title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
အိပ်ခါနီးမှ ဗိုက်ထဆာနေပြီဆိုရင်
အိပ်ခါနီးမှ ဗိုက်ထဆာနေပြီဆိုရင် ဘယ်လို ဖြေရှင်းမယ် စိတ်ကူးလဲ။ ဒီပြဿနာကို လူတိုင်းကြုံဖူးကြမှာပါ။ တစ်နေကုန်တော့ ဇွဲကောင်းကောင်းနဲ့ ငါတော့ ဒီနေ့ healthy dietတွေ စားခဲ့တယ်လို့ ကြုံးဝါးမလို့ ရှိသေးတယ်။ ည၉နာရီလောက်ကျတော့ ဗိုက်ကထဆာရော။ အဲ့ဒီအချိန် ဖုန်းများ မသုံးလိုက်လေနဲ့။ အရွဲ့တိုက်နေသလား မှတ်ရအောင်  newfeeds တစ်ခုလုံး စားသောက်ဆိုင်ပုံတွေကြီး တက်လာပါတော့တယ်။ညအိပ်ခါနီးရင် မစားရဘူးဆိုတာ မကောင်းမှန်းတော့ သိပါတယ်။ ဒါပေမယ့် အိပ်ခါနီးမှ ဗိုက်ထဆာနေပြီဆိုရင်ဗိုက်ဆာတာကို သည်းမခံနိုင်တဲ့အဆုံးမှာ လက်လှမ်းမီရာခေါက်ဆွဲပြုတ်တို့၊အာလူးကြော်တို့ကို အလွယ်တကူ စားမိတတ်ပါတယ်။ စားနေတုန်းကတော့ စိတ်ထဲကျေနပ်နေပေမယ့် စားပြီးတော့မှ နောင်တတွေ ရလာပါတယ်။ ဒီလို မဖြစ်ရအောင် ညဘက် ဆာလောင်မှုတွေကို ဘယ်လို ဖြေရှင်းမလဲ။  မဖြစ်မနေ စားမယ်ဆိုရင်ရော ဘယ်လိုအစားအစာတွေကို စားကြမလဲ။ဆာရတဲ့ အကြောင်းရင်းကို ရှာပါ။တချို့ကျတော့ အိပ်ခါနီးမှ ဗိုက်ဆာတာက အကျင့်တစ်ခုလို ဖြစ်နေတာပါ။ ဒါမျိုးဆိုရင်တော့ ရေရှည်မှာ မကောင်းတဲ့အတွက် ဆာရတဲ့ အကြောင်းရင်းကို ရှာရပါမယ်။ တစ်နေကုန် စားတာ သောက်တာကို တင်းတင်း ကျပ်ကျပ် ထိန်းချုပ်ထားရင်လည်း ညကျမှ ထဆာတတ်ပါတယ်။ တချို့ကျတော့လည်း ဘာမှ မဟုတ်ဘူး။ ဗိုက်လည်း ဒီလောက်မဆာဘဲနဲ့ ပျင်းလို့ တစ်ခုခု စားချင်တာမျိုးပါ။ ထူးထူးခြားခြား တချို့လူတွေမှာ  binge eating disorder ၊ night eating syndrome စတဲ့ အစားအသောက် မူမမှန်တဲ့ ပြဿနာတွေကြောင့် ညကျ ထထစားနေကြတာပါ။ နှစ်မျိုးလုံးကတော့စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ ဖြေဖျောက်တဲ့အနေနဲ့ စားကြတာပါ။ဘာတွေက ဆာဖို့ တွန်းအားပေးနေတာလဲ။ခုနကပြောသလိုပဲ ဆာတာက နည်းနည်း၊ စားချင်စိတ်က များများပါ။ ထင်သလောက်လဲ မဆာဘဲနဲ့ စိတ်ညစ်လို့ စားတယ်။ ပျင်းလို့စားတယ်။ ဘာလုပ်ရမှန်းမသိ လုပ်စရာ မရှိလို့စားတယ်။ အမျိုးမျိုးပါပဲ။ ဒါကြောင့် “food and mood diary” လေး လုပ်ထားပါ။ ဘယ်လို ခံစားချက်တွေက သင့်ကို ဆာလောင်စေလဲဆိုတာ စာရင်းလေး လုပ်ထားပါ။စားချိန်၊ အိပ်ချိန် မှန်ပါစေ။ညကျ မိုးချုပ်မှအိပ်၊ မနက်မထ၊ နိုးတော့ မနက်စာ မမီ၊ မမီတော့ နေ့လယ်ကျ အများကြီးစား၊ ညစာ စားခါနီးမဆာ၊ အိပ်ခါနီးမှ ထဆာ၊ ဆာတော့ ထစား၊ စားတော့ ဗိုက်တင်းပြီး မအိပ် စသဖြင့် သံသရာ လည်နေတတ်ပါတယ်။ ဒါကြောင့် အိပ်ချိန်၊ စားချိန် မှန်ပါစေ။ နေ့ဘက်မှာ အစားအစာကို စနစ်တကျစားပါ။ ဒါက ညဘက်မှာ အများကြီး မစားမိအောင် ကူညီပေးနိုင်မှာပါ။အစားအသောက်  planချပါ။စားချိန် အိပ်ချိန်မှန်ဖို့ လိုသလို ဘယ်အချိန်မှာ ဘာစားမလဲဆိုတာ ကြိုပြီး အစီအစဉ်ချထားပါ။ မနက်စာ၊ နေ့လယ်စာ၊ သရေစာ၊ ညစာ စသဖြင့် ဘယ်အချိန်မှာ ဘာစားမယ်ဆိုတာ ကြိုပြီး စီစဉ်ထားမယ်ဆိုရင် မလုံမလောက် စားမိမှာ၊ အလွန်အကျွံစားမိမှာအတွက် စိုးရိမ်စရာ မလိုတော့ပါဘူး။စိတ်ဖိစီးမှုလျှော့ချပါ။ညဘက်မှာ ထစားတာက တကယ်ဆာလို့ဆိုတာထက်စိတ်ဖိစီးမှုအတွက် စိတ်ထွက်ပေါက် တစ်ခုရှာတာပါပဲ။ တစ်နေကုန်လည်း တစွတ်စွတ်စားနေပြီး ညထိလည်း မရပ်သေးပါဘူး။ ဘယ်လောက်စားစား ဗိုက်ပြည့်သွားတယ်လည်း မရှိပါဘူး။ တကယ်ဆာတာမှ မဟုတ်ဘဲ စိတ်ပြေရာ ပြေကြောင်း စားနေလို့ပါ။ ဒီလိုဆိုရင်တော့စိတ်ဖိစီးမှုကို အစားနဲ့ မဟုတ်ဘဲ တခြားနည်းလမ်းနဲ့ ဖြေရှင်းဖို့ စဉ်းစားပါ။ ဥပမာ တရားထိုင်တာ၊ သီချင်းနားထောင်တာ စသဖြင့်ပေါ့။ပရိုတင်းပါအောင် စားပါ။အားလုံးသိတဲ့အတိုင်းပရိုတင်းက အဆာခံပါတယ်။ ဒါကြောင့် စားတဲ့အနပ်တိုင်းမှာ ပရိုတင်းပါအောင် စားပေးပါ။ ကြက်ဥ၊ ပဲ၊ အသား စတာတွေကို စားပေးပါ။အိမ်မှာအသင့်စား အစားအစာတွေ  အများကြီး မထားပါနဲ့။အိမ်မှာ ညဆာရင် စားဖို့ဆိုပြီး ခေါက်ဆွဲထုပ်တွေ ပါကင်လိုက် ဝယ်ထားတာမျိုး၊ အာလူးကြော်ထုပ်တွေ ဝယ်ထားတာမျိုး မလုပ်ပါနဲ့။ ဒါတွေမြင်နေရရင် မဆာတဲ့ဗိုက်တောင်  ဆာပြီး စားချင်လာမှာပါ။အာရုံပြောင်းပါ။ဗိုက်မဆာမှန်းလည်း သိတယ်။ ဒါပေမယ့် ဘာလုပ်ရမှန်းမသိလို့ စားတဲ့အလုပ်ပဲ ရှိတယ်ဆိုရင် ဒီလို အဖြစ်မခံပါနဲ့။ တစ်ခုခုလုပ်ပြီး အာရုံပြောင်းပါ။ စာအုပ်ဖတ်မလား။ လေ့ကျင့်ခန်းထလုပ်မလား။ သီချင်းအော်ဆိုမလား။ ကြိုက်တာ လုပ်ချလိုက်ပါ။မရတော့ဘူး။ သည်းမခံနိုင်တော့ဘူး။ စားတော့မယ်။ကဲ စိတ်မထိန်းနိုင်လို့ပဲ ဖြစ်ဖြစ်၊ တကယ်ဗိုက်ဆာလို့ပဲ ဖြစ်ဖြစ် စားမှ ဖြစ်တော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင်လည်း ကျန်းမာရေးနဲ့ ညီညွတ်တာကို ဦးစားပေးစားပါ။ ဒီလို စားဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင်လည်း။-သစ်သီးတွေ။-အုတ်ဂျုံတွေ။-ဒိန်ချဉ်တွေ။–အစေ့အဆန်တွေ။-အိမ်လုပ် အသားညှပ် ပေါင်မုန့်တွေ။-အချိုလျော့ထားတဲ့ ပေါက်ပေါက်ဆုပ်တွေ စတာတွေ စားနိုင်ပါတယ်။ ဒါတွေကို အိမ်မှာဝယ်ထားပါ။ တစ်ခါစားစာလေးတွေ ထုပ်ထားပါ။ဒါလေးတွေ စားနေရင် ဗိုက်သိပ်ဆာမှာ မဟုတ်ပါဘူး။ တခြား မသင့်တော်တာတွေလည်း အလွယ်တကူ မစားမိတော့ဘူးပေါ့။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/ways-to-stop-eating-late-at-night/
အကြောပြတ်ရာတွေ ပါးသွားအောင် ကူညီပေးမယ့် သူရဲကောင်း(၅)ဖော်
ဗီတာမင် A ကို အားဆေးအဖြစ်သောက်သုံးတာ ဒါမှမဟုတ် မုန်လာဥနီ၊ ကန်စွန်းဥ တို့လို ဗီတာမင် A ကြွယ်ဝတဲ့အစားအစာတွေကို စားသုံးတာက အရေပြားကျန်းမာရေးနဲ့ အသားအရေအလှအပကိုကောင်းမွန်စေပါတယ်။ ၁၉၉၆ ခုနှစ်ကလေ့လာတွေ့ရှိမှုအရဗီတာမင် A/ retinoidsတွေက အကြောပြတ်ရာတွေကိုပျောက်ကင်းဖို့ ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။တချို့က သကြားကို အရေပြားအပေါ်ယံဆဲလ်သေပွတ်တိုက်ဖယ်ရှားတဲ့ အိမ်သုံးmicrodermabrasionနည်းလမ်းတစ်ခုအဖြစ်သုံးကြပါတယ်။ အရေပြားကုသရေးပညာရှင်ကလုပ်ဆောင်ပေးတဲ့Microdermabrasionဆိုတာ အကြောပြတ်ရာတွေကို ပါးသွားစေတဲ့ ကုသနည်းတစ်ခုဖြစ်ပါတယ်။အကြောပြတ်ရာပေါ်မှာ သကြားနဲ့ပွတ်ပြီး ဆဲလ်သေဖယ်ရှားရပါမယ်။ရှားစောင်းလက်ပပ်ကို ထိရောက်တဲ့ ကုသဖယ်ရှားမှု အဖြစ် လေ့လာမှု အထောက်အထား နည်းပါးပေမယ့် ရှားစောင်းလက်ပပ် အစစ်ရဲ့အနှစ်သားဟာ အရေပြားအတွက် နတ်ဆေး တစ်လက် ပါပဲ။ အသားအရေကို နူးညံ့ချောမွေ့စေတဲ့ အာနိသင်ကြောင့် အမြန်မပျောက်ကင်းစေရင်တောင် အသားအရေ မထိခိုက်ဘဲ အကြောပြတ်ရာတွေကို ပါးသွားစေမယ့်သဘာဝပစ္စည်းဖြစ်ပါတယ်။ ရှားစောင်းလက်ပပ်အသားနဲ့ရေချိုးပြီးတိုင်း ပွတ်ပေးလို့ရပါတယ်။ကော်လာဂျင်ဟာ အသားအရေကိုချောမွေ့ကျစ်လျစ်ကျန်းမာစေဖို့ ထိန်းပေးတဲ့ ပရိုတင်းတစ်မျိုးပါ။ အရွယ်ရလာတဲ့အခါ မျက်နှာနဲ့ ခန္ဓါကိုယ်အရေပြားအတွက်ကော်လာဂျင်ကလျော့နည်းလာပါတယ်။ အဲဒီကော်လာဂျင်ထွက်ရှိမှုကိုhyaluronic acid ကလံ့ှုဆော်ပေးပါတယ်။Hyaluronic acid ကို သောက်ဆေးကနေ ရရှိနိုင်ပါတယ်။ဒီနည်းတွေ အားလုံးက ဘေးဖြစ်စေနိုင်တာတွေ၊ ဆိုးကျိုးတွေ ရှိတာ တစ်ခုမှ မပါဘူးဆိုတော့ တစ်ခုထက်ပိုတဲ့နည်းတွေ သုံးလို့ရပါတယ်။ ဥပမာ ရှားစောင်းလက်ပပ် ပွတ်တဲ့နေ့ပွတ်၊ အုန်းဆီလိမ်းတဲ့နေ့လိမ်း၊ဗီတာမင် Aကြွယ်ဝတာလည်းစား၊ သကြားနဲ့လည်း မကြာကြာ scrub လုပ်ပေါ့။ ဒီနည်းလမ်းလေးတွေအတိုင်း အကြောပြတ်ရာတွေ ပါးသွားအောင် လုပ်လို့ အပြစ်အနာအဆာ ကင်းစင်ပြီး လှပချောမွေ့တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။Dr. Thinn Yadanar။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/remedies-to-remove-stretch-marks/
ကလေးဖွံ့ဖြိုးမှုကို ကူညီပေးမယ့် အဖိုးတန်ရတနာလေးများ
မေမေတို့ကြားချင်တဲ့ စကားလေးကြားရဖို့ဆိုရင် လုပ်လို့ရမယ့် အလွယ်ကူဆုံးနည်းလမ်းက ကလေးကိုအာဟာရပြည့်အောင်ကျွေးဖို့ပါ။ ဒီနေရာမှာ သိထားရမှာက ကလေးက စားတော့စားတယ်၊ကျွေးလည်းကျွေးနေတာပဲ ဘာလို့များဝမလာတာလဲပေါ့။ ဒါကတော့ ရှင်းပါတယ်။အာဟာရမပြည့်လို့ပေါ့။ ဒါဆိုအာဟာရပြည့်အောင်ဘာတွေများကျွေးရမလဲစဉ်းစားနေပြီလား။ကလေးတစ်ယောက် ကျန်းမာပျော်ရွှင်စွာကြီးပြင်းလာစေဖို့ အထောက်အပံ့ပေးမယ့် အဖိုးတန်ရတနာလေးတွေရှိတယ်လေ။ကလေးကိုအကောင်းဆုံးကြီးထွားဖွံ့ဖြိုးစေမယ့် အဖိုးတန်ရတနာလေးတွေက ဘာတွေများလဲ။ကလေးတစ်ယောက်ကောင်းမွန်စွာကြီးပြင်းအရွယ်ရောက်လာစေဖို့နေ့စဉ်စားသုံးမှုမှာ ဒီအာဟာရလေးတွေ ပါဝင်ဖို့လိုပါမယ်။ဘယ်နေရာတွေကနေရမှာလဲ။ငါး၊ ကြက်သား၊ ကြက်ဆင်သား၊ အဆီမပါတဲ့ အနီရောင်အသား၊ အခွံမာသီးတွေ၊ဥအမျိုးမျိုး၊ နို့၊ ဒိန်ချဉ်၊ ချိစ်၊မြေပဲထောပတ်တို့ကနေ ရရှိနိုင်ပါတယ်နော်။ဘယ်နေရာတွေကနေရမှာလဲ။အနီရောင်အသားတွေ၊ ပဲအမျိုးမျိုး၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ၊ တူနာ၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး ၊ သံဓာတ်ဖြည့်စွက်ထားတဲ့ အာဟာရဖြည့်စားစရာတွေ ကနေ သံဓာတ်ကိုရရှိနိုင်ပါတယ်။ကျန်းမာကြံ့ခိုင်တဲ့အရိုးတွေဖြစ်ပေါ်စေဖို့ အထောက်အပံ့ပေးပါတယ်။ ကလေးတိုင်းဟာ တစ်နေ့ကို ဗီတာမင် ဒီ ၆၀၀ ဂရမ်ရရှိဖို့လိုအပ်ပါမယ်။ ဗီတာမင် ဒီက အရမ်းများလွန်းရင်မကောင်းသလို အရမ်းများလွန်းရင်လည်း မကောင်းပါဘူး။ဘယ်နေရာတွေကနေရနိုင်လဲ။ပြောနေကျစကားတစ်ခွန်းကိုပဲ ထပ်ပြောရဦးမယ်။နေရောင်ခြည်ကနေ အဓိကရနိုင်ပါတယ်။နို့နဲ့နို့ထွက်ပစ္စည်းတွေကနေလည်း ရနိုင်ပါတယ်နော်။အရိုးတွေနဲ့သွားတွေကျန်းမာကြံ့ခိုင်စေဖို့ လိုအပ်တဲ့ ဓာတ်တစ်ခုပါ။ နေ့စဉ်စားသုံးဖို့မလိုအပ်ပေမယ့် ပြည့်ဝနေဖို့အတွက် မကြာမကြာစားသုံးပေးဖို့တော့ လိုပါမယ်။ ကလေးတစ်ယောက်အနေနဲ့ တစ်နေ့ကို ကယ်လ်ဆီယမ်ပမာဏ ၁၀၀၀ မီလီဂရမ်လိုအပ်ပါတယ်။ဘယ်နေရာတွေကနေ ရနိုင်လဲ။နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ ပဲပြား၊ ကယ်လ်ဆီယမ်ဖြည့်စွက်ထားတဲ့ ပဲနို့ နဲ့ အခြားသော ကယ်လ်ဆီယမ်ပါဝင်နေတဲ့ဖြည့်စွက်အာဟာရတွေကနေရရှိနိုင်ပါတ ယ်။ဦးနှောက်ဖွံ့ဖြိုးဖို့နဲ့ ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့ အဓိက ပံ့ပိုးပေးတာပါ။ ခန္ဓာကိုယ်က သံဓာတ်စုပ်ယူနိုင်အောင်လည်း ပံ့ပိုးပေးပါသေးတယ်။ ငယ်စဉ်မှာ တစ်နေ့ကို ၂၅ မီလီဂရမ်လိုအပ်နိုင်ပြီး အရွယ်ရောက်လာတာနဲ့အမျှ ၄၅ ဂရမ်အထိလိုအပ်နိုင်ပါတယ်နော်။ဘယ်နေရာတွေကနေရရှိနိုင်လဲ။လတ်ဆတ်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ အထူးသဖြင့် လိမ္မော်သီး၊ စတော်ဘယ်ရီ၊ ကီဝီသီး၊ ပန်းဂေါ်ဖီစိမ်းတို့ကနေ ရရှိနိုင်ပါတယ်နော်။အစာခြေစနစ်က အကျိုးပြုဘက်တီးရီးယားလေးတွေကို အာဟာရဖြည့်တင်းပေးတဲ့အကျိုးပြုဘက်တီးရီးယားအာဟာရပါ။ အစာခြေစနစ်ကျန်းမာပြီး ကိုယ်ခံအားကောင်းစေဖို့ အထောက်အပံ့ပေးပါတယ်။ဘယ်ကနေရရှိနိုင်လဲ။အထူးသဖြင့်ဒိန်ချဉ်ကနေရရှိနိုင်ပါတယ်။ lcFOSဖြည့်စွက်ထားတဲ့ အာဟာရဖြည့်စွက်စာတွေကနေလည်း ရရှိနိုင်ပါတယ်။ကလေးရဲ့ အမြင်အာရုံနဲ့ဦးနှောက်ဖွံ့ဖြိုးမှုကိုအကောင်းဆုံးထောက်ပံ့ပေးတဲ့ Omega 3 fatty acid တစ်မျိုးပေါ့။ ဉာဏ်ကောင်းတဲ့ ကလေးအဖြစ်ကြီးပြင်း လာစေမှာပါ။ဘယ်ကနေရရှိနိုင်လဲ။ထောပတ်သီး၊ ဥအမျိုးမျိုး၊ အခွံမာသီး၊ ပဲအမျိုးမျိုး၊ ဆားဒင်း၊ ဆယ်လ်မွန်၊တူနာ၊မက်ကာရယ်ငါးတို့ကနေ အဓိကရရှိနိုင်ပါတယ်။မေမေတို့ဈေးဝယ်ထွက်တိုင်း ဒီအဖိုးတန်ရတနာလေးတွေပါအောင်ဝယ်ယူရင်း ကိုယ့်ရဲ့ အဖိုးမဖြတ်နိုင်တဲ့သားသမီးတွေကို အာဟာရပြည့်ဝအောင်ကျွေးမွေးပျိုးထောင်လိုက်ပါနော်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/nutrients-your-chil-may-be-missing/
သင့်ကျောရိုးလေး မထိခိုက်စေဖို့ ဘယ်လိုနေထိုင်ကြမလဲ။
တစ်နေ့တာမှာ ထိုင်ဖို့၊ ထဖို့၊ သွားဖို့၊ လာဖို့၊ အိပ်ဖို့၊ ပစ္စည်းတွေ မဖို့။ ဒါတွေ လုပ်ဖို့ဆိုရင် ကျောရိုးက ကျန်းမာနေရမှာပါ။ ဦးခေါင်းပိုင်းကစလို့ တင်ပဆုံပိုင်းထိ ရှိနေတဲ့ ဒီကျောရိုးလေးတွေက နေ့စဉ်လှုပ်ရှားမှုတွေအတွက် အခရာပါပဲ။ ဒါကြောင့် ကျောရိုးလေးကို မထိခိုက်အောင် နေ့စဉ်သွားလာလှုပ်ရှားမှုတွေမှာ သတ်ထားရပါမယ်။ အထူးသဖြင့်တော့ postureလို့ ခေါ်တဲ့ ကိုယ်နေဟန်ထားပေါ့။ ထိုင်တဲ့အခါ၊ အိပ်တဲ့အခါ ကိုယ်နေဟန်ထား မှန်နေမှသာ ကျောရိုးလေး မထိခိုက်မှာပါ။ကိုယ်နေဟန်ထား မမှန်တဲ့အခါကျတော့ (အထူးသဖြင့် ကုန်းကုန်းကြီးနေမယ်၊ ခွေခေါက်ပြီးနေမယ်ဆိုရင်)။ယေဘုယျအချက်တွေ အနေနဲ့။ခုဆို  work from homeမှာ လက်တော့နဲ့ အလုပ်လုပ်နေရတဲ့အတွက် ကြာကြာထိုင်မိနေပါသေးတယ်။ ထိုင်နေတုန်းမှာ အနေအထားမမှန်ရင် ကျောရိုးထိခိုက်မှာပါ။ ဒါကြောင့်။သွားလာလှုပ်ရှားတဲ့နေရာမှာ ကျောရိုးလေး မထိခိုက်စေဖို့ ကိုယ်နေဟန်ထားက အရေးကြီးပါတယ်။ ဒါ့ပြင် ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြည့်ကောင်းဖို့အတွက်လည်း ကိုယ်နေဟန်ထားက လိုအပ်ပါတယ်။ တဖြည်းဖြည်းချင်း သတိထားပြီး ပြုပြင်သွားကြမယ်ဆိုရင်ဖြင့် ကျောရိုးလေးလည်း မထိခိုက်တဲ့အပြင်  ပိုပြီးကြည့်ကောင်းလာမှာ အမှန်ပါပဲ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/%e1%80%9e%e1%80%84%e1%80%ba%e1%80%b7%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%9c%e1%80%b1%e1%80%b8-%e1%80%99%e1%80%91%e1%80%ad%e1%80%81%e1%80%ad%e1%80%af%e1%80%80/
လိင်တံ ဘာလို့ယားယံ နေရတာလဲ
လူကြားသူကြားထဲမှာ လိင်တံ ယားကျိကျိဖြစ်နေရင် အတော်လေးနေရထိုင်ရခက်မှာ အသေချာပါပဲ။ လိင်တံ ဘာလို့ယားယံ နေရသလဲ၊ သက်သာအောင် ဘာတွေလုပ်နိုင်မလဲဆိုတာသိဖို့ ပြောပြပါ့မယ်။လိင်တံယားယံတာက အတော်လေးအဖြစ်များတဲ့ကျန်းမာရေးပြဿနာတစ်ခုပါ။ ကံကောင်းတာက ယားယံမှုဖြစ်စေတဲ့ အကြောင်းရင်းအတော်များများက တအားကြီးစိုးရိမ်စရာ မလိုအပ်ပါဘူး။ များသောအားဖြင့် လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတွေ၊တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းတဲ့ ပြဿနာတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒါဆို လိင်တံယားယံမှုဖြစ်စေတဲ့ အကြောင်းရင်းတွေကို သေချာလေ့လာကြည့်ရအောင်ပါ။ရောဂါရှိသူနဲ့ အကာအကွယ်မပါဘဲ လိင်ဆက်ဆံမိရာကနေ ကူးစက်တဲ့ရောဂါတွေကြောင့် လိင်တံယားယံနိုင်ပါတယ်။ လိင်အင်္ဂါရေယုန်၊ ကာလသားရောဂါ၊ ဆီးပူညောင်းကျ (ဒါမှမဟုတ်) ဂနိုရောဂါ၊ခုခံအားကျဆင်းမှု ရောဂါနဲ့ လိင်အင်္ဂါကြွက်နို့တွေ ကူးစက်ခံရရင် လိင်တံယားယံနိုင်ပါတယ်။ ဒါ့အပြင် လိင်တံမှာ အနာတွေ၊ အဖုတွေပေါက်တာ၊ နီရဲရောင်ရမ်းတာတွေလည်း ခံစားရနိုင်ပါတယ်။သုံးစွဲတဲ့ ကိုယ်တိုက်ဆပ်ပြာ၊ ဆပ်ပြာရည်၊ လိုးရှင်းစတာတွေထဲမှာ ပါဝင်တဲ့ ဓာတုဓာတ်တချို့နဲ့ ဓာတ်မတည့်ရင်လည်း လိင်တံယားယံနိုင်ပါတယ်။ လိင်တံအရေပြားက ခန္ဓာကိုယ်က တခြားအရေပြားတွေထက် ပိုပြီးနူးညံ့တဲ့အတွက် ဒီလိုယားယံမှုတွေ ပိုဖြစ်နိုင်တာကို သိထားသင့်ပါတယ်။ နောက်ပြီး latex (ရာဘာစေး) နဲ့ ဓာတ်မတည့် သူဆိုရင် latex ကွန်ဒုံးတွေအသုံးပြုချိန်မှာ လိင်တံယားယံနိုင်ပါတယ်။လိင်အင်္ဂါကို ကူးစက်နိုင်တဲ့ မှိုရောဂါတွေအများကြီးရှိပြီးCandida albicansလို့ခေါ်တဲ့ မှိုရောဂါကတော့ အဖြစ်အများဆုံးပါ။ မှိုစွဲတာကြောင့် လိင်တံတစ်ချောင်းလုံး နေမထိထိုင်မသာဖြစ်အောင် ယားယံပြီး အနီရောင်အစက်တွေလည်း ထွက်ပေါ်လာတတ်ပါတယ်။ တချို့တွေမှာဆိုရင် လိင်တံကပူစပ်ပြီး အဖြူရောင်အကွက်တွေလည်း ပေါ်လာတာကိုတွေ့ရပါတယ်။ ကံကောင်းတဲ့အချက်က မှိုရောဂါအများစုကို သောက်ဆေးနဲ့ကုသနိုင်ပါတယ်။လိင်တံ ထိပ်ဖူးကို ဖုံးအုပ်ပေးထားတဲ့ အရေပြားကို foreskin လို့ခေါ်ပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းပြီး လိင်တံကို မှန်မှန်မဆေးကြောခဲ့ရင်၊ ဓာတ်မတည့်တာတစ်ခုခု သုံးစွဲမိခဲ့ရင်၊ အရေပြားပြဿနာတစ်ခုခုခံစား နေရရင် (ဒါမှမဟုတ်) ဆီးချိုရောဂါလို နာတာရှည်ရောဂါတစ်ခုခု ရှိနေခဲ့ရင် လိင်တံထိပ်အရေပြား ရောင်ရမ်းတတ်ပါတယ်။ အရေပြားရောင်ရမ်းတာနဲ့အတူ လိင်တံယားယံခြင်း၊ ဖူးရောင်ခြင်း၊ နာကျင်ခြင်း၊ အနံ့နံတဲ့အရည်များ ဆင်းခြင်း စတဲ့လက္ခဏာတွေပါ ခံစားရတတ်ပါတယ်။ကိုယ်ခံအားနဲ့ဆိုင်တဲ့Psoriasisအရေပြားပြဿနာကြောင့် လိင်တံမှာ အနီကွက်ထွက်လာခြင်း၊ လိင်တံအရေပြား မာကျောကြွပ်ဆတ်လာခြင်း၊ ယားယံခြင်းတွေ ခံစားရနိုင်ပါတယ်။ Psoriasis အရေပြားရောဂါ ဘာကြောင့်ဖြစ်ရသလဲဆိုတာ အခုချိန်ထိ တိတိကျကျမသိရသေးပါဘူး။နှင်းခူရောဂါက ခန္ဓာကိုယ်ရဲ့ ဘယ်အရေပြားမှာမဆို ဖြစ်နိုင်ပါတယ်။ လိင်တံအရေပြားလည်းအပါအဝင်ပေ့ါ။ နှင်းခူကြောင့် အရေပြားယားယံခြင်း၊ နီရဲခြင်း၊ အရေပြားလန်ခြင်းတွေ ခံစားရနိုင်ပါတယ်။လိင်တံမှာလည်း ဝဲပေါက်နိုင်ပါတယ်။ ဝဲပေါက်စေတဲ့ အကောင်သေးသေးလေးတွေကို ပိုးလှေးလို့ခေါပြီး ဒီအကောင်လေးတွေက အရေပြားအောက်ကို တူးဝင်ပြီး ဥဥချကြပါတယ်။ လိင်တံနဲ့ ကပ္ပာယ်အိတ်လို နေရာတွေက စိုစွတ်မှု များပြီး အမွေးအမျှင်လည်းရှိတဲ့အတွက် ပိုးလှေးတွေသဘောကျတဲ့ နေရာတစ်ခုပါ။ ဒါ့ကြောင့် တစ်ကိုယ်ရည် သန့်ရှင်းမှုအားနည်းတဲ့သူတွေဆို လိင်အင်္ဂါမှာ ဝဲပေါက်နိုင်တာကို သတိပြုပါ။ မကုတ်ရမနေနိုင်အောင် ယားယံနေပြီဆို ဝဲပေါက်နေတာဖြစ်နိုင်ပါတယ်။တစ်ကိုယ်ရည်သန့်ရှင်းရေးအားနည်းရင် အရေပြားပြဿနာ အတော်များများ တစ်ချိန်မဟုတ်တစ်ချိန်ဖြစ်မှာပါပဲ။ လိင်အင်္ဂါတဝိုက်ကို ရေချိုးတိုင်း ဆပ်ပြာနဲ့ သေချာဆေးကြောပါ။ လိင်တံထိပ်အရေပြားအတွင်းဖက်ကိုပါ သေချာဆေးကြောပေးပါ။ အသုံးပြုတဲ့ဆပ်ပြာတွေကိုလည်း တအားမမွှေးလွန်းတဲ့ အမျိုးအစားတွေကိုသုံးစွဲပါ။ ရေချိုးပြီးတိုင်း အရေပြားကိုသေချာ ခြောက်သွေ့အောင်သုတ်ဖို့ မမေ့ပါနဲ့။ယားယံမှုလုံးဝမပျောက်ရင်တောင် အထိုက်အလျောက်တော့ သက်သာစေပါတယ်။ ရေခဲတုံးကို အရေပြားပေါ် တိုက်ရိုက်မတင်ပါနဲ့၊ အဝတ်တစ်ခုခုနဲ့ထုပ်ပြီးမှ ကပ်ပေးပါ။အရေပြားခြောက်သွေ့ယားယံခြင်းကို အတိုင်းအတာတစ်ခုထိ သက်သာစေတဲ့အတွက် ရံဖန်ရံခါ လိမ်းပေးနိုင်ပါတယ်။မှိုစွဲခြင်းကြောင့် လိင်တံယားယံမှုကို အိမ်သုံးမုန့်ဖုတ်ဆော်ဒါသုံးပြီး သက်သာအောင်လုပ်နိုင်ပါတယ်။ ဆော်ဒါမှုန့်ကို ရေနွေးနည်းနည်းနဲ့ရောပြီး ရလာတဲ့အနှစ်ကို လိင်တံမှာလိမ်းကျံပါ။ မိနစ်အနည်းငယ်ထားပြီး ရေနဲ့ဆေးကြောလိုက်ပါ။လိင်တံ ယားယံမှုတိုင်းကို ကိုယ့်အိမ်မှာတင် ကုသလို့မရတာတော့ သိစေချင်ပါတယ်။ လိင်ကနေတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေကြောင့် လိင်တံယားယံတတ်ကြောင်း ပြောပြီးပါပြီ။ လိင်ဆက်ဆံမှုကနေ ရောဂါကူးစက်ခံ ရတယ်လို့ သံသယရှိရင် ကိုယ့်ဖာသာ ကြိတ်ကုဖို့ ယောင်လို့တောင်မစဉ်းစားပါနဲ့။ ဆရာဝန်နဲ့ ပြသဖို့ လိုကိုလိုအပ် ပါတယ်။ရောဂါလုံးဝမပျောက်မချင်း လိင်ဆက်ဆံမှုကို လုံးဝရှောင်ရှားပြီး တခြားသူကို ရောဂါမကူးစက်အောင် ကာကွယ်ပါ။ တကယ်လို့ ကိုယ့်လိင်တံယားယံနေရတဲ့အကြောင်းရင်းကို သေချာမသိရင်လည်း ဆရာဝန်နဲ့ ပြသပြီး လိုအပ်တဲ့ကုသမှုခံယူတာသာ အကောင်းဆုံးနည်းလမ်းဖြစ်မှာပါ။Dr. Htoo Tint။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/causes-of-itchiness-in-penis/
နို့ကြောင်းပိတ်တဲ့အခါ ဒါတွေလုပ်ကြည့်ပါ။ ။
နို့တိုက်နေတဲ့ မိခင် တစ်ယောက် အတွက် နို့ကြောင်းပိတ်တဲ့ ပြဿနာက တော်တော်ကို ဆိုးတဲ့ ပြဿနာ တစ်ခုပါ။ ကလေးကလည်း နို့ဆာ ကိုယ်ကလည်း နို့မထွက်၊ နို့ကြောင်းကလည်း ပိတ်နေတော့ နာကလည်းနာနဲ့ အတော်ကြီးကို ဒုက္ခရောက်ပါတယ်။ ခက်တာက နို့ကြောင်း ပိတ်တဲ့ ပြဿနာကလည်း အဖြစ်များတဲ့ ပြဿနာ တစ်ခုဆိုတော့ ဖြစ်လာတဲ့အခါ သက်သာအောင် လုပ်ဖို့က အရေးကြီး လာတာပေါ့။ ဒီတော့ နို့တိုက်ရင်းနဲ့ နို့ကြောင်းပိတ်သွားတဲ့အခါ ဘာတွေ လုပ်ကြမလဲ ဆိုတော့ နို့ကြောင်းပိတ်တဲ့အခါ ဒါတွေလုပ်ကြည့်ပါ။ ။နို့ကြောင်းပိတ်တာကို သက်သာအောင် ဘယ်လိုလုပ်ရမလဲ မပြောခင် ဘာကြောင့် နို့ကြောင်းပိတ်တာလဲ အရင် သိဖို့ လိုပါတယ်။ဒါကြောင့် နို့ကြောင်း မပိတ်ဖို့ ဆိုရင် နို့ကောင်းကောင်းထွက်ပြီး ကလေးက ကောင်းကောင်း စို့နိုင်ရမယ့် အပြင်ရင်သားကို တင်းကြပ်နေအောင် မထားဖို့လည်း လိုအပ်ပါတယ်။နို့ကြောင်းပိတ်တဲ့အခါ ဒါတွေလုပ်ကြည့်ပါ။ ။ ဘာတွေလဲ ဆိုတော့။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/milk-block/
ကလေးတစ်ယောက် စားသင့်တဲ့အချိုပမာဏ
ကလေးတစ်ယောက် မေမေ့ဗိုက်ထဲကနေထွက်ပြီးအပြင်လောကရောက်တဲ့အခါ အရင်ဆုံးအာဟာရဖြည့်တာက ဘာနဲ့လဲ။မေမေ့နို့နဲ့လေ။ ချိုချိုသောက်လို့တောင်ပြောတယ်ဟုတ်။ ဒီတော့ ကလေးတစ်ယောက်အဖို့ ပထမဆုံးခံစားဖူးမယ့်အရသာက ဘယ်အရသာလဲဆိုတာ မပြောဘဲတောင်သိလောက်ပြီပေါ့နော်။ ဒီလိုမှတော့ ကလေးက အချိုကြိုက်တာ အဆန်းတော့မဟုတ်ဘူးပေါ့။ စစားဖူးတဲ့အရသာကိုက အချိုကိုး။ ဒီလိုဆိုတာနဲ့ ကလေးကို အချိုကျွေးပါလို့ပြောတာ မဟုတ်ဘူးနော်။ ကလေးတစ်ယောက်က အချိုကိုလိုအပ်တဲ့ပမာဏလောက်ပဲ စားသင့်တာပါနော်။ မလိုအပ်ဘဲအချိုအများကြီးကျွေးရင် ကလေးအတွက် မကောင်းပါဘူးနော်။ကလေးတွေကို အချိုအများကြီးကျွေးတဲ့အခါ ကလေးကအဝလွန်တာ၊ သွေးတွင်းသကြားဓာတ်မြင့်တာနဲ့သွားနဲ့ခံတွင်းကိုပါ ပျက်စီးစေနိုင်ပါသေးတယ်နော်။ ဒါတွေအပြင် ကလေးက အချိုစားလွန်းတာကြောင့် သွေးတိုးတာ၊အမျိုးအစား (၂) ဆီးချိုရောဂါနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေတွေပိုများစေနိုင်ပါတယ်။ အချိုစားတာများလွန်းတဲ့အခါ ကလေးမှာ သွားနဲ့ခံတွင်းပြဿနာရှိလာတဲ့အတွက်အစာအာဟာရကို ပြည့်ဝအောင်မစားနိုင်တော့တာမျိုးဖြစ်လာနိုင်ပါတယ်။ သွားနဲ့ခံတွင်း ကျန်းမာရေးကောင်းမှလည်း ကလေးက အာဟာရပြည့်ဝအောင်စားနိုင်မှာပါ။ ဒါမှ ကြီးထွားဖွံ့ဖြိုးမှုမှာ အနှောင့်အယှက်မဖြစ်မှာပါ။ သွားနဲ့ခံတွင်းကအစာခြေစနစ်ရဲ့ ထိပ်ဆုံးအပိုင်းပါ။ရှေ့တန်းတိုက်စစ်ခိုင်မှ နောက်ပိုင်းကအေးအေးဆေးဆေးနေနိုင်မှာလေနော်။ကလေးတစ်ယောက် အချိုဘယ်လောက်စားခွင့်ရှိလဲ။ကလေးကမွေးစမှာတော့ မေမေစားတဲ့အချိုဓာတ်လောက်ကပဲ မေမေ့နို့ချိုကနေတဆင့်ရရှိမှာပါ။ သူတို့ကိုယ်တိုင် အချိုကို သေသေချာချာစားမိမှာက အသက် ၂နှစ်နောက်ပိုင်းမှာပါ။ အမေရိကန်နှလုံးကျန်းမာရေးအဖွဲ့အစည်း (AHA) ကတော့ ကလေးတွေကို အသက်အရွယ်အပိုင်းအခြားအလိုက်ကျွေးသင့်တဲ့ အချိုပမာဏကို အခုလိုပြောထားပါတယ်။ကလေးတစ်ယောက်အနေနဲ့ အသက် ၂ နှစ်ကနေ ၁၈ နှစ်အတွင်းမှာ တစ်နေ့တာကိုသကြားလက်ဖက်ရည်ဇွန်း ၆ ဇွန်းပဲစားသင့်ပါတယ်။ သကြား ၅ ဂရမ်မှာ ကယ်လ်လိုရီ ၁၀၀ ဂရမ်ပါဝင်နေပါတယ်။ ကလေးက အသက် ၂ နှစ်ကနေ ၁၀ နှစ်အတွင်းဖြစ်မယ်ဆိုရင် ကလေးကို အချိုရည်တွေမတိုက်သင့်သလို တစ်ပတ်လုံးမှာ ကလေးကို အချိုပမာဏ ၈အောင်စပဲကျွေးသင့်ပါတယ်။ ဒီပမာဏက မီလီမီတာနဲ့တွက်မယ်ဆိုရင် ၂၄၀ မီလီမီတာပဲရှိတာပါ။ ကလေးကို အချိုရည်ဘူးတွေမတိုက်ဖို့ပြောရတဲ့အကြောင်းအရင်းကအချိုရည်ဘူးတစ်ဘူးစာမှာ အချိုပမာဏက ၃၅၅ မီလီမီတာပါဝင်နေတာကြောင့်ပါ။ စားသင့်တဲ့ အချိုပမာဏထက်များနေမှတော့ ကျန်တာတွေပါစားဦးမယ်ဆိုရင် ကလေးက အချိုကို စားသင့်တာထက်ပိုစားမိတော့မယ်ဆိုတာပြောနေစရာတောင်မလိုအောင်ပါ။အသက် ၂ နှစ်အောက်ကလေးတွေကိုတော့ အချိုရည်တွေလုံးဝမတိုက်သင့်သလို သကြားလုံးတွေ၊ ချိုချဉ်တွေ၊ ဂျယ်လီတွေအပါအဝင် အခြားသော အချိုပါတဲ့ သရေစာတွေကို မကျွေးသင့်ပါဘူး။ ဒါဆို ကလေးက ကျန်းမာပျော်ရွှင်ပြီး ရောဂါကင်းတဲ့ကလေးတစ်ယောက်အဖြစ် ကြီးပြင်းအရွယ်ရောက်လာမှာပါ။ကလေးကို အချိုအစားနည်းအောင် ဘယ်လိုပြင်ဆင်ပေးမလဲ။အခုလိုမျိုး နွေရာသီရောက်လာပြီဆိုရင် ချိုချိုအေးအေးလေးတွေက အရသာရှိတာမှန်ပေမယ့် ကလေးကို အချိုရည်တွေတော့ မတိုက်စေချင်ပါဘူးနော်။ ကလေးကို နွေအပူဒဏ်ကြောင့် ချိုချိုအေးအေးလေးစားစေချင်တယ်ဆိုရင် သစ်သီးလေးတွေကို သေးသေးလေးလှီးပြီး ကျွေးတာမျိုး၊ သဘာဝသစ်သီးဖျော်ရည်လေးတွေကို တိုက်တာမျိုးပဲလုပ်သင့်ပါတယ်။နောက်တစ်ခုက လူကြီးတွေသောက်တဲ့ အချိုကဲတဲ့သောက်စရာတွေ၊ကော်ဖီတွေ၊ လက်ဖက်ရည်တွေကိုလည်း မတိုက်တာအကောင်းဆုံးပါ။ လူကြီးတွေသောက်တဲ့ ကွေကာအုတ်တွေနဲ့ အခြားသော မနက်ခင်းသောက်စရာတွေကိုရောပေါ့။ ကလေးကိုမနက်စာစားချိန်မှာ လူကြီးတွေလိုပဲ တစ်ခုခုတိုက်ချင်တယ်ဆိုရင် ကလေးတွေအတွက် လိုအပ်တဲ့အာဟာရတွေဖြစ်တဲ့အကျိုးပြုဘက်တီးရီးယား အာဟာရတစ်မျိုးဖြစ်တဲ့ (lcFOS )၊ ကလေးကြီးထွားဖွံ့ဖြိုးဖို့လိုအပ်တဲ့ အိုင်အိုဒင်း၊သံဓာတ်၊ ဗီတာမင် ဒီ(Vitamin D)၊ ဗီတာမင် B12 (Vitamin B12)၊ ဗီတာမင်အေ (Vitamin A)၊ ဗီတာမင် စီ (Vitamin C)၊ ဗီတာမင် အီး (Vitamin E) နဲ့ အရိုးနဲ့သွားတွေကို ကြံ့ခိုင်စေတဲ့ ကယ်လ်ဆီယမ်တို့ပါဝင်တာမျိုးကိုတိုက်ပေးပါ။ သတိထားဖို့လိုဦးမှာက ကလေးဦးနှောက်နဲ့အမြင်အာရုံကို ဖွံ့ဖြိုးစေတဲ့Omega 3 Fatty Acidတစ်မျိုးဖြစ်တဲ့ DHA ပါဝင်ဖို့ပါ။ ကလေးတွေအတွက် သီးသန့် ထုတ်ထားတဲ့သောက်စရာကိုသာ ကလေးတွေအတွက် ပြင်ဆင်ပေးဖို့လည်းမေမေတို့အနေနဲ့ မေ့ထားလို့မဖြစ်ပြန်ပါဘူးနော်။ကလေးကို ငယ်စဉ်ကတည်းက အချိုအများကြီးမကျွေးဘဲ သူတို့နဲ့သင့်တော်မယ့် အစားအသောက်လေးတွေ၊ အာဟာရပြည့်ဝတဲ့အစားအသောက်လေးတွေကိုပြင်ဆင်ပေးတာက ကလေးကို ကျန်းမာပျော်ရွှင်စွာကြီးပြင်းစေဖို့ရော အရွယ်ရောက်ချိန်မှာပါ ရောဂါတွေကင်းစေဖို့ အထောက်အပံ့ဖြစ်စေမှာဆိုတော့မေမေတို့အနေနဲ့ စဉ်းစားသင့်တဲ့အချက်လေးတစ်ခုပေါ့။ ကလေးဆိုတာက အချိုကြိုက်မှာပဲဆိုပေမယ့် တတ်နိုင်သမျှထိန်းပေးဖို့ အကြံပြုပါရစေနော်။အချိုကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာကင်းတဲ့ ကလေးအဖြစ် မိမိရင်သွေးကိုပျိုးထောင်နိုင်ကြပါစေကြောင်း……………..။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/how-much-sugar-is-okay-in-kids-diets/
အောင်မဲညို ပန်းရဲ့ ဆေးဖက်ဝင်အာနိသင်တွေ
အခု နောက်ပိုင်း အောင်မဲညို ပန်းခြောက်လေးတွေ ဈေးကွက်မှာ ခေတ်စားလာတယ်နော်။ ပန်းခြောက်လေးတွေကို ရေနွေးကြမ်းထဲခတ်သောက်တာ၊ ဆိုင်တွေမှာ အရောင်လှတဲ့အချိုရည်၊ ကော့တေးတွေအထိ အသုံးပြုလာကြပြီ။ မုန့်လုပ်တဲ့ထဲလည်း ထည့်သွင်းလာကြပြီ။ဒီတော့ အောင်မဲညိုပန်းရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေအပေါ် သိပ္ပံပညာအရ ဘယ်လို လေ့လာတွေ့ရှိထားလဲ ဖတ်ကြည့်လိုက်ရအောင်။အောင်မဲညို ပန်းရဲ့ ဆေးဖက်ဝင်အာနိသင်တွေ ကတော့။Proanthocyanidin လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်လို့ မျက်စိကို သွေးလည်ပတ်မှု ကောင်းစေပြီး အမြင်အာရုံ ပိုကောင်းစေပါတယ်။ မျက်စိ ကြည့်မကောင်းတာ၊ မှုန်တာ၊ မျက်စိ ညောင်းတာ၊ မြင်လွှာ ထိခိုက်တာတို့ အတွက်လည်း ကုသနိုင်စွမ်းရှိပါတယ်။အောင်မဲညိုပန်းမှာ bioflavonoids ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်လို့ ဆံပင်ဖြူခြင်းကို ကာကွယ်ပေးပြီး ဆံပင် သန်စေနိုင်ပါတယ်။ ဆံပင်ပါး၊ ဆံပင်ကျွတ်တဲ့သူတွေ အောင်မဲညို ရေနွေးကြမ်း သောက်ကြည့်နော်။အောင်မဲညိုပန်းမှာ ပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက collagen နဲ့ elastin ဟော်မုန်း ချက်လုပ်မှုကို နှိုးဆွပေးပါတယ်။ ဒါ့ကြောင့် အသားအရေ နုပျိုစေပြီး အရေးအကြောင်း ဖြစ်ခြင်းလို ရင့်ရော်မှု ပြဿနာတွေကို လျော့ပါးစေပါတယ်။အောင်မဲညိုပန်းရဲ့ ဆေးဖက်ဝင် အာနိသင်တွေထဲမှာ အမျိုးသမီးတွေ ရာသီသွေး ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အချက်လည်း ပါဝင်ပါတယ်။ ဓမ္မတာနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ရှိတဲ့ အမျိုးသမီးတွေအတွက် ကုသမှု ရလဒ် ကောင်းစေနိုင်ပါတယ်။အောင်မဲညို ပန်းကဦးနှောက် ဉာဏ်ရည်လုပ်ဆောင်ချက်တွေကို မြှင့်တင်ပေးနိုင်တဲ့ အပြင် မှတ်ဉာဏ်ကိုလည်းကောင်းစေပါတယ်။ဆီးနဲ့ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာ ရှိသူတွေအတွက် ဆီးရွှင်ဆေး တစ်မျိုးပါပဲ။သွေးတိုးကိုလည်း ကျစေတဲ့ အာနိသင် ရှိပါတယ်။အောင်မဲညိုပန်းကနာကျင်ကိုက်ခဲမှုတွေနဲ့ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။တချို့ နိုင်ငံတွေမှာ အအေးမိ၊ ချောင်းဆိုး၊ပန်းနာရင်ကျပ်တို့အတွက် ကုသရာမှာ အသုံးပြုကြတယ်လို့ သိရပါတယ်။ သူ့ရဲ့ အာနိသင်က ချွဲပျော်စေပြီး လည်ချောင်း ယားတာတွေ သက်သာစေတယ်။ပင်ပန်းကျပ်တည်းနေတဲ့စိတ်၊ ပူပန်မှုတွေ ဖိစီးနေတဲ့စိတ်၊ ကျဆင်းနေတဲ့စိတ် တို့ကို အောင်မဲညိုပန်းက ကုသပေးနိုင်ပါတယ်။ ပန်းမှာ ပါဝင်တဲ့ flavonoids ဓာတ်တွေကြောင့် စိတ်ကျရောဂါ ရှိနေသူတွေကို ကုသရာမှာ အသုံးပြုတာ ဖြစ်ပါတယ်။ပုံမှန်ဆို အောင်မဲညိုပန်းကို ရေနွေးထဲ ခတ်ထည့်၊သံပရာသီးနည်းနည်း ညှစ်ထည့်ရတာ ဖြစ်ပေမယ့်အစာအိမ်ရောဂါသို့မဟုတ် အစာအိမ်အနာရှိရင်တော့ သံပရာသီး မထည့်ဘဲ သောက်ပါ။အောင်မဲညိုပန်းက ကျန်းမာရေးအတွက် အကျိုးကျေးဇူး များတယ် ဆိုပေမယ့်  ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေ၊ ရောဂါ အခံ တစ်ခုခု ရှိသူတွေ၊ ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေး ပုံမှန် သောက်နေရတဲ့ သူတွေဆိုရင်တော့ ဆရာဝန် နဲ့ သေချာလေး တိုင်ပင်ပြီးမှ သောက်ပေးပါ။ဆေးဖက်ဝင်ပေမယ့် အရာရာက တန်ဆေး လွန်ဘေး ဖြစ်တာကြောင့် အလွန်အကျွံ မသောက်သုံးဖို့လည်း လိုပါမယ်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/health-benefits-of-blue-clitoria-ternatea/
ဆောင်းရာသီမှာ လေဒီလှလှလေးဖြစ်စေဖို့
အေးမြတဲ့ဆောင်းရာသီကကိုယ်လက်လေ့ကျင့်ခန်းလုပ်လို့ကောင်းတယ်။ ဓါတ်ပုံရိုက်လို့လှတယ်။ အိပ်ရတာလည်းကောင်းတယ်။ ခရီးသွားရတာလည်းကောင်းတယ်နော်။ပျော်စရာတွေပြည့်နေတဲ့ ကာလအပိုင်းအခြားလေးပေါ့။ အားလုံးတော့ကောင်းပေမယ့်ဆောင်းအအေးဒဏ်ကအသားအရေအတွက်တော့ မကောင်းပါဘူး။ဆောင်းအအေးဒဏ်ကြောင့်အသားအရေခြောက်သွေ့တာ၊ ကွဲအက်တာ၊သွေးထွက်တာတွေဖြစ်နိုင်ပါတယ်။အပေါ်ယံအရေပြားအဖတ်လန်တာမျိုးတွေဖြစ်နိုင်သလို အရေပြားပြဿနာတော်တော်လေးကြုံတွေ့ရနိုင်တယ်နော်။ ဒီလိုမျိုးလူတိုင်းအရေပြားပြဿနာနဲ့ ရင်ဆိုင်နေရချိန်မှာ ကိုယ်ကအသားအရေစိုစိုပြေပြေလှေလှပပလေးနဲ့မြင်သူတိုင်း အားကျရတဲ့လေဒီလေးဖြစ်ဖို့ ဒီဆောင်းပါးလေးကနေတဆင့် ကူညီပေးပါရစေ။ဆောင်းရာသီမှာ အရေပြားပြဿနာကင်းစင်ပြီး စိုပြေလှပတဲ့အသားအရေလေးနဲ့ကြော့ကြော့မော့မော့လေးလျစေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်ပေးစေချင်ပါတယ်။ရေနွေးနွေးလေးနဲ့ သန့်စင်ပါ။မျက်နှာပဲသစ်သစ်၊ရေပဲချိုးချိုး၊ခြေလက်ပဲသန့်သန့်ရေအေးထက်ရေနွေးနွေးလေးကို အသုံးပြုဆေးကြောတာကချွေးပေါက်တွေကို အဆီပိတ်တာမျိုး မဖြစ်အောင်ကာကွယ်ပေးနိုင်မှာပါ။ရေနွေးနွေးလေးနဲ့ရေချိုးပေးတာက စိတ်ကိုလည်း ကြည်လင်လန်းဆန်းစေမှာပါ။ကိုယ်လက်သန့်စင်ပြီးတာနဲ့အစိုဓါတ်ထိန်းခရင်မ်လူးပေးပါ။ဆောင်းရာသီမှာ ပုံမှန်ထက်ပိုပြီး အသားအရေကို အစိုဓါတ်ထိန်းဖို့လိုအပ်မှာပါ။နောက်တစ်ခုက အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေကရေချိုးပြီးစ မျက်နှာသစ်ပြီးစမှာ လူးပေးတာက အာနိသင်အကောင်းဆုံးပါ။ ဒါကြောင့်ရေချိုးပြီးတိုင်း မျက်နှာသစ်ပြီးတိုင်း အသားအရေကို ခြောက်သွေ့အက်ကွဲမှုတွေကင်းစင်စေဖို့ အစိုဓါတ်ထိန်းခရင်မ်လူးပေးပါ။အသားအရေကို ကာကွယ်ပါ။အသားအရေကိုဆောင်းအအေးဒဏ်ကနေရော၊နေရောင်ကနေပါကာကွယ်ရပါမယ်။ ဒါကြောင့်ဆောင်းရာသီဆိုပေမယ့်လည်းနေလောင်ကာခရင်မ်လူးပေးဖို့ မမေ့ပါနဲ့။ အပြင်ထွက်တဲ့အခါ အင်္ကျီလက်ရှည်လေးဖြစ်ဖြစ် ဝတ်သွားပေးပါ။လေနဲ့နေရောင်ကြောင့် အသားအရေထိခိုက်မှုနည်းစေဖို့အတွက်ပါ။အစိုဓါတ်ထိန်းစက်ေလးဖွင့်ထားပေးပါ။ဆေင်းရာသီမှာ အပူပေးစက်ဖွင့်ထားမယ့်အစားနွေးနွေးထွေးထွေးလေးဝတ်ထားပြီး အိမ်ခန်းထဲမှာ အစိုဓါတ်ထိန်းစက်လေးဖွင့်ထားပေးလိုက်ပါ။ အသးအရေကိုခြောက်သွေ့ခြင်းကင်းစေမှာပါ။ဆဲလ်သေတွေဖယ်ရှားပေးပါ။ဒါကတော့ ရာသီဥတု ၃ ခုစလုံးမှာလိုအပ်မှာပါ။ဆောင်းရာသီမှာ အသားအရေခြောက်သွေ့မှာစိုးပြီး မလုပ်မိတာမျိုးဖြစ်နိုင်တာကြောင့် သတိပေးတာပါလေဒီလေးတို့ရေ။ဆောင်းရာသီမှာလည်း တစ်ပတ်ကို တစ်ကြိမ်လောက်တော့ အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပါနော်။Body Lotionလိမ်းပေးပါ။မျက်နှာတင်မဟုတ်ပါဘူး။ ခန္ဓါကိုယ်အရေပြားတွေကိုလည်း စိုပြေလှပစေဖို့အတွက်နေ့စဉ် Body Lotion လိမ်းပေးပါ။ ဒါမှ အသားအရေခြောက်သွေ့ကွဲအက်တာ၊ အသားအရာင်မွဲခြောက်တာမျိုးမဖြစ်အောင် ကာကွယ်နိုင်မှာပါ။လက်သည်းလေးတွေကိုပါ Lotion လိမ်းပေးပါနော်။ရေများများသောက်ပါ။ဆေင်းအေးလို့ရေမသောက်မိတာမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမယ့်ရေဓါတ်ပြည့်ဝနေမှ အသားအရေစိုပြေမယ်ဆိုတာကို မမေ့ပါနဲ့။ ဒါကြောင့်ရေကိုပြည့်ပြည့်ဝဝလေးသောက်ပေးပါ။ရေအေးမသောက်ချင်ဘူးဆိုရင်လည်းရေခပ်နွေးနွေးလေးထဲကို သံပုရာရည်လေး တစ်စက်၊နှစ်စက်လောက်ညှစ်ထည့်ပြီးသောက်ပေးပါ။ကဖင်းနဲ့အယ်လ်ကိုဟောလျှော့သောက်ပါ။ဆောင်းအေးအေးလေးမှာကော်ဖီပူပူလေးသောက်ရတာက အရသာရှိပေမယ့် အများကြီးမသောက်ပါနဲ့။ ကဖင်းကခန္ဓါကိုယ်ကိုရေဓါတ်ဆုံးရှုံးစေပြီး အသားအရေခြောက်သွေ့စေနိုင်တာကြောင့်ပါ။နောက်တစ်ခုက အယ်လ်ကိုဟောပါ။ အယ်လ်ကိုဟောကလည်း ကိုယ်တွင်းရေဓါတ်ကို ဆုံးရှုံးစေနိုင်တာကြောင့် အသားအရေကိုခြောက်သွေ့စေနိုင်ပါတယ်။ ဒီတော့ အသားအရေထိခိုက်မှု မဖြစ်စေချင်ဘူးဆိုရင် ကဖင်းပါတဲ့သောက်စရာတွေအစားသစ်သီးဖျော်ရည်ေသာက်ပေးတာမျိုးလုပ်ပေးပါ။ကဲဒီအချက်လေးတွေလိုက်လုပ်ကြည့်ပြီးဆောင်းရာသီမှာ အသားအရေစိုစိုပြေပြေလေးနဲ့လှပတဲ့လေဒီလေးဖြစ်လိုက်ပါနော်……..။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%ac%e1%80%9e%e1%80%ae%e1%80%99%e1%80%be%e1%80%ac-%e1%80%9c%e1%80%b1%e1%80%92%e1%80%ae%e1%80%9c%e1%80%be%e1%80%9c%e1%80%be%e1%80%b1/
သမီးလေးက ရာသီမလာသေး ဘူးလား။
အမျိုးသမီးတွေ ဘဝမှာရာသီကိစ္စက နေရာတကာ ပါနေတာပါ။အပျိုအရွယ်မှာ ရာသီမလာသေးလို့၊ ရာသီလာတာစောလို့၊ နောက်ကျတာကစလို့ ရာသီမမှန်တာ၊ သွေးဆင်းများတာ၊ နည်းတာ၊ ရာသီလာခါနီးရင် စိတ်တိုတာ၊ လာနေတဲ့အချိန် ကယိကထများတာ၊ ထိန်သွားတာ၊ နောက်ဆုံး သွေးဆုံးသွားတာ စသဖြင့် စုံလို့ပါပဲ။ ဘဝမှာ ရာသီစလာကတည်းက တစ်လ တစ်ခါ သူနဲ့ အလုပ်များရပေါင်းလည်း မနည်းပါဘူး။ ခုလည်း သမီးက အပျိုအရွယ်ရောက်နေပြီ။ ရာသီမလာသေး တဲ့ ပြဿနာပါ။မေမေတွေကတော့ သမီးလေးက ကလေးစိတ်မှ မကုန်သေးတာ။ သူ့ဟာသူနေပါစေ ဆိုပေမယ့် အရွယ်တစ်ခုရောက်တဲ့အထိ ရာသီမလာဘူးဆိုရင် ဒါပြဿနာပါ။ သဘာဝဟာ သဘာဝပါပဲ။ ကလေးစိတ်မကုန်သေးတာ ပြဿနာ မဟုတ်ပေမယ့် လာရမယ့် အချိန်မှာ မလာတာ ပြဿနာပါ။ဆေးပညာအရ အပျိုလေးတစ်ယောက် ရာသီမလာသေး တာကို primary amenorrhoeaလို့ ခေါ်ပါတယ်။ အသက်နဲ့ အတိအကျ ပြောမယ်ဆိုရင် ၁၆နှစ် ပြည့်တဲ့ အထိ ရာသီမလာသေးတာပေါ့။ ဒါပေမယ့် သူ့မှာ တခြားဖွံ့ဖြိုးမှုတွေ ဖြစ်တဲ့ ရင်သားစူထွက်လာတာ၊ ဆီးခုံမွေးတွေ၊ ချိုင်းမွေးတွေ ပေါက်လာတာမျိုးတော့ ရှိရပါမယ်။ ဒါဟာဟော်မုန်းအပြောင်းအလဲကြောင့် ထွက်လာတာဖြစ်လို့ ရာသီလာဖို့ မျှော်လင့်ထားလို့ရပါတယ်။နောက်တစ်မျိုးကတော့ ကလေးမလေးက အသက်က ၁၄နှစ်ရှိပြီ။ ခုနကပြောတဲ့ရင်သားစူတာ၊ အမွေးတွေပေါက်တာလည်း မရှိဘူးဆိုရင်တော့ ရာသီလာဖို့ သိပ်မမှန်းနိုင်ပါဘူး။ဒီတော့ ပြန်ချုပ်မယ်ဆိုရင် ကလေးမလေးတစ်ယောက် တခြားဖွံ့ဖြိုးမှုတွေရှိတယ်၊ ၁၆နှစ်ထိမှ ရာသီမလာဘူးဆိုရင် primary amenorrhoea၊ ၁၄နှစ်အထိ တခြားဖွံ့ဖြိုးမှုတွေလည်း မရှိဘူး၊ ရာသီလည်း မလာဘူးဆိုရင်လည်း primary amenorrhoea ပါပဲ။ဒါက ခြုံပြောမယ်ဆိုရင် မိန်းမကိုယ်ဖွံ့ဖြိုးမှု ပြဿနာ၊ ဟော်မုန်းပြဿနာ၊ မျိုးဗီဇပြဿနာရယ်လို့ ခွဲပြောလို့ ရပါတယ်။ကလေးမလေးရဲ့ သားအိမ်တွေ၊ မွေးလမ်းကြောင်းတွေက တစ်ဝက်တစ်ပျက် ဒါမှမဟုတ် လုံးဝဖွံ့ဖြိုးခြင်း မရှိတာပါ။ တခြား အမျိုးသမီး အင်္ဂါရပ်တွေနဲ့တော့ ပြည့်စုံပါတယ်။ ဒါကို Mullerian agenesisလို့ ခေါ်ပါတယ်။ အပျိုလေးတွေ ရာသီမလာရခြင်းရဲ့ ၁၀ ရာခိုင်နှုန်းက သူ့ကြောင့်ပါ။တစ်ခါတစ်လေ ရာသီတော့ လာပါရဲ့။အပျိုမြှေးက ထူလွန်းလို့ သွေးတွေက အောက်ကို မဆင်းနိုင်ဘဲ အထဲမှာ အောင်းနေတာ၊ မိန်းမကိုယ်မှာ ကန့်လန့်နံရံခံနေလို့ သွေးတွေ အောက်ကို မဆင်းနိုင်တာလည်း ရှိပါတယ်။ ဒါမျိုးဆိုရင်တော့ ကလေးက တစ်လ တစ်ခါ ရာသီလာတယ်။ ဒါပေမယ့် အောက်ကို သွေးမဆင်းတဲ့ အတွက် ဗိုက်ဖောင်းလာတာ၊ ဗိုက်အောင့်လာတာမျိုး ခံစားရနိုင်ပါတယ်။ဟော်မုန်း ပြဿနာတွေမှာ ဆိုရင်။FSHဆိုတာမျိုးဥကြွေအောင် လုပ်ပေးတဲ့ ဟော်မုန်းပါ။ အမျိုးသမီးတွေရဲ့ရာသီစက်ဝန်းအတွက် အရေးကြီး ဟော်မုန်းပေါ့။ သူထွက်လာရင် သားဥအိမ်ကို လှုံ့ဆော်ပြီး မျိုးဥကြွေအောင် လုပ်ပေးပါတယ်။ အပြန်အလှန်အနေနဲ့ သားဥအိမ်က ဟော်မုန်းတွေ ထုတ်ပြီး FSHတွေ များမလာအောင် ထိန်းပေးပါတယ်။ သူများလာတယ်ဆိုတဲ့ သဘောက သားဥအိမ်က ဟော်မုန်း မထုတ်လို့ပါ။ တစ်နည်းအားဖြင့် သားဥအိမ် အလုပ်မလုပ်လို့ပါပဲ။ပရိုလက်တင်ဆိုတာ ဦးနှောက်ထဲမှာ ရှိတဲ့ ပီကျူထရီကျိတ်ကနေ ထုတ်ပေးလိုက်တဲ့ ဟော်မုန်းဖြစ်ပြီး မျိုးပွားခြင်းကိစ္စရပ်တွေမှာ ပါဝင်ပါတယ်။ သူသိပ်များလာရင် GnRHဆိုတဲ့ ဟော်မုန်းနည်းလာပြီး မျိုးပွားအင်္ဂါတွေ အလုပ်လုပ်နိုင်စွမ်း လျှော့နည်းသွားပါတယ်။Hypothalamus ဆိုတာ ဟော်မုန်းတွေရဲ့ ခေါင်းဆောင်ပါ။ သူ့မှာ ရောဂါတစ်ခုခုဖြစ်လို့ ဟော်မုန်းတွေ မထုတ်နိုင်တော့ဘူးဆိုရင် ရာသီမလာတာ အပါအဝင် တခြား ဟော်မုန်း ပြဿနာတွေပါ ကြုံရမှာပါ။မျိုးဗီဇပြဿနာထဲမှာဆိုရင်တော့။ဒီရောဂါမှာ အမျိုးသမီး ခရိုမိုဆုမ်း ဖြစ်တဲ့ X တစ်ခု ဒါမှမဟုတ် နှစ်ခုလုံး ပျောက်နေနိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတစ်ယောက်လိုပဲ ပုံပန်းသွင်ပြင်ရှိပြီး သာမန်လူတစ်ယောက်လို နေနိုင်ပါတယ်။ အရွယ်ရောက်လို့ ရာသီမပေါ်လို့ စစ်ဆေးကြည့်မိတော့မှ ဒီပြဿနာ ရှိမှန်း သိတာပါ။ကြုံခဲ့ဖူးတာ တစ်ခုက ကလေးမလေးက ဘွဲ့ရပညာတတ်လေးပါ။ သူကြည့်တော့လည်း သာမန်ပါ။ အိမ်ထောင်ပြုခါနီး ရာသီတစ်ခါမှ မလာလို့ နောက်ပိုင်း ကိုယ်ဝန်ဆောင်ဖို့ အခက်အခဲရှိမှာစိုးလို့ စစ်ရာကနေ မျိုးဗီဇပြဿနာ Turner syndrome ရှိနေမှန်း သိရတာပါ။ဒါကတော့ တော်တော်များများ သိကြမှာပါ။ အမျိုးသမီးဖြစ်ပေမယ့် အမျိုးသားဟော်မုန်း အန်ဒရိုဂျင်များနေတာပါ။ ရောဂါအနေအထားပေါ်လိုက်ပြီး ရာသီလုံးဝမလာတာကနေရာသီမမှန်တာအထိ ဖြစ်တတ်ပါတယ်။ အဖြစ်များတဲ့ မျိုးပွားခြင်းဆိုင်ရာ၊ ဟော်မုန်းဆိုင်ရာ ပြဿနာ တစ်ခုပါပဲ။ ရာသီမလာတာအပြင် တခြားလက္ခဏာတွေဖြစ်တဲ့ အဝလွန်တာ၊ အမွေးအမျှင်များတာ၊ အင်ဆူလင် ခံနိုင်ရည်ရှိပြီးသွေးတွင်းသကြားဓာတ်များနေတာ စတဲ့ ပြဿနာတွေလည်း ရှိပါတယ်။အပျိုလေး တစ်ယောက်မှာ ရာသီမလာစေ၊ ရာသီနောက်ကျစေတဲ့ တခြားအကြောင်းတွေကတော့။-စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ စိတ်ဖိစီးမှုများတာ။-လေ့ကျင့်ခန်း အပြင်းအထန်လုပ်တာ။-အာဟာရချို့တဲ့တာ။-နာတာရှည်ရောဂါတစ်ခုခုရှိနေတာ။-မိသားစုမျိုးရိုးကိုက ရာသီနောက်ကျတဲ့ မျိုးရိုး ဖြစ်နေတာ စတာတွေလည်း ဖြစ်နိုင်ပါတယ်။မေမေတွေကို မှာချင်တာက အပျိုအရွယ်သမီးလေးက ရာသီလာရမယ့်အရွယ်မှာ မလာရင် သားဖွားမီးယပ်ဆရာဝန်နဲ့ ဆွေးနွေးဖို့ လိုပါမယ်။ သွေးဆေးတွေ၊ အပုပ်ကျဆေးတွေ၊ ချပ်ဆေးတွေနဲ့ အိမ်မှာ ကုမနေစေချင်ပါဘူး။ ရာသီလာသွားစေချင်တာထက် နောက်ခံအကြောင်းအရင်းကို ရှာပြီး ကုဖို့က လိုရင်းပါပဲ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/%e1%80%9e%e1%80%99%e1%80%ae%e1%80%b8%e1%80%9c%e1%80%b1%e1%80%b8%e1%80%80-%e1%80%9b%e1%80%ac%e1%80%9e%e1%80%ae%e1%80%99%e1%80%9c%e1%80%ac%e1%80%9e%e1%80%b1%e1%80%b8-%e1%80%98%e1%80%b0%e1%80%b8%e1%80%9c/
သစ်ကြားသီး နဲ့ ကျန်းမာရေး
အညိုရောင် အခွံမာမာလေး အောက်က အဆီပြည့်ပြည့်လေးနဲ့ ဦးနှောက်နဲ့ ပုံသဏ္ဍာန်တူတဲ့ သစ်ကြားသီး စားရတာကို သဘောကျတဲ့ သူလေးတွေ ရှိလား။ ဒါဆိုရင်တော့ သစ်ကြားသီးစားရင်း ဘယ်လိုအကျိုးကျေးဇူးလေးတွေ ရရှိနေလဲ ဆိုတာကို သိဖို့ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။စားလိုက်ရင် ခပ်ဆိမ့်ဆိမ့်လေးနဲ့ အရသာရှိတဲ့ သစ်ကြားသီးမှာ။အရသာရှိတဲ့ သစ်ကြားသီးက။သစ်ကြားသီးမှာဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ polyphenol၊ ဗီတာမင် E တို့ ပါဝင်နေတာကြောင့် သွေးတွင်းက အကျိုးမပြု ကိုလက်စထရောတွေကို ကျဆင်းစေပြီး အကျိုးပြု ကိုလက်စထရော ပမာဏကို တိုးစေနိုင်ပါတယ်။သစ်ကြားသီးမှာ alpha-linolenic acid (ALA) လို့ ခေါ်တဲ့ အပင်ကနေရတဲ့Omega-3 fatty acidတစ်မျိုး ပါဝင်နေတာကြောင့် သွေးကြောတွေ ကျန်းမာစေပြီး နှလုံးဆီ သွေးစီးဆင်း ရောက်ရှိမှု ကောင်းစေတာကြောင့် နှလုံး ကျန်းမာစေပါတယ်။လေ့လာမှု ရလဒ်တွေအရ သစ်ကြားသီး စားသုံးပေးတာက နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေကို ၁၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်။ လို့ သိရပါတယ်။သစ်ကြားသီးက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့အတွက် ခန္ဓာကိုယ်မှာ ဓာတ်တိုးပစ္စည်းတွေကြောင့် ဖြစ်တဲ့ ရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။ဒါတင်မကသေးပါဘူး။ ဓာတ်တိုးပစ္စည်းတွေကြောင့် ဖြစ်နိုင်တဲ့ အမျိုးအစား (၂) ဆီးချို၊သွေးတိုးရောဂါနဲ့ နှလုံးရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။သစ်ကြားသီးမှာ အစာခြေစနစ် တလျှောက်မှာ ရှိတဲ့အကျိုးပြု ဘက်တီးရီးယားတွေကို အာဟာရ ဖြည့်ပေးနိုင်တဲ့ အာဟာရတွေ ပါဝင်နေတာကြောင့် သင့်ကိုယ်ရော သင့် အစာခြေစနစ်က အကျိုးပြု ဘက်တီးရီးယားတွေကိုပါ ကျန်းမာစေပြီး အစာခြေစနစ်ကို အကောင်းဆုံး အားဖြည့်ပေးမှာပါ။သစ်ကြားသီးက ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ နဲ့ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ အကြောင်းကတော့ သစ်ကြားသီးမှာ polyphenol ellagitannins ကြွယ်ဝတာကြောင့်ပါ။သစ်ကြားသီး စားသုံးပေးတာက ဟော်မုန်းကြောင့်ဖြစ်တဲ့ ကင်ဆာတွေကို ကာကွယ်ရာရောက်ပါတယ်။သစ်ကြားသီးက အမျိုးအစား (၂) ဆီးချို ရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ သစ်ကြားသီးကို နေ့စဉ် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲလောက် စားသုံးပေးတာက အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို ၄၇ ရာခိုင်နှုန်း အထိလျှော့ချပေးနိုင်ပါတယ်။ဆီးချိုရောဂါ ခံစားနေရသူတွေ အနေနဲ့လည်း သစ်ကြားသီး စားသုံးပေးမယ်ဆိုရင် ဆီးချိုကြောင့် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ပေးနိုင်မှာပါ။သစ်ကြားသီးမှာ micronutrients၊ phytosterols၊ linoleic acid နဲ့ polyphenolics တို့ ပါဝင်နေတာကြောင့် သိမြင်မှု စွမ်းရည်ကို တိုးစေနိုင်ပါတယ်။ သစ်ကြားသီးပုံမှန်စားသုံးပေးတာက လှုပ်ရှားနိုင်မှု စွမ်းရည်၊ မှတ်မိနိုင်စွမ်းနဲ့ သိမြင်မှု စွမ်းရည်တွေကိုပါ တိုးစေနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။သစ်ကြားသီးက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် အလွန်အကျွံ စားတာမျိုး မလုပ်သင့်ပါဘူး။ ရောဂါ အခံ တစ်ခုခု ရှိမယ်။ ကျန်းမာရေး ပြဿနာ တစ်ခုခုကြောင့် ဆေးသောက်နေရမယ်ဆိုရင်တော့ ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ လိုပါမယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/walnuts-benefits/
သင့်အသားအရေကို တောက်ပစေသည့် အစားအသောက်များ
အရေပြားသည် လူ၏ခန္ဓါကိုယ်အတွက် အရေကြီးသော အစိတ်အပိုင်း ဖြစ်ပါသည်။ ထို့ကြောင့် အရေပြား ကျန်းမာ ရေးသည်လည်း အရေးကြီးပါသည်။ ထို့ကြောင့် တောက်ပ ရွန်းလဲ့သော အရေပြားအတွက် စာသုံးသင့်သော အစားအသောက်များကို တင်ပြပါမည်။ခရမ်းချဉ်သီးတွင် လိုင်ကိုပင် (lycopene) များစွာ ပါရှိသောကြောင့် နေရောင်ခြည်ကြောင့် အသားအ ရည် ပျက်စီးခြင်းကို ပြန်လည်ကောင်းမွန်စေပါသည်။ သင်သာ ခရမ်းချဉ်သီး ကြိုက်နှစ်သက်သူ တစ်ဦးသာ ဖြစ်ပါလျင် ချောမွတ်သော အသားအရည်ပိုင်ရှင် ဖြစ်ရုံသာမကဘဲ ရှိရင်းစွဲ အသက်ထက်ပင် နုပျိုစေနိုင်ပါသည်။ လိုင်ကိုပင်သည် ခရမ်း ချဉ်သီးကို အနည်းငယ် ချက်ပြုတ်မှသာ ထွက်ပေါ်လာ ပါသည်။ ထို့ကြောင့် လိုင်ကိုပင် ထွက်ရှိလာရန် ခရမ်းချဉ်သီး အစိမ်းမစားဘဲ စွတ်ပြုတ်ထဲစိမ်ခြင်း၊ မီးဖုတ်ခြင်း၊ ကင်ခြင်း စသည်ဖြင့် ပြုလုပ်ခြင်းဖြင့် ပို၍ စားချင်စဖွယ် ဖြစ်စေပါမည်။ရွန်းလဲ့တောက်ပသော အသားအရည်အတွက် ဘယ်ရီသီးများ စားသုံးပေးခြင်းဖြင့် လိုအပ်သော ဓါတ်တိုးဆန့်ကျင် ပစ္စည်း များကို ရရှိစေပါသည်။ အရောင်ပိုရင့်သော ဘယ်ရီသီးများ သည် ပို၍အကျိုးရှိပါသည်။ ပြင်းထန်သော ဝက်ခြံထွက်ခြင်း များတွင်ပင် ဘယ်ရီသီးတွင် ပါဝင်သော ဓါတ်တိုးဆန့်ကျင် ပစ္စည်းများကြောင့် သက်သာစေနိုင်ပါသည်။ သွေးအတွင်းရှိ ဓါတ်တိုးပစ္စည်းများကို လျော့ချနိုင်လျင် ပို၍တောက်ပသော အသားအရည်ကို ရရှိနိုင်ပါသည်။ ဓါတုပစ္စည်းများ လိမ်းခြယ် ပြီး နေပူထဲထွက်ခြင်းနှင့် စိတ်ဖိစီးမှု့များသည် ဓါတ်တိုး ပစ္စည်းများကို ထွက်စေသောကြောင့် ဝက်ခြံထွက်ခြင်းနှင့် ရင့်ရော်ခြင်းကို ပိုမိုဖြစ်စေနိုင်ပါသည်။ လတ်ဆတ်သော ဘယ်ရီသီးများရှိ ဓါတ်တိုးဆန့်ကျင် ပစ္စည်းများသည် မျက်နှာ ရှိ ကော်လဂျင်များ ပျက်စီးမှု့ကိုလည်း ဟန့်တားပေးပါသည်။ ပို၍ တောက်ပသော အသားအရေအတွက် ဘယ်ရီသီးများ စားကြပါစို့။လေ့လာတွေ့ရှိမှု့များ အရ ငါးနှင့် ပင်လယ်စာများ စားသုံးသူ များတွင် အသားအရေ တွန့်ခြင်း ပို၍နည်းပါးကြောင်း တွေ့ရှိ ရပါသည်။ အဓိက အကြောင်းရင်းမှာ ယင်းအစားအစာများ တွင် ပါဝင်သော omega-3 သည် အသားအရေတွန့် ခြင်းကို ဟန့်တားပြီး အိုမင်းခြင်းကို နှေးကွေးစေပါသည်။ ထို့ကြောင့် ငါးနှင့်ပင်လယ်စာများ စားသုံးခြင်းဖြင့် သင့်ကိုပို၍ ကျန်းမာစေသလို ပို၍လည်းနုပျိုစေပါသည်။Ceramidesများသည် အလှကုန် လောကတွင် နာမည်ကြီးလာသော အရေပြားဆိုင်ရာ ပစ္စည်းများ ဖြစ်ပါသည်။ အသက်ကြီးခြင်းကို ဟန့်တားခြင်း၊ အရေးအ ကြောင်းကို သက်သာစေခြင်းတို့ အတွက် ထုတ်လုပ်သော ထုတ်ကုန် အသစ်များအတွက် မပါမဖြစ်ပင် ဖြစ်လာပါသည်။ ယင်း Ceramides များ ပေါများစွာ ပါသော အရာမှာ ဆန်လုံးညို ဖြစ်ပါသည်။ ထို့ကြောင့် Ceramides ကို သဘဝအတိုင်း ရရှိစေသောနည်း မှာ ဆန်လုံးညို စားခြင်းပင် ဖြစ်ပါသည်။ ဆန်လုံးညိုစားခြင်း ဖြင့် သင့်အရေပြားကို သဘာဝအတိုင်း ရေဓါတ်ပြန်လည် ဖြည့်တင်းနိုင်ပြီး သင့်အသားအရေကို တောက်ပစေပါလိမ့် မည်။သင့်မီးဖိုချောင်မှ အလွယ်တကူ ရရှိနိုင် အစားအစာများ၏ တန်ဖိုးကို လျော့မတွက်ဘဲ သင့်အသားအရည် အတွက် လွယ် ကူစွာ အသုံးပြုလိုက်ပါ။ အထက်ပါ အစားအသောက်များကို နေ့စဉ်ထည့်သွင်း စားသောက်ခြင်းဖြင့် ရွန်းလဲ့တောက်ပသော အသားအရေကို ပိုင်ဆိုင်လိုက်ပါ။Hello Health Group သည် ဆေးပညာ အကြံပေးချက်များ ၊ ရောဂါရှာဖွေမှုများ ၊ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%b1%e1%80%9b%e1%80%80%e1%80%ad%e1%80%af-%e1%80%b1%e1%80%90%e1%80%ac%e1%80%80%e1%80%b9%e1%80%95%e1%80%b1%e1%80%85/
စိုးရိမ်စိတ်ကြောင့် လိင်တံမထောင်မတ်နိုင်ခြင်း
လိင်တံမထောင်မတ်နိုင်တဲ့ ပြဿနာဟာ ယောက်ျားလေး ၁၀ ယောက်မှာ ၇ယောက်လောက် ကြုံတွေ့နေရတဲ့ လိင်ပိုင်းဆိုင်ရာ ပြဿနာပဲဖြစ်ပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်တယ်ဆိုပေမယ့် အသက် ၄၀ နောက်ပိုင်း အမျိုးသားတွေမှာတော့ ကျားဟော်မုန်း ကျဆင်းလာတာ၊ ရောဂါတွေ ဖြစ်လာတာ၊ အမောမခံနိုင်တော့တာ စတဲ့ ပြဿနာတွေကြောင့် လိင်တံကောင်းစွာ မထောင်မတ်နိုင်ခြင်း ပြဿနာအလွန်အဖြစ်များပါတယ်။ ဒီတစ်ခေါက်တော့ စိုးရိမ်စိတ်ကြောင့် လိင်တံမထောင်မတ်နိုင်ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။လေ့လာချက်တွေအရ ဒီဘက်ခေတ်မှာ လူငယ်အမျိုးသားတွေမှာလည်း ဒီလိုအလားတူပြဿနာတွေ အဖြစ်များလာတာကို တွေ့ရပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတာပေါ် စစ်တမ်းကောက်ကြည့်တဲ့အခါ စိုးရိမ်စိတ်နဲ့ စိတ်ဖိစီးမှုတွေကြောင့် ဖြစ်တဲ့ ရာခိုင်နှုန်းဟာ တော်တော်လေးများပြီး အစာအာဟာရ မပြည့်ဝတာ၊ လေ့ကျင့်ခန်းမလုပ်တာ၊ အထိုင်များလာတာ၊ ဆေးလိပ်၊ အရက်အလွန်အကျွံသောက်သုံးလာတာ၊ အိပ်ရေးပျက်တာတွေကြောင့်ဟာ ဒုတိယအဖြစ်များတဲ့ အကြောင်းရင်းလို့ သိရပါတယ်။ယောက်ျားလေးမို့လို့ အမြဲတမ်း စိတ်ဓာတ်ကြံ့ခိုင်နေရမယ်၊ ဘယ်လိုအခက်အခဲ၊ စိတ်ညစ်စရာပြဿနာတွေပဲ ကြုံလာကြုံလာ စိတ်ဓာတ်ကျသွားတာမျိုး မဖြစ်ရဘူးဆိုတဲ့ ခပ်တုံးတုံးရှေးရိုးစွဲ အယူအဆတွေကို စွန့်ပစ်လိုက်သင့်ပါပြီ။စိတ်ဆိုတာ လူ့ခန္ဓာကိုယ်အတွက် ခွန်အားဖြစ်စေတဲ့ လောင်စာဆီတစ်မျိုးပါပဲ။ စိတ်ထဲမှာ မကောင်းတဲ့ခံစားချက်တွေ ပြည့်လာတဲ့အခါ ဦးနှောက်က စိတ်ဖိစီးမှုရဲ့ ဒဏ်ကို ခံစားရပြီး ခန္ဓာကိုယ်ရဲ့ သိနိုင်၊ ခံစားနိုင်၊ တုံ့ပြန်နိုင်စွမ်းရှိတဲ့ အာရုံကြောစနစ်တွေ အကုန် နှောင့်နှေးကုန်တော့တာပေါ့။စိုးရိမ်စိတ်ဆိုတဲ့ နေရာမှာ ဖြစ်နိုင်ခြေ အကြောင်းရင်းအများအပြား ရှိနိုင်ပါတယ်။ ဒီအကြောင်းရင်းတွေထဲမှာ။၁။ အရင်ဆုံး ကိုယ့်ကျန်းမာရေးအခြေအနေကို ပြန်ကြည့်ရပါမယ်။ အသက်ငယ်သေးတဲ့ အမျိုးသားတစ်ယောက်က အသက်ကြီးပိုင်းတွေမှာလို ကျားဟော်မုန်းနည်းသွားတာ၊ သက်လုံမကောင်းတော့တာမျိုးတွေ အဖြစ်နည်းပါတယ်။မနက်ပိုင်းမှာလည်း ကောင်းစွာ ထောင်မတ်နိုင်တယ်။ ကိုယ့်ဘာသာ လက်နဲ့အာသာဖြေလို့ ဆန္ဒအထွတ်အထိပ်ကို ကောင်းစွာ ရတယ်ဆိုရင် ကိုယ့်မှာ ရုပ်ပိုင်းဆိုင်ရာ ပြဿနာကြောင့် ဖြစ်နိုင်ခြေ တော်တော်နည်းပါတယ်။၂။ တခြားကျန်းမာရေး ပြဿနာတွေရှိလားဆိုတာ ဆေးစစ်ကြည့်ပါ။ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတွေ၊ အာရုံကြောအားနည်းတာ၊ ပန်းနာရင်ကျပ်သမားတွေမှာ သာမန်လူတွေထက် အမောခံနိုင်စွမ်း နည်းတတ်သလို ရောဂါသောက်ဆေးတွေကြောင့်လည်း လိင်တံမထောင်မတ်နိုင်တာတွေ ဖြစ်နိုင်ပါတယ်။၃။ ကိုယ့်မှာ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေ မရှိတာ သေချာသွားပြီဆိုရင်စိတ်ပိုင်းဆိုင်ရာအနေနဲ့ဘာတွေဖြစ်နေလဲ၊ ခံစားနေရလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ပါ။ ချစ်သူနဲ့ အဆင်မပြေတာလား၊ အလုပ်မှာ အဆင်မပြေခဲ့တာလား၊ သိမ်ငယ်စရာ တစ်ခုခုရှိလား စတာတွေကို ပြန်စဉ်းစားပါ။၄။စိတ်ဖိစီးမှုတွေကို တတ်နိုင်သလောက် လျော့အောင်လုပ်ဖို့ ကြိုးစားကြည့်ပါ။ စိတ်ဖိစီးမှုဆိုတာ ကိုယ့်မှာဖြစ်နေတဲ့ ပြဿနာ၊ ကိုယ်ခံစားနေရသလောက် အတိုင်းအတာပေါ် မူတည်ပြီး ပြင်းထန်မှုပမာဏ ကွာခြားသွားနိုင်ပါတယ်။ ဒါ့အပြင် လူ့လောကသဘာဝသည် နေ့စဉ် အခက်အခဲပြဿနာတွေနဲ့ ရင်ဆိုင်နေရမှာ ဖြစ်တဲ့အတွက် စိတ်ဖိစီးမှုဆိုတာကတော့ အမြဲတမ်း ကြုံတွေ့နေရမှာပါ။၅။ လေ့ကျင့်ခန်း များများလုပ်ကြည့်ပါ။ ယောက်ျားလေးတွေ လေ့ကျင့်ခန်းကို အပြင်းအထန်လုပ်တဲ့အခါ ခန္ဓာကိုယ်က အဆီပိုတွေကို ကျစေပြီး ကြွက်သားများနဲ့ သန်စွမ်းကြံ့ခိုင်စေတယ်။ အမောခံနိုင်ပြီး သက်လုံကောင်းစေတယ်။မိမိရဲ့ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်အပေါ် ယုံကြည်မှုပြည့်ဝတဲ့ အမျိုးသားတစ်ယောက်ဟာ အိပ်ရာပေါ်မှာလည်း စိုးရိမ်ကြောက်လန့်စိတ်တွေ နည်းပြီး အကောင်းဆုံး စွမ်းဆောင်နိုင်မှာပါ။၆။ ကျန်းမာရေးကို ထိခိုက်စေမယ့် အပြုအမူမျိုးတွေကို ရှောင်ပါ။ ညဘက်ကို အိပ်ချိန် အနည်းဆုံး ၇နာရီရအောင် အိပ်စက်အနားယူပါ။ အာဟာရပြည့်ဝမယ့် အစားအစာများကို အစုံအလင်စားသုံးပါ။ ဆေးလိပ်၊ အရက်ကို ဖြတ်ပါ၊ မဖြတ်နိုင်ရင် လျှော့သောက်ပါ။ကိုယ့်ကျန်းမာရေးကို နည်းနည်းချင်းစီ ဂရုစိုက်ပေးခြင်းဟာ ရုပ်ခန္ဓာကိုယ်အတွက်သာမက စိတ်ကိုပါ ကျန်းမာပျော်ရွှင်စေဖို့ အဓိကသော့ချက်ပါပဲ။၇။ ကိုယ့်မှာဖြစ်နေတဲ့ ပြဿနာတွေကို ကျွမ်းကျင်ပညာရှင်တွေနဲ့ တိုင်ပင်ကြည့်ပါ။ စိတ်ခံစားချက်ပြဿနာများသည် လူတိုင်းမှာ ကြုံလာရတတ်တဲ့အတွက် မျိုသိပ်ထားတာမျိုးထက် တကယ်နားလည်တတ်ကျွမ်းတဲ့ စိတ်ပညာရှင်တွေ၊ စိတ်ကျန်းမာရေး အကြံပေးပညာရှင်တွေနဲ့ တိုင်ပင်ကြည့်ပြီး စိတ်ကုထုံးခံယူတာက သင့်ရဲ့ စိတ်ကို အရင်ကထက် ပိုပြီး ကြံ့ခိုင်လာစေမှာပါ။၈။ ရုပ်ရှင်တွေထဲကလို အတုမခိုးပါနဲ့။အပြာရုပ်ရှင်တွေဆိုတာ လူတွေရဲ့ စိတ်ကူးအာရုံ၊ အပြင်လက်တွေ့ဘဝနဲ့ ကွဲထွက်နေတာတွေကို စိတ်ကူးပုံဖော် ရိုက်ပြထားတာပါ။ ဒီအတွက် ရုပ်ရှင်တွေထဲကလောက် ကိုယ်က အပြင်မှာ မသန်ဘူးဆိုတဲ့အချက်ကို အာရုံထဲ မသွင်းပါနဲ့။ ရုပ်ရှင်က အပျင်းပြေကြည့်တာပါ။ အပြင်လက်တွေ့ဘဝမှာ လိင်ဆက်ဆံတယ်ဆိုတာ ချစ်ခြင်းမေတ္တာ၊ စိတ်ခံစားချက်တွေကိုပါ ထည့်သွင်းပြီး ဆက်ဆံရတာပါ။ နောက်ပြီးတော့ ကိုယ်ဟာ သာမန်လူထဲက သာမန်လူတစ်ယောက်ဆိုတာကို မမေ့ထားပါနဲ့။၉။ လိင်တံသေးငယ်တယ်ဆိုတဲ့ အတွေးတွေကို ဖျောက်ပါ။ ထောင်မတ်နေချိန်မှာ လိင်တံရဲ့ အရှည်သည် ၃လက်မအောက် ရောက်နေမှသာ သေးငယ်တယ်လို့ ယူဆလို့ရပါတယ်။ တခြားအမျိုးသားတွေထက် လိင်တံအရွယ်အစား သေးငယ်လို့ သင့်ကိုယ်သင် ကောင်းစွာမစွမ်းဆောင်နိုင်ဘူးဆိုတဲ့ အတွေးတွေဟာ အဆိပ်အတောက်ပါပဲ။ ကိုယ့်မှာ မွေးကတည်းက ပါလာတာကိုပဲ ကောင်းစွာ အသုံးချပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/erectile-dysfunction/erectile-dysfunction-due-to-anexity/
ပုံမှန်မဟုတ်သော လိင်တံကောက်ကွေး ခြင်း
အမျိုးသားတွေမှာ ပုံမှန်အားဖြင့်လည်း လိင်တံက တဖြောင့်တည်း မရှိတတ်ပါဘူး။ ထောင်မတ်နေချိန်မှာ အနည်းငယ်တော့ ဟိုကောက် ဒီစောင်း ဖြစ်တတ်ပါတယ်။ ဒါက ပုံမှန်ပါပဲ။ ဒါပေမယ့် ပုံမှန်မဟုတ်တဲ့လိင်တံကောက်ကွေး ခြင်းလည်း ရှိပါတယ်။ ဒါကိုတော့Peyronie’s Diseaseလို့ ခေါ်ပါတယ်။ပုံမှန်မဟုတ်တဲ့ လိင်တံကောက်ကွေးခြင်း ဖြစ်ရတာလိင်တံမှာ အမာရွတ်တွယ်နေလို့ပါ။ ဒီအမာရွတ်ပေါ် မူတည်ပြီး လိင်တံက ကောက်တာ၊ ကွေးတာ၊ တိုသွားတာ၊ လုံးပတ်မညီတာတာ စတာတွေ ဖြစ်တတ်ပါတယ်။ အမာရွတ်တစ်ရှူးကို လက်နဲ့ ဒီတိုင်းစမ်းလို့ရပါတယ်။ တချို့တွေမှာ လိင်တံထောင်မတ်ချိန်ဆို ကောက်ကွေးတာက ပိုပြီး သိသာပါတယ်။ နာလည်း နာပါတယ်။ထူးထူးခြားခြား လိင်တံရဲ့ အရင်းမှာ မဟုတ်ဘဲ အလယ်မှာ အမာရွတ် လာတွယ်နေတဲ့သူလည်း ရှိပါတယ်။ ဒါဆိုရင်တော့ သူက လိင်တံကောက်နေမှာ မဟုတ်ပါဘူး။ တဖြောင့်တည်းမှာပဲ အလယ်က ညှစ်သလို ဖြစ်နေတာကြောင့် သဲနာရီပုံစံ ဖြစ်နေနိုင်ပါတယ်။ဘာကြောင့် ဒီလိုမျိုး အမာရွတ်တွေ လာတွယ်နေရသလဲဆိုတာကို ခုထိ မသိကြသေးပါဘူး။ တချို့တွေကတော့ ဒါကလိင်တံထောင်မတ်နေချိန်မှာ ထိခိုက်ဒဏ်ရာရတာ၊ လိင်တံကို အတင်းကော့ပစ်တာကြောင့်လို့ ယူဆကြပါတယ်။ အထူးသဖြင့်လိင်ဆက်ဆံချိန်မှာပေါ့။ ဒါပေမယ့် ၈၀ ရာခိုင်နှုန်းသော အမျိုးသားတွေကတော့ သူတို့ဒီလို ဖြစ်အောင် လုပ်ခဲ့မိသလားဆိုတာ မမှတ်မိကြပါဘူး။ဖြစ်နိုင်တာကတော့ နည်းနည်းစီ ထိခိုက်မိလို့လည်း ဖြစ်နိုင်ပါတယ်။ Peyronie’s Disease ရှိတဲ့ အမျိုးသားတွေက သာမန်အမျိုးသားတွေနဲ့ ယှဉ်ရင် အမာရွတ်ဖြစ်လွယ်တာကြောင့်လည်း ပါပါတယ်။ဘာကြောင့် ဖြစ်သလဲဆိုတာ အတိအကျ မသိပေမယ့် အောက်ပါအမျိုးသားတွေကတော့ ဖြစ်နိုင်ခြေများနိုင်ပါတယ်။-မိသားစုထဲမှာ Peyronie’s Disease လိင်တံမှာ အမာရွတ်တွယ်တတ်သူတွေ။-တွယ်ဆက်တစ်ရှူး ရောဂါရှိသူတွေ။-သွေးတွင်းသကြားဓာတ်များသူတွေ။-အမျိုးသားဆီးခုံနေရာနဲ့ လိင်အင်္ဂါနေရာကို ထိခိုက်ဒဏ်ရာရဖူးသူတွေ။-အနာကောင်းကောင်း မကျက်သူတွေ။-ဆေးလိပ်နဲ့ ဆေးရွက်ကြီး သောက်သုံးသူတွေ။-ခုခံအားကမောက်ကမဖြစ်တဲ့ Autoimmune ရောဂါရှိသူတွေမှာ တွေ့ရတတ်ပါတယ်။လက္ခဏာတွေက ရုတ်တရက် ဖြစ်လာတာရှိသလို တဖြည်းဖြည်းနဲ့ ပိုဆိုးလာတာလည်း ရှိနိုင်ပါတယ်။ တွေ့ရများတဲ့ လက္ခဏာတွေကတော့။လိင်တံက ပုံမှန်မဟုတ်ဘဲ ကွေးကောက်လာတာ၊ တိုလာတာတွေက စဖြစ်ဖြစ်ချင်းကနေ ၃လ၊ ၁နှစ်လောက်ထိ ဆက်တိုက်ဖြစ်နေပါတယ်။ နောက်ပိုင်းကျမှ  နည်းနည်းသက်သာသွားပါတယ်။ နာတာကလည်း ၁-၂ နှစ်လောက်ကြာရင် နည်းနည်းသက်သာလာပါတယ်။ပြောခဲ့သလိုပဲ အမျိုးသားတွေက ပုံမှန်အားဖြင့်လည်း လိင်တံကောက်ပါတယ်။ ဒီ Peyronie’s diseaseမှာလည်း လိင်တံကောက်တာပဲဆိုတော့ ဘယ်လိုခွဲကြမလဲ။ ပုံမှန်အတိုင်းကောက်တာက အမာရွတ်ကြောင့် မဟုတ်ပါဘူး။ မွေးရာပါကိုက ကောက်နေတာပါ။ ပိုဆိုးလာတာ၊ ကောင်းသွားတာမျိုးလည်း မရှိပါဘူး။ ဒီတိုင်းဆိုရင်လည်း သိပ်မသိသာပါဘူး။ လိင်တံထောင်မတ်မှပဲ သိသာတာဖြစ်ပါတယ်။Peyronie’s diseaseက ကူးစက်တာ၊ ကင်ဆာပြောင်းတာ၊ မြုံစေတာ၊ ဆီးလမ်းကြောင်းပြဿနာတွေကို မဖြစ်စေပါဘူး။ ဒါပေမယ့် လိင်တံကောက်ကွေးနေတာကြောင့်။Peyronie’s diseaseကို ကုသဖို့ နည်းလမ်းတွေကတော့ အများကြီးရှိပါတယ်။ ကိုယ့်ရောဂါအခြေအနေပေါ် မူတည်ပြီး ကုသရပါတယ်။တစ်ခုရှိတာက ဒီလိုမျိုး ကုသပြီးပေမယ့်လည်း အမာရွတ်က ပြန်တွယ်တတ်ပါတယ်။ ရောဂါရဲ့ သဘာဝကိုက နည်းနည်းထိခိုက်တာနဲ့ များများအမာရွတ်တွယ်တာကြောင့်ပါ။လူတိုင်းမှာတော့ ကာကွယ်လို့ ရချင်မှ ရမှာပါ။ ဥပမာ မျိုးဗီဇကြောင့်၊ မိသားစုထဲမှာ မျိုးရိုးရှိနေတာ၊ autoimmune ရောဂါရှိနေတာကြောင့်ဆိုရင်တော့ ခက်ပါတယ်။သာမန်အမျိုးသားတွေကတော့ အောက်ပါနည်းလမ်းတွေနဲ့ ကာကွယ်ကြည့်ပါ။ အမျိုးသားတွေရဲ့ လိင်တံက အသက်ကြီးလာတာနဲ့အမျှ မာလာတတ်ပါတယ်။ ဆိုလိုတာက အတူနေတဲ့အခါ ပိုပြီး ထိခိုက်လွယ်ပါတယ်။ နည်းနည်းနဲ့ ခဏခဏ ထိခိုက်ရင် အမာရွတ်တွယ်လာနိုင်တဲ့အတွက် ဒီအချက်တွေကို သတိထားပါ။အမျိုးသားတွေအတွက်လိင်တံကျန်းမာရေးက အရေးကြီးပါတယ်။ ပုံမှန်မဟုတ်တဲ့ လိင်တံကောက်ကွေးခြင်းက ဖြစ်တတ်ပေမယ့် အများစုက ဖွင့်ဟတိုင်ပင်လေ့မရှိတာကြောင့် ကုသမှု ခံယူဖို့ နောက်ကျတတ်ပါတယ်။ ဒါက ရုပ်ပြဿနာသက်သက် မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ၊ လိင်မှုဆိုင်ရာ ပြဿနာတွေကိုပါ ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် ဒီလို ရောဂါဝေဒနာခံစားနေရတဲ့အခါ ကြိတ်မှိတ်သည်းခံမနေဘဲ ဆရာဝန်နဲ့ တိုင်ပင်ကုသဖို့ အကြံပေးလိုပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/peyronies-disease/about-peyronies-disease/
အသားအရေ ဝင်းလက်တောက်ပစေမည့် နည်းလမ်းကောင်းများ
နေရောင်ခြည်နှင့် အချိန်ကြာကြာ ထိတွေ့ရမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ကျန်းမာရေးပြဿနာ၊ အရေပြားခြောက်သွေ့မှု၊ စိတ်ဖိစီးမှု၊ ကျန်းမာရေးကို ထိခိုက်စေတဲ့ လူနေမှုပုံစံရွေးချယ်မှု၊ ဓါတုပစ္စည်းများ အဓိကပါဝင်တဲ့ အလှကုန်များကို ကြာရှည်စွာသုံးစွဲမှု စတဲ့ အကြောင်းရင်းအမျိုးမျိုးက အသားအရေကို ညိုမဲပြီးမွဲခြောက်စေပါတယ်။လူအတော်များများဟာ ဖြူဝင်းပြီး အပြစ်ကင်းစင်တဲ့ အသားအရေမျိုး ရရှိပိုင်ဆိုင်နိုင်ဖို့ စိတ်ပါလက်ပါ ကြိုးစားအားထုတ်နေကြသလို ဈေးကွက်ထဲမှာလည်း အသားအရေကို ဖြူဝင်းစေတဲ့ ခရင်မ်နဲ့ လိုးရှင်းတွေ မှိုလိုပေါက်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီပစ္စည်းတွေဟာ ဈေးကြီးပေးဝယ်ရသလောက် သင့်အရေပြားကို ထိခိုက်ပျက်စီးစေနိုင်တဲ့ ဓါတုပစ္စည်းတွေ ပါဝင်တယ်လို့ သိရပါတယ်။ဒါကြောင့် သဘာဝကရရှိတဲ့ ပစ္စည်းများကို အသုံးပြုခြင်းအားဖြင့် အချိန်ကုန် ငွေကုန် သက်သာတဲ့အပြင် သင့်အသားအရည် အမှန်တကယ် ဖြူဝင်းလှပလာတာကို လက်တွေ့မြင်ရမှာ ဖြစ်ပါတယ်။နို့ထွက်ပစ္စည်းတစ်မျိုးဖြစ်တဲ့ ဒိန်ချဉ်မှာ အသားအရေအတွက် ကောင်းမွန်တဲ့ အာဟာရဓါတ်များစွာနဲ့ လက်တစ်အက်ဆစ်လို့ ခေါ်တဲ့ အရောင်ချွတ်အာနိသင်ရှိတဲ့ အပျော့စားအက်ဆစ်တစ်မျိုးလည်း ပါဝင်ပါတယ်။ ဒိန်ချဉ်ဟာ အသားအရေအမျိုးအစား အားလုံးအတွက် အသုံးပြုဖို့သင့်တော်တဲ့ သဘာဝထွက်ကုန်တစ်ခု ဖြစ်ပါတယ်။သခွားသီးဟာ သင့်အရေပြားပေါ်က မလိုလားအပ်တဲ့ အသွေးအရောင်များကို ဖယ်ရှားပေးနိုင်တဲ့အပြင် မိမိအိမ်မှာပဲ အသားအရေထိန်းသိမ်းဖို့ ကိုယ်တိုင်ပြင်ဆင်တဲ့အခါ ထည့်သွင်းအသုံးပြုသင့်တဲ့ အစွမ်းထက် သဘာဝထွက်ကုန်တစ်ခု ဖြစ်ပါတယ်။အသားအရေထိန်းသိမ်းရာမှာ အဓိကကျတဲ့ ပါဝင်ပစ္စည်းတစ်ခုကတော့ ဗီတာမင် စီ ဖြစ်ပါတယ်။ လိမ္မော်သီးမှာ ၎င်း ဗီတာမင် စီ ကြွယ်ဝစွာ ပါဝင်ပြီး အရောင်ချွတ်အာနိသင်လည်း ရှိတဲ့အတွက် သင့်ကို အသားဖြူလာစေမှာ ဖြစ်ပါတယ်။လတ်ဆတ်တဲ့ လိမ္မော်ဖျော်ရည်ကို ပုံမှန်သောက်သုံးပေးခြင်းအားဖြင့် အသားအရေ ချောမွေ့စိုပြေလာနိုင်သလို သဘာဝလိမ္မော်ရည် ဒါမှမဟုတ် လိမ္မော်ခွံကို အရေပြားပေါ် ပွတ်ပေးခြင်းအားဖြင့် အသားဖြူဝင်းလာနိုင်တယ်လို့လည်း သိရှိရပါတယ်။ဂျုံမှုန့်ဟာ အသားအရေ ဖြူဝင်းလိုသူတွေအတွက် အကောင်းဆုံး သဘာဝထွက်ကုန်တစ်ခု ဖြစ်ပါတယ်။ ဂျုံမှုန့်မှာ သင့်အသားအရေကို ကျန်းမာစေတဲ့ အာဟာရဓါတ် များစွာပါဝင်တဲ့အတွက် ၎င်းကို တစ်ရက်ခြား အသုံးပြုခြင်းအားဖြင့် အဆီပြန်ခြင်းမှ ကင်းဝေးစေသလို အသားအရေရဲ့ သဘာဝအစိုဓါတ်ကိုလည်း ထိန်းသိမ်းပေးပါတယ်။ပျားရည်မှာ အရောင်ချွတ်နိုင်တဲ့ အာနိသင်နဲ့ အစိုဓါတ်ဖြည့်တင်းပေးနိုင်တဲ့ အာနိသင် နှစ်မျိုးရှိပါတယ်။ အရေပြားခြောက်သွေ့ခြင်းဟာ အသားအရောင် မညီမညာဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်တဲ့အလျောက် ပျားရည်အသုံးပြုခြင်းက ဒီပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပျားရည်ရဲ့ ဘက်တီးရီးယားပိုးမွှားများကို သေစေနိုင်တဲ့ အစွမ်းသတ္တိကြောင့် မလိုလားအပ်တဲ့ အစက်အပျောက်တွေနဲ့ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်များကို သက်သာပျောက်ကင်းစေပါတယ်။သင့်အရေပြားကို နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့အောင် အပြင်ထွက်တိုင်း နေရောင်ကာလိမ်းဆေးလိမ်းသင့်ပါတယ်။ SPF ၂၀ အထက်ပါဝင်တဲ့ moisturizer နဲ့ အခြားအလှကုန်ပစ္စည်းများကို အသုံးပြုနိုင်ပါတယ်။ ဒီလို ကာကွယ်ပေးတဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ အသားအရေဖြူဝင်းလာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် နေရောင်ခြည်မှာ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် ဒီ အဓိကပါဝင်နေတဲ့အတွက် သင်အသားအရေဖြူဝင်းလိုတဲ့ အတိုင်းအတာနဲ့ ချိန်ဆပြီး နေရောင်ခြည်နဲ့ မျှတစွာထိတွေ့ပေးဖို့ လိုအပ်ပါတယ်။သံပုရာသီးမှာ ပါဝင်တဲ့ အက်ဆစ်ဓါတ်ဟာ သဘာဝအရောင်ချွတ်ဆေးတစ်ခုသဖွယ် ဆောင်ရွက်ပေးပါတယ်။ ဒါ့အပြင် ၎င်းမှာ ဆဲလ်အသစ်များ ဖြစ်ပေါ်မှုကို အားပေးတဲ့ ဗီတာမင်စီနဲ့ အသားအရေအတွက် အလွန်ကောင်းမွန်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာ ပါဝင်ပါတယ်။နွယ်ချိုမြစ်ဟာ နှင်းခူရောဂါ အစရှိတဲ့ အမျိုးမျိုးသော အရေပြားရောဂါတွေကို ကုသရာမှာ အစွမ်းထက်တဲ့ ဆေးတစ်လက်ဖြစ်ပါတယ်။ နွယ်ချိုဟာ ခန္ဓါကိုယ်က မယ်လနင် ခေါ် ရောင်ခြယ်ပစ္စည်းတစ်မျိုး ထုတ်လုပ်မှုကို လျော့နည်းစေပြီး အရေပြားဆဲလ်များကို ညီညွတ်မျှတစေတဲ့အတွက် အသားဖြူစေပြီး အမည်းစက်များ ဖြစ်ပေါ်ခြင်းကို သက်သာစေတဲ့ အစွမ်းသတ္တိရှိပါတယ်။ဂျာမန်စိန်ခြယ်ပန်းခြောက် စားပွဲဇွန်း ၃ဇွန်းကို ပွက်ပွက်ဆူနေသည့် ရေနွေးတစ်ခွက်ထဲထည့်ပြီး ၁၀ မိနစ်ကြာစိမ်ထားပါ။ ထို့နောက် ပန်းခြောက်များကို သေချာစွာဆယ်ယူပြီး ကျန်ရှိသည့်ပျော်ရည်ထဲ နှင်းဆီရည်နှင့် ပျားရည် စားပွဲဇွန်းတစ်ဇွန်းဆီ ရောပါ။ ရရှိလာသည်များကို အရေပြားပေါ် လိမ်းပေးပြီး မိနစ် ၂၀ ခန့်ကြာလျှင် ရေနှင့်ဆေးကြောပါ။ ဆေးရည်လက်ကျန်ကို ရေခဲသေတ္တာထဲ သိမ်းထားပြီး ထပ်မံအသုံးပြုနိုင်ပါတယ်။သင်္ဘောသီးကို အလှအပရေးရာ ကုထုံးအမျိုးမျိုးုမှာ ထည့်သွင်းအသုံးပြုကြသလို အသားဖြူစေဖို့အတွက်လည်း အသုံးပြုကြတယ်လို့ သိရပါတယ်။ သင်္ဘောသီးမှာ အသားအရေကို ဖြူဝင်းတောက်ပကျန်းမာစေတဲ့ သဘာဝပစ္စည်းများစွာ ပါဝင်တယ်လို့ အများက ယုံကြည်လက်ခံထားပါတယ်။ခရမ်းချဉ်သီးမှာ အသားအရေကို ကျန်းမာလှပစေတဲ့ ဗီတာမင် စီ ပါဝင်တဲ့အပြင် အရောင်ချွတ်အာနိသင်ရှိတဲ့အတွက် ညိုမဲတဲ့အသားအရေကို သဘာဝဆန်ဆန် ဖြူဝင်းစေမှာ ဖြစ်ပါတယ်။ ၎င်းမှာပါဝင်တဲ့ အက်ဆစ်ဓါတ်ကြောင့် အရေပြားရဲ့ pH ကို ထိန်းညှိပေးနိုင်သလို အသားအရေညိုမဲခြင်းကို ဖြစ်ပေါ်စေတဲ့ ဓါတ်တိုးပစ္စည်းများကို ဆန့်ကျင်နိုင်တဲ့ အစွမ်းသတ္တိလည်း ရှိပါတယ်။ကြက်ဥအကာကတော့ အသားအရေကို ဖြူဝင်းစေပြီး အရေပြားပေါ်က အမည်းစက်များကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ရှားဇောင်းလက်ပတ်ဂျယ်လ်ဟာ အသားအရောင် မညီမညာဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုဖြစ်တဲ့ အရေပြားညိုမဲခြင်းကို ဖယ်ရှားပေးနိုင်ပြီး သင့်နဂိုမူလအသားအရောင်ကို ပြန်လည်ရရှိစေပါတယ်။ဒါ့အပြင် ၎င်းရဲ့အအေးဓါတ်က ဆဲလ်အသစ်များ ပြန်လည်ဖြစ်ပေါ်ပြီး ပျက်စီးသွားတဲ့ တစ်ရှူးများကို ပြန်လည်တည်ဆောက်ရာမှာ အကူအညီပေးခြင်းအားဖြင့် အသားအရေကို ကျန်းမာလှပစေပါတယ်။ရှားဇောင်းလက်ပတ်ဂျယ်လ်ကို အသုံးပြုခြင်းက အရေပြားပေါ်က အမည်းစက်များကို ပျောက်ကင်းစေပြီး သင့်အသားအရေကို လှပကောင်းမွန်စေမှာ အသေအချာပါပဲ။အသားအရောင်ညိုမဲစေတဲ့ အဓိကတရားခံက မယ်လနင်ဖြစ်ပြီး မယ်လနင်ထုတ်လုပ်ရာမှာ အရေးအပါဆုံးအင်ဇိုင်းကတော့ Tyrosinase ဖြစ်ပါတယ်။ ရဲယိုသီးမှာ Tyrosinase ရဲ့ လုပ်ငန်းစဉ်ကို တားဆီနိုင်တဲ့ flavonoids များ ပါဝင်ပါတယ်။ ရဲယိုသီးဟာ ညိုမဲနေတဲ့ အသားအရေကို ပြန်လည်ကောင်းမွန်လာစေမှာဖြစ်ပြီး အသားအရောင်ကိုလည်း နဂိုထက် ပိုမိုဖြူဝင်းစေမှာ ဖြစ်ပါတယ်။ ၎င်းကို အရေပြားပေါ် နေ့စဉ်လိမ်းပေးရင် ဖြစ်စေ၊ အခြားဆေးဝါးများနဲ့ ပေါင်းစပ်အသုံးပြုရင်ဖြစ်စေ ထူးခြားတဲ့အကျိုးရလဒ်များကို လက်တွေ့မြင်ရမှာ ဖြစ်ပါတယ်။နို့ဟာ အကောင်းမွန်ဆုံး သဘာ၀ သန့်စင်ဆေးရည်တစ်ခုပါပဲ။ နို့မှာပါဝင်တဲ့ Lipase အင်ဇိုင်းဟာ အဆီမှာပျော်ဝင်နိုင်တဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး Protease ကတော့ ပရိုတိန်းအခြေခံ အညစ်အကြေးများကို ဖယ်ရှားပေးပါတယ်။ နို့ကို သန့်စင်ဆေးရည်အဖြစ် ပုံမှန်အသုံးပြုခြင်းအားဖြင့် အသားအရေ ပိုမိုချောမွေ့တောက်ပလာမှာ ဖြစ်ပါတယ်။ နို့ကို ဘယ်အသားအရေအမျိုးအစားအတွက်မဆို အသုံးပြုဖို့ သင့်တော်ပါတယ်။မုန့်ဖုတ်ဆိုဒါက မွေးညင်းပေါက်တွေရဲ့ အတွင်းပိုင်းမှာ ပိတ်ဆို့နေတဲ့ ဖုန်၊ အညစ်အကြေးနဲ့ အဆီတွေကို ဖယ်ရှားသန့်စင်ပေးနိုင်ပါတယ်။ ၎င်းမှာ အရေပြားရဲ့ pH ကို ထိန်းညှိပေးပြီး အမည်းစက်တွေကို ဖြူလာစေတဲ့ အာနိသင်လည်း ရှိပါတယ်။အုန်းဆီဟာ အစားအစာချက်ပြုတ်ရာမှာ အသုံးဝင်ရုံသာမက အခြားကောင်းကျိုးများစွာ ပေးစွမ်းနိုင်ပါတယ်။ မျက်နှာသစ်ပြီးတဲ့နောက် အုန်းဆီစွတ်ထားတဲ့ ဂွမ်းလုံးတစ်လုံးကို အရေပြားအနှံ့ ပွတ်ပေးပြီး ရေမဆေးဘဲထားပေးရုံနဲ့ သင့်အသားအရေကို ဖြူဝင်းလှပစေနိုင်ပါတယ်။ မိမိအိမ်မှာပဲ အသားအရည်ထိန်းသိမ်းဖို့ ကိုယ်တိုင်ပြင်ဆင်တဲ့အခါမှာလည်း အုန်းဆီကို ထည့်သွင်းအသုံးပြုနိုင်ပါတယ်။သကြားမှာ အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး အရေပြားအလွှာသစ်ကို ပေါ်လွင်စေတဲ့ အစွမ်းသတ္တိရှိပါသလို နေလောင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ဆဲလ်သေတွေကိုလည်း ဖယ်ရှားနိုင်ပါတယ်။ သကြားဟာ collagen ထုတ်လုပ်မှုနဲ့ သွေးလှည့်ပတ်မှုတို့ကိုလည်း အားကောင်းစေပါတယ်။ ဆဲလ်သေတွေကို ဖယ်ထုတ်ဖို့ scrub လုပ်ရာမှာ သကြားအညိုကိုဖြစ်စေ သကြားအဖြူကိုဖြစ်စေ အသုံးပြုနိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%b1%e1%80%9b-%e1%81%80%e1%80%84%e1%80%b9%e1%80%b8%e1%80%9c%e1%80%80%e1%80%b9%e1%80%b1%e1%80%90%e1%80%ac%e1%80%80%e1%80%b9%e1%80%95%e1%80%b1%e1%80%85/
ကြွက်သားတွေ တောင့်တင်းနေတာကို သက်သာစေမယ့် အစားအစာလေးများ
တစ်ချိန်လုံး ထိုင်ပြီး အလုပ်လုပ်နေရတာကြောင့် ကြွက်သားတွေ တောင့်တင်းနေပြီလား။ မနက်ကနေစလို့ ညနေအထိ ထိုင်ပြီး အလုပ်လုပ်လိုက်တာကြွက်သားတွေရော အကြောတွေပါ တောင့်တင်းနေတာပဲဆိုတဲ့ သူလေးတွေ ရှိလား……….. ကြွက်သားတွေ ပြေလျော့စေဖို့ဆိုရင်လေ့ကျင့်ခန်းလုပ်မှပဲလို့ တွေးနေပြီလား။ အစားအစာလေးတွေ စားရင်း ကြွက်သားပြေလျော့စေမယ်ဆိုရင်ရော စိတ်ဝင် စား မလား……….. ကဲ …… ကြွက်သားတွေ တောင့်တင်းနေတာကို သက်သာစေမယ့် အစားအစာလေးများ က ဘာတွေများဖြစ်မလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ဒါဆိုရင်ကြွက်သားတွေ ပြေလျော့စေဖို့ဘာတွေ စားရမလဲဆိုတာကို ဒီဆောင်းပါးလေးကနေ ပြောပြပေးပါရစေ။တစ်ချိန်လုံး ထိုင်ပြီး အလုပ်လုပ်နေရတာကြောင့် ကြွက်သားတွေ တောင့်တင်းနေပြီလား ….. ဒါဆိုရင်တော့ ကြွက်သားတွေ တောင့်တင်းနေတာကို သက်သာစေမယ့် အစားအစာလေးများ က ဘာတွေများလဲ………….. ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။အယ်လ်မွန်မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီ၊ မဂ္ဂနီဆီယမ် နဲ့ဗီတာမင် Eတို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ တစ်နေ့တာမှာ အယ်လ်မွန်စေ့ ၁၀ စေ့ကနေ ၁၅ စေ့လောက် စားပေးတာက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပြည့်ဝစွာ ရရှိစေပြီးရောင်ရမ်းမှုမဖြစ်အောင် ကာကွယ်ပေးသလို  ကြွက်သားတွေကို ပြေလျော့စေပါတယ်။အယ်လ်မွန်စေ့ကအရွယ်မတိုင်ခင် အိုမင်းတာနဲ့ အခြားသော ရောဂါတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ဘလူးဘယ်ရီသီးက အာဟာရရောကျန်းမာရေးအကျိုးကျေးဇူးပါ များတာပါ။ ကြွက်သားတွေမျာ ဒဏ်ဖြစ်ရင် မြန်မြန် သက်သာစေသလို ကြွက်သားတွေ တောင့်တင်းနေတာကိုလည်း ပြေလျော့စေပါတယ်။ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝတဲ့အတွက် ဓာတ်တိုးပစ္စည်းတွေကြောင့် ရောင်ရမ်းတာကို သက်သာစေပါတယ်။ ဒါတွေအပြင် ဘလူးဘယ်ရီက နှလုံး ကျန်းမာစေသလိုဦးနှောက်စွမ်းဆောင်ရည်ကို ကောင်းစေပါတယ်။ အခြားသော ကျန်းမာရေး အကျိုးကျေးဇူးလည်း များတဲ့ အချိုတည်းစရာ အသီးလေးတစ်မျိုးပါ။ငှက်ပျောသီးက ပရိုတင်း၊အမျှင်ဓာတ်နဲ့ ပိုတက်ဆီယမ် ကြွယ်ဝတဲ့ အသီးတစ်မျိုးပါ။ ဒါတင်မကသေးပါဘူး ငှက်ပျောသီးမှာ ပျက်စီးသွားတဲ့ ကြွက်သားတွေကို အသစ်ဖြစ်ပေးစေဖို့ ထောက်ကူပေးတဲ့ glycogen ပါယင်နေပါတယ်။ကြွက်သားတွေကို ပြေလျော့စေသလို။ကြွက်တက်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ဆယ်လ်မွန်မှာ ခန္ဓာကိုယ်က ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့Omega-3 fatty acidsပါဝင်နေပါတယ်။ ဆယ်လ်မွန်မှာ ပိုတက်ဆီယမ်ကလည်း ကြွယ်ဝစွာ ပါဝင်တာကြောင့် ကြွက်သားတွေကို ပြေလျော့စေသလို ကြွက်တက်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။သွေးပေါင်ချိန် ထိန်းညှိပေးသလိုကင်ဆာဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။ဥအမျိုးမျိုးမှာပရိုတင်းကြွယ်ဝစွာ ပါဝင်နေပြီး ခန္ဓာကိုယ်ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပါတယ်။ ကြွက်သားတွေကို ပြေလျော့စေပြီး ကြွက်သားတွေ ပြန်လည်ကျန်းမာလာစေဖို့လည်း အားဖြည့်ပေးပါတယ်။ပရိုတင်း အပြင် ဥအမျိုးမျိုးမှာ ကြွက်သား ကျန်းမာရေးကို အားဖြည့်ပေးတဲ့ အမိုင်နိုအက်ဆစ်၊ကယ်လ်ဆီယမ်နဲ့ ဇင့်တို့ ပါဝင်နေပါတယ်။ချာမိုမိုင်းရေနွေးကြမ်းက ကြွက်သားတွေကို ပြေလျော့စေမယ့် ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။ ကြွက်သားတွေကို ပြေလျော့စေသလို စိတ်ခံစားမှုကိုလည်း ကောင်းမွန်စေမှာပါ။ဒါကြောင့်ကြွက်သားတွေ ပြေလျော့စေဖို့ဆိုရင် တစ်နေ့ကိုချာမိုမိုင်းရေနွေးကြမ်း တစ်ခေါက် ပုံမှန်သောက်ပေးပါ။ကဲ…..ဒါလေးတွေ စားလို့အလုပ်ခွင်ကြောင့် ကြွက်သားတွေ တောင့်တင်းတာကို ဖြေလျော့လိုက်ရအောင်လား…………။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/foods-that-help-relieve-muscle-tension/
အရိုးနုလေးတွေ ကျန်းမာဖို့ ဖြည့်စွက်ပေးရမယ့် အာဟာရဓာတ်များ
လူတိုင်းရဲ့ ခန္ဓာကိုယ်မှာ အရေးကြီးတဲ့အစိတ်အပိုင်းတွေ အများကြီး ပေါင်းစပ်တည်ရှိနေတာပါ။ ခန္ဓာကိုယ်ကြီး လှုပ်ရှားသွားလာဖို့ဆိုရင်အရိုးတွေက အရေးကြီးလှပါတယ်။ အရိုးတွေ သွက်လက်စွာ လှုပ်ရှားနိုင်ဖို့ဆိုရင် အရိုးနုလေးတွေက အရမ်းအရေးကြီးပါတယ်။ အရိုးနုလေးတွေ ကျန်းမာဖို့ ဖြည့်စွက်ပေးရမယ့် အာဟာရဓာတ်များ ကို သေချာ ဖြည့်ပေးတာက အသက်ကြီးလာချိန်တွေအထိ ခန္ဓာကိုယ်ကြီးက အကျိုးရှိနေမှာလေ။အရိုးနုလေးတွကျန်းမာပြီး တာဝန်ကျေကျေထမ်းဆောင်နိုင်မှ ခန္ဓါကိုယ်က အကောင်းဆုံးလှုပ်ရှားနိုင်မှာပါ။အဆစ်နေရာတွေကို ကောင်းကောင်းကွေးနိုင်ဆန့်နိုင်စေဖို့အတွက် အဓိကလုပ်ဆောင်နေတဲ့ အစိတ်အပိုင်းလေးဆိုပါတော့။အရိုးနုလေးတွေ ကျန်းမာနေလို့သာ ခန္ဓါကိုယ်က အဆစ်တွေကို အကောင်းဆုံးအသုံးချပြီး ကွေးနိုင်ဆန့်နိုင်တာပါ။ ဒါကြောင့် အရေးပါလှတဲ့ အရိုးနုလေးတွေ ကျန်းမာအောင် ပုံမှန်ဖြည့်စွက်မှီဝဲပေးသင့်တဲ့ အာဟာရဓာတ်တွေအကြောင်းကို ပြောပြချင်ပါတယ်။အရိုးနုလေးတွေ ကျန်းမာဖို့ ဖြည့်စွက်ပေးရမယ့် အာဟာရဓာတ်များ ကတော့။ရေ။မှန်တာပေါ့။ ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းအတွက်မဆို ရေလိုအပ်ပါတယ်။ လူခန္ဓာကိုယ်ဆိုတာရေဓာတ်၇၀% လောက်နဲ့ ဖွဲ့စည်းထားတာလေ။ အရိုးအဆစ်တွေမှာရှိနေတဲ့ အရိုးနုလေးတွေအတွက်လည်း ရေဓာတ်လိုအပ်ချက်များပါတယ်။Hyaluronic Acid။Hyaluronic Acidက အရိုးနုတစ်နေရာတည်းအတွက်တင်မကပါဘူး။ အရိုးအဆစ်တစ်ခုလုံးအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးကိုပေးနိုင်ပါတယ်။ ကြံ့ခိုင်သန်စွမ်းဖို့နဲ့ ရေရှည်တည်ရှိနေဖို့ Hyaluronic Acid က မရှိမဖြစ်လိုအပ်ချက်ပါ။ Hyaluronic Acid ကြွယ်ဝစွာပါဝင်နေတဲ့ အစားအစာတွေကတော့ အောက်ပါအတိုင်းပါပဲ။Collagen။ကော်လာဂျင် (Collagen) ကလည်း အဆစ်အမြစ်နဲ့ အရိုးနုလေးတွေ ကျန်းမာစေဖို့ အထောက်အကူပြုပါတယ်။ ကော်လာဂျင်မှာပါရှိတဲ့ ပရိုတိန်းဓာတ်တွေက တစ်သျှူးတွေ ခိုင်မြဲစေဖို့ ကူညီပေးတယ်လေ။Magnesium။မဂ္ဂနီဆီယံ (Magnesium) ကလည်း အရိုးနုတွေနဲ့ ဆက်စပ်နေတဲ့ ဓာတ်တစ်မျိုးပါ။ လေ့လာချက်တွေအရ မဂ္ဂနီဆီယံဓာတ်လျော့နည်းလာရင် အရိုးနာကျင်မှုပိုမိုခံစားရနိုင်တယ်လို့ သိထားရပါတယ်။ မဂ္ဂနီဆီယံဓာတ်ကိုတော့။Manganese။မန်ဂနီးစ် (Manganese) ဆိုတဲ့ သတ္တုဓာတ်ကလည်း အရိုးနုလေးတွေကို အားကောင်းစေမယ့် Enzymes တွေကို အကျိုးပြုပေးပါတယ်။ မန်ဂနီးစ်ကိုတော့။Sulfur။ဆာလ်ဖာ (Sulfur) ကတော့ အရိုးနုလေးတွေ နေသားတကျခိုင်မြဲနေစေဖို့ အထောက်အကူပေးပါတယ်။ အဆစ်အမြစ်တွေကို တွဲဆက်ပေးတဲ့ အရိုးနုလေးတွေ ကောင်းကောင်းမြဲမြဲတွယ်ကုပ်ထားနိုင်မယ်ဆိုရင် အရိုးအဆစ်တွေ ရေရှည်ကျန်းမာစေမှာပါ။ ဆာလ်ဖာဓာတ်ကိုတော့။Glycosaminoglycans။Glycosaminoglycans (GAGs) က ဆာလ်ဖာဓာတ်ပါဝင်တဲ့ ကာဘိုဟိုက်ဒြိတ်မော်လီကျူးတစ်မျိုးပါ။ Hyaluronic Acid ကလည်း GAGs တစ်မျိုးပါပဲ။ ဒါကြောင့် GAGs က အရိုးအဆစ်တွေအတွက် ဘယ်လောက်အရေးပါလဲဆိုတာကို သိနားလည်နိုင်မယ်ထင်ပါတယ်။အထက်ပါ အာဟာရဓာတ်တွေကို ဖြည့်စွက်တာအပြင် အောက်ပါ အစားအစာတွေကလည်း အရိုးနုလေးတွေနဲ့ အဆစ်အမြစ်တွေကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ ဒါတွေကတော့။သင့်ရဲ့ အရေးပါလှတဲ့ အရိုးနုလေးတွေကို ကျန်းမာသန်စွမ်းစေဖို့ အထက်ပါ အစားအစာတွေနဲ့ အာဟာရဓာတ်တွေကို ဖြည့်စွက်ပေးပြီး စောင့်ရှောက်ဖို့ တိုက်တွန်းလိုပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/superfoods-for-healthy-joints/
သွေးဖြူဥနည်းသူတွေ ဘာတွေစားရမလဲ
သွေးဖြူဥနည်းလို့ဆိုပြီး စိတ်ညစ်နေသူတွေများရှိလား။ သွေးဖြူဥနည်းသူတွေအတွက် သဘာဝနည်းအတိုင်းသွေးဖြူဥအရေအတွက်တိုးလာစေမယ့်အစားအသောက်လေးတွေအကြောင်းပြောပြပေးပါရစေ။ သွေးဖြူဥနည်းသူတွေ ဘာတွေစားရမလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။သွေးဖြူဥဆိုတာကခန္ဓါကိုယ်ထဲမှာ စီးဆင်းနေတဲ့သွေးတွေထဲမှာပါဝင်နေတဲ့သွေးနီဥ၊သွေးဥမွှား၊သွေးဆဲလ်တွေလိုမျိုးသွေးတွင်းမှာရှိနေတဲ့ အရာတစ်ခုပါ။သွေးဖြူဥတွေက ကိုယ်တွင်းကိုပြင်ပကရောဂါတွေဝင်မလာအောင်တားဆီးပေးပါတယ်။ ကိုယ်ခံအားကောင်းစေဖို့ထောက်ကူပေးတယ်။ရောဂါပိုးတွေကို တိုက်ထုတ်ဖို့ ပဋိပစ္စည်းတွေထုတ်ပေးပါတယ်။သွေးဖြူဥပမာဏက လူတစ်ယောက်နဲ့တစ်ယောက်မှာ မတူနိုင်ပါဘူး။ပုံမှန်ရှိသင့်တဲ့ ပမာဏ– ၃၅၀၀ ကနေ ၁၀၅၀၀per microliter။ပမာဏနည်းနေတယ်ဆိုရင်– ၄၅၀၀per microliter ထက်နည်းနေတာ။ပမာဏများနေတယ်ဆိုရင်– ၁၁၀၀၀per microliter ထက်များနေတာပါ။သွေးဖြူဥနည်းနေတဲ့အခါခန္ဓါကိုယ်မှာ အခုလိုလက္ခဏာတွေတွေ့ရနိုင်ပါတယ်။သွေးဖြူဥနည်းသူတွေ ဘာတွေ စားရမလဲ ဆိုတော့ သွေးဖြူဥ နည်းသူတွေအနေနဲ့ သွေးတွင်းက သွေးဖြူဥ ပမာဏ တိုးစေဖို့ ဒီအစားအစာလေးတွေကို စားပေးလို့ ရပါတယ်။ကြက်သွန်ဖြူ။ကြက်သွန်ဖြူမှာallicin ဒြပ်ပေါင်း ပါဝင်တာကြောင့်သွေးဖြူဥဆဲလ်တွေ ထွက်ရှိလာအောင် လှုံ့ဆော်ပေးပြီးကိုယ်ခံအားကို ကောင်းစေနိုင်ပါတယ်။ တစ်နေ့ကို နုတ်နုတ်စဉ်းထားတဲ့ ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာကနေ ၂ ဇွန်းစာအထိ စားသုံးပေးပါ။ ဟင်းချက်စားလို့ရသလို တို့စားပေးလို့လည်း ရပါတယ်။ဟင်းနုနွယ်။ဗီတာမင်အေ၊ စီ နဲ့ ဗီတာမင် အီးတို့ ပါဝင်တာကြောင့် သွေးဖြူဥဆဲလ် အရေအတွက်ကို တိုးစေနိုင်ပါတယ်။ နေ့တိုင်း ဟင်းနုနွယ်ကြော် ပန်းကန်လုံး တစ်လုံးစာ စားပေးသင့်ပါတယ်။သင်္ဘောရွက်။သွေးတွင်း သွေးဖြူဥ ပမာဏကို တိုးစေနိုင်တဲ့ အရေးပါတဲ့ ဒြပ်ပေါင်း တစ်ခုဖြစ်တဲ့ acetogenins ပါဝင်တာကြောင့် သွေးဖြူဥ အရေအတွက် တိုးချင်သူတွေအတွက် သင့်တော်ပါတယ်။ သင်္ဘောရွက်ကို ရေနဲ့ရောကြိတ်ပြီးပျားရည်နည်းနည်း ထည့်လို့ သောက်ပေးလို့ ရပါတယ်။ဒိန်ချဉ်။ဒိန်ချဉ်မှာ ပါတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေကသွေးဖြူဥတွေ ထွက်ရှိလာအောင် လှုံ့ဆော်ပေးပြီး ကိုယ်ခံအားကို ကောင်းစေနိုင်ပါတယ်။ နေ့တိုင်း ဒိန်ချဉ်တစ်ခွက် သောက်ပေးပါ။ပန်းဂေါ်ဖီစိမ်း။ပန်းဂေါ်ဖီစိမ်းမှာ sulforaphane (SFN) လို့ခေါ်တဲ့ ဓါတုဒြပ်ပေါင်း တစ်ခု ပါဝင်တာကြောင့် သွေးဖြူဥဆဲလ် အရေအတွက်ကို တိုးစေနိုင်ပြီးကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ပါတယ်။နေ့တိုင်း ချက်ထားတဲ့ ပန်းဂေါ်ဖီ တစ်ခွက်စာ စားပေးပါ။ကီဝီသီး။ကီဝီသီးက ဓါတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝသလိုပိုတက်ဆီယမ်၊ ဗီတာမင် စီ နဲ့ ဗီတာမင် အီးတို့ ပါဝင်တာကြောင့် ကိုယ်ခံအားကောင်းစေနိုင်သလို သွေးဖြူဥ အရေအတွက်ကိုလည်း တိုးစေနိုင်ပါတယ်။ တစ်နေ့ကို ကီဝီသီး တစ်လုံး၊ နှစ်လုံးလောက် စားပေးလို့ ရပါတယ်။လိမ္မော်သီး။ဓါတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ ဗီတာမင် စီ ကြွယ်ဝစွာ ပါဝင်တာကြောင့် ကိုယ်ခံအား ကောင်းစေပြီး သွေးဖြူဥ အရေအတွက်ကိုလည်း တိုးစေနိုင်ပါတယ်။ တစ်နေ့ကို လိမ္မော်သီး တစ်လုံးကနေ ၃ လုံးလောက်အထိ စားပေးလို့ ရပါတယ်။ အခြား အချဉ်ပါတဲ့ အသီးတွေဖြစ်တဲ့ စတော်ဘယ်ရီ၊ ဂရိတ်ဖရုစ် နဲ့စပျစ်သီးတို့ကိုလည်း စားပေးလို့ ရပါတယ်။ရဲယိုသီး။ရဲယိုသီးမှာ ဗီတာမင် စီ ပါဝင်တာကြောင့် ကိုယ်ခံအားကို ကောင်းစေနိုင်ပါတယ်။ သွေးဖြူဥဆဲလ်တွေကို တိုးပွားစေနိုင်ပါတယ်။ တစ်နေ့ကို ရဲယိုသီး အရွယ်တော် တစ်လုံး ဒါမှမဟုတ် အချိုမပါတဲ့ ရဲယိုသီး ဖျော်ရည် တစ်ခွက် သောက်ပေးပါ။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/white-blood-cell-disorder/improve-your-white-blood-cells-naturally/
မိန်းမကိုယ်က လေလည် တတ်သလား
မိန်းမကိုယ်က လေလည် တာမျိုး ကြုံဖူးပါသလား။ ဒါဟာ သင်တစ်ယောက်တည်း ဖြစ်တာမဟုတ်ပါဘူး။ အမျိုးသမီး တော်တော်များများ ဖြစ်တတ်ကြပါတယ်။အူလမ်းကြောင်းမှာ လေရှိသလိုမျိုး မိန်းမကိုယ်မွေးလမ်းကြောင်းမှာလည်း လေရှိတတ်ပါတယ်။ ဒါကြောင့် လှုပ်လှုပ်ရှားရှား နေတဲ့အခါ လေထွက်လာတာပေါ့။ စိုးရိမ်ရတဲ့ အခြေအနေတော့ မရှိပါဘူး။ အများစုက အန္တရာယ်မရှိတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဆက်ကြည့်ရအောင်။လိင်ဆက်ဆံတာက မိန်းမကိုယ်က လေထွက်ရခြင်းရဲ့ အဓိက အကြောင်းရင်းပါပဲ။ အမျိုးသား အင်္ဂါက မိန်းမကိုယ်ထဲကို အဝင်အထွက်လုပ်တဲ့အခါ လေပါ လိုက်ဝင်ပြီး လေခိုတတ်ပါတယ်။ ပြီးမြောက်သွားလို့ ကြွက်သားတွေ တင်းလိုက်ရင်ပဲ ဖြစ်ဖြစ်၊ အမျိုးသား အင်္ဂါကို ထုတ်လိုက်ရင်ပဲ ဖြစ်ဖြစ် လေတွေ ပြန်ထွက်လာပါတယ်။ အဲ့ဒီအခါ လေလည်သလိုမျိုး အသံထွက်လာတာပါ။ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းကလည်း မိန်းမကိုယ်ထဲကို လေဝင်စေတဲ့ အကြောင်းရင်း တစ်ခုပါပဲ။ ကြမ်းကြမ်းတမ်းတမ်း လိင်ဆက်ဆံရင်လည်း မိန်းမကိုယ်ထဲကို လေပိုဝင်ပြီး လေခိုတတ်ပါတယ်။မိန်းမကိုယ်ထဲကို ထည့်တဲ့ ပစ္စည်းတွေ ( ဥပမာ-tampons၊menstrual cups) တွေကြောင့်လည်း လေခိုတတ်ပါတယ်။ ဒီပစ္စည်းတွေ ပြန်ထုတ်လိုက်တာဖြစ်ဖြစ်၊ လေ့ကျင့်ခန်း လုပ်ရင်ပဲ ဖြစ်ဖြစ်၊ အကြောလျှော့ရင်ပဲ ဖြစ်ဖြစ် လေတွေ ပြန်ထွက်လာတတ်ပါတယ်။လိင်ဆက်ဆံရင်ပဲ ဖြစ်ဖြစ်၊ မိန်းမကိုယ်ကို စမ်းသပ်ခံရရင်ပဲ ဖြစ်ဖြစ် မိန်းမကိုယ်က ကြွက်သားတွေက တောင့်နေတတ်ပါတယ်။ ဒါကြောင့် အထဲကို လေဝင်ပြီး လေခိုတတ်ပါတယ်။ ချောင်းဆိုးတာ၊ လေ့ကျင့်ခန်း လုပ်တဲ့အခါမှာလည်း ကြွက်သားတွေ တင်းလာပြီး မိန်းမကိုယ်ထဲက လေတွေ အပြင်ကို ပြန်ထွက်လာပါတယ်။ယောဂလိုမျိုး အောက်ပိုင်းက ကြွက်သားတွေကို လျှော့ချပေးတဲ့ လေ့ကျင့်ခန်းတွေက မိန်းမကိုယ်ကို ပိုပွင့်စေပြီး လေပိုဝင်စေပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်း လုပ်ရင်း ပုံစံတစ်ခုက တစ်ခု အပြောင်းမှာ လေထွက်တတ်ပါတယ်။ကျန်းမာရေး အကြောင်းတစ်ခုခုကြောင့် သားဖွားမီးယပ်ဆရာဝန်နဲ့ သွားပြတဲ့အခါ လိုအပ်ရင် မိန်းမကိုယ်ကို စစ်ဆေးရပါတယ်။ Speculumလို့ ခေါ်တဲ့ ကိရိယာလေးနဲ့ မိန်းမကိုယ်ထဲကို ကြည့်တဲ့အခါ လေဝင်တတ်ပါတယ်။ ဒီကိရိယာလေးကို ပြန်ထုတ်အချိန်မှာ ဝင်သွားတဲ့လေတွေ ပြန်ထွက်လာတတ်ပါတယ်။ခုထိပြောခဲ့တာတွေက အဖြစ်များတဲ့၊ စိုးရိမ်စရာ မရှိတဲ့ အကြောင်းတွေပဲ ဖြစ်ပါတယ်။ ရှားရှားပါးပါး တွေ့ရတတ်တဲ့ ကျန်းမာရေး ပြဿနာ တစ်ခုကို ဆက်ကြည့်ရအောင်။Vaginal fistula ဆိုတာ မွေးလမ်းကြောင်းနဲ့ သူ့အနီးအနားက အင်္ဂါတွေ ဆက်သွားတာပဲ ဖြစ်ပါတယ်။ အတွေ့ရအများဆုံးက သူနဲ့ ကပ်ရက် ဆီးအိမ်နဲ့ ဆက်တဲ့ vesicovaginal fistulaပါ။ ဒါ့ပြင် ဆီးပို့ပြွန်နဲ့ ဆက်ရင် Ureterovaginal fistula၊ မစင်အိမ်နဲ့ ဆက်ရင် Rectovaginal fistula၊ အူသိမ်နဲ့ ဆက်ရင်  Enterovaginal fistula၊ အူမကြီးနဲ့ ဆက်ရင် Colovaginal fistula၊ ဆီးပြွန်နဲ့ ဆက်ရင် Urethrovaginal fistula စသဖြင့် အမျိုးအစားတွေ ရှိပါတယ်။ ဒီလို လမ်းကြောင်းဆက်တဲ့ ပြဿနာကတော့ ဆရာဝန်နဲ့ ပြသပြီး သေချာ ကုသမှု ခံယူမှ ရမှာပါ။ဒီပြဿနာမှာ မိန်းမကိုယ်က လေထွက်တာအပြင်။-ဆီးသွားရင် ဆီးထဲမှာ ဝမ်းစလေးတွေ ပါလာတာ။-အနံ့ဆိုးတဲ့ ဆီး၊ မိန်းမကိုယ်က အကျိအချွဲထွက်တာ။-ခဏခဏ ဆီးပိုးဝင်တာ၊ မိန်းမကိုယ်ရောင်တာ။-ဆီးမထိန်းနိုင်၊ ဝမ်းမထိန်းနိုင် ဖြစ်တာ။-ခဏခဏ ဝမ်းလျှောတာ။-မိန်းမကိုယ်နဲ့ မစင်အိမ်မှာ နာနေတာ။-အတူနေရင် နာတာ။-ပျို့တာ။-ဗိုက်အောင့်တာ စတဲ့ လက္ခဏာတွေ ရှိတတ်ပါတယ်။တိတိကျကျ ကာကွယ်တဲ့ နည်းလမ်းလည်း မရှိသလို ကာကွယ်ဖို့လည်း မလိုပါဘူး။ ဒါဟာ လေလည်သလိုပဲ သဘာဝဖြစ်စဉ် တစ်ခုပါ။ လေထွက်သာ သက်သက်ပဲ ဖြစ်ပြီး နာလည်း မနာဘူးလေ။တကယ်လို့ လေထွက်တာ သူ့ဟာသူ မထွက်ဘူးဆိုရင် ဆီးသွားတဲ့အချိန်မှာ squat ထိုင်ပြီး လေထုတ်လို့ရပါတယ်။ မိန်းမကိုယ်ကြွက်သားတွေ တောင့်နေလို့ ဆိုရင်တော့ အကြောလျှော့တာ၊ အသက်ပြင်းပြင်းရှူပြီး စိတ်လျှော့တဲ့ နည်းလမ်းတွေနဲ့ လေထွက်အောင် လုပ်လို့ ရပါတယ်။လူကြားထဲမှာ မိန်းမကိုယ်က လေထွက်လို့ နေရခက်တယ်ဆိုရင် လတ်တလောမှာ အတူနေတာတို့၊ လေ့ကျင့်ခန်း လုပ်တာတို့ကို ခဏ ရှောင်လိုက်ပါ။ မိန်းမကိုယ်ထဲကို ထည့်တဲ့ ပစ္စည်းတွေ ( ဥပမာ- tampons၊ menstrual cups) ကိုလည်း မသုံးပါနဲ့ဦး။နောက်ပြီး လေ့လာချက်တွေအရရိုးရိုးမီးဖွားတဲ့နည်းလမ်းကလည်း မိန်းမကိုယ်က လေထွက်စေပါတယ်တဲ့။ မိန်းမကိုယ်ကြွက်သားတွေကို သန်မာစေတဲ့Kegelလေ့ကျင့်ခန်းတွေက လေထွက်တာကို သက်သာစေပါလိမ့်မယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/pelvic-related-issue/vaginal-gas/
ကလိုရင်းခတ်ထားတဲ့ ရေကြောင့် ရနိုင်မယ့် ကောင်းကျိုး ဆိုးကျိုးတွေ ။ ။
ရေထဲမှာကလိုရင်း( chlorine)ခတ်တယ်ဆိုတာ ၂၀ ရာစုနောက်ပိုင်းမှာ ခေတ်စားလာတဲ့အရာတစ်ခုဖြစ်ပြီး ၂၁ ရာစုမှာတော့ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပြီဖြစ်တဲ့ အရာတစ်ခုပါ။ ရေထဲမှာ ကလိုရင်း ခတ်တဲ့ ဓလေ့က ကောင်းကျိုူးတွေကိုရစေဖို့ မျှော်ကိုးပြီး လုပ်တာဖြစ်ပေမယ့် သူ့မှာ အခြား ဆိုးကျိုးတွေလည်းရှိနိုင်ပါသေးတယ်။ ဒီဆောင်းပါးလေးထဲမှာတော့ ကလိုရင်းခတ်ခြင်းကြောင့် ရနိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေ ကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။အချုပ်ပြောရရင်တော့ ရေထဲ ကလိုရင်းခတ်တာက ဈေးသက်သာပြီး လုပ်ရတာလွယ်ကူတဲ့အပြင် ရေထဲကနေ ရနိုင်တဲ့ကူးစက်ရောဂါတွေကို အပြည့်အဝ ကာကွယ်ပေးနိုင်လို့ လူတိုင်းအတွက် အကျိုးရှိတဲ့ အရာတစ်ခုပါ။အရာရာတိုင်းက ကောင်းတာတွေချည်းပဲ ပြည့်စုံနေတာမျိုး မရှိပါဘူး။ အကောင်းနဲ့ အဆိုးဆိုတာ အမြဲ ဒွန်တွဲနေတဲ့ အရာတွေပါ။ ဒီလိုပဲ ကလိုရင်းခတ်ထားတဲ့ ရေကနေ ကောင်းကျိုးတွေ ရနိုင်သလို သူ့မှာ ဆိုးကျိုးတွေ လည်းရှိပါတယ်။ဒါတွေကတော့ ကလိုရင်းခတ်ထားတဲ့ ရေကြောင့် ရနိုင်တဲ့ ကောင်းကျိုး ဆိုးကျိုးတွေ ပဲ ဖြစ်ပါတယ်။ သောက်တဲ့လူတွေ အတွက်ကတော့ အရသာဆိုးပြီး အနံ့ပြင်းပေမယ့် ရေကူးတဲ့သူတွေ အတွက်ဆိုရင်တော့ ရေကူးကန်ကနေ ရနိုင်တဲ့ ရောဂါပိုးတော်တော်များများကို ကလိုရင်းက ကာကွယ်ပေးတာကြောင့် ရေထဲကလိုရင်းခတ်ခြင်းက ကောင်းတာတွေလည်းရှိသလို ဆိုးတာတွေလည်းရှိတဲ့ အရာတစ်ခုပါ။ ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/water-chlorination/
အမြင်အာရုံကောင်းပြီး ဉာဏ်ကောင်းတဲ့ကလေးဖြစ်ဖို့ ဘာတွေလိုအပ်လဲ
မေမေတိုင်းမှာ အမျှော်လင့်မိဆုံးဆန္ဒတစ်ခုရှိတတ်ကြစမြဲပါ။ တစ်ကိုယ်ရေဘဝက ဘာကိုမှ သိပ်မမျှော်လင့်တတ်ကြပေမယ့်မေမေနေရာကိုရောက်လာပြီဆိုရင်မျှော်လင့်တာကမွေးဖွာလာမယ့်ရင်သွေး ဉာဏ်ကောင်းကျန်းမာစေဖို့ပါ။ ဒီဆုတောင်းပြည့်အောင်တကယ်လုပ်ယူလို့ရနေပါပြီနော်။ကလေးတစ်ယောက်ကိုမွေးဖွားပြီးမေမေဘဝကိုခံယူတာကအမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာမှတ်တိုင်တစ်ခုစိုက်ထူလိုက်တာပါပဲ။ ကြီးမားတဲ့ပြောင်းလဲမှုကြီးတစ်ရပ်ဖြစ်သလိုစိန်ခေါ်မှုတစ်ရပ်ဆိုလည်းဟုတ်ပါတယ်။မေမေဖြစ်လာရင် ကိုယ့်ကိုယ်ကိုယ်ထက်မွေးဖွားလာတဲ့ကလေးအတွက်ပိုစိတ်ပူကြပါတယ်နော်။ ဒီလိုစိတ်ပူတဲ့အထဲမှာ ကလေးက အခြားကလေးတွေနဲ့ ယှဉ်လိုက်ရင် ဉာဏ်မကောင်းမှာကလည်းတစ်ခုအပါအဝင်ပဲနော်။ ဒီပြဿနာကိုဖြေရှင်းပေးနိုင်မယ့် အကောင်းဆုံးနည်းလမ်းတစ်ခုရှိနေပါပြီနော်။ကလေးတစ်ယောက်ရဲ့ဦးနှောက်က ဘယ်အချိန်မှာ အမြန်ဆုံးဖွံ့ဖြိုးလဲ။ကလေးတစ်ယောက်ရဲ့ ဦးနှောက်နဲ့အာရုံကြောစနစ်က အသက် ၃ နှစ်မပြည့်ခင်မှာ အလျင်မြန်ဆုံးဖွံ့ဖြိုးတာပါ။ ဉာဏ်ကောင်းပျော်ရွှင်တဲ့ ကလေးတစ်ယောက်ဖြစ်စေချင်တယ်ဆိုရင် ကလေးကို ဒီအချိန်မှာ အာဟာရအကောင်းဆုံးဖြည့်တင်းပေးဖို့လိုပါမယ်နော်။ ဒီအချိန်မှာမေမေဖေဖေတို့အနေနဲ့ ကိုယ့်ရင်သွေးကို မျက်ခြည်မပြတ်စောင့်ကြည့်လို့ ဦးနှောက်နဲ့အာရုံကြောတွေကိုအကောင်းဆုံးဖွံ့ဖြိုးအောင် ကူညီပေးလိုက်ပါနော်။ကလေးရဲ့ ဦးနှောက်နဲ့အမြင်အာရုံဖွံ့ဖြိုးဖို့ အသုံးတည့်မယ့်နည်းလမ်း။ကလေးတစ်ယောက် ကျန်းမာပျော်ရွှင်စွာကြီးပြင်းအရွယ်ရောက်စေဖို့ မဖြစ်မနေလုပ်ပေးသင့်တဲ့အချက်တစ်ခုရှိပါတယ်နော်။ ဒါကတော့ ကလေးကို ငယ်စဉ်ကတည်းက အာဟာရပြည့်ဝအောင်ကျွေးတာပါ။ မမွေးခင်နဲ့ နို့တိုက်တဲ့ကာလမှာ လိုအပ်တဲ့အာဟာရကို မေမေကပြည့်ဝအောင်စားရင်ရပြီဆိုပေမယ့် ကလေးက အစားစစားတတ်ချိန်မှာပြည့်ဝစွာပါဝင်ဖို့ကမေမေတို့အတော်အာရုံစိုက်ရပါပြီနော်။ဒီတော့ ဉာဏ်လည်းကောင်းအမြင်အာရုံလည်းကောင်းစွာဖွံ့ဖြိုးတဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ဘာတွေကျွေးရမလဲလို့တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဓာတ်တွေလုံလောက်ပြည့်ဝစွာပါဝင်အောင်ကျွေးပါ၊လို့ပြောပါရစေနော်။အကျိုးပြုအဆီတွေပါအောင်ကျွေးပါ။ကလေးတစ်ယောက်မှာ အမြင်အာရုံနဲ့ဦးနှောက်ကောင်းစွာဖွံ့ဖြိုးဖို့ဆိုရင်fatty acidsတွေဖြစ်ကြတဲ့DHAနဲ့ ARA ကိုလုံလောက်စွာရရှိဖို့လိုပါမယ်။ ဒါမှကလေးက အမြင်အာရုံနဲ့ ဦးနှောက်ကောင်းစွာဖွံ့ဖြိုးပြီး ဉာဏ်ရည်ထက်မြက်တဲ့ကလေးတစ်ယောက်အဖြစ်ကြီးပြင်းအရွယ်ရောက်လာစေမှာပါ။ ဦးနှောက်တွင်းမှာရှိတဲ့ အဆီပမာဏရဲ့ ၂၅ ရာခိုင်နှုန်းက Omega 3 fatty acid တစ်မျိုးဖြစ်တဲ့ Docosahexaenoic acid (DHA) နဲ့ဖွဲ့စည်းထားတာပါ။DHA က ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက်အရေးပါသလို အရွယ်ရောက်ပြီးသူတွေရဲ့ ဦးနှောက်တွေပုံမှန်လုပ်ဆောင်နိုင်ဖို့အတွက်လည်း DHA ကိုလိုအပ်ပါတယ်။ ကလေးတွေစားသုံးမယ့်အစားအသောက်တွေထဲမှာ DHA မျှတစွာပါဝင်မယ်ဆိုရင် သင်ယူမှုစွမ်းရည်ကို တိုးတက်စေနိုင်ပြီး အပြန်အလှန်အားဖြင့် DHA ချို့တဲ့နေမယ်ဆိုရင် ကလေးတွေ သင်ယူနိုင်စွမ်းအားနည်းနိုင်ပါတယ်။ ဉာဏ်ရည်ထက်မြက်တဲ့ ကလေးအဖြစ်ကြီးထွားဖို့ဆိုရင် ကလေးတွေရဲ့ စားသောက်မယ့်အစားအစာတွေထဲမှာ DHA မဖြစ်မနေပါဝင်အောင်သတိထားဖို့လိုပါမယ်။အမြင်အာရုံဖွံ့ဖြိုးစေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ဓာတ်တစ်မျိုးလည်းဖြစ်ပါတယ်နော်။ ဒါကြောင့် ကလေးကို DHA ရစေဖို့ဥအမျိုးမျိုး၊ကွေကာအုတ် နဲ့ကောက်နှံတစ်ခုလုံးပါတဲ့ အစားအစာတွေကိုကျွေးပေးလို့ရသလို DHAဖြည့်စွက်ထားတဲ့ အာဟာရဖြည့်စွက်စာတွေကိုလည်းကျွေးပေးလို့ရပါတယ်။ကယ်လ်ဆီယမ်။အရိုးတွေနဲ့သွားတွေကြံ့ခိုင်သန်စွမ်းစေဖို့ လိုအပ်တဲ့ ဓာတ်တစ်မျိုးပါ။ ကလေးစားသုံးမယ့် အစာအစာတွေထဲမှာအစေ့အဆန်တွေ၊ နို့နဲ့နို့ထွက်ပစ္စည်း၊ ဒိန်ချဉ်၊ ပဲအမျိုးမျိုး၊ဆယ်လ်မွန်ငါးတို့ပါဝင်အောင်ပြင်ဆင်ပေးလို့ရပါတယ်နော်။သံဓာတ်။ကလေးကိုသွေးအားကောင်းစေပြီး ခန္ဓာကိုယ်မှာ အားပြည့်နေစေဖို့ အရေးပါပါတယ်။သွေးအားနည်းရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ အာရုံကြောစနစ်ကိုလည်း ကျန်းမာစေပြီးသင်ယူနိုင်စွမ်း၊ အာရုံစူးစိုက်နိုင်စွမ်း နဲ့ မှတ်မိနိုင်စွမ်းတို့ကိုပါ အထောက်အကူပြုပေးတာပါနော်။ပရိုတင်း။ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ဓာတ်တစ်မျိုးပေါ့။ ဦးနှောက်ထဲက ဆဲလ်တွေ တစ်ခုနဲ့တစ်ခုကောင်းစွာချိတ်ဆက်နိုင်စေဖို့အတွက် လိုအပ်တဲ့ ဓာတ်တစ်ခုပါ။ ကလေးကိုကောင်းမွန်စွာအိပ်စက်စေဖို့နဲ့ လန်းဆန်းတက်ကြွနေစေဖို့ လိုအပ်တဲ့ဓာတ်လည်း ဖြစ်ပါတယ်။ ကလေးတစ်ယောက်က တစ်နေ့ကို ပရိုတင်း ၉ ဂရမ်ကနေ ၁၁ ဂရမ်ရရှိဖို့လိုအပ်ပါတယ်။ အသားနဲ့နို့၊ မှို၊ကန်စွန်းဥ၊ ဟင်းနုနွယ်တို့ကိုကျွေးပေးလို့ရပါတယ်။ဗီတာမင်တွေ။ကလေးရဲ့ ဦးနှောက်နဲ့အမြင်အာရုံကောင်းစွာဖွံ့ဖြိုးဖို့အတွက် ဗီတာမင် နဲ့ သတ္တုဓာတ်တွေကလည်းလိုအပ်တဲ့အရာတွေပါ။ ကလေးစားသုံးမယ့် အစားအစာတွေထဲမှာ အပေါ်ကပြောခဲ့တဲ့ ဓာတ်တွေအပြင် ဗီတာမင်အေ (Vitamin A)၊ ဗီတာမင် စီ (Vitamin C)၊ ဗီတာမင် အီး (Vitamin E)၊ ဗီတာမင် ဘီတွဲ (Vitamin B12)တို့ပါဝင်ဖို့လိုပါမယ်။ ဒီဓါတ်တွေသင့်တင့်မျှတစွာပါဝင်ပါမှ ကလေးက လိုအပ်တဲ့ အာဟာရဓာတ်တွေကိုပြည့်ဝစွာရရှိပြီး အမြင်အာရုံနဲ့ ဦးနှောက်ကောင်းစွာဖွံ့ဖြိုးမှာပါ။ရင်သွေးကို ကျန်းမာပျော်ရွှင်ပြီးဉာဏ်ကောင်းတဲ့ကလေးတစ်ယောက်အနေနဲ့ကြီးပြင်းစေချင်တဲ့မေမေတို့အနေနဲ့ ကလေးကို ဒီအချက်လေးတွေနဲ့ ကိုက်ညီပြည့်စုံတဲ့ အစားအစာလေးတွေပြင်ဆင်ပေးလိုက်ပါနော်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-growth-and-development/vitamins-minerals-to-boost-brainpower/
သွေးဆုံးချိန်နဲ့ ဟော်မုန်း အစားထိုး ကုသမှု
သွေးဆုံးချိန်မှာ အရင်က ရှိခဲ့တဲ့အီစထရိုဂျင်နဲ့ပရိုဂျက်စတုန်းဟော်မုန်းတွေ နည်းသွားတဲ့အတွက်သွေးဆုံးကိုင် ဝေဒနာတွေကို ခံစားရတတ်ပါတယ်။ သာမန်အားဖြင့်တော့ သွေးဆုံးကိုင် ဝေဒနာတွေက lifestyle modification လို့ ခေါ်တဲ့ နေထိုင်စားသောက်မှုပုံစံ ပြောင်းရုံနဲ့ သက်သာလာတတ်ကြပါတယ်။ ဒါပေမယ့် ကိုယ်က သူများနဲ့မတူဘဲ သွေးဆုံးကိုင် လက္ခဏာတွေကို မခံစားနိုင်တော့ဘူးဆိုရင်ဟော်မုန်းအစားထိုး ကုသမှုကို ခံယူနိုင်ပါတယ်။ ဒီနေရာမှာ စဉ်းစားရမှာက ကိုယ်က ဟော်မုန်းအစားထိုးဖို့ လိုတဲ့သူလား။ ဘာနည်းလမ်းတွေ ရှိလဲ။ ဘေးထွက်ဆိုးကျိုး ဘာတွေ ရှိနိုင်လဲ စတာတွေကို ကြိုတွေးထားဖို့ လိုပါတယ်။ ဒီတစ်ခေါက်တော့ သွေးဆုံးချိန်နဲ့ ဟော်မုန်း အစားထိုး ကုသမှု အကြောင်းလေး ပြောပြပေးချင်ပါတယ်။ကောင်းကျိုး၊ ဆိုးကျိုးတွေ ရှိနေပေမယ့်လည်း သွေးဆုံးကိုင်လက္ခဏာတွေကို ကုသတဲ့နေရာမှာ အီစထရိုဂျင်က အကောင်းဆုံးပါပဲ။ ဟော်မုန်းအစားထိုး ကုသမှု ခံယူသင့်တဲ့သူကတော့။ဒီလို အရွယ်မတိုင်ခင်မှာ သွေးဆုံးသွားတဲ့သူတွေ၊ အကြောင်းအမျိုးမျိုးကြောင့် သားဥအိမ် ထုတ်လိုက်ရလို့ ဟော်မုန်း မထွက်တော့တဲ့သူတွေက အီစထရိုဂျင် အစားထိုး ကုသမှု မခံယူဘူးဆိုရင် နောက်ပိုင်းမှာ။ဒါကြောင့် အရွယ်မတိုင်ခင် သွေးဆုံးတဲ့သူတွေမှာဆိုရင် ဟော်မုန်းအစားထိုး ကုသမှု ခံယူတာက ကောင်းကျိုး ပိုများပါတယ်။ အရင်ဆုံးသမှုခံယူမယ်လို့ စဉ်းစားထားရင် အရင်ဆုံး ဆရာဝန်နဲ့ တိုင်ပင်ပါ။သားအိမ် ထုတ်ထားတယ် ဒါမှမဟုတ် သားဥအိမ် နှစ်ဖက်လုံး ထုတ်ထားတယ်ဆိုရင် အီစထရိုဂျင် သီးသန့်ကို ပမာဏ နည်းနည်း သုံးပေးနိုင်ပါတယ်။ သောက်ဆေး၊ အရေပြား ကပ်ခွာ၊ အရေပြား လိမ်းဆေး၊ မိန်းမကိုယ်ထဲထည့်တဲ့ ကရင်မ်၊ ကွင်း စသဖြင့် ပုံစံ မျိုးစုံနဲ့ လာပါတယ်။ ကိုယ်နဲ့ အဆင်ပြေရာကို ဆရာဝန်နဲ့ တိုင်ပင်ပြီး သုံးနိုင်ပါတယ်။အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း နှစ်မျိုး ပေါင်းထားတာပါ။ သားအိမ်မထုတ်ထားတဲ့ အမျိုးသမီးတွေအတွက် ပိုပြီး သင့်တော်ပါတယ်။ အီစထရိုဂျင်က သားအိမ်နဲရဲကို ထူစေတဲ့အတွက် ကြာလာရင် သားအိမ်ကင်ဆာ ဖြစ်လာနိုင်တဲ့အတွက် ပရိုဂျက်စတုန်းနဲ့ ပေါင်းပေးတာပါ။ ဒါ့ပြင် ပရိုဂျက်စတုန်းက သွေးဆုံးကိုင် လက္ခဏာတွေ ဖြစ်တဲ့ ကျောပူ ရင်ပူ ထတာကို သက်သာစေပါတယ်။ဘယ်သူတွေ ဟော်မုန်း အစားထိုး ကုသမှု မခံယူသင့်ဘူးလဲ။သာမန် အပရိက လက္ခဏာတွေကတော့။ရေရှည်ကုသမှု ခံယူမယ်ဆိုရင်။ဒါက လူတိုင်းဖြစ်မှာတော့ မဟုတ်ပါဘူး။ သွေးဆုံးပြီး ၁၀နှစ်၊ နှစ်၂၀ကျော်မှ ဟော်မုန်းကုသမှု ခံယူသူတွေ၊ အသက် ၆၀ ကျော်မှ ကုသမှု ခံယူသူတွေက ပိုပြီး ဖြစ်နိုင်ချေ များပါတယ်။ သွေးဆုံပြီး ၁၀နှစ် အတွင်း ကုသမှု ခံယူသူ၊ အသက် ၆၀မတိုင်ခင် ကုသမှု ခံယူသူကတော့ ဆိုးကျိုးထက် ကောင်းကျိုးက ပိုများပါတယ်။ဟော်မုန်းအစားထိုး ကုသတယ်ဆိုတာ ရေတိုပဲ အဆင်ပြေပါတယ်။ ရေရှည်ကျရင် ဘေးထွက်ဆိုးကျိုးတွေ များလာပါလိမ့်မယ်။ ဒါကြောင့် အချိန်တိုတိုနဲ့ မြန်မြန်သက်သာလာဖို့ အောက်က စားသောက်နေထိုင်မှု ပြောင်းလဲတာတွေကို တွဲလုပ်ပေးပါ။ ဒီနည်းလမ်းတွက သွေးဆုံးပြီးလို့ ဟော်မုန်း ကုသမှု လုပ်လုပ် မလုပ်လုပ် လိုက်နာသင့်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ဒါမှ သွေးဆုံးကိုင်လက္ခဏာတွေ မြန်မြန် သက်သာလာမှာပါ။ ဒါတွေကတော့။အကြံပြုရရင်တော့ သွေးဆုံးတဲ့ အမျိုးသမီးတိုင်း ဟော်မုန်း အစားထိုး ကုသစရာ မလိုပါဘူး။ သာမန် စားသောက်နေထိုင်မှု ပြောင်းလဲတာနဲ့တင် သက်သာလာကြပါတယ်။ ဟော်မုန်းကုသမှု ခံယူဖို့ တွေးထားရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ကောင်းကျိုး၊ ဆိုးကျိုးကို ချိန်ဆပါ။ ကုသမှု ခံယူတယ်ဆိုရင်လည်း မြန်မြန်သက်သာအောင် အပေါ်က နည်းလမ်းတွေ လိုက်နာပါ။ ဘေးထွက်ဆိုးကျိုးတွေကို စစ်ဆေးဖို့ ဆရာဝန်နဲ့ ရက်ချိန်း မှန်မှန်ပြပါ။ သွေးဆုံးချိန်နဲ့ ဟော်မုန်း အစားထိုး ကုသမှု အကြောင်း သိရှိလောက်ပြီ ထင်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menopause/hormone-replacement-treatment-for-menopause/
အူရောင်ပြီး အူနာ ဗိုက်တင်းနေတဲ့သူတွေ သိထားသင့်တဲ့စားသောက်မှုပုံစံ
အစပ်လေးစားလိုက်တာနဲ့ ဗိုက်ခဏ ခဏအောင့်တယ်၊ ဗိုက်ကြီးကယ်ပြီး တင်းနေတယ်၊ ဝမ်းလျှော ဝမ်းချုပ်တွေဖြစ်နေတတ်အာထရာဆောင်းရိုက်ကြည့်လိုက်တဲ့အခါအူရောင်တဲ့ အဖြေထွက်လာတယ်ဆိုရင် တော့ ခုပြောမယ့် စားသောက်မှုပုံစံကို သိထားဖို့ လိုလာပါပြီ။ အစားအသောက်တွေ ခြေဖျက် အာဟာရ တွေစုပ်ယူနေတာ ဒီ အူလေးတွေပဲ မလား။ သူတို့ကျန်းမာနေရင်သူတို့ အလုပ်လုပ်နေမှန်းတောင် မသိပေမယ့် သူတို့ မကျန်းမာတဲ့အခါ တော်တော်ကြီးကိုမှ ခံရပါတယ်။ ဝမ်းတစ်လုံးကောင်းမှ ခေါင်းမခဲနိုင်မှာလေ။ ဒီတော့ အူနာတဲ့ဝေဒနာခံစားနေရတဲ့သူတိုင်း ဘာတွေရှောင်စားရမလဲ။ အူရောင်ပြီး အူနာ ဗိုက်တင်းနေတဲ့သူတွေ သိထားသင့်တဲ့စားသောက်မှုပုံစံ အကြောင်းလေး ပြောပြပေးချင်ပါတယ်။အူရောင်တယ်ဆိုတာ အူအတွင်းထဲကို ရောဂါပိုးတွေဖြစ်တဲ့ ဗိုင်းရပ်တို့ ဘက်တီးရီးယားတို့ ဝင်ပြီး အူအတွင်းသားနံရံတွေ ရောင်တာကို ဆိုလိုတာပါ။ မသန့်တဲ့ အစားအစာတွေကနေ အများဆုံးဝင်တာဖြစ်ပြီး ဆေးမကုဘဲ သူ့ဘာသာ ပြန်ပျောက်သွားတတ်ပေမယ့် သေချာ အမြစ်မပြတ်တဲ့အခါ ထပ်ခါထပ်ခါပြန်ဖြစ်နေပြီး နာတာရှည်အူရောင်တဲ့ ဝေဒနာတွေ ခံစားရတတ်ပါတယ်။အူရောင်ခြင်းရဲ့ လက္ခဏာတွေကတော့။ဒီအစာအိမ်နဲ့ အူလမ်းကြောင်းဆိုတာ ကိုယ်စားသမျှကို ဒိုင်ခံ ခြေဖျက်ပေးနေတဲ့ အရာဆိုတော့ သူတို့ရောင်နေတဲ့အချိန် စားသင့်တာနဲ့ မစားသင့်တဲ့ အ စားအစာတွေကို ခွဲခြားသိပြီး သေချာလိုက်နာမှ အူလေးတွေ မြန်မြန်ကျန်းမာမှာပါ။အူရောင်တဲ့ ဝေဒနာခံစားနေရတဲ့သူတိုင်း ရှောင်စားသင့်တာတွေက။ခုပြောထားတဲ့ အစားအစာတွေ စားရင် အူနာတာနဲ့ လက္ခဏာတွေ ပိုဆိုးလာမှာဖြစ်တယ်။ ဒါ့ကြောင့် အူနာနေတဲ့ အချိန်အတွင်းမှာ ခုပြောထားတဲ့ အစားအစာတွေကို ခဏ ရှောင်ထားတာပိုကောင်းပါတယ်။နောက်ပြီး အစားစားရင် တစ်ခါတည်း အပြည့်စားတာထက် နည်းနည်းလေးစားပြီး အကြိမ်ရေများများခွဲစားတာပိုကောင်းပါတယ်။ စားတဲ့အစားတွေကလည်း ကိုယ်နဲ့ အဆင်ပြေ အူအတွက်လည်း အဆင်ပြေတဲ့ အစာအစာတွေဖြစ်ဖို့လိုပါသေးတယ်။ကိုယ့်ရဲ့ အူနံရံလေးတွေ ရောင်နေတာဆိုတော့ ရောင်နေတဲ့ အူနံရံထပ်မဆိုးလာစေဖို့ ။ သွားသွားမဆွမိဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် အူရောင်ပြီး အူနာ ဗိုက်တင်းနေတဲ့သူတွေ သိထားသင့်တဲ့စားသောက်မှုပုံစံ ကတော့။နောက်တစ်ခု သတိထားရမှာက ကိုယ့်စားတဲ့ အစားအစာတွေက သန့်ရှင်းဖို့၊ ပူစပ်တဲ့အစားအစာတွေ မဖြစ်ဖို့ပဲ ဖြစ်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/enteritis/
ရေနွေးနွေးလေး သောက်ပေးခြင်း နဲ့ ကျန်းမာရေး
မနက်ခင်းအိပ်ရာကနိုးတဲ့အချိန်ပဲဖြစ်ဖြစ်၊ မနက်ခင်းလေ့ကျင့်ခန်းလုပ်ပြီးရင်ပဲဖြစ်ဖြစ်ရေခဲရေသောက်ရင်ခန္ဓာကိုယ်ထိခိုက်မှာစိုးတယ်ဆိုပြီးရေကျက်အေးနွေးနွေးလေး တစ်ခွက် သောက်တတ်သူလေးတွေ ရှိလား……… ဒါဆိုရင်တော့ သင့်အနေနဲ့ အခုလိုကျန်းမာရေး အကျိုးကျေးဇူးလေးတွေရမှာပါတဲ့နော်။ ရေနွေးနွေးလေး သောက်ပေးခြင်း နဲ့ ကျန်းမာရေး အကြောင်း လေ့လာလိုက်ပါဦး။ရေကျက်အေးဆိုတာက လက်ဖက်ခြောက်ခတ်မထားဘဲ ဆူနေအောင်တည်ထားတဲ့ ရေနွေးပါ။ အဖြူရောင်ရေနွေးပေါ့။ ကော်ဖီ ဖျော်သောက်တဲ့ ရေနွေးမျိုးပါ။မနက်ခင်းမှာ ရေနွေးနွေးလေး တစ်ခွက် သောက်ပေးမယ်ဆိုရင်။မနက်ခင်းအိပ်ရာနိုးနိုးချင်းမှာ ကြွေခွက်လေးထဲကို ရေနွေးလေးထည့် ပြီးရင် ၁၅ မိနစ် ကနေ နာရီဝက်လောက် လေ့ကျင့်ခန်းလုပ်။အကြောတွေဘာတွ လျှော့ပြီးချိန်ဆို ရေနွေးက သောက်လို့ အဆင်ပြေတဲ့ ခပ်နွေးနွေးအခြေအနေပါ။ လေ့ကျင့်ခန်း လုပ်ပြီးချိန်မှ အမောပြေ အနေနဲ့ ဒီရေနွေးနွေးလေးကို သောက်လိုက်ရင် ဖြစ်ဖြစ်၊ မနက်နိုးနိုးချင်းမှာ ရေနွေးလေးကို ခွက်ထဲထည့်ပြီး သောက်မယ်ဆိုရင်ဖြစ်ဖြစ်။အသက်ရှူလမ်းကြောင်းကျန်းမာစေတယ်။ရေနွေးနွေးလေးကနေ ထွက်နေတဲ့ရေနွေးငွေ့လေးကို ရှူရှိုက်ပေးတာကနှာခေါင်းထဲမှာ ပိတ်ဆို့နေတဲ့ ချွဲတွေကို ပျော်စေပြီး အသက်ရှူလမ်းကြောင်းမှာ ခံစားနေရတဲ့နှာစေးတာ၊နှာခေါင်းပိတ်တာလိုမျိုး ပြဿနာတွေကို ကင်းစေမှာပါ။ ရေနွေးသောက်ပေးတာက နှာခေါင်းပိတ်တာကြောင့်ဖြစ်တဲ့ခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်။လည်ချောင်းနာတာအပါအဝင် အသက်ရှူလမ်း​ကြောင်းတလျှောက်မှာ ရှိနေတဲ့ ချွဲတွေကို သန့်စင်စေပြီး အသက်ရှူလမ်းကြောင်းနဲ့လည်ချောင်းအတွင်းက အမြှေးပါးလေးတွေ ရောင်ရမ်းနေတာကို သက်သာစေနိုင်ပါတယ်။အစာခြေစနစ်ကျန်းမာစေနိုင်တယ်။ရေနွေးက အစာခြေစနစ်ရဲ့ စွမ်းဆောင်ရည်ကို ပိုမို ကောင်းမွန်စေပါတယ်။ ရေက အစာခြစနစ်ရဲ့ ချောဆီပါ။ ရေတွေက အစာခြေစနစ်တလျှောက် အူတွေ နဲ့အစာအိမ်ဆီကိုစီးဆင်းပြီး အစာခြေစနစ် နံရံတွေကို ရေဓာတ်ဖြည့်ပေးသလို အညစ်အကြေးတွေကို ရှောရှောရှုရှု ပါသွားစေပါတယ်။ရေနွေးနွေးလေးက အစာချေဖျက်ရခက်နေတဲ့အရာတွေကိုလည်း စွန့်ထုတ်ရလွယ်ကူစေဖို့ အထောက်အကူ ပြုပေးပါသေးတယ်။ အစာမကြေဘူးထင်ရင် ရေနွေးနွေးလေး သောက်ပေးပါ။အာရုံကြောစနစ်ကို ကျန်းမာစေတယ်။ရေနွေးနွေးလေးက ခန္ဓာကိုယ်အတွက် ချောဆီဖြစ်သလို ဗဟိုအာရုံကြောစနစ်ကို ကျန်းမာစေဖို့ အထောက်အပံ့ ပေးနိုင်ပါတယ်။ အာရုံကြောစနစ် ကျန်းမာမှ တစ်ကိုယ်လုံး ကျန်းမာမှာပါ။ နာကျင်တာတာကစလို့တစ်နေ့တာမှာ တက်တက်ကြွကြွ လန်းလန်းဆန်းဆန်းဖြစ်ချင်တယ်ဆိုရင်တေ့ ရေနွေးနွေးလေးတစ်ခွက်သောက်ပေးပါ။အဆစ်နာဝေဒနာရှိသူတွေအနေနဲ့လည်းအဆစ်အမြစ်တွေနာကျင်တာ သက်သာစေဖို့ ရေနွေးနွေးလေး သောက်သုံးပေးလို့ရပါတယ်။ရေဓာတ်ပြည့်ဝစေတယ်။ရေနွေးနွေးလေးကလည်း ပုံမှန်သောက်သုံးနေတဲ့သောက်ရေတွေလိုပဲ ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝစေမှာပါ။ မနက်ခင်းနိုးနိုးချင်းမှာ ရေနွေးနွေးလေး တစ်ခွက်သောက်လို့ တစ်နေ့တာမှာရာသီဥတုအခြေအနေကို လိုက်ပြီး ရေအေး ဒါမှမဟုတ် ရေနွေးကို သောက်လို့ရပါတယ်။ အနည်းဆုံး ရေ ၈ ခွက်တော့ သောက်ရပါမယ်။ ဒါမှ ခန္ဓာကိုယ်က လိုအပ်တဲ့ ရေဓာတ်ကို ပြည့်ဝမှာပါ။ရေဓာတ်ပြည့်ဝမှ ခန္ဓာကိုယ်က အကောင်းဆုံး လှုပ်ရှားနိုင်မှာပါ။ မနက်ခင်းမှာ ရေနွေးနွေးလေး တစ်ခွက်သောက်လို့ ရေဓာတ်ပြည့်ဝစွာနဲ့ တစ်နေ့တာကို စတင်လိုက်ပါ။ကိုယ်အလေးချိန်ထိန်းညှိပေးတယ်။ရေနွေးနွေးလေး သောက်ပေးတာကခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိပေးပါတယ်။ ရေနွေးသောက်တာက ကိုယ်တွင်း အပူချိန်ကို မြှင့်တင်ပေးပြီးဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းမွန်စေနိုင်ပါတယ်။ရေနွေးကအူတွေရဲ့ လှုပ်ရှားမှုကိုကောင်းစေပြီး လေပွစေနိုင်တဲ့အရာတွေကို အထိရောက်ဆုံး ဖယ်ရှားပေးပါတယ်။ ခန္ဓာကိုယ်မှာ ပိုနေတဲ့ရေဝိတ်တွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။သွေးလည်ပတ်မှုကောင်းစေတယ်။ရေနွေးက သွေးကြောတွေကို ကျယ်စေပြီး သွေးစီးဆင်းရောက်ရှိမှု ကောင်းစေဖို့ အထိရောက်ဆုံး ထေက်ပံ့ပေးနိုင်ပါတယ်။သွေးစီးဆင်းမှုကောင်းမွန်ခြင်းကနှလုံးရောဂါနဲ့သွေးတိုးရောဂါတွေ ကင်းစေနိုင်ပါတယ်။ ဒါကြောင့် သွေး​ကြောတွေကျန်းမာပြီး သွေးစီးဆင်းမှု ကောင်းစေဖို့ ရေနွေးနွေးလေး သောက်ပေးပါ။စိတ်ဖိစီးမှုပြေလျော့စေတယ်။ရေနွေးသောက်တာက အပေါ်မှာပြောခဲ့သလို အာရုံကြောစနစ်ရဲ့ လုပ်ငန်းဆောင်တာတွေကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ စိတ်ဖိစီးတာ၊ စိုးရိမ်ပူပန်တာတွေခံစားရမှု နည်းစေနိုင်ပါတယ်။ ဒါကြောင့် စိုးရိမ်စိတ်တွေ တအားများနေပြီဆိုရင် စိတ်တည်ငြိမ်အောင် ရေနွေးနွေးလေး သောက်ပေးလိုက်ပါ။ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်။ချွေးထွက်တဲ့အခါ နေရခက်နိုင်ပေမယ့် ချွေးထွက်သွားပြီးရင်တော့ နေရတာပေါ့သွားတယ်နော်။ ဒါက ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်ဆိုတဲ့ သက်သေပါ။ဒါတွေအပြင် ရေနွေးနွေးလေး သောက်ပေးတာကဝမ်းမှန်စေပြီးနာကျင်ကိုက်ခဲမှုတွေကို သက်သာစေလို့ ညဘက်အိပ်ပျော်စေဖို့လည်း အားဖြည့်ပေးပါသေးတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/benefits-of-drinking-hot-water/
အဆစ်တွေကို ထိခိုက်စေနိုင်တဲ့ နေ့စဉ်အပြုအမူအချို့
အဆစ်တွေမကောင်းတော့ ထိုင်ရထရခက်တယ်၊ လှုပ်ရှားရမလွယ်ဘူး။ စိတ်သွားတိုင်း ကိုယ်မပါဘူး၊ လို့များတွေးနေလား။ လူတစ်ယောက်အကောင်းဆုံးလှုပ်ရှားနိုင်ဖို့ အဆစ်တွေကတော်တော်လေးအရေးပါတာပါ။ ဒီတော့ အရေးပါတဲ့ အစိတ်အပိုင်းလေးတွေဖြစ်တဲ့ အဆစ်လေးတွေကို အမှုမဲ့အမှတ်မဲ့ဖြစ်ဖြစ် မသိလို့ပဲဖြစ်ဖြစ် ထိခိုက်တာမျိုးမဖြစ်စေဖို့ ဒီအချက်လေးတွေကို စမ်းသပ်ကြည့်ရအောင်ပါ။စာရိုက်များတာ– တစ်နေ့တာမှာ စာရိုက်တာအတွက်အချိန်တွေတော်တော်လေးအသုံးပြုနေရပြီလား။ ဒီအလေ့အထကလည်း ကြည့်တော့သာဘာမှမဟုတ်တယ် အဆစ်တွေကိုတော်တော်လေးထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် စာရိုက်တာကိုဖုန်းနဲ့ဖြစ်ဖြစ်ကွန်ပျူတာမှာဖြစ်ဖြစ် တရစပ်ရိုက်နေတာမျိုးမလုပ်ပါနဲ့။ အနားပေးပါ။ သက်တောင့်သက်သာအနေအထားမှန်မှန်နဲ့ စာရိုက်ဖို့မမေ့ပါနဲ့။အထိုင်များတဲ့ ဘဝနေထိုင်မှုပုံစံ-ကိုယ်လက်လှုပ်ရှားမှုနည်းပြီး အထိုင်များတဲ့ ဘဝနေထိုင်မှုပုံစံကလည်း အဆစ်တွေကို ထိခိုက်စေနိုင်တဲ့အချက်တစ်ခုပါ။ ဒါကြောင့်နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးတာမျိုး၊လမ်းလျှောက်တာမျိုးလေးတွေ အခါသင့်သလိုလုပ်ပေးပါ။ တစ်ချိန်လုံး ထိုင်မနေပါနဲ့။တစ်ခုခုကို အချိန်ကြာရှည်စွာလုပ်တာ– ထိုင်ရင်းဖြစ်ဖြစ် မတ်တတ်ရပ်ရင်းဖြစ်ဖြစ် အလုပ်တစ်ခုခုကိုအချိန်ကြာမြင့်စွာလုပ်တာကလည်း အဆစ်တွေကို ထိခိုက်စေနိုင်ပါတယ်။ ကွန်ပျူတာကိုအချိန်အကြာကြီးကြည့်နေတာ။ ဖုန်းအကြာကြီးသုံးတာလည်းလည်ပင်း၊ လက်နဲ့ခန္ဓါကိုယ်က အဆစ်တော်တော်များများကို ထိခိုက်စေနိုင်ပါတယ်။ပစ္စည်းအလေးကြီးတွေသယ်တာ– အိမ်မှာဖြစ်ဖြစ်၊ ရုံးမှာဖြစ်ဖြစ်ပစ္စည်းအလေးအပင်တွေမတာမျိုး မလုပ်မိဖို့သတိထားပါ။ တစ်ယောက်တည်းမနိုင်ရင် တစ်ယောက်ယောက်ကို အကူအညီတောင်းပြီး အတူတူမတာမျိုးလုပ်ပါ။ ဒီလိုမနိုင်ဝန်ထမ်းတာက အဆစ်တွေအပေါ်မှာ ဒဏ်ပိစေနိုင်တာကြောင့်ပါ။မပျင်းပါနဲ့– လှုပ်ရမှာပျင်းတယ်ဆိုပြီး တစ်ပုံစံတည်းမှာ အကြာကြီးနေတာကအဆစ်တွေကို ဝန်ပိစေနိုင်ပါတယ်။ ကြွက်သားတွေ၊ အရွတ်တွေနဲ့ အရိုးနုတွေကို ထိခိုက်စေနိုင်ပြီး ကြွက်သားတွေဆီသွေးစီးဆင်းရောက်ရှိမှုနည်းစေနိုင်ပါတယ်။ ဒါကြောင့် ပျင်းမနေဘဲခြေတွေလက်တွေကို အကြောလျှော့ပါ။ ဆန့်ပါ။ ၁၅ မိနစ်တစ်ကြိမ် ခန္ဓါကိုယ်အနေအထားကိုပြောင်းပေးပါ။အရမ်းလေးတဲ့အိတ်တွေမသယ်ပါနဲ့– အိတ်တွေထဲမှာ လိုအပ်တဲ့ပစ္စည်းကလွဲလို့ ဝန်ပိုမတင်ပါနဲ့။ အရမ်းလေးတဲ့ အိတ်တွေကို သယ်တာက ခန္ဓါကိုယ် အနေအထားကိုထိခိုက်စေနိုင်သလို အဆစ်တွေအပေါ်မှာ ဖိအားတွေသက်ရောက်စေနိုင်ပါတယ်။ ပခုံးဆစ်တွေနဲ့ လည်ပင်းတဝိုက်က ကြွက်သားတွေကို ထိခိုက်စေနိုင်ပါတယ်။ဗီတာမင် D နဲ့ ကယ်လ်ဆီယမ်မလုံလောက်တာ– အရိုးအဆစ်တွေသန်မာဖို့ဗီတာမင် Dနဲ့ကယ်လ်ဆီယမ်က မဖြစ်မနေလိုအပ်ပါတယ်။ ကိုယ်ွင်းမျာ ဒီဓါတ်တွေနည်းနေမယ်ဆိုရင် အရိုးတွေကြွက်သားတွေမှာ ပြဿနာဖြစ်လာနိုင်ပါတယ်။နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ဗီတာမင် D နဲ့ ကယ်လ်ဆီယမ်ပါအောင်စားသုံးပေးပါ။လုံလောက်တဲ့အိပ်စက်ချိန်မရှိခြင်း– ညဘက်မှာကောင်းကောင်းအိပ်ပျော်ရင် လန်းဆန်းတက်ကြွနေတယ်ဟုတ်။ လူတစ်ယောက်အတွက်ပြည့်ဝတဲ့ အိပ်စက်ချိန်ကတော်တော်လေးအရေးပါပါတယ်။ ဒါကြောင့် ညစဉ်အနည်းဆုံး ၇ နာရီအိပ်စက်ပြီး အဆစ်တွေကို ကာကွယ်ပေးပါ။ပုံမှန်ကိုယ်အလေးချိန်ထိန်းပေးပါ-ကိုယ်အလေးချိန်များလာရင် အဆစ်တွေက ဝန်ပိုထမ်းရပြီး အလိုလိုကိုနာလာတာပါ။ ဒါကြောင့် ပုံမှန်လေ့ကျင့်ခန်းလေးလုပ်၊ သင့်တင့်မျှတတဲ့ စားသောက်မှုပုံစံကို ထိန်းပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးပါ။ဆေးလိပ်သောက်တာ-ဆေးလိပ်သောက်နေရင်ဖြတ်ဖို့ပြောပါရစေ။ဆေးလိပ်သောက်တာက အဆစ်တွေအပါအဝင် ခန္ဓါကိုယ်အစိတ်အပိုင်းတော်တော်များများကို ထိခိုက်စေနိုင်ပါတယ်။နီကိုတင်းကသွေးကြောတွေကို ကျဉ်းမြောင်းစေပြီး အဆစ်တွေဆီသွေးစီးဆင်းရောက်ရှိမှုနည်းစေနိုင်ပါတယ်။ဒီအချက်တွေကို လုပ်မိနေရင်လည်း အခုကစလို့ ဆင်ခြင်နေထိုင်ပြီး အဆစ်တွေကို ထိန်းသိမ်းပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/%e1%80%a1%e1%80%86%e1%80%85%e1%80%b9%e1%80%b1%e1%80%90%e1%80%bc%e1%80%80%e1%80%ad%e1%80%af-%e1%80%91%e1%80%ad%e1%80%81%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%b1%e1%80%85%e1%82%8f%e1%80%ad%e1%80%af/
ကိုယ့်အူလေးတွေ ကျန်းမာစေချင်ရင် ဒါတွေလိုက်နာပါ။
။ ကိုယ်စားလိုက်သမျှ အစားအစာတွေကိုခြေရတယ်၊အာဟာရတွေ စုပ်ယူရတယ်၊ အညစ်အကြေးတွေကို စွန့်ထုတ်ရတယ်၊အကျိုးပြု ဘက်တီးရီးယားနဲ့ မကောင်းတဲ့ ဘက်တီးရီးယားတွေ မျှတအောင်ထိန်းပြီး ခုခံအားစနစ်အတွက်လည်း ပါရသေးတာဆိုတော့ ကိုယ်တွေရဲ့ အစာခြေစနစ်လောက်အလုပ်များပြီး အရေးကြီးတာ မရှိပါဘူး။ သူတို့သာ တစ်ခုခုဖြစ်လို့ကတော့ ဝမ်းလျှောလိုက်၊ ဗိုက်အောင့်လေအော့င်လိုက်နဲ့ နေထိုင်ရတာ သက်သာတော့မှာ မဟုတ်ပါဘူး။ ဝမ်းတစ်လုံးကောင်းမှ ကျန်းမာရေးဒေါင်ဒေါင်မြည်မှာ သေချာတာကြောင့် အရေးကြီးတဲ့ အူလမ်းကြောင်းကျန်းမာရေးကို ဘယ်လိုထိန်းကြမလဲ ။ ။စိတ်ဖိစီးမှုများရင် ကျန်းမာရေးထိခိုက်တယ်ဆိုတာ အားလုံသိကြမှာပါ။ ကျန်းမာရေးဆိုမှတော့ စိတ်ရဲ့ ကြေးမုံပြင်လို့ တင်စားထားကြတဲ့ အူတွေဆို ပိုဆိုးတာပေါ့။ ဒီတောံ့ အူလေးတွေ ကျန်းမာဖို့နဲ့ ကိုယ်ခန္ဓါကျန်းမာရေးကောင်းဖို့ အတွက် စိတ်ချမ်းသာဖို့ လိုအပ်တာပေါ့။တရားထိုင်ပါ။ သူငယ်ချင်းတွေ မိသားစုတွေကို အချိန်ပေးပြီး ဖြစ်နေတဲ့စိတ်ဖိစီးမှုတွေကို ရင်ဖွင့်ပါ။အိပ်ချိန်ဆိုတာ ကိုယ်တွင်းကအူလမ်းကြောင်းတွေနဲ့ အခြား ကိုယ်ခန္ဓါက စနစ်တွေ အနားယူတဲအချိန်ပါ။ ဒါကို အိပ်ချိန် ပြည့်ဝအောင် မအိပ်တဲ့အခါ ကိုယ်တွင်းက ဟော်မုန်းတွေ ကမောက်ကမ ဖြစ်မယ့်အပြင်အစာအိမ်နဲ့ အူလမ်းကြောင်းလည်း ကောင်းကောင်း အနားမရတာကြောင့် တစ်နေ့ကို အိပ်ချိန်ပုံမှန် ၇နာရီကနေ ၉ နာရီ ရှိဖို့လိုအပ်ပါတယ်။အစားကို ဖြည်းဖြည်းဝါးစားတဲ့အခါ အစာကြေညက်ပြီးအာဟာရစုပ်ယူရလွယ်ကူတာကြောင့်အစာအိမ်နဲ့ အူလမ်းကြောင်းကို ကူညီပြီးသားဖြစ်မှာပါ။ အစာခြေစနစ်ရဲ့ အစဟာ ဒီ သွားနဲံခံတွင်းကပဲ စတာမလား။ရေများများသောက်ြခင်းဟာ အူလှုပ်ရှားမှု ကောင်းအောင် အားပေးတဲ့အပြင် မကောင်းတဲ့ အညစ်အကြေးတွေကိုပါသန့်စင်စေတာကြောင့် တစ်နေ့ကို ရေ ၃ ပုလင်းလောက် သောက်ပေးဖို့ လိုအပ်ပါတယ်။အကျိုးပြုဘက်တီးရီးယား( probiotics) နဲ့အကျိုးပြု ဘက်တီးရီးယား အာဟာရ( prebiotics) တို့ဟာ ကျန်းမာတဲ့ အူလမ်းကြောင်းတစ်ခု ပိုင်ဆိုင်ဖို့အတွက် အရေးပါတဲ့ အရာတွေဖြစ်ပါတယ်။ အူလမ်းကြောင်းထဲက အကျိုးပြု ဘက်တီးရီးယားတွေဆိုတာခုခံအားစနစ်ရဲ့ နယ်ခြားစောင့်တပ်သားတွေ မဟုတ်လား။ သူတို့များလေလေ သူတို့ အတွက် အာဟာရ များများရလေလေအူလမ်းကြောင်းနဲ့ ခုခံအားစနစ်ပိုကောင်းလေလေပါပဲ။တစ်ခုခုစားလိုက်မိပြီး ဗိုက်နာလေထိုး၊ဝမ်းလျှောပျို့အန်တာတာတွေအစာခြေရည်ပြန်ဆန်တက်တာမျိုးတွေဟာ ကိုယ်နဲ့ မတည့်တာတွေစားမိတာကြောင့် အူလမ်းကြောင်းက ပြန်ပြီး တုန့်ပြန်တာတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘာတွေစားပြီးရင် ဘယ်လိုတော့ဖြစ်တယ်ဆိုတာမျိုးတွေ သေချာမှတ်ထားပြီးကိုယ်နဲ့ မတည့်တာတွေကိ ုစာရင်းပြုစုထားဖို့လိုပါတယ်။တာရှည်ခံ အစားအစာတွေ၊ အချိုကဲတဲ့ အစားအစာတွေနဲ့ အဆီများတဲ့ အစားအစာတွေက အူလမ်းကြောင်းကျန်းမာရေးကို ထိခိုက်စေပါတယ်။ တာရှည်ခံ အစားအစာတွေမှာ ပါတဲ့ ဓါတုပစ္စည်းတွေက အူလမ်းကြောင်းကို ထိခိုက်စေသလိုသကြားစားများခြင်းက မကောင်းတဲ့ ဘက်တီးရီးယားကို အားပေးသလိုဖြစ်တဲ့အပြင် အဆီများတဲ့ အစားအစာတွေကို ခြေဖျက်စုပ်ယူရ ခက်တာကြောင့် ဒီအစားအသောက်တွေက အူကိုထိခိုက်စေနိုင်တဲ့ အစားအသောက်တွေပါ။တစ်နေ့တစ်နေ့ ဒီ အူလမ်းကြောင်းထဲကို အစားအစာတွေကပဲ ရောက်တာမလား။ ဒီတော့ ကိုယ်စားလိုက်တဲ့ အစားအစာတွေက အူလမ်းကြောင်းကို အားဖြစ်စေဖို့ ကျန်းမာစေဖို့ အရေးကြီးတာပေါ့။ ဘာတွေစားပေးရမလဲ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b7%e1%80%b9%e1%80%a1%e1%80%b0%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc-%e1%80%80%e1%80%ba%e1%80%94%e1%80%b9%e1%80%b8%e1%80%99%e1%80%ac%e1%80%b1/
အဖြစ်များတဲ့ နား၊ နှာခေါင်း၊ လည်ချောင်း ပြဿနာတွေက ဘာများလဲ
အဖြစ်များတဲ့ နား၊ နှာခေါင်း၊ လည်ချောင်း ပြဿနာတွေက ဘာများလဲ …..နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါတွေက အများကြီးရှိပြီး ခံစားရတဲ့ လက္ခဏာတွေလည်း တစ်ခုနဲ့ တစ်ခု မတူကြပါဘူး။ ဒီထဲကမှ အဖြစ်များပြီး တွေ့ရလေ့ရှိတဲ့ ရောဂါတွေကို ပြောပြပေးသွားပါ့မယ်။ ဒါမှ ဘယ်ရောဂါဆို ဘယ်ဆရာဝန်ဆီ သွားရမလဲဆိုတာ ကွဲကွဲပြားပြား သိမှာပါ။အဖြစ်များတဲ့ နား၊ နှာခေါင်း၊ လည်ချောင်း ပြဿနာတွေက။နားပြဿနာတွေထဲမှာတော့ ကလေး၊ လူကြီး အရွယ်စုံမှာတွေ့ရတဲ့ ပြဿနာတစ်ခုပါ။ နားထဲမှာရှိတဲ့ Eustachian tubeလို့ ခေါ်တဲ့ ပြွန်လေးက ပါးစပ်အနောက်ဘက် လည်ချောင်းထဲမှာ လာပွင့်ပါတယ်။ ဒါကြောင့် တော်ရုံဆို ရောဂါပိုးမွှားတွေက လည်ချောင်းကနေတဆင့် အပြင်ကို ပြန်ရောက်သွားပါတယ်။ ဒါပေမယ့် ဒီပြွန်လေးက သေးလွန်းရင်ဖြစ်ဖြစ်၊ အရည်၊ အချွဲတွေနဲ့ ပိတ်ရင် ဖြစ်ဖြစ် ရောဂါပိုးတွေက အပြင်ကို မထွက်နိုင်ဘဲ အထဲမှာ အောင်းပြီး နားပြည်ယိုတာ ဖြစ်တတ်ပါတယ်။နားအတွင်းပိုင်း ဒါမှမဟုတ် အကြားအာရုံကြော ပျက်စီးသွားလို့ဆိုရင်တော့ ရာသက်ပန် နားမကြားနိုင်တော့ပါဘူး။ နားထဲမှာ တစ်ခုခုနဲ့ ပိတ်နေတာ (ဥပမာ အရည်၊ နားဖာချေး) ဒါမှမဟုတ် နားစည်ပေါက်သွားလို့ဆိုရင်တော့ သေချာ ကုသလိုက်ရင် အသံပြန်ကြားနိုင်ပါသေးတယ်။တစ်ခါတလေ ခေါင်းမူးတာက သာမန်အခြေအနေနဲ့ မတူဘဲ ချာချာလည်အောင် မူးနေတာမျိုး ကြုံရတတ်ပါတယ်။ မူးလွန်းလို့ မတ်မတ်တောင် မရပ်နိုင်ဘဲ ဟန်ချက်ထိန်းဖို့တောင် ခက်တဲ့ အခြေအနေပေါ့။ ဒါကို vertigoလို့ ခေါ်ပါတယ်။  မူးတာအပြင် နားအူတာ၊ အမြင်အာရုံထိခိုက်တာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။ကလေးတွေမှာ အဖြစ်များပါတယ်။ ဆော့ရင်း ပြုရင်း ပဲစေ့လေးတွေ ဝင်သွားလိုက်၊ ဓာတ်ခဲလေးတွေ ဝင်သွားလိုက်ဖြစ်တတ်ပါတယ်။ ဒါဆိုရင်တော့ ကိုယ့်ဟာကိုယ် ထုတ်ဖို့ မကြိုးစားဘဲ နား၊နှာခေါင်း၊ လည်ချောင်း အထူးကုဆီ ခေါ်သွားလိုက်တာက ပိုပြီး အန္တရာယ်ကင်းကင်းနဲ့ ပြန်ထုတ်နိုင်ပါလိမ့်မယ်။နှာခေါင်း အသားပိုကစလို့ ကင်ဆာအကျိတ်မျိုးတွေအထိ ဖြစ်နိုင်ပါတယ်။နှာခေါင်းပတ်လည်မှာ လေအိတ်လေး ၄စုံရှိပါတယ်။ ဒီလေအိတ်လေးတွေထဲကို ပိုးဝင်သွားတဲ့အခါ ထိပ်ကပ်နာဆိုတာ ဖြစ်လာပါတယ်။ နှာပုပ်ရည်တွေ ကျပြီး နှခေါင်းနဲ့ မျက်လုံးနားက အရိုးလေးတွေ တင်းပြီး နာနေတတ်ပါတယ်။ များသောအားဖြင့် အအေးမိတာက စပြီး ဖြစ်တတ်ပါတယ်။ ၁၂ပတ်ကျော်ရကင်တော့ နာတာရှည် ထိပ်ကပ်နာလို့ သတ်မှတ်ပါတယ်။အနံ့မရတဲ့သူက အရသာပါ လိုက်ပျောက်တတ်ပါတယ်။ ဗိုင်းရပ်စ်ပိုးဝင်ပြီး နောက်ဆက်တွဲ အနေနဲ့အနံ့ပျောက်တာ (ဥပမာ ကိုဗစ်၊ တုပ်ကွေး) ဖြစ်နိုင်သလို ဦးခေါင်းထိခိုက်မိတာ၊ စွဲသောက်နေတဲ့ ဆေးတွေကြောင့်မရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အကြောင်းရင်းပေါ်မူတည်ပြီး ကုသမှုပေးရပါတယ်။အသံထွက်ဖို့အတွက် အသံကြိုးတွေ၊ ဘေးနားက ကြွက်သားတွေ ကောင်းနေရပါတယ်။ ဒီအစိတ်အပိုင်းလေးတွေ ထိခိုက်ဒဏ်ရာရရင်ပဲ ဖြစ်ဖြစ်၊ ရောဂါတစ်ခုခုဖြစ်ရင်ပဲ ဖြစ်ဖြစ် အသံထွက်ဖို့ ခက်ခဲသွားနိုင်ပါတယ်။ ဥပမာ ကင်ဆာတို့၊ အသံကြိုးမှာ အကျိတ်ဖြစ်တာတို့၊ အသက်ကြီးလို့ အသံအက်တာတို့ အဖြစ်များပါတယ်။အဓိက လက္ခဏာကတော့ အိပ်နေရင် ဟောက်တာအပြင် စက္ကန့်ပိုင်းလောက် အသက်ရှူရပ်ရပ်သွားတာပါ။ အဝလွန်တဲ့သူတွေ၊ အာသီးကြီးပြီး လည်ချောင်းမှာ လာတစ်နေတဲ့သူတွေ၊ အိပ်ဆေးတွေ သောက်အိပ်တဲ့သူတွေမှာ ပိုတွေ့ရပါတယ်။ရောဂါတစ်ခုဖြစ်လာရင် ဘယ်အထူးကုနဲ့ ပြရမလဲဆိုတာ သာမန်လူတွေအနေနဲ့ သိဖို့ ခက်ပါတယ်။ ဒါကြောင့် ဟိုလိုလို ဒီလိုလိုနဲ့ မလိုအပ်ဘဲ အချိန်တွေ ကြန့်ကြာနေတာပေါ့။ ဒီရောဂါတွေ ဖြစ်လာမယ်ဆိုရင်တော့ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆီကိုသာ တန်းတန်းမတ်မတ်သွားပါလို့ အကြံပြုချင်ပါတယ်။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/common-ent-disorders/
ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးအတွက် ပေါင်းစားသင့်တဲ့ အသီး အတွဲအစပ်
အသီး စားတယ်ဆိုရင် ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာ လူတိုင်းသိပြီး ကြဖြစ်မှာပါ။ ဘယ် အသီး မဆို ကျန်းမာရေးနဲ့ အကုန်ညီညွတ်ပါတယ်။ ဒီလို ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတဲ့ အသီး တွေကို တစ်မျိုးတည်း မစားဘဲ ပေါင်းစားရင် ကျန်းမာရေးအတွက် ပိုပြီးကောင်းသွားတယ်ဆိုတာ သင်သိပါသလား။ ကဲ ဘယ်လို အသီး အတွဲ အစပ်တွေက သင့်အတွက် ပို အကျိုးရှိစေလဲဆိုတာ ကြည့်ရအောင်။ခဏခဏ နေမကောင်းဖြစ်ပြီး တရှောင်ရှောင်ဖြစ်နေပြီလား။ ဒါဆိုရင်တော့ ဒီ အတွဲအစပ်လေးဖြစ်တဲ့ ဂရိတ်ဖရု + ကီဝီသီး + စတော်ဘယ်ရီသီး တို့ကို ပေါင်းစားလိုက်ပါ။ဓာတ်တိုးဆန့်ကျင်ပေးတဲ့အုပ်စု ဆိုတော့ ကိုယ်တွင်း မကောင်းတဲ့ ဓာတုပစ္စည်းတွေကို တိုက်ထုတ်ပေးမယ်ဆိုတာကိုတော့ ပြောစရာ မလိုပါဘူး။ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးဖို့ဆို ဒီအစားအသောက်တွေလောက်ကောင်းတဲ့ အရာမရှိပါဘူး။ကိုယ်အလေးချိန်လည်း မတက်ချင်ဘူး၊ ဗိုက်လည်း အဆာမခံနိုင်ဘူးဆိုတဲ့ လူတွေ ဒီ အသီးအတွဲအစပ်ကို မမေ့သင့်ဘူးနော်။ဒါတွေကတော့အသီးတွေကို ဘယ်လိုတွဲဖက်စားလိုက်ရင် ကောင်းကျိုးတွေ ဘယ်လိုရှိလဲဆိုတဲ့ အကြောင်းလေးတွေပါ။ တစ်လုံးတည်း စားတာထက်စာရင် ပေါင်းစားတော့ အသစ်အဆန်းလေးလည်းဖြစ်တာပေါ့နော်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/combo-fruit/
ကလေးတွေမှာတွေ့ရတတ်တဲ့ နို့သကြားဓါတ် မစုပ်ယူနိုင်ခြင်း( Lactose Intolerance) ဆိုတာဘာလဲ ။ ။
မိခင်တော်တော်များများ ဖြစ်ဖူးပြီး စိုးရိမ်ကြတဲ့ ကိစ္စတစ်ခုရှိပါတယ်။နို့တိုက်လိုက်တိုင်း ( ဒါမှမဟုတ်)နို့ထွက် ပစ္စည်းတွေ စားပြီးတိုင်း ကလေးကဝမ်းတွေလျှောနေတဲ့ ကိစ္စပေါ့။ တစ်ခြား ယင်နားစာမျိုးတွေလည်း စားတာမဟုတ်၊ မိခင်ကိုယ်တိုင်ကလည်းတစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက်နေပါရက်နဲ့ ကလေးက ဘာကြောင့် ဝမ်းတွေလျှောရတာလဲ။ ဒါတွေရဲ့ အများဆုံး ဖြစ်နိုင်တဲ့ တရားခံကတော့lactose intoleranceပါ။ ။နို့ထဲမှာပါတဲ့ သကြားဓါတ်ကို ကိုယ်ခန္ဓါက စုပ်ယူဖို့အတွက် Lactose အင်ဇိုင်း လို့ ခေါ်တဲ့ ဓါတ်တစ်မျိုးရှိရပါမယ်။ lactose intolerance ဆိုတာ Lactose ဓါတ်လုံလောက်စွာ မရှိတာကြောင့် နို့်ထဲမှာ ပါတဲ့ သကြားဓါတ်ကို ကလေးရဲ့အစာအိမ်ကကောင်းကောင် းမချေဖျက်နိုင်တာဖြစ်ပါတယ်။ နို့သကြားဓါတ်ကို မစုပ်ယူနိုင်တဲ့ ရောဂါလို့လည်းခေါ်ကြပါတယ်။ကလေးကို နို့တိုက်လိုက်ပြီး မိနစ် ၃၀ အတွင်းမှာတင် အောက်မှာပြောထားတဲ့ လက္ခဏာတွေ ခံစားရတတ်ပါတယ်။ကလေးကို ၂ပတ်လောက်မိခင်နို့မတိုက်ဘဲထားလိုက်ပြီးLactose Intoleranceရဲ့ လက္ခဏာတွေ ပျောက်သွားမလားကြည့်ပါ။ ကလေးခံစားနေရတဲ့ ဝေဒနာတွေ ပျောက်သွားပြီးဆိုရင် ကလေးခံစားနေရတာLactose Intolerance ရောဂါဖြစ်နိုင်ပါတယ်။ ပြောထားတဲ့ လက္ခဏာတွေ ပျောက်သွားပြီဆိုရင် မိခင်နို့ဖြစ်ဖြစ်၊ lactose ပါတဲ့နို့မှုန့်ဖြစ်ဖြစ် ကလေးကို ပြန်တိုက်ကြည့်ပါ။ တိုက်ပြီးပြီးချင်းLactose Intoleranceရဲ့ လက္ခဏာတွေ ပြန်ဖြစ်လာပြီဆိုရင်တော့ သေချာသွားပါပြီ။ သင့်ကလေးမှာLactoseအင်ဇိုင်းချို့တဲ့နေပါပြီ။ ။နို့စို့ကလေးတွေကို မိခင်နို့အစား lactose မပါတဲ့ နို့မှုန့်တွေ ပြောင်းတိုက်ပါ။ ဖြည့်စွက်စာစားတဲ့ အရွယ်ကလေးကိုဆို နို့နဲ့ နို့ထွက်ပစ္စည်းတွေ မပါတဲ့ အစားအသောက်တွေ ပြင်ဆင်ပေးပါ။ နို့သောက်ခြင်းဟာ အရိုးကို ပိုသန်မာစေတယ်ဆိုပေမယ့် နို့မသောက်ဘဲနဲ့လည်း အရိုးသန်မာအောင်ဗီတာမင် Dနဲ့ကယ်လ်ဆီယမ်ဓါတ်တွေကြွယ်ဝတဲ့ အရိုးပြုတ်ဟင်းရည်တွေ သောက်ပေးလို့ရပါတယ်။Lactose Intoleranceဝေဒနာခံစားနေပြီဆိုတာ သေချာစေဖို့အတွက် ဆရာဝန်ဆီမှာ သွားစမ်းသပ်ဖို့ အရေးကြီးသလို ရှောင်သင့် ဆောင်သင့်တဲ့အချက်တွေကိုလည်း ဆရာဝန်ကသာ အကောင်းဆုံးအကြံပေးနိုင်မှာပါ။ ဒါကြောင့် ဖြစ်ဖြစ်ချင်း ဆရာဝန်ဆီသွားကသာ အကောင်းဆုံးပါ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/digestive-problems/lactose-intolerance-in-kids/
သံဓာတ်ကြွယ်ဝသော အစားအစာများ
သံဓာတ်ဟာ အရေးကြီးတဲ့လုပ်ငန်းတာဝန်များကို ထမ်းဆောင်ပေးတဲ့သတ္တုဓာတ်တစ်မျိုးဖြစ်ပါတယ်။ သွေးနီဥရဲ့ တစိတ်တပိုင်းအနေနဲ့ ပါဝင်ပြီး ကိုယ်ခန္ဓာတစ်လျှောက်ကို အောက်ဆီဂျင်သယ်ယူပို့ဆောင်ပေးနေခြင်းလည်း ပါဝင်ပါတယ်။အစားအစာများကနေ အာဟာရဓာတ်အနေနဲ့ ရယူနိုင်ပြီး တစ်နေ့တာလိုအပ်ချက်ကတော့ ၁၈ မီလီဂရမ် ဖြစ်ပါတယ်။ သံဓာတ်နည်းပါးတဲ့အခါ မောပန်းလွယ်ခြင်း၊ သွေးအားနည်းခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ သံဓာတ်ကြွယ်ဝတဲ့ အစားအစာများအကြောင်း ဖြစ်ပါတယ်။ခရု၊ ကမာ၊ ဂုံး၊ ယောက်သွား စတဲ့ အခွံမာရေသတ္တဝါများဟာ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဂုံးကောင် ၁၀၀ ဂရမ်မှာ သံဓာတ် ၃ မီလီဂရမ် ပါဝင်ပါတယ်။ ဒါဟာ တစ်နေ့တာလိုအပ်ချက်ရဲ့ ၁၇% ဖြစ်ပါတယ်။ဟင်းနုနွယ်အစိမ်း ၁၀၀ ဂရမ်မှာ သံဓာတ် ၂.၇ မီလီဂရမ်ပါဝင်ပြီး တစ်နေ့တာလိုအပ်ချက်ရဲ့ ၁၅% ဖြစ်ပါတယ်။ ဒါ့အပြင် ဟင်းနုနွယ်မှာ carotenoid လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်ပါတယ်။ ဗီတာမင်စီလည်း ကြွယ်ဝပြီး ကိုယ်ခန္ဓာကနေ သံဓာတ်စုပ်ယူမှုမှာ ပါဝင်ကူညီပါတယ်။ကလီစာများဟာ အာဟာရဓာတ်ပြည့်ဝတဲ့ စားစရာတွေပဲ ဖြစ်ပါတယ်။ အသည်း၊ ကျောက်ကပ်၊ ဦးနှောက်၊ နှလုံး စတဲ့အသားများမှာ သံဓာတ်ကြွယ်ဝပါတယ်။ ဥပမာ အမဲသားအသည်း ၁၀၀ ဂရမ်မှာ သံဓာတ် ၆.၅ မီလီဂရမ်ပါဝင်ပြီး တစ်နေ့တာလိုအပ်ချက်ရဲ့ ၃၆% ဖြစ်ပါတယ်။ပဲကြီး၊ ပဲနီလေး၊ ကုလားပဲ၊ စားတော်ပဲ စတဲ့ပဲအမျိုးမျိုးဟာ သံဓာတ်ကြွယ်ဝပြီး သက်သတ်လွတ် စားတတ်သူတွေအတွက် အသုံးဝင်ပါတယ်။ ချက်ပြုတ်ပြီး ပဲနီကလေးတခွက် (၁၉၈ ဂရမ်) မှာ သံဓာတ် ၆.၆ မီလီဂရမ်ပါဝင်ပြီး တစ်နေ့တာလိုအပ်ချက်ရဲ့ ၃၇% ဖြစ်ပါတယ်။ ပဲအမျိုးမျိုးကနေ သံဓာတ်စုပ်ယူမှုပိုကောင်းစေဖို့ ဗီတာမင်စီကြွယ်ဝတဲ့ ခရမ်းချဉ်သီး၊ သံပုရာသီး စတာတွေနဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။အနီရောင်ရှိတဲ့ အသားများမှာ သံဓာတ်အပါအဝင် အာဟာရဓာတ်များစွာ ကြွယ်ဝပါတယ်။ အမဲသား ၁၀၀ ဂရမ်မှာ သံဓာတ် ၂.၇ မီလီဂရမ်ပါဝင်ပြီး တနေ့တာလိုအပ်ချက်ရဲ့ ၁၅% ဖြစ်ပါတယ်။ သုတေသီတွေရဲ့ တွေ့ရှိချက်အရ အသားငါး၊ ကြက်၊ ဘဲ စသဖြင့် ပုံမှန်စားသုံးသူများဟာ သံဓာတ်ချို့တဲ့ခြင်း သိပ်မဖြစ်တတ်ကြောင်း သိရပါတယ်။ ဒါ့အပြင် အသားများမှာ ပရိုတိန်း၊ ဇင့်၊ ဆီလီနီယမ် စတာတွေ ပါဝင်ပါတယ်။ဖရုံစေ့ဟာ အာဟာရကြွယ်ဝတဲ့ သွားရေစာတမျိုးဖြစ်ပြီး ဖရုံစေ့ တစ်အောင်စ (၂၈ ဂရမ်) မှာ သံဓာတ် ၂.၅ ဂရမ်ပါဝင်ပါတယ်။ ဒါဟာ တစ်နေ့တာလိုအပ်ချက်ရဲ့ ၁၄% ဖြစ်ပါတယ်။ ဒါ့အပြင် ဗီတာမင်ကေ၊ ဇင့်၊ မန်ဂနိစ် စတာတွေလည်း ပါဝင်ပါတယ်။ကြက်ဆင်သားမှာ အနက်နဲ့ အဖြူဆိုပြီး ရှိပါတယ်။ ကြက်ဆင်သားအနက် ၁၀၀ ဂရမ်မှာ သံဓာတ် ၁.၄ မီလီဂရမ်ပါဝင်ပြီး တစ်နေ့တာ လိုအပ်ချက်ရဲ့ ၈% ဖြစ်ပါတယ်။ ကြက်ဆင်သားအဖြူမှာတော့ ဝ.၇ မီလီဂရမ် ပါဝင်ပါတယ်။ ပရိုတိန်းလည်း ကြွယ်ဝပါတယ်။ပန်းပွင့်စိမ်းတစ်ခွက် (၁၅၆ မီလီဂရမ်) မှာ သံဓာတ် ၁ မီလီဂရမ်ပါဝင်ပြီး တစ်နေ့တာလိုအပ်ချက်ရဲ့ ၆% ဖြစ်ပါတယ်။ ဒါ့အပြင် ဗီတာမင် စီ တစ်နေ့တာလိုအပ်ချက်ရဲ့ ၁၁၂% ပါဝင်လို့ ကိုယ်ခန္ဓာကနေ သံဓာတ်ကို ပိုမိုစုပ်ယူနိုင်စေပါတယ်။တို့ဟူးကို ပဲပိစပ်ကနေထုတ်လုပ်ထားပြီး အသီးအရွက်စားသုံးသူတွေအနေနဲ့ နှစ်ခြိုက်စွာ စားသုံးလေ့ရှိပါတယ်။ တိုဖူး ၁၂၆ ဂရမ်မှာ သံဓာတ် ၃.၄ မီလီဂရမ်ပါဝင်ပြီး တစ်နေ့တာလိုအပ်ချက်ရဲ့ ၁၉% ဖြစ်ပါတယ်။ တို့ဟူးဟာ နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုပြီး အမျိုးသမီးများ သွေးဆုံးချိန်ဖြစ်တတ်တဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။အနက်ရောင် ချောကလက် တစ်အောင်စ (၂၈ ဂရမ်) မှာ သံဓာတ် ၃.၄ မီလီဂရမ်ပါဝင်ပြီး တစ်နေ့တာလိုအပ်ချက်ရဲ့ ၁၉% ဖြစ်ပါတယ်။ အမျှင်ဓာတ်လည်း ကြွယ်ဝပြီး အူလမ်းကြောင်းမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားတွေအတွက် အားဖြည့်ပေးပါတယ်။ငါးအမျိုးမျိုးဟာ အာဟာရဓာတ်ကြွယ်ဝတဲ့ အစားအစာဖြစ်ပြီး ငါးတချို့ (ဥပမာ တူနာငါး) ဟာ သံဓာတ်ကြွယ်ဝပါတယ်။ တူနာငါး ၃အောင်စမှာ သံဓာတ် ၁.၄ မီလီဂရမ်ပါဝင်ပြီး တစ်နေ့တာလိုအပ်ချက်ရဲ့ ၈% ဖြစ်ပါတယ်။ Omega 3 လည်း ကြွယ်ဝပါတယ်။ တူနာငါးအပြင် ဆယ်လ်မွန်၊ မက်ကရယ်၊ ငါးသေတ္တာ စတဲ့ငါးတွေမှာလည်း သံဓာတ်ကြွယ်ဝပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/healthy-iron-rich-foods-2/
ကလေးကို အသက်အရွယ်အလိုက် ဘယ်လိုအစားအစာပြင်ဆင်ပေးမလဲ
ကလေးအာဟာရမှာ မိခင်နို့နဲ့အာဟာရနို့မှုန့်တွေကိုပဲ အားကိုးနေရပေမယ့် အရည်တွေချည်းမဟုတ်ဘဲ အစာအမာလေးတွေ စကျွေးချင်ပြီဆို စဉ်းစားရမယ့်အချက်တွေရှိပါတယ်။ ကိုယ်ကကျွေးချင်ပေမယ့်၊ ကလေးကလည်း စားချင်နေပြီဆိုပေမယ့် ကလေးရဲ့ခန္ဓာကိုယ်က အသင့်ဖြစ်ပြီလားဆိုတာ အရင်ကြည့်ရပါမယ်။ အသက်ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးရမယ်လို့ အကြံပြုထားပေမယ့် အသက်လေးလနဲ့ ခြောက်လကြားမှာတည်းက အစာစားဖို့ အသင့်ဖြစ်နေတဲ့ကလေးတွေရှိပါတယ်။ဒါ့ကြောင့်ပြက္ခဒိန်ခုနှစ်၊ အသက်တွေကို ပုံသေကြီးမှတ်မထားဘဲ ကလေးရဲ့အနေအထား၊ ကျန်းမာဖွံ့ဖြိုးမှုတို့ကိုမူတည်ပြီး စကျွေးဖို့ကို ဆရာဝန်နဲ့တိုင်ပင်ပါ။ ကလေးရဲ့အနေအထားက အစာအမာစစားဖို့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအရ အသင့်ဖြစ်နေဖို့လိုပါတယ်။ ကလေးကို အစာအမာစကျွေးဖို့ကို မလောဖို့တော့လိုပါတယ်။ ကလေးကအသင့်မဖြစ်ခင်ကျွေးမိရင် အစာကြေဖို့ခက်ခဲပြီးလေနာဝေဒနာဖြစ်စေနိုင်ပါတယ်။ကလေးကို အစားအစာပြင်ဆင်ပေးတဲ့အခါ လူကြီးစားသလိုလည်း တန်းမကျွေးသင့်သေးပါဘူးနော်။ ကလေးကိုကျွေးဖို့ ဘယ်ကဘယ်လိုစရမှန်းမသိတဲ့မေမေတို့အတွက် ဒီအဆင့်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ဘယ်လောက်ပမာဏကို ဘယ်နှကြိမ်ကျွေးရမလဲ။ထမင်းကို လက်ခံပြီဆို အသီးအနှံနဲ့အသီးအရွက်တွေ စကျွေးဖို့ အချိန်ရောက်ပါပြီ။အသက် ၈ လဝန်းကျင်ဆို အသီးဖျော်ရည်တိုက်လို့ရပါပြီ။ အသီးစစ်စစ်ကနေ ကြိတ်ထားပြီး အချိုထပ်မကဲထားဖို့တော့လိုပါတယ်။ကလေး သွားပေါက်လာတဲ့အခါ ကြိတ်ချေပြီးကျွေးရာကနေ အစာပျော့ပျော့အဆင့်ကိုပြောင်းကျွေးသင့်ပါတယ်။ သူကိုယ်တိုင်ဝါးလို့ရလောက်တဲ့ နူးညံ့တဲ့အဖတ်အဆင့်တော့ကျွေးလို့ရပါတယ်။ဟင်းသီးဟင်းရွက်၊ အသား စတာတွေကို နူးအောင်ချက်ပြီး စားစေဖို့အချိန်ရောက်ပါပြီ။ ဒါမှ သူဝါးတတ်ဖို့ စသင်တော့မှာပါ။၈လ – ၁၂ လ။လက်တစ်ချောင်းစာfinger foods လို့ခေါ်တဲ့အဆင့်ကိုကျွေးလို့ရပါပြီ။ တစ်ကိုက်စာအရွယ်အစားလေးတွေကို စားကြည့်ပြီး ကိုယ်တိုင် စားရတဲ့ဖီလင်ကို သင်ယူကြပါစေ။ အာဟာရပြည့်ပြီး စားရ၊ ဝါးရလွယ်ကူမယ့် အစားအစာတော့ဖြစ်ရပါမယ်။ ကြက်ဥကြော်၊ ပေါင်းထားတဲ့အသား၊ ဆန်းဒဝစ်အပိုင်းသေးလေးတွေ လို နူးညံ့ပြီး စားရလွယ်တာတွေ ပါဝင်နိုင်ပါတယ်။ကန်စွန်းဥ၊အာလူးတို့ကို မျိုးစုံလုပ်ကျွေးပါ။ ဟင်းရည်စွပ်ပြုတ်လေးတွေချက်ပြီး ဇွန်းတပ်ပြီး ကိုယ်တိုင်သောက်ခိုင်းပါ။ နည်းနည်းတော့ပေပွနိုင်ပေမယ့် ကလေးကိုအစာစားတဲ့ အလေ့အကျင့်လေးလုပ်ပေးတာကောင်းပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/how-to-prepare-foods-for-kids-by-age/
ကလေးကို အတင်းအကျပ် အစားစားခိုင်းတာ မကောင်းဘူးနော်
ကလေးကို အတင်းအကျပ် အစားစားခိုင်းတာ မကောင်းဘူးနော် ။ ဘာကြောင့် ဒီလို ပြောရတာလဲ ဆိုတာကို ပြောပြပေးထားတာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။ထမင်း ပန်းကန်ကို တွန်းဖယ် နေတာ မြင်လိုက်တာနဲ့ မရဘူး၊ စားရမယ် ဆိုတာမျိုး ကလေးကိုဖိအားပေးဖူးလား။ နည်းနည်းလေး ထပ်စားပါဦး၊ တစ်ဇွန်းပဲ ထပ်စားနော် ကစားကွင်း လိုက်ပို့မယ် ဆိုတာမျိုးရော မက်လုံးပေးပြီး ဆွဲဆောင်ဖူးလား။ ဒါမှမဟုတ် –။ကလေးရှိတဲ့ အိမ်တွေမှာ ကြားရတာ များတဲ့ စကားသံတွေ ဆိုပေမယ့် အကျိုးဆက်က အမှန်တကယ်ရော ကလေးတွေ အစား ပိုစားလာပြီး ပိုကျန်းမာသွားသလား။ကလေးကိုအစားစားစေချင်လို့၊ အားဖြစ်စေချင်လို့ အတင်းအကျပ် ကျွေးတာက ကောင်းဖို့ ရည်ရွယ်တာ ဖြစ်ပေမယ့် တကယ်တမ်းကျ မလုပ်သင့်ပါဘူး။ လေ့လာမှုတွေ အရ ဒီလို နည်းမျိုးစုံနဲ့ တွန်းအားပေး အစားစားခိုင်းတဲ့ မိဘတွေရဲ့ ကလေးတွေဟာ ကြီးပြင်းလာတဲ့အခါ စားသောက်ပုံ မူမမှန်တာတွေ ဖြစ်လာနိုင်ပြီး တခြား ဆိုးကျိုးတွေလည်း ရှိလာနိုင်ပါတယ်။ဒါ့ကြောင့် ကလေးကို အစားစားအောင် နည်းလမ်းရှာပြီး ပြင်ဆင်ပါ၊ ချော့မော့ ကျွေးပါ၊ နားလည်အောင် ရှင်းပြပါ၊ အာဟာရ ဖြစ်မယ့် အစာတွေ ကို ကလေး စားချင်လာအောင် မိတ်ဆက်ပေးပါ။ ကလေးတွေကို အစားအသောက် ကျွေးတဲ့ကိစ္စမှာ ဆုပေးဒဏ်ပေး စနစ်ကို မကျင့်သုံးဖို့ အာဟာရ ပညာရှင်တွေက အကြံပြုထားတာကို မမေ့ပါနဲ့။ ကိုယ့်ကလေးကို မှန်ကန်တဲ့ အာဟာရတွေ ပေးနိုင်ဖို့နဲ့ ကလေးရဲ့ ဘဝ ကောင်းကျိုး၊ ဆိုးကျိုးဟာ ဖေဖေမေမေတို့ လက်ထဲမှာ ပါလို့။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/force-feeding-kids/
ခြေသည်းမှိုစွဲခြင်း မှ ကာကွယ်ခြင်း
ခြေသည်းမှိုစွဲခြင်းဟာ ခြေသည်းပုံပျက်စေတဲ့ အခြေအနေတစ်ခုလည်း ဖြစ်တယ်။ ကံဆိုးစွာနဲ့ပဲ ခြေသည်းမှိုစွဲခြင်းဟာ သူ့အလိုလို ပျောက်မသွားတတ်ပါဘူး။ ကုသလျှင် လွယ်ကူစွာ မပျောက်တတ်ဘဲ မကုသဘဲထားပါက ပိုမိုဆိုးရွားသောအခြေအနေတွေလည်း ဖြစ်လာစေနိုင်တာကြောင့် ကာကွယ်ခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ခြေထောက်ဆေးပါ၊ ပြီးရင်ခြောက်အောင်သုတ်ပါ။နေ့စဉ်ခြေထောက်တွေကို ရေနွေးနွေးလေးနဲ့ ဆပ်ပြာနဲ့ ဆေးပေးသင့်တဲ့အပြင် ခြောက်သွေ့အောင် အဝတ်သန့်သန့်နဲ့ သုတ်ပေးဖို့လည်းလိုပါတယ်။ သုတ်တဲ့အခါ ခြေချောင်းလေးတွေ ကြားထဲက နေရာကိုလည်း မမေ့ပါနဲ့ဦး။လူထူထူမှာ ခြေဗလာနဲ့ မလျှောက်ပါနဲ့။ခြေသည်းမှိုစွဲခြင်းဟာ ကူးနိုင်တာကြောင့် အပြင်ထွက်အခါဖိနပ်စီးသင့်ပြီး၊ အများသုံး ရေကူးကန်ရောက်ရင်တောင် ရေချိုးစီးဖိနပ်မျိုး ဆောင်ထားသင့်ပါတယ်။ချွေးကောင်းကောင်း စုပ်နိုင်သော ခြေအိတ်ဝတ်ပါ။ရှူးဖိနပ်စီးရသူတွေမှာ ချွေးကောင်းကောင်း စုပ်နိုင်သော ခြေအိတ်သာ ဝတ်သင့်ပါတယ်။ နိုင်လွန်၊ သိုးမွေး၊ polypropylene စသည့်ချည်တွေဟာ စိုထိုင်းမှုကို အမြန်စုပ်ယူနိုင်ပါတယ်။ ခြေအိတ်ကို နေ့စဉ်လဲသင့်သလို ချွေးများများ ထွက်နေပါကလည်း တတ်နိုင်သလောက် ချက်ချင်းလဲပါ။ တစ်ရက်ကို တစ်စုံထက် ပိုပြီးလည်း သုံးနိုင်တယ်။သင့်တင့်လျောက်ပတ်သောဖိနပ်စီးပါ။မှိုတွေဟာ ပူနွေးစိုစွတ်တဲ့နေရာတွေမှာ နေတာကြောင့် ဖိနပ်တွေဟာ အရေးပါပါတယ်။ ကောင်းကောင်းတော်ပြီး ခြေချောင်းလေးတွေအတွက် နေရာအလုံအလောက်ရမယ့် ဖိနပ်မျိုးရွေးပါ။ ဖိနပ်သားကိုလည်း အလေးပေးသင့်တယ်။ သားရေသားဟာ အသင့်တော်ဆုံး ဖြစ်ပြီး ရှူးဖိနပ်တွေထက်စာရင် ခြေချောင်းလေးတွေကို လွှတ်ထားတတ်တဲ့ ကြိုသိုင်းဖိနပ်တွေက ပိုကောင်းပါလိမ့်မယ်။ပေါင်ဒါမှုန့်သုံးပါ။ခြေထောက်ဆေးပြီး သုတ်ပြီးတဲ့အခါ မှိုအန္တရာယ်ကာကွယ်ပေးတဲ့ ပေါင်ဒါမျိုးလိမ်းပေးပါ။ ဆေးပေါင်ဒါဟာ အကောင်းဆုံးဖြစ်ပြီး ထိုပေါင်ဒါမျိုးကို ဆေးဘက်ဆိုင်ရာ စတိုးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။ပဝါ၊ ခြေအိတ် မျှဝေမသုံးပါနဲ့။မှိုပိုး ကူးနိုင်တာကြောင့် ပဝါတွေ၊ ခြေအိတ်တွေ မျှဝေသုံးစွဲခြင်းဟာ မှိုစွဲနိုင်ချေ ပိုများစေပါတယ်။ တကယ်တော့ တစ်ကိုယ်ရည်သုံးပစ္စည်းတိုင်းကို မျှေ၀ မသုံးစွဲသင့်တာပါ။ခြေသည်းပုံမှန်ညှပ်ပါ။ခြေသည်းတွေကို တိုတိုနဲ့ ခြောက်သွေ့နေအောင်ထားပါ။ ခြေစွယ် မငုတ်စေရန် ခြေသည်းပုံမှန်ညှပ်ပါ။ ဒါပေမယ့် အရမ်းတိုအောင်လည်း မညှပ်ပစ်ပါနဲ့။ ခြေသည်း သို့မဟုတ် ဘေးမှအရေပြားကို မထိုးဆွပါနှင့်။ခြေသည်းညှပ်ကိုသန့်ရှင်းအောင်ထားပါ။ခြေသည်းညှပ်နှင့် အခြားကိရိယာများကို အသုံးပြုပြီး တိုင်း သန့်ရှင်းပေးပါ။ သန့်ရှင်းရာတွင် ရေထက် အရက်ပြန် က ပိုကောင်းပါတယ်။ ထို့အပြင် တစ်ပါးသူများနှင့် မျှဝေသုံးစွဲမှုလည်းမပြုပါနဲ့။ခြေသည်းဆိုးဆေးတွေမသုံးပါနဲ့။ခြေသည်းဆိုးဆေးတွေဟာ ခြေသည်းတွေကို လှစေတာမှန်ပေမယ့် ခြေသည်းစိုထိုင်းပြီး မှိုပေါက်မှုကိုအားပေးပါတယ်။ခြေသည်း အလှပြင်ဆိုင် အရွေးမှန်ပါစေ။ခြေသည်းတွေကို ဆိုင်မှာသန့်စင်ချင်တယ်ဆိုရင်တော့ လိုင်စင်ရပြီးသား ဆိုင်သန့်သန့်ကိုရွေးသင့်ပါတယ်။ မိမိကိုယ်ပိုင် ခြေသည်းညှပ်ကိရိယာများ ယူသွားနိုင်ပါတယ်။ ဆိုင်မှပစ္စည်းများ အသုံးပြုမည် ဆိုပါကလည်း သန့်စင် ပိုးသတ်ပြီးသားဖြစ်ပါစေ။ခြေထောက်တွေကို သတိထားစစ်ဆေးနေပါ။ခြေထောက်တွေ အထူးသဖြင့် ခြေသည်းတွေကို သတိထား စစ်ဆေးနေပါ။ ခြေသည်းအရောင်ပြောင်းတာမျိုး၊ ပုံစံပြောင်းတာမျိုး မူမမှန်တာတွေ့ရင် ဆရာဝန်ပြသင့်ပါတယ်။ ခြေသည်းမဟုတ်ဘဲ ခြေထောက်မှာရောဂါပိုးတစ်ခုခုဝင်တယ်ထင်ရင်လည်း ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။ ထိုမှတဆင့် ခြေသည်းကိုပါ ပိုးဝင်သွားနိုင်လို့ပါ။ကာကွယ်ခြင်းဟာကုသခြင်းထက်ကောင်းပါတယ်။ ဒီနေရာမှာ ခြေသည်းမှိုမတက်အောင် ကာကွယ်ခြင်းဟာ ကုသခြင်းထက် အများကြီးပို ရိုးရှင်းပါတယ်။ ဒါကြောင့် သင့်ခြေသည်းလေးတွေကို သတိထားပြီး ဂရုတစိုက် ပုံမှန်စစ်ဆေးနေသင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/nail-care/%e1%80%b1%e1%80%bb%e1%80%81%e1%80%9e%e1%80%8a%e1%80%b9%e1%80%b8%e1%80%99%e1%80%ad%e1%82%88%e1%80%85%e1%80%bc%e1%80%b2%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8-%e1%80%99%e1%80%bd-%e1%80%80%e1%80%ac/
ဒန့်သလွန်သီး စားပေးပါ
ချဉ်ရည်ဟင်းပဲချက်စားစား၊ ငါးနဲ့ပဲချက်ချက်၊ မီးကင်ပြီး ဟင်းခါးပဲချက်သောက်သောက် အဆင်ပြေပြီး စားကောင်းတဲ့ အသီးလေးတစ်ခုပေါ့။ ဟင်းရဲ့ ရနံ့ကိုလည်း တိုးစေလို့ တော်တော်များများ ကြိုက်ကြပါတယ်။ ဒန့်သလွန်သီး ရဲ့ အစွမ်းသတ္တိက ဒီလောက်နဲ့ပဲ ပြီးသွားတာမဟုတ်ပါဘူး။ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ အများကြီးပေးပါသေးတယ်။ ဒန့်သလွန်ပင်က အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်တို့မှာ ပေါက်ရောက်ကြပါတယ်။ အပူပိုင်းဒေသမှာပေါက်ရောက်ရှင်သန်တဲ့ အပင်တစ်မျိုးပါ။ တစ်ပင်လုံးနီးပါးဆေးဖက်ဝင်ပါတယ်။ဒန့်သလွန်သီးမှာ။အရေပြားနဲ့ ဆံသားတွေကို Free Radicalတွေကြောင့် ထိခိုက်ပျက်စီးတာတွေကနေ ကာကွယ်ပေးပါတယ်။ ကျန်းမာသန်စွမ်းစေနိုင်ပြီးအရေပြားဆဲလ်တွေထိခိုက်ပျက်စီးတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ရေဓာတ်ဖြည့်ပေးပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ အရေပြားမှာ ပိုးဝင်ကူးစက်တာကို ကုသဖို့ အသုံးပြုနိုင်ပါတယ်။ဆေးဝါးတွေကြောင့် အသည်းထိခိုက်မှုတွေကနေ ကာကွယ်ပေးပါတယ်။ အသည်းရောဂါရှိသူတွေအနေနဲ့ စားသုံးပေးသင့်တဲ့ ဓာတ်စာတစ်ခုပေါ့။ဒန့်သလွန်သီး စားသုံးပေးမှုက ကင်ဆာ ကာကွယ်ဖို့အတွက်လည်း အထောက်အကူပြုပေးပါတယ်။ ဒန့်သလွန်သီးမှာပါတဲ့ niazimicin ဒြပ်ပေါင်းက ကင်ဆာဆဲလ်တွေ ပွားမလာအောင် ထိန်းချုပ်ပေးနိုင်ပါတယ်။အစာအိမ်ပြဿနာတွေကို ကင်းဝေးစေသလို၊ဝမ်းချုပ်တာ၊ လေပွတာနဲ့လေနာဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။ ဗီတာမင် B ကြွယ်ဝစွာပါဝင်တာကြောင့် အစာကြေစေဖို့ အထောက်အကူပြုပေးပါတယ်။ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတွေ၊ အရေပြားမှာ ဘက်တီးရီးယားနဲ့ မှိုပိုးကူးစက်တာတွေကို ကာကွယ်ဖို့ အသုံးပြုလို့ရပါတယ်။ကယ်လ်ဆီယမ်နဲ့ဖော့စဖရိတ်ဓာတ်တွေ ပါဝင်တာကြောင့် အရိုးတွေကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ အရိုးကျိုးထားသူတွေ စားပေးသင့်တဲ့ ဓာတ်စာပါ။စိတ်ဓာတ်ကျတာ၊ စိုးရိမ်စိတ်များတာနဲ့ မအီမသာဖြစ်တာတွေကို သက်သာစေနိုင်ပါတယ်။ဒန့်သလွန်သီး မှာ ဓာတ်တိုးဆန့်ကျင်အာနိသင် ပါဝင်နေတာကြောင့် နှလုံးထိခိုက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးပြီး နှလုံးကို ကျန်းမာစေနိုင်ပါတယ်။အနာကျက်စေနိုင်သလို အနာကြောင့်အမာရွတ်တွေမကျန်စေဖို့လည်း အထောက်အကူပြုပေးနိုင်ပါတယ်။သွေးတွင်းသကြားဓာတ်ကိုလျော့ကျစေပြီး သွေးဖြူဥဆဲလ်တွေကို တိုးစေနိုင်တာကြောင့် ကိုယ်ခံအားကောင်းစေနိုင်သလို ဆီးချိုထိန်းညှိရာမှာလည်း တော်တော်လေးအထောက်အကူပြုပေးနိုင်ပါတယ်။အဆုတ်ရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေနိုင်ပြီး အသက်ရှူလမ်းကြောင်းကို ကျန်းမာစေပါတယ်။ ပန်းနာရင်ကျပ်ရောဂါကို သက်သာစေနိုင်စွမ်းလည်း ရှိပါတယ်။ကျောက်ကပ်မှာ ကျောက်တည်တာ၊ ဆီးအိမ်မှာ ကျောက်တည်တာတွေအတွက် အသုံးပြုလို့ရပါတယ်။ ဒန့်သလွန်သီး မှာ ဓာတ်တိုးဆန့်ကျင် အာနိသင်ပါဝင်နေတာကြောင့် ကျောက်ကပ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ကျောက်ကပ်ကို ကျန်းမာစေနိုင်ပါတယ်။ဒန့်သလွန်သီး မှာ isothiocyanate နဲ့ niaziminin တို့ပါဝင်နေတာကြောင့် သွေးကြောတွေထဲမှာ သွေးလည်ပတ်စီးမှုကို ကောင်းမွန်စေပြီး သွေးတိုးတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သွေးတိုးရှိသူတွေ စားသုံးဖို့ သင့်တော်ပါတယ်။ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတဲ့အတွက် အမြင်အာရုံကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ မျက်လုံးတွင်း သွေးကြောလေးတွေကို ကျန်းမာစေပြီး အမြင်အာရုံကောင်းမွန်စေနိုင်ပါတယ်။ခန္ဓာကိုယ်အတွက် အကျိုးများတဲ့ ဒန့်သလွန်သီးလေးကို စားသုံးပေးရင်း အခုပြောခဲ့တဲ့ ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ရယူလိုက်ပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/%e1%80%92%e1%80%94%e1%80%b9%e1%82%94%e1%80%9e%e1%80%9c%e1%80%bc%e1%80%94%e1%80%b9%e1%80%9e%e1%80%ae%e1%80%b8-%e1%80%85%e1%80%ac%e1%80%b8%e1%80%b1%e1%80%95%e1%80%b8%e1%80%95%e1%80%ab/
အသားအရေ ညီညာချောမွတ်စေမည့် ပစ္စည်း ငါးမျိုး
သဘာ၀ အတိုင်း အသားအရေ တောက်ပ၊ ညီညာ၊ ချောမွတ် နေရန် မှာ အမျိုးသမီးတိုင်း အတွက် အိပ်မက်ပင် ဖြစ်ပါသည်။ ယင်းအိပ်မက်ကို အကောင်အထည်ပေါ်စေနိုင်သည့် သဘာ၀ အတိုင်းရော၊ လူလုပ် ပစ္စည်းများရော များစွာရှိပါသည်။ ဒီပစ္စည်းများစွာ ထဲကမှ ငါးမျိုးကို လေ့လာကြည့် ကြပါစို့။ALA သည် အိုမင်းခြင်းကို နှေးကွေးစေသည့် အဓိကဓါတ် အနေဖြင့် ယူဆထားကြပြီး ခန္ဓါကိုယ်တွင်း နိုက်ထရစ် အောက်ဆိုဒ် ထုတ်လုပ်မှုကို မျှတစေပြီး အရေပြားသို့ သွားသော သွေးပမာဏကို ထိန်းချုပ်ပါသည်။ ယင်းသို့ ပြုလုပ်ပေးခြင်းသည် ဖြူဆုတ်ဆုတ် မှိုင်းတိုင်းတိုင်း အသား အရေကို ရွန်းလဲ့တောက်ပစေပါလိမ့်မည်။ ထိုအတူပင် နီရဲခြင်းနှင့် အမဲစက်များ ဖြစ်ပေါ်ခြင်းကို သက်သာစေ ပါသည်။ ထိုကြောင့် အောက်ခံမိတ်ကပ် မလိုဘဲ သင်၏ အသား အရေကို ချောမွေ့စေနိုင်ပါမည်။ဗီတာမင်စီသည် စွမ်းအားပြည့်ဝသော အကောင်းဆုံး ဓါတ်တိုးဆန့်ကျင်ပစ္စည်း ဖြစ်ပြီး သင့်၏ အသားအရေကို နေလောင်ခြင်းမှ ကာကွယ်နိုင်ပါလိမ့်မည်။ ယင်းသည် ရောင်ခြယ်ပစ္စည်းများကို အားနည်းစေသည့် အတွက် အသားအရေ ဖြူဖွေးစေခြင်းကြောင့် အသား ဖြူဆေးများနှင့် နေလောင်ခြင်းကို ကာကွယ်သည့် လိမ်းဆေး များတွင် ထည့်သွင်း သုံးစွဲကြပါသည်။ ထို့ကြောင့် ဗီတာမင် စီ ပါဝင်သော အလှကုန်များကို သုံးစွဲကြည့်သင့်ပါသည်။ဤဓါတ်ပေါင်းသည် အသားအရေကို အကောင်းဆုံး ရေဓါတ် ပြန်လည် ဖြည့်တင်းပေးနိုင်သည့် အတွက် အသားအရေ ခြောက်သွေ့ သူများအတွက် အထူးသင့်လျော်ပါသည်။ ဖောစဖိုလစ်ပစ် (phospholipid)ပါဝင်သောကြောင့် အသားအရေကို တောက်ပစေခြင်း၊ နှင်းဆီရောင်သန်းစေခြင်းနှင့် အသားအရေ ပျက်စီးခြင်းကို ပြန်လည်ကုစားပေးနိုင်ပါသည်။ အားကောင်း သော ဓါတ်တိုးဆန့်ကျင် ပစ္စည်းများက အိုမင်းခြင်းကို တိုက်ဖျက်စေ နိုင်သည့်အပြင် အောက်စီဂျင်ဓါတ်တိုး ပစ္စည်းများကို တိုက်ဖျက်နိုင် ခြင်း၊ အလှပြင်ပစ္စည်းများမှ ဘေးထွက်ဆိုးကျိုးများ၊ ဓါတုအဆိပ် သင့်ခြင်းများကိုလည်း သက်သာစေပါသည်။နူရိုပက်တိုက် (Neuropeptides)များသည် အိုမင်းခြင်းကို တိုက်ဖျက်နိုင်ပါသည်။ အိုမင်းနေသော အရေပြား ဆဲလ်များဖြင့် မဲညစ်နေသော အရေပြားလွှာကို ပြန်လည် သန့်စင် စေပြီး အသားမည်းလာခြင်းကိုလည်း တားဆီးနိုင်သည့် အပြင် အရေး အကြောင်းများ၊ အရေပြားတွန့်ခြင်း များအတွက်လည်း ကာကွယ် နိုင်စွမ်းရှိပါသည်။ သဘာဝပစ္စည်းဖြစ်သည့် အတွက် ထိခိုက်လွယ် သော အသားအရေပိုင်ရှင်များ၊ အသားအရေ ပျက်စီးနေသူများ အတွက် အထူးကောင်းမွန်ပါသည်။ အချိန်တိုအတွင်း အာနိသင်ပြသော်လည်း ဆက်လက်သုံးစွဲနေမှသာ နူရိုပက်တိုက်၏ အာနိသင်ကို ရရှိပြီး ရပ်လိုက်သည်နှင့် ဆေးစွမ်းပြယ်သွားပါမည်။အာဗျူတင်ခေါ် Alpha-Arbutin သည် အပင်မှ ရရှိပြီး မယ်လနင်ကိုဆန့်ကျင်သော အာနိသင်ရှိပါသည်။ အာဗျူတင် နှင့် အခြားသော အပင်ထွက် ပစ္စည်းများသည် အလှအပ ဆိုင်ရာ အစားထိုးထုတ်ကုန်များ အဖြစ် အသုံးပြုလာကြပြီး အရေပြားရှိ ရောင်ခြယ်ပစ္စည်းများကို အားနည်းစေသောကြောင့် အသားအရေကို ပိုမို ဖြူဖွေးစေပါသည်။ ယင်းအာဗျူတင်ကို ဘယ်ရီအုပ်စု အပင် များမှထုတ်လုပ် ရရှိပါသည်။သင့်အသားအရည်အတွက် မှန်ကန်သော အလှကုန်များ ဝယ်ယူသုံးစွဲ ရန် အရေးကြီးသည့်အတွက် အထက်တွင် ဖော်ပြခဲ့သော အချက်အလက်များသည် သင့်အတွက် တန်ဖိုးရှိမည်ဟု မျှော်လင့်ပါသည်။ သင့်အသားအရေအတွက် အကောင်းဆုံး ပစ္စည်းကို ရရှိနိုင်ပါစေ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%9b%e1%80%8a%e1%80%b9-%e1%80%8a%e1%80%ae%e1%80%8a%e1%80%ac%e1%80%b1%e1%80%81%e1%80%ba%e1%80%ac%e1%80%99%e1%80%bc%e1%80%90%e1%80%b9%e1%80%b1%e1%80%85/
အဆီထု တိုင်းတာခြင်း
သင့်ခန္ဓာကိုယ်ဖွဲ့စည်းမှုဟာ ကျန်းမာတဲ့အခြေအနေလား၊အ၀လွန်နေပြီလား၊ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ လိုအပ်နေပြီလား ဆိုတာကို တိုင်းတာနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။အရင်ကတော့BMI body mass indexတွက်တဲ့နည်းတစ်မျိုးတည်းသာ ခေတ်စားပါတယ်။ ဒါဟာအခြေခံနည်းဆိုပေမဲ့ကိုယ်အလေးချိန်နဲ့ အရပ်အချိုးအစားသာ သိနိုင်ပြီး သင့်ခန္ဓာကိုယ် ဘယ်လောက် ကြံ့ခိုင်လဲဆိုတာ သိနိုင်မှာ မဟုတ်ပါဘူး ။ နောက်တစ်မျိုးကတော့ ခါးအရွယ်အစားတိုင်းတဲ့ နည်းပါ။ အကယ်၍အမျိုးသမီးသာဆိုရင် ခါးဆိုဒ် ၃၅ လက်မ ၊ အမျိုးသားဆိုရင် ခါးဆိုဒ် ၄၀ လက်မ ကျော်ရင် အူအဆီပမာဏ များပြီး ရောဂါဖြစ်နိုင်ခြေ များတယ်လို့ ယူဆနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်မှာ အဆီပမာဏ ဘယ်လောက်နဲ့ ဖွဲ့စည်းထားတယ်ဆိုတာ သိဖို့ အတွက် ဒီလိုနည်းလမ်းတွေနဲ့ အိမ်မှာ အလွယ်တကူ တိုင်းတာတွက်ချက်လို့ရပါတယ်။တစ်နည်းကတော့ အရေပြားအောက်မှာရှိတဲ့ အဆီထု ကို တိုင်းတဲ့နည်းပါ။ Skinfold Caliper ဆိုတဲ့ ပေတံလေးနဲ့ အရေပြားကို ဆွဲပြီး ဘယ်လောက်ထူလဲဆိုတာ တိုင်းတာခြင်းဖြစ်ပါတယ်။ ခန္ဓာကိုယ်အနှံ့မှာရှိတဲ့ အနည်းဆုံး ၃ နေရာကနေ ၇ နေရာလောက်ကိုတိုင်းတာမှ အနည်းစပ်ဆုံး အဖြေကို သိနိုင်မှာ ဖြစ်ပါတယ်။ အမျိုးသမီးတွေဆိုရင်တော့ လက်မောင်းနောက်၊ တင်ပါး ၊ ပေါင် ဒါမှမဟုတ် ဗိုက်နေရာတို့ကို တိုင်းတာခြင်းနဲ့သိနိုင်ပါတယ် ။အမျိုးသားဆိုရင်တော့ ရင်အုပ်၊ ပေါင် နဲ့ ဗိုက်မှာရှိတဲ့အ‌ရေပြားကို ဆွဲပြီးတိုင်းတာနိုင်ပါတယ်။ ဒီနည်းအတွက်လိုအပ်တဲ့ ပေတံကိုလည်း online shopping တွေကနေ ၀ယ်ယူနိုင်ပါတယ်။ တိုင်းတဲ့လူရဲ့ ကျွမ်းကျင်မှုပေါ်မူတည်ပြီး ၃-၅ % ကွဲလွဲမှု ရှိနိုင်ပါတယ်။နောက်တစ်နည်းကတော့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုစီရဲ့ လုံးပတ်ကိုတိုင်းတာနည်းဖြစ်ပါတယ်။ပေကြိုးကို အသုံးပြုပြီး ရလာတဲ့ အတိုင်းအတာတွေကို online မှာရှိတဲ့ Body fat index calculator မှာ ထည့်သွင်းတွက်နိုင်ပါတယ်။ ဒီတိုင်းတာနည်းမှာတော့ အသက်နဲ့ အရပ်အတိုင်းအတာကလည်း အရေးကြီးပါတယ်။ အမျိုးသားဆိုရင်တော့ လည်ပင်းနဲ့ ခါး အတိုင်းအတာ လိုအပ်ပြီး အမျိုးသမီးတွေဆိုရင်တော့ တင်ပါး အတိုင်းအတာ လိုအပ်ပါတယ်၊ ဒီတွက်နည်းကနေ ရလာတဲ့ ဂဏန်းကိုတော့ အောက်က ဇယားနဲ့ တိုက်ကြည့် ပြီး ကိုယ့် ခန္ဓာကိုယ်ကတော့ ဘယ်အမျိုးအစားထဲပါတယ်ဆိုတာ တိုက်ကြည့်နိုင်ပါတယ်။ အ၀လွန်တဲ့ အကွက်ထဲရောက်နေပြီဆိုရင်တော့အားကစားတစ်ခုခု လုပ်တာဖြစ်စေ၊အစားအသောက်ဆင်ခြင်တာမျိုးဖြစ်စေ လုပ်ဖို့ လိုအပ်နေပါပြီ။ရေးသားသူ – Dr. Z။Body Fat Percentage Categories။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/obesity-healthy-eating/%e1%80%a1%e1%80%86%e1%80%ae%e1%80%91%e1%80%af-%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%ac%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
နှုတ်ခမ်းခြောက်စေတဲ့ အလေ့အထ ငါးခု
နှုတ်ခမ်းဆိုတာ လှလှပပ စာလုံးလေးတွေနဲ့ အမြဲတမ်း တင်စားဖွဲ့ဆိုခံရတဲ့ ခန္ဓါကိုယ်အစိတ်အပိုင်း တခုဖြစ်ပါတယ်။ ဒါပေမယ့် လူအများစုဟာ သူတို့ရဲ့ နှုတ်ခမ်းတွေကို ထိန်းသိမ်းဂရုစိုက်လေ့မရှိကြပါဖူး။ နှုတ်ခမ်းလေးတွေဟာ လိင်ဆွဲဆောင်မှုရဲ့ အမှတ်သင်္ကေတ တခုအဖြစ် ယူဆကြလေ့ရှိပြီး ဒီနှုတ်ခမ်းက ခြောက်ခြောက်ကြီး ဖြစ်နေရင်တော့ သိပ်အဆင်မပြေလှပါဘူး။ နှုတ်ခမ်းခြောက်စေတဲ့ အကြောင်းခြင်းရာတွေ အများကြီးရှိပြီး အဲ့ဒီအထဲက အချက်ငါးချက်အကြောင်းကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ခန္ဓါကိုယ်တစ်ခုလုံး ရေဓါတ်ခမ်းခြောက်ခြင်းကြောင့်လည်း နှုတ်ခမ်းခြောက်လာနိုင်ပါတယ်။ဥပမာ သင့်အနေနဲ့ တနေ့တာအတွက် လိုအပ်တဲ့ ရေပမာဏအတိုင်း လုံလုံလောက်လောက် မသောက်ဖူးဆိုရင် သင့်နှုတ်ခမ်းတွေ ခြောက်သွေ့ပြီး အဖတ်တွေကွာလာမှာ ဖြစ်ကာ ဆွဲဆောင်မှုလည်း ရှိတော့မှာ မဟုတ်ပါဘူး။လူအများစုဟာ ဒီပြစ်မှုကြီးကို အနည်းဆုံး တစ်သက်မှာ တစ်ခါတော့ မသိလိုက်မသိဖာသာ ကျူးလွန်ဖူးကြပါလိမ့်မယ်။ တချို့က အကျင့်ပါနေလို့ လုပ်တယ်။ တချို့က ဒီလိုလုပ်ခြင်းအားဖြင့် နှုတ်ခမ်းကို တံတွေးနဲ့ စိုစွတ်နေမယ် ထင်လို့လုပ်ကြတယ် စသဖြင့်ပေါ့။ ဘာရည်ရွယ်ချက်နဲ့ပဲ လုပ်လုပ် ဒီလိုမျိုး နှုတ်ခမ်းကို လျှာနဲ့သပ်တာ ဘယ်တော့မှ မလုပ်ပါနဲ့။ ကျွန်တော်တို့ရဲ့ အရေပြားဟာ အဆီလွှာကို သဘာဝအတိုင်း ထုတ်လုပ်နိုင်ပေမယ့် နှုတ်ခမ်းကတော့ မထုတ်လုပ်နိုင်တဲ့အတွက် တံတွေးအငွေ့ပျံသွားပြီဆိုတာနဲ့ ပြန်ပြီးခြောက်ကပ်သွားမှာပဲ ဖြစ်ပါတယ်။နွေရာသီမှာ ကမ်းခြေသွားတာပဲ ဖြစ်ဖြစ်၊ဒီအတိုင်း အပြင်ထွက်တာပဲ ဖြစ်ဖြစ် သင့်အနေနဲ့ နှုတ်ခမ်းအပါအဝင် ခန္ဓါကိုယ်တစ်ခုလုံးကို နေလောင်ခံခရင်မ်လိမ်းဖို့ အရမ်းပဲ အရေးကြီးလှပါတယ်။ ပုံမှန် မျက်နှာလိမ်းတဲ့ နေလောင်ခံခရင်မ်ကို လိမ်းရင်လည်း ဖြစ်ပေမယ့် သင့်အနေနဲ့ SPF ပါတဲ့(နေလောင်ဒဏ်ကာကွယ်နိုင်စွမ်းရှိတဲ့) နှုတ်ခမ်းလိမ်းခရင်မ်ကို ဝယ်လိမ်းသင့်ပါတယ်။ ဘာလို့လဲဆိုတော့ သူ့မှာ နှုတ်ခမ်းအစိုဓါတ် ထိန်းပေးထားတဲ့ လုပ်ဆောင်ချက်လည်း ပါရှိလို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် နှုတ်ခမ်းအတွက် သီးသန့်ထုတ်ထားတဲ့ SPF ပါတဲ့ နှုတ်ခမ်းလိမ်းခရင်မ်တွေ ရှိနေမှတော့ ဘာလို့ မျက်နှာလိမ်းခရင်မ်တွေကို နှုတ်ခမ်းအတွက် လိမ်းနေဦးမှာလဲ။ မဟုတ်ဖူးလား။နွေရာသီပဲလားဆိုတော့ မဟုတ်ပါဖူး။ နှုတ်ခမ်းလိမ်းခရင်မ်ကို ဆောင်းရာသီမှာလည်း လိမ်းသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဆောင်းရာသီမှာ ရာသီဥတုအေးတဲ့အပြင် တိုက်တဲ့လေကလည်း ခြောက်သွေ့ပြီး အစိုဓါတ်မပါပါဖူး။ နေပူရှိန်တော့ အရမ်းမပြင်းဖူးဆိုသော်ငြား ခရမ်းလွန်ရောင်ခြည်ကတော့ ပိုပြင်းထန်ပြီး ပိုအန္တရာယ်ရှိတယ်လို့ မှတ်တမ်းတွေအရ သိရှိရပါတယ်။ဆရာဝန်ညွှန်ကြားတဲ့ အချို့သော ဆေးတွေ (ဥပမာ accutain၊ propranolol ဒါမှမဟုတ် prochlorpezazine) တို့ဟာ နှုတ်ခမ်းကို ခြောက်သွေ့အက်ကွဲစေနိုင်ပါတယ်။ ဒါကြောင့် ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ ဆေးမသောက်ခင်မှာ ဆရာဝန်နဲ့ မေးမြန်းဆွေးနွေးရမှာ ဖြစ်တဲ့အပြင် သင့်နှုတ်ခမ်းအရမ်းခြောက်လာတာ၊ပါးလာတာ ဒါမှမဟုတ် သွေးထွက်တာတို့ဖြစ်လာရင် ဆရာဝန်ကို အသိပေးဖို့ မမေ့ပါနဲ့။နှုတ်ခမ်းလေး လှလှပပဖြစ်ရေးမှာ ဗီတာမင်ဓါတ်တွေကလည်း အရေးပါတဲ့ နေရာက ပါဝင်ပါတယ်။ တချို့သော ဗီတာမင်ဓါတ်တွေ ချို့တဲ့တာ ဒါမှမဟုတ် အလွန်အကျွံသုံးစွဲတာတွေကြောင့် နှုတ်ခမ်းမှာ သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှုတွေ ပေါ်ပေါက်လာတတ်ပါတယ်။ ဗီတာမင် B-3 ဟာ သင့်နှုတ်ခမ်းရဲ့ အစိုဓါတ်ကို ထိန်းပေးပြီး ဗီတာမင် B-12 က အနာကျက်တာကို မြန်စေကာ ဇင့်ဓါတ်ကတော့ ဆဲလ်ကြီးထွားမှုကို အားပေးပါတယ်။ဒါ့အပြင် ဗီတာမင် အေကလည်း နှုတ်ခမ်းရဲ့ သဘာဝအတိုင်း အဆီထုတ်လုပ်နိုင်စွမ်းကို ထောက်ပံ့ကူညီပေးပါသေးတယ်။ ဒါကြောင့် ဗီတာမင်ဓါတ်လုံလုံလောက်လောက်စားပေးဖို့ တကယ်ပဲ အရေးကြီးလှပါတယ်။ ဒါပေမယ့် ဗီတာမင်ဖြည့်စွက်အားဆေးတွေ၊အစာတွေ မစားခင်မှာ သင့်ဆရာဝန်နဲ့ အရင်မေးမြန်းတိုင်ပင်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဗီတာမင်အေဓါတ် အရမ်းများရင် နှုတ်ခမ်းအရေပြားတွေ စတင်ပြီး ကွာကျလာတတ်လို့ပဲ ဖြစ်ပါတယ်။သင့်နှုတ်ခမ်းခြောက်သွေ့အက်ကွဲတာကို သက်သာပျောက်ကင်း ကာကွယ်တားဆီးနိုင်တဲ့ နည်းလမ်းတွေ တပုံတပင် ရှိနေပါတယ်။ ပထမဆုံးနည်းလမ်းက ရှေးအကျဆုံး၊အလွယ်ကူဆုံး ဖြစ်တဲ့ ရေများများသောက်တဲ့ နည်းပဲ ဖြစ်ပါတယ်။ တနေ့ကို။အနည်းဆုံး ရေနှစ်လီတာလောက် သောက်ပါ။ ဒုတိယအချက်အနေနဲ့ SPF ပါဝင်တဲ့ နှုတ်ခမ်းလိမ်းခရင်မ်ကို ကိုယ်နဲ့မကွာဆောင်ထားပြီး လိုအပ်တိုင်း လိမ်းပေးပါ။ ဟင်းသီးဟင်းရွက် များများစားပါ။ နောက်ဆုံးအချက်က အရေးကြီးဆုံးလို့တောင် ပြောနိုင်ပါတယ်။ သင့်ရဲ့ နှုတ်ခမ်းကို လျှာနဲ့သပ်တဲ့၊ကိုက်တဲ့၊ဝါးတဲ့ အလေ့အထအကျင့်ကို အပြီးတိုင် ဖျောက်ပစ်လိုက်ဖို့ပဲ ဖြစ်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%94%e1%80%be%e1%80%af%e1%80%90%e1%80%ba%e1%80%81%e1%80%99%e1%80%ba%e1%80%b8%e1%80%81%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%85%e1%80%b1%e1%80%90%e1%80%b2%e1%80%b7-%e1%80%a1%e1%80%b1/
Lupus (သို့မဟုတ်) အမျိုးသမီးတွေ သတိထားသင့်တဲ့ နာတာရှည်ရောင်ရမ်းနာ
ကိုယ်ခံအားစနစ်ကြောင့် ဖြစ်ပေါ်တတ်တဲ့နာတာရှည်ရောင်ရမ်းနာတစ်မျိုးကို Lupus လို့ ခေါ်ပါတယ်။ ကိုယ့်ရဲ့ကိုယ်ထဲက ကိုယ်ခံအားစနစ်က ပြင်ပမှဝင်ရောက်သော အရာတွေ၊ ကိုယ့်ရဲ့ခန္ဓာကိုယ်အတွင်းရှိ ပုံမှန်ကျန်းမာသော ဆဲလ်တွေ၊ တစ်ရှူးတွေနဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ပြန်တိုက်ခိုက်တာကြောင့် ဖြစ်ပေါ်တဲ့ ရောဂါဖြစ်ပါတယ်။Lupusကြောင့် ရောင်ရမ်းခြင်းဟာ ကိုယ်ခန္ဓာရဲ့ အစိတ်အပိုင်းအမျိုးမျိုးအပေါ် သက်ရောက်မှုရှိစေနိုင်ပါတယ်။အဆစ်အမြစ်၊အရေပြား၊ ကျောက်ကပ်၊မျက်လုံး၊ဦးနှောက်၊အာရုံကြောစနစ်၊ နှလုံးနဲ့ အဆုတ်စတဲ့ နေရာမျိုးစုံပါပဲ။ပြီးတော့ Lupus ဟာလိင်အမျိုးအစားအားလုံးနဲ့ လူကြီး၊ ကလေးအစုံမှာ ဖြစ်ပွားနိုင်ချေရှိတဲ့ ရောဂါတစ်မျိုးဖြစ်တယ်ဆိုပေမယ့် ရောဂါစွဲကပ်ခံရသူ စုစုပေါင်းရဲ့ ၉၀% ဟာ အမျိုးသမီးတွေဖြစ်ကြတာဟာ ထူးခြားချက်ဖြစ်ပါတယ်။အမျိုးသမီးတွေရဲ့ Lupus ဝေဒနာဖြစ်ပေါ်နိုင်ခြေက အမျိုးသားတွေထက် ၁၀ ဆ ပိုများပါတယ်။ ဒါကြောင့် ဒီဝေဒနာနဲ့ ပတ်သက်လာရင် အမျိုးသမီးတွေအနေနဲ့ ပိုမို သတိထားသင့်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ အသက် ၁၅ နှစ်နဲ့ ၄၄ နှစ်အတွင်းမှာအများဆုံးဖြစ်လေ့ရှိပါတယ်။လူမျိုးအားဖြင့်ဆိုရင်တော့ အာဖရိကန်-အမေရိကန်၊ စပိန်စကားပြော ဟစ်ပန်းနစ်နဲ့ အာရှနွယ်ဖွားလူမျိုးတွေမှာ ပိုအဖြစ်များပါတယ်။Lupus ကို ယျေဘုယျအားဖြင့် ၅ မျိုးခွဲခြားလို့ရပါတယ်။Lupus ဟာ အမြဲတမ်းခံစားရတာ၊ မကြာခဏ ခံစားရတာနဲ့ တစ်ခါတစ်လေမှ ခံစားရတာဆိုပြီး ရောဂါလက္ခဏာ သဘောသဘာဝ ၃ မျိုးရှိပါတယ်။ ရောဂါမျိုးကွဲတွေ ရှိသလိုပဲ ဒီဝေဒနာရဲ့ လက္ခဏာတွေဟာလည်း ထိခိုက်ခံရတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းနေရာတွေအပေါ် မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ယျေဘုယျ လက္ခဏာတွေကတော့။Lupus ဝေဒနာရှင်တွေဟာ ကိုယ်ခံအားစနစ်ပျက်ယွင်းတာ၊ ကျောက်ကပ်၊ အာရုံကြောဆိုင်ရာ ပြဿနာတွေနဲ့ သွေးတွင်း သွေးဖြူဥပမာဏ ကျဆင်းတာမျိုးတွေကိုလည်း ရင်ဆိုင်ရတတ်ပါတယ်။Lupus ဟာ မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင်ကြောင့်လည်း ဖြစ်တတ်ပါတယ်။ Lupus ဖြစ်ခြင်းကို လှုံ့ဆော်ပေးတဲ့ ပတ်ဝန်းကျင်နဲ့ ထိတွေ့ရင် ဖြစ်နိုင်ပါတယ်။ အချို့သောကူးစက်ရောဂါပိုးတွေဟာ Lupus ကို အစပျိုးစေပြီး သက်သာပြီးသား ဝေဒနာသည်ဟောင်းတွေကို ပြန်ဖြစ်စေနိုင်ပါတယ်။Lupus ဟာ ပျောက်ကင်းအောင် ကုသလို့မရနိုင်တဲ့ ဝေဒနာတစ်မျိုးဖြစ်ပြီးတော့ အစားအသောက် မှီဝဲမှုနဲ့လည်း ယျဘုယျအားဖြင့် သက်ဆိုင်မှုမရှိတတ်ပါဘူး။ ကုသမှုတွေဟာ ရောဂါလက္ခဏာတွေကို လျှော့ချပေးနိုင်ပြီး ကျန်းမာစွာနေနိုင်အောင် ကူညီပေးနိုင်မှာဖြစ်ပေမယ့် လုံးဝအရှင်းပျောက်ကင်းအောင်တော့ ကုသလို့ မရနိုင်ပါဘူး။ဒါ့အပြင် Lupus ရောဂါရဲ့ လက္ခဏာအများစုဟာ တခြားသောရောဂါတွေနဲ့ မှားယွင်းနိုင်တာမို့ လူနာအနေနဲ့ ရောဂါရာဇဝင်ကို တိတိကျကျမပြောပြနိုင်တဲ့အခါ ကုသမှုလမ်းကြောင်း လွဲချော်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီအချက်ဟာ အရေးကြီးတဲ့ အချက်တစ်ခုပါ။Lupus ကို အကိုက်အခဲပျောက်ဆေးတွေ၊ ငှက်ဖျားပျောက်ဆေးတွေနဲ့ စတီးရွိုက် ပါဝင်တဲ့ဆေးတွေနဲ့ ကုသကြလေ့ရှိသလို စိတ်ဖိစီးမှု လျှော့ချတာ၊ အာဟာရမျှတစေတာ၊ အိပ်ရေးဝဝ အိပ်တာ၊ လေ့ကျင့်ခန်းလုပ်တာနဲ့ နေရောင်ထိတွေ့မှုကို ရှောင်ကြဉ်တာမျိုးတွေပြုလုပ်ပြီးတော့လည်း ဂရုစိုက်ပေးနိုင်ပါတယ်။Lupus Organization ကတော့ ကိုယ့်မှာ ဝေဒနာရှိနေပြီဆိုတာကို သိရှိထားရပြီဆိုရင် အဆီများတဲ့ ငါး၊ ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေ၊ သိုမှီးဖန်တီးထားတဲ့ အသားငါးမျိုးတွေ၊ ကြက်သွန်ဖြူနဲ့ ဆားတွေကို တတ်နိုင်သမျှ ရှောင်ကျဉ်ဖို့ တိုက်တွန်းထားပါတယ်။ နောက်ပြီး အရက်သောက်သုံးတတ်ရင်လည်း ရပ်တန့်လိုက်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။Lupus ဝေဒနာသည်တွေအနေနဲ့ မှန်ကန်တဲ့ ကုထုံးတွေကို အသုံးပြုကုသပြီး ကျန်းမာအောင် နေထိုင်ရင် ပုံမှန်လူတစ်ယောက်လို့ နေထိုင်ရှင်သန်ခွင့်ရှိနေတာမို့ မိမိမှာ ဒီရောဂါလက္ခဏာ တစ်စုံတစ်ရာရှိနေရင် ကုသမှုပြုလုပ်ဖို့ အလျင်အမြန် စတင်ကြိုးပမ်းသင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/lupus-10-things-you-should-know/
ဆားဝက်ခြံတွေကို နှိမ်နင်းဖို့ နည်းလမ်းများ
ဆားဝက်ခြံဟာ ဆယ်ကျော်သက်တွေ အတွက်သာမက လူကြီးတွေအတွက်ပါ အရေပြား ပြဿနာတစ်ခု ဖြစ်ပါတယ်။ ဆားဝက်ခြံ တွေကို ညှစ်ထုတ်လိုက်ခြင်းဟာ အရေပြားပေါ်မှာ အပေါက်တွေကို ချန်ထားခဲ့ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့နည်းစေပါတယ်။ ဒါပေမယ့် ဒီ ဆားဝက်ခြံတွေကို လျော့ကျစေဖို့နဲ့ ကာကွယ်ဖို့ကို ကူညီပေးမယ့် နည်းလမ်းတွေ အများကြီး ရှိပါတယ်။ဆားဝက်ခြံ တွေဟာ ဝက်ခြံတစ်မျိုးဖြစ်ပြီး မျက်နှာရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ နှာခေါင်း၊ နှဖူး၊ ပါး အစရှိတဲ့နေရာတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ သူတို့ဟာ မွေးညင်းပေါက်တွေထဲမှာ ပိတ်နေတဲ့ အဆီဖြစ်ပြီး အောက်စီဂျင်နဲ့ ထိတွေ့မှုကြောင့် မည်းနေတာ ဖြစ်ပါတယ်။သင့်မှာ အဆီပြန်၊ ပုံမှန်၊ ခြောက်သွေ့ (သို့) ပေါင်းစပ် အသားအရေ ရှိတယ်ဆိုတာကို အလှကုန်ပစ္စည်းတွေ ရွေးချယ် ဝယ်ယူဖို့ သိထားသင့်ပါတယ်။ လူအချို့ရဲ့ အရေပြားဟာ သိပ်အထိမခံနိုင်တောကြောင့် သူတို့ဟာ ထိခိုက်လွယ်တဲ့အရေပြား အတွက် လုပ်ထားတဲ့ ထုတ်ကုန်တွေကို အသုံးပြုဖို့ လိုအပ်ပါတယ်။ မသင့်လျော်တဲ့ ထုတ်ကုန်တွေကို သုံးစွဲခြင်းဟာ ချွေးပေါက်ပိတ်စေပြီး ဝက်ခြံထွက်လာစေပါတယ်။ဆားဝက်ခြံတွေကို မညှစ်ခင် ချွေးပေါက်တွေ ကျယ်နေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ရေငွေ့ခံခြင်းဟာ ဆားဝက်ခြံတွေကို ဖယ်ရှားဖို့ အရေးကြီးတဲ့ အဆင့်ဖြစ်ပါတယ်။ ရေပူပူထဲမှာ သံပုရာသီးနဲ့ ဂျင်းကိုထည့်ပြီး ပန်းကန်လုံးထဲကို ထည့်သင့်ပါတယ်။ အဝတ်တစ်ခုနဲ့ ဦးခေါင်းကို ကာထားပြီး မျက်နှာကို ရေငွေ့ခံခြင်းကို ဆယ်မိနစ်ကနေ ဆယ့်ငါးမိနစ်လောက်အထိ ပြုလုပ်သင့်ပါတယ်။ ရေနွေးမျက်နှာပြင်နဲ့ မျက်နှာကို အလွန်နီးကပ်စွာ ထားခြင်းဟာ အသားလောင်ခြင်းကို ဖြစ်စေနိုင်ပါတဲ့အတွက် ဒီအချက်ကိုတော့ သတိပြုပါ။လူအချို့ဟာ ဆားဝက်ခြံတွေကို ညှစ်ထုတ်တတ်ကြပါတယ်။ ဒီလိုညှစ်ထုတ်ခြင်းဟာ ရောင်ရမ်းပြီး ရောဂါပိုးဝင်ခြင်းကို ဖြစ်စေတာမို့ မကောင်းတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီနည်းလမ်းတွေဟာ ဆားဝက်ခြံတွေကို မကာကွယ်နိုင်ရုံသာမက ပြန်ပေါက်လာစေနိုင်ပါတယ်။အချို့အခြေအနေမျိုးမှာ အရေပြားဆရာဝန်နဲ့ ပြသဖို့လိုအပ်နိုင်ပါတယ်။ ပြင်ပ အခြေအနေတွေဖြစ်တဲ့ လေထုညစ်ညမ်းမှု (သို့) ဆဲလ်အသေတွေဟာ ဆားဝက်ခြံတွေကို ဖြစ်ပွားစေရုံသာမက ကိုယ်ခန္ဓါအတွင်းပိုင်းက အခြေအနေတွေဖြစ်တဲ့ ဟော်မုန်းဓါတ်တွေဟာလည်း ဆားဝက်ခြံဖြစ်ပွားစေပါတယ်။ ဆရာဝန်ဟာ သင့်ဆားဝက်ခြံတွေရဲ့ ပြင်းထန်မှု အခြေအနေကို စမ်းသပ်ပြီး သင့်လျော်တဲ့ ကုသမှုကို ပေးမှာ ဖြစ်ပါတယ်။လူတွေပြောလေ့ရှိတာက ဆားဝက်ခြံတွေကို ကုသတာထက် ကာကွယ်တာက ပိုသာလွန်တယ်ဆိုတာပဲဖြစ်ပါတယ်။ သင့်အရေပြားပေါ်မှာ ဆားဝက်ခြံဖြစ်ပေါ်ခြင်းကနေ ရှောင်ကျဉ်နိုင်ဖို့ အရေပြားကို သန့်စင်အောင် ထားဖို့ လိုအပ်ပါတယ်။ မနက်မိုးလင်းရင် (သို့) ညမအိပ်ခင် ဆားဝက်ခြံဖြစ်ပေါ်စေတဲ့ အဆီစုဝေးမှုကို ရှောင်ကျဉ်ဖို့ မျက်နှာသစ်သင့်ပါတယ်။ နေ့တိုင်း မိတ်ကပ်လိမ်းရင် အရေပြားကို ကြည်လင်စေဖို့ မိတ်ကပ်ဖျက်ဆေးတွေကို အသုံးပြုပြီး သေချာဖျက်သင့်ပါတယ်။အလှအပဟာ ဘဝရဲ့ အောင်မြင်မှုကို ရရှိဖို့ အရေးပါတဲ့ အချက်တစ်ခုဖြစ်တာကြောင့် သင့်အရေပြားကို ဝက်ခြံနဲ့ ဆားဝက်ခြံရန်ကနေ ကာကွယ်ပေးဖို့ သတိရသင့်ပါတယ်။ ဒါမှသာ သင့်ဘဝမှာ အရာရာကို ယုံကြည်မှုရှိရှိ နဲ့ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/%e1%80%b7howtostopblackheads/
ချယ်ရီသီးတွေမှာ လှပတဲ့အဆင်းအပြင် အချင်းပါရှိတယ်ဆိုတာ သင်သိပါသလား။ ။
စတော်ဘယ်ရီချယ်ရီရောရင် ဘုံကမ္ဘာ ၇ ဆင့်ကို ရောက်သွားတယ်လို့ တင်စားတတ်ကြပါတယ်။ ဒါတွေဟာ အကြောင်းမဲ့ပြောနေတာ မဟုတ်ပါဘူး။ နီနီရဲရဲ လေးနဲ့ လှပတဲ့ စတော်ဘယ်ရီနဲ့ ချယ်ရီသီးတို့ဟာ အရသာရှိတဲ့အပြင် အဆင်းလည်းလှပြီး ကျန်းမာရေးအတွက်လည်း အထောက်အကူပြုတဲ့ အသီးတွေပါ။ စတော်ဘယ်ရီကတောင်ချဉ်တဲ့အရသာရှိသေးပေမယ့် ချယ်ရီသီးကတော့ အချိုသီးသန့်တလိုင်းသွားတော့ အချဉ်ကြောက်တဲ့သူတွေအတွက် အဆင်ပြေတာပေ့ါ။ ။ ဒီလိုမျိုးအေးတဲ့ဆောင်းရာသီဆိုတာ ချယ်ရီတို့ စတော်ဘယ်ရီတို့ပေါတဲ့ ရာသီပါ။ ။မနက်စာကိုအုတ်ဂျုံလေးစားမယ်လို့ စိတ်ကူးလိုက်ပြီး ဘာသီးနဲ့ တွဲစားရမှန်းမသိရင် ချယ်ရီသီးကိုသာ ပြေးမြင်လိုက်တော့။ အုတ်ဂျုံနဲ့ ချယ်ရီပေါင်းစပ်တဲ့ အတွဲလောက် စားကောင်းတာမရှိဘူး။ မနက်စာတင်လား မဟုတ်ပါဘူး။ ကြိုက်တဲ့အချိန် ချယ်ရီသီးကို စားနေလို့ရပါတယ်။ များများစားလေ ကျန်းမာရေးကို ပိုအထောက်အကူ ပြုလေပါပဲ ။ ။ ကဲ ဒီလောက် ညွှန်းနေတဲ့ချယ်ရီသီးက ကျန်းမာရေးကို အထောက်အကူဘယ်လိုပြုပေးတာလဲ ။ ။အားလုံးသိကြတဲ့အတိုင်းပါပဲ။. အသီးတိုင်းကဓါတ်တိုးဆန့်ကျင်ပစ္စည်း တွေ ကြွယ်ဝတယ်ဆိုတာ။ ဒီလိုပါပဲ ။ ချယ်ရီသီးမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက ဆဲလ်တွေအသက်ကြီးလာတာကို ကာကွယ်ပေးမယ့်အပြင် နာတာရှည်ရောဂါဖြစ်တဲ့နှလုံးရောဂါ၊ကင်ဆာရောဂါတို့နဲ့ အယ်ဇိုင်းမားရောဂါတို့ကို ကာကွယ်ပေးဦးမှာပါ။ချယ်ရီသီးက ချိုတယ်ဆိုပေမယ့် သူ့မှာပါတဲ့ သကြားဓါတ်က အခြားအသီးတွေနဲ့ စာရင် ပိုပြီးနည်းတာကြောင့်ဆီးချိုသမားတွေစားလို့ရတဲ့ ရှားပါးတဲ့အသီးတစ်ခုပါ။ များများစားပေမယ့်လည်း ေသွးတွင်းသကြားဓါတ်ပမာဏကို မမြင့်တက်စေတဲ့အပြင်အင်ဆူလင်အာရုံခံနိုင်စွမ်းကိုလည်း တိုးလာစေတာကြောင့် ဆီးချို မဖြစ်စေဖို့အတွက် သူကကာကွယ်ပေးပါသေးတယ်။ညဘက်အိပ်ပျော်စေဖို့အတွက် အဓိက ဇာတ်လိုက်ဖြစ်တဲ့ melatonin ဟော်မုန်းက အသီးတော်တော်များများမှာ မရှိသလောက်ရှားပေမယ့် ချယ်ရီသီးမှာတော့ အများကြီးတွေ့ရတဲ့ အရာတစ်ခုပါ။ ချယ်ရီသီးဖျော်ရည်ကို မနက်ပိုင်းတစ်ခွက်၊ ညအိပ်ရာဝင်ခါနီး ၁နာရီ ၂ နာရီလောက်အလိုမှာ တစ်ခွက် သောက်ပေးရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ချယ်ရီသီးရဲ့ရောင်ရမ်းခြင်းကို လျော့ကျစေတဲ့ အာနိသင်ကြောင့်အဆစ်အမြစ်ရောင်ြပီး နာနေတဲ့သူတွေ ချယ်ရီသီးကို ဖျော်ရည်ပဲ လုပ်သောက်သောက်၊ အသီးကို ဒီတိုင်းလေးစားစား ဖြစ်နေတဲ့ နာကျင်ခြင်းတွေ သက်သာသွားမှာပါ။Gout ရောဂါလို့ လူသိများကြတဲ့အဆစ်အမြစ်ရောင်ရောဂါဟာ ကိုယ်တွင်းမှာ များနေတဲ့uric acidတွေ အဆစ်အမြစ်ထဲ စုပုံလာပြီး ပုံဆောင်ခဲတွေ ဖြစ်သွားတာကြောင့် အဆစ်အမြစ်တွေ ရောင်ရမ်းနာကျင်တဲ့ ဝေဒနာတစ်ခုပါ။ ဒီ Gout ရောဂါ တစ်ခါဖြစ်ဖူးရင် မကြာမကြာ ပြန်ပြန်ဖြစ်တတ်တဲ့ ရောဂါတစ်ခုပါ။ လေ့လာတွေ့ရှိချက်တွေအရတော့ ချယ်ရီသီးစားပေးတဲ့သူတွေဟာ မစားတဲ့သူတွေထက်စာရင် gout ရောဂါ ပြန်ပြန်ဖြစ်နိုင်ချေ နည်းပါးတယ်လို့ ဆိုပါတယ်။သွေးတွင်းက မကောင်းတဲ့ကိုလက်စရေြာဖစ်တဲ့ LDL ကို လျှော့ချပေးနိုင်တဲ့ နေရာမှာ ချယ်ရီသီးလောက် ကောင်းတဲ့သူမ ရှိတော့ပါဘူး။ သွေးတွင်း ကိုလက်စရော ၁ ရာခိုင်နှုန်းလောက် လျှော့ချနိုင်လေလေ နှလုံးရောဂါ ဖြစ်နိုင်ချေ ၂ ရာခိုင်နှုန်းလောက် လျော့ကျသွားလေလေပါ။ရောင်ရမ်းခြင်းကို လျော့ကျစေတဲ့ ချယ်ရီသီးဟာ လေ့ကျင့်ခန်းလုပ်ပြီးနောက်ပိုင်းရလာတဲ့ကြွက်သားနာကျင်ြခင်းကို သက်သာစေမယ့်အပြင် လေ့ကျင့်ခန်း မလုပ်ခင် နာရီဝက်လောက်အလိုမှာ စားပေးရင် လေ့ကျင့်ခန်းလုပ်နေတုန်း ဖြစ်တတ်တဲ့ ကြွက်သားတွေ ဆုတ်ပြဲခြင်းကို လည်းသက်သာစေပါတယ်။ဒီလို ကောင်းကျိုးတွေ အများကြီးရှိတဲ့ ချယ်ရီသီးကို ဒီတိုင်းပဲစားစား၊ ရေခဲသေတ္တာထဲမှာ သိမ်းထားပြီးပဲစားစား၊ ဖျော်ရည်ပဲ လုပ်သောက်သောက် တကယ်ကိုအရသာရှိတဲ့ အသီးတစ်ခုပါနော်။ ခုလို အေးနေတဲ့ ရာသီဆိုတာ ချယ်ရီသီးတွေ ပေါ်ချိန် ဖြစ်တာကြောင့် ခုပဲ အပြေးကလေး သွားဝယ်လိုက်တော့နော် ။ ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/cherry/
လက်သည်း၊ခြေသည်း သွေးခြည်ဥခြင်း ဖြစ်စေသော အကြောင်း နှင့် ကုသနည်းများ
လက်သည်းခွံ၊ ခြေသည်းခွံတွေအောက်မှာ အနီရောင်၊ အညိုရောင်တွေ ပြောင်းပြီး သွေးယိုနေတာမျိုး သတိထားမိဖူးပါသလား။ ‘ဒုက္ခပဲ၊’ ‘ဘာလို့သွေးတွေယိုနေပါလိမ့်၊’ ‘သွေးယိုနေတယ်၊ ရောဂါကြီးတစ်ခုခုတော့ဖြစ်ပြီထင်တယ်’ စသည်ဖြင့်ကော တွေးခဲ့ဖူးပါသလား ။ စိတ်မပူပါနဲ့။ ထို လက်သည်းခွံအောက် သွေးယိုခြင်း၊ သွေးခြည်ဥခြင်းဟာ ထိုလက်သည်း၊ အရိုး နဲ့ အခြားတစ်ရှူးတွေမှာ ထိခိုက်မှုတွေရှိတာမဟုတ်ရင် စိတ်ပူစရာအရာတစ်ခု မဟုတ်ပါဘူး။အကြောင်းအရင်းတွေ။လက်သည်းအောက်မှာ သွေးခြည်ဥခြင်းဟာ များသောအားဖြင့်တော့ လက်သည်း ထိခိုက်မှုကြောင့် ရလာတာပါ။ ဥပမာ-။• လက်ချောင်းတွေကို ထုမိခြင်း။• အလေးတုံး ခြေချောင်းတွေပေါ်  ပြုတ်ကျခြင်း။• ကားတံခါးကြား လက်ချောင်းညပ်ခြင်း၊ အိမ်တံခါးကြား ခြေချောင်းညပ်ခြင်း။• ကြမ်းပြင်၊ လမ်းပေါ်မှာ ခြေမဖြင့်ဆောင့်ပြီး နင်းမိခြင်း စတဲ့ အချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။အကျိတ်များပေါ်ခြင်းကဲ့သို့ အခြားအချက်တွေကြောင့်လည်း လက်သည်းအောက် သွေးခြည်ဥနိုင်ပါတယ်။ လက်သည်း၊ ခြေသည်းအောက်မှာ အကျိတ်ပေါ်တဲ့အခါ လက်သည်း၊ ခြေသည်းအောက်က အရေပြား ညိုမည်းလာပါတယ်။ ထိုအကျိတ်ဖြစ်ရခြင်း အကြောင်းကို သိရအောင်တော့ ဆေးခန်းသွားဖို့အကြံပေးပါရစေ။ဘယ်အချိန်မှာဆေးကုသမှုလိုမလဲ။နာကျင်မှုလည်း မရှိ၊ သွေးယိုစိမ့်သော ပမာဏလည်းနည်းတယ်ဆိုရင် ကုသဖို့မလိုပါဘူး။ ဒါပေမယ့် နာကျင်နေမယ်၊ သွေးယိုခြင်းကလည်း မရပ်သွားဘူး လက်သည်းမှာ ထိခိုက်နေတာလည်း များတယ် ဆိုရင်တော့ အကူအညီလိုပါပြီ။လက်သည်း၊ ခြေသည်းအောက်မှာ သွေးတွေအိုင်နေခြင်းကြောင့် နာနေမယ်ဆိုရင်တော့ ထိုသွေးတွေကို ဖယ်ရှားဖို့လိုပါလိမ်မယ်။ ဆရာဝန်က ထိခိုက်တဲ့နေရာက သွေးဖိအားကို လျော့အောင် ကုသမှုပေးပါလိမ့်မယ်။ကုသမှု။ပထမဆုံးအနေနဲ့ ထုံဆေးပေးပါမယ်။ သွေးတွေ ထုတ်ပစ်ဖို့ နည်းအချို့ရှိပါတယ်။ ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။• ပထမနည်းက အပူပေးထားသော ဝါယာ (သို့) ကာဗွန်လေဆာဖြင့် လက်သည်းခွံ၊ ခြေသည်းခွံတွင် အပေါက်ဖောက်ခြင်း ဖြစ်တယ်။ အပူချောင်းက သွေးခဲကို ထိမိချိန်တွင် အေးသွားသောကြောင့် လက်သည်း၊ ခြေသည်း အောက်ခြေအသားကို အပူလောင်မှာ မစိုးရိမ်ရသလို နာကျင်မှုမရှိဘဲ အလျင်အမြန် ပြီးသောနည်းဖြစ်တယ်။• အပ်သုံးခြင်း။ လက်သည်းခွံကိုဖောက်ရန် အပ်ကိုသုံးမှာ ဖြစ်ပြီး ထိုအပေါက်ငယ်မှ တစ်ဆင့် သွေးများ အပြင်ကို စိမ့်ထွက်သွားမှာဖြစ်တယ်။သွေး ဖောက်ထုတ်ပြီးတဲ့အခါ ထိုနေရာကို ပတ်တီးစည်းပေးပါလိမ့်မယ်။ ထိုပတ်တီးကို ၁၂ နာရီလောက် ထားရမှာဖြစ်ပြီး ရောင်ရမ်းခြင်း၊ နာကျင်ခြင်းရှိပါက ရေခဲ သုံးနိုင်ပါတယ်။ ဒါပေမယ့် ရေခဲကို ထိခိုက်ထားတဲ့ လက်သည်းပေါ် တိုက်ရိုက်မတင်ရပါ၊ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်သွားနိုင်ပါတယ်။တစ်ခါတစ်ရံ လက်သည်းခွာပစ်ရတတ်ပါတယ်။ ဒါပေမယ့် လက်သည်း အသစ်က နောက်ထပ် ၆လ မှ ၉လလောက်မှာ အပြည့်ပြန်ထွက်လာပါတယ်။လက်သည်း၊ ခြေသည်းခွံအောက် သွေးခြည်ဥခြင်းဟာ လက်သည်းခွံ၊ ခြေသည်းခွံတွေအောက်မှာ သွေးယိုနေတဲ့ ပုံစံနဲ့ လာတတ်ပါတယ်။ လက်ချောင်းတွေကို တူနဲ့ထုမိတဲ့အခါ၊ ခြေချောင်းတွေ တံခါးညပ်တဲ့အခါတွေမှာ ဖြစ်တတ်ပြီး နာကျင်မှုသက်သာဖို့အတွက် ကုသရန် သင့်ပါတယ်။ ထို့အတွက် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/nail-care/%e1%80%9c%e1%80%80%e1%80%ba%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%81%8a%e1%80%81%e1%80%bc%e1%80%b1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8-%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%81%e1%80%bc%e1%80%8a/
အသား၊ ငါး ရှောင်သူတိုင်း မေ့မထားသင့်တဲ့ အာဟာရဖြည့် စားစရာ
အသား၊ ငါးတွေ မစားချင်ဘူး။အသီးအရွက်ပဲ စားရတာ ကြိုက်တယ်။ ဒါဆိုအာဟာရပြည့်ပါ့မလားလို့ တွေးပြီး စိတ်ပူနေပြီလား။ ဒါဆိုရင်တော့ အသား၊ ငါး မစားလည်း အာဟာရ ပြည့်ဝနေစေဖို့ စားရမယ့်အစားအစာလေးတွေကို ပြောပြပေးမယ်နော်။အသား၊ ငါး မစားဘဲ လိုအပ်တဲ့ အာဟာရတွေ ပြည့်စေဖို့ဆိုရင်။ပဲပြား၊ တို့ဟူးတို့က ပဲကို အခြေခံပြီး ထုတ်ထားတာ ဖြစ်တာကြောင့် ပရိုတင်း၊ဇင့်၊ သံဓာတ်တို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါတင်မက သေးပါဘူး။ ကိုလက်စထရော ပါဝင်မှု နည်းပြီးomega-3 fatty acidလည်း ပါဝင်နေပါသေးတယ်။ဗီတာမင် Dပါဝင်ပြီး ကယ်လ်ဆီယမ် စုပ်ယူမှု ကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ပဲနီလေး၊ ပဲဝါလေးတို့လိုမျိုး အခြောက်ခံထားတဲ့ ပဲတွေမှာ ပရိုတင်း နဲ့ ပျော်ဝင်လွယ်တဲ့အမျှင်ဓာတ်တွေ ပါဝင်နေပါတယ်။ ဒါတင်မကသေးဘဲခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေ ဖြစ်ကြတဲ့ ဗီတာမင် B၊ဖောလိတ်နဲ့ သံဓာတ်တို့လည်း ပါဝင်နေပါသေးတယ်။ကုလားပဲ၊ မြေပဲ တို့လို ပဲဆန်တွေမှာလည်း သံဓာတ်၊ ပရိုတင်း၊ အမျှင်ဓာတ်တို့ ပါဝင်နေပါတယ်။ အမျှင်ဓာတ်က ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ် ဖြစ်တာကြောင့် သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပါတယ်။ ဒါတင်မကသေးဘဲ ကျန်းမာစေဖို့ အထောက်အကူပြုတဲ့ အာဟာရတွေ ဖြစ်ကြတဲ့ ပိုတက်ဆီယမ်၊ ဇင့်၊ ဗီတာမင် B အုပ်စုနဲ့ ကယ်လ်ဆီယမ်လည်း ပါဝင်နေပါတယ်။အခွံမာသီးတွေ ဖြစ်ကြတဲ့ သစ်ကြားသီး၊ သီဟိုဠ်စေ့၊ မြေပဲ၊ ဗာဒံစေ့တွေက ဇင့်၊ ဗီတာမင် E၊ omega-3 fatty acids နဲ့ ပရိုတင်းတို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။  ဒါတွေအပြင် အမျှင်ဓတ်၊ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်တို့လည်း ကြွယ်ဝစွာ ပါဝင်နေပါသေးတယ်။အဆာပြေ စားလို့ရသလို အပျင်းပြေ ဝါးစားလို့လည်း အဆင်ပြေတဲ့ အခွံမာသီးလေးတွေကို စားသုံးပေးတာက အသား၊ ငါး စားသလိုပဲ အာဟာရ ရရှိစေမှာပါ။ကောက်နှံတွေကလည်း အာဟာရ ပါဝင်မှု မနည်းတဲ့ စားစရာတွေပါ။ ကောက်နှံတွေမှာ ဗီတာမင် B12၊ သံဓာတ် နဲ့ ကယ်လ်ဆီယမ်တို့လိုမျိုး အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ဒါ့အပြင် ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ် နဲ့ ဇင့်ဓာတ် ပါဝင်နေတာကြောင့် သွေးတွင်း ကိုလက်စထရောကို ကျဆင်းစေပြီးအူမကြီးကင်ဆာနဲ့ အစာခြေစနစ် ပြဿနာတွေ ခံစားရနိုင်ခြေကို လျှော့ချပေးပါတယ်။အစိမ်းရောင် စိုစို ဟင်းသီးစင်းရွက်လေးတွေ ဖြစ်ကြတဲ့ ဟင်းနုနွယ်၊ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်တို့မှာ သံဓာတ် ကြွယ်ဝစွာ ပါဝင်နေပါတယ်။ သံဓာတ် အပြင်ကကင်ဆာ ကာကွယ်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်ပါသေးတယ်။ဖောလစ်အက်ဆစ် နဲ့ ဗီတာမင် A၊ ကယ်လ်ဆီယမ်၊ ဗီတာမင် C တို့လည်း ပါဝင် နေပါသေးတယ်။သစ်သီးခြောက်တွေက စားကောင်းသလို သံဓာတ်လည်း ကြွယ်ဝတဲ့ အစားအသောက်တွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သစ်သီးခြောက်တွေမှာ ပရိုတင်း၊  အမျှင်ဓာတ်တို့ အပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေလည်း ပါဝင်နေပါတယ်။ ဇီးသီးခြောက်၊ စပျစ်သီးခြောက်၊ သရက်သီးခြောက်၊ နာနတ်သီးခြောက်၊ စွံပလွန်သီးခြောက်၊ ချယ်ရီသီးခြောက် တို့ကို စားပေးလို့ ရပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/special-diets/foods-every-vegetarian-should-eat/
လက်ကိုဆပ်ပြာနဲ့ဆေးတာနဲ့ ရေမလိုလက်သန့်ဆေးရည်သုံးတာ ဘယ်ဟာပိုကောင်းလဲ ။ ။
တစ်ကိုယ်ရည်သန့်ရှင်းရေးတစ်ခုမှာ အရေးအကြီးဆုံးက ဘယ်ဟာလို့ထင်ပါသလဲ။  တစ်နေ့မစားရင် မနေနိုင်ကြတဲ့အတွက် အစားစားတဲ့နေရာမှာ အဓိက အရေးပါတဲ့လက်သန့်ရှင်းရေးက အရေးအကြီးဆုံးပါ။သန်ကောင်တွေရန်ကလည်း ကြောက်ရတယ်မလား။လက်ကိုသန့်စင်တဲ့နေရာမှာ ရေနဲ့ဆပ်ပြာသုံးပြီး သန့်စင်နိုင်သလို ခုနောက်ပိုင်း ရေမရနိုင်တဲ့နေရာတွေမှာပါ သုံးလို့ရတဲ့ ရေမလို လက်သန့်ဆေးရည်တွေ ထွက်လာပါပြီ။ရေမလိုလက်သန့်ဆေးရည်တွေက နေရာတိုင်းမှာ အလွယ်တကူ ဝယ်လို့ရနိုင်တဲ့အပြင် သုံးရတာလည်း လွယ်ကူတယ်မလား။ တစ်ချို့ဆို ရေနဲ့ဆပ်ပြာနဲ့တောင် မသုံးတော့ဘဲ ရေမလိုလက်သန့်ဆေးရည်တွေကိုပဲ လွယ်လွယ်သုံးလိုက်ကြတာတွေရှိပါတယ်။ကွာခြားချက်တွေ အရင်မပြောခင်လက်သန့်ဆေးရည်နဲ့ ရေနဲ့ဆပ်ပြာသုံးပြီးလက်သန့်စင်တာ အကြောင်းလေးကို အရင်ပြောပြချင်ပါတယ်။ရေနဲ့ဆပ်ပြာသုံးမယ်ဆိုရင် လက်ပေါ်မှာ ရှိတဲ့ ပိုးမွှားနဲ့ အညစ်အကြေးတွေ သန့်စင်ဖို့အတွက်။• တစ်ခါဆေးရင် စက္ကန့် ၂၀ လောက်ဆေးရမှာ ဖြစ်ပါတယ်။ ဒါမှ ပိုးမွှားတွေနဲ့ အညစ်အကြေးတွေက ဆပ်ပြာနဲ့ထိတွေကပျော်ဝင်ပြီး ရေဆေးချလိုက်တာအခါ ရေနဲ့အတူ ပါသွားမှာ ဖြစ်ပါတယ်။• ဒီနေရာမှာ ရေအေးနဲ့ဆေးတာ ရေနွေးနဲ့ဆေးတာက အရေးမကြီးဘဲ ကိုယ်အချိန်ဘယ်လောက်ယူပြီးလက်ဆေးတယ်၊ လက်ရဲ့နေရာအနှံ့အပြားကိုရောက်မရောက်နဲ့ သုံးတဲ့ ဆပ်ပြာ အမျိုးအစားက စကားပြောသွားပါတယ်။တကယ်လို့ ရေနဲ့ဆပ်ပြာ လွယ်လွယ်ကူကူ မရဘူးဆိုရင်တော့ ရေမလိုလက်သန့်ဆေးရည်တွေကသာ အကောင်းဆုံးဖြစ်မှာပါ။• ကိုယ်သုံးတဲ့ ရေမလိုလက်သန့်ဆေးရည် hand sanitizer က ဂျယ်လ်ပုံစံဖြစ်ပြီး စေးကပ်ကပ်မကျန်ခဲ့ဖို့ အရေးကြီးပါတယ်။• ပိုးသေစေဖို့alcohol ၆၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းလောက်ပါဖို့ကလည်းအရေးကြီးပါသေးတယ်။• ဆေးရည်လေးကို လက်ထဲထည့်ပြီး ပွတ်လိုက်ရုံပဲ ဖြစ်တာကြောင့် သုံးရတာလွယ်ကူတဲ့အပြင် ဘူးပုံစံနဲ့ ထုတ်ထားတော့ သွားလေရာနေရာကို ဆောင်သွားလို့ရတာပေါ့။ အချိန်မရွေးထုတ်သုံးလိုက်ရုံပဲလေ။လက်သန့်ဆေးရည်တွေ ဘယ်လောက်ပဲ ကောင်းတယ် သုံးရတာ အဆင်ပြေတယ်ဆိုပေမယ့် ပုံမှန်ရေနဲ့ဆပ်ပြာသုံးပြီး လက်ဆေးတာကို သူတို့က အစားမထိုးနိုင်ပါဘူး။• အားလုံးသိကြပါတယ်။ ရေမလိုလက်သန့်ဆေးရည်တွေက ဘက်တီးရီးယားကို ၉၉ ရာခိုင်နှုန်းလောက်က သေစေတယ်ဆိုတာ။ ဒါပေမယ့် ၁ ရာခိုင်နှုန်းတော့ ကျန်ခဲ့ပါသေးတယ်။ အဲဒီ ၁ ရာခိုင်နှုန်းပိုးမွှားတွေ ကိုယ့်ထဲ ရောက်သွားတာမျိုးလည်း ဖြစ်နိုင်တာကြောင့် အရမ်းကြီးစိတ်ချရတယ်လို့ ပြောလို့မရပါဘူး။ ရေနဲ့ဆပ်ပြာသုံးပြီးဆေးတာကကျတော့ဆပ်ပြာက ၉၉ ရာခိုင်နှုန်းပိုးမွှားတွေကို သေစေပြီး ကျန်တဲ့ ၁ ရာခိုင်နှုန်းက ရေဆေးချလိုက်ရင် ပါသွားမှာ ဖြစ်တာကြော့င့် ရေနဲ့ဆပ်ပြာသုံးပြီးဆေးတာက ပိုစိတ်ချရပါတယ်။• လက်သန့်ဆေးရည်တွေထဲမှာပါတဲ့ alcohol တွေ အခြား ပိုးသတ်ဆေးဓာတုပစ္စည်းတွေက လက်ပေါ်မှာပဲ ကျန်ခဲ့တတ်တာကြောင့် ဗိုက်ထဲ ဝင်သွားတာမျိုး ဖြစ်တတ်ပါတယ်။. ရေနဲ့ဆပ်ပြာနဲ့ သုံးရင်ကျတော့ ရေဆေးလိုက်တာကြောင် ပိုးမွှားအညစ်အကြေးတွေရော ဆပ်ပြာမှာပါတဲ့ ဓာတုပစ္စည်းတွေ ရော အကုန်လုံးစင်သွားနိုင်ပါတယ်။ရေမလိုလက်သန့်ဆေးရည်နဲ့ ရေနဲ့ဆပ်ပြာသုံးပြီး သန့်စင်ခြင်းကြားမှာ ကွာခြားချက်ဆိုလို့ ခုပြောပြခဲ့တဲ့ ၂ ချက်လောက်ပဲ ရှိပါတယ်။ သုံးရတာလွယ်တယ် ဘယ်နေရာဖြစ်ဖြစ် အသုံးပြုလို့ရတယ်ပြောပြာ ရေမလိုလက်သန့်ဆေးရည်တွေက ဘယ်လောက်ပဲ ကောင်းတယ်ပြောပြော ရေမလိုလက်သန့်ဆေးရည်တွေက ရေနဲ့ဆပ်ပြာကို အစားမထိုးနိုင်တာအမှန်ပါ။ ။HelloHealth Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/general-hygiene/hand-sanitizer-2/
သင့်အူလေးတွေ မကျန်းမာကြောင်း ပြနေတဲ့ အချက် ၇ ချက် ။ ။
ဟိုနေ့က အစပ်လေးစားမိလိုက်တာ ဒီနေ့တော့ ပန်းကမ္ဘာထဲ ရောက်သွားပြီ။ အစားလေးနည်းနည်းပဲ စားမိတယ် ဘာမှတောင် မလုပ်ရသေးဘူးဗိုက်ကအောင့်နေပြီ။ တင်းနေပြီ ပြည့်သလိုတွေ ခံစားနေရတယ် ဆိုတဲ့ဝေဒနာတွေကို ခံစားဖူးတဲ့သူတွေရှိကြမှာပါ။ အခြားသူတွေလည်း ကိုယ့်နည်းတူ စားနေကြတာပဲ။ ကိုယ့်ကျမှ ဒါမျိုးတွေ ခံစားရတယ်ဆိုတာ ကိုယ့်အူလမ်းကြောင်းမကျန်းမာလို့ ဖြစ်ရတာတွေပါ ။ ဒါဆို ကိုယ့်အူလေးတွေ မကျန်းမာဘူးဆိုတာကို ဘယ်လို အချက်တွေကနေ သိနိုင်သလဲ ။ ။( ၁ ) ဗိုက်ထဲမှာ လေတွေပြည့်ပြီး ကယ်နေတာ၊ ဝမ်းခဏခဏပျက်တာ၊ လေအောင့်တာ။ဒီ အချက် ၃ ချက်က ဗိုက်ထဲကအူလမ်းကြောင်းမကျန်းမာတဲ့အကြောင်း ထိပ်ဆုံးက ပြနေတဲ့ အချက် ၃ ချက်ဖြစ်ပါတယ်။ ဒီလိုဖြစ်ရခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ အူထဲမှာ ရှိတဲ့ ကောင်းတဲ့ ဘက်တီးရီးယားလေးတွေနဲ့ အပြင်က ဝင်လာတဲ့ မကောင်းတဲ့ဘက်တီးရီးယားလေးတွေ အရေအတွက်မမျှတာကြောင့် ဖြစ်ရတာပါ။ ဒီလိုနဲ့ မကောင်းတဲ့ ဘက်တီးရီးယားတွေ များလာပြီး ဝမ်းလျှောပါတော့တယ်။လေထတာကကျတော့ အူတွင်းမှာ အစားလိုက်တဲ့ အစားအစာတွေ အချဉ်ပေါက်တာ၊အစာခြေအက်ဆစ်လုံလုံလောက်လောက် မထွက်တာနဲ့ စားလိုက်တဲ့အစားအစာတွေကို အူတွင်းက အကျိုးပြု ဘက်တီးရီးယားလေးတွေက မဖြိုခွဲနိုင်တာကြောင့် ဖြစ်ရတာပါ။ လေပွစေတဲ့အစားအစာတွေ အများကြီးစားမိတာလည်း ပါမှာပေါ့။သိပ္ပံပညာရှင်တွေ လေ့လာချက်အရဗိုက်ဆာခြင်း မဆာခြင်းကို ထိန်းချုပ်တဲ့ leptin နဲ့ ghrelin ဟော်မုန်းတွေနဲ့ဆင်တူတဲ့ ပရိုတင်းတစ်မျိုးကို အူတွင်းက ဘက်တီးရီးယားလေးတွေက ထုတ်လေ့ရှိပါတယ်။ အဲဒီပရိုတင်းကပဲ အစားစားချင်တဲ့စိတ်နဲ့ ကိုယ့်စိတ်အခြေအနေကို ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။ တကယ်ဆို အရာရာကို ညီမျှအောင် စားရမယ့်အစား အူအတွင်းက ဘက်တီးရီးယားတွေ မကျန်းမာတာများလာတော့ ထုတ်တဲ့ ပရိုတင်းတွေလည်း ပုံမှန် မဟုတ်တော့ဘဲ ကျန်းမာတဲ့ အစားအစာတွေ အစား သကြားများတဲ့ အချိုသရေစာမုန့်တွေကို ပိုတောင့်တလာတတ်ကြပါတယ်။ သကြားပိုစားလေ မကောင်းတဲ့ဘက်တီးရီးယားတွေအတွက် အစာကျွေးမိသလိုဖြစ်လေလေ သကြားပိုစားချင်လေလေနဲ့ သံသရာလည်နေတတ်ပါတယ်။တာရှည်ခံတွင်းနံ့ဆိုးခြင်းကို ဆေးပညာအရဆို halitosisလို့ ခေါ်ကြပါတယ်။ ပုံမှန်ဆို ဒီ halitosis က သွားကြားနဲ့ လျှာပေါ်မှာ ရှိနေတဲ့ ဘက်တီးရီးယားတွေကြောင့် ဖြစ်တာများပေမယ့် အူတွင်းက အကျိုးပြု ဘက်တီးယားတွေနည်းနေတဲ့အခါမျိုးမှာလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ခံတွင်းနံ့ဆိုးနေပြီဆိုရင်သွားနဲ့ခံတွင်းသန့်ရှင်းရေးကို သေချာမလုပ်တာကြောင့် ဖြစ်နိုင်တာ မှန်ပေမယ့် အူလမ်းကြောင်း မကျန်းမာတာကြောင့် ခံတွင်းနံ့ဆိုးတတ်တာကိုလည်း မေ့ထားလို့ မရပါဘူး။ကိုယ့်အူလမ်းကြောင်း မကျန်းမာတဲ့အခါနို့နဲ့နို့ထွက်ပစ္စည်းတွေ၊ gluten များတဲ့ အစာအစာတွေနဲ့ ဓာတ်မတည့်တာတွေ အများဆုံး ဖြစ်တတ်ပါတယ်။ အူတွင်းက အကျိုးပြု ဘက်တီးရီးယားလေးတွေက ဘယ်အစားအစာကိုတော့ စုပ်ယူထားရမယ် ဘယ်ဟာကိုတော့ စွန့်ပစ်ရမယ်ဆိုတာကို ဆုံးဖြတ်ပေးတာဖြစ်တာဖြစ်ပြီး သူတို့ဟာ ကိုယ်တွင်းကို အစားအစာတွေမှာပါတဲ့ ဘက်တီးရီးယားတွေ မဝင်အာင် စောင့်ကြပ်ရတဲ့သူတွေဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ မကျန်းမာတဲ့အခါ ဗိုက်ထဲဝင်လာသမျှ အစားအစာတွေကပါတဲ့ ရောဂါပိုးမွှားတွေကိုတားဆီးနိုင်စွမ်းမရှိတော့တဲ့အပြင် ပုံမှန်မဟုတ်တဲ့ ပရိုတင်းတွေကိုလည်းထုတ်ပါတော့တယ်။ ဒီ ပုံမှန်မဟုတ်တဲ့ ပရိုတင်းတွေကို ခုခံအားစနစ်ကြီးက ရှင်းဖို့လာတိုက်ရာကနေ အစားအစာတွေနဲ့ ဓာတ်မတည့်ခြင်း စဖြစ်တော့တာပါပဲ။အူဆိုတာ စိတ်ရဲ့ ကြေးမုံပြင်လို့ ပြောကြတဲ့စကားကို ကြားဖူးကြမှာပါ။ happy hormone လို့ခေါ်တဲ့ serotonin အများစုနဲ့dopamineတစ်ဝက်လောက်ကို အူအတွင်းမှာ ဖွဲ့စည်းတာ ဖြစ်တာကြောင့် leaky gut လို့ခေါ်တဲ့ အူမကျန်းမာတဲ့ ပြဿနာဖြစ်နေရင် ပျော်ရွင်ခြင်း ဟော်မုန်းတွေ ထုတ်ခြင်း လျော့ကျသွားပါတယ်။ ဒီလိုနဲ့ စိတ်ညစ်စရာတွေ၊ စိတ်ဓာတ်ကျတာတွေ ရောက်လာတော့တာပေါ့။အူမကျန်းမာကြောင်း ပြနေတဲ့ နောက်ထပ် ထင်ရှားတဲ့ ကျန်းမာရေးပြဿနာကတော့ ECZEMA လို့ခေါ်တဲ့နှင်းခူပြဿနာပဲ ဖြစ်ပါတယ်။ ဒါကလည်း Leaky gut ဖြစ်ရင် ထွက်လာတဲ့ ပုံမှန် မဟုတ်တဲ့ ပရိုတင်းတွေကြောင့် အဓိက ဖြစ်ရတာပါ။အစာခြေစနစ်နဲ့ ခုခံအားစနစ်ဆိုတာ ဆက်စပ်နေပါတယ်။ ပြင်ပက အရာတွေ အများဆုံးဝင်နိုင်တဲ့ အစာလမ်းကြောင်းကို စောင့်ကြပ်ပေးတာ အူအတွင်းမှာ ရှိတဲ့ အကျိုးပြုဘက်တီးရီးယားတွေဖြစ်တာကြောင့် သူတို့ဟာ ကိုယ်တွင်း ခုခံအားစနစ်ရဲ့ နယ်ခြားစောင့်တပ်ဆိုရင်လည်းမမှားပါဘူး။ သူတို့ မကျန်းမာတဲ့အခါ သေချာ မစောင့်ကြပ်နိုင်တော့တာကြောင့် ရောဂါပိုးတွေ ဝင်တာများပြီး ခုခံအား စနစ် အားနည်းသွားတတ်ပါတယ် ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/intestines/
ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း တိုးတက်စေဖို့ ဘာလုပ်ရမလဲ
နေ့ရက်တိုင်းမှာ ကျန်းမာပျော်ရွှင်နေဖို့အတွက်ရောဂါပိုးတွေကင်းဝေးနေဖို့လိုတာပေါ့။ ဒါဆိုရင် ဒီရောဂါပိုးမွှားတွေကို ရှေ့တန်းကနေ တိုက်ထုတ်ပေးနေတဲ့ ကိုယ်ခံအားစနစ် ကောင်းဖို့ဆိုတာ အရေးကြီးပါတယ်။ကိုယ်ခံအားက နားလည်လွယ်အောင် ပြောပြရရင် ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ ဝင်ရောက်မလာအောင် တိုက်ထုတ်ပေးတဲ့ ခံတပ်ကြီးပါ။အအေးမိဖျားနာတာကစလို့၊ ပြင်းထန်တဲ့ကူးစက်ရောဂါတွေကူးစက်ခြင်းကို ခံနိုင်ရည်စွမ်းရှိအောင် မြှင့်တင်ပေးပါတယ်။ကုသဆေး ကာကွယ်ဆေးမရှိသေးတဲ့ လတ်တလော အဖြစ်များနေတဲ့COVID_19ကမ္ဘာ့ကပ်ရောဂါကြီးကို ကာကွယ်ဖို့အတွက်ဆိုရင်တော့ သဘာဝတရားကဖန်တီးပေးထားတဲ့ ရောဂါကာကွယ်ခုခံမှုစနစ် ကိုယ်ခံအားကောင်းနေဖို့ပါပဲ။ ကိုယ်ခံအားကပဲ ကုသဖို့ခက်တဲ့ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ပေးမှာပါ။ကိုယ်ခံအားစနစ်ကို ကိုယ်တိုင် ကောင်းအောင် လုပ်လို့ရသလို ကိုယ်ကိုယ်တိုင်က မသိလိုက်ပဲ အားနည်းသွားအောင် လုပ်မိနိုင်ပါတယ်။ ဒီနေရာမှာ ကိုယ်ခံအားအကြောင်းမပြောခင် ကိုယ်ခံအားကောင်းအောင် ထောက်ပံ့ပေးနေတဲ့ အရာလေးတစ်ခုအကြောင်း အရင်ပြောပြပါရစေ။ ဒါကတော့Antioxidantsလို့ ပြောပြောနေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါ။Antioxidants (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) ဆိုတာက ဓာတ်တိုးပစ္စည်း (Free radicals) တွေကြောင့် ဆဲလ်တွေ ထိခိုက်ပျက်စီးတာ ကိုယ်တွင်းမှာ မော်လီကျူးတွေ မျှခြေပျက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ညစ်ညမ်းလာတဲ့ပတ်ဝန်းကျင် အနေအထား၊ လေထု၊ ရေထုတွေကြောင့် နေ့စဉ်နဲ့အမျှ ထိတွေ့နေရတဲ့ ဓာတ်တိုးပစ္စည်း (Free radicals) တွေက မနည်းပါဘူး။Antioxidants (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) မှာ။ဓာတ်တိုးပစ္စည်း (Free radicals) တွေဆိုတာကဆဲလ်တွေကနေ စွန့်ထုတ်လိုက်တဲ့ အရာတွေပါ။ ဒါတွေကို ထိထိရောက်ရောက် ဖယ်ရှားနိုင်ဖို့ လိုပါမယ်။ မဖယ်ရှားနိုင်ဘူးဆိုရင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ထိခိုက်စေနိုင်ပါတယ်။ ဆဲလ်တွေကိုလည်း ပျက်စီးစေနိုင်ပါသေးတယ်။ကိုယ်ထဲမှာ ဓာတ်တိုးပစ္စည်း (Free radicals) တွေများလာတဲ့အခါနှလုံးရောဂါ၊ ကင်ဆာ၊ အဆစ်ရောင်နာ၊ အသက်ရှူလမ်းကြောင်းရောဂါတွေ၊ လေဖြတ်တာတွေ ဖြစ်စေနိုင်သလို ကိုယ်ခံအားကို ထိခိုက်စေပြီး အအေးမိဖျားနာဖြစ်လွယ်သလို ရောဂါတွေ ကူးစက်ခံရနိုင်ခြေလည်း တော်တော်လေး မြင့်သွားမှာပါ။ဒီပြဿနာတွေကင်းစေဖို့ အထိရောက်ဆုံး ကူညီပေးနိုင်တာက ကိုယ်တွင်းက ဓာတ်တိုးပစ္စည်း (Free radicals)  တွေကို အကောင်းဆုံးထိန်းညှိပေးမယ့် Antioxidants (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) ပါပဲ။ Antioxidants (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) ကအသားအရေကနေစလို့ ကိုယ်ခံအားအထိ ခန္ဓာကိုယ် ကျန်းမာဖို့ လိုအပ်သမျှကို အကောင်းဆုံးဖြစ်စေဖို့ ပံ့ပိုးပေးပါတယ်။ ရောဂါတွေကနေ ကာကွယ်ဖို့ဆိုရင် ခန္ဓာကိုယ်မှာ Antioxidants (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) ပြည့်ဝနေဖို့လိုပါမယ်။Antioxidants (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) မြင့်တက်စေဖို့ဆိုရင် လုပ်လို့ရတဲ့ နည်းလမ်း ၂ ခုရှိပါတယ်။ ဒါကတော့။အစားအသောက်။ဗီတာမင် A– နို့ထွက်ပစ္စည်း၊ ဥအမျိုးမျိုး၊ အသည်း။Beta-carotene(Beta-carotene ဆိုတာ Vitamin A ရဲ့ အခြေခံအုတ်မြစ်ပါ။)– မုန်လာဥနီ၊ ပဲတောင့်ရှည်၊ သရက်သီး၊ ဟင်းနုနွယ်၊ အခြား အနီ၊ လိမ္မော်၊ အစိမ်းရောင် သန်းတဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ။ဗီတာမင် C– ဘယ်ရီသီးတွေ၊ မာလကာသီး၊ ငရုတ်ပွ၊ လိမ္မော်သီးအပါအဝင် အချဉ်ဓာတ်များတဲ့ အသီးအနှံတွေ။ဗီတာမင်  E–  သစ်ကြားစေ့၊ နေကြာစေ့၊ ဟင်းသီးဟင်းရွက်ဆီတွေ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ။Lycopene–  ခရမ်းချဉ်သီး၊ ဖရဲသီးတို့လိုမျိုး ပန်းရောင်၊ အနီရောင်ရှိတဲ့ အသီးအနှံတွေ။Lutein– ပြောင်းဖူး၊ သင်္ဘောသီး နဲ့ လိမ္မော်သီး၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ။Selenium– ဆန်၊ပြောင်း၊ ဂျုံ၊ ဥအမျိုးမျိုး၊ အခွံမာသီး၊ ချိစ်၊ ပဲအမျိုးမျိုး တို့ စားသုံးပေးလို့ရပါတယ်။ဒါတွေကနေတဆင့် Antioxidants (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) အမျိုးအစားတွေကို ပြည့်ပြည့်စုံစုံရနိုင်သလို အစားနည်းလာတဲ့ လူကြီးတွေအတွက် အထူးသီးသန့်ထုတ်ထားတဲ့ လိုအပ်တဲ့ အာဟာရပြည့်ဝ စုံလင်စွာပါဝင်နေတဲ့ဖြည့်စွက်အာဟာရတွေကနေလည်း ရနိုင်ပါတယ်။အစားအသောက်အပြင် နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးတာကလည်း Antioxidants (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) ကိုတိုးစေနိုင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/how-can-antioxidants-benefit-our-health/
နှာခေါင်း တွေပိတ်နေလို့ အိပ်ရတာ အခက်အခဲဖြစ်နေပြီလား
ချမ်းစိမ့်စိမ့်ဆောင်းရာသီတောင် ဘာလိုလိုနဲ့ ရောက်လာပြန်ပြီနော်။ မြန်မာနိုင်ငံရဲ့ ဆောင်းတွင်းအချမ်းဓာတ်က တခြားနိုင်ငံတွေလောက် မပြင်းတာတောင် ညဘက်ဆို စိတ်အညစ်ရဆုံးက နှာစေး၊ နှာပိတ်ပြီး ဘယ်လိုမှ အိပ်မရတော့တာပါပဲ။နှာစေးတာကမှ ဖြေသာနိုင်သေးတယ်။ နှာခေါင်း ပိတ်တဲ့ ပြဿနာက လေရှူသွင်း၊ ရှူထုတ်တဲ့နေရာမှာ အခက်အခဲဖြစ်စေတော့ အိပ်ခါနီးလူတစ်ယောက်က ဒီပြဿနာကိုပဲ စိတ်ထဲစွဲပြီး ဘယ်လိုမှ အိပ်ရနိုင်တော့မှာမဟုတ်ပါဘူး။၁။ ခေါင်းအုံးအနေအထားကို ပြင်ပေးပါ။များသောအားဖြင့် ခေါင်းအုံးတစ်လုံးတည်း အိပ်တဲ့အခါ၊ ကိုယ်အိပ်တဲ့ ခေါင်းအုံးကလည်း မှို့တွေနည်းပြီး ပြားနေတဲ့အခါ ဦးခေါင်းရဲ့အနောက်မှာ ထောက်ပံ့မှုများများစားစားမရှိတော့ဘဲ နှာခေါင်းပိတ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီအခါမျိုးမှာ ခေါင်းအုံးအသေးလေးတစ်လုံးကို အောက်မှာခံပေးတာ၊ ခေါင်းအုံးကို ထပ်ခြမ်းခေါက်ပြီး အိပ်တာ၊ စောင်ကို လုံးချေပြီး ခေါင်းအုံးမှာခုထားတာမျိုး လုပ်ပေးလို့ရပါတယ်။ လည်ပင်းက အမြင့်နေရာကို ရောက်နေတဲ့အခါ အသက်ရှူရတာ ပိုလွယ်ကူသွားပြီး နှာခေါင်း ပြန်ပွင့်သွားနိုင်ပါတယ်။၂။အသက်ပုံမှန်ရှူသွင်းရှူထုတ်လုပ်ပေးပါ။နှာခေါင်းကြီးပိတ်ပြီး အသက်ရှူကျပ်လို့ အိပ်မရမဲ့အတူတူ ခဏလောက် ထထိုင်ပြီး ကိုယ့်စိတ်ကို ငြိမ်အောင် ပြန်ထားပါ။ ပြီးသွားရင် နှာခေါင်း တစ်ဖက်ပိတ်ပြီး ဖြည်းဖြည်းချင်း ရှူသွင်းရှူထုတ်လုပ်ကြည့်ပါ။ အထဲမှာ နှပ်တွေရှိနေရင် တစ်ရှူးနဲ့ညှစ်ထုတ်ပါ။ ၅မိနစ်လောက်နေလို့ နှာခေါင်းနည်းနည်းပွင့်ပြီး လေရှူလို့ရပြီဆိုမှ ပြန်အိပ်ဖို့ ကြိုးစားကြည့်ပါ။၃။ ရေသောက်ပေးပါ။အိပ်ကာနီးအချိန်ကိုရေသောက်ဖို့ အကြံမပေးချင်ပေမဲ့ ရေဓာတ်က အသက်ရှူလမ်းကြောင်းကို ပြေလျော့သွားစေပြီး ပိတ်နေတဲ့ နှာခေါင်းကို ပွင့်သွားအောင် ကူညီပေးနိုင်ပါတယ်။ ညသန်းခေါင်ကြီး ဆီးထသွားရတာမျိုး မဖြစ်စေဖို့ ရေကို တစ်ငုံလောက် သို့မဟုတ် အာစွတ်ရုံလောက်သာ သောက်ပေးသင့်ပါတယ်။ တစ်နေ့တာလုံး ရေကိုများများသောက်ပေးနိုင်ရင်တော့ အိပ်ချိန်မှ နှာခေါင်းပိတ်တဲ့ ပြဿနာဖြစ်နိုင်ခြေ နည်းသွားပါလိမ့်မယ်။၄။ အပူငွေ့တစ်ခုခုကို ရှူရှိုက်ပါ။အပူငွေ့ဟာ နှာခေါင်း ထဲက ပိတ်နေတဲ့ နှပ်တွေကို အရည်ပျော်စိုစွတ်ပြီး အသက်ရှူလမ်းကြောင်းကို ပွင့်သွားအောင် ကူညီပေးနိုင်ပါတယ်။ရှူဆေးဘူးရှူတာ၊ ရင်ဘတ်ကိုပရုတ်ဆီလိမ်းတာမျိုး လုပ်ပေးလို့ရသလို နှာခေါင်းအပြင်ထိပ်နားကို ပရုတ်ဆီနည်းနည်း လိမ်းပေးတာမျိုး လုပ်လို့ရပါတယ်။ အကယ်လို့ အိပ်ရာထဲမရောက်သေးရင် ရေနွေးအိုးတည်ပြီး ထွက်လာတဲ့အငွေ့ကို အပေါ်ဝေးဝေးကနေ ရှူရှိုက်ပေးတာ၊ ရေနွေးသောက်တာမျိုး၊ ရေနွေးစိမ်ချိုးတာမျိုး လုပ်ပေးလို့ရပါတယ်။၅။ လေထုအစိုဓာတ်ထိန်းစက် (Humidifier) ဖွင့်ထားပါ။မြန်မာနိုင်ငံမှာတော့ လေထုအစိုဓာတ်ထိန်းစက် အသုံးပြုတဲ့အိမ်တွေ တော်တော်ရှားပါတယ်။ ဆောင်းရာသီဟာ အေးပြီးစိုတယ်လို့ ထင်ရနိုင်ပေမယ့် လေထုက တော်တော်လေးခြောက်သွေ့တဲ့အတွက် ဓာတ်မတည့်ဖြစ်တာမျိုး၊ နှာခေါင်းယားတာ၊ နှာစေးနှာပိတ်တာတွေ အလွန်အဖြစ်များပါတယ်။ လေထုအစိုဓာတ်ထိန်းစက်ရဲ့ ကောင်းကျိုးက ခြောက်နေတဲ့လေထုထဲကို ရေငွေ့ဖျန်းပေးလိုက်တာဖြစ်တဲ့အတွက် လေကစိုစွတ်သွားပြီး ပုံမှန်တွေ့နေကျ အသက်ရှူလမ်းကြောင်း ပြဿနာများ ဖြစ်နိုင်ခြေ နည်းသွားပါတယ်။ ဒီအတွက် ညဘက်တွေမှာ မကြာခဏ နှာခေါင်းပိတ်တတ်သူတွေဆိုရင် လေထုအစိုဓာတ်ထိန်းစက် တပ်ပေးသင့်ပါတယ်။တစ်နေ့တာလုံးမှာ ကိုယ့်ရဲ့ နှာစေးနှာပိတ်ဖြစ်နိုင်ခြေကို လျှော့ချပေးဖို့အတွက် နေထိုင်စားသောက်မှုပုံစံကို ပြင်ပေးလို့လည်း ရပါတယ်။ တစ်ရက်ကို နာရီဝက်ခန့် လေ့ကျင့်ခန်း လုပ်ပေးတာ၊အချဉ်ဓာတ်များတဲ့အစားအစာတွေ များများစားပေးတာ၊ အရည်ရွှမ်းတဲ့ အသီးအနှံများ စားပေးတာ၊ ရေကို ၃လီတာထက်မနည်းအောင် သောက်တာ၊ ဟင်းရည်ပူပူ သောက်ပေးတာမျိုး လုပ်ပေးလို့ရပါတယ်။တစ်ခါတလေမဟုတ်ဘဲ ညတိုင်းလိုလို နှာစေးနှာပိတ်နေတယ်ဆိုရင် လေထုနဲ့ဓာတ်မတည့်တာကြောင့်လည်း ဖြစ်နိုင်တဲ့အတွက် သေချာအောင်  ဆရာဝန်နဲ့ ပြသသင့်ပါတယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/nose-conditions/nasal-congestion-at-night/
ကလေးအတွက် အရေးပါတဲ့ အာဟာရဓါတ်များ
စစားတတ်ပြီဆိုတာနဲ့ ကလေးကို အစုံတော့ကျွေးနေတာပဲ။ အားဖြစ်စေမယ့်၊ ထွားစေမယ့် အစားအသောက်တွေ စီစဉ်ပေးမယ်၊ အချိန်ဇယားနဲ့ မှန်မှန်ကျွေးမယ်။ ကလေးကို လူကောင်ကြီးလာ၊ ထွားလာ၊ ဝလာအောင်ကျွေးနိုင်ရင်အာဟာရလုံလောက်ပြီထင်နေပါသလား။ လူ့ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်ဆိုတာ အမျိုးစုံ၊ အများကြီးရှိပါတယ်။ အဲဒီထဲက တစ်ခုခုချို့တဲ့လို့ လူကောင်ချည်းပဲထွားလာပြီး ဉာဏ်ရည်ပိုင်းမှာ အားနည်းရှာတဲ့ ကလေးတွေ၊ ထွားနေပေမယ့်အဝလွန်အဆင့်ရောက်သွားတဲ့ကလေးတွေဆို စိတ်မကောင်းစရာပါပဲ။ကလေးထွားတယ်ဆိုတာ ဝနေတာကို ဆိုလိုတာမဟုတ်ပါဘူး၊ ဝနေတိုင်းလည်း ကိုယ့်ကလေးရဲ့ဖွံ့ဖြိုးမှုနှုန်းက ထိုက်သင့်သလောက်ဖြစ်နေရဲ့လား မသေချာပါဘူး။ ဒါ့ကြောင့် ဗီတာမင်နဲ့သတ္တုဓါတ်တွေအပါအဝင် ကလေးတွေရဲ့ခန္ဓါကိုယ်မှာ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေကို ပမာဏအချိုးညီညီရရှိနိုင်ဖို့ မိဘတွေက စီမံပေးရမှာပါ။ ကျန်းမာစွာနဲ့ဖွံ့ဖြိုးကြီးထွားလာဖို့ အာဟာရဓါတ်ပြည့်ဝအောင် ဂရုစိုက်သင့်ပါတယ်။ ဘာဓါတ်တွေကို ဘာလို့လိုအပ်တာလဲဆိုတာရောမေမေတို့ သိထားကြရဲ့လား။အမြင်အာရုံအတွက် အဓိကအရေးပါတဲ့ ဗီတာမင်ဖြစ်ပါတယ်။ အထူးသဖြင့် အရောင်ခွဲခြားနိုင်စွမ်းနဲ့ ညဘက်မြင်နိုင်စွမ်းမှာ ပိုသိသာပါတယ်။ ဒါ့အပြင် ကလေးရဲ့ကိုယ်ခံအားစနစ်ကို အားပေးတဲ့အတွက်ရောဂါပိုးတွေကာကွယ်နိုင်စွမ်း ပိုကောင်းစေပါတယ်။ဗီတာမင် A ကို မုန်လာဥနီ၊ သခွားမွှေး၊ကန်စွန်းဥ၊ ပန်းဂေါ်ဖီစိမ်းတို့လို အသီးနဲ့အရွက်တွေဆီကရနိုင်ပါတယ်။ဗီတာမင် B1 ၊B2 ၊ B6 ၊B12 စတဲ့ ဗီတာမင် B အုပ်စုဝင်တွေကအရေပြားကအစ အာရုံကြော၊ ကြွက်သား၊နှလုံး၊၊အစာခြေစနစ်၊ကိုယ်ခံအားစနစ် အပါအဝင် ခန္ဓါကိုယ်တစ်ခုလုံးအတွက် အကျိုးပြုလုပ်ဆောင်ချက်တွေသိပ်များပါတယ်။ ကလေးတွေအတွက် အထူးသဖြင့်ပြောရရင်တော့ ဖွံ့ဖြိုးမှုနဲ့ကြီးထွားမှုအတွက် အရေးပါတဲ့နေရာက လိုအပ်တဲ့ဓါတ်တွေပါ။ အစားအစာအုပ်စုတိုင်းနီးပါးမှာ ပါတတ်လို့ အသား၊ငါးနဲ့ ဟင်းသီးဟင်းရွက်၊အသီးအနှံစုံလင်အောင်စားရင် ဗီတာမင်B မျိုးစုံကိုရနိုင်ပါတယ်။ဗီတာမင် C က ကိုယ်ခံအားကောင်းစေလို့ ကလေးတွေကိုရောဂါမဖြစ်အောင်၊ ကျန်းမာအောင်ကာကွယ်နိုင်ပါတယ်။အနာကျက်လည်းမြန်စေတယ်။ လိမ္မော်သီး၊စတော်ဘယ်ရီသီး စတဲ့ ဗီတာမင် C အသီးအနှံလေးတွေဆို သူတို့နှစ်သက်တတ်ပါတယ်။ကလေးရဲ့ အရိုးနဲ့သွားကျန်းမာရေးအတွက် ဗီတာမင် D ကိုနေ့တိုင်းရဖို့လိုအပ်ပါတယ်။ ဒီဓါတ်ကိုရမှ ခန္ဓါကိုယ်မှာအရိုးဖွံ့ဖြိုးလာဖို့ လုပ်ဆောင်ပေးမယ့် ကယ်လ်စီယမ်ကိုစုပ်ယူနိုင်မှာပါ။နေရောင်ခြည်နဲ့အရေပြားထိတွေ့မှ ဗီတာမင် D ကိုရနိုင်မှာဖြစ်ပေမယ့် ခရမ်းလွန်အန္တရာယ်ကရှိသေးတော့ ကလေးတွေကိုနေပူထဲချည်းနေခိုင်းလို့မှမဖြစ်နိုင်တာ။ ဒါ့ကြောင့် ဗီတာမင်နဲ့သတ္တုဓါတ်တွေဖြည့်စွက်ထားတဲ့ အာဟာရနို့၊ကွေကာတို့တိုက်လို့ရတယ်၊ တူနာငါးကျွေးလို့ရတယ်၊ ကြက်ဥကျွေးလို့ရတယ်။ကလေးတွေကြီးထွားဖွံ့ဖြိုးမှုနဲ့ တခြားခန္ဓါကိုယ်လုပ်ဆောင်ချက်တွေအတွက် ပရိုတင်းလို့ခေါ်တဲ့ အသားဓါတ်ကိုလည်း မရှိမဖြစ်လိုအပ်ပါတယ်။ ဖွံ့ဖြိုးဆဲကလေးတွေအတွက် ပရိုတင်းက ဆဲလ်တွေ၊ အင်ဇိုင်းနဲ့ဟော်မုန်းတွေကို အားဖြည့်ထောက်ပံ့ပေးပြီး ခန္ဓါကိုယ်ကို ခွန်အားဖြစ်စေပါတယ်။မေမေတို့ သိကြတဲ့အတိုင်း ကယ်လ်စီယမ်က ကလေးရဲ့အရိုးနဲ့သွား ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ဓါတ်တစ်မျိုးပါ။ ကယ်လ်စီယမ်သိပ်နည်းနေရင် သူတို့လေးတွေရဲ့နောက်ပိုင်းအသက်အရွယ်မှာ အရိုးနဲ့ပတ်သက်တဲ့ရောဂါဖြစ်နိုင်ခြေများပါတယ်။ ကယ်လ်စီယမ်လိုချင်ရင် နို့ထွက်ပစ္စည်းကတော့ အကောင်းဆုံးအရင်းအမြစ်ပေါ့။ နွားနို့၊ နို့မှုန့်၊ ဒိန်ချဉ်တို့နဲ့တင် ကယ်လ်စီယမ်ရနိုင်ပါတယ်။သွေးနီဥဆဲလ်တွေက သံဓါတ်ကိုအသုံးပြုပြီး ကျန်တဲ့ခန္ဓါကိုယ်အစိတ်အပိုင်းတွေဆီကိုအောက်ဆီဂျင်ပို့ပေးတာပါ။ အသား၊ ပဲ၊ သံဓါတ်ဖြည့် အာဟာရနို့တွေ၊ကွေကာတွေကတဆင့်လည်း ကလေးတွေကို သံဓါတ်ရရှိစေနိုင်ပါတယ်။DHA ဆိုတာ အကျိုးပြုအဆီဓါတ် omega-3 fatty acid တစ်မျိုးပါ။ သူက ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုအတွက်တင်မက မျက်စိနဲ့အာရုံကြောစနစ်အတွက်ပါ အကျိုးပြုထောက်ပံ့ပေးတာဖြစ်ပါတယ်။လေ့လာမှုတွေအရDHA က ကလေးရဲ့အသက်ရှူလမ်းကြောင်းကျန်းမာရေးကိုထောက်ပံ့ပေးပြီး ကိုယ်ခံအားစနစ်ဖွံ့ဖြိုးမှုအတွက်ပါ ကူညီပေးတယ်လို့တွေ့ရပါတယ်။အူတွင်းမှာရှိတဲ့အကျိုးပြုဘက်တီးရီးယားလေးတွေ (Probiotics) က ကလေးတွေရဲ့အစာခြေစနစ်ကျန်းမာရေးကိုစောင့်ရှောက်ကူညီပေးပြီး အစာကြေအောင်၊ဝမ်းတစ်လုံးကောင်းအောင် လုပ်ဆောင်ပေးပါတယ်။ ဒီဘက်တီးရီးယားလေးတွေအတွက် လိုအပ်တဲ့အာဟာရအမျှင်ဓာတ်ဖြစ်တဲ့ prebioticsလေးတွေကို လူသိနည်းပါတယ်။ Prebioticတွေကို ငှက်ပျောသီး၊ကညွတ်၊ပဲပိစပ်တို့လို အစားအသောက်တွေကနေရရှိနိင်သလိုLcFOS(prebiotic တစ်မျိုး) ဖြည့်စွက်ထားတဲ့အာဟာရနို့မှုန့်တွေကနေလည်း ရရှိနိုင်ပါတယ်။ အစာခြေစနစ်အတွက် prebioticတွေရဲ့ကောင်းကျိုးတွေက အူလမ်းကြောင်းလုပ်ဆောင်ချက်တွေကို ပိုမြန်ဆန်စေဖို့ကူညီပေးတယ်၊အူမကြီးကိုသန့်ရှင်းစေတယ်၊ ဝမ်းမှန်စေတယ်။အာဟာရဓာတ်တွေပြည့်စုံဖို့လိုအပ်တယ်ဆိုပြီး ကလေးကို အစားအစာတွေအစုံကျွေးမယ်ဆို ရတော့ရနိုင်ပေမယ့် အမြဲတော့ပုံမှန်မရနိုင်ပါဘူး။ ကလေးအနေနဲ့ မငြီးငွေ့အောင် မတူတာလေးတွေပြင်ဆင်ပေးရမယ်၊ မီနူးလည်းပြောင်းပေးရမယ်၊ ဒါတောင် ဓာတ်တစ်မျိုးမျိုးမှာ ကျန်နေခဲ့တာမျိုး၊ ကလေးကကြေးများလို့ သိပ်မစားတာမျိုးဆို အဆင်မပြေပါဘူး။ ဒီလိုအခြေအနေမျိုးမှာ လိုအပ်သမျှဓါတ်တွေကို အသင့်ဖြည့်စွက်ပြီးသား အာဟာရနို့မှုန့်၊ ဖြည့်စွက်အာဟာရတွေနဲ့ဖေးကူသင့်ပါတယ်။ ကလေးအရွယ်ကို အားဆေးတိုက်တာထက် အာဟာရဓာတ်ပါဝင်မှုမှာ အားဆေးနဲ့သိပ်မကွာတဲ့ဖြည့်စွက်အာဟာရတွေက ပိုသင့်တော်ပါလိမ့်မယ်။ ကျန်းမာဖွံ့ဖြိုးပြီး ဉာဏ်ထက်မြက်တဲ့ သားသားမီးမီးတွေဖြစ်အောင်ပြုစုပျိုးထောင်နိုင်ပါစေနော်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/essential-nutrients-for-baby/
သင့်ရဲ့ နှုတ်ခမ်းနီကို စဉ်းစားပြီးမှ ရွေးချယ်စေချင်ပါတယ်
နှုတ်ခမ်းနီမှာ ခဲ ပါပါတယ်။ လူအများစုကတော့ “ သြော်.. ခဲပါတာလား၊ အဲ့တော့ ဘာဖြစ်လို့လဲ၊ ကျွန်တော်တို့ နေ့တိုင်း စားနေတာတွေလည်း လုံးဝ သန့်ရှင်းတာ မဟုတ်ပါဘူး။ အဲ့တော့ ရေတွက်လို့ ရနိုင်မယ့် ပမာဏထက် နည်းမယ့် ဒီ ခဲ ပမာဏနည်းနည်းကို ဘာလို့ စိတ်ရှုပ်ခံမှာလဲ “ ဆိုတဲ့နေရာမှာ ရပ်သွားမှာပါ။ ဒါက ပိုကြီးတဲ့ ပြဿနာ ရှိပါတယ်။ အမေရိကန် အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေး ဌာနက နှုတ်ခမ်းနီ အခု ၄၀၀ မှာ ပါဝင်တဲ့ ခဲပမာဏကို လေ့လာမှု ပြုလုပ်ခဲ့ပါတယ်။ တစ်ခုဆီမှာ ဝ.၉ ~ ၃.၀၆ ppm ပါဝင်တယ်လို့ သိကြရပါတယ်။ ဒါ့ကြောင့် နှုတ်ခမ်းနီတိုင်းလိုလိုမှာ ခဲ ပါဝင်ပါတယ်။အများစုက သုံးကြပါတယ်။ ပြောရရင် အမျိုးသမီးတွေက နှုတ်ခမ်းနီကို အလှအပ အကူပစ္စည်းတစ်ခု အနေနဲ့ သတ်မှတ်ကြပါတယ်။ အချိန်ပြည့် အလုပ်တစ်ခုလို့ကို သတ်မှတ်ထားကြပါတယ်။ မိန်းကလေးတစ်ယောက် သူမနှုတ်ခမ်းပေါ် အနီရောင် နည်းနည်း တင်တာ အဆန်းတကျယ် မြင်ကွင်းတစ်ခု မဟုတ်တော့ပါဘူး။ University of California မှာ ပြုလုပ်တဲ့ လေ့လာချက်အရ အမျိုးသမီးတွေက ပျမ်းမျှ ၂ကြိမ်ကနေ ၁၄ကြိမ် လောက် သူတို့ နှုတ်ခမ်းနီတွေကို အသုံးပြုကြပါတယ်။ အန္တရာယ် ရှိစေနိုင်တဲ့ နေ့စဉ် ခဲစုပ်ယူမှု ပမာဏ ရလဒ်ကို တွက်ချက်မှု ရိုးရိုး ပြုလုပ်ထားပါတယ်။ ဒီပမာဏကို တစ်နှစ်ထက် တစ်နှစ် ပိုပို တိုးလာပါတယ်။ အမျိုးသားတို့၊ သင်တို့ နမ်းနေတာ ဘယ်သူ့(ဘာ)ကိုလဲ။ပမာဏ တဖြည်းဖြည်း များလာရင်တော့ အဆိပ်အတောက် ဖြစ်စေပါလိမ့်မယ်။ ဦးနှောက်ပိုင်းဆိုင်ရာ ပြဿနာတွေဟာ ခဲပမာဏ များလာတာကြောင့် ဖြစ်ပါတယ်။ ခဲဓါတ် ဝင်ရောက်ရင် မိခင်တွေမှာ ကလေးအတွက် အန္တရာယ် ဖြစ်နိုင်ချေ ပိုမြင့်လာနိုင်ပါတယ်။ ခဲဓါတ်ဟာ အချင်းကနေတဆင့် သန္ဓေသားရဲ့ ဖွင့်ဖြိုးနေတဲ့ ဦးနှောက်ထဲကို ဝင်ရောက်ပါတယ်။ ခဲဓါတ်ဟာ ဦးနှောက်ရဲ့ အာရုံကြော အဆိပ်အတောက် ဖြစ်စေတဲ့ သက်ရောက်မှု ရှိစေတာ သိကြပါတယ်။ ဒါ့အပြင် ခဲဓါတ်က ခန္ဓါကိုယ်ထဲ ဝင်သွားပြီးရင် ပြန်ထွက်ဖို့ မဖြစ်နိုင်ပါဘူး။ တဖြည်းဖြည်း များလာဖို့ပဲ ရှိပါတယ်။ကျွန်တော်တို့ဆီမှာ ဝယ်လာတဲ့ နှုတ်ခမ်းနီထဲက ခဲပမာဏကို စစ်ဆေးဖို့ ဓါတ်ခွဲခန်း မပိုင်တာ သိသာပါတယ်။ အညွှန်းစာရွက်မှာ သတ္တုပမာဏ စာရင်းလဲ မပါပါဘူး။ ဘာရွေးရမလဲ ဆိုတာ ခက်ခဲတာ အမှန်ပါ။ သင့်နှုတ်ခမ်းနီတိုင်းမှာ ခဲဓါတ် ပါဝင်တာ ကို သတိထားတာက စကြရအောင်။ လေ့လာမှုတစ်ခုက အနီရောင်တွေမှာ ခဲပမာဏ များများ ပါဝင်တာ တွေ့ရှိခဲ့ပါတယ်။ဆေးဖက်ဆိုင်ရာ အပြင် အရောင်၊ တာရှည်ခံမှု၊ etiquette စတာတွေကိုပါ စဉ်းစားရပါမယ်။ ကျွန်တော်တို့က ဘယ်နေရာမှာမှ နှုတ်ခမ်းနီကို အပေစွန်းမခံလိုပါဘူး။ လက်၊ ပါး ဒါမှမဟုတ် နှာခေါင်းမှာ နှုတ်ခမ်းနီတွေ စွန်းနေတဲ့အတိုင်း တစ်ခုခု စားနေတာကို မြင်ကြည့်ပါ။ အတော်ဆိုးမှာပါ။ မဟုတ်ဘူးလား။ သွားဆိုရင်တော့ ပြောစရာကို မလိုပါဘူး။ကံဆိုးတာက လုံးဝ ရှောင်လွဲမရရင်တော့ ကျွန်တော်တို့ လုပ်နိုင်တာ သေချာ ရွေးဖို့ပါပဲ။ ကျွန်တော်တို့အားလုံး ကျန်းမာရေးအတွက် မကောင်းတဲ့ အရာတွေ ကျွန်တော်တို့ ခန္ဓါကိုယ်ထဲကို နေ့စဉ် ဝင်နေတာပါ။ ဒါကြောင့် လှလှပပလေး ဝင်ရင် ပိုမကောင်းဘူးလား။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%9b%e1%80%b2%e1%80%b7-%e1%80%94%e1%80%be%e1%80%af%e1%80%90%e1%80%ba%e1%80%81%e1%80%99%e1%80%ba%e1%80%b8%e1%80%94%e1%80%ae%e1%80%80%e1%80%ad%e1%80%af-%e1%80%85/
ရဲယို နဲ့ ကျန်းမာရေး
အစားအစာတိုင်းက အာဟာရဖြစ်ရုံသက်သက် မဟုတ်ပါဘူး။ခန္ဓာကိုယ်အတွက် ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးရစေတာပါ။ အခုတစ်ခေါက်လည်း အစားအစာတစ်ခုဖြစ်တဲ့ ရဲယို ရဲ့ အကြောင်းပြောပြပါမယ်။ ရဲယိုရွက်ကို ဟင်းထုတ်လုပ်စားတာ၊ ငါးနဲ့ရောပြီး စင်းကောချက်တာမျိုး စားလို့ရသလို ရဲယိုသီးကိုလည်း ဖျော်ရည်လုပ်သောက်လို့ ရပါတယ်။ ရဲယိုပင်က တစ်ပင်လုံးနီးပါး ဆေးဖက်ဝင်တာပါ။ရဲယိုသီးရော ရဲယိုရွက်ကပါ ကျန်းမာရေးအကျိုးကျေးဇူး တော်တော်လေးများပါတယ်။ သက်ကြီးရွယ်အိုတွေအတွက် အထူးသင့်တော်တဲ့ ဓာတ်စာတစ်ခုပေါ့။ ရဲယိုပင်က ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီး ပစိဖိတ်ကျွန်းတွေ၊ အရှေ့တောင်အာရှ၊ သြစတြေးလျ နဲ့ အိန္ဒိယနိုင်ငံတို့မှာ ပေါက်ရောက်ကြပါတယ်။ အမြဲစိမ်း အပင်ငယ်တစ်မျိုးပါ။ ရှေးယခင်ကာလတွေကတည်းကအရေပြားအတွက်ဆေးအဖြစ် အသုံးပြုခဲ့ကြပါတယ်။ အသီးနဲ့ အရွက်တင် မကပါဘူး။ အပွင့်၊ အခေါက်၊ ပင်စည်နဲ့ အမြစ်တွေကလည်း ဆေးဖက်ဝင်ပါသေးတယ်။ရဲယိုရွက်၊ ရဲယိုသီးတို့မှာပရိုတင်း၊ အမျှင်ဓာတ်၊ အဆီဓါတ်၊ဗီတာမင် A၊ဗီတာမင် Cနဲ့သွေးတိုးကျစေနိုင်တဲ့ပိုတက်ဆီယမ်တို့ပါဝင်ပါတယ်။ ဒါတွေအပြင် ကင်ဆာ နဲ့ နှလုံးရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ ဖလေဗာနွိုက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ပါဝင်နေပါသေးတယ်။ အစာလည်းဆေး၊ ဆေးလည်း အစာလို့ ပြောလို့ရအောင်ကို အာဟာရဓာတ်တွေ ကြွယ်ဝတဲ့ စားစရာတစ်မျိုးပါ။ အဝင်တော့ နည်းနည်းလေးဆိုးပါတယ်။ရဲယို ပင်ကို ခေါင်းကိုက်ပျောက်ပင်၊ အကိုက်အခဲပျောက်ပင်လို့တောင် ခေါ်ကြတာမျိုးရှိပါတယ်။ လေ့လာမှုတွေအရ ရဲယိုပင်က အကိုက်အခဲပျောက်စေနိုင်ပြီးလေးဖက်နာဝေဒနာနဲ့ အခြားအဆစ်အမြစ်တွေ နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။ရဲယိုသီး နဲ့ ရဲယိုရွက်က ဆီရိုတိုနင်ဟော်မုန်းနဲ့ မယ်လ်လာတိုနင်ဟော်မုန်းတွေကို လှုံ့ဆော်ပေးပါတယ်။စိတ်ခံစားမှုကောင်းမွန်စေပြီး စိတ်ဓာတ်မကျစေဖို့နဲ့ အိပ်ပျော်စေဖို့အတွက် အရေးပါတဲ့ဟော်မုန်းတွေကို လှုံ့ဆော်ပေးမှတော့ စိတ်ဓာတ်ကျမှာ၊ အိပ်မပျော်မှာကို ပူစရာမလိုတော့ဘူးပေါ့။ရဲယိုရွက်နဲ့ ရဲယို သီးမှာပါတဲ့ ဂုဏ်သတ္တိတွေက အသားအရေကို နုပျိုစေပြီးဆံသားကို သန်စွမ်းစေနိုင်သလိုခြေသည်းလက်သည်းတွေကိုပါ ကျန်းမာစေနိုင်တာပါ။ရဲယို ရွက် နဲ့ ရဲယိုသီးတွေက နိုက်ထရစ်အောက်ဆိုဒ် ထွက်ရှိအောင် လှုံ့ဆော်ပေးနိုင်စွမ်းရှိပါတယ်။ ခန္ဓာကိုယ်က ကင်ဆာဆဲလ်တွေကို တုံ့ပြန်တိုက်ခိုက်နိုင်အောင်လုပ်ဆောင်ပေးသလို ကင်ဆာကျိတ်တွေ ကြီးမလာအောင်လည်း ဟန့်တားပေးနိုင်ပါတယ်။phytonutrients ပါဝင်နေသလို ဗီတာမင် C နဲ့ ဆီလီနီယမ်တို့ ပါဝင်နေတာကြောင့် သွေးကြောနံရံတွေကို Free Radicalတွေကြောင့် ထိခိုက်ပျက်စီးမှုကနေ ကာကွယ်ပေးပါတယ်။ ပိုတက်ဆီယမ်ပါဝင်မှုကြောင့် သွေးတိုးကျစေနိုင်ပါတယ်။ နောက်ထပ်အာနိသင်တစ်ခုကသွေးကြောတွေကို ပြေလျော့စေတာပါ။သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး သွေးကြောတွေထဲမှာ သွေးစီးဆင်းမှုကောင်းစေနိုင်တာကြောင့်ဦးနှောက်ထဲကို သွေးစီးဆင်းရောက်ရှိမှုကောင်းမွန်စေပြီး ဦးနှောက်ကို ကျန်းမာစေနိုင်သလို မှတ်ဉာဏ်လည်း ပိုကောင်းစေနိုင်ပါတယ်။ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်များစွာ ပါဝင်နေတာကြောင့် အူတွေအတွင်းမှာ စီးဆင်းမှုကို ကောင်းမွန်စေနိုင်ပြီး ဝမ်းမှန်စေနိုင်ပါတယ်။အူလမ်းကြောင်းကျန်းမာဖို့အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကိုထောက်ပံ့ပေးပါသေးတယ်။ဒါတွေအပြင် ရဲယို ပင်ရဲ့ အစိတ်အပိုင်းတွေမှာပါတဲ့ ဓာတ်တွေက ကျန်းမာရေးကို တော်တော်လေး အထောက်အကူပြုပေးတာပါ။ လေနာရောဂါ၊ အတက်ရောဂါတွေကို သက်သာစေနိုင်သလို ချောင်းဆိုးပျောက်စေပါတယ်။ ဆီးချိုအတွက် အသုံးတည့်သလိုဆီးသွားရင် နာကျင်တာ၊အဖြူဆင်းတာနဲ့ မအီမသာဖြစ်တာတွေအတွက်လည်း အသုံးတည့်ပါတယ်။အမျိုးသမီးတွေမှာရာသီသွေးမှန်စေနိုင်သလို သွေးမဆုံးခင် ခံစားရနိုင်တဲ့ အကြိုလက္ခဏာတွေကိုလည်း သက်သာစေနိုင်ပါတယ်။အတွင်းတိမ်မဖြစ်အာင် ကာကွယ်ဖို့ ကင်ဆာကာကွယ်ဖို့နဲ့ လေမဖြတ်အောင် ကာကွယ်ဖို့အတွက်လည်း အထူးသင့်တော်တဲ့ ဓာတ်စာတစ်ခုပါ။ခေါင်းတစ်ခြမ်းကိုက်တာအတွက်လည်း စားသုံးပေးလို့ရပါတယ်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/health-benefits-of-noni/
ကလေးတွေ အစာစားရင်း နင်တာ၊ သီးတာ ဖြစ်ရင် ဘယ်လိုလုပ်ပေးရမလဲ
ထမင်းခွံ့ရင်း ပဲဖြစ်ဖြစ် မုန့်စားနေရင်း ပဲဖြစ်ဖြစ် ရုတ်တရက် အစာသီးတာ၊လေပြွန် ပိတ်ဆို့တာ၊ နင်တာ ဖြစ်လာရင် ကိုယ့်ကလေးကို ဘယ်လို အရေးပေါ် ပြုစုရမလဲ ဆိုတာ မိဘတွေ တင်မက၊ ကလေးရှိတဲ့ အိမ်က မိသားစုဝင်တိုင်း သိထားသင့်ပါတယ်။ ကလေး မပြောနဲ့ လူကြီးတောင် အခုလို ဖြစ်လာရင် အရေးပေါ် မကယ်ဆယ်နိုင်တာနဲ့ ချက်ချင်း အသက် ဆုံးရှုံးရနိုင် ပါတယ်။ အဓိကက အသက်ရှူလမ်းကြောင်း အမြန်ဆုံး ပွင့်စေဖို့ပါ။ ဒီတော့ ကလေးတွေ အစာစားရင်း နင်တာ၊ သီးတာ ဖြစ်ရင် ဘယ်လိုလုပ်ပေးရမလဲ ဆိုတာကို သိချင်နေပြီလား!။ကလေးက နင်ပြီ သီးပြီဆိုရင်တော့ ခန္ဓာကိုယ်က တုံ့ပြန်မှုအနေနဲ့ ချောင်းဆိုးတတ်ပါတယ်။ ပေးဆိုးလိုက်ပါ။ ချောင်းဆိုးလိုက်ရင်လည်း သီးနေတာ ထွက်လာတတ်ပါတယ်။ကလေးက ၁နှစ်အောက်ဆိုရင်။ကလေးက ၁နှစ်အထက်ဆိုရင် လူကြီးတွေမှာ လုပ်သလိုမျိုးပဲ လုပ်ပေးနိုင်ပါတယ်။ကလေးငယ်ပဲဖြစ်ဖြစ်၊ ကလေးကြီးပဲဖြစ်ဖြစ် အထက်ပါ နည်းလမ်းတွေကို တစ်ခေါက်လောက်လုပ်ပြီး ထွက်မလာရင် နီးစပ်ရာ ဆေးရုံကို အမြန်ခေါ်သွားပါ။ သွားနေတဲ့လမ်းမှာ အထက်ပါ နည်းလမ်းတွေကို ကလေးအသက်အလိုက် ဆက်လုပ်သွားပါ။တကယ်လို့ နင်နေတဲ့ပစ္စည်း ထွက်သွားရင်လည်း ဆေးရုံကို ခေါ်သွားပြဖို့ လိုပါတယ်။ အတွင်းထဲမှာ အပိုင်းအစတွေ ကျန်မကျန်၊ ကလေးမှာ ထိခိုက်မှု ရှိမရှိ ဆက်ပြီး စစ်ဆေးဖို့ လိုပါတယ်။လေပြွန်ပိတ်တာ၊ နင်တာ မဖြစ်စေဖို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ –။ထိုက်သင့်တဲ့ အရွယ်မှာ စကျွေးမှကလေးရဲ့ လှုပ်ရှားနိုင်စွမ်း၊ မျိုချနိုင်စွမ်း အကျင့်ရစေပြီး တစ်ဆို့ခြင်း ကာကွယ်နိုင်ပါတယ်။ ကလေးတွေကို ၆လလောက်ပြည့်မှပဲ ဖြည့်စွက်စာ စကျွေးပါ။ ဒီ့မတိုင်ခင်ဆိုရင်တော့ ကလေးဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။ကလေးတွေကို ဟော့ဒေါ့၊ အသား၊ အသီးတို့ကို လှီးဖြတ်ထားတဲ့ အတုံး၊ အစေ့အဆန် စတဲ့အသက်ရှူလမ်းကြောင်း ပိတ်ဆို့စေနိုင်တဲ့ အစားအစာတွေ ကလေးကို မကျွေးပါနဲ့။ တစ်ဆို့မှု ဖြစ်နိုင်ခြေ နည်းစေမယ့် အနေအထားနဲ့ ဖန်တီးကျွေးပါ။ကလေးကို စားစရာတွေ ထည့်ပေးပြီး စားခိုင်းမယ်ဆိုရင် မိဘက ဘေးမှာ စောင့်ကြည့်နေဖို့ လိုပါတယ်။ တစ်ယောက်တည်း စားနေတာ၊ ကစားရင်း စားတာ၊အိပ်ပြီး စားတာတွေ ခွင့်မပြုပါနဲ့။ဘောလုံးသေးသေးလေးတွေ၊ အရုပ်သေးသေးလေးတွေ၊ အပိုင်းအစ အသေးလေးတွေ ပါတာတွေ ပေးမကစားပါနဲ့။ ပါးစပ်ထဲ ဖတ်ခနဲ ထည့်လိုက်နိုင်ပါတယ်။အကြွေစေ့၊ ဓာတ်ခဲ အသေးလေးတွေ၊ အံစာတုံးနဲ့ ဘောပင် အဖုံး စတာတွေကို ကလေး လက်ထဲ မရောက်ပါစေနဲ့။ကလေးကို ခွံ့တာက များနေတာ၊ အတင်းအကျပ် ကျွေးတာ၊ ငိုနေတဲ့ ကလေးကို အတင်း ခွံ့တာတွေက အစာနင်တာ၊ တစ်ဆို့တာ ဖြစ်နိုင်ခြေ များစေပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/common-symptoms-and-conditions/child-first-aid-for-choking/
အစာမကြေတာကြောင့် ပျော်စရာခရီးစဉ်လေး မပျက်ရစေဖို့
ခရီးထွက်ြပီဆိုကတည်းက လူတိုင်းကတော့ ပျော်စရာခရီးစဉ်လေး ဖြစ်ချင်ကြတာပဲမလား။ စားချင်တာ စားမယ်။ မမြင်ဖူးတဲ့ မတွေ့ဖူးတဲ့ သဘာဝအလှအပတရားတွေကို ရှုမြင်ခံစားမယ်။ နေရာအသစ်၊ ယဉ်ကျေးမှုဓလေ့စရိုက် အသစ်အဆန်းတွေကို ကိုယ်တိုင်လေ့လာမယ်။ စိတ်ပြေလက်ပျောက်လည်း ဖြစ်၊ စိတ်ဖိစီးမှုတွေ၊ တစ်နေ့တာ အလုပ်တွေကနေ ခဏလောက် ပြေးထွက်စရာထွက်ပေါက်အဖြစ် ခရီးထွက်ကြတာ သဘာဝပဲမဟုတ်လား။လူဆိုတာကလည်း အသစ်အဆန်းဆိုရင် ကိုယ်တိုင်စူးစမ်းလေ့လာတတ်ကြတယ်လေ။ အဲ့တော့ တစ်ခါမှမစားဖူးတဲ့ အစားအစာတွေ စားမိပြီးအစာအဆိပ်သင့်တာ၊ မသန့်တဲ့အစားအစာတွေ၊ ဗိုက်ကိုပြည့်ပြီးတင်းကားနေအောင် စားတတ်ကြတယ်။ နောက်ဆက်တွဲအနေနဲ့ကတော့ ဗိုက်က မအီမလည်ဖြစ်ပြီး ပျော်ရမယ့်အချိန်မှာ မပျော်ရတော့ဘဲ အိမ်သာထဲမှာပဲ အချိန်ကုန်ရတော့မှာပေါ့။ ဒီတော့ စိတ်လွတ်ကိုယ်လွတ်ပျော်ရမယ့် ခရီးမှာအစာမကြေတာ၊ ဗိုက်အောင့်ဗိုက်နာတာတွေ မဖြစ်ရလေအောင် ဆောင်ရန်၊ ရှောင်ရန်လေးတွေ ပြောပြပေးမယ်နော်။ကိုယ်မရောက်ဖူးတဲ့ ဒေသမှာ မစားဖူးတဲ့အစားအစာတွေ တွေ့ရင် အလွန်အကျူးစားတတ်ကြပါတယ်။ တစ်ထိုင်တည်းနဲ့ အများကြီးစားလိုက်တဲ့အခါ အစာခြေရတာလည်း နှေးသွားသလိုအစာအိမ်အတွက်လည်း ပိုပြီးအလုပ်လုပ်ရတဲ့အခါ အစာမကြေတာ၊ ရင်ပြည့်တာတွေ ပိုဖြစ်တတ်ပါတယ်။ ဒါကြောင့် ဗိုက်ကို ပြည့်ရုံလောက်ပဲ စားပါ။ တင်းကားနေအောင် မစားပါနဲ့။အမျှင်ဓါတ်ဟာ အစာကြေလွယ်စေပြီး ဝမ်းချုပ်တာတွေကို ကာကွယ်ပေးတယ်။ နည်းနည်းစားရုံနဲ့ ပြည့်စေလို့ အလွန်အကျူး အစာမစားမိစေဖို့လည်း ထိန်းပြီးသားဖြစ်တယ်။ Diet လုပ်တယ်လို့ သဘောမထားဘဲ ကိုယ်စားထားသမျှ အစာမြန်မြန်ကြေအောင်ဆိုတဲ့ အနေနဲ့ အမျှင်ဓါတ်အများအပြားပါတဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို ပိုပြီး စားပေးဖို့ မမေ့ပါနဲ့။ကိုယ်ခန္ဓါကရေဓါတ်ခမ်းခြောက်တဲ့အခါ အဆိပ်အတောက်တွေ ပိုများပြီး ဝမ်းချုပ်စေတယ်။ ဝမ်းကိုလည်း မာစေတော့ ခရီးထွက်နေတဲ့အချိန် အလွယ်တကူအိမ်သာရှာမရတဲ့အခါ ဒုက္ခများရတာပေါ့။ ဒါကြောင့် ဘယ်သွားသွား ရေဘူးတစ်ဘူး ကိုယ်နဲ့မကွာ ဆောင်ထားပါ။ ရေကို အချိန်မှန်မှန် နည်းနည်းစီ သောက်ပေးပါ။ မသိတဲ့နေရာက ရေတွေကို မသောက်ပါနဲ့။ ရေမသန့်တဲ့အခါမှာလည်း ဝမ်းပျက်ဝမ်းလျှော ပိုပြီးဖြစ်စေနိုင်တယ်နော်။ပျော်ပျော်ပါးပါး ခရီးထွက်ပြီဆိုရင် အအေးက မပါမဖြစ်ပါသွားရတဲ့ အရာပဲမလား။ ပုံမှန်အချိန်မှာတော့ သကြားများလို့၊ ဂက်စ်များလို့၊ ကျန်းမာရေးနဲ့ မညီညွတ်လို့ဆိုပြီး အသောက်နည်းပေမယ့် ဒီလိုအချိန်မှာကျ သိပ်ပြီး ဂရုမစိုက်နေကြတော့ဘူးလေ။ ခရီးသွားတုန်းလေး တစ်ခါတလေ သောက်တာ ဘာမှမဖြစ်ပေမယ့် ဒီလို ကဖင်းဓါတ်၊သကြားဓါတ်များတဲ့ အအေးတွေကို လိုတာထက်ပိုသောက်တဲ့အခါ အစာမကြေဖြစ်စေပြီး ဗိုက်ထဲမှာ လေတွေနဲ့ ပြည့်နေတော့မှာပါ။ အခန့်မသင့်ရင် လေနဲ့ ဝမ်းမကွဲတာ၊ ဝမ်းလျှောတာပါ ဖြစ်နိုင်လို့ သတိထားဖို့တော့ လိုမယ်နော်။ဒီလိုအချိန်မျိုးက မစားဖူးတဲ့ အစားအစာတွေကို မြည်းစမ်းကြရမယ့် အချိန်ကောင်းဆိုပေမယ့် ကိုယ့်ကျန်းမာရေးအတွက်လည်း မေ့ထားလို့မဖြစ်ပါဘူး။ ဒါကြောင့် အဆီများတဲ့ အကြော်အလှော်တွေ၊အပူအစပ်ေတွ နည်းနည်းလျှော့ပါ။ အစား20အစာမှာလည်း သန့်ရှင်းမှုသည် အဓိကဖြစ်တဲ့အတွက် လမ်းဘေးစာတွေ၊ ယင်နားစာတွေကို တတ်နိုင်သလောက်ရှောင်ပါ။တချို့တွေက ခရီးသွားကားပေါ်မှာမို့လို့၊ အများသုံးအိမ်သာမို့လို့၊ ဟိုတယ်အခန်းမှာ တခြားသူစိမ်းတွေနဲ့ အတူအိမ်သာတစ်ခုတည်း တွဲသုံးရလို့ဆိုပြီး စိတ်ထဲ မနှစ်မြို့တဲ့စိတ်နဲ့ အိမ်သာမသွားဘဲ အောင့်ထားတတ်ကြပါတယ်။ ဒီအကျင့်ကိုတော့ တတ်နိုင်သလောက်ရှောင်ပါ။ အိမ်သာအတူတွဲသုံးလိုက်လို့ ရလာတဲ့ ဆိုးကျိုးက ဝမ်းသွားချင်တာကို အောင့်ထားလို့ ဖြစ်လာမယ့် အကျိုးဆက်လောက်တော့ ဆိုးရွားမယ်မထင်ပါဘူးနော်။ ဒီလိုမျိုး အောင့်ထားတာ ကြာလာတဲ့အခါ ကိုယ်လက်မအီမသာဖြစ်မယ်၊ လေကလည်း တဗြွတ်ဗြွတ်လည်နေမယ်၊ ဝမ်းချုပ်တာ၊ ဝမ်းထွက်ကျတာတွေပါ ဖြစ်လာနိုင်တယ်ဆိုတာ သတိထားဖို့တော့ လိုပါတယ်။ဘယ်နေရာမှာမဆို ဖုန်တွေ၊ သဲတွေ၊ အညစ်အကြေးတွေ ရှိပါတယ်။ အဲ့တော့ ဘာကိုင်ကိုင်၊ ကိုင်ပြီးတာနဲ့ လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးကြောပါ။ အစာမစားခင်၊ အစာစားပြီးတိုင်း လက်ကို သေချာဆေးပါ။ လက်အလွယ်တကူ ဆေးလို့မရတဲ့နေရာတွေကို သွားတော့မယ်ဆိုရင်လက်သန့်စင်ဆေးရည်ဆောင်ထားပါ။ကိုယ်က မကြာခဏဆိုသလို လေပွတတ်တယ်၊ အစားမှားပြီး ဗိုက်အောင့်ဗိုက်နာဖြစ်တတ်တယ်၊ ကိုယ်လက်မအီမသာဖြစ်တတ်တယ်ဆိုရင် ဆေးကဒ်လေးတွေကို အလွယ်တကူဝယ်ပြီး ဆောင်သွားလို့ ရပါတယ်။ အရေးရယ် အကြောင်းရယ်ဆို တခြားသူဆီက ဆေးတောင်းသောက်စရာမလိုဘဲ ကိုယ့်ဆေးနဲ့ကိုယ်ဆိုတော့ အဆင်ပြေတာပေါ့။ခုပြောပြခဲ့တဲ့ အချက် ၈ ချက်ကို သေချာဂရုစိုက်လိုက်နာမယ်ဆိုရင် ခရီးသွားတိုင်း ဖြစ်တတ်တဲ့ ဗိုက်အောင့်ဗိုက်နာပြဿနာကို ရှောင်ရှားနိုင်မှာပါ။ အားလုံးပဲ ပျော်စရာခရီးစဉ်လေး ဖြစ်ပါစေနော်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/bloating-gas/%e1%80%a1%e1%80%85%e1%80%ac%e1%80%99%e1%80%b1%e1%81%be%e1%80%80%e1%80%90%e1%80%ac%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b7-%e1%80%b1%e1%80%95%e1%80%ba%e1%80%ac%e1%80%b9%e1%80%85/
null
null
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/%e1%80%93%e1%80%99%e1%80%b9%e1%80%99%e1%80%90%e1%80%ac%e1%80%9c%e1%80%ac%e1%80%81%e1%80%bb%e1%80%ad%e1%80%94%e1%80%ba%e1%80%99%e1%80%be%e1%80%ac-%e1%80%98%e1%80%ac%e1%80%90%e1%80%bd%e1%80%b1%e1%80%85/
ကာဗိုဟိုက်ဒရိတ်၏ လုပ်ငန်းတာဝန်များ
ကာဗိုဟိုက်ဒရိတ်ဆိုတာကတော့ ကာဗွန်၊ ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင်အက်တမ်တွေ ပေါင်းစပ်ထားတဲ့ မော်လီကျူးပဲ ဖြစ်ပါတယ်။ အာဟာရပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး အငြင်းအပွားဆုံး ကိစ္စရပ်လည်း ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် ကာဗိုဟိုက်ဒရိတ်ကို လျှော့စားရမယ်ဆိုတဲ့ နည်လမ်းတွေကို လုပ်ဆောင်လာကြသလို တချို့ကလည်း ကာဗိုဟိုက်ဒရိတ်မြင့်မားတဲ့ အစားအစာတွေ စားသုံးရမယ်လို့ ဆိုကြပါတယ်။ဘယ်လိုပဲ ငြင်းခုန်နေကြသည်ဖြစ်ပါစေ ကာဗိုဟိုက်ဒရိတ်ဟာ လူ့ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အခန်းက ပါဝင်တယ်ဆိုတာကိုတော့ ငြင်းမရပါဘူး။ အခုဆက်လက်ဖော်ပြမယ့် အကြောင်းအရာများကတော့ ကာဗိုဟိုက်ဒရိတ်ရဲ့ အရေးပါတဲ့ လုပ်ငန်းတာဝန်များအကြောင်း ဖြစ်ပါတယ်။ကာဗိုဟိုက်ဒရိတ်ရဲ့ လုပ်ငန်းတာဝန်တခုကတော့ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ထောက်ပံ့ပေးခြင်း ဖြစ်ပါတယ်။ သင်စားလိုက်တဲ့ အစားအစာကနေရရှိတဲ့ ကာဗိုဟိုက်ဒရိတ်ကို ချေဖျက်ပြီး ဂလူးကို့စ်အဖြစ် ဖြိုခွဲပါတယ်။ ဂလူးကို့စ်ဟာ ဆဲလ်များအတွင်း ရောက်ရှိတဲ့အခါ ATP လို့ခေါ်တဲ့ လောင်စာမော်လီကျူးကို ထုတ်လုပ်ပေးပြီး ဇီဝဖြစ်ပျက်မှုဆိုင်ရာ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ပေးပါတယ်။သင့်ခန္ဓာကိုယ်ကနေ လတ်တလောလိုအပ်ချက်အတွက် ဂလူးကို့စ်လုံလောက်နေပြီဆိုရင် ပိုလျှံနေတဲ့ ဂလူးကို့စ်တွေကို နောင်တချိန်မှာ အသုံးပြုနိုင်အောင် သိုလှောင်ထားနိုင်ပါတယ်။ ဂလိုင်ကိုဂျင်အနေနဲ့ သိုလှောင်ထားပြီး အသည်းနဲ့ကြွက်သားတွေဆီမှာ အဓိက သိုလှောင်ထားပါတယ်။အသည်းထဲမှာ ဂလိုက်ကိုဂျင် ၁၀၀ ဂရမ်ထိ သိုလှောင်ထားနိုင်ပါတယ်။ အဆိုပါ သိုလှောင်ထားတဲ့ ဂလူးကို့စ်တွေကို အစာအစားချိန်တချိန်နဲ့တချိန်ကြားမှာ သွေးထဲကိုထုတ်လွှတ်ပေးပြီး သွေးတွင်းဂလူးကို့စ်ပမာဏကို ထိန်းသိမ်းပေးပါတယ်။ကြွက်သားထဲမှာ သိုလှောင်ထားတဲ့ ဂလိုင်ကိုဂျင်ကိုတော့ ကြွက်သားတွေကပဲ အသုံးပြုပါတယ်။ အားစိုက်ထုတ်ရတဲ့ လှုပ်ရှားမှုတွေအတွက် အသုံးချပါတယ်။ ကြွက်သားများမှာ သိုလှောင်ထားတဲ့ ဂလိုင်ကိုဂျင်ပမာဏဟာ တဦးနဲ့တဦးမတူပေမယ့် အများဆုံး ၅၀၀ ဂရမ်ခန့် ပါဝင်ပါတယ်။သင့်ခန္ဓာကိုယ်က အသုံးချတဲ့ ဂလူးကို့စ်နဲ့ သိုလှောင်ထားတဲ့ ဂလိုင်ကိုဂျင်ပမာဏ ပြည့်ဝသွားမယ်ဆိုရင်တော့ ပိုလျှံနေတဲ့ ကာဗိုဟိုက်ဒရိတ်တွေကို အဆီဓာတ်အနေနဲ့ ပြောင်းလဲသိုလှောင်ပေးပါတယ်။ဂလူးကို့စ်ကို အသုံးချပြီးချိန် ပိုလျှံနေရင်တော့ ဂလိုင်ကိုဂျင်အနေနဲ့ သိုလှောင်ထားပါတယ်။ ကာဘိုဟိုက်ဒရိတ်က ရရှိတဲ့ ဂလူးကို့စ်မရှိတော့ရင် ကြွက်သားများဟာ အမိုင်နိုအက်ဆစ်၊ ဂလူးကို့စ်နဲ့ စွမ်းအင်အဖြစ်သုံးနိုင်တဲ့ အခြားဒြပ်ပေါင်းတွေအဖြစ် ဖြိုခွဲပါတယ်။ အစာနဲ့ဝေးလာချိန်မှာ ကြွက်သားများကိုဖြိုခွဲပြီး ဦးနှောက်စွမ်းအင်အတွက် လိုအပ်တဲ့ ဂလူးကို့စ်တွေ ထောက်ပံ့ပေးတာကြောင့် ကြွက်သားများထုတည်လျော့ကျကာ ပိန်လှီလာရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကာဗိုဟိုက်ဒရိတ်ကို ပုံမှန်ရရှိနေခြင်းဟာ ကြွက်သားများကို ထိန်းသိမ်းပေးခြင်း မည်ပါတယ်။ကာဗိုဟိုက်ဒရိတ်မှာ အမျှင်ဓာတ်နှစ်မျိုးရှိပြီး ပျော်ဝင်နိုင်တဲ့ အမျိုးအစားနဲ့ မပျော်ဝင်နိုင်တဲ့ အမျိုးအစားဆိုပြီး ရှိပါတယ်။ ပျော်ဝင်နိုင်တဲ့ အမျိုးအစားကို အုတ်ဂျုံ၊ ပဲအမျိုးမျိုးနဲ့ အသီးအနှံများရဲ့ အတွင်းပိုင်းကနေ ရရှိပါတယ်။ ကိုယ်ခန္ဓာထဲက ဖြတ်သန်းသွားတဲအခါ ရေကိုဆွဲယူသွားပြီး ဂျယ်လီကဲ့သို့ ဖြစ်သွားပါတယ်။ ဒီနည်းနဲ့ အူလမ်းကြောင်းတလျှောက် ချောမွေ့အောင် ကူညီပါတယ်။ဝမ်းချုပ်ခြင်းနဲ့ အူလမ်းကြောင်းလှုပ်ရှားမှုကြောင့် ဖြစ်ပေါ်တတ်တဲ့ နာကျင်ခြင်းတွေကို သက်သာစေပါတယ်။ မပျော်ဝင်နိုင်တဲ့အမျှင်ဓာတ်များဟာလည်း အစာဟောင်းများကို ချောမွေ့လျင်မြန်စွာ ရွေ့လျားနိုင်အောင် ကူညီပေးပါတယ်။ကာဗိုဟိုက်ဒရိတ်ဟာ စိတ်ကျန်းမာရေးအတွက် အရေးပါပါတယ်။ ၂၀၀၉ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ သုတေသနစာစောင်မှာ ဖော်ပြချက်အရ အဆီဓာတ်များပြီး ကာဗိုဟိုက်ဒရိတ်နည်းတဲ့ စားသောက်မှုပုံစံကို တစ်နှစ်ခန့် စားသောက်ခဲ့သူများဟာ အဆီနည်းပြီး ကာဗိုဟိုက်ဒရိတ်များတဲ့ အစားအစာတွေကို စားသုံးခဲ့သူတွေထက် စိတ်ပူပန်ခြင်း၊ စိတ်ကျခြင်း၊ ဒေါသဖြစ်ခြင်း ပိုများကြောင်း သိရပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ ယူဆချက်အရ ကာဘိုဟိုက်ဒရိတ်ဟာ ဦးနှောက်ထဲမှာ ဆီရိုတိုနင်ထုတ်လုပ်မှုကို ကူညီပေးပါတယ်။ဒါ့အပြင်မှတ်ဉာဏ်ပိုင်းဆိုင်ရာအတွက်လည်း အထောက်အကူပြုပါတယ်။ ၂၀၀၈ ခုနှစ်မှာကိုယ်အလေးချိန်များတဲ့ အမျိုးသမီးတွေနဲ့ ပြုလုပ်ခဲ့တဲ့ သုတေသနမှာ သူတို့စားသုံးနေတဲ့ အစားအစာတွေကနေ ကာဘိုဟိုက်ဒရိတ်ကို လုံးဝဖယ်ထုတ်ခဲ့ပါတယ်။ တပတ်အကြာမှာ အမျိုးသမီးများရဲ့ မှတ်ဉာဏ်စွမ်းရည်ကို စမ်းသပ်ခဲ့ရာမှာ ကာဗိုဟိုက်ဒရိတ်ကို လုံးဝမစားသုံးခဲ့တဲ့ အမျိုးသမီးများမှာ ချို့ယွင်းမှုတွေ ရှိနေကြောင်း တွေ့ရှိရပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/carbohydrate-functions/
အစာခြေစနစ်က ဘယ်လိုအလုပ်လုပ်သလဲ
ယေဘုယျအားဖြင့် အစာမြိုချပြီး ကျေညက်သွားသည်အထိ ၂၄ နာရီမှ ၇၂ နာရီထိကြာအောင် ချေဖျက်ရပါတယ်။ ကြာမြင့်ရန်အချိန်ဟာ စားလိုက်တဲ့ အစားအစာနဲ့ ဘယ်လောက်ပမာဏ စားသုံးတယ်ဆိုတာပေါ် မူတည်သလို ကျား၊ မ၊ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်၊ အစာချေစနစ်မှာ ပြဿနာရှိမရှိပေါ် မူတည်ပြီး နှေးသွား၊ မြန်သွားနိုင်ပါတယ်။စားလိုက်တဲ့အစားအစာကို ကိုယ်ခန္ဓါက ချေဖျက်ပေးပြီး လိုအပ်တဲ့အာဟာရဓါတ်ေတွကို ခွဲထုတ်ပေးတဲ့ ဖြစ်စဉ်ပါ။ အာဟာရဓါတ်လည်း မရှိ၊ ချေဖျက်ပြီးသား အစာဟောင်းတွေကိုတော့ ဝမ်းအဖြစ် အပြင်ဘက်ကို စွန့်ထုတ်ပါတယ်။၁။ ပါးစပ်။၂။ လည်ချောင်း။၃။ အစာအိမ်။၄။ အူ။၅။ အူမကြီး ဆိုပြီး အဆင့် ၅ဆင့်ကို ဖြတ်သန်းရပါတယ်။၁။ အစားအစာကို ဝါးစားလိုက်တဲ့အခါ တံတွေးထဲမှာ ပါဝင်တဲ့ အင်ဇိုင်းတွေဟာ အစားအစာထဲမှာ ပါဝင်နေတဲ့ကစီဓါတ်ေတွကို ချေဖျက်ပေးလို့ အစာဝါးရလွယ်ကူစေပါတယ်။၂။ ပါးစပ်ကနေ မြိုချလိုက်တဲ့အခါ လည်ချောင်းအတွင်းသို့ လျင်မြန်စွာရောက်ရှိပါတယ်။ အစာမြိုချပြီး ၆နာရီမှ ၈နာရီအတွင်း လည်ချောင်းမှ အစာအိမ်၊ အူ၊ အူမကြီးဆီသို့ အစာတွေက ရွှေ့ပြောင်းသွားလာနေပါပြီ။၃။အစာအိမ်အတွင်းမှာ ရှိတဲ့ အက်ဆစ်ဓါတ်တွေဟာလည်း အစားအစာကို ဖြိုခွဲပေးပြီး အက်စစ်ဓါတ်ပါတဲ့ အစာရည်နဲ့ အနည်းငယ်ကျေညက်ပြီးသား အစာတွေကို အူဆီသို့ ပို့ဆောင်ပေးပါတယ်။၄။ အူအတွင်းသို့ ရောက်တဲ့အခါ ပန်ကရိယအရည်တွေက ကာဗိုဟိုက်ဒြိတ်လို့ ခေါ်တဲ့ ကစီဓါတ်၊ အဆီနဲ့ အသားဓါတ်တွေကို ဖြိုခွဲပေးတယ်။ အဆီဓါတ်တွေကိုတော့အသည်းထဲမှာရှိတဲ့ သည်းခြေရည်အတွင်း ပျော်ဝင်သွားစေပါတယ်။ ဗီတာမင်၊ သတ္တုဓါတ်နဲ့ ရေတွေကို အူနံရံမှ သွေးကြောအတွင်း ပို့ဆောင်ပေးပြီး မကျေညက်သေးတဲ့ အစာတွေကိုတော့ အူမကြီးသို့ ပို့ဆောင်ရပါတယ်။၄။ အူမကြီးအတွင်း ရောက်ရှိတဲ့အခါ အနည်းငယ်ချေဖျက်ထားပြီးသား အစာတွေကို တစ်ရက်ခန့်ကြာအောင် သိမ်းဆည်းထားပြီး ပိုမိုကျေညက်သွားအောင် ချေဖျက်ဖို့ အလုပ်လုပ်ရပါတယ်။ နောက်ဆုံး အကြွင်းအကျန် အာဟာရဓါတ်တွေကိုတော့ အူမကြီးက စုပ်ယူပြီး ကျန်တဲ့ အစာဟောင်းတွေကို ဝမ်းအဖြစ် စွန့်ထုတ်ပါတယ်။၅။ ပုံမှန်အားဖြင့် အမျိုးသားတွေမှာ ၃၃နာရီ၊ အမျိုးသမီးတွေမှာ ၄၇ နာရီခန့် အူမကြီးအတွင်း အစာသိမ်းဆည်းထားနိုင်ပါတယ်။ အစာချေဖျက်နှုန်းသည် ကိုယ်စားလိုက်တဲ့ အစားအစာပေါ်မှာ မူတည်ပြီးတော့ ပြောင်းလဲသွားနိုင်ပါတယ်။ အသား၊ ငါးတွေစားလိုက်တဲ့အခါ အထဲမှာပါတဲ့ပရိုတင်းကို စုပ်ယူပြီး အစာကို လုံးဝကျေညက်သွားဖို့ အချိန် ၂ရက်လောက် ကြာတတ်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေလို အမျှင်ဓါတ်များတဲ့ အစားအစာတွေအနေနဲ့ တစ်ရက်ထက်စောပြီး အစာကြေနိုင်ပါတယ်။၆။ သကြား၊ အချိုဓါတ်များတဲ့ မုန့်တွေကိုတော့ ခန္ဓါကိုယ်က နာရီပိုင်းလေးအတွင်းမှာ ဖြိုခွဲလိုက်ပြီး ထပ်ပြီးအစာစားချင်စိတ်ကို ဖြစ်စေပါတယ်။လူတစ်ယောက်ရဲ့အစာခြေစနစ်ကောင်းစွာအလုပ်လုပ်နိုင်မှုသည် သူ့ရဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ အများကြီးသက်ဆိုင်နေပါတယ်။ လူတစ်ယောက် ကျန်းမာဖို့ ဗီတာမင်နဲ့ အာဟာရဓါတ်တွေ လိုအပ်ပါတယ်။ ဒီအာဟာရဓါတ်တွေကို ကောင်းစွာ စုပ်ယူနိုင်ဖို့ အစာခြေစနစ်က ကောင်းနေဖို့ လိုအပ်တယ်ဆိုတာ မေ့ထားလို့တော့ မဖြစ်ဘူးနော်။ ကိုယ့်ရဲ့ တစ်နေ့တာ ဘာတွေစားသင့်လဲ၊ ဘယ်လိုနေထိုင်ရမလဲဆိုတာ သေချာသတ်မှတ်ထားရင်တော့ အစာခြေစနစ်ဆိုင်ရာ ရောဂါတွေမဖြစ်အောင် ကာကွယ်ပြီးသားဖြစ်မှာပါ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/%e1%80%a1%e1%80%85%e1%80%ac%e1%80%b1%e1%80%bb%e1%80%81%e1%80%85%e1%80%94%e1%80%85%e1%80%b9%e1%80%80-%e1%80%98%e1%80%9a%e1%80%b9%e1%80%9c%e1%80%ad%e1%80%af%e1%80%a1%e1%80%9c%e1%80%af%e1%80%95%e1%80%b9/
ကလေးမှာ ကျီးကန်းပါးစပ် ဖြစ်ခဲ့ရင်
ကလေးတွေဟာဆောင်းရာသီမှာနှုတ်ခမ်း ခြောက်တာ၊ ကွဲတာမျိုးတွေ ခံစားရနိုင် ပါတယ်။ ဒါပေမယ့် နှုတ်ခမ်းထောင့်နားလေးတွေမှာ နီရဲနေတာ၊ ရောင်ရမ်းနေတာ၊ ကွဲအက်သလိုလေးတွေ ဖြစ်နေမယ် ဆိုရင်တော့ ကလေးက ဆောင်းရာသီ အအေးဒဏ်ကြောင့်နှုတ်ခမ်း ခြောက်တာမဟုတ်ပါဘူး။ ကျီးကန်းပါးစပ် ဖြစ်တာပါ။ ကလေးမှာ ကျီးကန်းပါးစပ် ဖြစ်ခဲ့ရင် ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ကလေးမှာ အခုလိုမျိုး လက္ခဏာလေးတွေ ခံစားနေရမယ် ဆိုရင် ကလေးက ကျီးကန်းပါးစပ် ခံစားနေရတာပါ။ အများဆုံး တွေ့ရနိုင်တာကတော့ နှုတ်ခမ်း ထောင့်လေးတွေမှာ နီရဲရောင်ရမ်းတာမျိုး ဖြစ်နိုင်ပါတယ်။ နှုတ်ခမ်းထောင့် တစ်ဖက်တည်းမှာ ဒါမှမဟုတ် နှစ်ဖက်စလုံးမှာ –။ကလေးမှာ ဒီလို အချက်တွေ ရှိနေမယ် ဆိုရင် ကျီးကန်းပါးစပ် ဖြစ်နိုင်ခြေ ပိုများနေ ပါတယ်။ဒါတွေအပြင် မှိုနဲ့ဘက်တီးရီးယားတွေကူးစက်ခံရမယ် ဆိုရင်လည်း ကလေးမှာ ကျီးကန်းပါးစပ် ခံစားရနိုင် ပါတယ်။ ကလေးငယ်မှာ သံဓာတ်နဲ့ ဗီတာမင် B လျော့နည်းနေမယ် ဆိုရင်လည်း ကလေးက ကျီးကန်းပါးစပ် ခံစားရနိုင် ပါတယ်။ကျီးကန်းပါးစပ်က မှိုနဲ့ ဘက်တီးရီးယားတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့်။ခဏခဏ ပြန်ဖြစ်တာ၊ ကျီးကန်းပါးစပ်က အစာစားလို့ မရအောင် နာကျင်လွန်းမယ်ဆိုရင်တော့ နီးစပ်ရာဆရာဝန်နဲ့ ပြသပါ။ ဒီအချက်လေးတွေကို ဂရုစိုက်လုပ်ပေးမယ်ဆိုရင်တော့ ကလေးက ကျီးကန်းပါးစပ်လို့ခေါ်တဲ့ နှုတ်ခမ်းထောင့်လေးတွေ ကွဲအက်နာကျင်တဲ့ဝေဒနာကနေကင်းဝေးသွားမှာပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/common-symptoms-and-conditions/angular-cheilitis/
နေလောင်ကာခြင်း၏ အရေးပါပုံ
ကမ်းခြေမှာ အားလပ်ရက် အနားယူတာဖြစ်ဖြစ်၊ အကောင်းဆုံး ပျော်ပွဲရွှင်ပွဲတွေမှာ ကခုန်တာပဲဖြစ်ဖြစ်၊ ဒီနွေရာသီကို ဥယျာဉ်ထဲမှာ ရိုးရိုးရှင်းရှင်း အနားယူတာပဲ ဖြစ်ဖြစ်၊ သင့်အသားအရေကို နေရောင်ခြည်ကနေ ကာကွယ်တာက နုပျိုမှု ရရှိဖို့နဲ့ ထိန်းသိမ်းဖို့ အတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။အရင်တုန်းက နေရောင်ခြည်နဲ့ ထိတွေ့တာ ကျန်းမာစေတဲ့အရာလို့ သိထားခဲ့ကြပါတယ်။ ဒါပေမယ့် မကြာသေးခင်က လုပ်ခဲ့တဲ့ လေ့လာချက်တွေမှာ နေရောင်ခြည်နဲ့ ထိတွေ့တာဟာ အချိန်မတိုင်ခင် အိုမင်းခြင်းနဲ့ အရေပြားကင်ဆာ တို့လိုမျိုး ကျန်းမာရေး ထိခိုက်စေတဲ့ သက်ရောက်မှုတွေ ဖြစ်စေတယ်လို့ ဖော်ပြထားပါတယ်။ နေရောင်ခြည်မှာ UVA နဲ့ UVB တို့ ပါဝင်ပါတယ်။ ဒါတွေက မျက်စိနဲ့ မမြင်နိုင်တဲ့ ခရမ်းလွန်ရောင်ခြည်တွေ ဖြစ်ပြီး အချိန်မတိုင်ခင် အိုမင်းခြင်းနဲ့ အရေပြားရောဂါ အများအပြားကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းပဲ ဖြစ်ပါတယ်။ဒီရောင်ခြည်တွေ အရေပြားထဲ ဝင်တဲ့အခါ အရေပြားဆဲလ်တွေကို ပျက်စီးစေပြီး မြင်ရတဲ့ ဒဏ်ရာတွေအပြင် မမြင်ရတဲ့ ဒဏ်ရာတွေပါ ဖြစ်စေပါတယ်။ ဒါတွေက မှဲ့၊ တင်းတိပ်၊ အရေးအကြောင်းနဲ့ အရေပြားကင်ဆာတွေကို ပိုပြီး ဖြစ်စေပါတယ်။UV ကြောင့်ဖြစ်ပြီး မြင်ရတဲ့ ထိခိုက်မှုထဲက အဖြစ်များဆုံး တစ်ခုကတော့ နေရောင်အောက် နာရီအနည်းငယ်ထွက်ပြီးနောက် ဖြစ်တဲ့ နေလောင်ခြင်းပါ။ တချို့ကိစ္စတွေမှာ ဒီအမျိုးအစားက အသားအရည် ညိုလာခြင်း၊ ဒါမှမဟုတ် အရေပြားရောင်ခြယ် များလာခြင်း စတာတွေ ဖြစ်လာပါတယ်။ ဒါကို ရက်အနည်းငယ်လောက် နေရောင်နဲ့ ထိပြီးနောက်မှာ သိသာလာပါလိမ့်မယ်။သင့်တင့်တဲ့ အသားအရေရှိတဲ့ သူတွေမှာ ပိုဖြစ်တတ်တဲ့ တင်းတိပ်တွေက အများအားဖြင့်တော့ နေရောင်ထိလို့ ဖြစ်တာပါ။ တင်းတိပ်ဆိုတာ နေရောင်ထိလို့ အသားအရေ ပျက်စီးနေတယ်ဆိုတာကို ပြတဲ့ လက္ခဏာ ဖြစ်ပြီး နေရောင်ကနေ ကာကွယ်ဖို့ လိုအပ်တယ်ဆိုတာကို ညွှန်ပြတာလည်း ဖြစ်ပါတယ်။ဒါ့အပြင် ခရမ်းလွန်ရောင်ခြည်တွေက သာမန်မျက်စိနဲ့ မြင်ဖို့ခက်တဲ့ အရေပြားဆဲလ် ပျက်စီးခြင်းတွေကိုလည်း ဖြစ်စေပါတယ်။ တချို့ဒဏ်ရာတွေက သူ့ဖာသာ ပြန်ကုစားနိုင်ပေမယ့် တချို့ဒဏ်ရာတွေက တစ်နှစ်ပြီးတစ်နှစ် ပိုတိုးလာတာပါ။ နှစ် ၂၀၊ ၃၀ ဒါမှမဟုတ် အဲ့ထက်ပိုကြာတဲ့အခါ ဒီစုလာတဲ့ ဒဏ်ရာတွေက အရေးအကြောင်းတွေ၊ အစက်အပြောက်တွေနဲ့ အရေပြားကင်ဆာကိုတောင် ဖြစ်စေပါတယ်။ဘာကြောင့်လဲဆိုတော့ အရေပြားက UVA ကို UVB ထက် ပိုပြီး စုပ်ယူလို့ပါ။ UVA က အရေပြားရဲ့ ကျုံ့ဆန့်နိုင်မှု စွမ်းရည်ကို ထိခိုက်စေပြီး UVB ကြောင့်ဖြစ်တာထက် ပိုပြင်းတဲ့ အမဲအစက်အပြောက်တွေကိုလည်း ဖြစ်စေပါတယ်။ UVA ဟာ ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ (အချိန်မတိုင်မီ အိုမင်းအောင် လုပ်ဆောင်ပေးတဲ့) အရာလို့ သိထားပါတယ်။ကျွန်တော်တို့ အသားအရေကို ခရမ်းလွန်ရောင်ခြည် ခံယူပြီး melanin ဓါတ်ကို ထွက်စေတဲ့အခါ ကြေးနီရောင်သန်းနေတဲ့ အသားအရေက ဝင်းဝါတယ်လို့ လူတွေက ယူဆကြပါတယ်။ melanin ဓါတ်က အရေပြား ထူလာခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါက အရေပြား တောက်ပမှု လျှော့ချပေးနိုင်ပါတယ်။အပေါ်မှာ ပြောထားတဲ့အတိုင်းပဲ UVA က UVB ထက် ပိုအန္တရာယ် များပါတယ်။ ပိုပြီး နွေးထွေးတဲ့ နွေလတွေမှာ UVB က အပြင်းထန်ဆုံးဖြစ်နေတဲ့အချိန် ကျွန်တော်တို့ဟာ တကယ်တော့ တစ်နှစ်လုံး UVA ကို ထိတွေ့နေကြရတာပါ။ ဒါက ဘာကို ဆိုလိုတာလဲဆိုရင် ကျွန်တော်တို့ဟာ မည်းမှောင်ပြီး တိမ်ဖုံးနေတဲ့အောက်မှာ နေတဲ့အချိန်မှာတောင် ပြင်းထန်တဲ့ UVA ကို ထိတွေ့နေရတာလို့ ပြောတာပါ။ ထပ်ပြောရရင် UVA က ဖန်သားတွေကို ထိုးဖောက်နိုင်ပါတယ်။ သင့်အစီအစဉ်က ဘာပဲ ဖြစ်ဖြစ် သင့်နေထိုင်မှုထဲမှာ နေရောင်ခြည်ကို နေ့စဉ် ကာကွယ်ဖို့ စိတ်ထဲမှတ်ထားအောင် အဓိက ပြောချင်တာပါ။တိမ်တွေက UVB၊ လောင်ကျွမ်းစေတဲ့ ရောင်ခြည်တွေကို တားဆီးနိုင်ပေမယ့် UVA ကို မတားဆီးနိုင်ဘူးဆိုတာ သိဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် နေလောင်နိုင်ချေ နည်းနေစဉ်မှာ အတွင်းနက်နက်ထိ ထိုးဖောက်နိုင်တဲ့ UVA နဲ့ ထိတွေ့ပြီး အရေပြား ထိခိုက်နိုင်ပါတယ်။ ဒါက အသားအရေကို ညိုမည်းစေပြီး အရေးအကြောင်းတွေ ဖြစ်စေပါတယ်။ ရလဒ်အနေနဲ့ သင့်အရေပြားကို နေရောင်ကနေ ကာကွယ်ဖို့ အရေးကြီးပါတယ်။ တိမ်ထူတဲ့ နေ့တွေ ဆိုရင်တောင်မှပေါ့။သင့်အရေပြားကို နေရောင်ကနေ ကာကွယ်ရမယ်ဆိုတာ သိပြီးရင် UVA နဲ့ UVB နှစ်မျိုးလုံးကို ကာကွယ်ပေးတဲ့ broad-spectrum sun care လိုမျိုး တစ်ခုလောက် သုံးသင့်ပါတယ်။ အရေပြားအထူးကုတွေက အပြင်မထွက်ခင် အမျိုးအစားတစ်ခုကို သင့်တင့်တဲ့ ပမာဏလောက် လိမ်းဖို့ ညွှန်ကြားထားပါတယ်။ ကာကွယ်တဲ့ သက်ရောက်မှုကို ထိန်းဖို့ တစ်နေ့လုံး မကြာမကြာလိမ်းပေးဖို့ကို အမှတ်ရရပါမယ်။Hello Health Group သည် ကျန်းမာရေးအကြံပေးမှု၊ စမ်းသပ်မှုနှင့် ကုသမှုတို့ လုပ်ဆောင်မည်မဟုတ်ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/%e1%80%b1%e1%80%94%e1%80%b1%e1%80%9c%e1%80%ac%e1%80%84%e1%80%b9%e1%80%80%e1%80%ac%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%81%8f-%e1%80%a1%e1%80%b1%e1%80%9b%e1%80%b8%e1%80%95%e1%80%ab%e1%80%95/
ဆေးပေါင်းခတဲ့ မယ်ဇလီအကြောင်း သိပ္ပံနည်းကျ သိကောင်းစရာ
တန်ဆောင်မုန်း လပြည့်နဲ့မယ်ဇလီပင်ဟာ ခွဲလို့ မရစကောင်းတဲ့ အရာပါ။ လပြည့်ကျော် တစ်ရက်နေ့ နက္ခတ်စုံညီတဲ့နေ့မှာ နွယ်မြက်သစ်ပင်တွေအားလုံး ဆေးဖက်ဝင်ပြီးမယ်ဇလီဖူးသုပ်ကို စားရင် ဆေးပေါင်းခ၊ ရောဂါတွေပျောက်တယ်လို့ အားလုံးကြားဖူးပြီး ဖြစ်မှာပါ။ဒါဆိုရင် တကယ်တမ်း သိပ္ပံနည်းကျရော မယ်ဇလီဖူး၊ မယ်ဇလီရွက်၊ မယ်ဇလီပင်က ဆေးဖက်ဝင်ရဲ့လား။မယ်ဇလီပင်ဟာဝမ်းချုပ်ခြင်းကို အဓိက ပျောက်ကင်းသက်သာစေပါတယ်။ ဒီ သဘာဝ ကုထုံးဟာကိုယ်ဝန်သည်တွေနဲ့ ကလေးတွေအတွက်ပါ အသုံးပြုလို့ ရနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုပါပဲ။မယ်ဇလီဖူး (မယ်ဇလီစေ့ပေါ်က အဖူး) ကို ရေထဲ စိမ်ထားပြီး တစ်ညသိပ်ထားပါ။ ပြီးတော့ အရည်စစ်ချပြီး သကြားနဲ့ သောက်လို့ ရပါတယ်။ နောက်ပြီး မယ်ဇလီရွက် ကို အခြောက်လှမ်းပြီးရေနွေးကြမ်းအဖြစ် သောက်တာက အစာကြေစေပြီး အူလမ်းကြောင်းကို ရှင်းလင်းပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒီ ရေနွေးကြမ်းကို အလွန်အကျွံသောက်မယ်ဆိုရင်တော့ အသည်းကို အဆိပ်အတောက် ဖြစ်စေမှာပါ။မယ်ဇလီအမြစ်ကိုတော့ နှာစေးခြင်း နဲ့ဖျားနာခြင်းတွေအတွက် သုံးလို့ ရပါတယ်။ မယ်ဇလီမြစ်ကို မီးရှို့ပြီး အငွေ့ကို ရှူတာကနှာပိတ်ခြင်းတွေကို သက်သာစေတယ်လို့ ဆိုပါတယ်။ ပြီးတော့ မယ်ဇလီမြစ်ကို အရည်ပြုတ်သောက်ရင်လည်း ဖျားနာခြင်းကို သက်သာစေနိုင်ပါသေးတယ်။မယ်ဇလီဆီဟာ အရေပြားရောဂါတွေကို သက်သာစေပါတယ်။ မယ်ဇလီမှာ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဒါကြောင့် မယ်ဇလီကို သုံးလို့အရေပြားနီမြန်းရောင်ရမ်းမှုတွေ ကို လျှော့ချပေးနိုင်ပြီး မယ်ဇလီရွက်ကို ကြိတ်ပြီး အနာနဲ့အပူလောင်နာတွေပေါ် အနှစ်တွေ လိမ်းပေးလို့ ရပါတယ်။မယ်ဇလီရွက်တွေကို ခြေ၊လက်တွေ ရောင်ရမ်းတာတွေအတွက် အသုံးပြုနိုင်ပြီး မယ်ဇလီအဆီကိုတော့ ရောင်ရမ်းမှုတွေကို လျော့ကျစေတဲ့ အာနိသင်ကြောင့် အဆစ်နဲ့ ကြွက်သားတွေကို သန်မာစေဖို့၊ သွေးလည်ပတ်မှု ကောင်းမွန်ပြီး အဆစ်တွေဆီ အောက်ဆီဂျင်ပံ့ပိုးမှု ကောင်းမွန်စေဖို့ အသုံးပြုနိုင်ပါတယ်။မယ်ဇလီကြောင့် ပိုရလာတဲ့ အောက်ဆီဂျင်တွေဟာ အဆစ်တွေနဲ့ အနီးနားကကြွက်သားတွေ၊ တစ်ရှူးတွေကို အားဖြည့်ပေးနိုင်တာကြောင့် ရောင်ရမ်းနာကျင်ကိုက်ခဲတာတွေကို လျှော့ချပေးနိုင်ပါတယ်။မယ်ဇလီရွက်တွေကို အိပ်မပျော်ခြင်း၊ စိတ်ဖိစီးမှုတွေကို ကုသရာမှာလည်း အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ မယ်ဇလီကို လိုအပ်တာထက် ပိုပြီး ရေရှည်မှာ အလွန်အကျွံ သုံးမိ၊ စားမိမယ်ဆိုရင် နှလုံးရောဂါကို ပိုဆိုးစေနိုင်ပြီး ဝမ်းလျှောတာမျိုး၊ အော့အန်ပြီး မအီမသာ ဖြစ်တာမျိုးတွေ ခံစားရမှာဖြစ်သလို ကြွက်သားအားနည်းတာ၊ အသည်းပျက်စီးတာတွေ ဖြစ်စေနိုင်သလို ရေဓာတ်ချို့တဲ့တာမျိုးတွေ၊ ဗိုက်နာတာမျိုးတွေ၊ အူအတက်ရောင်တာ၊ အစာအိမ်ရောင်တာ စတာတွေလည်း ဖြစ်နိုင်ပါသေးတယ်။Wathun Myet Chal။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/nose-conditions/%e1%80%86%e1%80%b1%e1%80%b8%e1%80%95%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%b8%e1%80%81%e1%80%90%e1%80%b2%e1%80%b7-%e1%80%99%e1%80%9a%e1%80%ba%e1%80%87%e1%80%9c%e1%80%ae%e1%80%a1%e1%80%80%e1%80%bc/
အရည်ကြည်ဖု၊ ငါးမျက်စိ၊ အသားမာ
အရည်ကြည်ဖု၊ ငါးမျက်စိနဲ့ အသားမာများဟာအရေပြားနဲ့ မျက်နှာပြင်တခုခုပွတ်တိုက်မိနေတဲ့အခါ ဖြစ်ပေါ်လာပါတယ်။ ဒီအခြေအနေတွေကို ကြုံဖူးပါသလား။ သူတို့ဟာဘယ်လိုအရာတွေဖြစ်တယ် ဘယ်လိုပျောက်ကင်းအောင် လုပ်မယ်ဆိုတာစဉ်းစားဖူးပါသလား။ စဉ်းစားဖူးရင်တော့ ဒီစာကိုဆက်ပြီးဖတ်ကြည့်ပါ။အရည်ကြည်ဖု။အရည်ကြည်ဖုတခုဟာအရည်ကြည်လေးတွေပါတဲ့ အိတ်လေးတခုပုံစံနဲ့ အရေပြားပေါ်မှာပေါ်နေတတ်ပါတယ်။ ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာတတ်ပါတယ်။ ဥပမာသင်ဟာခြေအိတ်မပါဘဲ ရှူးဖိနပ်စီးမယ်ဆိုရင် ဖိနပ်နဲ့ သင့်ခြေဖဝါးဟာ ဆက်တိုက် ပွတ်တိုက်မှု ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သစ်ရွက်များကိုထွန်ခြစ်နဲ့ဆွဲတဲ့အခါ လက်အိတ်မဝတ်ထားရင် ထွန်ခြစ်လက်ကိုင်နဲ့ လက်နဲ့ ပွတ်တိုက်မှုဟာဆက်တိုက်ပဲပွတ်တိုက်လာနိုင်ပါတယ်။အသားမာ။အသားမာဆိုတာကတော့ လက်ဖဝါးနဲ့ ခြေဖဝါးမှာ အရေပြားထူထဲလာခြင်း ဖြစ်ပါတယ်။ အချိန်ကြာမြင့်စွာပွတ်တိုက်မှုရှိလာရင် ဖြစ်ပွားနိုင်ပါတယ်။ အရေပြားဟာထူလာပြီးမျက်နှာပြင်မှာ အဖုဖြစ်လာနိုင်ပါတယ်။ အသားမာဟာ လက်ဖဝါးနဲ့ ခြေဖဝါးကို ကာကွယ်ဖို့ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါပေမယ့် ခြေဖဝါးမှာဖြစ်တဲ့ အသားမာဟာ ကိုယ်အလေးချိန်ကို ထမ်းထားရတာကြောင့် နာကျင်လာတတ်ပါတယ်။ငါးမျက်စိ။ငါးမျက်စိဟာ အသားမာနဲ့ ဆင်တူပါတယ်။ သူဟာခြေချောင်းများအနီး အရိုးအောက်ခံရှိတဲ့နေရာ၊ ဒါမှမဟုတ် ခြေချောင်းများ ကြားထဲမှာ ဖြစ်ပေါ်လာတတ်ပါတယ်။ ခြေချောင်းတွေကို ကြပ်နေစေတဲ့ ရှူးဖိနပ်ကိုအချိန်ကြာကြာစီးတဲ့အခါ ဖြစ်ပေါ်လာတတ်ပါတယ်။အရည်ကြည်ဖု။အရည်ကြည်ဖုတွေဟာ အချိန်နည်းနည်းကြာသွားရင် သူ့ဖာသာပျောက်သွားနိုင်ပါတယ်။ အရည်ကြည်ဖုကိုဖုံးထားတဲ့ အရေပြားဟာ ပိုးမဝင်အောင် ကာကွယ်ပေးပါတယ်။ ဆရာဝန်ဟာ အပ်သေးသေးသုံးပြီး အရည်ကြည်တွေကိုစုပ်ဖို့ အားပေးတာရှိနိုင်ပါတယ်။ ဒါပေမယ့် အရေပြာကိုတော့ ခွာစေမှာမဟုတ်ပါဘူး။ အရည်ကြည်ဖုတွကို။ခြောက်သွေ့သန့်ရှင်းအောင် ထားသင့်ပါတယ်။ ရေသန့်သန့်နဲ့ သိပ်မပြင်းတဲ့ ဆပ်ပြာနဲ့ ဆေးကြောသင့်ပါတယ်။ အညစ်အကြေးမပေအောင် ပတ်တီးစည်းပြီးကာကွယ်ထားနိုင်ပါတယ်။ ပတ်တီးကိုနေ့စဉ်လဲပေးဖို့တော့ လိုပါတယ်။အသားမာ။အသားမာကို သွားမလှီးပါနဲ့။ အဲ့ဒါဟာပိုဆိုးစေပါတယ်။ ဖြစ်တဲ့နေရာကိုရေနွေးနွေးနဲ့ ၁၀မိနစ်လောက်စိမ်ထားပြီး ချေးတွန်းတဲ့ကျောက်အနုစားနဲ့ ပွတ်တိုက်ပေးနိုင်ပါတယ်။ ဆေးဖတ်တွေ ကပ်ပေးနိုင်ပါတယ်။ငါးမျက်စိ။ငါးမျက်စိဟာလည်း ပျောက်ကင်းနိုင်ပေမယ့် အသားမာထက်စာရင် နည်းနည်းပိုကြာတတ်ပါတယ်။ ရေနွေးနွေးဖြင့် ရေချိုးခြင်း၊ ရေနွေးစိမ်ပေးခြင်းစတဲ့ နည်းလမ်းတွေနဲ့ ငါးမျက်စိကိုပျော့နူးစေနိုင်ပါတယ်။ အဲ့ဒီနောက် ချေးတွန်းကျောက်နဲ့ ပွတ်တိုက်ပေးနိုင်ပါတယ်။ မုန့်လက်ကောက်ပုံစံ ဆေးဖတ်ကိုဆေးဆိုင်တွေမှာ ဝယ်နိုင်ပါတယ်။ အဲဒီနည်းဟာ ငါးမျက်စိကိုပိုပြီး မြန်မြန်ဆန်ဆန် ပျောက်ကင်းစေနိုင်ပါတယ်။ salicylicအက်ဆစ်ပါတဲ့ ဆေးဖတ်တွေကိုလည်းသုံးနိုင်ပါတယ်။ salicylicအက်ဆစ်ဟာငါးမျက်စိအရေပြားကိုဖယ်ရှားပေးနိုင်ပါတယ်။အောက်ပါအချက်တွေကိုလိုက်နာပြီးကာကွယ်နိုင်ပါတယ်။• သင့်ခြေထောက်နဲ့ အံဝင်ခွင်ကျဖြစ်တဲ့ ရှူးဖိနပ်ကိုပဲရွေးချယ်ပါ။ အဲ့ဒီအခါ သက်တောင့်သက်သာ ဖြစ်စေပြီးပွတ်တိုက်မှုတွေကိုကာကွယ်နိုင်ပါတယ်။ မဝယ်ခင် သေချာရွေးပါ။• ခြေအိတ်စီးဖို့မမေ့ပါနဲ့။• သန့်ရှင်းရေးလုပ်ရာမှာ၊ အလေးအပင်မရာမှာလက်အိတ်စွပ်ထားသင့်ပါတယ်။အရည်ကြည်ဖု၊ ငါးမျက်စိ၊ အသားမာတွေဟာအဖြစ်များတဲ့ အရေပြားဆိုင်ရာ ပြသနာတွေ ဖြစ်ပါတယ်။ ကောင်းတာက ပျောက်အောင်ကုပြီး ရိုးရှင်းတဲ့နည်းတွေနဲ့ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဆေးကုသမှုခံယူဖို့ မမေ့ပါနဲ့။ သင့်ဆရာဝန်ဟာ ကူညီနိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/%e1%80%a1%e1%80%9b%e1%80%8a%e1%80%ba%e1%80%80%e1%80%bc%e1%80%8a%e1%80%ba%e1%80%96%e1%80%af%e1%81%8a-%e1%80%84%e1%80%ab%e1%80%b8%e1%80%99%e1%80%bb%e1%80%80%e1%80%ba%e1%80%85%e1%80%ad%e1%81%8a-%e1%80%a1/
သင့်အရေပြားကို ထိခိုက်စေသော အံ့ဖွယ် အိမ်သုံးပစ္စည်းငါးမျိုး
ထင်မထားမိတဲ့ သာမန်အိမ်သုံးပစ္စည်းလေးတွေကနေ အရေပြား ထိခိုက်ယားယံမှု၊ စပ်ဖျဉ်းဖျဉ်းဖြစ်မှုတွေ ခံစားရနိုင်တယ်ဆိုတာ သိပါရဲ့လား။ အကြောင်းကတော့ သင်က ဆိုးကျိုးတွေနဲ့ ထိခိုက်စေမှုလေးတွေကို သတိမထားမိဘဲ အဲ့ဒါတွေကို ပုံမှန်သုံးနေလို့မိပါ။ အောက်ကစာရင်းကိုကြည့်မိရင် လန့်သွားမှာအသေအချာပါပဲ။ခေတ်မီလာတဲ့ ဒီကာလကြီးမှာ ရောဂါပိုးမွှားတွေကို ကြောက်တတ်လာကြောင့် အမြဲသန့်ရှင်းနေချင်ကြမှာပါ။ ဒီအခါ အရေပြားကို လိုတာထက်ပိုပြီး ဆေးကြောမှုတွေ ဖြစ်လာပါတော့တယ်။ လိုတာထက်ပိုပြီး ဆေးကြောမိတဲ့အခါ အရေပြားစိုစွတ်မှုကို ထိန်းပေးပြီး ကာကွယ်ပေးထားတဲ့ အဆီတွေကို ဖယ်ပစ်လိုက်ပါတော့တယ်။ ထိုအခါ အရေပြား ခြောက်သွေ့၊ယားယံခြင်းတွေ ဖြစ်လာတော့တယ်။ ထို အခြေအနေကို အမြန်မကုသဘူးဆိုရင် အရေပြား အက်ကွဲခြင်းတွေ၊ သွေးထွက်ခြင်းတွေပါ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ဓါတုပစ္စည်းတွေ၊ အမွှေးနံ့တွေပါတဲ့ သန့်စင်ပစ္စည်းတွေ ဆပ်ပြာတွေကလည်း သင့်အရေပြားကို ထိခိုက် ယားယံစေပါတယ်။ Triclosan နဲ့ ethyl alcohol ပါဝင်ပစ္စည်းတွေဟာ သင့်အရေပြားကို ဓါတ်မတည့်ခြင်းတွေတောင် ဖြစ်စေနိုင်ပါတယ်။တတ်နိုင်သလောက် သဘာဝပစ္စည်းတွေနဲ့ လုပ်ထားတဲ့ ဆပ်ပြာတွေ၊ သန့်စင်ပစ္စည်း အပျော့စားတွေကိုသာ သုံးကြည့်ပါ။ ခန္ဓါကိုယ်ရဲ့ တစ်နေရာစီအတွက် သက်ဆိုင်ရာ သန့်စင်ပစ္စည်း အသီးသီး လိုပါတယ်။ ခန္ဓါကိုယ် အတွက်သုံးတဲ့ပစ္စည်းဟာ မျက်နှာအတွက် သုံးတဲ့ပစ္စည်းနဲ့ မတူပါဘူး။ သင်အသုံးပြုနေတဲ့ ပစ္စည်းတွေက သင့်အရေပြားမှာ ယားဖုတွေ အနီဖုတွေ ပေါ်စေရင် ဒါမှမဟုတ် အရေပြားကိုပူလောင်လာစေရင် အဲဒီအရာတွေကို ဆက်ပြီးမသုံးပါနဲ့တော့။ သုံးစွဲရမယ့် ဆပ်ပြာတွေ သန့်စင်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး အခက်တွေ့နေတယ်ဆိုရင် အရေပြား ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။တစ်ခါသုံးတစ်ရှူးတွေဟာ သုံးပြီးတဲ့အခါ ပြန်လျှော်စရာမလို၊ လွှင့်ပစ်လိုက်ရုံမို့ သုံးရအလွန်ကို အဆင်ပြေပါတယ်။ ဒါပေမယ့် ဒီအရာတွေမှာလည်း အရက်ပျံ၊ အမွှေးရည်၊ အရောင် နဲ့ တာရှည်ခံအောင် လုပ်ထားတဲ့ ဓါတုပစ္စည်းတွေ ပါနေတုန်းပါပဲ။ ဒါတွေဟာ ယားဖုတွေနဲ့ အင်ပြင်တွေလို ဓါတ်မတည့်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။လက်ကိုင်ပဝါလို ဓါတုပစ္စည်းမပါတဲ့ လျှော်လို့ရတဲ့ အဝတ်တွေကို ပြောင်းသုံးကြည့်သင့်ပါတယ်။ ဒါပေမယ့် လျှော်ဖွတ်ပြီး ကောင်းကောင်း အခြောက်ခံဖို့တော့ လိုတာပေါ့။ သွားတဲ့လာတဲ့ အခါမှာတော့ တစ်ခါသုံးအိတ်တွေထဲ ထည့်သယ်သွားနိုင်ပါတယ်။များသောအားဖြင့် နီကယ်နဲ့ ပြုလုပ်ထားတဲ့ လက်ဝတ်လက်စားတွေကို ဓါတ်တည့် ဖြစ်လေ့ရှိကြပါတယ်။ ဇစ်၊ နာရီကြိုး၊ အကြွေစေ့၊ မျက်မှန်ကိုင်းတွေကို နီကယ်တွေနဲ့လုပ်တတ်ကြတယ်။ထိုအရာတွေနဲ့ အထိအတွေ့များတဲ့အခါ နီကယ်နဲ့ ဓါတ်မတည့်မှုတွေ ဖြစ်လာနိုင်တယ်။ လက္ခဏာတွေကတော့ ယားယံခြင်း၊ ယားဖုတွေပေါ်ခြင်း၊ အဖုများပေါက်ခြင်း၊ နီရဲလာခြင်း၊ အရေပြားမှာ ပြောင်းလဲမှုတွေဖြစ်ခြင်း၊ အရည်ကြည်ဖုပေါက်ခြင်း၊ ခြောက်ကပ် အက်ကွဲသော အကွက်များဖြစ်လာခြင်း စသည်တို့ ဖြစ်နိုင်ပါတယ်။ တကယ်လို့ ထိုလက္ခဏာများ ဖြစ်လာပြီး ဘာကြောင့် ဖြစ်ရတယ် ဆိုတာမသိရင် ဆရာဝန်ပြဖို့ အကြံပေးပါရစေ။ကုသမှုတွေက လက္ခဏာတွေကိုလျှော့ချဖို့ပဲ သုံးနိုင်ပြီး ဓါတ်မတည့်ခြင်းကို အရှင်းပျောက်အောင် မကူညီနိုင်ပါဘူး။ နီကယ်နှင့် တစ်ခါ ဓါတ်မတည့်မှု ဖြစ်ထားလျှင် အမြဲ ဓါတ်မတည့်ဖြစ်နေမှာမို့ ရှောင်ခြင်းသာ အကောင်းဆုံးနည်းလမ်းဖြစ်ပါလိမ့်မယ်။တစ်ခါတလေ ဒဏ်ရာကို ဆေးပတ်တီး စည်းတာ၊ ပလာစတာ ကပ်တာတွေကနေ အရေပြားနီရဲခြင်း၊ ယားဖုပေါ်ခြင်း၊ ပူခြင်း၊ ရောင်ခြင်းများဖြစ်လာတာကို ကြုံရတတ်ပါတယ်။ ဆိုးတဲ့ အခြေအနေတွေမှာ အရည်ကြည်ဖု နဲ့အဖုတွေ ပေါက်သည်ထိ ဖြစ်နိုင်တယ်။ ဒါဟာ ထိုဆေးပတ်တီးတွေမှာပါတဲ့ ဆေးပစ္စည်းတွေကို ဓါတ်မတည့်တာကြောင့်ဖြစ်နိုင်ပါတယ်။တကယ်လို့ ဆေးပတ်တီးတွေနဲ့ ဓါတ်မတည့်ဘူးထင်ရင် ချက်ခြင်းဖယ်ပစ်ပါ။ ထို့နောက် ထိခိုက်ထားတဲ့နေရာကို ရေသန့်သန့်နဲ့ သေချာဆေးပြီး ဆေးခန်းသွားသင့်ပါတယ်။ ဓါတ်မတည့်ခြင်းကို ကာကွယ်ဖို့အတွက် ဆေးပတ်တီးတွေကို ရှောင်ရှားပြီး အဝတ်နဲ့ စက္ကူတိတ်တွေကို အသုံးပြုခြင်းက ပိုဘေးကင်းပါလိမ့်မယ်။သင့်အိမ်မှာ ရှိနိုင်တဲ့ ရာဘာထုတ်ကုန်များသည် ရာဘာနဲ့ ပြုလုပ်ထားတဲ့ အိမ်သုံးပစ္စည်း၊ ရာဘာလက်အိတ်၊ ရေကူးမျက်မှန်၊ ဒါမှမဟုတ် ဖိနပ်တို့ ဖြစ်ပါသည်။ လက္ခဏာတွေက ပူမယ်၊ ယားယံမယ်၊ အင်ပြင်တွေထမယ်။ ဒီလိုဆိုရင်တော့ ဆရာဝန်ပြပြီး နောက်ဆို ထိုအရာတွေနဲ့ ထိတွေ့ခြင်းကို ရှောင်ရှားပါတော့။လက်ဆေးဖို့ သင်သုံးတဲ့ဆပ်ပြာ၊ ဒဏ်ရာကိုစည်းဖို့ သင်သုံးတဲ့ဆေးပတ်တီး၊ နောက်ဆုံး ဖက်ရှင်ကျဖို့ လှဖို့ သင်ဝတ်တဲ့ လက်ဝတ်လက်စားတွေ ကတောင်မှ သင့်အရေပြားကို ထိခိုက်စေနိုင်တယ်။ ဒါကြောင့် သတိထားပြီး ပါဝင်ပစ္စည်းတွေကို သေချာဖတ်ကြည့်ကာ မိမိနဲ့ဓါတ်မတည့်တဲ့အရာကို သေချာလေ့လာသင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%a1%e1%80%9b%e1%80%b1%e1%80%95%e1%80%bc%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%91%e1%80%ad%e1%80%81%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%b1/
သံဓါတ်ချို့တဲ့ရင် ကိုယ်ခန္ဓါက ဘာတွေပြောင်းလဲသွားမလဲ
ကိုယ်ခန္ဓါအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေထဲမှာသံဓါတ်ဟာလည်း တစ်ခုအပါအဝင်ပါပဲ။ သံဓါတ်ဟာ သွေးနီဆဲလ်တွေထဲမှာရှိတဲ့ ဟေမိုဂလိုဘင် (Hemoglobin) လို့ခေါ်တဲ့ ပရိုတင်းဓါတ်ဖြစ်ပြီး အောက်စီဂျင်ကို ကိုယ်ခန္ဓါအနှံ့သယ်ပို့ဖို့ ကူညီပေးပါတယ်။ ဟေမိုဂလိုဘင် မလုံလောက်တဲ့အခါ တစ်သျှူးနဲ့ ကြွက်သားတွေက အားပျော့သွားပြီး သွေးအားနည်းရောဂါတွေ ဖြစ်စေနိုင်ပါတယ်။အစာအာဟာရပြည့်ဝစွာ မစားတာ၊ ဒါမှမဟုတ် အစားရှောင်တာတွေကြောင့် သံဓါတ်ချို့တဲ့ခြင်း ဖြစ်နိုင်ပြီး လက်ရှိ ကမ္ဘာအနှံ့က ကလေးတွေမှာ သံဓါတ်အားနည်းခြင်းကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါတွေ အရမ်းအဖြစ်များနေပါတယ်။ ဒီတော့ ကိုယ်ခန္ဓါအတွက် မရှိမဖြစ် အရေးပါတဲ့သံဓါတ်နည်းေနပြီဆိုရင် ဘယ်လိုလက္ခဏာတွေ ပြတတ်လဲဆိုတာ သိထားဖို့တော့ လိုမယ်နော်။၁။ တခြားသူတွေထက် ပိုပြီးမောပန်းလွယ်တယ်။၂။ မျက်နှာက သွေးရောင်မရှိဘဲ ဖြူဖပ်ဖြူရော်ဖြစ်နေမယ်။၃။ အသက်ရှူမဝသလို ခံစားနေရမယ်။၄။ခေါင်းမူးခေါင်းကိုက်ြဖစ်မယ်။၅။ ရင်တုန်ပန်းတုန်ဖြစ်မယ်။၆။ အရေပြားနဲ့ဆံပင်ေတွ ခြောက်ပြီး ပျက်စီးမယ်။၇။ လျှာနဲ့ နှုတ်ခမ်းအတွင်းမှာ နီရဲပြီး ရောင်နေတာ၊ ဖြူဖပ်ဖြူရော်ဖြစ်နေတာ တွေ့ရမယ်။၈။ ခြေထောက်က ယားသလို၊ ကြွက်တက်သလိုဖြစ်ပြီး ညအိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေတယ်။၉။လက်သည်းတွေက ခုံးပြီး ကြွပ်ဆတ်ဆတ် ဖြစ်နေမယ်။၁၀။ ခြေဖျားလက်ဖျားတွေ အေးစက်နေမယ်။အပေါ်မှာ ပြထားတဲ့ လက္ခဏာတော်တော်များများ သင့်မှာရှိနေပြီဆိုရင်တော့ သံဓါတ်ချို့တဲ့တာ ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ ဆရာဝန်နဲ့ အရင်ဆုံးပြကြည့်ဖို့ပါ။ လိုအပ်တဲ့ သွေးဖောက်စစ်ခြင်းတွေ ပြုလုပ်ပြီး ကိုယ့်သွေးထဲမှာ သံဓါတ်ပမာဏ ဘယ်လောက်ရှိလဲ၊ သွေးအားနည်းရောဂါတွေပါ ရှိလားဆိုတာ စစ်ဆေးမှာ ဖြစ်ပါတယ်။သံဓါတ်ချို့တဲ့ခြင်းအတွက် နေ့စဉ်စားနေတဲ့ အစားအစာနဲ့ သံဓါတ်အားဆေးကို ပုံမှန်ပြန်သောက်ပေးရုံနဲ့ ကုသလို့ ရပါတယ်။ ဒီကုသခြင်းရဲ့ ရည်ရွယ်ချက်က ဟေမိုဂလိုဘင်ကို ပုံမှန်အဆင့်ပြန်ရောက်စေပြီး သွေးတွင်းအောက်စီဂျင်ကို ခန္ဓါကိုယ်အနှံ့ သယ်ယူပို့ဆောင်ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ဗီတာမင် စီဟာ သံဓါတ်စုပ်ယူမှုကို မြှင့်တင်ပေးနိုင်လို့ ချဉ်တဲ့အရသာရှိတဲ့ အသီးတွေကိုပါ တွဲစားပေးနိုင်ရင် ပိုကောင်းပါတယ်။ ကော်ဖီ၊ ရေနွေးကြမ်း၊ နို့ထွက်ပစ္စည်းတွေကို သင့်တင့်ရုံလောက်ပဲ သောက်ပေးပါ။သံဓါတ်အားဆေးကိုတော့ ဆရာဝန်ရဲ့ အညွှန်းပါမှ သောက်တာပိုကောင်းပါတယ်။ အဓိက သံဓါတ်ကြွယ်ဝတဲ့ အစားအစာတွေကိုပဲ များများစားပေးပြီး မလုံလောက်ဘူးဆိုမှ ဖြည့်စွက်အားဆေးတွေရဲ့ အကူကိုယူပါ။သံဓါတ်ချို့တဲ့ခြင်းကြောင့် မဖြစ်သင့်တဲ့ သွေးအားနည်းရောဂါတွေကို ကာကွယ်ပေးဖို့ မိဘတွေအနေနဲ့ ကလေးစားမယ့် အစာအာဟာရတွေကို သေချာဂရုစိုက်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/anaemia/%e1%80%9e%e1%80%b6%e1%80%93%e1%80%ac%e1%80%90%e1%80%b9%e1%80%81%e1%80%ba%e1%80%ad%e1%80%b3%e1%82%95%e1%80%90%e1%80%b2%e1%80%b7%e1%80%9b%e1%80%84%e1%80%b9-%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9/
Cellulite တွေကို ဘယ်လိုကုမလဲ
Celluliteဆိုတာ သင့်အရေပြားအောက်က အဆီလွှာကို ဆိုလိုတာပါ။ ပုံမှန်ဆိုရင်  အရေပြားနဲ့ ကြွက်သားတွေကို တွယ်ဆက်တစ်သျှူးတွေက တွယ်ထားတာပါ။ ဒီကြားထဲကို Celluliteတွေက ဝင်လာပြီး အရေပြားကို တွန်းလိုက်ပါတယ်။ ဒါကြောင့် အရေပြားပေါ်မှာ တွယ်ဆက်တစ်သျှူးတွေ ရှိနေတဲ့နေရာမှာ အချိုင့်တွေ ဖြစ်လာပါတယ်။ Cellulite တွေကို သင့်ပေါင်ရင်းနဲ့ ဝမ်းဗိုက်တွေမှာ အများအားဖြင့် တွေ့ရတတ်ပါတယ်။ ဒါက ပုံမှန်ဆိုပေမယ့် သင့်အတွက် အနှောက်အယှက်ဖြစ်မယ်ဆို ဒါကို ပိုပြီးမသိသာအောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။လေ့ကျင့်ခန်းလုပ်ခြင်းက Cellulite ကုသမှုတွေထဲက အကောင်းဆုံးနည်းတစ်ခု ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာက Celluliteတွေကို ပျောက်သွားစေမှာ မဟုတ်ပေမယ့် ဖုထစ်နေတဲ့ နေရာအောက်က တောင့်တင်းတဲ့ ကြွက်သားတွေက သင့်အရေပြားကို ညီညာအောင် လုပ်ပေးနိုင်မှာပါ။ သင့်တင့်တဲ့ အစားအသောက်၊ လှုပ်လှုပ်ရှားရှား လေ့ကျင့်ခန်း၊ ကြွက်သားလေ့ကျင့်ခန်း ၃ မျိုးပါတဲ့ အစီအစဉ်တစ်ခုကို စမ်းကြည့်ပါ။ကယ်လိုရီနည်းပြီး အမျှင်ဓာတ်များတဲ့ ကောက်ပဲ၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေ ပိုစားပါ။ ပေါင်မုန့်၊ သကြားလုံး၊ အချိုရည်တွေမှာ ပါတဲ့ ရိုးရိုး carbs ဒါမှမဟုတ် ပြုပြင်ထားတဲ့ carbs တွေက ကယ်လိုရီကို တက်စေပါတယ်။ ဒါက အဆီတက်စေပါတယ်၊၊ အထူးသဖြင့် Cellulite များတဲ့နေရာတွေမှာပါ။ပိန်ပိန်ဝဝ  Cellulite ရှိပါတယ်။ ဒါပေမယ့် ကိုယ်အလေးချိန် ပိုများတာက Celluliteတွေကို ပိုမြင်ရစေပါတယ်။ တကယ်လို့ သင်က အဝလွန်နေရင် ကိုယ်အလေးချိန်လျှော့တာက အကူအညီပေးနိုင်ပါတယ်။ ဝိတ်ချရင် ဖြည်းဖြည်းချင်း ချတာက အကောင်းဆုံးပါ။ ဝိတ်အများကြီးကို မြန်မြန်ချလိုက်ရင် လျော့ရဲသွားတဲ့ သင့်အရေပြားမှာ Cellulite တွေကို ပိုတွေ့ရမှာပါ၊၊။ဆေးလိပ်သောက်တာက သင့်အရေပြားဆီ သွေးပို့ပေးတဲ့နေရာမှာ သက်ရောက်မှု ရှိစေပါတယ်။ အရေပြားကို ပါးပြီး လျော့ရဲစေပါတယ်။ ဒါက သင့်လက်မောင်း၊ ပေါင်ရင်းနဲ့ အောက်ပိုင်းတွေက Celluliteတွေကို ပိုမြင်ရစေပါတယ်။ ဆေးလိပ်ဖြတ်ဖို့ သင့်ဆရာဝန်နဲ့ တိုင်ပင်တာ သင့်အတွက် အကောင်းဆုံးပါ။အဆင်မပြေတဲ့နေရာတွေကို နေ့တိုင်း မိနစ် အနည်းငယ် အနှိပ်ခံပါ။ Shower ခန်းထဲမှာ ဒါမှမဟုတ် lotion လူးထားတဲ့အချိန် ပြုလုပ်ကြည့်ပါ။ အနှိပ်ခံတာက သွေးလှည့်ပတ်မှုကို တိုးတက်စေပြီးတော့ ပိုနေတဲ့ အရည်တွေကို ဖယ်ရှားပေးပါတယ်။ ဒါက လျော့ရဲနေတာတွေကို အတိုင်းအတာတခုအထိ မသိသာအောင် လုပ်ပေးပါတယ်။Firming cream ကို ရှာတဲ့အခါ retinol ဆိုတဲ့ စကားလုံးကို လမ်းညွှန်စာလုံးအဖြစ် သုံးပါ။ ဒါက celluliteကို မပျောက်ကင်းစေပါဘူး။ ဒါပေမယ့် သင့်အရေပြားရဲ့ အသွင်အပြင်နဲ့ နူးညံ့မှုကို တိုးတက်စေနိုင်ပါတယ်။ အနည်းဆုံး ၆လလောက် အသုံးပြုရပါမယ်။ Retinol ဝ.၃% ပါတာ အကောင်းဆုံးပါ။ ဒါက သင့်အပေါ်အရေပြားကို သူ့အောက်က လျော့ရဲနေတာတွေကို ဖုံးကာပေးဖို့အတွက် တင်းရင်းစေပါတယ်။Lipomassage ဆိုတာ rolling suction device ကို သုံးပြီး သင့်အရေပြား စုဖို့ နှိပ်တာပါ။ ဒီကုသနည်းကို ရလဒ်ကောင်းရဖို့ အကြိမ်များများ ခံယူနိုင်ပါတယ်။ သင်ထပ်ကာထပ်ကာ မလုပ်ရင် ဒီအကျိုးရလဒ်တွေက ပျောက်ကွယ်သွားမှာပါ။ တတ်ကျွမ်းတဲ့သူနဲ့ လုပ်ဖို့လည်း လိုပါတယ်၊၊။Laser ဒါမှမဟုတ် radiofrequency (RF) က သင့်အရေပြားကို အပြင်ကနေ ပူစေပြီး massage နဲ့ suction ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ဒါက သင့်အဖုအထစ်တွေကို ချောမွတ်စေပြီး တချို့တွေမှာ ၆လနဲ့အထက် တာရှည်ခံပါတယ်။ အများကြီး မနာကျင်စေပေမယ့် ကုန်ကျစားရိတ်များပါတယ်။ မကြာခဏလည်း ကုသမှု ခံယူရပါမယ်။ဒီနည်းက ခွဲစိတ်ပြီး celluliteတွေကို ရှင်းပစ်တာပါ။ အရေပြားအောက်က အဆီဆဲလ်တွေကို ကျုံ့သွားအောင် laser နဲ့ ပြုလုပ်ပြီး လျော့ရဲစေတဲ့ ကြမ်းတမ်းတဲ့နေရာတွေကို ဖြတ်ပေးပြီးအရေပြားထူအောင် လှုံ့ဆော်ပေးပါတယ်။ ဒါပေမယ့် ရေရှည်ရလဒ်ကတော့ မသိရှိကြပါဘူး။ ဒါကို လုပ်မယ်ဆိုရင်လည်း စိတ်ချရတဲ့ နေရာမှာ တတ်ကျွမ်းသူနဲ့ သေချာတိုင်ပင်ပြီးမှ လုပ်သင့်ပါတယ်၊၊။တကယ်လို့ သင်က တအားအဝလွန်တာ ဒါမှမဟုတ် ထူထဲတဲ့ celluliteရှိနေရင် cellulaze က အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ သင့်ဆရာဝန်ဆီက ညွှန်ကြားမှုကို မေးမြန်းပါ။ရေးသားသူ- Wuthun Myat Chal။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/how-to-deal-with-cellulite/
သံဓါတ်နည်းတဲ့သူရော သံဓါတ်များနေတဲ့သူရော သိထားသင့်တဲ့ သံဓါတ်များတဲ့ အစားအသောက်များ ။ ။
သံဓါတ်နည်းတဲ့သူရော သံဓါတ်များနေတဲ့သူရော သိထားသင့်တဲ့ သံဓါတ်များတဲ့ အစားအသောက်များ က ဘာတွေဖြစ်မလဲ…… သံဓါတ် ပြည့်ဝစေဖို့ ဆိုရင် စားပေးသင့်တာလေးတွေ ရှိပါတယ်။အစားအသောက်တိုင်းကတော့ သူအာဟာရနဲ့သူ ရှိကြတဲ့သူချည်းပါပဲ။ အစာလည်းဆေး ဆေးလည်းအစာဆိုသလို တစ်ချို့ အစားအသောက်တွေက ဆေးဖြစ်ပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့ စကားကလည်းရှိသေးတော့ များများစားမိရင် ဘေးဖြစ်စေတဲ့ အစားအသောက်တွေကလည်း တစ်ပုံကြီးပါ။ ခုပြောပြမယ့် ဆောင်းပါးလေးကတော့သံဓါတ်အားနည်းတဲ့သူတွေအတွက် ဆေးဖြစ်ပေမယ့် သံဓါတ်များတဲ့သူတွေ အတွက် ဘေးဖြစ်စေမယ့် သံဓါတ်များတဲ့ အစားအသောက်တွေ အကြောင်းပြောပြပေးမှာပါ ။ ။သံဓါတ်နည်းတဲ့သူရော သံဓါတ်များနေတဲ့သူရော သိထားသင့်တဲ့ သံဓါတ်များတဲ့ အစားအသောက်များ ကတော့။( ၁ ) Shell fish ( အခွံမာပင်လယ်စာ)။ဒီအခွံမာတဲ့ပင်လယ်စာတွေကိုတော့ မသိတဲ့သူရှိမယ်လို့ မထင်ပါဘူး။ စားရတာလည်း အရသာရှိသလို အာဟာရတွေလည်း အပြည့်ရှိတဲ့ အစားအသောက်တွေပါ။ အထူးသဖြင့် ဂုံးတို့ ၊ကမာတို့ ခရုတို့ဟာ သံဓါတ်များတဲ့ အစားအသောက်တွေပါ။ ဂုံး ၁၀၀ ဂရမ်မှာ သံဓါတ် ၂၈ မီလီဂရမ် ပါဝင်ပြီး ပါတဲ့ သံဓါတ် အမျိုးအစားကလည်း heme type ဖြစ်တာကြောင့် ကိုယ်ခန္ဓါက စုပ်ယူရလွယ်ကူစေပါတယ်။ ဒါ့ကြောင့် သံဓါတ်များနေတဲ့သူတွေကတော့ ရှောင်သ့င်ပြီးသံဓါတ်နည်းနေတဲ့သူတွေကတော့ အားထားစားရမယ့် အစားအစာတစ်ခုပါ။( ၂ ) ဟင်းနုနွယ် ။ဟင်းနုနွယ်မှာအမြင်အာရုံကို အားကောင်းစေတဲ့ဗီတာမင် Aသာမက အခြား အာဟာရဓါတ်တွေဖြစ်တဲ့ သံဓါတ် နဲ့ အမျှင်ဓါတ်လည်း အများကြီးပါပါတယ်။ ဟင်းနုနွယ် ၁၀၀ ဂရမ်မှာ သံဓါတ် ၃.၆ မီလီဂရမ်ပါပါတယ်။ အပင်မို့လို့ ကိုယ်ခန္ဓါက သိပ်မစုပ်ယူနိုင်တဲ့ non-heme iron ဖြစ်ပေမယ့် ဟင်းနုနွယ်ကိုယ်တိုင်မှာဗီတာမင် C ေတွကြွယ်ဝစွာပါတာကြောင့် ကိုယ်ခန္ဓါက မစုပ်ယူနိုင်မှာ အတွက် စိုးရိမ်စရာမရှိပါဘူး။( ၃ ) ကလီစာများ ။ ။ကလီစာတွေဖြစ်တဲ့ အသည်းတို့၊ ကျောက်ကပ်တို့၊ နှလုံးတို့ ဦးနှောက်တို့ဟာ သံဓါတ်ကြွယ်ဝတဲ့ အစားအသောက်တွေပါ။ သူတို့မှာ သံဓါတ်အများကြီးပါတဲ့အပြင် အခြား အာဟာရဓါတ်တွေဖြစ်တဲ့ selenium, vitamin A and choline တို့လည်း ကြွယ်ဝစွာပါပါတယ်။( ၄ ) ပဲအမျိုးမျိုး ။ပဲနီလေး၊ပဲပိစပ်၊ ပဲကြီးနဲ့ စတော်ပဲ တို့မှာ အပင်ကရတဲ့ Non- heme သံဓါတ်တွေ အများကြီးပါတဲ့အပြင် ဖောလိတ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်နဲ့အမျှင်ဓါတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် သံဓါတ် များနေသူတွေရော နည်းနေသူတွေပါ သိထားသင့်တဲ့ အစားအသောက်တစ်ခုပါ။( ၅ ) အနီရောင်ရှိတဲ့ အသား။ ။အနီရောင်ရှိတဲ့ အသားတွေဆိုတော့အမဲသား၊၁၀၀ ဂရမ်မှာ သံဓါတ် ၂.၇ မီလီဂရမ်တောင်ပါတဲ့အပြင် သူ့မှာပါတဲ့ သံဓါတ် အမျိုးအစားက heme type ဖြစ်တာကြောင့် စုပ်ယူရအလွယ်ကူဆုံးဖြစ်လို့သံဓါတ် အားနည်းနေတဲ့သူတွေ လုံးဝကို သိထားသင့်တဲ့ အစားအသောက်တစ်ခုပါ။ သွေးအားနည်းလို့ သံဓါတ် အားဖြည့်ဆေးတွေ သောက်မယ့်အစား အမဲသားစားတာက ပိုကောင်းတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။( ၆ ) အခြား သံဓါတ်ကြွယ်ဝတဲ့ အစားစာတွေကတော့]။ဒါတွေကတော့ သံဓါတ်နည်းတဲ့သူတွေရော သံဓါတ်များနေတဲ့သူတွေပါ သိထားသင့်တဲ့ အစားအသောက်လေးတွေပါ ။။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/anaemia/iron-rich-foods/
သစ်ချသီးလှော် လေးစားပေးပါ
မိုးနည်းနည်း ကျလာရင် သစ်ချသီးလှော် ပူပူလေးဆိုတဲ့ အသံတွေ ကြားရပြီနော်။ သဲနဲ့ လှော်ပေးတဲ့ သစ်ချသီးလှော်ပူပူနွေးနွေးကို တခွက်ခွက် ကိုက်ခွဲပြီး အတွင်းက နူးနူးလေးဖြစ်နေတဲ့ အသားကို စားရတာက တော်တော်လေး အရသာရှိတာနော်။ဒီတစ်ခေါက်တော့မိုးရာသီရဲ့ရာသီစာလေးဖြစ်တဲ့ သစ်ချသီးလှော် လေးကကျန်းမာရေးကို ဘယ်လို အထောက်အကူပြုလဲ ဆိုတာ ပြောပြပေးမယ်နော်။သစ်ချသီး မှာ။သစ်ချသီးလှော် ပူပူလေးကို စားပေးမယ်ဆိုရင်။သစ်ချသီးလှော် မှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အစာခြေစနစ် ကျန်းမာစေဖို့ အကောင်းဆုံး ပံ့ပိုးပေးပါတယ်။ သစ်ချသီး မှာ တစ်နေ့တာ အမျှင်ဓာတ် လိုအပ်ချက်ရဲ့ ၁၇ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။ဝမ်းချုပ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပြီး အူ​တွေကို ကျန်းမာစေပါတယ်။ အစာခြေစနစ် အားနည်းတာကြောင့်  ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ပေးပါတယ်။ အဆာခံနိုင်စေပြီး ကျန်းမာတဲ့ကိုယ်အလေးချိန်ရရှိစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။သစ်ချသီးကဗီတာမင် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝတဲ့ အစားအစာ တစ်ခုပါ။ သစ်ချသီးမှာဗီတာမင် Bနဲ့ဗီတာမင် Eလိုမျိုး ဗီတာမင်တွေ ပါဝင်နေပါတယ်။ ဒါ့အပြင် သစ်ချသီးမှာ ကာဗိုဟိုက်ဒရိတ် ကြွယ်ဝစွာ ပါဝင်နေသလို ပရိုတင်း နဲ့ အဆီ ပါဝင်မှုကတော့ နည်းပါတယ်။သစ်ချသီးမှာပါတဲ့ အဆီက မပြည့်ဝဆီဖြစ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ သစ်ချသီးမှာ မဂ္ဂနီဆီယမ်၊ဓာတ်တိုးဆန့်ကျင် အာနိသင်တို့ ပါဝင်နေတာကြောင့်ကင်ဆာကာကွယ်ပေးပြီးနှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးသလိုအရွယ်တင်စေနိုင်ပါတယ်။သစ်ချသီးမှာ ကယ်လ်ဆီယမ်နဲ့ ကော့ပါး ပါဝင်နေတာကြောင့် အရိုးနဲ့သွားတွေကို သန်မာစေနိုင်ပါတယ်။သံဓာတ်ပါဝင်နေမှုကြောင့်သွေးနီဥဆဲလ်တွေကို အသစ်ဖြစ်ပေါ်စေသလို ဇင့် ကလည်း ဆဲလ် အသစ်တွေ ဖြစ်ပေါ်စေဖို့ အားဖြည့်ပေးပြီး အနာကျက်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။ကာဗိုဟိုက်ဒရိတ် နဲ့ ပရိုတင်း ပါဝင်နေတာကြောင့် အစာချေဖျက်မှုကို ဖြည်းဖြည်းမှန်မှန် ဖြစ်ပေါ်စေပြီး အင်အားပြည့်ဝနေစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။ ရုတ်တရက် သွေးချို မြင့်တက်တာမျိုး မဖြစ်စေဖို့လည်း ထောက်ပံ့ပေးပါသေးတယ်။သစ်ချသီးလှော်မှာ အဆီမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင် B ပါဝင်နေတာကြောင့် သွေးနီဥဆဲလ်တွေကို ဖြစ်ပေါ်စေသလို ဖောလိတ်ပါဝင်နေတာကြောင့် ဦးနှောက်ရဲ့ စွမ်းဆောင်ရည်တွေကို ကောင်းမွန်စေပါတယ်။အရေပြားကျန်းမာစေဖို့လည်း အားဖြည့်ပေးပါတယ်။ သစ်ချသီးမှာ တစ်နေ့တာ ဖောလိတ် လိုအပ်ချက်ရဲ့ ၁၅ ရာခိုင်နှုန်း အထိ ပါဝင်နေပါတယ်။ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအားကောင်းစေဖို့ အားဖြည့်ပေးပါတယ်။သွေးကြောတွေကျန်းမာစေဖို့၊အရိုးနုနဲ့ကြွက်သားတွေဖြစ်ပေါ်စေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ကော်လာဂျင် ထွက်ရှိစေဖို့လည်း လှုံ့ဆော်ပေးပါတယ်။ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝမှုက ဓာတ်တိုး ပစ္စည်းတွေကြောင့် ဆဲလ်တွေ နဲ့ခန္ဓာကိုယ်ကျန်းမာရေး မထိခိုက်စေဖို့ အားဖြည့်ပေးသလို သံဓာတ် စုပ်ယူနိုင်စွမ်းကောင်းစေဖို့လည်း အားဖြည့်ပေးပါတယ်။ရောဂါအခံ ရှိသူတွေ အနေနဲ့လည်း ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ အသုံးပြုသင့်ပါတယ်။ အစာဓာတ်မတည့်မှု ဖြစ်စေနိုင်တာကြောင့် ဓာတ်မတည့်မှု ခံစားဖူးသူတွေအနေနဲ့ သတိထားဖို့ လိုပါမယ်။သစ်ချသီးနဲ့ ပတ်သက်ပြီး ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။ သဘာဝဆေးဖက်ဝင်ဆိုပေမယ့် ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်း မရှိရင် ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်နိုင်တာကို သိထားရန် လိုအပ်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/health-benefits-of-chestnuts/
ခင်ပွန်းသည်ကိုဆံပင်ကျွတ်ခြင်းမှကာကွယ်ပေးမယ်
အမျိုးသားတွေဆံပင်ကျွတ်တဲ့ကိစ္စဟာ စိတ်ရှုပ်ဖို့ကောင်းသလို၊ စိတ်ပူရတာ စဉ်းစားရတာနဲ့ အချိန်တွေလည်းကုန်ပါတယ်။ ဆံပင်ကျွတ်ရခြင်းအကြောင်းအရင်းတွေ၊ ဖြစ်နိုင်ချေရှိတဲ့ ကုသမှုနည်းတွေသိထားခြင်းဟာ အမျိုးသမီးတွေ မိမိခင်ပွန်းကို ယုံကြည်ချက်ပိုရှိလာဖို့ အားပေးရာမှာ အထောက်အပံ့ကောင်းကောင်းပေးနိုင်ပါတယ်။ဆံပင်ကျွတ်ရခြင်းအကြောင်းအရင်းပေါ်လိုက်ပြီး ဖြစ်နိုင်ချေရှိတဲ့ ကုသမှုနည်းအမျိုးမျိုးရှိပါတယ်။လူတွေမှာ ဖိစီးစရာအခြေအနေအမျိုးမျိုးနဲ့ကြုံလာရတဲ့အခါ ဆံပင်တွေကျွတ်တတ်ပါတယ်။ ခွဲစိတ်မှု၊ ကားအက်စီးဒင့်၊ ပြင်းထန်သောရောဂါများကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဖိစီးမှုသာမက စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေကလည်း ယာယီဆံပင်ကျွတ်မှုကိုဖြစ်စေပါတယ်။ဒါပေမယ့် ထိုဆံပင်ကျွတ်မှုဟာ ဖိစီးနေတဲ့အခြေအနေတွေ ပျောက်သွားရင်ပြန်ကောင်းသွားမှာကြောင့် ဇနီးသည်ဟာ မိမိခင်ပွန်းကိုထိုအချိန်ကာလကို လေ့ကျင့်ခန်းလေးလုပ်ရင်း အကောင်းမြင်စိတ်လေးနဲ့ သက်တောင့်သက်သာဖြတ်သန်းနိုင်အောင် ကူညီပေးသင့်ပါတယ်။တကယ်လို့နှစ်လသုံးလလောက် ပရိုတင်းလုံလောက်စွာမရရင်လည်း ခန္ဓါကိုယ်က ပရိုတင်းထိန်းသိမ်းဖို့ ဆံပင်များဆက်လက်ရှင်သန်မှုကို ရပ်ပစ်ပါတယ်။ ဒါ့အပြင် ဗီတာမင်-အေ များရင်လည်း ဆံပင်ကျွတ်နိုင်ပါတယ်။ဒါကြောင့်သင့်ခင်ပွန်းရဲ့စားသောက်မှုပုံစံကိုလည်း ဂရုစိုက်ပေးဖို့ကအရေးကြီးပါတယ်။ ကျန်းမာတဲ့စားသောက်မှုဟာ ဆံပင်ကျွတ်ခြင်းကိုလျှော့ချနိုင်မှာပါ။နောက်ထပ်အကြောင်းအရင်းကတော့ အမျိုးသားတွေမှာ မျိုးူရိုးဗီဇအလိုက် ထိပ်ပြောင်ခြင်းဖြစ်တယ်။ တဖြေးဖြေးချင်းကျွတ်လာပြီး ပုံစံမှန်းလို့ရနိုင်လောက်အောင် ထိပ်နေရာအကွက်လိုက်လေးပဲကျွတ်ခြင်းဖြစ်တယ်။ထိုဖြစ်ရပ်ကိုကုသဖို့ဆေးတွေပေါ်နေပါပြီ။ မှ လက်ခံလမ်းညွှန်ထားသော ဆေးနှစ်မျိုးကတော့ Minoxidil (Rogaine) နဲ့Finasteride (Propecia)တို့ဖြစ်တယ်။ Minoxidil မှာ အမျိုးသားရော အမျိုးသမီးပါအသုံးပြုလို့ရပြီး ဆေးဆိုင်များတွင်အလွယ်တကူဝယ်လို့ရသော အရည်ဆေးတစ်မျိုးဖြစ်တယ်။Finasterideဆေးပြားများကတော့ အမျိုးသားများမှာသာအသုံးပြုနိုင်ပါတယ်။အဖြစ်အများဆုံးဟော်မုန်းအကြောင်းအရင်းကတော့ သိုင်းရွိုက်ဂလမ်းအလုပ်နှေးခြင်းဖြစ်တယ်။ လည်ပင်းတွင်ရှိသော သိုင်းရွိုက်ဂလမ်းဟာ ခန္တာကိုယ်ဇီဝရုပ်ဖြစ်ပျက်မှုကို တာဝန်ရှိသော ဟော်မုန်းများကိုထုတ်ပေးတာကြောင့် ထိုဂလမ်းအလုပ်နှေးခြင်းဟာ ဆံပင်များကျွတ်စေနိုင်ပါတယ်။ ထိုအချက်ကိုသေချာစွာစစ်ဆေးရန် ဆရာဝန်နှင့်တိုင်ပင်ဖို့လိုပါတယ်။တကယ်လို့ သိုင်းရွိုက်ဂလမ်းကြောင့်သေချာတယ်ဆိုရင်တော့ သိုင်းရွိုက်ဟော်မုန်းပမာဏကို ပုံမှန်ပြန်ရောက်အောင် တင်ပေးနိုင်မယ့် ဆေးတွေညွှန်းပါလိမ့်မယ်။အရမ်းအလုပ်လုပ်လွန်းသွားတဲ့ ကိုယ်ခံအားစနစ်ဟာ ဆံပင်တွေကို ခန္တာကိုယ်ကိုရန်ပြုမည့်အရာများဟု အထင်မှားပြီး တိုက်ခိုက်တာကြောင့် ဆံပင်ကျွတ်ခြင်းဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အချင်းချင်းပြန်တိုက်သော ကိုယ်ခံအားစနစ်ကြောင့်ဖြစ်သည့် အရေပြားရောဂါတစ်မျိုးကလည်း ဆံပင်များထပ်မပေါက်နိုင်အောင် အမာရွတ်များဖြစ်စေပါတယ်။တကယ်လို့ ဆံပင်ကျွတ်တာကမဆိုးရွားဘူးဆိုရင်တော့ ဆံပင်ကျဲသွားတဲ့နေရာကို ကာနိုင်မယ့် ဆံပင်ပုံစံအသစ်ပြောင်းဖို့အကြံပေးကြည့်ပါ။ ဥပမာ-ထိပ်ပြောင်သူများအတွက် ဆံပင်တိုကသိပ်မသိသာစေသလို ဆံပင်များကိုပိုသန်စွမ်းစေပါတယ်။ကိုယ်အလေးချိန်လျှော့ခြင်ဟာ ခန္တာကိုယ်အတွက်ကောင်းသော်လည်း ရုတ်တရတ်ကိုယ်အလေးချိန်လျော့ခြင်းကတော့ ဆံပင်ကျွတ်စေနိုင်ပါတယ်။ အလေးချိန်ကျသွားခြင်းဟာ ခန္တာကိုယ်ကို အာဟာရများစုပ်ယူခြင်းကျသွားစေပြီး ဆံပင်အတွက်လိုအပ်တဲ့ ဗီတာမင်နဲ့သတ္ထုဓါတ်တွေနည်းသွားစေပါတယ်။ တချို့သောစားသောက်မှုပုံစံတွေဟာ ဝိတ်ကျသွားသလို ဆံပင်များသိသိသာသာကျွတ်သွားတာလည်း တွေ့ရမှာပါ။တကယ်လို့ သင့်ခင်ပွန်းကဝိတ်လျှော့ဖို့လိုနေတယ်ဆိုရင်တောင် ပရိုတင်း၊ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေတော့ အလုံအလောက်ရပါစေ။တချို့သော ကင်ဆာဆေးတွေဟာ ဆံပင်ကျွတ်စေပါတယ်။ တကယ်လို့ ကင်ဆာဆေးသွင်းနေရတာဆိုရင်တော့ ထိုဆေးဟာကင်ဆာဆဲလ်တွေသာမက ဆံပင်ဆဲလ်များကဲ့သို့ အခြားပွားနေသောဆဲလ်တွေကိုပါ ထိခိုက်စေတာကြောင့် ဆံပင်ကျွတ်ပါလိမ့်မယ်။ဒါပေမယ့် ဆေးသွင်းပြီးချိန်မှာ ဆံပင်ပြန်ပေါက်လာမှာဖြစ်တာကြောင့် သိပ်ထိပ်လန့်စရာတော့မလိုပါဘူး။ ထိုထပ်ပေါက်လာမယ့် ဆံပင်ဟာ အချောအကြမ်းနဲ့ အရောင်ပင်ပြောင်းသွားနိုင်ချေတော့ရှိပါတယ်။ ပြင်းထန်သောအခြေအနေတွေမှာတော့ ဆံပင်ပြန်မပေါက်နိုင်တော့တာကြောင့် ကျင့်သားရဖို့ ဒါမှမဟုတ် ဆံပင်တုသုံးဖို့အားပေးကြည့်ပါ။ ဆံပင်ပြန်ပေါက်ဖို့ ခွဲစိတ်မှုခံယူလို့ရပေမယ့် ဒါဟာအရမ်းနာကျင်ပြီး အကုန်အကျလည်းများစေတဲ့အပြင် အမာရွတ်ကျန်ခြင်း၊ ရောဂါပိုးဝင်ခြင်းများလည်း ဖြစ်နိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/%e1%80%81%e1%80%84%e1%80%ba%e1%80%95%e1%80%bd%e1%80%94%e1%80%ba%e1%80%b8%e1%80%9e%e1%80%8a%e1%80%ba-%e1%80%86%e1%80%b6%e1%80%95%e1%80%84%e1%80%ba%e1%80%80%e1%80%bb%e1%80%bd%e1%80%90%e1%80%ba/
သံဓာတ်အားနည်းတာက မကောင်းဘူးဆိုတော့ သံဓာတ်များရင်ရော ကောင်းလား။ ။
သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ အကြောင်းတွေ ကြားဖူးကြမှာပါ။ ဒီလိုသံဓာတ်အားနည်းတာ မကောင်းဘူးဆိုတဲ့ အကြောင်းလည်း အားလုံး သိပြီးဖြစ်မှာပါ။ သံဓာတ်အားနည်းတာက မကောင်းဘူးဆိုတော့ သံဓာတ်များရင်ရော ကောင်းလား ။ ဒီလိုလည်း မဟုတ်ပါဘူး။ သွေးတွင်းမှာ သံဓာတ်အားနည်းလည်း မကောင်းသလို သံဓာတ်အားများသွားရင် ကျန်းမာရေးအတွက် စိုးရိမ်ရပါတယ်။ သံဓာတ်အားနည်းတဲ့ အကြောင်းတွေ တော်တော်များများသိ ပြီးကြပြီဆိုတော့ ဒီဆောင်းပါးထဲမှာ သံဓာတ်များတဲ့ ရောဂါအကြောင်း ပြောပြပေးမှာပါ။သံဓာတ်ဆိုတာ သွေးနီဥhaemoglobinထဲမှာရှိတဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်ပြီး အောက်ဆီဂျင်တွေ ပို့ဆောင်တဲ့နေရာမှာ တာဝန်ယူရတဲ့ ဓာတ်တစ်မျိုးပါ။ သံဓာတ်ကို များသောအားဖြင့် စားတဲ့အစားသောက်တွေရနေ ရရှိပါတယ်။ သံဓာတ်မှာ။Heme Iron ကိုတော့ ကိုယ်ခန္ဓာက စုပ်ယူလို့ လွယ်ကူပြီး Non-heme Ironကိုတော့ဗီတာမင် Cတို့နဲ့တွဲသောက်မှသာ ကိုယ်ခန္ဓာက စုပ်ယူအားကောင်းပါလိမ့်မယ်။သံဓာတ်အကြောင်းရှင်းပြပြီးပြီဆိုတော့ သံဓာတ်များတဲ့အကြောင်းလေး စလိုက်ရအောင်။Haemochromorosis ဆိုတာ သွေးတွင်းမှာ သံဓာတ် များနေတဲ့ ရောဂါကို ဆေးပညာအရခေါ်တဲ့ နာမည်တစ်ခုပါ။ ဒီလို သွေးတွင်းသံဓာတ်များခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများစွာရှိပြီး သူ့ကြောင့်ဖြစ်ရတဲ့ ပြဿနာတွေလည်းရှိပါတယ်။ဒီထဲမှာ ဘယ်သူတွေက ဒီလို သံဓာတ်များတဲ့ ပြဿနာ အများဆုံးဖြစ်သလဲဆိုတာကို စကြည့်လိုက်ရအောင်။ ။သံဓာတ်များတာကို ဖြစ်စေတဲ့အကြောင်းအရင်းတွေကို။Primary hemochromatosis – မျိုရိုးဗီဇ ချို့ယွင်းမှုကြောင့် သံဓာတ်များရခြင်း နဲ့။Secondary hemochromatosis – ကျန်းမာရေး ပြဿနာ အခြေအနေတစ်ခုခုကြောင့် သံဓာတ်များရခြင်းဆိုပြီး ၂ ပိုင်းခွဲလိုက်ပါမယ်။ ဖြစ်နိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကတော့။သွေးတွင်းသံဓာတ်များခြင်းရဲ့ လက္ခဏာတွေက အစပိုင်းမှာတော့ မသိသာတတ်ပါဘူး။ နောက်ပိုင်း ပိုပိုဆိုးလာတဲ့အခါမှသာ ခုပြောပြမယ့် လက္ခဏာတွေခံစားရမှာပါ။ သူတို့တွေကတော့။သေချာမကုသမိလို့၊ မသိလိုက်မိလို့ သွေးတွင်း သံဓာတ်များနေပြီး နောက်ပိုင်း အချိန်ကြာလာတဲ့အခါမှာ။သံဓာတ်နည်းနေရင် သံဓာတ်ဖြည့်အားဆေးတွေ သောက်ရတယ်ဆိုတော့ သံဓာတ်များတဲ့ အခါကျတော့ရော သံဓာတ်လျှော့ဆေးဆိုပြီး ရှိလား။Writer – Dr. Thin Yadanar@ Frances။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/anaemia/iron-oveload/
ငါးမျက်စိနဲ့ အသားမာအကြောင်း အခြေခံအချက်အလက်များ
ငါးမျက်စိနဲ့ အသားမာများကို ကြုံဖူးကြားဖူးကြပါလိမ့်မယ်။ မကြားဖူးလည်းကိစ္စမရှိပါဘူး။ ဒီစာကိုဆက်ပြီးဖတ်ကြည့်ရင် အခြေခံအကြောင်းအရာတွေ သိရပါလိမ့်မယ်။ ငါးမျက်စိနဲ့ အသားမာများမဖြစ်အောင် ဘယ်လိုရှောင်ကျဉ်ရမလဲသိလာနိုင်ပါတယ်။ငါးမျက်စိနဲ့ အသားမာဆိုတာဘာတွေလဲ။ငါးမျက်စိနဲ့ အသားမာတွေဟာ အရေပြားမှာ ထူထဲခြောက်သွေ့ပြီး မာကျောလာခြင်းပဲ ဖြစ်ပါတယ်။ သူတို့ဟာအရေပြားကိုတခုခုနဲ့ ဆက်တိုက်ဖိမိပွတ်တိုက်မှုများလာတာကြောင့် ကာကွယ်ရအောင် ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ ဒီလိုဖြစ်လာတဲ့ အရေပြားဟာပုံမှန်အရေပြားထက် အာရုံခံစားမှုနည်းပါးပါတယ်။ အသားမာဟာ ငါးမျက်စိထက် ပိုကြီးပြီးတိကျတဲ့ပု့စံမရှိပါဘူး။ ငါးမျက်စိနဲ့ အသားမာတွေကို လက်ဖဝါး၊ ခြေဖဝါး၊ လက်ချောင်းနဲ့ခြေချောင်းလေးတွေမှာတွေ့နိုင်ပါတယ်။အသားမာများကိုတော့ ပစ္စည်းအချို့ကို ကိုင်တွယ်တာများလာတဲ့အခါ (ဥပမာ- ထွန်ခြစ်၊ ကြက်တောင်ရိုက်တဲ့ ဘက်တံ၊ ဆိုင်ကယ်လက်ကိုင်) ဖြစ်တတ်ပါတယ်။ မတော်တဲ့ဖိနပ်တွေစီးရင်၊ လမ်းလျှောက်တာပုံမမှန်ရင်၊ ခြေပြားခြင်းအရိုးအတက်ထွက်ခြင်းစတဲ့ပြသနာတွေရှိရင် ငါးမျက်စိနဲ့ အသားမာများဟာ ခြေဖဝါးမှာလည်း ဖြစ်လာတတ်ပါတယ်။ငါးမျက်စိနဲ့ အသားမာများဟာဗိုင်းရပ်စ်၊ ဘက်တီးရီးယားများကြောင့် မဖြစ်ပွားတတ်ပါဘူး။ ဆိုးရွားပြင်းထန်မှုလည်းမရှိပါဘူး။အတွေ့များတဲ့ လက္ခဏာတွေကဘာတွေလဲ။ယောဘုယျအားဖြင့်။• ဖြစ်ပွားတဲ့ အရေပြားဟာထူထဲကြမ်းတမ်း၊ ခြောက်သွေ့မာကြောလာတတ်ပါတယ်။• ဖြစ်ပွားတဲ့နေရာမှာနာကျင်လာတတ်ပါတယ်။ငါးမျက်စိနဲ့ အသားမာဟာမတူပါဘူး။ အသားမာဟာ အဝါရောင် ဒါမှမဟုတ် အရောင်မှိုင်းမှိုင်းရှိတတ်ပြီး ဖုထစ်နေတာကို ခံစားရတတ်ပါတယ်။ ငါးမျက်စိမှာတော့ အပြင်ပိုင်းဟာ ပျော့နေတတ်ပြီး အဝါရောင် ဖြစ်နေတတ်ပါတယ်။ အလယ်မှာအရောင်မှိုင်းနေတတ်ပါတယ်။ အသားမာဟာ ငါးမျက်စိထက် ကြီးမားပြီး ပုံစံအတိအကျမရှိပါဘူး။ ငါးမျက်စိဟာနာတတ်ပြီး အသားမာကြောင့် နာကျင်တာရှားပါတယ်။ငါးမျက်စိနဲ့ အသားမာဟာ နာကျင်လာရင်၊ ရောင်ရမ်းလာရင်၊ ဒါမှမဟုတ် ဆီးချိုရှိရင် ဆရာဝန် ပြသင့်ပါတယ်။ငါးမျက်စိနဲ့ အသားမာဖြစ်ကြောင်းဘယ်လိုအတည်ပြုမလဲ။ဆရာဝန် သင့်လက်တွေ ခြေထောက်တွေကို ကြည့်ရှုစစ်ဆေးပါလိမ့်မယ်။ နေ့စဉ် ဘာတွေ လုပ်ဆောင်လဲ၊ ဘာအားကစားလုပ်သလဲ၊ ဘယ်လိုရှူးဖိနပ်စီးလဲမေးပါလိမ့်မယ်။ အများစုမှာတော့ ဓါတ်ခွဲခန်းစစ်ဆေးမှုတွေ မလိုအပ်ပါဘူး။ လိုအပ်မှသာဓါတ်မှန်ရိုက်ပါလိမ့်မယ်။ကုသမှုရည်မှန်းချက်များ။သင်ဟာ ကျန်းမာတယ်၊ ငါးမျက်စိနဲ့ အသားမာကြောင့် ကသိကအောင့် ခံစားနေရတယ်ဆိုရင် ကုသမှုခံယူနိုင်ပါတယ်။ ဒါပေမယ့် ဆီးချိုရှိနေရင် ခြေထောက်က သွေးလည်ပတ်မှုကို ထိခိုက်မှုရှိတာကြောင့် ဆရာဝန်ပသင့်ပါတယ်။ငါးမျက်စိနဲ့ အသားမာအတွက် ကုသမှုကတော့ အဖန်တလဲလဲပြုလုပ်နေမှုတွေကို ရှောင်ရှားတာ၊ ဖြစ်ပွားတဲ့အရေပြားကို ဖယ်ရှားတာ၊ ပိုးဝင်နိုင်ခြေတွေကိုလျှော့ချတာတွေပဲ ဖြစ်ပါတယ်။တော်တဲ့ဖိနပ်တွေကိုပဲစီးပါ။ သန့်ရှင်းရေးသို့ အားကစား ပြုလုပ်စဉ်မှာ လက်အိတ်ဝတ်ပါ။ သင့်ရဲ့ဆရာဝန်ဟာ ငါးမျက်စိနဲ့ အသားမာကိုဖယ်ရှားဖို့ ဆေးဝါးတွေ ဥပမာမုန့်လက်ကောက်ပုံဆေးဖတ်တွေ၊ salicylic အက်ဆစ်ပါဝင်တဲ့ ဆေးဖတ်တွေသုံးဖို့ ပြောနိုင်ပါတယ်။ တခါတရံမှသာခွဲစိတ်ဖို့ လိုအပ်နိုင်ပါတယ်။ငါးမျက်စိနဲ့ အသားမာများဟာ အရေပြားထူထဲလာခြင်းကြောင့် ဖြစ်တတ်ပြီးအတွေ့ရများတဲ့ ပြသနာပဲ ဖြစ်ပါတယ်။ အဖန်တလဲလဲပွတ်တိုက်မှုနဲ့ ဖိအားတွေကြောင့် ဖြစ်လာတတ်ပါတယ်။ ဒီပြသနာတွေကိုကုသဖို့ဆိုရင် မကောင်းတော့တဲ့ အရေပြားတွေကိုဖယ်ရှားတာ၊ ထပ်မံမဖြစ်ဖို့ ကာကွယ်တာတွေ ပါဝင်ပါတယ်။ ပိုပြီးအသေးစိတ်သိရအောင် အရေပြားအထူးကုနဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/%e1%80%84%e1%80%ab%e1%80%b8%e1%80%99%e1%80%bb%e1%80%80%e1%80%ba%e1%80%85%e1%80%ad%e1%80%94%e1%80%b2%e1%80%b7-%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%99%e1%80%ac%e1%80%a1%e1%80%80%e1%80%bc%e1%80%b1/
အရွယ်ရင့်စေတဲ့ အချိန်ကာလတွေကို ရပ်တန့်ပေးမယ့် စူပါ အစားအသောက် (၈) မျိုး ။ ။
နာရီနဲ့ အမျှ ဆဲလ် တွေက ပျက်စီးပြီး အသက်ကြီးလာတဲ့အတွက်ရုပ်ရည်ဆိုတာ အသက်ကြီးလာတဲ့နဲ့ အမျှ ရင့်လာတတ်တာမျိုးပါ။ လူတွေကလည်း ခက်သား။ အသက်ကြီးလာလေ ပိုပြီးနုချင်လေမလား။ အသက်ကြီးလာလို့ ရုပ်ရင့်လာတာ၊ အသားအရေတွေ ပျက်စီးလာတာကို လုံးဝကြီး ရပ်တန့်လိုက်လို့ မရပေမယ့် ခုပြောပြမယ့် အစားအသောက် ၈ မျိုးနဲ့တော့ ဆွဲဆန့်ထားလို့တော့ ရပါတယ်။ အရွယ်ရင့်စေတဲ့ အချိန်ကာလတွေကို ရပ်တန့်ပေးမယ့် စူပါ အစားအသောက် (၈) မျိုး က ဘာတွေလဲဆိုတာ သိစေဖို့ ဆောာင်းပါးလေးကို ဖတ်ကြည့်လိုက်ကြနော်။ ။၁။ ကန်စွန်းရွက် ။ ။မြန်မာနိုင်ငံသားတိုင်း နှစ်ခြိုက်စွာ စားသုံးကြတဲ့ ဒီကန်စွန်းရွက်ဟာ ဈေးလည်းသက်သာသလို ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အရာတစ်ခုပါ။ ဒီ အစိမ်းရင့်ရောင်ရှိတဲ့ ကန်စွန်းရွက်တစ်ခုမှာကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊မဂ္ဂနီဆီယမ်၊ ဖောစ့်စဖောရက်စ် နဲ့ ဗီတာမင် A,C,K, B1 နဲ့ B2 တို့ ကြွယ်ဝစွာပါပါတယ်။ဒါ့အပြင် ကန်စွန်းရွက်ဟာ အဆိပ်အတောက်တွေကိုလည်း သန့်စင်ပေးလို့ သွေးလည်ပတ်မှုကို ကောင်းစေတဲ့အပြင် သတ္တုဓာတ်တွေ စုပ်ယူမှုကိုလည်း ကောင်းမွန်စေပါတယ်။ ဗီတာမင် A နဲ့ C လိုမျိုး အသားအရေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တွေ ပါမှတော့ အရေးအကြောင်းတွေ မပေါ်အောင် ထိန်းပေးထားမှာကတော့ ပြောစရာတောင် မလိုဘူးနော်။၂ ။ ငရုတ်ပွ အနီရောင် ။ ။ဓာတ်တိုးဆန့်ကျင်တဲ့ ပစ္စည်းတွေ ကြွယ်ဝတဲ့ ဒီ ငရုတ်ပွ အနီရောင်မှာ ဗီတာမင် C တွေကြွယ်ဝစွာ ပါဝင်တာကြောင့် အသက်ကြီးလာရင် တဖြည်းဖြည်း လျော့လာတဲ့ ကော်လာဂျင်ထုတ်လုပ်မှုကို ပြန်အားကောင်းစေပါတယ်။ ပါဝင်တဲ့ အနီရောင်ခြယ် ပစ္စည်း Carotenoidsက ပြင်ပက လေထုညစ်ညမ်းမှုတွေ၊ ပတ်ဝန်းကျင်က အဆိပ်အတောက်တွေ၊ ခရမ်းလွန်ရောင်ခြည်တွေကြောင့်ဖြစ်တဲ့ အသားအရေ ရောင်ရမ်းခြင်းကို လျော့ကျစေပါတယ်။၃ ။ သင်္ဘောသီး ။ ။ဒီလို ချိုမွှေးပြီး အရသာရှိလှတဲ့သင်္ဘောသီးမှာ အသားအရေအတွက် လိုအပ်တဲ့ ဗီတာမင် A,C,E,K ကြွယ်ဝစွာပါဝင်တဲ့အပြင် ဓာတ်တိုးပစ္စည်းတွေ လည်း ပါဝင်တာကြောင့် သင့်ကို အိုမင်းရင့်ရော်ခြင်းကနေ ကာကွယ်ပေးမှာပါ။ဒါအပြင် ဆဲလ်သေတွေကိုဖယ်ပေးပြီး ဆဲအသစ်ဖြစ်ပေါ်မှုကိုလည်း အားပေးတာကြောင့် သင်္ဘောသီးကို မျက်နှာပေါ် တိုက်ရိုက်ပေါင်းတင်ပေးလို့လည်းရသလို အချိုပွဲအနေနဲ့လည်း ထည့်စားပေးလို့ရပါတယ်။၄ ။ ဘလူးဘယ်ရီသီး ။ ။ဘလူးဘယ်ရီကို ပွဲလယ်တင့်နေအောင် လုပ်ပေးတဲ့ ရောင်ခြယ်ပစ္စည်း anthocyanin ဟာ သင့်အသားအရေကိုလည်း အများကြားမှာထင်ပေါ်စေမှာပါ။ ပတ်ဝန်းကျင်ကြောင့်၊စိတ်ဖိစီးမှုကြောင့် ဖြစ်လာတဲ့ အသားအရေ အိုမင်းရင့်ရော်လာခြင်းကို တားဆီးပေးနိုင်တာ သူ့လောက်ကောင်းမယ့်သူ မရှိတော့ပါဘူး။၅ ။ ပန်းဂေါ်ဖီစိမ်း ။ ။လူကြိုက်တော်တော်နည်းပေမယ့် အာဟာရတွေ အများကြီးပါဝင်တဲ့ ဒီပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင် C, K အမျှင်ဓာတ်နဲ့ မျက်လုံးကျန်းမာရေးအတွက် အဓိက လိုအပ်တဲ့ Lutein ၊ သွေးအားနည်းခြင်းကို ကာကွယ်ပေးတဲ့ ဖောလိတ်တို့ ပါဝင်တာကြောင့် သူတစ်ခုတည်းနဲ့တင် အသားအရေတင်းရင်းစိုပြေပြီး တောက်ပ ရွှန်းစိုတဲ့ မျက်ဝန်းလေးတစ်စုံကို ပိုင်ဆိုင်စေမှာပါ။ ဒ့ပြင်သွေးအားနည်းလို့ ဖြူဆုတ်နေတာမျိုးလည်း မဖြစ်စေဘဲ အသားအရေကို ပန်းရောင်လေးတောင် သန်းနေစေဦးမှာနော်။ ။၆ ။ ဟင်းနုနွယ်။ ။ဒီ အစိမ်းရောင်ရှိတဲ့ ဟင်းနုနွယ်ဟာဗီတာမင် Aအများဆုံးပါဝင်တဲ့ အစားအစာတစ်ခုပါ။ ဒီတော့ မျက်လုံးအတွက်ရော၊ ဆံပင်အတွက်ရော၊ အသားအရေအတွက်ရော အားဖြည့်ပေးတဲ့ အစားအသောက်တစ်ခုဆိုတာ ယုံမှားဖွယ် မရှိပါဘူးနော်။၇။ထောပတ်သီး။ ။မပြည့်ဝဆီတွေ ပါဝင်ပြီး ဗီတာမင် A နဲ့ B အဓိက ပါဝင်တဲ့ ထောပတ်သီးဟာ အသားအရေအတွက် အကောင်းဆုံး ဓာတ်စာတစ်ခုပါ။ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အဆိပ်အတောက်တွေကိုလည်း သန့်စင်ပေးတာကြောင့် ထောပတ်သီးစားပေးရင် ဝင်းလက်တောက်ပပြီး အရေးအကြောင်း ကင်းစင်တဲ့ အသားအရေတစ်ခုပိုင်ဆိုင်မှာတော့ အသေအချာပဲနော်။ ။၈ ။ ကန်စွန်းဥ ။ ။စားလို့လည်းကောင်း အာဟာရပြည့်ဝစေမယ့် ဒီကန်စွန်းဥမှာ beta-carotene လို့ခေါ်တဲ့ ဓာတ်တိုးပစ္စည်းပါဝင်တာကြောင့် အသားအရေအတွက် မကောင်းတဲ့ ဓာတုပစ္စည်းတွေ အကုန်လုံး ကြေပျက်သွားမယ့်အပြင် အသားအရေလည်းတင်းရင်းပြီး ကြည်လင်လာမှာပါ။ရေးသားသူ- Dr Thin Yadanar@ Frances။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/anti-aging-food/
အမြင်မကြည် ရသည့် အကြောင်းတရားများ
ကိုယ့်ရှေ့မှာ မြင်တွေ့နေရတဲ့မြင်ကွင်းတွေကို ကြည်ကြည်လင်လင် ထင်ထင်ရှားရှား ပြတ်ပြတ်သားသား မြင်တွေ့နိုင်ခြင်းမရှိတာကို အမြင်မကြည် ဘူး၊ မြင်ကွင်းတွေဝေဝါးနေတယ်လို့ ဆိုတတ်ကြတယ်မဟုတ်လား။လူတိုင်း အမြင်ဝေဝါးတာမျိုးကို ကြုံရတတ်ပါတယ်။ ယျေဘုယျအားဖြင့် အမြင်အာရုံဝေဝါးတာ၊ အမြင်မကြည် တာဟာ ပြင်းထန်တဲ့ကျန်းမာရေးပြဿနာမျိုး မဟုတ်ပါဘူး။အမြင်အာရုံစွမ်းဆောင်ရည် ကျဆင်းလာတာ၊ မျက်မှန် မျက်ကပ်မှန်စတာတွေ အပြောင်းအလဲပြုလုပ်ဖို့လိုတာတွေကြောင့် အဖြစ်များပါတယ်။ဒါပေမယ့် အမြဲတမ်း ဒီပြဿနာတွေကြောင့်ချည်း အမြင်အာရုံဝေဝါးနေတတ်တယ်လို့တော့  သတ်မှတ်လို့မရပါဘူး။ တခြားသော အကြောင်းအရင်းတွေကြောင့်လည်း မြင်ကွင်းဝေဝါးတာ၊ အမြင်မကြည်တာမျိုးတွေ ကြုံရတတ်ပါသေးတယ်။ တခါတရံမှာ ဆိုးရွားတဲ့မျက်စိကျန်းမာရေးပြဿနာတွေကြောင့် အမြင်ဝေဝါးနေတာဖြစ်နေနိုင်တာကြောင့်ပါ။အမြင်အာရုံ ဝေဝါးနေတာ သာမန် နေပူထဲ ထွက်ရင်း နေထိုးလို့ဖြစ်နိုင်သလို မျက်လုံးကျန်းမာရေး ပြဿနာတစ်စုံတစ်ရာ ရှိနေတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက အဆိုရှိကြပါတယ်။ အမြင်မကြည်တာကို အမြဲတမ်းကြီးတော့ ပေါ့လျော့မေ့ထားလို့ မဖြစ်နိုင်တဲ့ သဘောပေါ့။သတိပေးချက်တွေအရဆိုရင် အောက်ပါကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရချိန်တွေမှာလည်း အမြင်အာရုံ ဝေဝါးနေတတ်တယ်လို့ ဆိုထားပါတယ်။ ဒါတွေကတော့။အမြင်မကြည်တာ၊ အမြင်ဝေဝါးတာဟာ ဘယ်လောက်ပဲ သာမန်ကျန်းမာရေးပြဿနာလို့ပြောပြော ဂရုမစိုက်ရင် စနစ်တကျ ကုသမှုမပြုလုပ်ရင်တော့ ရေရှည်မှာ ဆိုးကျိုးတွေ ဖြစ်လာနိုင်စေနိုင်တာမို့ သတိထားဖို့တော့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် မျက်လုံးဟာ လူ့ခန္ဓာကိုယ်မှာ အရေးပါလှတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေတာကြောင့်ပါပဲ။အမြင်အကြည်တာက ရုတ်တရက်ဆိုရင် သာမန်ပြဿနာလေးလို့ ထင်ရစရာရှိပေမယ့် အပေါ်မှာ ပြောခဲ့တဲ့ ကျန်းမာရေး အခြေအနေတွေကြောင့်လည်း ဖြစ်နိုင်တာကို သတိထားဖို့ လိုအပ်ပါတယ်။ တကယ်လို့ ကိုယ့်မှာ အမြင်အာရုံဝေဝါးတာမျိုး မကြာခနကြုံနေရတယ်ဆိုရင် အမြန်ဆုံး မျက်စိစစ်ဆေးမှုပြုလုပ်ဖို့ တိုက်တွန်းပါရစေ။# Lasik Eye Surgery အကြောင်း။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/vision-impairment-loss/blurry-vision-causes/
နား၊ နှာခေါင်း၊ လည်ချောင်းမှာ ဘယ်လိုအစိတ်အပိုင်းတွေနဲ့ ဖွဲ့စည်းထားသလဲ။
နား၊ နှာခေါင်း၊ လည်ချောင်းမှာ ဘယ်လိုအစိတ်အပိုင်းတွေနဲ့ ဖွဲ့စည်းထားသလဲ။ နား၊ နှာခေါင်း၊ လည်ချောင်း ဆိုတာ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတဲ့ ဦးခေါင်းထဲက အစိတ်အပိုင်းတွေပါ။ ဒါကြောင့် ဒီနေရာတွေမှာ ရောဂါဖြစ်လို့ သွားကုရင် နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်တို့၊ နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံတို့ဆီ သွားရတာပါ။ ဒီအင်္ဂါတွေမှာ ဘာတွေပါလဲ၊ ဘယ်လိုဆက်စပ်နေသလဲဆိုတာ ကြည့်ကြည့်ရအောင်။နား၊ နှာခေါင်း၊ လည်ချောင်းမှာ ဘယ်လိုအစိတ်အပိုင်းတွေနဲ့ ဖွဲ့စည်းထားသလဲ ဆိုတော့။နားကို အကြမ်းအားဖြင့် နားအပြင်ပိုင်း၊ နားစည်၊ နားအလယ်ပိုင်းနဲ့ နားအတွင်းပိုင်းဆိုပြီး ထပ်ခွဲထားပါတယ်။နားအပြင်ပိုင်းမှာ နားရွက်ရယ်၊ External auditory canal or tubeလို့ ခေါ်တဲ့ နားအပြင်ဘက်နဲ့ အတွင်းဘက်ကို ဆက်ထားပေးတဲ့ ပြွန်လေး ရှိပါတယ်။နားစည်က နားအပြင်ပိုင်းနဲ့ နားအလယ်ပိုင်းနဲ့ကို ကန့်ထားပေးတဲ့ အမြှေးပါးလေးပါ။နားအလယ်ပိုင်းမှာတော့ အသံတွေကို နားအတွင်းပိုင်းကို ပို့ပေးဖို့ တုန်ခါနိုင်တဲ့ အရိုးသေးသေးလေး ၃ခုပါပါတယ်။ Malleusရယ် Incusရယ် Stapesရယ်လို့ ခေါ်ပါတယ်။ဒါ့ပြင် Eustachian tubeလို့ ခေါ်တဲ့ ပြွန်လေး ရှိပါတယ်။ ဒီပြွန်လေးက နားအလယ်ပိုင်းနဲ့ နှာခေါင်း အဆုံးနားလေးကို ဆက်သွယ်ပေးထားပါတယ်။ ဒီပြွန်လေးကြောင့် နားအလယ်ပိုင်းမှာ အတွင်းဖိအားကို ထိန်းထားနိုင်တာ ဖြစ်ပါတယ်။ ဖိအားမထိန်းနိုင်ရင် အသံတွေကို ကောင်းကောင်းပို့နိုင်မှာ မဟုတ်ပါဘူး။ နှာစေးနေတဲ့အချိန် အတင်းနှပ်ညှစ်ရင်နားအူလာတယ်၊ အသံကောင်းကောင်း မကြားရဘူးဆိုတာ ဒါကြောင့်ပါ။နားအတွင်းပိုင်းမှာတော့။-Cochleaလို့ ခေါ်တဲ့ အကြားအာရုံကြော အစုအဝေးရယ်။-Vestibule လို့ ခေါ်တဲ့ဟန်ချက်ထိန်းပေးတဲ့ အစိတ်အပိုင်းလေးရယ် (ချာချာလည်အောင် မူးတယ်ဆိုတာ ဒီအစိတ်အပိုင်းလေးမှာ ပြဿနာ ဖြစ်လို့ပါ)၊။-Semicircular canals လို့ ခေါ်တဲ့ ဟန်ချက်ကို သိတဲ့ လက်ခံဆဲလ်တွေရှိနေတဲ့ အစိတ်အပိုင်းရယ်ဆိုပြီး ၃ခုပဲ ရှိပါတယ်။နှာခေါင်းကအနံ့ခံအင်္ဂါဖြစ်ပြီး မျက်နှာရဲ့ အလယ်မှာ ရှိပါတယ်။ အတွင်းဘက်မှာဆိုရင်တော့ ခံတွင်းရဲ့ အပေါ်မှာ ရှိပါတယ်။ သူ့မှာ ပါတဲ့ အစိတ်အပိုင်းတွေကတော့။ကြွက်သားနဲ့ ပြုလုပ်ထားတဲ့ ပြွန်ပုံစံကွင်းလေး ဖြစ်ပါတယ်။ လေ၊ အစာနဲ့ အရည်တွေ ဖြတ်သန်းတဲ့နေရာပါ။ စကားပြောရင် အသံဖို့ကိုလည်း ကူညီပေးပါတယ်။ သူ့မှာပါဝင်တဲ့ အစိတ်အပိုင်းတွေကတော့။နားရယ် နှာခေါင်းရယ် လည်ချောင်းတွေက ဆက်စပ်နေတဲ့အတွက် တစ်နေရာမှာ ရောဂါဖြစ်ရင် နောက်တစ်နေရာကို အလွယ်တကူ ပျံ့သွားနိုင်ပါတယ်။ ဒါကြောင့် ဒီ၃ခုထဲက တစ်ခုခုမှာ ရောဂါဖြစ်ရင် မပေါ့ဆဘဲ စနစ်တကျ ကုသသင့်ပါတယ်။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/ent-anatomy/
အလှပြင်ပစ္စည်းတွေနဲ့ သက်တမ်းများ
အမျိုးသမီးတွေအတွက် သူတို့ မျက်နှာကို မိတ်ကပ်နဲ့ အလှပြင်ရတာ ပျော်စရာ တစ်ခုပါ။ နှုတ်ခမ်းနီ ဆိုးတာ၊ မျက်ခုံးမွေး ခြယ်တာ၊ အရေးအကြောင်းတွေ၊ ဝက်ခြံတွေကို အောက်ခံအရည်နဲ့ ဖုံးရတာကို သဘောကျကြပါတယ်။ မိတ်ကပ်ဆိုတာ အမျိုးသမီးတွေ သူတို့ ပိုလှတာ၊ ပိုယုံကြည်ချက် ရှိတာကို ဖော်ပြဖို့ နည်းလမ်းတစ်ခုပါ။ ဒါပေမဲ့ အလှပြင်ပစ္စည်းတွေဆိုတာက တစ်ခါဝယ်ပြီးရင် မကုန်မချင်း သုံးလို့ရတာမျိုးတော့ မဟုတ်ပါဘူး။ သူတို့မှာ သက်တမ်းရှိပါတယ်။ အလှပြင်ပစ္စည်းတွေနဲ့ သက်တမ်းများ ကို သိထားမယ်ဆိုရင် ဒီပစ္စည်းတွေကြောင့် အရေပြားထိခိုက်မှု မဖြစ်အောင် ကာကွယ်နိုင်မှာပါ။အလှပြင်ပစ္စည်းတွေမှာ expire dateလို့ခေါ်တဲ့ သက်တမ်းကုန်ဆုံးရက် ရှိသလို period after openingလို့ခေါ်တဲ့ ဖွင့်ပြီးရင် ဘယ်လောက်ပဲ အသုံးခံတယ်ဆိုတာ ရှိပါတယ်။ ဥပမာ ပစ္စည်းတစ်ခုက expire date ၁နှစ်ခံတယ်ဆိုရင် ဖွင့်ဖွင့်မဖွင့်ဖွင့် ၁နှစ်ပြည့်ရင် ဒီပစ္စည်းကို မရောင်းသင့်၊ မသုံးသင့်တော့ပါဘူး။ Period after openingကကျတော့ ဥပမာ ၃လဆိုရင် ပစ္စည်းကို ဖွင့်ပြီးတာနဲ့ ၃လအတွင်း သုံးရမှာ ဖြစ်ပါတယ်။ ၃လပြည့်တာနဲ့ အဲ့ပစ္စည်းကုန်ကုန် မကုန်ကုန်၊ expire date လိုသေးလည်း ပစ်လိုက်ရမှာပါ။ဖွင့်ပြီးပြီဆိုရင် ပြင်ပလေထုနဲ့ ထိတွေ့တာ၊ လက်နဲ့ ထိတွေ့ကိုင်တွယ်တာတွေကြောင့် ပျက်စီးလွယ်သွားလို့ပါ။ အလှပြင်ပစ္စည်းတွေမှာ expire dateရော၊ period after openingရော ပါပါတယ်။ ဘူးဖင်ကို သေချာစစ်ကြည့်ပါ။ ပြီးရင်  ကိုယ်စသုံးတဲ့နေ့ကိုလည်း မှတ်ထားပါ။ ဒါမှ period after opening ကျော်နေပြီလားဆိုတာ သိနိုင်မှာပါ။Expire dateကတော့ သိသာတဲ့အတွက် Period after openingတွေကို ပြောပြပေးပါမယ်။ Brandတစ်ခုနဲ့ တစ်ခုက အနည်းငယ်ကွာခြားတာကြောင့် အတိအကျကို ဘူးမှာကြည့်ပါ။ အခုကတော့ အကြမ်းလောက်ပဲ ပြောပြပါ့မယ်။၁။ Mascara (၃-၆ လ)။Mascara ကိုဖွင့်ပြီး မျက်ခုံးမွေးတဲ့အတံကို ဘူးထဲ ပြန်ထည့်တဲ့အခါ ဘက်တီးရီးယားတွေ အလွယ်တကူ ပေါက်ဖွားနိုင်တာမို့ သတိထားဖို့ အလိုအပ်ဆုံး ပစ္စည်း ဖြစ်ပါတယ်။ ၆လကျော်ရင် ဒါမှမဟုတ် ဓာတ်ဆီနံလို ရရင် လွှင့်ပစ်ပြီး အသစ်ကို အစားထိုး သုံးပါ။ တချို့ဖြစ်ရပ်တွေမှာ ရက်၉၀ မတိုင်ခင် Mascara ခြောက်သွားရင် ပြန်စိုအောင် ရေမထည့်ပါနဲ့။ ဘာလို့လဲဆိုတော့ ဒါက ဘက်တီးရီးယားတွေကို ပိုဖြစ်စေပြီး နီရဲခြင်း၊ ယားယံခြင်း၊ pinkeye နဲ့ ဝက်ခြံ စတာတွေကို ဖြစ်စေပါတယ်။ ဘက်တီးရီးယားတွေ ပြန့်ပွားပြီး ပိုမဆိုးရွားခင် မျက်လုံးမိတ်ကပ်တွေ အားလုံးနဲ့ သူ့အသုံးအဆောင်တွေကို လွှင့်ပစ်လိုက်တာ ပိုကောင်းပါတယ်။၂။ Eyeliner (၃-၆ လ)။မိတ်ကပ်ရိုးရိုးကိုeyeliner တချို့(အရည် သို့မဟုတ် ခဲတံ) အသုံးပြု အလွယ်တကူ ထိတွေ့နိုင်ပါတယ်။ လေ့လာချက်တစ်ခုက eyeliner ကို ခဲတံ အမျိုးအစားက လွဲရင် ၃လပြည့်တိုင်း လဲသင့်တယ်လို့ ပြောတဲ့အခါ အမျိုးသမီး တော်တော်များများက မလုံမလဲ ဖြစ်ကြပါတယ်။ ဒါပေမယ့် သင့်မျက်လုံးအတွက် ဒါတွေကို အချိန်ကြော်ပြီးသုံးတာက ဘက်တီးရီးယားတွေ ပိုပြန့်ပွားစေပြီး သင့်မျက်လုံးရဲ့ နုနယ်တဲ့ နေရာတွေကို ယားယံစေတတ်ပါတယ်။ ဆိုးရွားတဲ့ ဖြစ်ရပ်တွေမှာ မျက်ခွံအတွင်းသား ရောင်ရမ်းခြင်း၊ ယားယံခြင်း၊ နီရဲခြင်း၊ စတာတွေက သင့်အမြင်အာရုံကို အနှောက်အယှက်ဖြစ်စေပြီး သင့် လုပ်ငန်းဆောင်တာတွေကို နှောင့်နှေးစေပါလိမ့်မယ်။ ဒီဘေးထွက်ဆိုးကျိုးတွေကို ကာကွယ်ဖို့ သင့် pencil eyeliner ကို မသုံးခင် ချွန်ပါ။၃။ Liquid Foundation ( ၆လ -၁နှစ်)။ဘက်တီးရီးယားဆိုတာ ရေဓာတ်ပါတဲ့ ထုတ်ကုန်တွေကို သဘောကျကြပါတယ်။ Foundation ရဲ့ seal ကို ဖွင့်ပြီးတာနဲ့ ဒါပစ္စည်းဟာ တစ်နှစ် တာရှည်ခံပါတယ်။ Foundation အရည် ပုလင်းထဲကို သင့်လက်ချောင်းတွေ မနှစ်ပါနဲ့။ ပူပြီး စိုထိုင်းတဲ့ ပတ်ဝန်းကျင်ရဲ့ အဝေးမှာ ထားပါ။ အပူက ဘက်တီးရီးယားတွေ ပေါက်ဖွားမှုကို အဖြစ်မြန်စေနိုင်ပြီး အရောင် သို့မဟုတ် အနံ့ကို ပြောင်းစေနိုင်ပါတယ်။ ဒါက ယားယံမှုကို ဖြစ်စေနိုင်ပါတယ်။၄။ Concealer (၂ နှစ်)။ဒါက အပြစ်အနာအဆာတွေကို ဖုံးအုပ်ဖို့ပါ။ သင့်ရဲ့ concealer အရောင်ပြောင်းသွားတာနဲ့ လွှင့်ပစ်ပါ။ Stick concealer နဲ့ powder concealer တွေက ၂နှစ်လောက် တာရှည်ခံပါတယ်။၅။ Face powder (၂ နှစ်)။တကယ်လို့ ပေါင်ဒါတွေမှာ လက်ဖက်စိမ်း၊ ရှားစောင်း၊ chamomile လိုမျိုး အပင်တွေက ထုတ်ယူထားတဲ့ ရေပါဝင်မယ်ဆိုရင် အဲ့ဒီ ပေါင်ဒါဘူးကို ဖွင့်ပြီး ရေချိုးခန်းလိုမျိုး ပူနွေးစိုစွတ်တဲ့ နေရာမှာ ဖွင့်ထားမိရင် ဘက်တီးရီးယားတွေ ပေါက်ဖွားလာပါလိမ့်မယ်။ အရောင်ပြောင်းတာ၊ ထူးဆန်းတဲ့ အနံ့တွေကို သတိထားပါ။၆။ နှုတ်ခမ်းနီ (၁ နှစ်)။နှုတ်ခမ်းနီ၃ချောင်းကနေ ၆ချောင်းလောက် သုံးတဲ့ အမျိုးသမီးတွေက သူတို့ နှုတ်ခမ်းနီတွေကို ၃နှစ်ကျော်တဲ့အထိ သိမ်းထားတတ်ကြပါတယ်။ နှုတ်ခမ်းနီအများစုမှာ ရေဓာတ်မပါဝင်ပါဘူး။ ဒါပေမယ့် နှုတ်ခမ်းနဲ့ ဆက်တိုက်ထိတွေ့တာကနေ ဘက်တီးရီးယားတွေ ပေါက်ဖွားလာနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ နှုတ်ခမ်းနီကို အထိအတွေ့ပြောင်းရင်၊ အရောင်မစွဲရင် သုံးဖို့ မသင့်တော့ပါဘူး။ဒါ့အပြင် lip-gloss တွေကို သုံးရင် အစင်းတွေနဲ့ ဆွဲသလို ခံစားရပါလိမ့်မယ်။ Lip-stick နဲ့ gloss တွေကို တစ်နှစ်တစ်ခါ လဲပါ။ မျှသုံးတာကို အထူးသဖြင့် သင်ဖျားနေရင် ရှောင်ပါ။ အဲ့က ဘက်တီးရီးယားတွေက သင့်ရဲ့ ခုခံမှုစနစ်ကို ထိခိုက်စေနိုင်လို့ပါ။၁။ ရေဓာတ်ပါတဲ့ မိတ်ကပ်တွေက ဘက်တီးရီးယား ပေါက်ဖွားနိုင်ချေ ပိုများတာ သတိရပါ။၂။ သင့်အလှပြင်ပစ္စည်းတွေကို ရေချိုးခန်း ဒါမှမဟုတ် စိုစွတ်တဲ့ ပတ်ဝန်းကျင်မှာ မထားပါနဲ့။၃။ ပူပြီး နေရောင်တိုက်ရိုက်ကျရောက်တဲ့နေရာမှာ မထားပါနဲ့။ အေးပြီး ခြောက်သွေ့တဲ့နေရာမှာထားပါ။၄။ အနံ့ ဆိုးရင် ဒါမှမဟုတ် အရောင်ပြောင်းရင် လွှင့်ပစ်ပါ။၅။ သုံးတဲ့ ကြာချိန်ကို သိဖို့ ဝယ်တဲ့ရက်ကို မှတ်ထားပါ။၆။ သင်လိုသလောက်သာ ဝယ်ပါ။ တစ်ခါတည်း အများကြီးဝယ်ရင် ပိုက်ဆံတွေ ဖြုန်းတီးရာရောက်ပါတယ်။ ပတ်ဝန်းကျင်ကို ကယ်တင်ပါ။၇။ ကိုယ်ပိုင် မိတ်ကပ်ပဲ သုံးပါ။ မိတ်ကပ် မျှသုံးတာကStaphylococcus aureusနဲ့Staphylococcus epidermisလို ဘက်တီးရီးယားတွေ ပွားနှုန်းကို မြန်စေနိုင်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/how-long-should-you-keep-makeup/
နားကိုက် တာ သက်သာစေဖို့ အိမ်တွင်းနည်းလမ်းများ
နားကိုက်တာသွားကိုက်သလိုပါပဲ။ ကိုက်ကလည်းကိုက် ကုတ်မရ ဖဲ့မရ၊ အတွင်းထဲကဆို ပိုဆိုး ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိပါဘူး။ လတ်တလောမှာ ဆေးခန်းမသွားဖြစ်ရင်တောင် ကိုယ်သိထားတဲ့ အိမ်တွင်းနည်းလမ်းလေးတွေနဲ့ သက်သာအောင် လုပ်ထားနိုင်ရင် အကိုက်သက်သာတာပေါ့။ ဒါပေမယ့် အိမ်တွင်းနည်းလမ်းတွေနဲ့ မသက်သာရင် ဆရာဝန်သွားပြဖို့ မမေ့ပါနဲ့နော်။ ပြီးတော့ နားကိုက်ရတဲ့ အကြောင်းရင်းတွေကို ရှာပြီး ကုရဦးမယ်မဟုတ်လား။ဆေးဆိုင်မှာ ဆရာဝန်ဆေးစာ မလိုဘဲ ဝယ်လို့ရတဲ့ over the counterအကိုက်အခဲပျောက်ဆေးတွေ ဝယ်သောက်လို့ရပါတယ်။ ဥပမာပြောရရင် ပါရာစီတမောတို့၊ ibuprofenတို့၊ အက်စပရင်တို့ပေါ့။ ကလေးငယ်တွေဆိုရင်တော့ အက်စပရင် မတိုက်ပါနဲ့။ အသက်၂နှစ်အောင် ကလေးတွေကို ကိုယ့်သဘောနဲ့ကိုယ် ဘာဆေးမှ မတိုက်တာ အကောင်းဆုံးပါပဲ။ လူကြီးတွေအနေနဲ့လည်း အကိုက်အခဲပျောက်ဆေးတွေကို ရေရှည်စွဲမသောက်ဖို့ အကြံပြုချင်ပါတယ်။ရေနွေးအိတ်လေးတွေ ကပ်ပေးတာကလည်း နားရောင်နေတာနဲ့ နာတာကို သက်သာစေပါတယ်။ ရေနွေးက ခံနိုင်လောက်အောင် နွေးရင်ရပါပြီ။ တစ်ခါကပ်ရင် မိနစ် ၂၀လောက်ကပ်ပေးပါ။ မြန်မြန်သက်သာဖို့ နားကိုပဲ မကပ်ဘဲနဲ့ ဇက်နဲ့ လည်ပင်းနား တစ်ဝိုက်ကိုပါ ကပ်ပေးပါ။ ရေနွေးအိတ်ပြီး အိပ်ပျော်သွားတာမျိုး၊ ကလေးတွေကို ရေနွေးအိတ်ကပ်ပြီး မကြည့်ဘဲ လွှတ်ထားတာမျိုးတော့ မလုပ်သင့်ပါဘူး။ရေခဲကပ်တာကလည်း နားကိုက်တာကို အထိုက်အလျောက် သက်သာစေပါတယ်။ ရေခဲကို တိုက်ရိုက် မကပ်ဘဲ အဝတ်လေးနဲ့ ထုပ်ပြီး နားနဲ့ နားပတ်လည်ကို တစ်ခါကပ်ရင် မိနစ် ၂၀လောက် ကပ်ပေးပါ။ တချို့လူတွေကျတော့ ရေနွေးကပ်တာက ရေခဲကပ်တာထက် ပိုသက်သာတယ်လို့ ပြောကြပါတယ်။ တချို့တွေကျတော့လည်း ရေခဲတစ်လှည့် ရေနွေးတစ်လှည့် မိနစ် ၂၀ဆီကပ်တာက ပိုသက်သာတယ်လို့ ပြောကြပါတယ်။ ကိုယ်အဆင်ပြေတဲ့ နည်းလမ်းနဲ့ ကပ်နိုင်ပါတယ်။ သက်သာဖို့က အဓိကပါပဲ။နားထဲမှာ ဖိအားသက်သာဖို့၊နားဖာချေးတွေ သက်သာဖို့ နားတွင်း အစက်ချ အရည်ကို သုံးနိုင်ပါတယ်။ ဒါပေမယ့် ဒါက ဆရာဝန်ညွှန်ကြားတဲ့ ဆေးနဲ့တော့ မတူနိုင်ပါဘူး။ နောက်ပြီးတော့ ကလေးတွေမှာ နားထဲကို အစက်ချအရည်တွေ မသုံးခင် ဆရာဝန်နဲ့ အရင်တိုင်ပင်တာ ပိုကောင်းပါတယ်။သွားကိုက်လို့ ဒါမှမဟုတ် မေးရိုးကိုက်လို့ ဖြစ်တဲ့ အနာကနေ နားထိပါ တက်ကိုက်တာကို နှိပ်နယ်ခြင်းနဲ့ သက်သာအောင် လုပ်လို့ရပါတယ်။ ဒီလို ကိုက်တာက သိပ်ပြင်းထန်ပြီး နားတင်မက ခေါင်းတွေပါ တင်းပြီး လိုက်ကိုက်လာတာပါ။ ဒါကြောင့် ကိုက်တဲ့နေရာနဲ့ သူ့ဘေးနားက ကြွက်သားတွေကိုပါ ညင်ညင်သာသာ နှိပ်နယ်ပေးပါ။ နားနောက်ကနေ စပြီး ဇက်ကြောတွေထိ နှိပ်ပေးပါ။ ပြီးရင် တဖြည်းဖြည်း နားရှေ့ရောက်တဲ့အထိ ပြန်နှိပ်ပေးပါ။ ဒီလိုနှိပ်နယ်ပေးတာက နားကိုက်တာကို သက်သာစေတဲ့အပြင် နားအတွင်းထဲက အရည်တွေကိုလည်း အပြင်ကို ထွက်စေပါတယ်။ကြက်သွန်ဖြူဟာ အရောင်ကျစေပြီး ပိုးသတ်နိုင်တယ်ဆိုတာ အရင်ကတည်းက သိထားပြီးသားပါ။ ပိုးသတ်ဆေးနေရာမှာ အစားထိုးသုံးဖို့ မဟုတ်ပေမယ့် နားပိုးဝင်တာကို ကုနေတဲ့အချိန်အတွင်းမှာ ကြက်သွန်ဖြူစားပေးမယ်ဆိုရင် ပိုပြီး မြန်မြန်သက်သာစေပါတယ်။ ကြက်သွန်ဖြူ ၂မြွှာ၊ ၃မြွှာကို မုန်ညင်းဆီ ဒါမှမဟုတ် နှမ်းဆီနဲ့ ညိုနေအောင် ချက်ပါ။ အရည်ညှစ်ပြီး နားထဲကို တစ်စက်၊ နှစ်စက်လောက် ထည့်ပေးနိုင်ပါတယ်။ကြက်သွန်နီဟာလည်း ကြက်သွန်ဖြူလိုပဲ ပိုးသေစေပြီး အနာသက်သာစေပါတယ်။ ဒါပေမယ့် ခုနလိုပဲပိုးသတ်ဆေးနေရာမှာ အစားထိုး သုံးလို့မရပါဘူး။ ကြက်သွန်နီကို တစ်မိနစ်လောက် နှစ်မိနစ်လောက် မီးအပူပေးပါ။ ပြီးရင် အရည်ညှစ်ပြီး နားထဲကို ထည့်ပေးပါ။ ၁၀မိနစ်လောက် ဘေးစောင်းလှဲနေလိုက်ပါ။ နားထဲက အရည်တွေ ထွက်လာပါလိမ့်မယ်။ကလေးတွေအတွက် ပိုအဆင်ပြေပါတယ်။ ကလေးတွေ အမေနို့စို့တာ၊ ချိုလိမ်စို့တာ စတာတွေက နားစည်ပြွန်ကို ပွင့်စေပြီး နားထဲကာ ဖိအားကို လျော့ကျစေလို့ အကိုက်သက်သာပါတယ်။ ကလေးကြီးတွေနဲ့ လူကြီးတွေမှာဆိုလည်း စုပ်လုံးသကြားလုံးတွေ စုပ်နိုင်ပါတယ်။မိခင်နို့ရည်မှာ ပိုးသေစေတဲ့ သတ္တိပါပါတယ်။ အမရဲ့ နို့က ကလေးထိတွေ့တဲ့ ပိုးတွေအပေါ်လိုက်ပြီး ပဋိပစ္စည်းတွေ ပြောင်းလဲထွက်တယ်လို့ လေ့လာချက်တချို့က ပြောထားပါတယ်။ ဒါကြောင့် ဒီနည်းလမ်းကို ကလေးတွေမှာ သုံးတာက ပိုကောင်းပါတယ်။ မိခင်နို့ရည်ကို နားထဲထည့်ပေထးတာက ကောင်းကျိုးမဖြစ်ရင်တောင် ဆိုးကျိုးတော့ မဖြစ်ဘူးလို့ ဆိုပါတယ်။ဒီနည်းလမ်းတွေက အိမ်မှာ အလွယ်လုပ်လို့ရတဲ့ နည်းလမ်းတွေပါပဲ။ ဒါပေမယ့် ဒီနည်းလမ်းတွေနဲ့  မသက်သာရင် အချိန်မဆွဲဘဲ ဆရာဝန်နဲ့ ပြစေချင်ပါတယ်။ ကလေးက  ငယ်လွန်းရင်လည်း ကိုယ့်ဟာကိုယ် ကျိတ်မကုဘဲ ဆရာဝန်နဲ့ ပြတာ အကောင်းဆုံးပါပဲ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/ear-conditions/%e1%80%94%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%80%e1%80%ba-%e1%80%90%e1%80%ac-%e1%80%9e%e1%80%80%e1%80%ba%e1%80%9e%e1%80%ac%e1%80%85%e1%80%b1%e1%80%96%e1%80%ad%e1%80%af%e1%80%b7/
အသားမာတက်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ
အသားမာတက်ခြင်းကို tylomas သို့ keratoma ဟုလည်း ခေါ်ဝေါ်ပြီး အရေပြားဟာ ထိခိုက်မှုတွေကို ကာကွယ်ပေးဖို့အတွက် ပိုပြီးသိပ်သည်းထူထဲလာတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ အသားမာများဟာ မနာကျင်ပေမယ့် ကသိကအောင့် ခံစားရတတ်ပါတယ်။ အောက်ပါအချက်တွေကတော့ အသားမာတက်ခြင်းကိုဘယ်လိုကိုင်တွယ်မလဲဆိုတာပါပဲ။အသားမာတက်ခြင်းကို ဖြေရှင်းဖို့ ထိရောက်တဲ့ နည်းလမ်းတခုကတော့ ဆရာဝန်ညွှန်းစာမလိုတဲ့ ဆေးဖတ်တွေ ဝယ်ကပ်ဖို့ပါပဲ။ အသားမာတက်နေတဲ့ နေရာတွေကိုကပ်ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အသားမာဖယ်တဲ့ အဲဒီဆေးရည်တွေ၊ ဆေးဖတ်တွေကို သတိတော့ထားရပါမယ်။ သူတို့တွေဆီမှာ ပါဝင်တဲ့ Salicylic အက်ဆစ်ဟာပုံမှန်အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ ဆီးချိုရှိရင်၊ သွေးလည်ပတ်မှု မကောင်းရင် ဒီနည်းမသုံးခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ လိုပါတယ်။ ဒါမှမဟုတ်ရင် ဒီဆေးဖတ်တွေကပ်ခြင်းဟာ သင့်အရေပြားကို ပိုဆိုးသွားစေနိုင်ပါတယ်။အသားမာတက်ခြင်းဟာ အရေပြားခြောက်သွေ့ခြင်းကြောင့် ဖြစ်ပွားတာမို့ အရေပြားရဲ့ အစိုဓါတ်ကို ထိန်းသိမ်းပေးခြင်းဟာ အရေးကြီးပါတယ်။ ပထမဆုံးလုပ်သင့်တာကသင့်ခြေဖဝါးကို ရေနွေးနွေးနဲ့ စိမ်ပေးပြီးဆပ်ပြာရေနဲ့ ဆေးကြောပေးဖို့ပါပဲ။ ရေအစားchamomile လက်ဖက်ရည်ကိုသုံးခြင်းဟာ အရေပြားရဲ့ အက်ဆစ်ဓါတ်ပြောင်းလဲမှုကိုခဏတာမျှ ပြောင်းလဲစေပါတယ်။ ပြီးရင် ဆပ်ပြာနဲ့ ရေကိုသုံးပြီးဆေးကြောနိုင်ပါတယ်။ နောက်တဆင့်ကတော့ ခြေဖဝါးကို နူးညံ့နေအောင် အရေပြားရဲ့ အစိုဓါတ်ကို ထိန်းသိမ်းပေးဖို့ပါပဲ။ ရေချိုးပြီး lotion တွေ လိမ်းပေးခြင်းဟာ အထောက်အကူပြုပါတယ်။ အသားမာတက်တဲ့နေရာကို လိမ်းပေးရတဲ့ ခရင်မ်တွေ ရှိပါတယ်။အသားမာတက်လို့ ထူနေတဲ့အရေပြားကို ပါးပေးခြင်း ဖြစ်ပါတယ်။ ရေချိုးစဉ်နဲ့ ရေချိုးအပြီးမှာချေးတွန်းကျောက်၊ လက်သည်းတိုက်တံစည်း၊ ရေချိုးအဝတ်စတာတွေနဲ့ ပွတ်တိုက်ပေးနိုင်ပါတယ်။ ဒီလိုလုပ်ပေးရင် မာနေတဲ့အရေပြားတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ချွန်ထက်ပြတ်ရှစေတဲ့အရာကိုမသုံးဖို့ သတိပြုရပါမယ်။ ဆီးချိုရှိရင်တော့ ချေးတွန်းကျောက်ပွတ်ခြင်းဟာ ပိုးဝင်နိုင်တာမို့ အသုံးမပြုသင့်ပါဘူး။အက်စ်ပရင်ဟာ အသားမာတက်ခြင်းကိုဖြေရှင်းတဲ့ နည်းလမ်းကောင်းတခုဖြစ်ပါတယ်။ အက်စ်ပရင်ဆေးပြား ၅ပြား၆ပြားခန့်ကို ပန်းသီးရှာလကာရည်၊ ရေတို့နဲ့ ဆတူရောနယ်ပြီးရင် အသားမာတက်တဲ့နေရာကို ပွတ်ပေးရပါမယ်။ အာနိသင်ရှိအောင် ဆေးလိမ်းပြီး ၁၀မိနစ်အတွင်း ပတ်တီးစည်းထားပေးရပါမယ်။ ချေးတွန်းကျောက်နဲ့ တိုက်လို့ကွာလာနိုင်တဲ့ အထိလိမ်းပေးရပါမယ်။ အက်စ်ပရင် ဓါတ်မတည့်ခြင်းရှိရင်တော့ မသုံးသင့်ပါဘူး။အသားမာတက်ခြင်းကိုအိမ်တွင်းကုထုံးတွေနဲ့ ဖြေရှင်းနိုင်ပါတယ်။ ဒါပေမယ့် ဒီပစ္စည်းတွေနဲ့ သိပ်မရင်းနှီးရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ သင့်အသားမာတွေဟာမခွဲတဲ့နည်းနဲ့ ပျောက်ဖို့ခဲယဉ်းမယ်ဆိုရင် ခွဲစိတ်ကုသမှု ခံယူသင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%99%e1%80%ac%e1%80%90%e1%80%80%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a%e1%80%ba%e1%80%9c-2/
သိုင်းရွိုက်အားနည်းခြင်း လား သွေးဆုံးခြင်းလား
သိုင်းရွိုက်အလုပ်လုပ်တာ အားနည်းရင် သိုင်းရွိုက်ဟော်မုန်းထွက်တာလည်း လျော့ကျသွားပါတယ်။ သိုင်းရွိုက်အားနည်းခြင်း ကို Hypothyroidism လို့ ခေါ်ပါတယ်။ သိုင်းရွိုက်အလုပ်လုပ်တာ အားနည်းခြင်းနဲ့ အမျိုးသမီးများ သွေးဆုံးခြင်းက လက္ခဏာတွေ ဆင်တူတတ်ပါတယ်။ သိုင်းရွိုက်အားနည်းခြင်းကို များသောအားဖြင့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတွေမှာ တွေ့ရတတ်ပါတယ်။ အဲ့ဒီအချိန်က အမျိုးသမီးများ သွေးဆုံးတဲ့အချိန်လည်း ဖြစ်ပါတယ်။ခုဆက်ပြောသွားမှာကတော့သွေးဆုံးခြင်းနဲ့ သိုင်းရွိုက်ဂလင်းအကြား ဆက်နွယ်မှု ဘယ်လိုရှိသလဲဆိုတာနဲ့ သွေးဆုံးခြင်းလက္ခဏာနဲ့ နောက်ဆက်တွဲပြဿနာတွေကို သိုင်းရွိုက်အားနည်းခြင်းက ဘယ်လိုအကျိုးသက်ရောက်စေသလဲဆိုတာပါပဲ။သွေးဆုံးချိန်မှာ အီစထရိုဂျင်ဟော်မုန်းပမာဏက သိသိသာသာ ကျဆင်းသွားပါတယ်။ ဒါကြောင့် သွေးဆုံးခြင်းနဲ့ ပတ်သက်တဲ့ လက္ခဏာများ ပေါ်လာတတ်ပါတယ်။ အီစထရိုဂျင်ပမာဏက သိုင်းရွိုက်ဂလင်းနဲ့ လုပ်ငန်းတာဝန်တွေကိုလည်း သက်ရောက်မှုရှိပါတယ်။၂၀၁၁ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ အီစထရီုဂျင်ပမာဏ ကျဆင်းလာခြင်းက သိုင်းရွိုက်ရဲ့ အလုပ်လုပ်နိုင်အားကိုလည်း ကျဆင်းစေပြီး သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်တာကိုလည်း လျော့နည်းစေပါတယ်။ ဒီဟော်မုန်းနှစ်ခုကြားက ဆက်နွယ်မှုကို ပိုမိုသိရှိနိုင်ဖို့ သုတေသနတွေ ထပ်မံလုပ်ဆောင်ဖို့တော့ လိုအပ်ပါသေးတယ်။သိုင်းရွိုက်အားနည်းခြင်းက သွေးဆုံးချိန် လက္ခဏာတွေကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ သိုင်းရွိုက်ပြဿနာနဲ့ သွေးဆုံးခြင်းကို တွေ့ကြုံရသူ အမျိုးသမီးတွေဟာ သိုင်းရွိုက်အတွက် ကုသမှုခံယူလိုက်ရင် သွေးဆုံးချိန်ဖြစ်ပေါ်တဲ့ လက္ခဏာတွေပါ သက်သာသွားကြောင်း တွေ့ရပါတယ်။သိုင်းရွိုက်အားနည်းခြင်းက ဘယ်အချိန်မှာမဆို ဖြစ်ပွားတတ်ပေမယ့်သက်လတ်ပိုင်းအရွယ်အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ အောက်ပါလက္ခဏာတွေ တွေ့ရတတ်ပါတယ်။သွေးဆုံးခြင်းလက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။သိုင်းရွိုက်ရောဂါက သွေးဆုံးခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေကို ပိုဆိုးစေနိုင်ပါတယ်။ အဖြစ်အများဆုံးကတော့အရိုးပွခြင်းဖြစ်ပါတယ်။ သိုင်းရွိုက်အလုပ်လုပ်တာ အားနည်းခြင်းကလည်း အရိုးပွစေပါတယ်။ နောက်ဖြစ်တတ်တာကတော့ နှလုံးနဲ့သွေးကြောရောဂါတွေ ဖြစ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်း အားနည်းခြင်း ကလည်း နှလုံးရောဂါတွေကို ဦးတည်စေပါတယ်။သိုင်းရွိုက်ရောဂါလို့ သံသယရှိရင်၊သွေးဆုံးချိန်လက္ခဏာတွေ ကြုံနေရရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အကြောင်းအရင်း မယ်မယ်ရရမရှိဘဲ ပင်ပန်းနွမ်းနယ်နေရင်၊ အားနည်းနေရင်၊ ကိုယ်အလေးချိန် အပြောင်းအလဲဖြစ်ရင် ဆရာဝန်ပြသင့်ပါတယ်။ လိုအပ်ရင် ဟော်မုန်းဆိုင်ရာ အထူးပြုဆရာဝန်တွေနဲ့ ပြသရပါလိမ့်မယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menopause/thyroid-and-menopause/
ရာသီ ပုံမှန်မလာခြင်းကို ဖြစ်စေနိုင်သော အကြောင်းအရင်းများ
အမျိုးသမီးတွေ အားလုံးမှာအပျိုဖော်ဝင်တဲ့ အချိန်ကစပြီး သွေးမဆုံးခင်အချိန်ထိ ဓမ္မတာ (သို့)ရာသီ သွေးဆင်းကြပါတယ်။ အချို့သော အမျိုးသမီးတွေက ပုံမှန် တစ်လတစ်ခါ သွေးဆင်းကြပေမယ့် တချို့ကတော့ တချို့လတွေ ရာသီမလာတာ၊ လာတဲ့ ပမာဏက ပုံမှန်ထက် နည်းလွန်း၊ များလွန်းတာ ၊ လာတဲ့ ရက်က တိုလွန်း ရှည်လွန်းတာ စတဲ့ အခြေအနေတွေကို ကြုံတွေ့နေကြရပါတယ်။ ဒီနေ့ ဆောင်းပါးလေးမှာတော့ ရာသီပုံမှန်အတိုင်းမလာဘဲ တစ်လ၊ နှစ်လ စသည်ဖြင့် ရာသီ ပုံမှန်မလာခြင်းကို ဖြစ်စေနိုင်သော အကြောင်းအရင်းများကို ပြောပြပေးသွားပါမယ်။ပုံမှန်ကျန်းမာတဲ့ သူတစ်ယောက်မှာ ရာသီ သွေးဟာ အလွယ်ပြောရရင်တော့ တစ်လတစ်ခါ ပေါ်ကြပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ဖွဲ့စည်းပုံမတူညီတဲ့အတွက် ဘယ်နှရက်နေရင် တစ်ခါပေါ်သလဲဆိုတာတော့ အတိအကျ မရှိပါဘူး။ ဒါပေမယ့် ယေဘုယျအားဖြင့်တော့ ၂၁ရက်မှ ၃၅ ရက်အတွင်း မှာ တစ်ကြိမ်စီ ပုံမှန် ရာသီသွေးဆင်းကြပါတယ်။ အဲလို မဟုတ်ဘဲ တစ်လ၊ နှစ်လ စသည်ဖြင့် ပျောက်သွားတယ်ဆိုရင်တော့ အောက်ပါ အခြေအနေတွေထဲက တစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။၁။ သဘာဝအရ ရာသီမလာခြင်း။စတဲ့အခြေအနေတွေမှာ ခန္ဓာကိုယ်ရဲ့ သဘာဝဖြစ်စဉ်အရရာသီမလာတာမျိုးဖြစ်နိုင်ပါတယ်။၂။သန္ဓေတားဆေး(သို့) ကိုယ်ဝန်တားဆေး တွေကြောင့် ရာသီမလာခြင်း။ကိုယ်ဝန်တားတဲ့ သောက်ဆေး၊ ထိုးဆေးတွေအပြင် လက်မောင်း၊ သားအိမ်ထဲထည့်တဲ့ တားဆေးတွေ အသုံးပြုရင်လည်း ရာသီမမှန်တာမျိုး ဖြစ်နိုင်ပါတယ်။၃။ ဆေးဝါးများ။အချို့သော စိတ်ကျဝေဒနာကို ကုသတဲ့ဆေး၊ ကင်ဆာကုထုံး တွေကလည်းရာသီပုံမမှန်ခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းထဲမှာ ပါဝင်ပါတယ်။၄။ အချို့သော နေထိုင်မှုပုံစံများ။အားကစားသမားတွေလို လေ့ကျင့်ခန်းတွေကို အလွန်အကျွံလုပ်ရတဲ့ သူတွေ၊ ကိုယ်အလေးချိန်နည်းလွန်းသော သူတွေ နဲ့စိတ်ဖိစီးမှုများသောသူတွေမှာလည်း ရာသီပုံမှန်မလာတာတွေ ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှု အရမ်းများတဲ့ သူတွေမှာ ရာသီနောက်ကျတာက အင်မတန်အဖြစ်များပါတယ်။ ဒ့ါကြောင့် စိတ်ဖိစီးမှုတွေကို တတ်နိုင်သလောက် လျှော့ချဖို့က အရေးကြီးပါတယ်။၅။ ဟော်မုန်းအပြောင်းအလဲကို ဖြစ်စေသော အကြောင်းအရင်းများ။ရာသီသွေးဆင်းခြင်းဟာ ဟော်မုန်းတွေနဲ့ သက်ဆိုင်နေတာကြောင့် ဟော်မုန်းတွေကို အပြောင်းအလဲဖြစ်စေနိုင်တဲ့polycystic ovarian syndromeလို့ခေါ်တဲ့ သားဥအိမ်မှာ အရည်အိတ်များ ဖြစ်ခြင်း၊ ဦးနှောက်တွင်ရှိသော Pituitary gland လေးတွင် အကျိတ်ဖြစ်ခြင်း၊ လည်ပင်းရှိ thyroid gland ကြီးခြင်း၊ အချိန်မတိုင်ခင် သွေးဆုံးခြင်း (early menopause) စတဲ့ အခြေအနေတွေမှာ ပုံမမှန်တာ ဖြစ်နိုင်ပါတယ်။၆။ မိန်းမကိုယ် ပုံစံမမှန်ခြင်း၊ သားအိမ်မှာ အနာရွတ်ဖြစ်နေခြင်း နဲ့ မွေးရာပါ လိင်အင်္ဂါ မပါလာခြင်း စတာတွေကလည်း ဓမ္မတာ မမှန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။တကယ်လို့ သင့်မှာ သွေးမဆုံးသေးဘဲ၊ ကလေးနို့မတိုက်နေဘဲ ရာသီ ပျောက်သွားတယ် (သို့) လာရမယ့် အချိန်ကျော်သွားပြီး တော်တော်နောက်ကျနေတယ် ဆိုရင်တော့ ကိုယ်ဝန်ရနိုင်တဲ့ အခြေအနေမျိုးဆိုရင်ဆီးစစ်ကြည့်တာမျိုးလုပ်နိုင်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုတွေ ကို လျှော့ချနိုင်ဖို့အတွက် အိပ်ရေးဝအောင်အိပ်၊ ကောင်းကောင်းစားပြီး သီချင်းနားထောင်၊ စာအုပ်ဖတ် စတဲ့ ကိုယ်စိတ်ဝင်စားတဲ့ activities လေးတွေ လုပ်သင့်ပါတယ်။ကိုယ်ဝန်တားဆေးတွေ (သို့) အရှေ့မှာ ဖော်ပြထားတဲ့ ဆေးတွေ သောက်နေတဲ့သူတွေဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ ၃လနဲ့ အထက် ဓမ္မတာ ဆက်တိုက်မလာဘူး ဆိုရင် (သို့) အသက် ၁၅ နှစ်ကျော်သည်အထိ ရာသီသွေး တစ်ခါမှ စမဆင်းသေးရင်တော့ ဆရာဝန်နဲ့ သေသေချာချာ ပြသဖို့ လိုအပ်ပါတယ်။ကျန်းမာကြပါစေ။ရေးသားသူ- Khine Phoo Ngon။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/causes-of-irregular-period/
ခြေသလုံးကြွက်သား ဘာလို့ နာကျင်နေတာလဲ
ခြေသလုံးကြွက်သား နာကျင်နေပြီဆိုရင် လမ်းလျှောက်ရတာ မကောင်းသလို လှုပ်ရှားရတာလည်း မကောင်းပါဘူး။ ဒီတစ်ခေါက်တော့ သတိထားနိုင်စေဖို့ ခြေသလုံးကြွက်သား ဘာလို့ နာကျင်နေတာလဲ ….. ဆိုတာကို ပြောပြပေးချင်ပါတယ်။လူ့ခန္ဓာကိုယ်မှာ ကြွက်သားတွေကလည်း အရေးပါတဲ့ အစိတ်အပိုင်းတွေပါပဲ။ ကြွက်သားဆိုတာ ခန္ဓာကိုယ်ကြီး လှုပ်ရှားသွားလာမှုတွေမှာ အထောက်အကူပြုတဲ့အရာတွေဖြစ်ပါတယ်။ဒီကြွက်သားထုတွေထဲမှာမှ ခြေသလုံးကြွက်သားဟာလည်း အရေးပါတဲ့ အစိတ်အပိုင်းတစ်မျိုးပါပဲ။ ဒူးအောက်ဘက် ခြေထောက်နောက်ကျောဘက်မှာ တည်ရှိနေတဲ့ကြွက်သားအစုအဖွဲ့ကိုခြေသလုံးကြွက်သားလို့ ခေါ်ကြပါတယ်။ဒီကြွက်သားတွေက လူတွေ လမ်းလျှောက်နိုင်ဖို့နဲ့ လှုပ်ရှားပြေးလွှားနိုင်ဖို့ အဓိကအကျဆုံး အစိတ်အပိုင်းတွေပါပဲ။ တစ်ခါတစ်ရံမှာ ဒီကြွက်သားတွေ နာကျင်နေတာမျိုး သင်တို့ကြုံဆုံရနိုင်ပါတယ်။ခြေသလုံးကြွက်သား ဘာလို့ နာကျင်နေတာလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။အကြောင်းအမျိုးမျိုးကြောင့်ခြေသလုံးကြွက်သားတွေနာကျင်နေနိုင်ပြီး သာမန်ပြဿနာလေးကနေ ဆိုးရွားတဲ့ကျန်းမာရေးပြဿနာကြီးတွေအထိ အမျိုးမျိုးလည်း ဖြစ်နိုင်ခြေရှိထားပါတယ်။ ဒါကြောင့် ခြေသလုံးကြွက်သားနာကျင်တယ်ဆိုရင် ဘယ်လိုအကြောင်းအရင်းတွေကြောင့်ဖြစ်နိုင်လဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/why-does-my-calf-muscle-hurt/
အမြင်အာရုံဝေဝါးခြင်း ပြဿနာများအကြောင်း
ကမ္ဘာတစ်ဝန်းမှာ အမြင်အာရုံဝေဝါးခြင်း ပြဿနာကို ခံစားရတဲ့ လူနာတွေ  အများကြီး ရှိပါတယ်။ သူတို့ဟာ အကြောင်းအမျိုးမျိုးကြောင့်အမြင်ဝေဝါးကြတာဖြစ်ပြီး အများစုက အလွယ်တကူကုသလို့ရပါတယ်။ ဒီလို ကုသနိုင်ဖို့ဆိုရင်တော့ ကိုယ်အမြင်အာရုံချို့ယွင်းခြင်းဖြစ်နေတာကို စောစောသိဖို့ လိုပါတယ်။ စောစောသိမှ စောစောကုသမှု ခံယူလို့ရမှာပါ။ အမြင်အာရုံဝေဝါးခြင်းက အမြင်ပြဿနာသက်သက် မဟုတ်ပါဘူး။ ကြာလာတာနဲ့အမျှ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ထိခိုက်နိုင်ပြီး မတော်တဆထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။အနီးမှုန်ခြင်းက ဖြည်းဖြည်းချင်း ဖြစ်လာပြီး ကြာလာလေလေ ပိုဆိုးလေလေပါ။ အသက်ကြီးလာတာနဲ့အမျှ ဖြစ်နိုင်ခြေ ပိုမြင့်လာပါတယ်။ အထူးသဖြင့် အသက် ၄၀ဝန်းကျင်လောက်ဆို စဖြစ်တတ်ပါတယ်။ သတိထားရမယ့် လက္ခဏာတွေက။-အရင်ကနဲ့ မတူဘဲ တစ်ခုခုကို ခပ်ခွာခွာကြည့်မှ မြင်ရရင်။-ပုံမှန်အကွာအဝေးနဲ့ စာဖတ်လို့ မရဘဲ ဝေဝါးသွားရင်။-အနီးကပ် စာတွေဖတ်၊ အသေးစိတ်အာရုံစိုက်ပြီး အလုပ်လုပ်ပြီးတဲ့အခါ မျက်ရိုးတွေ၊ ခေါင်းတွေကိုက်လာရင် အနီးမှုန်များလားလို့ သံသယဖြစ်သင့်ပါတယ်။ပင်ပန်းနေတဲ့အချိန်၊ အလင်းရောင် ကောင်းကောင်း မရတဲ့အချိန်မှာ လုပ်ရရင် ပိုပြီး ခံစားရပါတယ်။ အသက်ကြီးမှဖြစ်တယ်ဆိုပေမယ့် ဆီးချို၊ နှလုံးရောဂါ၊ multiple sclerosis လိုမျိုး အာရုံကြောရောဂါတွေ ရှိနေမယ်ဆိုရင် ၄၀မတိုင်ခင်မှာ ဖြစ်ဖို့ အလားအလာများပါတယ်။ ဒါ့ပြင် စိတ်ကျရောဂါကုဆေးတွေ၊ အလာဂျီကုဆေးတွေ၊ ဆီးဆေးတွေ သောက်နေရရင်လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ အနီးမှုန်နိုင်ခြေများပါတယ်။အဝေးမှုန်တာကလည်း အနီးမှုန်တာလိုပဲ ဖြည်းဖြည်းချင်း ပိုဆိုးလာတဲ့ ပြဿနာပါ။ အသက်ငယ်ငယ်လေးနဲ့ ဖြစ်နိုင်တယ်ဆိုတာ သတိထားပါ။ ကလေးဘဝတည်းက ဖြစ်နိုင်ပြီး စာသင်တဲ့ အရွယ်ဆို အဝေးမှုန်တာ ပိုသိသာပါတယ်။ နောက်ဆုံးတန်းကကလေးက ရှေ့ကျောက်သင်ပုန်းက စာကို မမြင်တာမျိုးပါ။လက္ခဏာတွေကတော့ အဝေးက ပစ္စည်းတွေကို သေချာမမြင်တာကြောင့် မျက်မှောင်ကျုံ့ကြည့်ရတာ၊ ခေါင်းတွေ၊ မျက်ရိုးတွေ မကြာခဏကိုက်တာ၊ ညဘက်ကားမောင်းရင် အခက်တွေ့တာ စတာတွေပဲဖြစ်ပါတယ်။ကလေးတွေမှာဆိုရင်တော့ ကောင်းကောင်းမပြောနိုင်တဲ့အတွက်  သူတို့ကို သတိထားပြီး စောင့်ကြည့်ရပါတယ်။ စာသင်ချိန်မှာ ကျောက်သင်ပုန်းကို မျက်မှောင်ကျုံ့ကြည့်နေရသလား၊ ကျောက်သင်ပုန်းနဲ့ ကပ်ပြီး နေသလား၊ တီဗွီကို ကပ်ကြည့်သလား၊ အဝေးက ပစ္စည်းတွေကိုပြတဲ့အခါ မမြင်ဘူးလား၊ ခဏခဏ မျက်တောင်ခတ်တာ၊ မျက်လုံးပွတ်တာတွေ လုပ်နေရသလား စတဲ့အချက်တွေကို စောင့်ကြည့်ဖို့လိုပါတယ်။ဒါကလည်း အဖြစ်များတဲ့ အနီးမှုန်ပြဿနာတစ်မျိုးပါပဲ။ အဓိကကတော့ အရာဝတ္တုတွေကို အနီးကပ်ကြည့်တဲ့အခါ အလင်းတန်းတွေက မြင်လွှာပေါ်မကျဘဲ မြင်လွှာကို ကျော်ပြီး အနောက်မှာ သွားပေါ်တဲ့အတွက် ကောင်းကောင်းမမြင်ရဘဲ ဝါးနေတာမျိုးပါ။ မျက်လုံးအလျားတိုတဲ့သူ၊ မျက်ကြည်လွှာပြားတဲ့သူ၊ မျက်လုံးမှန်ဘီလူး ကောင်းကောင်း မခုံးတဲ့သူတွေမှာ ဒီပြဿနာဖြစ်တတ်ပါတယ်။ ငယ်ငယ်လေးနဲ့ အနီးမှုန်နေတယ်ဆို စလင်ဒါများလားလို့ စဉ်းစားပြီး ဆရာဝန်နဲ့ ပြသသင့်ပါတယ်။အရာဝတ္ထုတစ်ခုခုကို ကြည်ကြည်လင်လင် မြင်ရဖို့ဆိုရင် မျက်စိကြွက်သားတွေက ဒီအရာဝတ္ထုကို ကြည့်တဲ့နေရာမှာ အတူတူအားစိုက်ရပါမယ်။ ဒီလိုအားစိုက်ဖို့ကိုတော့ ဦးနှောက်ကထိန်းချုပ်ပါတယ်။ဒါကြောင့် ဦးနှောက် ဒါမှမဟုတ် မျက်လုံးကြွက်သားမကောင်းတဲ့သူတွေမှာ မျက်စိစွေတဲ့ ပြဿနာတွေ့ရပါတယ်။ ဥပမာ ဆီးချို၊ သိုင်းရွိုက်ကြောင့် မျက်လုံးထိခိုက်တာ၊ ဦးနှောက်အကျိတ်၊ လေဖြတ်တာ၊ ခေါင်းထိခိုက်ဒဏ်ရာရတာ၊ ခွဲစိတ်မှုလုပ်ရင်း မျက်လုံးကြွက်သားတွေ ထိခိုက်တာ စတာတွေပဲ ဖြစ်ပါတယ်။ များသောအားဖြင့်တော့ ကလေးဘဝတည်းက မျက်စိစွေတဲ့ ပြဿနာရှိတတ်ပါတယ်။ တချို့ကျတော့လည်း လူကြီးပိုင်းရောက်မှ ဖြစ်ပါတယ်။မျက်စိစွေတာက အပြင်လူအနေနဲ့ ဒီတိုင်းကြည့်လို့ သိသာပါတယ်။ ဘာမှမဟုတ်ဘူးလို့ ထင်ရပေမယ့် စွေတဲ့သူမှာ နှစ်ထပ်မြင်တာ၊ မျက်လုံးကို တစ်ခုခုက ဆွဲထားသလို ခံစားရတာ၊ စာဖတ်ရခက်တာ၊ တစ်ခုခုကို ကြည့်ပါ ခေါင်းပါလှည့်ရတာ စတဲ့ ပြဿာနာတွေ ရှိတတ်ပါတယ်။ကြက်မျက်သင့်တယ်ဆိုတာ အမှောင်ထဲမှာ မမြင်ရတာကို ပြောတာပါ။ သာမန်အားဖြင့်တော့ အမှောင်ထဲရောက်သွားရင် စစချင်းဆို မျက်လုံးပြာပြီး မမြင်ရပါဘူး။ ခဏနေရင် ကျင့်သားရသွားပြီး ရှင်းရှင်းလင်းလင်း မဟုတ်တောင် ခပ်ရေးရေးပြန်မြင်ရပါတယ်။ ကြက်မျက်သင့်တဲ့သူတွေကျတော့ ဒီလိုခပ်ရေးရေးတောင် ပြန်မမြင်နိုင်ပါဘူး။များသောအားဖြင့် အဝေးမှုန်တဲ့သူတွေ၊ ရေတိမ်၊ အတွင်းတိမ် ရှိတဲ့သူတွေ၊  ဆီးချိုရှိတဲ့သူတွေမှာ တွေ့ရတတ်ပါတယ်။ ကလေးတွေမှာဆိုရင်တော့ ဗီတာမင်အေ ချို့တဲ့တာကြောင့် အဖြစ်များပါတယ်။ကြက်မျက်သင့်တာက လက္ခဏာတစ်ခုသာဖြစ်ပြီး ဘာကြောင့် ဖြစ်တာလဲဆိုတာကို အကြောင်းအရင်းရှာဖို့ လိုပါတယ်။အဓိကက အနီရယ် အစိမ်းရယ် တစ်ခါတလေ အပြာရယ်ကို မခွဲခြားနိုင်တာပါ။ ဦးနှောက်ထဲမှာ အရောင်ကို ခံစားနိုင်တဲ့ cone cellsလို့ ခေါ်တဲ့ ဆဲလ်လေးတွေ မရှိတာ ဒါမှမဟုတ် ကောင်းကောင်း အလုပ်မလုပ်တာကြောင့် ဖြစ်တတ်ပါတယ်။ တချို့ကျတော့ မီးရောင်မှိန်မှာ အရောင်မခွဲခြားနိုင်တာပါ။ သူတို့ကတော့ သိပ်မဆိုးပါဘူး။ တချို့က မီးရောင်နဲ့ မဆိုင်ဘဲ ဘယ်လိုမှ အရောင်မခွဲနိုင်တဲ့သူတွေလည်း ရှိပါတယ်။အရောင်မခွဲနိုင်တဲ့သူတွေက နေ့စဉ်ဘဝမှာ အခက်အခဲလေးတွေတော့ တွေ့ရနိုင်ပါတယ်။ ဥပမာ အသားတွေ ကျက်မကျက် မသဲကွဲတာမျိုး၊ အသီးမှည့်မမှည့် မသိတာမျိုး၊ မီးပွိုင့်တွေ ကောင်းကောင်းမကြည့်တတ်တာမျိုး ဖြစ်တတ်ပါတယ်။ ကံကောင်းတာက သူတို့အတွက် သီးသန့်ထုတ်ထားတဲ့ မျက်မှန်တွေနဲ့ အရောင်မှန်အောင် ပြန်ညှိလို့ရပါတယ်။အမြင်အာရုံဝေဝါးခြင်း ပြဿနာအများစုကမျက်မှန်တွေ၊မျက်ကပ်မှန်တွေနဲ့ ပြုပြင်လို့ရသလို ခွဲစိတ်ပြီး ကုသလို့ရတာတွေလည်း ရှိပါတယ်။အမြင်အာရုံဝါးရုံနဲ့တော့ အသက်အန္တရာယ်မထိခိုက်နိုင်ပေမယ့် နောက်ဆက်တွဲအနေနဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ မတော်တဆမှုတွေ ဖြစ်နိုင်လို့ သတိထားသင့်ပါတယ်။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/vision-impairment-loss/vision-impairment/
သင်ဟာထိခိုက်လွယ်တဲ့ အသားအရေ ပိုင်ရှင်တစ်ယောက်လား။ ဒါလေးတွေ သိထားဖို့ လိုတယ်နော်။ ။
ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်လောက် အလှကုန်ပစ္စည်းဝယ်ရတဲ့နေရာမှာ အလုပ်ရှုပ်တာ မရှိပါဘူး။ သူများတွေ လှတော့ကိုယ်လည်းလှချင်တယ်။ ဒါလေးကကောင်းတယ်၊ ဟိုဟာလေးကကောင်းတယ်ဆိုပြီးညွှန်းကြတော့ လိုက်ဝယ်သုံးတယ်။ ဒီလိုနဲ့ ကံဆိုးသူမယ်ရှင် အဖြစ် ကံစမ်းမဲပေါက်တော့တာပဲ။ ကိုယ်အသားအရေက ထိခိုက်လွယ်နေတော့ သူများတွေနဲ့ အကုန်တည့်တာတွေက ကိုယ့်ကျမှ မတည့်ဖြစ်ပြီးဓါတ်မတည့်မှုတွေဖြစ်လို့မျက်နှာလေးက အဖုအပိန့်တွေ၊ အနီကွက်တွေနဲ့ ခြောက်သရောင်းပြီး ရုပ်ဆိုးသွားပါရော။ ဒါကြောင့် ထိခိုက်လွယ်တဲ့အသားအရေ ပိုင်ရှင်တွေအနေနဲ့ ဘာတွေကို သိထားသင့်လဲဆိုတာနဲ့ ပက်သက်ပြီးပြောပြပေးတော့မှာပါ။ ။ဘူးပေါ်မှာ ရှာရမယ့် အဓိက စာလုံးကတော့ “ for sevsitive skin ” ( ထိခိုက်လွယ်တဲ့အသားအရေ ပိုင်ရှင်များအတွက် “ Gentle on skin” ( ပြင်းအားပျော့) ဆိုတာတွေ ဖြစ်ပါတယ်။ ကိုယ် အသားအရေက ထိခိုက်လွယ်နေတာဆိုတော့ ကိုယ်ဝယ်မယ့် အလှကုန်ထဲပါတဲ့ ပါဝင်ပစ္စည်းတွေက နည်းလေ ကောင်းလေပါပဲ။ အရေးအကြီးဆုံးကတော့ ထိခိုက်လွယ်တဲ့ အသားအရေတွေနဲ့ လုံးဝမတည့်တဲ့ bleach,alcohol, ammonia, ethylene glycol monobutyl acetate, sodium hypochlorite, and trisodium phosphate တို့ မပါတဲ့ ထုတ်ကုန်တွေကိုသာ ရွေးသုံးပါ။မျက်နှာခဏခဏသစ်တာတို့၊ ရေအကြာကြီးစိမ်ချိုးတာတို့လုပ်ရင် အရေပြားပေါ်ကအဆီေတွကို ရေက ဖယ်ရှားလိုက်သလိုဖြစ်လို့ သင့်အသားအရေ ခြောက်သွားတော့မှာပါ။ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်ဆိုရင် နဂိုတည်းကမှအသားခြောက်ရတဲ့အထဲ ခုလိုတွေလုပ်ရင် အရေပြားက စိုပြေမှုမရှိတော့ဘဲ ကျိန်းစပ်နေတော့မှာ ဖြစ်လို့ သင်လိမ်းမယ့် အလှကုန်ပစ္စည်းတွေကို ဘယ်လိုမှ ခံနိုင်ရည်ရှိတော့မှာမဟုတ်ပါဘူး။ ။မျက်နှာလေး နုပျိုနေဖို့အတွက်ဆဲလ်သေတွေဖယ်ရှားဖို့ လိုအပ်ပါတယ်။ ဆဲလ်သေတွေကို မဖယ်ရှားဘူးဆိုရင် မျက်နှာပြင်က တောက်ပမှုမရှိတော့ဘဲ ညစ်နေပါလိမ့်မယ်။ မျက်နှာက အသားအရေ ခြောက်လေလေ ဆဲလ်သေတွေလဲ အများကြီးရှိလေလေပါ။ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေရဲ့ မျက်နှာ အသားအရေတွေက ခြောက်တဲ့အတွက် ဆဲလ်သေအများကြီး ရှိတယ်ဆိုပြီး ဆဲလ်သေတွေဖယ်ဖို့ မျက်နှာကို scrub တွေ အရမ်းမလုပ်မိဖို့ အရေးကြီးပါတယ်။ မျက်နှာပြင် အသားအရေတွေပွန်းသွားနိုင်လို့ပါ။ ဒါကြောင့် တစ်ပတ်ကို တစ်ခါပဲ မျက်နှာကို scrub လုပ်ပါ။ ကိုယ်သုံးတဲ့ scrub ထုတ်ကုန်တွေက sensitive skinအတွက် ထုတ်ထားတာတွေ ဖြစ်ဖို့လည်း လိုအပ်ပါတယ်။ကိုယ့်အသားအရေက ထိခိုက်လွယ်နေတဲ့အတွက် အလှကုန်တွေပဲ ဝယ်ဝယ်၊ ရေမွှေးပဲ ဝယ်ဝယ် ကိုယ်နဲ့တည့်မတည့် အရင်စမ်းကြည့်သင့်ပါတယ်။ “ for sensitive skin ” ထိခိုက်လွယ်တဲ့ အသားအရေအတွက် ထုတ်ထားတယ်ဆိုပြီး မျက်စိမှိတ်ယုံလိုက်လို့လည်း မရပါဘူး။ ဒါကြောင့် ကိုယ်တစ်ခုခုဝယ်တော့မယ်ဆိုရင် အရင်ဆုံး လက်အတွင်းသားလေးပေါ်မှာ တစ်ချက်အရင်လိမ်းကြည့်ပါ။ ပြီးရင် shopping mall ကို တစ်ပတ်ပတ်လိုက်ပါ။ တစ်ပတ်ပတ်ပြီးတဲ့ အချိန်ထိ လက်အတွင်းသားလေး နီရဲနေတာ၊ ယားနေတာ၊ အဖုအပိန့်ထနေတာမျိုး မရှိဘူုးဆိုရင် ဝယ်လို့ရပါပြီ။အလှကုန်တော်တော်များများက လူကြိုက်များလောက်တဲ့အမွှေးနံ့တွေပါအောင် ထုတ်ထားကြတာများပါတယ်။ လိမ်းလိုက်ရင် အနံ့လေးက မွှေးမွှေးလေးဆို ပိုသဘောကျတယ်မဟုတ်လား။ ဒီလို သဘောကျတဲ့သူတွေထဲမှာ ထိခိုက်လွယ်တဲ့အသားအရေ ပိုင်ရှင်တွေပါလို့မရဘူးနော်။ အမွှေးနံ့ဆိုတာ ထိခိုက်လွယ်တဲ့အသားအရေ ပိုင်ရှင်တွေ ထိပ်ဆုံးက ရှောင်ရမယ့်အရာတစ်ခုပါ။ ဒါကြောင့် အလှကုန်ဝယ်ရင် “Fragnance Free” ဆိုတဲ့ ဘာအမွှေးနံ့မှ ထည့်မထားတဲ့ ထုတ်ကုန်တွေကိုသာ ရွေးဝယ်ပါ။ရေစိုခံ၊ချွေးစိုခံအောင် ထုတ်ထားတဲ့ ၂၄ နာရီ ကြာ မပျက်ဘဲ စစလိမ်းတဲ့အတိုင်းလှနေရမယ်ဆိုတဲ့ ထုတ်ကုန်တွေကို ထိခိုက်လွယ်တဲ့အသားအရေ ပိုင်ရှင်တို့ ထိပ်ဆုံးက ရှောင်ရပါလိမ့်မယ်။ သူတို့ကချွေးပေါက်ေတွကို ပိတ်စေပြီးအဆီဖုေလးတွေ ဖြစ်စေလို့ပါ။ ဒါကြောင့် ကိုယ်ဝယ်မယ့် အလှကုန်တွေမှာnoncomedogenicဆိုတဲ့ စာလုံးလေးပါဖို့ ထိခိုက်လွယ်တဲ့အသားအရေ ပိုင်ရှင်တို့ သတိထားစစ်သင့်ပါတယ်။မျက်နှာက ခြောက်တဲ့အတွက်ရေဓါတ်ြပည့်ဝဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ရေများများသောက်ပါ။ ထိခိုက်လွယ်တဲ့အသားအရေအတွက် သီးသန့်ထုတ်ထားတဲ့ ရေဓါတ်ပြည့် moisturizer တွေကို ရွေးဝယ်ပါ။ကိုယ်နဲ့ မတည့်တဲ့ အလှကုန်ပစ္စည်းတစ်ခုကို ပထမ တစ်ခါကတော့ မသိလို့ဝယ်သုံးမိလိုက်တယ်။ နောက်တစ်ခါ အဲ့ဒီဟာကိုပဲ ထပ်ဝယ်သုံးမယ်ဆိုရင် တော့ သင့်လောက်မိုက်တဲ့သူမရှိပါဘူး. ဒါကြောင့် ကိုယ်နဲ့ မတည့်တဲ့ အလှကုန်ပစ္စည်းတွေကို သေချာမှတ်ထားပါ။ သူတို့ကို ရှောင်ပါ။ထိခိုက်လွယ်တဲ့ အသားအရေ ပိုင်ရှင်တွေအနေနဲ့ ကိုယ်နဲ့တည့်တဲ့ ထုတ်ကုန်တစ်ခု တွေ့ပြီဆိုလို့ကတော့ မလွတ်တမ်း အဲ့ဒီတစ်မျိုးတည်းကိုပဲ စွဲသုံးပါ။ တစ်ခြားဟာတွေ ဘယ်လောက်ကောင်းကြောင်း ဘယ်သူတွေဘာပြောပြော နားမယောင်လိုက်ပါနဲ့။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/sensitive-skin/
သွေးကြောထုံးခြင်းနှင့် ပင့်ကူမျှင်ပုံစံသွေးကြောဖြစ်ပေါ်ခြင်းတို့အတွက် သိသင့်သည့် အကြောင်းအရာများ။
ကုသမှုရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လက္ခဏာတွေ သက်သာဖို့နဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။ သင့်မှာ လက္ခဏာတွေ အများကြီး မရှိခဲ့ရင် ဆရာဝန်က နေထိုင်ပုံကို ပြောင်းလဲဖို့ အကြံပေးမှာ ဖြစ်ပါတယ်။ နေထိုင်ပုံ ပြောင်းလဲပေမယ့် မသက်သာဘူးဆိုရင် (သို့) ပိုမိုပြင်းထန်တဲ့ လက္ခဏာတွေ ရှိတယ်ဆိုရင် ဆေးကုသမှု ယူသင့်ပါတယ်။သွေးကြောထုံးခြင်းနဲ့ ပင့်ကူမျှင်သွေးကြော ဖြစ်ပေါ်ခြင်းကို အပြည့်အဝ မကာကွယ်နိုင်ပါဘူး။ ဒါပေမယ့် ရိုးရှင်းတဲ့အဆင့်တွေနဲ့ ဖြစ်ပွားနှုန်းကို လျော့ကျစေနိုင်ပါတယ်။သွေးကြောထုံးခြင်းနဲ့ ပင့်ကူမျှင်သွေးကြော တွေဟာ လူတိုင်းမှာ ဖြစ်နိုင်ပါတယ်။ သွေးကြောတိုင်းဟာ ထုံးနိုင်ပါတယ်။ ဒါပေမယ့် ခြေထောက် (သို့) မျက်နှာက သွေးကြောတွေမှာ အဖြစ်များပါတယ်။ သွေးကြောထုံးတွေဟာ ကြီးမားပြီးတော့ ပင့်ကူမျှင်သွေးကြောတွေကတော့ သေးငယ်ပါတယ်။ သူတို့နှစ်ခုလုံးကို ကုသနိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%91%e1%80%af%e1%80%b6%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba/
သင် နားကိုက် တာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။
နားကိုက်တာကို တော်တော်များများ ခံစားဖူးကြမယ် ထင်ပါတယ်။ နားကိုက်တာကို ဘယ်လိုအရာတွေက နားကိုက်စေနိုင်လဲ ဆိုတာကိုရော သိပြီးပြီးလား! ဒါဆိုရင်တော့ သင် နားကိုက် တာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဘာတွေကြောင့်လဲဆိုတာကို ကိုယ်တိုင် လေ့လာလိုက်ပါ။နားကိုက်တယ်ဆိုတာ သိပ်ကို ခံရခက်တဲ့ ရောဂါပါ။ ဘာကြောင့်ကိုက်လဲဆိုတာ ထားဦး။ လက်ရှိကိုက်နေတဲ့ အနေအထားကနေ အမြန်သက်သာချင်တာ လူနာတိုင်းရဲ့ ဆန္ဒပါပဲ။ နားကိုက်တာက အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ တစ်ဖက်တည်း ကိုက်နိုင်သလို နှစ်ဖက်လုံးကိုက်တာလည်း ဖြစ်နိုင်ပါတယ်။ နားကိုက်တာက ကြာနေပြီဆိုရင် ဒီတိုင်း ပစ်မထားသင့်ပါဘူး။ ကြာလာရင်နားမကြားတော့တာ ဖြစ်လာနိုင်လို့ အကြောင်းရင်းကို ရှာပြီး ကုသရမှာပါ။နားပိုးဝင်တာကြောင့်ဆို ပိုဆိုးပါတယ်။ ဒီတိုင်းထားလိုက်ရာက ပိုးက ဦးနှောက်ထဲရောက်ပြီးဦးနှောက်အမြှေးရောင်တာအထိ ဖြစ်နိုင်လို့ပါ။နားကို ထိခိုက်ဒဏ်ရာရတာ၊ ပိုးဝင်တာ၊ တခြား အကြောင်းရင်း တစ်ခုခုကြောင့် နားကို လာထိခိုက်ပြီး ကိုက်တာ (ဥပမာ သွားကိုက်တာက နားကို ပျံ့ပြီးကိုက်တာ) အမျိုးစုံ ဖြစ်နိုင်ပါတယ်။ အသေးစိတ်ပြောရရင်တော့။နားကိုက်ရတဲ့ အကြောင်းရင်းထဲမှာ အဖြစ်အများဆုံးကတော့ နားပိုးဝင်တာပါပဲ။ ပိုးဝင်တာက နားရဲ့ အပြင်၊ အလယ်၊ အတွင်း သုံးနေရာလုံးမှာ ဖြစ်နိုင်ပါတယ်။ နားအပြင်ပိုင်းမှာ ပိုးဝင်တာက ရေကူးတာ၊ နားကြားကိရိယာတွေ တပ်တာ၊ နားကြပ်တပ်တာ၊ နားထဲကို ဂွမ်းဆို့တာ၊ လက်ချောင်းနဲ့ ထိုးတာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ နားအပြင်က အရေပြားကို ခြစ်မိတဲ့အခါ၊ ပွတ်တိုက်မိတဲ့အခါ ပိုးဝင်တတ်ပါတယ်။ ရေဝင်တဲ့အခါကျတော့ နားက စိုစွတ်နေပြီး ဘက်တီးရီးယားတွေ ပေါက်လွယ်ပါတယ်။ နားအလယ်ပိုင်းနဲ့ အတွင်းပိုင်းကကျတော့အသက်ရှူလမ်းကြောင်းက ပိုးဝင်ပြန့်လာလို့ ပိုးဝင်တာ များပါတယ်။-နားထဲမှာ ဖိအားပြောင်းသွားတာ (ဥပမာ လေယာဥ်စီးလို့ဖြစ်ဖြစ်)။–နားဖာချေးဆို့နေတာ။–နားထဲမှာ ပစ္စည်းတစ်ခုခု ဝင်နေတာ။-လည်ပင်းနာ ရောဂါပိုးဝင်နေတာ (strep throat)။-နားထဲမှာ ရေဝင်တာ ဒါမှမဟုတ် ခေါင်းလျှော်ရည် ဝင်နေတာ။-နားဖာကလော်တဲ့ ဂွမ်းဆို့နေတာ။-မေးရိုးနာနေတာ။–နားစည်ပေါက်တာ။-သွားကိုက်တာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။လူကြီးတွေမှာ ဆိုရင်တော့။ကလေးတွေမှာဆိုရင်တော့။နားကိုက်တာအပြင် ကလေးမှာ အဖျား ၁၀၄နဲ့အထက်၊ ကလေးငယ်လေးတွေမှာ အဖျားနဲ့ ၁၀၁နဲ့အထက် ဖြစ်လာပြီဆိုရင် ဆရာဝန်နဲ့ ပြသင့်နေပါပြီ။ လူကြီးတွေမှာ ဆိုရင်တော့ နားနာနေရာကနေ ရုတ်တရက် အနာပျောက်သွားရင် သတိထားပါ။ နားစည်ပေါက်တာ ဖြစ်နိုင်ပါတယ်။ အောက်ကအခြေအနေတွေမှာ ဆိုရင်လည်း ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။ဘယ်လိုနားကိုက်တာပဲ ဖြစ်ဖြစ် ၂ရက်နေလို့မှ မသက်သာရင် ဆရာဝန်နဲ့ သွားပြတာ အကောင်းဆုံးပါပဲ။တချို့သော နားကိုက်စေတဲ့အကြောင်းတွေကတော့ ကာကွယ်လို့ရပါတယ်။ ဥပမာ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/ear-conditions/causes-of-earaches/
အမြင်အာရုံ မှာ ဒီလိုတွေ ဖြစ်လာပြီဆိုရင် သတိထားပါ။
နေ့စဉ်ကြည့်နေကျမျက်လုံးတွေက အရာရာကို ရှင်းရှင်းလင်းလင်း မြင်နေရတယ်ဆိုတာ မင်္ဂလာတစ်ပါးပါပဲ။ သာမန်အားဖြင့်တော့ ဒါကို ကျွန်တော်တို့ သတိမပြုမိကြပါဘူး။ တစ်နေ့မှာ အမြင်တွေ ဝါးလိုက်တာ၊ မျက်လုံးတွေ နီနေတယ် စသဖြင့် ဝေဒနာတွေ ခံစားရပြီဆိုရင်တော့ မျက်လုံးကျန်းမာရေးကို စစ်ဆေးဖို့ သတိရလာကြပါပြီ။ ဒါကြောင့် အောက်ကအမြင်အာရုံပြဿနာတွေ  ခံစားနေရပြီဆို ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ အကြံပေးပါရစေ။မျက်လုံးနီတာက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပြီး နီရုံအပြင်မျက်လုံးယားတာ၊ ရောင်တာ၊ နောက်ဆုံး အမြင်အာရုံဆုံးရှုံးတဲ့အထိ ဖြစ်နိုင်လို့ သတိထားရပါမယ်။ ယေဘုယျအားဖြင့်တော့ မျက်လုံးနီတယ်ဆိုတာ မျက်လုံးထဲက သွေးကြောလေးတွေ ရောင်ရမ်းတာကြောင့် မျက်ဖြူသားမျာ ပန်းရောင် ဒါမှမဟုတ် အနီရောင် ဖြစ်လာတာပါ။မျက်လုံးနီတာက သာမန်ပဲ ဖြစ်နိုင်သလို ပိုးဝင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ရက်အတော်ကြာအောင် နီနေပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်နေပါပြီမျက်လုံးနီစေတဲ့ အကြောင်းရင်းတွေထဲမှာ မျက်ခွံရောင်တာ၊ မျက်ဖြူသားရောင်တာ၊ မျက်လုံးထဲကို ဓာတ်မတည့်တာ တစ်ခုခုဝင်သွားတာ၊ မျက်လုံးအတွင်းပိုင်းက သွေးကြောရှိတဲ့ နေရာလေး ရောင်ရမ်းတာ စတာတွေက အဖြစ်အများဆုံးပါပဲ။ပုံမှန်ဆိုရင် အမှောင်ရောာက်သွားပြီး ခဏလောက်နေရင် မျက်လုံးက ကျင့်သားရသွားပြီး အတောာ်အတန်မြင်ရပါပြီ။ ကြက်မျက်သင့်တဲ့သူတွေကတော့ အမှောင်ထဲမှာ ဘာဆို ဘာမှမမြင်နိုင်ပါဘူး။ အထူးသဖြင့် အတွင်းတိမ်ရှိတဲ့သူ၊ ဗီတာမင်အေ ချို့တဲ့တဲ့ ကလေးတွေမှာ ဒီပြဿနာအဖြစ်များပါတယ်။ခေါင်းကိုက်တယ်လို့ ပြောရင် ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ သာမန် စိတ်ပင်ပန်း၊ လူပင်ပန်းလို့ ကိုက်နိုင်သလို အမြင်အာရုံပြဿနာတွေမှာလည်း ခေါင်းကိုက်နိုင်တယ်ဆိုတာ မေ့မထားသင့်ပါဘူး။ရေတိမ်မှာ မျက်လုံးတွင်းအရည်ဆင်းတဲ့ အပေါက်ပိတ်သွားရင်တင်းပြီး ခေါင်းကိုက်နိုင်သလို မျက်မှန်ပါဝါ၊ ဆလင်ဒါပါဝါ မကိုက်တာ၊ မျက်လုံးကို အလင်းရောင် စူးစူးထိုးမိလို့ ခေါင်းကိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ရေတိမ်ကြောင့်ဆိုရင်တော့ အရေးပေါ်ဆေးကုသမှုခံယူဖို့လိုပါမယ်။ ဒါမှ အမြင်အာရုံ ဆုံးရှုံးတာကို ကာကွယ်နိုင်မှာပါ။ဆိုလိုတာက အလင်းရောင်ရှိတဲ့နေရာမျာနေရင် စိတ်ရှုပ်လာတာ၊ သက်သောင့်သက်သာမဖြစ်တာမျိုးပါ။ Photophobia အလင်းရောင် ကြောက်တဲ့သူလို့ ခေါ်ဝေါ်ကြပါတယ်။ အခြေအနေ သိပ်မဆိုးတဲ့သူဆို လင်းတဲ့နေရာမှာ နေရင် သူ့မျက်လုံးထဲကို အလင်းရောင်မဝင်အောင်  မျက်မှောင်ကျုံ့ထားတတ်ပါတယ်။ အခြေအနေဆိုးတဲ့သူဆိုရင်တော့ အလင်းနဲ့ ထိတွေ့တာနဲ့ကိုမျက်လုံးတွေ နာတဲ့အထိ ပြင်းထန်တတ်ပါတယ်။ဒီလိုအလင်းဒဏ်ကို မခံနိုင်တဲ့ ပြဿနာကို အတွင်းတိမ်၊ မျက်ကြည်လွှာ ပွန်းတဲ့သူတွေ၊ မျက်လုံးမှာ ဓာတ်မတည့်ပြဿနာရှိသူတွေ၊ မျက်စိစွေတဲ့သူတွေမှာ အဓိက တွေ့ရပါတယ်။မျက်လုံးက ကြည့်လိုက်ရင် ရှင်းရှင်းလင်းလင်း မရှိဘဲ အမှုန်တွေ၊ အစက်တွေ၊ မျဉ်းကြောင်းတွေ မြင်နေရတာကိုFloatersလို့ ခေါ်ပါတယ်။ မျက်စိရှေ့မှာ မြင်နေရပေမယ့် တကယ်တမ်း ဒီအမှုန်လေးတွေက မျက်လုံးထဲက အရည်ထဲမှာ မျောပါနေတာပါ။ ဒီဆဲလ်လေးတွေက မြင်လွှာမှာ အရိပ်ပြန်ထင်လို့ မျက်လုံးရှေ့မှာ မြင်နေရတာပါ။များသောအားဖြင့်တော့ ဒီအမှုန်အစက်တွေက အန္တရာယ်မရှိပါဘူး။ အချိန်တစ်ခုလောက်ကြာရင် အလိုလိုသက်သာသွားပါတယ်။ ဒီတိုင်းထက် ပြောင်ရှင်းကြည်လင်နေတဲ့ တစ်နေရာရာ (ဥပမာ နံရံ၊ ကောင်းကင်)ကို ကြည့်တဲ့အခါ ပိုပြီး သတိထားမိတတ်ပါတယ်။တစ်ခါတလေတော့လည်း သာမန်မဟုတ်ဘဲ ရောဂါကြောင့် မြင်နေရတာမျိုးတွေ ရှိတတ်ပါတယ်။ အထူးသဖြင့် ဆီးချိုကြောင့် မျက်လုံးထိခိုက်တာ၊ မြင်လွှာကွာတာ၊ မျက်လုံးထဲက သွေးကြောရှိတဲ့အလွှာ ရောင်ရမ်းတာ စတာတွေမှာလည်း ဖြစ်တတ်ပါတယ်။ဒါကို Flashesလို့ ခေါ်ပြီး တချို့ကလည်းလျှပ်စီးလက်သလို မြင်နေရတယ်၊ တချို့ကလည်း ခေါင်းဆောင့်ပြီး ကြယ်တွေ၊ လတွေ မြင်သလို မြင်ရတယ် စသဖြင့် အမျိုးမျိုးပြောပြကြပါတယ်။ဒီလိုမြင်နေရတာက အသက်ကြီးလာတဲ့အခါ မျက်လုံးတွင်းအရည်က မြင်လွှာကို ပွတ်လို့ ဒါမှမဟုတ် ဖိထားတဲ့အတွက်ပါ။ တစ်ခါတလေတော့လည်း ရောဂါတစ်ခုခုကြောင့် (ဥပမာ မြင်လွှာကွာတာ) ဖြစ်တတ်ပါတယ်။သင့်အနေနဲ့ ရုတ်တရက် မျက်လုံးထဲမှာ ပြိုးပြိုးပျက်ပျက်တွေ  မြင်နေရမယ် ဒါမှမဟုတ် မကြာသေးခင်ကမှ မျက်လုံးခွဲစိတ်မှု လုပ်ထားပြီး ဒီလို မြင်နေရတယ်ဆိုရင် မျက်စိဆရာဝန်နဲ့ ပြသသင့်ပါတယ်။မျက်လုံးခြောက်တဲ့အခါ မျက်လုံးထဲမှာ ခိုးလို့ခုလုခံစားနေရသလို၊ ယားသလို ဖြစ်တတ်ပါတယ်။ သာမန်အားဖြင့်တော့ မျက်လုံးကို စိုစွတ်အောင် မျက်ရည်အလုံအလောက်မရှိဘူးဆိုရင် မျက်လုံးခြောက်ပြီး ယားတတ်ပါတယ်။ဒါ့ပြင် မျက်လုံးရောဂါတွေ ဖြစ်တဲ့ နာတာရှည် မျက်လုံးခြောက်တာ၊ မျက်ခွံရောင်တာ၊ Bell’s palsyလို့ ခေါ်တဲ့ မျက်နှာ တစ်ခြမ်းရွဲ့ပြီး မျက်တောင်ကောင်းကောင်းမခတ်နိုင်တဲ့ အခြေအနေမှာလည်း မျက်လုံးခြောက်နိုင်ပါတယ်။ဆက်တိုက် မျက်ရည်ပူတွေ ကျနေပြီဆိုရင်တော့ သင့်မျက်လုံးမှာ ပြဿနာတစ်ခုခုရှိနေပါပြီ။ မျက်လုံးမှာ တစ်ခုခုဖြစ်နေတာကြောင့် မျက်ရည်တွေထွက်ပြီး မျက်လုံးကို သန့်ရှင်းရေး လုပ်ပေးနေတာမျိုးပါ။ များသောအားဖြင့် မျက်ရည်ပူတွေ အဆက်မပြတ်ကျနေပြီဆိုရင် ဘက်တီးရီးယားဝင်တာလား၊ မျက်ရည်ပြွန်ပိတ်နေလို့လား၊ မျက်ဖြူသား ရောင်တာလား၊ မျက်လုံးခြောက်လို့လား၊ မျက်လုံးထဲကို ဓာတ်မတည့်တာတစ်ခုခု ဝင်သွားလို့လား စသဖြင့် စဉ်းစားရမှာပါ။အမြင်ဝါးတယ်ဆိုတာ မျက်လုံးမှာ ဖြစ်တတ်တဲ့ အဖြစ်များတဲ့ လက္ခဏာတစ်ခုပါ။ အကောင်းကြီးကနေ ရုတ်တရက် အမြင်အာရုံဝါးလာတယ်ဆိုရင် တတ်နိုင်သမျှ မျက်စိဆရာဝန်နဲ့ အမြန်ဆုံးပြဖို့ အကြံပေးပါရစေ။ အမြင်ဝါးစေတဲ့ မျက်လုံးရောဂါတွေကတော့ အသက်ကြီးလာလို့ အမြင်အာရုံ ချို့ယွင်းတာ၊ မျက်လုံးပါဝါမကိုက်တာ၊ အတွင်းတိမ်ရှိနေတာ၊ မြင်လွှာကွာတာ စတာတွေ ဖြစ်နိုင်ပါတယ်။မျက်လုံးနဲ့တစ်ဝိုက်မှာ ရောင်ရမ်းနေပြီဆိုရင်တော့ ခေါင်း၊ ဂုတ်ပိုး၊ မျက်နှာကို တစ်ခုခုထိခိုက်ထားလို့ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မျက်လုံးနဲ့ မျက်ခွံက တစ်ရှူးတွေ ရောင်ရမ်းပြီး ဖောင်းနေတာပဲ ဖြစ်ပါတယ်။ဒဏ်ရာကြောင့် မဟုတ်ဘဲ ရောဂါကြောင့် မျက်လုံးရောင်နိုင်တဲ့ အခြေအနေတွေကတော့ မျက်ခွံရောင်တာ၊ မျက်ရည်ပြွန်ပိတ်တာ၊ မျက်လုံးအရေပြားပိုးဝင်တာ၊ မျက်ဖြူသားရောင်ရမ်းတာ၊ မျက်ကြည်လွှာအနာဖြစ်တာ၊ သိုင်းရွိုက်ဟော်မုန်းရောဂါကြောင့် မျက်လုံးပြူးထွက်လာတာပဲ ဖြစ်ပါတယ်။မျက်လုံးမှာ အထက်ပါလက္ခဏာတွေ ခံစားနေရရင် မပေါ့ဆဘဲ မျက်စိဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ရောဂါအခံကို သေချာကုသလိုက်မယ်ဆိုရင် အမြင်အာရုံဆုံးရှုံးတာကနေ အချိန်မီကာကွယ်နိုင်မှာပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/common-symptoms-of-eyes-diseases/
သင့်အသားအရေက သင့်ထက် အသက်ကြီးနေပြီလား ။ ဒီလို ကာကွယ်လိုက်ပါ ။ ။
မှန်ထဲကြည့်လိုက်တာနဲ့ ကိုယ်က လက်ရှိအရွယ်ထက် ရင့်နေတာမျိုး ဖြစ်ဖူးပါသလား။ ရုပ်ချောတာ၊ ရုပ်ဆိုးတာကို ဆိုလိုတာ မဟုတ်ပါဘူး။မျက်နှာပေါ်က အသားအရေလေးစိုပြေနေလား၊ ခြောက်သွေ့နေလား၊ ချောမွတ်နေလား၊အရေးအကြောင်းများနေလား ဆိုတာကို ပြောတာဖြစ်ပါတယ်။ရွယ်တူ သူငယ်ချင်းတွေကြားထဲမှာလည်း ကိုယ်က ပိုရင့်နေတယ်၊အရေးအကြောင်းတွေလည်းများနေမယ်၊ အသားအရေကလည်း ခြောက်သွေ့ပြီး မစိုပြေတော့ဘူးဆိုရင် အရွယ်မတိုင်ခင် ရင့်ရောက်နေပါပြီ။ ကိုယ့်အသက်ကတော့ ၃၀ ဝန်းကျင် ကိုယ့်ရုပ်ကျတော့ ၅၀ ပါးနီးလောက်ရှိနေတဲ့ အသွင်အပြင်မျိုးဆိုလို့ကတော့ သင်အသားအရေက သင့်ထက် အသက်ကြီးနေပါပြီ။ ။အားလုံးသိတဲ့ အတိုင်းပါပဲ ။ မျက်နှာမှာ အရေးအကြောင်းတွေများနေမယ်၊အသားအရေကခြောက်နေမယ်၊ အရင်လိုလည်း မစိုပြေတော့ဘူး။ ညစ်နွမ်းနွမ်းကြီး ဖြစ်နေမယ်ဆိုရင် သေချာပါတယ်။ သင့်အသားအရေက သင့်ထက် အသက်ကြီးနေပါပြီ။အသက်ကြီးလာလေလေ နုချင်လေလေဖြစ်တာ လူတိုင်းပါ။ ငယ်ငယ်တည်းက အသားအရေ ဂရုမစိုက်ခဲ့ဘဲနဲ့တော့ အသက်ကြီးလာရင် ရွယ်တူတွေထက် နုနေဖို့က ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါဆို တစ်ချိန်ကိုယ် အသက်ကြီးလာတဲ့အခါ “ မထင်ရဘူးနော် နုလိုက်တာ” ဆိုတဲ့ စကားလေးတွေကြားချင်ရင်တော့ ဒီလိုလေးတွေ ဂရုစိုက်ပေးနော်။ ။ဒါတွေကို ငယ်ငယ်တည်းကသာ လုပ်လာမယ်ဆိုရင် ကြီးလာတဲ့အခါ သင့်အသားအရေ နုပျိုနေတော့မှာ အသေအချာပါ။ ဒါပေမယ့် ခုချိန်မှာ နည်းနည်းရင့်နေတဲ့ သူတွေလည်း စိတ်မညစ်ပါနဲ့။ အပေါ်မှာပြောထားတဲ့ နည်းတွေသာ လိုက်နာမယ်ဆိုရင် သင်လည်း ပြန်လည် နုပျိုနိုင်ဖို့ အခွင့်အရေး ရှိပါသေးတယ်လို့ ။ ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/skin-aging/
အရေပြားထိန်းသိမ်းမှုဆိုင်ရာဗဟုသုတများ
နုပျိုလတ်ဆတ်သောအသားအရေကိုနေ့တိုင်းပိုင်ဆိုင်လိုပါ ကအရေပြားကိုအနည်းငယ်ဂရုစိုက်သင့်ပါတယ်။ မနက်ခင်း အသားအရေအခြေအနေသည်ညရှိအသားအရေထိန်းသိမ်း ထားမှုပေါ်တွင်မူတည်ပါတယ်။ ထို့ကြောင့်မနက်ဖြစ်စေည ဖြစ်စေအရေပြားကိုဂရုစိုက်သင့်ပါတယ်။သင့်အရေပြားနှင့်ကိုက်ညီသော facial cleanser နှင့်သန့် စင်ပါ။ သင့်မျက်နှာကိုစက်ဝိုင်းပုံစံနှိပ်နယ်ရန်မမေ့ပါနှင့်။ မျက်နှာကိုသာမန်ဆပ်ပြာနှင့်သစ်ပါကအသားခြောက် စေသောကြောင့်မသစ်သင့်ပါဘူး။ အသားခြောက်ပါကသင့် တော်သော cleanser သို့ cleansing မလုပ်ဘဲရေနွေးနွေး နှင့်သစ်သင့်ပါတယ်။ညဘက်တွင်မျက်နှာသစ်ပါကအရေပြားဆဲလ်အသေများ၊ မိတ်ကပ်နှင့် ဖုန်အညစ်အကြေးများကိုသန့်စင်ပေးနိုင် သဖြင့်အရေးပါသောအဆင့်ဖြစ်ပါတယ်။ cleansing လုပ် ခြင်းဖြင့်အရေပြားပြဿနာများကိုကာကွယ်နိုင်ပြီးskincare လိမ်းလျှင်အရေပြားအတွင်းသို့စိမ့်ဝင်လွယ်စေပါတယ်။ cleansingလုပ်ပါကသန့်ရှင်းနူးညံ့သောအဝတ်နှင့်လုပ်ရန်မ မေ့ပါနှင့်။Water-based serum များသည်အသားခြောက်ခြင်း၊ အိုမင်းရင့်ရော်ခြင်းနှင့် ပတ်ဝန်းကျင်အညစ်အကြေးများမှ ကာကွယ်ပေးပါတယ်။ ထို့ပြင်အရေပြားထဲသို့စိမ့်ဝင်လွယ် စေပါတယ်။ သင့်အရေပြားသည်ဓါတ်မတည့်ဖြစ်တတ်ပါက အရေပြားခြောက်မှ serum လိမ်းသင့်ပါတယ်။ညနေခင်းအချိန်သည်serumလိမ်းရန်အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ retinol ပါသော serum များသည်အလင်း ရောင်ရှိပါကပျက်စီးနိုင်သောကြောင့်အပြင်သွားမည်ဆိုပါက မလိမ်းသင့်ပါဘူး။ retinol ပါသော serum များကိုကိုယ်ဝန် ဆောင်ချိန်၊ နို့တိုက်ချိန်နှင့် အရေပြားဓါတ်မတည့်ဖြစ်လွယ် သူများတွင်မသုံးသင့်ပါဘူး။Eye cream များသည် မျက်နှာလိမ်း cream များထက်ပျော့ သဖြင့် eye cream လိမ်းပါကမျက်လုံးတစ်ဝိုက်ကိုအနည်း ငယ်သာလိမ်းရန်လိုအပ်ပါတယ်။ အရေးအကြောင်းများပေါ် နိုင်သောကြောင့် အရမ်းနှိပ်နယ်တာမျိုးမလုပ်ပါနှင့်။ eye cream လိမ်းပါကသိသိသာသာထူးခြားသောကြောင့်တစ် နေ့နှစ်ကြိမ်လိမ်းသင့်ပါတယ်။အခြားသော skincare ထုတ်ကုန်များကဲ့သို့ပင်သင့်အရေ ပြားနှင့်ကိုက်ညီသော moisturizer ကိုရွေးချယ်သင့်ပါ တယ်။ moisturizer ကိုအများကြီးလိမ်းပါကအဆီပြန်ကာ စီးကပ်ကပ်ဖြစ်စေသောကြောင့်အများကြီးမလိမ်းသင့်ပါဘူး။ အသားအရေခြောက်ပါကညတွင် moisturizer လိမ်းသင့်ပါ တယ်။ အဆီပြန်ပါကထိုအဆင့်ကိုကျော်နိုင်ပါတယ်။Sunscreen သည်နေ့အချိန်တွင်အလွန်အရေးပါသောအ ဆင့်ဖြစ်ပါတယ်။ အပြင်သွားမည်ဆိုပါက sunscreen လိမ်း ရန်မမေ့သင့်ပါဘူး။ sunscreen သည်သင့်အရေပြားကိုနေ ရောင်ခြည်ကြောင့်ထိခိုက်စေခြင်းမှကာကွယ်ပေးပါတယ်။ SPF 30နှင့်အထက် sunscreen ကိုရွေးချယ်သင့်ပါတယ်။သင့်အသားအရေကိုပုံမှန်ထိန်းသိမ်းသွားပါကကောင်းမွန် လှပစေနိုင်ပါတယ်။ နေ့နှင့်ညအရေပြားထိန်းသိမ်းမှုအနည်း ငယ်ကွဲပြားသောကြောင့်အထက်တွင်ဖော်ပြထားသကဲ့သို့ မှန်ကန်သောအရေပြားထိန်းသိမ်းနည်းကိုသိရန်လိုအပ်ပါ တယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%9b%e1%80%b1%e1%80%95%e1%80%bc%e1%80%ac%e1%80%b8%e1%80%91%e1%80%ad%e1%80%94%e1%80%ba%e1%80%b8%e1%80%9e%e1%80%ad%e1%80%99%e1%80%ba%e1%80%b8%e1%80%99%e1%80%be%e1%80%af%e1%80%86%e1%80%ad/
သင့်ကလေး နှာခေါင်းထဲ တစ်ခုခုဝင်သွားတဲ့အခါ ။ ။
တောက်တောက် တောက်တောက် လျှောက်သွားတတ်တဲ့ ကလေးအရွယ်တွေဆိုတာ တကယ်ကို ထိန်းရခက်ပြီး သေချာ ဂရုစိုက်ရမယ့် အရွယ်တွေပါ။ လမ်းကလည်းလျှောက်တတ်ခါစဆိုတော့ ဟိုသွားဒီသွား၊ အစားကလည်းစားတတ်ခါစဆိုတော့ လျှောက်စား၊စူးစမ်းချင်စိတ်ရှိပေမယ့် သေချာလည်း မဝေခွဲတတ်သေးတဲ့ အရွယ်ဆိုတော့ တွေ့ကရာ အကုန်လျှောက်လုပ်တတ်ကြပါတယ်။ ဒီအရွယ်ကလေးတွေမှာ အဖြစ်အများဆုံကတော့ နှာခေါင်းထဲ တွေ့ကရာ သေးသေးကွေးကွေး ပစ္စည်းလေးတွေ လျှောက်ထည့်တာပဲဖြစ်ပါတယ်။ကိုယ်သတိမထားမိတဲ့အချိန် ကလေးက အပေါ်မှာပြောထားတာတွေ နှာခေါင်းထဲထည့်လိုက်တဲ့အခါ ကိုယ်ကလည်း မသိ။ ကလေးကလည်း မပြောနဲ့ အချိန်ကြာသွားမယ်ဆိုရင်။သိသိချင်း ပြာယာခတ်သွားပြီး ဘာလုပ်ရမလဲ မသိကြတော့တာ မိဘတိုင်းပါ။ စိတ်ထဲမှာလည်း ကလေးအသက်ရှူလို့ မရတော့မှာကို အရမ်းစိတ်ပူသွားကြပါတယ်။ အရမ်းကြီးလည်း မစိုးရိမ်ပါနဲ့။ နှာခေါင်းက နှစ်ဖက်ရှိတဲ့အတွက် အသက်ရှူဖို့ အခြားတစ်ဖက်ရှိပါတယ်။ ဒါကြောင့် စိတ်ကို ငြိမ်ငြိမ်ထားပြီး ဘာလုပ်ရမလဲဆိုတာကို စဉ်းစားပါ။အကောင်းဆုံးနဲ့ ဘေးအကင်းဆုံးကတော့ ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းဆီ ကလေးကို ခေါ်သွားတာပဲဖြစ်ပါတယ်။ အိမ်မှာ ကလေးကို အတင်းညှစ်ထုတ်ခိုင်းတာတို့ ၊ ကိုယ့်လက်နဲ့ အတင်း ကလော်ထုတ်တာမျိုးတွေက အပေါက်ဝနားလေးက အလွယ်တကူထုတ်လို့ရမယ့် ပစ္စည်းလေးကို အတွင်းထဲအရမ်းရောက်သွားစေနိုင်ပြီးခွဲစိတ်ရတာတွေ လုပ်ရတတ်ပါတယ်။ဆရာဝန်ဆီသွားရင်တော့အထဲဝင်သွားတဲ့ ပစ္စည်းတွေကို စုပ်ထုတ်ဖို့ ကိရိယာတွေ ဆရာဝန်ဆီမှာ အစုံအလင်ရှိပြီးသားပါ။ နှာခေါင်းထဲဝင်နေတဲ့ ပစ္စည်းတွေကို ထုတ်ပြီးသွားရင်တော့ ဆရာဝန်က သင့်ကလေးအတွက် နှာခေါင်းထဲထည့်ဖို့အစက်ချဆေးရည်တွေ၊ လိမ်းဆေးတွေ၊ နဲ့ပိုးဝင်တဲ့ လက္ခဏာတွေရှိရင်တော့ ပိုးသတ်ဆေးတွေ ပေးမှာဖြစ်ပါတယ်။ဒါကြောင့် ကလေး လက်လှမ်းမှီတဲ့နေရာမှာ ပစ္စည်းတွေ မထားပါနဲ့။ ကလေးကိုလည်း သေချာအချိန်ပေးပြီး ဂရုစိုက်ပေးပါ။ ဖြစ်မှ ကုသတာထက်စာရင် မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်တာကောင်းပါတယ်။ ဖြစ်သွားခဲ့ရင်လည်း အိမ်မှာ အတင်းမရမက ထုတ်တာမျိုးမလုပ်ပါနဲ့။ ဆရာဝန်ဆီသွားပါ။ ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/common-symptoms-and-conditions/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8-%e1%80%94%e1%80%be%e1%80%ac%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%b8%e1%80%91%e1%80%b2-%e1%80%90%e1%80%85%e1%80%ba/
ဘေဘီလေးတွေသောက်သင့်တဲ့ ရေပမာဏ
ထမင်းအသက် ၇ ရက်ရေအသက် တစ်မနက်တဲ့။ ကားတွေမောင်းလို့ရဖို့လောင်စာဆီလိုသလိုဦးနှောက်ကစလို့ခန္ဓါကိုယ်တစ်ခုလုံးက အစိတ်အပိုင်းတွေကောင်းကောင်းလည်ပတ်စေဖို့အတွက်ရေလိုအပ်ပါမယ်နော်။ရေက ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့အာဟာရတစ်ခုပါ။ လူတစ်ယောက်ဟာ အစားမစားရဘဲ ၆ ပတ်လောက်အထိ အသက်ရှင်နိုင်ပေမယ့်ရေမသောက်ရဘဲ တစ်ပတ်ထက်ပိုမနေနိုင်ပါဘူးလို့လေ့လာချက်တွေအရသိရပါတယ်။ လူကြီးတစ်ယောက်တောင်ဒီလောက်ဆိုရင် နုနယ်သေးတဲ့ ကလေးတွေဆိုရေဓါတ်ကို ဘယ်လောက်တောင်လိုအပ်မလဲနော်။လူတစ်ယောက်ခန္ဓါကိုယ်အလေးချိန်ရဲ့ ၆၀ ရာခိုင်နှုန်းကရေတွေပါ။ ဒီလောက်ခန္ဓါကိုယ်မှာနေရာယူထားတဲ့ရေက ခန္ဓါကိုယ်ရဲ့ လုပ်ငန်းဆောင်တာတော်တော်များများမှာ အဓိကဇာတ်လိုက်အဖြစ်ပါဝင်နေပါတယ်။ ဒီလိုအဓိကနေရာက တာဝန်ယူထားတဲ့ရေက ခန္ဓါကိုယ်အတွက် ဒီလိုလုပ်ဆောင်ပေးပါတယ်နော်။ကလေးတစ်ယောက်ချင်းစီမှာ အသက်အရွယ်၊ကိုယ်အလေးချိန်နဲ့ယောက်ျားလေး၊မိန်းကလေး ကွာဟမှုကိုလိုက်ပြီး လိုအပ်တဲ့ရေပမာဏကလည်း ကွာခြားနိုင်ပါတယ်။ ကလေးအသက်အရွယ်အလိုက်တစ်နေ့ကိုရေပမာဏဘယ်လောက်သောက်ရမလဲဆိုတာကိုပြောပြပေးမယ်နော်။တကယ်လို့ ကလေးကပြေးလွှားဆော့မယ်၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်မယ် ဆိုရင်ရေကပိုမိုလိုအပ်မှာပါ။ ဒီလိုမျိုးအချိန်တွေမှာ ကလေးက ကစားရင်းဖြစ်ဖြစ်၊ ကစားပြီးချိန်ဖြစ်ဖြစ်ရေကို ပုံမှန်ထက် ၂ ခွက်ကနေ၃ခွက်လောက်အထိပိုသောက်တာမျိုးရှိနိုင်ပါတယ်။ ကလေးကရေအများကြီးသောက်တာကို သိပ်စိုးရိမ်ဖို့မလိုပါဘူး။ ကလေးဆိုတာက လှုပ်ရှားလိုက်၊ မောလိုက်၊ ချွေးထွက်လိုက်၊ရေသောက်လိုက်က ပုံမှန်လုပ်ငန်းစဉ်တစ်ခုပါပဲ။ တကယ်လို့ကလေးကရေသောက်နည်းရင်သာရေဓါတ်ခမ်းခြောက်မှာ စိုးရိမ်ရတာပါ။ ဒီလိုအချိန်မှာမေမေတို့အနေနဲ့ ကလေးကိုရေထဲမှာ ဘယ်ရီသီးလေးတွေထည့်စိမ်ပြီးတိုက်တာမျိုး ကလေးရေသောက်ချင်လာအောင်လုပ်ပေးရမှာဖြစ်ပါတယ်။ ကလေးကိုရေပဲမတိုက်ချင်ဘူးဆိုရင်တော့ရေဓါတ်ပြည့်ဝနေစေဖို့ ဖရဲသီး၊ ဆလတ်ရွက်၊သခွားသီးတို့လိုမျိုးရေဓါတ်ပြည့်ဝတဲ့ အသီးအနှံလေးတွေကိုကျွေးပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/%e1%80%98%e1%80%b1%e1%80%98%e1%80%ae%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%9e%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%90%e1%80%b2%e1%80%b7/
အရက်မသောက်လည်းဘဲ အသည်းအဆီဖုံးနိုင်ပါတယ် ။
အရက်ကြောင့်အသည်းအဆီဖုံးတယ်ဆိုတာ အားလုံးသိကြမှာပါ။ ဒါပေမယ့် ဒီနေ့ပြောမှာကတော့ အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးခြင်းအကြောင်းပါ။အသည်းအဆီဖုံးတဲ့ ပြဿနာဟာ လူတိုင်းနီးပါးမှာ ရှိနေတတ်ပြီး လက္ခဏာသိပ်မပြတတ်တဲ့ ရောဂါတစ်ခုပါ။ အရက်ကြောင့်မဟုတ်တဲ့အသည်းအဆီဖုံးခြင်းဆိုတော့ အရက်ကြောင့်ဖြစ်တာ မဟုတ်ဘဲ အခြားအကြောင်းအရာတွေကြောင့် ဖြစ်ရတဲ့အသည်းအဆီဖုံးခြင်းပါ။အသည်းအဆီဖုံးတယ်ဆိုတော့အသည်းဆဲလ်တွေကြားထဲ အဆီဆဲလ်တွေ အများကြီးရောက်နေတဲ့ ပြဿနာပါ။ သူ့ကြောင့် အသည်းရောင်လာပြီး သေချာမကုသတဲ့အခါ နောက်ပိုင်း တဖြည်းဖြည်း ကုသလို့မရတဲ့ ထိခိုက်မှုမျိုး အသည်းမှာ ဖြစ်သွားတတ်ပါတယ်။ ဒီထိခိုက်မှုဟာ အရက်တအားသောက်လို့ ဖြစ်ရတဲ့ အသည်းအဆီဖုံးခြင်းနဲ့ သွားတူပါတယ်။ ပိုဆိုးတာက အသည်းအဆီဖုံးတာကို သေချာမကုသရင် နောက်ပိုင်းအသည်းခြောက်တာနဲ့ အသည်းပျက်စီးတာတွေ ဆက်ဖြစ်သွားနိုင်ပါတယ်။အသည်းအဆီဖုံးတဲ့ ပြဿနာဟာ သိသာထင်ရှားတဲ့ လက္ခဏာတွေ သိပ်မရှိတဲ့ ပြဿနာတစ်ခုပါ။ ဖြစ်လေ့ရှိတာတွေကတော့။အသည်းအဆီဖုံးခြင်းရဲ့ ကြောက်စရာအကောင်းဆုံး နောက်ဆက်တွဲ ပြဿနာကတော့ အသည်းခြောက်ခြင်းဖြစ်ပါတယ်။ အဆီဖုံးရာက အသည်းဆဲလ်တွေ ထိခိုက် အမာရွတ်တွေကျန်ပြီး နောက်ဆုံး အသည်းဆဲလ်တွေ ကျုံ့သွားရာကနေ အသည်းခြောက်တဲ့ ပြဿနာဖြစ်လာပါတော့တယ်။ အသည်းခြောက်ရာက နောက်ပိုင်းကျရင်။ဘယ်အရာမဆို မဖြစ်ခင်ကြိုတင်ကာကွယ်လို့ရတဲ့ အရာတွေ ချည်းပါပဲ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/non-alcoholic-fatty-liver-disease/
အသားပုပ်ခြင်း ဖြစ်ပွားစေသည့်အကြောင်းများ၊ လက္ခဏာများ၊ ကုသချက်များ
အသားပုပ်ခြင်းအကြောင်းကိုသေချာမသိရင် ကြောက်စရာကောင်းပါတယ်။ အသားပုပ်ခြင်းဟာကိုယ်ခန္ဓါ ဘယ်အစိတ်အပိုင်းကိုမဆိုထိခိုက်နိုင်တဲ့ ရောဂါဖြစ်ပါတယ်။ အဲ့ဒီရောဂါအကြောင်းသိထားရင် ကြိုတင်ကာကွယ်နိုင်ပါတယ်။ အကြောင်းရင်းများ၊ လက္ခဏာများ၊ ဖြစ်နိုင်ခြေကုသပုံများကိုလေ့လာကြည့်ပါစို့။ဘယ်အရာတွေကအသားပုပ်ခြင်းဖြစ်သလဲ။သွေးဟာကိုယ်ခန္ဓါရဲ့ဆဲလ်တွေကလိုအပ်တဲ့ အောက်ဆီဂျင်၊ အာဟာရဓါတ်နဲ့ ကိုယ်ခံပစ္စည်းတွေကိုသယ်ပေးပါတယ်။ အဲဒီအခါ ဆဲလ်တွေဟာပုံမှန်ကြီးထွားနိုင်ပြီး ရောဂါပိုးဝင်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ သွေးစီးဆင်းမှုမှာ ပြသနာရှိရင်တော့ ဆဲလ်တွေဟာမရှင်သန်နိုင်တော့ပါဘူး။ရောဂါပိုးဝင်ခြင်းကြောင့် အသားစတွေပျက်စီးပြီးအသားပုပ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။အသားပုပ်ခြင်းကို ဖြစ်နိုင်ခြေရှိတဲ့အရာတွေကဘာတွေလဲ။အောက်ပါအချက်တွေရှိရင် ဖြစ်လာနိုင်ပါတယ်။• ဆီးချိုရှိတဲ့အခါ သကြားဓါတ်ကိုဖြိုခွဲမယ့် အင်ဆူလင်ကိုမထုတ်နိုင်တာ၊ လုံလောက်စွာမသုံးနိုင်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဆီးချိုကို ထိရောက်စွာမကုရင် သွေးတွင်းသကြားဓါတ်ဟာ မြင့်တက်လာပြီးသွေးကြောတွေကို ပျက်စီးစေတဲ့အခါ အဲဒီသွေးကြောတွေနဲ့ ထောက်ပံ့ပေးထားတဲ့ သက်ဆိုင်ရာ ကိုယ်ခန္ဓါအစိတ်အပိုင်းတွေကို အကျိုးသက်ရောက်စေပါတယ်။• သွေးကြောပြသနာများဖြစ်တဲ့ သွေးကြောမာကျစ်၍ ကျဉ်းမြောင်းလာခြင်း၊ အရေပြားကိုသွားတဲ့ သွေးကြောကျဉ်းခြင်း၊ သွေးခဲခြင်းစတဲ့ပြသနာတွေဖြစ်ရင် သွေးစီးဆင်းမှုကို ပိတ်ဆို့စေပါတယ်။• ထိခိုက်ဒဏ်ရာရခြင်း၊ ခွဲစိတ်ကုသမှု ခံယူခြင်းစတာတွေကလည်း အသားပုပ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ တခါတရံမှာသွေးစီးဆင်းမှုကို ထိခိုက်ပြတ်တောက်စေလို့ ဖြစ်ပါတယ်။• အဝလွန်ခြင်း၊ ကိုယ်အလေးချိန်များခြင်း ဖြစ်တဲ့အခါ ဆီးချိုနဲ့ သွေးကြောရောဂါတွေကို ဖြစ်လာနိုင်စေပါတယ်။ ကိုယ်အလေးချိန်များလွန်းရင် သွေးလွှတ်ကြောတွေကိုဖိမိနိုင်ပြီး သွေးစီးဆင်းမှုကို ပြတ်တောက်စေနိုင်ပါတယ်။• ကိုယ်ခံအားနည်းတဲ့အချိန်တွေဖြစ်တဲ့ HIV ပိုးကူးစက်ခံရချိန်၊ ကင်ဆာဆေးသွင်းကုသချိန်၊ ဓါတ်ရောင်ခြည်ကုသမှု ခံယူနေချိန်တွေမှာ ရောဂါပိုးဝင်ခြင်းကိုမတွန်းလှန်နိုင်ပါဘူး။• ဆေးလိပ်သောက်ခြင်းဟာလည်းအသားပုပ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။အသားပုပ်ခြင်းရဲ့ လက္ခဏာတွေကဘာတွေလဲ။အောက်ပါအတိုင်း ဖြစ်ပါတယ်။• အရေပြားအရောင်ဟာပြောင်းလာပြီးအနီ၊ အပြာ၊ ခရမ်းနဲ့ အမည်းရောင်အဖြစ် ပြောင်းသွားပါတယ်။• ကောင်းတဲ့ အရေပြားနဲ့ အသားပုပ်တဲ့ အရေပြား ကြားနေရာမှာ ခြားနေတဲ့လိုင်းကိုကောင်းကောင်းမြင်နိုင်ပါတယ်။• ဖြစ်လာတဲ့နေရာမှာနာကျင်ခြင်း၊ ထုံခြင်းတေါ ဖြစ်လာပါတယ်။• အနာကနေအရည်တချို့ထွက်လာပြီးမကောင်းတဲ့အနံ့ပါ ရတတ်ပါတယ်။အရေပြားအောက်မှာရှိတဲ့ အသားပုပ်ခြင်းမှာတော့ အောက်ပါ လက္ခဏာတွေ တွေ့နိုင်ပါတယ်။• အသားပုပ်တဲ့နေရာမှာရောင်ပြီးနာနေခြင်း။• အဖျားတက်ခြင်း။ပုပ်နေတဲ့ အသားစတချို့ ကိုယ်ခန္ဓါထဲ ပြန့်သွားချိန်မှာသွေးဆိပ်တက်ပြီးသွေးလန့်တတ်ပါတယ်။ အဲဒီအခါ အောက်ပါအခြေအနေတွေ တွေ့နိုင်ပါတယ်။• သွေးပေါင်ကျခြင်း။• ကိုယ်ပူချိန်တက်ခြင်း (သို့) ကျခြင်း။• နှလုံးခုန်နှုန်းမြန်ခြင်း။• အသက်ရှူမြန်လာခြင်း။• သတိလစ်တတ်ခြင်း။အသားပုပ်ခြင်းကိုဘယ်လိုကုမလဲ။ပျက်စီးသွားတဲ့ အသားတွေ ပြန်မကောင်းတော့ပေမယ့်ကုသခြင်းဖြင့် ကောင်းသေးတဲ့အသားတွေကို ကာကွယ်နိုင်ပါတယ်။ ကုသတဲ့အပိုင်းမှာ ပုပ်သွားတဲ့အသားတွေ ဖယ်ထုတ်ခြင်း၊ အကြောင်းရင်းကိုကုသခြင်း၊ ရောဂါပိုးဝင်ခြင်းကို ကာကွယ်ခြင်းစတာတွေ ပါဝင်ပါတယ်။• ခွဲစိတ်ကုသခြင်း။ ခွဲစိတ်တဲ့အခါမှာမကောင်းတော့တဲ့ အသားတွေကိုဖယ်ထုတ်ပြီးပျက်စီးသွားတဲ့ သွေးကြောတွေကို ပြုပြင်ပါတယ်။ ပျက်စီးသွားတဲ့ အရေပြားတွေအတွက် ပြန်လည်ပြုပြင်တဲ့ ခွဲစိတ်မှု လိုအပ်ပါတယ်။ ဖြစ်ရပ်အများစုမှတော့ ခွဲစိတ်ဆရာဝန်များဟာ မကောင်းတော့တဲ့ နေရာတွေကိုဖယ်ထုတ်ပါတယ်။• ပဋိဇီဝဆေးများကို သွေးကြောမှတဆင့်ပေးပြီး ဘက်တီးရီးယားများကိုသေစေကာ ရောဂါပိုးဝင်ခြင်းကိုကုသပါတယ်။• အားမြှင့်အောက်ဆီဂျင် ပေးခြင်း။ ဒီကုသမှုမှာသွေးကြောတွေထဲကိုအောက်ဆီဂျင်ရောက်စေမယ့် နည်းလမ်းကိုအသုံးပြုပါတယ်။ အေက်ဆီဂျင်များတဲ့သွေးဟာကိုယ်ခန္ဓါကနေဘက်တီးရီးယားပိုးတွေကိုတိုက်ထုတ်ရာမှာအကူအညီပေးပါတယ်။ခန္ဓါကိုယ်ကိုဂရုစိုက်ပြီးအာဟာရဓါတ်များများနဲ့ အားဖြည့်ပေးဖို့ လိုအပ်ပါတယ်။ ဆရာဝန်ကနေ အနာသက်သာတဲ့ဆေးတွေ ပေးနိုင်ပါတယ်။အသားပုပ်ခြင်းဟာ သွေးရောက်ရှိမှုနည်းခြင်း၊ ရောဂါပိုးဝင်ခြင်းတို့ကြောင့် အသားများပျက်စီးတဲ့အခါ ဖြစ်ပေါ်ပါတယ်။ ကြောက်စရာကောင်းပေမယ့် ကြိုတင်ကာကွယ်လို့တော့ ရပါတယ်။ အသားပုပ်တယ်လို့ ထင်မိရင် ဆေးကုသမှုခံယူဖို့ အရေးကြီးပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%95%e1%80%af%e1%80%95%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8-%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%95%e1%80%bd%e1%80%ac%e1%80%b8%e1%80%b1/
အစိမ်းမစားသင့်သော အစားအစာများ
တချို့သူတွေဟာအသားစိမ်း၊ငါးစိမ်းစသဖြင့် အစားအစာတွေကို ကျက်အောင် ချက်ပြီးစားသောက်တာထက်အစိမ်းစားရတာကို ပိုပြီး နှစ်ခြိုက်ကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ကျက်အောင်မချက်ဘဲ အစိမ်းမစားသင့်သော ၊ စားရင် ကျန်းမာရေးဆိုးကျိုးတွေကို ဖြစ်စေနိုင်တဲ့ အစားအစာလေးတွေအကြောင်းကို ပြောပြပေးချင်ပါတယ်။အသားတွေ၊ ငါးတွေမှာSalmonella, E.coli, Campylobacter, Clostridium,Listeriaစတဲ့ ပါလာနိုင်တဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ အခြားကပ်ပါးကောင်တွေအများကြီး ရှိပါတယ်။ အသား၊ ငါးတွေကို အစိမ်းစားမယ်ဆိုရင် အဲဒီပိုးမွှားလေးတွေကြောင့် ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်း၊ ဖျားနာခြင်း နဲ့အစာအဆိပ်သင့်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ပိုးမွှားအမျိုးအစားအပေါ် မူတည်ပြီး ရောဂါလက္ခဏာတွေဟာ ၁ရက်မှ ရက်ပေါင်းများစွာအထိ ဆိုးဆိုးရွားရွားဖြစ်နိုင်ပါတယ်။ အဲဒီပိုးမွှားလေးတွေဟာ သေသေချာချာ ကျက်အောင် ချက်ပြုတ်လိုက်မယ်ဆိုရင် ပျက်စီးသွားနိုင်တဲ့အတွက် ဘေးအန္တရာယ်ကင်းအောင် ချက်ပြီးမှ စားသင့်ပါတယ်။မုတ်ကောင်တွေဟာလည်း သူတို့နေထိုင်ရာ ရေထဲကနေ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေ သယ်ဆောင်လာကြပါတယ်။ ဒါ့ကြောင့် မုတ်ကောင်တွေကို မချက်ဘဲ စားမိမယ်ဆိုရင် ရောဂါပိုးတွေ ဝင်လာနိုင်ပါတယ်။ ဒါ့အပြင် အသည်းကို ထိခိုက်စေနိုင်တဲ့အသည်းရောင်အသားဝါ A ပိုးကိုလည်း ကူးစက်စေနိုင်တဲ့အတွက် ကျက်အောင် ချက်ပြီးမှ စားသင့်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ကြက်ဥအစိမ်းတွေမှာလည်း Salmonella လို့ခေါ်တဲ့ အစာအဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်တဲ့ ပိုးမွှားတွေ ပါဝင်ပါတယ်။ ဒါ့ကြောင့် အကောင်းဆုံးကတော့ ကြက်ဥကို စားမယ်ဆိုရင် အကာရော၊ အနှစ်ပါ အနည်းငယ်မာလာတဲ့ အခြေအနေလောက်ထိ ကျက်မှ စားသုံးသင့်ပါတယ်။တချို့က မုန့်တွေလုပ်တဲ့အခါ ဂျုံမှုန့်တွေ၊ ဆန်မှုန့်တွေကို နယ်ပြီး အစိမ်းအတိုင်း အရသာကို မြည်းကြည့်တတ်ကြပါတယ်။ အဲဒီ မကျက်သေးတဲ့ အမှုန့်တွေမှာ သင့်ရဲ့ အစာလမ်းကြောင်းကို ဒုက္ခပေးနိုင်တဲ့ E.coli လို့ခေါ်တဲ့ ပိုးလေးတွေပါပါတယ်။ ဒါ့ကြောင့် မကျက်သေးဘဲ မြည်းကြည့်တာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ ကလေးငယ်တွေ ဂျုံမှုန့်တွေနဲ့ နယ်ပြီး ကစားတဲ့အခါမျိုးမှာ ပါးစပ်ထဲမထည့်မိစေဖို့ ဂရုစိုက်ပေးသင့်ပါတယ်။အစိမ်းရောင်ဖြစ်နေတဲ့အာလူးရဲ့ အစိတ်အပိုင်းတွေမှာ solanine လို့ခေါ်တဲ့ ခါးသက်သက် အရသာရှိတဲ့ ပစ္စည်းလေးတွေပါပါတယ်။ အဲဒီ ပစ္စည်းလေးတွေကလည်း ဝမ်းပျက်စေ၊ ဖျားနာစေနိုင်တာကြောင့် အာလူးကိုလည်း အစိမ်းမစားသင့်ပါဘူး။အချို့မှိုတွေမှာ အသည်းကို ထိခိုက်စေပြီး အခြားပြင်းထန်တဲ့ ကျန်းမာရေးပြသနာတွေကို ဖြစ်စေနိုင်တဲ့ agaritine နဲ့ amatoxin လို့ခေါ်တဲ့ အဆိပ်အတောင့် လေးတွေပါဝင်တာကြောင့်မှိုကိုလည်း သေချာချက်ပြီးမှ စားကြဖို့ တိုက်တွန်းချင်ပါတယ်။ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်စေနိုင်တဲ့ ပစ္စည်းလေးတွေပါဝင်တဲ့ ပိန်းဥ၊ ပီလောပီနံဥ၊ ပဲကျား၊ ဘိုစားပဲ၊ almond ဗန်ဒါစေ့ စတာတွေကိုလည်း အစိမ်းစားမယ်ဆိုရင် ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ဒီဆောင်းပါးလေးကို ဖတ်ပြီးတဲ့အခါမှာ ဖော်ပြပါအစားအစာတွေကို သေချာချက်ပြုတ်ပြီးမှ စားခြင်းဖြင့် ကျန်းမာရေးဆိုးကျိုးတွေကို ရှောင်ကြဉ်နိုင်ကြပါစေ။ရေးသားသူ – Khine Phoo Ngon။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/raw-food/
အသည်းအဆီဖုံးခြင်းကို ဘယ်လိုကုသလို့ရသလဲ ။
အသည်းအဆီဖုံးတဲ့ ပြဿနာဟာ လူတော်တော်များများကို ဒုက္ခပေးနေတဲ့ အဖြစ်အများဆုံးအသည်းပြဿနာတစ်ခုပါ။ လက္ခဏာ သိသိသာသာ မပြတာကြောင့်အာထရာဆောင်းရိုက်ကြည့်မှပဲ သိတာများပါတယ်။ ဒီတော့ ကိုယ့်မှာ အသည်းအဆီဖုံးတဲ့ ပြဿနာရှိမရှိ ကြိုသိချင်ရင် စစ်ဆေးလို့ရတဲ့ နည်းတွေနဲ့အသည်းအဆီဖုံးတာဖြစ်နေရင်ညလ်း ဘယ်လိုကုသလို့ရလဲဆိုတဲ့အကြောင်းလေးတွေ ပြောပြပေးချင်ပါတယ်။ရောဂါကိုယ်တိုင်က သိသာတဲ့ လက္ခဏာ မရှိတာကြောင့် အခြားရောဂါတွေကို စစ်ဆေးကြည့်တဲ့အချိန်ကျမှ သူ့ကို သွားတွေ့တာများပါတယ်။ လုပ်နိုင်တဲ့ရောဂါ စစ်ဆေးခြင်းတွေကတော့။ဒီအထဲမှာတော့ အသည်းအဆီဖုံးခြင်းကို ပုံရိပ်ဖော်ပြီး သိရှိနိုင်တဲ့နည်းတွေ ဖြစ်ပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/diagnosis-and-treatment-of-fatty-liver/
ကလေးငယ်ငယ် ဘယ်အရွယ်မှာ ဘယ်လိုအသားအရေဂရုစိုက်ကြမလဲ
ကလေးငယ်တွေရဲ့အသားအရေက ဘယ်လောက်နုနယ်ပြီး ထိခိုက်လွယ်တယ်ဆိုတာ မေမေတို့အသိဆုံး။အသားအရေနုတာမှ အတွေ့အကြုံမရှိတဲ့ဖေဖေမေမေတွေဆို မချီရဲ၊ မကိုင်ရဲလောက်တဲ့အထိပါ။မွေးကင်းစဘေဘီလေးတစ်ယောက်ရဲ့အရေပြားမှာ အကာအကွယ်အလွှာပါးလေးတစ်ခုပါလာတတ်ပြီး ၁ ပတ်၊ ၂ ပတ်လောက်အတွင်းမှာ အလိုလိုကွာသွားတတ်ပါတယ်။ မွေးကာစ နီတာရဲလေးကို ဒီလိုအရေပြားအဖတ်လန်တာလေးတွေ ပွတ်ခွာဖယ်ရှားဖို့၊ အသားအရေလှအောင် အလောတကြီး လုပ်ဖို့မလိုပါဘူးနော်။အသက်အရွယ်ကိုမူတည်ပြီး ကလေးအသားအရေအတွက် မေမေတို့လုပ်ပေးသင့်တဲ့ အချက်လေးတွေရှိပါတယ်။ ဒီအချက်လေးတွေအတိုင်းပုံမှန် ဂရုစိုက်စောင့်ရှောက်ပေးရုံနဲ့ လုံလောက်ပါတယ်နော်။(၁)ဘေဘီလေးတွေကို ရေချိုးဖို့မလောပါနဲ့။လူကြီးတွေရဲ့အရေပြားထက် အဆပေါင်းများစွာပိုနုတဲ့အပြင် သူတို့လေးတွေရဲ့ အသားအရေခြောက်သွေ့သွားရင်ဓာတ်မတည့်မှုတွေ၊ အရေပြားပြဿနာတွေလို အကျိုးဆက်တွေ ရှိလာနိုင်ပါတယ်။ ရေချိုးတဲ့ ကလေးအရေပြားမှာရှိနေတဲ့ သဘာဝအဆီလေးတွေ အကုန်ပါသွားနိုင်လို့ပေါ့။ ဒါ့ကြောင့်‌နေ့တိုင်းရေမချိုးပေးပါနဲ့။ တစ်ပတ်သုံးကြိမ်လောက်ပဲချိုးပေးပါ။(၂)ဘေဘီလေးကို သန့်စင်ပေးတဲ့အခါ ဂရုစိုက်ပါ။တစ်လဝန်းကျင်ဘေဘီလေးကို တစ်ပတ်နှစ်ကြိမ်၊ သုံးကြိမ် အပျော့စားဆပ်ပြာရည်လေးသုံးပြီး ရေမြှုပ်လေးနဲ့ ရေချိုးပေးလို့လည်း ရပါတယ်။ ဒီကြားထဲမှာ ကလေးရဲ့ပါးစပ်တဝိုက်၊ လက်နဲ့ခြေထောက်အကွေးအဆန့်ကြားလေးတွေ၊ လည်ပင်းအရစ်လေးတွေ၊ ပေါင်ကြားလေးတွေကို ဂွမ်းလုံးနုနုလေးတွေနဲ့ သန့်စင်ပေးနိုင်ပါတယ်။(၃) ကလေးသုံးပစ္စည်းကို ရွေးချယ်ဝယ်ယူပါ။ဘေဘီတို့အတွက် သီးသန့်ထုတ်တဲ့ရေချိုးဆပ်ပြာ၊ အစိုဓာတ်ထိန်းခရင်မ်၊ ခေါင်းလျှော်ရည် စတဲ့အသုံးအဆောင်တွေကိုပဲသုံးပါ။ အဲဒီထဲမှာလည်း အမွှေးနံ့ပြင်းတာ၊ အရောင်တွေပါတာ၊ ဓာတုပစ္စည်းပါတာတွေကို မရွေးမိဖို့ ဂရုစိုက်ပါ။ကလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ အပျော့စားဆပ်ပြာရည်လေးနဲ့ ချိုးပေးလို့ရပါပြီ။ ရေချိုးတဲ့အခါမှာလည်း တစ်ပတ်ကို ၃ ကြိမ်လောက်နဲ့ အချိန် ၃ မိနစ်ကနေ ၅ မိနစ်လောက်အထိပဲ ချိုးပေးတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ကလေးအတွက် ဆပ်ပြာရည်ဝယ်ယူတဲ့အခါ သေသေချာချာစစ်ဆေးဖို့ လိုအပ်သလို တတ်သိနားလည်တဲ့သူနဲ့တိုင်ပင်သင့်ပါတယ်။(၄)အစိုဓာတ်ထိန်းခရင်မ်လူးပေးပါ။ရေချိုးပြီးတဲ့အခါအသားအရေခြောက်သွေ့တာမျိုးမဖြစ်စေဖို့အတွက် ကလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ အစိုဓာတ်ထိန်းခရင်မ်တစ်ခုခုလူးပေးရပါမယ်။(၅) ကလေးအဝတ်အစားတွေလျှော်တဲ့အခါ အပြင်းစားဆပ်ပြာမှုန့်တွေမသုံးပါနဲ့။တချို့ဆပ်ပြာမှုန့်တွေက ချေးနဲ့ အစွန်းအထင်းတွေကျွတ်စေတယ်ဆိုပေမယ့် ဓာတုပစ္စည်းတွေအများအပြားပါဝင်နေတတ်ပါတယ်။ ဒီလိုမျိုး ဆပ်ပြာမှုန့်တွေနဲ့ ကလေးအဝတ်တွေကို စိမ်ပြီးလျှော်မယ်ဆိုရင်ကလေးအရေပြားမှာ ဓာတ်မတည့်တာ၊ ခြောက်သွေ့ယားယံတာမျိုး ဖြစ်နိုင်ပါတယ်။ အဝတ်တွေတင်မဟုတ်ဘဲ ကလေးရဲ့စောင်တွေ၊ရေသုတ်တဘက်တွေနဲ့ အခြားအသုံးအဆောင်တွေလျှော်တဲ့အခါလည်း ဆပ်ပြာအပြင်းစားတွေမသုံးသင့်ပါဘူး။(၆) အညစ်အကြေးစွန့်ပြီးတိုင်း သန့်ရှင်းရေးလုပ်ပေးပါ။ကလေးကိုအဝတ်လဲပေးတဲ့အခါတိုင်း အနည်းဆုံးတော့ ဂွမ်းစနုနုလေးနဲ့ ရေကိုသုံးပြီး ဆီးတွေနဲ့အညစ်အကြေးတွေကို သန့်စင်ဖယ်ရှားပေးပါ။ အရေပြားကို ပုံမှန် pH ပမာဏရရှိအောင်ထိန်းညှိပေးပါ။ ကလေးကိုအနှီး၊ ဘောင်းဘီ ဒါမှမဟုတ် သေးခံအသစ်လဲပေးဖို့အတွက် သန့်ရှင်းရေးလုပ်ပေးပြီးတိုင်းမှာ ခြောက်သွေ့အောင်သုတ်ပေးဖို့ကိုလည်း မေ့မထားသင့်ပါဘူး။ ဒီလိုမှမဟုတ်ရင်သေးခံလောင်တဲ့ပြဿနာခံစားရနိုင်ပါတယ်။ခြောက်လနောက်ပိုင်းအရွယ်ကစပြီး ကလေးရဲ့အသားအရေက အရင်ကထက်တော့ ပုံမှန်ဖွံ့ဖြိုးလာပါပြီ။ ပြင်ပပတ်ဝန်းကျင်ဆီက သက်ရောက်မှုတွေကို ကာကွယ်နိုင်စွမ်းအတန်အသင့်ရှိနေပြီမို့ နည်းနည်းစိတ်အေးလို့ရပါပြီ။ ဒါပေမယ့် ကလေးကအရွယ်လေးကြီးလာလေ ပြင်ပဝန်းကျင်နဲ့အရာဝတ္ထုတွေ ထိတွေ့မှုပိုများလာလေဆိုတော့ ဆက်ပြီးစောင့်ရှောက်ရဦးမှာပါပဲ။ဒါ့ကြောင့် ကလေးကို အစိုဓာတ်ထိန်းခရင်မ်ပုံမှန်လိမ်းပေးဖို့မမေ့ပါနဲ့။ အပြင်ခေါ်သွားမယ်ဆိုနေလောင်ကာခရင်မ်လူးပေးပါ။ ကလေးငယ်ရဲ့အသားအရေက အရမ်းကိုထိခိုက်လွယ်တာကြောင့်နေရောင်နဲ့တိုက်ရိုက်မထိတွေ့စေတာ က ပိုကောင်းပါတယ်။ ကလေးကို အပြင်ခေါ်သွားမယ်ဆိုရင် ဦးထုပ်ဆောင်းပေးပါ၊ ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းတဲ့ ချည်သားအင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ပေးတာမျိုးတွေလုပ်ပေးဖို့လိုပါလိမ့်မယ်။ပိတ်လှောင်ပြီး ပူအိုက်တဲ့အခါမိတ်တွေထွက်နိုင်သလို ချွေးထွက်များပြီး ဘက်တီးရီးယားကပ်တဲ့အခါ အဖုလေးတွေ၊ ဓာတ်မတည့်တာတွေလို အရေပြားပြဿနာတွေဖြစ်လာနိုင်လို့ အဝတ်အစားကို ချောင်ချောင်ချိချိဝတ်ပေးသင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%84%e1%80%9a%e1%80%ba%e1%80%84%e1%80%9a%e1%80%ba-%e1%80%98%e1%80%9a%e1%80%ba%e1%80%a1%e1%80%9b%e1%80%bd%e1%80%9a%e1%80%ba%e1%80%99%e1%80%be%e1%80%ac-%e1%80%98/
အစားစားပြီးချိန်မှာ မလုပ်သင့်တဲ့အလေ့အထများ
အစားစားပြီးချိန်မှာ အခုပြောမယ့်အပြုအမူတွေကို အလေ့အကျင့် တစ်ခုလို လုပ်မိနေလား၊ ဒါဆိုရင်တော့ အခုပဲ ပြင်လိုက်ပါလို့ ပြောပါရစေနော်။ အကြောင်းကတော့အမှတ်တမဲ့လုပ်မိနေတဲ့ အလေ့အထတွေကြောင့်ကျန်းမာရေးကို ထိခိုက်လာစေနိုင်တာကြောင့်ပါ။အစားစားပြီးရင် ဒီအလေ့အထတွေကို လုပ်မိနေလား…………… ဒါဆိုရင်တော့ ပြင်ဆင်ဖို့ လိုနေပါပြီ။အားလပ်ရက် နေ့လယ်နေ့ခင်းတွေမှာ ထမင်းစားပြီးတာနဲ့ တစ်ရေးလောက်ဆိုပြီး အိပ်မိနေတယ်ဆိုရင် မအိပ်ပါနဲ့။ ညဘက်တွေမှာလည်း ညစာကိုနောက်ကျမှစားပြီး အိပ်တာမျိုး မလုပ်ပါနဲ့။ ဒီလိုလုပ်တာကအစာခြေစနစ်ကို ဝန်ပိစေပြီးအစာမကြေတာမျိုး ဖြစ်စေနိုင်တာကြောင့်ပါ။ ဒီလို အိပ်လိုက်တဲ့အခါ အစာခြေအက်ဆစ်တွေကအစာအိမ်ထဲကနေတဆင့် အစာပြွန်ထဲကို ရောက်ရှိလာပြီးရင်ပူတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးက အစားစားပြီး ၂ နာရီကြာမှ အိပ်ဖို့ပါ။အစားတစ်ခုခု စားပြီးရင် ခံတွင်းချဉ်လို့ ဆိုပြီး ဆေးလိပ်လေး တစ်လိပ်လောက် သောက်လိုက်ရမှ စိတ်ကျေနပ်တယ် ဆိုရင်တော့ ဒီအလေ့အကျင့်ကို ဖျောက်ဖို့ပြောပါရစေနော်။ အကြောင်းကတော့ အစားစားပြီးချိန်မှာ ဆေးလိပ်သောက်တာက ပုံမှန်ချိန်မှာဆေးလိပ်သောက်တာထက် ခန္ဓာကိုယ်ကို ထိခိုက်နိုင်ခြေ ၁၀ ဆလောက် ပိုများနေနိုင်ပါတယ်။ ဒါကြောင့် အစားတစ်ခုခု စားပြီးချိန်မှာ ဆေးလိပ်မသောက်ပါနဲ့။အစားတစ်ခုခု စားပြီးမှ ရေချိုးတာက အစာခြေစနစ်ရဲ့ လုပ်ဆောင်မှုကို နှေးသွားစေနိုင်ပါတယ်။ အကြောင်းကတော့ ရေချိုးချလိုက်တဲ့အခါ အစာအိမ်ဆီကိုရောက်ရှိရမယ့်သွေးတွေက အစာခြေစနစ်ကို မရောက်ရှိဘဲ ခန္ဓာကိုယ်အပူချိန်ကိုထိန်းညှိဖို့အတွက် ခန္ဓာကိုယ်အနှံ့ကို စီးဆင်းသွားပြီး အစာခြေစနစ်ရဲ့ လုပ်ဆောင်နိုင်စွမ်း ကျဆင်းသွားနိုင်တာကြောင့်ပါ။အစားအစာ တစ်ခုချင်းစီအလိုက် ခန္ဓာကိုယ်ရဲ့ အစာခြေမှု အရှိန်ကလည်း ကွာခြားပါတယ်။ ထမင်းမစားခင် သစ်သီးစားတာက အစာကြေစေဖို့ လွယ်ကူနိုင်စေပေမယ့် အစားစားပြီးစမှာ သစ်သီးစားတာကတော့ အစာခြေစနစ်ကို နှေးသွားစေနိုင်ပြီးအစာမကြေတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သစ်သီးကို ကြိုက်တယ်ဆိုရင်တောင်ထမင်းစားပြီး ၂ နာရီကြာမှ စားပေးပါ။အစားတစ်ခုခု စားပြီးတိုင်း ရေနွေးကြမ်းသောက်ရတာကို သဘောကျတယ် ဆိုရင်တော့ ဒီအချက်လေးကို သေချာဖတ်ကြည့်ဖို့ လိုမှာပါ။ စားလိုက်တဲ့ အစားအစာထဲမှာပရိုတင်းပါဝင်နေပြီး ထမင်းစားပြီးချိန်မှာရေနွေးကြမ်း သောက်သုံးတာက ပရိုတင်းကို ချေဖျက်နိုင်စွမ်းကျဆင်းစေနိုင်သလို ခန္ဓာကိုယ်ရဲ့သံဓာတ်စုပ်ယူမှုကိုလည်း အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် ရေနွေးကြမ်း ကြိုက်တယ်ဆိုရင်တောင် ထမင်းစားပြီး တစ်နာရီကြာမှ သောက်စေချင်ပါတယ်။ဒါကတော့ အထွေအထူး ပြောနေစရာ မလိုအောင်ပါ။ အစားတစ်ခုခုကို ပြည့်ပြည့်ဝဝ စားပြီး လေ့ကျင့်ခန်း လုပ်တာက အစာခြေစနစ်ရဲ့ လုပ်ဆောင်မှုကို အနှောင့်အယှက် ဖြစ်စေပြီးအော့အန်တာ၊ ဗိုက်အောင့်တာမျိုးတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် အစားတစ်ခုခုစားပြီးလို့ ၂ နာရီကနေ ၃နာရီလောက်ကြာမှ လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။အများက လက်ခံထားတာက အစားတစ်ခုခု စားပြီးလို့ လမ်းလျှောက်လိုက်ရင် ရင်ချောင်သွားမယ်၊ အစာကြေသွားမယ်လို့ပေါ့။ တကယ်ကတော့ ဒီလိုမဟုတ်ပါဘူး။ အစား စားပြီးပြီးချင်း လမ်းလျှောက်တာက စားချဉ့်ရည်တွေကို ပြန်ဆန်တက်စေနိုင်ပြီး အစာမကြေ ပိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အစားစားပြီးလို့ ၁ နာရီ ၁ နာရီခွဲလောက်နေမှ လမ်းလျှောက်ပေးပါ။ ဒါမှ အစာမကြေတာနဲ့ အခြားသော အစာခြေစနစ်ပြဿနာတွေ ကင်းစေမှာပါ။ကဲ ….. အစားစားပြီးချိန်မှာ မလုပ်သင့်တဲ့အလေ့အထများ က ဘာတွေလဲဆိုတာကို သိသွားပြီဆိုတော့ ပြင်ဆင်လိုက်စို့နော်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/things-you-shouldnt-do-after-a-full/
Throat Cancer ( လည်ချောင်းကင်ဆာ )
လည်ချောင်းကင်ဆာ က အမျိုးသားမှာရော အမျိုးသမီးမှာပါ ဖြစ်နိုင်တဲ့ ကင်ဆာတစ်ခုပါ။ လည်ချောင်းကင်ဆာရဲ့ လက္ခဏာတွေကို သိရှိထားခြင်းက စောစောစီးစီး ကုသနိုင်စေဖို့  အထောက်အကူ ဖြစ်မှာပါ။အသံအိုး၊ အသံကြိုးအစရှိတဲ့ လည်ပင်းမှာရှိတဲ့ အစိတ်အပိုင်းများမှာဖြစ်တဲ့ ကင်ဆာတွေကို လည်ချောင်းကင်ဆာလို့ သတ်မှတ်ပါတယ်။ လည်ချောင်းကင်ဆာကို အပိုင်းနှစ်ပိုင်း ခွဲထားပါတယ်။ နှာခေါင်း၊ ခံတွင်းအနောက်မှာဖြစ်တဲ့ ကင်ဆာ (Pharynx) နဲ့ လည်မျို၊ အသံအိုး၊ အသံကြိုးများ ပါဝင်သော အသက်ရှူလမ်းကြောင်း အထက်ပိုင်းမှာ ဖြစ်တဲ့ကင်ဆာ (larynx) ရယ်လို့ ဖြစ်ပါတယ်။လည်ချောင်းကင်ဆာဟာ အခြားသောကင်ဆာတွေလောက် အဖြစ်မများပေမဲ့လည်း အတွေ့ရများတတ်ပါတယ်။ အမျိုးသားတွေမှာ ပိုတွေ့ရတတ်ပါတယ်။ အရွယ်ရောက်ပြီးသူ ၁.၁ ရာခိုင်နှုန်းမှာ နှာခေါင်းနှင့် ခံတွင်းအနောက်မှာဖြစ်တဲ့ Pharynx ကင်ဆာနဲ့ ဝ.၄ ရာခိုင်နှုန်း မှာ လည်မျို၊ အသံအိုး၊ အသံကြိုးများပါဝင်သော အသက်ရှူလမ်းကြောင်း အထက်ပိုင်းမှာဖြစ်တဲ့ကင်ဆာ Larynx ကင်ဆာဖြစ်နေကြောင်း သိရပါတယ်။အစောပိုင်းအဆင့်မှာ လက္ခဏာ မသိသာတာကြောင့် လည်ချောင်းကင်ဆာ ဖြစ်နေကြောင်း သိနိုင်ခြေနည်းပါတယ်။ တွေ့ရများတဲ့လက္ခဏာတွေကတော့။ဒီအပြင် အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာတွေလည်း တွေ့ရနိုင်ပါသေးတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာ မပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။လက္ခဏာအသစ်တွေ တောက်လျှောက်အကြာကြီး ခံစားနေရမယ်ဆိုရင် ဒါမှမဟုတ် အထက်ပါအချက်ထဲက လက္ခဏာတစ်ခုခုကို နှစ်ပတ်ထက်ပိုကြာကြာ ခံစားနေရမယ်ဆိုရင် သွားပြသင့်ပါတယ်။အကြောင်းရင်းကို တိတိကျကျမပြောနိုင်ပေမဲ့ မျိုးရိုးဗီဇဆိုင်ရာ မူမမှန်ပြောင်းလဲမှုတွေကြောင့် ကင်ဆာဆဲလ်တွေ ကြီးထွားလာပြီး ခန္ဓာကိုယ်အနှံ့ပြန့်ပွားသွားတာ ဖြစ်နိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်း၊Human papilloma virusဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်း၊ ကျောက်ဂွမ်းကဲ့သို့သော အဆိပ်များနဲ့ ထိတွေ့နေရခြင်း၊ အရက်အလွန်အကျွံ သောက်ခြင်းတွေကလည်း မျိုးရိုးဗီဇဆိုင်ရာ မူမမှန်ပြောင်းလဲမှုတွေကို ဖြစ်စေနိုင်ပါတယ်။အောက်ဖော်ပြပါ နေထိုင်မှုပုံစံတွေကြောင့် လည်ချောင်းကင်ဆာ ဖြစ်နိုင်ခြေများစေနိုင်ပါတယ်။ရောဂါရှာဖွေဖို့ ဆရာဝန်က သင့်ရဲ့ ရောဂါလက္ခဏာတွေနဲ့ ကျန်းမာရေးအခြေအနေမှတ်တမ်းကို သိဖို့လိုပါလိမ့်မယ်။ သင့်မှာ လည်ချောင်းနာခြင်း၊ အသံဝင်ခြင်း၊ နာတာရှည်ချောင်းဆိုးခြင်းတွေရှိနေမယ်ဆိုရင် လည်ချောင်းကင်ဆာ ဖြစ်နိုင်ချေရှိပါတယ်။လည်ချောင်းအတွင်းကြည့်မှန်ပြောင်း တပ်ထားတဲ့ ရှည်လျား၊ ပျော့ပျောင်းတဲ့ပိုက်ကို လည်ချောင်းထဲ ထည့်ကြည့်ခြင်းဖြင့် ပုံမှန်မဟုတ်တဲ့အရာတွေကို တွေ့နိုင်ပါတယ်။ လည်ချောင်းအသားစကိုလည်း ထုတ်ယူစမ်းသပ်နိုင်ပါတယ်။ တကယ်လို့ ကင်ဆာဆဲလ်တွေ တွေ့ခဲ့မယ်ဆိုရင် ကင်ဆာအဆင့်ကို သိနိုင်ဖို့ထပ်ပြီး စစ်ဆေးမှုတွေလုပ်ဖို့ လိုပါလိမ့်မယ်။ အဆင့်သတ်မှတ်ချက်တွေကတော့။အဆင့် ဝ– ကင်ဆာအကျိတ်တွေဟာ လည်ချောင်းရဲ့ အပေါ်ယံအလွှာမှာပဲ ရှိပါသေးတယ်။အဆင့် ၁-ကင်ဆာအကျိတ်တွေဟာ လည်ချောင်းအပြင် အခြားနေရာတွေကို ပျံ့နှံ့ခြင်းမရှိသေးပါဘူး။အဆင့် ၂– ကင်ဆာကျိတ်က အနီးအနားတစ်ရှူးတွေကို ပျံ့သွားပါပြီ။အဆင့်၃-ကင်ဆာကျိတ်က အနီးအနားက တစ်ရှူးတွေနဲ့ ပြန်ရည်ကျိတ်တစ်ခုကို ပြန့်သွားပါပြီ။အဆင့်၄– ပြန်ရည်ကျိတ်တွေနဲ့ အခြားအင်္ဂါတွေကို ပျံ့နှံ့သွားပါပြီ။ခွဲစိတ်ကုသခြင်း။ကင်ဆာကျိတ်သေးငယ်နေဦးမယ်ဆိုရင် ခွဲစိတ်ပြီး ဖယ်ထုတ်လိုက်နိုင်ပါတယ်။ဓာတ်ရောင်ခြည်ကုထုံး။အကျိတ်ကို ဖယ်ပြီးနောက် ဓာတ်ရောင်ခြည်ပေးပြီး ကျန်တဲ့ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်ခြင်းဖြစ်ပါတယ်။ဓာတုကုထုံး။ကင်ဆာဆဲလ်ကြီးထွားမှုနှုန်း ကျသွားအောင်၊ ကင်ဆာ ဆက်မကြီးအောင် ထိန်းထားနိုင်ပါတယ်။ ကင်ဆာကျိတ်တွေ ကြီးနေပြီး ပြန်ရည်ကျိတ်တွေနဲ့ အခြားတစ်ရှူးတွေဆီ ပျံ့နေပြီဆိုရင် ဓာတ်ရောင်ခြည်ကုထုံးနဲ့ပါ တွဲကုပါတယ်။လည်ချောင်းကင်ဆာက အစောပိုင်းအဆင့်မှာဆိုရင် လုံးဝပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ အခြားနေရာတွေကို ပျံ့နေပြီဆိုရင်တော့ ပျောက်ကင်းအောင် ကုသဖို့ ခက်သွားပါပြီ။ စဉ်ဆက်မပြတ် ကုသနေရင်တော့ သက်တမ်းကြာကြာ နေသွားနိုင်ပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/head-neck-cancer/throat-cancer-explained/
Oatmeal အစွမ်းနဲ့ မျက်နှာလေး လှစေဖို့
Oatmeal အစွမ်းနဲ့ မျက်နှာလေး လှစေဖို့ နည်းလမ်းလေးတွေ ကြည့်လိုက်ရအောင်နော်။ ပျိုပျိုမေတို့ရေ ဆိုင်မှာ ပေါင်းတင်တာထက် အိမ်မှာ သဘာဝပစ္စည်းလေးနဲ့ ပေါင်းတင်တာကို ပိုပြီး ကြိုက်တယ်ဆိုရင်တော့ ထိရောက်တဲ့နည်းလမ်းလေးနဲ့ပေါင်းတင်ဖို့တော့ လိုတာပေါ့နော်။ ကိုယ့်ရဲ့ မျက်နှာလေး လှစေဖို့ဆိုရင်တော့ Oatmeal ရဲ့ အစွမ်းကတော့ အံ့မခန်းပါပဲ။Oatmeal ကိုအာရှမှာတော့ အသုံးပြုတာ နည်းပေမယ့် အနောက်နိုင်ငံတွေမှာတော့ မနက်စာအဖြစ် စားသုံးကြပါတယ်။ အုတ်ဂျုံလို့ ပြောပြီး ဝယ်လို့ရတယ်နော်။ ကွေကာအုပ်မှာ ပါတဲ့ အဖတ်လေးတွေ လိုပါပဲ။ Oatmeal မှာ အမျှင်ဓာတ်တွေ ပါဝင်ပြီး ကျန်းမာရေးအတွက် အထူးကောင်းမွန်သလို အလှအပအတွက်လည်း အရမ်းကို အသုံးဝင်ပါတယ်။Oatmeal မှာ အမိုင်နိုအက်စစ်ပါဝင်တာမို့ အသားအရေတွေ ကြည်လင်စေပါတယ် ။ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး ဆဲလ်အသစ် ပြန်လည် ဖြစ်တည်ဖို့ အထောက်အကူပြုပါတယ်။ ဒါကြောင့် ယားယံတာတွေ၊ အဖုအပိန့်ထတာတွေ မဖြစ်စေပါဘူး။Oatmeal ဟာ မျက်နှာအသားအရေတွေ အစိုဓာတ်ရရှိဖို့ ပေးစွမ်းနိုင်ပါတယ်။ ရေဓာတ်တွေ ပြည့်ဝစေတာမို့ မျက်နှာမှာ ညိုညစ်ညစ် ဖြစ်တာတွေ လုံးဝ မရှိနိုင်ပါဘူး။ Oatmeal က ထိခိုက်လွယ်တဲ့ အသားအရေ ပိုင်ဆိုင်သူတွေမှာတောင် သုံးလို့ရပါတယ်။နေလောင်ကွက်တွေလည်း မဖြစ်စေပါဘူး။ ကဲ …. Oatmeal အစွမ်းနဲ့ မျက်နှာလေး လှစေဖို့ ဘယ်လိုတွေ လုပ်ဆောင်လို့ရမလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်နော်။ဝက်ခြံတွေရှိလို့ စိတ်ညစ်နေတယ်ဆိုရင်တော့ Oatmeal လေးနဲ့ ပေါင်းတင်လို့ ရပါမယ်။ Tea tree၊ ပျားရည်တွေနဲ့ ရောစပ်ဖို့တော့ လိုပါတယ်။ ဘာလို့လဲဆိုတော့ Tea tree oil မှာ ဝက်ခြံတွေ ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး ပျားရည်ကတော့ အစိုဓာတ်ကို ထိန်းသိမ်းပေးပါတယ်။ဒီတော့ Oatmeal လက်ဖက်စားဇွန်း (၂) ဇွန်း၊ သံပရာရည် လက်ဖက်စားဇွန်း တစ်ဝက်၊ Tea Tree Oil (၄စက်ကနေ ၆စက်)နဲ့ ပျားရည် လက်ဖက်စားဇွန်း(၂) ဇွန်း လောက်ကို ထည့်ပြီး ရောမွှေလိုက်ပါ။ ပြီးရင် ဝက်ခြံရှိတဲ့ နေရာတွေမှာ လိမ်းလိုက်ပါ။ ခြောက်သွားမှ ရေနွေးနွေးလေးနဲ့ သန့်စင်လိုက်ပါ။ တစ်ပတ်ကို (၂) ကြိမ်ဆို လုံလောက်ပါတယ်။Oatmeal လေးနဲ့ ကြည်လင်တောက်ပနိုင်ဖို့ နည်းလမ်းလေး ပြောပြမယ်နော်။သခွားသီးမှာ အသားအရေကို ကြည်လင်စေတဲ့ ဓာတ်တွေ ပါဝင်တဲ့အပြင် မျက်ကွင်းညိုတာတွေကိုတောင် လျှော့ချပေးနိုင်ပါတယ်။သံပရာရည်ကတော့ ငယ်ရွယ်နုပျိုစေပြီး အသားအရေလည်း ကြည်လင်စေပါတယ်။ Oatmeal လက်ဖက်စားဇွန်း (၂) ဇွန်း၊ သခွားသီး အနည်းငယ်၊ သံပရာရည် လက်ဖက်စားဇွန်း(၁) ဇွန်းနဲ့ ပျားရည် လက်ဖက်စားဇွန်း (၁) ဇွန်းတို့ကို ကြိတ်စက်ထဲ ထည့်ပြီး ရောသမနေအောင် ကြိတ်ချေပါ။ ပြီးရင်တော့ မျက်နှာမှာ လိမ်းပေးပါ။ မိနစ်(၂၀) လောက် ထားပြီးရင်တော့ ရေနွေးလေးနဲ့ ဆေးကြောပေးပါ။Skin Care ကောင်းကောင်းမလုပ်ဘူးဆိုရင်တော့ အသက်ငယ်ငယ်လေးနဲ့ မျက်နှာမှာ အရေးအကြောင်းတွေ ထင်လာမှာနော်။ ဒီတော့ အရေးအကြောင်းတွေ မဖြစ်စေဖို့အတွက် ပေါင်းတင်လို့ ရပါတယ်။ ဒိန်ချဉ်မှာ အသားအရေကို အားဖြည့်ပေးနိုင်တဲ့ အင်ဇိုင်းတွေ ပါဝင်ပြီး အရွယ်မတိုင်ခင် အရေးအကြောင်းဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။လိမ္မော်သီးမှာတော့ ဆဲလ်တွေကို အသစ်ဖြစ်ပေါ်စေတဲ့ ဗီတာမင် စီ တွေ ပါဝင်ပါတယ်။ Oatmeal လက်ဖက်စားဇွန်း (၁) ဇွန်း၊ ဒိန်ချဉ် လက်ဖက်စားဇွန်း (၁) ဇွန်းနဲ့ လိမ္မော်သီးညှစ်ထားတဲ့အရည် လက်ဖက်စားဇွန်း(၁) ဇွန်းတို့ကို သမအောင် ရောစပ်ပြီး မွှေလိုက်ပါ။ မျက်နှာပေါ်မှာ ခပ်ထူထူလေး လိမ်းပါနော်။ (၁၅) မိနစ်လောက် လိမ်းထားပြီးရင်တော့ ရေနွေးလေးနဲ့ ဆေးကြောလိုက်ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/oatmeal-skin-benefits/
အစားအသောက်တွေကို အလွန်အကျွံစားမယ်ဆိုရင်
ဖွံ့ဖြိုးတိုးတက်လာတဲ့ ခေတ်ကြီးမှာအစားအသောက်တွေကလည်း ပုံစံအမျိုးမျိုး၊ အရသာမျိုးစုံ နဲ့ ရွေးချယ်စရာ အတော်ကို စုံလင်လာပါတယ်။ စုံလင်လှတဲ့ စားသောက်ဆိုင်တွေအပြင် နောက်ပိုင်းမှာ buffet လို့ခေါ်တဲ့အဝစားဆိုင်တွေလည်း များပြားလာတဲ့ အခါ လူတွေကို အစားအသောက်တွေကို အတော်လေးပိုပြီး စားဖြစ်လာကြပါတယ်။စိတ်ညစ်ရင်စားတယ်၊ ပျော်ရင်စားတယ်၊ အလိုလို နေရင်းစားတယ် စသဖြင့် အချိန်တိုင်းမှာ စားလာကြတာကို တွေ့ရပါတယ်။ အစားအစာက လူနဲ့တည့်တယ်၊ စားသင့်တယ်ဆိုတာ မှန်ပေမယ့် “တန်ဆေး၊ လွန်ဘေး” ဆိုတဲ့ စကားအတိုင်း အလွန်အကျွံစားမိမယ်ဆိုရင်တော့ ရေရှည်မှာ ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အစားအစာတွေကို ခဏခဏအလွန်အကျွံစားမိမယ်ဆိုရင် ကျန်းမာရေးအတွက် ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတာလေးကို ပြောပြပေးချင်ပါတယ်။၁။ပျို့အန်ချင်လာမယ်။ဒါကတော့ ရေရှည်မှ မဟုတ်ဘဲ ချက်ချင်း ဖြစ်လာနိုင်တဲ့ ဆိုးကျိုးလေးပါ။ အစာအိမ်က လက်ခံနိုင်တာထက်ပိုပြီး စားမိတဲ့ အခါမှာ အစာမကြေတာ၊ ပျို့ချင်လာတာ မျိုးဖြစ်ပြီး Gas တွေ အများကြီး ထွက်လာတာကြောင့်ရင်ပြည့်ရင်ကယ်ဖြစ်စေနိုင်ပါတယ်။ ဆိုးရွားရင် အန်တဲ့ အထိဖြစ်နိုင်ပါတယ်။၂။ အဆီတွေ စုလာမယ်။ကျန်းမာ ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်တစ်ခုဖြစ်ဖို့ဆိုရင် မျှတတဲ့ကယ်လိုရီပမာဏ ဖြစ်နေဖို့ အရေးကြီးပါတယ်။ သင်စားလိုက်တဲ့ ကယ်လိုရီပမာဏက သုံးနိုင်တဲ့ ကယ်လိုရီပမာဏထက် အများကြီးပိုနေမယ်၊ မျှတမှု မရှိတော့ဘူးဆိုရင်တော့ အဲဒီ ပိုနေတဲ့ ကယ်လိုရီတွေကို အဆီအဖြစ်နဲ့ စုဆောင်းထားလိုက်တဲ့အတွက် ခန္ဓာကိုယ်မှာအဆီပိုတွေ စုလာနိုင်ပါတယ်။၃။ ဆာလောင်မှုကို ဖြစ်စေတဲ့ ပုံမှန် ဖြစ်စဉ်ကို အနှောင့်အယှက် ဖြစ်လာမယ်။ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်မှာ ဒီလိုဆာလောင်ခြင်း၊ဗိုက်ပြည့်ခြင်း စတဲ့ခံစားမှုတွေနဲ့ လိုအပ်တဲ့ အားအင်ကို ရရှိစေဖို့ ထိန်းညှိပေးနေတဲ့ ghrelin နဲ့ leptin လို့ခေါ်တဲ့ အဓိက ဟော်မုန်းလေးနှစ်ခု ရှိပါတယ်။ အစာမစားတာ အချိန်ကြာလာတဲ့အခါမှာ Ghrelin ဟော်မုန်းလေးက ဆာလောင်ခြင်းကို ဖြစ်စေပြီး စားပြီးတဲ့အခါမှာ Leptin ဟော်မုန်းလေးက ဗိုက်ပြည့်တဲ့ ခံစားချက်ကို ဖြစ်စေပါတယ်။ဒါပေမယ့် လိုအပ်တာထက်ပို ပြီး ခဏခဏ အလွန်အကျွံစားတဲ့အခါ အဲဒီလို ထိန်းညှိပေးတဲ့ ဖြစ်စဉ်လေး ယိုယွင်းလာနိုင်ပါတယ်။ ဒါ့အပြင် အငန်ဓာတ်၊ အချိုတွေနဲ့ အဆီပါတဲ့ အစားအစာလေးတွေ စားတဲ့အခါမှာ သာယာကောင်းမွန်တဲ ခံစားချက်ကို ဖြစ်စေတဲ့dopamineဟော်မုန်းလေးတွေ ထွက်လာပါတယ်။ အဲဒါကြောင့် ကြာလာတဲ့အခါ ခန္ဓာကိုယ်က အဲလို ခံစားချက်ကို စွဲလမ်းလာပြီး အမှန်တကယ် ဆာတာထက် သာယာတဲ့ခံစားချက်ကို နှစ်ခြိုက်တဲ့လာတဲ့ အတွက် စားချင်စိတ်ကို ဖြစ်လာစေပြီး ပိုစားမိစေပါတယ်။၄။ ရောဂါတွေ ပိုဖြစ်လာစေနိုင်ပါတယ်။တစ်ခါတစ်လေ အများကြီးစားမိတာက ပြသနာမရှိပေမယ့် ခဏခဏ အချိန်အကြာကြီး ဖြစ်လာတဲ့အခါမှာ အဆီတွေစုလာမယ်၊အဝလွန်လာမယ်။ ဒါ့အပြင်သွေးတွင်း အဆီဓာတ်တွေများလာတာကြောင့် သွေးပေါင်တွေ တက်လာခြင်းနဲ့ နှလုံးထိခိုက်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ အစားအစာတွေ အလွန်အကျွံစားတဲ့အခါ အချိုဓာတ်တွေများလာပြီး သေချောချာ ဂရုမစိုက်မိရင်ဆီးချိုရောဂါတွေ ပိုဖြစ်လာနိုင်ပါတယ်။၅။ ဦးနှောက်ရဲ့ လုပ်ငန်းတွေ ထိခိုက်လာမယ်။အစားအလွန်အကျွံစားတဲ့ သူတွေဟာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဆိုးကျိုးတင်မကဘဲ အသက်ကြီးလာတဲ့ အခါမှာ ဦးနှောက်မှတ်ဉာဏ်ပိုင်းဆိုင်ရာမှာလည်း ထိခိုက်လာနိုင်ပါတယ်။ဒီလို ကျန်းမာရေးအတွက် ဆိုးကျိုးတွေ အများကြီး ဖြစ်စေတာကြောင့် အစာစားတဲ့အခါ မကြာခဏ အလွန်အကျွံ မစားမိစေဖို့ အကြံပေးချင်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးအတွက် ကောင်းစေတဲ့ သဘာဝသစ်သီး၊ ဟင်းသီးဟင်းရွက်တွေကို များများစားသုံးပေးဖို့ နဲ့ အရမ်းချိုတာ၊ အဆီများ၊ အငန်များတာတွေကို ရှောင်ကြဉ်ကြဖို့လည်း မမေ့ကြပါနဲ့နော်။ရေးသားသူ – Khine Phoo Ngon။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/obesity-healthy-eating/over-eating/
ဝက်ခြံကို ဘယ်လိုကုသမလဲ
ဝက်ခြံဟာ အလွန်အဖြစ်များတဲ့ အရေပြားပြဿနာတစ်ခု ဖြစ်ပါတယ်။ မျက်နှာပေါ်မှာ ပေါက်လေ့ရှိပြီး ရုပ်ရည်သွင်ပြင်ကို ထိခိုက်စေနိုင်တဲ့အတွက် ဝက်ခြံပေါက်လာပြီဆိုရင် အမြန်ဆုံးပျောက်ချင်ကြတာ သဘာဝပါပဲ။ ဝက်ခြံကို ဘယ်လိုထိထိရောက်ရောက် ကုသရမလဲဆိုတာနဲ့ ပတ်သက်ပြီး သိသင့်တဲ့ အခြေခံအကြောင်းအရာတွေကို ဒီဆောင်းပါးမှာ ဖော်ပြသွားမှာ ဖြစ်ပါတယ်။ဝက်ခြံကုသခြင်းရဲ့ အဓိကရည်ရွယ်ချက်တွေကတော့ အနာကျက်ဖို့၊ ဝက်ခြံဖု အသစ်ထပ်မထွက်ဖို့၊ အမာရွတ်မထင်ဖို့နဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာများ အတတ်နိုင်ဆုံး လျော့နည်းစေဖို့ပဲ ဖြစ်ပါတယ်။အပျော့စား ဝက်ခြံပြဿနာဆိုတာ ဆားဝက်ခြံ၊ အမည်းစက်တွေနဲ့ အသေးစား ဝက်ခြံဖုများထွက်ခြင်းကို ခေါ်တာဖြစ်ပါတယ်။ ဒီပြဿနာဖြစ်လာရင် အရေပြားကို ရေနွေး၊ အပျော့စား သန့်စင်ဆေးတွေနဲ့ ဆေးကြောသန့်စင်ပေးရမှာ ဖြစ်ပါတယ်။ သင့်မှာဖြစ်နေတဲ့ အခြေအနေကိုလိုက်ပြီး ဆေးဆိုင်မှာ အလွယ်တကူ ဝယ်ယူနိုင်တဲ့ဆေးတွေ ဒါမှမဟုတ် ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေ အသုံးပြုဖို့ လိုမှာဖြစ်ပါတယ်။ ၎င်းဆေးဝါးတွေကို ဝက်ခြံထွက်တဲ့နေရာတဝိုက် လိမ်းပေးရမှာ ဖြစ်ပါတယ်။ဝက်ခြံကုသရာမှာ သုံးလေ့ရှိတဲ့ ဆေးဝါးတွေကတော့။ဝက်ခြံကုသရာမှာ အသုံးပြုတဲ့ဆေးဝါးများကို လိုးရှင်း၊ ခရင်မ်၊ အဆီ၊ ဂျယ်လ် ပုံစံတွေနဲ့ ရရှိနိုင်ပါတယ်။ ဒါပေမယ့် ၎င်းတို့ကို အသုံးပြုပြီး အရေပြားခြောက်သွေ့ခြင်း၊ ထိခိုက်ခြင်း၊ ယားယံခြင်း၊ ပူစပ်ပူလောင် စပ်ဖျဉ်းဖျဉ်းခံစားရခြင်းတို့ ဖြစ်လာခဲ့ရင်တော့ အရေပြားအထူးကုဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။ဆေးဝါးကုသမှုခံယူနေစဉ် သိသာထင်ရှားတဲ့ အပြောင်းအလဲဖြစ်ဖို့ ရက်သတ္တပတ်နဲ့ချီပြီး စိတ်ရှည်လက်ရှည် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းဖို့ လိုကောင်းလိုမှာ ဖြစ်ပါတယ်။ဒီပြဿနာတွေ ဖြစ်လာခဲ့ရင်တော့ ပိုမိုရှုပ်ထွေး အဆင့်မြင့်တဲ့ ကုသမှုတွေ ခံယူရဖို့ရှိပါတယ်။ သင့်ဆရာဝန်က တစ်မျိုးထဲ ဒါမှမဟုတ် တစ်မျိုးထက်ပိုပြီး ပေါင်းစပ်အသုံးပြုရမယ့် လိမ်းဆေး၊သောက်ဆေးတွေ ညွှန်ပေးလိမ့်မှာ ဖြစ်ပါတယ်။ဘက်တီးရီးယားတွေကို သေစေပြီး အရောင်ကျစေမယ့် ပဋိဇီဝလိမ်းဆေး၊ ဆားဝက်ခြံနဲ့ အမည်းစက်တွေကို ဖယ်ရှားပေးမယ့် retiniods လိမ်းဆေး၊ ဝက်ခြံဖြစ်စေတဲ့ P.acnes ဘက်တီးရီးယားပိုးမွှားများကို သေစေပြီး အရေပြားအဆီထွက်ခြင်းကို လျော့ကျစေတဲ့ လိမ်းဆေးများကို အသုံးပြုဖို့ လိုအပ်မှာဖြစ်ပါတယ်။ အကယ်၍ သင်ဟာ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင် ဖြစ်ခဲ့မယ်ဆိုရင် ခရမ်၊ လိုးရှင်းများ အသုံးပြုခြင်းအားဖြင့် အစိုဓါတ် ရရှိမှာဖြစ်ပြီး သင့်အတွက် အကျိုးရှိနိုင်ပါတယ်။ သင့်မှာ အဆီပြန်တဲ့ အသားအရေ ရှိခဲ့မယ်ဆိုရင်တော့ အယ်လ်ကိုဟောအခြေခံတဲ့ ဂျယ်လ်များကို အသုံးပြုဖို့ သင့်ဆရာဝန်က အကြံပြုပါလိမ့်မယ်။ ဒီဂျယ်လ်အမျိုးအစားတွေရဲ့ အသားအရည်ခြောက်သွေ့စေနိုင်တဲ့ အာနိသင်ကိုတော့ သတိပြုရမှာဖြစ်ပါတယ်။ဝက်ခြံကုသရာမှာ အသုံးပြုတဲ့ လိမ်းဆေးတွေကြောင့် အချို့လူတွေမှာ ဘေးထွက်ဆိုးကျိုးဒဏ် ခံစားရတတ်ပါတယ်။ အရေပြားလောင်ခြင်း၊ နီရဲခြင်း၊ အကြေးခွံထခြင်း၊ အရောင်ပြောင်းလဲခြင်း စတာတွေဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ၎င်းဆေးဝါးတွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း တိတိကျကျ လိုက်နာအသုံးပြုသင့်သလို ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာခဲ့ရင်လည်း အရေပြားအထူးကုဆရာဝန်ဆီ သွားရောက်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဝက်ခြံပြဿနာအတွက် အရေပြားလိမ်းဆေးတွေအပြင် ဘက်တီးရီးယားပိုးမွှားများ ထပ်မံပွားများမလာအောင် ထိန်းချုပ်ဖို့ ပဋိဇီဝဆေးဝါးများ သောက်သုံးရမှာ ဖြစ်ပါတယ်။ အချို့လူတွေကတော့ သောက်ဆေးတွေကြောင့် အစာအိမ်မကောင်းခြင်း၊ မူးဝေခြင်း စတဲ့ လက္ခဏာတွေ ခံစားရတယ်လို့ ဆိုကြပါတယ်။အကယ်၍များ ကံမကောင်းစွာနဲ့ ဝက်ခြံဖုကြီးတွေ၊ ဝက်ခြံအိတ်တွေ ဖြစ်လာခဲ့မယ်ဆိုရင်တော့ မိမိဘာသာ ကုသတာမျိုး မလုပ်ဘဲ အရေပြားအထူးကုဆရာဝန်နဲ့ မဖြစ်မနေပြသဖို့ လိုမှာဖြစ်ပါတယ်။ မိမိဘာသာ ကုသခြင်းဟာ ၎င်းအခြေအနေတွေကို ပိုဆိုးစေနိုင်ပါတယ်။ ပဋိဇီဝဆေး၊ retinoid တွေနဲ့ မသက်သာဘူးဆိုရင် သင့်ဆရာဝန်က isotretinoin ခေါ် ဆေးတစ်မျိုး အသုံးပြုဖို့ ညွှန်ပေးလိမ့်မှာ ဖြစ်ပါတယ်။ ဒီဆေးဟာ ဝက်ခြံဂလင်းတွေရဲ့ အရွယ်အစားကို လျော့ကျစေပြီး အမာရွတ်ကျန်ခဲ့ခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါပေမယ့် ဒီဆေးကြောင့် ကလေးငယ်တွေမှာ မွေးရာပါချို့ယွင်းမှုတွေ ဖြစ်လာနိုင်တဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်တွေ အသုံးပြုဖို့ မသင့်တော်ပါဘူး။ အခြားအခြေအနေတွေမှာလည်း ဒီဆေးအသုံးပြုဖို့ သင့်တော်မတော် အရေပြားအထူးကုဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ခန္ဓါကိုယ်မှာ ပုံမှန်ထက်ပို၍ အမွှေးအမှင်ထွက်ခြင်း၊ ဓမ္မတာမမှန်ခြင်းတို့ကြောင့် ဝက်ခြံပေါက်နိုင်သလို ဓမ္မတာမလာခင် အချိန်တွေမှာလည်း ဝက်ခြံထွက်လာတတ်ပါတယ်။ အဆိုပါ ပြဿနာအတွက် သန္ဓေတားဆေး၊ စတီးရွိုက်အနည်းငယ်ပါဝင်တဲ့ ဆေးဝါးများ၊ အန်ဒရိုဂျင်ဟော်မုန်းဆန့်ကျင်တဲ့ ဆေးဝါးများ အသုံးပြုရဖို့ ရှိပါတယ်။ ၎င်းဆေးဝါးတွေက အဆီနဲ့ အန်ဒရိုဂျင်ဟော်မုန်း ထွက်ရှိမှုကို လျော့နည်းစေပါတယ်။ဝက်ခြံကို ဆေးဝါးအပြင် အထူးပြုလုပ်ထားတဲ့ ပစ္စည်းကိရိယာများ အကူအညီနဲ့လည်း ကုသနိုင်ပါတယ်။ လေဆာကုထုံး၊ dermabrasion ခေါ် အပေါ်ယံအရေပြားအလွှာအချို့ကို ဖယ်ရှားပစ်တဲ့ နည်းလမ်းများကို ဝက်ခြံကုသရာမှာ အသုံးပြုနိုင်ပါတယ်။ဝက်ခြံအမျိုးအစားနဲ့ ပြင်းထန်မှုအပေါ်မူတည်ပြီး ကုသမှုတွေလည်း ကွဲပြားသွားမှာ ဖြစ်ပါတယ်။ အပျော့စားဝက်ခြံပြဿနာကို ဆေးဆိုင်မှာ အလွယ်တကူဝယ်ယူနိုင်တဲ့ ဆေးဝါးတွေနဲ့ ကုသပျောက်ကင်းနိုင်ပေမယ့် အလယ်အလတ်နဲ့ အပြင်းစား ဝက်ခြံပြဿနာတွေကိုတော့ ပဋိဇီဝဆေးဝါးများ၊ ထိုးဆေးများ၊ ဝက်ခြံဖယ်ရှားပစ်တဲ့ကုထုံးများနဲ့ ကုသဖို့လိုမှာ ဖြစ်ပါတယ်။ ဘယ်လိုကုသမှုနည်းလမ်းက သင်နဲ့ အသင့်တော်ဆုံးဖြစ်မလဲဆိုတာကိုတော့ အရေပြားအထူးကုဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%81%80%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%b6%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a%e1%80%b9%e1%80%9c%e1%80%ad%e1%80%af%e1%80%80%e1%80%af%e1%80%9e%e1%80%99%e1%80%9c%e1%80%b2/
သွေးဖြူဥ နည်းနေတာလား
သွေးဖြူဥနည်းတာကခန္ဓါကိုယ်အတွက် မကောင်းပါဘူး။ သွေးဖြူဥနည်းတာနဲ့ပတ်သက်လို့ သိချင်ရင်တော့ ဒီဆောင်းပါးလေးထဲမှာဖတ်ကြည့်ပေးပါ။သွေးဖြူဥဆိုတာက ခန္ဓါကိုယ်ထဲမှာ စီးဆင်းနေတဲ့သွေးတွေထဲမှာပါဝင်နေတဲ့သွေးနီဥ၊သွေးဥမွှား၊သွေးဆဲလ်တွေလိုမျိုးသွေးတွင်းမှာရှိနေတဲ့ အရာတစ်ခုပါ။သွေးဖြူဥတွေက ကိုယ်တွင်းကိုပြင်ပကရောဂါတွေဝင်မလာအောင်တားဆီးပေးပါတယ်။ကိုယ်ခံအားကောင်းစေဖို့ထောက်ကူပေးတယ်။ရောဂါပိုးတွေကို တိုက်ထုတ်ဖို့ ပဋိပစ္စည်းတွေထုတ်ပေးပါတယ်။သွေးဖြူဥပမာဏက လူတစ်ယောက်နဲ့တစ်ယောက်မှာ မတူနိုင်ပါဘူး။ပုံမှန်ရှိသင့်တဲ့ ပမာဏ– ၃၅၀၀ ကနေ ၁၀၅၀၀per microliter။ပမာဏနည်းနေတယ်ဆိုရင်– ၄၅၀၀per microliter ထက်နည်းနေတာ။ပမာဏများနေတယ်ဆိုရင်– ၁၁၀၀၀per microliter ထက်များနေတာပါ။သွေးဖြူဥကများရင်မကောင်းသလို နည်းပြန်ရင်လည်းမကောင်းပါဘူး။ လူအများစုကနေ့စဉ်မှာသွေးဖြူဥဆဲလ် ၁၀၀ ဘီလျံဝန်းကျင်ထုတ်လုပ်ကြပါတယ်။သွေးဖြူဥနည်းတာကကိုယ်ခံအားကို အားလျော့စေနိုင်ပါတယ်။သွေးတွင်းမှာသွေးဖြူဥဆဲလ်တွေနည်းလာတဲ့အခါ ခန္ဓါကိုယ်ကရောဂါတွေကို တိုက်ထုတ်နိုင်စွမ်းကျသွားပြီး မကြာခဏဆိုသလိုဖျားနာလာတာမျိုးဖြစ်နိုင်ပါတယ်။ရောဂါတွေအလွယ်တကူဝင်ရောက်တာမျိုးဖြစ်နိုင်ပါတယ်။သွေးဖြူဥနည်းစေတဲ့ အကြောင်းအရင်းတွေက တစ်ခုမကရှိနေပါတယ်။သွေးဖြူဥမနည်းအောင်ကာကွယ်လို့ရပါတယ်။သွေးဖြူဥတိုးလာစေဖို့ အခုပြောပြမယ့်နည်းလမ်းတွေက အကောင်းဆုံးအထောက်အကူပြုပေးနိုင်မှာပါ။သွေးဖြူဥနည်းတာက ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်တာကြောင့် ကျန်းမာတဲ့သွေးဖြူဥအရေအတွက်ကို ရှိသင့်တဲ့ပမာဏမှာ ရှိနေအောင် ထိန်းထားဖို့ အကြံပြုပါရစေနော်။Hello Health Groupသည်ဆေးပညာအကြံပေးချက်များ၊ရောဂါရှာဖွေမှုများ၊ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/white-blood-cell-disorder/low-white-blood-cell-count/
ဘယ်လိုဝက်ခြံအမျိုးအစားတွေရှိသလဲ
ဝက်ခြံဆိုတာဘာလဲ?။ဝက်ခြံဟာဆယ်ကျော်သက်လူငယ်နှင့်သက်လတ်ပိုင်းအများစုမှာတွေ့ရလေ့စှိတဲ့အရေပြားပြသနာတစ်ခုပင်ဖြစ်သည်။ ချွေးပေါက်ထဲတွင်ဆဲလ်သေနှင့်အဆီများစုဝေးလာသောအခါ ချွေးပေါက်ပိတ်ဆို့ပြီး ဝက်ခြံဖြစ်ပေါ်လာသည်။ဝက်ခြံဖြစ်ပေါ်စေသော အဓိကအကြောင်းရင်း နှစ်ခုမှာ ဟိုမုန်းအပြောင်းအလဲနှင့် ဘက်တီးရီးယားကြောင့်ပင်ဖြစ်သည်။လူငယ်များ အပျို/လူပျိုဝင်စအချိန်တွင် ဟိုမုန်းအပြောင်းအလဲကြောင့်အဆီဂလင်းမှ အဆီထုတ်မှုပိုများလာသည်။ထိုအဆီနှင့်ဆဲလ်သေပိတ်ဆို့မှုဟာ ဘက်တီးရီးယားပေါက်ပွားမှုကိုအားပေးပြီး ရောင်ရမ်းဝက်ခြံများကိုဖြစ်ပေါ်စေနိုင်ပါတယ်။အခြားဝက်ခြံကိုပိုဆိုးစေသောအရာများကတော့ အရေပြားညစ်ပတ်ခြင်း၊ ဝက်ခြံညစ်ခြင်း၊ အစားအစာမျှတမှုမရှိခြင်း၊ ပင်ပန်းခြင်းတို့ပါဝင်သည်။● ဆားဝက်ခြံခေါင်းဖြူ။ချွေးပေါက်ရှိဆဲလ်သေ၊အဆီပိုများနှင့် ဘတ်တီးရီးယားများစုပေါင်းပြီး အရေပြားပေါ်သို့ အဖြူရောင်အစေ့သေးသေးများအဖြစ်ထွက်ပေါ်လာတတ်ပြီး အရေပြားကြမ်းတမ်းလာတတ်သည်။● ဆားဝက်ခြံခေါင်းမဲ။ဆားဝက်ခြံခေါင်းဖြူကဲ့သို့ပင် ဖြစ်ပုံခြင်းတူညီပြီး ချွေးပေါက်ပွင့်၍အောက်ဆီဂျင်နှင့်ထိတွေ့ကာ မဲလာခြင်းဖြစ်သည်။ နှစ်ခုစလုံးမှာ သေချာကုသမှုမခံယူပါက ဝက်ခြံအကြီးစားထိဖြစ်သွားနိုင်သည်။ဝက်ခြံပေါက်သွားသောအခါအထဲမှ ဘက်တီးရီးယားများအနားရှိအရေပြားကိုရောင်ရမ်းနီရဲစေသည်။အတွင်းထဲထိလှိုက်စားရောင်ရဲနေသော အနာဖုများသည် ထိလိုက်သည့်အခါတိုင်းတွင် နာနေတတ်သည်။ဝက်ခြံတွင် ပြည်စုလာသောအခါ ပြည်ဖုဖြစ်လာသည်။ဝက်ခြံရောင်ရမ်းမှုအရမ်းဆိုးဝါးလာသောအခါ သားငန်ရည်၊ ပြည်များစုသွားပြီး အရည်ကြည်ဖုအဖြစ်ပြောင်းလဲသွားသည်။ပုံမှန်အရမ်းမဆိုးသော ဝက်ခြံများကို ဝက်ခြံပျောက်ဆေးလိမ်းပေးရင်ပျောက်တတ်ပါသည်။ သို့သော် အရမ်းရောင်ရမ်းနေသောဝက်ခြံများ၊ ဝက်ခြံပျောက်ဆေးနှင့်မသက်သာသောဝက်ခြံများကို အရေပြားဆရာဝန်နှင့်တိုင်ပင်ကုသဆွေးနွေးသင့်သည်။ ဝက်ခြံကိုကုသနိုင်သောတခြားနည်းလမ်းကုထုံးများမှာ။● အရေပြားအားဖြည့်ဆေးများထိုးခြင်း။● အရေပြားပြုပြင်ခြင်း။● လေဆာပစ်ခြင်း တို့ဖြစ်ကြသည်။Hello Health Groupသည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%80%98%e1%80%9a%e1%80%b9%e1%80%9c%e1%80%ad%e1%80%af%e1%80%9d%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%b6%e1%80%a1%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%a1%e1%80%85%e1%80%ac%e1%80%b8/
ဘလူးဘယ်ရီသီး၏ အကျိုးကျေးဇူးများ
ဘလူးဘယ်ရီသီးများဟာ အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးအနှံပဲ ဖြစ်ပါတယ်။ ကယ်လိုရီနည်းပြီး ကျန်းမာရေးအတွက် အကျိုးဖြစ်ထွန်းစေတဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ဘလူးဘယ်ရီသီးရဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။ဘလူးဘယ်ရီဟာ ဘယ်ရီသီးတွေကြားမှာ အာဟာရဓာတ် အသိပ်သည်းဆုံးလို့ ဆိုနိုင်ပါတယ်။ ဘလူးဘယ်ရီတခွက် (၁၄၈ ဂရမ်) မှာ။– အမျှင်ဓာတ်။ ၄ ဂရမ်။– ဗီတာမင် စီ။ တစ်နေ့တာလိုအပ်ချက်၏ ၂၄ %။– ဗီတာမင် ကေ။ တစ်နေ့တာလိုအပ်ချက်၏ ၃၆%။– မဂ္ဂနိစ်။ တစ်နေ့တာလိုအပ်ချက်၏ ၂၅%။– ကယ်လိုရီ ၈၄။– ကာဘိုဟိုက်ဒရိတ် ၁၅ ဂရမ် စတာတွေပါဝင်ပါတယ်။ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ကိုယ်ခန္ဓာထဲက ဖရီးရယ်ဒီကယ်တွေရဲ့ဒဏ်ကို ကာကွယ်ပေးပါတယ်။ ဖရီးရယ်ဒီကယ်များဟာ မတည်ငြိမ်တဲ့ မော်လီကျူးတွေဖြစ်ပြီး ဆဲလ်တွေကိုပျက်စီးစေခြင်းကြောင့် အိုမင်းရင့်ရော်လွယ်ခြင်း၊ ကင်ဆာကဲ့သို့ ရောဂါများဖြစ်စေခြင်း စတာတွေ ဖြစ်စေပါတယ်။ဘလူးဘယ်ရီမှာ flavonoid လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်ပါတယ်။ အဆိုပါဓာတ်တိုးပစ္စည်းဟာ လူသားတို့ရဲ့ ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုပါတယ်။ဓာတ်တိုးခြင်းဖြစ်စဉ်ကြောင့် ဒီအန်အေမျိုးရိုးဗီဇကို ထိခိုက်စေနိုင်ပါတယ်။ ဒီဖြစ်စဉ်ဟာ လူသားတို့ခန္ဓာကိုယ်မှာ ကြုံတွေ့နေကြဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ အဆိုပါ ထိခိုက်ပျက်စီးမှုကြောင့် အိုမင်းရင့်ရော်ခြင်း၊ ရောဂါထူးပြောခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။သုတေသနတခုရဲ့ဖော်ပြချက်အရ ဘလူးဘယ်ရီနဲ့ပန်းသီးရောစပ်ထားတဲ့ ဖျော်ရည်ကို နေ့စဉ် တစ်လီတာသောက်သုံးပေးတဲ့အခါ တစ်လကြာပြီးတဲ့အခါ ဖရီးရယ်ဒီကယ်တွေကြောင့် ဒီအန်အေထိခိုက်မှုနှုန်းဟာ ၂၀% ထိ လျော့ကျသွားစေတယ်လို့ သိရပါတယ်။လူ့ခန္ဓာကိုယ်ထဲမှာ ဘေးဖြစ်စေတတ်တဲ့ LDL ကိုလက်စထရောဆိုတာ ရှိပါတယ်။ အဆိုပါ ကိုလက်စထရောဟာ နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ဘလူးဘယ်ရီဟာ LDL ကိုလက်စထရောကို ကျဆင်းစေတာကြောင့် နှလုံးအတွက်လည်း အကျိုးပြုပါတယ်။တစ်နေ့ကို ဘလူးဘယ်ရီ ၂အောင်စ (၅၀ ဂရမ်) စားပေးခြင်းဟာ ၈ ပတ်ကြာတဲ့အခါ LDL ကိုလက်စထရောကို ၂၇% ထိ ကျဆင်းသွားစေတယ်လို့ ဆိုပါတယ်။ဘလူးဘယ်ရီဟာ သွေးတိုးတတ်သူတွေအတွက်လည်း အထောက်အကူပြုပါတယ်။ အဝလွန်နေသူများနဲ့ ၈ပတ်ကြာပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာ ဘလူးဘယ်ရီသီးကို တစ်နေ့ ၂ အောင်စ (၅၀ ဂရမ်) စားသုံးပေးခြင်းဟာ သွေးပေါင်ချိန်ကို ၄-၆% လျော့ကျစေတယ်လို့ တွေ့ရှိထားပါတယ်။ဘလူးဘယ်ရီမှာ anthocyanin လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်ပါတယ်။ အဆိုပါဓာတ်တိုးပစ္စည်းဟာ နှလုံးထိခိုက်ခြင်း (heart attack) ဖြစ်နိုင်ခြေကို ၃၂% လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ဓာတ်တိုးဖိစီးမှုများဟာ ဦးနှောက်ရဲ့အိုမင်းရင့်ရော်ခြင်းဖြစ်စဉ်ကိုလည်း ပိုမိုမြန်ဆန်စေပါတယ်။ ဦးနှောက်ရဲ့ လုပ်ငန်းတာဝန်နဲ့ မှတ်ဉာဏ်များကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဘလူးဘယ်ရီမှာပါဝင်တဲ့ ဓာတ်တိုးပစ္စည်းများဟာ ဦးနှောက်ကို စောစီးစွာ ထိခိုက်ပျက်စီးမယ့် ဖြစ်စဉ်ကနေ ကာကွယ်ပေးပါတယ်။သုတေသနတစ်ခုရဲ့ ဖော်ပြချက်အရ သိမှတ်မှုစွမ်းရည်မှာ ပြဿနာရှိတဲ့ သက်ကြီးပိုင်း ဘလူးဘယ်ရီဖျော်ရည်ကို နေ့စဉ်တိုက်ပေးတဲ့အခါ ၁၂ပတ်ကြာတဲ့အခါ ဦးနှောက်လုပ်ငန်းတာဝန်တွေ တိုးတက်မှုရှိလာကြောင်း တွေ့ရပါတယ်။ဘလူးဘယ်ရီမှာပါတဲ့ ဓာတ်ပစ္စည်းများဟာဆီးအိမ်နံရံမှာ ဘက်တီးရီးယားပိုးတွေ ကပ်ငြိတွယ်ခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါကြောင့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကိုလည်း အထိုက်အလျောက် ကာကွယ်ပေးနိုင်ပါတယ်။ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ပြီးတဲ့အခါ ကြွက်သားများ ရောင်ရမ်းထိခိုက်စေတတ်ပါတယ်။ ဘလူးဘယ်ရီ ဖြည့်စွက်စာတွေဟာ ဒီလိုထိခိုက်ပျက်စီးမှုတွေကို ကာကွယ်ပေးပါတယ်။ အမျိုးသမီး အားကစားသမား ၁၀ ယောက်ကို ပြုလုပ်ခဲ့တဲ့ သုတေသနတခုအရ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ ပြုလုပ်ခြင်းကြောင့် ရရှိလာတဲ့ ကြွက်သားထိခိုက်မှုတွေကို ဘလူးဘယ်ရီက သက်သာစေတယ်လို့ ဆိုပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/benefits-of-blueberries/
ရာသီရက် ရွှေ့ ချင်တဲ့ ပျိုမေများအတွက်
သူ့ဟာသူ လာနေတဲ့ရာသီရက်ကို ဘာကြောင့် ရွှေ့ချင်တာတုန်းလို့ မေးစရာ ရှိပါတယ်။ ဒါပေမယ့် ရာသီတစ်ခါလာရင် ဘယ်လောက်ပင်ပန်းလဲဆိုတာ အမျိုးသမီးတွေ အသိဆုံးပါ။ မလာခင်လည်း စိတ်တွေတိုရ၊ လာနေတော့လည်း ကိုယ်လက်တွေကိုက်၊ ဗိုက်တွေအောင့်၊ ဒီpadတွေလဲရတာလည်း အလုပ်တစ်လုပ်ဆိုတော့ စိတ်ရှုပ်စရာပါ။ သာမန်အချိန်ဆို ပြဿနာ မရှိပေမယ့် တစ်ခုခု အရေးကြီးတာ လုပ်စရာရှိတယ်ဆို သွားပြီပဲ။ဥပမာ ပြောပြမယ်နော်။ နောက်အပတ်မှာ စာမေးပွဲရှိတယ်။ ၃ရက်လောက် ဖြေရမယ်။ တိုက်တိုက်ဆိုင်ဆိုင်ရာသီလာမယ့်ရက်နဲ့တည့်တည့်တိုးနေတယ်။ ကလေးတွေခမျာ စာကျက်လို့ စိတ်ညစ်တာ တစ်မျိုး၊ ဒီရာသီကတစ်မျိုးနဲ့ ဝက်ခြံလေးတွေတောင် ထွက်လို့။ နောက်တစ်ခု ခရီးသွားမယ့်အချိန်မှာ ရာသီလာရင်လည်း တော်တော် စိတ်ညစ်ရပါတယ်။ လည်လို့ ပတ်လို့ မကောင်းတော့ဘူးလေ။ Beachသွားမယ်လို့ စီစဉ်ထားတဲ့သူဆို ပိုဆိုး။ ရေထဲတောင် ဆင်းလိုက်ရမှာ မဟုတ်ဘူး။ နောက်ထပ် ပိုဆိုးတာက မင်္ဂလာဆောင်မယ့်ရက်နဲ့ ရာသီလာမယ့်ရက်နဲ့ တိုက်နေတာပါ။ ဒါဆိုရင်တော့ သတို့သားပါ ထိုင်ငိုကိန်းပဲ။ ဤသို့ ဤသို့သော အကြောင်းတွေကြောင့် ဆရာမရယ် ရာသီရက် ရွှေ့ ပေးပါဆိုတဲ့ complaintပေါ်လာပါတယ်။ရပါတယ်။ဟော်မုန်းကြောင့် ဖြစ်နေတဲ့ရာသီစက်ဝန်းဖြစ်နေတာကြောင့် ဟော်မုန်းနဲ့ ရွှေ့လို့ရပါတယ်။တချို့ သဘာဝနည်းလမ်းတွေနဲ့ ရွှေ့တဲ့သူလည်း ရှိပါတယ်။ အလုပ်ဖြစ်မယ်လို့တော့ အာမခံလို့ မရပါဘူး။ ခုပြောမှာကတော့ ဟော်မုန်းနဲ့ ရက်ရွှေ့တဲ့ နည်းလမ်းပါ။ နည်းလမ်း နှစ်ခုပြောပေးပါမယ်။ဒါကအီစထရိုဂျင်ပါတဲ့ ဟော်မုန်းဆေးပါ။တားဆေးမသောက်နေတဲ့သူတွေ ရာသီရက်ရွှေ့ချင်ရင် သုံးကြပါတယ်။ သိထားရမှာက ဟော်မုန်းဆေးမို့လို့ ဆရာဝန်လက်မှတ်နဲ့ ဝယ်ရတဲ့ဆေးပါ။ ဒီတိုင်း ဝယ်လို့မရပါဘူး။ ရာသီလာမယ့်ရက် မတိုင်ခင် ၃၊ ၄ရက်လောက် အလိုမှာ တစ်နေ့ကို ၃လုံးသောက်ရတာပါ။ ကိစ္စဝိစ္စပြီးလို့ ရာသီပြန်လာချင်ရင် ဆေးရပ်လိုက်ပါ။ ၂ရက် ၃ရက်နေရင် ပြန်လာပါတယ်။သတိထားရမှာက ဒီဆေးက အီစထရိုဂျင်ပါပေမယ့်ကိုယ်ဝန်တားနိုင်တဲ့ သတ္တိပြည့်ပြည့်ဝဝမရှိပါဘူး။ ဒါကြောင့် ဒီဆေးသောက်နေပေမယ့် အတူနေမယ်ဆိုရင် တခြား ကိုယ်ဝန်တားတဲ့နည်းလမ်း (ဥပမာ ကွန်ဒုံးပဲဖြစ်ဖြစ်) သုံးရမှာပါ။ဘေးထွက်ဆိုးကျိုးကတော့ ပျို့တာ၊ ခေါင်းကိုက်တာ၊ ရင်သားတွေတင်းတာ၊ စိတ်အတက်အကျဖြစ်တာ စတာတွေ ဖြစ်တတ်ပါတယ်။ လူတိုင်းတော့ မဖြစ်သလို တစ်ယောက်နဲ့ တစ်ယောက် ပြင်းထန်ပုံခြင်းလည်း မတူပါဘူး။ နောက်ပြီး အရင်က သွေးခဲဖူးတဲ့ ရောဂါရာဇဝင်ရှိရင် မသုံးသင့်ပါဘူး။ ဒါကြောင့် ဆရာဝန်နဲ့ ပြပြီး ဆရာဝန် ညွှန်ကြားချက်နဲ့မှ ဝယ်လို့ရတာပါ။ဒါက လက်ညိုးလို့ အလွယ်ခေါ်ကြတဲ့ ဆေးပေါ့။ အီစထရိုဂျင်ရော ပရိုဂျက်စတုန်းရော နှစ်မျိုးပါလို့ ပေါင်းစပ်လို့ သုံးလိုက်တာပါ။ ဒီဆေးသောက်နေတဲ့ သူတွေဆိုရင် ဆေးကတ်မှာ ပါတဲ့ ၄တန်းက နောက်ဆုံးအတန်းကို မသောက်ဘဲနဲ့ ၃တန်းမြောက်က ဆေးတွေ ကုန်ပြီဆိုတာနဲ့ နောက်အသစ်တစ်ကတ် ဖောက်သောက်လိုက်ပါ။ အားလုံးသိတဲ့အတိုင်း နောက်ဆုံးတန်းက ဆေးတွေက ဘာအာနိသင်မှ မရှိပါဘူး။ ဒါကြောင့် ၃တန်းမြောက်က ဆေးတွေ ကုန်တာနဲ့ ရာသီလာကြတာပေါ့။နှစ်ကတ်ဆက်တိုက်သောက်ပြီး ဒုတိယကတ်ရဲ့  ၄တန်းမြောက်ရောက်ရင် ရာသီပြန်လာပါလိမ့်မယ်။ ဒါကတော့သန္ဓေတားဆေးသောက်တဲ့သူတွေပေါ့။ တခြားနည်းလမ်းနဲ့ သန္ဓေတားတဲ့ သူတွေကတော့ သားဖွားမီးယပ်ဆရာဝန်နဲ့ တိုင်ပင်ပါ။သာမန်အမျိုးသမီးတွေမှာ အပေါ်က ဟော်မုန်းဆေးဝယ်ရခက်တဲ့အခါ ဆရာဝန်က ပေါင်းစပ်သန္ဓေတားဆေးကိုသုံးပြီး ရာသီရက်ရွှေ့ပေးတတ်ပါတယ်။ရာသီရက် ရွှေ့တာရဲ့  ဘေးထွက်ဆိုးကျိုးကတော့။တခြား ကြီးကြီးမားမား ကျန်းမာရေးထိခိုက်တာမျိုးတော့ မရှိတတ်ပါဘူး။မှာချင်တာကတော့ ရာသီရက်သည် ရွှေ့လို့ရပါတယ်။ ထူးဆန်းတဲ့ ကိစ္စ မဟုတ်ပါဘူး။ ကိုယ့်မှာ ကိစ္စကြီးကြီးမားမားရှိရင် ရွှေ့ပါ။ ဒါပေမယ့် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဘေးထွက်ဆိုးကျိုး အနည်းအပါး ရှိတတ်တာလည်း သိထားပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/how-can-i-delay-my-period/
လတ်တလော မှတ်ဉာဏ်ပျောက်ဆုံးသွားတယ်ဆိုတာ ရုပ်ရှင်ထဲမှာပဲ ရှိတာလား။ ။
ရုပ်ရှင်တွေထဲမှာ မြင်ဖူးကြမှာပါ ။အတိတ်မေ့သွားပြီး ကိုယ့်မိသားစု ကိုယ်ချစ်ရတဲ့သူတွေကို ကာလတိုတစ်ခုလောက် သတိမရတော့တာမျိုး။ ဒါမျိုးက ရုပ်ရှင်တွေထဲမှာပဲ ရှိတာလား။ အပြင်မှာရော ဒီလို ခဏတာ အတိတ်မေ့သွားတဲ့သူတွေရှိလား။ရှိပါတယ်။ အပြင်မှာလည်း ဒီလိုမျိုး ခဏလောက် အတိတ်မေ့သွားပြီး ဘာကိုမှသတိမရတော့တာမျိုးတွေရှိပါတယ်။ ဆေးပညာအရဆို ဒါကိုshort term amnesia(လတ်တလော မှတ်ဉာဏ် ပျောက်ဆုံးခြင်း ) လို့ခေါ်ပါတယ်။ ဒီဆောင်းပါးလေးထဲမှာတော့ (လတ်တလော မှတ်ဉာဏ် ပျောက်ဆုံးခြင်း )short term amnesia အကြောင်းလေးပြောပြပေးချင်ပါတယ်။ ရုပ်ရှငိထဲမှာပဲ မဟုတ်။ အပြင်မှာလည်း ဒီလိုမျိုး အတိတ်မေ့တာတွေရှိတယ်ဆိုတာလေး ပြောပြချင်တာပါ။လတ်တလောမှတ်ဉာဏ်ဆိုတာ လူတစ်ယောက်ရဲ့ ဦးနှောက်ထဲမှာ ခုလတ်တလော တွေးနေတဲ့ အတွေးတွေကိုဦးနှောက်က မှတ်ထားပေးတဲ့ မှတ်ဉာဏ်ကို ပြောချင်တာပါ။ လတ်တလောမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေ၊ ရနေတဲ့ အသံတွေ အနံ့တွေက လတ်တလောမှတ်ဉာဏ်ထဲမှာပါပါတယ်။ သူ့ရဲ့ ကြာချိန်ကတော့ စက္ကန့် ၃၀ ကနေ ရက်အနည်းငယ်လောက်သာ ရှိသလို သူ့ကို သိမ်းထားနိုင်တဲ့ဦးနှောက်အကျယ်ကလည်း နေရာသေးသေးလေးပဲရှိပါတယ်။လတ်တလော မှတ်ဉာဏ်ကို အဓိက ထိန်းချုပ်နေတဲ့ နေရာကတော့frontal lobeလို့ခေါ်တဲ့ ဦးနှောက်ရဲ့ အရှေ့ဆုံး အပိုင်းဖြစ်ပြီး ပေးပို့လာတဲ့ သတင်း အချက်တွေကတော့ hippocampus မှာဆုံးသွားပါတယ်။ hippocampus မှာရှိတဲ့ အာရုံကြော neurons လေးတွေဟာ လက်တလော အဖြစ်အပျက်တွေရဲ့ မှတ်ဉာဏ်ကို ထိန်းသိမ်းထားရတာပါ။short term amnesia ဆိုတာ လတ်တလော ဖြစ်နေတဲ့ အရာတွေကို အတိတ်မေ့သွားတာပါ။ အတိတ်မေ့သွားတယ်ဆိုပေမယ့် ဟိုးအရင် အနှစ် ၂၀ တုန်းက အရာတွေကို သိနေပြီး ခုလတ်တလော မိနစ် ၂၀ လောက်အတွင်းဖြစ်ပျက်သွားတာတွေကို သတိမရတော့တာမျိုးပါ။ ပြောရမယ်ဆိုရင် လောလော လတ်လတ် အဖြစ်အပျက်တွေကို မေ့သွားတာမျိုးပေါ့။သူ့ကိုဖြစ်စေတဲ့ အကြောင်းအရင်းများစွာရှိပါတယ်။ဆရာဝန်ကနေပြီးတော့။ginko လို့ခေါ်တဲ့ တရုတ်ရိုးရာ ဆေးမြစ်လေးက လတ်တလော မှတ်ဉာဏ်ပျောက်ဆုံးတာကို ပြန်ကောင်းစေပါတယ်တဲ့။ ဒါပေမယ့် လတ်တလောတွေ့ရှိချက်တွေ အရတော့ ginko ဟာ ထင်သလောက် အကျိုးမဖြစ်စေဘူးဆိုတာကို တွေ့ရှိရပေမယ့်လည်း သောက်ပေးလို့ ဆိုပါတယ်။အခြားနည်းတွေကတော့။ဦးနှောက်ကိုအလုပ်ပေးတဲ့ နည်းတွေဖြစ်တဲ့ mnemonics လို့ခေါ်တဲ့ စကားလုံး၊ စကားစု၊ ဓါတ်ပုံတွေကို ပစ္စည်းတစ်ခုခုနဲ့ တွဲပေးတာမျိုးကို လုပ်ပေးလို့ရပါတယ်။ ဥပမာ ပြောရရင်။ဒါ့ပြင် ဦးနှောက်ကို အလုပ်ပေးတဲ့ နည်းတွေဖြစ်တဲ့ ဆူဒိုကု ကစားတာ၊ စကားဝှက်တွေဖွက်တာ၊ စာဖတ်တာတွေက လတ်တလော မှတ်ဉာဏ်ပျောက်ဆုံးခြင်းကို သက်သာအောင် လုပ်ပေးနိုင်တဲ့ နည်းတွေပါ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/dementia-and-alzheimers-disease/shotrt-term/
ဥပုသ်စောင့်ချိန်မှာ ကိုယ်ခံအားကောင်းနေအောင် ဘယ်လိုပြင်ဆင်မလဲ
ကမ္ဘာပေါ်ကလူမျိုးတိုင်း၊ ဘာသာတိုင်းမှာ တစ်ပတ်လျှင်တစ်ရက် အားလပ်ရက်အဖြစ် သတ်မှတ်ကြလေ့ရှိပါတယ်။ အဆိုပါနေ့မျိုးတွေဟာ အားလပ်ရက်မျှသာ မဟုတ်ပါဘူး။ လောကုတ္တရာရေးရာကိစ္စတွေကို ဆောင်ရွက်ကြတဲ့ နေ့ထူးနေ့မြတ်လည်း ဖြစ်နေတတ်ပါတယ်။ ဒီလိုနေ့မျိုးတွေကို သီတင်းနေ့ သို့မဟုတ် ဥပုသ်နေ့လို့ ခေါ်ပါတယ်။ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေကလည်း ဝါတွင်းကာလကို ရောက်လာပြီဆိုရင် ဥပုသ်သီလဆောက်တည်ပြီး ကုသိုလ်ပြုကြပါတယ်။ ဥပုသ်စောင့်တယ်ဆိုတာက ညစာမစားတာ၊ သူ့အသက်မသတ်တာတွေ အပါအဝင် အင်္ဂါရှစ်ပါးနဲ့ ပြည့်စုံတဲ့သီလကို ခံယူဆောက်တည်တာကို ဆိုလိုတာပါ။ဒါက ဗုဒ္ဓဘာသာဝင်တွေရဲ့ ဥပုသ်ဆောက်တည်မှုဖြစ်ပါတယ်။ ကိုးကွယ်ရာဘာသာတိုင်းမှာ သူ့နည်းသူ့ဟန်နဲ့ ဥပုသ်သီလဆောက်တည်မှု ပုံစံတွေရှိကြပါတယ်။ ဒါပေမယ့် အများစုကတော့အစားရှောင်တဲ့ အချက်ပါဝင်နေပါတယ်။ဥပုသ်သီတင်းယူကြတဲ့အခါ အစားကို ရှောင်ကြဉ်တာကြောင့်ကိုယ်ခံအားစနစ်ပေါ် သက်ရောက်မှုရှိလာတတ်ပါတယ်။ နေ့စဉ်လိုအပ်တဲ့အာဟာရဓာတ်ကို ပုံမှန်ပြည့်မှီစွာ မဖြည့်တင်းထားရင် ဥပုသ်စောင့်ချိန်မှာ အခက်အခဲတွေ ကြုံလာရနိုင်ပါတယ်။ အထူးသဖြင့် လူကြီးပိုင်းတွေမှာဆိုရင်ပေါ့။ခုလို ကိုယ်ခံအားစနစ် အားနည်းသူတွေကို အကြီးအကျယ် ဒုက္ခပေးနေတဲ့ COVID-19 ရောဂါဆိုးကြီး ထကြွသောင်းကျန်းနေချိန်မှာ ကိုယ်ခံအားနည်းနေမယ်ဆိုရင် ရောဂါဘယတွေကို လက်ယက်ခေါ်သလို ဖြစ်နေနိုင်တယ်နော်။ဒီလိုဆို ဥပုသ်မစောင့်ရဘူးလား။ ဒီလိုလည်းမဟုတ်ပါဘူး။ ဥပုသ်စောင့်ခြင်းဟာ လောကီအတွက်ရော လောကုတ္တရာအတွက်ပါ အကျိုးထူးစေနိုင်တဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဒီအကျင့်ကို စွန့်ပယ်စရာမလိုပါဘူး။ကိုယ့်အပါအဝင် ဥပုသ်စောင့်ကြမယ့် လူကြီးသူမတွေရဲ့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်အောင်ပြင်ဆင်ထားမယ်ဆိုရင် ကျန်းမားရေးလည်းကောင်းမွန်ပြီး ကုသိုလ်ရေးလည်း မပျက်ကွက်နိုင်တော့ဘူးလေ။ဒါဆိုရင် ဥပုသ် သီတင်းဆောက်တည်ချင်တဲ့သူတွေအနေနဲ့ ဘယ်လို ကိုယ်ခံအားကောင်းအောင် ပြင်ဆင်ကြမလဲ။ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကြီး ကိုယ်ခံအားကောင်းနေစေဖို့ဆိုရင် အောက်ပါ နည်းလမ်းတွေကို လိုက်နာဖို့ လိုအပ်ပါတယ်။နေ့စဉ် အာဟာရပြည့်ဝအောင်စားပါ – အာဟာရဓာတ်ဟာ ခန္ဓာကိုယ်ကျန်းမာဖို့နဲ့ ရောဂါဘယကင်းဝေးစေဖို့ အဓိကကျပါတယ်။ နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲက ဒိန်ချဉ်၊ ကန်စွန်းဥ၊ ပေါင်မုန့်၊ ကွေကာအုတ်၊ လက်ဖက်စိမ်းရေနွေးကြမ်း၊ လိမ္မော်သီး၊ ကြက်သွန်ဖြူ၊ ဟင်းနုနွယ် တို့လိုမျိုး အစားအစာတွေကို ပုံမှန်ထည့်သွင်း မှီဝဲပေးမယ်ဆိုရင် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေမှာပါ။ရေဓါတ်ပြည့်ဝနေပါစေ – ရေများများ သောက်တာ၊ ရေဓာတ်ပါဝင်မှုများတဲ အစားအစာတွေကို ပုံမှန်မှီဝဲတာတွေက ကိုယ်ခံအားစနစ်ကို ကောင်းမွန်နေစေပါလိမ့်မယ်။ တစ်နေ့ကိုရေ ၁၀ ခွက်ကနေ ၁၂ အထိ ပုံမှန်သောက်သုံးပေးပါ။ ဥပုသ်စောင့်နေချိန်မှာလည်း ရေဓာတ်ဆုံးရှုံးမှုမရှိအောင် ဖြည့်ဆည်းပေးနေဖို့ လိုအပ်တာကို မမေ့ပါနဲ့။အိပ်ရေးဝအောင်အိပ်ပါ – အိပ်ရေးပျက်တာကခန္ဓာကိုယ်ကို ဖျားနာစေတဲ့၊ အားနည်းစေတဲ့၊ ရောဂါဘယတွေဝင်စေတဲ့ အဓိကအကြောင်းအရင်းပါ။ ညဘက်အိပ်ချိန်အပြည့်အဝရရှိမှုက ခန္ဓာကိုယ်ကို လန်းဆန်းတက်ကြွနေစေပြီးရောဂါတွေကို ခုခံနိုင်စွမ်းရှိစေပါတယ်။ ဥပုသ်စောင့်ချိန်မှာ နေ့ခင်းနေ့လယ် အိပ်စက်တာဟာ အပြစ်ဆိုဖွယ်ရာကိစ္စမဟုတ်ပါဘူး။ တစ်ဖက်တစ်လမ်းကနေ ကိုယ်ခံအားစနစ်ကို ပံ့ပိုးပေးနိုင်တဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။လေ့ကျင့်ခန်းပုံမှန်လုပ်ပါ – လေ့ကျင့်ခန်းလုပ်ပါဆိုတာက နေရာမှာနေ့တိုင်း GYM သွားခိုင်းတာမဟုတ်သလို အလေးမခိုင်းတာလည်း မဟုတ်ပါဘူး။ ကိုယ်ခံအားကောင်းစေဖို့အတွက် တစ်နေ့ကို မိနစ် ၂၀ လောက် ပုံမှန်လမ်းလျှောက်တာမျိုး၊ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းမျိုးတွေ လုပ်ပေးတာမျိုး လုပ်ပေးဖို့ပါ။ ဒီလိုလုပ်ပေးမယ်ဆိုရင် သွေးလည်ပတ်မှုကို တိုးတက်စေပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါလိမ့်မယ်။ဆေးလိပ်နဲ့ ကဖင်းဓာတ်တွေကို ရှောင်ပါ – ဆေးလိပ်သောက်တာ၊ ကွမ်းစားတာနဲ့တစ်ဆင့်ခံဆေးလိပ်ငွေ့တွေကို ရှူရှိုက်တာတွေက ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ ကပါ နောက်ပြီး ဥပုသ်စောင့်ရင်း ကော်ဖီသောက်တာ၊ လက်ဖက်ရည်သောက်တာမျိုးတွေကလည်း မှန်ကန်တဲ့ အပြုအမူတွေ မဟုတ်ပါဘူး။စိတ်ဖိစီးမှုကင်းအောင်နေပါ – စိတ်ကြည်နေမှ တရားအပေါ် အာရုံရောက်မှာပါ။ စိတ်ကြည်လင် လန်းဆန်းနေမှုဟာ ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ စိတ်ဖိစီးနေမယ်၊ စိတ်မကြည်ဘူးဆိုရင် ဥပုသ်စောင့်နေပေမယ့် ပူပင်သောကတွေများနေမှာဖြစ်ပြီး တရားလည်း မမှတ်နိုင်သလို ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။အားဖြည့်ဆေးတစ်မျိုးမျိုး ပုံမှန်မှီဝဲပါ – အစားအသောက်တွေကနေ ဗီတာမင်တွေ သတ္တုဓာတ်တွေကိုရရှိနိုင်ပေမယ့် လူကြီးသူမတွေဆိုရင် ဒီထက်ပို ဂရုစိုက်ပေးဖို့ လိုပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ဗီတာမင်တွေပြည့်ဝနေစေဖို့ ပုံမှန်မှီဝဲစရာအားဖြည့်ဆေးတွေလည်း ဆောင်ထားသင့်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/immune-system-and-uposatha/