title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
မွေးစကလေး တွေနဲ့ ပတ်သက်ပြီး မေမေတို့ မထင်ထားတဲ့ အလွဲများ
မွေးစကလေးကို စောင့်ရှောက်ဖို့ဆိုတာ လွယ်တဲ့ ကိစ္စမှ မဟုတ်တာ။ ဒီသေးသေးလေးတွေကို ဘယ်နည်းနဲ့မှ အမှားမခံနိုင်ဘူးဟုတ်။ ဒါပေမယ့် ကိုယ်က ခုမှ သားဦး ဖြစ်တယ်ဆိုရင် ဘေးပတ်ဝန်းကျင်ရဲ့ အကူအညီကိုလည်း ယူရတာပဲ မလား။ ဒီအခါမှာ မှန်တာတွေရော မမှန်တာတွေရော ပါလာနိုင်ပါတယ်။ ဘယ်လိုအရာတွေက မေမေတို့ သိထားတဲ့ အလွဲလေးတွေလဲဆိုတာ ပြောပြပေးပါ့မယ်။ကလေးကို နေ့တိုင်းချိုးပေးစရာ မလိုပါဘူး။ အထူးသဖြင့် မွေးကင်းစမှာပါ။ ကလေးရဲ့ အရေပြားမှာ မွေးစဆိုရင် အဖြူဖတ်လေးတွေ ကပ်နေတတ်ပါတယ်။ အဲ့ဒါကို အတင်းမခွာပစ်ရပါဘူးနော်။ အဲ့ဒါ ကလေးအရေပြားကနေတဆင့် ရောဂါပိုး မဝင်အောင် သဘာဝက ကာကွယ်ပေးထားတာပါ။ကလေးကို တစ်နှစ်ပြည့်တဲ့အထိ တစ်ပတ်ကို ၂ခေါက် ၃ခေါက်လောက် ရေချိုးပေးရင် လုံလောက်ပါတယ်။ ကျန်တဲ့ရက်တွေမှာ ရေပတ်တိုက်ပေးရုံပါပဲ။ ရေချိုးရင်လည်းကလေးသုံး ဆပ်ပြာအပျော့စားနဲ့ပဲ ချိုးပေးပါ။လူကြီးတွေ ပြောနေကြစကားပေါ့။ ဘာလို့ သွားသွားချီနေတာလဲ။ လက်ကြိုက်ရင် အမေနားရမှာ မဟုတ်ဘူးနော်။ တကယ်တော့ ကလေးငိုတယ်ဆိုတာ ဗိုက်ဆာလို့လည်း ဖြစ်နိုင်သလို၊ သေးစိုနေလို့လည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတလေ ဘာအကြောင်းမှ မရှိဘဲ ငိုတတ်ပါတယ်။ဒါပေမယ့် မေမေတို့ ပစ်မထားပါနဲ့နော်။ သူတို့လေးတွေကိုချီလိုက်ရင်၊ အသံပြုလိုက်ရင် အငိုတိတ်သွားပါတယ်။ သူတို့ကို ဂရုစိုက်မယ့်လူမရှိဘူးဆိုပြီး အထီးကျန်လို့ ငိုတာပါ။ မေမေတို့ချီလိုက်ရင် စိတ်ထဲမှာ လုံခြုံမှု ရသွားပါတယ်။မေမေတို့ ချီနိုင်တုန်း ချီထားကြပါနော်။ နောက်ပိုင်း ကြီးလာရင် ချီချင်လို့တောင် ချီမရတော့ပါဘူး။ ဒါကြောင့် ဒီအချိန်လေးကို တန်ဖိုးထားပြီး ကလေးငိုတိုင်း ထကြည့်ပေးပါ။မေမေတို့ စစချင်းမှာတော့ နို့အများကြီးထွက်မှာ မဟုတ်သလို ကလေးကလည်း ကောင်းကောင်း စို့တတ်မှာ မဟုတ်ပါဘူး။ မေမေရော ကလေးရော သင်ယူဆဲ ကာလမို့လို့ပါ။ ၆ပတ်လောက်ဆို တော်တော်လေး အသားကျသွားပါပြီ။ ဒါကြောင့် လက်မလျှော့ပါနဲ့။မိခင်နို့ရဲ့ သဘောတရားက ကလေးစို့လေ ထွက်လေပါ။ ဒါကြောင့် ကလေးကို ကြိုးစားပြီး တိုက်ကြည့်ပါ။ တစ်ဖက်မရရင် တစ်ဖက် ပြောင်းပြောင်းပြီး တိုက်ကြည့်ပါ။ အမြွာမေမေတွေတောင် လောက်သေးတာ မေမေတို့လည်း လောက်မှာပါ။ စိတ်ရှည်ရှည်ထားပြီး တိုက်ကြည့်ပါ။ချက်ကြိုးကို မေမေတို့ ဘာမှလုပ်စရာ မလိုပါဘူးနော်။ ဘာမှမလုပ်တာအကောင်းဆုံးပါပဲ။ မေမေတို့ လုပ်ပေးနိုင်တာက ကလေးကို သေးခံလဲတိုင်းမှာ ချက်ကြိုးကို ရေစိုဂွမ်းလေးနဲ့ အသာအယာ သုတ်ပေးရုံပါပဲ။အရက်ပြန်၊ ဆေးနီ၊ မီးသွေးမှုန့်၊ သနပ်ခါး၊ ဆေးတို့ဖတ် ဘာမှအုံစရာ မလိုပါဘူး။ ဒါတွေ လုပ်မှ အနာကျက်နှေးတာ၊ ပိုးဝင်တာ ဖြစ်တတ်လို့ ဘာမှမလုပ်တာ အကောင်းဆုံးပါပဲ။ကလေးက နေ့တိုင်း ပါချင်မှ ပါမှာပါ။ ကလေးကဝမ်းပျော့ပျော့ပဲ သွားနေတယ်ဆိုရင် စိုးရိမ်စရာ မရှိပါဘူး။ ပြီးတော့ နို့ဘူးသောက်တဲ့ ကလေးတွေက အမေနို့စို့တဲ့ ကလေးတွေထက် ဝမ်းပိုချုပ်တတ်ပါတယ်။ ဒါကြောင့် မလိုအပ်ဘဲ ကလေးကို ကွမ်းရိုးနဲ့ ဝမ်းချူတာ၊ ဘောလုံးထည့်တာတွေ မလုပ်ပါနဲ့နော်။ကလေးချက်စူတယ်ဆိုတာ သူ့ဝမ်းဗိုက်က ကြွက်သားတွေ ကောင်းကောင်း မဖွံ့ဖြိုးသေးလို့ပါ။ ချက်ကြိုးကို ဆွဲပြီး ဖြတ်လိုက်တာကြောင့် မဟုတ်ပါဘူး။ ကလေးအသက် တစ်နှစ်လောက်ဆိုရင် အလိုလို ကောင်းသွားတတ်ပါတယ်။ ဒါကြောင့် ကလေးချက်ကို အကြွေစေ့နဲ့ ဖိတာ၊ မှောက်အိပ်ခိုင်းတာ လုပ်စရာ မလိုပါဘူး။ကလေးကို ဒီအချိန်ရောက်မှ နို့တိုက်မယ်၊ ဒီအချိန်ရောက်ရင်တော့ ကလေးက အိပ်ကို အိပ်ရမယ် စသဖြင့် အတင်း အကျင့်မလုပ်ပါနဲ့။ တချို့မေမေတွေဆို နေ့ခင်းမှာ ကလေးက အိပ်နေရင် ညမအိပ်မှာ စိုးလို့ ကလေးကို အတင်းနှိုးထားတာတွေ ရှိပါတယ်။ဒီလို မလုပ်ရပါဘူး။ မွေးစကလေးက ခုမှ အပြင်လောကကြီးနဲ့ သဟဇာတဖြစ်အောင် နေနေရတုန်းပါ။ သူ့ကို ဖိအားမပေးပါနဲ့။ သူ့အနေနဲ့ ခဏခဏ အိပ်ဖို့ လိုပြီး ခဏခဏလည်းနို့စို့ဖို့ လိုပါတယ်။ ဒါမှ ကျန်းကျန်းမာမာနဲ့ ကြီးထွားလာမှာပါ။ နေ့နဲ့ ညမှားတာက နောက်ပိုင်း ပြင်ပေးလို့ရပါတယ်။ မွေးစမှာတော့ သူ့သဘောအတိုင်း နေပါစေလား မေမေတို့။ဒါတွေက မေမေတို့ ပတ်ဝန်းကျင်မှာ ကြားကြားနေရတဲ့ အကြောင်းတွေပါပဲ။ ဘယ်ဟာ အမှန် ဘယ်ဟာ အမှားဆိုတာ မေမေတို့ ဆုံးဖြတ်နိုင်ကြပါစေ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%99%e1%80%bd%e1%80%b1%e1%80%b8%e1%80%85%e1%80%80%e1%80%9c%e1%80%b1%e1%80%b8-%e1%80%90%e1%80%bd%e1%80%b1%e1%80%94%e1%80%b2%e1%80%b7-%e1%80%95%e1%80%90%e1%80%ba%e1%80%9e%e1%80%90%e1%80%ba%e1%80%95/
မွေးကင်းစကလေး တွေကို မေမေတို့ ဒါတွေ မလုပ်ရဘူးနော်
မွေးကင်းစကလေးကို ပြုစုစောင့်ရှောက်တဲ့နေရာမှာ မေမေတို့အနေနဲ့ ဆောင်ရန် ရှောင်ရန်တွေ အများကြီးပါပဲ။ အထူးသဖြင့် မေမေတို့က ကောင်းစေချင်လို့ လုပ်လိုက်ပေမယ့် ကလေးအတွက် ဆိုးကျိုးဖြစ်သွားတာလေးတွေ ရှိပါတယ်။ နောက် ဘာမှမဖြစ်လောက်ဘူးလို့ ထင်ထားပေမယ့် ကြီးကြီးမားမားထိခိုက်သွားနိုင်တာလေးတွေပေါ့။ အောက်မှာ ဆက်ပြောမှာကတော့ မေမေတို့ ကလေးလေးတွေကို မလုပ်သင့်တဲ့ အရာလေးတွေပါ။မေမေတို့ရေ ကလေးလေးကခေါင်းရိတ်မှ ဆံပင်သန်မယ်ဆိုတာ မဟုတ်ပါဘူးနော်။ သိပ်ရိတ်ပေးချင်ရင်လည်း နောက်မှရိတ်ပါ၊ ခုတော့ မရိတ်ပါနဲ့ဦး။ ဆံပင်တွေက ကလေးရဲ့ ခေါင်းအတွက် အကာအကွယ်ပါ။ ခေါင်းမအေးအောင် ကာပေးထားတာပါ။မေမေတို့ ရိတ်လိုက်ရင် ကလေးက ကတုံးပြောင်ပြောင်နဲ့ အေးနေမှာပေါ့။ ပြီးတော့ မတော်တဆများ ဓားရှမိရင် ဒဏ်ရာကနေတဆင့် ဦးနှောက်ထဲကို ပိုးဝင်တတ်တယ်နော် မေမေတို့။ကလေးငိုရင် ဗိုက်ဆာလို့လား၊ ရှူးစိုနေလို့လား တစ်ချက်တော့ ထကြည့်လိုက်ပါ မေမေတို့ရေ။ ကလေးလေးက တစ်ခါတလေ မေမေတို့ ဂရုစိုက်တာ ခံချင်လို့လည်း ငိုတတ်ပါတယ်။ ဒါကြောင့် ကလေးကို ပစ်မထားဘဲချော့မြှူပေးပါ။မွေးစကလေးရဲ့ နားတွေ၊ နှာခေါင်းတွေက ထင်သလောက် မညစ်ပတ်ပါဘူး။ ဒါကြောင့်နားကြပ်တံတွေနဲ့ အတင်းမကလော်ပါနဲ့။ ဂွမ်းစတွေ နားထဲမှာ ကျန်တတ်တာ၊ ကလေး ရုန်းလိုက်လို့ ထိုးမိတာတွေ ဖြစ်တတ်ပါတယ်။ ရေစိုဝတ်လေးနဲ့ အပြင်ပိုင်းကို သန့်ရှင်းရေး လုပ်ရုံနဲ့တင် လုံလောက်ပါတယ်။သွားမပေါက်သေးဘူးဆိုပေမယ့်ကလေးသွားဖုံးနဲ့ လျှာကိုတော့ သန့်ရှင်းရေးလုပ်ပေးပါ။ အဝတ်နုနုလေးကို ရေနွေးလေး စွတ်ပြီး ဖြစ်ဖြစ်၊ ကလေးသုံး သွားဖုံးတိုက်တံလေးနဲ့ ဖြစ်ဖြစ် သန့်ရှင်းရေး လုပ်ပေးပါ။ဖေဖေ မေမေတို့နမ်းချင်ရင်တောင် တစ်ကိုယ်ရည် သန့်ရှင်းရေး လုပ်ပေးမှ နမ်းပါ။ အပြင်လူတွေကို ပေးမနမ်းပါနဲ့။ အထူးသဖြင့် နေမကောင်းတဲ့ သူတွေပေါ့။ ကလေးရဲ့ ခုခံအားက ကောင်းကောင်း မဖွံ့ဖြိုးသေးတော့ လူကြီးဆီကပိုးတွေ ကလေးဆီကို ရောက်ပြီး နေမကောင်းဖြစ်တတ်ပါတယ်။ကလေး အသက် ၁နှစ် ပြည့်တဲ့အထိ တစ်ပတ်ကို ၂ခေါက် ၃ခေါက် ချိုးရင် လုံလောက်ပါပြီ။ ရေစိမ်ချိုးတာထက် ရေပတ်ဝတ်တိုက်တာ ပိုသင့်တော်ပါတယ်။ ကလေးဆပ်ပြာ အပျော့စားပဲ သုံးပါ။ ကလေးအရေပြားက အဖြူဖတ်တွေကို အတင်းမခွာပါနဲ့။ အဲ့တာလေးတွေကကလေးအရေပြားကတဆင့် ပိုးမဝင်အောင် ကာကွယ်ပေးပါတယ်။အနှီးကတစ်ထပ်၊ အနွေးထည်က တစ်ထပ်၊ စောင်ကတစ်ထပ်၊ လက်အိတ်၊ ခြေအိတ်တွေ၊ ဦးထုပ်တွေနဲ့ ထွေးမထားပါနဲ့။ အေးလွန်းတဲ့ နေရာဆိုရင်တော့ တစ်မျိုးပေါ့။ မဟုတ်ရင် ကလေးက ပူပြီး ချွေးတွေပဲ ထွက်လာမှာပါ။တချို့တွေက ကလေး ချက်စူလို့၊ အိပ်နေရင် လန့်နိုးတတ်လို့ဆိုပြီး မှောက်လျက် သိပ်ပါတယ်။ မှောက်လျက်သိပ်တာကကလေးကို အသက်ရှူကျပ်ပြီး သေတတ်လို့ ပက်လက်ပဲ သိပ်ပေးနော်။ကလေးက အိပ်နေရင်း ရုန်းလိုက်တဲ့အခါ ခေါင်းအုံးတွေ စောင်တွေက ကလေးမျက်နှာပေါ် ပိပြီး ပြန်မဖယ်နိုင်တော့ အသက်ရှူလို့မရဘဲ သေတတ်ပါတယ်။ဒါကြောင့် မေမေတို့ ကလေး အိပ်ရာထဲမှာ ဘာမှ မထားပါနဲ့။ ကလေးကို အေးမှာစိုးရင် အိပ်ခါနီးမှ အနှီးထူထူလေး ထုပ်ပြီး ခြေအိတ်၊ လက်အိတ်၊ ဦးထုပ်ဆောင်းပေးလိုက်ပါ။ ဒီလောက်ဆို လုံလောက်ပါတယ်။ကလေးချက်ကို မြန်မြန်ကြွေအောင် ဆိုပြီး အရက်ပြန်တို့၊ ဆေးတို့ဖတ်တို့၊ သနပ်ခါးတို့ ဘာမှ မထည့်ပါနဲ့။ ရေနွေးဝတ်လေးနဲ့ပဲ သန့်ရှင်းရေး လုပ်ပေးပါ။ ဘာမှမထည့်တာက အန္တရာယ်ပိုကင်းပါတယ်။ကာကွယ်ဆေးထိုးရင် ကလေးဖျားမှာစိုးလို့ ဆိုပြီး မထိုးဘဲ မနေပါနဲ့။ ကာကွယ်ဆေးထိုးတဲ့ ကလေးတိုင်း မဖျားပါဘူး။ ဖျားတာက ကုလို့ရပါတယ်။ ရောဂါပိုးတွေ ဝင်လာမှ ကလေး ဒုက္ခရောက်မှာပါ။သေးခံကို မကြာခဏ စစ်ပြီး ညစ်ပတ်နေရင် လဲပေးပါ။ ကလေးသေးခံလောင်နာ ဖြစ်တတ်ပါတယ်။ကလေးက မေမေ့ဗိုက်ထဲမှာ ကွေးကွေးလေးနေရလို့ ခြေထောက်လေးက ကွေးနေတာပါ။ အတင်းမဆန့်ပါနဲ့။ နောက်ပိုင်း သူ့ဟာသူ ဆန့်လာပါလိမ့်မယ်။ မေမေတို့ စိုးရိမ်ပြီး အတင်းဆန့်မှ ကလေးအရိုး ထိခိုက်သွားမှာပါ။ကလေးက မွေးစမှာ မေမေ့ဆီက အီစထရိုဂျင်ကြောင့် နို့လေးတွေ ဆူတတ်ပါတယ်။ ညှစ်လိုက်ရင် အရည်လေးတွေ ထွက်ပါတယ်။ ဒါက ရက်ပိုင်းလောက်ဆို ပျောက်သွားမှာပါ။ မေမေတို့ သွားညှစ်ရင် ကလေးလည်း နာတယ်။ လက်ကမသန့်ရင် ပိုးလည်း ဝင်ဦးမယ်။မွေးစကလေးကို အငိုတိတ်အောင်ဆိုပြီးချိုလိမ်တွေ ပေးမစို့ပါနဲ့။ တချို့ကလေးတွေက ပြဿနာ မရှိပေမယ့် တချို့ကလေးတွေက ချိုလိမ်နဲ့ အမေနို့ကို မခွဲတတ်တော့ ချိုလိမ်ပဲ စွဲပြီး အမေနို့ကို ကောင်းကောင်း မစို့တာတွေ ဖြစ်နိုင်ပါတယ်။ဆရာဝန်က အမေနို့တိုက်ဖို့ အဆင်မပြေဘူး (ဥပမာ ရောဂါတစ်မျိုးမျိုးကြောင့်၊ သောက်နေတဲ့ ဆေးတွေကြောင့်)လို့ မတားရင် အမေနို့ပဲ တိုက်တာ အကောင်းဆုံးပါ။ အသက်၆လအထိ အမေနို့ပဲ တိုက်ပါ။ ရေလည်း တိုက်စရာ မလိုပါဘူး။ကလေးအသားဝါရင် ရှူးများများပေါက်အောင် ရေတိုက်လေ့ရှိကြပါတယ်။ ရှူးက အမေနို့တိုက်လည်း ပေါက်ပါတယ်။ ရေတိုက်မှ မဟုတ်ပါဘူး။ ရေတိုက်ရင် ကလေးက ရေပဲရမှာပါ။ အာဟာရ ရမှာ မဟုတ်ပါဘူး။ အသားဝါတာကို ဆရာဝန်တွေ ကုပါလိမ့်မယ်။ မေမေကသာ ကလေးကို အားရှိအောင် ကလေးကို နို့တိုက်ပေးပါ။ကဲ မေမေတို့ရေ ဒီအချက်တွေထဲက ဘယ်နှချက်များ ကလေးကို လုပ်နေမိပြီလဲ။ သိသွားရင် မလုပ်နဲ့တော့နော်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/things-shoukd-not-do-to-newborn/
ဦးနှောက်နှင့် မှတ်ဉာဏ်ကို အကျိုးပြုမည့် အစားအစာများ
ဦးနှောက်ဟာ ကိုယ်ခန္ဓာတစ်ခုလုံးကို ထိန်းချုပ်ရာ ပင်မနေရာပဲ ဖြစ်ပါတယ်။ သင့်နှလုံး ပုံမှန်ခုန်စေဖို့၊ သင့်အဆုတ်တွေ ပုံမှန်အသက်ရှူဖို့၊ သင်လှုပ်ရှား တွေးတော ခံစားတတ်ဖို့ ဦးနှောက်က အဓိက ကျပါတယ်။ ဦးနှောက်ရဲ့ ကျန်းမာရေး အကောင်းဆုံးအခြေအနေရှိမှမှတ်ဉာဏ်၊အာရုံစူးစိုက်မှုစတဲ့အခြေအနေတွေလည်း ကောင်းမွန်စွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဦးနှောက်နှင့် မှတ်ဉာဏ်ကို အကျိုးပြုမည့် အစားအစာများ အကြောင်းလေး လေ့လာလိုက်ရအောင်နော်။ယခုဆက်လက်ဖော်ပြမှာကတော့ ဦးနှောက်နဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာကို ကောင်းစွာ အကျိုးပြုမယ့် အစားအစာတွေအကြောင်းပဲ ဖြစ်ပါတယ်။ဦးနှောက်နှင့် မှတ်ဉာဏ်ကို အကျိုးပြုမည့် အစားအစာများ ကတော့။၁။အဆီဓာတ်ကြွယ်ဝတဲ့ ငါးများ။ဦးနှောက်ကို အကျိုးပြုတဲ့ အစားအစာတွေအကြောင်းပြောရင် အဆီကြွယ်ဝတဲ့ ငါးများကို ထိပ်ဆုံးက ဖော်ပြရမှာ ဖြစ်ပါတယ်။ ဆယ်လ်မွန်၊ ထရောက်ငါး၊ ငါးသေတ္တာ စတဲ့ငါးတွေ ဖြစ်ပါတယ်။ သူတို့မှာ Omega 3 ဖက်တီးအက်ဆစ် ကြွယ်ဝပါတယ်။ဦးနှောက်ဟာ Omega 3 ကို ဦးနှောက်ဆဲလ်များ၊ အာရုံကြောဆဲလ်များ တည်ဆောက်ရာမှာ အသုံးပြုပါတယ်။ ဒါကြောင့် Omega 3 ဟာ သင်ယူခြင်း၊ မှတ်သားခြင်း စတာတွေအတွက် မရှိမဖြစ် အသုံးဝင်ပါတယ်။အသက်အရွယ်ကြီးရင့်လို့ ဦးနှောက်အာရုံကြောပိုင်းဆိုင်ရာများ ကျဆင်းလာခြင်းကိုလည်း နှေးစေပါတယ်။ ဥပမာ အယ်လ်ဇိုင်းမားရောဂါ။၂။ကော်ဖီ။ကော်ဖီမှာ ကဖိန်းဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ ကဖိန်းဟာ ဦးနှောက်ကို အကျိုးပြုပါတယ်။ သင့်ကို အိပ်ငိုက်စေဖို့ အချက်ပေးတဲ့ အဒီနိုဆင်းကို တားဆီးခြင်းအားဖြင့် သင့်ကို နိုးကြားစေပါတယ်။ ဆီရိုတိုနင်ဟော်မုန်းလို အာရုံကြောလျှပ်ကူးပစ္စည်းများကို အားမြှင့်ပေးပြီး နေရထိုင်ရကောင်းစေပါတယ်။ အာရုံစူးစိုက်မှကို ကောင်းစေပါတယ်။ ကော်ဖီကို စွဲစွဲမြဲမြဲသောက်သုံးသူများဟာ ပါကင်ဆန်ရောဂါ၊ အယ်လ်ဇိုင်းမားရောဂါ စတာတွေ ဖြစ်ပွားနိုင်ခြေ လျော့နည်းစေပါတယ်။၃။ဘလူးဘယ်ရီ။ဘလူးဘယ်ရီမှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ဦးနှောက်ရဲ့ အိုမင်းရင့်ရော်ခြင်း၊ အာရုံကြောဆဲလ်များ ချို့ယွင်းပျက်စီးလာခြင်းကို အထိုက်အလျောက် ကာကွယ်ပေးပါတယ်။ ဦးနှောက်ဆဲလ်များအတွင်း ဆက်သွယ်မှု များကို တိုးတက်စေပါတယ်။ မှတ်ဉာဏ်ကိုလည်း တိုးတက်စေတယ်လို့ ဆိုပါတယ်။၄။နနွင်း။ဟင်းချက်ရာမှာ အသုံးပြုတဲ့ နနွင်းဟာလည်း ဦးနှောက်အကျိုးပြု စားသောက်ဖွယ်ရာစာရင်းမှာ ပါဝင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်တဲ့ အာနိသင်နဲ့ ရောင်ရမ်းမှုကို ကျစေတဲ့ အာနိသင်တွေ ရှိပါတယ်။ နနွင်းမှာပါဝင်တဲ့ curcumin ဆိုတဲ့ ဓာတ်ပစ္စည်းဟာ အယ်လ်ဇိုင်းမားဝေဒနာသည်တွေမှာ မှတ်ဉာဏ်ကို တိုးတက်စေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆီရိုတိုနင်နဲ့ ဒိုပါမင်းဟော်မုန်းများကို အားမြှင့်ပေးတာကြောင့် စိတ်ကျခြင်းကို သက်သာစေပါတယ်။၅။ပန်းပွင့်စိမ်း။ပန်းပွင့်စိမ်းမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနဲ့ ဗီတာမင် K ကြွယ်ဝပါတယ်။ ဗီတာမင် K ဟာ ဦးနှောက်ထဲက အဆီဓာတ်တစ်မျိုးဖြစ်ပေါ်ရေးအတွက် အရေးကြီးပါတယ်။ သုတေသနအချို့အရ ဗီတာမင် K ပိုမိုရရှိရင် မှတ်ဉာဏ်ပိုကောင်းစေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပန်းပွင့်စိမ်းမှာပါဝင်တဲ့ ရောင်ရမ်းမှုကျစေတဲ့ ပစ္စည်းများ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ဦးနှောက်ပျက်စီးလာခြင်းကို သက်သာစေပါတယ်။၆။ရွှေဖရုံစေ့။ရွှေဖရုံစေ့မှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ဖရီးရယ်ဒီကယ်များကြောင့် ဦးနှောက်ဆဲလ်များ ပျက်စီးရမယ့် အခြေအနေကို အကာအကွယ်ပေးပါတယ်။ ရွှေဖရုံစေ့မှာ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ ဇင့်၊ ကြေးနီ စတဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ ဇင့်ဓာတ်ဟာ အာရုံကြောဆလ်များအကြား ဆက်သွယ်မှုအတွက် အရေးကြီးပါတယ်။ မဂ္ဂနီဆီယမ်ဟာ သင်ယူခြင်း၊ မှတ်သားခြင်းအတွက် မရှိမဖြစ် အရေးပါပါတယ်။ မဂ္ဂနီဆီယမ်ချို့တဲ့ရင် ဦးနှောက်နဲ့ အာရုံကြောပြဿနာတွေ ဖြစ်ပေါ်တတ်ပါတယ်။ ကြေးနီဓာတ်ဟာလည်း အာရုံကြောဆဲလ် အချက်ပြခြင်းတွေကို အထောက်အကူပြုပါတယ်။၇။အနက်ရောင် ချောကလက်(Dark Chocolate)။အနက်ရောင် ချောကလက်မှာ ဦးနှောက်ကို အကျိုးပြုတဲ့ ဖလာဗိုနွိုက်၊ ကဖိန်း စတဲ့ ဓာတ်ပစ္စည်းတွေနဲ့ တခြား ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ ဖလေဗာနွိုက်ဟာ သင်ယူမှတ်သားခြင်းကို ပိုမိုကောင်းမွန်စေပါတယ်။ မှတ်ဉာဏ်တိုးတက်စေတဲ့အပြင် အသက်ကြီးလို့ဖြစ်လာတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို လျော့ပါးစေပါတယ်။…………………………………………………………………….။အထက်ဖော်ပြပါ အစားအစာများအပြင် ဥအမျိုးမျိုး၊ Green tea၊ အခွံမာသီးများ၊ လိမ္မော်သီး စတာတွေဟာ ဦးနှောက်နဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာတွေကို အကျိုးပြုပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/11-brain-foods/
ပြင်ပပစ္စည်း မတော်တဆမျိုချမိခြင်း
ဘယ်သူမဆို ပြင်ပအရာဝတ္ထုတစ်ခုခုကို မှားမျိုချမိတတ်ပါတယ်။ ဒီအခါ အစာလမ်းကြောင်းက ပစ္စည်းပေါ်သက်ရောက်မှုတွေဖြစ်ပြီး ခန္ဓါကိုယ်ကနေအလိုလျောက် ထွက်သွားတတ်ပါတယ်။ အချို့ ကိစ္စတွေမှာတော့ တစ်နေတတ်တာ လမ်းတစ်လျောက်မှာ ဒဏ်ရာဖြစ်စေတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရင်တော့ သင့်အနေနဲ့ ဆရာဝန်နဲ့ပြသဖို့လိုလာပါလိမ့်မယ်။ အခြေအနေပေါ်မူတည်ပြီး ခွဲစိတ်ဖို့လည်း လိုပါလိမ့်မယ်။ပြင်ပပစ္စည်း မှားယွင်းမျိုချမိတဲ့ကိစ္စဟာ ဘယ်လောကိ အဖြစ်များသလဲ?။အဖြစ်များပြီး အသက်မရွေးထိခိုက်နိုင်ပါတယ်။ ကလေးတွေနဲ့ နို့စို့အရွယ်တွေဟာ စပ်စုလိုပြီး တွေ့သမျှပါးစပ်ထဲထည့်တတ်တဲ့ အကျင့် ရှိတာကြောင့် ပိုဖြစ်တတ်ပါတယ်။ ပိုသိလိုပါက သင့်ဆရာဝန်နဲ့ တိုင်ပင်ပါ။တကယ်လို့ ကလေးတစ်ယောက် က ပြင်ပအရာမျိုချမိလို့ လည်ပင်းမှာ မနင်ဘူးဆိုရင် လက္ခဏာချက်ချင်း ပြမှာမဟုတ်ပါဘူး။ အဲ့ပစ္စည်းက အစာလမ်းကြောင်းမှာရှိနေပြီး သဘာဝအတိုင်း ထွက်သွားပါလိမ့်မယ်။ အဲ့လိုမှ မဟုတ်ရင် လက္ခဏာတွေ နောက်မှပြလာပါလိမ့်မယ်။ အစာလမ်းကြောင်းနဲ့အူလမ်းကြောင်းမှာပိတ်နေရင် ဖြစ်နိုင်တဲ့ symptom တွေကတော့ :။ဒီလို ဆို့နေတာကို ကုသမှုမရှိပါက နမိုးနီးယား ဖြစ်နိုင်ပါတယ်။ ရင်ဘတ်အောင့်ခြင်း, ချောင်းဆိုး သလိပ်ထွက်ခြင်း , နှာချေခြင်း စတာတွေဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေမှာအဖျားလည်း တွဲပါလာတတ်ပါတယ်။အထက်ဖော်ပြပါ လက္ခဏာတွေမှာမပါတာတွေဖြစ်နိုင်ပါတယ်။ သင်သိရှိလိုပါက ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။အစာမဟုတ်တဲ့ အရာမျိုချမိပါက ဆရာဝန်နဲ့ ပြသပါ။ထိုအရာကို သေချာပြောပြပါ။အကယ်၍ဘာလက္ခဏာမှ မပြပဲဆရာဝန်ကလည်း လုနာအခြေအနေကို ကျေနပ်တယ်ဆိုရင် နောက်မှအချိန်မှန်ပြသနိုင်ပါတယ်။တကယ်လို့ လက္ခဏာပြနေပြီး မျိုချမိတဲ့ အရာကို ဆရာဝန်ကစိုးရိမ်နေတယ်ဆိုရင် ချက်ချင်း ခွဲခန်းဝင်ရပါမယ်။တကယ်လို့ လက္ခဏာတွေကဆက်ပြနေပြီး မသက်သာဘူးဆိုရင် မျိုချမိတာနဲ့ ချက်ချင်း ဆေးရုံသွားပါ။တကယ်လို့ မျိုးတူပစ္စည်းရှိတယ်ဆိုရင် ဆရာဝန်က ပိတ်နိုင်ချေကို ခွဲခြား လို့ရအောင် ယူသွားပါ။တကယ်လို့ သင့်ကလေးမှာ အထက်ဖော်ပြပါ လက္ခဏာတွေထဲက တစ်ခုခုတွေ့လာပြီဆိုရင် , မေးစရာမေးခွန်းတွေရှိပြီဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပါ။ လူတိုင်းရဲ့ ခန္ဓါကိုယ်တွေက လုပ်ဆောငိမှုမတူကြတဲ့အတွက် သင်နဲ့သင့်တော်မယ့် အကောင်းဆုံးအခြေအနေကိုရွေးချယ်ပါ။သံလိုက်ဓါတ်ပါတဲ့ ပစ္စည်းတွေမျိုချမိတာက အရေးပေါ်အခြေအနေဖြစ်ပါတယ်။ ဒါကြေုင့် သင့်ကလေး မျိုးချမိတယ်ဆိုရင် ကုသမှုခံယူပါ။ကလေးတွေနဲ့ နို့စို့အရွယ်တွေဟာ စပ်စုလိုပြီး တွေ့သမျှပါးစပ်ထဲထည့်တတ်တဲ့ အကျင့်ရှိပါတယ်။ ဒီအရွယ်တွေဟာ မြေပဲနဲ့ ဟော့ဒေါ့လို အစာတွေကို ကြေအောင်မစားနိုင်သေးပါဘူး။ ကလေးကြီးတွေကတော့ စိတ်အခြေအနေရ အာရုံစိုက်မှုခံချင်တဲ့အတွကိ အစာမဟုတ်တဲ့ အရာတွေကို မျိုတတ်ကြပါတယ်။ဒီအခြေအနေတွေက အစာပြွန်ကို ကျဉ်းစေပြီး အစာကို နင်စေပါတယ်။ကလေးတွေနဲ့ နို့စို့အရွယ်တွေဟာ လျောက်သွားပြီး တွေ့သမျှပါးစပ်ထဲထည့်တတ်တဲ့ အကျင့်ရှိပါတယ်။ ဒီလိုမတော်တဆဖြစ်သူကို ကြည့်ရင်အများစုက ၃ နှစ်အောက်ကလေးတွေပါ။ တကယ်လို့ ဘယ်သူမှမထိန်းဘူးဆိုရင် ကလေးတွေ မျိုချနိင်ချေက ပိုမြင့်တတ်ပါတယ်။ ပြီးတော့ ဒီလိုအရာတွေ :။ကလေးပါးစပ်နဲ့ ဆန့်တဲ့အရာမှန်သမျှ ဟာ အနီးအနားမှာရှိနေရင် ကလေးကို စောင့်ကြည့်သူမရှိတာနဲ့ မျိုချမိတတ်ပါတယ်။ ဒါကြောင့်ကလေးကစားမယ့်နေရာသီးသန့်မှာ ဒီပစ္စည်းတွေမထားဖို့ သတိပြုပါ။ယခုဖော်ပြမည့် အကြောင်းအရာသည် ဆေးပညာ အကြံပြုချက်များ၏ အစားထိုးမဟုတ်ပါ။ နောက်ထပ် သိရှိလိုသည်များအတွက် ဆရာဝန်၊ ကျွမ်းကျင်သူတို့နဲ့ အမြဲတမ်း ဆွေးနွေးတိုင်ပင်ပေးပါ။ဆရာဝန်အနေနဲ့ ဖြစ်ပုံကိုသေချာမေးပါလိမ့်မယ်။ ဘယ်လိုအရာကို မျိုချမိတု ဘယ်အချိန်မှာဖြစ်တာ ပြီးတော့လက်ရှိ ခံစားနေရတာကိုပါ မေးမြန်းပါလိမ့်မယ်။ စမ်းသပ်မှုတွေကတော့ ပါးစပ် လည်ချောင်းနဲ့ အဆုတ်ကို အဓိကထား ကြည့်ရှုပါလိမ့်မယ်။ အောက်ပါ စမ်းသပ်မှုတွေထဲက တစ်ခုဒါမှမဟုတ် တစ်ခုထပ်ပိုပြီး လုပ်ဆောင်ပါလိမ့်မယ်။– လည်ပင်း ရင်ဘတ်နဲ့ ဝမ်းဗိုက်ကို X -ray ရိုက်ပြီး အကြွေစေ့ ဘက်ထရီ အရိုးလို အရာတွေ ဘယ်မှာရှိနေနိုင်သလဲ ဆိုတာ ရှာဖွေပါလိမ့်မယ်။ ပံမှန် X -Ray နဲ့ မမြင်ရရင် barium သုံးပြီး X Ray ရိုက်တဲ့နည်းကို သုံးပါလိမ့်မယ်။– ဆရာဝန်က အသံအိုးနေရာကို special fiber။-optic light ကိုသုံးပြီးတိုက်ရိုက်ကြည့်တာ ဒါမှမဟုတ် dental မှန်ကိုသုံးပြီး indirect ကြည့်တာ လုပ်နိုင်ပါတယ်။ ဒီနည်းကလည်း ပူးပေါင်းတတ်တဲ့လူနာလိုအပ်ပါတယ်။-Fiber optic scope (endoscopy) နဲ့လည်ချောင်းကို ကြည့်နိုင်ပါတယ်။ ဒီနည်းက short procedure unit ဒါမှမဟုတ် operating room ထဲမှာလုပ်နိုင်ပါတယ်။တကယ်လို အသက်ရှူ ကြပ်တာ နင်တာဖြစ်နေပြီဆိုရင် အရေးပေါ်ကုသနည်းတွေ လိုအပ်ပါပြီ။ တကယ်လို့ စကားမပြောနိုင်အသံမထွက်နိုင်အောင် နင်နေတယ်ဆိုရင် ဝမ်းဗိုက်ကို ဖိနိပ်တာမျိုးရှောင်ပါ။ အရင်ဆုံး လူနာကို လည်ချောင်းရှင်းအောင်စောင့်ကြည့်ပါ။ လေပြွန်ရှင်းသွားပြီဆိုတာနဲ့ အိမ်မှာတင် လုပ်လို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။ စိတ်လှုပ်ရှားနေတဲ့ ကလေးဒါမှမဟုတ် မြီးကောင်ပေါက်အရွယ်ကို စိတ်ငြိမ်အောင်လုပ်ပေးထားနိုင်ပါတယ်။ဆရာဝန်အနေနဲ့ ဒီလိုဖြစ်ရပ်မှာ အစာရေမျိုပြွန်ကို ထိခိုက်မှု အသေးစားဖြစ်စေနိုင်တယ်လို့ ယူဆပြီး လူနာကို တစ်ခုခုသောက်တာ စားတာလုပ်ခိုင်းနိုင်ပါတယ်။တစ်ကယ်လို့ အခက်အခဲ နဲ့ နာကျင်မှုတွေမရှိပဲ မျိုချနိုင်တယ်ဆိုရင် အရေးပေါ်အခြေအနေတွေလုပ်ဖို့ မလိုအပ်တော့ပါဘူး။တကယ်လို့ ပစ္စည်းက လည်ပင်းနောက်ပိုင်းမှာ ကြည့်ရုံနဲ့ မြင်နေရတယ်ဆိုရင် ဆရာဝန်က ဖယ်ထုတ်ဖို့ ကြိုးစားပါလိမ့်မယ်။ ပိုသက်တောင့်သက်သာရှိဖို့အတွက် ထုံဆေးပေးထားပါလိမ့်မယ်။ ဆရာဝန်က ခွဲခန်းသုံးညှပ်နဲ့ ဆွဲထုတ်ပါလိမ့်မယ်။တကယ်လို့ နင်နေတဲ့ပစ္စည်းက အသံအိုးနားမှာဆိုရင် ချက်ချင်း ဖယ်ထုတ်ဖို့လိုပါတယ်။ဒီလိုလုပ်တာကိုတော့ အရေးပေါ်ခန်းမှာမလုပ်ဆောင်ပါဘူး။ နား နှာခေါင်း လညိချောင်းအထူးကုတွေက short procedure unit ဒါမှမဟုတ် operation room လောက်မှာပဲလုပ်ဆောင်ပါတယ်။အစာအပါအဝင်အခြားအရာတွေက လည်ပင်းထဲမှာတစ်နေတာဆိုရင် ဖယ်ထုတ်ရပါလိမ့်မယ်။ ဒီဟာကို တော့ အူလမ်းကြောင်းအထူးကုတွေက fiber optic scope သုံးပြီး လုပ်ဆောင်ကြပါမယ်။ တစ်ခါတစ်ရံမှာ အစာပြွန်အထက်ပိုင်းမှာပိတ်မိနေတဲ့ အရာတွေကို ထုတ်ချင်တယ်ဆိုရင် ပြွန်( catheter) ကို ထိုအရာဝတ္တုအောက်ထိသွင်းပြီး ပူဖောင်းကို လေသွင်းလိုက်ပါတယ်။ ထိုအခါ တစ်နေတဲ့အခါက ပါးစပ်ကနေ ဆွဲထုတ်လို့ရသွားပါတယ်။အစာအပါအဝင်အခြားအရာတွေက လည်ပင်းထဲမှာတစ်နေတာဆိုရင် တစ်ခါတစ်ရံ ဆေးပေးပြီးကုကြပါတယ်။Nitroglycerine ကိုလျှာအောက်မှာပေးတာ glucagon ကို အကြောဆေးသွင်းတာတွေက အစာပြွန်ကို ပြေလျော့စေပြီး ပစ္စည်းကို အစာအိမ်ထဲရောက်သွားစေပါတယ်။ ဒီအတွက် IV catheter လိုပြီး အောင်မြင်နိုင်ချေက နည်းပါးပါတယ်။ အစာအိမ်ထဲရောက်သွားရင်တော့ အစာဟောင်းတွေနဲ့အတူပါသွားပါလိမ့်မယ်။ဘက်ထရီလိုအရာနဲ့ အခြားချွန်ထက်တဲ့ အပ်တွေအရိုးတွေလိုမျိုးအရာတွေဆိုရင်ပိုသတိပြုဖို့လိုပါလိမ့်မယ်။သူတို့တွေက လွယ်လွယ်စွန့်ထုတ်လို့ရနိင်ပေမယ့် အူလမ်းကြောင်း တစ်နေရာမှ ညပ်နေတတ်ပါတယ်။အချိန်တော်တော်ကြာ တစ်နေတဲ့ အရာတွေဟာ အစာပြွန် တိုက်စားမှုကို ဖြစ်စေပါတယ်။ လူနာကိုလည်း အဖျားတက်စေနိုင်ပါတယ်။ တိုက်စားမှုဖြစ်ပြီဆိုတာနဲ့ထပ်ပြီး တိုက်စားမှုတွေ ပိုးဝင်တာတွေမဖြစ်အောင် အဲ့အရာကိုအမြန်ဖယ်ရှားပြီး လိုအပ်တဲ့ ထိခိုက်မှုတွေကို ပြန်ကုသရမှာဖြစ်ပါတယ်။ပြင်ပပစ္စည်း မတော်တဆမျိုချမှုနှင့် နောက်ဆက်တွဲများ။ဆရာဝန်တွေနဲ့ အထူးကုတွေနောက်ဆက်တွဲအနေနဲ့ ပြသနိုင်ရင် ပိုကောင်းပါတယ်။ ခန္ဓါကိုယ်ထဲရောက်သွားတဲ့ပစ္စည်းမှန်သမျှကို အပြင်ထွက်သွားပြီဆိုတာ သေချာစေဖို့အတွက် X ray နဲ့ ပုံမှန်စစ်ဆေးကြည့်သင့်ပါတယ်။ မျိုချမိတဲ့ ပစ္စည်းကိုထုတ်ပြီးပြီဆိုတာနဲ့ အစာရေမျိုပြွန်ကို သေချာစစ်ဆေးကြည့်ဖို့လိုအပ်ပါတယ်။ ပြွန်ရဲ့ အနေအထားပုံမှန်ဖြစ်တယ်ဆိုတာ သေချာအောင်ပါ။ နောက်ဆက်တွဲ စစ်ဆေးမှုတွေကတော့ ပုံမှန်အားဖြင့်လိုအပ်ပါတယ်။ ဆိုးကျိုးတွေက ဖြစ်နေကျမို့လို့ပါပဲ။အောက်ပါ နေထိုင်မှုပုံစံတွေကပြင်ပပစ္စည်း မတော်တဆမျိုချမိတဲ့ပြသနာ မဖြစ်စေဖို့ ကာကွယ်နိုင်ပါတယ်။– အကြွေစေ့တွေ , အရုပ်အစိတ်အပိုင်းတွေ, ဘက်ထရီတွေကို ကလေးတွေလက်လှမ်းမမီနိုင်တဲ့ နေရာတွေမှာထားပါ။– အစားအစာတွေကို ကလေးနဲ့လူငယ်တွေစားဖို့ သင့်တော်တဲ့ အပိုင်းကလေးတွေအဖြစ်ဖြတ်တောက်ပါ။– တကယ်လို့ ကလေးတွေမှာ အဖတ် , အရည်နဲ့ စားစရာတွေကို မျိုချဖို့ခက်ခဲနေတယ်ဆိုရင် ဒါဟာ ဆေးကုသမှုခံယူဖို့ သင့်တော်တဲ့ လက္ခဏာတွေဖြစ်နိုင်ပါတယ်။သင်သိလိုတဲ့ မေးခွန်းများရှိပါက ပိုမိုသိရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%bb%e1%80%95%e1%80%84%e1%80%b9%e1%80%95%e1%80%95%e1%80%85%e1%81%a5%e1%80%8a%e1%80%b9%e1%80%b8-%e1%80%99%e1%80%b1%e1%80%90%e1%80%ac%e1%80%b9%e1%80%90%e1%80%86%e1%80%99%e1%80%ad%e1%80%ba%e1%80%b3/
အဆီ (သို့မဟုတ်) ကိုလက်စထရောနှင့် ပတ်သက်သည့် အယူအဆအလွဲများ
လူအများဟာ ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်စားသောက်ရာမှာအဆီဓာတ်များတဲ့ အစားအစာများကို ရှောင်ကြပါတယ်။ ဒါဟာ ယေဘုယျအားဖြင့် လိုက်နာသင့်တဲ့ အချက်ဖြစ်ပါတယ်။ အဆီဓာတ်ကို လိုတာထက်စားသုံးခြင်းအားဖြင့် ရောဂါအချို့ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ဒီအယူအဆကို တရားသေ သတ်မှတ်ခြင်းအားဖြင့် အဆီဓာတ်နဲ့ကိုလက်စထရောကြွယ်ဝတဲ့ အစားအစာတွေ စားသုံးခြင်းဟာ ရောဂါပေါင်းစုံကို ဖြစ်စေနိုင်တယ်ဆိုပြီး လုံးဝရှောင်ကြဉ်လာကြပါတယ်။ တကယ်တော့ တန်ဆေးလွန်ဘေးဆိုသလိုဘဲ အဆီဓာတ်ဟာကိုယ်ခန္ဓာအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရ တစ်မျိုးဖြစ်ပြီး စားသင့်စားထိုက်တဲ့ ပမာဏကိုတော့ စားသုံးရမှာ ဖြစ်ပါတယ်။ယခုဆက်လက်ဖော်ပြမှာကတော့ အဆီ (သို့မဟုတ်) ကိုလက်စထရောနဲ့ ပတ်သက်ပြီး လူအများကြားနေကြ ယုံတမ်းစကားတွေ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် မှန်သယောင်ထင်ရပေမယ့် ယူဆချက်လွဲနေတဲ့ အကြောင်းအရာတွေ ရှိပါတယ်။ဒါဟာ ကြားရများတဲ့ စကားတခွန်းဖြစ်ပါတယ်။ တကယ်တော့ ဘယ်အာဟာရဓာတ်ကိုမဆို လိုတာထက် အလွန်အကျွံစားရင် ကိုယ်အလေးချိန် တက်နိုင်ပါတယ်။ အဆီပါပေမယ့် အာဟာရမျှတတဲ့ စားသောက်ပုံဆိုရင် ကိုယ်အလေးချိန်ကို ထိန်းထားနိုင်ပါတယ်။ ဒါ့အပြင် အဆီဓာတ်ပါတဲ့ အစားအစာတချို့ဟာ အစာအစားချိန် တစ်ချိန်နဲ့တစ်ချိန်အကြား ဗိုက်ပြည့်နေတဲ့ ခံစားမှုကို ပေးတာကြောင့် ကိုယ်အလေးချိန်လျှော့ချရာမှာတောင် ကူညီရာရောက်ပါတယ်။ ဥအမျိုးမျိုး၊ ထောပတ်သီး၊ အခွံမာသီးများ၊ နို့ထွက်ပစ္စည်းများဟာ ဗိုက်ပြည့်စေတဲ့ ခံစားချက်ကို ပေးပါတယ်။တကယ်တော့ အဆင့်ဆင့်ပြုပြင်ထားတဲ့ အဆီများတဲ့ အစားအစာတွေကသာ ကိုယ်အလေးချိန်ကို တက်စေမှာ ဖြစ်ပါတယ်။ ပြောရရင် အစားအသောက်ရဲ့ အရည်အသွေးပါပဲ။ကိုလက်စထရောများတဲ့ အစားအစာအချို့ဟာ ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဥပမာ ရေခဲမုန့်၊ ဆီကြော်မုန့်များ၊ အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအသောက်များ စတာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုလက်စထရောများပြီး အာဟာရဓာတ်ကြွယ်ဝတဲ့ စားစရာတွေလည်း ရှိပါတယ်။ဥပမာ ကြက်ဥအနှစ်ဟာ ကိုလက်စထရောများပေမယ့် တခြားအရေးကြီးတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ ဒိန်ချဉ်မှာလည်း ကိုလက်စထရောများပေမယ့် ပရိုတိန်းနဲ့ ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝပါတယ်။ ဒါကြောင့် ကိုလက်စထရောများတဲ့ အစားအစာတိုင်း ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုတာ မမှန်ပါဘူး။ပြည့်ဝဆီဟာ မကောင်းတဲ့ LDL ကိုလက်စထရောကို တက်စေပြီး နှလုံးရောဂါဖြစ်နိုင်ခြေများစေပါတယ်။ ဒါပေမယ့် ပြည့်ဝဆီဟာ အရွယ်ကြီးပြီး ပေါ့ပါးတဲ့ LDL ကိုလက်စထရောအမှုန်များကိုပဲ တက်စေပြီး သေးငယ်သိပ်သည်းတဲ့ ကိုလက်စထရောအမှုန်တွေ ပါဝင်မှုတော့ နည်းပါတယ်။ သေးငယ်သိပ်သည်းတဲ့ ကိုလက်စထရောအမှုန်များဟာ နှလုံးရောဂါနဲ့ ဆက်နွယ်နေပါတယ်။ ဒါ့အပြင် ပြည့်ဝဆီကြောင့် အကျိုးပြု HDL ကိုလက်စထရောကိုလည်း မြင့်တက်နိုင်ပါသေးတယ်။ပြောရမယ်ဆိုရင် ပြည့်ဝဆီအမျိုးအစားတွေလည်း များစွာရှိပြီး ကျန်းမာရေးပေါ် အကျိုးသက်ရောက်ပုံလည်း အမျိုးမျိုးရှိပါတယ်။ ဆီအရည်အသွေးနဲ့လည်း ဆိုင်ပါတယ်။အမျိုးသမီးအများစုဟာ အဆီနည်းပါးတဲ့ အစားအစာတွေဟာ ကလေးအတွက် အကျိုးရှိမယ်ထင်ပြီး ကိုယ်ဝန်ဆောင်ချိန်မှာ အဆီကို လျှော့စားကြပါတယ်။ တကယ်တော့ အဆီဓာတ်ဟာ ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်ပါတယ်။ သန္ဓေသားရဲ့ဦးနှောက်အများစုကိုလည်း အဆီဓာတ်နဲ့ဖွဲ့စည်းတာမို့ ကိုယ်ဝန်ဆောင်ချိန်မှာ အဆီဓာတ်ကို ပိုမိုလိုအပ်ပါတယ်။အဆီဓာတ်ကြွယ်တဲ့ အစားအစာတချို့ဟာ အာဟာရဓာတ်ပြည့်ဝပြီး မိခင်အတွက်ရော ကလေးအတွက်ပါ အကျိုးဖြစ်စေပါတယ်။ ဥပမာ ကြက်ဥအနှစ်မှာ ကိုလင်းဓာတ်ကြွယ်ဝပြီး ကလေးရဲ့ ဦးနှောက်အာရုံကြောနဲ့ အမြင်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုပါတယ်။ ဒါ့အပြင်နို့ထွက်ပစ္စည်းတွေမှာ ကယ်လ်ဆီယမ်နဲ့ ဗီတာမင် K2 ကြွယ်ဝပြီး အရိုးများဖွံ့ဖြိုးလာစေဖို့ အကူအညီ ဖြစ်စေပါတယ်။သင့်အနေနဲ့ စူပါမားကတ်တစ်ခုထဲ ရောက်သွားချိန်မှာ အဆီဓာတ်ထုတ်ထားတဲ့ နို့၊ ရေခဲမုန့်၊ ကွတ်ကီး၊ ဒိန်ခဲ စသဖြင့် တွေ့နိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ရွေးချယ်စရာအဖြစ်လည်း တိုက်တွန်းပါလိမ့်မယ်။ ဒါပေမယ့် သတိပြုရမှာက အဆိုပါ အဆီမရှိတဲ့ စားစရာတွေဟာ သင့်ရဲ့ကျန်းမာရေးအလုံးစုံအတွက်တော့ မကောင်းနိုင်ပါဘူး။ အဆီထုတ်ပြုပြင်ထားတဲ့ အစားအစာတွေဟာ သဘာဝအလျောက် အဆီမပါတဲ့ စားစရာတွေလိုမဟုတ်ဘဲ ကျန်းမာရေးအပေါ် အနုတ်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်စေပါတယ်။ တာရှည်ခံစေဖို့ ပြုပြင်ထားတဲ့ အရာတွေကြောင့်လည်း ကျန်းမာရေးအတွက် မကောင်းပါဘူး။………………………………………………..။အဆီဓာတ်နဲ့ ကိုလက်စထရောဓာတ် မြင့်တက်ရင် ယေဘုယျအားဖြင့် မကောင်းပေမယ့် သူတို့ဟာလည်း ကိုယ်ခန္ဓာအတွက် လိုအပ်တယ်ဆိုတာ သတိပြုသင့်ပါတယ်။ ဘယ်အရာမှာမဆိုတန်ဆေးလွန်ဘေးဆိုတာ ရှိပါတယ်။ အဆီကို လုံးဝရှောင်တာမျိုး မဟုတ်ဘဲ သင့်တင့်မျှတတဲ့ပမာဏနဲ့ လိုအပ်သလို စားသုံးသွားရမှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
heart-health
heart-health
https://hellosayarwon.com/heart-health/cholesterol/fat-and-cholesterol/
အမျိုးသမီးတွေက အမျိုးသားတွေထက် အိပ်ချိန် ပိုမို လိုအပ်
အမျိုးသားတွေနဲ့ အမျိုးသမီးတွေမှာ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက် ကွာခြားမှု ရှိတယ်ဆိုတာကို အားလုံးလိုလို သိထားပြီး ဖြစ်မှာပါ။ အခုလည်း လေ့လာတွေ့ရှိမှုတွေအရ သိရတာက အမျိုးသားနဲ့အမျိုးသမီးတွေရဲ့ လိုအပ်ချက် ကွာခြားမှုတွေထဲမှာ အိပ်စက်ချိန်လည်း ပါဝင်နေတယ်ဆိုတာပါ။ ကျန်တဲ့ အချက်တွေကို သတိထားမိပေမယ့် တော်တော်များများက ဒီအချက်ကို သတိမထားမိပါဘူး။ ဒီတစ်ခေါက်တော့ အမျိုးသမီးတွေက အမျိုးသားတွေထက် အိပ်ချိန် ပိုမို လိုအပ် ရတဲ့ အကြောင်းအရင်းလေးကို ပြောပြပေးချင်ပါတယ်။လေ့လာမှုအရ သိရတာက အမျိုးသမီးတွေရဲ့  ဦးနှောက်က တစ်နေ့တာ လုပ်ငန်းစဉ်တွေကြောင့် ပင်ပန်းနွမ်းနယ်မှုတွေကို ဖြေဖျောက်ဖို့ အချိန် ပိုမို လိုအပ်ကြပါတယ်။ အိပ်ရေးပျက်တာ များတဲ့ အမျိုးသမီးတွေဟာ စိတ်အနှောင့်အယှက် ဖြစ်လွယ်တာ၊ ဒေါသဖြစ်လွယ်တာတွေကို ခံစားကြရပါတယ်။အမျိုးသားတွေနဲ့ နှိုင်းယှဉ် လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုတွေအရ သိရတာက အမျိုးသမီးတွေက အမျိုးသားတွေထက် အိပ်ချိန် ၁၅ မိနစ် ကနေ မိနစ် ၂၀ လောက် ပိုမို အိပ်စက်ဖို့ လိုအပ်ပါတယ်။ ဒါမှ ဦးနှောက်လုပ်ဆောင်မှုတွေက ပိုမိုကောင်းမွန်ကြတာပါ။ နောက်တစ်ချက်က အမျိုးသမီးတွေရဲ့ ဦးနှောက်က အချိန်တော်တော်များများမှာ တော်တော်လေး ကြိုးကြိုးစားစား အလုပ်လုပ်တတ်ကြတာကြောင့် အိပ်စက် အနားယူချိန်ကို ပိုမို လိုအပ်တာ ဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေကို ဖော်ထုတ်နိုင်ဖို့တော့ လိုအပ်ဦးမှာပါ။အမျိုးသမီးတွေက အမျိုးသားတွေထက် အိပ်ချိန် ပိုမို လိုအပ်ရတာက ဒီအချက်တွေကြောင့်ပါ။သေသေချာချာ စဉ်းစား​ကြည့်မယ်ဆိုရင် အမျိုးသားတွေထက် အမျိုးသမီးတွေရဲ့ တစ်နေ့တာ လုပ်ငန်းစဉ်တွေက ပိုများနေတတ်ပါတယ်။ အချိန်ပိုင်း အလုပ်လုပ်တဲ့ အမျိုးသမီးတွေပဲဖြစ်ဖြစ် အချိန်ပြည့် အလုပ်လုပ်တဲ့ အမျိုးသမီးတွေပဲ ဖြစ်ဖြစ်ပါ။ ကျွန်မတို့ရဲ့ မြန်မာနိုင်ငံမှာဆိုရင် အမျိုးသမီးလေးတွေဟာ အသက် ၁၀ နှစ် ဝန်းကျင်လောက် ရောက်လာပြီဆိုရင်  မိခင်ကို အိမ်အလုပ်တွေ ကူလုပ်ရင်း အလုပ်တာဝန်တွေကို စတင် ခွဲယူလာတတ်ပြီး ကျောင်းစာအပြင် အိမ်မှုကိစ္စတွေကို လုပ်ဆောင်နေကြတာမျိုး ရှိပါတယ်။အရွယ်ရောက်လာပြန်တော့လည်း အိမ်မှုကိစ္စတွေ ဖြစ်တဲ့ ချက်ပြုတ် လျှော်ဖွတ် မီးပူတိုက်တာတွေကစလို့ အိမ်ထောင်ရှင် လေဒီတွေဆိုရင်လည်း ကလေးထိန်းတာ၊ အမျိုးသား ဝေယျာဝစ္စတွေနဲ့ မိုးလင်းကနေ မိုးချုပ်အထိ အလုပ်များနေတတ်ကြပါတယ်။ ဒီတော့ တစ်နေ့တာမှာ ကာယအားရော ဉာဏအားကိုပါ ပင်ပင်ပန်းပန်း အသုံးပြုနေရတဲ့သူတွေဆိုရင် မမှားဘူးပေါ့။ ဝင်ငွေကိုလည်း ရှာတယ်။ အိမ်မှုကိစ္စလည်း ထောင့်စေ့ချင်တဲ့ လေဒီတွေဆိုရင်တော့ အတော်လေး ပင်ပန်းမယ်ဆိုတာ ထွေထွေထူးထူး ပြောစရာ မလိုအောင်ပါ။ ဒီလိုနဲ့ အိပ်ရေးပျက်တာများလာရင် ထိခိုက်တာတွေကို ခံစားလာရနိုင်တယ်ဆိုတာ သတိရစေချင်ပါတယ်။အပျိုဖော်ဝင်ချိန်ရောက်ပြီဆိုရင် လတိုင်းလိုလို ဟော်မုန်းပြောင်းလဲမှုကို ပြင်းပြင်းထန်ထန် ခံစားရပါတယ်။ လစဉ် ရာသီလာချိန်မှာ  ကိုယ်လက် ကိုက်ခဲတာ၊ ဗိုက်အောင့်တာတွေကြောင့်လည်း ပင်ပန်းနွမ်းနယ်မှုတွေကို ပြေလျော့စေဖို့ အိပ်ချိန် ပိုမို လိုအပ်ပါတယ်။ နောက်တစ်ချက်က ကိုယ်ဝန်ဆောင်ချိန် နဲ့ သွေးဆုံးချိန်တွေမှာလည်းဟော်မုန်း ပြောင်းလဲမှုတွေခံစားရနိုင်တာကြောင့် အိပ်ချိန် ပိုမို လိုအပ်ပါတယ်။ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုတွေ နဲ့ အခြားသော အကြောင်းအရင်းတွေကြောင့်အမျိုးသမီးတွေရဲ့ ဦးနှောက်က အိပ်ချိန်ကို ပိုမို လိုအပ်​ကြပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေက ဟော်မုန်း အပြောင်းအလဲကြောင့် စိတ်ခံစားမှု အပြောင်းအလဲဖြစ်တာ၊ စိတ်ဓာတ်ကျတာ၊စိတ်ဖိစီးတာတွေကို ခံစားရနိုင်တာကြောင့်လည်း ဒီအခြေအနေတွေကို ကာကွယ်ဖို့ အိပ်ချိန်ကို ပိုမို လိုအပ်ပါတယ်။နေ့စဉ် တာဝန်ယူလုပ်ဆောင်ရတဲ့ အလုပ်တွေ များတာကြောင့် အမျိုးသမီး အများစုက အနားယူချိန် လုံလောက်အောင် မရကြတာများပါတယ်။ ကလေးငယ် ရှိနေတာ၊ တာဝန်ယူထားရတဲ့ အိမ်ထောင်မှု တာဝန်တွေ များလွန်းတာ စသဖြင့် အမျိုးမျိုးသော အခြေအနေတွေကြောင့် အိပ်ချိန် အနားယူချိန် နည်းနေတတ်ကြပါတယ်။ ဒါကြောင့် အမျိုးသမီးတွေက အမျိုးသားတွေထက် အိပ်ချိန် ပိုမို လိုအပ်ကြတာပါ။အမျိုးသမီးတွေက အမျိုးသားတွေထက်ကိုယ်အလေးချိန်ထိန်းညှိဖို့ ခက်ကြပါတယ်။ အထူးသဖြင့် အိပ်ရေးပျက်တာ များတဲ့ အမျိုးသမီးတွေမှာပါ။ အမျိုးသမီးတွေက အိပ်ရေးပျက်တာ များလာလေလေ အိပ်မပျော်တဲ့ ကျန်းမာရေး ပြဿနာ ခံစားရနိုင်ခြေ များလာသလို အဝလွန်နိုင်ခြေလည်း များလာပါတယ်။အိပ်းရေးပျက်တာက ကိုယ်တွင်းမှာ စိတ်ဖိစီးမှုကို ဖြစ်စေနိုင်တဲ့ကော်တီစော ဟော်မုန်းများလာနိုင်တာကြောင့် အစားစားချင်စိတ် များလာရာကနေ အဝလွန်လာစေတာပါ။ ကိုယ်အလေးချိန် ထိန်းချင်ရင်တော့ အိပ်ရေးဝဝ အိပ်ဖို့ လိုပါမယ်။အမျိုးသမီးတွေက အမျိုးသားတွေထက် လုပ်ငန်းတော်တော်များများကို တစ်ချိန်တည်းမှာ လုပ်ဆောင်နိုင်စွမ်း မြင့်ကြသလို တွေးတောနေတဲ့ အတွေးတွေကလည်း ပိုများပါတယ်။ ဒီလို လုပ်ဆောင်တွေးတောနိုင်စွမ်းတွေက မြန်ဆန်လွန်ပြီး အိပ်စက်ခါနီးအထိ အရှိန်ကျသွားတာမျိုး မရှိတာကလည်း အိပ်ပျော်ဖို့ ခက်စေပြီး အိပ်ရေးမဝတာကို ဖြစ်စေနိုင်တာကြောင့် အမျိုးသမီးတွေက အမျိုးသားတွေထက် ပုံမှန် ၁၅ မိနစ်ကနေ မိနစ် ၂၀ လောက် အိပ်ချိန် ပိုမိုရရှိဖို့ လိုအပ်မှာပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/who-needs-more-sleep-male-or-female/
အားအင် ကုန်ခမ်းစေမယ့် အစားအစာတွေ စားနေမိသလား။
အစားတွေတော့ စားနေပါရဲ့။ အားမရှိသလိုပဲ ခံစားနေရတယ်။ ဘာကြောင့်များလဲလို့ တွေးရခက်နေလား။ ဒါဆိုရင်တော့ ဒီ ဆောင်းပါးလေးက သင်လိုချင်နေတဲ့အဖြေကို ပေးနိုင်မှာပါ။ ကဲ … အားအင် ကုန်ခမ်းစေမယ့် အစားအစာတွေ စားနေမိသလား။ ဆိုတာ ကိုယ်တိုင် ဆန်းစစ် လိုက်ပါ။အားရှိဖို့ အစားစားတာ မှန်ပေမယ့်အစားအစာရွေးချယ်မှု မှားတာ၊ စားသောက်မှု ပုံစံ မှားယွင်းတဲ့အခါ စားလိုက်ပေမယ့်ခန္ဓာကိုယ်ထဲမှာ အားမရှိသလို အားအင်တွေ ကုန်ခမ်း သွားသလို ခံစားရစေနိုင်ပါတယ်။  ဒီတော့ ဘယ်လို အစားအစာတွေကအားအင်ကုန်ခမ်းစေသလဲ ဆိုတာကို ဒီဆောင်းပါးလေး ထဲမှာ ဖတ်ကြည့်လိုက်ပါ။အစာစားတဲ့အခါ ဒါတွေကို စားမိမယ်ဆိုရင် အားအင်ကုန်ခမ်း သလို ခံစားရနိုင်ပါတယ်။ အားအင် ကုန်ခမ်းစေမယ့် အစားအစာတွေ စားနေမိသလား။ ဆိုတာကတော့ အတူတူ ကြည့်လိုက်ရအောင်နော်။အားဖြည့် အချိုရည်တွေက သောက်ပြီးပြီးချင်းမှာ အားအင် ပြည့်ဝသွားသလို ခံစားရစေပေမယ့် ခဏတာပါပဲ။ ကဖင်း နဲ့ သကြားဓာတ်​ကြောင့် အားအင်ပြည့်ဝသလို ခံစားရစေတာပါ။သွေးတွင်းက သကြားဓာတ်ပြန်ပြီး ကျသွားချိန်မှာတော့ သင့်ကို အားအင်ကုန်ခမ်းသွားသလို ခံစားရစေမှုနဲ့အတူ ခြေကုန်လက်ပမ်းကျ သွားစေမှာပါ။ အားဖြည့် အချိုရည်က ပုံမှန်ထက် ခန္ဓာကိုယ်ကို ပိုပြီး ပင်ပန်းစေပါတယ်။ခန္ဓာကိုယ်မှာ အင်အား ပြည့်နေစေဖို့ဆိုရင် ကယ်လ်လိုရီ များများ လိုအပ်ပါတယ်။ ကယ်လ်လိုရီ နည်းတဲ့ အခါဆာလောင်မှုကို ခံစားမိသလို ဇီဝကမ္မဖြစ်စဉ် နှေးသွားပြီး အင်အားလည်း နည်းသွားပါတယ်။ဒါ​ကြောင့် အစား မစားဘဲ နေတာမျိုး မလုပ်ပါနဲ့။ ကယ်လ်လိုရီ ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးပါ။သံဓာတ်က စားသုံးလိုက်တဲ့ ကယ်လ်လိုရီကို ခန္ဓာကိုယ်အတွက် အင်အားအဖြစ် ပြောင်းလဲ ပေးပါတယ်။ သံဓာတ် နည်းတဲ့အခါ ခန္ဓာကိုယ်က အားနည်းတာ၊ ခြေကုန်လက်ပမ်းကျတာတွေကို ခံစားရစေနိုင်ပါတယ်။ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ သံဓာတ်ပြည့်ဝတဲ့အနီရောင် အသားတွေ၊ ပဲနီလေး၊ အခွံမာသီး၊ ပဲအမျိုးမျိုး စတာတွေကို စားသုံးပေးပါ။ဆီကြော်စာ၊ အထပ်ထပ် ကြော်ထားတဲ့ အစားအစားတွေက ခန္ဓာကိုယ်ကို ချေဖျက်ရ ခက်စေပါတယ်။ ဆီကြော်စာတွေ စားလိုက်တဲ့အခါ ခန္ဓာကိုယ်က ခက်ခက်ခဲခဲ ချေဖျက်ရတာပါ။ ဒီလိုလုပ်ဆောင်ရမှုကကိုယ်တွင်းအင်္ဂါတွေကို တော်တော်လေး ဝန်ပိစေပါတယ်။ဆီကြော်စာတွေက စားရတာ ခံတွင်းတွေ့ပေမယ့် စားပြီး ၆ နာရီကနေ ၈ နာရီအတွင်းမှာ အားအင် ကုန်ခမ်းသလို ခံစားရစေနိုင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/foods-that-drain-your-energy/
လရောင်ဆမ်းမှ လန်းတဲ့ ပဒုမ္မာကြာ ဆေးဖက်ဝင်သလား!
အမြင်ဆန်းသလို အရောင်အသွေးအရလည်း အေးမြစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် အမြတ်တနိုး စိုက်ပျိုးထားတတ်တဲ့ လရောင်ဆမ်းမှ လန်းတယ်ဆိုတဲ့ ပန်းလေး တစ်မျိုး ရှိပါတယ်။ ဒါကတော့ ပဒုမ္မာကြာ ပါ။ နေအိမ်တွေမှာ စိုက်ပျိုးထားကြသလို ကော်ဖီဆိုင်တွေနဲ့ အပန်းဖြေ စခန်းတွေမှာ စိုက်ပျိုးထားတာမျိုးတွေလည်း ရှိကြပါတယ်။ ဒီလိုမျိုး လရောင်ဆမ်းမှ လန်းတဲ့ ပဒုမ္မာကြာ ဆေးဖက်ဝင်သလား! ဆိုတာကို ပြောပြပေးသွားပါမယ် နော်။ပဒုမ္မာကြာ ဆိုတာကကြာပန်းမျိုးရင်းတော့ မဟုတ်ပါဘူး။ အပူပိုင်းဒေသမှာ ပေါက်ရောက်တတ်တဲ့ ကန္တာရမျိုးရင်းပင် တစ်မျိုးပါ။ နွယ်တက်တတ်တဲ့ အပူပိုင်း နွယ်ပင် တစ်မျိုးပေါ့။ ရိုးတံက အစိမ်းရောင် ဖျော့ဖျော့ကနေ အစိမ်းရောင် ရင့်ရင့်အထိ ရှိပါတယ်။ ပွင့်ညှာလေးတွေကတော့ ခရမ်းရောင် ခပ်သန်းသန်းလေးပါ။ဒီပန်းလေးတွေရဲ့ ရိုးတံမှာ ရေတွေနဲ့ ပြည့်နှက်နေပြီးရှားစောင်းလက်ပပ်ဂျယ်လီသားလို ခပ်ချွဲချွဲလေးပါ။ ပွင့်ခံဖက်လေးတွေကတော့ အညိုရောင်၊ လိမ္မော်ရောင်၊သံပုရာခွံရောင်လေးတွေပါ။ အတွင်းက ပွင့်ဖက်လေးတွေကတော့ အဖြူရောင် လွှလွှလေးပါ။ ရနံ့လေးကလည်း မွှေးပါတယ်။ပဒုမ္မာကြာက မက္ကဆီကို တောင်ပိုင်းနဲ့ တောင်အမေရိက မျိုးရင်ပင်တစ်မျိုးပါ။ လက်ရှိမှာတော့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့က အပူပိုင်းဒေသတွေမှာ ပေါက်ရောက်နေကြပါတယ်။လရောင်ဆမ်းမှ လန်းတဲ့ ပဒုမ္မာကြာ ဆေးဖက်ဝင်သလား! ဆိုတော့ အခုလိုလေး ဆေးဖက်ဝင်ပါတယ်။နှလုံး ကျန်းမာစေနိုင်တယ်။အနံ့မွှေးသလို အသွင်ဆန်းတဲ့ ပဒုမ္မာကြာက သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်ပြီး နှလုံးကြွက်သား တွေကို သက်သောင့်သက်သာ ဖြစ်စေပြီး နှလုံးရဲ့ သွေးလည်ပတ်မှု စနစ်ကို ကောင်းစေနိုင်တာကြောင့် နှလုံး ကျန်းမာစေဖို့ရော နှလုံးသွေးကြောတွေကို ကျန်းမာစေဖို့ပါ ထောက်ကူပေးပါတယ်။နှလုံးသွေးကြောကျဉ်းတာ၊ နှလုံးသွေးကြောတွေ ပိတ်ဆို့တာ၊ရုတ်တရက် နှလုံးရပ်တာမျိုးတွေ မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။သွေးတွင်းသကြားဓာတ် ထိန်းညှိပေးနိုင်တယ်။ပဒုမ္မာကြာပန်းရဲ့ အဆီအနှစ်က အင်ဆူလင် ထွက်ရှိမှု ကောင်းစေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်သလို ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့အတွက်လည်း ပဒုမ္မာကြာပန်းကို အသုံးပြုကြတာတွေ ရှိပါတယ်။အသက်ရှူလမ်းကြောင်း ကျန်းမာစေနိုင်တယ်။ပဒုမ္မာကြာပန်းက အသက်ရှူလမ်းကြောင်းကို ကျန်းမာစေနိုင်သလို ပန်းနာရင်ကျပ်၊ လေပြွန်ရောင်တာ၊ ချွဲကြပ်တာ၊ ချောင်းဆိုးတာတွေကို သက်သာစေနိုင်ပြီး လည်ချောင်းနာတာနဲ့ နှာခေါင်းပိတ်တာကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်း ကျန်းမာချင်တယ်ဆိုရင်ပဒုမ္မာကြာကို အသုံးပြုပေးလို့ ရပါတယ်။အစာကြေစေနိုင်တယ်။အစာမကြေတာ လေထိုးလေအောင့်တာတွေကို သက်သာစေဖို့ ဖြစ်ဖြစ်ဝမ်းချုပ်တာကိုသက်သာစေဖို့လည်း ပဒုမ္မာကြာပန်းကို အသုံးပြုပေးလို့ ရပါတယ်။ အစာခြေစနစ်ထဲက အဆိပ်အတောက်တွေနဲ့ အညစ်အကြေးတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ အစာခြေအက်ဆစ်ကို ဟန်ချက်ညီစေဖို့ ထောက်ကူပေးနိုင်ပါတယ်။အစာအိမ်အူလမ်းကြောင်းထဲက အနာတွေကို သက်သာစေနိုင်သလို အူနံရံတွေကို အာဟာရ စုပ်ယူမှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။နာကျင် ရောင်ရမ်းမှုတွေကို သက်သာစေနိုင်တယ်။ပဒုမ္မာကြာကအကိုက်အခဲ ပျောက်စေနိုင်ပြီး ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။ ကြွက်သားတွေ နာကျင်တာ၊ အဆစ်ရောင်တာ၊ နာတာတွေကို သက်သာစေဖို့ အသုံးပြုပေးလို့  ရပါတယ်။အဆစ်ရောင်နေတာတွေ ကိုယ်တွင်းမှာ ဓာတ်တိုးပစ္စည်းတွေကြောင့် ရောင်ရမ်းတာတွေကို သက်သာစေနိုင်ပါတယ်။ပဒုမ္မာကြာက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် အလွန်အကျွံ  အသုံးပြုမိမယ်ဆိုရင်တော့ –။ပဒုမ္မာကြာက ကျန်းမာရေးအတွက် ကောင်းကျိုးများပေမယ့်။သာမန်သူတွေအနေနဲ့လည်းအလွန်အကျွံအသုံးပြုတာကို ရှောင်ကြဉ်သင့်ပါတယ်။ပဒုမ္မာကြာက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် သိပ္ပံနည်းကျ အတည်ပြုဖို့ လိုပါသေးတယ်။ သဘာဝကရတယ်ဆိုပေမဲ့ ဓာတု‌ဗေဒနည်းအရ သန့်စင်ထားတာမျိုး မရှိရင် ဥပါဒ်ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးက ဗဟုသုတအနေနဲ့သာ မျှဝေထားခြင်း ဖြစ်ပါတယ်။# တတိုင်းမွှေး ဆေးဖက်ဝင်ပါတယ်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/medicinal-benefits-of-brahma-kamal-flower/
ဒူးရင်းဩဇာရွက် ရေနွေးကြမ်း
ဒူးရင်းဩဇာသီးက စားလို့ရတယ်၊အာဟာရကြွယ်ဝသလို ဆေးဖက်လည်း ဝင်တယ်ဆိုတကို တော်တော်များများက သိထားပြီး ဖြစ်ပေမယ့် ဒူးရင်းဩဇာရွက် ကိုအခြောက်ခံ​ပြီး ရေနွေးကြမ်းလို သောက်လို့ရတယ်။ ဒီလို သောက်တာက ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ဆိုတာကို သိသူ ရှားမယ်ထင်ပါတယ်။ ဒီတစ်ခေါက်တော့ ဒူးရင်းဩဇာရွက်ကို အခြောက်ခံပြီးရေနွေးလုပ်သောက်တာကနေ ရရှိနိုင်တဲ့ကျန်းမာရေး အကျိုးကျေးဇူးတွေအကြောင်း ပြောပြပေးချင်ပါတယ်။ဒူးရင်းဩဇာရွက်မှာ အခုလိုအာဟာရဓာတ်တွေပါဝင်နေပါတယ်။ဒူးရင်းဩဇာရွက်ကိုရေနွေးကြမ်းလုပ်သောက်မယ်ဆိုရင်။ဒူးရင်းဩဇာရွက်ကို ရှေးယခင်ကာလတွေကတည်းကအိပ်မပျော်တာကို သက်သာစေဖို့အတွက် အသုံးပြုခဲ့တာပါ။ကြွက်သားတွေကို ပြေလျော့စေပြီးစိတ်ဖိစီးမှုကို သက်သာစေ နိုင်ပါတယ်။ ညအိပ်ရာ မဝင်ခင်မှာ ဒူးရင်းဩဇာရွက် ရေနွေးကြမ်း တစ်ခွက်လောက် သောက်ပေးမယ်ဆိုရင် အိပ်ပျော်စေမှာပါ။ဒူးရင်းဩဇာရွက်ကသွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ စားသုံးလိုက်တဲ့ကာဗိုဟိုက်ဒရိတ်တွေကို သကြားဓာတ် အဖြစ် မပြိုကွဲအောင် ဟန့်တားပေးတဲ့ အင်ဇိုင်းတစ်ခု ပါဝင်နေတာကြောင့် ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။လေ့လာမှုတွေအရ ဒူးရင်းဩဇာရွက်မှာရင်သား ကင်ဆာ၊ ဆီးကျိတ် ကင်ဆာ၊ အဆုတ် ကင်ဆာ၊ အူမကြီး ကင်ဆာ၊ သားအိမ်ခေါင်း ကင်ဆာ၊ သားအိမ် ကင်ဆာ၊ ခံတွင်း ကင်ဆာ နဲ့ အရေပြား ကင်ဆာတွေကို သက်သာစေနိုင်တဲ့ အာနိသင်တွေ ပါဝင်နေတယ်၊ လို့ တွေ့ရှိရပါတယ်။ ကင်ဆာ ကာကွယ်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် ကာကွယ်ဖို့ရော ကုသဖို့ပါ ဒူးရင်းဩဇာရွက်ရေနွေးကြမ်းကို သုံးဆောင်ပေးလို့ ရပါတယ်။အသက်အရွယ် ကြီးရင့်လာတဲ့အခါ ခံစားရလေ့ရှိတဲ့ အဆစ်တွေ နာကျင်တာကို သက်သာစေဖို့လည်း ဒူးရင်းဩဇာရွက် ရေနွေးကြမ်းကို သောက်သုံးပေးလို့ ရပါတယ်။ ဒူးရင်းဩဇာရွက်ကနာကျင်မှုတွေကို သက်သာစေနိုင်တဲ့ အာနိသင် ရှိပါတယ်။ ဒါ​ကြောင့် အဆစ်တွေ နာမယ်ဆိုရင် တစ်နေ့ကို ဒူးရင်းဩဇာရွက် ရေနွေးကြမ်း ၂ ခွက်လောက် သောက်ပေးလို့ရပါတယ်။ဒူးရင်းဩဇာရွက်က ပါးစပ်ထဲမှာ ပေါက်တဲ့ အနာတွေကိ သိသိသာသာ သက်သာစေပြီး ရောင်ရမ်းတာကိုရော နာကျင်တာကိုပါ သက်သာစေနိုင်ပါတယ်။ကိုယ်ခံအားကို ကောင်းစေပြီး အနာကျက် မြန်စေပါတယ်။နောက်ထပ် အားသာချက် တစ်ခုက ဒူးရင်းဩဇာရွက်ရေနွေးကြမ်းက အခြား ရေနွေးကြမ်းတွေလို ကဖင်း လုံးဝ မပါဝင်တာကြောင့်ကဖင်းကြောင့် အိပ်မပျော်တာ၊ ရင်တုန်တာ၊သံဓာတ် အားနည်းတာမျိုး ဖြစ်မှာကိုလည်း ပူစရာမလိုပါဘူး။ ရေနွေး ဆူဆူထဲကို အခြောက်ခံထားတဲ့ ဒူးရင်းဩဇာရွက်ကို ထည့်ပြီး သုံးဆောင်ရုံပါ။ဒူးရင်းဩဇာရွက်က ဆေးဖက်ဝင်တာ မှန်ပေမယ့်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/soursop-tea-benefits-and-side-effects/
ဖောလစ်အက်ဆစ်သောက်သုံးမှုက ရာသီစက်ဝန်းအပေါ် ဘယ်လို သက်ရောက်နေသလဲ!
ဖောလစ်အက်ဆစ် ဆိုတာက အမျိုးသမီးလေးတွေကို ကျန်းမာစေမယ့် ဆေးဝါးတစ်မျိုးပေါ့။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ သောက်ပေးရတယ်လို့ သိထားပေမယ့် ဖောလစ်အက်ဆစ် သောက်သုံးမှုက ရာသီစက်ဝန်းအပေါ် ဘယ်လိုသက်ရောက်နေသလဲ ဆိုတာကိုတော့ သိသူနည်းနေနိုင်သေးတာကြောင့် ဒီဆောင်းပါးလေးကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။ဖောလစ်အက်ဆစ်ဆိုတာက ရေထဲမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင် B အုပ်စုဝင် ဗီတာမင် တစ်မျိုးပါ။ တိတိကျကျ ပြောရရင် ဗီတာမင် B9 ပေါ့။ ဖောလစ်အက်ဆစ်က ဖောလိတ်ကို ခန္ဓာကိုယ်က အသုံးပြုလို့ရတဲ့ ဖြည့်စွက်အာဟာရအဖြစ် ပြောင်းလဲထားတဲ့ ပုံစံပါ။ နေ့စဉ် စားသောက်မှုမှာ မရှိမဖြစ် ပါဝင်ဖို့လိုတဲ့ အာဟာရပါ။ ခန္ဓာကိုယ်အတွက် DNA နဲ့ RNAတွေ ဖြစ်ပေါ်စေဖို့အတွက် ဆဲလ်တွေ ကွဲပွားဖို့ လိုအပ်တဲ့ အမိုင်နိုအက်ဆစ်ကို ထုတ်လုပ်ပေးပါတယ်။ဆေးတွေက သောက်တိုင်း ကောင်းတာတော့ မဟုတ်ပါဘူး။ ဆေးတွေကို မလိုအပ်ဘဲ သောက်တာကအသည်းတွေကျောက်ကပ်တွေကို ထိခိုက်စေနိုင်သလို ခန္ဓာကိုယ်မှာ ထိခိုက်မှုတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးတွေ သောက်တဲ့အခါ ကိုယ်နဲ့ တည့်ရဲ့လား။ တကယ်လိုအပ်ရဲ့လား။ ဘယ်အချိန်မှာ ဘယ်အတိုင်းအတာ ပမာဏလောက် သောက်ရမလဲဆိုတာကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ကဲ …. အခုကစပြီး ဖောလစ်အက်ဆစ်သောက်သုံးမှုက ရာသီစက်ဝန်းအပေါ် ဘယ်လို သက်ရောက်နေသလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ရာသီလာချိန်မှာ ဖြစ်ဖြစ်၊ ပုံမှန်ဖြစ်ဖြစ်လေဒီလေးတွေအနေနဲ့ ဖောလစ်အက်ဆစ်ကို သောက်ပေးလို့ ရပါတယ်။ ဖောလစ်အက်ဆစ်က ကိုယ်ဝန်ဆောင်ချိန်မှာပဲ ဖြည့်တင်းဖို့ လိုတာ မဟုတ်ဘဲ သာမန်အချိန်တွေမှာ သောက်သုံးပေးတာက လေဒီလေးတွေကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ရာသီလာချိန်မှာဖောလစ်အက်ဆစ် သောက်သုံးတာက သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးပါတယ်။လေဒီလေးတွေ အနေနဲ့ ဖောလစ်အက်ဆစ် သောက်သုံးတာက သွေးတိုးရောဂါ ခံစားရနိုင်ခြေ နည်းသလို ဖောလိတ်ချို့တဲ့တာကြောင့် သွေးအားနည်းတာမျိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်။ သွေးဆင်းများတာကြောင့် သွေးအားနည်းတာ မဖြစ်စေဖို့လည်း ထောက်ကူပေးပါတယ်။ဖောလစ်အက်ဆစ် ပုံမှန်သောက်သုံးပေးတာက ရာသီလာချိန်မှာ ပင်ပန်းတာ၊ အားမရှိသလို ခံစားရတာ၊ အသက်ရှူမဝတာတွေကို မဖြစ်အောင် ကာကွယ်ပေးသလို မူးဝေတာမျိုးတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ဖောလစ်အက်ဆစ် မှန်မှန်သောက်သုံးပေးတာကရာသီသွေးဆင်းရက်မှန်စေဖို့လည်း လုပ်ဆောင်ပေးပါတယ်။ မျိုးဥအိမ်တွေကိုလည်း ကျန်းမာစေဖို့ အားဖြည့်ပေးသလို သန္ဓေအောင်နိုင်စွမ်းလည်း မြင့်စေပါတယ်။သွေးဆင်းများတာမျိုး၊ ရာသီထိမ်တာမျိုး၊ သွေးဆင်းရက်တိုတာမျိုးတွေ မဖြစ်စေဖို့ဖောလစ်အက်ဆစ်ကိုသောက်ပေးလို့ ရပါတယ်။ နောက်တစ်ချက်က ဖောလစ်အက်ဆစ် သောက်သုံးတာက ရာသီလာစဉ်မှာ နာကျင်ကိုက်ခဲတာကို အတိုင်းအတာ တစ်ခုအထိ သက်သာစေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်နေတဲ့ အမျိုးသမီးတွေဆိုရင်လည်း ဖောလစ်အက်စစ်ကို ကြိုသောက်ထားတာက ကလေးမှာ ဦးနှောက်နဲ့ အာရုံကြောချို့ယွင်းချက်တွေ ဖြစ်မလာအောင် ကာကွယ်ပေးပါတယ်။ဖောလစ်အက်ဆစ်ကို ဆေးပြား အနေနဲ့ ရရှိနိုင်သလို နေ့စဉ် စားသုံးတဲ့ အစားအစာတွေကနေလည်း ရရှိနိုင်ပါတယ်။ ဒါကြောင့် ဆေးမသောက်ချင်ဘူးဆိုရင်တော့ ပန်းဂေါ်ဖီစိမ်း၊ အစိမ်းရင့်ရောင် အသီးအရွက်၊ ပြောင်းဖူး၊ ထောပတ်သီး၊ မုန်လာဥနီ၊ ရုံပတီသီး၊ ပန်းဂေါ်ဖီစတာတွေကို စားပေးလို့ ရပါတယ်။ရာသီလာချိန်မှာရော ပုံမှန်နေ့ရက်တွေမှာပါ ဖောလစ်အက်ဆစ်ကို သောက်သုံးပေးလို့ ရပါတယ်။# ဘယ်နေ့ ရာသီလာမလဲ ကိုယ်တိုင် တွက်ချက်လိုက်ပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/is-it-safe-to-take-folic-acid-during-periods/
ကလေးရဲ့ကိုယ်ခံအားစနစ် အပေါ် သက်ရောက်နေတဲ့ အချက်များ
သားလေးက ချူချာတယ်၊ နေမကောင်း ခဏခဏ ဖြစ်လို့ ဆေးခန်းပဲ ပြေးနေရတာပဲ လို့ မေမေတွေရဲ့ စိတ်မကောင်းဖြစ်နေတဲ့ ညည်းသံလေးတွေ ကြားဖူးမှာပေါ့။ ငယ်ငယ်က ကျန်းမာရေး ချူချာခဲ့တဲ့ ကလေးတွေဟာကြီးထွားဖွံ့ဖြိုးမှုနဲ့ဉာဏ်ရည်ထက်မြက်မှုတွေမှာ သူများတွေထက် နှေးကွေးတာ၊ မပြည့်မီတာလေးတွေ ရှိတတ်တာလည်း သိကြပြီး ဖြစ်ပါလိမ့်မယ်။အဓိက အကြောင်းရင်းခံကတော့ ကလေးရဲ့ကိုယ်ခံအားစနစ် က မကြံ့ခိုင်လို့ပါပဲ။ ကိုယ်ခံအား နည်းတဲ့အခါ ရောဂါဝင်လွယ်မယ်၊ နေမကောင်းဖြစ်ရတဲ့အခါ အားပိုနည်းမယ်၊ ဖွံ့ဖြိုးဆဲအရွယ်မှာ လိုအပ်တဲ့အာဟာရဓာတ်တွေ အပြည့်အဝ မရယူနိုင်တော့ဘူး၊ ဒီလိုကနေ ဖွံ့ဖြိုးသင့်သလောက် ဖြစ်မလာတော့ဘဲ ရွယ်တူတွေကြား နောက်ကောက်ကျသွားရနိုင်ပါတယ်။ကလေးရဲ့ကိုယ်ခံအားစနစ်ကို ကျန်းမာစေနိုင်တဲ့ အချက်တွေရှိသလို အားနည်းစေနိုင်တဲ့ အချက်တွေလည်း အများကြီး ရှိတာပေါ့။ သားသားမီးမီးတွေရဲ့ ကိုယ်ခံအားစနစ်နဲ့ကျန်းမာရေးကို သက်ရောက်မှုရှိနေတာ ဘယ်အရာတွေလဲဆိုတာ မေမေတို့ သိထားပြီးပြီလား။ဒါဟာ ကျန်းမာရေးအတွက် နံပါတ်တစ် အရေးကြီးဆုံး အချက်ပါ။ ကလေးကို ကိုယ်ခံအား ကောင်းပြီး ကျန်းမာစေဖို့ဆိုရင် နေ့စဉ် စားသုံးတဲ့ အစာအာဟာရတွေထဲမှာ ကိုယ်ခံအား ကောင်းစေနိုင်တဲ့ အာဟာရဓာတ်​တွေ ပါဝင်အောင် ပြင်ဆင်ပေးဖို့ လိုပါမယ်။ဒီတော့ ကလေး နေ့စဉ် စားသုံးမယ့် အစားစာတွေထဲမှာ ပရိုတင်း၊ ဇင့်ဓာတ်၊ ဗီတာမင်အေ၊ဗီတာမင်စီလို ကိုယ်ခံအားကောင်းစေတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ သံဓာတ်၊  အကျိုးပြုအဆီဓာတ်DHA(Omega-3 fatty acids) စတဲ့ အာဟာရဓာတ်တွေ ပါဝင်နေသင့်ပါတယ်။အသား၊ ငါး၊ အသီးအရွက် နဲ့ အသီးအနှံတွေကို အလျဉ်းသင့်သလို စုံလင်အောင် စီစဉ်ကျွေးမွေးသင့်သလို ဒိန်ချဉ် လိုမျိုး အကျိုးပြုဘက်တီးရီးယားတွေပါဝင်တဲ့အစားအသောက်ကိုလည်း ထည့်သွင်းပေးဖို့ အရေးကြီးပါတယ်။အကျိုးပြုဘက်တီးရီးယားလေးတွေအတွက် အာဟာရဖြစ်စေမယ့် ပရီဘိုင်အိုးတစ် အမျှင်ဓာတ်ကြွယ်ဝတဲ့ ငှက်ပျောသီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပန်းသီး နဲ့ ပရီဘိုင်အိုးတစ်အားဖြည့်နို့ စတာတွေလည်း ကျွေးဖို့လိုပါတယ်။ကလေးက အိပ်စက်ချိန် လုံလုံလောက်လောက် ရှိမှ ခွန်အားပြည့်ပြီး ကိုယ်ခံအားစနစ် ကျန်းမာနိုင်မှာပါ။ အိပ်ချိန်သိပ်မရှိဘဲ တီဗီကြည့်၊ ဖုန်းကြည့်၊ ဂိမ်းဆော့နေတတ်တဲ့ ကလေးတွေမှာ ကိုယ်ခံအားနည်းပြီး နေမကောင်းဖြစ်လွယ်တတ်ပါတယ်။ဒါကြောင့် ကလေးတွေကို ကောင်းမွန်ပြည့်ဝတဲ့ အိပ်စက်ချိန် ရှိအောင် ဂရုစိုက်ပေးပါ။ ကလေးတွေဟာ အသက်အရွယ်ကို လိုက်ပြီး တစ်နေ့ကို အိပ်စက်ချိန် ၈ နာရီ ကနေ ၁၄ နာရီအထိ ရှိဖို့ လိုအပ်ပါမယ်။ကလေးတွေဟာ ထိုက်သင့်သလောက် ကိုယ်လက်လှုပ်ရှားမှု ရှိမှ ကျန်းမာမှာဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ် လှုပ်ရှားဆော့ကစားတဲ့ ကလေးတွေ ပိုကျန်းမာတာ၊ ပိုကြံ့ခိုင်တာ တွေ့ဖူးကြမှာပါ။ကိုယ်လက်လှုပ်ရှားမှုပုံမှန်ရှိစေပြီး ကလေးရဲ့ကိုယ်ခံအားစနစ် ကိုကြံ့ခိုင်အောင် မွေးမြူပေးပါ။ကလေးတွေကို ငယ်စဉ်ကတည်းက လက်ဆေးတာကနေ စလို့ ရေချိုးသန့်စင်တာ အထိ တစ်ကိုယ်ရေသန့်ရှင်းရေးတွေကို သင်ကြားပေးပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးက ခန္ဓာကိုယ်ကျန်းမာဖို့ တော်တော်လေး အရေးပါတဲ့ အချက်ပါ။ကလေးနဲ့ အနီးဆုံးပတ်ဝန်းကျင်ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့အနေအထား ဖြစ်စေဖို့ ဖန်တီးပေးပါ၊ ထိန်းသိမ်းစောင့်ရှောက်ပေးပါ။ ကလေးငယ်ရှိနေတဲ့ အနီးတဝိုက်မှာ အနံ့အသက်ဆိုးတွေ၊ ပိုးသတ်ဆေးနဲ့ ဆေးလိပ်ငွေ့လိုမျိုး ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အငွှေ့အသက်တွေ မရှိအောင် ဂရုစိုက်ပေးပါ။လေထုညစ်ညမ်းစေတဲ့ အခိုးအငွေ့တွေနဲ့ အမှုန်တွေက ကလေးရဲ့ခန္ဓာကိုယ်ထဲက ဆဲလ်တွေကို ထိခိုက်ပျက်စီးစေနိုင်သလို ကိုယ်ခံအားစနစ်ကိုလည်း အားနည်းစေနိုင်ပါတယ်။ကလေးတွေကို အသက်အလိုက် လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးပေးဖို့လည်း မမေ့ပါနဲ့။ ရာသီအလိုက် ကာကွယ်ဆေးတွေရောပေါ့။ ဒါမှ ကလေးတွေက ရောဂါတွေမဖြစ်အောင် ခုခံနိုင်မှာပါ။ဒီနည်းလမ်းတွေနဲ့ ဆိုရင်တော့ မေမေတို့ရဲ့ ကလေးတွေ ကိုယ်ခံအားစနစ်ကောင်းမွန်လို့ ပြင်ပကရောဂါတွေ လွယ်လွယ်ဝင်မှာ မဟုတ်တော့ပါဘူး။ ဒါဆိုရင် ကလေးတွေလည်း အနှောင့်အယှက်ကင်းကင်းနဲ့ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးပြီး ဉာဏ်ရည်တိုးတက်လာမှာပါ မေမေတို့ရေ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/factors-contributing-to-your-kids-immunity/
ဂျူးမြစ်လေးကို တဂျွတ်ဂျွတ်ဝါးရတာ သဘောကျသူလေးတွေ အတွက်
ဂေါ်ရခါးသီးနဲ့ ချဉ်ရည်ဟင်းလေးပဲ ချက်ချက်၊ ပဲပုတ်လေးနဲ့ပဲ ကြော်စားစား၊ ရှမ်းထမင်းချဉ်သုပ်လေးနဲ့ပဲ တို့စားစား ပူပူလေးနဲ့ တဂျွတ်ဂျွတ် ဝါးလို့ကောင်းတဲ့ ဂျူးမြစ်လေးကို သဘောကျတဲ့သူတွေရှိလား။ ဒါဆိုရင်တော့ ဒီလို ဂျူးမြစ်စားတတ်တဲ့အလေ့အထလေးကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ကြည့်ဖို့ ပြောပါရစေ။ပူစပ်စပ် နဲ့ တဂျွတ်ဂျွတ်ဝါးစားလို့ရတဲ့ ဂျူးမြစ်လေးမှာ။ချဉ်ရည်ဟင်းပဲချက်ချက် ပဲပုတ်လေးနဲ့ပဲ ကြော်စားစား၊ ရှမ်းထမင်းချဉ်သုပ်လေးနဲ့ပဲ တို့စားစား စားရတာ အရမ်းကောင်းတဲ့ ဂျူးမြစ်လေးက။ဖောလိတ် ပါဝင်နေတာကြောင့် နှလုံးသွေးကြောနံရံ ထိခိုက်ပျက်စီးမှု မရှိအောင် ကာကွယ်ပေးပါတယ်။ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့်ရုတ်တရက်နှလုံးရပ်တာနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ သွေးကြောတွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက် ပျက်စီးမှုကနေ ကာကွယ်ပေးပါတယ်။ကိုယ်ခံအားစနစ်ကို အားဖြည့်ပေးနိုင်တဲ့ ဗီတာမင် A ပါဝင်နေတာကြောင့် နာကျင်ရောင်ရမ်းမှုကို သက်သာစေပြီး ခန္ဓာကိုယ်ကို ကျန်းမာစေသလို ကူးစက်ရောဂါတွေကို တိုက်ထုတ်ပေးပါတယ်။ ဗီတာမင် E ကြွယ်ဝတာက ကိုယ်ခံအားကိုရောအသားအရေကိုပါ ကျန်းမာစေပါတယ်။ဗီတာမင် B6 က အာရုံကြော ကျန်းမာရေးကို အဓိက ထောက်ပံ့ပေးတဲ့ ဗီတာမင်ပါ။ ဂျူးမြစ်က အာရုံကြောကို အားဖြည့်ပေးပြီး နေ့စဉ်စိတ်ဖိစီးမှုကြောင့် ခံစားရနိုင်တဲ့ ပင်ပန်းနွမ်းနယ်တာ၊ ခြေကုန်လက်ပမ်းကျတာတွေကို သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် ဂျူးမြစ်မှာ အာရုံကြောကို အားဖြည့်ပေးနိုင်တဲ့ မဂ္ဂနိစ်၊ ဗီတာမင် C၊ ဖောလိတ် တို့လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ဓာတ်တိုးပစ္စည်းတွေက အမြင်အာရုံကို တော်တော်လေး ထိခိုက်စေနိုင်ပါတယ်။ ဒီလို ထိခိုက်မှုက အချိန်ကြာလာတဲ့အခါ အမြင်အာရုံ ထိခိုက်မှုကိုဖြစ်စေနိုင်ပါတယ်။ဒီပြဿနာကို အကောင်းဆုံး ဖြေရှင်းဖို့က ဗီတာမင် C နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးဖို့ လိုပါမယ်။ ဂျူးမြစ် စားသုံးပေးတာကရေတိမ်ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ဂျူးမြစ်မှာ ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေမှုက သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ သွေးတိုးရှိသူတွေအတွက် သင့်တော်တဲ့ အတို့အမြှုပ်လေး တစ်ခုပေါ့။ပိုတက်ဆီယမ်ကသွေးစီးဆင်းမှုကို ကောင်းစေပြီး နှလုံးကြွက်သားတွေရဲ့ ကျုံ့ဆန့်နိုင်မှုကို ကောင်းမွန်စေသလို သွေးတွင်းအောက်ဆီဂျင်ပမာဏကို ကောင်းစေပါတယ်။ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင် အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ဂျူးမြစ်မှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ရော၊ ပျော်ဝင်မလွယ်တဲ့ အမျှင်ဓာတ် ပါဝင်နေတာကြောင့် အစာခြေစနစ်အတွက် သင့်တော်တဲ့ စားစရာ တစ်ခုပါ။အမျှင်ဓာတ်က အစာခြေစနစ် ကျန်းမာစေသလို အူနံရံတွေကို ကျန်းမာစေပါတယ်။ အူမကြီးကို သန့်စင်စေပြီး ဝမ်းမှန်စေပါတယ်။ဂျူးမြစ်က ဆိုဒီယ်ပါဝင်မှုနည်းပြီး ကိုယ်တွင်းက ပိုလျှံနေတဲ့ ရေဓာတ်တွေနဲ့ ဆိုဒီယမ်တွေကို ခန္ဓာကိုယ်ပြင်ပကို ဆီးအဖြစ် စွန့်ထုတ်ဖို့ လှုံ့ဆော်ပေးပါတယ်။ ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ကျောက်ကပ်တွေကို ကျန်းမာစေပါတယ်။ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝနေမှုက ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်နိုင်မှုကနေ အထိရောက်ဆုံး ကာကွယ်ပေးနေပါတယ်။ ဓာတ်တိုးပစ္စည်းတွေ များလွန်းတာကြောင့် ဖြစ်ပေါ်ခံစားရနိုင်တဲ့ ကင်ဆာ မဖြစ်ဖို့ ကာကွယ်ပေးသလိုကင်ဆာကျိတ်တွေ ပွားမလာအောင်လည်း ကူညီပေးပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/amazing-health-benefits-of-eating-leeks/
အသားအရေအတွက် Rose Water ကို ဘယ်လိုတွေ သုံးလို့ရလဲ...........
အသားအရေလေး ​ကြည်လင်ချင်တယ်။ဓာတုပစ္စည်းတွေသုံးဖို့ကျတော့လည်း မရဲဘူး။ အသားအရေ ထိခိုက်မှာစိုးတယ်ဆိုတဲ့ သူလေးတွေအတွက် အသားအရေ ထိန်းသိမ်းပေးနိုင်တဲ့သဘာဝပစ္စည်းလေးတစ်ခုအကြောင်း ပြောပြပေးမယ်နော်။ ဒါကတော့ပျိုမေလေးတို့ရဲ့ အသားအရေ ကျန်းမာလှပစေဖို့ ရှေးယခင် ကာလတွေကတည်းက အသုံးပြုခဲ့တဲ့ Rose Water ပါ။Rose Water ဆိုတာက နားလည်လွယ်အောင် ပြောပြရရင် နှင်းဆီပွင့်ချပ်လေးတွေ စိမ်ထားတဲ့ အရည်တစ်မျိုးပါ။ အမွှေးနံ့သာ အနေနဲ့ အသုံးပြုကြသလိုအရေပြားကျန်းမာရေး နဲ့ အခြားသောကျန်းမာရေး ပြဿနာတွေအတွက် ဆေးဖက်ဝင်တဲ့ သဘာဝ ဖော်စပ်မှု တစ်ရပ်အနေနဲ့လည်း အသုံးပြုကြပါတယ်။နှင်းဆီပန်းကို ဆေးဖက်ဝင်တဲ့ အရာတစ်ခုအဖြစ် ရှေးယခင်ကာလတွေကတည်းက အသုံးပြုလာခဲ့ကြတာပါ။ ၇ ရာစုလောက်ကတည်းက အီရန် နဲ့ အခြား အရှေ့အလယ်ပိုင်း ဒေသတွေမှာနှင်းဆီပန်းကို ဆေးဝါးဖော်စပ်မှုတွေမှာ အသုံးပြုခဲ့ကြပါတယ်။သဘာဝဖော်စပ်မှု စစ်စစ်ဖြစ်တဲ့ Rose Water ကို အသားအရေအတွက် အခုလိုလေးတွေ အသုံးပြုပေးလို့ရပါတယ်။Tonerအဖြစ် သုံးလို့ရတယ်။Rose Water က အသားအရေကို ကြည်လင်စေနိုင်တဲ့ အာနိသင်ရှိတာကြောင့်ခြောက်သွေ့တဲ့ အသားအရေကနေစလို့အဆီပြန်တဲ့အသားအရေတွေအထိ အမျိုးမျိုးသော အသားအရေတွေအတွက် Toner အနေနဲ့ အသုံးပြုပေးလို့ရပါတယ်။သန့်စင်ထားတဲ့ မျက်နှာပြင်အနှံ့ကို ဂွမ်းစလေးနဲ့ ခပ်ဖွဖွလေး သုတ်ပေးရုံပါ။ အပေါ်ကို ဆွဲယူတဲ့နည်းနဲ့ အသုံးပြုပေးပါ။နေလောင်တာကို သက်သာစေဖို့ သုံးလို့ရတယ်။နေရောင်မှာပါတဲ့ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေတွေ ထိခိုက်သွားတဲ့အခါ နေလောင်သွားတဲ့နေရာမှာ Rose Water လေး သုံးပေးလို့ရပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်သလို မှိုပိုးတွေကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။အသားအရေကို အေးစေနိုင်ပြီး နေလောင်ဒဏ်ကြောင့် ပျက်စီးမှုကို အထိရောက်ဆုံး သက်သာစေနိုင်မှာပါ။အရေပြားပေါ်မှာဖြစ်တဲ့အနီကွက်တွေကို သက်သာစေဖို့လည်း Rose Water ကို အသုံးပြုပေးလို့ ရပါတယ်။နှုတ်ခမ်းသားလေး ပန်းရောင်သန်းစေဖို့ အသုံးပြုလို့ရတယ်။Rose Water ကို သန့်စင်ထားတဲ့ နှုတ်ခမ်းသားလေးမှာ လိမ်းပေးတာက နှုတ်ခမ်းကို ပန်းရောင်သွေးကြွယ်စေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ Beet root ကို အမှုန့်ကြိတ်ပြီး Rose Water လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာနဲ့ ရောလို့ နှုတ်ခမ်းပေါ်မှာ ၁၅ မိနစ် လောက်ထားပေးပါ။ ပြီးရင် ရေဆေးချလိုက်ပါ။အသားအရေကို အစိုဓာတ် ထိန်းဖို့အတွက်လည်း Rose Water ကို Moisturizer အဖြစ် အသုံးပြုပေးလို့ရပါတယ်။ Rose Water လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကိုအုန်းဆီစစ်စစ် လက်ဖက်ရည်ဇွန်း ၃ ဇွန်းစာနဲ့ရောပြီး အရေပြားပေါ်မှာ လိမ်းလို့ နှိပ်နယ်ပေးပါ။ ပြီးရင်တော့ ရေနွေးနွေးလေးသုံးလို့ ဆေးချလိုက်ပါ။ အဆီပြန်တတ်ရင်တော့ ဒီနည်းကအဆင်မပြေပါဘူး။မျက်နှာသန့်စင်ဖို့အတွက် အသုံးပြုလို့ရပါတယ်။မျက်နှာပေါ်ကမိတ်ကပ်တွေနဲ့ ပြင်ဆင်ခြယ်သထားတာတွေကို ဖျက်ဖို့အတွက်လည်း Rose Water ကို အသုံးပြုပေးလို့ရပါတယ်။ မျက်နှာပေါ်က ကြေးတွေကိုသန့်စင်ပြီးချွေးပေါက်လေးတွေကို သန့်စင်စေဖို့အတွက် အသုံးပြုပေးနိုင်ပါတယ်။ဝက်ခြံရှိသူတွေအနေနဲ့ rose water နဲ့ သံပရာရည်ကို ဆတူရောပေးပြီး ဝက်ခြံဖြစ်တဲ့နေရာမှာ လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။ ဝက်ခြံ သက်သာစေနိုင်သလို ဝက်ခြံကြောင့်ရောင်ရမ်းတာကိုလည်း သက်သာစေမှာပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/use-rose-water-for-your-skin/
ဆိုင်ရာနိုက် အဆိပ်သင့်ခြင်း
ဆိုင်ရာနိုက်ဟာ ရှားပါးပြီး သေစေနိုင်သောအဆိပ် ဖြစ်တယ်။ ဒီအဆိပ်က ကိုယ်ခန္ဓါထဲတွက်လိုအပ်တဲ့ အောက်စီဂျင်ကို သုံးလို့မရအောင် လုပ်နိုင်ပါတယ်။ ဆိုက်ရာနိုက်တွေကို ဟိုက်ဒရိုဂျင်ဆိုင်ရာနိုက်ဓါတ်ငွေ့၊ အခဲ၊ ပိုတက်စီယမ်ဆိုင်ရာနိုက်နဲ့ ဆိုဒီယမ်ဆိုင်ယာနိုက်တွေမှာ တွေ့နိုင်ပါတယ်။ပြည့်စုံသောသတင်းအချက်အလက်ရရန် ဆရာဝန်နှင့်ဆွေးနွေးပါ။ဆိုင်ရာနိုက်အဆိပ်မိတာကို သိဖို့ကခက်ပါတယ်။ ဆိုင်ရာနိုက်အဆိပ်ကိုစားမိတာက အစာတွေက အသက်ရှူလမ်းကြောင်းပိတ်ပြီး အစာနင်တာနဲ့ ပုံစံတူပါတယ်။ ဆိုင်ရာနိုက်အဆိပ်က ဆဲလ်တွေရှင်သန်ဖို့ လိုအပ်တဲ့အောက်စီဂျင်ကို ဆဲလ်တွေဆီမရောက်အောင် လုပ်ပါတယ်။ဆိုင်ရာနိုက်အဆိပ်မိတဲ့ပုံစံက သင်တောင်တက်ပြီးနောက်၊ သို့မဟုတ် အမြင့်တနေရာကိုတက်ပြီးနောက် ဖြစ်ပေါ်လာတဲ့အခြေအနေနဲ့ ပုံစံတူပါတယ်း ဒါ့အပြင်-။တို့ကိုလည်း ဖြစ်စေနိုင်ပါတယ်။ပုံမှန်အားဖြင့် ဆိုင်ရာနိုက်အဆိပ်ကို စားမိတဲ့အခါ ၊ အလွန်လျှင်မြန်ပြီး ချက်ချင်းဆိုသလို နှလုံးကိုထိခိုက်စေပြီး ရုတ်တရက်လဲကျသွားတတ်ပါတယ်။ အဆိပ်က ဦးနှောက်ကိုလည်း ထိခိုက်စေပြီး တက်တာနဲ့ သတိလစ်မေ့မျောတာလည်း ဖြစ်စေနိုင်ပါတယ်။ပတ်ဝန်းကျင်ကနေ သို့မဟုတ် စားမိတာကနေကြောင့် ဖြစ်တဲ့ ဆိုင်ရာနိုက်အဆိပ်ကြာရှည်စွာမိနေတဲ့အခါ တဖြည်းဖြည်းခြင်း လက္ခဏာတွေပြလာပါတယ်။ ဒါတွေကတော့-။တို့ ဖြစ်တတ်ပါတယ်။ဆိုင်ရာနိုက်အဆိပ်မိထားသူရဲ့ အရေပြားအရောင်က ပန်းရောင် သို့မဟုတ် ချယ်ရီပန်းအနီရောင် ဖြစ်နေတတ်ပါတယ်။ ဒီလိုဖြစ်တာဟာ အောက်ဆီဂျင်တွေက သွေးထဲမှာပဲရှိပြီး ဆဲလ်ထဲကို မရောက်လို့ ဖြစ်ပါတယ်။ အဆိပ်မိတဲ့လူက အသက်ကို အမြန်ရှူနေပြီး နှလုံးခုန်နှုန်းက နှေးနေတာ၊ သို့မဟုတ် မြန်နေတာမျိုးလည်း ဖြစ်တတ်ပါတယ်။တခါတစ်ရံမှာ အဆိပ်မိထားတဲ့လူရဲ့ အသက်ရှူထုတ်လိုက်တဲ့လေဆီကနေ သစ်ကြားစေ့အနံကို ရနိုင်ပါတယ်။ ဒါပေမယ့် သိဖို့ခက်ပါတယ်။ရောဂါလက္ခဏာထက်စာရင် ပတ်ဝန်းကျင်ကို လေ့လာဖို့က ပိုအရေးကြီးပါတယ်။ဓါတ်ခွဲခန်းနဲ့ ပလပ်စတစ်စက်ရုံတွေမှာ အလုပ်လုပ်တဲ့ လူတွေက ဆိုင်ရာနိုက်အဆိပ်မိဖို့ ပိုလွယ်ပါတယ်။အိမ်၊ RV၊ လှေနဲ့ အဆောက်အဦးတွေ မီးလောင်တဲ့အခါ ဆိုင်ရာနိုက်အဆိပ်ထွက်တတ်တာကို သတိထားဖို့ လိုပါတယ်။တကယ်လို့ လူတစ်ယောက်ဟာ စိတ်ဓါတ်ကျနေမယ်။ သို့မဟုတ် အရာဝတ္ထုတွေကို မမှန်မကန်သုံးတတ်ပြီး သူ့မှာ ဆိုင်ရာနိုက်အဆိပ်မိတာရဲ့ ရောဂါလက္ခဏာတွေရှိရင် ကိုယ့်ကိုယ်ကို သတ်သေတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလူက ဆိုင်ရာနိုက်အဆိပ်ကို သုံးဖူးတယ်ဆိုရင် ဒီသံသယက ပိုသေချာပါတယ်။ဒီအပေါ်မှာမပါတဲ့ လက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ သင်က ရောဂါလက္ခဏာအကြောင်းသိလိုပါက ဆရာဝန်နဲ့ ဆွေးနွေးပါ။တကယ်လို့ သင် ဒါမှမဟုတ် တစုံတယောက်က ဆိုင်ရာနိုက်အဆိပ်ကို စားမိတယ်၊ ရှူမိတယ်၊ ထိတွေ့မိတယ်ဆိုရင် သို့မဟုတ် အဆိပ်မိခြင်းရဲ့ လက္ခဏာတွေဖြစ်တဲ့ အားနည်းတာ၊ မူးဝေတာ၊ အသက်ရှူရခက်တာ၊ အာရုံတွေပြားတာ၊ တက်တာတွေဖြစ်ပါက ဆေးရုံတင်ကားချက်ချင်းခေါ်ပါ။ နီးစပ်ရာ အရေးပေါ်ဌာနသို့ ဆက်သွယ်ပါ။ဆိုင်ရာနိုက်အဆိပ်ကို ဖြစ်စေနိုင်တဲ့အရာတွေကတော့-။ရာဘာ၊ ပလတ်စတစ်၊နှင့် ပိုးသားတွေကို မီးလောင်ရာမှထွက်ပေါ်လာသော မီးခိုးများတွေကို ရှူမိရာမှ ဆိုင်ရာနိုက်အဆိပ်သင့်ခြင်း ဖြစ်စေနိုင်ပါတယ်။ဓါတ်ပုံရိုက်ရာခြင်း၊ ဓါတုပစ္စည်းတွေကို စမ်းသပ်ခြင်း၊ ပလတ်စတစ်နဲ့ ဖိုင်ဘာတွေကို ထုတ်လုပ်ခြင်း၊ သတ္တုပြုလုပ်ခြင်း၊ ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးများ၊ မိုင်းခွဲခြင်းနှင့် ဂဟေဆော်ခြင်း၊ ဟိုက်ဒရိုဂျင်ဆိုင်ရာနိုက်ကို သုံးသော အလုပ်ရုံများတွင် ဆိုက်ရာနိုက်အဆိပ်သင့်ခြင်း ဖြစ်စေနိုင်ပါတယ်။ ပိုတက်စီယမ်ဆိုင်ရာနိုက်ကို ရွှေနှင့် ငွေထုတ်ယူတဲ့ လုပ်ငန်းများ၊ ဓါတုပစ္စည်းများ ထုတ်လုပ်ခြင်း၊ ဓါတုပစ္စည်းတွေနဲ့ ပိုးသတ်ဆေးတွေမှာလည်း ဆိုင်ရာနိုက်အဆိပ်သင့်နိုင်ပါတယ်။Rosaceaeမျိုးစိတ်အပင်များ၊ တရုတ်ဆီးသီးအစေ့၊ သစ်ကြားစေ့၊ ချယ်ရီသ်ီး၊ ဆီးသီး၊ မက်မန်းသီး၊ သစ်တော်သီးနဲ့ ပန်းသီးတွေမှာ ဆိုင်ရာနိုက်ပါဝင်ပါတယ်။ Cassava လို့ခေါ်တဲ့ အာလူးတစ်မျိုးမှာ ဆိုင်ရာနိုက် ပါဝင်ပါတယ်။ တချို့အပင်တွေနှင့် အသီးတွေကို အများအပြားစားမိတဲ့အခါ ဆိုင်ရာနိုက်အဆိပ် သင့်တတ်ပါတယ်။ကင်ဆာကုထုံးအတွက်သုံးတဲ့ အချို့အသီးတွေ၊ အစေ့အဆံတွေနဲ့ အပင်တွေမှာ Laetrile ဆိုတဲ့ ဓါတ်တစ်မျိုးပါဝင်ပါတယ်။ Laetrile ရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုက ဆိုင်ရာနိုက်အဆိပ် သင့်စေပါတယ်။ အစားအသောက်နဲ့ ဆေးဝါးကွပ်ကပ်မှုအသင်း (FDA)ရဲ့ အဆိုအရ Laetrile ဓါတ်က အမေရိကန်မှာ ကင်ဆာကုသနည်းအဖြစ် ထောက်ခံထားခြင်း မရှိပါဘူး။ ဒီဆေးကို မက်ဆီကိုနိုင်ငံမှာတော့ Laetrile/amygdalin အမည်နဲ့ ကင်ဆာကုသမှုအတွက် သုံးပါတယ်။တစ်ချို့သောဓါတုပစ္စည်းတွေကို စားမိတဲ့အခါ ကိုယ်ခန္ဓါအတွင်းမှာ ဆိုင်ရာနိုက်အဆိပ်အဖြစ် ကူးပြောင်းသွားပါတယ်။ ဒီလိုဖြစ်စေတဲ့ပစ္စည်းတွေကို ဈေးကွက်ကနေဖယ်ရှားထားပေမယ့် တချို့လက်သည်းဖျက်ဆေးများ၊ အခဲများနဲ့ ပလတ်စတစ်လုပ်တဲ့ အရည်တွေမှာ ဆိုင်ရာနိုက်ဖြစ်စေတဲ့ဓါတ်တွေ ပါဝင်ပါတယ်။ဆေးလိပ်မီးခိုးတွေက ဆိုင်ရာနိုက်အဆိပ်သင့်စေတဲ့ အဖြစ်အများဆုံးအကြောင်းဖြစ်ပါတယ်။ ဆိုင်ရာနိုက်ကို ဆေးရွက်ကြီးမှာ သဘာဝအတိုင်းတွေ့ရပြီး ဆေးလိပ်သောက်သူတွေက မသောက်တဲ့လူတွေထက် (၂.၅)ဆ ပိုပြီး ဆိုင်ရာနိုက်ပါဝင်နိုင်ပေမယ့် အဆိပ်သင့်ရလောက်အောင်တော့ မများပါဘူး။ဆိုင်ရာနိုက်အဆိပ်သင့်မှုကို အဖြစ်များစေသော အကြောင်းတွေအများကြီးရှိပါတယ်။ ဥပမာ-။ဓါတုပစ္စည်းတွေကို သုံးတဲ့စက်ရုံတွေက အလုပ်သမားတွေနဲ့ ကိုယ့်ကိုကိုယ်သတ်သေတဲ့ လူတွေမှာ အတွေ့ရများပါတယ်။ဆိုင်ရာနိုက်ဆေးပြားတွေကို သောက်ပြီး သတ်သေဖို့ ကြိုးစားတဲ့လူတွေက ဒါဟာ နာကျင်မှုကင်းမဲ့ပြီး အလျှင်အမြန် အသတ်ထွက်စေနိုင်တယ်လို့ ထင်ကြတယ်။ ဒါပေမယ့် ဆိုင်ရာနိုက်အဆိပ်က အစာအိမ်ကို လောင်ကျွမ်းစေပြီး ကိုယ်ခန္ဓါအတွက် လိုအပ်တဲ့ အောက်စီဂျင်ကို မရစေတဲ့အတွက် နာကျင်မှုကို ခံစားရပြီး သေစေနိုင်ပါတယ်။လူတော်တော်များများက အပေါ်မှာဖော်ပြထားတဲ့ အရာဝတ္ထုတွေ မီးလောင်ရာမှ ထွက်ပေါ်လာတဲ့ မီးခိုးတွေကို ရှူမိလို့ ဆိုင်ရာနိုက်အဆိပ်သင့်ခြင်း ဖြစ်စေနိုင်ပါတယ်။ရောဂါရှာဖွေခြင်းနဲ့ ကုသခြင်း။ဒီထဲမှာဖော်ပြထားတဲ့အချက်တွေကို ဆေးပညာအကြံပေးချက်များအဖြစ် သုံးလို့မရပါဘူး။ ပြည့်စုံတဲ့ သတင်းအချက်အလက်ရဖို့ ဆရာဝန်နှင့် ဆွေးနွေးပါ။ဆိုင်ရာနိုက်အဆိပ်မိတာကို ဘယ်လိုသိရှိနိုင်သလဲ။ဆိုင်ရာနိုက်အဆိပ်မိတာကို သိသိခြင်း အလျှင်အမြန် ကုသမှုခံယူပါက ကုသလို့ ရနိုင်ပါတယ်။ လူတော်တော်များများက အဆိပ်မိတာကို မသိတာနဲ့ စောစီးစွာကုသမှုမခံယူနိုင်တဲ့အတွက် သေဆုံးနေကြပါတယ်။ ဆိုင်ရာနိုက်အဆိပ်က ရှားပါးပါတယ်။ ဒါ့ကြောင့် ဆေးကုသရာတွင် ဖြစ်နိုင်ခြေအားလုံးကို စဉ်းစားသင့်ပါတယ်။ဒါက သတ်သေတဲ့လူကို သင်ကူညီနိုင်မယ့် အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။တကယ်လို့ သက်သာသွားပြီဆိုပါက သင်ကအဆိပ်သောက်တဲ့လူကို ဖြစ်ပျက်ခဲ့တာတွေကို မေးမြန်းလို့ ရပါတယ်။ တကယ်လို့ သူ့ဘေးမှာ ဆေးပုလင်းခွံတွေ့လျှင်၊ တကယ်လို့သူက ကျန်းမာရေး သို့ စိတ်ရောဂါတစ်ခုခုရှိလျှင် အသေးစိတ်မေးမြန်းပါ။ တည်တည်ငြိမ်ငြိမ်နဲ့ မေးခွန်းတွေကို ဖြေကြားပါ။ ဒါက ထိခိုက်မိသူအတွက် လိုအပ်တဲ့ သတင်းအချက်အလက်တွေ ရစေနိုင်ပါတယ်။သွေးစစ်မှု၊ ဓါတ်မှန်တွေနဲ့ တခြားစစ်ဆေးမှုတွေက ဘယ်လောက်ဆိုးတဲ့ ဆိုင်ရာနိုက်အဆိပ်ဖြစ်ဖြစ်၊ တခြားအဆိပ်မိတာကြိုဖစ်ဖြစ် သိဖို့ သုံးနိုင်ပါတယ်။ဆိုင်ရာနိုက်အဆိပ်ကို သိဖို့လုပ်တဲ့ ရောဂါရှာဖွေတဲ့နည်းတွေက နာရီပေါင်းများစွာ၊ ရက်ပေါင်းများစွာ ကြာစေနိုင်ပါတယ်။ ဒါကြောင့်ဆရာဝန်တွေက သင်ပြောပြတာတွေနဲ့ အဆိပ်မိတဲ့လူရဲ့ လက္ခဏာတွေနဲ့ ရောဂါရှာဖွေနည်းအဖြေတွေနဲ့ ပေါင်းပြီး ဆိုင်ရာနိုက်အဆိပ်မိတာကို ဖော်ထုတ်နိုင်ပါတယ်။လူနာက အခြေအနေဘယ်လောက် ဆိုးရွားလဲပေါ်မူတည်ပြီး ကုသနည်းက ကွာခြားပါတယ်။လူနာက လုံးဝသတိလစ်မေ့မျောနေလျှင် လူနာကို ကယ်ဆယ်ဖို့အတွက် နည်းတွေလုပ်ရပါမယ်.။စစ်ဆေးနည်းပေါင်းစုံနဲ့ လူနာကို သေချာစောင့်ကြည့်ပြီး ကုသဖို့အရေးကြီးပါတယ်။လူနာအခြေအနေက တိုးတက်မလာလျှင် ရောဂါရှာဖွေစမ်းသပ်နည်းတွေကို သုံးဖို့လိုအပ်ပါတယ်။ ပုံမှန်အားဖြင့် ဆိုင်ရာနိုက်အဆိပ်တွေက လူနာအဝတ်အစားပေါ်မှာ ကျန်ရှိနေနိုင်တဲ့အတွက် အဝတ်အစားတွေကို အရင်ဖယ်ထုတ်ပြီး ကုသဖို့ လိုပါတယ်။ဆိုင်ရာနိုက်အဆိပ်ခြေဆေး သို့မဟုတ် Hydroxycobalamin (Cyanokit) ကို ဆိုင်ရာနိုက်အဆိပ်မိတာ သေချာတယ်ဆိုလျှင် သုံးလို့ရပါတယ်။၁၀၀ရာခိုင်နှုန်း ကုသနိုင်တဲ့နည်း မဟုတ်ပေမယ့် ဒီအဆိပ်ဖြေဆေးက လူနာကို ထပ်ပြီးအဆိပ်တွေပြန့်နှံ့ခြင်းကနေ ကာကွယ်ပေးပါတယ်။Dicobalt edetateကို အကြောထဲထိုးပြီး ဆိုင်ရာနိုက်အဆိပ်ကို ကိုယ်ခန္ဓါက ဖယ်ဖို့အတွက် အင်္ဂလန်နိုင်ငံမှာ သုံးပါတယ်။ ဒါက တက်ခြင်း၊ ဆေးဓါတ်မတည့်ခြင်း၊ သွေးပေါင်ကျခြင်း၊ နှလုံးခုန်မမှန်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဆိုင်ရာနိုက်အဆိပ်ဖြစ်တာ သေချာသလောက်ဖြစ်နေတဲ့ အခြေအနေမှာမှ ကုသနည်းတစ်ခုအဖြစ် သုံးပါတယ်။တကယ်လို့ လူနာက ကာဗွန်မိုနောက်ဆိုဒ်အဆိပ်ပါ မိနေတယ်ဆိုလျှင် အောက်စီဂျင်ပေးဖို့လိုပါတယ်။ လူနာကို အထူးပြုလုပ်ထားတဲ့ အခန်းထဲထည့်ပြီး အောက်စီဂျင်တွေ အများကြီးပေးရပါမယ်။နီးစပ်ရာ အဆိပ်ကုထုံးစင်တာတွေနဲ့ အဆိပ်မိတာကို ကုသတဲ့ ကျွမ်းကျင်ပညာရှင်တွေက အဆိပ်မိသူတွေကို စောင့်ကြည့်ပြီး လိုအပ်တဲ့အကူအညီပေးဖို့ လိုပါတယ်။ဆိုင်ရာနိုက်အဆိပ်မိတာက ပမာဏအရမ်းနည်းတယ်ဆိုရင် လူနာကို အချိန်အတော်ကြာ စောင့်ကြည့်ဖို့လိုပါတယ်။ လူနာက ကောင်းမွန်လာပြီဆိုရင် ရောဂါရဲ့ လက္ခဏာတွေကို ပြောပြပြီး၊ တခုခုဖြစ်လျှင် ဆေးရုံကို ချက်ချင်းပြန်လာရန်ပြောပြီး အိမ်ကိုပြန်လွှတ်လို့ ရပါတယ်။တကယ်လို့လူနာက ဆိုင်ရာနိုက်အဆိပ်မိတာ သေချာလျှင်၊ ရောဂါအခံတစ်ခုခုရှိလျှင်၊ သို့မဟုတ် ရောဂါမသေချာလျှင်၊ အိမ်ကိုပြန်လွှတ်ရအောင် နေမကောင်းဘူးထင်လျှင် ဆေးရုံတက်ပြီး စောင့်ကြည့်ုကုသမှုခံယူဖို့ လိုပါတယ်။ဆိုင်ရာနိုက်အဆိပ်မိတာကို အိမ်မှာကုသလို့မရပါဘူး။ဆေးကုသမှု ချက်ချင်းခံယူဖို့ လိုပါတယ်။တကယိလို့ သိလိုတာရှိပါက ဆရာဝန်နှင့် တိုင်ပင်ပြီး သင့်အတွက် အကောင်းဆုံးအဖြေကို ရယူနိုင်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%86%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%9b%e1%80%ac%e1%80%94%e1%80%ad%e1%80%af%e1%80%b9%e1%80%80%e1%80%b9-%e1%80%a1%e1%80%86%e1%80%ad%e1%80%95%e1%80%b9%e1%80%9e%e1%80%84%e1%80%b7%e1%80%b9/
မွေးစကလေး တွေ နေ့နဲ့ ညမှားနေရင်
ခုမှ ကလေးမွေးထားတဲ့မေမေတို့ စိတ်ညစ်ရတဲ့ထဲမှာ မွေးစကလေး လေးက နေ့နဲ့ ညနဲ့ မှားနေတာလည်း ပါပါတယ်။ နေ့ဆို အိပ်နေပြီ။ ညဆို အိပ်ရေးဝတော့ သူကဆော့၊ ကိုယ်က အိပ်ချင်၊ ပြီးတော့ ခဏလေး အိပ်လိုက်၊ ထလိုက်နဲ့ မိုးက ဘယ်လို လင်းသွားမှန်းတောင် မသိလိုက်ဘူးဆိုတဲ့ မေမေတွေ ရှိကြလား။ ကြာလာတော့ မေမေတွေ မျက်လုံးဟောက်ပက်နဲ့ပေါ့။ဒီလို မေမေတွေ ရှိတယ်ဆိုရင်တော့ ကလေးတွေ နေ့နဲ့ ညနဲ့ မှားတာကို ဖြေရှင်းဖို့ နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။ကလေးလေးတွေက မေမေ့ဗိုက်ထဲမှာ နေတုန်းကမေမေနေတဲ့ ပုံစံကို ခံစားပြီး အိပ်ကြတာပါ။ မေမေလှုပ်နေရင် သူတို့ကို ချော့သိပ်သလိုပဲမို့လို့ မေမေတို့ အလုပ်လုပ်ချိန်မှာ အိပ်ပျော်နေကြပါတယ်။ မေမေတို့ အိပ်လို့ ငြိမ်ပြီဆိုရင်တော့ သူက နိုးလာပြီး ထဆော့ပါတယ်။ ဒါကြောင့် မေမေတို့ ညဘက် အိပ်နေရင်းနဲ့ ကလေးကန်တာ ခံစားမိတာပေါ့။နောက်တစ်ခုက မေမေ့ကိုယ်က ထွက်တဲ့မယ်လတိုနင်ဟော်မုန်းကြောင့်လည်း ကလေးလေးတွေ အိပ်ကြပါတယ်။မွေးလည်း မွေးလာရော ကလေးက သူ့ဟာသူ ရပ်တည်ရပါတော့တယ်။ သူ့ကိုယ်ထဲမှာ ရှိတဲ့ဇီဝနာရီကိုပဲ အားထားရပါတော့တယ်။ ဇီဝနာရီဆိုတာ မယ်လတိုနင်လေ။ ဒါပေမယ့် ကလေးလေးတွေမှာ ၃လလောက်မှ  မယ်လတိုနင်က စထွက်တာပါ။ ၅လ ၆လလောက်ဆို ပုံမှန်ဖြစ်သွားပါပြီ။ ဒါကြောင့် မေမေတို့ မပြင်ပေးလဲ အဲ့ဒီအရွယ်ဆို သူ့ဟာသူ မှန်သွားပါပြီ။နောက်တစ်ခုက ခုမှမွေးတဲ့ ကလေးလေးက နေ့တွေ ညတွေ မသိပါဘူး။ သူသိတာ အိပ်မယ်။ ၂နာရီ ၃နာရီလောက်နေရင် နို့ထသောက်မယ်။ ခဏတဖြုတ်ဆော့မယ်။ ပြီးရင် ပြန်အိပ်မယ်။ ဒါပဲ သိတာပါ။ နေ့မို့လို့ မအိပ်ရဘူးတို့၊ ညမို့လို့ အိပ်ရမယ်တို့ မသိပါဘူး။ နေရင်း နေရင်းနဲ့မှ ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်ပြီး ဘယ်အချိန် ဘာလုပ်ရမယ်ဆိုတာ သိလာတာပါ။ဒါကြောင့် ပြောပါတယ်။နေ့နဲ့ ညမှားတာက သိပ်ပြင်စရာလိုတဲ့ ကိစ္စမဟုတ်ပါဘူးလို့။ဒါပေမယ့် ဖေဖေ မေမေတို့ဘက်က ကြည့်တော့လည်း ထရတာ တစ်ညလည်း မဟုတ် နှစ်ညလည်း မဟုတ်ဆိုတော့ ကြာလာတော့ ပင်ပန်းလာတာပေါ့။ ဒါကြောင့် နည်းလမ်းလေးတွေ မျှဝေပေးပါ့မယ်။ကလေး မနက်နိုးနေတဲ့အချိန်ဆို အလင်းရောင် ကောင်းကောင်းရတဲ့ နေရာမှာ ထားပါ။ နိုးနေတဲ့အချိန် ကလေးနဲ့ ဆော့ပေးပါ။ ဒါမှ လင်းနေရင် ထရတယ်၊ ဆော့ရတယ်ဆိုပြီး မှတ်မိမှာပါ။ညအိပ်ရတော့မယ်ဆို အခန်းကို မှောင်နေအောင် ထားပါ။ အခန်းကို တိတ်ဆိတ်နေပါစေ။ သူနဲ့ ဆော့တာ၊ မြှူတာ ခဏနားထားပါ။ ညဆို ငြိမ်ငြိမ်လေးနေရမယ်လို့ မှတ်ထားအောင်ပါ။မနက်ဆို ကလေး မအိပ်အောင် အတင်းဆော့နေတာမျိုး၊ ကလေးကို အတင်းနှိုးထားတာမျိုး မလုပ်ပါနဲ့။ ညဆိုလည်း ကလေးကို ဆက်အိပ်အောင် နို့မတိုက်တာမျိုး မလုပ်ပါနဲ့။ ကလေးက သူ့ဟာသူ တဖြည်းဖြည်း ကျင့်သားရသွားမှာမို့လို့ အတင်းမတိုက်တွန်းပါနဲ့။မိုးလည်း ချုပ်နေပြီ၊ ချီပြီး လမ်းလျှောက်ရတာလည်း ပုခုံးတွေတောင် နာလာပြီ။ ကလေးက မအိပ်သေးဘူးဆိုရင် စိတ်မပျက်ပါနဲ့။ ကလေးကို အိပ်ရာပေါ်မှာ အသာအယာချ၊ မီးလေးပိတ်၊ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကလေးကို ဖင်လေးပုတ်ပေးပါ။ တဖြည်းဖြည်းနဲ့ ငိုက်ပြီးအိပ်ပျော်သွားပါလိမ့်မယ်။ ငိုနေရင်တော့ ပြန်ချီရမှာပေါ့လေ။ကလေးတွေက ၃-၄နာရီတစ်ခါနို့ဆာတတ်ပါတယ်။ ညဘက်မှာလည်း ဒီလိုပါပဲ။ ဒါကြောင့် သေချာပေါက်ထပြီး နို့ထတိုက်ရမှာပါ။ ဒါကြောင့် ခဏခဏ မထရအောင် ကလေးပုခက်ကို အခန်းထဲရွှေ့ထားလိုက်ပါ။ (အမေနဲ့တော့ တစ်ကုတင်တည်း မသိပ်ပါနဲ့။ အခန့်မသင့်ရင် ကလေးကို ဖိမိတတ်ပါတယ်။ အမေလည်း သတိထားနေရတာနဲ့ ကောင်းကောင်း အိပ်ရမှာ မဟုတ်ပါဘူး။)။နောက်တစ်ခုက ဖေဖေနဲ့ ဂျူတီခွဲထားပါ။ ဘယ်အချိန်ကနေ ဘယ်အချိန် ဘယ်သူထဆိုပြီးတော့ပေါ့။ တစ်ခါတလေ ကလေးထလာတာ ဗိုက်ဆာတာကြောင့် မဟုတ်ဘဲ သေးခံစိုနေလို့လည်း ဖြစ်နိုင်ပါတယ်။ တချို့ကျလည်း ဒီတိုင်း နိုးလာပြီး ဖင်လေးပုတ်ပေးလိုက်ရင် ပြန်အိပ်သွားတာပါပဲ။ ဒါကြောင့် ကလေးငိုတိုင်း မေမေထစရာ မလိုပါဘူး။တစ်ခါတလေ မေမေတို့ ပြောတတ်ကြတယ်မလား။ ဒီကလေး အိပ်ချင်နေတာကို မအိပ်ဘူး၊ဂျီကျနေတယ်ဆိုပြီး။ ဟုတ်ပါတယ်။ ကလေးတွေက အိပ်ချင်နေရက်နဲ့ မျက်လုံးတွေပွတ်ပြီး ငိုနေတတ်တာ ရှိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့အိပ်ဖို့ အဆင်မပြေလို့ပါပဲ။အခန်းက ပူလွန်း အေးလွန်းတယ်၊ မီးတွေ လင်းနေတယ်ဆိုရင် အိပ်လို့ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် မီးတွေကို မှိတ်ထားပါ။ အခန်းအပူချိန်ကို ညှိပါ။ ဘေးအခန်းမှာ monotone အသံတစ်ခုခု (ဥပမာ ဖုန်စုပ်စက်ဖြစ်ဖြစ်) ဖွင့်ထားပါ။ ကလေးက တဖြည်းဖြည်း အိပ်ပျော်သွားပါလိမ့်မယ်။ဒီလောက်ဆိုရင်တော့ မေမေတို့ ကလေးနဲ့အိပ်ချိန်တိုင်း စစ်မခင်းရလောက်တော့ပါဘူး။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%99%e1%80%bd%e1%80%b1%e1%80%b8%e1%80%85%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1-%e1%80%94%e1%80%b1%e1%80%b7%e1%80%94%e1%80%b2%e1%80%b7-%e1%80%8a%e1%80%99%e1%80%be%e1%80%ac/
Auditory Processing Disorder (အကြားအာရုံချို့ယွင်းခြင်း)
အကြားအာရုံချို့ယွင်းခြင်းဆိုတာ နားမကြားတဲ့ ပြသနာဖြစ်ပြီး ဦးနှောက်ဟာ အသံတွေကို ပုံမှန် လက်မခံနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ဒီပြသနာရှိတဲ့ကလေးတွေမှာ သူတို့ဦးနှောက်ဟာ အပြည့်အဝလုပ်မလုပ်တာကြောင့် တခြားကလေးတွေ ကြားသလို မကြားရပါဘူး။ ဦးနှောက်ဟာ အသံတွေ အထူးသဖြင့် စကားသံတွေကို လက်ခံနားလည်ရာမှာ အနှောင့်အယှက်ရှိနေပါတယ်။ကျောင်းနေအရွယ်ကလေးငယ်တွေရဲ့ ၅%မှာ ဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်တတ်ပေမယ့် ကလေးဘဝမှာ စဖြစ်တတ်တာ များပါတယ်။ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ပုံစံမျိုးစုံနဲ့ သက်ရောက်မှုဖြစ်စေပါတယ်။ ကလေးတွေမှာ အကြားအာရုံပြသနာဖြစ်နေသလိုထင်ရပေမယ့် စစ်ဆေးတဲ့အခါမှာ ပုံမှန်ကြားနေရပါတယ်။အောက်ပါအခြေအနေတွေကို ဖြစ်ပေါ်စေပါတယ်။အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။အကြောင်းအရင်းကို အပြည့်အ၀ မသိရသေးပါဘူး။ တချို့ကလေးတွေဟာ ငယ်ရွယ်စဉ်မှာ နားထိုင်းတတ်ကြပါတယ်။ မျိုးရိုးဗီဇကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တခါတရံ လူကြီးတွေမှာရော ကလေးတွေမှာပါ ဦးခေါင်းဒဏ်ရာရခြင်း၊ လေဖြတ်ခြင်း၊ ဦးနှောက်အကျိတ်ဖြစ်ခြင်း၊ ဦးနှောက်အမြှေးရောင်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။မွေးဖွားစဉ်မှာ ဦးနှောက်ကို အောက်ဆီဂျင် ပြတ်တောက်စေတဲ့ ထိခိုက်မှု၊ အသားဝါခြင်း၊ ဦးနှောက်သွေးယိုခြင်း စတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။လူကြီးတချို့မှာ ဦးနှောက်အရည်အသွေးကို သက်ရောက်မှုရှိတဲ့ အသက်အရွယ်ပြောင်းလဲခြင်းတွေနဲ့ တစတစ ဆိုးရွားလာတဲ့ အာရုံကြောအပေါ် ထိခိုက်မှု (ဥပမာ multiple sclerosis) တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်ကလေးမှာ ဒီပြသနာရှိတယ်လို့ သံသယရှိရင် အသံပိုင်းဆိုင်ရာ ကျွမ်းကျင်သူနဲ့ ပြသပါ။ အကြားအာရုံ ကျွမ်းကျင်သူများသာ ဒီပြသနာကို သိရှိနိုင်ပါတယ်။အကြားအာရုံနဲ့ ပတ်သက်ပြီး အောက်ပါအဓိက ပြသနာ၅ခု ရှိမရှိ ရှာဖွေပါလိမ့်မယ်။ဆေးဝါးကုသနည်း မရှိပါဘူး။ ဒါပေမယ့် ဒီပြသနာကြောင့် စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ပူပန်ခြင်းရှိလာကြတဲ့ ကလေးတွေမှာ ဆေးဝါးကုသဖို့ လိုပါတယ်။သင့်ကလေးမှာ စိတ်ပိုင်းဆိုင်ရာ ပြသနာပါ ရှိနေတယ်ထင်ရင် ဆရာဝန်နဲ့တိုင်ပင်တာ အကောင်းဆုံးပါပဲ။ ဆေးဝါးကုသမှု လိုတဲ့ ကုသမှုရော၊ မလိုတဲ့ ကုသမှုပါ ကြုံရတတ်ပါတယ်။ အသံတွေကို ခွဲခြားဖို့ခက်တာ အကြားအာရုံပြသနာရှိတဲ့ ကလေးတွေအတွက် အဓိကအခက်အခဲပါပဲ။ အသံတွေကို ခွဲခြားရခက်ခြင်း၊ မှန်ကန်စွာ မကြားနိုင်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ရလာဒ်အနေနဲ့ သူတို့ကြားတဲ့အတိုင်း ပြန်ပြောတတ်ကြပါတယ်။စကားကုထုံးဟာ အကြားအာရုံ ပြသနာရှိတဲ့ ကလေးတွေကို အသံတွေပိုကောင်းစွာ ကြား၇ဖို့ အထောက်အကူ ပြုပါတယ်။ စကားကုထုံးပညာရှင်တွေဟာ အောက်ပါအချက်တွေကို အကူအညီပေးနိုင်ပါတယ်။စကားတခုချင်းစီကို လက်ခံနားထောင်နိုင်မှု တိုးတက်စေခြင်း။ (စာဖတ်စွမ်းရည်ပါ တိုးတက်နိုင်ပါတယ်)။နားထောင်စွမ်းရည်တိုးတက်စေခြင်း။လူမှုဆက်ဆံရေးကိစ္စများတွင် ဘာသာစကားကို ထိရောက်စွာ အသုံးပြုနိုင်စေခြင်း။အကြားအာရုံပြသနာရှိတဲ့ ကလေးများဟာ ကျောင်းမပျော်တတ်ကြပါဘူး။ ဆရာဘာသင်သလဲ နားမလည်ကြပါဘူး။ သင့်ကလေး ကျောင်းမပျော်ရင် ပညာရေးအကြံပေးသူများနဲ့ တိုင်ပင်ကုသပါ။ သူတို့ ဝန်းကျင်မှ ကြုံနေရတဲ့ သင်ကြားရေးအခက်အခဲများကို အထောက်အကူပြု ဖြေရှင်းနိုင်ပါတယ်။အကြားအာရုံ လေ့ကျင့်ကုထုံးဟာ အကြားအာရုံ အခက်အခဲရှိတဲ့ ကလေးတွေအတွက် နောက်ထပ်ကုသမှုတခု ဖြစ်ပါတယ်။ အကြားအာရုံနဲ့ ပတ်သက်တဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေ ပါဝင်ပါတယ်။အဓိကရည်ရွယ်ချက်ကတော့ လှုပ်ရြှးမှုတွေ၊ ဂိမ်းတွေကတဆင့် နားထောင်မှုစွမ်းရည်ကို တိုးတက်စေပါတယ်။မှတ်ထားသင့်တဲ့အချက်ကတော့ ဒီလေ့ကျင့်ခန်း အစီအစဉ်ဟာ အငြင်းပွားဖွယ်ရာတွေ ရှိပါတယ်။အလုပ်ဖြစ်သလားဆိုတာ သုတေသနတွေ မရှိပါဘူး။ ဒါပေမယ့် လက်တွေ့မှာ ထိရောက်မှုရှိတာတွေ တွေ့ရပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက အကြားအာရုံချို့ယွင်းခြင်းအတွက် အထောက်အကူ ပြုသလဲ။အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။ဖြစ်နိုင်ရင် အိမ်မှာ၊ ကျောင်းမှာ နောက်ခံဆူညံသံတွေကို လျှော့ချပါ။သင်စကားပြောနေချိန်မှာ သင့်ကလေးကို ကြည့်နေပါစေ။ရိုးရှင်းပြီး အဓိပ္ပါယ်ပေါ်တဲ့ စကားများသုံးပါ။ဖြေးဖြေးနဲ့ ကြား၇အောင်ပြောပါ။ကလေးကို တခုခုပြောပြီးရင် ဘောပြောလိုက်တယ်ဆိုတာ သင့်ကို ခပ်ကျယ်ကျယ် ပြန်ပြောခိုင်းပါ။မှတ်စုချရေးထားခြင်း၊ နာရီဝတ်ထားခြင်း၊ ပုံမှန် အလုပ်များမှတ်ထားခြင်း စတာတွေဟာ ညွှန်ကြားချက်တွေကို မှတ်မိဖို့ အကူအညီပေးပါတယ်။ဆူညံတတ်တဲ့ နောက်ခံအခြေအနေမှာ အနှောင့်အယှက်ဖြစ်တတ်တာမို့ ပိုပြီးတိတ်ဆိတ်တဲ့ ဝန်းကျင်ကိုရွှေ့ပြီး နားထောင်ခိုင်းပါ။စာကျက်ဖို့ ဆိတ်ငြိမ်တဲ့ ဝန်းကျင်ပြုလုပ်ပေးပါ။အေးချမ်းပြီး စနစ်ကျတဲ့ နေထိုင်မှုပုံစံကို ထိန်းသိမ်းပေးပါ။ကောင်းကောင်းအိပ်ပြီး ကောင်းကောင်းစားခိုင်းပါ။သင့်ကလေးကို ကိုယ်ပိုင်ယုံကြည်မှုရအောင် တည်ဆောက်ပေးပါ။သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/ear-conditions/auditory-processing-disorder-%e1%80%a1%e1%81%be%e1%80%80%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%9b%e1%80%af%e1%80%b6%e1%80%81%e1%80%ba%e1%80%b3%e1%80%ad%e1%82%94%e1%80%9a%e1%80%bc%e1%80%84%e1%80%b9/
ဦးနှောက်သို့ကင်ဆာပျံ့နှံ့ခြင်း
ဦးနှောက်သို့ ကင်ဆာပျံနှံခြင်း ဆိုသည်မှာ ခန္ဓါကိုယ်ရှိ အခြားအင်္ဂါများမှ။စဖြစ်လာသော ကင်ဆာသည် ဦးနှောက်သို့ ပျံနှံလာခြင်းကို ခေါ်ပါသည်။ ဦးနှောက်အသားမှ စဖြစ်သော ကင်ဆာ (ဦးနှောက်ကင်ဆာ) မဟုတ်ပါ။ ဤသည်ကို အများစု ရောထွေးကြပါသည်။ ဥပမာ အားဖြင့် အဆုတ်ကင် ဆာသည် ဦးစွာ အဆုတ်၏ အသားတွင် စတင်၍ ဖြစ်ပွားပါသည်။ ထိုကင်ဆာအကျိတ်မှ ကင်ဆာဆဲလ်များသည် သွေးကြော သို့မဟုတ် ပြန့်ရည်ကြော မှတစ်ဆင့် ဦးနှောက် အပါအဝင် အခြားသော ကိုယ်တွင်း အင်္ဂါများသို့ ရောက်ရှိနိုင်ပါသည်။ အခြားသော ကိုယ်တွင်းအင်္ဂါများသို့ ရောက်ရှိသော်လည်း သေချာစွာ စစ်ဆေးကြည့်ပါက မူလဖြစ်ပွားသော နေရာရှိ ကင်ဆာဆဲလ်များကိုသာ တွေ့ရှိရမည်ဖြစ်ပါသည်။ (ကိုယ်တွင်း ကလိစာများ၏ ဆဲလ်ဖွဲ့စည်းပုံသည် အင်္ဂါတစ်ခုနှင့် တစ်ခုမတူညီ သကဲ့သို့ ယင်းပုံမှန်ဆဲလ်များမှ ပြောင်းလဲသွားသော ကင်ဆာဆဲလ်များသည်လည်း။မတူညီပါ။ ထိုကြောင့် ဦးနှောက်သို့ အဆုတ် ကင်ဆာဆဲလ်များ ပျံနှံပါက အဆုတ်ကင်ဆာဆဲလ်များ၏ ပုံရိပ်ကိုသာ တွေ့ရမည်ဖြစ်ပါသည်။)။ဦးနှောက်သို့ ကင်ဆာပျံနှံခြင်း၏ ဖြစ်ပွားနှုန်းကို တိကျစွာ မသိရပါ။ လေ့လာတွေ့ရှိမှု့များ အရ ကင်ဆာလူနာများ၏ ၁၀-၃၀ ရာနှုန်းတွင် တွေ့ရှိရပါသည်။ ပိုမိုသိရှိလိုပါက ဆရာဝန်နှင့် ဆွေးနွေးပါ။ဦးနှောက်သို့ ကင်ဆာပျံနှံခြင်း၏ ရောဂါ လက္ခဏာများမှာ။·ခေါင်းကိုက်ခြင်း။ တစ်ခါတစ်ရံတွင် ပျို့ခြင်း၊ အန်ခြင်းတို့ပါ ဖြစ်တတ်။·စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု့။ ဥပမာ။ မှတ်ဉာဏ်ပြဿနာများ ပိုမိုဖြစ်လာခြင်း။·တက်ခြင်း။·မူးဝေခြင်း။ဤရောဂါ၏ လက္ခများသည် ကင်ဆာအကျိတ်၏ အရွယ်အစား၊ အရေအတွက်၊ တည်နေရာနှင့် ကြီးထွားနှုန်းပေါ်တွင် မူတည်ပါသည်။အထက်ပါ လက္ခဏာများတွင် မပါရှိသော အခြားလက္ခဏာများလည်း ရှိနေနိုင်ပါသေးသည်။ သင့်အနေဖြင့် ရောဂါလက္ခဏာများနှင့်။ပတ်သက်ပြီး ပိုမိုသိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။သင့်တွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ရှိ၍သော်လည်းကောင်း၊ မေးမြန်းလိုသည်များ ရှိ၍သော်လည်းကောင်း ဆရာဝန်နှင့် တွေ့ ဆုံ ဆွေးနွေးပါ။ လူတစ်ဦးနှင့် တစ်ဦး တုန့်ပြန့်ုခြင်း တူညီမည်မဟုတ်ပါ။ ထို့ကြောင့် သင့်အတွက် အကောင်းဆုံး အဖြေကို ရရှိရန် ဆရာဝန်နှင့်။တွေ့ဆုံဆွေးနွေးပါ။ဦးနှောက်သို့ ကင်ဆာပျံနှံခြင်းဆိုသည်မှာ ကင်ဆာဆဲလ်များသည်။မူလစတင်ဖြစ်ပွားသော အကျိတ်မှသည် သွေးကြော သို့မဟုတ် ပြန့်ရည်ကြော များမှတစ်ဆင့် ဦးနှောက်ဆီသို့ ရောက်ရှိပျံနှံလာခြင်းကို ခေါ်ပါသည်။ ထိုသို့ ကင်ဆာဆဲလ်များ ရောက်ရှိလာသည့် အခါတွင်။စတင်၍ အကျိတ်များ ပွားများပါသည်။ သို့သော်ယင်းကို ဦီးနှောက် ကင်ဆာဟု မခေါ်ဘဲ နဂိုမူလ ကင်ဆာ၏ အမည်ဖြင့်သာ ခါ်ပါသည်။ ဥပမာအားဖြင့် ရင်သားကင်ဆာမှ ဦးနှောက်သို့ ပျံနှံနေပါက (ဦးနှောက်တွင် ကင်ဆာအကျိတ်များ ဖြစ်နေသော်လည်း) ပျံနှံနေသော ရင်သားကင်ဆာ ဟုသာ ခေါ်ပြီး ဦးနှောက်ကင်ဆာဟု မခေါ်ပါ။ထိုသို့ ဦးနှောက်သို့ ကင်ဆာပျံနှံပုံနှင့် ပက်သက်ပြီး လေ့လာတွေ့ရှိချက်။များစွာရှိပါသည်။ ဥပမာအားဖြင့် အဆုတ်ကင်ဆာ၏ ကနဦး အဆင့်မှာပင် ဦးနှောက်သို့ ပျံနှံပြီး ရင်သားကင်ဆာမှာမူ အတော်နောက်ကျမှ ဦးနှောက်သို့ ပျံနှံပါသည်။ဦးနှောက်သို့ ကင်ဆာပျံနှံခြင်း ကိုပိုမိုဖြစ်ပွားစေနိုင်သော။အကြောင်းရင်းများမှာ။သင်တွင် ဦးနှောက်သို့ ကင်ဆာပျံနှံခြင်း ကို သံသယရှိပါက ဆရာဝန်မှ အောက်ပါ စစ်ဆေးမှု့များကို လုပ်ဆောင်မည် ဖြစ်ပါသည်။ဦးနှောက်အာရုံကြော စနစ်ကို စစ်ဆေးခြင်း။ဤစစ်ဆေးမှု့တွင်။အမြင်အာရုံ၊ အကြားအာရုံ၊ ခန္ဓါကိုယ် မျှခြေထိန်းသိမ်းမှု့၊ လိုက်လျောညီထွေ လုပ်ဆောင်နိုင်မှု့၊ ကြွက်သားအားနှင့် အလိုအလျောက် ရုတ်တရက် တုန့်ပြန်မှု့ စသည်တို့ကို စစ်ဆေးမည် ဖြစ်ပါမည်။ ခန္ဓါကိုယ်တွင်း တစ်နေရာထက်ပို၍ ဦးနှောက်အကျိတ်၏။သက်ရောက်မှု့များ ရှိ ဦးနှောက်သို့ ကင်ဆာပျံနှံခြင်း၏ သဲလွန်စပင် ဖြစ်ပါသည်။ပုံရိပ်ဖော် စစ်ဆေးခြင်း။ သံလိုက်လှိုင်းများဖြင့် ပုံရိပ်ဖော်စစ်ဆေးခြင်း (MRI) သည် ဦးနှောက်သို့ ကင်ဆာပျံနှံသော အကျိတ်များကို။ရှာဖွေရာတွင် အများဆုံးအသုံးပြုကြပါသည်။ လက်မောင်းမှ သွေးပြန်ကြောထဲသို့ အရောင်ပါသော အရည်တစ်မျိုးကို ထိုးသွင်းပြီး (MRI) စစ်ဆေးပါသည်။ MRI စစ်ဆေးမှု့တွင် functional MRI, perfusion MRI နှင့် magnetic resonance spectroscopy စသော နည်းလမ်း များကို အသုံးပြုပြီး ရောဂါရှာဖွေရန်နှင့် ရောဂါကုသနည်းများကို ကြိုတင်ပြင်နိုင်ပါသည်။ အခြားသော ပုံရိပ်ဖော် နည်းပညာများဖြစ်သော ကွန်ပြူတာ ဓါတ်မှန် (CT) နှင့် positron emission tomography။(PET) စသည်တို့ကိုလည်း သုံးစွဲကြပါသည်။ ဥပမာ။ ဦးနှောက်သို့ ကင်ဆာပျံနှံခြင်း အတွက် ရင်ဘက်ကို ကွန်ပြူတာ ဓါတ်မှန်ရိုက်ပြီး။အဆုတ် ကင်ဆာရှိမရှိကို စစ်ဆေးကြည့်နိုင်ပါသည်။အသားစယူ စစ်ဆေးခြင်း။ အသားစယူ စစ်ဆေးခြင်းကို ဦးနှောက်အ ကျိတ်ကို ခွဲစိတ်ဖြတ်ထုတ် ကုသရာတွင် တပါတည်း စစ်ဆေးနိုင်သလို အခေါင်းပေါက်ပါသော အပ်ဖြင့်လည်း အသားစယူ စစ်ဆေးနိုင်ပါသည်။ ထို့နောက်ယင်း အသားစ နမူနာကို အဏုကြည့်မှန်ပြောင်းနှင့် ကြည့်ပီး ကင်ဆာအကျိတ် ဟုတ်မဟုတ်၊ ဦးနှောက်ကင်ဆာနှင့် ဦးနှောက်သို့။ကင်ဆာပျံနှံခြင်းကို ခွဲခြား သိရှိနိုင်ပါသည်။ ဤအချက်အလက်များသည် ရောဂါအတည်ပြုခြင်း၊ ပြန်ကောင်းနိုင်စွမ်းကို တွက်ချက်ခြင်းနှင့် ရောဂါကုသမှု့ နည်းလမ်းများကို ရွေးချယ်ရာတွင် အထောက်အကူ ပြုပါသည်။ရောဂါစစ်ဆေး အတည်ပြုခြင်းနှင့် ကုသခြင်းကို ဆောလျင်စွာ ပြုလုပ်နိုင် ပါက ဦးနှောက်သို့ ကင်ဆာပျံနှံခြင်းသည် ကုသမှု့ကို ကောင်းစွာ တုန့်ပြန် ပါသည်။ ကုသမှု့များဖြင့် ရောဂါလက္ခဏာများကို ပျောက်ကင်းစေခြင်း၊။အကျိတ်ကြီးထွားမှု့ကို နှေးကွေး စေခြင်းနှင့် အသက် ရှည် စေ နိုင်ပါသည်။ ကုသရန် ရွေးချယ်နိုင်သည့် နည်းလမ်းများမှာ ဆေးဝါးများဖြင့် ကုသခြင်း၊ ခွဲစိတ်ခြင်း၊ stereotactic radiosurgeryနည်းဖြင့် ကုသခြင်း၊။ဓါတ်ရောင်ခြည်ပေး ကုသခြင်းနှင့် ဖော်ပြပါ နည်းလမ်းမျာကို စုပေါင်း ကုသခြင်းတို့ ပြုလုပ်နိုင်ပါသည်။ အချို့လူနာများတွင် ကင်ဆာဆေး သွင်း ကုသခြင်းနှင့် ဟော်မုန်းဆေးများနှင့် ကုသခြင်းတို့ကို သုံးနိုင်ပါသည်။ကုသမှု့ကို ရွေးချယ်ခြင်းသည် အကျိတ်၏ အရွယ်အစား၊ အရေအတွက်၊ တည်နေရာများ၊ ရောဂါလက္ခဏာများ၊ လက်ရှိကျန်းမာရေး အခြေအနေ နှင့် အခြားအကြောင်းအရာများပေါ်တွင် မူတည်ပါသည်။ သင့်အတွက် အကောင်းဆုံး ကုသမှု့ကို ရွေးချယ်နိုင်ရန် သင်၏ ဆရာဝန်နှင့် သေချာစွာ တိုင်ပင်ပါ။ဆေးဝါးများဖြင့် ကုသခြင်း။ကော်တီကို စတီးရွိုက် ပမာဏများများ ပေးခြင်းသည် ကင်ဆာအကျိတ် ၏ ယောင်ယမ်းမှု့ကို သက်သာစေပြီး ဦးနှောက်အာရုံကြောဆိုင်ရာ လက္ခဏာ များကို သက်သာစေပါသည်။ခွဲစိတ်ကုသခြင်း။ခွဲစိတ်ကုသခြင်းတွင် ဦးနှောက်ရှိပျံနှံနေသော ကင်ဆာအကျိတ်မှာ ခွဲစိတ် ဖြတ်တောက်ထုတ်ရန် လွယ်ကူပါက သင်၏ဆရာဝန်မှ ဖြစ်နိုင်သလောက် ဖယ်ရှားပေးပါလိမ့်မည်။ ထို့သို့ တစ်စိတ်တပိုင်းကို ဖယ်ရှားခြင်းအားဖြင့် ရောဂါလက္ခဏာများကို သက်သာစေနိုင်ပါသည်။ဦးနှောက်ကို ခွဲစိတ်ခြင်းသည် ဘေးထွက်ဆိုးကျိုး များနိုင်ပါသည်။ ဥပမာ။ ဦးနှောက်အာရုံကြောဆိုင်ရာ ချို့ယွင်းချက် ဖြစ်လာခြင်း၊ ပိုးဝင် ခြင်းနှင့် သွေးထွက်များခြင်းတို့ ဖြစ်နိုင်ပါသည်။ ထို့ပြင် အကျိတ်၏ တည်နေရာ ပေါ် မူတည်ပြီး အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ဖြစ်နိုင်ခြေ ရှိပါသည်။ ဥပမာ။ မျက်စိနှင့်နီးသော အာရုံကြောနားရှိ အကျိတ်ကို ခွဲစိတ်ပါက မျက်စိကွယ်သွား နိုင်ပါသည်။ဓါတ်ရောင်ခြည်ပေး ကုသခြင်း (ဓါတ်ကင်ခြင်း)။ဓါတ်ကင်ခြင်းတွင် X-rays ကဲ့သို့ စွမ်းအားမြင့် ရောင်ခြည်တန်းကို ကင်ဆာ ဆဲလ်များ သေရန်အတွက် သုံးပါသည်။ ဦးနှောက်သို့ ကင်ဆာပျံနှံခြင်းကို။ကုသရန် အောက်ပါ နည်းများကို အသုံးပြုပါသည်။Whole-brain radiation – ဦးနှောက်တစ်ခုလုံးကို ဓါတ်ရောင်ခြည်ပေး ကုသခြင်း ဖြစ်ပါသည်။ ကြာမြင့်ချိန် ၂-၃ ပတ်အတွင်း ၁၀-၁၅ ကြိမ်ခန့် ကုသမှု့ ခံယူရမည် ဖြစ်ပါသည်။ ဘေးထွက် ဆိုးကျိုးများအနေဖြင့် မောပန်းလွယ်ခြင်း၊ ပျို့ခြင်းနှင့်၊ ဆံပင်ကျွတ်ခြင်း တို့ ဖြစ်နိုင်ပါသည်။ ရေရှည်တွင်မူ ယင်းကုသမှု့သည် ဦးနှောက်စွမ်းရည်ကို ထိခိုက်နိုင်ပါသည်။Stereotactic radiosurgery – SRS ဟု အတိုခေါ်သော ဤကုသနည်းတွင် ရောင်ခြည်တန်း တစ်ခုစီသည် စွမ်းအားမများ လှသော်လည်း ယင်းရောင်ခြည် တန်းများကို ဦးနှောက်အကျိတ် ရှိရာသို့ ချိန်၍ ပေးခြင်းဖြင့် လိုအပ်သော နေရာတွင်သာ ကင်ဆာဆဲလ်များကို သေစေနိုင်သော ရောင်ခြည်ပြင်းအားကို ဖြစ်ပေါ်စေပါသည်။ SRS ကို။အများအားဖြင့် တစ်ကြိမ်တည်းနှင့် ကင်ဆာအကျိတ်များစွာကို တပြိုင်နက် ကုသနိုင်ပြီး အများဖြင့် ကုသမှု့ပြီးချိန်တွင် (ဆေးရုံတက်ရန် မလိုဘဲ) အိမ်ပြန်နိုင်ပါသည်။ ဘေးထွက်ဆိုးကျိုးများမှာ ပျို့ခြင်း၊ ခေါင်းကိုက်ခြင်း၊ တက်ခြင်း၊ မူးဝေခြင်းတို့ ဖြစ်စေနိုင် ပါသည်။ ရေရှည်မှတ်ဉာဏ် ထိခိုက်မှု့တွင် ဦးနှောက်တစ်ခုလုံး ဓါတ်ရောင်ခြည်။ပေးကုသခြင်းထက် ဆိုးကျိုး နည်းပါးပါသည်။လွန်ခဲ့သော နှစ်အနည်းငယ် အတွင်းက ဆရာဝန်များ၊ သုတေသီများသည် ယင်းကုသမှု့ ၂ မျိုးကို ပိုမိုနားလည်လာပြီး လူနာများ၏ အသက်ရှင်နိုင် စွမ်း၊ ဦးနှောက်ဉာဏ်ရည်နှင့် အရည်အသွေးပြည့်မှိသော ဘဝကို။မြင့်တင်နိုင်ခဲ့ပါသည်။ အထက်ပါ နည်းလမ်း ၂ခုမှ မည်သည့်နည်းကို။သုံးရန်သင့်တော်သည်ကို ဆရာဝန်မှ သင်နှင့်သင့်တော်မည့် နည်းလမ်းကို။ဆုံးဖြတ်ပေးပါလိမ့်မည်။ပြန်လည်သန်စွမ်းရေး ကုသမှု့။ဦးနှောက်သို့ ကင်ဆာပျံနှံခြင်းမှာ လှုပ်ရှားခြင်း၊ စကားပြောခြင်း၊ အမြင်နှင့် အတွေးအာရုံများကို ထိန်းချုပ်သော ဦးနှောက် အစိတ်အပိုင်းများတွင် အကျိတ်များ ဖြစ်ပွားပါက ပြန်လည်ကောင်းမွန်ရန်အတွက် ပြန်လည် သန်စွမ်းရေး ကုသမှု့မှာ လိုအပ်ပါသည်။ ဆရာဝန်မှ လိုအပ်သလို အောက်ပါအတိုင်း ညွန်းဆိုပါလိမ့်မည်။·ကြွက်သားအားများ လေ့ကျင့်ခြင်းနှင့် ဆုံးရှုံးသွားသော ကြွက်သား လှုပ်ရှား မှု့များ အတွက် ကိုယ်ကာယပိုင်းဆိုင်ရာ ကုသမှု့။·နေ့စဉ် လုပ်ငန်းဆောင်တာများ ပြန်လည် လုပ်ဆောင်နိုင်ရေးအတွက် Occupational therapy။·စကားပြောဆိုမှု့ ထိခိုက်သွားသူများအတွက် Speech therapy။အထောက်အကူပြု စောင့်ရှောက်မှု့။အထောက်အကူပြု စောင့်ရှောက်မှု့မှာ အများအားဖြင့် ပြင်းထန်သော နာမကျန်းဖြစ်ခြင်းနှင့် နာကျင်ခြင်းများကို သက်သာစေရန် အဓိက ထားခြင်း ဖြစ်ပါသည်။ အများအားဖြင့် အထောက်အကူပြု စေသော ကုသမှု့သာ ဖြစ်ပါသည်။ (ရောဂါပျောက်ကင်းစေရန် မဟုတ်ပါ။)။အထောက်အကူပြု စောင့်ရှောက်မှု့တွင် သမားတော်များ၊ စိတ်ရောဂါ အထူးကုများ၊ စိတ်ပိုင်းဆိုင်ရာ စောင်ရှောက်ပေးသူများနှင့် ဆေးလူမှု လုပ်သားများ ပါဝင်ပါသည်။ ယင်းအဖွဲ့ဝင်များသည် လူနာနှင့် လူနာမိသားစု အဆင်ပြေစေရန် ကူညီပေးပါသည်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့်။ဦးနှောက်သို့ ကင်ဆာပျံနှံခြင်းကို ကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေ ဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း – သင့်၏ဆရာဝန်မှ။သဘောတူပါက လမ်းလျောက်ခြင်း၊ ယောဂကျင့်ခြင်းနှင့် ထိုက်ကျိကဲ့သို့သော ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းများ လုပ်နိုင်ပါသည်။စိတ်ဖိစီးမှု့များကို ထိန်းချုပ်ခြင်း – နေ့စဉ်လှုပ်ရှားမှု့ ဘဝတွင် စိတ်ဖိစီးမှု့များကို လျော့ချပါ။ ကြွက်သားများကို ဖြေလျော့ပေးခြင်း၊ တရားထိုင်ခြင်း စသော နည်းလမ်းများကို ပြုလုပ်နိုင်ပါသည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့။အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊။ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/brain-tumors/%e1%80%a6%e1%80%b8%e1%80%94%e1%80%be%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%9e%e1%80%ad%e1%80%af%e1%80%b7%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac%e1%80%95%e1%80%bb%e1%80%b6%e1%80%b7/
Breast Cancer (ရင်သားကင်ဆာ)
ရင်သားကင်ဆာဆိုသည်မှာရင်သားဆဲလ်များတွင် စတင်ဖြစ်ပွားသော အန္တရာယ် များသောအကျိတ်အဖုထွက်ခြင်း ဖြစ်ပါသည်။ ကင်ဆာဆဲလ် အုပ်စုများသည် ပတ်ဝန်းကျင် တစ်ရှူးများသို့ လျင်မြန်စွာ ကြီးထွားဝင်ရောက်၍ ကိုယ်ခန္ဓါ အနှံ့ ပြန့်နှံ့ပါသည်။ အမျိုးသမီးများတွင် အဓိက ဖြစ်ပွားပြီးအမျိုးသားများတွင်လည်း ဖြစ်ပွားနိုင်ပါသည်။ရင်သားကင်ဆာသည် အမျိုးသမီးများတွင် အများအပြားတွေ့ရပါသည်။ အမျိုးသမီး ၈ယောက် တွင် ၁ ယောက်နှုန်း ဖြစ်ပွားပါသည်။ အန္တရာယ်ဖြစ်စေ နိုင်သောအချက် များကိုလျော့ချခြင်းအားဖြင့် ရောဂါကိုထိန်းချုပ် နိုင်ပါသည်။ ပိုမိုသောအချက်အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။ရင်သားကင်ဆာသည် ရောဂါလက္ခဏာများစွာကို ဖြစ်စေပါသည်။ ရင်သားကင်ဆာ၏ ရောဂါ လက္ခဏာများမှာ။အထက်တွင်ဖော်ပြမထားသောအခြားလက္ခဏာများလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင်ရောဂါလက္ခဏာတစ်ခုခုများရှိနေသည်ဟုစိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။ရင်သားပြောင်းလဲမှုကိုသတိထားမိပါကဆရာဝန်ကိုဆက်သွယ်သင့်ပါသည်။ မိမိကိုယ်ကိုပုံမှန် ရင်သားစမ်းသပ်မှု ပြုလုပ်ရန် အရေးကြီးပါသည်။ များသောအားဖြင့် အစောပိုင်းကင်ဆာသည် နာကျင်မှုကိုမဖြစ်စေပါ။ ရောဂါလက္ခဏာများတွေ့ရှိပါကနာကျင်မှုဖြစ်လာအောင်မစောင့်ဘဲဆရာဝန် နှင့်သွားရောက်တွေ့ဆုံပါ။ စောစောသိရှိပါကအသက်ရှင်ရန် အခွင့်အရေးပိုများသည်။ရင်သားကင်ဆာဖြစ်စေသောအကြောင်းရင်းများကိုမသိရှိပါ။ ရင်သားဆဲလ် များသည် ပုံမှန် မဟုတ်စွာ ကြီးထွား၍ ရင်သားထဲတွင် အကျိတ်ဖု ဖြစ်စေသည်ဟုသာသိရှိထားပါသည်။ အကျိတ် ဆဲလ် များသည် ပတ်ဝန်းကျင်ရှိ တစ်ရှူးများနှင့် ခန္ဓါကိုယ် အခြားအစိတ်အပိုင်းများသို့ ပြန့်နှံ့ သွားပါသည်။ ရင်သားကင်ဆာ ဖြစ်နိုင်စွမ်းကို မြင့်တက်စေသောတွန်းအားပေးသောအချက် များရှိပါသည်။ဆရာဝန်များကရင်သားကင်ဆာ၏ ၅-၁၀ ရာခိုင်နှုန်းသည် မျိုးဗီဇသန္ဓေပြောင်းမှု ကြောင့်ဟုခန့်မှန်းပြောဆိုကြပါသည်။ ထိုမျိုးဗီဇသန္ဓေပြောင်းမှုသည် မိသားစုအတွင်းမျိးရိုးတစ် လျှောက် ဆင်းသက် သွားလာပါသည်။ ထိုမျိုးဗီဇများကို gene1 (BRCA1) နှင့် gene2 (BRCA2) ဟုဖော်ထုတ် သတ်မှတ်ထားပါသည်။ သင့်တွင် မိသားစုမှတ်တမ်းရှိပါကထိုမျိုးဗီဇများအတွက် သွေးစစ်ဆေးချက် ပြုလုပ်သင့်ပါသည်။အောက်ပါအချက်များသည် ရင်သားကင်ဆာကို ဖြစ်ပေါ်စေပါသည်။-ရာသီလာချိန်စောခြင်း။-အသက်ကြီးမှ ကလေးမွေးခြင်းသို့မဟုတ်ကလေးတခါမှ မမွေးဖူးခြင်း။-သွေးဆုံးချိန် နောက်ကျခြင်း။ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း။ယခုဖော်ပြထားသည့်အချက်အလက်များမှာဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက် များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက် သိရှိလိုသောအချက်အလက် များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရင်သားတွင်ပြောင်းလဲမှုတစ်စုံတစ်ရာကိုသတိပြုမိပါကဆရာဝန်ကို ပြသပါ။ အောက်ပါ စမ်းသပ်မှု များနှင့် နည်းလမ်းများကိုအသုံးပြုကြပါသည်။Excisional biopsy ;တစ်ရှူး၏ အကျိတ်ဖုတစ်ခုလုံးကိုထုတ်ယူခြင်း။Incisional biopsy ;အကျတ်ဖု၏ အစိတ်အပိုင်းတစ်ခုက်ုထုတ်ယူခြင်း။Core biopsy ;အနံကြီးသောအပ်ကိုအသုံးပြု၍ တစ်ရှူးစကိုထုတ်ယူခြင်း။Fine Needle aspiration (FNA) ;မထူသောအပ်ကိုအသုံးပြု၍ အရည် သို့မဟုတ် တစ်ရှူးစကိုထုတ်ယူခြင်း။စမ်းသပ်မှုနှင့် ပတ်သက်သောအကြောင်းကိစ္စများကိုသင်၏ ဆရာဝန်နှင့်ဆွေးနွေးရန် အရေးကြီးပါသည်။အောက်ပါအချက်များအပေါ် မူတည်၍ ရင်သားကင်ဆာကုသမှုများကိုခွဲခြားသတ် မှတ်ထားပါသည်။စံသတ်မှတ်ထားသောကုသမှု ၅ မျိုးရှိပါသည်။ ၎င်းတို့မှာ။Breast-conserving surgery ;သားနံရည်ကျိတ်အားခွဲစိတ်၍ ဖယ်ရှားခြင်း။Total mastectomy ;ကင်ဆာရှိသောရင်သားတစ်ခုလုံးကိုဖယ်ရှားခြင်း။Modified radical mastectomy ;ကင်ဆာရှိသောရင်သားတစ်ခုလုံး၊ လက်မောင်းအောက်မှ သားနံရည်ကျိတ်များ နှင့် ရင်အုပ် ကြွက်သားများ၏ အတွင်းမျက်နှာပြင် များအားဖယ်ရှားခြင်း။ တစ်ခါတစ်ရံရင်ဘတ်နံရံ ၏ အစိတ်အပိုင်းများပါ ပါဝင်သည်။ဤကုသမှုများအားပေါင်းဖက်၍ အသုံးပြုနိုင်သည်။ မှန်ကန်သောကုသမှု ကိုရွေးချယ် နိုင်စေရန် ဆရာဝန် နှင့် တိုင်ပင် ဆွေးနွေးပါ။လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကရင်သားကင်ဆာကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများသည် ရင်သားကင်ဆာကိုကုသသောနေရာတွင် အကူအညီပေးနိုင်ပါသည်။ဤနေထိုင်မှု ပြောင်းလဲခြင်းများသည် ရင်သားကင်ဆာကိုသက်သာရန် ကူညီပေး နိုင်ပါသည်။အကယ်၍သင့်မှာမေးခွန်းတွေရှိပါကသင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ရန် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/breast-cancer-%e1%80%9b%e1%80%84%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac/
ဇီကာဗိုင်းရပ်စ်Zika Virus၏လိင်မှတစ်ဆင့်ကူးစက်ခြင်းကို သတိပြုရန်လိုအပ်လာခြင်း
ဇီကာဗိုင်းရပ်စ်၏ရောဂါပျိုးချိန်(ရောဂါပိုးစဝင်ချိန်မှရောဂါလက္ခဏာပြချိန်)အတိအကျကိုမသိရသေးပါ။ ရက်အနည်းငယ် ကြာမြင့်နိုင်ပါသည်။ မျိုးနွယ်တူ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုး ကဲ့သို့ပင် ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ အနီကွက်များထွက်ခြင်း၊ မျက်စိနာခြင်း ၊ကြွက်သားနှင့် အဆစ်များနာခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း တို့ဖြစ်နိုင်သည်။ ရောဂါလက္ခဏာများမှာ ပြင်းထန်မှုမရှိဘဲ၂ရက်မှ၁ပတ်အထိ ကြာမြင့်တတ်သည်။၂၀၁၆ခုနှစ်မေလ၃၀ရက်နေ့အထိလေ့လာချက်များအရ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ ထုတ်ပြန်သည်မှာ ကိုယ်ဝန်ဆောင်စဉ် ရောဂါကူးစက်ခံရပါက မွေးရာပါ ဦးနှောက်ဖွံ့ဖြိုးမှု့ချို့တဲ့ရောဂါ၊ ဦးနှောက်သေးခြင်း(Microcephaly)နှင့် GuillianBarre’Syndrome ဟုခေါ်သော အာရုံကြောရောင်ရမ်းခြင်း ရောဂါများလည်း ခံစားရစေနိုင်သည်။ ဇီကာဗိုင်းရပ်စ်နှင့်ဦးနှောက်အာရုံကြောရောဂါများ၏ ဆက်စပ်မှုကို သုတေသနလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်နေကြပါသည်။ဇီကာဗိုင်းရပ်စ်သည် အဓိကအားဖြင့် ရောဂါပိုးရှိသော အေးဒီးစ်(Aedes)ခြင်ကျား အကိုက်ခံရခြင်းမှ ကူးစက်သည်။ အေးဒီးစ်ခြင်သည် အပူပိုင်းဒေသများတွင် တွေ့ရပြီး မနက်စောစောနှင့် နေ့လည် နေ့ခင်းဘက်တွင် အများဆုံး ကိုက်တတ်သောခြင် ဖြစ်ပါသည်။ သွေးလွန်တုပ်ကွေးရောဂါ၊ ရှင်ကန်ဂန်းယားရောဂါနှင့် ငန်းဝါရောဂါတို့ကို ဖြစ်စေသော ခြင်အမျိုးအစားလည်း ဖြစ်ပါသည်။ လိင်မှတစ်ဆင့်လည်း ကူးစက်တတ်ပြီး သွေးသွင်းခြင်း မှလည်းကူးစက်တတ်ပါသည်။ခြင်မကိုက်အောင် ကာကွယ်ခြင်းဖြင့် အဓိကကာကွယ်နိုင်သည်။ အရောင်ဖျော့သော အဝတ်အစားများကို လုံခြုံအောင်ဝတ်ဆင်ခြင်း၊ ပြတင်းပေါက်နှင့် တံခါးများကို ခြင်လုံဇကာများ တပ်ဆင်ခြင်း၊ ခြင်ထောင်ဖြင့်အိပ်ခြင်း၊ ခြင်နိုင်ဆေးရည်သုံးခြင်း တို့ကိုပြုလုပ်နိုင်သည်။ ကလေးသူငယ်များ၊ နာမကျန်းသူများနှင့် သက်ကြီးရွယ်အိုများ အတွက် လိုက်နာဆောင်ရွက်ရန်နှင့် အကူအညီများတောင်းခံနိုင်ပါသည်။ ရောဂါဖြစ်ပွားနေသောဒေသနှင့် ထိုဒေသသို့ သွားရောက်လည်ပတ်သူများသည် လိုအပ်သော အခြခံသတိပြုဖွယ်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ခြင်မကိုက်အောင် ကာကွယ်ရမည်။အိမ်နှင့်ပတ်ဝန်းကျင်တွင် ခြင်ပေါက်ဖွားနိုင်သော ရေမြောင်း၊ အိုးခြမ်းပဲ့၊ ရေအိုးများ၊ တာယာဟောင်းများကို လိုအပ်သလို ဖုံးအုပ်ရှင်းလင်းထား သင့်ပါသည်။ ပြည်သူလူထု အနေဖြင့်လည်း အစိုးရ၏ခြင်နှိမ်နှင်းရေး လုပ်ငန်းများကို ပူးပေါင်းပါဝင် ကူညီသင့်ပါသည်။ ကျန်းမာရေးဌာနမှ လိုအပ်ပါက ခြင်နိုင်ဆေးဖျန်းခြင်းကိုလည်း ပြုလုပ်ပေးနိုင်ပါသည်။လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါပိုးဖြစ်၍ ကိုယ်ဝန်ဆောင်နှင့် မွေးဖွားလာမည့် ကလေးငယ်အား ရောဂါမဖြစ်ရန် အထူးသတိပြုရပေမည်။ ရောဂါဖြစ်ပွားနေသော ဒေသများတွင် လူနာများနှင့် သူတို့၏ လိင်ဆက်ဆံဖော်များကို ရောဂါကူးစက်ခြင်း၏ အန္တရာယ်ကို သတိပေးပြောကြား ထားရမည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လိင်ဆက်ဆံခြင်း အလေ့အထရှိသော အမျိုးသားနှင့် အမျိုးသမီးများကို ဆွေးနွေးရှင်းပြ၍ အကာအကွယ်နည်းလမ်းသုံးရန်နှင့် အကယ်၍ကိုယ်ဝန်ရရှိလာပါကလည်း ကိုယ်ဝန်နှင့်သန္ဓေသားကို မထိခိုက်ရန်နည်းလမ်းများကို ရှင်းပြထားပြီး အကြံပြုထားပါသည်။ အကာအကွယ်မဲ့ လိင်ဆက်ဆံပြီးသောအခါ ဇီကာဗိုင်းရပ်စ်၏ အန္တရာယ်ကြောင့် ကိုယ်ဝန်မရလိုပါက အမျိုးသမီးများအနေဖြင့် အရေးပေါ်ကိုယ်ဝန်တားဆေးကို အသုံးပြုနိုင်ရန် သိရှိထားသင့်သည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများသည်လည်း အကာ အကွယ်သုံးခြင်းနှင့် ကိုယ်ဝန်ဆောင်ကာလတလျှောက် လိင်ဆက်မှုကို ရှောင်ကြဉ်ခြင်းတို့ ပြုလုပ်သင့်ပါသည်။ရောဂါမဖြစ်ပွားသေးသော ဒေသများတွင်လည်း မကြာသေးခင်က ရောဂါဖြစ်နေသော ဒေသမှပြန်လာသူများအနေဖြင့် စိတ်ချရသော လိင်ဆက်ဆံခြင်း (သို့မဟုတ်) အကာအကွယ်သုံးခြင်းဖြင့် လိင်မှတစ်ဆင့် ကူးစက်ခြင်းကို ရှောင်ရှားနိုင်ပါသည်။ ရောဂါဖြစ်ပွားနေသော ဒေသတွင်နေထိုင်သူများနှင့် ထိုဒေသမှ ပြန်လာသော ကိုယ်ဝန်ဆောင်များ၏ လိင်ဆက်ဆံဖော်များသည် စိတ်ချရသော လိင်ဆက်ဆံခြင်း (သို့မဟုတ်) ကိုယ်ဝန်ဆောင်ကာလတလျှောက် လိင်ဆက်ဆံခြင်းအား ရှောင်ကြဉ်ခြင်းကိုသာ ပြုလုပ်ရပါမည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/zika/%e1%80%87%e1%80%ae%e1%80%80%e1%80%ac%e1%80%97%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%95%e1%80%ba%e1%80%85%e1%80%bazika-virus%e1%81%8f%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%99/
ဖောက်ထားတဲ့ နားပေါက် ပိုးဝင်နေလို့ စိတ်ညစ်နေပါသလား
နားကပ်တွေကြိုက်လို့ လှချင်လို့ နားပေါက် ဖောက်ပြီးကာမှ နားမှာအနာဖြစ်နေလို့ နားကပ်မပန်ရဘဲ စိတ်ညစ်နေတဲ့ သူတွေရှိပါသလား။ ဒီလို လှချင်လို့ နားပေါက်ဖောက်လိုက်ကာမှ ခုလိုပိုးဝင်ပြီး အနာဖြစ်နေတာ စိတ်ညစ်စရာပဲနော်။ ဒါကြောင့် ဖောက်ထားတဲ့ နားပေါက်ကို အနာမဖြစ်အောင် ဘယ်လို ဂရုစိုက်ကြမလဲ။ခေတ်စားနေတာကတော့ သေနတ်နဲ့ နားပေါက်ဖောက်တာပဲ ဖြစ်ပါတယ်။ မြန်ဆန်ပြီး ဖောက်တဲ့တစ်ကြိမ်လောက်ပဲ ပူကနဲ နာကျင်မှုကို ခံစားရမှာပါ။ တစ်ခုသတိထားသင့်တာကတော့ နားပေါက် မဖောက်ခင်မှာ ကိုယ့်နားကို သန့်ရှင်းလေး လုပ်ပေးထားဖို့ပဲ ဖြစ်ပါတယ်။ အပ်နဲ့ ဖောက်မယ်ဆိုရင်တော့ တစ်ခါသုံးအပ်တွေကို သုံးသင့်ပါတယ်။နားပေါက်ဆိုတာ နားက အသားကို ထုတ်ချင်းဖောက်လိုက်တာပဲဖြစ်တာကြောင့် နားပေါက်ကိုယ်တိုင်က အနာတစ်ခုလို့ ပြောလို့ရပါတယ်။အရိုးနုတွေနဲ့ ဖွဲ့စည်းထားတဲ့ နားမှာ အနာတစ်ခုဖြစ်ပြီဆိုတာနဲ့အနာကျက်တာ နှေးတဲ့အပြင်ဆံပင်တွေကလည်း မကျက်သေးတဲ့ နားပေါက်နားမှာ ရှိနေတာကြောင့် ပိုးဝင်ဖို့ ပိုလွယ်ပါတယ်။ ဒ့ါအပြင် နားပေါက်ကို ခဏခဏ လက်နဲ့ကိုင်တာ နားကပ်က အရမ်းကျပ်နေတာတွေက နားပေါက်အနာကို အကျက်နှေးစေတဲ့အပြင် ပိုးတွေ ပိုဝင်စေတတ်ပါတယ်။နားပေါက် အနာပိုးဝင်တာ သိပ်မပြင်းထန်ဘူးဆိုရင် အိမ်မှာပဲ သက်သာအောင် ဂရုစိုက်ပြီး ကုသလိုက်လို့ရပါတယ်။ ဖောက်ထားတဲ့ နားပေါက်နေရာက အသားမဟုတ်ဘဲ အရိုးနုကို ထိသွားပြီး ပိုးဝင်ခဲ့ရင်တော့ပိုးသတ်ဆေးတွေ သောက်ပေးရပါမယ်။နားပေါက်ပိုးဝင်တာ သက်သာသွားပြီဆိုပေမယ့်လည်း အပေါ်မှာ ပြောထားတဲ့ နားပေါက်သန့်ရှင်းတဲ့ အလေ့အကျင့်ကို ၁ ပတ်လောက်ထိ ဆက်လုပ်ပေးပါ။သိထားရမှာက နားပေါက်ဖောက်ထားတဲ့ အနာဟာ ဘာပိုးမှ မဝင်ရင်တောင်အနာကျက်ဖို့ ၆ပတ်ကနေ ၈ပတ်လောက်အထိကြာတတ်ပါတယ်။ ဒါကြောင့် ဒီ ၆ပတ်ကနေ ၈ပတ်အချိန်အတွင်းမှာ နားပေါက်ကို သေချာဂရုစိုက်ပေးရင် နားအနားပိုးဝင်တာမျိုးတွေ ဖြစ်တော့မှာ မဟုတ်ပါဘူး။ ။နားပေါက်ပိုးဝင်တာ အရမ်းကြီး မဆိုးသေးဘူးဆိုရင် အိမ်မှာပဲ သက်သာအောင် လုပ်လို့ရပေမယ့် ခုပြောမယ့် လက္ခဏာတွေ ရှိနေပြီဆိုရင်တော့ ဆရာဝန် နဲ့ သွားပြသင့်ပါတယ်။မဖြစ်ခင်က ကြိုတင်ကာကွယ်ရင် အကောင်းဆုံးမို့ နားပေါက်ဖောက်ပြီဆိုတည်းက ဖောက်ထားတဲ့ နားပေါက်ကို သေချာဂရုတစိုက်နဲ့ သန့်ရှင်းပေးဖို့ဆိုတာ အရမ်းကို အရေးကြီးပါတယ်။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/ear-conditions/how-to-take-care-infected-ear-picering/
အဆီတစ်ရှူးကင်ဆာ
အဆီဆဲလ်တွေမှာစတင်ဖြစ်ပေါ်တဲ့ ကင်ဆာကို အဆီတစ်ရှူးကင်ဆာ တနည်းအားဖြင့် liposarcoma လို့ခေါ်ပါတယ်။ Liposarcoma ကို ပျော့ပျောင်းတဲ့တစ်ရှူးတွေမှာဖြစ်တဲ့ ကင်ဆာအမျိုးအစားတွေအနက် တစ်ခုအပါအဝင်ဖြစ်ပါတယ်။အဆီတစ်ရှူးကင်ဆာဟာ ခန္ဓါကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းမှာမဆို ဖြစ်နိုင်ပြီး ခြေ၊ လက် ကြွက်သားတွေနဲ့ ဝမ်းဗိုက်ထဲမှာ အဖြစ်အများဆုံးဖြစ်ပါတယ်။ဒီရောဂါဟာ အဖြစ်နည်းတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပေမယ့် သက်ကြီးပိုင်းတွေမှာ ဖြစ်လေ့ဖြစ်ထ ပိုများပါတယ်။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဘာတွေလဲ။ကင်ဆာဖြစ်ပွားတဲ့နေရာပေါ်မူတည်ပြီး အဆီတစ်ရှူးကင်ဆာရဲ့ ရောဂါလက္ခဏာတွေ ကွဲပြားနိုင်ပါတယ်။လက်နဲ့ခြေထောက်တွေမှာဖြစ်တဲ့ အဆီတစ်ရှူးကင်ဆာရဲ့ ရောဂါလက္ခဏာတွေကတော့။အရေပြားအောက်တွင် အလုံးအကျိတ်စမ်းမိခြင်း။နာကျင်ခြင်း။ရောင်ရမ်းခြင်း။ကင်ဆာဖြစ်သည့် ခြေ၊လက် အားနည်းခြင်း။ဝမ်းဗိုက်မှာဖြစ်တဲ့ အဆီတစ်ရှူးကင်ဆာရဲ့ ရောဂါလက္ခဏာတွေကတော့။ဗိုက်အောင့်ခြင်း။ဝမ်းဗိုက်ဖောရောင်ခြင်း။အစာနည်းနည်းစားရုံနှင့် ပြည့်အင့်ခြင်း။ဝမ်းချုပ်ခြင်း။ဝမ်းထဲသွေးပါခြင်း။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။အဆီတစ်ရှူးကင်ဆာ ဖြစ်ပွားစေတဲ့အကြောင်းအရင်းကို တိတိကျကျမသိရသေးပါဘူး။အဆီဆဲလ်တွေရဲ့ မျိုးဗီဇချို့ယွင်းမှုကနေ ကင်ဆာစတင်ဖြစ်ပေါ်လာတယ်လို့ပဲ။ဆရာဝန်တွေက သိထားကြပါတယ်။ ၎င်းမျိုးဗီဇချို့ယွင်းမှုက ဆဲလ်တွေကို ပုံမှန်ထက်လျဉ်မြန်စွာပွားစေပြီး အခြားဆဲလ်တွေ ပုံမှန်အတိုင်း သေဆုံးကြတဲ့အချိန်မှာ မသေဆုံးဘဲ ရှင်သန်ကျန်ရှိစေပါတယ်။ ဒီလိုဆဲလ်တွေစုစည်းရာကနေ ကင်ဆာအကျိတ် ဖြစ်ပေါ်လာရပါတယ်။အဆီတစ်ရှူးကင်ဆာ အမျိုးအစားများစွာ ရှိပါတယ်။ အချို့ကင်ဆာဆဲလ်တွေက ခန္ဓါကိုယ်ရဲ့ နေရာတစ်ခုတည်းမှာသာ ဖြည်းဖြည်းချင်းကြီးထွားကြပေမယ့် အချို့ကင်ဆာအမျိုးအစားတွေကတော့ အလွန်လျင်လျင်မြန်မြန် ကြီးထွားပြီး ခန္ဓါကိုယ်အနှံ့အပြားဆီ ပျံ့ပွားနိုင်ပါတယ်။အဆီတစ်ရှူးကင်ဆာ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသော အချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။သင့်မှာ အဆီတစ်ရှူးကင်ဆာရှိမရှိ အဖြေရှာအတည်ပြုနိုင်အောင် အသားစယူစစ်ဆေးဖို့ လိုအပ်နိုင်ပါတယ်။ ကင်ဆာဖြစ်နေတယ်လို့ သံသယရှိတဲ့ တစ်ရှူးအချို့ကို ခွဲစိတ်ပြီဖြစ်စေ၊ အပ်နဲ့စုပ်ထုတ်ပြီးဖြစ်စေ ဖယ်ရှားပြီး ရောဂါဗေဒပညာရှင်က အဏုဇီဝမှန်ပြောင်းနဲ့ စစ်ဆေးကြည့်ရှူမှာဖြစ်ပါတယ်။ အဆီတစ်ရှူးကင်ဆာလက္ခဏာတွေ တွေ့ရှိခဲ့ရင် ကင်ဆာအဆင့်နဲ့ ပျံ့နှံ့မှုအနေအထားကို သိရှိနိုင်အောင် ဓါတ်မှန်၊ သံလိုက်ဓါတ်မှန် (MRI)၊ ကွန်ပျူတာဓါတ်မှန်၊ အာလ်ထရာဆောင်း စတဲ့စစ်ဆေးမှုတွေ ထပ်မံပြုလုပ်ဖို့ သင့်ဆရာဝန်က အကြံပြုပါလိမ့်မယ်။အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အဆီတစ်ရှူးကင်ဆာကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/%e1%80%a1%e1%80%86%e1%80%ae%e1%80%90%e1%80%85%e1%80%ba%e1%80%9b%e1%80%be%e1%80%b0%e1%80%b8%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac/
ပိုက်ဆံလျှော် ဆေးဖက်ဝင်သလား!
မြေကြီးကို မြေဆီဩဇာကောင်းစေဖို့ လုပ်ဆောင်ပေးသလို သစ်စိမ်းမြေဩဇာအဖြစ် လူသိများကြတဲ့ ပိုက်ဆံလျှော်ကို ဧရာဝတီတိုင်းကို သွားဖူးသူတိုင်းကတော့ မြင်ဖူးကြမှာပါ။ လမ်းဘေး တစ်ဖက်တစ်ချက်မှာ အဝါရောင် အပွင့်လေးတွေနဲ့ မတ်မတ်လေး ရှိနေတဲ့ အပင်စိမ်းစိမ်းလေးပေါ့။ အခင်းလိုက်ဆိုရင် တော်တော်ကို လှပါတယ်။ ဒီလိုမျိုးအလှစိုက်ပန်းအဖြစ်ရော မြေဆီဩဇာ အဖြစ်ပါ အသုံးဝင်တဲ့ ပိုက်ဆံလျှော်က သဘာဝ ပတ်ဝန်းကျင်အတွက်ပဲလား! ပိုက်ဆံလျှော် ဆေးဖက်ဝင်သလား! ဆိုတာကို အတူတူ လေ့လာလိုက်ရအောင်နော်။ပိုက်ဆံလျှော်ဆိုတာက အပင်ငယ်လေး တစ်မျိုးပါ။ မြင်သာအောင် ပြောပြရရင် ပန်းအလှစိုက်ပင်လေးနဲ့တောင် ခပ်ဆင်ဆင်လေးပါ။ အရွက်လေးတွေက အစိမ်းရောင် ရှည်မြောမြောလေး ဖြစ်ပြီး အပွင့်လေးတွေကတော့ အဝါရောင်လေးတွေပါ။ ရိုးတံ ကတော့ အစိမ်းရောင် အရိုးတုတ်တုတ်လေးပါ။အရွက်လေးတွေက ပင်စည် ကနေ ရွက်ဆိုင်ဖြာထွက် နေတာပါ။ အရိုး ကတော့ အရမ်း မမာပါဘူး။ အသီးလေးတွေက အစေ့တောင့် ရှည်ရှည်လေးပါ။ မြေထဲဒေသ မျိုးရင်းပင် တစ်မျိုးပါ။ပိုက်ဆံလျှော်က အခုလိုလေးဆေးဖက်ဝင်တာပါနော်။သွေးသန့်စေတယ်။ပိုက်ဆံလျှော်ရဲ့ အစေ့က သွေးသန့်စေဖို့ ထောက်ကူပေးနိုင် သလိုသွေးအားနည်းတာကို သက်သာစေဖို့လည်း ထောက်ကူပေးနိုင် ပါတယ်။အရေပြားပြဿနာ ကင်းစေတယ်။ပိုက်ဆံလျှော်ရဲ့ အစေ့ကအရေပြားပြဿနာတွေဖြစ်တဲ့ဆိုရီရေးစစ်နဲ့ အခြား အရေပြားပြဿနာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။လေနာတာကို သက်သာစေတယ်။ပိုက်ဆံလျှော်ရဲ့ အမြစ်ကလေနာတာကို သက်သာစေနိုင် သလို လေထိုးလေအောင့်တာ လေပွတာတွေကို သက်သာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ အစေ့ကို အပြင် အရွက်ကိုလည်း အသုံးပြုပေးလို့ ရပါတယ်။ဆံသား ကျန်းမာစေတယ်။ပိုက်ဆံလျှော်ကဗောက်ပြဿနာအပါအဝင် ဆံသားနဲ့ဦးရေပြား ကျန်းမာစေဖို့ ထောက်ကူပေးနိုင် ပါတယ်။ ဆံပင်တွေကို သန်စွမ်းကျန်းမာစေဖို့ရော ထောက်ကူပေးနိုင် ပါတယ်။အနာကျက်စေနိုင်တယ်။ပိုက်ဆံလျှော် အရွက်ကို ကြိတ်ပြီး သတ္တုရည်ကို အနာကို အုံပေးတာ လိမ်းကျံပေးတာကအနာကျက်စေဖို့ထောက်ကူပေးနိုင် ပါတယ်။အဖျား သက်သာစေနိုင်တယ်။ပိုက်ဆံလျှော်ကို နောက်ထပ် သုံးလို့ရတဲ့ နည်းလမ်း တစ်ခုကတော့ အဖျား သက်သာစေဖို့ပါ။အဖျား ကျစေဖို့နဲ့အဖျား သက်သာစေဖို့ ပိုက်ဆံလျှော် အရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ပိုက်ဆံလျှော် အရွက်ကို ရေနွေးနဲ့ စိမ်သောက်လို့ ရသလို အရွက်ကို ပြုတ်ပြီး စားလို့လည်း ရပါတယ်။ အပွင့်ကိုတော့ သနပ်စိမ်ပြီး စားလို့ ရပါတယ်။ အသားဟင်း၊ ငါးဟင်းတွေထဲကို ထည့်ချက်စားလို့ ရပါတယ်။ပိုက်ဆံလျှော်က ဆေးဖက်ဝင်တယ် ဆိုပေမယ့်အလွန်အကျွံ သုံးမယ်ဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင် ပါတယ်။ အကြောင်းကတော့ ပိုက်ဆံလျှော် အစေ့မှာ pyrrolizidine alkaloids ပါဝင်နေတာကြောင့် လိုတာထက် ပိုစားမယ်ဆိုရင် အဆိပ်အတောက် ဖြစ်စေနိုင်မှာပါ။ကိုယ်ဝန်ဆောင် နဲ့ နို့တိုက်မိခင်တွေ အတွက်လည်း မသင့်တော်ပါဘူး။သဘာဝကရတယ်ဆိုပေမယ့် ဓာတုဗေဒနည်းအရ သန့်စင်ထားတာ မရှိရင် ခန္ဓာကိုယ်အတွက် ဘေးဖြစ်စေနိုင်တာကြောင့် အထက်ပါ ရောဂါတွေရှိရင် တတ်ကျွမ်းသူနဲ့သာ ကုသမှု ခံယူပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/sunnhemp-health-benefits/
သားအိမ်ခေါင်းမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေက
သားအိမ်ခေါင်းမှာသားအိမ်ခေါင်းကင်ဆာအပါအဝင် အခြားကျန်းမာရေး ပြဿနာတွေလည်း ဖြစ်စေနိုင်တယ်ဆိုတာကို သိပြီးပြီလား။ မသိသေးဘူးဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်တော့နော်။ ဒီတစ်ခေါက်တော့ သားအိမ်ခေါင်းမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေက ဘာတွေလဲဆိုတာကို ပြောပြပေးသွားမှာပါ။သားအိမ်ခေါင်းမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေအကြောင်း မပြောခင်မှာ သားအိမ်ခေါင်းက ဘယ်လို အစိတ်အပိုင်းလဲ ဆိုတာနဲ့ သားအိမ်ခေါင်းက ဘာတွေ လုပ်ဆောင်ပေးလဲဆိုတာကို အရင်ဆုံး ပြောပြပေးချင်ပါတယ်။သားအိမ်ခေါင်း ဆိုတာ ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြွန်ပုံစံ အစိတ်အပိုင်း တစ်ခုပါ။သားအိမ်နဲ့ မိန်းမကိုယ်ကို ဆက်သွယ်ပေးထားပါတယ်။ သားအိမ်ရဲ့ လည်တံလို့လည်း ခေါ်ကြပါတယ်။ သားအိမ်ခေါင်းက သားအိမ်နဲ့ မိန်းမကိုယ်ကြား ဆက်သွယ်ပေးထားတဲ့ အစိတ်အပိုင်း တစ်ခုပေါ့။ ဘေဘီလေး မွေးဖွားချိန်မှာလည်း သားအိမ်ထဲက ဘေဘီလေးကို မွေးလမ်းကြောင်းကနေတဆင့် မွေးဖွားလာစေဖို့ ဆက်သွယ်လုပ်ဆောင်ပေးပါသေးတယ်။သားအိမ်ခေါင်းက အရေးကြီးတဲ့ တစ်ခုမကသော တာဝန်တွေကို လုပ်ဆောင်ပေးနေတာပါ။သားအိမ်ခေါင်းမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေက တစ်ခုမကပါဘူး။သားအိမ်ခေါင်းဆဲလ်တွေ ပျက်ယွင်းခြင်း  (Cervical Dysplasia) ဆိုတာက သားအိမ်ခေါင်း မျက်နှာပြင်ကဆဲလ်တွေ ပုံမှန်မဟုတ်ဘဲ ကြီးထွားတာကို ဆိုလိုတာပါ။ ကင်ဆာအစောပိုင်း လက္ခဏာအဆင့်လို့လည်း သတ်မှတ်ကြပါတယ်။ များသောအားဖြင့်ကတော့ Human Papillomavirus (HPV) လို့ခေါ်တဲ့ လိင်ကဆင့်ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ကြောင့် ဖြစ်ရတာပါ။ အမျိုးသမီးတိုင်း အသက်အရွယ်မရွေး ခံစားရနိုင်ပေမယ့် အသက် ၂၅ နှစ် နဲ့ အသက် ၃၅ နှစ်ကြား အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ကိုယ်ခံအားကျဆင်းစေနိုင်တဲ့ ရောဂါခံစားနေရတာ၊ ကိုယ်ခံအားကို ချပေးတဲ့ ဆေးတွေ သောက်နေရတာ၊ လိင်ဆက်ဆံဖော် များတာ၊ အသက် ၁၆ နှစ် မတိုင်ခင် ကလေးမွေးဖူးတာ၊ အသက် ၁၈ နှစ်မတိုင်ခင် လိင်ဆက်ဆံမှု စတင်ဖူးတာ၊ ဆေးလိပ်သောက်တာတွေက သားအိမ်ခေါင်းဆဲလ်တွေ ပျက်ယွင်းတာကို ဖြစ်စေနိုင်ပါတယ်။လက္ခဏာတွေ အနေနဲ့ သွေးဆင်းများတာ၊ ပုံမှန်ထက် သွေးဆင်းရက်ရှည်တာ၊ သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာ၊ မိန်းမကိုယ်ကနေ ပုံမှန်မဟုတ်တဲ့အကျိအချွဲတွေ အဆင်းများတာ၊ အတူနေချိန်မှာ နာကျင်တာတွေကို ခံစားရနိုင်ပါတယ်။သားအိမ်ခေါင်းအသားပို (Cervical Polyps) ဆိုတာ သားအိမ်ခေါင်း မျက်နှာပြင် ဒါမှမဟုတ် သားအိမ်ခေါင်းပြွန်မှာ ပုံမှန်မဟုတ်တဲ့ သေးငယ်တဲ့ အသားဖုလေးတွေ ဖြစ်တာပါ။ သားအိမ်ခေါင်းက အသားပိုတိုင်းက ကင်ဆာလို့တော့ တထစ်ချ ယူဆလို့ မရပါဘူး။ အချို့သော အခြေအနေတွေမှာတော့ သားအိမ်ခေါင်း အဖုအကျိတ်တွေ အသားပိုတွေက ကင်ဆာအစောပိုင်းအဆင့်ကို ပြောင်းသွားတတ်ပါတယ်။သားအိမ်ခေါင်းမှာ ဖြစ်တဲ့ အသားပိုတွေက များသောအားဖြင့် ရှည်မြောပြောပုံစံ အသားပိုလေးတွေပါ။ သားအိမ်ခေါင်း အသားပိုကို ၂ မျိုးခွဲခြားနိုင်ပါတယ်။ ဒါကတော့ သားအိမ်ခေါင်း အပြင်ဘက်မှာ ဖြစ်တဲ့ အသားပိုနဲ့ သားအိမ်ခေါင်းအတွင်းထဲမှာ ဖြစ်တဲ့ အသားပို ဆိုပြီးပါ။ သားအိမ်ခေါင်းအတွင်းပိုင်းမှာတော့ အသားပို အဖြစ်များပါတယ်။မျိုးဆက်ပွားနိုင်တဲ့ အရွယ် အမျိုးသမီး ၂ ဦးကနေ ၅ ဦးခန့်မှာ သားအိမ်ခေါင်း အသားပို ဖြစ်နိုင်ပြီး သွေးဆုံးပြီး အမျိုးသမီး အယောက် ၁၀၀ မှာ ၁ ယောက်နှုန်း ဖြစ်နိုင်ခြေ ရှိနေတဲ့ သားအိမ်ခေါင်း ကျန်းမာရေး ပြဿနာ တစ်ခုပါ။လက္ခဏာတွေ အနေနဲ့ သွေးဆင်းများတာ၊ အတူနေပြီးချိန်မှာ သွေးဆင်းတာ၊ ပုံမှန် မဟုတ်တဲ့ သွေးဆင်းတာမျိုးတွေ ရှိတာ၊ သွေးဆုံးပြီးချိန်မှာ  သွေးဆင်းတာမျိုးတွေ နဲ့ အနံ့အသက်ဆိုးတဲ့ အဖြူရောင် ဒါမှမဟုတ် အဝါရောင် အကျိအချွဲတွေ ဆင်းတာမျိုး ခံစားရနိုင်ပါတယ်။သားအိမ်ခေါင်း ရောင်ရမ်းခြင်း (Cervicitis) ဆိုတာက သားအိမ်ခေါင်းရောင်ရမ်းပြီး အဖြူဆင်းတာ၊ သွေးဆင်းတာ၊ အတူနေချိန်မှာ နာကျင်တာတွေကို ခံစားရတဲ့ အခြေအနေ တစ်ရပ်ကို ဆိုလိုတာပါ။ လူတိုင်းမှာတော့ ဒီလက္ခဏာတွေကို တွေ့ရမယ်လို့ တထစ်ချ မဆိုနိုင်ပါဘူး။ အချို့သော အမျိုးသမီးတွေမှာ သားအိမ်ခေါင်းရောင်တာကို ပိုးဝင်ကူးစက်မှုကြောင့် ပြင်းပြင်းထန်ထန် ခံစားရတာမျိုး ရှိနိုင်သလို နာတာရှည် သားအိမ်ခေါင်းရောင်တာကို ခံစားရတာမျိုးလည်း ရှိနိုင်ပါတယ်။လိင်ဆက်ဆံဖော် များတဲ့သူတွေ၊အကာအကွယ်မဲ့ လိင်ဆက်ဆံမှုပြုသူတွေမှာ အဖြစ်များပါတယ်။ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ခံစားရဖူးသူတွေမှာလည်း သားအိမ်ခေါင်းရောင်တာကို ခံစားရနိုင်ခြေ တော်တော်လေးများပါတယ်။ မိန်းမကိုယ် အတွင်းပိုင်းကို ဆေးကြောတာ၊ tampons နဲ့ diaphragms (အမျိုးသမီးသုံးကွန်ဒုံး) တွေကြောင့်လည်း သားအိမ်ခေါင်း ရောင်ရမ်းတာကို ခံစားရနိုင်ပါတယ်။သားအိမ်ခေါင်း ရောင်ရမ်းတာက အဖြစ်များပြီး အရွယ်ရောက်ပြီးသူ အမျိုးသမီး ထက်ဝက်နီးပါး ခံစားရတဲ့ သားအိမ်ခေါင်း ကျန်းမာရေးပြဿနာ တစ်ခုပေါ့။ လက္ခဏာတွေ အနေနဲ့ကတော့ အဝါရောင်၊ အဖြူရောင်၊ မီးခိုးရောင်ရှိတဲ့ အနံ့အသက်ဆိုးတဲ့ အကျိအချွဲတွေ ဆင်းတာ၊ ရာသီလာရက်မဟုတ်ဘဲ သွေးနည်းနည်းဆင်းတာ၊ အတူနေချိန်မှာ နာကျင်တာ၊ မိန်းမကိုယ် ယားယံတာလိုမျိုးတွေ ခံစားရနိုင်ပါတယ်။သားအိမ်ခေါင်း မလုံတာ (Cervical incompetence)ကို ဖြစ်စေတဲ့ အကြောင်းကတော့ သားအိမ်ခေါင်း တစ်ရှူးတွေ အားနည်းလာတာပါ။ လမစေ့ခင် မီးဖွားတာနဲ့ ကိုယ်ဝန်ပျက်ကျတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ သားအိမ်နဲ့ မွေးလမ်းကြောင်းကို ဆက်ထားတဲ့ သားအိမ်ခေါင်းရဲ့ အဖျားပိုင်းနားမှာ ရှိနေတဲ့ သားအိမ်ခေါင်းအဝက ပိတ်ထားလေ့ရှိပြီး ကြွက်သားကလည်း မာကျောပါတယ်။ မွေးမယ့်ရက် နီးလာချိန်မှာတော့ သားအိမ်ခေါင်းက တဖြည်းဖြည်းပျော့ပြီး ပါးလာပါတယ်။သားအိမ်ခေါင်းမလုံခြင်းဟာ များသောအားဖြင့် လက္ခဏာမပြတတ်ပါဘူး။ သာမန်အမျိုးသမီးတွေဆို သတိတောင် မထားမိကြပါဘူး။ အမျိုးသမီး တစ်ဦးက ကိုယ်ဝန်ဆောင်ထားမယ်။ မကြာခဏ ကိုယ်ဝန်ပျက်မှပဲ စမ်းသပ်သိရှိကြတာပါ။ တချို့အမျိုးသမီးတွေကတော့ ကိုယ်ဝန်ဒုတိယ ၃လပတ်မှာ သွေးနည်းနည်းဆင်းတာ၊ ခါးကိုက်တာ၊ ပုံမှန်မဟုတ်တဲ့ အဖြူဆင်းတာ၊ ဆီးစပ်ကိုက်တာတွေ ခံစားရတတ်ပါတယ်။သားအိမ်ခေါင်း ကင်ဆာ (Cervical cancer) ဆိုတာက သားအိမ်ခေါင်းမှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေ ကြီးထွားလာတာပါ။ သားအိမ်ခေါင်းကင်တာက စစဖြစ်ချင်းမှာ သိရှိနိုင်ဖို့ ခက်ခဲပါတယ်။  HPV ကာကွယ်ဆေး ထိုးနှံတာက သားအိမ်ခေါင်းကင်ဆာကို ကာကွယ်ပေးနိုင်တဲ့ နည်းလမ်း တစ်ခုပါ။လက္ခဏာတွေ အနေနဲ့ ရာသီစက်ဝန်း ၂ ခုကြားမှာ သွေးဆင်းတာ၊ ပုံမှန်ထက် သွေးဆင်းများတာ၊ သွေးဆင်းရက် ရှည်တာ၊ အတူနေချိန်မှာ နာကျင်တာ၊ အတူနေပြီးချိန်မှာ သွေးထွက်တာ၊ တင်ပဆုံထဲက နာကျင်တာ၊ အနံ့ပြင်းတဲ့ အဖြူဆင်းတာ၊ သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာမျိုးတွေ ခံစားရနိုင်ပါတယ်။အခုပြောခဲ့တာတွေကတော့ လေဒီလေးတိုင်း သတိထားသင့်တဲ့ သားအိမ်ခေါင်းမှာ ဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာတွေပါ။ သိရှိကာကွယ်နိုင်ကြဖို့ မျှဝေပေးလိုက်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/pelvic-related-issue/cervix-disease-and-treatment/
Typhoid Fever (အူရောင်ငန်းဖျားရောဂါ)
အူရောင်ငန်းဖျားရောဂါဆိုတာSalmonellatyphi (သို့) Salmonella paratyphi ဘက်တီးရီးယားကြောင့်ဖြစ်သော ဖျားနာခြင်း ၊ နာမကျန်းဖြစ်ခြင်းကို ဆိုလိုပါတယ်။ ပိုးရှိသူထိတွေ့ထားသော အစားအစာနဲ့ ရေတွေမှာ အထက်ပါဘက်တီးရီးယားများကို တွေ့နိုင်ပြီး အခြားသောလူများကို ကူးစက်နိုင်ပါတယ်။အူရောင်ငန်းဖျားရောဂါ က ဖွံ့ဖြိုးဆဲ တိုင်းပြည်များ (အထူးသဖြင့် ကလေးများ) တွင် အဖြစ်များပါတယ်။ ကလေးတွေမှာ အဖြစ်များသော်လည်း အသက်အရွယ်မရွေး ကူးစက်ခံရနိုင်ခြေရှိပါတယ်။ရောဂါကူးစက်ခံရပြီး ၁ပတ်ကနေ ၃ပတ်အတွင်း အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။• ဖျားခြင်း။•အဖျားက နေ့စဉ် တက်တက်လာခြင်း၊ 104.9 F ( 40.5 C) ထိ တက်နိုင်ပါတယ်။• ခေါင်းကိုက်ခြင်း။• အားနည်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း။• ကိုယ်လက် ကိုက်ခဲခြင်း။• ချွေးထွက်ခြင်း။• ချောင်းဆိုးခြင်း။• အစာစားချင်စိတ်မရှိခြင်း၊ ကိုယ်အလေးချိန်ကျခြင်း။• ဗိုက်အောင့်ခြင်း။•ဝမ်းသွားခြင်း(သို့) ဝမ်းချုပ်ခြင်း။• အဖုအပိမ့်များ ထွက်ခြင်း။• ဗိုက်အလွန်အမင်း ဖောင်းလာခြင်း။Salmonella typhi ပိုးရှိသော ရေနဲ့ အစားအစာများကို စားသောက်ခြင်းကြောင့် အူရောင်ငန်းဖျားဖြစ်နိုင်ပါတယ်။အူရောင်ငန်းဖျားဖြစ်နိုင်ချေကို မြင့်မားစေတဲ့ အရာတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။• အိန္ဒိယ၊ အရှေ့တောင်အာရှ၊ အာဖရိက၊ တောင်အမေရိကနဲ့ အခြားသောနေရာများကဲ့သို့သော ဖွံ့ဖြိုးဆဲနေရာတွေမှာ နေထိုင်ခြင်း။• ကလေးအရွယ်ဖြစ်နေခြင်း။• အူရောင်ငန်းဖျား ဖြစ်ပွားနေသော နေရာများသို့ သွားရောက် လည်ပတ်ခြင်း။• အူရောင်ငန်းဖျားဖြစ်ပွားနေသောသူနှင့် မကြာခင်က ဖြစ်ပွားခဲ့သော သူများနှင့် နီးနီးကပ်ကပ် နေခြင်း။ရောဂါလက္ခဏာ၊ ဆေးစစ်ချက်နဲ့ ဘယ်နေရာတွေကို ခရီးသွားခဲ့လဲဆိုတာကို မူတည်ပြီး စစ်ဆေးပါလိမ့်မယ်။အတည်ပြုဖို့ ဓာတ်ခွဲခန်းမှာ သွေး၊ ဝမ်းတို့မှ Salmonella typhi ကို ပိုးမွေးပြီး ရောဂါရှာဖွေပါတယ်။ လိုအပ်ရင် အူရောင်ငန်းဖျား DNA အတွက် ပဋိဓာတ် ရှိမရှိ စစ်ဆေးပါလိမ့်မယ်။အူရောင်ငန်းဖျားကို ထိရောက်စွာ ကုသတဲ့ တစ်ခုတည်းသောနည်းကပိုးသတ်ဆေးပေးခြင်းပါပဲ။ သောက်ဆေး၊ ထိုးဆေး စသဖြင့် လူနာပေါ် မူတည်ပြီး ပေးပါလိမ့်မယ်။ ပိုးသတ်ဆေးတွေ ဖြစ်တဲ့အတွက်ဆေးပတ်လည်အောင် သောက်ဖို့ လိုပါတယ်။ဒါ့ပြင် ခံစားရတဲ့ ဝေဒနာတွေ သက်သာအောင်။အူရောင်ငန်းဖျားရောဂါဟာ အစားအသောက်ကနေ ကူးစက်တာဖြစ်တဲ့အတွက် တတ်နိုင်သမျှ အစားအသောက်ပြင်ဆင်တဲ့နေရာမှာ သန့်သန့်ရှင်းရှင်းဖြစ်ဖို့၊ အစာမစားခင်လက်ဆေးဖို့ အရေးကြီးပါတယ်။အူရောင်ငန်းဖျားရောဂါကအစားအသောက်ကနေတဆင့်ကူးစက်တတ်တဲ့ ကူးစက်ရောဂါဖြစ်ပါတယ်။ ကံကောင်းတာက ပိုးသတ်ဆေးတွေပေးပြီး ကုသနိုင်သလို အစားအသောက်တွေ သန့်ရှင်းအောင် ပြင်ဆင်ချက်ပြုတ်ပြီး ဖြစ်နိုင်ချေကို လျှော့ချနိုင်ပါတယ်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/typhoid-fever/typhoid-fever/
အကြားအာရုံကောင်းစေဖို့ လုပ်ဆောင်ပေးသင့်တာအချို့
လူတွေရဲ့ လှုပ်ရှားလုပ်ဆောင်မှုတိုင်းက အမြင်၊အကြား၊အထိအတွေ့အာရုံတွေပေါ်မှာ အခြေခံတာပါ။ ဒီအာရုံတွေထဲက တစ်ခုခုသာ မကောင်းခဲ့ဘူးဆိုရင်နေ့စဉ်လှုပ်ရှားမှုမှာတော်တော်လေး ထိခိုက်မှာပါ။ ဒီတော့အာရုံခံစားမှုတွေကာင်းဖို့က မဖြစ်မနေဂရုစိုက်ဖို့လိုမယ်ဆိုတာပြောနေစရာတောင်မလိုအောင်ပါပဲ။ ဒီတစ်ခေါက်တော့အကြားအာရုံေကာင်းစေဖို့အတွက် လုပ်ဆောင်သင့်တာလေးတွေကိုပြောပြပေးပါမယ်။တစ်ခုခုမပြောခင် အရင်လုပ်ရတဲ့အလုပ်ကနားထောင်ရတာပါ။နားလေးပဲခဏလောက် ပိတ်ထားကြည့်လိုက် ဘာပြောမှန်းမသိလို့ ဘယ်လိုတုံ့ပြန်ရမလဲ မသိဖြစ်သွားနိုင်တာသိပြီးဖြစ်မှာပါ။ ဒီတော့ အကြားအာရုံကိုကောင်းကောင်းဂရုစိုက်ဖို့ လိုအပ်မယ်ဆိုတာ အထွေအထူးတောင်ပြောနေစရာမလိုပါဘူး။ဒါတွေအပြင်။အကြားအာရုံကောင်းစေဖို့နဲ့ပြန်လည်သန်စွမ်းလာစေဖို့ အခုပြောပြမယ့် နည်းလမ်းလေးတွေကအထောက်အကူပြုပေးနိုင်မှာပါ။လေ့ကျင့်ခန်းလုပ်ပါ။လေ့ကျင့်ခန်းလုပ်ပါဆိုလို့ Gym သွားခိုင်းတာမဟုတ်ပါဘူး။နေ့စဉ်ပုံမှန် တိတ်ဆိတ်တဲ့နေရာလေးမှာ ၁၅ မိနစ်လောက်လမ်းလျှောက်ပေးတာမျိုးက အကြာအာရုံကောင်းစေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။ မနက်ခင်းမှာနေရောင်နွေးနွေးလေးအေးအေးလေးကို တဝရှုသွင်းပြီး အကြားအာရုံကောင်းအောင် ကြိုးစားလိုက်ပါ။ယောဂကစားပါ။ယောဂကကျန်းမာရေးအတွက်အထောက်အကူပြုတယ်ဆိုတာကတော့ အများကလက်ခံထားပြီးသားကိစ္စပါ။ယောဂကစားတာကြောင့်ရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေထဲမှာ အကြားအာရုံကောင်းစေတာကလည်း တစ်ခုအပါအဝင်ပါ။ယောဂကစားတာကြောင့် အကြားအာရုံနဲ့ဦးနှောက်ကြားမှာ အကောင်းဆုံးချိတ်ဆက်ပေးနိုင်ပြီး အာရုံကြောတွေရဲ့လုပ်ဆောင်မှုကိုကောင်းမွန်စေနိုင်ပါတယ်။ဗီတာမင်တွေပါအောင်စားသုံးပါ။အကြားအာရုံကောင်းစေဖို့အတွက်ဖောလစ်အက်ဆစ်၊ မဂ္ဂနီဆီယမ်၊ဇင့် နဲ့ဗီတာမင် Bတို့ပါဝင်အောင်စားသုံးရပါမယ်။ ဒါမှအကြားအာရုံအတွက်အရေးပါတဲ့ နားကို အကောင်းဆုံးကာကွယ်ပေးနိုင်ပြီး အကြားအာရုံကျန်းမာစေနိုင်မှာပါ။ဆေးလိပ်ဖြတ်ပါ။ဆေးလိပ်သောက်သူတွေဟာ သာမန်ထက် အကြားအာရုံဆုံးရှုံးနိုင်ခြေ ၂ ဆလောက်ပိုများနေပါတယ်။ဆေးလိပ်မျာပါတဲ့ နီကိုတင်းက နားအတွင်းပိုင်းမျာရှိတဲ့ ဆဲလ်တွေဆီသွေးစီးဆင်းရာက်ရှိမှုကို အဟန့်အတားဖြစ်စေနိုင်တာကြောင့်ပါ။ ဒါကြောင့် အကြားအာရုံကျန်းမာချင်ရင်ဆေးလိပ်ဖြတ်ပါ။တရားထိုင်ပါ။ဆူညံသံတွေကင်းတဲ့နေရာမှာ တရားမှတ်တာက အကြားအာရုံကောင်းဖို့ အကောင်းဆုံးအထောက်အပံ့ပေးနိုင်ပါတယ်။ တရားမှတ်တဲ့အခါ အသက်ပြင်းပြင်းရှုတာကသွေးစီးဆင်းမှုကောင်းစေပြီး ကိုယ်တွင်းအောက်ဆီဂျင်ပမာဏကိုတိုးစေနိုင်ပါတယ်။ အသံတစ်ခုခုကိုအာရုံစိုက်လို့ ဝင်သက်ထွက်သက်မှတ်ပြီး အသံလာရာဆီကိုအာရုံစူးစိုက်နားထောင်ပေးပါ။သီချင်းတွေကို အသံကျယ်ကျယ်နားမထောင်ပါနဲ့။သီချင်းတွေကို အသံကျယ်ကျယ်နားထောင်တာက စိတ်လွတ်လပ်ပေါ့ပါးစေတယ်ဆိုပေမယ့် အရမ်းကျယ်လွန်းတဲ့အသံတွေက နားစည်ကိုထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သီချင်းကြိုက်တယ်ဆိုရင်တောင် အသံအကျယ်ကြီးနားမထောင်ပါနဲ့။နားကြပ်တပ်လို့နားထောင်တဲ့အခါ ပိုပြီး သတိထားပါ။ ဆူညံကျယ်လောင်တဲ့အသံတွေက အကြားအာရုံကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/%e1%80%a1%e1%80%80%e1%80%bc%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%9b%e1%80%af%e1%80%b6%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%85%e1%80%b1%e1%80%96%e1%80%ad%e1%80%af%e1%80%b7/
ရာသီလာနေချိန်မှာ ချဉ်ချဉ်လေး စားချင်ပေမယ့် မစားရဲဖြစ်နေပြီလား
အချဉ်တွေ စားနေတာလား …… ရာသီလာနေတယ်လို့ ဘာလို့စားနေရတာလဲဆိုပြီး မေမေတို့ ဖွားဖွားတို့ ကြီးကြီးတို့ မာန်တာကို ခံခဲ့ဖူးတော့ ခေါင်းထဲမှာ မှတ်ထားလိုက်တာက ရာသီလာနေတယ်ဆိုရင် အချဉ် မစားရဘူးလို့ပေါ့။ ဒီတော့ ရာသီလာနေချိန်မှာ အချဉ်လေး ခံတွင်းတောင်း နေရင်တောင် စားလိုက်မိရင် တစ်ခုခုပဲ ဖြစ်တော့မလားဆိုပြီး မစားရဲဘူး ဖြစ်နေပြီလား။ဒီတစ်ခေါက်တော့ ရာသီလာနေချိန်မှာ ချဉ်ချဉ်လေး စားချင်ပေမယ့် မစားရဲဖြစ်တဲ့သူလေးတွေအတွက် သိထားဖို့လိုမယ့် အကြောင်းအရာလေးတွေကို ပြောပြပေးမှာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။ရာသီလာတာက တစ်လကို တစ်ကြိမ် တစ်ခါတစ်လေဆို ၂ ကြိမ်တောင် ကြုံရတာမျိုး ရှိပါတယ်။ ဒီလို ရာသီလာချိန်မှာ ကောင်းကောင်း မအိပ်ရတာ၊ နာကျင်ကိုက်ခဲတာတွေကြောင့် အတော်လေး ပင်ပန်းရပါတယ်။တကယ်ကတော့ရာသီလာတယ်ဆိုတာက လေဒီလေးက ကျန်းမာတယ်ဆိုတဲ့ လက္ခဏာပါ။  ဒီလိုဆိုပေမယ့်လည်း ရာသီလာချိန်က လေဒီလေးတိုင်းလိုလိုကို ပင်ပန်းစေတာတော့ အမှန်ပါ။ရာသီလာချိန်မှာနာကျင်ကိုက်ခဲတာ၊ ဖျားနာတာ၊ ခြေကုန်လက်ပမ်းကျတာတွေ၊ မူးဝေမောပန်းတာတွေ မဖြစ်စေဖို့အတွက် အနေအထိုင် အစားအသောက်တွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ဒါကြောင့်ရာသီလာချိန်မှာ အပူအစပ်တွေ၊ လက်ဖက်၊ အရက် စတာတွေကို ရှောင်ခိုင်းကြတာပေါ့။ဒီလို အစားအသောက်တွေကို ရှောင်ရတယ်ဆိုတာက ကိုယ်တွင်းမှာ သံဓာတ်ချို့တဲ့တာ၊ အစာခြေစနစ် မအီမသာဖြစ်တာမျိုးတွေ ဖြစ်ပြီး ပုံမှန်ထက် ပိုပင်ပန်းနေတဲ့ ရာသီလာချိန်မှာ ခန္ဓာကိုယ်မှာ အင်အားနည်းတာမျိုး ဖြစ်မှာစိုးတာကြောင့်ပါ။ရာသီလာနေချိန်မှာ ချဉ်ချဉ်လေး စားချင်ပေမယ့် မစားရဲဖြစ်နေပြီလား ။ ဒါဆိုရင်တော့ ဒီအတွေးကို ခေါင်းထဲက အပြီးတိုင် ထုတ်လိုက်ပြီး ရာသီလာချိန်မှာ အချဉ်ဓာတ်ပါတဲ့ အသီးအနှံတွေကို စားချင်တဲ့ ဆန္ဒရှိတယ်ဆိုရင် စားလိုက်ပါလို့ ပြောပါရစေ။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကိုတော့ အတူတူ ကြည့်လိုက်ရအောင်နော်။ရာသီလာနေချိန်မှာအချဉ်ဓာတ်ပါတဲ့ အသီးအနှံတွေစားတာက ‘ရာသီလာချိန်မှာ နာကျင်ကိုက်ခဲစေတယ်၊ ရာသီသွေး ကုန်အောင် မဆင်းတာမျိုး ဖြစ်စေတယ်။ ရာသီလာနေချိန်မှာ နာကျင်ကိုက်ခဲမှုကို ပိုဆိုးစေတယ်’ဆိုပြီး ယူဆနေကြတာတွေက တကယ်တော့ မမှန်ပါဘူး။ လွဲမှားနေတဲ့ အယူအဆပါ။ရာသီလာချိန်မှာ အချဉ်ဓာတ်ပါတဲ့ အသီးအနှံတွေ စားတာကြောင့်ရာသီသွေးဆင်း ရပ်သွားတာမျိုး မရှိသလို နာကျင်ကိုက်ခဲရတာကလည်း အချဉ်စားတာကြောင့် မဟုတ်ပါဘူး။ ရာသီလာချိန်မှာ နာကျင်ကိုက်ခဲရတာက ရာသီသွေးဆင်းချိန်မှာ သားအိမ်နံရံက ဆဲလ်တွေ အားလုံးကွာကျလာတာကြောင့်ပါ။ရာသီလာနေချိန်မှာ သံပုရာသီး၊ ရှောက်သီး၊ ဇီးသီးလိုမျိုး အသီးတွေ စားတာကရာသီသွေးဆင်းမှုကိုထိခိုက်စေတာမျိုး ဖြစ်စေမှာ မဟုတ်သလို လေဒီလေးတို့ရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေတာမျိုး ရှိမှာ မဟုတ်ပါဘူး။ ဒါ့ပြင် ဗီတာမင်စီပါတဲ့ ချဉ်တဲ သီးနှံတွေက ခန္ဓာကိုယ်က သံဓာတ်စုပ်ယူမှုကောင်းအောင်တောာင် ကူညီပေးနိုင်ပါတယ်။ဒါပေမယ့် သတိထားရမှာက ရာသီလာနေချိန်မှာ အချဉ်ဓာတ်ပါတာတွေကိုပဲ တစ်ချိန်လုံး စားနေလို့တော့ မရဘူးပေါ့။ ရာသီလာချိန်မှာ ခန္ဓာကိုယ်ကနေ ဆုံးရှုံးသွားတဲ့ သွေးပမာဏ ပြန်လည် ပြည့်တင်းစေဖို့ဆိုရင် အာဟာရကို ပြည့်ဝအောင် စားရပါမယ်။တစ်နေ့ကို ၃ နပ်ကို အာဟာရပြည့်ဝအောင် စားဖို့လိုပါမယ်။ တစ်ခါတည်း အများကြီး မစားနိုင်ရင်တောင် နည်းနည်းချင်းနဲ့ ၄ ကြိမ်လောက် စားပေးတာမျိုး လုပ်ပေးပါ။ ဒါမှ ရာသီလာချိန်မှာ ခန္ဓာကိုယ်မှာ အင်အားပြည့်ဝနေစေမှာပါ။ရာသီလာနေချိန်မှာ အာဟာရကို ပြည့်ဝမျှတအောင် စားဖို့ပဲ လိုတာပါ။ အချဉ်မို့ မစားရဘူး။ အစပ်မို့ ရှောင်ရမယ်၊ အဖန် မစားရဘူးဆိုတာမျိုးတော့ မရှိပါဘူး။ သင့်တင့်မျှတတဲ့ ပမာဏထဲမှာ စားလို့ရပြီး အလွန်အကျွံ မစားမိဖို့တော့ လိုတာပေါ့။ရာသီလာချိန်မှာ ကိုယ်တွင်းက သွေးတွေနဲ့ အတူ ဆုံးရှုံးသွားတဲ့သံဓာတ်တွေပြည့်ဝစေဖို့တော့ သံဓာတ်ဖြည့်တင်းပေးနိုင်မယ့် ကြက်သား၊ အဆီမပါတဲ့ အနီရောင် အသား၊ ဥအမျိုးမျိုး၊ ငါး စတာတွေကို စားပေးဖို့ လိုပါမယ်။ ဒိန်ချဉ်သောက်တာ၊ နွားနို့သောက်တာ၊ ဟင်းနုနွယ်ရွက် စားပေးတာတွေ လုပ်ပေးလို့ ရပါတယ်။သံဓာတ်အားဖြည့်ဆေး ပုံမှန်လေး သောက်ပေးတာမျိုးလည်း ရပါတယ်။ ဆေးကိုတော့ မသောက်ခင်မှာ ဆရာဝန်နဲ့ အရင် တိုင်ပင်စေချင်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/should-you-really-avoid-sour-foods-during-your-periods/
ကိုယ့်ကလေး ဟင်းသီးဟင်းရွက်တွေ ကြိုက်လာအောင် ဘယ်လိုစည်းရုံးကြမလဲ
ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးဝလံတွေဟာ အာဟာရဓာတ်တွေကြွယ်ဝပြီး ကျန်းမာစေတဲ့ သဘာဝအစားအစာတွေဖြစ်ကြပါတယ်။ အသက်အရွယ်မရွေး လူကြီး၊လူငယ်နဲ့ ကလေးတိုင်းအတွက် အကျိုးကျေးဇူးဖြစ်စေနိုင်တဲ့ အရာတွေပေါ့။ ဒါကြောင့် မိဘတိုင်း ကိုယ့်ကလေး အသီးအရွက်တွေကိုကြိုက်လာတာမျိုးကို အလိုရှိကြပါတယ်။ဒါပေမယ့် လူတိုင်းကတော့ ဟင်းသီးဟင်းရွက်တွေကို သဘာဝအလျောက် ကြိုက်နှစ်သက်သွားတတ်ကြတာ မဟုတ်ပါဘူး။ ငယ်ရွယ်စဉ်မှာ မိဘတွေရဲ့ စီမံကျွေးမွေးမှုတွေကြောင့်သာ တဖြည်းဖြည်းချင်းကြိုက်နှစ်သက်သွားတတ်တာလေ။မိဘလုပ်သူတွေရဲ့ စီမံကျွေးမွေးမှုကောင်းမွန်ရင် ကလေးတွေကသစ်သီးဝလံတွေ၊ အရွက်တွေကို ပိုမိုနှစ်ခြိုက်လာကြမှာဖြစ်ပြီးတော့ကျန်းမာရေးကိုလည်း ပိုပြီး အကျိုးရှိစေမှာပါ။ငယ်ရွယ်စဉ်မှာကတည်းက ဟင်းသီးဟင်းရွက်များများမှီဝဲတဲ့ကလေးတွေဟာ ကြီးလာချိန်မှာအဝလွန်တာ၊ သွေးတိုး၊ နှလုံးရောဂါနဲ့ဆီးချိုရောဂါတွေဖြစ်နိုင်ခြေနည်းပါးနိုင်တယ်လေ။ ဒါကြောင့် ရင်သွေးတွေကို ဟင်းသီးဟင်းရွက်တွေ ကျွေးမွေးဖို့ကိစ္စက အရေးကြီးတာပေါ့။ကိုယ့်ရဲ့ ကလေး ဟင်းသီးဟင်းရွက်တွေ နှစ်ခြိုက်လာအောင် ဘယ်လို စီမံကျွေးမွေးကြမလဲ။ သိပ်ပြီးမခက်ခဲလှပါဘူး။ အောက်မှာ ဖော်ပြထားတဲ့ နည်းလမ်းလေးတွေကို လိုက်နာဆောင်ရွက်ကြည့်ရင် အဆင်ပြေသွားပါလိမ့်မယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/kids-eat-veggies/
နှလုံးရောဂါများအတွက် နောက်ဆုံးပေါ် အဆင့်မြင့် ခွဲစိတ်နည်းများ
နှလုံးရောဂါဆိုတာ ကမ္ဘာပေါ်မှာ အဖြစ်အများဆုံးနဲ့ အသေအပျောက် အများဆုံးရောဂါ တစ်ခုပါ။ နှလုံးရောဂါလို့ ပြောလိုက်ရင် ရုတ်တရက် နှလုံးထိခိုက်တဲ့ heart attackကစလို့ နှလုံးပျက်စီးတာ heart failureအလယ် နှလုံးစည်းချက်မမှန်တာ arrhythmiaအထိ အကုန်ပါပါတယ်။ ပြီးတော့ နှလုံးရောဂါက လူကြီးတွေမှာပဲ ဖြစ်တာ မဟုတ်ပါဘူး။ ကလေးတွေမှာ မွေးကတည်း ပါလာတဲ့ မွေးရာပါ နှလုံးရောဂါ congenital heart diseaseဆိုတာလည်း ရှိပါသေးတယ်။ဆိုလိုတာက နှလုံးရောဂါဆိုတာ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ ကံကောင်းတာက ခုခေတ်မှာ ဆေးပညာတွေ တိုးတက်နေပြီမို့လို့ သောက်ဆေးတွေ၊ ခွဲစိတ်နည်းတွေနဲ့ ကုလို့ရနေတာပါပဲ။ အရင်လို နှလုံးရောဂါဆိုတာနဲ့  သေရာပါ မဟုတ်တော့ပါဘူး။ ဒီထဲမှာ ခွဲစိတ်နည်းတွေက ပိုပြီး တိုးတက်လာပါတယ်။ အရင်ကတော့ နှလုံးခွဲစိတ်ရမယ်ဆိုရင် ကြောက်ကြတယ်။ အခု နည်းပညာတွေ တိုးတက်လာပြီဆိုတော့ လူနာကို ထိခိုက်မှုနည်းနည်း၊ ခွဲကြောင်းသေးသေးနဲ့ ပိုပြီး ရလဒ်ကောင်းအောင် ခွဲပေးနိုင်တဲ့  နည်းလမ်းတွေ ပေါ်လာပါပြီ။ ဒါကြောင့် နှလုံးခွဲစိတ်တာက အရင်ကထက် ပိုပြီး လွယ်ကူအဆင်ပြေလာပါပြီ။ ဒီနည်းလမ်းတွေထဲက အသုံးများတဲ့ နည်းလမ်းတွေကို ပြောပြပေးပါမယ်။Arrhythmiaဆိုတဲ့ နှလုံးခုန်မမှန်တဲ့ ရောဂါအတွက် ကုသနည်းပါ။ နှလုံးခုန် မမှန်တဲ့နေရာကို ပြင်လိုက်တာပါ။ ဒါကို Cardiac ablation လုပ်တယ်လို့ ခေါ်ပါတယ်။ နှလုံးခုန်မမှန်တာ အမျိုးအစားအများကြီး ရှိပေမယ့်  Atrial fibrillationလို့ ခေါ်တဲ့ နှလုံးအပေါ်ခန်း စည်းချက်မမှန်တဲ့ ရောဂါမှာ အဓိက သုံးပါတယ်။တကယ်က ခွဲစိတ်တယ်လို့တောင် ပြောလို့မရပါဘူး။ နည်းလမ်းက ထိပ်မှာ electrodeပါတဲ့ ပိုက်အပျော့လေးကို ပေါင်ခြံ၊ လက်မောင်း ဒါမှမဟုတ် လည်ပင်းသွေးကြောကနေ ထည့်လိုက်ပါတယ်။ ပြီးတော့ နှလုံးမှာရှိတဲ့ သွေးကြောလေးဆီကို ရောက်သွားပါတယ်။ အဲ့ဒီမှာ လျှပ်စီး အပျော့စားလေး လွှတ်ပြီး နှလုံးခုန်မမှန်တဲ့နေရာကို ခြေရာခံပါတယ်။ ဒါတွေကို ဗီဒီယိုကနေ တစ်ဆင့် ကြည့်နေတာပါ။ နှလုံးခုန်မမှန်တဲ့နေရာကို ရောက်ရင် radiofrequency ဒါမှမဟုတ် သင့်တော်တဲ့ ablationနည်းကို သုံးပြီး ပြင်လိုက်ပါတယ်။ ဒီတော့ နှလုံးခုန် ပြန်မှန်သွားပါတယ်။ ဒီလောက်ကို ရိုးစင်းပြီး လွယ်ကူတဲ့ နည်းလမ်းပါ။ ခွဲစိတ်မှု အကြီးစားလည်း မဟုတ်ပါဘူး။အထူးသဖြင့် နှလုံးခုန်မမှန်တာအတွက် ဆေးမတိုးတော့ဘူး။ ဆေးဒဏ်တွေ ခံနေရတယ်ဆိုတဲ့ လူနာတွေ၊ ရောဂါပြင်းထန်လွန်းလို့ အချိန်မရွေး လေဖြတ်နိုင်၊ အသက်အန္တရာယ် ဖြစ်သွားနိုင်တဲ့ လူနာတွေအတွက် သင့်တော်ပါတယ်။ လေ့လာချက်တွေအရလည်း အောင်မြင်နိုင်ချေက ၉၅ကနေ ၉၈ ရာခိုင်နှုန်းထိတောင် ရှိပါတယ်။ခန္ဓာကိုယ်တစ်ခုလုံးကို သွေးတွေ ရောက်ဖို့ နှလုံးဘယ်ဘက်အောက်ခန်းကနေ သွေးတွေ ညှစ်ပေးရတာပါ။ အကြောင်းအမျိုးမျိုးကြောင့် နှလုံးပျက်စီးလာတဲ့အခါ ဒီအခန်းက သွေးကောင်းကောင်းမညှစ်နိုင်တော့ပါဘူး။ ဒီအခါမှာ လူနာက မောတာ၊ အားမရှိတာတွေ ဖြစ်ပြီး အိပ်ရာထဲ လဲပါတော့တယ်။ ကိုယ်တွင်း အင်္ဂါတွေဆီကိုလည်း သွေးကောင်းကောင်း မရောက်တော့ပါဘူး။ ဒါတွေကို LVADက ဖြေရှင်းပေးနိုင်ပါတယ်။ပုံစံက စက်မှာ ပိုက်တစ်ချောင်းရှိပြီး တစ်ဖက်က နှလုံးဘယ်ဘက်အောက်ခန်း၊ နောက်တစ်ဖက်က သွေးလွှတ်ကြောမကြီးကို ဆက်ထားတာပါ။ ကြားမှာ pumpလေး ခံထားပါတယ်။ ဒီတော့ နှလုံးက အားနဲ့ ညှစ်စရာ မလိုဘဲ သွေးတွေက သွေးလွှတ်ကြောမကြီးကနေ တစ်ကိုယ်လုံးကို ရောက်သွားတာပေါ့။ ကောင်းကောင်းမညှစ်နိုင်တဲ့ နှလုံးအတွက် အနားပေးထားရာ ရောက်ပါတယ်။ ဒါကြောင့် လူနာက မောတာ၊ အားမရှိတာ မဖြစ်တော့ပါဘူး။ခုနက pumpလေးကတော့ ကိုယ်ထဲမှာ ရှိတာပါ။ pumpကနေ နောက်ထပ် ပိုက်တစ်ချောင်းထွက်ပြီး အပြင်မှာရှိတဲ့ စက်က ဘက်ထရီကို ချိတ်ထားတာပါ။ LVADစက်က သယ်ရလွယ်ပြီး ဒီစက်တပ်ထားတဲ့ လူနာတွေက အရင်လို အိပ်ရာထဲ လှဲနေစရာ မလိုဘဲ သူများတွေလို သွားနိုင်လာနိုင်ပါတယ်။ နောက်ထပ် ကောင်းကျိုး တစ်ခုက နှလုံးအစားထိုးဖို့ အစီအစဉ်ရှိတယ်။ အလှူရှင်လည်း မရသေးဘူးဆိုရင် ဒီစက်လေးကို တပ်ပြီး စောင့်နေနိုင်ပါတယ်။ဒီနည်းလမ်းကတော့ နှလုံးသွေးကြောပိတ်တဲ့သူတွေမှာ သုံးတာပေါ့။ ပိတ်နေတဲ့ နှလုံးသွေးကြောကို ရှောင်ပြီး သွေးဆက်စီးနိုင်အောင် လုပ်ပေးတာပါ။ သွေးကြောဆက်ဖို့အတွက် ခြေထောက် ဒါမှမဟုတ် လက်က သွေးကြောကို နည်းနည်း ဖြတ်ယူပြီး နှလုံးသွေးကြောမှာ လာဆက်တာပါ။ အရင်က ခြေထောက်တွေ လက်တွေက သွေးကြောယူတဲ့အခါ ခွဲကြောင့် ရှည်ရှည်ခွဲရပါတယ်။ အခု endoveinousတို့ endoradialတို့ ပေါ်လာတဲ့အခါကျတော့ ပိုက်သေးသေးလေးနဲ့ သွေးကြောကို ယူတာမို့လို့ ခွဲကြောင်းက ၁လက်မသာသာလောက်ပဲ ရှိပြီး ရုပ်ဆိုးတဲ့ အမာရွတ်ကြီး မကျန်တော့ပါဘူး။ CABGက နှလုံးသွေးကြောကို ပြန်ဆက်စေတဲ့အတွက် နှလုံးပုပ်တာကို ကာကွယ်ပေးနိုင်ပါတယ်။နှလုံးမှာ နှလုံးအခန်းအချင်းချင်းဖြစ်ဖြစ်၊ နှလုံးအခန်းနဲ့ သွေးကြောတွေကို ဖြစ်ဖြစ် ဆက်ထားတဲ့ အဆို့ရှင် ၄ခု ရှိပါတယ်။ ဒီအဆို့ရှင်တွေက မွေးရာပါနှလုံးရောဂါကြောင့် ဖြစ်ဖြစ်၊ တခြား ရောဂါကြောင့် ဖြစ်ဖြစ် ကျဉ်းတာ၊ ပျက်စီးတာ ဖြစ်တတ်ပါတယ်။ ကျဉ်းတာအတွက် Balloon valvuloplastyဆိုတဲ့ နည်းလမ်း ရှိပါတယ်။ ပိုက်အပျော့လေးရဲ့ ထိပ်မှာ လေဖောင်းလို့ရတဲ့ ဘောလုံးလေးရှိပြီး ဒီပိုက်လေးကို ပေါင်ခြံက သွေးကြောကနေ တစ်ဆင့် နှလုံးကို ပို့လိုက်ပြီး ကျဉ်းနေတဲ့ အဆို့ရှင်ကို ဘောလုံးလေးနဲ့ ချဲ့ပေးတာပါ။ ကိုယ်လိုချင်တဲ့ အနေအထားရောက်တဲ့အထိ ဘောလုံးလေးကို ဖောင်းလိုက် ပိန်လိုက်လုပ်ပြီး ချဲ့လို့ရပါတယ်။ ခွဲစိတ်မှု အကြီးစား လုပ်စရာ မလိုပါဘူး။အဆို့ရှင် ပျက်စီးတာ များရင်တော့ ပြင်တာ (Valve repairs) ဒါမှမဟုတ် လဲတာ (Valve replacement) လုပ်လို့ရပါတယ်။ ပြင်တာက ကိုယ့်ရဲ့ အဆို့ရှင်ကိုပဲ ပြန်ပြင်တာ ဖြစ်ပြီး ဆေးပညာတွေ တိုးတက်လာတာကြောင့် မြန်မြန်နာလန်ပြန်ထသလို အောင်မြင်တဲ့ ရာခိုင်နှုန်းလည်း များပါတယ်။ လဲတာကတော့ ပလတ်စတစ် ဒါမှမဟုတ် သတ္တု အဆို့ရှင်ကို သုံးပြီးလဲတာပါ။ နည်းပညာတွေ တိုးတက်လာတာကြောင့် အရင်လို ခွဲစိတ်မှု ကြီးကြီးမားမား လုပ်စရာမလိုဘဲ လဲလို့ရနေပါပြီ။နှလုံးသွေးကြောကို ချဲ့ပေးတာပါ။ နှလုံးသွေးကြောကျဉ်းတဲ့အခါ နှလုံးက သွေးကောင်းကောင်း မရတာကြောင့် ရင်ဘတ်အောင့်တာ၊ နှလုံးပုပ်တာဖြစ်တတ်ပါတယ်။ ဒီလို မဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ သွေးကြောကို ပြန်ချဲ့တာပါ။ ခွဲစိတ်မှုလို့ ပြောလို့မရအောင် နည်းလမ်းက ရိုးရှင်းပါတယ်။ ပိုက်အပျော့လေးရဲ့ ထိပ်မှာ လေဖောင်းလို့ရတဲ့ ဘောလုံးလေးရှိပြီး ဒီပိုက်လေးကို ပေါင်ခြံက သွေးကြောကနေ တစ်ဆင့် နှလုံးသွေးကြောဆီကို ပို့လိုက်ပါတယ်။ ဒါတွေအကုန်လုံးကို ကင်မရာက ကြည့်နေတာပါ။ ကျဉ်းတဲ့ သွေးကြောဆီရောက်တဲ့အခါ ဘောလုံးလေးကို လေဖောင်းပြီး နဂိုအတိုင်း ဖြစ်အောင် ချဲ့လိုက်တာပါ။ခုနောက်ပိုင်းမှာ တိုးတက်လာတော့ ဘောလုံးနဲ့ ချဲ့ရင်း သွေးကြောပြန်မကျဉ်းအောင် stentလေးတွေပါ တစ်ခါတည်း ထည့်လာပါပြီ။ Stentထည့်တဲ့ နေရာမှာ သွေးမခဲအောင် သွေးကြောအောက်မှာ သွေးမခဲတဲ့ဆေးကိုပါ တစ်ခါတည်း ထည့်လို့ရနေပါပြီ။ နောက်ထပ် အသစ်ထပ်ထွက်တာက ပျော်တင်နိုင်တဲ့ stentတွေပါ။ Dissolvable stent လို့ ခေါ်ပါတယ်။ ဒီ stentက ထည့်ပြီး ၂နှစ် ၃နှစ်နေရင် အလိုလို ပျော်ဝင်သွားပါတယ်။ ဒါကြောင့် နှလုံးသွေးကြောပြန်ချဲ့နိုင်တဲ့အပြင် stentကြောင့် သွေးခဲတာမျိုးလည်း မရှိတော့ပါဘူး။ဒါတွေကတော့ အသုံးများတဲ့ ခွဲစိတ်နည်းတွေပါ။ တချို့နည်းလမ်းတွေဆို ခွဲစိတ်တယ်လို့တောင် သုံးလို့မရပါဘူး။ ခုနောက်ပိုင်း နည်းပညာတွေ၊ ဆေးပညာတွေ တိုးတက်လာတာနဲ့အမျှ လူနာတွေအတွက် ပိုပြီး သက်သောင့် သက်သာဖြစ်တဲ့၊ ပိုပြီးကောင်းမွန်တဲ့ နည်းလမ်းတွေနဲ့ နှလုံးရောဂါကို ခွဲစိတ်ကုသနိုင်နေပါပြီ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/%e1%80%94%e1%80%be%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba-%e1%80%94%e1%80%b1/
ပုလဲပန်း ဆေးဖက်ဝင်သလား!
ပုလဲပန်းဆိုတာက ထူထူထဲထဲ ပေါက်ရောက်လေ့ရှိတဲ့ အပင်ရဲ့ ပန်းပွင့်လေးတွေပါ။ အခိုင်လိုက် အစုပ်လိုက် ပွင့်တတ်ပြီး အနံ့လေးကလည်း သင်းသင်းလေး မွှေးပါတယ်။ ပုလဲပန်းကို အမွှေးနံ့သာတွေ ထုတ်လုပ်ရာမှာ အသုံးပြုကြသလို ဆေးဝါးကုသရာမှာ အသုံးပြုကြတာမျိုးလည်း ရှိပါတယ်။ အမြင်အရ ချစ်စရာကောင်းသလိုမွှေးရနံ့လေးကလည်း လန်းဆန်းစေတဲ့ ပုလဲပန်း ဆေးဖက်ဝင်သလား! ဆိုတာကို အတူတူ ကြည့်လိုက် ရအောင်နော်။ပုလဲပန်းဆိုတာက အဖြူရောင် ဒါမှမဟုတ် ဝါဖန့်ဖန့် အရောင်ရှိပြီး ပန်းရောင်မကျ ခရမ်းရောင် မကျလေးလည်း ရှိပါတယ်။ အစုပ်လိုက် ပွင့်တတ်ပြီး အဖူးလေးတွေက လုံးလုံးလေးတွေပါ ပုလဲလုံးလေးတွေ သီထားသလိုပါပဲ။ အမြင်အရ အတော်လေး ချစ်စရာ ကောင်းပါ။ အပင်ကြီးမျိုးဖြစ်ပြီး ဝတ်ဆံလေးတွေက အဝါရောင် အလုံးလေးတွေပါ။အခြောက်ခံ သန့်စင်ပြီးရေနွေးကြမ်းအဖြစ် အသုံးပြုကြတာမျိုး ရှိသလို သတ္တုရည်၊ အဆီအနှစ် စတာတွေကို အသုံးပြုတာမျိုးတွေလည်း ရှိပါတယ်။ အရွက်ကတော့ အစိမ်းရောင် ခပ်ဖားဖားလေးတွေပါ။ နယူးဇီလန် မျိုးရင်းပင် တစ်မျိုးဖြစ်ပြီး အေးမြတဲ့ ရာသီမှာ ပေါက်ရောက်ပါတယ်။ပုလဲပန်း ဆေးဖက်ဝင်သလား! ဆိုတော့ ဆေးဖက်ဝင်ပါတယ်။ ပုလဲပန်းလေးတွေက အမြင်အရ ချစ်စရာ ကောင်းရုံတင် မဟုတ်ဘဲ အခုလိုလေး ဆေးဖက်ဝင်ပါတယ်။ထိပ်ကပ်နာ သက်သာစေတယ်။ပုလဲပန်းက ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ ကာလတွေမှာ ဓာတ်မတည့်တာမျိုး မဖြစ်အောင် ကာကွယ်ပေးသလို ထိပ်ကပ်နာကို သက်သာစေနိုင်ပါတယ်။အသက်ရှူလမ်းကြောင်း ကျန်းမာစေသလို အသက်ရှူလမ်းကြောင်း အထက်ပိုင်း ပိုးဝင်ကူးစက်တာကိုလည်း သက်သာစေနိုင်ပါတယ်။ နှာခေါင်းပိတ်တာ၊အသက်ရှူလမ်းကြောင်းထဲမှာ ချွဲတွေများနေတာကို သက်သာစေနိုင်ပါတယ်။ အအေးမိတာကြောင့် ဖြစ်တဲ့ နှာစေးနှာပိတ်တာနဲ့ဓာတ်မတည့်မှုကြောင့် ဖြစ်တဲ့ အသက်ရှူရခက်တာကိုလည်း သက်သာစေနိုင်ပါတယ်။အသားအရေနဲ့ ဆံသား ကျန်းမာစေတယ်။ပုလဲပန်းက အရေပြားနဲ့ ဆံသားက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်သလို အရေပြားမှာဖြစ်တဲ့ အနာတွေအမာရွတ်တွေကိုလည်း သက်သာစေနိုင်ပါတယ်။အသားအရေကို ကြည်လင်ဝင်းပစေဖို့လည်း ထောက်ကူပေးပါ တယ်။ဝက်ခြံတွေကို သက်သာစေသလို အဆီပြန်တာကိုလည်း သက်သာစေနိုင်ပါတယ်။ အရေပြားကို ကျန်းမာလှပစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ ဆံပင်ကျွတ်တာကို သက်သာစေပြီးဆံသားကျန်းမာစေဖို့ဦးရေပြား ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ဆံသားအတွက် လိုအပ်တဲ့ အာဟာရတွေကို ဖြည့်ပေးနိုင်ပါတယ်။အဖျားသက်သာစေနိုင်တယ်။ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးနိုင်တဲ့ ပုလဲပန်းကိုအဖျားသက်သာစေဖို့အသုံးပြုပေးလို့ ရပါတယ်။ ချွေးဂလင်းလေးတွေကို ကျန်းမာစေပြီး ချွေးထွက်စေဖို့ လှုံ့ဆော်ပေးလို့ ကိုယ်အပူချိန်ကို ထိန်းညှိပေးပါတယ်။ သွေးစီးဆင်းမှု ကောင်းစေသလို အဖျားသက်သာစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။စိတ်ဖိစီးမှု ပြေလျော့စေတယ်။လန်းဆန်းစေနိုင်တဲ့ ရနံ့လေးကို ပိုင်ဆိုင်ထားတဲ့ ပုလဲပန်းကစိတ်ဖိစီးမှုကို ပြေလျော့စေပြီး စိုးရိမ်စိတ် များတာကိုလည်း သက်သာစေနိုင်ပါတယ်။ ဦးနှောက်ဆီ သွေးနဲ့ အောက်ဆီဂျင် ရောက်ရှိမှု ကောင်းမွန်စေပြီး ဦးနှောက် ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။အရောင်ကျစေနိုင်တယ်။ပုလဲပန်းရော ပုလဲပန်းအရွက်မှာပါ အရောင်ကျစေနိုင်တဲ့ အာနိသင် ရှိပါတယ်။ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝမှုက ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။ အဆစ်ရောင်တာကို သက်သာစေဖို့ ပုလဲပန်း ပြုတ်ရည်ကို ရောင်တဲ့နေရာမှာ တိုက်ရိုက် အသုံးပြုပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။မျက်လုံး ကျန်းမာစေတယ်။ပုလဲပန်းက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေတာ​ကြောင့် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ မျက်လုံးအောင့်တာ၊မျက်စိညောင်းတာတွေကို သက်သာစေဖို့ ပုလဲပန်း စိမ်ရည်သန့်သန့်လေးကို အသုံးပြုပေးလို့ ရပါတယ်။ ပင်ပန်းညောင်းညာနေတဲ့ မျက်လုံးလေးတွေကို အနားပေး လန်းဆန်းစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ပုလဲပန်းက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် အလွန်အကျွံ  အသုံးပြုမိမယ်ဆိုရင်တော့ –။ပုလဲပန်းက ကျန်းမာရေးအတွက် ကောင်းကျိုးများပေမယ့်။သာမန်သူတွေအနေနဲ့လည်း အလွန်အကျွံ အသုံးပြုတာကို ရှောင်ကြဉ်သင့်ပါတယ်။ပုလဲပန်းက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် သိပ္ပံနည်းကျ အတည်ပြုဖို့ လိုပါသေးတယ်။ သဘာဝကရတယ်ဆိုပေမဲ့ ဓာတု‌ဗေဒနည်းအရ သန့်စင်ထားတာမျိုး မရှိရင် ဥပါဒ်ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးက ဗဟုသုတအနေနဲ့သာ မျှဝေထားခြင်း ဖြစ်ပါတယ်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/elderflower-benefits/
Perichondritis (နားနှင့် အရိုးနုရောင်ယမ်းနာ )
နားရွက်ရောင်ရမ်းနာ( perichondritis) ဆိုတာ နားတွင်းအရိုးနုကို ဝန်းရံထားတဲ့ အရေပြားနဲ့ အသားကို ပိုးဝင်လို့ဖြစ်တာဖြစ်ပါတယ်။ ဒီရောဂါဟာ အတော်ဖျက်ဆီးတတ်, ပြန်ဖြစ်တတ်သလို ကြာလည်းကြာပါတယ်။ရောဂါလက္ခဏာများ ကတော့ :။-နားရွက်နီတာ , နာကျင်တာနဲ ရောင်ရမ်းလာတာဖြစ်ပါတယ်။– အဖျား။– နားတွင်းအရိုးနုနဲ့ ဝန်းရံထားတဲ့ အရေပြား, အသား( perichondrium ) ကြားမှာ ပြည်တွေစုလာတတ်ပါတယ်။– နားရွက်ပုံပျက်လာတာ ( Cauliflower ear). ဒီလိုဖြစ်ရတာဟာ စုလာတဲ့ပြည်တွေကြောင့် အရိုးနုကို ထောက်ပံ့ထားတဲ့ သွေးကြောပြတ်တောက်သွားလို့ဖြစ်ပါတယ်။– အထက်ဖော်ပြပါ လက္ခဏာတွေမှာမပါတာတွေဖြစ်နိုင်ပါတယ်။ သင်သိရှိလိုပါက ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။သင့်နားရွက်မှာဒဏ်ရာတစ်ခုခု (ဥပမာ ခြစ်မိတာ, ထိခိုက်တာ, ဖောက်ထွင်းရာတစ်ခုခု) ရှိပြီး နာလာတာ နီရဲလာတာရှိပါက သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူကို ဆက်သွယ်ပါ။ဒါမှမဟုတ် အထက်ဖော်ပြပါ လက္ခဏာတွေထဲက တစ်ခုခုတွေ့လာပြီဆိုရင် , မေးစရာမေးခွန်းတွေရှိပြီဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပါ။ လူတိုင်းရဲ့ ခန္ဓါကိုယ်တွေက လုပ်ဆောငိမှုမတူကြတဲ့အတွက် သင်နဲ့သင့်တော်မယ့် အကောင်းဆုံးအခြေအနေကိုရွေးချယ်ပါ။အဖြစ်များဆုံးအကြောင်းတွေကတော့ :။– Pseudomonas aeruginosa။ထိခိုက်ဒဏ်ရာတွေ , အင်းဆက်ကိုက်ရာတွေ, နားဖောက်တာ,ခွဲစိတ်မှု, ရေနွေးပူလောင်တာ စတာတွေက ဖြစ်စေနိုင်ပါတယ်။ ခွဲစိတ်မှု, ရေနွေးပူလောင်တာ နဲ့ အပ်စိုက်ကုတာမျိုးတွေက ရောဂါကို ပိုဆိုးစေပါတယ်။ပြီးတော့ဒီရောဂါဟာ granulomatosis with။polyangiitis ( Wegener။granulomatosisလိုလည်း သိကြပါတယ်) လို ကိုယ်ခံအားနည်းတာဒါမှမဟုတ် ဆီးချိုရောဂါရှိတာ စတဲ့လူနာတွေမှာပိုဖြစ်တတ်ပါတယ်။ယခုဖော်ပြမည့် အကြောင်းအရာသည် ဆေးပညာ အကြံပြုချက်များ၏ အစားထိုးမဟုတ်ပါ။ နောက်ထပ် သိရှိလိုသည်များအတွက် ဆရာဝန်၊ ကျွမ်းကျင်သူတို့နဲ့ အမြဲတမ်း ဆွေးနွေးတိုင်ပင်ပေးပါ။လူနာရဲ့ရောဂါရာဇဝင်ကို ကြည့်တာ ဒါမှမဟုတ် နားရွက်ကို ကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။ တကယ်လို့ :။-နားမှာထိခိုက်မှုရှိဖူးတယ်, နီရဲရောင်ယမ်းနေတယ်ဆိုရင် , ဒါဟာ နားရွက်ရောင်ရမ်းနာ( perichondritis) ရဲ့ ရောဂါလက္ခဏာဖြစ်နိုင်ပါတယ်။– ဒါမှမဟုတ်လည်း နားရွက်ကပုံပျက်နေပြီး ယောင်ကိုင်းနေတာမျိုးဆိုလည်း ဖြစ်နိုင်ပါတယ်။ပိုးသတ်ဆေး၊ သောက်ဆေးသော်လည်းကောင်း, အကြောတွင်းသွင်းပြီးတော့သော်လည်းကောင်း ကုသနိုင်ပါတယ်။ တကယ်လို့ ပြည်တွေစုနေတယ်ဆိုရငိ ခွဲစိတိပြီး ပြည်တွေထုတ်ပစ်ဖို့နဲ့ ပုပ်နေတဲ့အရေပြား, တစ်ရှူ းတွေကို ဖယ်ပစ်ဖို့လိုပါလိမ့်မယ်။ပြီးတော့ ကုသမှုမှာ :။– ပြင်ပအရာတွေဖယ်ရှားပစ်တာ။– အကိုက်အခဲပျောက်ဆေးပေးတာ။– life style ပြောင်းတာနဲ့။– ဆေးဝါးတွေလည်း ပါဝင်ပါတယ်။အောက်ပါ နေထိုင်မှုပုံစံတွေက နားရွက်ရောင်ရမ်းနာ( perichondritis) ရောဂါနဲ့ သင့်တော်ပါတယ်။ဒီရောဂါကို ကာကွယ် နိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ နားအရိုူးနုကို ဖောက်ထွင်းမယ့်ကိစ္စတွေရှောင်တာပါပဲ။ ခေတ်စားနေတဲ့နားဖောက်တဲ့ကိစ္စတွေဟာ ဒီရောဂါဖြစ်နိုင်ချေကိုများစေပါတယ်။သင်သိလိုတဲ့ မေးခွန်းများရှိပါက ပိုမိုသိရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/ear-conditions/perichondritis-%e1%80%94%e1%80%ac%e1%80%b8%e1%80%94%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%a1%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%94%e1%80%af%e1%80%b1%e1%80%9b%e1%80%ac%e1%80%84%e1%80%b9-2/
Dengue Fever (သွေးလွန်တုပ်ကွေး)
သွေးလွန်တုပ်ကွေး ဆိုတာ ခြင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ပိုး လေးမျိုးကြောင့် ဖြစ်ပွားပါတယ်။ ဒီရောဂါက တခါတရံ ပြင်းထန်တဲ့ အဆစ်နဲ့ ကြွက်သားနာကျင်မှုတွေ ဖြစ်ပွားစေပြီး အရိုးကျိုးသလို ခံစားရတာမို့ break bone fever လို့လဲ ခေါ်ပါတယ်။သွေးလွန်တုပ်ကွေး ရောဂါအပျော့စားတွေမှာ အဖျားတက်ခြင်း၊ အနီကွက်ထခြင်း၊ ကြွက်သားနဲ့ အဆစ်နာကျင်ခြင်းတွေကို ဖြစ်စေပါတယ်။ ပြင်းထန်တဲ့ သွေးလွန်တုပ်ကွေးရောဂါကိုတော့ dengue hemorrhagic fever လို့ခေါ်ပြီး သူဟာ ခန္ဓာကိုယ်တွင်း သွေးထွက်ခြင်း၊ သွေးပေါင်ရုတ်တရက်ကျခြင်း (ရှော့ခ် ရခြင်း) နဲ့ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။တစ်နှစ်တစ်နှစ်ကို သန်းပေါင်းများစွာသော သွေးလွန်တုပ်ကွေးရောဂါရှင်တွေဟာ ကမ္ဘာအနှံ့အပြားမှာ တည်ရှိပါတယ်။ သူဟာ အရွယ်မရွေးမှာ ဖြစ်ပွားနိုင်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါကို များသောအားဖြင့် မိုးရာသီပတ်ဝန်းကျင်မှာ တွေ့ရတတ်ပါတယ်။ အောက်ဖော်ပြပါ နေရာတွေရဲ့ အပူပိုင်းနဲ့ အပူလျော့ပိုင်းဒေသတွေမှာ တွေ့ရလေ့ရှိပါတယ်။သွေးလွန်တုပ်ကွေး ရောဂါ အမျိုးအစား သုံးခုရှိပါတယ်။ Classic dengue, Dengue hemorrhagic fever နဲ့ Dengue shock syndrome တို့ပဲ ဖြစ်ပါတယ်။Classic dengue။ရောဂါလက္ခဏာတွေက ရောဂါပိုးရှိတဲ့ ခြင်ကိုက်ခံရပြီး ၄ရက်ကနေ ၇ရက်အတွင်း စတင်ဖြစ်ပွားနိုင်ပါတယ်။Dengue Haemorrhagic Fever။Dengue Haemorrhagic Fever ရဲ့ လက္ခဏာတွေကတော့ အထက်ဖော်ပြပါ လက္ခဏာတွေ အပြင်။Dengue Shock syndrome။Dengue Shock syndrome ဟာ အပြင်းထန်ဆုံး သွေးလွန်တုပ်ကွေး ရောဂါတစ်ခုဖြစ်ပါတယ်။ အထက်ဖော်ပြပါ အမျိုးအစားနှစ်ခုရဲ့ ရောဂါလက္ခဏာတွေ အပြင်။ဒီအမျိုးအစားဟာ အများအားဖြင့် ကလေးမှာဖြစ်ပွားတတ်ပြီး ဒုတိယအကြိမ် ထပ်ဖြစ်တဲ့ သွေးလွန်တုပ်ကွေးမှာ ပိုဖြစ်ပွားနိုင်ပါတယ်။ အထူးသဖြင့် ကလေးတွေနဲ့ လူငယ်တွေမှာ သေဆုံးနိုင်ခြေ မြင့်စေပါတယ်။အထက်မှာ ဖော်ပြထားတဲ့အထဲမှာ မပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ဘယ်ရာသီမှာပဲ ဖြစ်ဖြစ် အဖျားတက်တာ ၃ရက်နဲ့ အထက်ဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အထူးသဖြင့် ကလေးတွေပါ။ သွေးလွန်တုပ်ကွေးက မြန်မာနိုင်ငံရဲ့ ဘယ်နေရာမှာမဆို ရာသီမရွေး ဖြစ်နိုင်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် သွေးလွန်တုပ်ကွေးလို့ သံသယရှိမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓာကိုယ်တုံ့ပြန်မှုဟာ မတူညီတဲ့အတွက် ဆရာဝန်နဲ့ ပြသပြီး စမ်းသပ်စစ်ဆေးမှုတွေ လုပ်သင့်ပါတယ်။သွေးလွန်တုပ်ကွေးရောဂါကခြင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်ပွားပါတယ်။ သွေးလွန်တုပ်ကွေး ဖြစ်စေတဲ့ ဗိုင်းရပ်စ် လေးမျိုးရှိပြီး DEN-1, DEN-2, DEN-3, နဲ့ DEN-4 တို့ဖြစ်ပါတယ်။ခြင်တွေကတော့ Aedes aegypti or Aedes albopictus အုပ်စုက ဖြစ်ပြီး ရောဂါရှိသူထံက သွေးကိုစုပ်ယူပြီး အခြားတစ်ယောက်ကို ထပ်ကိုက်ရာကနေ ကူးစက်စေနိုင်ပါတယ်။သွေးလွန်တုပ်ကွေး ရောဂါကနေ ပြန်ကောင်းလာပြီးရင် သွေးလွန်တုပ်ကွေး ရောဂါအတွက် ခုခံအားရရှိပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာ သင်ဖြစ်ဖူးတဲ့ အမျိုးအစားတစ်ခုအတွက်ပဲ ဖြစ်ပါတယ်။ အမျိုးအစားလေးခု ရှိတဲ့အတွက် သွေးလွန်တုပ်ကွေးက နောက်ထပ်ဖြစ်နိုင်ပါသေးတယ်။ ဒါ့ကြောင့် တစ်ခါဖြစ်ပြီးလည်း သတိထားနေသင့်ပါတယ်။သွေးလွန်တုပ်ကွေး ဖြစ်ပွားနိုင်ခြေကို မြင့်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် သွေးလွန်တုပ်ကွေး (သို့) ပိုမိုပြင်းထန်တဲ့ ရောဂါကို ဖြစ်စေတဲ့ အချက်တွေကတော့။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။သွေးလွန်တုပ်ကွေးရောဂါကို ရှာဖွေအမည်တပ်ဖို့က ခက်ခဲပါတယ်။ သူ့ရဲ့ ရောဂါလက္ခဏာတွေဟာ အခြားရောဂါတွေနဲ့ ဆင်တူနေပါတယ်။ ဒါကြောင့် လက္ခဏာတွေကို စစ်ဆေးတာ၊ သွေးစစ်တာတွေနဲ့ အတည်ပြုရပါတယ်။သွေးလွန်တုပ်ကွေးကို ကုသတော့ ဆေးဝါးမရှိပါဘူး။ ဗိုင်းရပ်စ်ဖြစ်နေတာကြောင့်ပါ။သာမန်အခြေအနေမှာဆိုရင်တော့ အများစုဟာ နှစ်ပတ်အတွင်း ပြန်ကောင်းတတ်ကြပါတယ်။ ဒါပေမယ့် ဆိုးဝါးတဲ့ အကျိုးဆက်တွေကို မဖြစ်စေဖို့ ရောဂါလက္ခဏာတွေကို ကုသဖို့ လိုအပ်ပါတယ်။ များသောအားဖြင့် အောက်ပါတို့ကို ညွှန်ကြားလေ့ရှိပါတယ်။ရေးသားသူ- Dr Phyu Mon Latt။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/dengue/dengue-fever-explained/
ဦးခေါင်းထိခိုက်ခြင်း အရေးပေါ် ဘာတွေလုပ်သင့်လဲ
ဦးခေါင်းထိခိုက်မှုတော်တော်များများဟာ အထူးစောင့်ကြည်ဖို့ သို့မဟုတ် အရေးပေါ်ဆေးရုံတင်ဖို့လိုအပ်လောက်တဲ့ အထိ မပြင်းထန်တတ်ကြပါဘူး။ သို့ပေမယ့် သိပ်မပြင်းထန်တဲ့ဦးခေါင်းထိခိုက်မှုတွေကနေတောင် နာတာရှည်ခေါင်းကိုက်ခြင်းတွေ သို့မဟုတ် အာရုံစူးစိုက်မှုခဲယဉ်းတာတွေအထိ ဖြစ်လာနိုင်ပြီး လုံးဝပုံမှန်အနေအထားအကောင်းပကတိပြန်ဖြစ်နိုင်ဖို့ အချိန်အတော်အတန်ကြာ အနားယူဖို့လိုအပ်နိုင်သေးပါတယ်။ဦးခေါင်းထိခိုက်ထားပြီး အောက်ပါ ရောဂါလက္ခဏာတွေပြလာပြီဆိုရင် အန္တရာယ်ရှိနိုင်တဲ့အတွက်ကြောင့် အရေးပေါ်ဌာနသို့ဖုန်းဆက်ခြင်း သို့မဟုတ် ဆေးရုံကားခေါ်ခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%a5%e1%80%ae%e1%80%b8%e1%80%b1%e1%80%81%e1%80%ab%e1%80%84%e1%80%b9%e1%80%b8%e1%80%91%e1%80%ad%e1%80%81%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
တစ်နေ့ ရေ ၈ခွက် သောက်တာ တကယ်မှန်လား။
ရေ များများသောက်နော်လို့ သူများတွေ ပြောတာ ကြားဖူးမှာပေါ့။ ဒါမှမဟုတ် တစ်နေ့ရေ၈ခွက်သောက်နော်လို့ ပြောတာလည်း ကြားဖူးမှာပေါ့။ နည်းနည်းလောက် စဉ်းစားကြည့်ရအောင်။ ဒီရေ၈ခွက်က ကလေးလည်း ၈ခွက်၊ လူကြီးလည်း ၈ခွက်၊ ပိန်တဲ့သူလည်း ၈ခွက်၊ ဝတဲ့သူလည်း ၈ခွက်၊ ပူလွန်းတဲ့ ကန္တာရနိုင်ငံလည်း ၈ခွက်၊ အေးလွန်းတဲ့ ကိုရီးယားလည်း ၈ခွက်၊ တစ်နေကုန်ထိုင်နေတဲ့သူလည်း ၈ခွက်၊ ချွေးထွက်အောင် အလုပ်လုပ်ထားသူလည်း ၈ခွက်ဆိုရင် ဟုတ်ပါ့မလား။ ဒါက သိပ်ပြီး logicalမဖြစ်ဘူး ထင်တယ်နော်။ ဒါဆို ရေ၈ခွက်က မှားများနေတာလား။ အတူတူစဉ်းစားကြည့်ရအောင်။ခန္ဓာကိုယ်မှာ ရေဓာတ်က ၆၀ရာခိုင်နှုန်း ပါပါတယ်။ ဒါကြောင့် ရေက နေ့တိုင်း သောက်ရမှာပါ။ ဒါပေမယ့် ဘယ်လောက် သောက်ရလဲဆိုတာ သေသေချာချာ မသိကြပါဘူး။ကယ်လိုရီလိုပဲ ရေကိုလည်း တွက်ချက်ပြီး သောက်လို့ရပါတယ်။ တစ်နေ့ တစ်နေ့ ရေဘယ်လောက် ဆုံးရှုံးသွားလဲ။ ဘယ်လောက်ပြန်ဖြည့်ပေးရမလဲ ဆိုပြီး တွက်တာပါ။ ဒါဆိုရင် ဆက်ပြီးစဉ်းစားရမှာက ခန္ဓာကိုယ်ကနေ ရေတွေ ဘယ်လိုနည်းနဲ့ ထွက်နေလဲ။ ဘယ်လိုနည်းနဲ့ ပြန်ဝင်နေလဲပေါ့။ရှူးရှူးပေါက်တာတစ်ခုတည်း မတွေးပါနဲ့။ ဒါတစ်ခုတည်း မဟုတ်ပါဘူး။ အဲ့ဒါအပြင် ဝမ်းသွားတာ၊ အသက်ရှူထုတ်လိုက်လို့ ထွက်သွားတဲ့ ရေခိုးရေငွေ့တွေ၊ချွေးထွက်သွားတာတွေကနေကလည်း ရေတွေ ပါသွားပါတယ်။ဒီမှာလည်းရေသောက်တာ တစ်ခုတည်း ရှိတာ မဟုတ်ပါဘူး။ တခြား အအေးတွေ၊ ဖျော်ရည်တွေ၊ ထမင်းစားရင်း သောက်လိုက်တဲ့ ဟင်းချိုရည်တွေပါ ထည့်တွက်ရမှာပါ။ နောက်တစ်ခုက အရည်သောက်တိုင်းလည်း ရေဓာတ်ဖြည့်တာ မဟုတ်ပါဘူး။ ဥပမာ အရက်၊ ဘီယာသောက်တယ်ဆိုတာ အရည်ပါပဲ။ ဒါပေမယ့် သောက်ပြီးရင် သောက်ထားတာနဲ့ မကာမိအောင် ရှူးတွေ ပေါက်လိုက်တာ သိကြမှာပါ။ ကော်ဖီ၊ လက်ဖက်ရည်တွေဆိုလည်း ဒီလိုပါပဲ။ သောက်တာနဲ့ ပေါက်တာ မမျှပါဘူး။ ဒါတွေဆိုရင်တော့ရေဓာတ်ဖြည့်တာထက်စာရင် ဆုံးရှုံးသွားတာက ပိုများတယ်လို့ သတ်မှတ်ရမှာပါ။အပေါ်က ကိစ္စမှာပဲ စဉ်းစားကြည့်ရအောင်။ ရေတွေက ချွေးထွက်တာကတဆင့် ထွက်သွားတယ်ဆို ချွေးထွက်တာနည်းတဲ့သူက ရေလိုအပ်ချက်နည်းမယ်။ ချွေးထွက်တာများတဲ့သူက ရေလိုအပ်ချက်များမယ်။ လူတစ်ယောက်တည်းမှာတောင်မှ ဆောင်းတွင်းမှာ ချွေးထွက်နည်းရင် ရေသိပ်မဆာဘူး။ နွေဘက်မှာ ဆိုရင်တော့ ရေခဏခဏ သောက်နေရမယ်။ ဒီလိုဆို တစ်နေ့ ရေ၈ခွက်သောက်တာက လူတိုင်းအတွက် မပြေလည်ပါဘူး။ ဒါက အကြမ်းဖျင်းတွက်ထားတဲ့ နည်းတစ်ခုသာ ဖြစ်ပါတယ်။တစ်ယောက်ချင်းဆီရဲ့။၃ချက် အကြံပေးလိုက်ပါမယ်။ ခေါင်းရှုပ်ခံပြီး စဉ်းစားမနေပါနဲ့။–ရေဆာတိုင်း သောက်ပါ။-ဆီးအရောင်ရင့်နေရင် သောက်ပါ။ ရေငတ်မနေရင်၊ ဆီးအရောင်ကြည်နေရင်ရေဓာတ်ပြည့်ဝတယ်လို့ ပြောလို့ရပါတယ်။ ပြီးတော့။-ချွေးထွက်များရင် ပိုသောက်ပါ။-ထမင်းစားရင်း ရေသောက်ပါ။ တစ်နပ်နဲ့ တစ်နပ်ကြားရေသောက်ပါ။-လေ့ကျင့်ခန်း မလုပ်ခင်၊ လုပ်နေစဉ်၊ လုပ်ပြီး ရေသောက်ပါ။-ဗိုက်ဆာရင်လည်း ရေသောက်ပါ။ တစ်ခါတစ်လေ ခန္ဓာကိုယ်က ရေဆာတာကို ဗိုက်ဆာတာအနေနဲ့ အချက်ပြတတ်ပါတယ်။နောက်ထပ်အကြံပြုချင်တာက ရေဆာရင် ရေသောက်တာ အကောင်းဆုံးပါ။ ဖျော်ရည်တွေ သောက်မယ်ဆိုရင် သကြားနည်းပါစေ။ခုလောက်ဆို တစ်နေ့တာ ရေလိုအပ်ချက်က တစ်ယောက်နဲ့ တစ်ယောက်နဲ့ မတူဘူးဆိုတာ သိလောက်ပါပြီ။ တွက်နည်းတွေရော၊ အလွယ်ဆုံးနည်းတွေ အထိ ပြောလိုက်ပြီမို့လို့ အားလုံးပဲ ရေဓာတ်ပြည့်ဝကြပါစေ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%90%e1%80%85%e1%80%ba%e1%80%94%e1%80%b1%e1%80%b7-%e1%80%9b%e1%80%b1-%e1%80%98%e1%80%9a%e1%80%ba%e1%80%9c%e1%80%b1%e1%80%ac%e1%80%80%e1%80%ba-%e1%80%9e%e1%80%b1%e1%80%ac%e1%80%80%e1%80%ba/
လူတိုင်း မြင်ဖူးတဲ့ အလှပင်လေး တစ်မျိုး Ladder Fern ရဲ့ ကျန်းမာရေး အကျိုးကျေးဇူး
ဒီအပင်လေးကို လူတော်တော်များများ ပန်းထိုးတဲ့အခါ နောက်ခံ အလှအနေနဲ့ ထည့်ထိုးတာကို မြင်ဖူးနိုင်ပါတယ်။ အရွက်လေးတွေက ရိုးတံရဲ့ တစ်ဖက်တစ်ချက်စီမှာ အစီအရီထွက်တဲ့ အရွက်ရှည်မြောမြောလေးပါ။ လှေကားလေးလို အစီအရီလေး ထွက်နေတာကြောင့်ပဲ Ladder Fern လို့ ခေါ်ကြတာပါ။ အရောင်ကတော့ အစိမ်းရောင်ပါ။ ဒီလိုမျိုး လူတိုင်း မြင်ဖူးတဲ့ အလှပင်လေး တစ်မျိုး Ladder Fern ရဲ့ ကျန်းမာရေး အကျိုးကျေးဇူး ကို သိပြီးပြီလား! မသိသေးဘူးဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ကြည့်လိုက်ပါ။Ladder Fern ဆိုတာက အရွက်လှတဲ့ အလှစိုက်ပင်တစ်မျိုးပါ။ ဖန်းပင် လို့လည်း အလွယ်ခေါ်ကြပါတယ်။ ကျောက်တုံးတွေကို ကပ်ပြီး ပေါက်တတ်သလို အပင်ကြီးတွေနဲ့ ပန်းပင်လေးတွေမှာလည်း ကပ်ပေါက်တတ်ပါတယ်။ အစိမ်းရောင်ရှိပြီး အရွက်ဆိုင်လေးတွေနဲ့ အစီအရီ ထွက်တတ်ကြတဲ့ အပင်လေးပါ။ အပွင့် မပွင့်တတ်သလို အကြမ်းခံတဲ့ အပင်လေး တစ်မျိုးပါ။လူတိုင်း မြင်ဖူးတဲ့ အလှပင်လေး တစ်မျိုး Ladder Fern ရဲ့ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့။ဒီအပင်လေးရဲ့ ကျန်းမာရေး အာနိသင် တစ်ရပ်ကတော့ ပတ်ဝန်းကျင် လေထုထဲက မသန့်ရှင်းတဲ့အရာတွေကို စုပ်ယူဖယ်ရှားပေးပြီး သန့်စင်ပေးတာကြောင့် အသက်ရှူရ အဆင်ပြေစေပြီး ညဘက်တွေမှာကောင်းကောင်း အိပ်ပျော်စေဖို့ထောက်ကူပေးနိုင်ပါတယ်။Ladder Fern ရဲ့ နောက်ထပ် အကျိုးအာနိသင် တစ်ခုကတော့ ပတ်ဝန်းကျင်နဲ့ အခန်းလေထုထဲက ဖုန်မှုန့်တွေနဲ့ ဓာတ်မတည့်တာကို ဖြစ်စေနိုင်တဲ့ အရာတွေကို ဖယ်ရှားသန့်စင်ပေးတာကြောင့်ဓာတ်မတည့်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ နောက်ပြီး ဓာတ်မတည့်ဖြစ်တာကိုလည်း သက်သာစေနိုင်ပါတယ်။ဒီ Ladder Fern ရဲ့ နောက်ထပ် ကောင်းကျိုး တစ်ခု ရှိပါသေးတယ်။ ဒါကတော့ လေထုကို သန့်စင်ပေးတာပါ။ အပင်ရဲ့ အရွက်တွေကဖုန်မှုန့်တွေကို စုပ်ယူပေးပြီး အခန်းတွင်း လေထုကို သန့်စင်ပေးပါတယ်။ လေထုထဲက အဆိပ်အတောက်တွေကိုလည်း စုပ်ယူပေးနိုင်ပါတယ်။လေထုကို သန့်စင်ပေးတဲ့ Ladder Fern ကအသက်ရှူလမ်းကြောင်းကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ပန်းနာရင်ကျပ်ရှိသူတွေအနေနဲ့ စိုက်ထားသင့်ပါတယ်။ အသက်ရှူလမ်းကြောင်း ပြဿနာ အမျိုးမျိုးကို သက်သာစေဖို့ လုပ်ဆောင်ပေးပါတယ်။Ladder Fern ကစိတ်ဖိစီးမှုကို သက်သာစေသလို စိုးရိမ်စိတ်ကို ကျဆင်းစေနိုင်ပါတယ်။ စိတ်ပင်ပန်းတာကို ပြေလျော့စေနိုင်ပြီး စိတ်ခံစားမှု ကောင်းစေဖို့ လုပ်ဆောင်ပေးနိုင်ပါတယ်။ စိတ်အနားရချင်တယ်ဆိုရင်တော့ Ladder Fern ကို အိမ်တွင်းမှာ စိုက်ပျိုးထားပေးလို့ ရပါတယ်။Ladder Fern ကအာရုံစူးစိုက်နိုင်စွမ်းကောင်းစေဖို့ လုပ်ဆောင်ပေးသလို တွေးခေါ်မှု ဖန်တီးနိုင်စွမ်းတွေ ကောင်းမွန်စေဖို့ လုပ်ဆောင်ပေးပါတယ်။ ဦးနှောက်ကို အားကုန်သုံး အလုပ်လုပ်နေရသူတွေ အနေနဲ့ နေအိမ် အိပ်ခန်း ဒါမှမဟုတ် ရုံးခန်းထဲမှာ စိုက်ပျိုးထားသင့်ပါတယ်။Ladder Fern ပင်မှာ ဖလေဗာနွိုက် နဲ့ tannins တို့ ပါဝင်နေတာကြောင့် အရောင်ကျစေနိုင်စွမ်း ရှိပါတယ်။ ဒီအပင်မှာပါတဲ့ ဓာတုပစ္စည်းတစ်မျိုးက ခန္ဓာကိုယ်အနှံ့က ရောင်ရမ်းမှုတွေကို အရောင်ကျစေပြီး သက်သာစေနိုင်ပါတယ်။Ladder Fern ပင်က Fern မျိုးနွယ်ပင် ဖြစ်တာနဲ့အညီ စိတ်ကျန်းမာရေး ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါ တယ်။ စိတ်ခံစားမှု ကောင်းစေသလို တီထွင်ဖန်တီးဉာဏ်လည်း ကောင်းစေပါတယ်။ စိတ်ကူးစိတ်သန်းကောင်း လေးတွေ ​ထွက်ပေါ်စေဖို့ စိုက်ထားသင့်တဲ့ အပင် တစ်ပင်ပါ။Ladder Fern ပင်က ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် သိပ္ပံနည်းကျ အတည်ပြုဖို့ လိုပါသေးတယ်။ သဘာဝကရတယ်ဆိုပေမဲ့ ဓာတု‌ဗေဒနည်းအရ သန့်စင်ထားတာမျိုး မရှိရင် ဥပါဒ်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အထက်ပါရောဂါတွေ ဖြစ်လာခဲ့ရင် တတ်ကျွမ်းသူနဲ့သာ ပြသဖို့ အကြံပြုလိုပါတယ်။ ဒီဆောင်းပါးက ဗဟုသုတအနေနဲ့သာ မျှဝေထားခြင်း ဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်တွေ၊ ရောဂါအခံ ရှိသူတွေ၊ ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေ အနေနဲ့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီးမှ အသုံးပြုသင့်ပါတယ်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/health-benefits-of-ladder-fern/
သက်သတ်လွတ် သမားတွေမှာ အာဟာရချို့တဲ့မှုကို ကာကွယ်ဖို့
သက်သတ်လွတ် သမားတွေမှာ အာဟာရချို့တဲ့မှုကို ကာကွယ်ဖို့ ဘာတွေ လုပ်ရမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။သက်သတ်လွတ် စားတာကို ဘာသာရေးအရပဲ ဖြစ်ဖြစ်၊ ကျန်းမာရေး အရပဲ ဖြစ်ဖြစ် ဒီခေတ်မှာ တော်တော်များများ လုပ်လာကြပါပြီ။ သက်သတ်လွတ်စားတာက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် ဘယ်ဟာမဆို ကောင်းကျိုး ဆိုးကျိုး ဒွန်တွဲလေ့ ရှိတာ မို့လို့ရေရှည်စားမယ်ဆိုရင် ဘာတွေ ဖြစ်လာနိုင်လဲဆိုတာ သိထားဖို့ လိုပါတယ်။ သက်သတ်လွတ်သမားတွေ အမျိုးမျိုးရှိပါတယ်။ ဗဟုသုတပြောပြရရင်။-Lacto-vegetarian တွေကတော့ အသား၊ငါး၊ဥတွေ၊ အဲ့တာတွေနဲ့ လုပ်ထားတဲ့ အစားအစာတွေကို မစားပါဘူး။ ဒါပေမယ့် နို့နဲ့နို့ထွက်ပစ္စည်းတွေကိုတော့ စားပါတယ်။-Ovo-vegetarian တွေကတော့ အသား၊ ငါး၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ရှောင်ပါတယ်။ ဥတွေတော့ စားပါတယ်။-Lacto-ovo vegetarian တွေကတော့ အသား၊ ငါး ရှောင်ပြီး ဥ၊နို့နဲ့ နို့ထွက်ပစ္စည်းတွေကို စားပါတယ်။-Pescatarianကတော့ ငါးကလွဲပြီး ကျန်တာ စားပါတယ်။-Veganကတော့ အတင်းကျပ်ဆုံးပါပဲ။ အသား၊ငါး၊ ဥ၊ နို့နဲ့ နို့ထွက်ပစ္စည်းအပြင် တိရိစ္ဆာန်နဲ့ ဆက်စပ်တဲ့ ပျားရည်တို့၊ သိုးမွေးတို့ကိုပါ ရှောင်ပါတယ်။ဒါတွေကတော့ သက်သတ်လွတ်အမျိုးအစားတွေပေါ့။ ကိုယ်ယုံကြည်ရာကို လိုက်ပြီး ရှောင်ကြတဲ့အခါ ရေရှည်မှာအာဟာရချို့တဲ့တာလေးတွေ ဖြစ်လာနိုင်ပါတယ်။ ဘယိလိုအာဟာရတွေ ချို့တဲ့မှာလဲ။ ဘယ်လို ပြန်ဖြည့်လို့ရမလဲဆိုတာ ကြည့်ကြရအောင်။သက်သတ်လွတ် သမားတွေမှာ အာဟာရချို့တဲ့မှုကို ကာကွယ်ဖို့ ဆိုရင် နေ့စဉ် စားသုံးမှုမှာ။ပရိုတင်းကအသားဓာတ်လို့ လူသိများပါတယ်။ ဒါကြောင့် အသားက အများဆုံးရတာပဲပေါ့။ပရိုတင်းချို့တဲ့ရင် အရေပြားတွေ ရှုံ့တွလာမယ်။ ဆံပင်တွေ ကျွတ်မယ်။ လက်သည်းတွေ ကျိုးမယ်။ ဖောမယ် စတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အသားအစားထိုးအနေနဲ့ ပဲတွေ၊ အစေ့အဆန်တွေ၊ အားဆေးတွေ စားရမှာပါ။ဗီတာမင် ဘီတွဲက သွေးနီဥတွေကို ထုတ်လုပ်ပေးတာကြောင့် သွေးအားမနည်းအောင် ကာကွယ်ပေးပါတယ်။ ဒီဗီတာမင်က အသားတွေမျာ ပေါပေါများများ တွေ့ရတာကြောင့် သတ်သတ်လွတ်သမားတွေအနေနဲ့ ဘီတွဲရဖို့ ခက်မှာပါ။ ပိုဆိုးတာက သက်သတ်လွတ်သမားတွေမှာ ဘီတွဲချို့တဲ့ရင်တောင် သိပ်မသိကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အသီးအရွက်တွေက ရတဲ့ဖောလိတ်ဆိုတဲ့ ဗီတာမင်က ဘီတွဲချို့တဲ့တာကို ကာလိုက်လို့ပါပဲ။ ဒါကြောင့် တော်ရုံဆို ဘီတွဲချို့တဲ့မှန်း မသိပါဘူး။ဒါတွေကို ပြန်ဖြည့်ဖို့ဆိုရင် အားဆေးသောက်တာ၊ ဘီတွဲဖြည့်ထားတဲ့ cerealတွေ စားပေးတာ၊ တဆေးတွေ စားပေးတာတွေ လုပ်လို့ရပါတယ်။သံဓာတ်က အနီရောင် အသားမှာ အများကြီးပါပါတယ်။ Heme iron အမျိုးအစား ဖြစ်တဲ့အတွက် စုပ်ယူရ အင်မတန်လွယ်ပါတယ်။ ခန္ဓာကိုယ်မှာ သံဓာတ်ချို့တဲ့ရင်သွေးအားနည်းရောဂါဖြစ်တတ်ပါတယ်။ သွေးအားနည်း ရောဂါက မကုဘဲထားလိုက်ရင် နှလုံးပျက်စီးတာအထိ ဖြစ်တတ်ပါတယ်။ သံဓာတ်ချို့တဲ့လို့ သွေးအားနည်းပြီဆိုရင် လူက ဖြူဖျော့နေမယ်။ အမောမခံနိုင်ဘူး။ ဆံပင်တွေကျွတ်မယ်။ လက်သည်းတွေ ချိုင့်မယ် စတဲ့ လက္ခဏာတွေ ပေါ်လာမှာပါ။သတ်သတ်လွတ်သမားတွေ သံဓာတ်ပြည့်ဝဖို့ အစိမ်းရင့်ရောင် အရွက်ဖားဖားတွေ (ဥပမာ ဟင်းနုနွယ်)၊ ပဲတွေကို များများစားပေးရမှာပါ။ သူတို့မှာ ပါတဲ့ သံဓာတ်က အသားကရတဲ့ သံဓာတ်လောက်တော့ စုပ်ယူရမလွယ်ပါဘူး။ ဒါပေမယ့် မရှိတာထက်စာရင် တော်ပါသေးတယ်။သံဓာတ်အားဆေးတွေ သောက်လို့လည်း ရပါတယ်။ကယ်ဆီယမ်က အရိုးနဲ့ သွားတွေ ကြံ့ခိုင်ဖို့ လိုပါတယ်။ အားလုံးသိတဲ့အတိုင်း ကယ်ဆီယမ်ကို နို့က အဓိက ရတာပါ။ နို့နဲ့ နို့ထွက်ပစ္စည်းကို ရှောင်တဲ့ သတ်သတ်လွတ်သမားတွေက ကယ်ဆီယမ်မချို့တဲ့အောင် အစိမ်းရောင် အရွက်တွေ (ဥပမာ ဘရိုကိုလီ)၊ ပဲနို့၊ တို့ဖူး၊ ကယ်ဆီယမ်ပါတဲ့ cerealတွေကို စားပေးဖို့ လိုပါတယ်။ကယ်ဆီယမ်လိုပဲဗီတာမင်ဒီကလည်း အရိုးကျန်းမာဖို့၊ အရိုးမပွဖို့ လိုအပ်ပါတယ်။ သူ့ကိုလည်း နို့ထွက်ပစ္စည်းတွေက ရတဲ့အတွက် နို့ပါရှောင်ထားတယ်ဆိုရင် နေရာင်ခံပေးပါ။ ဒါက အလွယ်ဆုံး နည်းလမ်းပါပဲ။ ဒါမှမဟုတ် ဗီတာမင်ဒီ ဖြည့်စွက်ထားတဲ့ အစားအစာတွေ၊ ပဲနို့တွေ၊ ဆန်နို့တွေ သောက်လို့ရပါတယ်။ နှစ်ခုစလုံးမလုပ်နိုင်တော့မှ ဗီတာမင်ဒီ အားဆေးသောက်ဖို့ စဉ်းစားရမှာပါ။ငါးကြီးဆီလို့ လူသိများကြတယ်ဟုတ်။ တကယ်လည်း ဒီOmega-3 fatty acidsတွေကို ခန္ဓာကိုယ်က မထုတ်နိုင်လို့ အပြင်က အစားအစာတွေကိုပဲ မှီခိုရတာပါ။ EPA, DHAနဲ့ ALA ဆိုပြီး ၃မျိုးရှိပါတယ်။ နှလုံး၊ ဦးနှောက်နဲ့ မျက်လုံးကျန်းမာရေးအတွက် သူတို့ကို လိုအပ်ပါတယ်။ ALAကို သစ်ကြားစေ့တို့၊ flaxseedက ရနိုင်ပြီး EPAနဲ့ DHAကိုတော့ ပင်လယ်ရေညှိက ရနိုင်ပါတယ်။ ဒါတွေ စားဖို့ အဆင်မပြေဘူးဆိုရင် အားဆေးတွေ၊ အိုမီဂါ  ၃ ဖြည့်စွက်ထားတဲ့အစားအစာတွေ စားပေးလို့ရပါတယ်။ဇင့်က ခုခံအားစနစ်ကို ကောင်းမွန်စေပြီး ဆဲလ်တွေ မပျက်စီးအောင် ကာကွယ်ပေးပါတယ်။ သံဓာတ်လိုပဲ အပင်ကရတဲ့ ဇင့်ဓာတ်က အသားကရတာလောက် မကောင်းပါဘူး။ ဒါပေမယ့် နို့သောက်တဲ့သူဆိုရင်တော့ ချိစ်စားပေးလို့ရပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ပဲတို့၊ အစေ့အဆန်တို့၊ အုတ်ဂျုံတို့ စားပေးရမှာပါ။ အားဆေးလည်း သောက်လို့ရပါတယ်။အိုင်အိုဒင်းက သိုင်းရွိုက်ဂလင်း အလုပ်လုပ်ဖို့ လိုအပ်ပါတယ်။ သတ်သတ်လွတ်သမားတွေက အိုင်အိုဒင်းချို့တဲ့တတ်တော့ အခန့်မသင့်ရင် လည်ပင်းကြီး ရောဂါ ဖြစ်လာနိုင်ပါတယ်။ ဒီလို မဖြစ်အောင် ဆရာဝန်နဲ့ တိုင်ပင်ပြီး အားဆေးတွေ သောက်တာမျိုး လုပ်ပေးရပါမယ်။သက်သတ်လွတ်စားနေပေမယ့် အာဟာရချို့တဲ့တာမျိုး ဖြစ်လာလို့ သက်သတ်လွတ်စားတာကို လက်လျှော့လိုက်ရတာမျိုး မဖြစ်စေချင်ပါဘူး။ ဒါမှမဟုတ် ကျန်းမာရေးထိခိုက်နေပေမယ့် ယုံကြည်ရာကို မပျက်ချင်တာကြောင့် အထိခိုက်ခံပြီး ဆက်စားနေတာမျိုးလည်း မဖြစ်စေချင်ပါဘူး။ ဘာပဲဖြစ်ဖြစ် နည်းလမ်းရှာရင် ရှိပါတယ်။ သက်သတ်လွတ် စားပေမယ့် အာဟာရချို့တဲ့တာကို ရှောင်လွဲနိုင်ဖို့ အပေါ်က နည်းလမ်းတွေကို လိုက်နာဖို့ လိုပါတယ်။ လိုအပ်ရင် ဆရာဝန်နဲ့ တိုင်ပင်လို့ ရပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/special-diets/vegetarian-diet/
ဆေးလိပ်ဖြတ်ရန် ကူညီပေးမည့် နည်းလမ်းများ
အကယ်၍ သင်သည် ဆေးလိပ်သောက်သူဆိုလျှင် သင့်မှာ ဆေးလိပ်သောက်ဖို့အတွက် အကြောင်းပြချက်ကောင်းများစွာ ရှိနေမှာဖြစ်ပြီး ဆေးလိပ်ဖြတ်ဖို့အတွက်တော့ အကြောင်းရင်းတစ်ချက်တောင်ရှာတွေ့မှာ မဟုတ်ပါဘူး။သို့သော် ဆေးလိပ်သောက်ခြင်းသည် သင်ကိုယ်တိုင်ရော သင့်မိသားစုကိုပါ အန္တရာယ်ပေးနိုင်တယ်ဆိုတာကိုတော့ သင်နားလည်ထားသင့်ပါတယ်။ သင်ဆေးရွက်ကြီး စွဲခြင်းမှ လွတ်မြောက်ဖို့အတွက် နည်းလမ်းများကို ဤဆောင်းပါးတွင် ဖော်ပြလိုက်ပါတယ်။· ဆေးလိပ်ဖြတ်မည့် ရက်ကို သတ်မှတ်ပါ။· သင့်ပတ်ဝန်းကျင်ကို ပြောင်းလဲပါ။· သင့်အိမ်၊ ကား၊ ရုံးထဲကနေ စီးကရက်၊ ဆေးလိပ်ပြာခွက်အားလုံးကို ရှင်းထုတ်လိုက်ပါ။· သင့်အိမ်တွင် မည်သူ့ကိုမှ ဆေးလိပ်ပေးမသောက်ပါနဲ့။· သင်ယခင် ဆေးလိပ်ဖြတ်ဖို့ ကြိုးစားခဲ့ချိန်များကို ပြန်စဉ်းစားပါ။ အလုပ်ဖြစ်ခဲ့သော နည်းလမ်းများ၊ အလုပ်မဖြစ်ခဲ့သော နည်းလမ်းများကို ပြန်တွေးကြည့်ပါ။· သင်ဆေးလိပ်ဖြတ်လိုက်ပြီဆိုသည်နှင့် နောက်တစ်ကြိမ် ပြန်မသောက်ပါနဲ့တော့။သင့်မိသားစုဝင်များ၊ သူငယ်ချင်း၊ မိတ်ဆွေ၊ ဆရာဝန်များထံမှ နည်းမျိုးစုံနဲ့ အားပေးကူညီနေမှုများကို ခံယူပါ။· သင့်မိသားစု၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်များကို သင်ဆေးလိပ်ဖြတ်တော့မည် ဆိုသည့်အကြောင်း နှင့် ထိုရက်ပိုင်းအတွင်း သူတို့ဆီက အားပေးထောက်ပံ့မှုများ လိုအပ်ကြောင်းကို ပြောပါ။ သူတို့သည် သင်ခက်ခဲနေသော အချိန်ကို ကျော်ဖြတ်ဖို့ ကူညီကြပါလိမ့်မည်။သို့သော် သူတို့သင့်ကို ဘယ်ပုံဘယ်နည်းနှင့် ကူညီနိုင်သည်ဆိုတာကို သူတို့ကို သေချာ ပြောပြပါ။ သူတို့သည် တစ်ပါးသူ၏ စိတ်ထဲကို ဝင်ရောက်မြင်နိုင်စွမ်းရှိသူတွေ မဟုတ်သောကြောင့် သေချာတိကျစွာပြောပြပါ။ ဥပမာ သင့်အနီးပတ်ဝန်းကျင်တွင် ဆေးလိပ်မသောက်ရန် (သို့) သင်မြင်နိုင်သောနေရာတွင် စီးကရက်များမထားရန် စသည်ဖြင့် ပြောပြထားပါ။· သင့်ဆရာဝန်နဲ့ တိုင်ပင်ပြီး အကြံဉာဏ်များတောင်းခံပါ။· ဆေးလိပ်ဖြတ်သူအချင်းချင်း အုပ်စုဖွဲ့ ပြောဆိုဆွေးနွေးခြင်း (သို့) တယ်လီဖုန်းနဲ့တစ်ဆင့် ဆွေးနွေးမှုများပြုလုပ်ခြင်း တို့ကိုပြုလုပ်ပါ။ ပြောဆိုဆွေးနွေးခြင်းသည် ဆေးလိပ်ဖြတ်တာ အောင်မြင်ဖို့ အခွင့်အရေးကို နှစ်ဆ တိုးစေသည်။· ဆေးလိပ်သောက်ချင်စိတ်မဖြစ်အောင် စိတ်ကိုလွှဲပြောင်းကြည့်ပါ။ ဥပမာ။ ။ တစ်စုံတစ်ယောက်နဲ့ စကားပြောခြင်း၊ လမ်းလျှောက်ထွက်ခြင်း၊ အလုပ်တစ်ခုခုလုပ်နေခြင်း။· ဆေးလိပ်စဖြတ်ခါစတွင် သင့်ပုံမှန်နေ့စဉ် အမူအကျင့်များကို ပြောင်းလဲပါ။ အလုပ်သွားရာတွင် ပုံမှန်သွားနေကျမဟုတ်သော လမ်းကိုရွေးသွားပါ။ ကော်ဖီအစား လက်ဖက်ရည်ပြောင်းသောက်ကြည့်ပါ။ မနက်စာကို ဆိုင်အသစ်တွင် ပြောင်းစားကြည့်ပါ။· အမြဲအလုပ်များနေပါစေ။ ဥပမာ။ ။ အိမ်ကနေအပြင်ထွက်ကြည့်ပါ၊ ညနေစာကို ဆေးလိပ်သောက်ခွင့်မရှိသော သင့်အကြိုက် စားသောက်ဆိုင်တစ်ခုတွင် သွားစားပါ။ ရုပ်ရှင်သွားကြည့်ပါ။· နေ့စဉ် သင်စိတ်ပျော်စေသော အရာတစ်ခုခုကို လုပ်ကြည့်ပါ။· ရေများများသောက်ပါ။ဆေးဝါးသောက်သုံးခြင်းသည် ဆေးလိပ်သောက်ချင်စိတ်ကို လျော့နည်းစေပြီး ဆေးလိပ်ဖြတ်ရန် ကူညီပေးသည်။· အမေရိကန် ဆေးဝါး နှင့် အစားအသောက် ကြီးကြပ်ကွပ်ကဲရေးကနေ ဆေးလိပ်ဖြတ်ဖို့ ကူညီပေးသည့် ဆေးဝါး (၇)မျိုးကို အတည်ပြုထားသည်။ ၎င်းတို့သည် နီကိုတင်း အစားထိုးကုသမှုများဖြစ်ပါသည်။· Bupropion SR – ဆရာဝန်ဆေးစာ လိုအပ်သည်။· နီကိုတင်း ပီကေ – ဆေးဆိုင်မှာ ဝယ်ယူနိုင်သည်။· နီကိုတင်း ရှုဆေးဘူး – ဆရာဝန်ဆေးစာ လိုအပ်သည်။· နီကိုတင်း နှာခေါင်းဖြန်ဆေး – ဆရာဝန်ဆေးစာ လိုအပ်သည်။· နီကိုတင်း ကပ်ခွာ – ဆေးဆိုင်မှာ ဝယ်ယူနိုင်သည်။· နီကိုတင်း ငုံဆေးပြား – ဆေးဆိုင်မှာ ဝယ်ယူနိုင်သည်။· Varenicline tartrate – ဆရာဝန်ဆေးစာ လိုအပ်သည်။· သင့်ဆရာဝန်အကြံဉာဏ်ကို တောင်းခံပါ။ ဆေးညွှန်းကို သေချာ ဖတ်ရှုပါ။· အထက်ပါဆေးဝါးအားလုံးသည် သင်ဆေးလိပ်ပြတ်ဖို့ အခွင့်အရေးကို နှစ်ဆတိုးစေသည်။· ဆေးလိပ်ဖြတ်ဖို့ ကြိုးစားနေသူအားလုံးနီးပါး ထိုဆေးဝါးများ၏ အကူအညီကို ရယူနိုင်သည်။ သို့သော် အကယ်၍သင်သည် ကိုယ်ဝန်သည် (သို့) ကလေးရဖို့ ကြိုးစားနေသူဖြစ်လျှင်၊ ကလေးနို့တိုက်နေလျှင်၊ အသက်၁၈ နှစ်အောက်ဖြစ်လျှင်၊ တစ်နေ့ကို ဆေးလိပ် ၁၀ လိပ်အောက်ပဲ သောက်သူဖြစ်လျှင်၊ ရောဂါအခံရှိလျှင် အထက်ပါ ဆေးဝါးများ မသောက်သုံးခင် သင့်ဆရာဝန်နှင့် ပြသတိုင်ပင်ပါ။ဆေးလိပ်ဖြတ်ပြီး ပထမ သုံးလအတွင်းတွင် ဆေးလိပ်ပြန်စွဲတတ်သည်။ သင်ထိုသို့ ဆေးလိပ်ပြန်သောက်မိသည့်အတွက် စိတ်ဓါတ်မကျပါနဲ့။ လူအများစုသည် သူတို့ တကယ် ဆေးလိပ်မပြတ်ခင်အထိ အကြိမ်ပေါင်းများစွာ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားခဲ့ကြဖူးတယ်ဆိုတာကို သင်သတိရပါ။အောက်ဖော်ပြပါ ခက်ခဲသော အခြေအနေများသည် သင်ကြုံတွေ့ရနိုင်သော အရာများဖြစ်ပါသည်။· အရက်။ ။အရက်ကို ရှောင်ပါ။ အရက်သောက်ခြင်းသည် ဆေးလိပ်ပြတ်ဖို့ ခက်ခဲစေသည်။· အခြား ဆေးလိပ်သမားများ။ ။ဆေးလိပ်သောက်သူများ ပတ်ဝန်းကျင်တွင် ရှိနေခြင်းသည် သင့်ကို ဆေးလိပ်ပြန်သောက်စေလိုစိတ်ကို ဖြစ်စေသည်။· ကိုယ်အလေးချိန်တက်လာခြင်း။ ။ဆေးလိပ်သောက်သူများသည် ဆေးလိပ်ဖြတ်လိုက်ချိန်တွင် သုံးကီလိုဂရမ်လောက် အနည်းငယ် ဝလာတတ်သည်။ ကျန်းမာစေသော အစားအသောက်များ စားသုံးပြီး တက်တက်ကြွကြွနေပါ။ ကိုယ်အလေးချိန်တက်လာခြင်းကြောင့် သင့်အဓိက ရည်ရွယ်ချက်ပန်းတိုင်ကနေ မသွေဖီပါစေနဲ့။ အချို့ဆေးလိပ်ဖြတ်ခြင်းကို ကူညီပေးသော ဆေးဝါးများသည် ကိုယ်အလေးချိန်တက်ခြင်းကို နှောင့်နှေးစေပါသည်။· စိတ်ဓါတ်ကျခြင်း။ ။ဆေးလိပ်သောက်ခြင်းအပြင် သင့်စိတ်ခံစားချက်ကို ကောင်းမွန်စေသော အခြားနည်းလမ်းပေါင်းများစွာ ရှိပါသည်။ အချို့ ဆေးလိပ်ပြတ်စေသော ဆေးဝါးများသည် စိတ်ဓါတ်ကျဝေဒနာကို လျော့နည်းသက်သာစေသည်။အကယ်၍သင်သည် အထက်ပါ အခြေအနေများထဲမှ တစ်စုံတစ်ခုနဲ့ ရင်ဆိုင်ခက်ခဲနေလျှင် ဆရာဝန်နဲ့ ပြသတိုင်ပင်နိုင်ပါသည်။ဆေးလိပ်ဆေးရွက်ကြီး ကုမ္ပဏီများသည် ပို၍ ပို၍ အင်အားကြီးများလာကာ နည်းလမ်းပေါင်းများစွာနှင့် လူများကို နီကိုတင်းစွဲလန်းအောင် ကြိုးပမ်းလျက်ရှိသည်။ အကယ်၍ သင်ဆေးလိပ်ဖြတ်တာ အောင်မြင်သွားလျှင် သင့်ကိုယ်သင် ဂုဏ်ယူလိုက်ပါ။ ထို့ပြင် သင်သည်ဆက်လက်ပြီး ဆေးလိပ်မသောက်သူအဖြစ် နေထိုင်လိုပါက ဆေးလိပ် တစ်ဖွာမျှပင် မရှိုက်ပါနဲ့တော့လို့ အကြံပေးလိုပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/%e1%80%86%e1%80%b1%e1%80%b8%e1%80%9c%e1%80%ad%e1%80%95%e1%80%ba%e1%80%96%e1%80%bc%e1%80%90%e1%80%ba%e1%80%9b%e1%80%94%e1%80%ba-%e1%80%80%e1%80%b0%e1%80%8a%e1%80%ae%e1%80%95%e1%80%b1%e1%80%b8%e1%80%99/
သင်ဆေးလိပ်ဖြတ်သင့်သော အဓိက အကြောင်းရင်း လေးချက်
ဆေးလိပ်က ကောင်းကျိုးများစွာသယ်ဆောင်လာတယ်လို့ လူတော်တော်များများပြောတတ်ကြတယ်။ ဆေးလိပ်က သင့်ကိုတွေးခေါ်နိုင်ဖို့ကူညီတယ်။ စိတ်ခံစားချက်ကိုပိုကောင်းစေတယ်၊ ခေါင်းရှင်းစေတယ်၊ စိတ်ဓါတ်ကျဝမ်းနည်းနေတာတွေကို ကျော်လွှားနိုင်ဖို့ ကူညီပေးတယ် စသဖြင့်ပေါ့။ အဲဒီလိုကောင်းနေပုံပေါ်အောင် ဆေးလိပ်မှာပါတဲ့ နီကိုတင်းက သင့်စိတ်ကို လှည့်စားနေတာပဲဖြစ်တယ်။ဆေးလိပ်က ကောင်းကျိုးထက် ဆိုးကျိုးပဲပေးတယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိပါဘူး။ သင် မကောင်းဆိုးဝါးဆေးလိပ်ကို လက်ကလွှတ်ချလိုက်သင့်တဲ့ အဓိက အကြောင်းရင်းလေးချက်ကို အောက်တွင်ဖော်ပြလိုက်ပါတယ်။အထွေထွေခွဲစိတ်ဆရာဝန်များ၏ စကားအရ ဆေးလိပ်သောက်ခြင်းသည် အဆုတ်၊ အသည်း၊ အူမကြီး အပါအဝင် ခန္ဓါကိုယ်ရှိ အင်္ဂါအစိတ်အပိုင်းအားလုံးနီးပါးကို ထိခိုက်ပျက်စီးစေပါတယ်။ ကမ္ဘာပေါ်မှာ သေဆုံးရတဲ့အကြောင်းရင်းထဲမှာ ထိပ်ဆုံးက တစ်ခုအပါအဝင်ဖြစ်တဲ့ ကင်ဆာ ပုံစံ ၁၅မျိုးနဲ့လည်း ဆေးလိပ်သေြာက်ခင်းက ဆက်နွယ်နေပါတယ်။သင်ဆေးလိပ်ဖြတ်လိုက်ရင် သင့်ခန္ဓါကိုယ်က ဆေးလိပ်ကြောင့်ပျက်စီးသွားတဲ့ အစိတ်အပိုင်းတွေကို စတင်ပြုပြင်ပေးပါလိမ့်မယ်။ အသက်သုံးဆယ်ဝန်းကျင်မှာ ဆေးလိပ်ဖြတ်တဲ့ လူတွေဟာ ဆေးလိပ်မဖြတ်တဲ့လူတွေနဲ့ နှိုင်းယှဉ်ရင် ဆေးလိပ်သောက်ခြင်းနှင့် ဆက်နွယ်နေတဲ့ရောဂါတွေကြောင့် သေဆုံးနှုန်း ၉၀ ရာခိုင်နှုန်းကျော်လောက်လျော့နည်းသွားတာကို သက်သေအထောက်အထားနှင့်တကွ တွေ့ရှိရပါတယ်။ယခုဆိုလျှင် သင်သောက်နေတဲ့ဆေးလိပ်က သင့်ပိုက်ဆံတွေကို မီးရှို့ပစ်နေတယ်ဆိုတာကို သင်သတိထားမိနေလောက်ပါပြီ။ တချို့ နေရာတွေမှာဆိုလျှင် ဆေးလိပ်တစ်ဘူးကို သောင်းချီပြီးပေးရတာမျိုးတောင်ရှိပါတယ်။ တစ်ဘူးကို ၅၀၀၀ ကုန်တယ်ပဲ ထားပါတော့ တစ်ရက်တစ်ဘူးသောက်ခြင်းက သင့်ကိုနှစ်စဉ်ငွေ ၁၈၂၅၀၀ ကျပ်လောက် ကုန်ကျစေမည်။ဒီသတင်းက သင့်ငွေရေးကြေးရေးအခြေအနေကို တော်တော်ပင် အထိနာစေသည်။ ဒီသတင်းဆိုးကို သေချာပေါက် သင့်အိမ်ထောင်ဖက်ကို သိစေလိုမည်မဟုတ်ပေ။ သို့ဖြစ်၍ သင်ဆေးလိပ်တစ်ဘူးကို ကောက်မယူခင် ထိုဆေးလိပ်ကိုဝယ်မယ့်ပိုက်ဆံကို စုဆောင်းလိုက်ခြင်းအားဖြင့် အခြားဘာတွေအများကြီးလုပ်လို့ရနိုင်လဲဆိုတာလေးကို တစ်ခေါက်လောက်တွေးကြည့်ပေးပါ။သင်ဆေးလိပ်သောက်လိုက်လို့ ထိခိုက်သွားနိုင်တဲ့ အပြစ်မရှိတဲ့ သင်သင့် ဇနီး/ယောက်ျား၊ သားသမီးနှင့် သင်ချစ်မြတ်နိုးရသူတွေအကြောင်းကိုတွေးကြည့်ပါ။ လေ့လာမှုများအရ ဆေးလိပ်သောက်သူနဲ့နေရတဲ့ ကလေးတွေမှာ အဆုတ်အအေးမိခြင်း၊ နားပိုးဝင်ခြင်းများပိုမိုဖြစ်ပွားနိုင်ကြောင်း သိရသည်။ထို့ပြင် ဆေးလိပ်သောက်သောမိခင်မှ မွေးဖွားလာသော ရင်သွေးငယ်လေးများသည် ပေါင်မပြည့်၊ လမစေ့မွေးဖွားနိုင်ချေနှုန်း ပိုမိုမြင့်မားပြီး မွေးပြီး တစ်နှစ်အောက်မှာ ရုတ်တရက်သေဆုံးနိုင်ချေလည်း များလေသည်။အကယ်၍ သင်သာ ဆေးလိပ်ဖြတ်လိုက်ရုံနှင့် သင် ကိုယ်တိုင်ရော သင့်ပတ်ဝန်းကျင်ရှိလူများပါ လတ်ဆတ်သန့်ရှင်းသောလေကို ရှူရှိုက်ခွင့် ရသွားမှာ ဖြစ်ပါတယ်။ ဆေးလိပ်ကင်းစင်သော သာယာလှပသည့်ဘဝကို သင့်လက်နှင့် တည်ဆောက်လိုက်ပါ။သင်ဆေးလိပ်ဖြတ်လိုက်လျှင် သင့်အသားအရေနှင့် သွားများသည် ပိုပြီးကြည့်ကောင်းလာကာ သင်ပိုပြီးငယ်ရွယ်နုပျိုသောအသွင်ကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ဇူးရစ်ရှ် တက္ကသိုလ်က လေ့လာမှုတစ်ခုတွင် ဆေးလိပ်သောက်သူနှင့် မီးခိုးရောင်ဆံပင်ကြားဆက်နွယ်မှုရှိကြောင်း တွေ့ရှိခဲ့ကြသည်။ဆေးလိပ်မှာပါတဲ့ ဓါတုပစ္စည်းများက အမွေးအိတ်လေးတွေမှာ ရှိတဲ့ ဆဲလ်တွေကို ပျက်စီးစေပြီး ခန္ဓါကိုယ်သာမက မျက်နှာမှာပါရှိတဲ့ သွေးကြောလေးတွေကို ကျဉ်းစေကာ အသားအရေ ဝါဝါဖျော့ဖျော့အရောင်ပြောင်းစေသည်။ ထို့ပြင် အသားအရေတင်းရင်းကျုံ့နိုင်ဆန့်နိုင်စွမ်းကိုလည်း ပျက်စီးစေသည်။အသက်သုံးဆယ်ဝန်းကျင်လူများကို ဖြစ်စေသောနည်းတူ အသက်နှစ်ဆယ်ဝန်းကျင်တွေမှာလည်း ဖြစ်စေနိုင်ပါတယ်။ သတင်းကောင်းတစ်ခုကတော့ ဆေးလိပ်ဖြတ်လိုက်တာနဲ့ နှစ်ပတ်အတွင်းမှာတင် အိုမင်းရင့်ရော်နေတဲ့ မျက်နှာကိုပြောင်းပြန် ပြန်လှန်ပစ်လိုက်နိုင်ပါတယ်။ဆေးလိပ်ဖြတ်ခြင်းက ဉာဏ်ရှိတဲ့ ဆုံးဖြတ်ချက်ကောင်းတစ်ခုပါပဲ။ ဆေးလိပ်ဖြတ်သင့်တဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ ဒါပေမဲ့ အရေးကြီးဆုံးက သင်ကိုယ်တိုင်ပါပဲ။ ယခုပဲစတင်ပြောင်းလဲလိုက်ပါ။ အကယ်၍ ကြိုးစားရခက်ခဲနေရင် ဆရာဝန်ဆီကနေ အကူအညီတောင်းနိုင်ပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/%e1%80%9e%e1%80%84%e1%80%ba%e1%80%86%e1%80%b1%e1%80%b8%e1%80%9c%e1%80%ad%e1%80%95%e1%80%ba%e1%80%96%e1%80%bc%e1%80%90%e1%80%ba%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%9e%e1%80%b1%e1%80%ac-%e1%80%a1/
Anosmia (Loss Of Sense Of Smell) (အနံ့မရခြင်း)
အနံ့မရခြင်းဆိုတာ သင့်ဆီမှာ အနံ့အာရုံကို မခံစားနိုင်ဖြစ်နေခြင်း ဖြစ်ပါတယ်။ ဦးနှောက် (သို့) နှာခေါင်းပိုင်း ထိခိုက်မှုကြောင့် ဖြစ်တတ်ပါတယ်။ တချို့လူတွေမှာတော့ မွေးရာပါ အနံ့မရခြင်း ဖြစ်တတ်ပါတယ်။လူတယောက်ရဲ့ အနံ့အာရုံကို တချို့လုပ်ငန်းစဉ်တွေက ဖြစ်ပေါ်စေပါတယ်။ ပထမဦးစွာ အရာဝတ္တုတခုရဲ့ မော်လီကျူး (ဥပမာ ပန်းရဲ့ ရနံ့) ဟာ နှာခေါင်း အထက်ပိုင်းက အထူးအာရုံကြော (အနံ့ခံဆဲလ်) တွေကို လှုံ့ဆော်ပေးပါတယ်။ အဲဒီအာရုံကြောတွေဟာ ဦးနှောက်ကို အချက်အလက်တွေပေးပြီး ဘယ်အနံ့လဲဆိုတာ သတ်မှတ်ပါတယ်။ ဒီဖြစ်စဉ်ကို နှောင့်ယှက်မှုရှိရင် ဥပမာ နှာစေးခြင်း၊ နှပြိတ်ခြင်း၊ အာရုံကြောထိခိုက်ခြင်း စတာတွေဟာ အနံ့ခံမရခြင်း ဖြစ်စေပါတယ်။ယေဘုယျအားဖြင့် အနံ့ခံနိုင်ခြင်းဟာ အရသာခံခြင်းကိုပါ အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။ အနံ့မရရင် အရသာခံတဲ့ဖုလေးတွေဟာ အရသာအနည်းငယ်သာ ရရှိပြီး ဘဝရဲ့ အရည်အသွေးကိုပါ ထိခိုက်စေပါတယ်။တကယ်လို့ အနံ့မရခြင်းဟာ ချက်ချင်းဖြစ်ပေါ်လာပြီး ဘာကြောင့်မှန်းမသိရင် ဆရာဝန်ပြသပါ။ နောက်ခံအကြောင်းတွေကို ဖော်ထုတ်ပြီး ပြန်လည်ကောင်းမွန်အောင် ကုသပေးနိုင်ပါလိမ့်မယ်။အဖြစ်များပါတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ အသက်အရွယ် မရွေးဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။အသိသာဆုံး လက္ခဏာကတော့ အနံ့လုံးဝမရခြင်း ဖြစ်ပါတယ်။ လူတချို့မှာ အနံ့ရခြင်း ပြောင်းလဲလာတာကို သတိပြုမိတတ်ပါတယ်။ ဥပမာ ရင်းနှီးနေကြအရာတွေ အနံ့မရဖြစ်တတ်ပါတယ်။အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။အောက်ပါအခြေအနေမှာ ဆရာဝန်ပြသင့်ပါတယ်။အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။အောက်ပါအတိုင်း အကြောင်းအရင်းများစွာ ရှိပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်ဟာ လက်ရှိအခြေအနေကို မေးခွန်းများမေးပြီး နှာခေါင်းကို စစ်ဆေးပါလိမ့်မယ်။ ရောဂါရာဇဝင်မေးပြီး ပြည့်စုံတဲ့စမ်းသပ်ချက်တွေ ပြုလုပ်ပါလိမ့်မယ်။ဘယ်အချိန်မှာ စဖြစ်သလဲ၊ အနံ့အားလုံးမရတာလား၊ တချို့ကိုပဲ မရတာလား၊ အစားအသောက်ကို အရသာခံနိုင်သေးလား စသဖြင့်မေးပါလိမ့်မယ်။ အခြေအနေပေါ် မူတည်ပြီး အောက်ပါစမ်းသပ်ချက်တွေ ပြုလုပ်ပါလိမ့်မယ်။မွေးရာပါအနံ့မရသူများကတော့ အနံ့ဆိုတာဘာလဲ မသိကြပါဘူး။ လက်ရှိမှာ မွေးရာပါ အနံ့မရခြင်းအတွက် ကုသမှု မရှိပါဘူး။ဒါပေမယ့် ကျန်တဲ့အမျိုးအစားတွေအတွက် ကုသမှုတွေ ရှိပါတယ်။ အခြေအနေပေါ် မူတည်ပြီး အောက်ပါအတိုင်း ဖြစ်ပါတယ်။ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက အနံ့မရခြင်းအတွက် အထောက်အကူ ပြုသလဲ။အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/anosmia-loss-of-sense-of-smell-%e1%80%a1%e1%80%94%e1%80%b6%e1%80%b7%e1%80%99%e1%80%9b%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
Anosmia (Loss Of Sense Of Smell) ( အနံ့ခံအာရုံပျက်ယွင်းခြင်း)
အနံ့ခံအာရုံပျက်ယွင်းတယ် ဆိုတာဟာ သင့်နှာခေါင်းက အနံ့ခံအာရုံဆုံးရှုံးသွားတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ များသောအားဖြင့် နှာခေါင်းပိုင်းဆိုင်ရာ ရောဂါ (သို့) ဦးနှောက်ထိခိုက်မှု တစ်ခုခုမှာ ဖြစ်ပွားတတ်ပြီး အချို့သောသူတွေကတော့ မွေးရာပါ အနံ့ခံအာရုံပျက်ယွင်းနေတတ်တာ ဖြစ်ပါတယ်။လူတစ်ဦးရဲ့ အနံ့ခံအာရုံကို ဖြစ်စဉ်အချို့နဲ့ ထိန်းချုပ်ထားပါတယ်။ ပထာမဦးစွာ အရာဝတ္ထုတစ်ခုကထွက်ပေါ်လာတဲ့ မော်လီကျူးတစ်ခု (ဥပမာ – ပန်းတစ်ပွင့်ရဲ့ ရနံ့) ဟာ နှာခေါင်းတွင်းမှာ အများဆုံးတွေ့ရတဲ့ အနံ့ဦးနှောက်ဆဲလ်တွေကို လှုံ့ဆော်ပေးပါတယ်။အဆိုပါ အနံ့ဦးနှောက်ဆဲလ်တွေကတဆင့် အနံ့အာရုံကို သတ်မှတ်ပေးတဲ့ ဦးနှောက်အစိတ်အပိုင်းကို သတင်းအချက်အလက်တွေပေးပို့ပါတယ်။ ဒီလိုဖြစ်စဉ်ကို အနှောက်အယှက်ပေးတဲ့ မည်သည့်အရာမဆို (ဥပမာ – နှာရည်ယိုခြင်း၊ နှာပိတ်ခြင်း၊ (သို့) အနံ့ဦးနှောက်ဆဲလ်များ ပျက်စီးခြင်း) ဟာ အနံ့အာရုံဆူုံးရှုံးမှုကို ဖြစ်စေတတ်ပါတယ်။ယေဘုယျအားဖြင့် အနံ့ခံစွမ်းရည်ဟာ အရသာခံစွမ်းရည်ပေါ်မှာလည်း သက်ရောက်မှုရှိပါတယ်။ အနံ့အာရုံမရှိခဲ့ရင် ကျွန်ုပ်တို့ရဲ့ လျှာမှာရှိတဲ့ အရသာခံဖုတွေဟာ အရသာအနည်းငယ်ကိုသာ ခံစားသိရှိနိုင်မှာဖြစ်ပြီး ဘဝကိုယ်ရည်ကိုယ်သွေးအပေါ် သက်ရောက်မှုရှိလာမှာဖြစ်ပါတယ်။အဖြေကိုတော့ ရှင်းရှင်းလင်းလင်းမသိရှိရသေးပါ။ အနံ့အာရုံနဲ့ပတ်သက်တဲ့ပြသနာ ခံစားနေရသူတွေကို တိတိကျကျမေးမြန်းဖော်ပြထားတဲ့ စာရင်းဇယားတွေ မရှိသေးလို့ပဲ ဖြစ်ပါတယ်။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။သိသာထင်ရှားတဲ့ရောဂါလက္ခဏာကတော့ အနံ့အာရုံလျော့နည်းဆုံးရှုံးလာတာပါပဲ။ အချို့သူတွေမှာ အနံ့အာရုံစတင်ပြောင်းလဲလာတာကို သတိထားမိလာပါတယ်။ ဥပမာ – အချို့အရာဝတ္ထုတွေဆီက ရင်းရင်းနှီးနှီး ရနေကျ အနံ့ မရတော့တာမျိုး။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။အကယ်၍အောက်ပါအချက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်ကို ဆက်သွယ်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။အနံ့ခံအာရုံပျက်ယွင်းခြင်း ဖြစ်ပွားစေတဲ့အကြောင်းအရင်းတွေ များစွာရှိပါတယ်။ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။သင့်ဆရာဝန်ဟာ သင့်ရဲ့လတ်တလောရောဂါလက္ခဏာများကို မေးမြန်းခြင်း၊ နှာခေါင်းပိုင်းဆိုင်ရာကို စစ်ဆေးခြင်း၊ ခန္ဓါကိုယ်အစိတ်အပိုင်းများအားလုံး စမ်းသပ်စစ်ဆေးခြင်း၊ သင့်ရဲ့ကျန်းမာရေးရာဇဝင်မေးမြန်းခြင်း အစရှိသည်ကို ပြုလုပ်ပါလိမ့်မယ်။အနံ့ခံအာရုံပျက်ယွင်းတာကို သင်ဘယ်အချိန်က စတင်ခံစားနေရသလဲ၊ အနံ့အာရုံတစ်ခု(သို့) အားလုံးကို ခံစားသိရှိမှု မရှိတော့တာလား၊ အရသာခံအာရုံ ကောင်း၊မကောင်း အစရှိသည်တို့ကို သင့်ဆရာဝန်က မေးမြန်းနိုင်ပါတယ်။ ရောဂါရှာဖွေဖို့ စမ်းသပ်စစ်ဆေးမှုတွေကိုလည်း ပြုလုပ်ပါလိမ့်မယ်။သင့်အခြေအနေအပေါ်မူတည်ပြီး အောက်ပါအတိုင်း တစ်မျိုး(သို့) တစ်မျိုးထက်ပိုတဲ့ ရောဂါရှာဖွေစစ်ဆေးမှုတွေကို ပြုလုပ်ကောင်းပြုလုပ်နိုင်ပါတယ်။မွေးရာပါအနံ့ခံအာရုံပျက်ယွင်းနေသူတွေဟာ သူ့သက်တမ်းတလျှောက်လုံး အနံ့ခံအာရုံ မရရှိနိုင်တော့ပဲ အနံ့အာရုံရဲ့သဘောကို သိရှိဖို့ပင် ခဲယဉ်းပါလိမ့်မယ်။လက်ရှိမှာတော့ မွေးရာပါအနံ့ခံအာရုံပျက်ယွင်းသူတွေကို ကုသဖို့ နည်းလမ်းမရှိသေးပါဘူး။ သို့သော်လည်း အခြားသော အနံ့ခံအာရုံပျက်ယွင်းစေတတ်တဲ့ ရောဂါများကတော့ ရောဂါအကြောင်းအရင်းခံကို ကုသပေးခြင်းဖြင့် သက်သာပျောက်ကင်းတတ်ပါတယ်။သင့်ရောဂါအခြေအနေအပေါ်မူတည်ပြီး အထောက်အကူပြုနိုင်တဲ့ ဆေးကုသမှုများကတော့။အောက်ပါလူနေမှုပုံစံတွေနဲ့ အိမ်သုံးကုထုံးတွေကအနံ့ခံအာရုံပျက်ယွင်းတဲ့ရောဂါရှင်တွေမှာ အကျိုးပြုပါလိမ့်မယ်။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ် ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/nose-conditions/anosmia-loss-of-sense-of-smell-%e1%80%a1%e1%80%94%e1%80%b6%e1%82%95%e1%80%81%e1%80%b6%e1%80%a1%e1%80%ac%e1%80%9b%e1%80%b6%e1%80%af%e1%80%95%e1%80%ba%e1%80%80%e1%80%b9%e1%80%9a%e1%80%bc%e1%80%84/
သွေးကျဲဆေးသောက်နေရသူတွေ ဂရုစိုက်သင့်တဲ့ နေထိုင်မှုပုံစံ
သွေးကျဲဆေးက လူတိုင်းသောက်ရတာတော့ မဟုတ်ပေမယ့်ကျန်းမာရေး အခြေအနေတစ်ခုခုကြောင့် သွေးကျဲဆေးသောက်နေရတယ် ဆိုရင်တော့ကျန်းမာရေးကို ထိခိုက်စေတာမျိုး မဖြစ်စေဖို့ ဘယ်လိုနေထိုင်ရပါ့မလဲ တွေးရခက်ပြီး စိုးရိမ်နေပြီလား။ ဒါဆိုသွေးကျဲဆေးကိုအန္တရာယ်ကင်းကင်းသောက်နိုင်စေဖို့ သတိထားသင့်တဲ့ အချက်လေးတွေကို ဒီဆောင်းပါးလေးကနေ ပြောပြပေးပါရစေ။နှစ်စဉ် သွေးကျဲဆေးသောက်နေရသူတွေ အရေအတွက်က ၂ သန်း ကနေ ၃ သန်းလောက်အထိရှိနေပါတယ်။ ကျန်းမာနေတဲ့ လူတစ်ယောက်အနေနဲ့ကတော့ သွေးကျဲဆေးသောက်ဖို့ မလိုဘူးပေါ့။ ဒါပေမယ့်။သွေးကျဲဆေးသောက်နေရသူတွေ အနေနဲ့သွေးကျဲဆေးသောက်နေရချိန်မှာ ကျန်းမာနေစေဖို့ဆိုရင်။သွေးကျဲဆေးသောက်နေရချိန်မှာ ဗီတာမင် K အများကြီး စားလို့မဖြစ်ပါဘူး။ ဒါကြောင့် သွေးကျဲဆေးသောက်နေရချိန်မှာ ဗီတာမင် K ကြွယ်ဝတဲ့ဆလတ်ရွက်၊ ဟင်းနုနွယ်၊ မုန်ညှင်းဖြူထုပ်တွေကို နည်းနည်းလောက်ပဲ စားပေးပါ။သွားတိုက်တဲ့အခါ ကြမ်းကြမ်းတမ်းတမ်း တိုက်တာမျိုးမလုပ်ပါနဲ့။သွားပွတ်တံကို ခပ်ပျော့ပျော့လေးပဲ ရွေးချယ်ပါ။သွားပွတ်ကြိုးသုံးတဲ့အခါသွားဖုံးထိခိုက်မှုနည်းစေဖို့ သတိပြုပါ။ထိခိုက်မိတဲ့အခါ သွေးကျဲဆေးသောက်ထားတဲ့သူတွေက အခြားသူတွေထက် သွေးပိုထွက်နိုင်သလိုသွေးတိတ်ဖို့ခက်ခဲပါတယ်။ ဒါကြောင့် ထိခိုက်မှုမဖြစ်စေဖို့ တတ်နိုင်သမျှ ဂရုစိုက်စေချင်ပါတယ်။သွေးကျဲဆေးက သွေးထွက်တာ။ သွေးမတိတ်တာတင် ဖြစ်စေတာ မဟုတ်ပါဘူး။ အခြားဘေးထွက်ဆိုးကျိုးတွေအနေနဲ့ မအီမသာဖြစ်တာ၊ သွေးဆဲလ်အရေအတွက် နည်းတာမျိုး ဖြစ်စေနိုင်ပါသေးတယ်။သွေးဆဲလ်အရေအတွက် နည်းတာက ပင်ပန်းလွယ်တာ၊ မအီမသာဖြစ်တာ၊ အားနည်းတာ၊မူးဝေတာ၊ အသက်ရှူတာ ပြတ်တောင်း ပြတ်တောင်းဖြစ်တာမျိုးတွေ ဖြစ်စေနိုင်ပါသေးတယ်။သွေးကျဲဆေးကိုပဋိဇီဝဆေးဝါးတွေ၊မှိုသတ်ဆေးတွေနဲ့ တွဲမသောက်ပါနဲ့။ ဒါက သွေးကျဲနှုန်းကို ပိုဆိုးစေနိုင်ပါတယ်။ ဒါ​ကြောင့် ဆေးတစ်ခုခုသောက်ဖို့ ညွှန်တိုင်း သွေးကျဲဆေးသောက်နေရတဲ့အကြောင်းနဲ့ ဆေးကို တွဲသောက်လို့ရ၊ မရ သေချာလေး မေးမြန်းပါ။ဆေးကို အချိန်အတိအကျ မမေ့မလျော့သောက်ပါ။ မေ့တတ်ရင် ဖုန်းမှာ alarm ပေးထားစေချင်ပါတယ်။ သွေးကျဲဆေးကို နေ့တိုင်း အချိန်မှန် သောက်ပေးပါ။ ဆေးသောက်ဖို့ မေ့သွားလို့ဆိုပြီး နောက်တစ်ရက်မှာ ၂ လုံးသောက်တာမျိုး မလုပ်ပါနဲ့။ မေ့သွားခဲ့ရင်တောင် သတိရတာနဲ့ ချက်ချင်းသောက်လိုက်ပါ။ နောက်တစ်နေ့အထိ မေ့နေခဲ့မယ်ဆိုရင်တော့ ဆေးမသောက်ခင် ဆရာဝန်ကို အရင်မေးမြန်းပြီး ဆရာဝန်ညွှန်တဲ့အတိုင်း လိုက်နာလုပ်ဆောင်ပါ။သွေးကျဲဆေး သောက်နေရချိန်မှာ ကိုယ်တွင်း သွေးယိုစီးမှု ရှိနေလားဆိုတာ သေချာ စစ်ဆေးပါ။ သွေးယိုစီးမှုက သိပ်မပြင်းထန်တဲ့အခါ ခြေကုန်လက်ပမ်းကျတာ၊ အသက်ရှူတာ ပြတ်တောင်းပြတ်တောင်းဖြစ်တာ၊အသားအရောင်ဖျော့တော့တာ၊ အသားမည်းတာ၊ ဝမ်းအမည်းရောင်တွေ သွားတာလိုမျိုး ခံစားရနိုင်ပါတယ်။ကိုယ်တွင်းသွေးယိုစီးမှုက ပြင်းထန်မယ်ဆိုရင်တော့ လေဖြတ်သလို လက္ခဏာတွေ ခံစားရတာ၊ ဗိုက်အောင့်တာ၊နောက်ကျောတွေအောင့်တာလိုမျိုး ဝေဒနာတွေ ခံစားရနိုင်ပါတယ်။အသည်းက အယ်လ်ကိုဟောကိုရော သောက်သုံးလိုက်တဲ့ ဆေးဝါးတွေကိုပါ တာဝန်ယူ ဖြေရှင်းနေရတာပါ။ အယ်လ်ကိုဟော သောက်လိုက်တာကြောင့် အသည်းက ဆေးကို တာဝန်ယူမဖြေရှင်းနိုင်ဘဲ အယ်လ်ကိုဟောကို တာဝန်ယူ ဖြေရှင်းမယ်ဆိုရင် ခန္ဓာကိုယ်မှာ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရမှာပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/things-to-know-about-taking-blood-thinners-safely/
ဆယ်ကျော်သက် တိုင်း စားသင့်တဲ့ အစားအစာ (၇) မျိုး
ဆယ်ကျော်သက် အရွယ် သားသားမီးမီးတို့ကို အာဟာရ ပြည့်ဝစွာ ကျွေးမှ ကောင်းမွန်စွာ ကြီးထွားဖွံ့ဖြိုးမှာပါ။ ဒီတော့ ဆယ်ကျော်သက် အရွယ် ကလေးတွေကို အကောင်းဆုံးကြီးထွားဖွံ့ဖြိုးဖို့ဘာတွေများ ကျွေးရမလဲဆိုပြီး ခေါင်းခြောက်နေတဲ့ မေမေတွေ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက မေမေတို့ရဲ့ ခေါင်းခြောက်တဲ့ ပြဿနာကို အကောင်းဆုံး ဖြေရှင်းပေးနိုင်မှာပါ။ဆယ်ကျော်သက် အရွယ် သားသားမီးမီးတို့ အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ ဒါတွေပြင်ဆင်ပေးပါ။ကြက်ဥမှာ ခန္ဓာကိုယ် ကျန်းမာဖွံ့ထွားစေဖို့ လိုအပ်တဲ့ ပရိုတင်း၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကြက်ဥတစ်လုံးမှာ ဇင့်၊ ဗီတာမင် A၊seleniumနဲ့ ဗီတာမင် E တို့ ပါဝင်နေပါတယ်။တစ်နေ့ကို ကြက်ဥ ပြုတ်ပြီးဖြစ်ဖြစ်၊ ဆီနည်းနည်းနဲ့ ကြော်ပြီးဖြစ်ဖြစ် စားပေးပါ။အသီးတွေ အားလုံးက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် ငှက်ပျောသီးက ပိုပြီး သင့်တော်ပါတယ်။ အကြောင်းကတော့ ငှက်ပျောသီးမှာ ဗီတာမင် B၊ ပိုတက်ဆီယမ်၊ ကာဗိုဟိုက်ဒရိတ် နဲ့အမျှင်ဓာတ်တို့လိုမျိုး အင်အားဖြစ်စေတဲ့ အာဟာရတွေ ပါဝင်နေလို့ပါပဲ။ငှက်ပျောသီးက အချိုစာတွေ စားမိနိုင်ခြေကိုလည်း လျှော့ချပေးတာကြောင့် ဆယ်ကျော်သက် တို့အတွက် စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ပံ့ပေးနိုင်မှာပါ။နို့မှာ အရိုးနဲ့သွားတွေကို သန်မာစေမယ့် ကယ်လ်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါတင် မကသေးပါဘူး။ နို့မှာ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ မဂ္ဂနီဆီယမ်၊ ပရိုတင်း၊ ဗီတာမင် B12 တို့လည်း ကြွယ်ဝစွာ ပါဝင်နေပါသေးတယ်။ တစ်နေ့ကို ပုံမှန် နို့တစ်ခွက်သောက်ပေးတာကအရိုးတွေကို သန်မာစေသလိုကိုယ်ခံအားကောင်းစေဖို့ပါ အထောက်အပံ့ပေးနိုင်မှာပါ။ငါးစားတာက ကျန်းမာရေးအတွက် ကောင်းပါတယ်။ ဆယ်ကျော်သက်တွေကို ကျန်းမာပျော်ရွှင်နေစေဖို့ဆိုရင် နေ့စဉ်စားသုံးမှုမှာ ငါးပါအောင် ပြင်ဆင်ပေးဖို့ လိုပါမယ်။ ငါးဆိုတဲ့ထဲကမှomega 3 fatty acidsကြွယ်ဝတဲ့ ဆယ်လ်မွန်ငါးက အသင့်တော်ဆုံးပါ။ဆယ်ကျော်သက် တွေကို ကျန်းမာပျော်ရွှင်စေဖို့ဆိုရင် တစ်နေ့ကို ငါး ၁၀၀ ဂရမ် ပါအောင် ကျွေးပေးဖို့ လိုပါမယ်။ဆယ်ကျော်သက်တွေ အနေနဲ့ အဆာပြေ စားချင်ရင် အချိုစာတွေ ဆီများတဲ့ အစားအစာတွေ အစား အခွံမာသီးတွေ ဖြစ်ကြတဲ့ သစ်ကြားသီး၊ အယ်လ်မွန်စေ့တို့ကို စားပေးသင့်ပါတယ်။အခွံမာသီးတွေကဇင့်၊ ဗီတာမင် E၊ပရိုတင်း၊ အမျှင်ဓာတ်တို့ ပြည့်ဝပြီး ကျန်းမာစေသလို ခန္ဓာကိုယ်ကို အင်အားပြည့်ဝစေမှာပါ။ကန်စွန်းဥက ဆယ်ကျော်သက်တွေအတွက် အကောင်းဆုံး စားစရာတစ်ခုပါ။ အကြောင်းကတော့ ကန်စွန်းဥမှာ ဆယ်ကျော်သက်တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ beta carotene၊ ဗီတာမင် A၊ ဗီတာမင် C တို့ ပါဝင်နေလို့ပါ။အမြင်အာရုံကစလို့ ကိုယ်ခံအား အထိ အားပြည့် ကျန်းမာစေမှာပါ။အဆီမပါတဲ့ အနီရောင်အသားကသံဓာတ်ပြည့်ဝစေပြီး သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။အာရုံစူးစိုက်နိုင်စွမ်းကောင်းစေပြီး သင်ယူလေ့လာနိုင်စွမ်းကောင်းစေဖို့လည်း ကူညီပေးပါသေးတယ်။ပရိုတင်း ကြွယ်ဝမှုကအရိုးနဲ့ ကြွက်သားတွေကို သန်မာစေပြီး ကိုယ်ခံအားကို ပြည့်ဝစေနိုင်ပါတယ်။[embed-health-tool-bmi]
parenting
parenting
https://hellosayarwon.com/parenting/adolescents/milestones-and-development/foods-for-teenageer/
ခေါင်ရမ်းပင် ဆေးဖက်ဝင်သလား!
ခေါင်ရမ်းပင်က အရွက်စိမ်းစိမ်းလေးတွေနဲ့ အပွင့်နီနီလေးတွေ တွဲလောင်းသဏ္ဍာန် ပွင့်နေတဲ့ အပင်တစ်မျိုးပါ။ နီနီရဲရဲ အသွင်နဲ့ ချစ်စရာကောင်းတဲ့ ခေါင်ရမ်းပန်းလေးတွေကို ခြံစည်းရိုး ပန်းပင်အဖြစ် စိုက်ပျိုးလေ့ ရှိကြပါတယ်။ ဒီလို အလှအနေနဲ့ စိုက်တဲ့ ခေါင်းရမ်းပင် ဆေးဖက်ဝင်သလား! ဆိုပြီးများ စဉ်းစားဖူးလား ….. စဉ်းစားဖူးတယ်ဆိုရင်တော့ အဖြေလေးကို ဆောင်းပါးထဲမှာ ကြည့်ကြည့်လိုက်တော့နော်။ခေါင်းရမ်းပင် ဆိုတာက ဝတ်ဆံ ဝါဝါလေးတွေနဲ့ ပွင့်ဖက် ဝတ်ဆံတိုင် နီနီရဲရဲ နဲ့ တွဲလောင်းပွင့်တတ်တဲ့ ပန်းလှလှလေးတွေ ပွင့်တဲ့ အပင် တစ်မျိုးပါ။ အရွက်လေးတွေက ဝိုင်းဝိုင်းဖားဖားလေးတွေရှိပါတယ်။ အဖျားမှာ အရွက် ချွန်ချွန်လေးတွ နဲ့လည်း ရှိပါတယ်။ ခေါင်ရမ်းပန်းက အနီ၊ အဖြူ၊ ပန်းရောင်၊ ခရမ်း ဆိုပြီး အမျိုးမျိုး ရှိကြပေမယ့် မြန်မာနိုင်ငံမှာတော့ အနီရောင်ကိုပဲ အတွေ့ရများပါတယ်။ အပင်ကြီးမျိုးတော့ မဟုတ်ပါဘူး။ခေါင်ရမ်းပင် ဆေးဖက်ဝင်သလား! ဆိုတော့ ခေါင်းရမ်းပင်ရဲ့ အရွက်ရော အပွင့်ရောပါ ဆေးဖက်ဝင်ပါတယ်။ ဘယ်လိုမျိုးတွေ ဆေးဖက်ဝင်သလဲဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။သွေးတွင်းကိုလက်စထရော ကျစေနိုင်တယ်။လေ့လာချက်တွေအရ ခေါင်ရမ်းပန်းကသွေးတွင်းအဆီပမာဏကို ကျဆင်းစေနိုင်ပါတယ်။ သွေးကြောတွေမှာ အဆီတွေ ပိတ်ဆို့တာက နှလုံးရောဂါ ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။ ခေါင်ရမ်းပန်းရဲ့ အဆီအနှစ်ကတော့ သွေးတွင်း အဆီဓာတ်ကို ကျဆင်းစေပြီးနှလုံးသွေးကြောကျဉ်းဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ကိုယ်အလေးချိန် ထိန်းပေးနိုင်တယ်။ခေါင်ရမ်းပန်းကိုဝိတ်ကျစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ ခေါင်ရမ်းပန်းမှာ အာဟာရဓာတ်တွေ ပါဝင်နေသလို ဖလေဗာနွိုက်နဲ့ အမျိုးမျိုးသော သတ္တုဓာတ်တွေလည်း ပါဝင်နေပါတယ်။ ဒီလို ပါဝင်နေတာက ခန္ဓာကိုယ်က အဆီတွေနဲ့ ကစီဓာတ်တွေ စုပ်ယူမှုကို နည်းစေပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရရှိစေဖိဖု့ ထောက်ကူပေးနိုင်ပါတယ်။ဒါ့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေတာကလည်းဇီဝကမ္မဖြစ်စဉ်ကို တိုးတက် ကောင်းမွန်စေပြီး ကိုယ်အလေးချိန်ကို ထိန်းညှိနိုင်ဖို့ ထောက်ကူပေးပါတယ်။ ဆီးရွှင်စေတာကလည်း ကိုယ်တွင်းမှာ ရေဝိတ် မတက်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။စိတ်ဓာတ်ကျတာကို သက်သာစေတယ်။ခေါင်ရမ်းပင်မှာ polyphenols ပါဝင်နေတာကဦးနှောက်ကို ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ စိတ်ခံစားမှု ကောင်းမွန်စေပြီး စိတ်ဓာတ်ကျမှု ခံစားရနိုင်ခြေကိုလည်း နည်းစေပါတယ်။  ရှေးယခင် ကာလတွေကတည်းကစိတ်ဓာတ်ကျတာကို သက်သာစေဖို့အတွက် ခေါင်ရမ်းပင်ကို အသုံးပြုခဲ့ကြပါတယ်။အဖျား သက်သာစေတယ်။ခေါင်ရမ်းပင်က အဖျားကျစေနိုင်တဲ့ အာနိသင် ရှိပါတယ်။ဖျားနာမှုကို သက်သာစေဖို့ အဖျားကြောင့် ကိုယ်အပူချိန် မြင့်တက်တာကို သက်သာစေဖို့ အသုံးပြုကြပါတယ်။ဝမ်းမှန်စေတယ်။ဝမ်းမှန်စေဖို့လည်း ခေါင်ရမ်းပန်းကို အခြောက်ခံပြီး ရေနွေးနဲ့ စိမ်သောက်ပေးလို့ ရပါတတယ်။ အသည်းကို ကျန်းမာစေသလို အစာခြေစနစ်ရဲ့ လုပ်ဆောင်မှု ကောင်းစေပြီးဝမ်းချုပ်မှု ကင်းစေဖို့ထောက်ကူပေးပါတယ်။သွေးဆုံးချိန် ပူစပ်ပူလောင် ဖြစ်တာကို သက်သာစေတယ်။သွေးဆုံးချိန်မှာ ပူလောင်အိုက်စပ်စပ် ခံစားရတာ၊ အသားတွေ ပူနေသလို ခံစားရတာတွေကို သက်သာစေဖို့ အတွက်လည်း ခေါင်ရမ်းပန်းကို အသုံးပြုပေးလို့ ရပါတယ်။ဆံပင် သန်စေတယ်။ခေါင်းဦးရေပြားကို သေချာ သန့်စင်ပြီး ခေါင်ရမ်းပန်းကို ကြိတ်လို့ ရလာတဲ့ အနှစ်နဲ့ ပေါင်းတင်ပေးမယ်ဆိုရင်ဆံပင်တွေကို ကျန်းမာစေဖို့ အားဖြည့်ပေးသလို ဆံပင်သန်စေဖို့လည်း လုပ်ဆောင်ပေးပါတယ်။ ဆံပင်ပါးသူတွေ၊ ဆံပင်ကျွတ်သူတွေအတွက် ဆံပင်ထူစေဖို့ လုပ်ဆောင်ပေးပါတယ်။ ဗီတာမင် A နဲ့ ဗီတာမင် C ပါဝင်နေတာကလည်း ဆံပင်ကျွတ် သက်သာစေဖို့ ထောက်ကူပေးပါတယ်။သွေးတွင်းသကြားဓာတ် ထိန်းညှိပေးတယ်။သွေးတွင်းသကြားဓာတ် မြင့်တက်မှုက အာရုံကြောတွေ၊ မျက်လုံးတွေနဲ့ ကျောက်ကပ်တွေကို ထိခိုက်စေနိုင်သလို နှလုံးရောဂါ ခံစားရနိုင်ခြေကိုလည်း များစေပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓာတ်ကို သေချာလေး ထိန်းညှိဖို့ လိုပါမယ်။ ခေါင်ရမ်းပန်းရဲ့ အဆီအနှစ်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ကိုယ်ခံအား ကောင်းစေတယ်။ခေါင်ရမ်းပန်းက ဆဲလ်တွေကိုကူးစက်ရောဂါတွေကို တိုက်ထုတ်နိုင်ဖို့ အားဖြည့်ပေးသလို ကိုယ်ခံအား ကောင်းစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။ ခေါင်ရမ်းပန်း ရေနွေးကြမ်းကို သောက်သုံးပေးတာကကိုယ်ခံအားကို မြှင့်တင်ရာမှာ ထိထိရောက်ရောက် အားဖြည့်ပေးနိုင်ပါတယ်။အသည်း ကျန်းမာစေတယ်။လေ့လာမှုတွေအရ သိရတာက ခေါင်ရမ်းပန်းက အသည်း ကျန်းမာစေဖို့နဲ့ အသည်းကို လုပ်ဆောင်မှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။အနာကျက်စေနိုင်တယ်။အနာကျက်စေဖို့ ခေါင်ရမ်းပင် အရွက်ကို အသုံးပြုပေးလို့ ရသလို ခေါင်ရမ်းပန်း ပြုတ်ရည်ကို အသုံးပြုပေးလို့လည်း ရပါတယ်။ အနာကျက် မြန်စေသလို အရေပြား ပြဿနာ တော်တော်များများကို သက်သာစေနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေ ထိခိုက်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။သန်းကင်းစေတယ်။ခေါင်းသန်းတွယ်တာကို သက်သာစေဖို့အတွက် ခေါင်းရမ်းပန်းကို အသုံးပြုပေးလို့ ရပါတယ်။ ပန်းကို ကြိတ်ခြေပြီး အနှစ်ကို ဦးရေပြားမှာ လိမ်းကျံပေးတာက သန်းကင်းစေဖို့ ကူညီပေးနိုင်မှာပါ။ဆံပင်ဖြူတာကို  သက်သာစေဖို့လည်း ခေါင်ရမ်းပန်းကို အသုံးပြုပေးလို့ ရပါတယ်။ခေါင်ရမ်းပင်က ကျန်းမာရေး အကျိုးကျေးဇူး များစွာ ရှိတယ်ဆိုပေမယ့် အလွန်အကျွံ သုံးစွဲတာမျိုး မလုပ်သင့်ပါဘူး။ ရောဂါအခံ ရှိသူတွေ ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေ အနေနဲ့ အသုံးမပြုခင် ဆရာဝန်နဲ့ အရင် တိုင်ပင်သင့်ပါတယ်။ ဓာတ်မတည့်တာမျိုး ဖြစ်တတ်ရင် အသုံးမပြု သင့်ပါဘူး။# တတိုင်းမွှေး ဆေးဖက်ဝင်သလား!။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/health-benefits-of-hibiscus/
စားလို့ကောင်းတဲ့ ချဉ်ပေါင်ရွက် ကို ဘယ်လိုချက်ချက် ကြိုက်တဲ့သူလေးတွေ ရှိလား...........
ချဉ်ဟင်းလေးပဲချက်ချက်၊မျှစ်လေးနဲ့ ရောပြီး အရည်ပဲချက်ချက်၊ငရုတ်သီးနိုင်နိုင်လေးနဲ့ မျှစ်တို့ရောပြီး ကြော်ပဲစားစား၊ငါးနဲ့ပဲ ရောချက်ချက် ဘယ်ချိန် စားစား ထမင်းမြိန်လွန်းလို့ ချဉ်ပေါင်ဟင်းနဲ့ဆို စွဲပြီးသားပဲဆိုတဲ့ Helloဆရာဝန် ပရိသတ်ကြီးတွေများရှိလား။ စားလိုက်တိုင်းချဉ်ပြုံးပြုံးအရသာလေးနဲ့ ထမင်းမြိန်စေတဲ့ ချဉ်ပေါင်ရွက် လေးက စားကောင်းတာထက်ပိုတဲ့ကျန်းမာရေးအာနိသင်တွေရှိနေပါတယ်။ချဉ်ပေါင်ရွက်လို့ ဆိုလိုက်ရင် ထွေထွေထူးထူး ပြောစရာမလိုအောင် လူတိုင်း မျက်လုံးထဲမြင်မယ် ထင်ပါတယ်။ သုံးမြှောင့်ပုံ အရွက်စိမ်းစိမ်းလေးတွေက အရိုးနီနီ ဒါမှမဟုတ် ရိုးတံ စိမ်းစိမ်းလေးမှာ ရွက်ချင်းဆိုင်ပြီး အစီအရီ ပေါက်နေတတ်တဲ့ အပင်ငယ်ပါ။စားလိုက်တိုင်း အရသာရှိတယ်ဆိုတဲ့ ချဉ်ပေါင်ရွက် မှာ ဗီတာမင် နဲ့သတ္တုဓာတ်များစွာ ပါဝင်နေပါတယ်။ ချဉ်ပေါင်ရွက်မှာ။စားလိုက်တိုင်း အရသာရှိတဲ့ ချဉ်ပေါင်ရွက် လေးကို ရှေးနှစ်ပေါင်းများစွာကတည်းက ကျန်းမာရေးအတွက်ဆေးဖက်ဝင်တဲ့ အပင်တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြတာပါ။ ချဉ်ပေါင်က အရွက်ကစလို့ အပွင့်၊ အဖူး နဲ့ တစ်ပင်လုံးနီးပါး ဆေးဖက်ဝင်ပါတယ်။သွားနဲ့သွားဖုံးကျန်းမာစေတယ်။ကယ်လ်ဆီယမ် ပါဝင်နေတာကြောင့် သွားနဲ့မေးရိုးတွေကို သန်မာစေမှာပါ။ ခံတွင်းထဲက ဘက်တီးရီးယားတွေကို အကောင်းဆုံး တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပြီး သွားနဲ့သွားဖုံးတွေကို ကျန်းမာစေနိုင်ပါတယ်။ ငယ်စဉ်ကတည်းကချဉ်ပေါင်ရွက် ကျွေးပေးမယ်ဆိုရင်ဘေဘီလေးက သွားနဲ့ခံတွင်း ကျန်းမာတဲ့ ကလေးတစ်ယောက် ဖြစ်လာမှာပါ။ကိုယ်ဝန်ဆောင်မေမေကျန်းမာစေနိုင်တယ်။ချဉ်ပေါင်ရွက်မှာ ကိုယ်ဝန်ဆောင်မေမေတိုင်း ပြည့်ဝဖို့ လိုမယ့်သံဓာတ်ပါဝင်နေပါတယ်။ တစ်နေ့တာမှာ သံဓာတ် ၂၇ မီလီဂရမ်လောက်အထိ လိုအပ်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ အနေနဲ့ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ ချဉ်ပေါင်ဟင်းစားသုံးပေးလို့ရပါတယ်။အအေးမိ၊ ဖျားနာကာကွယ်ပေးတယ်။ချဉ်ပေါင်ရွက်မှာ ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ပါတယ်။ကိုယ်ခံအားကောင်းနေတာကြောင့် အအေးမိ၊ ဖျားနာတာမျိုး၊ချောင်းဆိုးတာမျိုး ကျန်းမာရေး ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။သံဓာတ်စုပ်ယူမှုကို ကောင်းစေပြီး ခန္ဓာကိုယ်ကို အင်အားပြည့်ဝစေတာ​ကြောင့် ရောဂါပိုးတွေ ဝင်ရောက် ကူးစက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ဗိုင်းရပ်စ်တွေကိုလည်း ခုခံကာကွယ်ပေးပါတယ်။ဝမ်းမှန်စေတယ်။မဂ္ဂနီဆီယမ် ပါဝင်နေတာ​ကြောင့် ဝမ်းချုပ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ရေမှာပျော်ဝင်လွယ်တဲ့ မဂ္ဂနီဆီယမ်ဖြည့်စွက်စာတွေကို ဝမ်းပျော့စေဖို့ စားသုံးပေးရတာမျိုးရှိပါတယ်။ မဂ္ဂနီဆီယမ်က ဝမ်းပျော့စေပြီးအူကြွက်သားတွေကို ပြေလျော့စေပါတယ်။ အူတွေရဲ့ လုပ်ဆောင်မှုကို ကောင်းစေပြီးဝမ်းချုပ်မှုကင်းလို့ ဝမ်းမှန်စေပါတယ်။ ချဉ်ပေါင်ရွက်မှာ မဂ္ဂနီဆီယမ် ၂၉ မီလီဂရမ် ပါဝင်နေပြီး နေ့စဉ် လိုအပ်မှုရဲ့ ၆.၉၀ ရာခိုင်နှုန်းအထိ ပါဝင်နေတာပါ။အင်အားပြည့်စေတယ်။ချဉ်ပေါင်ရွက်မှာပါတဲ့  Phosphorous က ကြွက်သားအားနည်းတာ၊ထုံကျဉ်တာ၊ မောပန်းလွယ်တာ လိုမျိုးကျန်းမာရေးပြဿနာတွေကို ကင်းစေပါတယ်။ အရွယ်ရောက်ပြီးသူ တစ်ယောက်အနေနဲ့ နေ့စဉ် လုပ်ဆောင်စရာတွေကို တက်ကြွစွာ လုပ်ဆောင်နိုင်စေဖို့ Phosphorous ၁၂၀၀ မီလီဂရမ် လိုအပ်ပါတယ်။ ချဉ်ပေါင်ရွက်က Phosphorous ကြွယ်ဝတာကြောင့် နေ့စဉ် တက်ကြွလန်းဆန်းနေစေဖို့ စားပေးသင့်ပါတယ်။ရာသီလာစဉ် နာကျင်ကိုက်ခဲတာကို သက်သာစေတယ်။ချဉ်ပေါင်ရွက်က ကိုယ်တွင်းဟော်မုန်းကို ထိန်းညှိပေးနိုင်တာကြောင့် ရာသီလာစဉ် နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။ ရာသီလာချိန် ဟော်မုန်းအပြောင်းအလဲကြောင့်စိတ်ခံစားမှုပြောင်းလဲတာကို သက်သာစေနိုင်ပါတယ်။ဒီကျန်းမာရေး အကျိုးကျေးဇူးတွေအပြင် ချဉ်ပေါင်ရွက်ကနာကျင်ရောင်ရမ်းမှုကိုသက်သာစေတာ၊ အစာကြေစေတာ၊အူမကြီးကင်ဆာကာကွယ်ပေးတာ၊ကိုယ်အလေးချိန်ထိန်းညှိပေးတာ၊ စိတ်ဓာတ်မကျအောင် ကာကွယ်ပေးတာ၊ ကင်ဆာ ကာကွယ်ပေးတာ၊သွေးပေါင်ချိန်ထိန်းညှိပေးတာ၊အသည်းကျန်းမာစေတာ စတဲ့ အကျိုးကျေးဇူးတွေကိုလည်း ပေးပါသေးတယ်။ချဉ်ပေါင်ရွက်မှာ အချဉ်ဓာတ် ပါတာကြောင့် အများကြီးစားရင် အစာခြေစနစ် ပြဿနာ ရှိနိုင်ပါတယ်။ အလွန်အကျွံ မစားမိဖို့ လိုပါမယ်။နို့တိုက်မိခင်တွေနဲ့ အရမ်းငယ်တဲ့ ကလေးတွေ မစားသင့်ပါဘူး။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/health-benefits-of-roselle/
Mrsa (Methicillin-Resistant Staphylococcus Aureus) (ဆေးမတိုးသော Staphyloccus ဘက်တီးရီးယားပိုး ကူးစက်ရောဂါ)
MRSA ဆိုတာ methicillin-resistant Staphylococcus aureus ကို အတိုကောက်ခေါ်တာဖြစ်ပါတယ်။ MRSA ဆိုတာ staph ဆိုတဲ့ ပိုးမွှားက သူ့ကို သေစေတဲ့ ပဋိဇီဝဆေးတွေကို ခံနိုင်ရည် ရှိနေပြီး ရောဂါမသက်သာစေတာကို ခေါ်ပါတယ်။ MRSA က ခန္ဒါကိုယ်တွင်း ထိုးဖောက်ဝင်နိုင်ပြီး ကူးစက်ရောဂါတွေဖြစ်တဲ့ အရိုး၊ အဆစ်၊ သွေး၊ နှလုံးအဆို့ရှင်များ နှင့် အဆုတ်ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။အချိန်မှီ မကုနိုင်လျှင် သေတဲ့ အထိဖြစ်နိုင်ပါတယ်။ MRSA ရောဂါက သင့်ရဲ့ အရေပြားကို အဓိကပြန့်နှံ့ပြီး တခါတရံမှာ နာကျင်တဲ့ အရေပြားရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ MRSA ကို Hospital Acquired-HA-MRSA နှင့် Community Acquired-CA-MRSA ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။MRSA က လူတိုင်းမှာ ဖြစ်တတ်ပါတယ် အထူးသဖြင့် လူထူထပ်တဲ့ နေရာမှာနေတဲ့ လူတွေမှာ ပိုဖြစ်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။MRSA ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အရေပြားမှာ အနီဖုလေးတွေ ပေါက်ခြင်းဖြစ်ပါတယ်။ထို့ပြင် တခြား လက္ခဏာတွေကတော့။• ရင်ဘတ်အောင့်ခြင်း။• ချောင်းဆိုးခြင်း သို့ အသက်ရှူကြပ်ခြင်း။• မောပန်းခြင်း။• ဖျားပြီး ချမ်းတုန်ခြင်း။• နေလို့ မကောင်းခြင်း။• ခေါင်းကိုက်ခြင်း။• အင်ပြင်များထခြင်း။• အနာမကျက်နိုင်ခြင်း။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။S.aureus ဘက်တီးရီးယားဟာ ပဋိဇီဝဆေးတွေကို နှစ်ပေါင်းများစွာ ကြာလာပြီးနောက် methicillin ကို ခံနိုင်ရည်ရှိလာပါတယ်။ MRSA အများစုဖြစ်တာကတော့ ရောဂါပိုးရှိသူနှင့် အရေပြားခြင်းထိမိခြင်း သို့ ရောဂါပိုးရှိတဲ့ ပစ္စည်းကို လဲလှယ်သုံးမိခြင်းတို့ကြောင့် ဖြစ်ကြပါတယ်။ထို့ပြင် ခုခံအားစနစ် အားနည်းတဲ့ သူတွေ အထူးသဖြင့် ခွဲစိပ်မှု ခံယူထားသူတွေ၊ ကင်ဆာကုသမှု ခံယူထားသူတွေ၊ ကျောက်ကပ်ဆေးထားသူများမှာ MRSA ဖြစ်ပွားနိုင်ချေ ပိုများနိုင်ပါတယ်။MRSA ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။• ဆေးရုံတက်ခြင်း (ဆေးရုံ လူနာသွားကြည့်ခြင်း၊ ဆေးရုံတက်ရခြင်း၊ ဆေးရုံမှာ အလုပ်လုပ်ခြင်း)။• တွန်းတိုက်ရတဲ့ အားကစားမှုတွေမှာ ပါဝင်ခြင်း။MRSA က ပြတ်ရှဒဏ်ရာ သို့ ပွန်းပဲ့မှုတွေ နှင့် အရေပြား မှ အရေပြား သို့ လွယ်လွယ် ပြန့်နှံ့ နိုင်ပါတယ်။• လူထူထပ်သော သို့ မသန့်ရှင်းတဲ့ နေရာများမှ နေထိုင်ခြင်း။• အမျိုးသားခြင်း လိင်တူဆက်ဆံခြင်း။ အမျိုးသားလိင်တူဆက်ဆံသူတွေမှာ MRSA ဖြစ်နိုင်ချေပိုများပါတယ်။အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ MRSA မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အရေပြား အသားစနမူနာ၊ ပြည်၊ သွေး၊ ဆီးနှင့် နှာခေါင်းရည်များကို စစ်ဆေးခြင်းဖြင့် ရောဂါအဖြေရှာနိုင်ပါတယ်။ ဓါတ်ခွဲခန်းထဲမှာ ၎င်းတို့ကို ပိုးမွေးခြင်းဖြင့် MRSA ဘက်တီးရီးယား ရှိမရှိ သိနိုင်ပါတယ်။တချို့ရောဂါပိုးတွေက ပဋိဇီဝဆေး မလိုအပ်ပါဘူး။ အနာတွေကို အရင်ဆုံးလှီးထုတ်ခြင်းနှင့် စုပ်ထုပ်ခြင်းတို့ဖြင့် ကုသပါတယ်။ ပေးနိုင်တဲ့ ဆေးဝါးတွေကတော့ trimethoprim/ sulfamethoxazole နှင့် ဆေးအသစ်တွေဖြစ်တဲ့ linezolid၊ daptomycin၊ quinupristin/dalfopristin၊ tigecycline နှင် telavancin တို့ဖြစ်ကြပါတယ်။ HA-MRSA ရောဂါရှိတဲ့ လူနာတွေကိုတော့ သီးသန့်ထားသင့်ပါတယ်။ လူနာစောင့်တွေ နှင့် ကျန်းမာရေး အလုပ်သမားတွေကို အကာအကွယ် အဝတ်အစားတွေဝတ်စေခြင်းနှင့် လူနာနှင့် ထိတွေ့ပြီးလျှင် လက်ဆေးစေရပါမယ်။ အခန်းတွင်းနှင့် အခင်းတွေကို ပိုးသတ်ရပါမယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် MRSA ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။• ရောဂါ အခြေအနေ နှင့် ကျန်းမာရေး အခြေအနေ တွေကို သိရှိနိုင်ရန် ပုံမှန် ပြန်လည် စမ်းသပ်စစ်ဆေးမှုများ ခံယူပါ။• ဆရာဝန်ညွှန်ကြားချက်များကို လိုက်နာပါ။• ရောဂါပိုး ကူးစက်ခြင်းကို တားဆီးဖို့ အကောင်းဆုံးနည်းက လက်ဆေးခြင်းဆိုတာ ကို မှတ်သားထားပါ။• အိပ်ရာခင်းတွေကို မကြာခဏ လဲလှယ်ခြင်း သန့်ရှင်းခြင်းများ ပြုလုပ်ပေးပါ။ အိပ်ယာခင်းတွေ နှင့် မျက်နှာသုတ်ပုဝါတွေကို ရေနွေး နှင့် လေပူပေးခြင်းဖြင့် ပိုးသတ်ပါ။ လူနာတွေရဲ့ အနားတဝိုက်ကို သန့်ရှင်းရေးလုပ်ပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-bacterial-infections/mrsa-methicillin-resistant-staphylococcus-aureus-%e1%80%b1%e1%80%86%e1%80%b8%e1%80%99%e1%80%90%e1%80%ad%e1%80%af%e1%80%b8%e1%80%b1%e1%80%9e%e1%80%ac-staphyloccus-%e1%80%98%e1%80%80%e1%80%b9%e1%80%90/
ဆယ်ကျော်သက်တို့အတွက် မဖြစ်မနေ လိုအပ်မယ့် အာဟာရဓာတ်
ကျန်းမာစွာ စားသောက်နေထိုင်မှုက အသက်အရွယ်တိုင်းအတွက် အရေးပါပါတယ်။ အထူးသဖြင့်ဆယ်ကျော်သက်အရွယ်သားသားမီးမီးတို့အတွက် ပိုအရေးပါပါတယ်။ အကြောင်းကတော့ ကြီးကောင်ဝင်တဲ့အရွယ်မှာ လုံလောက်တဲ့ အာဟာရဓာတ်တွေပြည့်ဝမှ ခန္ဓာကိုယ်က အကောင်ဆုံး ဆက်လက် ကြီးထွားနိုင်မှာပါ။ဖွံ့ဖြိုးပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတဲ့ ဆယ်ကျော်သက်အရွယ်သားသားမီးမီးတို့မှာ အင်အားပြည့်ဝပြီး ထိုက်သင့်တဲ့ကိုယ်အလေးချိန်နဲ့အရပ်အမြင့်ရစေဖို့အတွက် အာဟာရဓာတ်တွေကို ပြည့်ဝလုံလောက်စွာ စားသုံးဖို့ မဖြစ်မနေလိုအပ်ပါတယ်။  ဒီတော့ ဆယ်ကျော်သက်အရွယ် တစ်ယောက်အနေနဲ့ ဘယ်လိုအာဟာရဓာတ်တွေကို ပြည့်ဝအောင် စားသုံးရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ဆယ်ကျော်သက် အစောပိုင်းကာလက အခြား အသက်အရွယ် အပိုင်းအခြားတွေထက် အာဟာရကို ပိုမိုပြည့်ဝဖို့ လိုပါမယ်။ ဒီတော့ အာဟာရ ပြည့်ဝပြီး အကောင်းဆုံး ကြီးထွားစေဖို့အတွက်။ကယ်လ်လိုရီကခန္ဓာကိုယ်ကို အင်အားပြည့်ဝစေဖို့ အဓိက ထောက်ပံ့ပေးပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ အခြားကာလတွေထက် ပိုပြီး ကယ်လ်လိုရီကို လိုအပ်ပါတယ်။ဒီကာလမှာ ကယ်လ်လိုရီ လုံလောက် ပြည့်ဝစွာ စားသုံးမှ ကြီးထွားမှု တန့်တာမျိုး၊ညှက်တာမျိုးမဖြစ်စေမှာပါ။ ကလေးတစ်ယောက် အကောင်းဆုံး ကြီးထွားဖို့ဆိုရင် ဆယ်ကျော်သက်အရွယ်မှာ အင်အားပြည့်ဝပြီး လေ့ကျင့်ခန်းတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ လိုပါမယ်။ ဒါမှလည်း ရှိသင်တဲ့အရပ်အမြင့်နဲ့ ကိုယ်အလေးချိန် ရရှိမှာပါ။ခန္ဓာကိုယ်ရဲ့  မရှိမဖြစ် လိုအပ်တဲ့ အာဟာရတစ်မျိုးပါ။ကိုယ်ခံအားကောင်းစေဖို့၊ ကြွက်သားတွေ ဖွံ့ဖြိုးစေဖို့နဲ့ အရိုးတွေ သန်မာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။ ပရိုတင်း ရရှိစေဖို့။ကာဗိုဟိုက်ဒရိတ်ကို သကြားဓာတ် နဲ့ ကစီဓာတ်တွေမှာ အများဆုံးတွေ့ရပါတယ်။ ခန္ဓာကိုယ်အတွက် အင်အားဖြစ်စေဖို့ အထောက်အပံ့ ပေးပါတယ်။ ဒါကြောင့် ကာဗိုဟိုက်ဒရိတ် ရရှိနိုင်မယ့်အစားအစာတွေကို စားပေးဖို့လည်း မမေ့ပါနဲ့။တစ်နေ့တာ စားသောက်မှုမှာ အဆီဓာတ်က ၃၀ ရာခိုင်နှုန်း ပါဝင်ဖို့လိုပါတယ်။ အဆီဓာတ်က ဘာလုပ်ပေးလဲဆိုရင် ခန္ဓာကိုယ်ကို အင်အားဖြစ်စေတယ်။ အဆီမှာပျော်ဝင်နိုင်တဲ့ဗီတာမင်တွေဖြစ်ကြတဲ့ ဗီတာမင် A၊ D၊ E နဲ့ Kကို စုပ်ယူနိုင်စေဖို့ ကူညီပေးပါတယ်။အဆီဆိုတဲ့နေရာမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဖြစ်ဖို့ လိုပါမယ်။ ဒါကြောင့်။တိရစ္ဆာန်က ရတဲ့ အဆီတွေ၊ ပြုပြင်ထားတဲ့ အစားအစာတွေမှာ ပါတဲ့ အဆီတွေကို အများကြီး မစားသင့်ပါဘူး။ဆယ်ကျော်သက်အရွယ်မှာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပြည့်ဝဖို့ လိုပါမယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ဖြစ်တဲ့။ကျန်းမာရေး ပြဿနာ တစ်စုံတရာ မရှိဘူးဆိုရင် ဒီလိုအပ်မယ့် အာဟာရတွေကို အစားအစာတွေကနေပဲ ရယူစေချင်ပါတယ်။[embed-health-tool-bmi]
parenting
parenting
https://hellosayarwon.com/parenting/adolescents/milestones-and-development/essential-nutrients-for-adolescent/
ရာသီလာချိန်မှာ ပင်ပန်းနေတာကို လျစ်လျူ မရှုမိပါစေနဲ့
ရာသီလာချိန်မှာ ပင်ပန်းတာ၊ ခြေကုန်လက်ပမ်းကျတာကို လေဒီလေးတော်တော်များများ ခံစားဖူးမှာပါ။ ဒီအခြေအနေက ပုံမှန်အားဖြင့်ကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေပါ။ ကိုယ်လက်လှုပ်ရှားမှုတွေ ပြင်းပြင်းထန်ထန် လုပ်တာ၊ ကျန်းမာရေးနဲ့ မညီတဲ့ စားသောက်မှု အလေ့အထတွေ၊ အိပ်ရေးပျက်တာ နဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်ရာသီမလာခင် ရက်တွေနဲ့ ရာသီလာနေချိန်တွေမှာ ပင်ပန်းမှုကို ခံစားရတာပါ။ဒါပေမယ့် ရာသီလာချိန်မှာ ပင်ပန်းတာက ပုံမှန်ပဲ ဆိုပေမယ့် အချို့သော အခြေအနေတွေမှာတော့ ကျန်းမာရေး အချက်ပြလက္ခဏာဖြစ်နေတတ်တာကြောင့် ရာသီလာချိန်မှာ ပင်ပန်းနေတာကို လျစ်လျူ မရှုမိပါစေနဲ့ လို့ ပြောရတာပါ။ ရာသီလာချိန်မှာသွေးဆင်းများတာနဲ့အတူ ပင်ပန်းတာကို ခံစားရတဲ့ အမျိုးသမီး ၃ ဦးမှာ ၁ ဦးက ကျန်းမာရေးပြဿနာ တစ်ရပ်ရပ်ကို ခံစားနေရတာပါ။ ဒါကြောင့် ရာသီလာချိန်မှာ သွေးဆင်းများမယ် အရမ်းပင်ပန်းတာမျိုး ဖြစ်မယ်ဆိုရင် အမှုမဲh အမှတ်မဲ့ မထားလိုက်ပါနဲ့ လေဒီလေးတို့ရေ ….. ဘာကြောင့် ဒီလို ခံစားရတာသလဲဆိုတာကိုတော့ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ရာသီလာချိန်မှာ ပင်ပန်းတာကို ဖြစ်စေတဲ့ အကြောင်းအရင်းကတော့ သွေးဆင်းများတာပါ။ ဒီတော့ ဘယ်လို အခြေအနေဆိုရင် သွေးဆင်းများတယ်လို့ ပြောနိုင်မလဲဆိုတာကို အရင်ဆုံး ကြည့်လိုက်စို့နော်။ရာသီလာချိန်မှာ သွေးဆင်းတဲ့ ပမာဏက လေဒီလေး တစ်ယောက်နဲ့ တစ်ယောက်မှာ ကွာခြားနိုင်ပါတယ်။ ဒါပေမယ့် အခုလို အခြေအနေဆိုရင်တော့ သွေးဆင်းများနေတာလို့ သတ်မှတ်ရမှာပါ။ရာသီသွေးဆင်းတဲ့အခါ အမျိုးသမီး တော်တော်များများက ပင်ပန်းတတ်ကြပါတယ်။ ဒါ့ပြင် ကိုယ်တွင်းမှာအီစထရိုဂျင်ဟော်မုန်းပမာဏ ကျဆင်းသွားတာကြောင့်လည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေ တစ်ရပ်ပါ။ ကိုယ်တွင်းမှာ ဟော်မုန်းပမာဏ တဖြည်းဖြည်း ပြန်တက်လာချိန်မှာတော့ ပင်ပန်းမှုတွေဟာလည်း တဖြည်းဖြည်း သက်သာလာမှာပါ။ဒါပေမယ့် ရာသီလာတဲ့ ရက်ကတည်း ရှည်နေမယ် (တစ်ပတ်ထက် ကျော်နေတာမျိုးပါ)၊ သွေးဆင်းတာကလည်း သိသိသာသာများနေမယ်၊ ရာသီလာတာကြောင့် ပင်ပန်းမှုကို ခံစားရတာကလည်း အချိန်တော်တော်ကြာတဲ့အထိ မသက်သာဘဲ ဖြစ်နေမယ်။ ပိုဆိုးလာမယ်ဆိုရင်တော့ ဒါက ပုံမှန်ဆိုတဲ့ အခြေအနေကို ကျော်လွန်နေတာပါ။ဒီလို အခြေအနေတွေက ခန္ဓာကိုယ်မှာ ကျန်းမာရေးပြဿနာ တစ်ရပ်ရပ် ခံစားနေရပြီလို့ ဖော်ပြနေတာ ဖြစ်တာကြောင့် လျစ်လျူမရှုဖို့ ပြောရတာပါ။ ရာသီလာချိန်မှာ ပုံမှန်ထက် ပိုပင်ပန်းစေတဲ့ အကြောင်းအရင်းတွေကတော့။ရာသီမလာခင်ရက်တွေမှာ အိပ်ရေးမဝသလို ပင်ပန်းနေသလို ခံစားရပါတယ်။ ဒါက ရာသီလာတော့မယ်ဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာပါ။ ဒီလို ပင်ပန်းတာကရာသီမလာခင်ရက်တွေနဲ့ ရာသီလာနေချိန် ရက်အနည်းငယ်အထိ ကြာနိုင်ပေမယ့် နောက်ပိုင်းမှာ သူ့အလိုလို သက်သာသွားတတ်ပါတယ်။ ဒါပေမယ့်  ရာသီမလာခင်မှာ ပင်ပန်းတာက ရာသီလာနေပေမယ့် မသက်သာသွားဘဲ ပိုပြင်းထန်လာမယ်ဆိုရင်တော့ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ခံယူဖို့ လိုပါမယ်။ရာသီလာချိန်မှာ သွေးဆုံးရှုံးတာကြောင့်သံဓာတ်ချို့တဲ့တာကို ခံစားရနိုင်ပါတယ်။ ရာသီလာချိန်မှာ သံဓာတ်ချို့တဲ့မှုကြောင့် သွေးအားနည်းတာကို ခံစားရတဲ့အခါ ခြေကုန်လက်ပမ်းကျတာ၊ အသက်ရှူတာ ပြတ်တောင်းတောင်း ဖြစ်တာ၊ နှလုံးခုန် မြန်တာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ အရမ်းပင်ပန်းနေတယ်ဆိုရင် သွေးထဲက သွေးနီဥဆဲလ် ပမာဏ စစ်ဆေးတာလိုမျိုး လုပ်ဆောင်ပြီး လိုအပ်ရင် သံဓာတ် အားဖြည့်ဆေးသောက်တာမျိုး လုပ်ဆောင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါမယ်။အချို့သော လေဒီလေးတွေမှာသိုင်းရွိုက်က အလုပ်လုပ်ဆောင်မှု နည်းတာ၊ သိုင်းရွိုက်ဟော်မုန်း လုံလုံလောက်လောက် မထုတ်တာကြောင့် တစ်ချိန်လုံး အိပ်ငိုက်နေတာ၊ ရာသီလာချိန်မှာ အရမ်းပင်ပန်းတာမျိုးကို ခံစားရနိုင်ပါတယ်။ ဒါတွေအပြင် အဝလွန်တာ၊ စိတ်ဓာတ်ကျတာတွေကိုပါ ခံစားရနိုင်ပါတယ်။ဆန့်ကျင်ဘက်အနေနဲ့ ဖြစ်နိုင်တာ တစ်ခုကတော့ သိုင်းရွိုက်က အလုပ်အရမ်းလုပ်ပြီး သိုက်းရွိုက်ဟော်မုန်းတွေ အလွန်အကျွံ့ ထုတ်နေချိန်မှာလည်း ရယသီလာချိန်မှာ ပုံမှန်ထက် ပိုပင်ပန်းတာမျိုး ခံစားရနိုင်ပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ အရမ်းပင်ပန်းနေမယ်ဆိုရင် သိုင်းရွိုက်ဟော်မုန်း စစ်ဆေးတာမျိုး ခံယူတာကလည်း နည်းလမ်းကောင်းပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/why-should-not-ignore-tiredness-during-period/
အထိုင်အထ မှာ မူး မူး နေပြီလား
ထိုင်နေရာက ဖြစ်ဖြစ်၊ လှဲနေရာက ဖြစ်ဖြစ် ရုတ်တရက် ထလိုက်တဲ့အခါ မျက်လုံးတွေပြာပြီး မိုက်ခနဲ ဖြစ်သွားတတ်ပါတယ်။ ကြုံဖူးတဲ့သူကို ဒီခံစားချက်ကို ကောင်းကောင်းကြီး သိပါတယ်။ ဒါကို အထိုင်အထ မှာသွေးပေါင်ကျတယ် postural hypotensionလို့ ခေါ်ပါတယ်။ ဆေးစကားနဲ့ ဆိုရင်တော့ Orthostatic hypotensionပေါ့။ အတူတူပါပဲ။ တစ်ခါမှ မဖြစ်ဘူးတဲ့သူတွေ ရုတ်တရက် ကြုံရတဲ့အခါ လေများဖြတ်တာလား၊ ဦးနှောက်သွေးကြောများ ပြတ်တော့မှာလားဆိုပြီး လန့်တတ်ကြပါတယ်။ ဘာလို့ ဒီလိုဖြစ်ရတာလဲ။ ဘယ်လို ဆင်ဆင်ခြင်ခြင် နေကြမလဲဆိုတာ ပြောပြပေးပါ့မယ်။မတ်တပ်ရပ်နေတဲ့အချိန်မှာ သွေးတွေအကုန်လုံးက ခြေထောက်မှာ လာစုနေတဲ့အတွက် နှလုံးဆီကို သွေးကောင်းကောင်းမရောက်ပါဘူး။ ဒါကြောင့်သွေးပေါင်ကျသွားပါတယ်။ ဒါကိုသိတဲ့ နှလုံးနဲ့ လည်ပင်းသွေးကြောက ဆဲလ်လေးတွေက ဦးနှောက်ကို သတင်းပို့ပြီး နှလုံးကို မြန်မြန် ညှစ်ခိုင်းတဲ့အတွက် သွေးပေါင်ချိန်ကို ထိန်းထားနိုင်တာပါ။ Orthostatic hypotensionမှာ ဒီဖြစ်စဉ်ပျက်ယွင်းသွားတဲ့အတွက် သွေးပေါင်ကျပြီး မူးလာတာပါ။ အကြောင်းရင်းတွေကတော့။ဒီလို ပူတဲ့အချိန်မှာ ရေကို လုံလောက်အောင် မသောက်ဘူး။ ဝမ်းလျှောတာ၊ အန်တာ၊ လေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်တာ စတာတွေကြောင့် ရေဓာတ်ဆုံးရှုံးမယ်ဆိုရင် ကိုယ်ထဲမှာ အရည်နည်းလာပြီး သွေးပေါင်ကျလာပါမယ်။နှလုံးခုန်နှုန်းနှေးတာ၊ နှလုံးအဆို့ရှင်မကောင်းတာ၊ နှလုံးက ကောင်းကောင်း မညှစ်နိုင်တာ စတဲ့ ပြဿနာတွေမှာ သွေးပေါင်ကျတတ်ပါတယ်။ ဒီလိုအခြေအနေမှာ မတ်တပ်ရပ်လို့ သွေးပေါင်ကျသွားရင်တောင် ပြန်ဆွဲတင်ဖို့ မလွယ်ပါဘူး။သိုင်းရွိုက်ပြဿနာ၊ Addison ရောဂါ၊ သွေးချိုကျတာ စတာတွေက Orthostatic hypotensionကို ဖြစ်စေပါတယ်။ ဆီးချိုသမားတွေကျတော့ အာရုံကြောမကောင်းတဲ့အတွက် သွေးပေါင်ချိန်ထိန်းဖို့ ဦးနှောက်ကို သတင်းကောင်းကောင်း မပို့နိုင်လို့ သွေးပေါင်ကျရတာပါ။ပါကင်ဆန်လိုမျိုး အာရုံကြောရောဂါတွေမှာ အာရုံကြောထိခိုက်ထားတဲ့အတွက် သွေးပေါင်ချိန်ထိန်းဖို့ ဦးနှောက်ကို သတင်းကောင်းကောင်း မပို့နိုင်လို့ သွေးပေါင်ကျနိုင်ပါတယ်။ထူးထူးခြားခြား တချို့လူတွေမှာ အစာစားပြီးခါစမှာ သွေးပေါင်ကျတတ်ပါတယ်။ လူကြီးတွေမှာ ပိုတွေ့ရတတ်ပါတယ်။ဒီလိုမျိုး ခဏခဏ ဖြစ်နေမယ်ဆိုရင် အန္တရာယ်များပါတယ်။ အထူးသဖြင့် အသက်ကြီးတဲ့ သူတွေမှာပေါ့။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/orthostatic-hypotension/
Hypospadias (မွေးရာပါဆီးစွန့်ပြွန်နေရာလွဲခြင်း )
မွေးရာပါဆီးစွန့်ပြွန်နေရာလွဲခြင်း ဆိုသည်မှာ ယောင်္ကျားလေးတစ်ယောက်၏ ဆီးလမ်းကြောင်းပေါက်သည် လိင်တံ၏ အောက်ဖက်တွင် မှားရောက်နေသော မွေးရာပါ အခြေအနေ တစ်ခုဖြစ်သည်။ ဆီးစွန့်ပြန်သည် ဆီးများကို ဆီးအိတ်မှ သယ်ယူကာ လိင်တံမှတစ်ဆင့် ခန္ဓါကိုယ်ပြင်ပသို့ စွန့်ထုတ်သော ပြွန် ဖြစ်ပါသည်။ မွေးရာပါ ဆီးစွန့်ပြွန်နေရာလွဲခြင်း သည် ဆီးလမ်းကြောင်းပွင့်သော နေရာပေါ်မူတည်၍ မပြင်းထန် နိုင်ရာမှ ပြင်းထန်နိုင်သည် အထိ ဖြစ်နိုင်ပါသည်။မွေးရာပါဆီးလမ်းကြောင်းပေါက်နေရာလွဲခြင်း သည် ရှားပါးသော အခြေအနေတစ်ခုဖြစ်သည်။ မွေးကင်းစ ယောင်္ကျားလေး ၁၀၀၀ မှ ၄ ယောက်တွင် ဖြစ်ပွားပါသည်။ ပိုမိုသော အချက်အလက် များ အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။မွေးရာပါဆီးစွန့်ပြွန်နေရာလွဲခြင်း၏ အဖြစ်များသောလက္ခဏာမှာ ဆီးလမ်း ကြောင်း ပေါက်သည် လိင်တံ၏ ထိပ်တွင် မရှိခြင်း ဖြစ်သည်။ အခြား ရောဂါလက္ခဏာ များမှာ။အထက်တွင်ဖော်ပြမထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီ တွင်ရောဂါလက္ခဏာ တစ်ခုခုများရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင် သင့် ပါသည်။မွေးရာပါဆီးလမ်းကြောင်းပေါက်နေရာလွဲခြင်း ဖြစ်သော ကလေးငယ်များသည် မွေးဖွားပြီး ဆေးရုံတွင် ရှိနေချိန်တွင် ရောဂါအဖြေရှာ ခြင်း ပြုလုပ်သင့်ပါသည်။ သို့သော်လည်း မဆိုးရွှားသော မွေးရာပါဆီးလမ်းကြောင်းပေါက် နေရာလွဲခြင်း ကိုမကုသဘဲ ထားနိုင်ပါသည်။ သင့်သား၏ ဆီးလမ်းကြောင်းပေါက်သည် လိင်တံ၏ထိပ်တွင် ရှိမနေပါက၊ လိင်တံထိပ်ဖုံးအရေပြားသည် ပြည့်စုံစွာ မဖွံ့ဖြိုးပါက သို့မဟုတ် လိင်တံသည် အောက်သို့ ကွေးနေပါက ဆရာဝန်ကို ခေါ်ဆိုပါ။မွေးရာပါဆီးစွန့်ပြွန်အပေါက်နေရာလွဲခြင်း ၏ ဖြစ်စေသော အကြောင်းရင်းကို အသိရှိပါ။ မွေးရာပါရောဂါ တစ်မျိုးဖြစ်ပြီး မွေးကင်းစ အမျိုးသားများကို ထိခိုက်စေပါသည်။ မျိုးဗီဇ၊ ဟော်မုန်း နှင့် ပတ်ဝန်းကျင် အချက်များ ကြောင့်လည်း ဖြစ်နိုင်ပါသည်။ ပိုမိုသော အချက်အလက်များ အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။အောက်ပါအချက်များသည် မွေးရာပါ ဆီးစွန့်ပြွန်ပေါက် နေရာလွဲခြင်း ကို ဖြစ်ပေါ် စေပါသည်။ပိုမိုသော အချက်အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်သည် ဆေးမှတ်တမ်း နှင့် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်း တို့မှ ရောဂါ အဖြေရှာခြင်း ပြုလုပ်နိုင်ပါသည်။ ဆီးလမ်းကြောင်းအထူးပြု ဆရာဝန်သည် အတိကျဆုံးရောဂါအဖြေ ရရန် နောက်ထပ်စစ်ဆေးမှုများ ပြုလုပ်နိုင်ပါသည်။မွေးရာပါဆီးစွန့်ပြွန်ပေါက်နေရာလွဲခြင်း ၏ ကုသမှုတွင် ခွဲစိတ်ကုသခြင်း ပါလေ့ရှိသည်။ ခွဲစိတ်ကုသခြင်းသည် အသက် ၃လ နှင့် ၁၈လကြား ငယ်ရွယ်သောအချိန် တွင် လုပ်သင့်သည်။ အကြောင်းမှာ စိတ်ဖိစီးမှုဒဏ်ရာကို ရှောင်ရှားလိုသောကြောင့် ဖြစ်သည်။ သို့သော် ခွဲစိတ် ကုသခြင်း သည် မည်သည့် အသက်အရွယ်တွင်မဆို ဖြစ်နိုင်သည်။ခွဲစိတ်ကုသမှုတွင် ဆရာဝန်သည် လိင်အင်္ဂါထိပ်ပိုင်းနှင့် ပါးစပ်အတွင်း အရေပြားမှ အရေးပြားအစားထိုး ကုသခြင်း ဖြင့် အပေါက်အသစ်ကို ပြုလုပ်ပေးပါသည်။ ခွဲစိတ်ကုသခြင်း သည် ၁-၃ နာရီ ကြာမြင့်နိုင်ပါသည်။ ထိုအချိန်တွင် ကလေးကို မေ့ဆေးဖြင့် သတိမေ့အောင် ပြုလုပ် ထားရမည်။မွေးရာပါဆီးစွန့်ပြွန်နေရာလွဲခြင်း ကို မကုသပါက အိမ်သာတက်ချိန် နှင့် အရွယ်ရောက်သောအခါ လိင်ဆက်ဆံခြင်း တို့တွင် အခက်အခဲများ ဖြစ်လာနိုင်သည်။ ဆီးလမ်း ကြောင်းပေါက် ကျဉ်းခြင်း နှင့် ပုံမှန်မဆက်သော အင်္ဂါ နှစ်ခု ဆက်သွယ်ခြင်း တို့ဖြစ်နိုင်ပါသည်။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများ သည် ကို မွေးရာပါ ဆီးစွန့်ပြွန်ပေါက် နေရာလွဲခြင်း ကို ကုသသော နေရာတွင် အကူအညီပေးနိုင်ပါသည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိပါက သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ရန် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/hypospadias-%e1%80%b1%e1%80%99%e1%80%bc%e1%80%b8%e1%80%9b%e1%80%ac%e1%80%95%e1%80%ab-%e1%80%86%e1%80%ae%e1%80%b8%e1%80%85%e1%80%bc%e1%80%94%e1%80%b9%e1%82%94%e1%80%bb%e1%80%95%e1%80%bc%e1%80%94-2/
အဆီများ တာတွေ စားမိတဲ့အခါ ဘေးမဖြစ်အောင် ဘယ်လိုလုပ်မလဲ
အစားအသောက် ကို ဘယ်လောက် ဆင်ခြင်တယ်ပဲ ဆိုဆို တစ်ခါတလေ တော့ ကိုယ်ကြိုက်တာလေးတွေ မြင်ရင် ထဝုန်းမိတတ်ကြပါတယ်။ ကိုယ်ကြိုက်တဲ့ အစားအစာတွေက အဆီများ တာတွေ ဖြစ်နေရင် ဘယ်လိုလုပ်ကြမလဲ။ကိုယ်ကdietလုပ်နေတဲ့သူ ဒါမှမဟုတ် ကျန်းမာရေး အတွက် အစား ဆင်ခြင်နေတတ်သူ တစ်ယောက် ဆိုရင် တစ်ခါတလေ cheat မိတဲ့ အစားအသောက် ကြောင့် ဘေးဖြစ်မှာကို စိုးရိမ်မိမှာပဲ။ဒီလို အနေအထားမျိုး မှာ အစာခြေစနစ် ကိုရော၊ ခန္ဓာကိုယ် အတွက်ရော ဝန်မပိစေ၊ ဘေးမဖြစ်စေအောင် အကူအညီ ဖြစ်စေမယ့် အကြံဉာဏ်လေး တွေ ပြောပြချင်ပါတယ်။အဆီများတဲ့ အစားအသောက်တွေ စားပြီးရင် ရေနွေး(ရေနွေး အဖြူ ဖြစ်ဖြစ်၊ လက်ဖက်ရည်ကြမ်း ဖြစ်ဖြစ်) သောက်တာက အစာခြေစနစ်အတွက် အဆီတွေကို ချေဖျက်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။စားပြီး ချက်ချင်း မဟုတ်ပါဘူး။ နည်းနည်း ခြားမှ ရေအစား Detox water တစ်ခုခု သောက်ပေးရင် အဆီတွေ၊အဆိပ်အတောက်တွေ ပြေလျော့စေပါတယ်။ အပေါ်ယံ ပြောရရင်လည်း အအီပြေတာပေါ့။အစား များများ စားထားတယ်၊ အဆီများ တာတွေ ပါတယ် ဆိုရင် စားပြီး ခဏ နားပြီးတာနဲ့ မိနစ် ၃၀ လောက် လမ်းဖြည်းဖြည်း လျှောက်ပေးပါ။ လမ်းလျှောက်ခြင်းက အစာအိမ်ရဲ့ လုပ်ဆောင်နိုင်စွမ်း ကို ပိုကောင်းစေပြီး အစာချေဖျက်မှု ကို အားပေးတဲ့ အပြင် ဝိတ်မတက်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ဒါ့ကြောင့် အဆီများတာတွေ စားပြီးရင် လမ်းလျှောက်ပေးပါ။ဒါတွေ ထပ်စားဖို့ မဟုတ်ဘူးနော်။ ဒီတစ်ခါ အဆီများ တာ စားမိသွားပြီဆိုတော့ နောက်ပိုင်း စားမယ့်အရာ တွေကို ကျန်းမာရေးနဲ့ ညီစေဖို့ သေချာ စီမံထားရပါမယ်။အသီးအရွက်၊ အသီးအနှံတွေ ပါအောင် စားပါ၊ ရေ လုံလောက်အောင် သောက်ပါ၊ ညစာကို လျှော့စားပါ။အစာခြေစနစ် ကျန်းမာရေးကို ထိန်းညှိ ကူညီပေးမယ့် အကျိုးပြုဘက်တီးရီးယားလေးတွေ (Probiotics) ကို ပုံမှန် ရရှိဖို့ လိုအပ်ပါတယ်။ အနီးစပ်ဆုံး ကတော့ဒိန်ချဉ်ပေါ့။ အဆီထုတ် ဒိန်ချဉ်လေး သောက်ပေးပါ။အဆီများ တာတွေ စားတယ်၊ရေခဲမုန့်ထပ်စားမယ်၊ရေခဲ‌ရေသောက်မယ် ဆိုရင် အသည်း၊ အစာအိမ်နဲ့ အူတွေ အပေါ် မကောင်းတဲ့ သက်ရောက်မှု ရှိနိုင်ပါတယ်။အဆီများတဲ့ အစားအသောက်တွေကို ချေဖျက်ရ ခက်ခဲပါတယ်။ အဲဒီမှာ အအေးစာတွေ နဲ့ ထပ်ဆင့်လိုက်ရင် အစာချေရ ပိုခက်ခဲစေနိုင်ပါတယ်။ လေပွတာ၊ အစာမကြေတာ တွေ ဖြစ်လာပါလိမ့်မယ်။စားပြီးတာနဲ့ ချက်ချင်း သို့မဟုတ် သိပ်မကြာခင် အိပ်ရာမဝင်ပါနဲ့။ ချက်ချင်း အိပ်လိုက်တဲ့အခါအစာကြေဖို့မလွယ်တော့ဘဲ လေပွတာ၊ အစာမကြေ၊ မအီမသာ ဖြစ်တာအပြင် ခန္ဓာကိုယ်မှာ အဆီပိုတက်စေနိုင်ပါတယ်။အကောင်းဆုံးက ဘယ်အစားအသောက်ကို မဆို အပြီးရှောင်ဖို့မလို၊ ဉာဏ်ရှိသလို ချင့်ချိန်စားလို့ ရပါတယ်။ တစ်ပတ်ကို တစ်ကြိမ်လောက် တစ်ခါတလေ cheat လို့ရပေမယ့် အလွန်အကျွံတော့ မစားနဲ့ပေါ့နော်။ ဒီနည်းလေး တွေနဲ့ အဆင်ပြေကြပါစေ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%a1%e1%80%86%e1%80%ae%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%90%e1%80%ac%e1%80%90%e1%80%bd%e1%80%b1-%e1%80%85%e1%80%ac%e1%80%b8%e1%80%99%e1%80%ad%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%81/
သင်က သွေးပေါင်ကျ တတ်သူလား။
ခုတလော နေလို့မကောင်းဘူး။ မူး မူးနေတယ်လို့ ပြောရင် တော်တော်များများက သွေးပေါင်များကျနေတာလားလို့ တွေးတတ်ကြပါတယ်။ ဒါလည်း ဟုတ်ပါတယ်။သွေးပေါင်ကျရင် မူးတတ်တာကိုး။ နောက်တစ်မျိုးက သူ့မှာ သွေးပေါင်ကျတတ်တဲ့ ရောဂါရှိတယ်။ ဘာကြောင့်မှန်း မသိ သွေးပေါင်က ကျကျနေတယ်ဆိုတဲ့ သူလည်း ရှိတယ်။ ဒါတွေ အကုန်လုံးက ဘာကြောင့် ဖြစ်တာလဲ။ သင်က သွေးပေါင်ကျတတ်တဲ့သူဆိုရင် သွေးပေါင်ကျရတဲ့ အကြောင်းရင်းတွေကို သိထားဖို့ လိုမယ်နော်။ဒီနှစ်ခုကို လူတွေ မကွဲကြလို့ ဒါကို အရင်စပြောပါမယ်။သွေးအားနည်းတာကို ဆေးပညာလို anaemiaလို့ ခေါ်ပါတယ်။ သွေးနီဥ အားနည်းတဲ့ ရောဂါပါ။ အတိအကျပြောရင်ဟေမိုဂလိုဘင်ဆိုတဲ့ ဓာတ်တစ်မျိုး ချို့တဲ့တာပါ။သွေးပေါင်ကျတယ်ဆိုတာကသွေးဖိအား နည်းတာကို ပြောတာပါ။ ဆေးပညာလိုဆို hypotension (low blood pressure) လို့ ခေါ်ပါတယ်။ အင်္ဂလိပ်လို ပြောရင် ရှင်းပေမယ့် မြန်မာလို ပြောတဲ့အခါ နည်းနည်း ရှုပ်သွားတာပေါ့။ ပိုဆိုးတာက သွေးအားနည်းတာရော၊ သွေးပေါင်ကျတာရောက မူးတတ်တယ်လေ။ပြီးတော့ သွေးပေါင်ကျနေလို့ သံဓာတ်အားဆေးလေး ပေးပါတို့၊ နှစ်ဖက်ချွန်လေး သောက်လို့ ရမလားတို့ မေးတတ်ကြပါတယ်။ နာတာရှည် သွေးအားနည်းရောဂါမှာ သွေးပေါင်ကျတတ်တာ ဖြစ်တတ်ပေမယ့် သွေးပေါင်ကျတိုင်း သွေးအားနည်းတာကြောင့် ဟုတ်ချင်မှ ဟုတ်မှာပါ။ အကြောင်းရင်းကို သေချာ မသိဘဲ သောက်မိရင် အနာ တစ်ခြား၊ ဆေးတစ်ခြား ဖြစ်သွားမှာပါ။ ဒီလောက်ဆို သွေးအားနည်းတာနဲ့ သွေးပေါင်ကျတာ ဘာကွာလဲ သိလောက်ပါပြီ။ယေဘုယျအားဖြင့် အပေါ်သွေး ၉၀အောက်၊ အောက်သွေး ၆၀အောက်ဆို သွေးပေါင်ကျတယ်လို့ ပြောလို့ရပါတယ်။ ယေဘုယျအားဖြင့်လို့ ပြောတဲ့အတွက် လူတိုင်းအတွက် မှန်ချင်မှ မှန်မှာပါ။ တချို့တွေကျတော့လည်း ဒီ၉၀/၆၀ သွေးပေါင်နဲ့ အကောင်းအတိုင်းရှိနေတဲ့သူတွေလည်း ရှိပါတယ်။ အထူးသဖြင့် ပိန်တဲ့ သူတွေပေါ့။သွေးတိုးရှိနေတဲ့သူတွေကျ သွေးပေါင်ချိန် ၁၃၀၊ ၁၄၀မှာ နေလို့ ကောင်းပေမယ့် သွေးပေါင်လေး ၁၁၀၊ ၁၀၀ လောက် ဖြစ်သွားတာနဲ့ သွေးပေါင်ကျသလို ခံစားရသူတွေလည်း ရှိပါတယ်။ ဒါကြောင့် ကိုယ်နေလို့ ကောင်းတဲ့ သွေးပေါင်ချိန်ကို သိထားသင့်ပါတယ်။ သာမန်လူတွေအတွက် ၉၀/၆၀အောက် ဆိုရင် သွေးပေါင်ကျတယ်လို့ သတ်မှတ်လို့ရပါတယ်။သွေးပေါင်ကျပြီဆိုရင် အားလုံးသိတဲ့ အတိုင်း။ဒီထက်ဆိုးရင်ရှော့ဖြစ်သွားမှာပါ။ ရှော့ ဖြစ်လာရင်တော့။ကိုယ်ဝန်ရှိနေရင် သွေးလည်ပတ်မှုကောင်းအောင် သွေးကြောတွေ ကျယ်ပေးရတဲ့အတွက် သွေးပေါင်ကျတတ်ပါတယ်။ ဒါပေမယ့် စိုးရိမ်စရာ မလိုပါဘူး။ မွေးပြီးရင် သူ့နဂိုအတိုင်း ပြန်ဖြစ်သွားမှာပါ။နှလုံးခုန်နှေးတာ၊နှလုံးအဆို့ရှင်တွေ မကောင်းတာ၊ နှလုံးပျက်စီးနေတာတွေကြောင့် သွေးပေါင်ကျတတ်ပါတယ်။သိုင်းရွိုက်ဘေးက အကျိတ်မကောင်းတာ (parathyroiddisease)၊ အဒရီနယ်ဂလင်း ကောင်းကောင်း အလုပ်မလုပ်တာ၊ သွေးချိုကျတာ၊ တချို့ ဆီးချိုဝေဒနာရှင်တွေမှာ သွေးပေါင်ကျတတ်ပါတယ်။ဒီလိုကာလမှာ ပိုပြီး ဂရုစိုက်သင့်ပါတယ်။ အပူချိန်ပြင်းလို့ ချွေးထွက်များတာနဲ့ အမျှ ရေဓာတ်ကို ပြန်ဖြည့်ပေးရမှာပါ။ ရေဓာတ်မလုံလောက်ရင် မူးတာ၊ မောတာ ဖြစ်တတ်ပါတယ်။ ဒါ့ပြင် ဝမ်းလျှောနေတဲ့ အချိန်ဆိုလည်း ဒီအတိုင်းပဲ အောက်က ထွက်သမျှကို အပေါ်က ပြန်ဖြည့်ပေးမှ သွေးပေါင်ကျမသွားမှာပါ။အပြင်ကနေ ထိခိုက်ဒဏ်ရာရလို့ သွေးထွက်တာ ဖြစ်ဖြစ်၊ ကိုယ်တွင်းသွေးယိုတာ ဖြစ်ဖြစ် သွေးပေါင်ကျတတ်ပါတယ်။ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ ဝင်ပြီး ပျံ့သွားတဲ့အခါ သွေးဆိပ်သင့်ပြီး သွေးပေါင်ကျတတ်ပါတယ်။ဆေးဖြစ်ဖြစ်၊ အစားအသောက်ဖြစ်ဖြစ် ဓာတ်မတည့်ဘူးဆိုရင် ရှော့ဖြစ်ပြီး သွေးပေါင်ကျတတ်ပါတယ်။ခန္ဓာကိုယ်မှာ ဗီတာမင် ဘီ 12၊ ဖောလစ်အက်စစ်၊ သံဓာတ် အားနည်းပြီး နာတာရှည် သွေးအားနည်းရောဂါ ဖြစ်လာပြီး သွေးအားနည်းတတ်ပါတယ်။ဆီးဆေးတွေ၊ ပါကင်ဆန်ရောဂါမှာ သုံးတဲ့ဆေးတွေ၊ စိတ်ရောဂါကုဆေးတွေ၊ ဗိုင်ရာဂရာတွေက သွေးပေါင်ကျစေပါတယ်။ခုအကောင်းကြီးကနေ ရုတ်တရက်သွေးပေါင်ထိုးကျတာက ကြောက်စရာကောင်းပါတယ်။ အချိန်မီ မကုနိုင်ရင် အသက်ဆုံးရှုံးနိုင်သည်အထိ အန္တရာယ်များပါတယ်။ သွေးပေါင်ရုတ်တရက်ကျရတဲ့ အကြောင်းတွေကတော့။ဒါကြောင့် အကြံပေးချင်တာက။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/understanding-low-blood-pressure/
ကလေးက နေ့ဘက်လည်း သိပ်မအိပ်၊ ညလည်းနောက်ကျမှအိပ်တာ ဘယ်လိုဖြေရှင်းရမလဲ
မွေးကင်းစကလေးတစ်ယောက်ရဲ့အိပ်ချိန်က ပုံမှန်အားဖြင့် တစ်နေ့ကို ၁၆ နာရီ ၊ ၁၇ နာရီအထိ ရှိနိုင်ပါတယ်။ ဒါပေမယ့် လသားအရွယ်ကလေးအများစုက တစ်ကြိမ်အိပ်ရင် ၂ နာရီကနေ ၄ နာရီအတွင်းထက် ပိုမကြာတတ်ပါဘူး(နေ့ဘက်ဖြစ်ဖြစ်၊ ညဘက်ဖြစ်ဖြစ်)။ ဒီအရွယ်အတွင်းမှာ အိပ်ချိန်က မမှန်တတ်ပါဘူး။၃ လကနေ ၆ လအတွင်းမှာတော့ ပုံမှန်အိပ်စက်ချိန်ရှိလာပြီး မိုးလင်းတဲ့အထိ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်ကြပါတယ်။ ပထမလပိုင်းတွေအတွင်းမှာ ကလေးရဲ့ဦးနှောက်က ဖွံ့ဖြိုးလာပြီး အိပ်စက်မှုပုံစံတစ်ခု အတည်တကျဖြစ်လာနိုင်ပေမယ့်မေမေတို့ဖြစ်စေချင်တဲ့အတိုင်းဖြစ်လာမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ကလေးလေးရဲ့အိပ်ချိန်ကို ပုံမှန်ဖြစ်ဖို့မေမေတို့ရဲ့ ပုံသွင်းကူညီမှုကို လိုအပ်ပါတယ်။ကလေး အိပ်ချိန်မှန်စေဖို့ ဆိုရင်။(၁) အိပ်ချင်နေတဲ့ လက္ခဏာကို သတိထားကြည့်ပါ။ကလေးကအိပ်ချင်လာတဲ့အချိန်မအိပ်လိုက်ရဘဲကျော်လွန်သွားတဲ့အထိ မစောင့်ပါနဲ့။ အဲဒီအခါကျ အိပ်လို့လည်းမရတော့ဘဲခေါင်းလည်းမကြည်၊ ကလေးကဂျီကျပါလိမ့်မယ်။ ဒီလက္ခဏာတွေတွေ့ရရင် သူဂျီမကျခင် အသာအယာချော့သိပ်ပါ။(၂) နေ့နဲ့ည အိပ်စက်ချိန်စက်ဝန်းကို ပုံမှန်သတ်မှတ်ပါ။ကလေးရဲ့အသက် ၂ ပတ်လောက်ကစပြီးနေ့နဲ့ည အိပ်ချိန်မှန်အောင် ကျင့်ပေးသင့်ပါတယ်။နေ့ဘက်မှာ ကစားဖို့ချော့မြှူပါ။နေ့ဘက်အိပ်ချိန်လည်း လိုအပ်ပေမယ့် တစ်ချိန်လုံးအိပ်မနေစေဖို့ ကလေးကိုလန်းအောင် အသစ်အဆန်းကစားစရာလေးတွေပေးထားတာ၊ချော့မြှူတာ၊ပြင်ပရှုခင်းကိုမြင်တွေ့စေတာလိုမျိုး လုပ်ပေးသင့်ပါတယ်။ညဘက်ရောက်ပြီဆိုတာနဲ့ ကလေးကိုအာရုံနိုးကြားစေမယ့်၊ စိတ်ဝင်စားစေမယ့် အရာတွေကို တတ်နိုင်သလောက်ရှောင်ထားပေးပါ။ အလင်းရောင်တွေလျှော့ထားပါ၊ ဆူညံသံတွေလျှော့ထားပါ။နေ့ဘက်က နိုးကြားလှုပ်ရှားရမယ့်အချိန်၊ ညဘက်က အိပ်ရမယ့်အချိန် လို့ သူတဖြည်းဖြည်းကျင့်သားရသွားပါလိမ့်မယ်။(၃) အိပ်ချိန်နဲ့ စားချိန်ကို ခွဲခြားပေးပါ။လသားအရွယ်မှာ နို့စို့ရင်းအိပ်ပျော်သွားတဲ့ ဒါမှမဟုတ် အာဟာရထမင်းစားရင်းအိပ်ပျော်သွားတဲ့ကလေးကို အိပ်မောကျနေတာလေး မနှိုးရက်ကြဘူးမလား။ လှုပ်လိုက်ရင် နိုးသွားမှာကို စိုးရိမ်နေရတာ။ဒါပေမယ့် ဒီလိုထားတာကြာလာရင် စားချိန်တိုင်းမှာ အိပ်ငိုက်တာအကျင့်ပါလာမယ်၊ အိပ်ချိန်သီးသန့်ကျ မအိပ်တော့ဘူးဆိုတာတွေဖြစ်လာပါမယ်။ နို့စို့ရင်းအိပ်သွားတာဆို ရပ်ပြီး သိပ်လိုက်ပါ။ နှိုးသင့်နှိုးလိုက်ပါ။ အိပ်ချိန်ဇယား သတ်မှတ်ပြီး အချိန်မှန်ချော့သိပ်ပါ။ အစားပိုကျွေးရင် အိပ်မယ်ဆိုပြီး ကလေးကြာကြာအိပ်အောင် များများပိုကျွေးတာမျိုးက အိပ်စက်မှုအတွက်ရော၊ ကလေးအစာခြေစနစ်အတွက်ရောမကောင်းပါဘူး။ နို့ဘူးတပ်ထားလျက် အိပ်ပျော်စေတာမျိုး၊ အစားစားရင်းအိပ်သွားတာမျိုးက အသက်ရှူလမ်းကြောင့်ပိတ်ဆို့တာဖြစ်နိုင်လို့ အန္တရာယ်ရှိပါတယ်။(၄) ၂ လကျော်ပြီးတဲ့ကလေး အိပ်နေတဲ့အခါ နှိုးပြီးနို့မတိုက်ပါနဲ့။ကလေးက ပုံမှန်ကိုယ်အလေးချိန်တက်လာတယ်ဆိုရင် ညဘက်နှိုးပြီးနို့တိုက်စရာမလိုပါဘူး။ကလေးရဲ့အိပ်စက်ချိန်ဇယားကို ထိန်းသိမ်းပေးပါ။ အသက်လေးတိုးလာတာနဲ့အမျှ နေ့ဘက်မှာပိုကျွေးပြီး ညဘက်မှာ အပြည့်အဝအိပ်စေဖို့ဂရုစိုက်ပေးရပါမယ်။ကလေးကို နှိုးသင့်တဲ့အခြေအနေတွေက –။(၅) စိတ်ရှည်ပါ။ဒီအရွယ်ကလေးငယ်တွေအတွက်က စားသောက်မှုပုံစံ၊ အိပ်စက်မှုပုံစံနဲ့ အမူအကျင့်လေးတွေက တသမတ်တည်းပုံသေတွက်လို့မရနိုင်သေးပါဘူး။ တတ်နိုင်သလောက် မိဘက ပုံသွင်း၊ စည်းကမ်းချပေးရပါတယ်။ ချက်ချင်းလည်းပြောင်းလဲမလာနိုင်တဲ့အတွက် စိတ်ရှည်ပါ။တကယ်လို့ ကလေးရဲ့အိပ်စက်မှုပုံစံက ရုတ်တရက်ပြောင်းလဲသွားခဲ့ရင်ရောဂါလက္ခဏာတွေရှိမရှိ ဆန်းစစ်ကြည့်ပါ။ အကြောင်းရင်းတစ်ခုခုရဲ့ လက္ခဏာပြတာဖြစ်နေနိုင်လို့ပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/tips-for-when-your-baby-wont-nap/
အာလူး နဲ့ ကျန်းမာရေး
ပြုတ်ပဲ စားစား၊ ကြော်ပဲကြော်ကြော်၊ အသားတို့၊ ဘဲဥတို့နဲပဲ တွဲချက်ချက်၊ ထောင်းပဲစားစား။ အသုပ်ထဲပဲထည့်ထည့်၊ ပူတင်းပဲ လုပ်စားစား အရသာရှိပြီး စိတ်တိုင်းကျစေတဲ့ အာလူးလေးက ဘယ်လိုမျိုးကျန်းမာရေးကို အထောက်အကူပြုပေးနေသလဲ သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေး ဖတ်ကြည့်နော်။အရွယ်တော် အာလူးတစ်လုံးမှာ။သစ်သီး နဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးတာက ကျန်းမာရေးအတွက် အကျိုးများသလို နေထိုင်မှု ပုံစံကြောင့်ဖြစ်တဲ့ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ခြေကို လျှော့ချပေးပါတယ်။ ဘယ်လိုစားစား အရသာရှိတဲ့ အာလူးလေးကတော့ ကျန်းမာရေးကို အခုလို ထောက်ပံ့ပေးနေပါတယ်။အရိုးကျန်းမာစေတယ်။သံဓာတ်၊ phosphorous၊ ကယ်လ်ဆီယမ်၊ ဇင့်တို့ ပါဝင်နေတာကြောင့် အရိုးတွေကို သန်မာစေပြီး အရိုးကျန်းမာစေဖို့ လိုအပ်တဲ့ကော်လာဂျင်ထွက်ရှိမှုကို လှုံ့ဆော်ပေးပါတယ်။အရိုးပွတာမျိုး မဖြစ်စေဖို့လည်း ကယ်လ်ဆီယမ် နဲ့ phosphorous က အကောင်းဆုံး အားဖြည့်ပေးပါတယ်။သွေးပေါင်ထိန်းညှိပေးတယ်။ဆိုဒီယမ်လျှော့စားတာက သွေးပေါင်ချိန်ကို ထိန်းညှိနိုင်တဲ့ အကောင်းဆုံး နည်းလမ်းပါ။ ပိုတက်ဆီယမ် ​ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးပေးတာကလည်း သွေးမတိုးအောင် အကောင်းဆုံး ကာကွယ်ရာ ရောက်ပါတယ်။ ပိုတက်ဆီယမ်က သွေးကြောနံရံတွေကို ကျယ်စေပြီးသွေးစီးဆင်းမှုကောင်းစေလို့ သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးပါတယ်။အာလူးမှာ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်နေတာကြောင့် သွေးပေါင်ကို အကောင်းဆုံး ထိန်းညှိပေးပြီး သဘာဝသွေးတိုးကျစေတဲ့ စားစရာတစ်ခုပါ။။နှလုံး ကျန်းမာစေတယ်။အာလူးမှာ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ ဗီတာမင် C နဲ့ဗီတာမင်  B6ကြွယ်ဝစွာ ပါဝင်နေပြီး ကိုလက်စထရော မပါဝင် တာကြောင့် နှလုံးကျန်းမာစေပါတယ်။အမျှင်ဓာတ်က သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး နှလုံးရောဂါ ခံစားရနိုင်ခြေကို ကျဆင်းစေပါတယ်။မှတ်ဉာဏ်ကောင်းစေတယ်။အာလူးမှာပါတဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်တဲ့ Choline ကကြွက်သားတွေ လှုပ်ရှားမှုကောင်းစေဖို့၊ စိတ်ခံစားမှု ကောင်းစေဖို့၊သင်ယူမှုစွမ်းရည်တိုးတက်စေဖို့ နဲ့ မှတ်ဉာဏ် ကောင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။ကင်ဆာ။အာလူးမှာ folate ပါဝင်နေပြီး ကင်ဆာဆဲလ်တွေ မပြန့်အောင် ကာကွယ်ပေးပါတယ်။ အမျှင်ဓာတ် ပါဝင်နေမှုကလည်းအစာခြေစနစ်ကို ကျန်းမာစေပြီးအူမကြီး ကင်ဆာမဖြစ်စေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ဗီတာမင် C နဲ့ quercetin က ဆဲလ်တွေကိုဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ဝမ်းမှန်စေတယ်။အာလူးမှာ အမျှင်ဓာတ် ပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး အစာကြေစေသလို ဝမ်းမှန်စေပါတယ်။ကိုယ်အလေးချိန်ထိန်းညှိပေးတယ်။အာလူးက အမျှင်ဓာတ် ပါဝင်မှုများတာကြောင့် ကိုယ်အလေးချိန် ထိန်းညှိလိုသူတွေ စားပေးသင့်ပါတယ်။ အဆာခံစေနိုင်ပြီးစားချင်စိတ်ခဏခဏ မဖြစ်အောင် ထောက်ပံ့ပေးပါတယ်။ဇီဝကမ္မ ဖြစ်စဉ်ကို ကောင်းစေတယ်။အာလူးမှာ ဗီတာမင်  B6 ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဗီတာမင် B6 က ကာဗိုဟိုက်ဒရိတ် နဲ့ ပရိုတင်းတို့ကို ဂလူးကို့စ်နဲ့ အမိုင်နိုအက်ဆစ်အဖြစ် ချေဖျက်ပေးပြီး ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ခန္ဓာကိုယ်မှာ အင်အားပြည့်နေစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။အရေပြားကျန်းမာစေတယ်။ကော်လာဂျင်က အရေပြား ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဗီတာမင် C က ဓာတ်တိုးဆန့်ကျင်ပစ္စည်း အဖြစ် လုပ်ဆောင်ပေးပြီး အရေပြားကို နေဒဏ်၊ ညစ်ညမ်းမှုဒဏ်တွေကြောင့် ထိခိုက်ပျက်စီးမှု မရှိအောင် ကာကွယ်ပေး ပါတယ်။ ဗီတာမင် C က ကော်လာဂျင် ထွက်ရှိအောင် လှုံ့ဆော်ပေးပြီးအသားအရေကိုအရေးအကြောင်းကင်းပြီး ကျန်းမာ လှပစေပါတယ်။ကိုယ်ခံအားကောင်းစေတယ်။ဗီတာမင် C က ကိုယ်ခံအားကို အားဖြည့်ပေးပြီးအအေးမိ၊ ဖျားနာမဖြစ်အောင် ကာကွယ်ပေးပါတယ်။ အာလူးက စားလို့ ကောင်းသလို ဗီတာမင် C လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/potatoes-health-benefits/
Clostridium Difficile Infections ()
Clostridium difficle (သို့မဟုတ် C.diff) ဟုခေါ်သော ဘတ်တီးရီးယားသည် ဝမ်းလျှောခြင်း စသော မပြင်းထန် သော ဖျားနာခြင်းမှ အသက်အန္တရာယ်စိုးရိမ်ရသော အူမကြီး ရောင်ခြင်းအထိ ဖြစ်စေပါသည်။ ရောဂါပိုးကူးစက်မှုသည် ပဋိ ဇီဝဆေးများ အသုံးပြုပြီးနောက် ဖြစ်ပွားလေ့ရှိပြီး ဆေးရုံ တက်နေသော လူများတွင် အဖြစ်များပါသည်။Clostridium difficle infection သည် အသက် ၆၅နှစ် ကျော်သူများ နှင့် ဆေးရုံ၊ ရက်ရှည် စောင့်ရှောက်မှုနေရာများ တွင် နေသောသူများတွင် ပို၍ အဖြစ်များပါသည်။ သို့သော် လည်း ကျန်းမာသော လူများတွင်လည်း ရက်ရှည် ပဋိဇီဝဆေး သောက်ပြီးနောက် ကူးစက်ခံရနိုင်ပါသည်။Clostridium difficle ၏ ရောဂါလက္ခဏာများမှာ-။ပြင်းထန်စွာ ဖျားနာခြင်းသည် အူမကြီးရောင်ခြင်း သို့မ ဟုတ် အူမကြီး တစ်ရှူးများ သွေး၊ပြည် ထွက်ခြင်း ကြောင့် ဖြစ်ပါသည်။အချို့ရောဂါကူးစက်ခံရသော လူများသည် ဖျားနာခြင်းမ ဖြစ်ပါ။ သို့သော် အခြားသူများသို့ ရောဂါပိုးပျံ့နှံ့စေပါသည်။ ထိုသူများကို သယ်ဆောင်သူဟု ခေါ်ပါသည်။အထက်တွင် ဖော်ပြမထားသော အခြားလက္ခဏာများ လည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။တစ်နေ့လျှင် သုံးကြိမ်ထက်ပို၍ အရေကျဲသော ဝမ်းလျှော ပါက၊ ရောဂါလက္ခဏာများ သုံးရက်ထက် ပိုကြာစွာ ပေါ်လာပါက ဆရာဝန်ကို အကြောင်းကြားသင့်ပါသည်။အထက်တွင် ဖော်ပြထားသော ရောဂါလက္ခဏာများ ရှိပါ က အထူးသဖြင့် အဖျားတက်ခြင်းနှင့် ပြင်းထန်စွာ အစာအိမ် အောင့်ခြင်းတို့ဖြစ်ပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှု သည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်း သည် သင်၏အခြေအနေ ကောင်းမွန်ရန် အတွက် အကောင်းဆုံး ဖြစ်ပါသည်။Clostridium Difficile Infections သည် clindamycin, peniciline, fluoroquinolones , cephalosporins စသော ပဋိဇီဝဆေး များ အသုံးပြုပြီးနောက် ဖျားနာခြင်းနှင့် ဆက်စပ်ပါသည်။ ဘတ်တီရီးယားနှင့် ငြိမ်နေသော မျိုးဥများသည် ဝမ်းနှင့် ညစ် ညမ်းနေသော မျက်နှာပြင်များ သို့မဟုတ် အစားအစာများ၊ ပရိဘောဂ၊ အောက်ခံအဝတ်များ၊ အိမ်သာထိုင်ခုံများကို ထိ တွေ့ခြင်းဖြင့် ကူးစက်ပျံ့နှံ့နိုင်ပါသည်။Clostridium difficle infection ဖြစ်နိုင်ချေကို မြင့်စေ သောအချက်များစွာရှိပါသည်။ ဥပမာ-။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ပဋိဇီဝဆေး အသုံးပြုမှုမှတ်တမ်းရှိခြင်း နှင့် ယေဘုယျ လက္ခဏာများ စတင်ဖြစ်ပွားပါက ရောဂါရှိသည်ဟု ထင်မြင် နိုင်ပါသည်။ ရောဂါအဖြေရှာခြင်းကို သွေးစစ်ခြင်း၊ ဝမ်းစစ်ခြင်း ဖြင့် အတည်ပြုနိုင်ပါသည်။တစ်ခါတစ်ရံတွင် အူမကြီးကို ကွေး၍ရသော sigmoidoscopy နှင့် computed tomography (CT) ရိုက် ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။ရောဂါကူးစက်မှုကို ဖြစ်စေသော ပဋိဇီဝဆေးများ အသုံး ပြုမှုကို ရပ်ခြင်းသည် အရေးပါပါသည်။ လိုအပ်သော တစ်ခု တည်းသော ကုသမှု လည်းဖြစ်နိုင်ပါသည်။ အခြားလူများတွင် ပဋိဇီဝဆေးအသစ် (metronidazole or vancomycin) ဖြင့် ပြောင်းလဲကုသခြင်းကို လိုအပ်နိုင်ပါသည်။ ထိုပဋိဇီဝဆေး များသည် အူအတွင်းရှိ ပုံမှန် ဘတ်တီးရီးယား များကို ကြီးထွားစေရင်း C.diff ကိုပါ ကြီးထွားစေသည်။အဖျားတက်ခြင်းသည် ၂-၃ရက်အတွင်း ပျောက်သွားနိုင် ပြီး ဝမ်းလျှောခြင်းသည် ၃-၄ရက်အတွင်း ပျောက်သွားနိုင်ပါ သည်။ ရေဓါတ်ခမ်းခြောက်ခြင်းအတွက် အရည်များ ပေးနိုင် ပါသည်။ ကောင်းမွန်သော အာဟာရပေးရန်လည်း အရေးကြီး ပါသည်။အခြားအသုံးပြုနိုင်သော ကုသမှုများမှာ probiotics များ ဖြစ်ပြီး ဆိုးရွားသော ဖြစ်ပွားမှုများတွင် ခွဲစိတ်ကုသကာ အူမကြီး၏ ရောဂါဖြစ်သော အပိုင်းများကို ဖယ်ရှားနိုင်ပါသည်။ Probiotics သည် အကျိုးပြုသော ဘတ်တီးရီးယား နှင့် မှိုများ ဖြစ်ပြီး အူအတွင်းမှ သေးငယ်သော ပိုးကောင်များ၏ ကျန်းမာ မျှတမှုကို ထိန်းညိပေးပါသည်။ရောဂါပြန်ဖြစ်ခြင်းသည် အဖြစ်များပြီး ကုသမှုထပ်မံ ခံယူ ရန် လိုအပ်ပါသည်။အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် Clostridium difficle infection ကို ထိန်းချုပ်နိုင်ပါသည်။အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-bacterial-infections/clostridium-difficile-infections/
Ortitis Externa (နားစည်အပြင်ပိုင်းရောင်ရမ်းနာ)
နားစည်အပြင်ပိုင်းရောင်ရမ်းနာ (ortitis externa) ဆိုတာ နားအတွင်းပိုင်းအရေပြားလွှာကို ဘတ်တီးရီးယားဝင်လို့ သို့မဟုတ်တစ်ခါတစ်ရံ မှိုကြောင့်ဖြစ်တာဖြစ်ပါတယ်။ နားအတွင်းပိုင်းလမ်းကြောင်း(ear canal) ဟာ နားစည်ကနေ နားရွက်အပြင်ပိုင်းအထိကိုခေါ်ပါတယ်။ ဒီ ရောဂါဟာ သင်ရေကူးပြီးပြန်လာလို့ရက်အနည်ူငယ်အကြာမှာဖြစ်တတ်လေ့ရှိပြီး ခဏပဲကြာတတ်သလို နာတာရှည်လည်းဖြစ်တတ်ပါတယ်။ကလေးတွေ, ရေကူးတဲ့သူတွေ, ဆီးချိုဝေဒနာရှင်တွေ, အလာဂျီသမားတွေနဲ့ နားထဲမှာ wax (နဖာချေး) နည်းနေတဲ့အခါတွေမှာဖြစ်တတ်ပါတယ်။ ဒါကြောင့်ဒီအချက်တွေကိုရှောင်ကြဉ်ပြီးကာကွယ်နိုင်သလို သင့်ဆရာဝန်နဲ့လည်းဆွေးနွေးပါ။– နားရွက်ကိုဆွဲတာ တွန်းတာလုပ်တဲ့အခါမှာ နာကျင်တာ။– နားယားတာ။– အနည်းငယ်ဖျားတာ။– နားထဲကနေပြည်တွေထွက်တာ။– အကြားအာရုံ ခေတ္တချို့ယွင်းတာမျိုးဖြစ်တတ်တာ။– တစ်ခါတစ်လေမှာ နားအတွင်းကနေ အလုံးဒါမှမဟုတ် အရည်ဖုထွက်တတ်ပြီး နာလည်းနာတတ်ပါတယ်။ ပေါက်သွားတဲ့အခါ သွေးနဲ့ ပြည်အနည်းငယ်စိမ့်ထွက်တတ်ပါတယ်။အထက်ဖော်ပြပါ လက္ခဏာတွေမှာမပါတာတွေဖြစ်နိုင်ပါတယ်။ သင်သိရှိလိုပါက ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။အထက်ဖော်ပြပါ လက္ခဏာတွေထဲက တစ်ခုခုတွေ့လာပြီဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးပါ။အောက်ပါအချက်များတွေ့လာပြီဆိုပါက ဆရာဝန်နဲ့ ချက်ချင်းပြသပါ။– အလွန်အမင်းနာကျင်မှု။– ဖျားနာခြင်း။လူတိုင်းရဲ့ ခန္ဓါကိုယ်တွေက လုပ်ဆောငိမှုမတူကြတဲ့အတွက် သင်နဲ့သင့်တော်မယ့် အကောင်းဆုံးအခြေအနေကိုရွေးချယ်ပါ။– pseudomonas လိုဘက်တီးရီးယားတွေရှိတဲ့ ညစ်ပတ်တဲ့ရေထဲမှာကူးရင်ဖြစ်နိုင်ပါတယ်။– ရှားပါးကိစ္စတွေမှာတော့ မှိုကြောင့်ဖြစ်နိုင်ပါတယ်။– အခြားဖြစ်စေနိင်တဲ့ကိစ္စတွေကတော့။– နားအတွင်းဒါမှမဟုတ် နားရွက်ကိုဆွဲမိတာ။– နားထဲကို အရာတစ်ခုခုဝင်တာ။– နားကို ပင် ဒါမှမဟုတ် ဂွမ်းတွေနဲ့ပြင်းပြင်းသန့်ရှင်းရေးလုပ်တာ။– နာတာရှည်ရောဂါတွေ ဥပမာ eczema ဒါမှမဟုတ်psoriasis.ကတော့ နားအတွင်းပစ္စည်းတစ်ခုခုနဲ့ မတည့်တာမျိုးတွေကြောင့်ဖြစ်ပါတယ်။– ဘက်တီးရီးယားများတဲ့ရေမှာကူးတာ။– ကလေးတွေမှာနားလမ်းကြောင်းတိုတာဟာ ရေကိုလှောင်စေပြီး ပိုဆိုးစေပါတယ်။– နားကို ပင် ဒါမှမဟုတ် ဂွမ်းတွေနဲ့ပြင်းပြင်းသန့်ရှင်းရေးလုပ်တာ။– ဖုန်းတွေ နားကြပ်တွေ အချိန်ကြာမြင့်စွာအသုံးပြုတာ။– ခေါင်းလျော်ရှည်တွေနဲ့ ဓါတ်မတည့်တာ စတာတွေဖြစ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်ဆရာဝန်က နားအတွင်းပိုင်းက အရည်အချို့ကိုယူပြီး လေ့လာပါတယ်။ပိုးသတ်ဆေးပါဝင်တဲ့ နားတွင်းအစက်ချဆေးတွေကို ၁၀ ရက်ကနေ ၁၄ ရက်ထိသုံးနိုင်ပါတယ်။အခြားနည်းတွေကတော့ :။-နားတွင်းပိုးဝင်ရင် antibiotic သောက်နိုင်ပါတယ်။-ယားယံရောင်ရမ်းတာတွေ အတွက် စတီးရွှိက်ဆေးတွေသုံးနိုင်ပါတယ်။-Acetaminophen (Tylenol) ဒါမှမဟုတ် ibuprofen (Advil, Motrin).လိုဆေးတွေကို နာကျင်မှုသက်သာအောင်သုံးနိုင်ပါတယ်။-ဗနီကာအနည်းငယ်ကိုလည်း နားထဲအစက်ချထည့်နိုင်ပါတယ်။-နာကျင်မှုသက်သာအောင် ရေနွေးပူကပ်ပေးနိုင်ပါတယ်။ဒီလက္ခဏာတွေသက်သာပြီဆိုရင်လည်း ၇ရက်ကနေ ၁၀ရက်အထိ ရေစိုမခံပါနဲ့။နာတာရှည်ဝေဒနာသည်တွေအနေနဲ့ ရေရျည်ကုသမှုတွေလိုအပ်သလို နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်မလာအောင် စောင့်ကြည့်ဖို့လည်းလိုအပ်ပါတယ်။အောက်ပါ နေထိုင်မှုပုံစံတွေကနားစည်အပြင်ပိုင်းရောင်ရမ်းနာ နဲ့ သင့်တော်ပါတယ်။သင့်နားရွက်ကို ရေမဝင်အောင်ဂရုစိုက်ပါ။ ရေကူးတဲ့အခါ shower cap သို့မဟုတ် နားကြပ်တပ်ပါ။နားထဲမှာကြပ်ခဲနေတာ ကုသနေရင်းပိုဆိုးလာတာဆို နားတွင်းဆေးရည်ကို ညွှန်ကြားတဲ့အတိုင်းထည့်ပါ။နာကျင်မှုကအရမ်းပြင်းထန်လာတာ ဒါမှမဟုတ် အခြားဆေးနဲ့သက်သာတယ်ဆိုရင် ဆရာဝန်ကို ချက်ချင်းခေါ်ပါ။သင်သိလိုတဲ့ မေးခွန်းများရှိပါက ပိုမိုသိရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/ear-conditions/ortitis-externa-%e1%80%94%e1%80%ac%e1%80%b8%e1%80%85%e1%80%8a%e1%80%b9%e1%80%a1%e1%80%bb%e1%80%95%e1%80%84%e1%80%b9%e1%80%95%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%9b%e1%80%ac/
၂၄ နာရီ ဟိုလ်တာနှလုံးစောင့်ကြည့်ကိရိယာ(24-Hour-Holter Monitor)ဆိုတာ ဘာလဲ
နှလုံးစမ်းသပ်စစ်ဆေးတဲ့ နည်းအမျိုးမျိုးထဲက ၂၄ နာရီတပ်ဆင်အသုံးပြုရတဲ့ Holter Monitor အကြောင်းပြောပြချင်ပါတယ်။Holter Monitor စက်ကိုနှလုံးခုန်မမှန်ခြင်းနဲ့ တခြားနှလုံးလက္ခဏာတွေ ရှာဖွေဖို့အသုံးပြုနိုင်ပြီး ရိုးရိုးနှလုံး အီးစီဂျီ  ဆွဲရုံနဲ့ သိသာတဲ့အချက်အလက်တွေ မရရှိတဲ့အခါမျိုး (ဒါမှမဟုတ်) သင့်မှာတခြား နှလုံးပြဿနာ တစ်ခုခုရှိနေမနေကို သေချာသိရဖို့ လိုအပ်တဲ့ အခါမျိုးမှာ Holter monitor တပ်ဆင်အသုံးပြုဖို့လိုအပ်နိုင်ပါတယ်။ Holter monitor ကိရိယာက ဘက်ထရီအားသုံး စက်တစ်မျိုးဖြစ်ပြီး အရွယ်အစားက ပိုက်ဆံအိတ်အသေး (ဒါမှမဟုတ်) ဖုန်းတစ်လုံးသာသာလောက်ပဲ ရှိပါတယ်။နှလုံးခုန်မမှန်တာလိုမျိုး နှလုံးနဲ့ပတ်သက်ပြီး မသင်္ကာစရာအခြေအနေမျိုးရှိရင်အီးစီဂျီအရင်ဆုံးဆွဲပြီး နှလုံး အခြေအနေကို လေ့လာပါတယ်။ ဒါပေမဲ့ အီးစီဂျီ  တစ်မျိုးတည်းနဲ့ နှလုံးပြဿနာရှိမရှိ သေချာမသိနိုင်တဲ့အခါမျိုးမှာတော့ Holter monitor တပ်ပြီး စမ်းသပ်ကြည့်ရှုဖို့ လိုလာပါတယ်။ ၂၄ နာရီလုံးတပ်ဆင်ထားရတာမို့ Holter monitor စက်က အီးစီဂျီမှာ လွတ်သွားနိုင်တဲ့နှလုံးပြဿနာတချို့ကိုရှာဖွေဖို့ အထောက်အကူပေးနိုင်ပါတယ်။ လူနာအခြေအနေပေါ်မူတည်ပြီး တခါတရံ ၁၂နာရီ၊ ၂၄နာရီ၊ ၄၈နာရီ စသည်ဖြင့် အချိန်အမျိုးမျိုး တပ်ဆင်ရနိုင်ပါတယ်။Holter monitor စက်အလုပ်လုပ်ပုံက ရိုးရှင်းပါတယ်။ စက်အရွယ်အစားကလည်း လက်ထဲထည့်ထားလို့ ရအောင်သေးငယ်ပြီး စက်ကိုလည်ပင်းမှာချိတ်ဆွဲထား (ဒါမှမဟုတ်) လက်မောင်းမှာ တပ်ဆင်ထားလို့ ရပါတယ်။ အီးစီဂျီဆွဲရင် တပ်တဲ့ electrode လေးတွေကို အသုံးပြုမယ့်သူရင်ဘတ်မှာ တပ်ထားဖို့လိုပြီး electrode လေးတွေက ဖမ်းယူရရှိတဲ့ နှလုံးအချက်အလက်တွေကို Holter monitor စက်ဆီ ပြန်ပို့ပေးပါတယ်။Holter monitor တပ်ပြီဆို ဘာတွေလိုက်နာရမလဲ။Holter monitor တပ်ဆင်ပြီဆို အီးစီဂျီ ဆွဲသလိုပဲ ရင်ဘတ်မှာ electrode တွေတပ်ဆင်ရပါတယ်။ ၂၄ နာရီ တပ်ဆင်ရမှာဖြစ်တာကြောင့် ဖြုတ်လို့လည်းမရပါဘူး။ Electrode တွေကို ရေမထိဖို့လည်း လိုအပ်တာကြောင့် Holter monitor တပ်ထားတဲ့ တစ်ရက်လုံးတော့ ရေချိုးလို့မရသလို ရင်ဘတ်ကို ရေမထိအောင်လည်း နေဖို့လိုအပ်ပါတယ်။နောက်ပြီး Holter monitor တပ်ဆင်ထားချိန်မှာ ကိုယ်ရဲ့သွားလာလှုပ်ရှားမှုတိုင်းကို စာအုပ်နဲ့ဖြစ်ဖြစ် ဖုန်းနဲ့ဖြစ်ဖြစ် မှတ်တမ်းတင်ထားဖို့လိုပါတယ်။ နှလုံးခုန်မြန်တာရင်ဘတ်အောင့်တာ၊ ရင်တုန်တာ၊အသက်ရှူမဝတာ၊ ခေါင်းမူးတာ စတဲ့လက္ခဏာတွေအားလုံးကိုလည်း အချိန်နဲ့ တိတိကျကျမှတ်သားထားပါ။ ဒီလက္ခဏာတွေပြချိန်မှာ အောက်ဖော်ပြပါ အခြေအနေတစ်ခုခု ကြုံနေရလားဆိုတာကိုလည်း မှတ်သားထားသင့်ပါတယ်။– ဘာလုပ်နေလဲ။– ဘာအစားအစာစားနေလဲ။– စိတ်ဖိစီးစရာကိစ္စတစ်ခုခုကြုံနေရလို့လား။– ပင်ပင်ပန်းပန်းအလုပ်လုပ်နေရလို့လား။ရင်ဘတ်မှာတပ်ထားတဲ့ electrode တွေ သေချာအလုပ်လုပ်နေမှလည်း ထွက်လာတဲ့အချက်အလက် တွေကမှန်ကန်မှာဖြစ်လို့ ရင်ဘတ်က electrode တွေပြုတ်နေတာ၊ လျော့ရဲနေတာမျိုးမရှိအောင် သတိထားဖို့လိုပါတယ်။Holter စက်တပ်ထားလို့ အနေအထိုင်ကျဉ်းကျပ်သွားမှာမဟုတ်ပါဘူး။ အဓိကက အပေါ်မှာပြောခဲ့သလိုပဲ ရေမထိမိဖို့ပဲလိုအပ်ပါတယ်။ Holter monitor တွေကပုံမှန်ဆိုရင်တော့ တခြားလျှပ်စစ်ပစ္စည်းတွေနဲ့ သက်ရောက်မှုမရှိပါဘူး။ ဒါပေမဲ့ သတ္တုရှာကိရိယာ၊သံလိုက်ဓာတ်မှန်၊ သံလိုက်ပစ္စည်း၊ မိုက်ခရိုဝေ့ဖ်မီးဖို၊  လျှပ်စစ်စောင်၊ လျှပ်စစ်မုတ်ဆိတ်ရိတ် စက် စတဲ့ပစ္စည်းတွေက electrode ကနေ Holter monitor ကိုပို့ပေးတဲ့အချက်အလက်တွေကို လွဲချော်စေနိုင်တဲ့အတွက် holter monitor တပ်ထားချိန်မှာ အသုံးမပြုသင့်ပါဘူး။ ဆဲလ်ဖုန်း နဲ့ တက်ဘလက် တွေကိုလည်း စက်နဲ့အနည်းဆုံး ၆ လက်မအကွာမှာထားပြီး သုံးစွဲဖို့ သတိပြုပါ။ရေးသားသူ – Dr. Htoo Tint။Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/%e1%81%82%e1%81%84-%e1%80%94%e1%80%ac%e1%80%9b%e1%80%ae-%e1%80%9f%e1%80%ad%e1%80%af%e1%80%9c%e1%80%ba%e1%80%90%e1%80%ac%e1%80%94%e1%80%be%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%85%e1%80%b1%e1%80%ac/
ဘေဘီလေးတွေရဲ့ပါးစပ်မှာ အမြှုပ်တွေစီနေတာ ဘယ်လိုအချိန်တွေဆို စိုးရိမ်ရလဲ ။
ဘေဘီလေးရဲ့ ပါးစပ်မှာအမြှုပ်လေးတွေ စီနေတာကို မြင်လိုက်တဲ့ မိဘတိုင်း စိုးရိမ်သွားတတ်သူချည်းပါ။ ဒါပေမယ့် ဒီလို အမြှုပ်လေးတွေစီနေတာ ပုံမှန်ဖြစ်တတ်တာလည်း ဖြစ်နိုင်သလို အခြားစိုးရိမ်ရတဲ့ ပြဿနာတွေ ကလေးမှာရှိနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာတော့ ဘေဘီလေးတွေရဲ့ပါးစပ်မှာ အမြှုပ်တွေစီနေတာ ဘယ်လိုအချိန်တွေဆို စိုးရိမ်ရလဲ ဆိုတဲ့အကြောင်းလေး ပြောပြပေးချင်ပါတယ်။ကလေးက အေးအေးချမ်းချမ်နဲ့ အိပ်နေတယ်၊ ဖျားတာအသက်ရှူရခက်နေတာမျိုးလည်း မရှိဘူးဆိုရင် ကလေးပါးစပ်က အမြှုပ်တွေက စိတ်ပူစရာမရှိဘူးဆိုပေမယ့် ခုပြောပြမယ့် အခြေအနေတွေ ကလေးမှာ ရှိနေပြီဆိုရင် ဆရာဝန်ဆီ ချက်ချင်းသွားဖို့လိုပါပြီ။ ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင် ။ဒါတွေက မတည့်တာတွေ စားမိတာ၊အသက်ရှူလမ်းကြောင်းပိုးဝင်တာနဲ့ အခြားအစာခြေစနစ်နဲ့ ဆိုင်တဲ့ ပြဿနာတွေ ကလေးမှာ ရှိနေနိုင်တာကြောင့်ပါ။အပေါ်မှာ စိုးရိမ်စရာလိုတဲ့အခြေအနေတွေကိုပဲ တန်းစီပြောခဲ့တာကြောင့် ကလေးပါးစပ်က အမြှုပ်ထွက်တာ စိုးရိမ်စရာလို့ထင်နေကြပါဦးမယ်။ အပေါ်မှာ ပြောထားတဲ့အခြေအနေတွေလိုမျိုး အသက်ရှူရခက်တာ၊ ဖျားတာ အန်တာ တွေ ဘာမှ မရှိဘူး ကလေးကလည်း လန်းနေတယ်ဆိုရင် မစိုးရိမ်ပါနဲ့။ ငယ်သေးတဲ့ကလေးတွေမှာဒီလိုမျိုး ပါးစပ်ကနေ အမြှုပ်လေးတွေ စီနေတာမျိုးဖြစ်တတ်ပါတယ်။ အရပ်ထဲမှာဆိုဗူးမှုတ်တယ်လို့တောင် ခေါ်ကြတယ်လေ။ ဒီတော့ ဒီကလေးတွေကို မေမေတို့ဘက်က ကူညီပေးနိုင်တာတွေကတော့။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/danger-signs-of-foam-in-baby/
နှလုံးရောဂါ ရှိသူတွေ လိင်ဆက်ဆံသင့်လား
နှလုံးရောဂါရှိသူတွေအနေနှင့် နေ့စဉ်ဘဝမှာ ညှိနှိုင်းလုပ်ဆောင်ရတဲ့ကိစ္စရပ်တွေ များပြားလှပါတယ်။ ဥပမာ တစ်ခုခုစားတော့မယ်ဆိုရင်လည်း တည့်ပါ့မလား၊ လှုပ်ရှားမှုတစ်ခုခု လုပ်မယ်ဆိုရင်လည်းအမောခံနိုင်ပါ့မလား စဉ်းစားရတာမျိူးပေါ့။နှလုံးရောဂါရှိသူတွေသိချင်ကြတဲ့ အကြောင်းအရာတွေထဲမှာလိင်ဆက်ဆံသင့်လားဆိုတာလည်း ထိပ်ဆုံးကပါဝင်နေပါတယ်။ အမေရိကန်နိုင်ငံ နှလုံးဆရာဝန်များအသင်းရဲ့ နောက်ဆုံးပြောကြားချက်တစ်ခုမှာတော့ နှလုံးရောဂါရှိသူများအနေနှင့် နှလုံးအခြေအနေကို ငြိမ်သက်သောအခြေအနေတစ်ခုမှာ ထိန်းထားနိုင်ပြီဆိုရင် စိတ်ချစွာ လိင်ဆက်ဆံနိုင်တယ်လို့ ဆိုပါတယ်။နှလုံးရောဂါကြောင့်ဖြစ်သောနှလုံးထိခိုက်ခြင်းသို့မဟုတ်ရင်ဘတ်အောင့်ခြင်းတို့ဟာ လိင်ဆက်ဆံနေစဉ်မှာ ပေါ်ပေါက်တာရှားပါတယ်။ အကြောင်းရင်းကတော့ လိင်ဆက်ဆံခြင်းဟာ ကြာချိန်တိုတောင်းလို့ပဲ ဖြစ်ပါတယ်။တကယ်လို့ သင့်အနေနှင့် နှလုံးရောဂါကို တည်ငြိမ်တဲ့အနေအထားတွင် ထိန်းမထားနိုင်တာမျိူးဖြစ်စေ၊ ရောဂါလက္ခဏာတွေဟာ ဆိုးရွားနေတာမျိူးဖြစ်စေ ကြုံတွေ့ရပါက လိင်မဆက်ဆံခင်မှာ နှလုံးအထူးကုဆရာဝန်နှင့် သေချာကုသထားခြင်းက ပိုမိုစိတ်ချရပါတယ်။ ဆရာဝန်နှင့်ဆွေးနွေးတဲ့အခါမှာလည်း လိင်ကိစ္စပြောဆိုဖို့ မရှက်သင့်ပါဘူး။သင့်မှာနှလုံးရောဂါရှိပြီဆိုတာ စစ်ဆေးသိရှိရပြီဆိုတာနှင့်တစ်ပြိုင်နက် အောက်ပါအချက်တွေကို သိထားသင့်ပါတယ်။(၁) လိင်ဆက်ဆံမှု ပြုလုပ်ရန်သင့်မသင့် သေချာစစ်ဆေးဖို့ ဆရာဝန်ကို တောင်းဆိုပါ။(၂)နှလုံးကြွက်သားများအလုပ်မလုပ်သောရောဂါရှိပါက နှလုံးကြွက်သားဆိုင်ရာ လေ့ကျင့်ခန်းများကို ပုံမှန်လုပ်ခြင်းဖြင့် လိင်ဆက်ဆံခြင်းကြောင့် ပေါ်ပေါက်လာနိုင်တဲ့ ဆိုးကျိူးတွေကို လျှော့ချနိုင်ပါတယ်။(၃) အမျိူးသမီးများအနေနှင့်တားဆေးသောက်ရန် သို့မဟုတ်ကိုယ်ဝန်ယူရန် စဉ်းစားနေပါက ဆရာဝန်နှင့်တိုင်ပင်ပါ။(၄) လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည် ကျဆင်းလာပါက ဆရာဝန်နှင့်တိုင်ပင်ပါ။(၅) နှလုံးရောဂါအတွက် သောက်နေရသောဆေးများကို လိင်စွမ်းရည်ကျဆင်းမှာစိုးရိမ်ပြီး ဆက်မသောက်တာမျိူး မပြုလုပ်သင့်ပါ။ သင့်နှလုံးကျန်းမာရေးက ပိုအရေးကြီးပါတယ်။ရေးသားသူ- Dr Rose။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/%e1%80%94%e1%80%be%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab-%e1%80%9b%e1%80%be%e1%80%ad%e1%80%9e%e1%80%b0%e1%80%90%e1%80%bd%e1%80%b1-%e1%80%9c%e1%80%ad%e1%80%84/
ကလေးများ အသက်အရွယ်အလိုက် လိင်ပညာပေး သင်ကြားနည်း
လိင်ပညာပေးကို မကြာခင်မှာ ကျောင်းစာတွေမှာ ထည့်သွင်းဖို့ ပြင်ဆင်နေကြပါပြီ။ ဒါဟာ ကောင်းတဲ့အချက်ပါပဲ။ မီးဆိုတာ ပူမှန်းသိမှ ရှောင်ရကောင်းမှန်း နားလည်မှာလေ။ ခုလက်ရှိကတော့ ဆယ်တန်းမှာ သင်ဖို့ ပြောထားကြပါတယ်။ နောက်ပိုင်းကျရင်တော့ ဒီထက်ငယ်တဲ့ အရွယ်မှာလည်း သင်လာလိမ့်မယ်လို့ ထင်ပါတယ်။တကယ်တော့ လိင်ပညာပေးကို ဘယ်အရွယ်ကစသင်ရမလဲဆိုတော့ သူများနိုင်ငံတွေမှာတော့ ကလေးက  ပြောတာကို နားလည်တယ်ဆိုတာနဲ့ သင်ပေးလို့ရပါပြီတဲ့။ ကလေးတွေရဲ့ နားလည်နိုင်စွမ်းပေါ်မူတည်ပြီး တဖြည်းဖြည်း တိုးသင်သွားတာပါ။လိင်စော်ကားခံရတယ်ဆိုတာ အသက်အရွယ်မရွေး ကျားမမရွေး ဖြစ်နိုင်တယ်ဆိုတာ အားလုံး မြင်နေ ကြားနေရပါတယ်။ ဒါကြောင့် ကလေးတွေကို ကိုယ့်ကိုယ်ကို ကာကွယ်တတ်အောင် စောစောသင်ထားနိုင်ရင် အကောင်းဆုံးပါပဲ။နောက်တစ်ခုက လိင်ပညာပေးဆိုတာ ကျောင်းက ဆရာ၊ ဆရာမတွေပဲ သင်ပေးရတာ မဟုတ်ပါဘူး။ ကလေးငယ်လေးတွေနဲ့ အရင်ဆုံးထိတွေ့ရမှာ အိမ်က မိဘတွေပါ။ ဒါပေမယ့် စစချင်းဆို ဘယ်လိုသင်ရမလဲဆိုတာ အခက်တွေ့နိုင်ပါတယ်။ ဒါကြောင့် နည်းလမ်းလေးတွေ ပြောပြပေးပါမယ်။တကယ်ဆို လိင်ပညာပေးတောင် မဟုတ်သေးပါဘူး။ ကလေးတွေကို သူ့တို့ရဲ့ ကိုယ်အင်္ဂါတွေအကြောင်း ရင်းရင်းနှီးနှီး သိစေချင်တာပါ။ ပြီးတော့ လိင်အင်္ဂါတွေကိုလည်း ရှက်မနေဘဲ တခြား အစိတ်အပိုင်းတွေနဲ့ တူတူပဲဆိုတာ သိစေချင်တာပါ။ကဲ ခုဆိုရင် ဘာတွေ ဘယ်လိုသင်ပေးရမလဲဆိုတာ ပြောပြလိုက်ပြီဆိုတော့ ဖေဖေ မေမေတို့က သင်ပေးဖို့ပဲ ကျန်တော့တာပေါ့။ လိင်ပညာပေးဆိုတာ ရိုင်းစိုင်း ကြမ်းတမ်းတဲ့ စကားလုံးတွေ မပါဘဲ သင်လို့ရတယ်ဆိုတာ သိကြပြီလို့ ထင်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/age-by-age-sex-education/
အစာအဆိပ်သင့် တဲ့အခါ ဘာတွေဆောင်လို့ဘာတွေရှောင်မလဲ....
အစာအဆိပ်သင့်တဲ့အခါအော့အန်တာ၊ ဝမ်းသွားတာတွေကြောင့် ခန္ဓာကိုယ်က တော်တော်လေးအားအင်ကုန်ခမ်းနေနိုင်ပါတယ်။ ရေဓာတ်လည်း တော်တော်လေး ကုန်ဆုံးနေနိုင်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့ အာဟာရဓာတ်တွေနဲ့ရေဓာတ်တွေကို အမြန်ဆုံးပြန်ဖြည့်နိုင်တာက အကောင်းဆုံးဖြစ်မှာပါ။ ဒါကြောင့် နာလန်ထူစမှာသေချာလေးဂရုစိုက်မိဖို့လိုပါမယ်။ချင်း (ဂျင်း) လက်ဖက်ရည်သောက်ပေးပါ။ဒါကလည် အစာအဆိပ်သင့်ရာကနေ နာလန်ထလာသူအတွက် တော်တော်လေး အထောက်အကူပြုပေးနိုင်တဲ့အိမ်တွင်းကုထုံးတစ်ရပ်ပါ။ ဒါ့ကြောင့် ချင်း (ဂျင်း)ရေနွေးကြမ်း တစ်ခွက်လောက်သောက်သုံးပေးပါ။အစာအဆိပ်သင့်မှုကြောင့် အစာအိမ်နဲ့ အူနံရံတွေက ရောင်နေတာတွေ ဖြစ်နေနိုင်ပါတယ်။ ဒီလိုအခြေအနေမှာ ရောင်ရမ်းနေတဲ့ အစာအိမ်နဲ့ အူနံရံတွေကို ထပ်မံထိခိုက်တာမျိုး မဖြစ်စေဖို့အတွက် ဒါတွေကို မစားသင့်သေးပါဘူး။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/best-to-eat-after-food-poisoning/
Vestibular Disorders (နားအတွင်းပိုင်းနှင့် ဦးနှောက်ဆိုင်ရာ ပြဿနာများ)
Vestibular System ဆိုတာ နားအတွင်းပိုင်းနဲ့ ဦးနှောက်တွင်ရှိသော အစိတ်အပိုင်းတချို့ဖြစ်ပြီး ကိုယ်ခန္ဓါဟန်ချက်၊ မျက်လုံးရွေ့လျားမှုတွေနဲ့ဆိုင်တဲ့ခံစားမှုတွေကို လက်ခံလုပ်ဆောင်တယ်။ ရောဂါတစ်ခုခု၊ အနာတရဖြစ်မှုတစ်ခုခုကြောင့် ထိုနေရာများထိခိုက်သွားပါက vestibular disorder လို့ခေါ်တဲ့ ရောဂါတစ်မျိုးဖြစ်လာရပါတယ်။ Vestibular disorder ဟာ မျိုးရိုးဗီဇ၊ သို့ ပတ်ဝန်းကျင်အခြေအနေတွေကြောင့် ဖြစ်လာနိုင်သလို၊ ပိုလည်းဆိုးနိုင်ပါတယ်။ ဒါမှမဟုတ် အကြောင်းအရင်းမရှိဘဲလည်း ဖြစ်နိုင်ပါတယ်။လတ်တလောလေ့လာမှုတွေအရ အသက် ၄၀ နဲ့အထက်လူကြီးတွေရဲ့ ၃၅ ရာခိုင်နှုန်း – ပျမ်းမျှ ၆၉ မီလီယံမျှသောလူထုမှာ vestibular စနစ်ယိုယွင်းမှုတွေရှိနေပါတယ်။ဒါပေမယ့် ရောဂါဖြစ်စေနိုင်တဲ့အချက်တွေကိုလျှော့ချခြင်းဖြင့် ဖြစ်ပွားမှုကိုထိန်းချုပ်နိုင်ပါတယ်။ အသေးစိတ်အချက်တွေအတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။တကယ်လို့ ရောဂါ၊ အသက်ကြီးခြင်း၊ သို့ အနာတရဖြစ်ခြင်းတွေကြောင့် ထိုစနစ်ထိခိုက်သွားတဲ့အခါမှာ vestibular disorder ဆိုတာဖြစ်လာရပါတယ်။ ထိုအခါခံစားရတတ် လကဏာတွေကတော့-။အမျိုးအစား၊ ပြင်းထန်မှုပေါ်မှာမူတည်ပြီး လက္ခဏာတွေပြောင်းလဲနိုင်သလို၊ ကြောက်စရာကောင်းတာ၊ ဖော်ပြရခက်တာတွေလည်းဖြစ်နိုင်ပါတယ်။ vestibular disorders ခံစားနေရသူတွေဟာ အာရုံစိုက်မှုမရှိ၊ ပျင်းရိသည် သို့ အာရုံစိုက်ခံရအောင်လုပ်သည်ဟု အထင်ခံရတတ်ပါတယ်။ အလုပ်၊ ကျောင်းမှာ ပုံမှန်လှုပ်ရှားဖို့၊ နေ့စဉ်သာမန်လှုပ်ရှားမှုတွေလုပ်ဖို့ ဒါမှမဟုတ် နော်ကဆုံး အိပ်ရာထဲကထွက်ဖို့တောင်ခက်ခဲလာတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။စောစီးစွာရောဂါရှာဖွေခြင်း၊ စောစီးစွာကုသခြင်းတွေဟာ ရောဂါအခြေအနေပိုဆိုးလာမှာကိုတားနိုင်ပြီး နောက်ထပ်တခြားသော အရေးပေါ်အခြေအနေကိုလည်း တားဆီးနိုင်တာကြောင့် တတ်နိုင်သမျှမြန်မြန် ဆရာဝန်ပြဖို့အကြံပေးချင်ပါတယ်။တကယ်လို့အထက်ပါဖော်ပြထားတဲ့ လက္ခဏာတွေကြုံရတယ်၊ ဒါမှမဟုတ် သိလိုသည်များရှိတယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်နိုင်တယ်။ လူတိုင်းခန္ဓါကိုယ်ကတစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် သင့်အတွက်အကောင်းဆုံးဖြစ်ဖို့အတွက် ဆရာဝန်နဲ့တိုင်ပင်တာ သင့်လျော်ပါလိမ့်မယ်။ဟန်ချက်မထိန်းနိုင်ခြင်းရောဂါဟာ နားထဲမှာ ဗိုင်းရပ်စ် သို့ ဘတ်တီးရီးယားရောဂါပိုးဝင်ခြင်း၊ ခေါင်းထိခိုက်မှု၊ သို့ နားအတွင်းပိုင်းနဲ့ ဦးနှောက်ကိုသယ်ပို့ပေးသော သွေးလှည့်ပတ်ခြင်းမှာ ပြဿနာတစ်ခုခုရှိတဲ့အခါ ရတတ်ပါတယ်။ အသက်ကြီးလာတဲ့အခါမှာလည်း ဟန်ချက်ထိန်းခြင်းနဲ့ပတ်သတ်ပြီး အခက်အခဲတွေရှိလာတတ်တယ်။ ဆေးတချို့ကြောင့်လည်းဖြစ်နိုင်ပါတယ်။မူးဝေဖူးခြင်း – တကယ်လို့အရင်တုန်းက မူးဝေခြင်းရှိခဲ့ဖူးတယ်ဆိုရင်လည်း အနာဂတ်မှာထပ်ကြုံရနိုင်ချေများပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရောဂါရာဇဝင်မေးခြင်းနဲ့ သာမန်ရုပ်ပိုင်းဆိုင်ရာစမ်းသပ်မှုတွေကရတဲ့ အချက်အလက်တွေကိုသုံးပြီး လိုအပ်တဲ့စစ်ဆေးမှုတွေကိုစီစဉ်ကာ ဖြစ်နိုင်ချေရှိတဲ့အကြောင်းအရင်းတွေကိုရှာဖွေပါလိမ့်မယ်။ လုပ်ရနိုင်ချေရှိတဲ့စစ်ဆေးမှုတွေကတော့-။MRI – သံလိုက်ဓါတ်၊ ရေဒီလိုလှိုင်းတို့ကိုသုံးက ခန္ဓါကိုယ်အစိတ်အပိုင်းများကို စစ်ဆေးသောနည်းဖြစ်တယ်။ ဦးနှောက် MRI ဟာ မူးဝေခြင်းကို ဖြစ်စေနိုင်တဲ့ အကျိတ်၊ လေဖြတ်ခြင်းကြောင့်ရသောထိခိုက်မှုနဲ့ တခြားတစ်သျူးမူမမှန်ခြင်းတို့ကိုပြောနိုင်ပါတယ်။လက္ခဏာ၊ ရောဂါရာဇဝင်၊ ကျန်းမာရေးအခြေအနေ၊ စမ်းသပ်မှု၊ စစ်ဆေးမှုရလဒ်များပေါ်မူတည်ပြီး ကုသနည်းတွေကတော့-။သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေရအောင် ဆရာဝန်နဲ့တိုင်ပင်ပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/ear-conditions/vestibular-disorders-%e1%80%94%e1%80%ac%e1%80%b8%e1%80%a1%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%b8%e1%80%95%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8%e1%80%94%e1%80%bd%e1%80%84%e1%80%b9/
ကြယ်ပွင့်လေးရဲ့ ထူးချွန်ထက်မြက်မှုကို မေမေတို့ ဘယ်လိုအရောင်တင်ပေးမလဲ
ကိုယ့်သားသမီးတွေကိုထူးချွန်ထက်မြက်တဲ့ကြယ်ပွင့်လေးတွေဖြစ်လာစေချင်တာမိဘတိုင်းရဲ့ဆန္ဒပါ။ဒါပေမယ့်ဒီလိုဖြစ်လာစေဖို့ကသူတို့တွေရဲ့ဝါသနာနဲ့စိတ်အားထက်သန်ရာနယ်ပယ်တွေကိုမိဘတွေဘက်ကကူညီပျိုးထောင်ပေးဖို့တော့လိုပါတယ်။အရင်ဆုံး–။ဆုတံဆိပ်တွေရနေမှထူးချွန်မှုမဟုတ်ပါဘူး။ကလေးရဲ့အားသန်ရာ၊စိတ်အားထက်သန်မှုပြင်းပြရာတစ်ခုခုကိုဆိုလိုပြီးဒီအလုပ်တစ်ခုခုနဲ့ဆိုရင်ကလေးကပျော်ရွှင်တက်ကြွနေပြီးရလဒ်ကောင်းနေတတ်တာမျိုးပါ။ဥပမာပန်းချီဆွဲတာ၊ဂီတတူရိယာတစ်ခုခုတီးတာ၊ဘောလုံးကန်တာ၊သီချင်းဆိုတာစတဲ့ဝါသနာလေးတွေထဲကကလေးရဲ့စိတ်အားထက်သန်မှုအပြင်းပြဆုံးကိုသူ့ရဲ့ထူးချွန်မှုအဖြစ်မှတ်ယူပေးပါ။အစကတော့အရေးမလုပ်ဘဲဆုရမှ၊ထူးချွန်လွန်းနေမှဂုဏ်ယူတာမျိုးမဖြစ်သင့်ပါဘူး။အောင်မြင်မှုရှိရှိ၊ မရှိရှိကလေးရဲ့အားထုတ်မှုရလဒ်မှန်သမျှကိုအသိအမှတ်ပြုပေးပါ။အားပေးချီးမြှောက်ပါ။သူတို့အတွက်အားဆေးတစ်ခွက်ဖြစ်တဲ့မိဘရဲ့ချီးကျူးမှုကိုသိပ်လိုအပ်ကြသလိုယုံကြည်မှုလည်းတိုးလာစေပါတယ်။သူ့ဘာသူဘယ်လောက်ပဲဝါသနာပြင်းပြပါစေဘေးကပံ့ပိုးအားပေးမှုမရှိရင်ဖြစ်သင့်သလောက်ဖြစ်မလာနိုင်ပါဘူး။သူထူးချွန်မယ့်အရာကိုဖြစ်ထွန်းလာအောင်ကြိုးစားရပါဦးမယ်လေ။ပါရမီပါလာပြီးသားကလေးတွေတောင်တကယ့်ထူးချွန်အောင်မြင်မှုကိုရနိုင်ဖို့လေ့ကျင့်မှု၊သင်ယူမှုတွေအဆင့်ဆင့်လုပ်ယူရသေးတာမို့လိုအပ်မယ့်အရင်းအမြစ်တွေအတွက်မိဘကအတတ်နိုင်ဆုံးဖြည့်ဆည်းပေးဖို့လိုပါတယ်။ကလေးတိုင်းဟာမေမေတို့စီစဉ်ပေးတဲ့အစာအာဟာရကိုပဲရရှိနိုင်တာဖြစ်ပါတယ်။ထမင်းချိန်တန်ထမင်း၊သရေစာဆိုလည်းတစ်မျိုး၊အာဟာရနို့နဲ့သောက်စရာဆိုလည်းတစ်ဖုံအမျိုးမျိုးစီမံကျွေးမွေးကြတဲ့အထဲကလေးရဲ့ဖွံ့ဖြိုးမှုအတွက်အထောက်အကူဖြစ်စေမယ့်အာဟာရဓာတ်တွေပြည့်ဝစေဖို့အရေးကြီးပါတယ်။ဦးနှောက်နဲ့အမြင်အာရုံဖွံ့ဖြိုးမှုကိုအားပေးတဲ့အကျိုးပြုအဆီဓာတ်DHA၊အစာခြေစနစ်အတွက်အကျိုးပြုဘက်တီးရီးယားအာဟာရLcFOSနဲ့အရိုးနဲ့ကြွက်သားဖွံ့ဖြိုးမှုအတွက်ကယ်လ်စီယမ်အပြင်အသားဓာတ်၊အမျှင်ဓာတ်၊ဗီတာမင်ဓာတ်တွေလည်းတစ်နေ့တစ်မျိုးမျှတအောင်ပါဝင်ရပါမယ်။ပြုပြင်စီမံထားတာတွေ၊အချိုကဲတဲ့အစားအသောက်တွေ၊တာရှည်ခံပစ္စည်းပါတာတွေ၊ဆိုးဆေးဓာတုပါတာတွေလိုမျိုးအန္တရာယ်ရှိတဲ့အစားအသောက်တွေကိုရှောင်ပါ။သမီး၊သားကြိုးစားနော်ဆိုပြီးဒီအတိုင်းထိုင်ကြည့်နေလို့တော့မဖြစ်ပါဘူး။သူတို့လေးတွေရဲ့စွမ်းရည်ကိုမြှင့်တင်ပေးနိုင်ဖို့၊ထုတ်ဖော်ပြသခွင့်ရစေဖို့အခွင့်အလမ်းတွေကိုကူရှာပေးရအောင်ပါ။အခုဆိုရင်ထူးချွန်ထက်မြက်တဲ့ကလေးတို့အတွက်လေ့ကျင့်ရေးသင်တန်းတွေ၊အရည်အချင်းထုတ်ဖော်ပြသနိုင်မယ့်ပြိုင်ပွဲတွေ၊လှုပ်ရှားမှုတွေ၊ကစားနည်းအစီအစဉ်တွေအမျိုးမျိုးကျင်းပပေးနေကြတာမို့အခွင့်အရေးပိုများပါတယ်။ဥပမာကလေးကဘက်စကတ်ဘောကစားရတာခုံမင်တယ်ဆိုရင်ကျောင်းပြင်ပလှုပ်ရှားမှုအဖြစ်နဲ့လူငယ်အားကစားအသင်းတစ်ခုမှာစာရင်းသွင်းလေ့ကျင့်စေတာ၊နီးစပ်ရာပြိုင်ပွဲတွေမှာအခါအားလျော်စွာပါဝင်စေတာမျိုးရှိသင့်ပါတယ်။အောင်မြင်စေချင်တဲ့ဇောနဲ့မိဘတွေရဲ့ဖိအားပေးမှုဟာကလေးအတွက်အစွမ်းရှိသလောက်ထုတ်ပြနိုင်ဖို့အဟန့်အတားဖြစ်နေတတ်ပါတယ်။မှန်ကန်တဲ့ပံ့ပိုးမှုနဲ့အားပေးတာ၊လွတ်လွတ်လပ်လပ်ကိုယ်တိုင်ကြိုးစားခွင့်ပေးတာကစူးစမ်းမှုနဲ့ဆန်းသစ်တီထွင်မှုကိုပါရရှိနိုင်လို့ကလေးရဲ့ထူးချွန်မှုကိုပိုမိုတောက်ပစေပါတယ်။ကဲဖေဖေမေမေတို့ဒီလိုမျိုးအရောင်တင်ပေးလိုက်တဲ့အခါတလက်လက်နဲ့လင်းလက်တောက်ပလာမယ့်ရင်သွေးရတနာကြယ်ပွင့်လေးတွေကိုကြိုတွေးကြည့်ရအောင်။ဘယ်လောက်ဝမ်းသာဂုဏ်ယူစရာကောင်းလိုက်မလဲ…။Hello Health Groupသည်ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ရောဂါရှာဖွေခြင်းနှင့်ကုသခြင်းများမပြုလုပ်ပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-growth-development/ways-to-nurture-talent/
အဆစ်ရောင်ခြင်း အမျိုးအစားများ
အဆစ်ဆိုတာ အရိုးနှစ်ခုကို ဆက်ထားပေးတဲ့ အစိတ်အပိုင်းပါ။ အဆစ်မရှိဘဲ အရိုးတွေချည်းပဲဆိုရင် လူက အတောင့်လိုက်ဖြစ်ပြီး လှုပ်ရှားလို့ရမှာ မဟုတ်ပါဘူး။ အဆစ်ရှိလို့ အကွေးအဆန့်လုပ်လို့ရပြီး လှုပ်ရှားသွားလာနိုင်တာပါ။ အဆစ်တွေ ထိခိုက်ထားရင် တိတိကျကျပြောရရင် ရောင်ရမ်းနေရင် သူ့ပုံမှန်အလုပ်ကို လုပ်နိုင်မှာ မဟုတ်ပါဘူး။ အဆစ်ရောင်ခြင်း အမျိုးအစားများ ကလည်း အများကြီး ရှိတာကြောင့် ကိုယ်ဖြစ်နေတာ ဘယ်အမျိုးအစားလဲဆိုတာ သိထားသင့်ပါတယ်။အဆစ်ရောင်ရောဂါက အမျိုးပေါင်း ၁၀၀လောက်ရှိပါတယ်။ ဒီထဲကမှ အဖြစ်များတဲ့ အဆစ်ရောင်ရောဂါတွေကို ပြောပြပေးပါ့မယ်။အရိုးအစွန်းမှာရှိတဲ့ အရိုးနုလေးတွေ ပွတ်တိုက်ပါများလို့ ပါးပြီး ပွန်းလာတဲ့ အခြေအနေပါ။ အရိုးနုတွေပါးလာတဲ့အခါ အရိုးအချင်းချင်းပွတ်ပြီး အဆစ်တွေ ရောင်လာပါတယ်။ အသက်ကြီးတဲ့သူတွေ၊ အဝလွန်တဲ့သူတွေမှာ အတွေ့ရများပါတယ်။ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က မှားယွင်းပြီး အဆစ်တွေကို ပြန်တိုက်ခိုက်တဲ့အတွက် ရောင်ရမ်းလာရတာပါ။ နာတာရှည်ရောင်ရမ်းလာတဲ့အခါ အဆစ်ထဲမှာရှိတဲ့ အရိုးနဲ့ အရိုးနုတွေ ပျက်စီးလာပါတယ်။ ဒါကြောင့် ဘေးက အရွတ်တွေ၊ အရွတ်တွဲတွေ ကောင်းကောင်းမတွယ်နိုင်တော့ပဲ အရိုးအဆစ်တွေ ပုံပျက်လာပါတယ်။ဆိုရီယေးစစ် အရေပြားရောဂါရှိတဲ့ သူတွေမှာ တွေ့ရပါတယ်။ သူကလည်း ခုခံအားစနစ်က မှားယွင်းပြီး ကိုယ်ထဲက ဆဲလ်တွေကို တိုက်ခိုက်လို့ အဆစ်တွေ ရောင်ပြီး ပျက်စီးရတာပါ။SLEရှိတဲ့သူတွေက ရောဂါကို သေချာ မထိန်းနိုင်ရင် တစ်ချိန်မှာ အဆစ်တွေပါ ထိခိုက်ပြီး အဆစ်တွေ ရောင်ရမ်းနာကျင်တာ ပျက်စီးတာတွေ ဖြစ်တတ်ပါတယ်။ကလေးတွေနဲ့ လူငယ်တွေမှာ အတွေ့ရများပါတယ်။ လည်ချောင်းနာပိုး (Streptococcus)ကို အရှင်းပျောက်အောင် မကုတဲ့အတွက် နောက်ပိုင်းမှာ ခုခံအားက အဆစ်တွေကို မှားယွင်းတိုက်ခိုက်ပြီး အဆစ်တွေ ရောင်လာတာပါ။ အဆစ်ကြီးတွေ (ဒူးဆစ်၊ တံတောင်ဆစ်)ဖြစ်တာများပါတယ်။ တစ်နေရာမှာပျောက်ပြီး နောက်တစ်နေရာမှာ ပြန်ပေါ်လာတတ်ပါတယ်။ ကံကောင်းတာက အဆစ်တွေ ပုံမပျက်ပါဘူး။ဘက်တီးရီးယားကြောင့်၊ ဗိုင်းရပ်စ်ကြောင့်၊ မှိုပိုးကြောင့် ဖြစ်နိုင်ပါတယ်။ အဆစ်ပေါ်က အရေပြားမှာ ဖြစ်ဖြစ်၊ ဆီးလမ်းကြောင်းမှာဖြစ်ဖြစ်၊ ခန္ဓာကိုယ်ရဲ့ တခြားနေရာမှာဖြစ်ဖြစ် ပိုးဝင်ရင် သွေးထဲကနေတဆင့် အဆစ်တွေဆီရောက်လာတတ်ပါတယ်။ အဆစ်မှာ ခုခံအားဆဲလ်သိပ်မရှိတဲ့အတွက် ရောဂါပိုးဒဏ်ကို မခံနိုင်ပါဘူး။ ဒါကြောင့် ပိုးဝင်ရောင်ရမ်းပြီး အဆစ်ထဲမှာ ဖိအားတွေ များလာတာကြောင့် အဆစ်ပျက်စီးတတ်ပါတယ်။ပုံမှန်ဆိုရင် သွေးထဲက ယူရစ်အက်စစ်တွေကို ကျောက်ကပ်က စွန့်ထုတ်ပေးတဲ့အတွက် ဘာမှပြဿနာမရှိပါဘူး။ ဒါပေမယ့် ကျောက်ကပ်မကောင်းလို့ မစွန့်ထုတ်နိုင်တာဖြစ်ဖြစ်၊ ပမာဏများလာရင်ပဲ ဖြစ်ဖြစ် သွေးထဲမှာများလာပြီး အဆစ်တွေမှာ စုပုံလာတာကြောင့် ဂေါက်ရောဂါဖြစ်လာပါတယ်။၁၆နှစ်အောက် ကလေးတွေမှာ ဖြစ်တာများပါတယ်။ ဘာကြောင့်လဲဆိုတာကို သေချာမသိကြသေးပေမယ့် ခုခံအားက တိုက်ခိုက်တာကြောင့်လို့ ယူဆထားကြပါတယ်။အဆစ်ရောင်ခြင်းက အကြောင်းရင်းတွေ ကွဲနေပေမယ့် လက္ခဏာလေးတွေက ခပ်ဆင်ဆင်ပါပဲ။ဒါ့ပြင် တခြားရောဂါအခံ ( ဥပမာ – SLE၊ သွေးလေးဖက်နာ)ရဲ့ လက္ခဏာတွေလည်း ရှိနေနိုင်မှာပါ။ရောဂါကုသဖို့အတွက် အရင်ဆုံးသင့်ရောဂါရာဇဝင်ကို မေးမြန်းတာ၊ စမ်းသပ်တာတွေ လုပ်ပါမယ်။ လိုအပ်ရင် ဆေးစစ်တာတွေ လုပ်ပါမယ်။ ဓာတ်မှန်၊ ကွန်ပျူတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန်၊ အယ်ထွာဆောင်း စတာတွေ လုပ်ရမှာပါ။ကုသနည်းတွေကတော့။တစ်ဖက်က ဆရာဝန်နဲ့ ကုသနေချိန်မှာ အိမ်မှာလည်း နာကျင်မှု သက်သာပြီး ကုသမှုကို အထောက်အကူပြုတဲ့ နည်းလမ်းလေးတွေ လုပ်ပေးလို့ရပါတယ်။Rest – နာနေတဲ့ နေရာကို အနားပေးထားပါ။Ice – ရေခဲကပ်ပါ။ ရေခဲကို အဝတ်ထဲထည့်ပြီး နာနေတဲ့နေရာကို မိနစ်၂၀လောက် ကပ်လိုက် နားလိုက် လုပ်ပေးပါ။ ခံနိုင်ရုံလောက်သာ အေးပါစေ။Compress – နာတဲ့နေရာကို ပတ်တီးနဲ့  ခပ်ဖိဖိစီးထားပေးပါ. မတင်းကြပ်ပါစေနဲ့။Elevate – နာနေတဲ့ နည်းနည်းမြှင့်ထားပေးပါ။ ဥပမာ ခြေဆစ်နာတယ်ဆိုရင် တွဲလောင်းချထားမယ့်အစား ခုံပေါ်တင်ထားပါ။အဆစ်ရောင်ဝေဒနာက (အထူးသဖြင့် ခြေ၊ လက်မှာဖြစ်တဲ့) အချိန်မီမကုသရင် နောက်ပိုင်းမှာ ပုံပျက်ပြီး သုံးမရအောင် ပျက်စီးသွားနိုင်ပါတယ်။ အထိုင်အထခက်တာ၊ လမ်းမလျှာက်နိုင်တာတွေအထိ ဖြစ်သွားနိုင်လို့ အချိန်မီကုသဖို့ အကြံပြုလိုပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/arthritis-orthopedics-musculoskeletal/types-of-arthritis-and-management/
သင့်ကို နားအူ စေတဲ့ အကြောင်းရင်းများ
နားအူရတဲ့ အကြောင်းရင်း အများကြီး ရှိပေမယ့် အများစုကတော့ အကြောင်းအရင်း မရှိဘဲ ဒီတိုင်း နားအူကြတာ များပါတယ်။ အဖြစ်များစေတဲ့ အကြောင်းတွေကတော့။နားထဲမှာ အသံတွေကို ကြားရတဲ့အခါ သေးငယ်တဲ့ ဆဲလ်လေးတွေ လှုပ်သွားပါတယ်။ ဒီဆဲလ်တွေလှုပ်သွားတာကို အာရုံကြော သိပြီး ဦးနှောက်ကို ပို့ပေးတာကြောင့် အသံမှန်း သိတာပါ။ အသက်ကြီးလာလို့ ဖြစ်ဖြစ်၊ အသံဆူဆူတွေ နားထောင်တာများလို့ ဖြစ်ဖြစ် ဒီဆဲလ်လေးတွေ ပျက်စီးသွားတဲ့အခါ ဦးနှောက်ဆီကို အသံတွေ မှားပို့ပါတယ်။ ဒါကြောင့် ပုံမန်မဟုတ်တဲ့ အသံတွေဖြစ်လာပြီး နားအူတာပါ။နားပိုးဝင်ပြီး ပြည်တည်နေတာ၊နားဖာချေးပိတ်နေတာ၊ ပစ္စည်းတစ်ခုခု စို့နေတဲ့အခါ  နားထဲမှာ ဖိအားအပြောင်းအလဲ ဖြစ်ပြီး နားအူတတ်ပါတယ်။ဒီလိုနေရာတွေမှာ ထိခိုက်ဒဏ်ရာရတဲ့အခါ နားအတွင်းပိုင်း၊ အာရုံကြော၊ ဦးနှောက်စတာတွေကို ထိခိုက်နိုင်ပါတယ်။ ထိခိုက်ဒဏ်ရာကြောင့်ဆိုရင်တော့ တစ်ဖက်တည်းအူတာ များပါတယ်။တချို့ဆေးတွေက ဘေးထွက်ဆိုးကျိုးအနေနဲ့ နားအူတာကို ဖြစ်စေ ဒါမှမဟုတ် ပိုဆိုးစေပါတယ်။ များသောအားဖြင့် ဆေးရပ်လိုက်ရင် ပြန်ကောင်းသွားကြပါတယ်။ ဥပမာ ပြောရရင်NSAIDsအမျိုးအစား အကိုက်အခဲပျောက်ဆေးတွေ၊ တချို့ပိုးသတ်ဆေးတွေ၊ ကင်ဆာဆေးတွေ၊ ဆီးဆေးတွေ၊ ငှက်ဖျားဆေးတွေ၊ စိတ်ကျရောဂါကုဆေးတွေက ဖြစ်တတ်ပါတယ်။ရောဂါတွေကြောင့်လည်း နားအူတာဖြစ်တတ်ပါတယ်။ ဥပမာ Meniere’s disease၊ နားပြွန်ရောဂါ၊ နားအရိုးရောဂါ၊ မေးရိုးရောဂါ၊ အကျိတ်တွေ၊ သွေးကြောရောဂါ၊ ဆီးချို၊ သိုင်းရွိုက်ရောဂါနဲ့ သွေးအားနည်းရောဂါတွေမှာလည်း ဖြစ်တတ်တာကို တွေ့ရပါတယ်။နားအူရုံသက်သက်က ကြီးကြီးမားမား ထိခိုက်စရာ မရှိပါဘူး။ ဒါပေမယ့် အသံကြောင့် အာရုံစူးစိုက်လို့ မရတာ၊ အိပ်မရတာ၊ စိတ်ရှုပ်ရတာ၊ နေလို့မကောင်းတာ စတာတွေတော့ ဖြစ်တတ်ပါတယ်။နားအူတာကသူ့အလိုလို ပျောက်သွားတာလည်း ရှိသလို တချို့ကျတော့လည်း ကြာလာတော့ နေသားကျသွားတာလည်း ရှိပါတယ်။ ကုသနည်းတွေကတော့ ဖြစ်တဲ့အကြောင်းရင်းပေါ် မူတည်ပြီး ကွဲပြားနိုင်ပါတယ်။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/ear-conditions/causes-of-tinnitus/
ဇီဇဝါပန်း ဆေးဖက်ဝင်သလား !
အနံ့လေးရရင် အမောပြေစေပြီး အဆင်းလေးများ မြင်ရရင် နှစ်ခြိုက်သဘောကျစရာကောင်းတဲ့ ဇီဇဝါပန်းလေးကို မသိသူကတော့ ခပ်ရှားရှားပါ။ ခြံစည်းရိုးပန်းပင် အဖြစ် စိုက်ပျိုးကြတာမျိုး ရှိသလို အလှစိုက်တာမျိုးတွေလည်း ရှိပါတယ်။ ဒီလို ချစ်စရာကောင်းတဲ့ ဇီဇဝါပန်း ဆေးဖက်ဝင်သလား ဆိုတာကို တွေးမိဖူးလား ….. ဒီတစ်ခေါက်တော့ ချစ်စရာကောင်းတဲ့ ဇီဇဝါပန်းလေးက ဆေးဖက်ဝင်သလား… ဘယ်လိုမျိုး ဆေးဖက်ဝင်တာလဲ… ဆိုတာကို ပြောပြပေးသွားချင်ပါတယ်။ဇီဇဝါပန်းဆိုတာက အလယ်မှာ ဝတ်ဆံတိုင်လေးပါပြီး ရွက်ဖက်အဖြူနှစ်ရောင်လေးတွေ အထပ်အထပ်နဲ့ ရှိပြီး အညှာတံက စိမ်းရောင်ဖျော့ဖျော့လေးပါ။ အရွက်လေးတွေကတော့ သိပ်မရှည် သိပ်မဝိုင်းဘဲ အစိမ်းရင့်ရောင် စိုစိုလေးရှိပြီး ရွက်ကြောဖြာဖြာလေး ရှိပါတယ်။ဇီဇဝါပန်း ဆေးဖက်ဝင်သလား ဆိုတော့ ဆေးဖက်ဝင်ပါတယ်။ ဘယ်လိုဆေးဖက်ဝင်သလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား …..။ဇီဇဝါပန်းမှာ ပါဝင်နေတဲ့ ဒြပ်ပေါင်း ၂ မျိုးဖြစ်တဲ့genipocytes နဲ့ genipins တို့က အရောင်ကျစေနိုင်ပါတယ်။ ခန္ဓာကိုယ်ကို ရောဂါပိုး‌တွေနဲ့ ပြင်ပက ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့ အရာတွေကြောင့် ထိခိုက်မှုကနေ ကာကွယ်ပေးပါတယ်။ကိုယ်တွင်းမှာသွေးဖြူဥဆဲလ်ထွက်ရှိမှု တိုးစေပြီး ဖရီးရက်ဒီကယ်လ်တွေကြောင့် ထိခိုက်မှု ကင်းစေပါတယ်။ဇီဇဝါပန်းရဲ့ ရနံ့ကစိတ်ခံစားမှုကောင်းစေပြီး စိတ်အပန်းပြေစေသလို စိတ်လက်အပန်းပြေစေနိုင်တဲ့ အာနိသင်ရှိပါတယ်။အာရုံကြောဆဲလ်တွေကို အနားရစေပြီး စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်ပါတယ်။ ကောင်းကောင်း အိပ်ပျော်စေဖို့လည်း ထောက်ကူပေးနိုင်ပါသေးတယ်။မကြာသေးခင်က လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုအရ ဇီဇဝါပန်းပင်ရဲ့ အဆီအနှစ်က ကိုယ်တွင်းအဆီပိုတွေကို ဖယ်ရှားပေးနိုင်သလို ဓာတ်တိုးဆန့်ကျင် အာနိသင်တွေ ပါဝင်နေတာကြောင့် အဝလွန်တာမျိုး မဖြစ်အော်င ကာကွယ်ပေးပါတယ်။ဇီဇဝါပန်းမှာ genipin နဲ့ursolicအက်ဆစ်တွေ ပါဝင်နေပြီးအစာခြေစနစ်ကို ကျန်းမာစေဖို့ ထောက်ကူပေး ပါတယ်။ အစာအိမ်ရောင်တာ၊ အစာအိမ်အနာ၊ အစာခြေအက်ဆစ် ပြန်ဆန်တက်တာ၊ အစာအိမ်ပိုးဝင်တာမျိုးတွေကို သက်သာစေဖို့ လုပ်ဆောင်ပေးပါတယ်။နောက်ထပ် အာနိသင် တစ်ခုကတော့ ဇီဇဝါပင်ရဲ့ အဆီအနှစ်က ကိုယ်တွင်းက အဆီတွေကို ဖယ်ရှားပေးနိုင်သလို အင်ဆူလင် ထွက်ရှိအောင် လှုံ့ဆော်ပေးပြီးသွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ကိုယ်လက်လှုပ်ရှားမှု နည်းမယ်ဆိုရင် သွေးလည်ပတ်မှုလည်း မကောင်းနိုင်ပါဘူး။ ဒါကြောင့် ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်ဖို့ လိုပါမယ်။ ဒီနေရာမှာ ကိုယ်လက်လှုပ်ရှားမှု လုပ်တာနဲ့အတူသွေးလည်ပတ်မှုကောင်းစေဖို့ အသုံးပြုပေးလို့ ရတာလေး တစ်ခု ရှိပါတယ်။ ဒါကတော့ ဇီဇဝါပန်းရဲ့ အဆီအနှစ်ပါ။ ဇီဇဝါပန်း အဆီအနှစ်က သွေးလည်ပတ်မှု ကောင်းစေပြီး ကိုယ်တွင်းမှာ လုံလောက်တဲ့ အောက်ဆီဂျင်နဲ့ အာဟာရတွေကို ရရှိစေဖို့ ကူညီပေးပါတယ်။အထိုင်များတာ၊ လှုပ်ရှားမှု များတာ စသဖြင့် အမျိုးမျိုးသော အကြောင်းအရင်းတွေကြောင့် နာကျင်တာမျိုးတွေ ခံစားရမယ်ဆိုရင် သက်သာစေဖို့ ဇီဇဝါပန်းကို အသုံးပြုပေးလို့ ရပါတယ်။ ဇီဇဝါပန်းက နာကျင်မှုကို သက်သာစေနိုင်သလိုအရိုးအကြောနဲ့ ကြွက်သားတွေကို သက်တောင့်သက်သာ ဖြစ်စေနိုင်ပါတယ်။ခေါင်းကိုက်တာ၊ ကြွက်သားတွေ ကိုက်ခဲတာကို သက်သာစေသလိုခြေကုန်လက်ပမ်းကျတာကိုလည်း သက်သာစေနိုင်ပါတယ်။ဇီဇဝါပန်းရဲ့ ရနံ့က စိတ်ခံစားမှု ကောင်းစေသလို အသက်ရှူလမ်းကြောင်းကိုလည်း ကျန်းမာစေနိုင်ပါတယ်။ နှာခေါင်းပိတ်တာ၊ ရင်ကြပ်တာတွေကို သက်သာစေဖို့ ဇီဇဝါပန်းအဆီကို ရေနွေးထဲ ထည့်ပြီး ရေနွေးငွေ့ရှူပေးလို့ ရပါတယ်။ဇီဇဝါပန်းကို လူကြီးမိဘတွေမှာ မှတ်မိနိုင်စွမ်းကျလာတာ၊ သိမြင်မှုစွမ်းရည် ကျဆင်းလာတာတွေကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ ဦးနှောက်ကို ကျန်းမာစေပြီး လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ မှတ်မိနိုင်စွမ်း ကျဆင်းတာကို အတိုင်းအတာ တစ်ခုအထိ ကာကွယ်ပေးနိုင်ပါတယ်။ဆီးလမ်းကြောင်း ပိုးဝင်တာ အပါအဝင် ဆီးလမ်းကြောင်းမှာ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာတွေကို သက်သာစေဖို့ ဇီဇဝါပန်းကို အသုံးပြုပေးလို့ ရပါတယ်။ ဇီဇဝါပန်းမှာ ပိုတက်ဆီယမ်နဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ပါဝင်နေတာက ကျောက်ကပ်ကို ထိခိုက်မှု ကင်းစေဖို့ ကာကွယ်ပေးပြီးဆီးလမ်းကြောင်း ကျန်းမာစေဖို့လုပ်ဆောင်ပေးပါတယ်။အသားအရေ ခြောက်သွေ့မွဲခြောက်လို့ စိတ်ညစ်နေပြီလား! ဒါဆိုရင်တော့ ဇီဇဝါပန်းလေးကို အသုံးပြုပေးလို့ ရပါတယ်။ ဇီဇဝါပန်းက အရေပြားကို အစိုဓာတ် ထိန်းပေးပြီး အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးသလို ဆဲလ်အသစ်တွေ ဖြစ်ပေါ်စေဖို့လည်း ထောက်ကူပေးပါတယ်။ဇီဇဝါပန်းကကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် တန်ဆေး လွန်ဘေးဆိုသလို အများကြီး မသုံးသင့်ပါဘူး။ ရောဂါ အခံရှိသူတွေ၊ ကျန်းမာရေးပြဿနာတွေကြောင့် ဆေးသောက်နေရသူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေအနေနဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ အသုံးပြုသင့်ပါတယ်။ဇီဇဝါပန်းနဲ့ ပတ်သက်ပြီး ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။ သဘာဝဆေးဖက်ဝင်ဆိုပေမယ့် ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်း မရှိရင် ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်နိုင်တာကို သိထားရန် လိုအပ်ပါတယ်။# တတိုင်းမွှေး ဆေးဖက်ဝင်ပါတယ်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/gardenia-coronaria-health-benefits/
ဘေဘီလေးရဲ့ပါးစပ်မှာ အမြှုပ်တွေစီနေတာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ် ။
ကိုယ့်ကလေးလေးကို မွေးလာပြီဆိုတည်းက အရိပ်တကြည့်ကြည့်နဲ့ စိုးရိမ်နေတတ်ကြတာ မိဘတိုင်းပါ။ အချိန်ပြည့်ကလေး အရိပ်အခြေကို စောင့်ကြည့်ပြီး ပြုစုနေတဲ့ကြားက မိဘတွေ စိုးရိမ်ထိတ်လန့်စရာ အပြုအမူတွေ ကလေးဆီမှာ ဖြစ်တတ်ပါတယ်။ အဲဒီအထဲကတစ်ခုကတော့ ကလေးပါးစပ်ကနေ အမြှုပ်လေးတွေ ထွက်နေတာမျိုးပေါ့။ကလေးပါးစပ်ကနေ အမြှုပ်လေးတွေ ထွက်နေပြီဆိုတာနဲ့ မိဘတော်တော်များများက စိုးရိမ်သွားတတ်ကြပါတယ်။ကလေးကျန်းမာရေးတစ်ခုခုဖြစ်နေပြီလား မတည့်တာတွေစားမိပြီး အမြှုပ်ထွက်နေတာလားပေါ့။ ဒီလိုပဲ ပုံမှန်ဖြစ်တတ်လားပေါ့။ ဘေဘီလေးရဲ့ပါးစပ်မှာ အမြှုပ်တွေစီနေတာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ် ။ကလေးပါးစပ်မှာ အမြှုပ်လေးတွေစီနေရခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာတွေ အများကြီးရှိပါတယ်။ ပုံမှန် တံတွေးနဲ့လေနဲ့ ရောပြီး အမြှုပ်ထတာဖြစ်နိုင်သလိုကလေးရဲ့ လေကြောင်းလမ်းပိတ်ပြီး အသက်ရှူမရတာကြောင့် မျိုးတွေ လဲဖြစ်နိုင်ပါတယ်။ ကဲ ဘယ်လိုအကြောင်းတွေ ရှိနိုင်လဲဆိုတာ ဆက်ကြည့်ရအောင်။( ၁ ) ကလေးကို နို့အများကြီးတိုက်ထားတာကြောင့် ဖြစ်နိုင်ပါတယ်။မွေးကင်းစကလေးလေးတစ်ယောက်က တစ်ခါသောက်ရင် နို့တစ်အောင်စကနေ နှစ်အောင်စလောက်အထိပဲ သောက်နိုင်တာပါ။ ဒါကို ကလေးဗိုက်ပြည့်စေချင်တဲ့ စေတနာနဲ့ အများကြီးတိုက်မိလို့ရှိရင် နို့တွေကို ကလေးက ပြန်ထုတ်ရင်းနဲ့ ပါးစပ်မှာအမြှုပ်လေးတွေစီနေတတ်ပါတယ်။ ကလေးသဘာဝအရ အိပ်နေရင်းနဲ့လည်း တံတွေးတွေကို မျိုချမိတတ်တာကြောင့်တံတွေးနဲ့လေနဲ့ ရောသွားပြီး အမြှုပ်လေးတွေ စီထွက်နေတတ်ပါတယ်။ကလေးနို့တိုက်တာများသွားလား မများဘူးလားဆိုတဲ့ ပမာဏကို စစ်ဆေးကြည့်လို့ မရပေမယ့် နို့တိုက်တဲ့ အချိန်ကိုတော့ တစ်ချက်ကြည့်လို့ရပါတယ်။မွေးကင်းစကလေးတွေကို နို့တစ်ခါတိုက်ရင် တစ်ဘက်စီကို ၁၀ မိနစ်လောက်ပဲ ကြာသင့်ပါတယ်။ တကယ်လို့ကလေးက နို့မဝသေးတဲ့ ပုံပေါက်ရင် ၁၅ မိနစ်လောက် နားပြီးမှ တစ်ခါ ပြန်တိုက်ပါ။ကလေးကို နို့ဘူးတိုက်နေတယ်ဆိုရင်တော့ မှန်ကန်တဲ့နို့ဘူးကို ရွေးချယ်တတ်ဖို့လိုပါတယ်။ နို့ဘူးရဲ့ နို့သီးခေါင်းက အပေါက်က အရမ်းကျယ်နေတဲ့အခါ ကလေးတစ်ခါစုပ်လိုက်တိုင်း နို့အများကြီးနဲ့ လေတွေ ဝင်သွားတတ်ပြီးကလေး လေအောင့်တာ၊ ပါးစပ်ကနေ အမြှုပ်ထွက်နေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။( ၂ ) ကလေးဗိုက်ထဲမှာ လေတွေရှိနေတာ ဖြစ်နိုင်တာကြောင့် ကလေးကို လေထုတ်ပေးပါ။ကလေးတွေကို လေထုတ်ပေးဖို့ဆိုတာ အရေးကြီးတဲ့အရာတစ်ခုပါ။ အထူးသဖြင့် နို့တိုက်ပြီးချိန်မှာ လေထုတ်ပေးဖို့က ပိုလို့တောင် အရေးကြီးပါသေးတယ်။ မဟုတ်ရင်နို့တွေ ပြန်အန်တာနဲ့ အိပ်နေချိန် ပါးစပ်ကအမြှုပ်တွေစီနေတာမျိုး ဖြစ်တတ်ပါတယ်။( ၃ ) ရေမြွာရည်တွေကလည်း ကလေးပါးစပ်ကနေ အမြှုပ်တွေစီနေရခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုပါ။တစ်ခါတစ်ရံ မွေးကင်းစကလေးတွေရဲ့ ဗိုက်ထဲမှာ ရေမြွာရည်တွေ မျိုချထားမိတတ်တာကြောင့် အဲဒီအရည်တွေကို ပြန်ထုတ်တဲ့အနေနဲ့ ကလေးပါးစပ်ကနေ အမြှုပ်လေးတွေ စီထွက်နေတတ်ပါတယ်။ ဒီလိုရေမြွာရည်တွေ ပြန်အန်ထုတ်တဲ့အခြေအနေက မွေးပြီး ၂ ရက် ၃ ရက်လောက်ဆို ပြန်ပျောက်သွားတတ်ပါတယ်။( ၄ )အစာခြေရည် ပြန်ဆန်တက်ခြင်း။အစာခြေရည်တွေ ပြန်ဆန်တက်တဲ့ ပြဿနာရှိတဲ့ ကလေးတွေက အခြားသူတွေထက် ပိုပြီးပါးစပ်မှာ အမြှုပ်လေးတွေ စီနေတတ်ပါတယ်။( ၅ ) ရောဂါပိုးဝင်ခြင်း။ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေကြောင့် ကလေးလေပြွန်ရောင်တာ၊ အဆုတ်ပွအဆုတ်ရောင်တဲ့ပြဿနာတွေဟာ ကလေးတွေ အိပ်နေရင်းနဲ့ ပါးစပ်ကနေ အမြှုပ်တွေစီနေရခြင်းရဲ့ ပြဿနာတွေထဲက တစ်ခုပါ။ ဒါပေမယ့် ပါးစပ်က အမြှုပ်စီတာတစ်ခုတည်းမဟုတ်ဘဲ ကလေးကဖျားတာ၊ချောင်းဆိုးတာ၊ အသက်ရှူရခက်နေတာမျိုးတွေပါရှိရပါမယ်။လေကြောင်းပိတ်ပြီး ကလေးအသက်ရှူရခက်နေတာမျိုး ဖြစ်နေမယ်ဆိုရင်တော့ လှဲအိပ်နေတဲ့ ကလေးကို ချက်ချင်းထောင်လိုက်ပါ။ ဒီလို အခြေအနေသာရှိတယ်ဆိုရင်တော့ အမြန်ဆုံး ကလေးဆရာဝန်ဆီ ပြေးတာပိုကောင်းပါလိမ့်မယ်။ဒါတွေကတော့ ကလေးပါးစပ်မှာ အမြှုပ်လေးတွေစီနေရခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်။ ဒါလေးတွေကိုသိထားမှာ ကိုယ့်ကလေးပါးစပ်က အမြှုပ်တွေက ဘာ့ကြောင့်ဖြစ်ရတာလဲဆိုတာ မြန်မြန်ဆန်ဆန်သိပြီး စိုးရိမ်စရာရှိရင်လည်း ဆရာဝန်ဆီ မြန်မြန်သွားပြနိုင်မှာ ဖြစ်ပါတယ်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/foam-in-baby-mouth/
ဆားအကြောင်း အကောင်းအဆိုး
အိမ်သုံးဆားနဲ့ပတ်သက်ပြီး သင်ဘယ်လောက်သိပါသလဲ။ကောင်းကျိုးဆိုးကျိုးတွေကို သိပါသလား။ ဆားအကြောင်း အကောင်းအဆိုး တွေကို ပြောပြပေးချင်ပါတယ်။ အများစုကတော့အစားအစာများကို ချက်ပြုတ်ရာမှ မရှိမဖြစ် အသုံးပြုရတဲ့ ပစ္စည်းအနေနဲ့၊ လွန်ကဲစွာ စားသုံးမိရင်သွေးတိုးနဲ့နှလုံးရောဂါဖြစ်စေမယ့် ပစ္စည်းအနေနဲ့ သိကြပါတယ်။ဆားအကြောင်း အကောင်းအဆိုး လေ့လာလိုက်ရအောင်နော်။ ဆားကို ဓာတုဗေဒအရ ဆိုဒီယမ်ကလိုရိုဒ် (NaCl) လို့ ခေါ်ပါတယ်။ ဆိုဒီယမ် ၄၀ ရာခိုင်နှုန်း၊ ကလိုရိုဒ် ၆၀ ရာခိုင်နှုန်းနဲ့ ပေါင်းစပ်ဖွဲ့စည်းထားပါတယ်။ တကယ်တော့ ဆားဟာ လူ့ကိုယ်ခန္ဓာရဲ့ မရှိမဖြစ်ဓာတ်ဆား (electrolyte) ပဲ ဖြစ်ပါတယ်။ ကိုယ်ခန္ဓာအတွင်းမှာ အရည်တွေ ဟန်ချက်ညီမျှတဖို့၊ အာရုံကြောများ လျှပ်ကူးခြင်း ကောင်းမွန်စေဖို့၊ ကြွက်သားများ ပုံမှန်လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ဖို့ အထောက်အကူ ပြုပါတယ်။ရှေးယခင်က ဆားကို အစားအစာတွေကို ကြာရှည်ခံအောင် ပြုလုပ်ရာမှာ စတင်အသုံးပြုခဲ့ပါတယ်။ အစားအစာတွေထဲမှာ ဘက်တီးရီးယားပိုးတွေ ပေါက်ပွားခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဆားကို နည်းလမ်းနှစ်မျိုးနဲ့ ထုတ်လုပ်ခဲ့ကြပါတယ်။ ဆားမိုင်းများက ထုတ်လုပ်သလို ပင်လယ်ဆားငန်ရေကနေလည်း ချက်လုပ်ပါတယ်။ကျန်းမာရေးပညာရှင်များအနေနဲ့ တစ်နေ့တာမှာ ဆိုဒီယမ်ကို ၂၃၀၀ မီလီဂရမ်ထက် ပိုပြီး မစားသုံးဖို့ သတိပေးခဲ့ကြပါတယ်။ ဒါဟာ ဆားတစ်ဇွန်း (ထမင်းစားဇွန်းဖြင့်) ဒါမှမဟုတ် ၆ ဂရမ်နဲ့ ညီမျှပါတယ်။ အကြောင်းကတော့ ဆားကို လိုတာထက် ပိုမိုသုံးစွဲမိရင် သွေးတိုးရောဂါဖြစ်ပြီး နှလုံးရောဂါဖြစ်နိုင်ခြေ၊ လေဖြတ်နိုင်ခြေရှိလို့ ဖြစ်ပါတယ်။ဆားကို လျှော့စားခြင်းအားဖြင့် သွေးပေါင်ချိန်ကို ထိန်းနိုင်တယ်ဆိုတာ အမှန်ပါပဲ။ အထူးသဖြင့် ဆားအနည်းငယ် စားရုံမျှနဲ့ သွေးတိုးတတ်သူတွေမှာ သိသာပါတယ်။ သုတေသနတစ်ခုမှာ ဖော်ပြချက်အရ ပုံမှန်သွေးပေါင်ချိန်ရှိတဲ့လူတွေမှာ ဆားသုံးစွဲမှုကို လျှော့ချလိုက်ရင် အပေါ်သွေး ၂.၄၂ ကျဆင်းပြီး အောက်သွေးဟာ ၁ ကျဆင်းတယ်လို့ သိရပါတယ်။ ဥပမာ သွေးပေါင်ချိန် 130/75 mmHg ရှိသူဟာ 128/74 mmHg ကို ကျဆင်းသွားခြင်း ဖြစ်ပါတယ်။ ဆားကို လျှော့စားကြဖို့လည်း အချင်းချင်းတိုက်တွန်းပေမယ့် ဘယ်အတိုင်းအတာ သုံးစွဲရမယ်ဆိုတာတော့ သိတဲ့သူရှားပါတယ်။ ဒီတော့ တစ်ရက်ကို ဆား ၆ ဂရမ်ထက် ပိုမစားတာ အကောင်းဆုံးပါပဲ။ဆားကို စားသုံးတာများရင် အစာအိမ်ကင်ဆာဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ သုတေသနတွေ့ရှိချက်တွေ ရှိပါတယ်။ ဆားကို စားသုံးမှု မြင့်မားသူတွေဟာ ပုံမှန်လောက်ပဲ စားသုံးသူတွေထက် အစာအိမ်ကင်ဆာဖြစ်နိုင်ခြေ ၆၈ ရာခိုင်နှုန်းမြင့်မားတယ်လို့ သိရပါတယ်။ အကြောင်းပြချက်နှစ်ချက် ရှိပါတယ်။ တစ်ချက်ကတော့ ဆိုဒီယမ်များလာခြင်းဟာ အစာအိမ်အနာဖြစ်စေတဲ့ H Pylori ဘက်တီးရီးယားပေါက်ပွားမှုကို တိုးတက်လာစေတယ်လို့ ဆိုပါတယ်။H Pylori များလာခြင်းဟာ အစာအိမ်ကင်ဆာဖြစ်နိုင်ခြေ များလာစေပါတယ်။ နောက်တစ်ချက်ကတော့ ဆားများခြင်းဟာ အစာအိမ်အနာတွေကို ထိခိုက်ရောင်ရမ်းစေတယ်လို့ ဆိုပါတယ်။ ဒါဟာ ကင်ဆာဖြစ်စေတဲ့ ကာစီနိုဂျင်ပစ္စည်းတွေနဲ့ ထိတွေ့မှုများစေပါတယ်။ဆားကိုစားသုံးမှုများရင် ရောဂါဖြစ်နိုင်တာ သိကြပေမယ့် နည်းသွားရင်လည်း ဘေးဥပါဒ်ဖြစ်တတ်တာကိုတော့ လူသိတာနည်းပါတယ်။ ဆားကို စားသုံးမှုကန့်သတ်လွန်းရင် အောက်ပါပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။– LDLကိုလက်စထရောနှင့် triglyceride မြင့်တက်ခြင်း။ ဆားကို စားသုံးမှုကန့်သတ်လိုက်ရင် အဆိုပါအဆီဓာတ်နှစ်မျိုး မြင့်တက်တတ်ပါတယ်။– နှလုံးရောဂါ။ သုတေသနတွေအရ ဆိုဒီယမ်ကို တစ်နေ့ ၃၀၀၀ မီလီဂရမ်ထက် လျှော့စားရင်လည်း နှလုံးရောဂါဖြစ်နိုင်ခြေ ရှိတယ်လို့ သိရပါတယ်။– နှလုံးအလုပ်မလုပ်ခြင်း။ ဆားကိုလျှော့ပြီးစားလွန်းရင် နှလုံးဟာ ပုံမှန်အလုပ်မလုပ်နိုင်တော့ပါဘူး။– အင်ဆူလင်မတိုးခြင်း။ ဆားနည်းတဲ့ အစားအစာတွေပဲ စားသုံးဖန်များရင် အင်ဆူလင်ဟော်မုန်းရဲ့ အာနိသင် မထိရောက်တော့တဲ့ တွေ့ရှိချက်တွေ ရှိထားပါတယ်။–အမျိုးအစား ၂ ဆီးချို။ ဆီးချိုလူနာတွေမှာ ဆိုဒီယမ်နည်းပါးခြင်းဟာ အန္တရာယ်ရှိပါတယ်။တာရှည်ခံအောင် အဆင့်ဆင့်ပြုပြင်ထုပ်ပိုးထားတဲ့ အစားအစာတွေမှာ ဆားပါဝင်မှုများပါတယ်။ ဆားစိမ်ခြင်း၊ စည်သွတ်ခြင်း၊ သနပ်လုပ်ခြင်း စတဲ့နည်းတွေနဲ့ ပြုပြင်ထားတဲ့ အစားအစာတွေ ဖြစ်ပါတယ်။ ထုပ်ပိုးထားတဲ့ အစားအစာတွေကို ဝယ်ယူခါနီးမှာ ဆိုဒီယမ် ပါဝင်နှုန်းကို ဖတ်ရှုနိုင်ပါတယ်။အဓိကကတော့ တန်ဆေးလွန်ဘေး ဆိုသလိုပဲ ဆားကိုလည်း မနည်းလွန်း မများလွန်း ချင့်ချိန်စားသုံးခြင်းဟာ ကျန်းမာရေးအတွက် အကောင်းဆုံးပါပဲ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/salt-good-or-bad/
နားစည်ပေါက် တိုင်း နားကန်းသလား။
ကလေးကို နားရင်းမအုပ်နဲ့၊ နားစည်ပေါက် ပြီး ကန်းသွားတတ်တယ်။ နားထဲကို ဇွတ်မကလော်နဲ့။ နားစည်ပေါက်ပြီး ကန်းသွားမယ် စသဖြင့် လူကြီးတွေ ပြောတာ ကြားဖူးမှာပါ။ နားစည်ပေါက်တိုင်းနားကန်းနိုင်သလား။ ကုမရဘူးလား။ တကယ်ဘဲ မျက်စိအဆုံး၊ နားအရှုံး ဖြစ်တော့မှာလား။ဒါတွေ မပြောခင် ဘာလုပ်ရင် နားစည်ပေါက်နိုင်လဲ ဆိုတာက စရအောင်။နားစည်ပေါက်တာက လူအများထင်သလို ဖောင်းခနဲ၊ ဖောက်ခနဲ ကြားလိုက်ရမှာ မဟုတ်ပါဘူး။ သူ့လက္ခဏာတွေကတော့။ဒါမပြောခင် နားစည်က ဘာလုပ်ပေးသလဲဆိုတာ ရှင်းပြပေးပါမယ်။ နားစည်က။ဒါကြောင့် နားစည်ပေါက်တဲ့အခါနားမကြားတာ၊ နားပိုးဝင်တာ၊ နားထဲက ဆဲလ်သေတွေ၊ အညစ်အကြေးတွေ ပေါင်းပြီး အရည်အိတ်လေး ဖြစ်သွားတတ်ပါတယ်။ ဒါတွေက ပေါက်ပေါက်ချင်း ဖြစ်တာ မဟုတ်ပါဘူး။ ၃လကနေ ၆လလောက်ထိ ကြာတတ်ပါတယ်။နားစည်ပေါက်တဲ့အခါ ခဏတဖြုတ်တော့ နားမကြားတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပေါက်သွားတဲ့ နားစည်က သူ့ဟာသူ ကုစားပါတယ်။ ဆိုလိုတာက သူ့ဟာသူ ပြန်ကောင်းနိုင်ပါတယ်။ ပေါက်တဲ့ အရွယ်အစားနဲ့ နေရာပေါ် မူတည်ပြီး ဘယ်လောက်ကြာကြာ မကြားရသလဲဆိုတာ ကွာသွားနိုင်ပါတယ်။များသောအားဖြင့် ပေါက်သွားတဲ့ နားစည်က ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ပြန်ကောင်းသွားတတ်ပါတယ်။ ဒါဆို ဆရာဝန်နဲ့ ပြစရာ မလိုဘူးလား။ ဒီလိုတော့လည်း မဟုတ်ပါဘူး။ နားပိုးဝင်တာကြောင့် နားစည်ပေါက်တာဆိုရင် ပိုးဝင်တာကို ကုသရမှာပါ။ မဟုတ်ရင် ခဏခဏ ပြန်ဖြစ်ပါလိမ့်မယ်။ လိုအပ်ရင် နားထဲကို ပိုးသတ်ဆေး အစက်ချဆေးတွေနဲ့ ကုသရမှာ ဖြစ်တဲ့အတွက် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်နဲ့ ပြသသင့်ပါတယ်။နောက်ပြီး ရက်သတ္တပတ်အနည်းငယ်ကြာတာတောင် နားက ပြန်မကြားရသေးဘူးဆိုရင် နားစည်က သူ့ဟာသူ ပြန်မကုစားနိုင်လို့ ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ ဆရာဝန်အကူအညီနဲ့ ပေါက်သွားတဲ့ နားစည်ကို ဖာထေးရမှာပါ။ နည်းလမ်းတွေကတော့။နားစည်ပေါက်တာက သိပ်မစိုးရိမ်ရဘူးဆိုရင် သူ့ဟာသူ ပြန်ကုစားတာကိုပဲ စောင့်ကြည့်ပါတယ်။ ရက်သတ္တပတ်ကနေ လလောက်ထိ ကြာနိုင်ပါတယ်။ နားစည်ပေါက်တာ ကောင်းကောင်း မသက်သာခင်မှာ။-နားကို ရေစိုမခံပါနဲ့။ ရေချိုးတဲ့အခါ ရေကူးသမားတွေ သုံးတဲ့ နားကြပ်တပ်ပါ။ မရှိရင် ရေခြောက်အောင် သုတ်ပါ။ အတွင်းထဲကို နှိုက်ပြီး မသုတ်ပါနဲ့။-နားဖာ မကလော်ပါနဲ့။ နားထဲကို ဘာနဲ့မှ မကလိပါနဲ့။-နှပ်မညှစ်ပါနဲ့။ နား၊ နှာခေါင်း၊ လည်ချောင်းက တစ်ခုနဲ့ တစ်ခု ဆက်နေတာ ဖြစ်တဲ့အတွက် နားစည်ပြန်ဖာနေချိန်မှာအားပြင်းပြင်း နှပ်ညှစ်တာကို ရှောင်ပါ။ပြန်ချုပ်ရရင် နားစည်ပေါက်တိုင်း တစ်သက်လုံး နားမကြားတာ မဟုတ်ပါဘူး။ နားစည်ပေါက်တာက သူ့အလိုလို ပြန်ကောင်းနိုင်ပါတယ်။ ဒါပေမယ့် လိုအပ်တာတွေ လုပ်ဖို့ ဆရာဝန်နဲ့ ပြဖို့တော့ လိုပါတယ်။ ပြန်မကောင်းနိုင်ဘူးထင်ပြီး ကုသမှု မခံယူမိရင် အချိန်ကြာလာတဲ့အမျှ ကုရခက်ပါတယ်။ နားစည်ပေါက်တာ ကြောက်စရာ မဟုတ်ပါလို့ အကြံပြုချင်ပါတယ်။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/ear-conditions/ear-drum-perforation-and-deafness/
Earwax blockage (နားဖာချေးပိတ်ခြင်း)
နားကနေနဖားချေးအရမ်းထုတ်မိတဲ့အခါ ဒါမှမဟုတ် ရှိနေပြီးသား နားဖာချေးက နားအတွင်းပိုင်းသို့ အရမ်းထိုးသွင်းခံရတဲ့အခါမှာ နားဖာချေးပိတ်တတ်ပါတယ်။ အချို့အခြေအနေတွေမှာဆိုရင် ပိတ်နေတဲ့နားကနေ ဘာမှကြားရတော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ပိတ်နေတဲ့ နားဖာချေးတွေထုတ်လိုက်ရင်တော့ ပြန်ကောင်းသွားပါလိမ့်မယ်။ အခြေအနေအများစုမှာတော့ အိမ်တွင်းဆေးနည်းတွေ အလုပ်ဖြစ်ကြပြီး ဆရာဝန်ကလည်း ပိတ်နေတဲ့ နားဖာချေးတွေကို ထုတ်ပေးနိုင်ပါတယ်။နားဖာချေးပိတ်ခြင်းက အတွေ့ရအများဆုံး နားပြဿနာတွေထဲက တစ်ခုဖြစ်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။။နားဖာချေးပိတ်ခြင်းရဲ့ အတွေ့များတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။အထက်တွင် ဖော်ပြထားသော လက္ခဏာများလည်း ရှိပါသေးတယ်။ ရောဂါလက္ခဏာတစ်ခုခုခံစားနေရပြီဆိုရင် ဆရာဝန်ဖြင့် ပြသပေးပါ။အထက်တွင် ဖော်ပြထားသော လက္ခဏာတွေ ရှိနေမယ် ဒါမှမဟုတ် မေးစရာတွေရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တွေ့ရပါလိမ့်မယ်။ လူတစ်ယောက်နဲ့တစ်ယောက်ဟာ ခန္ဓါကိုယ်တွေ မတူညီကြပါဘူး။ သင့်အခြေအနေအတွက် ဘာက အသင့်တော်ဆုံးလဲဆိုတာ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်တာ အကောင်းဆုံးပါပဲ။နားဖာချေးကို နားအပြင်တစ်ဝက်ကားရံပေးထားတဲ့ အရေပြားကနေ ထုတ်ပေးတာပါ။ နားအခေါင်းပေါက်တစ်လျောက်မှာရှိတဲ့ နားဖာချေးနဲ့ အမွှေးသေးသေးလေးတွေဟာ ဖုန်တွေနဲ့ အခြားပြင်ပစ္စည်းတွေကနေ နားစည်လိုမျိုး နားအတွင်းပိုင်း အင်္ဂါတွေ မထိခိုက်မသွားအောင် ကာကွယ်ပေးထားပါတယ်။ လူအများစုမှာတော့ နားဖားချေးအနည်းငယ်လေးက ကွာကျလိုက် အသစ်ပြန်ဖြစ်လိုက်နဲ့ သူ့ဘာသာ မပိတ်ပဲရှိနေပါတယ်။ နားဖာချေးအမြောက်အများထုတ်လုပ်မယ် ဒါမှမဟုတ် ထိရောက်စွာ မသန့်ရှင်းနိုင်ဘူးဆိုရင် နားဖာချေးတွေပုံလားပြီး နားပိတ်သွားလိမ့်မယ်။ နားသန့်ရှင်းဖို့ ဂွမ်းတန်နဲ့ အခြားသော ပစ္စည်းတွေထည့်တတ်တဲ့ လူတွေမှာ အဖြစ်များပါတယ်။ ထိုသို့ပြုလုပ်ခြင်းက နားဖာချေးမပြင်မထွက်စေပဲ အထဲကို ထိုးသိပ်သလိုဖြစ်နေစေပါတယ်။နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။နားဖာချေးပိတ်မပတ်ကို ဆရာဝန်က နားအတွင်းသို့ အလင်းထိုးပြီး ပုံကြီးချဲ့ပေးသော အထူးပစ္စည်းကိရိယာတစ်မျိုး(အော်တိုစကုပ်)ဖြင့် ကြည့်ပြီး ဆုံးဖြတ်ပေးပါလိမ့်မယ်။ဆရာဝန်က ပိုလျံနေတဲ့ နားဖာချေးတွေကို ကိရိယာအကွေးလေးဖြင့် ခြစ်ထုတ်ပေးနိုင်သလို နားကိုစစ်ဆေးနေရင်းနဲ့ စုပ်ထုတ်ပေးနိုင်ပါတယ်။ ရေနွေးနွေးလေးဖြည့်ထားသော ရာဘာဘောလုံးပါဆေးထိုးအပ် ဒါမှမဟုတ် ဝါးတားပစ်ခ်လို့ခေါ်တဲ့ ကိရိယာဖြင့်လည်း ရေဆေးထုတ်ပြစ်နိုင်ပါတယ်။ ခဏခဏပြန်ဖြစ်တတ်မယ်ဆိုရင်တော့ Carbamide peroxide (Debrox။Earwax Removal Kit, Murine Ear Wax Removal။System) လိုမျိုး နားဖာချေးထုတ်ဆေးဝါးတွေ အသုံးပြုခိုင်းမှာဖြစ်ပါတယ်။ ယင်းဆေးဝါးတွေဟာ နားစည်ကို စပ်ဖျဉ်းဖျဉ်းဖြစ်စေတာကြောင့် ညွှန်ကြားထားတဲ့အတိုင်းသာ အသုံးပြုပေးပါ။နားဖာချေးပိတ်ခြင်းကို ရင်ဆိုင်နိုင်ဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။အောက်ပါလူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက နားဖာချေးပိတ်ခြင်းဖြင့် ရင်ဆိုင်နိုင်စေရန် ကူညီပေးပါလိမ့်မယ်။မေးစရာတွေရှိနေမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို သိရှိနားလည်စေနိုင်ရန် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/ear-conditions/earwax-blockage-%e1%80%94%e1%80%ac%e1%80%b8%e1%80%96%e1%80%ac%e1%80%b1%e1%80%81%e1%80%ba%e1%80%b8%e1%80%95%e1%80%ad%e1%80%90%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
သားဥအိမ်ကင်ဆာ (Ovarian Cancer)
ဒီကင်ဆာအမျိုးအစားက အမျိုးသမီးတွေမှာ ဖြစ်တဲ့ ကင်ဆာပါ။ အဖြစ်များတဲ့ ကင်ဆာတစ်ခုဆိုလည်း မမှားပါဘူး။ ဒီတော့ လေဒီတွေအနေနဲ့ သတိထားလို့ရအောင်သားဥအိမ်ကင်ဆာအကြောင်းလေး ပြောပြပေးပါရစေ။သားဥအိမ်တွေမှာ စတင်ပြီး ဖြစ်ပွားတဲ့ကင်ဆာကို သားဥအိမ်ကင်ဆာလို့ ခေါ်ပါတယ်။ များသောအားဖြင့် ဆီးစပ်နဲ့ ဝမ်းဗိုက်ဆီကင်ဆာဆဲလ်တွေပျံ့နှံ့ပြီး ကုသရခက်ခဲတဲ့အခြေအနေ၊ အသက်အန္တရာယ်ရှိတဲ့ အခြေအနေရောက်မှ သားဥအိမ်ကင်ဆာ ဖြစ်နေတယ်ဆိုတာကို သိကြတာ များပါတယ်။သားဥအိမ်ကင်ဆာဟာ အစောပိုင်းအဆင့်တွေမှာ ရောဂါလက္ခဏာပြလေ့မရှိပါဘူး။ လက္ခဏာ ပြခဲ့ရင်လည်း ဝမ်းချုပ်တာလိုမျိုး စိုးရိမ်စရာမကောင်းတဲ့ အခြေအနေတွေသာ ဖြစ်နေတတ်ပါတယ်။ သားဥအိမ်ကင်ဆာကြောင့် ဖြစ်လေ့ဖြစ်ထအများဆုံး လက္ခဏာတွေကတော့။တကယ်လို့ အထက်ပါလက္ခဏာတစ်ခုခုကို ခံစားရရင်ဖြစ်ဖြစ် မိသားစုဝင်တွေထဲမှာ သားဥအိမ်ကင်ဆာ နဲ့ရင်သားကင်ဆာဖြစ်ဖူးတဲ့ ရာဇဝင်ရှိခဲ့မယ်ဆိုရင် လိုအပ်တဲ့ စစ်ဆေးကုသမှုတွေကို ခံယူဖို့ လိုပါမယ်။သားဥအိမ်ကင်ဆာ ဖြစ်စေနိုင်တဲ့အကြောင်းအရင်းတွေက အများကြီးပါ။သားဥအိမ်ကင်ဆာ ရှိနေလားဆိုတာကို စစ်ဆေးအတည်ပြုနိုင်ဖို့။Pelvic exam –ဒီစစ်ဆေးမှုမှာ ဆရာဝန်က လက်အိတ်စွပ်ထားတဲ့ လက်ချောင်းတွေနဲ့ မိန်းမကိုယ်အတွင်းကို စမ်းသပ်မှာပါ။ လက်တစ်ဖက်ကလည်း ဝမ်းဗိုက်ကို ဖိနှိပ်ရင်းပေါ့။ပုံရိပ်ဖော် စစ်ဆေးခြင်း (Imaging tests) –ဒီစစ်ဆေးမှုမှာ ဆီးခုံနဲ့ ဝမ်းဗိုက်ပိုင်းကို ultrasound၊ CT scan တို့နဲ့ ပုံရိပ်ရယူပြီး သားဥအိမ်တွေရဲ့ ပုံသဏ္ဍာန်၊ အရွယ်အစားနဲ့ တည်ဆောက်ပုံကို လေ့လာမှာ ဖြစ်ပါတယ်။သွေးစစ်ခြင်း– သွေးကနေ ရောဂါအမျိုးမျိုးကို စစ်ဆေးသိရှိနိုင်တာ​ကြောင့် သားဥအိမ်ကင်ဆာဖြစ်နေလားဆိုတာကိုလည်း သွေးဖောက်စစ်ဆေးတဲ့ နည်းလမ်းပါ။ သွေးထဲမှာ cancer antigenတွေ များနေလားဆိုတာကို စစ်ဆေးတာပါ။ခွဲစိတ်စစ်ဆေးနည်း– အခြားစစ်ဆေးနည်းတွေနဲ့ စစ်ဆေးပေမယ့် အဖြေတိတိကျကျ မသိရတဲ့အခါမျိုးမှာ ခွဲစိတ်ပြီး သားဥအိမ်ကို ဖယ်ထုတ်လိုက်ပြီး ကင်ဆရှိနေတာလားဆိုတာကို စစ်ဆေးတာပါ။သားဥအိမ်ကင်ဆာက ကင်ဆာဆဲလ်တွေ ပြန့်တဲ့အခြေအနေကို လိုက်ပြီး အဆင့်တွေ ကွာခြားနိုင်ပါတယ်။ သားဥအိမ်ကင်ဆာကို အဆင့် ၄မျိုး ပိုင်းခြားသတ်မှတ်နိုင်ပါတယ်။အဆင့် ၁ –သားဥအိမ် ၂လုံးတွင်သာ ကင်ဆာဆဲလ်များရှိသည့်အဆင့်။အဆင့် ၂ –ဆီးစပ်ပိုင်းရှိ အခြားနေရာများဆီ ကင်ဆာဆဲလ်များ ပျံ့နှံ့သည့်အဆင့်။အဆင့် ၃ –ဝမ်းဗိုက်ပိုင်းဆီ ကင်ဆာဆဲလ်များ ပျံ့နှံ့သည့်အဆင့်။အဆင့် ၄ –ဆီးစပ်နှင့် ဝမ်းဗိုက်ပိုင်းကို ကျော်လွန်ပြီး ကင်ဆာဆဲလ်များ ပျံ့နှံ့သည့်အဆင့်ဆိုပြီး ရှိပါတယ်။သားဥအိမ်ကင်ဆာ ကို အဆင့်ကိုလိုက်ပြီး ကုသမှုတွေ ကွာခြားနိုင်ပါတယ်။။ခွဲစိတ်ကုထုံး –ကင်ဆာပျံ့နှံ့နေတဲ့ အခြေအနေတွေမှာ သားဥအိမ်နဲ့ သားဥပြွန်နှစ်ဖက်၊ သားအိမ်နဲ့ အနီးအနားက ကင်ဆာဆဲလ်တွေကို ဖယ်ရှားပစ်မှာ ဖြစ်ပါတယ်။ကင်ဆာအစောပိုင်းအဆင့်မှာ ရောဂါရှာဖွေသိရှိခဲ့ရင်တော့ ကင်ဆာဆဲလ်တွေရှိနေတဲ့ သားဥအိမ်နဲ့ သားဥပြွန်တစ်ဖက်ကိုသာ ဖယ်ထုတ်ဖို့ လိုအပ်မှာဖြစ်ပြီး ကလေးရနိုင်တဲ့ အခွင့်အလမ်းကိုပါ ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။ကင်ဆာဆေးသွင်းကုထုံး–ခွဲစိတ်ပြီး ကျန်ရှိနေတဲ့ကင်ဆာဆဲလ်တွေကို ကင်ဆာဆေးသွင်းကုထုံး အကူအညီနဲ့ ဖယ်ရှားပစ်ဖို့ လိုအပ်ပါတယ်။ ကင်ဆာဆေးကို အကြောထဲသွင်းပြီးဖြစ်စေ၊ ဝမ်းဗိုက်ထဲတိုက်ရိုက်သွင်းပြီးဖြစ်စေ၊ နည်းလမ်း ၂မျိုးလုံးနဲ့ဖြစ်စေ အသုံးပြုနိုင်ပါတယ်။ ကင်ဆာအဆင့်မြင့်တဲ့ လူနာတွေမှာတော့ ကင်ဆာဆေးသွင်းကုထုံးကို ကနဦးကုသမှုအဖြစ် အသုံးပြုဖို့ လိုအပ်နိုင်ပါတယ်။Targeted therapies (ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်တဲ့ ကုထုံး) –ဒီကုထုံးကတော့ ကင်ဆာဆဲလ်တွေကို ပစ်မှတ်ထားပြီး ကင်ဆာဆဲလ်တွေရဲ့ကြီးထွားမှုကို ဟန့်တားပေးတာ ဒါမှမဟုတ် ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပေးတဲ့ကုထုံးပါ။သားဥအိမ်ကင်ဆာ ကာကွယ်နိုင်မယ့်နည်းလမ်းက တိတိကျကျ မရှိသေးပါဘူး။ ဒါပေမယ့် အကောင်းဆုံးကာကွယ်စေဖို့ဆိုရင်။သားဥအိမ်ကင်ဆာ ရှိနေပြီလို့ အဖြေထွက်လာတာက အတော်လေးတော့ စိတ်ဓာတ်ကျစရာကောင်းပါတယ်။ ဒီလိုအချိန်မှာ တစ်ယောက်တည်း ကြိတ်မခံစားပါနဲ့ ယုံကြည်ရသူကို ရင်ဖွင့်ပါ။ကင်ဆာ အပါအဝင် ရောဂါတွေကို တစ်ယောက်တည်း ရင်ဆိုင်ရတာက အတော်ပင်ပန်းပါတယ်။ ဒါ​ကြောင့် မိသားစုဝင်တွေရဲ့ ဖေးမမှုနဲ့အတူ ဖြတ်သန်းပါ။ ကင်ဆာကုထုံးတွေကြောင့် ဖြစ်လာနိုင်တဲ့ စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုဒဏ်ကို ခံနိုင်ရည်ရှိအောင် ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်စားသောက်ပြီး လုံလုံလောက်လောက် အနားယူအားဖြည့်ခြင်းက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/ovarian-cancer/about-ovarian-cancer/
ကြောင်ဆေးပင် ဆေးဖက်ဝင်သလား!
ကြောင်ဆေးပင် ဆေးဖက်ဝင်သလား! လို့ မေးရင် တော်တော်များများ ပြန်ဖြေနိုင်မယ့် စကားလေး တစ်ခွန်းက ကြောင်လေးတွေအတွက်တော့ ဆေးဖက်ဝင်တယ်လေလို့ ဖြစ်မယ် ထင်တယ်နော်။ တကယ်ကတော့ ကြောင်ဆေးပင်က ကြောင်လေးတွေအတွက်ရော ကျွန်မတို့ လူသားတွေအတွက်ပါ ဆေးဖက်ဝင်ပါတယ်။ ဘယ်လိုမျိုးဆေးဖက်ဝင်တာလဲဆိုတာကိုတော့ အတူတူ လိုက်ပါ ကြည့်ရှုလိုက်ပါဦးနော်။ကြောင်ဆေးပင်ဆိုတာက ဆေးဖက်ဝင် အလေ့ကျပေါက်ပင် တစ်မျိုးပါ။ ကြောင်ဆေးပင်က ပဉ္စငါးပါးစလုံး ဆေးဖက်ဝင်တာပါ။ အရွက်လေးတွေက အစိမ်းဖားဖားလေးတွေရှိပြီး အပင်ငယ်လေး တစ်မျိုးပါ။ အပွင့်လေးတွေလည်း ပွင့်တတ်ပါတယ်။ မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ယီမင်၊ တောင်အမေရိက ဒေသတွေမှာ ပေါက်ရောက်ကြပါတယ်။ကြောင်ဆေးပင်လေးတွေကို ကားလမ်းမဘေး၊ ရထားလမ်းဘေး၊ မြစ်ကမ်းနားတွေ၊ တောတွေထဲမှာ တွေ့ရနိုင်ပါတယ်။ ကြောင်ဆေးပင်ဆိုတာကို မိတ်ဆက်ပေးပြီးတဲ့ နောက်မှာတော့ ဘယ်လိုများ ဆေးဖက်ဝင်သလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ကြောင်ဆေးပင် ဆေးဖက်ဝင်သလား! ဆိုတော့ အခုလိုလေး ဆေးဖက်ဝင်ပါတယ်။ကြောင်ဆေးပင်ကို နှင်းခူ၊ ဝဲ၊အနာစိမ်း၊ အနာစတာတွေကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ အရွက်ကို ကြိတ်ခြေပြီး အနာပေါ်မှာ တိုက်ရိုက် အုံပေးလို့ ရသလို သတ္တုရည်ကို သုံးပေးတာ အရွက်ကို အခြောက်ခံ အမှုန့်ကြိတ်ပြီးအုန်းဆီနဲ့ လိမ်းပေးတာမျိုး လုပ်ပေးလည်း ရပါတယ်။ကြောင်ဆေးပင်က ဖလေဗာနွိုက် ပါဝင်နေတာကြောင့်အရေပြားပေါ်က ဘက်တီးရီးယားတွေနဲ့ ခန္ဓာကိုယ်ပေါ်က ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပါတယ်။ ဝက်ခြံဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကိုလည်း ဖယ်ရှားပေးနိုင်တာကြောင့်ဝက်ခြံ သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ကြောင်ဆေးပင်ရဲ့ နောက်ထပ် အာနိသင် တစ်ခုကတော့ ကိုယ်တွင်းကိုယ်ပရောင်ရမ်းမှုတွေကို သက်သာစေနိုင်တာပါ။ ခြေလက်ရောင်တာတွေကိုလည်း သက်သာစေဖို့ ကြောင်ဆေးပင်ကို အသုံးပြုပေးလို့ ရပါတယ်။ကြောင်ဆေးပင်က ဓာတ်တိုးဆန့်ကျင် ပစ္စည်း ပါဝင်တာကြောင့်အသည်းရဲ့ လုပ်ဆောင်မှုတွေကို ကောင်းမွန်စေပြီး အသည်းကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ကြောင်ဆေးပင်မှာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တဲ့ Polyphenols နဲ့steroidsပါဝင်နေတာရယ် အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာတွေက သွေးတွင်းသကြားဓာတ်ကို ထိထိရောက်ရောက် ထိန်းညှိပေးနိုင်ပါတယ်။ ဆီးချိုရှိသူတွေအနေဲ့ ဆေးသောက်နေရမယ်ဆိုရင် သတိထား သုံးသင့်ပါတယ်။ကြောင်ဆေးပင်က အမျှင်ဓာတ် ကြွယ်ဝတာကြောင့် ဝမ်းချုပ်တာကို သက်သာစေပြီးဝမ်းမှန်စေဖို့ထောက်ကူပေးပါတယ်။ အစာခြေစနစ်ထဲက သန်ကောင်တုတ်ကောင်တွေကိုလည်း ဖယ်ရှားပေးနိုင်စွမ်း ရှိပါတယ်။ချောင်းဆိုးတာ၊ နှာခေါင်းပိတ်တာလိုမျိုး အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ သက်သာစေဖို့လည်း ကြောင်ဆေးပင်ကို အသုံးပြုပေးလို့ ရပါတယ်။နှလုံး တစ်ရှူးတွေ ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးသလို နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး နှလုံးဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေသလို နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ နှလုံးသွေးကြောကျဉ်းတာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ကြောင်ဆေးပင်ရဲ့ နောက်ထပ် အာနိသင်တစ်ခုက မျက်စိပိုးဝင်တာ အပါအဝင် မျက်စိနာတာမျိုးတွေကို သက်သာစေဖို့ လုပ်ဆောင်ပေးတာပါ။ အမြင်အာရုံ ကျန်းမာစေဖို့ ကြောင်ဆေးပင်ကို အသုံးပြုပေးလို့ ရပါတယ်။ကြောင်ဆေးပင်ကို ကိုယ်လက်ကိုက်ခဲတာ၊ ကြွက်သားတွေ နာကျင်တာ၊အဆစ်တွေ နာတာကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ အဆစ်ရောင်နာနဲ့ ဂေါက်ရောဂါတွေ သက်သာစေဖို့လည်း အသုံးပြုလို့ ရပါသေးတယ်။ကြောင်ဆေးပင်က ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့်တန်ဆေး လွန်ဘေးဆိုသလို အများကြီး မသုံးသင့်ပါဘူး။ ရောဂါ အခံရှိသူတွေ၊ ကျန်းမာရေးပြဿနာတွေကြောင့် ဆေးသောက်နေရသူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေအနေနဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ အသုံးပြုသင့်ပါတယ်။ကြောင်ဆေးပင်နဲ့ ပတ်သက်ပြီး ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။ သဘာဝဆေးဖက်ဝင်ဆိုပေမယ့် ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်း မရှိရင် ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်နိုင်တာကို သိထားရန် လိုအပ်ပါတယ်။ ဒါကြောင့် အသုံးပြုမယ်ဆိုရင် သက်ဆိုင်ရာ တိုင်းရင်းဆေးဝါးကျွမ်းကျင်သူများနဲ့သာ တိုင်ပင်ပါ။အထက်ပါ ရောဂါတွေ ရှိနေရင် ကြောင်ဆေးပင်ကိုပဲ အားမကိုးဘဲ သက်ဆိုင်ရာ တတ်ကျွမ်းနားလည်သူများနဲ့ ပြသဖို့ အကြံပြုချင်ပါတယ်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/indian-acalypha-health-benefits/
အစာအိမ်ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းများ
အစာအိမ်ကင်ဆာ အခုနောက်ပိုင်း အတော်များများ ကြားလာရတဲ့ ကင်ဆာတစ်မျိုးပါ။ အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်နိုင်ပြီး အမျိုးသားတွေမှာ အဖြစ်များပါတယ်။ပြောင်းလဲလာတဲ့ နေထိုင်စားသောက်မှု ပုံစံတွေကြောင့် အဖြစ်များလာတဲ့ ကင်ဆာ တစ်မျိုးပေါ့။ဒီတော့ အစာအိမ်ကင်ဆာ မဖြစ်စေဖို့ သတိထားနိုင်ဖို့ ဘာတွေကအစာအိမ်ကင်ဆာဖြစ်စေနိုင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ ကဲ …. အစာအိမ်ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းများ ကို အတူတူ လေ့လာလိုက်စို့နော်။အစာအိမ်ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းများ ကတော့။သိပ္ပံပညာရှင်တွေက အစာအိမ်ထဲမှာကင်ဆာဆဲလ်တွေဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့ အကြောင်းအရင်းကို တိတိကျကျ မဖော်ထုတ်နိုင်သေးပါဘူး။ဒါပေမယ့် ဘာတွေကတော့ အစာအိမ်ကင်ဆာ ခံစားရနိုင်ခြေကို မြင့်တက်စေသလဲဆိုတာကိုတော့ သိရှိထားကြပါတယ်။အစာအိမ်ကင်ဆာကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုကH. pyloriလို့ ခေါ်တဲ့အစာအိမ်အနာဖြစ်စေတဲ့ဘက်တီးရီးယားတစ်မျိုး ဝင်ရောက်ကူးစက်တာပါ။အစာအိမ်ကင်ဆာ ဖြစ်စေတဲ့ အကြောင်းအရင်းတွေ တိတိကျကျ ပြောဖို့ခက်တယ်ဆိုပေမယ့် အခုအချက်တွေကြောင့် အစာအိမ်ကင်ဆာ ခံစားရနိုင်ပါတယ်။ဒီရောဂါခံစားနေရသူတွေက အစာအိမ်ကင်ဆာ ခံစားရနိုင်ခြေ များသလိုအစာရေမျိုပြွန်ကင်ဆာခံစား ရနိုင်ခြေလည်း မြင့်ပါတယ်။ ဒါကြောင့် စားချဉ့်ရည်ပြန်ဆန်တက်တဲ့ရောဂါ ခံစားနေရမယ်ဆိုရင် ကုသမှု မြန်မြန် ခံယူပါ။အဝလွန်တာက ကင်ဆာ ဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုပေါ့။ အစာအိမ်ကင်ဆာတင်မကပါဘူးအခြားသော ကင်ဆာတွေလည်း ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကိုသင့်တင့်တဲ့ ကိုယ်အလေးချိန်ရရှိအောင် ထိန်းသိမ်းပါ။ကြပ်တင်ထားတဲ့ အစားအစာတွေ၊ ဆားနယ်ထားတဲ့ အစားအစာတွေ၊ဆားရည်စိမ်ထားတဲ့ အစားအစာတွေက အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို တိုးစေပါတယ်။ ဒါတွေအစား လတ်ဆတ်တဲ့ အသား၊ ငါးတွေကိုပဲ စားပေးပါ။နေ့စဉ် စားသုံးမှုမှာ သစ်သီးနဲ့ ဟင်းသီးဟင်းသီးဟင်းရွက်တွေ ပါဝင်မှု နည်းပြီး အသားတွေ၊ အနီရောင်အသားတွေ အစားများတာက အမျှင်ဓာတ် ပါဝင်မှုနည်းတာကြောင့်အစာခြေစနစ် ကျန်းမာရေးကို ထိခိုက်စေပြီး အစာအိမ်ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ဆေးလိပ်သောက်တာကအဆုတ်နဲ့ အသက်ရှူလမ်းကြောင်းကိုတင် ထိခိုက်စေတာ မဟုတ်ပါဘူး။ အစာအိမ်ကင်ဆာ ဖြစ်စေနိုင်ပါတယ်။တဆင့်ခံဆေးလိပ်ငွေ့ရှူမိတာကလည်း အစာအိမ်ကင်ဆာ ဖြစ်စေနိုင်တာ​ကြောင့် သတိထားစေချင်ပါတယ်။Helicobacter pyloriလို့ခေါ်တဲ့ ဘက်တီးရီးယားပိုး ဝင်ရောက်ကူးစက်တာကြောင့် အစာအိမ်ကင်ဆာဖြစ်စေနိုင်ပါတယ်။ ဒါ​ကြောင့် အစာအိမ်က ခဏခဏအောင့်မယ်ဆိုရင် ပိုးဝင်ကူးစက်ထားသလား၊ အနာဖြစ်နေသလားဆိုတာကို စစ်ဆေးပါ။အစာအိမ်မှာ ဒါမှမဟုတ် အစာခြေစနစ်ရဲ့ နေရာတစ်ခုခုမှာ အသားပို အဖုအကျိတ်လေးတွေ တွေ့ရမယ်ဆိုရင် အမြန်ဆုံး စစ်ဆေး ကုသမှု ခံယူပါ။ ဒါတွေကို မစစ်ဆေးဘူးဆိုရင် အစာအိမ်ကင်ဆာဖြစ်တာမျိုးအထိ ပြင်းထန်တဲ့ အကျိုးဆက်ကို ခံစားရစေနိုင်ပါတယ်။ဒါတွေအပြင်။ဒီအချက်တွေ ရှိတာနဲ့ ကင်ဆာဖြစ်မယ်လို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် အချက်တွေတော်တော်များများ ကိုက်ညီနေရင်တော့ ဖြစ်နိုင်ခြေများတာကို သတိပြုပါ။ ကဲ…ဆင်ခြင်လို့ရတဲ့ အလေ့အထလေးတွေကို ဆင်ခြင်လို့ အစာအိမ်ကင်ဆာ ခံစားရနိုင်ခြေကို အခုကစပြီး လျှော့ချလိုက်ရအောင်နော်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/stomach-cancer-cancer/causes-of-stomach-cancer-in-humans/
သင့် ကလေးရဲ့ မျက်လုံးများအတွက် အထောက်အကူဖြစ်စေမယ့် နည်းလမ်းများ
မျက်လုံးများဟာ စိတ်ရဲ့ တံခါးပေါက်များ ဖြစ်တယ် ဆိုတဲ့ အဆိုရှိပါတယ်။ မျက်လုံးများဟာ သတ္တဝါများ အတွက် အလွန်အရေးပါပါတယ်။ ထို့ကြောင့် ငယ်စဉ်ဘ၀ ကတည်းက မျက်လုံးများကို ဂရုစိုက် ကာကွယ်ကြရပါတယ်။ သင့်ကလေးများ မျက်စိရောဂါများ မဖြစ်စေရန် ဘယ်လို ကာကွယ်ကြမလဲ။ အောက်ပါနည်းလမ်းများကို ကြည့်ကြပါစို့။ကလေးများ ဟာ အသက်ငယ်သည့်အတွက် အလေ့အကျင့်များကို လွယ်ကူစွာ မှတ်ယူသင်ကြားနိုင်ပါတယ်။ ဥပမာ- စာဖတ်ပါက စာအုပ်ကိုမျက်လုံးကနေ အနည်းဆုံး ၃၀ စင်တီမီတာတွင် ထားကာ ဖတ်ခြင်း။ စာအုပ်နှင့် မျက်လုံးအရမ်းကပ်ကြည့်ပါက မျက်လုံးအတွက် ပြဿနာများစွာ ဖြစ်စေနိုင်ပါတယ်။ မျက်လုံးအမြင်များ ထိခိုက်ရုံသာမက အခြားသော အရိုး၊ အဆစ်၊ကိုယ်ခန္ဓါအနေအထားများပါ ပုံမမှန်ဖြစ်တတ်ပါတယ်။ဖုန်း၊ ကွန်ပြူတာ နှင့် တီဗွီ များကို အချိန်တိုသာ ကန့်သတ် ကြည့်သင့်ပါတယ်။ ဗွီဒီယို ဂိမ်းများ ကို တစ်နေ့လျှင် တစ်နာရီ၊ တစ်နာရီခွဲသာ စော့သင့်ပါတယ်။ ဖုန်း၊ ကွန်ပြူတာ နှင့် တီဗွီများ ကြည့်ပါက မျက်လုံးနှင့် အရမ်းမကပ်သင့်ပါ။သင့်ကလေးများအား အပြင်ထွက်ဆော့ရသော ကစားနည်းများကို ဆော့ကစားရန် အားပေးသင့်ပါတယ်။ သို့မှသာ ကွန်ပျူတာ၊ တီဗွီ ၊ ဖုန်း အသုံးပြုချိန်များ နည်းသွားပါလိမ့်မယ်။ သင့်ကလေးအား အနီးမှုန်ခြင်းမှ လည်း ကာကွယ်ပြီးသားဖြစ်ပါလိမ့်မယ်။မျက်လုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်သော အစားအစာများကို ကျွေးသင့်ပါတယ်။ အနီးမှုန်၊အဝေးမှုန်ခြင်းများမှ ကာကွယ်ရန် အောက်ပါ အစားအစာများကို နေ့စဉ်စားသုံးသင့်ပါတယ်။ဗီတာမင် အေပါသောအစားအစာများ- ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ ကြက်ဥအနှစ်။ကာရိုတင်းပါသော အစားအစာများ- ဂေါ်ဖီထုပ်၊ ပဲစိမ်း၊ ဂစွန်းဥ။Crom အစားအစာများ- အမဲသား၊ ကလီစာ အသည်း၊ ပဲ၊ မှို။ကယ်လ်စီယမ်ပါသော အစားအစာများ- ဂဏန်း၊ ပုစွန်၊ ပင်လယ်ငါး၊ နို့၊ ကြက်ဥ။ယနေ့ခေတ်များတွင် စိတ်ဖိစီးမှုသည် မျက်လုံးများကို ပင်ပန်းစေသော အချက်ထဲ ပါဝင်နေပါတယ်။ ကလေးများဟာ စာများဆက်တိုက်လုပ်ခြင်း ဖြင့် စိတ်ဖိစီးမှုများခြင်းကို ရနိုင်ပါတယ်။ ထိုအခါ ဖိစီးမှုအောက်တွင်အာရုံကြောများဟာ ပိုမို အလုပ်လုပ်ရပါတယ်။ထိုသို့ဖြင့် အာရုံကြောများ ထိခိုက်လာပြီး မျက်လုံးများကို အမြင်အာရုံများ ကျဆင်းလာစေပါတယယ်။မျက်လုံးများကို သန့်ရှင်းအောင်ထားခြင်း။သင့်ကလေးရဲ့ မျက်လုံးများ သန့်ရှင်းနေစေရန် အောက်ပါတို့ကို လိုက်နာသင့်ပါတယ်။အပြင်ထွက်တိုင်း နေပူပါက နေကာမျက်မှန်တပ်ခြင်း၊ ထိုသို့ဖြင့် နေရောင်သာမက ဖုန်များ၊ မသန့်သော လေများ ဝင်ရောက်မှုကို လျော့နည်းစေပါတယ်။မျက်နှာသုပ်ပဝါကို သန့်ရှင်းအောင်ထားပါ၊ မျက်နှာသုတ်ပဝါကို အခြားလူတစ်ယောက်နှင့် ဝေငှသုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။ လက်တွင် ဘက်တီးရီးယားပိုးများစွာ ကပ်နေသည့်အတွက် မျက်လုံးများကို လက်နှင့် မပွတ်မိပါစေနှင့်။မျက်လုံးများ ခိုးလိုးခုလု ဖြစ်ခြင်း၊ အမှုန်ဝင်ခြင်းများဖြစ်ပါက လက်နှင့် မပွတ်ဘဲ ဆေးပါသော မျက်စင်းဆေးရည် သုံးကာ ဆေးကြောပါရန် သင်ကြားထားပေးသင့်ပါတယ်။ သို့သော် မျက်စင်းဆေးရည်ကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း အသုံးပြုရပါမယ်။သင့်ကလေးရဲ့ မျက်လုံးများ ပုံမမှန်ပါက ချက်ချင်း ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-care/ways-to-improve-eye-health/
မှတ်ဉာဏ်ချို့တဲ့ရောဂါ ဘယ်လိုကာကွယ်ကြမလဲ
မှတ်ဉာဏ်ချို့တဲ့ရောဂါကို တိုက်ရိုက် ကာကွယ်ဖို့ခက်ပါတယ် ၊ ဘာကြောင့်လဲဆိုတော့ ဘယ်အချိန်မှာ ဘယ်လို စဖြစ်မလဲဆိုတာကို သိဖို့ ခက်ခဲနေလို့ပါ။ လေဖြတ်ခြင်းကနေ ဖြစ်ပေါ်လာတဲ့ မှတ်ဉာဏ်ချို့တဲ့ခြင်းကိုတော့ လေမဖြတ်အောင်နှလုံးရောဂါနဲ့ လေဖြတ်စေနိုင်တဲ့ အခြေခံအကြောင်းအရင်းတွေကို ရှောင်ရှားရင်းနဲ့ ကြိုတင်ကာကွယ်နိုင်ပါတယ်။အကယ်၍သင့်မှာ ရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေဘာရှိနေသလဲဆိုတာ မသိရင်ပဲဖြစ်ဖြစ်၊ မှတ်ဉာဏ်ချို့တဲ့ရောဂါကို ကာကွယ်ချင်လို့ပဲဖြစ်ဖြစ် အောက်ပါနည်းလမ်းများကို အသုံးပြုပြီး ကာကွယ်နိုင်ပါတယ်။ဆေးလိပ်သောက်ခြင်းရဲ့ ဆိုးကျိုးများစွာထဲက တစ်ချက်ကတော့ သွေးကြောနံရံတွေကို ကျဉ်းစေပါတယ် ၊ သွေးကြောနံရံတွေ ကျဉ်းလာတဲ့အခါ နှလုံးရောဂါနဲ့ လေဖြတ်စေနိုင်တဲ့ ရာခိုင်နူန်းကိုတက်စေနိုင်ပါတယ်။ ဒီအချက်တွေက မှတ်ဉာဏ်ချို့တဲ့ခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။နောက်တစ်ချက်က ဆေးလိပ်မီးခိုးတွေထဲမှာ အိုမင်းရင့်ရော်ခြင်းကို အားပေးတဲ့ ဒြပ်ပေါင်းတွေ အများကြီးပါပါတယ်။ မျက်ဉာဏ်ချို့တဲ့ခြင်းကို ဒါတွေကလည်း အားပေးပါတယ်။ကိုယ်အလေးချိန်လိုတာထက်ပိုများနေတာက မှတ်ဉာဏ်ချို့တဲ့ရောဂါဖြစ်စေတယ်ဆိုတာကိုလည်း မကြာသေးမီကပဲ လေ့လာမှုတွေပြုလုပ်ထားပြီး သိရှိထားပါတယ်။ကိုယ်အလေးချိန်ညွှန်းကိန်း ( BMI )၅ ခု တက်သွားတိုင်း မှတ်ဉာဏ်ချို့တဲ့ရောဂါ ဖြစ်နိုင်ချေ ၁၆ ရာခိုင်နှုန်း ကနေ ၃၃ ရာခိုင်နှုန်း အထိ မြင့်တက်သွားစေနိုင်ကြောင်း တွေ့ရှိထားရပါတယ်။ကိုယ်အလေးချိန်များတဲ့အဝလွန်သူတွေမှာပဲ မှတ်ဉာဏ်ချို့တဲ့ဖို့ ရာခိုင်နုန်းများတာ မဟုတ်ပဲ လူလတ်ပိုင်းအရွယ်မှာ ကိုယ်အလေးချိန် အလွန်နည်းသူတွေမှာလည်း မှတ်ဉာဏ်ချို့တဲ့ရောဂါဖြစ်နိုင်ချေ မြင့်တက်လာတယ်လို့ စာတမ်းတစ်ချို့ကဖော်ပြထားပါတယ်။ ဒါကြောင့် သင့်ကိုယ်အလေးချိန်ကို ကျန်းမာတဲ့ အလေးချိန်တစ်ခု အတွင်းမှာ ထိန်းထားနိုင်ဖို့ လိုအပ်ပါတယ်။လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းက သင့်အပေါ်မှာ ကြီးစွာသော အကျိုးသက်ရောက်မှုတစ်ခု ပေးပါလိမ့်မယ်။ မှတ်ဉာဏ်ချို့တဲ့မှုရောဂါကို ရှောင်လွှဲနိုင်ခြင်းကလည်း ဒီထဲက တစ်ချက်ပါ။ဝေးလ်စ်နိုင်ငံမှာရှိတဲ့ လူ အယောက် ၂၀၀၀ အပေါ်ပြုလုပ်ခဲ့တဲ့ လေ့လာချက်အရ လေ့ကျင့်ခန်းပုံမှန်လုပ်ခဲ့တဲ့သူတွေက အသက်ကြီးလာတဲ့အခါ မှတ်ဉာဏ်ချို့တဲ့နိုင်ချေ ၆၀ ရာခိုင်နှုန်း တောင်ပိုပြီး လျော့နည်းတာကို တွေ့ရပါတယ်။အသက်ငယ်တဲ့သူတွေ မှာတင် မကပဲ အသက်အရွယ် ကြီးရင့်သူတွေကိုလည်း သက်ဆိုင်တဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ခိုင်းပြီး လေ့လာကြည့်ရာမှာလည်း မှတ်ဉာဏ်ချို့တဲ့နိုင်ချေ ၁၀ ရာခိုင်နှုန်းလောက်ကျသွားတာကို တွေ့ရှိရပါတယ်။ဒီတော့ ဘယ်အသက်အရွယ် ရောက်ရောက် လေ့ကျင့်ခန်းလုပ်ခြင်းက ကောင်းကျိုးတွေ အများကြီးပေးလိမ့်မယ်ဆိုတာကို‌တော့ ပြောကြားထားပါရစေ။မှတ်ဉာဏ်ကောင်းအောင် အထောက်အကူပြုမဲ့ အစားအစာတွေဖြစ်တဲ့။–အစိမ်းရောင် အရွက်များ။–ဘယ်ရီသီး။– ပဲ အမျိုးမျိုး။–အစေ့ ၊ အဆံမျိုးစုံ။– ငါး အမျိုးမျိုး။– အဆီလျော့ထားသော နို့ထွက်ပစ္စည်းများ။– ငါးကြီးဆီ တို့ကို စားသုံးခြင်းဖြင့်လည်း မှတ်ဉာဏ်ချို့တဲ့ခြင်းကို ကာကွယ်နိုင် ပါတယ်။သွေးတိုး၊ဆီးချိုနဲ့ ကိုယ်တွင်းအဆီမြင့်တက်နေသော နှလုံးရောဂါလို အခြေနေမျိုးတွေမှာ ဉာဏ်ရည်ကျဆင်းလာခြင်းကို ခံစားရနိုင်ခြေ မြင့်တက်လာပါတယ်။ဆီးချိုရောဂါက သွေးကြော နံရံတွေကိုပျက်စီးစေနိုင်တဲ့အတွက် ဦးနှောက်မှာရှိတဲ့ သွေးကြောတွေကိုထိခိုက်ခဲ့မယ်ဆိုရင် မှတ်ဉာဏ်ပိုမိုချို့ယွင်းလာစေနိုင်ပါတယ်။စာဖတ်ခြင်း၊ သင်္ချာပုစ္ဆာများ တွက်ခြင်း၊ စစ်တုရင်ထိုးခြင်း အစရှိတဲ့ ဦးနှောက်ရဲ့တွေးခေါ်နိုင်စွမ်းကို လှုံဆော်ပေးနိုင်တဲ့ ကစားနည်းတွေက မှတ်ဉာဏ်ချို့ယွင်းလာခြင်းကို ကာကွယ်ပေးစေ နိုင်ပါတယ်။ဘုရားကျောင်း၊ ဘုန်းတော်ကြီးကျောင်း ပွဲများ၊ အသင်းအဖွဲ့ ပွဲများ၊ အလှုအတန်း ပွဲများ အစရှိတဲ့ အသင်းအဖွဲ့ပွဲများတွင် ပါဝင်လှုပ်ရှားခြင်းကလည်း ပိုမိုသွက်လက်စေပြီး မှတ်ဉာဏ်တက်စေနိုင်ပါတယ်။ရေးသားသူ –  မောင်မျိုးအောင် (ဆေး-၁)။Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေ အတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/dementia-and-alzheimers-disease/%e1%80%99%e1%80%be%e1%80%90%e1%80%ba%e1%80%89%e1%80%ac%e1%80%8f%e1%80%ba%e1%80%81%e1%80%bb%e1%80%ad%e1%80%af%e1%80%b7%e1%80%90%e1%80%b2%e1%80%b7%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab-%e1%80%98/
မြွေကိုက်ခံရတဲ့အခါ
မင်္ဂလာပါ Hello Sayarwon စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခေါက်မှာ ဆွေးနွေးပေးမယ့် အကြောင်းအရာကတော့ အရင် post တွေလို တစ်နိုင်ငံလုံးက ‌လူတွေအတွက် ဦးတည်ထားတာ မဟုတ်ပါဘူး ။ မြွေအန္တရာယ် အများဆုံး ရှိနေနိုင်တဲ့ ဆင်ခြေဖုံးနဲ့ နယ်ဘက်က ပြည်သူတွေကို ဦးတည် ရည်ရွယ်ထားပါတယ် ။ ဒါပေမဲ့ ဒီနှစ်တွေမှာ မြို့ပေါ်မှာလည်း မြွေတွေ့ရတဲ့အသံတွေ ပိုကြားလာရတာကိုလည်း သတိပြုမိပါတယ်။‌ဒီဆောင်းပါးမှာတော့မြွေကိုက်ခံရတဲ့အခါဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာနဲ့ မြွေအကိုက် မခံရအောင် ဘယ်လိုကာကွယ်မလဲဆိုတာကို ဆွေးနွေးပေးသွားမှာပါ ။ လက်ရှိ မြန်မာနိုင်ငံမှာ တစ်နှစ်ထက်တစ်နှစ် မြွေကိုက်ခံရသူတွေ ပိုများလာတာကိုလည်း သုတေသနစစ်တမ်းတွေအရ တွေ့ရပါတယ် ။ရေးသားသူ – Dr.Aung Kyaw Myint။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/snake-bite/
ကျောက်ဖရုံသီး၏ အကျိုးကျေးဇူး
ကျောက်ဖရုံသီးကို သိပ္ပံအမည်အနေနဲ့ Benincasa hispida လို့ခေါ်ပြီး အရှေ့တောင်အာရှကနေ စတင်စိုက်ပျိုးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ နွယ်ပင်မျိုးဖြစ်ပြီး အသီးဟာ ဖရဲသီးနဲ့ဆင်တူပါတယ်။ ကျောက်ဖရုံသီးကိုတော့ ဆေးဖက်ဝင်တယ်သတ်မှတ်ထားပြီး တရုတ်ရိုးရာတိုင်းရင်းဆေးပညာ၊ အာယုဗေဒ ဆေးပညာစတာတွေမှာ အသုံးပြုကြပါတယ်။ ယနေ့အခါမှာဆေးဖက်ဝင်အကျိုးရှိတယ်ဆိုတဲ့ အကြောင်းကို သိပ္ပံနည်းကျသုတေသနတွေအနေနဲ့ပါ အတည်ပြုလာကြပါတယ်။ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ကျောက်ဖရုံသီးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေနဲ့ ကျန်းမာရေးဆိင်ရာ အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။ကျောက်ဖရုံသီးမှာရေဓာတ်၉၆ ရာခိုင်နှုန်းပါဝင်ပြီးကယ်လိုရီ၊ အဆီ၊ ပရိုတိန်းနဲ့ ကာဘိုဟိုက်ဒရိတ် နည်းပါတယ်။အမျှင်ဓာတ်ကြွယ်ဝပြီးအာဟာရဓာတ်အမျိုးမျိုး ပါဝင်ပါတယ်။ကျောက်ဖရုံသီး အစိမ်း ၁၀၀ ဂရမ်မှာ အာဟာရဓာတ်အားဖြင့်။– ကယ်လိုရီ။ ၁၃ ယူနစ်။– ပရိုတိန်း။ ၁ ဂရမ်လျော့လျော့။– ကာဘို ဟိုက်ဒရိတ်။ ၃ ဂရမ်။– အမျှင်ဓာတ်။ ၃ ဂရမ်။– အဆီဓာတ်။ ၁ ဂရမ်လျော့လျော့။– ဗီတာမင် C။ တစ်နေ့တာလိုအပ်ချက်၏ ၁၄ရာခိုင်နှုန်း။– ရိုင်ဘိုဖလေဗင်။ တစ်နေ့တာလိုအပ်ချက်၏ ၈ရာခိုင်နှုန်း။– ဇင့်ဓာတ်။ တစ်နေ့တာလိုအပ်ချက်၏ ၆ရာခိုင်နှုန်း စတာတွေ ပါဝင်ပါတယ်။အဆိုပါအာဟာရဓာတ်များအပြင် ကျောက်ဖရုံသီးမှာ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်၊ ကြေးနီ၊ မဂ္ဂနိစ်နဲ့ ဗီတာမင်ဘီအုပ်စုတွေ ပါဝင်ပါသေးတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းအနေနဲ့ ဗီတာမင်စီအပြင် flavonoids နဲ့ carotenes ပါဝင်ပါတယ်။ ဒီပစ္စည်းတွေဟာ အမျိုးအစား ၂ ဆီးချိုနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေတွေကို လျော့ကျစေပါတယ်။ကျောက်ဖရုံသီးဟာ ကယ်လိုရီနည်းပြီး အမျှင်ဓာတ်နဲ့ ရေဓာတ်များတာကြောင့်အစာချေဖျက်မှု အားကောင်းစေပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်ခန္ဓာအလေးချိန်ကို ထိန်းသိမ်းနိုင်စေပါတယ်။ သုတေသနတွေအရ ကယ်လိုရီနည်းပြီး ရေဓာတ်သိပ်သည်းတဲ့ အစားအစာများဟာ ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူပြုပါတယ်။ဒါ့အပြင် ကျောက်ဖရုံသီးဟာ အမျှင်ဓာတ် လွန်စွာကြွယ်ဝပါတယ်။ အဆိုပါ အမျှင်ဓာတ်များဟာ အူလမ်းကြောင်းထဲမှာ ဂျယ်လီသဖွယ်ရှိနေပြီး ဗိုက်ပြည့်တဲ့ခံစားချက်ကို ပေးပါတယ်။ဒါ့အပြင် ကာဘိုဟိုက်ဒရိတ်နည်းတဲ့အတွက်ကာဗိုဟိုက်ဒရိတ်လျှော့ချပြီး စားသောက်နေရတဲ့သူတွေအတွက် သင့်တော်ပါတယ်။ကျောက်ဖရုံသီးဟာ ဆီးမှန်ဝမ်းမှန်စေတဲ့အပြင် လိင်စိတ်ကိုနှိုးဆွပေးနိုင်တဲ့ အာနိသင်ရှိတယ်လို့ သိရပါတယ်။ကိုယ်ခံစွမ်းအားကို အထောက်အကူပြုပြီး စိတ်ကူးစိတ်သန်းများ ထက်သန်ခြင်း၊ အစာချေဖျက်နိုင်ခြင်း၊ ရောဂါများကို ကာကွယ်ပေးခြင်းစတဲ့ အာနိသင်တွေရှိပါတယ်။ အဆိုပါ အကျိုးကျေးဇူးများဟာ တိုင်းရင်းဆေးပညာရပ်များရဲ့ အမြင်ဖြစ်ပါတယ်။သိပ္ပံနည်းကျသုတေသနတွေမှာတော့ အောက်ပါအချက်တွေ တွေ့ရှိရတယ်လို့ ဆိုထားပါတယ်။– အနာရောဂါများကို ပျောက်ကင်းစေခြင်း။– ရောင်ရမ်းမှုကို လျော့ကျစေခြင်း။–အမျိုးအစား ၂ ဆီးချိုကို ကာကွယ်ပေးခြင်း။– ရောဂါပိုးမွှားများဒဏ်ကို ကာကွယ်ပေးခြင်း စတာတွေ ဖြစ်ပါတယ်။ခြုံပြောရမယ်ဆိုရင်တော့ ကျောက်ဖရုံသီးဟာ ကယ်လိုရီနည်းပြီး အမျှင်ဓာတ်၊ ရေဓာတ် ကြွယ်ဝတာမို့ စားသုံးသင့်တဲ့ ဆေးဖက်ဝင် အသီးအနှံဖြစ်ပါတယ်။ မိမိလက်တကမ်းမှာ လွယ်ကူစွာ ရရှိနိုင်တဲ့ အသီးအနှံတွေကို စားသုံးပြီး မိမိကျန်းမာရေးအခြေအနေကို မြှင့်တင်နိုင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/nutrition-ash-gourd/
သင်ထင်ထားတာထက်ပိုဆိုးတဲ့ Vape
ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစင်တာ၏ထုတ်ပြန်ချက်အရ လွန်ခဲ့သော ဆယ့်ငါးနှစ်အတွင်း အမေရိကန်ပြည်သူတွေရဲ့ ဆေးလိပ်သောက်နှုန်းဟာ ၂၁ ရာခိုင်နှုန်းမှ ၁၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း သိရှိရပါတယ်။ ဆေးလိပ်သောက်သုံးမှု လျော့ကျလာခြင်းကြောင့် ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ မီးခိုးများထုတ်လွှတ်မှု နည်းသွားပေမဲ့ တစ်ဖက်မှာတော့ အီလက်ထရောနစ် စီးကရက်များ၊ vape များသုံးစွဲမှု မြင့်တက်လာပါတယ်။ Vape သောက်သုံးသူတွေ ထုတ်လွှတ်တဲ့ ‌အငွေ့တွေကြောင့် သင်တို့ရဲ့ ကျန်းမာရေးပိုမို ထိခိုက်နိုင်တယ်ဆိုတာကို တော်ရုံသတိမပြုမိကြပါဘူး။စီးကရက် မီးခိုး‌‌ ငွေ့တွေမှာ အဆိပ်အတောက်အမျိုးအစားပေါင်း ၇၀၀၀ ကျော်လောက်ပါ၀င်ပြီး ၅၀ ကျော်လောက်ဟာ သင့်ကို ရောဂါဆိုးဆိုးဝါးဝါးဖြစ်အောင် ဒုက္ခပေးနိုင်ပါတယ်။ ဒါကို လူတော်တော်များများက သတိမပြုမိတတ်ကြပါဘူး။ဆေးလိပ်သောက်သူတွေကနေ ထုတ်လွှတ်လိုက်တဲ့မီးခိုးငွေ့တွေက ခန္ဓာကိုယ်တွင်းသွေးခဲခြင်းကိုဖြစ်စေနိုင်ပြီး  နှလုံး‌ရောဂါ၊ လေဖြတ်ခြင်း နှင့် အဆုတ်ကင်ဆာ တို့ဖြစ်နိုင်ချေကို အားပေးပါတယ်။ ကိုယ်၀န်ဆောင် အမျိုးသမီးများဆိုရင်တော့ အချိန်မတိုင်ခင် မွေးဖွားခြင်းကို ဖြစ်စေနိုင်ပြီး သ‌‌န္ဓေသားကို ထိခိုက်စေနိုင်ပါတယ်။ဆေးလိပ်သောက်သူ တော်တော်များများကတော့ ဆေးလိပ်ဟာ ရောဂါဖြစ်နိုင်ခြေများတယ်လို့ယူဆပြီး အန္တရာယ်ပိုကင်းတယ်လို့ထင်တဲ့ E စီးကရက်၊ vape တို့ကိုပြောင်းသောက်ကြပါတယ်။ ဒီလိုယူဆကြပေမဲ့လည်း တကယ်တမ်းတော့ vape ကထွက်တဲ့ အငွေ့တွေမှာလည်း ပိုမိုဒုက္ခပေးနိုင်တဲ့ နီကယ်၊ ခဲဓါတ် နဲ့ အခြား chemical တွေပါ၀င်ပြီး သူတို့တွေကြောင့် အဆုတ်ရောဂါကို ဖြစ်စေနိုင်ပါတယ်။Vape က ထုတ်လွှတ်တဲ့ အငွေ့များက သောက်သုံးသူကိုသာမက မိမိပတ်၀န်းကျင်ရှိလူများနဲ့ မိမိ မိသားစုရဲ့ ကျန်းမာ‌ရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ Vape ကထုတ်လွှတ်တဲ့အငွေ့တွေကို ကလေးများ ရှူရှိုက်မိတာ ကြာလာရင် ကလေးဖွံ့ဖြိုးနှုန်း၊ ကြီးထွားနှုန်းကို ထိခိုက်မှု ရှိလာနိုင်ပါတယ်။ Vape မှာပါတဲ့ အရည်ကို မတော်တဆသောက်သုံးမိခြင်း၊ တိုက်ရိုက်ရှူမိခြင်း၊ မျက်လုံးထဲ၀င်ခြင်း၊ အရေပြားပေါ်ထိခြင်းတို့ကြောင့် အန္တရာယ်ဖြစ်စေနိုင်ပြီး ကလေးငယ်များတွင် အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။ကာကွယ်နိုင်တဲ့ နည်းလမ်းကတော့ ရှင်းပါတယ်။ ဆေးလိပ်သောက်တဲ့သူတွေနဲ့ ဝေးဝေး နေလိုက်ရုံပါပဲ။ ဒါပေမဲ့ တကယ်တမ်းကျတော့ အဲ့သလောက်မလွယ်ပါဘူး။ အကယ်၍ ဆေးလိပ်သောက်ခြင်း တားမြစ်ဇုန်တွေမှာ vape သောက်တာမျိုးရှိခဲ့ရင်လည်း ဆေးလိပ်သောက်ခြင်းနည်းတူ ပြစ်ဒဏ်များပေးခြင်းဖြင့်လည်း vape ငွေ့ အန္တရာယ်မှ ကာကွယ်နိုင်ပါတယ်။ မိမိကိုယ်တိုင်စတင် သောက်သုံးခြင်းကို မပြုလုပ်ခြင်းမှသာလျှင် အထိရောက်ဆုံး ကာကွယ်ခြင်းနည်းလမ်းဖြစ်နိုင်ပါတယ်။ရေးသားသူ – Dr.Z။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/vape/
ဘေဘီလေးတွေ ကြောင်လေးတွေကြောင့် ထိခိုက်မှု ကင်းစေဖို့
ဘေဘီလေး အန္တရာယ်ဖြစ်မှာလည်း စိုးတယ်။ ကြောင်လေးတွေကိုလည်း ချစ်တယ်။ နှစ်ခုလုံး အဆင်ပြေတာ ရှိပါ့မလား ဆိုပြီး စိတ်ညစ်နေတယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ဘေဘီလေးတွေ ကြောင်လေးတွေကြောင့် ထိခိုက်မှု ကင်းစေဖို့ နည်းလမ်းလေးတွေကို ဝေမျှပေးထားပါတယ်။တချို့တွေ အိမ်မှာကြောင်လေးတွေကို ချစ်လို့ မွေးထားတတ်ကြပါတယ်။ ဒါပေမဲ့ ဘေဘီလေးကလည်း ရလာတော့မယ်ဆိုတော့ ကြောင်မွေးတွေက ဘေဘီလေးတွေကို ဒုက္ခပေးမှာလား။ အတူတူ ထားလို့ ဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိတတ်ကြပါတယ်။ ဘေးပတ်ဝန်းကျင်ကလည်း ကလေးတွေနဲ့ ကြောင်တွေနဲ့ဆို ရောဂါတွေ ရကုန်မယ်။ သူများကို ပေးရင်လည်း ပေး၊ ပစ်ရင်လည်း ပစ်ဆိုပြီး ဖိအားတွေ ပေးတဲ့အခါမှာ ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ဘဲ ဗျာများပြီး ကိုယ်ချစ်တဲ့ ကြောင်လေးတွေနဲ့ ခွဲရဖို့အရေး အသည်းကွဲကြရသူတွေလည်း ဒုနဲ့ဒေးပေါ့။ ဒါကြောင့် ကြောင်လေးတွေ မွေးထားရင်ဘေဘီလေးတွေအတွက် အန္တရာယ်မဖြစ်အောင် ဘယ်လို ထားကြမလဲဆိုတဲ့ အကြောင်းလေးတွေ တင်ဆက်ပေးလိုက်ပါတယ်။ဘေဘီလေး အန္တရာယ်ဖြစ်မှာလည်း စိုးတယ်။ ကြောင်လေးတွေကိုလည်း ချစ်တယ်။ နှစ်ခုလုံး အဆင်ပြေတာ ရှိပါ့မလား ဆိုတော့။၁။ပထမဆုံးအနေနဲ့ အိမ်က ကြောင်လေးတွေကိုကာကွယ်ဆေးထိုးထားပြီးတာ ကျိန်းသေပါစေနော်။၂။ကြောင်လေးတွေနဲ့ ဘေဘီလေးကို သေချာ မိတ်ဆက်ပေးဖို့ အရေးကြီးပါတယ်။ဘာလို့လဲဆိုတော့ ကြောင်လေးတွေအတွက်က ဘေဘီလေးဟာ သူမမြင်ဖူးတဲ့ ဂြိုဟ်သားတစ်ကောင်လည်း ဖြစ်နေနိုင်လို့ပါ။ ဘေဘီလေးရဲ့ အနံ့၊ ကီးအမြင့်နဲ့ အော်တဲ့ အသံတွေက သူ့အတွက် ထူးဆန်းနေမှာ ဖြစ်သလို ဘေဘီလေးရဲ့လှုပ်ရှားမှုတွေကလည်း ကြောင်လေးတွေကို ကြောက်ရွံ့စေပါတယ်။ ကြောက်ကြောက်နဲ့ လုပ်မိလုပ်ရာ လုပ်လိုက်ရင် ကိုယ်ပဲ ရင်ကွဲရမှာ မဟုတ်လား။ ဒီတော့။၃။ကြောင်လေးတွေကို ဘေဘီလေး ရောက်လာရင် ရှိလာမယ့် အပြင်အဆင်တွေနဲ့ အရင် မိတ်ဆက်ပေးထားပါ။၄။ကလေးငိုသံလေးတွေကို မကြာ မကြာဖွင့်ထားပါ။ကြောင်လေးတွေဟာလည်း အသံနဲ့ ဆက်သွယ်ပြောဆိုတတ်တဲ့ အမျိုးပါ။ ကလေးငိုသံဟာ ကြောင်ပိစိလေးတွေ စိတ်ပင်ပန်းကြီးစွာ ငိုတဲ့ အသံနဲ့ တူတတ်တာကြောင့် ဒါကို နားထောင်ရင် ကြောင်လေးတွေလည်း စိတ်ဆင်းရဲတတ်ပါတယ်။ ဒါပေမဲ့ အကျင့်လုပ်ထားပေးလိုက်ပါ။ ဒီ အသံကို သေချာ စူးစမ်းပြီးချိန်မှာတော့ သူတို့ကို စိတ်အေးစေမယ့် အရာလေးတွေ ဖွင့်ပြပေါ့။ သူတို့ ကြိုက်တဲ့ကစားနည်းကို သူတို့နဲ့အတူ ဆော့ပေးပြီးမှ ဒါလေးတွေ ဖွင့်ပြမယ်ဆိုရင် ကြောင်လေးတွေ နားယဉ်သွားမှာပါ။၅။အနံ့သစ်တွေနဲ့ မိတ်ဆက်ပေးပါ။ကြောင်လေးတွေရဲ့ အနံ့ခံ အာရုံကောင်းတာ သိကြတယ် မဟုတ်လား။ ဆိုတော့ ဘေဘီလေးကို သုံးပေးမယ့် အနံ့အသစ်တွေနဲ့ ကြောင်လေးကို အရင် မိတ်ဆက်ပေးထားပါ။ ဆိုလိုတာက ဘေဘီပေါင်ဒါ နဲ့ ဘေဘီ လိုးရှင်းတွေကို လက်မှာ လိမ်းပြီး ကြောင်လေးနဲ့ အရင်ထိတွေ့ပေးတာမျိုး၊ ဘေဘီလေးရဲ့ အနံ့ပါတဲ့ စောင်လေးတွေနဲ့ ထိတွေ့ခိုင်းတာမျိုး လုပ်ပေးပါ။ပြီးတော့ ဘေဘီလေး မွေးရင် သုံးဖို့ ထားထားတဲ့ ခြေအိတ်လေးတွေနဲ့ ကြောင်လေးတွေကို ပွေ့ဖက်ပေးတာ၊ ပွတ်ပေးတာမျိုး လုပ်ပေးပါ။ ဘေဘီလေးကို အိမ်ခေါ်လာရင် အဲဒီခြေအိတ်လေးတွေ ဝတ်လာခဲ့ပေးပါ။ ဒီခြေအိတ်လေးမှာ သူ့အနံ့ ကျန်နေခဲ့မှာမို့ ကြောင်လေးက သူ့ မိသားစုဝင်အဖြစ် တစ်ခါတည်း အသိအမှတ်ပြုမှာပါ။၆။ဘေဘီလေးကို အိမ်ခေါ်လာပြီးရင် ကြောင်လေးနဲ့ သီးသန့် တွေ့ပေးပါ။တစ်ကောင် နဲ့ တစ်ယောက်တည်း ဒီတိုင်း ထားလိုက်ဖို့ ပြောတာ မဟုတ်ပါဘူး။ ဘေဘီလေးကို ချီပြီး သူ့ခြေထောက်လေးတွေကို ကြောင်လေးကို ပေးနမ်းတာမျိုး၊ သေချာစူးစမ်းစေတာမျိုး လုပ်ပါစေ။ ဒီအချိန်မှာလည်း ကြောင်လေးရဲ့ အနံ့ပါတဲ့ ပစ္စည်းလေးတွေ ဆင်ထားပေးဖို့ မမေ့နဲ့နော်။ပြီးတော့ ကြောင်လေးကို သေချာ ချီးကျူးပေးပါ။ သူကြိုက်တတ်တာလေးတွေ ကျွေးပါ။ ဒါဆိုရင်တော့ ဘေဘီလေးကို နူးနူးညံ့ညံ့ ဆက်ဆံတာကို သခင်တွေ ကြိုက်မှန်း သိပြီး ကြောင်လေးကလည်း နောက်ပိုင်း ဂရုတစိုက် ဆက်ဆံပါလိမ့်မယ်။အိုး.. နောက်ဆုံးတစ်ချက်က။၇။ကြောင်လေးတွေကိုလည်း ကိုယ်ပိုင်နေရာလေး ပေးလိုက်ပါ။ဆိုလိုတာက ဘေဘီလေးတွေ၊ တွားသွားတတ်ခါစကလေးတွေ လက်လှမ်းမီတဲ့ နေရာမှာ ထားလိုက်ရင် ကလေးတွေက ဆွဲမိဆွဲရာ လိုက်ဆွဲမှာကြောင့် သူတို့လေးတွေ နာသွားတတ်ပါတယ်။ ဘယ်နေရာမှာမဆို အပြန်အလှန် လေးစားမှုက အရေးပါတယ် မဟုတ်လား။ဒါကြောင့် ကြောင်လေးတွေနဲ့ ဘေဘီလေးတွေနားမှာ အမြဲ ဂရုတစိုက် စောင့်ကြည့်ပါ။ ကြောင်လေးတွေကိုလည်း ပေးမနမ်းပါနဲ့နော်။ ပြီးတော့ ကိုယ်တိုင်လည်း ကလေးအတွက် ပြင်ပေးဆင်ပေးစရာတွေ ရှိရင် အမြဲလက်ဆေးဖို့ သတိရပါ။ဒါဆိုရင်တော့ ကြောင်လေးတွေနဲ့ ကလေးလေးတွေကို အန္တရာယ်ကင်းကင်း အတူတူ ထားလို့ ရပါပြီ။ပျော်ရွှင်စရာ မိသားစုဘဝလေး ပိုင်ဆိုင်နိုင်ပါစေ။ရေးသားသူ – Wathun Myet Chal။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/introducing-cats-and-babies/
Low Sperm Count (သုက်ပိုးနည်းခြင်း)
Low Sperm Count (သုက်ပိုးနည်းခြင်း) အကြောင်းလေး ပြောပြပေးချင်ပါတယ်။အဓိပ္ပါယ်ဖွင့်ဆိုချက်။Low Sperm Count (သုက်ပိုးနည်းခြင်း)ကဘာလဲ။အမျိုးသားတစ်ယောက် ကာမဆက်ဆံတဲအချိန်မှာ ထုတ်လွှတ်လိုက်တဲ့ သုက်ရည်ထဲမှာ ပါဝင်တဲ့သုက်ပိုးပမာဏ ပုံမှန်ထက်နည်းနေခြင်းကိုဆိုလိုပါတယ်။ သုက်ပိုးနည်းခြင်းကို oligospermia ဟုခေါ်တတ်ပြီး သုက်ပိုးလုံးဝမပါခြင်းကိုတော့ azoospermia လို့ခေါ်ပါတယ်။ တကယ်လို့ သုက်ရည်တစ်မီလီမီတာမှာ သုက်ပိုး ၁၅ မီလီယံထက် နည်းနေရင် သုက်ပိုးနည်းတယ်လို့ဆိုနိုင်ပါတယ်။သုက်ပိုးနည်းခြင်းဟာ အမသားဥနဲ့ သားဖောက်နိုင်ချေကိုနည်းစေပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သုက်ပိုးနည်းနေလည်း အဖေဖြစ်နိုင်ချေတော့ရှိပါသေးတယ်။Low Sperm Count (သုက်ပိုးနည်းခြင်း)ကဘယ်လောက်အဖြစ်များသလဲ။အလွန်ကိုဖြစ်တတ်ပြီး အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ရန်အားပေးသော အခြေအနေများကိုရှောင်ကြဉ်ခြင်းဖြင့် ဖြစ်နိုင်ချေကိုထိန်းသိမ်းနိုင်တယ်။ အသေးစိတ်အတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။လက္ခဏာများ။Low Sperm Count (သုက်ပိုးနည်းခြင်း)ရဲ့လက္ခဏာတွေကဘာတွေလဲ။တွေ့ရများတဲ့လက္ခဏာတွေကတော့ –။ဖော်ပြထားသော လက္ခဏာတွေအပြင် တခြားလက္ခဏာတွေလည်းရှိနိုင်သေးတာကြောင့် သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။ဘယ်အချိန်မှာဆရာဝန်နဲ့သွားရောက်တွေ့ဆုံသင့်သလဲ။တကယ်လို့အောက်ပါလက္ခဏာတွေရှိပါက ဆရာဝန်ပြသင့်ပါတယ် –။အကြောင်းရင်းများ။Low Sperm Count (သုက်ပိုးနည်းခြင်း)ကိုဘာတွေကဖြစ်စေသလဲ။သုက်ပိုးထုတ်ခြင်းဟာ သုက်ပိုးထုတ်သောအဖိုအင်္ဂါတင်မကဘဲ သုက်ပိုးထုတ်ရန်လိုသည့် ဟော်မုန်းများထုတ်ပေးသော ဦးနှောက်အစိတ်အပိုင်းများ၏ လုပ်ဆောင်ချက်တွေပေါ်မှာပါ မူတည်နေသော ရှုတ်ထွေးတဲ့ဖြစ်စဉ်တစ်ခုဖြစ်တယ်။ သုက်ပိုးတွေကို သုက်ပိုးထုတ်အင်္ဂါက ထုတ်ပြီးတဲ့အခါ နူးညံ့တဲ့ပြွန်လေးတွေကနေ ပို့ဆောင်၊ သုက်ရည်နဲ့ရောပြီး ယောက်ျားအင်္ဂါကနေတဆင့် အပြင်ကိုထုတ်လွှတ်ပါတယ်။ ဒါကြောင့်ထိုလုပ်ဆောင်ချက်တလျှောက်မှာ တစ်နေရာရာက ပုံမှန်မဟုတ်ခြင်းဟာ သုက်ပိုးထုတ်လွှတ်ခြင်းကို ထိခိက်စေမှာပါ။ ဒါ့အပြင် သုက်ပိုးပုံစံ၊ လှုပ်ရှားနိုင်မှုတွေမှာပါ ပြဿနာတွေရှိနိုင်ပါတယ်။သုက်ပိုးနည်းခြင်းဟာ တချို့သောကျန်းမာရေးပြဿနာတွေ၊ ဆေးကုသမှုတွေကြောင့်ဖြစ်နိုင်ပါတယ်။ –။သုက်ထုတ်ခြင်း၊ သုက်ပိုးလုပ်ငန်းဆောင်တာတွေဟာ အောက်ပါ ပတ်ဝန်းကျင်မှအရာများနဲ့ အထိအတွေ့များပါကလည်း လျော့နည်းနိုင်တယ်။တခြားသုက်ပိုးလျော့နည်းစေသောအကြောင်းများ။ဖြစ်နိုင်ခြေများ။Low Sperm Count (သုက်ပိုးနည်းခြင်း)ဖြစ်နိုင်ခြေကိုဘာတွေကမြင့်တက်စေသလဲ။သုက်ပိုးနည်းခြင်းကိုအားပေးသောအချက်များ။ရောဂါအဖြေရှာခြင်းနှင့်ကုသမှု။ယခုဖော်ပြထားသောအချက်အလက်များကိုဆေးပညာအကြံပေးမှုနေရာတွင်အစားထိုးရန်မသင့်တော်ပါ။ပိုမိုသောအချက်အလက်များရရှိရန်အတွက်ဆရာဝန်နှင့်အမြဲတမ်းတိုင်ပင်ပါ.။Low Sperm Count (သုက်ပိုးနည်းခြင်း)ကိုဘယ်လိုအတည်ပြုပါသလဲ။ဒီအချက်တွေဟာ ကျန်းမာရေးအကြံဉာဏ်တွေအတွက် အစားထိုးမဟုတ်တာကြောင့် အမြဲတမ်း ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ဖို့မမေ့ပါနဲ့။ဘယ်လိုသိရှိနိုင်မလဲ။တကယ်လို့ သင့်အမျိုးသမီးမှာ ကိုယ်ဝန်ရဖို့ခက်ခဲနေလို့ ဆရာဝန်နဲ့သွားတိုင်ပင်ပါက ဆရာဝန်က အကြောင်းအရင်းရှာပါလိမ့်မယ်။ သုက်ပိုးနည်းခြင်းကြောင့်လို ထင်နေရင်တောင်မှ အမျိုးသမီးမှာလည်း တခြားဖြစ်နိုင်ချေရှိသောအချက်များကိုရှာဖွေကာ မျိုးပွားခြင်းဆိုင်ရာတခြားအကူအညီလိုမလိုစမ်းစစ်ပါလိမ့်မယ်။ရောဂါရှာဖွေခြင်းမှာတော့ ဒါတွေပါနိုင်ပါတယ်-။ယေဘုယျစမ်းသပ်ခြင်း၊ ရာဇဝင်မေးမြန်းခြင်း – မျိုးရိုးလိုက်ရောဂါများ၊ နာတာရှည်ရောဂါများ၊ ထိခိုကမှုများ၊ ခွဲစိတ်မှုများရှိမရှိမေးမြန်းကာ မျိုးပွားအင်္ဂါတဝိုက်စစ်ဆေးမှုများ ပါဝင်နိုင်ပါတယ်။ ကာမဆက်ဆံမှုပုံစံနဲ့ သင့်ရဲ့လိင်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေအကြောင့်လည်းမေးပါလိမ့်မယ်။သုက်ရည်ခွဲခြမ်းစိတ်ဖြာကြည့်ခြင်း – သုက်ပိုးပမာဏနည်းခြင်းကို သုက်ရည်ခွဲခြမ်းစိတ်ဖြာစစ်ဆေးကြည့်ခြင်းဖြင့်လည်း သိရှိနိုင်တယ်။ သုက်ရည်ကိုမိုက်ခရိုစကုပ်အောက်တွင်ကြည့်ကာ အကောင်အရေအတွက်စစ်ဆေးရေတွက်နိုင်တယ်။ရှေ့ကစစ်ဆေးမှုတွေရဲ့ရလဒ်ပေါ်မူတည်ပြီးသုက်ပိုးနည်းရခြင်းအကြောင်းအရင်းအတွက် နောက်ထပ်စစ်ဆေးမှုတွေလည်းလုပ်ကောင်းလုပ်နိုင်ပါတယ်။ အဲ့ဒါတွေကို –။စအိုတွင်အာထရာဆောင်းရိုက်ခြင်း – သုက်ရည်သယ်ပို့သောပြွန်များ ပိတ်ဆို့နေခြင်းရှိမရှိသိရှိရန် ဆီးကျိတ်စစ်ဆေးခြင်းဖြစ်တယ်။Low Sperm Count (သုက်ပိုးနည်းခြင်း)ကိုဘယ်လိုကုသပါသလဲ။နေထိုင်မှုပုံစံပြောင်းလဲခြင်း၊အိမ်တွင်းကုထုံးနည်းများ။သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေကိုရရန် ဆရာဝန်နှင့်သေချာဆွေးနွေးတိုင်ပင်နိုင်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/low-sperm-count-explained/
သုံးတတ်ရင် ဆေး မသုံးတတ်ရင် ဘေးဖြစ်တတ်တဲ့ ဆေးခြောက်
ဆေးခြောက်လို့ ပြောလိုက်ရင် တော်တော်များများ အရင်ဆုံးတွေးမိနိုင်တာက ဆေးခြောက်ဆိုတာကမူးယစ်ဆေးတစ်မျိုးလို့ပေါ့။ နောက်ပြီး မကောင်းတဲ့ အရာလို့ပေါ့။ တကယ်ကတော့ ဆေးခြောက်က ဆေးပညာအရ ဆေးဖက်ဝင်တယ်ဆိုတာပါ။ ဘာကြောင့် သုံးတတ်ရင် ဆေး မသုံးတတ်ရင် ဘေးဖြစ်တတ်တဲ့ ဆေးခြောက် လို့ ပြောရတာလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။သုံးတတ်ရင် ဆေး မသုံးတတ်ရင် ဘေးဖြစ်တတ်တဲ့ ဆေးခြောက် လို့ ပြောရတဲ့ အကြောင်းအရင်းက ဆေးခြောက်မှာပါတဲ့ Cannabidiol (CBD) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုးက ပုံမှန်အတိုင်းကတော့ ထိခိုက်စေတာမျိုး မရှိပါဘူး။ ပြောချင်တာကတော့ မဟိုက်စေဘူးပေါ့။Cannabidiol (CBD) ဒြပ်ပေါင်းက ဆေးခြောက်ပင် ထဲမှာ တွေ့ရှိနိုင် သလိုဆေးခြောက်ပင်မဟုတ်တဲ့ အပင်တွေထဲမှာလည်း တွေ့ရှိရနိုင်ပါတယ်။အချို့သော နိုင်ငံတွေမှာ Cannabidiol (CBD) ဒြပ်ပေါင်းတွေကို အစားအသောက် အသုံးအဆောင်တွေထဲမှာ ထည့်ပြီး ထုတ်လုပ်တာမျိုးတွေလည်း ရှိကြပါတယ်။ ဒါတွေကတော့ –။လေ့လာချက်တွေအရ သန့်စင်ပြီးသား Cannabidiol (CBD) ကိုအတက်ရောဂါသက်သာစေဖို့ အသုံးပြုနိုင်ပါတယ်။ နာကျင်မှုတွေကို သက်သာစေဖို့အတွက် အသုံးပြုကြတာမျိုးလည်း ရှိပါတယ်။ သန့်စင်ပြီးသား ဆေးခြောက်တွေက ဆေးဘက်ဆိုင်ရာ အသုံးပြုမှုတွေ အနေနဲ့ အသုံးပြုကြတာမျိုးတွေ ရှိပါတယ်။Cannabidiol (CBD) က ခန္ဓာကိုယ်ထဲမှာ ဘယ်လိုတွေ ဓာတ်ပြုလဲ ဆိုတာကို တိတိကျကျတော့ သိရှိရတာမျိုး မရှိပါဘူး။ အကြောင်းကတော့ ဆေးခြောက်က ခန္ဓာကိုယ်ကို ပုံစံ အမျိုးမျိုးနဲ့ ဓာတ်ပြုနိုင်တာကြောင့်ပါ။ဆေးခြောက်မှာဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်နေသလို အရောင် ကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့်လည်း ဆေးဖက် ဆိုင်ရာမှာ  အသုံးပြုကြတာပါ။ အကြောင်းကတော့ Cannabidiol (CBD) ဒြပ်ပေါင်းက စိတ်ကို ပြောင်းလဲစေတတ်တဲ့ ဆေးဝါးတွေနဲ့ ဓာတ်ပြုတာမျိုး မတူကြလို့ပါ။Cannabidiol (CBD) ဒြပ်ပေါင်း အဆီက အခုလို ကောင်းကျိုးလေးတွေ ရရှိစေနိုင် ပါတယ်။လေ့လာမှုတွေ အရCannabidiol (CBD) ပါဝင်နေတဲ့ လူ့အသုံးအဆောင်တွေက လုံးဝ ဘေးကင်းတယ်တော့ မဟုတ်ဘူးဆိုတာကို သိရှိရပါတယ်။ Cannabidiol (CBD) ဒြပ်ပေါင်းတွေကို အလွန်အကျွံ အသုံးပြုတာက –။နောက်ပြီးကိုယ်ဝန်ဆောင်နေချိန်မှာ ထိခိုက်မှုဖြစ်စေနိုင်တာမျိုး ဖြစ်နိုင်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ Cannabidiol (CBD) ဒြပ်ပေါင်းပါဝင်နေတဲ့ဆေးခြောက်ကိုအသုံးမပြုသင့်ပါဘူး။ ကလေးငယ်တွေမှာ ဆိုရင်လည်းဦးနှောက် ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်သလို ကိုယ်ဝန်ဆောင်ချိန်မှာလည်း သန္ဓေသား ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တာကြောင့် အသုံးမပြုသင့်ပါဘူး။နို့တိုက်မိခင်တွေမှာလည်း ဆေးခြောက်ကို အသုံးမပြုသင့်ပါဘူး။ဆေးခြောက်သုံးရုံနဲ့Cannabidiol (CBD)ရဲ့ အာနိသင်တွေရပြီလို့ တန်းပြီး သတ်မှတ်လို့တော့ မရပါဘူး။ အခုပြောခဲ့တာတွေက သန့်စင်ထားပြီး ဆေးအဖြစ် ပမာဏတစ်ခုသတ်မှတ်ပြီး သုံးတာ ဖြစ်ပါတယ်။ Cannabidiol (CBD)နဲ့ ပတ်သက်ပြီး ကောင်းကျိုးဆိုးကျိုးတွေကို ဆက်ပြီး လေ့လာနေဆဲ ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ ဆေးခြောက်ကို တရားဝင် အသုံးပြု၍ မရသေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/benefits-of-cbd-oil/
ဒူးရင်းသီးစေ့ ကို လွှင့်ပစ်နေမိဆဲလား..............
ကြိုက်တဲ့သူအတွက် မွှေးအီနေပြီး မကြိုက်တဲ့သူတွေအတွက်တော့ ခေါင်းကိုက်လောက်တဲ့အထိ အနံ့ဆိုးတဲ့ဒူးရင်းသီးကို စားပြီးတိုင်း ဒူးရင်းသီးစေ့ကို လွှင့်ပစ်နေမိတုန်းပဲလား။ ဒါဆိုရင်တော့ ဒူးရင်းစေ့လေးမှာပါတဲ့အာဟာရဓာတ်တွေနဲ့ ဒူးရင်းသီးစေ့က ဘယ်လိုအကျိုးကျေးဇူးလေး​တွေပေးလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ဒူးရင်းသီးမှာတင်မဟုတ်ဘဲ အသားချိုချို အောက်မှာရှိနေတဲ့ ဒူးရင်းသီးစေ့မှာလည်း။လူတော်တော်များများက ဒူးရင်းသီး အသားကို နှစ်နှစ်ခြိုက်ခြိုက်စားကြပေမယ့် ဒူးရင်းသီး အစေ့ကိုတော့ လွှင့်ပစ်​ကြတာ များပါတယ်။ ဒူးရင်းသီး အစေ့က အစိမ်းစားရင် အန္တရာယ်ရှိပါတယ်။ ဒါပေမယ့် ဒူးရင်းသီးစေ့ကို ပြုတ်ပြီးဖြစ်ဖြစ်၊ မီးကင်ပြီးဖြစ်ဖြစ်ဟင်းချက်ပြီးဖြစ်ဖြစ်တော့ စားသုံးလို့ရပါတယ်။ ဒီတော့ ဒူးရင်းသီးစေ့ကကျန်းမာရေးကို ဘယ်လို အထောက်အကူပြုပေးလဲ ဆိုတာကို ဆက်ကြည့်လိုက်ရအောင်လား………။စားပြီးတိုင်းလိုလို လွှင့်ပစ်တတ်တဲ့ ဒူးရင်းသီးစေ့ ကို စားသုံးပေးမယ်ဆိုရင်။ဒူးရင်းသီးစေ့မှ ကစီဓာတ် ပါဝင်နေပါတယ်။ ကစီဓာတ်ကနေ့စဉ် စားသုံးမှုမှာ လိုအပ်တဲ့ အာဟာရ တစ်မျိုးပါ။ အင်အားဖြစ်ပေါ်စေဖို့ အဓိက ပံ့ပိုးပေးနေတဲ့ အာဟာရဓာတ် တစ်မျိုးလည်း ဖြစ်ပါတယ်။ကစီဓာတ် ပြည့်ဝတာက အဆာခံနိုင်စေသလို ခန္ဓာကိုယ်ကိုလည်း အင်အားပြည့်စေနိုင်ပါတယ်။ ကစီဓာတ်က အများ​ကြီးစားရင် အဆီတက်စေနိုင်တာကြောင့် အတိုင်းအချင့်လေးနဲ့ စားဖို့တော့ သတိပေးပါရစေ။ကယ်လ်လိုရီပါဝင်မှုများတာကြောင့်ဝိတ်ချနေသူတွေအနေနဲ့ အများကြီး မစားဖို့ သတိပေးပါရစေ။ဒူးရင်းစေ့က စေးကပ်ကပ်နိုင်ပေမယ့် အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး အူတွေကို လှုပ်ရှားမှု ကောင်းစေပါတယ်။ ဝမ်းမှန်စေပြီး အူတွေကို ကျန်းမာစေသလို အူအတွင်းက အကျိုးပြု ဘက်တီးရီးယားလေးတွေကိုလည်း ကျန်းမာစေပါတယ်။အစာခြေစနစ် ကျန်းမာပြီးဝမ်းမှန်စေဖို့ဆိုရင် ဒူးရင်းသီးစေ့ စားပေးလို့ရပါတယ်။ဒူးရင်းစေ့က သဘာဝသန်ချဆေးတစ်မျိုးပါ။ ဝမ်းမှန်စေဖို့အပြင် သန်ကျစေဖို့လည်း ဒူးရင်းသီးစေ့ကို စားပေးလို့ရပါတယ်။ဒူးရင်းသီးစေ့မှာ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ဇင့်ဓာတ်ပါဝင်နေတာ​ကြောင့် ကိုယ်ခံအားစနစ်ကို အကောင်းဆုံး အားဖြည့်ပေးပါတယ်။ဖျားနာမှုကို ကင်းစေပြီးအနာကျက်မြန်စေဖို့နဲ့ ဆဲလ်တွေ ကျန်းမာစေဖို့လည်း အားဖြည့်ပေးပါသေးတယ်။ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေတာကြောင့် ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်စေမှာ အသေအချာပါ။ဒူးရင်းစေ့မှာ အကျိုးပြု အဆီတွေ ပါဝင်နေတာကြောင့် သွေးတွင်းက အဆီတွေကို ကျစေပြီးသွေးကြောကျဉ်းတာကင်းစေလို့ နှလုံး ကျန်းမာစေပါတယ်။ သွေးတိုး ကင်းသလိုအသည်းအဆီဖုံးတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါသေးတယ်။ ဒူးရင်းသီး အသားက အဆီထက်၊ အစေ့က အဆီက ကျန်းမာရေးကို အများကြီး အထောက်အကူပြုပေးနိုင်ပါတယ်။ဒူးရင်းစေ့မှာ အကျိုးပြု အဆီပါဝင်နေတာကြောင့် သွေးတွင်းကအကျိုးပြု ကိုလက်စထရောပမာဏကို မြင့်တက်စေပြီး အကျိုးမပြု ကိုလက်စထရောပမာဏဏကို ကျဆင်းစေပါတယ်။ ဒါကြောင့် သွေးတွင်းကိုလက်စထရောများပြီး နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ကင်းစေဖို့ ဒူးရင်းစေ့ကို စားပေးလို့ရပါတယ်။ဒူးရင်းစေ့မှာကယ်လ်ဆီယမ်နဲ့phosphorus ပါဝင်နေတာကြောင့် အရိုးနဲ့ သွားတွေကို ကြံ့ခိုင်စေပါတယ်။အရိုးပါးတာ၊ အရိုးပွတာတွေ မဖြစ်စေဖို့လည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။အလွန်အကျွံ မဟုတ်ဘူးဆိုရင် ဒူးရင်းသီးစေ့က ကျန်းမာရေးကို ကြီးကြီးမားမား ထိခိုက်စေတာမျိုး မဖြစ်စေပါဘူး၊၊။ဒါပေမယ့် ဒူးရင်းစေ့စားမယ်ဆိုရင် သတိထားရမယ့် အချက်က အစိမ်းမစားဖို့ပါ၊၊ ဒူးရင်းသီးစေ့ အစိမ်းမှာ cyclopropene fatty acids တွေ ပါဝင်ပြီး ဒါက ကင်ဆာဖြစ်စေနိုင်တယ်လို့ ယူဆထားကြပါတယ်၊၊ ဒါကြောင့် စားမယ်ဆိုရင် ချက်ပြုတ်ပြီး စားတာက ပိုပြီးသင့်တော်ပါတယ်၊၊။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/benefits-of-durian-seeds/
လိင်တံထိပ်ငုံအရေပြား ကျပ်ခြင်းအကြောင်း သိကောင်းစရာ
လိင်တံထိပ်ငုံအရေပြား ကျပ်ခြင်းအကြောင်း သိကောင်းစရာ လေးတွေကို ဆွေးနွေးပေးသွားပါမယ်။လိင်တံထိပ်ငုံအရေပြား ကျပ်ခြင်းဟာ မွေးကင်းစအရွယ်နဲ့ ကလေး အရွယ်တွေမှာ ဖြစ်တတ်ပြီး တစ်ခါတစ်ရံ လူလားမြောက်တဲ့ အရွယ်အထိ ဖြစ်ပွားတတ်ပါတယ်။ လိင်တံထိပ်ငုံအရေပြားကျပ်ခြင်း ဆိုတာ အကြီးအကျယ်ကုသရတဲ့ ရောဂါ တစ်ခု မဟုတ်ပေမဲ့ လိင်တံနီရဲခြင်း၊ နာကျင်ခြင်းနဲ့ ရောင်ရမ်းခြင်းတို့ဖြစ်စေနိုင်ပါတယ်။ ဒီလို လိင်တံထိပ်ငုံအရေပြားကျပ်တဲ့အခါ အမျိုးသားတွေ။ဆီးသွားတဲ့ အချိန်နဲ့ လိင်မှု ကိစ္စတွေကိုပါ ထိခိုက်နိုင်ပါတယ်။ လေ့လာချက်တွေအရ အမျိုးသား ၂ ရာခိုင်နှုန်းဟာ နောက်ပြန်ဆွဲလို့မရတဲ့ လိင်တံထိပ်ငုံအရေပြား တွေရှိကြတယ် လို့ သိရပါတယ်။လိင်တံထိပ်ငုံအရေပြားဟာ မူလကတည်းက လိပ်တံကို အုပ်ထားပေးထားတာ သဘာဝတစ်ရပ်ပါပဲ။ ဒီလို လိင်တံထိပ်ငုံအရေပြားကို ငယ်ငယ်ကတည်းက ဖြတ်ထုတ်လိုက်ရင် လိင်တံထိပ်ငုံအရေပြား ကျပ်ခြင်း မဖြစ်နိုင်တော့ပါဘူး။တစ်ခါတစ်ရံ phimosis လို့ခေါ်တဲ့ လိင်တံထိပ်ငုံအရေပြားက တင်းကျပ်သွားပြီး အနောက်ကို ပြန်လှန်လို့မရတော့တဲ့ အခြေအနေတွေရှိတတ်ပါတယ်။ လိင်တံထိပ်ငုံအရေပြား ကျပ်ခြင်းကို ကုသခြင်းဟာ ဖြစ်ပွားရတဲ့ အကြောင်းရင်းနဲ့ ရောဂါလက္ခဏာ အပျော့၊ အပြင်းအပေါ် မူတည်ပြီး အမျိုးမျိုးကုသနိုင်ပါတယ်။ဆေးပညာအရ လိင်တံထိပ်ငုံအရေပြား ကျပ်ခြင်းကို အောက်ပါ အမျိုးအစားတွေအတိုင်းခွဲခြားထားပါတယ်။ အဲ့ဒါတွေကတော့-။(၁) Phimosis။လိင်တံထိပ်ငုံအရေပြား ကျပ်နေပြီး နောက်ကို ပြန်ရုပ်လို့မရတဲ့ အခြေအနေကို Phimosis လို့ခေါ်ပါတယ်။ ဒီအခြေအနေဟာ အသက် ၂ နှစ်ကနေ ၆ နှစ်အတွင်း ကလေးများမှာ ဖြစ်တတ်ပါတယ်။ ဒီလို အခြေအနေတွေမှာဆိုရင် နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ ဆီးသွားတဲ့အခါ ခက်ခဲခြင်း မဖြစ်သ၍ Phimosis အခြေအနေကို စိုးရိမ်စရာ မလိုပါဘူး။(၂) Paraphimosis။Paraphimosis ဆိုတာ အမျိုးသားတစ်ယောက်ရဲ့ လိင်တံထိပ်ငုံအရေပြားကို နောက်ပြန်ဆွဲထုတ်လိုက်ပြီးရင် ပုံမှန် အနေအထား မရောက်တဲ့ ဖြစ်စဉ်ကို ခေါ်တာ ဖြစ်ပါတယ်။ ဒီလို ဖြစ်စဉ်မျိုးဖြစ်တဲ့အခါလိင်တံမှာ သွေးမလျှောက်ခြင်းကြောင့် တစ်ရှူးများ ပုပ်ပွပျက်စီးခြင်းနဲ့ လိင်တံထိပ်ကို ဖြတ်တောက်ရခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ Paraphimosis ဟာ Phimosis ထက် ပိုပြင်းထန်တဲ့ ဝေဒနာဖြစ်ပြီး Paraphimosis ဖြစ်ပြီဆိုရင် လိင်တံတစ်လျှောက် သွေးကြော ပြန်စီးဆင်းစေဖို့အတွက် ထိရောက်တဲ့ အရေးပေါ် ကုသမှုကို ခံယူသင့်ပါတယ်။phimosis ဖြစ်ပွားရခြင်း အကြောင်းရင်းများ။phimosis ဟာ ခန္ဓာကိုယ်ကြောင့်ဖြစ်နိုင်သလို ရောဂါကြောင့်လည်း ဖြစ်စေနိုင်ပါတယ်။ခန္ဓာကိုယ်ကြောင့် ဖြစ်ပွားတဲ့ phimosis။ဒီလို ဖြစ်ပွားတဲ့ phimosis မှာ မွေးကတည်းက လိင်တံထိပ်ငုံအရေပြားက ကျပ်နေပြီး ဒီအခြေအနေဟာ အသက် ၆ နှစ် ၊ ၇ နှစ်အရွယ်မှာ ပျောက်ကင်းသွားတတ်ကြပါတယ်။ရောဂါကြောင့်ဖြစ်တဲ့ phimosis။ရောဂါကြောင့်ဖြစ်တဲ့ phimosis ဟာ ကူးစက်ခံရခြင်း၊ ရောင်ရမ်းခြင်းနဲ့ အမာရွတ်တို့ကြောင့် ဖြစ်ရတာပါ။ phimosis ကို ဖြစ်စေတဲ့ ရောဂါတွေကတော့-။Balanitis။Balanitis လို့ခေါ်တဲ့ လိင်တံထိပ်ပိုင်း ရောင်ရမ်းနေခြင်းကြောင့် လိင်တံထိပ်ငုံအရေပြားကျပ်သွားခြင်း၊ ဆီးသွားချိန်နာကျင်ခြင်းနဲ့ တစ်ခြားဝေဒနာတွေကို ခံစားရနိုင်တဲ့ ရောဂါ။ Balanitis ဖြစ်တဲ့ တစ်ချို့လူတွေမှာဆိုရင် လိင်တံထိပ်ငုံအရေပြားအောက်က ပြည်တွေ ထွက်တတ်ကြပါတယ်။Balanoposthitis။လိင်တံထိပ်ငုံအရေပြား မဖြတ်တောက်ထားတဲ့ အမျိုးသားတွေမှာဆိုရင် balanitis လို့ခေါ်တဲ့ လိင်တံထိပ်ပိုင်း ရောင်ရမ်းခြင်းနဲ့ posthitis လို့ခေါ်တဲ့ လိင်တံထိပ်ငုံအရေပြား ရောင်ရမ်းခြင်းတို့ (၂) ခုလုံးဖြစ်ပွားတဲ့ balanoposthitis ရောဂါဖြစ်နိုင်ပါတယ်။ ဒါ့အပြင်မှိုရောဂါတွေကြောင့် ရောဂါ ကူးစက်ခြင်းတွေကလည်း balanoposthitis လို့ခေါ်တဲ့ လိင်တံထိပ်ပိုင်းရော၊ အရေပြားရော (၂) ခုလုံးရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုကူးစက်ခံရရင် အမာရွတ်ဖြစ်ပေါ်ပြီး လိင်တံထိပ်ငုံအရေပြား ကျပ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။လိင်ဆက်ဆံခြင်းမှု တစ်ဆင့်ကူးစက်တတ်သော ရောဂါများ (Sexually transmitted infections (STIs))။တစ်ချို့သော STI ရောဂါတွေက လိင်တံထိပ်ပိုင်း တွေကို ရောင်ရမ်းစေပြီးလိင်တံ တင်းမာခြင်းနဲ့ နေရထိုင်ရခက်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ လိင်တံထိပ်ငုံအရေပြား ကျပ်ခြင်းကို ဖြစ်စေနိုင်တဲ့ STI တွေကတော့ –။အရေပြားရဲ့ အခြေအနေ။တစ်ချို့သော အရေပြားရောဂါတွေကလည်း လိင်တံထိပ်ငုံအရေပြား ကျပ်ခြင်းကို ပိုဆိုးရွားစေတတ်ပါတယ်။ အဲ့ဒါတွေကတော့-။အသက်အရွယ်။အသက်အရွယ်ကြောင့်လည်း Phimosis လို့ခေါ်တဲ့ လိင်တံထိပ်ငုံအရေပြား ကျပ်နေပြီး နောက်ကို ပြန်ရုပ်လို့မရတဲ့ အခြေအနေ ဖြစ်နိုင်ပါတယ်။ အသက်ကြီးလာတာနဲ့ အရည်ပြားဟာ မာတင်းလာပြီး မပျော့ပြောင်းတော့တဲ့ အတွက် ဖြစ်ရတာပါ။Paraphimosis ရောဂါ ဖြစ်ပွားခြင်း အကြောင်းရင်းများ။အမျိုးသားတစ်ယောက်ရဲ့ လိင်တံထိပ်ငုံအရေပြားကို နောက်ပြန်ဆွဲထုတ်လိုက်ပြီးရင် ပုံမှန်အနေအထားမရောက်တဲ့ ဖြစ်စဉ်ကို Paraphimosis လို့ခေါ်ပါတယ်။ လိင်တံထိခိုက်ဒဏ်ရာရခြင်းတွေက Paraphimosis ကို ဖြစ်စေနိုင်ပါတယ်။ တစ်ခြား ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့-။ကုသနည်းများ။ဘာဝေဒနာမှ မခံစားရရင်တော့ ဘာကုသမှုမှ မလိုပါဘူး။ ဒါပေမဲ့ ဝေဒနာခံစားနေရပြီဆိုရင် အောက်ပါနည်းလမ်းတွေက ဝေဒနာကို လျော့ပါးစေနိုင်ပါတယ်။လိင်တံ သန့်ရှင်းရေး။လိင်တံကို ကျန်းမာရေးနဲ့ အညီ သန့်ရှင်းစွာ ထားခြင်းဟာ လိင်တံထိပ်ငုံအရေပြား ကျပ်ခြင်း ဝေဒနာကို လျော့နည်းစေနိုင်ပါတယ်။ အဲ့ဒါတွေကတော့-။လိင်တံထိပ်ငုံအရေပြားကို လက်ဖြင့် ပုံမှန်ဆွဲဆန့်ပေးခြင်းဟာ အရေပြားရဲ့ ချုံ၊ ချဲ့ နိုင်စွမ်းကို ထိန်းသိမ်းပေးနိုင်ပြီး အရေပြားမာကြောခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် လိင်တံကို ဆေးကြောစဉ်မှာ အရေပြားကို ပုံမှန် ဆွဲဆန့်ပေးနိုင်ပါတယ်။( ဒီလေ့ကျင့်ခန်းဟာ လိင်တံထိပ်ငုံအရေပြားနဲ့ လိင်တံထိပ်ပိုင်း စတင်ကွဲသွားတဲ့ အချိန်ဖြစ်တဲ့ အသက် ၇ နှစ်က စလို့ ပြုလုပ်နိုင်ပါတယ်။) ယောက်ျားလေး အမျိုးမျိုးရဲ့ ကြီးထွားခြင်း ဖြစ်စဉ်တွေက တစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့အတွက် ဒီလေ့ကျင့်ခန်း မပြုလုပ်မှီ ဆရာဝန်နဲ့ အရင် ဆွေးနွေးသင့်ပါတယ်။ဆေးဝါးများ။လိင်တံထိပ်ငုံအရေပြား ကျပ်ခြင်းကို ကုသပေးနိုင်တဲ့ ဆေးဝါး အမျိုးမျိုးရှိပြီး ဘယ်လိုဆေးမျိုးကို မှီဝဲရမလဲဆိုတာကတော့ ဖြစ်ပွားခြင်း အကြောင်းရင်းပေါ်မူတည်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ နည်းလမ်းတွေကတော့ စဉ်းစားသင့်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ဆေးစာမလိုဘဲ ဒီအတိုင်း ဆေးဆိုင်တွေမှာ ဝယ်ယူလို့ရတဲ့ steroid ခရင်မ် တွေက လိင်တံထိပ်ငုံအရေပြား ကျပ်ခြင်းကို ပျောက်ကင်းစေနိုင်ပါတယ်။ ဒီဆေးကိုသုံးမယ်ဆိုရင် လိင်တံထိပ်ငုံအရေပြားကို နေ့စဉ် ၂ လအထိ ပုံမှန်လိမ်းပေးသင့်ပါတယ်။ ဒီဆေးဝါးတွေနဲ့ လိင်တံထိပ်ငုံအရေပြားဆွဲဆန့် လေ့ကျင့်ခန်းတွေနဲ့ တွဲလုပ်ရင် အထိရောက်ဆုံးဖြစ်ပြီး steroid ခရင်မ် ကို မသုံးတော့ဘူးဆိုရင်တောင် လေ့ကျင့်ခန်းက လိပ်တံ အရေပြားကျပ်ခြင်းကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။ဆေးစာနှင့်တကွ ဝယ်ယူရသော ဆေးများ။လိင်တံထိပ်ငုံအရေပြားကျပ်ခြင်းက ကူးစက်ရောဂါကြောင့် ဖြစ်တာဆိုရင် ဆရာဝန်တွေက ပဋိဇီဝဆေးတွေ ဖြစ်တဲ့ bacitracin နဲ့ clotrimazole (Lotrimin AF) လိုဆေးမျိုးကို ညွှန်းပေးမှာ ဖြစ်ပါတယ်။ထုံဆေးများ။လိင်တံထိပ်ငုံအရေပြားကို နောက်ပြန်ဆွဲထုတ်လိုက်ပြီးရင် ပုံမှန် အနေအထား မရောက်တဲ့ ဖြစ်စဉ်ဖြစ်တဲ့ paraphimosis မှာဆိုရင် အရည်ပြားကို ရှေ့ကို ပြန်ဆွဲထုတ်တဲ့အခါ မနာကျင်စေဖို့ ထုံဆေးအဆီတွေ အသုံးပြုနိုင်ပါတယ်။ခွဲစိတ်ကုသမှုများ။တခြားသော နည်းလမ်းတွေက လိင်တံထိပ်ငုံအရေပြားကျပ်ခြင်းကို မကုသနိုင်ဘူးဆိုရင် ခွဲစိတ်ကုသဖို့လိုလာပါပြီ။ ခွဲစိတ်ကုသတဲ့ အခါမှာ ခွဲစိတ်ဆရာဝန်က လိင်တံထိပ်ငုံအရေပြားကို ဖြတ်တောက်ကုသပေးတာ ဖြစ်ပါတယ်။ သို့ပေမဲ့ ဒီလို ခွဲစိတ်ခြင်းတွေက တစ်ရှုးတွေ အသစ်တစ်ဖန် ပြန်လည်ဖြစ်ပေါ်ခြင်းကို မတားဆီးပေးနိုင်ပါဘူး။Circumcision (လိင်တံထိပ် အရေပြားကို ဖြတ်ခြင်း)။လိင်တံထိပ်ငုံအရေပြား ကျပ်နေပြီး နောက်ကို ပြန်ရုပ်လို့မရတဲ့ အခြေအနေ (Phimosis ) နဲ့ လိင်တံထိပ်ငုံအရေပြားကို နောက်ပြန်ဆွဲထုတ်လိုက်ပြီးရင် ပုံမှန် အနေအထားမရောက်တဲ့ ဖြစ်စဉ် (Paraphimosis) ၊ လိင်တံထိပ်ပိုင်း ရောင်ရမ်းခြင်းဖြစ်စဉ် (balanitis)နဲ့ လိင်တံ ထိပ်ပိုင်းရော၊ အရေပြားရော ရောင်ရမ်းတဲ့ ဖြစ်စဉ်ဖြစ်တဲ့ balanoposthitis ဖြစ်စဉ် ၄ မျိုးခန့်ဖြစ်ပြီဆိုရင် ခွဲစိတ်ပြီး လိင်တံထိပ် အရည်ပြားကို ဖယ်ရှားဖို့လိုပါတယ်။ ဒါကို circumcision လုပ်တယ်လို့လည်းခေါ်ပြီး ဂျူးလူမျိုးနဲ့ မွတ်စလင်ဘာသာဝင်တို့ရဲ့ ဘာသာရေး အထိမ်းအမှတ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ circumcision ဟာ သွေးထွက်ခြင်းနဲ့ ကူးစက်ရောဂါ ရနိုင်ခြင်းတို့ကို ဖြစ်စေနိုင်တဲ့ အတွက် ဆရာဝန်များက နောက်ဆုံး နည်းလမ်း အဖြစ်သာ သုံးလေ့ရှိပါတယ်။ကာကွယ်ခြင်းနဲ့ အသစ်ထပ်တိုးလာနိုင်သော နည်းလမ်းများ။နေ့စဉ် ပုံမှန်ဆေးကြောပေးခြင်းက လိင်တံထိပ်အရေပြား ကျပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ တစ်ခြားသောကာကွယ်နိုင်တဲ့ နည်းလမ်းတွေကတော့။ယောက်ျားလေးတွေ အများစုမှာ လိင်တံထိပ်ငုံအရေပြားကျပ်ခြင်းဟာ လူပျိုပေါက်အရွယ်ရောက်လာတဲ့ အချိန်မှာ ဒီအတိုင်း ပျောက်သွားတတ်ပါတယ်။ ဒါပေမဲ့ လိင်တံထိပ်ငုံအရေပြား ကျပ်နေပြီး နောက်ကို ပြန်ရုပ်လို့မရတဲ့ အခြေအနေ (Phimosis ) ဟာ လူပျိုပေါက်အရွယ်အထိ ဖြစ်နေရင် နာကျင်ခြင်း၊ လိင်ဆက်ဆံချိန် အဆင်မပြေဖြစ်ခြင်း၊။ကူးစက်ရောဂါ ကူးစက်နိုင်ခြင်း၊ ဆီးသွားရင် ခက်ခဲခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ဒီလို ဝေဒနာတွေကို ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ် ခံစားရနေပြီဆိုရင် ဆရာဝန်ထံ သွားရောက်ပြသသင့်ပါတယ်။ အထူးသဖြင့် Paraphimosis ( လိင်တံထိပ်ငုံအရေပြားကို နောက်ပြန်ဆွဲထုတ်လိုက်ပြီးရင် ပုံမှန် အနေအထားမရောက်တဲ့ ဖြစ်စဉ် ) ဟာ အန္တရာယ်များတဲ့အတွက် ချက်ခြင်း သွားရောက်ပြသသင့်ပါတယ်။ phimosis ရော paraphimosis ကိုပါ ကုသပေးနိုင်တဲ့ နည်းလမ်းတွေ ယခုခေတ်မှာ အများအပြားရှိနေပါပြီ။ ဒီလို မဖြစ်ခင် ကြိုတင်ကာကွယ်ဖို့ အတွက်တော့ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ လိင်တံ အရေပြားဆွဲဆန့် ခြင်းလေ့ကျင့်ခန်းကို ပုံမှန် ပြုလုပ်သင့်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/decastella-explained/
မူးတယ်၊ မောတယ်၊ သံဓာတ် အားနည်းတယ်ဆို ဘာစားကြမလဲ
ခေါင်းနည်းနည်း မူးတယ်၊ အသက်ရှူ မဝသလို မောတယ်၊ ရင်တုန်တယ်၊ လှုပ်လိုက်တာနဲ့ အားကုန်၊ အားမရှိသလို နုံးနေတယ်ဆိုရင် သံဓာတ် အားနည်းနေတာ ဖြစ်နိုင်ပါတယ်။သံဓာတ် ပြည့်ဝအောင် မစားခြင်း၊ အူရောင်ရောဂါ၊ ကိုယ်ဝန်ဆောင်ခြင်း၊ ရာသီသွေးဆင်းများခြင်း စသဖြင့် သံဓာတ်အားနည်းခြင်း ကို ဖြစ်စေတဲ့ အကြောင်းရင်းက အများကြီးရှိနိုင်တယ်လေ။ဒါပေမယ့် ဘာကြောင့်ပဲ ဖြစ်ဖြစ်ပါ၊ အချိန်မီ ပြန်လည်ဖြည့်တင်းဖို့က အရေးကြီးပါတယ်။ မဟုတ်ရင် နောက်ဆုံးကျ ကျန်းမာရေးချုချာလာတာ၊ အာရုံစူးစိုက်နိုင်စွမ်း အားနည်းလာတာ၊ အလုပ်မှာ စွမ်းဆောင်ရည် ကျလာတာတွေ ဖြစ်လာနိုင်တယ်။သံဓာတ် ဟာ လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ် တစ်မျိုး ဖြစ်ပေမယ့် လွန်ကဲရင်လည်း ဘေးအန္တရာယ်တွေ ရှိနိုင်တာမို့ ကိုယ့်မှာ ချို့တဲ့နေတာ ဟုတ်မဟုတ် မသေချာရင် သံဓာတ်အားဆေးတွေကို ရမ်းမသောက်သင့်ပါဘူး။တစ်နေ့တာ လိုအပ်တဲ့ သံဓာတ်က အသက်အရွယ်နဲ့ လိင်ကွဲပြားမှုကို မူတည်ပြီး ကွာခြားကြပါတယ်။ ကိုယ်က သံဓာတ်ချို့တဲ့နေတာ မဟုတ်ပါဘဲ အားဆေးတွေ သောက်လို့ တစ်နေ့တာ လိုအပ်တဲ့ ပမာဏထက် လွန်ကဲသွားရင် ဆိုးကျိုးတွေ ရှိပါတယ်။ဒါ့ကြောင့် သံဓာတ်သီးသန့် အားဆေးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်တာ အကောင်းဆုံးပါ။ဒါပေမယ့် ဆရာဝန် မပြချင်ဘူး၊ ဒီတိုင်း သံဓာတ် ပြန်ဖြည့်တင်းချင်တယ် ဆိုရင် သံဓာတ်ကြွယ်ဝတဲ့ သဘာဝ အစားအသောက်တွေ ကနေ ရရှိနိုင်ပါတယ်။ ပုံမှန်စားနေကျ ထဲမှာပဲ ဒီအစားအစာ တွေကို ထည့်သွင်းစားသောက်ရုံနဲ့ အပေါ်က လက္ခဏာတွေ သက်သာသွားနိုင်ပါလိမ့်မယ်။ခရု၊ ကမာ အပါအဝင် အခွံမာ ပင်လယ်စာတွေက အကောင်းဆုံး သံဓာတ်အရင်းအမြစ်တွေပါ။ သူတို့ကနေ သံဓာတ် အပြင် ပရိုတင်း လို့ခေါ်တဲ့ အသားဓာတ်တွေ၊ တခြား အာဟာရဓာတ်တွေပါ ရနိုင်တယ်လေ။ပဲလွန်းဖြူဖြူလေးတွေ ပန်းကန်လုံး တစ်ဝက်မှာ သံဓာတ် ၃ မီလီဂရမ်ကျော် ပါဝင်နိုင်ပါတယ်။ သံဓာတ်အပြင် အမျှင်ဓာတ်၊ ပိုတက်စီယမ်၊ ပရိုတင်း၊ ကယ်လ်စီယမ်၊ ဗီတာမင် ဘီ အုပ်စုတွေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါသေးတယ်။အသည်း၊ အမြစ် အပါအဝင် တိရစ္ဆာန်ကိုယ်တွင်းကလီစာတွေက အာဟာရပြည့်ဝလှပါတယ်။ အသည်း၊ ကျောက်ကပ်၊ နှလုံး၊ ဦးနှောက် အစုံပဲပေါ့။ဥပမာ အမဲအသည်း ၁၀၀ ဂရမ်မှာ သံဓာတ် ၆.၅ မီလီဂရမ် ပါရှိပါတယ်။ကလီစာ တွေစားရင် ပရိုတင်းနဲ့ ဗီတာမင် ဘီအုပ်စုဝင်တွေ၊ ဗီတာမင် အေ၊ ဆယ်လီနီယမ် စတဲ့ အာဟာရဓာတ်တွေ ရရှိနိုင်ပါတယ်။အမဲသား၊ ဝက်သား၊ ဆိတ်သား တို့အပါအဝင် အနီရောင်အသားတွေမှာ သံဓာတ်ကြွယ်ဝပါတယ်။ ဒါ့ကြောင့် သံဓာတ်အားနည်းနိုင်တဲ့ လူနာတွေကို ကျန်းမာရေးလိုအပ်ချက် အရ အမဲသားစားဖို့ ဆရာဝန်တွေက အကြံပြုလေ့ ရှိတာပါ။အသားမှာ ပရိုတင်း၊ ဇင့်၊ ဆယ်လီနီယမ်နဲ့ ဗီတာမင် ဘီ အုပ်စုဝင်တွေ အများကြီး ပါဝင်နေပါသေးတယ်။သက်သတ်လွတ် အနေနဲ့ သံဓာတ်ရရှိနိုင်တဲ့ အရင်းအမြစ်ကတော့ ပဲနီလေးနဲ့ ပဲဝါလေးတို့လို ပဲအမျိုးအစားတွေ ဖြစ်ပါတယ်။ ဒီပဲတွေရဲ့ ၁၀၀ ဂရမ် မှာ သံဓာတ် ၃ မီလီဂရမ်ကျော် ပါဝင်ပြီး အမျှင်ဓာတ်၊ အသားဓာတ်၊ ဗီတာမင် ဘီတွေ၊ မဂ္ဂနီဆီယမ်နဲ့ ဇင့်ဓာတ်တွေလည်း ကြွယ်ဝပါတယ်။အရသာဆိမ့်တဲ့ ရွှေဖရုံစေ့တွေဟာ စားလို့ ကောင်းပြီး အာဟာရပြည့်တဲ့ သရေစာ တစ်မျိုးပါပဲ။ ဖရုံစေ့ ၂၈ ဂရမ်မှာ သံဓာတ်၂.၅ မီလီဂရမ် ပါဝင်သလို ဗီတာမင် ကေ၊ ဇင့်နဲ့ မဂ္ဂနီဆီယမ်တို့လည်း ကြွယ်ဝပါတယ်။အစိမ်းရင့်ရောင် အသီးအရွက်တစ်မျိုး ဖြစ်တဲ့ ဟင်းနုနွယ် ဟင်းတစ်ခွက်စာမှာ သံဓာတ်၆.၅ မီလီဂရမ် ပါဝင်ပါတယ်။ သူ့မှာကယ်လ်စီယမ်၊ပိုတက်စီယမ်၊ ဗီတာမင် စီ၊ ဗီတာမင် ကေနဲ့ အမျှင်ဓာတ်တွေလည်း ပါဝင်မှု များပါတယ်။သံဓာတ်ဟာ ခန္ဓာကိုယ်က သူ့အလိုလို မထုတ်လုပ်နိုင်တဲ့ အာဟာရဓာတ် ဖြစ်တာကြောင့် နေ့စဉ်လိုအပ်ချက်ပမာဏကို ပုံမှန်စားသောက်ရင်း ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%9e%e1%80%b6%e1%80%93%e1%80%ac%e1%80%90%e1%80%ba/
ကလေးတွေရော သွေးတိုးတတ်လား
သွေးတိုးတယ်ဆိုတာကနာတာရှည်ရောဂါတစ်မျိုးပါ။ ကုသပျောက်ကင်းဖို့ မဖြစ်နိုင်ပါဘူး။ နေ့စဉ်စားသောက်နေထိုင်မှုကို အစဉ်မပြတ်ဂရုစိုက်နေမှ ရမှာပါ။ ဒီနေရာမှာမေးစရာရှိတာကသွေးတိုးဆိုတာ အသက်အရွယ်ကြောင့်ဖြစ်လာတဲ့ရောဂါတစ်ခုလားဆိုတာပါ။ ဒီကိစ္စကိုသေသေချာချာလေးသိချင်ရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။မဟုတ်ပါဘူး။သွေးတိုးတာက အသက်အရွယ်နဲ့မဆိုင်ပါဘူး။ အရွယ်မရွေးသွေးတိုးတာကို ခံစားရနိုင်ပါတယ်။ နေမကောင်းနေတဲ့အချိန် အဖျားသွေးရှိနေချိန်တွေမှာသွေးပေါင်ချိန်မြင့်တာက ဖြစ်တတ်တဲ့အခြေအနေတစ်ရပ်ဖြစ်ပြီး ဒီအနေအထားကိုသွေးတိုးတယ်လို့ မဆိုသာပါဘူး။ အဖျားသွေးကျသွားတဲ့အခါ သွေးပေါင်ချိန်က ပုံမှန်အခြေအနေကို ပြန်ရောက်သွားနိုင်ပါတယ်။ပြောချင်တဲ့ လိုရင်းကတော့ကလေးကနေစလို့ ဖိုးဖိုးဖွားဖွားတွေအထိ အရွယ်တိုင်းက သွေးတိုးနိုင်တယ်ဆိုတာပါ။သွေးတိုးတာက လူတိုင်းမှာဖြစ်နိုင်တယ်ဆိုပေမယ့် ဒီအခြေအနေရှိသူတွေက ပုံမှန်ထက်သွေးတိုးနိုင်ခြေ ပိုများပါတယ်။အသက်အရွယ်အလိုက်ရှိသင့်တဲ့သွေးပေါင်ချိန်တွေက။အသက်အရွယ်ကြီးလာမှုအလိုက်သွေးပေါင်ချိန်ကလည်းပြောင်းလဲလာနိုင်ပါတယ်။ကလေးက ငယ်ငယ်မှာကတည်းကသွေးတိုးရောဂါခံစားနေရတာကိုသေချာဂရုမစိုက်ပေးဘူးဆိုရင်နောက်ဆက်တွဲအနေနဲ့ အရွယ်ရောက်လာတဲ့အခါ။ကိုယ့်ရဲ့ ကလေးကိုသွေးတိုးရောဂါကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကလေးကိုသွေးတိုးမဖြစ်စေဖို့ဆိုရင်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%9b%e1%80%b1%e1%80%ac-%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%b8%e1%80%90%e1%80%90%e1%80%ba%e1%80%9c/
အကြားအာရုံ ကို ထိခိုက်စေတဲ့ ဆေးဝါးများ
ဆေးဝါးတွေကို ရောဂါကုသဖို့ သုံးတယ်ဆိုပေမယ့် တစ်ခါတလေမှာ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ ဒီထဲမှာOtotoxicityလို့ ခေါ်တဲ့ နားထိခိုက်တာလည်း ပါဝင်ပါတယ်။ Ototoxicity မှာအကြားအာရုံ ထိခိုက်တာ၊နားအူတာ၊ဟန်ချက်မထိန်းနိုင်ဘဲ မူးနေတာ  စတာတွေ ပါဝင်ပါတယ်။ လေ့လာချက်တွေအရ ဆေးအမျိုးပေါင်း ၂၀၀ လောက်က အကြားအာရုံ ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။ တချို့ဆေးတွေက ယာယီပဲ ထိခိုက်ပြီး တချို့ဆေးတွေကတော့ တစ်သက်လုံး ပြန်မကောင်းနိုင်လောက်အောင် ထိခိုက်နိုင်ပါတယ်။အကြားအာရုံထိခိုက်စေတဲ့ ဆေးအမျိုးအစား အများကြီးထဲမှာ အသုံးများတဲ့ ဆေးတွေကတော့။ဒီဆေးတွေထဲမှာ streptomycin, gentamicin, amikacin စသဖြင့် “mycin” or “cin” တို့နဲ့ ဆုံးတဲ့ ဆေးတွေ ပါပါတယ်။ ပိုးသတ်ဆေး အမျိုးအစားပါ။ ပြင်းထန်တဲ့ ပိုးဝင် ကူးစက်ခြင်းတွေမှာ သုံးပါတယ်။ အကြားအာရုံကို တစ်သက်လုံး ဆုံးရှုံးစေတဲ့ ဆေးတွေပါ။ ဒီထဲက တချို့ကဆေးယဉ်ပါးတီဘီကုသတဲ့ နေရာမှာ သုံးပါတယ်။မြန်မာနိုင်ငံမှာ အတွေ့ရများတာတော့ တီဘီဆေးထိုးပြီး နားလေးလာတယ်ဆိုတဲ့ ပြဿနာပါ။ ဒီအကြောင်းကို နည်းနည်းရှင်းပြပေးချင်ပါတယ်။ ရှေ့ကကုခဲ့တဲ့ သူတွေက တီဘီဆေးတွေက နားလေးတယ်ဆိုပြီး မပြည့်မစုံပြောကြတဲ့အတွက် နောက်ကုမယ့်သူတွေက နားလေးရင် မကုတော့ဘူးဆိုပြိး ထားလိုက်ရင် ဆေးယဉ်ပါးတီဘီတွေ ပိုများလာမှာပါ။တီဘီဆေးတိုင်းက အကြားအာရုံထိခိုက်တာ မဟုတ်ပါဘူး။ ဒါပေမယ့် ဆေးယဉ်ပါးတီဘီမှာ သုံးတဲ့Aminoglycosideအုပ်စုဝင် ပိုးသတ်ဆေးတွေကို ပမာဏ များများပေးရရင် အကြားအာရုံ ထိခိုက်နိုင်ပါတယ်။ ဆေးရပ်လိုက်ရင်တောင် ပြန်မကောင်းပါ။ ဒါဟုတ်ပါတယ်။ ဒီလိုဆို ဘာလို့ပေးသေးလဲဆိုတော့ ဆေးယဉ်ပါးတီဘီက ပိုကြောက်ဖို့ ကောင်းပြီး အခန့်မသင့်ရင် အသက်ဆုံးရှုံးနိုင်လို့ပါပဲ။ဒီဆေးတွေ သုံးတိုင်း အကြားအာရုံထိခိုက်သလားဆိုတော့ မဟုတ်ပြန်ပါဘူး။ ဒီအချက်တွေရှိရင်တော့ ပိုပြိး ထိခိုက်နိုင်တာကို တွေ့ရပါတယ်.။-ပမာဏ အများကြီး သုံးပြီး ကုရရင်။–ဆီးဆေး(furosemide)တွေ သောက်နေရပြီး ကျောက်ကပ်လည်း သိပ်မကောင်းဘူးဆိုရင်။-နဂိုတည်းက အကြားအာရုံချို့ယွင်းနေတဲ့သူဆိုရင် ပိုပြီး ဖြစ်နိုင်ပါတယ်။ဒီလိုဆို ဒီဆေးတွေ မသုံးလို့ မရဘူးလား။ အကြားအာရုံမထိခိုက်အောင် ဘာလုပ်ကြမလဲ။ ဆေးယဉ်ပါးတီဘီဖြစ်တဲ့အတွက် သာမန်တီဘီထက်တော့ ဆေးတွေ ပိုများပြီး ကုတဲ့အချိန်လည်း ပိုကြာပါတယ်။ အစွမ်းထက်ဆေး ဖြစ်တာကြောင့် သုံးတဲ့နေရာမှာ ချိန်ဆပြီး လူနာကို မထိခိုက်အောင် သုံးရပါတယ်။ ဒါကြောင့်။-ဆေးစမပေးခင်နဲ့ ရက်ချိန်းတွေ ပြန်ပြန်လာတိုင်းမှာ အကြားအာရုံစစ်ပါတယ်။-လိုအပ်ရင် တခြားဆေးတစ်မျိုးကို ကြားဖောက်အနေနဲ့ တစ်ပတ်ကို ၃ကြိမ်လောက် မစားထိုးပေးပါတယ်။ မဟုတ်ရင် Aminoglycosideတွေ ကိုယ်ထဲမှာ အများကြီး စုနေနိုင်လို့ပါ။-ဒါနဲ့ မရဘူးဆိုရင် တီဘီသောက်ဆေးထဲက တခြားဆေးတစ်မျိုးကို အစားထိုးပေးပါတယ်။-ဒီလိုအစားထိုးဖို့ အဆင်မပြေဘူးဆိုရင် ဆေးကို ပမာဏ လျှော့တာဖြစ်ဖြစ် လုပ်ရပါတယ်။ဆေးရပ်လိုက်မယ်ဆိုရင်တော့ အကြားအာရုံထိခိုက်တာကို ပိုမဆိုးလာအောင် တားနိုင်ပါတယ်။ မသိဘဲ ဆက်ထိုးနေမယ်ဆိုရင်တော့ အကြားအာရုံ လုံးဝဆုံးရှုံးသွားနိုင်ပါတယ်။ ဒါကြောင့် တီဘီဆေးသောက်နေတဲ့သူတွေ (အထူးသဖြင့် ဆေးယဉ်ပါးတီဘီ) အနေနဲ့ ရက်ချိန်းမှန်မှန် သွားပြဖို့၊ ကိုယ်ခံစားနေရတာကို ပြောပြဖို့၊ ဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် မရပ်ဖို့ အရေးကြီးပါတယ်။သူကလည်း ပိုးသတ်ဆေး အမျိုးအစားဖြစ်ပြီး နားပိုးဝင်တာ၊ လေပြွန်ရောင်တာ၊ အဆုတ်ပွတဲ့ ရောဂါတွေမှာ အသုံးများပါတယ်။ သူက သူများပြောတဲ့ စကားတွေကို ကောင်းကောင်းမကြားတဲ့ လက္ခဏာကနေ စပြတဲ့အတွက် နားလေးနေပြီဆိုတာကို အလွယ်တကူသိနိုင်ပါတယ်။ နောက်ထပ်ကောင်းတဲ့အချက်ကတော့ နားလေးတာကို သတိထားမိလို့ ဆေးရပ်လိုက်ရင် အကြားအာရုံပြန်ကောင်းလာနိုင်တာပါပဲ။ဥပမာပြောရရင် အက်စပရင် အကိုက်အခဲပျောက်ဆေးပါ။ (သွေးကျဲဆေး မဟုတ်ပါ။ သွေးကျဲဆေးက အကိုက်အခဲပျောက်ဆေးထက် ဆေးပမာဏ အင်မတန်နည်းပါတယ်။) အက်စပရင် အကိုက်အခဲပျောက်ဆေးကို ပမာဏ အများကြီး (တစ်နေ့ကို ၈လုံးကနေ ၁၂လုံးလောက်ထိ) သောက်တဲ့အခါ အကြားအာရုံ ယာယီဆုံးရှုံးတတ်ပါတယ်။Ibuprofenတို့ Naproxenတို့လို ဆေးတွေ ပါဝင်ပြီး ပမာဏအများကြီး သောက်မယ်ဆိုရင် အကြားအာရုံ ယာယီဆုံးရှုံးတတ်ပါတယ်။ငှက်ဖျားဆေးအနေနဲ့ရော ညဘက်မှာ ကြွက်တက်တာ သက်သာစေဖို့အတွက်ရော သုံးကြပါတယ်။ အကြားအာရုံယာယီဆုံးရှုံးတတ်တယ်ဆိုပေမယ့် ဆေးရပ်လိုက်တဲ့အခါ ပြန်ကောင်းသွားနိုင်ပါတယ်။နှလုံးမကောင်းတာ၊ ကျောက်ကပ်မကောင်းတာ၊ အသည်းခြောက်တာနဲ့ သွေးတိုးရောဂါရှိတဲ့သူတွေမှာ သုံးလေ့ရှိပါတယ်။ Loop diuretics အမျိုးအစား ဥပမာ Lasixက ယာယီရော၊ နာတာရှည် အကြားအာရုံ ဆုံးရှုံးတာရော ဖြစ်စေနိုင်ပါတယ်။ကင်ဆာဆေးတွေထဲမှာ cisplatin နဲ့ carboplatin တို့က အကြားအာရုံ ထိခိုက်တတ်ပါတယ်။ Cisplatin ဆိုရင် ဆေးကုပြီး တစ်နှစ်လောက်ကြာတဲ့အထိ နားအတွင်းရည်ထဲမှာ ဆေးအကြွင်းအကျန်တွေ အောင်းနေနိုင်ပါသေးတယ်။ အစာရေမျိုပြွန်၊ သားအိမ်ခေါင်း၊ သားဥအိမ်၊ ဝှေးစေ့၊ ဆီးအိမ်၊ အဆုတ်နဲ့ ဦးနှောက်ကင်ဆာတွေမှာ သုံးလေ့ရှိပါတယ်။ ကင်ဆာဆေးတွေကြောင့် အကြားအာရုံဆုံးရှုံးတာက တစ်သက်လုံးလည်း ဖြစ်သွားနိုင်ပါတယ်။ ဆေးကုသမှု မစခင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပါ။အကြားအာရုံ ဆုံးရှုံးသွားမလား ဆိုတာကတော့ သုံးတဲ့ ပမာဏ၊ ကြာချိန်၊ ဆေးတွေ ကိုယ်ထဲမှာ ဘယ်လောက်ထိ စုနေမလဲ၊ အသက်အရွယ်၊ မျိုးဗီဇ၊ ရေဓာတ်အခြေအနေ၊ ကျောက်ကပ်နဲ့ အသည်းလုပ်ဆောင်ချက်တွေအပေါ် မူတည်ပါတယ်။ဒါ့ပြင် ဒီဆေးတွေ သုံးတဲ့အချိန်မှာ တခြားအကြားအာရုံ ထိခိုက်နိုင်တဲ့ အချက်တွေ လုပ်နေမိရင်လည်း ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဥပမာ ဆူဆူညံညံ အသံတွေ နားထောင်တာ၊ အာဆင်းနစ်၊ မာကျူရီ စတာတွေကို ကိုင်တွယ်ရတာ၊ ကာဗွန်မိုနောက်ဆိုဒ် ရှူမိတာမျိုးပါ။ ဒါ့ပြင် ဖိနပ်စက်ရုံ၊ ဘက်ထရီစက်ရုံ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ အိမ်သုတ်ဆေး စတဲ့ လုပ်ငန်းခွင်တွေမှာ လုပ်နေရရင်လည်း ဓာတုပစ္စည်းနဲ့ ထိတွေ့မှု များတာကြောင့် ပိုဖြစ်နိုင်ပါတယ်။ခုပြောခဲ့တဲ့ ဆေးတွေက အကြားအာရုံ ထိခိုက်နိုင်တယ်ဆိုပေမယ့် တစ်ဖက်ကကြည့်ရင် အစွမ်းထက်တဲ့ ဆေးတွေ ဖြစ်နေပြန်ပါတယ်။ ဒါကြောင့်လည်း ခုချိန်ထိ သုံးနေရတာပါ။ ကောင်းကျိုး ဆိုးကျိုး ချိန်ပြီး သုံးရတာဖြစ်တဲ့အတွက် ဒီဆေးတွေ သုံးနေတုန်းမှာ အကြားအာရုံမှာ အပြောင်းအလဲဖြစ်လာတယ်ဆိုရင် ဆရာဝန်ကို  အသိပေးဖို့ အကြံပြုလိုပါတယ်။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/ear-conditions/ototoxic-drugs/
Phimosis (အမျိုးသားလိင်အင်္ဂါထိပ်ဖူးမပွင့်ခြင်း)
အမျိုးသားလိင်အင်္ဂါထိပ်ဖူးမပွင့်ခြင်းဆိုသည်မှ လိင်တံအရေပြားမှကြပ်နေပြီး နောက်ကိုဆွဲမရသည့်အခြေအနေကို ခေါ်ပါသည်။ အမျိုးသားလိင်အင်္ဂါထိပ်ဖူးမပွင့်ခြင်းမှာ ဆီးသွားသည့်အခါ၊ လိင်ဆက်ဆံသည့်အခါတွင် အနှောက်အယှက်ဖြစ်နိုင်ပြီး ဆီးလမ်းကြောင်း ပိုးဝင်နိုင်ချေကို မြင့်မားစေပါသည်။ဒီရောဂါမှာ ထိပ်ဖြတ်မထားသူများတွင် အဖြစ်များသောရောဂါဖြစ်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။အမျိုးသားလိင်အင်္ဂါထိပ်ဖူးမပွင့်ခြင်းမှာ များသောအားဖြင့် နာကျင်မှုမရှိပါ။ သို့သော် ထိပ်အရေပြားကြပ်နေသောကြောင့် ဆီးသွားရာနှင့် လိင်ဆက်ဆံရာတွင် အခက်အခဲ ဖြစ်နိုင်ပါသည်။ ထို့အပြင် ထိပ်ဖူးငုံခြင်းကြောင့် အတွင်းအသားပိုင်းများကို သန့်ရှင်းအောင် မပြုလုပ်နိုင်ပါ။ ထို့ကြောင့် အရေပြား၌ပိုးဝင်လွယ်ပါသည်။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။အမျိုးသားလိင်အင်္ဂါထိပ်ဖူးမပွင့်ခြင်းကြောင့် ဆီးသွားရခက်ခြင်း သို့မဟုတ် လိင်ဆက်ဆံရခက်ခြင်းတို့ ဖြစ်လာလျှင် ဆရာဝန်နှင့် စစ်ဆေးပြီး အကြံဉာဏ်တောင်းခံသင့်ပါသည်။ ထို့အပြင် လိင်တံခေါင်း၌ နီခြင်း၊ နာခြင်း၊ ဖောင်းကြွခြင်း ဖြစ်လာပါက လိင်တံခေါင်းရောင်ခြင်းကြောင့်ဖြစ်ပြီး ဆရာဝန်နှင့်ပြသရန်လိုအပ်ပါသည်။များသောအားဖြင့် အသက် ၃ နှစ်မှ ၄ နှစ်အတွင်းတွင် လိင်တံအရေပြားမှာ နောက်သို့ဆွဲရနိုင်ပါသည်။ သို့သော် တစ်ချို့ကလေးများတွင်တော့ ပြုလုပ်မရနိုင်ပဲ ထိပ်ဖူးငုံခြင်းဖြစ်သွားနိုင်ပါသည်။အမျိုးသားလိင်အင်္ဂါထိပ်ဖူးမပွင့်ခြင်းဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်။အန္တရာယ်ရှိသည့်အချက်များ သင့်တွင်မရှိရုံနှင့် မဖြစ်နိုင်ဟုမဆိုလိုပါ။ အထက်ပါလက္ခဏာများမှ မှီငြမ်းရန်အတွက်သာဖြစ်သည်။ အသေးစိတ်သိလိုပါက အထူးကုနှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရောဂါရာဇဝင်၊ လက္ခဏာများကိုမေးခြင်း၊ လိင်တံအားစစ်ဆေးခြင်းဖြင့် အမျိုးသားလိင်အင်္ဂါထိပ်ဖူးမပွင့်ခြင်းကို အတည်ပြုနိုင်ပါသည်။အမျိုးသားလိင်အင်္ဂါထိပ်ဖူးမပွင့်ခြင်းသည် လက္ခဏာများကို မဖြစ်စေပါက အထူးသဖြင့် ကလေးများတွင် ကုသရန်မလိုတတ်ပါ။ သို့သော် ကလေးများ၌ ရောဂါလက္ခဏာမသက်သာလျှင် သို့မဟုတ် ဆီးသွားရ ဝမ်းသွားရခက်လာလျှင် hydrocortisone cream များကို လိမ်းပေးနိုင်ပါသည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကထိပ်ဖူးငုံခြင်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။ကျန်းမားသော နေထိုင်မှုပုံစံကိုလိုက်နာပါ။ လေ့ကျင့်ခန်းလုပ်ပြီး အန္တရာယ်ဖြစ်စေသည့် ဆေးလိပ်နှင့် အရက်များကိုရှောင်ပါ။ နှစ်ကိုယ်ကြားဆက်ဆံရေးတွင် ဖိစီးမှုများဖြစ်လာလျှင် နည်းလမ်းရှာပြီးဖြေရှင်းပါ။အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/phimosis-%e1%80%91%e1%80%ad%e1%80%95%e1%80%b9%e1%80%96%e1%80%b0%e1%80%b8%e1%80%84%e1%80%b6%e1%80%af%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
ချဉ်စော်ခါးသီး နဲ့ ကျန်းမာရေး
သစ်သီးတွေက ကျန်းမာတဲ့စားသောက်မှုပုံစံအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ သစ်သီးတွေကခန္ဓာကိုယ်ကျန်းမာစေဖို့ လိုအပ်တဲ့ အာဟာရတွေ ကြွယ်ဝနေပါတယ်။ သရက်သီး၊ လိမ္မော်သီး၊ ငှက်ပျောသီး၊ နာနတ်သီး၊ ဖရဲသီး၊ စပျစ်သီး၊ ပန်းသီးတွေကို နေ့စဉ် စားဖြစ်ပေမယ့် ချဉ်စော်ခါးသီး လို အသီးမျိုးကျ နေ့စဉ် စားမိဖို့က မလွယ်ပါဘူး။နေ့စဉ် အလွယ်တကူ မစားမိနိုင်တဲ့ ချဉ်စော်ခါးသီးလို အသီးတွေမှာလည်း ခန္ဓာကိုယ် ကျန်းမာစေဖို့လိုအပ်တဲ့အာဟာရတွေကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီတစ်ခေါက်တော့ လူသိနည်းနေသေးတဲ့ ချဉ်စော်ခါးသီးလေးရဲ့ကျန်းမာရေးအာနိသင်တွေအကြောင်း ပြောပြပေးသွားပါမယ်။အစိမ်းစားတာထက် အခြောက်ခံပြီး ဟင်းထဲထည့်ချက်တာ၊ အသီးကို ယိုထိုးစားတာက ပိုများပါ။ ပန်းသီး၊သစ်တော်သီးတွေနဲ့ ခပ်ဆင်ဆင်တူပြီး အသားထူထူလေးပါ။ အခွံက အဝါရောင် ခပ်ဖျော့ဖျော့လေးပါ။ဟင်းလျာတွေကို ချဉ်ချဉ်လေးနဲ့ခံတွင်းတွေ့အရသာတိုးစေတဲ့ ချဉ်စော်ခါးသီးမှာ။ချဉ်စော်ခါးသီးလေးက။သွေးပေါင် ထိန်းညှိပေးတယ်။ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သွေးပေါင်ထိန်းညှိပေးနိုင်ပါတယ်။သွေးတိုးတတ်သူတွေ စားသုံးပေးဖို့ သင့်တော်ပါတယ်။ချဉ်စော်ခါးသီးမှ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်မှာ ဓာတ်တိုးပစ္စည်းတွေကြောင့် ဖြစ်တဲ့ ထိခိုက်မှုတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။နာတာရှည်ရောဂါတွေမဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ချဉ်စော်ခါးသီးကအမျှင်ဓာတ်ကြွယ်ဝတာကြောင့် အူတွေကို လှုပ်ရှားမှုကောင်းစေသလိုအစာခြေစနစ်ကျန်းမာစေပါတယ်။ ဝမ်းချုပ်တာကို သက်သာစေသလို ဝမ်းပျက်ဝမ်းလျှောတာကိုလည်း ကာကွယ်ပေးပါတယ်။လေ့လာမှုတွေအရ ချဉ်စော်ခါးသီးက ခန္ဓာကိုယ်တွင်း ကိုယ်ပ ဘက်တီးရီးယားတွေကို အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်တယ်၊ လို့ သိရပါတယ်။ခံတွင်းမှာအနာဖြစ်တာကို သက်သာစေသလို အစာအိမ် အတွင်းနံရံတွေကို ကျန်းမာစေနိုင်ပါတယ်။ဖျားနာမှုကို ကင်းစေပြီး အရေပြား ပိုးဝင်တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။နှလုံးကျန်းမာစေတယ်။ချဉ်စော်ခါးသီးက သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို နှလုံးကျန်းမာစေဖို့လည်း အားဖြည့်ပေးပါတယ်။ သွေးတွင်းက အကျိုးမပြု ကိုလက်စထရောကို ကျဆင်းစေပြီး နှလုံးရောဂါ ခံစားရနိုင်ခြေကို လျှော့ချပေးပါတယ်။အနာကျက်မြန်စေတယ်။ရှေးယခင်ကာလတွေကတည်း ချဉ်စော်ခါးသီးအစေ့ကို အနာကျက်စေဖို့ အသုံးပြုခဲ့ကြပါတယ်။ အနာကျက်မြန်စေသလို တစ်ရှူးတွေ ပြန်လည် ကျန်းမာလာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။အနာပေါ်ကို ချဉ်စော်ခါးသီး အစေ့ကနေရတဲ့ အဆီကို လိမ်းပေးမယ်ဆိုရင် အနာကျက်မြန်စေပြီး တစ်ရှူးအသစ်တွေ ဖြစ်ပေါ်စေမှာပါ။ အပူလောင်တာ၊ပြတ်ရှဒဏ်ရာတွေကို သက်သာစေမယ့် သဘာဝဆေးတစ်မျိုးပါ။စားချဉ့်ရည်ပြန်ဆန်တက်ခြင်း (GERD) ဆိုတာက အစာခြေအက်ဆစ်တွေ အစာရေမြိုဆီ ပြန်ဆန်တက်လာတာပါ။ လက္ခဏာအနေနဲ့ကတော့ ရင်ပူတာ၊ မအီမသာဖြစ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။လေ့လာမှုတွေအရကတာ့ ချဉ်စော်ခါးသီး ဖျော်ရည်က ဒီကျန်းမာရေးပြဿနာကို သက်သာစေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်မေမေတွေနဲ့ ကလေးတွေမှာဖြစ်တတ်တဲ့ GERD ပြဿနာ သက်သာစေဖို့လည်း အသုံးပြုလို့ရပါတယ်။ချဉ်စော်ခါးသီးက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် ရောဂါအခံ ရှိသူတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/amazing-health-benefits-of-quince-fruit/
အစာအိမ်အူလမ်းကြောင်းနှင့် နှလုံးကျန်းမာရေးဆက်နွယ်နေသလား
အစာအိမ်အူလမ်းကြောင်းရဲ့ ကျန်းမာရေးအခြေအနေဟာနှလုံးနဲ့သွေးကြောဆိုင်ရာ ရောဂါများနဲ့ ဆက်စပ်မှု ရှိနေပါတယ်။ သုတေသနတွေ့ရှိချက်တခုအရနှလုံးရဲ့ အခြေအနေတချို့ဟာ အူလမ်းကြောင်းမှာရှိတဲ့ သက်ရှိပိုးကောင်ငယ်လေးများနဲ့ ဆက်စပ်မှုရှိပါတယ်။တကယ်တော့ အူလမ်းကြောင်းရှိ သက်ရှိများနဲ့ နှလုံးကျန်းမာရေးအကြား ဆက်စပ်မှုဟာ ယခုမှသိရတဲ့ အရာတော့ မဟုတ်ပါဘူး။ အူလမ်းကြောင်းအခြေအနေ မကောင်းခြင်း၊ သက်ရှိများ ပေါက်ပွားနိုင်မှု မရှိခြင်းဟာ အမျိုးသမီးများမှာ သွေးလွှတ်ကြောမာကြောခြင်းနဲ့ ဆက်စပ်နေကြောင်း သိရှိခဲ့ကြပါတယ်။သွေးလွှတ်ကြောများမာကြောခြင်းဟာ အသက်ကြီးလာလေ ပိုပြီးဖြစ်နိုင်ခြေများလေပါပဲ။ သွေးလွှတ်ကြောများ မာကြောခြင်းကြောင့် နှလုံးရောဂါများ ဖြစ်ပွားလာနိုင်ပါတယ်။ လန်ဒန်ဘုရင့်တက္ကသိုလ် သုတေသီများရဲ့ တွေ့ရှိချက်အရ အူလမ်းကြောင်းကျန်းမာရေးဟာ နှလုံးအခြေအနေနဲ့ ဆက်စပ်မှု ရှိနေပါတယ်။အစားအသောက်နဲ့probioticများ သုံးစွဲခြင်းဟာ နှလုံးရောဂါကို ဖြစ်နိုင်ခြေနည်းစေတယ်လို့ ဆိုပါတယ်။အဆိုပါသုတေသနမှာ သက်လတ်ပိုင်းအရွယ် အမျိုးသမီး ၆၀၀ ကျော်ပါဝင်ခဲ့ပြီး သူတို့ရဲ့သွေးကြောများ မာကြောကျစ်လျစ်မှု အခြေအနေကို တိုင်းတာခဲ့ကြပါတယ်။ အဲဒီလိုတိုင်းတာရာမှာ အူလမ်းကြောင်း ဘက်တီးရီးယားများ ကောင်းကောင်း ပေါက်ပွားခြင်းမရှိတဲ့ အမျိုးသမီးတွေမှာ သွေးလွှတ်ကြောများ ကျစ်လျစ်မှု ပိုများကြောင်း တွေ့ရပါတယ်။ ဒါကြောင့် အူလမ်းကြောင်း သက်ရှိများနဲ့ နှလုံးသွေးကြော အခြေအနေအကြား ဆက်စပ်မှု ရှိကြောင်း ကောက်ချက်ချခဲ့ပါတယ်။အူလမ်းကြောင်းသက်ရှိများ ကောင်းကောင်းမရှိရခြင်းကလည်း ဆီးချို၊ အဝလွန်ခြင်း၊အစာအိမ်ရောင်ခြင်း၊ အူလမ်းကြောင်း ရောဂါအမျိုးမျိုး စတာတွေနဲ့ ဆက်စပ်နေပါတယ်။အူလမ်းကြောင်းကျန်းမာရေးဟာ နှလုံးသွေးကြောများ မာကြောကျစ်လျစ်ခြင်းနဲ့လည်း ဆက်စပ်မှုရှိပါတယ်။ နှလုံးသွေးလွှတ်ကြောရောဂါဆိုတာကတော့ နှလုံးကြွက်သားတွေဆီကို သွေးပို့ဆောင်ပေးတဲ့ နှလုံးသွေးလွှတ်ကြောများထဲမှာ အနည်ဖတ်များကပ်ငြိလာပြီး သွေးကြောကျဉ်းမြောင်း ကျစ်လျစ်လာခြင်းပဲ ဖြစ်ပါတယ်။ ၂၀၁၇ မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတခုအရ နှလုံးသွေးလွှတ်ကြောရောဂါရှိသူ နှစ်ရာကျော်ခန့်ရဲ့ ဝမ်းနမူနာများကို ပုံမှန်လူများရဲ့ ဝမ်းနမူနာနဲ့ နှိုင်းယှဉ်စစ်ဆေးခဲ့ပါတယ်။ ထိုကဲ့သို့ စစ်ဆေးရာမှာ သွေးလွှတ်ကြောရောဂါရှိသူများရဲ့ အစာအိမ်အူလမ်းကြောင်း ဘက်တီးရီးယားများဟာ ကောင်းမွန်ခြင်းမရှိတာကို တွေ့ရပါတယ်။နယူးယောက်မြို့က ဆရာဝန်တဦးရဲ့ တွေ့ရှိချက်အရ အူလမ်းကြောင်းဘက်တီးရီးယားအချို့ဟာ ဥအမျိုးမျိုးနဲ့အနီရောင်အသားများကနေ ရလာတဲ့ ကိုလင်းဓာတ် (choline) ကို TMAO လို့ အတိုကောက်ခေါ်တဲ့ ဓာတ်ပစ္စည်းအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ အဆိုပါ TMAO ဟာ သွေးကြောတွေကို ဒုက္ခပေးတတ်ပါတယ်။ TMAO မြင့်တက်လာရင် သွေးခဲနိုင်ခြေများတာကြောင့် နှလုံးထိခိုက်ခြင်း၊လေဖြတ်ခြင်းစတာတွေ ဖြစ်လာနိုင်ပါတယ်။ဒါကြောင့် ဆရာဝန်များဟာ နှလုံးကျန်းမာရေးအတွက် အဆီနည်းတဲ့ အစားအစာများစားဖို့၊ အနီရောင်အသားများ (ဥပမာ အမဲသား၊ သိုးသား) လျှော့စားဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။အစာအိမ်အူလမ်းကြောင်း သက်ရှိများအခြေအနေနဲ့ နှလုံးကျန်းမာရေးအကြား ဆက်စပ်မှုဟာ လေ့လာနေဆဲ အနေအထားဖြစ်ပါတယ်။ ဒီဖြစ်ရပ်နှစ်ခုအကြား ဆက်စပ်မှုရှိကြောင်း သိရပေမယ့် ပိုမိုခိုင်မာအောင် အတည်ပြုနိုင်ဖို့ သုတေသနတွေ ထပ်မံလိုအပ်ပါသေးတယ်။ ကောင်းတာကတော့ အူလမ်းကြောင်းက အကျိုးပြုသက်ရှိများကို အထောက်အကူဖြစ်စေတဲ့ အစားအစာတွေဖြစ်တဲ့ အသီးအနှံများ၊ဒိန်ချဉ်၊ ပဲအမျိုးမျိုး စတာတွေကို ပိုမိုစားသုံးပြီး လိုအပ်ရင် အကျိုးပြုဘက်တီးရီးယား (probiotic) များ သုံးစွဲသွားဖို့ ဖြစ်ပါတယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-disease-heart-health/ways-healthy-gut-impacts-heart-health/
ကြွက်သားတွေ နာကျင်ကိုက်ခဲတာကို သက်သာစေဖို့
ကြွက်သားတွေ နာကျင်ကိုက်ခဲတာက အရွယ်ရောက်ပြီးသူတွေမှာရော၊ လူကြီးတွေနဲ့ ကလေးတွေမှာပါမကျန် ကြုံတွေ့ခံစားရနိုင်တဲ့ကျန်းမာရေးပြဿနာတစ်ခုပေါ့။ များသောအားဖြင့်ကတော့ ကြွက်သားတွေ နာကျင်ကိုက်ခဲတာက  ဆေးကုသမှုခံယူစရာမလိုဘဲ အိမ်တွင်းကုထုံးတွေနဲ့တင် သက်သာအောင် လုပ်လို့ရတဲ့ ကျန်းမာရေးပြဿနာပါ။ဒီတော့ ကြွက်သားတွေ နာကျင်ကိုက်ခဲလာတဲ့အခါ သက်သာစေဖို့ ဘယ်လို နည်းလမ်းလေးတွေက အထိရောက်ဆုံးဖြစ်မလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ကြွက်သားနာကျင်တာဟာ တစ်ခါတလေမှာဖျားနာတာ တုပ်ကွေးမိတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ များသောအားဖြင့်ကတော့ အခုပြောပြမယ့်အကြောင်းအရင်းတွေကြောင့် ကြွက်သားနာကျင်တတ်ပါတယ်။ကြွက်သားနာကျင်ကိုက်ခဲတာက ဆေးကုသမှု ခံယူရလောက်အောင် မပြင်းထန်ပေမယ့်တစ်နေ့တာလုပ်ဆောင်မှုတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ အာရုံစိုက်ရခက်စေတာတော့ အမှန်ပါ။ ဒီတော့ ကြွက်သားတွေ နာကျင်ကိုက်ခဲလာတဲ့အခါ အမြန်ဆုံး သက်သာစေဖို့။ကြွက်သားနာကျင်တာကို သက်သာစေမယ့် ​နောက်ထပ် အလွယ်ကူဆုံး နည်းလမ်းတစ်ခုကတော့ အနားယူတာပါ။ အနားယူတဲ့အခါ ကြွက်သားတွေကို အနားရစေပြီး နာကျင်မှုကို လျော့ပါးစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ဒါကြောင့် ကြွက်သားတွေ နာကျင်တဲ့အခါ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်တာ၊ အလေးမတာတွေ မလုပ်ဘဲ ပြည့်ပြည့်ဝဝ အနားယူလိုက်ပါ။ကြွက်သားတွေ နာကျင်တဲ့အခါ လူတိုင်းလိုလို လုပ်တတ်တဲ့ နည်းလမ်းတစ်ခုပေါ့။ ဒါကတော့ ဒဏ်ကြေလိမ်းဆေး လိမ်းလိုက်တာပါ။ ဒဏ်ကြေလိမ်းဆေး လိမ်းပေးတာကလည်း ကြွက်သားနာကျင်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးတွေထဲက တစ်ခုပေါ့။တကယ်လို့ ဆေးလိမ်းရတာကို မကြိုက်ဘူး။ ဆေးနံ့နဲ့ ဆေးအဆီတွေကြောင့် ပေကျံမှာကို မလိုချင်ဘူးဆိုရင်တော့ အလွယ်ကူဆုံး ကြွက်သားနာကျင်မှုကို သက်သာစေမယ့် နည်းလမ်းရှိပါတယ်။ ဒါကတော့ ဆေးပလာစတာ ကပ်တာပါ။ လေဝင်လေထွက်ကောင်းပြီး မြဲမြံတဲ့ ဆေးပလာစတာကပ်တာကလည်း ကြွက်သားနာကျင်မှုကို သက်သာစေမယ့် အလွယ်ကူဆုံး နည်းလမ်းတွေထဲကတစ်ခုပေါ့။တစ်ခါတလေမှာ ကြွက်သားကိုက်ခဲတာက ရေဓာတ်ခမ်းခြောက်သွားတာကြောင့်ပါ။ ဒါကြောင့် ကြွက်သားတွေ နာကျင်ကိုက်ခဲလာပြီဆိုရင်အရင်ဆုံး ရေတစ်ခွက် အရင်သောက်ကြည့်လိုက်ပါ။ရေသောက်တာက ကြွက်သားနာကျင်တာကို အမြန်ဆုံး သက်သာစေနိုင်မယ့် နည်းလမ်းတွေထဲက အံ့အားသင့်စရာ နည်းလမ်းတစ်ခုဖြစ်ပါတယ်။တစ်ခါတလေ ကြွက်သားနာကျင်တဲ့အခါ လေ့ကျင့်ခန်း ပေါ့ပေါ့ပါးပါးလေး လုပ်တာက ကြွက်သားတွေ နာကျင်တာကို သက်သာစေနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်တာက ကြွက်သားနဲ့ အဆစ်တွေ နာကျင်မှုကို သက်သာစေနိုင်တဲ့ endorphins ဟော်မုန်းကို ထုတ်လုပ်ပေးပါတယ်။ တင်းနေတဲ့ ကြွက်သားတွေကိုလည်း လျော့စေပါတယ်။ဒီတော့ ကြွက်သားနာနေတဲ့အခါ လမ်းလျှောက်တာ၊ ရေကူးတာ၊ အကြောလျှော့တာတို့လိုမျိုး အရမ်းအားမစိုက်ရတဲ့ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေ လုပ်ကြည့်ပါ။ ဒါတွေက ကြွက်သား နာကျင်မှုကို သက်သာစေပါလိမ့်မယ်။ နာနေတဲ့ ကြွက်သားနဲ့ အရမ်းအားမစိုက်မိဖို့တော့ သတိထားရပါမယ်။ကြွက်သားတွေ နာကျင်ကိုက်ခဲတာကို သက်သာစေမယ့် နောက်ထပ် အိမ်တွင်းကုထုံးတစ်ခုက ရေခဲဝတ်ကပ်တာပါ။ အဝတ်စသန့်သန့်လေးနဲ့ ရေခဲကို ထည့်ပြီး နာကျင်နေတဲ့နေရာကို ၁၅ မိနစ်လောက်ကပ်လိုက် ၅ မိနစ်လောက်နားလိုက် ပြန်ကပ်လိုက်လုပ်ပေးပါ။ရေခဲကပ်တာက ရောင်ရမ်းတာကို သက်သာစေပြီး နာကျင်မှုကိုလည်း လျော့ပါးစေနိုင်ပါတယ်။ တစ်နေ့ကို ၂ ကြိမ်လောက် လုပ်ပေးလို့ရပါတယ်။ ဖြစ်ဖြစ်ချင်းမှ ရေခဲ။ရေနွေးဝတ်ကပ်တာက ကြွက်သားတွေ တောင့်တင်းတာကို သက်သာစေနိုင်ပါတယ်။ အကြောင်းကတော့ ရေနွေးဝတ်ကပ်တာက ကြွက်သားတွေဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး ကြွက်သားတွေ ပြေလျော့စေလို့ပါ။ ကြွက်သားတွေ စထိခိုက်ပြီး ၂ရက်လောက်ဆို ရေခဲဝတ်ထက် ရေနွေးအိတ်ကပ်တာက ပိုပြီးသင့်တော်ပါတယ်။ဒါကြောင့် ၁၅ မိနစ်တစ်ကြိမ်လောက် နာကျင်တဲ့ ကြွက်သားတွေကို ရေနွေးဝတ်ကပ်ပေးပါ။ ရေနွေးနဲ့ ရေချိုးပေးလို့လည်း ရပါတယ်။ကြွက်သားတွေ နာတဲ့အခါ နေ့စဉ်အလုပ်တွေ ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် မြန်မြန်သက်သာစေချင်တယ်ဆိုရင် အပေါ်ကနည်းလမ်းတွေနဲ့အတူ ဆေးသောက်တာကိုပါ လုပ်ပေးနိုင်ပါတယ်။ ပါရာစီတမော၊ အိုင်ဗျူဖရိုဖန် စတာတွေက ကြွက်သားတွေ နာကျင်တာ၊ ရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။ဒါတွေအပြင် လက်ချောင်းလေးနဲ့ ကြွက်သားနာကျင်မှု နေရာကို ခပ်ဖွဖွလေးနှိပ်ပေးတာ၊ နနွင်းစားပေးတာ၊ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးပေးတာကလည်း ကြွက်သားနာကျင်မှုကို သက်သာစေချင်သူတိုင်း မေ့ထားလို့ မဖြစ်တဲ့ အိမ်တွင်းကုထုံးတွေပါ။ကဲ…ကြွက်သား နာကျင်မှုကြောင့် တစ်နေ့တာကို မထိခိုက်ပါစေနဲ့။ ဒီနည်းလမ်းလေးတွေ သုံးပြီး အမြန်ဆုံး ကုစားလိုက်ပါနော်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/home-remedies-for-any-muscle-pain/
အရိုးအဆစ် နဲ့ ကြွက်သားများ နာကျင်ရတဲ့ အကြောင်းရင်းများ
အရိုးအဆစ်နဲ့ကြွက်သားများလို့ ပြောပေမယ့် တကယ်တမ်း အရိုးဖွဲ့စည်းပုံမှာ ပါဝင်တဲ့ အရွတ်တွေ၊ အရွတ်တွဲတွေ၊ အာရုံကြောတွေ အားလုံးပါပါတယ်။ အရိုးနဲ့ ကြွက်သားနာကျင်တာဟာ အဖြစ်များတဲ့ ပြဿနာမို့လို့ ဘာကြောင့် နာကျင်ရတာလဲဆိုတာ သိထားဖို့ လိုပါတယ်။အရိုးအဆစ်နဲ့ ကြွက်သားနာတာတွေက တစ်နေရာတည်းလည်း ဖြစ်နိုင်သလို တစ်ကိုယ်လုံးလည်း ဖြစ်နိုင်ပါတယ်။ ခဏလောက် ဖြစ်ပြီး ပြန်ပျောက်သွားတတ်သလို လနဲ့ချီပြီး နာတာရှည်လည်း ဖြစ်သွားနိုင်ပါတယ်။အရိုးအဆစ်ကြောင့် နာတာလား ဒါမှမဟုတ် တစ်နေရာက နာပြီး ကြွက်သားတွေဆီကို ပြန့်လာတာလားဆိုပြီး နှစ်မျိုးရှိပါတယ်။–အဆစ်ရောင်ရမ်းတာ။–အရိုးပွတာ။–အရိုးကျိုးတာ။–အဆစ်လွဲတာ။-အရိုးအဆစ်တွေ အနေအထားမမှန်တာ။-ကြွက်သားဆုံးရှုံးတာ စတာတွေကြောင့် ဖြစ်ပါတယ်။များသောအားဖြင့်တော့ အရိုးအဆစ်နဲ့ ကြွက်သားတွေကို အသုံးများတာ၊ ကိုယ်နေဟန်ထား မမှန်တာ၊ နာတာရှည် ရောဂါ ဒါမှမဟုတ် ခွဲစိတ်ထားလို့ အိပ်ရာပေါ်မှာ အကြာကြီး လှဲနေရတာ၊ ပိုးဝင်တာ၊ အကျိတ်တွေ ဖိတာကြောင့် ဖြစ်တတ်ပါတယ်။ဒီထက် ပိုထူးဆန်းတာက အရိုးအဆစ်နဲ့ ကြွက်သားတွေ နာနေပေမယ့် ရောဂါက အဲ့ဒီမှာ မရှိဘဲ တခြားတစ်နေရာမှာ ဖြစ်နေတာမျိုးပါ။ ဥပမာ နှလုံးသွေးကြောပိတ်တဲ့အခါလက်မောင်းတွေ ကိုက်လာတာမျိုးပါ။ ဒါကို referred painလို့ ခေါ်ပါတယ်။ အလားတူပဲ အဆုတ်၊ ကျောက်ကပ်၊ ဘေလုံး၊ သည်းခြေအိတ်၊ ပန်ကရိယမှာ ရောဂါတစ်ခုခု ဖြစ်နေရင် အနီးအနားက ကြွက်သားတွေ နာကျင်တတ်ပါတယ်။အရိုးနာတာ – အရိုးကျိုးတာ၊ ဒဏ်ဖြစ်တာတွေကြောင့် နာတတ်ပါတယ်။ကြွက်သားနာတာ – ထိခိုက်ဒဏ်ရာရတာ၊ ကြွက်တက်တာ၊ ကြွက်သားဆီကို သွေးကောင်းကောင်း မလျှောက်တာတွေကြောင့် ဖြစ်တတ်ပါတယ်။အရွတ်နဲ့ အရွတ်တွဲနာတာ – သူကလည်း ထိခိုက်ဒဏ်ရာနဲ့ ဒဏ်ဖြစ်တာတွေကြောင့် နာတတ်ပါတယ်။ လှုပ်ရင် ပိုနာပါတယ်။အဆစ်နာတာ – အဆစ်ရောင်တာကြောင့် နာတာ အများဆုံးပါပဲ။Fibromyalgia– ဒီရောဂါမှာတော့ တစ်ကိုယ်လုံးက ကြွက်သားတွေရော၊ အရိုးအဆစ်တွေရော၊ အရွတ်တွေရော အကုန်နာပါတယ်။အာရုံကြောပိတာ – အာရုံကြောတွေကို ဖိမိတဲ့အခါ သူထောက်ပံ့နေတဲ့ အစိတ်အပိုင်းက နာတာ၊ ကျဉ်တာတွေ ဖြစ်လာတတ်ပါတယ်။ဖြစ်တဲ့အစိတ်အပိုင်းပေါ်မူတည်ပြီး လက္ခဏာလေးတွေ ကွာခြားပါတယ်။လူနာကို ရောဂါရာဇဝင်မေးတာ၊ စမ်းသပ်တာ၊ ဆေးစစ်တာတွေ လုပ်ပြီး ရောဂါရှာဖွေပါမယ်။ အနာသက်သာအောင် လုပ်ရမယ့်အပြင် နောက်ခံရောဂါကိုပါ ကုသပေးရမှာပဲ ဖြစ်ပါတယ်။သက်သာစေမယ့် နည်းများ။အရိုးအဆစ်နဲ့ ကြွက်သားတွေ နာတာက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်တာမို့လို့ အထက်ပါနည်းလမ်းတွေနဲ့ မသက်သာဘူး။ ရက်ကြာနေပြီဆိုရင် ဆရာဝန်နဲ့ ပြသဖို့ အကြံပြုလိုပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/musculoskeletal-pain/
Sars (Severe Acute Respiratory Syndrome) (ဆားစ် ပြင်းထန်အဆုတ်ရောင်ရောဂါ )
SARS သည် နမိုးနီယား ပုံစံတစ်မျိုးဖြစ်သော ပြင်းထန်သောအဆုတ်ရောင်ရောဂါလက္ခဏာစု ဖြစ်သည်။ ထိုရောဂါသည် ၂၀၀၂ ခုနှစ်တွင် တရုတ်နိုင်ငံတွင် ပထမဆုံးစတင်ဖြစ်ပွားခဲ့သည်။ လအနည်းငယ်အတွင်းတွင် ကမ္ဘာလှည့် ခရီးသွားများ နှင့် အခြားနိုင်ငံများသို့ သွားရောက်သော တရုတ်လူမျိုးများကြောင့် တစ်ကမ္ဘာလုံးတွင် ၂၉ နိုင်ငံအထိ ထိုရောဂါပျံ့နှံ့သွားခဲ့သည်။ရောဂါဖြစ်သူ ၁၀ ယောက်တွင် ၉ ယောက် သည် ပြန်လည်ကောင်းလာနိုင်သော်လည်း မကုသပါက အသက်သေဆုံးနိုင်ပါသည်။ ထို့ကြောင့် အာဏာပိုင်များမှ ရောဂါပျံ့ပွားခြင်းကို ကာကွယ်ရန် စစ်ဆေးခြင်း၊ ကာကွယ်ခြင်း၊ ရောဂါလက္ခဏာများခွဲခြားခြင်း၊ ရောဂါကို အမည်တပ်နိုင်မည့်နည်းလမ်းများရှာဖွေခြင်း၊ လူနာများအား သီးသန့်ထားခြင်း တို့ကို လျင်မြန်စွာပြုလုပ်ရသည်။၂၀၀၃ ခုနှစ် ဇူလိုင်လတွင် ရောဂါပျံ့နှံ့ ကူးစက်ခြင်းရပ်တန့်သွားပြီး ၂၀၀၄ ခုနှစ်ကတည်းက နောက်ထပ်ရောဂါဖြစ်ပွားမှု မရှိတော့ပါ။လူနာအများစုသည် အသက် ၆၅ နှစ်အထက်ဖြစ်သည်။ ဆီးချိုရောဂါ၊ နှလုံးရောဂါတို့ ရှိပြီး ကိုယ်ခံအားနည်းသူများသည် SARS ရောဂါဖြစ်ပါက နောက်ဆက်တွဲပြသနာများဖြစ်နိုင်ပြီး သေဆုံးနှုန်းပိုများနိုင်သည်။SARS တွင် တုပ်ကွေး၏ အစောပိုင်းလက္ခဏာများဖြစ်သော အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းခြောက်ဆိုးခြင်း နှင့် နွမ်းနယ်ခြင်း များကို တွေ့ရသည်။ပိုမိုပြင်းထန်သောအခြေအနေတွင် ပြင်းထန်သော အဆုတ်ရောင်ရောဂါလက္ခဏာများဖြစ်နိုင်ပြီး သွေးထဲရှိ အောက်ဆီဂျင် ပမာဏကျဆင်းနိုင်သည်။အထက်တွင် ဖော်ပြထားသည့်အထဲတွင် မပါဝင်သော အခြားသောရောဂါလက္ခဏာများလည်းရှိနိုင်ပါသည်။ ပိုမိုသိရှိနိုင်ရန် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။သင့်တွင် အထက်ပါလက္ခဏာများတွေ့ပါက ဆေးရုံသို့ချက်ချင်းတက်ရန်လိုအပ်ပါသည်။သင့်တွင် နှလုံးရောဂါ၊ သွေးတိုးရောဂါ သို့မဟုတ် ဆီးချိုရောဂါများ နှင့် SARS ရောဂါ လက္ခဏာများရှိလျင် နောက်ဆက်တွဲပြသနာများ မဖြစ်စေရန် အရေးပေါ်ကုသမှုလိုအပ်ပါသည်။အထက်ဖော်ပြပါ ရောဂါလက္ခဏာများ နှင့်ပတ်သတ်ပြီး မေးမြန်းစရာရှိပါက သင်၏ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လူတစ်ယောက်ချင်းစီသည် ခန္ဓါကိုယ်တုံ့ပြန်မှု မတူညီသည့်အတွက် သင့်အတွက် အကောင်းဆုံးဖြစ်နိုင်မည့် နည်းလမ်းကို ရှာရန်သင်၏ ဆရာဝန်နှင့် ပြသဆွေးနွေးပါ။SARS ဖြစ်စေသော အကြောင်းရင်းမှာ အအေးမိရောဂါကို ဖြစ်စေသော ကိုရိုနာ (Corona) ဗိုင်းရပ်စ် အမျိုးအစားကြောင့် ဖြစ်သည်။ ဗိုင်းရပ်စ်ကို အဓိက ပျံ့နှံ့စေသည်မှာ လင်းနို့များနှင့် ကြောင်ကတိုးကောင်များဖြစ်သည်။ သင်သည် ဗိုင်းရပ်စ်ပိုးပါသော လေကို ရှူရှိုက်မိပါက ရောဂါကူးစက်ခံရနိုင်ပါသည်။ရောဂါဖြစ်နေသူ၏ တံတွေး၊ မျက်ရည်၊ ဆီး နှင့် မစင်များကို ထိတွေ့မိလျှင်လည်း ရောဂါကူးစက်ခံရနိုင်သည်။ ရောဂါရှိသူနှင့် ပွေ့ဖက်ခြင်း၊ နမ်းခြင်း၊ အစားအတူစားခြင်း၊ ရောဂါပိုးရှိသော တံခါးလက်ကိုင်၊ တယ်လီဖုန်း၊ ဓါတ်လှေကားခလုတ်များကို ကိုင်မိခြင်းများမှ တဆင့်လည်း ရောဂါကူးစက်နိုင်သည်။ဤရောဂါကို ပို၍ဖြစ်စေနိုင်သော အကြောင်းများစွာရှိပါသည်။ ဥပမာအားဖြင့်။• ဗိုင်းရပ်စ်သယ်ဆောင်လာသော လူများ၊ တိရိစ္ဆာန်များကို ထိတွေ့ခြင်း။• ရောဂါဖြစ်ပွားနေသော နိုင်ငံ သို့မဟုတ် နေရာ သို့သွားခြင်း။• အစာမစားမီနှင့် စားပြီးလက်မဆေးခြင်း၊ တကိုယ်ရေသန့်ရှင်းမှုအားနည်းခြင်း တို့ဖြစ်သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်များသည် ရောဂါအမည်တပ်ရန် သင့်ကို ရောဂါပျံ့နှံ့စေသော အကြောင်းရင်းများရှိ၊ မရှိ (ဥပမာ၊ သင်ဘယ်ကို သွားခဲ့သည်၊ ဘယ်သူ၊ ဘယ်အရာနှင့် ထိတွေ့ခဲ့သည်တို့ကို) မေးမြန်းပါလိမ့်မည်။ကိုရိုနာ ဗိုင်းရပ်စ် ရှိ၊မရှိကို သိနိုင်ရန် သွေးနှင့် ဝမ်းကို စစ်ဆေးခြင်းများလည်းလိုအပ်ပါသည်။ဓါတ်မှန်ရိုက်ခြင်းနှင့် tomography (CT) ရိုက်ခြင်းများကိုလည်း ဆရာဝန်မှ နောက်ဆက်တွဲပြသနာများ ရှိသည်ဟုထင်လျှင် လိုအပ်သလို ပြုလုပ်ပါလိမ့်မည်။လက်ရှိအချိန်တွင် SARS ကို ပျောက်ကင်းအောင် ကုသနိုင်သောဆေးမရှိသေးပါ။ သင်ရောဂါကူးစက်ခံရလျင် ဆရာဝန်မျာမှ ရောဂါလက္ခဏာများကို သက်သာစေသော ကုသမှုများကို ပြုလုပ်ပါလိမ့်မည်။ ဥပမာအားဖြင့် ဗိုင်းရပ်စ်ကို ခုခံအားကောင်းစေရန် နည်းလမ်းများကို လုပ်ခြင်း၊ အောက်ဆီဂျင်ပေးခြင်း၊ ရူပကုထုံး (ရောဂါများကို ကာယလေ့ကျင့်ခန်းဖြင့်ကုသခြင်း)၊ ပိုးသတ်ဆေးများပေးခြင်း၊ ဗိုင်းရပ်စ်သတ်ဆေးများပေးခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ ဗိုင်းရပ်စ် သတ်သောဆေးများကို ပေးသော်လည်း ထိုဆေးများသည် SARS အတွက် ပျောက်ကင်းအောင် ကုသနိုင်သောဆေးများမဟုတ်ပါ။ အခြားဗိုင်းရပ်စ်များ ထပ်မဝင်အောင်သာ တားပေးနိုင်သည်။ သင့်တွင် အခြားသော အဆုတ်ရောင် လက္ခဏာများရှိပါက ဆရာဝန်မှ အရောင်ကျစေသော စတီးရွိုက်ဆေးများပေးပါလိမ့်မည်။အောက်ပါတို့သည် ဤရောဂါကို သက်သာအောင် ပြုလုပ်နိုင်သော နည်းလမ်းများ ဖြစ်ပါသည်။• ဆရာဝန်မှ ညွှန်ကြားထားသည့် အတိုင်းလိုက်နာပါ။• လက်ကို ရေနှင့်ဆပ်ပြာနှင့် စင်ကြယ်စွာဆေးပါ။ သို့မဟုတ် အရက်ပြန်ပါဝင်သော လက်ဆေးရည်နှင့် ဆေးပါ။ မကြာခဏထိတွေ့တတ်သော နေရာမျက်နှာပြင်များကို ပိုးသတ်ဆေးနှင့် သုတ်ပြီး သန့်ရှင်းပါ။• ပါးစပ်နှင့် နှာခေါင်းကို နှာချေလျှင် သို့မဟုတ် ချောင်ဆိုးလျှင် အုပ်ထားပါ။• ရောဂါရှိသူကို ပြုစုစောင့်ရှောက်နေပါက ရောဂါကူးစက်မှုကို ကာကွယ်ရန် မျက်နှာဖုံး၊ မျက်မှန်၊ လက်အိတ်များကို ဝတ်ဆင်ပါ။• လက္ခဏာများပျောက်ပြီး ဆယ်ရက်အထိ ကာကွယ်ခြင်းအစီအစဉ်များကို ဆက်လက်လုပ်ဆောင်ပါ။• အခြားသူများနှင့် အတူစားခြင်း၊ သောက်ခြင်း၊ အသုံးအဆောင်များအတူသုံးခြင်း၊ မျက်နှာသုတ်ပဝါများ၊ အိပ်ရာပစ္စည်းများအတူသုံးခြင်းများကို မပြုလုပ်ပါနှင့်။သင့်တွင် မေးမြန်လိုသည်များရှိပါက သင်၏ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး သင့်အတွက် အကောင်းဆုံး နည်းလမ်းကို ရှာဖွေပါ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/coronavirus-infectious-diseases/sars-severe-acute-respiratory-syndrome-%e1%80%86%e1%80%ac%e1%80%b8%e1%80%85%e1%80%ba-%e1%80%95%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%91%e1%80%94%e1%80%ba%e1%80%a1%e1%80%86%e1%80%af%e1%80%90/
ဟိမဝန္တာ ဇီးဖြူသီး ဆေးဖက်ဝင်သလား!
ဇီးဖြူသီးဆိုတာကို လူတိုင်း ရင်းနှီးပြီးသား ဖြစ်ပေမယ့် အခုပြောပြမယ့် ဟိမဝန္တာ ဇီးဖြူသီး ကိုတော့ သိပ်မသိလောက်ကြဘူး ထင်ပါတယ်။ ဒီအသီးက ဇီးဖြူသီးတစ်မျိုး ဆိုပေမယ့် အရောင်က အနီရောင် သန်းသလို အရွက်တွေကအစ မြန်မာနိုင်ငံမှာ တွေ့ရတဲ့ အပင်ရဲ့ အသီးအရွက်တွေနဲ့ မတူပါဘူး။ ဟိမဝန္တာဒေသမှာ အဓိက ပေါက်ရောက်တာကြောင့် ဟိမဝန္တာ ဇီးဖြူလို့ ခေါ်ကြတာပါ။ အသွင်အပြင်အရ ချစ်စရာကောင်းတဲ့ ဟိမဝန္တာ ဇီးဖြူသီး ဆေးဖက်ဝင်သလား! ဘာတွေကိုရော သတိထားဖို့ လိုမလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ဟိမဝန္တာ ဇီးဖြူသီးဆိုတာက အနီရောင် အသီးကြည်ကြည်လေးတွေပါ။ အပင်က အပင်ကြီးမျိုး ဖြစ်ပြီး အရွက်ခပ်ဖားဖားနဲ့ အပွင့်ကလည်း ပန်းရောင်ရင့်ရင့်လေး ရှိပါတယ်။ဘယ်ရီသီး မျိုးဝင် အပင်ရဲ့ အသီးဖြစ်ပြီး ဒီအပင်တွေက ဟိမဝန္တာဒေသတလျှောက်မှာ ပေါက်ရောက်ကြပါတယ်။ဟိမဝန္တာ ဇီးဖြူသီးမှာ။ဟိမဝန္တာ ဇီးဖြူသီး ဆေးဖက်ဝင်သလား! ဆိုတော့ အခုလိုလေးတွေ ဆေးဖက်ဝင်ပါတယ်။ဟိမဝန္တာ ဇီးဖြူသီးက ချိုချိုချဉ်ချဉ် အရသာရှိပြီး နည်းနည်းဖန်တယ်ဆိုပေမယ့် ဗီတာမင် C ပါဝင်မှုကတော့ တော်တော်လေး များပါတယ်။ ဒီလို ဗီတာမင် C ကြွယ်ဝတာကကိုယ်ခံအား ကောင်းစေသလို အသားအရေကို ကျန်းမာစေပြီး အနာကျက် မြန်စေနိုင်ပါတယ်။ ရောဂါပိုးတွေ ဝင်ရောက်ကူးစက်တာကို ကာကွယ်ပေးနိုင်ပါတယ်။ဟိမဝန္တာ ဇီးဖြူသီးမှာဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်ကြတဲ့ polyphenols၊flavonoidsနဲ့ tannins တို့ ပါဝင်နေတာကြောင့် ကိုယ်တွင်းက ဓာတ်တိုးပစ္စည်းတွေကို ဖယ်ရှားပေးသလို အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။ ဒီလို ဖယ်ရှားပေးတာက နှလုံးရောဂါ၊ ဆီးချို၊ သွေးတိုးနဲ့ ကင်ဆာလိုမျိုး နာတာရှည် ကျန်းမာရေး ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ဟိမဝန္တာ ဇီးဖြူသီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကအစာခြေအက်ဆစ်ထွက်ရှိစေဖို့ လှုံ့ဆော်ပေးပြီး အူနံရံတွေကို ကျန်းမာစေသလို ဝမ်းမှန်စေဖို့နဲ့ အစာခြေစနစ်ထဲမှာ အကျိုးပြုဘက်တီးရီးယားတွေ တိုးစေဖို့ ထောက်ကူပေးပါတယ်။ဟိမဝန္တာ ဇီးဖြူသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာက အရောင်ကျစေနိုင်ပြီး နှလုံးကျန်းမာစေနိုင်သလို စိတ်ဖိစီးမှု ကင်းစေဖို့လည်း လုပ်ဆောင်ပေးပါတယ်။သွေးတိုးကျစေသလို သွေးတွင်းကိုလက်စထရောကိုလည်း ကျဆင်းစေနိုင်ပါတယ်။ဟိမဝန္တာ ဇီးဖြူသီးက အင်ဆူလင် ထွက်ရှိမှု ကောင်းစေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ အမျှင်ဓာတ် ပါဝင်နေမှုကလည်း ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ဟိမဝန္တာ ဇီးဖြူသီးရော အရွက်ရောကပါ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝပြီး အသည်းရဲ့ လုပ်ဆောင်မှုတွေ ကောင်းမွန်စေဖို့ ကူညီပေးပါတယ်။ ကိုယ်တွင်းကအဆိပ်အတောက်တွေဖယ်ရှားပေးမှုနဲ့အတူ အသည်းရဲ့ လုပ်ဆောင်မှုတွေ ကောင်းမွန်စေဖို့ ထောက်ကူပေးပါတယ်။အသက်ရှူလမ်းကြောင်း ကျန်းမာစေဖို့အတွက်လည်း ဟိမဝန္တာ ဇီးဖြူသီးကို စားပေးလို့ ရပါတယ်။ ချောင်းဆိုးတာကို သက်သာစေသလို အသက်ရှူလမ်းကြောင်း ပိုးဝင်တာတွေကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။သံဓာတ် နဲ့ ပရိုတင်း ကြွယ်ဝစွာ ပါဝင်နေတဲ့ ဟိမဝန္တာ ဇီးဖြူသီးက အရိုးတွေကို ကြံ့ခိုင်စေဖို့ အားဖြည့်ပေးသလို အဆစ်တွေ ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။ အရိုးပွတာ၊ အရိုပါးတာမျိုး မဖြစ်စေဖို့ ကာကွယ်တဲ့ အနေနဲ့ စားပေးလို့လည်း ရပါတယ်။ဗီတာမင် A ပါဝင်နေတာက မျက်လုံး ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ မျက်စိပြဿနာတွေကို ကာကွယ်ဖို့ဖြစ်ဖြစ် သက်သာစေဖို့ဖြစ်ဖြစ် ဟိမဝန္တာ ဇီးဖြူသီးကို စားပေးလို့ ရပါတယ်။ဟိမဝန္တာ ဇီးဖြူသီးက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် သိပ္ပံနည်းကျ အတည်ပြုဖို့ လိုပါသေးတယ်။ သဘာဝကရတယ်ဆိုပေမဲ့ ဓာတု‌ဗေဒနည်းအရ သန့်စင်ထားတာမျိုး မရှိရင် ဥပါဒ်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အထက်ပါရောဂါတွေ ဖြစ်လာခဲ့ရင် တတ်ကျွမ်းသူနဲ့သာ ပြသဖို့ အကြံပြုလိုပါတယ်။ ဒီဆောင်းပါးက ဗဟုသုတအနေနဲ့သာ မျှဝေထားခြင်း ဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်တွေ၊ ရောဂါအခံ ရှိသူတွေ၊ ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေ အနေနဲ့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီးမှ အသုံးပြုသင့်ပါတယ်။ သာမန်သူတွေအနေနဲ့လည်း အလွန်အကျွံအသုံးပြုတာကို ရှောင်ကြဉ်သင့်ပါတယ်။# ကြက်မောက်သီးစေ့ စားလို့ရသလား!။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/himalayan-gooseberry-benefits/
သားအိမ်ခေါင်း ကျန်းမာရေးအတွက် ဘာတွေ စားကြမလဲ
သားအိမ်ခေါင်းကင်ဆာက အမျိုးသမီးတွေမှာ အတော်လေး အဖြစ်များလာတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ သားအိမ်ခေါင်းမှာ သားအိမ်ခေါင်းကင်ဆာအပြင် တခြားရောဂါတွေလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ သားအိမ်ခေါင်းပိုးဝင်တာမျိုးပေါ့။  နေထိုင်စားသောက်မှုတွေကို သေချာလေး ဂရုစိုက်ပေးတာကလည်း သားအိမ်ခေါင်း ကျန်းမာရေးကို ဂရုစိုက်ရာ ရောက်ပါတယ်။ ဒီတစ်ခေါက်တော့ သားအိမ်ခေါင်း ကျန်းမာရေးအတွက် ဘာတွေ စားကြမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။သားအိမ်ခေါင်း ဆိုတာ ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြွန်ပုံစံ အစိတ်အပိုင်း တစ်ခုပါ။သားအိမ်နဲ့ မိန်းမကိုယ်ကို ဆက်သွယ်ပေးထားပါတယ်။ သားအိမ်ရဲ့ လည်တံလို့လည်း ခေါ်ကြပါတယ်။ သားအိမ်ခေါင်းက သားအိမ်နဲ့ မိန်းမကိုယ်ကြား ဆက်သွယ်ပေးထားတဲ့ အစိတ်အပိုင်း တစ်ခုပေါ့။ ဘေဘီလေး မွေးဖွားချိန်မှာလည်း သားအိမ်ထဲက ဘေဘီလေးကို မွေးလမ်းကြောင်းကနေတဆင့် မွေးဖွားလာစေဖို့ ဆက်သွယ်လုပ်ဆောင်ပေးပါသေးတယ်။သားအိမ်ခေါင်းက အရေးကြီးတဲ့ တစ်ခုမကသော တာဝန်တွေကို လုပ်ဆောင်ပေးနေတာပါ။နေ့စဉ် စားသောက်မှုပုံစံထဲမှာ သစ်သီးတွေဟင်းသီးဟင်းရွက်တွေပါဝင်အောင် စားသုံးပေးတာက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ ဒီတစ်ခေါက်တော့ သားအိမ်ခေါင်း ကျန်းမာရေးအတွက် ဘာတွေ စားကြမလဲ ဆိုတာကို ပြောပြပေးထားတာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။ရွှေဖရုံသီး၊ ကျောက်ဖရုံသီးတို့လိုမျိုး ဖရုံသီးတွေမှာ ဘီတာကယ်လ်ရိုတင်းလို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ ဗီတာမင် A ရရှိစေဖို့ ထောက်ကူပေးနိုင်မှာပါ။အထူးသဖြင့် ရွှေဖရုံသီးမှာ ဘီတာကယ်လ်ရိုတင်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါကြောင့် သားအိမ်ခေါင်း ကျန်းမာစေဖို့ဆိုရင် နေ့စဉ် စားသုံးမှုထဲမှာ ဖရုံသီး ပါဝင်အောင် စားသုံးပေးပါ။ဂရိတ်ဖရုစ်မှာ သားအိမ်ခေါင်း ကျန်းမာရေးကို ထောက်ကူပေးနိုင်တဲ့ lycopene ပါဝင်နေပါတယ်။ ဂရိတ်ဖရုစ်ထဲမှာ ကာရိုတီးနွိုက်နွယ်ဝင် ဘီတာကယ်လ်ရိုတင်း ပါဝင်နေပါတယ်။ ဒီအာဟာရဓာတ်က သားအိမ်ခေါင်းကင်ဆာ ဖြစ်စေနိုင်တဲ့HPV ကူးစက်မှုကို ကုသရာမှာလည်း အသုံးပြုကြပါတယ်။ ဒါကြောင့် သားအိမ်ခေါင်း ကျန်းမာစေဖို့ဆိုရင် ပန်းရောင်သမ်းနေတဲ့ ဂရိတ်ဖရုစ်စားပေးလို့ ရပါတယ်။ခရမ်းချဉ်သီးမှာ သားအိမ်ခေါင်း ကျန်းမာရေးကို ထောက်ကူပေးနိုင်တဲ့ lycopene ပါဝင်နေပါတယ်။ အကြောင်းကတော့ ခရမ်းချဉ်သီးမှာ ကာရိုတီးနွိုက်နွယ်ဝင် ဘီတာကယ်လ်ရိုတင်း ပါဝင်နေတာကြောင့်ပါ။ ဒီအာဟာရဓာတ်က သားအိမ်ခေါင်းကင်ဆာ ဖြစ်စေနိုင်တဲ့ HPV ကူးစက်မှုကို ကုသရာမှာလည်း အသုံးပြုကြပါတယ်။ ဒါကြောင့် သားအိမ်ခေါင်း ကျန်းမာစေဖို့ဆိုရင် ခရမ်းချဉ်သီးကို စားပေးလို့ ရပါတယ်။ဖောလိတ်လို့ သိကြတဲ့ ဗီတာမင် B9 ပါဝင်နေတဲ့ ပန်းဂေါ်ဖီစိမ်းကမျိုးဆက်ပွားစနစ်ကို ကျန်းမာစေဖို့ ထောက်ကူပေးသလို သားအိမ်ခေါင်း ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် သားအိမ်ခေါင်း ကျန်းမာစေဖို့ဆိုရင် ပန်းဂေါ်ဖီစိမ်းကို စားပေးလို့ ရပါတယ်။ငရုတ်ပွမှာ ဗီတာမင် C ပါဝင်နေတာကြောင့် အအေးမိတာကို တိုက်ဖျက်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါ့အပြင် ဗီတာမင် C ကြွယ်ဝတာက သားအိမ်ခေါင်းကို ကျန်းမာစေသလို သားအိမ်ခေါင်းကင်ဆာ ဖြစ်စေနိုင်တဲ့ HPV ဗိုင်းရပ်စ်ကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် သားအိမ်ခေါင်း ကျန်းမာစေဖို့ဆိုရင် ငရုတ်ပွကို စားပေးလို့ ရပါတယ်။ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ဖြစ်ကြတဲ့ ဗီတာမင် C နဲ့ ဗီတာမင် E တို့ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကို သန်စွမ်းကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဟင်းနုနွယ်မှာ အမျိုးသမီးတွေ ကျန်းမာရေးကို ထောက်ကူပေးနိုင်တဲ့ အာဟာရဓာတ်တွေ များစွာ ပါဝင်နေပါတယ်။ ဒါကြောင့် သားအိမ်ခေါင်း ကျန်းမာစေဖို့ဆိုရင် ဟင်းနုနွယ်ရွက်ကို စားပေးဖို့ အကြံပြုပါရစေ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/pelvic-related-issue/best-foods-for-cervical-health/
အသင့်စား ခေါက်ဆွဲတွေက အရသာ ကောင်းပေမယ့် ကျန်းမာရေးအတွက် မကောင်းပါ
ကိုရီးယားကားတွေကို ကြည့်လိုက်တိုင်း စားချင်မိတဲ့ခေါက်ဆွဲပြုတ်၊ မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူဆိုပြီး ကလေးက လူကြီးတွေအထိ အလွယ်တကူ စားမိနေတဲ့ အသင့်စားခေါက်ဆွဲပြုတ်တွေက ပြင်ဆင်ရတာ လွယ်ကူသလို စားရတာ ပူပူနွေးနွေးနဲ့အရသာရှိပေမယ့်ကျန်းမာရေးအတွက်တော့ တကယ်ကို မသင့်တော်ပါဘူး။တာရှည်ခံဆေးတွေ နဲ့ အသွင်အပြင်လှလှပပ အရသာပြည့်ပြည့်ဝဝ ပြင်ဆင်ထားတဲ့ ခေါက်ဆွဲတွေကို အချို့သောသားသားမီးမီးတွေက မပြုတ်ဘဲ ဒီအတိုင်းချိုးခြေ၊ အမှုန့်တွေနဲ့ နယ်ပြီး စာနေကြတာတွေရှိပါတယ်။ ဒါက ကလေးတွေမစားသင့်တဲ့ အစားအစာတစ်မျိုးပါ။ လတ်တလောတော့ ဘာမှ မဖြစ်လို့ သတိမထားမိပေမယ့် ရေရှည်မှာ ကျန်းမာရေးကို ဘယ်လိုတွေများ ထိခိုက်စေနိုင်လဲဆိုတာ ပြောပြပေးပါမယ်။အသင့်စားခေါက်ဆွဲတွေကအာဟာရမပြည့်ရုံတင် မဟုတ်ပါဘူး။ ခေါက်ဆွဲ အစားများတဲ့သူတွေမှာ ကင်ဆာလိုမျိုးကျန်းမာရေး ပြဿနာကြီးကြီးမားမားတွေ ခံစားရနိုင်ပါတယ်လို့ ဆေးဖက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အသင့်စားခေါက်ဆွဲမှာ ပါဝင်နေတဲ့ အချို့သော အရာတွေကြောင့် ကျန်းမာရေးကို ဘယ်လိုများ ထိခိုက်စေလဲ……….။အသင့်စားခေါက်ဆွဲတွေက ခန္ဓာကိုယ်ရဲ့အာဟာရစုပ်ယူမှုကို အဟန့်အတား ဖြစ်စေရုံတင် မဟုတ်ဘဲ အစာကြေချက်မှု လုပ်ငန်းစဉ်ကိုပါ အနှောင့်အယှက်ဖြစ်စေပါတယ်။ ကောင်းမွန်တဲ့ အစာကြေချက်မှု လုပ်ငန်းစဉ် ဖြစ်စေဖို့ အာဟာရဓာတ် နဲ့သတ္တုဓာတ်များစွာ လိုအပ်ပါတယ်။အမျှင်ဓာတ်လုံးဝမပါတဲ့ အသင့်စားခေါက်ဆွဲတွေကဝမ်းချုပ်တဲ့ပြဿနာကို ခံစားရစေနိုင်ပါတယ်။အစာအိမ်နဲ့ အူကို ထိခိုက်စေနိုင်ပါသေးတယ်။အသင့်စားခေါက်ဆွဲမှာပါတဲ့ အဆိပ်ရှိတဲ့ ဓာတုပစ္စည်း တစ်မျိုးဖြစ်တဲ့ Propylene Glycol က အသည်းရဲ့ လုပ်ဆောင်မှုကို ထိခိုက်စေသလို အသည်း ပျက်စီးစေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်တွေအနေနဲ့ အသင့်စား ခေါက်ဆွဲတွေကို မစားသင့်ပါဘူး။ အကြောင်းကတော့ အသင့်စားခေါက်ဆွဲတွေမှာပါတဲ့ တာရှည်ခံ ပစ္စည်းတွေက ကိုယ်ဝန်ပျက်ကျစေနိုင်တာ​ကြောင့်ပါ။Propylene Glycol ပါဝင်နေမှုက ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အစိတ်အပိုင်းဖြစ်တဲ့ ကျောက်ကပ် ပျက်စီးစေနိုင်ပါတယ်။အချိုမှုန့်လို့ သိကြတဲ့MSGပါဝင်တာကြောင့် ခေါင်းကိုက်စေနိုင်ပါတယ်။  MSG ကခန္ဓာကိုယ်အတွက်ရောဦးနှောက်အတွက်ပါ မကောင်းပါဘူး။အရသာရှိအောင် ပြုပြင်ထုတ်လုပ်ထားတဲ့ အသင့်စားခေါက်ဆွဲမှာ အချိုဓာတ် ပါဝင်မှု မြင့်တာကြောင့် ဆီးချို ဖြစ်စေနိုင်ပါတယ်။အမြဲလိုလို အသင့်စားခေါက်ဆွဲကို စားသုံးမယ်၊ အလွန်အကျွံစားသုံးမယ်ဆိုရင်ဆိုဒီယမ်ပါဝင်မှု များတာကြောင့် အမျိုးသမီးတွေမှာ ဟော်မုန်း ပြဿနာ ခံစားရနိုင်ပါတယ်။အသင့်စားခေါက်ဆွဲမှာ ဓာတုဗေဒ ပစ္စည်းတွေ များစွာပါဝင်နေပြီး အမျိုးသားတွေမှာ ကလေးရရှိနိုင်စွမ်း ကျဆင်းစေနိုင်ပါတယ်။အသင့်စား ခေါက်ဆွဲမှာဗီတာမင်ပါဝင်မှုနည်းတာကြောင့် မကြာခဏ စားမယ်ဆိုရင် နှလုံးရောဂါ ဖြစ်စေဖို့ အားပေးရာရောက်ပါတယ်။အသင့်စားခေါက်ဆွဲ စားမယ်ဆိုရင် အပေါ်က ဓာတုပစ္စည်းတွေ ပါဝင်မှု ရှိမရှိ စစ်ဆေးပါ။ တာရှည်ခံစေဖို့ နဲ့ အရသာပြည့်ဝစေဖို့ အသင့်စားခေါက်ဆွဲမှာ ဖန်တီး ဖြည့်စွက်ထားတဲ့ ဓာတု ပစ္စည်းတွေက အချိန်ကြာမြင့်စွာ စားသုံးမယ်ဆိုရင် ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေပြီး ကင်ဆာရောဂါ ဖြစ်စေတာမျိုး အထိ ဖြစ်နိုင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/dark-side-of-instant-noodles/
ကလေးတွေရဲ့ကြီးထွားဖွံ့ဖြိုးမှုနဲ့ပတ်သက်ပြီး ဘာတွေသိထားရမလဲ။
ကလေးတိုင်းရဲ့ခန္ဓါကိုယ်ပုံမှန် ကြီးထွားဖွံ့ဖြိုးဖို့အတွက် အဓိကကျတဲ့ အချက်ကတော့ အာဟာရပြည့်ဝစွာရရှိမှုပါ။ အာဟာရပြည့်ဝနေတဲ့ကလေးတစ်ယောက်ရဲ့စားသောက်မှုပုံစံမှာ စွမ်းအင်ဖြည့်တင်းပေးတဲ့ ကာဗိုဟိုက်ဒရိတ်တွေ၊ အသားဓါတ်တွေ၊ သင့်တော်တဲ့ အဆီနဲ့ ဗီတာမင်တွေ၊ သတ္တုဓါတ်တွေနဲ့ အခြား အစားအစာအုပ်စုတွေ ပါဝင်ပါတယ်။ နောက်ထပ်အရေးကြီးတာကတော့နို့နဲ့နို့ထွက်ပစ္စည်းအုပ်စုဖြစ်ပါတယ်။ နို့နဲ့နို့ထွက်ပစ္စည်းတွေက ကလေးငယ်တွေအတွက် ကြီးထွားဖွံ့ဖြိုးမှုကိုကောင်းကောင်းကြီးအထောက်အပံ့ပေးနိုင်တဲ့ အရင်းအမြစ်ကောင်းတစ်ခုပါ။သန့်ရှင်းပြီး အာဟာရပြည့်ဝတဲ့အစားအသောက်တွေက ကလေးတွေအတွက် အလွန်အရေးကြီးပါတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့ မကြာသေးခင်က ပြုလုပ်ထားတဲ့ စစ်တမ်းကောက်ယူမှုတွေမှာ မြန်မာနိုင်ငံက ကလေးတွေရဲ့သုံးပုံတစ်ပုံကျော်က အသက်အရွယ်အလိုက်ရှိသင့်တဲ့အရပ်အတိုင်းအတာအတိုင်း မဖွံ့ဖြိုးတဲ့အတွက် မြန်မာနိုင်ငံကအာဟာရချို့တဲ့မှုအမြင့်ဆုံးနိုင်ငံတွေထဲမှာပါဝင်နေတယ်လို့ ဆိုထားပါတယ်။အာဟာရချို့တဲ့မှုဟာ မိဘတွေအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနေပါတယ်။ အာဟာရ ချို့တဲ့ရင် ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုမှာ ချက်ချင်းသိသာတဲ့ချို့ယွင်းမှုတွေရှိသလို နောင်အနာဂတ်မှာပါ ကျန်းမာရေးအတွက် အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။ အထူးသဖြင့် ကြီးထွားဖွံ့ဖြိုးမှု ဖြစ်ပေါ်နေတဲ့အရွယ်မှာ ကလေးငယ်တွေအတွက် အကောင်းဆုံးသော အာဟာရကို ရရှိဖို့က မိဘတွေရဲ့ တာဝန်ပါပဲ။ ဒါမှသာလည်း အပြည့်အဝ ကြီးထွားဖွံ့ဖြိုးလို့ ကျန်းမာပျော်ရွှင်ပြီး ကောင်းမွန်တဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်မှာပါ။ကလေးတွေ ပုံမှန်အတိုင်း ကြီးထွားဖွံ့ဖြိုးလာစေဖို့ ဘယ်အာဟာရဓါတ်တွေလိုအပ်လဲဆိုတာနဲ့ မှန်ကန်တဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ရွေးချယ်ခြင်းက ဘယ်လို ကူညီပေးနိုင်မလဲဆိုတာကို ဆက်ဖတ်ကြည့်ရအောင်။သင့်ကလေးရဲ့ခန္ဓါကိုယ်ဟာ ဇီဝဖြစ်စဉ်တွေမှန်ကန်ဖို့နဲ့ ကြီးထွားဖွံ့ဖြိုးမှုတွေအတွက် အာဟာရဓါတ်မျိုးစုံကို လိုအပ်ပါတယ်။ ခန္ဓါကိုယ်က လိုအပ်သလောက်ကို ပြည့်ပြည့်ဝဝ မစားသုံးနိုင်တဲ့အခါမှာ အာဟာရချို့တဲ့မှု စတင်ဖြစ်ပွားပြီး ကလေးရဲ့ ကြီးထွားမှုနှုန်းကို ထိခိုက်လာတယ်။ ရေရှည်မှာ အာဟာရပြည့်ဝအောင် မစားသုံးနိုင်တဲ့ ကလေးတွေမှာတော့ ခန္ဓါကိုယ်နဲ့ဦးနှောက်ဖွံ့ဖြိုးမှုတွေမှာပါ နှောင့်နှေးသွားပါတော့တယ်။ ဒါ့အပြင် အာဟာရမပြည့်ဝတဲ့ ကလေးငယ်တွေက ကြီးပြင်းလာတဲ့အခါမှာ အာဟာရချို့တဲ့မှုနဲ့ ပတ်သက်တဲ့နာတာရှည်ရောဂါတွေဖြစ်နိုင်ခြေပိုများပြီး ခန္ဓါကိုယ်အရွယ်အစားလည်း ပိုသေးတဲ့အပြင် ပညာရေးမှာလည်း အားနည်းကြပါတယ်။ အရမ်းကြီးမစိုးရိမ်သွားပါနဲ့။ အခုကစပြီး ပြည့်ဝအောင်ဖြည့်တင်းနိုင်မယ်ဆိုရင် ဒီပြဿနာကို ဖြေရှင်းနိုင်မှာပါ။ကမ္ဘာတစ်ဝန်းက နိုင်ငံအတော်များများမှာ ကလေးတစ်ယောက်ဟာ လုံလောက်တဲ့ ကယ်လ်ဆီယမ်ရရှိဖို့ တစ်နေ့ကို နို့နဲ့ နို့ထွက်ပစ္စည်းများကို ၂ ကြိမ်ကနေ ၃ ကြိမ်အထိ စားသုံးပေးသင့်တယ်လို့ ဆရာဝန်တွေက တိုက်တွန်းထားပါတယ်။ တစ်နေ့ တာစားသုံးသင့်သည့် နို့နဲ့ နို့ထွက်ပစ္စည်းများမှာတော့ နို့၊ ဒိန်ချဉ်၊ ပဲနို့ မတ်ခွက်တစ်ခွက်ပါဝင်သင့်ပါတယ်။ သို့သော် မြန်မာနိုင်ငံမှာတော့ ကလေးတွေက အဲဒီပမာဏပြည့်အောင် စားသုံးတာမျိုး သိပ်မရှိပါဘူး။ အာဟာရသုတေသနဌာနရဲ့ စစ်တမ်းကောက်ယူမှုမှာ မြန်မာကလေးငယ်တွေရဲ့ ၃၆ ရာခိုင်နှုန်းက တစ်ပတ်ကို နို့တစ်ကြိမ်အောက်ပဲ သောက်သုံးနိုင်တယ်လို့ သိရပါတယ်။ အစားအသောက် အလေ့အကျင့်တွေကြောင့် အာဟာရချို့တဲ့မှု နောက်ဆက်တွဲပြဿနာတွေ ဖြစ်ရတယ်လို့လည်း အဲဒီသုတေသနက ကောက်ချက်ချထားတယ်။ အထူးသဖြင့် ကယ်လ်ဆီယမ်ဟာ အရိုးအဆစ်တွေ ကြီးထွားသန်မာဖို့၊ အာရုံကြောတွေနဲ့ ကြွက်သားတွေ အလုပ်လုပ်နိုင်ဖို့ လိုအပ်တဲ့ အာဟာရဓါတ်ဖြစ်ပြီး နှလုံးကျန်းမာရေးကိုလည်း အထောက်အကူပြုပါသေးတယ်။ ဒါက မြန်မာနိုင်ငံက ကလေးတွေအနေနဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် နို့နဲ့နို့ထွက်ပစ္စည်းတွေကို အခုပမာဏထက်ပိုပြီးစားသုံးဖို့ လိုအပ်နေတယ်ဆိုတာကို ပြသပါတယ်။ ကိုယ့်ကလေးရဲ့ စိတ်ရောကိုယ်ပါ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပေးဖို့ဆိုရင် နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ဒီထက်ပိုတိုက်ကျွေးဖို့လိုအပ်ပါလိမ့်မယ်။မိဘတွေအနေနဲ့ ကိုယ့်ရဲ့ ကလေးတွေအတွက်ကယ်လ်ဆီယမ်ဓါတ်ကြွယ်ဝတဲ့ နို့နဲ့ နို့ထွက်ပစ္စည်း၊ နို့ပါဝင်တဲ့သောက်စရာတွေကို နေ့စဉ်မပါမဖြစ် ထည့်သွင်းတိုက်ကျွေးသင့်ပါတယ်။ ဒီလိုတိုက်ကျွေးတဲ့အခါ သင့်တော်တဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေ ရွေးချယ်ဖို့ကလည်း သင့်ကလေးတွေ အာဟာရဓါတ်တွေအားလုံးကို အန္တရာယ်ကင်းကင်း၊ သန့်သန့်ရှင်းရှင်းနဲ့ ရရှိနိုင်ဖို့ ထပ်တူအရေးကြီးပါတယ်။ ဒါကိုအထူးပြုပြောကြားရတာက နို့နဲ့နို့ထွက်ပစ္စည်းတွေက အာဟာရဓါတ်ပြည့်ဝပြီး ကြီးထွားမှုအတွက်အရေးပါတာမှန်ပေမယ့် မသန့်ရှင်းဘူးဆိုရင်တော့ ဝမ်းပျက်ဝမ်းလျှောတာနဲ့ ရောဂါပိုးကူးစက်ခံရတာလိုမျိုး နောက်ဆက်တွဲတွေဖြစ်ပေါ်နိုင်လို့ပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-growth-and-development/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%84%e1%80%9a%e1%80%ba%e1%80%90%e1%80%bd%e1%80%b1%e1%80%9b%e1%80%b2%e1%80%b7%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%91%e1%80%bd%e1%80%ac%e1%80%b8%e1%80%96/
အဖြစ်များတဲ့ အရိုးအဆစ်ပြဿနာ များ
အရိုးအဆစ်ပြဿနာဆိုတာ လူတိုင်းခံစားဖူးပါတယ်။ သာမန်ညောင်းတာကိုက်တာကစလို့ ဒူးနာ၊ ခါးနာအလယ် အရိုးကျိုးတဲ့အထိ မျိုးစုံဖြစ်လာနိုင်ပါတယ်။ ခန္ဓာကိုယ်ကို အရိုးတွေ၊ ကြွက်သားတွေနဲ့ ဝန်းရံထားတာကြောင့် သူတို့နဲ့ ဆိုင်တဲ့ ရောဂါတွေကလည်း အများကြီးပါပဲ။ ဒီထဲကမှ အဖြစ်အများဆုံး ပြဿနာတွေကို ပြောပြပေးပါမယ်။ဒါအများဆုံးပါပဲ။ ချော်လဲတာက စလို့ ပြုတ်ကျတာအလယ် ကားတိုက်၊ ဆိုင်ကယ်မှောက်၊ စက်ဘီးလဲ နေ့စဉ်နဲ့ အမျှ ဖြစ်နေပါတယ်။ အရိုးကျိုးတာ၊ အဆစ်လွဲတာတွေ ဖြစ်တတ်ပါတယ်။အဆစ်ရောင်တာကလည်း အဖြစ်များတဲ့ ပြဿနာ တစ်ခုပါပဲ။ အရိုးနုလေးတွေ ပွန်းပြီး ဒူးဆစ်ရောင်တာက စလို့ ဂေါက်၊ ဆိုရီယေးစစ် လေးဖက်နာ ၊ သွေးလေးဖက်နာ အဆစ်ရောင် စသဖြင့် အမျိုးပေါင်း ၁၀၀လောက်ရှိတယ်လို့ ဆိုပါတယ်။ဘာဆာဆိုတာက အရိုးနဲ့ ကြွက်သား၊ အရွတ်တွေကြားမှာ ခံထားတဲ့ အရည်အိတ်လေးပါ။ ဒီအိတ်လေးခံထားတာကြောင့် ပွတ်တိုက်မှုနည်းပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရတာပါ။ ဒီဘာဆာအိတ်လေးကလည်း အခန့်မသင့်ရင် ရောင်ရမ်းတတ်ပါသေးတယ်။ကြွက်သားဆိုတာ ပုံမှန်သုံးနေမှ ပုံစံမပျက်တာပါ။ ထိခိုက်ဒဏ်ရာရလို့ မလှုပ်ရှားတာ၊ လေဖြတ်လို့ အိပ်ရာထဲမှာ အကြာကြီး လှဲနေရတာ၊ ကြွက်သားကို ထောက်ပံ့ထားတဲ့ အာရုံကြော ပျက်စီးသွားလို့ မလှုပ်နိုင်တာ စတဲ့ ပြဿနာတွေမှာ ကြွက်သားလှုပ်ရှားမှု မရှိတာကြောင့် သိမ်လှီလာပါတယ်။အရိုး၊ အရိုးနုနဲ့ ကြွက်သားတွေမှာလည်း ကင်ဆာဖြစ်တတ်ပါတယ်။Autoimmuneလို့ ခေါ်တဲ့ ခုခံအားကမောက်ကမဖြစ်တဲ့ ရောဂါတွေမှာ အရိုးအဆစ်တွေလည်း ထိခိုက်တတ်ပါတယ်။ ဥပမာ ဆိုရီယေးစစ် လေးဖက်နာ၊ သွေးလေးဖက်နာ၊ အရေပြားလေးဖက်နာ စသဖြင့် အများကြီး ရှိပါတယ်။ဗီတာမင်ဒီ ချို့တဲ့ရင် ဖြစ်တတ်ပါတယ်။ အရိုးပျော့တာအပြင် ကြွက်သားတွေ အားနည်းတာ၊ အရိုးနာတာ၊ အရိုးကျိုးလွယ်တာတွေ ဖြစ်တတ်ပါတယ်။အရိုးသိပ်သည်းဆနည်းပြီး ပွယောင်းယောင်း ဖြစ်လာပါတယ်။ အရိုးကျိုးနိုင်ခြေ သိပ်များပါတယ်။အရိုးအဆစ်နှစ်ခုကြား အာရုံကြောပိတာမျိုးပါ။ ကျော်ရိုးဆစ်တွေမှာ အဆစ်ပြားကျွံထွက်ပြီး အာရုံကြောပိတာ အဖြစ်များပါတယ်။အရွတ်တွေ မခံနိုင်လောက်တဲ့အထိ အလွန်အကျွံအသုံးပြုတဲ့အခါ အရွတ်ရောင်လာတတ်ပါတယ်။အရွတ်တွေ အရိုးကြားမှာ နေတဲ့အခါ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရအောင် အရွတ်ဖုံးက ကူညီပေးပါတယ်။ ဒီအရွတ်ဖုံးလေးတွေကလည်း အခန့်မသင့်ရင် ရောင်ရမ်းတတ်ပါတယ်။အရိုးအဆစ်ပြဿနာတွေမှာ အောက်ကလက္ခဏာတွေ အတွေ့ရများပါတယ်။အရိုးကျိုးတာ၊အဆစ်လွဲတာတွေက အရေးပေါ်အခြေအနေမို့လို့ ချက်ချင်းဆေးကုသမှု ခံယူသင့်ပါတယ်။ အထူးသဖြင့်။လူတော်တော်များများမှာဖြစ်နိုင်ပေမယ့်။ရောဂါအခြေအနေပေါ်မူတည်ပြီး ကုသနည်းတွေ ကွဲနိုင်ပါတယ်။ လူနာရဲ့ ရောဂါရာဇဝင်၊ စမ်းသပ်မှုအဖြေ၊ ဆေးစစ်ချက်တွေ အပေါ်မူတည်ပြီး ရောဂါသတ်မှတ်ကာ ကုသပေးပါတယ်။ ရည်ရွယ်ချက်ကတော့ လူနာပြန်လှုပ်ရှားနိုင်ဖို့၊ ခံစားရတဲ့ ဝေဒနာသက်သာဖို့၊ နောက်ဆက်တွဲ ဆိုးကျိုးတွေ နည်းဖို့ ရည်ရွယ်ပါတယ်။ကုသနည်းတွေကတော့။အောက်ကနည်းလမ်းတွေနဲ့ဆိုရင် အရိုးအဆစ်ပြဿနာတွေ ဖြစ်မလာအောင် အတန်အသင့် လျှော့ချနိုင်မှာပါ။အရိုးအဆစ်ပြဿနာတွေ ခံစားနေရရင် စောစောစီးစီးကုသတာ ကောင်းပါတယ်။ သေသေချာချာ မကုသလို့ အရှင်းမပျောက်ဘူးဆိုရင် နောက်ပိုင်းမှာ မသန်စွမ်းတာ၊ နာတာရှည် ပြဿနာတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် အရိုးအဆစ်ပြဿနာတွေ ဖြစ်လာပြီဆိုရင် တတ်ကျွမ်းသူနဲ့ စနစ်တကျကုသဖို့ အကြံပေးလိုပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/common-orthopedic-problems/
ရင်တုန် နေတာ ဘာကြောင့်လဲ။
ရင်တုန် နေတယ်ဆိုတာ ကိုယ့်ရင်ခုန်သံကို ကိုယ်ပြန်ကြားနေရတာ ဒါမှမဟုတ် ပြန်သတိထားမိနေတာမျိုးပါ။ အချိန်နဲ့အမျှ နှလုံးခုန်နေပေမယ့် ဘယ်သူမှ ဒါကို သတိမထားမိပါဘူး။ သာမန်ပြင်းပြင်းထန်ထန် လှုပ်ရှားလို့ ရင်တုန်ပြီး မောလာတာ ရှိသလို အလိုလိုနေရင်း ရင်တုန်နေတာမျိုးလည်း ရှိနိုင်ပါတယ်။နှလုံးရောဂါအခံရှိရင်လည်း ရင်တုန်တတ်ပါသေးတယ်။ ဒါဆို ဘယ်လိုရင်တုန်တာမျိုးက မစိုးရိမ်ရဘူးလဲ။ ဘယ်လိုအခြေအနေဆိုရင်တော့ ဆေးရုံသွားသင့်လဲဆိုတာ ပြောပြပေးပါ့မယ်။ဆေးပညာအရတော့ ရင်တုန်တာကိုTachycardiaလို့ ခေါ်ပါတယ်။ နှလုံးခုန်နှုန်း တစ်မိနစ်ကို ၁၀၀ကျော်သွားရင် Tachycardia လို့ သတ်မှတ်ပါတယ်။သာမန် အခြေအနေတွေမှာ ရင်တုန်စေတဲ့ အကြောင်းတွေကတော့။ရောဂါအခံတစ်ခုခုကြောင့်၊ ဆေးတွေ ကြောင့်လည်း တုန်တတ်ပါသေးတယ်။ ဥပမာ။တစ်ခါတစ်လေတော့လည်း အကြောင်းရင်းမရှိဘဲ ရင်တုန်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။အသက်ကြီးတဲ့သူတွေ၊ မိသားစုထဲမှာ ရင်တုန်တတ်တဲ့ ဒါမှမဟုတ် နှလုံးခုန်မမှန်တဲ့ ရောဂါရှိတဲ့သူတွေက ပိုဖြစ်နိုင်ပါတယ်။ နှလုံးကို ဝန်ပိစေနိုင်တဲ့ အနေအထားတွေ၊ နှလုံးကို ပျက်စီးစေနိုင်တဲ့ အနေအထားတွေကလည်း ရင်တုန်စေနိုင်ပါတယ်။ ဒါတွေကတော့။နှလုံးခုန်တာ သိပ်မြန်လာရင် နှလုံးက အားနဲ့ ကောင်းကောင်း ညှစ်ဖို့ အချိန်မရတော့တဲ့အတွက် ကိုယ်တွင်း အင်္ဂါတွေ သွေးငတ်လာပါတယ်။ ဒါကြောင့်။တချို့သူတွေကျတော့လည်း ဘာမှ မခံစားရဘဲ ဆေးစစ်လို့ ဖြစ်ဖြစ်၊ ECGဆွဲလို့ဖြစ်ဖြစ် သိရတာတွေလည်း ရှိပါတယ်။ဘာပဲဖြစ်ဖြစ် ရင်ခဏခဏတုန်တတ်လို့ ကိုယ့်ကိုယ်ကို မသင်္ကာရင် ဆေးရုံသွားပြဖို့ အကြံပြုလိုပါတယ်။ ရင်တုန်တာအပြင် ရင်ဘတ်အောင့်တာ၊ မောတာ၊ သတိလစ်တာတွေပါ ဖြစ်လာပြီဆိုရင်တော့ ဆေးရုံအမြန်ဆုံး သွားဖို့ လိုနေပါပြီ။နောက်ဆက်တွဲက ရင်တုန်တဲ့ ရောဂါအမျိုးအစား၊ ဘယ်လောက်မြန်မြန် ခုန်နေတာလဲ၊ ရင်တုန်တာ ဘယ်လောက်ကြာပြီလဲ၊ တခြား နှလုံးရောဂါအခံတွေ ဘာရှိလဲ စတဲ့ အချက်တွေ အပေါ်မူတည်ပါတယ်။ ဖြစ်နိုင်တာတွေကတော့။ရင်တုန်တာကို ကာကွယ်ဖို့ အကောင်းဆုံးနည်းကတော့ နှလုံးရောဂါမဖြစ်အောင် နေဖို့ပါပဲ။ နှလုံးရောဂါအခံ ရှိတယ်ဆိုလည်း ထိထိရောက်ရောက် ကုသနေဖို့ လိုပါတယ်။နှလုံးရောဂါ ကာကွယ်ဖို့အတွက်။နဂိုတည်းက နှလုံးရောဂါအခံရှိရင်။ရင်တုန် တာက သာမန်ဆို ပြဿနာ မရှိပေမယ့် နှလုံးရောဂါနဲ့ ဆက်နွယ်နေရင်တော့ သတိထားရပါမယ်။ ရုတ်တရက် သေဆုံးနိုင်သည်အထိ ပြင်းထန်တာကြောင့် ကိုယ့်မှာ ရောဂါအခံရှိရင် ထိထိရောက်ရောက် ကုသဖို့ အကြံပြုလိုပါတယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/heart-arrhythmias/causes-of-tachycardia/
Chickenpox (ရေကျောက် ရောဂါ)
Chickenpox (ရေကျောက် ရောဂါ) အကြောင်း လေ့လာလိုက်ရအောင်နော်။ရေကျောက် ဆိုသည်မှာ မျက်နှာ နှင့်ခန္ဓါပေါ်ရှိ အရေပြားနှင့် နံရံအမြှေးပါးတို့တွင် အဖုအပိန့်ထွက်၍ varicella zoster ဗိုင်းရပ်စ် ကြောင့်ဖြစ်သည့်ရောဂါတစ်မျိုးဖြစ်သည်။ရေကျောက် ခုခံအားမရထားသူ (မပေါက်ဘူးသူ)နှင့် ရေကျောက်ကာကွယ်ဆေးမထိုးထားသူတို့တွင်ပို၍ကူးစက်နိုင်သည်။ထိုဗိုင်းရပ်စ်သည် ကလေးများတွင် ရေကျောက် ဖြစ်စေတတ်သလိုပင် လူကြီးများတွင်လည်း ရေယုန်ဟူ၍ဖြစ်စေတတ်သေးသည်။လူကြီးရေယုန်ဖြစ်ပါက ထိုအဖုအပိန့်များသည် အလွန်နာကျင်တတ်ကာ ဆိုးရွားသောနောက်ဆက်တွဲများ ဖြစ်နိုင်ပါသည်။ရေကျောက်သည် အသက်အရွယ်အပိုင်းအခြားမရွေး ကူးစက်နိုင်သောရောဂါဖြစ်ကာ ၁၅ နှစ်အောက် အရွယ်များတွင် ပို၍ဖြစ်တတ်သည်။ ကလေးများ ၊ကိုယ်ဝန်ဆောင်မိခင်များ ၊သက်ကြီးရွယ်အိုများတွင်လည်း အဖြစ်များတတ်သည်။ထိုကြောင့်ကာကွယ်ဆေးထိုးခြင်းဖြင့် ရေကျောက်ရောဂါ ကူးစက်မှုကို ကြိုတင်ကာကွယ်နိုင်သလို၊ ရေကျောက်ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများကိုပါကြိုတင်ကာကွယ်နိုင်သည်။ရေကျောက်ဗိုင်းရပ်စ်သည်ကူးစက်ခံရပြီး ၇ ရက်မှ ၂၁ ရက်အတွင်း ရောဂါလက္ခဏာများဖြစ်ပေါ်တတ်သည်။ ရောဂါလက္ခဏာများမှာ ကိုယ်ပူခြင်း၊နှာရည်ယိုခြင်း၊ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း ၊နုံးခြင်း၊ခံတွင်းပျက်ခြင်း၊ ခန္ဓါကိုယ် အနီစက်ထွက်ခြင်းများ ဖြစ်ပေါ်တတ်သည်။အရေပြားရှိအနီစက်များသည် ၂ရက် ၃ရက်ကြာပြီးနောက် ယားယံအနီကွက်ဖြစ်လာကာ ထိုမှတဆင့် အရည်ကြည်ဖုအဖြစ်သို့ ပြောင်းလဲသွားသည်။ ရောဂါလက္ခဏာပေါ်မူတည်၍ အရည်ကြည်ဖု အနည်းအများကွာခြားနိုင်ပြီး အချို့လူများတွင်မျက်စိ၊နား၊ပါးစပ်တို့တွင် အနာများဖြစ်တတ်ကြသည်။ထိုအရည်ကြည်ဖုများသည် ၄ရက် ၅ ရက်အတွင်း ခြောက်လာကာ နောက်ဆုံးအနာဖေးများ အဖြစ်သို့ ပြောင်းလဲသွားသည်။ ရေကျောက်ရောဂါသည် အနီစက်ပေါ်ပြီး ၁ရက် ၂ရက် နှင့်အရည်ကြည်ဖုပေါ်ပြီး ၆ ရက်အထိ တခြားသူများသို့ ကူးစက်နိုင်သည်။ရောဂါလက္ခဏာအပြောင်းအလဲရှိနိုင်သောကြောင့် ရေကျောက်ပေါက်သည်ဟု သံသယရှိပါက နီးစပ်ရာ ဆရာဝန်နှင့် တိုင်ပင်ကုသသင့်သည်။အောက်ပါလက္ခဏာများ ဖြစ်ပေါ်လာပါက ဆရာဝန်နှင့်တိုင်ပင်ကုသ သင့်သည်။•မျက်လုံးတစ်ဖက်သို့မဟုတ်နှစ်ဖက်စလုံးတွင်အနီစက်များဖြစ်ပေါ်လာခြင်း။• အနီစက်များပိုးဝင်၍ပူစပ်နာကျင်လာခြင်း။• ခေါင်းမူးခြင်း၊ရင်တုန်ခြင်း၊အသက်ရူကျပ်ခြင်း၊ခြေလက်များတုန်ရီခြင်း၊ မူးမေ့ခြင်း၊ချောင်းတအားဆိုးခြင်း၊အန်ခြင်း၊ဇက် ကြောတက်ခြင်း၊အဖျားကြီးခြင်း။• ခြောက်လအောက်ကလေးများနှင့်ကိုယ်ခံအား နည်းသူများတွင်ဖြစ်ခြင်း။အထက်ပါရောဂါလက္ခဏာများဖြစ်ပေါ်လာပါကနီးစပ်ရာဆရာဝန်နင့်တိုင်ပင်ဆွေးနွေးသင့်သည်။ရေကျောက်သည် varicella zoster ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး တစ်ဦးမှတစ်ဦးသို့ အသက်ရှူလမ်းကြောင်း မှတဆင့် သော်လည်းကောင်း အရေပြားခြင်း ထိတွေ့၍သော်လည်းကောင်း ကူးစက်နိုင်သည်။ရေကျောက်ဖြစ်ပွားနိုင်ချေ မြင့်မားစေသော အကြောင်းအရာများမှာ။• ရေကျောက်တစ်ခါမှမပေါက်ဖူးသူများ။• ရေကျောက်ကာကွယ်ဆေးမထိုးထားသူများ။• နေ့ကလေးထိန်းနှင့်မူကြိုကျောင်းများတွင်အလုပ်လုပ်သူများ။• ကလေးများနှင့်နေထိုင်ကြသူများ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရေကျောက်သည် တခြားအရေပြားရောဂါများနှင့် ကွာခြားသည်။ ထို့ကြောင့်ရေကျောက်ပေါက်ပါက သိသာသည်။ နီးစပ်ရာဆရာဝန်နှင့်ပြသရုံဖြင့်ပင် ရေကျောက်ကိုသိရှိနိုင်သည်။ပင်ကိုကျန်းမာရေးကောင်းသောကလေးများတွင် ဗိုင်းရပ်စ်သတ်ဆေး သောက်ရန်မလိုပါ။ အဖျားကြီးပါကပါရာစီတမော့ကဲ့သို့ဆေးဝါးပေးနိုင်သည်။ သို့သော်အက်စပရင်ပါသောအကိုက်ခဲပျောက်ဆေးများမပေးသင့်ပါ။ လိုအပ်ပါကယားယံခြင်းသက်သာစေရန်သောက်ဆေးများ၊ လိမ်းဆေးများ ၊အုပ်ဂျူံ ကွေကာအုပ်တို့ ဖြင့် ရေချိုးခြင်းများပြုလုပ်နိုင်သည်။ရေကျောက်ပေါက်ပါကအရည်များများသောက်ခြင်း၊ အနားယူခြင်းများလိုအပ်သည်။ တခြားအိမ်သားများသို့ရေကျောက်ရောဂါမကူးစက်စေရန် အရည်ကြည်ဖုများ သက်သာသည်အထိ သီးခြားခွဲနေစေရန် လိုအပ်သည်။ ဗိုင်းရပ်စ်ပျောက်ဆေးဝါးများကို ရောဂါအခြေနေ ဆိုးဝါးနိုင်သူ၊ ခုခံအားကျဆင်းနေသူ (ဥပမာကင်ဆာရောဂါသည်များ၊ ရိုးတွင်းခြင်ဆီအစားထိုးကုသခံထားသူများ)တွင်သာ အသုံးပြုရန်လိုအပ်သည်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ရေကျောက် ကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။• ကိုယ်ဝန်ဆောင်မိခင်များရေကျောက်ပေါက်ပါကဆရာဝန်နှင့်ချက်ခြင်းပြသင့်သည်။• လက်ကိုအချိန်မှန်သေချာစွာဆေးရမည်။ အိပ်ယာခင်းများဝတ်ထားသောအဝတ်များကိုရေနွေး၊ ဆပ်ပြာများဖြင့်လျှော်ရမည်။• လက်သည်းညှပ်ခြင်းဖြင့် အရည်ကြည်ဖုများ ကုပ်မိခြင်း မှကာကွယ်နိုင်ပြီး ပိုးမဝင်အောင်တားဆီးနိုင်သည်။• အက်စပရင်ပါသော ဆေးဝါးများမသုံးသင့်ပါ။• ရေကျောက် ပေါက်သောကလေး၏ ကျောင်းကျန်းမာရေးဝန်ထမ်းနှင့်အခြားကလေး များ၏မိသားစုဝင်များကိုပါ အကြောင်းကြားထားသင့်သည်။• ယားယံခြင်းသက်သာစေရန်ဆေးတိုက်ခြင်း၊ ရေပတ်တိုက်ခြင်းများပြုလုပ်ပေးနိုင်သည်။• အဖျားကြီးခြင်း၊နုံးလာခြင်း၊ခေါင်းကိုက်ခြင်း၊ အလင်းကြည့်လျှင်မျက်လုံးစူးခြင်း၊အန်ခြင်း၊ဂနာမငြိမ်ဖြစ်ခြင်း၊မူးမေ့ခြင်း စသည်တို့ဖြစ်လျှင်နီးစပ်ရာ ဆရာဝန်နှင့်ချက်ခြင်း ကုသသင့်သည်။• ရေကျောက်ကာကွယ်ဆေးများကို ရေကျောက် မပေါက်ဖူးသူများအား ထိုးထားပေးသင့်သည်။ရေကျောက်နှင့် ပတ်သတ်သည့် အခြားအချက်အလက်များ ထပ်မံသိရှိလိုပါက သင်၏ ဆရာဝန်နှင့် တိုငိပင်ဆွေးနွေးရန် လိုအပ်သည်။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-viral-infections/chickenpox-explained/
အာသာဖြေခြင်း နဲ့ပတ်သတ်ပြီး အမှန်၊ အမှား သိကြစေဖို့
အာသာဖြေခြင်း ဆိုတာ ကျွန်တော်တို့ တစ်ယောက်တည်းရှိနေတဲ့အချိန် လုပ်လေ့ရှိတတ်ကြတဲ့ Sex ပုံစံ တစ်မျိုးဖြစ်ပါတယ်။ လူတိုင်းနီးပါး အာသာဖြေခြင်းကို အသက်အရွယ်တစ်ခု ရောက်ရင်လုပ်တတ်ကြပေမဲ့ လူအများစုက ဒီအချက်နဲ့ ပတ်သတ်ပြီး မပြတ်မသား ရှက်ကြောက်တတ်ကြပါတယ်။ ရှက်ရွံ့ရခြင်းအကြောင်းရင်းကတော့ ငယ်ငယ်က သူတို့ အာသာဖြေရင်း မိဘတွေ မိသွားတဲ့အချိန် အဆူခံခဲ့ရတာကြောင့်တာပဲဖြစ်ဖြစ်၊ အာသာဖြေခြင်းကို မလုပ်သင့်တဲ့ အချက်ဖြစ်ကြောင်း သူတို့ကိုယ်၌က ခံစားနေကြလို့လည်း ဖြစ်ပါတယ်။တကယ့် အဖြစ်မှန်ကတော့တစ်ကိုယ်ရည် အာသာဖြေခြင်းဆိုတာ ဘယ်အသက်အရွယ်မှာပဲ လုပ်လုပ် ပုံမှန်ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။ ကလေးအရွယ်တုန်းကတော့ လိင်ပိုင်းဆိုင်ရာခံစားမှု အနည်းငယ်ကို ရချင်လို့ လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။ အပျိုပေါက်၊ လူပျိုပေါက် ဖြစ်လာချိန်ကြတော့ အဖော်ဖြစ်သူနဲ့ နှစ်ဦးနှစ်ဖက် အပေးအယူမျှအောင်နဲ့ အဖော်ဖြစ်သူနဲ့ လက်တွဲပြီး ကိုယ်အိုးကိုယ်အိမ်ထူထောင်ချင်စိတ်ကို တိုးမြှင့်ပေးစေတဲ့ အရာတစ်ခု အဖြစ်လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။အရွယ်ရောက်တဲ့အချိန်မှာတော့ အာသာဖြေခြင်းဟာ မိသားစုတွေမှာ ပိုရှုပ်ထွေးလာတဲ့ ပြဿနာတစ်ရပ်ဖြစ်လာပါတယ်။ ကျွန်တော်တို့ ကလေးတွေတွေ အာသာဖြေနေတာကို ကျွန်တော်တို့ တွေ့လိုက်ရရင် ဘယ်လိုတုံ့ပြန်မလဲ။ အဖော်ဖြစ်သူနဲ့ လိင်ဆက်ဆံနေရရင် အာသာဖြေခြင်းကို လုံးဝရပ်တန့်လိုက်သင့်လား၊ စတဲ့ အာသာဖြေခြင်းနဲ့ ပတ်သတ်ပြီးအမှန်အမှားတွေကို ဒီဆောင်းပါးထဲမှာ ဖော်ပြပေးသွားမှာပါ ။ကလေးငယ်တိုင်းနီးပါဟာ ကိုယ့်ဘာသာလိင်စိတ်နှိုးဆွတတ်ကြပါတယ်။ သူတို့ဟာ သူတို့ရဲ့ ခန္ဓာကိုယ်ကို အထိအတွေ့နဲ့ စူးစမ်းတတ်ကြပြီး တချို့အင်္ဂါတွေက သူတို့ကို သာယာစေသလို တချို့ အင်္ဂါတွေက နာကျင်နိုင်ကြောင်း စူးစမ်းခြင်းမှ သိလာကြပါတယ်။ မိဘတွေအနေနဲ့ တစ်ကိုယ်ရည် အာသာဖြေခြင်း ဟာ တစ်ကိုယ်တည်းရှိတဲ့အချိန်မှာ လုပ်ရတာ ဖြစ်ကြောင်း သင်ပေးဖို့လိုပြီး ကိုယ်ပိုင်အိပ်ခန်းလို နေရာမျိုးမှာသာ ပြုလုပ်သင့်ကြောင်း ကလေးတွေကို သင်ပေးဖို့လိုအပ်ပါတယ်။လေ့လာချက်များအရတော့ မိဘများက ကလေးများကို အသက်အရွယ်အလိုက် ခန္ဓာကိုယ်အင်္ဂါများအကြောင်း၊ လိင်မှုကိစ္စဆိုင်ရာ လုပ်ဆောင်ချက်များကို သင်ကြားပေးခြင်းဟာ လိင်မှုကိစ္စကို အဆင်အခြင်မရှိလုပ်ခြင်းကို လျော့ကျစေနိုင်သလို အရွယ်ရောက်တဲ့အချိန်မှာ လိင်မှုကိစ္စနဲ့ ပတ်သတ်ပြီး ဆင်ကန်းတောတိုး လုပ်ဆောင်ခြင်းကို နည်းပါးစေနိုင်တယ်လို့ဆိုပါတယ်။ ကလေးငယ်ဘဝမှာကတည်းက တရားလွန် တစ်ကိုယ်ရည် အာသာဖြေခြင်းကို လုပ်ဆောင်နေပြီဆိုရင်တော့ မိဘများအနေနဲ့ ဒီကလေး စိတ်ညစ်နေသလား၊ လျစ်လျူရှုထားခြင်း ခံနေရသလား၊ စိတ်ဖိစီးနေသလားဆိုတာ သေချာစဉ်းစားသင့်နေပါပြီ။လူအများစုဟာ သူတို့ရဲ့ သက်တမ်းတစ်လျှောက် တစ်ကိုယ်ရည် အာသာဖြေတတ်ကြပါတယ်။သန္ဓေသားအရွယ်ကလေးဘဝကတည်းက လိင်အင်္ဂါတွေနဲ့ ပတ်သတ်ပြီး သာယာမှုကို ခံစားတတ်ကြကြောင်း ပြနေတဲ့ Ultrasound, Sonogramတွေ ရှိပါတယ်။ အသက်ကြီးတဲ့ အရွယ်အထိလည်း တစ်ကိုယ်ရည် အာသာဖြေခြင်းကို လုပ်နေကြတဲ့ လူတွေလည်းရှိပါတယ်။ အရွယ်ရောက်လို့ အိမ်ထောင်ကျပြီဆိုတာနဲ့ အိမ်ထောင်ဖက်နဲ့ အတူ လိင်ပိုင်းဆိုင်ရာ ခံစားချက်များကို ဝေမျှပြီး ပျော်ရွှင်ဖွယ် လိင်မှုဆက်ဆံရေးတစ်ခုရှိဖို့ကလည်း အရေးကြီးပါတယ်။ဒါပေမဲ့လည်း တစ်ခါတစ်ရံမှာ လိင်မဆက်ဆံချင်ဘဲ မိမိ တစ်ကိုယ်ရည်သာယာမှုကို ခံစားလိုတဲ့ အချိန်တွေလည်းရှိနိုင်ပါတယ်။ ဒါဟာ သူတို့အနေနဲ့ စိတ်ဖိစီးမှု လျော့ကျစေဖို့အတွက် လုပ်ဆောင်ကြတာလည်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ လူတော်တော်များများဟာ သူတို့အဖော်နဲ့ လိင်ဆက်ဆံချိန်ဖြစ်ပေါ်တဲ့ သာယာမှုနဲ့ အာသာဖြေချိန်ဖြစ်ပေါ်တဲ့ သာယာမှုတို့ဟာ ဘာတွေ ကွာခြားသလဲဆိုတာ စစ်ဆေးဖို့လုပ်တတ်ကြပါတယ်။ တချို့တွေကျတော့ ဘာအကြောင်းရင်းမှ မရှိဘဲ ခံစားလို့ကောင်းတဲ့အတွက်ကြောင့်သာ လုပ်ကြတာ ဖြစ်ပါတယ်။ဒါနဲ့ပတ်သတ်ပြီး ပြောရမယ်ဆိုရင် ကေသီ ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ ခင်ပွန်း ဘရီယန်တစ်ယောက် မနက်ခင်း ရေချိုးခန်းမှာ အာသာဖြေနေတာကို တွေ့လိုက်ရပါတယ်။ ပက်ပင်းမိသွားတဲ့ အချိန်မှာတော့ ဘရီယန်က ဒီအလုပ်ကို သူမနက်တိုင်းလုပ်လေ့ရှိတဲ့အကြောင်း ဝန်ခံတော့ ကေသီတစ်ယောက် ပိုပြီး စိတ်ချောက်ချားသွားပါတော့တယ်။ သူမ စိတ်ချောက်ချားအကြောင်းရင်းကတော့ ဘရီယန်ဟာ သူမက လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု (Sexy) မကျလို့ လုပ်နေတာဖြစ်ကြောင်း ထင်လိုက်မိလို့ပါ။ဒါပေမဲ့ ဘရီယန်က သူ အာသာဖြေနေတာဟာ သူမ ကြောင့်မဟုတ်ပဲ ခံစားချက်ကောင်းမွန်ပြီး မြန်ဆန်တဲ့ နည်းလမ်းဖြစ်တဲ့အတွက် လုပ်တာဖြစ်တယ်လို့ ပြောဆိုပါတယ်။ “ ငါမင်းကို စိတ်ပျက်နေလို့ ဒီလို အာသာဖြေနေတာ မဟုတ်ပါဘူးကွာ။ ငါအနေနဲ့ တစ်ကိုယ်ရည် အာသာဖြေခြင်းနဲ့ ငါတို့နှစ်ယောက် လိင်ဆက်ဆံခြင်း ဆိုတဲ့ ၂ ခုဟာ မတူဘူးဆိုတာ နားလည်ထားပါတယ်။” လို့ ဘရီယန်က ဆိုပါတယ်။ယောက်ျားလေး အများစုဟာ အရွယ်ရောက်တာနဲ့ တစ်ကိုယ်ရည် အာသာဖြေတတ်ကြပြီး လိင်ခံစားမှု အထွတ်အထိပ်ရောက်ခြင်း ( Orgasm ) ကိုခံစားဖူးကြတာ ဖြစ်ပါတယ်။ အမျိုးသမီး ၇၅ ရာခိုင်နှုန်းကတော့လိင်ခံစားမှု အထွတ်အထိပ်ရောက်ခြင်း( Orgasm ) ကို တစ်ကိုယ်ရည် အာသာဖြေခြင်းမှ ခံစားကြတာပါ။ လိင်ဆက်ဆံဖော်နဲ့ ဆက်ဆံစဉ် လိင်ခံစားမှု အထွတ်အထိပ်ရောက်ဖို့ ခက်ခဲနေတဲ့ အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ ကုသပေးသူတွေက လိင်ခံစားမှု အထွတ်အထိပ်ရောက်ဖို့အတွက် တစ်ကိုယ်ရည် အာသာဖြေနည်းကို စမ်းကြည့်သင့်ကြောင်း တိုက်တွန်းတတ်ကြပါတယ်။ ( လူနာဖြစ်သူ အမျိုးသမီးက ကိုယ်ကျင့်တရားကျင့်ဝတ် စံနှုန်းများအရ တစ်ကိုယ်ရည် အာသာဖြေခြင်းကို မလုပ်ဆောင်ဘူးဆိုရင်တော့ လိင်ပိုင်းဆိုင်ရာကုသပေးသူတွေက တခြားနည်းလမ်းကို လမ်းညွှန်လေ့ရှိပါတယ်။ )။အမျိုးသမီးအများစုက လိင်ခံစားမှု အထွတ်အထိပ်ရောက်ဖို့အတွက် တစ်ယောက်တည်းဆိုရင် ၂ မိနစ်လောက်ကြာပေမဲ့ အဖော်ဖြစ်သူနဲ့ လိင်ဆက်ဆံချိန်ဆို ၄၅ မိနစ်အထိ ကြာတတ်ကြပါတယ်။ တစ်ကိုယ်ရည် အာသာဖြေတယ်ဆိုတာက မိမိကိုယ်တိုင် လိင်ခံစားမှု လိုချင်တဲ့အတွက် လုပ်ဆောင်တာ ဖြစ်ပြီး အဖော်ဖြစ်သူနဲ့ လိင်ဆက်ဆံတာကျတော့ အဖော်ဖြစ်သူက တောင်းဆိုတဲ့အတွက် လိင်ဆက်ဆံရတာလည်း ဖြစ်နိုင်ပါတယ်။ဒါကြောင့် မိမိကိုယ်တိုင် လိုလိုလားလားဖြစ်နေတဲ့အချိန်မှာ လိင်ခံစားမှု အထွတ်အထိပ်ရောက်ခြင်းက ပိုမြန်တာပါ။ အဖော်ဖြစ်သူနဲ့ လိင်ဆက်ဆံချိန်မှာတော့ ကိုယ်ကလည်း လိင်မှုကိစ္စ ခံစားဖို့ဆန္ဒမရှိနေဘူးဆိုရင်၊ ကိုယ့်ရဲ့ အဖော်ကလည်း လိင်ခံစားမှု တိုးမြှင့်ပေးနိုင်တဲ့ နေရာတွေ၊ သက်ဆိုင်ရာအင်္ဂါအလိုက် သင့်တင့်တဲ့ ဖိအားကို မသုံးဘူးဆိုရင် လိင်ခံစားမှု အထွတ်အထိပ်ရောက်ခြင်း (Orgasm) ရောက်ဖို့ ပိုခက်ခဲပါတယ်။လူတစ်ယောက်အနေနဲ့ လိင်ဆက်ဆံတာကို ကြိုက်နှစ်သက်နိုင်သလို တစ်ကိုယ်ရည် အာသာဖြေခြင်း ကို ပိုကြိုက်ကြတဲ့ လူတွေလည်းရှိပါတယ်။ လူအများစုက တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ စိတ်ကျေနပ်စရာ ကောင်းတဲ့ အလုပ်လို့ ခံယူထားပေမယ့် အဖော်ဖြစ်သူနဲ့ လိင်ဆက်ဆံတာလောက် အချင်းချင်း ရင်းနှီးမှုနဲ့ ခံစားမှုတို့ကို မပေးစွမ်းနိုင်ပါဘူး။တစ်ခါတစ်ရံမှာ တော့ အဖော်ဖြစ်သူနဲ့ လိင်ဆက်ဆံတာက စိတ်ပျက်ဖို့ကောင်းတဲ့အခါ လူအများစုက တစ်ကိုယ်ရည် အာသာဖြေခြင်းကို လုပ်တတ်လေ့ရှိပါတယ်။ တကယ်လို့ ကိုယ်က တစ်ကိုယ်ရည် အာသာဖြေခြင်းကို လက်တွဲဖော်နဲ့ လိင်ဆက်ဆံတာထက် ပိုကြိုက်နှစ်သက်နေပြီဆိုရင် လိင်ပိုင်းဆိုင်ရာ ကုသမှု ခံယူသင့်သလို နှစ်ဦးသဘောတူ ဆွေးနွေးမှုတွေ ပြုလုပ်သင့်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/masturbation/
ကမ္ဘာကြီးချာချာလည်စေတဲ့ ဝေဒနာ
အသက်အရွယ်မရွေးမှာဒီခေါင်းမူးဝေဒနာခံစားရနိုင်ပေမယ့် အသက် ၆၅ နှစ်နဲ့အထက်အရွယ်တွေမှာ အဖြစ်များပါတယ်။ သူက ခဏတာလည်းဖြစ်နိုင်တယ်၊ နာတာရှည်လည်းဖြစ်နိုင်တယ်။ ကာလတာရှည်vertigoဖြစ်နေရင်တော့ စိတ်ကျန်းမာရေးပြဿနာတွေနဲ့ ဆက်နွှယ်နေနိုင်ပါတယ်။ ဒီခေါင်းမူးဝေဒနာကနေ့စဉ်ဘဝမှာ လုပ်ဆောင်နိုင်စွမ်းတွေထိခိုက်စေနိုင်ပြီး စိတ်ကျခြင်းနဲ့ ပူပန်ခြင်းပြဿနာတွေဖြစ်လာနိုင်ပါတယ်။Vertigo ခံစားရတဲ့သူဟာခေါင်းထဲမှာ ဒါမှမဟုတ် ပတ်ဝန်းကျင်တစ်ခုလုံးရွေ့လျားနေသလို၊ လည်နေသလို ခံစားရတာဖြစ်ပါတယ်။ ဒါက တခြားရောဂါတွေရဲ့လက္ခဏာတစ်ခုလည်းဖြစ်နိုင်ပေမယ့် သူနဲ့ဆက်စပ်နေတဲ့လက္ခဏာတွေက ဒီလိုတွေပါတဲ့။အသိသာဆုံးကတော့ Vertigo ဆိုတာ ရိုးရိုးမူးတာမဟုတ်ဘဲ ချာချာလည်တဲ့ အမူးဝေဒနာပါ။Vertigoဖြစ်စေတဲ့အကြောင်းရင်းနဲ့ရောဂါတွေကအမျိုးမျိုးရှိပါတယ်။ နားအတွင်းပိုင်းပြဿနာကြောင့်ဖြစ်လာတတ်ပေမယ့် ဦးနှောက်အစိတ်အပိုင်းတွေရဲ့ပြဿနာကြောင့်လည်းဖြစ်စေတတ်ပါတယ်။ သူ့ကိုဖြစ်စေနိုင်တဲ့တခြားရောဂါအခြေအနေတွေကတော့ –။Labyrinthitis –နားအတွင်းပိုင်း labyrinthရောင်ရမ်းခြင်း။labyrinth အတွင်းကအာရုံကြောဟာ ခန္ဓါကိုယ်ရဲ့ဦးခေါင်းလှုပ်ရှားမှုနဲ့အနေအထားတွေကို ထိန်းပေးတာဖြစ်ပါတယ်။ ။ ဒီအခြေအနေကို ဗိုင်းရပ်စ်ကြောင့်ဖြစ်စေတတ်ပါတယ်။Vestibular neuronitis –ဗိုင်းရပ်စ်ပိုးကြောင့် နားအတွင်းပိုင်းအာရုံကြောရောင်ရမ်းခြင်း။Cholesteatoma– မကြာခဏရောဂါပိုးဝင်ခြင်းကြောင့် နားအလယ်ပိုင်းမှာ အကျိတ်၊အိတ်ဖြစ်ပေါ်ခြင်း။ ဒီလိုဖြစ်ရာက ကြီးလာခဲ့ရင် နားကျန်းမာရေးကိုထိခိုက်စေပြီး နားမကြားရခြင်း၊ခေါင်းမူးခြင်းကိုဖြစ်စေပါတယ်။Ménière’s disease –နားအတွင်းပိုင်းအရည်စုခြင်းက ချာချာလည်မူးခြင်းအပြင် နားထဲအသံတွေကြားရခြင်းနဲ့နားမကြားရခြင်းတို့ပါဖြစ်စေနိုင်တယ်။ အသက် ၄၀ နဲ့ ၆၀ အတွင်းမှာ ပိုအဖြစ်များပါတယ်။BPPV –အနေအထား ရုတ်တရက် ပြောင်းလဲခြင်းကြောင့် မူးခြင်း။ လှုပ်ရှားမှုအတွင်း နားအတွင်းပိုင်းက ကယ်လ်စီယမ်ကာဗိုနိတ်ပုံဆောင်ခဲတွေကsemicircular canalsပြွန်လေးတွေထဲက အာရုံခံအမွေးနုဆဲလ်တွေနဲ့ထိတွေ့ပါတယ်။ ကိုယ်အနေအထားကို ဦးနှောက်ဆီသတင်းပေးပို့နိုင်ဖို့ သူတို့က နားအတွင်းပိုင်းအာရုံကြောကို နှိုးဆွပေးပါတယ်။BPPV ရှိတဲ့သူတွေမှာတော့semicircular canalsပြွန်တွေထဲ အခဲအစအနလေးတွေ ရှိနေလို့ ဦးခေါင်းလှုပ်ရှားမှုရပ်လိုက်တဲ့အခါendolymph အရည်တွေဆက်လက်ရွေ့လျားစေတာဖြစ်ပါတယ်။Vertigo ဖြစ်ရခြင်းက ဒါတွေနဲ့လည်း ဆက်နွှ်ယ်နိုင်ပါတယ် –။အကြောင်းရင်းကိုမူတည်ပြီး အမျိုးအစားကွဲကြပေမယ့် အဓိကနှစ်မျိုးကတော့ -Peripheral vertigo နဲ့Central vertigoတို့ဖြစ်ပါတယ်။Peripheral vertigoဆိုတာက ဟန်ချက်ထိန်းခြင်းနဲ့ပတ်သက်တဲ့ နားအတွင်းပိုင်းကအစိတ်အပိုင်းငယ်လေးတွေရဲ့လုပ်ဆောင်ချက်စနစ်မှာ ဗိုင်းရပ်စ်ကြောင့်ပြဿနာဖြစ်တဲ့အခါ ခံစားရတတ်ပါတယ်။Central vertigoဆိုတာ ဗဟိုအာရုံကြောစနစ်နဲ့ဆိုင်တဲ့ပြဿနာဖြစ်ပါတယ်။ သူကတော့ အမြင်အာရုံနဲ့ ဟန်ချက်ထိန်းညှိခြင်းဆိုင်ရာ ဦးနှောက်အစိတ်အပိုင်းတွေမှာပြဿနာဖြစ်စေတာဖြစ်ပါတယ်။ချာချာလည်မူးတဲ့အခါ မလိုလားအပ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေမဖြစ်အောင်လို့ နေထိုင်ပုံ အပြောင်းအလဲတော့ရှိရပါမယ်။ ဒီအချက်တွေကvertigo လက္ခဏာတွေရဲ့သက်ရောက်မှုကိုလျော့ပါးသက်သာစေနိုင်ပါလိမ့်မယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/ear-conditions/%e1%80%80%e1%80%99%e1%80%ac%e1%81%bb%e1%81%be%e1%80%80%e1%80%ae%e1%80%b8%e1%80%81%e1%80%ba%e1%80%ac%e1%80%81%e1%80%ba%e1%80%ac%e1%80%9c%e1%80%8a%e1%80%b9%e1%80%b1%e1%80%85%e1%80%90%e1%80%b2%e1%80%b7/
အော်ရလွန်းလို့ လည်ချောင်းကွဲ ပြီး သွေးထွက်လာရင်
အော်ရလွန်းလို့အသံတွေ ဝင်နေတယ်၊ အသံတွေ နာနေတယ်ဆို တော်သေး။ ဒီထက်ပိုဆိုးပြီးလည်ချောင်းကွဲသွေးစတွေပါလာပြီဆိုရင် စိုးရိမ်လာကြပါပြီ။ ကဲ ဘယ်လိုဖြေရှင်းကြမလဲ။ ဒါအရေးပေါ်အခြေအနေလား။လည်ချောင်းကွဲတယ်ဆိုပေမယ့် အများထင်ထားသလို လည်ချောင်းကြီး ကွဲထွက်သွားတာ မဟုတ်ပါဘူး။ အော်လွန်းလို့ ဖိအားတွေ များပြီး လည်ချောင်းထဲက သွေးကြောလေးတွေ ပေါက်ကုန်တာပါ။ အော်တဲ့အခါ ရှိုက်ရှူတဲ့ လေကြောင့်လည်ချောင်းခြောက်သွေ့ပြီး သွေးကြောလေးတွေ ပိုပေါက်လွယ်ပါတယ်။အသံကို အားပြင်းပြင်းသုံးပြီး ကြာကြာအော်တဲ့သူ ဘယ်သူမဆို ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်။အကောင်းကြီးကနေ လည်ချောင်းတန်းကွဲတာထက် ရှေ့မှာ ရှေ့ပြေးလက္ခဏာလေးတွေ ပြပြီးမှ ကွဲတာ များပါတယ်။ ဒီလက္ခဏာတွေကတော့။ဒီလို လက္ခဏာတွေ ဖြစ်လာရင် အသံသုံးတာ၊ အော်တာကို ခဏနားလိုက်ပါ။ ဆက်အော်နေရင် လည်ချောင်းကွဲဖို့ များပါတယ်။လည်ချောင်းကွဲလို့ သွေးစတွေ ထွက်လာရင် မလန့်ပါနဲ့။ အရင်ဆုံး ရေအေးအေးလေး သောက်ချတာ၊ အာခေါင်ထဲကျင်းတာ လုပ်ပါ။ ပြီးရင် အသံကို လုံးဝမသုံးပါနဲ့တော့။ စကားလည်း မပြောပါနဲ့။ လည်ချောင်းကွဲတာ အများစုက အန္တရာယ်မရှိပါဘူး။ ထပ်အော်ရင်သာ ထပ်ပြီး သွေးထွက်နိုင်ပါတယ်။ သွေးတွေကုန်အောင် လည်ချောင်းကနေလည်း အားနဲ့ မဟပ်ထုတ်ပါနဲ့။သွေးလည်း ဆက်မထွက်တော့ဘူးဆိုရင် သိပ်မစိုးရိမ်ရတော့ပါဘူး။ အိမ်ရောက်ရင် လုပ်ရမှာတွေက။လည်ချောင်းကွဲတာက တစ်ရက်လောက်နဲ့ သက်သာတာ မဟုတ်ပါဘူး။ တချို့တွေဆို တစ်ပတ်လောက်ထိ ကြာတတ်ပါတယ်။ ဒါကြောင့် မြန်မြန်သက်သာအောင် ဆောင်သင့် ရှောင်သင့်တဲ့ နည်းတွေက။အော်ရင်း ဟစ်ရင်း အားတွေ ပါလာတဲ့အခါ လည်ချောင်းကွဲတာ ဖြစ်တတ်ပါတယ်။ မလန့်ဘဲ ခုပြောထားတာတွေကို သေချာလုပ်ပါ။ အသံကို လုံးဝအနားပေးဖို့ အရေးကြီးတယ်ဆိုတာ မမေ့ပါနဲ့။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/throat-conditions/cracked-throat/