title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
အိပ်ရာထဲမှာပဲ လှဲနေရလွန်းလို့ အိပ်ရာနာဖြစ်နေသူတွေအတွက် အိမ်တွင်းကုထုံး
အိပ်ရာထဲမှာ တစ်ချိန်လုံးလှဲနေရတဲ့နာတာရှည်ရောဂါရှိသူတွေက ရောဂါအပြင်နောက်ထပ်ခံစားရနိုင်တဲ့ ပြဿနာတစ်ခုရှိနေပါတယ်။ ဒါကတော့ အိပ်ရာနာလိုပခေါ်ကြတဲ့ အနာတစ်မျိုးပါ။ ဒီအနာကြောင့် လူနာက ရောဂါဖိစီးမှုကိုရော အနာဖိစီးမှုကိုပါခံရပြီး နလန်ထူဖိုပခက်ခဲတာမျိုးတွေရှိနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အိပ်ရာနာဖြစ်နေသူတွေကို ပြုစုပေးနေသူတွေအတွက် အသုံးဝင်မယ့်အိမ်တွင်းကုထုံးလေးတွေအကြောင်းပြောပြပေးမယ်နော်။အိပ်ရာနာက သေချာမကုသဘဲထားမိရင်ရောဂါပိုးတွေဝင်ပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာနာဖြစ်တဲ့အခါ သေချာလေး ကုသစောင့်ရှောက်ပေးဖို့လိုပါမယ်။ရှားစောင်းလက်ပပ်။အရေပြားပြဿနာတော်တော်များများကို ဖြေရှင်းပေးနိုင်စွမ်းရှိပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်သလို နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ အိပ်ရာနာကို ကာကွယ်ဖိုပအတွက် သုံးလို့ရသလို ကုသဖို့အတွက်လည်း အသုံးပြုပေးလို့ရပါတယ်။ ရှားစောင်းလက်ပပ်ကိုရေစင်အောင်ဆေးလိုပ အသားလေးလွှာပြီး ဂျယ်လီသားသန့်သန့်လေးနဲ့ အနာဖြစ်နေတဲ့နေရာကိုပွတ်ပေးပါ။ အရေးပြားကိုအေးမြစေနိုင်တဲ့ ရှားစောင်းလက်ပပ်က အရေပြားကျိန်းစပ်တာ၊ ယားယံတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။သစ်မွှေးပင်ရဲ့ သစ်စေး။သစ်မွှေးပင်ကရတဲ့ သစ်စေးအဆီကို နနွင်းမှုန့်လေးနဲ့ရောလို့ အနာဖြစ်နေတဲ့နေရာကို ပွတ်လိမ်းပေးပါ။ သွေးလည်ပတ်မှုကိုကောင်းစေပြီး အနာကျက်စေဖို့ အကောင်းဆုံးအားဖြည့်ပေးနိုင်မှာပါ။ ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။နနွင်း။နနွင်းက အရေပြားပြဿနာတော်တော်များများကိုပြေလည်အောင်ဖြေရှင်းပေးနိုင်ပါတယ်။ အရောင်ကျစေနိုင်သလို ရောဂါပိုးတွေ ကူးစက်တာမျိုးမဖြစ်အောင်လည် ကာကွယ်ပေးနိုင်ပါတယ်။ နာကျင်မှုကို သက်သာစေနိုင်ပြီး အနာကို မြန်မြန်ကျက်စေနိုင်မှာပါ။ ဒါကြောင့် အိပ်ရာနာဖြစ်တဲ့အခါ အနာကို သန့်စင်ပေးပြီး နနွင်းမှုန့်ထည့်ပေးလို့ရပါတယ်။ နနွင်း အစစ်ဖြစ်ဖို့တော့ လိုပါမယ်။Beetroot။အိပ်ရာနာတွေအတွက် ထိရောက်တဲ့ သဘာဝပစ္စည်းတစ်မျိုးပေါ့။ ယားယံတာကိုသက်သာစေနိုင်ပြီးအနာကျက်စေနိုင်ပါတယ်။ အရေပြားကိုအစိုဓာတ်ထိန်းပေးပြီး အနာကျက်မြန်စေနိုင်မှာပါ။ ဒါကြောင့် beetroot ကိုပျားရည်လေးနဲ့ရောစပ်ပြီး အနာမှာလူးပေးပါ။နှိပ်နယ်ပေးပါ။နှိပ်နယ်ပေးတာက သွေးလည်ပတ်မှုကောင်းစေနိုင်ပြီး အိပ်ရာနာတွေ ထပ်မဖြစ်လာအောင် ကာကွယ်ပေးပါတယ်။ ဒီလိုနှိပ်နယ်ပေးတဲ့အခါသံလွင်ဆီဒါမှမဟုတ်အုန်းဆီကို အသုံးပြုပေးပါ။  အနာကျက်မြန်စေနိုင်သလို အိပ်ရာနာမဖြစ်စေဖို့လည်း ကာကွယ်ရာရောက်ပါတယ်။Baby powder။ဒါကလည်း အနာကျက်မြန်စေတဲ့ အရာတစ်မျိုးပါ။ အရေပြားခြောက်သွေ့ပြီး ရောဂါပိုးတွေဝင်ရောက်မှုကနေ အထိရောက်ဆုံးတားဆီးပေးနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာနာသက်သာစေဖို့ဆိုရင် အနာကို သေချာသန့်စင်ပေးပြီး ကလေးပေါင်ဒါမှုန့် လိမ်းပေးလို့ရပါတယ်။သကြားနဲ့ပျားရည်။အိပ်ရာနာအတွက် အကောင်းဆုံးသော အိမ်တွင်းဆေးဝါးနည်းတွေထဲက တစ်ခုပေါ့။ ညက်မှုန့်နေတဲ့ သကြားနည်းနည်းကို ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာနဲ့ရောလို့ မွှေပေးပါ။ ပြီးရင်အနာပေါ်မှာလိမ်းပေးပြီး  ပိုးသတ်ထားတဲ့ပတ်တီးလေးနဲ့ အုပ်ထားပေးပါ။ အနာကျက်မြန်စေပါလိမ့်မယ်။ဆားရည်။ရေနွေးနွေးလေးနဲ့ ဆားကိုရောစပ်ထားတဲ့ ဆားရည်ကို ဂွမ်းစသန့်သန့်လေးနဲ့ ယူပြီး အနာကို သန့်စင်ပေးတာကလည်း အိပ်ရာနာကို မြန်မြန်သက်သာစေပြီး အနာပိုးမဝင်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။အိမ်မှာအလွယ်တကူရနိုင်တဲ့ ပစ္စည်းလေးတွေသုံးလို့ အိပ်ရာနာ ခံစားနေရသူတွေကို ပြုစုပေးလိုက်ရအောင်လား…………။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/home-remedies-for-bed-sores/
ကဖင်းနဲ့ပတ်သက်ပြီး သိထားမိနိုင်တဲ့ လွဲလွဲလေးများ
ကော်ဖီလေးကြိုက်တယ် ကော်ဖီလေးကကျန်းမာရေးအတွက် ကောင်းတယ်ဆိုပြီးသောက်တယ်။အသားလေးလည်း ကြည်တယ်ဆိုပြီး သောက်မိနေသလား။ ဒါဆိုရင် ဒီအချက်လေးတွေကိုရော သိထားပြီးပြီလား……။အယူအဆ (၁) – ကော်ဖီသောက်တာကအရေပြားကင်ဆာကာကွယ်တယ်။ဒီအယူအဆက မမှန်ပါဘူး။ ၂၀၁၅ ခုနှစ် ဇန်နဝါရီလက အမျိုးသား ကင်ဆာဌာနက ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုတစ်ရပ်အရ တစ်နေ့ကို ကော်ဖီ ၄ ခွက် သောက်သုံးတာဟာ အရေပြားကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီအယူအဆက အပြည့်အဝမမှန်တော့ဘူးလို့ပဲ ပြောပါရစေ။နောက်ပိုင်း လုပ်ဆောင်ခဲ့တဲ့ လေ့လာမှု ရလဒ်တွေ အရကတော့ ကော်ဖီသောက်တာက အရေပြားကင်ဆာကို မကာကွယ်ပေးနိုင်ပဲကော်ဖီ စွဲလမ်းမှုကိုသာ ဖြစ်စေနိုင်တယ် ဆိုတာပါ။ အရေပြားကင်ဆာ ဖြစ်ရတာကနေရောင်မှာပါတဲ့ခရမ်းလွန်ရောင်ခြည်ကြောင့်ပါ။ အရေပြားကင်ဆာကို ကာကွယ်ချင်တယ်ဆိုရင် အကောင်းဆုံးကတော့နေရောင်ပြင်းတဲ့ အချိန်တွေမှာ အပြင်မထွက်မိစေဖို့ပါ။အယူအဆ (၂) –  ကဖင်းကအကြောပြတ်ရာတွေကို သက်သာစေတယ်။အလှအပ ကျွမ်းကျင်သူတွေကကော်ဖီမှုန့်က အကြောပြတ်ရာတွေကို သက်သာစေတယ်၊ လို့ ပြောဆိုထားတာတွေ ရှိပါတယ်။ ကဖင်းက အရေပြားကို ကျန်းမာစေနိုင်တယ်လို့ အလှအပ ကျွမ်းကျင်သူတွေက ယုံကြည်ကြပေမယ့် ဒါက မမှန်ဘူးလို့ပဲ ပြောပါရစေ။ကဖင်းကအသားအရေကို မထိခိုက်စေဘူးဆိုပေမယ့် အရေပြားပေါ်က အကြောပြတ်ရာတွေကို သက်သာစေနိုင်တယ်ဆိုတဲ့ အထောက်အထား တစ်စုံတစ်ရာတော့ မရှိပါဘူး။အယူအဆ (၃)အရေးအကြောင်းတွေကို သက်သာစေနိုင်တယ်။တစ်နေ့တစ်နေ့ အရေးအကြောင်းသက်သာအောာင်ဆိုပြီး ကော်ဖီတွေ လက်ဖက်ရည်တွေ သောက်မိနေသလား.. ဒါဆိုရင်တော့ ဆက်မသောက်ပါနဲ့တော့။ ဒီလိုပြောရတာက ကော်ဖီ သောက်တာ၊လက်ဖက်ရည်သောက်တာတွေက အရေပြားကို ကျန်းမာစေတယ်၊ အသက်အရွယ်ကြောင့်ဖြစ်တဲ့အရေပြား ပြဿနာတွေကို ကင်းစေတယ်ဆိုတဲ့ အထောက်အထား မရှိပါဘူး။အရေးအကြောင်းတွေကို ကာကွယ်ချင်တယ်ဆိုရင် နေရောင်ထဲ ထွက်တဲ့အခါတိုင်း နေလောင်ကာခရင်မ် လိမ်းပေးပါ။အယူအဆ (၄)ကိုယ်အလေးချိန်လျှော့ချနိုင်တယ်။ကိုယ်တွင်း အဆိပ်အတောက်ဖယ်ရှားပေးတယ်။ကဖင်းက ဆီးရွှင်စေနိုင်တဲ့ အာနိသင်ရှိတာကြောင့်ဆီးခဏခဏသွားစေနိုင်တာမှန်ပေမယ့် ကိုယ်တွင်းက အဆိပ်တောက်တွေကိုတော့ မဖယ်ရှားပေးနိုင်ပါဘူး။ ကိုယ်တွင်းက အဆိပ်အတောက်တွေကို အကောင်းဆုံး ဖယ်ရှားချင်ရင်တော့ ရေသောက်တာ၊လေ့ကျင့်ခန်းလုပ်တာက အကောင်းဆုံးနည်းလမ်းပါ။ဆီးသွားတာက ရေဝိတ်ကို ကျစေနိုင်ပေမယ့် ကော်ဖီသောက်ပြီး ဝိတ်ချတာက နည်းလမ်းကောင်းတော့ မဟုတ်ပါဘူး။ ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် ချချင်တယ်ဆိုရင်တော့ ရေသောက်ပါ။ သင့်တင့်တဲ့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။အယူအဆ (၅)မျက်အိတ်တွဲတာ။မျက်ကွင်းညိုတာတွေကို သက်သာစေနိုင်တယ်။ကဖင်းပါတဲ့eye creamတွေက မျက်ကွင်းညိုတာ၊ မျက်အိတ်တွဲတာတွေကို သက်သာစေဖို့ ထိုက်သင့်သလောက် အထောက်အပံ့ ပေးတယ်ဆိုပေမယ့် ကော်ဖီသောက်တာကြောင့်တော့ ဒီပြဿနာတွေ ကင်းမသွားပါဘူး။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/5-claims-about-caffeine-and-your-skin-and-the-facts-behind-them/
အမျိုးသား လိင်အင်္ဂါတွေရဲ့ လူသိနည်းတဲ့ အချက် (၁၀) ချက်
ကျွန်တော်တို့ယောက်ျားလေးအများစုဟာ ကျွန်တော်တို့ရဲ့ လိင်အင်္ဂါ နဲ့ လုပ်ဆောင်ချက် အများစုကို သိပြီးသားဖြစ်ပေမဲ့ ကျွန်တော်တို့ လိင်အင်္ဂါနဲ့ ပတ်သတ်ပြီး လူသိနည်းတဲ့ အချက်အလက်တွေရှိနေပါသေးတယ်။ ဒီဆောင်းပါးမှာတော့ အမျိုးသား လိင်အင်္ဂါတွေရဲ့ လူသိနည်းတဲ့ အချက် (၁၀) ချက် ကို Hellosayarwon စာဖတ်ပရိတ်သတ်ကြီးအတွက် ဖော်ပြလိုက်ပါတယ်။အမျိုးသား လိင်အင်္ဂါတွေရဲ့ လူသိနည်းတဲ့အချက်တွေကဘာတွေများလဲ။၁။ အမျိုးသားတွေရဲ့ လိပ်အင်္ဂါဟာ မမွေးခင်ကတည်းက ထောင်မတ်နိုင်ပါတယ်။အမျိုးသား လိင်အင်္ဂါတွေဟာ မွေးကတည်းက အဆင်သင့် ဖြစ်နေကြတာပါ။ယောက်ျားလေးတွေအနေနဲ့ မိခင်ဝမ်းမှာကတည်းက ထောင်မတ်နေတဲ့ ဖြစ်စဉ်မျိုးတွေဟာ ရှိတတ်ပါတယ်။ တချို့သော ultrasound scan တွေမှာဆိုရင် သန္ဓေသားရဲ့ လိင်အင်္ဂါက ထောင်မတ်နေတာမျိုးကို တွေ့ရှိခဲ့ကြဖူးပါတယ်။၁၉၉၁ ခုနှစ်က လေ့လာချက်အရတော့ သန္ဓေသားလိင်အင်္ဂါထောင်မတ်ခြင်းကို REM Sleep (random eye movement) လို့ခေါ်တဲ့ အိပ်မက်တွေမက်တဲ့ အိပ်စက်ချိန်တွေမှာ အတွေ့များကြောင်း သိခဲ့ရပါတယ်။ ဒါ့အပြင် ဒီလို ထောင်မတ်ခြင်းဟာ တစ်နာရီအတွင်းမှာ အကြိမ်ပေါင်းများစွာ ဖြစ်နေနိုင်ပါတယ်။ဘာကြောင့် သန္ဓေသားဘဝမှာတောင် ထောင်မတ်နေရလဲဆိုတာ သေချာမသိရသေးပေမဲ့ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်က ကိုယ်လက်အင်္ဂါတွေ ကောင်းကောင်း အလုပ်လုပ်ရဲ့လားဆိုတာ စမ်းသပ်ကြည့်ခြင်း ဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။ယောက်ျားလေးတွေ အမြဲတမ်းခေါင်းစားရတဲ့ ပြဿနာတစ်ခုဖြစ်တဲ့လိင်အင်္ဂါရဲ့ အရှည်နဲ့ပတ်သက်တဲ့ အချက်တစ်ချက်ပါ။ တကယ်တမ်း ကျွန်တော်တို့ရဲ့ လိင်အင်္ဂါဟာ ထင်ထားတာထက် ၂ ဆ ပိုရှည်ပါတယ်။ လိင်အင်္ဂါအရှည်တစ်ဝက်ဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ အထဲမှာ ရှိနေပါတယ်။သင်ကတော့ ဒီကျန်တဲ့ အရှည်တစ်ဝက်ကို ခန္ဓာကိုယ်ထဲက ဆွဲထုတ်လိုက်ရင် ပိုကောင်းမှာပဲလို့ ထင်မိနိုင်ပေမယ့် ဒီအလျားတစ်ဝက်ဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ကျန်အစိတ်အပိုင်းတွေနဲ့ ဆက်သွယ်နိုင်ဖို့အတွက် ရှိနေတာ ဖြစ်ပါတယ်။ထောင်မတ်ပေးနိုင်တဲ့ တစ်ရှူးတွေဟာ corpus cavernosum နဲ့ corpus spongiosum လို့ခေါ်တဲ့ ထောင်မတ်တစ်ရှုး ၂ မျိုးနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။၃။ ခြေထောက်ဆိုဒ်နဲ့ လိင်အင်္ဂါအရွယ်အစားရဲ့ ဆက်နွယ်မှု။BJU Internationalဂျာနယ်မှာ ပုံနှိပ်ခဲ့တဲ့ လေ့လာချက်တစ်ခုအရ လိင်အင်္ဂါအရွယ်အစားနဲ့ ခြေထောက်ဆိုဒ်တို့ ကြားဆက်နွယ်မှု တစ်ခုမှ မရှိကြောင်းလေ့လာတွေ့ရှိခဲ့ပါတယ်။အရင်တုန်းက လေ့လာချက် အဟောင်းတစ်ခုဖြစ်တဲ့ ၁၉၉၃ ခုနှစ်က လေ့လာချက်တစ်ခုမှာ ကျွန်တော်တို့ရဲ့ လိင်တံအရွယ်အစားဟာ အရပ်နဲ့ ခြေထောက်အလျားဆိုဒ်တို့နဲ့ ဆယ်နွယ်နေကြောင်းတွေ့ရှိခဲ့တယ်ဆိုပေမဲ့ ဒီဆက်နွယ်မှုဟာ အတိအကျမဟုတ်တဲ့ ဆက်နွယ်မှုသာ ဖြစ်ပြီး လေ့လာသူတွေကလည်း ခြေထောက်ဆိုဒ်တွေ ကိုကြည့်ပြီး လိင်တံရဲ့အရွယ်အစားကို ခန့်မှန်းဖို့ မဖြစ်နိုင်ဘူးလို့ နိဂုံးချုပ်ခဲ့ပါတယ်။၄။ညဘက်အချိန်ထောင်မတ်ခြင်း။ယောက်ျားလေးအများစုဟာ တစ်ညမှာ အနည်းဆုံး ၃ ကြိမ်ကနေ အများဆုံး ၅ ကြိမ်အထိ ထောင်မတ်နိုင်ပြီး REM Sleep (random eye movement) လို့ခေါ်တဲ့ အိပ်မက်တွေ မက်တဲ့ အိပ်စက်ချိန်တွေမှာ အဖြစ်များပါတယ်။ ဖြစ်ရတဲ့ အကြောင်းရင်းကို အတိအကျမသိရပေမဲ့ ထောင်မတ်ခြင်းဟာ ဆီးသွားခြင်းကို တားမြစ်ပေးနိုင်တဲ့အတွက် ညဘက်အချိန် အိပ်ရာထဲမှာ ဆီးမသွားအောင် ကာကွယ်ပေးဖို့အတွက် ထောင်မတ်တာ ဖြစ်တယ်လို့ ယူဆထားကြပါတယ်။ညဘက်အချိန် လိင်တံထောင်မတ်ခြင်းနောက်ကွယ်က အကြောင်းရင်းတွေ ဘာတွေပဲဖြစ်နေဖြစ်နေ ဒီလိုထောင်မတ်ခြင်းတွေဟာ ရောဂါအမည်ဖော်ထုတ်တဲ့နေရာမှာလည်း အသုံးဝင်ပါတယ်။ ယောက်ျားလေးတစ်ယောက်ဟာ ပုံမှန်အချိန်မှာလိင်တံကထောင်မတ်ဖို့ခက်ခဲနေပြီး အိပ်နေတဲ့အချိန်မှာတော့ ထောင်မတ်တတ်တယ်ဆိုရင် ဒါဟာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပြဿနာထက် စိတ်ပိုင်းဆိုင်ရာ ပြဿနာ ဖြစ်တာပါ။ သို့ပေမဲ့ အိပ်နေတဲ့အချိန်မှာလည်း ထောင်မတ်ခြင်းမရှိဘူးဆိုရင်တော့ ဒါဟာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပြဿနာ ဖြစ်နေတာပါ။အထက်မှာ ပြောထားခဲ့အချက်တွေအရ ယောက်ျားလေးတွေ အများစုဟာ မိခင်ဝမ်းထဲရှိနေစဉ်ကာလနဲ့ အိပ်နေချိန်မှာတောင် ထောင်မတ်နိုင်ကြောင်း သိရှိခဲ့ကြပါပြီ။ ဒါပေမဲ့ အံ့အားသင့်စရာကောင်းတဲ့အချက်ကတော့ လိင်တံဟာ သေဆုံးတဲ့ အချိန်မှာတောင် ထောင်မတ်နိုင်တယ်ဆိုတာပါပဲ။ ဒီလို ထောင်မတ်ခြင်းဟာ သေဆုံးပြီး ခဏအကြာမှာ ဖြစ်ပွားနိုင်ပြီး အများစုကတော့ ဆွဲကြိုးချသတ်သေတဲ့ ယောက်ျားလေးတွေမှာ အဖြစ်များကြောင်း တွေ့ရှိရပါတယ်။သိပ္ပံပညာရှင်တွေကတော့ ဒါဟာ ဆွဲကြိုးချရာမှာ အသုံးပြုတဲ့ကြိုးက cerebellum လို့ခေါ်တဲ့ ဦးနှောက် အနောက်အောက်ဘက်က အစိတ်အပိုင်းကို ဖိအားသက်ရောက်လိုက်တဲ့အတွက် ဖြစ်ရတာ ဖြစ်တယ်လို့ ယူဆထားကြပါတယ်။ ဒါပေမဲ့ ဒီလို နောက်ဆုံးအကြိမ်ထောင်မတ်ခြင်းဟာ ဦးခေါင်းကို သေနတ်နဲ့ အပစ်ခံရတဲ့ လူနာတွေ၊ အဓိကသွေးကြောတွေ ပျက်ဆီးသွားတဲ့ လူနာတွေ၊ အဆိပ်ခတ်ခံရတဲ့ လူနာတွေမှာလည်း ဖြစ်နိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။၆။ လိင်တံဟာလည်း ကျိုးနိုင်ပါတယ်။သင့်ရဲ့ လိင်တံဟာ အရိုးမရှိပေမဲ့လည်း ကျိုးနိုင်ဖို့ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ လိင်တံကျိုးတဲ့ ဖြစ်စဉ်တွေဟာ ‌ထောင်မတ်နေချိန် ပြင်းထန်အားပါတဲ့ လိင်ဆက်ဆံချိန်တွေမှာ ဖြစ်ပွားနိုင်ပါတယ်။လိင်တံကျိုးတဲ့ အချိန်မှာ ကျိုးအက်တဲ့ အသံတွေ၊ အပြင်းအထန်နာကျင်ခြင်း၊ ရောင်ကိုင်းခြင်းနဲ့ ပျော့တွဲသွားခြင်းတို့ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ကံကောင်းတာတစ်ချက်ကတော့ ဒီလို လိင်တံကျိုးတဲ့ဖြစ်စဉ်တွေဟာ ဖြစ်ရိုးဖြစ်ထ သိပ်မရှိဘဲ အလျင်အမြန်ကုသနိုင်မယ်ဆိုရင် အရင်လို လုပ်ဆောင်ချက် အားလုံးကို ပြန်လည်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။အလျင်အမြန်ဆေးရုံသွားမယ်ဆိုရင် ပျောက်ကင်းနိုင်ခြေများပါတယ်။ လိင်တံကျိုးရခြင်းနဲ့ ပတ်သက်ပြီး လေ့လာခဲ့တဲ့ စစ်တမ်းတစ်ခုမှာ လိင်တံကျိုးဖြစ်စဉ် ၄၂ ခုကို လေ့လာခဲ့ရာမှာတော့ အန္တရာယ်အများဆုံး လိင်ဆက်ဆံပုံဟာ အမျိုးသမီးက အပေါ်မှာ ရှိနေတဲ့ လိင်ဆက်ဆံပုံဖြစ်တယ်လို့ ဆိုပါတယ်။၇။ ဦးနှောက်က ထိန်းချုပ်လို့မရပါဘူး။ယောကျ်ားလေးအများစုဟာသုက်လွှတ်တဲ့အချိန်ကို မထိန်းချုပ်နိုင်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ သုက်လွှတ်တာကို ထိန်းချုပ်တာ ဦးနှောက်ကမဟုတ်လို့ပါ။ သုက်လွှတ်အချက်ပြခြင်းကို လုပ်ဆောင်တာဟာ SEG [spinal ejaculation generator] လို့ခေါ်တဲ့ ကျောရိုးမှာရှိတဲ့ သုက်လွှတ်ခြင်းကို ထိန်းချုပ်တဲ့ နာဗ်ကျောများဖြစ်ပါတယ်။သို့ပေမဲ့လည်း ကျွန်တော်တို့ ဦးနှောက်က သုက်လွှတ်တဲ့ လုပ်ဆောင်ချက်အပေါ် သက်ရောက်မှုရှိနိုင်ပါသေးတယ်။ ဥပမာပြောရမယ်ဆိုရင် သုက်လွှတ်ခါနီး တခြားအကြောင်းအရာတစ်ခုကို တွေးလိုက်ခြင်းက သုက်လွှတ်ခြင်းကို ကြာစေနိုင်တယ်ဆိုတာ လူတော်တော်များများလည်းသိကြပါတယ်။ ဒါပေမဲ့ အခြေခံလုပ်ဆောင်ချက်အားလုံးကိုတော့ ကျောရိုးနဗ်ကြောကပဲ လုပ်ဆောင်တာ ဖြစ်ပါတယ်။၈။ ဘယ်လို ထောင့်ဒီဂရီထောင်မတ်ကြသလဲ။ကျားလိင်တံဟာ ပုံမှန်အရပြောရမယ်ဆို ဒီဂရီထောင့်ပေါင်းစုံထောင်မတ်နိုင်ပါတယ်။ တည့်တည်ထောင်မတ်တာမျိုး၊ ဘယ်၊ ညာစောင်းပြီးထောင်မတ်တာမျိုး အပေါ်အောက်ထောင်မတ်တာမျိုး စသဖြင့် အမျိုးမျိုးရှိနိုင်ပါတယ်။ ဘယ်လိုထောင်မတ်ခြင်းကမှ အမှန်လို့ ယူဆလို့မရပါဘူး။ ပုံသေထောင်မတ်တဲ့ ပုံစံမျိုးလည်း မရှိပါဘူး။လိင်တံဟာ ရွဲ့စောင်းပြီး ထောင်မတ်နေမယ်ဆိုရင်လည်း စိုးရိမ်စရာမလိုပါဘူး။ ဒါဟာ ပုံမှန်ပဲဖြစ်ပါတယ်။ အနည်းငယ်သော လိင်တံများဟာသာဖြောင့်တန်းပြီး ကျန်လိင်တံတွေကတော့ ဘယ်ဘက်ကိုမဆို ရွဲ့နေနိုင်ပါတယ်။ ၃၀ ဒီဂရီလောက်အထိ ရွဲ့နေမယ်ဆိုရင်တောင် ပုံမှန်လို့ သတ်မှတ်လို့ရပါသေးတယ်။အမျိုးသားပေါင်း ၂၇၄ ယောက်ကို လေ့လာခဲ့တဲ့ စစ်တမ်းအရ ပျော့ခွေနေတဲ့ လိင်တံအလျားနဲ့ ထောင်မတ်ချိန်အလျားနဲ့ ဘယ်လိုမှ ဆက်စပ်မှု မရှိကြောင်းတွေ့ရှိခဲ့ရပါတယ်။ အများစုက ပျော့ခွေနေတဲ့ အချိန်မှာ သေးနေပေမဲ့ ထောင်မတ်ချိန်မှာတော့ ပိုကြီးလာကြပါတယ်။ တချို့တွေကြတော့ ပျော့ခွေနေတဲ့အချိန်မှာ ကြီးမားနေပြီး ထောင်မတ်တဲ့အချိန်မှာလည်း အနည်းငယ်သာကြီးကြပါတယ်။ တချို့တွေကြတော့ ပျော့ခွေနေတဲ့ အချိန်ပဲဖြစ်ဖြစ် ထောင်မတ်နေတဲ့ အချိန်ပဲ ဖြစ်ဖြစ်သေးနေပြီးတချို့ကတော့ ထောင်မတ်တဲ့အချိန်ရော ပျော့ခွေတဲ့ အချိန်ရောကြီးမားကြပါတယ်။ ဒါဟာ အမျိုးမျိုးရှိနိုင်ပါတယ်။ပြောင်းဖူးများက ကျွန်တော်တို့နိုင်ငံမှာ သိပ်မစားကြတဲ့အတွက် ပါးစပ်ပြောစကားတွေ အများအပြားထွက်မလာပေမဲ့ အနောက်နိုင်ငံမှာတော့ ဒီလို ပါးစပ်ပြောစကားတွေရှိ ခဲ့ပါတယ်။ ဒီလို ပြောင်းဖူးနဲ့ ပြုလုပ်ထားတဲ့ အစားအစာတွေဟာအာသာဖြေချင်စိတ်ကို ဖျောက်ပေးနိုင်တဲ့ဆိုတဲ့အယူအဆဟာ ၁၈၅၂ ခုနှစ်မှာ ဖွားမြင်ခဲ့တဲ့ အမေရိကန် ဆရာဝန်၊ အာဟာရဗေဒပညာရှင် ဂျွန် ဟာဗေး ကဲလောဂ် (John Harvey Kellogg) က စတင်ခဲ့တာ ဖြစ်ပါတယ်။ဟာဗေးဟာ ပြောင်းဖူးနဲ့ ပြုလုပ်ထားတဲ့အစားအစာတွေက လိင်စိတ်ကို တားဆီးပေးနိုင်တယ်ဆိုပြီး Corn Flakes ကို ၁၈၉၇ ခုနှစ်မှာ စတင်ရောင်းချခဲ့တာပါ။ ဒီလို ပြောင်းဖူး ကထုတ်ထားတဲ့ အစားအစာတွေဟာ အာသာဖြေချင်စိတ်ကို ဖျောက်ပေးနိုင်တယ်ဆိုပြီး ခေတ်စားခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ဘာမှမဆိုင်ဘူးဆိုတာ သိလာကြတဲ့အတွက် ဒီလို အယူအဆတွေ မရှိကြတော့ပါဘူး။အမျိုးသား လိင်အင်္ဂါတွေရဲ့ လူသိနည်းတဲ့ အချက် တွေကို သိရှိလောက်ပြီ ထင်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/10-surprising-facts-of-penis/
Gym ကစားနေသူတိုင်း တစ်ကိုယ်ရေသန့်ရှင်းမှုကို သေချာဂရုစိုက်ပါ
ဒီဘက်ခေတ်မှာGymမကစားတဲ့သူတွေ မရှိသလောက်ကို နည်းနေပါပြီ။ အသက် ၁၈ လူငယ်အရွယ်ကစလို့ အသက် ၆၀ ၇၀ ဝန်းကျင် ဘိုးဘွားတွေပါ ကိုယ်ခန္ဓာအလှအပအတွက်ကြောင့်ရော၊ ကျန်းမာရေးလိုက်စားဖို့၊ အသက်ရှည်ရှည်နေနိုင်ဖို့ Gym ကစားခြင်းက များစွာ အထောက်အကူပေးနိုင်မှာပါ။ ဒါပေမယ့် Gym ကစားနေသူတိုင်း တစ်ကိုယ်ရေသန့်ရှင်းမှုကို သေချာဂရုစိုက်ဖို့ လိုပါတယ်။ဘာကြောင့်လဲဆိုတော့ ကိုယ်တစ်ယောက်တည်း မဟုတ်ဘဲ လူအများ စုဝေးပြီး ကစားရာနေရာ ဖြစ်တာကြောင့်ပါပဲ။ ကိုယ်က သန့်သန့်ရှင်းရှင်းနေရတာ ကြိုက်ရင်တောင် တခြားသူတွေက ကိုယ့်လိုပဲ ပြုမူနေထိုင်ဖို့ဆိုတာ အမြဲတမ်း ဖြစ်နိုင်တာ မဟုတ်ဘူးလေ။ လူပေါင်းစုံ စရိုက်ပေါင်းစုံ အလွှာပေါင်းစုံ နေရာဒေသပေါင်းစုံကနေ လာဆော့ကြတဲ့သူတွေထဲက တချို့တွေဆိုရင်။• ပါးစပ်မအုပ်ဘဲချောင်းဆိုးတာ၊ နှာချေတာ။• ကိုယ်ကစားခဲ့တဲ့နေရာမှာ ချွေးတွေ အကွက်လိုက် ကျန်နေခဲ့တာ။• ခြေထောက်၊ လက်တွေမှာ မှိုကြောင့်ဖြစ်တဲ့အရေပြားပြဿနာတွေ ရှိနေတာ၊ ခြေဗလာနဲ့ လျှောက်သွားနေတာမျိုး အမြဲတွေ့ရတတ်ပါတယ်။အဆိုးဆုံးကတော့ တခြားသူဘာဖြစ်ဖြစ် ဂရုမစိုက်ဘဲ ကိုယ်လုပ်ချင်ရာ လုပ်ပြီး ထွက်သွားကြတော့ သူ့နောက်ကနေ လာဆော့တဲ့သူတွေက ချန်ထားခဲ့သမျှ ရောဂါပိုးမွှား၊ ဘက်တီးရီးယားပိုး ပေါင်းစုံက ကိုယ်မှာလာကပ်၊ တစ်ကိုယ်ရေသန့်ရှင်းမှုကလည်း နည်းတော့ ရောဂါတွေက ဆင့်ပွားပြီးကူးဖို့ အရမ်း မြန်တာပေါ့။ဒါကြောင့် ဘယ်လောက်ပဲ ကျန်းမာရေးအတွက်၊ အလှအပအတွက် ကောင်းတဲ့နေရာတစ်ခု ဖြစ်နေပေမယ့် လူအများစုဝေးပြီး ကစားနေရတာဖြစ်တဲ့အတွက် ကိုယ့်ကျန်းမာရေးကို သေချာဂရုစိုက်ဖို့ကတော့ ကိုယ့်ရဲ့ တာဝန်ပါပဲ။ အဓိက ဘာတွေ လုပ်ပေးဖို့ လိုမလဲဆိုရင်။ဒါဆို Gym ကစားတဲ့သူတွေအနေနဲ့ ခုပြောပြခဲ့တဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ကျန်းမာရေးပြဿနာတွေ၊ ဘာပြဿနာတွေ၊ ပိုးမွှားတွေရှိလဲ၊ ဘယ်လိုကာကွယ်ရမလဲဆိုတာ သိပြီးလောက်ပြီလို့ မျှော်လင့်ပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/personal-hygiene-for-gym-trainer/
Androgen Insensitivity Syndrome (အင်ဒရိုဂျင်အာရုံတုံ့ပြန်မှုမရှိခြင်း)
မျိုးရိုးဗီဇရောဂါတမျိုးဖြစ်ပြီး လိင်အင်္ဂါလက္ခဏာများ ဖြစ်ပေါ်လာချိန်မှာ ဖြစ်ပွားတတ်ပါတယ်။ ကိုယ်ခန္ဓါကနေ ကျားအင်္ဂါဖွံ့ဖြိုးမှုအတွက်လိုအပ်တဲ့ အင်ဒရိုဂျင်ဟော်မုန်းကို တုံ့ပြန်မှုမလုပ်တဲ့အခါ ရောဂါဖြစ်တတ်ပါတယ်။ ဒီပြသနာနဲ့ မွေးလာတဲ့ကလေးတွေမှာ လိင်အင်္ဂါတွေ မဖွံ့ဖြိုးဘဲ၊ မရှိဘဲ မွေးလာတတ်ပါတယ်။ ကိုယ်တွင်းက မျိုးပွားအင်္ဂါတွေလည်း ပုံမှန်မရှိတတ်ပါဘူး။ AIS ရောဂါ အပြည့်ဖြစ်သူများဟာ မိန်းကလေးပုံစံဖြစ်နေပြီး တစိတ်တပိုင်းရှိနေသူတွေကတော့ ကျား/မ ပုံပန်း ၂မျိုးစလုံး ရှိနေတတ်ပါတယ်။ AIS တစိတ်တပိုင်းဖြစ်ခြင်းကို မွေးကတည်းက သိနိုင်ပြီး လိင်အင်္ဂါပုံစံမမှန်ဘဲ တွေ့ရပါတယ်။ တခြားရောဂါ ပုံစံတွေကိုတော့ လူပျို အပျိုဘော်ဝင်ချိန်အထိ မသိနိုင်ပါဘူး။AIS ဖြစ်သူတွေကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုပေးရင် အကျိုးရှိပါတယ်။ တချို့တွေကိုတော့ လိင်အင်္ဂါပုံစံ ပြောင်းလဲပြီး ကုသပါတယ်။ဒီပြသနာနဲ့ မွေးဖွားလာသူ အများစုဟာ ကလေးမရနိုင်ပါဘူး။ ဒါပေမယ့် ကျန်တဲ့နေရာတွေမှာ ကျန်းမာပြီး ပုံမှန်အတိုင်း နေထိုင်နိုင်ပါတယ်။တွေ့ရများပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ပထမ ၁၀ပတ်မှာ ယောက်ျားလေး မိန်းကလေးရဲ့ အပြင်ပန်း ခန္ဓါဗေဒ ပုံပန်းတွေ တူညီပါတယ်။ ကျားဟော်မုန်း တက်စတိုစတီရုန်းရှိခြင်း မရှိခြင်းဟာ ကျား (သို့) မအင်္ဂါ ဖြစ်ပေါ်လာခြင်းကို အဆုံးအဖြတ်ပေးပါတယ်။ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။တုံ့ပြန်မှုမရှိတဲ့ အတိုင်းအတာပေါ် မူတည်ပြီး လက္ခဏာတွေ ပြောင်းလဲပါတယ်။ ယေဘုယျအားဖြင့် အောက်ပါအတိုင်း ၃မျိုးရှိပါတယ်။အင်ဒရိုဂျင်အာရုံတုံ့ပြန်မှု မပြင်းထန်ခြင်း (MAIS)။မွေးကင်းစမှာ ယောက်ျားလေးပုံစံပဲဖြစ်ပြီး လိင်အင်္ဂါ ဖွံ့ဖြိုးခြင်းအတွက် မထိခိုက်ပါဘူး။ ဒါပေမယ့် သုတ်ပိုးထုတ်တဲ့နေရာ၊ ယောက်ျားလေးတွေရဲ့ ထပ်ဆင့် ပင်ကိုယ်လက္ခဏာ ဖြစ်ပေါ်တဲ့ နေရာ (ဥပမာ အသံသြခြင်း၊ အမွေးအမျှင်များ ပေါက်လာခြင်း) တွေမှာ အကျိုးသက်ရောက်မှု ရှိပါတယ်။အင်ဒရိုဂျင်အာရုံတုံ့ပြန်မှု တစိတ်တပိုင်းရှိခြင်း (MAIS)။ပုံမမှန်တဲ့ လိင်အင်္ဂါတွေ၊ မျိုးပွားအင်္ဂါတွေ ရှိတတ်ပါတယ်။ တယောက်နဲ့ တယောက်တော့ ဖြစ်ပုံချင်း မတူပါဘူး။ ထပ်ဆင့် ပင်ကိုယ်လက္ခဏာတွေဖြစ်ပေါ်ရာမှာ သက်ရောက်မှု ရှိပါတယ်။ကိုယ်တွင်းမျိုးပွားအင်္ဂါတွေမှာ အောက်ပါအတိုင်း တွေ့ရပါတယ်။ထပ်ဆင့် ပင်ကိုယ်လက္ခဏာတွေအနေနဲ့။ပြည့်စုံသော အင်ဒရိုဂျင်အာရုံတုံ့ပြန်မှုမရှိခြင်း (MAIS)။ဒီပြသနာရှိသူများဟာ မွေးစမှာ မိန်းကလေးအနေနဲ့ပဲ တွေ့ရပါတယ်။ လက္ခဏာတွေဟာ အပျိုဘော် လူပျိုဘော် မဝင်ခင်ထိ ပေါ်မလာပါဘူး။လိင်အင်္ဂါများ။ကိုယ်တွင်းမျိုးပွားအင်္ဂါများ။ထပ်ဆင့်ပင်ကိုယ်လက္ခဏာများ။အခြားရုပ်ပိုင်းလက္ခဏာများ။အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။ဖြစ်ပွားနိုင်တဲ့အကြောင်းတချို့ကတော့ အမေကနေ ကလေးဆီ ဆင်းသက်တဲ့ ဗီဇချို့ယွင်းမှုကြောင့် ဖြစ်တတ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်းနဲ့ အောက်ပါစစ်ဆေးခြင်းတွေ ပါဝင်ပါတယ်။ပျောက်ကင်းအောင်ကုသနိုင်ခြင်း မရှိပေမယ့် AIS ရောဂါရှိသူတွေကို ကျန်းမာပြီး သက်တမ်းစေ့နေနိုင်စေတဲ့ နည်းလမ်းတွေ ရှိပါတယ်။ အောက်ပါအချက်တွေ ပါဝင်ပါတယ်။သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-hormone-issues/androgen-insensitivity-syndrome-%e1%80%a1%e1%80%84%e1%80%b9%e1%80%92%e1%80%9b%e1%80%af%e1%80%ad%e1%80%82%e1%80%ba%e1%80%84%e1%80%b9%e1%80%a1%e1%80%ac%e1%80%9b%e1%80%af%e1%80%b6%e1%80%90%e1%80%af/
Nasal Polyps (နှာခေါင်းအသားပိုများ)
နှာခေါင်းအသားပိုများဆိုသည်မှာ နူးညံ့ပြီး နာကျင်မှုကင်းသော ကင်ဆာမဟုတ်သော နှာခေါင်းလမ်းကြောင်းတစ်လျှောက် နံရံများ (သို့) နှာခေါင်းနှင့် ဦးခေါင်းခွံကြားဆက်သွယ်ထားသော လှိုဏ်ခေါင်းပေါက် sinus များမှ ကြီးထွားမှုများဖြစ်သည်။ ပန်းနာရင်ကြပ်၊ ထပ်ခါထပ်ခါဖြစ်သော ပိုးဝင်ခြင်း၊ ဓါတ်မတည့်မှု၊ ဆေးဓါတ်မတည့်မှု (သို့) အချို့ ကိုယ်ခံအားကမောက်ကမ ဖြစ်သော ရောဂါများကြောင့် နာတာရှည်ရောင်ရမ်းခြင်း ဖြစ်ရာမှတစ်ဆင့် အသားပိုများဖြစ်တတ်သည်။သေးငယ်သော နှာခေါင်းအသားပိုများသည် ရောဂါလက္ခဏာ မပြပါ။ သို့သော် ပိုကြီးသော အသားပိုများ (သို့) အစုလိုက် နှာခေါင်းအသားပိုများသည် အသက်ရှုခြင်းဆိုင်ရာ ပြဿနာများ၊ အနံ့မရခြင်း နှင့် မကြာခဏ ရောဂါပိုးဝင်ခြင်းကို ဖြစ်စေနိုင်ပါသည်။နှာခေါင်းအသားပိုများသည် အလွန် အဖြစ်များပါသည်။ ၎င်းသည် အမျိုးသားများထက် အမျိုးသမီးများတွင် အဖြစ်များပါသည်။ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပြီး ငယ်ရွယ်သူနှင့် သက်လတ်ပိုင်းတွင် အများဆုံးဖြစ်တတ်သည်။ ရောဂါဖြစ်ပွားစေသော အကြောင်းရင်းများကို လျော့ချခြင်းအားဖြင့် ရောဂါမဖြစ်အောင် စီမံနိုင်ပါသည်။ ထပ်မံသိရှိလိုသော အကြောင်းအရာများအတွက် သင့်ဆရာဝန်နဲ့ တိုင်ပင်ပါ။အဖြစ်များသော ရောဂါလက္ခဏာများမှာ။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလား ဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာဖော်ပြပါအချက်အလက်တွေထဲကတစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။သင့်တွင် အထက်ဖော်ပြပါ ရောဂါ လက္ခဏာ တစ်ခုခု ခံစားနေရလျှင် (သို့) မေးခွန်းတစ်ခုခုရှိနေလျှင် သင့်ဆရာဝန်နဲ့ ဆွေးနွေးနိုင်ပါတယ်။ လူတစ်ယောက်နှင့် တစ်ယောက် ခန္ဓါကိုယ် ဖွဲ့စည်းပုံ မတူညီကြပါ။ သင့်အတွက် အကောင်းဆုံးဘာလဲဆိုတာ သိရှိဖို့ သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်တာ အကောင်းဆုံးပါ။နှာခေါင်းအသားပို ဖြစ်စေသော အကြောင်းရင်းကို သဲကွဲစွာ မသိရပါ။နှာခေါင်းအသားပို ဖြစ်ပွားနိုင်ချေ ကိုမြင့်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။နှာခေါင်းအသားပို ကို အောက်ပါနည်းလမ်းများနှင့် ရောဂါရှာဖွေအတည်ပြုနိုင်ပါသည်။နှာခေါင်းအသားပိုရောဂါ ပထမဆုံးကုသမှုသည် သူတို့၏ အရွယ်အစားကို လျော့ချ ဖယ်ရှားဖို့ပဲဖြစ်ပါသည်။ ထိုသို့ပြုလုပ်ဖို့ အရင်ဦးဆုံး ဆေးဝါးများနှင့် ကုသရသည်။ ဆေးဝါးကုသမှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ဆေးဝါးများ မတိုးတော့လျှင် ခွဲစိတ်ကုသမှု လိုအပ်ကောင်း လိုအပ်နိုင်သည်။ သို့သော် အသားပိုများသည် ပြန်ဖြစ်တတ်သော သဘာဝရှိသည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက နှာခေါင်းအသားပို ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် နှာခေါင်းအသားပိုကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/nose-conditions/nasal-polyps-%e1%82%8f%e1%80%bd%e1%80%ac%e1%80%b1%e1%80%81%e1%80%ab%e1%80%84%e1%80%b9%e1%80%b8%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%95%e1%80%ad%e1%80%af%e1%80%99%e1%80%ba%e1%80%ac%e1%80%b8/
သင့်အမျိုးသား ဆံပင်ကျွတ်ခြင်းနဲ့ ပတ်သက်ပြီး ဘယ်လိုကူညီမလဲ
တကယ်လို့ သင့်အမျိုးသားဟာ ဆံပင်ကျွတ်တယ်ဆိုရင် ဒါဟာ အသက် ၅၀ အရွယ်ရှိတဲ့ အမျိုးသားတွေရဲ့ ၈၅% မှာ ဖြစ်တာမို့ အန္တရာယ် မရှိပေမယ့် သူ့ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုသာမက၊ သင်သူ့ကို ရုပ်ပိုင်းဆိုင်ရာ နှစ်ခြိုက်မှုကိုပါ ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ဒီပြဿနာကို မဆိုးရွားခင် ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာနဲ့ ဖြစ်လာတဲ့အပေါ် ဆိုးရွားတဲ့ ခံစားချက်တွေ မထားမိဖို့လည်း အရေးကြီါ်ပါတယ်။သင့်အမျိုးသားဟာ ဆံပင်ကျွတ်ခြင်းအကြောင်းကို စပြောသူ ဖြစ်သင့်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သင်က ဒီအကြောင်းကို ကူညီပေးနိုင်တဲ့ ပုံစံမျိုးနဲ့ ဆွေးနွေးနိုင်ပါတယ်။ သူ့ဆံပင်ဘာပဲဖြစ်နေပါစေ သင်က သူ့ကို မြတ်နိုးဆဲဆိုတာနဲ့ တကယ်လို့ သူက ဆံပင်ပြန်ပေါက်အောင်လုပ်ချင်တယ်ဆိုရင်လဲ ကူညီဖို့အသင့် ဆိုတာမျိုးကို ပြောသင့်ပါတယ်။သူအဆင်သင့်ဖြစ်ပြီး သင့်ကိုပြဿနာအကြောင်း ပြောပြချိန်ဟာ ဆံပင်ကျွတ်ခြင်းနဲ့ ပတ်သက်တဲ့ သင်သိထားသမျှအချက်အလက်တွေကို ပြောပြဖို့အချိန်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အချက်အလက်တွေ အကုန်လုံးကို တစ်ချိန်တည်း မပြောသင့်ပါဘူး။သင်ယူခဲ့တဲ့ အချက်တွေ အချို့နဲ့ စတင်သင့်ပြီး သူက မေးခွန်းတွေ မေးသလား၊ ဆက်ပြောချင်သလားဆိုတာကို စောင့်ကြည့်သင့်ပါတယ်။ တကယ်လို့ မပြောချင်ဘူးဆိုရင် ဒီအချိန်အတွက် ဒီလောက်နဲ့ ရပ်ပြီး နောက်တစ်ကြိမ်မှ ထပ်မံပြောသင့်ပါတယ်။သင့်အမျိုးသား ဆံပင်ကျွတ်ခြင်းကို အထိရောက်ဆုံးကူညီနိုင်မယ့် နည်းလမ်းတစ်ခုကတော့ သူ့ဘေးမှာ ရှိနေပေးပြီး ထိပ်ပြောင်ခြင်း ကုသနည်းတွေနဲ့ ပတ်သက်ပြီး သင်ကလည်း စိတ်ဝင်စားတယ်ဆိုတာ ပြသဖို့လည်း ဖြစ်ပါတယ်။ သင့်အမျိုးသား အခြေအနေနဲ့ ပတ်သက်ပြီး အထင်သေးခြင်းဟာ သူ့ကို စိတ်ထိခိုက်စေပါတယ်။ဒါကြောင့် ကုသနည်းတွေ အပေါ် စိတ်ဝင်စားမှုကို ပြသပါ။ ဒီနည်းအားဖြင့် ဆံပင်ကျွတ်ခြင်းကို ရင်ဆိုင်နေရချိန်မှာ သင့်အမျိုးသားရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို ပြန်လည်တည်ဆောက်ပေးနိုင်ပါတယ်။တကယ်လို့ သူ့ရဲ့ ရွေးချယ်မှုတွေဟာ ပိုက်ဆံ အလွန်ကုန်ပြီး မိသားစုကို အကြွေးပတ်လည် ဝိုင်းနေတာမျိုး မဟုတ်ဘူးဆိုရင် တတ်နိုင်သမျှ ထောက်ပံ့ပေးသင့်ပါတယ်။သင့်အမျိုးသားဟာ သူ့ရဲ့ ပုံစံအသစ်နဲ့ ဘာလုပ်မလဲဆိုတာနဲ့ ဒါကို လုပ်မလားဆိုတာကို သူ့ကို ပေးဆုံးဖြတ်ပါ။ တကယ်လို့ သင်က ဘာလုပ်သင့်တယ်ဆိုတာပြောမယ်ဆိုရင် ဒါက သူ့ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို လျော့ကျစေနိုင်ပါတယ်။ တကယ်လို့ သူက ဦးထုပ်ဆောင်းချင်တယ်ဆိုရင် ဦးထုပ်ဆောင်ဖို့ သင်ကပါ လိုက်ပြီး အပြင်ထွက်ပေးသင့်ပါတယ်။ဒီအချိန်အတွင်းမှာ အထူးသဖြင့် ထိပ်ပြောင်ခြင်းရဲ့ ပထမနှစ်တွေမှာ သူ့ရဲ့ ဆန္ဒအတိုင်း လိုက်လျောသင့်ပါတယ်။ သင့်ရဲ့ အမျိုးသားကို သင်က ကုသမှုကို ရှာဖွေရာမှာ အမြဲ ကူညီပေးမယ်ဆိုတာနဲ့ သူ့နောက်မှာ အမြဲရှိတယ်ဆိုတာကို သိစေသင့်ပါတယ်။သူ့ရဲ့ ကျန်းမာရေးအခြေအနေကို မသိရှိပဲ သူ့ကို ကူညီမှု မပေးနိုင်ပါဘူး။ သင်နားလည်လေလေ သူ့ကို ကူညီနိုင်လေလေပဲ ဖြစ်ပါတယ်။ ဖြစ်ပွားတဲ့ အကြောင်းရင်းတွေ၊ လက္ခဏာတွေ၊ အိမ်သုံးဆေးတွေ အကြောင်းကို လေ့လာသင့်ပြီး ကုသမှုယူဖို့ သင့်အမျိုးသားကို ဆရာဝန်နဲ့ ဘယ်အချိန်မှာ တွေ့စေသင့်သလဲဆိုတာကိုပါ လေ့လာထားသင့်ပါတယ်။သင့်အမျိုးသားမှာ ပြနေကျ ဆရာဝန် မရှိဘူးဆိုရင် သင်က သူ့ကို အကြံပေးနိုင်တဲ့ ဆရာဝန်ရဲ့ နာမည်နဲ့ ဖုန်းနံပတ်ကို ရှာဖွေပေးနိုင်ပါတယ်။သင့်အမျိုးသားက ဆံပင်ကျွတ်ခြင်းအကြောင်းကို ပြောဖို့အတွက် ပြောမထွက်တာမျိုး၊ သင်နဲ့ အတူဖြေရှင်းချင်တာမျိုးတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် ဒီအခြေအနေမှာ သင့်ရဲ့ ကူညီမှုဟာ အလွန်အရေးကြီးပါတယ်။ သင့်ရဲ့ အကူအညီဟာ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေအတွက် ကုသမှုရဲ့ ရလဒ်ကို တိုးတက်စေနိုင်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-hormone-issues/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8-%e1%80%86%e1%80%b6%e1%80%95%e1%80%84%e1%80%ba%e1%80%80%e1%80%bb%e1%80%bd%e1%80%90/
ကလေး လေနာ ထလို့ ညဘက်ဆို မအိပ်ရအောင်ဖြစ်နေပြီဆိုရင်
မိဘဖြစ်ရခြင်းရဲ့ ခါးသီးတဲ့အတွေ့အကြုံကတော့ ညဘက်ဆို ကလေးငိုလို့ထထသိပ်ရခြင်းပါ။ ကလေးတွေကပုံမှန်လည်းငိုတတ်ပါတယ်။ ဒါပေမယ့် ကလေးက ဆာလို့လည်းမဟုတ်၊ ရှူးပေလို့လည်းမဟုတ် ခဏခဏကို ငိုနေပြီး ဘာလုပ်ပေးပေးစိတ်မကြည်ဘူး၊ ဂျီကျနေတယ်ဆိုရင် အဖေနဲ့အမေ ဗျာများရတော့တာပါပဲ။ စိတ်ရှုပ်တာ အလုပ်ရှုပ်တာထက် ကူကယ်ရာမဲ့ ငိုကျွေးနေတဲ့ကလေးကိုမြင်ရတာဟာ စိတ်မသက်မသာစရာပါ။ ဒါကတော့ ကလေးက မွေးစကနေ လသားအရွယ်အတွင်း အဖြစ်များလေ့ရှိတဲ့ ကလေး လေနာ ဝေဒနာကို ခံစားနေရတာဖြစ်နိုင်ပါတယ်။ကလေးလေနာဝေဒနာ( Colic )ဆိုတာ ကျန်းမာနေတဲ့ကလေးမှာတောင် အဆက်မပြတ်ငိုနေစေတဲ့ဝေဒနာဖြစ်ပါတယ်။ ကလေးက အကြောင်းရင်းမည်မည်ရရမရှိဘဲချော့မရမြှူမရအောင် ငိုနေတာကြောင့် မိဘတွေ စိတ်ဒုက္ခရောက်ရတဲ့ပြဿနာတစ်ခုပါပဲ။ ညနေပိုင်း၊ ညပိုင်းဆို ပိုဆိုးတာကြောင့် ကလေးရော၊ မိဘတွေပါ အရမ်းပင်ပန်းရပါတယ်။လေနာ၊ အစာခြေရည်ဆန်တက်ခြင်း(acid reflux) ၊နဲ့ အစာအိမ်နဲ့အူလမ်းကြောင်းပြဿနာတွေက ကလေးငယ်တွေမှာ အဖြစ်များဆုံးပါပဲ။စကားမပြောတတ်သေးတဲ့ ကလေးလေးတွေ ငိုတယ်ဆိုတာ လူကြီးတွေကို ဆက်သွယ်တဲ့နည်းလမ်းတစ်မျိုးဖြစ်လို့ ဘာကြောင့်ငိုတာဖြစ်မလဲဆိုတာသေချာဆန်းစစ်ဖို့အရေးကြီးပါတယ်။ လေနာ ဝေဒနာကြောင့် ခံစားနေရတဲ့ကလေးကို ဒီအချက်လေးတွေလုပ်ပေးနိုင်ပါတယ်။ကလေး လေနာ က သေချာမကုသနိုင်ရင် ကလေးအတွက်လည်းမကောင်းသလို ကြာလာရင် မိဘတွေလည်းမသက်သာပါဘူး။ ဒါတွေကိုတစ်ချက်တည်း သက်သာစေမယ့်အရာတစ်ခုရှိပါတယ်။ အဲဒါကတော့Probioticsတွေပါပဲ။Probioticsဆိုတာ အူတွင်းကအကျိုးပြုဘက်တီးရီးယားတွေဖြစ်ပါတယ်။ ကလေးလေးတွေအတွက်က အဲဒီProbioticsတွေ မရှိမဖြစ်လိုအပ်ပါတယ်။ ခန္ဓာကိုယ်ရဲ့စနစ်တွေက အပြည့်အဝမဖွံ့ဖြိုးသေးတဲ့ကလေးတွေမှာ လိုအပ်တဲ့အာဟာရတွေကိုရရှိနိုင်ဖို့အစာခြေစနစ်က အရေးကြီးပါတယ်။ အစာအိမ်နဲ့အူလမ်းကြောင်းက စုပ်ယူမှုမကောင်းရင် အာဟာရဓာတ်တွေ အလုံအလောက်မရနိုင်သလို အူတွင်းက အကျိုးပြုဘက်တီးရီးယားတွေမလုံလောက်ရင်ရောဂါပိုးတွေကို မကာကွယ်၊မတိုက်ဖျက်နိုင်တော့ပါဘူး။ပုံမှန်အားဖြင့် အူလမ်းကြောင်းမှာ ရောဂါဖြစ်စေတဲ့ဘက်တီးရီးယားတွေကိုလျော့ပါးစေဖို့လုပ်ဆောင်ပေးတဲ့ Probiotic တွေ အမျိုးအစား ၄၀၀ ခန့်ရှိနေတာဖြစ်ပါတယ်။Probioticsတွေကအစာခြေစနစ်ကို ကျန်းမာစေဖို့လုပ်ဆောင်ပေးပြီး ကလေးတွေကို ဝမ်းပျက်ဝမ်းလျှောကာကွယ်ဖို့၊လေနာ ဝေဒနာသက်သာစေဖို့ အကျိုးပြုပါတယ်။ကလေးရဲ့ကိုယ်ခံအားစနစ်မှာ ၈၀ ရာခိုင်နှုန်းက အူလမ်းကြောင်းကျန်းမာရေးနဲ့ သက်ဆိုင်ပါတယ်။ Probiotic က ဓာတ်မတည့်မှုတွေ၊ကလေးနှင်းခူနဲ့ ရောင်ရမ်းမှုပြဿနာတွေလို ကျန်းမာရေးပြဿနာတွေကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။Probiotics အမျိုးအစားတွေထဲမှာမှ Lactobacillus reuteri ပါဝင်တဲ့ ဆေးတွေက ကလေးတွေအတွက် တကယ်ကိုအသုံးဝင်မှာပါ။ ကလေးရဲ့ အစာခြေစနစ်ကျန်းမာစေဖို့ဆိုရင် Lactobacillus reuteri လို့ခေါ်တဲ့အကျိုးပြုဘက်တီးရီးယားလေးတွေ ပါဝင်နေတဲ့ ဆေးရည်လေးရွေးချယ်လို့ သားသားမီးမီးလေးတွေကျန်းမာအောင် လုပ်ဆောင်ပေးလိုက်ပါနော်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/baby-colic-probiotic/
Toxic Shock Syndrome (ဘက်တီးရီးယားပိုးဝင် သွေးဆိပ်သင့်ခြင်း)
သင်ဟာ မီးယပ်သွေးပေါ်နေပြီဖြစ်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေလျှင် Toxic shock syndrome(TSS) ဆိုတဲ့ tampon တွေသုံးခြင်းနှင့် ဆက်နွယ်နေတဲ့ အန္တရာယ်များတဲ့ ရောဂါဆိုးနဲ့ ပတ်သက်တဲ့ ကြောက်မက်ဖွယ် ပုံပြင်တွေကို ကြားဖူးမှာပါ။ဒါဟာ ဘာဖြစ်လို့လဲ ဆိုလျှင် ဒီရောဂါရဲ့ အစောပိုင်းဖြစ်စဉ်က ၁၉၇၀ နောက်ပိုင်းမှာ ဖြစ်ခဲ့ပြီး စုပ်အားကောင်းတဲ့ tampon တွေနဲ့ ဆက်နွယ်နေခဲ့ပါတယ်။ အဲ့နောက်ပိုင်းမှာ သုတေသနတွေ လုပ်ပြီး ပို ကောင်းတဲ့ tampon တွေနဲ့ ပိုကောင်းတဲ့ အလေ့အထတွေ – tampon များ မကြာခဏလဲခြင်း တို့ကို ပြုလုပ်လာကြပါတယ်။TSS ရောဂါဖြစ်စဉ်တွေက တဖြည်းဖြည်းနဲ့ လျော့ကျလာခဲ့ပါတယ်။ ယနေ့မှာတော့ TSS ဖြစ်စဉ်အားလုံးရဲ့ တစ်ဝက်လောက်က မီးယပ်သွေးပေါ်ခြင်းနှင့် ဆက်စပ်နေပါတယ်။သို့သော် TSS က အမြဲတမ်းတော့ tampon တွေနဲ့ မဆိုင်ပါဘူး။ ကိုယ်ဝန်တားတဲ့ ဖော့ဆို့တွေနဲ့ diaphragm တွေကလည်း TSS နဲ့ ဆက်နွယ်နေပါတယ်။ ပြတ်ရှရာ သို့တခြား ဒဏ်ရာ၊ ခွဲစိပ်မှု၊ သို့ အပူလောင်ခြင်း၊ ကလေးမွေးပြီး၊ ဝက်သက်ပေါက်စဉ်၊ နှာခေါင်းသွေးလျှံခြင်းအတွက် နှာစို့ အကြာကြီး သုံးစွဲခြင်းတွေကနေ ပိုးဝင်ခြင်းတွေ ကြောင့်လည်း TSS ဖြစ်နိုင်သော်လည်း ဖြစ်ခဲပါတယ်။TSS က systemic ရောဂါတစ်ခုဖြစ်တဲ့ အတွက် တစ်ကိုယ်လုံးကို ထိခိုက်နိုင်ပါတယ်။ ၎င်းကို ဖြစ်စေတဲ့ ဘက်တီးရီးယားနှစ်မျိုးမှာ Staphylococcus aureus ( တစ်ခါတစ်ရံ staph လို့လဲခေါ်) နှင့် Steptococcus pyogenes (တစ်ခါတစ်ရ့ strep လို့ခေါ်) ဖြစ်ကြပြီး အများဆုံးကတော့ Staph နဲ့ ဆက်နွယ်နေပါတယ်။ဒီဘက်တီဒရီးယားပိုးတွေက အဆိပ်ထုတ်ပါတယ်။ တချို့အဆိပ်ကို ပြန်တိုက်မထုတ်နိုင်တဲ့ လူတွေမှာ ခန္ဒါကိုယ်ရဲ့ ခုခံအားစနစ်က တုံ့ပြန်ပါတယ်။ ဒီတုံ့ပြန်မှုက TSS ရဲ့ ရောဂါလက္ခဏာတွေကို ဖြစ်စေပါတယ်။Toxic shock syndrome က လူတိုင်းမှာ – အမျိုးသား၊ အမျိုးသမီး နှင့် ကလေးတွေမှာ ဖြစ်နိုင်ပါတယ်။ ၎င်းရောဂါက အန္တရာယ်ရှိနိုင်ပေမဲ့ ဖြစ်ခဲပါတယ်။ သင်ဟာ TSS နဲ့ ပတ်သက်ပြီး စိုးရိမ်နေလျှင် အကောင်းဆုံးနည်းကတော့ ၎င်းရောဂါအကြောင်းအား ဖတ်ရှု လေ့လာပြီး ကြိုတင်ကာကွယ်နိုင်ပါတယ်။TSS ရဲ့ ရောဂါလက္ခဏာတွေက ရုတ်တရက်ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ၎င်းဟာ ခန္ဒါအစိတ်အပိုင်းတွေများစွာ ကိုထိခိုက်စေတဲ့ အဆိပ်ကြောင့်ဖြစ်တဲ့ ရောဂါဖြစ်ပါတယ်။TSS ရဲ့ ရောဂါလက္ခဏာတွေကတော့။Staphylococcus သို့ streptococcus ပိုးဝင်းပြီး ၂ ရက် ၃ ရက်ကြာပြီး မှ TSS ရဲ့ လက္ခဏာတွေ စပြ လာနိုင်ပါတယ်။သင့်မှာ TSS ဖြစ်နိုင်ချေက အရင်တည်းက အလွန်နည်းပါတယ်။ သို့သော် သင်က အောက်ပါ သာမာန် ကာကွယ်မှုတွေ လုပ်ခြင်းဖြင့် ပိုပြီး နည်းစေလာနိုင်ပါတယ်။TSS က အရေးပေါ်ရောဂါတစ်ခုဖြစ်ပါတယ်။ သင်သို့ သင့်အသိမိတ်ဆွေ တစ်ယောက်မှာ TSS ဖြစ်နေပြီထင်လျှင် ဆရာဝန်ကို ချက်ချင်းဆက်သွယ်ပါ။ ဆရာဝန်က သင့်ကို ကြည့်ရှုစစ်ဆေးမှု သို့ ဆေးရုံအရေးပေါ်ဌာနသို့ လွှဲပြောင်းစစ်ဆေးစေခြင်းများ ပြုလုပ်နိုင်ပါတယ်။ဆရာဝန်တွေက TSS လို့ သံသယရှိလျှင် အတတ်နိုင်ဆုံး အမြန်ဆုံး အရည်ဓါတ်နှင့် ပဋိဇီဝဆေးသွင်းခြင်းတို့ ပြုလုပ်ပါလိမ့်မယ်။သူတို့က သံသယရှိတဲ့ အင်္ဂါအစိတ်အပိုင်း ဥပမာ အရေပြား၊ နှာခေါင်း သို့ မိန်းမကိုယ်မှ အသားစနမူနာယူပြီး စစ်ဆေးနိုင်ပါတယ်။ သွေးနမူနာယူပြီးလဲ စစ်နိုင်ပါတယ်။ ကိုယ်အင်္ဂါများ ဥပမာ ကျောက်ကပ် အလုပ်မလုပ် သိနိုင်ရန် နှင့် တခြား အလားတူလက္ခဏာတွေ ဖြစ်စေတဲ့ ရောဂါတွေကို ဖယ်ထုတ်စဉ်းစားနိုင်မဲ့ တခြားစစ်ဆေးမှုတွေလဲ လုပ်နိုင်ပါတယ်။ဆေးဝန်ထမ်းတွေက tampon တွေ၊ ကိုယ်ဝန်တားပစ္စည်းတွေ သို့ အနာပတ်တီးတွေရှိနေလျှင် ဖယ်ရှားပြီး အနာကို သန့်ရှင်းရေးလုပ်ပါလိမ့်မယ်။ ရောဂါပိုး (အနာ) ရှိနေလျှင် ဆရာဝန်က ထိုအနာ မှ ပြည်များစုပ်ထုတ်ပါလိမ့်မယ်။TSS ရှိတဲ့ လူတွေက ပုံမှန်အားဖြင့် ဆေးရုံမှာနေရပြီး တစ်ခါတစ်ရံမှာ အထူးကြပ်မတ်ဆောင် ( ICU ) မှာ ဆရာဝန်တွေက သွေးပေါင်နှင့် အသက်ရှူခြင်း နှင့် တခြားပြသနာဖြစ်တဲ့ အင်္ဂါပျက်စီးခြင်း ရဲ့ လက္ခဏာတွေကို အနီးကပ်စောင့်ကြည့်နိုင်ရန် ရက်ကြာကြာနေရနိုင်ပါတယ်။TSS က အလွန် ဖြစ်ခဲတဲ့ ရောဂါဖြစ်ပါတယ်။ သေစေနိုင်တဲ့ ရောဂါဖြစ်သော်လည်း မှန်မှန်ကန်ကန် တွေ့ရှိပြီး ကုသလျှင်တော့ ပျောက်နိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
infectious-diseases
infectious-diseases
https://hellosayarwon.com/infectious-diseases/other-bacterial-infections/toxic-shock-syndrome-%e1%80%98%e1%80%80%e1%80%b9%e1%80%90%e1%80%ae%e1%80%b8%e1%80%9b%e1%80%ae%e1%80%b8%e1%80%9a%e1%80%ac%e1%80%b8%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%81%80%e1%80%84%e1%80%b9/
ဆေးတစ်ခုခုသောက်မယ်ကြံတိုင်း နို့တိုက် နေရလို့ဆိုပြီး စိုးရိမ်နေတဲ့ မေမေတို့အတွက်
မေမေတစ်ယောက်ဖြစ်လာရင် စွန့်လွှတ်ရ အနစ်နာခံရတာတွေကတော်တော်များပါတယ်။ကိုယ်ဝန်ဆောင်ချိန်ကစလို့ ဘေဘီလေးကို နို့ချိုတိုက်ကျွေးပျိုးထောင်နေရတဲ့ ကာလအတွင်းမှာရောပေါ့။ နို့တိုက် မေမေအများစုဆီက ကြားရတဲ့ စကားလေးတစ်ခွန်းရှိတယ်။ ခေါင်းထဲက ကိုက်လိုက်တာ၊ ဖျားပြီထင်တယ်။ ဆေးလည်း မသောက်ပါရဲဘူး။ နို့တိုက်နေရတယ်လေဆိုတာပါ။ဖျားမှခေါင်းကိုက်မှ မဟုတ်ဘူးနော် နို့တိုက်နေရလို့ဆိုပြီး ချောင်းဆိုးနေတာနဲ့အခြား ခံစားရတဲ့ဝေဒနာတွေရှိရင်တောင် ကြိတ်ခံကြတာများပါတယ်။ ဒီတစ်ခေါက်တော့ နို့တိုက်မေမေတွေအနေနဲ့ ဆေးသောက်လို့ရလားဆိုတဲ့ ကိစ္စလေးကိုပြောပြပေးပါရစေနော်။နို့တိုက်မေမေတစ်ယောက် ဖြစ်နေတာကြောင့် ဆေးတွေလုံးဝမသောက်ရဘူးဆိုတာက မဟုတ်ပါဘူး။ ဆေးအများစုက နို့တိုက်နေချိန်မှာသောက်ဖို့အတွက် ဘေးကင်းစိတ်ချရပါတယ်။ အကြောင်းကတော့ သောက်လိုက်တဲ့ဆေးတွေကမိခင်နို့ရည်ကနေတဆင့် ကလေးဆီကို ရောက်ရှိသွားနိုင်ခြေနည်းတာကြောင့်ပါ။သောက်လိုက်တဲ့ဆေးက မိခင်နို့ကနေတဆင့်ဘေဘီလေးဆီရောက်မယ်ဆိုရင်တောင်နည်းနည်းလောက်ပဲရောက်နိုင်မှာဖြစ်တာကြောင့် ဘေဘီလေးကို ထိခိုက်စေတာမျိုးမရှိနိုင်ပါဘူး။ ဒါကြောင့် ပြောချင်တာကနို့တိုက်မေမေက ဆေးလုံးဝမသောက်ရတာမဟုတ်ပါဘူး။ ဆရာဝန်နဲ့သေချာတိုင်ပင်ပြီး ဆေးသောက်ပေးလို့ရပါတယ်။ နို့တိုက်မေမေဖြစ်နေလို့ဆိုပြီး ဆေးမသောက်ဘဲ အတင်းကြိတ်ခံနေတာမျိုးမဖြစ်သင့်ပါဘူး။နာကျင်ကိုက်ခဲတဲ့အခါ …..။နို့တိုက်မေမေတစ်ယောက်အနေနဲ့ နာကျင်ကိုက်ခဲတဲ့အခါ ပါရာစီတမောလောက်ကိုတော့ စိတ်ချလက်ချ သောက်လို့ရပါတယ်။ စွဲသောက်ဖို့တော့ မသင့်ပါဘူး။ တခြားဆေး သောက်မယ်ဆိုရင်တော့ ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။သန်ထနေတယ်ဆိုရင်……..။နို့တိုက်မေမေတစ်ယောက် သန်ထနေတယ်ဆိုရင် သန်ချဆေးသောက်လို့ရပါတယ်။ ဒါပေမယ့် သင့်တော်တဲ့ သန်ချဆေးဖြစ်ဖို့အတွက်ကတော့ ဆရာဝန်နဲ့သေချာလေးတိုင်ပင်ဖို့လိုပါမယ်။ဖျားနာတဲ့အခါ……..။နို့တိုက်မေမေတွေလည်း အအေးမိဖျားနာဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမှာ ဖျားတာကို ဆေးမသောက်ဘဲမနေသင့်ပါဘူး။ ဒါကြောင့် ဆရာဝန်နဲ့သေချာတိုင်ပင်ပြီးအဖျားသက်သာစေဖို့ ဆေးသောက်ပေးလို့ရပါတယ်။နှာစေး၊ နှာပိတ်ဖြစ်တဲ့အခါ……။ရေနွေးငွေ့ ရှူရှိုက်ပေးလို့ရပါတယ်။နှာခေါင်းထဲကိုဆားရည်အစက်ချပေးလို့ရပါတယ်။Nasal sprayသုံးပေးလို့ရပါတယ်။ Pseudoephedrine ပါဝင်နေတဲ့ဆေးတွေက မိခင်နို့ထွက်တာကို ထိခိုက်စေနိုင်တာကြောင့် မသုံးသင့်ပါဘူး။ချောင်းဆိုးတဲ့အခါ………။ချောင်းဆိုးတာက ကုသမှုခံယူစရာမလိုဘဲ ပျောက်ကင်းသွားတာမျိုးရှိနိုင်ပါတယ်။ တကယ်လို့ ကုသမှုခံယူမှဖြစ်မယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး ချောင်းဆိုးသက်သာစေအောင် ဆေးသောက်လို့ရပါတယ်။ Pseudoephedrine ပါဝင်နေတဲ့ဆေးတွေကိုတော့မိခင်နို့ထွက်တာကို ထိခိုက်စေနိုင်သလို ဘေဘီလေးကို ထိခိုက်စေနိုင်တာကြောင့် ရှောင်ရပါမယ်။လည်ချောင်းနာတဲ့အခါ……..။လည်ချောင်းနာတဲ့အခါ amylmetacresol၊ dichlorobenzyl alcohol နဲ့ cetylpyridinium တို့ကို အသုံးပြုပေးလို့ရပါတယ်။အိုင်အိုဒင်းပါတဲ့ဆေးတွေကိုတော့ မသုံးသင့်ပါဘူး။နို့တိုက်မေမေတစ်ယောက်က အခြားသူတွေလိုမျိုးဆေးတိုင်းနဲ့တော့ မတည့်နိုင်ပါဘူး။ နို့တိုက်မေမေအနေနဲ့ရှောင်သင့်တဲ့ဆေးတွေက။မဖြစ်မနေလိုအပ်တဲ့ အခြေအနေမျိုးမှာတော့ ကလေးကို မိခင်နို့ အစား တခြားတစ်ခုခုတိုက်ဖို့ စီစဉ်ရမှာပါ။ဒါကြောင့်ပြောချင်တာက နို့တိုက်မေမေတွေအနေနဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့လိုတယ်ဆိုပေမယ့် မတော်တဆဆိုတဲ့ အခြေအနေတစ်ရပ်ရပ်ကြောင့် ဖျားနာတာမျိုး၊ နာမကျန်းတာမျိုးဖြစ်ခဲ့မယ်ဆိုရင် သင့်တော်တဲ့ ဆေးဝါးတွေသောက်သုံးပြီး ဆေးကုသမှုခံယူဖို့ပြောပါရစေ။ မေမေကျန်းမာမှ ဘေဘီလေးလည်း ကျန်းမာမယ်ဆိုတာ မမေ့ပါနဲ့နော်……………..။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/is-it-safe-to-take-medications-during-breastfeeding/
ဆေးလိပ်ဖြတ်လိုက်တဲ့အခါ
အခုနောက်ပိုင်းအမျိုးသားတွေတင် မကပါဘူး။လေဒီလေးတွေပါ ဆေးလိပ်ကို စိတ်အပန်းဖြေစရာ တစ်ခု အနေနဲ့ သောက်သုံး လာကြပါတယ်။ တကယ်တော့ ဆေးလိပ် သောက်တာက ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်တယ် ဆိုတဲ့ စကားကို ငယ်စဉ်ကတည်းကကြားဖူးခဲ့မယ် ထင်ပါတယ်။ ဒီတော့ အကောင်းဆုံးက ဆေးလိပ် ဖြတ်တာပါ။ ဆေးလိပ်ဖြတ်လိုက်တဲ့အခါ ဘာတွေများ ထူးလာမှာမို့လဲလို့ တွေးနေမိနိုင်ပါတယ်။ ဆေးလိပ် ဖြတ်ခြင်းက ကျန်းမာရေးကို ဘယ်လောက်ထိ အထောက်အကူ ပြုနိုင်သလဲ ဆိုတာကို ဆက်ကြည့်လိုက်ရအောင်လား……….။ဆေးလိပ်ဖြတ်လိုက်တဲ့အခါ ငွေကုန်ကြေးကျ သက်သာရုံတင် မဟုတ်ဘဲခန္ဓာကိုယ်မှာလည်း ကျန်းမာရေး သိသိသာသာ ကောင်းလာမှာပါ။ ဆေးလိပ် ဖြတ်လိုက်ချိန် ကနေစပြီး တစ်ရက်ပြီး တစ်ရက် ပိုကျန်းမာလာတာကို တွေ့ရမယ် ဆိုတာ အသေအချာပါ။ ဆေးလိပ် ဖြတ်လိုက်ပြီဆိုရင်။ဆေးလိပ် ဖြတ်ပြီး တစ်လလောက် ကြာတဲ့အခါဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေက ပုံမှန် အခြေအနေကို ပြန်ရောက်သွားပြီး နီကိုတင်း စွဲလမ်းမှု လုံးဝ ကင်းစင်သွားပါလိမ့်မယ်။ဆေးလိပ် ဖြတ်ပြီး ၂ ပတ် ကနေ ၁၂ ပတ်တာ ကာလအတွင်း ခန္ဓာကိုယ်မှာ သွေးစီးဆင်းမှု ကောင်းလာပြီးရုတ်တရက် နှလုံးရပ်နိုင်ခြေတော်တော်လေး နည်းသွားပါလိမ့်မယ်။ အမောလည်း ခံနိုင်လာပါလိမ့်မယ်။ဆေးလိပ်ကနှာခေါင်းနဲ့ ပါးစပ်တွင်းက အာရုံခံနိုင်တဲ့ ဆဲလ်လေးတွေကို ပျက်စီးစေနိုင်ပါတယ်။ ဆေးလိပ် ဖြတ်ပြီး ၂ ရက်အတွင်းမှာ အနံ့အရသာ ခံနိုင်စွမ်း သိသိသာသာ ကောင်းလာပါလိမ့်မယ်။အသက်ရှုရတာ ပိုကောင်းလာတာ၊ ကိုယ်လက်လှုပ်ရှားမှုတွေ ပိုလုပ်လာနိုင်တာနဲ့အတူ ခန္ဓာကိုယ်တွင်းမှာ အောက်ဆီဂျင် ပမာဏ တိုးလာတာကြောင့် အားပြည့်နေစေမှာပါ။ကိုယ်တွင်းမှာ သွေးစီးဆင်းမှု ကောင်းလာတာ၊ အောက်ဆီဂျင် ပမာဏ များလာတာတွေကြောင့် ကိုယ်ခံအား ကောင်းလာပါလိမ့်မယ်။ နာဖျားလွယ်မှုကနေ ကင်းစင်လာပါလိမ့်မယ်။သွားတွေ အရောင်ပြောင်းတာ၊ ခံတွင်းနံ့ ဆိုးတာတွေ နဲ့ ခံတွင်းမှာ ပိုးဝင်ကူးစက်တာ မျိုးဖြစ်နိုင်ခြေ တော်တော်လေး နည်းသွားပါလိမ့်မယ်။ တစ်ပတ်အတွင်း ခံတွင်း ကျန်းမာရေး ကောင်းလာပါလိမ့်မယ်။ကင်ဆာဖြစ်နိုင်ခြေနည်းသွားမယ်။ဆေးလိပ် ဖြတ်တာကြောင့် အဆုတ် ကင်ဆာ၊ကျောက်ကပ် ကင်ဆာ၊ ဆီးအိတ် ကင်ဆာ၊ ပန်ကရိယ ကင်ဆာ၊ အစာရေမြို ကင်ဆာ ဖြစ်နိုင်ခြေတွေ သိသိသာသာ လျော့ကျ သွားပါလိမ့်မယ်။ငွေကုန်ကြေးကျလည်း သက်သာ ကျန်းမာရေးလည်းကောင်း ချစ်ရသူတွေနဲ့လည်း သက်ဆုံးတိုင် ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်မယ် ဆိုတော့ ကျန်းမာပျော်ရွှင်တဲ့ ဘဝပိုင်ဆိုင်ဖို့ ဆေးလိပ် ဖြတ်သင့်တယ် မထင်မိဘူးလား။ ဆေးလိပ် ဖြတ်တာက ကိုယ်တိုင် အတွက်ရော ပတ်ဝန်ကျင် အတွက်ပါ ကောင်းတဲ့ အချက် ဖြစ်တာကြောင့် ဆေးလိပ် ဖြတ်ကြဖို့ တိုက်တွန်းပါရစေလား….။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/quit-smoking-explainer/
ကလေးမှာ ဆုံဆို့နာ မဖြစ်အောင် မေမေတို့ ဘာလုပ်ပေးနိုင်လဲ။
ဒီ ၂၀၂၀ သြဂုတ် လလယ်ပိုင်းလောက်မှာ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာဆုံဆို့နာကပ်ရောဂါအသွင် (outbreak)ဖြစ်တယ်ဆိုပြီး သတင်းတွေ တက်လာပါတယ်။ ခုချိန်ထိကို တွေ့ရှိသူ ၄၅ယောက်မှာ ၆ယောက်လောက်လည်း ဆုံးသွားပြီးပါပြီ။ဒါက လတ်တလော ဖြစ်ပေါ်နေတဲ့ ကိုဗစ်နဲ့ သေဆုံးသူအရေအတွက် အတူတူပါပဲ။ ကိုဗစ်က ကာကွယ်ဆေး၊ ကုသဆေး မပေါ်သေးလို့ ၆ယောက်ဆုံးတာ လက်ခံလို့ရပေမယ့်ကာကွယ်ဆေးရော၊ ကုသဆေးပါ ရှိတဲ့ ဆုံဆို့နာက ၆ယောက်ဆုံးတာ ရင်နာစရာပါ။အနောက်နိုင်ငံတွေမှာ ကာကွယ်ဆေး လွှမ်းခြုံမှု အားကောင်းလို့ရော၊ လူတိုင်းနီးပါး ကာကွယ်ဆေးထိုးပြီးherd immunityရနေလို့ရော သူတို့မှာ သိပ်မဖြစ်ကြတော့ပါဘူး။ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ဖြစ်တဲ့ မြန်မာနိုင်ငံအပါအဝင် အင်ဒိုနီးရှား၊ ဘင်္ဂလားဒေရှ့်၊ ဗီယက်နမ် စတဲ့နိုင်ငံတွေမှာ ၂၀၁၆လောက်က စပြီး ခပ်စိပ်စိပ် တွေ့လာရပါတယ်။ ဖြစ်လိုက်ရင်လည်း ကပ်ရောဂါအသွင် ဖြစ်လာတာပါ။မြန်မာနိုင်ငံမှာလည်း နှစ်တိုင်း နှစ်တိုင်း ထထဖောက်ပါတယ်။ အထူးသဖြင့် ကာကွယ်ဆေး ကောင်းကောင်းမရတဲ့ အစွန်အဖျားနေရာတွေကပေါ့။ဆုံဆို့နာက ကလေးတွေမှာပိုပြီး ဒုက္ခပေးပါတယ်။ အချိန်မီကုသမှုရရင် ၁၀လောက် ၁ယောက်သေပါတယ်။ အချိန်မီ မကုနိုင်ရင်တော့ တစ်ဝက်လောက် သေပါတယ်။ဒါကြောင့် မေမေတို့ အနေနဲ့ ကာကွယ်သင့်တာတွေ ကာကွယ်လို့ရအောင် ပြောပြပေးချင်ပါတယ်။ဆုံဆို့နာက Corynebacterium diphtheriae လို့ ခေါ်တဲ့ဘက်တီးရီးယားကြောင့် ဖြစ်ရတာပါ။ ကူးတာကတော့ နည်းလမ်းနှစ်မျိုးနဲ့ပါ။ဒီလိုကူးဖို့ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် အနီးကပ်နေမှ ဖြစ်မှာပါ။ ဒီတော့ အလွယ်ပြောရရင်လူနေထူထပ်တဲ့ နေ့ကလေးထိန်းကျောင်းတို့၊ မူကြိုတို့ပေါ့။အရင်နှစ်တွေက ဖြစ်တဲ့ outbreak source တွေကို ပြန်ကြည့်မယ်ဆိုရင်မိဘမဲ့ကျောင်းတို့၊ ဘုန်းကြီးကျောင်းတို့ပါပါတယ်။ ဒီနေရာတွေက ကလေးတွေက အများအားဖြင့် မိဘမဲ့တွေ၊ နယ်က (ကာကွယ်ဆေး လွှမ်းခြုံမှုအားနည်းတဲ့)လာတဲ့ကလေးတွေ ဖြစ်တာကြောင့် မေးကြည့်လိုက်ရင် ကာကွယ်ဆေး မထိုးထားတာ များပါတယ်။မေမေ့ကလေးက ဆုံဆို့နာ ဖြစ်နေသလားဆိုတာ နည်းနည်းတော့ ခွဲရခက်ပါတယ်။ ဒါပေမယ့် မေမေတွေ အနေနဲ့ ကလေးမှာ အောက်က လက္ခဏာတွေ ရှိနေမယ်ဆိုရင် စိတ်ရှင်းအောင် ဆရာဝန်နဲ့ ပြလိုက်သင့်ပါတယ်။  ဆုံဆို့နာမှာ နှစ်မျိုးရှိပါတယ်။-ကလေးက ချမ်းတုန်ပြီး ဖျားမယ်၊ နုံးမယ်၊ နှာရည်ယိုမယ်၊ လည်ပင်းနာမယ်။ ဒီအထိက မေမေတို့ ဘာဖြစ်မှန်း သိဦးမှာ မဟုတ်ပါဘူး။-ဒါပေမယ့် ကလေးက ပိုဆိုးလာပြီး အသက်ရှူရခက်တဲ့ ပုံစံပေါ်လာမယ်။ လည်ပင်းမှာ အကျိတ်တွေ ထွက်လာမယ်။ အသံက လည်ပင်းညှစ်ထားသလို အစ်တစ်တစ် ဖြစ်လာမယ်ဆိုရင် ပါးစပ်ထဲ ဖြဲကြည့်ပါဦး။လည်ချောင်းနားလောက်မှာ အဖတ်တစ်ခုခု ကပ်နေတယ်ဆိုရင် ဘာမှ စဉ်းစားမနေနဲ့တော့။ ဆေးရုံကိုသာ ပြေးပါတော့။ အဲ့ဒါဟာ ဘက်တီးရီးယားအဆိပ်ကြောင့် အဖတ်လေးတွေ ဖြစ်လာပြီး ကလေးလေပြွန်မှာ ဆို့နေလို့ အသက်မရှူနိုင်တော့တာပါ။ လေပြွန်ရဲ့ အဆုံမှာ ဆို့နေလို့ အလွယ် ဆုံဆို့နာလို့ နာမည်ပေးလိုက်တာပါ။ နောက်ကျရင် အသက်ကို အာမမခံနိုင်ပါဘူး။ဒါက အသက်ရှူလမ်းကြောင်း ဆုံဆို့နာလောက် မပြင်းထန်ပါဘူး။ အရေပြားမှာ တခြား ယားနာတွေလိုပဲ အနာလေးတွေ ဖြစ်တာပါ။ အပေါ်ကနေ အမြှေးပါးလေး အုပ်နေတာ သူ့ရဲ့ ထူးခြားချက်ပါ။ ကိုယ့်အတွက် မပြင်းထန်ဘူးဆိုပေမယ့် သူများကို ကူးနိုင်လို့ သတိထားပါ။သေနိုင်တဲ့ ရောဂါဖြစ်လို့ ကြောက်ဖို့ကောင်းတယ်ပဲ ပြောရမှာပါ။ ဖြစ်လာရင် စောစော မသိကြလို့ ရောက်လာပြီဟေ့ဆို လည်ပင်းမှာ အဖတ်ဆို့ပြီး အသက်မရှူနိုင်တော့တဲ့ ကလေးက များပါတယ်။ ဒီတော့ ဘာမှမလုပ်ခင် အရင်ဆုံး အသက်ရှူနိုင်အောင် လည်ပင်းကနေ အပေါက်ဖောက်ထားပေးရတာပေါ့။ဒါမှမဟုတ် ဘက်တီးရီးယား အဆိပ် သွေးထဲတန်းရောက်ပြီးသွေးဆိပ်သင့်၊ ရှော့ရတဲ့ အနေအထားနဲ့ ရောက်လာတာတွေလည်း ရှိပါတယ်။အဲ့ဒီလို မဟုတ်ဘူးဆိုရင်တောင် နောက်ဆက်တွဲအနေနဲ့ နှလုံးကြွက်သားတွေ ရောင်တာ၊ ကျောက်ကပ်ပျက်တာ၊ အကြောသေတာတွေ ဖြစ်တတ်ပါတယ်။ကုလို့ရပါတယ်။ Diptheria antitoxin လို့ ခေါ်တဲ့ အဆိပ်ဖြေဆေးထိုးတာ၊ ဘက်တီးရီးယားကြောင့်မို့လို့ ပိုးသတ်ဆေး ပေးတာတွေ လုပ်လို့ရပါတယ်။  လက်တွေ့မှာတော့ ဒီလောက် မလွယ်ပါဘူး။ ရောက်လာတဲ့ကလေးတွေက ခုနပြောသလို အသက်ရှူတွေကျပ်၊ ရှော့တွေဖြစ်ပြီး ရောက်လာတာမို့လို့ မနည်း အသက်လုနေရတဲ့ အနေအထားပါ။နောက်ပြီး အချိန်မီကုနိုင်ရင်တောင် ၁၀ယောက် ၁ယောက် အဖိတ်အစင် ရှိတာမို့လို့ ကြိုတင်ကာကွယ်တာ အကောင်းဆုံးပါပဲ။ကာကွယ်မယ်ဆိုရင်လည်း လွယ်လွယ်လေးပါပဲ။ ခုအစိုးရကထိုးပေးနေတဲ့ငါးမျိုးစပ်ကာကွယ်ဆေးမှာ ပါပြီးသားပါ။ ၂လ၊ ၄လ၊ ၆လ၊ ၁နှစ်ခွဲ ၄ခါလုံး အခမဲ့ ထိုးပေးနေတာမို့လို့ ကလေး အသက်ပြည့်ရင် သွားထိုးပေးရုံပါပဲ။ဒီလောက်လွယ်တာ ဘာလို့ မထိုးဖြစ်ကြတာလဲဆိုတော့။၁၀၀ရာခိုင်နှုန်း ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးဆိုတာ မရှိသေးပါဘူး။ နောက်ပြီး ဆုံဆို့နာမှာ carrierဆိုတာ ရှိပါတယ်။ လက္ခဏာမပြဘဲ ပိုးသယ်ဆောင်တာပါ။ သယ်ဆောင်သူက သူကိုယ်တိုင် လက္ခဏာမပြပေမယ့် သူများကို ရောဂါဖြန့်ဝေနိုင်ပါတယ်။ ကံကောင်းတာက ကာကွယ်ဆေးထိုးထားတဲ့သူတွေက မထိုးထားတဲ့သူတွေထက် အဆပေါင်းများစွာ ကာကွယ်နိုင်တာပါပဲ။မေမေတို့ကို မှာချင်တာက အစိုးရက အခမဲ့ထိုးပေးနေတဲ့ ကာကွယ်ဆေးတွေ အကုန်လုံး ကလေးအသက်အလိုက် ထိုးပေးပါ။ အထူးသဖြင့် နှစ်တိုင်း နီးပါး ကပ်ရောဂါအသွင် လာတတ်တဲ့ ဆုံဖို့နာကို သတိထားပါ။ကာကွယ်ဆေးမထိုးရတဲ့ မေမေတွေ ကလေးကို ကာကွယ်ဆေးထိုးပေးပါ။ ထိုးပြီးသားမေမေတွေလည်း ကလေးကို ဂရုစိုက်ပေးပါ။ အနည်းဆုံးတော့ အန္တရာယ်ရှိတဲ့ လက္ခဏာတွေ စောင့်ကြည့်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/infectious-diseases-in-children/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%be%e1%80%ac-%e1%80%86%e1%80%af%e1%80%b6%e1%80%86%e1%80%ad%e1%80%af%e1%80%b7%e1%80%94%e1%80%ac-%e1%80%99%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%a1/
အမြဲတမ်း လက်ဆေးဖို့ မမေ့ပါနဲ့၊ မပျင်းပါနဲ့
ကဲ ဘာလိုလိုနဲ့ ၂၀၂၀ ကိုရောက်လာပြီနော်။နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ကိုယ်သိပ်ချစ်ရတဲ့ မိသားစု ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်နေထိုင်နိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်။ ဒီတော့ နှစ်သစ်မင်္ဂလာမှာကျန်းမာရေးအတွက် ဘယ်တော့မှ မမေ့လျော့သင့်တဲ့ လက်ဆေးခြင်းအလေ့အကျင့်ကို မွေးမြူဖို့ ထပ်ပြီးတော့ အကြံပေးလိုက်ချင်ပါတယ်။ကျွန်တော်တို့ နေအိမ်မှာပဲဖြစ်ဖြစ်၊ ရုံး၊ ကျောင်း၊ ပြင်ပနေရာတွေ၊ အရာဝတ္ထုတွေမှာဖုန်မှုန့်တွေ၊ မျက်စိနဲ့ မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေက အမြဲကပ်ငြိနေတတ်ပါတယ်။ တချို့သောရောဂါပိုးတွေက လူတစ်ယောက်ကနေ နောက်တစ်ယောက်ဆီကို ဆင့်ပွားကူးစက်ဖို့လည်း အရမ်းမြန်ပါတယ်။ ဥပမာ – အသားချင်းထိတာ၊ ပွေ့ဖက်နမ်းရှုံ့တာ၊ ပါးစပ်မအုပ်ဘဲ ချောင်းဆိုးတာ၊ နှာချေတာ၊ မေမေတွေ လက်မဆေးဘဲ ကိုယ့်သားသမီးကို ထမင်းဟင်း ခွံ့ကျွေးတာတွေပေါ့။အလွယ်တကူ ကူးစက်နိုင်တဲ့ ရောဂါတွေထဲမှာအစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ အဓိကပါဝင်ပါတယ်။ ဒီရောဂါတွေကို ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးမွှားတွေဟာ နေရာပေါင်းစုံမှာ ရှိနေနိုင်တဲ့အတွက် ကိုယ့်လက်မှာလည်း ကပ်ငြိနေတတ်ပါတယ်။ ကိုယ့်မှာ လက်မဆေးတဲ့အကျင့် ရှိနေရင်တော့ ဒီရောဂါပိုးတွေက ဗိုက်ထဲက တိုက်ရိုက်ပဲ ဝင်ပြီး ကောင်းကောင်းဒုက္ခပေးနိုင်တာပေါ့။ အထူးသဖြင့်ကိုယ်ခံအားနည်းသေးတဲ့ ကလေးတွေ၊ လူကြီးမိဘ၊ ဘိုးဘွားအရွယ်တွေမှာဆိုရင် ရောဂါဖြစ်ဖို့ အရမ်းလွယ်နိုင်ပါတယ်။အဓိက မဖြစ်မနေလက်ဆေးဖို့ လိုအပ်တဲ့အချိန်တွေကို ပြောရမယ်ဆိုရင်။• အိမ်သာတက်ပြီး ပြန်ထွက်လာချိန်။• အစားအသောက်တွေ မပြင်ဆင်ခင်နဲ့ ပြင်ဆင်ပြီးချိန်။• အသားစိမ်း၊ ငါးစိမ်းတွေကို ကိုင်တွယ်ပြီးချိန်။• အစာမစားခင်။• အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးချိန်။• နေမကောင်းဖြစ်နေတဲ့ ကလေးတွေနဲ့ မိသားစုဝင်တွေကို မပြုစုခင်၊ ပြုစုပြီးချိန်။•ဆေးလိပ်သောက်ပြီးချိန်။• အိမ်သန့်ရှင်းရေး၊ အမှိုက်ရှင်းပြီးချိန်။• တိရစ္ဆာန်တွေနဲ့ ပွတ်သပ်ဆော့ကစားပြီးချိန်တွေပဲ ဖြစ်ပါတယ်။ ဒီလိုအချိန်တွေကိုတော့ လက်ဆေးဖို့ မဖြစ်မနေ သတိထားရမှာဖြစ်ပြီး ကျန်တဲ့အချိန်တွေမှာလည်း အမြဲတမ်းလိုလို လက်ဆေးပေးနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့။လက်ဆေးတယ်ဆိုတဲ့နေရာမှာ ရေနဲ့လောင်းရုံ၊ စွတ်ရုံလုပ်တာလောက်ကို မဆိုလိုပါဘူး။ စနစ်တကျလက်ဆေးမှသာ ကိုယ့်လက်ပေါ်မှာ ရှိနေတဲ့ မျက်စိနဲ့ မမြင်နိုင်တဲ့ ရောဂါပိုးတွေကို သန့်စင်ပေးနိုင်မှာပါ။ စနစ်တကျ လက်ဆေးဖို့ နည်းလမ်းတွေကတော့။၁။ ရေဘုံပိုင်ခေါင်းကို ဖွင့်ပြီး ကျလာတဲ့ ရေနဲ့ လက်ကို စိုစွတ်အောင် အရင်လုပ်ပါ။ ပြီးရင် ဘုံပိုင်ခေါင်းကို ပြန်ပိတ်ပါ။ ရေမဖြုန်းတီးပါနဲ့။၂။ လက်ဆေးဆပ်ပြာကို လက်ပေါ်မှာ လိုသလောက်ထည့်ပြီး စက္ကန့် ၂၀ ခန့် ပွတ်ပေးပါ။ လက်သည်းကြား၊ လက်ချောင်းကြား၊ လက်ဖဝါး၊ လက်ဖမိုး၊ လက်ကောက်ဝတ်အထိ အကုန်ပွတ်ပြီး ဆပ်ပြာတိုက်ပါ။ ကြေးညှော်တွေ၊ ညစ်ပေနေတဲ့နေရာတွေကို ဖြည်းဖြည်းချင်းကုတ်ပြီး ကြေးချွတ်ပေးပါ။၃။ ဆပ်ပြာခဲ၊ ဆပ်ပြာတုံးအစား ဘက်တီးရီးယားပိုး သန့်စင်ပေးတဲ့ (Anti-bacterial) လက်ဆေးဆပ်ပြာရည်တွေ အသုံးပြုပေးနိုင်ရင် ပိုကောင်းပါတယ်။၄။ လက်ဆေးတဲ့အခါ လက်စွပ်တွေ၊ လက်ကောက်နဲ့ နာရီတွေ ချွတ်ထားပေးပါ။၅။ ရေဘုံပိုင်ခေါင်းကို ပြန်ဖွင့်ပြီး ကျလာတဲ့ရေအောက်မှာ လက်ပေါ်က အမြှုပ်ထနေတဲ့ ဆပ်ပြာတွေကို သေချာဆေးကြောပါ။ လက်မှာ ဆပ်ပြာမကျန်စေဖို့ ဂရုစိုက်ပြီး ပွတ်ဆေးပါ။၆။ ပြီးသွားရင် သန့်ရှင်းပြီး ခြောက်နေတဲ့ လက်သုတ်ဝတ်နဲ့ လက်ကို ခြောက်သွေ့နေအောင် သုတ်ပါ။ လက်စိုစိုကြီးအတိုင်း ထားထားရင် တခြားပိုးမွှားတွေ ပြန်ပြီး ကပ်နိုင်ပါတယ်။လက်ဆေးတာနဲ့ ပတ်သက်ပြီးတော့ အမြဲတမ်းမေ့လို့ မဖြစ်သလို နောက်မှဆေးမယ်ဆိုပြီး အချိန်ဆွဲနေတာလည်း ကောင်းတဲ့အကျင့်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါကြောင့် ဘာပဲ ကိုင်ပြီးပြီး လက်ကို အမြဲတမ်းဆေးနေပါ။ လက်ဆေးလို့ရတဲ့ နေရာမှာ ရောက်မနေဘူးဆိုရင် ရေမလို လက်သန့်စင်ဆေးရည်နဲ့ လက်ကို ပွတ်ဆေးပြီး နောက်ကျမှ လက်ပြန်ဆေးပါ။ကလေးတွေကိုလက်ဆေးဖို့ သေချာအကျင့်လုပ်ထားပေးဖို့ လိုပါတယ်။ ငယ်သေးတဲ့အရွယ်ဖြစ်တာကြောင့် အမြဲတမ်း ဆော့ကစားနေပြီး မျက်စိထဲ မြင်ရာအရာဝတ္ထုအကုန်လုံးကို လက်နဲ့ ကိုင်တတ်တာကြောင့် တစ်ခုခုဆို ရောဂါပိုးက ဗိုက်ထဲရော နှာခေါင်းထဲရော အလွယ်တကူဝင်သွားတတ်ပါတယ်။ သက်ကြီးရွယ်အိုတွေအနေနဲ့လည်း အလွယ်တကူ ထသွားထလာ မလုပ်နိုင်တဲ့အခါမျိုးမှာ မိသားစုဝင်တွေက ဆပ်ပြာနဲ့ ရေကို အနားယူလာပြီး သေချာဆေးကြောပေးတာမျိုး လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။ဘယ်သူမဆို ကျန်းကျန်းမာမာနဲ့ပဲ နေချင်ကြမှာပါ။ ဒါဆို ၂၀၂၀ နှစ်သစ်မင်္ဂလာမှာလက်ဆေးတဲ့အကျင့်လေး မွေးပြီး ကိုယ်ရော ကိုယ့်မိသားစုဝင်တွေကိုပါ ရောဂါဘယကင်းရှင်းစွာနဲ့ ဖြတ်သန်းနိုင်စေဖို့ ခုကတည်းက စလိုက်ကြစို့နော်။Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/%e1%80%a1%e1%80%99%e1%80%bc%e1%80%b2%e1%80%90%e1%80%99%e1%80%ba%e1%80%b8-%e1%80%9c%e1%80%80%e1%80%ba%e1%80%86%e1%80%b1%e1%80%b8%e1%80%96%e1%80%ad%e1%80%af%e1%80%b7-%e1%80%99%e1%80%99%e1%80%b1%e1%80%b7/
ကင်ဆာကာကွယ်နိုင်မယ့် သရက်သီး
ကင်ဆာမဖြစ်အောင်ကာကွယ်နိုင်တယ်လို့ဆိုတဲ့ သရက်သီးတစ်မျိုးကို ထိုင်းနိုင်ငံမြောက်ပိုင်း Nare-suan တက္ကသိုလ်မှ သုတေသီတွေက မျိုးစပ်ဖန်တီးခဲ့တယ်လို့ သိရပါတယ်။ ဒီသုတေသနကို ထိုင်းနိုင်ငံမှ Royal Golden Jubilee PhD Programme ရဲ့ ထိုင်းသုတေသနရန်ပုံငွေအဖွဲ့ကငွေကြေးထောက်ပံ့ခဲ့တာဖြစ်ပါတယ်။၎င်းတက္ကသိုလ်က ချိုင်းမွှေးကိုပါဖယ်ရှားနိုင်မယ့် ချွေးနံ့ပျောက်ဆေး roll-on တစ်မျိုးကိုလည်း အမျိုးသမီးတွေအတွက် ထုတ်လုပ်ခဲ့ြ့ပီးဖြစ်ပါတယ်။အထူးစီမံပြုပြင်ထားတဲ့ Mahachanok သရက်သီးမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့ အန်သိုဆိုင်ရာနင်(Anthocyanin) နဲ့ကာရိုတီးနွိုက်(Carotenoid) တို့တိုးမြှင့် ထည့်သွင်းထားတယ်လို့ စိုက်ပျိုးရေး၊သဘာဝသယံဇာတနှင့်ပတ်ဝန်းကျင်ဆိုင်ရာ မဟာဌာနမှ တွဲဖက်ပါမောက္ခဒေါက်တာ Peerasak Chaiprasart ကပြောပါတယ်။အဝါရောင်၊လိမ္မော်ရောင်၊အနီရောင်ရှိတဲ့ အသီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာတွေ့ရတတ်တဲ့ ကာရိုတီးနွိုက် ဓါတ်ဟာ ကိုယ်ခံအားကိုကောင်းစေပြီး ကင်ဆာရောဂါဖြစ်နိုင်တဲ့အန္တရာယ်ကိုလျော့နည်းစေတဲ့အပြင် နှလုံးရောဂါ၊ အသက်အရွယ်ကြောင့်ဖြစ်တဲ့မြင်လွှာပျက်စီးမှုနဲ့အတွင်းတိမ်တို့ကို ကာကွယ်ပေးပါတယ်။အနီရောင်၊ခရမ်းရောင်နဲ့အပြာရောင်တို့မှာပါတဲ့ အန်သိုဆိုင်ရာနင်ဓါတ်ဟာ ဆဲလ်တွေယိုယွင်းပျက်စီးမှုကိုနှေးကွေးစေပြီး နှလုံးရောဂါ၊လေဖြတ်ခြင်းဖြစ်နိုင်တဲ့အန္တရာယ်ကိုလျော့နည်းစေပြီး အစာအိမ်နဲ့အူလမ်းကြောင်းစနစ်အတွင်းက ရောဂါဖြစ်စေတဲ့အဏုဇီဝပိုးမွှားတွေကိုသေစေနိုင်ပါတယ်။ထိုင်းသရက်မျိုးNang Klang Wan နဲ့ သြစတြေးလျ သရက်မျိုးSunset တို့ကို မျိုးစပ်ထားတာဖြစ်တဲ့Mahachanok သရက်ဟာ methyl jasmonate ဒြပ်ပေါင်းကို ပေါင်းစပ်ထည့်သွင်းထားတာကြောင့် ဗီတာမင် စီ၊ ဂလူးကို့စ်၊ ဖရတ်တို့စ်၊ ဆူးခရို့စ်နဲ့ ကာရိုတီးနွိုက် ပမာဏကို တိုးမြှင့်စေတယ်လို့ သုတေသီတွေကတွေ့ရှိခဲ့ပါတယ်။Methyl jasmonate နဲ့ ethephon တို့နှစ်မျိုးလုံးဟာဘေးဥပါဒ်ကင်းပြီး ကြွင်းကျန်မှုမရှိနိုင်တဲ့အပြင် ကာရိုတီးနွိုက်ပမာဏကို ၅၀ ရာခိုင်နှုန်းလောက် တိုးစေနိုင်ပါတယ်။တက္ကသိုလ်အနေနဲ့ ဒီပရောဂျက်ကို ဆက်လက်လုပ်ဆောင်မှာဖြစ်ပြီးMahachanok သရက်တွေကို ပုံမှန်စိုက်ပျိုးရာသီဖြစ်တဲ့ ဧပြီ-ဇွန်ကာလမှာ စိုက်ပျိုးနိုင်တော့မှာဖြစ်တယ်လို့ဒေါက်တာPeerasak ကပြောပါတယ်။Waan-Ma-Haa-Mek အပင်(Curcuma aeruginosa Roxb) ကိုအသုံးပြုထားတဲ့ အမွှေးအမှင်လျော့နည်းစေတဲ့roll-on ကို တက္ကသိုလ်ရဲ့ဆေးဖက်ဝင်နည်းပညာသုတေသနစင်တာမှာ ထုတ်လုပ်ဖန်တီးခဲ့တာပါ။ဒီနည်းပညာကို ၎င်းတို့က မူပိုင်ခွင့်မှတ်ပုံတင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်မှာSiam Nawat Co ကုမ္ပဏီကို လွှဲပြောင်းပေးခဲ့ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/health-news/%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac%e1%80%80%e1%80%ac%e1%80%80%e1%80%bc%e1%80%9a%e1%80%b9%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%99%e1%80%9a%e1%80%b9%e1%80%b7-%e1%80%9e%e1%80%9b/
နေမကောင်းဖြစ်လွယ်တဲ့ ကလေးကို ဘယ်လိုအာဟာရကျွေးသင့်လဲ
မိဘရယ်လို့ ဖြစ်လာရင် ကိုယ့်ကလေးရဲ့ ကျန်းမာရေးကိုပဲ တွေးပူပြီး အမြဲတမ်းစောင့်ကြည့်လေ့လာနေရတတ်တာ သဘာဝပါပဲ။ ကလေးဆိုတာက လူကြီးတွေလိုမဟုတ်ဘဲကိုယ်ခံအားစနစ်၊ အစာခြေစနစ်ကလည်း နုသေးတယ်။ ပြီးတော့ ဟိုဟာမစား ဒီဟာမစားနဲ့ ကြေးများတတ်တော့ ပိုဆိုးတာပေါ့။ အထူးသဖြင့် ဒီလိုမျိုး အစားရွေးတတ်တဲ့ကလေးတွေက တခြားကလေးတွေထက် ပိုပြီးပိန်ညှက်တတ်တယ်၊ ဖျားနာဖို့လည်း ပိုလွယ်ပါတယ်။ ဒီတစ်ခေါက်တော့ နေမကောင်းဖြစ်လွယ်တဲ့ ကလေးကို ဘယ်လိုအာဟာရကျွေးသင့်လဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ပုံမှန်ဆိုရင်တော့ ကလေးတွေက တစ်နှစ်ကို အနည်းဆုံး ၃-၄ကြိမ်ထိဖျားနာတတ်ပါတယ်။ လူကြီးတွေလည်း အဲ့ဒီအတိုင်းပါပဲ။ ခဏခဏဖျားပြီဆိုရင်တော့ ကလေးက ကိုယ်ခံအားနည်းနေလား၊ သူ့ကြည့်ရတာ အားမရှိသလို ပျော့ခွေနေလား၊ အစားရော ကောင်းကောင်းစားနိုင်ရဲ့လား စတာတွေကို လေ့လာဖို့လိုတဲ့အပြင် ကလေးအထူးကုဆရာဝန်နဲ့လည်း သေချာပြသပြီး စစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။အမြဲတမ်းလိုလို ဖျားနေတတ်တဲ့ ကလေးတစ်ယောက်ကကိုယ်ခံအားသိပ်မရှိဘဲ ပျော့ခွေပြီး နုံးနေသလို၊ လန်းလန်းဆန်းဆန်း မဖြစ်ဘဲ လေးလံထိုင်းမှိုင်းနေသလို၊ နာလန်ထပြီးကာစ အားမရှိတဲ့အချိန်မှာပဲ နောက်တစ်ခါ ထပ်ဖျားတော့ ကလေးက ပိန်နေသလို ဖြစ်တတ်တာကြောင့် အဓိက ဒီပြဿနာအတွက် နေထိုင်စားသောက်မှုပုံစံတွေကို ပြောင်းလဲပစ်ဖို့ လိုပါတယ်။နေမကောင်းဖြစ်လွယ်တဲ့ ကလေးကို ဘယ်လိုအာဟာရကျွေးသင့်လဲ ဆိုတော့ အဓိက ကျွေးသင့်တာကတော့။၁။ချင်း။ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတယ်။ ကိုယ်ခန္ဓာထဲ ဝင်လာတဲ့ဘက်တီးရီးယားပိုးနဲ့ ဗိုင်းရပ်စ်ပိုးတွေကို တိုက်ထုတ်ပေးနိုင်တဲ့ အာနိသင်ရှိတယ်။ ကိုယ်တွင်းကလီစာထဲမှာ အောင်းနေတဲ့ မကောင်းတဲ့ ပိုးမွှားတွေကို ရှင်းထုတ်ပေးဖို့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကို ထုတ်လုပ်ပေးနိုင်တယ်။၂။အစိမ်းရောင်ဟင်းသီးဟင်းရွက်။ကိုယ်ခန္ဓာကို ကျန်းမာစေတဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်မျိုးစုံ ပါဝင်တယ်။အမျှင်ဓာတ်က အစာခြေစနစ်ကို အားကောင်းစေပြီး ဝမ်းမှန်စေတယ်။ ကိုယ်ခံအားစနစ်ကို ကောင်းစေပြီး ဓာတ်တိုးဆန့််ကျင်ပစ္စည်းတွေရဲ့ ထုတ်လုပ်နှုန်းကို မြှင့်တင်ပေးတယ်။၃။အသီးအနှံတွေ။အသီးအနှံထဲမှာ ချဉ်တဲ့အရသာရှိတဲ့ အသီးတွေ၊ အရည်ရွှမ်းတဲ့အသီးတွေကို အများဆုံး ကျွေးသင့်ပါတယ်။ အချဉ်ဓာတ် တစ်နည်းအားဖြင့် ဗီတာမင် စီက ကိုယ်ခံအားကောင်းစေပြီး ကလေးတွေကို ကျန်းမာစေတယ်။ ရေဓာတ်က အားမရှိတဲ့အချိန်၊ နုံးချိနေတဲ့အချိန်မှာ ကလေးကို လန်းလန်းဆန်းဆန်းဖြစ်စေတယ်။ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုနှုန်းကိုလည်း ကောင်းစေပါတယ်။၄။အသား။အသားဆိုတာလည်း တကယ်တော့ လူတစ်ယောက်ရဲ့ တစ်နေ့တာလိုအပ်တဲ့ အစာအာဟာရအုပ်စုထဲမှာ ပါဝင်ပါတယ်။ အမြဲလိုလို ဖျားနေတတ်တဲ့ ကလေးတွေကို ကြည့်လိုက်ရင် ပိန်နေတတ်တာကြောင့်ကြွက်သားထုတွေကို တက်စေဖို့၊ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးဖို့ အသားက မရှိမဖြစ်လိုအပ်ပါတယ်။ အသားထဲမှာဆိုရင် ကြက်သား၊ ငါးတွေက နာလန်ထကာစ ကလေးအတွက် အကောင်းဆုံးပါပဲ။ အကယ်လို့ အသားမကျွေးချင်ဘူးဆိုရင်လည်း ပဲအမျိုးမျိုးကို ကျွေးလို့ရပါတယ်။၅။နွားနို့။နွားနို့မှာ ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ပရိုတင်းဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်၊ အရိုးနဲ့ သွားကို သန်စွမ်းစေတဲ့ ကယ်လ်စီယမ်ဓာတ်နဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ် အာဟာရဓာတ်တွေ အများကြီးပါဝင်ပါတယ်။ အစာစားချင်စိတ်ကိုလည်း ဖြစ်စေပြီး ကောင်းစွာအိပ်ပျော်နိုင်စေတယ်။ ဒါကြောင့် ကလေးကို မနက်အိပ်ရာထရင် နွားနို့တစ်ခွက်၊ ညအိပ်ချိန်ဆိုရင် နွားနို့ပူပူလေးတစ်ခွက် တိုက်ပေးသင့်ပါတယ်။တခြားဘာတွေဂရုစိုက်ဖို့လိုမလဲ။• အပြင်သွားတဲ့အချိန် လက်ဆေးစရာနေရာ မရှိတဲ့အခါမျိုးမှာ အလွယ်တကူ သန့်စင်ဖို့ လက်သန့်စင်ဆေးရည် ဆောင်ထားပေးပါ။• လက်မဆေးဘဲ မျက်လုံး၊ နှာခေါင်းပွတ်တာ၊ ပါးစပ်ထဲ လက်ထည့်တာ လုံးဝမလုပ်ခိုင်းပါနဲ့။• ဖုန်ထူ၊ လူများတဲ့ နေရာတွေ သိပ်မသွားခိုင်းပါနဲ့။ သွားမယ်ဆိုရင်လည်း နှာခေါင်းစည်းကို မှန်ကန်စွာ တပ်ဆင်ပေးပါ။• ကလေးအိပ်ချိန်ကို အနည်းဆုံး ၈နာရီရအောင် အိပ်ခိုင်းပါ။ ပိတ်ရက်တွေမှာ ဒီထက်အိပ်ချိန်ပိုရအောင် အိပ်ခိုင်းပါ။• ကိုယ်လက်လှုပ်ရှားမှု၊ လေ့ကျင့်ခန်းတစ်ခုခု လုပ်ခိုင်းပါ။ ကလေးက အပြင်ထွက်ဆော့ကစားချင်တယ်ဆိုရင်လည်း အချိန်အပိုင်းအခြားတစ်ခု သတ်မှတ်ပြီး ဆော့ခွင့်ပေးပါ။• အစားကို တစ်ခါတည်း အများကြီးမစားခိုင်းပါနဲ့။ ခဏခဏဖျားတတ်တဲ့ ကလေးတွေက ခံတွင်းပျက်ပြီး စားချင်သောက်ချင်စိတ် နည်းတတ်တာကြောင့် ပမာဏနည်းနည်းနဲ့ အကြိမ်ရေများများ ခွဲကျွေးဖို့လိုပါတယ်။• ရေများများသောက်ခိုင်းပါ။ဒါဆို အမြဲလိုလိုဖျားနေတတ်တဲ့ ကလေးကြောင့် ရတက်မအေးဖြစ်နေတဲ့ မေမေတွေအတွက် အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်နော်။ ကလေးရဲ့ နေထိုင်စားသောက်မှုပုံစံဟာ သူတို့တွေရဲ့ ကျန်းမာရေးကို အများကြီးသက်ရောက်မှုရှိစေတဲ့အတွက် မပေါ့ဆဘဲ သေချာလေး ဂရုစိုက်ပေးဖို့ မေမေတို့ကို ထပ်မံအကြံပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/nutrition-for-ill-child/
Perichondritis (နားနှင့် အရိုးနုရောင်ယမ်းနာ)
နားရွက်ရောင်ရမ်းနာ( perichondritis) ဆိုတာ နားတွင်းအရိုးနုကို ဝန်းရံထားတဲ့ အရေပြားနဲ့ အသားကို ပိုးဝင်လို့ဖြစ်တာဖြစ်ပါတယ်။ ဒီရောဂါဟာ အတော်ဖျက်ဆီးတတ်, ပြန်ဖြစ်တတ်သလို ကြာလည်းကြာပါတယ်။( အခြားအချက်အလက်များအတွက် ဆရာဝန်နဲ့ ဆွေးနွေးပါ)။ရောဂါလက္ခဏာများ ကတော့ :။အထက်ဖော်ပြပါ လက္ခဏာတွေမှာမပါတာတွေဖြစ်နိုင်ပါတယ်။ သင်သိရှိလိုပါက ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။သင့်နားရွက်မှာဒဏ်ရာတစ်ခုခု (ဥပမာ ခြစ်မိတာ, ထိခိုက်တာ, ဖောက်ထွင်းရာတစ်ခုခု) ရှိပြီး နာလာတာ နီရဲလာတာရှိပါက သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူကို ဆက်သွယ်ပါ။ဒါမှမဟုတ် အထက်ဖော်ပြပါ လက္ခဏာတွေထဲက တစ်ခုခုတွေ့လာပြီဆိုရင် , မေးစရာမေးခွန်းတွေရှိပြီဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပါ။ လူတိုင်းရဲ့ ခန္ဓါကိုယ်တွေက လုပ်ဆောငိမှုမတူကြတဲ့အတွက် သင်နဲ့သင့်တော်မယ့် အကောင်းဆုံးအခြေအနေကိုရွေးချယ်ပါ။အဖြစ်များဆုံးအကြောင်းတွေကတော့ :။Pseudomonas aeruginosaဆိုတဲ့ရောဂါပိုးတစ်မျိုးကြောင့်ဖြစ်ပါတယ်။ဘယ်ဟာတွေက ရောဂါကို ပိုဆိုးစေသလဲ?။ထိခိုက်ဒဏ်ရာတွေ , အင်းဆက်ကိုက်ရာတွေ, နားဖောက်တာ,ခွဲစိတ်မှု, ရေနွေးပူလောင်တာ စတာတွေက ဖြစ်စေနိုင်ပါတယ်။ ခွဲစိတ်မှု, ရေနွေးပူလောင်တာ နဲ့ အပ်စိုက်ကုတာမျိုးတွေက ရောဂါကို ပိုဆိုးစေပါတယ်။ပြီးတော့ဒီရောဂါဟာ granulomatosis withpolyangiitis ( Wegenergranulomatosisလိုလည်း သိကြပါတယ်) လို ကိုယ်ခံအားနည်းတာဒါမှမဟုတ် ဆီးချိုရောဂါရှိတာ စတဲ့လူနာတွေမှာပိုဖြစ်တတ်ပါတယ်။ယခုဖော်ပြမည့် အကြောင်းအရာသည် ဆေးပညာ အကြံပြုချက်များ၏ အစားထိုးမဟုတ်ပါ။ နောက်ထပ် သိရှိလိုသည်များအတွက် ဆရာဝန်၊ ကျွမ်းကျင်သူတို့နဲ့ အမြဲတမ်း ဆွေးနွေးတိုင်ပင်ပေးပါ။လူနာရဲ့ရောဂါရာဇဝင်ကို ကြည့်တာ ဒါမှမဟုတ် နားရွက်ကို ကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။ တကယ်လို့ :။ပိုးသတ်ဆေးကို သောက်ဆေးသော်လည်းကောင်း, အကြောတွင်းသွင်းပြီးတော့သော်လည်းကောင်း ကုသနိုင်ပါတယ်။ တကယ်လို့ ပြည်တွေစုနေတယ်ဆိုရငိ ခွဲစိတိပြီး ပြည်တွေထုတ်ပစ်ဖို့နဲ့ ပုပ်နေတဲ့အရေပြား, တစ်ရှူ းတွေကို ဖယ်ပစ်ဖို့လိုပါလိမ့်မယ်။ပြီးတော့ ကုသမှုမှာ :။နားရွက်ရောင်ရမ်းနာ( perichondritis) နဲ့ သင့်တော်တဲ့ နေထိုင်မှုပုံစံတွေက ဘာတွေလဲ?။အောက်ပါ နေထိုင်မှုပုံစံတွေက နားရွက်ရောင်ရမ်းနာ( perichondritis) ရောဂါနဲ့ သင့်တော်ပါတယ်။ဒီရောဂါကို ကာကွယ် နိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ နားအရိုူးနုကို ဖောက်ထွင်းမယ့်ကိစ္စတွေရှောင်တာပါပဲ။ ခေတ်စားနေတဲ့နားဖောက်တဲ့ကိစ္စတွေဟာ ဒီရောဂါဖြစ်နိုင်ချေကိုများစေပါတယ်။သင်သိလိုတဲ့ မေးခွန်းများရှိပါက ပိုမိုသိရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/ear-conditions/perichondritis-%e1%80%94%e1%80%ac%e1%80%b8%e1%80%94%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%a1%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%94%e1%80%af%e1%80%b1%e1%80%9b%e1%80%ac%e1%80%84%e1%80%b9/
အိပ်ရာနာနဲ့ ပတ်သက်လို့ ဘာတွေသိထားဖို့လိုမလဲ
အနာတစ်ခုခုဖြစ်တဲ့အခါ သေချာစောင့်ရှောက်ပေးမှုကမဖြစ်မနေလိုအပ်ပါတယ်။ အနာတွေကို သေချာဂရုမစိုက်ပေးမှုက အနာပိုးဝင်စေတာကနေတဆင့် နောက်ဆက်တွဲ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေရှိလာနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အိမ်မှာ ဒါမှမဟုတ် ဆေးရုံမှာနာတာရှည်ရောဂါတစ်ခုခုခံစားနေတာကြောင့် အချိန်ကြာမြင့်စွာလှုပ်ရှားမှုမရှိဘဲ နေရသူတွေမှာ ဖြစ်တတ်တဲ့အိပ်ရာနာအကြောင်းပြောပြပေးချင်ပါတယ်။အိပ်ရာနာကို ဖိအားကြောင့်ဖြစ်တဲ့ အနာလို့လည်းခေါ်ပါတယ်။ အကြောင်းကတော့အရေပြားကို အချိန်ကြာမြင့်စွာ ဖိအားဖြစ်စေတာကနေ ဖြစ်လာတဲ့အနာဖြစ်နေတာကြောင့်ပါ။အိပ်ရာနာက လူတိုင်းမှာဖြစ်နိုင်တာတော့မဟုတ်ပါဘူး။ရောဂါတစ်ခုခုကြောင့် အိပ်ရာပေါ်မှာ အချိန်ကြာမြင့်စွာလှဲနေရသူတွေ။မတော်တဆမှုတစ်ခုခုကြောင့် လှုပ်ရှားမှု မလုပ်နိုင်ဘဲ အိပ်ရာထဲမှာ လှဲနေရသူတွေ။အိပ်ရာနာအများစုက အရိုးအမာခံတွေရှိနေတတ်တဲ့။အိပ်ရာနာဖြစ်လာတဲ့အခါ။အိပ်ရာနာက ပိုးဝင်ကူးစက်တဲ့အခါ။အိပ်ရာနာ သက်သာစေဖို့အတွက်ဆိုရင်။အရာရာတိုင်းကို မဖြစ်ခင်က ကြီုတင်ကာကွယ်လို့ရတယ်ဆိုတဲ့ စကားက အိပ်ရာနာအတွက်လည်း အကျုံးဝင်ပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/facts-should-know-bed-sores/
သက်သတ်လွတ် စားခြင်းရဲ့ အကျိုးကျေးဇူး
လူတချို့ဟာ အကြောင်းပြချက်မျိုးစုံအတွက်သက်သတ်လွတ်စားကြပါတယ်။ ကျန်းမာရေးအယူအဆ အရသော်လည်းကောင်း၊ ဘာသာရေးယုံကြည်ချက်ကြောင့်သော်လည်းကောင်း၊ မိမိ အတွေးအမြင်အရ သော်လည်းကောင်း သက်သတ်လွတ်စားကြပါတယ်။ တစ်သက်တာစားသုံးသူတွေရှိကြသလို အချိန်ကာလတခုနဲ့ စားကြသူတွေလည်း ရှိပါတယ်။ သက်သတ်လွတ် စားခြင်းရဲ့ အကျိုးကျေးဇူး များအကြောင်း ပြောပြပေးချင်ပါတယ်။သက်သတ်လွတ်စားခြင်းနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေရှိနေပေမယ့်ကျန်းမာရေးအတွက်အကျိုးကျေးဇူးတွေရှိနေသေးတာကိုတော့ ငြင်းမရပါဘူး။ ယခု ဆက်လက်ဖော်ပြမှာကတော့ သက်သတ်လွတ်စားခြင်းအားဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။သက်သတ်လွတ် စားခြင်းရဲ့ အကျိုးကျေးဇူး များကတော့။၁။နှလုံးကျန်းမာရေးအတွက် အကျိုးပြုခြင်း။သက်သတ်လွတ်စားသုံးသူများဟာ နှလုံးရောဂါဖြစ်ပွားနိုင်ခြေမှာ ပုံမှန်လူများထက် သုံးပုံတစ်ပုံလျော့နည်းတယ်လို့ ဆိုပါတယ်။ ရွေးချယ်တဲ့ အစားအသောက်ပေါ်လည်း မူတည်ပါသေးတယ်။ အမျှင်ဓာတ်များတဲ့ အစားအစာတွေ၊ လတ်ဆတ်တဲ့ အသီးအနှံ၊ ပဲအမျိုးမျိုး၊ အခွံမာသီးများ၊ သကြားဓာတ်နည်းတဲ့ အစားအစာများကို ပိုမိရွေးချယ်ရင် နှလုံးရောဂါဖြစ်နိုင်ခြေ လျော့ကျမှာ ဖြစ်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်ပြီး ကိုလက်စထရောလည်း ကျဆင်းနိုင်တာကြောင့် ဖြစ်ပါတယ်။၂။ကင်ဆာရောဂါဖြစ်နိုင်ခြေနည်းခြင်း။အသီးအရွက်ကို အဓိကစားသုံးသူတွေဟာ ကင်ဆာရောဂါတွေ ဖြစ်နိုင်ခြေနည်းပါတယ်။ အသားများစားသုံးခြင်းဟာ ကင်ဆာရောဂါအချို့ကို ဖြစ်နိုင်ခြေမြင့်တက်စေကြောင်း သုတေသနအချို့အရ သိရပါတယ်။အသိသာဆုံးကတော့ အစာအိမ်အူလမ်းကြောင်းနဲ့ ပတ်သက်ပြီး ဖြစ်ပါတယ်။ အသီးအနှံတွေဟာ အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အစာအိမ်အူလမ်းကြောင်း လှုပ်ရှားမှုကို ထိန်းသိမ်းပေးပြီး အစာအိမ်နဲ့အူလမ်းကြောင်းကင်ဆာ ဖြစ်ပွားမှုနှုန်းကို လျှော့ချပေးတယ်လို့ သိရပါတယ်။၃။အမျိုးအစား ၂ ဆီးချိုကို ကာကွယ်ပေးခြင်း။သက်သတ်လွတ်သမားတယောက်ရဲ့ စားသောက်ပုံဟာ အမျိုးအစား ၂ ဆီးချိုနဲ့ ဆက်စပ်ပြဿနာတွေကို ဖြစ်မလာအောင် ကာကွယ်ပေးတယ်လို့ သိရပါတယ်။ သကြားဓာတ်ညွှန်ကိန်း မမြင့်တဲ့ ပဲအမျိုးမျိုး၊ အခွံမာသီး၊ အသီးအနှံတွေဟာ သွေးတွင်းသကြားဓာတ်တွေကို ထိန်းသိမ်းပေးနိုင်ပါတယ်။ စာစောင်တစ်ခုမှာဆိုရင် သက်သတ်လွတ်သမားများဟာ ပုံမှန်လူတွေထက် ဆီးချိုဖြစ်နိုင်ခြေ ထက်ဝက်လျော့နည်းတယ်လို့ သိရပါတယ်။၄။သွေးတိုးကျစေခြင်း။အသားငါး မစားသူတွေဟာ သွေးတိုးရောဂါဖြစ်နိုင်ခြေနည်းကြောင်း သုတေသီတချို့က တွေ့ရှိခဲ့ကြပါတယ်။ တစ်ဖက်မှာလည်း အသီးအရွက်ဗဟိုပြု စားသောက်မှုပုံစံဟာ အသားစားသူတွေထက် သွေးပေါင်ချိန် ပိုပြီးလျော့နည်းတယ်လို့ ဆိုပါတယ်။အပင်တွေကထုတ်လုပ်ထားတဲ့ အစားအစာတွေမှာ သွေးတိုးခြင်းကို အားပေးတဲ့ အဆီဓာတ်၊ ဆိုဒီယမ်နဲ့ ကိုလက်စထရော လျော့နည်းပါတယ်။ ဒါ့အပြင် အသီးအနှံတွေမှာ ကြွယ်ဝတဲ့ ပိုတက်ဆီယမ်ဟာ သွေးတိုးကျစေဖို့ အထောက်အကူပြုပါတယ်။၅။ပန်းနာရင်ကြပ်ကို သက်သာစေခြင်း။သက်သတ်လွတ်စားသူတွေ အထူးသဖြင့် အသီးအရွက်ကိုပဲ အားပြုစားသုံးသူတွေမှာ ရင်ကြပ်အခံရှိနေရင် သက်သာတတ်ကြောင်း သိရပါတယ်။ ဆွီဒင်နိုင်ငံမှာ ပြုုလပ်ခဲ့တဲ့ အဆိုပါသုတေသနမှာ လူပေါင်း ၂၄ ဦးပါဝင်ခဲ့ပြီး ၂၂ဦးဟာ သိသိသာသာ သက်သာခဲ့ကြောင်း၊ သုံးလက်စဆေးတွေအပေါ် မှီခိုမှု လျော့ပါးလာကြောင်း သိရပါတယ်။ ဖြစ်နိုင်ခြေကတော့ အသားငါးများဟာ ဓာတ်မတည့်ခြင်း၊ ရောင်ရမ်းခြင်း စတဲ့ဖြစ်စဉ်တွေအပေါ် တုံ့ပြန်မှုရှိလို့ဆိုပြီး ယူဆကြပါတယ်။ အသီးအနှံတွေမှာ အဆိုပါဖြစ်စဉ် လျော့နည်းပါတယ်။ ဒါပေမယ့် အဆိုပါအချက်ကို အတည်ပြုနိုင်ဖို့ သုတေသနတွေ ပိုမိုလိုအပ်ပါသေးတယ်။၆။အရိုးများကို အထောက်အကူပြုခြင်း။သက်သတ်လွတ်စားသုံးသူများတဲ့ ဒေသတွေမှာ အရိုးပွဖြစ်ပွားမှုနှုန်းနည်းပါးတယ်ဆိုတာ ပညာရှင်များက သတိထားမိခဲ့ကြပါတယ်။ သုတေသနတစ်ခုမှာဖော်ပြချက်အရ အသီးအရွက်နဲ့ နို့ကိုသာ နှစ်ပေါင်းနှစ်ဆယ်လောက် စားသုံးသူတစ်ဦးဟာ အသက် ၈၀ အရွယ်မှာ အရိုးထဲက သတ္တုဓာတ်တွေ ၁၈ ရာခိုင်နှုန်းလောက်ပဲ လျော့နည်းချိန်မှာ သက်တူရွယ်တူ အသားစားသူများမှာ ၃၅ ရာခိုင်နှုန်း လျော့ပါးနေတယ်လို့ ဆိုပါတယ်။………………………………။ယခုဆောင်းပါးမှာ သက်သတ်လွတ်စားခြင်းရဲ့ ကောင်းကျိုးတွေကိုပဲ ဖော်ပြခဲ့ပေမယ့် ဘယ်နေရာမှာမဆို အားနည်းချက် အားသာချက်တွေ ရှိပါတယ်။ အသီးအရွက်တွေကိုပဲ စားသုံးသူတွေမှာဗီတာမင်နဲ့ သတ္တုဓာတ်တချို့ ချို့တဲ့အားနည်းတတ်ပါတယ်။ အစားအစာ အမျိုးအစားကိုလည်း ရွေးချယ်တတ်ဖို့ လိုပါသေးတယ်။အသား၊ ငါးရှောင်ရုံသာဖြစ်ပြီး အာလူးချောင်းကြော်နဲ့ မစ်ရှိတ်တွေကိုပဲ တစ်ချိန်လုံးစားသောက်နေရင်လည်း အာဟာရ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့ သက်သတ်လွတ်စားမယ်ဆို ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ မျှတအောင် ရွေးချယ်စားသုံးဖို့လည်း အရေးကြီးပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/special-diets/health-becoming-vegetarian/
သင့်ရဲ့သုက်ပိုးများကို ဒုက္ခပေးတတ်သော အစားအစာများ
သင့်ရဲ့သုက်ပိုးများကို ဒုက္ခပေးတတ်သော အစားအစာများ က ဘာတွေများလဲ။ ကလေးရယူဖို့ ကြိုးစားတဲ့အခါ အနှောင့်အယှက် ဖြစ်စေတဲ့ အရာတွေ အများကြီးရှိပါတယ်။ မျိုးဥ အရည်အသွေး မကောင်းခြင်း၊ သုက်ပိုး အရည်အသွေး မကောင်းခြင်း စတာမျိုးတွေ ဖြစ်ပါတယ်။ သုတေသနအချို့ရဲ့ အဆိုအရ ကလေးမရနိုင်ခြင်းရဲ့ ၃၀%ခန့်ဟာ ယောက်ျားလေးကြောင့် ဖြစ်ပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေဟာလည်း အကြောင်းအရင်းထဲ ပါဝင်ပါတယ်။ သင့်ရဲ့ သုက်ပိုးများကို ဒုက္ခပေးတတ်တဲ့ အစားအစာတွေကို လေ့လာပြီး ဘေးကင်းအောင် ရှောင်ကြဉ်ပါ။သင့်ရဲ့သုက်ပိုးများကိုဒုက္ခပေးတတ်သော အစားအစာများ ကတော့။စည်သွပ်စားစရာများဟာ BPA ဓါတ်ရဲ့ အကြီးဆုံး ရင်းမြစ်တခုဖြစ်ပါတယ်။ အဲဒီဓါတ်ကို စည်သွပ်ဗူး ထုတ်လုပ်ရာမှာ သုံးပါတယ်။ ဆီးထဲမှာ BPA ပမာဏ မြင့်တက်ခြင်းဟာ အမျိုးသားများရဲ့ သုတ်ပိုး ပုံမှန် စွမ်းဆောင်ရည်ထက် ကျဆင်းခြင်းနဲ့ ဆက်စပ်နေပါတယ်။ စည်သွပ်စားစရာတွေကို လုံး၀ ရှောင်ကြဉ်စရာတော့ မလိုပါဘူး။ သင့်တင့်ရုံလောက်ပဲ စားခြင်းဟာ အမျိုးသားများရဲ့ ကျန်းမာရေးအပေါ် မထိခိုက်နိုင်ပါဘူး။သုတေသီတွေရဲ့ အဆိုအရအမျိုးသားများရဲ့အဆီဓါတ်များပြားတဲ့ စားသောက်မှုပုံစံဟာ သုတ်ပိုးအရေအတွက်ရော သိပ်သည်းမှုကိုပါ ကျဆင်းစေတယ်လို့ သိရပါတယ်။ ပုံပြောင်းဆီများကို လျင်မြန်စွာ အသင့်စားသုံးနိုင်တဲ့ စားစရာတွေထဲမှာ တွေ့ရပြီး သုတ်ပိုးရဲ့ အရည်အသွေးရော အရေအတွက်ပါ ကျဆင်းစေပါတယ်။ ဒါကြောင့် သင်ကလေးရလိုရင် ဒီကိစ္စမှာ အနှောင့်အယှက် ပေးနေတဲ့ ကျန်းမာရေးနဲ့လည်း မညီညွတ်တဲ့ စားစရာတွေကို ရှောင်ကြဉ်လိုက်ပါ။ပဲပိစပ်ပမာဏ အနည်းငယ်ဟာ ကျန်းမာရေးအတွက် အကျိုးရှိပါတယ်။ ဒါပေမယ့် ပဲပိစပ်ကနေ ထုတ်လုပ်ထားတဲ့ တိုဖူး၊ ပဲနို့နဲ့ ပဲအချဉ်တွေကို များများစားစား စားသုံးမယ်ဆိုရင် သုတ်ပိုး အရေအတွက်ကို ကျဆင်းစေပါတယ်။ သုတေသန တခုရဲ့ အဆိုအရ ပဲပိစပ်အများအပြားစားတဲ့ အမျိုးသားများရဲ့ သုတ်ရည်ဟာ လုံးဝမစားတဲ့ အမျိုးသားများထက် ၃၂% လျော့နည်းတယ်လို့ သိရပါတယ်။ ကိုယ်အလေးချိန်များခြင်း၊ အဝလွန်ခြင်းတွေဟာလည်း အဆီဓါတ် များပြားခြင်းကနေ အီစထရိုဂျင်ပမာဏကို မြင့်တက်စေတာကြောင့် ထိခိုက်မှုရှိပါတယ်။ ဒါကြောင့်မို့ ပဲပိစပ် စားသုံးမှုကို လျှော့ချပါ။အမေရိကရဲ့ သုတေသနတခုအရ အဆီပြည့်ဝတဲ့ နို့ထွက်ပစ္စည်းတွေ စားသုံးတဲ့ အမျိုးသားများဟာ မြုံခြင်းဖြစ်နိုင်ခြေ ရှိပါတယ်။ ရေခဲမုန့်၊ ဒိန်ခဲ စတာတွေဟာ သုတ်ပိုးအရေအတွက်ရော အရည်အသွေးပါ လျော့နည်း စေပါတယ်။ နို့ထွက်ပစ္စည်းများကို ဖန်တီးထားတဲ့ ဟော်မုန်းများနဲ့ ပေါင်းစပ်လိုက်ခြင်းဟာ သဘာဝဟော်မုန်း ထုတ်လုပ်ခြင်းကို အမျိုးသားများဆီမှာရော အမျိုးသမီးများဆီမှာပါ ကျဆင်းစေပါတယ်။ နို့ထွက်ပစ္စည်းများမှာပါတဲ့ လက်တစ်အက်ဆစ်ဟာ လိင်စိတ်ဆန္ဒကို ထိခိုက်မှုရှိပါတယ်။ အဆီဓါတ်နည်းတဲ့ နို့ထွက်ပစ္စည်းများကတော့ သုတ်ပိုးများကို အားဖြစ်စေပြီး လှုပ်ရှားမှုလည်း အားကောင်းစေပါတယ်။ ကယ်လ်ဆီယမ်ဟာ လိင်မှုကိစ္စကျန်းမာရေး ပိုမိုကောင်းမွန်သေပါတယ်။ ဒါကြောင်မို့ နို့ကိုအားဖြည့်ထားတဲ့ စားစရာများ အစိမ်းရောင် ဟင်းသိးဟင်းရွက်များကို စားသုံးရပါမယ်။ကြော်ထားတဲ့ စားစရာများ အထူးသဖြင့် အဆင့်ဆင့် ပြုပြင်ထားတဲ့ အသားများကို စားသုံးခြင်းဟာ သုတ်ပိုးအရေအတွက် ကျဆင်းခြင်းနဲ့ ဆက်စပ် နေပါတယ်။ ပြုပြင်ထားတာအများဆုံးဖြစ်တဲ့ ဟမ်ဘာဂါ၊ ဟော့ဒေါ့၊ ဆလာမီ၊ ကြပ်တိုက်ထားတဲ့ စားစရာများ၊ ဝက်အူချောင်း စတာတွေ စားသုံးတဲ့ အမျိုးသားများဟာ သုတ်ပိုးအရေအတွက် လေးပုံတပုံကျဆင်းတယ်လို့ သုတေသနတခုမှာ ဆိုထားပါတယ်။ ကြော်ထားတဲ့ စားစရာတွေဟာ တက်စ်တိုစထရုန်းဓါတ် ပမာဏကို လျော့နည်းစေနိုင်ပြီး သုတ်ပိုးရဲ့ အရည်အသွေးကို ကျစေတဲ့အပြင် ပုံမှန်မဟုတ်တဲ့ သုတ်ပိုးတွေ ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။သင်စားတဲ့ အစားအစာတွေဟာ သင့်မှာရှိတဲ့ သုတ်ပိုးအရေအတွက်၊ ပုံစံကျမကျ၊ ရွေ့လျားနိုင်ခြင်း ရှိမရှိ စတာတွေအတွက် အရေးကြီးတဲ့ကဏ္ဍက ပါဝင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မုနဲ့ နေထိုင်မှုပုံစံတွေဟာ အမျိုးသားများရဲ့ သုတ်ပိုးများ ကျန်းမာရေးကို တိုးတက်ကောင်းမွန် စေပါတယ်။ အထက်ပါ အချက်အလက်များဟာ သင့်ကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ ရွေးချယ်မှုများအတွက် လမ်းညွှန်ပေးနိုင်မှာပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/dairy-intake-and-semen-quality/
ပေါင်ကြားမည်းတဲ့ ပြဿနာ ဘယ်လိုဖြေရှင်းကြမလဲ
ဒီကိစ္စဟာ လူတွေ သတိမထားတတ်တာရော၊ ပြောရမှာ ရှက်ရွံ့စရာကောင်းတဲ့ ကိစ္စတစ်ခုလို့ ခံစားနေရတာကြောင့်ရော သိပ်မပြောကြပါဘူး။ ဒါပေမယ့်ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ လိင်အင်္ဂါနား နီးစပ်နေတဲ့ ပေါင်ကြား (ပေါင်ခြံ) မည်းနိုင်ပါတယ်။ ဒီလိုနဂိုအသားအရောင် ပျောက်ပြီး မည်းလာတာ၊ အရောင်မွဲခြောက်လာတာ ဘာကြောင့်လဲ။ ပေါင်ကြားမည်းတဲ့ ပြဿနာ ဘယ်လိုဖြေရှင်းကြမလဲ ……..။နဂိုတည်းကလည်း ပေါင်ခြံတစ်ဝိုက်မှာ ရှိတဲ့ အရေပြားက မယ်လနင်ဓာတ်တွေ အများအပြား ထုတ်လွှတ်တဲ့အခါ အရေပြားဟာ မူလအရောင်မှိန်လာပြီး အချိန်ကြာလာတာနဲ့အမျှ အမည်းရောင်ကို ပြောင်းသွားတတ်ပါတယ်။ ကျန်းမာရေးအရ ပြဿနာကြီးကြီးမားမား မရှိပေမယ့် ကမ်းခြေတွေ သွားလို့ အတိုအပြတ်တွေ ဝတ်တဲ့အခါမှာ ရှက်စရာ၊ ကိုယ့်စိတ်ထဲမှာ မလုံခြုံသလို ခံစားရနိုင်ပါတယ်။၁။ လမ်းလျှောက်ချိန်၊အားကစားလုပ်ချိန်မှာ အသားချင်း ပွတ်တိုက်မိတာ၊။၂။ အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန်၊ရာသီလာချိန်၊ မိခင်နို့တိုက်ချိန်မှာ ဟော်မုန်းအပြောင်းအလဲ ဖြစ်တာ၊။၃။ တချို့သောဓာတုကုထုံးတွေ၊ ပဋိဇီဝဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရတာ၊။၄။ နေရောင်ခြည်နဲ့ ထိတွေ့လွန်းတာ၊။၅။အသားအရေ ခြောက်တာ၊။၆။ အဝတ်တွေ အထူးသဖြင့် ဘောင်းဘီကို ကျပ်နေအောင် ဝတ်တတ်တာ၊။၇။ တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းတာ၊။၈။ဆီးချိုရောဂါနဲ့ အရေပြားရောဂါတွေကြောင့်လည်း ပေါင်ခြံ မည်းတဲ့ ပြဿနာ ကြုံလာနိုင်ပါတယ်။ပေါင်ကြားမည်းတဲ့ ပြဿနာ ဒီလို ဖြေရှင်းပါ။၁။ ရေချိုးတဲ့အခါ သေချာဆေးကြောပါ။၂။ ကျပ်လွန်းတဲ့ အဝတ်အစားတွေကို သိပ်မဝတ်ပါနဲ့။ ချောင်ချောင်ချိချိ အဝတ်အထည်တွေ၊ လေဝင်လေထွက် ကောင်းမယ့် အဝတ်အစားတွေ များများ ဝတ်ပါ။၃။အတွင်းခံတွေကိုလည်း ကျပ်နေအောင် မဝတ်ပါနဲ့။ ပွတ်တိုက်ဖန်များပြီး ချွေးတွေ ထွက်လာတဲ့အခါ အရေပြား မည်းလာနိုင်သလို ရောဂါပိုးတွေ ပိုပြီး အောင်းနိုင်ပါတယ်။၄။လိင်အင်္ဂါတစ်ဝိုက်ကို မကြာခဏ အမွေးအမျှင်ရိတ်ခြင်း၊ wax လုပ်ခြင်း မပြုလုပ်ပါနဲ့။၅။ ပေါင်ခြံကို Scrubအကြမ်းစားတွေနဲ့ မကြာခဏ တိုက်တာမျိုးကို ရှောင်ပါ။ Moisturizer လိမ်းပေးပါ။၁။ အုန်းဆီနဲ့ သံပုရာရည်။သံပုရာရည်မှာ ပါဝင်တဲ့ ဗီတာမင် C နဲ့ အုန်းဆီရဲ့ အရေပြားကို အစိုဓာတ်ထိန်းပေးနိုင်တဲ့ အစွမ်းသတ္တိဟာ ပေါင်ခြံမည်းတဲ့သူတွေအတွက် အကောင်းဆုံး ဖြေရှင်းလို့ ရတဲ့ နည်းလမ်းတွေထဲက တစ်မျိုးပါပဲ။အုန်းဆီ ၂ဇွန်းလောက်ကို သံပုရာသီး တစ်ဝက်ညှစ်ပြီး ရောမွှေပါ။ မည်းနေတဲ့ အရေပြားကို ၁၀ မိနစ်ခန့် စက်ဝိုင်းပုံစံ နှိပ်နယ်ပေးပါ။ ပြီးရင် ရေနဲ့ ပြောင်စင်အောင် ဆေးပေးပါ။၂။ သကြား scrub။သကြားဟာ အရေပြားအပေါ်ယံက ပျက်စီးနေတဲ့ ဆဲလ်အသေတွေကို ကွာကျစေပါတယ်။ မည်းပြီး ကြမ်းတမ်းပျက်စီးနေတဲ့ အရေပြားအတွက် အလွန်သင့်လျော်တဲ့ နည်းလမ်းလေးပါ။သံပုရာရည်၊ သကြား တစ်ဇွန်းနဲ့ ပျားရည် တစ်ဇွန်းကို သမအောင် ရောမွှေပြီး ပေါင်ခြံကို ပွတ်လိမ်းပေးပါ။ ၅မိနစ်လောက် နေရင် ရေနဲ့ ပြောင်စင်အောင် ဆေးကြောပေးလိုက်ရုံပါပဲ။၃။ ရှားစောင်းလက်ပက် ဂျယ်လ်။ရှားစောင်းလက်ပက်ဟာ အရေပြား အလှအပအတွက် အစွမ်းထက် ဆေးပစ္စည်းတစ်မျိုးပါပဲ။ အသားအရေ လှပစေတဲ့ နေရာမှာရော၊ ပျက်စီးနေတဲ့ အသားအရေကို ပြန်လည်ပြုပြင်ဖို့ အလွန်အာနိသင်ကောင်းတာကြောင့် အသားအရေထိန်းသိမ်းတဲ့ အလှကုန်ပစ္စည်းတွေမှာ ထည့်သွင်းအသုံးပြုလာကြပါတယ်။ရှားစောင်းလက်ပက်ကရတဲ့ ဂျယ်လ်ကို အရေပြားပေါ်မှာ ပွတ်လိမ်းပေးရုံနဲ့ မှိန်နေတဲ့ အသားအရောင်ဟာ ပြန်ပြီး ဝင်းပလာနိုင်ပါတယ်။ ဒီတိုင်းလိမ်းထားလို့လည်း ရသလို အသုံးပြုပြီးတဲ့အချိန်မှာ ရေနဲ့ ပြန်ဆေးပေးလို့လည်း ရပါတယ်။၄။ အာလူးစိတ်။အရောင်မှိန်နေတဲ့ နေရာ၊ မည်းနေတဲ့ အသားအရေပေါ်မှာ အာလူးကို မထူ မပါး လှီးစိတ်ပြီး အနည်းဆုံး ၁၅မိနစ်ခန့် စက်ဝိုင်းပုံစံ ပွတ်ပေးပါ။ ပြီးရင် ရေနဲ့ သေချာဆေးပေးပါ။အာလူးမှာ ပါဝင်တဲ့ အင်ဇိုင်းဟာ အရေပြားကို ဝင်းပလာစေပြီး မည်းညစ်နေတဲ့ နေရာတွေကိုလည်း ပြန်လည်ဖြူလာစေတဲ့ အစွမ်းသတ္တိတွေ ပါဝင်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/treating-dark-inner-thighs/
ဇင့်ဓာတ်နဲ့ အမျိုးသားကျန်းမာရေး
ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့  ခုခံအားစနစ်၊ အင်မ်ဇိုင်းတွေ ပုံစံတမျိုးမှ တမျိုး ပြောင်းလဲခြင်း၊ ဆဲလ်အတွင်းသို့ အစာအာဟာရများစုပ်ယူခြင်း နဲ့ ပရိုတင်းဓာတ်ကို ဖြိုခွဲခြင်း အစရှိတဲ့ လုပ်ငန်းဆောင်တာတွေမှာ ဇင့်ဓာတ်ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဇင့်ဟာ အမျိုးသားအားကို တိုးပွားစေပြီးမျိုးအောင်မှုကို အားပေးကူညီပေးပါသေးတယ်။ ဒီတော့  ဇင့်ဓာတ်နဲ့ အမျိုးသားကျန်းမာရေး အကြောင်းလေး လေ့လာလိုက်ရအောင်နော်။ကျွန်တော်တို့ ခန္ဓာကိုယ်အတွင်းမှာ ဇင့်ဓာတ်ကို သိုမှီးထားနိုင်ခြင်းမရှိတဲ့အတွက် နေ့စဉ်လိုအပ်တဲ့ ဇင့်ဓာတ် ပမာဏကို ပြည့်မှီစွာ ရရှိနိုင်ဖို့ အစားအစာ ဒါမှမဟုတ်ဖြည့်စွက်စာတွေက တဆင့် ဖြည့်တင်းပေးရမှာ ဖြစ်ပါတယ်။ မြေပဲ၊ ကမာ၊ အနက်ရောင် ချောကလက်၊ အနီရောင်အသားတွေနဲ့ ကိုကာအမှုန့်တွေဟာ ဇင့်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်ပါတယ်။အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်အတွင်းရှိမျိုးပွားဟော်မုန်းတွေဖြစ်တဲ့ estrogen နဲ့ progesterone တို့ကို သုံးစွဲဖြိုခွဲပစ်ဖို့ ဇင့်ဓာတ်က ကူညီပေးပါတယ်။ ဇင့်ဓာတ်ချို့တဲ့တဲ့အခါ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ဟော်မုန်းပမာဏတွေ မညီမမျှဖြစ်လာစေပါတယ်။ အကျိုးဆက်အနေနဲ့ သားဥအိမ်မူမမှန်စွာ ဖွံ့ဖြိုးလာတာမျိုး ဒါမှမဟုတ် ဓမ္မတာ ပုံမမှန်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်အတွင်းမှာ ဇင့်ဓာတ်နည်းပါးတဲ့အခါ ပရိုတင်းဓာတ်ကို ခန္ဓာကိုယ်ကနေ စုပ်ယူမှုနည်းပါးလာတဲ့အတွက် သားဥတွေရဲ့ အရည်အသွေးကို လျော့ကျစေပါတယ်။အမျိုးသားတွေမှာ ဇင့်ဓာတ်ဟာသုက်ကောင်ပမာဏအပေါ် လွှမ်းမိုးမှုရှိတယ်လို့ ယုံကြည်ရပါတယ်။ ဘာလို့လဲဆိုတော့ သုက်ရည်ထဲမှာ ဇင့်ဓာတ်များပြားစွာ ပါဝင်တဲ့အတွက် ဖြစ်ပါတယ်။ ဒါ့အပြင် သုက်ကောင်ရဲ့ အပြင်ဖက်အလွှာနဲ့ အမြီးကို တည်ဆောက်ဖွဲ့စည်းဖို့အတွက် ဇင့်ဓာတ်ကို မရှိမဖြစ် လိုအပ်ပါသေးတယ်။ ဒါကြောင့် အမျိုးသားတယောက်အနေနဲ့ ဇင့်ဓာတ်ချို့တဲ့နည်းပါးနေပြီဆိုရင် သုက်ကောင်ရဲ့ အရေအတွက်နဲ့ အရည်အသွေးကို ဆိုးရွားစွာ ထိခိုက်စေပါလိမ့်မယ်။ဇင့်ဓာတ်သာ မရှိခဲ့ဘူး၊ မလုံလောက်ခဲ့ဘူးဆိုရင် သုက်ကောင်လေးတွေအနေနဲ့ မိန်းမကိုယ်နဲ့ သားအိမ်ခေါင်းတို့ကို ဖြတ်ပြီး သားအိမ်ထဲဝင်ရောက်ကာ မျိုးအောင်ခြင်းလုပ်ငန်းကို ဆက်လက်လုပ်ဆောင်ဖို့ အင်အားနဲ့ လှုပ်ရှားနိုင်စွမ်းလည်း ရှိလာမှာ မဟုတ်ပါဘူး။ ဇင့်ဓာတ်ချို့တဲ့ခြင်းဟာ သုက်ကောင်မှာခရိုမိုဆုမ်းမူမမှန်ခြင်းနဲ့ အပြစ်အနာအဆာကိုပါ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မျိုးအောင်ခြင်းနဲ့ သန္ဓေသားကပ်တွယ်ခြင်းတို့ ဖြစ်ပေါ်ခဲ့မယ်ဆိုရင်တောင် သားပျက်သားလျှောဖြစ်ဖို့ အခွင့်အလမ်းတွေကို များစေပါတယ်။ တနေ့ကို ဇင့်ဓာတ် ၁၅ မီလီဂရမ်လောက် စားသုံးပေးရင်ပဲ ပတ်ဝန်းကျင်ကနေ စုပ်ယူထားတဲ့ အန္တရာယ်ရှိ ဓာတုပစ္စည်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ သုက်ကောင်ထိခိုက်ပျက်စီးမှုတွေကို ပြန်လည်ပြုပြင်ပေးနိုင်တယ်လို့ အာဟာရပညာရှင်တွေက ဆိုပါတယ်။ဇင့်ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာတွေကတော့။မီးအပူနဲ့ ချက်ပြုတ်ခြင်း၊ အပူပေးခြင်းတို့က အစားအစာမှာ ပါဝင်တဲ့ ဇင့်ဓာတ်ပမာဏကို တဝက်လောက်လျော့ကျစေပါတယ်။ ဒါကြောင့် ဇင့်ဓါတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားတဲ့အခါ မီးပြင်းပြင်းနဲ့ မချက်ဖို့ အလွန်ပဲ အရေးကြီးပါတယ်။ဇင့်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို မစားတာတမျိုးတည်းကြောင့် ဇင့်ဓာတ်ချို့တဲ့ရတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ နေ့စဉ်နေထိုင်သွားလာမှုပုံစံကလည်း များစွာ အကျိုးသက်ရောက်မှုရှိနေပါတယ်။တကယ်လို့ သင့်အနေနဲ့ ဇင့်ဓာတ် ဖြည့်စွက်အားဆေးတွေ အသုံးပြုမယ်ဆိုရင် တနေ့ကို ၃၀ မီလီဂရမ်ထက် ပိုပြီး သုံးစွဲခြင်း မပြုဖို့ ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူတွေက အကြံပြုပါလိမ့်မယ်။ ဒါ့အပြင် ကော့ပါးဓာတ်ဖြည့်စွက်ဆေးနဲ့လည်း တွဲဖက်ပြီး သုံးစွဲသင့်ပါတယ် (တနေ့ကို ၁.၅ မီလီဂရမ်လောက် သုံးစွဲရလေ့ရှိပါတယ်)။ တချို့ ဇင့်ဓာတ် ဆေးပြားတွေမှာ ကော့ပါးဓာတ်ပါ တခါတည်း ပါဝင်ပြီးသားဖြစ်တဲ့အတွက် သုံးစွဲဖို့ အင်မတန်လွယ်ကူအဆင်ပြေပါလိမ့်မယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/zinc-and-men-health/
နှာခေါင်း မှာ အဖြစ်များတဲ့ ရောဂါတွေက ဘာတွေလဲ။
နား၊ နှာခေါင်း ၊ လည်ချောင်းရောဂါတွေထဲမှာ နှာခေါင်းမှာလည်း ရောဂါပေါင်းစုံဖြစ်တတ်ပါတယ်။ သာမန်အနံ့ပျောက်ရာကစလို့ နှာခေါင်းအသားပို၊ ကင်ဆာတွေအထိ မျိုးစုံဖြစ်နိုင်ပါတယ်။နှာခေါင်းရောဂါတွေရဲ့ လက္ခဏာတွေက သာမန်လက္ခဏာတွေပဲ ဖြစ်တာကြောင့် ရောဂါတစ်ခုရယ်လို့ သတိမထားမိတတ်ကြပါဘူး။ ဒါပေမယ့် အဖြစ်များတဲ့ ရောဂါတွေနဲ့ သူတို့ရဲ့ လက္ခဏာတွေကိုတော့ သိထားဖို့လိုပါတယ်။ ဒါမှစောစောစီးစီး ကုသမှု ခံယူနိုင်မှာပါ။အနံ့ရနိုင်တဲ့နည်း နှစ်နည်းရှိပါတယ်။-နှာခေါင်းကနေရှူပြီးရတဲ့ အနံ့ရယ်။-ပါးစပ်ထဲကနေ ဆန်တက်လာတဲ့ အနံ့ရယ်ဆိုပြီးတော့ ရှိပါတယ်။ ( ပါးစပ်ကနေ တစ်ခုခုကို ဝါးလိုက်ရင် အရသာတင် ရတာမဟုတ်ပါဘူး။ အနံ့လည်း ရပါတယ်။ ဒါကြောင့် အနံ့အရသာနဲ့ ပြည့်စုံတယ်လို့ ပြောကြတာပါ။ ဒါ့ပြင်အနံ့မရတဲ့သူက အရသာပါ မရတော့ဘူးဆိုပြီးလည်း ပြောတတ်ကြပါသေးတယ်။  )။နှာခေါင်း ကနေ အနံ့ဘယ်လိုရသလဲဆိုတာ ကြည့်ရအောင်။ပန်းတစ်ပွင့်ကို ရှိုက်ရှူလိုက်တယ်ဆိုပါစို့။ ပန်းမှာရှိတဲ့ အနံ့မော်လီကျူးလေးတွေက နှာခေါင်းထဲမှာရှိတဲ့ olfactory cleftလို့ ခေါ်တဲ့ နေရာလေးကို ရောက်သွားပါတယ်။ အဲ့ဒီနေရာမှာရှိတဲ့ olfactory epitheliumလို့ ခေါ်တဲ့ အချွဲအမြေးပါးလေးမှာ အနံ့မော်လီကျူးလေးတွေ ပျော်ဝင်သွားပါတယ်။ဒီလိုရှိုက်ရှူတာကို ကူညီပေးတာကတော့turbinatesလို့ ခေါ်တဲ့ တွန့်ခေါက်နေတဲ့ နေရာလေးတွေပါပဲ။ ဒါလေးတွေက ဝင်လာတဲ့ လေကို လမ်းကြောင်းတည့်မတ်အောင်၊ နွေးအောင် လုပ်ပေးရုံတင်မကဘဲ လေကိုပါ စစ်ထုတ်ပေးနိုင်ပါတယ်။ ရှိုက်ပြီး ရှူသွင်းလိုက်မယ်ဆိုရင် လေများများပိုဝင်ပြီး အနံ့လည်း ပိုရပါတယ်။အချွဲအမြှေးပါးမှာ ပျော်ဝင်နေတဲ့ အနံ့မော်လီကျူးတွေက အမြှေးပါးအနှံ့ကို ပျံ့သွားပြီးအမွေးနုလေးတွေကို သွားတွယ်ပါတယ်။ ဒီအမွေးနုလေးတွေမှာ လက်ခံဆဲလ်တွေ ရှိနေတာကြောင့် အနံ့မော်လီကျူးတွေက လက်ခံဆဲလ်နဲ့ ချိတ်ပြီးသား ဖြစ်သွားပြီး အချက်ပြလှိုင်းတွေ ထုတ်ပေးပါတော့တယ်။ဒီလှိုင်းတွေကို အာရုံကြောသေးသေးလေးတွေက သယ်ဆောင်ပြီး ဦးခေါင်းခွံအောက်ခြေမှာရှိတဲ့ ဇကာပုံစံအရိုးပြားဆီကို ရောက်သွားပါတယ်။ အာရုံကြောသေးသေးလေးတွေ စုပေါင်းလိုက်တဲ့ အခါမှာတော့အနံ့ခံအာရုံကြောကြီး ဖြစ်သွားပါတယ်။ ဒီအာရုံကြောကနေမှတဆင့် ဦးနှောက်အရှေ့ဘက်မှာရှိတဲ့ အနံ့ခံအာရုံဖု olfactory bulbဆီရောက်သွားပါတယ်။အနံ့ခံအာရုံဖုကနှာခေါင်းတစ်ပေါက်စီအတွက် တစ်ခုစီ စုစုပေါင်း နှစ်ခုရှိပါတယ်။ အနံ့ခံအာရုံဖုရဲ့ တာဝန်ကတော့ သူ့ဆီရောက်လာတဲ့ အနံ့တွေကို အမျိုးအစားခွဲပေးပြီး ဦးနှောက်ရဲ့ တခြားနေရာတွေဆီကို ပို့ပေးပါတယ်။လူတွေရဲ့ နှာခေါင်းမှာ အနံ့ခံ လက်ခံဆဲလ်ပေါင်း ၁၂သန်းရှိပြီး အနံ့ပေါင်း တစ်သောင်းလောက်ကို ခွဲခြားပေးနိုင်ပါတယ်။ ခွေးတွေမှာ ဆိုရင်တော့ မျိုးစိတ်ကို လိုက်ပြီး လက်ခံဆဲလ်ပေါင်း သန်း ၁၀၀ကနေ ၂၀၀လောက်ထိ ရှိနိုင်ပါတယ်။ နောက်တစ်ချက်က အနံ့ပြင်းလေလေ၊ အနံ့ကို ရှိုက်ရှူလေလေ အနံ့ခံအာရုံဖုဆီ များများရောက်လေလေ အနံ့ပိုရလေလေပါပဲ။အနံ့မရတဲ့သူက အရသာပါ လိုက်ပျောက်တတ်ပါတယ်။ ဗိုင်းရပ်စ်ပိုးဝင်ပြီး နောက်ဆက်တွဲ အနေနဲ့အနံ့ပျောက်တာ (ဥပမာ ကိုဗစ်၊ တုပ်ကွေး) ဖြစ်နိုင်သလို ဦးခေါင်းထိခိုက်မိတာ၊ စွဲသောက်နေတဲ့ ဆေးတွေကြောင့်မရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အကြောင်းရင်းပေါ်မူတည်ပြီး ကုသမှုပေးရပါတယ်။နှာခေါင်း သွေးလျှံစေတဲ့ အဓိက အကြောင်းရင်းနှစ်ချက်ကတော့ ရှူတဲ့လေခြောက်သွေ့တာနဲ့ နှာခေါင်းနှိုက်တာပဲဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာ၊ ထိပ်ကပ်နာ၊ သွေးရောဂါ၊ ပြင်ပပစ္စည်းတစ်ခုခု ဝင်နေတာ၊ နှာနုရိုးစောင်းနေတာ စတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် နှာခေါင်းသွေးလျှံလာရင် အရင်သွေးတိတ်အောင် လုပ်ပါ။ သွေးမတိတ်ရင်၊ ခဏခဏလျှံနေရင် ဆရာဝန်နဲ့ ပြသပါ။နှာရည်ယိုတယ်ဆို အရောင်ကို သေချာကြည့်ပါ။ သာမန်ပဲ ဒါမှမဟုတ် ဓာတ်မတည့်တာကြောင့်ဆိုရင် အကြည်ရောင်ပါ။ အဖြူဆိုရင် အအေးမိတာ၊ ထိပ်ကပ်နာ ဖြစ်တတ်ပါတယ်။ အစိမ်းတို့၊ အဝါတို့ဆိုရင် ဘက်တီးရီးယားပိုးဝင်တာပါ။ အနီ၊ အညိုဆိုရင်တော့ နှာရည်နဲ့ သွေးနဲ့ ရောတာ ဖြစ်နိုင်ပါတယ်။ အမည်းရောင်ကတော့ ဆေးလိပ်သောက်တဲ့သူတွေ၊ မှိုပိုးဝင်တဲ့ သူတွေမှာ တွေ့ရပါတယ်။နှာနုရိုးစောင်းပြီး နှာခေါင်းပေါက် နှစ်ဖက် မညီတာမျိုးပါ။ မွေးရာပါလည်း ဖြစ်နိုင်သလို၊ ထိခိုက်မိလို့ နှာနုရိုးကျိုးပြီး စောင်းနေတာလည်း ဖြစ်နိုင်ပါတယ်။  နည်းနည်းပါးပါးစောင်းတာဆို မသိသာပေမယ့် တော်တော်ကြီးစောင်းနေမယ်ဆိုရင် နှာခေါင်းတစ်ဖက်ပိတ်တာ၊ အိပ်တဲ့အခါ အသက်ရှူသံပြင်းတာ၊ မျက်နှာနာတာ၊ တစ်ဖက်တည်းစောင်းအိပ်တာစတဲ့ လက္ခဏာတွေပြပါတယ်။ မျက်နှာထိခိုက်မိပြီးလို့ ဒီလက္ခဏာတွေရှိနေရင်  နှာနုရိုးကို တစ်ချက်စစ်ကြည့်ပါ။နှာခေါင်းအသားပိုက လူငယ်နဲ့ လူလတ်ပိုင်းအရွယ်မှာ အတွေ့ရများပါတယ်။ ဘာကြောင့်ဖြစ်သလဲဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။ နာတာရှည်ထိပ်ကပ်နာနဲ့ တွဲတွေ့ရတတ်ပါတယ်။ ဒါကြောင့် ဘာကြောင့်မှန်းမသိဘဲ အချိန်ကြာကြာ နှာရည်ယို၊ နှာပိတ်မယ်၊ မျက်နှာတွေ တင်းပြီး နာနေမယ်၊ အနံ့အရသာတွေ ပျောက်သွားမယ်ဆိုရင် နှာခေါင်းအသားပိုကို သတိထားသင့်ပါတယ်။နှာခေါင်းပတ်လည်မှာ လေအိတ်လေး ၄စုံရှိပါတယ်။ ဒီလေအိတ်လေးတွေထဲကို ပိုးဝင်သွားတဲ့အခါ ထိပ်ကပ်နာဆိုတာ ဖြစ်လာပါတယ်။ နှာပုပ်ရည်တွေ ကျပြီး နှခေါင်းနဲ့ မျက်လုံးနားက အရိုးလေးတွေ တင်းပြီး နာနေတတ်ပါတယ်။ များသောအားဖြင့် အအေးမိတာက စပြီး ဖြစ်တတ်ပါတယ်။ ၁၂ပတ်ကျော်ရကင်တော့ နာတာရှည် ထိပ်ကပ်နာလို့ သတ်မှတ်ပါတယ်။လေထဲက ပါလာတဲ့ အမှုန်အမွှားတွေ၊ အနံ့ပြင်းပြင်းတွေ၊ စားစရာတွေ၊ ဆေးတွေ၊ ရာသီဥတုအပြောင်းအလဲကြောင့် ဖြစ်တတ်ပါတယ်။ Nonallergic rhinitisလို့ ခေါ်ပါတယ်။ သာမန်နှာရည်ယို၊ နှာပိတ်တာလောက်ပဲ ဖြစ်ပါတယ်။ ဓာတ်မတည့်တာကြောင့်  ဖြစ်တာမဟုတ်လို့ နှာခေါင်းယားတာ၊ လည်ချောင်းယားတာ မဖြစ်ပါဘူး။နှာခေါင်း မှာလည်း ရောဂါပေါင်းစုံဖြစ်နိုင်ပြီး လက္ခဏာတွေက ဆင်တူလေးတွေပါ။ ဒီထဲက လက္ခဏာတစ်ခုခုကို အချိန်ကြာကြာခံစားနေရရင် ဆရာဝန်နဲ့ ပြသပြီး ရောဂါရှာဖွေ ကုသသင့်ပါတယ်။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/nose-conditions/nose-conditions/
ကဖိန်းဓာတ်အကြောင်း ယုံတမ်းစကားတွေဟာ တကယ်မှန်ကန်ရဲ့လား
ကဖိန်းဓာတ်(Caffeine) လို့ ဆိုလိုက်ရင် ကော်ဖီကို အရင်ဆုံးပြေးမြင်ကြမယ်ထင်တယ်။ ကဖိန်းဓာတ်က ကော်ဖီစေ့နဲ့ ကော်ဖီမှာတင်မကပါဘူး။ ဆိုဒါလိုအချိုရည်တွေ၊ချောကလက်တွေ၊ အားဖြည့်အချိုရည်တွေနဲ့ လက်ဖက်ရည်အမျိုးမျိုးတွေမှာလည်း ပါရှိနေပါတယ်။ တစ်ချို့သော ကိတ်မုန့်တွေ၊ ပေါင်မုန့်တွေ၊ ကွတ်ကီးတွေလိုအရာတွေမှာလည်း ကဖိန်းဓာတ်ပါဝင်နေတတ်ပါသေးတယ်။ပြောရမယ်ဆိုရင် ကဖိန်းဓာတ်ပါဝင်နေတဲ့ အစားအစာတွေနဲ့ အဖျော်တွေဟာ လူကြိုက်များတဲ့ အစားအစာတွေဖြစ်နေတတ်တာများပါတယ်။ဒီလို လူကြိုက်များတဲ့အစားအစာတွေမှာ ပါရှိနေတတ်တဲ့ ကဖိန်းဓာတ်ဟာ စွဲလန်းစေတတ်တယ်၊ အိပ်မပျော်တဲ့ ဝေဒနာကို ဖြစ်စေတတ်တယ်ဆိုတာလိုမျိုး ယူဆခံရလေ့ရှိပါတယ်။ တစ်ချို့ကျတော့လည်း ဒီလို ယူဆချက်မျိုးတွေကို လက်မခံချင်တတ်ကြပါဘူး။ ကြိုက်တာကိုး။ဒါဆိုရင် ဒီယုံတမ်းပြောဆိုမှုတွေဟာ တကယ်မှန်ကန်မှုရှိရဲ့လား? မှားနေတာများလား? ဆိုတာကို သိနားလည်ဖို့တော့ လိုလာပါပြီ။ ဒီဆောင်းပါးလေးကနေတဆင့် အမှန်၊ အမှားကို လေ့လာကြည့်ရအောင်။ကဖိန်းဓာတ်က စွဲလမ်းစေသလားဆိုရင် စွဲလမ်းတယ်ဆိုတာကို လူတစ်ဦးချင်းစီးအလိုက် ဘယ်လို အဓိပ္ပာယ်ဖွင့်မလဲဆိုတာပေါ် မူတည်တယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။ ကဖိန်းဓာတ်က အာရုံကြောစနစ်ကို တက်ကြွစေပြီးတော့ ကော်ဖီလိုအရာတွေကို ပုံမှန်မှီဝဲပေးမယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာ အပြုအမူတွေကို အတန်ငယ် ပေါ့ပါးလွတ်လပ်စေပါတယ်။ဒါပေမယ့် ကော်ဖီတွေ အများကြီးသောက်လို့မူးယစ်ဆေးဝါးလို မသုံးရမနေနိုင် ဆိုးဆိုးရွားရွား စွဲလမ်းရူးသွပ်သွားတာမျိုးတော့ မဖြစ်နိုင်ပါဘူး။ သတိထားဖို့ လိုတာက ကဖိန်းဓာတ်လွန်ကဲလာမယ်ဆိုရင် ခေါင်းကိုက်တာ၊ မောပန်းနွမ်းနယ်တာ၊ စိတ်သောကများတာ၊ စိတ်ဖိစီးမှုများတာ၊ စိတ်ကသိအအောက်ဖြစ်တတ်တာနဲ့ အာရုံစူးစိုက်ရခက်တာတွေ ဖြစ်တတ်တာမို့ သတိထားဖို့ သင့်ပါတယ်။လူ့ခန္ဓာကိုယ်က ကဖိန်းဓာတ်ကို လွယ်လွယ်ကူကူစုပ်ယူနိုင်ပါတယ်။ ဒါပေမယ့် လျင်လျင်မြန်မြန်လည်း ခြေဖျက်ပစ်နိုင်ပါတယ်။ လုပ်ဆောင်ချက်ဟာ အဓိကအားဖြင့် ကျောက်ကပ်ထဲမှာသာ ဖြစ်ပျက်သွားတာဖြစ်ပါတယ်။ ချွင်းချက်အနေနဲ့ တစ်ချို့သော ကဖိန်းဓာတ်တွေကတော့ ခန္ဓာကိုယ်ထဲမှာ ကျန်နေတတ်ပါတယ်။တစ်နေ့ကို ကော်ဖီ ၂ ခွက်လောက်သောက်သုံးရုံနဲ့ သင့်ရဲ့ ညအိပ်ချိန်ကို နှောင့်ယှက်နိုင်ဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ သတိထားရမှာက ကော်ဖီ၊ ဒါမှမဟုတ် ကဖင်းဓာတ်ပါဝင်တာတွေကို အိပ်ယာဝင်ချိန်နဲ့ ၆ နာရီဝန်းကျင် ခွာပြီး မှီဝဲဖို့တော့ လိုအပ်ပါတယ်။နေ့စဉ်လိုအပ်ချက်ပမာဏဖြစ်တဲ့ ကဖိန်းဓာတ် ၃၀၀ မီလီဂရမ် သို့မဟုတ် ကော်ဖီ ၃ ခွက်သောက်သုံးတာဟာ ခန္ဓာကိုယ်ကို မထိခိုက်စေနိုင်ပါဘူး။ ဒီထက်ပိုပြီး များပြားတဲ့ပမာဏမျိုးကို အသုံးပြုနေမယ်ဆိုရင်တော့ ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ သွေးတိုးဝေဒနာရှိတဲ့သူတွေအနေနဲ့ဆိုရင်တော့ ထိခိုက်နိုင်ခြေပိုများပါတယ်။ဒါပေမယ့် အရိုးပွရောဂါဖြစ်ဖို့ဆိုရင် တစ်နေ့တည်းနဲ့ ကဖိန်းဓာတ် ၇၄၄ မီလီဂရမ်လောက် မှီဝဲမှဖြစ်နိုင်ခြေရှိမှာပါ။ ဒီပမာဏလောက် မှီဝဲမယ်ဆိုရင်တော့ ဆီးထဲမှာ ကယ်လ်ဆီယမ်ဓာတ်မြင့်တက်လာတာနဲ့ မဂ္ဂနီဆီယံဆုံးရှုံးတာတွေဖြစ်နိုင်ပါတယ်။နှလုံးနဲ့ သွေးတိုးကတော့ ကော်ဖီနဲ့ဓာတ်မတည့်မှုဝေဒနာရှိသူတွေမှာဖြစ်သာ ဖြစ်နိုင်ခြေများတဲ့ အခြေအနေပါ။ ကော်ဖီသောက်လို့ ကင်ဆာဖြစ်နိုင်ခြေကတော့ လေ့လာချက်တွေအရ ဘာသက်သေအထောက်အထားမှ မရှိပါဘူး။ကော်ဖီနဲ့ ကိုယ်ဝန်ဆောင်မိခင်ကို ထိခိုက်နိုင်ခြေက ဆက်စပ်မှုဘာမှမရှိပါဘူး။ တစ်နေ့ကို ကော်ဖီတစ်ခွက် ဒါမှမဟုတ် ကဖိန်းဓာတ် ၂၀၀ မီလီဂရမ်လောက်ပဲ မှီဝဲသင့်တယ်လို့တော့ လမ်းညွှန်ထားကြပါတယ်။ကဖိန်းဓာတ်က ဆီးသွားချင်စိတ်ကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ရေဓာတ်ဆုံးရှုံးမှုကိုဖြစ်စေတဲ့ အကြောင်းအရင်းတော့ မဟုတ်ဘူးလို့ လေ့လာချက်တွေက ဆိုပါတယ်။၂၀၀၄ ခုနှစ်က လေ့လာချက်တစ်ခုအရဆိုရင် အသက် ၆ နှစ်ကနေ ၉ နှစ်ကြား ကလေးတွေဟာ တစ်နေ့ကို ကဖိန်းဓာတ် ၂၂ မီလီဂရမ်ဝန်းကျင်သာ မှီဝဲစေသင့်ပါတယ်တဲ့။ ခွန်အားဖြည့်အချိုရည်တွေ၊ ကော်ဖီတွေ၊ ချောကလက်တွေ ခေတ်စားနေတဲ့ ဒီခေတ်မှာ ဒီပမာဏထက်ပိုပြီး ကျွေးမွေးမိဖို့က သေချာနေတဲ့အရာပါ။ငယ်ရွယ်စဉ်ကတည်းက ကဖိန်းဓာတ်မှီဝဲမှုများနေတဲ့ ကလေးတွေဟာ ကြီးပြင်းလာချိန်မှာ အဝလွန်တာဖြစ်ဖို့ အလွန်နီးစပ်တာမို့ သတိထားသင့်ပါတယ်။ ကဖိန်းဓာတ်က ကလေးတွေကို ပိုပြီးထိခိုက်စေတာမဟုတ်ပါဘူး။ ကလေးတွေအတွက် သင့်ကို မသင့်လျော်တဲ့ ဓာတ်တစ်မျိုးပါ။ကော်ဖီနဲ့ အရက်ကိုရောပြီး မှီဝဲရင် လူကို အထာကျကျနဲ့ တည်တည်ငြိမ်ငြိမ်လေးမူးစေတယ်လို့ လူငယ်တွေကြားမှာ အဆိုရှိကြတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဒီနှစ်ခုရောရင်ဖြစ်နိုင်ခြေအရှိဆုံးအချက်က ယာဉ်မတော်တဆမှုဖြစ်တယ်လို့ လေ့လာချက်တွေကဆိုပါတယ်။ ဒီလိုဆိုရင်တော့ အိန္ဒြေရရမူးတာမဟုတ်လောက်တာ သိလောက်ပြီထင်ပါတယ်။ဒီလိုလဲ မဟုတ်ပါဘူး။ ကဖိန်းဓာတ်က ကျန်းမာရေးကို အနည်းငယ်အကျိုးပြုပါတယ်။ ဥပမာ ကော်ဖီကို နေ့စဉ်လိုအပ်တဲ့ ပမာဏနဲ့ ကိုက်ညီရုံ မှန်မှန်လေးမှီဝဲမယ်ဆိုရင် တက်ကြွလန်းဆန်းတာ၊ သတိမူတတ်တာ၊ ခေါင်းကြည်တာ၊ အာရုံစူးစိုက်မှုကောင်းတာလိုမျိုး အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။နောက်ပြီး ပါကင်ဆန်ရောဂါ၊ အသည်းရောဂါ၊ အမျိုးအစား – ၂ ဆီးချိုနဲ့မှတ်ဉာဏ်ဆုံးရှုံးမှုတွေကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်တဲ့။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/caffeine-myths-and-facts/
လိမ္မော်သီးထက် ​ဗီတာမင် C ကြွယ်ဝတဲ့အရာတွေက ဘာတွေများလဲ..........
ဗီတာမင် Cကကိုယ်ခံအားကောင်းစေသလိုအနာကျက်မြန်စေတဲ့ အာနိသင်ကြောင့် ဗီတာမင် C ကို စားသုံးဖို့ လိုမယ် ဆိုတာက အများက လက်ခံထားတဲ့ အယူအဆ တစ်ရပ်ပါ။ လူတော်တော်များများက ဗီတာမင် C လို့ ပြောလိုက်ရင်လိမ္မော်သီးစားရမယ်ဆိုတာပါ။ တကယ်က လိမ္မော်သီးထက် ဗီတာမင် C ကြွယ်ဝတဲ့ အသီးတွေဟင်းသီးဟင်းရွက်တွေရှိနေပါတယ်။ ဘာတွေများ ဖြစ်မလဲ……။လိမ္မော်သီးထက် ဗီတာမင် C ကြွယ်ဝတဲ့ အသီးတွ ဟင်းသီးဟင်းရွက်တွေက။မာလကာသီး။မာလကာသီးက စားရတာ အရသာရှိပြီး အရည်ရွှမ်းသလို ဗီတာမင် C လည်း ကြွယ်ဝပါတယ်။ ဒါ့အပြင် မာလကာသီးမှာ ကယ်လ်လိုရီ ၃၇ ဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၈ ဂရမ်၊အမျှင်ဓာတ်၃ ဂရမ်တို့ ပါဝင်ပါတယ်။ မာလကာသီးမှာ ဗီတာမင် C ၁၂၆ မီလီဂရမ် ပါဝင်နေပါတယ်။ကီဝီသီး။ကီဝီသီးမှာ အခြားအသီးတွေနည်းတူ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကီဝီသီး အရွယ်တော် တစ်လုံးမှာ ဗီတာမင် C ၁၃၇ မီလီဂရမ် ပါဝင်နေပါတယ်။ လိမ္မော်သီးမှာ ပါဝင်နေတဲ့ ဗီတာမင် C ပမာဏရဲ့ ၂ ဆပါ။နာနတ်သီး။နာနတ်သီးမှာ ဗီတာမင် C ၇၉ မီလီဂရမ် ပါဝင်နေတာကြောင့် ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။အရိုးတွေသန်မာစေဖို့ အားဖြည့်ပေးသလိုအစာခြေစနစ်ကို ကျန်းမာစေပါတယ်။ ကျန်းမာရေး အကျိုးကျေးဇူးလည်း များတဲ့ သစ်သီးတစ်မျိုးပါ။သင်္ဘောသီး။နောက်ထပ် ဗီတာမင် C ကြွယ်ဝတဲ့ အသီးက သင်္ဘောသီးပါ။ သင်္ဘောသီးမှာ ဗီတာမင် C ၈၈ မီလီဂရမ် ပါဝင်နေပါတယ်။ ဒါကြောင့် ဗီတာမင် C ကြွယ်ဝပြီး ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် သင်္ဘောသီး စားပေးလို့ရပါတယ်။သရက်သီး။သရက်သီးကလည်း ဗီတာမင် C ကြွယ်ဝတဲ့ အသီးအနှံတစ်ခုပေါ့။ ကိုယ်ခံအားကို အားဖြည့်ပေးတဲ့ အသီးတစ်ခုဆိုလည်း မမှားပါဘူး။ သရက်သီး အစိမ်းက သရက်သီးအမှည့်ထက် ဗီတာမင် C ပိုမို ကြွယ်ဝပါတယ်။စတော်ဘယ်ရီသီး။စတော်ဘယ်ရီမှာဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝသလို ဗီတာမင် C လည်း ကြွယ်ဝပါတယ်။ စတော်ဘယ်ရီကလည်း ဗီတာမင် C ပါဝင်မှုက လိမ္မော်သီးထက် ပိုများပါတယ်။ပန်းဂေါ်ဖီစိမ်း။ပန်းဂေါ်ဖီစိမ်းက အချဉ် အရသာမရှိပေမယ့် ဗီတာမင် C ကြွယ်ဝပါတယ်။ ပန်းဂေါ်ဖီစိမ်းက ပျက်စီးနေတဲ့တစ်ရှူးတွေကို ပြုပြင်ပေးသလို ကိုယ်ခံအားကိုလည်း အားဖြည့်ပေးပါတယ်။ကိုက်လန်။ကိုက်လန်က ကျန်းမာရေး အာနိသင်များတဲ့ အရွက်တစ်မျိုးပါ။ ဗီတာမင် C ရောဗီတာမင် Kပါ ကြွယ်ဝပါတယ်။ အရသာရှိသလို ပုံမှန် စားသုံပေးမယ်ဆိုရင် ခန္ဓာကိုယ် ကျန်းမာစေမှာပါ။ငရုတ်ပွ။အနီရောင် နဲ့ အဝါရောင် ငရုတ်ပွတွေက ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝသလိုခန္ဓာကိုယ်ကို အားပြည့်စေပြီးမျက်လုံးနဲ့နှလုံးကျန်းမာစေဖို့ အားဖြည့်ပေးပါတယ်။ ဗီတာမင် C ကြွယ်ဝမှုကကော်လာဂျင်ပမာဏကို မြှင့်တင်ပေးပါတယ်။အဆုတ်ကင်ဆာမဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/fruits-and-vegetables-that-have-more-vitamin-c-than-orange/
နို့ဂလင်းဆဲလ်များ ပုံမမှန်ခြင်း
အဓိပ္ပါယ်ဖွင့်ဆိုချက်။နို့ဂလင်းဆဲလ်များပုံမမှန်ခြင်းဆိုတာ ဘာလဲ။ရင်သားအတွင်းပိုင်းတစ်နေရာက နို့ဂလင်းတွေထဲ ပုံမမှန်ဆဲလ်တွေ ဖြစ်ပေါ်တဲ့ အခြေအနေကို ဆေးပညာအရ lobular carcinoma in situ (LCIS) လို့ ခေါ်ပါတယ်။ LCIS ဟာ ကင်ဆာမဟုတ်ပေမယ့် ရင်သားကင်ဆာဖြစ်ပွားနိုင်ချေကို ပိုမိုမြင့်တက်စေပါတယ်။LCIS ကို mammogram မှာ တွေ့ရမှာမဟုတ်ဘဲ သံသယဖြစ်ဖွယ် ရင်သားအကျိတ်ပေါ်ခြင်း၊ mammogram ရိုက်ပြီး ပုံမှန်အဖြေမထွက်ခြင်း စတဲ့ အခြားအကြောင်းပြချက်တစ်ခုခုကြောင့် ရင်သားအသားစယူစစ်ဆေးရာကနေ တွေ့ရှိကြတာများပါတယ်။LCIS ရှိတဲ့သူတွေမှာ ခန္ဓါကိုယ်အတွင်းပိုင်းအထိ ထိုးဖောက်ပျံ့ပွားနိုင်တဲ့ ရင်သားကင်ဆာဖြစ်ပွားနိုင်ချေ ပိုများတဲ့အတွက် သင့်မှာ ဒီရောဂါရှိနေကြောင်း အဖြေရှာအတည်ပြုနိုင်ခဲ့ရင် ရင်သားကင်ဆာစစ်ဆေးမှုတွေပါ ဆက်လက်ပြုလုပ်ဖို့နဲ့ ရင်သားကင်ဆာဖြစ်နိုင်ချေကို လျော့ချပေးမယ့် ကုသမှုတွေခံယူဖို့ သင့်ဆရာဝန်က အကြံပြုနိုင်ပါတယ်။နို့ဂလင်းဆဲလ်များပုံမမှန်ခြင်းဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ဒီရောဂါဟာ အဖြစ်များတဲ့ရောဂါတစ်ခု မဟုတ်ပါဘူး။ အသက် ၄၀နဲ့ ၅၀ ကြား မီးယပ်သွေးဆုံးခါနီး အမျိုးသမီးတွေမှာ အများဆုံးတွေ့ရတတ်ပြီး ဒီရောဂါရှိသူအားလုံးရဲ့ ၁၀ရာခိုင်နှုန်းအောက်ကသာ မီးယပ်သွေးဆုံးပြီးသူတွေဖြစ်ကြောင်း တွေ့ရှိရပါတယ်။ အမျိုးသားတွေမှာတော့ LCIS မဖြစ်သလောက် ရှားပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ရောဂါလက္ခဏာများ။နို့ဂလင်းဆဲလ်များပုံမမှန်ခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ဒီရောဂါဟာ ရောဂါလက္ခဏာထူးထူးခြားခြား ပြလေ့မရှိဘဲ ရင်သားအကျိတ် ဒါမှမဟုတ် mammogram မှာ ကယ်လ်ဆီယမ်အနည်ကျတဲ့လက္ခဏာလို မူမမှန်တဲ့လက္ခဏာတွေ ပြသမှုကြောင့် အသားစယူစစ်ဆေးရာကနေ ရောဂါရှိနေမှန်း အမှတ်မထင်တွေ့ရှိကြတာ များပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။သင့်ရင်သားမှာ အလုံးအကျိတ်ပေါ်ခြင်း၊ အရေပြားချိုင့်ဝင်ခြင်း၊ အရေပြားပုံမမှန်ခြင်း၊ အရေပြားအောက်တွင် မာမာထူထူဖြစ်နေခြင်း၊ နို့သီးခေါင်းမှ အရည်ထွက်ခြင်း စတဲ့ လက္ခဏာတစ်စုံတစ်ရာ သတိပြုမိရင် သင့်ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။ရင်သားကင်ဆာစစ်ဆေးမှု ပြုလုပ်ဖို့ လိုအပ်ခြင်းရှိမရှိဆိုတာနဲ့ အချိန်ဘယ်လောက်ကြာရင်တစ်ခါ စစ်ဆေးသင့်တယ်ဆိုတာ သင့်ဆရာဝန်ကို မေးမြန်းပါ။ ပညာရှင်အများစုကတော့ အသက် ၄၀အရွယ်ကနေစတင်ပြီး ရင်သားကင်ဆာစစ်ဆေးမှု ပုံမှန်ပြုလုပ်ဖို့ အကြံပြုထားပါတယ်။ သင့်အတွက် အကောင်းဆုံးဖြစ်မယ့်နည်းလမ်းကို သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။အကြောင်းရင်းများ။ဘာတွေက နို့ဂလင်းဆဲလ်များပုံမမှန်ခြင်း ဖြစ်ပွားစေသလဲ။LCIS ဖြစ်ပွားစေတဲ့အကြောင်းအရင်းကို တိတိကျကျ မသိရသေးပါဘူး။ ရင်သားအတွင်းပိုင်းက နို့ရည်ထုတ်လုပ်တဲ့ နို့ဂလင်းဆဲလ်တွေ မျိုးဗီဇဖောက်ပြန်မှုကြောင့် ပုံမမှန်ဖြစ်ပြီး LCIS ဖြစ်လာရတယ်လို့ပဲ သိရှိထားပါတယ်။ အဆိုပါပုံမမှန်ဆဲလ်တွေဟာ မူလဖြစ်ပေါ်တဲ့ဂလင်းမှာသာ ပုံသေရှိနေပြီး အနီးအနားက ရင်သားတစ်ရှူးထဲ ထိုးဖောက်ပျံ့နှံ့ခြင်း မရှိပါဘူး။အထက်မှာပြောခဲ့သလိုပဲ ဒီရောဂါဟာ ကင်ဆာမဟုတ်သလို ပုံမမှန်တဲ့နို့ဂလင်းတွေကနေ ကင်ဆာအဖြစ်ပြောင်းလဲသွားမှာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ဒီရောဂါရှိသူတွေမှာ အတွင်းပိုင်းထဲအထိ ထိုးဖောက်ပျံ့နှံ့နိုင်တဲ့ ရင်သားကင်ဆာဖြစ်လာနိုင်ချေ များပါတယ်။LCIS ရှိသူအမျိုးသမီးတွေရဲ့ ၂၀ရာခိုင်နှုန်း တနည်အားဖြင့် လူ၁၀၀မှာ အယောက် ၂၀ဟာ ရင်သားကင်ဆာဖြစ်ဖို့ အလားအလာရှိပြီး ကျန်လူ၈၀မှာတော့ ကင်ဆာဖြစ်နိုင်ချေ နည်းပါတယ်။ ယေဘုယျအားဖြင့် ခြုံပြောရရင် အမျိုးသမီးအားလုံးရဲ့ ၁၂ရာခိုင်နှုန်း (၁၀၀မှာ ၁၂ယောက်) ဟာ သူတို့ရဲ့ဘဝသက်တမ်းတလျှောက် ရင်သာကင်ဆာဖြစ်နိုင်ချေ ရှိပါတယ်။လူတစ်ဦးချင်းစီအလိုက် ရင်သားကင်ဆာဖြစ်ပွားနိုင်ချေဟာ အကြောင်းအချက်များစွာအပေါ် မူတည်နေတဲ့အတွက် အသေးစိတ်သိရှိလိုပါက သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ဖြစ်ပွားနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ။ဘယ်အရာတွေက နို့ဂလင်းဆဲလ်များပုံမမှန်ခြင်း ဖြစ်ပွားနိုင်ချေကို မြင့်စေသလဲ။နို့ဂလင်းဆဲလ်များပုံမမှန်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ။အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။မိသားစုဝင်များထဲ ရင်သားကင်ဆာရှိခြင်း – သင့်ဆွေမျိုးနီးစပ်တစ်ဦးဦးမှာ ရင်သားကင်ဆာရှိနေရင်/ ရှိခဲ့ရင် သင့်မှာ LCIS ဖြစ်နိုင်ချေများပါတယ်။မီးယပ်သွေးဆုံးပြီး ဟော်မုန်းကုထုံးခံယူနေရခြင်း – မီးယပ်သွေးဆုံးကိုင်ဝေဒနာတွေ သက်သာပျောက်ကင်းစေဖို့ ၃နှစ်ကနေ ၅နှစ်အထိ ဟော်မုန်းကုထုံး ခံယူရသူအမျိုးသမီးတွေမှာ LCIS ဖြစ်ဖို့ အလားအလာများပါတယ်။အသက် ၄၀ကျော်အမျိုးသမီးများ – LCIS ဟာ အဖြစ်နည်းတဲ့ရောဂါတစ်ခုလို့ ဆိုနိုင်ပေမယ့် သွေးမဆုံးသေးတဲ့ အသက်၄၀စွန်းစွန်း အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သွေးဆုံးပြီးသူ အမျိုးသမီးတွေမှာ ဖြစ်ပွားမှုပိုမိုမြင့်တက်လာပြီ ဖြစ်ပါတယ်။ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း။ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသော အချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးပါ။နို့ဂလင်းဆဲလ်များပုံမမှန်ခြင်းဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။ရင်သားတစ်ရှူးနမူနာကို အသားစယူပြီး ဓါတ်ခွဲခန်းမှာ စစ်ဆေးခြင်းအားဖြင့် LCIS ဟုတ်မဟုတ်ကို အဖြေရှာအတည်ပြုနိုင်ပါတယ်။ LCIS ရှိသူတွေမှာ သိသာထင်ရှားတဲ့ ရင်သားအလုံးအကျိတ် စမ်းမိမှာမဟုတ်သလို mammogram မှာလည်း ပြောင်းလဲမှုတစ်စုံတစ်ရာ တွေ့ရမှာမဟုတ်ပါဘူး။ အခြားရင်သားပြဿနာတစ်ခုခုကြောင့် အသားစယူစစ်ဆေးရာကနေ LCIS ရှိနေမှန်း အမှတ်မထင်တွေ့ရှိကြတာ များပါတယ်။နို့ဂလင်းဆဲလ်များပုံမမှန်ခြင်းကို ဘယ်လိုကုသလဲ။များသောအားဖြင့် LCIS အတွက် ကုသမှုခံယူစရာ မလိုပါဘူး။ ရင်သားတစ်ရှူးကို အပ်နဲ့အသားစယူစစ်ဆေးရင်း LCIS တွေ့ရတဲ့ အချို့အခြေအနေတွေမှာတော့ LCIS အပြင် အခြားရောဂါတွေရှိမရှိ သိရအောင် ၎င်းတစ်ရှူးတွေအားလုံးကို ခွဲစိတ်ဖယ်ရှားဖို့ သင့်ဆရာဝန်က အကြံပြုနိုင်ပါတယ်။ အထူးသဖြင့် ကြီးထွားပျံ့ပွားနိုင်ချေပိုများတဲ့ pleomorphic အမျိုးအစား LCIS (ဆဲလ်အရွယ်အစား၊ အရောင်၊ ပုံသဏ္ဍာန်၊ နယူကလီးယပ်စ် စသည်တို့ မတူညီခြင်း) နဲ့ ဆဲလ်သေတွေရှိနေတဲ့ LCIS အမျိုးအစားတွေအတွက် ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်နိုင်ပါတယ်။လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့။အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက နို့ဂလင်းဆဲလ်များပုံမမှန်ခြင်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် နို့ဂလင်းဆဲလ်များပုံမမှန်ခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အယ်လ်ကိုဟောအသင့်အတင့်သောက်သုံးပါ – အကယ်၍သင့်မှာ ယမကာမှီဝဲတဲ့ အလေ့အထရှိတယ်ဆိုရင် တစ်နေ့ကို အယ်လ်ကိုဟော ၁ယူနစ် သောက်သုံးနိုင်ပါတယ်။ကိုယ်လက်လေ့ကျင့်ခန်း များများလုပ်ပါ – တတ်နိုင်သမျှ တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ခန့် ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ပါ။ လတ်တလော ကိုယ်လက်လှုပ်ရှားမှု မလုပ်ဖြစ်သူတွေအနေနဲ့ လေ့ကျင့်ခန်းလုပ်ဖို့ သင့်တော်ခြင်းရှိမရှိ ဆရာဝန်ကို မေးမြန်းပြီး ဖြည်းဖြည်းချင်း အလေ့အကျင့်ရယူနိုင်ပါတယ်။ကိုယ်အလေးချိန်ထိန်းပါ – သင့်လက်ရှိကိုယ်အလေးချိန်က ပုံမှန်ပဲဆိုရင် ၎င်းကိုယ်အလေးချိန်ကို ဆက်လက်ထိန်းသိမ်းနိုင်အောင် ကြိုးစားပါ။ ကိုယ်အလေးချိန် လျော့ချဖို့လိုအပ်နေရင်လည်း သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး သင်နဲ့သင့်တော်မယ့်နည်းလမ်းတွေကို အဖြေရှာပါ။ နေ့စဉ်စားသုံးတဲ့ ကယ်လိုရီပမာဏကို လျော့ချပြီး ကိုယ်လက်လေ့ကျင့်ခန်း ဖြည်းဖြည်းချင်း တိုးပြီးလုပ်သွားပါ။ တစ်ပတ်ကို ၁ပေါင်မှ ၂ပေါင် (ဝ.၅ ကီလိုဂရမ် မှ ၁ ကီလိုဂရမ်) အထိ ဖြည်းဖြည်းမှန်မှန် လျော့ချနိုင်အာင် ကြိုးစားပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/%e1%80%94%e1%80%ad%e1%80%af%e1%80%b7%e1%80%82%e1%80%9c%e1%80%84%e1%80%ba%e1%80%b8%e1%80%86%e1%80%b2%e1%80%9c%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%95%e1%80%af%e1%80%b6%e1%80%99%e1%80%99/
ခန္ဓာကိုယ်က အရိုးတွေနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေ
လူရဲ့ ခန္ဓာကိုယ်ကို အပေါ်ယံအရေပြားတွေ၊ ကြွက်သားတွေ ဆွဲဖယ်လိုက်ရင် နောက်ဆုံးကျန်ခဲ့မှာက အရိုးဖြူဖြူကြီးတွေပါပဲ။  အရိုးဆိုတာ ခန္ဓာကိုယ်ရဲ့ ငြမ်းကြီးပါပဲ။ အရိုးတွေကိုသာ ဖယ်ထုတ်လိုက်ရင် ခန္ဓာကိုယ်က ပုံခနဲ အိကျလာမှာပါ။ ဒါကြောင့် ခန္ဓာကိုယ်က အရိုးတွေနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေ နည်းနည်းလောက် လေ့လာကြည့်ရအောင်။သန္ဓေအောင်ပြီး ၈ပတ်လောက်ဆိုရင် အရိုးတွေ စပြီး ဖွံ့ဖြိုးလာပါပြီ။ မွေးစမှာတော့ အရိုးပေါင်း ၃၀၀ ရှိပါတယ်။ နောက်ပိုင်းအရွယ်ရောက်လာတဲ့အခါကျတော့ ပေါင်းသင့်တဲ့ အရိုးတွေ ပေါင်းသွားတာကြောင့် ၂၀၆ချောင်းပဲ ကျန်ပါတော့တယ်။ ကလေးဘဝမှာတုန်းက အရိုးတွေက တချို့က အရိုးနုတွေနဲ့ လုပ်ထားတာပါ။ တချို့ကျတော့လည်း အရိုးနုနဲ့ အရိုးပေါင်းထားတာပေါ့။ ကလေးတွေမှာ ဒီအရိုးနုလေးတွေက တဖြည်းဖြည်းကြီးလာပြီး အရိုးနဲ့ အစားထိုးလာပါတယ်။ ဒီလိုအစားထိုးဖို့ ကယ်ဆီယမ်ဓာတ်လိုအပ်ပါတယ်။ ကလေးမေမေတို့ ကလေးအရိုးတွေ သန်မာအောင် နို့တိုက်တယ်ဆိုတာ ဒါကြောင့်ပါပဲ။အရိုးမှာ အပြင်ဆုံးအလွှာ (periosteum)၊ ဒုတိယအလွှာ (compact bone)၊ အဲ့ဒီဒုတိယအလွှာထဲမှာ ရေမြုပ်လိုမျိုး ခပ်ပွပွ cancellous bone ( ပုံစံအရသာ ခပ်ပွပွဆိုပေမယ့် မာကျောပါတယ်)၊ နောက်ဆုံးအတွင်းပိုင်းမှာတော့ ရိုးတွင်းခြင်ဆီရှိပါတယ်။အရိုးတွေကို သတ္တုဓာတ် ၅၀ ရာခိုင်နှုန်း၊ ရေဓာတ် ၂၅ ရာခိုင်နှုန်း၊ organic matrix ၂၅ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားပါတယ်။အရိုးတွေမှာ။အရိုးတွေရဲ့အလုပ်က လှုပ်ရှားမှုလုပ်ပေးတာထက် ပိုပါတယ်။ခုနကပြောသလိုပဲ အရိုးတွေက ခန္ဓာကိုယ်ရဲ့ ငြမ်းပါပဲ။ သူ့ကို ကြွက်သားတွေ၊ အရွတ်တွေ လာတွယ်တဲ့အခါမှ ခန္ဓာကိုယ်က ရုပ်လုံးပေါ်လာတာပါ။ အရိုးတွေနဲ့ သူတို့ကို ဆက်ထားတဲ့ အဆစ်တွေကို အသုံးပြုပြီး လှုပ်ရှားသွားလာတာ၊ အကွေးအဆန့်တွေ လုပ်နိုင်တာပါ။ထိခိုက်ဒဏ်ရာရတဲ့အခါ ကိုယ်တွင်းအင်္ဂါတွေ မထိခိုက်ရအောင်လို့လည်း ကာကွယ်ပေးထားပါတယ်။ ဥပမာ – ဦးနှောက်ကို ဦးခေါင်းရိုး၊ အဆုတ်နဲ့ နှလုံးကို နံရိုး၊ ဆီးအိမ်၊ သားအိမ်နဲ့ အူတွေကို တင်ပဆုံရိုး စသဖြင့် ကာကွယ်ပေးထားပါတယ်။အရိုးမှာ ခန္ဓာကိုယ်ရဲ့ ၉၉ရာခိုင်နှုန်းသော ကယ်ဆီယမ်၊ ၈၅ ရာခိုင်နှုန်းသော ဖော့စဖိတ်၊ မဂ္ဂနီဆီယမ် ၅၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်၊ ဟော်မုန်းတွေရဲ့ အနေအထားကို လိုက်ပြီး ဒီသတ္တုဓာတ်တွေကို သွေးထဲ လွှတ်ပေးတာ၊ အရိုးထဲ ထည့်သိမ်းတာ လုပ်ပေးပါတယ်။ရိုးတွင်းခြင်ဆီကနေသွေးဆဲလ်တွေကို ထုတ်ပေးတယ်ဆိုတာ သိပြီးကြမှာပါ။ မွေးစကလေးတွေမှာတော့ သွေးဆဲလ်ထုတ်ပေးတဲ့ ခြင်ဆီအနီပဲ ရှိပါတယ်။ နည်းနည်းကြီးလာတဲ့အခါ အဆီဆဲလ်တွေကိုပါ ထုတ်ပေးတဲ့ ခြင်ဆီအဝါလည်း ဖွံ့ဖြိုးလာပါတယ်။ ကြီးကောင်ဝင်လာရင် ခြင်ဆီအနီက တစ်ဝက်လောက်ပဲ ကျန်ပြီး လူကြီး ဖြစ်လာရင်တော့ ၃၀ ရာခိုင်နှုန်းပဲ ရှိပါတော့တယ်။ခုနက ပြောတဲ့ ခြင်ဆီအဝါမှာ အဆီဓာတ်တွေကို သိမ်းထားပေးပါတယ်။ ခန္ဓာကိုယ်က အာဟာရပြတ်လတ်တဲ့အခါ အဆီတွေကို စွမ်းအင်အနေနဲ့ အသုံးပြုပါတယ်။ကလေးဘဝက အရပ်နဲ့ အခုနဲ့ မတူတော့တာအရပ်ရှည်လာလို့ပါ။ အရပ်ရှည်တယ်ဆိုတာ အရိုးတွေ ကြီးထွားလာတာပါ။ မွေးစမှာ အရိုးတွေ မစုံသေးသလို ကောင်းကောင်းလည်း မဖွံ့ဖြိုးသေးပါဘူး။ မြီးကောင်ပေါက်အရွယ်လောက်ဆိုရင်တော့ လူကြီးအရိုးရဲ့ ၉၀ ရာခိုင်နှုန်းလောက် ဖြစ်လာပါပြီ။ အရပ်ရှည်တာက ၂၀- ၂၅နှစ်လောက်ဆို ရပ်ပါပြီ။ ဒါပေမယ့် ဒါက တရားသေတော့ မဟုတ်ပါဘူး။ မျိုးဗီဇနဲ့ နေထိုင်စားသောက်ပုံပေါ်လည်း မူတည်ပါသေးတယ်။ ဥပမာ အာဟာရချို့တဲ့တဲ့ကလေးက အရပ်သိပ်ထွက်မှာ မဟုတ်ပါဘူး။ အရွယ်မတိုင်ခင် အရပ်ရှည်တာ ရပ်သွားမှာပါ။အရပ်ထွက်ဖို့အတွက် ခြေရိုး၊ လက်ရိုးတွေမှာ ရှိတဲ့ epiphyseal plateလို့ ခေါ်တဲ့ အရိုးနုပြားလေးတွေကိုကြီးထွားဟော်မုန်းက လှုံ့ဆော်ပါတယ်။လူပျိုဖော်ဝင်လာချိန်မှာတော့ အီစထရိုဂျင်နဲ့ တက်စတိုစတီရုန်းက ဒီအရိုးနုပြားလေး ကြီးထွားတာကို ရပ်ပစ်လိုက်ပါတယ်။ ဒါကြောင့် အရပ်ဆက်မရှည်တော့ပါဘူး။ယောကျာ်းလေးတွေက မိန်းကလေးတွေထက် အရပ်ပိုရှည်ရတဲ့ အကြောင်းရင်းက သူတို့တွေရဲ့ လူပျိုဖော်ဝင်ချိန်ဟာ မိန်းကလေးတွေထက် နောက်ကျတာကြောင့် အရိုးတွေ ရှည်ထွက်ဖို့ အချိန်ပိုရလို့ပါပဲ။ ဒီလို အရပ်ရှည်ထွက်တဲ့အချိန်မှာ ခြေရိုးလက်ရိုးတွေ ကျိုးတာ၊ ထိခိုက်ဒဏ်ရာရတာ ဖြစ်ခဲ့ရင် အရပ်ထွက်တာကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။အရိုးတွေ ကျန်းမာဖို့ နည်းလမ်း နှစ်ခုပဲ ရှိပါတယ်။ခန္ဓာကိုယ်က အရိုးတွေနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေ ကတော့ အရိုးတွေက ခန္ဓာကိုယ်ကို ထောက်ပံ့ပေးရုံတင် မဟုတ်ပါဘူး။ ခန္ဓာကိုယ် အသက်ရှင်ဖို့ လိုအပ်တဲ့ တခြားအလုပ်တွေကိုလည်း လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် အရိုးကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/anatomy-of-skeleton-system/
သင်္ဘောကသစ်ပင် ဆေးဖက်ဝင်သလား!
သင်္ဘောကသစ်ပင်ကို မြင်ဖူးသိဖူးသူ ရှားမှာပါ။ အနီရောင် အပွင့်လေးတွေ ပွင့်ပြီး အရွက်ကြောများများ အရွက်စိမ်း ဝိုင်းဝိုင်းလေးတွေ ရှိတဲ့အပင်တစ်မျိုးပါ။ ဒီလိုမျိုး အသွင်အပြင်အရ လှပတဲ့ သင်္ဘောကသစ်ပင် ဆေးဖက်ဝင်သလား ဆိုတာကို ပြောပြပေးချင်ပါတယ်။သင်္ဘောကသစ်ပင် ဆိုတာက အပင် တစ်မျိုးပါ။ အရွက်၊ ပင်စည်၊ အပွင့်၊ အမြစ်၊ အသီး၊ အစေ့ စတာတွေ အားလုံးလိုလို ဆေးဖက်ဝင်တဲ့ အပင်မျိုးပါ။ အပင်က အပင်ကြီးလို့ ဆိုလို့ မရသလို အပင်ငယ်တော့လည်း မဟုတ်ပါဘူး။ အပွင့်နီနီလေးတွေ ပွင့်တတ်ပါတယ်။ အရွက်ကတော့ပိန္နဲရွက်နဲ့ ခပ်ဆင်ဆင်ပါ။သင်္ဘောကသစ်ပင်က တောင်အမေရိက မျိုးရင်းပင်တစ်မျိုးပါ။ ရှေးယခင် ကာလတွေကတည်းကဆေးဖက်ဝင်တဲ့ အပင်အဖြစ် အသုံးပြုခဲ့ကြပါတယ်။သင်္ဘောကသစ်ပင် ဆေးဖက်ဝင်သလား ဆိုတော့ ဆေးဖက်ဝင်ပါတယ်။ ဘယ်လို ဆေးဖက်ဝင်သလဲ ဆိုတာကို ကိုယ်တိုင် လေ့လာကြည့်လိုက်ပါ။သင်္ဘောကသစ်ပင်မှာ ဖလေဗာနွိုက်နဲ့phenolic acidsလိုမျိုး အရောင်ကျစေနိုင်တဲ့ အာနိသင်တွေ ရှိပါတယ်။ ဒီအင်ဇိုင်းတွေက အရောင်ကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အဆစ်ရောင်တာ၊ပန်းနာရင်ကျပ်နဲ့ ရောင်ရမ်းမှုတွေကို သက်သာစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။သင်္ဘောကသစ်ပင်က နာကျင်ကိုက်ခဲတာကို သက်သာစေပါတယ်။ သင်္ဘောကသစ်ပင်ရဲ့ ပင်စည်အခေါက်နဲ့ အရွက်တွေက နာကျင်ကိုက်ခဲမှုကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့်ခေါင်းကိုက်တာကို သက်သာစေဖို့၊ သွားကိုက်တာနဲ့ ကိုယ်လက်ကိုက်ခဲတာတွေကို နာကျင်ကိုက်ခဲမှု သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။သင်္ဘောကသစ်ရဲ့ နောက်ထပ် အာနိသင် တစ်ခုကတော့ ဘက်တီးရီးယားတွေ၊မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တာပါ။ သင်္ဘောကသစ်ပင်မှာ bioactive substanceတွေ ပါဝင်နေတာကြောင့် ဘက်တီးရီးယားတွေနဲ့  မှိုပိုးတွေကြောင့်  ထိခိုက်မှု မရှိစေဖို့ ထောက်ကူပေးပါတယ်။သင်္ဘောကသစ်ပင်မှာဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာ ပါဝင်နေတာကြောင့်နာတာရှည်ရောဂါတွေမဖြစ်အောင် ကာကွယ်ပေးသလို ဆဲလ်တွေကို ထိခိုက်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။သင်္ဘောကသစ်ပင်က ချောင်းဆိုးတာ၊အဆုတ်ရောင်တာ၊ ပန်းနာရင်ကျပ်ဖြစ်တာတွေကို သက်သာစေဖို့ သင်္ဘောကသစ်ပင်ကို အသုံးပြုပေးလို့ ရပါတယ်။ ချွဲသလိပ်တွေကို သက်သာစေပြီး အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။သင်္ဘောကသစ်ပင်ပင်ရဲ့ နောက်ထပ် အာနိသင်တစ်ခုက အစာခြေစနစ်ကို ကျန်းမာစေတာပါ။ လေပွတာ၊ လေအောင့်တာ၊ အစာမကြေတာတွေကို သက်သာစေဖို့အတွက် သင်္ဘောကသစ်ပင်ကို အသုံးပြုပေးလို့ ရပါတယ်။ထိခိုက်ဒဏ်ရာရတာကို သက်သာစေဖို့အတွက် သင်္ဘောကသစ်ပင်ရဲ့ အခေါက်ကို သွေးပြီး လိမ်းပေးလို့ ရပါတယ်။ အသားအရေကို ကျန်းမာစေပြီး အရေပြား ပိုးဝင်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အရေပြား တစ်ရှူးတွေကို အနာကျက်စေနိုင်ပြီး အရေပြားမှာဖြစ်တဲ့ အရေပြားပြဿနာတွေကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။သင်္ဘောကသစ်ပင်ကဆေးဖက်ဝင်တယ်ဆိုပေမယ့် အလွန်အကျွံ သုံးတာမျိုး မလုပ်ဖို့ လိုပါမယ်။ အစာခြေစနစ် ပြဿနာတွေ ခံစားရနိုင်သလို အာရုံကြောထိခိုက်တာ၊ နှလုံးသွေးကြောဆိုင်ရာ ပြဿနာတွေ ခံစားရတာ၊ အသက်ရှူလမ်းကြောင်း ထိခိုက်တာ၊  အရေပြားဓာတ်မတည့်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။သင်္ဘောကသစ်ပင်က ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် တန်ဆေး လွန်ဘေးဆိုသလို အများကြီး မသုံးသင့်ပါဘူး။ ရောဂါ အခံရှိသူတွေ၊ ကျန်းမာရေးပြဿနာတွေကြောင့် ဆေးသောက်နေရသူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေအနေနဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ အသုံးပြုသင့်ပါတယ်။သင်္ဘောကသစ်ပင်နဲ့ ပတ်သက်ပြီး ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။ သဘာဝဆေးဖက်ဝင်ဆိုပေမယ့် ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်း မရှိရင် ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်နိုင်တာကို သိထားရန် လိုအပ်ပါတယ်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/health-benefits-of-cockspur-coral-tree/
သွေးလေးဖက်နာရောဂါ နဲ့ ပတ်သက်ပြီး သင်သိထားသင့်တဲ့ အချက်တွေက ဘာတွေလဲ။
လေးဖက်နာရောဂါဟာ အမျိုးအစားအများကြီး ရှိပါတယ်။အရေပြားလေးဖက်နာ၊ပိုးလေးဖက်နာ၊ သွေးလေးဖက်နာ စသဖြင့်ပေါ့။ ဒီထဲမှာ သွေးလေးဖက်နာရောဂါ ကတော့အရိုးအဆစ်တွေ ပုံပျက်လောက်အောင် ထိခိုက်တတ်တဲ့ အမျိုးအစားတစ်ခုပေါ့။ နာတာရှည်ရောဂါဖြစ်ပြီး အမြစ်မပြတ်ဘဲ ဆေးတွေနဲ့ ထိန်းထားရတဲ့ရောဂါပါ။ ဒီရောဂါကို ကုသတဲ့နေရာမှာ ဆရာဝန်အပြင် လူနာရဲ့ ပူးပေါင်းပါဝင်မှုကလည်း အရေးကြီးတဲ့အတွက် သင်ကိုယ်တိုင် သိထားသင့်တဲ့ အချက်လေးတွေ ရှိပါတယ်။သွေးလေးဖက်နာရောဂါဆိုတာ နာတာရှည်အဆစ်အမြစ်တွေ ရောင်ရမ်းတဲ့ ဝေဒနာပါ။ခုခံအား ကမောက်ကမဖြစ်တဲ့ရောဂါ (Autoimmune)တွေထဲမှာ ပါပါတယ်။ ခုခံအားက ခန္ဓာကိုယ်ရဲ့ ဆဲလ်အကောင်းတွေကို မှားယွင်းပြီးတိုက်ခိုက်ရာက ဖြစ်လာတာပါ။ အဆစ်အမြစ်တွေအပြင် ခန္ဓာကိုယ်တစ်ခုလုံးရဲ့ တခြားစနစ်တွေပါ ထိခိုက်နိုင်ပါတယ်။ အလွယ်ပြောရရင် တစ်ကိုယ်လုံးထိခိုက်တာပေါ့။ သိသာထင်ရှားတာကတော့ အရိုးအဆစ်တွေပါ။အဆစ်အမြစ်ကိုက်တိုင်း လေးဖက်နာမဟုတ်ပါဘူး။ လေးဖက်နာအမျိုးအစားတွေကလည်း အများကြီးရှိပြီး တစ်ခုချင်းစီမှာ ထူးခြားချက်တွေ ရှိပါတယ်။ သွေးလေးဖက်နာရဲ့ အဆစ်အမြစ်ကိုက်ပုံမှာလည်း ထူးခြားချက်လေး ရှိပါတယ်။ဒါ့ပြင် ဖျားတာ၊ ပိန်သွားတာ၊ နုံးတာ၊ အားမရှိသလို ခံစားရတာတွေလည်း ရှိပါတယ်။ သွေးလေးဖက်နာရဲ့ ပြဿနာက အရှင်းမပျောက်ဘဲ ဖြစ်လိုက် ပျောက်လိုက် ဖြစ်တာပါပဲ။ ကောင်းနေရာကနေ တစ်ခါ တစ်ခါ ထဖောက်တတ်ပါတယ်။သွေးလေးဖက်နာမှာ ခုခံအားစနစ်က အပြင်အရိုးအမြှေးပါးကို တိုက်ခိုက်ပါတယ်။ ကြာလာတဲ့အခါကျတော့ အထဲက အရိုးနုတွေ၊ အရိုးတွေပါ ပျက်စီးလာပါတယ်။ ဘေးပတ်လည်က အဆစ်ကို ဆိုင်းထားတဲ့ အရွတ်တွေ၊ အရွတ်တွဲတွေပါ ထိခိုက်လာပြီး အဆစ်ကို ပုံစံမှန်အောင် မထိန်းပေးနိုင်တော့ပါဘူး။ ဒါကြောင့် သွေးလေးဖက်နာသမားတွေဟာ ကြာလာရင် အဆစ်တွေ ကောက်ကွေးပြီး ပုံပျက်လာတာပါ။သွေးလေးဖက်နာမှာ အရိုးအဆစ်တွေ ပျက်စီးတာအပြင် တခြားအစိတ်အပိုင်းတွေ ထိခိုက်လာတာကိုလည်း တွေ့ရပါတယ်။ဒါတွေက အဆစ်ရောင်တာအပြင် တခြားခံစားရနိုင်တဲ့ လက္ခဏာတွေပါပဲ။သွေးလေးဖက်နာရောဂါဟာ ရှုပ်ထွေးတဲ့ရောဂါဖြစ်တဲ့အတွက် ရောဂါရှာရခက်ပါတယ်။ ကောင်းတာကတော့ Rheumatologist လို့ ခေါ်တဲ့ လေးဖက်နာ အထူးကုဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အထက်ပါ လက္ခဏာတွေ ရှိနေရင်တော့ သွေးလေးဖက်နာများလားဆိုပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆက်လုပ်သွားမှာပါ။ သွေးစစ်တာတွေ၊ ဓာတ်မှန်ရိုက်တာတွေ စသဖြင့်ပေါ့။ ရောဂါသေချာရင်တော့ ကုသမှု စလို့ရပါပြီ။ရောဂါရဲ့ သဘောသဘာဝကိုက အရှင်းပျောက်အောင် ကုလို့မရပါဘူး။ ဖြစ်လိုက် ပျောက်လိုက်ဖြစ်တဲ့အတွက် ထိန်းထားလို့ပဲ ရပါမယ်။  အရှင်းမပျောက်ဘဲ ဘာလို့ ကုနေရလဲဆိုရင်။ဆေးတွေအနေနဲ့ အကိုက်အခဲပျောက်ဆေးတွေ၊ အရောင်ကျဆေးတွေ၊ သွေးလေးဖက်နာကို ပိုမဆိုးအောင် ထိန်းထားတဲ့ ဆေးတွေ၊ biologic agentsတွေနဲ့ ကုသပါတယ်။ အဆစ်အမြစ်တွေ ပုံပျက်တာအတွက် ခွဲစိတ်ပြီးပြုပြင်လို့ရရင် ခွဲစိတ်ပါတယ်။ အရိုးအဆစ်တွေ ကောင်းကောင်းအလုပ်လုပ်နိုင်အောင် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းတွေ လုပ်ရပါတယ်။ဒါကြောင့် သွေးလေးဖက်နာကို ကုမယ်ဆိုရင် စောစောသိ စောစောကုတာကောင်းပါတယ်။ ထိထိရောက်ရောက် ကုသပြီး ရောင်ရမ်းမှုတွေကို လျှော့ချမယ်။ နောက်ထပ် ရောင်ရမ်းမှုတွေ မဖြစ်အောင် ထိန်းထားနိုင်မယ်ဆိုရင် အခြေအနေမဆိုးအောင် ထိန်းထားနိုင်မှာပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/arthritis-orthopedics-musculoskeletal/what-you-should-know-about-rheumatoid-arthritis/
မကွေးတိုင်းဒေသကြီး
Ph: 095330673။သရက်မြို့နယ်။ သရက်ခရိုင်။ မကွေးတိုင်းဒေသကြီး။Ph: 0933233908။အမှတ် ၁၅ မြစ်ကိုင်းရပ်၊ပခုက္ကူမြို့မကွေးတိုင်းဒေသကြီး။Ph: 0947214517 ,0931827700, 09256225669။ပြသာဒ်ကျောင်း၊ခန်တော အမှတ်(12)ရပ်ကွက်၊ပခုက္ကူ မြို့ မကွေးတိုင်းဒေသကြီး။Ph: 0947214716။အမှတ်၅ ရပ်ကွက် ပခုက္ကူမြို့၊မကွေးတိုင်းဒေသကြီး။Ph: 09402501409။မကွေးတိုင်း ပခုက္ကူမြို့နယ်ကျွန်းချောင်းဒေသ၊ပခုက္ကူမြို့ မကွေးတိုင်းဒေသကြီး။Ph: 0930527065။ပခုက္ကူအဝေးပြေးကားကွင်းအတွင်း၊ပခုက္ကူမြို့ မကွေးတိုင်းဒေသကြီး။Ph: 09401673616။အမှတ် ၁၃ မဲအိုးတန်းရပ်ကွက် ပခုက္ကူမြို့၊ မကွေးတိုင်းဒေသကြီး။Ph: 09401509844။ပေါက်မြို့နယ် ကမ္ဘာဖြူအုပ်စု ဆေးပင်ကြီးကျေးရွာ၊ မကွေးတိုင်းဒေသကြီး။Ph: 096565132။မကွေးတိုင်း၊ပေါက် မကွေးတိုင်းဒေသကြီး။Ph: 0931878616။မကွေးတိုင်း၊အောင်လံမြို့၊အောင်မင်္ဂလာရပ်ကွက်၊ မကွေးတိုင်းဒေသကြီး။Ph: 69200870။အောင်လံမြို့ တရော်ကုန်းရပ်၊အောင်လံ မကွေးတိုင်းဒေသကြီး။Ph: 09250346502။အမှတ်(9)ရပ်ကွက်၊ခရမ်း မကွေးတိုင်းဒေသကြီး။Ph: 09960099214 ,09256459584 ,09974579465။ချောက်မြို့ မကွေးတိုင်းဒေသကြီး။Ph: 09798508710။ရတနာရာမကျောင်းတိုက်၊ ၊ပွင့်ဖြူမြို့နယ် မကွေးတိုင်းဒေသကြီး။Ph: 09402739689 , 09256326785။ကန်ပြည့်အုပ်စု ကန်လန်ကျေးရွှာ၊ပွင့်ဖြူမြို့နယ် မကွေးတိုင်းဒေသကြီး။Ph: 09250413187။ရှာကုန်ရွာ၊မင်းလှမြို့ မကွေးတိုင်းဒေသကြီး။Ph: 09450048968, 09421165478, 09972907156,0947204156။ငါးမြောင်းရွာ ၊ မြိုင်မြို့နယ် ၊ မကွေးတိုင်းဒေသကြီး။Ph: 47220636။ဗဟင်းကျေးရွာ၊မြိုင်မြို့နယ် မကွေးတိုင်းဒေသကြီး။Ph: 06240691၊09401660807၊09401627341။ရထားသံလမ်းအနီးမြိုင်မြို့မကွေးတိုင်း၊ပခုက္ကူခရိုင်၊မြိုင်မြို့နယ် မကွေးတိုင်းဒေသကြီး။Ph: 9401676752။ဘုန်းကြီးကန်ရွာ၊ဈေးမြောက်ဘက်။၊မြိုင်မြို့နယ် မကွေးတိုင်းဒေသကြီး။Ph: 0947220866, 09444010030 ,09400455581 , 09444032310။ဘန့်ဘိုးကျေးရွာအုပ်စု ဘန့်ဘိုးကျေးရွာ၊မြိုင်မြို့နယ် မကွေးတိုင်းဒေသကြီး။Ph: 6323500။မကွေးမြို့ မကွေးတိုင်းဒေသကြီး။Ph: 09428042766။မကွေးရန်မျိုးနိုင်၅လမ်းအမှတ်၃၁၄၊မကွေးမြို့ မကွေးတိုင်းဒေသကြီး။Ph: 09972243515, 09259551461။မကွေးတိုင်း စကူမြို့ မကွေးတိုင်းဒေသကြီး။Ph: 6021685။မိတ်ဆွေကောင်း လူမှုကူညီရေးအသင်း။၊ရေနံချောင်းမြို့မကွေးတိုင်းဒေသကြီး။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/health-news/%e1%80%99%e1%80%b1%e1%80%80%e1%80%bc%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%92%e1%80%9e%e1%81%be%e1%80%80%e1%80%ae%e1%80%b8/
အမျိုးသားတွေမှာ ရင်သားကင်ဆာ ဖြစ်တတ်သလား
ရင်သား ရှိသူတိုင်းရင်သားကင်ဆာ ဖြစ်နိုင်ခြေရှိတာမို့ ရှားပါးပေမဲ့ အမျိုးသားတွေမှာ ရင်သားကင်ဆာ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေမှာသာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ရှိတယ်ဆိုပြီး အထင်မှားတတ်ကြတာကြောင့် အသိ နောက်ကျပြီး အခြားနေရာတွေကိုပါ ပျံ့နှံ့ပြီးမှ သိရတာမျိုးတွေ အများကြီး ပါပဲ။ အမျိုးသား ရင်သားကင်ဆာဟာ အသက်အရွယ် မရွေး ဖြစ်ပွားနိုင်ပေမဲ့ အသက်ကြီးကြီး အမျိုးသားတွေမှာ ပိုပြီး တွေ့ရတတ်ပါတယ်။ရင်သားကင်ဆာက အပေါ်မှာ ပြောခဲ့သလို ရင်သား ရှိသူတိုင်းမှာ ဖြစ်နိုင်တဲ့အတွက် အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်နိုင်ပါတယ်။ရင်သားကင်ဆာက ရင်သားမှာ အကျိတ်ဖြစ်တာကနေ စဖြစ်တာများပါတယ်။ ရင်သားကင်ဆာက အမျိုးသမီး အယောက် ၁၀၀ မှာ ၁၂ ဦးလောက် ခံစားနေရတဲ့ ကင်ဆာ အမျိုးအစား တစ်ရပ်ပါ။ အမျိုးသားတွေမှာတော့ ဖြစ်ခဲပါတယ်။ ဒါပေမယ့် လုံးဝ မဖြစ်တာမျိုးတော့ မဟုတ်ပါဘူး။ရင်သားကင်ဆာက အစောပိုင်း အဆင့်မှာ လက္ခဏာ လုံးဝ မပြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ရင်သားကင်ဆာ အစောပိုင်းအဆင့်မှာ ပုံရိပ်ဖော်စစ်ဆေးနည်းတွေကနေတဆင့်တော့ သိရှိနိုင်ပါတယ်။ ရင်သားကင်ဆာက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုဖြစ်ပြီး ကုသမှု ခံယူဖို့ လိုပါမယ်။ရင်သားကင်ဆာကအမျိုးအစား အများကြီး ရှိပါတယ်။အချို့သော ရင်သားကင်ဆာတွေမှာ ရင်သား အကျိတ်အဖုတွေ မဖြစ်တာမျိုး ရှိပြီး အချို့သော ရင်သားကင်ဆာတွေမှာတော့ အကျိတ်တွေက တဖြည်းဖြည်းချင်းမှ ကြီးလာတာမျိုးပါ။ ကင်ဆာကျိတ်တွေ မြန်မြန်ကြီးထွားလာပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်တာမျိုးလည်း ရှိပါတယ်။အသက်ကြီး လာတာနဲ့ အမျှ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ မြင့်လာပါတယ်။ကုသတာကတော့ အမျိုးသား ဖြစ်စေ၊ အမျိုးသမီး ဖြစ်စေ၊ ကုသပုံက အတူတူ ပါပဲ။ စောစော သိမယ်ဆိုရင် ကုသရ ပိုပြီး လွယ်ကူပါတယ်။ ဒါကြောင့်အမျိုးသားတွေလည်း “ငါတို့မှာမှ ရင်သားကင်ဆာ မဖြစ်နိုင်တာ” ဆိုပြီး မပေါ့လျော့ပါနဲ့နော်။ အမြဲ စစ်ဆေးပြီး မူမမှန်တာတစ်ခုခု တွေ့တာနဲ့ ဆရာဝန်နဲ့ ချက်ချင်း ပြသသင့်ပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/male-breast-cancer/
ပျဉ်းမဖြူ ဆေးဖက်ဝင်သလား!
မြန်မာနိုင်ငံမှာဆေးဖက်ဝင်အပင်တော်တော်များများ ပေါက်ရောက်ကြတယ်ဆိုတာကတော့ အားလုံးလိုလို သိထားပြီး ဖြစ်မှာပါ။ အခုတတစ်ခေါက်မှာတော့ ကင်ဆာကို သက်သာစေတယ်ဆိုပြီး လူသိများလာတဲ့ပျဉ်းမဖြူပင်အကြောင်းလေး ပြောပြပေးချင်ပါတယ်။ ဒါဆို မေးစရာ ရှိတာက အရိပ်ရအောင် စိုက်ပျိုးလေ့ ရှိတဲ့ ပျဉ်းမဖြူ ဆေးဖက်ဝင်သလား ဆိုတာကို အတူတူ လေ့လာလိုက်ရအောင်နော်။ပျဉ်းမဖြူဆိုတာက အပွင့်လည်းပွင့်သလို အရိပ်လည်း ရစေတဲ့ အပင်ကြီးမျိုးပါ။ အရွက်တွေက ရွက်စုံထွက်တတ်ပြီး ရွက်ကြောဖြာဖြာ ဖားဖားဝိုင်းဝိုင်းပါ။ နုစဉ်မှာ အစိမ်းရောင် နုနုလေး ဖြစ်ပြီး ရင့်လာတာနဲ့ အမျှ ရွက်ကြောတွေ ထင်းလာသလို အစိမ်းရောင်ကလည်း ရင့်လာပါတယ်။ အပွင့်တွေကတော့ အဖြူရောင် အဆုပ်လိုက်လေးတွေ ပွင့်တတ်ပါတယ်။ အပွင့်ဖြူဖြူလေးတွေကြောင့်လည်း ပျဉ်းမဖြူလို့ ခေါ်ကြတာပါ။ပျဉ်းမဖြူ ဆေးဖက်ဝင်သလား ဆိုတော့ အခုလိုလေး ဆေးဖက်ဝင်ပါတယ်။ပျဉ်းမဖြူကဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝပြီး ကိုယ်ခံအားကို အားဖြည့်ပေးလို ခန္ဓာကိုယ်မှာကင်ဆာဆဲလ်တွေ ကြီးထွားမှုကို တားဆီးပေးပါတယ်။ နောက်တစ်ခုက ပျဉ်းမဖြူမှာ ဖလေဗာနွိုက် ပါဝင်နေတာကြောင့် ကင်ဆာဆဲလ်တွေကို အတိုင်းအတာ တစ်ခု အထိ တားဆီးပေးနိုင်ပါတယ်။ပျဉ်းမဖြူက ကယ်လ်ဆီယမ် ပါဝင်နေပြီး အရိုးတွေကို သန်မာစေဖို့ ထောက်ကူပေးသလိုအရိုးပွတာ၊အရိုးပါးတာမျိုးတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ ဖလေဗာနွိုက် ပါဝင်နေတာကလည်း အရိုးတွေကို သန်မာစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။ပျဉ်းမဖြူက အမျှင်ဓာတ် ကြွယ်ဝပြီး အရွက်၊ အခေါက်၊ ပန်း စတာတွေကိုလည်းဝမ်းချုပ်တာကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ ဝမ်းချုပ်တတ်သူတွေ အသုံးပြုပေးလို့ ရပါတယ်။ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေကြောင့် ရောင်ရမ်းနေတာတွေကို သက်သာစေဖို့အတွက် ပျဉ်းမဖြူကို အသုံးပြုပေးလို့ ရပါတယ်။ အဆစ်ရောင်တာတွေကို သက်သာစေဖို့ရောအရေပြားမှာ ရောင်ရမ်းတာတွေကိုပါ သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။သွေးထဲမှာ အဆီတွေ များပြီး သွေးကြောတွေ ပိတ်ဆို့သွားချိန်မှာ လေဖြတ်တာကို ဖြစ်စေနိုင်ပါတယ်။ သွေးစီးဆင်းမှုကို ကောင်းစေဖို့လည်း ပျဉ်းမဖြူက လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါကြောင့် လေဖြတ်တာကို ကာကွယ်ချင်တယ်ဆိုရင်သွေးတွင်းအဆီကျဆင်းစေဖို့အတွက် ပျဉ်းမဖြူကို အသုံးပြုပေးလို့ ရပါတယ်။ဆီးချိုဖြစ်ရတယ်ဆိုတာက ခန္ဓာကိုယ်မှာ အင်ဆူလင် ထွက်ရှိမှု နည်းပြီး သွေးတွင်းသကြားဓာတ် မြင့်တက်မှုကြောင့်ပါ။ ဒီလိုမျိုး သွေးတွင်းသကြားဓာတ် မြင့်တက်မှုကို ထိန်းညှိဖို့အတွက် ပျဉ်းမဖြူကို အသုံးပြုပေးလို့ ရပါတယ်။ အင်ဆူလင် ထွက်ရှိမှု ကောင်းစေပြီး သွေးတွင်းသကြားဓာတ်ကို ထိထိရောက်ရောက် ထိန်းညှိပေးပါတယ်။ဝမ်းပျက်တာက ကိုယ်တွင်းက ရေဓာတ်ကို ဆုံးရှုံးစေနိုင်ပါတယ်။ ဒီလိုမျိုးဝမ်းပျက်တာကို သက်သာစေဖို့ဆိုရင် ပျည်းမဖြူရွက် နုနုလေးကို ဆားလေးနဲ့ ပြုတ်ပြီး သောက်ပေးလို့ ရပါတယ်။ ပျဉ်းမဖြူမှာပါတဲ့ tannin က အူနံရံတွေကို ကျန်းမာစေသလို ကိုယ်တွင်းက ရေါ်ာတ်ဆုံးရှုံးမှုကိုလည်း ဖြည့်ပေးနိုင်ပါတယ်။ပျဉ်းမဖြူက ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို ဟန့်တားပေးသလို ဗိုင်းရပ်စ်တွေကြောင့် ထိခိုက်မှု ကင်းစေဖို့လည်း ကာကွယ်ပေးပါတယ်။ ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ တုပ်ကွေး၊ ရေယုန်တို့လိုမျိုး ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ပျဉ်းမဖြူက ဓာတ်တိုးပစ္စည်းတွေကြောင့် အသားအရေ အိုမင်းတာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေကြောင့် အရေးအကြောင်းတွေ မဖြစ်စေဖို့လည်း ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။ပျဉ်းမဖြူရဲ့ နောက်ထပ် အာနိသင် တစ်ခုက သွေးပေါင်ချိန်ကို ထိန်းညှိပေးတာပါ။ ပျဉ်းမဖြူ အရွက်ကို အခြောက်ခံပြီး ရေနွေးနဲ့ သောက်ပေးတာကလည်း သွေးတိုးကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သွေးပေါင်ချိန် တက်တာကြောင့် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ဖို့ အသုံးပြုပေးလို့ ရပါတယ်။ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေဖို့အတွက် ပျဉ်းမဖြူရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်တွေကို  တိုက်ဖျက်ပေးနိုင်တဲ့ ပျဉ်းမဖြူက ဆီးလမ်းကြောင်း ပိုးဝင်တာကိုလည်း သက်သာစေနိုင်ပါတယ်။သွေးတွင်းကိုလက်စထရော များတာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ သွေးတွင်းအဆီကင်းတာက သွေးစီးဆင်းမှု ကောင်းစေဖို့လုပ်ဆောင်ပေးသလို နှလုံးသွေးကြော ကျဉ်းတာ၊ လေဖြတ်တာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါကြောင့် သွေးတွင်းအဆီကျစေဖို့ဆိုရင် ပျဉ်းမဖြူကို အသုံးပြုပေးလို့ ရပါတယ်။ပျဉ်းမဖြူရဲ့ နောက်ထပ်အာနိသင်လေး တစ်ခုက အရေပြားကို ကျန်းမာစေပြီး အနာကျက်စေနိုင်တာပါ။ အနာပိုးဝင်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ကိုယ်တွင်းမှာ အဆိပ်အတောက်တွေ များနေတာကို ဖယ်ရှားချင်တယ်ဆိုရင်လည်း ပျဉ်းမဖြူကို အသုံးပြုပေးလို့ ရပါတယ်။ Tannin ဒြပ်ပေါင်းက ကိုယ်တွင်းမှာ အဆိပ်အတောက်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ပျဉ်းမဖြူက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် သိပ္ပံနည်းကျ အတည်ပြုဖို့ လိုပါသေးတယ်။ သဘာဝကရတယ်ဆိုပေမဲ့ ဓာတု‌ဗေဒနည်းအရ သန့်စင်ထားတာမျိုး မရှိရင် ဥပါဒ်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အထက်ပါရောဂါတွေ ဖြစ်လာခဲ့ရင် တတ်ကျွမ်းသူနဲ့သာ ပြသဖို့ အကြံပြုလိုပါတယ်။ ဒီဆောင်းပါးက ဗဟုသုတအနေနဲ့သာ မျှဝေထားခြင်း ဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်တွေ၊ ရောဂါအခံ ရှိသူတွေ၊ ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေ အနေနဲ့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီးမှ အသုံးပြုသင့်ပါတယ်။ အထူးသဖြင့် ကင်ဆာရောဂါတွေအနေနဲ့ ပျဉ်းမဖြူကို ကိုယ့်သဘောနဲ့ကိုယ် မသုံးသင့်ပါဘူး။ ကင်ဆာဆဲလ်တွေ ကြီးထွားတာကို တားတယ်ဆိုပေမဲ့ ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။ ပျဉ်းမဖြူကို အသုံးပြုရင်း ကျောက်ကပ်ထိသွားခဲ့ရင် ကင်ဆာကုထုံးတွေပါ ရပ်လိုက်ရပြီး ကုသမှုကို ထိခိုက်နိုင်တာကြောင့် အသုံးမပြုဖို့ အကြံပြုချင်ပါတယ်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/llagerstroemia-tomentosa-benefits/
အမျိုးသား ကျန်းမာရေးအကြောင်း တစေ့တစောင်း
အမျိုးသားတွေက ဆရာဝန်တွေကို ရှောင်ရှားသူတွေ၊ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေခံစားနေရတာမျိုးတွေကို အလေးမထား လျစ်လျူရှုတတ်သူတွေရယ်လို့ နာမည်ကြီးသူတွေပါ။ အမျိုးသားတွေကအသက်ရှည်ရှည်နေချင်တယ်ဆိုတဲ့ ဆန္ဒထက် ရနေတဲ့ ဘဝခဏတာမှာ စိတ်တိုင်းကျ ပျော်ပျော်ရွှင်ရွှင်နေဖို့ကိုပဲ ပိုမို အားသန်ကြသူတွေပေါ့။နှစ်စဉ် ပုံမှန်ကျန်းမာရေး စစ်ဆေးမှုတွေကိုလည်း သူတို့ မလုပ်သလို ဆရာဝန်တွေနဲ့ရက်ချိန်း ပုံမှန်ပြသတာကလည်း သူတို့ရဲ့အလေ့အထမဟုတ်ပါဘူး။ တကယ်ကတော့ ဆရာဝန်နဲ့ပုံမှန် ပြသမှပဲ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ဖြေရှင်းနိုင်မှာပါ။ ဆရာဝန်နဲ့ ပုံမှန် ပြသတာ၊ ပုံမှန် ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်တာဟာ ကိုယ်အလေးချိန်၊ သွေးပေါင်ချိန်၊သွေးတွင်းကိုလက်စထရော ပမာဏတွေကို စောင့်ကြည့်စစ်ဆေးရာမှာ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ရှိသင့်တဲ့ ကိုယ်အ​လေးချိန်ထက် ပိုများတာ၊ သွေးတွင်းကိုလက်စထရောပမာဏကို ပိုမိုမြင့်တက်နေတာ၊ သွေးပေါင်ချိန် မြင့်နေတာတွေကနှလုံးသွေးကြောဆိုင်ရာ ရောဂါတွေဖြစ်စေဖို့ အားပေးရာရောက်ပါတယ်။ ဒီအခြေအနေတွေကို ကြိုတင် ကာကွယ်ဖို့ဆိုရင် ပုံမှန် ကျန်းမာရေး စစ်ဆေးမှုကို လုပ်ဆာင်ဖို့ လိုပါမယ်။အမျိုးသား ကျန်းမာရေးအကြောင်း နည်းနည်းလောက် လေ့လာလိုက်ရအောင်လား။အမျိုးသားတွေကျန်းမာဖို့အတွက် လိုက်နာရမယ့် အချက်လေးတွေရှိပါတယ်။ ဒါကတော့။အသင့်ထုပ်ပိုးထားတဲ့ အစားအစာတွေ၊ပြုပြင်ထားတဲ့ အစားအစာတွေက သကြားတွေ၊ ဆားတွေ အလွန်အကျွံပါဝင်နေတာပါ။ ဒါတင်မကသေးပါဘူး။ ဒီအစားအစာတွေထဲမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေ၊ သဘာဝမဟုတ်တဲ့ အရသာတွေ၊ ကယ်လ်လိုရီတွေပါဝင်နေပါတယ်။ ဒါတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ဒါကြောင့် အမျိုးသားတွေအနေနဲ့ ကျန်းမာစေဖို့ဆိုရင်။အမျိုးသား တစ်ယောက် အနေနဲ့ ကျန်းမာစေဖို့ဆိုရင်  ခါးဆိုဒ်က လက်မ ၄၀ ဝန်းကျင်ပဲ ရှိသင့်ပါတယ်။ ခါးဆိုဒ်က လက်မ ၄၀ နဲ့အထက် ရှိနေမယ်ဆိုရင် အဝလွန်တာနဲ့ ပတ်သက်တဲ့ ရောဂါတွေကို ခံစားလာရနိုင်ပါတယ်။များသော အားဖြင့်ကတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို နေ့စဉ် စားသုံးနေတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကနေ ရရှိနိုင်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပြည့်ဝစေဖို့ဆိုရင် နေ့စဉ် စားသုံးမှုမှာ လတ်ဆတ်တဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ကောက်နှံတွေ ပါဝင်အောင် စားသုံးဖို့လိုပါမယ်။အစားအစာ အများစုမှာ နှလုံးကျန်းမာစေဖို့ အထောက်အကူပေးတဲ့ အမျှင်ဓာတ်တွေ၊ သဘာဝ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်နေပြီး ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ဆေးလိပ်သောက်တာက ကျန်းမာရေးကို အထိခိုက်စေနိုင်ဆုံး အချက်တွေထဲက တစ်ခုပါ။ တဆင့်ခံဆေးလိပ်ငွေ့ကလည်း ကျန်းမာရေးကို အန္တရာယ်များစေပါတယ်။ ဆေးလိပ်မသောက်ပေမယ့် တဆင့်ခံ ဆေးလိပ်ငွေ့ကြောင့် အဆုတ်ကင်ဆာနဲ့ သေဆုံးသူ အမျိုးသား ဦးရေက မနည်းပါဘူး။ ဒါကြောင့် ကျန်းမာရေးကို စောင့်ရှောက်ဖို့ဆိုရင် ဆေးလိပ်ဖြတ်ရပါမယ်။ တဆင့်ဆေးလိပ်ငွေ့ကို ရှောင်ပါ။ဆေးလိပ်သောက်တာနဲ့ တဆင့်ခံ ဆေးလိပ်ငွေ့က နာတာရှည်အဆုတ်ပွလေပြွန်ကျဉ်းရောဂါ(COPD)၊ အဆုတ်လေအိတ်များပျက်စီးတာ (emphysema)၊ နှလုံးရောဂါတွေ ခံစားရနိုင်ပါတယ်။ ဒီလိုဆေးလိပ်ငွေ့တွေက ကင်ဆာရောဂါခံစားရနိုင်ခြေကိုလည်း တိုးစေနိုင်ပါတယ်။ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အလေ့အထဆိုးတွေကတော့ အရက်အလွန်အကျွံ သောက်တာ၊ မူးယစ်ဆေးဝါးသုံးစွဲတတွေပါ။ အရက်ကို မဖြတ်နိုင်ဘူးဆိုရင်လည်း အနည်းငယ်ပဲ သောက်သုံးဖို့ လိုပါမယ်။  တစ်နေ့ကို ၂ ခွက်ထပ် ပိုမသောက်သင့်ပါဘူး။ မူးယစ်ဆေးကိုတော့ လုံးဝကို ရပ်တန့်ဖို့ လိုပါမယ်။အမျိုးသားတွေ အနေနဲ့ ကျန်းမာရေးကို ထိန်းသိမ်းဖို့ဆိုရင်။အသားအရေ ထိန်းသိမ်းပါ။အသားအရေ ထိန်းသိမ်းပါလို့ ပြောလိုက်ရင် အမျိုးသမီးတွေ အလုပ်ပါလို့ ယူဆတာ များပါတယ်။ တကယ်ကတော့ အမျိုးသားတွေလည်း အသားအရေ ထိန်းသိမ်းဖို့ လိုပါမယ်။  အမျိုးသားတွေလည်း အရေပြားကင်ဆာ ခံစားရနိုင်ပါတယ်။အရေပြားကင်ဆာ ပြီးရင် အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာ တစ်မျိုးက ဆီးကျိတ်ကင်ဆာပါ။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ ဆီးကျိတ်ကို ပုံမှန် စစ်ဆေးဖို့ လိုပါမယ်။ဆီးသွားတဲ့အခါ ဆီးသွားရခက်တာ၊ ဆီးသွားရင် နာကျင်တာ၊ ဆီးထဲ သွေးပါတာမျိုး တွေ့ရမယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့ လိုပါမယ်။ လိုအပ်တဲ့ စစ်ဆေးမှုတွေကို ခံယူဖို့ လိုပါမယ်။အူမကြီးကင်ဆာကလည်း အမျိုးသားတွေကို အသက်ဆုံးရှုံးစေတဲ့ အဓိကအကြောင်းအရင်းတစ်ရပ်ပါ။ ဒါကြောင့် အမျိုးသားတွေ အနေနဲ့ အသက် ၅၀ ကျော်လာပြီဆိုရင် အူမကြီးကင်ဆာ ပုံမှန် စစ်ဆေးပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/what-you-need-to-know-mens-health/
အစာအိမ်ကင်ဆာ ကာကွယ်ပါ
အစာအိမ်ဆိုတာ ဝမ်းဗိုက်ရဲ့ အထက်ပိုင်းနားမှားရှိတဲ့ J ပုံစံ အစိတ်အပိုင်းတစ်ခုပါ။အစာခြေစနစ်ရဲ့ အစိတ်အပိုင်း တစ်ခုပေါ့။စားသုံးလိုက်တဲ့ အစားအစာတွေထဲက အာဟာရဓာတ်တွေ (ဗီတာမင်၊ သတ္တုဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ အဆီ၊ပရိုတင်း နဲ့ရေ) တို့ဆီကနေ လိုအပ်တဲ့အရာတွေကို ချေဖျက်စုပ်ယူပြီးကြွင်းကျန်တဲ့အရာတွေကို အညစ်အကြေးအဖြစ်စွန့်ထုတ်ပေးဖို့ တာဝန် ယူထားပါတယ်။ပါးစပ်ကနေ အစာအိမ်ထဲကိုတော့ ပြွန်ပုံစံ ကြွက်သားပြွန်ဖြစ်တဲ့အစာရေမျိုက ပေးပို့ပေးပါတယ်။ ပြီးရင်တော့ အစာအိမ်ဆီကို ရောက်ပြီးအူလမ်းကြောင်းဆီကို ရောက်ရှိပြီး အူမကြီး၊ အစာဟောင်းအိမ်တွေကိုဖြတ်လို့ ပြင်ပကို အညစ်အကြေးအဖြစ် စွန့်ထုတ်ပေးပါတယ်။ဒီလို တာဝန်တွေ အများကြီး ယူထားပြီး အရေးပါတဲ့ အစိတ်အပိုင်းကိုကင်ဆာ မဖြစ်အောင် ကာကွယ်ဖို့ဆိုရင် လိုက်နာရမယ့် အချက်လေးတွေရှိပါတယ်။ ဘာတွေဖြစ်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားမယ်နော်။အစာအိမ် ကင်ဆာမဖြစ်စေဖို့ဆိုရင် ဒီအချက်လေးတွေကို လိုက်နာဖို့ လိုပါမယ်။Helicobacter pylori(H. pylori) ဆိုတဲ့ ဘက်တီးရီးယားက အစာအိမ်ကို ထိခိုက်စေပါတယ်။  ဒီပိုးဝင် ကူးစက်တဲ့အခါ ဖျားနာတာမျိုး မရှိပေမယ့်အစာအိမ်အတွင်းနံရံသားကို ဝင်ရောက်ကူးစက်ပြီး အနာဖြစ်စေပါတယ်။ ဒီဘက်တီးရီးယားက ကာစီနိုဂျင်တစ်မျိုး ဖြစ်တာကြောင့် ကင်ဆာဖြစ်စေနိုင်ပါတယ်။တကယ်လို့ အစာအိမ်မှာ အနာရှိနေမယ်ဆိုရင်H. pyloriဘက်တီးရီးယား ကူးစက်ခံရလားဆိုတာကို စစ်ဆေးရပါမယ်။ ကူးစက်ခံထားရတယ်ဆိုရင် ကုသဖို့ လိုပါမယ်။ဝမ်းချုပ်တာကလည်း အစာအိမ်ကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဝမ်းမှန်စေပြီး အစာအိမ်လေး ကျန်းမာစေဖို့ဆိုရင် နေပစဉ် စားသုံးမှုမှာ အမျှင်ဓာတ် ကြွယ်ဝတဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ စားသုံးပေးပါ။ လိမ္မော်သီး၊ သံပရိုသီး၊ ဂရိတ်ဖရုစ် စတာတွေ ပါအောင် စားသုံးပေးပါ။ပြုပြင်ထားတဲ့ အသားတွေ၊ အနီရောင်အသားတွေအစား ငါး၊ ကြက်သား၊ ပဲအမျိုးမျိုး စတာတွေကို စားပေးပါ။ ပေါင်မုန့်အဖြူအစား ဂျုံကြမ်းပေါင်မုန့်၊ အုတ်ဂျုံစတာတွေကို စားသုံးပေးပါ။ဆေးလိပ်သောက်တာ၊ တစ်ဆင့်ခံဆေးလိပ်ငွေ့ စတာတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီလို ထိခိုက်စေတဲ့ ကျန်းမာရေးထဲမှာ အစာအိမ်ကင်ဆာ ဖြစ်စေတာကလည်း တစ်ခု အပါအဝင်ပေါ့။ ဒါ​ကြောင့် အစာအိမ်ကင်ဆာ ကာကွယ်ချင်တယ်ဆိုရင် ဆေးလိပ် လျှော့သောက်ပါ။ ဆေးလိပ်ဖြတ်ပါ။လေ့ကျင့်ခန်း လုပ်ပါ။လေ့ကျင့်ခန်းကို နေ့စဉ် လုပ်ဆောင်ပေးတာက ကျန်းမာရေးကို အထောက်အကူပြုနိုင်ပါတယ်။ စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်သလို အစာအိမ်ကင်ဆာ အပါအဝင် ကင်ဆာအမျိုးမျိုးကနေ ကာကွယ်နိုင်သလို ကျန်းမာရေးပြဿနာ အများစုကိုလည်း အထိရောက်ဆုံး ကာကွယ်နိုင်မှာပါ။အခုပြောခဲ့တာလေးတွေကို ဂရုစိုက်ပြီး အစာအိမ်လေးကို ကင်ဆာ အန္တရာယ်ကနေ ကာကွယ်ပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/stomach-cancer-cancer/stomach-cancer-prevention-tips/
အော်ရင်း ဟစ်ရင်း လည်ချောင်းနာ နေပြီလား
အော်ပြီ ဟစ်ပြီဟေ့ဆိုရင်လည်ချောင်းနာမယ်၊အသံဝင်မယ်၊ချောင်းဆိုးမယ် စတာတွေက ခံစားရနိုင်တဲ့ ဝေဒနာတွေပါပဲ။ ဒါတွေက တစ်ရက် နှစ်ရက်နဲ့ ပျောက်တာ မဟုတ်တော့ အော်ကလည်း အော်ချင် နာကလည်းနာဆို ဒုက္ခများပါတယ်။ ဒါဆိုရင် ဒီဝေဒနာတွေကို အမြန်သက်သာအောင် လုပ်နိုင်မယ့် နည်းလမ်းလေးများ မရှိဘူးလား။ ဒီဆောင်းပါးမှာတော့ လည်ချောင်းနာတာ သက်သာအောင် လုပ်နိုင်မယ့် အလွယ်နည်းလေးတွေ၊ လည်ချောင်းနာနေချိန်မှာ စားရ၊ မစားရမယ့် အစားအစာတွေကို ပြောပြပေးပါ့မယ်။အလွယ်တကူရနိုင်တဲ့ရေနွေးဖြူဖြစ်ဖြစ်၊ ရေနွေးကြမ်းဖြစ်ဖြစ် အာစွတ်ရုံနဲ့ ခဏခဏ သောက်ပေးပါ။ ဒါမှမဟုတ် ရေအေးအေး (ရေခဲရည်မဟုတ်)၊ သစ်သီးဖျော်ရည် အေးအေးလေးတွေ သောက်နိုင်ပါတယ်။ဒီအရည်တွေက လည်ချောင်းမှာ ကပ်နေတဲ့ ချွဲသလိပ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ မျက်နှာမှာ ရှိနေတဲ့ လေအိတ်တွေကို သန့်စင်စေပါတယ်။ ရေနွေးနွေးလေးတွေ သောက်ပေးတဲ့အခါကျတော့ လည်ချောင်းရှင်းပြီး ခဏခဏချောင်းဆိုးတာကို သက်သာစေပါတယ်။ ရေနွေး၊ ရေအေး ကိုယ်အဆင်ပြေရာကို သောက်နိုင်ပါတယ်။ရေအေးအေး ဆိုပေမဲ့ ရေခဲရေလို အရမ်းအေးတာတွေကတော့ မသင့်တော်ပါဘူး။ဆား လက်ဖက်ရည်ဇွန်းဝက် (ဒါမှမဟုတ် မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်းဝက်) ကို ရေနွေးနဲ့ ရောပါ။ လည်ချောင်းထဲထိရောက်အောင် အာလုပ်ကျင်းပါ။ ၃နာရီ တစ်ခါလောက် ကျင်းပေးပါ။ဆားရည်က လည်ချောင်းတစ်လျှောက် ရောင်ရမ်းတာ၊ သက်သောင့်သက်သာ မဖြစ်တာတွေကို သက်သာစေပါတယ်။ မုန့်ဖုတ်ဆော်ဒါကလည်း လည်ချောင်းယားယံတာကို သက်သာစေတယ်။ချွဲတွေကို ပျော်စေပြီး လည်ချောင်းပူတာကို သက်သာစေပါတယ်။antihistamine ဆေး အမျိုးအစားတွေက လည်ချောင်းနာတာကို သက်သာစေပါတယ်။ ပါရာစီတမော၊ အိုင်ဗျူပရိုဖန်၊ နာပရိုဇန် စတဲ့ ဆေးတွေက ဟိုးလည်ချောင်းအတွင်းထဲက နာတာ၊ အာသီးတွေ နာတာတွေကိုပါ သက်သာစေပါတယ်။Histamines ဆိုတာ ပြင်ပက ပိုးမွှားတွေ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတဲ့အခါ ပြန်တိုက်ထုတ်ဖို့ ထွက်တာတဲ့ ဓာတုပစ္စည်းတွေပါ။ ဒါပေမယ့် သူတို့ များလွန်းလာရင်တော့ နှာပိတ်တာတွေ၊ ချွဲကျပ်တာတွေ ဖြစ်လာပြီး လည်ချောင်းနာတာ ပိုဆိုးပါတယ်။ ဒါကြောင့် လည်ချောင်းနာတဲ့အခါ ဒါကို ပိုဆိုးစေတဲ့ antihistamine ဆေး တွေကို သောက်ခိုင်းတာပါ။ရေနွေးနွေးနဲ့ ရေချိုးပါ။ ရေနွေးငွေ့ရှူပါ။ ရေနွေးငွေ့က ချွဲတွေ ပျော်စေပြီး လည်ချောင်းကို စိုစွတ်စေပါတယ်။ လည်ချောင်းကို အရောင်ကျစေပါတယ်။ဖျော်ရည်နွေးနွေးလေးတွေ ဆိုတာက ရေနွေးရယ်၊ လည်ချောင်းနာသက်သာစေတယ်လို့ နာမည်ကြီးတဲ့ ပစ္စည်းလေးတွေကို ရောထားတာပါ။ ဥပမာ ရေနွေး၊ ဝီစကီအနည်းငယ်၊ ပျားရည်၊ သံပုရာရည်တို့ကို ရောပြီး ပူပူလေး သောက်ပေးတာပါပဲ။ အရက်မသောက်တဲ့သူဆိုရင် ဝီစကီဖယ်ပြီး ဖျော်လို့ရပါတယ်။ တချို့ကတော့ သစ်ကြံပိုးခေါက်တို့၊ ချင်းတို့ ရောလေ့ရှိပါတယ်။ဒီဖျော်ရည်တွေက လည်ချောင်းတစ်လျှောက် ယားယံမှုတွေ၊ နာကျင်မှုတွေကို သက်သာစေပါတယ်။ ဥပမာ ပျားရည်ဆိုရင် ပိုးသေစေနိုင်တဲ့ သတ္တိရှိပါတယ်။ ချောင်းဆိုးလည်း သက်သာစေပါတယ်။ အရောင်လည်း ကျစေပါတယ်။အေးအေးဆေးဆေး နားပါ။ အိပ်ရေးဝအောင် အိပ်ပါ။ လည်ချောင်းနာတဲ့အခါ အနားယူတာကလည်း အရေးကြီးပါတယ်။ သတိထားရမှာက ပက်လက်ပြားလိုက်ကြီး အိပ်တာက လည်ပင်းအနောက်ဘက်ကို ဖိအားများစေတဲ့အတွက် ရောင်ရမ်းတာကို ပိုဆိုးစေတတ်ပါတယ်။ ခေါင်းအုံးမြင့်မြင့်အုံးတာ၊ မတ်မတ်ထိုင်တာက နာတာကို ပိုသက်သာစေမှာပါ။လည်ချောင်းနာတဲ့အချိန်မှာ  အသံကို မသုံးဖို့လည်း အရေးကြီးပါတယ်။ အော်တာ ဟစ်တာကစလို့ စကားကျယ်ကျယ်ပြောတာ၊ စကားများများ ပြောတာ၊ သီချင်းဆိုတာ၊ လေချွန်တာကို နားထားဖို့ လိုပါတယ်။စားသင့်တာတွေက။-အားရှိတာတွေ၊ ခပ်ပျော့ပျော့နဲ့ လည်ချောင်းမှာ ကသိကအောင့် မဖြစ်တာတွေကို ဦးစားပေးစားရမှာပါ။-ဥပမာ ငှက်ပျောသီး၊ ကြက်ဥ၊ ဒိန်ချဉ်၊ ကြက်စွပ်ပြုတ် စတာတွေပါ။ အသီးတွေကို ရေခဲချောင်း လုပ်ပြီး စားတာကလည်း လိုအပ်တဲ့ အာဟာရတွေ ရနိုင်တဲ့အပြင် လည်ချောင်းကိုလည်း သက်သောင့်သက်သာ ဖြစ်စေပါတယ်။ရှောင်သင့်တာက။လည်ချောင်းနာနေတဲ့အချိန်မှာ အစာမျိုရခက်တာ၊ နာတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီအစားအစာတွေကို ရှောင်စားပါ။ကြွပ်ရွပြီး မာတဲ့အစားအစာတွေ – အာလူးကြော်တို့၊ မြေပဲတို့ စတာတွေက လည်ချောင်းနံရံကို ထိခိုက်စေတဲ့အတွက် နာနေတဲ့အချိန်မှာ ခဏရှောင်ထားပါ။ချဉ်လွန်းတဲ့ အသီးတွေ – ဗီတာမင် စီ ကြွယ်ဝတဲ့ အသီးအနှံတွေက ခန္ဓာကိုယ်ခုခံအားကောင်းစေတယ်ဆိုပေမယ့် ဒီလိုအချိန်မှာတော့ မစားသင့်ပါဘူး။ သူတို့မှာပါတဲ့ အက်စစ်ဓာတ်ကြောင့် လည်ချောင်းပိုပူတာ ဖြစ်နိုင်ပါတယ်။အချဉ်ဖောက်ထားတဲ့ အစားအစာတွေ – ကင်ချီတွေ၊ ရှမ်းချဉ်တွေ စတာတွေက ဆားနဲ့ အချဉ်တွေ များတဲ့အတွက် လည်ချောင်းရောင်ရမ်းတာကို ပိုဆိုးစေပါတယ်။ဟင်းခတ်အမွှေးအကြိုင်တွေ – တချို့ ဟင်းခတ်တွေ (ဥပမာ ချင်း၊ သစ်ကြံပိုးခေါက်)က လည်ချောင်းနာတာကို သက်သာစေတယ်ဆိုပေမယ့် အထုံစေ့တွေ၊ ငရုပ်ကောင်းတွေ၊ ငရုပ်သီးခြောက်တွေကတော့ ဒီချိန်မှာ ရှောင်ထားသင့်ပါတယ်။အရက်– အရက်သောက်တာက လည်ပင်းတစ်လျှောက် ပူဆင်းစေလို့ လည်ချောင်းနာတာကို ပိုဆိုးစေပါတယ်။ ဒါ့ပြင် ရေဓာတ်လည်း ခမ်းခြောက်စေလို့ လည်ချောင်းနာသူတွေ ရှောင်ကို ရှောင်သင့်ပါတယ်။ဆေးလိပ်– လည်ချောင်းနာနေချိန်မှာ ကောင်းကျိုးမပေးတဲ့ ဆေးလိပ်ကို ကိုယ်တိုင်သောက်တာရော၊ အငွေ့ရှူမိတာရော ဆင်ခြင်သင့်ပါတယ်။လည်ချောင်းနာတာက ရက်ပိုင်းလောက် ကြာတတ်တယ်ဆိုပေမယ့် အရင်လို ပြန်ပြီး အော်ဖို့ ဟစ်ဖို့ဆိုရင် ခဏတော့ သည်းခံရမှာပါ။ ရက်ပိုင်းလောက် ဒီနည်းလမ်းတွေ လိုက်လုပ်မယ်၊ အစားအသောက်လေးတွေ ဆင်ခြင်မယ်ဆိုရင် မကြာခင်မှာ ပြန်ဟဲနိုင်မှာပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/throat-conditions/sore-throat-quick-relieve/
အူမကြီး ကင်ဆာ
အူမကြီး ကင်ဆာ ဆိုတာက အူရဲ့ အကြီးဆုံးအပိုင်း အူမကြီးမှာ စတင်ဖြစ်ပွားတဲ့ ကင်ဆာ အမျိုးအစားပါ။ အူမကြီးဆိုတာကအစာခြေလမ်းကြောင်းရဲ့ နောက်ဆုံး အစိတ်အပိုင်းပါ။အူမကြီး ကင်ဆာက များသောအားဖြင့် လူ​ကြီးတွေမှာ ဖြစ်တတ်တယ်ဆိုပေမယ့် အသက်အရွယ်မရွေး ခံစားရနိုင်ပါတယ်။ အူမကြီးကင်ဆာက သေးငယ်ပြီးကင်ဆာကျိတ်မဟုတ်တဲ့ အဖုအကျိတ် သေးသေးလေးတွေကနေ စဖြစ်တတ်ပါတယ်။ ဒါကို အူမကြီးအသားပိုလို့ ခေါ်ပါတယ်။အသားပိုတိုင်းက ကင်ဆာပြောင်းတာတော့ မဟုတ်ပေမယ့် ကင်ဆာဖြစ်နိုင်ခြေတော့ များစေပါတယ်။။အသားပိုလေးတွေက စဖြစ်စမှာ သေးမယ်။ ကင်ဆာလက္ခဏာတစ်ခုမှ မတွေ့ရတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် အူမကြီးကင်ဆာကို သိရှိနိုင်ဖို့အတွက် ပုံမှန် စစ်ဆေးမှုလုပ်တာက အကောင်းဆုံးသော ကာကွယ်မှု နည်းလမ်းပါ။အူမကြီး ကင်ဆာကို ထိန်းချုပ်ဖို့အတွက် ကုသနည်းတွေက အများကြီး ရှိပါတယ်။ ခွဲစိတ်ကုသမှုကနေစလို့ဓာတ်ရောင်ခြည်ကုထုံး၊ ဆေးသွင်းကုထုံး၊ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်တဲ့ ကုထုံး၊ကိုယ်ခံအားကို လှုံ့ဆော်ပေးတဲ့ ကုထုံးဆိုပြီး အမျိုးမျိုး ရှိပါတယ်။အူမကြီး ကင်ဆာကို Colon cancer လို့ခေါ်သလို အူမကြီး နဲ့ အစာဟောင်းအိမ်ကို ပေါင်းပြီးတော့လည်း colorectal cancer လို့ ခေါ်ပါတယ်။ ဒီအမျိုးအစားကတော့ အစာဟောင်းအိမ်ကနေ စဖြစ်တဲ့ ကင်ဆာအမျိုးအစားကို ခေါ်တာပါ။အူမကြီးကင်ဆာ ခံစားရတဲ့ အခုလိုလက္ခဏာတွေကြုံတွေ့ရနိုင်ပါတယ်။ဒီလက္ခဏာတွေထဲက တစ်ခုခု ခံစားရပြီဆိုရင် မြန်နိုင်သမျှ မြန်မြန် ကုသမှု ခံယူဖို့ လိုပါမယ်။ အများစုက အူမကြီးကင်ဆာ အစောပိုင်း အဆင့်မှာ ဘာလက္ခဏာမှ မခံစားရတာမျိုး ရှိနိုင်ပါတယ်။ လက္ခဏာပေါ်လာချိန်က ကင်ဆာကျိတ် အရွယ်အစား၊ ကင်ဆာကျိတ် ဖြစ်တဲ့နေရာတွေအပေါ်မှာလည်း မူတည်ပါတယ်။အူမကြီးကင်ဆာက အူမကြီးမှာရှိတဲ့ ဆဲလ်တစ်ခုရဲ့ DNA (မျိုးဗီဇ) ပြောင်းလဲမှုကနေ စတင်ဖြစ်ပွားတာပါ။ ဆဲလ်ရဲ့ DNA ထဲမှာ ဆဲလ်ကို ဘယ်လို လုပ်ဆောင်ရမယ်ဆိုပြီး ညွှန်ကြားတဲ့ လုပ်ငန်းစဉ် ပါဝင်ပါတယ်။ ဒီပြောင်းလဲမှုက ဆဲလ်ကို မြန်မြန် ကြီးထွားဖို့ နဲ့ ပျက်စီးရမယ့်အချိန်မှာ ဆက်ရှင်သန်နေဖို့ သတင်းပေးလိုက်ပါတယ်။ဒီလိုနဲ့ ကင်ဆာဆဲလ်တွေ ပွားလာပြီး အကျိတ်ဖြစ်လာပါမယ်။ အကျိတ်က ကျန်းမာတဲ့ တစ်ရှူးတွေဆီ ဝင်ရောက်ပြန့်နှံ့ ကျန်းမာတဲ့ တစ်ရှူးတွေကို ဖျက်ဆီးပစ်လိုက်ပါတယ်။ ဒီလိုလုပ်ဆောင်နေတာနဲ့ တစ်ချိန်ထဲမှာ ကင်ဆာဆဲလ်တွေက ကွဲပွားပြီး ခန္ဓာကိုယ်ရဲ့ အခြား အစိတ်အပိုင်းတွေဆီ ပြန့်နှံ့ပါတယ်။အူမကြီး ကင်ဆာ ဖြစ်စေတဲ့ အကြောင်းအရင်းကို အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့် ဒီအချက်တွေ ရှိနေမယ်ဆိုရင်တော့ အူမ​ကြီး ကင်ဆာ ခံစားရနိုင်ခြေ များပါတယ်။အူမကြီး ကင်ဆာကို စစ်ဆေးဖို့ အများဆုံး လုပ်တာက။မှန်ပြောင်းဖြင့် စစ်ဆေးခြင်း– ရှည်လျားပြီး ပျော့ပျောင်းတဲ့ ပြွန်သေးသေးလို ကင်မရာကို အသုံးပြုပြီး အူမကြီးနဲ့ အစာဟောင်းအိမ်က ပုံရိပ်တွေကို ရယူပြီး ကွန်ပျူတာ မျက်နှာပြင်ကနေတဆင့် ကင်ဆာဆဲလ်တွေ ရှိနေနိုင်တဲ့ အစိတ်အပိုင်းကို ရှာဖွေတဲ့ နည်းနဲ့ စစ်ဆေးပါတယ်။ဒီလို စစ်ဆေးမှုကတဆင့် အထူးပြုလုပ်ထားတဲ့ ကိရိယာကို ယူပြီးအသားစယူ စစ်ဆေးတာလည်း ရှိပါတယ်။သွေးစစ်ခြင်း– သွေးစစ်တယ်ဆိုတာက သွေးထဲမှာ အူမကြီးကင်ဆာဖြစ်နေတဲ့အခါ ဖြစ်ပေါ်ထွက်ရှိလာတတ်တဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ (carcinoembryonic antigen) လို့ခေါ်တဲ့ CEA ပမာဏကို စစ်ဆေးတာပါ။ဒါတွေအပြင် ကင်ဆာ လက္ခဏာတွေရှိလားဆိုတာကို သိနိုင်ဖို့ ဝမ်းကို စစ်ဆေးတဲ့ Stool-based test လိုက်တာရှိသလို မှန်ပြောင်းလေးနဲ့ ကင်ဆာရှိနေနိုင်တယ်လို့ ယူဆရတဲ့ အူမကြီးနံရံကို စစ်ဆေးတာ Visual (structural) exams စစ်ဆေးတာဆိုပြီး ရှိပါတယ်။ အ​ခြေအနေကို သိရှိပြီဆိုတော့မှ ကုထုံးကို ရွေးချယ်မှာပါ။ဒါ့ပြင် ရောဂါအခြေအနေပေါ် မူတည်ပြီး တခြားလိုအပ်တာတွေလည်း စစ်ဆေးရနိုင်ပါတယ်။အူမကြီးကင်ဆာအဆင့်ကို 0 ကနေ IV အထိ သတ်မှတ်ပါတယ်။ အူမကြီးအတွင်းပိုင်း နံရံကို ပြန့်နှံတဲ့အဆင့်ကနေ ခန္ဓာကိုယ်ရဲ့ အခြား အစိတ်အပိုင်းတွေဆီ ပြန့်နှံ့ရောက်ရှိမှု အခြေအနေအလိုက် အဆင့်သတ်မှတ်တာဖြစ်ပါတယ်။အူမကြီးကင်ဆာ အခြေအနေကိုလိုက်ပြီး အခုလို ကုသမှုတွေ ခံယူရနိုင်ပါတယ်။ကင်ဆာက အဆင့်တော်တော်လေး ရောက်နေမယ်ဆိုရင်တော့။Radiation therapy (ဓာတ်ရောင်ခြည် ကုထုံး)။ဒီကုထုံးမှာတော့  အပြင်းစား x-rays ကို အသုံးပြုပြီး ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပေးတာပါ။ဒီကုထုံးကတော့ ကင်ဆာဆဲလ်တွေကို ပစ်မှတ်ထားပြီး ကင်ဆာဆဲလ်တွေရဲ့ကြီးထွားမှုကို ဟန့်တားပေးတာ ဒါမှမဟုတ် ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပေးတဲ့ကုထုံးပါ။ကိုယ်ခံအားက ကင်ဆာဆဲလ်တွေကို တိုက်ထုတ်နိုင်စေဖို့ လှုံ့ဆော်ပေးတဲ့ ကုထုံးတစ်ရပ်ပါ။အူမကြီးကင်ဆာကို ကာကွယ်ဖို့ဆိုရင် နေ့စဉ် ဒီအလေ့အထလေးတွေကို ပျိုးထောင်သင့်ပါတယ်။အူမကြီးကင်ဆာက ကျားမမရွေးဖြစ်နိုင်တဲ့ ကင်ဆာ အမျိုးအစားပါ။ ရောဂါနုစဉ်မှာ လက္ခဏာသိပ်မပြတတ်လို့ သိပ်မသိကြပါဘူး။ ဒါကြာင့် အသက်ကြီးတယ်။ မျိုးရိုးရှိတယ်။ အူမကြီးအသားပိုရှိတယ်ဆိုရင် အူမကြီးမှန်ပြောင်း ပုံမှန်ကြည့်ပေးပါ။ စောစောသိရင် ကုရတာ ရလဒ်ပိုကောင်းပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/colorectal-cancer-cancer/colon-cancer-exlained/
Testicular Torsion (ဝှေးစေ့လိမ်ခြင်း)
ဝှေးစေ့လိမ်ခြင်းဆိုတာ အမျိုးသားတော်တော်များများ ဖြစ်တတ်ကြတဲ့ ရုတ်တရက်ပြင်းထန်စွာနာကျင်ခြင်း အကြောင်းရင်းတစ်ခုပဲဖြစ်ပါတယ်။ ဝှေးစေ့လည်ခြင်းကြောင့် သုတ်ရည်ကြောလိမ်သွားပြီး ကပ်ပယ်အိတ်သို့ သွေးလျောက်မှုကို ရပ်တန့်သွားစေပါတယ်။ လူအများစုကတော့ ဝှေးစေ့တစ်ဖက်တည်းသာဖြစ်တတ်ကြပါတယ်။ ဝှေးစေ့နှစ်ဖက်လုံးဖြစ်တာမျိုးကတော့ ရှားပါတယ်။ လူငယ်အများစုမှာဖြစ်တတ်ပေမဲ့ လူကြီးပိုင်းနဲ့ သနေသားဘ၀ ကပင်ဖြစ်တတ်တာလည်း ရှိပါတယ်။နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ဝှေးစေ့လိမ်ခြင်းရဲ့ အဓိကဖြစ်တဲ့ လက္ခဏာကတော့ ကပ်ပယ်အိတ် နာကျင်ခြင်းပဲဖြစ်ပါတယ်။ နာကျင်ခြင်းနဲ့ အတူ ကပ်ပယ်အိတ် တစ်ဖက်(သို့) နှစ်ဖက်လုံးဖောင်းပြီးရောင်လာပါမယ်။ မစို့မပို့နာရာကနေ ပြင်းထန်စွာနာကျင်တဲ့အထိဖြစ်နိုင်ပါတယ်။ဝှေးစေ့လိမ်ခြင်းရဲ့အခြားလက္ခဏာတွေက အောက်ပါအတိုင်းပဲဖြစ်ပါတယ်။အထက်တွင်မဖော်ပြထားသော လက္ခဏာများလည်း ရှိပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ ပတ်သတ်ပြီး သိချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။အထက်တွင်ဖော်ပြထားသော လက္ခဏာတွေရှိမယ်ဆိုရင် ဒါမှမဟုတ် မေးချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လူတစ်ယောက်နှင့်တစ်ယောက်ဟာ ခန္ဓါကိုယ်တုံ့ပြန်ပုံချင်းမတူညီကြပါဘူး။ သင့်အခြေအနေအတွက် ဘာကအသင့်တော်ဆုံးလဲဆိုတာ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါပဲ။ဝှေးစေ့လိမ်ခြင်းဆိုတာဟာ အတွင်းရောဂါတစ်ခုခုကြောင့်ဖြစ်နိုင်သလို ပေါင်ခြံကို ထိခိုက်ဒဏ်ရာရတာကြောင့်လည်း ဖြစ်တတ်ပါတယ်။ မွေးရာပါဒီလိုရောဂါရှိတဲ့သူတွေကတော့ ရောဂါအခြေအနေမဆိုးသေးခင်အထိ သတိပြုမိလေ့မရှိကြပါဘူး။ ပုံမှန်အချိန်မှာဆိုရင် ဝှေးစေ့ဟာ ကပ်ပယ်အိတ်ထဲမှာ လှုပ်လို့မရပါဘူး။ ဝှေးစေ့ထဲမှာ ရှိတဲ့ ကြွက်သားနဲ့ တစ်ရှုးတွေက ဝှေးစေ့ကို တင်းကျပ်စွာ ထိန်းထားပါတယ်။ ကပ်ပယ်အိတ် ကြွက်သားနဲ့ တစ်ရှုးတွေ လျော့တွဲနေခဲ့မယ်ဆိုရင်တော့ ဝှေးစေ့ဟာ လွတ်လပ်စွာ လှုပ်လာပါလိမ့်မယ်။ အဲလိုဖြစ်ခဲ့ရင်တော့ ဝှေးစေ့လိမ်သွားဖို့ အန္တရာယ်တော်တော်များနေပါပြီ။ နေထိုင်မှုပုံစံမမှန်ခြင်း၊ ပေါင်ခြံကြားထိခိုက်မိခြင်းနဲ့ အိပ်သည့် ပုံစံမမှန်ခြင်းတို့ကြောင့်လည်း ဖြစ်နိုင်သည့် အန္တရာယ်ကို တိုးပွားလာစေနိုင်ပါတယ်။ထိုအချက်အလက်များနဲ့ ပတ်သတ်ပြီး သိချင်သည်များရှိပါက ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ဝှေးစေ့လိမ်ခြင်းဖြစ်နေပြီဆိုလိုရှိရင် ဆရာဝန်နဲ့တွေ့ပြီး ခွဲစိတ်ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ ဝှေးစေ့ကိုသွေးစီးဆင်းမှုလျင်မြန်စွာပြန်လည်ရရှိစေနိုင်ဖို့ ခွဲစိတ်မှုကိုစောနိုင်သမျှစောစောလုပ်ပါလိမ့်မယ်။ အကယ်လို့ ဝှေးစေ့ကို သွေးစီးဆင်းမှု ၆ နာရီအထက်ပိတ်နေခဲ့မယ်ဆိုလျှင် ဝှေးစေ့တစ်ရှုးများ ပုပ်သွားပြီး ခွဲစိတ်ထုတ်ပစ်ရပါလိမ့်မယ်။ တစ်ချို့ တွေမှာဆိုရင်တော့ ဆရာဝန်က ကပ်ပယ်အိတ်ကို ခွဲစိတ်ဖွင့်ချပြီးတော့ လိမ်နေတဲ့ ဝှေးစေ့နဲ့ သုတ်ကြောကို ပြန်ဖြည်ပေးပါလိမ့်မယ်။ကလေးတွေမှာ ဝှေးစေ့လိမ်ခဲ့တယ်ဆိုရင် ကုသမှုဟာပိုမိုရှုပ်ထွေးနိုင်ပါတယ်။ ကလေးတွေကိုမေ့ဆေးပေးရခြင်းဟာလည်း အန္တရာယ်ရှိနိုင်ပါတယ်။ စိတ်ချပြီး ကျွမ်းကျင်တဲ့ ခွဲစိတ်ဆရာဝန်သာလျှင် အရေးပေါ်ခွဲစိတ်မှုကို ပြုလုပ်ပြီး ဝှေးစေ့တစ်ခုလုံးဒါမှမဟုတ် တစ်စိတ်တစ်ပိုင်းကို ပြန်လည်ကောင်းမွန်အောင်ပြုလုပ်နိုင်မှာပါ။ သို့မှသာ လိမ်မနေပဲ အကောင်းရှိတဲ့ ကျန်ဝှေးစေ့တစ်လုံးကိုပါ လိမ်ခြင်းမှ ကာကွယ်ပေးနိုင်မှာပါ။ ကောင်းမွန်စွာခွဲစိတ်အောင်မြင်မှသာ နောက်ဆက်တွဲဝှေးစေ့ပြသနာတွေနဲ့ မျိုးမအောင်ခြင်း ပြသနာတွေကို မဖြစ်လာအောင် တားဆီးနိုင်မှာပါ။ဝှေးစေ့လိမ်ခြင်းရဲ့ နောက်ဆက်တွဲပြသနာတွေကို ရှောင်ကြဉ်နိုင်ဖို့အတွက် ဆေးပညာအကူအညီကို လျင်မြန်စွာရှာဖွေသင့်ပါတယ်။ သွေးစီးဆင်းမှုအချိန်ကြာမြင့်စွာ ပိတ်နေခဲ့ရင်တော့ ဝှေးစေ့တွေကို ဖြတ်ထုတ်ပစ်ရပါမယ်။ အဆင်မြင့် ဆေးပညာတွေနဲ့စောစီးစွာ ကုသမှုခံယူခဲ့မယ်ဆိုရင် သင်နဲ့သင့်ကလေးတို့က လျင်မြန်စွာ လုံးဝပျောက်ကင်းသွားပါလိမ့်မယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/testicular-torsion-%e1%80%b1%e1%81%80%e1%80%bd%e1%80%b8%e1%80%b1%e1%80%85%e1%80%b7%e1%80%9c%e1%80%ad%e1%80%99%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
ဒူးနာဝေဒနာရှင်များအတွက် ဒူးဆစ်ထဲ စတီးရွိုက်ထိုးခြင်း
ဒူးနာလို့ ဒူးဆေးထိုးလိုက်တာ ပေါ့သွားတာပဲလို့ ပြောတာကြားဖူးမယ် ထင်ပါတယ်။ တကယ်လည်းဒူးဆစ်ထဲကို ဆေးထိုးလို့ ရပါတယ်။ ဒူးဆစ်ထဲကို hyaluronic acidလို့ ခေါ်တဲ့ချဉ်ဆီရည်နဲ့ အလားတူပစ္စည်းထိုးပြီး ချဉ်ဆီဖြည့်တာရှိသလို ရောင်ရမ်းတာ သက်သာအောင်စတီးရွိုက်ထိုးပေးတာလည်း ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ ဒူးနာဝေဒနာရှင်များအတွက် ဒူးဆစ်ထဲ စတီးရွိုက်ထိုးခြင်း အကြောင်း ပြောပြပါမယ်။ဒူးနာဝေဒနာရှင်များအတွက် ဒူးဆစ်ထဲ စတီးရွိုက်ထိုးခြင်း နဲ့ပတ်သက်လို့ သိထားသင့်တာလေးတွေကို ဝေမျှပေးလိုက်ပါတယ်။အဆစ်တွေရောင်ပြီး နာနေတယ်။ စားဆေးတွေနဲ့ အဆင်မပြေဘူးဆိုရင် ထိုးကြပါတယ်။ဒူးအပြင် တခြားရောင်ရမ်းတဲ့ အဆစ်တွေလည်း ထိုးလို့ရပါတယ်။ ဒီမှာတော့ အရိုးနုလေးတွေ ပွန်းပြီး ဒူးနာတဲ့သူတွေအတွက် ပြောပြပါ့မယ်။ဒူးဆစ်ကြီးတွေ ရောင်ကိုင်းပြီး လမ်းလည်းလျှောက်လို့မရ၊ လှုပ်ရှားရတာလည်း အဆင်မပြေဘူး။အကိုက်အခဲပျောက်ဆေးတွေလည်း မပေးချင်ဘူးဆိုရင် ဆေးထိုးဖို့ စဉ်းစားပါတယ်။အရင်ဆုံးထိုးမယ်ဆို တတ်ကျွမ်းတဲ့ ဆရာဝန်ဆီမှာပဲ ထိုးဖို့အကြံပေးလိုပါတယ်။ ဒါက သာမန် အသားဆေး၊ အကြောဆေးမဟုတ်ပါဘူး။ အဆစ်ထဲကို ထိုးတာဖြစ်တဲ့အတွက် သေသေချာချာလေ့ကျင့်ထားတဲ့ ဆရာဝန် ဒါမှမဟုတ် အရိုးအထူးကုဆရာဝန်က ထိုးပေးမှ စိတ်ချရပါမယ်။ဆေးမထိုးခင်မှာလည်း ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။ ဆရာဝန်ခွင့်ပြုမှ ထိုးတာ ပိုကောင်းပါတယ်။ သောက်လက်စဆေးတွေ၊ ရောဂါအခံတွေ ရှိရင် ပြောပြထားပါ။ လွန်ခဲ့တဲ့ နှစ်ပတ်အတွင်းမှာ နေမကောင်းဖြစ်ထားရင်လည်း ဆရာဝန်ကို အသိပေးပါ။ ဒါမှထိုးသင့် မထိုးသင့် ချိန်ဆလို့ရမှာပါ။ထိုးမယ်ဆိုရင် ထိုးမယ့်နေရာကို အရင်ဆုံးပိုးသတ်သန့်စင်ပါမယ်။ ပြီးရင် ထုံဆေး ဖြန်းတာ၊ ထိုးတာ လုပ်ပါမယ်။ ပြီးမှ အဆစ်ထဲကို စတီးရွိုက်ထိုးပေးမှာပါ။များသောအားဖြင့် ဘေးထွက်ဆိုးကျိုး မရှိတတ်ပါဘူး။စတီးရွိုက်ထိုးတာက ဒူးဆစ်တွေ ရောင်ရမ်းနာကျင်တာကို သက်သာစေပါတယ်။ စတီးရွိုက်ကအရောင်ကျစေတဲ့ သတ္တိရှိတဲ့အတွက် အရောင်ကျတာနဲ့အမျှ နာတာလည်း သက်သာလာပါတယ်။ ကောင်းတဲ့အချက်က မြန်မြန်သက်သာပါတယ်။ ဆေးထိုးပြီး တစ်ရက် နှစ်ရက်နေတာနဲ့ အရောင်ကျပြီး အနာသက်သာလာပါတယ်။ တစ်ခါထိုးရင် ၆ပတ်ကနေ ၁၂ပတ်ထိ ခံပါတယ်။စတီးရွိုက်က သက်သာတာ မှန်ပေမယ့် ခဏခဏ ထိုးလို့တော့ မသင့်တော်ပါဘူး။ ဘာကြောင့်လည်း ဆိုတော့ ပထမဆုံးအကြိမ်ထိုးတာက ဆေးစွမ်းအပြဆုံးမို့လို့ပါ။ မဖြစ်မနေ ထိုးမယ်ဆိုရင်လည်း အနည်းဆုံး ၆ပတ်ခြားရပါမယ်။ တစ်နှစ် ၂ကြိမ်၊ ၃ကြိမ်ထက် ပိုမထိုး သင့်ပါဘူး။ခဏခဏထိုးမယ်။ ပမာဏလည်း များတယ်ဆိုရင်။ဒါကြောင့် တန်ဆေး လွန်ဘေးမို့လို့ ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ပဲ ထိုးဖို့ အကြံပြုလိုပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/orthopedic-surgery/steroid-injections-for-knee-pain/
ဘေဘီလေးတို့ကို ဘယ်အချိန်မှာ မှိုစကျွေးကြမလဲ။
ဘေဘီလေးတို့ကို ဘယ်အချိန်မှာ မှိုစကျွေးကြမလဲ။ ဆိုတာလေးကို ဒီနေရာလေးကနေ ဝေမျှပေးလိုက်ပါတယ်။အာဟာရပြည့်ဝတဲ့ ဟင်းသီးဟင်းရွက်တွေထဲက တစ်ခုဖြစ်တဲ့ မှိုဟာလည်း ပုံစံအမျိုးမျိုး၊ အရသာအမျိုးမျိုးနဲ့ ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ဗီတာမင်နဲ့ သတ္တုဓာတ်တွေများစွာပါဝင်ပါတယ်။ ဒီတော့ မေမေတို့အနေနဲ့ ကလေးကို မှိုကျွေးလို့ရပြီလား၊ ဘယ်အချိန်မှာ စကျွေးရမလဲဆိုပြီး မေးစရာတွေ ပေါ်လာပါတယ်။ ဒီဆောင်းပါးကမှိုရဲ့ အကျိုးကျေးဇူးတွေ၊ ကလေးကို မှိုကျွေးတဲ့အခါ သတိထားသင့်တဲ့အချက်တွေကို ပြောပြပေးချင်ပါတယ်။ဘေဘီလေးတို့ကို ဘယ်အချိန်မှာ မှိုစကျွေးကြမလဲ။ ဆိုတော့ အတိအကျသတ်မှတ်ထားတဲ့ အသက်အရွယ်တော့ မရှိသေးပေမဲ့ ကလေး အသက် ၆လပြည့်ပြီးနောက်ပိုင်း အမာစာတွေကို စတင်စားနေပြီဆိုရင် ကျွေးလို့ရပါတယ်။ မှိုက ဝါးရတာလည်းလွယ်သလို အမျှင်ဓာတ်ပါတော့ ကလေးရဲ့ အစာခြေစနစ်အတွက်လည်း အဆင်ပြေတယ်။ အာဟာရလည်း ဖြစ်စေသလိုဝမ်းလည်း မှန်စေပါတယ်။ ကလေး အသက် ၁ နှစ်ပြည့်တဲ့အထိ စောင့်ပြီးမှ ကျွေးပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ အထူးသဖြင့် မှိုကျွေးတဲ့အခါ သေချာချက်ပြုတ်ပြီးမှ ကျွေးဖို့တော့ မေမေတို့ သတိထားသင့်တယ်နော်။မှိုအများစု ပုံစံအမျိုးမျိုး၊ အရသာအမျိုးမျိုးနဲ့ နိုင်ငံပေါင်းစုံရဲ့ မြေနေရာတွေမှာ စိုက်ပျိုးလို့ရပါတယ်။ အဲ့တော့ ဈေးထဲမှာ တွေ့နိုင်တာလည်း အများကြီးပဲပေါ့။ ဘယ်လိုမှိုမျိုးကို စကျွေးရမလဲ ရွေးရခက်နေရင် ဈေးထဲမှာ အလွယ်တကူဝယ်လို့ ရတဲ့ မှိုတွေကိုပဲ ကျွေးပေးပါနော်။ အရသာက မတူဘူးဆိုပေမဲ့ ရနိုင်တဲ့ အာဟာရဓာတ်တွေကတော့ အတူတူနီးပါးမို့ပါ။မှိုတွေမှာ ယေဘုယျအားဖြင့် ပိုတက်စီယမ်ဓာတ်၊ သံဓာတ်၊အမျှင်ဓာတ်၊ ဆီလီနီယမ်ဓာတ်တွေ အများဆုံးပါဝင်ပါတယ်။ နေရောင်ခြည်ကနေ ရနိုင်တဲ့ ဗီတာမင် ဒီ ဓာတ်တွေလည်း အများအပြား ပါဝင်လို့ နေရောင်နဲ့ သိပ်ပြီးထိတွေ့လို့မရတဲ့ ကလေးတွေအတွက်တော့ဖြည့်စွက်စာဆိုလည်း မမှားပါဘူး။ ဗီတာမင် ဒီ ကိုပုံမှန်လေးကျွေးပေးမယ်ဆိုရင် အရိုးအဆစ်တွေကို ကြံ့ခိုင်စေပြီး အူမကြီးကင်ဆာတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ငယ်သေးတဲ့ကလေးတွေနဲ့ ဘယ်လိုအစားအစာတွေ ဓာတ်မတည့်ဘူးလဲဆိုတာ သိနိုင်ဖို့ အစာတွေကို စောစောကျွေးထားနိုင်ရင် အကောင်းဆုံးပါပဲ။ မှိုနဲ့ ဓာတ်မတည့်တဲ့ ကလေးတွေဟာ အလွန်နည်းတယ်ဆိုပေမယ့် လုံးဝမရှိတာတော့ မဟုတ်ပါဘူး။ ဒါကြောင့် ကလေးကို မှိုစစချင်း ကျွေးတဲ့အချိန် ကလေးမှာ ဘာအပြောင်းအလဲတွေရှိလဲ သေချာကြည့်ကြည့်ပါ။ ဥပမာ – အသက်ရှူကြပ်တာ၊ အနီကွက် အင်ပျဉ်တွေထတာ၊ ချွဲကြပ်သလို ဖြစ်နေတာ အစရှိတဲ့ လက္ခဏာတွေ တွေ့ရပြီဆိုရင် ဆရာဝန်နဲ့ ပြကြည့်ဖို့ လိုပါတယ်။ဝါးစားလို့ရတဲ့ အတိုင်းအတာလောက်ကို သေးသေးလေးညှပ်ပြီး ကျွေးသင့်ပါတယ်။ သေချာနူးအောင် ချက်လိုက်ရင်တော့ ကလေးအလွယ်တကူ ဝါးနိုင်တဲ့အထိ ပျော့သွားတာမို့ စားရလွယ်ကူတာပေါ့။မှိုကျွေးတဲ့အခါ သတိထားသင့်တာကတော့ ကလေးတွေကို အစိမ်းအတိုင်းမကျွေးဖို့ပါပဲ။ကလေးတွေရဲ့ အစာခြေစနစ်က သိပ်ပြီးအလုပ်မလုပ်နိုင်သေးတဲ့အခါ အခန့်မသင့်ရင် ဗိုက်အောင့်စေနိုင်လို့ပါ။ ချက်ပြုတ်တဲ့အခါ သန့်သန့်ရှင်းရှင်းနဲ့ ကျက်အောင်ချက်ပါ။ချက်တဲ့အခါ အသားတစ်မျိုးမျိုး သို့မဟုတ်ဟင်းသီးဟင်းရွက်နဲ့လည်း ရောချက်လို့လည်း အဆင်ပြေပါတယ်။ အချိန်ပေးနိုင်ရင်တော့ မှိုနဲ့ ကြက်သားကို ပေါင်းအိုးထဲမှာ အချိန်အကြာကြီးထည့်ပေါင်းလို့ရပါတယ်။ ထမင်းပျော့ပျော့လေး၊ ဆန်ပြုတ်၊ ကြက်စွပ်ပြုတ်တွေနဲ့ မှိုကိုရောချက်ပြီး ကျွေးရင်လည်း ကလေးအတွက် အဆင်ပြေပါတယ်။ ကလေးကို မကျွေးခင်မှာ မေမေအနေနဲ့ အရင်ဆုံး ဝါးလို့အဆင်ပြေ၊ မပြေ စမ်းကြည့်ပါ။စစချင်းကျွေးတဲ့အခါ ကလေးအတွက် မှိုရဲ့ အရသာက အစိမ်းသက်သက်ကြီး ဖြစ်နေနိုင်တဲ့အတွက် မျက်နှာကမကြိုက်သလို ရှုံ့မဲ့ပြတာ ရှိနိုင်ပါတယ်။ နောက်တစ်နေ့မှာ ပုံစံတစ်မျိုးပြောင်းချက်ပြီး ကျွေးကြည့်ပါ။ ကလေးပါးစပ်နဲ့ မှိုအရသာအံဝင်ခွင်ကျဖြစ်တဲ့အခါ ကျွေးရတာ ပိုအဆင်ပြေသွားပါလိမ့်မယ်။ အဖြစ်နည်းတယ်ဆိုပေမယ့် မှိုကျွေးပြီး တစ်နာရီအတွင်း ဓာတ်မတည့်တဲ့ လက္ခဏာတွေ ပြလာပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြန်ပြဖို့တော့ လိုမယ်နော်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/can-babies-eat-mushrooms/
အမျိုးသားတွေရော ချင်ခြင်းတပ် ကြသလား
ချင်ခြင်းတပ် တယ်ဆိုတာကကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ အများဆုံးဖြစ်တတ်တဲ့ စိတ်အခြေအနေတစ်ခုပါ ။ ကိုယ်ဝန်ဆောင်အမျိုးသမီး အများစုဟာ ပုံမှန်အစားအစာတွေကို စားသောက်ကြပေမယ့် အချို့ကတွေတော့ ပုံမှန်မဟုတ်တဲ့ အရာတွေကို စားချင်စိတ်ဖြစ်တတ်ကြပါတယ် ။ ဒါကို ချင်ခြင်းတပ်တယ် လို့ ခေါ်ကြတာပါ ။ အစားအသောက် တစ်ခုခု ကို တောင့်တနေတယ် ၊ အရမ်းစားချင်နေတယ် ဆိုတာကိုcravingဖြစ်တယ်လို့ ခေါ်ကြပါတယ်။ ဒါကို သွေးတောင်းတယ် ၊ ဓာတ်ကျနေတယ် စသည်ဖြင့်လည်း မြန်မာစကားအခေါ် မျိုးစုံ ပြောတတ်ကြပါသေးတယ် ။ ဒါက ခန္ဓာကိုယ်မှာ လိုအပ်တဲ့အာဟာရဓာတ်တစ်ခုခု လိုအပ်နေတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ သူ့အလိုလို တောင့်တမိလာတာလို့ တချို့က ယူဆကြတယ် ။ ဒီပြဿနာက အမျိုးသားတွေမှာလည်း ရှိပါတယ်။ အမျိုးသားတွေရော ချင်ခြင်းတပ် တာ ဘာကြောင့်များပါလိမ့်။များသောအားဖြင့်တော့ ဒီလိုအခြေအနေမျိုးကို ချင်ခြင်းတပ် တယ်လို့ ခေါင်းစဉ်တပ် ကြလေ့ရှိပါတယ် ။ ဒီလိုပုံမှန်မဟုတ်တာတွေကို စားချင်စိတ် ပေါ်တာမျိုးက အမျိုးသမီးတွေမှာ တင်မက ကလေးငယ်တွေမှာလည်း ဖြစ်တတ်ပါတယ် ။ဒါပေမယ့် အရမ်းထူးခြားတဲ့ အချက်တစ်ခုကတော့ ဒီလိုစိတ်မျိုးကိုယောက်ျားရင့်မာကြီးတွေမှာလည်း ဖြစ်တတ်တယ်လို့ ဆိုတာပါပဲ ။ ဒါပေမယ့် ဘာလို့ ဒီလိုဖြစ်ကြတာလဲ ။ရုတ်တရက် ဆိုရင်တော့ အမျိုးသားတွေလည်း ချင်ခြင်းတပ်တယ် ဆိုတာကြီးက ထူးဆန်းနေမယ်ထင်ပါတယ်။ ဒါပေမယ့် Pica ဟာ စိတ်ရောဂါအနုစားတစ်မျိုးဖြစ်ပြီးတော့အသက်အရွယ်မရွေးလိင်အမျိုးအစားမရွေးမှာ ပုန်းကွယ်ပြီးရှိနေနိုင်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုဆိုတာကို သင်သိလာချိန်မှာတော့ ဒါက မထူးဆန်းဘူးဆိုတာကို နားလည်လာမယ်ထင်ပါတ်ယ်။လေ့လာချက်တွေအရ အမျိုးသားတွေရဲ့ ထူးထူးဆန်းဆန်း သဘာဝမကျတဲ့အရာတွေကို စားသောက်ချင်စိတ် ဖြစ်ပေါ်မှုကလည်း ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ ကလေးတွေထက် မနည်းပါဘူးတဲ့။အမျိုးသားတွေဟာလည်း တခြားသူတွေလိုပါပဲ ချင်ခြင်းတပ် တဲ့အခါ မစားဖူးတာတွေကို စားချင်လာတာမျိုးအပြင် အမှိုက်တွေ၊ဆန်တွေ၊ သဲတွေ၊ စက္ကူတွေ၊ မြေကြီးတွေ၊ဆပ်ပြာမှုန့်တွေ၊ သစ်ရွက်တွေလိုမျိုး ပုံမှန်မဟုတ်တာတွေကိုလည်း စားကြတာမျိုးတွေ ရှိတတ်ပါတယ်။ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ချင်ခြင်းတပ်တဲ့စိတ်ကတော့ ကိုယ်ဝန်ဆောင်စဉ်မှာဟော်မုန်းပြောင်းလဲလာမှုကြောင့် ဆိုတာကို သိထားပေမယ့် အမျိုးသားတွေမှာ ဘာကြောင့် ဒီလိုစိတ်မျိုးဖြစ်ပေါ်လာတာလဲဆိုတာကို ရှင်းပြနိုင်စွမ်းမရှိသေးပါဘူး။PicaဟာEating Disorderတစ်မျိုးဖြစ်တယ်ဆိုတာကိုသာ သက်သေပြထားနိုင်ပါသေးတယ်။လက်ရှိအချိန်အထိ သိနားလည်ထားကတော့ Pica ဟာ လူ့ ကိုယ်ခန္ဓာရဲ့ ဉာဏ်ပညာကြွယ်ဝမှုပုံစံတစ်မျိုး ဆိုတာပါပဲ။ သင့်ကိုယ်ခန္ဓာဟာ သင်ဖြည့်ဆည်းလေ့မရှိတဲ့ အာဟာရအချို့ကို လိုအပ်လာချိန်မှာ မသိစိတ်ရဲ့ စေ့ဆော်မှုနဲ့ အဆိုပါအရာတွေကို စားသုံးလိုခြင်းဖြစ်လာတာလို့ ဆိုကြပါတယ်။ဒါပေမယ့် ဒီအချက်တွေဟာ ကိုယ်ဝန်ဆောင်တွေကို အခြေပြုပြီး လေ့လာထားတာသာဖြစ်ပြီးတော့ အမျိုးသားတွေဘာကြောင့် Pica ဖြစ်ရတယ်ဆိုတာကိုတော့ မရှင်းပြနိုင်သေးပါဘူး။ချင်ခြင်းတပ်ခြင်းဟာ တခါတရံမှာ သင့်ကျန်းမာရေးအတွက် မကောင်းပါဘူး။ ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓာတ်ကို မူမမှန်တဲ့နည်းလမ်းနဲ့ ဖြည့်ဆည်းတာလို့ ဘယ်လိုပင်ဆိုနေပါစေ၊ တချို့သော စားသောက်ချင်စိတ်ဖြစ်ပေါ်နေတဲ့အရာတွေက အတော်လေးကို အဆင်မပြေတဲ့ အမယ်တွေပါဝင်နေတတ်ပါတယ်။ဒီလိုအခြေအနေမျိုးမှာအရသာတူညီပြီး ကျန်းမာရေးကို မထိခိုက်စေတာမျိုး၊ အာဟာရပါဝင်မှုတူညီတာမျိုးတွေကို ပြောင်းလဲပြီး မှီဝဲစားသောက်တာမျိုး လုပ်ကြည့်သင့်ပါတယ်။ကိုယ်ဝန်ဆောင် အမျိုးသမီးအတော်များများဟာ ချင်ခြင်းတပ် ခြင်းတွေ ဖြစ်တတ်ပါတယ်။ များသောအားဖြင့်ကတော့ ကျန်းမာရေးကို မထိခိုက်စေပေမယ့် အစာမဟုတ်တဲ့အရာတွေကို စားချင်ပြီဆိုရင် ဆရာဝန်ကို ပြသသင့်ပါတယ်။ဒီလိုပါပဲ အမျိုးသားတွေ အနေနဲ့လည်း ပုံမှန် မဟုတ်တာတွေကို စားသောက်ချင်စိတ် လိုအပ်တာထက် ပိုမိုဖြစ်လာပြီဆိုရင် ကျွမ်းကျင်သူနဲ့ တိုင်ပင်ကုသတာမျိုးပြုလုပ်ဖို့ လိုအပ်မှာဖြစ်ပါတယ် ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/pica-craving/
အမျိုးသားတွေမှာ ဖြစ်တဲ့ ရင်သားကင်ဆာ
အမျိုးသားတွေမှာ ဖြစ်တဲ့ ရင်သားကင်ဆာဆိုလို့ ဟုတ်ပါ့မလားလို့ တွေးနေမိတာလား။ အမျိုးသမီးတွေမှာပဲ ဖြစ်တာလားဆိုတဲ့ မေးခွန်းတွေ ခေါင်းထဲမှာ ဗြောင်းသက်နေပါသလား။ အမျိုးသမီးတွေမှာမှ ရင်သားကင်ဆာဖြစ်တာ မဟုတ်ပါဘူး။ အမျိုးသားတွေမှာလည်း ရင်သား ကင်ဆာဖြစ်နိုင်ပါတယ်။အမျိုးသားတွေမှာ ဖြစ်တဲ့ ရင်သားကင်ဆာ က အမျိုးသမီးတွေမှာလောက်တော့ အဖြစ်မများဘူးပေါ့။ အမျိုးသားတွေမှာ ရင်သားကင်ဆာဖြစ်တဲ့နှုန်းဟာ တော်တော်လေး နည်းပါတယ်။ အမျိုးသားတွေမှာလည်း ရင်သားဆဲလ်တွေ၊ တစ်ရှူးတွေ ရှိနေတာကြောင့် ရင်သားကင်ဆာ ဖြစ်နိုင်တာပါ။အမျိုးသားတွေက အမျိုးသမီးတွေလိုတော့ ရင်သားကနေ နို့ရည်ကို မထုတ်လုပ်ဘူးဆိုပေမယ့် ရင်သားကင်ဆာကတော့ ဖြစ်နိုင်ပါတယ်။ အမျိုးသား အယောက် တစ်ထောင်မှာ တစ်ဦးနှုန်းလောက် ရင်သားကင်ဆာ​ဖြစ်နိုင်ပါတယ်။အမျိုးသားတွေမှာ ရင်သားကင်ဆာဖြစ်နေလားဆိုတာကို ရင်သား ဒါမှမဟုတ်  ရင်သားထိပ်ခေါင်း အောက်ဘက်နားမှာခပ်မာမာ အဖုအကျိတ်ရှိနေလားဆိုတာကို ဆန်းစစ်တာကနေ တဆင့် သိနိုင်ပါတယ်။ အမျိုးသားတွေက အမျိုးသမီးတွေထက် ရင်သားကင်ဆာ​ကြောင့် သေဆုံးနိုင်ခြေမြင့်ပါတယ်။အကြောင်းကတော့ ရင်သားကင်ဆာဖြစ်နိုင်ခြေရှိတဲ့ အရာတွေကို သတိထားမိတာ နည်းတာကြောင့်ပါ။ ဒီလိုကနေ ကုသမှုခံယူတာ နောက်ကျပြီး ရင်သားကင်ဆာကြောင့် အသက်ဆုံးရှုံးကြရတာပါ။ အသက် ၅၀ နဲ့ အထက် အမျိုးသားတွေမှာရင်သားကင်ဆာဖြစ်နိုင်ခြေများပါတယ်။ ဒါပေမယ့် အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။အမျိုးသားတွေအနေနဲ့လည်း ရင်သားကင်ဆာကို စောစောသိ စောစော ကုသနိုင်မယ်ဆိုရင် ရလဒ်ကောင်းမှာပါ။ ရင်သားကင်ဆာဖြစ်တဲ့အခါ အကျိတ်ကို ခွဲထုတ်ပစ်တာ၊ရင်သားတစ်ရှူးတွေကို ဖယ်ရှားတာ၊ဆေးသွင်းကုသတာ၊ ဓာတ်ရောင်ခြည်ပေးကုသမှုနဲ့ နည်းလမ်းတွေနဲ့ ကုသပြီးကင်ဆာဆဲလ်တွေကို ထိန်းချုပ်လို့ ရပါတယ်။အမျိုးသားတစ်ဦးမှာ ရင်သားကင်ဆာ ခံစားရပြီဆိုရင်။ဒီလက္ခဏာတွေ ရှိလာပြီဆိုရင် ဆေးကုသမှု ခံယူပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေကို လုပ်ဆောင်ပါ။ ရင်သားကင်ဆာက မြန်မြန်သိ မြန်မြန်ကုလေ ထိရောက်မှု ရှိလေလေပါ။အမျိုးသားတွေမှာ ရင်သားကင်ဆာဖြစ်ရတဲ့ အကြောင်းအရင်းက အတိအကျ မရှိပါဘူး။ အချို့သောရင်သားကင်ဆာဆဲလ်တွေက ပုံမှန် မဟုတ်ဘဲ လျင်လျင်မြန်မြန် ကွဲပွားရာကနေ ရင်သားကင်ဆာဆဲလ်တွေဖြစ်လာရတာပါ။ ဒီဆဲလ်တွေက စုမိပြီး ရင်သားကင်ဆာ အကျိတ်တွေဖြစ်လာပါတယ်။ဒီကနေတဆင့် အနီးတဝိုက်က တစ်ရှူးတွေ၊ ပြန်ရည်ကျိတ်တွေ နဲ့ ခန္ဓာကိုယ် အခြားအစိတ်အပိုင်းတွေဆီ ပြန့်သွားတာပါ။အမျိုးသားတွေကို ရင်သားကင်ဆာ ခံစားရနိုင်ခြေ တိုးစေတဲ့ အ​ကြောင်းအရင်း အချို့ကတော့။အသက်အရွယ် ကြီးရင့်လာတာက အမျိုးသားတွေမှာ ရင်သားကင်ဆာ ခံစားရနိုင်ခြေကို တိုးစေတဲ့ အချက်တစ်ခုပါ။ အသက် ၅၀ နဲ့အထက် အမျိုးသားတွေက ရင်သာကင်ဆာ ခံစားရနိုင်ခြေ ပိုမြင့်ပါတယ်။အက်စထရိုဂျင်ပါတဲ့ ဆေးတွေ သောက်သုံးနေရတာ၊ ဆီးကျိတ်ကင်ဆာအတွက် ဟော်မုန်း ကုထုံး ခံယူနေရတာတွေက အမိုးသားတွေကို ရင်သား ကင်ဆာ ခံစားရနိုင်ခြေ တိုးစေပါတယ်။ဖခင် ဒါမှမဟုတ် ညီအစ်ကိုတွေမှာ ရင်သားကင်ဆာ ခံစားရဖူးရင်လည်း ရင်သားကင်ဆာ ခံစားရနိုင်ခြေ များပါတယ်။Klinefelter’s syndrome။ဒါကတော့ မျိုးဗီဇဆိုင်ရာ ကျန်းမာရေး ပြဿနာတစ်ရပ်ပါ။ အမျိုးသားတွေမျာ မွေးဖွားစဉ်က X  ခရိုမိုဆုန်းခ် တစ်ခုထက်ပိုပြီး ပါလာတာပါ။ ဒီလို ပါလာတာက လိုင်အင်္ဂါ ပုံမှန် မဟုတ် တဲ့ ကြီးထွားမှုကို ဖြစ်စေနိုင်ပြီး အမျိုးသားတွေမှာ ကျားဟော်မုန်းဖြစ်တဲ့ (androgens) ထုတ်လုပ်မှု နည်းပြီး မဟော်မုန်းဖြစ်တဲ့ (estrogens) ထုတ်လုပ်မှု များနေတာပါ။အသည်းရောဂါဖြစ်တဲ့ အသည်းရွတ်နာလိုမျိုး ရောဂါတွေက ကျား ဟော်မုန်း ထုတ်လုပ်မှုကို ကျစေပြီး မ ဟော်မုန်း ထုတ်လုပ်မှုကို များစေနိုင်တာကြောင့် ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို များစေပါတယ်။အဝလွန်တာက ကိုယ်တွင်းမှာ အက်စထရိုဂျင်ဟော်မုန်း ပမာဏကို တိုးစေပြီး အမျိုးသားတွေမှာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို တိုးစေပါတယ်။ဝှေးစေ့ရောင်ခြင်း (orchitis)ဒါမှမဟုတ် ဝှေးစေ့ဖယ်ရှားတဲ့ ခွဲစိတ်မှု ခံယူဖူးတာကလည်း ရင်သား ကင်ဆာဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။အမျိုးသားတွေဟာ ရင်သားတစ်ရှူး အနည်းငယ်နဲ့ မွေးဖွားလာကြတာပါ။ ရင်သားတစ်ရှူးမှာ နို့ရည်ပြု ဂလင်းတွေ၊ နို့ရည်ပို့ပြွန်၊ အဆီတစ်ရှူးတွေ ပါဝင်ပါတယ်။အမျိုးသမီးတွေက အပျိုဖော်ဝင်လာချိန်မှာ ရင်သားတစ်ရှူးတွေ ထပ်မံဖြစ်လာနိုင်ပေမယ့် အမျိုးသားတွေကတော့ လူပျိုဖော်ဝင်ချိန်မှာ ရင်သားတစ်ရှူးတွေ ထပ်ဖြစ်မလာပါဘူး။ အမျိုးသားတွေက ရင်သားတစ်ရှူးနည်းနည်းပဲ ရှိတာဆိုပေမယ့် ရင်သားကင်ဆာ ဖြစ်စေနိုင်ပါတယ်။အမျိုးသားတွေမှာဖြစ်တဲ့ ရင်သားကင်ဆာအမျိုးအစားတွေကတော့။နို့ရည်ပို့ပြွန်ကနေ စတဲ့ ရင်သားကင်ဆာ– အမျိုးသားတွေမှာ အဖြစ်များတဲ့ ရင်သားကင်ဆာ အမျိုးအစားပါ။ နို့ရည်ပို့ ပြွန်ကနေ စဖြစ်ပွားပါတယ်။နို့ရည်ပြု ဂလင်းကနေ စတင်ဖြစ်ပွားတဲ့ ရင်သားကင်ဆာ– ဒီရင်သားကင်ဆာ အမျိုးအစားကတော့ အမျိုးသားတွေမှာ ဖြစ်ခဲပါတယ်။ အကြောင်းကတော့ အမျိုးသားတွေရဲ့ ရင်သားမှာ နို့ရည်ပြုဂလင်းက အနည်းငယ်ပဲ ပါဝင်တာကြောင့်ပါ။အခြားရင်သား ကင်ဆာ အမျိုးအစား– အမျိုးသားတွေမှာ ဖြစ်နိုင်ခြေရှိတဲ့ အခြားရင်သားကင်ဆာ အမျိုးအစားတွေကတော့ နို့သီးခေါင်းမှာ ဖြစ်တတ်တဲ့Paget’s diseaseကြောင့်ဖြစ်တဲ့ ရင်သားကင်ဆာ။ ရင်သားရောင်ရမ်းမှုကနေတဆင့် ဖြစ်တဲ့ ရင်သားကင်ဆာ အမျိုးအစားတွေပါ။ဒီရင်သားကင်ဆာ အမျိုးအစားတွေ အပြင် မျိုးရိုးမှာ ရင်သားကင်ဆာဖြစ်ဖူးမယ်ဆိုရင်လည်း ပုံမှန်စစ်ဆေးမှုတွေ လုပ်ဆောင်သင့်ပါတယ်။ရင်သားကင်ဆာကို စစ်ဆေးတဲ့ နည်းလမ်းမှာ အဆင့်များစွာ ပါဝင်နေပါတယ်။ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှု၊ ပုံရိပ်ဖော် စစ်ဆေးမှု နဲ့ အသားစယူ စစ်ဆေးမှုတွေအပါအဝင် စစ်ဆေးမှု အဆင့်များစွာ လုပ်ရပါတယ်။ရင်သားကင်ဆာဆဲလ်တွေက ရင်သားမှာ အကျိတ်ဖြစ်နေနိုင်ပါတယ်။ အကျိတ်ရဲ့ တည်နေရာ၊ ကင်ဆာဆဲလ် ကြီးထွားမှုကို လိုက်ပြီး ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှု ပုံရိပ်ဖော် စစ်ဆေးမှုတွေဖြစ်တဲ့ mammogram နဲ့ X-ray တို့ကို အသုံးပြုပြီး ရင်သားတစ်ရှူးတွေကို စစ်ဆေးနိုင်ပါတယ်။ ဒါတင်မကဘဲ ရင်သားကင်ဆာကို MRI စနစ်သုံးပြီးလည်း စစ်ဆေးနိုင်ပါသေးတယ်။နောက်တစ်နည်းကတော့ ရင်သားကနေ တစ်ရှူး နမူနာယူပြီး အသားစ စစ်ဆေးတဲ့ နည်းလမ်းပါ။ အကျိတ်ရဲ့ တည်နေရာ၊ အရွယ်အစားတွေအပါအဝင် အမျိုးမျိုးသော အကြောင်းအရာတွေပေါ် မူတည်ပြီး အသားစယူ စစ်ဆေးနည်း ကွာခြားနိုင်ပါတယ်။ရင်သားကင်ဆာကို ကုသတဲ့နည်းက တစ်ခုမကပါဘူး။ ကင်ဆာအဆင့်၊ grade၊ အမျိုးအစားကို လိုက်ပြီး ကုထုံး ကွာခြားနိုင်ပါတယ်။ရင်သားကင်ဆာက စောစောသိ စောစောကုသနိုင်လေလေ ထိရောက်မှု ရှိလေလေပါ။ ဒီတော့ ရင်သားကင်ဆာကို ကာကွယ်ဖို့ဆိုရင်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/men-breast-cancer/
အဆစ်ရောင်ရောဂါရှိသူများအတွက် သင့်တော်သော စားသောက်ဖွယ်ရာများ
ယခုဖော်ပြမှာကတော့ အဆစ်ရောင်ရောဂါရှိသူများအတွက် သင့်တော်သော စားသောက်ဖွယ်ရာများ  ဖြစ်ပါတယ်။အဆစ်ရောင်ရောဂါဟာ အရိုးအဆစ်တွေမှာရှိတဲ့ အရိုးနုတွေ ရောင်ရမ်းခြင်း၊ ပျက်စီးခြင်း စတာတွေကြောင့် ဖြစ်ပွားရပြီးနာကျင်ကိုက်ခဲမှုဝေဒနာကို သိသိသာသာ ခံစားရပါတယ်။ အဆစ်များဟာ ရောင်ရမ်းပြီး တောင့်တင်းနေတတ်ပါတယ်။အဆစ်ရောင်ရောဂါ တမျိုးမျိုး ဖြစ်ပွားတယ်လို့ သံသယရှိရင် ဆရာဝန်နဲ့ ပြသပြီး ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရပါမယ်။ တဖက်မှာလည်း နေထိုင်စားသောက်ပုံများကို ရောဂါအခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲလုပ်ဆောင်ဖို့ လိုပါတယ်။အဆစ်ရောင်ရောဂါရှိသူများအတွက် သင့်တော်သော စားသောက်ဖွယ်ရာများ ကတော့။ဆယ်လ်မွန်၊ မက်ကရယ်၊ ငါးသေတ္တာ စတဲ့ငါးတွေမှာOmega 3ကြွယ်ဝပါတယ်။ Omega 3 မှာ ရောင်ရမ်းမှုကို ကျစေတဲ့ အာနိသင်ပါဝင်တာကြောင့် အဆစ်ရောင်သူတွေအတွက် သင့်တော်ပါတယ်။ သုတေသနတွေအရ Omega 3 သုံးစွဲတဲ့အခါ အဆစ်ရောင်သူတွေမှာနာကျင်ကိုက်ခဲခြင်း၊ မနက်အိပ်ရာထချိန်မှာ အဆစ်များတောင့်တင်းနေတတ်ခြင်း စတာတွေကို သက်သာစေကြောင်း သိရှိရပါတယ်။ ဒါ့အပြင် အဆိုပါငါးတွေမှာပါဝင်တဲ့ ဗီတာမင် D ဟာ လေးဘက်နာအဆစ်ရောင်ခြင်းကို သက်သာစေတယ်လို့ ဆိုပါတယ်။ကြက်သွန်ဖြူမှာလည်း ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အာနိသင်ရှိပါတယ်။ သုတေသနတွေအရ ကြက်သွန်ဖြူစားသုံးခြင်းဟာ အရိုးအဆစ်ရောင်ခြင်းနဲ့ ပတ်သက်တဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။ ဒါ့အပြင် ကိုယ်ခံအားကို ကောင်းစေပြီး ကင်ဆာရောဂါအချို့ကိုဖြစ်ပွားနိုင်ခြေ လျော့စေခြင်း၊ အသက်အရွယ်ကြီးလာချိန်မှာ ဖြစ်တတ်တဲ့ မကြာခဏသတိမေ့လျော့တတ်ခြင်းကို ကာကွယ်ပေးခြင်း စတဲ့ အကျိုးကျေးဇူးတွေ ပေးပါတယ်။ဒူးဆစ်နာသူတွေနဲ့ပတ်သက်ပြီး ပြုလုပ်ခဲ့တဲ့ သုတေသနတခုမှာ ဂျင်းကနေ ထုတ်လုပ်ထားတဲ့ အဆီအနှစ်များဟာ အဆစ်နာဝေဒနာကို သက်သာစေကြောင်း သိရပါတယ်။ ဂျင်းဟာ ရောင်ရမ်းခြင်းကို အားပေးတဲ့ ဓာတ်ပစ္စည်းတွေကို တားဆီးပေးနိုင်စွမ်း ရှိပါတယ်။ အစားအစာထဲမှာ ထည့်သွင်းစားတာဖြစ်စေ၊ အမှုန့် (သို့မဟုတ်) အခြောက်ခံတဲ့ပုံစံနဲ့ သုံးစွဲရင်ဖြစ်စေ အဆစ်ရောင်ခြင်းမှာ ဖြစ်တတ်တဲ့ ဝေဒနာတွေကို သက်သာစေတယ်လို့ ဆိုပါတယ်။ပန်းပွင့်စိမ်းမှာ အာဟာရဓာတ်များစွာ ပါဝင်ပြီး အဆစ်ရောင်ခြင်းကို သက်သာစေတဲ့ အာနိသင်တွေလည်း ပါဝင်ပါတယ်။ အထူးသဖြင့် ပန်းပွင့်စိမ်းမှာပါဝင်တဲ့ ဆယ်လ်ဖိုရာဖိန်းဆိုတဲ့ ဓာတ်ပစ္စည်းဟာ လေးဘက်နာအဆစ်ရောင်ခြင်းကို သက်သာစေပါတယ်။သစ်ကြားသီးဟာ အာဟာရဓာတ်များစွာ ပါဝင်တဲ့ အခွံမာသီးတမျိုး ဖြစ်ပါတယ်။ သစ်ကြားသီးမှာ Omega 3 ပါဝင်မှုမြင့်မားတဲ့အပြင် ရောင်ရမ်းမှုကို ကျဆင်းစေတဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်ပါတယ်။ သစ်ကြားသီးကို ပုံမှန်စားသုံးခြင်းဟာလည်း အဆစ်ရောင်ခြင်းဝေဒနာ ခံစားနေရသူတွေကို အထောက်အကူပြုပါတယ်။ဘယ်ရီသီးတွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းမျိုးစုံ၊ ဗီတာမင်၊ သတ္တုဓာတ် များစွာပါဝင်ပါတယ်။ အဆိုပါ ပစ္စည်းတွေမှာ ရောင်ရမ်းမှုကို ကျစေတဲ့ အာနိသင်တွေ ပါဝင်ပါတယ်။ သုတေသနတခုမှာ ဖော်ပြချက်အရ တပတ်မှာ အနည်းဆုံးနှစ်ကြိမ်ခန့် စတော်ဘယ်ရီသီးများ စားသုံးပေးခြင်းဟာ ကိုယ်ခန္ဓာတွင်းက အဆစ်ရောင်ခြင်းကိုအားပေးတဲ့ ဓာတ်ပစ္စည်းတွေကို ၁၄ ရာခိုင်နှုန်းခန့် ကျဆင်းသွားစေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဘယ်ရီသီးတွေမှာပါဝင်တဲ့ ကွာစီတင်နဲ့ ရူတင်ဆိုတဲ့ ပစ္စည်းနှစ်မျိုးဟာ ရောင်ရမ်းမှုကို သက်သာစေတဲ့ အာနိသင်ရှိပါတယ်။ဟင်းနုနွယ်ဟာ အာဟာရဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တမျိုး ဖြစ်ပါတယ်။ အထူးသဖြင့် ဟင်းနုနွယ်မှာပါဝင်တဲ့ ကမ်ဖာရော ဆိုတဲ့ဓာတ်တိုးဆန်ပကျင်ပစ္စည်းတစ်မျိုးဟာ ရောင်ရမ်းမှုတွေကို လျော့ကျစေတဲ့ အာနိသင်ရှိတာကြောင့် လေးဘက်နာအဆစ်ရောင်သမားတွေမှာ သုံးစွဲဖို့ သင့်တော်ပါတယ်။စပျစ်သီးမှာ ပါဝင်တဲ့ resveratrol ဆိုတဲ့ ဓာတ်ပစ္စည်းဟာ ရောင်ရမ်းမှုကို ကျဆင်းစေပါတယ်။ လေးဘက်နာအဆစ်ရောင်ခြင်းမှာ ကြုံရတတ်တဲ့ အဆစ်များ မာကြောတောင့်တင်းခြင်းကို သက်သာစေပါတယ်။ ဒါ့အပြင် စပျစ်သီးမှာ proanthocyanidin ဆိုတဲ့ ဓာတ်ပစ္စည်းတမျိုးလည်း ပါဝင်ပြီး အဆစ်ရောင်ခြင်းကို သက်သာစေတယ်လို့ သိရပါတယ်။သံလွင်ဆီမှာ အဆစ်ရာင်ခြင်း ဝေဒနာတွေကို သက်သာစေတဲ့ အာနိသင်ရှိပါတယ်။ အဆစ်များရောင်ခြင်း၊ အရိုးနုများပျက်စီးခြင်း၊ ရောင်ရမ်းခြင်း စတာတွေကို သက်သာစေပါတယ်။ သုတေသနတခုမှာ ဖော်ပြချက်အရ သံလွင်ဆီ စားသုံးခြင်းဟာ အဆစ်ရောင်ရောဂါများကို ဖြစ်နိုင်ခြေ လျော့နည်းစေတယ်လို့ ဆိုပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/arthritis-orthopedics-musculoskeletal/foods-for-arthritis/
တတိုင်းမွှေး ဆေးဖက်ဝင်သလား!
တတိုင်းမွှေးပင်ကို မမြင်ဖူးရင်သာ နေကြမယ်။ အမည်ကိုတော့ ကြားဖူးကြမယ် ထင်ပါတယ်။ ဒီတစ်ခေါက်တော့ ပြောချင်တာက တတိုင်းမွှေး ဆေးဖက်ဝင်သလား  ဆိုတာပါ။ ကဲ …… ဒီအဖြေလေးကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။တတိုင်းမွှေးပင်ဆိုတာက ပန်းပွင့်တဲ့ အပင်တစ်မျိုးပါ။Magnoliaceaeမျိုးရင်းပင် တစ်မျိုးပါ။ ရှေးခေတ် ကာလတွေကလည်း ဆေးဝါးအဖြစ် အသုံးပြုခဲ့ကြပါတယ်။ အပင်ရဲ့ အပွင့်၊ အခေါက်၊ အဆီအနှစ် အားလုံးက ဆေးဖက်ဝင်ပါတယ်။တတိုင်းမွှေးပင်က အရှေ့အာရှ နဲ့ အရှေ့တောင်အာရှ ဒေသမျိုးရင်းပင်တစ်မျိုးပါ။ များစွာသော ကျန်းမာရေး အကျိုးကျေးဇူးတွေကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းကဆေးဖက်ဝင် အပင်အဖြစ် အသုံးပြုခဲ့ကြပါတယ်။တတိုင်းမွှေး ဆေးဖက်ဝင်သလား ဆိုတော့ တတိုင်းမွှေးပင်က ကျန်းမာရေးအတွက် ကောင်းကျိုး  များစွာ ရှိနေပါတယ်။ ဘယ်လို ကောင်းကျိုးတွေလဲဆိုတော့ တတိုင်းမွှေးပင်ကစိုးရိမ်စိတ် များတာကို သက်သာစေနိုင်သလို ခံတွင်းရောင်ရမ်းတာ၊ ရာသီလာချိန် နာကျင်ကိုက်ခဲတာ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးတွေကို ကောင်းမွန်စေနိုင်ပါတယ်။နောက်ပြီး တတိုင်းမွှေးပင် အခေါက်က ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးသလို ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးပါတယ်။ ဓာတ်မတည့်မှုကိုလည်း သက်သာစေနိုင်ပါသေးတယ်။ တိတိကျကျ သိရှိနိုင်စေဖို့ လေ့လာလိုက်ရအောင်နော်။တတိုင်းမွှေးပင်က ခန္ဓာကိုယ်ရဲ့ ဟော်မုန်း မညီမျှမှုကို တိုက်ရိုက် ထိန်းညှိပေးပြီး စိုးရိမ်စိတ်များတာကို သက်သာစေနိုင်သလို ဟော်မုန်း မမျှတတာကြောင့် စိတ်ဖိစီးတာကိုလည်း သက်သာစေနိုင်ပါတယ်။ ဟော်မုန်းစနစ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ကိုယ်တွင်းမှာ စိတ်ခံစားမှု ကောင်းစေနိုင်တဲ့ ဟော်မုန်းတွေ ထွက်ရှိစေဖို့ လှုံ့ဆော်ပေးပါတယ်။တတိုင်းမွှေးပင် အဆီအနှစ်တွေက သွားဖုံးရောင်တာ၊ သွားဖုံးသွေးထွက်တာတွေကို သက်သာစေနိုင်ပြီး သွားနဲ့ ခံတွင်းကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။တတိုင်းမွှေးပန်းပွင့်တွေနဲ့ အခေါက်တွေထဲမှာ ရှိတဲ့ ဒြပ်ပေါင်းတွေက အရောင်ကျစေနိုင်ပြီးကြွက်သားတွေ နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။ တတိုင်းမွှေးအဖူးတွေကရာသီလာချိန် နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။ စိတ်ခံစားမှုကိုလည်း ကောင်းစေပါတယ်။ ရာသီအကြို လက္ခဏာတွေကိုလည်း သက်သာစေနိုင်ပါတယ်။တတိုင်းမွှေးပင်က လေပြွန်ရောင်တာ၊ ချောင်းဆိုးတာ၊ ချွဲထတာတွေ အပါအဝင်ပန်းနာရင်ကျပ်ရောဂါတွေကိုပါ သက်သာစေနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းတလျှောက် ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။တတိုင်းမွှေးပင်ရဲ့ နောက်ထပ် အာနိသင် တစ်ခုကတော့ဓာတ်မတည့်မှုကို သက်သာစေတာပါ။ ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို သက်သာစေနိုင်သလို ဝတ်မှုန် ဓာတ်မတည့်မှုကိုလည်း သက်သာစေနိုင်ပါတယ်။တတိုင်း​မွှေးပင်စည် အခေါက်က အစားစားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်တာကြောင့် ဝိတ်ကျစေဖို့ ထောက်ကူပေးပါတယ်။သွေးဆုံးချိန်မတိုင်ခင်ကိုယ်အလေးချိန်တက်တာလိုမျိုး ကျန်းမာရေးပြဿနာတွေကို သက်သာစေဖို့လည်း ထောက်ကူပေးပါတယ်။တတိုင်းမွှေးပင်က စိတ်ဖိစီးမှုကို လျှော့ကျစေနိုင်သလိုသွေးတွင်းသကြားဓာတ်ထိန်းညှိပေးဖို့လည်း ထောက်ကူပေး ပါတယ်။ ဆီးချိုကို ထိန်းညှိဖို့ အသုံးပြုပေးလို့ ရသလို ကာကွယ်ပေးဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။တတိုင်းမွှေးပင်ရဲ့ နောက်ထပ် အသုံးဝင်မှု တစ်ရပ်ကတော့ လူကြီးတွေမှာ သိမြင်မှုစွမ်းရည် ကျဆင်းတာကို သက်သာစေတာပါ။ ဦးနှောက်တွင်းကacetylcholineပမာဏမြင့်တက်အောင် လှုံ့ဆော်ပေးပြီး မှတ်မိနိုင်စွမ်း နည်းတာကို သက်သာစေနိုင်ပါတယ်။ ဦးနှောက်စွမ်းဆောင်ရည်ကို ကောင်းမွန်စေဖို့လည်း လှုံ့ဆော်ပေးပါတယ်။တတိုင်းမွှေးပင်က ပြန်ရည်ကြောစနစ်ကို လှုံ့ဆော်ပေးပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ အရက်သောက်တာ များတာကြောင့် အသည်းအဆီဖုံးတာကို ကာကွယ်ဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ အသည်းရဲ့ လုပ်ဆောင်မှုတွေကို ကောင်းမွန်စေဖို့လည်း လုပ်ဆောင်ပေးပါတယ်။တတိုင်းမွှေးက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် တန်ဆေး လွန်ဘေးဆိုသလို အများကြီး မသုံးသင့်ပါဘူး။ ရောဂါ အခံရှိသူတွေ၊ ကျန်းမာရေးပြဿနာတွေကြောင့် ဆေးသောက်နေရသူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေအနေနဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ အသုံးပြုသင့်ပါတယ်။တတိုင်းမွှေးနဲ့ ပတ်သက်ပြီး ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။ သဘာဝဆေးဖက်ဝင်ဆိုပေမယ့် ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်း မရှိရင် ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်နိုင်တာကို သိထားရန် လိုအပ်ပါတယ်။ ဒါကြောင့် အသုံးပြုမယ်ဆိုရင် သက်ဆိုင်ရာ တိုင်းရင်းဆေးဝါးကျွမ်းကျင်သူများနဲ့သာ တိုင်ပင်ပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/benefits-of-magnolia/
အဆုတ်ကင်ဆာအား ခွဲစိတ်ကုသခြင်း
အဆုတ်ဟာ ရေမြှုပ်လို ဖောင်းပွတဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်ပြီး အသက်ရှူသွင်းရှူထုတ်ပေးခြင်းအားဖြင့်ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ အောက်ဆီဂျင်ကို လေထုထဲကနေ ရယူပေးပါတယ်။အဆုတ်ကင်ဆာဖြစ်ပွားရင်တော့ အဆုတ်ထဲမှာ အကျိတ်တွေဖြစ်လာပြီး ပုံမှန်လုပ်ငန်းဆောင်ရွက်မှုတွေကို ထိခိုက်လာပါတယ်။ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ချောင်းဆိုးသွေးပါခြင်း စတာတွေ ခံစားလာရပါတယ်။ အဆုတ်ကင်ဆာဖြစ်ပွားနေတယ်လို့ သတ်မှတ်ပြီးတာနဲ့ ကုသမှုအတွက် နောက်တဆင့်ကို စဉ်းစားရပါပြီ။ အဆုတ်မှာ စတင်ဖြစ်ပွားတယ်ဆိုပေမယ့် ထိရောက်စွာ မကုသနိုင်ရင် ကိုယ်ခန္ဓာရဲ့တခြားနေရာတွေကို ပျံ့နှံ့သွားနိုင်ပါတယ်။အဆုတ်ကင်ဆာကုသနည်းတွေထဲက တမျိုးကတော့ ခွဲစိတ်ကုသခြင်းပါပဲ။အဆုတ်ထဲက အကျိတ်ရဲ့ တည်နေရာ၊ အရွယ်အစား၊ တခြားနေရာများကို ပျံ့နှံ့မှု ရှိမရှိ စတာတွေပေါ် မူတည်ပြီး စဉ်းစားပါတယ်။ စောစီးစွာ သိရှိပြီး အဆုတ်ကင်ဆာအကျိတ်တွေကို ခွဲစိတ်ကုသနိုင်ရင် ကိုယ်ခန္ဓာရဲ့ တခြားနေရာတွေကို ပျံ့နှံ့မသွားအောင် ကာကွယ်နိုင်ပါတယ်။ခွဲစိတ်ကုသနည်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။လူ့ခန္ဓာကိုယ်မှာ အဆုတ်နှစ်ခုရှိပြီး အပိုင်းအားဖြင့် ငါးပိုင်းရှိပါတယ်။ ညာဘက်အဆုတ်မှာ သုံးပိုင်းပါဝင်ပြီး ဘယ်ဘက်အဆုတ်မှာ နှစ်ပိုင်းနဲ့ ဖွဲ့စည်းထားပါတယ်။ ကင်ဆာအကျိတ်ကို အပိုင်းတခုခုမှာ စတင်ပျံ့နှံ့တာကို တွေ့ရတာနဲ့ သက်ဆိုင်ရာအပိုင်းကို ခွဲစိတ်ဖယ်ရှားပြီး ကုသရတတ်ပါတယ်။တခါတရံမှာ ဘယ် ဒါမှမဟုတ် ညာ အဆုတ်တခြမ်းလုံးကို ခွဲစိတ်ရတတ်ပါတယ်။ကင်ဆာအကျိတ်များဟာ အပိုင်းနှစ်ပိုင်းထက်ပိုပြီး ပျံ့နှံ့လာတဲ့အခါ အဆုတ်တခြမ်းလုံးကို ဖယ်ထုတ်ရတတ်ပါတယ်။ ဒါမှသာ အဆုတ်ကနေ အနီးဝန်းကျင်ကို ပျံ့နှံ့မသွားမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ လူတိုင်းနဲ့တော့ အဆင်မပြေပါဘူး။ အဆုတ်ရဲ့တစ်သျှူးများအခြေအနေကို စစ်ဆေးရပါတယ်။ ကျန်ခဲ့တဲ့ အဆုတ်နဲ့ အသက်ရှူခြင်းကို ကောင်းစွာ ဆက်လက်လုပ်ဆောင်နိုင်မှုရှိမရှိ သိနိုင်ဖို့ ဖြစ်ပါတယ်။အဆုတ်ကင်ဆာခွဲစိတ်ခြင်းရဲ့ နည်းလမ်းတခုကတော့ အဆုတ်ထဲကကင်ဆာတစ်ရှူးများကိုပဲ ခွဲစိတ်ဖယ်ရှားခြင်းဖြစ်ပါတယ်။ အကျိတ်များသေးငယ်ပြီး တခြားနေရာတွေကို ပျံ့နှံ့ထားခြင်းမရှိရင် ဒီနည်းလမ်းဟာ အဆင်ပြေပါတယ်။လိုအပ်တဲ့စစ်ဆေးမှုတွေ ပြုလုပ်ရပါမယ်။ ခွဲစိတ်ကုသမှုဟာ အကြီးစားခွဲစိတ်မှုဖြစ်တာမို့ လူနာဟာ ခွဲစိတ်ခြင်းကို ခံနိုင်ရည်ရှိမရှိ စစ်ဆေးရပါမယ်။ ပြင်ဆင်ချိန်မှာ ခွဲစိတ်ဆရာဝန်ကိုရော၊ မေ့ဆေးဆရာဝန်ကိုပါ မိမိသောက်နေတဲ့ ဆေးဝါးတွေအကြောင်းကို ပြောပြရပါမယ်။ မခွဲစိတ်ခင် အနည်းဆုံး ၈နာရီခန့် ကြိုတင်ပြီး အစာမစား ရေမသောက်ဘဲ နေရပါတယ်။ဆေးလိပ်သောက်တတ်သူဆိုရင် တလခန့်ကြိုပြီး ဆေးလိပ်ဖြတ်ထားရပါမယ်။ ခွဲစိတ်ပြီးဒဏ်ရာမြန်မြန်ကျက်အောင် ဖြစ်ပါတယ်။ တကယ်တော့ အဆုတ်မှာ ကင်ဆာ ဒါမှမဟုတ် တခြားရောဂါတမျိုးမျိုးရှိတာနဲ့ ဆေးလိပ်ကိုဖြတ်ထားသင့်ပါတယ်။အကြီးစားခွဲစိတ်ကုသမှုဖြစ်တာမို့ ခွဲစိတ်ခြင်းရဲ့ဘေးထွက်ဆိုးကျိုးတွေတော့ ကြုံနိုင်ပါတယ်။ မေ့ဆေးအန္တရာယ်လည်း ကြုံနိုင်ပါတယ်။ ခွဲစိတ်ပြီးချိန်မှာ ဖျားနာခြင်း၊ ရောဂါပိုးဝင်ခြင်း စတဲ့ဖြစ်နိုင်ခြေတွေ ရှိပါတယ်။ ဒါပေမယ့် ခွဲစိတ်ဆရာဝန်၊ မေ့ဆေးဆရာဝန်များအနေနဲ့ လူနာဟာ ခွဲစိတ်ကုသမှသာ ကင်ဆာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်နိုင်မယ့် အခြေအနေဖြစ်တာကြောင့်၊ အကျိုးကျေးဇူးဟာ ဘေးထွက်ဆိုးကျိုးထက် သာလွန်နေတာကြောင့် ခွဲစိတ်ကုသခြင်း ဖြစ်ပါတယ်။ခွဲစိတ်ပြီးချိန်မှာ ခွဲစိတ်ပြီးလူနာတွေထားတဲ့ အခန်းမှာထားပါလိမ့်မယ်။ အခြေအနေတည်ငြိမ်တဲ့အခါ ပုံမှန်အခန်းကို ရွှေ့ပြောင်းပါလိမ့်မယ်။ ဆေးရုံမှာ ရက်အနည်းငယ်ဆက်နေရပါလိမ့်မယ်။ လူကောင်းနီးပါး ပြန်ဖြစ်ဖို့ဆိုရင် လနဲ့ချီကြာနိုင်ပါတယ်။ အထူးသဖြင့် ရင်ဘတ်တဝိုက်မှာ နာကျင်နေတတ်ပါတယ်။ ခွဲစိတ်ပြီးခါစ လအနည်းငယ်အတွင်းမှာ ပြင်းထန်တဲ့လှုပ်ရှားမှုတွေ မပြုလုပ်ရပါဘူး။ ဆရာဝန်ချိန်းဆိုတဲ့အတိုင်း မပျက်မကွက် ပြန်လည်ပြသဖို့ လိုအပ်ပါတယ်။လိုအပ်ရင် ခွဲစိတ်ကုသခြင်းအပြင်ကင်ဆာဆဲလ်တွေကို အပြီးတိုင်ဖျက်ဆီးနိုင်ဖို့ကင်ဆာဆေးသွင်းခြင်း၊ ဓာတ်ရောင်ခြည်ကုသခြင်း စတဲ့ကုသမှုတွေ ဆက်လက်ခံယူရတတ်ပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/lung-cancer-cancer/lung-cancer-types-of-surgery/
နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်တွေ သုံးတဲ့ မှန်ပြောင်းလေးများ
နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်ဆီ သွားရင်လေ မှန်ပြောင်းလေးတွေ၊ မီးလေးတွေ ထိုးကြည့်တာ မြင်ဖူးကြမှာပါ။ နားတို့၊ နှာခေါင်းတို့၊ လည်ချောင်းဆိုတာက လှိုဏ်ခေါင်းလိုပဲ အပြင်ကနေ အထဲကို ဝင်သွားတဲ့ အစိတ်အပိုင်းတွေမို့လို့ အသေးစိတ်မြင်ချင်တယ်ဆိုရင် ရိုးရိုးကြည့်လို့ မရပါဘူး။ မှန်ပြောင်းလေးတွေ၊ ဓာတ်မီးလေးတွေနဲ့ ထိုးကြည့်မှ သေသေချာချာ မြင်ရတာပါ။ ဒီတစ်ခေါက်တော့ နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်တွေ သုံးတဲ့ မှန်ပြောင်းလေးများ အကြောင်း လေ့လာကြည့်ရအောင်နော်။လူနာအနေနဲ့ကတော့ ဆရာဝန်ဆိုရင် နားကြပ်နဲ့ စမ်းတာလောက်ကိုပဲ ရင်းနှီးတာကြောင့် ဒီပစ္စည်းလေးတွေ ဘယ်လိုသုံးတာလဲ။ ဒါလေးတွေနဲ့ဆို ဘာတွေများ ပိုကောင်းသွားမှာလဲ။ ဒါတွေနဲ့ စမ်းသပ်ရင် နာမှာလား စတဲ့အကြောင်းလေးတွေကို ပြောပြပေးပါ့မယ်။နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်တွေ သုံးတဲ့ မှန်ပြောင်းလေးများ ကတော့။နားရဲ့ အတွင်းဆုံးအထိ သေသေချာချာ မြင်ရချင်တယ်ဆိုရင် ဒီကိရိယာလေးနဲ့မှ အဆင်ပြေမှာပါ။ ပုံစံကတော့ သံရိုက်တူလို ပုံစံမျိုးလေးပါ။ ထိပ်မှာ မီးလေး ပါပါတယ်။ စမ်းမယ်ဆိုရင် လူနာနားနာနေသလား အရင်မေးရပါတယ်။ ကောင်းတဲ့ဘက်ကို အရင်စမ်းရပါတယ်။ ဒါမှ မကောင်းတဲ့ဘက်နဲ့ နှိုင်းယှဉ်လို့ရမှာပါ။ ပိုးသတ်ထားတဲ့ ကိရိယာကို သုံးပါတယ်။နားပေါက်ကနေ ထည့်ပြီး အထဲကို ကြည့်လိုက်မယ်ဆိုရင် သိနိုင်တာတွေက။–နားဖာချေးတွေ ပိတ်နေလား။-နီရဲ ရောင်ကိုင်းနေတာတွေ ရှိလား။–ပြည်တွေ ထွက်နေလား။–ပြင်ပက ပစ္စည်းတစ်ခုခု (ဥပမာ ဂွမ်း၊ ပိုးကောင်) ရှိနေလား။-အရောင်။-ပုံစံ။-အလင်းကောင်းကောင်း ပြန်ရဲ့လား။–နားစည်ပေါက်တာရှိသလား။-အမာရွတ်ရှိသလား ဒါတွေကို သိနိုင်ပါတယ်။တစ်ဖက်စီစမ်းတိုင်းမှာ ဒါတွေကို စစ်ကြည့်မှာပါ။ တစ်ဖက်မျာ နားပြည်ယိုတာ ရှိနေခဲ့ရင် နောက်တစ်ဖက်ကို စမ်းတဲ့အခါ ပိုးသတ်ထားတဲ့ ကိရိယာအသစ်နဲ့ ထပ်စမ်းမှာပါ။ မဟုတ်ရင် ပိုးက ဟိုဘက်နားက ဒီဘက်နားကို ကူးနိုင်လို့ပါ။ ဒီကိရိယာလေးနဲ့ စမ်းသပ်တာက နားထဲကို နားကျပ်တံလေးတဲ့ လှည့်သလိုပါပဲ။ နာကျင်မှု မရှိသလို ထိခိုက်မှုဆိုတာကလည်း မဖြစ်သလောက်ပါပဲ။နှာခေါင်းစမ်းကိရိယာလေးကတော့ ခပ်ပျော့ပျော့ပိုက်လေး ဖြစ်ပြီးတော့ ထိပ်မှာ ကင်မရာလေး ပါပါတယ်။ ဒါကြောင့် နှာခေါင်းထဲက အခြေအနေကို screenပေါ်မှာ ရှင်းရှင်းလင်းလင်း ကြည့်လို့ရပါတယ်။ နှာခေါင်းတင်မကပါဘူး။ လည်ချောင်းထဲထိ ကြည့်လို့ရပါတယ်။ နှာခေါင်းက နားလောက် အပေါက်မကျယ်တဲ့အတွက် ပိုက်ထည့်တဲ့အခါ ကသိကအောက် ဖြစ်တတ်ပါတယ်။ ဒါကြောင့် လူနာခံနိုင်ရည် ရှိအောင် ထုံဆေးလေး ဖြန်းပေးပါတယ်။ ပိုးသတ်ထားတဲ့ ကိရိယာကိုပဲ သုံးပါတယ်။ဘယ်လိုအခါမှာ သုံးသလဲဆိုတော့။–နှာခေါင်းထဲမှာ တစ်ခုခုပိတ်နေတာ။–ထိပ်ကပ်နာ။–နှာခေါင်းသွေးလျှံတာ။–အနံ့ပျောက်တာ။-ဉီးခေါင်းနဲ့ လည်ပင်းကင်ဆာတွေ စတဲ့ရောဂါတွေမှာ ဖြစ်ရတဲ့အကြောင်းရင်းကို ရှာဖွေဖို့အတွက် သုံးပါတယ်။ တစ်ခါစမ်းရင် ၂မိနစ်သာသာလောက်ပဲ ကြာတဲ့အတွက် လူနာအများစုက ခံနိုင်ရည်ရှိပါတယ်။လည်ချောင်းထဲနဲ့ အနောက်က အသံအိုးတွေ၊ အသံကြိုးတွေကြည့်ဖို့ သုံးပါတယ်။ လည်ပင်းထဲကို မှန်ပြောင်းလေးထည့်ရတာမို့လို့ ဒီတိုင်းကြည့်ရင် ကြောက်စရာလို့ ထင်ရပေမယ့် ဒီနည်းလမ်းက နာကျင်မှု မရှိပါဘူး။လည်ချောင်းကြည့် ကိရိယာကို။ရိုးရိုး ကြည့်ရုံကြည့်တာပဲဆိုရင် ၅မိနစ်၊ ၁၀မိနစ်လောက်ပဲ ကြာပါတယ်။ ဒါပေမယ့် နင်နေတဲ့ ပစ္စည်းဖယ်ဖို့တို့၊ အသားစယူဖို့အတွက်ဆိုရင်တော့ ဒီထက်ကြာနိုင်ပါတယ်။ လူနာ ခံနိုင်ရည်ရှိအောင် ထုံဆေးသုံးရနိုင်ပါတယ်။ဒီကိရိယာလေးတွေက နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါတိုင်းအတွက် လိုချင်မှ လိုမှာပါ။ လိုလာခဲ့ရင်လည်း သက်သောင့်သက်သာနဲ့ နာကျင်မှု မရှိအောင် လုပ်ပေးမှာမို့လို့ သိပ်မစိုးရိမ်ပါနဲ့။ သာမန်မျက်စိနဲ့ ကောင်းကောင်း မမြင်ရတဲ့ နေရာမှာ ဒီကိရိယာလေးတွေနဲ့ စမ်းသပ်လိုက်မယ်ဆိုရင် ရောဂါရှာဖွေတဲ့နေရာမှာရော၊ ကုသတဲ့နေရာမှာပါ အများကြီး အထောက်အကူ ဖြစ်နိုင်ပါတယ်။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/general-methods-for-diagnosis-of-ent-diseases/
ဉာဏ်ကောင်းပျော်ရွှင်တဲ့ ကလေးတစ်ယောက်ဖြစ်အောင် မိဘတွေဘက်ကဘာလုပ်ပေးရမလဲ
မိဘတိုင်းက ကိုယ့်ရင်သွေးတွေ ကျန်းမာဖို့၊ကြီးထွားသန်မာဖို့၊ ညဏ်ကောင်းဖျတ်လတ်ဖို့ ဆိုပြီး အဖို့ဖို့တွေ များစွာနဲ့ သူတို့လေးတွေအတွက် ကောင်းတဲ့အရာရာတိုင်းကို ဖြစ်စေချင်ကြတဲ့သူချည်းပါပဲ။ ကိုယ့်ကလေးကို မပျော်စေချင်တဲ့ မိဘ၊ ညဏ်ထိုင်းစေချင်တဲ့မိဘ ဘယ်မရှိမလဲနော်။ ဒီလိုဥာဏ်ကောင်းပျော်ရွင်တဲ့ ကလေးတွေ ဖြစ်ဖို့ မိဘတွေရဲ့ ပျိုးထောင်မှု၊ ပြုစုစောင့်ရှောက်မှုတွေ က နံပါတ်၁ ထိပ်ဆုံးနေရာက ရပ်တည်နေပါတယ်။ ဒါ့ကြောင့် ဉာဏ်ကောင်းပျော်ရွှင်တဲ့ ကလေးတစ်ယောက်ဖြစ်အောင် မိဘတွေဘက်ကဘာလုပ်ပေးရမလဲ ဆိုတာကို ဝေမျှပေးချင်ပါတယ် ။ ။၁ – မျှတပြည့်ဝတဲ့ အာဟာရသည်သာ အရေးအကြီးဆုံးပါ ။ ။အစားအသောက်တွေဆိုတာ ကိုယ်ခန္ဓာကြီးထွားဖို့အတွက်သာမဟုတ်ဉာဏ်ရည်ဖွံဖြိုးမှုနဲ့လည်း တိုက်ရိုက်ဆက်စပ်နေတဲ့ အရာတစ်ခုပါ။ ဒါ့ဆိုဉာဏ်ကောင်းထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ ပျိုးထောင်ပေးတဲ့နေရာမှာ ဘယ်လို အာဟာရဓာတ်တွေ ပါတဲ့ အစားအသောက်တွေကို ရွေးချယ်ကျွေးရမလဲ။ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ဉာဏ်ရည်ထက်မြက်ဖို့အတွက် အရေးကြီးဆုံး အာဟာရဓာတ်ကDHAဆိုတဲ့ Omega 3 fatty acid ပါ။  DHA ကို ငါးကြီးဆီ၊ ပင်လယ်ငါးတွေဖြစ်တဲ့ တူနာငါး၊ ဆော်လ်မွန်ငါးတွေကနေရပါတယ်။၂ – စာဖတ်ခိုင်းပါ။စာဖတ်တဲ့အလေ့အထကိုပျိုးထောင်ပေးတာက ကလေးတွေအတွက်အရေးပါတဲ့ အလေ့အထတွေထဲက တစ်ခုဖြစ်ပါတယ်။ စာကောင်းကောင်းဖတ်တဲ့ကလေးတွေက လောကကြီး အကြောင်းကိုပိုသိသလို အခက်အခဲတွေကိုလည်းဖြေရှင်းနိုင်စွမ်းရှိတဲ့အပြင် အလိမ္မာစာမှာရှိဆိုတဲ့အတိုင်း ယဉ်ကျေးလိမ္မာမှုအကြောင်းကို စာပေတွေကနေ သင်ယူနိုင်ဦးမှာပါ။ဒါကလည်းဉာဏ်ကောင်းထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ ပျိုးထောင်ရာမှာ အရေးကြီးလှတဲ့ အလေ့အကျင့်တစ်ခုပါ။ ။၃ – ကလေးကို နွေးနွေးထွေးထွေးဆက်ဆံပေးပါ။ ချစ်ကြောင်းပြပါ။နူးညံ့ပြီး ခံစားလွယ်တဲ့ ကလေးတစ်ယောက်အတွက်တော့ မိဘတွေရဲ့ ဂရုစိုက်မှုနဲ့ ချစ်ခြင်းမေတ္တာက ဘယ်အရာနဲမှ လဲလို့မရအောင် တန်ဖိုးကြီးပါတယ်။ မိဘတစ်ယောက်ဖြစ်ရတာ အလုပ်ရှုပ်ပြီးဖိစီးမှုများတာတော့သိပါတယ်။ ဒါပေမယ့် ဒီ စိတ်ရှုပ်မှုတွေကို ကိုယ့်ကလေးအပေါ် ပုံမချလိုက်သ့င်ပါဘူး။ဘယ်လောက်ပဲ အလုပ်ရှုပ်နေနေ ကိုယ့်ကလေးကို တော့ နွေးနွေးထွေးထွေးဆက်ဆံပေးပါ။ အချိန်ပေးပါ။ ချစ်ကြောင်းပြသပါ။ ချစ်ခြင်းမေတ္တာလောက် အားကြီးတဲ့ အရာ ကမ္ဘာပေါ်မှာမရှိပါဘူး။ မိဘတွေရဲ့ ချစ်ခြင်းမေတ္တာကိုခံယူရတဲ ကလေးတွေအတွက် နေ့ရက်တိုင်းဟာ ပျော်ရွင်စရာဖြစ်နေမှာပါ။၄ – လောကကြီးအကြောင်း သင်ပေးပါ။အဖြူရောင်ရှိတဲ့ ကလေးစိတ်ကို အရောင်ဆိုးခိုင်းတာ မဟုတ်ပါဘူး။ ပတ်ဝန်းကျင်အကြောင်းနားလည်ထားဖို့၊ အရာရာကိုအကောင်းမြင်တတ်ဖို့၊ ရိုးသားမှုရှိဖို့နဲ့ ကိုယ်ကျင့်တရားတွေ အကြောင်းပေါ့။၅ – ကလေးကို လွတ်လပ်စွာဆော့ခွင့်ပေးပါ။ ။တချို့ မိဘတွေရှိပါတယ်။ ကလေးကို ချစ်လွန်းလို့ အပြင်ထွက်မကစားခိုင်းဘဲ အိမ်ထဲမှာပဲ ထည့်ထားပြီး ငြိမ်ရင်ပြီးရော ဖုန်းဂိမ်းတွေကစားခိုင်းတတ်ကြပါတယ်။ ဒီလိုလုပ်တာဟာ အင်မတန်မှားတဲ့အရာတစ်ခုပါ။အပြင်ထွက်ဆော့တဲ့ ကလေးတစ်ယောက်က တခြားပတ်ဝန်းကျင်က အရာတွေကို လေ့လာသင်ယူနိုင်မယ်။ သူငယ်ချင်းအသစ်တွေတိုးပြီးပေါင်းသင်းဆက်ဆံရေးအကြောင်းနားလည်လာမယ်။ လှုပ်ရှားမှုတွေ လုပ်ရတဲ့အတွက် ကိုယ်ခန္ဓာကျန်းမာသန်စွမ်းလာမယ်။ စိတ်လည်းပျော်ရွှင်လာမယ်။ ဒါကြောင့် ကလေးကို ချစ်ရင် အတိုင်းအတာတစ်ခု အထိ လွတ်လပ်ခွင့်ပေးပါ။၆ – စိတ်ကူးစိတ်သန်းကောင်းမွန်စေမယ့် ကစားနည်းတွေပေးကစားပါ။ကလေးတွေက ဘယ်အရွယ်ပဲဖြစ်နေဖြစ်နေ ကစားရတာကို နှစ်သက်ကြပါတယ်။ ကလေးတွေက အဓိပ္ပာယ်ပြည့်ဝတဲ့ ကစားနည်းအတွေ့အကြုံတွေကနေ အကောင်းဆုံးသင်ယူမှုတွေကို ရရှိကြတာဖြစ်ပါတယ်။ ဒီအတွေ့အကြုံတွေကပဲ ကလေးရဲ့ ဖန်တီးနိုင်စွမ်းကို တိုးလာစေသလို၊ ပြဿနာကိုဖြေရှင်းနိုင်စွမ်းနဲ့ လူမှုဆက်ဆံရေးကို တိုးတက်စေနိုင်ပါတယ်။ကစားတာက ကလေးရဲ့ လှုပ်ရှားမှုဆိုင်ရာ ကြွက်သားတွေဖွံဖြိုးမှုကို တိုးတက်ကောင်းမွန်စေသလို ကစားချိန်က ကလေးရဲ့စိတ်ခံစားမှုကို တိုးတက်အောင်လုပ်ဆောင်ပေးနိုင်တဲ့အပြင်ဉာဏ်ရည်ထက်မြက်စေဖို့လည်း အားပေးပါသေးတယ်။၇ – ကလေးကို အားပေးပါ။ကလေးကို ချီးကျူးဖို့လုံးဝ မတွန့်တိုပါနဲ့။ ကလေးတစ်ယောက် လုပ်နိုင်တဲ့အားက လူကြီးတစ်ယောက်အတွက်တော့ အသေးအဖွဲ ဖြစ်နေချင် ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် သူ့အရွယ်လေးနဲ့ လုပ်နိုင်တဲ့ ဖန်တီးနိုင်စွမ်းတွေကို အသိအမှတ်ပြု ချီးကျူးဖို့တော့ မမေ့ပါနှင့်။ကလေးတွေကို ဖယောင်းနဲ့ခိုင်းနှိုင်းလေ့ရှိပါတယ်။ ငယ်တုန်းအရွယ်မှာ ပုံသွင်းထားရင် ကြီးလာတဲ့အခါ မိဘတွေ ဖြစ်စေချင်သလို ဖြစ်လာတယ်ဆိုတာမျိုးပေါ့။ ဒါ့ပေမယ့် ဒီလို ပုံသွင်းတိုင်းလည်းကောင်းတာမဟုတ်ပါဘူး။ ကလေးတွေက ပင်ကိုယ်လွတ်လပ်တာကို ကြိုက်ကြတဲ့အတွက် နေရာတိုင်းလိုက်ကြပ်တာမျိုးမဟုတ်ဘဲ ဘေးက လိုက်ပျိုးထောင်ကြည့်ရှုပေးရုံလောက်ပဲ ကောင်းပါတယ်။ရေးသားသူ- Dr Thin Yadanar @ Frances။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-growth-and-development/how-parents-can-nurture-happy-and-smart-kid/
အဖြစ်များတဲ့ နားပြဿနာ များ
မျက်စိအဆုံး နားအရှုံးလို့ ဆိုကြသလိုပဲ အသံတွေ မကြားရတာဟာ လူ့ဘဝမှာ အရှုံးတစ်ခုပဲမို့လို့နားကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်။ နားဆိုတဲ့ အစိတ်အပိုင်းဟာ စိတ်ဝင်စားစရာကောင်းပါတယ်။ အထူးသဖြင့် ဒီနားသေးသေးလေးတွေကနေ အသံပေါင်းစုံကို ကြားပြီး မှတ်မိနေတာက အံ့သြဖွယ်ရာပါ။ အသံတွေဘယ်လိုကြားနေရတာလဲ။ အဖြစ်များတဲ့ နားပြဿနာ တွေက ဘာတွေလဲဆိုတာ လေ့လာကြည့်ရအောင်။အသံကြားဖို့ဆိုရင်နားအပြင်ဘက် နားရွက်က စရပါလိမ့်မယ်။ အပြင်တစ်နေရာကနေ အသံတစ်ခုခု ထွက်လာပြီဆိုရင် အသံလှိုင်း တုန်ခါမှုတွေက external auditory canalလို့ ခေါ်တဲ့နားအပြင်ဘက် ပြွန်ကနေ ဝင်လာပြီးနားစည်ကို ရိုက်ခတ်ပါတယ်။ ဒီအခါမှာ နားစည်ပါ လိုက်တုန်ပြီး ဒီတုန်ခါမှုတွေက နားအလယ်ပိုင်းက အရိုးသေးသေးလေးတွေဆီကို ရောက်သွားပါတယ်။နားအတွင်းပိုင်းကို ရောက်သွားရင်တော့အသံလှိုင်းတွေကို လျှပ်စစ်လှိုင်းအဖြစ် ပြောင်းလဲလိုက်ပါတယ်။ ဒီလှိုင်းတွေကို နားအတွင်းမှာ ရှိတဲ့ အာရုံကြောတွေက ဦးနှောက်ကို ပို့ပေးပါတယ်။ ဒီတော့မှ ဦးနှောက်က ဒီလှိုင်းတွေကို အသံအဖြစ် ဘာသာပြန်ပေးပါတယ်။ဒီလိုနည်းနဲ့ အသံတွေကို ကြားရတာပါ။အသံတွေ ဘယ်လိုကြားရသလဲဆိုတာ သိသွားပြီဆိုတော့ ဆက်ပြီး မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ နားပြဿနာတွေကို လေ့လာကြည့်ရအောင်။ တစ်ခုချင်းစီရဲ့ လက္ခဏာတွေကို သိထားတဲ့အခါကျတော့ စောစောစိးစီးသိပြီး ကုသမှုခံယူလို့ရတာပေါ့။နားအတွင်းပိုင်း ဒါမှမဟုတ် အကြားအာရုံကြော ပျက်စီးသွားလို့ဆိုရင်တော့ ရာသက်ပန် နားမကြားနိုင်တော့ပါဘူး။ နားထဲမှာ တစ်ခုခုနဲ့ ပိတ်နေတာ (ဥပမာ အရည်၊ နားဖာချေး) ဒါမှမဟုတ် နားစည်ပေါက်သွားလို့ဆိုရင်တော့ သေချာ ကုသလိုက်ရင် အသံပြန်ကြားနိုင်ပါသေးတယ်။နားအလယ်ပိုင်းနဲ့ နားအပြင်ပိုင်းက ပိုးဝင်တတ်ပါတယ်။ နားအပြင်ပိုင်းကတော့ ထိခိုက်ဒဏ်ရာလို့၊ နားရေဝင်လို့ ဖြစ်တာများပါတယ်။ နားအလယ်ပိုင်းပိုးဝင်တာကတော့ အအေးမိ၊ တုပ်ကွေးဖြစ်ရာကနေ နားထဲကို ပိုးဝင်လာတာမျိုးပါ။ သိပ်ပြီး မပြင်းထန်တဲ့အတွက် စောင့်ကြည့်ကုသတာပဲ များပါတယ်။ လိုအပ်မှ ပိုးသတ်ဆေး ပေးပါတယ်။နားအတွင်းပိုင်းမှာ ခန္ဓာကိုယ်ဟန်ချက်ညီအောင် ထိန်းပေးတဲ့ အရည်လေးတွေ ပြည့်နေတဲ့နေရာတစ်ခုရှိပါတယ်။ ဒီနေရာလေး ပိုးဝင်ရောင်ရမ်းတာကိုLabyrinthitisလို့ ခေါ်ပါတယ်။ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာများပါတယ်။ ချာချာလည်အောင် မူးတာ၊ နားအူတာ၊ ဟန်ချက်မထိန်းနိုင်တာတွေ ဖြစ်တတ်ပြီး တစ်ပတ်နှစ်ပတ်လောက်နေရင် သက်သာသွားပါတယ်။နားဖာချေးတင်မကပါဘူး။ ရေဝင်တာ၊ နားပိုးဝင်တာ၊ အအေးမိနှာစေး စတာတွေကြောင့် နားထဲမှာ တစ်ဆို့ဆို့ ခံစားနေရတာပါ။ အအေးမိနှာစေးတာကြောင့်ဆိုရင်တော့ သမ်းတာ၊ တစ်ခုခုကို မျိုချတာ၊ အသက်ပြင်းပြင်းရှူသွင်းပြီး နှာခေါင်းရော ပါးစပ်ရောပိတ်ပြီး ရှူထုတ်တာလုပ်လို့ရပါတယ်။ ပွင့်သွားတဲ့ အသံလေး ကြားရပါတယ်။နားဖာချေးကြောင့်ဆိုရင်တော့ သံလွင်ဆီလေးကို ခပ်နွေးနွေးလေးဖြစ်အောင် လုပ်ပြီး နားထဲကို ၂စက်လောက်ချပါ။ ၅ရက်လောက်လုပ်ပေးလိုက်ရင် နားဖာချေးတွေ ပျော်ကျသွားပါမယ်။ အတင်းကလော်တာကို ရှောင်ပါ။နားပြဿနာ တွေထဲမှာတော့ ကလေး၊ လူကြီး အရွယ်စုံမှာတွေ့ရတဲ့ ပြဿနာတစ်ခုပါ။ နားထဲမှာရှိတဲ့ Eustachian tubeလို့ ခေါ်တဲ့ ပြွန်လေးက ပါးစပ်အနောက်ဘက် လည်ချောင်းထဲမှာ လာပွင့်ပါတယ်။ ဒါကြောင့် တော်ရုံဆို ရောဂါပိုးမွှားတွေက လည်ချောင်းကနေတဆင့် အပြင်ကို ပြန်ရောက်သွားပါတယ်။ ဒါပေမယ့် ဒီပြွန်လေးက သေးလွန်းရင်ဖြစ်ဖြစ်၊ အရည်၊ အချွဲတွေနဲ့ ပိတ်ရင် ဖြစ်ဖြစ် ရောဂါပိုးတွေက အပြင်ကို မထွက်နိုင်ဘဲ အထဲမှာ အောင်းပြီး နားပြည်ယိုတာ ဖြစ်တတ်ပါတယ်။နားအူရတဲ့ အဓိကအကြောင်းရင်းကတော့ နားထဲမှာ ရှိတဲ့ အမွှေးဆဲလ်လေးတွေ ပျက်စီးလို့ဖြစ်ရတာပါ။ ဖြစ်စေတဲ့အကြောင်းရင်းတွေကတော့ အသက်ကြီးလာတာ၊ နားဖာချေးပိတ်တာ၊ အသံဆူဆူတွေ နားထောင်တာ၊ နားထဲက အရိုးလေးတွေ ပျက်စီးတာ စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။တစ်ခါတလေ ခေါင်းမူးတာက သာမန်အခြေအနေနဲ့ မတူဘဲ ချာချာလည်အောင် မူးနေတာမျိုး ကြုံရတတ်ပါတယ်။ မူးလွန်းလို့ မတ်မတ်တောင် မရပ်နိုင်ဘဲ ဟန်ချက်ထိန်းဖို့တောင် ခက်တဲ့ အခြေအနေပေါ့။ ဒါကို vertigoလို့ ခေါ်ပါတယ်။  မူးတာအပြင် နားအူတာ၊ အမြင်အာရုံထိခိုက်တာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/ear-conditions/ear-conditions/
မိုးမခပင် ဆေးဖက်ဝင်သလား!
မိုးမခပင် ဆိုတာက နာမည်နဲ့ လိုက်အောင်ကို အပင်က မိုးဆီ မတက်ဘဲ ထိုက်သလောက် အမြင့်ကို ရောက်ချိန်မှာ မြေကြီးဆီကို  အကိုင်းတွေက ပြန်ပြီး တွဲလောင်းကျလာတဲ့ အပင် တစ်မျိုးပါ။ အပွင့် နီနီလေးတွေ ပွင့်တတ်ကြပါတယ်။ ဒီလို အမြင်ဆန်းတဲ့ မိုးမခပင် ဆေးဖက်ဝင်သလား! ဆိုတာကိုတော့ ဆောင်းပါးလေးထဲမှာ ကိုယ်တိုင် လေ့လာလိုက်ပါဦးနော်။မိုးမခပင် ဆိုတာက အပင်ကြီး တစ်မျိုးပါ။ မိုးမခပင်ကို Salicaceae မျိုးရင်းဝင် အပင်မျိုးပါ။ အရွက်က အစိမ်းရောင် ရှည်မြောမြော ပုံစံရှိပြီး အရှည်ကတော့ ၆ လက်မလောက်ထိ ရှည်ပါတယ်။ ရေနဲ့ နီးတဲ့ စိုစွတ်တဲ့ မြေဆီမှာ ပေါက်ရောက်ကြပါတယ်။ တရုတ်နိုင်ငံရဲ့ မျိုးရင်းပင် တစ်မျိုးပါ။ တောရိုင်းတွေထဲမှာလည်း တွေ့ရနိုင်ပါတယ်။ ပင်စည်ရဲ့အခေါက်၊ အရွက် စတာတွေကို အသုံးပြုကြပါတယ်။မိုးမခပင်ကို အဖျားကျစေဖို့ အဆစ်ရောင်တာတွေကို သက်သာစေဖို့ အသည်းရောင်အသားဝါ သက်သာစေဖို့ သုံးကြသလို အရေပြား ပြဿနာ သက်သာစေဖို့ရော သွားကိုက်တာ သက်သာစေဖို့ပါ အသုံးပြုကြပါတယ်။ မိုးမခပင်က အကိုက်အခဲ သက်သာစေတဲ့ အာနိသင်ရှိပါတယ်။မိုးမခပင် ဆေးဖက်ဝင်သလား! ဆိုတော့ ဆေးဖက်ဝင်ပါတယ်။ ဘယ်လို ဆေးဖက်ဝင်သလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက် ရအောင်နော်။မိုးမခပင်ရဲ့ ပင်စည် အခေါက်က နာကျင်မှုတွေကို သက်သာစေနိုင်သလို ရောင်ရမ်းမှုကိုလည်း သက်သာစေ နိုင်ပါတယ်။ ဒါကြောင့် လေးဖက်နာလိုမျိုးနာကျင်ရောင်ရမ်းတဲ့ ဝေဒနာကို သက်သာစေနိုင်ဖို့ မိုးမခပင်ကို အသုံးပြုပေးလို့ ရပါတယ်။မိုးမခပင်ရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင် တစ်ခုကတော့ အဖျားကျစေနိုင်တာပါ။ ဒါကြောင့်အဖျားကျစေဖို့ဆိုရင်တော့ မိုးမခပင် အခေါက်ကို အသုံးပြုပေးလို့ ရပါတယ်။ မိုးမခပင်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကလည်း ကိုယ်ခံအားကို အားဖြည့်ပေးနိုင်ပါတယ်။မိုးမခပင်က နာကျင်မှုတွေကို သက်သာစေနိုင်သလို ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေတာကလည်းကိုယ်ခံအား ကောင်းစေဖို့ထိထိရောက်ရောက် အားဖြည့်ပေးနိုင်ပါတယ်။မိုးမခပင်က နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်သလိုအဆစ်တွေနာကျင်တာကိုလည်း သက်သာစေတဲ့အပြင် ကြွက်သားတွေ တောင့်တင်းတာကိုလည်း သက်သာစေနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ကြွက်သားတွေ တောင့်တင်းတာကို သက်သာစေဖို့လည်း မိုးမခပင်က ထောက်ကူပေးနိုင်ပါတယ်။မိုးမခပင်ရဲ့ နောက်ထပ်အာနိသင် တစ်ခုကတော့အဆီကျစေဖို့ထောက်ကူပေးတာပါ။ ဒီလို ထောက်ကူပေးတာက ကိုယ်အလေးချိန်ကို ကျဆင်းစေနိုင်သလို အဝလွန်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ အရောင်ကျစေနိုင်သလိုကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်ကောင်းမွန်စေဖို့လည်း ထောက်ကူပေးပါတယ်။မိုးမခပင်ရဲ့ အခေါက်ကခေါင်းကိုက်တာကို သက်သာစေနိုင်သလို ခြေကုန်လက်ပမ်းကျတာ၊စိုးရိမ်စိတ် များတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ သိမြင်မှုစွမ်းဆောင်ရည် ကောင်းမွန်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။မိုးမခပင်က ကျန်းမာရေးအတွက် အထောက်အကူပြုတာ မှန်ပေမယ့်သွေးရောဂါရှိသူတွေ နဲ့ ကျောက်ကပ်ရောဂါ ရှိသူတွေမှာတော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အစာခြေစနစ်ကို ထိခိုက်စေနိုင်သလို အရေပြားမှာ ယားယံတာမျိုးကိုလည်း ဖြစ်စေနိုင်ပါတယ်။# အမှာစကား။မိုးမခပင်နဲ့ ပတ်သက်ပြီး ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။ သဘာဝဆေးဖက်ဝင်ဆိုပေမယ့် ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်း မရှိရင် ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်နိုင်တာကို သိထားရန် လိုအပ်ပါတယ်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/uses-and-benefits-of-weeping-willow/
ထောပတ်သီးနဲ့ အလွယ်တကူ မျက်နှာပေါင်းတင်ကြမယ်
ထောပတ်သီးနဲ့ အလွယ်တကူ မျက်နှာပေါင်းတင်ကြမယ် ….. ထောပတ်သီးဟာ ကျန်းမာရေးအတွက် အကျိုးပြုရုံသာမကအရေပြားကိုလည်း ဝင်းပစိုပြည်စေတာကြောင့်အလှအပေရေးရာ ပစ္စည်းတွေမှာ ထည့်သွင်းအသုံးပြုလာကြပါတယ်။ထောပတ်သီးဟာ အသားအရေကို ဝင်းပကြည်လင်စေတယ်။ ဝက်ခြံတွေကို သက်သာစေတဲ့အပြင် ထပ်ပြီး ဖြစ်မလာအောင် တားဆီးပေးနိုင်တယ်။ ခြောက်သွေ့နေတဲ့ အသားအရေကို အိစက်ညက်ညောစေတယ်။အရွယ်တင်နုပျိုစေတယ်။အသားအရေကိုလည်း ဘေးထွက်ဆိုးကျိုးတွေ မဖြစ်စေပါဘူး။ဒါကြောင့် အခုလို အေးမြတဲ့ဆောင်းရာသီမှာ အိမ်မှာပဲ အလွယ်တကူ အသားအရေ ထိန်းသိမ်းချင်တဲ့ ပျိုမေတွေအတွက် ထောပတ်သီး Mask ပြုလုပ်နည်းတွေ အမျိုးမျိုးကို ပြောပြပေးမယ်နော်။ထောပတ်သီးနဲ့ အလွယ်တကူ မျက်နှာပေါင်းတင်ကြမယ် ဆိုတော့ နည်းလမ်းလေးတွေကို ကြည့်လိုက်ရအောင်နော်။၁။ အစိုဓါတ်ထိန်းပေးမယ့် ထောပတ်သီးနဲ့ ပျားရည် Mask။လိုအပ်တဲ့ ပစ္စည်းတွေကတော့ထောပတ်သီးတစ်လုံး၊ ပျားရည်တစ်ဇွန်း၊ ရေနွေး ၂ဇွန်းပဲဖြစ်ပါတယ်။အရင်ဆုံး မှည့်နေတဲ့ ထောပတ်သီး တစ်လုံးကို ခက်ရင်းနဲ့ဖြစ်စေ၊ ဇွန်းနဲ့ဖြစ်စေ ညက်နေအောင် ခြေပါ။ပျားရည်ကို ရေနွေးထဲမှာ ထည့်ဖျော်လိုက်ပါ။ ပြီးမှ ကြေနေတဲ့ ထောပတ်သီးထဲကို ပျားရည်ထည့်ပြီး သမအောင် မွှေပါ။ မျက်နှာပေါ်မှာ ၁၀ မိနစ်ခန့် ထားပြီးရင် ရေနွေးနဲ့ သေချာသန့်စင်ပေးပါ။ဒီနည်းလမ်းဟာ အသားအရေကို သဘာဝအတိုင်း အစိုဓါတ် ထိန်းပေးနိုင်တယ်။ အသားအရောင် မညီတာတွေ၊ မွဲခြောက်နေတာကိုလည်း သက်သာစေပြီး ဝင်းပကြည်လင်စေပါတယ်။၂။ ဝက်ခြံပျောက်ချင်သူတွေအတွက် ထောပတ်သီးနဲ့ ဒိန်ချဉ် Mask။ပါဝင်ပစ္စည်းတွေက ထောပတ်သီး တစ်စိတ်၊ သဘာဝဒိန်ချဉ်၁ဇွန်း ဖြစ်ပါတယ်။ထောပတ်သီးကို သေချာ ကြေညက်အောင် ချေပါ။ ပြီးရင် ဒိန်ချဉ် တစ်ဇွန်းနဲ့ သမအောင် မွှေပါ။ ပျားရည် တစ်ဇွန်း ထပ်ရောရင်လည်း အဆင်ပြေပါတယ်။ ထောပတ်သီး အနှစ်ကို မျက်နှာ ပတ်ပတ်လည်မှာ သုတ်လိမ်းပြီး ၁၀မိနစ်ခန့် ထားထားပါ။ ပြီးသွားမှ ရေနွေးနဲ့ ပြန်လည်သန့်စင်ပေးပါ။ဒီနည်းလမ်းကို ပုံမှန် လုပ်ပေးသွားမယ်ဆိုရင် ဝက်ခြံနဲ့ အမာရွတ်တွေကို သက်သာပျောက်ကင်းစေတဲ့အပြင် ဘက်တီးရီးယားပိုးတွေကိုလည်း သေစေလို့ ဝက်ခြံထပ်မပေါက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အသားအရေ ခြောက်သူတွေအတွက်လည်း အသုံးပြုလို့ ရပါတယ်။၃။ အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေအတွက် ထောပတ်နဲ့ ငှက်ပျောသီး Mask။ဒီ Mask ကို ပြုလုပ်ဖို့အတွက် မှည့်နေတဲ့ ထောပတ်သီး တစ်လုံး၊ငှက်ပျောသီးတစ်လုံးနဲ့ ကြက်ဥအနှစ် တစ်လုံး လိုအပ်ပါတယ်။ပထမဦးစွာ ထောပတ်သီးနဲ့ ငှက်ပျောသီးကို သေချာကြေညက်အောင် ချေပါ။ ပြီးသွားရင်ကြက်ဥအနှစ်နဲ့ သေချာမွှေပြီး ရလာတဲ့ အနှစ်ကို မျက်နှာနေရာအနှံ့မှာ သုတ်လိမ်းပြီး ထားထားလိုက်ပါ။ ၁၅ မိနစ်ခန့်နေရင် ရေနွေးနဲ့ သန့်စင်အောင် ဆေးကြောပေးလိုက်ရုံပါပဲ။အဆီပြန်တဲ့ မျက်နှာပိုင်ရှင်တွေအတွက် အထူးသင့်လျော်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ချွေးပေါက်ထဲမှာ ပိတ်ဆို့နေတဲ့ အဆီ အညစ်အကြေးတွေ၊ ဖုန်မှုန့်တွေကို သန့်စင်ပေးနိုင်ပြီး အသားအရေကို ဝင်းပကြည်လင်စေပါတယ်။ဒီနည်းလမ်းတွေ မဟုတ်ပဲ ထောပတ်သီးကို လှီးစိတ်ပြီး ခြောက်သွေ့နေတဲ့ မျက်နှာပေါ် ကပ်ထားမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/avocado-facial-mask-recipes/
ထင်သလောက်မစွမ်း တော့ဘူးလား ကိုယ့်လူ
အမျိုးသားတွေဟာ သူတို့ရဲ့လိင်မှုစွမ်းဆောင်ရည်အားနည်းနေပြီ၊ ကျဆင်းလာနေပြီဆိုတာကို ထုတ်ပြောဖို့ သပ်ပြီး တွန့်ဆုတ်တတ်ကြပါတယ်။ တခြားလူမပြောနဲ့။ အတူတူအိပ်တဲ့အိပ်ရာပေါ်က ကြင်သူကိုတောင် မပြောဘဲ ဖုံးကွယ်ထားတတ်ကြတာမျိုး။ ထင်သလောက်မစွမ်း တော့ဘူးလို့ ထင်ပြီး လောင်နေတာမျိုးပေါ့။ဒါပေမယ့် အမျိုးသား အများစုဟာ လိင်မှုစွမ်းဆောင်ရည်ကျဆင်းတဲ့ ပြဿနာကို ရင်ဆိုင်ကြရလေ့ရှိပြီးတော့ ထုတ်ဖော်ပြောဆိုဖို့ ရှက်နေတာကြောင့် ကြိတ်ကုတာ၊ မသိချင်ယောင်ဆောင် ဖုံးကွယ်ထားတာတွေလုပ်ရင်း အခြေအနေတွေ ပိုဆိုးသွားတတ်ကြပါတယ်။တကယ်တော့လိင်အင်္ဂါမထောင်မတ်တော့တာ၊ အချိန်ကြာကြာ မစွမ်းဆောင်နိုင်တာ၊သုက်ထွက်နည်းတာ၊စိတ်ပါသင့်တဲ့အချိန်မှာ မပါတာတွေဟာ အခြေအနေအကြောင်း အမျိုးမျိုးကြောင့် ဖြစ်လာနိုင်ပြီး ကိုယ်တစ်ဦးတစ်ယောက်တည်းမှာပဲ ကွက်ပြီးဖြစ်နေတဲ့ ပြဿနာတွေလည်း မဟုတ်ပါဘူး။အမျိုးသား ၁၅% ကနေ ၂၃% လောက်ဟာ အသက်အရွယ်အိုမင်းရင့်ရော်မှုကြောင့်မဟုတ်ဘဲ ငယ်ရွယ်နုပျိုနေစဉ်မှာတင် လိင်စွမ်းဆောင်ရည်ကျဆင်းတာမျိုးကို ကြုံဆုံရတတ်ပါတယ်။ ဒီလို လိင်စွမ်းဆောင်ရည်ကျဆင်းတာမျိုးကို ကြုံလာရပြီဆိုရင်လည်း အမျိုးသားတွေဟာ အမျိုးသမီးတွေထက်ပိုပြီး ကြောက်ရွံ့ထိတ်လန့်တတ်ကြသူတွေပါ။အမျိုးသားတွေ လိင်စွမ်းဆာင်ရည်ကျဆင်းရတဲ့ အချက်တွေအများကြီးရှိပေမယ့် နောက်ကွယ်က အကြောင်းတရားကတော့Testosteroneဟိုမုန်းပမာဏ လျော့နည်းလာတာကြောင့်ပါ။ ဒီပမာဏ နည်းပါးသွားရင် လိင်မှုကိစ္စ စွမ်းဆောင်ရည်တွေလည်း တပါတည်း ကျဆင်းသွားတာပါပဲ။Testosterone ဟိုမုန်းပမာဏကို လျော့နည်းစေတဲ့အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ ဘာကြောင့် ဒီလိုတွေဖြစ်ရတာလဲ ဆိုတာကို လေ့လာကြည့်ရအောင်။အမျိုးသားတွေဟာ သဘာဝအားဖြင့် အသက် ၄၅ နောက်ပိုင်းမှာ လိင်မှုစွမ်းဆောင်ရည် ကျဆင်းသွားတတ်ပါတယ်။ ဒါပေမယ့် ကျဆင်းမှုဟာ အသက် ၃၀ ဝန်းကျင်လောက်ကတည်းက စတင်တာဖြစ်ပါတယ်။ ၄၅ နောက်ပိုင်းမှ သိသာလာတာပါ။ အသက် ၃၀ ဝန်းကျင်ကနေစပြီး တစ်နှစ်ကို ၁% လောက်ကျဆင်းသွားတယ်လို့ လေ့လာချက်တွေကဆိုပါတယ်။အမျိုးသားတွေရဲ့ လိင်စွမ်းဆောင်ရည်အကောင်းဆုံး အသက်အပိုင်းအခြားက ၂၀ နဲ့ ၃၀ ကြားလို့ ဆိုပါတယ်။ အသက် ၄၅ ကျော်ရင်တော့ အမျိုးသား ၁၀ ယောက်မှာ ၄ ယောက်နဲ့အထက်ဟာ လိင်စွမ်းဆောင်ရည် သိသိသာသာကျဆင်းသွားတတ်ပါတယ်။အမျိုးသားတွေ လိင်စိတ်နည်းပါးသွားတာမျိုး၊ စွမ်းဆောင်ရည်ကျဆင်းသွားတာမျိုးတွေက စိတ်နဲ့ အများကြီး ပတ်သတ်နေတတ်ပါတယ်။ အထူးသဖြင့် စိတ်ဖိစီးမှုများတာမျိုး၊ ပူပင်သောကများတာမျိုးတွေကြောင့် ပိုပြီးဖြစ်နိုင်ပါတယ်။အဝလွန်တာ၊အိပ်ဟောက်အသက်ရှူရပ်ရောဂါ၊နှလုံးရောဂါ၊ သွေးတိုးရောဂါ စတဲ့ ကျန်းမာရေးအခြေအနေတွေဟာ လိင်စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။ ဒီရောဂါတွေဟာ လိင်စိတ်နဲ့ စွမ်းဆောင်ရည်ကို တိုးပွားစေတဲ့ Testosterone ဟိုမုန်းပမာဏကို လျော့ပါးစေတာကြောင့်ပါ။ ဒါ့ပြင် လိင်အင်္ဂါတွေကို သွေးလည်ပတ်မှုကို မကောင်းတော့တာကြောင့် ထောင်မတ်နိုင်စွမ်းလည်း ထိခိုက်သွားပါတယ်။တချို့သော ကျန်းမာရေးပြဿနာတွေမှာ အသုံးပြုတဲ့ ဆေးဝါးတွေက လိင်စွမ်းဆောင်ရည်ကို နှောင့်ယှက်နိုင်ပါတယ်။ ဒါကြောင့် ဆေးဝါးမှီဝဲတဲ့အခါမှာ ကိုယ်မှီဝဲတဲ့ ဆေးဝါးတွေရဲ့ Side effect တွေကို ဆရာဝန်ထံကနေ သေချာမေးမြန်း ဆွေးနွေးဖို့ လိုအပ်ပါတယ်။ ကိုယ်မှီဝဲနေတဲ့ ဆေးဝါးကြောင့် ခုလိုဖြစ်နေတာကို မသိတဲ့အခါ ကိုယ့်ဘာသာ စွမ်းဆောင်ရည်မဲ့လာတာလို့ထင်ပြီး စိတ်ဓာတ်ကျသွားတတ်တာကြောင့် ဖြစ်ပါတယ်။အရက်သေစာ၊ ဆေးလိပ်နဲ့ မူးယစ်ဆေးဝါးတွေဟာ လိင်စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။ အထူးသဖြင့် ပုံမှန်မှီဝဲသူတွေ၊ စွဲလမ်းနေသူတွေဟာ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကင်းမဲ့တဲ့ ပြဿနာတွေကို စောလျှင်စွာ ခံစားရတတ်ပါတယ်။လေ့ကျင့်ခန်းလုပ်တာဟာ လိင်စွမ်းဆောင်ရည်တိုးတက်စေဖို့ အထောက်အကူဖြစ်စေတယ်ဆိုပေမယ့် ဒီအချက်က အမြဲတမ်းတော့ မှန်မနေပါဘူး။ လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန်နဲ့ လွန်လွန်ကျူးကျူးပြုလုပ်ရင်လည်း အိပ်ရာပေါ်က အရည်အသွေးတွေကို လျော့ပါးသွားစေတတ်တာမို့ သတိထားသင့်ပါတယ်။တချို့ အိမ်ထောင်ရေးတွေမှာတော့ လက်တွဲဖော်ကို စိတ်ပျက်နေတာမျိုး၊ ဆက်ဆံရေး အဆင်မပြေတာမျိုး၊ လက်တွဲဖော်ဆီက စိတ်ကျေနပ်ဖွယ်ပြုစုယုယမှု မရရှိတာမျိုးတွေကြောင့် လိင်စိတ်လျော့နည်းပြီး မစွမ်းဆောင်နိုင်တာမျိုးလည်းဖြစ်တတ်ပါသေးတယ်။ကိုယ့်ရဲ့လိင်မှုစွမ်းဆောင်ရည်က သာမန်ထက်ပိုပြီး လျော့နည်းလာနေတယ်။ စွမ်းဆောင်ရည် ကျဆင်းလာနေတယ်လို့ ယူဆလာပြီဆိုရင် စမ်းသပ်လေ့လာပြီး ကုစားမှုတွေ ခံယူဖို့ ကြိုးပမ်းသင့်ပါတယ်။ ထုတ်ပြောရမှာကို ရှက်ရွံ့နေရုံနဲ့ အရာရာက ပြေလည်သွားမှာမှ မဟုတ်တာလေနော်။သက်ဆိုင်ရာ ပြဿနာကို အဖြေရှာနိုင်မှ ကုစားမှုပြုလုပ်နိုင်မှာဖြစ်တာမို့ ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးတိုင်ပင်တာမျိုးကို မဖြစ်မနေပြုလုပ်သင့်ပါတယ်။ဒါ့အပြင် နေ့စဉ်လူနေမှုဘဝမှာလည်း။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/loss-of-sex-drive/
ကိုကိုတို့အကြိုက် ငါးရှဉ့်ရဲ့ ပျိုပျိုတို့အတွက် အစွမ်း
ငါးရှဉ့်ဆိုတာ ကိုကို ကာလသားတွေအကြိုက်ပါ။ ငါးရှဉ့်ကြပ်တိုက်တို့၊ ငါးရှဉ့်မြေအိုးတို့၊ ငါးရှဉ့်ချဉ်စပ်တို့၊ လူကြိုက်များတဲ့ ဂျပန်စာတစ်မျိုးဖြစ်တဲ့ အူနာဒုံတို့လို ဟင်းအမည်တွေဟာ ကိုကိုတွေအကြား အလွန်ကို ရေပန်းစားလှပါတယ်။ဗီတာမင် A၊ ဗီတာမင် B1 ၊ ဗီတာမင် B2 ၊ ဗီတာမင် B12 ၊ ဗီတာမင် D နဲ့ ဗီတာမင် E တို့ ကြွယ်ဝတဲ့ ငါးရှဉ့်ဟာ အသွင်သဏ္ဍာန်အရ အမျိုးသမီးတွေ သိပ်အကြိုက်မတွေ့တတ်တဲ့ ငါးအမျိုးအစားတစ်မျိုးပေါ့။ကိုကို အမျိုးသားတွေကတော့ အမျိုးသားကျန်းမာရေးနဲ့ လိင်မူကိစ္စမှာ စွမ်းဆောင်ရည်တိုးစေတယ်ဆိုတဲ့ ယူဆချက်နဲ့ ငါးရှဉ့်ကို အလွန်နှစ်သက်တတ်ကြပါတယ်။ တစ်ချို့များဆို ငါးရှဉ့်နဲ့လုပ်တဲ့ ဟင်းအမည်တွေကို ‘snack for nights’ လို့တောင် တင်စားခေါ်ဝေါ်တတ်ကြပါသေးတယ်။ဒါပေမယ့် ငါးရှဉ့်ဟာ အမျိုးသားတွေကိုချည်း အကျိုးပြုတဲ့အစားအစာမဟုတ်တာကို သိစေချင်ပါတယ်။ အာဟာရဓာတ်တွေ၊ ဗီတာမင်တွေနဲ့Omega-3တို့ကြွယ်ဝစွာပါဝင်တဲ့ ဒီငါးဟာ အမျိုးသမီးတွေရဲ့ ကျန်းမာရေးကိုလည်း အကျိုးဖြစ်ထွန်းစေနိုင်ပါတယ်။ငါးရှဉ့်ကို ဂျပန်တွေက အူနာဂီ (Unagi) လို့ ခေါ်ပါတယ်။ ဂျပန်ပြည်မှာတော့ လူကြိုက်များလှတယ်လို့ အဆိုရှိပါရဲ့။ ဒီငါးရှဉ့်တွေနဲ့ ပတ်သက်ပြီး စနစ်တကျလေ့လာမှုတွေကိုလည်း ပြုလုပ်ထားကြပါသေးတယ်။အရှေ့တိုင်းတိုင်းပြည်တွေမှာ ငါးရှဉ့်ပါဝင်တဲ့ဟင်းအမည်တွေကို Diet Food အမျိုးအစားတွေအဖြစ် သတ်မှတ်ကြလေ့ရှိပါတယ်။ ခွန်အားဖြစ်စေသလို အာဟာရဓာတ်ကြွယ်ဝပြီး အရသာလည်းရှိတာမို့ ကျန်းမာဖို့ ပုံမှန်စားသုံးပေးသင့်တဲ့ အစားအစာလို့ မှတ်ယူထားတာကြောင့်ပါပဲ။ဂျပန်နဲ့ စင်ကာပူက လေ့လာချက်တွေအရဆိုရင်တော့ ငါးရှဉ့်တွေဟာ အမျိုးသားတွေကိုသာမက အမျိုးသမီးတွေရဲ့ ကျန်းမာရေးကိုလည်း အကျိုးပြုတယ်လို့ဆိုပါတယ်။ဘယ်လို အကျိုးပြုသလဲဆိုရင်တော့။ငါးရှဉ့်မှာပါဝင်တဲ့ Omega-3Fatty Acidsဟာ နှလုံးနဲ့ အရိုးကျန်းမာရေးကို အထောက်အကူပြုရုံသာမကပါဘူး၊ လေ့လာချက်တွေအရဆိုရင် အမျိုးသမီးတွေ လစဉ်ကြုံတွေ့ရတဲ့ ရာသီလာချိန်မှာ နာကျင်ကိုက်ခဲတဲ့ဝေဒနာကို သက်သာလျော့ပါးစေနိုင်တယ်လို့ အဆိုရှိပါတယ်။ငါးရှဉ့်မှာ ကြွယ်ကြွယ်ဝဝကြီးပါဝင်တဲ့ ဗီတာမင် A က အသားအရေလှပဖို့ အကူအညီပေးပါတယ်။ UV ကြောင့် ဖြစ်ပေါ်လာမယ့် အရေပြားထိခိုက်တာ နာကျင်တာတွေမဖြစ်အောင် ကာကွယ်ပေးသလို အရေးကြောင်းတွေ မဖြစ်ပေါ်လာအောင်လည်း တားဆီးပေးပါသေးတယ်။ Internal Sunscreen လို့တောင် တချို့က တင်စားကြပါသေးတယ်။ငါးရှဉ့်မှာပါဝင်တဲ့ Arginine နဲ့ Amino Acid တွေက အကျိတ်ဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်သလို ရောဂါရှိနေသူတွေကိုလည်း အကျိတ်ကြီးထွားနှုန်း နှေးကွေးသွားစေတဲ့ အကျိုးအာနိသင်မျိုး ပေးနိုင်ပါတယ်။ ဒါပေမယ့် ဒီအာနိသင်ကထူးဆန်းစွာပဲ ကင်ဆာတိုင်းပေါ် သက်ရောက်မှုမရှိပဲ ရင်သားကင်ဆာအပေါ်မှာသာ သက်ရောက်နိုင်တယ်လို့ စင်ကာပူပညာရှင်တွေရဲ့ လေ့လာချက်တစ်ခုက ဆိုပါတယ်။ဦးနှောက်ကောင်းမွန်မှုက တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေလိုပဲ လိုအပ်ပါတယ်။ အထူးသဖြင့် ငါးရှဉ့်မှာပါဝင်တဲ့ DHA က မှတ်ဉာဏ်ကို အထူးကောင်းမွန်စေပါတယ်။ Journal of Alzheimer’s Disease ကလည်း ဦးနှောက်အတွင်း သွေးလည်ပတ်မှုကောင်းမွန်စေဖို့ ငါးရှဉ့်စားသင့်ကြောင်း တိုက်တွန်းရေးသားဖူးပါတယ်။ အဓိက အားဖြင့် မှတ်ဉာဏ်ချို့ယွင်းတဲ့Dementia ရောဂါဖြစ်လာနိုင်ခြေကို အများကြီး လျှော့ချပေးနိုင်တာကြောင့်လို့ ဆိုထားပါရဲ့။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/woman-health-benefits-of-eating-eel/
Neuroblastoma ( အာရုံကြောကင်ဆာ )
အာရုံကြောကင်ဆာ ဆိုသည်မှာ စိတ်တက်ကြွမှုကို ဖြစ်စေ သော အာရုံကြောထုံးနောက်တွင် ရှိသော အာရုံကြောဆဲလ် များ သာမန်ထက်ထူးခြားခြင်း ဖြစ်သည်။ ထိုဆဲလ်များသည် adrenal medullary ( adrenal ဂလန်း၏ အလယ်နေရာ) တွင် ကြီးထွား ဖွံ့ဖြိုးလာပါသည်။ အထူးသဖြင့် ထိုဆဲလ်များ သည် အဓိက မဟုတ်သော အာရုံကြောဆဲလ် များတွင် ကွဲပွား ကြပါသည်။ကလေးငယ်များသည် မွေးဖွားခါစမှစ၍ ထိုအကျိတ် ရှိနိုင်ပါသည်။ သို့သော် နောက်ကျမှ အကျိတ်ရှိမှန်း သိရှိကြပါ သည်။ အာရုံကြော ကင်ဆာသည် ကလေးများတွင် သွေးကင်ဆာနှင့် ဦးနှောက်ကင်ဆာ အပြီးနောက် အဖြစ် အများဆုံး ကင်ဆာဖြစ်ပါသည်။ ၎င်းသည် ကလေးများတွင် ဖြစ်သော အကျိတ်အခဲ၏ ၁၀ ရာခိုင်နှုန်းခန့်ဖြစ်ပါသည်။အကျိတ်၏ တည်နေရာပေါ်မူတည်၍ ရောဂါ လက္ခဏာ များသည် ကွဲပြားနိုင်ပါသည်။ ခန့်မှန်းခြေအားဖြင့် ရောဂါ လက္ခဏာများ၏ သုံးပုံ နှစ်ပုံသည် ဝမ်းဗိုက်နှင့် adrenal gland တွင် စတင်ပါသည်။ အားနည်းခြင်း၊ မောပန်းခြင်း၊ ကိုယ် အလေးချိန်ကျခြင်း နှင့် သွေးတွင်း သွေးနီဥ ပမာဏ နည်းခြင်း (သွေးအားနည်းခြင်း) တို့ဖြစ်နိုင်ပါသည်။ကလေးငယ်များ သည် ဝမ်းဗိုက်၊ လည်ပင်းနှင့် ရင်အုပ်တွင် အကျိတ်များ ရှိနိုင်ပါ သည်။ ကျောရိုးအာရုံကြောမကို ဖိခြင်းသည် ကျောနာခြင်းနှင့် မူလဖြစ်သော နေရာတွင် ပြသာနာများ ဖြစ်စေနိုင်ပါသည်။ ရင် ဘတ်ရှိ အကျိတ်များသည် အသက်ရှူလမ်းကြောင်း နှင့် မြိုချရာတွင် ပြဿနာဖြစ်ခြင်း၊ ရောဂါပိုးကူးစက်ခြင်း နှင့် နာ တာရှည် ချောင်းဆိုးခြင်းတို့ကို ဖြစ်စေပါသည်။ရောဂါ လက္ခဏာများသည် ပျံ့နှံ့ပြီး မောပန်းခြင်း၊ နာကျင် ခြင်း ( အရိုးနာခြင်း)၊ အစာစားချိန်စိတ် နည်းခြင်း နှင့် ကိုယ် အလေးချိန်ကျခြင်း တို့ ဖြစ်စေပါသည်။ အဖျားတက်ခြင်း၊ စိတ် လှုပ်ရှားခြင်း နှင့် အရေပြားအောက်တွင် အပြာရည် အခဲများ ဖြစ်ခြင်း တို့ဖြစ်နိုင်ပါသည်။ အာရုံကြောကင်ဆာသည် မျက်လုံး လှုပ်ရှားမှုများ ထိန်းချုပ်မှုကိုလည်း ထိခိုက်စေပါသည်။အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။အထက်တွင်ဖော်ပြထားသော ရောဂါလက္ခဏာများ ရှိပါက သို့မဟုတ် မေးလိုသည်များ ရှိပါက ဆရာဝန်နှင့် ဆွေးနွေး တိုင်ပင်ပါ။ အာရုံကြောကင်ဆာကို ကုသနေစဉ် အောက်ပါတို့ ဖြစ်ပွားပါက ဆရာဝန်ကို ခေါ်ပါ။ရောဂါအခြေအနေသည် တစ်ယောက်နှင့် တစ်ယောက် ကွဲပြားနိုင်ပါသည်။ ကုသမှုများ နှင့် ရောဂါအဖြေရှာခြင်း များ ပြုလုပ်ရန် ဆရာဝန်နှင့် တိုင်ပင်ပြီး အကောင်းဆုံးကုသမှုများ ရယူပါ။အာရုံကြောဆဲလ်များ မရင့်ကျက်ခြင်း ကြောင့်ဖြစ်သော အာရုံကြောကင်ဆာသည် သန္ဓေသားဖွံ့ဖြိုးမှုတွင် ဖြစ်ပွားပါ သည်။ ကိုယ်ဝန်ရင့်လာသောအခါ အာရုံကြောကင်ဆာသည် အာရုံကြောဆဲလ်များ၊ အမျှင်များ နှင့် adrenal glands ရှိဆဲလ် များကို ပြောင်းလဲစေပါသည်။ကလေးမွေးဖွားပြီးချိန်တွင် အာရုံကြောကင်ဆာ ဖြစ်ပွားပါ သည်။ ထိုရောဂါသည် အရိုးဆဲလ်များကို ရင့်မှည့် သို့မဟုတ် ပျောက်ကွယ်စေပါသည်။ အခြားဆဲလ်များသည် အာရုံကြော ကင်ဆာအကျိတ် အဖြစ်ပြောင်းလဲသွားပါသည်။ အကျိတ် သည် ထိန်းချုပ်မှုမရှိဘဲ ကွဲပွားကာ ကင်ဆာကိုဖြစ်စေပါသည်။ လက်ရှိတွင် သိပ္ပံပညာရှင်များသည် မျိုးဗီဇချို့ယွင်းမှုကြောင့် ဤရောဂါဖြစ်ပွားသည်ဟု ဆိုကြပါသည်။မိသားစုတွင်းတွင် အာရုံကြောကင်ဆာ ဖြစ်ဖူးသော ကလေးများသည် ပို၍ဖြစ်နိုင်ပါသည်။ သို့သော်လည်း အာရုံကြော ကင်ဆာမျိုးဗီဇ ကြောင့် ရောဂါဖြစ်ခြင်းသည် ရာခိုင်နှုန်းနည်းပါသည်။ ဖြစ်စဉ် အများစု ၏ အကြောင်းရင်းကို ရှာဖွေဖော်ထုတ်ဆဲ ဖြစ်ပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။မိသားစုတွင်းတွင် အာရုံကြောကင်ဆာ ဖြစ်ဖူးသော ကလေးများသည် ပို၍ဖြစ်နိုင်ပါသည်။ သို့သော်လည်း အာရုံကြော ကင်ဆာမျိုးဗီဇ ကြောင့် ရောဂါဖြစ်ခြင်းသည် ရာခိုင်နှုန်းနည်းပါသည်။ ဖြစ်စဉ် အများစု ၏ အကြောင်းရင်းကို ရှာဖွေဖော်ထုတ်ဆဲ ဖြစ်ပါသည်။အာရုံကြောကင်ဆာအကျိတ်၏ ကုသမှုသည် ရောဂါအဖြေ ရှာတွေ့သည့် အသက်အရွယ်၊ ရောဂါအဆင့်၊ အကျိတ်၏ တည်နေရာ၊ ပျံ့ပွားမှု နှင့် အကျိတ်၏ လှုပ်ရှားမှု အဆင့် တို့ ပေါ်မူတည်ပါသည်။ ကင်ဆာဆဲလ်များကို သတ်ရန် ဆေး သောက်ခြင်း (ဓါတုကုထုံး) ကို အသုံးပြုနိုင်ပါသည်။ဓါတ် ရောင်ခြည်ကုထုံးကို အကျိတ်များ ကျုံ့သွားရန်နှင့် နာကျင်မှု လျော့နည်းစေရန် အသုံးပြုနိုင်ပါသည်။ ကုသမှုအတွက် ဆေး များ မသုံးနိုင်သောအခါ ဆရာဝန်သည် အကျိတ်ကို ဖယ်ရှား ရန် ခွဲစိတ်ကုသခြင်းကို ပြုလုပ်နိုင်ပါသည်။ အကျိတ်သည် မပျံ့ နှံ့တော့ဘဲ ရောဂါလက္ခဏာများ သက်သာသွားပါလိမ့်မည်။ကလေးငယ်များကို မိသားစုမှ အာဟာရပိုင်းဆိုင်ရာရော စိတ်ခံစားမှုပိုင်းဆိုင်ရာပါ ထောက်ပံ့ပေးရန် လိုအပ်ပါသည်။ ရောဂါသည် ရိုးတွင်းခြင်ဆီ အထိ ပျံ့နှံ့ဖြစ်ပွားနိုင်ပါသည်။ ကိုယ်ခံအားကုထုံးဟုခေါ်သော ကုသနည်းအသစ် တစ်ခု လည်းရှိပါသည်။ Monoclonal antibodies ဟုခေါ်သော ပစ္စည်းများ နှင့် ကာကွယ်ဆေးကို အသုံးပြု၍ ကိုယ်ခံအားကို မြှင့်တင်နိုင်ပါသည်။ထိုသို့ လုပ်ခြင်း သည် ခန္ဓါကိုယ်က ကင်ဆာကို တိုက်ထုတ်ရန် ကူညီပေးပါသည်။ ယေဘုယျ အားဖြင့် အသက်ရှင်နိုင်နှုန်း သည် ၄၀ ရာခိုင်နှုန်းထက် များပါ သည်။ အသက် ၁နှစ်အောက် ငယ်သော ကလေးများသည် ပျောက်ကင်းနိုင်နှုန်း ၉၀ ကျော်ရှိပါသည်။လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် အာရုံကြောကင်ဆာ ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် အာရုံကြောကင်ဆာ ဖြစ်ခြင်း ကို ထိန်းချုပ်နိုင်ပါသည်။အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/neuroblastoma-%e1%80%a1%e1%80%ac%e1%80%9b%e1%80%b6%e1%80%af%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac/
နေပြည်တော်
Ph: 9797712335။ပြည်စံအောင် ရပ်ကွက် ပညာရောင်ခြည်ကျောင်းတိုက်၊နေပြည်တော်၊ဇေယျာသီရိ။Ph:9420721199။ကိုမောင်မောင် ၊တိုက်၃၃၁ရအခန်း၃၁ ချယ်ရီအိမ်ယာ ၊ဉာဏသိဒ္ဓိရပ်ကွက်၊ဇမ္ဗူသီရိမြို့နယ်။Ph:6727090။ပဒုမ္မာလမ်း၊ပေါင်းလောင်း (၂) ဘောဂဝတီရပ်ကွက်၊ ပျဉ်းမနား၊ပျဉ်းမနားမြို့။Ph:949203204။တံခွန်တိုင်ကျောင်းတိုက် ၊ဗိုလ်ချုပ်လမ်းထိပ်၊ပျဉ်းမနား၊ပျဉ်းမနားမြို့။ဈေးကုန်းကျောင်းတိုက်၊ ပျဉ်းမနား၊ပျဉ်းမနားမြို့။Ph:067 21099။ပျဉ်းမနားဘိုးဘွားရိပ်သာ ၊တောင်သာရပ်၊ပျဉ်းမနား၊ပျဉ်းမနားမြို့။Ph:067 21134။Ph: 943106850။Ph:9250687824။မြို့နယ်ကြက်ခြေနီရုံး(ယာယီ) ၊မင်္ဂလာဒီပရပ်ကွက်၊ပုဗ္ဗသီရိမြို့နယ်။Ph:9448537100။ပုပ္ဗသီရိမြို့ ၊နေပြည်တော်၊ပုဗ္ဗသီရိမြို့နယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/health-news/%e1%80%b1%e1%80%94%e1%80%bb%e1%80%95%e1%80%8a%e1%80%b9%e1%80%b1%e1%80%90%e1%80%ac%e1%80%b9/
ခေါင်းကိုက်လာရင် နှိပ်ပေးသင့်တဲ့ နေရာများ
ခေါင်းကိုက်ခြင်းဟာ အဖြစ်များတဲ့ ဝေဒနာ တစ်မျိုး ဖြစ်တဲ့ အတွက်ကြောင့် ခေါင်းကိုက်ခြင်းကို ကုသနိုင်တဲ့ နည်းလမ်းတွေကလည်း အမျိုးမျိုးရှိနိုင်ပါတယ်။ ခေါင်းကိုက်လာရင် ဆေးဝါးတွေ၊ ကုသမှုတွေ သုံးပြီး ပျောက်ကင်းအောင်ကုသနိုင်သလို စိတ်ဖိစီးမှုကင်းဝေးပြီး ကျန်းမာရေးနဲ့ ကိုက်ညီအောင် နေထိုင်ခြင်းဖြင့်လည်း ခေါင်းကိုက်ခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ခေါင်းကိုက်လာရင် နှိပ်ပေးသင့်တဲ့ နေရာများ အကြောင်းလေး ပြောပြပေးချင်ပါတယ်။ခေါင်းကိုက်တဲ့ အမျိုးအစားတွေကတော့ ၁၅၀ လောက်ကို ရှိပြီး အတွေ့ရများတဲ့ primary headaches (၃)မျိုးကတော့။၁။ဖိစီးမှုကြောင့်ခေါင်းကိုက်ခြင်း (Tension headaches)။ဖိစီးမှုကြောင့်ခေါင်းကိုက်တဲ့ ဝေဒနာဟာ နဖူး၊ ဦးခေါင်းနောက်နဲ့ လည်ပင်းတို့မှာ အနည်းငယ်နာကျင်တင်းကြပ်နေပြီး ဖိအားကိုပါ ခံစားရတဲ့ ခေါင်းကိုက်ခြင်းကို ခေါ်တာဖြစ်ပါတယ်။ အမြင်သာဆုံးဥပမာပြောရမယ်ဆိုရင် ပြုတ်တူနဲ့ ခေါင်းကို ညှပ်ထားသကဲ့သို့ခံစားရမှာ ဖြစ်ပါတယ်။ ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်းဟာ အတွေ့ရအများဆုံး ခေါင်းကိုက်ခြင်း ဝေဒနာ တစ်မျိုး ဖြစ်ပြီး စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်တဲ့ ဝေဒနာလို့လည်း ခေါ်ကြပါတယ်။WHO (World Health Organization) ရဲ့ စစ်တမ်းအရတော့ ကမ္ဘာပေါ်က လူအယောက် ၂၀ မှာ ၁ ယောက်ခန့်က နေ့စဉ် ဖိစီးမှုကြောင့် ခေါင်းကိုက်တဲ့ ဝေဒနာကိုခံစားနေကြရတယ် လို့ဆိုပါတယ်။ဒီခေါင်းကိုက်ခြင်းအတွက် ကုသနည်းတွေကတော့ အများအပြားရှိပြီး ပုံမှန်အားဖြင့်တော့ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အလေ့အကျင့်များကို ကျင့်သုံးခြင်းနဲ့ ဆေးဝါးမပါတဲ့ ကုသမှုများပြုလုပ်ပေးရုံနဲ့ ပျောက်ကင်းသွားတတ်ပါတယ်။ဒီလို ခေါင်းကိုက်တဲ့ အမျိုးအစားတွေ အတွက်ကတော့ အကိုက်အခဲပျောက်ဆေးတွေ ဖြစ်တဲ့ ပါရာစီတမော (acetaminophen)၊အက်စပရင်(aspirin)၊ အိုက်ဗျူပရိုဖင် ( ibuprofen) နဲ့ နပရိုဇင်( naproxen) လိုဆေးတွေ သောက်သုံးခြင်းဖြင့်ကုသနိုင်ပါတယ်။ ဒါပေမဲ့ သတိထားရမှာ တစ်ခုကတော့ ဒီလိုဆေးတွေကို အများအပြားသောက်နေရင်တော့ ကုသရခက်တဲ့ ခေါင်းကိုက်မှုတွေကို ထပ်မံခံစားရနိုင်ပါတယ်။ဒီတော့ ကိုယ်က ခေါင်းခဏခဏ ကိုက်တတ်တဲ့လူတစ်ယောက်ဆိုရင် ဒီဆေးတွေအပေါ်ပဲ မမှီခိုဘဲနဲ့ ဆရာဝန်ထံသွားရောက်ပြသသင့်ပါတယ်။ ဒါအပြင် အသက် ၁၉ နှစ်အောက် ကလေးတွေဆိုရင်အက်စပရင်(aspirin) ဆေးသောက်မယ်ဆိုရင် Reye’s syndrome ဆိုတဲ့ ဦးနှောက်ချို့ယွင်းတဲ့ ရောဂါ ဖြစ်စေနိုင်တဲ့အတွက် ရှောင်ရှားသင့်ပါတယ်။၂။ ခေါင်းတစ်ခြမ်း အပြင်းအထန်ကိုက်ခြင်း(Migraine headaches)။Migraine headachesလို့ခေါ်တဲ့ ခေါင်းတစ်ခြမ်း အပြင်းအထန်ကိုက်တဲ့ ရောဂါတွေကတော့ ဒုတိယ အတွေ့ရများတဲ့ ရောဂါ တစ်မျိုးဖြစ်ပြီး လူကြီးတွေအပြင် လူငယ်တွေမှာလည်း ဖြစ်တတ်တဲ့ ခေါင်းကိုက်ရောဂါပါ။ ခေါင်းတစ်ခြမ်း အပြင်းအထန် ကိုက်တဲ့ဝေဒနာမှာဆိုရင် တဒုတ်ဒုတ်နဲ့ ခေါင်းကိုက်နေတဲ့ ဝေဒနာကို အထူးသဖြင့် ခေါင်းတစ်ဖက်ခြမ်းမှာ ခံစားရမှာ ဖြစ်ပြီး ပျို့အန်ခြင်းနဲ့ အလင်းနဲ့ အသံတွေကို မခံနိုင်တာမျိုးတွေ ခံစားရမှာပါ။ခေါင်းတစ်ခြမ်းကိုက်တဲ့ ဝေဒနာတွေဟာ နာရီပိုင်းကနေ ရက်ပိုင်း အထိ ကိုက်ခဲနေတဲ့ ဝေဒနာမျိုးတွေဖြစ်ပြီး ခေါင်းကိုက်ချိန်မှာဆိုရင် မလှုပ်နိုင် ၊ မကိုင်နိုင်ဖြစ်သည် အထိ ခံစားရနိုင်ပါတယ်။ ခေါင်းမကိုက်ခင်မှာ သတိပေး လက္ခဏာတွေ ဖြစ်တဲ့ အလင်းရောင် ဖြတ်ခနဲ့ မြင်လိုက်ရခြင်း၊ မိုက်ခနဲ ဖြစ်သွားခြင်းနဲ့ မျက်နှာ၊ လက်၊ ခြေထောက်တစ်ခြမ်းမှာ တစ်စစ်စစ်ခံစားရတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ခေါင်းတစ်ခြမ်းကိုက်ခြင်း ဝေဒနာတွေကို လျော့ပေးစေနိုင်ပြီး ကာကွယ်နိုင်တဲ့ ဆေးဝါးတွေရှိပါတယ်။ ကိုယ်က ခေါင်းခဏခဏ ကိုက်တတ်သူတစ်ယောက်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ကုသသင့်ပြီး မှန်ကန်တဲ့ ဆေးဝါးများနဲ့ မိမိကိုယ်ကို ကုသခြင်းဖြင့်လည်း ခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်။၃။ ခေါင်းတစ်ဆစ်ဆစ်ကိုက်ခြင်း (Cluster headaches)။ခေါင်းတစ်ဆစ်ဆစ်ကိုက်တဲ့ ဝေဒနာဆိုတာ ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်း (Tension headaches) နဲ့ ခေါင်းတစ်ခြမ်း အပြင်းအထန်ကိုက်ခြင်း (Migraine headaches)တို့နဲ့ ယှဉ်ရင် ခေါင်းကိုက်တဲ့ အချိန်က နည်းနည်းတိုပေမဲ့ နေတိုင်းမှာ အချိန်တိုင်းလိုလို ဆက်တိုက်ခေါင်းကိုက်နေတဲ့ ဖြစ်စဉ်ကိုခေါ်တာပါ။ ဒီခေါင်းကိုက်ခြင်းဟာ primary headache တွေထဲမှာမှ ရှားပါးတဲ့ ခေါင်းကိုက်ဝေဒနာတစ်မျိုး ဖြစ်ပြီး အမျိုးသားတွေ ၂၀ ကျော်တာနဲ့ အများဆုံး ခံစားကြရလေ့ရှိပါတယ်။ဖြစ်ရတဲ့ အဓိက အကြောင်းရင်းကိုသေချာ မသိရသေးပေးတဲ့ မျက်နှာတွင်က အာရုံကြောတွေပါ ပါဝင်တဲ့အတွက် မျက်လုံးတစ်လုံးနားမှာ ပြင်းထန်တဲ့ ဝေဒနာကိုခံစားရနိုင်ပါတယ်။ ခေါင်းတစ်ဆစ်ဆစ်ကိုက်ခြင်းဟာ ခေါင်းတစ်ခြမ်း အပြင်းအထန်ကိုက်ခြင်း ထက်တောင်ပိုပြင်းထန်တဲ့ ဝေဒနာတစ်မျိုး ဖြစ်ပြီး ခေါင်းကိုက်ချိန်ဆို မတ်တပ်မရပ်နိုင်လောက်အောင်ပြင်းထန်ပါတယ်။ဒီလိုခေါင်းတစ်ဆစ်ဆစ်ကိုက်ခြင်းဟာ နှစ်တစ်နှစ်ရဲ့ တူညီတဲ့ အချိန်တွေမှာ ဖြစ်လေ့ရှိတာကြောင့် လူတော်တော်များများက ခေါင်းတစ်ဆစ်ဆစ်ကိုက်ခြင်းကို စိတ်ဖိစီးမှုနဲ့ ဓာတ်မတည့်တဲ့ ဝေဒနာတို့ကြောင့် ဖြစ်ရတာ ဖြစ်တယ်လို့ အထင်မှားတတ်ကြပါတယ်။ ဒီလို ခေါင်းတစ်ဆစ်ဆစ်ကိုက်တဲ့ ဝေဒနာတွေဟာ လအနည်းငယ်၊ နှစ်ချီပြီး ပျောက်သွားလေ့ရှိပြီး သူပြန်ဖြစ်နေကျအချိန်မှာ ပြန်လည် ဖြစ်ပွားတတ်ပါတယ်။ သာမန် အကိုက်အခဲ ပျောက်ဆေးတွေ သောက်ရင် အမြန်မသက်သာနိုင်ဘဲ အောက်စီဂျင် လုံးဝသန့်သန့်ကို ရှူမယ်ဆိုရင် ခေါင်းတစ်ဆစ်ဆစ်ကိုက်တာ သက်သာသွားနိုင်ပါတယ်။ခေါင်းကိုက်လာရင် နာကျင်မှုနဲ့ မအီမသာဖြစ်မှုကိုပါ ခံစားရတယ်ဆိုတာ လုံးဝ ပုံမှန် ဖြစ်စဉ်တစ်ခုပါပဲ။ သင့်အနေနဲ့ ခေါင်းကိုက်ခြင်းကို သဘာဝနည်းလမ်းတွေနဲ့ ကုသချင်တယ်ဆိုရင် လက်ချောင်းများနဲ့ နှိပ်ပြီး ကုသလို့ရတဲ့ နေရာတွေကိုသိထားသင့်ပါတယ်။ ခန္ဓာကိုယ်အပေါ်က အမှတ်တွေဟာ အာရုံခံစားနိုင်စွမ်း အထူးမြင့်မားတဲ့ နေရာတွေ ဖြစ်ပြီး ခန္ဓာကိုယ်တွင်း နာကျင်မှုတွေကို ပြေလျော့စေနိုင်ပါတယ်။ Reflexology လို့ခေါ်တဲ့ လူတစ်ယောက်ရဲ့ ခြေထောက်များကို နှိပ်ပေးပြီး နာကျင်မှုကို သက်သာစေအောင် ကုသပေးတဲ့ တရုတ်ဆေးပညာ နည်းစနစ် အရတော့ ဒီလို ခန္ဓာကိုယ်ထဲက သတ်မှတ်ထားတဲ့ နေရာတွေကို နှိပ်ပေးခြင်းဟာ။Reflexology ဆိုတာ လူခန္ဓာကိုယ်ထဲက အစိတ်အပိုင်းတွေဟာ တစ်ခုနဲ့ တစ်ခု ဘယ်လိုဆက်သွယ်နေသလဲဆိုတာ လေ့လာတဲ့ ပညာရပ်ဖြစ်ပါတယ်။ ဥပမာ ခန္ဓာကိုယ်ရဲ့ လက်ပေါ်က ဖိအားမှတ်တွေကို နှိပ်ပေးခြင်းဖြင့် နာကျင်မှုကို ပြေလျော့စေမှာ ဖြစ်ပါတယ်။တကယ်လို့ မိတ်ဆွေလည်း ဒီလို နေရာတွေကို သိထားပြီး မှန်မှန်ကန်ကန် နှိပ်တတ်မယ်ဆိုရင် ခေါင်းကိုက်ခြင်းကို အထိုက်အလျောက် ကုသနိုင်မှာပါ။ ဒီစာထဲမှာတော့ သိပ္ပံနည်းအရ မှန်ကန်တဲ့ ဖိအားမှတ်တွေနဲ့ ဘယ်လို မှန်မှန်ကန်ကန် နှိပ်ရမလဲ ဆိုတဲ့ နည်းလမ်းတွေကိုပါ ဖော်ပြပေးသွားမှာပါ။Reflexology ကိုသုံးပြီး ခေါင်းကိုက်ခြင်းကို ကုသတယ်ဆိုတာနဲ့ ပတ်သတ်ပြီး ကျယ်ကျယ်ပြန့်ပြန့် လေ့လာထားတဲ့ နည်းစနစ်တော့ အခုချိန်ထိ မရှိသေးပါဘူး။ ဒါပေမဲ့ ခေါင်းနဲ့ ပုခုံးပေါ်က အမှတ်တွေကို နှိပ်ပေးခြင်းဖြင့် ခေါင်းကိုက်ခြင်းကို ပျောက်ကင်းစေနိုင်ကြောင်း လေ့လာထားတဲ့ လေ့လာချက်အနည်းငယ်တော့ ရှိနေပါတယ်။တစ်ပတ်ကို ၂ ကြိမ်ကနေ ၃ ကြိမ် ပြင်းထန်စွာ ခေါင်းကိုက်နေတဲ့ လူလတ်ပိုင်း အရွယ်တွေကို နှိပ်နယ်ပေးခြင်းက ဘယ်လိုကူညီပေးနိုင်သလဲဆိုတာကို အဖွဲ့အစည်းတစ်ခုက ၂၀၀၂ ခုနှစ်မှာတော့ လေ့လာခဲ့ပါတယ်။ အဲ့ဒီလေ့လာချက်မှာတော့ နှိပ်နယ်ပေးခြင်းက ကုသမှုပထအအပတ်အတွင်းမှာ ခေါင်းကိုက်ခြင်း အကြိမ်အရေအတွက်ကို လျှော့ချပေးနိုင်ကြောင်းတွေ့ရှိခဲ့ပါတယ်။ကုသမှု အပြီးမှာတော့ လူနာတွေဟာ တစ်ပတ်ကို ၇ ကြိမ်ခေါင်းကိုက်နေရာမှ တစ်ပတ်ကို ၂ ကြိမ်သာ ခေါင်းကိုက်တော့ကြောင်းတွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင်လူနာတွေရဲ့ ခေါင်းကိုက်ကြာချိန်ကလည်း တစ်ပတ် ၈ နာရီမှ ၄ နာရီ အထိ ကျဆင်းသွားကြောင်းတွေ့ရှိခဲ့ကြပါတယ်။တခြားသော လေ့လာချက်တွေမှာလည်း နာတာရှည်ခေါင်းကိုက်နေတဲ့သူတွေကို ကျွမ်းကျင်လက်မှတ်ရထားတဲ့ အနှိပ်သည်များက နှိပ်ပေးတဲ့အခါမှာ ခေါင်းကိုက်တဲ့ အကြိမ်အရေအတွက်၊ ကြာချိန် နဲ့ ခေါင်းကိုက်မှု ပြင်းအားကိုပါ လျှော့ချပေးနိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။ Hello Sayarwon ပရိတ်သတ်ကြီးထဲမှာလည်း ခေါင်းပုံမှန်ကိုက်တတ်သူတွေ ရှိရင် ခဏတာ သက်သာစေရန်အတွက် အာရုံကြောကို လှုံ့ဆော်ပေးနိုင်တဲ့ အမှတ်များကို ဖော်ပြလိုက်ပါတယ်။ခေါင်းကိုက်ခြင်းကို ပျောက်ကင်းစေနိုင်တယ်လို့ သတ်မှတ်ထားတဲ့ လှုံ့ဆော်မှတ်တွေ ခန္ဓာကိုယ်မှာ ရှိပါတယ်။ အဲ့ဒီအမှတ်တွေကတော့။၁။ လက်မနဲ့ လက်ညိုးကြားက လက်ကြား အရေပြား တွင်ရှိသောအမှတ် (Union valley)။Union valley ဆိုတာ လက်မနဲ့ လက်ညိုးကြားက လက်ကြား အရေပြား မှာ တည်ရှိတဲ့ လှုံ့ဆော်မှတ်ပါ။ ခေါင်းကိုက်တာကိုကုဖို့အတွက်တော့။၂။ နှာတံနဲ့ မျက်ခုံးမွေးထောင့်ဆုံး ဆုံရာ အမှတ် (၂) ခု (Drilling bamboo)။ဒီမှတ် ၂ ခုဟာ နှာတံရိုးနဲ့ မျက်ခုံးမွေးထောင့်ဆုံရာမှ အမှတ်တွေ ဖြစ်ပြီး ဒီအမှတ်တွေကို သုံးကာ ခေါင်းကိုက်ခြင်းကို ကုသလို့ရပါတယ်။ဒီနည်းလမ်းက မျက်လုံးညောင်းခြင်းကြောင့် ဖြစ်တဲ့ ခေါင်းကိုက်ခြင်းမျိုး၊ ဦးခေါင်းခွံအတွင်းက လေအိတ်ရောင်ရမ်းခြင်းများကြောင့် ဖြစ်တဲ့ ခေါင်းကိုက်မှုတွေကို ပျောက်ကင်းစေနိုင်ပါတယ်။၃။ ဦးခေါင်းခွံနောက်ဘက် အချိုင့် ၂ ခုမှ ဖိအားမှတ်များ။ (Gates of consciousness)။ဒီအမှတ်တွေဟာ ဦးခေါင်းခွံနောက်ဘက်က အချိုင့် ကြားထဲမှာ တည်ရှိတဲ့ အမှတ်တွေ ဖြစ်ပါတယ်။ဒီအမှတ်တွေ သုံးပြီးခေါင်းကိုက်ခြင်းကို ကုသမယ်ဆိုရင်တော့။ဒီအမှတ်များကို နှိပ်ပေးခြင်းဖြင့် လည်ပင်းမှ အကြောများတင်းခြင်းကြောင့် ဖြစ်ပေါ်တဲ့ ခေါင်းကိုက်ခြင်းကို ပျောက်ကင်းစေနိုင်ပါတယ်။၄။ မျက်ခုံးမွေး ၂ ခုကြား အလယ်တည့်တည့်က အမှတ်။ (Third eye)။ဒီအမှတ်ဟာ မျက်ခုံးမွေး၂ ခုကြား နှာရိုးက နဖူးနဲ့ လာဆုံတဲ့ နေရာမှာ တည်ရှိတဲ့ အမှတ်ဖြစ်ပါတယ်။၅။ ပုခုံးစွန်းနဲ့ လည်ပင်း အလယ်တည့်တည့်က အမှတ် (Shoulder well)။ဒီအမှတ်ဟာ ပုခုံးစွန်းနဲ့ လည်ပင်းအရင်းတို့ရဲ့ အလည်တည့်တည့်မှာ တည်ရှိပါတယ်။ ဒီအမှတ်ကို ဖိပြီးခေါင်းကိုက်ခြင်းကို ကုသမယ်ဆိုရင်။ဒီအမှတ်ကို ဖိပေးခြင်းဟာ သင့်ရဲ့ လည်ပင်းနဲ့ ပုခုံးပေါ်က တောင့်တင်းခြင်းတွေကို ပြေလျော့စေနိုင်ပြီး လည်ပင်းနာကျင်မှုနဲ့ ခေါင်းကိုက်ခြင်းကို တားဆီးနိုင်ပါတယ်။ဒီလို ဖိအားမှတ်တွေ သုံးပြီး ခေါင်းကိုက်တာကို ကုသပေးနိုင်တဲ့ စနစ်တွေဟာ သေချာလေ့လာထားရတဲ့ ကုသမှုတွေတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ခေါင်းနဲ့ ပုခုံးတွေကို နှိပ်ပေးခြင်းဖြင့် ခေါင်းကိုက်ခြင်းကို ပြေလျော့စေနိုင်တယ်ဆိုတာကို လေ့လာထားတဲ့ လေ့လာချက်အနည်းငယ်တော့ ရှိပါတယ်။ ဒါ့ကြောင့် ခေါင်းကိုက်လာရင် ဒီနည်းလမ်းတွေ သုံးပြီး အရင်ဆုံးသက်သာအောင်ပြုလုပ်ထားသင့်ပါတယ်။ဒါပေမဲ့ ဒီကုသမှုတွေဟာ ရေတိုကုသမှုသာ ဖြစ်ပြီး ခေါင်းကိုက်တာ ပြင်းထန်မယ်၊ ထပ်သလဲလဲ ဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်ထံ သွားရောက် ပြသသင့်ပါတယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/headaches-and-migraines/pressure-points-to-relieve-headaches/
Intermittent Fasting လုပ်တဲ့အခါ သတိထားသင့်တဲ့ ဆောင်ရန် ရှောင်ရန်တချို့
Intermittent Fasting လို့ခေါ်တဲ့ အချိန်အပိုင်းအခြား အလိုက် အစားလျှော့တဲ့ စားသောက်မှုပုံစံကို အခုနောက်ပိုင်း တော်တော်လေး ခေတ်စားလာပါတယ်။ ဒီနည်းတွေကို အဆီချချင်တဲ့ ကိုယ်အလေးချိန် များနေသူတွေ အပြင် လက်ရှိ ကိုယ်အလေးချိန်ကို မတက်စေဖို့ ထိန်းသွားချင်တဲ့သူတွေ၊ အသားကျစ်လျစ် ဘော်ဒီတက်စေဖို့ Gym ကစားနေသူတွေပါ သုံးလာကြတာပါ။အလွယ်ဆုံး ပြောရရင်တော့ ဥပုသ်စောင့် တဲ့ သဘော ပါပဲ။ အစားစားတဲ့အချိန် နဲ့ မစားတဲ့အချိန် အပိုင်းအခြားတွေကို သတ်မှတ်ပြီး လိုက်နာရတာဖြစ်ပါတယ်။ 16/8 နည်းလမ်း ဆိုရင် တစ်နေ့တာမှာ ၈ နာရီအတွင်း အစားစားလို့ ရပြီး ကျန်တဲ့ ၁၆ နာရီကို အစာမစားဘဲ နေရတာ ဖြစ်ပါတယ်။ ဥပမာ ည ၈ နာရီ မတိုင်ခင်ထိ အစာစားလို့ ရပြီး အဲ့ဒီကစ နောက်တစ်နေ့ နေ့လယ်အထိ ဘာမှမစားရတာမျိုးပါ။အသုံးများတဲ့ Intermittent Fasting နည်းတွေက အများကြီးရှိသလို ကိုယ့်လုပ်နိုင်လောက်တဲ့ ကိုယ်နဲ့ အဆင်ပြေရာနည်းကို ရွေးချယ်ကြလေ့ရှိပါတယ်။ တကယ်လည်း ဒီနည်းက ထိရောက်တဲ့ အဆီချနည်း၊ ကိုယ်အလေးချိန် ထိန်းသိမ်းနည်း ဖြစ်ပါတယ်။ဒါပေမယ့် ပုံမှန် စားသောက်နေထိုင်နေကျ အလေ့အကျင့်တွေ နဲ့ သွေဖီတဲ့ Diet plan တစ်ခုကို လုပ်ပြီ ဆိုတာနဲ့ အကောင်းအဆိုး ဆိုတာရှိတတ်တာ သဘာဝပါပဲ။ ဘာနည်းပဲ လုပ်လုပ် နည်းလမ်းမှန်ကန်အောင် ဂရုစိုက်ပြီး ဆောင်ရန်ရှောင်ရန်လေးတွေ သတိထားမယ်ဆို ဘေးကင်းကင်းနဲ့ လှပနိုင်ပါလိမ့်မယ်။ ဒီလိုမှ မဟုတ်ရင်တော့ လူက အဆီကျ လှပနေလည်း ကျန်းမာရေးမှာ ဆိုးကျိုးတွေ အဖတ်တင်ကျန်ရစ်ခဲ့မှာ စိုးရပါတယ်။Fasting လုပ်တာ လူတိုင်းနဲ့ အဆင်မပြေနိုင်ပါဘူး။ ဆိုလိုတာက အချိန်ပိုင်းခြား အစာငတ်ခံရတဲ့ ဒီနည်းလမ်းကို လိုက်နာဖို့ မသင့်တော်တဲ့ သူတွေ ရှိနေတာပါပဲ။ ဘယ်သူတွေလဲ ဆိုတော့ နို့တိုက်မိခင်တွေ၊ အသက် ၁၈ နှစ်အောက်အရွယ်တွေ နဲ့ သက်ကြီးပိုင်းအရွယ်တွေရယ်၊ ဆီးချိုသွေးချို၊ ကျောက်ကပ်ရောဂါ၊ အစာအိမ်ရောဂါ တို့လို ရောဂါအခံရှိသူတွေ ဖြစ်ပါတယ်။ဒီလိုလူတွေဟာ အစာငတ်ခံလိုက်တဲ့အခါ ခန္ဓာကိုယ်က ဘယ်လိုတုံ့ပြန်လာမယ်ကို ကြိုတင်ခန့်မှန်း မရနိုင်သလို နဂိုရောဂါ အခြေအနေကို ပိုဆိုးသွားစေနိုင်ပါတယ်။ ဒါကြောင့် လုပ်ချင်ရင်တောင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါဦး။Intermittent Fasting လုပ်တဲ့ အချိန်ဟာ ကိုယ့်မှာ စိတ်ဖိစီးစရာတွေ များနေတဲ့ အချိန်ကာလ ဖြစ်နေမယ် ဆိုရင် ပိုပြီး ပင်ပန်းရ၊ ခက်ခဲရပါလိမ့်မယ်။ ဒါ့ကြောင့် ပြေးလွှားလှုပ်ရှားရတာ၊ မနားမနေ အလုပ်များနေရတာမျိုး အချိန်တွေကို ရှောင်ပြီး စိတ်ဖိစီးမှု နည်းတဲ့ အချိန်မှာပဲ Fasting လုပ်ပါလို့ အကြံပြုချင်ပါတယ်။ခဏနေရင် Fasting ဝင်ရတော့မယ်၊ ၁၆ နာရီလောက် မစားဘဲ နေရတော့မယ် ဆိုပြီး စားလို့ရသမျှ အကုန်ပါးစပ်ထဲ ထည့်တာမျိုး၊ နောက်ဆုံးမိနစ်အထိ မရပ်မနား စားနေတာမျိုးက Fasting ရဲ့ထိရောက်မှု ကိုလျော့စေပြီး အစာခြေစနစ်ကိုပါ ဝန်ပိစေပါတယ်။Fasting လုပ်တဲ့ အခါ အောင်မြင်သွားတာ ရှိမယ်၊ ကိုယ်နဲ့ အဆင်မပြေတာ ရှိရင်ရှိမယ်၊ ကျန်းမာရေးနဲ့ မကိုက်တာ ရှိမယ်၊ ဘေးထွက်ဆိုးကျိုး ရှိနိုင်တယ်၊ ကိုယ့်အနေအထားကို မူတည်ပြီး အကြောင်းအမျိုးမျိုး ရှိလာနိုင်တယ်။ဒီအချိန်မှာ ခေါင်းမူးတာ၊ အားနည်းတာ၊ အစာအိမ်အောင့်တာ၊ ရင်တုန်ပန်းတုန်ဖြစ်တာ စတဲ့ သိသိသာသာ လက္ခဏာတွေ ဖြစ်လာခဲ့ရင် သစ္စာသိပ်ရှိပြီး ဆက်မလုပ်ပါနဲ့။ အဆင်မပြေတဲ့အကြောင်း ကိုယ့်ခန္ဓာကိုယ်က အချက်ပြလာရင် ချက်ချင်းရပ်ပါ။ မရပ်တန့်ခဲ့ရင် နောက်ဆက်တွဲပြဿနာတွေ အဖတ်တင်ကျန်ရစ် နိုင်ပါတယ်။Fasting ဝင်ချိန်မှာ လေ့ကျင့်ခန်းက လုပ်လို့ရပါတယ်။ ဒါပေမယ့် ပေါ့ပေါ့ပါးပါးပဲ လုပ်ပါ။ ကျချင်ဇောနဲ့ Fasting ကို တွဲပြီး အားကစားတွေ တအားမလုပ်လိုက်ပါနဲ့။အားစိုက်ရတဲ့ ၊ ကယ်လိုရီ သိပ်လောင်ကျွမ်းရတဲ့၊ ပင်ပန်းအားကုန်ရတဲ့ လေ့ကျင့်ခန်း သို့မဟုတ် လှုပ်ရှားမှု ပြင်းပြင်းတွေက Fasting ဝင်နေတဲ့ ခန္ဓာကိုယ်ရဲ့လုပ်ဆောင်နိုင်စွမ်းကို ကုန်ခမ်းသွားစေနိုင်ပါတယ်။အစာကို ကန့်သတ်ထားချိန်မှာ ရေကို လုံလောက်အောင် သောက်ဖို့ အဓိက အရေးကြီးဆုံးပါ။ ရေ ဝအောင် သောက်ပါ။ ဆီးသွားနည်းသလား၊ ဆီးအရောင် ရင့်သလား စစ်ဆေးပါ။ ဆီးအရောင် ဖျော့နေတာက ကိုယ့်မှာ ရေဓာတ် လုံလောက်နေတဲ့ လက္ခဏာပါ။Hello ဆရာဝန် ပရိသတ်ကြီးလည်း ဆောင်သင့်တာဆောင်၊ ရှောင်သင့်တာရှောင်လို့ မှန်ကန်တဲ့ နည်းနဲ့ ကိုယ်အလေးချိန် ထိန်းသိမ်းနိုင်ကြပါစေနော်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/special-diets/intermittent-fasting-%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%81%e1%80%ab-%e1%80%9e%e1%80%90%e1%80%ad%e1%80%91%e1%80%ac%e1%80%b8%e1%80%9e%e1%80%84%e1%80%b7/
ဆောင်းတွင်းမှာ နှာခေါင်းသွေးထွက် တာ လျော့နည်းအောင်
ဆောင်းတွင်းမှာနှာခေါင်းသွေးထွက်တဲ့ ပြဿနာက အဖြစ်များပါတယ်။ နှာခေါင်းက သိသိသာသာ သွေးမထွက်သည့်တိုင်နှာခေါင်းကလော်လိုက်ရင် အရင်ကနဲ့ မတူဘဲ သွေးစလေးတွေ ပါလာတာကို သတိထားမိမှာပါ။ ဆောင်းတွင်းမှာ ဘာလို့ နှာခေါင်းသွေးထွက်ဖို့ လွယ်တာလဲ။ မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲဆိုတာကို ပြောပြပေးပါ့မယ်။နှာခေါင်းထဲက သွေးကြောလေးတွေက သာမန်အချိန်မှာလည်း သိပ်ပြီး ထိခိုက်ခံတဲ့အမျိုးအစား မဟုတ်ပါဘူး။ ဒါ့ပြင် ပြင်ပမျက်နှာပြင်နဲ့လည်း နီးနေတဲ့အခါကျတော့ ထိမိခိုက်မိဖို့ ပိုလွယ်ကူပါတယ်။ ဒါကြောင့် နှာခေါင်းသွေးထွက်ဖို့ဆိုတာ အင်မတန်မှ လွယ်ပါတယ်။ဆောင်းတွင်းမှာ သွေးပိုထွက်ရတဲ့ အကြောင်းရင်းကတော့။အေးပြီး ခြောက်သွေ့တဲ့ လေကို ရှူရတဲ့ အခါကျတော့ နှာခေါင်းအတွင်းသားတွေပါ ခြောက်သွေ့လာပါတယ်။ ဒါကြောင့် နှာခေါင်းယားပြီး အတွင်းထဲကို ကုတ်မိ၊ နှိုက်မိရင် သွေးကြောလေးတွေ  ထိလို့ သွေးထွက်နိုင်ပါတယ်။တချို့က အေးတဲ့ ရာသီဥတုနဲ့ဓာတ်မတည့်ပါဘူး။ အအေးမိ၊ တုပ်ကွေး ဖြစ်တာမဟုတ်ဘဲ ဒီတိုင်းနေရင်းနဲ့ကို အေးလာပြီဆိုတာနဲ့ နှာချေ၊ နှာရည်ယိုတဲ့ သူတွေ ရှိပါတယ်။ ဒီလို အားပြင်းပြင်းနဲ့ မကြာခဏ နှာချေရတဲ့ အခါကျတော့ သွေးကြောလေးတွေ မခံနိုင်တော့ဘဲ ပေါက်ထွက်လာပါတယ်။နှာခေါင်းအတွင်းသားက ခြောက်နေတဲ့အတွက်၊ ယားတာ၊ နှာချေးကပ်တာတွေ  ဖြစ်လွယ်ပါတယ်။ ဒါကြောင့် မကြာခဏဆိုသလို နှာခေါင်းအတွင်းထဲကို ကုတ်တာ၊ နှာခေါင်းနှိုက်တာတွေ  လုပ်မိတတ်ပါတယ်။ သွေးကြောလေးတွေကို လက်နဲ့ သွားသွားထိမိမယ်။ မတော်တဆ လက်သည်းနဲ့ ခြစ်မိမယ်ဆိုရင်လည်း သွေးထွက်နိုင်ပါတယ်။နှာခေါင်းခြောက်နေလို့ နှာချေးဖတ်တွေ  ခွာတာ ဖြစ်ချင်ဖြစ်မယ်၊ နှာတွေစေးပြီး နှာရည်ယိုတဲ့အခါကျတော့ ခဏခဏ နှပ်ညှစ်ရတာ၊ နှာခေါင်းထဲမှာ တစ်ရှူးတွေ စို့ထားရတာတွေ ရှိမယ်။ တစ်ခုခုကပ်နေတယ်ဆိုပြီး နှာခေါင်းထဲ တစ်ခုခုနဲ့ ထိုးခွာတာတွေ ရှိမယ်။ ဒါတွေကလည်း နှာခေါင်းသွေးထွက်စေနိုင်တဲ့ အချက်တွေပါပဲ။သိသိသာသာ သွေးလျှံတာရှိမယ်။ သာမန်ပဲ နှပ်ညှစ်ရင်း သွေးထွက်တာ၊ နှာခေါင်းနှိုက်ရင်း လက်မှာ သွေးပေးလာတာမျိုး ရှိမယ်။သိသိသာသာ နှာခေါင်း သွေးလျှံတာ ဆိုရင်တော့။နှပ်ညှစ်ရင်း သွေးထွက်တာဆိုရင်တော့ ဆက်ပြီး မညှစ်ပါနဲ့။ တစ်ရှူးနဲ့ အသာအယာ သုတ်ပါ။ ဆက်ညှစ်ရင် ဖိအားများပြီး သွေးကြောတွေ ထပ်ပေါက်ပါလိမ့်မယ်။နှာခေါင်းကလော်ရင်း သွေးထွက်လာတယ်ဆိုရင် ဆက်မကလော်ပါနဲ့။ နှာခေါင်းထဲကို ဘာမှမထည့်ပါနဲ့။ ထပ်ထည့်ရင် သွေးတိတ်ပြီးသား သွေးကြောဆိုရင်တောင် သွေးပြန်ထွက်လာပါလိမ့်မယ်။တခြားအချိန်တွေ ဘာမှမဖြစ်တတ်ဘူးဆိုရင်တောင် ဆောင်းတွင်းရောက်ရင်တော့နှာခေါင်းက သွေးထွက်တာ၊ နှာခေါင်းကလော်လိုက်တာနဲ့ သွေးတွေပါလာတာဖြစ်တတ်ပါတယ်။ ဆောင်ရန် ရှောင်ရန်လေးတွေ သိထားရင် အနည်းနဲ့ အများတော့ ကာကွယ်နိုင်မှာပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/nose-conditions/how-to-prevent-nosebleed-in-winter/
နို့ဦးရည် နဲ့ ပတ်သက်ပြီး သိသင့်တာလေးတွေ
မွေးကင်းစကလေးတွေ အတွက် နို့ဦးရည် က ပထမဆုံးနဲ့ အရေးကြီးဆုံး အာဟာရတစ်ခုပါ။ နို့ဦးရည်က ကောင်းတယ်ဆိုတဲ့အကြောင်း အားလုံးသိကြပါတယ်။ ဒီလိုမျိုး ကောင်းတယ်ဆိုတာထက် နို့ဦးရည်အကြောင်း ပိုပြီး သိသင့်တာလေးတွေ ရှိပါတယ်။နို့ဦရည်ဆိုတာ ကောင်းတာလောက်ပဲ သိထားကြပြီး နောက်ပိုင်းထွက်လာတဲ့ မိခင်နို့ကို နို့ဦးရည်ထက် ပိုပြီး စိတ်ဝင်စားကြတဲ့သူ များပါတယ်။ နို့ဦးရည်ဆိုတာ အဝါဖျော့ရောင်ရှိတဲ့ အရည်ပျစ်ပျစ်တွေပါ။ သူ့မှာ ကလေးရဲ့ ခုခံအားအတွက် အရေးအကြီးဆုံးဖြစ်တဲ့ IgA, lactoferrin, leukocytes နဲ့ lactose တို့အဓိကပါဝင်ပြီး ခုမှ စပြီး မွေးဖွားလာတဲ့ကလေးရဲ့ ခုခံအားကို အားဖြည့်ပေးတဲ့ မရှိမဖြစ် အရာတစ်ခုပါ။လူတစ်ယောက်နဲ့ တစ်ယောက်အပေါ် မူတည်ပြီး ကွဲပြားမှု ရှိပါတယ်။ တချို့မှာ နို့ဦးရည်ကကိုယ်ဝန်ပထမ ၃ လမှာတည်းက ထွက်တတ်ပြီး တချို့တွေမှာတော့ ကိုယ်ဝန်နောက်ဆုံးလလောက်မှ စပြီး ထွက်တတ်ကြပါတယ်။ နို့ဦးရည် စထွက်ပြီလား မထွက်သေးဘူးလားသိချင်ရင် ညှစ်ကြည့်လို့ရပါတယ်။ ညှစ်လိုက်တာတောင် မထွက်သေးဘူးဆိုရင်လည်း စိတ်မပူပါနဲ့။ မီးဖွားပြီးတဲ့အချိန်ကျရင် နို့ဦးရည် ထွက်ကိုထွက်လာပါတယ်။မီးဖွားပြီးစအချိန်ကနေ နောက်ပိုင်း ၅ ရက်လောက်အထိထွက်တဲ့ နို့ရည်အားလုံးဟာ နို့ဦးရည်ပါ။ ၆ ရက်မြောက်လောက်မှ ထွက်တဲ့ နို့ရည်ကို transitional milk လို့ခေါ်ပါတယ်။ နို့ဦးရည်နဲ့ မိခင်နို့ကြားထဲက အဆင့်လေးပေါ့။ သူက ၂ပတ်လောက်အထိကြာကြာထွက်ပြီး နောက်ပိုင်းမှာတော့ ပုံမှန် မိခင်နို့အဖြစ်ပြောင်းသွားပါတယ်။မီးဖွားပြီး ၂၄နာရီအတွင်းမှာ နို့ဦးရည် တစ်အောင်စလောက်ပဲ ထွက်တာကြောင့် ကလေးနို့မဝလောက်ဘူးလို့ မထင်လိုက်ပါနဲ့။ မီးဖွားပြီးစအချိန်မှာ ကလေးအစာအိမ်လေးက ဖန်ဂေါ်လီလုံးလောက်ပဲ ရှိတာကြောင့် နည်းနည်းလေးနဲ့တင် ဗိုက်ပြည့်ပါတယ်။ နောက်ပြီး နို့ဦးရည်က အာဟာရတွေ အပြည့်ပါတဲ့ နို့ရည်ဖြစ်တာကြောင့် ကလေးအာဟာရမပြည့်မှာလည်းအတွက်လည်း စိတ်ပူစရာ မလိုပါဘူး။မိခင်နို့မှာ နို့ဦးရည်မှာထက်စာရင် ခုခံအတွက် အားပေးတဲ့ အာဟာရဓာတ်တွေ အများကြီးပါပါတယ်။ မြင်လွယ်အောင်ပြောရရင် နို့ဦးရည်က ခုခံအားကောင်းအောင် စတည်ထောင်ပေးတဲ့သူဖြစ်ပြီး မိခင်နို့ကတော့ ကောင်းနေတဲ့ခုခံအားကို အာဟာရတွေ ဆက်ပေးနေတဲ့ အရာနဲ့ တူပါတယ်။ နောက်ပြီး နို့ဦးရည်မှာ ပရိုတင်းနဲ့ ဓာတ်တိုးဆန့်ကျင်တဲ့ ပစ္စည်းတွေ ပိုများပြီး သကြားနဲ့ အဆီဓာတ်ကျတော့ မိခင်နို့ထက်နည်းပါတယ်။နို့ဦးရည်ဆိုတာ ကလေးအတွက် ကောင်းတယ်ဆိုတာထက်တောင် ပိုကောင်းတဲ့ နို့ရည်တစ်ခုပါ။ ဘယ်မှာမှာ မရနိုင်တဲ့ ကလေးအတွက်အရေးကြီးဆုံး အာဟာရတွေ တစ်စုတစ်စည်းတည်းပါဝင်နေတာ နို့ဦးရည်ပါ။ကလေးကို နို့တိုက်ဖို့ မစီစဉ်ထားဘူး နို့ဘူးပဲ တိုက်မယ်ဆိုရင်တောင် နို့ဦးရည်လေးတော့ အရင်တိုက်သင့်ပါတယ်။ နောက်ပိုင်းကျမှ နို့ဘူးပဲ ပြောင်းပြောင်း၊ မိခင်နို့ပဲတိုက်တိုက် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ တိုက်ပါ။မိခင်စားလိုက်တဲ့ အစားအသောက်တွေကြောင့် နို့ဦးရည်ထွက်နှုန်းနဲ့ နို့ဦးရည်မှာပါတဲ့ အာဟာရတွေ ပြောင်းလဲမှုရှိတတ်ပါတယ်။ ဒါ့ကြောင့် နို့တိုက်နေချိန်မှာ မိခင်တစ်ယောက်အနေနဲ့ အာဟာရပြည့်အောင်စားဖို့သလို မတည့်တဲ့ အစားအသောက်တွေကို ဆင်ခြင်ပေးဖို့ လိုပါတယ်။ အလွန်အကျွံအစားရှောင်တာာကိုလည်း ဆင်ခြင်သင့်ပါတယ်။ရေးသားသူ- Dr Thin Yadanar @ Frances။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/what-you-should-know-about-colostrum/
အသက်ကယ်ဖို့ သွေးလှူ ကြမယ် ဆိုရင်
“သင့်သွေးဖြင့်အသက်ကယ်ပါ” ဆိုတဲ့ စာကြောင်းလေးက မွန်မြတ်တဲ့ အဓိပ္ပာယ်အပြည့်ရှိပါတယ်။ ကိုယ်လှူလိုက်တဲ့သွေးက ရောဂါအခြေအနေအမျိုးမျိုးကြောင့် သွေးသွင်းဖို့လိုအပ်တဲ့လူနာတွေအတွက် အသက်ကယ်နိုင်လောက်အောင် တန်ဖိုးကြီးတဲ့ လက်ဆောင်ပါပဲ။ ဒီစိတ်ကလေးနဲ့ပဲ ပုံမှန်သွေးလှူနေကြသူတွေ၊ အရေးပေါ်လိုအပ်ချိန်မှာ ပြေးပြီးသွေးလှူပေးကြသူတွေ၊ လူနာနဲ့ကိုက်ညီတဲ့ သွေးအလှူရှင်ရဖို့ အပြေးအလွှားကူရှာပေးသူတွေ၊ သွေးလှူ ကြဖို့ တိုက်တွန်းနှိုးဆော်သူတွေရှိနေတာပါ။ဒီလိုမွန်မြတ်တဲ့စိတ်ထားလေးတွေရှိနေတဲ့ သွေးအလှူရှင်တွေရဲ့ ကျန်းမာရေးကလည်း အရေးကြီးတယ်ဆိုတာ မေ့မထားသင့်ပါဘူး။ လူကကျန်းမာနေမှ၊ သွေးအားကောင်းနေမှလည်း ဒီအလုပ်တွေ ဆက်လုပ်နိုင်မှာလေ။ ဒါ့ကြောင့် သွေးအလှူရှင်တွေအတွက် သိထားသင့်တဲ့ သတိပြုစရာအချက်လေးတွေ အကြံပေးလိုက်ရပါတယ်။အဓိကအားဖြင့် –။သွေးမလှူခင်မှာ –။သွေးလှူပြီး ၁၅ မိနစ်လောက် အနားယူ၊ ကြက်ဥပြုတ်လေးစားပြီး ပြန်လို့ရပါပြီ။ ဒါပေမယ့် သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်လေးတွေက –။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/other-blood-disorders/%e1%80%a1%e1%80%9e%e1%80%80%e1%80%ba%e1%80%80%e1%80%9a%e1%80%ba%e1%80%96%e1%80%ad%e1%80%af%e1%80%b7-%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%9c%e1%80%be%e1%80%b0%e1%80%80%e1%80%bc%e1%80%99%e1%80%9a/
အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားရင် ကျန်းမာရေးအတွက် ဘယ်လိုဂရုစိုက်ရမလဲ
အိမ်မှာခွေးလေး၊ ကြောင်လေးတွေ ဖြစ်တဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားရင် တာဝန်တော့ကြီးပါတယ်။ ကျွေးရမွေးရ၊ စောင့်ရှောက်ရတာ အလုပ်တော့များပေမယ့် ချစ်စရာအမောပြေလေးတွေဖြစ်လို့ စိတ်ဖိစီးမှုတွေ ပြေစေပြီး စိတ်ပျော်လန်းဆန်းစေနိုင်ပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေကို ချစ်ခင်ဂရုစိုက်ပေး၊ သန့်ရှင်းပေး၊ အစာကျွေးပေးပြီး ပျော်ရွှင်တဲ့ဘဝလေး ဖန်တီးပေးရင်း ကိုယ်လည်းစိတ်ချမ်းသာရပါတယ်။ဒါပေမယ့် ဘယ်လောက်ပဲချစ်ပါစေ ကျန်းမာရေးအတွက်တော့ ဂရုစိုက်ရပါမယ်။ ကျန်းမာရေးအသိမရှိဘဲ၊ စနစ်တကျမဟုတ်ဘဲတိရစ္ဆာန်မွေးမြူထားခဲ့ရင် ကိုယ့်အိမ်မှာပဲ ရောဂါပိုးတွေ မွေးမြူနေသလို ဖြစ်နေပါလိမ့်မယ်။ စနစ်တကျလုပ်စရာရှိတာမလုပ်ဘဲ အစာလေးကျွေးထား၊ မွေးရုံမွေးထားရင်တော့ ကိုယ့်မိသားစုမှာရောဂါတစ်ခုခုဖြစ်တိုင်း၊ မကျန်းမာတိုင်း အိမ်မွေးတိရစ္ဆာန်လေးတွေကို တရားခံဖြစ်အောင် ဖန်တီးသလိုဖြစ်နေနိုင်ပါသေးတယ်။ဥပမာ – “နင်ခဏခဏဖျားနေတာ ခွေးတွေ၊ ကြောင်တွေနဲ့ နီးနီးကပ်ကပ်မနေနဲ့လေ။ ပိုးတွေဘာတွေနဲ့။ သူတို့ကြောင့်ပဲနေမှာ” ဆိုပြီး ဘေးလူတွေက ပြောလာပါလိမ့်မယ်။ ကလေးငယ်ငယ်ရှိတဲ့အိမ်ဆိုရင် ပိုဂရုစိုက်သင့်ပါတယ်။ကလေးနဲ့ ခွေး၊ ကလေးနဲ့ ညောင်ဆိုတာ အတူဆော့တတ်ကြတဲ့ အဖော်တွေပါ။ ခွေးလေး၊ ကြောင်လေးတွေကို ကလေးတွေက အရမ်းစိတ်ဝင်စားကြပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေက မိသားစုအတွက် ပျော်ရွှင်စရာဖန်တီးပေးရုံတင်မက ကလေးငယ်တွေကိုလည်း ထိန်းပေးတယ်။ အဖော်လုပ်ပေးတယ်။ သခင်ရဲ့သားသမီးတွေကို အသက်ပေးကာကွယ်တဲ့အထိ အကျိုးပြုကြပါတယ်။ ဒါပေမယ့် သိပ်ကိုယဉ်ပါးပြီး အဖော်ရတဲ့ အိမ်မွေးတိရစ္ဆာန်တွေတောင်မှ ဂရုစိုက်ရမယ့်အချက်တွေရှိပါတယ်။ ဒါမှ အားလုံးရဲ့ ကျန်းမာရေးဘေးကင်းစိတ်ချရမှာ ဖြစ်ပါတယ်။ကြောင်တွေဆီကနေ ကပ်ပါးပိုးကြောင့်ဖြစ်ရတဲ့ toxoplasmosis ဆိုတဲ့ ရောဂါ ကူးစက်ခံရနိုင်လို့ ကိုယ်ဝန်ရှိနေချိန်မှာ အိမ်မွေးတိရစ္ဆာန်တွေနဲ့ အရမ်းနီးကပ်အောင်မနေပါနဲ့။ Toxoplasmosisကြောင့် ကိုယ်ဝန်ပျက်ကျခြင်း ဒါမှမဟုတ် ကလေးမှာ မွေးရာပါချို့ယွင်းချက်ပါလာခြင်းတို့ ဖြစ်နိုင်ခြေပိုများစေပါတယ်။ ဒါ့ကြောင့်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/how-to-take-care-of-yourself-when-you-have-pets/
ဆေးလိပ်ဖြတ်ရန် ကူညီပေးမည့် နည်းလမ်းများ
အကယ်၍ သင်သည် ဆေးလိပ်သောက်သူဆိုလျှင် သင့်မှာ ဆေးလိပ်သောက်ဖို့အတွက် အကြောင်းပြချက်ကောင်းများစွာ ရှိနေမှာဖြစ်ပြီး ဆေးလိပ်ဖြတ်ဖို့အတွက်တော့ အကြောင်းရင်းတစ်ချက်တောင်ရှာတွေ့မှာ မဟုတ်ပါဘူး။ သို့သော် ဆေးလိပ်သောက်ခြင်းသည် သင်ကိုယ်တိုင်ရော သင့်မိသားစုကိုပါ အန္တရာယ်ပေးနိုင်တယ်ဆိုတာကိုတော့ သင်နားလည်ထားသင့်ပါတယ်။ သင်ဆေးရွက်ကြီး စွဲခြင်းမှ လွတ်မြောက်ဖို့အတွက် နည်းလမ်းများကို ဤဆောင်းပါးတွင် ဖော်ပြလိုက်ပါတယ်။· ဆေးလိပ်ဖြတ်မည့် ရက်ကို သတ်မှတ်ပါ။· သင့်ပတ်ဝန်းကျင်ကို ပြောင်းလဲပါ။· သင့်အိမ်၊ ကား၊ ရုံးထဲကနေ စီးကရက်၊ ဆေးလိပ်ပြာခွက်အားလုံးကို ရှင်းထုတ်လိုက်ပါ။· သင့်အိမ်တွင် မည်သူ့ကိုမှ ဆေးလိပ်ပေးမသောက်ပါနဲ့။· သင်ယခင် ဆေးလိပ်ဖြတ်ဖို့ ကြိုးစားခဲ့ချိန်များကို ပြန်စဉ်းစားပါ။ အလုပ်ဖြစ်ခဲ့သော နည်းလမ်းများ၊ အလုပ်မဖြစ်ခဲ့သော နည်းလမ်းများကို ပြန်တွေးကြည့်ပါ။· သင်ဆေးလိပ်ဖြတ်လိုက်ပြီဆိုသည်နှင့် နောက်တစ်ကြိမ် ပြန်မသောက်ပါနဲ့တော့။သင့်မိသားစုဝင်များ၊ သူငယ်ချင်း၊ မိတ်ဆွေ၊ ဆရာဝန်များထံမှ နည်းမျိုးစုံနဲ့ အားပေးကူညီနေမှုများကို ခံယူပါ။· သင့်မိသားစု၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်များကို သင်ဆေးလိပ်ဖြတ်တော့မည် ဆိုသည့်အကြောင်း နှင့် ထိုရက်ပိုင်းအတွင်း သူတို့ဆီက အားပေးထောက်ပံ့မှုများ လိုအပ်ကြောင်းကို ပြောပါ။ သူတို့သည် သင်ခက်ခဲနေသော အချိန်ကို ကျော်ဖြတ်ဖို့ ကူညီကြပါလိမ့်မည်။ သို့သော် သူတို့သင့်ကို ဘယ်ပုံဘယ်နည်းနှင့် ကူညီနိုင်သည်ဆိုတာကို သူတို့ကို သေချာ ပြောပြပါ။ သူတို့သည် တစ်ပါးသူ၏ စိတ်ထဲကို ဝင်ရောက်မြင်နိုင်စွမ်းရှိသူတွေ မဟုတ်သောကြောင့် သေချာတိကျစွာပြောပြပါ။ ဥပမာ သင့်အနီးပတ်ဝန်းကျင်တွင် ဆေးလိပ်မသောက်ရန် (သို့) သင်မြင်နိုင်သောနေရာတွင် စီးကရက်များမထားရန် စသည်ဖြင့် ပြောပြထားပါ။· သင့်ဆရာဝန်နဲ့ တိုင်ပင်ပြီး အကြံဉာဏ်များတောင်းခံပါ။· ဆေးလိပ်ဖြတ်သူအချင်းချင်း အုပ်စုဖွဲ့ ပြောဆိုဆွေးနွေးခြင်း (သို့) တယ်လီဖုန်းနဲ့တစ်ဆင့် ဆွေးနွေးမှုများပြုလုပ်ခြင်း တို့ကိုပြုလုပ်ပါ။ပြောဆိုဆွေးနွေးခြင်းသည် ဆေးလိပ်ဖြတ်တာ အောင်မြင်ဖို့ အခွင့်အရေးကို နှစ်ဆ တိုးစေသည်။· ဆေးလိပ်သောက်ချင်စိတ်မဖြစ်အောင် စိတ်ကိုလွှဲပြောင်းကြည့်ပါ။ ဥပမာ။ ။ တစ်စုံတစ်ယောက်နဲ့ စကားပြောခြင်း၊ လမ်းလျှောက်ထွက်ခြင်း၊ အလုပ်တစ်ခုခုလုပ်နေခြင်း။· ဆေးလိပ်စဖြတ်ခါစတွင် သင့်ပုံမှန်နေ့စဉ် အမူအကျင့်များကို ပြောင်းလဲပါ။ အလုပ်သွားရာတွင် ပုံမှန်သွားနေကျမဟုတ်သော လမ်းကိုရွေးသွားပါ။ ကော်ဖီအစား လက်ဖက်ရည်ပြောင်းသောက်ကြည့်ပါ။ မနက်စာကို ဆိုင်အသစ်တွင် ပြောင်းစားကြည့်ပါ။· အမြဲအလုပ်များနေပါစေ။ ဥပမာ။ ။ အိမ်ကနေအပြင်ထွက်ကြည့်ပါ၊ ညနေစာကို ဆေးလိပ်သောက်ခွင့်မရှိသော သင့်အကြိုက် စားသောက်ဆိုင်တစ်ခုတွင် သွားစားပါ။ ရုပ်ရှင်သွားကြည့်ပါ။· နေ့စဉ် သင်စိတ်ပျော်စေသော အရာတစ်ခုခုကို လုပ်ကြည့်ပါ။· ရေများများသောက်ပါ။ဆေးဝါးသောက်သုံးခြင်းသည် ဆေးလိပ်သောက်ချင်စိတ်ကို လျော့နည်းစေပြီး ဆေးလိပ်ဖြတ်ရန် ကူညီပေးသည်။· အမေရိကန် ဆေးဝါး နှင့် အစားအသောက် ကြီးကြပ်ကွပ်ကဲရေးကနေ ဆေးလိပ်ဖြတ်ဖို့ ကူညီပေးသည့် ဆေးဝါး (၇)မျိုးကို အတည်ပြုထားသည်။ ၎င်းတို့သည် နီကိုတင်း အစားထိုးကုသမှုများဖြစ်ပါသည်။· Bupropion SR – ဆရာဝန်ဆေးစာ လိုအပ်သည်။· နီကိုတင်း ပီကေ – ဆေးဆိုင်မှာ ဝယ်ယူနိုင်သည်။· နီကိုတင်း ရှုဆေးဘူး – ဆရာဝန်ဆေးစာ လိုအပ်သည်။· နီကိုတင်း နှာခေါင်းဖြန်ဆေး – ဆရာဝန်ဆေးစာ လိုအပ်သည်။· နီကိုတင်း ကပ်ခွာ – ဆေးဆိုင်မှာ ဝယ်ယူနိုင်သည်။· နီကိုတင်း ငုံဆေးပြား – ဆေးဆိုင်မှာ ဝယ်ယူနိုင်သည်။· Varenicline tartrate – ဆရာဝန်ဆေးစာ လိုအပ်သည်။· သင့်ဆရာဝန်အကြံဉာဏ်ကို တောင်းခံပါ။ ဆေးညွှန်းကို သေချာ ဖတ်ရှုပါ။· အထက်ပါဆေးဝါးအားလုံးသည် သင်ဆေးလိပ်ပြတ်ဖို့ အခွင့်အရေးကို နှစ်ဆတိုးစေသည်။· ဆေးလိပ်ဖြတ်ဖို့ ကြိုးစားနေသူအားလုံးနီးပါး ထိုဆေးဝါးများ၏ အကူအညီကို ရယူနိုင်သည်။ သို့သော် အကယ်၍သင်သည် ကိုယ်ဝန်သည် (သို့) ကလေးရဖို့ ကြိုးစားနေသူဖြစ်လျှင်၊ ကလေးနို့တိုက်နေလျှင်၊ အသက်၁၈ နှစ်အောက်ဖြစ်လျှင်၊ တစ်နေ့ကို ဆေးလိပ် ၁၀ လိပ်အောက်ပဲ သောက်သူဖြစ်လျှင်၊ ရောဂါအခံရှိလျှင် အထက်ပါ ဆေးဝါးများ မသောက်သုံးခင် သင့်ဆရာဝန်နှင့် ပြသတိုင်ပင်ပါ။ဆေးလိပ်ဖြတ်ပြီး ပထမ သုံးလအတွင်းတွင် ဆေးလိပ်ပြန်စွဲတတ်သည်။ သင်ထိုသို့ ဆေးလိပ်ပြန်သောက်မိသည့်အတွက် စိတ်ဓါတ်မကျပါနဲ့။ လူအများစုသည် သူတို့ တကယ် ဆေးလိပ်မပြတ်ခင်အထိ အကြိမ်ပေါင်းများစွာ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားခဲ့ကြဖူးတယ်ဆိုတာကို သင်သတိရပါ။ အောက်ဖော်ပြပါ ခက်ခဲသော အခြေအနေများသည် သင်ကြုံတွေ့ရနိုင်သော အရာများဖြစ်ပါသည်။· အရက်။ ။ အရက်ကို ရှောင်ပါ။ အရက်သောက်ခြင်းသည် ဆေးလိပ်ပြတ်ဖို့ ခက်ခဲစေသည်။· အခြား ဆေးလိပ်သမားများ။ ။ ဆေးလိပ်သောက်သူများ ပတ်ဝန်းကျင်တွင် ရှိနေခြင်းသည် သင့်ကို ဆေးလိပ်ပြန်သောက်စေလိုစိတ်ကို ဖြစ်စေသည်။· ကိုယ်အလေးချိန်တက်လာခြင်း။ ။ ဆေးလိပ်သောက်သူများသည် ဆေးလိပ်ဖြတ်လိုက်ချိန်တွင် သုံးကီလိုဂရမ်လောက် အနည်းငယ် ဝလာတတ်သည်။ ကျန်းမာစေသော အစားအသောက်များ စားသုံးပြီး တက်တက်ကြွကြွနေပါ။ ကိုယ်အလေးချိန်တက်လာခြင်းကြောင့် သင့်အဓိက ရည်ရွယ်ချက်ပန်းတိုင်ကနေ မသွေဖီပါစေနဲ့။ အချို့ဆေးလိပ်ဖြတ်ခြင်းကို ကူညီပေးသော ဆေးဝါးများသည် ကိုယ်အလေးချိန်တက်ခြင်းကို နှောင့်နှေးစေပါသည်။· စိတ်ဓါတ်ကျခြင်း။ ။ ဆေးလိပ်သောက်ခြင်းအပြင် သင့်စိတ်ခံစားချက်ကို ကောင်းမွန်စေသော အခြားနည်းလမ်းပေါင်းများစွာ ရှိပါသည်။ အချို့ ဆေးလိပ်ပြတ်စေသော ဆေးဝါးများသည် စိတ်ဓါတ်ကျဝေဒနာကို လျော့နည်းသက်သာစေသည်။အကယ်၍သင်သည် အထက်ပါ အခြေအနေများထဲမှ တစ်စုံတစ်ခုနဲ့ ရင်ဆိုင်ခက်ခဲနေလျှင် ဆရာဝန်နဲ့ ပြသတိုင်ပင်နိုင်ပါသည်။ဆေးလိပ်ဆေးရွက်ကြီး ကုမ္ပဏီများသည် ပို၍ ပို၍ အင်အားကြီးများလာကာ နည်းလမ်းပေါင်းများစွာနှင့် လူများကို နီကိုတင်းစွဲလန်းအောင် ကြိုးပမ်းလျက်ရှိသည်။ အကယ်၍ သင်ဆေးလိပ်ဖြတ်တာ အောင်မြင်သွားလျှင် သင့်ကိုယ်သင် ဂုဏ်ယူလိုက်ပါ။ ထို့ပြင် သင်သည်ဆက်လက်ပြီး ဆေးလိပ်မသောက်သူအဖြစ် နေထိုင်လိုပါက ဆေးလိပ် တစ်ဖွာမျှပင် မရှိုက်ပါနဲ့တော့လို့ အကြံပေးလိုပါတယ်။Translated by K Zin Thwe။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/%e1%80%b1%e1%80%86%e1%80%b8%e1%80%9c%e1%80%ad%e1%80%95%e1%80%b9%e1%80%bb%e1%80%96%e1%80%90%e1%80%b9%e1%80%9b%e1%80%94%e1%80%b9-%e1%80%80%e1%80%b0%e1%80%8a%e1%80%ae%e1%80%b1%e1%80%95%e1%80%b8%e1%80%99/
ကွန်ပျူတာ စာရိုက်ရင်း လက်ချောင်းလေးတွေ မနာကျင်စေဖို့ နည်းလမ်းများ
နေ့စဉ်လုပ်ငန်းခွင်မှာ အသုံးပြုနေတဲ့ကွန်ပျူတာတွေ၊ လူနေမှုဘဝထဲမှာ မရှိမဖြစ်အရာတွေဖြစ်တဲ့စမတ်ဖုန်းတွေကို အသုံးပြုရာကနေဖြစ်လာတဲ့လက်ချောင်းနာကျင်မှုကို Tech-Related Hand Pain (နည်းပညာဆက်နွယ် လက်နာကျင်မှုဝေဒနာ) လို့ ခေါ်ဆိုပါတယ်။ ဒီဝေဒနာက စာရိုက်တာတွေ၊ ဖုန်းအသုံးပြုတာတွေများလာတဲ့အခါ ဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲမှု ဝေဒနာတစ်မျိုးပါ။များသောအားဖြင့်တော့ ဆိုးရွားတဲ့ကျန်းမာရေးပြဿနာမဟုတ်ပေမယ့် နေ့စဉ်နဲ့အမျှစိတ်အနှောင့်အယှက်ဖြစ်စရာအလွန်ကောင်းပြီး ခံစားရတဲ့ဝေဒနာကလည်း ဆိုးပါတယ်။ တစ်ချို့လူတွေဆိုရင် ညအိပ်ယာဝင်ချိန်မှာလက်ချောင်းလေးတွေကိုက်နေတတ်တဲ့အထိပါပဲ။ဒီလိုပြဿနာမျိုးတွေ မကြာခဏဖြစ်လာမယ်ဆိုရင်တော့အရိုးအဆစ်နဲ့သက်ဆိုင်တဲ့ပြဿနာတွေ ဖြစ်လာတော့မှာမို့ သတိထားဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဒါကြောင့် အမြဲတမ်းကွန်ပျူတာအသုံးပြုနေသူတွေကို လက်ချောင်းလေးတွေ မနာမကျင်စေဖို့ ရှောင်ကျဉ်ရမယ့် အချက်တွေကို ပြောပြပေးပါမယ်နော်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/tech-related-hand-pain/
သဘာဝအတိုင်း ချဉ်ဆီရည် ဖြည့်နိုင်မယ့် နည်းလမ်းများ
အသက်လေး နည်းနည်း ရလာရင် သွားရလာရတာက အရင်လို မဟုတ်တော့ပါဘူး။ ဒူးတွေနာ၊ ခါးတွေနာနဲ့ပါ။ အထူးသဖြင့် ဝတဲ့သူတွေဆို တစ်ကိုယ်လုံးရဲ့ အလေးချိန်ကို ထမ်းထားရတဲ့ ဒူးခေါင်းနဲ့ ခြေထောက်ကအဆစ်တွေက စနာတတ်ပါတယ်။ အသက်ကြီးလာတာ၊ ဝလာတာ၊ မလှုပ်ရှားနိုင်တာ စတဲ့ အချက်တွေ ပေါင်းဆုံလာတဲ့ အခါမှာတော့ ချဉ်ဆီရည်တွေ နည်းလာပြီး ဒူးဆစ်တွေ ပွန်းတဲ့ ဒဏ်ကို ခံစားလာရပါတော့တယ်။ချဉ်ဆီဟာ ကိုယ်တွင်းက ပစ္စည်းဖြစ်ဖို့ သဘာဝအတိုင်း ပြန်ဖြည့်ချင်တယ်ဆိုရင် ဘာတွေကို လိုက်နာရမလဲဆိုတာ ပြောပြပေးပါမယ်။ သဘာဝအတိုင်း ချဉ်ဆီရည် ဖြည့်နိုင်မယ့် နည်းလမ်းများ က ဘာတွေဖြဖစ်မလဲ အတူတူ ကြည့်လိုက်ရအောင်နော်။ဒါကို မပြောခင် အဆစ်အကြောင်းကို အရင်ပြောပြပါ့မယ်။ များသောအားဖြင့် အသက်ကြီးလာရင် ဒူးနာတတ်တာကြောင့် ဒူးဆစ်အကြောင်းကို ဥပမာ ပေးပါ့မယ်။ ဒူးဆစ်ဟာ ပေါင်ရိုးနဲ့ ခြေသလုံးရိုး နှစ်ခုဆုံရာပါ။ အဆစ်ဖြစ်ဖို့အတွက် အပြင်ကနေ အရိုးနုတွေ၊ အရွတ်တွေ၊ အရွတ်တွဲတွေ၊ ကြွက်သားတွေနဲ့ ဆိုင်းထားပါတယ်။ အရိုးအချင်းချင်း ဖြစ်တဲ့အတွက် လှုပ်ရှားရင် အချင်းချင်း ပွတ်တိုက်မိပြီး ပျက်စီးနိုင်ပါတယ်။ ဒီလိုမဖြစ်အောင် သဘာဝတရားကြီးက ချောဆီလေး ထည့်ထားပေးပါတယ်။ ဒါကို ချဉ်ဆီရည်လို့ ခေါ်ပါတယ်။ချဉ်ဆီရည်က အဆစ်ကို သန့်စင်ပေးပါတယ်။ အရိုးနုဆီကို အာဟာရတွေ ထောက်ပံ့ပေးပြီး အညစ်အကြေးတွေကို ဖယ်ရှားပေးပါတယ်။ ဝါတာတာအရောင်ရှိပြီး ကြက်ဥအကာလို ခပ်ပျစ်ပျစ် ချဉ်ဆီရည်က ဖော့တုံးလိုပါပဲ။ လှုပ်ရှားနေရင် ချောချောမွေ့မွေ့ဖြစ်အောင် ချဉ်ဆီတွေ ထွက်လာပြီး နားနေတဲ့အချိန်မှာတော့ မလိုတဲ့ ချဉ်ဆီရည်တွေကို ပြန်သိမ်းထားပါတယ်။ဒီလောက်ဆို ချဉ်ဆီရည်ထွက်ဖို့ လှုပ်ရှားမှုလိုတယ်ဆိုတာ နည်းနည်းတော့ ရိပ်မိမှာပါ။ရေသောက်တာက ချဉ်ဆီရည်ကို ဖြည့်ပေးရုံတင်မကပါဘူး။ တစ်ကိုယ်လုံးကျန်းမာရေးအတွက်ပါ အရေးကြီးပါတယ်။ အကြမ်းဖျင်း အမျိုးသားဆို ၃လီတာကျော်၊ အမျိုးသမီးဆို ၂လီတာကျော်လောက် သောက်ပေးပါ။ အသက်၊ ကိုယ်အလေးချိန်၊ တခြားအချက်တွေပေါ်မူတည်ပြီး အတိုးအလျှော့ ရှိပါတယ်။ငါးဆိုတာထက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေကို စားစေချင်တာပါ။ ငါးမှာပါတဲ့ အဆီဓာတ်က ချဉ်ဆီရည်ကို ဖြစ်စေပါတယ်၊ တစ်ပတ်ကို ၂ခေါက်၊ ၃ခေါက်လောက် ငါးပါအောင် စားပေးပါ။ တခြားကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ ပါဝင်တဲ့ အစားအစာတွေကတော့ အစေ့အဆန်တွေ၊ ထောပတ်သီး၊ သံလွင်ဆီ စတာတွေလည်း စားနိုင်ပါတယ်။အသီးအရွက်တွေ၊ သစ်သီးတွေမှာ ဗီတာမင်၊ သတ္တုဓာတ်၊ ရေဓာတ်၊ ရောင်ရမ်းမှုကို သက်သာစေတဲ့ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ စသဖြင့် ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ပစ္စည်းတွေ အများကြီးပါတာကြောင့် တစ်ပတ်ကို အနည်းဆုံး ၃-၄ခေါက်လောက် စားပေးဖို့ လိုပါတယ်။ စားတဲ့နေရာမှာလည်း တစ်နေ့ကို အသီးတရုတ်ပန်းကန်လုံး တစ်လုံး၊ အရွက် တရုတ်ပန်းကန်လုံးတစ်လုံးစာလောက် စားပေးရပါမယ်။ချိုလွန်း၊ငန်လွန်းတာတွေက အဆစ်အမြစ်ရောင်ရမ်းတာကို ပိုဆိုးစေပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝဖို့ အငန်ဓာတ်လိုတယ်ဆိုပေမယ့် များလာရင်တော့ ဆီးထဲကနေ စွန့်ပစ်ပါတယ်။ ဆီးထဲက ထွက်သွားတဲ့အငန်ဓာတ်နဲ့အတူ ရေတွေပါ ပါသွားတတ်ပါတယ်။ ဒါကြောင့် အငန်စားပြီးရင် ရေဆာတာပါ။ ဒီလို ရေဆုံးရှုံးမှုကြောင့် ချဉ်ဆီရည်တွေပါ နည်းသွားနိုင်ပါတယ်။ဖြည့်စွက်အားဆေးတွေနဲ့ ပတ်သက်လို့ အကျိုးရှိတယ်၊ မရှိဘူး အမျိုးမျိုးပြောနေကြတုန်းပါတယ်။ လူနာတွေမှာလည်း သက်သာတဲ့သူရှိသလို မထူးခြားတဲ့သူလည်း ရှိပါတယ်။ တကယ်လို့ ဖြည့်စွက်အားဆေးသောက်မယ်ဆိုရင်တော့ ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ အကြံပြုလိုပါတယ်။ ကိုယ့်မှာရှိတဲ့ ရောဂါအခံတွေ၊ သောက်လက်စဆေးတွေနဲ့ တည့်မတည့် ဆန်းစစ်ဖို့ လိုပါတယ်။ သောက်လေ့ရှိတဲ့ဆေးတွေကတော့။ဖြည့်စွက်အားဆေးတွေထက် စာရင် သဘာဝကရတဲ့ အစားအစာတွေက ခန္ဓာကိုယ်အတွက် ပိုသင့်တော်ပါတယ်။ သောက်မယ်ဆိုရင်လည်း ဆရာဝန်နဲ့အရင်တိုင်ပင်ဖို့ အကြံပြုလိုပါတယ်။ချဉ်ဆီရည်က လှုပ်ရင် ထွက်တဲ့အကြောင်း ဆောင်းပါးရှေ့ပိုင်းမှာ ပြောခဲ့ပြီးပါပြီ။ ဒါကြောင့် ကိုယ်လက်လှုပ်ရှားမှု လုပ်ဖို့ လိုပါတယ်။Viscosupplementationလို့ ခေါ်ပါတယ်။ ဒါက သဘာဝအတိုင်းတော့ မဟုတ်ဘူးပေါ့။ Hyaluronic acidကို ဒူးဆစ်ထဲထည့်ပြီး ချဉ်ဆီရည် ဖြည့်တာပါ။ ကျွမ်းကျင်ဆရာဝန်ကပဲ လုပ်ပေးလို့ရပါတယ်။ ချဉ်ဆီရည်တွေ နည်းလွန်းပြီး နာတာမသက်သာရင် သုံးလေ့ရှိပါတယ်။ အခြေအနေပေါ်မူတည်ပြိး ၁ကြိမ်ကနေ ၅ကြိမ်ထိ ထိုးရတတ်ပါတယ်။ လူတိုင်းနဲ့တော့ အဆင်မပြေပါဘူး။ တချို့က သက်သာပေမယ့် တချို့က ဒီတိုင်းပါပဲတဲ့။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/how-to-increase-synovial-fluid/
နွေရာသီမှာ အဖြစ်များတဲ့ရောဂါ (၅) မျိုး
ကဗျာတွေစာတွေထဲမှာပါလေ့ရှိတဲ့နွေဦးအငွေ့အသက်က သာယာလှပကြပါတယ်။ တကယ်လည်းလှပေမယ့် လက်တွေ့မှာ အပူဒဏ်နဲ့ပြေးမလွတ်နိုင်တာတော့ အမှန်ပဲလေ။ ရှုခင်းအလှအပထက် လူ့ကျန်းမာရေးအတွက်က ပိုအရေးကြီးတဲ့အတွက်နွေရာသီအတွင်းရောဂါကင်းဖို့ အရင်စဉ်းစားရမှာပါ။ ဒါ့ကြောင့်နွေရာသီမှာ အဖြစ်များတဲ့ရောဂါတွေကို သတိထားပြီး ကြိုတင်ကာကွယ်သင့်၊ ဆင်ခြင်နေထိုင်သင့်ပါတယ်။(၁) အပူလျှပ်ခြင်း –ပြင်းထန်တဲ့အပူဒဏ်အောက်မှာနေရတာကြာလာတဲ့အခါ ခန္ဓါကိုယ်အပူချိန်ကမြင့်တက်လာရာက အပူလျှပ်တတ်ပါတယ်။ ပုံမှန်မဟုတ်ဘဲခန္ဓါကိုယ်အပူချိန်လွန်ကဲတဲ့အခါ ဖြစ်တတ်တဲ့ ခေါင်းကိုက်ခြင်း၊ခေါင်းမူးခြင်း၊နှလုံးခုန်မြန်ခြင်း၊ကြွက်သားနာကျင်ကိုက်ခဲခြင်းနဲ့ အဖျားတက်ခြင်းလက္ခဏာတွေက သိသာပါတယ်။အပူလျှပ်တဲ့အခါ အရေးပေါ်ပြုစုကုသမှုလိုအပ်ပါတယ်။သေချာဂရုမစိုက်ရင် ဦးနှောက်၊နှလုံး၊ကျောက်ကပ်နဲ့ကြွက်သားတွေကို ထိခိုက်စေနိုင်ပြီး ကုသမှုခံယူဖို့နှောင့်နှေးခဲ့ရင် ဆိုးရွားတဲ့ နောက်ဆက်တွဲပြဿနာတွေနဲ့အသက်ဆုံးရှုံးရတဲ့အထိဖြစ်နိုင်ပါတယ်။(၂) အစာအဆိပ်သင့်ခြင်း –အစာအဆိပ်သင့်ရတဲ့ အကြောင်းရင်းက အစားအစာ သို့မဟုတ် ရေမှာ ပါတဲ့ဘက်တီးရီးယားကြောင့် ဖြစ်ပါတယ်။ ပူအိုက်စွတ်စိုတဲ့ရာသီကြောင့်လည်း ဘက်တီးရီးယားပေါက်ဖွားလွယ်တဲ့ပတ်ဝန်းကျင်ဖြစ်စေနိုင်ပါတယ်။ အစာအဆိပ်သင့်တဲ့အခါ ဗိုက်အောင့်ခြင်း၊မအီမသာဖြစ်ခြင်း၊ဝမ်းပျက်ခြင်း၊ ပျို့အန်ခြင်းတို့နဲ့လက္ခဏာပြလာတတ်ပါတယ်။ အသားစိမ်းတွေ၊ ဖုံးအုပ်မထားတဲ့ လမ်းဘေးစာတွေ၊ မသန့်ရှင်းတဲ့ရေ စတာတွေကရောဂါဖြစ်စေနိုင်တဲ့ပိုးတွေ သယ်ဆောင်ထားတဲ့အစားအသောက်တွေဖြစ်နေနိုင်ပါတယ်။(၃) မျက်စိနာခြင်း– မျက်စိနာခြင်းဟာ မျက်မြှေးကိုရောင်ရမ်းစေတဲ့ ဘက်တီးရီးယားပိုးဝင်ခြင်း သို့မဟုတ် ဓါတ်မတည့်ခြင်းကြောင့်ဖြစ်ပြီး ၄ ရက်ကနေ ၇ ရက်အတွင်း ကြာမြင့်တတ်ပါတယ်။ မျက်စိနာပြီဆိုရင်တော့ ကူးစက်လွယ်လို့ တစ်မိသားစုကိုလုံးပြန့်တာများပါတယ်။(၄) ရေဓါတ်နည်းခြင်း –ချွေးထွက်များတဲ့နွေရာသီမှာ ဆုံးရှုံးသွားတဲ့ ရေကို ပြန်ဖြည့်တင်းဖို့ လုံလောက်အောင်မသောက်သုံးတဲ့အခါရေဓါတ်ဆုံးရှုံးခြင်းကို အဖြစ်များကြပါတယ်။နွေပူပူမှာ ခန္ဓါကိုယ်ရဲ့လုပ်ဆောင်ချက်တွေ ပုံမှန်ပြန်ဖြစ်ဖို့ပြန်လည်ထိန်းသိမ်းပေးဖို့လိုပါတယ်။(၅) ဝမ်းနဲ့ပတ်သက်တဲ့ရောဂါများ –အူနဲ့အစာအိမ်ထဲမှာ ကပ်ပါးပိုးမွှားများဝင်ရောက်လာတဲ့အခါ နွေရာသီဆို ဝမ်းပျက်ဝမ်းလျှောခြင်း၊ ဝမ်းကိုက်ခြင်း၊ကာလဝမ်းရောဂါတွေဖြစ်တတ်ပါတယ်။ မသန့်ရှင်းတဲ့ရေနဲ့အစားအစာတွေက ဒီရောဂါတွေကူးစက်ပြန့်ပွားစေတဲ့ အဓိက လက်သည်ဖြစ်ပါတယ်။နွေရာသီရောဂါတွေရဲ့နောက်ကွယ်က အဓိကအကြောင်းရင်းက ဘက်တီးရီးယား၊ဗိုင်းရပ်စ်နဲ့တခြားပိုးမွှားတွေပေါက်ဖွားလွယ်တဲ့ ရာသိဥတုပတ်ဝန်းကျင်ဖြစ်နေတဲ့အတွက်ပါ။ ဒါ့ကြောင့် နွေရာသီမှာဖြစ်လွယ်တဲ့ရောဂါတွေရန်ကနေ ခုခံကာကွယ်နိုင်ဖို့ ဒီအချက်လေးတွေကို သတိထားပေးသင့်ပါတယ်။နွေရောက်ပြီဆိုရင် –။ပွင့်လင်းရာသီဟာ ခရီးလေးတွေထွက်၊ မိသားစု၊မိတ်ဆွေတွေနဲ့ အချိန်ကုန်ဆုံးပြီး ကျန်းမာပျော်ရွှင်စွာနေဖို့ အချိန်ကောင်းတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် အားလပ်ရက်တွေမှာ အချိန်ကို တန်ဖိုးရှိရှိကုန်ဆုံးနိုင်ဖို့ ကျန်းမာအောင်ဂရုစိုက်ပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%94%e1%80%bd%e1%80%b1%e1%80%9b%e1%80%ac%e1%80%9e%e1%80%ae%e1%80%99%e1%80%be%e1%80%ac-%e1%80%a1%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%b2%e1%80%b7/
လက်ချောင်းလေးတွေ ဖြူဖွေးသန့်စင်လှပနေဖို့
ပစ္စည်းလေးတစ်ခုခုကိုပဲကောက်ကိုင်ကောက်ကိုင်၊ ကွန်ပျူတာမှာစာရိုက်ရင်းဖြစ်ဖြစ်၊ လက်ချောင်းလေးတွေကို လှုပ်ရှားရတဲ့ ကိစ္စတစ်ခုခုကိုလုပ်တိုင်း ကိုယ့်လက်ချောင်းလေးတွေက အသားအရောင် သိပ်မကောင်းလို့များစိတ်ညစ်နေလား။ ကြည့်လိုက်တိုင်းလှနေစေမယ့်လက်ချောင်းလေးတွေဖြစ်အောင် မီးဖိုချောင်သုံး ပစ္စည်းလေးတွေနဲ့ပြုပြင်ရအောင်လား။ လက်ချောင်းလေးတွေ ဖြူဖွေးသန့်စင်လှပနေဖို့  ဘယ်လို လုပ်ဆောင်ရမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။လက်ချောင်းလေးတွေ ဖြူဖွေးသန့်စင်လှပနေဖို့ လုပ်ဆောင်မယ့် နည်းလမ်းလေးတွေကတော့။ရေနွေး–လက်လေးတွေကိုရေကြက်သီးနွေးလေးထဲစိမ်ပေးပါ။ စိမ်မယ့်ရေနွေးထဲကို လာဗင်ဒါဆီ ဒါမှမဟုတ် နှင်းဆီပန်းအဆီ အနည်းငယ်ထည့်ဖို့တော့လိုပါမယ်။ ၁၀ မိနစ်လောက် စိမ်ပေးပါ။ တစ်ပတ်ကို ၃ ကြိမ်လောက်လုပ်ပေးပါနော်။Vaseline–ယနေ့ခေတ်မှာ အသုံးများလာတဲ့ အစိုဓါတ်ထိန်းခရင်မ်တစ်မျိုးပေါ့။ လက်ကိုရေနွေးနွေးလေးထဲစိမ်ပြီးသွားရင်ဖြစ်ဖစ် ညမအိပ်ခင်ဖြစ်ဖြစ် vaselineလေးလူးပြီး လက်အိတ်လေးစွပ်အိပ်ပေးပါ။ နူးညံ့ဖြူဝင်းတဲ့လက်ကလေးပိုင်ဆိုင်နိုင်မှာပါ။ပဲနီလေး– ပဲနီလေးက စားလို့ပဲကောင်းတယ်ထင်နေတာဟုတ်။ စားလို့ကောင်းရုံတင်မဟုတ်ပါဘူး။ အသားအရေကိုပါဖြူစင်ဝင်းပစေနိုင်ပါတယ်။ အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးရုံတင်မဟုတ်ပါဘူး။နေလောင်တာနဲ့ အသားအရေခြောက်သွေ့ညိုမွဲမှုတွေကိုပါ သက်သာစေနိုင်တာပါ။ ပဲနီလေးကို တစ်ညလုံးရေစိမ်ထားပြီး ကြိတ်လိုက်ပါ။ပြီရင် ကြိတ်ထားတဲ့ ပဲနီလေးကို ခရမ်းချဉ်သီးအရည်၊အုန်းဆီလက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့နဲ့ရောစပ်ပြီး ရလာတဲ့အနှစ်ကို လက်မှာ နှံ့နေအောင်လူးပေးပါ။ပြီးရင် ၁၅ မိနစ်လောက်ထားပေးပါ။ပြီးရင်တော့ရေခပ်နွေးနွေးလေးနဲ့ဆေးချလိုက်ပါနော်။သခွားသီး– သခွားသီး အနှစ် လက်ဖက်ရည် ဇွန်း ၄ ဇွန်းစာကိုရှားစောင်းလက်ပပ်အနှစ် လက်ဖက်ရည် ဇွန်း ၂ ဇွန်းစာနဲ့ ရောစပ်လိုက်ပါ။ပြီးရင် ဗူးလေးနဲ့ ထည့်ထားပြီး မနက်ခင်း တစ်ကြိမ်၊ ည အိပ်ရာ မဝင်ခင် တစ်ကြိမ် နေ့စဉ် လူးပေးပါ။ပြီးရင် လက်ကို နှိပ်နယ်ပေးပါ။နေ့စဉ်ပုံမှန်လုပ်ပေးပါ။ တစ်ပတ် အတွင်း သိသိသာသာ ဖြူစင်ဝင်းပ လာပါ လိမ့်မယ်။သံပရိုသီး– သံပရိုသီး တစ်လုံးကို အရည် ညှစ်ပါ။ပြီးရင် ဒိန်ချဉ် လက်ဖက်ရည် ဇွန်း ၂ ဇွန်း၊ဂျုံမှုန့်လက်ဖက်ရည် ဇွန်း ၄ ဇွန်းတို့ကို ရောစပ်ပြီး အနှစ် ဖြစ်အောင် မွှေပါ။ ရလာတဲ့ အနှစ်ကို လက်မှာ လိမ်းကျံပေးပါ။ ၁၅ မိနစ် ထားပြီးရင် ရေအေးနဲ့ ဆေးချလိုက်ပါ။မုန့်ဖုတ်ဆော်ဒါ–မုန့်ဖုတ်ဆော်ဒါကို ရေနည်းနည်းနဲ့ ရောစပ်လိုက်ပါ။ ပြီးရင် လက်မှာလူးပေးပါ။ ၁၀မိနစ်ထားပြီးရေဆေးချလိုက်ပါ။ပြီးရင်တော့ လက်ကို အစိုဓါတ်ထိန်း ခရင်မ် ပြန်လူးပေးဖို့ သတိရပါ။Rose Water–Rose Water ကို နို့နည်းနည်းနဲ့ ရောစပ်ပြီး လက် အရေပြားပေါ်မှာ လူးလိုက်ပါ။ ၁၅ မိနစ်လောက် ထားပြီးရင် ဂွမ်းစမှာရေနွေးနွေးလေး စွတ်ပြီး သန့်စင်ပေးလိုက်ပါနော်။အုန်းရည်-နေ့တိုင်း အုန်းရည် သောက်ပေးတာက အသားအရေအတွက် တော်တော်လေး ကောင်းကျိုး များပါတယ်။ အုန်းရည် သောက်ရမှာ မကြိုက်ဘူး ဆိုရင်လည်း အုန်းရည်ကို လက်မှာ လူးပေးပါ။ အမာရွတ် ရှိရင်တောင် သက်သာစေနိုင်ပါတယ်။ကဲ ဒီ နည်းလေးတွေ အတိုင်း လုပ်ကြည့်ပြီး ပြစ်မျိုးမှဲ့မထင် ဖြူစင်ဝင်းပတဲ့ လက်ချောင်းလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း….။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/natural-home-remedies-to-lighten-hands/
လက်တို့စ်မပါသော နွားနို့ (Lactose free milk) အကြောင်း
လက်တို့စ်မပါသော နွားနို့ (Lactose free milk) အကြောင်း လေ့လာလိုက်ရအောင်နော်။ လက်တို့စ် ဆိုတာ နို့တိုက်တိရစ္ဆာန်တွေဆီက ထွက်လာတဲ့ နို့ထဲမှာ သဘာဝအလျောက်ပါဝင်တဲ့သကြားဓာတ်ဖြစ်ပါတယ်။ အဆိုပါ သကြားဓာတ်ကို လက်တေ့စ်လို့ခေါ်တဲ့ အင်ဇိုင်းကနေ ချေဖျက်ပါတယ်။ အဆိုပါအင်ဇိုင်းချို့တဲ့ရင် လက်တို့စ်ကို မချေဖျက်နိုင်တော့တဲ့အခါဝမ်းပျက်ခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း စတဲ့ရောဂါလက္ခဏာတွေ ပေါ်လာပါတယ်။ဒီပြဿနာကြောင့် လူတချို့ဟာ နွားနို့အပါအဝင် နို့များကို ရှောင်ကြဉ်လာရပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ လက်တို့စ်မပါဝင်တဲ့နို့တွေ ထုတ်လုပ်လာကြပါတယ်။ ဒါဟာ လက်တို့စ်မချေဖျက်နိုင်ခြင်း (Lactose intolerance) ကြောင့် ကြုံလာရမယ့်ဝေဒနာတွေကို ကာကွယ်လာနိုင်ပါတယ်။ ဒါပေမယ့် လူအများဟာ လက်တို့စ်မပါတဲ့နွားနို့ဆိုတာ ဘယ်လိုမျိုးလဲ၊ ပုံမှန်နွားနို့နဲ့ ဘာကွာသလဲ၊ သုဲးစွဲဖို့ သင့်မသင့် သေချာစွာ မသိကြသေးပါဘူး။ဒီဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ လက်တို့စ်မပါတဲ့နို့နဲ့ ပုံမှန်နွားနို့အကြား ဘာကွာခြားသလဲ ဆိုတာပါပဲ။လက်တို့စ်မပါသော နွားနို့ အကြောင်း ဘာတွေသိထားဖို့ လိုမလဲ။လက်တို့စ်မပါတဲ့နို့ဆိုတာ ဘယ်လိုမျိုးလဲ။သဘာဝနို့မှာပါဝင်တဲ့ လက်တို့စ်ကို ဖယ်ထုတ်ပြီး ထုတ်လုပ်ထားတဲ့ နို့အမျိုးအစားပဲ ဖြစ်ပါတယ်။ ထုတ်လုပ်သူများအနေနဲ့ ပုံမှန်နွားနို့ထဲကို လက်တေ့စ်အင်ဇိုင်းပေါင်းထည့်ပြီး လက်တို့စ်မပါတဲ့နွားနို့ကို ထုတ်လုပ်ပါတယ်။ လက်တေ့စ်အင်ဇိုင်းကနေ လက်တို့စ်သကြားဓာတ်ကို ချေဖျက်လိုက်ခြင်းအားဖြင့်ကိုယ်ခန္ဓာထဲမှာ လက်တို့စ်မချေဖျက်နိုင်တဲ့ ဝေဒနာတွေ ဖြစ်မလာစေတော့ပါဘူး။ဒီနည်းနဲ့ထုတ်လုပ်လိုက်တဲ့ လက်တို့စ်မပါတဲ့ နွားနို့ဟာ ပုံမှန်နွားနို့အတိုင်း အနံ့အရသာ၊ အာဟာရဓာတ် တူညီပါတယ်။ ပုံမှန်နွားနို့တွေလိုပဲ သောက်သုံးနိုင်ပါတယ်။လက်တို့စ်မပါတဲ့နွားနို့မှာ လက်တို့စ်ကိုချေဖျက်နိုင်ဖို့ လက်တေ့စ်ကို ထည့်သွင်းထားပေမယ့် တခြားအာဟာရဓာတ်တွေဟာ ပုံမှန်အတိုင်း ကြွယ်ဝပါတယ်။ ပရိုတိန်းဓာတ်လည်း များစွာကြွယ်ဝပြီး နွားနို့တစ်ခွက် (၂၄၀ မီလီလီတာ)မှာ ပရိုတိန်း ၈ ဂရမ် ပါဝင်ပါတယ်။ ကယ်လ်ဆီယမ်၊ ဖော့စဖရပ်စ်၊ ဗီတာမင် B12၊ ဗီတာမင် B2 စတဲ့ တခြားအာဟာရဓာတ်တွေလည်း ပါဝင်ပါတယ်။ နွားနို့အများစုမှာပါဝင်တဲ့ဗီတာမင် Dလည်း ကြွယ်ဝပြီး သွားနဲ့အရိုးများ သန်စွမ်းကြံ့ခိုင်စေဖို့၊ ကလေးများ ပုံမှန်ဖွံ့ဖြိုးကြီးထွားဖို့ အထောက်အကူ ပြုပါတယ်။လူအများစုဟာ လက်တို့စ်ကို ချေဖျက်နိုင်တဲ့ စွမ်းရည်ရှိပါတယ်။ ဒါပေမယ့် လူသားများရဲ့ ၇၅ရာခိုင်နှုန်းဟာ အသက်ကြီးရင့်လာတာနဲ့အမျှ လက်တို့စ်ချေဖျက်နိုင်စွမ်း လျော့ကျလာတတ်ပါတယ်။ အဆိုပါအခြေအနေမှာ နွားနို့သောက်ပြီးချိန် ဗိုက်အောင့်ခြင်း၊ လေပွလေထခြင်း၊ ဝမ်းပျက်ခြင်း၊ လေချဉ်တက်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် လက်တေ့စ်ထည့်သွင်းထားတဲ့ နွားနို့များဟာ လက်တို့စ်ချေဖျက်နိုင်စွမ်းကျဆင်းလာသူတွေအတွက် ကောင်းစွာ အထောက်အကူ ပြုပါတယ်။လက်တို့စ်ကင်းစင်တဲ့ နွားနို့နဲ့ ပုံမှန်နွားနို့ကြား သိသာတဲ့ကွာခြားချက်ကတော့ အရသာပါပဲ။ လက်တို့စ်ကင်းစင်နွားနို့မှာ ထည့်သွင်းလိုက်တဲ့ လက်တေ့စ်ဟာ လက်တို့စ်ကို ဂလူးကို့စ်နဲ့ ဂလက်တို့စ်အဖြစ် ဖြိုခွဲပါတယ်။ အဆိုပါ ဖြိုခွဲပြီးထွက်လာတဲ့ သကြားဓာတ်တွေဟာ ပုံမှန်နွားနို့မှာထက် ချိုတဲ့အရသာကို ပေးပါတယ်။ တခြား အာဟာရဓာတ်တွေတော့ သိသိသာသာ ပြောင်းလဲခြင်း မရှိပါဘူး။…………………………………။အချုပ်အားဖြင့် ပြောရမယ်ဆိုရင်တော့ လက်တို့စ်မပါတဲ့နွားနို့ကို ပုံမှန်နွားနို့နေရာမှာ အစားထိုးသုံးစွဲနိုင်ပါတယ်။ အာဟာရဓာတ် မကွာခြားတဲ့အပြင် အရသာပိုကောင်းတာကို တွေ့နိုင်မှာဖြစ်ပါတယ်။ လက်တို့စ်မချေဖျက်နိုင်သူများအပြင် ပုံမှန်လူအများလည်း သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/lactose-free-milk/
ကြီးကြီးမားမားထိခိုက်တာမျိုးမရှိဘဲနဲ့ သွေးခြည်ဥ အညိုအမည်းစွဲတာတွေ ဖြစ်နေပြီလား။ ။
ကြီးကြီးမားမားထိခိုက်တာမျိုးမရှိဘဲနဲ့ သွေးခြည်ဥ အညိုအမည်းစွဲတာတွေ ဖြစ်နေပြီလား။ ။ ဒါကပြောရမယ်ဆို အစပိုင်းမှာပြဿနာမရှိပေမယ့် နောက်ပိုင်းကျရင် ဆိုးဝါးလာမယ့်အခြေအနေလို့ ပြောလို့ရပါတယ်။ ဒီတော့ ဒါတွေဘာကြောင့်ဖြစ်ရတာလဲဆိုတာကို သိဖို့လိုလာတာပေါ့ ။အကြောင်းအရင်းတွေကို အရင်မပြောခင် သွေးခြည်ဥတယ် အညိုအမည်းစွဲတယ်ဆိုတာ ဘာလဲအရင်ပြောပြချင်ပါတယ်။သွေးခြည်ဥတယ်ဆိုတာ အရေပြားအောက်မှာရှိတဲ့ သွေးကြောလေးတွေ ပေါက်ပြီး သွေးတွေထွက်လာကာ ညိုမည်းတက်လာတာဖြစ်ပါတယ်။ ပြုတ်ကျတာဖြစ်ဖြစ်၊ အထိုးခံရလို့ဖြစ်ဖြစ်၊ လေးတဲ့အရာတစ်ခုခု အဖိခံရလို့ ဖြစ်ဖြစ်သွေးကြောလေးတွေပေါက်ပြီး အညိုအမည်း စွဲတတ်ပါတယ်။အသေးအမွှား အညိုအမည်းစွဲတာလောက်က ရက်ပိုင်းလောက်နဲ့ ပြန်ပျောက်တတ်ပေမယ့် ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာကြောင့်ရတဲ့ သွေးခြည်ဥတာမျိုးကတော့ လပိုင်းလောက် ပျောက်ဖို့ အချိန်ယူရတတ်ပါတယ်။ လူတိုင်းတော့ ထိခိုက်မိရင်သွေးခြည်ဥတတ်ကြတာပဲလေ။ ပုံမှန် မဟုတ်ဘူးဆိုတာ ဘယ်လိုသိနိုင်မလဲ။ ။ဒါဆို ဒီလို ကြီးကြီးမားမား ထိခိုက်ထားတာမျိုးတွေ မရှိဘဲနဲ့ သွေးခြည်ဥတာလွယ်လွယ်ဖြစ်နေရတာ ဘာ့ကြောင့်လဲ။ နည်းနည်းပါးပါးထိခိုက်မိရုံလောက်နဲ့ သွေးခြည်ဥ တာ မဖြစ်တတ်ကြဘူးလေ။အသက်ကြီးတဲ့သူတွေ။အသက်ကြီးလာတဲ့အခါ သွေးကြောလေးတွေက ပါးပါးလာပြီး အားနည်းလာတာကြောင့် နည်းနည်းလေးထိခိုက်မိတာနဲ့ သွေးခြည်ဥတာမျိုးတွေ ဖြစ်တတ်ပါတယ်။ နောက်ပြီး အသက်ကြီးတော့ ပါးလာတဲ့အရေပြားကြောင့်လည်း သွေးခြည်ဥတာတွေ ပိုပြီး ထင်းနေတတ်ပါတယ်။သောက်ဆေးများ။ဒါ့ကြောင့်ဒီဆေးတွေသောက်ပြီး ကိုယ့်ဆီမှာ သွေးခြည်ဥတာ၊ ထိခိုက်မိပြီးရင် သွေးတော်တော်နဲ့ မတိတ်တာမျိုး ဖြစ်ခဲ့ရင် ဆရာဝန်နဲ့ သေချာ ဆွေးနွေးပြီး ဆေးကနေရမယ့် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ပြန်ချိန်ဆသင့်ပါတယ်။အရက်အလွန်အကျွံသောက်တဲ့သူတွေနဲ့ အသည်းရောဂါဖြစ်နေတဲ့သူတွေ။ကိုယ်ခန္ဓာမှာ သွေးထွက်ခဲ့ရင် သွေးတိတ်အောင်လုပ်ဖို့အတွက် အသည်းကနေ သွေးတိတ်စေတဲ့ ပရိုတင်းလေးတွေထုတ်ပေးရပါတယ်။ ဒီတော့ သွေးတိတ်စေဖို့အတွက် အသည်းရဲ့လုပ်ဆောင်မှုကလည်း အရေးကြီးသေးတာပေါ့။ ဒီတော့ အသည်းကိုပျက်စီးစေတဲ့ ပြဿနာတွေဖြစ်တဲ့အရက်အလွန်အကျွံသောက်တာ၊အသည်းခြောက်တာနဲ့ အသည်းရောဂါဖြစ်နေတဲ့ပြဿနာမျိုးတွေမှာ သွေးခြည်ဥတဲ့ပြဿနာတွေ အလွယ်တကူဖြစ်တတ်ပါတယ်။သွေးနဲ့ပတ်သက်တဲ့ ရောဂါတစ်ခုခုခံစားနေရတာ။မွေးရာပါသွေးခဲခြင်းဆိုင်ရာ ပုံမှန်မဟုတ်တဲ့ရောဂါ တစ်ခုဖြစ်တဲ့Von Willebrand diseaseဝေဒနာခံစားနေရတဲ့သူတွေမှာ သွေးတိတ်စေဖို့ တကယ်ကို အရေးကြီးတဲ့ Von Willebrand ပရိုတင်းလေးပါမလာတာ ၊နည်းနေတာကြောင့် သွေးခြည်ဥတဲ့ ပြဿနာ အလွယ်တကူဖြစ်နိုင်ပါတယ်။ ဒီ Von Willebrand ပြဿနာက မျိုးရိုးဗီဇပြဿနာဖြစ်တာကြောင့် အသက်ကြီးတဲ့သူတွေထက် မွေးကင်းစကလေးတွေနဲ့ ငယ်တဲ့ကလေးတွေမှာ ပိုအတွေ့များပါတယ်။Haemophilia လို့ ခေါ်တဲ့ မျိုးရိုးလိုက် သွေးရောဂါမှာလည်း တစ်ခုခုနဲ့ ထိမိစောင့်မိရင် အတွင်းမှာ သွေးမတိတ်ဘဲ အညိုအမည်းစွဲတတ်ပါတယ်။ ဒူးဆစ်တို့၊ တံတောင်ဆစ်တို့ဆိုရင် အဆစ်ထဲမှာ သွေးယိုတာကြောင့် အဆစ်တွေ ရောင်လာတတ်ပါတယ်။ဗီတာမင် ချို့တဲ့မှု။ဗီတာမင်တွေထဲမှာ သွေးနဲပက်သက်လို့ တာဝန် အရှိဆုံးကတော့ဗီတာမင် Cပါ။ ဗီတာမင် C ချို့တဲ့ရင် သွားဖုံးသွေးယိုတဲ့ ပြဿနာဖြစ်တယ်ဆိုတာ ကြားဖူးတယ်မလား။ နောက်သွေးထွက်တာ၊ သွေးတိတ်တာနဲ့ ပက်သက်လို့တာဝန်ရှိတဲ့ နောက်ဗီတာမင် တစ်ခုကတော့ ဗီတာမင် K ပဲ ဖြစ်ပါတယ်။ ဗီတာမင် K ချို့တဲ့တဲ့သူတွေဟာ အခြားသူတွေထက်စာရင် သွေးတိတ်တာပိုကြာတတ်ပြီး သွေးခြည်ဥတာလည်း ပိုလွယ်တတ်ပါတယ်။သွေးကြောရောင်ခြင်း။သွေးကြောရောင်တဲ့ပြဿနာရှိတဲ့သူတွေမှာ သွေးကြောတွေပုံမှန်မဟုတ်တာကြောင့် သွေးယိုတာတွေနဲ့ သွေးခြည်ဥတဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။Senile purpura။ဒါကတော့ အသက်၅၀ နောက်ပိုင်းလူတွေမှာ အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပြီး လက်ပြင်နားတွေမှာ ခရမ်းရောင်ပြင်လိုက် အညိုအမဲစွဲတာမျိုးတွေဖြစ်တတ်ပါတယ်။ ထိခိုက်မိတာသေးသေးလေးတစ်ခုကနေ ဖြစ်တာဖြစ်ပြီး ပြန်ပျောက်ဖို့အချိန်ယူရတဲ့အပြင် အရွယ်အစားကလည်း ပုံမှန်ထက်ပိုကြီးနေတတ်ပါတယ်။ ဒီလို ပြဿနာဖြစ်နေတဲ့သူတွေဟာ နေရောင်ခြည်နဲ့ထိတွေ့မှုကို အတတ်နိုင်ဆုံး လျှော့ချရမှာ ဖြစ်ပါတ်ယ။သွေးကင်ဆာ။သွေးနဲ့ပက်သက်တဲ့ ပြဿနာတွေဖြစ်တယ်ဆိုတော့ သွေးကင်ဆာကို ချန်ခဲ့လို့ လုံးဝမရဘူးပေါ့။ ရိုးတွင်းခြင်ဆီကင်ဆာ၊ သွေးကင်ဆာစတဲ့သွေးနဲ့ဆိုင်တဲ့ ကင်ဆာတွေ အားလုံးက သွေးခြည်ဥလွယ်တာ သွေးယိုတာစတဲ့ ပြဿနာတွေကို ဖြစ်စေမှာပါ။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/other-blood-disorders/bruise/
ခြေသလုံးကအမွေးတွေကို ဘယ်လိုဖယ်ရှားမလဲ
ခြေသလုံးကအမွေးတွေကို ဘယ်လိုဖယ်ရှားမလဲ ….. စကတ် တိုတိုလေးတွေ ဝတ်ချင်တယ်၊ ဘောင်းဘီ တိုလေးတွေ ဝတ်ချင်ပေမယ့်ခြေသလုံးမှာ အမွေးတွေ ရှိနေလို့ ဝတ်ချင်ပေမယ့် မဝတ်ရဘဲ ဖြစ်နေတဲ့ ပျိုမေလေးတွေ အတွက် ဒီ ဆောင်းပါးလေးက အကူအညီ ပေးနိုင်မှာပါ။ခြေသလုံးကအမွေးတွေကို ဘယ်လိုဖယ်ရှားမလဲ …. ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ ခြေသလုံးက မလိုချင်တဲ့ အမွေးအမျှင်တွေကို ဒီနည်းတွေသုံးပြီး ဖယ်ရှားကြရအောင်နော်။ခြေသလုံးမွေးတွေရှိနေလို့ လှလှပပမဝတ်ရတဲ့အတွက် စိတ်ပျက်နေတယ်ဆိုရင်တော့။နနွင်းနဲ့ဆား။နနွင်းက အမွေးအမျှင်တွေကို ဖယ်ရှား ပေးနိုင်စွမ်း ရှိပါတယ်။ နနွင်း နဲ့ ဆားကြမ်းကို ရေနည်းနည်းနဲ့ ရောပြီး ခပ်ပျစ်ပျစ်လေး ဖျော်လိုက်ပါ။ ပြီးရင် ခြေထောက်မှာ လူးလိုက်ပါ။ ခြောက်အောင် ထားလိုက်ပါ။ ပြီးရင် ရေနဲ့ ဆေးချလိုက်ပါ။ ခပ်ဖွဖွလေး ပွတ်ဆေးပေးပါ။ ဒီနည်းက အမွေးတွေ အားလုံးကို မဖယ်ရှားနိုင်ပေမယ့် အမွေးတွေ ထွက်တာကို နှေးသွားစေမှာပါ။သကြား။ကြေးတွန်းကျောက်တုံး။ဒါကတော့ အရင်ကတည်းက အသုံးပြုလာတဲ့ နည်းလမ်း တစ်ခုပေါ့။ အချိန်တော့ ပေးရပါမယ်။ဆဲလ်သေတွေကို ဖယ်ရှားပေးသလို ခန္ဓာကိုယ်က မလိုချင်တဲ့ အမွေးအမျှင်တွေကို ဖယ်ရှားပေးရာမှာလည်း ထိရောက်ပါတယ်။ ခြေထောက်ကို ရေစွတ်ပြီးမှ ကြေးတွန်းကျောက်တုံးနဲ့ ခပ်ဖွဖွလေး ပွတ်တိုက်ပေးပါ။ နေ့စဉ်လုပ်ပေးမယ် ဆိုရင် သိသိသာတဲ့ ရလဒ်ကို ရရှိစေမှာပါ။သင်္ဘောသီး။ဒီနည်းလမ်းက အချိန်တော့ ပေးရပါမယ်။ ညတွင်းချင်းတော့ သင်္ဘောသီးအနှစ်က အမွေးအမျှင်တွေကို မဖယ်ရှားပေးနိုင်ပါဘူး။ သင်္ဘောသီးမှာပါတဲ့ papapinအင်ဇိုင်းက အမွေးတွေကို အထွက် နည်းသွားစေပြီး အမွေးတွေ ထပ်ထွက်မလာအောင် တားဆီးပေးနိုင်ပါတယ်။သင်္ဘောသီးအစိမ်းလက်ဖက်ရည်ဇွန်းတစ်ဝက်စာကို ကြိတ်ခြေလိုက်ပါ။ပြီးရင် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်စာနဲ့ ရောလိုက်ပါ။ ရလာတဲ့ အနှစ်ကို ခြေသလုံးမှာ လိမ်းပေးပြီး မွေးညှင်းပေါက်တွေထဲ စိမ့်ဝင်သွားအောင် နှိပ်နယ်ပေးပါ။၁၅ မိနစ်လောက် ထားပြီး ရေဆေးချလိုက်ပါ။ နေ့တိုင်း လုပ်ပေးမယ်ဆိုရင် ၂ ပတ် ကနေ ၃ ပတ်အတွင်း သိသာတဲ့ ရလဒ်ကို ရရှိမှာပါ။ကဲ အခုပဲ ဒီနည်းလေးတွေကို သုံးပြီး ခြေသလုံးပေါ်က မလိုချင်တဲ့ အမွေးအမျှင်တွေကို ဖယ်ရှားလိုက်ပါ။ လှပတဲ့ ခြေသလုံးကို ပိုင်ဆိုင်နိုင်တဲ့ လေဒီ လန်းလန်းလေး လုပ်လိုက်ပါနော်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/home-remedies-for-unwanted-leg-hair-growth/
အမျိုးသားများ ဆီးကျိတ်ခွဲစိတ်ကုသခြင်း အကြောင်း
အမျိုးသားများ ဆီးကျိတ်ခွဲစိတ်ကုသခြင်း အကြောင်း လေ့လာလိုက်ရအောင်နော်။ဆီးကျိတ်ဟာ ဆီးအိမ်ရဲ့အောက်အူမကြီးရဲ့ရှေ့မှာ တည်ရှိပါတယ်။သုက်ပိုးတွေကို သယ်ဆောင်ပေးမယ့်အရည်ကို ထုတ်လုပ်ပေးပြီးအမျိုးသားများရဲ့ မျိုးပွားအင်္ဂါစနစ်မှာ အရေးကြီးတဲ့နေရာက ပါဝင်ပါတယ်။ဆီးကျိတ်ကို ခွဲစိတ်ရတဲ့ အဓိကအကြောင်းအရင်းတွေကတော့ BPH ခေါ် ဆီးကျိတ်ကြီးခြင်းနဲ့ဆီးကျိတ်ကင်ဆာတို့ကြောင့်ပဲ ဖြစ်ပါတယ်။ ခွဲစိတ်ရာမှာ တပိုင်းတစခွဲစိတ်ခြင်းနဲ့ ဆီးကျိတ်တခုလုံး ခွဲစိတ်ဖယ်ရှားခြင်းဆိုပြီး နှစ်မျိုးရှိပါတယ်။ခွဲစိတ်မှုမပြုမီ လူနာကိုကြိုတင်ရှင်းပြပါလိမ့်မယ်။ ခွဲစိတ်မှုအမျိုးအစား၊ ခွဲစိတ်မှုပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်၊ ကောင်းကျိုးဆိုးကျိုးများ စတာတွေ ပါဝင်ပါတယ်။ ခွဲစိတ်ချိန်မှာ မနာကျင်ရအောင် မေ့ဆေးတမျိုးမျိုးပေးပါလိမ့်မယ်။ နောက်ပိုင်းမှာခါးဆစ်ရိုးထုံဆေးအသုံးပြုပြီးလည်း ခွဲစိတ်ပါတယ်။ဘယ်လိုခွဲစိတ်ကုသမှုမဆို ဘေးထွက်ဆိုးကျိုး အနည်းနဲ့အများ ရှိပါတယ်။ ဒါတွေကတော့။ခွဲစိတ်အနာကနေ ပိုးဝင်ပြီး ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ရောင်ရမ်းခြင်း၊ အရည်များ စီးထွက်ခြင်း စတာတွေ ရှိလာနိုင်ပါတယ်။ ဆီးလမ်းကြောင်း ပိတ်ဆို့ပြီး ဆီးမထွက်ရင်၊ ဆီးထဲမှာ သွေးပါလာရင် ဆရာဝန်ကို ပြောပြပါ။ဆီးသွားစဉ် နာကျင်ခြင်း၊ ဆီးသွားရခက်ခြင်း၊ ဆီးမထိန်းနိုင်ခြင်း စတာတွေ ကြုံနိုင်ပါတယ်။ ခွဲစိတ်ပြီး လအနည်းငယ်ကြာတဲ့အထိ ကြုံနိုင်ပါတယ်။ ခွဲစိတ်ပြီး ရက်သတ္တပတ် ၈တ်ကနေ ၁၂ပတ်အထိ လိင်တံမထောင်မတ်နိုင်ဘဲ နေတတ်ပါတယ်။ ခွဲစိတ်ချိန်မှာ အာရုံကြောတွေကို ထိခိုက်မိရင် ဖြစ်တတ်ပါတယ်။ လိင်မှုကိစ္စတွင် အာရုံခံစားနိုင်မှု လျော့ကျခြင်း၊ ကလေးရနိုင်မှု လျော့နည်းခြင်း စတာတွေလည်း ရှိနိုင်ပါတယ်။ ဆီးကျိတ်ခွဲစိတ်ချိန်မှာ သုက်ပိုးထုတ်လုပ်တဲ့ဂလင်းကို ဖယ်ရှားတဲ့အတွက် ဖြစ်ပါတယ်။မေ့ဆေးထုံဆေးမပြယ်ခင်မှာ ခွဲစိတ်ဆရာဝန်ဟာ ဆီးပိုက်ထည့်ပေးပါလိမ့်မယ်။ လိင်တံကနေတဆင့် ဆီးအိမ်ထဲရောက်အောင် ထည့်သွင်းပါတယ်။ ဆီးပိုက်ကို တပတ်ကနေ နှစ်ပတ်အထိ တပ်ထားရတတ်ပါတယ်။ ဆေးရုံမှာ ရက်အနည်းငယ်ဆက်နေရနိုင်ပါတယ်။ ၂၄ နာရီပြည့်ပြီး အခြေအနေကောင်းမွန်ရင်လည်း အိမ်မှာပြန်နေနိုင်ပါတယ်။ ဆီးပိုက်ကို ဘယ်လိုကိုင်တွယ်ရမလဲ၊ ခွဲစိတ်ဒဏ်ရာကို ဘယ်လိုဂရုစိုက်ရမလဲ စတာတွေကို ဆရာဝန်နဲ့ သူနာပြုများကို ပြောပြပါလိမ့်မယ်။ မိမိဖာသာ ဆီးကောင်းကောင်းသွားနိုင်ချိန်မှာ ဆီးပိုက်ကို ပြန်ဖြုတ်ပေးပါလိမ့်မယ်။မည်သည့်နည်းလမ်းနဲ့ ခွဲစိတ်သည်ဖြစ်စေ ခွဲစိတ်ထားတဲ့နေရာမှာတော့ ရက်အနည်းငယ်အထိ ရောင်ရမ်းခြင်း ရှိနိုင်ပါတယ်။ ဒါ့အပြင်။ဒီလက္ခဏာတွေကို ရက်အနည်းငယ်လောက် ကြုံတွေ့ရနိုင်ပါတယ်။ ပုံမှန်အတိုင်းပြန်ဖြစ်ဖို့ မိမိရဲ့ကိုယ်ခံအား၊ ခွဲစိတ်မှု အမျိုးအစား၊ ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာခြင်းရှိမရှိ စတာတွေအပေါ်လည်း မူတည်ပါတယ်။ မိမိရဲ့ ပုံမှန်လှုပ်ရှားမှုတွေကိုတော့ လျှော့ချရပါမယ်။ ဥပမာ လိင်မှုကိစ္စဖြစ်ပါတယ်။စတာတွေပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဆရာဝန်ချိန်းဆိုတဲ့အခါတိုင်း ပုံမှန်ပြသဖို့ လိုပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/prostate-surgery/
အစားအသောက်မပျက် တစ်ရက်ကို ကိုယ်အလေးချိန် ၁ ပေါင်ကျစေမယ့် နည်းလမ်း
အစားအသောက်လည်း လျှော့စားဖို့မလိုဘူး၊ ကိုယ်အလေးချိန်လည်းကျမယ်ဆိုရင် စိတ်ဝင်စားကြတယ် မဟုတ်လား။ အခုနည်းလမ်းလေးကို သေချာလိုက်လုပ်ရင် ကျန်းကျန်းမာမာနဲ့ကိုယ်အလေးချိန်ကျစေမယ့်အပြင်ကြွက်သားနဲ့ ဦးနှောက်တွေကိုပါ ကြံ့ခိုင်သန်စွမ်းလာစေမှာပါ။ လူတစ်ယောက်ရဲ့ အစားအသောက်ဟာ စားပြီးချိန်မှာ ဘဝင်ကျစေဖို့၊ခန္ဓာကိုယ်နဲ့ဦးနှောက်ကျန်းမာစေဖို့နဲ့ အဆိပ်အတောက်ကင်းစေဖို့ပဲ ဖြစ်သင့်တာမဟုတ်လား။ ကဲ အစားအသောက်မပျက် တစ်ရက်ကို ကိုယ်အလေးချိန် ၁ ပေါင်ကျစေမယ့် နည်းလမ်း ကို ကြည့်လိုက်ရအောင်။အစားအသောက်မပျက် တစ်ရက်ကို ကိုယ်အလေးချိန် ၁ ပေါင်ကျစေမယ့် နည်းလမ်း ကတော့။အဆီလို့ပြောလိုက်ရင် လူတွေကကျန်းမာရေးထိခိုက်မှာပဲလို့ တွေးတတ်ကြပါတယ်။ တကယ်တော့ အဆီဓာတ်ဟာ ပညာရှိရှိ ရွေးချယ်စားသုံးတတ်ရင် ကိုယ်အလေးချိန်ကျစေပြီး ကျန်းမာရေးအတွက် တအားအထောက်အကူပြုပါတယ်။ ဒါဆို ဘယ်လိုရွေးချယ်ရမလဲကြည့်ရအောင်။ဒါတွေကတော့ ပြည့်ဝဆီ (Saturated fat) နဲ့ Trans-fatty acid (Trans-fat) တို့ဖြစ်ပါတယ်။ ပြည့်ဝဆီ (Saturated fat) တွေကို တိရစ္ဆာန်ကရတဲ့အဆီတွေဖြစ်တဲ့ ဝက်ဆီ၊ အမဲဆီ၊ ဆိတ်ဆီ နဲ့ အုန်းဆီ၊ စားအုန်းဆီတွေမှာတွေ့ရပါတယ်။ ပြည့်ဝဆီတွေက နှလုံးသွေးကြောကျဥ်းရောဂါကို ဖြစ်စေတတ်တာမို့ အသက် ၅၀ကျော်လာရင် ဒါမှမဟုတ် ကိုယ်အလေးချိန် လျှော့ချဖို့အတွက်ဆိုရင်တော့ ရှောင်နိုင်ရင် အကောင်းဆုံးပါ။ မဖြစ်လို့ စားရတယ်ဆိုလည်း တစ်နေ့တာလိုအပ်တဲ့ calories ပမာဏရဲ့ ၇%ထက် မကျော်သင့်ပါဘူး။Trans fat ကိုတော့ ဆီကြော်မုန့်တွေ၊ ထပ်ခါတလဲလဲ ပြန်ကြော်ဖို့ အသုံးပြုထားတဲ့ ပြန်ကြော်ဆီတွေ၊ fast food လို့ခေါ်တဲ့ အလွယ်တကူ၊ အလျင်အမြန်ရရှိတဲ့ အစားအသောက်တွေမှာ တွေ့ရပါတယ်။ Trans-fat တွေဟာလည်း နှလုံးသွေးကြောကျဥ်းခြင်းနဲ့ ကိုယ်အလေးချိန်တက်လာရခြင်းရဲ့ အဓိကအကြောင်းရင်းတွေပဲမို့ လုံးဝရှောင်ကြဥ်ဖို့လိုပါတယ်။ကျန်းမာရေးကိုကောင်းမွန်စေတဲ့ အဆီတွေကတော့ မပြည့်ဝဆီ (Unsaturated fat) နဲ့ ငါးကရတဲ့အဆီ (Omgea-3 fatty acid) တို့ဖြစ်ပါတယ်။ မပြည့်ဝဆီမှာ Monounsaturated fat (MUFA) နဲ့ Polyunsaturated fat (PUFA)ဆိုပြီး နှစ်မျိုးရှိပါတယ်။ MUFA နဲ့ PUFA တွေကိုတော့ နှမ်းဆီ၊ နေကြာဆီ၊ သံလွင်ဆီ၊ မြေပဲဆီ၊ ပဲပိစပ်ဆီ၊ ပဲပုပ်ဆီတွေမှာ ရနိုင်ပါတယ်။ Omega-3 ခေါ် ငါးကြီးဆီကတော့ မကောင်းတဲ့ အဆီတွေကိုကျစေပြီး ကောင်းတဲ့အဆီကိုတက်စေတဲ့ အာနိသင်ရှိပါတယ်။ဒါကြောင့် ခြုံပြောရရင် အစေ့အဆံကရတဲ့ အဆီနှင့် ငါးကြီးဆီကိုပိုမိုစားသုံးသင့်ပြီး စားအုန်းဆီနဲ့ တိရစ္ဆာန်ကရတဲ့ အဆီတွေကို ရှောင်ရမှာဖြစ်ပါတယ်။ဒါကတော့ လူတိုင်းသိကြတဲ့အတိုင်း ကိုယ်အလေးချိန်တက်စေတဲ့ နောက်ထပ်အဓိကအကြောင်းရင်းတစ်ရပ်ပါ။ သကြားနဲ့ ကစီဓာတ်ဟာ ခန္ဓာကိုယ်မှာ တစ်နေ့တာလိုအပ်တာထက်ပိုနေရင် အင်ဆူလင်အကူအညီနဲ့ အဆီအဖြစ် ခန္ဓာကိုယ်မှာ သိုလှောင်တာမို့ အဲဒါတွေစားတာများနေရင် အဆီပိုတွေ စုပုံလာပြီး ကိုယ်အလေးချိန် တက်လာတာ၊ ဆီးချိုရောဂါဝင်လာတာ မဆန်းပါဘူး။အဆိပ်အတောက်ဆိုရာမှာ မျက်စိနဲ့မမြင်နိုင်တဲ့ နေ့စဥ်သတိပြုရမယ့် အရာတစ်ခုကတော့ မှိုတက်နေတဲ့စားစရာတွေပဲဖြစ်ပါတယ်။ စားစရာတော်တော်များများဟာ စိုစွတ်မှုရှိနေရင်ဖြစ်ဖြစ်၊ သိမ်းထားတာကြာရင်ဖြစ်ဖြစ် မှိုတက်တတ်ပါတယ်။ မှိုမှာပါတဲ့ Mycotoxin ဓာတ်ဟာ ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေပြီး ကိုယ်ခံအားကျဆင်းခြင်းနှင့် ကင်ဆာရောဂါကို ဖြစ်စေပါတယ်။Irish butter တော်တော်များများဟာ မြက်စားနွားကရတဲ့ထောပတ် (Grass-fed butter) တွေပါ။ Supermarket တွေမှာရွေးဝယ်လို့ရပါတယ်။ ပုံမှန် ထောပတ်တွေထက် အရောင်ပိုရင့်ပြီး Omega-3, Vitamin A, Vitamin D နဲ့ တခြားကိုယ်ခံအားကောင်းစေတဲ့ဓာတ်တွေပါဝင်ပါတယ်။ ဘာလို့ Grass-fed butter စားခိုင်းလဲဆိုတော့ သူကဗိုက်ပြည့်စေပြီး craving ခေါ်တဲ့ ထွေရာလေးပါးစားချင်စိတ်ကိုပါ ပြေပျောက်စေပါတယ်။ ဒီလိုကျန်းမာစေတဲ့ထောပတ်ကို စားခြင်းအားဖြင့် ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအသောက်တွေ စားတာလျော့သွားမယ်၊ ကိုယ်အလေးချိန်ကျသွားမယ်၊ ထောပတ်စားထားတာဖြစ်လို့ တင်းတိမ်နေစေမယ်။ ကိုယ်အလေးချိန်ကျတဲ့ဆေးတွေလို ဥပါဒ်လည်းမရှိတော့ဘူးပေါ့။ကော်ဖီဟာ ဦးနှောက်ကိုကြည်လင်စေပြီး ဖန်တီးနိုင်စွမ်းတွေ ပိုမိုကောင်းမွန်စေသလို ခန္ဓာကိုယ်အတွက်ခွန်အားလည်းဖြစ်စေပါတယ်။ ဒါပေမယ့် မှိုတက်နေတဲ့ ကော်ဖီစေ့တွေဖြစ်နေရင်တော့ အဆိပ်အတောက်တွေစားနေမိသလိုဖြစ်နိုင်တာကိုတော့ သတိချပ်ရပါမယ်။ကမ္ဘာကျော် ကိုယ်အလေးချိန်လျော့နည်းတွေထဲမှာတော့ coffee ထဲကို Grass-fed butter ထည့်ပြီးသောက်ခြင်းဟာ အတော်လေးထိရောက်မှုရှိစေတယ်လို့ဆိုပါတယ်။ ဒီလိုသောက်ခြင်းအားဖြင့် mid-morning snack နဲ့ mid-afternoon snack လို့ခေါ်တဲ့ မနက်စာ၊ နေ့လယ်စာ၊ ညစာအပြင် ကြားမှာသရေစာစားချင်စိတ်တွေ၊ အကန့်အသတ်မရှိစားချင်စိတ်တွေ လျော့ကျစေပါတယ်။ အလုပ်တွေကိုလည်း ပိုအာရုံစိုက်ပြီးလုပ်နိုင်မှာဖြစ်ပါတယ်။အထက်ပါdietတွေကို ကိုယ်အလေးချိန်လျှော့ချဖို့အတွက် ကောင်းစွာအသုံးချတတ်ပြီဆိုရင်တော့ မိမိခန္ဓာကိုယ်ကို ကိုယ်လိုချင်သလိုမောင်းနှင်ဖို့ လုပ်ရပါမယ်။ ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓာတ်တွေ စုံစုံလင်လင်ရရှိမှသာ ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန်လျှော့ချနိုင်မှာဖြစ်လို့ အသီးအရွက်နဲ့ အသားဓာတ် (protein)ကိုလည်း တစ်နေ့တာလိုအပ်ချက်အတိုင်း စားပေးဖို့မမေ့နဲ့နော်။ဒါမှသာ ကိုယ်အလေးချိန်ကျသွားချိန်မှာ ကြွက်သားတွေလည်း တင်းတင်းရင်းရင်းနဲ့ ရှိနေမှာဖြစ်သလို ခန္ဓာကိုယ်ရဲ့ ဟော်မုန်းဓာတ်တွေလည်း မျှတနေမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ အရင်က မအောင်မြင်ခဲ့တဲ့ အစာငတ်ခံပြီး ကိုယ်အလေးချိန်လျှော့တဲ့နည်းလမ်းတွေကို အခုပဲ နှုတ်ဆက်လိုက်ပါတော့။ အခုကစပြီး အစားအသောက်မပျက် တစ်ရက်ကို ကိုယ်အလေးချိန် ၁ ပေါင်ကျစေမယ့်နည်းလမ်းကို လက်တွေ့ လုပ်ဆောင် ကြည့်လိုက်စို့နော်။ရေးသားသူ – အမရာကျော်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/the-bulletproof-diet/
သွေးပျစ်တဲ့ပြဿနာ ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ။
သွေးပျစ်တဲ့ပြဿနာ ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ။ သွေးပျစ်တဲ့ ပြဿနာကို အားလုံးကြားဖူးကြမှာပါ။ သူ့ဘာသာသူဆို ပြဿနာ မဖြစ်တတ်ပေမယ့် ဒီလို သွေးပျစ်တဲ့ ပြဿနာ ခံစားနေရတဲ့သူတွေဟာ နောက်ပိုင်း ကြာလာရင် သွေးကြော တွေထဲ သွေးခဲတဲ့ပြဿနာတွေဖြစ်၊ သွေးကြောတွေ ပိတ်သွားတတ်လို့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေအထိ ရောက်သွားတတ်ပါတယ်။ ဒ့ါကြောင့် ဒီသွေးပျစ်တဲ့ ကိစ္စဟာလည်း ပေါ့ဆလို့ မရတဲ့ ကျန်းမာရေးအခြေအနေတစ်ခုလို့ ပြောလို့ရပါတယ်။လူတိုင်းမှာ သွေးတွေရှိကြတာပဲ။ နောက်ပိုင်း အသက်တွေ ကြီးလာရင် ပျစ်လာမှာလား။ သွေးပျစ်တဲ့ပြဿနာ ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ။လူတိုင်းမှာ သွေးရှိတယ် ဆိုပေမယ့် လူတိုင်း သွေးပျစ်တဲ့ ပြဿနာကို ခံစားရမှာ မဟုတ်ပါဘူး။ သွေးပျစ်တဲ့ ဝေဒနာကိုခံစားရဖို့ အလားအလာ များတဲ့သူတွေ သပ်သပ် ရှိပါတယ်။ သူတို့တွေကတော့။သွေးပျစ်တဲ့ ပြဿနာကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းတွေ ကတော့။မိသားစုထဲ သွေးပျစ်တဲ့ မျိုးရိုး ရှိရင် ကိုယ့်မှာလည်း သွေးပျစ်နိုင်ဖို့ အလားအလာတွေ များတတ်ပါတယ်။Polycythemia vera (PV) လို့ခေါ်တဲ့ရိုးတွင်းခြင်ဆီကနေ သွေးဆဲလ်တွေ အများကြီးထုတ်လုပ်တဲ့ ကင်ဆာတစ်ခုဟာ သွေးပျစ်ခြင်းကိုဖြစ်စေရတဲ့ အဓိက အကြောင်းအရင်းတစ်ခုပါ။ ဒီလို PV ဝေဒနာခံစားနေရတဲ့ လူတွေမှာ ရိုးတွင်းခြင်ဆီကနေ သွေးနီဥ၊ သွေးဖြူဥ၊ သွေးတိတ်ဆဲလ်( platelets) တွေ အများကြီးထုတ်လိုက်တာကြောင့် သွေးပျစ်သွားရတာဖြစ်ပါတယ်။ အမျိုးသမီးတွေထက်စာရင် အမျိုးသားတွေက ပိုဖြစ်နိုင်ပါတယ်။Waldenstrom macroglobulinemia ဆိုတာသွေးဖြူဥကင်ဆာတစ်မျိုးဖြစ်တဲ့ ရှားပါး non-Hodgkinlymphomaတစ်မျိုးဖြစ်ပြီး ပုံမှန်မဟုတ်တဲ့ macroglobulin ပရိုတင်းတွေ သွေးထဲများနေတာကြောင့် သွေးပျစ်စေပြီး သွေးခဲခြင်းပြဿနာတွေကိုဖြစ်စေတတ်ပါတယ်။ခုခံအားကနေ ကိုယ့်ရဲ့ဆဲလ်တွေကိုပြန်တိုက်တဲ့အရေပြားလေးဖက်နာလို့ လူသိများကြတဲ့ SLE နဲ့ Lupus ေရာဂါတို့မှာ autoimmuneinflammationလို့ခေါ်တဲ့ ခုခံအားကပြန်တိုက်လို့ ရောင်ရမ်းတဲ့ပြဿနာကြောင့် Procoagulants သွေးပျစ်ပစ္စည်းတွေ အများကြီးထွက်လာတတ်ပါတယ်။ ဒီ Procoagulants တွေများများထွက်လေ သွေးများများပျစ်လေပါပဲ။ထိခိုက်ဒဏ်ရာတစ်ခုခုရလို့ သွေးထွက်တဲ့အခါ သွေးတိတ် စေဖို့ ကိုယ်တွင်းစနစ်က အလုပ်လုပ်ရပါတယ်။ ဒီထဲမှာ factor V လည်း တစ်ခု အပါအဝင်ပါ။ ဒီ factor V နည်းတဲ့အခါသွေးမတိတ်တဲ့ပြဿနာတွေဖြစ်သွားတတ်ပြီး ပုံမှန် မဟုတ်တဲ့အခါမျိုးတွေမှာတော့ သွေးပျစ်တဲ့ပြဿနာတွေဖြစ်စေပြီး အတွင်းပိုင်းသွေးကြောတွေမှာ သွေးခဲတဲ့ ပြဿနာတွေဖြစ်သွားနိုင်ပါတယ်။မျိုးရိုးဗီဇပြဿနာတစ်ခုဖြစ်တဲ့ protein C နဲ့ protein S နည်းနေတဲ့ပြဿနာမှာ သွေးခဲတွေ ပိုဖြစ်နိုင်တတ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သွေးပျစ်တဲ့ပြဿနာခံစားရတတ်ပါတယ်။မျိုးရိုးဗီဇဆိုင်ရာ ပြဿနာတစ်ခုကြောင့် သွေးခဲ စေတဲ့ ပရိုတင်းprothrombinမှာ ပြဿနာရှိနေတဲ့အခါမှာ သွေးပျစ်တာ သွေးခဲတာစတဲ့ ပြဿနာတွေဖြစ်တတ်ပါတယ်။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/other-blood-disorders/blood-thickening/
ပျားရည်ကို အသုံးပြုပြီး မျက်နှာအသားအရေ ထိန်းသိမ်းကြမယ်
ပျားရည်ကို အသုံးပြုပြီး မျက်နှာအသားအရေ ထိန်းသိမ်းကြမယ် …… ဆောင်းရာသီမှာ မိန်းကလေးတွေအတွက် သဘာဝကရတဲ့ ပျားရည်ကို အသုံးပြုပြီးမျက်နှာအသားအရေ ထိန်းသိမ်းလို့ ရမယ့်နည်းလမ်းတွေကို ဝေမျှပေးချင်ပါတယ်။ယောက်ျားလေးတွေလည်း အဆင်ပြေရင် လုပ်ကြည့်လို့ ရတယ်နော်။ အချိန်လည်း သိပ်ပေးစရာမလိုပဲ ကိုယ့်အိမ်မှာ ရှိတဲ့ ပစ္စည်းလေးတွေနဲ့ အလွယ်တကူ လုပ်လို့ရတဲ့ နည်းလမ်းလေးတွေဖြစ်လို့ အားလပ်ချိန်တွေမှာအသားအရေကို ထိန်းသိမ်းချင်သူတွေအတွက် သင့်လျော်မယ်လို့ ထင်ပါတယ်။ပျားရည်ကို အသုံးပြုပြီး မျက်နှာအသားအရေ ထိန်းသိမ်းကြမယ် ဘယ်လို ထိန်းသိမ်းကြမလဲဆိုတော့။၁။ ပထမနည်းလမ်းကတော့ပျားရည်ကို ဇွန်းအပြည့် တစ်ဇွန်းခပ်ပြီး မျက်နှာအနှံ့ ပွတ်လိမ်းပေးပါ။ ၅မိနစ်ကနေ နာရီဝက်လောက် မျက်နှာပေါ်မှာ ဒီအတိုင်းထားပြီးမှ ရေနွေးနွေးလေးနဲ့ သေချာသန့်စင်ပေးပါ။၂။ ဒုတိယနည်းလမ်းက နွားနို့တစ်ဇွန်း၊ ပျားရည်တစ်ဇွန်း၊ ကြက်ဥအနှစ် တစ်လုံးကို သေချာမွှေပေးပါ။ မျက်နှာသစ်ပြီးမှ မွှေထားတဲ့ ပျားရည်အနှစ်ကို မျက်နှာပေါ်မှာ သုတ်လိမ်းပေးပါ။ မိနစ် ၂၀လောက် ဒီအတိုင်းထားထားပြီးရင် ရေနွေးလေးနဲ့ သေချာသန့်စင်ပေးပါ။ပျားရည်မှာ အရေပြားကို သဘာဝအတိုင်းအစိုဓာတ်ထိန်းပေးနိုင်တဲ့ အာနိသင်ပါတဲ့အပြင် ဒီနည်းလမ်းတွေ အသုံးပြုပြီးတဲ့အချိန်မှာ ကိုယ့်အသားအရေလေးက နူးညံ့ပြီး ချောမွတ်နေတာကို ခံစားမိမှာပါ။ မျက်နှာကို သွေးလည်ပတ်မှု ကောင်းစေဖို့ Mask ကို စက်ဝိုင်းပုံစံ သုတ်လိမ်းပေးတာ ပိုကောင်းပါတယ်။ပျားရည်ကို သဘာဝအုန်းဆီတစ်ဇွန်းနဲ့ ရောမွှေပြီး မျက်နှာအနှံ့ ပွတ်လိမ်းပေးရုံပါ။ ၃မိနစ်လောက်နေရင် ရေနွေးနဲ့ သေချာပြန်ဆေးပေးပါ။ပျားရည်ဟာ ချွေးပေါက်ထဲမှာ ပိတ်နေတဲ့ အညစ်အကြေးတွေ၊ အဆီတွေကို သန့်စင်ပေးနိုင်တဲ့အပြင် မိန်းကလေးတွေမိတ်ကပ်ဖျက်တဲ့နေရာမှာလည်း အသုံးပြုလို့ ရပါတယ်။ အသုံးပြုတဲ့နေရာမှာ မျက်လုံးထဲ မဝင်သွားစေဖို့တော့ ဂရုစိုက်ပေးရမယ်နော်။ပျားရည် တစ်ဇွန်း၊ သံလွင်ဆီ တစ်ဇွန်းနဲ့သံပုရာရည်(သံပုရာသီး တစ်ခြမ်းစာလောက် ညှစ်ပေးရင် လုံလောက်ပါတယ်) ကို ရောမွှေပြီး အသားအရေခြောက်နေတဲ့ နေရာတွေကို ပွတ်လိမ်းပေးပါ။ မိနစ် ၂၀လောက်နေရင် အဝတ်သန့်သန့်လေးနဲ့ ပြန်သုတ်လိုက်ရုံပါပဲ။ ဆေးစရာတော့ မလိုပါဘူး။ဆောင်းရာသီမှာ အရေပြားမကြာခဏခြောက်သွေ့တဲ့သူတွေနဲ့ အသားမပပ်အောင် ကာကွယ်ဖို့အတွက် မကြာခဏ သုံးပေးသင့်တဲ့ နည်းလမ်းဖြစ်ပါတယ်။ပျားရည် ၂ဇွန်း၊ မုန့်ဖုတ်ဆိုဒါ တစ်ဇွန်းကို သေချာမွှေပြီး မျက်နှာကို ၃မိနစ်ခန့် သေချာပွတ်ပေးပါ။ ပြီးရင် ရေနွေးလေးနဲ့ ပြန်ဆေးချပေးရုံပါပဲ။မျက်နှာအတွက်သာမက ခန္ဓာကိုယ်နေရာအနှံ့အတွက်ပါ အသုံးပြုလို့ ရပါတယ်။ တစ်ပတ် တစ်ကြိမ် အသုံးပြုပေးရုံနဲ့ အရေပြားပေါ်က ပျက်စီးနေတဲ့ ဆဲလ်အသေတွေကို အလွှာလိုက် ကွာကျစေပြီး အသားအရေကိုလည်း ဝင်းပလာစေနိုင်ပါတယ်။အပေါ်မှာ ပြထားခဲ့တဲ့ နည်းလမ်း ၄ခုကို ပုံမှန်လေး လုပ်ပေးသွားမယ်ဆိုရင် အချိန်တိုအတွင်း သိသာထင်ရှားတဲ့ ရလဒ်ကို တွေ့ရှိရမှာ အသေအချာပါပဲ။ အထူးသဖြင့် အခုလိုဆောင်းရာသီအေးစက်နေတဲ့ ရာသီဥတုမျိုးမှာ ဖြစ်တတ်တဲ့ အရေပြားပြဿနာတွေ၊ အသားအရေခြောက်သွေ့တာတွေကိုလည်း ကာကွယ်ပေးနိုင်ပြီး အရေပြားကို သဘာဝအတိုင်း နူးညံ့စိုပြည်စေမှာပါ။၁။ ပျားရည်ဟာ အရေပြားကို သဘာဝအတိုင်း အစိုဓာတ်ထိန်းပေးနိုင်တယ်။၂။ ခြောက်သွေ့တဲ့ အရေပြားပိုင်ရှင်အတွက် အသားအရေကို စိုပြေချောမွတ်စေပြီး အဆီပြန်တတ်တဲ့သူတွေအလည်း သုံးလို့ အဆင်ပြေစေပါတယ်။၃။ ဝက်ခြံကြောင့် ကျန်ခဲ့တဲ့ အမာရွတ်တွေကို သက်သာပျောက်ကင်းစေတယ်။၄။ အမည်းစက်တွေ၊ ဝက်ခြံတွေကို ပျောက်စေပြီး အသားအရောင်ကိုလည်း ညီညာစေတယ်။၅။ ချွေးပေါက်အတွင်းထဲထိ ပိတ်နေတဲ့ ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်တယ်။၆။ မျက်နှာပေါ်ကအရေးအကြောင်းတွေကို သက်သာစေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။၇။ အလွယ်တကူ ဝယ်ယူလို့ ရတဲ့အပြင် အချိန်လည်း သိပ်မပေးရတာကြောင့် ကျား၊ မ မရွေး၊ အသက်အရွယ်မရွေး အသားအရေကို ထိန်းသိမ်းလိုသူတွေ၊ အလှကြိုက်သူတွေအတွက် အဆင်ပြေစေပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/skin-care-with-honey/
ခေါင်းကိုက်တာကို ပိုဆိုးစေတတ်တဲ့ နေထိုင်စားသောက်မှုပုံစံများ။
ပူပြင်းတဲ့ အပြင်ကိုလည်း မထွက်၊ ေနွရာသီလည်း မဟုတ်၊Migraine(ခေါင်းတစ်ခြမ်းကိုက်) ဝေဒနာသည်လည်း မဟုတ်ဘဲနဲ့ ခေါင်း ခဏခဏ ကိုက်နေပါသလား။ ဒါဆို ခေါင်းကိုက်အောင် လုပ်နေတဲ့ တရားခံဟာ သင်ကိုယ်တိုင်နဲ့ သင်စားနေတဲ့အစားအသောက်တွေပဲ ဖြစ်ပါလိမ့်မယ်။ ဒီဆောင်းပါးထဲမှာတော့ ဘယ်လိုအစားအစာတွေနဲ့ နေထိုင်မှု ပုံစံတွေ က ခေါင်းကိုက်ခြင်းကိုဖြစ်စေလဲ ဆိုတဲ့အကြောင်းကို ပြောပြပေးတော့မှာပါ ။ခေါင်းကိုက်စေတတ်တဲ့ အစားအသောက်တွေက ဘာတွေလဲ ။ ။အရက်။အရက်က သွေးလည်ပတ်မှုတွေကို ကောင်းစေတယ်ဆိုတာ အားလုံးသိကြပါတယ်။ ဒါပေမယ့် သင့်တော်တဲ့ ပမာဏအတွင်းသောက်မှ ကျန်းမာရေးကို အကျိုးပြုတာပါ။ အရမ်းအများကြီးသောက်လိုက်တဲ့အခါကျ အရက်မှာပါတဲ့ အဆိပ်အတောက်တွေကြောင့်ခေါင်းကိုက်တာေတွ ဖြစ်တတ်ပါတယ်။ အရက်က ရေဓါတ်ခမ်းခြောက်ခြင်း ကိုလည်းဖြစ်စေတာကြောင့် Migraine သမားတွေ မှာ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာ ပိုဆိုးစေတတ်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်တတ်တဲ့သူတွေအနေနဲ့ အရက်မျိုးနွယ်ဝင်တွေဖြစ်တဲ့ ဝိုင်နီ၊ဘီယာ၊ ဝီစကီ နဲ့ ရှန်ပိန်တို့ကို မသောက်တာ အကောင်းဆုံးပါ။တာရှည်ခံအောင်လုပ်ထားတဲ့ အစားအစာတွေ ။တာရှည်ခံ အစားအသောက်တွေမှာပါတဲ့ Nitrates and nitrites (ယမ်းစိမ်း)တို့ဟာ ခေါင်းကိုက်ခြင်းကို ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်တဲ့ ဝေဒနာကို ကြောက်ရင် ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်၊ စည်သွပ်ဘူးတွေ လျှော့စားသင့်ပါတယ်။အချိုမှုန့်။အချိုမှုန့်၊ အသားမှုန့်တွေဆိုတာ စားသောက်ဖွယ်ရာတွေကို အရသာရှိအောင် လုပ်ပေးတယ်ဆိုပေမယ့် ကျန်းမာရေးအတွက်တော့ လုံးဝကိုအကျိုးမပြုတဲ့ အရာတစ်ခုပါ။ အချိုမှုန့် များများစားလိုက်မိရင် ရေအရမ်းငတ်တာ၊ ခေါင်းတွေကိုက်တာ၊ ချွေးစေးတွေ ပြန်တာမျိုး ဖြစ်ဖူးကြတယ်မလား။ ဒါတွေကို ဖြစ်စေတဲ့ တရားခံက အချိုမှုန့်မှာပါတဲ့ Monosodium glutamate (MSG)ပါ။ခေါင်းကိုက်ခြင်းကို ဖြစ်စေတဲ့ အခြား အစားအစာတွေကတော့။ကဖင်းဓါတ်။ကော်ဖီ၊ ချော့ကလက်နဲ့ လက်ဖက်ရည်တို့သောက်လိုက်ရင် ခေါင်းကြည်သွားတယ်ဟုတ်။ သင့်တော်တဲ့ ပမာဏ အတွင်းသောက်မှသာ ကဖင်းဓါတ်က ဒီလို ခေါင်းကြည်စေမှာပါ။ အများကြီးသောက်မိတဲ့အခါကျတန်ဆေး လွန်ဘေးြဖစ်သွားလို့ ခေါင်းမကြည်စေတဲ့အပြင် ခေါင်းကိုက်ခြင်းကိုပါ ဖြစ်စေဦးမှာပါ။ ဒါကြောင့် တစ်နေ့ကို အများဆုံးကော်ဖီ၃ ခွက်ထက် ပိုမသောက်ပါနဲ့။ ။အစားအသောက်တွေတင် မကပါဘူး။ ကိုယ်ရဲ့အနေအထိုင် အပြုအမူတွေကြောင့်လည်း ခေါင်းကိုက်ဝေဒနာခံစားရတတ်ပါတယ်။ ဘာတွေလဲဆိုတော့။ဒီလို ခေါင်းကိုက်ခြင်းကို ဖြစ်စေတဲ့အစားအသောက်တွေ ၊ အကြောင်းအရာတွေကို သိထားတော့ ခေါင်းမကိုက်အောင် ဘယ်လို ပြုမူနေထိုင်ရမလဲ ။ ဘယ်လို အစားအစာတွေကို ရှောင်ရမလဲဆိုတာ သိသွားတာပေါ့ ။ ဒါဆို ခေါင်းမကိုက်အောင် ဘာတွေကိုရှောင် ဘာတွေကိုဆောင်ရမလဲ ။ ။အပေါ်မှာပြောခဲ့တဲ့ ခေါင်းကိုက်ခြင်းကို ဖြစ်စေတဲ့ အစားအသောက်တွေကို မဖြတ်နိုင်ရင်တောင် လျှော့စားစေချင်ပါတယ်။ နောက်ပြီးအိပ်ရေးဝဝအိပ်ပါ။ မနက်စာစားပါ။ ရေများများသောက်ပါ။ စိတ်ဖိစီးမှု ကင်းအောင် တတ်နိုင်သမျှ နေပါ။ ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/headaches-and-migraines/food-and-lifestyle-for-headache/
ပြန်ရည်ကျိတ်ရောင်ရမ်းခြင်း
ပြန်ရည်ကျိတ်ရောင်ရမ်းခြင်းရဲ့ အဖြစ်အများဆုံး လက္ခဏာတွေကတော့။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ပြန်ရည်ကျိတ်တွေ၊ ပြန်ရည်ပြွန်တွေ၊ ပြန်ရည်ကြောတွေနဲ့ ပြန်ရည်ထုတ်လုပ်ပေးပြီး တစ်ရှူးတွေကတဆင့် သွေးလှည့်ပတ်မှုလမ်းကြောင်းထဲ ပို့ဆောင်ပေးတဲ့ ကိုယ်တွင်းအင်္ဂါတွေ ဆက်စပ်ယှက်နွယ်နေတဲ့ အဖွဲ့အစည်းကို ပြန်ရည်အဖွဲ့အစည်းလို့ ခေါ်ပါတယ်။ပြန်ရည်ဂလင်း သို့မဟုတ် ပြန်ရည်ကျိတ်တွေက ပြန်ရည်စစ်ထုတ်ပေးတဲ့ လုပ်ငန်းစဉ်ကို တာဝန်ယူဆောင်ရွက်ပေးပါတယ်။ ၎င်းပြန်ရည်ကျိတ်တွေထဲမှာ ရောဂါပိုးမွှားတွေကို ခုခံတိုက်ခိုက်ပေးတဲ့ သွေးဖြူဥဆဲလ် အများအပြား ပါဝင်ပါတယ်။ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ကပ်ပါးမှိုစတဲ့ ရောဂါပိုးမွှားအမျိုးမျိုး ကူးစက်ခံရခြင်းကြောင့် ပြန်ရည်ကျိတ်တွေ ရောင်ရမ်းပြီး အရွယ်အစားကြီးမားလာခြင်းကို ပြန်ရည်ကျိတ်ရောင်ရမ်းခြင်းလို့ ခေါ်တာဖြစ်ပါတယ်။ ပိုးဝင်တဲ့နေရာ၊ အကျိတ်ရှိတဲ့နေရာနဲ့ ရောင်ရမ်းမှုဖြစ်ပေါ်တဲ့နေရာတဝိုက်မှာ ရောင်ရမ်းနေတဲ့ပြန်ရည်ကျိတ်တွေကို အများဆုံးတွေ့နိုင်ပါတယ်။အရေပြားပိုးဝင်ခြင်း၊ Streptococcus၊ Staphylococcus နဲ့ အခြားဘက်တီးရီးယားပိုးမွှားများ ကူးစက်ခံရခြင်း စတာတွေရဲ့ နောက်ဆက်တွဲရလဒ်အဖြစ် ပြန်ရည်ကျိတ်ရောင်ရမ်းနိုင်သလို၊ တီဘီရောဂါ၊ ကြောင်ကုတ်ရာ၊ ကိုက်ရာကနေ Bartonella လို ရှားပါးတဲ့ ဘက်တီးရီးယားပိုးမွှား ကူးစက်ခံရခြင်းကြောင့်လည်း ဒီပြဿနာဖြစ်လာနိုင်ပါတယ်။အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့လိုအပ်ပါတယ်။ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသော အချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။ပြန်ရည်ကျိတ်ရောင်ရမ်းခြင်းကို အဖြေရှာအတည်ပြုရာမှာ အရေးအကြီးဆုံး အဆင့်တွေကတော့ ရောဂါရာဇဝင်မေးမြန်းခြင်းနဲ့ ခန္ဓါကိုယ်စမ်းသပ်စစ်ဆေးခြင်းတို့ပဲ ဖြစ်ပါတယ်။ သင့်ဆရာဝန်က အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ လတ်တလောခရီးသွားထားခြင်း၊ အရေပြားပွန်းပဲ့ခြင်း၊ ကြောင် သို့မဟုတ် အခြားတိရစ္ဆာန်များနဲ့ ထိတွေ့ခြင်းရှိမရှိ စတဲ့ အချက်အလက်တွေအပါအဝင် ရောဂါရာဇဝင်ကို အသေးစိတ်မေးမြန်းမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ ရောင်ရမ်းနေတဲ့ ပြန်ရည်ကျိတ်တွေရဲ့ အနီးတဝိုက် ပိုးဝင်ထားတဲ့လက္ခဏာရှိမရှိ စစ်ဆေးမှာဖြစ်ပါတယ်။နောက်ထပ်ပြုလုပ်ရနိုင်ချေရှိတဲ့ စစ်ဆေးမှုတွေကတော့။အောက်ဖေြာ်ပပါ အချက်အလက်တွေအပေါ်မူတည်ပြီး သင်နဲ့အသင့်တော်ဆုံးဖြစ်မယ့် ကုသမှုအစီအစဉ်ကို သင့်ဆရာဝန် စဉ်းစားမှာဖြစ်ပါတယ်။ပြန်ရည်ကျိတ်တွေထဲ ပျံ့နှံ့နေတဲ့ ရောဂါပိုးအမျိုးအစားကိုလိုက်ပြီး ကုသမှုတွေ ကွဲပြားသွားမှာဖြစ်ပါတယ်။ အရေအတွက်တစ်ခုသော ပြန်ရည်ကျိတ်တွေဆီ ရောဂါပိုးပျံ့နှံ့သွားပြီဆိုတာနဲ့ အခြားပြန်ရည်ကျိတ်တွေနဲ့ ခန္ဓါကိုယ်အစိတ်အပိုင်းတွေဆီ အချိန်တိုအတွင်း ဆက်လက်ပျံ့နှံ့နိုင်တဲ့အတွက် အကြောင်းအရင်းကို အမြန်ဆုံးရှာဖွေပြီး ကုသမှုကို အမြန်ဆုံးစတင်နိုင်ဖို့ အရေးကြီးပါတယ်။ကုသမှုမှာပါဝင်နိုင်တဲ့ အချို့ဆေးဝါးတွေကတော့။အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ပြန်ရည်ကျိတ်ရောင်ရမ်းခြင်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ပြန်ရည်ကျိတ်ရောင်ရမ်းခြင်းကို ကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%bb%e1%80%95%e1%80%94%e1%80%b9%e1%80%9b%e1%80%8a%e1%80%b9%e1%80%80%e1%80%ba%e1%80%ad%e1%80%90%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%84%e1%80%b9%e1%80%9b%e1%80%99%e1%80%b9%e1%80%b8%e1%80%bb/
ဇီးဖြူသီးစေ့ စားလို့ ရလား!
ဇီးဖြူသီး အသားကို စားလို့ရတယ်။  ဆေးဖက်ဝင်တယ်။  ဇီးဖြူသီးစေ့ စားလို့ ရလား !ဆိုတာကို သိချင်လား။ ဒါဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ဇီးဖြူသီး အသားကို စားလို့ရတယ်ဆိုတာကို သိပေမယ့် ဇီးဖြူသီး အစေ့ကို စားလို့ရတယ်ဆိုတာကတော့ သိသူ ခပ်ရှားရှားပါ။ Hello ဆရာဝန်ရဲ့ ပရိသတ်ကြီးရော ဇီးဖြူသီးစေ့ စားလို့ရတယ်ဆိုတာ သိပြီးပြီလား! မသိသေးဘူး ဘာကောင်းကျိုးတွေ ရနိုင်လဲဆိုတာကို သိချင်တယ် ဆိုရင်တော့ စာလေးကို ဆက်ဖတ်ကြည့်လိုက်ပါဦးနော်။ဇီးဖြူသီးစေ့ ဆိုတာက ထွေထွေထူးထူး ပြောစရာ မလိုအောင် အားလုံးသိပြီး ဖြစ်တဲ့ ဇီးဖြူသီးလေးတွေရဲ့ အစေ့ပါ။ အစိမ်းရောင် နုနုလေးပါ။ အထဲက အဆံကို စားပေးလို့ ရပါတယ်။ဇီးဖြူသီးစေ့မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ဇီးဖြူသီးစေ့ကို စားလို့ ရလား! ဆိုတော့ ရပါတယ်။ ဇီးဖြူသီးစေ့ကို စားပေးတာက အခုလို အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။ကိုယ်ခံအား ကောင်းစေတယ်။ဇီးဖြူသီးစေ့မှာ ဗီတာမင် C ပါဝင်နေတာကြောင့်ကိုယ်ခံအား ကောင်းစေဖို့ထောက်ကူပေးနိုင်ပါတယ်။ အဖျားအနာ ကင်းစေဖို့ အဖျားသက်သာစေဖို့ ဇီးဖြူသီးစေ့ကို အသုံးပြုလို့ ရပါတယ်။အသားအရေ ကျန်းမာစေတယ်။ဇီးဖြူသီးစေ့မှာ ဗီတာမင် C ပါဝင်နေတာကြောင့်အသားအရေ ကျန်းမာစေဖို့ထောက်ကူပေးပြီးဝက်ခြံသက်သာစေဖို့လည်း ထောက်ကူပေးပါတယ်။ ဒါကြောင့် အသားအရေကို အနာအဆာ ကင်းပြီး ကျန်းမာချင်တယ်ဆိုရင် ဇီးဖြူသီးစေ့ကို စားပေးလို့ ရပါတယ်။အရေပြားမှာ အင်ပြင်ထတာ၊ဓာတ်မတည့်တာတွေကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။မျက်လုံး ကျန်းမာစေတယ်။ဇီးဖြူသီးစေ့ကဗီတာမင် Aပါဝင်နေတာကြောင့် မျက်လုံးတွေကို ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။မျက်စိနာတာ၊ မျက်စိရောင်တာတွေကို သက်သာစေဖို့ ဇီးဖြုသီးစေ့ကို ကြိတ်ပြီး မျက်လုံးတဝိုက်ကို အသုံးပြုပေးလို့ ရပါတယ်။သွေးတိတ်စေနိုင်တယ်။ဇီးဖြူသီးစေ့ကို အခြောက်ခံ အမှုန့်ကြိတ်ပြီး သွေးထွက်နေတဲ့ အနာတွေကိုသွေးတိတ်စေဖို့အသုံးပြုပေးလို့ ရပါတယ်။ ဇီးဖြူသီးစေ့ကို စားပေးလို့လည်း ရပါတယ်။အဆုတ် ကျန်းမာစေတယ်။ဇီးဖြူသီးစေ့ကို စားပေးတာက အဆုတ်ကို ကျန်းမာစေပြီး အသက်ရှူလမ်းကြောင်းကို ကျန်းမာစေနိုင်ပါတယ်။ ချောင်းဆိုးရင်ကြပ်တာ၊ ချွဲကြပ်တာတွေကို အသုံးပြုပေးလို့ ရပါတယ်။ အဆုတ်တွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ဝမ်းမှန်စေတယ်။ဇီးဖြူသီးစေ့ကဝမ်းမှန်စေပြီး အစာအိမ် အူလမ်းကြောင်းတွေ လှုပ်ရှားမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ဝမ်းမှန်ချင်တယ်ဆိုရင် ဇီးဖြူသီးစေ့ကို စားပေးလို့ ရပါတယ်။ဇီးဖြူသီးစေ့က ကျန်းမာစေတယ် ဆိုပေမယ့် အများကြီးစားတာမျိုးကတော့ မကောင်းပါဘူး။ဇီးဖြူသီး အစေ့က ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် သိပ္ပံနည်းကျ အတည်ပြုဖို့ လိုပါသေးတယ်။ သဘာဝကရတယ်ဆိုပေမဲ့ ဓာတု‌ဗေဒနည်းအရ သန့်စင်ထားတာမျိုး မရှိရင် ဥပါဒ်ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးက ဗဟုသုတအနေနဲ့သာ မျှဝေထားခြင်း ဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်တွေ၊ ရောဂါအခံ ရှိသူတွေ၊ ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေ အနေနဲ့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီးမှ အသုံးပြုသင့်ပါတယ်။ သာမန်သူတွေအနေနဲ့လည်း အလွန်အကျွံအသုံးပြုတာကို ရှောင်ကြဉ်သင့်ပါတယ်။# ကြက်မောက်သီးစေ့  စားလို့ရလား!။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/gooseberry-seeds-benefits/
ရေဓာတ် အကြွယ်ဝဆုံး ဖြည့်တင်းပေးနိုင်မယ့် အစားအစာ ၈ မျိုး
လူတစ်ယောက်ဟာ အနည်းဆုံး တစ်ရက်မှာရေ ၈ ခွက်လောက် ဖြည့်တင်းပေးဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ကို သင့်အနေနဲ့ ကြားဖူးရင် ကြားဖူးမှာပါ။ ဒီလိုမှမဟုတ်ရင် သင် ရေဓာတ် ဆုံးရှုံးမှုဖြစ်နိုင်ပါတယ်တဲ့။ဒါပေမယ့် လူအတော်များများက ဒီအချက်နဲ့ပတ်သက်ပြီး နားလည်မှုလွဲမှားတတ်ကြပါတယ်။ ခန္ဓာကိုယ်ကြီးဟာ နေ့စဉ်ရေဓာတ်လိုအပ်နေတာမှန်ပေမယ့် ဒီလိုဆိုလာလို့ တစ်နေကုန်တစ်နေခန်း ရေတွေချည်းထိုင်သောက်နေဖို့ လိုအပ်တယ်ဆိုတဲ့ အဓိပ္ပာယ်တော့မဟုတ်ပါဘူး။ရေဓာတ်ပါဝင်မှုများတဲ့၊ ရေဓာတ်ကြွယ်ဝတဲ့ သစ်သီးဝလံတွေ၊ အစားအစာတွေကိုလည်း စားသောက်ပြီးလည်း တစ်ဖက်တစ်လမ်းကနေ ရေဓာတ်ဖြည့်တင်းလို့ရပါသေးတယ်။ အစားအစာကနေတဆင့် ရေဓာတ်ကို ဖြည့်တင်းတာကလည်း မှန်ကန်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။National Academies of Science, Engineering and Medicine ရဲ့ အကြံပေးချက်အရဆိုရင်တော့ လူတစ်ယောက်ဟာ ခန္ဓာကိုယ်အလေးချိန်တစ်ပေါင်အတွက် တစ်နေ့ကို ရေ အောင်စဝက်ကနေ တစ်အောင်စအထိ ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်တဲ့။ တကယ်လို့သင်က ပေါင် ၁၅၀ လောက်ရှိမယ်ဆိုရင် တစ်နေ့ကို ၁၀ အောင်စနဲ့ ၁၈ အောင်စကြား ဖြည့်တင်းပေးဖို့ လိုအပ်မယ်ဆိုတဲ့ သဘောပါ။ဒီလောက်များပြားတဲ့ရေပမာဏကို ရေသောက်သုံးတဲ့ နည်းလမ်းတစ်ခုတည်းနဲ့တော့ ဖြည့်ဆည်းဖို့ မလွယ်ကူပါဘူး။ ဒီတော့ ရေဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကိုလည်း အစားထိုးမှီဝဲဖို့ လိုအပ်လာတာပေါ့။ဒါကြောင့် အစားအစာတွေထဲမှာမှ ရေဓာတ်ပါဝင်မှုအများဆုံး အစားအစာ ၈ မျိုးကို ဖော်ပြပေးချင်ပါတယ်။ ဒီအစားအစာ ၈ မျိုးကတော့ ရေဓာတ်ဖြည့်တင်းရာမှာ ဦးစားပေးရွေးချယ်သင့်တဲ့ အစားအစာတွေပေါ့။၁။ သခွားသီး။သခွားသီးမှာ ရေဓာတ်ပါဝင်မှုက ၉၅% တောင်ရှိပါတယ်။ ရေဓာတ်ပါဝင်မှုအများဆုံး သစ်သီးဝလံလို့တောင် ဆိုရမယ့်ပုံပါ။ ရေဓာတ်ဖြည့်တင်းဖို့အတွက် အရွေးချယ်သင့်ဆုံး အစားအစာတစ်ခုပါပဲ။ နောက်ထပ်ထူးခြားတာကတော့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်းပါဝင်နေတဲ့ သခွားသီးဟာ အသားအရေလှပမှုကိုလည်း အကျိုးပြုနိုင်သေးတာပါပဲ။၂။ စဲလယ်ရီတရုတ်နံနံနဲ့ မြေပဲထောပတ်အနှစ်။စဲလယ်ရီဟာကယ်လိုရီပါဝင်မှုနည်းပါးပြီး ရေဓာတ်အများစုနဲ့ တည်ဆောက်ထားတဲ့ ဟင်းရွက်တစ်မျိုးပါ။ ရေဓာတ် ဆုံးရှုံးမှုကို ပြန်လည်အဖတ်ဆည်ပေးနိုင်တဲ့ အစားအစာဆိုရင်လည်း မမှားပါဘူး။ မြေပဲထောပတ်နဲ့ တွဲဖက်စားမယ်ဆိုရင်တော့ ပရိုတိန်းနဲ့ ဗီတာမင်တွေကိုပါ ပိုမိုဖြည့်တင်းပေးနိုင်မှာဖြစ်ပါတယ်။၃။ ဖရဲသီး။နွေရာသီရောက်တိုင်းဖရဲသီးစားပြီးရေဓာတ်ဖြည့်တင်းကြတာက ထုံးစံတစ်ခုလိုဖြစ်နေပါပြီ။ ပူလာရင် ချွေးထွက်လာရင် ဖရဲသီးလေးပြေးပြေးစားခဲ့ကြတာက ငယ်ဘဝကတည်းကလေ။ ဖရဲသီးဟာ ရေဓာတ်ပါဝင်မှုများပြားပြီး ကယ်လိုရီလည်း နည်းပါးပါတယ်။ ကိုယ်အလေးချိန်လျှော့ချချင်သူတွေ အကြိုက်ပေါ့။၄။ သခွားမွှေး။ပိုတက်ဆီယမ်ကြွယ်ဝတဲ့သခွားမွှေးဟာ ရေဓာတ်ဖြည့်တင်းပေးနိုင်တဲ့ အစွမ်းတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဖရဲမျိုးထဲမှာပါဝင်တဲ့ သခွားမွှေးသီးဟာ တစ်ခွက်စာမှာ ပိုတက်ဆီယမ် ၄၂၇ မီလီဂရမ်လောက်ပါဝင်ပြီး တစ်နေ့တာလိုအပ်တဲ့ ပမာဏရဲ့ ၉% လောက်ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။၅။ စတော်ဘယ်ရီ။စတော်ဘယ်ရီသီးဟာအံ့အားသင့်ဖွယ်ကောင်းလောက်အောင်ကို ရေဓာတ် ပါဝင်မှုများပါတယ်။ ချိုမြိန်တဲ့အရသာနဲ့အတူ ရေဓာတ်အမြောက်အများ ဖြည့်ဆည်းပေးနိုင်တာမို့ ရေဓာတ်လိုအပ်နေချိန်တွေမှာ စားသုံးပေးသင့်တဲ့ သစ်သီးတစ်မျိုးလို့ ဆိုရမှာပါ။ စတောဘယ်ရီသီးရဲ့ ရေဓာတ်ပါဝင်မှုပမာဏက ၉၁% တောင်ရှိပါတယ်။၆။ ဂေါ်ဖီမျိုးဝင်များ။ဂေါ်ဖီနွယ်ဝင် ဟင်းရွက်တွေကို ရေခဲတုံးကြီးတွေလို့တောင် တင်စားတတ်ကြပါတယ်။ ရေဓာတ်ပါဝင်မှု ၉၅% အထိရှိတာမို့ အလွန်များပြီး အာဟာရဓာတ်လည်းကြွယ်ဝပါတယ်။ ဘယ်လိုစီမံချက်ပြုတ်စားသည်ဖြစ်စေ သူ့ရဲ့ ရေဓာတ်ဖြည့်တင်းပေးနိုင်စွမ်းက မြင့်မားနေမှာဖြစ်ပါတယ်။၇။ ခရမ်းချဉ်သီး။ခရမ်းချဉ်သီးဟာ အသားအရေလှပစေတယ်လို့ လူသိများပါတယ်။ ဒါပေမယ့် ဒီတစ်ခုတည်းက သူ့ရဲ့ အားသာချက်မဟုတ်ပါဘူး။ ရေဓာတ် ၉၅% အထိပါဝင်နေခြင်းနဲ့ ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝခြင်းတွေကလည်း သူ့ရဲ့ အရေးပါတဲ့ နောက်ထပ် အကျိုးကျေးဇူးတွေပါပဲ။ ဒါကြောင့် ခရမ်းချဉ်သီးကို နေစဉ်ပုံမှန် မှီဝဲပေးမယ်ဆိုရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်ကို ကောင်းကောင်းဖြည့်တင်းပေးနိုင်မှာဖြစ်သလို အသားအရေလည်း ကြည်လင်လှပစေမှာဖြစ်ပါတယ်။၈။ ငရုတ်ပွသီး။ငရုတ်သီးဟာ ရေဓာတ်ကြွယ်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတဲ့ ယုံကြည်ချက်ဟာ ရှေးမာယာလူမျိုးတွေက ခေတ်ကတည်းက လက်ခံထားတဲ့ အယူအဆတစ်ခုဖြစ်ပါတယ်။ ဒီအချက်ဟာ မှန်ကန်မှုရှိပြီး အစပ်အရသာသိပ်မကဲတဲ့ ငရုတ်ပွသီးလှလှကြီးတွေဟာ ရေဓာတ် ၉၂% အထိ ပါဝင်နေပါတယ်။ ဒါကြောင့်လည်း မက္ကဆီကိုတွေဟာ အသုပ်စုံတွေနဲ့ Salsas တွေမှာ ငရုပ်သီးတွေကို အခြေခံကာဖန်တီးမှီဝဲကြတာဖြစ်ပါတယ်။ဒါပေမယ့် သတိထားဖို့ လိုအပ်တဲ့ အချက်တစ်ခုရှိနေပါတယ်။ ဒါကတော့ သင့်အနေနဲ့ အစားအသောက်တွေကနေ ရေဓာတ်ဖြည့်ဆည်းနိုင်တာမှန်ပေမယ့် ရေကိုလည်း အတိုင်းအတာတစ်ခုအထိ သောက်သုံးပေးဖို့ လိုအပ်တယ်ဆိုတာပါပဲ။လူတွေ ရေသောက်တာဟာ ရေဓာတ်ဖြည့်ဆည်းမှုတစ်ခုတည်းအတွက် အကျိုးရှိတာမဟုတ်ပါဘူး။ ကျောက်ကပ်ပုံမှန်အလုပ်လုပ်ဖို့အတွက်လည်း လိုအပ်တာကြောင့်ဖြစ်ပါတယ်။ ရေဓာတ်ဖြည့်တင်းနိုင်တဲ့ အစားအစာတွေနဲ့ သောက်သုံးရေနဲ့ကို မှန်ကန်မျှတစွာ မှီဝဲဖြည့်တင်းနိုင်မယ်ဆိုရင် သင်ဟာ ကျန်းမာတဲ့လူသားတစ်ယောက် မလွဲမသွေဖြစ်လာမှာပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/top-8-hydrating-foods/
ဆောင်းရာသီနှင့် အရေပြားအလှအပ ထိန်းသိမ်းခြင်း
ဘာလိုလိုနဲ့ ဆောင်းရာသီထဲကို ဝင်လာပြီနော်။ မနက်ပိုင်းတွေမှာတော့ သိပ်မသိသာပေမယ့် ညနက်လာလေ အေးစိမ့်စိမ့်လေး ဖြစ်လာတာ သတိထားမိကြမှာပါ။ဆောင်းတွင်းေရာက်ပြီဆိုတာနဲ့ လူတော်တော်များများက အအေးမိဖျားနာမှာ ကြောက်ကြလို့ကျန်းမာရေးကို ပိုဂရုစိုက်တတ်ကြတယ်။ ဒါဟာ ကောင်းတဲ့အလေ့အကျင့်လေး တစ်ခုပါပဲ။ ဒါပေမယ့် ကျန်းမာရေးတစ်ခုတည်းကိုပဲ ဂရုစိုက်လို့ မဖြစ်ဘူးနော်။ အေးပြီး ခြောက်သွေ့နေတဲ့ ရာသီဥတုမျိုးမှာ မကြာခဏဖြစ်တတ်တဲ့အရေပြားခြောက်တာ၊ အက်ကွဲတာမျိုးမဖြစ်ရလေအောင် ဘယ်လိုကာကွယ်မလဲ၊ ဆောင်းရာသီမှာ ကိုယ့်အသားအရေကို ဘယ်လိုထိန်းသိမ်းလို့ရမလဲဆိုတဲ့ အလှအပဆိုင်ရာ နည်းလမ်းလေးတွေ ဝေမျှပေးလိုက်မယ်နော်။ဆောင်းရာသီလို အေးစက်နေတဲ့ အချိန်ကာလမျိုးမှာ ရေနွေးလေးနဲ့ ရေချိုးပေးတာဟာ အရေပြားအတွင်းထဲမှာ ပိတ်နေတဲ့ အညစ်အကြေး၊ အဆီတွေကို သန့်စင်ပေးလို့အသားအရေကို ကြည်လင်စေတယ်။အစိုဓါတ်ကိုလည်း ခမ်းခြောက်မသွားစေဖို့ ရေနွေးက ကာကွယ်ပေးနိုင်တယ်။ ကျန်းမာရေးနဲ့လည်း ညီညွတ်စေလို့ ရေပူ၊ ရေအေးထက်စာရင် ရေကျက်နွေးလေးနဲ့ ရေချိုးပေးတာက အကောင်းဆုံးပါပဲ။အရေပြားက စိုပြည်ဝင်းပနေစေဖို့ အစိုဓါတ်ကောင်းကောင်းရဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ရေချိုးပြီးတဲ့အချိန်တိုင်း အစိုဓါတ်ထိန်းခရင်မ် (moisturizer) ပြန်လိမ်းပေးပြီး အရေပြားကို ရေဓါတ်ခမ်းခြောက်မသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။အေးတိအေးစက် ညတွေမှာ ခြေတွေ၊ လက်တွေ အသားပပ်တာ၊ ခြောက်သွေ့တာမျိုး မဖြစ်ရအောင် လက်အိတ်၊ ခြေအိတ်စွပ်ပြီး အိပ်ပါ။ အပြင်ထွက်ရင်လည်းနေလောင်ကာ ခရင်မ်(sunscreen) လိမ်းပေးဖို့ မမေ့ပါနဲ့နော်။ ရာသီဥတုက ပူပူ၊ အေးအေး၊ နေလောင်ဒဏ်ဟာ အသားအရည်ကို ပျက်စီးစေတဲ့ အကြောင်းရင်းထဲက တစ်ခုဖြစ်လို့ အပြင်ထွက်တော့မယ်ဆိုရင် မျက်နှာ၊ လည်ပင်း၊ ဂုတ်သား၊ လက်တွေကို နေလောင်ကာခရင်မ် လိမ်းပေးဖို့ လိုအပ်ပါတယ်။ရေဟာ လူ့ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာပါ။ ဆောင်းရာသီလို အေးတဲ့အချိန်မျိုးမှာ လူတော်တော်များများကရေထက် ကော်ဖီ၊ ရေနွေးကြမ်း ပူပူနွေးနွေးကို ပိုပြီး သောက်တတ်ကြပါတယ်။ မကောင်းတဲ့ အလေ့အကျင့်တော့ မဟုတ်ပေမဲ့ ကိုယ့်ရဲ့ ခန္ဓါကိုယ်က ရေဓါတ်ကို အမြဲလိုအပ်နေတယ်ဆိုတာ သိထားရပါမယ်။ ဒါကြောင့် ရေကို တစ်နေ့ အနည်းဆုံး ၃လီတာဝန်းကျင်လောက် သောက်ပေးပါ။ ရေခဲရေကိုတော့ ဘယ်ရာသီမဆို ရှောင်တာအကောင်းဆုံးပါပဲ။လူတော်တော်များများက မျက်နှာ၊ဆံပင်နဲ့ ခန္ဓါကိုယ်ကိုသာ အဓိက ဂရုစိုက်တတ်ကြပြီး ဒူးခေါင်းနဲ့ တံတောင်ဆစ်ကို မေ့တတ်ကြပါတယ်။ ဒူးခေါင်းနဲ့ တံတောင်ဆစ် အရေပြားဟာ ပိုထူပြီး အစိုဓါတ်ဆုံးရှုံးတာ ပိုမြန်ပါတယ်။ ဒီလိုနေရာတွေကို သေချာဂရုစိုက်ဖို့ မေ့လျော့တဲ့အခါမှာ အချိန်ကြာလာတာနဲ့အမျှ အရေပြားက ခြောက်သွေ့ပြီး မည်းညစ်လာပါတယ်။ ဒါကြောင့် ရေချိုးတဲ့အခါမှာ တံတောင်ဆစ်နဲ့ ဒူးခေါင်းကို သေချာတိုက်ချွတ်ပေးပါ။ ရေချိုးပြီးရင်လည်း အစိုဓါတ်ထိန်းခရင်မ်လေး ပြန်လိမ်းပေးဖို့ သတိထားပေးနော်။အပြင်ပန်း အသားအရေကို အစိုဓါတ်ထိန်းခရင်မ်တွေ လိမ်းပေးတဲ့အချိန်မှာ ကိုယ်တွင်းမှာ ရေဓါတ်တွေ ပြည့်ဝနေဖို့ အရေးကြီးပါတယ်။ ဆောင်းရာသီလိုအချိန်မျိုးမှာ ဆုံးရှုံးသွားတဲ့ ကိုယ်တွင်းရေဓါတ်တွေကို ပြန်လည် ဖြည့်တင်းပေးဖို့ ရေများများ သောက်ပေးရမယ့်အပြင်အသီးအနှံေတွလည်း များများ စားပေးဖို့ လိုအပ်ပါတယ်။ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ သခွားသီးတွေမှာ ရေဓါတ် အများအပြားပါဝင်လို့ ထမင်းစားတဲ့အချိန် မှန်မှန်လေး စားပေးပါ။ အသားအရေကို စိုပြည်ဝင်းမွတ်နေစေဖို့ ဗီတာမင် C နဲ့ Omega-3 fatty acid ပေါကြွယ်ဝတဲ့ ငါးတွေလည်း ပုံမှန်စားပေးပါ။ဆောင်းရာသီမှာ အရေပြားအလှအပကို ဂရုစိုက်ဖို့ လိုအပ်သလို ကျန်းမာရေးကိုလည်း မေ့ထားလို့ မဖြစ်ဘူးနော်။ အာဟာရမျှတတဲ့ အစားအစာတွေကို မှန်မှန်စားပါ။ ရေများများသောက်ပါ။ အိပ်ချိန်ပြည့်ဝစေဖို့ ဂရုစိုက်ပါ။ ကိုယ်လက်လေ့ကျင့်ခန်း များများလုပ်ပါ။ မှန်ကန်တဲ့ စားသောက်နေထိုင်မှုပုံစံနဲ့ ဆောင်းရာသီကို အန်တုဖို့ အခုထဲက စပြီး ကြိုးစားလိုက်ကြရအောင်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/skin-treatment-in-winter/
အဆစ်ရောင်သူများ ရှောင်ကြဉ်သင့်သည့် စားသောက်ဖွယ်ရာများ
အဆစ်အမြစ်ရောင်ခြင်းဟာ တွေ့ရများတဲ့ အခြေအနေတခု ဖြစ်ပါတယ်။အရိုးအဆစ်တွေဟာ နာတာရှည်ရောင်ရမ်းပြီး နာကျင်ကိုက်ခဲခြင်းကို ဖြစ်ပေါ်စေပါတယ်။ စစ်တမ်းတခုမှာ ဖော်ပြချက်အရ အမျိုးသားများရဲ့ ၄၀ ရာခိုင်နှုန်း၊ အမျိုးသမီးများရဲ့ ၄၇ ရာခိုင်နှုန်းခန့်ဟာ သူတို့ဘဝမှာ အဆစ်ရောင်ခြင်းဝေဒနာကို ခံစားရတယ်လို့ သိရပါတယ်။သုတေသနတွေအရ အဆစ်ရောင်ခြင်းဟာ နေထိုင်စားသောက်ပုံနဲ့လည်း သက်ဆိုင်ပါတယ်။ အထူးသဖြင့် အစားအသောက်ကို သတိပြုစားသုံးရင် ဝေဒနာခံစားရခြင်းကနေ သက်သာစေပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ အဆစ်ရောင်သူတွေအနေနဲ့ ရှောင်ကြဉ်သင့်တဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။ဒီနေရာမှာ ထပ်ပေါင်းသကြား (added sugar) ကို ဆိုလိုပါတယ်။ အစားအစာတချို့မှာ စားကောင်းအောင် ပုံမှန်ရှိသင့်တဲ့ပမာဏထက် ကျော်လွန်ပြီး အချိုကဲအောင် သကြားထပ်ဖြည့်ထားတတ်ကြပါတယ်။ ဆိုဒါ၊ ရေခဲမုန့်၊ သကြားလုံး စသဖြင့် သရေစာမျိုးစုံမှာ သကြားဓာတ်ကို ပိုမိုထည့်သွင်းထားကြပါတယ်။ သကြားဓာတ်ဟာ အရိုးအဆစ်ရောင်ခြင်းဝေဒနာကို ပိုဆိုးစေပါတယ်။ ဆိုဒါရည်လို သကြားဓာတ်ကဲတဲ့ အချိုရည်တွေဟာ အဆစ်ရောင်ခြင်းကို ဖြစ်နိုင်ခြေ မြင့်စေပါတယ်။အစားအစာတချို့ကို ကြာရှည်ခံအောင် ပြုပြင်ခြင်းဟာ တကယ်တော့ ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ အထူးသဖြင့် အနီရောင်အသားတွေဖြစ်တဲ့ ဝက်သား၊ အမဲသား၊ သိုးသား၊ ဆိတ်သား စတာတွေ ဖြစ်ပါတယ်။အဆင့်ဆင့်ပြုပြင်ထားတဲ့ အသားတွေမှာ ရောင်ရမ်းမှုကို ပိုမိုအားပေးတဲ့ IL-5၊ CRP စတဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်ပါတယ်။ ဒါကြောင့် အဆစ်ရောင်သူတွေကို ဝေဒနာပိုဆိုးစေနိုင်ပါတယ်။ဂလူတန်ဆိုတာဟာ ဂျုံ၊ ဘာလီ စတာတွေမှာပါဝင်တဲ့ ပရိုတိန်းအုပ်စုတမျိုး ဖြစ်ပါတယ်။ သုတေသနတွေအရ ဂလူတန်မြင့်မားတဲ့ အစားအသောက်တွေဟာ အဆစ်ရောင်ခြင်းကို ပိုမိုဆိုးရွားစေတယ်လို့ သိရပါတယ်။လေးဖက်နာကြောင့် အဆစ်ရောင်ရောဂါ ခံစားနေရသူတချို့ကို ဂလူတန် ပါဝင်ခြင်းမရှိတဲ့ စားသောက်ပုံကို ပြောင်းလဲစေရာမှာ ရောဂါဝေဒနာကို သက်သာစေတယ်လို့ ဖော်ပြထားပါတယ်။အသင့်စား သရေစာများကို စားချင်စဖွယ်ဖြစ်အောင် အဆင့်ဆင့်ပြုပြင်ထုတ်လုပ်ထားကြပါတယ်။ အဆိုပါ သရေစာတွေမှာ သကြားဓာတ်ကဲတဲ့အပြင် တာရှည်ခံဓာတုပစ္စည်းများနဲ့ ရောင်ရမ်းခြင်းကို အားပေးတဲ့ အခြားပစ္စည်းများ ပါဝင်နေပါတယ်။ ဒါ့အပြင် သရေစာများဟာ အဝလွန်ခြင်းကို အားပေးပါတယ်။ အဝလွန်သူတွေ၊ ကိုယ်အလေးချိန်ထိန်းရခက်သူတွေမှာ အဆစ်ရောင်ခြင်းနဲ့ ပတ်သက်တဲ့ ဝေဒနာတွေ ပိုမိုခံစားရပါတယ်။အရက်သောက်ခြင်းဟာ အဆစ်ရောင်ခြင်းကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ အထူးသဖြင့် အရက်ကို နှစ်နဲ့ချီပြီး စွဲမြဲစွာ သောက်သုံးခဲ့သူတွေမှာ အရိုးအဆစ်ရောင်နိုင်ခြေ ပိုများပါတယ်။Omega 6 နဲ့ Omega 3 ဟန်ချက်မညီခြင်းဟာ လေးဘက်နာအဆစ်ရောင်ခြင်းကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ အထူးသဖြင့် Omega 6 မြင့်မားခြင်းဟာ အဆစ်ရောင်နိုင်ခြေ ပိုများပါတယ်။ ဒါကြောင့်Omega 6ပါဝင်မှုများပြားတဲ့ ဟင်းသီးဟင်းရွက်ဆီများကို အဆစ်ရောင်သူများမှာ ရှောင်ကြဉ်သင့်ပါတယ်။အဆစ်အမြစ်ရောင်သူတွေဟာ ဆားကိုလျှော့စားသင့်ပါတယ်။ ဆားနယ်ထားတဲ့ အသားတွေ၊ အသားဘူးတွေ၊ အဆင့်ဆင့်ပြုပြင်ထားတဲ့ စားစရာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ သုတေသနအချို့အရ ဆားနည်းတဲ့ အစားအသောက်ကို စားသုံးသူတွေဟာအရိုးနုများပျက်စီးတာ နည်းတယ်လို့ ဆိုပါတယ်။………………………………………………………။အဆစ်ရောင်သူများအနေနဲ့ ဖော်ပြပြီး အစားအစာများကို ရှောင်ကြဉ်တဲ့အပြင် မိမိအတွက် သင့်တော်မည့် လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ဆေးလိပ်ရှောင်ခြင်း၊ လတ်ဆတ်ပြီးကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များစားသုံးခြင်း စတဲ့ နေထိုင်စားသောက်ပုံတွေနဲ့ နေထိုင်သင့်ပါတယ်။ နေထိုင်စားသောက်မုှပုံစံကို ပြောင်းလဲခြင်းဟာ အဆစ်ရောင်ခြင်းဝေဒနာကို လျော့ပါးစေဖို့ အထောက်အကူပြုပါလိမ့်မယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/arthritis-orthopedics-musculoskeletal/foods-to-avoid-arthritis-2/
ကလေးတွေမှာဖြစ်တတ်တဲ့ အစာခြေပြဿနာတွေကို ဖြေရှင်းပေးမယ့် သူရဲကောင်း
ကလေးကလည်း ဂျစ်ကျလိုက်တာ တစ်ချိန်လုံးငိုနေတယ်။ တစ်ခုခုကျွေးရင်လည်း မစားဘူးချည်းပဲငြင်းနေတယ်၊ စိတ်ညစ်လိုက်တာ ဆိုပြီး စိတ်ပျက်လက်ပျက်နဲ့ညည်းမိနေပြီလား။ ဒါဆိုရင်တော့ စိတ်မညစ်ပါနဲ့နော်။ ဒီဆောင်းပါးလေးကနေပြဿနာရဲ့ အဖြေကိုထုတ်ပေးပါမယ်။ကလေးတစ်ယောက်က အလကားနေရင်းတော့ ဂျစ်ကျမနေပါဘူး။ စကားမပြောတတ်သေးတဲ့အရွယ်၊ ကိုယ်ဖြစ်နေတာကို ဘာရယ်လို့တိကျရှင်းလင်းအောင် မပြောနိုင်သေးတဲ့ ကလေးတစ်ယောက်အဖို့ ခံစားရတဲ့ဝေဒနာကိုပြသတဲ့နည်လမ်းက ငိုတာနဲ့မို့ ကလေးက ဂျစ်ကျနေသလိုဖြစ်နေရတာပါနော်။ ကလေးက ကိုယ်မှမပူတာ ဘာမှမဖြစ်ဘူးလို့မထင်လိုက်ပါနဲ့နော်။ ကိုယ်ပူမှ၊ ဖျားနေမှ ကလေးက ဂျီကျတာမဟုတ်သလို ဒီလက္ခဏာတွေရှိမှ ကလေးကနေမကောင်းဖြစ်နေတယ်၊လို့ပြောလို့ရတာမဟုတ်ပါဘူး။ ကလေးတွက သူတို့ရဲ့ဗိုက်လေးနေမကောင်းရင်လည်း ဂျီကျတတ်ကြပါတယ်နော်။ကလေးရဲ့ဗိုက်ကလေးကိုမကျန်းမမာဖြစ်တဲ့အကြောင်းအရင်းတွေများလဲ။ကလေးတွေရဲ့အစာခြေစနစ်က အပြည့်အဝမဖွံ့ဖြိုးသေးပါဘူး။ အရမ်းနုနယ်သေးပါတယ်။ ဒါကြောင့် အစာမာမာတွေကိုစားလို့မရသလို အစာခြေစနစ်ကျန်းမာစေတဲ့အာဟာရတွေကိုလည်းပြည့်ဝအောင်စားသုံးဖို့လိုအပ်မှာပါ။ များသောအားဖြင့်တော့ ကလေးရဲ့ဗိုက်ကို မကျန်းမမာဖြစ်စေတဲ့အကြောင်းအရင်းတွေက။အပေါ်မှာပြောခဲ့တဲ့ အစာခြေစနစ်ပြဿနာတွေကင်းပါမှ ကလေးက ကျန်းမာပျော်ရွှင်စွာနဲ့ကြီးပြင်းနိုင်မှာပါ။ ကလေးရဲ့ အစာခြေစနစ်ကျန်းမာမှုက ကလေးကိုလိုအပ်တဲ့အာဟာရဓါတ်တွေပြည့်ဝစွာရရှိစေပြီးခန္ဓာကိုယ်ကောင်းစွာဖွံ့ဖြိုးမှာဖြစ်တဲ့အပြင် ဦးနှောက်နဲ့ အမြင်အာရုံအကြားအာရုံတွေကောင်းစွာဖွံ့ဖြိုးနိုင်မှာပါ။ဒီလိုအပ်ချက်တွကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်မယ့်နည်းလမ်းတစ်ခုရှိပါတယ်။ ဒါကတော့ အစာခြေစနစ်ကို ဟန်ချက်ညီအောင်ထိန်းညှိပေးတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေကို အာဟာရပြည့်ဝစွာထောက်ပံ့ပေးပြီး ကလေးအစာခြေစနစ်ကို ကျန်းမာအောင်လုပ်ဆောင်ပေးဖို့ပါ။ ဒါဆိုမေးစရာကရှိလာပါပြီ။အကျိုးပြုဘက်တီးရီးယားတွေကို အာဟာရဘယ်လိုဖြည့်ပေးရမှာလဲဆိုတာပေါ့။ဒါကတော့ လွယ်ပါတယ်။ ကလေးကိုကျွေးတဲ့အစားအစာထဲမှာ အကျိုးပြုဘက်တီးရီးယားအာဟာရlcFOSပါဝင်အောင်ကျွေးမွေးဖို့ပါ။ ဒီအာဟာရဓာတ်ကို များသောအားဖြင့်သိထားတာက ဒီဓာတ်ကိုဒိန်ချဉ်ကနေရတယ်ဆိုတာပါ။ ကလေးက ငယ်သေးတဲ့အရွယ်မှာ ဒိန်ချဉ်ကျွေးဖို့က အဆင်မပြေသေးဘူးဆိုတော့ ကလေးအစာခြေစနစ် ကျန်းမာစေဖို့အတွက် လိုအပ်တဲ့ အကျိုးပြုဘက်တီးရီးယားအာဟာရကိုဖြည့်တင်းပေးနိုင်မယ့် ကလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ အာဟာရဖြည့်နို့တွေတိုက်ပေးလို့ရပါတယ်နော်။ကလေးရဲ့အစားအစာတွေထဲမှာ ကလေးတစ်ယောက်ကို စိတ်ရောကိုယ်ပါကျန်းမာစေမယ့်ဓာတ်တွေဖြစ်တဲ့ ဗီတာမင် နဲ့သတ္တုဓာတ်တွေ၊Omega 3 fatty acid၊ ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ်တွေပါဝင်အောင်ကျွေးမွေးရပါမယ်။ ဒါမှ ကိုယ့်ကလေးက ကြည်ကြည်သာသာနဲ့ အခြားကလေးတွေနည်းတူ ကျန်းမာပျော်ရွှင်နေမှာပါ။ ကလေးတွေအများဆုံး ခံစားရတဲ့ပြဿနာက အစာခြေစနစ်ပြဿနာပါ။ ငယ်စဉ်မှာ အစာခြေစနစ်မကျန်းမာတဲ့ကလေးက ဘဝတစ်လျှောက်လုံးကောင်းစွာကြီးပြင်းဖို့ခက်ခဲတာမျိုးဖြစ်နိုင်သလို လိုအပ်တဲ့ အာဟာရတွေပြည့်ဝစွာမရရှိတဲ့အတွက်ကိုယ်ခံအားနည်းတာမျိုး နဲ့ရောဂါတွေ အလွယ်တကူဝင်ရောက်တာမျိုးအထိခံစားရနိုင်ပါတယ်နော်။ဒီတော့ ဗိုက်ဗိုက်ကျန်းမာတဲ့ ကလေးတစ်ယောက်ဖြစ်ပြီး အမြဲကျန်းမာပျော်ရွှင်နေတဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းစေဖို့ အစာခြေစနစ်ကို အကောင်းဆုံးကာကွယ်ပေးမယ့် သူရဲကောင်းလေးlcFOSရဲ့ အကူအညီကိုရယူလိုက်ပါနော်။ ဗိုက်ဗိုက်လေးကျန်းမာတော့ မေမေဖေဖေတို့ရော သားသားမီးမီးတို့ရောနေ့ရက်တိုင်းကို တိမ်ကင်းစင်စွာဖြတ်သန်းနိုင်ပြီပေါ့နော်……………..။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/digestive-problems/infant-gas-how-to-prevent-and-treat-it/
ခေါင်းကိုက်စေရတဲ့ အကြောင်းအရင်းတွေက ဘာတွေများလဲ
ခေါင်းကိုက်တာက အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေထဲက တစ်ခုပါ။ လူတော်တော်များများကခေါင်းကိုက်တာကို သူတို့သက်တမ်းတလျှာက်မှာ မဖြစ်မနေကြုံဖူးကြမှာပါ။ခေါင်းကိုက်တာက အရွယ်သုံးပါးစလုံးတွေ့ကြုံရနိုင်တဲ့ ကျန်းမာရေးပြဿနာပါ။ အရွယ်ရောက်ပြီးသူတွေရဲ့ ထက်ဝက်နီးပါးလောက်ကခေါင်းကိုက်တဲ့ဝေဒနာကိုခံစားကြရပါတယ်၊လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။ခေါင်းကိုက်တာကစိတ်ဖိစီးမှုများနေတာ၊ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေတာနဲ့ သောက်သုံးမှီဝဲနေရတဲ့ဆေးဝါးတွေကြောင့်ဖြစ်နိုင်ပါတယ်။ ဥပမာခေါင်းတစ်ခြမ်းကိုက်နေတာဆိုရင်သွေးတိုးနေတာကြောင့်ဖြစ်နိုင်သလို စိတ်ဓါတ်ကျနေတာ၊ စိုးရိမ်ပူပန်စရာအကြောင်းအရင်းတွေရှိနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ အလုပ်ခွင်နဲ့ ပညာသင်ယူမှုအပိုင်းမှာ အခက်အခဲကြုံတွေ့နေရတဲ့အခါမျိုးမှာလည်းခေါင်းကိုက်ဝေဒနာကို ခံစားရနိုင်ပါတယ်။ခေါင်းကိုက်တယ်ဆိုတာက ဦးခေါင်း ဒါမှမဟုတ် လည်ပင်းပိုင်းတစ်နေရာရာမှာ နာကျင်ထိခိုက်မိတာမျိုးရှိနေတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ အရမ်းပြင်းထန်တဲ့ရောဂါတွေရဲ့ လက္ခဏာအနေနဲ့ ခေါင်းကိုက်တာကိုခံစားရတာမျိုးလည်းရှိနိုင်ပါတယ်။ ခဏခဏခေါင်းကိုက်နေရင်တော့ အလုပ်ခွင်မှာရော လူမှုဆက်ဆံရေးမှာပါထိခိုက်တာမျိုးတွေရှိလာနိုင်ပါတယ်။ ဒါကြောင့်ခေါင်းကိုက်တာမျိုးမဖြစ်အောင် ဘယ်လိုနေထိုင်ရမလဲဆိုတာကို သိရှိနိုင်စေဖို့အတွက်ခေါင်းကိုက်ရတဲ့အကြောင်းအရင်းတွေကိုပြောပြပေးချင်ပါတယ်။ခေါင်းကိုက်တယ်ဆိုတာက စိတ်ဖိစီးတာရဲ့ လက္ခဏာတစ်ရပ်ဖြစ်နိုင်သလို ကျန်းမာရေးအခြေအနေတစ်ရပ်ကြောင့်ခေါင်းကိုက်တာမျိုးလည်းဖြစ်နိုင်ပါတယ်။သွေးတိုးတာ၊ စိတ်ဖိစီးတာ နဲ့ စိတ်ပူပန်တာတွေကြောင့်ခေါင်းတစ်ခြမ်းကိုက်တာမျိုး ဖြစ်နိုင်ပါတယ်။ဒီအချက်တွေကြောင့်ခေါင်းကိုက်နေတာလားဆိုတာကို ဆန်းစစ်ပါ။တစ်ခါတလေမှာခေါင်းကိုက်တာကရောဂါတစ်ခုခုရဲ့ရှေ့ပြေးလက္ခဏာဖြစ်နိုင်ပါတယ်။ တစ်ခုခုရောဂါခံစားနေရတာကြောင့်ဖြစ်တာမျိုးလည်းရှိနိုင်ပါတယ်။ခေါင်းကိုက်တာက ခဏတဖြုတ်ဖြစ်တာမျိုးမဟုတ်ဘဲ ခပ်စိတ်စိတ်ဖြစ်နေတာ၊ တာရှည်ခံစားနေရတာဆိုရင်ပြင်းထန်တဲ့ရောဂါတစ်မျိုးမျိုး ခံစားနေရတာဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ပြသကြည့်ဖို့လိုပါမယ်။ခေါင်းကိုက်မှုဖြစ်ရတဲ့အကြောင်းအရင်းပေါ် မူတည်ပြီး ကုသစောင့်ရှောက်မှုက ကွဲပြားပါတယ်။ခေါင်းကိုက်ရင် အများဆုံးလုပ်ဖြစ်တာက အနားယူတာပါ။ အကိုက်အခဲပျောက်ဆေးတစ်မျိုးမျိုးသောက်တာမျိုးလည်းရှိပါတယ်။နောက်တစ်ခုကရေအေးအေးလေးနဲ့ နဖူးကိုကပ်ပေးတာဖြစ်ဖြစ်လုပ်ပေးလိုက်ပါ။ရေနွေးအိတ်ကပ်ပေးလို့ရသလိုရေခဲဝတ်ကပ်ပေးလို့လည်းရပါတယ်။ အပူချိန်နဲ့အအေးဓါတ်အရမ်းမများဖို့ သတိရပါ။ အစားအသောက်တွေကို ပုံမှန်စားသုံးပေးပါ။ရေဓါတ်ဆုံးရှုံးစေနိုင်တဲ့ ကဖင်းဓါတ်ပါတဲ့သောက်စရာတွေကို အတတ်နိုင်ဆုံး နည်းနည်းပဲသောက်ပါ။ရေများများသောက်ပေးပါ။သွေးတွင်း အချိုဓါတ်နည်းတဲ့အခါခေါင်းမကြည်တာမျိုးဖြစ်နိုင်တာကြောင့် အချိုဓါတ်စားသုံးပေးတာမျိုးလုပ်လို့လည်းရပါတယ်။ခေါင်းကိုက်နေတဲ့အခါသံပုရာရည်ေသာက်တာ၊လိမ္မော်သီးစားပေးတာ၊ ဂရိတ်ဖရု နဲ့ မဂ္ဂနီဆီယမ်ပါဝင်တဲ့အစားအသောက်တွေစားသောက်စေလို့လည်းရပါတယ်။ရေနွေးနွေးလေးနဲ့ရေချိုးပေးတာ၊ချွေးထွက်အောင် လှုပ်ရှားမှုလေးတွေ လုပ်ပေးတာ၊နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးတာ၊ အိပ်စက်ချိန်ပြည့်ဝအောင်အိပ်စက်ပြီး အနားယူတာတွေလုပ်ပေးပြီးခေါင်းကိုက်ဝေဒနာကို သက်သာအောင်လုပ်လို့ရပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/headaches-and-migraines/%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
မေမေတို့သိထားရမယ့် DHA အကြောင်း
ကလေးတွေရဲ့ကမ္ဘာမှာမေမေဆိုတာ နတ်သမီးပါပဲ။ မျက်စိနှစ်လုံးပွင့်စတည်းက လိုအပ်တာမှန်သမျှဖြည့်ဆည်းပေး၊ အရိပ်တကြည့်ကြည့်ပြုစုစောင့်ရှောက်ပေးနေတဲ့လိုတရနတ်သမီးပါ။ ကလေးရဲ့ကိုယ်ကျန်းမာမှု၊ ကြီးထွားဖွံ့ဖြိုးမှု၊ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ စတဲ့အရာရာတိုင်းဟာ နတ်သမီးမေမေရဲ့လက်ထဲမှာပါပဲ။ ဒီလိုတာဝန်ကြီးမားတဲ့မေမေတို့အတွက် ကျန်းမာရေးအသိပညာ၊ဗဟုသုတတွေရှိနေဖို့လည်း အရေးကြီးပါတယ်နော်။ ဒါမှ ဖွံ့ဖြိုးဆဲ အရွယ်မှာကလေးအတွက် ဟာကွက်မရှိဖြည့်ဆည်းပံ့ပိုးနိုင်မှာဖြစ်သလို ကျန်းမာပျော်ရွှင်တဲ့ကလေးတစ်ယောက်အဖြစ် ပျိုးထောင်ပေးနိုင်မှာဖြစ်ပါတယ်။ကလေးအတွက် မရှိမဖြစ်အရေးကြီးတဲ့ အာဟာရဓာတ်တွေကို မသိထားရင် ဘယ်လိုပြည့်စုံအောင်ဖြည့်ဆည်းပေးနိုင်ပါ့မလဲ။အာဟာရဓါတ်တွေဆိုတာနဲ့ လူသိများတာကဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေကိုပါ။ အဲဒီထဲမှာ မေမေတို့ အမှတ်တမဲ့မေ့လျော့နေတတ်ကြတဲ့ ဒါမှမဟုတ် မသိသေးတဲ့ ဓာတ်တချို့ကမှ အရေးပါမှုကြီးမားတာမျိုးရှိတတ်ပါတယ်။ ဒီတစ်ခါတော့ ကလေးရဲ့ဦးနှောက်နဲ့အမြင်အာရုံဖွံ့ဖြိုးမှုအတွက် ပံ့ပိုးမှုကြီးမားတဲ့ ဓာတ်တစ်မျိုးအကြောင်းမေမေတို့ကိုပြောပြချင်ပါတယ်။ အဲဒါကတော့ DHA လို့ခေါ်တဲ့docosahexaenoic acid အကြောင်းပါပဲ။DHA ဆိုတာကငါးကြီးဆီမှာပါတတ်တဲ့Omega-3 fatty acid တစ်မျိုးပဲဖြစ်ပါတယ်။Omega-3 fatty acidsအမျိုးအစားတွေထဲက အဆီဓာတ်သုံးမျိုး(alpha-linolenic acid (ALA)၊eicosapentaenoic acid (EPA) နဲ့ docosahexaenoic acid (DHA))တို့အနက် အပါအဝင်ဖြစ်ပါတယ်။ALA ကို အသီး၊အရွက်၊အစေ့တွေကနေရနိုင်ပေမယ့်DHA နဲ့ EPA long chain omega-3တွေကိုတော့ ငါးမစားတဲ့သူတွေ အလုံအလောက်မရနိုင်ပါဘူး။DHA ဟာမျက်စိ၊ ဦးနှောက်နဲ့အာရုံကြောစနစ်အတွင်း ဖွဲ့စည်းတည်ဆောက်မှုအတွက် အရေးပါတဲ့နေရာကပါဝင်ပံ့ပိုးပေးပါတယ်။ မိခင်နို့မှာDHA ပါဝင်မှုမြင့်မားလို့ ကလေးရဲ့ဉာဏ်ရည်ပိုင်းနဲ့အမြင်အာရုံပိုင်း ဖွံ့ဖြိုးမှုအတွက်ဆေးတစ်ခွက်ပါပဲ။ ကလေးတွေရဲ့ဦးနှောက်က ငါးနှစ်မပြည့်ခင်ကာလအတွင်းမှာမြန်မြန်ဆန်ဆန်ဖွံ့ဖြိုးလာပြီး အရွယ်အစားထုထည်က ၄ ဆလောက်ပိုဖွံ့ဖြိုးလာပါတယ်။ ဒီလိုအရေးပါတဲ့ကာလအတွင်းမှာDHA လုံလောက်ပြည့်ဝအောင် ရရှိမှ မျက်စိလည်းကောင်း၊ ဉာဏ်လည်းကောင်းတဲ့ ကလေးတွေဖြစ်လာနိုင်မှာပါ။ ပထမငါးနှစ်အတွင်း DHA ကို လုံလောက်အောင်ရရှိခဲ့တဲ့ကလေးတွေဟာ IQ လည်းမြင့်တယ်၊ မှတ်ဉာဏ်ကောင်းတယ်၊ စာဖတ်နိုင်အားကောင်းတယ်၊ အမြင်အာရုံစူးရှတယ်လို့ သုတေသနတွေက သက်သေပြထားပါတယ်။DHA အပါအဝင် Omega-3 ရဲ့တခြားအကျိုးကျေးဇူးတွေကလည်း အများကြီးပါပဲ။ ဆက်ကြည့်ရအောင်။Omega-3 fatty acid က အရေပြားကျန်းမာရေးကနေနှလုံးကျန်းမာရေး၊ အဆစ်အမြစ်တွေအထိ ကျန်းမာရေးအကျိုးကျေးဇူးတွေများပါတယ်။Omega-3 ကို ဘာလို့ လိုအပ်ရတာလဲဆိုတော့ –။ADHDလို့ခေါ်တဲ့ ကလေးတွေမှာဖြစ်တတ်တဲ့ လှုပ်ရှားလွန်အာရုံစူးစိုက်မှုအားနည်းခြင်းရောဂါကို ကာကွယ်နိုင်တယ်။ သုတေသနတွေအရADHD ရှိတဲ့ကလေးတွေမှာတောင်omega-3 တိုက်ကျွေးတဲ့အခါရောဂါအခြေအနေသက်သာလာတာကိုတွေ့ရပါတယ်။ဉာဏ်ရည်တိုးတက်မှုကိုထောက်ပံ့ပေးတယ်။omega-3 ကြွယ်ဝတဲ့အစားအစာတွေ၊ဖြည့်စွက်စာတွေစားသုံးရတဲ့ကလေးတွေဟာ အမြင်အာရုံနဲ့လှုပ်ရှားလုပ်ဆောင်နိုင်စွမ်းချိတ်ဆက်မှုပိုကောင်းပြီးပေါင်းသင်းဆက်ဆံရေး၊ အာရုံစိုက်နိုင်စွမ်းနဲ့ ဉာဏ်ရည်စစ်ဆေးမှုတွေမှာ ရလဒ်ကောင်းပါတယ်။မျက်စိနဲ့မြင်နိုင်စွမ်းပိုကောင်းစေတယ်။ ကလေးရဲ့အမြင်အာရုံဖွံ့ဖြိုးမှုအတွက်omega-3 fatty acidsတွေကို မရှိမဖြစ်လိုအပ်ပါတယ်။လေ့လာသင်ယူနိုင်စွမ်းနဲ့ပြုမူနိုင်စွမ်းပိုကောင်းစေတယ်။အောက်စ်ဖို့တက္ကသိုလ် သုတေသနအရomega-3 ဟာ ကလေးရဲ့လေ့လာသင်ယူနိုင်စွမ်း၊စာဖတ်နိုင်စွမ်းကို ပိုကောင်းစေပြီး မှတ်ဉာဏ်နဲ့ပတ်သက်တဲ့ပြဿနာတွေကို နည်းစေတယ်လို့ဖော်ပြခဲ့ပါတယ်။အာရုံစူးစိုက်နိုင်စွမ်းပိုကောင်းတယ်။ DHA /omega-3 fatty acids ဟာ ကလေးရဲ့အာရုံစူးစိုက်နိုင်စွမ်းကို ပိုကောင်းစေလို့ စူးစမ်းသင်ယူနေဆဲအရွယ်မှာ အသုံးဝင်ဆုံးဖြစ်နေတာပါ။မှတ်ဉာဏ်ပိုကောင်းစေတယ်။Fatty acidsတွေဟာ ဦးနှောက်ရဲ့မှတ်ဉာဏ်လုပ်ဆောင်ချက်တွေကို ပိုကောင်းစေလို့ ဉာဏ်ရည်ထက်မြက်တဲ့ကလေးတွေ အဖြစ်ကြီးပြင်းလာဖို့အထောက်အကူပြုပါတယ်။အကျိုးပြုကိုလက်စထရောတွေကိုတိုးစေတယ်။ Omega-3 fatty acidတွေကHDL လို့ခေါ်တဲ့ အကျိုးပြုကိုလက်စထရောဓာတ်တွေကို တိုးစေပြီးသွေးထဲက မကောင်းတဲ့အဆီတွေကို ဖယ်ရှားပေးနိုင်ပါတယ်။နှလုံးကျန်းမာစေတယ်။ DHA ဟာ ဆံချည်မျှင်သွေးကြောလေးတွေမှာ သွေးလည်ပတ်မှုကောင်းအောင် ကူညီပေးတဲ့ အကျိုးပြုအဆီဓာတ်ဖြစ်လို့ နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။ Omega-3 တွေကသွေးဖိအားကို ပုံမှန်ဖြစ်အောင်ထိန်းညှိရာမှာလည်း ကူညီပေးပါတယ်။အပေါ်မှာပြောခဲ့သလိုပဲ ကလေးအတွက် ဒီလောက်အရေးကြီးတဲ့ မရှိမဖြစ်ဓာတ်ကို မိခင်နို့မှာ သဘာဝက အပြည့်အဝထည့်ပေးပြီးသားပါ။ အစားအသောက်ကနေ ရနိုင်ဖို့က DHA ကို အဆီများတဲ့ပင်လယ်ငါးတွေ၊ကြက်ဥနဲ့ပင်လယ်ရေညှိတို့ကနေရရှိနိုင်ပါတယ်။ ဒါပေမယ့် မိခင်နို့ကိုမရနိုင်တဲ့ ကလေးတချို့မှာတော့ DHA မလုံလောက်နိုင်ပါဘူး။ နောက်တစ်မျိုးကတော့ အစာလည်းစစားနေပြီ၊ နို့လည်းပြတ်ပြီဆိုတဲ့အချိန် ဒီဓာတ်တွေလုံလောက်အောင်မရနိုင်ပြန်ပါဘူး။ ဒီအခြေအနေတွေအတွက် ထောက်ကူနိုင်ဖို့က DHA အပါအဝင် ကလေးအတွက် မရှိမဖြစ်အာဟာရဓာတ်တွေပါဝင်တဲ့ ဖြည့်စွက်အာဟာရတွေတိုက်ကျွေးလို့ရပါတယ်။ဒါ့ကြောင့် ကလေးဉာဏ်ကောင်းစေချင်ရင် DHA ကိုမမေ့နဲ့နော်။ သွက်လက်ထက်မြက်တဲ့ သားသမီးရတနာလေးတွေကို မေမေနတ်သမီးတို့ ဖန်ဆင်းပေးနိုင်ကြပါစေလို့။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/dha-for-baby/
ပူတဲ့အချိန် ခေါင်းကိုက်တတ်တာ တိုက်ဆိုင်မှုသတ်သတ်ပဲလား။
ရာသီဥတုက ခုဆိုရင် တဖြည်းဖြည်းနဲ့ ပူပြင်းတဲ့ နွေဥတုထဲ ရောက်နေပါပြီ။ ဒီ်လို ပြင်းလွန်းတဲ့အပူချိန်ေကြာင့်ချွေးထွက်များြပီးနုန်းတာ၊ခေါင်းကိုက်တာမျိုးတွေ ခံစားဖူးကြမှာပါ။ ပူလွန်းတဲ့ရာသီဥတုကြောင့်ကိုယ်ခန္ဓာ ချွေးထွက်တာမှန်ပေမယ့် အပူဒဏ်ကြောင့် ခေါင်းကိုက်တယ်ဆိုတာ ဖြစ်နိုင်သလား။ တကယ်ပဲ အပူဒဏ်က ခေါင်းကိုက်တာကိုဖြစ်စေတာလား။ တိုက်ဆိုင်တာသတ်သတ်ပဲလား။နွေရာသီရောက်ပြီဆိုတာနဲ့ ပူလိုက်တာ၊ ချွေးတွေထွက်လွန်းပြီး ခေါင်းပါတဆစ်ဆစ်ကိုက်နေတယ်ဆိုတဲ့ ငြီးငြူသံတွေ မကြာခဏ ကြားဖူးမှာပါ။ဒီတော့ ပြင်းထန်တဲ့ အပူချိန်က ခေါင်းကိုက်ခြင်းကို ဖြစ်စေတာ အမှန်ပဲဖြစ်ပါတယ်။ ပတ်ဝန်းကျင်က အပူချိန်များတာကြောင့်ဦးနှောက်ထဲမှာရှိတဲ့ သွေးကြောလေးတွေ ကျယ်သွားလို့ တဆစ်ဆစ်ခေါင်းကိုက်ခြင်းကို ခံစားရတာဖြစ်ပါတယ်။ အရင်လတွေက တစ်ခါမှ ခေါင်းမကိုက်ဖူးသူတွေ နွေရာသီရောက်မှ ခေါင်းကိုက်တတ်သလို (Migraine ) လို့ခေါ်တဲ့ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ ခံစားနေရတဲ့သူတွေမှာတော့ နွေရာသီဆို ခေါင်းကိုက်ဝေဒနာ ပိုဆိုးလာတတ်ပါတယ်။ ချွေးထွက်တဲ့အခါ ချွေးထဲမှာ ရေတွေ၊ဓါတ်ဆားဓါတ်ေတွ ပါသွားတာကြောင့်migraine သမားတွေနွေရာသီဆို ခေါင်းပိုကိုက်ကြတာဖြစ်ပါတယ်။ဒီလို နွေရဲ့ အပူချိန်ကြောင့် ခေါင်းကိုက်တာကို ဘယ်လိုဖြေရှင်းကြမလဲ ။ ။ ကာကွယ်ကြမလဲ။ ။ဒီတော့ နွေရာသီမှာ ခေါင်းပိုကိုက်ကြတယ်ဆိုတာ တိုက်ဆိုင်မှု တစ်ခုမဟုတ်ပါဘူး။ ပြင်းထန်တဲ့အပူချိန်ဟာ ခေါင်းကိုက်ခြင်းဝေဒနာကို အမှန်တကယ်ဖြစ်စေပါတယ်။ ပတ်ဝန်းကျင်မှာဖြစ်နေတဲ့ အပူချိန်ကို ပြောင်းလဲလို့မရပေမယ့် အပူချိန်ကြောင့်ဖြစ်လာတဲ့ ခေါင်းကိုက်ခြင်းကိုတော့ ဖြေရှင်းလို့ရသလို ကြိုတင်ကာကွယ်လို့လည်း ရပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/headaches-and-migraines/%e1%80%94%e1%80%bd%e1%80%b1%e1%80%9b%e1%80%ac%e1%80%9e%e1%80%ae%e1%80%99%e1%80%be%e1%80%ac-%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%90/
ခြေဖဝါးမှာ ပူသလို ဘာလို့ခံစားရတာလဲ
ခြေဖဝါးထဲက ပူသလိုခံစားချက်မျိုးဖြစ်နေတာကအာရုံကြောထိခိုက်မှုကြောင့် (ဆီးချိုကြောင့်လည်းဖြစ်နိုင်) အဖြစ်များဆုံးပါ။ ဒီလိုဖြစ်တာမျိုးက မကြာမကြာလည်းဖြစ်တတ်တယ်၊ ဆက်တိုက်လည်းဖြစ်တတ်တယ် ဒါမှမဟုတ် ပြင်းရင်လည်းပြင်းထန်တတ်တယ် အမျိုးမျိုးပါပဲ။ ခြေဖဝါးထဲမှာ ပူတာ၊ ထုံတာ၊ ကျဉ်တာ၊ အကောင်လေးတွေကိုက်နေသလို တစစ်စစ်ထိုးနေတာတွေ ခံစားရနိုင်ပါတယ်။ ညဘက်မှာ နာကျင်မှုပိုခံစားရတတ်ပါတယ်။သူ့ကိုကုသတဲ့နည်းလမ်းတွေကတော့ အကြောင်းရင်းကိုမူတည်ပြီး ကွဲပြားကြတာမို့ဖြစ်နိုင်ခြေရှိတဲ့အကြောင်းရင်းတွေကိုလေ့လာကြည့်ရအောင် –။သွေးတွင်းသကြားဓာတ်နဲ့ အဆီတွေ ပုံမှန်ထက်များနေရင် ကြာလာတဲ့အခါ လက်နဲ့ ခြေထောက်အာရုံကြောတွေမှာ ထိခိုက်လာစေပြီး တာရှည် သို့မဟုတ် မကြာခဏ ပူလောင်တဲ့ခံစားချက်မျိုးဖြစ်စေနိုင်ပါတယ်။ ခြေချောင်း၊လက်ချောင်းတွေမှာ ထုံတာ၊ကျဉ်တာလိုမျိုး လက္ခဏာစသတိထားမိတာနဲ့ ဆီးချိုစစ်ကြည့်တာအကောင်းဆုံးပါပဲ။လက်မောင်း၊ ခြေထောက်၊ ခြေဖဝါးတို့နဲ့ ကျောရိုးမကြီးကို ချိတ်ဆက်ပေးတဲ့ အာရုံကြောတွေကို ထိခိုက်တဲ့အခြေအနေပါ။ ဆီးချိုကြောင့်အဖြစ်များပေမယ့် ကင်ဆာဆေးတွေ၊ ကျောက်ကပ်ပျက်စီးခြင်း၊ လေးဖက်နာအဆစ်ရောင်ရောဂါ၊ အဆိပ်အတောက်ဓာတ်ပစ္စည်းတွေ၊ရောဂါပိုးနဲ့ အာဟာရဆိုင်ရာပြဿနာတွေ စတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။အရက်အလွန်အကျွံသောက်ခြင်းက ကျန်းမာရေးပြဿနာအများကြီးကိုဖြစ်စေနိုင်ပါတယ်။ နှစ်နဲ့ချီပြီး အရက်သောက်ခြင်းက ခြေထောက်အာရုံကြောတွေကို ထိခိုက်စေပါတယ်။ အရက်သောက်ရင် အာရုံကြောကျန်းမာရေးအတွက်အကျိုးပြုမယ့် အာဟာရဓာတ်တွေလည်း လျော့နည်းစေနိုင်တယ်။ နှစ်ရှည်လများ အရက်သောက်နေတတ်ရင်တော့ ဒါတွေခံရမှာမလွဲပါဘူး။အာရုံကြောတွေကျန်းမာဖို့ အရေးပါတဲ့ ဗီတာမင် B12 ကို အလုံအလောက်မရရှိတဲ့အခါ အခုလိုခံစားရတတ်ပါတယ်။ ညီညွတ်မျှတအောင်မစားတဲ့အခါ၊ အသက်ကြီးလာတဲ့အခါ၊ အရက်စွဲတဲ့အခါ B12၊ folate၊ thiamine နဲ့ တခြား ဗီတာမင် B အုပ်စုဝင်တွေ ချို့တဲ့တတ်ပါတယ်။ကျောက်ကပ်ပျက်စီးခြင်းက ဆီးချို သို့မဟုတ် သွေးတိုးကြောင့် အဖြစ်များပါတယ်။ ကျောက်ကပ် ပုံမှန်အလုပ်မလုပ်တော့တဲ့အတွက် စွန့်ထုတ်ရမယ့်အရည်တွေက ခန္ဓာကိုယ်ထဲမှာ စုပုံပြီး အာရုံကြောတွေကို ထိခိုက်စေနိုင်ပါတယ်။သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုကျဆင်းတဲ့အခါ ပင်ပန်းလွယ်မယ်၊ အအေးဒဏ်မခံနိုင်၊မေ့တတ်မယ်၊ လိင်ကိစ္စစိတ်မဝင်စားဘူး စတဲ့ လက္ခဏာတွေဖြစ်နိုင်တယ်။ခြေဖဝါးမှာပူတာလည်း ခံစားရနိုင်တယ်။ ကြာလာရင် အရည်တွေစုလာပြီး အာရုံကြောတွေကို ဖိမိစေနိုင်တယ်။ချေးချွတ်ဓာတ်ပစ္စည်း၊ ဆပ်ပြာ၊ ဖယောင်း၊ ဒါမှမဟုတ် တခြားဓာတုပစ္စည်းတွေကြောင့် အရေပြားဓာတ်မတည့်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းတွေ၊ ဆံပင်အလှပြင်ဆိုင်ဝန်ဆောင်မှုပေးသူတွေ၊ စက်ပြင်ပညာရှင်တွေနဲ့ သန့်ရှင်းရေးဝန်ထမ်းတွေမှာ ပိုအဖြစ်များပါတယ်။ ဓာတ်ပစ္စည်းတွေနဲ့ထိတွေ့ရတဲ့အချိန်ပိုများတာမို့ အရေပြားရဲ့အပေါ်ယံအကာအကွယ်အလွှာကို ပျက်စီးစေပါတယ်။ဒီထဲက ကိုယ်နဲ့ကိုက်ညီတာတွေ့ခဲ့ရင် သင့်တော်သလို နေထိုင်ကုသဖို့ပိုလွယ်ကူမှာပါ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/peripheral-nervous-system-disorders/%e1%80%81%e1%80%bc%e1%80%b1%e1%80%96%e1%80%9d%e1%80%ab%e1%80%b8%e1%80%99%e1%80%be%e1%80%ac-%e1%80%95%e1%80%b0%e1%80%9e%e1%80%9c%e1%80%ad%e1%80%af-%e1%80%98%e1%80%ac%e1%80%9c%e1%80%ad%e1%80%af%e1%80%b7/
ထန်းလျက်လေးက ဆေးဖြစ်ဝါးဖြစ်စားပေးလို့ရတယ်နော်
ထန်းလျက်လေးတွေကို မီးဖိုချောင်တိုင်းမှာ ပုလင်းလေး၊ ဒါမှမဟုတ် လေလုံတဲ့ဗူးလေးနဲ့ ထည့်ထားတာ တွေ့ဖူးမှာပေါ့။ နေ့ခင်းနေ့လယ် ရေနွေးကြမ်းလေးနဲ့ သောက်ကြသလို ရင်ချောင်အောင်ဆိုပြီး အချိုတည်းတာမျိုးလည်းရှိပါတယ်။ နောက်ပြီး ထန်းလျက်ကိုအုန်းသီးနဲ့တွဲစားတာကလည်း တော်တော်လေးအရသာရှိသေးတယ်။ ထန်းလျက် ပါတဲ့ မုန့်တွေကလည်း စားလို့ကောင်းတာ အမှန်ပါပဲ။ ဒီလိုစားကောင်းတဲ့ ထန်းလျက်လေးက ဆေးဖက်ဝင်တဲ့အချက်လေးတွေလည်းရှိနေပါသေးတယ်နော်။ထန်းလျက်ဆိုတာကအချိုဓာတ်ပါတဲ့ စားစရာတစ်ခုပေါ့။ ဒီအတိုင်းစားလို့ရသလို အရည်ကျိုပြီး မုန့်လက်ကောက်ကြော်၊ နှမ်းကပ်ကြော်တို့နဲ့ တို့စားတာ၊ သာကူကျိုတဲ့အခါ ထန်းလျက်နဲ့ ကျိုတာ။ မုန့်လက်ဆောင်းကို ထန်းလျက်ရည်လေး အုန်းသီးလေးထည့်ပြီးသောက်လိုက်ရင် ‌‌နွေရာသီမှာ ရင်အေးစေတာအမှန်ပါ။ ဒီလိုစားကောင်းအရသာရှိတဲ့ အချိုတည်းစရာ ထန်းလျက်လေးက ထန်းရည်ကို ကျိုချက်လိုက်တာကနေရလာတဲ့ စားစရာတစ်ခုပေါ့။ထန်းပင်ကကျတဲ့ သန့်စင်ထားတဲ့ ထန်းရည်ချိုကို ဒယ်အိုးထဲသို့ထည့်ပြီး မီးပြင်းပြင်းနဲ့ပျစ်လာတဲ့အထိ ဆူပွက်အောင်ကျိုပေးပြီး သမအောင်မွှေပေးရပါတယ်။ အရည်ပျစ်လာတဲ့အခါ ထန်းလျက်သားကျလာတဲ့အခါ မီးဖိုပေါ်ကနေချပြီး လိုသလိုပုံစံနဲ့ အခဲခံလိုက်တဲ့အခါ စားကောင်းတဲ့ထန်းလျက်ရလာပြီပေါ့။ထန်းလျက်မှာ ကယ်လ်လိုရီ နဲ့ကာဗိုဟိုက်ဒရိတ်တွေပါဝင်နေပါတယ်။ ဒါတွေအပြင် ထန်းလျက်မှာ။ထန်းလျက်က သဘာဝအချိုဓာတ်တစ်မျိုးပါ။ အော်ဂင်းနစ်စားစရာတစ်ခုပေါ့။ ဈေးလည်းမကြီးဘဲ မြန်မာရဲ့ အထက်အညာဒေသထွက် ထန်းလျက်လေးက စားလို့ကောင်းသလို ကျန်းမာရေးအကျိုးကျေးဇူးတွေလည်းများပါတယ်။ကိုယ်တွင်းရေဓာတ်ကိုဖြည့်ပေးတယ်။အော့အန်နေတာ၊ ဝမ်းသွားနေတာတွေကြောင့် ကိုယ်တွင်းရေဓာတ်ဆုံးရှုံးမှုဖြစ်တဲ့အခါရေဓာတ်ပြန်ဖြည့်ဖို့ ထန်းလျက်ကိုရေနွေးလေးနဲ့သောက်သောက် ရေအေးလေးနဲ့သောက်သောက် သောက်လို့ရပါတယ်။ခွန်အားပြည့်စေတယ်။အချိုဓာတ်ကခန္ဓာကိုယ်က အာဟာရပြည့်စေသလို ခွန်အားလည်းပြည့်စေနိုင်ပါတယ်။ မနက်ခင်းမှာ သောက်မယ့်ဖျော်ရည်ဒါမှမဟုတ်မနက်ခင်းသောက်စရာတစ်ခုထဲကို ထန်းလျက်ထည့်သောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်မှာ ခွန်အားပြည့်စေမှာ အသေအချာပါ။ကင်ဆာဖြစ်စေနိုင်တဲ့ အရာတွေကိုတိုက်ဖျက်ပေးတယ်။ကင်ဆာက အခုနောက်ပိုင်းမှာ ဖြစ်ပွားမှုနှုန်း တော်တော်လေးမြင့်တက်လာပါတယ်။ ထန်းလျက်မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကင်ဆာဖြစ်စေတဲ့ အရာတွေကို တိုက်ဖျက်ပေးပါတယ်။ ဒါတင်မကသေးပါဘူး။ ထန်းလျက်မှာဗီတာမင် Cနဲ့ ဗီတာမင် A တို့ ကြွယ်ဝစွာပါဝင်တာကြောင့် ကင်ဆာဖြစ်နိုင်ခြေကိုလည်း ‌လျော့ကျစေပါတယ်။အစာကြေစေတယ်။အစားတွေ အများကြီးစားမိတဲ့အခါမှာဖြစ်ဖြစ်၊ မတည့်တဲ့အစာတွေစားပြီးရင်ဖြစ်ဖြစ် ထန်းလျက်လေးစားပေးတာက အစာကြေ ရင်ချောင်စေနိုင်ပါတယ်။ ဒါကြောင့် အစာကြေချင်တယ်ဆိုရင် ထန်းလျက်လေးစားပေးပါနော်။ဝမ်းချုပ်တာသက်သာစေနိုင်ပါတယ်။ဝမ်းချုပ်တတ်တယ်ဆိုရင် ထန်းလျက်ပုံမှန်စားပေးလို့ရပါတယ်။ အစာကြေစေပြီးအစာခြေစနစ်ကို ကောင်းကောင်းလုပ်ဆောင်နိုင်စေတာကြောင့် ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးတယ်။ခန္ဓာကိုယ်အပူချိန်ကိုထိန်းညှိပေးနိုင်ပြီး အရသာလည်းရှိပါတယ်။ အဆာပြေအနေနဲ့ဖြစ်ဖြစ် အပျင်းပြေဖြစ်ဖြစ်စားသုံးပေးလို့ရပါတယ်။အဆိပ်တွေဖယ်ရှားပေးတယ်။သဘာဝဓာတ်တိုးဆန့်ကျင်အာနိသင်တွေ ပါဝင်နေတာကြောင့် ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ထန်းညက်က ကျန်းမာရေးအတွက် အကျိုးရှိတယ်ဆိုပေမယ့် သင့်တင့်တဲ့ ပမာဏပဲ စားသင့်ပါတယ်။ဆီးချို ရှိမယ်ဆိုရင်တော့ မစားခင်မှာ ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ပါ။ ကိုယ်ဝန်ဆောင် ဆီးချို ရှိမယ်ဆိုရင်လည်း သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ကဲ အလွယ်တကူဝယ်လို့ရပြီး ကုန်ကျစရိတ်မများဘဲ ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ ထန်းလျက်လေးကို စားသုံးကြည့်မယ်မှတ်လား….. အားလုံးကျန်းမာပါစေ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/benefits-of-palm-sugar/
စစ်ကိုင်းတိုင်းဒေသကြီး
Ph: 6644148 ,0930121200။အမှတ်(၃)လွှစဉ်တန်းရပ်|တံတားဦးမြို့။ စစ်ကိုင်းတိုင်းဒေသကြီး။Ph: 9256393068။နတ်လူထိပ္ပန်ရပ်ကွက်၊မဟာမင်းကျောင်းတိုက်၊မုံရွာ စစ်ကိုင်းတိုင်းဒေသကြီး။Ph: 9256068688။မုံရွာမြို့နယ်မုံရွေး-ကြေးမုံ၊မုံရွာ စစ်ကိုင်းတိုင်းဒေသကြီး။Ph: 09442075766, 09256300000။ဒက္ခိဏါရုံကျောင်းတိုက် အလုံမြို့. ၊မုံရွာ စစ်ကိုင်းတိုင်းဒေသကြီး။Ph: 0947051649။စက်မှု(၂)သီရိမင်္ဂလာရပ်ကွက် မေတ္တာရှင်ရွှေပြည်သာကျောင်းတောင်ဘက် မဟာကင်းစမ်းကျောင်းအနီး မုံရွာမြို့။ စစ်ကိုင်းတိုင်းဒေသကြီး။Ph: 09 47072023, 0947073466, 073 21094။ကာယကံမေတ္တာရုံး၊ ဗိုလ်ချုပ်လမ်း၊ နေသာကျောင်းအနောက်ဘက်၊ ကလေးမြို့ စစ်ကိုင်းတိုင်းဒေသကြီး။Ph: 09400493885,09440350506, 0978912518,09259797321။ဥက္ကဌ ဦးဝိသဒ(သာသနဓဇဓမ္မာစရိယ)၊ ဒု-ဦးပညာဝုဓ(ဓမ္မာစရိယ)၊မင်္င်ဂလာဥယျာဉ်ပရိယတ္တိစာသင်တိုက်၊မင်္ဂလာဥယျာဉ်ရပ်ကွက်၊စစ်ကိုင်းတိုင်း ကလေးခရိုင်။ကလေးမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။Ph: 0933565003, 09789275924။Hallelujah Building. Tat Oo 4/51,(Pinlong-8) Yathana St.., Kalaymyo၊ကလေးမြို့ စစ်ကိုင်းတိုင်းဒေသကြီး။Ph: 09256303765။စစ်ကိုင်းတိုင်း မုံရွာခရိုင် ၊ စစ်ကိုင်းတိုင်းဒေသကြီး။Ph: 0947063047, 07222808။စစ်ကိုင်းမြို့ လေးကျွန်းမြေအုတ်ကျောင်း၊စစ်ကိုင်းတောင် ရိုးလမ်း စစ်ကိုင်းတိုင်းဒေသကြီး။Ph: 09400548081။၂၅လမ်း၁၆လမ်းထောင့်ရွှေမင်းဝံရက်ကွက် စစ်ကိုင်းမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။Ph: 09796647089။ရေတွင်းကောင်းရွာ ဘုရားသုံးဆူအရှေ့ဘက်၊စစ်ကိုင်း စစ်ကိုင်းတိုင်းဒေသကြီး။Ph: 09258260442။စစ်ကိုင်း ဝက်လက် ချောင်းမကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး။Ph: 09 49599911, 09 256378863, 09 33335975 ,09792394754။သာသနာ့ရိပ်သာကျောင်း။ ညောင်ပင်ဝန်းကျေးရွာ။ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး။Ph: 0933683024။စစ်ကိုင်းမြို့ စီတီးရပ်၊ စစ်ကိုင်းတိုင်းဒေသကြီး။Ph: 09256384104။စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ်၊မြို့သစ်ကျေးရွာ၊စစ်ကိုင်းတိုင်းဒေသကြီး။Ph: 47208418။ရေစကြိုမြို့ အမှတ်( 1 ) ရွှေတန်းရပ်၊ရေစကြိုမြို့ စစ်ကိုင်းတိုင်းဒေသကြီး။Ph: 0933095725။ထီဆောင်းစံပြကျေးရွာ မြင်းမူမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီး၊မြင်းမူ စစ်ကိုင်းတိုင်းဒေသကြီး။Ph: 09 400547798။ရွှေအာလိန်ကျောင်းတိုက်၊ကြော့မင်းကျေးရွာ၊မြင်းမူ စစ်ကိုင်းတိုင်းဒေသကြီး။Ph: 071 40334။စစ်ကိုင်းတိုင်းဒေသကြီးမြင်းမူမြို့နယ်၊စွန်းလွန်းကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး။Ph: 7140600။သီဟရပ်၊မြင်းမူမြို့၊မြင်းမူ စစ်ကိုင်းတိုင်းဒေသကြီး။Ph: 09793907030။သဗြူးရွာ၊စစ်ကိုင်း စစ်ကိုင်းတိုင်းဒေသကြီး။Ph: 09780010676။ထိုတ်ကောဒ်ကိုး၊ကောကရိတ် ကရင်ပြည်နယ်။Ph: 09794665923။ဘုတလင်မြို့နယ် လွှဲတဲစံပြကျေးရွာ၊ဘုတလင် စစ်ကိုင်းတိုင်းဒေသကြီး။Ph: 9256574753။လေးမြေရွာ၊ဘုတလင် စစ်ကိုင်းတိုင်းဒေသကြီး။Ph: 0947059217 , 09400477428။ရွှေမုဋ္ဌောကျောင်းတိုက်မုဋ္ဌောကျေးရွာ၊ကနီမြို့နယ် စစ်ကိုင်းတိုင်းဒေသကြီး။Ph: 09256159915။နန်းကျောင်းတိုက်၊အမှတ်(၂ ) ရပ်ကွက်၊ကနီမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။Ph: 7521863။ရန်ကြီးအောင်ပန်းခြံဝင်းမြောက်ဘက်၊ရွှေဘိုမြို့ စစ်ကိုင်းတိုင်းဒေသကြီး။Ph: 0947213237။ရွှေဘိုမြို့နယ်ချီပါတောင်ရွှာ ၊ရွှေဘိုမြို့ စစ်ကိုင်းတိုင်းဒေသကြီး။Ph: 09 400431042။သုခါဝဟ လူမူကူညီရေးအသင်းမြို့မရွှေနုံးတိုးကျောင်းတိုက်၊၊ရွှေဘိုမြို့ စစ်ကိုင်းတိုင်းဒေသကြီး။Ph: 09 47600077။ဒီပဲရင်းမြို့နယ်၊ဒီပဲယင်း စစ်ကိုင်းတိုင်းဒေသကြီး။Ph: 09402666995, 096800000။ကံထူးမ ရွာ တန့် ဆည်မြို့နယ် စစ်ကိုင်းတိုင်းဒေသကြီး။Ph: 09256161565။တင်းတိမ်ရံစံပြကျေးရွာ၊စစ်ကိုင်းတိုင်းဒေသကြီး၊ရေဦးမြို့ စစ်ကိုင်းတိုင်းဒေသကြီး။Ph: 09254165657။စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊ကသာမြို့၊ရပ်ကွက် ၃၊့ စစ်ကိုင်းတိုင်းဒေသကြီး။Ph: 09974601404။စုန်းချောင်း အုပ်စု၊ယင်းမာပင်မြို့နယ် စစ်ကိုင်းတိုင်းဒေသကြီး။Hospital ဖုန်း – 021576။မုံရွာ၊ ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး။Ph: 09256060643။စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် ဆုံတားကျေးရွှာ၊ စစ်ကိုင်းတိုင်းဒေသကြီး။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/health-news/%e1%80%85%e1%80%85%e1%80%b9%e1%80%80%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%92%e1%80%9e%e1%81%be%e1%80%80%e1%80%ae%e1%80%b8/
သွေးဖြူဥများနေတယ် ဘာစားရမလဲ
အရာရာတိုင်းကတန်ဆေး လွန်ဘေးဆိုသလို ခန္ဓာကိုယ်ထဲမှာသွေးဖြူဥဆဲလ်နည်းတကကိုယ်ခံအားကို ထိခိုက်စေနိုင်တာကြောင့် မကောင်းဘူးဆိုပေမယ့်သွေးဖြူဥဆဲလ်တွေများလွန်းတာကလည်း ခန္ဓာကိုယ်မှာရောဂါတွေခံစားလာရနိုင်ခြေတိုးစေနိုင်ပါတယ်။သွေးဖြူဥများနေတဲ့ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လို့ရပါတယ်။သွေးဖြူဥဆိုတာက ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့သွေးတွေထဲမှာပါဝင်နေတဲ့သွေးနီဥ၊သွေးဥမွှား၊သွေးဆဲလ်တွေလိုမျိုးသွေးတွင်းမှာရှိနေတဲ့ အရာတစ်ခုပါ။သွေးဖြူဥတွေက ကိုယ်တွင်းကိုပြင်ပကရောဂါတွေဝင်မလာအောင်တားဆီးပေးပါတယ်။ကိုယ်ခံအားကောင်းစေဖို့ထောက်ကူပေးတယ်။ရောဂါပိုးတွေကို တိုက်ထုတ်ဖို့ ပဋိပစ္စည်းတွေထုတ်ပေးပါတယ်။သွေးဖြူဥပမာဏက လူတစ်ယောက်နဲ့တစ်ယောက်မှာ မတူနိုင်ပါဘူး။ပုံမှန်ရှိသင့်တဲ့ ပမာဏ– ၃၅၀၀ ကနေ ၁၀၅၀၀per microliter။ပမာဏနည်းနေတယ်ဆိုရင်– ၄၅၀၀per microliter ထက်နည်းနေတာ။ပမာဏများနေတယ်ဆိုရင်– ၁၁၀၀၀per microliter ထက်များနေတာပါ။လေ့လာမှုတွေအရကတော့ သွေးဖြူဥများတဲ့ အမျိုးသား နဲ့ အမျိုးသမီးတွေဟာနှလုံးသွေးကြောဆိုင်ရာရောဂါတွေ ခံစားရနိုင်ခြေက ပုံမှန်ထက်ပိုများနေပါတယ်။ အရွယ်မတိုင်ခင် နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေကလည်း တော်တော်လေးများနေတာပါ။ နောက်တစ်ချက်က သွေးဖြူဥများလွန်းတာဟာ ခန္ဓာကိုယ်မှာကင်ဆာခံစားရနိုင်ခြေ များနေတယ်ဆိုတဲ့ သဘောလည်းသက်ရောက်နေပါတယ်။ခန္ဓာကိုယ်မှာသွေးဖြူဥပမာဏက လိုတာထက် ပိုများနေတဲ့အခါ ဒါလေးတွေကို စားသုံးပေးနိုင်ပါတယ်။ဗီတာမင် C– ဗီတာမင် C စားသုံးမှုက ကိုယ်တွင်းကသွေးဖြူဥဆဲလ်ပမာဏတွေကို ထိန်းညှိရာမှာ အထောက်အကူပေးပါတယ်။ ဒါကြောင့် ကိုယ်တွင်းမှာသွေးဖြူဥဆဲလ်များနေမယ်ဆိုရင် ဗီတာမင် C ကြွယ်ဝတဲ့ လိမ္မော်သီး၊သင်္ဘောသီး၊ ဘယ်ရီသီး၊မာလကာသီး၊နာနတ်သီး၊ သံပရိုသီး၊ သံပရာသီးတို့ကို စားသုံးပေးလို့ရပါတယ်။ ဒါတွေအပြင် ဗီတာမင် C ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း၊မုန်လာဥနီ၊ ငရုတ်ပွတို့ကိုလည်း စားသုံးပေးလို့ရပါတယ်။ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ– ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တဲ့free radicalsတွေကို ထိန်းညှိပေးနိုင်ပါတယ်။free radicalsတွေကြောင့် ကိုယ်တွင်းက ပရိုတင်းတွေ၊ဆဲလ်တွေနဲ့ DNAတွေမပျက်စီးအောင်ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့်သွေးဖြူဥတွေများလို့ ဓာတ်တိုးဆန့်ကျင်အာနိသင်ပါတဲ့ အစားအစာတွေကို စားသုံးမယ်ဆိုရင် ကြက်သွန်မြိတ်၊ ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ လက်ဖက်စိမ်းရေနွေးကြမ်း၊ စပျစ်သီးတို့ကို စားသုံးပေးလို့ရပါတယ်။Omega-3 Fatty Acids–ခန္ဓာကိုယ်အတွင် မရှိမဖြစ်လိုအပ်တဲ့ဓာတ်တစ်မျိုးပါ။ အစားအသောက်တွေကနေတဆင့်လည်းရရှိနိုင်ပါတယ်။ နှလုံးသွေးကြောတွေကို ကျန်းမာစေနိုင်ပြီးပြင်ပကဘက်တီးရီးယားတွေကို အထိရောက်ဆုံးတိုက်ထုတ်ပေးနိုင်ပါတယ်။ ဒီအဆီဓာတ်ကို ပင်လယ်ငါး၊ ထရောက်ငါး၊ ဆယ်လ်မွန်ငါး၊ နှမ်းကြတ်စေ့၊ သစ်ကြားသီးတို့ကနေရရှိနိုင်ပါတယ်။သွေးဖြူဥအရေအတွက်က ရှိသင့်တာထက်များနေသူတွေအနေနဲ့ အချိုကဲတဲ့အစားအစာတွေ၊ အဆီများတဲ့ အစားအစာတွေနဲ့ အငန်ကဲတဲ့ အစားအစာတွေကို အတတ်နိုင်ဆုံးရှောင်သင့်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပေးချက်များ၊ရောဂါရှာဖွေမှုများ၊ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/white-blood-cell-disorder/%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%bb%e1%80%96%e1%80%b4%e1%80%a5%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%b1%e1%80%94%e1%80%90%e1%80%9a%e1%80%b9-%e1%80%98%e1%80%ac%e1%80%85%e1%80%ac%e1%80%b8/
လေနာနဲ့ ဝမ်းပြဿနာများကို ဖြေရှင်းပေးနိုင်မယ့် အကျိုးပြုဘက်တီးရီးယား
ကိုယ်ကျန်းမာစိတ်ချမ်းသာပါစေဆိုတဲ့ ဆုတောင်းပြည့်ပြီလား။ ဒီဆုက လူတိုင်းလိုလားကြမယ်ထင်တယ်နော်။ ကိုယ်တိုင်ကျန်းမာပြီး ချစ်ရတဲ့မိသားစုဝင်တွေနဲ့ကျန်းကျန်းမာမာနေနိုင်ဖို့က အမျှော်လင့်ဆုံးဆုတစ်ခုမဟုတ်ဘူးလား။ ဖေဖေမေမေတို့ကို ကျန်းမာစေချင်တယ်။ မမ၊ ကိုကို၊ မောင်လေး၊ ညီမလေးတွေနဲ့ ချစ်ရသူ၊နောက်ဆုံး ကိုယ်မွေးထားတဲ့သားသားမီးမီးလေးတွေအထိ ကျန်းမာစေချင်တဲ့ဆန္ဒမရှိဘူးဆိုတဲ့သူက ရှားမှာပါ။ ဒီဆုတောင်းလေးပြည့်အောင်ဖြည့်ပေးနိုင်မယ့် နည်းလမ်းလေးတစ်ခုရှိပါတယ်။ ကဲဘာများဖြစ်မလဲ စိတ်ဝင်စားနေပြီလား။အခုခေတ် လူသားတွေရယ်လို့မဖြစ်လာသေးခင် လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာ လူသားတွေရဲ့ ဘိုးဘွားဘီဘင်ခေတ်ကတည်းက လူသားဖြစ်လာမယ့်သူတွေနဲ့အတူ တည်ရှိလာခဲ့တဲ့ အကျိုးပြုဘက်တီးရီးယားလေးရဲ့ နာမည်ကတော့ Lactobacillus reuteri (L. reuteri) လို့ခေါ်ပါတယ်။ သူက လူသားတွေရဲ့ အူလမ်းကြောင်းတလျှောက်မှာနေထိုင်ပြီး ကျန်းမာအောင်စွမ်းဆောင်ပေးပါတယ်။ ဒီအကျိုးပြုဘက်တီးရီးယားကို အရွယ်သုံးပါးစလုံးလိုအပ်ပါတယ်နော်။ ဒီလိုပြောလို့ ထူးဆန်းသွားပေမယ့် ဒီအကျိုးပြုဘက်တီးရီးယားတွေကနေ့စဉ်စားသုံးလိုက်တဲ့ အစားအစာတွေထဲမှာပါဝင်နေပါတယ်။ ဒီအာဟာရဓာတ်ကအစာခြေစနစ်အပါအဝင်ခန္ဓာကိုယ်တစ်ခုလုံးကိုကျန်းမာအောင်လုပ်ဆောင်ပေးပါတယ်။ ဘက်တီးရီးယားဆိုတာနဲ့ မကောင်းတာလုံးဝမဟုတ်ပါဘူးနော်။အစာအိမ်နဲ့အူလမ်းကြောင်းထဲမှာ အကျိုးပြုဘက်တီးရီးယားတွေ မျှတအောင်ရှိနေမှ ကိုယ်ရောစိတ်ပါကျန်းမာရွှင်လန်းနိုင်မှာပါ။ကလေးတွေအတွက် ဒီလိုအကျိုးပြုပါတယ်။ဒီအကျိုးပြုဘက်တီးရီးယားလေးတွေက လူသားတွေရဲ့ပါးစပ်နဲ့အူလမ်းကြောင်းထဲမှာနေထိုင်ကြတာပါ။ မွေးစကလေးကနေစလို့ ဖိုးဖိုးဖွားဖွားတွေအထိ ကျန်းမာနေစေဖို့အထောက်အကူပြုပေးတာပါ။ အကျိုးပြုဘက်တီးရီးယားအမျိုးအစားတွေထဲမှာ အကောင်းဆုံးသော အကျိုးပြုဘက်တီးရီးယားတစ်မျိုးပါ။ ကလေးလေးတွေလေနာအတွက်လည်းထိရောက်တဲ့ အကျိုးပြုဘက်တီးရီးယားတစ်မျိုးပေါ့။လေနာဆိုတာက ကလေးတော်တော်များများကြုံတွေ့ရတဲ့ ဝေဒနာတစ်ခုပေါ့။ ရောဂါကြီးကြီးမားမားမဟုတ်ပေမယ့် လေနာတဲ့အခါ ကလေးကချော့ရခက်အောင်ကို ငိုနေတော့တာပါ။ ၃နာရီလောက်ကို ဆက်တိုက်ငိုတာမျိုးအထိဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာတော့L. reuteriအကျိုးပြုဘက်တီးရီးယားလေးတွေက အထိရောက်ဆုံးဖြေရှင်းပေးနိုင်မှာပါ။ဒါတင်မဟုတ်ပါဘူး။ ဒီဘက်တီးရီးယားလေးတွေကRotavirusကြောင့်ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောဖြစ်တာကို ကာကွယ်နိုင်သလို ဝမ်းပျက်ဝမ်းလျှောကိုသက်သာစေပြီး ဝမ်းအရမ်းသွားတဲ့အခါ ခံစားရတဲ့ရေဓာတ်ဆုံးရှုံးမှုကို သက်သာစေပါတယ်။ ဒါတွေအပြင်ဝမ်းပျက်ဝမ်းလျှောတာကြောင့် နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ဝေဒနာတွေကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါတွေအပြင်L. reuteriအကျိုးပြု ဘက်တီးရီးယားလေးတွေ ကလေးကိုနာဖျားမှုတွေနဲ့ အခြားသောဝေဒနာတော်တော်များများရန်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒီဘက်တီးရီးယားက ကလေးတွေအဖြစ်အများဆုံးအရေပြားပြဿနာတစ်ခုဖြစ်တဲ့နှင်းခူကိုပါ သက်သာစေနိုင်ပါသေးတယ်။ ကလေးတွေကိုသွားပျက်စီးစေတဲ့ဘက်တီးရီးယားတွေကိုပါ နှိမ်နှင်းပေးဖို့ကိုလည်း တာဝန်ယူထားပါသေးတယ်။။လူကြီးတွေအတွက် ဒီလိုအကျိုးပြုပါတယ်။ဒီအကျိုးပြုဘက်တီးရီးယားလေးတွေက ကလေးတွေကျန်းမာရေးကိုပဲ အထောက်အကူပြုတာမဟုတ်ပါဘူး။ လူကြီးတွေအတွက်လည်း အကျိုးပြုပါတယ်။လေ့လာမှုတွေအရတော့L. reuteriအကျိုးပြုဘက်တီးရီးယားလေးတွေကဖျားနာတာ၊ဝမ်းချုပ်တာတွေမဖြစ်အောင်လုပ်ဆောင်ပေးပါတယ်။ အူမကြီးနဲ့ အူတွေရဲ့လှုပ်ရှားမှုကိုကောင်းမွန်စေပြီး အမျိုးသမီးတွေမှာဆိုရင်ဆီးလမ်းကြောင်းပိုးဝင်တာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ အစာအိမ်အနာဖြစ်တာ၊ အစာအိမ်ကင်ဆာဖြစ်တာတွေကိုကာကွယ်ပေးနိုင်စွမ်းလည်းရှိပါတယ်။အူလမ်းကြောင်းအတွင်းက အကျိုးပြုဘက်တီးရီးယားတွေကို မျှတစေပြီး ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားတွေပေါက်ဖွားတာမျိုးမရှိအောင် ကာကွယ်ပေးပါတယ်။ လေပွတာ၊ လေထိုးလေအောင့်တာနဲ့ အခြားသောအစာခြေစနစ်ပြဿနာတွေကို ကင်းဝေးစေမှာပါ။ ဝမ်းမှန်စေပြီး အူတွေပုံမှန်လှုပ်ရှားအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါတွေအပြင် ကိုလက်စထရောကျစေတာ၊ ရောင်ရမ်းမှုတွေကို သက်သာစေတာ၊ စိတ်ဖိစီးမှုတွေကိုလျော့ပါးစေတာ၊ နာကျင်မှုတွေကင်းဝေးစေတာ၊ ခံတွင်းကျန်းမာရေးကောင်းစေတာ၊ အနာကျက်စေနိုင်တာ၊ သိုင်းရွိုက်ဂလင်းတွေကို ကျန်းမာစေတာ၊ တုပ်ကွေးလိုမျိုး ကူးစက်တတ်တဲ့ရောဂါတွေကနေ ကာကွယ်ပေးတာတွေလိုမျိုး ကျန်းမာရေးကိုအထောက်အကူပြုပေးပါတယ်။ဒီလောက်ထိအကျိုးပြုနေမှတော့စားသုံးသင့်တဲ့ အာဟာရတစ်မျိုးဆိုတာပြောနေစရာတောင် မလိုပါဘူးနော်။ ဘယ်လိုများ အစားအသောက်တွေထဲမှာL. reuteriအကျိုးပြုဘက်တီးရီးယားလေးတွေ ပါအောင်စားနေရမလဲလို့များတွေးနေလား။ ဒီဓာတ်က အရင်ကစားနေကျ အစားအသောက်ထဲမှာပါပြီးသားမို့ ထူးထူးဆန်းဆန်းကြီးတော့မတွေးပါနဲ့။ သေချာချင်ရင်တော့ ဒီအကျိုးပြုဘက်တီးရီးယားလေးတွေပါဝင်တဲ့ ဆေးဝါးတစ်ခုခုကိုမှီဝဲပေးလိုက်ပါနော်။ ကိုယ်ကျန်းမာစိတ်ချမ်းသာပါစေဆိုတဲ့တောင်းဆုလေးပြည့်ကြပါစေကြောင်း။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/digestive-problems/ptobiotics/
အစာအိမ်ကင်ဆာကနေ ပြန်လည် ကျန်းမာလာတဲ့အခါ
အဖြစ်များလာတဲ့ ကျန်းမာရေး ပြဿနာတစ်ခုဖြစ်တဲ့ အစာအိမ်ကင်ဆာကို ကုသမှု ခံယူပြီး ပြန်လည် ကျန်းမာလာတဲ့အခါ ပြည့်ဝတဲ့ ကျန်းမာရေးကို ရရှိပြီး လူတန်းစေ့စေ့ နေထိုင်နိုင်စေဖို့လိုက်နာရမယ့် အလေ့အထလေးတွေရှိပါတယ်။အစာအိမ်ကင်ဆာကနေ သက်သာလာတဲ့အခါ နေထိုင်မှု အလေ့အထ ပုံစံကို ပြောင်းလဲသင့်ပါတယ်။ နေထိုင်မှု အလေ့အထ ပြောင်းလဲတာက အစာအိမ်ကင်ဆာ ကုသတဲ့နေရာမှာ အထောက်အကူဖြစ်စေသလိုခန္ဓာကိုယ် ကြံ့ခိုင်ကျန်းမာစေဖို့ကိုလည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။အစာအိမ်ကင်ဆာကနေ သက်သာလာတဲ့အခါကျန်းမာတဲ့ နေထိုင်မှုပုံစံကို လိုက်နာမယ်ဆိုရင်။အစာအိမ်ကင်ဆာကနေ သက်သာလာပြီဆိုရင် ဒီအလေ့အထလေးတွေကို လိုက်နာသင့်ပါတယ်။အစာအိမ်ကင်ဆာကနေ သက်သာလာတဲ့အခါ ကျန်းမာနေစေဖို့ဆိုရင်။ဆေးလိပ်သောက်တာက အစာအိမ်ကင်ဆာ ကုသမှုကို ထိရောက်မှု အားနည်းစေပါတယ်။ ကိုယ်ခံအားကိုလည်း ကျဆင်းစေနိုင်သလို နောက်ဆက်တွဲ ကျန်းမာရေးပြဿနာလည်း များပါတယ်။ဆေးလိပ်သောက်တာက တစ်ရှူးတွေကို အနာကျက်နှေးစေပြီး ကုသမှုခံယူထားတဲ့အစာရေမျိုပြွန်တစ်ရှူးတွေနဲ့ အစာအိမ်တစ်ရှူးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါကြောင့် အစာအိမ်ကင်ဆာကနေ သက်သာလာတဲ့အခါ ဆေးလိပ်ဖြတ်ပါ။ တဆင့်ခံဆေးလိပ်ငွေ့ကို ရှောင်ပါ။အာဟာရ ပြည့်ဝမျှတတဲ့ စားစရာတွေက ကျန်းမာရေး ကောင်းစေသလို စိတ်ခံစားမှုကိုလည်း ကောင်းစေပါတယ်။ မြန်မြန် နလန်ထလာစေဖို့လည်း အထောက်အကူပြုပေးနိုင်ပါတယ်။ အစာအိမ်ကင်ဆာ ကုထုံးကြောင့်ခံတွင်းပျက်နေတာမျိုး ဖြစ်နိုင်ပေမယ့် အာဟာရဖြစ်စေမယ့် အစားအစာတွေကို ရွေးချယ်ပြီး စားပေးပါ။လိုအပ်မယ်ဆိုရင် အာဟာရဆရာဝန်နဲ့ တိုင်ပင်ပြီး စားသုံးပေးပါ။ အာဟာရ ပြည့်ဝမျှတအောင် စားသုံးတာက အစာအိမ်ကင်ဆာကို ခံနိုင်ရည် ရှိစေသလို ခန္ဓာကိုယ်ကို စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ကင်ဆာ နဲ့ ကင်ဆာ ကုထုံးတွေက ကိုယ်ခံအားကို ကျစေနိုင်ပါတယ်။ ဒီတော့ ကူးစက်ရောဂါပိုးတွေ ကူးစက်ခံရနိုင်ခြေက အခြားသူတွေထက် ပိုမြင့်နေတာပေါ့။ ဒါ​​ကြောင့်အအေးမိတုပ်ကွေးအပါအဝင် ကူးစက်ရောဂါတွေကို ကာကွယ်ဖို့။လေ့ကျင့်ခန်း လုပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး ကိုယ်ခံအားကို တိုးစေနိုင်ပါတယ်။ ဒါ​ကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဘေးအကင်းဆုံး ဖြစ်စေမယ့် လေ့ကျင့်ခန်းကို လုပ်ပေးပါ။လေ့ကျင့်ခန်း ပုံမှန်လုပ်တာက ကင်ဆာကြောင့် နဲ့ ကင်ဆာကုထုံးကြောင့် ခံစားရနိုင်တဲ့ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကို သက်သာစေနိုင်ပါတယ်။ကင်ဆာ ခံစားနေရတာကနေ သက်သာလာတဲ့အခါ အခုလို အလေ့အထလေးတွေကို မွေးမြူပြီး နေ့ရက်တိုင်းကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းလိုက်ပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/stomach-cancer-cancer/lifestyle-changes-to-manage-stomach-cancer/
အရိုးပွခြင်းနှင့် ပတ်သက်သော ယုံတမ်းစကားများ
အရိုးပွခြင်းဆိုတာ အရိုးများသိပ်သည်းဆအားနည်းလာတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ နှစ်စဉ် ကမ္ဘာတဝှမ်းက လူသန်းပေါင်းများစွာ ကြုံတွေ့နေရတဲ့ပြဿနာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အသက်ငါးဆယ်ကျော်အရွယ်တွေမှာ ဖြစ်တာ များပါတယ်။ယခုဖော်ပြမှာကတော့ အရိုးပွခြင်းနဲ့ပတ်သက်ပြီး ပြောဆိုနေကြတဲ့ ယုံတမ်းစကားတွေ ဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေဟာ လူထုကြားထဲမှာ စစ်တမ်းကောက်ပြီး ကြားရအများဆုံးစကားစုတွေ ဖြစ်ပါတယ်။ဒီစကားရပ်ဟာ ယေဘုယျအားဖြင့် မှန်ကန်သယောင်ထင်ရပါတယ်။ အသက်ကြီးလေ အရိုးပွပြီး အရိုးကျိုးနိုင်ခြေ များလေဖြစ်ပါတယ်။ ဒါပေမယ့် မလွဲမသွေကြုံနိုင်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ အရိုးပွခြင်းမဖြစ်အောင် တတ်နိုင်သလောက် ကာကွယ်နိုင်ပါတယ်။ ငယ်ရွယ်စဉ်ကတည်းက ကယ်လ်ဆီယမ်၊ ဗီတာမင် D ကို လုံလောက်စွာ ရရှိပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ရင် အရိုးပွခြင်း၊ အရိုးကျိုးခြင်း ဖြစ်နိုင်ခြေ နည်းပါတယ်။အမျိုးသမီးတွေမှာ အဖြစ်ပိုများပါတယ်။ ဒါပေမယ့် အမျိုးသားတွေလည်း ကြုံရပါတယ်။ အမေရိကန်မှာဆိုရင် အသက် ၅၀ ကျော်အရွယ် အမျိုးသားများရဲ့ နှစ်ဆယ်ရာခိုင်နှုန်းဟာ အရိုးပွပြီး အရိုးကျိုးခြင်းကို ကြုံတတ်ကြပါတယ်။ အာဖရိကနိုင်ငံတချို့မှာဆိုရင် အမျိုးသားနဲ့ အမျိုးသမီး ဖြစ်နိုင်ခြေ ဆတူရှိတယ်ဆိုတာကို တွေ့ရှိရပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များရတဲ့ အကြောင်းအရင်းကတော့ သွေးဆုံးပြီးချိန်မှာ ကိုယ်ခန္ဓာတွင်း ဟော်မုန်းဓာတ်အပြောင်းအလဲတွေ ကြုံရလို့ ဖြစ်ပါတယ်။အရိုးများရဲ့ထုထည်အားလုံးနီးပါးဟာ မိန်းကလေးဆိုရင် အသက် ၁၈ နှစ်၊ ယောကျ်ားလေးဆိုရင် အသက် ၂၀ မှာ ဖွဲ့စည်းဖြစ်ပေါ်ပါတယ်။ ဒါကြောင့် ငယ်ရွယ်စဉ်မှာ အရိုးပွခြင်းပြဿနာအတွက် ပူစရာမလိုပေမယ့် ထိုအချိန်ကတည်းက အရိုးများရဲ့ကျန်းမာရေးကို အလေးထားမှသာ နောင်အသက်ကြီးလာရင် အရိုးပွခြင်းမဖြစ်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ငယ်ရွယ်စဉ်ကတည်းက အရိုးများကို အကျိုးပြုမယ့်အာဟာရဓာတ်တွေကို စနစ်တကျစားသောက်သွားဖို့ လိုပါတယ်။အရိုးပွခြင်းဟာ တခါတရံမှာ အသက်အန္တရာယ်အထိ ဒုက္ခပေးပါတယ်။ မတော်တဆမှုတွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ပေါင်ရိုးကျိုးတတ်ပါတယ်။ ပေါင်ရိုးကျိုးတဲ့အခါ ခွဲစိတ်ကုသမှု ခံယူရာကနေ နှလုံးခုန်မမှန်ခြင်း၊ နှလုံးထိခိုက်ခြင်း၊ အဆုတ်ရောင် နမိုးနီးယားဖြစ်ခြင်း၊ ရောဂါပိုးဝင်ခြင်း စတဲ့ပြဿနာတွေကို ကြုံတွေ့ပြီး အသက်သေဆုံးတဲ့အထိ ဖြစ်တတ်ပါတယ်။ အသက်ကြီးပိုင်းတွေမှာကိုယ်ခံအားနည်းတဲ့အတွက်ကြောင့်လည်း ဖြစ်ပါတယ်။အရိုးပွရောဂါခံစားနေရသူအများစုဟာ ချော်လဲမှသာအရိုးကျိုးတတ်ကြပေမယ့် တခါတရံမှာ အားနည်းလွန်းတဲ့အရိုးတွေဟာ သူ့အလိုလိုကျိုးတတ်ပါတယ်။ အိပ်ရာပေါ်မှာတင် တခုခုကို အားပြုပြီး မှီလိုက်ထောက်လိုက်ချိန်မှာ ကျိုးတတ်ပါတယ်။ လမ်းလျှောက်နေရင်းကပဲကိုယ်ခန္ဓာအပေါ်က သက်ရောက်တဲ့ဖိအားကြောင့် အလိုအလျောက် ကျိုးတတ်ပါသေးတယ်။တကယ်တော့ အရိုးများ သိပ်သည်းဆနည်းလာတဲ့ အခြေအနေကို ကြိုမသိရပါဘူး။ တခါတရံမှာ အရိုးကျိုးမှသာ အရိုးပွခြင်းဖြစ်နေတဲ့ အခြေအနေကို သိရတာ ဖြစ်ပါတယ်။ ဒါကြောင့် အသက်အရွယ်ကြီးလာရင်အရိုးအဆစ်အခြေအနေတွေကို ဂရုစိုက်ပြီး အရိုးပွခြင်း အခြေအနေကို ကြိုသိရအောင် အရိုးသိပ်သည်းဆစစ်ဆေးခြင်းကို ပြုလုပ်သင့်ပါတယ်။အရိုးပွခြင်းဖြစ်ပြီးရင် ယခင်အနေအထားကို ပြန်မရနိုင်တော့ပါဘူး။ ဒါပေမယ့် အရိုးတွေကို တတ်နိုင်သမျှ ပြန်လည်ကြံ့ခိုင်အောင် ကုသနိုင်ပါသေးတယ်။ ဆေးဝါးကုသမှုခံယူပြီး ၃-၄ နှစ်ခန့်ကြာရင် အရိုးသိပ်သည်းဆ အနည်းငယ်ပြန်တက်လာတယ်လို့ သုတေသနတခုမှာ ဆိုထားပါတယ်။………………………….။အရိုးပွခြင်းပြဿနာဟာ နေ့စဉ်လူနေမှုဘဝကို အနှောင့်အယှက်ပေးနိုင်တဲ့ အခြေအနေ ရှိပါတယ်။ ငယ်ရွယ်စဉ်ကတည်းက အရိုးများကို အကျိုးပြုစေမယ့် အစားအသောက်တွေ စားသုံးသလို အသက်အရွယ်ကြီးလာရင်လည်း အရိုးသိပ်သည်းဆစစ်ဆေးသင့်ပါတယ်။အရိုးပွခြင်းပြဿနာနဲ့ ပတ်သက်တဲ့ အကြောင်းအရာကိုတွေလည်း မှန်ကန်စွာ သိရအောင် နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/osteoporosis-orthopedics-musculoskeletal/osteoporosis-myths/
ဝှေးစေ့မှာ သွေးတိုးရင် ဘာဖြစ်တတ်သလဲ
အမျိုးသား တချို့မှာဆန္ဒမပြီးမြောက်အောင် ထိန်းချုပ်လိုက်ရင်ဝှေးစေ့ထဲကနေ အောင့်သလိုလို ကိုက်သလိုလို ခံစားရတဲ့အကြောင်းကို ပြောပြချင်ပါတယ်။ ဝှေးစေ့မှာ  သွေးတိုးတာကိုBlue ballsဒါမှမဟုတ် epididymal hypertension လို့လည်း ခေါ်ပါတယ်။ တစ်ခုကြိုပြီးပြောချင်တာက ဝှေးစေ့မှာ သွေးတိုးရတာရောဂါကြောင့် မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အပြုအမူကြောင့် ဖြစ်ရတာပါ။အမျိုးသား တချို့က အချိန် ပိုကြာကြာလိင်ဆက်ဆံနိုင်အောင်သုက်လွှတ်တာကို ထိန်းချုပ်ဖို့ ကြိုးစားတတ် ကြပါတယ်။ ဆန္ဒပြီးမြောက်ခါနီးအထိလုပ်ပြီးမှ သုက်မထွက်အောင် ထိန်းချုပ်တာမျိုးပေါ့။ အများစုကတော့ အဆင်ပြေ ကြပါတယ်။တချို့ကျတော့ ဒီလိုလိင်ဆန္ဒအထွတ်အထိပ်မရောက်အောင် ထိန်းချုပ်လိုက်ရင် ဝှေးစေ့ထဲက အောင့်သလိုလို နာသလိုလို ခံစားရတတ်ပါတယ်။ဒါဘာကြောင့် ဖြစ်ရသလဲ ဆိုတော့ အာသာဖြေချိန်မှာ ဝှေးစေ့ အတွင်းက သွေးကြောတွေ သာမန်ထက် ပိုကျယ်ပြန့်လာပြီးသွေးတွေ ပိုစုလာပါတယ်။ အချိန်အရမ်းကြာအောင် အာသာဖြေမိရင် ဒီသွေးတွေက အပြင် ပြန်မထွက်တော့ဘဲ ဝှေးစေ့ထဲမှာ ပြည့်ကျပ်လာပြီး ဝှေးစေ့လည်း ပို တောင့်တင်း လာတယ်။ဒီလိုဖြစ်ရင် ဝှေးစေ့ထဲက အောင့်ပြီး နေမထိထိုင်မသာ ခံစားရတတ် ပါတယ်။ သွေးတွေ အများကြီး စုနေတဲ့အတွက် သေချာ ကြည့်ရင် ဝှေးစေ့က ပြာနှမ်းနှမ်းအရောင် ဖြစ်နေတာမို့ blue balls (ဝှေးစေ့ပြာ) အခြေအနေလို့ အလွယ် ခေါ်ဆိုကြလည်း ဖြစ်ပါတယ်။ဒီလို ပြောလို့ ဝှေးစေ့ အောင့်တိုင်း ဝှေးစေ့ သွေးတိုးတာလို့ သတ်မှတ်လို့ မရဘူးနော်။ နေရင်းထိုင်ရင်း ဝှေးစေ့က အောင့်နေ၊ နာနေရင်တော့ တခြား ဖြစ်နိုင်တဲ့ပြဿနာတွေကို စဉ်းစား ရပါမယ်၊ ဒါတွေကတော့။–ဆီးချိုရောဂါကြောင့် အာရုံကြော အားနည်းပျက်စီးခြင်း။– သုက်ပို့ပြွန် ရောင်ရမ်းခြင်း။– ရောဂါပိုး ဝင်ခြင်း။– ကျောက်ကပ် ကျောက်တည်ခြင်း။– ပါးချိတ် ရောင်ခြင်း။– ဝှေးစေ့ ပိုးဝင်ပြီး ရောင်ရမ်းခြင်း။–ဝှေးစေ့ ကင်ဆာဖြစ်ခြင်း။– ဝှေးစေ့ လိမ်ခြင်း စတဲ့ အခြေအနေတွေမှာလည်း ဝှေးစေ့ အောင့်တတ် ပါသေးတယ်။ အရမ်းကျပ်တဲ့ဘောင်းဘီတွေ ဝတ်မိရင်လည်း ဝှေးစေ့ အောင့်တတ်တာကို သိထား သင့်ပါတယ်။အမျိုးသားတွေအတွက် ကံကောင်းတာ တစ်ခုက ဝှေးစေ့ သွေးတိုးတဲ့ ပြဿနာက အရမ်း မပြင်းထန်တတ် တာပါပဲ။ ကြီးကြီးကျယ်ကျယ် ကုသမှု ခံယူစရာလည်း မလိုအပ်ပါဘူး။ လိင်တံ နဲ့ ဝှေးစေ့ထဲမှာ စုနေတဲ့ သွေးတွေ လျော့သွား တာနဲ့ ပုံမှန် ပြန်ဖြစ်သွားမှာပါ။ဝှေးစေ့ သွေးတိုးတာကို အလွယ်ကူဆုံး နဲ့ အမြန်ဆုံးပျောက်ကင်းအောင် လုပ်တဲ့ နည်းက ဆန္ဒပြီးမြောက်ချိန်မှာ သုက်လွှတ်လိုက်ဖို့ ပါပဲ။  ဒါဆို ဝှေးစေ့ နဲ့လိင်တံထဲမှာ စုနေတဲ့ သွေးတွေ ပြန်လျော့သွားပြီးသွေးကြောတွေလည်း ပြန်ကျဉ်း သွားပါလိမ့်မယ်။ သုက်လွှတ်ပြီးတာ နဲ့ဝှေးစေ့အောင့်တာတဖြည်းဖြည်း သက်သာသွားတာ ခံစားရမှာပါ။သုက်မလွှတ်ဘဲ ဝှေးစေ့ သွေးတိုးတာကို သက်သာအောင်လုပ်နိုင်တဲ့ တခြား နည်းတစ်ခု ကတော့ ဆန္ဒအထွတ်အထိပ် မရောက်အောင် လိင်စိတ်ကို ဖြေလျှော့လိုက်တာပါပဲ။လိင်ကိစ္စကို မတွေးဘဲ တခြား အကြောင်း တစ်ခုခု တွေးလိုက်တာ၊ ရေချိုးပစ်လိုက်တာ၊ အိပ်ရာပေါ်မှာ ငြိမ်ငြိမ်လေး လှဲနေလိုက်တာ၊ သီချင်းနားထောင်ပြီး အာရုံ လွှဲပစ်လိုက်တာ စတဲ့နည်းတွေလို တစ်ခြား တစ်ခုခု လုပ်ပြီး အာရုံ လွှဲပစ်လိုက် သင့်ပါတယ်။ လေ့ကျင့်ခန်း လုပ်တာ၊ ဝှေးစေ့ကို ရေခဲအိတ်ကပ်တာတွေလည်း လုပ်ပေးလို့ ရပါတယ်။ဆိုတော့ ပြောရမယ်ဆို ဝှေးစေ့သွေးတိုးတဲ့ အခြေအနေက သုက်မလွှတ်အောင် ထိန်းချုပ်တဲ့သူ တချို့ ခံစားနိုင်တဲ့ အခြေအနေ တစ်ခု ပါပဲ။ အဖြစ်နည်းသလို ပြင်းလည်း မပြင်းထန်ပါဘူး။လိင်စိတ် ကျဆင်းသွားတာနဲ့ ပြန်သက်သာသွားမှာပါ။မသက်သာဘဲ ဆက်တိုက် နာကျင်နေမယ်၊ နာကျင်မှုလည်း ပိုပြင်းထန်လာခဲ့မယ် ဆိုရင်တော့ ဝှေးစေ့ သွေးတိုးတာ မဟုတ်ဘဲ တခြား ပြဿနာ တစ်ခုခုကြောင့် ဖြစ်နိုင်ပြီး ဆရာဝန် နဲ့ ပြသကြည့်ဖို့ လိုအပ်ပါတယ်လို့ ပြောချင်ပါတယ်။Dr. Htoo Tint။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/blue-balls/
အစာအိမ် ကင်ဆာ
အစာအိမ်ကင်ဆာဆိုတာက အစာအိမ်ထဲက ဆဲလ်တွေ ပုံမှန် မဟုတ်ပဲ ကြီးထွားမှုကနေစတင်တဲ့ ကင်ဆာ အမျိုးအစားပါ။ အစာအိမ်ဆိုတာက ဝမ်းဗိုက်ရဲ့ အထက်ပိုင်း အလယ်နားမှာ ရှိတဲ့ ကြွက်သားနဲ့ ဖွဲ့စည်းထားတဲ့ အိတ်တစ်ခုပါ။ နံရိုးတွေရဲ့ အတွင်းဘက်နားမှာ ရှိပါတယ်။ အစာအိမ်က စားလိုက်တဲ့ အစာတွေကို လက်ခံတယ်၊ ထိန်းသိမ်းပေးထားတယ်။ ပြီးရင် ချေဖျက်ဖြိုခွဲပေးပါတယ်။အစာအိမ်ကင်ဆာကို (Stomach Cancer) လို့ ခေါ်သလို (Gastric Cancer) လို့လည်း ခေါ်ပါတယ်။ အစာအိမ်ကင်ဆာကအစာအိမ်ရဲ့ နေရာတိုင်းမှာ ဖြစ်နိုင်ပါတယ်။ အစာအိမ်ကင်ဆာ အများစုကတော့ အစာအိမ်ရဲ့ အဓိကကျတဲ့အစိတ်အပိုင်းနေရာကနေ စဖြစ်တာပါ။အစာအိမ်ကင်ဆာက အစာအိမ်ကိုတင် ထိခိုက်စေတာ မဟုတ်ဘဲ၊ အစာအိမ်ဆီကို အစာတွေ ပို့ဆောင်ပေးတဲ့အစာရေမျိုပြွန်နဲ့ အစာအိမ် ဆုံတဲ့ နေရာမှာလည်း ဖြစ်နိုင်ပါတယ်။အစာအိမ်မှာ ကင်ဆာဖြစ်နေတယ်လို့ ယူဆရတဲ့ လက္ခဏာရှိပြီဆိုတာနဲ့ အမြန်ဆုံး စစ်ဆေးကုသမှု ခံယူဖို့ လိုပါမယ်။ ကုသမှုဆိုတဲ့နေရာမှာ ခွဲစိတ်ပြီး ကင်ဆာဖြစ်နေတဲ့ နေရာကို ဖယ်ထုတ်တာရှိသလို မခွဲစိတ်ခင် နဲ့ ခွဲစိတ်ပြီးချိန်မှာ ခံယူရမယ့် ကုသမှုတွေလည်း ရှိပါတယ်။အစာအိမ်ကင်ဆာက အစာအိမ်ထဲမှာရှိတဲ့ ဆဲလ်တစ်ခုရဲ့DNA(မျိုးဗီဇ) ပြောင်းလဲမှုကနေ စတင်ဖြစ်ပွားတာပါ။ ဆဲလ်ရဲ့ DNA ထဲမှာ ဆဲလ်ကို ဘယ်လို လုပ်ဆောင်ရမယ်ဆိုပြီး ညွှန်ကြားတဲ့ လုပ်ငန်းစဉ် ပါဝင်ပါတယ်။ ဒီပြောင်းလဲမှုက ဆဲလ်ကို မြန်မြန် ကြီးထွားဖို့ နဲ့ ကျန်းမာတဲ့ ဆဲလ်တွေ သေဆုံးသွားချိန်မှာ ဆက်လက်ရှင်သန်နေဖို့ သတင်းပေးလိုက်ပါတယ်။ဒီလိုနဲ့ကင်ဆာဆဲလ်တွေပွားလာပြီး အကျိတ်ဖြစ်လာပါမယ်။ အကျိတ်က ကျန်းမာတဲ့ တစ်ရှူးတွေဆီ ဝင်ရောက်ပြန့်နှံ့ ကျန်းမာတဲ့ တစ်ရှူးတွေကို ဖျက်ဆီးပစ်လိုက်ပါတယ်။ ဒီလိုလုပ်ဆောင်နေတာနဲ့ တစ်ချိန်ထဲမှာ ကင်ဆာဆဲလ်တွေက ကွဲပွားပြီး ခန္ဓာကိုယ်ရဲ့ အခြား အစိတ်အပိုင်းတွေဆီ ပြန့်နှံ့ပါတယ်။အစာအိမ်ကင်ဆာ ခံစားရတဲ့အခါ။တကယ်လို့ အခုပြောခဲ့တဲ့ လက္ခဏာတစ်ခုခု တွေ့ရပြီဆိုရင်  မြန်မြန်နိုင်သမျှ မြန်မြမန် စစ်ဆေးကုသမှု ခံယူပါ။ ဆရာဝန်က လိုအပ်တဲ့ စစ်ဆေးမှုဗတွကို လုပ်ဆောင်ပြီး သင့်တော်တဲ့ ကုသမှုကို လုပ်ဆောင်ပေးပါလိမ့်မယ်။အစာအိမ်ကင်ဆာ ဖြစ်စေတဲ့ အကြောင်းအရင်းကို တိတိကျကျ မသိရသေးပါဘူး။ ဒါပေမယ့် ဒီအချက်တွေကြောင့်တော့ အစာအိမ်ကင်ဆာ ခံစားရနိုင်ခြေ တိုးစေပါတယ်။အစာအိမ်ကင်ဆာ ခံစားရတဲ့အခါ ခံစားနေရတဲ့ အခြေအနေအလိုက် အခုလို အဆင့်တွေ သတ်မှတ်နိုင်ပါတယ်။ဒီအဆင့်မှာ  1A နဲ့ အဆင့် IB ဆိုပြီးရှိပါတယ်။အဆင့်  1B– ဒီအဆင့်မှာတော့ ကင်ဆာက အစာအိမ် ကြွက်သားနံရံအလွှာဆီကို ပြန့်နှံနေတာ ဒါမှမဟုတ် အနီးနားက ပြန်ရည်ကျိတ် ၁ ခု၊ ၂ ခုစီကို ပြန့်နေတဲ့ အနေအထားပါ။ဒီအဆင့်မှာ အဆင့် IIA နဲ့ အဆင့် IIB ဆိုပြီး ရှိပါတယ်။Stage IIB– ဒီအဆင့်မှာ ကင်ဆာဆဲလ်တွေက ဒီအခြေအနေ ၄ ခုမှာ ရှိနိုင်ပါတယ်။ဒီအဆင့်မှာအဆင့် IIIA၊ အဆင့် IIIB နဲ့အဆင့် IIIC ဆိုပြီး ရှိပါတယ်။အဆင့် IIIA –ဒီအဆင့်မှာ ကင်ဆာဆဲလ်တွေက ဒီအခြေအနေ ၃ ခုမှရှိနေနိုင်ပါတယ်။အဆင့် IIIB– ဒီအဆင့်မှာ ကင်ဆာဆဲလ်တွေက။ဒီအဆင့်မှာ ကင်ဆာဆဲလ်တွေက အစာအိမ်အပြင် အသည်း၊ အဆုတ်၊ ဦးနှောက်၊ အရိုးတို့လိုမျိုး အဝေးက အစိတ်အပိုင်းတွေဆီ ပြန့်နှံနေပါပြီ။ဒီကင်ဆာ အဆင့်တွေကို သွေးဖောက်စစ်ဆေးတာ၊ မှန်ပြောင်းထည့် စစ်ဆေးတာ၊ ပုံရိပ်ဖော် စစ်ဆေးတာ၊ Exploratory surgery လို့ခေါ်တဲ့  ဝမ်းဗိုက်မှာ အပေါက်ငယ်လေး ဖောက်ပြီး ကင်မရာတပ်ဆင်ထားတဲ့ မှန်ပြောင်း ရှည်ရှည်သေးသေးလေး ထည့်ပြီး စစ်ဆေးတဲ့ နည်းလမ်းတွေနဲ့ စစ်ဆေးရမှာဖြစ်ပါတယ်။ပုံရိပ်ဖော် စစ်ဆေးခြင်း – ဒီစစ်ဆေးမှုမှာ  CT scans နဲ့barium swallowလို့ ခေါ်တဲ့ X-ray အထူးအမျိုးအစားကိုသုံးပြီး ပုံရိပ်ရယူ စစ်ဆေးတဲ့နည်းလမ်းတွေနဲ့ စစ်ဆေးမှာပါ။ဒီနည်းလမ်းရဲ့ အဓိကရည်ရွယ်ချက်က ကင်ဆာဆဲလ်တွေနဲ့ အနီးတဝိုက် တစ်ရှူးတွေကို ဖယ်ရှားဖို့ပါ။ ခွဲစိတ်တဲ့အခါ။ကင်ဆာဆဲလ်တွေကို ပြန့်မသွားစေဖို့ ဆေးရည်သွင်းပြီး သတ်ပစ်တဲ့ကုသနည်းပါ။ ခွဲစိတ်မှု မလုပ်ခင်မှာ အသုံးပြုလေ့ရှိပါတယ်။ ဒီလို အသုံးပြုတက ကင်ဆာဆဲလ်တွေကို အလွယ်တကူ ဖယ်ရှားနိုင်စေဖို့ အထောက်အပံ့ပေးပါတယ်။ဒီဆေးသွင်းကုသမှုကို တစ်မျိုးတည်း သုံးတာရှိသလို targeted drug therapy (ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်တဲ့ ကုထုံး) နဲ့ တွဲသုံးတာမျိုးလည်း ရှိပါတယ်။ ကင်ဆာအရမ်းပြင်းထန်သူတွေမှာ သုံလေ့ရှိပါတယ်။Radiation therapy (ဓာတ်ရောင်ခြည် ကုထုံး)။ဒီကုထုံးမှာတော့  စွမ်းအားမြင့် ရောင်ခြည်ကို အသုံးပြုပြီး ကင်ဆာဆဲလ်တွေကို သတ်ပစ်တာပါ။ဒီကုထုံးကတော့ ကင်ဆာဆဲလ်တွေကို ပစ်မှတ်ထားပြီး ကင်ဆာဆဲလ်တွေရဲ့ကြီးထွားမှုကို ဟန့်တားပေးတာ ဒါမှမဟုတ် ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပေးတဲ့ကုထုံးပါ။ကိုယ်ခံအားက ကင်ဆာဆဲလ်တွေကို တိုက်ထုတ်နိုင်စေဖို့ လှုံ့ဆော်ပေးတဲ့ ကုထုံးတစ်ရပ်ပါ။အစာအိမ်ကင်ဆာကို ကာကွယ်ချင်တယ်ဆိုရင်။အစာအိမ်ကင်ဆာကအစာအိမ်ရဲ့ နေရာတိုင်းမှာ ဖြစ်နိုင်ပါတယ်။ အစာအိမ်ကင်ဆာ အများစုကတော့ အစာအိမ်ရဲ့ အဓိကကျတဲ့အစိတ်အပိုင်းနေရာကနေ စဖြစ်တာပါ။ အနေအထိုင် အစားအသောက် ဂရုစိုက်ဖို့လိုသလို အစာအိမ်ကင်ဆာလို့ ယူဆရတဲ့ လက္ခဏာတစ်ရပ်ရပ်တွေ့ရပြီဆိုတာနဲ့ လိုအပ်တဲ့ စစ်ဆေးမှုတွေကို လုပ်ဆောင်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/stomach-cancer-cancer/stomach-cancer/
ဆေးသောက်စရာမလိုဘဲခေါင်းကိုက်ပျောက်စေမယ့် နည်းလမ်း ၅ သွယ်
ရေသောက်ပါ။တစ်ခါတလေမှာခေါင်းကိုက်တာက ကိုယ်တွင်းမှာရေဓါတ်နည်းနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့်ခေါင်းကိုက်တဲ့အခါဆေးတွေဘာတွေမသောက်ခင် အရင်ဆုံးရေခဲရေမဟုတ်တဲ့ရေအေးအေးလေးတစ်ခွက်ကိုသောက်ချလိုက်ပါ။ ခဏလောက် ပတ်ဝန်းကျင်စိမ်းစိမ်းလေးကိုကြည့်လိုက်ပါ။နှိပ်နယ်ပေးပါ။ကိုယ်တိုင်လုပ်လို့ရပါတယ်။ အခြားသူကို အားကိုးစရာမလိုပါဘူး။ ဇက်ကြောနဲ့နားထင်တို့ကို လက်ချောင်းလေးတွေသုံးလို့ဖြည်းဖြည်းချင်းနှိပ်ပေးပါ။ တင်းနေတဲ့အကြောတွေပြေလျော့သွားပြီးခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ချင်း (ဂျင်း) နည်းနည်းစားပါ။ချင်း (ဂျင်း) ကဆေးဖက်ဝင်တာတော့ သိပြီးဖြစ်မှာပါ။ခေါင်းကိုက်တဲ့အခါ ချင်း (ဂျင်း) တစ်ပြားလောက်ကို ဝါးစားပေးပါ။ ချင်း (ဂျင်း) ကိုဝါးမစားချင်ဘူးဆိုရင်လည်းရေနွေးဆူဆူဆူထဲ ထည့်ပြုတ်ပြီး ချင်းပြုတ်ရည်လေးသောက်ပေးလို့ရပါတယ်။အနားယူပါ။အိပ်ရေးမဝတာကြောင့် ဒါမှမဟုတ် ပင်ပန်းလွန်းတာကြောင့်ခေါင်းကိုက်တာမျိုးဖြစ်တဲ့အခါ ခန္ဓါကိုယ်က အနားပေးလိုက်တာကလည်းဆေးသောက်စရာမလိုဘဲခေါင်းကိုက်သက်သာသွားစေနိုင်ပါတယ်။ ဒါကြောင့် ခဏလောက်ဖြစ်ဖြစ် တိတ်ဆိတ်တဲ့နေရာမှာ မျက်လုံးလေးမှိတ်လို့ အနားယူလိုက်ပါ။ အနားယူနေစဉ်မှာခေါင်း၊နားထင်နဲ့ ဇက်ကြောမှာရှိနေတဲ့ တင်းအားတွေကိုပြေလျော့စေဖို့ ကိုယ်နေဟန်ထား မှန်မှန်လေးထားပေးပါ။လေ့ကျင့်ခန်းလုပ်ပါ။ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလုပ်ခိုင်းတာမဟုတ်ပါဘူး။ယောဂလေ့ကျင့်ခန်းလိုမျိုး အကြောတွေပြေလျော့စေနိုင်တဲ့လေ့ကျင့်ခန်းကိုလုပ်ခိုင်းတာပါ။နေ့စဉ်ပုံမှန် အကြောလျှော့ပေးတာကလည်ခေါင်းကိုက်တာကို မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ တိတ်ဆိတ်ငြိမ်သက်နေတဲ့နေရာလေးမှာ တရားထိုင်တာကလည်းခေါင်းကိုက်တာကို သက်သာစေဖို့ အထောက်အပံ့ပေးနိုင်မှာပါ။တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နေတုန်းခေါင်းကိုက်လာခဲ့ရင် အခုပြောခဲ့တဲ့နည်းလမ်းလေးတွေအတိုင်း လုပ်ကြည့်ပြီးခေါင်းကိုက်ဝေဒနာကို ခပ်ဝေးဝေးလေးမောင်းထုတ်လိုက်ရအောင်လား။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/headaches-and-migraines/%e1%80%86%e1%80%b1%e1%80%b8%e1%80%9e%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%85%e1%80%9b%e1%80%ac%e1%80%99%e1%80%9c%e1%80%ad%e1%80%af%e1%80%98%e1%80%b2%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba/
တစ်နေ့ကို တစ်နပ်ပဲစားခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုသလား
လူတချို့ဟာကိုယ်အလေးချိန်လျှော့ချဖို့နဲ့ ကျန်းမာရေး ကောင်းမွန်စေဖို့ ရည်ရွယ်ချက်နဲ့တစ်ရက်တာမှာ အစားတစ်နပ်သာ စားပါတယ်။ ဒီလို တစ်ရက်တာမှာတစ်နပ်သာစားခြင်းကို အတိုကောက်အားဖြင့် OMAD (One Meal per Day) လို့ ရည်ညွှန်းကြပါတယ်။ ဒီလို တစ်နေ့ကို တစ်နပ်ပဲစားခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုသလား …..။တစ်နေ့ကို တစ်နပ်ပဲစားခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုသလား ဆိုတော့ စားသောက်တဲ့ အစားအစာနဲ့ စားတဲ့အချိန်ဟာ တစ်ဦးချင်းစီအပေါ်မှာ မူတည်ပေမယ့် OMAD စားသောက်ပုံဟာ ကယ်လ်လိုရီကို လျှော့ချနိုင်တာတော့ အမှန်ပါပဲ။OMAD စားသောက်ပုံနဲ့ အစာမစားဘဲနေတဲ့ fasting သဘောတရားအကြား ဆက်စပ်မှုရှိပါတယ်။ ဒီနှစ်မျိုးကို ဟန်ချက်ညီညီပေါင်းစပ်ပြီး ကိုယ်အလေးချိန်ထိန်းရာမှာ ကျင့်သုံးတဲ့ နည်းစနစ်တွေ ရှိပါတယ်။ဥပမာ တစ်ရက်မှာ တစ်ကြိမ်သာစားပြီး ကျန်တဲ့ အချိန်တွေမှာ အစာမစားခြင်း (fastingလုပ်ခြင်း)၊ တစ်ရက်တစ်ကြိမ်သာစားပြီး ကျန်တဲ့အချိန်မှာ အနည်းငယ်လောက်ပဲစားခြင်း စတာတွေ ဖြစ်ပါတယ်။ ၎င်းနည်းလမ်းများဟာ ကယ်လ်လိုရီလျှော့ချပေးတာမို့ ကိုယ်အလေးချိန်လျော့ကျစေပါတယ်။ဒါ့အပြင်နှလုံးရောဂါဖြစ်နိုင်ခြေလျော့ကျခြင်း၊သွေးတွင်းသကြားဓာတ်လျော့ခြင်း၊ ကိုယ်ခန္ဓာအတွင်း ရောင်ရမ်းမှုများ ကျဆင်းစေခြင်း စတဲ့အကျိုးကျေးဇူးတွေလည်း ရရှိနိုင်ပါတယ်။ အစားလျှော့ချတဲ့ တခြားနည်းလမ်းတွေ (ဥပမာ 16/8 နည်းစနစ်) ထက်စာရင်တော့ တရက်မှာတစ်နပ်သာစားခြင်းဟာ ပိုပြီးပြင်းထန်တဲ့ နည်းလမ်းဖြစ်ပါတယ်။ 16/8 နည်းစနစ်ဆိုတာကတော့ ၈ နာရီကို အစားအသောက်စားချိန်၊ ၁၆ နာရီကို အစာမစားဘဲနေချိန် စသဖြင့် သတ်မှတ်စီစဉ်ထားတဲ့ နည်းစနစ်ဖြစ်ပါတယ်။OMAD စားသောက်ပုံကို ရွေးချယ်ရာမှာ အမျိုးမျိုးကွဲပြားပါတယ်။ တချို့ကတော့ ညစာတစ်နပ်တည်းကို စားသုံးကြပါတယ်။ တချို့ကတော့ နံနက်စာ ဒါမှမဟုတ် နေ့လယ်စာ တစ်မျိုးတည်းကို ရွေးချယ်ကြပါတယ်။ တချို့ကတော့ သရေစာများကိုပါ ပေါင်းစပ်စားသုံးပါတယ်။ ပိုမိုပြင်းထန်သူများကတော့ တစ်နပ်တာအစားအသောက်မှာပါ ကယ်လ်လိုရီနည်းပါးတဲ့ အစားအသောက်တွေကိုပဲ ရွေးချယ်စားသုံးပါတယ်။အစားကို တစ်နပ်သာလျှော့စားခြင်းအားဖြင့် ကိုယ်အလေးချိန်လျှော့ချရာမှာသာမကဘဲသွေးတွင်းသကြားဓာတ်လျော့ကျစေခြင်း၊ နှလုံးရောဂါဖြစ်နိုင်ခြေများစေတဲ့ မကောင်းတဲ့ LDL ကိုလက်စထရောကို လျော့ကျစေခြင်း စတဲ့အကျိုးကျေးဇူးတွေ ပေးပါတယ်။ ရောင်ရမ်းမှုကိုဖြစ်စေတဲ့ C-reactive ပရိုတိန်းကိုလည်း လျော့နည်းစေပါတယ်။ဒါ့အပြင် အစာမစားဘဲနေချိန် (fasting ချိန်) မှာအာရုံကြောစနစ်ကို အထောက်အကူပြုပါသေးတယ်။  အာရုံကြောများ ချို့ယွင်းပျက်စီးလာခြင်းဖြစ်စဉ်ကို နှေးကွေးစေပြီး အာရုံကြောဆဲလ်များကို သက်တမ်းပိုမို ကြာရှည်လာစေတယ်လို့ ဆိုပါတယ်။သုတေသနအချို့ကလည်းအစားအသောက်ကို အလွန်အမင်း လျှော့ချကန့်သတ်တဲ့အတွက် မကောင်းတဲ့အချက်တွေရှိကြောင်း ဆိုထားပါတယ်။ လေ့လာချက်တွေအရ ဒီစားသောက်ပုံဟာ အခန့်မသင့်ရင် ကိုလက်စထရောပါ တက်လာစေတယ်လို့ ဆိုပါတယ်။ဒါ့အပြင် တစ်နေ့သုံးနပ်စားသောက်ပုံနဲ့ ယှဉ်ကြည့်ရင် OMAD စားသောက်ပုံဟာ စားချင်သောက်ချင်စိတ်ကို ဖြစ်ပေါ်စေတဲ့ ghrelin ဟော်မုန်းကို ပိုမိုမြင့်တက်လာစေတယ်လို့ ဆိုပါတယ်။ ဒါဟာ အလွန်အမင်းဆာလောင်မွတ်သိပ်မှုကို ဖြစ်စေနိုင်ပါတယ်။ကယ်လိုရီကို ကန့်သတ်စားသုံးရင်းကနေ သွေးတွင်းသကြားဓာတ်ပါ ရှိသင့်တာထက် ကျဆင်းသွားနိုင်ပါသေးတယ်။OMAD စားသောက်ပုံဟာ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ ကလေးသူငယ်နဲ့ ဆယ်ကျော်သက်အရွယ်တွေ၊ အသက်အရွယ်ကြီးရင့်သူတွေအတွက် မသင့်တော်ပါဘူး။ အစားအသောက်ကို ထိန်းချုပ်လွန်းလာရင် လူမှုဆက်ဆံရေးအပိုင်းကိုပါ အကျိုးသက်ရောက်မှုရှိလာနိုင်ပါတယ်။ တစ်နပ်တာ စားသုံးချိန်မှာ အာဟာရပြည့်ဝစွာ မစားမိရင် ရေရှည်မှာ အာဟာရချို့တဲ့လာနိုင်ပါတယ်။ဘယ်လိုစားသောက်ပုံပဲ စားသည်ဖြစ်စေအာဟာရဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေပဲ စားပါ။ အသီးအနှံများ (ဘယ်ရီသီး၊ လိမ္မော်သီး၊ ငှက်ပျောသီး)၊ ဟင်းသီးဟင်းရွက်များ (ကိုက်လန်၊ ပန်းဂေါ်ဖီ၊ ကညွတ်)၊ ကျန်းမာရေးအတွက်ကောင်းသော အဆီများ (ထောပတ်သီး၊ သံလွင်ဆီ)၊ ပဲအမျိုးမျိုး၊ အခွံမာသီးနှင့် အစေ့အဆန်များ၊ ပရိုတိန်းရင်းမြစ်များ (ကြက်ဘဲ၊ သားငါး၊ ဥအမျိုးမျိုး) စတာတွေကို မျှတစွာ စားသုံးရပါမယ်။တစ်ရက်တစ်နပ် (OMAD) စားသူများအနေနဲ့ သရေစာများ၊ သကြားဓာတ်ကဲသော စားစရာများ၊ ဆိုဒါ၊ အာလူးချောင်းကြော်၊ အဆင့်ဆင့်ပြင်ထားတဲ့ အစားအစာများ စတာတွေကို တတ်နိုင်သလောက် ရှောင်ကြဉ်သင့်ပါတယ်။သတိထားရမယ့်အချက်။OMADက ဝိတ်ကျစေတယ်လို့ ဆိုပေမယ့် ကိုယ်စားတဲ့အစားအစာနဲ့ ပမာဏအပေါ် အများကြီး ‌မူတည်နေပါတယ်။ တစ်ကြိမ်ပဲ စားသည့်တိုင် ပမာဏတွေ အများကြီးစားမယ်၊ အဆီအစိမ့်တွေ အများကြီး စားမယ်ဆိုရင် ဘာမှထူးမှာ မဟုတ်ပါဘူး။ ဒါကြောင့် တစ်နေ့ကို ဘယ်နှနပ် စားနေတာလဲဆိုတာထက် ဘာတွေစားနေလဲ၊ ဘယ်လောက်ပမာဏ စားနေလဲဆိုတာက ပိုပြီး အရေးကြီးပါတယ်။OMADက ကန့်သတ်ချက်များလွန်းတဲ့ စားသောက်မှုပုံစံဖြစ်တာကြောင့် ရေရှည်စားဖို့ မသင့်တော်ပါဘူး။ အထူးသဖြင့် ဆီးချိုရောဂါရှိသူတွေ၊ ဆယ်ကျော်သက်အရွယ်တွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ မလုပ်သင့်တဲ့ dietပဲ ဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/one-meal-a-day/
မနာလိုစိတ်ပုပ်တတ်သူတွေ အသက်ကြီးလာရင် အယ်ဇိုင်းမားဖြစ်နိုင်ခြေ နှစ်ဆပိုများ
ရုပ်ရှင်တွေထဲမြင်ဖူးမှာပေါ့၊ မင်းသမီးကို အမြဲတမ်းဘလိုင်းကြီးဂျေဝင်၊ စိတ်ပုပ်ပြီးချောက်ချတတ်တဲ့ ဗီလိန်မလေးတွေ။ ရုပ်လေးချောနေရင်တောင် အဲ့ရုပ်ရှင်ကြည့်နေရင်း သူ့ကိုမုန်းလာတာ၊ ကျိန်ဆဲမိကြတာဖြစ်ဖူးတယ်မလား။ပြင်ပလောကမှာလည်း ဒီလိုမျိုးလေးတွေရှိတတ်ပေမယ့်ဂျေဝင်တာကို သိပ်မသိသာဘူးလေနော်။ သူ့စိတ်ထဲရှိနေတာကို ရုပ်ရှင်ထဲမှာလို လူတိုင်းကမြင်နေရမှာမှမဟုတ်တာ။ ဒါပေမယ့်ဂျေမမတို့အတွက် သတိထားသင့်တဲ့အန္တရာယ်ရှိလာပါပြီ။အတွင်းစိတ်ထဲမှာ မနာလိုတာတွေ၊ လောဘကြောင့်ပူလောင်နေတာ၊ စိတ်အပြောင်းအလဲမြန်တာ၊သောကတွေအမြဲပိုက်ထားတဲ့ သက်လတ်ပိုင်းအမျိုးသမီးတွေဟာ အယ်ဇိုင်းမားရောဂါဖြစ်လာနိုင်ခြေ ပိုများတယ်လို့ နှစ် ၄၀ နီးပါး ကြာ သုတေသနလေ့လာမှုတစ်ခုကNeurologyဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။နှစ် ၄၀ အတွင်း အမျိုးသမီး ၈၀၀ ကိုလေ့လာခဲ့တဲ့ University of Gothenburg ရဲ့ သုတေသနအရ အမြဲလိုလို ကာလကြာရှည်စိတ်ထဲဖိစီးမှု၊ ပူလောင်မှုတွေခံစားရတာဟာ ဒီစိတ်တွေနည်းတဲ့ သာမန်အမျိုးသမီးတွေနဲ့ယှဉ်ရင် အယ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေ နှစ်ဆပိုများတာကိုတွေ့ရပါတယ်။အဖြစ်များဆုံး မှတ်ဉာဏ်ချို့ယွင်းမှုရောဂါတစ်မျိုးဖြစ်တဲ့ အယ်ဇိုင်းမားကြောင့် မှတ်ဉာဏ်၊ ဘာသာစကားစွမ်းရည်၊ အာရုံစူးစိုက်နိုင်စွမ်း၊ ကျိုးကြောင်းဆင်ခြင်ဆုံးဖြတ်နိုင်စွမ်း၊မြင်နိုင်စွမ်းတို့မှာ ချွတ်ယွင်းလာစေတာပါ။ တဖြည်းြ်ဖည်းချင်းအဆင့်တက်လာတတ်တဲ့ ဒီရောဂါကို အရှင်းပျောက်ကင်းစေတဲ့ ကုသနည်းမရှိပါဘူး။ဒီလေ့လာမှုက အမျိုးသားတွေမှာလည်း အလားတူရလဒ်ပဲဖြစ်နေနိုင်ပေမယ့် လက်ရှိသုတေသနမှာတော့ အမျိုးသမီးတွေကိုပဲ အဓိကလေ့လာခဲ့တာပါ။ ပူပန်သောက၊ မနာလိုစိတ်၊ အပြောင်းအလဲမြန်တဲ့စိတ်တို့လို အတွင်းစိတ်ခံစားမှုတွေကြောင့် ဖိစီးနေရတဲ့သူတွေမှာ အပြစ်ရှိတဲ့စိတ်၊ဒေါသစိတ်၊ မနာလိုစိတ်၊ ပူပန်စိတ်နဲ့ စိတ်ကျခြင်းတွေ ပိုဖြစ်လေ့ရှိပါတယ်။ဒီလိုစိတ်ဖိစီးမှုတွေ ကာလတာရှည်ကြိတ်ခံစားနေရရင်း စိတ်ပင်ပန်းလွန်တာ၊ ကောင်းကောင်းအိပ်မပျော်တာ၊ ကြောက်စိတ်ဝင်တာ(ဆုံးရှုံးမှာ၊ ကျဆုံးမှာ၊ ပစ်ပယ်ခံရမှာ)၊ စိတ်တိုလွယ်တာ၊ ဖိအားမခံနိုင်တာတွေ ဖြစ်လာပါရော။ပွင့်လင်းတတ်တာဖြစ်ဖြစ်၊ အုံ့ပုန်းသမားပဲဖြစ်ဖြစ် သူ့သဘာဝအတိုင်းတော့ ဒီလိုအန္တရာယ်မရှိနိုင်ပေမယ့် စိတ်ပြောင်းလဲလွယ်၊ စိတ်အတွေးကိုသိုဝှက်တတ်တဲ့(အပြင်ပန်းတစ်မျိုး၊အတွင်းစိတ်တစ်မျိုး) အမျိုးသမီးတွေမှာ အယ်ဇိုင်းမားအန္တရာယ်ပိုများတာကို တွေ့ရပါတယ်။ဒီရောဂါက မျိုးဗီဇနဲ့ဆိုင်တယ်ဆိုတာ သိထားပြီးဖြစ်ပေမယ့် ဒီလိုစိတ်နေစိတ်ထားနဲ့ဆိုင်တယ်ဆိုတာ သိပ်မရှင်းသေးဘူး။ ထပ်လေ့လာဖို့ လိုဦးမယ် လို့ သုတေသနမှာမပါဝင်ခဲ့တဲ့ အယ်ဇိုင်းမားရောဂါဆိုင်ရာအဖွဲ့အစည်းမှ ဒါရိုက်တာ Dean Hartley ကပြောပါတယ်။“စိတ်နေစိတ်ထားနဲ့ပဲ အယ်ဇိုင်းမားဖြစ်နိုင်ခြေကို လွှမ်းမိုးနိုင်တာပဲလား၊ တကယ်တော့ လူတစ်ယောက်ရဲ့ အပြုအမူ၊နေထိုင်မှုပုံစံ၊ စိတ်ဖိစီးမှုအပေါ်တုံ့ပြန်ပုံ၊ စတဲ့အချက်တွေအားလုံးက လူ့ကျန်းမာရေးကို သက်ရောက်မှုရှိနိုင်တာပဲလေ”လို့ သူက ဆက်ပြောပါတယ်။ ဒါပေမယ့် စိတ်ပူပန်ထိခိုက်လွယ်မှု၊စိတ်ဖိစီးမှုတွေဟာ ဦးနှောက်ရဲ့ hippocampus အပိုင်းကို အပြောင်းအလဲဖြစ်စေနိုင်တယ်လို့ အရင် သုတေသနတွေက ဖော်ပြပြီးဖြစ်ပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/dementia-and-alzheimers-disease/%e1%80%82%e1%80%bb%e1%80%b1%e1%80%9d%e1%80%84%e1%80%ba%e1%80%90%e1%80%b2%e1%80%b7-%e1%80%99%e1%80%99%e1%80%90%e1%80%bd%e1%80%b1-%e1%80%a1%e1%80%9e%e1%80%80%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8/
ကလေးကို အမြင်အာရုံ ကောင်းစေမယ့် အာဟာရဓာတ် ။ ။
ကလေးကို အမြင်အာရုံ ကောင်းစေမယ့် အာဟာရဓာတ် တွေက ဘာတွေဖြစ်မလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ကလေးဆိုပြီး အမြင်စူးရှမှာပဲ လို့ မထင်လိုက်ပါနဲ့။ ငယ်ငယ်လေးနဲ့မျက်စိမှုန်လို့ မျက်မှန်တပ်ရတဲ့ ကလေးတွေလည်းရှိပါတယ်။ ဘာကြောင့်ငယ်ငယ်လေးနဲ့ မျက်စိမှုန်ရတာလဲ ။ ။ငယ်ငယ်လေးနဲ့ မျက်စိမှုန်ရတဲ့ အကြောင်းရင်းတွေကတော့။ခုခေတ်ဆို ပိုဆိုးတာပေါ့။ အရင်ကလို ပြေးလွှားကစားတာမျိုးမရှိတော့ဘဲ ကျောင်းဆင်းပြီဆိုတာနဲ့ အိမ်တွင်းအောင်းပြီး ဂိမ်းဆော့၊အင်တာနက်သုံးတဲ့ခေတ်ဆိုတော့ အမြင်အာရုံချို့ယွင်းစေတဲ့ လမ်းတွေ အများကြီးပေါ့ ။ကလေးဆိုတာ ငယ်သေးတော့ ခုန်ပေါက်ကစားချင်တယ်၊ ဂိမ်းဆော့ချင်တယ်၊ ပြေးပြေးလွှားလွှား လုပ်ချင်တယ်ဆိုတော့ ဘယ်သူမှမျက်မှန်မတပ်ချင်ကြပါဘူး။. အခန်းထဲမှာ သူငယ်ချင်းက မျက်မှန်မတပ်ဘဲ ကိုယ်ပဲ တပ်လို့ လေးလုံးလို့ အခေါ်ခံရတာကိုလည်း ရှက်ကြတယ်လေ။ ဒီတော့ ကိုယ့်ကလေး အမြင်အာရုံချို့ယွင်းချက်တွေ မရှိအောင် ဘယ်လိုကာကွယ်ကြမလဲ။ ။ကလေးအရွယ်မှာ အဓိက အရေးအပါဆုံးက အာဟာရပါ။ ဒီတော့ ကလေးတွေရဲ့အမြင်အာရုံကောင်းမွန်ဖို့က မေမေတို့ ကျွေးမွေးပြုစုပုံပေါ် အများကြီးမူတည်တာပေါ့ ။ ဒါဆို ဘာတွေ ကျွေးရမလဲ ။ ။ကလေးကို အမြင်အာရုံ ကောင်းစေမယ့် အာဟာရဓာတ် တွေက –။ဗီတာမင် အေ( Vitamin A )– အမြင်အာရုံအတွက် အရေးအကြီးဆုံး ဗီတာမင်ပါ။ ဗီတာမင် A လုံလောက်စွာ မစားလို့ ချို့တဲ့သွားရင်ကြက်မျက်သင့်ရောဂါ၊မျက်လုံးခြောက်တဲ့ရောဂါ နဲ့ မျက်လုံးအားနည်းတာအပြင် ခုခံအားနည်းတာ၊ အူလမ်းကြောင်း အားနည်းတွေပါ ဖြစ်တတ်တာကြောင့် ကလေးတွေ အတွက်ပြင်ဆင်ပေးတဲ့ အစားအသောက်တွေထဲမှာ မုန်လာဥနီ၊ ရွှေဖရုံသီး၊ဟင်းနုနွယ်၊ကြက်ဥ စတဲ့ ဗီတာမင် A ကြွယ်ဝတဲ့ အစားအသောက်တွေ ပါသင့်ပါတယ်။ဗီတာမင် စီ( Vitamin C )ဗီတာမင် အီး( Vitamin E )– ဗီတာမင် စီနဲ့ ဗီတာမင် အီး ဟာဓာတ်တိုးဆန့်ကျင်ပေးတဲ့ အာနိသင်ရှိလို့ မျက်လုံးကို ထိခိုက်စေတဲ့ ဓာတုဖိအားတွေကနေ ကာကွယ်ပေးတဲ့အပြင် မျက်လုံးအတွင်းပိုင်း ဆဲလ်တွေ ဖွံ့ဖြိုးစေဖို့အတွက်လည်း အကူအညီပေးဦးမှာပါ။ ဒါ့ကြောင့် ချဉ်တဲ့အသီးအနှံတွေ နဲ့ ဗီတာမင် အီးအတွက် နေကြာစေ့တို့ကို ကလေးကို ကျွေးလို့ရပါတယ် ။DHA–DHAဆိုတာOmega 3 fatty acidsတစ်မျိုးပါ။ Fatty Acid ( အဆီဓာတ်) ဆိုပြီး ကလေးတွေကို ဝစေတဲ့ ဓါတ်တစ်မျိုး မဟုတ်ပါဘူး။ ကလေးတွေရဲ့ အမြင်အာရုံ ဖွံ့ဖြိုးဖို့နဲ့ ဦးနှောက် စွမ်းရည်တိုးတက်စေဖို့ နဲ့ ဆဲလ်တွေ တည်ဆောက်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တစ်မျိုးပါ။မိခင်နို့၊ ဆယ်မွန်၊ တူနာ ဆာဒင်းငါးတို့ ဟာ DHA ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်တာကြောင့် ထမင်းကျွေးတိုင်း ဒါတွေ ထည့်ကျွေးဖို့ မမေ့ပါနဲ့။ နို့ဘူးသောက်နေတဲ့ ကလေးတွေကိုဆိုလည်း DHA ပါအောင် ထုတ်ထားတဲ့ နို့မှုန့်တွေကိုသာ ရွေးချယ်တိုက်သင့်ပါတယ်။Bioflavonoids (Flavonoids)–ဘယ်ရီသီးတို့၊ စတော်ဘယ်ရီသီးတို့မှာပါတဲ့ ဒီ ရောင်ခြယ်ပစ္စည်း (Flavonoids) တွေဟာ မျက်လုံးကို ဓါတ်တိုးပစ္စည်းတွေရဲ့ ရန်ကနေ ကာကွယ်ပေးမယ့်အပြင် ကြီးလာရင် မျက်လုံးတိမ်စွဲတာ၊ အမြင်အာရုံချို့ယွင်းတာတွေ မဖြစ်အောင် ကာကွယ်ပေးဦးမှာပါ။ ဒါ့ကြောင့် ကလေးတွေကိုအရောင်စိုစို အသီၤးတွေဖြစ်တဲ့ ဘယ်ရီသီး၊ စတော်ဘယ်ရီသီး၊ ချယ်ရီသီး များများကျွေးပါ။Lutein and Zeaxanthin– Lutein တို့ Zeaxanthin တို့ဟာလည်းမျက်လုံးကျန်းမာရေးအတွက် မရှိမဖြစ် အာဟာရဓာတ်တွေပါ။ မျက်လုံးအတွင်းမှာရှိတဲ့ ဆဲလ်တွေကို အားပေးပြီး ပြင်ပ ဖိစီးမှုတွေကနေ ကာကွယ်ပေးတဲ့ အာဟာရဓာတ်တွေပေါ့ ။ ဒီတော့ Lutein တို့ Zeaxanthinတို့ အများကြီးပါတဲ့ ဟင်းနုနွယ် မြင်းခွာရွက်၊ ကိုက်လန်တို့ကို ထမင်းကျွေးတိုင်းပါအောင် ပြင်ဆင်သင့်တာပေ့ါ။ဇင့်ဓာတ်– ဇင့်ဓာတ်ဟာ မျက်လုံးတစ်ရှူးဆဲလ်တွေ တည်ဆောက်ခြင်းကို အားပေးပြီးမြင်လွှာ ( retina )ကိုအားဖြည့်ပေးတာကြောင့် ကလေးတွေကို ကျွေးတဲ့အစားအသောက်တွေထဲမှာ ဇင့်ဓာတ်ကလည်း ပါကိုပါဝင်သင့်တဲ့ အစားအသောက်တစ်ခုပါ။ ဇင့်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကတော့ အဆီများတဲ့ ငါးတွေနဲ့ အစေ့အဆံတွေပဲ ဖြစ်ပါတယ် ။ကလေးတစ်ယောက်ရဲ့ ကျန်းမာရေး ကိစ္စ အဝဝ အားလုံး မေမေတို့ အပေါ်မှာ မူတည်နေတာကြောင့် အဓိကဖြစ်တဲ့ အာဟာရဓာတ်တွေ မချို့တဲ့ဖို့ မေမေတို့ သေချာဂရုစိုက်ဖို့လိုလိမ့်မယ်နော် ။ ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/best-vitamins-to-support-healthy-eyes/
ကလေးတွေမှာဖြစ်တဲ့ လေထိုးလေအောင့် သက်သာစေဖို့
လမ်းလျှောက်တတ်စ ကလေးတစ်ယောက်က ခံစားရတဲ့ ဝေဒနာတွေကို သေချာ တိတိကျကျ မပြောနိုင်သေးပေမယ့် မအီမသာ ဖြစ်နေတဲ့နေရာလေးကို ကိုင်ပြီးတော့တော့ နာတယ်လို့ ပြောတတ်နေပါပြီနော်။ ဒီလိုပြောတတ်တဲ့ ကလေးက ဗိုက်ကလေးကို ကိုင်ပြီး နာတယ်ပြောနေပြီဆိုရင် လေထိုးလေအောင့် ဖြစ်နေတာ ဖြစ်နိုင်ပါတယ်။ ဒီလို အခြေအနေမှာ ကလေးတွေမှာဖြစ်တဲ့ လေထိုးလေအောင့် သက်သာစေဖို့ဘယ်လို လုပ်ပေးရမလဲ ဆိုတာကို ဒီ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးပါရစေ။အသက် တစ်နှစ်အောက် ကလေးတွေမှာတော့လေနာဖြစ်နိုင်ပါတယ်။ ဒီလိုကနေမှ အရွယ်လေးရောက်လို့ လမ်းစလျှောက်တတ်ပြီ ဆိုရင်တော့ အစားတွေလည်း စားတတ်နေပြီ ဖြစ်တာကြောင့် လေထိုးလေအောင့်က ဖြစ်လာနိုင်ပြီပေါ့။ လေထိုးလေအောင့်က ဘယ်အရွယ်မို့လို့ မဖြစ်ဘူးဆိုတာ မရှိပါဘူး။ ဒါကြောင့် ဘေဘီလေးတွေလည်း လေထိုးလေအောင့် ဖြစ်နိုင်ပါတယ်။လေထိုးလေအောင့် ဖြစ်ရတာက လေပွစေတဲ့ အစားတွေ အများကြီး စားမိတာကြောင့် လေတွေထရတာလို့ သိထားကြပါတယ်။ ဒီလိုဗိုက်ထဲမှာ လေပွတာက လူတိုင်းလိုလို နေ့စဉ် ကြုံနေရကျ ပြဿနာပါ။ဒါပေမယ့် လေတက်ပြီး လေက လွယ်လွယ်ကူကူ ထွက်သွားတဲ့အခါမျိုးမှာတော့ လေထိုးလေအောင့်က မဖြစ်နိုင်ဘူးပေါ့။ ဒီလိုမှ မဟုတ်ဘဲ လေကခန္ဓာကိုယ်အပြင်ဘက်ကို လေလည်တာကနေတဆင့် ဖြစ်ဖြစ်၊ လေတက်တာကနေဖြစ်ဖြစ် အဆင်ပြေပြေ မထွက်သွားနိုင်ဘူးဆိုရင် ဗိုက်ထဲမှာ လေထိုးလေအောင့်တဲ့ ပြဿနာတွေ ဖြစ်လာပြီလေ။Solid Foodsကို စစားမယ့် ကလေးတစ်ယောက် အဖို့ကတော့ စားလေ့စားထ မရှိတဲ့ အစားအစာတွေကို စားတဲ့အကျင့် စမွေးမြူချိန်ဆိုတော့ အစာအိမ်ထဲမှာ လေတွေ ဖြစ်နိုင်ခြေက ပုံမှန်ထက် ပိုများနေပါတယ်။ စစားတဲ့အစားအစာတွေနဲ့ အစားအသောက် အလေ့အထတွေကြောင့်လည်း ဘေဘီလေးမှာ လေထိုးလေအောင့်တဲ့ ပြဿနာ ခံစားရနိုင်ပါတယ်။ဒီလိုအခြေအနေတွေကြောင့်လည်း လေထိုးလေအောင့်ဖြစ်နိုင်ပါတယ်။ကလေးမှာ အခုလို လက္ခဏာတွေ တွေ့ရပြီဆိုရင် ကလေးက လေထိုးလေအောင့် ခံစားနေရတာပါ။စကားကို သေချာပြောတတ်တဲ့ ကလေးဆိုရင်တော့ သူဗိုက်အောင့်ကြောင်း ပြောပြပါလိမ့်မယ်။ပြဿနာတိုင်းကအဖြေရှိတယ်ဆိုသလိုပါပဲ။ ကလေး လေထိုးလေအောင့် ဖြစ်တဲ့အခါမှာလည်း သက်သာအောင်လုပ်ပေးလို့ရတဲ့နည်းလမ်းတွေရှိပါတယ်။ ကလေးတွေမှာဖြစ်တဲ့ လေထိုးလေအောင့် သက်သာစေဖို့ ဆိုရင်တော့။ပြဿနာရဲ့ ဇစ်မြစ်ကိုရှာပါ– ကလေးတွေမှာလေထိုးလေအောင့်ဖြစ်စေတဲ့ အကြောင်းရင်းက အစားအသောက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးကို အစားအသောက်ပြင်ဆင်ပေးတဲ့အခါ လေပွစေနိုင်တဲ့ ဂေါ်ဖီထုပ်၊ ကိုက်လန်၊ ပန်းဂေါ်ဖီ၊ပန်းဂေါ်ဖီစိမ်း၊ ပဲအမျိုးမျိုး၊ ကြက်သွန်နီ၊ အာလူးတို့ကျွေးမိလားဆိုတာကို ဆန်းစစ်ကြည့်ဖို့ လိုပါမယ်။ ဒီအစားအစာတွေကို ခဏလောက် လျှော့ကျွေး၊ ရှောင်ကျွေးပြီးလက္ခဏာတွေကို စောင့်ကြည့်ကြည့်ပါ။ညင်ညင်သာသာလေးနှိပ်နယ်ပေးပါ– ကလေးရဲ့ ဝမ်းဗိုက်ကလေးကို နာရီလက်တံအတိုင်း ညင်ညင်သာသာလေးပွတ်ပေးပြီး နှိပ်နယ်ပေးပါ။ ဒီလိုလုပ်ပေးတာက ကလေးရဲ့ ဗိုက်ထဲကလေတွေကို ထွက်သွားစေနိုင်တာကြောင့် လေထိုးလေအောင့် ဖြစ်တာကို သက်သာစေနိုင်မှာပါ။ အစားစားပြီးတိုင်းလုပ်ပေးနိုင်ရင် အဆင်ပြေပါတယ်။လေထုတ်ပေးတဲ့ သဘောပေါ့။အမျှင်ဓာတ်ပါတဲ့ အစားအစာတွေကျွေးပါ– အမျှင်ဓာတ်ပါတဲ့ အစားအစာတွေက အစာခြေစနစ်ကို သန့်စင်စေနိုင်သလို အစာခြေစနစ်ကို ကျန်းမာစေပြီး လေထိုးလေအောင့်ဖြစ်တာကို အထိရောက်ဆုံးကာကွယ်ပေးနိုင်မှာပါ။ အလွန်အကျွံကျွေးမိရင်တော့ အစာမကြေဖြစ်တတ်တာကို သတိထားစေလိုပါတယ်။အစာကို ကြေညက်အောင် ဝါးစားခိုင်းပါ– ကလေးကို အစာတစ်လုတ်မြိုမချခင်တိုင်းမှာ အနည်းဆုံး ၁၀ ကြိမ်နဲ့အထက် ဝါးမိစေဖို့ သတိပေးပါ။ အစာကို ကြေညက်အောင် ဝါးစားပေးတာကလေထိုးလေအောင့်မဖြစ်အောင် ကာကွယ်ရာရောက်ပါတယ်။ရေဓာတ်လုံလောက်အောင် ဂရုစိုက်ပါ– ကလေးကို တစ်နေ့တာမှာ ရေလုံလောက်စွာ သောက်မိအောင် ဂရုစိုက်ပေးပါ။ ရေလုံလောက်အောင်သောက်သုံးမှုက ဝမ်းချုပ်တာကို ကာကွယ်ပေးသလိုလေတွေကို ခန္ဓာကိုယ်ပြင်ပကို လေတွေ အဆင်ပြေပြေထွက်သွားအောင်လည်း အထောက်အကူပြုပေးနိုင်ပါတယ်။ရေနွေးနွေးလေးနဲ့ရေချိုးပေးပါ– ကလေးကို ရေနွေးနွေးလေးနဲ့ ရေချိုးပေးတာက လေထိုးလေအောင့်တဲ့ ပြဿနာကို သက်သာစေဖို့ ထိရောက်တဲ့ နည်းလမ်းတွေထဲက တစ်ခုပါ။ ဒါကြောင့် ကလေးက လေထိုးလေအောင့်ဖြစ်နေမယ်ဆိုရင် ရေနွေးလေးနဲ့ ရေချိုးသန့်စင်ပေးလိုက်ပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/digestive-problems/tips-to-relieve-bloating-and-gas-in-child/
သုက်ရည်မှာ အာဟာရဓာတ်တွေပါဝင်နေတယ်ဆိုတာ အမှန်ပဲလား
အမျိုးသားတွေရဲ့ သုက်ရည်မှာ အာဟာရဓာတ်တွေပါဝင်နေသလားဆိုတဲ့ မေးခွန်းက စိတ်ဝင်စားဖွယ်ရာ မေးခွန်းတစ်ခုပါ။ အထူးသဖြင့် လူငယ်တွေအကြားမှာ တီးတိုးတီးတိုး သဖန်းပိုး ငြင်းခုံကြလေ့ရှိတဲ့ အကြောင်းအရာ တစ်ခုလည်း ဖြစ်ပါတယ်။လိင်ကိစ္စအကြောင်း ပြောကြတဲ့အခါမှာ သုက်ရည်က မပါမဖြစ် ကိစ္စတစ်ခု ဖြစ်ပါတယ်။ အခြေခံအားဖြင့် ပြောရရင် သုက်ရည်ကိုလိင်တံကနေ ထုတ်လွှတ်ပေးတာဖြစ်ပြီး သုက်ပိုးတွေက ဝှေးစေ့အတွင်းမှာ တည်ရှိနေတာပါ။လိင်ဆက်ဆံပြီးချိန်၊အာသာဖြေပြီးချိန် သုက်ရည် ထွက်လာတတ်ပါတယ်။ သုက်ရည်မှာ ပါဝင်တဲ့ သုက်ပိုးကမမျိုးဥနဲ့ ပေါင်းစပ်မိချိန်မှာ သန္ဓေတည်စေပြီး ကိုယ်ဝန်ရစေပါတယ်။ အမျိုးသား တစ်ယောက် တစ်ကြိမ် သုက်လွှတ်တဲ့အခါတိုင်းမှာ သုက်ပိုးပေါင်း သန်းနဲ့ချီ ပါဝင်နေတတ်ပါတယ်။ဒါပေမယ့် သုက်ရည်မှာသုက်ပိုးတစ်ခုတည်း ပါဝင်နေတာ မဟုတ်ပါဘူး။ ဒီထက်ထူးခြားတာတွေလည်း ပါဝင်နေပါသေးတယ်။ ဒါတွေကတော့ အာဟာရဓာတ်တွေပါပဲ။ဟုတ်ပါတယ်။ သုက်ရည်ထဲမှာ အာဟာရဓာတ်တွေ ရှိနေပါတယ်။ ဒါကလည်း တကယ်တမ်း တွေးကြည့်မယ်ဆိုရင် ထူးဆန်းတဲ့အချက်တော့ မဟုတ်ပါဘူး။ အရာအားလုံးဟာ ဓာတ်တွေနဲ့ဖွဲ့စည်းထားတာမို့ သုက်ရည်ထဲမှာလည်း ဒီလို ဓာတ်သတ္တိတွေ ပါဝင်နေတာ ဖြစ်ပါတယ်။ဒါတွေတင်မကပါဘူး။ သုက်ရည်ထဲမှာ ပမာဏ အနည်းငယ်စီနဲ့ ပါဝင်နေတဲ့ တခြားအာဟာရဓာတ်တွေလည်း ရှိနေပါသေးတယ်။ ဒါတွေကတော့။ဒီလို အာဟာရဓာတ်တွေ ပါဝင်နေတယ်ဆိုတဲ့ အချက်ကြောင့် သုက်ရည်ဟာ ကျန်းမာစေတယ်ဆိုတဲ့ အချက်ကို အတွေးမမှားစေချင်ပါဘူး။ သဘာဝအတိုင်းအနည်းငယ်စီ ပါဝင်နေတာသာ ဖြစ်ပါတယ်။တချို့သော အယူအဆအလွဲ တချို့တွေမှာ သုက်ရည်ကို လိမ်းကျံပေးရင် အသားအရေလှပါတယ်ဆိုတဲ့ အယူအဆမျိုးတွေ ရှိတတ်ကြတာကြောင့်ခုလို ရှင်းပြရခြင်းဖြစ်ပါတယ်။ နောက်ပြီး သတိထားဖို့ လိုအပ်တဲ့နောက်ထပ် အချက်တစ်ခုက သုက်ရည်ဟာ ဓာတ်မတည့်မှု ဖြစ်စေနိုင်တယ် ဆိုတာပါပဲ။ တချို့လူတွေဟာ သုက်ရည် ဓာတ်မတည့်တဲ့ ဝေဒနာ ခံစားနေရတတ်တာကြောင့် သတိထားဖို့ လိုအပ်ပါလိမ့်မယ်။ဒါ့အပြင် သုက်ရည်ဟာအိုမင်းရင့်ရော်ခြင်းကို လျော့ကျစေတယ်ဆိုတဲ့ အယူအဆ တစ်မျိုးလည်း ရှိပါသေးတယ်။ ဒါနဲ့ပတ်သက်ပြီး တိကျတဲ့ သိပ္ပံနည်းကျ လေ့လာမှုတွေ မရှိထားသေးပါဘူး။အချုပ်ပြောရရင် သုက်ရည်ဟာ လိင်ဆက်ဆံမှုမှာ အရေးပါပြီး အဓိကကျတဲ့ အရာတစ်ခု ဖြစ်ပါတယ်။အာဟာရဓာတ်တွေပါဝင်နေရင်တောင်မှ သူတို့ရဲ့ အဓိကလုပ်ဆောင်ချက်က မျိုးဆက်ပွား လုပ်ငန်းစဉ်မှာ အထောက်အကူပြုဖို့သာ ဖြစ်ပါတယ်။ဒီဆောင်းပါးကို ဖတ်ပြီးတော့ လိင်ကျန်းမာရေးဆိုင်ရာ အလွဲလေးတွေကို အမှား၊ အမှန် ခွဲခြားသိမြင်လာနိုင်မယ်လို့ မျှော်လင့်မိပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/did-you-know-semen-actually-contains-nutrients/
ကလေးတွေ အစာ ကျွေးရခက်တာကို ဘယ်လို ဖြေရှင်းကြမလဲ
ကလေးမိဘတွေရဲ့ အဖြစ်ချင်ဆုံးဆန္ဒကို ပြောပါ ဆိုရင်တော်တော်များများကတော့ မိမိကလေးအစားကျွေးရလွယ်စေချင်တာပါပဲ။ တကယ့် တကယ်တမ်းလည်းကလေးကို အစာကျွေးတဲ့နေရာ နည်းစနစ်မကျရင် အချိန်ကုန်လူပင်ပန်းပြီး အရာမယွင်းတာတွေလည်း ကြုံတွေ့ရတတ်ပါတယ်။အောက်ပါ အချက်အလက်လေးတွေသတိထားသင့်ပါတယ်။ကလေးတွေကို ကိုယ်တိုင်စားခိုင်းခြင်း– တစ်ခါတစ်လေ ကလေးတွေကို ခွံ့ကျွေးတာမလုပ်ဘဲ သူတို့လက်နဲ့ ကိုယ်တိုင်စားတတ်တဲ့အကျင့်လေး လုပ်ပေးဖို့လိုပါတယ်။ အဲ့လိုကျွေးရင် ပိုဆိုးတယ်၊ ပိုကြာတယ် ဆရာ ဆိုပြီး ပြန်ပြောပြတာလေးတွေ ခဏခဏ တွေ့ရပါတယ်။ ကိုယ်တိုင်စားခိုင်းတယ်ဆိုပေမယ့် ဘေးနားမှ အမေတို့ အဖေတို့ကတော့ ရှိသင့်ပါတယ်။ ကိုယ့်ဟာကိုယ် စားပါစေဆိုပြီး လုံးဝကို တစ်ယောက်တည်းထားပြီး စားခိုင်းရင်တော့ အမေတို့ အဖေတို့ ပြန်ပြောပြသလို အရမ်းကြာပြီး မကုန်တတ်ပါဘူး။ရှင်းပြခြင်း– ကလေးတွေက စူးစမ်းလေ့လာ သင်ယူနေဆဲကာလဖြစ်တဲ့ အတွက် သူတို့စားနေတဲ့ အစားအစာ၊ မုန့်တွေကို ဘာတွေပါတယ်၊ ဒါတွေ စားရင် ကျန်းမာရေးအတွက် ဘာတွေကောင်းတယ် ဆိုတာမျိုးကို အမြဲရှင်းပြပေးသင့်ပါတယ်။ ဥပမာ –သံဓာတ်ကြွယ်ဝတဲ့အစားအစာ၊ မုန့်တစ်ခုကျွေးမယ်ဆိုရင် ဒါစားလိုက်ရင်ဉာဏ်ရည်ပိုကောင်းလာစေနိုင်တာမျိုး၊ သွေးအားကောင်းလာစေပြီးခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေတာလိုမျိုး စသဖြင့် သူတို့လေးတွေကို လူကြီးလေး တစ်ယောက်လို နားလည်လာအောင် ပြောပြပေးဖို့က အရေးကြီးပါတယ်။ကုန်သလောက်သာကျွေးခြင်း– ကလေးတွေ ကိုမိဘတွေကပိုစားစေချင်တဲ့ စိတ်နဲ့၊ တစ်ခါတည်း စကျွေးကတည်းက အများကြီးထည့်ပြီး ကျွေးတတ်ပါတယ်။ ဒါဟာ တကယ့်ကိုမှားပါတယ်။ ကလေးတွေဟာ မြင်မြင်ချင်းမှာပဲ အများကြီးစားရမှာပါလားဆိုတဲ့ စိတ်ကြီးဝင်သွားပြီး စကျွေးကတည်းက မစားချင်တော့တာတွေ တွေ့ရပါတယ်။ တချို့ကလေးတွေကျတော့လည်း ထည့်ပေးသမျှကုန်ပြီး အသက်ကြီးလာတဲ့အခါ တစ်ခါတည်း အများကြီးစားတတ်တဲ့ အကျင့်တွေပါကုန်ပြီး အဝလွန်ရောဂါ၊ဆီးချိုရောဂါတွေလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ဖြစ်ပွားလာတတ်ပါတယ်။ ဒါကြောင့် ကလေးတွေကို အစာကျွေးတဲ့နေရာမှာ ကုန်နိုင်သလောက်ပဲ ထည့်ပေးခြင်းဖြင့် အစာမစားချင်တဲ့ကလေးကို စားချင်လာအောင်စွမ်းဆောင်နိုင်သလို အစားအများကြီးစားတတ်တဲ့ ကလေးကိုပါ အများကြီးမစားတတ်တော့အောင် လေ့ကျင့်ပေးနိုင်ပါတယ်။နည်းနည်းနဲ့ အကြိမ်ရေများများ ကျွေးခြင်း– မိမိ ကလေးကျန်းမာစေချင်တယ်ဆိုရင်တော့ နည်းနည်းနဲ့ ခဏခဏ ကျွေးတတ်ဖို့လိုအပ်ပါတယ်။ ဒါမှသာ ကလေးအရွယ်မှာလည်း အချိန်မှန်မှန် စားတတ်သွားသလို နောင်တချိန် လူကြီးဖြစ်လာရင်လည်း အခုလို နည်းနည်းနဲ့ ခဏခဏ စားတတ်တဲ့အကျင့်လေး လုပ်ပေးထားတော့ တစ်ဖက်တစ်လမ်း ကနေအဝလွန်ရောဂါ၊ သွေးတိုး၊နှလုံး၊ ဆီးချိုရောဂါတွေကိုပါ ကာကွယ်ပြီးသားဖြစ်ပါတယ်။ နည်းနည်း နဲ့ ခဏခဏ ကျွေးတဲ့ အတွက် ကလေး အနေနဲ့လည်း အများကြီးစားလိုက်လို့ ဗိုက်မအီမသာဖြစ်ပြီး အစားကိုကြောက်သွားတာမျိုး မဖြစ်တော့ဘဲ အချိန်မှန်မှန်လေးစားရမယ် ဆိုတဲ့အကျင့်ပါ လေ့ကျင့်ပြီးသား ဖြစ်သွားပါတယ်။လူကြီးများနဲ့ တူတူကျွေးခြင်း– ကလေးတွေကို ထမင်းကျွေးတဲ့အခါ သီးသန့်ကျွေးတာမျိုးမလုပ်ဘဲ လူကြီးတွေနဲ့တူတူ စားခိုင်းတာမျိုးလုပ်သင့်ပါတယ်။ ဒါမှ သူတို့ စိတ်ထဲမှာ အများပြီးရင် သူတို့လည်း ပြီးရမယ်ဆိုတဲ့ အကျင့်တစ်ခု ခေါင်းထဲ ရောက်သွားပြီး အစားစားတဲ့နေရာ မှာ အချိန်အကြာကြီး မဆွဲနေတော့ဘဲ ပုံမှန်လေး စားတတ်သွားပါလိမ့်မယ်။တီဗီ၊ ဖုန်း၊ ကွန်ပျူတာ၊ လက်ပ်တော့၊ တပ်ဘလက် စတာတွေ မပြပါနဲ့ –အခုဖြစ်နေတဲ့ ပြဿနာက ကလေးတွေကို ထမင်းစားအောင်ဆိုပြီး ကာတွန်းကား၊ ဂိမ်း တွေကို တီဗီ၊ ဖုန်း၊ ကွန်ပျူတာ၊ လပ်တော့၊ တပ်ဘလက်တွေကတဆင့် ကလေးတွေ ကိုပြပြီး ထမင်း ကျွေးလေ့ရှိပါတယ်။ ဒါက တကယ့်ကို လွဲမှားတဲ့ အယူအဆ တစ်ခုပါ။ ပိုပြီးတော့တောင် အစာစားချိန်ကြာသွားနိုင်သလို၊ထမင်းလည်း မကုန်ဘဲ ကျန်နေတာပဲ များတာကို ကြုံတွေ့ဖူး ကြပါလိမ့်မယ်။ ဒါကြောင့် အစားကျွေးရင် ပုံပြင်ပြောပြတာ၊ ဘေးပတ်ဝန်းကျင်ကို ပြတာကလွဲရင် ကျန်တာဘာမှမပြသင့်ပါဘူး။အခုပြောထားတဲ့ အချက် ကလေးတွေ ကို လိုက်နာပြီး အစားကျွေးရတဲ့ ကလေးတွေကို သေချာလိုက်ကျွေးကြည့်ပါလို့ အကြံပြုချင်ပါတယ်။လေးစားစွာဖြင့်။ဒေါက်တာ ညီညီကျော်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/good-feeding-tips-for-babies/
လည်ချောင်း မှာ အဖြစ်များတဲ့ ရောဂါများ
လည်ချောင်းဟာ ပြင်ပက ပစ္စည်းတွေ ဖြတ်သန်းပြီး ခန္ဓာကိုယ်ထဲကို ဝင်တဲ့ နေရာဖြစ်တဲ့အတွက် ရောဂါပေါင်းစုံဖြစ်နိုင်ပါတယ်။ သူ့အနေနဲ့ ပြင်ပပစ္စည်းတွေနဲ့အတူ ပါလာတဲ့ ရောဂါပိုးမွှားတွေကိုလည်း ကြိုးစားပြီး တိုက်ထုတ်ရပါတယ်။ လည်ချောင်းမှာ ခံစားရတာတွေက လက္ခဏာသက်သက်သာ ဖြစ်ပြီး သူ့နောက်ကွယ်မှာ ရောဂါတစ်ခုခုရှိနေနိုင်ပါတယ်။လူတိုင်း လည်ချောင်းနာဖူးပါတယ်။ လည်ချောင်းနာတာ အများစုက ဗိုင်းရပ်စ်ကြောင့် ဖြစ်ပြီး သိပ်မပြင်းထန်ပါဘူး။ ဘက်တီးရီးယားကြောင့်လည်း နာနိုင်ပြီး လေးဖက်နာပိုးက အဖြစ်အများဆုံးပါပဲ။ တခြားအကြောင်းရင်းတွေကတော့ ဓာတ်မတည့်တာ၊ လည်ချောင်းခြောက်တာ၊ စားချဉ့်ပြန်ရောဂါ၊ အကျိတ် စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။လည်ချောင်း တွေနာပြီး အသံတွေအက်တာလည်း လူတိုင်း ဖြစ်ဖူးမှာပါပဲ။ အထူးသဖြင့် အအေးမိ ချောင်းတွေဆိုးပြီး အသံဝင်တာ ပိုဖြစ်တတ်ကြပါတယ်။ ဒါ့ပြင် အသံအသုံးများတာ (ဥပမာ သီချင်းတွေ ဆက်တိုက်ဆိုတာ)၊စားချဉ့်ပြန်ရောဂါရှိတာ၊ ဆေးလိပ်သောက်တာ၊ ဓာတ်မတည့်တာ၊ သိုင်းရွိုက်ပြဿနာ၊ အသံအိုးထိခိုက်တာ စတာတွေမှာလည်း အသံဝင်တတ်ပါတယ်။အာသီးဆိုတာ လည်ချောင်းရဲ့ တစ်ဖက်တစ်ချက်မှာ ရှိနေပြီး ခုခံအားဆဲလ်တွေ စုဝေးရာအရပ်ပါ။ အာသီးရောင်စေတဲ့ အဓိကအကြောင်းရင်းကတော့ လေးဖက်နာပိုးကြောင့်ပဲ ဖြစ်ပါတယ်။ လေးဖက်နာပိုးကို ထိထိရောက်ရောက် မကုသဘူးဆိုရင် အာသီးရောင်ရာကနေ ပြည်တည်လာမှာပါ။ပြည်တွေက ခံတွင်း၊ လည်ချောင်းတစ်ဝိုက်နဲ့ အဆုတ်ထိပြန့်သွားနိုင်ပါတယ်။ အာသီးက သိပ်ကြီးလာရင် လေပြွန်ဝကို ပိတ်ပြီး အသက်ရှူရခက်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။တစ်ခုခု စားရင်း သောက်ရင်းနဲ့ပဲဖြစ်ဖြစ်၊ အာရုံကြောမကောင်းလို့ ကောင်းကောင်းမမျိုချနိုင်လို့ဘဲ ဖြစ်ဖြစ် အစာသီးတတ်ပါတယ်။ သာမန်လောက်ပဲ ဆိုရင်တော့ ချောင်းဆိုးပြီး ဟပ်ထုတ်လိုက်ရင် ရပါတယ်။ အသက်ရှူလို့မရအောင် သီးပြီး တစ်နေရင်တော့ နောက်ကျောကို ထုပေးရပါတယ်။လူကြီးတွေဆိုရင်တော့Heimlich maneuverနဲ့ နောက်ကျောကနေသိုင်းပြီး အရှိုက်ကို ဖိပေးလို့ရပါတယ်။ ဒါနဲ့မှ မသက်သာရင်တော့ ဆေးရုံကို အမြန်သွားရပါမယ်။အစာစာတိုင်းမှာ အောက်ကို ကောင်းကောင်းမဆင်းဘဲ တစ်နေရာမှာတစ်ဆို့ဆို့ဖြစ်နေတာ၊ ကပ်တပ်တပ်ခံစားနေရတာ၊ နင်နေတာဆိုရင် ဒီအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။ အစာရေမျိုပြွန်မှာ ရောဂါတစ်ခုခုဖြစ်နေတာ၊ အကျိတ်ရှိနေတာ၊ စားချဉ့်ရည်ပြန်ဆန်တဲ့ ရောဂါ၊ အာရုံကြောထိခိုက်ပြီး မမျိုချနိုင်တာ၊ လည်ပင်းပိုင်းနဲ့ ရင်ဘတ်ပိုင်းကို ရောင်ခြည်ပြပြီး ကုသမှုခံယူထားတာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ စားတိုင်း စားတိုင်း နင်နေပြီး ရက်အတော်ကြာတောင် မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။သူက အစာနင်တာနဲ့ မတူပါဘူး။ နင်တာက မျိုချလို့ကို မရတာပါ။ ဒါက နာလို့ မမျိုချနိုင်တာပါ။ မနာဘူးဆို အကောင်းအတိုင်း မျိုချနိုင်ပါတယ်။ အကြောင်းရင်းတွေကတော့ ပိုးဝင်ပြီး လည်ပင်း နာတာ၊ အနာရှိနေတာ၊ အာသီးရောင်တာ၊ စားချဉ့်ပြန်ရောဂါရှိတာ၊ လည်ချောင်း မှာ မှက္ခရုဖြစ်တာ၊အစာရေမျိုပြွန်ကင်ဆာ၊ ပူလွန်း၊ အေးလွန်းတာတွေကို မကြာခဏ စားသောက်တာ စတာတွေပဲ ဖြစ်ပါတယ်။ပြန်ရည်ကျိတ်တွေဆိုတာ ခုခံအားဆဲလ်တွေ စုဝေးထားတဲ့ နေရာဖြစ်ပြီး ရောဂါပိုးမွှားတွေကို တိုက်ထုတ်ပေးတဲ့ အင်္ဂါတစ်ခုပါ။ ပြန်ရည်ကျိတ်ကြီးစေတဲ့ အကြောင်းရင်းတွေက သိပ်မပြင်းထန်တဲ့ အကြောင်းအရာတွေ ဖြစ်တဲ့ အအေးမိတာ၊ နားပိုးဝင်တာ၊ လည်ပင်းနာတာ၊ အာသီးရောင်တာ စတာတွေ ဖြစ်နိုင်သလိုတီဘီ၊ ဆစ်ဖလစ်၊ HIV၊ ကင်ဆာ စတာတွေလည်း ဖြစ်နိုင်ပါတယ်။လည်ချောင်း မှာဖြစ်တဲ့ ရောဂါတွေက သာမန်ရောဂါတွေကနေ ပြင်းထန်တဲ့ရောဂါတွေအထိ  မျိုးစုံဖြစ်နိုင်ပါတယ်။ ရောဂါအမျိုးအစားကလည်း စုံပါတယ်။ ဒါကြောင့် ရောဂါလက္ခဏာတွေကို သတိထားပြီး စောင့်ကြည့်သင့်တာစောင့်ကြည့်၊ ဆရာဝန်နဲ့ ပြသသင့်တာဆို အချိန်မီပြသင့်ပါတယ်။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/throat-conditions/throat-conditions/
ပဲကတ္တီပါ ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး
ပဲကတ္တီပါ လို့ပြောလိုက်ရင်ကို ထွေထွေးထူးထူး သိပ်ပြောစရာမလိုအောင် လူတိုင်းသိထားပြီးသား ဖြစ်မယ်ထင်ပါတယ်နော်။ အညိုရောင်ရင့်ရင့်လေးဖြစ်ပြီး စားလိုက်ရင် ခပ်ဆိမ့်ဆိမ့်အရသာလေးနဲ့ စားကောင်းပါတယ်။ ပဲကတ္တီပါကို ပြုတ်ပြီး စားကြတာပါ။ ပြုတ်ပြီးသား ပဲကတ္တီပါကိုမှ ကြက်သွန်စိမ်းနဲ့ သုပ်စားတာဖြစ်ဖြစ်၊ ကြော်စားတာမျိုးဖြစ်ဖြစ် စားတတ်ကြပါတယ်။ အရှေ့တောင်အာရှနိုင်ငံ တော်တော်များများမှာ စားသုံးကြပါတယ်။ဒီစားကောင်းတဲ့ ပဲကတ္တီပါမှာ။ခန္ဓာကိုယ်ကျန်းမာရေးအတွက် တော်တော်လေးအထောက်အကူပြုနိုင်တဲ့ စားစရာတစ်ခုပါ။ဆေးဖက်ဝင်တဲ့ စားစရာတစ်ခုဆိုလည်း မမှားပါဘူး။ပဲကတ္တီပါမှာ L-dopa လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်ပါဝင်နေတာကြောင့် သိမြင်မှုစွမ်းရည်တွေကို တိုးတက်ကောင်းမွန်စေနိုင်သလိုစိတ်ပိုင်းဆိုင်ရာကျန်းမာစေနိုင်ပါတယ်။ဦးနှောက်ကိုကျန်းမာစေနိုင်ပြီးစိတ်ဖိစီးမှုကင်းစေနိုင်ပါတယ်။အစာခြေစနစ်ကို ကောင်းကောင်းလည်ပတ်နိုင်စေဖို့အတွက် ထောက်ပံ့ပေးပြီးအူလမ်းကြောင်းတွင်းမှာအကျိုးပြုဘက်တီးရီးယားတွေတိုးတက်အောင်ကူညီပေးပါတယ်။ အစာခြေလမ်းကြောင်းတွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ဝမ်းမှန်စေပါတယ်။အာရုံကြောစနစ်ကိုကျန်းမာစေနိုင်ပြီးပါကင်ဆန်ရောဂါခံစားနေရသူတွေအတွက် အထူးသင့်တော်ပါတယ်။စိတ်ဓာတ်ကျတာ၊ စိတ်ခံစားမှု ပုံမှန်မဟုတ်တာမျိုးတွေအတွက် သင့်တော်ပါတယ်။စိတ်ဓာတ်ကျတာကို သက်သာစေဖို့အတွက်လည်း စားသုံးပေးသင့်ပါတယ်။ နာတာရှည် စိတ်ဓာတ်ကျတာတွေအတွက် အထူးသင့်တော်တဲ့ စားစရာတစ်ခုပါ။ညဘက် ကောင်းကောင်းအိပ်မပျော်ဘူးဆိုရင် တစ်နေ့တာမှာခြေကုန်လက်ပမ်းကျပြီး ဘာမှ မလုပ်ချင်မကိုင်ချင်တာမျိုးခံစားရနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အသင့်တော်ဆုံးဖြစ်မယ့် စားစရာက ပဲကတ္တီပါပါ။ ဒါကြောင့် ညဘက်တိုင်းကောင်းကောင်းအိပ်ပျော်ပြီး တစ်နေ့တာမှာ လန်းဆန်းတက်ကြွနေချင်တယ်ဆိုရင် ပဲကတ္တီပါ စားသုံးပေးပါနော်။စရိတ်စကလည်း မများဘဲ စားရတာလည်းလွယ်တဲ့ ပဲကတ္တီပါကို စားသုံးပြီး ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရယူလိုက်ပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/%e1%80%95%e1%80%b2%e1%80%80%e1%80%90%e1%81%b1%e1%80%ae%e1%80%95%e1%80%ab%e1%80%9b%e1%80%b2%e1%82%95-%e1%80%80%e1%80%ba%e1%80%94%e1%80%b9%e1%80%b8%e1%80%99%e1%80%ac%e1%80%b1%e1%80%9b%e1%80%b8%e1%80%a1/
ကူးစက်ရောဂါတွေကနေ ပြန်လည်သက်သာလာချိန်မှာ မှီဝဲသင့်တဲ့ အစားအစာ ၇ မျိုး
ဒီတစ်ခေါက်တော့ ကူးစက်ရောဂါတွေကနေ ပြန်လည်သက်သာလာချိန်မှာ မှီဝဲသင့်တဲ့ အစားအစာ တွေအကြောင်းကို ပြောပြပေးချင်ပါတယ်။ကူးစက်ရောဂါဆိုတာက ဗိုင်းရပ်စ်တွေ၊ဘက်တီးရီးယားတွေ၊ မှိုတွေ၊ ပါရာဆိုက်တွေကနေတဆင့် ကူးစက်ကပ်ငြိပြီး ဖြစ်ပွားတဲ့ရောဂါတွေပါ။ လက်ရှိကမ္ဘာတစ်လွှားမှာ ကပ်ဘေးအသွင်နဲ့ ပျံ့နှံ့နေတဲ့ COVID-19 ကနေစလို့ တုပ်ကွေး၊ ငှက်ဖျား၊ ရိုးရိုးအဖျားနဲ့ ဝမ်းပျက်ဝမ်းလျှောတွေဟာလည်း ကူးစက်ရောဂါအမျိုးအစားတွေပါပဲ။တုပ်ကွေး၊ အဖျားစတဲ့ ကူးစက်ရောဂါတွေကနေ ပြန်လည်သက်သာလာချိန်မှာ အစားအသောက်ပျက်တာ၊ ချက်ချင်းပြန်လည် အင်အားပြည့်ဖြိုးလာဖို့ အချိန်ကြန့်ကြာတာတွေ ရင်ဆိုင်ရတတ်ပါတယ်။ဒီလို အခြေအနေတွေကို ကျော်ဖြတ်ဖို့ဆိုရင် လူ့ရဲ့ခန္ဓာကိုယ်ခုခံအားစနစ်ကို အားဖြည့်ပေးပြီး ပုံမှန်အခြေအနေကို အလျင်အမြန် ပြန်ရောက်အောင် ကူညီပေးမယ့် အစားအစာမျိုးတွေကို မှီဝဲစားသုံးပေးဖို့ လိုအပ်ပါတယ်။ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ကူးစက်ရောဂါတွေကနေ သက်သာကာစ လူနာတွေကို recovery မြန်မြန်ပြန်ဖြစ်အောင် တွန်းအားပေးတဲ့အစားအစာတွေဟာ နာလန်ထူကာစလူနာတွေအတွက်တော့ အလိုအပ်ဆုံးအရာတွေပါပဲ။ဒါပေမယ့် နာလန်ထခါစလူနာတွေတိုင်းအစားအသောက်ပျက်တဲ့ပြဿနာနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ အစားအသောက်စားချင်စိတ် နည်းပါးနေတာကြောင့် ဘာမှမစားဖြစ်ကြတဲ့အခါ နဂိုအတိုင်း ထူထူထောင်ထောင်ပြန်ဖြစ်လာဖို့ အချိန်အများကြီးယူရတတ်ပါတယ်။ဒါကြောင့် အစားအသောက် ပျက်တဲ့ဝေဒနာကို ရှောင်လွှဲကာ အရသာရှိရှိနဲ့ မှီဝဲစားသောက်ပြီး နာလန်ထလူနာကိုလည်း အလျင်အမြန် ထူထူထောင်ထောင်ဖြစ်လာအောင် ကူညီပေးနိုင်တဲ့အစားအစာ၇ မျိုးကို ဖော်ပြပေးချင်ပါတယ်။ကူးစက်ရောဂါတွေကနေ ပြန်လည်သက်သာလာချိန်မှာ မှီဝဲသင့်တဲ့ အစားအစာ ၇ မျိုး ကတော့။အသားညှပ်ပေါင်မုန့်တွေဟာ အရသာရှိလှသလို ပရိုတိန်းဓာတ်လည်း ကြွယ်ဝစွာပါဝင်နေပါတယ်။ ပေါင်မုန့်၊ အသီးအရွက်၊ အသားတွေနဲ့ ဖန်တီးထားတာမို့ အာဟာရပြည့်ဝသလို ကိုယ်နှစ်သက်ရာ အသား၊ အရသာမျိုးကို ရွေးချယ် စားသုံးလို့ရတာကလည်း နာလန်ထကာစလူနာတွေအတွက် အစားအသောက်ပျက်မှုပြဿနာကို ဖြေရှင်းပေးနိုင်စေမှာဖြစ်ပါတယ်။ ကျန်းမာရေးပညာရှင်တွေကတော့ ကြက်ဆင်သား အသားညှပ်ပေါင်မုန့်ကို အဓိက ရွေးချယ်စားသုံးဖို့ အကြံပေးထားကြပါတယ်။သစ်သီးဖျော်ရည်တွေဟာ ကျန်းမာရေးအခြေအနေအားလုံးအတွက် ကောင်းမွန်တဲ့ ဓာတ်စာတစ်မျိုးဖြစ်ပါတယ်။ အသင့်ဖျော် သစ်သီးဖျော်ရည်တွေဟာ ကျန်းမာရေးနဲ့ ကိုက်ညီမှုမရှိလှပါဘူး။ ကိုယ်နှစ်သက်ရာ သစ်သီးကို ရွေးချယ်ပြီး သဘာဝအတိုင်း ဖျော်စပ်ထားတဲ့ သစ်သီးဖျော်ရည်တွေကိုသာ မှီဝဲသင့်ပါတယ်။ သစ်သီးဖျော်ရည်တွေဟာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်သလို အလျှင်အမြန် recovery ဖြစ်စေဖို့လည်း အထောက်အကူဖြစ်စေပါလိမ့်မယ်။ကြက်စွပ်ပြုတ်ဆိုရင် လူအတော်များများက လူမမာစာလို့ မြင်တတ်ကြပါတယ်။ တကယ်က ကြက်စွပ်ပြုတ်ကို ဖွယ်ဖွယ်ရာရာ အမယ်စုံစုံနဲ့ ပြုတ်ပြီးစားပေးရင် အရသာလည်း ရှိလှသလို နာလန်ပြန်ထတာ မြန်ဆန်အောင်လည်း အထောက်အကူပေးပါတယ်။ ကြိုက်တတ်လို့ ချင်းနဲ့ ကြက်သွန်ဖြူလေးပါ ထည့်ပြီး ပြုတ်စားမယ်ဆိုရင် ကိုယ်ခံအားနစ်ကိုလည်း မြှင့်တင်ပေးဦးမှာဖြစ်ပါတယ်။လက်ဖက်စိမ်းပဲဖြစ်ဖြစ်၊ စံပယ်ရနံ့ လက်ဖက်ခြောက်ပဲဖြစ်ဖြစ်၊ အူလောင်းပဲဖြစ်ဖြစ်၊ လက်ဖက်နက်ပဲဖြစ်ဖြစ် ကိုယ်နှစ်သက်ရာ လက်ဖက်ခြောက်အမျိုးအစားကို သုံးပြီး နေ့စဉ် ရေနွေးကြမ်းမှီဝဲပေးပါ။ ရေနွေးဟာ ကျန်းမာရေးနဲ့သင့်လျော်သလို လက်ဖက်ရွက်ကလည်း antioxidants တွေ ကြွယ်ဝစွာပါဝင်နေတာမို့ ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။ ရေနွေးကို မသောက်ခင် သံပုရာရည်တစ်ဇွန်းစာလောက်ခပ်ပြီး အနံ့ရှူရှိုက်ပေးတဲ့ အလေ့အထလေးလည်း လုပ်ကြည့်ပါ။ အသက်ရှူလမ်းကြောင်းကို ကောင်းမွန်သန့်စင်စေပြီး လည်ချောင်းနာတာကိုလည်း သက်သာစေနိုင်ပါတယ်။ငှက်ပျောသီးကိုတော့ အစာပြေစာပဲဖြစ်ဖြစ်၊ မနက်ခင်း မနက်စာပဲဖြစ်ဖြစ်၊ ညစာအနေနဲ့ပဲဖြစ်ဖြစ် မှီဝဲပေးလို့ရပါတယ်။ ကြိုက်သလိုပုံစံမျိုးနဲ့ မှီဝဲစားသုံးပေးလို့ရပါတယ်။ အစာအိမ်နဲ့ အစာခြေဖျက်မှုစနစ်ကို အထောက်အကူပေးနိုင်ပြီးတော့ ဝမ်းသွားတာ၊ အန်တာနဲ့ ဗိုက်အောင့်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။မနက်ခင်းမှာ မနက်စာအဖြစ် ပေါင်မုန့်မီးကင်လေး စားပေးတာကလည်း အဖျားသက်သာပြီး နာလန်ထကာစ လူနာတွေ အလျင်အမြန်ပြန်သက်သာလာစေဖို့ အထောက်အကူဖြစ်စေပါတယ်။ ကြက်သားပြုတ်လေးနဲ့ တွဲဖက်မှီဝဲတာမျိုး၊ ငှက်ပျောသီးနဲ့ တွဲဖက်စားသုံးတာမျိုးလုပ်ရင် ပိုကောင်းပါတယ်။ မလိုအပ်ဘဲ  ဗိုက်ဆာတာမျိုးကိုလည်း လျှော့ချပေးနိုင်ပါတယ်။ အာဟာရဗေဒပညာရှင်တွေကတော့ ကူးစက်ရောဂါတွေကနေ နာလန်ထလာတဲ့ လူနာတွေအနေနဲ့ Whole-grain bread တွေကို ပိုမိုမှီဝဲစားသုံးပေသင့်တယ်လို့ လမ်းညွှန်ထားကြပါတယ်။အနက်ရောင် ချောကလက်။ယုံချင်ယုံ မယုံချင်နေ၊ အနက်ရောင် ချောကလက်တွေဟာ အဖျားဝေဒနာကနေ နာလန်ထကာစ လူနာအတွေအတွက် အထူးသင့်လျော်တဲ့ ဖြည့်စွက်စာတစ်မျိုးဖြစ်ပါတယ်။ Dark chocolate မှာ theobromine လို့ ခေါ်တဲ့ antioxidant တစ်မျိုးကြွယ်ဝစွာပါဝင်နေပြီး ဒီဓာတ်ဟာ ချောင်းဆိုးဝေဒနာကိုလည်း သက်သာစေပါတယ်။ဒါ့အပြင် ချင်းပြုတ်ရည်၊ လိမ္မော်သီး၊ ရိုးရိုးရေ၊ ဂရိဒိန်ချဉ်၊ ဘလူးဘယ်ရီ၊ ဂျင်ဆင်းလက်ဖက်ရည်၊ ခရမ်းချဉ်သီး၊ ဆာလ်မွန်ငါး၊ ပန်းဂေါ်ဖီစိမ်း၊ သံလွင်ဆီ၊ ကညွတ်၊ ဥအမျိုးမျိုးနဲ့ ပန်းသီးတွေကိုလည်း မှီဝဲပေးသင့်ပြီး အဆိုပါ အစားအစာတွေကလည်း ကူးစက်ဝေဒနာကနေ ပြန်လည်သက်သာလာတဲ့ နာလန်ထကာစလူနာတွေကို အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ဒါတွေအပြင် အာဟာရပြည့်ဝလုံလောက်စွာ ထည့်သွင်းထုတ်လုပ်ထားတဲ့ အာဟာရဖြည့်စွက်စာတေါကလည်း နလန်ထလူနာကို မြန်မြန်အားပြည့်စေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာ အသေအချာပါပဲ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/7-foods-to-help-recovery-of-infection/
ခရီးထွက်ပေးသင့်တဲ့ အကြောင်းအရင်း
အလုပ်တွေ၊မိသားစုတာဝန်တွေ ထဲမှာပဲ တစ်ချိန်လုံး မြှုပ်နှံပြီး နေနေတော့မှာလား။ အနည်းဆုံး တစ်နှစ်ကို တစ်ခေါက်လောက်တော့ အပန်းဖြေခရီးလေး ထွက်လိုက်ပါ။ မိသားစုနဲ့ဖြစ်ဖြစ်၊သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ်ပေါ့။ ခရီးသွားတာက အလုပ်ပိုတွေလို့ ထင်နေတယ် ဆိုရင်တော့ ဒီအတွေးကို အခုချက်ချင်းပဲ ခေါင်းထဲက ဖယ်ထုတ်လိုက်ပါ။ ခရီးထွက်ပေးသင့်တဲ့ အကြောင်းအရင်း တွေကို သိသွားရင် ခုပဲ ခရီးသွားချင်စိတ် ပေါက်သွားမှာပါ။ခရီးထွက်ပေးသင့်တဲ့ အကြောင်းအရင်း ဆွေက တစ်ခုမကပါဘူး။နေ့ရက်တိုင်းမှာ အလုပ်၊ မိသားစုကိစ္စတွေကိုပဲ စဉ်းစားနေရတဲ့ အခြေအနေထဲကနေ ရက်ပိုင်းလောက် ရုန်းထွက်လို့ ခရီးထွက်လိုက်မယ်ဆိုရင်။ခရီးထွက်လိုက်တာ ပုံမှန် အခြေအနေ တစ်ရပ်ကနေ ရုန်းထွက်မှု တစ်ရပ်ပါပဲ။ ခရီးသွားနေစဉ်မှာ မိသားစု တာဝန်တွေနဲ့ ကင်းကွာနေမှာ ဖြစ်သလို အလုပ်ကိစ္စတွေကိုလည်း ခပ်ဝေးဝေးမှာ ချန်ထားနိုင်မှာ ဖြစ်တာကြောင့် ဒီကိစ္စတွေကနေရတဲ့ စိတ်ဖိစီးမှုတွေကိုခေတ္တခဏ ခေါက်ထားနိုင်မှာ ဖြစ်သလို စိတ်ထဲက ကျဉ်းကျပ်နေတာတွေကိုလည်း ပြေလျော့စေနိုင်မှာပါ။ခရီးထွက်တာကြောင့် စိတ်ဖိစီးမှုတွေကို ပြေလျော့စေတာကြောင့် နှလုံးရောဂါ ဖြစ်နိုင်ခြေကို သိသိသာသာ လျော့ကျစေမှာ အမှန်ပါ။ တစ်နေ့တာလုံး အလုပ်ခွင်က ထိုင်ခုံမှာ ထိုင်နေတာထက် ခရီးသွားတဲ့အခါ လှုပ်ရှားသွားလာမှု ပိုများတာကြောင့် ခန္ဓာကိုယ်ကို ပြေလျော့စေမှာလည်း အသေအချာပါ။နေ့စဉ် အလုပ်ခွင်မှာ သဘာဝလေ မထိတွေ့ရသူတွေ အဖို့ဆိုရင်တော့ သဘာဝလေ နဲ့ နေရောင်ခြည်ကိုပါ ထိတွေ့ခွင့်ရမှာ ဖြစ်တဲ့အတွက် စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်မှာအသေအချာပါ။လေ့လာမှုတွေအရ ခရီးသွားတဲ့သူတွေဟာ ခရီးမသွားဘဲ နေသူတွေထက် နှလုံးရောဂါ ခံစားရနိုင်ခြေ ပိုနည်းတယ်လို့ သိရပါတယ်။ ခရီးသွားတဲ့အခါ ခံစားရတဲ့ စိတ်ပျော်ရွှင်မှု၊ လှုပ်ရှားသွားလာမှုတွေကလည်း နှလုံးကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် နှလုံးကျန်းမာနေစေဖို့ ခရီးထွက်ပေးတာက အဆင်ပြေမှာပါ။ခရီးသွားတဲ့အခါ စားချင်တာတွေ စားနေပေမယ့် သွားချင်တဲ့ နေရာတွေကိုလည်း ရောက်အောင်သွားနေပါတယ်။ ဒီလိုလုပ်ဆောင်မှုကပေါင်ချိန်တွေတိုးမလာစေဖို့အကောင်းဆုံးထောက်ပံ့ပေးနိုင်သလို အပေါ်မှာပြောခဲ့သလို ခရီးသွားတဲ့အခါကောတီစောဟော်မုန်းတိုးလာတာကြောင့် စိတ်ဖိစီးမှု များတာကို မဖြစ်စေတဲ့အတွက် ကောတီစော ဟော်မုန်းများတာရဲ့ ဆိုးကျိုးဖြစ်တဲ့ ဗိုက်အဆီတက်တာကို မဖြစ်အောင်လည်း ကာကွယ်ရာ ရောက်ပါတယ်။ပတ်ဝန်းကျင် အသစ်တစ်ရပ်နဲ့ ထိတွေ့ရမှုက စိတ်ကို လန်းဆန်းစေနိုင်ပြီး အသစ်အသစ်သော ဖန်တီးမှုတွေကို ခံစားရစေနိုင်ပါတယ်။ ဒီလို ထိတွေ့မှုတွေကပဲ ဖန်တီးမှု အားကောင်းအောင် အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။ ဒါကြောင့် တီထွင်ဖန်တီးမှု အားကောင်းချင်ရင် ခရီးထွက်ပေးပါ။လေ့လာမှုတွေအရ အပန်းဖြေ ခရီးထွက်တာက စိတ်ဓာတ်မကျအောင် ကာကွယ်ပေးနိုင်တယ်၊ လို့ တွေ့ရှိခဲ့ရပါတယ်။ ပုံမှန် ခရီးထွက်နေသူတွေက ခရီးမထွက်သူတွေထက် စိတ်ခံစားမှု ပိုကောင်းတတ်ကြပြီး စိတ်ဓာတ်ကျနိုင်ခြေ ကလည်း တော်တော်လေး နည်းပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကျမှု ကင်းဝေးအောင် ကိုယ့်အတွက်ကိုယ် ရင်းနှီးမြှုပ်နှံတဲ့အနေနဲ့ အနည်းဆုံး တစ်နှစ်ကို တစ်ခေါက်လောက် ခရီးထွက်ပေးပါ။ခရီးသွားတာက စိတ်ရောကိုယ်ပါ ပေါ့ပါးလန်းဆန်းစေနိုင်တာကြောင့် အနည်းဆုံး တစ်နှစ်ကို တစ်ခေါက်လောက်တော့ အပန်းဖြေခရီးထွက်ဖို့ တိုက်တွန်းပါရစေ Hello ဆရာဝန်ပရိသတ်ကြီးရေ………….။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/benefits-of-travelling/