမှာ ရေနွေးဖြင့်ရေချိုးခြင်း၊ ရေနွေးအိတ်ကပ်ခြင်း၊ နေရောင်ထိခြင်းများ ရှောင်ကြဉ်ရပါမယ်။ အချက်အလက်အတိအကျအတွက် ဆရာဝန်နဲ့ဆွေးနွေးဖို့ အကြံပေးလိုပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%91%e1%80%b6%e1%80%af%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%80%e1%80%af%e1%80%ad-%e1%80%b1%e1%80%86%e1%80%b8/
တစ်ခုခုစားပြီးတိုင်း အိမ်သာပြေးနေရပြီဆိုရင်
အခုပဲ စားလို့ပြီးတယ်။ တော်ကြာအိမ်သာထဲမှာ သွားပြန်ထုတ်နေရတယ်ဆိုရင် သင့်မှာ ကျန်းမာရေး ပြဿနာ တစ်ခုခု ရှိနေနိုင်ပါတယ်။ ဆေးပညာအရတော့ ဒါကိုPostprandial diarrhea(PD) လို့ ခေါ်ပါတယ်။ တစ်ခုခုစားပြီးတိုင်း အိမ်သာပြေးနေရပြီဆိုရင် ဘာကြောင့် ဖြစ်တာလဲ။ ဘယ်လို ဖြေရှင်းကြမလဲဆိုတာ ကြည့်ရအောင်။ဖြစ်နိုင်တဲ့အကြောင်းတွေကတော့ အများကြီးပါပဲ။ ဒါပေမယ့် တစ်ခါတလေ ဘာကြောင့် ဖြစ်လို့ ဖြစ်မှန်း ရောဂါရှာမရတာလည်း ဖြစ်နိုင်ပါတယ်။ ဖြစ်တဲ့ကြာချိန်ပေါ်လိုက်ပြီး နှစ်မျိုး ခွဲထားပါတယ်။ ရက်ပိုင်းကနေ ၂ပတ်လောက်ပဲဆို  Acute ရက်တို ဝမ်းလျှောတာလို့ ခေါ်ပါတယ်။ ရက်သတ္တပတ်ကနေ လနဲ့ ချီကြာလာပြီဆိုရင်တော့ Chronic နာတာရှည် ဝမ်းလျှောတာလို့ သတ်မှတ်ပါတယ်။ ကြာချိန်ပေါ်လိုက်ပြီး ဖြစ်တဲ့အကြောင်းရင်းတွေလည်း မတူပါဘူး။လတ်တလော ဝမ်းလျှောတာ၊ ဖြစ်တာမကြာသေးဘူးဆိုရင် ဖြစ်နိုင်တာတွေကတော့။Stomach fluလို့ ခေါ်ပါတယ်။ ရာသီတုပ်ကွေးလိုပဲ အအေးမိ ဖျားနာတတ်သလို ဝမ်းလည်း လျှောတတ်ပါတယ်။ အထူးသဖြင့် အစားစားပြီးရင်ပေါ့။ကိုယ်နဲ့ ဓာတ်မတည့်တာ တစ်ခုခု ဒါမှမဟုတ် မသန့်တာ တစ်ခုခုစားမိရင် စားပြီး သိပ်မကြာဘူး ဝမ်းသွားတတ်ပါတယ်။ အန်လည်း အန်တတ်ပါတယ်။တချို့လူတွေက နို့သကြားလက်တို့စ်ကို ခံနိုင်ရည်မရှိပါဘူး။ ဒါကို သတိမထားမိဘဲ သောက်မိရင် ဝမ်းလျှောတတ်ပါတယ်။မသန့်ရှင်းတဲ့အစားအစာကို စားမိတဲ့အခါ ဖြစ်တတ်ပါတယ်။ ကပ်ပါးပိုးကို ကုသပြီးမှပဲ ဝမ်းသွားတာရပ်ပါတယ်။ဖြည့်စွက်အားဆေးတွေ ဥပမာ ဗီတာမင် စီတို့၊ မဂ္ဂနီဆီယမ်တို့ အလွန်အကျွံသောက်မိရင်လည်း အစာစားပြီးတိုင်း ဝမ်းလျှောတာ၊ ဗိုက်ရစ်တာ၊ ပျို့တာတွေ ဖြစ်တတ်ပါတယ်။ကလေးငယ်တွေမှာ သကြားဓာတ်များလွန်းတဲ့ ဖျော်ရည်တွေသောက်ပြီးရင် ဝမ်းလျှောတတ်ပါတယ်။ သကြားဓာတ်က အူထဲကို ရေပိုရောက်စေလို့ ဝမ်းကပိုပျော့ပြီး ဝမ်းသွားတာပါ။ဒီလို ရက်တိုဝမ်းလျှောတာတွေက သိပ်စိုးရိမ်စရာ မရှိပါဘူး။ အူထဲမှာ ရှိတဲ့ မသန့်တဲ့ ပိုးတွေ ထွက်သွားရင် အလိုလို သက်သာသွားပါတယ်။နာတာရှည် စားပြီးတိုင်း ဝမ်းသွားနေမယ်ဆိုရင် ဖြစ်နိုင်တာတွေက။ဒီအူလမ်းကြောင်း လှုပ်ရှားမှု ပုံမှန်မဟုတ်တဲ့ ရောဂါမှာ ဝမ်းလျှောတာအပြင်၊ တစ်ခါတလေ ဝမ်းချုပ်တာ ဖြစ်တတ်ပါတယ်။ ဗိုက်ရစ်တာ၊ ကြွက်တက်သလို အောင့်တာတွေလည်း ဖြစ်တတ်ပါတယ်။ခုခံအားစနစ် ပုံမှန်မဟုတ်တာကြောင့် အူလမ်းကြောင်း ရောင်ရမ်းတဲ့ရောဂါပါ။ စားပြီးတိုင်း ဝမ်းသွားတာက ရက်ရှည်ဖြစ်နိုင်တဲ့အပြင် ဗိုက်ရစ်တာ၊ ကိုယ်အလေးချိန်ကျသွားတာမျိုးအထိ ဖြစ်လာနိုင်ပါတယ်။သိုင်းရွိုက်ဟော်မုန်းများရင်လည်း အစာစားပြီးတိုင်း ဝမ်းသွားတာမျိုး ဖြစ်တတ်ပါတယ်။ နာတာရှည် ဆီးချိုရောဂါမှာလည်း အူလမ်းကြောင်းက အာရုံကြောတွေ မကောင်းတော့တာကြောင့် ဒါမျိုးဖြစ်တတ်ပါတယ်။ခုခံအားကမောက်ကမ ဖြစ်တဲ့ရောဂါဖြစ်ပြီး ဂျုံမှာပါတဲ့ ဂလူတန်ဆိုတဲ့ ပရိုတိန်းကို ခံနိုင်ရည်မရှိပါဘူး။ ဒါကြောင့် ဂလူတန်ပါတာတွေ စားမိတိုင်းမှာ ဝမ်းလျှောတတ်ပါတယ်။သည်းခြေအိတ် ထုတ်ထားရင် ပထမ တစ်လ နှစ်လအတွင်းမှာ အစာစားပြီးတိုင်း ဝမ်းသွားတတ်ပါတယ်။ အများစုကတော့ တဖြည်းဖြည်း သက်သာသွားပါတယ်။ တချို့ကတော့ နာတာရှည် ဖြစ်တတ်ပါတယ်။ရက်တို ဝမ်းလျှောတာကတော့ သိပ်မကြာခင်ပဲ သက်သာသွားတတ်ပါတယ်။ အောက်ကအချက်တွေရှိရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။ရောဂါတွေ ရှာဖွေပြီး ထိရောက်တဲ့ ကုသမှုတွေ ခံယူသင့်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/diarrhea-digestive-health/postprandial-diarrhea/
ကိုယ့်ကလေးကို အဆိပ်အတောက်တွေ ကျွေးမိနေပြီလား
လောကမှာ ကိုယ်အချစ်ရဆုံးသော လူသားလေးတွေဖြစ်တဲ့ ကိုယ့်ရဲ့ရင်သွေးရတနာတွေကို အကောင်းဆုံးတွေပဲ ပေးချင်တာ၊ အကောင်းဆုံးပဲဖြစ်လာစေချင်တာ မိဘတိုင်းရဲ့မေတ္တာပါ။ ဒါပေမယ့် စားစေချင်လို့ ကျွေးနေတဲ့အရာတွေ၊ အာဟာရဖြစ်မယ်ထင်လို့ စီစဉ်ပေးတာတွေက ဘေးဖြစ်စေမယ်ဆိုရင် ရင်နာစရာပေါ့။ ဒါ့ကြောင့် ကိုယ့်ကလေးရဲ့ အစားအသောက်တွေထဲမှာ အဆိပ်အတောက်ဖြစ်စေမယ့်အရာတွေ ပါဝင်နေသလားဆိုတာ အရင်ဆုံးပြန်ဆန်းစစ်ကြရအောင်။အကင်ဆိုင်လေးတွေ ဟိုမှာ ဒီမှာ တွေ့ရတတ်တော့ ဝယ်စားရလွယ်ကူတဲ့သရေစာတစ်မျိုးပါပဲ။ ဟော့ဒေါ့ချောင်းလေးတွေကို အချဉ်လေး၊ အမှုန့်လေးသုတ်ပြီး စားရတာ ပူပူနွေးနွေးလေးပေါ့။ ဒါပေမယ့် ပူနွေးပေမယ့် ရောဂါပိုးတွေမကင်းနိုင်တာ ဒီအစားအသောက်တွေပါပဲ။ ကောင်းကောင်းမဖွံ့ဖြိုးသေးတဲ့ကလေးရဲ့အစာခြေစနစ်ထဲကို တာရှည်ခံပစ္စည်းတွေအပြည့်ပါတဲ့ ဒီအရာတွေဝင်ရောက်သွားမယ်ဆို တွေးကြည့်ပါ။ဟော့ဒေါ့အပါအဝင် ဝက်အူချောင်း၊ကြက်အူချောင်းကင်၊ အသားပြားကင် တို့လို ယိုးဒယားကင်ဆိုတဲ့သရေစာတွေ ဟာ ပြုပြင်စီမံထားတဲ့ အစားအစာတွေချည်းပါပဲ။ ဒီအမျိုးအစားတွေက ကင်ဆာဖြစ်စေနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးထားပြီးသားဖြစ်ပါတယ်။အရောင်လှလှ သရေစာမုန့်တွေ၊ အရည်အသွေးမကောင်းတဲ့ အချိုရည်ဘူးတွေမှာ ပါနေတဲ့ ဆိုးဆေးတွေဟာ ကလေးတို့အတွက် အဆိပ်အတောက်တွေသက်သက်ပါပဲ။ အရောင်ဆိုးဆေးတွေကြောင့် ကလေးတွေမှာ အာရုံစူးစိုက်မှုနဲ့ပတ်သက်တဲ့ ပြဿနာတွေ၊ ဓာတ်မတည့်မှုတွေအပြင် ကင်ဆာဖြစ်နိုင်ခြေပါရှိနိုင်ပါတယ်နော်။ကိုယ်ကဆိုအကောင်းဝယ်ကျွေးပေမယ့်လည်း မုန့်ဖို့းပေးပြီး ကိုယ်တိုင်ဝယ်စားခွင့်ပေးထားတဲ့ကလေးတွေမှာ ဒီပြဿနာကို စိတ်ပူဖို့လိုပါတယ်။ ကလေးကြိုက်တာဝယ်စားပါစေ ဆိုပြီး ဒီအတိုင်းလွှတ်မထားသင့်ပါဘူး။ ဘယ်လိုအရည်အသွေးနဲ့အစားအသောက်တွေကို ဝယ်စားနေမလဲဆိုတာ တချက်စစ်ဆေးသင့်ပါတယ်။ ခုနကပြောခဲ့သလို ဆိုးဆေးတွေ၊ သကြားအတုတွေပါတဲ့ အချဉ်ထုပ်တွေ၊ နယ်စပ်ကတင်သွင်းလာတဲ့ တရားမဝင်သရေစာမုန့်တွေကိုများ ဝယ်စားနေမလား စိုးရိမ်ကြပါ။ကော်ဖီ၊ လက်ဖက်ရည်လောက်ပဲ ကလေးကိုမတိုက်ရုံနဲ့ ကဖင်းကင်းစင်ပြီထင်နေတာလား။ လန်းဆန်းတက်ကြွစေတယ်ဆိုတဲ့ အားဖြည့်အချိုရည်တွေမှာလည်း ကဖင်းဓာတ်များများစားစား ပါနေတတ်တာ သတိပြုပါ။ ကဖင်းကြောင့် ကလေးမှာ နှလုံးခုန်မြန်တာ၊ ကတုန်ကယင်ဖြစ်တာ၊ သွေးဖိအားမြင့်တာ၊ ကောင်းကောင်းအိပ်မပျော်တာတွေ ဖြစ်လာစေနိုင်တယ်။ခရင်မ်ကိတ်မုန့်၊ သကြားလုံး၊ ဂျယ်လီ၊ အချိုရည်၊ ယို စတာတွေက ကလေးကြိုက်အချိုမုန့်တွေ၊ သရေစာတွေပါပဲ။ သူတို့မှာ ကယ်လိုရီပါဝင်မှုများလေ့ရှိပေမယ့် ကလေးတို့အတွက် မရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်တွေတော့ နည်းနည်းပဲပါတာပါ။ အချိုကဲတဲ့ အစားအသောက်တွေ မကြာခဏစားတဲ့အခါ အဝလွန်ခြင်းနဲ့ သွားပျက်စီးခြင်းတွေ ဖြစ်လာနိုင်သလို အဝလွန်ရာကနေဆီးချိုသွေးချိုရောဂါအန္တရာယ်နဲ့ နီးစပ်သွားနိုင်တာ ကြောက်စရာပါ။အချိုရည်တင်မကဘဲ အသင့်သောက်အာဟာရရည်တွေ၊ နို့တွေ၊ဒိန်ချဉ်တွေ(အချိုပါပြီးသား) ကိုလည်း နေ့တိုင်းအတိုင်းအတာနဲ့ အမြဲမတိုက်သင့်ပါဘူး။အငန်ဓာတ်များတဲ့အစားအစာတွေလို့ပြောရင် ငါးပိ၊ငါးခြောက်ကို ပြေးမြင်ကြမယ်၊ ဆားလျှော့ထည့်ဖို့ စဉ်းစားမယ်။ တကယ်တော့ နောက်ကွယ်မှာ ဆိုဒီယမ်များနေတဲ့ အစားအသောက်တွေကို ကျွေးမိနေတာ သတိမထားမိတာ ကိုယ့်အပြစ်ပါပဲ။ ဥပမာ ပြုပြင်စီမံထားတဲ့အစားအစာတွေ(အကင်ချောင်းတွေ၊ အသင့်စားတွေ)၊ ဆိုင်ကြီးတွေမှာ လူကြီးစားတဲ့ အစားအစာတွေ (ဟော့ပေါ့၊ ဘာညာ)၊ ချိစ်များတဲ့အစားအစာ စတာတွေက ကလေးတွေစားသင့်တဲ့ အငန်ပမာဏထက် ကျော်လွန်စေပါတယ်။ ဆိုဒီယမ်များတာ စားလွန်းရင် ကလေးတွေမှာလည်း သွေးတိုးဖြစ်စေနိုင်ပါတယ်။ အဲဒီကနေ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းအထိ ဖြစ်နိုင်ခြေပိုများ စေနိုင်ပါတယ်။ဒါဆို ဘာသွားကျွေးရတော့မှာလဲ လို့ မေမေတို့ စိတ်ညစ်နေဖို့မလိုပါဘူး။ ကလေးရဲ့အာဟာရအတွက် စနစ်တကျနဲ့ စီစဉ်ကျွေးလို့ရတဲ့ အရည်အသွေးပြည့်အာဟာရတွေ ရွေးချယ်လို့ရနေတာပဲလေ။ အရည်အသွေးကောင်းတဲ့မုန့်လေးတွေ ဝယ်ကျွေးမယ်၊ ဝယ်တဲ့အခါ ဘေးဖြစ်စေတာတွေပါမပါ ပါဝင်ပစ္စည်းနဲ့ ပမာဏကို သေချာစစ်ဆေးမယ်၊ ကိုယ်တိုင်လုပ်ကျွေးတဲ့အခါ ကျွေးမယ်၊ ကလေးတွေအတွက် သီးသန့်ထုတ်လုပ်တဲ့ ဖြည့်စွက်အာဟာရနို့မှုန့်တွေ တိုက်မယ်၊ ဘေးဖြစ်စေမယ့်အရာတွေကို မစားဖြစ်အောင် ထိန်းသိမ်းပေးမယ်ဆို လုံလောက်ပါပြီလို့…။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/bad-foods-for-child/
အသည်းစနမူနာယူစစ်ဆေးခြင်း
အသည်းစ နမူနာယူစစ်ဆေးခြင်း(Liver Biopsy) ဆိုတာကတော့ အသည်းကနေ တစ်ရှူးစ အနည်းငယ်ကို ခွဲစိတ်မှုနည်းလမ်းအားဖြင့် ရယူပြီး ရောဂါဗေဒဓာတ်ခွဲခန်းကို ပို့ဆောင်စစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။ တစ်ရှူးစကို နမူနာယူစစ်ဆေးခြင်းအားဖြင့် အသည်းမှာ ကင်ဆာ၊အသည်းခြောက်ခြင်းစတဲ့ ပုံမှန်မဟုတ်တဲ့ အနေအထားတွေ ဖြစ်ပေါ်နေခြင်း ရှိမရှိ သိနိုင်မှာ ဖြစ်ပါတယ်။ လိုအပ်ရင် သွေးစစ်ခြင်း၊ ပုံရိပ်ဖော်စစ်ဆေးခြင်း စတာတွေ ထပ်မံလုပ်ဆောင်ပါတယ်။အသည်းဟာကိုယ်ခန္ဓာအတွက် အရေးကြီးလှတဲ့ အင်္ဂါအစိတ်အပိုင်းတခု ဖြစ်ပါတယ်။ကိုယ်ခန္ဓာရဲ့ ဇီဝဖြစ်ပျက်မှုလုပ်ငန်းစဉ်တွေကို လုပ်ဆောင်ဖို့ အရေးကြီးတဲ့ ပရိုတိန်းနဲ့ အင်ဇိုင်းတွေ ထုတ်လုပ်ရာမှာ၊ သွေးထဲက အညစ်အကြေးတွေကို ဖယ်ထုတ်ရာမှာ၊ ရောဂါပိုးတွေကို တိုက်ထုတ်ရာမှာနဲ့ ဗီတာမင် အာဟာရဓာတ်တွေကို စုပ်ယူရာမှာ အရေးပါပါတယ်။ ဒါကြောင့် အသည်းမှာ ပြဿနာတခုခုရှိလာရင် တစ်ရှူးစနမူနာရယူ စစ်ဆေးဖို့ လိုအပ်ပါတယ်။အသည်းမှာရောဂါပိုးဝင်ရောက်နေသလား၊ ရောင်ရမ်းနေသလား၊ကင်ဆာဆဲလ်များဖြစ်ပေါ်နေသလား သိရှိနိုင်အောင် စစ်ဆေးရခြင်း ဖြစ်ပါတယ်။ထူးသဖြင့်။–အစာခြေစနစ်ပြဿနာတခုခုရှိနေခြင်း။– အဆက်မပြတ်ဗိုက်အောင့်နေခြင်း။– ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်း အလုံးအကျိတ်တွေ့ခြင်း။– ဓာတ်ခွဲစမ်းသပ်ချက်များအရ အသည်းပြဿနာဖြစ်ကြောင်း ညွှန်ပြနေခြင်းစတဲ့ အခြေအနေတွေမှာ ဆရာဝန်အနေနဲ့ အသည်းစနမူနာယူ စစ်ဆေးဖို့ ဆုံးဖြတ်ပါလိမ့်မယ်။ ပုံရိပ်ဖော်စစ်ဆေးခြင်းတွေဖြစ်တဲ့ ဓာတ်မှန်၊ စီတီစကန် စတဲ့နည်းလမ်းတွေနဲ့ ကင်ဆာဆဲလ် ဟုတ်မဟုတ် မခွဲနျွိုင်ရင်၊ အကြောင်းအရင်း တိတိပပမရှိဘဲ အဖျားဆက်တိုက်တက်နေရင်လည်း အသည်းတစ်ရှူး နမူနာ စစ်ဆေးပါတယ်။–အရက်ကြောင့် အသည်းထိခိုက်ခြင်း။– မိမိကိုယ်ခံအားက ဒုက္ခပေး၍ အသည်းရောဂါဖြစ်ခြင်း။– နာတာရှည်အသည်းရောင်ခြင်း (အသည်းရောင် ဘီပိုး၊ စီပိုး)။– အသည်းတွင် သံဓာတ်လွန်ကဲစွာ စုဝေးခြင်း။–အသည်းအဆီဖုံးခြင်း။– အသည်းခြောက်ခြင်း စတာတွေ ဖြစ်ပါတယ်။အရေပြားနဲ့ အသားကို ဖောက်ပြီး ရောဂါရှာဖွေစစ်ဆေးတဲ့ ဘယ်နည်းလမ်းမှာမဆို ရောဂါပိုးဝင်ခြင်း၊ သွေးထွက်ခြင်း စတဲ့ဖြစ်နိုင်ခြေအန္တရာယ် အနည်းနဲ့အများ ရှိနေပါတယ်။ ဒါပေမယ့် အသည်းကနေ တစ်ရှူးစနမူနာရယူဖို့ ခွဲစိတ်တဲ့ ဧရိယာရော အသုံးပြုတဲ့အပ်ပါ သေးငယ်တာမို့ အန္တရာယ်ကြီးကြီးမားမား ကြုံနိုင်ခြေမရှိပါဘူး။အသည်းတစ်ရှူးစနမူနာယူခြင်းအတွက် လူနာဖက်က ပြင်ဆင်စရာ အများအပြား မလိုအပ်ပါဘူး။ မိမိမှာ သောက်သုံးနေတဲ့ ဆေးဝါးတွေရှိနေရင် ဆရာဝန်ကိုဖွင့်ပြောပြပြီး လိုအပ်ရင် အချို့ဆေးဝါးများ သောက်သုံးခြင်းကို ရပ်နားထားရမှာ ဖြစ်ပါတယ်။ ခွဲစိတ်ခြင်းမတိုင်မီ ၈ နာရီခန့်ကြိုပြီး အစာမစား ရေမသောက်ဘဲ နေရပါမယ်။ ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာပြင်ဆင်ဖို့ပါပဲ။အခြေခံအားဖြင့် နည်းလမ်း၃ခု ရှိပါတယ်။ အဆိုပါနည်းလမ်းတွေကတော့။– အရေပြားမှတဆင့်ရယူသောနည်း။ ဝမ်းဗိုက်အရေပြားကနေ အပ်ကို သွင်းပြီး ရယူတဲ့နည်းလမ်း ဖြစ်ပါတယ်။ အသည်းစနမူနာယူရာမှာ အများဆုံးသုံးတဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။– သွေးပြန်ကြောမှ ရယူသောနည်း။ လည်ပင်းကို ခွဲစိတ်ပြီး ဂျူဂူလာလို့ခေါ်တဲ့ သွေးပြန်ကြောကနေ ပိုက်ပြွန်အသေးလေးကို အသည်းထိရောက်အောင် ထည့်သွင်းတဲ့နည်းလမ်း ဖြစ်ပါတယ်။ သွေးယိုခြင်းပြဿနာရှိသူတွေမှာ အသုံးပြုပါတယ်။– မှန်ပြောင်းဖြင့်ရယူနည်း။ ဝမ်းဗိုက်ကိုအပေါက်ဖောက်ပြီး ကင်မရာပါတဲ့ ပြွန်ထည့်သွင်းပြီး တစ်ရှူးစ ရယူခြင်း ဖြစ်ပါတယ်။အသားစရယူချိန်မှာ အသုံးပြုတဲ့မေ့ဆေးထုံဆေး အမျိုးအစားဟာ ဘယ်လိုနည်းလမ်းနဲ့ ခွဲစိတ်ရယူမလဲဆိုတာပေါ် မူတည်ပါတယ်။ ခွဲစိတ်ပြီးချိန် နာရီအနည်းငယ်လောက် အနားယူရပါလိမ့်မယ်။ ဆရာဝန်ခွင့်ပြုရင် အိမ်ပြန်နိုင်ပါတယ်။တစ်ရှူးစရယူပြီးဓာတ်ခွဲခန်းကို ပို့ဆောင်စစ်ဆေးပါလိမ့်မယ်။ ရက်အနည်းငယ်ကြာနိုင်ပါတယ်။ အဖြေထွက်လာရင် ဆရာဝန်က ပြန်လည်ချိန်းဆိုပြီး ဆွေးနွေးပါလိမ့်မယ်။ စစ်ဆေးချက်အဖြေပေါ် မူတည်ပြီး ဘယ်နည်းလမ်းတွေနဲ့ ဆက်လက်ကုသမယ်ဆိုတာ ဆွေးနွေးပါလိမ့်မယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/liver-biopsy/
နားထဲပိုးဝင်ပြီး နားကိုက် ခြင်းကနေ နောက်ဆက်တွဲ ဘာတွေဆက်ဖြစ်နိုင်သလဲ
နားပိုးဝင်တယ်၊နားကိုက်တယ်ဆိုတာ ကလေးတွေမှာ အဖြစ်များပြီး မပေါ့ဆသင့်တဲ့ အခြေအနေတစ်ခုပါ။ သူ့ဘာသူဖြစ်ဖြစ်၊အကိုက်အခဲပျောက်ဆေးသောက်လိုက်လို့ ပြန်ပျောက်သွားတာမျိုးတွေရှိပေမယ့် ကံမကောင်းရင်တော့ နားထဲ ရောဂါပိုးဝင်တာကနေတစ်ဆင့် တခြား ကြီးကြီးမားမား ကျန်းမာရေးပြဿနာတွေ ဖြစ်သွားနိုင်ပါတယ်။ ဒီလို နားပိုးဝင်ခြင်းကနေ ဆိုးဝါးတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဆိုတာ အဖြစ်နည်းပေးမယ့် ဖြစ်ရင်လည်း ဂိတ်ဆုံးဆိုသလိုဖြစ်တာကြောင့် ဒီနောက်ဆက်တွဲဆိုးကျိုးတွေကို သိထားဖို့အတွက် ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။နားထဲရောဂါပိုးဝင်ပြီးနားကိုက်တာ၊နားပြည်ယိုတာမျိုးတွေ ဖြစ်လိုက် ပျောက်လိုက် ပြန်ဖြစ်လိုက်တာတွေက ခဏခဏ ဖြစ်နေရင် နောက်ပိုင်း နားမကြားရတော့တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ကံကောင်းတာတစ်ခုက ဒီလို အကြားအာရုံ ဆုံးရှုံးတာ ခဏပဲဖြစ်ပြီး ပြန်သက်သာသွားတတ်ပါတယ်။အကြားအာရုံလုံးဝကို ဆုံးရှုံးသွားတဲ့ အခြေအနေတွေက လူအယောက် ၁၀၀၀၀ မှာ ၂ ယောက်လောက်ပဲ ဖြစ်တတ်ပါတယ်။ ဒီလို အကြားအာရုံဆုံးရှုံးတာမျိုး ကလေးတွေမှာ ဖြစ်သွားခဲ့ရင် ကလေးတွေရဲ့ လေ့လာသင်ယူနိုင်စွမ်းကို ထိခိုက်နိုင်တာကြောင့် နားနဲ့ပက်သက်လို့ ပြဿနာတစ်ခုခုဖြစ်ခဲ့ရင် မပေါ့ဆသင့်ပါဘူ။နားထဲ ခဏခဏ ပိုးဝင်နေတတ်တဲ့ ကလေးတွေမှာ အရိုးဖုရောင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ လက္ခဏာတွေကတော့ နားနောက်ပိုင်းမှာ နီရဲရောင်နေပြီး နာတတ်ကာ ခေါင်းတွေပါ ကိုက်တတ်ပါတယ်။ ဒီလောက်ဖြစ်နေတာတောင်မှ ဆက်ပြီး ပေါ့ဆနေလိုက်မယ်ဆိုရင် ရောဂါပိုးက ဦးနှောက်ထဲ အထိပြန့်သွားပြီး ဦးနှောက် အမြှေးပါးရောင်ခြင်း၊ ဦးနှောက်ထဲ အနာဖြစ်ခြင်းနဲ့ အကြားအာရုံ ဆုံးရှုံးခြင်းများဆက်ဖြစ်နိုင်ပါတယ်။ဦးနှောက်နဲ့ပင်မကျောရိုးကြီးကို အုပ်ထားတဲ့ အမြှေးပါးလေးရောင်တာ ဖြစ်ပါတယ်။ လက္ခဏာတွေကတော့ အသက် ၂ နှစ်နှင့် အထက် ကလေးမှာ ကလေးက ဖျားမယ်၊နုန်းနေမယ်၊ လည်ပင်းနဲ့ ဇက်တွေ တောင့်နေမယ်။ဇက်တောင့်နေတယ်ဆိုတာ ကလေး မေးစိကို ရင်ဘတ်ထိအောင် ကွေးလိုက်တဲ့အချိန် ကလေးကနာလို့ ထအော်တာ၊ ကွေးလို့မရဘဲ တောင့်နေတာမျိုးတွေဖြစ်နေတတ်ပါတယ်။နားထဲဝင်တဲ့ ရောဂါပိုးဟာ ဦးနှောက်ကို ပြန့်သွားတဲ့အချိန်မှာတော့ ဦးနှောက်ထဲ အနာဖြစ်ပြီးပြည်တည်တာမျိုးတွေပါ ဆက်ဖြစ်နိုင်ပါတယ်။ လက္ခဏာတွေကတော့ ဖျားမယ်၊ ပျို့အန်မယ်၊ ခေါင်းကိုက်မယ်၊ သတိလစ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ဦးနှောက်ထဲ အနာဖြစ်ပြီး ပြည်တည်ခြင်းဟာ ဆေးကုသမှု ချက်ချင်းခံယူသင့်တဲ့ ပြဿနာမျိုးပါ။ အချိန်မီ ကုသမှု ခံယူလိုက်ရင် အရှင်း ပြန်ကောင်းနိုင်ချေ ၃၃ မှ ၇၀ ရာခိုင်နှုန်း အထိရှိပါတယ်။နားထဲမှာ အရည်တွေစုပြီးနားစည်အပေါ် ဖိအားသက်ရောက်ရာကနေ နောက်ဆုံး နားစည်ကွဲသွားတဲ့အခါ နားထဲမှာအပေါက်ကြီး ဖြစ်ကျန်ခဲ့ပေမယ့် ရက်သတ္တပတ် အနည်းငယ်လောက်မှာတင်အနာကျက်သွားနိုင်ပါတယ်။ ထူးဆန်းတာတစ်ခုက နားစည်ကွဲသွားပြီဆိုတာနဲ့ နားကိုက် နေတာ လုံးဝကို ပျောက်သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ နားစည်ကိုဖိနေတဲ့ ဖိအားမရှိတော့လို့ပါ။ နားစည်ကွဲခြင်းရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ သူ့ဘာသာ အနာပြန်ကျက်သွားတတ်ပါတယ်။မျက်နှာအတွက် အာရုံခံစားခြင်းတွေကိုပေးတဲ့ facial nerve ဟာ နားထဲကနေပဲ ဖြတ်သွားတာကြောင့် နားပိုးဝင်တဲ့အခါ သူ့ကိုလည်း ထိသွားပြီး မျက်နှာတစ်ခြမ်းတည်း လေဖြန်းသလိုမျိုးတွေ ဖြစ်သွားတတ်ပါတယ်။ ဒီလို အခါမျိုးဆို ဆရာဝန်ဆီချက်ချင်းသွားပြီး ဆေးကုသမှု အချိန်မီ ခံယူလိုက်ရင် ဒီမျက်နှာတစ်ခြမ်း အကြောသေသွားခြင်းဟာ အရှင်းပြန်ပျောက်သွားတတ်တာမျိုးပါ။ဒါတွေကတော့ နားထဲ ပိုးဝင်ခြင်းကြောင့် ဖြစ်နိုင်သော်လည်း အဖြစ်နည်းတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေပါ။ ဒီလို နားထဲ ပိုးဝင်ခြင်းဟာ ငယ်သေးတဲ့ကလေးတွေမှာ အဖြစ်များပြီး သေချာ မကုသရင် ခုပြောထားတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဆက်ဖြစ်နိုင်တာကြောင့် နားကိုက် တယ်၊ နားပြည်ယိုတယ်ဆိုတာနဲ့ ချက်ချင်းဆရာဝန်ဆီ သွားပြဖို့ တိုက်တွန်းချင်ပါတယ်။ ကလေးတွေတင် မဟုတ်ပါဘူး။ လူကြီးတွေမှာလည်း နားကိုက် တာ၊ နားထဲပိုးဝင်တာတွေကို သေချာ ဂရုမစိုက်ဘဲနေခဲ့ရင် ဒီနောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်မှာကျိန်းသေတဲ့အတွက် မပေါ့ဆတာ အကောင်းဆုံးပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/ear-conditions/ear-infection/
ဘေဘီလေးကို ပုခက် နဲ့သိပ်တော့မယ်ဆိုရင်
အူဝဲလို့အော်ရင်း လူ့လောကထဲကို ရောက်လာတဲ့သားသားမီးမီးလေးအတွက် အကောင်းဆုံးတွေပဲ ပြင်ဆင်ထားပေးချင်တဲ့မေမေဖေဖေတို့ရေ….. အခုတစ်ခေါက်တော့ဘေဘီလေးတစ်ယောက် တစ်နေ့တာမှာ အချိန်အားဖြင့် နာရီ ၂၀လောက်ကုန်ဆုံးနေရတဲ့ ပုခက် လေးနဲ့ ပတ်သက်ပြီး နည်းနည်းလောက်ဆွေးနွေးကြမယ်နော်။တစ်နေ့တာမှာ အချိန်များစွာ ကုန်ဆုံးနေရတဲ့နေရာလေးတစ်ခုက အဆင်ပြေမှ ဘေဘီလေးလည်း သက်သောင့်သက်သာဖြစ်ပြီး မေမေတို့လည်း စိတ်ချမ်းသာတော့မပေါ့။ ဒီသက်သောင့်သက်သာနေရာလေးက သက်သောင့်သက်ဖြစ်ရုံနဲ့လည်း မလုံလောက်သေးပြန်ပါဘူး။အန္တရာယ်ကင်းဖို့လည်း လိုပါမယ်။ ဒါမှ အတိမ်းအစောင်းလုံးဝခံလို့မဖြစ်တဲ့ နုနယ်လှတဲ့ဘေဘီလေးကို ဘေးကင်းကင်းနဲ့ ကြီးပြင်းစေနိုင်တော့မှာပေါ့။မဟုတ်ပါဘူး။ ဈေးနှုန်းထက်အရည်အသွေးကို ဂရုစိုက်ရပါမယ်။ အရည်အသွေးညံ့တဲ့ပစ္စည်းတွေက ထိခိုက်စေနိုင်ခြေ ပိုများတာကြောင့် အတိမ်းအစောင်းခံလို့မဖြစ်တဲ့ ဘေဘီလေးတို့အတွက် အရည်အသွေးစိတ်ချရဖို့က အရင်ဆုံးစဉ်းစားရမှာပါ။ဒီဇိုင်းကို ကလေးက ကောင်းကောင်းနားမလည်သေးပါဘူး။မွေးကင်းစကလေးနားလည်မှာက အိပ်ရတာ သက်သောင့်သက်ဖြစ်ဖို့ပါ။ ဒီတာ့ ဒီဇိုင်းဆန်းဖို့ထက် ကလေးအတွက်ရော မေမေအတွက်ပါ အဆင်ပြေဆုံးဖြစ်မှာကို ရွေးပါ။ ဒီနေရာမှာ ဘေဘီအတွက်ပြီးရင်မေမေ့အတွက် ကလေးကို ပွေ့ချီရလွယ်တဲ့ ဒီဇိုင်းမျိုးဖြစ်ဖို့ ဂရုစိုက်ရပါမယ်။ဒါကလည်း မေ့ထားလို့မဖြစ်ပြန်ပါဘူး။ မေတ္တာအပြည့်နဲ့ ကိုယ်ဝယ်ပေးမယ့် ပုခက်လေးက ဘေဘီလေးကို ထိခိုက်တာမျိုး မဖြစ်ချင်လောက်ဘူးဟုတ်။ ဒီတော့ ပုခက်မဝယ်ခင်မှာ ကိုယ်ဝယ်ယူမယ့် ပုခက်က ဈေးကွက်ထဲမှာ ယုံကြည်စိတ်ချရမှုနဲ့ ပတ်သက်ပြီး ထောက်ခံချက်ရရှိထားလားဆိုတာကို သေချာလေးဂရုစိုက်စေချင်ပါတယ်။ကလေးအရွယ်ရောက်လာတဲ့အထိပါ အဆင်ပြေအောင်ဆိုပြီး ပုခက်ကို ခပ်မြင့်မြင့်ဝယ်ဖို့ စဉ်းစားမိနိုင်ပါတယ်။ တကယ်ကတော့ ပုခက်က မြင့်ဖို့မလိုပါဘူး။ နိမ့်လေ ဘေဘီလေးအတွက်ဘေးကင်းလေးပါ။ အကြောင်းကတော့ မတော်တဆလိမ့်ကျတဲ့အခါ အထိမနာစေဖို့ပါ။လိုပါမယ်။ ပုခက်က တိုင်လေးတွေနဲ့ လုပ်ထားမယ်ဆိုရင် တိုင်တစ်ခုနဲ့ တစ်ခုအကွာအဝေးက အရမ်းဝေးမနေဖို့ ဂရုပြုပါ။ ဒါမှ ကလေးခေါင်းညှပ်တာမျိုး၊ မတော်တဆချောထွက်သွားတာမျိုးတွေ မဖြစ်မှာပါ။နူးညံ့တဲ့ အခင်းပါးပါးလေးတစ်ခုဆိုရင်ကို လုံလောက်ပါပြီ။ ရုပ်ရှင်တွေထဲကလို အရုပ်တွေ၊ခေါင်းအုံးတွေမလိုပါဘူး။ မွေးစကလေးတစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ခေါင်းအုံးမလိုသလို အရုပ်တွေလည်း မလိုပါဘူး။ နူးညံ့တဲ့ အခင်းတစ်ခုနဲ့တင် လုံလောက်ပါပြီ။လိုပါတယ်။ ထောင့်ချိုးလေးတွေက ခပ်လုံးလုံးလေးတွေဆိုရင် အဆင်ပြေဆုံးပါ။ ဒါမှ မေမေရော ဘေဘီရော ထိခိုက်မှုနည်းမှာပါ။ကလေးကို ပုခက်ထဲထည့်မသိပ်ခင် ပုခက်မှာရှိနေနိုင်တဲ့ဖုန်မှုန့်တွေနဲ့ ပုရွက်ဆိတ်လိုမျိုး အကောင်လေးတွေ ရှိမနေစေဖို့ ခါပေးရပါမယ်။ တစ်ပတ်တစ်ခါ အခင်းတွေလျှော်ပြီး သန့်ရှင်းရေးလုပ်ပေးရပါမယ်။ အခင်းတွေကို တင်းတင်းရင်းရင်း သပ်သပ်ရပ်ရပ်လေးဖြစ်အောင်ထားပါ။ ဒါမှ ကလေးကို အခင်းနဲ့ပတ်မိနေတာမျိုး ကလေးမျက်နှာပေါ်ကို အခင်းအုပ်မိနေတာမျိုးတွေမဖြစ်မှာပါ။ကလေးရဲ့ ပုခက်မှာ ဝက်အူလျော့နေလား၊ တန်းကျိုးနေလား၊ ပျက်စီးမှု တစ်စုံတစ်ခုခုများရှိနေလားဆိုတာကို ပုံမှန်စစ်ဆေးပါ။ ဒါမှဘေဘီလေး မလိုအပ်ဘဲ ထိခိုက်မိတာမျိုးမရှိမှာပါ။မလိုလားအပ်တဲ့ပြဿနာတွေ၊ ထိခိုက်မှုတွေကို ကာကွယ်နိုင်စေဖို့အတွက် ကလေးရဲ့ ပုခက်ကို ပြတင်းပေါက်နားမှာ တံခါးပေါက်တွေနားမှာ၊ မှန်ချပ်တွေနား၊ အခန်းထောင့်ချိုး မျက်ကွယ်တွေမှာ မထားပါနဲ့။ကလေးက နေ့စဉ်နဲ့အမျှ မေမေစောင့်ရှောက်ပေးမှု ကောင်းရင်ကောင်းသလို ကိုယ်အလေးချိန်ကလည်း တိုးလာမှာပါ။ ကလေးထွားလာတဲ့ အလေးချိန်ကို လိုက်ပြီး ပုခက်ကိုလည်း ပြောင်းလဲပေးဖို့လိုမှာပါ။ နှစ်သားကလေးကို လသားအရွယ်အိပ်တဲ့ ပုခက်နဲ့တော့မသိပ်ပါနဲ့။ ကလေး အရွယ်အလိုက် ပုခက်လဲပေးဖို့ စဉ်းစားပါ။မြန်မာနိုင်ငံမှာ ကလေးတွေကို ပုခက် နဲ့သိပ်တယ်ဆိုတာက သစ်သားပုခက်မျိုးမဟုတ်ဘဲ စောင်လိုမျိုး အဝတ်တစ်ခုခုကို တန်းမှာ ကြိုးနဲ့သေချာချည်ပြီး သိပ်တာပါ။ တကယ်က ဒါက အန္တရာယ်များပါတယ်၊၊ ဒါပေမယ့် ရွေးချယ်စရာ မရှိလို့ ဒီလိုသိပ်တဲ့အခါမှာလည်း သတိထားစရာလေးတွေရှိပါတယ်။ကဲ…ဖေဖေမေမေတို့ရေ ဒီအချက်လေးတွေကို လိုက်နာလို့ ဘေဘီလေးအတွက် ဘေးကင်းစိတ်ချရတဲ့ ပုခက်လေးကို လုပ်ပေးလိုက်ရအောင်လား…………….။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/the-cradle-more-than-a-bed/
လက်ဖက်ခြောက်အပြင် သင်ဘာတွေ ထည့်ဖျော်သောက်လို့ရသေးလဲ
ဆိုလိုတာက ရေနွေးထဲမှာ လက်ဖက်ခြောက် ခတ်သောက်တယ်ဆိုတာ ထူးဆန်းတဲ့ ကိစ္စ မဟုတ်ပါဘူး။ ဒါပေမယ့် ခုခေတ်မှာ ဟိုအရွက်ခြောက်လေးတွေ၊ ဒီအရွက်ခြောက်လေးတွေ ခတ်သောက်တတ်ကြတော့ ဘယ်လိုအရွက်က ဘယ်လို အာနိသင်ရှိလဲ။ တွေ့တဲ့ အရွက်လေးတွေ၊ ခြံထဲမှာ စိုက်ထားတဲ့ အရွက်လေးတွေ သောက်မယ့်အတူတူ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ herbal teaလေးတွေ သောက်တာက ပိုပြီးကျန်းမာရေးနဲ့ ညီညွတ်တာပေါ့။ ဆက်ပြီးတော့ လက်ဖက်ခြောက်အပြင် ဘယ်လို herbal teaလေးတွေက ဘယ်လိုအကျိုးကျေးဇူးပေးနိုင်လဲဆိုတာ ဆက်ကြည့်ရအောင်။လက်ဖက်ခြောက်အပြင် ဘာတွေ ထည့်ဖျော်သောက်လို့ရသေးလဲ ဆိုတော့။ချာမိုမိုင်းလက်ဖက်ရည်က စိတ်ကို တည်ငြိမ်စေတဲ့နေရာမှာ နာမည်ကြီးတဲ့အတွက် အိပ်မပျော်တဲ့သူတွေ လက်စွဲပဲ ဖြစ်ပါတယ်။ လေ့လာချက်တွေမှာ မီးနေသည်၈၀ကို ချာမိုမိုင်းလက်ဖက်ရည်ကြမ်း ၂ပတ်လောက်တိုက်လိုက်တဲ့အခါ ကောင်းကောင်းအိပ်ပျော်ပြီး စိတ်ကျတာတွေလည်း သက်သာပါတယ်တဲ့။ချာမိုမိုင်းဟာ အိပ်ပျော်စေရုံသာမက ရောင်ရမ်းသာကို သက်သာစေပြီး ပိုးသေစေတဲ့ သတ္တိရှိတာကို တွေ့ရပါတယ်။ အသည်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်တဲ့။ လေ့လာချက်တစ်ခုမှာ ချာမိုမိုင်း လက်ဖက်ရည်ကြမ်းကို သောက်ပေးတာက ရာသီမလာခင် ခံစားရတာတွေကို သက်သာစေပြီး နောက်ထပ်လေ့လာချက်တွေအရ ဆီးချိုသမားတွေမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးပါတယ်။နောက်ထပ်လေ့လာမှုတွေ လိုအပ်သေးပေမယ့် ချာမိုမိုင်းက ကျန်းမာရေးအတွက် သင့်တော်တာတော့ အမှန်ပါပဲ။ပင်စိမ်းရွက်ကို တော်တော်များများက လက်ဖက်ရည်ကြမ်း လုပ်သောက်ကြပါတယ်။ အဓိကကတော့ အစာအိမ်နဲ့ အူလမ်းကြောင်းကို ကျန်းမာစေချင်တဲ့ ရည်ရွယ်ချက်နဲ့ သောက်ကြပေမယ့် သူ့မှာ ဓာတ်တိုးဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိတွေ၊ ကင်ဆာကို သက်သာစေတဲ့ အစွမ်းတွေ၊ ပိုးသေစေတဲ့ သတ္တိတွေ အများကြီး ရှိပါတယ်။နောက်ဆုံးလေ့လာချက်တွေအရတော့ ပင်စိမ်းရွက်က အူလမ်းကြောင်း မူမမှန်တဲ့ရောဂါ (irritable bowel syndrome)ကို သက်သာစေကြောင်း တွေ့ရှိခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် သင့်မှာ အစာမကြေတာ၊ ပျို့အန်တာ၊ ဗိုက်ရစ်တာ ဖြစ်လာပြီဆိုရင် ပင်စိမ်း လက်ဖက်ရည်ကြမ်းလေး စမ်းသောက်ကြည့်နိုင်ပါတယ်။ပူရှိန်းရှိန်း စပ်တပ်တပ်ချင်းတက်လေးမှာ ဓာတ်တိုးဆန့်ကျင်သတ္တိအပါအဝင် တခြားသော ကောင်းကျိုးတွေ အများကြီး ရှိနေပါတယ်။ သူဟာ ရောင်ရမ်းမှုကို သက်သာစေပြီး ခုခံအားကို တက်စေပါတယ်။ ပျို့အန်တာကို သက်သာစေတဲ့ နေရာမှာတော့ ဆရာတစ်ဆူပါပဲ။ဒါကြောင့် ကားမူးတာက စလို့ ကိုယ်ဝန်လနုချိန်မှာ ပျို့တာအလယ် ကင်ဆာဆေးတွေကြောင့် ပျို့အန်တာာအထိ သုံးလို့ရပါတယ်။ ဒါ့ပြင် အစာအိမ်အနာ၊ ဝမ်းချုပ်တာနဲ့ အစာမကြေတာတွေကို သက်သာစေတဲ့အပြင် အမျိုးသမီးတွေ ရာသီချိန်မှာ ကိုက်ခဲတာကိုလည်း သက်သာစေပါတယ်တဲ့။ခေါင်ရန်းပန်းတွေနဲ့ စိမ်ထားတဲ့ ရေနွေးကြမ်းဖြစ်ဖြစ်၊  အအေးဖျော်ထားတာ ဖြစ်ဖြစ် သောက်ပေးတာက စိတ်ကိုကြည်စေပါတယ်။ သူရဲ့ အဓိက ကောင်းကျိုးကတော့ သွေးတိုးကျစေတာပဲ ဖြစ်ပါတယ်။လေ့လာချက်တွေကတော့ ဆက်လုပ်ရဦးမှာပါ။ ဒါပေမယ့် သတိထားရမှာက သူ့ကို hydrochlorothiazideလို့ ခေါ်တဲ့ ဆီးဆေးနဲ့ တွဲမသောက်သင့်ပါဘူး။ နှစ်ခုပေါင်းပြီး ဓာတ်ပြုတတ်ပါတယ်။ နောက်ပြီး အက်စပရင်နဲ့ တွဲမသောက်ပါနဲ့။ အနည်းဆုံး ၃-၄နာရီ လောက်တော့ ခြားပြီးသောက်ပေးပါ။ဆေးပြောင်းပန်းရဲ့ နာမည်ကြီး အစွမ်းကတော့ အအေးမိတာကို ကာကွယ်ပေးပြီး ဖြစ်လာရင်လည်း အချိန်တိုတိုနဲ့ သက်သာစေတာပါပဲ။ လေ့လာချက်တွေအရ ဆေးပြောင်းပန်းပင်က ခုခံအားကို တက်စေတဲ့အတွက် ရောဂါပိုးတွေကို တိုက်ထုတ်ပေးပါတယ်တဲ့။ လေ့လာမှုတွေ ထပ်လုပ်ရဦးမယ်ဆိုပေမယ့် အနည်းဆုံးတော့ ရေနွေးကြမ်း နွေးနွေးလေးက လည်ပင်းနာတာကို သက်သာစေပြီး နှာပွင့်စေတာတော့ အမှန်ပါပဲ။လက်ဖက်နီနဲ့ ပတ်သတ်လို့ သူက အရိုးတွေကို သန်မာစေပြီး နှလုံးရောဂါ ဖြစ်နိုင်ချေကို လျှော့ချပေးတယ်လို့ ဆိုပါတယ်။ နောက်ထပ်လေ့လာမှုတစ်ခုမှာတော့ လက်ဖက်နီကို ၆ပတ် ဆက်တိုက်သောက်ပေးတာက သွေးထဲက မကောင်းတဲ့ LDL ကိုလက်စထရောတွေကို ကျစေပြီး ကောင်းတဲ့ HDL ကိုလက်စထရောတွေကို တက်စေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပိုပြီးသေချာအောင် လေ့လာမှုတွေ ထပ်ပြီး လုပ်ရဦးမှာပါ။ကလျာဏီနဲ့ ပတ်သတ်ပြီး ပါးစပ်ပြော ကျန်းမာရေးကောင်းကျိုးတွေ ရှိနေပေမယ့် ခုတော့ သိပ္ပံနည်းကျ လေ့လာချက်တွေ လုပ်လာကြပါပြီ။ ကလျာဏီပင်ဟာ လူကြီးတွေမှာ မှတ်ဉာဏ်ချို့ယွင်းမှုကို သက်သာစေတယ်လို့ ဆိုကြပါတယ်။ ဒါ့ပြင် အူမကြီးကို ကျန်းမာစေခြင်း၊ နှလုံးရောဂါကို ကာကွယ်ပေးခြင်း စတဲ့ ကောင်းကျိုးတွေလည်း ရှိနေပါတယ်။သံပရိုသီးဟာလည်း သံပရာသီးလိုပဲ စိတ်ကိုကြည်လင်စေပြီး ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။ လေ့လာချက်တွေအရ သံပရိုသီး ရေနွေးကြမ်းသောက်သုံးတဲ့သူတွေဟာ အသားအရေကြည်လင်လာပါတယ်တဲ့။ စိတ်ဖိစီးမှုသက်သာပြီး ဓာတ်တိုးဆန့်ကျင်သတ္တိတွေလည်း ရှိပါတယ်တဲ့။ ထပ်ပြီး လေ့လာရဦးမယ်ဆိုပေမယ့် နှလုံးကိုပါ ကျန်းမာစေတယ်လို့ ဆိုကြပါတယ်။Rose hipဆိုတာ နှင်းဆီပင်တစ်မျိုးရဲ့ အသီးပါတဲ့။ ဗီတာမင်စီနဲ့ တခြားကောင်းကျိုးပြု ဒြပ်ပေါင်းတွေ ပါဝင်တဲ့ ဒီအသီးဟာ ရောင်ရမ်းတာကို သက်သာစေပါတယ်။ ဒါကြောင့် အဆစ်အမြစ်နာရောဂါနဲ့ လေးဖက်နာရောဂါတွေ ကုသတဲ့နေရာတဲ့နေရာမှာ သုံးဖို့ ပညာရှင်တွေ လေ့လာနေကြပါတယ်။ဒါ့ပြင် လူ၃၂ယောက်ကို Rose hip ရေနွေးကြမ်း ၁၂ပတ်သောက်ပြီး စမ်းသပ်ကြည့်တဲ့အခါ ဝမ်းဗိုက်က အဆီတွေ ကျသွားပါတယ်တဲ့။ နောက်ပြီး ဓာတ်တိုးဆန့်ကျင်သတ္တိရှိတာကြောင့် အရေပြားကို တင်းရင်းစေပြီး အစိုဓာတ်ကို ထိန်းပေးပါတယ်တဲ့။ပင်မှည့်သီးပွင့်လေးတွေကို ဟိုးအရင်ကတည်းက အိပ်ပျော်စေဖို့အတွက် ရေနွေးကြမ်းအနေနဲ့ သောက်ခဲ့ကြပါတယ်။ ဒါဟာ တကယ်ပဲလားဆိုတာကို ပညာရှင်တွေ စလေ့လာနေကြပါပြီ။ ဘာပဲဖြစ်ဖြစ် ညဘက် စိတ်တည်တည်ငြိမ်ငြိမ်နဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ ပင်မှည့်သီးပွင့်လေးတွေကို လက်ဖက်ခြောက် ခပ်သောက်ကြည့်တာ မမှားပါဘူးနော်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/tea-types-and-their-health-benefits/
ကျောင်းနေပျော်သူလေးဖြစ်စေဖို့
ကိုယ့်ကလေးကို အများထက် မထူးချွန်ရင်တောင် အများနည်းတူ ဉာဏ်ကောင်းတဲ့ ကလေးဖြစ်စေချင်တဲ့ ဆန္ဒရှိတယ်မဟုတ်လား မေမေတို့ရေ။ ဒီလိုဖြစ်ဖို့ မေ့ထားလို့မရတဲ့ အချက်လေးတစ်ခုရှိပါတယ်။ ဒါကတော့ ကျောင်းနေပျော်မှစာတော်မယ်ဆိုတဲ့အချက်ပါ။ ကလေးတစ်ယောက် ထူးချွန်ဖို့ အခြေခံကျတဲ့ လိုအပ်ချက်က ကျောင်းသွားရတာ၊ စာဖတ်ရတာကို ပျော်နေဖို့ပါ။ ဒီတော့ ထူးချွန်ထက်မြက်တဲ့ ကလေးဖြစ်လာစေဖို့အတွက် ကျောင်းနေပျော်တဲ့အလေ့အထလေးကို ငယ်စဉ်ကတည်း ကမွေးမြူပေးဖို့ ပြောပါရစေနော်။ကလေးတစ်ယောက်အတွက် ကျောင်းတက်ရတာက အတွေ့အကြုံသစ်တစ်ခုပေါ့။ ဒီအခြေအနေကိုသားသားမီးမီးတွေအကောင်းဆုံးကျော်လွှားနိုင်အောင် ငယ်စဉ်ကတည်းက ပျိုးထောင်ပေးလို့ရပါတယ်။ ဒီတော့ ကျောင်းနေပျော်ပြီး စာတော်တဲ့ ကလေးဖြစ်အောင် ဘာတွေများလုပ်ပေးမလဲ။ကျောင်းနေပျော်ပြီး စာတော်စေဖို့ဆိုရင် သူတို့လေးတွေကို စိတ်ချမ်းသာအောင်အရင်ဆုံးထားရမှာပါ။ ဘာတွေကများ ကလေးကို စိတ်ချမ်းသာစေမလဲလို့ တွေးရခက်နေလား။ အများကြီးမတွေးပါနဲ့။ ကလေးဘဝမှာ လိုချင်တာစားချင်တာတွေရနေရင်ကို စိတ်ချမ်းသားခဲ့ဖူးတယ်ဟုတ်။ ဒီလိုပါပဲ။ ကလေးတွေကလည်း သူတို့စိတ်ကြိုက်ပစ္စည်းလေးတွေရရင် စိတ်ချမ်းသာနေမှာပါ။(၁) အသုံးအဆောင်အသစ်လေးတွေဝယ်ပေးပါ။ကလေးအကြိုက်အသုံးအဆောင်အသစ်လေးတွေဝယ်ပေးပါ။ ဝယ်တဲ့အခါမှာလည် သူတို့လေးတွေနဲ့အတူ ဈေးဝယ်ထွက်ဖို့ မမေ့ပါနဲ့။ ကိုယ့်စိတ်ကြိုက်ဝယ်ထားတဲ့ ပစ္စည်းလေးတွေနဲ့ဆိုတော့ကလေးကျောင်းတက်ဖို့ စိတ်အားထက်သန်စေနိုင်မှာပါ။ ကလေးတစ်ယောက်ကျောင်းတက်ဖို့ မဖြစ်မနေလိုအပ်မှာတွေကတော့။ကျောင်းဝတ်စုံ –ရာသီဥတုနဲ့ ကိုက်ညီဖို့လိုပါမယ်။စာရေးကိရိယာ –ကလေးစိတ်ကြိုက်ဖြစ်ပြီး အန္တရာယ်ကင်းစေမယ့် စာရေးကိရိယာတွေဖြစ်ဖို့ လိုပါမယ်။ထမင်းဗူး–အာဟာရပြည့်ဝအောင်ပြင်ဆင်ပေးနိုင်ပြီးကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့BPAမပါဝင်ဖို့ ဂရုစိုက်ပါ။ရေဗူး–မသန့်ရှင်းတဲ့ရေကြောင့် ကျန်းမာရေးပြဿနာတွေမဖြစ်အောင်ကာကွယ်ဖို့အတွက်ပါ။ BPA မပါဝင်ဖို့ သတိထားပေးပါ။ထီး–နေပူဒဏ်နဲ့ မိုးစိုတာကြောင့်ဖျားနာမှုကင်းစေဖို့ပါ။မိုးကာ– မိုးစိုတာကြောင့် ဖျားနာမှုကင်းစေဖို့ပါ။ဖိနပ်-မတော်တဆချော်လဲတာကြောင့် ထိခိုက်ဒဏ်ရာရတာကနေ ကင်းစေဖို့ ကလေးနဲ့ အဆင်ပြေဆုံးဖြစ်ယ့် ဖိနပ်ကို ရွေးချယ်ဝယ်ယူပါ။လွယ်အိတ်– ကျောပိုးအိတ်အဓိက ရွေးဖြစ်မှာပါ။ လေးလံတဲ့ ကျောပိုးအိတ်တွေကြောင့် ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေတာမျိုးမဖြစ်စေဖို့ ပေါ့ပါးတာမျိုးရွေးချယ်ပေးပါ။(၂)အစားအသောက်လေးတွြေပင်ဆင်ပေးပါ။ကျောင်းမတက်ချက်တက်ချင်နဲ့တက်ရမယ့် ကလေးတစ်ယောက်အတွက် ပိုပြီးလိုအပ်မှာပါ။နေ့လယ်စာကို မေမေ့အကူအညီမပါဘဲ စားရမယ့်ကလေးအတွက် သူ့အကြိုက်ဆုံးဖြစ်မယ့် အစားအစာကို အဆင်ပြေဆုံးစားနိုင်အောင် ပြင်ဆင်ပေးတာကလည်း ကျောင်းနေပျော်စေဖို့ ထိရောက်တဲ့နည်းလမ်းတစ်ခုပါ။ နေ့လယ်စာပြင်ပေးတဲ့အခါ ကလေးစားတတ်တဲ့မုန့်ပဲသရေစာတွေကိုပါ တစ်ပါတည်းထည့်ပြင်ပေးလိုက်ပါ။ သစ်သီးလေးတွေ၊ ကြက်ဥပြုတ်နဲ့ အသီးဖျော်ရည်လိုမျိုး ကလေးကြိုက်တဲ့ အစားအသောက်တွေပြင်ဆင်ပေးပါ။(၃)ကလေးကို သူငယ်ချင်းတွေရအောင်လုပ်ပေးပါ။ကလေးက သူငယ်ချင်းတွေရနေရင် ကျောင်းသွားဖို့ကို ငိုဖို့မပြောနဲ့ စိတ်အားထက်သန်နေလို့ တားတောင်ယူရနိုင်ပါတယ်။ ဒီတော့ ကလေးကို ရွယ်တူ အတန်းဖော်လေးတွေနဲ့ မိတ်ဆက်ပေးပါ။ တိုင်ပင်ဖော်သူငယ်ချင်းရအောင်လုပ်ပေးပါ။(၄) အားပေးပါ။ကျောင်းပြန်လာချိန်မှာ ကလေးကပြောပြတဲ့တစ်နေ့တာေတွ့ကြုံခဲ့ရသမျှအခြေအနေတွေကို နားထောင်ပေးပါ။ အားပေးဖို့လိုရင်အားပေးပါ။ ကူညီဖို့လိုအပ်နေရင်ကူညီပေးပါ။ အခက်အခဲကင်းမှုကလည်း ကလေးကို ကျောင်းနေပျော် စေနိုင်ပါတယ်။(၅) လိုအပ်တာတွေဂရုစိုက်ပေးပါ။ကလေးကိုကျောင်းမပို့ခင်မှာ လိုအပ်တာတွေအကုန်ပါအောင်ထည့်ပေးပါ။ ပစ္စည်းကျန်ခဲ့တာကြောင့် ကလေးစိတ်အနှောင့်အယှက်မဖြစ်စေဖို့ပါ။ကလေးအကြိုက်ဆုံးအစားအစာ၊ အသုံးအဆောင်တွေနဲ့ လိုလေသေးမရှိအောင် မေမေရဲ့ ဂရုစိုက်မှုတွေက ကလေးကို ကျောင်းနေပျော်အောင် ထောက်ပံ့ပေးနိုင်မှာ အသေအချာပါ။ ဒါကြောင့် အခုအချက်လေးတွေကို ပြည့်စုံအောင်လုပ်ဆောင်ပေးလို့သားသားမီးမီးတွေကို ကျောင်းနေပျော်လို့ စာတော်တဲ့ ကလေးဖြစ်အောင် ပျိုးထောင်နိုင်ကြပါစေကြောင်း……………………။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-growth-development/to-become-happy-school-time/
သည်းခြေကျောက် မတည်အောင် ဘယ်လို ကာကွယ်ကြမလဲ။
သည်းခြေကျောက် တည်တဲ့ ဝေဒနာ တော်တော့်ဆိုးဆိုးပါ။ ဒီတိုင်းကျောက်က သည်းခြေအိတ်ထဲမှာဆို ပြဿနာ သိပ်မရှိပေမယ့် သည်းခြေပြွန်ထဲရောက်လာပြီဆိုရင်တော့ တော်တော်ခံရခက်ပါတယ်။ ဗိုက်တွေအောင့်၊ ချွေးစေးတွေပြန်၊ အော့အန်၊ အဖျားတွေတက်၊အသားတွေဝါနဲ့ လူနာခမျာ အတော်ခံစားရရှာတာပါ။ဒီဝေဒနာကို ဘယ်သူမှ မခံစားချင်ကြပါဘူး။ ဒါပေမယ့် ဖြစ်ပြီးမှတော့ မတတ်နိုင်ဘူးလေ။ အစကတည်းက ဖြစ်မလာအောင် နေခဲ့ရင် အကောင်းသားလို့ တွေးနေမိပြီဟုတ်။ ဒါဆိုရင်တော့ နည်းလမ်းတချို့ကို လိုက်နာရပါမယ်။၁၀၀ရာခိုင်နှုန်း မဟုတ်တောင် ရာနှုန်းတော်တော်များများတော့ ကာကွယ်နိုင်မှာပါ။ဘယ်လိုကာကွယ်မလဲဆိုတာ မပြောခင် ဘယ်လိုလူတွေ ပိုဖြစ်နိုင်လလဲဆိုတာ ပြောပြပေးပါမယ်။ ဒါမှ ဒီအချက်တွေကို ရှောင်ပြီး ကာကွယ်လို့ရမှာပါ။ပထမတစ်ချက်က 5Fsပါ။ Female, fatty, fertile, forty, flatulenceလို့ အလွယ်မှတ်ပါတယ်။ အမျိုးသမီးဖြစ်နေခြင်း၊အဝလွန်ခြင်း၊ ကလေးတွေ အများကြီး မွေးထားခြင်း၊ အသက်လေးဆယ်ကျော်လာခြင်း၊ မကြာခဏ အစာမကြေ လေပွ တတ်ခြင်း စတဲ့အချက်တွေပါပဲ။တစ်ခုချင်းစီ ပြန်ကြည့်ရအောင်။ အမျိုးသမီးဖြစ်ခြင်းကတော့ ကိုယ်တွင်း ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်စေတာပါ။ ဖြစ်နိုင်ခြေ ပိုများတာပါ။ အမျိုးသမီးဖြစ်တိုင်း ကျောက်တည်ရမယ်လို့ ပြောတာ မဟုတ်ပါဘူး။အဝလွန်တာကတော့ အဝလွန်ရင်ကိုလက်စထရောတွေများမယ်။ ဒီကိုလက်စထရောတွေက ကျောက်တည်စေပါတယ်။ကလေးတွေ အများကြီး မွေးထားတယ်ဆိုတာကတော့ ကိုယ်ဝန်ခဏခဏ ဆောင်ရတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်း အပြောင်းအလဲကြောင့် သာမန်အချိန်ထက် ကျောက်တည်နိုင်ခြေ ပိုများပါလာတယ်။ ကိုယ်ဝန်ခဏခဏဆောင်လေလေ ကျောက်တည်ဖို့ အခွင့်အလမ်း များလေလေပါပဲ။နောက်အသက်လေးဆယ်ကျော်လာရင် သဘာဝအရကို ကျောက်တည်နိုင်ခြေ များလာပါတယ်။ အမျိုးသားတွေ အသက်ကြီးရင် ဆီးကျိတ်ကြီးလာတတ်သလိုပေါ့။လေပွ လေထပြီး မကြာခဏ အစာမကြေတတ်သူတွေကလည်း သည်းခြေကျောက် တည်နိုင်ခြေများပါတယ်တဲ့။စားတဲ့ထဲမှာအဆီအဆိမ့်တွေ စားမယ်။ အသီးအရွက်တွေ အစားနည်းမယ်ဆိုရင် ကိုလက်စထရောတွေများလာပြီး ကိုလက်စထရောသည်းခြေကျောက် တည်နိုင်ခြေ ပိုများပါတယ်။မျိုးရိုးရှိတဲ့သူတွေက မရှိတဲ့သူတွေထက် ဖြစ်နိုင်ခြေ နည်းနည်းတော့ ပိုများတာပေါ့။ဝိတ်အမြန်ချတဲ့အခါကျတော့ အဆီတွေ အထူးသဖြင့် ကိုလက်စထရောတွေ အများကြီး သည်းခြေရည်ထဲမှာ စုပုံပြီး ကျောက်တည်တတ်ပါတယ်။နောက်တစ်ခုက အစားမစားဘဲ နေပေမယ့်သည်းခြေရည်က ပုံမှန် နှုန်းလေး တစ်ခုနဲ့ ထွက်နေပါတယ်။ ထွက်ပြီး သည်းခြေအိတ်ထဲမှာ သိမ်းထားတာပါ။ အစာစားတဲ့အခါကျ အူထဲကို သည်းခြေရည်တွေ လွှတ်ပေးတာပေါ့။ အစားကို အချိန်မှန် မစားတဲ့အခါ၊ စားတဲ့အချိန်စား၊ မစားချင်ရင်လည်း အကြာကြီး ဗိုက်ဟောင်းလောင်းနဲ့ နေတဲ့အခါ ပိုနေတဲ့ သည်းခြေရည်က ကျောက်တည်သွားပါတယ်။အသည်းမကောင်းတာ၊ တချို့သော သွေးရောဂါတွေမှာ ဘီလီရူဘင်လို့ ခေါ်တဲ့ ဓာတ်တစ်မျိုး များတတ်ပါတယ်။ ပုံမှန်လည်း သွေးဆဲလ်တွေ ပျက်စီးတဲ့အခါ ဘီလီရူဘင် ထွက်ပါတယ်။ ဒါကို အသည်းက ရှင်းပေးရတာပါ။ဒါပေမယ့် သွေးရောဂါကြောင့် ဘီလီရူဘင် အထွက်များတဲ့အခါ ဒါမှမဟုတ် အသည်းမကောင်းလို့ ကောင်းကောင်း မချေဖျက်နိုင်တဲ့အခါ များလာပြီးဘီလီရူဘင်သည်းခြေကျောက်ဆိုတာ ဖြစ်တတ်ပါတယ်။အထူးသဖြင့် အီစထရိုဂျင်ပါတဲ့ ဟော်မုန်းဆေးတွေ၊ တချို့သော သွေးတွင်း ကိုလက်စထရော ကျဆေးတွေက သည်းခြေကျောက်တည်တတ်ပါတယ်။ ဒီဆေးတွေကို ဆက်သောက်မှာလား၊ မသောက်ရဘူးလား နောက်ကျရင် ပြောပြပါမယ်။မြန်မာပြည်မှာ အပေါဆုံးပါပဲ။သန်ကောင်တွေက သည်းခြေအိတ်ထဲမှာ ပိတ်မိပြီး သေသွားတဲ့အခါ သည်းခြေရည်နဲ့ပေါင်းပြီး ကျောက်ဖြစ်သွားတာပါ။ ဒါကြောင့် တချို့တွေ ပိန်ပိန်လေးနဲ့ ကျောက်တည်တယ်ဆိုတာ ဒါကြောင့် ဖြစ်နိုင်ပါတယ်။ဖြစ်နိုင်တဲ့ အချက်တွေကို ကြည့်ရင် တချို့က ကာကွယ်လို့ ရပေမယ့် တချို့အချက်တွေက မရပါဘူး။ ဥပမာ အမျိုးသမီးဖြစ်နေတာ၊ ကိုယ်ဝန်ခဏခဏ ဆောင်တာ၊ မျိုးရိုးရှိတာ ဒါတွေက မတတ်နိုင်ပါဘူး။ ဒါကြောင့် ရာနှုန်းပြည့် ကာကွယ်ဖို့ ခက်တယ်လို့ ပြောတာပါ။ ဒါပေမယ့် အောက်က နည်းလမ်းတွေ လိုက်နာရင်တော့ ဖြစ်နိုင်ခြေ တော်တော်လျော့သွားမှာပါ။အဝလွန်ရင် ကိုလက်စထရောတွေ များပြီး ကျောက်တည်တတ်တယ်ဆိုတာ သိပြီးပြီနော်။ ဒါကြောင့် အဝမလွန်အောင် လေ့ကျင့်ခန်းလေးလုပ်၊ အစားအသောက်လေး ဆင်ခြင်ပြီး စားရမှာပါ။အဝမလွန်နဲ့လည်း ပြောသေး၊ ဝိတ်လည်း အမြန်မချနဲ့ ဆိုပါလား။ ဟုတ်တယ်လေ။ အမြန်ချရင် ကိုလက်စထရောတွေ အများကြီး သည်းခြေအိတ်မှာ သွားပုံနေတတ်လို့ ကျောက်တည်နိုင်လို့ပါ။ ဒါကြောင့် တစ်ပတ်ကို တစ်ပေါင်ကနေ နှစ်ပေါင်လောက်ထိပဲ ချပေးပါ။အဆီအဆိမ့်တွေ လျော့စားပြီးအသီးအရွက်များများစားပါ။ အမျှင်ဓာတ်ပါတာတွေ ရွေးစားပေးပါ။အစားကို အချိန်မှန်မစားဘူး။ အနပ်တွေ ကျော်နေမယ်ဆိုရင် ကြာလာရင် သည်းခြေရည်တွေ များလာပြီး ကျောက်တည်လာမှာပါ။ခုနကပြောတဲ့အီစထရိုဂျင်ပါတဲ့ဆေးတွေ၊ သွေးတွင်းကိုလက်စထရောကျဆေးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့ပဲ သောက်ပါ။ သည်းခြေကျောက်တည်ဖူးရင် ဆရာဝန်ကို ပြောပြပါ။ အကျိုးအပြစ်ကို ချိန်ဆပြီး လိုသလို ညွှန်ကြားပါလိမ့်မယ်။သန်ချတာ ကလေးတွေနဲ့ပဲ ဆိုင်တာ မဟုတ်ပါဘူး။ လူကြီးတွေလည်း သန်ချဖို့ လိုပါတယ်။ ဒါကြောင့် ၆လတစ်ခါ သန်ပုံမှန်ချပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/gallbladder-disease/how-to-prevent-gall-stones/
အဖြစ်များတဲ့ ဓါတ်မတည့်စာ (၇) မျိုး
လက်ရှိ အစားအစာတွေနဲ့ဓါတ်မတည့်တာ လူလတ်ပိုင်းအရွယ်တွေမှာ ၅ ရာခိုင်နှုန်း၊ ကလေးအရွယ်မှာ ၈ ရာခိုင်နှုန်းအထိ ဖြစ်နေပြီး အခုထိလည်း ဓါတ်မတည့်တဲ့ လူဦးရေဟာ တိုးပွားနေဆဲပါပဲ။ ဘာကြောင့်ဖြစ်ရလဲဆိုတဲ့ အကြောင်းရင်းမှန်ကိုတော့ သေချာမသိရသေးပေမဲ့ များသောအားဖြင့်မိဘမျိုးရိုးကနေ ဆင်းသက်လာတာ ပိုများပါတယ်။ ဒီနေ့ပြောပြပေးမယ့် အကြောင်းအရာကတော့ အဖြစ်အများဆုံး ဓါတ်မတည့် အစားအစာ (၇) မျိုးနဲ့ ဘယ်သူတွေမှာ ပိုအဖြစ်များလဲ၊ ရောဂါလက္ခဏာတွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။ကလေးတွေမှာ ဓါတ်မတည့်တာ အဖြစ်များပြီး အသက် ၆ လ မတိုင်ခင်နွားနို့အတိုက်ခံရဖူးတဲ့ ကလေးတွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ကလေးအများစုကတော့ အသက် ၃ နှစ်နောက်ပိုင်း ဒီဓါတ်မတည့်တဲ့ လက္ခဏာက သူ့အလိုလိုပဲ ပျောက်သွားတတ်ပါတယ်။ ဓါတ်မတည့်ခြင်းဟာ နွားနို့သောက်ပြီး ၅မိနစ်မှ မိနစ် ၃၀အတွင်း ပြလာတတ်ပြီး အသားဖောရောင်တာ၊ အင်ပျဉ်ထတာ၊ အဖုသေးသေးလေးတွေ အပြုံလိုက်ထတာ၊ အော့အန်တာ၊ဝမ်းချုပ်တာ သို့မဟုတ် ဝမ်းလျှောတာအပြင် သွေးလန့်တာတွေ ဖြစ်နိုင်ပါတယ်။ နွားနို့သာမက နို့ပါဝင်တဲ့ အစားအစာတွေဖြစ်တဲ့ ချိစ်၊ ထောပတ်၊ ဒိန်ချဉ်၊ ရေခဲမုန့်တွေ စားရင်လည်း ဖြစ်နိုင်ပါတယ်။ကလေးတွေမှာ တော်တော်အဖြစ်များတဲ့ ဓါတ်မတည့်စာတွေထဲမှာ ကြက်ဥဟာလည်း တစ်ခုအပါအဝင်ပါပဲ။ အသက် ၁၆ နှစ်အရွယ်လောက်မှာ ဓါတ်မတည့်တာ ပျောက်သွားတဲ့ ကလေးတွေလည်း ရှိသလို ကြီးတဲ့အထိ မပျောက်တာမျိုးလည်း ရှိပါတယ်။ ကြက်ဥစားလိုက်တာနဲ့ အစာချေဖျက်ဖို့ ခက်တာ၊ ဗိုက်အောင့်ဗိုက်နာတာ၊ အင်ပျဉ်၊ အဖုအပိမ့်လေးတွေ ထလာတာ၊ အသက်ရှူရခက်လာတာအပြင် သွေးလန့်တာတွေပါ ဖြစ်နိုင်ပါတယ်။ ကြက်ဥအနှစ်ထက်ကြက်ဥအကာကို ဓါတ်မတည့်တဲ့ ဦးရေဟာ ပိုများတာကိုလည်း လေ့လာတွေ့ရှိခဲ့ပါတယ်။သစ်ပင်ကနေ ရတဲ့ အစေ့အဆန်တွေဖြစ်တဲ့အော်လ်မွန်ေစ့၊ သီဟိုရ်စေ့၊ ပစ္စတာရှီယို သစ်စေ့ (Pistachio) ၊ အခွံမာသီး (Walnuts) တွေ စားမိတဲ့အခါ ဓါတ်မတည့်ခြင်း ဖြစ်ပါတယ်။ ဒီလိုအစေ့တွေကနေ လုပ်ထားတဲ့ ထောပတ်တွေ၊ ဆီတွေ စားမိရင်လည်း ဖြစ်နိုင်ပါတယ်။ တခြားသော အစားအစာတွေနဲ့ မတူဘဲ အစေ့အဆန်တွေနဲ့ ဓါတ်မတည့်ခြင်းဟာ အချိန်တော်တော်ကြာတဲ့အထိ ပျောက်ဖို့ ခဲယဉ်းတဲ့အပြင် ဓါတ်မတည့်ဝေဒနာဟာလည်း တော်တော်ပြင်းထန်နိုင်ပါတယ်။အစေ့အဆန်တွေလိုပါပဲ၊ ပဲတွေဟာလည်း ဓါတ်မတည့်မှု တော်တော်လေးအဖြစ်များတဲ့ အစားအစာပါ။ မတော်တဆ စားမိလိုက်တဲ့အခါမှာလည်း အရေးပေါ်ကုသမှု ခံယူဖို့ လိုအပ်တဲ့အထိ လက္ခဏာတော်တော်လေး ပြင်းထန်နိုင်ပါတယ်။ ဒါ့အပြင် ပဲတွေနဲ့ ဓါတ်မတည့်တဲ့သူတွေမှာ အစေ့အဆန်နဲ့ ဓါတ်မတည့်မှုပါ ပါလာတတ်ပါတယ်။ ပဲတွေထဲမှာတော့ မြေပဲနဲ့ ဓါတ်မတည့်မှုက ပိုတွေ့ရပါတယ်။ အသက်ရှူရခက်တာ၊ ပါး၊ မျက်နှာတွေ ရောင်ကိုင်းလာတာ၊ အင်ပျဉ်ကွက်တွေ တစ်ကိုယ်လုံးထလာတာ အစရှိတဲ့ လက္ခဏာတွေကို ဓါတ်မတည့်စာ စားမိချိန်မှာ တွေ့ရပါတယ်။ပင်လယ်စာေတွဟာ ကျန်းမာရေးအတွက် ကောင်းပြီး အာဟာရလည်း ရှိစေလို့ လူကြိုက်များကြပေမယ့် ဓါတ်မတည့်လို့ မစားရတဲ့သူတွေဟာလည်း ဒုနဲ့ ဒေးပါပဲ။ ကလေးဘဝမှာသာမက လူပျို၊ အပျိုဖော်ဝင်ကာစ အချိန်တွေမှာလည်း လက္ခဏာ စတင်ပြလာတတ်ပါတယ်။ ပင်လယ်စာလို့ဆိုရာမှာ ပုစွန်၊ ဂဏန်း၊ ကျောက်ပုစွန်၊ ရေဘဝဲ၊ ပြည်ကြီးငါး၊ ကရုကမာကောင်၊ ပင်လယ်ငါး၊ ရေချိုငါး အစရှိတာတွေ ပါဝင်ပါတယ်။ ဓါတ်မတည့်လက္ခဏာ ခံစားရပုံခြင်းဟာလည်း တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ တချို့လူတွေမှာ သာမန်ယားယံတာလောက်ပဲ ဖြစ်နိုင်သလို တချို့တွေမှာလည်း အရေးပေါ် ကုသမှုခံယူဖို့ လိုတဲ့အထိ ပြင်းထန်နိုင်ပါပတယ်။ကလေးတွေမှာ မကြာခဏဆိုသလို ဖြစ်တတ်ပေမယ့် အသက် ၁၀ နှစ်ပြည့်ပြီးနောက်မှာတော့ ဓါတ်မတည့်တဲ့ လက္ခဏာတွေက ပျောက်သွားတတ်ပါတယ်။ ဂျုံ၊ ပြောင်း ပါဝင်တဲ့ အစားအစာတွေ စားမိတဲ့အခါ အစာကောင်းစွာ မချေဖျက်နိုင်တာ၊ အဖုလေးတွေ အပြုံလိုက်ထွက်တာ၊ အော့အန်တာ၊ အင်ပျဉ်ထတာ၊ ရောင်တာတွေ ဖြစ်နိုင်ပြီး အသက်သေစေနိုင်သည်အထိ ပြင်းထန်တဲ့ အခြေအနေတွေလည်း ရှိပါတယ်။ပဲပိစပ်ေတွ၊ ပဲငံပြာရည်နဲ့ ဓါတ်မတည့်မှုဟာ ကလေးတွေမှာ ပိုဖြစ်တတ်ပါတယ်။ ပါးစပ် ယားတာ၊ အသားထဲက စူးသလိုဖြစ်နေတာ၊ နှာရည်ယိုတာ၊ ပန်းနာရင်ကျပ်ဖြစ်တာ၊ အသက်ရှူရခက်တာ၊ သွေးလန့်တာ အစရှိတဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။ကိုယ့်မှာ ဓါတ်မတည့်တဲ့အစားအစာတွေ ရှိရင် မစားတာ အကောင်းဆုံးပါပဲ။ စားရင်းနဲ့ ကြာလာရင် သက်သာသွားမှာပါဆိုရာကနေ ရောဂါလက္ခဏာ ပိုပြင်းလာတာမျိုးတွေလည်း ရှိပါတယ်။ ဒါကြောင့် အပြင်မှာ စားတော့မယ်၊ ဟင်းချက်ပြုတ်ဖို့အတွက် ဈေးဝယ်ထွက်တဲ့အခါမျိုးမှာ ပါဝင်တဲ့ အမည်ပစ္စည်းတွေကို သေချာစစ်ကြည့်ပြီးမှ ဝယ်တာ အကောင်းဆုံးပါပဲ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/%e1%80%a1%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%b2%e1%80%b7-%e1%80%93%e1%80%ac%e1%80%90%e1%80%ba%e1%80%99%e1%80%90%e1%80%8a%e1%80%b7%e1%80%ba-2/
လေဒီလေးတွေ အတူနေပြီးချိန်မှာ ဗိုက်အောင့်တာ ဘာကြောင့်များလဲ!
လူအများစုအတွက်တော့ ချစ်တင်းနှောတာက ပျော်ရွှင်ကြည်နူးစရာ အတွေ့အကြုံဆိုပေမယ့် လူတိုင်းအတွက်တော့ မဟုတ်နိုင်ပါဘူး။ အချို့သော လေဒီလေးတွေမှာ အမျိုးသားနဲ့အတူနေပြီးချိန်မှာ ဗိုက်အောင့်တာကို ခံစားရနိုင်ပါတယ်။ ဒီလို ခံစားရတဲ့အခါ ချစ်တင်းနှောခြင်းက ပျော်ရွှင်ကြည်နူးစရာလို့ လက်ခံနိုင်စရာ မရှိပါဘူး။ ဒီတစ်ခေါက်တော့ လေဒီလေးတွေ အတူနေပြီးချိန်မှာ ဗိုက်အောင့်တာ ဘာကြောင့်များလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ခုမှ အတူစနေတဲ့အတွဲတွေက နေပြီးစမှာ ဆီးစပ် ဒါမှမဟုတ် ဗိုက်အောင့်တာက ဖြစ်တတ်ပါတယ်။ နောက်ပိုင်းကျရင်တော့ မဖြစ်တော့ပါဘူး။ ဒါက အန္တရာယ်မရှိပါဘူး။ ဒါပေမယ့် တစ်ခါတလေမှာ အတူနေပြီးတိုင်း အောင့်နေတာမျိုးလည်း ရှိတတ်ပါတယ်။ ဒါဆိုရင်တော့ သတိထားရပါမယ်။လေဒီလေးတွေ အတူနေပြီးချိန်မှာ ဗိုက်အောင့်တာ ဘာကြောင့်များလဲ ဆိုတော့ အကြောင်းအရင်း များစွာ ရှိနေပါတယ်။ အရင်ဆုံး အဖြစ်များတဲ့ အကြောင်းအရင်းတွေကနေ စပြီး ပြောပြပေးပါမယ်။အခုလို အကြောင်းအရာတွေကလည်း လေဒီလေးတွေကို အတူနေပြီးချိန်မှာ ဗိုက်အောင့်တာကို ခံစားရစေနိုင်ပါတယ်။အတူနေပြီးချိန်မှာ လေဒီလေးတွေကို ဗိုက်အောက်ဖက်နားက အောင့်တာ နာကျင်တာတွေကို ခံစားရစေနိုင်တဲ့ အတွေ့ရများတဲ့ အကြောင်းအရင်း တစ်ရပ်က အမျိုးသမီးလေးတွေမှာ အဖြစ်များတဲ့ မိန်းမကိုယ် ပြဿနာ တစ်ခုဖြစ်တဲ့ မိန်းမကိုယ် ခြောက်သွေ့တာကြောင့်ပါ။ ဟော်မုန်း မမျှတတာကလည်းမိန်းမကိုယ်ကို ခြောက်သွေ့စေနိုင်သလိုသွေးဆုံးချိန်နီးကပ်လာတာ၊ ဟော်မုန်းပါတဲ့ သားဆက်ခြားနည်းလမ်းတွေ၊ ရာသီစက်ဝန်းရဲ့ သက်ရောက်မှုတွေကြောင့် မိန်းမကိုယ် ခြောက်သွေ့နိုင်ပါတယ်။ရေအိတ်တည်တာတွေက အမျိုးသမီးတွေမှာ အဖြစ်များတဲ့မီးယပ် ကျန်းမာရေး ပြဿနာတစ်ခုပါ။ မျိုးဥအိမ်ထဲမှာ ရေအိတ်လေးတွေ တည်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလို အလုံးတည်တာကလည်း လေဒီလေးတွေကို အတူနေပြီးချိန်မှာ ဗိုက်အောင့်တာကို ဖြစ်စေနိုင်ပါတယ်။ရာသီသွေးဆင်းတဲ့အခါ နာကျင်တာ မအီမသာဖြစ်တာကို ခံစားရနိုင်ပါတယ်။ အထူးသဖြင့်ကတော့ ဗိုက်အောင်ပိုင်းမှာပါ။ ရာသီလာရက် နီးနေချိန်မှာ အတူနေမိမယ်ဆိုရင်လည်း တင်ပဆုံး ကြွက်သားတွေ တင်းကျပ်နေတာ၊ နာကျင်နေတာကြောင့် အတူနေပြီးချိန်မှာ နာကျင်တာကို ခံစားရနိုင်ပါတယ်။နာတာရှည် တင်ပဆုံရောင်ရမ်းခြင်းPelvic inflammatory diseaseကို ခံစားနေရမယ်ဆိုရင်လည်း အတူနေပြီးချိန်မှာ ဗိုက်အောင်ဖက်နားက အောင့်တာကို ခံစားရစေနိုင်ပါတယ်။ များသောအားဖြင့် နာတာရှည် တင်ပဆုံ ရောင်ရမ်းတာကလိင်ကတဆင့် ကူးစက်တဲ့ ရောဂါတွေကို မကုသဘဲ ထားရာကနေ ဖြစ်တတ်ပြီး ရေရှည်မှာ အမျိုးသမီး မျိုးပွားအင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်စေနိုင်ပါတယ်။သားအိမ်အပြင် အမျိုးသမီးမွေးလမ်းကြောင်းတလျှောက်မှာ အသားလုံးတွေ၊ အကျိတ်တွေ တည်တာကလည်း အတူနေပြီးချိန်မှာ နာကျင်မှုကို ခံစားရစေနိုင်ပါတယ်။သားအိမ် အလုံးက ကြီးလာလေလေ နာကျင်မှုက ပိုပြင်းထန်လာပြီး ဗိုက်ထဲမှာ မအီမသာဖြစ်တာ၊ရာသီသွေးဆင်းများတာတွေကို ခံစားရနိုင်ပါတယ်။သားအိမ်အတွင်းပိုင်းက တစ်ရှူးတွေ သားအိမ်ပြင်ပကို ရောက်တာကက နာကျင်မှုကို ခံစားရစေပါတယ်။ အခြေအနေဆိုးတဲ့ အဆင့်မှာ ဒီရောဂါကြောင့် သားဥပြွန်တွေ၊ သားအိမ်တွေမှာ အမာရွတ်တွေ၊ သွေးလုံးတွေနဲ့ ရှုပ်ယှက်ခတ်နေတတ်ပါတယ်။ဒီလိုမျိုး တစ်ရှူးတွေက အထွေးလိုက် အစုလိုက်ဖြစ်နေတဲ့အတွက် အတူနေချိန်မှာ နာကျင်တာ၊ အမျိုးသားနဲ့ အတူနေပြီးချိန်မှာ နာကျင်တာတွေကို ခံစားရစေနိုင်ပါတယ်။ အထူးသဖြင့် ဗိုက်အောက်ဖက်နားမှာ နာကျင်တာကို ခံစားရနိုင်ပါတယ်။အတူနေပြီးချိန်မှာ နာကျင်တာက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ်ကြောင့် မဟုတ်ဘဲ မိန်းမကိုယ် ခြောက်သွေ့တာ၊ ရာသီသွေးဆင်းရက် နီးတာတွေကြောင့် ဖြစ်မယ်ဆိုရင် အတူနေချိန်မှာ ချောဆီသုံးတာ၊ အသင့်တော်ဆုံးဖြစ်မယ့် အနေအထားနဲ့ အတူနေပေးတာမျိုး လုပ်ပေးလို့လည်း ရပါတယ်။အတွင်းပိုင်းရောက်ရောက် ထိုးသွင်းဆက်ဆံမှုပုံစံတွေကလည်း အတူနေပြီးချိန်မှာ ဗိုက်အောင့်တာကို ခံစားရစေနိုင်ပါတယ်။ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာကြောင့် မဟုတ်ဘူးဆိုရင်တော့ ဒီနည်းလမ်းတွေကို အသုံးပြုဖြေရှင်းလို့ ရတယ်ဆိုပေမယ့် နာကျင်မှုက ပြင်းထန်မယ်။ အမြဲလိုလို ဖြစ်နေမယ်ဆိုရင်တော့ လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးမှုတွေကို လုပ်ဆောင်ကြည့်ဖို့ လိုပါမယ်။အတူနေပြီးချိန်မှာ နာကျင်တာကို ခံစားရက အခုလို အခြေအနေတွေ ရှိလာမယ်ဆိုရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/why-abdominal-pain-after-intercourse/
ဒဏ်ရာဖြစ်ရင် ဘယ်လိုဂရုစိုက်ရမလဲ
လူတိုင်းဘဝမှာ တစ်ကြိမ်လောက်တော့ တစ်ခုခုရှတာမျိုးဖြစ်ဖြစ်၊ချော်လဲတာကနေပဲဖြစ်ဖြစ်၊ ထိမိခိုက်မိတာကနေပဲဖြစ်ဖြစ် မတော်တဆထိခိုက်မိတာမျိုးတော့ရှိကြမှာပါ။ ထိခိုက်မှုတွေမှာလည်း အသေးစာထိခိုက်မှုကနေ အကြီးစားထိခိုက်မှုတွေအထိရှိနေနိုင်ပါတယ်။ ထိခိုက်မှုကတော့ လူတိုင်းမှာဖြစ်နိုင်ပေမယ့် ထိခိုက်ဒဏ်ရာတစ်ခုခုရလာရင် ဘယ်လိုမျိုး နည်းစနစ်မှန်မှန်နဲ့ သန့်စင်ပြီး အနာကိုပျောက်ကင်းအောင်လုပ်ရမယ်ဆိုတာကိုတော့သေသေချာချာမသိကြဘဲ အဆင်ပြေသလို မှန်မယ်ထင်သလိုလုပ်နေတာမျိုးတွေရှိပါတယ်။ အမှုမဲ့အမှတ်မဲ့ထားရင်းက မသိတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒီတစ်ခါတော့ ထိခိုက်ဒဏ်ရာ တစ်ခုခုရလာခဲ့ရင် ဘယ်လိုမျိုးနည်းစနစ်မှန်မှန်နဲ့ ကုစားရမလဲဆိုတာကိုပြောပြပေးချင်ပါတယ်။ဘာနဲ့ထိခိုက်မိတာလဲဆိုတာကို အရင်စစ်ဆေးရပါမယ်။ကိုယ်တိုင်မှာပဲဖြစ်ဖြစ် မိသားစုဝင်တစ်ဦးဦး ဒါမှမဟုတ် သူငယ်ချင်းမိတ်ဆွေတစ်ဦးဦးထိခိုက်ဒဏ်ရာရလာတဲ့အခါမျိုးမှာ အရင်ဆုံးလုပ်ရမှာတစ်ခုက ထိခိုက်မိတဲ့ ဒဏ်ရာက ဘာနဲ့ထိခိုက်မိတာလဲဆိုတာကိုသိအောင်လုပ်ရမှာပါ။ အကောင်အကိုက်ခံရတာလား၊ ဓါးလိုမျိုး ချွန်ထက်တဲ့အရာတစ်ခုခုနဲ့ ရှမိတာလား၊ချော်လဲတာလားဆိုတာမျိုးပါ။ထိခိုက်မိတဲ့အတိုင်းအတာပေါ်လိုက်ပြီး အနာကို သန့်စင်ရတာနဲ့ ဂရုစိုက်ရတာကွဲပြားနိုင်လို့ပါ။အနာကို ဘယ်လိုကိုင်တွယ်မလဲ။ပြီးရင်လုပ်ရမယ့်နောက်တစ်ခုက အနာကို လက်အိတ်စွပ်ပြီးကိုင်မှာလား ဒါမှမဟုတ်ရင် လက်နဲ့ပဲကိုင်မှာလားပေါ့။ ဒါပေမယ့် များသောအားဖြင့်က ရုတ်တရက်ကို လက်နဲ့ပဲကိုင်လိုက်တာမျိုးပါ။ ဒီနေရာမှာ တစ်ခုသတိထားရမှာက အနာကို မကိုင်ခင် ပိုးမဝင်စေဖို့ လက်ကိုအရင်ဆုံးသန့်အောင်ဆေးဖို့ပါ။ ဘယ်လိုအနာမျိုးပဲဖြစ်ဖြစ် အနာကို မပိုင်ခင် လက်ကိုအရင်သန့်စင်အောင်ဆေးကြောတာက မဖြစ်မနေလိုက်နာရမယ့် အခြေခံအနာဂရုစိုက်မှုတစ်ရပ်ပါ။အနာဖြစ်တဲ့အခါသွေးနည်းနည်းထွက်သွားတာကကောင်းတဲ့လက္ခဏာပါ။အနာဖြစ်မှတော့သွေးထွက်မှာပေါ့လို့ စိတ်ထဲကတွေးနေမယ်ထင်ပါတယ်။ပြောချင်တာက အနာဖြစ်တဲ့အခါထွက်လာတဲ့သွေးက အနာကို သန့်စင်ပေးတာကြောင့် အနာဖြစ်ရင်သွေးထွက်တာကကောင်းတဲ့ လက္ခဏာလို့ပြောလိုက်တာပါ။ သွေနည်းနည်းလောက်ထွက်သွားတဲ့အခါ အနာထဲမှာ ရှိနေတဲ့ ဖုန်မှုန့်နဲ့ မသန့်စင်တဲ့အရာတွေထွက်သွားစေပါတယ်။ ဓါးရှတာမျိုး၊ တစ်ခုခုနဲ့ ထိခိုက်မိပြီး ပွန်းပဲ့သွားတဲ့အခါသွေးက ချက်ချင်းကို ထွက်လာတော့တာပါပဲ။ အဲ့လိုသွေးထွက်လာတဲ့အခါ အနာပေါ်ကို ဂွမ်းစ ဒါမှမဟုတ်တစ်သျှူးစလေးနဲ့ ခပ်ဖွဖွဖိပေးပြီးသွေးတွေကိုစုပ်သွားအောင်လုပ်ပေးပါ။ တစ်ခုလုံးသွေးပေသွားရင် အသစ်တစ်ခုကို ခုနကတစ်သျှူးစ ဒါမှမဟုတ်ဂွမ်းစပေါ်မှာထပ်ထားလိုက်ပါ။ မခွာလိုက်ပါနဲ့ မလိုအပ်ပဲသွေးထပ်ထွက်လာနိုင်တာကြောင့်ပါ။သွေးထွက်တာကကောင်းပေမယ့်သွေးထွက်လွန်ရင်တော့ မကောင်းဘူးလေ။အနာသန့်စင်မယ်။အရေပြားက ခန္ဓါကိုယ်တွင်းကို ဘက်တီးရီးယားတွေနဲ့ ကူးစက်ရောဂါပိုးတွေမဝင်ရောက်အောင် တားဆီးပေးထားတဲ့ ဒိုင်းတစ်ခုပါ။ အရေပြားကို ထိခိုက်တဲ့အနာတစ်ခုခုဖြစ်ပြီဆိုရင် ခန္ဓါကိုယ်ထဲကိုရောဂါပိုးတွေဝင်ရောက်နိုင်ဖို့ လမ်းပွင့်သွားသလိုဖြစ်သွားပြီပေါ့။ ဒါကြောင့် ထိခိုက်ဒဏ်ရာတစ်ခုခုဖြစ်သွားပြီဆိုရင် အနာထဲကနေ ဘက်တီးရီးယးတွေမဝင်ရောက်အောင် အနာကိုဆေးကြောပေးဖို့လိုပါလိမ့်မယ်။ အနာကိုဆေးတဲ့အခါရေပိုက်ဖွင့်ပြီးဆေးတာမျိုးဖြစ်ဖြစ် အနာပေါ်ကနေရေခွက်နဲ့ရေကိုလောင်းပြီး ညင်ညင်သာသာဆေးပေးပါ။ သန့်စင်တဲ့ရေဖြစ်ဖို့လည်း မမေ့ပါနဲ့။ ဓါတုဗေဒပစ္စည်းတွေမပါဘဲ သဘာဝအတိုင်းထုတ်ထားတဲ့ ဆပ်ပြာမျိုးသုံးပေးတာက အကောင်းဆုံးပါ။ခြောက်အောင်သုတ်မယ်။အနာကိုဆေးကြောသန့်စင်ပြီးသွားတဲ့အခါရေခြောက်အောင်ပြန်သုတ်ပေးဖို့လိုပါတယ်။ အနာက သိပ်မကြီးရင်တော့ ဂွမ်းစ၊ တစ်သျှူးစနဲ့ရပေမယ့် အနာက များရင်တော့ အဝတ်စ သန့်သန့်လေးနဲ့သုတ်ပေးရပါမယ်။ပြီရင်တော့ အနာကိုပိုပြီးသန့်စင်သွားအောင် အရက်ပြန်နဲ့ဆေးကြောရပါမယ်။ မျက်စိနဲ့မမြင်နိုင်တဲ့ အမှုန်တွေနဲ့ ပိုးမွှားတွေသန့်စင်သွားစေဖို့ပါ။အနာထဲမှာကပ်ညှိနေတဲ့ပြင်ပအရာဝတ္ထုလေးတွေကို ဖယ်ရှားရပါမယ်။အနာထဲမှာ ဖန်ကွဲစလိုမျိုး အဆူးလိုမျိုးအရာတွေရှိနေမယ်ဆိုရင်တော့ ဇာဂနာကို အရက်ပြန်စွတ်ပြီး ဖယ်ရှားပေးရပါမယ်။ပြင်ပအရာဝတ္ထုတွေ အနာထဲမှာရှိနေမယ်ဆိုရင် မလိုလားအပ်တဲ့နောက်ဆက်တွဲ ပြဿနာတွေဖြစ်လာနိုင်တာကြောင့်ပါ။ပဋိဇီဝလူးဆေးတစ်မျိုးမျိုးလူးမယ်။အနာကို ကူးစက်ပိုးဝင်ရောက်တာ၊မေးခိုင်ပိုးဝင်ရောက်တာမျိုးမဖြစ်အောင် အနာကို ပဋိဇီဝဆေးတစ်ခုခုလူးပေးဖို့လိုပါတယ်။ ပဋိဇီဝဆေးတွေက အနာကို ပိုးမဝင်အောင် နဲ့နောက်ဆက်တွဲဝေဒနာဖြစ်မလာအာင် ထိထိရောက်ရောက်ကာကွယ်ပေးနိုင်တယ်လေ။ ဒါပေမယ့် ပဋိဇီဝဆေးရွေးတဲ့အခါ အရေပြားရဲ့အောက်ဆီဂျင်ရရှိမှုကို မထိခိုက်စေနိုင်တဲ့ဆေးမျိုးရွေးချယ်မိဖို့တော့ လိုပါတယ်။ သဘာဝပစ္စည်းတွေကို အခြေခံပြီးထုတ်ထားတဲ့ ပဋိဇီဝဆေးဖြစ်ရင် ပိုကောင်းပါတယ်။အနာကို ပတ်တီးစည်းတာ (သို့မဟုတ်) ပလာစတာကပ်တာမျိုးလုပ်ရပါမယ်။အနာအရွယ်အစားပေါ်မူတည်ပြီး အနာကြီးရင်တော့ပတ်တီးစည်းတာလုပ်ရပါမယ်။ အနာကသေးမယ်ဆိုရင်တော့ ပလာစတာကပ်ပေးရုံနဲ့တင် လုံလောက်ပါတယ်။ အနာကိုကပ်ထားတဲ့ ပလာစတာကိုနေ့တိုင်းလဲပေးနိုင်ရင်ပိုကောင်းပါတယ်။ ပတ်တီးကိုလည်းညစ်ပေရင်ဖြစ်ဖြစ်ရေစိုသွားရင်ဖြစ်ဖြစ် လဲပေးရပါမယ်။ အနာမကျက်မချင်း ပလာစတာကပ်ထားရင် ပလာစတာ၊ ပတ်တီးစည်းထားရင် ပတ်တီးကို လဲပေးရပါမယ်။ ပလာစတာ နဲ့ ပတ်တီးကိုလဲတိုင်းမှာဆေးထပ်ထည့်ပေးရပါမယ်။ ပလာစတာခွာတဲ့အခါ ပတ်တီးဖြေတဲ့အခါမျိုးမှာ အနာပြန်ပြဲထွက်တာမျိုးမဖြစ်အောင်ဖြည်းဖြည်းချင်းခွာဖို့လည်းမမေ့ပါနဲ့။အနာကိုသန့်အောင်ဆေးပြီးဆေးတွေဘာတွေထည့်ရုံနဲ့ပြီးသွားပြီလားဆိုတော့ မဟုတ်ပါဘူး။ အနာကျက်အောင် စနစ်တကျနေထိုင်စားသောက်ဖို့လည်းလိုပါတယ်။ ခွဲစိတ်ထားတဲ့လူနာတွေဆိုရင် ချုပ်ရိုးကျက်အောင် အစားအသောက်အနေအထိုင်တော်တော်လေး ဂရုစိုက်ရပါတယ်။အနာကိုရေမထိပါစေနဲ့။အနာကိုရေအမြဲထိနေမယ်ဆိုရင် အနာကျက်ဖို့ခဲယဉ်းသွားနိုင်ပါတယ်။ရေချိုးရင်လည်း အနာကိုရေမထိအောင် ပလပ်စတစ်လိုမျိုးရေစိုခံတဲ့အရာတစ်ခုခုနဲ့ ဖုံးအုပ်ထားဖို့လိုပါလိမ့်မယ်။ရေစိုသွားရင် အနာကိုခြောက်အောင်သုတ်ပြီး ပတ်တီးချက်ချင်းလဲပေးရပါမယ်။အနာကျက်စေမယ့်အစားအစာတွေစားပေးရပါမယ်။အနာကျက်စေတဲ့ ကြက်သားလိုမျိုး ပရိုတင်းဓါတ်ရမယ့် အစားမျိုးကိုစားပေးရပါမယ်။ဆေးဖက်ဝင်အရာတစ်ခုခုထည့်ပြီးလုပ်ထားတဲ့ရေနွေးကြမ်းနဲ့ရေလိုမျိုး အရာတွေကိုသောက်ပေးရပါမယ်။ လိမ္မော်သီး၊ ကန်စွန်းဥ၊ပဲပိစပ်၊ပန်းဂေါ်ဖီစိမ်း၊ အသည်းလိုမျိုးအစားအစာတွေနဲ့ ဗီတာမင် စီကြွယ်ဝတဲ့အစားအသောက်တွေစားသုံးပေးရပါမယ်။ နို့ နဲ့ နို့ထွက်ပစ္စည်းတွေကို စားသုံးပေးမယ်ဆိုရင်လည်းရပါတယ်။ ဒိန်ချဉ်၊ချောကလက်လိုမျိုး အစားအသောက်တွေစားသုံးပေးရင်လည်း အနာကျက်မြန်စေပါတယ်။အနာကို စစ်ဆေးရပါမယ်။အနာပိုးဝင်နေ၊မနေ၊ အနာရင်း၊မရင်းနဲ့ အနာပြည်တည်နေလားဆိုတာကို တစ်နေ့တစ်ကြိမ်လောက်စစ်ဆေးရပါမယ်။ အနာက နီရဲနေမယ်၊ပြည်တည်နေမယ်၊ရောင်ရမ်းနေမယ်၊ အနာက ပူနေမယ်ဆိုရင် ပိုးဝင်နေတာမျိုးဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ ချက်ချင်းပြဖို့လိုပါတယ်။ တိရစ္ဆာန်အကိုက်ခံရတာ၊ သံစူးတာနဲ့ ဒဏ်ရာကကြီးကြီးမားမားဖြစ်မယ်ဆိုရင်တော့မေးခိုင်ကာကွယ်ဆေးထိုးဖို့လိုပါလိမ့်မယ်။ဆေးလိမ်းရုံနဲ့ မသက်သာမယ့် အနာမျိုးဖြစ်မယ်ဆိုရင် လိုအပ်တဲ့ဆေးတွေကိုပါ တွဲသောက်ဖို့လိုပါလိမ့်မယ်။ဒီလိုအခြေအနေတွေဖြစ်ရင်ဆရာဝန်ဆီချက်ချင်းသွားပါ။လည်ပင်းမှာရှိတဲ့ပြန်ရည်ကျိတ်ရောင်ရမ်းမယ်၊။လက်မောင်းနဲ့ပေါင်ခြံမှာရှိတဲ့ပြန်ရည်ကျိတ်တွေရောင်ရမ်းမယ်၊။တစ်ကိုယ်လုံးကိုက်ခဲနေမယ်၊။အဖျားကြီးမယ်၊။ချမ်းတုန်နေမယ်ဆိုရင်တော့ အနာပိုးဝင်တာဖြစ်နိုင်ပါတယ်။ ဆရာဝန်ဆီချက်ချင်းသွားဖို့လိုနေပါပြီ။မေးခိုင်ကာကွယ်ဆေးထိုးဖို့လိုမယ့် အနေအထားတွေကဘာတွေများဖြစ်မလဲ။အနာက ၅ မိနစ် ၁၀ မိနစ်ကြာတဲ့အထိသွေးမတိတ်ရင်။ဒဏ်ရာက လက်မဝက်ထက်နက်နေရင်။မျက်စိနားတဝိုက်မှာဖြစ်မယ်ဆိုရင်။ညစ်ပေတဲ့ အရာနဲ့ထိခိုက်မိတာဆိုရင်။ညစ်ပေတဲ့အရာတွေ၊ အမှုန်သေးသေးလေးတွေ အနာထဲဝင်နေမယ်ဆိုရင်။အနာကအရမ်းနာနေမယ်ဆိုရင်။တိရစ္ဆာန်ကိုက်ခံရရင်၊ လူကိုက်ခံရရင်မေးခိုင်ကာကွယ်ဆေးထိုးကိုထိုးဖို့လိုပါလိမ့်မယ်။အနာကို ဂရုစိုက်တဲ့နေရာမှာအရေးအကြီးဆုံးကအနာကိုသန့်စင်အောင်ထားပြီးမေးခိုင်ပိုးမဝင်အောင်ဂရုစိုက်ဖို့ပါ။ အနာထဲက ညစ်ပေတဲ့အရာတွေနဲ့ တစ်ရှုးသေတွေကိုလည်း ဖယ်ရှားပေးရပါမယ်။အခုဖော်ပြထားတဲ့နည်းလေးတွေအတိုင်းက ကိုယ်တိုင်ဒဏ်ရာရရင်ပဲဖြစ်ဖြစ် မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေဒဏ်ရာရရင်ပဲဖြစ်ဖြစ် အသုံးတည့်မယ်၊လို့မျှော်လင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%92%e1%80%8f%e1%80%b9%e1%80%9b%e1%80%ac%e1%80%80%e1%80%ad%e1%80%af-%e1%80%99%e1%80%bd%e1%80%94%e1%80%b9%e1%80%99%e1%80%bd%e1%80%94%e1%80%b9%e1%80%80%e1%80%94%e1%80%b9%e1%80%80%e1%80%94%e1%80%b9/
ကလေးကျောင်းနေပျော်အောင် ဘာတွေလုပ်ပေးမလဲ
[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-growth-development/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%94%e1%80%b1%e1%80%95%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%a1%e1%80%b1%e1%80%ac%e1%80%84/
စောင့်ရှောက်သင့်တဲ့ နားကျန်းမာရေး
နားက ဘယ်လောက်ထိအသုံးဝင်လဲ မှန်းကြည့်ပါလား။အကြားအာရုံမရှိရင် ဘယ်လောက်ခက်လဲဆိုတာကို ခံစားဖူးကြည့်ရင် လုပ်လို့ရတဲ့နည်းလမ်းလေးတစ်ခုရှိပါတယ်။ ရုပ်ရှင်ကို အသံပိတ်ပြီး ခဏလောက်ကြည့်လိုက်ပါ။ ဘာမှ မကြားရဘဲနေရတဲ့ခံစားချက်ကတော်တော်လေးဆိုးတာနားလည်သွားပါလိမ့်မယ်။ ပါးစပ်လှုပ်တာကို ကြည့်ရုံနဲ့ အရာရာကို နားလည်ဖို့ကတော်တော်လေးတော့ခက်တယ်။ ဒီတော့ အကြားအာရုံက ဂရုစိုက်သင့်တယ်၊လို့ မထင်မိဘူးလား။အကြားအာရုံကြောင့် စကားပြောတတ်လာရတာပါ။ အကြားအာရုံချို့တဲ့မှုက အပြောစွမ်းရည်ကိုပါထိခိုက်စေနိုင်ပါတယ်။ အကြားအာရုံကောင်းမှပဲနေ့စဉ်ဘဝမှာ အခက်အခဲမရှိရှင်သန်နေထိုင်နိုင်မှာပါ။ အကြားအာရုံကြောင့်ပဲ အဆင်ပြေနေတာတွေအများကြီးပါ။ အကြားအာရုံချို့ယွင်းနေသူတစ်ယောက်အနေနဲ့နေ့စဉ်ဘဝမှာ အကောင်းဆုံးလည်ပတ်နိုင်စေဖို့ခက်ခဲမှာပါ။ ဒီတော့ အကြားအာရုံကို ထိခိုက်အောင်လုပ်မိနေတာတွေရှိရင်ပြင်ဆင်နိုင်စေဖို့ ဒီဆောင်းပါးေးလကနေတဆင့် သတိပေးပါရစေ။အကြားအာရုံကလည်း ဂရုစိုက်ဖို့ လိုတဲ့ အချက်တွေထဲကတစ်ခုပါ။အကြားအာရုံကို ထိန်းသိမ်းဖို့ဆိုရင် နားကို ဒီလိုဂရုစိုက်ဖို့လိုမှာပါ။နားသန့်ရှင်းတဲ့အခါ။နေ့စဉ်ရေချိုးပြီးတိုင်း နားထဲရေဝင်နေခဲ့ရင် ဂွမ်းစလေးနဲ့ နားထဲကရေတွေကိုဖယ်ထုတ်ပေးပါ။ခေါင်းလျှော်တဲ့အခါမှာ နားကို ဂွမ်းလေးဆို့တာမျိုးလုပ်ပါ။ နားထဲကို မတော်တဆတစ်ခုခုဝင်သွားခဲ့ရင်လည်း တတ်ကျွမ်းနားလည်သူထံကနေအကူအညီယူပါ။ နားထဲကို အရွက်ကြိတ်ရည်တွေထည့်တာမျိုးရှောင်ပါ။အုန်းဆီစစ်စစ်ကိုတော့ နားထဲကို ထည့်ပေးလို့ရပါတယ်။ အရေးကြီးတဲ့အကြားအာရုံကိုသေချာလေးဂရုစိုက်လို့ ချစ်ခင်ရသူတွေရဲ့ အသံနဲ့ သဘာဝကကြည်နူးစရာကောင်းတဲ့ အသံလေးတွေကို ခံစားနိုင်ကြပါစေကြောင်း………။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/ear-conditions/%e1%80%b1%e1%80%85%e1%80%ac%e1%80%84%e1%80%b9%e1%80%b7%e1%80%b1%e1%80%9b%e1%80%bd%e1%80%ac%e1%80%80%e1%80%b9%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%90%e1%80%b2%e1%80%b7-%e1%80%94%e1%80%ac%e1%80%b8/
ကိုက်ခဲနာကျင်မှု နဲ့ပတ်သက်ပြီး သင်သိထားသင့်တဲ့ အချက်များ
ကိုက်ခဲနာကျင်မှုဆိုတာ လူအတော်များများ ခံစားရလေ့ရှိတဲ့ ပြဿနာ တစ်ခုပါ။ ကိုက်ခဲနာကျင်တဲ့ ပြဿနာ အပြင် ဘယ်ကုသမှုက အကျိုးရှိထိရောက်မလဲ ဆိုတာ မသိနိုင်တာလည်း ပြဿနာ တစ်ခုပါပဲ။ နာကျင်ကိုက်ခဲမှု ဝေဒနာကို ခံစားနေရသူ တစ်ယောက်အနေနဲ့ (ဘယ်လိုကုသမှုတွေက သူတို့နဲ့ ပိုမိုသင့်တော်သလဲ၊ ဆေးပဲသောက်ရမလား၊ တခြားနည်းတွေ စမ်းကြည့်ရမလား ဒါမှမဟုတ် ဘယ်အချိန်မှာ ဆေးခန်းပြသင့်ပြီလဲ အစရှိတဲ့) မေးခွန်းပေါင်းသောင်းခြောက်ထောင်နဲ့ပတ်ချာလည်နေလေ့ရှိပါတယ်။အခု ဆောင်းပါးလေးကို ဖတ်ကြည့်မယ်ဆိုရင် နာကျင်ကိုက်ခဲတာကို ကုသနည်းတွေ နဲ့ပတ်သက်လို့ ပိုမိုနားလည်သိရှိလာပြီး အကောင်းဆုံးသောကုသမှုပုံစံကို ရွေးချယ်နိုင်ဖို့ အထောက်အကူဖြစ်မှာ အမှန်ပါ။ကိုက်ခဲနာကျင်မှု နဲ့ပတ်သက်ပြီး သင်သိထားသင့်တဲ့ အချက်များ ကတော့။ဒါကတော့ လူတိုင်းသိတာပဲလေလို့ သင့်အနေနဲ့ တွေးကောင်းတွေးနေပါလိမ့်မယ်။ နာတာရှည်ကိုက်ခဲမှု အပြင်းအပျော့ဟာ တစ်ရှူးထိခိုက်မှု ပမာဏအနည်းအများနဲ့ ဆက်စပ်မှုမရှိပါဘူး (ရုတ်တရက် နာကျင်ကိုက်ခဲတာ မှာတော့ နာကျင်မှုပမာဏနဲ့တစ်ရှူးထိခိုက်မှုပမာဏဟာ ဆက်စပ်မှုရှိပါတယ်)။ ဥပမာ- ကျောရိုးဆစ်ကြား အချပ်ပြား (disc)တွေ ပြင်းပြင်းထန်ထန် ပျက်စီးပေမယ့် အလွန်အမင်း နာကျင်မှု ရှိချင်မှရှိမှာ ဖြစ်ပြီး အဆိုပါ အဆစ်ခွေတွေ အနည်းငယ်ပဲ ပျက်စီးတဲ့အခါ ပြင်းထန်ဆိုးရွားတဲ့ နာကျင်မှုကို ခံစားကောင်းခံစားရမှာ ဖြစ်ပါတယ်။ဒါကြောင့် သင့်ဆရာဝန်နဲ့ ပြသတဲ့အခါ နာကျင်ကိုက်ခဲမှု ဘယ်လောက်ပြင်းထန်သလဲဆိုတာနဲ့ ဘယ်ပုံဘယ်နည်း နာကျင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောပြရပါမယ်။ ဒါမှသာ ဆရာဝန်အနေနဲ့ ရောဂါကို တိကျမှန်ကန်စွာ အဖြေထုတ်နိုင်မှာဖြစ်ပြီး သင့်တော်တဲ့ကုသမှုကို ပေးနိုင်မှာပဲ ဖြစ်ပါတယ်။တခြား ကျန်းမာရေးပြဿနာတွေနဲ့ ယှဉ်ရင် ခါးနာကျင်ခြင်းရဲ့ အကြောင်းရင်းကို ရှာဖွေအဖြေထုတ်ပြီး ကုသပေးနိုင်တဲ့နည်းလမ်း သိပ်များများစားစား မရှိလှပါဘူး။တချို့ရောဂါတွေ (ဥပမာ-ကင်ဆာကျိတ်၊ ပိုးဝင်တာ ဒါမှမဟုတ် အရိုးကျိုးတာ)ကို ရှာဖွေဖော်ထုတ်ဖို့ လွယ်ကူရိုးရှင်းပေမယ့် တခြားကျောရိုးပြဿနာအများစုအတွက် စမ်းသပ်စစ်ဆေးခြင်းနဲ့ ကုသခြင်းတို့ကို ပြုလုပ်ရာမှာ ပင်မကျောရိုးအထူးကုဆရာဝန်တွေအနေနဲ့ အယူအဆများစွာ ကွဲလွဲကြလေ့ရှိပါတယ်။ဒါကြောင့် ရောဂါကို စမ်းသပ်ရှာဖွေဖော်ထုတ်တဲ့ နေရာမှာရော၊ နာကျင်ကိုက်ခဲတာကို ကုသတဲ့နေရာမှာပါ သင့်အနေနဲ့ ဖြစ်နိုင်သမျှ တက်တက်ကြွကြွ ပူးပေါင်းပါဝင် သင့်ပါတယ်။ ဒါမှသာ သင့်အတွက် တကယ်အကျိုးရှိတဲ့ ကုသမှုကို ရရှိခံယူနိုင်မှာ ဖြစ်ပါတယ်။လူတိုင်းကတော့ ဆေးကုလိုက်ရင် လုံးဝ အပြီးအပြတ် ပျောက်သွားတာမျိုးကို လိုချင်တာ သဘာဝပါပဲ။ ဒါပေမယ့် လူတစ်ယောက်နဲ့တစ်ယောက်မှာ နာကျင်မှုကိုခံစားရတဲ့ ပုံစံမတူတဲ့အတွက် တူညီတဲ့ ဆေးကုသမှု တစ်ခုတည်းရဲ့ အကျိုးသက်ရောက်မှုဟာလည်း လူတစ်ဦးနဲ့တစ်ဦး မတူညီနိုင်ပါဘူး။ဥပမာ- ကျောရိုးဆစ်ခွေ (disc)ကျွံတဲ့ နာကျင်ခြင်းအတွက် အကိုက်အခဲပျောက်ဆေး သောက်လိုက်လို့ ဒါမှမဟုတ် ထိုးလိုက်လို့ လူနာတချို့မှာ သက်သာသွားပေမယ့် တချို့မှာတော့ သက်သာချင်မှ သက်သာမှာ ဖြစ်ပါတယ်။ ဒါဟာ အတော်ခွကျပြီး မချင့်မရဲ ဖြစ်ဖို့ကောင်းပါတယ်။ဒါပေမယ့် သင်နဲ့ကိုက်ညီအကျိုးရှိမယ့် အကိုက်အခဲပျောက်ဆေးကို မသိရှိရသေးခင်မှာ ဆေးအတော်များများကိုတော့ စမ်းကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဆေးတစ်မျိုးနဲ့အနာမသက်သာရင် နောက်တစ်မျိုးပြောင်းရုံအပြင် အခြားမရှိပါဘူး။ ဒါပေမယ့် အားတော့မလျှော့ပါနဲ့။ ဒီလို ဆေးအမျိုးမျိုးနဲ့စမ်းသပ်ကြည့်မှသာလျှင် ထိရောက်မယ့် အကိုက်အခဲပျောက်ဆေးကို သိရှိလေ့ရှိပါတယ်။ရုပ်ပိုင်းဆိုင်ရာ နာကျင်ကိုက်ခဲမှုကို သာမက စိတ်ပိုင်းဆိုင်ရာ အားပေးမြှင့်တင်မှုတွေကိုပါ ပြုလုပ်ပေးရပါမယ်။ အဓိက အရေးကြီးတဲ့အချက်က လူကိုလူလို့မြင်ပြီး နွေးနွေးထွေးထွေးဆက်ဆံကုသရပါမယ်။အကိုက်အခဲပျောက်ဆေးတွေ စွဲသောက်ခြင်းဟာ နာကျင်ကိုက်ခဲမှုတွေကို ကုသရာမှာ အရေးပါတဲ့ အချက်တစ်ချက်ဖြစ်ပေမယ့် နာကျင်ခြင်း ဝေဒနာကို လျော့ပါးသက်သာစေဖို့ ဒီတစ်နည်းတည်းရှိတာ မဟုတ်သလို ဆေးဝါးသုံးပြီး ကုသတဲ့နည်းလမ်း တစ်ခုတည်းကိုပဲ အသုံးမပြုသင့်ပါဘူး။ပြင်းထန်ဆိုးရွားတဲ့ နာကျင်ကိုက်ခဲမှုကို ခံစားနေရသူတွေဟာစိတ်ဓာတ်ကျခြင်း၊ အိပ်မပျော်ခြင်း၊ ဆေးဆက်မသောက်လိုတော့ခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ခံစားရလေ့ရှိတာမို့ ခန္ဓာကိုယ်နာကျင်ကိုက်ခဲမှုကို ကုသတဲ့နည်းတူ အဆိုပါ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုလည်း ကူညီဖြေရှင်းကုသပေးရပါမယ်။ဒါကြောင့် ကိုယ်ခန္ဓာကိုရော၊ စိတ်ပိုင်းဆိုင်ရာကိုပါ အလေးထားကုသတဲ့ နည်းလမ်းတွေကို ရွေးချယ်အသုံးပြုရပါမယ်။ cognitive-behavioral therapy လို့ခေါ်တဲ့ မှတ်ဉာဏ်အမူအကျင့်ပိုင်းဆိုင်ရာလေ့ကျင့်ကုသမှုတမျိုးကို ပြုလုပ်ပေးခြင်းအားဖြင့် သင့်ခန္ဓါကိုယ်ရဲ့နာကျင်မှုကို သည်းခံနိုင်စွမ်း မြင့်တက်လာမှာဖြစ်ပြီး ဒီလိုမြင့်တက်လာတာနဲ့အမျှ နာကျင်မှုတွေလျော့ပါးလာမှာပါ။ ဒါတင်မက နာကျင်ခြင်းဟာ သင့်ဘဝမှာ ဘယ်လိုအရေးပါလဲ၊ သင့်အတွက်ဘယ်လိုအဓိပ္ပါယ်သက်ရောက်သလဲဆိုတာတွေကိုပါ နားလည်လာမှာပါ။အချို့သော ကျောရိုးခွဲစိတ်ဆရာဝန်တွေဟာ နာကျင်ကိုက်ခဲမှု ကုသတဲ့ ဘာသာရပ်ကိုပါ အထူးပြု ယူလေ့ရှိပါတယ်။ ကျောရိုးခွဲစိတ်ဆရာဝန် အများစုဟာ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုတွေကို အဓိကထား ခွဲစိတ်ပြုပြင်တာ ဖြစ်ပေမယ့် (ဒီလိုခွဲစိတ်လိုက်ရင် နာကျင်တာတွေ လျော့ပါးသက်သာသွားသင့်ပါတယ်) အရှေ့မှာပြောခဲ့တဲ့ ကျောရိုးခွဲစိတ်ဆရာဝန်တွေကတော့ ကာလရှည်နာကျင်မှုတွေ ပျောက်ကင်းအောင် ဦးတည်ပြီး ခွဲစိတ်မှုတွေ ပြုလုပ်လေ့ရှိပါတယ်။အခြားသော ကုသမှု နည်းလမ်းတွေနဲ့ မအောင်မြင်တဲ့နာတာရှည် နာကျင်ကိုက်ခဲခြင်းတွေကို သက်သာစေဖို့အတွက် ကျောရိုးပင်မ အာရုံကြောကြီးထဲကို stimulators လို့ခေါ်တဲ့ နှိုးဆွတဲ့ ပစ္စည်းလေးတွေထည့်တာ ဒါမှမဟုတ် အကိုက်အခဲပျောက်ဆေးတွေ တိုက်ရိုက်ထိုးထည့်တာမျိုး ပြုလုပ်ခြင်းတွေဟာ အတွေ့ရအများဆုံး ခွဲစိတ်မှုတွေပဲ ဖြစ်ပါတယ်။ဒီလိုမျိုး ခွဲစိတ်မှုတွေကို ခံယူရသူ အများစုဟာ ကျောရိုးတစ်ခါခွဲထားဖူးပေမယ့် ကာလရှည်နာကျင်ခြင်း ဝေဒနာ မသက်သာနိုင်သေးသူတွေ ဖြစ်လေ့ရှိပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/symptoms/facts-to-know-about-aches/
အစာအိမ်အနာ လား၊ အူအနာလား ဘယ်လိုခွဲမလဲ။
ဗိုက်အောင့်တယ်။ တချို့က ဆာရင် အောင့်တယ်။ တချို့က စားရင်အောင့်တယ် စသဖြင့် အမျိုးမျိုး ပြောကြပါတယ်။ မေးကြည့်လိုက်ရင်လည်း အစာအိမ်ရှိတယ်ဆိုတာလောက်ပဲ သိတယ်။ တချို့ကတော့ ဘာဖြစ်မှန်းတောင် မသိဘူး။ ဒီဆောင်းပါးမှာတော့ လက္ခဏာပေါ်မူတည်ပြီး အစာအိမ်အနာ လား၊ အူအနာလား ဆိုတာ ပြောပြပေးပါမယ်။လက္ခဏာနဲ့ ပြောတာ ဖြစ်တဲ့အတွက် ယေဘုယျအားဖြင့်ပဲ မှန်မှာပါ။ အတိအကျသိချင်ရင်တော့ ဆေးစစ်ချက်တွေ ထပ်လုပ်ရမှာပါ။အစာအိမ်အနာကို gastric ulcer လို့ခေါ်ပါတယ်။ အတိုကောက် GUလို့ ခေါ်ရအောင်။အူအနာကိုတော့ duodenal ulcer လို့ ခေါ်ပါတယ်။ အတိုကောက်  DUလို့ ခေါ်ရအောင်။ အူအနာကတော့ အူသိမ်ဦးပိုင်းမှာ ဖြစ်တာများပါတယ်။ဖြစ်ရတဲ့ အကြောင်းတွေကလည်း အတူတူလောက်ပါပဲ။ကွာတာက ခံစားရတဲ့ လက္ခဏာတွေပါ။ အနည်းငယ်တော့ ကွာခြားနိုင်ပါတယ်။GUက အက်စစ်များလို့ဆိုတာထက် အစာအိမ်နံရံက အချွဲတွေ နည်းသွားလို့ အနာဖြစ်တာပါ။ DUကကျတော့ အက်စစ်တွေများပြီး အူနံရံကို စားလို့ ဖြစ်တာပါ။ အူနံရံက အချွဲတွေက အစာအိမ်နံရံလောက် အက်စစ်တွေကို ခံနိုင်ရည်မရှိပါဘူး။အစာအိမ်နာတာက စားလိုက်ရင် အစာခြေဖို့အတွက်အက်စစ်တွေ ထွက်လာလို့ အချွဲတွေ နည်းသွားသလို ဖြစ်ပြီး နာပါတယ်။ အူနာကတော့ ဗိုက်ထဲမှာ အစာမရှိရင် အက်စစ်နဲ့ အူနဲ့ တိုက်ရိုက်တွေ့လို့ နာတတ်ပါတယ်။အစာအိမ်နာတဲ့သူက စားလိုက်ရင် နာတဲ့အတွက် ဘာမှ သိပ်မစားကြဘူး။ အက်စစ်ဓာတ်ထွက်တာ သက်သာအောင် နို့လေး၊ ဘာလေး သောက်ကြပါတယ်။ အစာမစားတာကြောင့် တဖြည်းဖြည်းနဲ့ ပိန်လာပါတယ်။အူအနာဖြစ်တဲ့သူကကျတော့ ဆာလို့မရပါဘူး။ ဆာရင် နာလာလို့ တစ်ခု မဟုတ် တစ်ခု စားပြီး သက်သာအောင် နေကြပါတယ်။ ဒါကြောင့် တဖြည်းဖြည်း ဝိတ်တက်လာပါတယ်။Periodicity ဆိုတာ ရှိပါတယ်။ သီးသန့်နာတဲ့အချိန်ပေါ့။ ဘယ်လောက်ပဲ ဂရုစိုက်ပေမယ့် ဒီအချိန်ရောက်ရင် နာလာပါတယ်။ အထူးသဖြင့် အူအနာမှာ ဒီလိုနာတတ်ပါတယ်။ ၃လလောက် သက်သာသွားလိုက် ပြန်နာလိုက်၊ တချို့ကျတော့ ဆောင်းတွင်းဆိုနာပြီ စသဖြင့်ပေါ့။အနာက သွေးထွက်ရင် အစာအိမ်အနာက သွေးအန်တာ၊ကော်ဖီရောင်အန်တာ များပါတယ်။ အူအနာကတော့ အောက်ကို ဆင်းတာများတာကြောင့်ဝမ်းထဲမှာ သွေးပါတာ များပါတယ်။အခုပြောခဲ့တဲ့ လက္ခဏာတွေက လူအများစုမှာ ဖြစ်တတ်တဲ့ လက္ခဏာတွေကို ပြောထားတာပါ။ တစ်ယောက်နဲ့ တစ်ယောက် အနည်းငယ် ကွာခြားမှု ရှိနိုင်ပါတယ်။ ဒီထက်ပို သေချာချင်ရင်တော့ အောက်ကဆေးစစ်ချက်တွေ လုပ်ရမှာပါ။အန္တရာယ်မရှိတဲ့ ရေဒီယိုသတ္တိကြွ ကာဗွန်ကို သောက်၊ လေပြန်မှုတ်ထုတ်ပြီး စမ်းသပ်တာပါ။ ဗိုက်ထဲမှာ ဘက်တီးရီးယားရှိနေရင် ရေဒီယိုသတ္တိကြွ ကာဗွန်ကို ဖြိုခွဲလိုက်တာကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်အနေနဲ့ ပြန်ထွက်လာပါတယ်။ ဒါကို စမ်းသပ်တာပါ။အစာအိမ်နဲ့အူလမ်းကြောင်းကိုမှန်ပြောင်းကြည့်ပြီး အနာဘယ်နားမှာလဲဆိုတာကို ရှာတာပါ။ လိုအပ်ရင် အသားစပါ တစ်ခါတည်း ယူပါတယ်။ အကြောင်းက အစာအိမ်အနာတွေက ကင်ဆာ ပြောင်းတတ်လို့ပါ။Bariumလို့ ခေါ်တဲ့ အရည်တစ်မျိုးကို မျိုချပြီး ဓာတ်မှန်ရိုက်တာပါ။ အရည်ပါတဲ့အတွက် အနာရှိတဲ့နေရာကို ထင်ထင်ရှားရှား မြင်ရပါတယ်။တခြား လိုအပ်တဲ့ သွေးစစ်တာတွေလည်း လိုအပ်ရင် လိုအပ်သလို လုပ်ရမှာပါ။ဒီလောက်ဆိုရင် အစာအိမ်အနာနဲ့ အူအနာနဲ့ နည်းနည်းပါးပါး ခွဲလို့ရမှာပါ။ အကောင်းဆုံးကတော့ ဆေးစစ်တာပါပဲ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/stomach-ulcer/gu-vs-du/
သဘာဝအလျောက် ဝမ်းမှန်စေမည့် စားသောက်ဖွယ်ရာများ
ဝမ်းမှန်ခြင်းဟာအစာအိမ်အူလမ်းကြောင်းကျန်းမာကြောင်းကို ညွှန်ပြနေတဲ့အချက်ပဲ ဖြစ်ပါတယ်။ ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူးဆိုတဲ့ စကားလည်း ရှိပါတယ်။ ယခုဖော်ပြပေးမှာကတော့ သဘာဝအလျောက် ဝမ်းမှန်စေမည့် စားသောက်ဖွယ်ရာများ အကြောင်း ဖြစ်ပါတယ်။သဘာဝအလျောက် ဝမ်းမှန်စေမည့် စားသောက်ဖွယ်ရာများ ကတော့။အမျှင်ဓာတ်ဟာ ဝမ်းချုပ်ခြင်းကို ကာကွယ်ဖို့ အဓိကကျတဲ့ အခန်းက ပါဝင်ပါတယ်။အစာအိမ်အူလမ်းကြောင်းတလျှောက် လမ်းကြောင်းချောမွေ့စေပြီး ဝမ်းများကိုပျော့စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။ ချီယာစေ့ တစ်အောင်စမှာ အမျှင်ဓာတ် ၁၁ ဂရမ်ပါဝင်တာကြောင့် အမျှင်ဓာတ်လွန်စွာ ကြွယ်ဝပါတယ်။ အဆိုပါ အမျှင်ဓာတ်များဟာ ရေဓာတ်ကို ဆွဲထိန်းထားပြီး ဝမ်းပျော့စေပါတယ်။ဘယ်ရီသီးများမှာလည်း အမျှင်ဓာတ်ကြွယ်ဝတာကြောင့်ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ စတော်ဘယ်ရီ ၁၅၀ ဂရမ်မှာ အမျှင်ဓာတ် ၃ ဂရမ်၊ ဘလူးဘယ်ရီ ၁၄၈ ဂရမ်မှာ အမျှင်ဓာတ် ၃.၆ ဂရမ်၊ ဘလက်ဘယ်ရီ ၁၄၄ ဂရမ်မှာ အမျှင်ဓာတ် ၇.၆ ဂရမ် စသဖြင့် အသီးသီးပါဝင်ပါတယ်။ ဘယ်ရီသီးတွေမှာ ရေမှာပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ရော၊ မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ပါ နှစ်မျိုးပါဝင်ပါတယ်။ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ဟာ အူလမ်းကြောင်းထဲကို ရေစုပ်ယူပေးပြီး ဝမ်းကိုနူးစေပါတယ်။ မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ကတော့ အူလမ်းကြောင်းတလျှောက်ရွေ့လျားသွားပြီး ဝမ်းကိုချောမွေ့စွာ သွားနိုင်အောင် ကူညီပေးပါတယ်။ပဲကြီး၊ ကုလားပဲ၊ ပဲနီလေး၊ မြေပဲ စတဲ့ ပဲအမျိုးမျိုးမှာလည်း အမျှင်ဓာတ်ကြွယ်ဝပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ပဲနီလေး ၂၀၀ ဂရမ်မှာ အမျှင်ဓာတ် ၁၅.၅ ဂရမ်ပါဝင်ပြီး ကုလားပဲ ၁၆၄ ဂရမ်မှာ အမျှင်ဓာတ် ၁၂.၅ ဂရမ်ပါဝင်ပါတယ်။ ဒါ့အပြင် ပဲအမျိုးမျိုးဟာ ဗျူတိုင်းရစ်အက်ဆစ် ထုတ်လုပ်မှုကို တိုးတက်စေပါတယ်။ အဆိုပါ ဗျူတိုင်းရစ်အက်ဆစ်ဟာ ဖက်တီးအက်ဆစ်တမျိုးဖြစ်ပြီး အူလမ်းကြောင်းလှုပ်ရှားမှုကို ကောင်းမွန်စေလို့ ဝမ်းမှန်စေပါတယ်။ ဒါ့အပြင် အူလမ်းကြောင်းရဲ့ ရောင်ရမ်းခြင်းပြဿနာတွေကို သက်သာလျော့နည်းစေပါတယ်။နှမ်းကြတ်စေ့မှာ အာဟာရဓာတ်များစွာ ကြွယ်ဝတဲ့အပြင် သဘာဝအလျောက် ဝမ်းပျော့စေတဲ့ အာနိသင်ရှိပါတယ်။ ထူးခြားချက်ကတော့ ဝမ်းချုပ်ခြင်းကိုရော ဝမ်းလျှောခြင်းကိုပါ သက်သာစေတဲ့ အာနိသင်ရှိတာပါပဲ။ နှမ်းကြတ်စေ့မှာလည်း ပျော်ဝင်နိုင်တဲ့အမျှင်ဓာတ်နဲ့ မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ် နှစ်မျိုးစလုံးပါဝင်ပါတယ်။ နှမ်းကြတ်စေ့ တဇွန်းစာ (၁၀ ဂရမ်) မှာ ပျော်ဝင်နိုင်တဲ့အမျှင်ဓာတ် ၁ဂရမ်နဲ့ မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ် ၂ဂရမ် ပါဝင်ပါတယ်။ဟင်းနုနွယ်၊ ကိုက်လန်၊ ဂေါ်ဖီ စတဲ့ အစိမ်းရင့်ရောင်ရှိ ဟင်းသီးဟင်းရွက်တွေဟာ ဝမ်းမှန်စေပါတယ်။ ၎င်းတို့ရဲ့ အားသာချက်ကတော့ အာဟာရဓာတ် များစွာကြွယ်ဝခြင်းပဲ ဖြစ်ပါတယ်။ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေ ပါဝင်ပြီး ကယ်လိုရီနည်းပါတယ်။ ကိုက်လန် ၆၅ ဂရမ်မှာ အမျှင်ဓာတ် ၁.၃ ဂရမ် ပါဝင်ပါတယ်။ ဒါ့အပြင် အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေမှာ မဂ္ဂနီဆီယမ်လည်း ကြွယ်ဝပါတယ်။ မဂ္ဂနီဆီယမ်ဟာ အူလမ်းကြောင်းထဲမှာ ရေဓာတ်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ဝမ်းနုတ်ဆေးများမှာလည်း အဓိကပစ္စည်းအနေနဲ့ ပါဝင်ပါတယ်။မယ်ဇလီမှာလည်း ဝမ်းပျော့စေတဲ့ အာနိသင်ရှိပါတယ်။ မယ်ဇလီမှာ ဆင်နိုဆိုဒ်လို့ခေါ်တဲ့ ဓာတ်တမျိုး ပါဝင်ပါတယ်။ အဆိုပါ ဆင်နိုဆိုဒ်ဟာ အူလမ်းကြောင်းလှုပ်ရှားမှုကို တိုးမြှင့်ပေးပါတယ်။ အူမကြီးထဲမှာလည်း ရေကိုထိန်းသိမ်းပေးတာမို့ ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။သံလွင်ဆီကို စားသုံးပေးခြင်းဟာ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ အူလမ်းကြောင်းအတွင်းပိုင်းနံရံအတွက် သဘာဝချောဆီအနေနဲ့ ဆောင်ရွက်ပေးနိုင်ပြီး အစာဟောင်းများကို ချောမွေ့စွာ ရွေ့လျားစေပါတယ်။ရှားစောင်းလက်ပပ်ရဲ့အနှစ်မှာ anthraquinone glycosides ဆိုတဲ့ ဓာတ်ပစ္စည်းတစ်မျိုးပါဝင်ပါတယ်။ အဆိုပါ ဓာတ်ပစ္စည်းဟာ အူလမ်းကြောင်းထဲမှာ ရေကိုထိန်းသိမ်းပေးလို့ ဝမ်းသွားရာမှာ ချောမွေ့စေပါတယ်။ ဒါ့အပြင် ဝမ်းကိုနူးစေပြီး အူလမ်းကြောင်း လှုပ်ရှားမှုကိုလည်း မြင့်တက်စေနိုင်ပါတယ်။ဆီးသီးခြောက်မှာ အမျှင်ဓာတ်များစွာ ကြွယ်ဝပါတယ်။ ဆီးသီးခြာက် တစ်အောင်စမှာ အမျှင်ဓာတ် ၂ ဂရမ် ပါဝင်ပါတယ်။ ဒါ့အပြင် ဆော်ဘီတော ဆိုတဲ့ ဓာတ်တစ်မျိုးပါဝင်ပါတယ်။ ဆောဘီတောဟာလည်း အူလမ်းကြောင်းထဲမှာ ရေကိုပြည့်ဝနေအောင် စုပ်ယူပေးပြီး အူလမ်းကြောင်း လှုပ်ရှားမှုကို အထောက်အကူ ပြုပါတယ်။ကီဝီသီးမှာ အမျှင်ဓာတ်ကြွယ်ဝပြီး ၁၇၇ ဂရမ်မှာ အမျှင်ဓာတ် ၅.၃ ဂရမ် ပါဝင်ပါတယ်။ ဒါ့အပြင် ပတ်တင်လို့ခေါ်တဲ့ ဝမ်းပျော့စေတဲ့ အာနိသင်ရှိတဲ့ ဓာတ်ပစ္စည်းလည်း ပါဝင်ပါတယ်။ အူလမ်းကြောင်းရဲ့ လှုပ်ရှားမှုကို တိုးတက်စေပါတယ်။ဝမ်းချုပ်ခြင်းကို ကာကွယ်ရာမှာ ရေဟာ အဓိကပါပဲ။ ရေဓာတ်ပြည့်ဝမှသာ ဝမ်းများကို ပျော့ပြောင်းစေပြီး အလွယ်တကူစွန့်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ အမျှင်ဓာတ်ကိုလည်း အားဖြည့်ပေးပါတယ်။ အမျှင်ဓာတ် အစားများပေမယ့် ရေသောက်နည်းရင်လည်း အာနိသင်အပြည့်အဝမရပါဘူး။ ရေကို တစ်နေ့တာမှာ ၂လီတာခန့် သောက်သုံးသင့်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/constipation-digestive-health/natural-laxatives/
လည်ချောင်းနာ သက်သာစေမယ့် နည်းလမ်းကောင်းတစ်ခု
ဘာမှကို မလုပ်နိုင်ဘူး၊ခေါင်းတွေတောင်ကိုက်နေပြီ။ ဖျားနေလို့လားဆိုတော့ မဟုတ်ဘူး။ အကြောင်းကတော့ လည်ချောင်းနာ နေတာပါ။လည်ချောင်းနာတာက ခံရခက်တဲ့ဝေဒနာတစ်ခုပေါ့။တစ်နေ့တာလုံး အလုပ်တွေကျောင်းစာတွေကိုကောင်းကောင်းအာရုံမစိုက်နိုင်တော့အောင်ကို လုပ်နိုင်တာပါ။ ဒီတော့ လည်ချောင်းနာတဲ့အခါ စိတ်ထဲမှာတွေးမိမှာတစ်ခုကမြန်မြန်သက်သာချင်လိုက်တာဆိုတဲ့အချက်ပါ။ ဘာပဲစားစားမျိုချရခက်တယ်မြန်မြန်လည်းပျောက်ချင်ပါရဲ့ ဒါပေမယ့် ဆေးသောက်ရမှာကြောက်တယ်၊ လည်ချောင်းနာတာလည်း သက်သာချင်တယ်ဆိုရင် နည်းလမ်းကောင်းလေးတစ်ခုပြောပြမယ်လေ။ ကဲ …. လည်ချောင်းနာ သက်သာစေမယ့် နည်းလမ်းကောင်းတစ်ခု က ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။လူတော်တော်များများယူဆထားတာက လည်ချောင်းနာတာကိုဖြစ်စေတာကအေးတာတွေစားလို့၊ အရမ်းအေးနေတဲ့ရေ၊အချိုရည်တွေကိုသောက်လို့ စတဲ့အကြောင်းအရာတွေကြောင့်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ လည်ချောင်းနာစေတာကအအေးမိတုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ကြောင့်ပါ။ အခုလိုမိုးရာသီမှာဆိုရင် ပိုအဖြစ်များပါတယ်။လည်ချောင်းနာနေပြီဆိုရင် ဒီအချက်လေးတွေကို စမ်းကြည့်သင့်ပါတယ်။ဆေးကြောက်သူတွေအတွက် လည်ချောင်းနာတာကို သက်သာစေမယ့်နည်းလမ်းတစ်ခုကတော့ ငုံဆေးငုံတာပေါ့။ ငုံဆေးတွေကဆေးလို့ ခံစားရမှုကိုနည်းစေနိုင်တာကြောင့်လည်းဆေးကြောက်သူတွေနဲ့ အသင့်တော်ဆုံးကုထုံးတစ်ရပ်ပေါ့။ အလုပ်လည်းမပျက်ဘဲ ပါးစပ်ထဲမှာ ငုံထားလိုက်ရင်ကို အဆင်ပြေနေမှာပါ။မဟုတ်ပါဘူး။ ငုံဆေးဆိုတာကလည်ချောင်းနာသက်သာစေဖို့အပြင် ခံတွင်းအနံ့ဆိုးကင်းပြီးချောင်းဆိုးတာကိုပါ သက်သာစေနိုင်ပါတယ်။ ငုံဆေးလေး ငုံထားရုံနဲ့ ခံတွင်းထဲက ဘက်တီးရီးယားတွေကိုတိုက်ဖျက်ပေးနိုင်တယ်ဆိုတော့ခံတွင်းနံ့ဆိုးမှာစိုးတဲ့သူတွေ၊ လူကြားထဲမှာချောင်းဆိုးမှာစိုးနေတဲ့သူတွေ၊ ချွဲထနေတာကြောင့် လည်ချောင်းထဲမှာယားယံနေတာတွေကိုသက်သာစေနိုင်တာကြောင့်ချောင်းဆိုးချင်တာကိုအောင့်ထားရတဲ့ပြဿနာလည်းကင်းဝေးသွားမှာပါ။လည်ချောင်းနာတာကို သက်သာစေဖို့ ငုံဆေးတိုင်းကို ငုံလို့မဖြစ်ပါဘူး။ လည်ချောင်းနာတာကိုဖြစ်စေတဲ့ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်တဲ့ အရာတွေပါတဲ့ ငုံဆေးတွေက အဆင်ပြေဆုံးဖြစ်မှာပါ။ ဒီတော့လည်ချောင်းနာတာကို သက်သာစေဖို့ ငုံဆေးရှာနေတယ်ဆိုရင် ဒီအချက်လေးတွေကို သတိထားဖို့လိုပါမယ်။အပေါ်မှာလည်းပြောခဲ့ပြီးပါပြီ။ လည်ချောင်းနာရတာက ဗိုင်းရပ်စ်ကြောင့်ဆိုတာကိုပါ။ ဒီတော့ လည်ချောင်းနာတဲ့ ဘက်တီးရီးယားတွေကို နှိမ်နှင်းပေးမယ့် ပါဝင်ပစ္စည်းတွေကို သိရင်ကိုဆေးဝယ်ဖို့က အဆင်ပြေပါပြီ။ ဒီတော့ လည်ချောင်းနာသက်သာစေဖို့ ဒါလေးတွေသတိထားပေးပါ။ပရုပ်အေး– ပူရှိန်းရှိန်းခံစားမှုနဲ့အတူ လည်ချောင်းထဲက တစ်ရှုးတွေကို ထုံသွားစေပြီးလည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။ ခံတွင်းနံ့ဆိုးကင်းစေပြီး ခံတွင်းထဲက ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ယူကလစ်ဆီ– အသက်ရှုလမ်းကြောင်းနဲ့လည်ချောင်းကို ကျန်းမာစေတဲ့ သဘာဝပစ္စည်းတစ်ခုပေါ့။ ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ ဓါတ်မတည့်မှုပြဿနာတွေကို အထိရောက်ဆုံးဖြေရှင်းပေးနိုင်ပါတယ်။ကိုယ်ခံအားကိုလည်းကောင်းစေပြီးရောဂါပိုးတွေ ကူးစက်ခံရမှုကလည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ပျားရည်– ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။ လည်ချောင်းနာကိုတင် သက်သာစေမှာမဟုတ်ဘဲ ကိုယ်ခံအားကိုပါ အားဖြည့်ပေးနိုင်ပါတယ်။ ၁ နှစ်အောက်ဘေဘီလေးတွေနဲ့တော့ မသင့်တော်ပါဘူး။သံပုရာသီး– ဗီတာမင် စီ (ဗီတာမင် C) ပါဝင်နေတာကြောင့် ကိုယ်ခံအားကိုကောင်းစေပြီး ခန္ဓါကိုယ်ကို ရန်လာစတဲ့ ဘက်တီးရီးယားတွေကို အကောင်းဆုံးတိုက်ဖျက်ပေးနိုင်ပါတယ်။သံပရိုသီး– အချဉ်ဓါတ် ပါတာကြောင့် ဗီတာမင် စီ (ဗီတာမင် C) ကြွယ်ဝတယ်ဆိုတာ ပြောနေစရာမလိုအောင်ပါ။ ခံတွင်းရှင်းစေပြီးအသက်ရှုစနစ်ကို ကျန်းမာစေသလို ကိုယ်ခံအားကောင်းစေဖို့လည်း အထောက်အပံ့ပေးပါတယ်။ကဲ…ရာသီဥတု အခြေအနေနဲ့ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့ အရာတွေနဲ့ ရောပါလာတဲ့ ဘက်တီးရီးယားတွေကြောင့် လည်ချောင်းနာနေပြီဆိုရင် အကြာကြီးမခံစားနဲ့တော့နော်။ မြန်မြန်သက်သာစေမယ့် နည်းလမ်းကောင်းလေးကို ရွေးချယ်လိုက်ပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/throat-conditions/home-remedies-for-sore-throat/
အသည်း လေးကို ဖက်တီး မဖြစ်ပါစေနဲ့
ဖက်တီး လို့ ပြောရင် စိတ်ဆိုးတတ်ကြတယ်၊ ဘယ်သူမှ မကြိုက်ကြဘူးနော်။ ဒါပေမယ့် လူကို ပြောတာထက် အသည်း မှာ ဖက်တီးဖြစ်နေတာက အများကြီး ပိုဆိုးပါတယ်။ Fatty Liver Disease လို့ ခေါ်တဲ့ အသည်းအဆီဖုံးခြင်းက အသက်တိုစေမယ့် အန္တရာယ်တစ်ခု ဖြစ်နေလို့ပါပဲ။ အသည်း လေးကို ဖက်တီး မဖြစ်ပါစေနဲ့ ဆိုတော့ ဘယ်လို ဂရုစိုက်ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။အသည်း လေးကို ဖက်တီး မဖြစ်ပါစေနဲ့ …… အသည်း အဆီဖုံးတာ လူတိုင်းဖြစ်နိုင်ခြေ ရှိပါတယ်။ အရက် သောက်တဲ့သူမှ မဟုတ်ပါဘူး။ အရက် မသောက်တဲ့သူတွေလည်း အသည်းအဆီဖုံးနိုင်ပါတယ်၊အသည်းရောဂါဖြစ်နိုင်ပါတယ်နော်။ဒါ့ကြောင့် အရက်မသောက်တတ်တဲ့ အမျိုးသားတွေမှာ အသည်းရောဂါ ဖြစ်တာတွေ့နေရတာပါ။ ဒီလူတွေမှာ ဘာတွေကြောင့် အသည်းအဆီဖုံး ရောဂါဖြစ်စေတာလဲ။ အများအားဖြင့် …။(၁) အဝလွန်ခြင်း။ရှိသင့်တဲ့ခန္ဓာကိုယ် အလေးချိန်ထက် ကျော်လွန်နေတဲ့အဝလွန်ခြင်းကြောင့် လူကြီးတွေတင်မက ကလေးတွေမှာပါ အသည်းအဆီဖုံးရောဂါ ဖြစ်လာစေနိုင်ပါတယ်။(၂)ဗိုက်အဆီ များနေခြင်း။လူက မဝပေမယ့် အဆီများနေတဲ့ ဗိုက်ပူပူလေးတွေက ပေးတဲ့ ဆိုးကျိုး တစ်ခုပါပဲ။ ဒီအချက်ကြောင့်ပဲ ပုံမှန်ကိုယ်အလေးချိန် ရှိတဲ့သူတွေမှာတောင် အသည်းအဆီဖုံးခြင်း ဖြစ်လာနိုင်တာပါ။(၃) အင်ဆူလင် မတုံ့ပြန်နိုင်ခြင်း။အင်ဆူလင်မတုံ့ပြန်နိုင်ခြင်း နဲ့ အင်ဆူလင်မြင့်မားမှုကြောင့် အမျိုးအစား ၂ ဆီးချိုရောဂါရှိသူတွေမှာ အသည်းအဆီစုခြင်း ဖြစ်နိုင်ခြေ ပိုများစေပါတယ်။(၄)သွေးတွင်းအဆီများခြင်း။သွေးတွင်းကိုလက်စထရောပမာဏ များနေတဲ့သူတွေမှာ အသည်းအဆီဖုံးလေ့ ရှိပါတယ်။ ဒါ့ကြောင့် ဆီကြော်တွေ၊ ပြုပြင်စီမံထားတာတွေ၊ အဆီအဆိမ့်တွေ စတဲ့ ကျန်းမာရေးနဲ့မညီတဲ့ အစားအသောက်တွေကို များများစားတတ်တဲ့သူတွေ မှာ ဖြစ်နိုင်ခြေ များပါတယ်။(၅) အချိုစားများခြင်း။အချိုများတာ တွေ စားတယ်၊ အချိုရည်တွေ တအားသောက်တယ် ဆိုတဲ့သူတွေမှာ စားသောက်မှုပုံစံကိုပါ ပြောင်းလဲစေပြီး အဝလွန်ခြင်းဘက် တဖြည်းဖြည်း ဦးတည်လာတတ်ပါတယ်။ ကိုယ်အလေးချိန်များလာတာနဲ့ အမျှ၊ အဆီစုလာတာနဲ့အမျှ အသည်း အဆီဖုံး ဖြစ်နိုင်ခြေ တိုးလာပါလိမ့်မယ်။အသည်းအဆီဖုံးတဲ့ အဆင့်ကနေ အဆီပိုများလာတာနဲ့အမျှ နောက်ဆက်တွဲ ပြဿနာအနေနဲ့ အသည်းရောင်ပြီး အသည်းဆဲလ်တွေ ပျက်စီးစေနိုင်တယ်။ နောက်ပိုင်းမှာ အသည်းဆဲလ်တွေ သေဆုံးပြီး အသည်းအရွတ်ဖြစ်ခြင်း၊အသည်းခြောက်ခြင်း၊အသည်းကင်ဆာတွေအထိ ဖြစ်လာနိုင်ပါတယ်။ဒီလိုဖြစ်လာရင် အသည်းတင်မကဘဲ နှလုံးရောဂါတွေ၊ ဆီးချိုသွေးချိုရောဂါနဲ့ ကျောက်ကပ်ရောဂါတွေ အပါအဝင် တခြားရောဂါတွေ ဆက်ပြီးဖြစ်လာနိုင်ပါတယ်။တကယ်တော့ အစောပိုင်းမှာ လက္ခဏာတွေ သိပ်မသိသာတာမို့ သတိမထားမိတာ များပါတယ်။ သွေးစစ်ကြည့်၊ ရောဂါရှာဖွေစစ်ဆေးကြည့်မှသာ အတိအကျ သိနိုင်ပါလိမ့်မယ်။ အများအားဖြင့် ဖြစ်တတ်တဲ့ လက္ခဏာတွေ အဖြစ်  –။ပိုပြင်းထန်လာရင်တော့ –။အစားအသောက် ဆင်ခြင်ပါ။အသီးအရွက်တွေ လောက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အရာတွေ မရှိတာကြောင့်အသီးအရွက်တွေ များများစားပါ။ ဆီကြော်မုန့်တွေ အသားကရတဲ့ အဆီတွေ ရှောင်စားပါ။ အဆီများတာတွေ နဲ့ အချိုကဲတာတွေကို ရှောင်ဖို့ အရေးကြီးပါတယ်။ကိုယ်အလေးချိန် ထိန်းပါ။ကိုယ့်အရပ်နဲ့ ချိန်တွက်ရတဲ့ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း(BMI) ကိုအခြေခံပြီး ရှိသင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားသင့်ပါတယ်။ ကိုယ်က အဝလွန်နေတဲ့သူ ဖြစ်ခဲ့မယ် ဆိုရင် တစ်နေ့စားတဲ့ ကယ်လိုရီတွေ ကို ချိန်စားပါ။ ထိုက်သင့်တဲ့ နည်းလမ်းနဲ့ အဆီချပါ။လေ့ကျင့်ခန်း လုပ်ပါ။တစ်ပတ်ကို ၅ ရက်လောက် လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ ဒါမှမဟုတ် လမ်းလျှောက်ပါ၊ အိမ်အလုပ်လို အသေးအဖွဲတွေက စပြီး ကိုယ်လက်လှုပ်ရှားမှု တွေ နိုင်သလောက် လုပ်ပါ။ စားလိုက်တဲ့ကယ်လိုရီကို ကိုယ်လက်လှုပ်ရှားမှုနဲ့ လောင်ကျွမ်းသွားပါစေ။Hello ဆရာဝန် ပရိသတ်တို့ရေ…ကိုယ်က အရက် သောက်သောက်၊ မသောက်သောက် အသည်းရောဂါ ဖြစ်နိုင်ပါတယ်နော်။ ဒါ့ကြောင့် အသည်း လေးကို ဖက်တီး မဖြစ်အောင် ဂရုစိုက်ကြပါ၊ စောင့်ရှောက်ကြပါ လို့ သတိပေးလိုက်ပါရစေ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/fatty-liver-2/
ကင်ဆာ နဲ့ပတ်သက်တဲ့ အယူအဆမှားအချို့
ကင်ဆာ ကအဖြစ်များလာသလို ကုသဖို့ခက်ခဲတဲ့ ရောဂါတစ်ခုဆိုလည်း မမှားပါဘူး။ မဖြစ်ခင်က ကြိုတင်ကာကွယ်တာက အကောင်းဆုံးပါ။ ဒါပေမယ့် ကာကွယ်တယ်ဆိုတဲ့နေရာမှာ နည်းလမ်းမှန်ကို သိထားဖို့ကလည်း အရေးကြီးတဲ့အချက်တစ်ခုပါ။ ဒီတော့ကင်ဆာကာကွယ်ချင်သူတိုင်း အမှတ်မှားနေနိုင်တဲ့ အကြောင်းလေးတချို့ကို ပြောပြပေးပါရစေ။ကင်ဆာ ကို ကာကွယ်ချင်တယ်ဆိုရင် ဘာတွက ကင်ဆာဖြစ်စေတယ်။ ဘာတွေကတော့ မဖြစ်စေနိုင်ဘူးဆိုတာကို သေသေချာချာသိထားဖို့လိုမှာပါ။ ဒီတော့ တူတူကြည့်လိုက်ရအောင်။ဒီအယူအဆကို တော်တော်များများလက်ခံထားကြပါတယ်။ ချိုင်းချွေးနံ့ပျောက်အောင် ချိုင်းကိုroll-onသုံးတိုင်း လူကြီးတွေက ရင်သားကင်ဆာဖြစ်မယ်။ အဲ့လိုမလုပ်နဲ့လို့ ပြောတာမျိုး ကြားဖူးတယ်ဟုတ်။ တကယ်ကတော့ ဒီအယူအဆက မမှန်ပါဘူး။ ဒီလိုပြောရတာက National Cancer Institute နဲ့ အခြား သုတေသန အဖွဲ့တွေရဲ့ သုတေသနပြုမှုတွေအရ  ချိုင်းချွေးနံ့ပျောက်အောင်ဆိုပြီး လိမ်းကြတဲ့ roll-on တွေက ကင်ဆာ ဖြစ်စေနိုင်တယ်တော့မဟုတ်ပါဘူး။ဒါပေမယ့် ဒီ ချိုင်းချွေးနံ့ပျောက်အောင် အသုံးပြုကြတဲ့ roll-on တွေမှာ aluminum compounds နဲ့parabensလိုမျိုး အန္တရာယ်ဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းတွေပါနေမယ်ဆိုရင်တော့အရေပြားချွေးပေါက်တွေကနေတဆင့် ကိုယ်တွင်းကို ဝင်ရောက်သွားပြီး ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တာမျိုးတော့ ရှိနိုင်ပါတယ်။ အခုထိတော့ ချိုင်းချွေးနံ့ပျောက်အောင်ဆိုပြီး လိမ်းကြတဲ့ပစ္စည်းတွေကြောင့် ရင်သားကင်ဆာဖြစ်စေနိုင်တယ်ဆိုတဲ့ အထောက်အထား အတိအကျမသိရသေးပါဘူး။ ဒါကြောင့် ချိုင်းချွေးနံ့ပျောက်ဆေးလိမ်းတဲ့အခါ အန္တရာယ်ဖြစ်စေနိုင်တဲ့ဓာတုပစ္စည်းတွေပါဝင်နေလားဆိုတာကို သေချာလေး ဆန်းစစ်ကြည့် စေချင်ပါတယ်။ဒါကလည်း ပလပ်စတစ်ခွက်တွေထဲကို အပူတွေထည့်စားတိုင်း အပြောခံနေရကျ၊ ငါးခဲပတ်ကင်စားတိုင်း အပြောခံနေရကျ စကားလုံးတွေပါ။ ဒါကမှန်လားဆိုတော့ ဆက်ကြည့်လိုက်နော်။ Microwave-safe လို့ပြောထားတဲ့ ပလပ်စတစ်ခွက်တွေ၊ ဗူးတွေက ကင်ဆာဖြစ်စေနိုင်တဲ့ဓာတုပစ္စည်းတွေကို မထုတ်လွှတ်ပါဘူး။ ဒါပေမယ့် Microwave-safe မဟုတ်တဲ့ ပလပ်စတစ်ဗူးတွေ၊ခွက်တွေကတော့ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်ုပစ္စည်တွေကို ထုတ်လွှတ်ပါတယ်။ ဒါကြောင့် ပလပ်စတစ်ဗူးတွေ ဝယ်တဲ့အခါတိုင်း microwave-safe ဆိုတဲ့ label လေးပါလား စစ်ဖို့ မမေ့ပါနဲ့။သကြားက ကင်ဆာဆဲတွေကို လျင်လျင်မြန်မြန်ကြီးထွားစေတယ်ဆိုတာ မဟုတ်ပါဘူး။  ကင်ဆာဆဲလ် အပါအဝင် ဆဲလ်တွေအားလုံးက ကြီးထွားဖို့အတွက် သွေးတွင်းသကြားဓာတ် အပေါ်မှာ မှီခိုကြတာပါ။ လေ့လာမှုတွေအရ သိရတာက အချိုများများစားလို့ ကင်ဆာဆဲလ်တွေ မြန်မြန်ကြီးမလာသလို သကြားလျှော့စားလိုက်လို့လည်း ကင်ဆာဆဲလ်တွေ ကြီးထွားနှုန်း နှေးမသွားပါဘူး။ဒါပေမယ့် သကြားအစားများတာကြောင့်အစာရေမျိုကင်ဆာအပါအဝင် အချို့သောကင်ဆာတွေဖြစ်နိုင်ခြေကို တိုးစေနိုင်တယ်ဆိုတဲ့ အထောက်အထား အနည်းငယ်တော့ ရှိပါတယ်။ အချိုအစားများတာကကိုယ်အလေးချိန်ကို တက်စေနိုင်ပြီးအဝလွန်တာ နဲ့ ဆီးချိုရောဂါကိုဖြစ်စေနိုင်ပါတယ်။ အဝလွန်တာကြောင့်တော့ ကင်ဆာဖြစ်နိုင်ခြေတိုးစေနိုင်ပါတယ်။ရှေးယခင်ကာလတွေတုန်းကဖျားနာမှုတွေ၊ နာမကျန်းမှုတွေက မကောင်းမှုတွေလုပ်လို့ ဒဏ်ခတ်ရတာလို့ အမားက လက်ခံယူဆခဲ့ကြပါတယ်။ ဒီအယူအဆက်ု အခုချိန်ထိလည်း လက်ကိုင်ထားကြဆဲပါ။ ဒါကမှန်လားဆိုတော့ မမှန်ပါဘူး။ အကြောင်းကတော့ ၆ လ ဒါမှမဟုတ်မွေးစကလေးလေးတွေမှာ ကင်ဆာရောဂါပါလာတယ်ဆိုတာကရော ဘယ်လိုဖြေရှင်းချက်ပေးမလဲ။ ကလေးတွေက ဆိုးဖို့နေနေသာသာ မကောင်းတဲ့စိတ်ထားလေး နည်းနည်းတောင်မရှိသေးပါဘူး။ ဒါကြောင့် လူဆိုးတွေ၊ စိတ်ထားမကောင်းသူတွေမှာ ကင်ဆာဖြစ်တယ်ဆိုတဲ့ အယူအဆက မမှန်ဘူးလို့ပဲပြောပါရစေ။ကင်ဆာရောဂါရှိနေသူကို တသီးတခြားထားဖို့ မလိုပါဘူး။ ကင်ဆာရောဂါက မကူးစက်နိုင်ပါဘူး။ ကိုင်တွယ်ထိတွေ့မိရုံ အတူထိုင် စကားပြောရုံနဲ့ ကင်ဆာက ကူးစက်တာမျိုးမဖြစ်နိုင်ပါဘူး။ ကင်ဆာရောဂါရှိသူတွေက အားပေးမှုကို တော်တော်လေး လိုအပ်တာပါ။ ဒါကြောင့် ဖေးမပေးဖို့ ပြောပါရစေ။ကင်ဆာက ကူးစက်ရောဂါမဟုတ်ပါဘူး။ ကူးက်တတ်တဲ့ဗိုင်းရပ်စ်တွေကြောင့်တော့ နောက်ဆက်တွဲ အနေနဲ့ ကင်ဆာဖြစ်လာနိုင်ပါတယ်။ ဥပမာပြောပြရရင်။Human papillomavirus (HPV)– လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်နိုင်ပါတယ်။ ဒီဗိုင်းရပ်စ်ကသားအိမ်ခေါင်းကင်ဆာအပါအဝင်၊ အခြားသော ကင်ဆာရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။အသည်းရောင် အသားဝါ B–ဒီဗိုင်းရပ်စ်တွေက လိင်ဆက်ဆံရာကနေတဆင့် ကူးစက်နိုင်သလို ရောဂါရှိသူရဲ့ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေ။ ရောဂါရှိသူအသုံးပြုထားတဲ့ အပ်လိုမျိုး ချွန်ထက်တဲ့အရာတွေကနေတဆင့် ကူးစက်နိုင်ပါတယ်။ အသည်းရောင် အသားဝါ B ဗိုင်းရပ်စ်က အချိန်ကြာလာတဲ့အခါ အသည်း ကင်ဆာဖြစ်စေနိုင်ပါတယ်။အသည်းရောင် အသားဝါ C— ဒီဗိုင်းရပ်စ်တွေက လိင်ဆက်ဆံရာကနေတဆင့် ကူးစက်နိုင်သလို ရောဂါရှိသူရဲ့ ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေ၊ ရောဂါရှိသူအသုံးပြုထားတဲ့ အပ်လိုမျိုး ချွန်ထက်တဲ့အရာတွေကနေတဆင့် ကူးစက်နိုင်ပါတယ်။ အသည်းရောင် အသားဝါ C ဗိုင်းရပ်စ်က အချိန်ကြာလာတဲ့အခါ အသည်းကင်ဆာဖြစ်စေနိုင်ပါတယ်။ဒါတွေမဖြစ်စေဖို့ ကာကွယ်ချင်တယ်ဆိုရင်ကာကွယ်ဆေးတွေထိုးပြီး ကာကွယ်လို့ရပါတယ်။ ဒီလိုကာကွယ်တာက ကင်ဆာမဖြစ်အောင် တစ်ဖက်တစ်လမ်းက ကာကွယ်ရာရောက်ပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/myths-about-the-causes-of-cancer/
ကလေး အသည်းအစားထိုးမှုနှင့်ပတ်သက်ပြီး မိဘတွေဘာသိသင့်သလဲ
တကယ်လို့ သင့်ဆရာဝန်က သင့်ကလေးရဲ့အသည်းက ပြဿနာရှိနေပြီး ခွဲစိတ်ဖို့လိုမယ်လို့ပြောလာခဲ့မယ်ဆိုရင် သင့်အနေနဲ့ စိုးရိမ်ပူပန်ကြောက်ရွံ့မှုတွေဖြစ်လာနိုင်ပါတယ်။ ခွဲစိတ်မှုဟာ ကြောက်စရာကောင်းတာမှန်ပေမယ့် အသည်းခွဲစိတ်အစားထိုးမှုပြုလုပ်ပြီးတဲ့ ကလေးအများစုဟာ ပိုမိုကျန်းမာ အသက်ရှည်စွာနေထိုင်နိုင်တယ် ဆိုတာကိုလည်းသိထားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘာကြောင့် အသည်းအစားထိုးမှုလိုအပ်လဲ၊ ခွဲစိတ်စဉ်မှာ ဘာတွေသိသင့်လဲဆိုတာကို ဤဆောင်းပါးတွင် နားလည်အောင်ရှင်းပြထားပါတယ်။ကလေးရဲ့အသည်းဟာ သင့်တင့်လျောက်ပတ်စွာ အလုပ်မလုပ်တော့ဘူးဆိုရင် အသည်းအစားထိုးမှုလိုအပ်ပါတယ်။ သင့်ရဲ့ကိုယ်ခန္ဓါမှာ အသည်းကအရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ အသည်းက သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်။ အစာချေဖျက်မှုအတွက်လိုအပ်တဲ့ သည်းခြေရည်ကိုလည်း ထုတ်လုပ်ပေးပါတယ်။ ပြီးတော့ ခန္ဓါကိုယ်ထဲမှာ အချိုဓါတ်သိမ်းဆည်းထားမှုမျိုးကိုလည်းပြုလုပ်ပေးပါတယ်။ ကလေးရဲ့ အသည်းက အလုပ်မလုပ်တော့ဘူးဆိုရင် ကလေးက ဆိုးရွားစွာဖျားနာနိုင်ပါတယ်။ အသည်းကိုထိခိုက်စေနိုင်တဲ့ ကျန်းမာရေးအခြေအနေတွေကတော့။• အသည်းရောင်ခြင်း။• အသည်းတွင်သံဓါတ်များစုပုံစေသော မျိုးရိုးလိုက်သည့်ရောဂါ သံဓါတ်များသောရောဂါ (Hemochromatosis)။• အသည်းတွင်ကော့ပါးများစုပုံစေသော မျိုးရိုးလိုက်သည့်ရောဂါ (Wilson’s disease)။• Algile Syndrome (အသည်း၊ နှလုံးနှင့် အခြားအင်္ဂါများကို ထိုခိုက်စေသော မျိုးရိုးဗီဇရောဂါ)။• Alpha-1 Antitrypsin ချို့ယွင်းခြင်း။ဆရာဝန်အနေနဲ့တော့ ဖြစ်နိုင်ရင် မူရင်းအသည်းကိုကုသဖို့ကြိုးစားပါလိမ့်မယ်။ မဖြစ်နိုင်ရင်တော့ အသည်းအစားထိုးခွဲစိတ်မှုက ကလေးကျန်းမာဖို့နဲ့ အသက်ရှည်နိုင်ဖို့အတွက် အကောင်းဆုံးရွေးချယ်မှုပါပဲ။သင့်ရဲ့ဆရာဝန်က ကျန်းမာတဲ့အသည်းကိုရဖို့အတွက် အသည်းအလှူရှင်ကိုရှာရပါလိမ့်မယ်။ ပုံမှန်အားဖြင့်တော့ အလှူရှင်ရဖို့နဲ့ သင့်ကလေးသွေး၊ တစ်ရှူး တွေနဲ့ကိုက်ညီမှုရှိတဲ့အသည်းရဖို့က အချိန်ပေးပြီး စောင့်ရတတ်ပါတယ်။ သင့်ဆရာဝန်နဲ့ အစားထိုးခွဲစိတ်မှုအဖွဲ့က ဖြစ်နိုင်သမျှစောပြီးရအောင် ရှာပေးမှာဖြစ်တဲ့အတွက် သင့်အနေနဲ့စိတ်ရှည်ရှည်ထား စောင့်ပေးဖို့လိုအပ်ပါတယ်။ပုံမှန်အားဖြင့် အစားထိုးဖို့ အသည်းကို သေဆုံးသွားတဲ့ အသည်းအလှူရှင်တွေစီက ယူလေ့ရှိပါတယ်။ အသက်ရှင်နေတဲ့ အလှူရှင်တွေစီက ရနိုင်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ အသည်းကို အသည်းကို ဘယ်ဘက်အခြမ်းနဲ့ ညာလက်အခြမ်းဆိုပြီး ၂ပိုင်းခွဲနိုင်ပါတယ်။ ကလေးဟာ လူကြီးတစ်ယောက်ရဲ့ အသည်း တစ်စိတ်တစ်ပိုင်းကိုပဲ လိုအပ်နိုင်ပါတယ်။ အစားထိုးလိုက်တဲ့ အသည်းအစိတ်အပိုင်းလေးက ပုံမှန်အရွယ်အစားထိ ရသတ္တပတ်အနည်းငယ်အတွင်းမှာ ပြန်ဖွံ့ဖြိုးကြီးထွားလာနိုင်ပါတယ်။ သင်(သို့)မိသားစုဝင်တစ်ယောက်ဟာ လှူဖို့ဖြစ်နိုင်မဖြစ်နိုင်ကိုတော့ သင့်ဆရာဝန်နဲ့တိုက်ပင်ကြည့်ဖို့လိုအပ်ပါတယ်။ကလေးကို ခွဲစိတ်မှုမတိုင်ခင်၊ ခွဲနေစဉ်နဲ့ ခွဲပြီးအခြေအနေတွေမှာ ဘာတွေဖြစ်နိုင်လဲဆိုတာ ပြောပြထားသင့်ပါတယ်။ ဆရာဝန်နဲ့ဆွးနွေးတိုင်ပင်စဉ်မှာ ကလေးကို ပါဝင်စေသင့်ပါတယ်။ ဒီနည်းအားဖြင့် ကလေးရဲ့ ယုံကြည်မှုကိုရနိုင်သလို သူတို့ကိုယ်သူတို့ စိတ်ချတဲ့ခံစားမှုကိုပါ ပေးစွမ်းနိုင်ပါတယ်။ခွဲစိတ်အစားထိုးမှုပြီးချိန်မှာတော့ ပုံမှန်ထက်ပိုတဲ့ ဂရုစိုက်မှုမျိုးပေးသင့်ပါတယ်။ ပထမ ရက်သတ္တပတ်အချို့မှာတော့ ခက်ခဲကောင်းခက်ခဲနိုင်တာကြောင့် သင့်မိသားစုပေါ်မှာ အခက်အခဲတွေပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။ အရေးကြီးတာကတော့ ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို တိကျစွာလိုက်နာပါ။ ညွှန်ကြားထားတဲ့ဆေးတွေကို အချိန်မှန်တိုက်ပါ။ လူထူထပ်ပြီး ဖျားနာတဲ့သူတွေနားကို မသွားသင့်ပါ။ သင့်ကလေးအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေလည်းရှိနိုင်ပါတယ်။ အကောင်းဘက်ကမြင်နိုင်ပြီး စိတ်ဓါတ်ကြံ့ခိုင်အောင်ကြိုးစားပါ။ နောက်ဆုံးအနေနဲ့ သင့်ကလေးဟာ သင့်ရဲ့ပြုစုစောင့်ရှောက်မှုကို အရင်ကထက်ပိုလိုအပ်နေတယ်ဆိုတာကို သိထားဖို့လိုအပ်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-procedures-and-surgeries/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8-%e1%80%a1%e1%80%9e%e1%80%8a%e1%80%b9%e1%80%b8%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%91%e1%80%ad%e1%80%af%e1%80%b8%e1%80%99%e1%82%88%e1%80%94%e1%80%bd%e1%80%84/
အဝလွန်တဲ့ အမျိုးသမီးတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ
လူတစ်ယောက်မှာ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာက ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ အဝလွန်တာက အမျိုးသားတွေမှာ ဖြစ်ဖြစ် အမျိုးသမီးတွေမှာဖြစ်ဖြစ် ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ အဝလွန်တယ်ဆိုတာက ပုံမှန် ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာပါ။ တိတိကျကျ ပြောပြရမယ်ဆိုရင် အဝလွန်တယ်ဆိုတာက BMI တွက်ချက်မှု ရလဒ်မှာ ၃၀ ကျော်နေတာကို အဝလွန်တယ်လို့ သတ်မှတ်ပါတယ်။ ဒီတစ်ခေါက်တော့ အဝလွန်တဲ့ အမျိုးသမီးတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ အကြောင်း ပြောပြပေးချင်ပါတယ်။အဝလွန်တယ်ဆိုတာက များသောအားဖြင့်ကတော့ အစားစားတာ များပြီး လှုပ်ရှားမှု နည်းတာကြောင့်ပါ။ အထူးသဖြင့် အဆီအအိမ့် စားတာများတဲ့သူတွေမှာ အဝလွန်နိုင်ခြေက ပိုများပါတယ်။ အထိုင်များတာ၊ လှုပ်ရှားမှု နည်းတာတွေကို လုပ်ဆောင်နေရသူတွေမှာလည်း အဝလွန်နိုင်ခြေ များပါတယ်။အမျိုးသမီးတွေမှာ အဝလွန်စေနိုင်တဲ့ တခြားအကြောင်းအရင်းတွေကတော့ ဒီအချက်တွေကြောင့် အဓိက ဖြစ်ရတာပါ။ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာက ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေကို တိုးစေနိုင်ပါတယ်။ အဝလွန်တဲ့ အမျိုးသမီးတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ က ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။အဝလွန်တာက အမျိုးသမီးတွေမှာရော အမျိုးသားတွေမှာပါ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။ အဝလွန်နေတဲ့ အမျိုးသမီးလေးတွေက ပုံမှန် ကိုယ်အလေးချိန်ရှိတဲ့ အမျိုးသမီးတွေထက် ကလေးရရှိဖို့ ပိုခက်တာကြောင့် အိမ်ထောင်သက် တော်တော်ကြာတဲ့အထိ ကလေး မရတာမျိုး ဖြစ်စေနိုင်ပါတယ်။အဝလွန်တာက အမျိုးအစား -၂ ဆီးချို ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ အနေနဲ့ ခန္ဓာကိုယ်က အဝလွန်လာပြီဆိုရင် အမျိုးအစား – ၂ ဆီးချိုကို ကာကွယ်ဖို့အတွက် ကိုယ်လက်လှုပ်ရှားမှုလေးတွေကို ပုံမှန်လေး လုပ်ဆောင်ပေးတာမျိုး လုပ်ဖို့ လိုပါမယ်။အမျိုးသမီးလေးတွေ အဝလွန်ပြီဆိုရင် ကြောက်ရတဲ့ နောက်ထပ်ရောဂါ တစ်ခုက နှလုံးသွေးကြောကျဉ်းတာပါ။ အဝလွန်တဲ့အခါ သွေးထဲမှာ အဆီတွေများလာပြီး သွေးကြောတွေထဲမှာ အဆီတွေပိတ်ဆို့စုပုံတာကြောင့် နှလုံးသွေးကြောကျဉ်းတာကို ခံစားရနိုင်ပါတယ်။အဝလွန်တာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာက အဆုတ်ကို ထိခိုက်စေပြီးအသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ ရေရှည်မှာ အဆုတ်ပျက်စီးတာမျိုး ခံစားရနိုင်ပါတယ်။အဝလွန်တာက ပတ်ဝန်းကျင်ရဲ့ ပြောဆိုမှုတွေကြောင့် စိတ်ဖိစီးတာ၊စိတ်ဓာတ်ကျတာတွေကို ခံစားရနိုင်သလို စိတ်ခံစားမှုဆိုင်ရာ ကျန်းမာရေးပြဿနာတွေကိုလည်း ခံစားရနိုင်ပါတယ်။အဝလွန်ခြင်းရဲ့ နောက်ဆက်တွဲ အနေနဲ့ သွေးတိုးတာကို ခံစားရနိုင်ပါတယ်။ သွေးတိုးတာက ရေရှည်မှာ ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ နှလုံးကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။အဝလွန်တာက အမျိုးသမီးလေးတွေမှာ သားအိမ်ခေါင်းကင်ဆာ၊သားဥအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာတွေကို ခံစားရနိုင်ခြေ ပုံမှန်ထက် ပိုများနေပါတယ်။ ဒါကြောင့် ကင်ဆာ ကာကွယ်ချင်တယ်ဆိုရင် ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းပါ။အဝလွန်တဲ့ အမျိုးသမီးလေးတွေဟာ ကိုယ်ဝန်ဆောင်နေချိန်မှာ ကိုယ်ဝန်ဆောင် ဆီးချို ခံစားရနိုင်ခြေ ပုံမှန်ထက် ပိုများနေသလို ကလေးမွေးဖွားချိန်မှာလည်း ရိုးရိုးမွေးဖွားဖို့ ခက်ခဲတတ်ပြီး ခွဲမွေးရနိုင်ပါတယ်။အဝလွန်တဲ့ မိခင်တွေက ပုံမှန်ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိတဲ့ အမျိုးသမီးတွေထက် ကလေးမွေးဖွားပြီးချိန်မှာ နို့ထွက် နည်းတတ်ပြီး ကလေးကို  မိခင်နို့ ပြည့်ပြည့်ဝဝတိုက်ဖို့ရာမှာ အခက်အခဲ ရှိနိုင်ပါတယ်။အဝလွန်တဲ့အခါ ဒူးနာတာ၊ခါးနာတာလိုမျိုး အရိုးအဆစ် နာကျင်မှုပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ရေရှည်မှာ အရိုးအဆစ် ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။အဝလွန်ရင် အခုလိုကျန်းမာရေး ပြဿနာတွေဖြစ်နိုင်တာမို့ ကိုယ့်ကိုယ်ကိုယ် အဝမလွန်စေဖို့ သေချာလေး ဂရုစိုက်လိုက်တော့နော်။ တကယ်လို့ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေမယ်ဆိုရင်လည်း ကိုယ်အလေးချိန်ကို ကျန်းမာတဲ့ ကိုယ်အလေးချိန်ရအောင် ထိန်းညှိပေးနိုင်မယ့် နည်းလမ်းလေးတွေကို လုပ်ဆောင်ဖို့ အကြံပြုလိုက်ပါရစေ။# ကျန်းမာစေမယ့် အရောင်အသွေးစုံလင်တဲ့ စားသောက်မှု။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/obesity-and-womens-health/
Middle Ear Infection (Otitis) (နားအလယ်ပိုင်းတွင်ရောဂါပိုးဝင်ခြင်း)
နားစည်အနောက်ပိုင်းရှိ တုန်ခါတတ်သော အရိုးကလေးများပါဝင်ပြီး လေနဲ့ပြည့်နေတဲ့နေရာကို နားအလယ်ပိုင်းဟု သတ်မှတ်ပါတယ်။ ထိုနေရာကို ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ပိုးဝင်ရောက်တဲ့ ရောဂါဖြစ်ပါတယ်။ နားအလယ်ပိုင်းမှာ ရောင်ရမ်းပြီး အရည်တွေစုလာတဲ့အတွက် နာကျင်စေတတ်ပါတယ်။ကလေးတွေမှာ အဖြစ်အများဆုံးဖြစ်ပါတယ်။ Stanfordရှိ Lucile Packard ကလေးဆေးရုံမှ အချက်အလက်များအရ အသက်၃နှစ်ရှိတဲ့ ကလေး၈၀%မှာ ဖြစ်နေပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။နားအလယ်ပိုင်းတွင်ရောဂါပိုးဝင်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။နားကိုက်ခြင်း။ဂျီကျခြင်း။အိပ်ပျော်အောင် သိပ်ရခက်ခြင်း။နားရွက်ကို ကိုင်ဆွဲနေခြင်း။ဖျားခြင်း။အဝါရောင်/အကြည်ရောင်/သွေးရောင် အရည်များထွက်ခြင်း။ဟန်ချက်ပျက်ခြင်း။အကြားအာရုံဆိုင်ရာ ပြဿနာရှိခြင်း။ပျို့ခြင်း၊ အန်ခြင်း။ဝမ်းလျှောခြင်း။အစားအသောက်ပျက်ခြင်း။နားပိတ်ခြင်း တို့ဖြစ်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။ကလေးများမှာ နားအလယ်ပိုင်းရောဂါပိုးဝင်စေတဲ့ အကြောင်းအမျိုးမျိုးရှိပါတယ်။ နဂိုရှိတဲ့ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းမှ မြစ်ဖျားခံလာတာလည်း ဖြစ်နိင်ပါတယ်။ နားအလယ်ပိုင်းနဲ့ လည်ချောင်းကို ဆက်သွယ်ထားတဲ့ ပြွန်ကလေးပိတ်လျှင်လည်း နားစည်အနောက်မှာ အရည်များစုလာနိုင်ပါတယ်။ ထိုအရည်ထဲမှာ ဘက်တီးရီးယားပိုးများ ပေါက်ပွားပြီး နာကျင်စေခြင်းဖြစ်ပါတယ်။နားအလယ်ပိုင်းတွင်ရောဂါပိုးဝင်ခြင်းဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။အသက်။ ၆လနှင့် ၂နှစ်အတွင်း ကလေးများမှာ နားအလယ်ပိုင်းနဲ့ လည်ချောင်းကို ဆက်သွယ်ထားတဲ့ ပြွန်ရဲ့ ပုံသဏ္ဍာန်နဲ့ အရွယ်အစားကြောင့်၊ ခုခံအားစနစ်ကောင်းစွာ မဖွံ့ဖြိုးသေးခြင်းကြောင့် ရောဂါအဖြစ်နိုင်ဆုံး အရွယ်ဖြစ်ပါတယ်။ကလေးအများနှင့် အတူစောင့်ရှောက်ခြင်း။ အိမ်မှာနေတဲ့ ကလေးများထက် အများနှင့် အတူစောင့်ရှောက်ခြင်းခံရတဲ့ကလေးများက အအေးမိခြင်း၊ နားရောဂါပိုးဝင်ခြင်းတို့ ပိုဖြစ်လွယ်ပါတယ်။မွေးကင်းစကလေး နို့တိုက်ကျွေးခြင်း။ လှဲအိပ်နေစဉ် နို့ဘူးမှ နို့စို့တတ်သော ကလေးများသည် မိခင်နို့စို့သော ကလေးများထက် နားရောဂါပိုးဝင်လွယ်ပါတယ်။ရာသီဥတုဆိုင်ရာ အချက်များ။ အအေးမိခြင်း၊ တုပ်ကွေးတို့ အဖြစ်များတဲ့ ဆောင်းဦးနဲ့ ဆောင်းရာသီမှာ လေထဲက ဝတ်မှုန်အရေအတွက် ပိုများတဲ့အတွက် နားရောဂါပိုးဝင်လွယ်ပါတယ်။လေထုအရည်အသွေးမကောင်းခြင်း။ ဆေးလိပ်ငွေ့နဲ့ လေထုညစ်ညမ်းမှုများကြောင့် နားရောဂါပိုး ဝင်လွယ်ပါတယ်။အထက်ပါဖြစ်ပွားနိုင်ချေများမရှိခြင်းကြောင့် သင့်မှာ နားအလယ်ပိုင်းတွင် ရောဂါပိုးဝင်ခြင်းမဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာမှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်က သင့်ကလေးရဲ့ ရောဂါရာဇဝင်ကို မေးမြန်းပြီး စမ်းသပ်မှုပြုလုပ်ပါမယ်။ စမ်းသပ်နေစဉ် နားအပြင်ပိုင်းနှင့် နားစည်ကို မီးလုံးပါသော နားကြည့်မှန်ပြောင်းကိရိယာဖြင့် နီရဲခြင်း၊ ရောင်ခြင်း၊ ပြည်နှင့် အရည်တို့ရှိ၊မရှိ ကြည့်ပါမယ်။Tympanometry ဟုခေါ်သော နားအလယ်ပိုင်း အလုပ်လုပ်၊မလုပ် စမ်းသပ်မှုကိုလည်း ပြုလုပ်ပါမယ်။ ဒီစမ်းသပ်မှုမှာ သင့်နားထဲကို ကိရိယာတစ်ခုထည့်ပြီး ဖိအားကိုပြောင်းလဲစေပြီး နားစည်ကိုတုန်ခါစေပါတယ်။ ပြောင်းလဲမှုကို တိုင်းတာပြီး ဂရပ်တစ်ခုပေါ်မှာ မှတ်တမ်းတင်ပါတယ်။ ဆရာဝန်က အဖြေကို ဖတ်နိုင်ပါတယ်။ကုသနည်းအမျိုးမျိုးရှိပါတယ်။ ဆရာဝန်က ကလေးရဲ့ အသက်၊ ကျန်းမာရေးအခြေအနေနဲ့ ရောဂါရာဇဝင်ကို အခြေခံပြီး ကုသပေးပါလိမ့်မယ်။ အောက်ပါအချက်များကိုလည်း ထည့်သွင်းစဉ်းစားရပါမယ်။ဆရာဝန်က ရောဂါပြင်းထန်မှုအလိုက် နာကျင်ခြင်းကို ကုသြင်္ပီး ပျောက်မပျောက် စောင့်ကြည့်တာအကောင်းဆုံး ဖြစ်ကြောင်း ပြောပါလိမ့်မယ်။ Ibuprofen သို့မဟုတ် အခြားအကိုက်အခဲနှင့် အဖျားပျောက်ဆေးများကို အနာပျောက်စေရန် အသုံးများပါတယ်။၃ရက်ထက်ပိုကြာအောင် ရောဂါကိုခံစားနေရလျှင်တော့ ပဋိဇီဝဆေး လိုနေပါပြီ။ သို့ပေမယ့် ဗိုင်းရပ်စ်ပိုးဝင်ခြင်းဆိုလျှင်တော့ ပဋိဇီဝဆေးနဲ့ ကုသနိုင်မှာ မဟုတ်ပါ။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကနားအလယ်ပိုင်းတွင်ရောဂါပိုးဝင်ခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် နားအလယ်ပိုင်းတွင်ရောဂါပိုးဝင်ခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။အအေးမိခြင်းနှင့် အခြားဖျားနာခြင်းများမှ ကာကွယ်ပါ။ ကလေးများအား လက်ကို သေသေချာချာ မကြာခဏဆေးဖို့နဲ့ စားသောက်ရာမှာသုံးတဲ့ ပစ္စည်းများ ဝေမျှမသုံးဖို့ သင်ပေးထားပါ။ နှာချေ၊ ချောင်းဆိုးလျှင် လက်မောင်းကွေးပြီးကာဖို့ သင်ထားပါ။ ဖြစ်နိုင်လျှင် ကလေးအများနှင့် စောင့်ရှောက်သောနေရာတွင် သင့်ကလေးကို ထားသည့်အချိန်ကို ကန့်သတ်ထားပါ။ ကလေးပိုနည်းသည့် ကလေးထိန်းကျောင်းများက ပိုအဆင်ပြေသည်။ ကလေးဖျားလျှင် ကျောင်းမပို့ပါနှင့်။ တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူခြင်းမှ ရှောင်ကြဉ်စေပါ။ အပြင်သွားလျှင်လည်း ဆေးလိပ်ကင်းစင်သော နေရာများကိုသာ ခေါ်သွားပါ။ကလေးကို မိခင်နို့တိုက်ကျွေးပါ။ ဖြစ်နိုင်လျှင် အနည်းဆုံး ၆လ မိခင်နို့ တိုက်ပါ။ မိခင်နို့ရည်တွင် ရောဂါပိုးဝင်ခြင်းမှ ကာကွယ်ပေးနိုင်သော ပဋိပစ္စည်းများ ပါဝင်သည်။ကလေးကို နို့ဘူးတိုက်လျှင် မတ်မတ်ထားတိုက်ပါ။ ကလေးပတ်လက်လှဲနေစဉ် ပါးစပ်တွင် နို့ဘူးတပ်ပေးခြင်းမှ ရှောင်ကြဉ်ပါ။ ကလေးကို ပုခက်ထဲထည့်လျက် နို့ဘူးမတိုက်ပါနှင့်။ဆရာဝန်နှင့် ကာကွယ်ဆေးအကြောင်း ဆွေးနွေးပါ။ သင့်ကလေးအတွက် သင့်တော်သော ကာကွယ်ဆေးအကြောင်းမေးပါ။ ရာသီတုပ်ကွေးကာကွယ်ဆေး၊ အဆုတ်ရောင်နှင့် အခြားဘက်တီးရီးယားပိုးများအတွက် ကာကွယ်ဆေးများက နားရောဂါပိုးဝင်ခြင်းကို ကာကွယ်နိုင်သည်။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/ear-conditions/middle-ear-infection-otitis-%e1%80%94%e1%80%ac%e1%80%b8%e1%80%a1%e1%80%9c%e1%80%9a%e1%80%b9%e1%80%95%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%b1%e1%80%9b/
အာသီးဖြတ်ပြီးနောက်ပိုင်း ဘယ်လိုပြုမူနေထိုင်သင့်သလဲ ။
ခဏခဏအာသီးရောင်လည်ချောင်းနာ၊ အာသီးကြီးနေလို့ဆိုပြီးအာသီးဖြတ်ထုတ်လိုက်ရတဲ့သူတွေရှိမှာပါ။ အာသီးဆိုတာ လည်ချောင်းထဲကို ဝင်လာတဲ့ရောဂါပိုးတွေကို ဖမ်းပေးတဲ့အရာဖြစ်ပေမယ့် သူက ကျန်းမာရေးကို မကြာခဏ ဒုက္ခပေးနေတဲ့အခါ ကုသမှု အနေနဲ့ အာသီးဖြတ်ထုတ်လိုက်ရတာမျိုးတွေရှိတတ်ပါတယ်။ ခုပြောပြပေးမှာက အာသီးဖြတ်ထုတ်ပြီးနောက်ပိုင်းသိသင့်တဲ့ ကျန်းမာရေးတွေ၊ လိုက်နာရမယ့် ပုံစံတွေ အကြောင်းပဲ ဖြစ်ပါတယ်။အာသီးဖြတ်တယ်ဆိုတာခွဲစိတ်မှုတစ်ခု လုပ်ရတာဖြစ်တဲ့အတွက် ခွဲပြီး ၁ပတ် ၁၀ ရက်လောက်မှာတော့ခွဲထားတဲ့နေရာက သွေးထွက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ အများဆုံး ၃ ပတ်လောက်အထိ သွေးဆက်ထွက်နေတတ်ပါတယ်။ သွေးတိတ်တာကို သက်သာစေချင်ရင်တော့။အာသီးဖြတ်ခွဲစိတ်မှုလုပ်ပြီး။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/throat-conditions/tonsilectomy/
သွေးပြန်ကြောထုံးခြင်းအကြောင်းသိကောင်းစရာ အပိုင်း ၁
သွေးပြန်ကြောထုံးခြင်း(Varicose vein) ဟာ သွေးပြန်ကြောတွေကြီးလာပြီး အရေပြားပုံပန်းသွင်ပြင်ပြောင်းလဲစေကာ နာကျင်မှု၊ သက်တောင့်သက်သာမရှိမှုတွေနဲ့ နောက်ထပ်များပြားသော သွေးလှည့်ပတ်မှုပြဿနာတွေဖြစ်စေနိုင်တဲ့ တွေ့ရတတ်သော အခြေအနေတွေဖြစ်ပါတယ်။ တခြားလူတွေလိုပဲ သင့်မှာလည်းဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဘာကြောင့်ဖြစ်ရသလဲ၊ ဘယ်လောက်ထိပြင်းထန်လဲ၊ ဘယ်လိုကုသရမလဲ၊ ကာကွယ်ရမလဲ ဆိုတာတွေကို သိထားတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။သွေးကြောထုံးတွေကို အရေပြားပေါ်မြင့်တတ်နေတဲ့ ကြီးမားပြီး ခရမ်းပုတ်ရောင်၊ အနီရောင်၊ အပြာရောင်၊ အသားရောင်အတိုင်းဖုဖောင်းပြီး အမျိုးမျိုးမြင်ရနိုင်ပါတယ်။ သွေးကြောထုံးတွေဟာ ပေါင်အတွင်းပိုင်း၊ ခြေထောက်အတွင်းပိုင်းတွေမှာ အများအားဖြင့်တွေ့ရတတ်ပါတယ်။ တခါတလေ ကိုယ်ဝန်ဆောင်တဲ့အခါမှာလည်း မိန်းမကိုယ်နဲ့ တင်ပါးနေရာမှာ တွေ့ရတတ်ပါတယ်။Spider veins လို့ခေါ်တဲ့ သွေးပြန်ကြောထုံးတစ်မျိုးဟာ ပိုမိုသေးငယ်ပြီး အရေပြားနဲ့ပိုနီးတဲ့ သွေးကြောလေးတွေပါ။ မြင်ရပေမယ့် အရေပြားအပေါ်ဖုဖောင်းနေခြင်းမရှိပါဘူး။ အနီရောင် ဒါမှမဟုတ် အပြာရောင်ရှိပြီး ပင့်ကူအိမ်ပုံစံမျိုးဖြစ်ပါတယ်။ ဒါကြောင့် Spider veins လို့ခေါ်ကြတယ်၊ ခြေထောက်တွေနဲ့ မျက်နှာမှာဖြစ်ပေါ်တတ်ပါတယ်။ပုံမှန်အားဖြင့်နာကျင်မှုမရှိတတ်ပေမယ့် နာကျင်လာရင်လည်း ထိုခြေထောက်တွေမှာလေးလံပြီး ကြွက်တက်သလို ရောင်ရမ်းပူလောင်နာကျင်တတ်ပါတယ်၊ အချိန်ကြာထိုင်ရင် မတ်တပ်ရပ်နေရင် ပိုဆိုးတတ်ပြီး သွေးပြန်ကြောတွေဘေးဝန်းကျင် ယားယံခြင်း၊ သွေးယိုလာခြင်း၊ အရောင်ပြောင်းလာခြင်းတွေလည်း ဖြစ်လာတတ်ပါတယ်။သင့်ခန္ဓါကိုယ်မှာ သွေးပြန်ကြောတွေက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေပါတဲ့ သွေးတွေကို နှလုံးဆီပြန်သယ်ပေးတာပါ။ ထိုသွေးပြန်ကြောထဲကသွေးတွေက နှလုံးထက်ပိုနိမ့်တဲ့ တချို့နေရာတွေကဆိုရင် ကမ္ဘာမြေကြီးဆွဲအားကို ဆန့်ကျင်ပြီး အပေါ်ပြန်ဆန်တက်ရတာတွေရှိပါတယ်။ ထိုအခါ သွေးတွေအပေါ်ရောက်ဖို့ ကြွက်သားတွေက ညှစ်ပေးရပြီး ထိုသွေးပြန်ကြောတွေထဲက အဆို့တွေက သွေးတွေနောက်ပြန်မစီးဖို့ တားဆီးပေးထားပါတယ်။ ထိုအဆို့ရှင်တွေအလုပ်မလုပ်နိုင်တော့တဲ့အခါ သွေးကြောထုံးခြင်းဖြစ်လာရပါတယ်။ သွေးတွေနှလုံးဆီမပြန်နိုင်တော့ဘဲ သွေးပြန်ကြောထဲမှာပဲ ပုံနေပြီး ထိုသွေးပြန်ကြောတွေ အရွယ်ကြီးလာ၊ ဖောင်းလာခြင်းကို ခေါ်တာပါ။ ဟော်မုန်းအပြောင်းအလဲ၊ ထိခိုက်မှုတွေနဲ့ နေရောင်ထိတွေ့မှုတွေကြောင့် ဖြစ်နိုင်ပါတယ်။လူတိုင်းမှာဖြစ်နိုင်ပေမယ့် ဒီအချက်တွေရှိရင် ပိုဖြစ်နိုင်ချေရှိပါတယ်။• အသက်အရွယ်– အသက်ကြီးလာတာနဲ့အမျှ သွေးပြန်ကြောတွေအားနည်းလာပြီး အဆို့ရှင်တွေလည်း အလုပ်ကောင်းကောင်းမလုပ်နိုင်တော့ဘဲ သွေးတွေနောက်ပြန်စီးခြင်း ဖြစ်လာရပါတယ်။• ဟော်မုန်းအပြောင်းအလဲများ– လူပျိုအပျိုဖော်ဝင်စအချိန်၊ ကိုယ်ဝန်ဆောင်ချိန်၊ သွေးဆုံးချိန်၊ ဒါမှမဟုတ် တချို့သောဆေးတွေကြောင့် ဟော်မုန်းတွေပြောင်းလဲခြင်းဟာလည်း သွေးကြောထုံးခြင်းဖြစ်စေနိုင်ပါတယ်။• ကိုယ်ဝန်ဆောင်ချိန်– ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပမာဏများလာပေမယ့် ခန္ဓါကိုယ်အောက်ပိုင်းကနေ သွေးတွေပြန်လာနိုင်စွမ်းကနည်းသွားပါတယ်။ ကလေးရဲ့ကြီးထွားလာမှုနဲ့ သားအိမ်ကလည်း သွေးပြန်ကြောတွေအပေါ် ဖိအားတွေပေးပါသေးတယ်။ ကိုယ်ဝန်ဆောင်ကာလ နောက်ပိုင်းမှာ ပိုဆိုးတတ်ပြီး မီးဖွားပြီး သုံးလလောက်ကြာရင်တော့ သက်သာသွားတတ်ပါတယ်။• ကျား၊ မ– အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုဖြစ်နိုင်ချေများပါတယ်။• အဝလွန်ခြင်း– ပိုနေတဲ့ကိုယ်အလေးချိန်တွေက သွေးပြန်ကြောတွေအပေါ် ဖိအားတွေသက်ရောက်စေပါတယ်။• ရောဂါရာဇဝင်– မွေးဖွားစဉ်က သွေးပြန်ကြောတွေအားနည်းနေရင်၊ ဒါမှမဟုတ် မိသားစုမှာ ထိုပြနာမျိုးရှိရင် ဖြစ်နိုင်ချေများပါတယ်။• နေရောင်ခြည်– နေရောင်ထိတွေ့မှုများခြင်းကလည်း ဖြစ်နိုင်ချေတက်စေပါတယ်။• လှုပ်ရှားမှုနည်းခြင်း– အချိန်ကြာထိုင်ရရင်၊ ဒါမှမဟုတ် မတ်တပ်ရပ်ရရင် သွေးကြောတွေဖောင်းတတ်ပါတယ်။ လှုပ်ရှားမှုနည်းခြင်းဟာ သွေးတွေကိုပြန်ညှစ်တင်ဖို့ ခက်ခဲစေနိုင်လို့ပါ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%bb%e1%80%95%e1%80%94%e1%80%b9%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%91%e1%80%b6%e1%80%af%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%a1/
Hot Flashes (အပူပြန်ခြင်း)
အပူပြန်ခြင်းသည် ရုတ်တရက် မျက်နှာ၊ လည်ပင်း၊ နှင့် ရင်ဘတ်နေရာတို့တွင် ပူနွေးလာသည်ကို ခံစားရခြင်းဖြစ်သည်။ သင့်အရေပြားသည်လည်း နီနေနိုင်သည်။ အပူပြန်ခြင်းသည် သင့်ကို ချွေးပြန်စေပြီး ချမ်းစိမ့်စိမ့်လည်း ဖြစ်စေနိုင်သည်။အခြားသော ဟော်မုန်းပြောင်းလဲမှုအခြေအနေများသည်လည်း ထိုလက္ခဏာများကို ဖြစ်စေနိုင်သော်လည်း ထိုကဲ့သို့ အပူပြန်ခြင်းသည် အမျိုးသမီးများ သွေးဆုံးသည့်အခါတွင် ပို၍အဖြစ်များသည်။ အပူပြန်ခြင်းသည် သွေးဆုံးသည့်အချိန်တွင် အဖြစ်အများဆုံး လက္ခဏာတစ်ခုလည်းဖြစ်ပါသည်။ အပူပြန်ခြင်းသည် တစ်နာရီခန့်မှ တစ်ရက်၊ နှစ်ရက်အထိ ကြာမြင့်နိုင်ပါသည်။အပူပြန်ခြင်းသည် အလွန် အဖြစ်များသည်။ ၎င်းသည် အသက်အရွယ်မရွေးတွင်လည်း ဖြစ်နိုင်သည်။ ဖြစ်နိုင်ချေများစေသော အချက်များကို လျော့ချခြင်းဖြင့် ၎င်းကို ထိန်းချုပ်နိုင်သည်။ ပိုမိုသိရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။အပူပြန်ခြင်း ၏ လက္ခဏာများတွင် အောက်ပါတို့ပါဝင်နိုင်သည်။• ရုတ်တရက် သင့်ကိုယ်ခန္ဓါ အပေါ်ပိုင်း နှင့် မျက်နှာတွင် ပူရှိန်ရှိန်ဖြစ်သော ခံစားချက်ဖြစ်ပေါ်ခြင်း။• အရေပြားတွင် နီလာခြင်း။• နှလုံးခုန်မြန်လာခြင်း။• ချွေးပြန်ခြင်း၊ အများအားဖြင့် ခန္ဓါကိုယ် အပေါ်ပိုင်းတွင် ဖြစ်သည်။• ပူသည့် ခံစားချက်ပျောက်သွားလျှင် ချမ်းစိမ့်စိမ့်ဖြစ်လာသည်။အပူပြန်ခြင်းသည် တစ်နေ့တွင် တစ်ခါနှစ်ခါမှ အကြိမ်များစွာလည်း ဖြစ်နိုင်သည်။ တစ်ခါဖြစ်လျှင် မိနစ်အနည်းငယ်သာဖြစ်ပြီး ပြန်ပျောက်သွားတတ်သည်။ ညဘက်တွင် များသောအားဖြင့် ဖြစ်သည်။ အမျိုးသမီး အများစုသည် တစ်နှစ်ကျော်ကျော် အပူပြန်ခြင်းကို ခံစားဖူးကြပြီး လေး၊ ငါးနှစ်အကြာတွင် ပြန်ပျောက်သွားတတ်ကြသည်။အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ရှိတတ်သည်။ မေးလိုသည်များရှိလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။မေးလိုသည်များရှိလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။သင့်တွင် အထက်ပါ လက္ခဏာများ ရှိခဲ့လျှင် သို့မဟုတ် မေးခွန်းများရှိလျှင် သင့်ဆရာဝန်နှင့် တွေ့ဆုံဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓါကိုယ်သည် တုံ့ပြန်မှုမတူညီပေ။ သင့်အခြေအနေအတွက် အကောင်းဆုံးဖြစ်စေရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။အပူပြန်ခြင်း အဘယ်ကြောင့်ဖြစ်ရသည်ကို သေချာစွာမသိရပေ။ သို့သော် များစွာသော အကြောင်းရင်းများနှင့် ဆက်စပ်နေသည်။ ၎င်းတို့တွင် မျိုးပွားဟော်မုန်းများပြောင်းလဲမှုကြောင့် နှင့် သင့်ခန္ဓါကိုယ်မှ အပူချိန်ကို ထိန်းချုပ်သော ဦးနှောက်ရှိ hypothalamus ဟုခေါ်သော အဂါၤမှ ခန္ဓါကိုယ်၏ အပူချိန်ပြောင်းလဲမှုအနည်းငယ်ကိုပင် အလွန် ခံစားသိရှိနေခြင်းကြောင့် တို့ပါဝင်သည်။သင်စားသောက်သော အစားအစာများနှင့် ဆေးဝါးများ။အပူပြန်ခြင်းသည်အချို့သော ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများဖြစ်နိုင်သည်။ အရိုးပွခြင်းတွင် ပေးသော ဆေးဖြစ်သည့် Raloxifene (Evista)၊ ရင်သားကင်ဆာကုသမှုတွင် ပေးသော Tamoxifen and Nolvadex တို့သည် အရေပြားနီလာခြင်းနှင့် အပူပြန်ခြင်းကို ဖြစ်စေသည်။ ကင်ဆာကုသရာတွင်သုံးသော ဓါတုဆေးဝါးများ၊ အနာသက်သာစေရန် သုံးသော Tramadol ဆေးများကြောင့်လည်း အပူပြန်ခြင်းဖြစ်နိုင်သည်။ သို့သော် ထိုဆေးများကြောင့်ဖြစ်ခြင်းသည် ရှားပါသည်။ဆိုင်မှပေးသော ဆေးများကြောင့်လည်း သွေးဆုံးသည့်အခါဖြစ်တတ်သော အပူပြန်ခြင်းနှင့်ဆင်တူသော လက္ခဏာများဖြစ်တတ်သည်။ ထိုဆေးများသောက်လျှင် အညွှန်းကို သေချာဖတ်ပါ။ ဖြစ်ပေါ်လာသော လက္ခဏာများကို ဆရာဝန်နှင့် သေချာဆွေးနွေးပါ။ပူစပ်သောအစားအသောက်များ။ပူစပ်သော အစားအသောက်များကို စားသည့်အခါလည်း ထိုသို့ဖြစ်တတ်သည်။ ပူစပ်သော အစားအစာများသည် သွေးကြောကိုကျယ်စေပြီး နာ့ဗ်ကြောများကို လှုံ့ဆော်သည်။ ထိုသို့ ဇီဝပြောင်းလဲမှုများကြောင့် အလွန်အမင်းပူသည့်ခံစားချက်မျိုးရနိုင်သည်။ အရက်သောက်လျှင် အချို့လူများတွင်လည်း ထိုသို့ ပူရှိန်သည့် ခံစားချက်မျိုးရတတ်သည်။ ထိုတုံ့ပြန်မှုမျိုးသည် မည်သူမဆို ဖြစ်နိုင်သည်။စိတ်ဖိစီးမှုနှင့် စိတ်ပိုင်းဆိုင်ရာ အကြောင်းရင်းများ။သင့်ခန္ဓါကိုယ်မှ စိတ်လှုပ်ရှားသည့်အခါ၊ ဝမ်းနည်းသည့်အခါ၊ စိတ်ဖိစီးမှုများသည့်အခါ epinephrine ၊ norepinephrine ဟော်မုန်းများ ထွက်သည်။ ထိုဟော်မုန်းများသည် သွေးစီးဆင်းမှုကို ကောင်းစေပြီး ခန္ဓါကိုယ်ကို နွေးထွေးစေသည်။ မျက်နှာနီခြင်းသည်လည်း စိတ်ဖိစီးမှု မှစ၍ အာရုံကြောများထိခိုက်ခြင်း၊ ခေါင်းကိုက်ခြင်းများ ကြောင့်လည်း ဖြစ်နိုင်သည်။ အပူပြန်ခြင်းသည် သင့်ခန္ဓါကိုယ်ကို နီလာပြီး ပူသည့် ခံစားချက်မျိုးကို ရစေသည်။ သို့သော် တစ်ခါတစ်ရံ စိတ်ဖိစီးမှုကြောင့် မဟုတ်ပဲ တစ်စုံတစ်ခုကို ဓါတ်မတည့်ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ကျန်းမာရေးဆိုင်ရာ အကြောင်းရင်းများမှာ ဟော်မုန်းကြောင့်ဖြစ်ပြီး၊ သွေးမဆုံးမီအချိန်နှင့် သွေးဆုံးခြင်း တို့နှင့် မသက်ဆိုင်သည်လည်း ရှိသည်။အပူပြန်ခြင်းကို ဖြစ်နိုင်ချေ မြင့်မားစေသော အကြောင်းများတွင် အောက်ပါတို့ပါဝင်သည်။• ဆေးလိပ်သောက်ခြင်း။• အဝလွန်ခြင်း။• ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း။• လူမျိုး ။ အာဖရိကန်-အမေရိကန် အစပ်အမျိုးသမီးများသည် ယူရိုပီယန်လူမျိုးများထက် အပူပြန်ခြင်း ပိုဖြစ်တတ်သည်။ ဂျပန်နှင့် တရုတ်လူမျိုးများတွင် အနောက်နိုင်ငံမှ အမျိုးသမီးများထက် အဖြစ်နည်းတတ်သည်။သွေးဆုံးသော အမျိုးသမီးတိုင်းလည်း ထိုသို့ အပူပြန်သည့် လက္ခဏာများ မရှိတတ်ပေ။ အဘယ်ကြောင့် အချို့အမျိုးသမီးများတွင် ထိုသို့ ဖြစ်ရသည်ကို အကြောင်းရင်းသေချာမသိရပေ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်ဆရာဝန်သည် သင့်၏ ရောဂါလက္ခဏာများပေါ်မူတည်ပြီး အပူပြန်ခြင်း ရှိကြောင်းဆုံးဖြတ်ပါမည်။ ဖြစ်သော အကြောင်းကို သိနိုင်ရန် သွေးစစ်ခြင်းဖြင့် သင့်တွင် သွေးဆုံးခါနီး အချိန်ဟုတ်မဟုတ် စစ်ဆေးနိုင်ပါသည်။ထိရောက်သော ကုသမှုသည် Estrogen ဟော်မုန်းဖြစ်သည်။ သို့သော် ထိုဟော်မုန်းကို သောက်ခြင်းဖြင့် အခြားသော ရောဂါများကို ဖြစ်နိုင်ချေများစေသည်။ စိတ်ဓါတ်ကျခြင်းကို ကုသသော ဆေးများ၊ နှင့် အတက်ကျစေသော ဆေးများသည်လည်း အပူပြန်ခြင်း ကို သက်သာစေသည်။ အမျိုးမျိုးသော ကုသမှုများ၏ ကောင်းကျိုးနှင့် ဆိုးကျိုးကို ချင့်ချိန်နိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ ထိုသို့ ဖြစ်ခြင်းသည် သင့်ကို အနှောင့်အယှက်မဖြစ်စေလျှင် ကုသမှုလုပ်ရန် မလိုပါ။ အမျိုးသမီး အများစုသည် နှစ်အနည်းငယ် အတွင်းမှာပင် တဖြည့်ဖြည်းပျောက်သွားကြသည်။ဟော်မုန်းဖြင့် ကုသခြင်း။Estrogen နှင့် Progesterone ဟော်မုန်းများသည် အပူပြန်ခြင်းကို ကုသရန် သုံးသော ဟော်မုန်းများဖြစ်သည်။ သားအိမ် ထုတ်ထားသော အမျိုးသမီးများသည် Estrogen တစ်မျိုးတည်းသောက်နိုင်သည်။ သားအိမ်ရှိသေးလျှင် သားအိမ်ကင်ဆာဖြစ်ခြင်းကို ကာကွယ်ရန် Progesterone ဟော်မုန်းကိုလည်း သောက်ပေးသင့်သည်။ သွေးဆုံးသည့် လက္ခဏာများကို ကုသရန် Estrogen နှင့် bazedoxifene တွဲထားသော ဆေးကို သုံးကြသည်။ ထိုဆေးသည် ကင်ဆာကို ဖြစ်နိုင်ချေများခြင်းကို မဖြစ်စေသော်လည်း လေ့လာမှုများ လိုအပ်သေးသည်။ Estrogen နှင့် ကုသမှုသည် သင့်တွင်သွေးခဲခြင်း သို့မဟုတ် ရင်သားကင်ဆာများ ရှိလျှင် ရွေးချယ်ရမည့် ကုသမှုမဟုတ်ပါ။စိတ်ဓါတ်ကျခြင်းကိုကုသသော ဆေးများ။အချို့သော စိတ်ဓါတ်ကျခြင်းကို ကုသသော ဆေးများကို ပမာဏ အနည်းငယ်သာပေးခြင်းဖြင့် အပူပြန်ခြင်းကို သက်သာစေနိုင်သည်။ ထိုဆေးများတွင် Venlafaxine (Effexor XR, Pristiq)၊ Paroxetine (Brisdelle၊ Paxil၊ Pexeva)၊ Fluoxetine (Prozac ၊ Sarafem) တို့ပါဝင်သည်။ Bridelle သည် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး မှ ခွင့်ပြုထားသော စိတ်ဓါတ်ကျခြင်းတွင် သုံးသော တစ်ခုတည်းသော ဆေးဖြစ်သည်။ အခြားသော ဆေးများနှင့်ယှဉ်လျှင် ၎င်းသည် ဈေးပိုကြီးသောကြောင့်အခြားဆေးများကို တရားမဝင် သုံးစွဲကြသည်။ ပြင်းထန်သော လက္ခဏာပြခြင်းတွင် ထိုဆေးများ အသုံးပြုခြင်းသည် ဟော်မုန်းနှင့် ကုသခြင်းလောက်မကောင်းပါ။ သို့သော် ဟော်မုန်းကုသမှုကို မပြုလုပ်သင့်သော၊ မလုပ်ချင်သော အမျိုးသမီးများတွင် အသုံးပြုနိုင်ပါသည်။ ဖြစ်နိုင်သောဘေးထွက်ဆိုးကျိုးများမှာ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းမူးခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ ပါးစပ်ခြောက်ခြင်း၊ လိင်စိတ်ပြောင်းလဲနိုင်ခြင်း၊ မိမိကိုယ်ကို သတ်သေနိုင်ချေများခြင်း၊ နှင့် ရုတ်တရက် ဆေးဖြတ်သည့်အခါ ဖြစ်နိုင်သော လက္ခဏာများ ဖြစ်သည်။ အချို့သော ဘေးထွက်ဆိုးကျိုးများမှာ ဆေးပမာကို ပြောင်းလဲပေးခြင်းနှင့် အချိန်ကြာသည့်အခါ သက်သာသွားကြသည်။ သင့်တွင်သတ်သေ လိုသော ခံစားချက်များ ဖြစ်ပေါ်လာပါက ကုသမှု အမြန်ဆုံးခံယူပါ။အခြားသော ညွှန်ကြားနိုင်သော ဆေးဝါးများ။အပူပြန်ခြင်းကို ကာကွယ်နိုင်ရန် အောက်ပါတို့သည် သင့်ကို အထောက်အကူပြုနိုင်ပါလိမ့်မည်။• အေးအောင်နေပါ။ သင့်ခန္ဓါကိုယ်တွင် အပူချိန်အနည်းငယ် တိုးလျှင် အပူပြန်ခြင်း ဖြစ်နိုင်သောကြောင့် အေးအောင် နေသင့်သည်။ ပူသည့်အခါ ချွတ်ထားနိုင်ရန် အဝတ်များကို အထပ်များများဝတ်ပါ။ ပြတင်းပေါက်များကို ဖွင့်ထားပါ။ လေအေးပေးစက်များ၊ ပန်ကာများ အသုံးပြုပါ။ အခန်းအပူချိန်ကို လျော့ချပြီး အေးသော အရည်များကို သောက်ပါ။• အစားအသောက်ကိုဂရုစိုက်ပါ။ ပူသော ၊ ကဖင်းဓါတ်ပါသောအစားအသောက်များ၊နှင့် အရက် သည် သင့်ကိ ုအပူပြန်ခြင်းကို ဖြစ်စေသည်။ မည်သည်တို့သည် ဖြစ်တတ်ကြောင်းကို မှတ်သားထားပြီး ရှောင်ကြဉ်ပါ။• သက်တောင့်သက်သာဖြစ်အောင်နေပါ။ အချို့သော အမျိုးသမီးများသည် တရားထိုင်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်း၊ စိတ်ဖိစီးမှုသက်သာအောင် လုပ်ခြင်းက အပူပြန်ခြင်းကို သက်သာစေသည်။ ထိုသို့ ပြုလုပ်ခြင်းများသည် အပူပြန်ခြင်းကို မသက်သာစေသည့်တိုင်အောင် သင့်အတွက် အကျိုးကျေးဇူးများ ရှိပါသည်။• ဆေးလိပ်မသောက်ပါနှင့်။ ဆေးလိပ်သောက်ခြင်းသည် အပူပြန်ခြင်းကို ပိုဆိုးစေသည့် နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ နှင့် ကင်ဆာကဲ့သို့သော အခြားသော ကျန်းမာရေးပြသနာများလည်း ရှိသဖြင့် ဆေးလိပ်သောက်ခြင်းကို ရပ်သင့်သည်။• ကိုယ်အလေးချိန်လျော့ပါ။ သင်သည် ကိုယ်အလေးချိန်များနေလျှင် အဝလွန်နေလျှင်၊ ကိုယ်အလေးချိန်လျော့ခြင်းသည် သင့်ကို အပူပြန်ခြင်းကို သက်သာစေနိုင်ပါသည်။သင့်တွင် မေးမြန်းလိုသည်များ ရှိပါက သင့်အတွက် အကောင်းဆုံး အဖြေကို ရရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/hot-flashes-%e1%80%a1%e1%80%95%e1%80%b0%e1%80%95%e1%80%bc%e1%80%94%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
ကိုလင်း (Choline) ၏ ကျန်းမာရေး အကျိုးပြုပုံ
ကိုလင်းဆိုတာခန္ဓာကိုယ်ကနေ မရှိမဖြစ် လိုအပ်တဲ့အာဟာရတမျိုးဖြစ်ပါတယ်။ ရေမှာပျော်ဝင်နိုင်တဲ့ သြဂဲနစ်ဒြပ်ပေါင်းဖြစ်ပြီး ထူးခြားချက်ကတော့ ဗီတာမင်လည်း မဟုတ်သလို ဓာတ်ဆားလည်း မဟုတ်ပါဘူး။ ကိုယ်ခန္ဓာရဲ့ လုပ်ငန်းဆောင်တာများ ပုံမှန်လုပ်ဆောင်နိုင်ဖို့အတွက် အရေးပါပါတယ်။ ကိုလင်းကို အသည်းကနေ ထုတ်လုပ်နိုင်ပါတယ်။ ဒါပေမယ့် ပမာဏနည်းပါးပြီး အများစုကို အစားအသောက်ကနေ ရရှိပါတယ်။အသည်းရဲ့လုပ်ငန်းတာဝန်၊ဦးနှောက်ဖွံ့ဖြိုးမှု၊ ကြွက်သားများလှုပ်ရှားမှု၊ အာရုံကြောစနစ်လုပ်ဆောင်မှုနဲ့ ကိုယ်ခန္ဓာဇီဝဖြစ်ပျက်မှုတွေအတွက် အထောက်အကူပြုပါတယ်။ယခုဆက်လက်ဖော်ပြမှာကတော့ ကိုလင်းဟာ လူသားတွေရဲ့ ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုသလဲ ဆိုတာပါပဲ။ကိုလင်းပမာဏများခြင်းဟာ နှလုံးရောဂါဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။ ဖောလိတ်နဲ့ ကိုလင်းဟာ ဟိုမိုစစ်စတိန်းလို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်ကို မီသိုင်အိုနင်းဆိုတဲ့ ပစ္စည်းအနေနဲ့ ပြောင်းလဲပေးပါတယ်။ သွေးထဲမှာ ဟိုမိုစစ်စတိန်းများနေခြင်းဟာ နှလုံးရောဂါ၊ လေဖြတ်ခြင်း စတာတွေနဲ့ ဆက်နွယ်နေပါတယ်။ ကိုလင်းဟာ အဆိုပါ အမိုင်နိုအက်ဆစ်ကို လျော့နည်းစေပါတယ်။အက်ဆီတိုင်းကိုလင်းလို့ ခေါ်တဲ့ အာရုံကြောလျှပ်ကူးပစ္စည်းကို ထုတ်လုပ်ဖို့အတွက် ကိုလင်းကို လိုအပ်ပါတယ်။ အဆိုပါ အာရုံကြောလျှပ်ကူးပစ္စည်းဟာ မှတ်ဉာဏ်၊ စိတ်အခြေအနေ၊ ဉာဏ်ရည်ဉာဏ်သွေး စတာတွေအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ ဒါ့အပြင် ကိုလင်းကို ဒီအန်အေဖွဲ့စည်းရာမှာ အသုံးပြုပါတယ်။ ဦးနှောက်ရဲ့ လုပ်ငန်းတာဝန်များနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကိုလင်းဟာ မရှိမဖြစ် အရေးပါပါတယ်။ကိုလင်းစားသုံးမှုများပြားခြင်းဟာ ဦးနှောက်လုပ်ငန်းတွေကို တိုးတက်စေတာမို့ မှတ်ဉာဏ်ကောင်းမွန်စေဖို့လည်း အထောက်အကူပြုပါတယ်။ သက်ကြီးပိုင်းတွေမှာ တရက်ကို ကိုလင်း ၁၀၀၀ မီလီဂရမ် သုံးစွဲခြင်းဟာ ရေတိုရော ရေရှည်မှတ်ဉာဏ်ကိုပါ တိုးတက်မှုဖြစ်စေတယ်လို့ သိရပါတယ်။ အယ်လ်ဇိုင်းမားရောဂါသည်တွေအတွက်လည်း ကိုလင်း သုံးစွဲခြင်းက အကျိုးပြုပါတယ်။ ဒါပေမယ့် ပုံမှန်လူတွေမှာတော့ ကိုလင်းကြောင့် ထူးခြားသိသာတဲ့ အကျိုးသက်ရောက်မျ မရှိဘူးလို့လည်း ဆိုကြပါတယ်။စိတ်ကျန်းမာရေးချို့ယွင်းတဲ့ အခြေအနေတချို့ကို ကုသရာမှာ ကိုလင်းဟာ အဓိကကျတယ်လို့ သိရပါတယ်။ သုတေသနအချို့အရ ကိုလင်းဟာ စိတ်ပူပန်ခြင်းကို သက်သာစေပါတယ်။ စိတ်ကြွစိတ်ကျပြဿနာအတွက် ကိုလင်းသုံးစွဲခြင်းက အထောက်အကူပြုတယ်လို့ ဆိုပါတယ်။ ဒီအချက်ကို ခိုင်မာစေဖို့ သုတေသနတွေတော့ ထပ်မံလိုအပ်ပါသေးတယ်။ကိုလင်းချို့တဲ့မှုဟာ အသည်းရောဂါနဲ့ ဆက်စပ်နေပါတယ်။ ကိုလင်းကို များများစားသုံးခြင်းဟာ အနည်းဆုံး စားသုံးသူတွေနဲ့ ယှဉ်ရင် အသည်းရောဂါဖြစ်နိုင်ခြေ ၂၈ ရာခိုင်နှုန်း လျော့နည်းစေတယ်လို့ သိရပါတယ်။သုတေသနအချို့အရ ကိုလင်းအများအပြား စားသုံးသူအမျိုးသမီးများဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေ လျော့နည်းစေတယ်လို့ သိရပါတယ်။ အမျိုးသမီး ၁၅၀၀ ကျော်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ ကိုလင်းများများပါတဲ့ စားသောက်မှုပုံစံဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေကို ၂၄ ရာခိုင်နှုန်း လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။ကိုလင်းကို လိုတာထက် ပိုစားမိရင် သွေးပေါင်ကျခြင်း၊ ချွေးထွက်ခြင်း၊ ငါးညှီနံ့နံခြင်း၊ ဝမ်းပျက်ခြင်း၊ ပျို့အန်ခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။ တနေ့တာ ကိုလင်းလိုအပ်တဲ့ ပမာဏကတော့ လူကြီးများအတွက် ၃၅၀၀ မီလီဂရမ် ဖြစ်ပါတယ်။ ကိုလင်းကြွယ်ဝတဲ့ အစားအစာတွေကတော့ ဆယ်လ်မွန်ငါး၊ ဥအမျိုးမျိုး၊ ပန်းပွင့်စိမ်း၊ ပန်းဂေါ်ဖီ စတာတွေပဲ ဖြစ်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/what-is-choline-2/
ဖေဖေမေမေတို့ သိချင်နေမယ့် ဘေဘီလေးရဲ့ ပထမတစ်နှစ်တာကာလ ဖွံ့ဖြိုးမှု အဆင့်ဆင့်
ဘေဘီလေးတစ်ယောက်ကို ကောင်းကောင်းမွန်မွန် အရွယ်ရောက် ကြီးပြင်းလာအောင် ပျိုးထောင်ရတာက အနုစိတ်လွန်းတဲ့ အနုပညာ ဖန်တီးမှု တစ်ရပ်ပါ။ ဒီဖန်တီးမှုကိုမိဘတိုင်းက အကောင်းဆုံး လုပ်ချင်ကြပါတယ်။ ဘေဘီလေး ကြီးပြင်းအရွယ်ရောက်လာချိန်မှာနေ့ရက်တိုင်းက မိဘတွေအတွက် စိတ်လှုပ်ရှားခံစားမှု အပြည့်ပေါ့။ ဒီခံစားချက်က ဘာနဲ့မှမတူတဲ့ ခံစားချက်ပါနော်။ ဘေဘီလေးရဲ့ ပထမတစ်နှစ်တာကာလ ဖွံ့ဖြိုးမှု အဆင့်ဆင့် က ဘာတွေလဲ။ ပုံမှန်ဖွံ့ဖြိုးအောင် ဖေဖေမေမေတို့ ဘယ်လိုကူညီနိုင်မလဲဆိုတာ ကြည့်ကြည့်ရအောင်။ကလေးတစ်ယောက်ကို မမွေးခင်ကတည်းက စိတ်လှုပ်ရှားနေမိသူတွေက ဖေဖေနဲ့မေမေပါ။ ကလေးလေး မွေးလာပြီဆိုရင်လည်း ဘယ်လိုလေးများ ကြီးပြင်းလာမလဲ ဆိုပြီး နေ့ရက်တိုင်းမှာ စိတ်ကူးပုံဖော်နေရတာလည်း အမောပဲနော်။ စိတ်ကူးပုံရိပ်လေးတွေကို အကောင်းဆုံး ဖော်ဆောင်နိုင်စေဖို့ ဘေဘီလေးရဲ့ လအလိုက် ဖွံ့ဖြိုးမှုတွေကို ပြောပြပေးမယ်နော်။မေမေဖေဖေတို့အနေနဲ့ ဘေဘီလေးရဲ့ ပထမဆုံး တစ်နှစ်တာ ကာလအတွင်းမှာ။အခု ဖေဖေမေမေတို့ သိချင်နေမယ့် ဘေဘီလေးရဲ့ ပထမတစ်နှစ်တာကာလ ဖွံ့ဖြိုးမှု အဆင့်ဆင့် ကို သိသွားပြီ ဟုတ် …..။ဘေဘီလေးရဲ့ ပထမ တစ်နှစ်တာက စိတ်လှုပ်ရှားစရာတွေ ပြည့်နေသလို သင်ကြားပေးရတာတွေ၊ ဂရုစိုက်ပေးရတာတွေက အများကြီးပါ။ တာထွက်ကောင်းမှာ ပန်းဝင်ကောင်းမှာဆိုတော့ ဖေဖေမေမေတို့အနေနဲ့ မှတ်တိုင်တွေ စိုက်ထူမယ့် ဘေဘီလေးကို အကောင်းဆုံး ဖြစ်အောင် ဂရုစိုက် ပျိုးထောင်ပြီး ပျော်စရာကောင်းတဲ့ အမှတ်တရတွေကို ဖန်တီးနိုင်ကြပါစေကြောင်း…………..။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/developmental-milestones-of-baby-first-year/
ဒါတွေကြောင့် ကားမူးတာ ပိုဆိုးသွားနိုင်ပါတယ်။
ကားစီးလို့ ကားမူးတတ်ကြတဲ့သူတိုင်း ကားသမားမောင်းတာမတော်လို့၊ ကားအနံ့ကြီးက အီနေလို့၊ ကိုယ့်ကျမှ ကားမူးတတ်အောင် ကံကြမ္မာကြီးက ဖန်တီးပေးထားလို့ ဆိုပြီး အားလုံးကို ရမယ်ရှာ အပြစ်နေကြတဲ့သူများပါ။ ပြောမယ်သာပြောရတာပါ။ကားမူးတယ်ဆိုတာ တကယ်ကို ခံစားရခက်ပြီး အတော်ကြီးကို ဒုက္ခပေးတဲ့ဝေဒနာ တစ်ခုပါ။ ဒါပေမယ့် ဒီလို ကားမူးတိုင်း အခြားအရာတွေ အပေါ်မှာပဲ အပြစ်တင်နေလို့မရပါဘူး။ ကိုယ်လုပ်နေမိတဲ့ တစ်ချို့ အပြုအမူတွေကြောင့်ကားမူးတာဖြစ်ရတာလည်း ဖြစ်နိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အရင်အပြစ်ရှာသင့်တယ် မထင်ဘူးလား။ကိုယ်လုပ်မိနေတဲ့ ကားမူးတာကို ပိုဆိုးစေတဲ့ အပြုအမူတွေကို အပိုင်း ၃ ပိုင်း ခွဲကြည့်ရအောင်။ ။ကားမူးပျောက်ဆေးတော်တော်များများက မထိရောက်တာလည်း များနေတော့ကားမူးပျောက်ဆေးတွေကို အယုံအကြည် မရှိတော့တဲ့သူတွေ အတွက် ကားမူးတာကို အမှန်တကယ်ဟန့်တားပေးနိုင်တဲ့ Dimenhydrinate ပါဝင်တဲ့ ကားမူးပျောက်ဆေးတွေကို ရွေးချယ်ဖို့ အကြံပေးပါရစေ။ Dimenhydrinate က ကား၊ သင်္ဘော၊ လေယာဉ်မစီးခင် နာရီဝက်လောက်အလိုမှာ ဆေးသောက်ထားလိုက်ရင် ခရီးစဉ်တလျှောက်လုံးမူးဝေအော့အန်ြခင်းတွေမဖြစ်အောင် ၈ နာရီကြာ သူက ကာကွယ်ပေးနိုင်မှာဆိုတော့ ကားမူးပျောက်ဆေးရွေးဝယ်ရင် သူပါမပါ အရင်ဆုံ စစ်ကြည့်နော် ။ ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/ear-conditions/motion-sickness-2/
သင့်ခြေထောက်သွေးပြန်ကြောမှာ ဘယ်လိုရောဂါတွေ ဖြစ်နိုင်လဲ။
ခြေထောက်သွေးပြန်ကြောဆိုတာ လူ့ခန္ဓာကိုယ်ရဲ့ ဒုတိယနှလုံးပါပဲ။ ရင်ဘတ်ထဲက နှလုံးက သွေးညှစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို သွေးတွေ ပို့ပေးရသလိုပဲ ခြေထောက်က ခြေသလုံးကြွက်သားတွေကလည်း မြေဆွဲအားကို ဆန့်ကျင်ပြီး သွေးပြန်ကြောတွေကတဆင့်နှလုံးကို သွေးပြန်ပို့ပေးရပါတယ်။ ဒါကြောင့် ခြေထောက်ရဲ့ သွေးပြန်ကြောတွေကို အထူးဂရုစိုက်ဖို့ လိုပါတယ်။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် ခြေထောက်သွေးပြန်ကြောတွေ ထိခိုက်လာတဲ့အခါ ခုနက သွေးပြန်ပို့တဲ့ အလုပ်ကို ထိခိုက်လာပြီး ခြေထောက်မှာ သွေးစုတာကစလို့ တခြားသွေးပြန်ကြော ရောဂါတွေ ဝင်လာပါတော့တယ်။ ဒါတွေကို စုပေါင်းပြီး ခြေထောက်သွေးပြန်ကြောရောဂါများလို့ အမည်တပ်လိုက်ပါတယ်။ခြေထောက်သွေးပြန်ကြောမှာ တစ်လမ်းသွား အဆို့ရှင်လေးတွေ ရှိပါတယ်။ ပုံမှန်ဆို ခြေထောက်ကြွက်သားတွေက ညှစ်လိုက်တဲ့အခါ သွေးတွေက အပေါ်ကို တက်သွားပြီး အောက်ပြန်မကျအောင် ဒီအဆို့ရှင်လေးတွေက ပိတ်ထားပေးပါတယ်။ ဒါကြောင့် အပေါ်ရောက်ပြီးသားသွေးက အောက်ကို ပြန်မကျတော့ပါဘူး။ ရောဂါတစ်ခုခုဖြစ်လို့ ဒီအဆို့ရှင်လေးတွေ ပျက်စီးသွားတဲ့အခါ သွေးတွေက အပေါ်ကို ညှစ်ပေမယ့် အောက်ကို ပြန်ကျကျလာပါတယ်။ ဒါကြောင့် ကြာလာတဲ့အခါ  ခြေထောက်မှာ သွေးတွေအိုင်လာပြီးခြေထောက်တင်းတာ၊ ရောင်တာ၊ နာတာတွေ ဖြစ်လာပါတယ်။ ဒီတိုင်းထားရင် တခြားနောက်ဆက်တွဲ ဆိုးကျိုးတွေပါ ဝင်လာပါတတ်ပါတယ်။အဓိကကတော့ ၂ချက်ပါပဲ။ သွေးခဲပိတ်တာနဲ့ သွေးကြောထုံးတာပါ။သွေးခဲပိတ်တာ– သွေးပြန်ကြောက အဆို့ရှင်တွေမှာ သွေးခဲလေးတွေ ပိတ်တဲ့အခါ ပိတ်တဲ့နေရာရဲ့ အောက်မှာ သွေးတွေ အိုင်လာပါလိမ့်မယ်။ ဒီလိုနဲ့ ကြာလာရင် သွေးပြန်ကြောတွေ  ထိခိုက်လာပါလိမ့်မယ်။သွေးကြောထုံးတာ– ထုံးတယ်ဆိုပေမယ့် တကယ်တော့ သွေးကြောတွေ တွန့်ခေါက်နေတာပါ။ အပြင်က ကြည့်ရင် ထုံးနေတဲ့ အဖုအထစ်တွေနဲ့ တူပါတယ်။ တွန့်ခေါက်နေတဲ့နေရာကအဆို့ရှင်တွေပျက်စီးသွားပြီး သွေးတွေ ပြန်စိမ့်ကျလာတဲ့အတွက် ကြာလာရင် ခြေထောက်မှာ သွေးတွေ ပုံလာမှာပါ။တစ်ခါတလေတော့ ဒီနှစ်မျိုးလုံးကြောင့်မဟုတ်ဘဲခြေသလုံးကြွက်သားတွေ ကောင်းကောင်းမညှစ်နိုင်လို့ သွေးကရှေ့ကို မရောက်ဘဲ နောက်ပြန်ပုံတာလည်း ရှိပါတယ်။Cleveland Clinicအဆိုအရ သွေးပြန်ကြောရောဂါတွေကအမျိုးသားတွေထက်အမျိုးသမီးတွေမှာ ပိုတွေ့ရပါတယ်။ အသက်၅၀ကျော်လာရင် ပိုပြီး ဖြစ်နိုင်ခြေများပါတယ်။ တခြားဖြစ်နိုင်ခြေကို များစေတဲ့ အကြောင်းတွေကတော့။မကုဘဲထားလိုက်ရင် ခြေထောက်ထဲက တင်းအားကြောင့်ဆံချည်မျှင်သွေးကြောလေးတွေ ပေါက်ထွက်သွားတတ်ပါတယ်။ ဒါမျိုးဖြစ်လာရင်တော့ အပေါ်ယံအရေပြားက နီညိုရောင် ပြောင်းလာပြီး ထိလိုက်တာနဲ့ ကြွေကျသွားလောက်အောင် အထိမခံနိုင်ဖြစ်သွားပါတယ်။အနည်းဆုံးတော့ ဆံချည်မျှင်သွေးကြောလေးတွေ ပေါက်သွားတဲ့အတွက် အတွင်းက တစ်ရှူးတွေ ရောင်ရမ်းပျက်စီးတာဖြစ်တတ်ပါတယ်။ အဆိုးဆုံးကတော့ ခုနကပြောတဲ့ အနာလေးတွေ ဖြစ်သွားတာပါ။ သွေးပြန်ကြောရောဂါကြောင့် ဖြစ်တဲ့အနာက ကုရခက်ပြီး ပိုးဝင်လွယ်ပါတယ်။ ကောင်းကောင်းမကုနိုင်ရင် ဘေးကို ပြန့်သွားပြီး  cellulitisဆိုတဲ့ ပိုဆိုးတဲ့ အရေပြားရောင်ရမ်းနာ ဖြစ်သွားနိုင်ပါတယ်။ သာမန်လူတွေထက်ဆီးချိုရှိတဲ့သူတွေက ဒီလိုအခြေအနေထိရောက်သွားရင် ကုရပိုခက်ပြီး ပျောက်ဖို့အချိန်လည်း ကြာပါတယ်။ အနာက ပိုးဝင်ပြီး သွေးဆိပ်သင့်တာအထိ ဖြစ်သွားနိုင်ပါတယ်။ကုသနည်းတွေကတော့။သာမန်ခြေအိတ်မဟုတ်ဘဲ သွေးပြန်ကြောရောဂါတွေအတွက် ထုတ်ထားတဲ့ခြေအိတ်ရှိပါတယ်။ ဆရာဝန်တိုင်ပင်ပြီး ဝတ်နိုင်ပါတယ်။ဆေးဝါးတွေကတော့ ခြေထောက်သွေးပြန်ကြောရောင်တာ သက်သာစေတဲ့ဆေးတွေ၊ သွေးခဲမဖြစ်အောင် သောက်ရတဲ့ဆေးတွေ၊ ခြေထောက်အနာအတွက် သောက်ရတဲ့ဆေးတွေ စသဖြင့် ရှိပါတယ်။ ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်နိုင်ပါတယ်။ဒါတွေနဲ့မှ မသက်သာဘူးဆိုရင်တော့ လိုအပ်တဲ့ ခွဲစိတ်မှုတွေ လုပ်ပြီး ကုသမှု ခံယူရမှာပါ။ဘယ်နည်းလမ်းနဲ့ ကုရမလဲဆိုတာကတော့ လူနာရဲ့ အသက်၊ ရောဂါအခြေအနေနဲ့ တခြားရောဂါတွေ ရှိမရှိကို ထည့်သွင်းစဉ်းစားရမှာပါ။သွေးပြန်ကြောရောဂါကို ကာကွယ်ဖို့ဆိုရင်။အကြာကြီး မတ်တပ်ရပ်တာ၊ ထိုင်တာမျိုး မလုပ်ပါနဲ့။ ကြာကြာထိုင်ရမယ်ဆိုရင် ခြေထောက်ကို အကွေးအဆန့်လုပ်တာ၊ ခါတာမျိုး လုပ်ပေးပါ။ အကြာကြီး မတ်တပ်ရပ်ပြီးရင်လည်း ခဏတဖြုတ်ထိုင်ပြီး ခြေထောက်ကို နည်းနည်းမြှင့်ထားပါ။ ဒါမှ ခြေထောက်မှာ သွေးတွေ ပုံမနေမှာပါ။ဘာမှမလုပ်နိုင်ရင်တောင် လမ်းတော့ လျှောက်ပေးပါ။ အနည်းဆုံး ခြေထောက်တွေ သန်မာပြီး သွေးလည်ပတ်မှုကောင်းပါလိမ့်မယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/other-cardiovascular-issues/chronic-venous-insufficiency/
အူပိတ် ရင် ဘာလက္ခဏာတွေ ခံစားရမှာလဲ။
သင့်ဗိုက်ထဲမှာ ရှိတဲ့ အူအခွေလိုက်ကို ဖြန့်ကြည့်ရင် ၂၅ပေလောက်ရှိပါတယ်။ တစ်နေ့ တစ်နေ့ စားသောက်သမျှ အစားအစာတွေက အူကို ဖြတ်ပြီး နောက်ဆုံး မစင်အနေနဲ့ ထွက်သွားတာပါ။ ဒါပေမယ့် တစ်ခါတစ်လေ ဒီအစာတွေ အပြင်ကို ပြန်မထွက်နိုင်တဲ့အခါမျိုးလည်း ရှိပါတယ်။ ဥပမာအူပိတ်နေတယ်ဆိုရင်ပေါ့။ ဒီလောက် ရှည်လျားလှတဲ့ အူလမ်းကြောင်း တလျှောက်မှာ ဘယ်နားကနေ ဘယ်လိုများ အူပိတ်မှာလဲ။အူပိတ်တဲ့အခါ ပိတ်တဲ့နေရာ ပေါ်လိုက်ပြီး လူနာက ခံစားရတဲ့ လက္ခဏာတွေ မတူပါဘူး။ အူသိမ်ပိုင်းဆို လက္ခဏာက တစ်မျိုး၊ အူမကြီးဆို လက္ခဏာက တစ်မျိုး ခံစားရပါတယ်။အူပိတ်တာက ကြောက်စရာကောင်းလားဆိုတော့ အူပိတ်တာကြာလာတာနဲ့အမျှ အူထဲက စားကြွင်းစားကျန်တွေ၊ အညစ်အကြေးတွေက ရှေ့လည်း မတိုး၊ နောက်လည်း မဆုတ်နိုင်ဘဲ တဖြည်းဖြည်းများလာပြီး အူပေါက်တတ်ပါတယ်။ ဒါဆိုရင်တော့ အရေးပေါ်အခြေအနေပါ။ အချိန်မီ မကုသနိုင်ရင် အသက်ဆုံးရှုံးသွားနိုင်ပါတယ်။ဒါကြောင့် အူမပေါက်ခင် အူပိတ်ကတည်းက စောစောသိအောင် လက္ခဏာတွေကို သိထားဖို့ လိုပါတယ်။အူပိတ်တဲ့အခါ လက္ခဏာတွေကတော့ အမျိုးမျိုးပါပဲ။ အများစုက အူပိတ်မှန်း သိသိသာသာ မခွဲခြားနိုင်ပါဘူး။လက္ခဏာတွေကို ကြည့်ရင် အူပိတ်တယ်လို့ သိသာစေတဲ့ အချက် မရှိပါဘူး။ ဒါကြောင့် တော်တော်များများက စောစော မသိဘဲ အူပေါက်ခါနီးမှ ဆေးရုံရောက်လာကြတာပါ။ ဒါပေမယ့် ဒီလက္ခဏာတွေ ဖြစ်တာကြာနေပြီဆိုရင်တော့ မပေါ့သင့်ပါဘူး။ ဆေးရုံသွားပြီး စစ်ဆေးကြည့်လိုက်တာ စိတ်ချရပါတယ်။ဒီလက္ခဏာတွေထဲမှာမှ ပိတ်တဲ့ အူပေါ်မူတည်ပြီး လက္ခဏာတွေက နည်းနည်းကွာပါတယ်။ အူသိမ်မှာ ပိတ်ရင်တော့ ပါးစပ်နဲ့ နီးတဲ့အတွက် လူနာက အန်တဲ့လက္ခဏာ စပြမှာပါ။ အူမကြီးဆိုရင်တော့ လူနာက ဝမ်းအရင်ချုပ်မှာပါ။အူက လုံးဝပိတ်သွားရင်တော့ လေရော ဝမ်းရော ချုပ်သွားမှာပါ။ သိပ်မပိတ်ဘူးဆိုရင်တော့ လေလည်နိုင်မယ်။ ဝမ်းပျော့ပျော့သွားနိုင်ပါမယ်။ ဒါက ယေဘုယျအားဖြင့်တော့ မှန်တဲ့အချက်တွေပါပဲ။အူပိတ်တာကို သတိမထားမိရင် နောက်ဆက်တွဲတွေက။အူပိတ်တာကို မသိလိုက်လို့ အသိနောက်ကျခဲ့ရင်။အူပိတ်နေတဲ့အတွက် အစာတွေက အူနံရံကို ဖိလာပါတယ်။ ကြာလာတာနဲ့အမျှ အူနံရံက ပုပ်ပြီး ပျော့လာတဲ့အတွက်အူပေါက်တတ်ပါတယ်။အူပေါက်ရာက ထွက်လာတဲ့ အညစ်အကြေးတွေ၊ ဘက်တီးရီးယားတွေက ဝမ်းခေါင်းအမြှေးပါးကို ရောင်ရမ်းစေပါတယ်။ ဒါကိုperitonitisလို့ ခေါ်ပါတယ်။ ဒီလိုဖြစ်လာပြီ ဆိုရင်တော့ ဗိုက်တစ်ပြင်လုံးက ကျောက်ပြင်ကြီးကို တင်းမာနေပြီး လူနာက သွေးပေါင်တွေ ကျလာပါမယ်။ ဒါဟာသွေးဆိပ်သင့်တဲ့ လက္ခဏာပါ။ အချိန်မီ မကုဘူးဆိုရင် အသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်။ဒါဆို ဘာကြောင့် အူပိတ်လဲဆိုတာ ဆက်ကြည့်ရအောင်။ အူပိတ်တာက ပစ္စည်းတစ်ခုခုနဲ့ ပိတ်တာရှိမယ် ဒါမှမဟုတ် အကြောင်းအမျိုးမျိုးကြောင့် အူမလှုပ်တော့လို့ အစာအကြွင်းအကျန်တွေ  အူထဲမှာ စုနေပြီး အူပိတ်သလို ဖြစ်သွားတာမျိုးလည်း ရှိပါတယ်။ပစ္စည်းတစ်ခုခုကြောင့် ပိတ်တာ။ရိုးရိုးလေးပဲ စဥ်းစားကြည့်ရင်တောင်  ဒီလို တစ်ခုခု တစ်ဆို့ပြီး ပိတ်ဖို့က အဝကျယ်တဲ့အူမကြီးထက်စာရင် အူသိမ်က ပိုဖြစ်နိုင်ပါတယ်။ ပိတ်ရတဲ့ အကြောာင်းတွေကတော့။အူမကြီးမှာတော့ လုံးဝမပိတ်နိုင်တာမျိုး မဟုတ်ပါဘူး။အူမလှုပ်တော့လို့ ပိတ်သွားတဲ့ အကြောင်းရင်းတွေကတော့။အူပိတ်စေတဲ့ အကြောင်းရင်းတွေကို ကြည့်ရင်လည်း များသောအားဖြင့် လက္ခဏာမပြတဲ့ ရောဂါတွေ များပါတယ်။ ဒါကြောင့် စောစောမသိကြပါဘူး။ နောက်ပြီး ဝမ်းတွင်းပိုင်းက ရောဂါတွေ ဖြစ်တာကြောင့် ကြိုပြီး ကာကွယ်လို့လဲမရပါဘူး။လုပ်နိုင်တာကတော့ အူပိတ်တာရဲ့လက္ခဏာတွေကို သိထားပြီး ဒီလက္ခဏာတွေ ကိုယ့်မှာ နာတာရှည်ဖြစ်လာပြီဆိုရင် ဆရာဝန်နဲ့ ပြသဖို့ပါပဲ။ စောစောသိရင် ကုသလို့ရနိုင်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/%e1%80%a1%e1%80%b0%e1%80%95%e1%80%ad%e1%80%90%e1%80%ba-%e1%80%9b%e1%80%84%e1%80%ba-%e1%80%98%e1%80%ac%e1%80%9c%e1%80%80%e1%80%b9%e1%80%81%e1%80%8f%e1%80%ac%e1%80%90%e1%80%bd%e1%80%b1-%e1%80%81/
ထိခိုက်ဒဏ်ရာရရင် လုပ်ရမယ့်အချက် ၁၀ ချက်
လူတိုင်းကနေ့စဉ်လှုပ်ရှားသွားလာနေကြရင်း မမျှော်လင့်ဘဲ အသေးစားထိခိုက်မှုတွေကနေစလို့ ကြီးကြီးမားမားထိခိုက်တာမျိုးတွေအထိ အမျိုးမျိုးကြုံတွေ့ရနိုင်ပါတယ်။ ချက်ရင်းပြုတ်ရင်းနဲ့ လက်မှာရုတ်တရက် ဓါးရှတာ၊အပူလောင်တာမျိုးဖြစ်နိုင်သလို၊ သွားရင်းလာရင်းချော်လဲတာပဲဖြစ်ဖြစ် တစ်ခုခုနဲ့ထိခိုက်မိတာကြောင့်ပဲဖြစ်ဖြစ် ထိခိုက်ပြတ်ရှတဲ့ ဒဏ်ရာတွေဖြစ်နိုင်ပါတယ်။ အခုလိုမျိုးဆောင်းရာသီမှာဆိုရင် အနာမရင်းအောင်ဂရုစိုက်ဖို့ကလည်း အရေးကြီးပါတယ်။ အနာတစ်ခုခုရလာတဲ့အခါသေသေချာချာ ဂရုမစိုက်ဘဲထားမယ်ဆိုရင် အနာပိုးဝင်ပြီး မလိုလားအပ်တဲ့နောက်ဆက်တွဲဝေဒနာတွေဖြစ်လာနိုင်ပါတယ်။ကိုယ်တိုင်ထိခိုက်မိတဲ့အခါမျိုးပဲဖြစ်ဖြစ် မိသားစုဝင်တွေ၊မိတ်ဆွေတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေ ထိခိုက်ရှနာတွေဖြစ်တဲ့အခါ ဘယ်လိုတွေလုပ်ပေးရမလဲဆိုတာကို အမှုမဲ့အမှတ်မြ့ဲဖစ်နေတတ်ကြပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ မတော်တဆထိခိုက်မှုတွေဖြစ်တဲ့အခါ ဘယ်လိုလုပ်ရမလဲဆိုတာကို သိထားနိုင်စေဖို့အတွက် ပြန်မျှဝေပေးလိုက်ပါတယ်။၁) လက်တွေကိုအရင်သန့်အောင်ဆေးကြောပေးပါ။အနာတစ်ခုခုရတဲ့အခါ အရင်ဆုံးလုပ်ရမှာက အနာကိုမကိုင်ခင်မှာ လက်တွေကိုအရင်သန့်အောင်ဆေးဖို့ပါ။ ဒါမှပဲ အနာထဲကို ပိုးဝင်တာတွေမဖြစ်အောင်ကာကွယ်နိုင်မှာဖြစ်သလို အခြားအန္တရာယ်ဖြစ်စေတဲ့အရာမဝင်ရောက်စေမှာဖြစ်ပါတယ်။ အနာကိုမကိုင်ခင်လက်ကိုအရင်ဆပ်ပြာနဲ့ရေသုံးပြီး သန့်စင်အောင်ဆေးကြောပေးပြီးရေခြောက်အောင်အရင်သုတ်ဖို့ မမေ့ပါနဲ့။ရေအခက်အခဲရှိနေရင်တော့ လက်သန့်ဆေးရည်သုံးပြီး လက်ကိုအရင်သန့်စင်လိုက်ပါ။၂)သွေးတိတ်အောင်လုပ်ပါ။အနာပေါ်ကို အဝတ်စသန့်သန့်တစ်ခုနဲ့ဖိထားပြီး အရင်ဆုံးသွေးတိတ်အောင်လုပ်ရပါမယ်။ မိနစ်အနည်းငယ်ကြာအနာပေါ်ကို ဖိထားပြီးသွေးတိတ်အောင်လုပ်ရပါမယ်။၃) အနာကိုဆေးကြောပါ။သွေးတိတ်အောင်လုပ်ပြီးလို့ အနာကသွေးတိတ်သွားတဲ့အခါ အနာကိုရေခပ်အေးအေးလေးနဲ့ဆေးကြောလိုက်ပါ။ရေကသန့်ရှင်းမှုရှိဖို့တော့လိုပါတယ်။ အနာတဝိုက်ကိုရေစိုဝတ်တစ်ခု နဲ့ ဆပ်ပြာကိုသုံးပြီးသန့်စင်ပေးပါ။ အနာပေါ်ကို ဆပ်ပြာနဲ့ဆေးတာမျိုးမလုပ်ပါနဲ့။hydrogen peroxide (သို့မဟုတ်) iodine ကိုသုံးပြီးအနာဆေးတာမျိုးလည်းမလုပ်ပါနဲ့။ အနာကို ကျိန်းစပ်တာမျိုးဖြစ်စေနိုင်လို့ပါ။၄)ရေခဲကပ်ပေးပါ။အမြဲလုပ်ရမယ်တော့ မဟုတ်ပါဘူး။ အနာကတော်ရုံနဲ့သွေးမတိတ်တဲ့အခါမျိုးမှာသွေးထွက်မလွန်စေဖို့ အနာကိုရေခဲကပ်ပေးပါ။ ရာသီဥတုပူလွန်းတာကြောင့်သွေးတော်ရုံနဲပမတိတ်တဲ့အခါမျိုးမျာလည်း အဝတ်စ သန့်သန့်ထဲကိုရေခဲတုံးလေးတွေထည့်ပြီး အနာကို ကပ်ပေးလို့ရပါတယ်။ ဆီပူလောင်တဲ့ဒစ်ရာနဲ့ရေနွေးပူလောင်တဲ့ ဒဏ်ရာတွေကိုတော့ရေခဲမကပ်ရပါဘူး။ အနာပိုဆိုးသွားစေနိုင်တာကြောင့်ပါ။ရေအေးအေးနဲ့ဆေးပြီး အပူလောင်ရင်လူးတဲ့ ဂျယ်လ်ပုံစံဆေးတစ်မျိုးမျိုးလိမ်းပေးရင်ကိုရပါပြီ။၅) အရက်ပြန်သုံးပြီး အနာကိုသန့်စင်ပေးပါ။အနာကိုရေနဲ့ဆပ်ပြာအသုံးပြီးဆေးကြောပြီးတဲ့အခါ အနာကိုရေခြောက်အောင်သုတ်ပေးပြီး အရက်ပြန်နဲ့ဆေးကြောပေးပါ။ ဂွမ်းစလေးမှာ အရက်ပြန်စုပ်ပြီး ဆေးကြောပေးလို့ရပါတယ်။ ပိုးဝင်တာနဲ့ အနာထဲကအရာတွေကိုသန့်စင်သွားစေဖို့အတွက်ဖြစ်ပါတယ်။၆) အနာထဲမှာ ကပ်ညှိနေတဲ့ဖုန်မှုန့်တွေနဲ့ အမှိုက်စလိုအရာတွေကိုဖယ်ရှားပါ။အနာကိုအဆင့်ဆင့်ဆေးကြောပြီးပေမယ့် မပြောင်စင်ဘဲကျန်နေတဲ့ အမှိုက်စ၊ဖန်ကွဲစလိုမျိုးသေးသေးမွှားမွှားလေးတွေကို ဇာဂနာမှာအရက်ပြန်စွတ်ပြီး တစ်စချင်းစီသေသေချာချာဖယ်ရှားဖို့လိုပါလိမ့်မယ်။၇) ပိုးဝင်ပြီးအနာရင်းတာမျိုးမဖြစ်အောင် ပဋိဇီဝဆေးတစ်ခုခုလိမ်းပေးပါ။အနာကသွေးလည်းတိတ်သွားပြီ သန့်လည်းသန့်စင်သွားပြီဆိုရင် အနာထဲပိုးမဝင်စေဖို့နဲ့ ပတ်ဝန်းကျင်က ဖုန်မှုန့်လိုမျိုး မသန့်ရှင်းတဲ့အရာတွေမဝင်ရောက်အောင်ကာကွယ်တဲ့အနေနဲ့ ပဋိဇီဝဆေးတစ်မျိုးမျိုး လိမ်းပေးထားသင့်ပါတယ်။ အိမ်တိုင်းမှာ အနာဖြစ်လာရင်လူး ဖို့ ပဋိဇီဝဆေးတစ်မျိုးမျိုးတော့ဆောင်ထားသင့်ပါတယ်။ ဒီဆေးကိုတစ်နေ့ တစ်ကြိမ်ကနေ ၂ကြိမ်လောက်အထိ အနာမကျက်မချင်းလူးပေးရပါမယ်။၈) အနာကို ပလာစတာကပ်တာ (သို့မဟုတ်) ပတ်တီးစည်းထားတာမျိုးလုပ်ရပါမယ်။အနာထဲကို ဖုန်မှုန့်တွေနဲ့ဘက်တီးရီးယားတွေမဝင်ရောက်နိုင်အောင်ကာကွယ်တဲ့အနေနဲ့ အနာပေါ်မှာ ပလာစတာကပ်တာ (သို့မဟုတ်) ပတ်တီးစည်းထားတာမျိုးလုပ်ဖို့လိုအပ်ပါတယ်။ အနာအရွယ်အစားပေါ်မူတည်ပြီး ပလာစတာကပ်မလား၊ ပတ်တီးစည်းမလားဆိုတာက ကိုယ်တိုင်ဆုံးဖြတ်ရမှာပါ။ပြတ်ရှဒဏ်ရာလောက်ကိုတော့ ပလာစတာကပ်တာအကောင်းဆုံးပါ။ပတ်တီးစည်းတဲ့အခါမှာလည်း အရမ်းတင်းတင်းကျပ်ကျပ်စည်းတာကသွေးလည်ပတ်မှုကို ထိခိုက်စေနိုင်တာကြောင့် အရမ်းတင်းတင်းမစည်းသင့်ပါဘူး။ရေချိုးတဲ့အခါမှာလည်း အနာကိုရေထိမိတာမျိုးမဖြစ်အောင်သေသေချာချာကာကွယ်ဖို့လိုပါလိမ့်မယ်။ အနာပေါ်မှာ ကပ်ထားတဲ့ ပလာစတာပဲဖြစ်ဖြစ် ပတ်တီးပဲဖြစ်ဖြစ်ရေစိုနေမယ်၊ ညစ်ပေနေမယ်ဆိုရင် အသစ်လဲပေးရပါမယ်။ဖြစ်နိုင်ရင်နေ့တိုင်းလဲပေးတာက ပိုကောင်းပါတယ်။ ပိုးမဝင်အောင်ကာကွယ်ပြီးသားလည်းဖြစ်ပါတယ်။၉) အနာပိုးမဝင်အောင်ဂရုစိုက်ရပါမယ်။အနာကို ၄၈ နာရီကြာတိုင်း စစ်ဆေးဖို့လိုပါလိမ့်မယ်။ အနာကိုနေ့တိုင်း တစ်နေ့တစ်ကြိမ်စစ်ဆေးတာကတော့အကောင်းဆုံးပါ။ အနာရဲ့အခြေအနေကိုသိရဖို့ အနာပေါ်မှာဖုံးအုပ်ထားတဲ့ ပတ်တီးတွေ၊ပလာစတာတွေကို ဂရုတစိုက်ဖယ်ဖို့လိုပါတယ်။ အနာမှာ ပတ်တီးစတွေကပ်နေတယ်ဆိုရင်ရေနွေးသုံးပြီးဖြည်းဖြည်းချင်းခွာပေးဖို့လိုပါတယ်။ပြီးရင်တော့ အနာကို သန့်ပြီးဆေးထပ်ထည့်ပေးရပါမယ်။ အနာထဲပိုးဝင်တာ၊ အနာရင်းတာ၊ရောင်ရမ်းတာမျိုးတွေမဖြစ်အောင်လည်း ဂရုစိုက်ရပါမယ်။ အနာပိုးမဝင်စေဖို့အတွက် အနာကိုရေစိုတာတွေ၊ ညစ်ပေတဲ့အရာတွေနဲ့ ထိတွေ့တာမျိုး မဖြစ်အောင်လည်း ဂရုစိုက်ရပါမယ်။ အနာကပိုးဝင်ပြီးရင်းတာ၊ရောင်နေတာ၊ အနာတဝိုက်နီရဲနေတာ၊ပြည်တည်နေတာမျိုးဖြစ်မယ်ဆိုရင်တော့ ဆရာဝန်ဆီကိုသွားရောက်ပြသဖို့လိုပါလိမ့်မယ်။ထိခိုက်ဒဏ်ရာရထားတဲ့သူတစ်ယောက်ယောက်ဖျားနေမယ်ဆိုရင်တော့ အဖျားတိုင်းကြည့်ပြီး အဖျားက ၁၀၀.၄ ဒါမှမဟုတ်အဲဒီထက်ကျော်နေမယ်ဆိုရင် အနာပိုးဝင်တာကြောင့်ဖျားတာမျိုးဖြစ်နိုင်တဲ့အတွက် နီးစပ်ရာဆေးခန်းကို ချက်ချင်းသွားပြတာကအကောင်းဆုံးဖြစ်ပါတယ်။၁၀) အနာကို ကုတ်တာ ဖဲ့တာမျိုးမလုပ်ပါနဲ့။အနာကဖြစ်ခါစမှာနာတယ်ဆိုပေမယ့် တဖြည်းဖြည်းချင်း အနာကျက်လာတဲ့အခါ အသားကတင်းလာပြီး ယားယံတာမျိုးဖြစ်လာနိုင်ပါ တယ်။ အဲ့လိုမျိုး အနာကယားတယ်လို့ ခံစားရတဲ့အခါမျိုးမှာ အနာကို ကုတ်တာဖဲ့တာမျိုးမလုပ်ပါနဲ့။ အနာဖတ်လန်တာကို ဆွဲခွာတာမျိုးမလုပ်မိဖို့လည်း လိုပါတယ်။ အနာကမကျက်ဘဲဖြစ်နေမယ်ဆိုရင် အနာကထပ်ဖြစ်ပြီး အမာရွတ်ကျန်ခဲ့တာမျိုးဖြစ်နိုင်ပါတယ်။ကိုယ်တိုင်ပဲဖြစ်ဖြစ် မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေမှာပဲဖြစ်ဖြစ် ထိခိုက်ဒဏ်ရာရလာတဲ့အခါ အပေါ်မှာဖော်ပြထားတဲ့ နည်းလေးတွေအတိုင်း လိုက်လုပ်ကြည့်ပေးပြီး အနာရင်းတာ ပိုးဝင်တာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်မယ်ထင်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/treat-skin-wound/
ဆီးအိမ်ကင်ဆာ (Bladder Cancer)
ဆီးအိမ်ကင်ဆာ (Bladder Cancer) အကြောင်း လေ့လာလိုက်ရအောင်နော်။ဆီးအိမ်ကင်ဆာ ဆိုသည်မှာဆီးများကိုသိုလှောင်သောတင်ပဆုံနေရာရှိ ပူဖေါင်းပုံဆီးအိမ် တွင် ဖြစ်ပွားသောကင်ဆာတစ်မျိုး ဖြစ်ပါသည်။ ဆီးအိမ်ကင်ဆာသည် ဆီးအိမ်အတွင်းနံရံကိုကာထားသောဆဲလ်များတွင် စတင်ဖြစ်ပွားလေ့ရှိပါသည်။ဆီးအိမ်ကင်ဆာ အများစုသည် ကုသ၍လွယ်သောအစောပိုင်းအဆင့်တွင် ရောဂါ အဖြေရှာသိရှိနိုင်ပါသည်။ သို့သော် အစောပိုင်းအဆင့်ဆီးအိမ် ကင်ဆာသည်လည်း ထပ်မံဖြစ်ပွားနိုင်ပါသည်။ထို့ကြောင့် ဆီးအိမ်ကင်ဆာ ပျောက်ကင်းသူမျာသည် နောက်ဆက်တွဲ စစ်ဆေးမှုများကိုရောဂါပျောက်ပြီး နှစ်အနည်းငယ် ကြာသည် အထိ ပြုလုပ်ရန် လိုအပ်ပါသည်။ဆီးအိမ်ကင်ဆာသည် မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပွားနိုင်သော်လည်းအသက်ကြီးသောလူများတွင် ပိုဖြစ်ပွားတတ်ပါသည်။ အမျိုးသားကျန်းမာရေးအဖွဲ့အစည်းအရတစ်နှစ်တွင် အမျိုးသား ၄၅၀၀၀ နှင့် အမျိုးသမီး ၁၇၀၀၀ သည် ဤရောဂါ ဖြစ်ပွားပါသည်။သို့သော်လည်း အန္တရာယ် ရှိသောအချက်များကိုလျော့ချခြင်းအားဖြင့် ရောဂါကိုထိန်းချုပ် နိုင်ပါသည်။ ပိုမိုသောအချက် အလက် များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။ဆီးအိမ်ကင်ဆာဝေဒနာသည်များသည် ဆီးထဲတွင် သွေးပါနိုင်ပါသည်။ ဆီးသွားချိန်တွင် မနာကျင်ပါ။ မောပန်းနွမ်းနယ်ခြင်း၊ ကိုယ်အလေးချိန် လျော့ကျခြင်း၊ အရိုးနာကျင်ခြင်းကဲ့သို့သောဆီးအိမ်ကင်ဆာကိုညွှန်ပြသောလက္ခါအများအပြားရှိပါသည်။ ဆိုခဲ့သောလက္ခဏာများသည် ပို၍ဆိုးရွားသောရောဂါအခြေအနေကိုလည်းညွှန်ပြနိုင်ပါသည်။အောက်ပါ ရောဂါလက္ခဏာများရှိပါကသတိပြုရန် လိုအပ်ပါသည်။စောစီးစွာရောဂါအဖြေရှာခြင်းနှင့် ကုသခြင်းသည် အခြေအနေပို၍ဆိုးရွှားမလာအောင်ရပ်တန့် ပေးပြီးနောက်ထပ်အရေးပေါ်အခြေအနေမဖြစ်အောင်လည်းကာကွယ်နိုင်ပါသည်။ ထို့ကြောင့် ဤပြင်းထန် သောအခြေအနေကိုကာကွယ်ရန် ဆရာဝန်နှင့် စောစော ပြသပါ။သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါကသို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင်၏အခြေအနေကောင်းမွန်ရန်အတွက် အကောင်းဆုံး ဖြစ်ပါသည်။အမှန်တကယ်တော့ဆီးအိမ်ကင်ဆာ ဖြစ်စေသောတိကျသောအကြောင်းရင်းကိုမသိရသေးပါ။ ပုံမမှန်သောဆဲလ်များလျင်မြန်စွာအထိန်းအကွပ်မဲ့ ကြီးထွားပွားများကာအခြားတစ်ရှူးများတွင်းထိုးဖောက်ဝင်ရောက်သောအခါ ဖြစ်ပွားပါသည်။ဆရာဝန်များသည် ဆီးအိမ်ကင်ဆာကို ၃မျိုး ခွဲခြားထားပါသည်။အောက်ပါအချက်များရှိပါကဆီးအိမ်ကင်ဆာ ဖြစ်ပွားနိုင်မှုကို မြင့်တက်စေပါသည်။အချို့ဓါတုဗေဒပစ္စည်းများဖြင့် ထိတွေ့ခြင်း။ ကျောက်ကပ်သည် အန္တရာယ်ရှိသောဓါတုပစ္စည်းများကိုသွေးစီးကြောင်းထဲမှ စစ်ထုတ်၍ ဆီးအိမ် သို့ပို့ဆောင်ပါသည်။ထို့ကြောင့် ထိုသို့သယ်ဆောင်လာခြင်းခံရသောအချို့ ဓါတုဗေဒပစ္စည်းများသည် ဆီးအိမ်ကင်ဆာ ဖြစ်နိုင်မှုကို မြင့်တက်စေပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင်၏ ဆရာဝန်သည် အောက်ပါနည်းလမ်းများကိုအသုံးပြု၍ ဆီးအိမ်ကင်ဆာကိုအဖြေရှာအတည်ပြုပါမည်။ဆရာဝန်သည်ကင်ဆာပျံ့နှံ့မှုပေါ် မူတည်၍ ဆီးအိမ်ကင်ဆာကိုအဆင့် ၀ မှ ၄ အထိအဆင့် သတ်မှတ်နိုင်သည်။ ကင်ဆာအဆင့်များမှာအောက်ပါအတိုင်း ဖြစ်သည်။ဆီးအိမ်ကင်ဆာ၏ အဆင့်ပေါ်မူတည်၍ သင့်တော်သောကုသမှုကိုဆရာဝန်ကရွေးချယ် ညွှန်ကြားပါလိမ့်မည်။အဆင့် ဝနဲ့အဆင့် ၁ အတွက် ကုသမှုတွင် ဆီးအိမ်မှ အကျိတ် ကိုခွဲစိတ်ဖယ်ထုတ်မှု၊ ဓါတုဆေးကုထုံး၊ ကိုယ်ခံအားကုထုံးတို့ပါဝင်ပါသည်။ ကိုယ်ခံအားကုထုံးတွင် ကင်ဆာဆဲလ်များကိုတိုက်ထုတ်သောကိုယ်ခံအားစနစ်ကို ဖြစ်စေသည့် ဆေးများပေးခြင်းတို့ပါဝင်သည်။အဆင့် ၂နဲ့အဆင့် ၃ အတွက်ကုသမှုတွင် အောက်ပါတို့ပါဝင်သည်။ဆီးအိမ်၏ အစိတ်အပိုင်းတစ်ခုကိုဖယ်ထုတ်ပြီးဓါတုဆေးကုထုံးနဲ့ဆက်လက်ကုသခြင်း။ဆီးအိမ်တစ်ခုလုံးကိုဖယ်ထုတ်ခြင်းပြီးနောက် ခန္ဓါကိုယ်မှ ဆီးစွန့်နိုင်ရန် လမ်းကြောင်းအသစ် ပြုလုပ်ပေးခြင်း။ဓါတုဆေးကုထုံး၊ ဓါတ်ရောင်ခြည်ကုထုံး နှင့် ကိုယ်ခံအားကုထုံးတို့သည် မခွဲစိတ်မီကင်ဆာအကျိတ်အားသေးသွားအောင်လုပ်ခြင်း၊ ခွဲစိတ်၍မရသောကင်ဆာအားကုသခြင်း၊ ခွဲစိတ်ပြီးနောက် ကျန်ရှိသောကင်ဆာဆဲလ်များကိုသတ်ခြင်း နှင့် ကင်ဆာ ပြန်ဖြစ်ခြင်းတို့ကိုကာကွယ်ရန်အတွက် အသုံးပြုနိုင်ပါသည်။အဆင့် ၄ ဆီးအိမ်ကင်ဆာအတွက် ကုသမှု တွင် အောက်ပါတို့ ပါဝင်ပါသည်။ခွဲစိတ်မှု မပြုဘဲဓါတုဆေးကုထုံးဖြင့်ရောဂါလက္ခဏာများကိုသက်သာစေပြီးသက်တမ်းပိုရှည်စေပါသည်။ဆီးအိမ်တစ်ခုလုံးဖယ်ထုတ်ခြင်း နှင့် ပတ်ဝန်းကျင်ရှိ lymph nodes များအားဖယ်ထုတ်ခြင်းတို့လုပ်ပြီးပါက ခန္ဓါကိုယ်မှ ဆီးစွန့်နိုင်ရန် လမ်းကြောင်းအသစ် ပြုလုပ်သောခွဲစိတ်မှု ကိုဆက်လက်ပြုလုပ်ရမည်။ခွဲစိတ်ကုသအပြီးဓါတုဆေးကုထုံး၊ဓါတ်ရောင်ခြည်ကုထုံးနှင့်ကိုယ်ခံအားကုထုံးတို့ဖြင့်ကျန်ရှိသောကင်ဆာဆဲလ်များကိုသတ်ကာရောဂါလက္ခဏာများကိုသက်သာစေပြီးဘဝသက်တမ်းကိုတိုးချဲ့စေနိုင်ပါသည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကဆီးအိမ်ကင်ဆာကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ပါ အကျိုးရှိသောအချက်များသည် ဆီးအိမ်ကင်ဆာကိုရှောင်ရှားရန် ကူညီနိုင်ပါသည်။အကယ်၍သင့်မှာမေးခွန်းတွေရှိပါကသင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ရန် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/bladder-cancer/bladder-cancer-explained/
အပင်များမှ မရနိုင်သော အာဟာရဓာတ် ၇ မျိုးအကြောင်း
သက်သတ်လွတ်စားခြင်းဟာ ကောင်းတဲ့အလေ့အထတစ်မျိုး ဖြစ်ပါတယ်။ကိုယ်အလေးချိန်များခြင်း၊ နှလုံးရောဂါ၊ ကင်ဆာအမျိုးအစားတချို့ စတာတွေကို ဖြစ်နိုင်ခြေ လျော့ကျစေပါတယ်။ဒါပေမယ့် အာဟာရဓာတ်တချို့ကိုတော့ အပင်များက ထုတ်လုပ်ထားတဲ့ အစားအစာတွေမှာ လုံလောက်တဲ့ပမာဏ တွေ့ရှိနိုင်ဖို့ ခက်ပါတယ်။ ဒါကြောင့် အပင်များက ထုတ်လုပ်ထားတဲ့ အစားအစာများကိုသာ စားသုံးသူများအဖို့ အာဟာရဓာတ်အချို့ လိုအပ်ခဲ့ရင် ဖြည့်စွက်စာများ အနေနဲ့ စားပေးဖို့ လိုအပ်ပါတယ်။ယခုဆက်လက်ဖော်ပြမှာကတော့ အပင်များကနေ မရရှိနိုင်တဲ့အာဟာရဓာတ်များအကြောင်း ဖြစ်ပါတယ်။ဗီတာမင် B12 ကို အသားငါး အမျိုးမျိုး၊ နို့ထွက်ပစ္စည်းများ၊ ဥအမျိုးမျိုး စတာတွေပဲ အများဆုံး တွေ့နိုင်ပါတယ်။ ဗီတာမင် B12 ဟာ သွေးနီဥဆဲလ်များ ထုတ်လုပ်ရာမှာနဲ့ ဦးနှောက်နဲ့ အာရုံကြော လုပ်ငန်းတွေကို ပုံမှန်ထိန်းသိမ်းပေးရာမှာ အရေးပါပါတယ်။ အသားမစားသူတွေမှာ ဗီတာမင် B12 နည်းပါးတတ်ပါတယ်။ ဗီတာမင် B12 ချို့တဲ့ခြင်းကြောင့်ပင်ပန်းနွမ်းနယ်ခြင်း၊ အာရုံကြောပြဿနာများ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ စတာတွေ ကြုံနိုင်ပါတယ်။ဗီတာမင် B12 အနည်းငယ်ပါဝင်တဲ့ အပင်ထွက် အစားအစာတချို့ကတော့ ပင်လယ်ရေညှိ၊ ပဲပိစပ်မှ အချဉ်ဖောက်ထားသော အစားအစာများ စတာတွေ ဖြစ်ပါတယ်။ခရီအက်တနင်းဟာ အသားငါးတွေဆီမှာပဲ တွေ့ရတဲ့ မော်လီကျူးတစ်မျိုး ဖြစ်ပါတယ်။ ကြွက်သား၊ ဦးနှောက် စတာတွေထဲမှာ ရှိပါတယ်။ ကြွက်သားဆဲလ်များအတွက် စွမ်းအင်အနေနဲ့ တာဝန်ထမ်းဆောင်ပါတယ်။ ဒါကြောင့် ခရီအက်တနင်း ဖြည့်စွက်အားဆေးတွေကို ကြွက်သားများ ထုထည်ကြီးပြီး သန်မာလိုသူများ သောက်သုံးကြပါတယ်။ ခရီအက်တနင်းဟာ အသည်းကနေလည်း ထုတ်လုပ်နိုင်ပါတယ်။ ဒါပေမယ့် အသားမစားသူတွေရဲ့ ကြွက်သားတွေထဲမှာတော့ ခရီအက်တနင်း ပမာဏ နည်းပါးတာကို တွေ့ရပါတယ်။ကာနိုဆင်း ဟာ လူနဲ့တိရစ္ဆာန်များရဲ့ ကြွက်သားနဲ့ ဦးနှောက်ထဲမှာ သိပ်သည်းစွာ ပါဝင်ပါတယ်။ကြွက်သားများရဲ့ လုပ်ငန်းတာဝန်တွေအတွက် အရေးကြီးပါတယ်။ ကာနိုဆင်းပမာဏများရင် ကြွက်သားများ အားအင်ချည့်နဲ့ခြင်းကို သက်သာစေပြီး ပိုမိုလှုပ်ရှားနိုင်ပါတယ်။ ကာနိုဆင်းကိုလည်း လူ့ကိုယ်ခန္ဓာထဲမှာ ထုတ်လုပ်နိုင်လို့ မဖြစ်မနေ သုံးစွဲဖို့လိုတဲ့ အာဟာရဓာတ်တော့ မဟုတ်ပါဘူး။ဒါပေမယ့် အသားမစားသူတွေမှာ ကာနိုဆင်းဓာတ် နည်းပါးတာကို တွေ့ရပါတယ်။ ကာနိုဆင်းကိုလည်း ဖြည့်စွက်ဓာတ်စာများအနေနဲ့ ရနိုင်ပါတယ်။ဗီတာမင် D ဟာ မရှိမဖြစ်အရေးပါတဲ့ ဗီတာမင်ဖြစ်ပါတယ်။ နေရောင်နဲ့ လူ့အရေပြားထိတွေ့ရာကတစ်ဆင့် ဗီတာင်မင် D ထုတ်လုပ်ပါတယ်။ဗီတာမင် D3 ကြွယ်ဝတဲ့ အကောင်းဆုံး အစားအစာများကတော့ အဆီဓာတ်များတဲ့ ငါးများနဲ့ ကြက်ဥအနှစ် ဖြစ်ပါတယ်။ နို့အမျိုးမျိုးကနေလည်း ရနိုင်ပါတယ်။ ဗီတာမင် D ချို့တဲ့ရင် အရိုးပွခြင်း၊ နှလုံးရောဂါ၊ စိတ်ကျခြင်း၊ ဦးနှောက်လုပ်ငန်းတာဝန် ပုံမမှန်ခြင်း၊ ကြွက်သားများသေးသိမ်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။DHA ဆိုတာ omega 3 ဖက်တီးအက်ဆစ်ဖြစ်ပြီး ဦးနှောက်ရဲ့ ပုံမှန်လုပ်ငန်းတာဝန်တွေအတွက် လိုအပ်ပါတယ်။ DHA ချို့တဲ့ရင် စိတ်ကျန်းမာရေးနဲ့ ဦးနှောက်လုပ်ငန်းတွေမှာ အနှောက်အယှက် ဖြစ်စေပါတယ်။ အထူးသဖြင့် ကလေးငယ်တွေမှာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ DHA နည်းရင် ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်ပါတယ်။Heme သံဓာတ်ကို အသားတွေမှာပဲ တွေ့ရပါတယ်။ အထူးသဖြင့် အနီရောင်ရှိတဲ့ အသားများ (အမဲသား၊ သိုးသား၊ ဝက်သား) စတာတွေ ဖြစ်ပါတယ်။ အပင်များမှာတွေ့ရတဲ့ non-heme သံဓာတ်ထက် ပိုပြီး ကိုယ်ခန္ဓာကနေ စုပ်ယူနိုင်ပါတယ်။ ဒါ့အပြင် heme သံဓာတ်ဟာ အပင်များကရရှိတဲ့ non-heme သံဓာတ်ကိုပါ စုပ်ယူမှု ပိုကောင်းစေပါတယ်။ သံဓာတ်အားနည်းခြင်းမဖြစ်ရအောင် အကျိုးပြုပါတယ်။တော်ရင်းဟာ ဆာလ်ဖာဒြပ်ပေါင်းတစ်မျိုးဖြစ်ပြီး ကြွက်သားများ လှုပ်ရှားခြင်း၊ သည်းခြေဖြစ်ပေါ်ခြင်း၊ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများ လုပ်ဆောင်ခြင်း စတာတွေအတွက် အရေးပါပါတယ်။ တော်ရင်းကို ငါးအမျိုးမျိုး၊ ပင်လယ်စာအမျိုးမျိုး၊ ကြက်၊ ဘဲ၊ နို့ထွက်ပစ္စည်းများ၊ အသားအမျိုးမျိုး စတာတွေမှာ တွေ့ရပါတယ်။ အသားမစားသူတွေမှာ တော်ရင်းကို တွေ့ရနည်းပါတယ်။အသားမစားခြင်းဟာ ကောင်းတဲ့ အလေ့အထတစ်ခုဖြစ်ပေမယ့် အသားငါးများကသာ ရရှိနိုင်တဲ့ အာဟာရဓာတ်တွေကိုတော့ မရနိုင်ပါဘူး။ ဒါကြောင့် လိုအပ်ရင် ဖြည့်စွက်စာများ၊ ဆေးဝါးများ သုံးစွဲသင့်ပါတယ်။ နားလည်တတ်ကျွမ်းသူ ပညာရှင်များနဲ့ တိုင်ပင်သင့်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/nutrients-you-cant-get-from-plants/
အနာကိုပိုးဝင်ရင်ဖြစ်လာမယ့် နောက်ဆက်တွဲဆိုးကျိုးများ
ပွန်းပဲ့ရှနာ၊ ထိခိုက်ဒဏ်ရာ အဖြစ်များတာကခြေထောက်နဲ့လက်မှာပါ။ အရေပြားမှာပေါက်ပြဲမှတော့ အနာဆိုတဲ့အတိုင်း နာကျင်ရပြီပေါ့။ ဒဏ်ရာအနာတရတွေမှာ အတိမ်အနက် အမျိုးစုံရှိသလို တချို့အသေးအမွှားတွေကတော့ အိမ်မှာပဲ ကုသလိုက်ရင် သက်သာသွားတတ်ပါတယ်။ ချော်လဲလို့ ဒူးပြဲတာ၊ ဓါးရှတာ၊ သံစူးတာ၊ ပွန်းတာ၊ပဲ့တာ စတာတွေက အဖြစ်များဆုံး ထိခိုက်ဒဏ်ရာတွေအပါအဝင်ဖြစ်ပါတယ်။ကွဲရှတဲ့အနာလေးတွေက သိပ်အရေးမကြီးပါဘူးလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ မှန်ပါတယ်။ သူတို့က ဒီအတိုင်းနေရင်တော့ ပြဿနာအကြီးကြီးမရှိပေမယ့် ရောဂါပိုးဝင်ပြီဆိုရင်တော့ အန္တရာယ်တွေရှိလာနိုင်ပါတယ်။အရေပြားမှာပေါက်ပြဲတဲ့အနာပဲဖြစ်ဖြစ်၊ နှာခေါင်း သို့မဟုတ် ပါးစပ်အတွင်းမှာ အနာဖြစ်တာပဲဖြစ်ဖြစ်၊ အကောင်ကိုက်ခံရတဲ့အနာပဲဖြစ်ဖြစ်၊ တက်တူး သို့မဟုတ် အပေါက်ဖောက်ခြင်းကြောင့်ဖြစ်တဲ့အနာပဲဖြစ်ဖြစ်ရောဂါပိုးဝင်နိုင်ပါတယ်။ ပိုးဝင်တဲ့အခါ လက္ခဏာတွေက –။ထိခိုက်ရှနာတွေ မကျက်ရင်နောက်ဆက်တွဲပြဿနာက ပိုးဝင်တာပါပဲ။ သံစူးတာ၊ပေါက်ပြဲဒဏ်ရာကြီးမားတဲ့အခါ ဒါမှမဟုတ် မတော်တဆဒဏ်ရာပြင်းတဲ့အခါ နဲ့သွေးမတိတ်တဲ့အခါ ဆရာဝန်ပြရပါမယ်။မေးခိုင်ပိုးဝင်တာလိုမျိုးရောဂါပိုးဝင်ခဲ့ရင် အနာလေးတစ်ခုကနေ အသက်ဆုံးရှုံးရတဲ့အထိဖြစ်စေနိုင်တာကြောင့် သံထည်ပစ္စည်းတွေနဲ့ ထိမိတဲ့ဒဏ်ရာတိုင်းအတွက်မေးခိုင်ကာကွယ်ဆေးထိုးသင့်ပါတယ်။ပိုးဝင်နေတဲ့အနာတွေရဲ့နောက်ဆက်တွဲအနေနဲ့ အရင်ဆုံးဖြစ်လာမှာက နာကျင်မှုပိုလာတာ၊နေရခက်လာတာ၊ အနာကျက်နှေးလာတာဖြစ်ပါတယ်။ ပုံမှန်ဆိုသက်သာလာရမယ့်အနာမျိုးက အနာကျက်နှေးပြီးတာရှည်နေပြီဆိုရင်တော့ အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ရောဂါပိုးဝင်တာတွေအတွက် စစ်ဆေးကုသမှုခံယူသင့်ပါတယ်။အနာမှာ ဘက်တီးရီးယားပိုးဝင်ပြီး မကုသရင်နောက်ဆုံးမှာအနာကြောင့် ခြေထောက်တစ်ဖက်ဆုံးရှုံးရတာလိုမျိုး ဆိုးရွားတဲ့အကျိုးဆက်တွေရှိလာနိုင်ပါတယ်။ staph ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ Cellulitis (အရေပြားပိုးဝင်ရောင်ရမ်းခြင်း) ဆိုရင် အောက်ခံအရေပြားအလွှာတွေမှာရောဂါပိုးဝင်ခြင်းဖြစ်ပါတယ်။ ဒီလိုရောဂါပိုးဝင်ခဲ့ရင်ရောဂါပျံ့နှံ့ပြီး သွေးမလျှောက်တော့ဘဲ ခန္ဓါကိုယ်တစ်ရှူးတွေ ပုပ်ပွပျက်စီးလာတဲ့အခါခြေထောက်ဖြတ်ပစ်ရတာမျိုး၊ တခြားအစိတ်အပိုင်းတွေပါပျံ့နှံ့ပြီး ပုပ်လာတာမျိုး၊ အသက်ဆုံးရှုံးရတာမျိုးတွေအထိ မဖြစ်ရအောင် ချက်ချင်းကုသမှုခံယူသင့်ပါတယ်။အနာထဲကရောဂါပိုးကသွေးထဲ သို့မဟုတ် အရိုးထိရောက်သွားခဲ့ရင်လည်း အန္တရာယ်ကြီးပါတယ်။မေးခိုင်ရောဂါကိုလည်း စိုးရိမ်ရသလို သွေးထဲဘက်တီးရီးယားပိုးရဲ့အဆိပ်တွေပြန့်သွားတဲ့ sepsis ဖြစ်တာကလည်း အသက်ဆုံးရှုံးရတဲ့အထိဖြစ်စေနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာကို ပိုးဝင်တဲ့အခါ အရိုးထဲကိုရောဂါပိုးဝင်ခြင်းဖြစ်တဲ့osteomyelitis အန္တရာယ်လည်း ရှိပါသေးတယ်။အသေးစားထိခိုက်ရှနာတွေကိုတော့ အိမ်မှာပဲ လွယ်လွယ်ကုလို့ရပါတယ်။အရင်ဆုံးအနာကို အညစ်အကြေးကင်းစင်ဖို့ ညင်ညင်သာသာ သန့်စင်၊ပိုးသတ်ပေးပါ။အနာကိုသွေးတိတ်အောင်ဖိထားပေးပါ။ပိုးသတ်ဖို့အတွက် အနာကျက်ဆေးလိမ်းပေးပါ။ ကပ်ငြိနေတဲ့ရောဂါပိုးမွှားတွေကို သန့်စင်စေဖို့ အနာတဝိုက်ကို ပိုးသတ်ဆေးနဲ့ သုတ်လိမ်းပါ။တိရစ္ဆာန်တစ်ကောင်ကောင် ကိုက်ခံရတဲ့အနာက ပိုးဝင်ဖို့အရမ်းလွယ်ပါတယ်။ အနာကကြီးရင် ဒါမှမဟုတ် ကိုက်ရာတွေများရင် ပဋိဇီဝဆေးသောက်ဖို့လိုလာနိုင်ပါတယ်။ ဒီလိုမျိုးဖြစ်ရင် ပိုးဝင်တဲ့လက္ခဏာပြတဲ့အထိ မနေဘဲ ချက်ချင်းကုသမှုခံယူသင့်ပါတယ်။အနာကိုထိမိ ပွတ်မိမှာစိုးရတာကြောင့် အနာကပ်ပလာစတာ သို့မဟုတ် ပတ်တီးနဲ့ ကာကွယ်ပေးပါ။ မဖုံးအုပ်ဘဲ ဒီအတိုင်းထားတဲ့အနာတွေက အနာပေါက်ပြန်ပွင့်တာ တင်မကဘဲ ပိုးဝင်တာတွေဖြစ်လာနိုင်ပါတယ်။ ပတ်တီး သို့မဟုတ် ပလာစတာကိုနေ့တိုင်းလဲလှယ်ပေးပါ။ ဒါပေမယ့် ပိုးသတ်သန့်စင်ပြီးသား ပလာစတာ၊ ပတ်တီးတို့ကိုပဲသုံးပါ။ပလာစတာ သို့မဟုတ် ပတ်တီးစည်းတဲ့အခါ ပိတ်လှောင်နေအောင် မကျပ်စည်းပါနဲ့။အနာကိုနောက် ၅ ရက်လောက်အထိ သန့်စင်ပေးပြီးခြောက်သွေ့အောင်ထားပါ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%a1%e1%80%94%e1%80%ac%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%80%9d%e1%80%84%e1%80%b9%e1%80%9b%e1%80%84%e1%80%b9-%e1%80%b1%e1%80%94%e1%80%ac%e1%80%80%e1%80%b9%e1%80%86%e1%80%80%e1%80%b9%e1%80%90/
E. Coli Infection (E.coli ဝမ်းရောဂါပိုးဝင်ခြင်း)
E.coli (အီးကိုလိုင်) လို့ခေါ်တဲ့ ဘတ်တီးရီးယား ပိုးဟာ လူနဲ့ တိရိစ္ဆာန်တို့ရဲ့ အူလမ်းကြောင်းမှာ သဘာဝအတိုင်း နေထိုင်နေကြပါတယ်။ E.coli ပိုးအများစုဟာ အပျော့စားဝမ်းလျှောခြင်းကိုသာဖြစ်စေနိုင်သော်လည်း အချို့သော အမျိုးအစားတွေဖြစ်တဲ့ E.coliO157:H7 ဆိုတဲ့ ပိုးကတော့ ဆိုးရွားတဲ့ အူလမ်းကြောင်းဆိုင်ရာ ပိုးဝင်ခြင်းကို ဖြစ်စေပြီး ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း နှင့် ဖျားနာခြင်းကို ဖြစ်စေပါတယ်။ E.coli ပိုးဝင်ခြင်းဟာ မသန့်သောရေ သို့မဟုတ်အစာ အထူးသဖြင့် အသီးအရွက်များကို အစိမ်းအတိုင်း စားခြင်းနှင့် သေချာကျက်အောင် မချက်ထားသော အမဲသားစတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ကျန်းမာတဲ့ အရွယ်ရောက်ပြီး သူတွေကတော့ E.coli O157:H7 ပိုးဝင်လာလျှင် တစ်ပတ်အတွင်း ရောဂါသက်သာသွားလေ့ရှိပါတယ်။ သို့သော် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ ခုခံအားစနစ်လျော့ကျနေသူများ နဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ E.coli ပိုးဝင်လာခဲ့မယ်ဆိုရင် ကျောက်ကပ်ပျက်စီးသည် အထိဖြစ်နိုင်ပါတယ်။ ဒါဟာ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့အထိ အန္တရာယ် များလာစေပါတယ်။ အူလမ်းကြောင်းဆိုင်ရာ E.coli ပိုးဝင်ခြင်း ကိစ္စအများစုဟာ အိမ်မှာပဲ ကုသမှု ခံယူနိုင်ပါတယ်။ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။E.coli ရောဂါပိုးဝင်ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ရုတ်တရက် ပြင်းပြင်းထန်ထန်ရေကဲ့သို့ ဝမ်းအရည်ကျဲများသွားခြင်း၊ထိုမှ တစ်ဆင့် သွေးပါသောဝမ်းများ သွားတဲ့ အထိဖြစ်နိုင်ပါတယ်။ ဝမ်းဗိုက်ကို ဆွဲညှစ်ထားသလို နာကျင်ခြင်း၊ ဗိုက်ရစ်နာခြင်း၊ ပျို့ခြင်းနှင့် အန်ခြင်း ၊ အစားအသောက်ပျက်ခြင်း ၊ ပင်ပန်းနုံးချိနေခြင်း၊ ဖျားခြင်း စတဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။E.coli ပိုးဝင်တဲ့အခါ အလွန်ဆိုးရွားတဲ့ ရောဂါလက္ခဏာတွေကတော့။• ဆီးသွားသည့်အခါ သွေးပါခြင်း၊။• ဆီးသွားနည်းလာခြင်း၊။• အသားအရည် ဖြူဖျော့လာခြင်း ၊။• သွေးခြည်ဥကွက်များ ပေါ်လာခြင်း၊။• ရေဓါတ်ချို့တဲ့လာခြင်းစတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။ဝမ်းလျှောခြင်းဟာ လူကြီးတွေမှာ ၄ရက်ထက်ကျော်လာပြီး မသက်သာတဲ့အခါ / မွေးကင်းစကလေး သို့မဟုတ် ကလေးကြီးတွေမှာ ၂ရက်ကျော်လာတဲ့ အထိ ဝမ်းလျှောခြင်းမသက်သာတဲ့အခါ ဆရာဝန်နဲ့ ပြသင့်ပါတယ်။• ဝမ်းလျှောခြင်းဟာဖျားခြင်းနှင့် ဆက်စပ်နေခြင်း၊။• ဝမ်းသွားပြီးချိန်တောင်မှ ဆက်၍ဗိုက်နာနေခြင်း၊။• သင့်ရဲ့ဝမ်းတွင် ပြည်သို့မဟုတ်သွေးများပါလာခြင်း၊။• ၁၂ နာရီထက် ပို၍ အန်ခြင်း၊။• နိုင်ငံခြားတိုင်းပြည်တစ်ခု သို့လတ်တလောအလည်သွားထား ပြီးအူလမ်းကြောင်းပိုးဝင်သည့် ရောဂါလက္ခဏာများ ခံစားရခြင်း၊။• ရေဓါတ်ချို့တဲ့ခြင်းရဲ့ လက္ခဏာတွေဖြစ်တဲ့ ဆီးသွားနည်းလာခြင်း၊ အလွန်အမင်း ရေငတ်ခြင်းနှင့် မူးဝေနုံးချိခြင်း။စတဲ့လက္ခဏာတွေ ဖြစ်လာရင်လည်း သင့်ဆရာဝန်နဲ့ ပြသရမှာဖြစ်ပါတယ်။E.coli ဝမ်းရောဂါပိုး ဝင်စေနိုင်တဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။ ၎င်းတို့ကတော့ မသန့်ရှင်းသော အစားအသောက်များကို စားသောက်မိခြင်းက အဓိကပြဿနာ အကြောင်းအရင်း ဖြစ်ပါတယ်။ အစားအစာ ပြင်ဆင်တဲ့အခါ သန့်ရှင်းမှု မရှိတဲ့ အတွက်ကြောင့် အစားအသောက်များဟာ ရောဂါပိုးဝင်ရောက် ခြင်းဖြစ်နိုင်ပါတယ်။ ဥပမာအားဖြင့်။• အစားအစာမပြင်ဆင်ခင် သို့မဟုတ် အစာမစားခင်မှာ လက်မဆေးခြင်း သို့မဟုတ် လက်ကိုဆပ်ပြာနဲ့ သေချာစွာမဆေးခြင်း၊။• မသန့်ရှင်းသော ပန်းကန်ခွက်ယောက်များ၊ စဉ်းနှီတုံးများ သို့မဟုတ် အစားအသောက်ခင်းကျင်းသည့် ပန်းကန်ခွက်ယောက်များကို အသုံးပြုခြင်း၊။• အစားအစာ သိုလှောင်သိမ်းဆည်းထားသောနေရာ၌ အပူချိန်နှင့် စိုထိုင်းဆ မသင့်တင့်သောကြောင့် မသန့်မရှင်းဖြစ်နေသော အစာများစားမိခြင်း၊။• မမှည့်သော အသီးအနှံအစိမ်းများစားသောက်ခြင်း၊ ပင်လယ်စာထွက်ကုန်များကို အစိမ်း စားသောက်ခြင်း သို့မဟုတ် အခြား ထွက်ကုန်များကို သေချာစွာ မဆေးကြောဘဲ စားသောက်ခြင်း၊။• ပိုးသတ်မထားသော နို့ကိုသောက်မိခြင်း၊ သားသတ်ရာ၌ လုပ်ပုံကိုင်ပုံစနစ်များ မသန့်ရှင်းခြင်း၊ တိရိစ္ဆာန်များ၏ အူလမ်းကြောင်းမှ ဘက်တီးရီးယား ပိုးများ၊ ကြက်၊ ငှက်နှင့် အသားများတွင် ပါလာခြင်း စတာတွေ ဖြစ်ပါတယ်။ ဥပမာ မသန့်ရှင်းသောရေကို သောက်မိခြင်း သို့မဟုတ် မသန့်ရှင်းသောရေကူးကန်တွင် ရေချိုးခြင်း၊ လူတစ်ဦးနှင့် တစ်ဦးကူးစက်ခြင်း။ ရောဂါပိုးရှိနေတဲ့ လူတစ်ယောက်ဟာ လက်ကိုသေချာမဆေးဘဲ တစ်စုံတစ်ယောက်ကို ထိမိမယ် သို့မဟုတ် အစားအစာ ကဲ့သို့ တစ်စုံတစ်ခုကို ကိုင်တွယ်မိမယ်ဆိုရင် ဘက်တီးရီးယားပိုးဟာ အလွယ်တကူ ပျံ့နှံ့ နိုင်ပါတယ်။ တိရိစ္ဆာန်များမှ တစ်ဆင့် ကူးစက်ခြင်း။ တိရိစ္ဆာန်များနှင့် အနီးကပ်နေ၍လုပ်ငန်းလုပ်ကိုင်သူများ (အထူးသဖြင့် နွားများ၊ ဆိတ်များနှင့် သိုးများ) ဟာ တိရိစ္ဆာန်တွေရဲ့ ခန္ဓါကိုယ်မှာနေထိုင်နေတဲ့ ဘက်တီးရီးယားပိုး တွေကြောင့် ရောဂါပိုး ကူးစက်ခံနေရပါတယ်။E.coli ရောဂါပိုးဝင်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် အသက်အရွယ်: ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများဟာ အခြားအသက်အရွယ်များထက်စာလျှင် E.coli ပိုး ပိုပြီးကူးစက်နိုင် ခြေများပါတယ်။AIDS ရောဂါ ရှိသူများ သို့မဟုတ် ကင်ဆာရောဂါဆေးသောက်နေရသူများ သို့မဟုတ် ကလီစာအစားထိုးထားသောကြောင့် ကိုယ်ခံအားကျစေရန် ဆေးသောက်နေရသူများ စတဲ့လူတွေမှာလည်း ခုခံအားစနစ် အားနည်းနေတဲ့ အတွက်ကြောင့် ကူးစက်နိုင်ပါတယ်။အချို့သောအစားအစာများကို စားသုံးခြင်း ဥပမာ သေချာစွာ ချက်ပြုတ်မထားသော ဟန်ဘာဂါ၊ ပိုးသတ်မထားသော နို့၊ ပန်းသီးဖျော်ရည် သို့မဟုတ် ပန်းသီးအရက် သို့မဟုတ် နို့စိမ်းမှ ပြုလုပ်ထားသော ဒိန်ခဲအပျော့များ စတဲ့ အစားအသောက်တွေကို စားမိခြင်းကလည်း ရောဂါပိုး ကူးစက်နိုင်ပါတယ်။ ဇွန်လမှ စက်တင်ဘာလ တောက်လျှောက်ဟာ E.coli ပိုးကူစက်ရန် ဖြစ်နိုင်ခြေအများဆုံး လတွေပဲ ဖြစ်ပါတယ်။ အစာအိမ် အက်ဆစ်အထွက် နည်းအောင် သောက်သော ဆေးတွေဖြစ်တဲ့ Esomeprazole (Nexium)၊ pantoprazole (Protonix)၊ lansoprazole (Prevacid) တို့ဟာလည်း အစာအိမ်အက်ဆစ် ပမာဏ လျော့နည်းစေ တဲ့အတွက် ရောဂါပိုးဝင်နိုင်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။E.coli ရောဂါပိုးရှိမရှိကို အဖြေရှာအတည်ပြုရန် ၎င်းဘက်တီးရီးယားပိုးကို ဓါတ်ခွဲခန်းစမ်းသပ်မှုများပြုလုပ်၍ သိနိုင်ပါတယ်။E.coli ရောဂါပိုးကို ကုသတဲ့ ကိစ္စအများစုမှာ အောက်ပါတို့ ပါဝင်ပါတယ်။• ကောင်းကောင်း အနားယူပါ။• ရေဓါတ်ချို့တဲ့ခြင်းနှင့် မူးဝေနုံးချိခြင်းကို ကာကွယ်ရန် ရေများများသောက်ပါ။ အချို့သောအခြေအနေတွေမှာ ဆေးရုံတက်ပြီး သွေးပြန်ကြောမှတစ်ဆင့် လိုအပ်သော အရည်များ ဖြည့်သွင်းကုသခြင်းက လိုအပ်နိုင်ပါတယ်။• ဝမ်းလျှောသက်သာစေသော ဆေးများသောက်ပါ။ ဝမ်းလျှောခြင်းကို ကာကွယ်ရန် ဆေးမသောက်ခင်မှာ ဆရာဝန်က သင့်ကို စမ်းသပ်ပါလိမ့်မယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/foodborne-infections/e-coli-infection-e-coli-%e1%80%9d%e1%80%99%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%80%9d%e1%80%84%e1%80%ba%e1%80%81%e1%80%bc%e1%80%84/
Hypertension (သွေးတိုးရောဂါ)
သွေးတိုးရောဂါသည် သွေးကြောနံရံများတွင် ပုံမှန်ထက် သွေးဖိအားကို ခံရသည့်အခါဖြစ်သော သွေးပေါင်ချိန်တက်ခြင်းဖြစ်သည်။ သွေးတိုးရောဂါသည် ရောဂါလက္ခဏာမပြပဲ နှစ်ပေါင်းများစွာ ရှိနေနိုင်သည်။ လက္ခဏာများမရှိသော်လည်း ကြာလာလျှင် နှလုံးရောဂါနှင့် လေဖြတ်ခြင်း အပါအဝင် ကျန်းမာရေးပြသနာများ ဖြစ်လာနိုင်သည်။သွေးပေါင်ချိန်တိုင်းတာလျှင် ဂဏန်းနှစ်မျိုးနှင့် ပြသည်။ အပေါ်ဂဏန်းသည် အပေါ်သွေးဖြစ်ပြီး၊ အောက်ဂဏန်းသည် အောက်သွေးဖြစ်သည်။ ဥပမာ ၁၂၀/၈၀ ဖြစ်သည်။တစ်မျိုး သို့မဟုတ် ထိုဂဏန်း နှစ်မျိုးလုံး တိုးနေနိုင်သည်။• ပုံမှန်သွေးပေါင်ချိန်သည် ၁၂၀/၈၀ mmHg အောက်ရှိခြင်းဖြစ်သည်။• သွေးပေါင်ချိန်တိုးနေလျှင် သွေးပေါင်ချိန် ၁၄၀/၉၀ mmHg အထက်ရှိနေမည်ဖြစ်သည်။• သွေးပေါင်ချိန်သည် ၁၂၀/၈၀ mmHg သို့မဟုတ် ၎င်းထက်များနေပါက သို့သော် ၁၄၀/၉၀ အောက်ရှိနေပါက ထိုအခြေအနေသည် သွေးမတိုးခင် အခြေအနေဖြစ်သည်။သင့်တွင် နှလုံးရောဂါ၊ သို့မဟုတ် ကျောက်ကပ် ပြသနာများရှိပါက သို့မဟုတ် လေဖြတ်ဖူးပါက သင့်ဆရာဝန်သည် သင့်သွေးပေါင်ချိန်ကို ထိုရောဂါများမရှိသော လူများထက် ပိုချစေချင်လိမ့်မည်။သွေးတိုးခြင်းသည် အလွန် အဖြစ်များသည်။ ၎င်းသည် အသက်အရွယ်မရွေးတွင်လည်း ဖြစ်နိုင်သည်။ များသောအားဖြင့် အသက်ကြီးသူမများတွင် ပိုဖြစ်လေ့ရှိသည်။ ဖြစ်နိုင်ချေများစေသော အချက်များကို လျော့ချခြင်းဖြင့် ၎င်းကို ထိန်းချုပ်နိုင်သည်။ ပိုမိုသိရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။သွေးတိုးရှိသော လူအများစုသည် ရောဂါလက္ခဏာမပြပေ။ လူနည်းစုတွင်သာ ခေါင်းကိုက်ခြင်း၊ အသက်ရှူမဝခြင်း၊ နှာခေါင်းသွေးယိုခြင်း ကဲ့သို့သော လက္ခဏာအနည်းငယ်ပြတတ်သည်။ သို့သော် ထိုလက္ခဏာများသည် သွေးတိုးရောဂါအတွက် သီးသန့်မဟုတ်သည့်အပြင်၊ များသောအားဖြင့် အသက်အန္တရာယ်ရှိသည့် အခြေအနေရောက်မှသာ လက္ခဏာပြတတ်သည်။ အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ရှိတတ်သည်။ မေးလိုသည်များရှိလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။သင့်တွင် အောက်ပါတို့နှင့် ပတ်သက်ပြီး မေးလိုသည်များရှိလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။• သင့်တွင် သွေးတိုးရောဂါရှိလျှင် ဆရာဝန်နှင့် ပုံမှန်ပြသသင့်သည်။• သင့်သည် အသက်၁၈ နှစ်ဖြစ်ပြီး ဖြစ်နိုင်ချေရှိသော အချက်များမရှိလျှင် ဆရာဝန်နှင့် ၂နှစ်တစ်ခါ အနည်းဆုံး သွေးပေါင်ချိန်စစ်ဆေးပါ။• သင်သည် ၁၈ နှစ်နှင့် အထက်ဖြစ်ပြီး၊ သွေးတိုးရောဂါကို ဖြစ်နိုင်စေသော အချက်များရှိပါက ဆရာဝန်နှင့် နှစ်စဉ်ပုံမှန် စစ်ဆေးပါ။သင့်တွင် အထက်ပါ လက္ခဏာများ ရှိခဲ့လျှင် သို့မဟုတ် မေးခွန်းများရှိလျှင် သင့်ဆရာဝန်နှင့် တွေ့ဆုံဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓါကိုယ်သည် တုံ့ပြန်မှုမတူညီပေ။ သင့်အခြေအနေအတွက် အကောင်းဆုံးဖြစ်စေရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။အကြောင်းရင်းများ။သွေးတိုးရောဂါ ၂ မျိုးရှိသည်။• အကြောင်းမဲ့ သွေးတိုးခြင်း ။ ၎င်းတွင် အကြောင်းရင်းသေချာမရှိပေ။ မျိုးရိုးဗီဇကြောင့်ဖြစ်နိုင်ပြီး အမျိုးသားများတွင်ပိုအဖြစ်များသည်။ အစားအသောက်နှင့် နေထိုင်မှုပုံစံကြောင့်လည်း သက်ရောက်မှုရှိနိုင်သည်။• အကြောင်းရင်းရှိသော သွေးတိုးခြင်း ။ ၎င်းအမျိုးအစားသည် အချို့ရောဂါအခြေအနေများနှင့် ဆေးဝါးများကြောင့် ဖြစ်သည်။ ကျောက်ကပ်ရောဂါ၊ သိုင်းရွိုက်ရောဂါ၊ ကင်ဆာ၊ သားဆက်ခြားဆေးများသုံးစွဲခြင်း၊ အအေးမိပျောက်ဆေးများသုံးခြင်း၊ ကိုကိန်းသုံးခြင်း၊ အရက်သောက်ခြင်းတို့ကြောင့် ဖြစ်နိုင်သည်။သွေးတိုးခြင်းကို ဖြစ်စေနိုင်သော အကြောင်းများစွာတွင် အောက်ပါတို့ပါဝင်သည်။အသက်။အသက်ကြီးလေလေ သွေးတိုးရောဂါဖြစ်နိုင်လေလေ ဖြစ်သည်။လူမျိုး။ လူမည်းများတွင်သွေးတိုးရောဂါ ပိုဖြစ်သည်။မိသားစု ရာဇဝင်။သွေးတိုးရောဂါသည် မျိုးရိုးလိုက်နိုင်သည်။ကိုယ်အလေးချိန်များခြင်း။သွေးစီးဆင်းမှုများခြင်းကြောင့် သွေးကြောများအပေါ်တွင် ဖိအားပိုများနိုင်သည်။အစားအသောက်ပုံစံမမှန်ခြင်း ။ဆားများများစားခြင်း၊ ဆေးရွက်ကြီး၊ အရက်၊ သို့မဟုတ် ပိုတက်ဆီယမ်ဓါတ်နည်းခြင်း၊ ဗီတာမင် ဒီ ဓါတ်နည်းခြင်း တို့ကြောင့် အချို့သောရောဂါများကို ဖြစ်စေပြီး သွေးတိုးခြင်းကို ဖြစ်စေသည်။အခြားသော အခြေအနေများ။စိတ်ဖိစီးမှုများခြင်း၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါ၊ အိပ်မပျော်ခြင်း၊ ကဲ့သို့သော အချို့သော နာတာရှည်ရောဂါများ၊ သည်လည်း သွေးတိုးခြင်းကို ဖြစ်စေနိုင်သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သွေးပေါင်ချိန်တိုင်းသည့် ကိရိယာ သို့မဟုတ် စက်ဖြင့် သင့်ကို သွေးပေါင်ချိန်တိုင်းတာပြီး သွေးတိုးရောဂါရှိမရှိ ဆုံးဖြတ်နိုင်သည်။ သွေးတိုးသည်ဟု သတ်မှတ်ရန် သွေးပေါင်ချိန်ခြင်းကို ၂-၃ ကြိမ် ပြုလုပ်သင့်သည်။သွေးပေါင်ချိန်ခြင်းတွင် အောက်ပါ အဆင့်များ သတ်မှတ်ထားသည်။ပုံမှန်သွေးပေါင်ချိန် ။ သင့်သွေးပေါင်ချိန်သည် ၁၂၀/၈၀ mmHg အောက်ဖြစ်လျှင် ပုံမှန်ဖြစ်သည်။သွေးတိုးအကြို အဆင့် ။ အပေါ်သွေးသည် ၁၂၀ မှ ၁၃၉ အထိ ရှိပြီး၊ အောက်သွေးသည် ၈၀ မှ ၈၉ mmHg အထိ ရှိနိုင်သည်။ ထိုအခြေအနေသည် ကြာလာလျှင် ပိုဆိုးလာနိုင်သည်။သွေးတိုး အဆင့် ၁- အပေါ်သွေး ၁၄၀ မှ ၁၅၉ အထိ ရှိနိုင်ပြီး အောက်သွေး ၉၀ မှ ၉၉ ထိ ရှိနိုင်သည်။သွေးတိုး အဆင့် ၂- သွေးတိုးသည် ပိုဆိုးလာပြီး အပေါ်သွေး ၁၆၀ နှင့် အထက် ရှိနိုင်ပြီး အောက်သွေး ၁၀၀ mmHg နှင့်အထက် ရှိနိုင်သည်။အသက် ၆၀ နှင့် အထက်တွင် အဖြစ်များသော သွေးတိုးရောဂါမှာ အပေါ်သွေး တစ်မျိုးတည်း တိုးခြင်းဖြစ်သည်။ အပေါ်သွေးသည် ၁၄၀ နှင့် အထက်ရှိနိုင်ပြီး အောက်သွေးသည် ၉၀ ထက် နည်းနိုင်သည်။သင့်ကျန်းမာရေး အခြေအနေပေါ်မူတည်ပြီး ဆေးများကို ဆရာဝန်မှညွှန်ကြားပါလိမ့်မည်။ သွေးတိုးရောဂါအတွက် ဆေးများ မှာ Thiazide diuretics၊ Beta-blockers၊ ACE inhibitors၊ ARBs၊ Calcium channel blockers၊ Renin inhibitors တို့ဖြစ်ကြပါသည်။သွေးတိုးခြင်းကို သက်သာစေရန် အောက်ပါတို့သည် သင့်ကို အထောက်အကူပြုနိုင်ပါလိမ့်မည်။• သင့် အာဟာရတွင် ဆားလျော့စားပါ။• လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။• ဆေးလိပ်ဖြတ်ပါ။ အရက်လျော့သောက်ပါ။• ကိုယ်အလေးချိန်ကို ထိန်းပါ။သင့်တွင် မေးမြန်းလိုသည်များ ရှိပါက သင့်အတွက် အကောင်းဆုံး အဖြေကို ရရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/hypertension-%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab/
လေဒီလေးတွေ ထင်နေကြတဲ့ အမွေးရိတ်ရင် အမွေးအမျှင်ပိုထူလာမယ် ဆိုတာ တကယ်လား
လေဒီလေး တော်တော်များများကအမွေးရိတ်ရမှာကို ကြောက်ကြပါတယ်။ အကြောင်းကတော့ အမွေးရိတ်တာကအရေပြားကို မည်းစေတာမျိုး ဖြစ်စေသလို ပြန်ထွက်ရင်လည်း အမွေးကြမ်းတွေ ထွက်လာပြီး အမွေးတွေက ပိုထူလာတယ်ဆိုတဲ့ အတွေးကြောင့်ပါ။ ဒါက တကယ်ပဲလား…. အမွေးရိတ်ရင် အမွေးအမျှင်ပိုထူလာမယ် ဆိုတာ တကယ်လား ဆိုတာကို အဖြေထုတ်ကြည့်လိုက်ရအောင်နော်။ခြေသလုံးမွေးတွေ၊ ချိုင်းမွေးတွေ၊မျက်နှာပေါ်က အမွေးတွေကို ရိတ်မယ်လို့ စိတ်ကူးလိုက်တိုင်း စိတ်ထဲကို မေးခွန်းတွေ အများကြီး ရောက်လာတယ်ဟုတ်။ အမွေးရိတ်တာ ဘေးကင်းပါ့မလား ဆိုတာပါ။ အမွေးတွေများ ပိုထူလာမလားပေါ့။ ဒီလိုမျိုး စိုးရိမ်တာက ဖြစ်တတ်တဲ့ အနေအထား တစ်ခုပါ။ ဒါပေမယ့် ဒီစာကို ဖတ်ပြီး စိတ်ပူတာတွေကို ရပ်လိုက်ပါတော့လို့ ပြောချင်ပါတယ်။အမွေးရိတ်တာက အမွေးတွေကို အမြန်ဆုံး ဖယ်ရှားနိုင်တဲ့ နည်းလမ်းပါ။ အမွေးရိတ်ရုံသက်သက်ကတော့ အသားအရေ အရောင်ကို ရင့်စေတာ အရောင်ပြောင်းစေတာမျိုး မဖြစ်ပါဘူး။ ဒါပေမယ့် သေချာမပြင်ဆင်ဘဲ အမွေးရိတ်မယ် (ဆိုလိုတာက shaving cream) မသုံးဘူးပေါ့ကွယ်၊ နောက်ပြီး ရိတ်ပြီးတဲ့အခါမှာလည်း အသားအရေ ထိန်းထိမ်းမှု မလုပ်ဘူးဆိုရင်တော့ အရေပြားမှာ ကျိန်းစပ်စပ်ဖြစ်စေပြီး အသားအရောင်ရင့်လာတာမျိုး ဖြစ်စေနိုင်ပါတယ်။အနောက်နိုင်ငံတွေမှာတော့ အမွေးရိတ်တာက အမွေးအမျှင် ဖယ်ရှားရာမှာ အသုံး အများဆုံး နည်းလမ်းပါ။ အာရှဒေသတွေမှာတော့ အမွေးရိတ်တာက အမွေးတွေကို ပိုပြီးထူလာစေတယ်ဆိုတဲ့ အယူအဆ အမှားတွေကို လက်ခံထားကြဆဲပါ။ တကယ်ကတော့အမွေးတွေကိုရိတ်လိုက်ချိန်မှာ အမွေးတွေ ပိုထူလာတယ်ဆိုတာက အများထင်မှတ်မှားနေတဲ့ အရာတစ်ခုလို့ပဲ ပြောချင်ပါတယ်။တကယ်တော့ အမွေးရိတ်လို့ အမွေးထူလာတာ မဟုတ်ပါဘူး။ အမွေးရိတ်ပြီး ပြန်ထွက်လာတဲ့ အမွေးတွေက ထွက်စမှာ တုံးတိလေး ဖြစ်နေတာကြောင့် ထူတယ်လို့ ထင်ရတာပါ။ဘယ်အချက်တွေ သတိထားရမလဲ။အမွေးရိတ်တာကြောင့် အသားအရေ ထိခိုက်လာတာမျိုး မဖြစ်စေဖို့ဆိုရင်တော့ အခုပြောပြမယ့် နည်းလမ်းလေးတွေကို လိုက်နာဖို့ လိုပါမယ်။စည်းမျဉ်း ၁– အမွေးမရိတ်ခင်မှာ ရေနွေးနွေးနဲ့ ရေချိုးပါ။ ဒီလို လုပ်ပေးတာက အရေပြားကို လျော့ရဲစေပြီး အမွေးရိတ်နေချိန်မှာ အမွေးရိတ်ဓားကြောင့် အရေပြားမှာ ကျိန်းစပ်စပ် ဖြစ်တာမျိုး မဖြစ်စေမှာပါ။စည်းမျဉ်း ၂– အမွေးမရိတ်ခင်မှာ အရေပြားပေါ်ကဆဲလ်သေတွေကို အရင် ဖယ်ရှားပါ။ ဒါမှ အရေပြား အရောင်ရင့်တာ၊ အရောင်ပြောင်းတာမျိုး မဖြစ်မှာပါ။စည်းမျဉ်း ၃– အမွေးမရိတ်ခင်မှာ Shaving cream ဒါမှမဟုတ်အစိုဓာတ်ထိန်း ခရင်မ်ကို ခပ်ထူထူ လိမ်းပါ ဒါမှ အရေပြား ပူစပ်ပူလောင် ဖြစ်တာ၊ ပြတ်ရှတာမျိုးတွေ မဖြစ်မှာပါ။စည်းမျဉ်း ၄– အရေပြားကျိန်းစပ်တာမျိုး မဖြစ်စေဖို့ အမွေးရဲ့ လားရာအတိုင်း ရိတ်ပေးပါ။ ဆန့်ကျင်ဘက်ကို ရိတ်တာမျိုး မလုပ်ပါနဲ့။စည်းမျဉ်း ၅– အမွေးအမျှင်တွေကို ရိတ်သင်ပြီးတိုင်းမှာ အရေပြားကို အစိုဓာတ်ထိန်း ခရင်မ် လိမ်းဖို့ မမေ့ပါနဲ့။စည်းမျဉ်း ၆ –အမွေးတွေကို ဖယ်ရှားရိတ်သင်ပြီးချိန်မှာ အယ်လ်ကိုဟော ပါဝင်မှု များတာမျိုးကို မသုံးပါနဲ့။ အမွှေးနံ့ ပါတာမျိုးကိုလည်း ရှောင်ပေးပါ။စည်းမျဉ်း ၇– တစ်နေ့ထဲမှာ ထပ်ခါထပ်ခါ အမွေးရိတ်တာမျိုး မလုပ်ပါနဲ့။စည်းမျဉ်း ၈ –အမွေးရိတ်တဲ့ ဓားကြောင့် မှိုပိုး ကူးစက်တာ၊ ရောဂါပိုးဝင်တာမျိုးတွေ မဖြစ်စေဖို့အတွက် အမွေးရိတ်ဂျုတ်ကို သန့်ရှင်းခြောက်သွေ့တဲ့ နေရာမှာ ထားပေးပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/shaving-myths-for-women/
Venous skin ulcer (သွေးပြန်ကြောကြောင့်ဖြစ်သော ခြေထောက်ပြည်တည်နာ)
Venous skin ulcer (သွေးပြန်ကြောကြောင့်ဖြစ်သော ခြေထောက်ပြည်တည်နာ) ဟာ ခြေထောက်ဆီမှ သွေးများ နှလုံးဆီမပြန်နိုင်တဲ့အခါ ရတတ်တဲ့ အနာတစ်မျိုးဖြစ်တယ်။ ခြေထောက်ဘေးဘက်၊ ခြေကျင်းဝတ်၊ ခြေသလုံးကြွက်သားအောက်ဖက်နားမှာ ဖြစ်လေ့ရှိပါတယ်။ ဖြေးဖြေးချင်း အနာကျက်ပြီး မကာကွယ်ပါက ပြန်ဖြစ်နိုင်ချေလည်းရှိပါတယ်။လူကြီးတွေမှာဖြစ်တဲ့အနာတွေက လူငယ်တွေထက် ပိုဆိုးလေ့ရှိတယ်။ အပေါ်ယံရေပြားပျက်စီးသွားတဲ့အခါ အနာတွေဖြစ်လာပါတယ်။ ထိုအခြေအနေအဖြစ်များဆုံးက Venous skin ulcer (သွေးပြန်ကြောကြောင့်ဖြစ်သော ခြေထောက်ပြည်တည်နာ)တွေဖြစ်တယ်။ အများစုကနာကျင်မှုကင်းပေမယ့် တချို့ကတော့အလွန်နာကျင်ပါတယ်။ အထူးသဖြင့် မကုသတဲ့အခါပေါ့…။ မကုသတဲ့အနာတွေဟာ ပိုကြီးမားပြီး အရေပြားရောင်ရမ်းခြင်းကဲ့သို့ တခြားပြဿနာတွေပါ ဖြစ်လာစေနိုင်ပါတယ်။Venous skin ulcer (သွေးပြန်ကြောကြောင့်ဖြစ်သော ခြေထောက်ပြည်တည်နာ) နဲ့ကွာခြားတဲ့ အခြား အရေပြားပြည်တည်နာနှစ်မျိုးရှိတယ်။Arteral skin ulcer (သွေးလွှတ်ကြောကြောင့်ဖြစ်သော ပြည်တည်နာ)– အဖြစ်နည်းပြီး၊ တခါတလေ နဲ့ပေါင်းဖြစ်တတ်ပါတယ်။ သွေးလွှတ်ကြောဆိုင်ရာ ရောဂါတွေဖြစ်တဲ့အခါ ဖြစ်ပေါ်တတ်ပြီး အလွန်အမင်းနာကျင်တတ်ပါတယ်။Neuropathic skin ulcer (အာရုံကြောကြောင့်ဖြစ်သောပြည်တည်နာ)– သွေးချိုဆီးချိုကြောင့် အာရုံကြောထိခိုက်ပြီး ခြေထောက်အထိအတွေ့မသိသောသူများမှာ ဖြစ်တတ်ပါတယ်။ပထမဆုံးလက္ခဏာတွေကတော့ သွေးပြန်ကြောမှသွေးစိမ့်ထွက်နေသော နေရာတဝိုက်က အရေပြားမှာအနီရောင်၊ ခရမ်းပုတ်အရောင်ပြောင်းလာပါတယ်။ ခြေကျင်းဝတ်အပေါ်ဘက် အတွင်းပိုင်းမှာဖြစ်လေ့ရှိတယ်။ အရေပြားထူလာ၊ ခြောက်သွေ့လာပြီး ယားယံကာ အရေပြားများလန်လာတတ်ပါတယ်။ ခြေထောက်မှာ ရောင်ရမ်းနာကျင်မှုတွေလည်း ရှိနိုင်တယ်။ ထိုပြည်တည်နာများပေါက်သွားတဲ့အခါ နာကျင်ရောင်ရမ်းပြီး အနာကျက်ဖို့ တစ်လနဲ့အထက်ကြာနိုင်ပါတယ်။ အနံ့ဆိုးများလည်း ထွက်နိုင်တယ်။ဒါ့အပြင် ဘတ်တီးရီးယားဝင်နိုင်ချေလည်း များပါတယ်။ တကယ်လို့ အနာရှိသူမှာ ဖျားလာမယ်၊ အနာကနေ အစိမ်းရောင် သို့မဟုတ် အရည်များထွက်လာမယ်၊ ပိုဆိုးလာမယ်၊ အနာတဝိုက်ရောင်ရမ်းလာမယ် ဆိုရင်တော့ ဆရာဝန်ချက်ခြင်းသွားပြသင့်ပါတယ်။အဓိကပြဿနာကတော့ ခြေထောက်သွေးလွှတ်ကြောမှာ သွေးဖိအားတက်ခြင်းဖြစ်တယ်။ သွေးလွှတ်ကြောထဲက အဆို့များပျက်စီးပြီး သွေးများပြန်မတက်နိုင်ဘဲ သွေးကြောထဲနဲ့ အနားတဝိုက်က တစ်သျှူးတွေမှာ သွေးတွေပုံသွားစေပါတယ်။ ထိုအခါရောင်ရမ်းပြီး အရေပြားပျက်စီးကာ ပြည်တည်နာကဲ့သို့ ဖြစ်လာစေတယ်။ဆေးလိပ်သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ အဝလွန်ခြင်းကဲ့သို့ အချက်တွေက Venous skin ulcer (သွေးပြန်ကြောကြောင့်ဖြစ်သော ခြေထောက်ပြည်တည်နာ) များဖြစ်စေနိုင်ပါတယ်။ အချိန်ကြာ မတ်တပ်ရပ်ရသော အလုပ်လုပ်သူများမှာလည်း ဖြစ်နိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/venous-skin-ulcer-%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%bb%e1%80%95%e1%80%94%e1%80%b9%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b7%e1%80%bb/
အသားပိုတွေကြောင့် အလှမပျက်စေဖို့
အရေပြားပေါ်မှာ အသားပိုလေးတွေ ဖြစ်နေလို့ စိတ်ညစ်နေသူလေးတွေရှိလား…….. ဒါဆိုရင်တော့ အသားပိုတွေကြောင့် အလှမပျက်စေဖို့ အလှပျက်စေတဲ့အသားပိုလေးတွေကို ဒီနည်းလမ်းလေးတွေသုံးပြီး ဖြေရှင်းလိုက်ရအောင်လား……….။အသားပို ဆိုတာက အရေပြားပေါ်မှာ တွယ်ကပ်နေတဲ့ အသားစလေးတွေပါ။ အသားသက်သက် အလုံးလေးတွေပေါ့။ လူကို ဒုက္ခမပေးတတ်ပါဘူး။ အရွယ်သေးရင်တော့ အခုပြောပြမယ့်နည်းလေးတွေက အဆင်ပြေစေမှာပါ။အသားပိုတွေကြောင့် အလှမပျက်စေဖို့ အသားပိုတွေကို ဖယ်ရှားပေးနိုင်မယ့် သဘာဝပစ္စည်းတွေက။Tea tree oil မှာဘက်တီးရီးယားတွေနဲ့မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင် ရှိတာကြောင့် အရေပြားအတွက် အသုံးပြုဖို့ သင့်တော်ပါတယ်။ ဂွမ်းစမှာ Tea tree oil  ကိုစွတ်လို့ အသားပိုနေရာမှာ လိမ်းပေးပြီး နှိပ်နယ်ပေးပါ။ ပြီးရင်ပတ်တီးလေးနဲ့စည်းလို့ တစ်ညထားပါ။ အသားပို မခြောက်မချင်း ညတိုင်းလုပ်ပေးပါ။ အသားပိုက ခြောက်ပြီး ကြွေကျသွားပါလိမ့်မယ်။ငှက်ပျောသီး စားပြီးတဲ့အခါ ငှက်ပျောခွံကို လွှင့်မပစ်ပါနဲ့။ အရေပြားပေါ်က အသားပို အတွက် အသုံးပြုပေးလို့ရပါတယ်။ ငှက်ပျောခွံက အသားပိုတွေကို ခြောက်စေနိုင်ပါတယ်။ဒါကြောင့် အသားပို ပေါ်မှာ ငှက်ပျောခွံကို ကပ်လို့ ပတ်တီးလေးနဲ့စည်းပြီး ညတိုင်း ကပ်အိပ်ပါ။ အသားပိုက ခြောက်ပြီး ကြွေသွာပါလိမ့်မယ်။ပန်းသီးရှာလကာရည်ထဲကို ဂွမ်းစလေး စိမ်လို့ ရလာတဲ့ ဂွမ်းစကို အသားပို ပေါ်မှာ ကပ်ပါ။ ပတ်တီးလေး အပေါ်က ထပ်စည်းလို့ ၁၅ မိနစ် ကနေ နာရီဝက်လောက် ထာားပေးပါ။ ပြီးရင် ရေဆေးချလိုက်ပါ။ ၂ ပတ်၊ ၃ ပတ်လောက် ဆက်တိုက်လုပ်ပေးပါ။ အသားပို ကြွေကျသွားပါလိမ့်မယ်။အသက်အရွယ် ရလာတဲ့အခါ အသားပိုတွေ ဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာကို ကာကွယ်ဖို့ဆိုရင် ဗီတာမင် E  သုံးပေးလို့ ရပါတယ်။ အသားပိုကို ဗီတာမင် E ပုံမှန် လိမ်းပေးလို့နှိပ်နယ်ပေးမယ်ဆိုရင် အသားပိုတွေကို ခြောက်သွေ့ပြီး ကြွေကျစေမှာပါ။ကြက်သွန်ဖြူမှာအရွယ်တင်စေနိုင်တဲ့ အာနိသင် ရှိပြီး အသားအရေ ရောင်ရမ်းတာကို လျော့ကျ စေနိုင်ပါတယ်။ အသားပိုတွေကို ဖယ်ရှားဖို့လည်း အသုံးပြုပေးလို့ရပါတယ်။ ညအိပ်ခါနီးတိုင်း  ကြိတ်ခြေထားတဲ့ ကြက်သွန်ဖြူကို အသားပို ပေါ်မှာ အုံလို့ ပတ်တီးစည်းထားပါ။မနက်ခင်းမှာ ရေဆေးချလိုက်ပါ။ ညတိုင်းလုပ်ပေးလို့ရပါတယ်။အသားအရေကထိခိုက်တုံ့ပြန်လွယ်တဲ့သူတွေ၊ ဆီးချိုရောဂါရှိတဲ့သူတွေ၊ အသားပိုက ကြီးလွန်းတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသပြီးမှ ဖယ်ရှားသင့်ပါတယ်။ကဲ…အသားပိုတွေကြောင့် စိတ်ညစ်ခံမနေပါနဲ့တော့……… အခုပြောပြတဲ့နည်းလေးတွေကို အသုံးပြုကြည့်လိုက်နော်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/how-to-get-rid-of-skin-tags/