title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
မျက်လုံးအောင့်တာ သက်သာစေမယ့်နည်းလမ်း (၅)ခု
မျက်လုံးအောင့်တာ၊ ကျိန်းစပ်တာတွေ ခံစားနေရလား။ တစ်နေကုန်ကွန်ပျူတာမျက်နှာပြင်ပဲစိုက်ကြည့်နေရတဲ့ အလုပ်ကြောင့် ဒါမှမဟုတ် ပြင်ပက လေထုတွင်းအမှုန်တွေကြောင့် ဖြစ်နိုင်ပါတယ်။ မျက်စိပိုးဝင်ခြင်းကြောင့်လည်း ဒီလိုဖြစ်နိုင်ပါတယ်။မျက်စိဆိုတာ ခန္ဓာကိုယ်မှာ ထိခိုက်လွယ်ဆုံး၊ အနုနယ်ဆုံးအပိုင်းဖြစ်တာကြောင့် နည်းနည်းနာကျင်ရရင်ပဲ စိုးရိမ်တတ်ကြပါတယ်။ ကွန်ပျူတာ၊ ဖုန်း၊ တီဗီ၊ စာအုပ် အကြည့်များလို့ တော်တန်ရုံမျက်စိညောင်းတာ၊မျက်လုံးအောင့်တာဆိုရင်တော့ ခဏနဲ့သက်သာနိုင်ပါတယ်။ ဒီလိုဖြစ်လာရင် အမြန်သက်သာစေမယ့်နည်းလေးတွေက လွယ်လွယ်လေးပါ။(၁) မျက်လုံးအဖွင့်အပိတ် လုပ်ပေးပါ။မျက်လုံးထဲမှာ ခို့လို့ခုလုဖြစ်နေတယ်လို့ ခံစားနေရပြီး ကျိန်းစပ်သလို အောင့်သလို ခံစားနေရရင် မျက်လုံးအဖွင့်အပိတ်လေ့ကျင့်ခန်းလုပ်ကြည့်ပါ။ မျက်စိအကြောပြေပြီး နေရသက်သာပါလိမ့်မယ်။ ဒီနည်းက မျက်ရည်ခမ်းခြင်းကို သက်သာစေပြီး အမှုန်ဝင်နေရင်လည်း သူ့အလိုလိုဖယ်ရှားပြီးသားဖြစ်စေနိုင်ပါတယ်။ မျက်စိတဝိုက် သွေးလည်ပတ်မှုကောင်းစေပြီး မျက်စိညောင်းသက်သာစေပါတယ်။(၂) အေးတဲ့အရာတစ်ခုခု ကပ်ပေးပါ။မျက်လုံးအောင့်တာ၊ ကျိန်းစပ်တာတွေကို ချက်ချင်းသက်သာစေတာက အအေးကပ်တာပါပဲ။ တစ်ခုခုကြောင့် မျက်စိယားတာ၊ စပ်တာတွေတောင် သက်သာစေနိုင်ပါတယ်။(၃) ခပ်ဖွဖွ နှိပ်နယ်ပေးပါ။နာရီအတော်ကြာကွန်ပျူတာကြည့်ပြီး အလုပ်လုပ်ရတာကြောင့် ဖြစ်လာတဲ့ မျက်စိညောင်းတာ၊ မျက်စိအောင့်တာတွေအတွက် အနှိပ်နည်းကိုသုံးနိုင်ပါတယ်။ခေါင်းတစ်ခြမ်းကိုက်ခြင်းအတွက်လည်း အသုံးဝင်တဲ့နည်းပါ။(၄)လက်ဖဝါးအနွေးဓာတ်ပေးပါ။လက်ဖဝါးကုထုံးကလည်း နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ စာဖတ်တာကြာသွားလို့ ဒါမှမဟုတ် ကွန်ပျုတာ၊တီဗီကြည့်တာကြာသွားလို့ မျက်စိညောင်းလာပြီဆိုရင် ပိုအသုံးဝင်ပါတယ်။(၅)မျက်စိကို ကာကွယ်ပါ။မျက်စိနဲ့ပတ်သက်တဲ့ဝေဒနာကို မဖြစ်စေမယ့် အကောင်းဆုံးနည်းလမ်းက ဆင်ခြင်ကာကွယ်ခြင်းပါပဲ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%80%9c%e1%80%b6%e1%80%af%e1%80%b8%e1%80%b1%e1%80%a1%e1%80%ac%e1%80%84%e1%80%b9%e1%80%b7%e1%80%90%e1%80%ac-%e1%80%9e%e1%80%80%e1%80%b9%e1%80%9e%e1%80%ac%e1%80%b1/
သင့် ကလေး သွေးတိုးမဖြစ်အောင် ရှောင်ရှားရမယ့် အချက် (၄) ချက်
စံသွေးပေါင်ချိန်က၉၀/၆၀ mmHg နဲ့၁၂၀/၈၀ mmHg ကြားဖြစ်ပါတယ်။ တကယ်လို့၁၄၀/၉၀ နဲ့အထက်ဖြစ်နေပြီဆိုရင်တော့သင့်မှာသွေးတိုးရှိနေပါပြီ။ သွေးတိုးကပုံမှန်ဆိုရင်အရွယ်ရောက်ပြီးသားလူတွေနဲ့အသက်ကြီးတဲ့သူတွေမှာသာဖြစ်နေကျဆိုပေမယ့်ဆေးရုံတွေနဲ့ကျန်းမာရေးစောင့်ရှောက်မှုဌာနတွေကနေရရှိတဲ့အချကအလက်တွေအရကလေးတွေမှာလည်းသွေးတိုးရှိသူတဖြည်းဖြည်းနဲ့ပိုများလာပါတယ်။ အခုပြောပြသွားမှာကတော့သင့်ကလေး သွေးတိုးမဖြစ်အောင် ရှောင်ကြဉ်ရမယ့်အချက် လေးချက်ပါ။သင့်အနေနဲ့သူတို့ရဲ့ သွေးပေါင်ချိန်ကိုမကြာခဏတိုင်းတာပေးဖို့မမေ့ပါနဲ့။ သင့်ကလေးတွေကဆေးခန်းသွားစစ်ဖို့အဆင်မပြေဘူးဆိုရင်သင့်အနေနဲ့ သွေးပေါင်ချိန်တိုင်းကိရိယာဝယ်ပြီးအိမ်မှာပဲတိုင်းနိုင်ပါတယ်။ အခုအချိန်မှာကိရိယာများစွာကတတ်နိုင်တဲ့ဈေးနှုန်းနဲ့ ပေါပေါသီသီရနိုင်တဲ့အပြင်သုံးရလည်းလွယ်ကူအဆင်ပြေပါတယ်။ သင့်ကလေးတွေရဲ့ သွေးပေါင်ချိန် တွေကို ရေးမှတ်ထားပါ။ မူမမှန်တဲ့အခြေအနေတွေကိုလည်းချက်ချင်းလက်ဦးမှုရယူနိုင်ဖို့မျက်ခြေမပြတ်စေပါနဲ့။သင့်ကလေးတွေရဲ့ အစားအသောက်တွေထဲမှာအဆီနဲ့အချိုကိုလျှော့ပေးပါ။ သစ်သီးဝလံ၊ဟင်းသီးဟင်းရွက်နဲ့အစေ့အဆံများများကျွေးပါ။ တကယ်လို့သင့်ကလေး မကြာသေးခင်က သွေးပေါင်ချိန်တက်နေရင်ဆားလျှော့ကျွေးပါ။ တကယ်လို့သင့်အနေနဲ့သူတို့အတွက်အစားအသောက်ပုံစံမစီစဉ်တတ်ရင် အာဟာရပညာရှင်ကိုသင့်တစ်မိသားစုလုံးအတွက်သင့်တော်မယ့်အစားအသောက်ပုံစံစီစဉ်ပေးဖို့အကူအညီတောင်းပါ။ ဒီပုံစံနဲ့သင့်တစ်မိသားစုလုံးကျန်းမာခြင်းအကျိုးတွေရနိုင်မှာပါ။အဝလွန်ခြင်းက သွေးတိုးဖြစ်ခြင်းရဲ့အဓိကအကြောင်းရင်းပါ။ သင့်ကလေးတွေအဝလွန်နေရင်သူတို့ ကိုယ်အလေးချိန်အနည်းငယ်စီကျဖို့ကူညီပေးပါ။ သင့်တော်တဲ့စားသောက်မှုပုံစံနဲ့ လေ့ကျင့်ခန်းတွေကသင့်ကလေးကိုပုံမှန်အလေးချိန်မှာထိန်းထားပေးနိုင်ပါလိမ့်မယ်။ သင့်ဆရာဝန်နဲ့ဘယ်လောက်ထိလျှော့ချသင့်လဲ၊ဘယ်အချိန်၊ဘယ်လိုလျှော့ချရမလဲဆိုတာကိုတိုင်ပင်ပါ။ဆေးရွက်ကြီးဆေးလိပ်သောက်သုံးခြင်းကသင့်ကလေးကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်။ သူက သွေးတိုးစေရုံသာမကနှလုံးနဲ့ သွေးကြောတွေကိုလည်းထိခိုက်စေနိုင်ပါတယ်။ ထို့ကြောင့် သင့်ကလေးကိုကာကွယ်ဖို့အရေးကြီးဆုံးတွေထဲကတစ်ခုကဆေးလိပ်ငွေ့မရှူမိစေဖို့ပါ။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူမိခြင်းကလည်းဆိုးပါတယ်။ တကယ်လို့သင်ဆေးလိပ်သောက်တယ်ဆိုရင်သင့်ကလေးကျန်းမာရေးကိုထောက်ပြီးဖြတ်လိုက်ပါ။ တကယ်လို့မိသားစုဝင်ထဲကတစ်ယောက်ယောက်သောက်တယ်ဆိုရင်လည်းအပြင်ထွက်သောက်ဖို့ပြောပါ။နာတာရှည်သွေးတိုးရောဂါကမကုသဘဲထားခဲ့ရင်အသက်ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့်သင့်ကလေးသွေးပေါင်ချိန်ကို အနီးကပ်စောင့်ကြည့်တိုင်းတာဖို့အရေးကြီးပါတယ်။ ရောဂါ စောစောသိခြင်းကသင့်ကလေးကိုအကောင်းဆုံးကုသမှုတွေ ပေးနိုင်ပါတယ်။[embed-health-tool-heart-rate]
heart-health
heart-health
https://hellosayarwon.com/heart-health/hypertension-heart-health/%e1%80%9e%e1%80%84%e1%80%b9%e1%80%b7-%e1%80%80%e1%80%b1%e1%80%9c%e1%80%b8-%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%90%e1%80%af%e1%80%ad%e1%80%b8%e1%80%99%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%80%b1/
ဓါတုပစ္စည်းများဖြင့် ထိခိုက်မိခြင်း
အယ်ကာလီ၊ အက်ဆစ်၊ ဒါမှမဟုတ် အရေပြားကို ထိမိရင် ပျက်စီးစေတဲ့ ဓါတုပစ္စည်းတွေကြောင့် အရေပြားလောင်သွားခြင်းကို ခေါ်တာဖြစ်ပါတယ်။ အများစုအားဖြင့် နေလောင်ပြီးဖြစ်သလောက်သာ ခံစားရနိုင်ပါတယ်။ အိမ်မှာ ကိုယ့်ဟာကိုယ် ဆံပင်ပြန်ပေါက်အောင် ကြိုးစားရင် ဦးရေပြားလောင်သွားတာမျိုး ဖြစ်တတ်ပါတယ်။ ပြင်းထန်တဲ့ ဓါတုပစ္စည်းတစ်ချို့ကသာ ပြင်းထန်တဲ့ လောင်ကျွမ်းမှုကို ဖြစ်စေတာပါ။• ဗိုက်အောင်ခြင့်။• အသက်ရှူရခက်ခြင်း။• အရေပြားနဲ့ နှုတ်ခမ်းတို့မှာ နီရဲ၊ သို့မဟုတ် အပြာရောင် ဖြစ်လာခြင်း။• တက်ခြင်း။• မူးဝေခြင်း၊ ပျို့အန်ခြင်း၊ အားနည်းခြင်း။• ခေါင်းကိုက်ခြင်း။• အပိန့်ထွက်ခြင်း၊ ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အကြိတ်ထွက်ခြင်း။• စိတ်တိုလွယ်ခြင်း။• ထိတွေ့မိတဲ့နေရာမှာ နာကျင်ခြင်း။• နီရဲခြင်း၊ အပူလောင်ခြင်း၊ သတိလစ်ခြင်းတို့ဖြစ်တတ်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ထိမိသွားတဲ့ အဝတ်တွေကို ဖယ်ရှားလိုက်ပြီး သင့်ကလေးရဲ့ လောင်မိတဲ့နေရာမှာကို ရေသန့်နဲ့ မိနစ် ၂၀ ခန့် ဆေးကြောပါ။ ဆေးနေစဉ် အရေပြားကို မပွတ်ပါနဲ့။ အပူသက်သာစေတဲ့ လိမ်းဆေးတွေလည်း မလိမ်းသင့်ပါဘူး။ ဆေးကြောတဲ့အခါ ပိုမိုနာကျင်စေတတ်လို့ပါ။ ဖြစ်တဲ့နေရာက ကြီးရင်တော့ စိုစွတ်ပြီး သန့်ရှင်းတဲ့ အဝတ်တစ်ခုနဲ့ ခပ်ချောင်ချောင်လေး အုပ်ထားပေးလို့ရပါတယ်။အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ကလေးရဲ့ ဆရာဝန်နဲ့ ချက်ချင်း ဆက်သွယ်သင့်ပါတယ်။လောင်မိပြိဆိုတာနဲ့ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ပြီးရင် ဆရာဝန်ဆီ ဆက်သွယ်ဖို့ လိုပါတယ်။ သင့်ကလေးမှာ မီးလောင်ဖုတွေ၊ မျက်နှာမှာ လောင်မိတာ၊ ဆိုးဆိုးရွားရွားလောင်မိတာတွေ ရှိရင် ဆရာဝန်က သေချာစစ်ဆေးပေးဖို့ လိုပါလိမ့်မယ်။• ဓါတုပစ္စည်းများကို ကလေးများ လက်လှမ်းမမီနိုင်တဲ့ နေရာမှာ ထားပါ။ သော့ခတ်ထားတဲ့ ဘီဒိုထဲမှာ သိမ်းပါ။• အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတုပစ္စည်းတွေကို တခုနဲ့တခု ရောနှောတာမျိုး မလုပ်ပါနဲ့။ အန္တရာယ်ဖြစ်တတ်ပါတယ်။• အန္တရာယ်နည်းတဲ့ ဓါတုပစ္စည်းများဆိုရင်တော့ အချိန်အကြာကြီး ထိတွေ့တာမျိုး မလုပ်ပါနဲ့။• မီးဖိုချောင်နဲ့ အစားအသောက်နားမှာ အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတုပစ္စည်းတွေ မသုံးပါနဲ့။• အဆိပ်ဖြစ်စေနိုင်တဲ့ပစ္စည်းတွေ ဝယ်တဲ့အခါ လုံခြုံစွာ ထုပ်ပိုးထားပါ။ လိုသလောက်ပဲ ဝယ်ပါ။• အိမ်တွင်းသုံးပစ္စည်းတွေမှာ ဓါတုပစ္စည်းတွေ ပါဝင်တာကြောင့် မသုံးခင် သတိထားရမှာတွေ၊ ဆောင်ရန်ရှောင်ရန်တွေကို သေချာဖတ်ပါ။• နဂိုဗူး သို့မဟုတ် ပုံးထဲပဲ အညွှန်းသေချာရေးပြီး သိမ်းပါ။ အစားအသောက်ထည့်တဲ့အထဲ သွားမသိုလှောင်ထားပါနဲ့။• အသုံးပြုပြီးသွားရင်လည်း ချက်ချင်းလုံခြုံစွာ သိမ်းဆည်းပါ။• အိမ်သုတ်ဆေး၊ ဓါတ်ဆီနဲ့ အရောင်ချွတ်ဆေးတွေက အငွေ့ထွက်စေတာမို့ လေဝင်လေထွက်ကောင်းတဲ့နေရာမှာပဲ အသုံးပြုပါ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%93%e1%80%ab%e1%80%90%e1%80%af%e1%80%95%e1%80%85%e1%81%a5%e1%80%8a%e1%80%b9%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%81%bf%e1%80%96%e1%80%84%e1%80%b9%e1%80%b7-%e1%80%91%e1%80%ad%e1%80%81/
အူမကြီးကို သန့်စင်ပေးနိုင်တဲ့ သဘာဝ ဖျော်ရည် (၅) မျိုး
အူမကြီးကျန်းမာမှ ခန္ဓာကိုယ်က ရောဂါကင်းပြီး ကျန်းမာမှာပါ။ စားလိုက်တဲ့အစာအာဟာရတွေကနေ လိုအပ်တဲ့ အာဟာရကို စုပ်ယူပြီးတဲ့အခါ မလိုအပ်တဲ့ အညစ်အကြေးတွေကို ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်မှ ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်က ဟန်ချက်ညီပြီး ကျန်းမာမှာပါ။ ဒီတော့ အူမကြီးက ကောင်းကောင်းအလုပ်လုပ်ဖို့ မလိုပေဘူးလား။ ဒီတော့ခန္ဓာကိုယ်ကျန်းမာဖို့ လိုအပ်တဲ့ အူမကြီးကျန်းမာစေဖို့အတွက် အထောက်အကူပြုမယ့်နည်းလမ်းလေးပြောပြပေးပါရစေလား။ ဒါကတော့ အူမကြီးကို သန့်စင်ပေးနိုင်တဲ့ သဘာဝ ဖျော်ရည် လေးတွေ သောက်ပေးတာပါ။အူမကြီးက အစာခြေစနစ်မှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ပါဝင်နေတဲ့အူတွေရဲ့ အကြီးဆုံးအစိတ်အပိုင်းပါ။ စားလိုက်တဲ့ အစားအစာတွေထဲကပိုလျှံနေတဲ့ရေတွေ၊ ဆားတွေကို ထိန်းသိမ်းပေးထားပြီး အစာဟောင်းတွေကိုစအိုဆီကိုပို့ဆောင်ပေးလို့ ခန္ဓာကိုယ်ပြင်ပကို မစင်အဖြစ်စွန့်ထုတ်စေဖို့ လုပ်ဆောင်ပေးတဲ့ အစိတ်အပိုင်းပါ။အူမကြီးကကောင်းကောင်းအလုပ်မလုပ်နိုင်တဲ့အခါ။အူမကြီးကို သန့်စင်ပေးနိုင်တဲ့ သဘာဝ ဖျော်ရည်တွေက ဘာတွေလဲ………. ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အူမကြီးသန့်စင်စေဖို့ဆိုရင် ဒီဖျော်ရည်လေးတွေကိုသောက်သုံးပေးသင့်ပါတယ်။သဘာဝဝမ်းနုတ်ဆေးတစ်မျိုးပါ။ ဝမ်းမှန်စေနိုင်ပြီး အူမကြီးကို အထိရောက်ဆုံးသန့်စင်ပေးနိုင်ပါတယ်။အမျှင်ဓာတ်၊ ဗီတာမင် A၊ ပိုတက်ဆီယမ်၊ ကော့ပါးတို့ပါဝင်နေတာကြောင့် အူမကြီးကို ကျန်းမာစေနိုင်မှာပါ။ မက်မန်းသီးဖျော်ရည်တစ်ခွက်စာမှာ အမျှင်ဓာတ်က ၃ ဂရမ်အထိပါဝင်နေတာကြောင့်တစ်နေ့တာလိုအပ်တဲ့ အမျှင်ဓာတ်ကို ပြည့်ဝစွာရရှိစေနိုင်မှာပါ။အူမကြီးမှာ ရေဓာတ် ပြည့်ဝနေစေပြီး ဝမ်းပျော့ပျော့ သွားစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ဝမ်းချုပ်တာကို သက်သာစေပြီး အူမကြီးကို အကောင်းဆုံး စွမ်းဆောင်ရည်ရရှိစေနိုင်မှာပါ။ အချိုမထည့်ထားတဲ့ ပန်းသီးဖျော်ရည် တစ်နေ့ တစ်ခွက် သောက်သုံးမှုက အူမကြီးကို အကောင်းဆုံး စောင့်ရှောက်မှုပေးနိုင်မှာပါ။တရုတ်ဇီးသီးလို့ ခေါ်ကြတဲ့ ဇီးသီး ဖျော်ရည်က ဝမ်းမှန်စေနိုင်ပါတယ်။ အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အူမကြီးကို ကျန်းမာစေမှာပါ။ ဇီးသီးဖျော်ရည် သောက်သုံးမှုက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပိုတက်ဆီယမ်၊ ဗီတာမင် A နဲ့ဗီတာမင် Cကို ပြည့်ပြည့်ဝဝ ရရှိစေမှာပါ။အူမကြီးက အဆိပ်အတောက်တွေဖယ်ရှားပေးပြီး အူမကြီး ကျန်းမာစေဖို့ သောက်ပေးသင့်တဲ့ နောက်ဖျော်ရည် တစ်မျိုးက သစ်တော်သီး ဖျော်ရည်ပါ။ သစ်တော်သီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေပြီး အူအတွင်းကအကျိုးပြုဘက်တီးရီးယားတွေကို ကျန်းမာစေလို့ အူမကြီးရော အစာခြေစနစ်ကိုပါ ကျန်းမာစေမှပါ။ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အူမကြီး အပါအဝင် အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ ဝမ်းမှန်စေနိုင်သလို အမျှင်ဓာတ်ပါဝင်နေမှုကလည်း အူမကြီးကို အကောင်းဆုံး သန့်စင်ပေးနိုင်မှာပါ။ သဘာဝလိမ္မော်သီး စစ်စစ်ကို ဖျော်သောက်ပေးပြီး အူမကြီးကို အထိရောက်ဆုံး သန့်စင်ပေးလို့ရပါတယ်။လွယ်ကူတဲ့ အူမကြီးကို သန့်စင်ပေးနိုင်တဲ့ သဘာဝ ဖျော်ရည် လေးတွေကို ကိုယ်တိုင်လုပ်သောက်လို့ အူမကြီး ကျန်းမာရေးကို စောင့်ရှောက်လိုက်ပါနော် Hello ဆရာဝန်ပရိသတ်ကြီးရေ…………။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/5-juices-for-colon/
အရေပြားတွင် ထိုးသွင်းခံရခြင်း
ရှည်ပြီးချွန်ထက်တဲ့ အရာဝတ္ထုတခုခုနဲ့ ထိုးသွင်းခံရရင် ဖြစ်နိုင်ပါတယ်။ အဖြစ်များဆုံးကတော့ သံဆူးမိတာပါပဲ။ ချုပ်ဖို့လည်း အနာက သိပ်မကြီးပါဘူး။ အပေါ်ယံက လျင်မြန်စွာ ပိတ်သွားပြီး သွေးထွက်လာတာမျိုးလည်း မရှိတာမို့ ဒီလိုဒဏ်ရာမျိုးဟာ ပိုးဝင်နိုင်ချေ အင်မတန်များပါတယ်။ အပေါ်မျက်ခွံ ထိုးသွင်းဒဏ်ရာ ရရင် (ဥပမာ ခဲတံနဲ့ ထိုးမိပြီး) အထူးသတိထားရပါတယ်။ ဦးနှောက်ပြည်တည်တဲ့အထိ ဖြစ်တတ်လို့ပါ။ ခြေထောက်မှာ ပိုးဝင်သွားရင်လည်း ရောင်ရမ်းမှုတွေက ဒဏ်ရာရအပြီး ၁ပတ်ကနေ ၂ပတ်အထိ ဖြစ်နိုင်ပါတယ်။ တကယ်လု့ိ သင့်ကလေးက မေးခိုင်ကာကွယ်ဆေး ထိုးမထားရင် မေးခိုင်ပိုးဝင်သွားနိုင်ပါတယ်။ထိုးသွင်းမိတဲ့နေရာမှာ နာကျင်ပြီး သွေးအနည်းငယ်ထွက်တတ်ပါတယ်။ ပြတ်ရှသွားတာမျိုး ရှိရင်တော့ ပိုလို့မြင်သာပါတယ်။ ဒါပေမယ့် ဖန်ကွဲစလေးတွေ စူးမိတာမျိုးဆိုရင်တော့ ချက်ချင်းသတိမထားမိတတ်ပါဘူး။ အနာပိုးဝင်သွားရင် ရဲလာမယ်၊ ရောင်လာမယ်။ အရည်ကြည်တွေထွက်မယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ရေနွေးထဲမှာ ၁၅မိနစ်ခန့် စိမ်ပေးပါ။ အနာထဲမှာ အညစ်အကြေးအကြွင်းအကျန်တွေ ကျန်မနေအောင် သေချာဆေးကြောပါ။ သွေးအနည်းငယ် ပြန်ထွက်လာနိုင်ပြီး အဲဒါက ပိုးတွေကို ဖယ်ရှားဖို့ အထောက်အကူပြုပါတယ်။အနာကိုဖုံးနေတဲ့ အရေပြားအဖတ်တွေကို ဖြတ်ထုတ်ပစ်ပါ။ မဟုတ်ရင် အတွင်းက အညစ်အကြေးတွေကို ဆေးရခက်ပါတယ်။ အဲဒီအတွက် အရက်ပျံနဲ့ သေချာဆေးကြောပြီး ဖြတ်ပစ်နိုင်ပါတယ်။ပိုးဝင်တာကို ကာကွယ်ဖို့အတွက် ပိုးသတ်နိုင်တဲ့ လိမ်းဆေးတွေ လိမ်းနိုင်ပါတယ်။ ၁၂နာရီတစ်ခါ အနာကို ပြန်ဆေးကြော၊ ဆေးပြန်လိမ်းတာမျိုး ၂ရက်လုပ်ပေးပါ။ အနာသက်သာစေတဲ့ ဆေးတွေလည်း သောက်နိုင်ပါတယ်။အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ကလေးရဲ့ ဆရာဝန်နဲ့ ချက်ချင်း ဆက်သွယ်သင့်ပါတယ်။ညစ်ပတ်တဲ့ ပစ္စည်းတစ်ခုနဲ့ ထိုးမိတာမျိုး ဖြစ်ရင်။ထိခိုက်မိတဲ့အချိန်မှာ အရေပြားက ညစ်ပတ်နေရင်။• ဆေးကြောပြီးတဲ့အခါ အနာမှာ အညစ်အကြေးတွေ တွေ့နေသေးရင်။• ပစ္စည်းရဲ့ထိပ်က အနာမှာ ပြတ်ပြီးကျန်နေခဲ့ရင်။• ခေါင်း၊ ရင်ဘတ်၊ ဗိုက်နဲ့ အဆစ်တွေမှာဖြစ်ရင်။• သင့်ကလေးက မေးခိုင်ကာကွယ်ဆေး မထိုးရသေးရင်။အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင်လည်း သင့်ကလေးရဲ့ ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။• သင့်ကလေးက လွန်ခဲ့တဲ့၅နှစ်အတွင်း မေးခိုင်ကာကွယ်ဆေး (ထပ်တိုးအားဖြည့်အကြိမ်) မထိုးထားရသေးရင်။• အနာက ပိုးဝင်တယ်လို့ထင်ရင်။• နာကျင်မှု၊ နီရဲမှုနဲ့ ရောင်ရမ်းခြင်းတွေက ၄၈နာရီကြာပြီးနောက်ပိုင်း ပိုဆိုးလာရင်။ဓါး၊ ကတ်ကြေးနဲ့ ချွန်ထက်တဲ့ပစ္စည်းတွေကို ကလေးနဲ့ မထိတွေ့မိအောင် ထားပါ။ ကလေးအရွယ်ရလာရင် ဒီပစ္စည်းတွေကို ဘယ်လိုဘေးကင်းအောင် အသုံးပြုရမလဲ သေချာသင်ပေးပါ။သင့်ကလေး လိုအပ်တဲ့ကာကွယ်ဆေးတွေ ထိုးထားဖို့လည်း ဂရုစိုက်ပါ။ ယေဘုယျအားဖြင့် မေးခိုင်ကာကွယ်ဆေးကို ၁၀နှစ်တစ်ခါ ထိုးဖို့ လိုပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%a1%e1%80%b1%e1%80%9b%e1%80%bb%e1%80%95%e1%80%ac%e1%80%b8%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%91%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%bc%e1%80%84%e1%80%b9%e1%80%b8%e1%80%81%e1%80%b6/
အရပ်ရှည်ဖို့ လေ့ကျင့်ခန်းလုပ်စို့
အရပ်လေး မြင့်တာက လူကို ဆွဲဆောင်မှု တိုးစေမယ့် အရာတစ်ခုပါ။အရပ်ရှည်တာက မျိုးရိုးနဲ့ ဆိုင်သလို နေ့စဉ်စားသောက်တဲ့အာဟာရတွေ၊ လုပ်ဆောင်နေတဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေနဲ့လည်း ဆိုင်ပါတယ်။ အရပ်ရှည်ဖို့ လေ့ကျင့်ခန်းလုပ်စို့ လို့ ဘာကြောင့် ပြောရတာလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။လေ့ကျင့်ခန်းကကိုယ်အလေးချိန်ပေါ်မှာပဲ သက်ရောက်မှု ရှိတယ်၊လို့ လူတော်တော်များများက သိထားကြတာပါ။ ဒါပေမယ့် လေ့ကျင့်ခန်းက အရပ်အပေါ်မှာလည်း သက်ရောက်မှုရှိနေပါတယ်။လူတော်တော်များများ လက်ခံထားတာကအရပ်အမြင့်ဆိုတာ မျိုးရိုးနဲ့ သက်ဆိုင်တယ်ဆိုတဲ့ အချက်ပါ။ တကယ်တော့ လူတစ်ယောက်ရဲ့ အရပ်အမြင့်ပေါ်မှာ မျိုးရိုးက လွှမ်းမိုးမှု အများဆုံးဆိုပေမယ့် အရပ်မြင့်စေဖို့ နေ့စဉ် လှုပ်ရှားသွားလာနေထိုင်မှုပုံစံ၊ စားသောက်မှုပုံစံတွေကလည်း သက်ရောက်မှု ရှိနေပါတယ်။ များသောအားဖြင့်ကတော့ ကြီးထွားမှုကအပျိုဖော်ဝင်ချိန်၊ လူပျိုဖော်ဝင်ချိန်အပြီးမှာ ရပ်တန့်သွားတာမျိုးရှိတတ်ပါတယ်။ဒါပေမယ့်ကြီးထွားမှုဖြစ်စဉ်က အသက် ၂၂ နှစ် ကနေ ၂၅ နှစ် အထိ ဆက်လက်ဖြစ်ပေါ်နေနိုင်ပါတယ်။ ဒီကာလမှာ သင့်တော်မှန်ကန်တဲ့ လေ့ကျင့်ခန်းကို လုပ်ပေးမယ်ဆိုရင် အရပ်မြင့်စေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။သင့်တင့်တဲ့ အရပ်အမြင့်ရစေဖို့ဆိုရင်။အရပ်ရှည်စေဖို့ အတွက် လူအများစု လက်ခံထားတဲ့ လေ့ကျင့်ခန်း တစ်မျိုးပါ။ အဆစ်တွေနဲ့ကျောရိုးကို ဆန့်စေပြီး အရပ်မြင့်စေဖို့ အထိရောက်ဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဘားခိုတဲ့အခါ လက်ကို ဆန့်ထားပြီး ကိုယ်ကို အပေါ်ကို မနိုင်သမျှ မတင်ရပါမယ်။ဒူးကိုတော့ ကွေးထားရမှာဖြစ်ပါတယ်။ ဒီပုံစံအတိုင်း စက္ကန့် ၂၀ ကြာ တောင့်ခံထားရမှာပါ။ တစ်ခါလုပ်ရင် အနည်းဆုံး ၃ ကြိမ်လောက်ကနေ စလုပ်ကြည့်စေချင်ပါတယ်။ရေထဲမှာ မဟုတ်ဘဲ ကုန်းပေါ်မှာရေကူးတာပေါ့။ ဒီလေ့ကျင့်ခန်းက ခါးအောက်ပိုင်းမှာ အာရုံစိုက်ထားရမယ့် လေ့ကျင့်ခန်းပါ။အရင်ဆုံး ကြမ်းပြင်ပေါ်မှာ မှောက်လိုက်ပါ။ ခန္ဓာကိုယ်ကို ဆန့်ဆန့်လေးထားပါ။ ပြီးရင် လက်တွေကို အပေါ်ဘက်ကို ဆန့်ထုတ်လိုက်ပါ။ ပြီးရင် ရေကူးသလို လက်ကို တစ်ဖက်ချင်း ဆန့်ထုတ်ပါ။ ​ခြေထောက်ကိုလည်း ခပ်ပါ။ဘယ်ခြေညာလက်ကို ဆန့်ထားပြီး ၄ စက္ကန့်ထားပါ။ ပြီးရင် ညာခြေဘယ်လက်ကို ဆန့်ထားပြီး ၄ စက္ကန့်ထားပါ။ အကြိမ် ၂၀ လောက်လုပ်ပေးပါ။ အရပ်ရှည်စေဖို့ ထောက်ကူပေးနိုင်မှာပါ။ယောဂလုပ်တဲ့သူ တော်တော်များများနဲ့ရင်းနှီးပြီးသား ဖြစ်မှာပါ။ ဒီလေ့ကျင့်ခန်းက အကြောပြေစေသလို ကျောရိုးကို ဆန့်စေနိုင်ပါတယ်။ ကျောရိုး ကြားထဲကအရိုးနုလေးတွေကို သန်စွမ်းစေပါတယ်။ ဒီလို သန်စွမ်းမှုက အရပ်မြင့်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ အရင်ဆုံး ကြမ်းပြင်ပေါ်မှာ မှောက်ထားပါ။ ပြီးရင် လက်နှစ်ဖက်ကို ထောက်လို့ပခုံးကို ကြမ်းပြင်ကနေ ကြွပါ။ ခေါင်းကို မော့ထားဖို့လည်း မမေ့ပါနဲ့။လက်မောင်း၊ ခါး၊လက်ပြင်နဲ့ ကျောရိုးကို ဆန့်ထားပါ။စက္ကန့် ၃၀ ကြာ ထားပေးပါ။ တစ်ခါလုပ်ရင် ၃ ကြိမ် ၄ ကြိမ်လောက်လုပ်ပေးပါ။ နေ့စဉ် ပုံမှန် လုပ်ပေးတာက အဆင်ပြေပါတယ်။မနက်အိပ်ရာထလို့ အကြောဆန့်သလိုပါပဲ။ လွယ်ကူ ရိုးစင်းတဲ့ နည်းလမ်း တစ်ရပ်ပါ။ မတ်မတ်ရပ်လို့ ခြေထောက်ကို ပခုံးအကျယ်အတိုင်း ခွဲထားပါ။ လက်နှစ်ဖက်ကို အပေါ်ကို ဆန့်ထုတ်လို့လက်ချောင်းလေးတွေကို ယှက်ပြီး အပေါ်ကို ဆန့်နိုင်သမျှ ဆန့်ထုတ်ပါ။ ခြေထောက်ကိုလည်း ရနိုင်သမျှ ဆန့်ထားပါ။ အကြောတွေ ပြေလျော့စေရုံမက အရပ်မြင့်စေဖို့ လည်း အထောက်အကူပြုနိုင်မှာပါ။အရပ်ရှည်စေဖို့ နောက်ထပ် လုပ်ဆောင်ရမယ့် လေ့ကျင့်ခန်း တစ်ခုကတော့ထိုင်ချပြီးခါးကို မတ်လို့ ခြေထောက်နှစ်ချောင်းကို ဆန့်ထားပါ။လေကိုရှူသွင်းလို့ ခန္ဓာကိုယ်ကို ခြေထောက်ဆီ ကိုင်းညွှတ်ပါ။ လက်နှစ်ဖက်နဲ့ ခြေဖျားကို ထိနိုင်သမျှ ထိပေးပါ။ ခဏနေပြီး ခန္ဓာကိုယ်ကို ပြန်မတ်ရင်း လေကို ရှူထုတ်ပါ။စလုပ်လုပ်ချင်းမှာ ခြေထောက်ကို ထိဖို့ ခက်ပေမယ့် နောက်ပိုင်းမှာ လွယ်သွားပါလိမ့်မယ်။ နေ့စဉ် ပုံမှန် ၅ ကြိမ်ကနေ ၁၀ ကြိမ်အထိ လုပ်ပေးပါ။အခုပြောပြခဲ့တဲ့ လေ့ကျင့်ခန်းလေးတွေက အရပ်ရှည်စေဖို့ ထောက်ကူပေးမှာ ဖြစ်သလို နေ့စဉ် အထိုင်များတာကြောင့် အညောင်းမိတာတွေကိုပါ သက်သာစေမှာပါ။ အခုကစပြီး လေ့ကျင့်ခန်းတွေကို နေ့စဉ် ပုံမှန် လုပ်ကြည့်ရအောင်လား ……..။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/exercises-to-increase-height/
Internal thrombosed hemorrhoids (အတွင်းလိပ်ခေါင်း)
Internal thrombosed hemorrhoids ဆိုတာ သွေးလည်ပတ်မှု ပုံမမှန်ခြင်းကြောင့် ဝမ်းအိမ်အောက်ပိုင်းရှိ သွေးပြန်ကြောများ ရောင်ရမ်းဖောင်းကြွခြင်းဖြစ်ပါတယ်။ သွေးမခဲရင်တော့ နာကျင်ခြင်းမရှိပါဘူး။ သွေးခဲပိတ်သွာရင်တော့ သွေးကြောထဲ ဖိအားများလာပြီး ရောင်ရမ်းလာကာ ပြင်းထန်တဲ့ နာကျင်မှုကိုဖြစ်စေပါတယ်။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Internal thrombosed hemorrhoids ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။-ဝမ်းအိမ်မှ သွေးယိုခြင်း- ရှေးဦးလက္ခဏာဖြစ်ပါတယ်။ ဝမ်းသွားပြီး စအိုကိုသုတ်လိုက်တဲ့ စက္ကူမှာ သွေးစမြင်ရခြင်းဖြစ်ပါတယ်။ ပိုဆိုးလာတာနဲ့အမျှ သွေးယိုနှုန်းဟာ များလာပြီး ဝမ်းချုပ်ခြင်းကို ဖြစ်စေပါတယ်။-နာကျင်ခြင်း- ပထမပိုင်းမှာတော့ ဝမ်းသွားခါနီး ဗိုက်ရစ်လျှင်သာ နာကျင်မှုကိုခံစားရပါတယ်။ ထိုအချိန်မှာ သင့်တော်တဲ့ ကုသမှုမရပါက ရောင်ရမ်းခြင်းနဲ့ နာကျင်မှုက ပိုမိုဆိုးလာပါမယ်။ လမ်းလျှောက်ဖို့၊ မတ်တပ်ရပ်ဖို့ပါခက်ခဲလာပါမယ်။– ယားယံခြင်း – ဝမ်းအိမ်နံရံ ရောင်ရမ်းခြင်းကြောင့် ချွဲများထွက်ပေါ်လာပြီး စအိုဝန်းကျင်တွင် ယားယံခြင်းကိုဖြစ်စေပါတယ်။– စအိုထဲ တစ်ခုခုရှိနေသလိုခံစားရခြင်း။– ဝမ်းယိုစိမ့်ခြင်း။-ဝမ်းမထိန်းနိုင်ခြင်း- ဝမ်းအိမ်ရှိ ကြွက်သားများ လျော်လျဲလာခြင်းကြောင့် ဖြစ်တတ်ပါတယ်။-ဝမ်းအိမ် ထွက်ကျခြင်း။စတဲ့ရောဂါ လက္ခဏာများကို မကုဘဲ ပစ်ထားပါက ဆိုးရွားတဲ့ နောက်ဆက်တွဲ လက္ခဏာတွေကို ခံစားရပါလိမ့်မယ်။ရောင်ရမ်းမှုဟာ စအိုဝထိရောက်လာပြီး Prolapsed Internal Hemorrhoids ကိုဖြစ်စေပါတယ်။ ထိုအခါတွင်တော့ အရေးပေါ် ခွဲစိပ်မှု မျိုးလိုအပ်လာနိုင်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဝမ်းလျှောခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်းတို့ကြောင့် ဝမ်းကိုပြင်းထန်စွာ ညှစ်လေ့ရှိခြင်းဟာ ဝမ်းအိမ်ထဲရှိ ကြွက်သား နှင့် သွေးကြောများကို ထိခိုက်စေပါတယ်။-အထိုင်များခြင်း- အလုပ်ကြောင့် သို့မဟုတ် အခြားသော အခက်အခဲများ ကြောင့် မတ်တပ်ရပ်ခြင်း၊ လမ်းလျှောက်ခြင်းနည်းပြီး အထိုင်များသူများတွင် ဝမ်းအိမ်ဝန်းကျင် သွေးလည်ပတ်မှု ပိတ်ဆို့တတ်ပါတယ်။ ထို့ကြောင့် မတ်တပ်ရပ်၊ လမ်းလျှောက်ခြင်းများ မကြာခဏ ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။-ကိုယ်လက်လှုပ်ရှာမှု နည်းခြင်း-။တစ်ခါတစ်ရံ လမ်းလျှောက်ခြင်းက အတွင်းလိပ်ခေါင်းကိုကာကွယ်ဖို့။မလုံလောက်ပါဘူး။ ခန္တကိုယ်ရှိ ကြွက်သားအားလုံး တောင့်တင်းနေဖို့လိုအပ်ပါတယ်။ ထို့ကြောင့် လေ့ကျင့်ခန်းများ ပြုလုပ်ဖို့လိုပါတယ်။-အမျှင်ဓါတ်နည်းသော အစာများစားသုံးခြင်း- အမျှင်ဓါတ်နည်းသော အစာများစားသုံးခြင်းဟာ ဝမ်းမကြာခဏချုပ်စေပါတယ်။ ဝမ်းချုပ်ခြင်းဟာ အတွင်းလိပ်ခေါင်းကို ပိုမိုဖြစ်စေသော ကြောင့် အမျှင်ဓါတ်များသော အစာများရွေးစားဖို့ အရေးကြီးပါတယ်။-အဝလွန်ခြင်း- အဝလွန်သော သူများတွင် နှလုံးနှင့် သွေးကြော စနစ်များ အပါအဝင် ခန္တကိုယ်ရှိ အခြား စနစ်များပေါ်၌ ဖိအားပိုများတာတွေ့ရပါတယ်။ သွေးကြောများဟာ ဖိအားဒါဏ်ကြောင့် သွေးခဲများဖြစ်ကာ အတွင်းလိပ်ခေါင်းများ ဖြစ်စေနိုင်ပါတယ်။-ကိုယ်ဝန်ဆောင်ခြင်း နှင့် မီးဖွားရခက်ခဲခြင်း- သန္ဓေသားဟာ ကြီးထွားလာသည်နှင့် အမျှ မိခင်ရဲ့ ဝမ်းဗိုက်ဝန်းကျင် သွေးကြောများကို ဖိပါတော့တယ်။ သွေးကြောများ ထိခိုက်ပျက်စီးပြီး သွေးခဲများဖြစ်ကာ အတွင်းလိပ်ခေါင်းများ ဖြစ်စေပါတယ်။ မီးဖွာရခက်ခြင်းဟာလည်း အလားနည်းတူပါပဲ။-အသက်အရွယ်- အသက်အရွယ်ကြီးလာသည်နှင့် အမျှ ခန္တာကိုယ်ရှိ တစ်ရှူး ကြွက်သားများ လျော့ရဲ လာပါတယ်၊ အတွင်းလိပ်ခေါင်းဖြစ်ဖို့ အားပေးတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ဘယ်အရာတွေက Internal thrombosed hemorrhoids ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။Internal thrombosed hemorrhoids ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။Internal thrombosed hemorrhoids ကိုကုသရာတွင် ခွဲစိပ်နည်းများ ရှိသကဲ့သို့ ခွဲစိပ်ရန်မလိုသော နည်းများလည်းရှိပါတယ်။ ရောဂါ အစောပိုင်းတွင် အိမ်သုံးကုထုံးများနှင့် အခြား ခွဲစိပ်ရန်မလိုသောနည်းလမ်းများ အသုံးပြုနိုင်ပါတယ်။ ရောဂါ အစောပိုင်းကို သတိမပြုမိဘဲ၊ သင့်တော်တဲ့ ကုသမှုမျိုးမခံယူဘူးဆိုရင်တော့ လိပ်ခေါင်းဟာ ပိုမိုကြီးလာပြီး ပြင်းထန်စွာနာကျင်လာနိုင်ပါတယ်။ ထိုအခြေအနေ ရောက်ရင်တော့ အရေးပေါ်ခွဲစိပ်ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Internal thrombosed hemorrhoids ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Internal thrombosed hemorrhoids ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။-အိမ်သုံးကုထုံးများ အသုံးပြုခြင်း၊ အကိုက်အခဲပျောက်ဆေးများ ၊ဝမ်းပျော့ဆေးများ အသုံးပြုခြင်း ၊ ဆေးပါသော အဆီ၊ ခရမ် နှင့် suppository များ စအိုမှ သုတ်လိမ်းခြင်း တို့လည်းပြုလုပ်နိုင်ပါတယ်။ ထိုနည်းဖြင့် ပျက်စီးနေသော သွေးကြောများ ပြန်သန်မာရန်၊ သွေးခဲပျော်ရန် အချိန်ရပြီး ရောင်ရမ်းခြင်း၊ သွေးယိုခြင်းများ သက်သာစေနိုင်ပါတယ်။-အစားအသောက်နှင့် စားသောက်ပုံစံကိုလည်း စတင်ပြောင်းလဲသင့်ပါတယ်။-အမျှင်ဓါတ်များသော အစားအသောက်များ စားခြင်းဖြင့်။ဝမ်းချုပ်ခြင်းကို ကာကွယ်ပြီး ဝမ်းပျော့စေပါတယ်။(။အမျှင်ဓါတ်များသော ဆေးများလည်း။စားသုံးနိုင်ပါတယ်)။-ယောင်ရမ်းခြင်းကိုကျစေတဲ့ အာလူး ဖျော်ရည် ကိုလည်း အစာစားခင် သောက်သုံးနိုင်ပါတယ်။-ပုံမှန် လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် လည်း ခန္တာကိုယ်ရှိ ကြွက်သားများကို သန်စွမ်းတောင့်တင်းစေပါတယ်။-ဝမ်းသွားလိုပါက ချက်ချင်းသွားပါ။ အောင့်ထားခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။-“Sitz baths” ဟုခေါ်တဲ့ သန့်ရှင်းတဲ့ ဆားရည်နွေးထဲမှာ မိနစ် ၃၀ ခန့် ထိုင်ခြင်းဖြင့် ယောင်ရမ်းခြင်းများ သက်သာ စေပါတယ်။– Persicaria maculosa ဆိုတဲ့ ဆေးဖက်ဝင်အရွက် ပါတဲ့ လက်ဖက်ရည်ကြမ်းကို သောက်သုံးခြင်းဖြင့် ယောင်ရမ်းခြင်း၊ ယားယံခြင်းများ သက်သာ စေနိုင်ပါတယ်။-သဘာဝဖြစ်တဲ့ အာလူး၊ ပြားရည်၊ ရှာစောင်းလက်ပက် စတဲ့ ပစ္စည်းများ ပါတဲ့ ဝမ်းနှုတ်ဆေးကို ကိုယ်တိုင်လုပ်ပြီး ဆောင်ထားသင့်ပါတယ်။-သစ်ဥသစ်ဖု၊ အာလူးရည်၊ chamomile ၊ calendua ၊ buckthorn oil decoctions များပါဝင်တဲ့ ဝမ်းနှုတ်ဆေးကိုလည်း စအိုမှ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/hemorrhoids/internal-thrombosed-hemorrhoids-%e1%80%a1%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%b8%e1%80%9c%e1%80%ad%e1%80%95%e1%80%b9%e1%80%b1%e1%80%81%e1%80%ab%e1%80%84%e1%80%b9%e1%80%b8/
ဆေးလိပ်ဖြတ်ခြင်းကြောင့် လက်ငင်း ရနိုင်မယ့် အကျိုးကျေးဇူးများ
ဆေးလိပ်ဖြတ်ခြင်းကြောင့် လက်ငင်း ရနိုင်မယ့် အကျိုးကျေးဇူးများ အကြောင်းကို ဗဟုသုတ အနေနဲ့ သိရှိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။ဆေးလိပ်ဖြတ်ခြင်းကြောင့် အချိန်ကြာလာတာနဲ့အမျှ သိသာလာမယ့် အကျိုးကျေးဇူးတွေ ရှိသလို၊ ချက်ချင်းတွေ့နိုင်တဲ့ ရလဒ်တွေလည်း ရှိပါတယ်။ဒီအကျိုးကျေးဇူးတွေကတော့ ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ ချက်ချင်းရနိုင်တာတွေ ဖြစ်ပါတယ်။• ခံတွင်းအနံ့ကောင်းလာခြင်း။• သွားအရောင် ဖြူလာခြင်း။• အဝတ်အစားနှင့် ဆံပင်တို့မှာ အနံ့ဆိုးတွေ မရှိတော့ခြင်း။• လက်သည်းအရောင်များ ပျောက်သွားခြင်း။• အစားပိုစားလို့ကောင်းလာခြင်း။•အနံ့ခံနိုင်စွမ်း ပုံမှန်ပြန်ဖြစ်လာခြင်း။• လှေကားတက်ခြင်း၊ အိမ်အလုပ်လုပ်ခြင်းတို့မှာ မောပန်းမှုနည်းလာခြင်း။• အပြင်ထွက်ဆေးလိပ်သောက်စရာ မလိုဘဲ ဆေးလိပ်ကင်းစင်တဲ့ အိမ်မျိုး ဖြစ်လာခြင်း။ဆေးလိပ်ဖြတ်ရတဲ့ အဓိကအကြောင်းရင်းက ကျန်းမာရေးကြောင့်ဆိုပေမယ့် တခြားအကြောင်းရင်းတွေလည်း ရှိပါသေးတယ်။ ဆေးလိပ်က ဈေးကြီးပါတယ်။ ဆေးလိပ်နဲ့ ပတ်သက်တဲ့ ကိုယ့်အသုံးစရိတ်ကိုတွက်ရတာ မခက်ပါဘူး။ ကိုယ်တစ်နေ့တာ သောက်တဲ့ ဆေးလိပ်ဖိုးကို ၃၆၅ ရက်နဲ့ မြှောက်ကြည့်လိုက်ပါ။ အင်မတန်အံ့သြစရာ ကောင်းတဲ့ ပမာဏကို သင်တွေ့ပါလိမ့်မယ်။ ကိုယ်ဆေးလိပ်သောက်ခဲ့တဲ့ နှစ်အရေအတွက်နဲ့ ထပ်မြှောက်လိုက်ရင်တော့ သင် အလွန်အမင်းကို အံ့သြမှင်သက်သွားရပါလိမ့်မယ်။ အဲဒီတစ်နှစ်စာကုန်ကျစရိတ်ကို နောင်(၁၀)နှစ်စာအတွက် ၁၀ နဲ့ မြှောက်လိုက်ပါ။ ပြီးရင် အဲဒီပိုက်ဆံတွေနဲ့ တခြားဘာလုပ်လို့ ရနိုင်သလဲ စဉ်းစားကြည့်ပါ။ အဲဒီအပြင် ဆေးလိပ်သောက်လို့ ရောဂါဖြစ်လာရင် ကုန်မယ့်စရိတ်တွေလည်း သက်သာသွားမှာ ဖြစ်ပါတယ်။ဒီနေ့ခေတ်မှာ ဆေးလိပ် သောက်ခြင်းကို လူမှုရေးအရ လက်သင့်ခံမှု နည်းလာပါတယ်။ မိတ်ဆွေတွေ ဆုံးရှုံးရတာ၊ သင့်မိတ်ဆွေတွေက သင့်ကြောင့် အဆင်မပြေဖြစ်ရတာတွေ ရှိလာနိုင်ပါတယ်။ အလုပ်ခွင်အားလုံးနီးပါးမှာလည်း ဆေးလိပ်သောက်တာကို တားမြစ်ထားကြပြီး ဆေးလိပ်မသောက်တတ်သူကို အလုပ်ရှင်တွေက ပိုလိုချင်ကြပါတယ်။တွေ့ရှိချက်တွေအရ ဆေးလိပ်သောက်တတ်သူဟာ အလုပ်မှာ ကုန်ကျစရိတ်ကို ပိုစေတယ်လို့ ဆိုပါတယ်။ ဝန်ထမ်းတစ်ယောက် ဆေးလိပ်ဖြတ်လိုက်နိုင်ရင် အလုပ်ရှင်ဟာ တစ်နှစ်ကို ဒေါ်လာ ၅၈၀၀ လောက် အကုန်အကျသက်သာသွားပါမယ်။ ဆေးလိပ်သောက်တဲ့ ဝန်ထမ်းဟာ နာဖျားမှု ပိုဖြစ်များမယ်။အဲဒီအတွက် သူ့အစား ဝန်ထမ်းငှားရတာတွေ ရှိလာမယ်။ အလုပ်သမားအတွက် ထားရတဲ့ ကျန်းမာရေးအာမခံစရိတ် တက်လာမယ်။ ဆေးလိပ်မကြာခဏ သောက်နေရင် အလုပ်ခွင်မှာ ရှိနေချိန်နည်းမယ်။ဆေးလိပ်နံ့တွေက အလုပ်ခွင်ရဲ့ အနံ့အသက်ကို ဆိုးစေပါမယ်။နောက်ပြီး မူလတန်းကျောင်း၊ တက္ကသိုလ်၊ ကောလိပ်နဲ့ လူအများရှိနေတဲ့ နေရာတွေမှာ ဆေးလိပ်သောက်ခွင့်ကို ပိတ်ထားကြပါတယ်။ အခန်းတွင်းမှာတင် မဟုတ်ဘဲ အခန်းပြင် ပရဝုဏ်တွေမှာပါ ဆေးလိပ်သောက်ခွင့် ပိတ်ဖို့လည်း ကြိုးစားနေကြပါပြီ။ဆေးလိပ်သောက်တတ်သူတွေကို အိမ်ခန်းငှားဖို့လည်း တွန့်ဆုတ်လာကြပါတယ်။ အိမ်ပြင်ဆင်စရိတ် ပိုကုန်နိုင်တာ၊ အပျက်အစီးများတာကြောင့်ပါ။သင့်မိတ်ဆွေသူငယ်ချင်းတွေကလည်း သူတို့အိမ်နဲ့ ကားထဲမှာ ဆေးလိပ်မသောက်ဖို့ တောင်းဆိုကြပါလိမ့်မယ်။ ရှိုးပွဲတွေ၊ ဘောလုံးပွဲတွေ၊ စားသောက်ဆိုင်တွေ၊ ဘားတွေမှာလည်းဆေးလိပ်သောက်တာကို ပိတ်ပင်လာကြပြီ။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ သင့်အတွက် ဆေးလိပ် သောက်စရာ နေရာရှာဖို့က ခက်ခဲလာတော့မှာ ဖြစ်ပါတယ်။အဲဒီအပြင် ဆေးလိပ် သောက်တတ်ရင် ချစ်ရေးချစ်ရာကိစ္စတွေ၊ အိမ်ထောင်ရေးကိစ္စတွေမှာ အဆင်မပြေမှုတွေ၊ ပြဿနာတွေ ရှိလာနိုင်ပါတယ်။ဆေးလိပ်သောက်ခြင်းဟာ သင့်အတွက်တင်မကဘဲ သင့်ပတ်ဝန်းကျင်က လူတွေကိုပါ ကျန်းမာရေးထိခိုက်စေပါတယ်။ ဆေးလိပ်က ထွက်နေတဲ့အငွေ့နဲ့ သင်ရှိုက်ထုတ်လိုက်တဲ့ အငွေ့တွေကြောင့် ဖြစ်တာပါ။ တွေ့ရှိချက်တွေအရ အဲဒီအငွေ့တွေဟာ ဆေးလိပ်မသောက်သူတွေမှာအဆုတ်ကင်ဆာနဲ့ သေဆုံးရမှုတွေကို ထောင်ပေါင်းများစွာ ဖြစ်စေပြီး လွန်ခဲ့တဲ့ နှစ်(၅၀)အတွင်း သေဆုံးမှုပေါင်း ၂.၅သန်း ရှိခဲ့ပါတယ်။မိခင်က ဆေးလိပ်သောက်ရင် ကလေးမှာပန်းနာရင်ကြပ်ဖြစ်နိုင်ခြေပိုများပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်နေစဉ် ဆေးလိပ်သောက်ရင် ဖြစ်တတ်ပါတယ်။ ဒီအပြင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ပေါင်မပြည့်ဘဲ မွေးဖွားခြင်းတို့လည်း ဖြစ်တတ်ပါတယ်။ဆေးလိပ်သောက်တဲ့ အိမ်မှာ ကြီးပြင်းရတဲ့ ကလေးတွေဟာ နား၊ အသက်ရှူလမ်းကြောင်းနဲ့ ပတ်သက်တဲ့ ရောဂါတွေ ခံစားရနိုင်ခြေ ပိုများပါတယ်။ရုတ်တရက်သေဆုံးနိုင်သော ရောဂါလက္ခဏာစု၊ အဆုတ်ကြီးထွားမှုနှေးခြင်း၊ မျက်စိယားယံခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေအော့အန်ခြင်းတို့လည်း ဖြစ်နိုင်ပါတယ်။သင့်မှာ ကလေးရှိတယ်ဆိုရင် သင့်အနေနဲ့ သူတို့အတွက် စံနမူနာပြ နေထိုင်ဖို့ လိုပါမယ်။ မေးကြည့်လိုက်ရင် ဆေးလိပ်သောက်သူအများစုဟာ သူတို့ကလေးကိုတော့ ဆေးလိပ် မသောက်စေချင်ကြပါဘူး။ ဒါပေမယ့် ဆေးလိပ်သောက်တဲ့ မိဘရဲ့ ကလေးတွေက ဆေးလိပ်သောက်ဖို့ ရာခိုင်နှုန်းပိုများတာမို့ သင့်အနေနဲ့ ခုပဲဆေးလိပ်ဖြတ်ပြီးသင့်ကလေးရဲ့ စံနမူနာအနေနဲ့ ရပ်တည်လိုက်ဖို့ တိုက်တွန်းချင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/quit-smoking-healthy-habits/benefts-when-you-quit-smoking/
ပျားသံပုရာရည်လေး သောက်ကြရာဝယ်
သောက်စရာတွေ အများကြီး ရှိတဲ့အထဲကမှ သင့်အကြိုက်ဆုံး သောက်စရာလေးကပျားသံပုရာရည်များလား ….ဒါဆိုရင် ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးနေတဲ့ ပျားသံပုရာရည်လေး ကကျန်းမာရေးကို အထောက်အကူပြုနိုင်လား ……. ဘယ်လိုများ အထောက်အကူပြုပေးနိုင်လဲ …… ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ပျားသံပုရာရည် ဆိုတာကပျားရည်ရယ်၊ သံပုရာရည်ရယ်ကိုဆားအနည်းငယ် ရေနွေး ဒါမှမဟုတ် ရေအေးလေးနဲ့ ဖျော်ထားတဲ့ ဖျော်ရည်ပါ။ အမောပြေစေသလို ခေါင်းမူးတာခေါင်းကိုက်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ပျားသံပုရာရည် ဖျော်ဖို့ဆိုရင်။အရသာရှိလှတဲ့ ပျားသံပုရာရည် ကို သောက်ပေးမယ်ဆိုရင် အခုလိုအကျိုးကျေးဇူးလေးတွေရရှိစေနိုင်မှာပါ။ပျားသံပုရာရည် က အစာခြေစနစ်ကို ကျန်းမာစေပါတယ်။ အစာခြေအက်ဆစ် ထွက်ရှိမှုကို ကောင်းစေပါတယ်။အစာအိမ်နဲ့ အူနံရံတွေကို အာဟာရ စုပ်ယူမှု ကောင်းစေပါတယ်။အစာမကြေဘူးလို့ ခံစားရမယ်ဆိုရင် ပျားသံပုရာရည် သောက်ပေးလို့ ရပါတယ်။လေပွတာကိုလည်း သက်သာစေနိုင်ပါတယ်။ဝမ်းမှန်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ပျားသံပုရာရည် ရဲ့ နောက်ထပ် အာနိသင်တစ်ရပ်ကတော့ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်တာပါ။ ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုး မဖြစ်စေဖို့ ကူညီပေးပါတယ်။အရေပြား၊ အသည်း၊အသက်ရှူလမ်းကြောင်းမှာ ရှိနေတဲ့ အဆိပ်အတောက်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။အရေပြားမှာ ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေ၊ ဝက်ခြံတွေ ကင်းစေဖို့အတွက် ပျားသံပုရာရည်ကို သောက်ပေးလို့ ရပါတယ်။ ရေနွေးနွေးလေးနဲ့ သောက်ပေးရင် ပိုကောင်းပါတယ်။ဗီတာမင် C ပါဝင်နေမှုကကိုယ်တွင်း အဆိပ်အတောက်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။အအေးမိ ဖျားနာမှု ကင်းပြီး ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် ပျားသံပုရာရည် သောက်ပေးလို့ ရပါတယ်။ ဓာတ်မတည့်မှုတွေကို သက်သာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။လည်ချောင်းနာတဲ့အခါ ပျားသံပုရာရည် သောက်ပေးတာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး အသက်ရှူ လမ်းကြောင်းပိုးဝင်တာမျိုးတွေကိုလည်း သက်သာစေနိုင်ပါတယ်။လည်ချာင်းနာတဲ့အခါ ပျားသံပုရာရည် ထဲကို ချင်း(ဂျင်း) လေးပါ ထည့်သောက်ပေးတာ ပိုကောင်းပါတယ်။ပျားသံပုရာရည် က သွေးတိုးတတ်တဲ့သူတွေအတွက် အထူးသင့်တော်တဲ့ သောက်စရာ တစ်မျိုးပါ။ ခေါင်းကိုက်တာကို သက်သာစေနိုင်သလို သွေးတိုးလည်း ကျစေနိုင်ပါတယ်။ဒါတွေအပြင် ပျားသံပုရာရည် က နှလုံးကျန်းမာစေပြီး ကျောက်ကပ်က ကျောက်တွေကို ကြေစေနိုင်ပါတယ်။ ဆီးရွှင်စေနိုင်သလို အသည်း ကျန်းမာစေနိုင်ပါတယ်။ဒါကြောင့် ပျားသံပုရာရည်လေးက ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ပြောရတာပါ။ ဒီတော့ စာဖတ်ပရိသတ်ကြီးရော ဘယ်လို ထင်မိလဲ……။ကဲ …… ပျားသံပုရာရည်လေး ကို အရသာရှိရှိ သောက်ပြီး အခုလို အကျိုးကျေးဇူးလေးတွေ ရယူလိုက်တော့နော်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/honey-lemon-juice-benefits/
ဆယ်ကျော်သက် နဲ့ ခေါင်းကိုက်ဝေဒနာ၊ ဘာတွေသိထားသင့်သလဲ
ခေါင်းကိုက်တယ်ဆိုတာ လုပ်ငန်းခွင်ဝင်နေတဲ့ လူကြီးတွေမှာပဲ ဖြစ်တတ်တယ်ထင်နေပါသလား။ ကလေးတွေနဲ့ဆယ်ကျော်သက်တွေမှာလည်း အဖြစ်များတဲ့ဝေဒနာတစ်ခုပါ။ ကလေးဘဝကနေမြီးကောင်ပေါက်အရွယ်ကို ချဉ်းနင်းဝင်ရောက်လာချိန်မှာခေါင်းကိုက်ဝေဒနာခံစားရနိုင်ခြေ ပိုများလာလေ့ရှိပါတယ်။ သုတေသနတွေအရဆိုယောကျာ်းလေးတွေဟာ လူပျိုဖော်မဝင်ခင်မှာ မိန်းကလေးတွေထက်ခေါင်းကိုက်ဝေဒနာခံစားရနိုင်ခြေပိုများပါတယ်။ ဒါပေမယ့် ပျိုဖော်ဝင်ကာစအချိန်နောက်ပိုင်းမှာတော့မိန်းကလေးတွေက ပိုခေါင်းကိုက်လေ့ရှိပါတယ်။ သိပ်တော့မပြင်းထန်ပေမယ့် ဆယ်ကျော်သက် ၁၀ယောက်မှာ ၈ယောက်လောက်က တစ်လကိုအနည်းဆုံးတစ်ကြိမ်တော့ခေါင်းကိုက်ဝေဒနာခံစားရပါတယ်။ကလေးတွေခေါင်းကိုက်နေတဲ့အချိန်ဆိုဦးနှောက်အကျိတ်များဖြစ်နေလား၊ ဘာရောဂါများဖြစ်နေလဲဆိုပြီး မိဘတွေစိတ်ပူကြတာ သဘာဝပါ။ ဒါပေမယ့်ခေါင်းကိုက်ခြင်းအများစုဟာ အအေးမိ၊ တုပ်ကွေးတို့လိုရောဂါအခြေအနေတွေအတွက်တင်မကဘဲနေထိုင်မှုပုံစံ၊စိတ်ဖိစီးမှုတွေရဲ့နောက်ဆက်တွဲအဖြစ်နဲ့ ခံစားရတာတွေပါ။ဘာကြောင့်ခေါင်းကိုက်တာလဲ။ဆယ်ကျော်သက်အရွယ်မှာ အဖြစ်များတဲ့ခေါင်းကိုက်ခြင်းက နှစ်မျိုးရှိတယ်။ မြီးကောင်ပေါက်အရွယ် အပြောင်းအလဲတွေကြောင့် စိတ်ဖိစီးမှုတွေ၊ ပညာရေးကြောင့် ပူပန်မှုတွေ လိုမျိုး စိတ်ထဲက ဖိစီးလေးလံမှုတွေကြောင့်ဖြစ်လာတဲ့ခေါင်းကိုက်ခြင်းအမျိုးအစားရယ်၊ တခြားလက္ခဏာတွေနဲ့ပါ နေမကောင်းဖြစ်စေတဲ့ခေါင်းတစ်ခြမ်းကိုက်ခြင်းရယ်ဖြစ်ပါတယ်။ ဘာကွာလဲဆိုတော့ ခေါင်းတစ်ခြမ်းကိုက်ရင်မအီမသြာဖစ်တာ၊ ပျို့အန်တာတွေဖြစ်စေနိုင်ပေမယ့် ဖိစီးမှုကြောင့်ခေါင်းကိုက်ရင်တော့ ဒီလက္ခဏာတွေမခံစားရတတ်ပါဘူး။သူတို့ကို မူလရင်းမြစ်ခေါင်းကိုက်ဝေဒနာ (Primary headache) လို့ခေါ်ပါတယ်။ရောဂါအကြောင်းရင်းခံတစ်ခုခုကြောင့်မဟုတ်တဲ့ခေါင်းကိုက်ခြင်းကိုဆိုလိုတာပါ။ ဘယ်လိုလက္ခဏာတွေကို ခံစားရနိုင်လဲဆိုတော့ –။ခေါင်းကိုက်ခြင်းနောက်တစ်မျိုးကတော့ secondary headache လို့ခေါ်တဲ့ တဆင့်ခံရင်းမြစ်ခေါင်းကိုက်ဝေဒနာ ဖြစ်ပါတယ်။တုပ်ကွေးဖျားနြာခင်းကြောင့် ခေါင်းကိုက်တာလိုမျိုး ခန္ဓါကိုယ်ထဲမှာဖြစ်နေတဲ့ ရောဂါအခံတစ်ခုခုကြောင့်ဖြစ်လာတဲ့ခေါင်းကိုက်ခြင်းအမျိုးအစားပါ။ တဆင့်ခံရင်းမြစ်ကြောင့်ခေါင်းကိုက်ခြင်းမှာ ပိုဆိုးတာက ရင်းမြစ်ရောဂါမသက်သာမချင်း နာတာရှည်လိုခေါင်းကိုက်တတ်တာပါ။ အအေးမိတာ၊ထိပ်ကပ်နာ၊ နားပိုးဝင်ခြင်းတို့လိုရောဂါပိုးကြောင့်ဖြစ်တဲ့နာမကျန်းမှုတွေမှာခေါင်းကိုက်ခြင်းကိုခံစားရနိုင်ပါတယ်။ဖြစ်ခဲပေမယ့် ဒီခေါင်းကိုက်ခြင်းအမျိုးအစားက ဦးနှောက်အကျိတ် ဒါမှမဟုတ် ဦးခေါင်းခွံအတွင်းသွေးယိုခြင်းတို့ကြောင့်လည်းဖြစ်နိုင်ခြေရှိပါတယ်။ဆယ်ကျော်သက်တချို့မှာဟော်မုန်းအပြောင်းအလဲတွေကြောင့်လည်းခေါင်းကိုက်စေနိုင်တယ်။ ဥပမာ မိန်းကလေးတွေရာသီလာကာနီးမှာခေါင်းကိုက်တာမျိုး။ရောဂါအကြောင်းရင်းခံကြောင့်ခေါင်းကိုက်တဲ့အခါ အဲဒီအကြောင်းရင်းကိုကုသလိုက်ရင် အလိုလိုသက်သာသွားနိုင်ပေမယ့် ဖိစီးမှုကြောင့်ဆိုရင်တော့ ဒီအချက်တွေသိထားဖို့လိုပါတယ်။ ဖိစီးမှုကြောင့်ခေါင်းမကိုက်စေဖို့ ဖတ်ကြည့်ထားလိုက်နော် –။Tension headache ကို အလွယ်တကူဝယ်လို့ရတဲ့ အကိုက်အခဲပျောက်ဆေးတွေနဲ့ ကုသသက်သာစေနိုင်ပါတယ်။ဘယ်အချိန်မှာ ဆရာဝန်ပြရမလဲ။တကယ်လို့ ဒီလက္ခဏာတွေရှိလာရင် ဆရာဝန်အမြန်ဆုံးပြသင့်ပါတယ် –။ဒါပေမယ့် မိဘတွေအနေနဲ့ အဓိကသိထားရမှာက –။ခေါင်းကိုက်ဝေဒနာဆိုတာ ကလေးတွေမှာ အဖြစ်များတဲ့အရာဖြစ်သလို အများအားဖြင့် စိုးရိမ်ဖို့မလိုတတ်ပါဘူး။ ဒီဝေဒနာကြောင့်ကျောင်းမှာ၊ လှုပ်ရှားမှုတွေ၊အာရုံစူးစိုက်မှုတွေမှာ ထိခိုက်သက်ရောက်မှုရှိနိုင်ပါတယ်။ကလေးကိုခေါင်းကိုက်စေတဲ့အရာတွေကို မှတ်သားထားပြီးရှောင်နိုင်ဖို့ ကြိုးစားပေးလို့ရပါတယ်။ ကျန်းမာရေးနဲ့ညီတဲ့အချိန်မှန်စားသောက်ပုံ၊ အိပ်ချိန်ပြည့်ဝခြင်းနဲ့ကိုယ်လက်လှုပ်ရှားမှုတွေကခေါင်းကိုက်ဝေဒနာကာကွယ်ရေးအတွက် အရေးပါပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/headaches-and-migraines/migrain-in-teenagers/
ဆယ်ကျော်သက်များတွင် အတွေ့ရများတဲ့ အရေပြားပြဿနာ များ
ဆယ်ကျော်သက်အရွယ်ဆိုတာ လှချင်ပချင် အရွယ်ပါ။ ဒီအရွယ်မှာအရေပြားပြဿနာတွေများ ကြုံလာခဲ့ရင် သူတို့လေးတွေ အနေနဲ့ သိပ်ကို စိတ်ညစ်စရာပေါ့။ ဒီအရွယ်မှာဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်ဖြစ်၊တစ်ကိုယ်ရည် သန့်ရှင်းရေးမနိုင်နင်းလို့ပဲ ဖြစ်ဖြစ်၊ အလှပြင်ပစ္စည်းတွေကို စမ်းသုံးကြည့်လို့ပဲ ဖြစ်ဖြစ် အရေပြားပြဿနာတွေ ကြုံရတတ်ပါတယ်။ သူတို့လေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲ၊ ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းကြမလဲဆိုတာ ကြည့်ကြရအောင်။ဝက်ခြံဆိုတာ ဆယ်ကျော်သက်တွေရဲ့ ပြယုဂ်ပါ။ ဟော်မုန်း အပြောင်းအလဲကြောင့်ရော၊စိတ်ဖိစီးမှုကြောင့်ရော ထွက်တတ်ပါတယ်။ မိန်းကလေးတွေ ဆိုရင်ရာသီလာခါနီးပြီဆိုရင် ထွက်လာကြပြီ။ ဝက်ခြံအပြင် အဆီဖုတွေ၊ဆားဝက်ခြံတွေလည်း ထွက်တတ်ပါသေးတယ်။ တချို့ ဝက်ခြံသိပ်များလွန်းတဲ့ ကလေးတွေဆိုရင် သူငယ်ချင်းတွေနဲ့ မတွေ့ချင်တာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတာတွေပါ ဖြစ်တတ်ပါသေးတယ်။ဒါတွေကို ပြေလည်ဖို့ ဆိုရင် ဆေးဆိုင်မှာ အလွယ်ဝယ်လို့ရတဲ့ benozyl peroxide ပါတဲ့ ဝက်ခြံလိမ်းဆေးတွေ သုံးလို့ရပါတယ်။ ရေနွေးဝတ်လေးကို ဝက်ခြံပေါ်မှာတင်၊ နည်းနည်းလေး ပျော့လာရင် ဆေးလိမ်းပေးတာက ပိုပြီး စုပ်ယူမှု ကောင်းစေပါတယ်။ ဒါနဲ့ မသက်သာဘူး။ ပိုဆိုးလာတယ်ဆိုရင်တော့ အရေပြားဆရာဝန်နဲ့ ပြဿပြီး လိုအပ်တဲ့ ကုသမှုတွေ ခံယူရမှာပါ။ ပြီးတော့ အထူးသတိထားရမှာ ဝက်ခြံတွေကို မိတ်ကပ်တွေနဲ့ အချိန်အကြာကြီး ဖုံးကွယ်ထားတာ၊ ကုတ်တာ၊ ညှစ်တာ မလုပ်ဖို့ပါပဲ။ဆယ်ကျော်သက်လေးတွေရဲ့ နောက်ထပ်ပြဿနာကတော့ ခြေဖဝါး၊ လက်ဖဝါးတွေ ချွေးစိုတာ၊ ချိုင်းချွေးထွက်လွန်းတာ၊ ချွေးထွက်သန်လွန်းတာ စတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ ဒါကလည်း လူကြား သူကြားထဲ သွားခဲ့အခါ စိတ်ကသိကအောက် ဖြစ်စရာ အခြေအနေ တစ်ခုပါပဲ။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက်antiperspirantလို့ ခေါ်တဲ့  ချွေးတိတ်ဆေး လိမ်းပေးလို့ရပါတယ်။ ဒါနဲ့မှ မပျောက်ဘူး။ ဆရာဝန်တွေပြောတဲ့ hyperhidrosis လို့ ခေါ်တဲ့ ချွေးထွက်လွန်ရောဂါ ရှိနေပြီဆိုရင်တော့ သေချာပြသပြီး ကုရမှာပါ။ကိုယ့်ကိုယ်ကို သတိထားရမှာကတော့ ချည်ထည်လိုမျိုး ချွေးစုပ်နိုင်တဲ့ အဝတ်တွေ၊ ပွပွချောင်ချောင် အဝတ်တွေ ဝတ်ဖို့ရယ်၊ ဖိနပ်ကိုလည်း လေဝင်လေထွက်ကေင်းတာတွေ ဝတ်ဖို့ရယ်၊ ချွေးထွက်များစေတဲ့ ပူပူစပ်စပ် စားစရာတွေ၊ အရည်တွေ ရှောင်ဖို့ရယ်ပဲ ဖြစ်ပါတယ်။ကြွက်နို့ကလည်း လူငယ်တွေမှာ အတွေ့ရများတဲ့ အရေပြားပြဿနာ တစ်ခုပါပဲ။ ခြေချောင်း၊ လက်ချောင်းလေးတွေ၊ လက်ဖမိုးတွေ၊ ခြေဖဝါးတွေမှာ အတွေ့ရများပါတယ်။ ကြွက်နို့က ဗိုင်းရပ်စ်ကြောင့် ဖြစ်ပြီး သူ့ချည်းသက်သက်ကတော့ လူကို ဒုက္ခမပေးနိုင်ပါဘူး။ နည်းနည်း ကြည့်ရဆိုးတာက လွဲလို့ပေါ့လေ။ကြွက်နို့က ဒီတိုင်းထားရင်တော့ ၂နှစ်လောက်ကြာရင် သူ့အလိုလို ပျောက်သွားပါတယ်။ ဒီလိုမှ မဟုတ်ဘူး။ ကုမယ်ဆိုရင်လည်း ဆရာဝန်ဆီမှာ သွားကုလို့ရသလို အိမ်တွင်းနည်းလမ်းတွေလည်း အများကြီး ရှိပါတယ်။ ကြွက်နို့ မဖြစ်ချင်ဘူးဆိုရင်တော့ အရေပြားကို ထိခိုက်အနာတရ မဖြစ်အောင် ဂရုစိုက်ရမှာပါ။ ဥပမာ လက်သည်းကိုက်တာ၊ အရေပြားကို မကြာခဏ ခိုက်မိတာမျိုးပေါ့။ ထိခိုက်ထားတဲ့ အရေပြားဟာ ကြွက်နို့ဗိုင်းရပ်စ် ဝင်လွယ်ပါတယ်။ကလေးတွေမှာ အဖြစ်များပေမယ့် ဆယ်ကျော်သက်အရွယ်အထိ တွေ့နေရတာမျိုးလည်း ရှိပါတယ်။ ကလေးဘဝတုန်းတည်းက ရှိခဲ့တဲ့နှင်းခူရောဂါက အရွယ်လေးရောက်လာလို့ အားကစားတွေ လုပ်တဲ့အခါ ဒဏ်ရာရရင်ပဲ ဖြစ်ဖြစ်၊ ဒူးစွပ်တွေ၊ ခြေကျင်းဝတ်တွေ စွပ်ပြီး ပွန်းပဲ့လို့ပဲ ဖြစ်ဖြစ် ပြန်ပြီး ကြွလာတတ်ပါတယ်။ဒီပြဿနာကို ပြေလည်ဖို့ဆိုရင် အစိုဓာတ်ထိန်းကရင်မ်ကို လိမ်းပေးဖို့ လိုပါမယ်။ အထူးသဖြင့် ရေချိုးပြီးတဲ့အခါ၊ ရေကူးပြီးတဲ့အခါမှာပေါ့။ ဒါနဲ့မှ မသက်သာဘူးဆိုရင် အရေပြားဆရာဝန်နဲ့ ပြသပြီး ထိရောက်တဲ့ ကုသမှု ခံယူသင့်ပါတယ်။ဆယ်ကျော်သက်အရွယ်လေးတွေဆိုတော့ သွားသွားလာလာရှိတဲ့အတွက်နေလောင်ဒဏ်ကို အနည်းနဲ့အများတော့ ခံရပါတယ်။ အထူးသဖြင့် ထီးဆောင်းပျင်းတဲ့သူတွေ၊ နေလောင်ကာခရင်မ် မလိမ်းတဲ့ သူတွေ ဆိုရင်ပေါ့။ ယောကျာ်းလေးတွေဆို ပိုဆိုးပါတယ်။ ထီးဆောင်းတာ၊ sun creamလိမ်းတာဆိုတာ သူတို့နဲ့ မဆိုင်သလိုပါပဲ။ ဒါကြောင့် နေလောင်ပြီး အသားအရေတွေ ပျက်စီးကုန်တာပေါ့။ဒါကြောင့် နေလောင်တဲ့နေရာကို soothing gel တစ်မျိုးမျိုး (ဥပမာ ရှားစောင်းလက်ပပ်) လိမ်းပေးပါ။ နေလောင်ဒဏ်ကို ကာကွယ်ဖို့ အပြင်သွားတိုင်း ထီး၊ ဦးထုပ်၊ နေကာမျက်မှန် စသဖြင့် တစ်ခုခု ဆောင်သွားပါ။ နေလောင်ကာခရမ်င်လိမ်းဖို့ကိုလည်း မမေ့ပါနဲ့။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/skin-problems-teens/
ညောင်ရွက် စားလို့ရလား ......
ညောင်ရွက်၊ညောင်ပင်စတာတွေက မြန်မာလူမျိုးတွေ နဲ့ အိန္ဒိယ လူမျိုးတွေအတွက် အထွတ်အမြတ်ထားရာ အပင်တစ်ခုပါ။ ဗုဒ္ဓဘုရား ပွင့်တော်မူခဲ့တာကြောင့် ဗောဓိညောင်ကို အလေးအမြတ်ထားကြတာပါ။တကယ်ကတော့ ညောင်ပင်က ဘာသာတရားအရ အရေးပါသလိုကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးပါတယ်။ညောင်ရွက်လေးက ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ ကြည့်လိုက်ရအောင်လား။ညောင်ပင်ကတော့ အထူးအထွေ ပြောစရာ မလိုအောင်ကို မြင်ဖူး၊ ရင်းနှီးပြီးသား ဖြစ်မှာပါ။ ညောင်ပင်ရဲ့ အရွက်ကို ညောင်ရွက်လို့ ခေါ်တာပါ။ ညောင်ပင်တွေက နှစ်ပေါင်း ရာနဲ့ချီပြီး ရှင်သန်နိုင်ပါတယ်။ အမြင့်ပေ ၂၁ မီတာ အထိ မြင့်ပါတယ်။အလေးအမြတ်ထားရသလို အရိပ်လည်း ရပါတယ်။ ညောင်ပင်က အရွက်တင် မဟုတ်ဘဲ လေရှူမြစ်တွေ၊ အခေါက်၊ အမြစ်၊ အသီး၊ အဖူးတွေကလည်းဆေးဖက်ဝင်ပါတယ်။ညောင်ရွက် နုနုလေးတွေက စားလို့ ရပါတယ်။ ညောင်ရွက် နုနုလေးကို ရေနွေးဖျောပြီးအတို့အမြှုပ်အနေနဲ့ လုပ်စားလို့ ရသလို ပြုတ်ထားတဲ့ ညောင်ရွက်ကို ပါးပါးလေး လှီး ဆီချက်၊ မြေပဲထောင်း၊ ပုစွန်ခြောက်၊ ကြက်သွန်စိမ်း၊ ငရုတ်သီးစိမ်း၊သံပုရာရည်တို့နဲ့ အရသာ ရှိရှိလေး သုပ်စားလို့ ရပါတယ်။ညောင်ရွက်သုပ်လို့ ခေါ်ကြသလို ညောင်ဖူးသုပ်လို့လည်း ခေါ်ကြပါတယ်။ထမင်းနဲ့ တွဲစားလို့ ရသလိုရေနွေးကြမ်းလေးနဲ့အဆာပြေလေးလည်း စားလို့ ရပါတယ်။ညောင်ရွက်မှာ အခုလိုအာဟာရဓာတ်တွေများစွာ ပါဝင်နေပါတယ်။ညောင်ရွက် ကကျန်းမာရေးကိုအခုလိုလေး အထောက်အကူပြုပေးပါတယ်။ညောင်ရွက် နုနုလေးတွေကို ရေစင်အောင် ဆေးပြီး ရေသန့်သန့်လေးထဲမှာ စိမ်ပါ။ ဒီ စိမ်ထားတဲ့ရေကို သောက်ပေးတာ ဝမ်းကိုက်တာ၊ ဝမ်းပျက်ဝမ်းလျှောတာတွေကို သက်သာစေနိုင်ပြီး အစာခြေလမ်းကြောင်းကို သက်သောင့်သက်သာ ဖြစ်စေနိုင်ပါတယ်။သွားပိုးစားတာ၊ သွားဖုံးသွေးယိုတာတွေကို သက်သာစေဖို့အတွက် ညောင်ပင်ရဲ့ လေရှူမြစ်ကို အသုံးပြုပေးလို့ ရပါတယ်။ ခံတွင်းနံ့ ဆိုးတာကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။သွားတွေကို ခိုင်စေပြီး ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တာကြောင့် သွား နဲ့ ခံတွင်း ပြဿနာတွေကို ကင်းဝေးစေမှာပါ။ကျန်းမာနေဖို့ဆိုရင် ကိုယ်ခံအား ကောင်းဖို့က မဖြစ်မနေ လိုအပ်ပါတယ်။ ကိုယ်ခံအားက ခန္ဓာကိုယ်ကို ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ပေးသလို ရောဂါပိုးတွေကို တိုက်ထုတ်ဖို့လည်း ကူညီပေးပါတယ်။ညောင်ရွက်စားပေးတာ၊ ညောင်ခေါက်ကို ပြုတ်သောက်တာတွေက ကိုယ်ခံအားကို အထိရောက်ဆုံး အားဖြည့်ပေးနိုင်ပါတယ်။အဆစ်ရောင်နာ (Arthritis)နဲ့ အဆစ်တွေမှာ ရောင်ရမ်းတာကြောင့် အဆစ်တွေ နာတာကို သက်သာစေဖို့လည်း ညောင်ရွက်ကို စားပေးလို့ ရပါတယ်။ ညောင်ရွက်က အရောင်ကျစေနိုင်သလို လေးဖက်နာ ဝေဒနာ သက်သာစေဖို့လည်း အထိရောက်ဆုံး ထောက်ကူပေးနိုင်ပါတယ်။စိတ်ဓာတ်ကျတာက ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ တစ်ရပ်ပါ။ ညောင်သီး၊ ညောင်ရွက်တို့ကို စားပေးတာက ဦးနှောက်ထဲမှာ serotonin ပမာဏကို မြင့်တက်စေပြီး စိတ်ဓာတ်ကျတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းတာကြောင့် ဒါမှမဟုတ် စိုထိုင်းဆ များတာကြောင့် အရေပြားမှာ ပိုးဝင်တာမျိုး ခံစားရနိုင်ပါတယ်။ ဒီဝေဒနာကိုသက်သာစေဖို့လည်း ညောင်ရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ညောင်ရွက်ရော ညောင်ခေါက်ရောမှာ ဘက်တီးရီးယားတွေကိုရော မှိုပိုးတွေကိုပါ တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။ ဒါကြောင့် ဘက်တီးရီးယားတွေနဲ့ မှိုပိုး ကူးစက်ခံရတာမျိုး မဖြစ်စေဖို့ အကောင်းဆုံး ကာကွယ်ပေးသလို အထိရောက်ဆုံးလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။ညောင်ရွက်က အကျိုးမပြု ကိုလက်စထရောကို ကျဆင်းစေတာကြောင့် သွေးတွင်း အဆီဓာတ် များတာကို ကာကွယ်ထိန်းညှိဖို့ အသုံးပြုပေးလို့ ရပါတယ်။ညောင်ရွက် ရဲ့ နောက်ထပ် အာနိသင် တစ်ရပ်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ဆီးချိုကို ထိန်းညှိပေးတာပါ။ ကာကွယ်ဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။ညောင်ရွက်က အစာခြေစနစ်ကို သက်တောင့်သက်သာ ဖြစ်အောင် ထိန်းပေးနိုင်တာကြောင့် အော့အန်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ညောင်ရွက် ဆေးဖက်ဝင်တာ မှန်ပေမယ့် အများကြီး အသုံးပြုတာ၊ အလွန်အကျွံ အသုံးပြုတာမျိုး မလုပ်မိဖို့ လိုပါမယ်။ ညောင်ရွက်နဲ့ ပတ်သက်လို့ လေ့လာချက်တွေ အများကြီး လိုပါသေးတယ်။ သဘာဝကရတယ်ဆိုပေမယ့် ဓာတုဗေဒနည်းအရ သန့်စင်ထားတာမျိုး မရှိဘူးဆိုရင် ကောင်းကျိုးထက်ဆိုးကျိုး ပိုများပါတယ်။ညောင်ရွက်က ဆေးဖက်ဝင်တယ် ဆိုပေမယ့် ကိုယ်ဝန်ဆောင်မေမေတွေနဲ့ ရောဂါအခံတစ်ခုခုရှိသူတွေ အနေနဲ့ ကတော့ မသုံးသင့်ပါဘူး။ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ အသုံးပြုသင့်ပါတယ်။ရောဂါအခံ ရှိသူတွေ၊ ကျန်းမာရေး ပြဿနာတစ်ရပ်ရပ်အတွက် ဆေးသောက်နေရသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ အသုံးပြုသင့်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/banyan-leaf-benefits/
Drug overdose (ဆေးလွန်ခြင်း)
Drug overdose ဟာ ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မတော်တဆ မူးယစ်ဆေး အသုံးလွန်သွားခြင်းဖြစ်သည်။ ဆေးပညာအရ ညွှန်းဆိုထားသော ပမာဏထက် ကျော်လွန်ပြီး အသုံးပြုပါက ဖြစ်တတ်ပါတယ်။ သို့သော် အချို့လူများတွင် ထိုပမာဏ မကျော်လွန်သော်လည်း သူတို့အတွက် အန္တာရာယ် ဖြစ်သော အခြေအနေသို့ရောက် သွားနိုင်ပါတယ်။မူးယစ်ဆေးကို ပမာဏ များစွာသုံးစွဲခြင်း ဖြင့် ခန္ဓါကိုယ်မှ ထိုဆေးများကို လျှင်မြန်စွာ လိုက်မချေဖျက်နိုင်ပါက နောက်ဆက်တွဲ ဆိုးကျိုးများ ခံစားရစေနိုင်ပါတယ်။လူတွေဟာ မူးယစ်ဆေး အသုံးလွန်သွားပါက ပုံစံ မျိုးစုံ တုံ့ပြန်ကြပါတယ်။ ကုသမှုက ဝေဒနာရှင်ပေါ်မူတည်ပါတယ်။မူးယစ်ဆေး အသုံးလွန်သွားခြင်းဟာ အလွန်အဖြစ်များပါတယ်။ ကလေး၊ ဆယ်ကျော်သက်နှင့် လူငယ်တွေမှာ ပိုအဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။မူးယစ်ဆေး အသုံးလွန်သွားခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။-မျက်လုံး သားငယ်အိမ် ကျယ်ခြင်း။-ဒယိမ်းဒယိုင် လမ်းလျှောက်ခြင်း။-ရင်ဘတ်အောင့်ခြင်း။-အသက်ရှူ ခက်ခြင်း၊ အသက်ရှူရပ်သွားခြင်း။-အသက်ရှူလမ်းကြောင်း ပိတ်ကာ အသံမြည်ခြင်း။-နှုတ်ခမ်းနှင့် လက်ချောင်းများ ပြာနှမ်းခြင်း။-ပျို့အန်ခြင်း။-ကိုယ်အပူချိန် အလွန်တက်ခြင်း။-အပြုအမူများ မှာ ရန်လိုခြင်း။-ဘာဖြစ်နေမှန်းမသိခြင်း/ကြောင်တောင်တောင်ဖြစ်ခြင်း။-ထင်ယောင်ထင်မှားဖြစ်ခြင်း။-စိတ်တို/စိတ်ဆတ်ခြင်း။-တက်ခြင်း/တုန်ခြင်း။-ဘာမှ မတုံ့ပြန်တော့ခြင်း။-သတိလစ်ခြင်း။-သေဆုံးခြင်း။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ ထိုလက္ခဏာများ အကုန်ဖြစ်ချင်မှ ဖြစ်ပါမယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။(ယေဘူယျအသိပေးချက် – ယခုအပိုင်းရဲ့အစပိုင်းမှာထည့်သွင်းပါ။သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။(တကယ်လို့ တခြားဘာအချက်အလက်မှမရှိဘူးဆိုရင် ဒီအောက်ကစာသားကို ထည့်သွင်းပါ)။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။Drug overdose ဟာ ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မတော်တဆ မူးယစ်ဆေး အသုံးလွန်သွားခြင်းဖြစ်သည်။ ကလေး၊ ဆယ်ကျော်သက်နှင့် လူငယ်တွေမှာ စိတ်ပုံမှန်မဟုတ်သော ရောဂါရှိပါက မတော်တဆ မူးယစ်ဆေး အသုံးလွန်တတ်ပါတယ်။လူကြီးများက လည်းယောင်မှားပြီး သောက်သုံးရမည့် ပမာဏထက် ကျော်လွန်စွာ သုံးလိုက်မိခြင်း လည်းဖြစ်နိုင်ပါတယ်။ ရည်ရွယ်ချက်ရှိရှိ များများသုံးလိုခြင်း၊ မိမိကိုယ်မိမိ သေကြောင်းကြံခြင်း တို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။စူးစမ်းလိုစိတ်ဖြင့် ကလေးငယ်များ မှ သိလိုစိတ်ဖြင့်သော်လည်းကောင်း မတော်တဆ မြိုချလိုက်မိခြင်း ကြောင့်လည်း ဖြစ်တတ်ပါတယ်။ အသက် ၅ နှစ်အောက် ကလေးငယ်များဟာ တွေးရာပစ္စည်းများကို ပါးစပ်ထဲ ထည့်လေ့ရှိကြသည်။ ထို့ပြင် ကလေးအချင်းချင်း ဝေငှပေးဆော့ တတ်သည်။ လူကြီးများက ဆေးများကို ကလေးများ မကိုင်တွယ်နိုင်အောင် ထိန်းသိမ်းမှုမရှိသော ကြောင့်ဖြစ်တတ်သည်။ထို့ကြောင့် ကလေးငယ်များ အတူတူ ဆော့ကစားရင်း ကလေးတစ်ယောက်တွင် မူးယစ်ဆေး အသုံးလွန်သွားခြင်း ဖြစ်ပါက ဘေးရှိ အခြားကလေးများလည်း ဆေးများမြိုချထားနိုင်ကြောင်း သတိပြုသင့် ပါတယ်။လူငယ်များဟာ မိမိကိုယ်မိမိ သေကြောင်းကြံခြင်းပြုလုပ်ရန် မူယစ်ဆေးကို သုံးတတ်ကြပါတယ်။ ထိုသူများတွင် စိတ်ပိုင်းဆိုင်ရာ ရောဂါ/အခြေအနေ တစ်ခုခု ရှိတတ်ပါတယ်။မိမိကိုယ်မိမိ သေကြောင်းကြံခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။-စိတ်ပိုင်းဆိုင်ရာ အရ ဆေးသုံးလိုခြင်း။-အရက်ကဲ့သို့ အရာများပါ စွဲမြဲသုံးတတ်သော အလေ့ရှိခြင်း။-တစ်ခါတည်း ပမာဏ အများကြီး သုံးခြင်း။-ဆေးစွဲမှု ကုသခြင်း ရပ်လိုက်ခြင်း။-ဖြည်းဖြည်းချင်း ဆေးပမာဏကို တိုးသွားခြင်း။-တစ်စုံတစ်ခု ဖြစ်ပါက အရေးပေါ်ကုသမှု ခံယူရန် နှောင့်နှေးခြင်း။-မူးယစ်ဆေးကို အကြောမှ တစ်ဆင့် သုံးခြင်း။-မကြာသေးမီကမှ ထောင်မှ လွတ်လာခြင်း။-အရင်ကလည်း မိမိကိုယ်မိမိ သေကြောင်းကြံဖူးခြင်း။-ဆေးဖြတ်ပြီးမှ ပြန်သုံးခြင်း။-ခန္ဓါကိုယ် က ဆေးဒါဏ်ကို မခံနိုင်ခြင်း။အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ မူးယစ်ဆေး အသုံးလွန်သွားခြင်း မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။ဆရာဝန်မှ ရောဂါ ရာဇဝင်မေးခြင်းနှင့် စမ်းသပ်မှုပြုလုပ်ခြင်း ဖြင့် အစပြုပါတယ်။ ထိခိုက်သွားသော ခန္ဓကိုယ်အတွင်းအစိတ်အပိုင်းပေါ် မူတည်ကာ ဆရာဝန်မှ ဓါတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ပါလိမ့်မယ်။ မိသားစုဝင်များနဲ့ မိတ်ဆွေအပေါင်းအသင်းများ ထံမှ သုံးလိုက်တဲ့ဆေးအမည်၊ ပမာဏ၊ ဖြစ်သွားတဲ့ အချိန် စတဲ့ သတင်းအချက်အလက် စုဆောင်းနိုင်ပါတယ်။သုံးလိုက်တဲ့ ဆေးအမည်သိပါက သွေးထဲတွင် ဆေးပမာဏကို ရှာတိုင်းနိုင်ပါတယ်။သုံးလိုက်တဲ့ ဆေးအပေါ်မူတည်ပါတယ်။ သုံးလိုက်တဲ့ဆေးအမည်၊ ပမာဏ၊ ဖြစ်သွားတဲ့ အချိန် စတဲ့ သတင်းအချက်အလက်များက အထောက်အကူပြုပါတယ်။အစာအိမ်ဆေးခြင်းဖြင့် သွေးထဲမရောက်သေးသော ဆေးများကို ဖယ်ထုတ်နိုင်ပါတယ်။ပြုလုပ်ထားသော မီးသွေးမှုန့်ကို အစာအိမ်တွင်းထည့်ကာ ဆေးများကို သွေးမှ စုပ်ယူမှုနည်းအောင် ပြုလုပ်ပြီး ဝမ်းမှတစ်ဆင့် စွန့်ပစ်စေပါတယ်။ ဝမ်းမှ လျင်မြန်စွာ စွန့်ထုတ်နိုင်ရန် cathartic ကို မီးသွေးမှုန့်နှင့် ရော၍ ပေးနိုင်ပါတယ်။ ရန်လိုနေသော ဝေဒနာရှင်များဟာ အနည်းငယ် ချုပ်နှောင်ထားခြင်း၊ အိပ်ဆေးပေးခြင်း တို့လိုအပ်ပါတယ်။ ဒီအဖြစ်အပျက်များဟာ ဝေဒနာရှင်နှင့် သူ့မိသားစုအတွက် ဆိုးရွားတဲ့ အတွေ့အကြုံတစ်ခုပါ။ ဆရာဝန်များက လိုအပ်မှသာ ချုပ်နှောင်ခြင်းကို ပြုလုပ်ကြပါတယ်။ကျန်းမာရေးဝန်ထမ်းများဟာ လိုအပ်သော ကုသမှုမျိုးကို လိုအပ်၍ ပြုလုပ်နေသည်ဟု သိထားရပါမယ်။ တစ်ခါတစ်ရံ ဝေဒနာရှင်သည် အသက်ရှူပုံမှန်မဟုတ်တော့ပါက နှာခေါင်းပိုက်ထည့်ခြင်း စသည်တို့ကိုလုပ်ရနိုင်ပါတယ်။ထို့ပြင် သုံးလိုက်သော မူးယစ်ဆေးကို တိုက်ထုတ်ရန် လိုအပ်သော ဖြေဆေးများသွင်းရနိုင်ပါတယ်။ ထိုသို့ဖြင့် ဖြစ်နေသော ရောဂါလက္ခဏာများကို ပြန်ကောင်းစေနိုင်ပြီး နောက်ထပ်ထပ်မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဖြေဆေးပေးရန် လိုမလိုကို ဆရာဝန်မှ ဆုံးဖြတ်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် မူးယစ်ဆေး အသုံးလွန်သွားခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။ သို့သော် ပထမဆုံး ဆရာဝန်နှင့် သွားပြသင့်ပါတယ်။အချို့သော မူးယစ်ဆေး အသုံးလွန်သွားခြင်းများ အတွက် အဆိပ်အတောက် ထိန်းချုပ်ရေးဌာနမှ ထောက်ခံထားသည့်။အိမ်သုံးကုထုံးများရှိပါတယ်။ ဖြစ်ဖြစ်ပြီးချင်း ipecac အရည် သို့မဟုတ် အခြားသော ကုထုံးများကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ မလုပ်သင့်သေးပါ။အိမ်တွင် ကလေးသူငယ်ရှိပါက အဆိပ်အတောက် ထိန်းချုပ်ရေးဌာန၏ ဖုန်းနံပါတ်ကို ဆောင်ထားသင့်ပါတယ်။မိမိကိုယ်မိမိ သေကြောင်းကြံရန် ကြိုစားသူများ ဟာ ကုသမှုပြီးပါက စိတ်ပိုင်းဆိုင်ရာ ကုသမှုလည်း လိုအပ်ပါတယ်။ ထိုသူများတွင် ဆေးလွန်ခြင်းဟာ အသေးစားဖြစ်သော်လည်း ဆေးရုံ၏ အရေးပေါ်ဌာနသို့ ခေါ်သွားသင့်ပါတယ်။ သူတို့ဟာ ထပ်မံ သေကြောင်းကြံစည်နိုင်သော ကြောင့် အမြဲ စောင့်ကြည့်သင့်ပါတယ်။မူးယစ်ဆေး သုံးသည်ဟု သိထားသော သို့မဟုတ် သံသယရှိသော သူများ၏ မိသားစုဝင်များ ဟာ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဌာန မှ ထောက်ခံသော ကုသနည်းများကို သိထားသင့်ပါတယ်။ မူးယစ်ဆေးများထဲတွင် ဘိန်းအနွယ်ဝင် အကိုက်အခဲပျောက်ဆေးများ၊ လမ်းဘေးကွမ်းယာ စပ်ဆေးများ ပါဝင်သည်ကို သိထားရပါမယ်။ ဆေးလွန်သွားပါက အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်း များပုံမှန်ခြင်း၊ သတိလစ်ခြင်းများ ဖြစ်နိုင်ပါတယ်။ ဆေးသုံးသူများအတွက် အသင့်သုံး၊ evzio (naloxone ဖြေဆေး) ပါပြီးသား ဆေးထိုးအပ်များကို အိတ်ကပ်ထဲတွင် ဆောင်ထားနိုင်ပါတယ်။ ထိုဆေးဟာ တစ်ချက်ထိုးလိုက်ရုံနှင့် မိနစ်ပိုင်းအတွင်း အစွမ်းပြသော်လည်း ဆရာဝန်နှင့် သွားပြဖို့ လိုအပ်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/drug-overdose-%e1%80%b1%e1%80%86%e1%80%b8%e1%80%9c%e1%80%bc%e1%80%94%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
ဖြည့်စွက်စာကျွေးချိန်ရောက်ပြီဆို ကလေးကို စကျွေးသ့င်တဲ့ အစားအစား ၅မျိုးက ဘာတွေလဲ ။ ။
ကလေးအသက် ၆လေကျာ်လာပြီဆိုတာနဲ့ ဖြည့်စွက်စာစကျွေးဖို့ ခေါင်းစားကြတာ မေမေတိုင်းပါ။ ကလေးအာဟာရ မပြည့်မှာလည်းစိုးတယ် မတည့်တာကျွေးမိမှားလည်းစိုးတဲ့ ပူပန်မှုတွေကြားထဲ ကလေးကို ဘာတွေစကျွေးရမလဲ ဝေခွဲမရ ရွေးရခက်နေတဲ့ မေမေတို့ရှိပါသလား။ ဒါဆို ဒီဆောင်းပါလေးကိုဖတ်ကြည့်စေချင်ပါတယ်။ ဒီဆောင်းပါးလေးထဲမှာ ဖြည့်စွက်စာ ကျွေးချိန်ရောက်ပြီဆိုတာနဲ့ ဘယ်အစားအစာတွေကို ကလေးတွေကို စကျွေးရမလဲဆိုတာ မေမေတို့ ခေါင်းစားစရာမလိုတော့အောင် ပြောပြပေးတော့မှာပါ။ကလေးနဲ့လည်းတည့်၊ ဝယ်ရတာလည်းလွယ်ကူ ၊အာဟာရလည်း အပြည့်ပါတဲ့ ဘယ်လို အစားအသောက်တွေကို ကလေးတွေရဲ့ ဖြည့်စွက်စာ အဖြစ် ရွေးချယ်သင့်လဲ ။ ။-နုနယ်သေးတဲ့ ကလေးအစာအိမ်အတွက် အစာခြေရတာလွယ်စေတဲ့ အစားအသောက်ဖြစ်တဲ့ အပြင်။ထမင်းဆိုတာ ကိုယ်ခန္ဓါကြီးထွားဖွံ့ဖြိုးစေတဲ့ အုပ်စုမှာရော၊ အားအင်ဖြစ်စေတဲ့ အုပ်စုထဲမှာရော ပါတဲ့ အခြေခံအစားအစာတစ်ခုဖြစ်တာကြောင့် ကလေးတွေ လုံးဝကို အရေးကြီးတဲ့ အစားအသောက်တစ်ခုပါ။ ဖြည့်စွက်စာအဖြစ် ထမင်းကို စကျွေးတော့မယ်ဆိုရင် ထမင်းကို လုံးဝ ကြေညက်အောင် ပိတ်စိမ်းပါးလေးပေါ်ဖိပြီး ဇွန်းနဲ့ကြိတ်ချေပေးပါ။ ကလေးဆိုတာ အချိုကြိုက်တတ်တာကြောင့် သကြား၊နွားနို့လေးနဲ့ ရောပြီးကျွေးလို့ရသလို၊ ဆီနဲ့ ဆားလေး ရောနယ်ပြီး ကျွေးလို့လည်းရပါတယ်။ငှက်ပျောသီးမှာ ကစီဓါတ်တွေ ကြွယ်ဝစွာ ပါတဲ့အပြင် ကစီဓါတ်ကို ချေဖျက်ပေးတဲ့amylaseအင်ဇိုင်းလည်းပါဝင်တာကြောင့် ငှက်ပျောသီးစားလို့ ကလေးတွေ အစာမကြေဖြစ်မှာ စိတ်ပူစရာ မလိုတော့ဘူးနော်။ ဒါ့အပြင် အာရုံကြောအတွက်လိုအပ်တဲ့ ဗီတာမင် B6 ၊ ခုခံအားရဲ့ မဟာမိတ်ဖြစ်တဲ့ ဗီတာမင် C နဲ့ manganese၊ မဂ္ဂနီဆီယမ် နဲ့ ပိုတက်ဆီယမ်သတ္တု ဓါတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် ဖြည့်စွက်စာ စကျွေးတဲ့ အစားအစာ ၅ မျိုးထဲမှာ ငှက်ပျောသီးက မပါမဖြစ်နော်။အစာခြေရတာလည်းလွယ်တယ်၊ကစီဓါတ်လည်းကြွယ်ဝတယ်၊ ဗီတာမင် Aလည်းအများကြီးပါတဲ့ အပြင် ချိုစိမ့်စိမ့် အရသာလည်းရှိတာကြောင့် ကလေးလည်းကြိုက် အာဟာရလည်း ကြွယ်ဝတဲ့ရွှေဖရုံသီးဟာ ကလေးတွေကို စကျွေးသင့်တဲ့အထဲ ပါကိုပါသင့်တဲ့ အစားအသောက်တစ်ခုပါ။ ရွှေဖရုံသီးကို ပြုတ်ပြီး ဆီလေးဆားလေးနဲ့ ကြိတ်ချေပြီးတော့ပဲဖြစ်ဖြစ်၊ ပျစ်ပျစ်ချေထားတဲ့ ထမင်းထဲကို ရောထည့်ပြီးပဲ ဖြစ်ဖြစ် ကျွေးလို့ရပါတယ်။အသား၊ငါးတွေမှာ ပါတဲ့ပရိုတင်းဓါတ်ဟာ ကလေးတစ်ယောက် ကြီးထွားဖွံ့ဖြိုးဖို့အတွက် မရှိမဖြစ်လိုအပ်တယ်ဆိုတာ အားလုံးသိကြမှာပါ။ အသား၊ငါးတွေမှာ ပရိုတင်းတွေပဲ ပါတယ်လို့ မထင်လိုက်ပါနဲ့။ သွေးအားကောင်းဖို့အတွက်လိုအပ်တဲ့သံဓါတ်၊ ဗီတာမင် B 12 နဲ့ဇင့်ဓါတ်ဒီ ၃ မျိုးဟာ အနီရောင်အသားတွေမှာ အကြွယ်ဝဆုံးပါတဲ့ သတ္တုဓါတ်တွေပါ။ ဒါ့အပြင် ငါးတွေမှာ ဦးနှောက်နဲ့ အမြင် အာရုံ ဖွံဖြိုးဖို့အတွက် လိုအပ်တဲ့omega 3 fatty acidတွေလည်း အများကြီးပါတာကြောင့် ကလေးတစ်ယောက်ရဲ့ဖြည့်စွက်စာတွေထဲမှာ ဒီ အသား၊ငါးတွေကို ချန်ခဲ့လို့မရပါဘူး။ အသား၊ငါးတွေကို အတုံးလိုက်မဟုတ်ဘဲ အမျှင်လေးတွေ ခြေပြီးတော့ပဲ ဖြစ်ဖြစ်၊ ဆန်ပြုတ်လေးတွေ ပြုတ်ပြီးတော့ပဲ ဖြစ်ဖြစ် ကျွေးလို့ရပါတယ်။ကဲ ဒီလောက်ဆိုရင် ကလေးတစ်ယောက်ရဲ့ ဖြည့်စွက်စာတွေ အဖြစ် စစချင်း ကျွေးသင့်တဲ့အစားအသောက်တွေကို မေမေတို့ သိသွားပြီလို့ထင်ပါတယ်။ သန့်သန့်ရှင်းရှင်းနဲ့ ကလေးစားချင်အောင် ပြင်ပြင်ဆင်ဆင်လေး ချက်ကျွေးဖို့တော့ လိုတာပေါ့။ ကလေးတစ်ယောက်ရဲ့ ကျန်းမာရေး၊ ဖွံဖြိုးမှု အားလုံးဟာ မေမေတို့ အပေါ်မှာ မူတည်နေတာမဟုတ်လား ။ ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/first-food-for-baby/
ဘဲကင် ကြိုက်သူလေးတွေအတွက် သတင်းကောင်း
ဘဲကင် ဆိုရင် စားလို့ကို မဝတာ။ အသားတွေ ထဲမှာ ဘဲသား မှ ဘဲသား ဆိုပြီး ကြိုက်သူတွေ ရှိလား။ ဒါဆိုရင်တော့ ဒီ ဆောင်းပါးလေးက သင့်အတွက်ပါ။ဘဲသားလို့ ပြောလိုက်ရင် သွေးတက်မယ်။ အအေးစာ မစားနဲ့ ဆိုပြီး ပြောတာကို ငယ်ကတည်းက ကြားဖူးကြမှာပါ။ တကယ်ကတော့ ဘဲသားက ထင်နေသလောက် မဆိုးသလိုကျန်းမာရေး အတွက် အကျိုးပြုတာလေးတွေ ရှိပါတယ်။ ဘာတွေများ ဖြစ်မလဲ ဆိုတာ ကိုတော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ဘဲသားမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။အသားတွေ ထဲမှာမှ ဘဲသားကို ကြိုက်လို့ ဘဲကင် စားလို့ကို မဝဘူး ဆိုရင် အခုလိုအကျိုးကျေးဇူးလေးတွေရရှိနိုင် ပါတယ်။ဘဲသားက ဘရာဇီးနက်ခ်၊ ငါး နဲ့ အခြား တိရစ္ဆာန်တွေ ကနေ ရတဲ့ ပရိုတင်းတွေလိုပဲ ကောင်းမွန်တဲ့ ဆီလီနီယမ်ကို ပေးစွမ်းနိုင်ပါတယ်။ ဆီလီနီယမ်က ဆဲလ်တွေ ပျက်စီးတာကို ကာကွယ်ဖို့ နဲ့ အရောင် ကျစေဖို့ ထောက်ကူပေးနိုင်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်နေပါတယ်။  ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင် ပါတယ်။ဆီလီနီယမ်က သိုင်းရွိုက် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဘဲသားမှာ ဆီလီနီယမ် ပါဝင်နေတာကြောင့် ထိုက်သင့်တဲ့ ပမာဏ စားသုံးပေးမယ် ဆိုရင် သိုင်းရွိုက် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ရောဂါအခံ တစ်ခုခု ရှိသူတွေ ကျန်းမာရေး ပြဿနာ တစ်ခုခုကြောင့် ဆေးသောက်နေရသူတွေ ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှ စားပေးသင့်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/duck-meat-benefits/
ရင်ပူဗိုက်ဆာ ဖြစ်တတ်ရင် ဒါတွေစားနော်
အစာအိမ်ထဲက အက်စစ်တွေနဲ့ အစာခြေရည်တွေက အစာမျိုပြွန်ထဲ ပြန်ဆန်တက်လာတဲ့အခါ ရင်ပူခြင်း (heartburn) ဆိုတာ ဖြစ်လာပါတော့တယ်။ နာမည်ကသာ heartburn ဆိုပေမယ့် နှလုံးနဲ့တော့ မသက်ဆိုင်ပါဘူး။ လေချဉ်ပြန်တက်တဲ့အခါ အစာခြေရည်တွေ ပါလာတတ်တာ သတိထားမိမှာပေါ့။ရင်တွေ ပူနေတယ် ရေတွေ သောက်တယ်၊ ရေခဲရေတွေ သောက်တယ်၊ အချိုရည် သောက်တယ်၊ သကြားလုံး စားကြည့်တယ်၊ ဆာလို့များလားဆိုပြီး တခုခု ထစားတယ်။ မရဘူး။ ဘယ်ရပါ့မလဲ။ ဒါနဲ့တင် ပျောက်သွားမှာမှ မဟုတ်တာ။အမှန်တော့ ရင်ပူရတာက အစာအိမ်ထဲက နဂိုရှိနေတဲ့ အက်စစ်တွေကြောင့်ချည်းမှ မဟုတ်တာ။ ကိုယ်စားလိုက်တဲ့ အစားအသောက်တွေကြောင့် ဖြစ်လာရတဲ့ အက်စစ်တွေရဲ့ ပံ့ပိုးမှုလည်း ပါတာ သေချာတာပေါ့။ အဲတော့ ရင်ပူတာကို ဆိုးစေမယ့် အပူအစပ်၊ ဆီကြော်အစားအစာ၊ ကော်ဖီ၊ အရက် စတာတွေကို ရှောင်ရပါမယ်။ ကဲ အခု ရင်ပူဗိုက်ဆာ ဖြစ်တတ်ရင် စားပေးသင့်တဲ့ အစားအစာတွေအကြောင်း ပြောပြမယ်နော်။ရင်ပူဗိုက်ဆာ ဖြစ်တတ်ရင် စားပေးသင့်တာလေးတွေက။ငှက်ပျောသီးက အစာခြေရည် ပြန်ဆန်တက်တဲ့ ဝေဒနာအတွက် တကယ်ကို ကောင်းတဲ့ အသီးပါ။ ဖရဲသီး၊ သခွားမွှေး တို့လို melon မျိုးဝင် အသီးတွေလည်း စားလို့ ရပါတယ်။ကွေကာအုတ် သောက်ရင် ရင်ပူတာ သက်သာစေပြီး အမျှင်ဓါတ်ကြောင့် အစာခြေစနစ်ကို ပိုကောင်းစေပါတယ်။Whole-grain လိုမျိုး၊ အချို၊ အဆီ မပါတဲ့ ဂျုံကြမ်းပေါင်မုန့်တွေကို ရွေးတာ ပိုကောင်းပါတယ်။ သူတို့မှာ သဘာဝ အမျှင်ဓါတ်၊ ဗီတာမင်တွေ နဲ့ တခြား အာဟာရဓါတ်တွေ ပါဝင်ပါတယ်။ပန်းဂေါ်ဖီစိမ်း၊ ကညွှတ်၊ ပဲစိမ်း၊ တရုတ်နံနံ တို့လို အစိမ်းရောင်ရှိတဲ့အသီးအရွက်တွေမှာ အက်စစ်ဓါတ် ပါဝင်မှု နည်းပါတယ်။အဆီမပါတဲ့ အသားတွေကို စားပါ။ ကင်စားတာ၊ ပေါင်းစားတာ၊ ပြုတ်စားတာ ကောင်းပါတယ်။ အရေခွံ၊ အခေါက် မစားပါနဲ့၊ ကြော်မစားပါနဲ့။ပရိုတင်းဓာတ် ကြွယ်ဝပြီး အက်စစ်ဓါတ် နည်းပါတယ်။ ကြက်ဥ အနှစ်တော့ ရှောင်ပါ။ အဆီဓါတ် ပိုများပြီး လက္ခဏာကို ပိုဆိုးစေနိုင်ပါတယ်။ရှားစောင်းလက်ပပ်ကဒီဝေဒနာအတွက် ဆေးဓါတ်စာ တစ်ခုပါ။ gas မပါတဲ့ ရှားစောင်းလက်ပပ် ဖျော်ရည်လေး သောက်လိုက်ပေါ့။အခုပြောပြခဲ့တဲ့ အစားအစာတွေက ရင်ပူတတ်သူတွေ စားပေးလို့ရတဲ့ ရင်ပူတာကိုရော ဗိုက်ဆာတာကိုပါ သက်သာစေနိုင်တဲ့ အစားအစာလေးတွေပါ။ရင်ပူတာကို သက်သာစေဖို့အတွက် အပေါ်မှာ ပြောပြခဲ့တဲ့ အစားအစာတွေကို အကုန်လုံး စားစရာ မလိုပါဘူး။ ဒီအစားအစာတွေထဲကမှ ကိုယ်နှစ်သက်တာ၊ ကိုယ်နဲ့ အဆင်အပြေဆုံး ဖြစ်မှာကို သေချာလေး ရွေးချယ် စားသုံးလိုက်ပါ။ ဥပမာ – ရင်ပူလာသလို ဗိုက်ဆာလာသလို ဖြစ်လာပြီဆိုရင် ဂျုံကြမ်းပေါင်မုန့်လေး စားပေးတာမျိုး ဖြစ်ဖြစ်ပေါ့။ရင်ပူတာ ဗိုက်ဆာတာတွေကြောင့် စိတ်ရောကိုယ်ပါ ထိခိုက်တာမျိုး မဖြစ်အောင် ကိုယ်တိုင် ဂရုစိုက် ကာကွယ်လိုက်ပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/heartburn/foods-that-fight-heartburn/
ကြွက်သားတွေ ဆုံးရှုံးမှုမရှိစေဘဲ အဆီတွေကျစေဖို့ ဘာတွေဂရုစိုက်ကြမလဲ
ကိုယ်အလေးချိန်ချတဲ့အခါ ကြွက်သားတွေ ဆုံးရှုံးမှုမရှိစေဘဲ အဆီတွေကျစေဖို့ ၊ ခန္ဓာကိုယ်အချိုးအစားလှပပြီးကျစ်လစ်ချင်တဲ့သူတွေအတွက် ဂရုစိုက်သင့်တဲ့ အချက်လေးတွေ၊ နည်းလမ်းလေးတွေကို ဒီဆောင်းပါးလေးမှာ ဖော်ပြပေးသွားမှာပါ။ Hello ဆရာဝန် ပရိသတ်ကြီးထဲမှာရော အဲဒီလို ကိုယ်အလေးချိန်ကျချင်တဲ့သူတွေ ရှိကြလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဝင်ဖတ်လိုက်တော့နော်။၁။ ဖြည်းဖြည်းချင်းလုပ်ဆောင်ပါ။ကြွက်သားတွေ ဆုံးရှုံးမှာလည်းကြောက်တယ်၊ အဆီလည်းကျ ကိုယ်အလေးချိန်လည်းချချင်တယ် ဆိုရင်တော့ ပထမဆုံး စိတ်ရှည်ရပါမယ်။ ဘာကြောင့်လည်းဆိုတော့ စနစ်တကျ ကိုယ်အလေးချိန်ကျဖို့၊ အဆီကျပြီး ကျန်းမာကျစ်လစ်တဲ့ ခန္ဓာကိုယ်ဖြစ်ဖို့က ဖြည်းဖြည်းချင်းအချိန်ယူရတာမို့ပါ။တကယ်လို့ တစ်ပတ်အတွင်း၊ တစ်လအတွင်း စသဖြင့် အလေးချိန်အများကြီး အမြန်ကျအောင် လုပ်မယ်ဆိုရင်တော့ အဆီတွေတင်မကဘဲ ကြွက်သားတွေပါ ဆုံးရှုံးသွားနိုင်ပါတယ်။၂။ မျှတအောင် စားသုံးပါ။အစားအစာတွေကို အဓိကအားဖြင့် ခန္ဓာကိုယ်က လုပ်ငန်းလုပ်ဆောင်ဖို့အတွက် အားအင်တွေလိုအပ်တာကြောင့် စားသောက်ရပါတယ်။ ကျွန်တော်တို့ နေ့စဉ်အသုံးပြုလိုက်တဲ့ အားအင်တွေထက် အစားစားလိုက်တဲ့ကယ်လိုရီတွေက ပိုများလာတဲ့အခါ အဆီတွေ အနေနဲ့ တဖြည်းဖြည်းစုပုံလာတတ်ပါတယ်။ဒါ့ကြောင့် အဆီတွေကို ကျစေဖို့ အရေးကြီးတဲ့အချက် တစ်ချက်ကတော့ အစားအစာတွေကို နေ့စဉ်သုံးတဲ့ ကယ်လိုရီနဲ့ မျှတအောင် စားဖို့ပါပဲ။၃။ ကျန်းမာစေတဲ့ အစားအစာတွေကို ရွေးချယ်စားသုံးပါ။လုပ်ယူထားတဲ့ အချိုတွေ များတဲ့ အစားအစာတွေ၊ပြည့်ဝဆီများတဲ့ ဝက်သားအဆီ၊ ဆီကြော်တွေစတဲ့ အစားအစာတွေကို ရှောင်ပြီး အသားဓာတ်တွေ ( ဥပမာ- ကြက်သား၊ အမဲသား၊ ဥအမျိုးမျိုး၊ ပဲ အမျိုးမျိုး) တွေ ကျန်းမာရေးအတွက်ကောင်းတဲ့မပြည့်ဝဆီတွေပါဝင်တဲ့ ထောပတ်သီး၊ အစေ့အဆံများ၊ သံလွင်ဆီ၊ ငါး၊ ချိစ် စတာတွေကို စားပေးသင့်ပါတယ်။ဒါ့အပြင် အထူးသဖြင့် လေ့ကျင့်ခန်းတွေလုပ်ပြီးတဲ့အခါ ကုန်ခမ်းသွားတဲ့ အားအင်တွေကို ဖြည့်တင်းဖို့အတွက်ကစီဓာတ်ပါဝင်တဲ့ သစ်သီးတွေ၊ ကန်စွန်းဥ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ၊ နို့ ၊ ဂျုံထွက်ပစ္စည်းတွေနဲ့ ပရိုတင်းဓာတ်ကြွယ်ဝတာတွေ စားသင့်ပါတယ်။အဲဒီလို ကျန်းမာစေတဲ့ အစားအစာတွေ နေ့စဉ်စားနိုင်ဖို့အတွက် ဖွယ်ဖွယ်ရာရာလုပ်တတ်အောင်လည်း  ကြိုတင် စဉ်းစားထားသင့်ပါတယ်။ ဒါမှ ရေရှည်အတွက် ကျန်းကျန်းမာမာနဲ့ အဆင်ပြေစေမှာပါ။ဒါ့အပြင် အမြန်ဝိတ်ကျစေတယ်ဆိုတဲ့ တင်းကျပ်တဲ့ အစားအသောက် plan တွေကိုလည်း အားမကိုးသင့်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ အမြန်ဝိတ်ကျအောင်လုပ်တဲ့အခါ ကြွက်သားတွေပါဆုံးရှုံးစေနိုင်တဲ့အပြင် အဲဒီလို တင်းကျပ်တဲ့ အစားအသောက် Plan ကြီးကို အချိန်အကြာကြီး လိုက်နာနိုင်ဖို့ မလွယ်တာကြောင့်ပါ။၄။ ရေဓာတ်ပြည့်ဝအောင် နေပါ။အထူးသဖြင့် လေ့ကျင့်ခန်းမလုပ်ခင်တွေမှာရေဓာတ်ပြည့်ဝအောင် ရေများများသောက်သင့်ပါတယ်။ ဒါ့အပြင် အချိုဓာတ်တွေများတဲ့ အချိုရည်တွေအစား အုန်းရည်၊ လက်ဖက်ရည်ကြမ်းနဲ့  သဘာဝသစ်သီး ဖျော်ရည်တွေကို သောက်သုံးသင့်ပါတယ်။၅။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ။လေ့ကျင့်ခန်းမလုပ်ဘဲ ကိုယ်အလေးချိန်ချမယ်ဆိုရင် ကြွက်သားတွေကိုပါ ဆုံးရှုံးစေနိုင်တာကြောင့်လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကြွက်သားတွေကို ထိန်းသိမ်းထားနိုင်ဖို့ နဲ့ အဆီတွေကို ကျစေဖို့ အကောင်းဆုံး နည်းလမ်းလို့ပြောနိုင်ပါတယ်။ ဒါပေမယ့် အရှေ့မှာပြောပြထားသလိုပဲ စိတ်ရှည်ရှည်ထားပြီး ဖြည်းဖြည်းမှန်မှန်နဲ့ လေ့ကျင့်ခန်းလုပ်ပေးရပါမယ်။လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်းcardioလို့ခေါ်တဲ့ ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ လက်ဝှေ့ထိုးခြင်း၊ ဘက်စကတ်ဘော ကစားခြင်း ၊ ဘောလုံးကန်ခြင်းစတဲ့ လေ့ကျင့်ခန်းတွေက အဆီကျစေပြီး ကြွက်သားတွေကို သန်မာကျစ်လစ်စေပါတယ်။ ဒါ့ကြောင့် အဲဒီလို လေ့ကျင့်ခန်းတွေကို တစ်ပတ်မှာ အနည်းဆုံး ၁၅၀ မိနစ်လောက်တော့ လုပ်ပေးသင့်ပါတယ်။အလေးမခြင်း၊ yoga ကစားခြင်း စတာတွေလည်း လုပ်ဆောင်နိုင်ပါတယ်။ စစချင်းမှာတော့ ပေါ့ပေါ့ပါးပါးပဲစနိုင်ပြီး နောက်ပိုင်းမှာ ကယ်လိုရီတွေ ပိုပြီး လောင်ကျွမ်းစေဖို့ တဖြည်းဖြည်း ပိုပြီး ပြင်းပြင်းထန်ထန်လုပ်ဆောင်နိုင်ပါတယ်။ ဒါ့အပြင် အားအင်တွေ ပြန်ပြည့်နိုင်ဖို့အိပ်ချိန်မှန်မှန်နဲ့ လုံလောက်အောင် အိပ်စက်ကြဖို့လည်း တိုက်တွန်းချင်ပါတယ်။ကျန်းမာပြီး ကျစ်လျစ် သွယ်လျတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ကြပါစေနော်။ရေးသားသူ – Khine Phoo Ngon။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/weight-loss-exercises/how-to-lose-fat-without-losing-muscle/
လေထိုး လေအောင့် ဖြစ်စေတာ ဒီအမူအကျင့်တွေကြောင့်နော်
ဗိုက်ပွတယ်၊ လေထိုး လေအောင့် ဖြစ်တယ် ဆိုတာ ရုတ်တရက် ခံစားရတတ်တဲ့ ဝေဒနာ ဖြစ်ပြီး အတော် ခံရခက်ပါတယ်။ အစာစားပြီးခါစမှာလည်း ဖြစ်တတ်တယ်၊ အဆာလွန်ရင်လည်း လေအောင့်တတ်တယ်။ အကြောင်းရင်းကျတော့ အဲဒါ အအေးစာတွေ စားလို့ဖြစ်တာ၊ ဘာလို့၊ ညာလို့ ဆိုပြီး ပြောတတ်ကြသေးတယ်။လေထိုး လေအောင့် ဖြစ်စေနိုင်တဲ့ အမူအကျင့်တွေက ဘာတွေလဲ ဆိုတာရော သိထားကြပြီလား။ တချို့ဟာတွေက သတိမထားမိလောက်ပေမယ့် နေ့စဉ် ဘဝမှာ အများဆုံး လုပ်မိလေ့ရှိတဲ့ အရာတွေနော်။လေထိုး လေအောင့် ဖြစ်စေတာ ဒီအမူအကျင့်တွေကြောင့်နော်။ ဘယ်လို အမူအကျင့်တွေလဲဆိုတာကို အတူတူကြည့်လိုက်ရအောင်နော်။(၁) အစားကို အမြန်စားမိတာ။သူငယ်ချင်းတွေနဲ့ ဆိုင်မှာ သွားစားတယ်၊ မောင်နှမတွေ အိမ်မှာ အတူ စားသောက်ကြတယ်ထား။ စကားပြောရင်း၊ လုစားကြရင်း အမြန်စားမိကြမှာပဲ။ တစ်ခါတလေ သိပ်ဆာနေတဲ့အချိန် ဒရောသောပါး စားမိတတ်ကြပါတယ်။ အရသာတောင် သိပ်မခံလိုက်မိတာမျိုး။ အဲဒီအချိန်မှာ လေတွေပါ မျိုချမိနိုင်တာကြောင့် ဗိုက်ထဲ လေပွတာ၊လေထိုးတာတွေဖြစ်နိုင်တယ်နော်။(၂) အချိုရည်ကို ပိုက်နဲ့သောက်တာ။အချိုရည်သောက်ပြီဆိုရင် ဘူးမှာဖြစ်ဖြစ်၊ အအေးခွက်မှာဖြစ်ဖြစ် ပိုက်ကလေးနဲ့ သောက်ကြရတာပဲ။ တော်တန်ရုံက ဘာမှ သိပ်မဖြစ်ပေမယ့် သောက်တာများရင်တော့ သောက်လိုက်တိုင်း ဝင်သွားတဲ့ လေတွေစုပြီး လေပွစေမှာပေါ့။ လေတက်ရင်၊ လေလည်ရင်တော့ ဝေဒနာ သက်သာတာပေါ့။(၃) ရေသိပ်မသောက်တာ။ရေဓာတ် အလုံအလောက် မဖြည့်ပေးရင် လေတွေ ထကြွစေပါတယ်တဲ့။ ကိုယ်က လေနာဝေဒနာဖြစ်တတ်တယ် ဆိုရင် ပိုသတိထားရမှာပေါ့။ ရေသောက်ခြင်းရဲ့အကျိုးကျေးဇူးတွေထဲမှာ အစာချေဖျက်ခြင်းကို ပိုကောင်းစေတဲ့အချက် ပါဝင်ပါတယ်။(၄) ပီကေ အမြဲဝါးနေတာ။ပီကေဝါးတဲ့အခါ ပါးစပ်ကို ဟမိတဲ့အချိန်တိုင်း လေတွေ ပိုဝင်တာပေါ့။ ပီကေ အများစုမှာပါတဲ့ sugar alcohols တွေကလည်း အစာခြေစနစ်ကို ဒုက္ခပေးနိုင်ပါတယ်။ Sugar alcohols တွေက လေပွခြင်းအပြင် ဝမ်းပျက်ခြင်းအထိ ဖြစ်စေတတ်လို့ ပီကေတွေ အများကြီး မစားနဲ့နော်။(၅) စိတ်ဖိစီးမှု များနေတာ။စိတ်ဖိစီးမှုကြောင့် အက်စစ် ပိုထွက်ပြီး လေပွခြင်းကို ဖြစ်စေနိုင်တယ်။ စိတ်အရမ်းညစ်လာ၊ ဒေါသထွက်လာတာမျိုးဆိုရင် ဗိုက်ထဲ ပူလောင်လာသလိုလို၊ လေထိုးလေအောင့် လာသလိုတွေ ဖြစ်လာတာ ကြုံဖူးကြမှာပါ။ စိတ်ဖိစီးမှုကအစာခြေစနစ်ရဲ့ လုပ်ဆောင်ချက်တွေကို အနှောင့်အယှက် ဖြစ်စေတာကြောင့် ဖြေလျှော့ဖို့ တတ်နိုင်သလောက် ကြိုးစားပါ။(၆) ထမင်း/အစားစားပြီး တန်းအိပ်တာ။အိမ်ကို နောက်ကျမှ ပြန်ရောက်တယ်၊ ညစာ စားတယ်၊ ရေချိုးပြီး အိပ်လိုက်တယ်။ ဒါဆို အစာအိမ်မှာ ပြဿနာ တက်ပါပြီ။ စားပြီး အိပ်လိုက်တာက အစာကိုချေဖျက်ဖို့ မလွယ်တော့ဘဲ လေထိုးလေအောင့်တွေ ဖြစ်လာပါလိမ့်မယ်။ အိပ်ချင်နေလည်း အစားစားပြီး အနည်းဆုံး သုံးနာရီတော့ စောင့်ပေးပါ။(၇) အချိုစားများတာ။အချို သိပ်များတဲ့ အစားအသောက်တွေက လေပွခြင်းကို ဖြစ်စေပါတယ်။ ချက်ချင်းမဖြစ်လည်း လေထိုးလေအောင့် ဖြစ်စေတဲ့ အကြောင်းရင်းထဲမှာ ပါဝင်တာကြောင့် အချို သိပ်မစားပါနဲ့နော်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/bloating-gas/reasons-for-bloating/
ငါးအရေခွံ စားကြလား........
ငါးက လူတိုင်း မစားသလို ငါးစားတဲ့သူတိုင်းလည်း ငါးအရေခွံ မစားကြပါဘူး။ ဒီထဲမှာမှ သင်က ငါးလည်းစားတယ်။ ငါးအရေခွံလည်းစားတယ်ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်အောင် စားတတ်သူတစ်ဦး ဖြစ်ဖို့များပါတယ်။အကြောင်းကတော့ ငါးကလည်း ကျန်းမာစေဖို့ ထောက်ကူပေးသလို ငါးအရေခွံကလည်းကျန်းမာရေးကို အကျိုးများစေလို့ပါ။ ဒီတစ်ခေါက်တော့ ငါးအရေခွံ စားတာက ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ငါးအရေခွံမှာ အခုလို အာဟာရတွေ ပါဝင်နေပါတယ်။ပင်လယ်ငါးတွေမှာတော့ အရေပြားမှာပြဒါးပါဝင်နေတာကြောင့် သေချာလေး ဆေးကြောသန့်စင်ပြီးမှ စားတာ၊ အလွန်အကျွံ မစားတာကောင်းပါတယ်။ငါးအရေခွံစားတာကကျန်းမာရေးကို အခုလို အထောက်အကူ ပြုပေးပါတယ်။ငါးအရေခွံမှာ နေ့စဉ် ကျန်းမာစေဖို့အတွက် လိုအပ်တဲ့ ပရိုတင်း ပါဝင်နေပါတယ်။ ခန္ဓာကိုယ်ကကြွက်သားတွေရဲ့ တစ်ရှူးတွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ကြီးထွားမှု တန့်တာ မဖြစ်စေဖို့ ထောက်ကူပေးသလိုသံဓာတ်အားမနည်းစေဖို့လည်း ထောက်ကူပေးပါတယ်။ခန္ဓာကိုယ်မှာ ရောင်ရမ်းတာတွေကိုလည်း ကျစေနိုင်ပါတယ်။ငါးအရေခွံမှာပါတဲ့ ပရိုတင်းကကိုယ်ခံအား ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ငါး အထူးသဖြင့် ပင်လယ်ငါးတွေက omega-3 fatty acids ကြွယ်ဝပါတယ်။ ဒီလို ကြွယ်ဝစွာ ပါဝင်နေမှုက နှလုံး ကျန်းမာစေနိုင်သလို ကိုယ်ဝန်ဆောင်တွေမှာလည်း မိခင်ရော ကလေးပါ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းရည်ကိုလည်း ကောင်းစေနိုင်ပါတယ်။ငါးစားတာက အရေပြားကို ကျန်းမာစေနိုင်ပါတယ်။ ငါးအရေခွံက ကော်လာဂျင် ကြွယ်ဝသလို ဗီတာမင် E လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အရေပြားကို ရေဓာတ်ဖြည့်ပေးနိုင်သလို အသားအရေ တင်းရင်းစေနိုင်ပါတယ်။အရေးအကြောင်းကင်းစေပြီး အရေပြားကို ခြောက်သွေ့မှုကင်းလို့ ကျန်းမာစေမှာပါ။ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတာကြောင့် အရေပြားကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု ကင်းစေနိုင်ပါတယ်။ အရေပြားမှာဖြစ်တတ်တဲ့ နှင်းခူလိုမျိုး အရေပြား ပြဿနာတွေကို သက်သာစေနိုင်ပါတယ်။ငါးအရေခွံက ငါးအသားလိုပဲ အာဟာရ ကြွယ်ဝပါတယ်။ အာဟာရကြွယ်ဝမှုနဲ့အတူ အကျိုးပြုအဆီ ပါဝင်မှုလည်း ပိုများပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေကို လုံလောက် ပြည့်ဝစွာ ရရှိစေဖို့ဆိုရင် ငါးအရေခွံ စားပေးလို့ ရပါတယ်။ငါးအရေခွံက ကော်လာဂျင် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အရေပြား ကျန်းမာစေသလို အရိုးအကြောစနစ်မှာပါဝင်တဲ့ အရိုးတွေ၊ အရွတ်တွေ၊ အရွတ်တွဲတွေ၊ အဆစ်တွေကို သက်သာစေနိုင်ပါတယ်။ကြွက်သားတွေကို သန်မာစေနိုင်သလို သွေးကြောတွေ၊ သွားဖုံး၊ မျက်လုံးတွေ၊ ခြေသည်းလက်သည်း၊ ဆံပင်တွေကိုလည်း ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ အရွယ်တင်စေနိုင်သလို ကျန်းမာသန်စွမ်းစေဖို့လည်း ထောက်ကူပေးနိုင်မှာပါ။ငါးအရေခွံက ကျန်းမာရေးကို အထောက်အကူ ပြုတယ်ဆိုပေမဲ့ တန်ဆေးလွန်ဘေးမို့လို့ သင့်တင့်တဲ့ ပမာဏပဲ စားပါ။ ဆီများများ၊ ဆားများများနဲ့ ကြော်ချက်တာက ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် ကျန်းမာရေးနဲ့အညီ ချက်ပြုတ်ဖို့လည်း လိုပါတယ်။ကဲ…… ငါးအရေခွံ စားရင်း အခုလို အကျိုးကျေးဇူးလေးတွ ရမှာဆိုတော့ ငါးဟင်းပဲစားစား ငါးကြော်ပဲစားစား အရေခွံပါ ပါအောင်စားနော်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/fish-skin-health-benefits/
ကလေးတွေမှာဖြစ်တဲ့ မျက်စိထိခိုက်ခြင်း
ကလေးတွင်ဖြစ်သောမျက်လုံးထိခိုက်ခြင်းက များသောအားဖြင့်မပြင်းထန်ပါ။ အဓိကအရေးကြီးဆုံးမှာ ပြင်းထန်သောမျက်စိထိခိုက်ခြင်းကြောင့်အမြင်အာရုံပျက်စီးသွားခြင်းဖြစ်သည်။ အရွယ်ရောက်နေပြီဖြစ်သောကလေးများက မျက်လုံးဝါးသွားသည်ကိုပြောနိုင်သည်။ ပြင်းထန်သောမျက်စိထိခိုက်ခြင်းရှိပါက ချက်ချင်းစမ်းသပ်ပြီး မျက်စိအထူးကုနှင့် သွားရောက်ပြသရန်ညွှန်ကြားပေးနိုင်သည်။ဓါတုထိခိုက်ခြင်း။ ဓါတုမျက်လုံးထိခိုက်ခြင်းကမျက်လုံးနှင့်မျက်ခွံတွင် ဓါတုပစ္စည်းထိမိခြင်းကြောင့်ဖြစ်သည်။ အဖြစ်များဆုံးလက္ခဏာမှာ နာခြင်း သို့မဟုတ် လောင်ကျွမ်းခြင်းတို့ဖြစ်သည်။ မျက်ရည်တောက်လျောက်ထွက်လာခြင်း နီလာခြင်းနှင့် မျက်ခွံယောင်လာခြင်းတို့ဖြစ်နိုင်သည်။မျက်စိတွင်းသွေးယိုခြင်း။ ဆိုလိုသည်မှာ မျက်စိနီခြင်းနှင့် အတွင်းသွေးယိုခြင်းဖြစ်စေသောကြောင့်ဖြစ်သည်။ ယေဘုယျအားဖြင့် နာကျင်ခြင်း၊ အမြင်ထိခိုက်ခြင်းများမရှိပေ။မျက်လုံးအဖြူသားတွင် အနီစက်များတွေ့နိုင်သည်။ မျက်လုံးအတွင်းရှိသွေးကြောငယ်လေးများကွာခြင်းကြောင့်ဖြစ်သည်။ အခြားမျက်စိထိခိုက်မှုရှိ၊ မရှိပေါ်မူတည်ပြီး နီနေသောနေရာကကြီးခြင်း သိသာနေခြင်းဖြစ်နိုင်သည်။မျက်စိသွေးယိုခြင်းက ထိခိုက်မှုပြင်းထန်ခြင်းအပေါ်မမူတည်ဘဲ များသောအားဖြင့်ကုသမှု မလိုဘဲ ၄ရက်မှ ၁၀ရက်အတွင်းပျောက်သွားနိုင်သည်။မျက်ကြည်လွာပြဲခြင်း။မျက်ကြည်လွှာပေါ်တွင်ခြစ်မိခြင်း၊ ထိခိုက်မိခြင်းကြောင့်ဖြစ်နိုင်သည်။ မျက်ကြည်လွှာသည် အကြည်တစ်သျူးတစ်ခုဖြစ်ပြီး မျက်စိသူငယ်အိမ်နှင့် မျက်စိအတွင်းကြွက်သားများပေါ်တွင်ရှိသည်။ ကလေးတွေရဲ့ မျက်ကြည်လွှာကို အရုပ်၊ သတ္ထုပစ္စည်းတစ်ခုခု၊ ကလေးလက်သည်း သို့မဟုတ် အပင်နှင့်ထိခိုက်မိပါကဖြစ်နိုင်သည်။ လက္ခဏာများတွင်နာခြင်း မျက်ရည်ထွက်ခြင်း အလင်းမခံနိုင်ခြင်း တို့ဖြစ်နိုင်သည်။သူငယ်အိမ်ကြွက်သားယောင်ခြင်း။သူငယ်အိမ်ကြွက်သားသည်မျက်လုံးရှိအရောင်ရှိသောအပိုင်းတစ်ခုဖြစ်သည်။ သူငယ်အိမ်အတွင်းအလင်းဝင်မှုကိုထိန်းပေးသည့် ကြွက်သားအပိုင်းပါဝင်သည်။ နာခြင်းနှင့် အလင်းမခံနိုင်ခြင်းတု့ိအဓိကဖြစ်တတ်သည်။ မျက်လုံးအတွင်း ကိုက်ခြင်းဖြင့်လည်း လက္ခဏာပြနိုင်သည်။ တစ်ခါတရံမျက်ရည်အများအပြားကျခြင်းဖြစ်နိုင်သည်။ဟိုက်ဖီးယား။ထိုထိခိုက်မှုက တုံးသောအရာဝတ္ထုမျက်လုံးနှင့်အနီးတဝိုက်ကိုအားဖြင့်ထိမိသောကြောင့်ဖြစ်သည်။ စံအနေနှင့် မျက်နှာကို ဘေ့ဘောဖြင့်အပစ်ခံရခြင်းသို့မဟုတ် ဘောလုံးနှင့်အကန်ခံရခြင်း။မျက်ခွံရိုးကျိုးခြင်း။လက္ခဏာများတွင် နာခြင်း အဓိကအားဖြင့်မျက်လုံးလှုပ်ပါက၊နှစ်ထပ်မြင်ခြင်း (မျက်လုံးတစ်ဖက်ပိတ်ကပျောက်သွားခြင်း၊မျက်လုံးခွံယောင်ခြင်းတို့ဖြစ်နိုင်သည်။ ထိုအရာက အရေပြားအောက်တွင်သွေးယိုစေပြီး အညိုအမဲစွဲခြင်းကိုဖြစ်စေသည်။) အနက်ရောင်မျက်လုံးဆိုသည် သွေးများမျက်ခွံအတွင်းစုပုံနေသောကြောင့်ဖြစ်သည်။ မျက်လုံးအောက်ရောင်ခြင်းသည် သင့်အရေပြားပေါ်ရှိသွေးကြောငယ်များ ပေါက်ခြင်းစိမ့်ထွက်လာခြင်းကြောင့်ဖြစ်သည်။ လုံးဝပျောက်ကင်းရန် ရက်သတ္တပတ်ပေါင်းများစွာကြာနိုင်သည်။မျက်ခမ်းသားများ စုတ်ပြဲခြင်း။လက္ခဏာများတွင် နာခြင်း နီခြင်း နှင့် မျက်လုံးတွင်းတစ်ခုခုရှိနေသည်ဟုခံစားရခြင်း။မျက်ကြည်လွာနှင့် မျက်သားဖြူပိုင်းပြဲခြင်း။လက္ခဏာများမှာ အမြင်အာရုံနည်းခြင်း၊ နာခြင်း။အပြင်အရာဝတ္ထုများရှိခြင်း ဆိုသည် သစ်သားသတ္ထုသို့မဟုတ် ပလပ်စတစ်အပိုင်းအစ။မျက်ကြည်လွာ။မျက်ကြည်လွှာအတွင်းသားမြုပ်ဝင်နေတတ်သည့်အချိန်ဖြစ်သည်။ ထိုခံစားချက်မှာ မျက်စိအတွင်းတစ်ခုခုရှိသည်ဟုခံစားနေရခြင်း မျက်ရည်ထွက်ခြင်း ဝါးခြင်း နှင့်အလင်းမခံနိုင်ခြင်းတို့ဖြစ်နိုင်သည်။ တစ်ခါတရံ ထိုအရာဝတ္ထုကိုမျက်ကြည်လွှာတွင်သာမြင်နိုင်သည်။မျက်လုံးခွံအတွင်း။မျက်လုံးခွံအတွင်းရှိနေသော်လည်း မျက်လုံးတွင်းသို့ဖောက်မဝင်သေးပါ။ လက္ခဏာများ ဥပမာ မျက်လုံးအမြင်နည်းခြင်း နာခြင်း နှစ်ထပ်မြင်ခြင်းတို့ဖြစ်ပြီး ထိခိုက်မှုပြီး နာရီအနည်းငယ်တွင်စပေါ်သည်။ တစ်ခါတစ်ရံမည်သည့်လက္ခဏာမှမပေါ်နိုင်ပါ။မျက်လုံးတွင်း။ မျက်လုံးအပြင်နံရံကိုပစ္စည်းကဖောက်ဝင်နေခြင်းဖြစ်သည်။ မျက်စိနာခြင်း အမြင်အာရုံနည်းခြင်းတို့ဖြစ်နိုင်သော်လည်း အချို့သူများတွင်လက္ခဏာမရှိနိုင်ပါ။မျက်ကြည်လွာ အလင်းကြောင့်ထိခိုက်ခြင်း။မျက်လုံးတွင်းဖြစ်သောအဖြစ်များသည့် အလင်းကြောင့်ထိခိုက်ခြင်းတွင် ယူဗွီကြောင့်ယောင်ခြင်း(နေလောင်ခြင်းကြောင့်)ဖြစ်နိုင်သည်။ဆိုလာ ရတီနိုပက်တီ။ နေကိုစိုက်ကြည့်သဖြင့် ရတီနာအလယ်ပိုင်းပျက်စီးခြင်းဖြစ်သည်။ အလယ်ပိုင်းနေရာအနည်းငယ် အမြင်အာရုံကျခြင်းကအဓိကလက္ခဏာဖြစ်သည်။ အဓိကဖြစ်စေသောအကြောင်းမှာ နေအလင်းကိုကြည့်ခြင်းသို့မဟုတ် ဆေးဆွဲနေချိန်နေကိုအချိန်ကြာမြင့်စွာကြည့်မိခြင်းတို့ကြောင့်ဖြစ်နိုင်သည်။ခရမ်းလွန်ယောင်ကြည်ကြောင့်မျက်ကြည်လွှာယောင်ခြင်း။ လက္ခဏာများတွင် နာခြင်း အလင်းမခံနိုင်ခြင်း နီခြင်း နှင့်မျက်စိထဲတွင်တစ်ခုခုရှိနေသည်ခံစားရခြင်းတို့ဖြစ်နိုင်သည်။ လက္ခဏာက ခရမ်းလွန်ရောင်ခြည်ထိထိမိခြင်းမှာမပေါ်တတ်ပဲ လေးနာရီလောက်ကြာမှပေါ်တတ်သည်။သင်မျက်လုံးကို သန့်သောအဝတ်ဖြင့်ကာကွယ်ထားပြီး ရေဖြင့်များများဆေးသင့်သည်။ ထိုနောက် သန့်သောဂွမ်းဖြင့်ဆယ်မိနစ်ခန့်သွေးမထွက်အောင်ဖိထားပါ။နူးညံ့သည့် တစ်သျူးသို့မဟုတ် မျက်လုံးနားရှိအရိုးများထိခိုက်ပြီးယောင်လာနိုင်သည်။ ရေခဲဖြင့်မိနစ်၂၀ခန့်ကပ်ထားပါ။ နာနေပါက ကလေးအား အဆီတာမီနိုဖန်သို့မဟုတ် အိုင်ဗျူပရိုဖန်ကိုပေးပါ။ နှစ်ရက်ကြာမှမျက်ကွင်းနက်ခြင်းဖြစ်ပါက မအံ့သြပါနှင့်။ အနက်ရောင်မျက်လုံးက အန္တာရာယ်မရှိသလို အထူးကုသမှုလဲမလိုနိုင်ပါ။ မျက်လုံးတွင်းသွေးယိုခြင်း( စကယ်လာသို့မဟုတ် မျက်လုံးအဖြူအပိုင်းအတွင်း မီးတောက်ပုံအညိုအမဲစွဲခြင်း) သည်လည်းအရမ်းစိတ်ပူရန်မလိုပါ။ ထိုအညိုအမဲက မျက်လုံးအတွင်းသားထဲသို့မပြန့်သွားပါ။ နှစ်ပတ်လောက်ကြာတတ်ပါတယ်။သင့်ကလေးမျက်လုံးကိုသန့်စင်သောမျက်လုံးအကာနှင့်ကာထားသင့်ပြီး အောက်ပါတို့ရှိပါက ကလေးဆရာဝန်ကိုချက်ချင်းခေါ်ပါ။မျက်လုံးအားအရာဝတ္ထုဖောက်ထွက်သွားပါက အမြင်အာရုံဆုံးရှုံးနိုင်သည်။ ကလေးအား လေသေနတ်(ဘီဘီသေနတ်)မျိုးဝယ်မပေးပါနှင့်။မြက်ရိတ်စက်သုံးနေသူအနားကလေးကိုကစားခွင့်မပြုပါနှင့်။ခေါင်းပေါ်တွင်ရှိသောလှုပ်ရှားမှုရှိကရှောင်ရန်ကလေးကိုအကြံပေးပါ။Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%99%e1%80%bd%e1%80%ac%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%80%90%e1%80%b2%e1%80%b7-%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%80%85/
စိတ်ဖိစီးလို့ ဗိုက်အောင့်တာ ဒီတိုင်းကြိတ်ခံနေတော့မလား
တစ်ခုခုကြောင့် စိတ်တိုဒေါသထွက်တဲ့အခါ၊ စိတ်ညစ်သွားရတဲ့အခါ စိတ်ဖိစီးနေတဲ့အခါ ဒါမှမဟုတ် စိတ်အရမ်းလှုပ်ရှားနေတဲ့အခါ ရင်တွေတုန်လာတယ်၊ ရင်ပူလာတယ်၊ မောတယ် ဆိုတာဖြစ်လေ့ရှိတဲ့ အရာတွေပါ။ ဒါပေမယ့် တချို့တွေမှာ အခန့်မသင့်ရင်၊ အထူးသဖြင့် အစာခြေစနစ် သိပ်မကောင်းတဲ့သူတွေမှာ ချက်ချင်းဗိုက်ထဲပူလောင်မှုဝေဒနာခံစားရပြီး၊ စူးခနဲအောင့်တာမျိုး ဖြစ်တတ်ပါတယ်။ဥပမာ ပါးလှပ်နေတဲ့ ပိုက်ဆံအိတ်ကိုဖွင့်ကြည့်မိရင်လည်း ရင်ထဲပူလောင်လာရော မဟုတ်လား။စိတ်ဖိစီးမှုကြောင့် အစာအိမ်မှာညှစ်ထားသလိုခံစားရပြီး ရင်ခေါင်းနားမှာပူနေပါရော။ ရင်ခေါင်းတွေတောင့်ပြီး အစာလည်းမကြေတော့ဘူး။ အရင်တည်းက ရင်ပူနာဖြစ်တတ်တဲ့သူ၊ ဖြစ်ဖူးတဲ့သူဆို စိတ်ဖိစီးမှုကြောင့် လက္ခဏာပိုဆိုးစေနိုင်ပါတယ်။ ရင်ပူနာဆိုတာ အစာခြေရည်ပြန်ဆန်တက်တဲ့ Acid Reflux ရောဂါရဲ့လက္ခဏာတစ်ခုဖြစ်နေလို့ပါ။ဘယ်အချိန်မှာဖြစ်လဲဆိုတော့ အစာခြေအက်စစ်တွေက အစာရေမျိုထဲကို ပြန်တက်လာတဲ့အခါမှာပေါ့။ စားချလိုက်တဲ့ အစာက အစာအိမ်ထဲရောက်တာနဲ့ ခန္ဓါကိုယ်က ချေဖျက်ဖို့အက်စစ်ထုတ်ပေးပါတယ်။ အဲဒီအက်စစ်က အစာအိမ်ထဲမှာရှိတဲ့အခါမှာ ဘာမှမဖြစ်ပေမယ့် အစာရေမျိုထဲရောက်တဲ့အခါ လောင်ပါတော့တယ်။ဒီဝေဒနာတွေဖြစ်လာရင်တော့ ကယ်နိုင်တာက အမြန်သက်သာစေနိုင်တဲ့ အစာအိမ်လေဆေးတွေဖြစ်ပါတယ်။ ဖြစ်တာကြာလာရင်တော့ ဆေးခန်းပြပြီး မြန်မြန်ကုသလိုက်နော်။ ဘာလို့ဆို ဘာဆေးမှမသောက်ဘဲ၊ ကုသမှုမခံယူဘဲ ကြိတ်ခံနေရင် အစာရေမျိုနံရံတွေမှာရောင်ရမ်းလာပြီး သွေးယိုတဲ့အထိ နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/gerd/%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%96%e1%80%ad%e1%80%85%e1%80%ae%e1%80%b8%e1%80%9c%e1%80%ad%e1%80%af%e1%80%b7-%e1%80%97%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%a1%e1%80%b1%e1%80%ac%e1%80%84/
မေးနှစ်ထပ် ပျောက်စေမယ့် မျက်နှာလေ့ကျင့်ခန်း (၇) မျိုး
မျက်နှာလေးဘယ်လောက်လှလှ မေးနှစ်ထပ် ဖြစ်လာရင် ချစ်ဖို့ကောင်းပေမယ့် အလှအပအတွက်တော့ ကြည့်မကောင်းဘူးနော်။ တချို့ဆို လူလည်းသိပ်မဝပါဘဲ မေးအောက်မှာ အဆီလေးနဲ့လေ။ ဘာလုပ်ရမှန်းမသိ ဖြစ်နေရင်တော့ ဒီလေ့ကျင့်ခန်းလေးတွေ လုပ်ကြည့်ပါ။သိပ်လွယ်ပါတယ်နော်။မျက်နှာလေ့ကျင့်ခန်းပဲ ဆိုတော့ ကိုယ့်ဘာသာ အလုပ်လုပ်ရင်း၊ ဖုန်းသုံးနေရင်း၊ ဂိမ်းဆော့နေရင်း ၊ စာဖတ်နေရင်း လုပ်လို့ရတာပဲလေ။ဦးခေါင်း နည်းနည်းမော့ပြီး အပေါ်အာခေါင်ကို လျှာနဲ့တွန်းထောက်ပေးပါ။ တစ်ခါလုပ်ရင် ငါးကြိမ်နဲ့ သုံးကျော့ လုပ်ပေးပါ။ လုပ်ကြည့်လိုက်ရင် မေးစေ့အစိတ်အပိုင်းကိုပါ လှုပ်ရှားစေတာ သတိထားမိမှာပါ။အလွယ်ဆုံးပါပဲ။ မေးစေ့ကြွက်သား၊ ပါး နဲ့ လည်ပင်းကို လှုပ်ရှားစေတဲ့အထိ X နဲ့ O ကို ဖြည်းဖြည်း ရွတ်ဆိုပါ။ အသံမထွက်ဘဲ ဒီအစိတ်အပိုင်းတွေ လှုပ်ရှားမှုဖြစ်ရုံ ရွတ်ရင်ရပါတယ်။ X – O လေ့ကျင့်ခန်းကို တစ်ခါလုပ်ရင် အနည်းဆုံး ၁၂ ကြိမ် သုံးကျော့လုပ်ပါ။မျက်နှာကို အပေါ် နည်းနည်းမော့ပြီး O စာလုံးကို ဖြည်းဖြည်း ရွတ်ဆိုပါ။ မေးစေ့ကြွက်သားတွေကို လှုပ်ရှားစေတဲ့ လေ့ကျင့်ခန်းဖြစ်လို့ မေးနှစ်ထပ် အဆီတွေကို လောင်ကျွမ်းစေပါလိမ့်မယ်။ ဒီလေ့ကျင့်ခန်း ကိုတော့ တစ်ခါလုပ်ရင် ၅ ကြိမ် လုပ်ပေးပါ။မတ်မတ်ထိုင်ပြီး လည်ပင်းကို ကိုယ်တတ်နိုင်သလောက် ဘေးဘက် ဖြည်းဖြည်းချင်းစောင်းချပါ။ ဘယ်နဲ့ညာ တစ်ဖက်စီကို တစ်လှည့်စီ လုပ်ပါ။ ဒီလေ့ကျင့်ခန်းကို တစ်ခါလုပ်ရင် ၁၀ ကြိမ် လုပ်ပေးပါ။လူများကြားထဲတော့ မလုပ်မိစေနဲ့ပေါ့နော်။ သူများကို ပြောင်ပြသလို ဖြစ်နေပါလိမ့်မယ်။ လျှာကို တတ်နိုင်သလောက် ရှေ့ကိုဆန့်ထုတ်ပါ၊ ဘေးတစ်ဖက်စီ ကိုလည်း လျှာကို လွှဲပြီး ထုတ်ပါ။လျှာလေ့ကျင့်ခန်း လုပ်ရင်း မေးစေ့တစ်ဝိုက် ကိုပါ လှုပ်ရှားမှု ဖြစ်စေပါတယ်။ ဒါကိုတော့ ၁၂ စက္ကန့်လောက်ပဲ လုပ်ပါ။ဦးခေါင်းကို နည်းနည်းမော့ပြီး မျက်နှာကျက်ကို ကြည့်ပါ။ မေးစေ့အောက်ပိုင်း ဆန့်ထုတ်ထားသလို ခံစားရတဲ့အထိ အောက်မေးရိုးကို ရှေ့ဘက်ဆန့်ထုတ်ပါ (မေးငေါ့ထားပါ)။ ဒီအတိုင်း ၁၀ စက္ကန့်နေပါ။ မေးရိုးကို ဖြည်းဖြည်းချင်း ပြန်ဖြေလျှော့ပြီး ဦးခေါင်းကို နဂိုအနေအထားအတိုင်း ပြန်နေပါ။အပေါ်မှာ လုပ်ခဲ့သလိုပဲ ခေါင်းနည်းနည်းမော့ပြီး မျက်နှာကျက်ကို ကြည့်ပါ။ မေးစေ့အောက်နားက မေးနှစ်ထပ် အရေပြားတွေ ဆန့်ထုတ်မိတဲ့ အထိ နှုတ်ခမ်းကို စူထုတ်ပါ (အစွမ်းကုန် စိတ်ကောက်ပြလိုက်ပေါ့) ။ နှုတ်ခမ်းကို ပုံမှန်အနေအထား ပြန်သွင်းပြီးမှ ဦးခေါင်းကို နဂိုအတိုင်း ပြန်ထားပါ။ဒါတွေ လုပ်တယ် ဆိုပေမယ့် ချက်ချင်းကြီး ဖတ်ခနဲအဆီကျသွားဖို့၊ သွယ်လျသွားဖို့ စိတ်ကူးမယဉ်ပါနဲ့ဦး။ လေ့ကျင့်ခန်း မှန်သမျှဟာ သူ့အချိန်ကာလ နဲ့ သူ ပုံမှန်လုပ်သွားရင်းမှ ရလဒ် သိသာတတ်တာပါ။ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းက အဆီမဆို ကိုယ်လျှော့ချချင်သလို လောင်ကျွမ်းသွားဖို့က လေ့ကျင့်ခန်းနဲ့တင် မလုံလောက်သလို အစားလျှော့တာနဲ့တင် အဆင်မပြေနိုင်ပါဘူး။ ကျန်းမာလှပတဲ့ကိုယ်အလေးချိန်နဲ့ အချိုးအစားတွေကို ထိန်းထားနိုင်ဖို့က အစားလည်း ဆင်ခြင်၊ လေ့ကျင့်ခန်းလေးတွေ လည်း လုပ်မှ ကိုယ်လိုချင်တဲ့အလှတရားကို ပိုင်ဆိုင်နိုင်မှာပေါ့။မေးနှစ်ထပ် ကို ပျောက်ချင်ရင်တော့ စိတ်ရှည်ရပါမယ်။ အလှပြုပြင်တဲ့ ဆေးခန်းတွေမှာ အဆီစုပ်ထုတ်တာ၊ ကုထုံး အကူအညီ ယူတာ၊ V Shape ဆေးတွေသုံးတာတို့လို နည်းလမ်းတွေကလွဲလို့ အချိန်တိုအတွင်း သိသာထင်ရှားတဲ့ ပြောင်းလဲမှုကို မရနိုင်ပါဘူး။ လေ့ကျင့်ခန်းလေးတွေ လုပ်ရင်း အနည်းဆုံး တစ်လလောက်တော့ စောင့်ရပါလိမ့်မယ်။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/exercises-to-remove-double-chin/
Venous insufficiency (သွေးပြန်ရည် မလုံလောက်ခြင်း )
Venous insufficiency ဆိုတာ ခြေထောက်သွေးပြန်ကြောများမှ သွေးများ နှလုံးသို့ပြန်စီးဆင်းရာတွင် ပြသနာဖြစ်ခြင်းဖြစ်ပါတယ်။ နာတာရှည် ပြန်သွေး မလုံလောက်ခြင်း သို့မဟုတ် နာတာရှည် ပြန်သွေး တည်နေခြင်း ဟုခေါ်ပါတယ်။သွေးပြန်ကြောများတွင် သွေးများကို နှလုံးသို့ ဦးတည်စီးဆင်း နိုင်ရန် ထိန်းပေးသော အဆို့ရှင်များ ပါရှိပါတယ်။ နာတာရှည် ပြန်သွေး မလုံလောက်ခြင်း တွင် ထိုအဆို့ရှင်များဟာ ကောင်းကောင်း အလုပ်မလုပ်တော့ပါ။ ထိုအခါ ခြေထောက် သွေးပြန်ကြောဖေါင်းရောဂါ ဖြစ်လာပါတယ်။ဒီရောဂါဟာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ ချီကာဂို တက္ကသိုလ် တစ်ခု၏ ဆေးပညာဌာနက ဒီရောဂါဟာ အသက် ၄၀ နှင့် ၄၉ ကြား အမျိုးသမီးများနဲ့ အသက် ၇၀ နှင့် ၇၉ ကြားအမျိုးသား များ တွင် အဖြစ်များသည်ဟု ဆိုပါသည်။ ရောဂါဖြစ်ပွားနိုင်တဲ့ အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Venous insufficiency ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။-ခြေထောက်/ခြေကျင်းဝတ် ဝန်းကျင် ရောင်ရမ်းခြင်း(ဖေါခြင်း)။-ခြေထောက်နာကျင်ကိုက်ခဲခြင်း(မတ်တပ်ရပ် လျှင်ပိုဆိုးပြီး ခြေထောက် ထောင်ထားလျှင်သက်သာခြင်း)။-ခြေထောက် ကြွက်တက်ခြင်း။-ခြေထောက်များ တစ်ဆစ်ဆစ် နာကျင် ကိုက်ခဲ ၊ လေးလံခြင်း။-ခြေထောက် များ ယားယံခြင်း။-ခြေထောက်များ အားနည်းခြင်း။-ခြေထောက် အရေပြားများ ထူလာခြင်း၊ အထူးသဖြင့် ခြေကျင်းဝတ် ဝန်းကျင် အရေပြား အရောင်ပြောင်းလာခြင်း။-ခြေထောက် အနာများဖြစ်ခြင်း။-ခြေထောက် သွေးပြန်ကြောများဖေါင်းကြွလာခြင်း။-ခြေသလုံး ထဲတွင် တင်းကြပ်နေသလို ခံစားရခြင်း။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။(ယေဘူယျအသိပေးချက် – ယခုအပိုင်းရဲ့အစပိုင်းမှာထည့်သွင်းပါ။သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။(တကယ်လို့ တခြားဘာအချက်အလက်မှမရှိဘူးဆိုရင် ဒီအောက်ကစာသားကို ထည့်သွင်းပါ)။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။Venous insufficiency ဟာ တစ်ခါတစ်ရံ ခြေထောက်သွေးပြန်ကြောတွင်း သွေးခဲခြင်း နှင့် ဖိအားများခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။Venous insufficiency ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။-သွေးခဲများ ဖြစ်ခြင်း။-သွေးပြန်ကြော ဖေါင်းကြွခြင်း။-အဝလွန်ခြင်း။-ကိုယ်ဝန်ဆောင်ခြင်း။-ဆေးလိပ်သောက်ခြင်း။-ကင်ဆာရောဂါ ဖြစ်ခြင်း။-ကြွက်သားများ အားနည်းခြင်း၊ ခြေထောက် ထိခိုက်မိခြင်း။-အပေါ်ယံ သွေးပြန်ကြောများ ရောင်ရမ်းခြင်း။-မိသားစုထဲ ပြန်သွေး မလုံလောက်ရောဂါ ရှိခြင်း။-အချိန်ကြာမြင့်စွာ ထိုင်ခြင်း၊ မတ်တပ်ရပ်ခြင်း၊ လှုပ်ရှားမှုနည်းခြင်း။အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ့။Venous insufficiency မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။Venous insufficiency ရောဂါ ရှိမရှိ ဆရာဝန်မှ ပြည့်စုံသော ရောဂါရာဇဝင်မေးခြင်း နှင့် စမ်းသပ်ခြင်း တို့ကို ပြုလုပ်ပါလိမ့်မယ်။ ရောဂါရဲ့ အရင်းမြစ်ကိုသိရန် imaging test အချို့ကို ပြုလုပ်ခိုင်းပါလိမ့်မယ်။ ထို tests များမှာ။Venogram။-ဆရာဝန်မှ သင်၏ သွေးပြန်ကြောထဲသို့ ဆိုးဆေးတစ်မျိုး ထည့်ကာ Xray ဓါတ်မှန်ရိုက်ခြင်း ဖြစ်ပါတယ်။ ထိုသို့ဖြင့် ဓါတ်မှန်ထဲတွင် သွေးကြောများကို သိသာစွာ မြင်တွေ့နိုင်ပါတယ်။Duplex ultrasound။-သွေးပြန်ကြောတွင်း ရှိသွေးများ၏ စီးဆင်းနှုန်း နှင့် ဦးတည်ချက် ကို စမ်းသပ်ခြင်းဖြစ်ပါတယ်။ ကျွမ်းကျင်ပညာရှင်ဟာ သင့်အရေပြား ပေါ်တွင် gel တစ်မျိုးသုတ်လိမ်းပြီး သေးငယ်သော ကိရိယာလေးကို အရေပြားပေါ်ထောက်၍ ကြည့်ခြင်းဖြစ်ပါတယ်။ထိုကိရိယာဟာ အသံလှိုင်းများသုံးကာ သွေးစီးဆင်းမှု ပုံရိပ်များကို ကွန်ပြူတာပေါ်တွင် မြင်တွေ့စေနိုင်ပါတယ်။ကုသခြင်းဟာ အချက်များစွာပေါ် မူတည်ပါတယ်။ ဥပမာ ရောဂါဖြစ်ရခြင်းအကြောင်း၊ ကျန်းမာရေး အခြေအနေ၊ ရောဂါရာဇဝင်။ အခြားသော အချက်များမှာ-။-သင့် ရောဂါ လက္ခဏာများ။-အသက်။-ရောဂါ၏ ပြင်းထန်မှု အခြေအနေ။-ဆေးနှင့် ကုထုံးများ အပေါ်တုံ့ပြန်မှု။အသုံးများဆုံး ကုသနည်းမှာ ဆရာဝန်ညွှန်ကြားသော Compression stockings ခြေအိတ်များစွပ်ခြင်း ဖြစ်ပါတယ်။ သူတို့ဟာ အီလက်စ်တစ် ဆွဲသားဖြင့် အထူးပြုလုပ်ထားပြီး ခြေထောက်နဲ့ ခြေကျင်းဝတ်ကို ကောင်းစွာ ထိန်းထားပေးပါတယ်။ သွေးလည်ပတ်မှုကို ကောင်းစေပြီး ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။ ထို stockings များဟာ အားအမျိုးမျိုး၊ အရှည်အမျိုးမျိုးနဲ့ လာပါတယ်။ မည်သည့် အမျိုးအစားဟာ သင့်အတွက် အသင့်တော်ဆုံးဆိုသည်ကို ဆရာဝန်က ဆုံးဖြတ်ပေးပါလိမ့်မယ်။Venous insufficiency ကုထုံးတွင် ပါဝင်သော အချက်များမှာ။-သွေးလည်ပတ်မှုကို ကောင်းစေခြင်း။-သွေးလည်ပတ်မှုကောင်းစေရန်။Venous Insufficiency ကိုအထောက်အကူပြုသော ဆေးများမှာ။-ဆီးဆေး- ခန္ဓါကိုယ်ရှိ ပိုနေသော အရည်များကို ကျောက်ကပ်မှ တစ်ဆင့် စွန့်ထုတ်ပေးပါတယ်။-သွေးကျဲဆေး။-Pentoxifylline(tental)- သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။-ခွဲစိပ်ခြင်း။ရောဂါအခြေနေ အလွန်ပြင်းထန်ပါက အောက်ပါခွဲစိပ်မှုများထဲမှ တစ်ခုကို ပြုလုပ်ရနိုင်ပါတယ်။-သွေးပြန်ကြောတွင်း အဆို့ရှင်များ သို့မဟုတ် သွေးပြန်ကြော ကိုယ်တိုင်ကို ခွဲစိပ်ပြုပြင်ခြင်း။-Endoscopy သုံး၍ အသေးစားခွဲစိပ်ခြင်း- ခွဲစိပ်ဆရာဝန်သည် ပါးလွှားသော ပြွန်တွင် ကင်မရာလေး တပ်ဆင်ကာ ထိုပြွန်ကို သွေးပြန်ကြောနားထိုး၍ ဖေါင်းကြွ သွေးပြန်ကြောများကို ချည်ခြင်း။-ကာယကံရှင်၏ ခန္ဓါကိုယ်တစ်နေရာမှ သွေးပြန်ကြောအကောင်းတစ်ခု ကိုယူ၍ မကောင်းသော သွေးပြန်ကြောနေရာတွင် အစားထိုးခြင်း- ထိုနည်းကို ပေါင်အပေါ်ပိုင်း သွေးပြန်ကြောများ အတွက်သာ ပြုလုပ်ပြီး အခြားကုသနည်း များနှင့် အဆင်မပြေမှသာ ပြုလုပ်ပါသည်။-လေဆာသုံး၍ ခွဲစိပ်ခြင်း- လေဆာဖြင့် ပျက်ဆီးနေသော သွေးပြန်ကြောများကို ပြုပြင်ခြင်းဖြစ်ပြီး ထိုနည်းသည် ဓါးဖြင့် ခွဲစိပ်ရန်မလိုပါ။-Ambulatory phlebectomy- ရောဂါဖြစ်သော ခြေထောက်တွင် ထုံသော အမှတ်လေးများလုပ်ကာ ထိုအမှတ်များထဲထိုးဖေါက်၍ သွေးပြန်ကြောငယ်များကို ဖယ်ထုတ်ခြင်းဖြစ်ပါတယ်။Sclerotherapy- ပြင်းထန်သော ရောဂါအခြေနေတွင် အသုံးပြုသည်။ သွေးမသယ်နိုင်စေသော ဓါတ်ပစ္စည်းတစ်ခု ကို ပျက်ဆီးနေသော သွေးပြန်ကြောတွင်းထည့်ကာ သွေးကို အခြားသွေးပြန်ကြောများမှ တစ်ဆင့် နှလုံးသို့ စီးစေခြင်းဖြစ်သည်။ ထိုသို့ဖြင့် ပျက်ဆီးနေသော သွေးပြန်ကြောသည် ပျောက်ကွယ်သွားသည်။ သေးငယ်သော သို့မဟုတ် အလယ်အလတ်အရွယ် သွေးပြန်ကြောများအတွက် သုံးသည်။-ဆီးပိုက်အသုံးပြုသော procedures- ကြီးသော သွေးပြန်ကြောများတွင် အသုံးပြုသော နည်းဖြစ်သည်။ ပါးလွှာသော ဆီးပိုက်ကို သွေးပြန်ကြောတွင်းထည့်ပြီး အဆုံးကို အပူပေးကာ ပြန်ဆွဲထုတ်ခြင်း ဖြင့် သွေးပြန်ကြောပါ တစ်ပါတည်းပါလာခြင်း ဖြစ်သည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက venous insufficiency ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် venous insufficiency ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။မိသားစုရာဇဝင်ရှိပါက အောက်ပါနည်းလမ်းများကို အသုံးပြုနိုင်ပါသည်။-ခန္ဓါကိုယ် အနေအထား တစ်ခုတည်းဖြင့် အချိန်ကြာစွာ ထိုင်ခြင်း/မတ်တပ်ရပ်ခြင်းများ မပြုလုပ်သင့်ပါ။ မကြာခဏ လှုပ်ရှားပေးသင့်ပါတယ်။-ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။-ပုံမှန် ကိုယ်လက် လှုပ်ရှားမှု ပြုလုပ်သင့်ပါတယ်။-ပုံမှန် ကိုယ်အလေးချိန် ထိန်းထားသင့်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/venous-insufficiency-%e1%80%b1%e1%80%9e%e1%80%bc%e1%80%b8%e1%80%bb%e1%80%95%e1%80%94%e1%80%b9%e1%80%9b%e1%80%8a%e1%80%b9-%e1%80%99%e1%80%9c%e1%80%b6%e1%80%af%e1%80%b1%e1%80%9c%e1%80%ac%e1%80%80/
Acute Sinusitis (ထိပ်ကပ်နာဖြစ်ခြင်း)
နှာခေါင်းပိတ်ခြင်း နဲ့ ပါးရိုးပေါ်မှာ ဖိအားများသလို ခံစားရခြင်းတွေဟာ ထိပ်ကပ်နာ ဖြစ်နေတယ်လို့ပြောနိုင်ပါတယ်။ ထိပ်ကပ်နာဆိုတာဟာ သင့်နှာခေါင်းဘေးမှာရှိတဲ့ ရိုးတွင်းလေအိတ်ငယ်တွေကို ကာရံထားတဲ့ အမြှေးပါးကရောင်ခြင်း ပိုးဝင်ခြင်းကနေဖြစ်ပွားတာပါ။၎င်းကနှာခေါင်းထဲက အကျိအချွဲတွေကို အပြင်ထွက်တာကနေ တားဆီးနေတာပါ။ရုတ်တရက်ဖြစ်တတ်တဲ့ ထိပ်ကပ်နာဟာ အဖြစ်များပါတယ်။အခြားအချက်အလက်တွေသိရဖို့သင့်ဆရာဝန် နဲ့တိုင်ပင်ဆွေးနွေးပါ။အများဆုံးတွေ့ရတဲ့ ရောဂါလက္ခဏာတွေကတော့။-အဝါရောင် သို့မဟုတ် အစိမ်းရောင်ရှိတဲ့ ထူပျစ်ပျစ်အရည်။တွေဟာနှာခေါင်းကနေစီးကျခြင်း သို့မဟုတ် လည်ပင်း အနောက်ထဲကနေစီးကျလာခြင်း။-နှာခေါင်းပိတ်ခြင်း ကနေ သင့်နှာခေါင်းနဲ့အသက်ရှုဖို့ခက်ခဲ။ခြင်း။-နာကျင်ခြင်း၊ ထိရင်နာခြင်း၊ရောင်ခြင်း၊မျက်လုံး၊ ပါးရိုး ၊နှာခေါင်းနဲ့ နဖူးတို့မှာ ဖိအားများလာခြင်း၊ ရှေ့ကိုကုန်းလိုက်။တဲ့အခါပိုဆိုးခြင်း။-နားထဲမှာဖိအားများခြင်း။-ခေါင်းကိုက်ခြင်း။-အပေါ်မေးရုးနဲ့ အောက်သွားကိုက်ခြင်း၊။-အနံ့ခံအာရုံနဲ့ အရသာခံအာရုံ လျော့ခြင်း။-ချောင်းဆိုးခြင်း၊ ညဘက်မှာ ပိုဆိုးတတ်ခြင်း။-ခံတွင်းနံ့ နံခြင်း။-နုံးချိခြင်း။-ဖျားနာခြင်း။(အပေါ်မှာ မပါခဲ့တဲ့ မပြောခဲ့တဲ့ လက္ခဏာတွေရှိပါသေးတယ်။ တကယ်လို့သင်က သိချင်သေးတဲ့ လက္ခဏာတွေရှိခဲ့ပါက သင့်ရဲ့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။အောက်မှာပြောပြတဲ့အချက်တွေသင့်ဆီမှာရှိပါက သင့်ဆရာဝန်ကို ဆက်သွယ်ပါ။-ရောဂါလက္ခဏာတွေက ရက်ပိုင်းအတွင်းမသက်သာလာဘူး။ဆိုရင် သို့မဟုတ် ပိုဆိုးလာခဲ့ရင်။-အဖျားကမကျပဲတောက်လျှောက်တက်နေရင်။-အရင်က ထိပ်ကပ်နာ အကြာကြီးဖြစ်ခဲ့ဖူးရင် သို့်မဟုတ် ခဏခဏ ဖြစ်ဖူးခဲ့ရင်။ထိပ်ကပ်နာက များသောအားဖြင့်ကတော့ ဗိုင်းရပ်စ်ပိုးဝင်တဲ့အအေးမိနှာစေးရာကနေဖြစ်ကြပါတယ်။ တစ်ချို့အခြေအနေ။တွေမှာတော့ ဘတ်တီးရီးယားပိုးဝင်ခြင်းကနေဖြစ်တတ်ပါတယ်။ထိပ်ကပ်နာဖြစ်ခြင်းကို ပိုဖြစ်စေတဲ့အချက်တွေအများကြီးရှိပါတယ်။၎င်းတို့ကတော့။-Hay fever သို့မဟုတ် သင်နဲ့ဓါတ်မတည့်မှုတစ်ခုခုကနေနှာခေါင်းဘေးကလေအိတ်တွေပေါ်သွားသက်ရောက်တာမျိုး။-နှာခေါင်းတွင်းလမ်းကြောင်းပုံမမှန်တာတွေ၊ဆိုလိုတာက နှာခေါင်းအလည်က အသားက လမ်းကြောင်းလွဲနေတာ၊ နှာခေါင်းထဲမှာ အလုံး အကြိတ်လိုရှိနေတာတွေဖြစ်ပါတယ်။-HIV/AIDS လို ကျန်းမာရေးအခြေအနေတွေရှိခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်ဆရာဝန်က သင်နှာခေါင်းနဲ့မျက်နှာကိုထိတဲ့အခါနာလားစမ်းပါမယ်။ နှာခေါင်းအတွင်းကိုကြည့်ပါလိမ့်မယ်။တစ်ခြား နည်းလမ်းတွေကတော့။-နှာခေါင်းတွင်းမှန်ပြောင်းကြည့်ခြင်း။မီးလုံးပါတဲ့ ခပ်သေးသေး ပျော့ပျော့ ပိုက်လေးကို သင့်နှာခေါင်းထဲကို ထိုးထည့်ပြီး သင့်ဆရာဝန်က နှာခေါင်းဘေးက ရိုးတွင်းလေအိတ်ငယ်တွေကိုကြည့်ပါလိမ့်မယ်။-ပုံရိပ်ဖော်နည်းလမ်းတွေဖြစ်တဲ့ CT,MRI တို့ရိုက်ခြင်းကနေလည်း နှာခေါင်းတစ်ဝိုက်နားကဘာတွေဖြစ်နေလဲဆိုတာကို။အသေးစိတ်ပြနိုင်ပါတယ။်သိပ်မဆိုးတဲ့ ထိပ်ကပ်နာလိုမျိုးမှာဆိုပါက ဒီပုံရိပ်ဖော်နည်းလမ်းတွေက ဘာမူမမှန်တာတွေ။ဖြစ်နေသလဲ ဘာနောက်ကြောင်းပြသနာတွေဖြစ်နေလဲဆိုတာတွေကို ပြနိုင်ပါတယ်။-နှာခေါင်းနဲ့ရိုးတွင်းလေအိတ်ငယ်များကနေနမူနာယူပြီးပိုးမွေးခြင်း။ သွေးကိုဓါတ်ခွဲစမ်းသပ်ကြည့်ပြီးတော့ ထိပ်ကပ်နာလို့ပြောဖို့ကတော့ အကြမ်းအားဖြင့် သိပ်မလိုအပ်ပါဘူး။ သို့သော် ကုသမှုကို ကောင်းစွာမတုံ့ပြန်ရင် သို့မဟုတ် ပိုဆိုးလာတယ်ဆိုပါက တစ်ရှုးပိုးမွေးခြင်းပြ ုလုပ်ပြီး ဘယ်ဘတ်တီးရီးယားပိုးကောင်ကြောင့်ဖြစ်လဲဆိုတာရှာရပါမယ်။-ဓါတ်မတည့်မှုစမ်းသပ်ခြင်း။ တကယ်လို့သင့်ဆရာဝန်က သင့်ရဲ့ဓါတ်မတည့်မှတစ်ခုခုကနေထိပ်ကပ်နာဖြစ်တယ်လို့ သံသယရှိခဲ့ပါက သင့်ကို ဓါတ်မတည့်မှုအရေပြားစမ်းသပ်မှုလုပ်ခိုင်းပါလိမ့်မယ်။ စမ်းသပ်မှုက စိတ်ချရပြီး မြန်လည်းမြန်ပါတယ်။ သင့်ကို ဘယ်ဓါတ်က မတည့်စေတာလဲဆိုတာစမ်းသပ်ပြီး သင့်နှာခေါင်းကိုဒုက္ခပေးနေတာလဲဆိုတာရှာနိုင်ပါတယ်။ထိပ်ကပ်နာဖြစ်ခြင်းအများစုက ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ရတာကြောင့်သူ့ဘာသာပြန်ကောင်းသွားတတ်ပါတယ်။ ကိုယ့်ဘာသာဂရုစိုက်ရမယ့်နည်းလမ်းတွေကသာသင့်ရောဂါလက္ခဏာတွေကို သက်သာစေမှာပါ။ရောဂါလက္ခဏာတွေကို သက်သာစေမယ့် နည်းလမ်းများ။သင့်ဆရာဝန်က အကြံပေးနိုင်မယ့် တစ်ချ ို့သောကုသမျုနည်းလမ်းများကတော့။-နှာခေါင်းထဲကိုဖြန်းတဲ့ ဓါတုဆားရည်ကို သင့်နှာခေါင်းထဲကိုတစ်ရက်ကို အကြိမ်များစွာ ဖြန်းပေးခြင်းနဲ့ နှာခေါင်းလမ်းကြောင်း ရှင်းနေအောင်လုပ်လို့ရပါတယ်။-နှာခေါင်းထဲကိုဖြန်းတဲ့ စတီးရွိုက်သုံးခြင်း။ ဒီဖြန်းဆေးကတော့ ရောင်တာကိုသက်သာစေပါတယ်။ဥပမာအားဖြင့်။ဆေးတွေကတော့ fluticasone(Flonase,Veramyst),။Budesonide(Rhincort),mometasone(Nasonex),။Beclomethasone(Beconase AQ, Qnasl)။-ဒီဆေးတွေဟာ အလွယ်တကူဝယ်လို့ရတဲ့ဆေးတွေဖြစ်ပြီး။အရည်ပုံစံ၊အခဲပုံစံ နဲ့ဖြန်းဆေးပုံစံတွေနဲ့လာပါတယ်။-နှာခေါင်းပိတ်တာကိုသက်သာစေတဲ့ ဆေးတွေကို ရက်အနည်းငယ်သာသုံးသင့်ပါတယ်။ မဟုတ်ပါက ပိုဆိုးတဲ့နှာခေါင်းပိတ်ခြင်းကိုဖြစ်စေတတ်ပါတယ်။-အလွယ်တကူဝယ်လို့ရတဲ့ အနာသက်သာဆေးတွေဖြစ်တဲ့အက်စပရင်၊ပါရာစီတမော၊ အိုင်ဗျ ူပရိုဖန်တို့ကိုလည်း သုံးလု့ိရပါတယ်။-ကလေးတွေနဲ့ ဆယ်ကျော်သက်အရွယ်တွေကို အက်စပရင်ပေးရင် သတိထားပေးပါ။ ကလေးတွေနဲ့ ဆယ်ကျော်သက်အရွယ်တွေမှာ ရေကြောက်ပေါက်ခြင်း သို့မဟုတ် တုပ်ကွေးမိရာကနေ ပြန်ကောင်းလာတယ်ဆိုပါက အက်စပရင်လုံးဝမတိုက်သင့်ပါဘူး။Reye’s syndromeဆိုတာက အက်စပရင်သောက်ခြင်းနဲ့ဆက်စပ်နေပြီး ကလေးတွေမှာဆိုရင် အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိဖြစ်တတ်ပါတယ်။ပိုးသတ်ဆေးပေးခြင်း။ထိပ်ကပ်နာဖြစ်ခြင်းကို များသောအားဖြင့် ပိုးသတ်ဆေး ပေးစရာမလိုအပ်ပါဘူး။ တကယ်လို့ ထိပ်ကပ်နာဖြစ်ခြင်းကဘတ်တီးရီးယားပိုးကြောင့်ဆိုပါကလည်း ကုသမှုပေးစရာမလိုပဲ ပြန်ကောင်းသွားတတ်ပါတယ်။သင့်ဆရာဝန်က သင့်ရဲ့ ဘတ်တီးရီးယားပိုးကြောင့် ထိပ်ကပ်နာဖြစ်ခြင်းကို ပိုဆိုးလာသလားဆိုတာကို စောင့်ကြည့်ပါလိမ့်မယ်။ သို့သော်လည်း ပိုဆိုးလာတဲ့ ရောဂါလက္ခဏာတွေမပျောက်ပါက ပိုးသတ်ဆေးလိုအပ်လာပါလိမ့်မယ်။ သင့်ဆရာဝန်က ပိုးသတ်ဆေးသောက်ခိုင်းလိုက်ပါက ရောဂါလက္ခဏာတွေ သက်သာသွားတာတောင် ဆေးကိုအကုန်သောက်ဖို့လိုအပ်ပါတယ်။ တကယ်လို့ ဆေးကိုအကုန်မသောက်ပါက သင့်ရောဂါလက္ခဏာတွေက ပြန်ပေါ်လာနိုင်ပါတယ်။Immunotherapy။တကယ်လို့ ထိပ်ကပ်နာဖြစ်ခြင်းက ဓါတ်မတည့်မှုတစ်ခုခုကဖြစ်တာကြောင့်ဆိုပါက ဓါတ်မတည့်မှုသက်သာစေတဲ့ဆေးကိုထိုးပေးခြင်းနဲ့ သင့်ကိုဖြစ်စေတဲ့ ဓါတ်မတည့်မှုကနေသက်သာစေမှာပါ။လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးများ။ထိပ်ကပ်နာဖြစ်ခြင်းကိုသက်သာစေမယ့် လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးတွေကဘာတွေလဲ။အောက်ပါပြောပြထားတဲ့ လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးတွေကတော့ ထိပ်ကပ်နာဖြစ်ခြင်းကို ကူညီပေးနိုင်တာတွေကတော့။-ဒီနည်းလမ်းတွေကတော့ သင့်ခန္ဓါကိုယ်က ပိုးဝင်တာကိုတိုက်ထုတ်တာရယ် ပြန်နာလန်ထ ကောင်းအောင်ရယ်ကူညီနိုင်မှာပါ။-ရေတို့ ဖျော်ရည်တို့ များများသောက်ပါ.။ ဒီဟာတွေက သင့်ကို ချွဲပျော်ဖို့ရယ် အရည်စီးဆင်းမှုကောင်းအောင်ရယ်အားပေးပါတယ်။ ကဖင်းဓါတ်တို့ အရက်ပါတာတွေဟာ ရေဓါတ်ခမ်းခြောက်တာကိုဖြစ်စေတာကြောင့် ရှောင်ရပါမယ်။ အရက်သောက်ခြင်းဟာ မေးရိုးတွင်းကလေအိတ်ငယ်တွေရဲ့မျက်နှာပြင်ကို ပိုရောင်စေတတ်ပါတယ်။-သင့်ရဲ့ မေးရိုးတွင်းလေအိတ်ငယ်လေးတွေကို စိုစွတ်အောင်လုပ်ထားပါ။ ရေနွေးငွေ့ကို မျက်နှာနားမှာ ထားပြီးရှုပါ။ ဒါမှမဟုတ် ရေနွေးပူပူနဲ့ရေချုးခြင်း၊လေခပ်နွေးနွေးကိုရှုပေးခြင်းတို့ပြ ုလုပ်ရပါမယ်။၎င်းတို့က နာကျင်မှုကိုသက်သာစေပြီးချွဲတွေကိုပျော်ပြီးထွက်စေပါတယ်။-နွေးတဲ့ အဝတ်ကို မျက်နှာပေါ်အုပ်ပါ။ နွေးနေတဲ့အဝတ်ကိုသင့်ရဲ့နှာခေါင်းနား၊ပါးနားနဲ့ မျက်လုံးနားတွေမှာ ကပ်ပေးခြင်နဲ့ မျက်နာကနာကျင်မှုကို သက်သာစေပါတယ်။-သင့်ရဲ့ နှာခေါင်းလမ်းကြောင်းကို သေချာစွာဆေးပါ။ အထူးလုပ်ထားတဲ့ ဗူးလိုမျိုးသုံးပြီး နှာခေါင်းလမ်းကြောင်းကိုသန့်ရှင်းပေးပါ။-တကယ်လို့သင့်ဘာသာ ပြ ုလုပ်မယ်ဆိုရင် ရေသန့်ကိုသေချာအသုံးပြ ုပါ။ ရေကိုသေချာကျိုချက်၊ပေါင်းခံသန့်စင်တဲ့ ရေကိုပဲသုံးရပါမယ်။ သုံးပြီးရင်လည်း သေချာရေဆေးခြင်း ၊အခြောက်ခံခြင်းတို့ကို ပြ ုလုပ်ပေးပါ။-သင့်ခေါင်းကို အမြင့်နေရာမှာထားပါ။ ဒီဟာက နှာခေါင်းပိတ်တာကိုသက်သာစေပြီး အရည်တွေစီးစေမှာပါ။(တကယ်လို့ သင့်ဆီမှာမေးခွန်းတွေရှိသေးရင် သင့်အတွက်အကောင်းဆုံးအဖြေရရှိနိုင်ဖို့ သင့်ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးပါ။)။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/acute-sinusitis-%e1%80%91%e1%80%ad%e1%80%95%e1%80%ba%e1%80%80%e1%80%95%e1%80%ba%e1%80%94%e1%80%ac%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
မျက်စိနာရင် ဘာလုပ်မလဲ
မျက်စိနာတာကို မျက်ကြည်လွှာရောင်ခြင်းလို့လည်း ခေါ်ပါတယ်။ အဖြစ်အများဆုံး မျက်လုံးရောဂါတစ်ခုဖြစ်ပြီး ကလေးတွေမှာ ပိုတွေ့ရတတ်ပါတယ်။ မျက်ကြည်လွှာက မျက်လုံးအဖြူအပိုင်း မျက်ခွံအောက်မှာ ရှိပါတယ်။ မျက်စိနာတာက အနီးကပ်အတူနေသူတွေ၊ မိသားစုဝင်တွေဆီကိုလည်း ကူးလွယ်ပါတယ်။ ပုံမှန်အားဖြင့် မပြင်းထန်တဲ့ မျက်လုံးပိုးဝင်ခြင်းဖြစ်ပေမဲ့ တစ်ခါတရံ ပြင်းပြင်းထန်ထန် ဖြစ်နိုင်ပါတယ်။ ဒီတော့ မျက်စိနာရင် ဘာလုပ်မလဲ ဆိုတာကို သေသေချာချာ သိထားသင့်ပါတယ်။အဖြစ်အများဆုံး အကြောင်းမှာ။ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ မျက်စိနာခြင်းက တခြားသူတွေကို အနီးကပ်ထိတွေ့မိရာကနေတဆင့် ကူးစက်နိုင်ပါတယ်။ မသန့်ရှင်းတဲ့ မျက်ကပ်မှန်ကို သုံးရာကနေလည်း မျက်လုံးရဲပြီး ရောင်လာနိုင်ပါတယ်။ ကလေးတွေမှာဆိုရင် အခြားမျက်လုံးပြဿနာများရှိနေနိုင်တဲ့အတွက် မျက်စိရောင်တဲ့အခါ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။လက္ခဏာတွေက ရောဂါရဲ့ ပြင်းထန်မှုအပေါ် မူတည်ပါတယ်။ များသောအားဖြင့်။မျက်စိနာရင် ဖြစ်တဲ့ အကြောင်းပေါ်မူတည်ပြီး ရောဂါကို ကုသသင့်ပါတယ်။ ကုသတဲ့ ပုံစံလေးမျိုး ရှိပါတယ်။မျက်စိနာစေတဲ့ အကြောင်းရင်းတွေထဲမှာ ဗိုင်းရပ်စ်ကြောင့်  ဖြစ်တာ များပါတယ်။ ဥပမာ ရေယုန်ဗိုင်းရပ်စ်၊ Varicella zoster ဗိုင်းရပ်စ်၊ Piconavirus၊ Poxvirusတို့ ဖြစ်ပါတယ်။ အေးတဲ့ ရာသီဥတုမှာဆိုရင် အလျင်အမြန်ပျံ့သွားနိုင်ပါတယ်။ ဒါကြောင့် ကူးစက်လွယ်ပါတယ်။ ကာကွယ်ဖို့ လက်ကိုခဏခဏဆေးသင့်ပါတယ်။တစ်ခုခုမစားခင် သို့မဟုတ် တစ်ယောက်ယောက်ကို မကိုင်မီ လက်သေချာဆေးသင့်ပါတယ်။ မျက်ကပ်မှန်တပ်နေသူဖြစ်မယ်ဆိုရင် မျက်စိနာနေချိန်မှာ မတပ်သင့်ပဲ မျက်မှန်ကို တပ်သင့်ပါတယ်။ မျက်စိနာနေချိန် အမြင်ဝါးလာပါက ဆရာဝန်နဲ့ ချက်ချင်းပြသင့်ပါတယ်။ အချို့သော ဗိုင်းရပ်စ်များက မျက်ကြည်လွှာမှာ  အမာရွတ်ကျန်ခဲ့နိုင်ပါတယ်။အဖြစ်များဆုံးနှစ်မျိုးကတော့ ကလက်မိုင်းတီးယားနဲ့ ဂနို ဖြစ်ပါတယ်။ လိင်မှတဆင့် ကူးစက်တဲ့ ရောဂါတွေလည်း ဖြစ်ပါတယ်။ ဘက်တီးရီးယားတွေဖြစ်တာကြောင့် ပဋိဇီဝပိုးသတ်ဆေး မျက်စဉ်းဆေးများနဲ့ ကုသနိုင်ပါတယ်။မျက်စဉ်းဆေးကို မျက်စိအတွင်းသို့ တစ်နေ့သုံးကြိမ်မှ လေးကြိမ်ထည့်ပေးရနိုင်ပါတယ်။ ငါးရက်မှ ခုနှစ်ရက်ထိ ကုသရန် လိုအပ်ပါတယ်။ ပဋိဇီဝပိုးသတ်ဆေး မျက်စဉ်းဆေးတွေကတော့ ဆရာဝန်ညွန်ကြားချက်နဲ့ပဲ အသုံးပြုသင့်ပါတယ်။မျက်လုံးထဲသို့ အဲ့လိုပစ္စည်းတွေ ဝင်သွားပြီဆိုရင် တတ်နိုင်သမျှ ရေများများနဲ့ ဆေးချပါ။ အနည်းဆုံးငါးမိနစ်ခန့် ရေဘုံဘိုင်ဖွင့်ပြီး ဆက်တိုက်ဆေးချရပါမယ်။ ဖြည်းဖြည်းချင်း သက်သာလာပါလိမ့်မယ်။ အက်စစ် သို့မဟုတ် အယ်ကာလီ ဝင်သွားတာဆိုရင်တော့ ဆရာဝန်နဲ့ ချက်ချင်းပြသတာ သို့မဟုတ် ဆေးရုံသို့ချက်ချင်းသွားတာတွေ လုပ်သင့်ပါတယ်။ဓာတ်မတည့်ခြင်းကြောင့် မျက်စိရောင်တာက တချို့သူများမှာ ဖြစ်တတ်ပါတယ်။ ဓာတ်မတည့်တဲ့ အရာမရှိတော့ဘူးဆိုရင် သက်သာသွားမှာဖြစ်ပါတယ်။ မျက်စိနာခြင်းနဲ့  အခြားဓာတ်မတည့်ခြင်းလက္ခဏာများ (ဥပမာ ယားတာ၊ အင်ပြင်ထွက်တာတွေ) တွဲဖြစ်ပါက ဆရာဝန်နဲ့ တိုင်ပင်ပါ။မျက်စိနာရင် ဘာလုပ်မလဲ ဆိုတော့။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/conjunctivitis/
အချို့သောအစားအစာတွေကို စောစောလေးမိတ်ဆက်ပေးတာက ကလေးတွေမှာဓါတ်မတည့်မှုခံစားရနိုင်ခြေနည်းစေတယ်ဆိုတာ တကယ်လား
ဓါတ်မတည့်ဘူးဆိုတာက သိပ်တော့မစိမ်းတဲ့စကားတစ်ခုဖြစ်မှာပါ။အသားအရေမှာသုံးရတဲ့ပစ္စည်းတွေနဲ့ ဓါတ်မတည့်တာ၊အစားအသောက်နဲ့ဓါတ်မတည့်တာ၊ ဓါတုပစ္စည်းတွေနဲ့ ဓါတ်မတည့်တာရယ်ဆိုပြီး အမျိုးမျိုးပါပဲ၊ ဒီဓါတ်မတည့်တာတွေထဲမှာ အစားအသောက်နဲ့ ဓါတ်မတည့်တာက လူတော်တော်များများမှာဖြစ်နေတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ ။ ဒီနည်းကိုဖြေရှင်းဖို့ ကြိုးပမ်းကြတဲ့နည်းတွေကလည်း အစုံပါပဲနော်။ ဒီတစ်ခေါက်တော့ ဓါတ်မတည့်မှုကို တိုက်ဖျက်ဖို့ ကြိုးပမ်းတဲ့နည်းလေးတစ်ခုအကြောင်းဆွေးနွေးချင်တာပါ။ကလေးတစ်ယောက်မိခင်နို့သောက်တာကနေ အစားစစားတဲ့အချိန်က ကလေးတစ်ယောက်ကြီးထွားမှုအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ အဆင့်တစ်ခုပါ။ ဒီအချိန်မှာမေမေတွေ စိုးရိမ်တာက ကလးအစာနင်မှာ သီးမှာကိုပါ။နောက်တစ်ခုစိုးရိမ်တာရှိသေးတယ်။ ကလေးက ဘာနဲ့များဓါတ်မတည့်ဘူးဖြစ်မလဲပေါ့။ ဒီတော့မေမေတို့အနေနဲ့ ကလေးအစားအစာတစ်ခုခုနဲ့ဓါတ်မတည့်တာမျိုးမဖြစ်အောင် ဘယ်လိုများကာကွယ်ပေးရမလဲလို့ စဉ်းစားရပြီလေ။ကလေးတွေကဘာတွေနဲ့များဓါတ်မတည့်ဖြစ်တတ်သလဲ။ကလေးတွေဓါတ်မတည့်မှုဖြစ်နိုင်တဲ့အစားအစာတွေက အရမ်းတော့ မများပါဘူး။ ကလေးတိုင်း ဓါတ်မတည့်မှုဖြစ်မယ်ရယ်တော့လည်း မဟုတ်ပါဘူး။ ဒီအစားအစာတွေကတော့ ကလေးတော်တော်များများနဲ့ ဓါတ်မတည့်တာမျိုးဖြစ်နိုင်ပါတယ်နော်။ကလေးကိုဓါတ်မတည့်မှုကင်းစေဖို့။ကလေးကိုဓါတ်မတည့်မှုကင်းစေဖို့အတွက် ကေးအသက် ၄ လခွဲလောက်ကနေ ၆ လအတွင်းမှာSolid foodစတင်မိတ်ဆက်ပေးရပါမယ်။ ကလေးက မတ်မတ်လေးထိုင်နိုင်ပြီ။ ဇက်နိုင်ပြီ၊ခေါင်းကို မတ်မတ်လေးထားနိုင်ပြီ၊ လျှာနဲနှုတ်ခမ်းကို အစားစားဖို့ကောင်းကောင်းအသုံးပြုတတ်ပြီ၊ အစာတွေကို မျိုချတတ်နေပြီ၊ အစားအစာတွေကို စိတ်ဝင်စားနေပြီဆိုရင် အစားစကျွေးလို့ရပါပြီ။ ဒီအချိန်မှာ ကလေးကို သူစားလို့ရမယ့် အစားအစာတွေကို စတင်ကျွေးရပါမယ်။ အရင်က လက်ခံထားကြတာက ဓါတ်မတည့်မှုဖြစ်စေနိုင်တဲ့အရာတွေကို ကလေးကိုစောစောမကျွေးရဘူး။ နည်းနည်းလေးအရွယ်ရလာမှကျွေးရမယ်လို့ပေါ့။ကြက်ဥဆိုရင်တောင်ကြက်ဥအကာကို ကလေးအသက် ၁ နှစ်ပြည့်မှကျွေးမယ်။ ကြက်ဥအနှစ်ကိုတော့ ကလေးကို ၇ လလောက်ရောက်မှကျွေးမယ်။ နို့နဲ့နို့ထွက်ပစ္စည်းတွေကို နှစ်နှစ်ပြည့်မှကျွေးမယ်။မြေပဲ နဲ့ အခွံမာသီးတွေကိုတော့ ၃ နှစ်ပြည့်မှစားရမယ် စသဖြင့်ကြားဖူးမှာပေါ့။ အခုနောက်ပိုင်းလေ့လာမှုတွေအရကတော့ ကလေးကို အစားစောစောကျွေးတာက ဓါတ်မတည့်မှုခံစားရနိုင်ခြေကို နည်းစေတယ်ဆိုတဲ့အချက်ပါ။ ဓါတ်မတည့်မှုဖြစ်စေနိုင်ပါတယ်ဆိုတဲ့ အစားအစာတွေကို ကလေးကိုစောစောလေးကျွေးပေးလေလေ ကလေးမှာ ဓါတ်မတည့်မှုဖြစ်နိုင်ခြေက နည်းလေလေပါတဲ့။ ကလေးကို ဓါတ်မတည့်မှုဖြစ်တေယ်ဆိုတဲ့အစားအစာတွေကို တစ်ပတ်ကို အနည်းဆုံး ၃ ကြိမ်လောက်ကျွေးရပါမယ်။ကလေးကို အစာစကျွေးတာနောက်ကျလေလေ ဓါတ်မတည့်မှုခံစားရနိုင်ခြေက များလေလေပါ။ ဒါကြောင့် ကလေးကို အစားစစားနိုင်ပြီဆိုကတည်းက အစားအစာတွေကို စကျွေးရပါမယ်။ စကျွေးတဲ့အချိန်မှာလည်း ဘာကတော့ဖြင့် ကလေးနဲ့ ဓါတ်မတည့်လို့ရှောင်ကျွေးမယ်ဆိုတာမျိုးမလုပ်ဖို့လိုပါမယ်။ ကလေးမှာ ဓါတ်မတည့်မှုနဲ့ပတ်သက်လို့ ပြင်းထန်တဲ့ လက္ခဏာတစ်စုံတရာမတွေ့ရဘူးဆိုရင် ဆက်ကျွေးလို့ရပါတယ်။ အရမ်းပြင်းထန်ရင်တော့ ဆရာဝန်နဲ့ပြသတိုင်ပင်ရပါမယ်။နောက်ထပ်လုပ်လို့ရတဲ့နည်းတစ်ခုရှိပါသေးတယ်။ ဒါကတော့ ကလေးကိုနို့တိုက်နေချိန်မှာမေမေက ဓါတ်မတည့်တာဖြစ်စေနိုင်တယ်ဆိုတဲ့ အစားစအာတွေကိုစားပေးတာပါ။ အမေရိကန်ဆေးတက္ကသိုလ်က ကလေးဆရာဝန်တွေကတော့ ကလေကို အစာစောစောကျွေးတာက ဓါတ်မတည့်မှုဖြစ်နိုင်ခြေကိုနည်းစေနိုင်တယ်၊လို့ပြောကြားထားကြပါတယ်။ ကလေးကိုမြေပဲထောပတ်ငယ်ငယ်ကတည်းကကျွေးမယ်ဆိုရင် ကလေးကမြေပဲဓါတ်မတည့်မှုခံစားရနိုင်ခြေတော်တော်လေးနည်းသွားမှာပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/%e1%80%a1%e1%80%81%e1%80%bb%e1%80%ad%e1%80%af%e1%80%b7%e1%80%9e%e1%80%b1%e1%80%ac%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%a1%e1%80%85%e1%80%ac%e1%80%90%e1%80%bd%e1%80%b1%e1%80%80%e1%80%ad%e1%80%af/
မျက်လုံးပွတ်ခြင်း၏ အန္တရာယ်
လူတွေက မျက်လုံးထဲ ပြင်ပအရာတစ်ခုခု ဝင်သွားပါက သို့မဟုတ် ပင်ပန်းပြီး အိပ်ငိုက်သောအခါ မျက်လုံးကို လက်နှင့် ပွတ်တတ်သော အလေ့အကျင့်ရှိကြပါတယ်။ ၎င်းမှာ မကောင်းသော အလေ့အကျင့်ဖြစ်ပြီး မျက်လုံးတွင် နောက်ဆက်တွဲ ဆိုးကျိုးများကို ဖြစ်စေနိုင်ပါတယ်။မျက်လုံးများကို ပွတ်လိုက်ပါက ကြည့်ရဆိုးပါတယ်။ မျက်လုံးထဲရှိ သေးငယ်သော သွေးကြောလေးများ ပေါက်ကာ အနီစက်များ ပေါ်သွားသောကြောင့်ဖြစ်ပါတယ်။ ထို့ပြင် မျက်ကွင်းများကို လည်း ညိုမဲစေနိုင်ပါတယ်။မျက်လုံးကို ပွတ်ခြင်းက မျက်လုံးရောင်စေပါတယ်။ လက်တွင် ပိုးမွှားများစွာ ကပ်နေသည်ကို လူတိုင်းသိကြပါတယ်။ ထို့ကြောင့် မျက်လုံးကို လက်နှင့် ပွတ်ပါက ပိုးများဝင်ကာ ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။မျက်လုံးထဲတွင် ပြင်ပအရာတစ်ခုခု ဝင်ပြီးထုတ်မရတော့တာမျိုး ရှိတတ်ပါတယ်။ ထိုအခါ ဆက်တိုက် လက်နဲ့ ပွတ်မိတတ်ပါတယ်။ ထိုသို့ဖြင့် မျက်ကြည်လွှာ ပွန်းမိခြင်းဖြစ်တတ်ပါတယ်။ထို့ပြင် မျက်ကြည်လွှာ ပါးလာနိုင်ါပတယ်။ ထိုအခြေအနေကို keratoconus လို့ခေါ်ပြီး ထိုမှတစ်ဆင့် အမြင်အာရုံ ထိခိုက်နိုင်ပါတယ်။မျက်လုံးရေတိမ်ဖြစ်သူများနဲ့ အဝေးမှုန်သူများတွင် မျက်လုံးကို လက်နဲ့ ပွတ်ပါက အမြင်အာရုံကို ပိုဆိုးစေပါတယ်။ မျက်လုံးကို ဖိအားပိုဖြစ်စေကာ သွေးစီးဆင်းမှုကို ထိခိုက်စေပါတယ်။ ထို့ပြင် အာရုံကြောများကို ထိခိုက်စေကာ အမြင်အာရုံ ဆုံးရှုံးမှုအထိ ဖြစ်စေနိုင်ပါတယ်။ထိုအကျင့်ဆိုးကို ဖျောက်ရ မခက်ခဲပါဘူး။ အောက်ပါ အချက်များကို လိုက်နာနိုင်ပါတယ်။-မျက်လုံးထဲ ပြင်ပအရာတစ်ခု ကပ်နေပါက ပိုးသတ်ထားသော မျက်စင်းဆေးရည်၊ ချောဆီ၊ မျက်ရည်အတု များအသုံးပြုနိုင်ပါတယ်။ မသက်သာပါက ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။နောက်ဆက်တွဲ ဆိုးကျိုးများကို သိပြီးဖြစ်သဖြင့် မျက်လုံးကို လက်နဲ့ မပွတ်သင့်ပါ။-မျက်လုံးအတွက် အကျိုးပြုတဲ့ မျက်စင်းဆေးရည်များစွာ ရှိပါတယ်။ မျက်ရည်တု၊ အယားပျေက်ဆေးရည် တို့ကို သုံးနိုင်ပါတယ်။ ဓါတ်မတည့်သူများ အတွက် စတီးရွိုက် မျက်ဆင်းဆေးရည်များ သုံးနိုင်ပါတယ်။-မျက်စင်းဆေးရည်ကို ပုံမှန် သုံးခြင်းဖြင့် မျက်လုံးခြောက်ခြင်း၊ ယားခြင်း တို့မှ ကာကွယ်ပေးပြီး ရေဓါတ်ဖြည့်တင်းပေးပါတယ်။-မျက်လုံးများ ခြောက်ပါက ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။-ထို့ပြင် မျက်လုံး ကျန်းမာရေးနဲ့ ညီညွတ်သော အစားအစာများကို စားသုံးနိုင်ပါတယ်။ ဥပမာ မုန်လာဥနီ၊ ငါးအဆီ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ ၊ လိမ္မော်သီး၊ ငရုတ်ကောင်း တို့ဖြစ်ပါတယ်။ ထို့ပြင် ဗီတာမင် အေ၊ ဗီတာမင် အီး၊ ဇင့်၊ ကယ်လ်စီယမ်၊ ငါးကြီးဆီ စသည့် ဖြည့်စွက်စာများ စားသုံးနိုင်ပါတယ်။Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%80%9c%e1%80%b6%e1%80%af%e1%80%b8%e1%80%95%e1%80%bc%e1%80%90%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%81%8f-%e1%80%a1%e1%82%8f%e1%81%b1%e1%80%9b/
နားတွေ အရမ်းယားနေတာ ဘာကြောင့်များလဲ!
နားယားတာက အတော်လေးကသိကအောက်ဖြစ်စရာ ကောင်းတဲ့ ကိစ္စပါ။ ဒါပေမယ့် တော်တော်များများက နားယားတာကို ပုံစံအမျိုးမျိုး အကြောင်းရင်းခံ အဖုံဖုံနဲ့ ကြုံဖူးကြမှာပါ။ အခုတစ်ခေါက်တော့ နားတွေ အရမ်းယားနေတာ ဘာကြောင့်များလဲ ဆိုတာနဲ့ ဘယ်လို သက်သာအောင် လုပ်ရမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။နားယားတယ်ဆိုတာက တစ်ခါတလေမှာ နားအတွင်းပိုင်းထဲကို ပိုးဝင်ကူးစက်တာကို ဖော်ပြနေတဲ့ လက္ခဏာ တစ်ခုပါ။ ဒီလိုမျိုး ပိုးဝင်တာကြောင့် နားယားတာက အစပိုင်းမှာ သိပ်မပြင်းထန်ပေမယ့် နောက်ပိုင်းမှာ ပိုဆိုးလာနိုင်ပါတယ်။ နားထဲကို ပိုးဝင်တာက နားယားတာနဲ့အတူအဖျားဝင်တာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။နားထဲမှာနားဖာချေးတွေရှိနေတာာ ဒါမှမဟုတ် နားထဲ ရေဝင်သွားမယ်ဆိုရင်လည်းနားပိုးဝင်တာကို ဖြစ်စေနိုင်ပါတယ်။  နာတာရှည် နားပိုးဝင်တာ ခဏခဏ ပြန်ဖြစ်တတ်ပြီး သေချာလေး ကုသဖို့ လိုပါမယ်။နားက ပုံမှန်အားဖြင့် အဆီနဲ့ နားဖာချေးတွေကို ထုတ်လုပ်ပါတယ်။ တကယ်လို့ နားဖာချေးတွေကို အလွန်အကျွံ သန့်စင်လိုက်မိမယ်ဆိုရင်တော့ နားက ပြောင်ရှင်းပြီး ခြောက်သွေ့မှုက နားယားတာ နဲ့ နားထဲမှာ ခိုးလိုးခုလု ဖြစ်တာမျိုး ဖြစ်စေနိုင်ပါတယ်။အချို့သော အစားအစာတွေကဓာတ်မတည့်မှုကို ဖြစ်စေပြီး နားယားတာကို ဖြစ်စေနိုင်ပါတယ်။ ဘယ်လို အစားအစာတွေလဲဆိုတော့ အခွံမာသီးတွေ၊ နို့၊ ငါး နဲ့ ပင်လယ်စာ၊ ဂျုံ၊ ပဲပိစပ် စတာတွေပါ။ ဒီလိုအစာဓာတ်မတည့်မှုက မျက်နှာနဲ့ နားအတွင်းတွေအပြင် ခန္ဓာကိုယ် အနှံ့ကို ယားယံစေနိုင်ပါတယ်။ အင်ပြင် ထွက်တာမျိုးတွေလည်း ရှိနိုင်ပါတယ်။ဒီလို ဓာတ်မတည့်မှုနဲ့ အတူ အသက်ရှူရပါ ခက်လာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ချက်ချင်းပြသကြည့်ဖို့ လိုပါမယ်။နားထဲမှာ နားဖာချေး ပိတ်နေတာကလည်း အသံသေချာ  မကြားရတာကို ဖြစ်စေနိုင်သလို နားအတွင်းပိုင်း ပိုးဝင်တာကိုလည်း ဖြစ်စေနိုင်ပါတယ်။ နားဖာချေးဆိုတာက နားထဲကဆဲလ်သေတွေကို အညစ်အကြေးတွေကို နားပြင်ပကို ထွက်ရှိလာအောင် လုပ်ဆောင်ပေးတဲ့အရာပါ။နာဖားချေးတွေက ပုံမှန်ဆိုရင် သူ့အလိုလို ထွက်လာပြီး ရေချိုးလိုက်ရင် ထွက်လာတာကြောင့် သီးသန့်ကြီးနားက‌လော်စရာ မလိုပါဘူး။ နားဖာချေးတွေ သန့်သွားအောင် ကလော်လိုက်မှ အတွင်းထဲကို ပိုဝင်သွားပြီး နားဖာချေးပိတ်ဆို့တာ ဖြစ်တတ်ပါတယ်။ နားဖာချေးတွေက အချိန်ကြာလာချိန်မှာ ခြောက်သွေ့သွားပြီး နားယားတာကို ခံစားရနိုင်ပါတယ်။နားကြားကိရိယာတပ်ဆင်ထားရတာကလည်း နားယားတာကို ဖြစ်စေနိုင်ပါတယ်။ အကြောင်းကတော့ နားကြား ကိရိယာမှာ ပလပ်စတစ် အပေါ်စွပ်လေး ပါနေတာကြောင့်ပါ။ ဓာတ်မတည့် ဖြစ်လွယ်တဲ့ သူတွေမှာဆိုရင် အသေးစား ဓာတ်မတည့်မှုလေးတွေ ဖြစ်ပြီး နားယားတာကို ခံစားရနိုင်ပါတယ်။ တစ်ခါတလေမှာ နားကြားကိရိယာနဲ့ နားနဲ့ကြားမှာ ရေဝင်နေတာကြောင့်လည်း နားယားတတ်ပါတယ်။နားထဲ ရေဝင်တာက နားပိုးဝင် ကူးစက်တာကို ဖြစ်စေနိုင်သလို နားယားတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ရေဝင်နေတဲ့အတွက် နားထဲမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားပြီး ပိုးဝင်လွယ်စေတာကြောင့်ပါ။ဆိုရီရေးစစ်၊ အရေပြား ရောင်ရမ်းနာ၊ နှင်းခူ စတာလိုမျိုး အရေပြား ပြဿနာကို ခံစားနေရမယ်ဆိုရင်လည်း နားအရေပြားကိုပါ ထိခိုက်စေပြီး နားယားတာကို ခံစားရနိုင်ပါတယ်။နားယားတာကို ပုံမှန်အားဖြင့် အိမ်တွင်းကုထုံးတွေနဲ့ သက်သာအောင် လုပ်ဆောင်လို့ ရပါတယ်။တကယ်လို့ ဒီနည်းလမ်းတွေနဲ့ လုပ်ဆောင်ပေမယ့် နားယားတာက မသက်သာဘူး။ ပိုဆိုးလာမယ်။ အကြာားအာရုံကို ထိခိုက်တာမျိုးအထိ ဖြစ်လာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာလေး ပြသလို့ လိုအပ်တဲ့ စစ်ဆေးမှုကို ခံယူဖို့ တိုက်တွန်းပါရစေ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/ear-conditions/causes-of-ear-itching/
Water retention (ဖောခြင်း)
Water retention ဆိုတာဘာလဲ။Water retention ဆိုသည်မှာ ခန္ဓါကိုယ်ရှိ သွေးလည်ပတ်မှုစနစ်၊ တစ်ရှူးများ၊ သို့မဟုတ် အခေါင်းပေါက်နေရာလေးများထဲတွင် အရည်များ ပိုလျှံစုပုံလာခြင်း ဖြစ်ပါတယ်။ ဖေါခြင်း ဟုလည်းခေါ်ကြပါတယ်။ခန္ဓါကိုယ်ရဲ့ မည်သည့်နေရာတွင်မဆို အကြောင်းအမျိုးမျိုးကြောင့် ဖေါနိုင်ပါတယ်။Water retention ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Water retention ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။Water retention ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အရည်များစုပြုံနေသော ခန္ဓါကိုယ်၏ အစိတ်အပိုင်း များ တွင် ဖေါင်းကားလာပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။(ယေဘူယျအသိပေးချက် – ယခုအပိုင်းရဲ့အစပိုင်းမှာထည့်သွင်းပါ။သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။(တကယ်လို့ တခြားဘာအချက်အလက်မှမရှိဘူးဆိုရင် ဒီအောက်ကစာသားကို ထည့်သွင်းပါ)။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဘာတွေက ဖေါခြင်း ကို ဖြစ်ပွားစေသလဲ။ဖေါခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။-သွေးကြောငယ်လေးများ – အာဟာရ၊ ဗီတာမင်၊ အောက်ဆီဂျင် များပါဝင်သော အရည်များသည် သွေးကြောငယ်များထဲမှ ဘေးပတ်ဝန်းကျင်ရှိ တစ်ရှူးများထဲသို့ စိမ့်ဝင်ခြင်းဖြစ်ပါတယ်။ ထိုအရည်ကို Interstitial fluid ဟုခေါ်ပါတယ်။ထို အရည်သည် ဆဲလ်များကို အာဟာရဖြည့်တင်းပေးပြီး သွေးကြောငယ်များထဲ ပြန်လည်စီးဝင်ပါတယ်။ ထိုသွေးကြောငယ်များထဲတွင် အရည်ဖိအားပြောင်းလဲမှုများ ဖြစ်သောအခါ ဖေါခြင်းကိုဖြစ်စေပါတယ်။သွေးကြောငယ်များ ရဲ့ နံရံဟာ ပျော့သောအခါ အရည်များအလွယ်တကူ စိမ့်ထွက်ပြီး ဖေါခြင်းကို ဖြစ်စေပါတယ်။အရည်များစွာ စိမ့်ထွက်ပါက အများစုဟာ တစ်ရှူးထဲတွင် ကျန်ရစ်နေခဲ့ပြီး ဆဲလ်များကြား နေရာများထဲ စုပြုံကာ ဖေါရောင်ခြင်းကို ဖြစ်စေပါတယ်။ပြန်ရည်ကြော စနစ်- ပြန်ရည်ကြောဟာ တစ်ရှူးများထံမှ အရည်ကို ပြန်သယ်လာကာ သွေးကြောထဲသို့ ထည့်သွင်းပေးသော တာဝန်ကိုလုပ်ဆောင်ပါတယ်။ ထိုအရည်များ အရမ်းများပါက ပြန်ရည်ကြောမှ လျင်မြန်စွာ ပြန်မသယ်ပေးနိုင်တော့ဘဲ တစ်ရှူးများကြား အရည်စုပြုံလာနိုင်ပါတယ်။ ထိုသို့ဖြင့် ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်း အကုန်မှာ ဖေါရောင်ခြင်း ဖြစ်လာနိုင်ပါတယ်။ ဥပမာ- ဝမ်းဗိုက်၊ ခြေကျင်းဝတ်၊ ခြေထောက် ။နှလုံး- သွေးကြောများထဲရှိ ဖိအားပုံမှန်စေရန် နှလုံးက တစ်စိတ်တစ်ပိုင်း လုပ်ဆောင်ပေးပါတယ်။ နှလုံးမှ အားနည်းလာပါက သွေးကြောများထဲ ဖိအားပြောင်းလဲမှု ဖြစ်လာပြီး ဖေါရောင်ခြင်းကို ဖြစ်စေပါတယ်။ ဝမ်းဗိုက်၊ ခြေကျင်းဝတ်၊ ခြေထောက် စသည်တို့ ရောင်လာပါမယ်။ အဆုတ်ထဲလည်း အရည်များဝင်နိုင်ပြီး နာတာရှည် ချောင်းဆိုးခြင်း၊ အသက်ရှူခက်ခြင်း များဖြစ်တတ်ပါတယ်။Congestive heart failure သည် နှလုံးကိုရော ၊ အဆုတ်ကိုပါ ထိခိုက်စေပါတယ်။ ဆီးဆေးများ ဆရာဝန်မှ ညွှန်ကြားနိုင်ပါတယ်။ ဆီးဆေးများဟာ ခန္ဓါကိုယ်တွင်းရှိ ပိုလျှံနေသော အရည်များကို စွန့်ထုတ်ပေးနိုင်ပါတယ်။ကျောက်ကပ်- သွေးများသည် ကျောက်ကပ်ထဲတွင် အညစ်အကြေးများ၊ အရည်များ နှင့် အခြားသော ပစ္စည်းများကို စွန့်ပစ်ပါသည်။ ထိုနေရာတွင်ပဲ ခန္ဓါကိုယ်အတွက် လိုအပ်သည့်အရာများကို သွေးက ပြန်လည်စုပ်ယူထားလိုက်ပါတယ်။ မလိုအပ်သည်များကို ဆီးအဖြစ် စွန့်ပစ်ပါတယ်။ ကျောက်ကပ်သည် ခန္ဓါကိုယ်မှ မလိုသောပစ္စည်း အတော်များများကို စွန့်ပစ်ပေးနိုင်ပါတယ်။ သို့သော် ကျောက်ကပ်သို့ သွေးစီးဆင်းမှုနည်းခြင်း၊ ကျောက်ကပ်အားနည်းခြင်း စသည်တို့ဖြစ်ပါက အညစ်အကြေးများနှင့် မလိုအပ်သည့် အရည်များကို ကျောက်ကပ်မှ မစွန့်ပေးနိုင်ဘဲ ခန္ဓါကိုယ်ထဲ စုပုံကာ ဖေါရောင်ခြင်းကို ဖြစ်စေပါတယ်။ကိုယ်ဝန်ဆောင်ခြင်း- ကိုယ်ဝန်ဆောင်ချိန်တွင် သားအိမ်၏ အလေးချိန်ဟာ တင်ပါးဆုံဝန်းကျင်ရှိ သွေးပြန်ကြောများအပေါ် သက်ရောက်ကာ မိခင်၏ ခန္ဓါကိုယ်တွင်း အရည်များစုစည်းမှု ကိုဖြစ်စေပါတယ်။ သို့သော် မီးဖွားပြီးပါက ထိုအခြေအနေမှာ အလိုအလျောက် ပြန်လည်ကောင်းမွန်သွား တတ်ပါတယ်။ကိုယ်လက်လှုပ်ရှားခြင်း- ကိုယ်လက်လှုပ်ရှားခြင်းဟာ ခြေထောက်မှ သွေးပြန်ကြောများကို နှလုံးသို့ ကောင်းမွန်စွာ စီးဆင်းစေပါတယ်။ ထိုစီးဆင်းမှုနှေးကွေးပါက အရည်များ သွေးကြောငယ်များတွင် စုပြုံကာ ဖိအားများလာပြီး ဘေးရှိ တစ်ရှူးများထဲသို့ စိမ့်ဝင်သွားစေပါတယ်။ ပြန်ရည်ကြောများဟာ ပိုလျှံနေသော အရည်များကို သွေးကြောများထဲ ပြန်လည်ပို့ဆောင်ပေး နိုင်ပြီး ကိုယ်လက်လှုပ်ရှားခြင်း ပုံမှန်ပြုလုပ်ပါက ထိုပြန်ရည်ကြောများ စွမ်းဆောင်ရည်ကို တက်စေပါတယ်။ လှုပ်ရှားမှု နည်းပါက ဖေါရောင်ခြင်း ဖြစ်နိုင်ချေ များပါတယ်။ လေယာဉ် အချိန်ကြာစွာ စီးရသူများ အနေဖြင့် ခြေခြင်းဝတ်လှုပ်ရှားခြင်း၊ မကြာခဏ မတ်တပ်ရပ်ပေးခြင်း စသည်တို့ကို ပြုလုပ်ခြင်းဖြင့် ဖေါရောင်ခြင်း ကိုကာကွယ်နိုင်ပါတယ်။အသားဓါတ်- ခန္ဓါကိုယ်တွင်း အရည်ဓါတ်ကို ထိန်းညှိရာတွင် အသားဓါတ်များဟာ အရေးပါပါတယ်။ အသားဓါတ်နည်းသွားပါက ရေများကို တစ်ရှူးများမှ သွေးကြောထဲရောက်ရှိစေရန် ခက်ခဲပါတယ်။ အစားသောက်ထဲ အသားဓါတ်နည်းပါက ငတ်ပြတ်နေသော်လည်း ဝမ်းဗိုက်ပိုင်း ဖေါရောင်တာတွေ့ရပါတယ်။Histamine – ခန္ဓါကိုယ်တွင်း ရောင်ရမ်းခြင်းဖြစ်ပါက ထွက်လာသော Histamine သည် သွေးကြောနံရံ ဆဲလ်များကို ကြဲစေပြီး အရည်များကို သွေးကြောပြင်ပသို့ စိမ့်စေပါတယ်။ ရည်ရွယ်ချက်မှာ ရောင်နေသော နေရာဆီသို့ ပိုးကိုတိုက်ခိုက်ပေးမည့် သွေးဖြူဥများ အမြန်ရောက်စေရန်ဖြစ်ပါတယ်။ သို့သော ထိုရောင်ရမ်းခြင်း အချိန်ကြာပါက သွေးကြောအပြင်ဘက်တွင် အရည်များ ပိုလျှံ ဖေါရောင်ခြင်းကို ဖြစ်စေပါတယ်။ဖေါစေသော ဆေးများ။ရာသီလာခြင်းနှင့် ဖေါခြင်း- ထိုအချန်တွင် ဟော်မုန်းအပြောင်းအလဲ ကြောင့် ဖေါရောင်ခြင်းဖြစ်ကာ ဗိုက်ပွခြင်း၊ ရင်သားများ တင်း၍နာခြင်း တို့ဖြစ်ရပါတယ်။အာဟာရ မမျှတခြင်း- အသားဓါတ်နှင့် albumin နည်းသော အစားအစာများ၊ sodium ဆားဓါတ်များ သော အစားအစာများ ဟာ ဖေါရောင်ခြင်းကို အားပေးပါတယ်။ဓါတ်မတည့်ခြင်း- အချို့သော အစားအစာများနှင် အကောင်ကိုက်ခြင်း တို့ဟာ ဓါတ်မတည့်သောသူများမှာ ဖေါရောင်ခြင်းကို ဖြစ်စေပါတယ်။Thyroid gland ရောဂါဖြစ်ခြင်း။ဘယ်အရာတွေက water retention ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ယခုအပိုင်းရဲ့အစပိုင်းမှာ အနက်ရောင်တောက်တောက်ဖြင့် ထည့်သွင်းဖော်ပြပါ)။ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။Water retention ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။ဖေါရောင်ခြင်းကို အတည်ပြုရန် ဆရာဝန်က စမ်းသပ်မှုများကို ပြုလုပ်ပေးနိုင်ပါတယ်။အရည်များ အဆုတ်တွင်း စုနေသည်ဟု သံသယရှိပါက X rays ဓါတ်မှန်ရိုက်ခြင်းကို ပြုလုပ်နိုင်ပါတယ်။ အရည်တွေ့ပါက နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါတစ်ခု ရှိနေနိုင်ပါတယ်။ ရှေးဦးစွာ ရောဂါရာဇဝင် ကိုမေးခြင်းနှင့် စမ်းသပ်ခြင်း တို့က ရောဂါကို အတည်ပြုရန် လွန်စွာ အထောက်အကူပြုပါတယ်။ ထို့ကြောင့် ခံစားရသော ရောဂါလက္ခဏာများကို အသေးစိတ် အကုန်ပြောပြဖို့ အရေးကြီးပါတယ်။ ထို့ပြင် ရောဂါအများစု ဟာ မျိုးရိုးလိုက်တတ်ပါတယ်။ ပြည့်စုံသော ရောဂါရာဇဝင် နှင့် စမ်းသပ်မှု အဖြေများဟာ ရောဂါ အဖြေရှာ အတည်ပြုရာမှာ အရေးကြီးပါတယ်။ဖေါရောင်ခြင်း အများစုဟာ အညစ်အကြေးစွန့်ရာတွင် အဓိကကျသော ကျောက်ကပ်နှင့် အသည်းတွင် ပြသနာရှိခြင်းကြောင့် အဖြစ်များပါတယ်။ ထို့ကြောင့် အသည်းစွမ်းဆောင်ရည် စစ်ဆေးမှုကို ပြုလုပ်ရနိုင်ပါတယ်။ အသည်းခြောက်ခြင်း၊ အသည်းအဆီဖုံးခြင်း တို့ကို စစ်ဆေးရပါမယ်။ စစ်ဆေးမှုရလဒ်များ ရသည်နှင့် ချက်ချင်းကုသမှုကို ပြုလုပ်နိုင်ပါတယ်။ ထို့ပြင် ဆီးနှင့် ကျောက်ကပ် စမ်းသပ် စစ်ဆေးမှုများကို လည်းပြုလုပ်ရပါမယ်။သွေးအားနည်းခြင်း၊ ရေဓါတ်ခန်းခြောက်ခြင်း တို့ကို သိရှိရန် သွေးဖေါက်၍ သွေးဥဆဲလ်များ ပမာဏ ကို စစ်ဆေးခြင်းများ လည်းပြုလုပ်နိုင်ပါတယ်။ သွေးအားနည်းခြင်း၊ ရေဓါတ်ခန်းခြောက်ခြင်း တို့ဖြစ်ပါက အစားအသောက်နှင့် ရေဓါတ်ကို ထိန်းညှိပေးဖို့ လိုပါတယ်။ ရေဓါတ်နည်းခြင်းဟာ လည်း ဖေါရောင်စေပါတယ်။နှလုံးရောဂါ ရှိခြင်းဟာလည်း ဖေါရောင်ခြင်းကို အားပေးသောကြောင့် နှလုံးစမ်းသပ်ခြင်းများ ECG electrocardiogram တို့ကိုပြုလုပ်ရနိုင်ပါတယ်။ မိသားစုရာဇဝင် ကိုမေးမြန်းကာ နှလုံးခုန်နှုန်းကိုလည်း စမ်းသပ်ပါလိမ့်မယ်။Water retention ကို ဘယ်လိုကုသလဲ။-ဆီးဆေးများ အသုံးပြုခြင်း- ထိုသို့ဖြင့် ခန္ဓါကိုယ်တွင်း ပိုလျှံနေသော အရည်များကို စွန့်ပစ်စေနိုင်ပါတယ်။ သို့သော် အချန်ကြာလာပါက အရည်များကို ပိုမို စုလာစေနိုင်ပါတယ်။ဆရာဝန်က အဓိက အကြောင်းရင်းဖြစ်တဲ့ သွေးကြောများမှ အရည်များ ယိုစိမ့်ခြင်းကို ကုသပါလိမ့်မယ်။ အသားဓါတ်ပြသနာ နှင့် ဆက်စပ်သောကြောင့် တစ်ရှူးထဲရှိ အသားဓါတ်များ ဖြိုခွဲသော ဆေးများပေးနိုင်ပါတယ်။ သို့သော် ဖေါရောင်ခြင်းဟာ သွေးကြောများယိုစိမ့် သောကြောင့် ဟုတ်မဟုတ် ဆရာဝန်များပင် ခွဲရခက်ပါတယ်။ဖေါရောင်ခြင်းလက္ခဏာများကို သက်သာစေရန်။-ဆားဓါတ် အနည်းငယ်သာ စားသုံးခြင်း။-ကိုယ်အလေးချိန် ပုံမှန်ထားခြင်း။-ပုံမှန် ကိုယ်လက်လှုပ်ရှားခြင်း။-သွေးလည်ပတ်မှုကောင်းအောင် ခြေထောက်များ ကို မကြာခဏ ထောင်ထားခြင်း။-ခြေထောက် stockings များဝတ်ဆင်ခြင်း။-အချိန်ကြာစွာ ထိုင်ခြင်း၊ မတ်တပ်ရပ်ခြင်းများကို ရှောင်ကြဉ်ခြင်း။-ပုံမှန် လမ်းလျှောက်ခြင်း။-ပူလွန်း/အေးလွန်းခြင်း ကို ရှောင်ခြင်း။-ဖေါရောင်သော နေရာမှ စ၍ နှလုံးဘက်သို့ နှိပ်နယ်ပေးခြင်းဖြင့် အရည်များ နှလုံးသို့ ကောင်းစွာ သွားရန် အထောက်အကူပြုပါတယ်။ သို့သော် နာကျင်မှုကို မဖြစ်စေသင့်ပါ။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက water retention ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် water retention ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။-အငန်လျှော့စားခြင်း။-Magnesium ဓါတ်များများစားသုံးခြင်း။-vitamin B6 သောက်သုံးခြင်း။-Potassium များသော အစားအစာများစားသုံးခြင်း။-နေကြာစေ့စားခြင်း။-အသင့်စားရန် လုပ်ထားသော အစားအစာများ ရှောင်ကြဉ်ခြင်း။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/symptoms/water-retention-%e1%80%96%e1%80%b1%e1%80%ac%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8-2/
ကနစိုးသီး စားပေးရင် ရမယ့် ကျန်းမာရေး အာနိသင်
ငယ်ငယ်ကမိုးရာသီရောက်ပြီဆိုရင် ကနစိုးသီး ချိုချိုလေးတွေ စားခဲ့ကြတာ မှတ်မိလား။ မိုးဦးကျ ကာလမှာမိုးအေး​အေးလေးနဲ့ စားလိုက်ရင်ချိုချိုချဉ်ချဉ် အရသာရှိတဲ့ ကနစိုးသီးကို စားရတာ သဘောကျတယ်ဆိုရင်တေ့ အခုလို ကျန်းမာရေးအကျိုးကျေးဇူးလေးတွေ ရရှိနိုင်ပါတယ်။ကနစိုးသီးဆိုတာက အပြင်ခွံ ဝါဖန့်ဖန့်လေးနဲ့ အတွင်းမှာ အကြည်ရောင် ဒါမှမဟုတ် အဖြူရောင် အမွှာလေးတွေ ပါတတ်ပြီး အတွင်းက အစေ့ကတော့ ခရမ်းရောင်မကျ ပန်းရောင်မကျလေးပါ။ စားလိုက်ရင်ချိုချိုချဉ်ချဉ်လေးနဲ့ အရသာရှိပြီး မိုးကျပြီဆိုရင် အရသာချိုချိုလေးနဲ့ စားရတာ တော်တော်လေး အရသာရှိပါတယ်။အမြဲစိမ်းပင်မျိုးဖြစ်ပြီး အထက်မြန်မာပြည် နဲ့ အောက်မြန်မာပြည်လိုမျိုး မိုးများတဲ့ ဒေသတွေမှာ ပေါက်ရောက်ကြပါတယ်။ အပင်အရွယ်အစားကတော့ အမြင့်ပေ ၄ဝ မှ ၅ဝ အထိရှိ​ကြပြီး ပင်စည်လုံး ပတ်ကတော့ ၃ ပေမှ ၅ ပေလောက် ရှိကြပါတယ်။ကနစိုးသီးမှာ။စားလိုက်ရင် ချိုချိုချဉ်ချဉ်နဲ့ အရသာရှိတဲ့ ကနစိုးသီးက။ဝိတ်ကျစေနိုင်တယ်။ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေတဲ့ ကနစိုးသီးက ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးနိုင်ဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဝိတ်ချနေချိန်မှာ ကနစိုးသီး အပါအဝင် ​ဗီတာမင် C ကြွယ်ဝတဲ့ အသီးတွေကို စားသုံးပေးတာကကိုယ်အလေးချိန်ကို လျော့ကျစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ကိုယ်ခံအားကောင်းစေတယ်။အင်အားပြည့်စေတယ်။လှုပ်ရှားသွားလာမှုတိုင်းအတွက် အင်အားလိုအပ်ပါတယ်။ ဒီ အင်အားတွေ ပြည့်ဝနေဖို့ဆိုရင် လိုအပ်တဲ့ အာဟာရကို ပြည့်ဝဖို့ လိုအပ်ပါမယ်။ ဒီအင်အားကို အဓိကglucoseကနေ ရရှိတာပါ။ glucose ကို စားသုံးလိုက်တဲ့ ကစီဓာတ်နဲ့ သကြားဓာတ်တွေကို ချေဖျက်မှုကနေ ရရှိတာဖြစ်ပါတယ်။ glucose ရရှိစေဖို့ဆိုရင် ကနစိုးသီးလေး စားပေးလို့ ရပါတယ်။ကြွက်သား သန်မာစေတယ်။ကနစိုးသီးမှာ ကြွက်သားတွေ တည်ဆောက်မှုအပေါ် အများကြီးအားဖြည့်ပေးနေတဲ့ ပရိုတင်းဓာတ် ပါဝင်နေပါတယ်။ကြွက်သားတွေသန်စွမ်းစေဖို့ဆိုရင် ပရိုတင်း လုံလောက်ပြည့်ဝစွာ ရရှိဖို့ လိုအပ်မှာပါ။ ဒါကြောင့် ကြွက်သားတွေကို အကောင်းဆုံး အားဖြည့်နိုင်စေဖို့ဆိုရင် ကနစိုးသီး စားပေးလို့ရပါတယ်။အဖျားသက်သာစေနိုင်တယ်။ဗီတာမင် C ကြွယ်ဝမှု​ကြောင့် ကနစိုးသီးကို မကြာခဏ စားသုံးပေးမယ်ဆိုရင်အအေးမိဖျားနာတာကို သိသိသာသာ သက်သာစေနိုင်မှာပါ။ ကနစိုးသီး စားသုံးတာက အအေးမိတာ၊ နာကျင်ရောင်ရမ်းတာနဲ့နှာစေးတာလိုမျိုးကျန်းမာရေး ပြဿနာတွေကို သက်သာစေနိုင်ပါတယ်။အရိုး သန်မာစေနိုင်တယ်။ကနစိုးသီးမှာ ကယ်လ်ဆီယမ် ပါဝင်နေတာကြောင့်အရိုးပွတာမဖြစ်အောင် ကာကွယ်ပေးပါတယ်။ အရိုးတွေကို သန်မာစေပြီးအရိုးသိပ်သည်းဆကို အားဖြည့်ပေးနိုင် ပါတယ်။ အရိုးကျန်းမာသန်စွမ်းစေဖို့ ကယ်လ်ဆီယမ် ပြည့်ဝချင်တယ်ဆိုရင်တော့ ကနစိုးသီး စားပေးလို့ရပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/burmese-grapes-benefits/
အဝလွန်နေတဲ့ကလေး ဆီးချိုဖြစ်နိုင်ပါတယ်
မျှတတဲ့ အစာအာဟာရကို နေ့စဉ်စားသုံးဖို့နဲ့ နေ့စဉ် ကိုယ်ကာယလေ့ကျင့်ခန်း လုပ်ဆောင်နေမှသာ ကိုယ့်ရဲ့ကိုယ်အလေးချိန်ကို သေချာထိန်းထားပေးနိုင်မှာပါ။ ကလေးတွေအတွက် နေ့စဉ် ပြီးပြည့်စုံတဲ့ အစာအာဟာရ ရရှိဖို့ ပိုပြီးတောင် အရေးကြီးပါတယ်။ အစားအသောက်မမှန်တဲ့ ကလေးတွေဟာ အဝလွန်လာမယ်။ ကိုယ်လက်လေးလံ ထိုင်းမှိုင်းလာမယ်။ နောက်ဆက်တွဲအနေနဲ့ဆီးချိုရောဂါကိုပါ စောစီးစွာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကိုယ့်ရဲ့ ကလေး တစ်နေ့တာ စားသောက်ရမယ့် အစားအစာကို အစီအစဉ်သေချာရေးဆွဲပြီး ချမှတ်ပေးပါ။ကလေးတိုင်းနီးပါးဟာအချိုပါဝင်မှုများတဲ့ အစားအစာတွေ၊ အအေးတွေ ကြိုက်နှစ်သက်ကြပါတယ်။ အာဟာရဖြစ်စေတဲ့ အစာထက် မုန့်ပဲသွားရေစာတွေကို စားရတာကို ပိုသဘောကျပါတယ်။ ဒါဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုပါပဲ။ ဒါပေမဲ့ မိဘတွေဘက်က ဂရုမစိုက်ပဲ ကိုယ့်ကလေး စားပါစေဆိုပြီး လွှတ်ထားလိုက်ရင်တော့ နောက်ဆက်တွဲကျန်းမာရေးဆိုးကျိုးတွေ ကြုံလာရနိုင်ပါတယ်။အချိုများတဲ့ အစားအသောက်တွေဟာ ကလေးကို အဝလွန်စေတဲ့ အဓိက တရားခံတွေပါပဲ။ ကလေးတွေဟာ ချိုတဲ့အရသာဆိုရင် ပိုပြီး စွဲလမ်းကြတယ်။ မိဘတွေဘက်က သေချာဂရုမစိုက်မိလိုက်တဲ့အချိန်မျိုးမှာ ကလေးတွေအချိုတအားစားမိပြီး တဖြည်းဖြည်းနဲ့ အဝလွန်လာနိုင်ပါတယ်။လုံးဝမစားရဘူးလို့ ကန့်ကွက်တာထက် တစ်နေ့ကို ပမာဏတစ်ခု သတ်မှတ်ပေးပြီး ကလေးကို ကျွေးပါ။ ကလေးကိုလည်း အချိုတွေအများကြီးစားရင် ဘာတွေဖြစ်လာနိုင်လဲဆိုတာကို အမြဲရှင်းပြပေးပါ။အချိုအစားများပြီး အဝလွန်နေတဲ့ ကလေးတွေမှာ အများဆုံးတွေ့ရတတ်တဲ့ ရောဂါကတော့ အမျိုးအစား (၂)ဆီးချိုရောဂါပဲ ဖြစ်ပါတယ်။ဂလူးကို့စ် – glucose ဆိုတာ ကိုယ်ခန္ဓာက လိုအပ်တဲ့ အားအင်တွေကိုဖြည့်တင်းပေးဖို့ သကြားဓာတ်တစ်မျိုးပါ။ ဂလူးကို့စ်တွေကို အင်ဆူလင် – insulin လို့ ခေါ်တဲ့ ဟော်မုန်းတစ်မျိုးက ထိန်းချုပ်ပေးပါတယ်။ အင်ဆူလင်ဟော်မုန်းကို အဓိက ပန်ကရိယ – pancreas ကနေ ထုတ်လုပ်ပေးပါတယ်။အမျိုးအစား (၂) ဆီးချိုရောဂါတွေမှာ တွေ့ရတဲ့ ပြဿနာကတော့ ပန်ကရိယက အင်ဆူလင်ဟော်မုန်း ထုတ်လုပ်ပေးနေပေမယ့်လည်း အင်ဆူလင်ဟာ ခန္ဓာကိုယ်ထဲမှာ ပုံမှန်လို အလုပ်မလုပ်နိုင်တော့တာပါ။အင်ဆူလင်ကောင်းစွာ အလုပ်မလုပ်နိုင်တော့တဲ့အခါမှာ သွေးတွင်းသကြားဓာတ်တွေဟာ အဆမတန် မြင့်တက်လာပါတယ်။ ကိုယ်အလေးချိန်အရမ်းတက်ပြီးအဝလွန်နေတဲ့ ကလေးတွေမှာ အမျိုးအစား (၂) ဆီးချိုဖြစ်နိုင်ခြေ ပိုများတဲ့အပြင် သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းချုပ်ရတာ ပိုခက်နိုင်ပါတယ်။အမျိုးအစား (၂) ဆီးချိုရောဂါမှာ အင်ဆူလင် မတိုးတော့တဲ့ အခြေအနေ (insulin resistance) ဖြစ်လာပါတယ်။ ခန္ဓာကိုယ်က အင်ဆူလင်ကို ထုတ်ပေးနေသည့်တိုင်အောင် အလုပ်ကောင်းကောင်း မလုပ်နိုင်တဲ့အတွက် သွေးတွင်းဂလူးကို့စ်တွေ များလာတယ်။ အဲ့ဒီအခါမှာ ပန်ကရိယက အင်ဆူလင်ကို နဂိုကထက် ပိုထုတ်ပေးနေရတော့ ဒဏ်ဖြစ်လာပါတယ်။ကလေးတွေကို ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခိုင်းတာမျိုး၊ မကြာခဏ အားကစားလုပ်ခိုင်းတာ၊ ညနေဘက်တွေမှာ ဆော့ကစားစေပြီး ကိုယ်အလေးချိန်ကျအောင် လုပ်ပေးပါ။အိမ်ထဲမှာ လှောင်ပိတ်ထားပြီး တီဗီကြည့်တာမျိုး၊ ဖုန်း၊ ကွန်ပျူတာ အသုံးပြုနေတာတွေ့ပြီဆိုရင်လည်း အပြင်ထွက် ကစားခိုင်းပါ။ လမ်းလျှောက်တာ၊ ပြေးတာ၊ ရေကူးတာ အစရှိတဲ့ လေ့ကျင့်ခန်းတွေ အတူလုပ်လို့ရသလို အားကစားလိုက်စားစေဖို့လည်း မမေ့ပါနဲ့။အစာအာဟာရဟာ ကျန်းမာရေးအတွက် အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတာကြောင့် ကိုယ့်ကလေးရဲ့ နေ့စဉ်အာဟာရမှာဗီတာမင်နဲ့ သတ္တုဓာတ်တွေ လုံလောက်စွာ ရရှိစေဖို့ မိဘတွေအနေနဲ့ ဂရုစိုက်ပေးပါ။အချိုများတဲ့ ကိတ်မုန့်၊ သကြားလုံး၊ ရေခဲမုန့်၊ ဆိုဒါအအေးတွေကို တစ်နေ့လျှင် ပမာဏ နည်းနည်းသာ စားစေဖို့ ပြောပေးပါ။ အချိုကို လုံးဝမစားတာထက် ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ်ထိန်းပြီး စားနိုင်ဖို့အတွက် အလေ့အကျင့်လုပ်ထားပေးဖို့ အရေးကြီးပါတယ်။မိသားစုဝင်တွေအပါအဝင် ကိုယ့်ကလေးရဲ့ကျန်းမာရေးကို မျက်ခြေမပြတ်စေဖို့ နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပေးပါ။ ကိုယ့်ရဲ့ ကလေး စားတတ်တဲ့ အစားအစာတွေ၊ မုန့်ပဲသွားရေစာတွေကို မှတ်ထားပြီး ဆရာဝန်ကို ပြောပြပေးပါ။ ဘယ်ရောဂါမဆို မဖြစ်ခင် ကြိုတင်ကာကွယ်တာက အကောင်းဆုံးပါပဲ။ကလေးတွေကို ကျွေးတဲ့ အစားသောက်တွေမှာ အစာခြေစနစ်ကို ကျန်းမာစေတဲ့ အကျိုးပြုဘက်တီးရီးယားအာဟာရ(Prebiotics) တွေပါသင့်ပါတယ်။ ဒါမှ အူလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ အကျိုးပြု ဘက်တီးရီးယားတွေ အားကောင်းလာပြီး အပြင်ကဝင်လာတဲ့ ရောဂါပိုးတွေကို မြန်မြန်တိုက်ထုတ်နိုင်မှာပါ။ဒါ့အပြင် ဦးနှောက်နဲ့အမြင်အာရုံဖွံ့ဖြိုးစေဖို့အတွက် အရေးပါတဲ့ ဓာတ်တွေဖြစ်တဲ့ DHA၊Omega-3နဲ့ Omega-6 ပါဝင်တဲ့ အစားအသောက်တွေကိုလည်း ကျွေးသင့်ပါတယ်။ ကလေးတွေကိုကြီးထွားဖွံဖြိုးစေတဲ့ နို့တွေထဲမှာDHA၊ Omega-3၊ Omega-6 နဲ့ အကျိုးပြုဘက်တီးရီးယားအာဟာရ (Prebiotics) တို့ ကြွယ်ဝစွာ ပါဝင်လို့ ကိုယ့်ရဲ့ ကလေးကို ဉာဏ်ရည်ထက်မြက်ပြီး ကျန်းမာစေလိုတဲ့ မေမေတွေအနေနဲ့ သေချာတိုက်ကျွေးသင့်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/malnutrition/overweight-kids-and-diabetes/
မျက်ကပ်မှန်တပ်သည့်အခါ ပိုးမဝင်အောင်ဘယ်လိုကာကွယ်မလဲ
ယနေ့ခေတ်တွင် ပါဝါမျက်မှန်အစားထိုးမျက်ကပ်မှန်များကို တွင်ကျယ်စွာ အသုံးပြုလာကြပါတယ်။ သို့သော် ထိုမျက်ကပ်မှန်များကို မည်သို့ မှန်ကန်စွာအသုံးပြုရမည်ကို မသိပါက အန္တရာယ်ရှိနိုင်ပါတယ်။ လူအတော်များများဟာ မှန်ကန်စွာအသုံးမပြု သဖြင့် ပိုးဝင်ခြင်းများဖြစ်ကြပါတယ်။ ထို့ကြောင့် ပိုးမဝင်အောင် အောက်ပါအချက်များကို သိထားရပါမယ်။မျက်ကပ်မှန် အသုံးပြုတော့မည်ဆိုပါက မျက်လုံးဆရာဝန်နှင့် အရင် တိုင်ပင်ပြသသင့်ပါတယ်။ ဆရာဝန်က သင့်မျက်လုံးကို စစ်ဆေးပေးပြီး သင့်တော်သော မျက်ကပ်မှန်ကို အသုံးပြုဖို့ လမ်းညွှန်ပေးပါလိမ့်မယ်။လူတိုင်းလိုလို မျက်ကပ်မှန်ကို အသုံးပြုနိုင်သော်လည်း အချို့သော အောက်ပါ အခြေအနေများတွင် အသုံးမပြုနိုင်ပါ။-ပိုးဝင်ခြင်း။-ဓါတ်မတည့်ခြင်း။-မျက်လုံးရောဂါ တစ်ခုခု ရှိခြင်း။-မျက်လုံးထဲ ဖုန်များ၊ မီးခိုးများ ရှိနေခြင်း။မျက်ကပ်မှန်များရဲ့ ဘေးထွက်ဆိုးကျိုးများကို လည်းသိထားသင့်ပါတယ်။ မျက်လုံးထဲ ပြင်ပပစ္စည်းတစ်ခုခု ဝင်ပါက မျက်လုံးဟာ ပိုးဝင်ခြင်း၊ ထိခိုက်ခြင်းများ ဖြစ်တတ်ပါတယ်။ ထို့ကြောင့် ဆရာဝန် ညွှန်ကြားချက်အတိုင်း လိုက်နာဖို့ အရေးကြီးပါတယ်။ မျက်လုံးနာကျင်ခြင်း၊ နီရဲခြင်း၊ မျက်ဝတ်များထွက်လာခြင်း၊ အမြင်အာရုံပြောင်းလဲခြင်းတို့ဖြစ်ပါက မျက်စိဆရာဝန်နဲ့ အမြန်ဆုံးသွားပြသင့်ပါတယ်။မျက်ကပ်မှန်ကို နေ့စဉ် အသုံးပြုပါက အသုံးပြုနေသော မျက်ကပ်မှန်၏ သက်တမ်းကုန်ဆုံးရက်နှင့် အသုံးပြုချိန်မည်မျှကြာနေပြီ တို့ကို သိထားရပါမယ်။ မျက်ကပ်မှန် အမာစားများကို ရက်သတ္တပတ် အနည်းငယ်မှ နှစ်လလောက်အထိအသုံးပြုနိုင်ပြီး အပျော့စားများကို ရက်အနည်းငယ်မှ တစ်ပတ်အထိ အသုံးပြုနိုင်ပါတယ်။ အသုံးပြုခါစတွင် အနည်းငယ် ယားယံခြင်း၊ နေရခက်ခြင်း၊ နီရဲခြင်း၊ အလင်းမခံနိုင်ခြင်း၊ မျက်ရည်ကျခြင်းတို့ကို ကြုံတွေ့ရနိုင်ပါတယ်။ ထိုလက္ခဏာများကို မခံနိုင်ပါက တစ်ပတ်ကို တစ်ကြိမ်၊နှစ်ကြိမ်သာ အသုံးပြုသင့်ပါတယ်။မျက်ကပ်မှန်များကို သန့်ရှင်းအောင် ထားသိုဖို့ အရေးကြီးပါတယ်။ မျက်ကပ်မှန်တိုင်းကို ပိုးသတ်ထားသော ဆေးရည်တွင် စိမ်ထားရပါမယ်။ ညွှန်ကြားချက်မပါဘဲ မိမိဘာသာ မိမိ ထိုဆေးရည်ကို အသုံးမပြု သင့်ပါ။ တတ်ကျွမ်းသူမှ မည်သို့ မှန်ကန်စွာ အသုံးပြုရမည်ကို ရှင်းပြသည့်အတိုင်း လိုက်နာသင့်ပါတယ်။ ဆယ်ကျော်သက်များသည် ညွှန်ကြားချက်မပါသည် မျက်ကပ်မှန်များကို အသုံးပြုခြင်းကြောင့်အမြင်အာရုံဆုံးရှုံးခြင်းများ ဖြစ်တတ်ပါတယ်။သင့်တော်သော မျက်ကပ်မှန် အရောင်းဆိုင်နှင့် မျက်ကပ်မှန် အမျိုးအစားများကို သိရှိရန် ဆရာဝန်နဲ့ အရင် တိုင်ပင်သင့်ပါတယ်။မျက်ကပ်မှန် အသုံးပြုခြင်းရဲ့ လွယ်ကူမှုက ငြင်းမရနိုင်ပါဘူး။ သို့သော် မျက်လုံးကို မထိခိုက်အောင် အသုံးပြုနိုင်ဖို့ သိထားသင့်ပါတယ်။ အထက်ဖေါ်ပြပါ အချက်များက သင့်ကို မျက်ကပ်မှန် မည်သို့ မှန်ကန်စွာ အသုံးပြုရမည်ကို အထောက်အကူ ပြုပါလိမ့်မယ်။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%80%80%e1%80%95%e1%80%b9%e1%80%99%e1%80%bd%e1%80%94%e1%80%b9%e1%80%90%e1%80%95%e1%80%b9%e1%80%9e%e1%80%8a%e1%80%b9%e1%80%b7%e1%80%a1%e1%80%81%e1%80%ab-%e1%80%95/
ကလေးများ ၀မ်းပျက်ဝမ်းလျှောဖြစ်ခြင်း
မင်္ဂလာပါ။Hello ဆရာဝန်ကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခေါက် ဆွေးနွေးပေးမှာကတော့ အခုလို ရာသီဥတု အကူးအပြောင်းကာလတွေမှာ ကလေးတွေ ဖြစ်တတ်တဲ့ ဝမ်းပျက်ဝမ်း‌လျှော ရောဂါအကြောင်းပါ ။၀မ်းပျက်ဝမ်းလျှောဖြစ်တာက အဓိကအားဖြင့် Rota virus – ရိုတာဗိုင်းရပ်စ်လို့ခေါ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်ရတာပါ ။ တခြားသော ဘက်တီးရီးယား ၊ ကပ်ပါးကောင်တွေကြောင့် ဖြစ်တာလည်း ရှိပါတယ် ။ ၀မ်းပျက်ရောဂါပိုးဟာ မသန့်တဲ့ အစားအစာကနေ တဆင့်ကူးစက်တာ ဖြစ်ပါတယ်။၀မ်းပျက်ဝမ်းလျှောရောဂါဖြစ်တဲ့ ကလေးတွေမှာ ၀မ်းသွားတာအပြင် ပျို့အန်ခြင်း ၊ မျက်တွင်းကျခြင်း ၊ ရေငတ်ခြင်း ၊ ရေမသောက်နိုင်ခြင်း ၊ ဆီးထွက်နည်းခြင်း နဲ့ မှိန်းခြင်း အစရှိတဲ့ အန္တရာယ်လက္ခဏာတွေ ဖြစ်လာတတ်ပါတယ် ။ ဒါ့ကြောင့် ၂၄ နာရီအတွင်း ၀မ်းလျှောတာ ၃ ခါထက်ပိုရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ဆီ သွားရောင်ပြီး အမြန်ဆုံး ကုသမှု ခံယူသင့်ပါတယ် ။၀မ်းပျက်ဝမ်းလျှောရောဂါမှာ ‌လက္ခဏာအလိုက် ရေဓာတ်ဆုံးရှုံးမှု အဆင့်ဆင့်ရှိပါတယ် ။၁ ၊ ရေဓာတ်ဆုံးရှံးမှု မရှိခြင်း။ဒီအဆင့်မှာတော့ ဆေးရုံတက်ဖို့မလိုပါဘူး  ။ အိမ်မှာပဲ စောင့်ကြည်ပြီးတော့ ကုသမှုအနေနဲ့ ဆရာဝန်ရဲ့ ညွှန်ကြားချက်သောက်ဆေးတွေ Folic acid နဲ့ Zinc ဓာတ်တွေ သောက်ရပါမယ် ။ ပုံမှန်အတိုင်း အစားကို ထည့်ကျွေးပါ ။ ဒါ့အပြင် ဖြစ်နိုင်သမျှ အရည်များများ သောက်သုံးရပါမယ် ။ အထူးသဖြင့် ဓာတ်ဆား ၊ ဆားခတ်ထားတဲ့ ရေသန့် ၊ စွပ်ပြုတ်ရည်တွေကို သောက်ရပါမယ် ။ မသောက်သင့်တဲ့ အရည်တွေကတော့ အချိုရည်တွေ ၊ လက်ဖက်ရည်တွေပဲ ဖြစ်ပါတယ် ။ ရေဓာတ်နဲ့ ဓာတ်ဆားဖြည့်ဖို့အတွက် ဘီပီအိုင်ဓာတ်ဆားကို ရွေးချယ်သင့်ပါတယ် ။၂ ၊ ၀မ်းလျှောပြီးနောက် ရေဓာတ်ဆုံးရှုံးမှုအနည်းငယ်ရှိခြင်း။အများအားဖြင့် ဆေးရုံတင်လေ့ ရှိပါတယ် ။ သောက်ဆေးတွေနဲ့ ဓာတ်ဆားရည်တွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်း အတိအကျသောက်သုံးသင့်ပါတယ် ။ ဒီအခြေအနေမှာတော့ ပုံမှန်အားဖြင့် ဆေးသွင်းလေ့ မရှိပါဘူး ။ အန္တရာယ်ရှိတဲ့ လက္ခဏာတွေကို စောင့်ကြည့်ဖို့တော့ လိုအပ်ပါတယ် ။၃ ၊ ၀မ်းလျှောပြီး ရေဓာတ်ဆုံးရှုံးမှု အလွန်များခြင်း။အရေးပေါ်အခြေအနေပါ ။ ဆေးရုံတက်ဖို့ လိုအပ်ပါတယ်။ သွေးကြောရှာပြီး  ဆေးပုလင်းချိတ်ရပါမယ် ။ ကလေးမိဘတွေအနေနဲ့ ဆရာဝန်ရဲ့ လမ်းညွှန်ကုသမှုကို အတိအကျလိုက်နာဖို့ လိုအပ်ပါတယ် ။ဒီဆောင်းပါးပါ အချက်တွေကို လိုက်နာခြင်းဖြင့် သင်ရော သင့်ပတ်ဝန်းကျင်က ကလေးတွေရော ၀မ်းလျှောရောဂါပိုးမှ ကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာနဲ့ စာသင်နိုင်မှာပါ။ အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ။ရေးသားသူ – ဒေါက်တာအောင်ကျော်မြင့်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/infectious-diseases-in-children/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%81%80%e1%80%99%e1%80%ba%e1%80%b8%e1%80%95%e1%80%bb%e1%80%80%e1%80%ba%e1%80%9d%e1%80%99%e1%80%ba%e1%80%b8%e1%80%9c%e1%80%bb/
Overhydration (ရေဓါတ်များခြင်း)
Overhydration ဆိုတာ ခန္ဓါကိုယ်တွင်းတွင် ရေများ များနေခြင်းကို ခေါ်ပါတယ်။ ခန္ဓါကိုယ်၏ ရေသောက်သုံးမှုဟာ ဆုံးရှံးမှုထက် ပိုသောအခါ ဖြစ်ပါတယ်။တနည်းအားဖြင့် ရေကို ခန္ဓါကိုယ်မှ လိုအပ်တာထက် ပိုပြီး သောက်သုံးသည့်အခါ ဖြစ်ပါတယ်။ အထူးသဖြင့် အားကစားသမားများသည် ရေဓါတ်ခမ်းခြောက်မည်ကို ကြောက်၍ ရေကို အလွန်အကျွံသောက်သုံးတတ်ကြသည်။ ထိုသို့သောက်သုံးခြင်းဖြင့် အခန့်မသင့်ပါက overhydration ရေဓါတ်ပိုလျှံခြင်း ဖြစ်ကြပါတယ်။ စိတ်ရောဂါကြောင့် ရေများ အလွန်အကျွံသောက်သုံးခြင်းကို psychogenic polydipsia ဟုခေါ်သည်။ နောက်ဆုံးရလဒ်ဟာ ရေဓါတ်များပြီး ဆားဓါတ် နည်းလာခြင်းဖြစ်ပါတယ်။ ထို့ကြောင့် ရေဓါတ်ပိုလျှံခြင်းဟာ သွေးထဲတွင် sodium ဟူသော ဆားဓါတ်ကို နည်းစေပါသည်။ ထိုသို့ ဆားဓါတ်နည်းခြင်းဟာ ခန္ဓါကိုယ် အတွက် အန္တရာယ်ဖြစ်စေပါတယ်။ သို့သော် သာမန်အားဖြင့် ခန္ဓါကိုယ်တွင်းရှိ ပစ်ကျူထရီ ဂလင်း၊ ကျောက်ကပ်၊ အသည်း နှင့် နှလုံးတို့ ကောင်းမွန်ပါက ရေများများသောက်တိုင်း ရေဓါတ်ပိုလျှံခြင်း မဖြစ်တတ်ပါ။ ထို့ပြင် ကျောက်ကပ် ကောင်းမွန်ပါက အညစ်အကြေးစွန့်ထုတ်နိုင်ရန် လူငယ်တစ်ယောက်အနေနဲ့ တစ်နေ့ကို ရေ ၂၃ လီတာ သောက်သုံး နိုင်ပါတယ်။ကျောက်ကပ်မှ ဆီးကို ပုံမှန်မစွန့်ထုတ်နိုင်သော သူများတွင် ရေဓါတ်ပိုလျှံခြင်း အဖြစ်များပါတယ်၊ ဥပမာ- နှလုံး၊ ကျောက်ကပ်၊ အသည်း မကောင်းသူများ၊ ရက်မစေ့ခင်မွေးသော ကလေးငယ်များ တွင်ဖြစ်တတ်ပါတယ်။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အထူးသဖြင့် ဦးနှောက် ဆဲလ်များဟာ ရေဓါတ်ပိုလျှံခြင်းနဲ့ သွေးတွင်း ဆားဓါတ်နည်းခြင်းကို ခံနိုင်ရည် မရှိကြပေ။ ရေဓါတ် ပိုလျှံခြင်း ဟာ အနည်းငယ်သာ ဖြစ်ပါက ဦးနှောက်ဆဲလ်များဟာ လိုက်လျောညီထွေနေရန် အချိန်ရပြီး ရောဂါ လက္ခဏာ အသေးစားများသာ ပြပါတယ်။ ဥပမာ- ပင်ပန်းခြင်း၊၊ ရေဓါတ် ပိုလျှံခြင်းဟာ လျင်မြန်စွာ ဖြစ်ပါက၊ ပြင်းထန်ပါက တက်ခြင်း၊ သတိလစ်ခြင်းများ အထိဖြစ်တတ်ပါတယ်။ ရေဓါတ် ပိုလျှံခြင်းဖြစ်သော်လည်း သွေးပမာဏမှာ ပုံမှန်ဖြစ်ပါက ပိုလျှံနေသော ရေများဟာ ဆဲလ်များအတွင်း ရွေ့သွားပြီး ဖေါရောင်ခြင်းကို မဖြစ်စေပါ။ခန္ဓါကိုယ်တွင်း သွေးပမာဏ များလာပါက ရေများဟာ အဆုတ်နဲ့ ခြေထောက်တို့မှာ စုပုံလာနိုင်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ရေဓါတ် ပိုလျှံခြင်း ဟာ ရေဓါတ်မမျှတလို့ဖြစ်ပါတယ်။ ခန္ဓါကိုယ်သည် ရေများကို ကျောက်ကပ်မှ စွန့်ထုတ်သော ပမာဏထက်ကျော်လွန်၍ ဆွဲထားခြင်းကြောင့် ဖြစ်တတ်ပါတယ်။ရေသောက်များခြင်း သို့မဟုတ် ရေများ စွန့်ပစ်ခြင်းပုံမမှန်ပါက ရေဓါတ် ပိုလျှံခြင်းကို ဖြစ်စေပါတယ်။ ရေတွင် ခန္ဓါကိုယ်အတွက် အရေးပါသော ဓါတ်များပျော်ဝင်ပါတယ်။ မာရသွန် ပြေးသော သူများကဲ့သို့ အားကစားသမားများသည် ပြိုင်ပွဲရှိပါက ရေကိုပိုသောက်တတ်ပါတယ်။ ဆေးပညာတက္ကသိုလ်က ရေကို မျှတစွာသောက်သုံးရန် နည်းလမ်းများကို ထုတ်ဝေခဲ့ပါတယ်။ ကျန်းမာသော လူကြီးတစ်ယောက်ဟာ တစ်နေ့ကို ရေ ၂.၃ လီတာမှ ၂.၉ လီတာခန့်(၉ ခွက်ကနေ ၁၃ခွက်ထိ)သောက်သုံးသင့်ပါတယ်။ ရေဓါတ်လိုအပ်မှုများဟာ အသက်၊ လိင်၊ ရာသီဥတု၊ လှုပ်ရှားမှု ပမာဏ နှင့် ကျန်းမာရေးတို့ပေါ် မူတည်ပါတယ်။ ထို့ကြောင့် ရေကို မည်မျှ သောက်သုံးသင့်သည်ဟု တိကျသော ဖေါ်မြူလာ မရှိပါ။ အပူများခြင်း၊ ပြင်းထန်စွာ လှုပ်ရှားခြင်း၊ အဖျားကြီးခြင်း စသည်တို့ဖြစ်ပါက သာမန်ထက် ပိုပြီး ရေဓါတ်လိုအပ်ပါတယ်။ကျန်းမာသော လူတစ်ယောက်တွင် ဆီးဟာ သင် ရေဓါတ်မျှတမှုရှိမရှိ သိနိုင်သော အညွှန်းတစ်ခု ဖြစ်ပါတယ်။ လီမွန်ရောင်လို အဝါဖျော့ ရောင်ဆီးဟာ ပုံမှန်ဖြစ်ပါတယ်။ အရောင်ရင့်ပါက ရေဓါတ်လိုအပ်ခြင်းကို ပြပါတယ်။ ဘာအရောင်မှ မရှိသော ဆီးဟာ ရေဓါတ် ပိုလျှံခြင်းကို ဆိုလိုပါတယ်။အားကစားသမားများတွင် ရေဓါတ် ပိုလျှံခြင်း အဖြစ်များပါတယ်။ ဟားဗတ်ရှိ အားကစား ကျွမ်းကျင် ပညာရှင်များက အားကစားလုပ်စဉ် ရေငတ်ခြင်းနှုန်းကို ကြည့်ခြင်းဖြင့် ရေဓါတ်မျှတမှုရှိမရှိ သိနိုင်သည်ဟု ဆိုပါတယ်။ အောက်ပါ အချို့အခြေအနေများနှင့် ဆေးများဟာ ရေဓါတ် ပိုလျှံခြင်းကိုဖြစ်စေပါတယ်။-နှလုံးအားနည်းခြင်း။-အသည်းရောဂါဖြစ်ခြင်း။-ကျောက်ကပ်ရောဂါ ရှိုခြင်း။-ဆီးသွားခြင်းကိုထိန်းပေးသော ဟော်မုန်း ပုံမမှန်သော ရောဂါဖြစ်ခြင်း။-steroid မပါသော အရောင်ကျဆေးများ။-ထိန်းချုပ်မှုမရှိသော ဆီးချိုရောဂါရှိခြင်း။အချို့အခြေအနေများနှင့် ဆေးများဟာ ရေငတ်စေခြင်းဖြင့် ရေဓါတ် ပိုလျှံခြင်းကိုဖြစ်စေပါတယ်။-schizophrenia ဟူသော စိတ်ရောဂါ။-MDMA/Ecstasy ဟူသော စိတ်ကြွဆေးများ။-စိတ်ရောဂါကုဆေးများ။-ဆီးဆေး။ရေဓါတ်ပိုလျှံခြင်းဟာ အားကစားသမားများတွင် အားကစားမလုပ်ခင်နှင့် လုပ်နေစဉ် ရေအလွန်အကျွံသောက်ခြင်း ကြောင့်အဖြစ်များပါတယ်။ ဥပမာ-။-တာဝေးအပြေးသမားများ (၄၂ ကီလိုမီတာထက် ပိုသောအကွာအဝေး)။-စက်ဘီးပြိုင်သမားများ။-rugby ကစားသမားများ။-လှေလှော် ကစားသမားများ။-တောင်တက် ကစားသမားများ။-စစ်သားများ။ရေဓါတ်ပိုလျှံခြင်း ဟာကျောက်ကပ် သို့မဟုတ် အသည်းရောဂါသည်များ၊ နှလုံးရောဂါသည်များ တွင်လည်းတွေ့နိုင်ပါတယ်။အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။-ဆရာဝန်မှ မေးမြန်း၊ စမ်းသပ်ခြင်း။-သွေးဖေါက်စစ်ဆေးခြင်း။-ဆရာဝန်က ဖေါရောင်ခြင်းလက္ခဏာများကို စမ်းသပ်ခြင်းနှင့် သွေးထဲရှိ electrolytes ပမာဏကိုစမ်းသပ်ခြင်းဖြင့် ရေဓါတ်သီးသန့်များခြင်း လား၊ သွေးထဲအရည်များပြီး ဆားဓါတ်နည်းခြင်းလား ကိုခွဲခြားသိနိုင်ပါတယ်။ရေသောက်သုံးခြင်းကို အများအားဖြင့် ထိန်းချုပ်လေ့ရှိပါတယ်။ ရေကို လေးပုံတစ်ပုံလျှော့သောက်ခြင်းဖြင့် ရက်အနည်းငယ်ကြာသောအခါ ပြန်ကောင်းမွန် လာပါတယ်။ နှလုံး၊ အသည်း သို့မဟုတ် ကျောက်ကပ်ရောဂါ တစ်ခုခုကြောင် ရေဓါတ်ပိုလျှံပြီး သွေးထဲအရည်ပမာဏများပါက။ဆားဓါတ် စားသုံးမှုကို ထိန်းချုပ်ခြင်းဖြင့် ကုသပါတယ်။ ဆားဓါတ်သည် ရေများကို ခန္ဓါကိုယ်တွင်း ဆွဲထားသောကြောင့်ဖြစ်ပါတယ်။တစ်ခါတစ်ရံ ဆရာဝန်များဟာ ဆီးထဲတွင် ဆားများ၊ ရေများကို စွန့်ထုတ်စေလိုသောကြောင့် ဆီးဆေးများ ညွှန်းလေ့ရှိပါတယ်။ ဆီးထဲတွင် ဆားများ၊ ရေများကို စွန့်ထုတ်စေနိုင်သော အခြားသော ဆေးများကို သွေးပမာဏ ပုံမှန်ရှိပါက ၊ဆေးရုံတက်နေစဉ်ဖြစ်ပါက ညွှန်းလေ့ရှိပါတယ်။လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကရေဓါတ် ပိုလျှံခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ရေဓါတ် ပိုလျှံခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အားကစားသမားများ အနေဖြင့် ပြိုင်ပွဲ မတိုင်ခင်နှင့် ပြိုင်ပွဲပြီးတွင် ကိုယ်အလေးချိန် တိုင်းခြင်းဖြင့် ရေဓါတ် ပိုလျှံခြင်း အန္တာရာယ်ကို လျော့နည်းစေပါတယ်။ ထိုသို့ဖြင့် ရေမည်မျှ ဆုံးရှံးသွားပြီး မည်မျှ ပြန်ဖြည့်ရမည်ကို သိနိုင်ပါတယ်။ ကိုယ်အလေးချိန် တစ်ပေါင်လျော့ပါက ရေ ၁၆-၂၀ အောင်စ ပြန်သောက်ရန် ထောက်ခံကြပါတယ်။အားကစားလုပ်နေစဉ် တစ်နာရီကို ရေ ၂ ခွက်ကနေ ၄ ခွက်သောက်သုံးသင့်ပါတယ်။ အားကစားလုပ်ခြင်းဟာ တစ်နာရီ ထက်ပိုကြာပါက electrolytes ပါသော အချိုရည်များ သောက်သုံးသင့်ပါတယ်။ ထိုအချိုများတွင် သကြားဓါတ်၊ sodium၊ potassium စသည့် ချွေးထဲဆုံးရှုံးသွားနိုင်သော ဓါတ်များ ပါဝင်ပါတယ်။အားကစားလုပ်နေစဉ် ရေငတ်ပါက ရေပိုသောက်သင့်ပါတယ်။သင့်တွင် ဆီးချို၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါများရှိပါက အကောင်းဆုံးကုသနည်း အတွက် ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။ ပုံမှန်မဟုတ်ဘဲ ရေငတ်ခြင်းဟာ ရောဂါ တစ်ခုခုကြောင့် ဖြစ်နိုင်သောကြောင့် ဆရာဝန်နှင့် ပြသင့်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/overhydration-%e1%80%9b%e1%80%b1%e1%80%93%e1%80%ac%e1%80%90%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
အဆိပ်ရှိသော မြွေကိုက်ခံရခြင်း
မြွေက ကိုယ့်အသားကို ကိုက်လိုက်ပြီဆိုရင် ဒါဟာ မြွေပေါက်ခံရတာပါပဲ။ အဲဒီမြွေက အဆိပ်ရှိတယ်ဆိုရင်တော့ ဒါဟာ အရေးပေါ်အခြေအနေတစ်ရပ် ဖြစ်သွားပါပြီ။အဆိပ်ကို ထိုးသွင်းခံလိုက်ရပြီးတဲ့နောက်မှာ ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့။• ကိုက်ခံရတဲ့နေရာမှာ ပြင်းပြင်းထန်ထန် နာမယ်။• ရောင်မယ်၊ နီရဲလာမယ်၊ အညိုကွက်တွေ ဖြစ်လာမယ်၊ ကိုက်ခံရတဲ့နေရာကနေ တဖြည်းဖြည်း ကျယ်ပြန့်လာမယ်။• ပျို့မယ်၊ အော့အန်မယ်။• ဝမ်းလျှောမယ်။• အရေပြားမှာ အယားကွက်တွေ ထလာမယ်။• နှုတ်ခမ်း၊ လျှာနဲ့ အာခေါင်တွေ ထူလာမယ်။• အသက်ရှူရခက်ပြီး ရင်ကြပ်သလို ဖစ်လာမယ်။• စိတ်တွေ ရှုပ်ထွေးလာမယ်၊ ခေါင်းမူးဝေမယ်၊ သတိလစ်မယ်။• နှလုံးခုန်နှုန်းတွေ မူမမှန် ဖြစ်လာမယ်။အကောင်းဆုံးကတော့ အနီးဆုံးဆေးရုံရဲ့ အရေးပေါ်ဌာနကို အမြန်သွားပြီး မြွေဆိပ်ဖြေဆေးနဲ့ တခြားအရေးပေါ်လိုအပ်မယ့် ကုသမှုတွေ ခံယူလိုက်တာပါပဲ။ တခုခုနဲ့ စည်းနှောင်ထားတာမျိုး၊ ကိုက်ခံရတဲ့အနာကို ခွဲထုတ်ပစ်တာမျိုး၊ သွေးကို စုပ်ထုတ်တာမျိုးတွေကတော့ မလုပ်သင့်ပါဘူး။ဘယ်လိုအခြေအနေမျိုးမှာမဆို ဆေးရုံသွားပြပြီး ဆရာဝန်ဆီက ကုသမှုခံယူဖို့ လိုပါတယ်။မြွေကိုက်မခံရဖို့အတွက်။မြွေများပုန်းအောင်း နေနိုင်တဲ့နေရာများကို ရှောင်ပါ။ (ဥပမာ ကျောက်တုန်းအောက်လို နေရာမျိုးတွေ)။အဆိပ်မရှိဘူး ဆိုရင်တောင်မှ ကိုယ့်မှာကျွမ်းကျင်မှု မရှိဘူးဆိုရင် မြွေနဲ့ကစားတာမျိုးတွေ မလုပ်ပါနဲ့။တကယ်လို့ ကိုယ်က တောင်တက်လေ့ရှိသူဆိုရင် မြွေကိုက်တာနဲ့ ကုသမှုပေးနိုင်အောင် လက်ဆွဲအိတ်ဆောင်ထားပါ။ သက်တမ်းလွန်နေတဲ့ အိတ်တွေ မသုံးမိဖို့တော့ လိုပါတယ်။မြွေကို သွားမစပါနဲ့။ အဲ့လိုစလိုက်ရင် မြွေက ပိုပြီး ပြင်းပြင်းထန်ထန် ကိုက်လေ့ရှိပါတယ်။မှောင်တဲ့နေရာတွေ သွားတဲ့အခါ တစ်နေရာရာထဲ မဝင်မီ တုတ်နဲ့အသံပေးပါ။ ဒါဆိုရင် မြွေက ကိုယ့်ကို ရှောင်သွားပါလိမ့်မယ်။မြွေပေါတဲ့နေရာတွေဆီ သွားမယ်ဆိုရင်တော့ ဘောင်းဘီရှည်ဝတ်တာ၊ လည်ရှည်ဖိနပ်စီးတာမျိုးတွေ လုပ်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%a1%e1%80%86%e1%80%ad%e1%80%95%e1%80%b9%e1%80%9b%e1%80%bd%e1%80%ad%e1%80%b1%e1%80%9e%e1%80%ac-%e1%80%b1%e1%81%bf%e1%80%99%e1%80%bc%e1%80%80%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%81%e1%80%b6/
အိပ်ရာနိုးတိုင်း လည်ချောင်းနာတာ ဘာကြောင့်ပါလိမ့်!
လည်ချောင်းနာပြီး လည်ချောင်းထဲက ခြောက်ကပ်ကပ်နဲ့ မနက်ခင်းအိပ်ရာနိုးလာရတာက အတော်လေး ကသိကအောက် ဖြစ်စေတာပါ။ စကားပြောဖို့လည်း ခက်၊ တစ်ခုခုကို မျိုချဖို့လည်း ခက်သလို ရေမျိုချရတာတောင် အတော်လေး မလွယ်ကူပါဘူး။ ဒီလိုမျိုး အိပ်ရာနိုးတိုင်း လည်ချောင်းနာတာ ဘာကြောင့်ပါလိမ့်! ဆိုတာကို ပြောပြပေးချင်ပါတယ်။အိပ်ရာနိုးတိုင်း လည်ချောင်းနာတာ ဘာကြောင့်ပါလိမ့် ဆိုတော့ အခု ပြောပြပေးမယ့် အချက်တွေကြောင့်ပါ။အိပ်ခန်းထဲက လေထုက ခြောက်သွေ့နေမယ်ဆိုရင်တော့လည်ချောင်းထဲက အချွဲမြှေးတွေကို ခြောက်သွေ့စေပြီး လည်ချောင်း ခြောက်တာ၊ လည်ချောင်းနာတာမျိုးတွေ ခံစားရနိုင်ပါတယ်။ အထူးသဖြင့် ဆောင်းတွင်းကာလတွေမှာပါ။ ဒါကြောင့် အိပ်ရာနိုးတိုင်း လည်ချောင်းနာနေပြီဆိုရင် အိပ်ခန်း လေထုကို သတိထားပေးပါ။ရေဓာတ် ခမ်းခြောက်တာကခံတွင်းခြောက်တာ၊လည်ချောင်းခြောက်တာတွေကို  ခံစားရစေနိုင်ပါတယ်။ ညဘက်တွေမှာ အိပ်စက်နေတာကြောင့် ရေမသောက်ဖြစ်ဘူးလေ။ ဒီတော့ ရေဓာတ် ခမ်းခြောက်ပြီး လည်ချောင်းနာရင်း အိပ်ရာနိုးလာရတာပါ။ တစ်နေ့လုံး ရေလုံလောက်အောင် မသောက်မိတာ၊ မအိပ်ခင်မှာ အငန်ကဲတာကို စားမိတာ၊ အရက်သောက်မိတာတွေကလည်းရေဓာတ်ခမ်းခြောက်စေပြီး အိပ်ရာနိုးချိန်မှာ လည်ချောင်းနာတာကို ခံစားရနိုင်ပါတယ်။အစာခြေ အက်ဆစ် ပြန်ဆန်တက်တာ (GERD) ဆိုတာက အစာခြေအက်ဆစ်ရည်တွေ အစာရေမျိုထဲကို ပြန်ဆန်တက်လာတာမျိုးပါ။ လှဲနေချိန်မှာ အက်စစ်တွေဆန်တက်လာတာကြောင့် မနက်ခင်းမှာ လည်ချောင်းနာတာကို ဖြစ်စေနိုင်ပါတယ်။နှာရည်တွေက နှာခေါင်းထဲကနေ နောက်ပြန်စီးပြီး လည်ချောင်းထဲကို ရောက်သွားတဲ့အခါ လည်ချောင်း အတွင်းနံရံတွေ ရောင်ရမ်းတာ၊ လည်ချောင်းနာတာတွေကို ခံစားရစေနိုင်ပါတယ်။ မနက်ခင်းမှာ လည်ချောင်းနာရက်နဲ့ နိုးလာရတာကနှာရည် နောက်ပြန်စီးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။အိပ်ရင်းဟောက်တဲ့အခါ ပါးစပ်နဲ့ အသက်ရှူရတာကြောင့် လည်ချောင်း ခြောက်စေပြီး လည်ချောင်းနာရက်နဲ့ အိပ်ရာနိုးလာရတာပါ။ အိပ်ရင်း ဟောက်တာက မနက်ခင်းမှာ လည်ချောင်းနာတာကို ဖြစ်စေနိုင်ပါတယ်။ဗိုင်းရပ်စ်တွေ ကူးစက်တာ ဘက်တီးရီးယားတွေ ကူးစက်တာကလည်း မနက်ခင်းမှာ လည်ချောင်းနာနာနဲ့ အိပ်ရာနိုးလာတတ်ပါတယ်။ အအေးမိတာ၊တုပ်ကွေးနဲ့ ပြင်းထန်တဲ့ပိုးဝင်ကူးစက်မှုတွေက လည်ချောင်းနာတာကို ဖြစ်စေပြီး မနက်ခင်းမှာ လည်ချောင်းနာနာနဲ့ နိုးလာနိုင်ပါတယ်။ဓာတ်မတည့်မှုက အိပ်ရေးပျက်စေနိုင်သလို လည်ချောင်းထဲမှာ ခြောက်တာ၊ ရှတတ ဖြစ်တာမျိုးတွေ ခံစားရစေနိုင်သလို လည်ချောင်း အတွင်းနံရံတွေ ရောင်ရမ်းတာကို ဖြစ်စေနိုင်ပါတယ်။ဓာတ်မတည့်တာကလည်း နှာရည်နောက်ပြန်စီးတာကို ဖြစ်စေပြီး မနက်ခင်းမှာ လည်ချောင်းနာနာနဲ့ အိပ်ရာနိုးလာစေနိုင်ပါတယ်။မီးခိုးမြူတွေနဲ့ ပိုးသတ်ဆေးတွေ၊ ဖုန်မှုန့်တွေက လည်ချောင်းထဲက တစ်ရှူးတွေကို ရောင်ရမ်းစေပြီး မနက်အိပ်ရာ  ထချိန်မှာ လည်ချောင်းနာတာကို ဖြစ်စေနိုင်ပါတယ်။ဆေးလိပ်သောက်တဲ့သူတွေမှာ လည်ချောင်းနာတာကို ခံစားရနိုင်ပါတယ်။ စီးကရက်ငွေ့က လည်ချောင်း နဲ့အသက်ရှူလမ်းကြောင်းတွေကို ခြောက်သွေ့စေပြီး လေပြွန်တွေကို ရောင်ရမ်းတာ ဖြစ်စေနိုင်သလို အိပ်ရာနိုးချိန်မှာ လည်ချောင်းနာတာကို ခံစားရစေနိုင်ပါတယ်။စကားသံ ကျယ်ကျယ် ပြောတာ၊ သီချင်းဆိုတာ၊ တစ်နေကုန် မနားတမ်း စကားပြောတာက လည်ချောင်းထဲက တစ်ရှူးတွေနဲ့ ကြွက်သားတွေကို ရောင်ရမ်းစေပြီး အသံကြိုးတွေကို ရောင်စေနိုင်သလို အသံဝင်တာ၊ မနက်ခင်းမှာ လည်ချောင်းနာပြီး အိပ်ရာနိုးတာတွေကို ဖြစ်စေနိုင်ပါတယ်။ကဲ …. ဒီအချက်တွေကြောင့် လည်ချောင်းနာရက်နဲ့အိပ်ရာနိုးလာရတာပါနော်။ ဆင်ခြင်လို့ ရတာလေးတွေကို ဆင်ခြင်လိုက်တော့နော်။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/throat-conditions/what-can-cause-a-sore-throat-every-morning/
ကြက်သွန်နီ လေးရဲ့ အလှအပကောင်းကျိုးတွေ
ဘယ်အိမ်ရဲ့ မီးဖိုချောင်ထဲကိုပဲ ဝင်ဝင်ကြက်သွန်နီ၊ကြက်သွန်ဖြူမရှိတဲ့အိမ်ဆိုတာ အရှားသား။ အသုတ်လေးတွေ သုတ်စား၊ ဆီပြန်ဟင်းလေးတွေ ချက်စားလေ့ရှိတဲ့အတွက် ကြက်သွန်နီဟာ အခြေခံစားသောက်ကုန်ပါပဲ။ ကြက်သွန်နီဟာ စူးရှမွှန်ထူတဲ့ အနံ့ရှိပေမယ့် သူ့မှာပါတဲ့ အာဟာရဓာတ်တွေ၊ ကျန်းမာရေးအတွက် ကောင်းကျိုးတွေကတော့ အံ့မခန်းပါပဲ။ ဒီထဲမှာ ဘယ်သူမှ သတိမထားကြတာကတော့ ကြက်သွန်နီဟာ အလှအပအတွက် သုံးနိုင်တယ်ဆိုတာပါပဲ။ ဒီအနံ့ပြင်းတဲ့ ကြက်သွန်နီက ဟုတ်ပါ့မလားလို့ ယူဆရင်  အောက်ကဆောင်းပါးလေးကို ကြည့်ကြည့်ကြရအောင်။လတ်ဆတ်တဲ့ ကြက်သွန်နီ အရွယ်တော်လေး တစ်လုံးကို ထက်ဝက်ခြမ်းပြီး အရည်ရအောင် ညှစ်ပါ။ ဒီအရည်ကို ဂွမ်းလုံးလေးနဲ့ တို့တို့ပြီး မျက်နှာ အနံ့လိမ်းပေးပါ။ ခဏကြာရင် ရေနွေးလေးနဲ့ ပြန်ဆေးချပါ။  ကြက်သွန်နီမှာ သွေးလည်ပတ်မှုကို ကောင်းစေတဲ့အတွက် အရေပြားကို တင်းရင်းပြီးအရေးကြောင်းကို ကင်းစေတယ်။ ငယ်ရွယ်နုပျိုတဲ့ အသားရေကို ပိုင်ဆိုင်ရမှာပါ။လွယ်လွယ်ကူကူပဲ ကြက်သွန်နီကို အရည်ညှစ် မျက်နှာပေါ်မှာလိမ်းပြီး ညင်ညင်သာသာ နှိပ်နယ်ပေးပါ။ ဒါမှမဟုတ် ကြက်သွန်နီအရည် စားပွဲတင်ဇွန်း တစ်ဇွန်းနဲ့ သံလွင်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းကို ရောပြီး မျက်နှာမှာ လိမ်းထားပါ။ ၁၅မိနစ်နေရင် ရေနဲ့ ပြန်ဆေးချပါ။ သူ့မှာပါတဲ့ ပိုးသေစေတဲ့ သတ္တိနဲ့ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ သတ္တိကြောင့်ဝက်ခြံတွေကို သက်သာစေမှာပါ။ကြက်သွန်နီမှာပါတဲ့ဗီတာမင်စီက အမည်းစက်တွေ၊ တင်းတိပ်တွေ၊အသားအရောင်မညီတာတွေကို ကုသပေးနိုင်ပါတယ်။ ပြုလုပ်နည်းကတော့။-ဒိန်ချဉ်အလွတ် စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ ကြက်သွန်နီအရည် စားပွဲတင်ဇွန်းတစ်ဇွန်းကို ရောပါ။ အမွှေးဆီ (လာဗင်ဒါအဆီ) ၄၊ ၅စက်လောက်ရောပါ။ မျက်နှာမှာလိမ်းပြီး လက်ချောင်းလေးတွေနဲ့ စက်ဝိုင်းပုံနှိပ်ပေးပါ။-သံပုရာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ကြက်သွန်နီအရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းကို ရောပါ။ ဂွမ်းလုံးနဲ့တို့ပြီး မျက်နှာမှာ လိမ်းပေးပါ။ ၁၀မိနစ် ၁၅မိနစ်လောက်နေရင် ရေနွေးလေးနဲ့ ဆေးချပါ။-ကြက်သွန်နီအရည် စားပွဲတင်ဇွန်းတစ်ဇွန်းမှာ နနွင်းမှုန့် နည်းနည်း ထည့်ပြီး ရောပါ။ မျက်နှာမှာ လိမ်းပြီး နှိပ်နယ်ပေးပါ။ ခဏနေရင် ရေဆေးချပါ။ရေဓာတ်ပြည့်ဝပြီးglow skinဖြစ်ဖို့ ကြက်သွန်နီက ကူညီပေးနိုင်ပါတယ်။ သူ့မှာပါတဲ့antioxidantsတွေ၊ ဗီတာမင်တွေက မျက်နှာ အသားအရေ ညစ်နွမ်းတာကို သက်သာစေပြီး ကျန်းမာပြီး ဝင်းလက်တဲ့ အသားအရည်ကို ပိုင်ဆိုင်စေမှာပါ။ ပြုလုပ်နည်းကတော့ ကြက်သွန်နီကို အရည်ညှစ်ပြီး မျက်နှာမှာ လိမ်း၊ ခဏနေရင် ရေပြန်ဆေးရုံပါပဲ။ကြက်သွန်နီက သွေးသန့်စေတဲ့ သတ္တိရှိပါတယ်။ ဒါကြောင့် အသားအရေလေးက ကြည်နေတာပေါ့။ ဒီလိုဖြစ်ဖို့အတွက်ဆိုရင် ကြက်သွန်နီအရည် စားပွဲတင်ဇွန်း နှစ်ဇွန်းနဲ့  gram flour တစ်ဇွန်း၊ နို့ တစ်ဇွန်း၊ မြေပဲအခွံမာ တစ်ဇွန်းကို ရောပါ။ ဒီအနှစ်ကို မျက်နှာအပါအဝင် လက်တွေ၊ ခြေထောက်တွေ၊ လည်ပင်းတွေမှာပါ လိမ်းလို့ရပါတယ်။ ၁၅မိနစ်နေရင်တော့ ရေဆေးချလိုက်ပါ။ကြက်သွန်နီအရည်ကိုနှုတ်ခမ်းသားမှာ လိမ်းပေးမယ်ဆိုရင် ဆဲလ်အသေတွေကို ကွာကျစေတာကြောင့် နူးညံ့တဲ့ နှုတ်ခမ်းသားလေးကို ပိုင်ဆိုင်ရမှာပါ။ကြက်သွန်နီကို အနှစ်ရအောင် ကြိတ်ပြီး ခေါင်းမှာ နှံ့နေအောင်လိမ်း၊ ပြီးရင် ခေါင်းစွပ်လေးစွပ်ပြီး တစ်ညထားလိုက်ပါ။ မနက်မိုးလင်းရင် ပုံမှန်အတိုင်း ခေါင်းလျှော်ပြီး ပျော့ဆေးသုံးပါ။ တစ်ပတ် တစ်ခေါက်လောက် ပုံမှန်လုပ်မယ်ဆိုရင်တောင်ဆံပင်ကျွတ်တာသက်သာပြီး ဗောက်တွေလည်း ပျောက်သွားမှာပါ။ဒါတွေက ကြက်သွန်နီရဲ့ အလှအပနဲ့ ပတ်သတ်ပြီး ကောင်းကျိုးလေးတွေပါ။ ဒါပေမယ့် တချို့တွေမှာ ဓာတ်မတည့်မျိုးလည်း ဖြစ်နိုင်လို့ သုံးနေရင်းနဲ့ စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ ယားလာတာဆို ဆက်မသုံးဖို့ အကြံပေးချင်ပါတယ်။ ကောင်းတဲ့အချက်ကတော့ အိမ်မှာတင် အလွယ်ရှိနေတာမို့လို့ ပုံမှန်လုပ်ဖြစ်ဖို့ ပိုများပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%80%e1%80%bc%e1%80%80%e1%80%ba%e1%80%9e%e1%80%bd%e1%80%94%e1%80%ba%e1%80%94%e1%80%ae-%e1%80%9c%e1%80%b1%e1%80%b8%e1%80%9b%e1%80%b2%e1%80%b7-%e1%80%a1%e1%80%9c%e1%80%be%e1%80%a1%e1%80%95%e1%80%80/
နှာခေါင်းထဲမှာ အနံ့ဆိုးတွေ ဖြစ်နေတာ ဘာကြောင့် ဖြစ်မလဲ!
အနံ့ဆိုးတော်တော်များများက ပါးစပ်ကပဲ ဖြစ်တယ်လို့ လူသိများကြပေမယ့် တစ်ခါတလေမှာ နှာခေါင်းထဲမှာလည်း အနံ့ဆိုးတွေ ဖြစ်တာမျိုး ရှိနိုင်ပါတယ်။ ဒီလို ဖြစ်တတ်လား။ နှာခေါင်းထဲမှာ အနံ့ဆိုးတွေ ဖြစ်နေတာ ဘာကြောင့် ဖြစ်မလဲ! ဆိုတာကို ပြောပြပေးသွားမှာမို့ အတူတူ ကြည့် လိုက်ရအောင်နော်။အချို့သူတွေမှာ နှာခေါင်းထဲမှာ ပုံမှန် မဟုတ်တဲ့ အနံ့တွေကို ရနေတာမျိုး၊ အနံ့ ဆိုးဆိုးတွေကို ရနေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး နှာခေါင်းထဲမှာ အနံ့ဆိုးတွေ ဖြစ်ေစတဲ့ အကြောင်းရင်းတွေက တစ်ခု မကဘူးပေါ့။အကြမ်းဖျင်း ပြောရမယ်ဆိုရင်တော့ ထိပ်ကပ်နာဖြစ်တာ၊ နှာခေါင်းတွင်းမှာကျန်းမာရေး ပြဿနာတစ်ခုခု ရှိတာနဲ့ ခံတွင်းမှာ ကျန်းမာရေးကိစ္စ တစ်ခုခုရှိနေတာကြောင့် ဖြစ်နိုင်ပါတယ်။ပြင်းထန်တဲ့ နာတာရှည် ထိပ်ကပ်နာ။နှာခေါင်းထဲမှာ အနံ့ဆိုးတွေ ဖြစ်နေတာက နှာခေါင်းအတွင်းက လေအိတ်တွေထဲမှာပိုးဝင် ကူးစက်မှုတစ်ခုခု ရှိနေတာကြောင့်ပါ။ ပြင်းထန်တဲ့ ထိပ်ကပ်နာနဲ့ နာတာရှည် ထိပ်ကပ်နာကို ခံစားနေရတာကြောင့် လေအိတ်ထဲမှာ ရောင်ရမ်းပြီး ပြည်ပုပ်တွေ စုနေတတ်ပါတယ်။ ဒါကြောင့်နှာခေါင်းပိတ်တာလိုမျိုး ပြဿနာတွေကို ခံစားရနိုင်သလို နှာခေါင်းက အနံ့ကို ကောင်းကောင်း မရတာမျိုးလည်း ခံစားရနိုင်ပါတယ်။ဒါ့ပြင် နှာရည်တွေကို နှာခေါင်းနောက်ဖက်လည်ချောင်းဆီကို ပြန်စီးဆင်းသွားပြီး ချောင်းဆိုးတာ၊ နှာခေါင်းထဲမှာ အနံ့ဆိုးဖြစ်တာကို ခံစားရနိုင်ပါတယ်။သွားနဲ့ ခံတွင်းပြဿနာ ရှိနေတာ။သွားမှာ သွားပေါက်တွေ ရှိနေတာက ဘက်တီးရီးယားတွေ ခိုအောင်းဖို့ နေရာရစေပြီး မကောင်းတဲ့ အနံ့တွေ ထွက်လာစေနိုင်ပါတယ်။ သွားပိုးစားတာ၊သွားဖုံးရောင်တာနဲ့ သွားဖုံးရောဂါ ရှိသူတွေမှာလည်း နှာခေါင်း ကနေ အနံ့ဆိုး ဖြစ်တာကို ခံစားရနိုင်ပါတယ်။ခံတွင်းထဲက အနံ့ဆိုးတွေက နှာခေါင်းဆီ ရောက်ရှိတာာကြောင့် နှာခေါင်းထဲမှာ အနံ့ဆိုး ရလာတာပါ။အချို့သော အစားအစာတွေနဲ့ ဆေးဝါးတွေ။အချို့သော အစားအစာတွေနဲ့ ဆေးဝါးတွေကပါးစပ်ထဲမှာ အနံ့ဆိုးဖြစ်စေသလိူ ပါးစပ်နဲ့ နှာခေါင်းကို ဆက်သွယ်ထားတဲ့ အပေါက်ငယ်လေးကတဆင့် နှာခေါင်းထဲကို အနံ့ဆိုး ရောက်ရှိသွားပြီး နှာခေါင်းထဲမှာ အနံ့ဆိုး ဖြစ်တာကို ဖြစ်စေနိုင်ပါတယ်။ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကော်ဖီ၊ အစပ်ကဲတဲ့ အစားအစာတွေ နဲ့ ဆူးပုတ်၊တညင်းသီးလိုမျိုး အစားအစာတွေက ခံတွင်းရော နှာခေါင်းထဲမှာပါ အနံ့ဆိုး ဖြစ်စေသလို အချို့သော ဆေးဝါးတွေကလည်း နှာခေါင်းထဲမှာ အနံ့ဆိုးဖြစ်တာမျိုး ဖြစ်စေနိုင်ပါတယ်။ခံတွင်းခြောက်တာ။ခံတွင်းခြောက်တာက တံထွေးလုံလောက်မှု မရှိတာကြောင့်ပါ။ ခံတွင်းခြောက်တာကို အမြဲလိုလို ခံစားနေရတာက နှာခေါင်းအတွင်းသားတွေကိုပါ ခြောက်သွေ့စေပါတယ်။ခံတွင်းခြောက်တော့ တံထွေးမထွက်၊ တံထွေး မထွက်တော့ ပါးစပ်ထဲမှာ ရှိတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားဖို့ မဖြစ်နိုင်ဘဲ ခံတွင်း အနံ့ဆိုးစေပြီး နှာခေါင်းထဲမှာပါ အနံ့ဆိုး ဖြစ်စေနိုင်ပါတယ်။ဆေးလိပ်သောက်တာ။ဆေးလိပ်သောက်တာက သွားနဲ့သွားဖုံးတွေကို ပျက်စီးစေနိုင်သလို သွားပျက်စီးတာသွားဖုံးရောင်တာတွေကို လည်း ဖြစ်စေနိုင်ပါတယ်။ ဒီလိုမျိုး ဆေးလိပ်တွေကို အမြဲလိုလို သောက်နေတာက ခံတွင်းနံ့ဆိုးစေနိုင်သလို နှာခေါင်းထဲမှာ အနံ့ဆိုးဖြစ်တာကို ဖြစ်စေနိုင်ပါတယ်။အစာအိမ်အူလမ်းကြောင်း မကောင်းတာ။အက်ဆစ်ရည် ပြန်ဆန်တက်တာလိုမျိုး အစာအိမ်အူလမ်းကြောင်း ပြဿနာတွေက ခံတွင်းနံ့ ဆိုးစေနိုင်သလို နှာခေါင်းထဲမှာလည်း အနံ့ဆိုး ဖြစ်စေနိုင်ပါတယ်။မရှိတဲ့ အနံ့တွေ ရနေတာ။ဒါကို Phantosmiaလို့ ခေါ်ပါတယ်။ အပြင်မှာ တကယ်မရှိတဲ့ အနံ့တွေကို ရနေတာမျိုးပေါ့။ ဥပမာ အပြင်မှာ ဘာမှမရှိဘဲ ညှော်နံ့တွေ၊ အပုပ်နံ့‌တွေ ရတယ်လို့ ပြောတတ်ကြပါတယ်။ အအေးမိဖျားနာ၊ ထိပ်ကပ်နာကနေ ပြန်ကောင်းစအချိန်တွေမှာ ဖြစ်တတ်သလို ခေါင်းတစ်ခြမ်းကိုက် မိုက်ဂရင်းရောဂါ၊ အတက်ရောဂါ၊ ဦးခေါင်းထိခိုက်ထားတာ၊ အယ်ဇိုင်းမား၊ ပါကင်ဆန်လိုမျိုး ဦးနှောက်နဲ့ အာရုံကြောရောဂါတွေမှာလည်း တွေ့ရတတ်ပါတယ်။ဒါတွေအပြင် နာတာရှည် ကျန်းမာရေး ပြဿနာတွေ ဖြစ်ကြတဲ့ ဆီးချိုရောဂါ၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေ ခံစားနေရမယ်ဆိုရင်လည်း ခံတွင်း အနံ့ဆိုး ဖြစ်တာ၊ နှာခေါင်းထဲမှာ အနံ့ဆိုး ဖြစ်တာမျိုး ခံစားရစေနိုင်ပါတယ်။# ဒါတွေများ မှားသိထားသေးလား!။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/nose-conditions/bad-breath-from-nose-not-mouth/
ကျန်းမာရေးအတွက် နှင်းသီး စားပေးသင့်တဲ့ အကြောင်းပြချက် ၁၄ ချက်
ကျန်းမာရေးအတွက် နှင်းသီး စားပေးသင့်တဲ့ အကြောင်းအရင်းလေးတွေကို ပြောပြပေးချင်ပါတယ်။ အလုံးခပ်ကြီးကြီး နှင်းသီးကို တဂျွမ်းဂျွမ်းကိုက်စားရတာက လူတွေကို စိတ်ကျေနပ်ပျော်ရွှင်မှု ရစေပါတယ်။ ဒါ့အပြင် အရည်ရွှမ်းပြီး ချိုမြိန်နူးညံ့တဲ့ နှင်းသီးတွေဟာ ကျန်းမာရေးကို များစွာ အထောက်အကူပြုတဲ့ သစ်သီးဝလံ တစ်မျိုးလည်း ဖြစ်ပါတယ်။နှင်းသီးကို Rose Apple လို့ ခေါ်ကြသလို Malay Apple၊ Malay Rose Apple လို့လည်း ခေါ်ကြပါတယ်။ အိန္ဒိယမှာတော့ Jambu လို့ ခေါ်ကြပါတယ်။ နုနယ်ချိန်မှာ အစိမ်းနုရောင်ဖြစ်ပြီး ရင့်မှည့်လာချိန်မှာ တဖြည်းဖြည်းပန်းရောင် ခပ်ရင့်ရင့် အဆင်း ရှိလာတတ်ပါတယ်။လေ့လာချက်တွေအရ နှင်းသီးမှာ Niacin၊ Riboflavin၊ Thiaminဗီတာမင် A၊ ဗီတာမင် B12၊ဗီတာမင် C၊ Calcium၊ Copper၊ Iron၊ Magnesium၊ Manganese၊ Phosphorus၊ Potassium၊ Sodium၊ Zinc နဲ့ Protein တို့ ပါဝင်နေပြီး ဗီတာမင် A နဲ့Potassiumတို့ကတော့ ပမာဏ အများစု ဖြစ်ပါတယ်။ခုလို ပူပြင်းလှတဲ့ နွေရာသီမျိုးမှာ အရည်ရွှဲရွှဲ အရသာရှိရှိ နှင်းသီးကို စားသုံးကြတာဟာ ရေဓာတ် မဆုံးရှုံးစေဖို့ အသုံးပြုသင့်လှတဲ့ နည်းလမ်းတစ်ခုပါ။အရှေ့တောင်အာရှ မျိုးရင်း စစ်စစ်ဖြစ်ပြီး အာဟာရဓာတ်တွေကြွယ်ဝစွာပါဝင်နေတဲ့ နှင်းသီးဟာ ရေဓာတ်အားဖြည့်ပေးတာ၊ ဆီးချိုကျစေတာနဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတာ အပါအဝင် လူ့ကျန်းမာရေးကို အထောက်အကူပြုတဲ့အချက် ၁၄ ချက် အထိရှိပါတယ်။ဒါတွေကတော့။နှင်းသီးကို အစိမ်းအတိုင်းစားတာများပါတယ်။ ဒါ့အပြင် တခြားနည်းလမ်းတွေနဲ့လည်း စားလို့ရပါသေးတယ်။ တချို့ဒေသတွေမှာ ကိတ်မုန့်၊ မုန့်စတာတွေပြုလုပ်စားတာမျိုးလည်း ရှိပါတယ်။ ထိုင်းနဲ့ မလေးရှားတို့လို တိုင်းပြည်တွေမှာဆိုရင် သုပ်စားတာမျိုးလည်း ရှိပါတယ်။ ဒါ့အပြင် သစ်သီးယိုအနေနဲ့လည်း ဖန်တီးမှီဝဲလို့ရပါတယ်။နှင်းသီးဟာ ကျန်းမာရေးကို အကျိုးပြုသလို စုံလင်စွာဖန်တီးမှီဝဲလို့ရတာမှန်ပေမယ့် ဘေးထွက်ဆိုးကျိုးတချို့လည်း ရှိနေပါတယ်။ နှင်းသီးပင်ရဲ့ အရွက်၊ အစေ့နဲ့ အမြစ်တွေမှာ ဆိုင်ယာနိုက်အဆိပ် ပမာဏ မြင့်မြင့်မားမားပါဝင်နေတာမို့ ဒီဟာတွေကိုတော့ ရှောင်ကျဉ်သင့်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/benefits-of-rose-apple/
ညအိပ်တဲ့အခါ ဆံပင်ကို စည်းသင့်၊ မစည်းသင့်
တစ်နေ့တာလုံးမှာ အလုပ်တွေကို ပင်ပင်ပန်းပန်း လုပ်ပြီးတဲ့အခါ အိမ်ပြန်ရောက်ပြီဆိုရင်ဆံပင်ကို ခပ်မြင့်မြင့်လေးစည်း ဒါမှမဟုတ် ခပ်မြင့်မြင့်လေးထုံးပြီး ရေချိုး အနားယူပြီး ဒီအတိုင်း အိပ်ရာဝင်လိုက်တယ်ဆိုတဲ့ လေဒီလေးတွေ ရှိလား။ ဒါဆိုရင်တော့ ညအိပ်တဲ့အခါ ဆံပင်ကို စည်းသင့်၊ မစည်းသင့် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ လိုနေပါပြီ။မျက်နှာကို ဆံပင်တွေ ထိမိရင်ဝက်ခြံဖြစ်မှာလည်း စိုးတယ်။ ဆံပင်တွေနဲ့ လုံးထွေးပြီးလည်း မအိပ်ချင်လို့ပါ။ မနက်နိုးလာရင် ဆံပင်တွေ ရှုပ်ပွနေမှာကို မကြိုက်ဘူးလေဆိုတဲ့ အကြောင်းအမျိုးမျိုးနဲ့ ဆံပင်ကို အိပ်ရာမဝင်ခင်မှာ စည်းပြီးမှ အိပ်တယ်၊ ထုံးပြီးမှ အိပ်တယ် ဆိုရင်တော့ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ညဘက် အိပ်တဲ့အခါ ဆံပင်စည်း မအိပ်သင့်ပါဘူး။ ဒီလိုပြောရတာက ဆံပင်ကို တင်းနေအောင် စည်းတာက ရေရှည်မှာ ဆိုးကျိုး များလို့ပါ။ ညဘက်တင် မဟုတ်ပါဘူး။နေ့ခင်းဘက်မှာ ကိုယ်တိုင်ကဆံပင်ချထားရတာကို မကြိုက်တာကြောင့်ဖြစ်ဖြစ်၊အလုပ်ခွင်လိုအပ်ချက်ကြောင့်ဖြစ်ဖြစ်  ဆံပင်ကို ခပ်တင်းတင်းစည်းနှောင်ထားတာက ဆံသား နဲ့ဦးရေပြားကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ညအိပ်တဲ့အခါ ဆံပင်ကို ဖြန့်ချပြီးအိပ်တာက အသင့်တော်ဆုံးပါ။ ဆံပင်တွေကိုလေဝင်လေထွက်ကောင်းစေသလိုဆံပင်ကျွတ်တာ၊ ဆံပင်အမြစ်တွေ ထိခိုက်တာ၊ ဦးရေပြားသွေးစီးဆင်းမှုကို ထိခိုက်တာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေး နိုင်တာကြောင့်ပါ။ ဆံပင်တွေ ကျိုးပျက်တာ၊ ပြတ်ထွက်တာတွေ မဖြစ်စေဖို့လည်း အထောက်အကူ ပေးနိုင်မှာပါ။ဆံပင်ကို ချပြီး မအိပ်ချင်ဘူးဆိုရင်တော့ ဆံပင်ကိုခပ်ဖွဖွလေး စည်းထားတာမျိုး၊ကျစ်ဆံမြီးကျစ်အိပ်တာမျိုး လုပ်ပေးလို့ ရပါတယ်။ ဆံပင်ကို စည်းတယ်ဆိုတဲ့ နေရာမှာလည်းသားရေကြိုးတွေ၊ သတ္တုကြိုးတွေနဲ့ စည်းမယ့်အစား အဝတ်စထဲမှာ သားရေကြိုး ခပ်ပျော့ပျော့လေး ထည့်လုပ်ထားတာမျိုး နဲ့ စည်းပေးပါ။အပွင့်အခက်တွေ၊ ကျောက်တွေ ကပ်ထားတာမျိုး မဟုတ်ဘဲ ရှင်းရှင်းလေး ဖြစ်တာမျိုး နဲ့ ခပ်လျော့လျော့လေး စည်းပေးပါ။နောက်ဆုံး သတိထားရမှာ တစ်ချက်ကညအိပ်ရာမဝင်ခင်မှာ ဆံပင်ကိုအာဟာရဖြည့်ပေးနိုင်မယ့် အဆီတစ်မျိုးမျိုးကို ခပ်ပါးပါးလိမ်းလို့ ဆံပင်ကို သေချာလေး ဖြီးသင် ပေးဖို့ပါ။ဒီလိုလုပ်ပေးတာက ဆံသားကို ကျန်းမာစေနိုင်သလို ဦးရေပြားကိုလည်း သွေးစီးဆင်းရောက်ရှိမှု ကောင်းမွန်စေတာကြောင့်ဆံသားနဲ့ ဦးရေပြားပြဿနာတွေ ဖြစ်ကြတဲ့ ဆံပင်ကျွတ်တာ၊ ဆံပင်အရှည်နှေးတာ၊ဆံပင်ပါးတာ၊ဆံပင်ဖြူတာ၊ဗောက်ထတာ လိုမျိုး ပြဿနာတွေကို ကင်းစေမှာပါ။ညအိပ်တဲ့အခါခန္ဓာကိုယ်သက်သောင့်သက်သာဖြစ်ပြီး ကောင်းမွန်စွာ အိပ်ပျော်စေဖို့ အဝတ်အစားကို ချည်သား ပွပွချောင်ချောင်လေးတွေ ဝတ်ဆင်ရသလို ဆံသားကိုလည်း လေဝင်လေထွက် ကောင်းစေဖို့ ဖြန့်ထားတာ၊ ခပ်ဖွဖွလေး စည်းပေးတာ၊ ကျစ်ဆံမြီး ခပ်ဖွဖွ ကျစ်တာတွေ လုပ်ပေးပါ။ဒါမှ ကောင်းမွန်ပြည့်ဝတဲ့အိပ်စက်မှုကို ရရှိပြီးအသားအရေရော စိတ်ကျန်းမာ ကိုယ်ကျန်းမာမှာ ဖြစ်သလို ဆံသားလည်း ကျန်းမာ လှပမှာပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/should-i-leave-my-hair-open-or-tie-it-up-while-i-sleep/
မေ့ပြန်ပြီ....မှတ်ဉာဏ်တွေမကောင်းတော့ဘူးဆိုသူတွေအတွက် နည်းလမ်း (၆) ချက်
ဒီနေ့ဘာတွေလုပ်စရာရှိလဲ မေ့တတ်နေပြီလား။ ဘာပြီးရင်ဘာလုပ်မယ် အစီအစဉ်တွေအကုန်ပျောက်၊ ပစ္စည်းတွေ ဘယ်နားထားမိမှန်းမသိဖြစ်နေတတ်လား။ ဒါဆို မှတ်ဉာဏ်ပြဿနာရှိနေပါပြီ။အခုခေတ် ဒစ်ဂျစ်တယ်ပစ္စည်းတွေက ခေတ်မီလွန်းတော့ ဖုန်းနံပါတ်တွေ၊ အဆက်အသွယ်တွေ၊ လုပ်စရာအစီအစဉ်တွေကို ဖုန်းထဲ၊ကွန်ပျူတာထဲ မှတ်သားလာကြပါတယ်။ စက်ပစ္စည်းအားကိုးနဲ့ ဦးနှောက်ကိုအလုပ်မပေးတာတွေ၊ ဒါမှမဟုတ် စိတ်ဖိစီးမှု၊ အလုပ်တာဝန်တွေများလို့ မေ့တတ်လာသူတွေအတွက် ဦးနှောက်စွမ်းရည်တိုးတက်စေမယ့်နည်းလမ်း (၆) ခုကို ဖော်ပြပေးလိုက်မယ်နော်။(၁) အာရုံထားပါ။စာဖတ်နေတာပဲဖြစ်ဖြစ်၊အရေးကြီးတဲ့ဧည့်သည်နဲ့ဆွေးနွေးနေတာဖြစ်ဖြစ်၊ ညွှန်ကြားချက်ကိုနားထောင်နေတာပဲဖြစ်ဖြစ် တစ်ခုတည်းကိုအာရုံစိုက်ထားပါ။ တခြားအာရုံတွေကို အဝင်မခံပါနဲ့။(၂) မြင်ယောင်ပုံဖော်ကြည့်ပါ။တစ်ခုခုကို မမှတ်မိရတဲ့အကြောင်းက တကယ်တမ်းကိုယ်တိုင်မမြင်ရတဲ့အတွက် ကိုယ်မှတ်မိချင်တဲ့အရာကို မှတ်မထားနိုင်တာလည်းပါပါတယ်။ စိတ်ထဲကနေ ပုံဖော်မြင်ယောင်ကြည့်ပါ။ နည်းနည်းတော့ အူကြောင်ကြောင်နိုင်တယ်ဆိုပေမယ့် ထိရောက်ပါတယ်တဲ့။(၃) မနက်ဖြန် မေ့နိုင်လောက်တဲ့အရာတွေအတွက် အစီအစဉ်ဆွဲပါ။နောက်တစ်နေ့မှာ ဟိုမေ့ဒီမေ့ဖြစ်တတ်တဲ့ ကိုယ့်ကိုယ်ကိုယ်သိနေမှာပါ။ အခုလောလောဆယ် သေချာသတိထားမှတ်နေတဲ့အရာကို နောက်နှစ်ရက်လောက်ဆို ကိုယ့်ကိုယ်ကိုယ်ပြန်မေးနေရလောက်ပြီ။ ဆိုတော့ ကြိုစဉ်းစားပြီး စာရွက်နဲ့ဖြစ်ဖြစ်မှတ်ထားလိုက်ပါ။(၄) မှတ်ဉာဏ်မကောင်းတဲ့အကြောင်း ကိုယ့်ကိုယ်ကိုယ်ပြောနေတာ ရပ်ပါ။နာမည်တွေမမှတ်မိတဲ့ပြဿနာက လူမှုဆက်ဆံရေးမှာ စိတ်ညစ်စရာကောင်းပါတယ်။ ဒါပေမယ့် ငါကသိပ်မေ့တတ်တာပဲ၊ ငါကမေ့တတ်လွန်းတယ်လို့ ကိုယ့်ကိုယ်ကိုယ်သတိပေးမနေပါနဲ့။ နည်းလမ်းရှာပြီး မှတ်မိအောင်လုပ်ပါ။(၅) အရည်အချင်းသစ်ကို သင်ယူပါ။အလုပ်ခွင်မှာ ကိုယ်မသိသေးတာကို သင်ယူရရှိခြင်းက တကယ်ကောင်းပါတယ်။ အသစ်ဖြစ်ပြီး ခက်ခဲတဲ့အလုပ်တွေဟာ ပင်ပန်းပေမယ့် ဦးနှောက်အတွက် တကယ်ကောင်းပါတယ်။ သက်သာလွယ်ကူခြင်းက ဦးနှောက်အတွက် ရန်သူတွေပါ။ ဒါ့ကြောင့် စိန်ခေါ်မှုတွေကို ကြိုဆိုပါ။ အကြောင်းအရာသစ်တွေကို မှတ်သားတဲံအခါ မှတ်ဉာဏ်ကပိုအလုပ်လုပ်ပါတယ်။(၆) ခဏလောက် အနားယူပါ။သုတေသနအရ တစ်ခုခုကို သင်ယူပြီး၊ မှတ်သားလေ့လာပြီးနောက် ၁၀ မိနစ်လောက် ငြိမ်ငြိမ်လေးအနားယူလိုက်ရင် ပိုမှတ်မိလွယ်တယ်လို့ဆိုပါတယ်။ နေ့စဉ်ဆိုရင်တော့ ဦးနှောက်ကို သွေးလည်ပတ်မှုပိုကောင်းစေပြီး ကျန်းမာရေးနဲ့ညီတဲ့အစာအာဟာရက အာရုံစူးစိုက်မှုနဲ့ ဉာဏ်ရည်ကို ထက်မြက်စေပါတယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/dementia-and-alzheimers-disease/%e1%80%99%e1%80%be%e1%80%90%e1%80%ba%e1%80%89%e1%80%ac%e1%80%8f%e1%80%ba%e1%80%95%e1%80%bc%e1%80%94%e1%80%ba%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%b1%e1%80%ac%e1%80%84/
ကိုက်လန်၏ အကျိုးကျေးဇူးများ
အစိမ်းရောင်ရှိပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်ဖွယ်ရာဟင်းသီးဟင်းရွက်တွေထဲမှာတော့ ကိုက်လန်ဟာ ထိပ်တန်းစာရင်းဝင်ဖြစ်ပါတယ်။ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အာဟာရဓာတ်တွေ ပါဝင်တဲ့အပြင် ဆေးဖက်ဝင်ဂုဏ်သတ္တိလည်း ရှိပါတယ်။ ဒီဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ကိုက်လန်၁ီကနေ ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။ကိုက်လန်ကို ဂေါ်ဖီအုပ်စုဝင် အပင်ဖြစ်ပြီး အစိမ်းရောင်၊ ခရမ်းရောင် စသဖြင့် မျိုးကွဲတွေ ရှိပါတယ်။ တွေ့ရအများဆုံး အမျိုးအစားကတော့ အစိမ်းရောင်နဲ့ လှိုင်းတွန့်သဏ္ဌာန်အရွက်ရှိတဲ့ ကိုက်လန်မျိုး ဖြစ်ပါတယ်။ ကိုက်လန်တခွက်စာ (၆၇ ဂရမ် သို့မဟုတ် ၂.၄အောင်စ) မှာ ပါဝင်တဲ့အာဟာရဓာတ်တွေကတော့။– ဗီတာမင် A။ တစ်နေ့တာလိုအပ်ချက်၏ ၂၀၆%။– ဗီတာမင် K။ တစ်နေ့တာလိုအပ်ချက်၏ ၁၃၄%။– ဗီတာမင် B6။ တစ်နေ့တာလိုအပ်ချက်၏ ၉%။– မဂ္ဂနိစ်။ တစ်နေ့တာလိုအပ်ချက်၏ ၂၆%။– ကယ်လ်ဆီယမ်။ တစ်နေ့တာလိုအပ်ချက်၏ ၉%။– ကော့ပါးဓာတ်။ တစ်နေ့တာလိုအပ်ချက်၏ ၁၀%။– ပိုတက်ဆီယမ်။ တစ်နေ့တာလိုအပ်ချက်၏ ၉%။– မဂ္ဂနီဆီယမ်။ တစ်နေ့တာလိုအပ်ချက်၏ ၆%။– ဗီတာမင် B1 ဗီတာမင် B2 ဗီတာမင် B3။ တစ်နေ့တာလိုအပ်ချက်၏ ၃% စီ။– သံဓာတ်နှင့်ဖော့စ်ဖရပ်စ်။ တစ်နေ့တာလိုအပ်ချက်၏ ၃% စတာတွေ ဖြစ်ပါတယ်။ဒါ့အပြင် ၃၃ ကယ်လိုရီ၊ ကာဘိုဟိုက်ဒရိတ် ၆ ဂရမ်၊ ပရိုတိန်း ၃ ဂရမ် ပါဝင်ပါတယ်။ အဆီဓာတ်ပါဝင်မှုနည်းပါတယ်။ အဆီဓာတ်အများစုဟာ omega 3 ဖြစ်ပါတယ်။ အာဟာရဓာတ် သိပ်သည်းစွာ ပါဝင်တဲ့ စားစရာဖြစ်တာမို့ ယနေ့အခါမှာ ကိုက်လန်စားသုံးမှု မြင့်မားလာကြပါတယ်။အစိမ်းရောင်ရှိတဲ့ တခြားအသီးအရွက်တွေလိုပဲ ကိုက်လန်မှာလည်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ ဘီတာကယ်ရိုတင်းနဲ့ ဗီတာမင်စီအပြင် flavonoids နဲ့ polyphenols စတဲ့ပစ္စည်းတွေ ပါဝင်ပါတယ်။ ဓာတ်တိုးထိခိုက်ခြင်းဟာ ကိုယ်ခန္ဓာရှိဆဲလ်တွေကို ပျက်စိးစေပြီး ကင်ဆာအပါအဝင် တခြားရောဂါများစွာ ပျက်ဆီးစေပါတယ်။ ကိုက်လန်မှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ရောင်ရမ်းမှုကို ကျစေခြင်း၊ စိတ်ကျခြင်းကို သက်သာစေခြင်း၊ ကင်ဆာကာကွယ်ခြင်း စတဲ့အာနိသင်တွေ ရှိပါတယ်။ဗီတာမင် စီဟာ ကိုယ်ခံစွမ်းအားမြှင့်ပေးခြင်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းအနေဖြင့် ဆောင်ရွက်ပေးခြင်း၊ ကော်လဂျင်ဖွဲ့စည်းရာတွင် ပါဝင်ခြင်း စတဲ့အရေးကြီးတဲ့ လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်ပေးပါတယ်။ ကိုက်လန်မှာ ဗီတာမင်စီပါဝင်နှုန်းဟာ တခြားအသီးအရွက်တွေထက် ပိုမိုများပြားပါတယ်။ကိုက်လန်ဟာ ကိုလက်စထရောကို ကျဆင်းစေပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ သုတေသနတခုအရ ကိုက်လန်ဖျော်ရည်ကို ၁၂ပတ်ဆက်တိုက် နေ့စဉ်သောက်သွားရင် အကျိုးပြုတဲ့ HDL ကိုလက်စထရောကို ၂၇% မြင့်တက်စေပြီး မကောင်းတဲ့ LDL ကိုလက်စထရောကို ၁၀% ကျဆင်းစေပါတယ်။ဗီတာမင် K ဟာ သွေးခဲစေတဲ့ဖြစ်စဉ်အတွက် မရှိမဖြစ် အရေးပါပါတယ်။ ကိုက်လန်ဟာ ဗီတာမင် K ကြွယ်ဝပြီး ကိုက်လန်အစိမ်းတခွက်မှာ တစ်ရက်စာ ဗီတာမင် K လိုအပ်တဲ့ ပမာဏရဲ့ ခုနစ်ဆထိ ပါဝင်ပါတယ်။သုတေသနတွေအရ ကိုက်လန်မှာ ကင်ဆာရောဂါကို ခုခံနိုင်တဲ့ အာနိသင်တွေရှိတယ်လို့ ဆိုပါတယ်။ ကိုက်လန်မှာ sulforaphane ဆိုတဲ့ ဓာတ် တစ်မျိုးပါဝင်ပါတယ်။ ၎င်းဟာကင်ဆာဆဲလ်တွေကြီးထွားမလာအောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် indole-3-carbinol ဆိုတဲ့ ဓာတ်ပစ္စည်းလည်းပါဝင်ပြီး ကင်ဆာကို ကာကွယ်နိုင်တယ်လို့ သိရပါတယ်။လူအများစုမှာ နည်းပါးနေတတ်တဲ့ သတ္တုဓာတ်တွေဟာ ကိုက်လန်မှာ ကြွယ်ဝတာကို တွေ့ရပါတယ်။ အရိုးများနဲ့ ဆဲလ်များရဲ့လုပ်ငန်းတာဝန်အတွက် အရေးကြီးတဲ့ ကယ်လ်ဆီယမ် ပါဝင်ပါတယ်။ လူတွေရဲ့ခန္ဓာကိုယ်မှာ မလုံလောက်တတ်တဲ့ မဂ္ဂနီဆီယမ်လည်း များစွာ ပါဝင်ပါတယ်။ မဂ္ဂနီဆီယမ်ဟာ အမျိုးအစား ၂ ဆီးချိုနဲ့ နှလုံးရောဂါအတွက် အကာအကွယ်ဖြစ်စေပါတယ်။အသက်ကြီးလာတာနဲ့အမျှ အမြင်အာရုံဟာ ချို့ယွင်းလာတတ်ပါတယ်။ အာဟာရဓာတ်အချို့ဟာ ဒီပြဿနာကကို ထိန်းထားပေးနိုင်ပါတယ်။ ကိုက်လန်မှာပါဝင်တဲ့ lutein နဲ့ zeaxanthin ဟာ မျက်စိရဲ့ကြွက်သားတွေ ပျက်စီးခြင်း၊ တိမ်စွဲခြင်း စတာတွေကို ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ကိုက်လန်မှာ ကယ်လိုရီနည်းပြီး ရေဓာတ်များပါတယ်။ တနည်းပြောရရင် စွမ်းအင်သိပ်သည်းဆနည်းပါတယ်။ ဒါဟာ ကိုယ်အလေးချိန်လျှော့ချဖို့အတွက် အထောက်အကူပြုပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/benefits-of-kale/
ရေသောက်ခြင်းနဲ့သက်ဆိုင်သော အယူအဆမှားများ
ရေသောက်တယ်ဆိုတာဟာ နေ့စဉ် အသက်ရှင်သန်ဖို့အတွက် လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့ ၆၀% ကျော်က ရေဓာတ်နဲ့ ဖွဲ့စည်းထားတာဖြစ်တာမို့ နေစဉ် ရေဓာတ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ မဖြစ်မနေလိုအပ်ပါတယ်။ပူပြင်းခြောက်သွေ့တဲ့ ကာလတွေမှာ ရေဓာတ်ဆုံးရှုံးနိုင်သလို၊လေ့ကျင့်ခန်းလုပ်ချိန်၊ အားကစား ကစားချိန်တွေမှာ လူတွေဟာ ချွေးအရမ်းထွက်တာကြောင့်လည်းရေဓာတ်ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် ဒီလိုအချိန်တွေမှာ ရေ၊ ဒါမှမဟုတ် အချိုရည်တစ်မျိုးမျိုးကို မှီဝဲကြတာက ထုံးစံပါပဲ။ဒါပေမယ့် လူတွေအကြားမှာ ရေသောက်ခြင်းနဲ့သက်ဆိုင်တဲ့ လွဲမှားနေတဲ့ အယူအဆတွေ အများအပြား ရှိနေကြပါတယ်။ နေ့စဉ် ရေဘယ်လိုသောက်သင့်တယ်၊ ဘယ်လောက်ပမာဏ သောက်သင့်တယ်၊ ဘာကြောင့်ရေဆာတယ်ဆိုတာမျိုးတွေနဲ့ ပတ်သက်လို့ပေါ့။အောက်မှာ လူတွေ အထင်အမြင်လွဲမှားနေတဲ့ ရေသောက်ခြင်းနဲ့သက်ဆိုင်တဲ့ အယူအဆမှားတချို့ကို ဗဟုသတအဖြစ် ဖော်ပြပေးလိုက်ပါတယ်။ရေဆာတယ်ဆိုတာက ခန္ဓာကိုယ်ထဲက ရေဓာတ်ပမာဏ အနည်းအများနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ရေဓာတ်ဆုံးရှုံးတယ် (Dehydration)ချွေးထွက်တာ၊ မျက်ရည်ကျတာနဲ့ အသက်ရှူထုတ်ရာမှာ ရေဓာတ်တွေ ပါဝင်သွားတာမျိုးကို ဆိုလိုတာသာဖြစ်ပါတယ်။ခန္ဓာကိုယ်ရဲ့ ရေဓာတ်ကို ကျောက်ကပ်က ထိန်းချုပ်နေတာဖြစ်ပြီးတော့ ရေဓာတ်အစားထိုးဖို့ လိုအပ်ချိန်၊ ဒါမှမဟုတ် ဦးနှောက်က ရေဓာတ်ဖြည့်တင်းဖို့ လိုအပ်နေပြီလို့ တွေးမိချိန်မျိုးမှာ ရေဆာတတ်ပါတယ်။နေ့စဉ် ရေလုံလုံလောက်လောက် သောက်ပေးဖို့ လိုအပ်တယ်ဆိုတာက မေးခွန်းထုတ်စရာမလိုတဲ့ ကိစ္စမျိုးပါပဲ။ တစ်နေ့ကို ရေဘယ်နှစ်ခွက် တိတိကျကျ သောက်ရမယ်ဆိုတာမျိုးတော့ သတ်မှတ်ထားလို့ မရပါဘူးတဲ့။ ကျောက်ကပ်နဲ့ နှလုံးတို့ဟာ ပူးပေါင်းလုပ်ဆောင်ရတဲ့ သဘောရှိတာမို့ ရေကို လိုအပ်တာထက် ပိုသောက်မိမယ်ဆိုရင်နှလုံးပျက်ဆီးတာမျိုး၊ အဆုတ်ထဲရေဝင်တာမျိုး၊ ရေကြောင့်ဖြစ်တဲ့ မူးယစ်ဝေဒနာခံစားရတာမျိုးတွေ ကြုံနိုင်ပါတယ်။ရေတွေအများကြီးသောက်တာ ကောင်းတယ်။ ရေဓာတ်လွန်ကဲတယ်ဆိုတာ မရှိဘူးလို့ တချို့တွေက ပြောတတ်ကြတယ်။ တန်ဆေး လွန်ဘေးဆိုသလိုပါပဲ။ ရေကို အလွန်အကျွံသောက်သုံးတာဟာလည်း မှားယွင်းတဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ ရေကို အလွန်ကျွံသောက်သုံးရင် ခန္ဓာကိုယ်တွင်းမှာ ဆိုဒီယမ်ပမာဏ မြင့်မားလာတတ်ပြီးHyponatremiaဆိုတဲ့ ဝေဒနာခံစားရနိုင်ပါတယ်။တချို့သော ယုံတမ်းစကားတွေကလည်း ရှိနေပါသေးတယ်။အားကစားလုပ်နေချိန်မှာ ရေသောက်တာဟာ ခန္ဓာကိုယ်အပူချိန်အပေါ် သက်ရောက်မှုမရှိဘူးဆိုတာမျိုးပါ။ တကယ်တမ်းကတော့ ဒီအယူအဆဟာ မှားယွင်းပါတယ်။အားကစားလုပ်နေချိန်မှာပဲဖြစ်ဖြစ် ဘယ်အချိန်မှာမဆို ရေသောက်ပေးတာဟာ ခန္ဓာကိုယ်အပူချိန်ကို လျှော့ချပေးနိုင်ပြီးတော့ ရေဓာတ်ဆုံးရှုံးမှုကိုလည်း ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။အားကစား လုပ်နေရင်းနဲ့ ရေသောက်ကြပြီဆိုပါစို့။ ဘယ်လို ရေအမျိုးအစားကို ပိုသောက်သင့်သလဲ၊ အေးတာလား၊ ပူတာလား၊ သာမန်အပူချိန်နဲ့ ရေမျိုးလား။လူအများစုက အားကစားလုပ်နေချိန်မှာ ခပ်အေးအေးရေမျိုးကို သောက်ရတာ နှစ်သက်ကြပါတယ်။ ဒါပေမယ့် ဒီလိုရေအေးမျိုးကို သောက်ရင် ဗိုက်အောင့်တာတို့ ချွေးပိုထွက်တာတို့ ဖြစ်နိုင်တယ်ဆိုတဲ့ မှားယွင်းတဲ့ ယူဆချက်တွေကိုလည်း ယုံကြည်နေတတ်ကြပါတယ်။တကယ်တမ်းမှာတော့ အားကစားလုပ်နေချိန် ရေအေးသောက်တာဟာ ဆိုးရွားတဲ့ အလေ့အထမဟုတ်ပါဘူး။ အေးမြတဲ့ရေဟာ ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်း အပူချိန်ကို လျှော့ချပေးတာကြောင့် လေ့ကျင့်ခန်းကြာကြာလုပ်နိုင်ဖို့ အထောက်အကူပြုမှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် လူတွေဟာ အားကစားပြုလုပ်ချိန်တွေမှာ သာမန်အချိန်တွေမှာထက် ၅၀% ပိုအေးတဲ့ ရေမျိုးကို သောက်ကြလေ့ရှိပါတယ်။ ရေအေးထက် ရေကို အငမ်းမရသောက်တာမျိုး၊ တရစပ်သောက်တာမျိုးက ပိုပြီး အန္တရာယ်များပါတယ်။ရေသောက်တာဟာ ကောင်းမွန်ပေမယ့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်အားလုံးကို ဖြည့်ဆည်းမပေးနိုင်ပါဘူး။ ခန္ဓာကိုယ်မှာ မတူညီတဲ့လုပ်ဆောင်ချက်တွေနဲ့ မတူညီတဲ့ လိုအပ်ချက်တွေ ရှိနေတာကို သတိမူသင့်ပါတယ်။လေ့ကျင့်ခန်း ပုံမှန်မလုပ်တဲ့ လူတချို့က ရေများများသောက်စရာမလိုဘူး။ diet coke ဒါမှမဟုတ် diet tea လောက် သောက်သုံးရင် ရေဓာတ်ဆုံးရှုံးမှုကို တားဆီးနိုင်တယ်လို့ ယူဆကြတယ်။ တကယ်တမ်း အဲ့ဒီအယူအဆက မှားယွင်းပါတယ်။ လူတွေက ချွေးအရမ်းထွက်မှ ရေဓာတ်လိုတယ်လို့ ယူဆတတ်ကြပါတယ်။ တကယ်တမ်းကတော့ နေ့စဉ် ရေကို လုံလောက်မျှတစွာသောက်ပေးဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ခန်း လုပ်လုပ် မလုပ်လုပ်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/hydration-myths/
ကလေးမကြာခဏ မဖျားနာစေဖို့ မေမေတွေ ဒီလိုဂရုစိုက်ပေးကြမယ်ဆိုရင်
ဘယ်မိဘမဆို ကိုယ့်ရဲ့ ကလေးတွေကို ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာစေချင်ကြတာပါပဲ။ ကလေးဖျားနာတယ်ဆိုတာ ဆန်းတော့တဲ့ ပြဿနာတစ်ခု မဟုတ်ပေမဲ့ ကလေးလည်း ဝေဒနာခံစားရမယ်။မိဘေတွအနေနဲ့လည်း ကလေးဖျားနေတာကို ကြည့်ပြီး ကလေးအစား ကိုယ်သာ ဖျားလိုက်ပါတော့လားလို့ တွေးရင်း ရင်တွေ ပူနေရမှာပေါ့။ဒါ့အပြင် ကလေးဆိုတာ အရွယ်ငယ်သေးတဲ့အချိန်ဆိုတော့ကိုယ်ခံအားစနစ်ဟာလည်း လူကြီးတွေလောက် မကောင်းနိုင်ပါဘူး။ရာသီဥတုအပြောင်းအလဲ ဖြစ်တာ၊ ပူလွန်းအေးလွန်းတာ၊ လက်မဆေးဘဲ နှာခေါင်း၊ ပါးစပ်၊မျက်လုံးကို မကြာခဏ ပွတ်တာ၊ မသန့်ရှင်းတဲ့ လက်နဲ့ မုန့်စားတာ အစရှိသဖြင့် အကြောင်းရင်းအမျိုးမျိုးကြောင့် ကလေးဟာ ဖျားနာနိုင်ပါတယ်။ဒီလိုမျိုး ကိုယ့်ရင်သွေးရဲ့ ကျန်းမာရေးအတွက် ရတက်မအေးရတဲ့ မေမေတွေ၊ ဖေဖေတွေအတွက် ကလေးမကြာခဏ မဖျားစေဖို့ ဆောင်ရန်၊ ရှောင်ရန်နဲ့ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာစေမယ့် နည်းလမ်းတွေကို ဝေမျှပေးလိုက်ချင်ပါတယ်။ကလေး အပြင်ထွက်တာ ကောင်းတဲ့ကိစ္စဆိုပေမယ့် လူအရမ်းများတဲ့ နေရာတွေမှာ ရောဂါပိုးပေါင်းစုံဟာ လေထုထဲမှာ အမြဲရှိနေနိုင်ပါတယ်။ ကလေးရဲ့ကိုယ်ခံအားစနစ်ဟာ လူကြီးလောက် မကောင်းတဲ့အခါ ရောဂါပိုးတွေ ကိုယ်ခန္ဓာထဲ အလွယ်တကူဝင်ရောက်ပြီး နေမကောင်း ဖြစ်စေနိုင်ပါတယ်။ မဖြစ်မနေ သွားပေးရမယ်ဆိုရင်လည်း နှာခေါင်းစည်းတပ်ပေးထားပါ။တစ်ကိုယ်ရေသန့်ရှင်းရေးဟာ ကျန်းမာရေးအပေါ်မှာ အများကြီး သက်ရောက်မှု ရှိစေပါတယ်။ ကလေးက သန့်ရှင်းနေမှ ရောဂါပိုးတွေ ကိုယ်ပေါ်မှာ၊ အဝတ်အစားတွေပေါ်မှာ ကပ်ငြိနေတာမျိုး မဖြစ်စေတော့ဘူးပေါ့။ ဒါကြောင့် ကလေးကို တစ်နေ့ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခန့် ပုံမှန်ရေချိုးပေးပါ။ သန့်ရှင်းတဲ့ အဝတ်အစားတွေကိုပဲ ဝတ်ဆင်ပေးပါ။ အပြင်က ပြန်လာတိုင်း ဝတ်ထားတဲ့ အဝတ်အစားတွေကို လျှော်ဖွပ်ပေးပါ။လက်သည်း၊ ခြေသည်းတွေဆိုတာ ရောဂါပိုးမွှားတွေ အောင်းလို့ အကောင်းဆုံးနေရာတွေထဲက တစ်ခုပါ။ အထူးသဖြင့်ကလေးတွေက အမြဲတမ်းဆော့ကစားနေတာ၊ လူတွေနဲ့ ထိတွေ့ကိုင်တွယ်နေရတာ ဖြစ်လို့ ပိုပြီးတောင် ချေးနဲ့ အညစ်အကြေးတွေ လက်သည်းကြားထဲ ကပ်နေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို လက်သည်း၊ ခြေသည်းတွေ အရမ်းရှည်တဲ့အထိ မစောင့်ဘဲ တစ်ပတ် တစ်ခါလောက် ပုံမှန်ညှပ်ပေးဖို့ လိုတယ်နော်။ကလေးတွေဆိုတာ တစ်ခုခု စိတ်ဝင်စားစရာတွေ့တာနဲ့ လက်က အရင်ကိုင်လိုက်တာပါပဲ။ ကိုင်လိုက်တဲ့ အရာဝတ္ထုကနေ ဖုန်တွေ၊ အညစ်အကြေးတွေ၊ ဘက်တီးရီးယားပိုးတွေဟာ လက်ပေါ်ကို ကပ်ပါလာမယ်။ အဲ့လိုကိုင်ပြီးတာနဲ့ လက်သေချာမဆေးဘဲ နှာခေါင်း၊ ပါးစပ်ထဲ လက်ထည့်လိုက်တာ၊ မုန့်စားလိုက်တာ၊ မျက်လုံးကို လက်နဲ့ ပွတ်လိုက်တာတွေကြောင့် ရောဂါပိုးတွေဟာ ကိုယ်ခန္ဓာထဲကို ရောက်သွားပြီး ကလေးကို နာမကျန်းဖြစ်စေတာပေါ့။ဒါကြောင့် ကလေးကို ဘယ်လိုအရာဝတ္ထုတိုင်းမဆို ကိုင်ပြီးတိုင်း လက်ဆေးတဲ့ အကျင့်လုပ်ပေးပါ။ အစာမစားခင်၊ အိမ်သာတက်ပြီးသွားရင်လည်း လက်ကို ဆပ်ပြာနဲ့ သေချာပြောင်စင်အောင် ဆေးပေးရမယ်။ အကယ်လို့ အပြင်ရောက်နေလို့ လက်ဆေးလို့ အဆင်မပြေဘူးဆိုရင်လည်း အိတ်ထဲမှာလက်သန့်စင်ဆေးရည်ဒါမှမဟုတ် Wet Tissue လေး ဆောင်ထားသင့်တယ်နော်။ကလေးရဲ့ နေ့စဉ်အစာအာဟာရဟာ သူတို့လေးတွေရဲ့ ကျန်းမာရေးနဲ့ဖွံ့ဖြိုးမှုပေါ် အများကြီး အကျိုးသက်ရောက်မှုရှိစေပါတယ်။ အာဟာရမျှတမှ ကလေးက ကျန်းမာမယ်။ ကလေးက ကျန်းမာမှပဲ စိတ်ပျော်ပျော်ရွှင်ရွှင်နဲ့ ကျောင်းစာတွေကို လိုက်လုပ်နိုင်မှာပေါ့။ ဒါ့အပြင် အစားအစာက ရတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေဟာ ကလေးရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်လို့ ရောဂါတွေ မကူးစက်စေဖို့၊ ဖျားနာခြင်း ကင်းဝေးဖို့ ကူညီပေးနိုင်မှာပါ။ ဒါကြောင့် ကလေးတွေကို အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ဥ၊ ပဲအမျိုးမျိုး၊ အစေ့အဆန် အစရှိသဖြင့် နေ့စဉ် အာဟာရပြည့်ဝစွာ ကျွေးပေးရမယ်နော်။ကလေးတိုင်း ဖျားနာတတ်တာ သဘာဝပဲဆိုပေမယ့် မိဘတွေအနေနဲ့ ဒီနည်းလမ်းတွေကို အမြဲလုပ်ပေးမယ်ဆိုရင်တော့ ကလေးကို ဖျားနာခြင်းကင်းဝေးပြီး ကျန်းကျန်းပျော်ရွှင်စွာနဲ့ ကြီးပြင်းလာမှာ အသေအချာပဲပေါ့။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/common-symptoms-and-conditions/prevent-sick-in-baby/
ခေါင်းမူး တာနဲ့ ခေါင်းကိုက်တာ ဘာကွာလဲ
ရာသီဥတုကြောင့်လား၊ အစားအသောက်ကြောင့်လား မသိဘူး။ခေါင်းထဲမှာ တစ်မျိုးကြီးပဲဖြစ်တယ်ဆိုတာကတစ်နေ့တာမှာ လူတိုင်းလိုလို ညည်းတွားမိတဲ့ စကားတစ်ခွန်းပါနော်။ ခေါင်းထဲက တစ်မျိုးကြီးဆိုတိုင်း ခေါင်းကိုက်တာ မဟုတ်ပါဘူး။ တစ်ခါတလေမှာ ခေါင်းမူး နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီပြဿနာတွေကို ခွဲခွဲခြားခြားသိမှလည်း လိုအပ်တဲ့ ကုသမှုကိုလုပ်ဆောင်နိုင်မှာပါ။ ဒီတော့ ခေါင်းကိုက်တာလား၊ခေါင်းမူးတာလားဆိုတာကို ဒီဆောင်းပါးလေးထဲမှာ အတူတူခွဲကြည့်ရအောင်လား။ခေါင်းမူးတာနဲ့ ခေါင်းကိုက်တာ ဘာကွာလဲ ဆိုတော့။ခေါင်းကိုက်တယ်ဆိုတာကဦးရေပြား၊ Sinuses နဲ့ ဇက်တဝိုက်မှာခံစားရတဲ့ သက်သောင့်သက်သာမရှိတဲ့ အနေအထား တစ်ရပ်ပါ။ ခေါင်းတဝိုက်က ကြွက်သားတွေ နာသလိုမျိုးလည်း ခံစားရနိုင်ပါတယ်။ ခေါင်းကိုက်တဲ့အခါခေါင်းတစ်ခြမ်းကိုက်တာမျိုးလည်း ခံစားရနိုင်ပါတယ်။ဒီအချက်တွေကြောင့် ခေါင်းကိုက်နိုင်ပါတယ်။ခေါင်းမူးတယ် ဆိုတာက ခေါင်းကိုက်တာနဲ့ မတူပါဘူး။ ခေါင်းမူးတဲ့အခါ ခေါင်းထဲမှာ ခပ်ပေါ့ပေါ့ကြီးဖြစ်နေသလို ခံစားရတာမျိုး၊ ကိုယ့်ကိုကိုယ် ဟန်ချက်ထိန်းရခက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ပတ်ဝန်းကျင်က ချာချာလည်နေတာမျိုး ခံစားရနိုင်ပါတယ်။ဒီအချက်တွေကြောင့် ခေါင်းမူးနိုင်ပါတယ်။အရမ်းမပြင်းထန်ဘူးဆိုရင်တော့ ခေါင်းကိုက်တာ၊ ခေါင်းမူးတာတွေက သူ့အလိုလိုသက်သာသွားနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုမှမဟုတ်ဘဲ အချိန်တော်တော်ကြာတဲ့အထိ မသက်သာဘဲဖြစ်နေမယ်ဆိုရင်တော့ ကျန်းမာရေးပြဿနာ တစ်ခုခုကြောင့် ဖြစ်နေတာဖြစ်နိုင်တဲ့အတွက် တတ်ကျွမ်းနားလည်သူနဲ့ပြသသင့်ပါတယ်။ခေါင်းကိုက်တာ၊ ခေါင်းမူးတာနဲ့အတူ။ခေါင်းကိုက်တာ နဲ့ ခေါင်းမူးတာတွေ ဖြစ်တာကနေ ကာကွယ်ဖို့ ဒီ အလေ့အကျင့်လေးတွေကို ပျိုးထောင်သင့်ပါတယ်။ခေါင်းမှာ ထိခိုက်မိထားတာကြောင့်လည်း ခေါင်းမူးတာမျိုး ဖြစ်နိုင်တာကြောင့် ခေါင်းမှာ ထိခိုက်ထားဖူးတဲ့သူတွေ အနေနဲ့ ခေါင်းမူးတယ် ဆိုရင် မြန်နိုင်သမျှ မြန်မြန် ဆရာဝန်နဲ့ ပြသကြည့်ဖို့ ပြောပါရစေ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/headaches-and-migraines/headaches-and-dizziness/
လက်ဆေးရတာများလို့ လက်အရေပြား‌လေးတွေ ခြောက်သွေ့ပျက်စီးနေပြီဆိုရင်
COVID-19ကို ကာကွယ်ဖို့ လက်ခဏခဏဆေးရလို့ အရေပြားတွေ ခြောက်သွေ့ ပျက်စီးနေပြီလား။ အရေပြားခြောက်သွေ့ရုံလောက်နဲ့ စိုးရိမ်စရာမရှိဘူးလို့ ထင်နိုင်ပေမဲ့ ခြောက်သွေ့ရာကတဆင့် အက်ကွဲတဲ့ အဆင့်ရောက်သွားရင်တော့ ရောဂါပိုး အမျိုးမျိုးဝင်နိုင်တဲ့ အတွက် ဂရုစိုက်ဖို့ လိုသွားပါပြီ။ ယခုလို COVID-19 ကို အသည်းအသန်ကာကွယ်နေကြရချိန်မှာ ကျွန်တော်တို့ရဲ့ လက်ကလေးတွေဟာ ဆပ်ပြာပေါင်းစုံ၊Hand sanitizerပေါင်းစုံနဲ့ ထိတွေ့ရတဲ့အပြင် ရံဖန်ရံခါ ဆိုသလို ပိုးသန့်စင်တဲ့ ဆေးရည် (အရက်ပြန်၊ chlorine ဆေးရည်) တို့နဲ့ပါ သန့်ရှင်းရေးပြုလုပ်ရင်း ထိတွေ့နေရပြန်ပါတယ်။ ဒီတော့ ဒီလောက်အလုပ်ကြိုးစားတဲ့ လက်ကလေးတွေကို ပြန်ဂရုစိုက်သင့်တာပေါ့။ပိုးသေဖို့အတွက် ရေနွေးနဲ့ မဖြစ်မနေ လက်ဆေးစရာ မလိုပါဘူးနော်။ ရေအပူဟာ အသားအရေကို ပိုမိုခြောက်သွေ့စေပြီး ပိုးသေဖို့လည်း အထောက်အကူ ပိုဖြစ်စေတာမျိုး မဟုတ်တဲ့အတွက် ရေအပူချိန်ကို လျှော့ချလိုက်ပါ။ကြာကြာဝါးမယ့်သွား အရိုးကြည့်ရှောင် ဆိုသလို ခဏခဏ လက်ဆေးဖို့ လိုတဲ့အတွက် လက်ဆေးဆပ်ပြာ ရွေးချယ်ရာမှာ အရေပြားကို မထိခိုက်စေဖို့ ဆပ်ပြာကောင်းကောင်းသုံးပေးပါ။ အထူးသဖြင့် အနံ့မပါတာ၊ nourishing, gentle, hydrating စသဖြင့် label တပ်ထားတာမျိုးတွေပေါ့။မျက်နှာသစ်ဆပ်ပြာနဲ့ ရေချိုးဆပ်ပြာတွေဟာလည်း gentle cleanser များဖြစ်တဲ့အတွက် သုံးပေးလို့ရပါတယ်။လက်ကို ဆပ်ပြာနဲ့ ဆေးပြီးနောက် hand cream သို့မဟုတ် lotion လိမ်းပေးနိုင်ပါတယ်။ ခဏခဏ လက်ဆေးရတာ ဖြစ်တဲ့အတွက် ဘယ်လောက်မှတော့ ကြာကြာခံမှာ မဟုတ်ပေမဲ့ ဘာမှမလိမ်းတာထက်တော့ သာပါတယ်။ဒါဟာ လက်မဆေးပါနဲ့လို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမဲ့ ပန်းကန်ဆေးတဲ့အခါ၊ အိမ်သန့်ရှင်းရေး လုပ်တဲ့အခါမျိုးတွေမှာ လက်အရေပြားနဲ့ တိုက်ရိုက်ထိတွေ့မှုမရှိအောင် Utility glove သို့မဟုတ် ရာဘာလက်အိပ်များ ဝတ်ဆင်ပေးဖို့ လိုအပ်ပါတယ်။ညဘက်အိပ်ချိန်မှာလက်ခဏခဏဆေးစရာ မလိုတဲ့အတွက် လက်ဖဝါးနုနုကို ရေဓာတ်ဖြည့်ပေးဖို့၊ နူးညံ့အောင် လုပ်ပေးဖို့ အကောင်းဆုံးအချိန်ပါပဲ။ ညအိပ်ခါနီး ခြေလက်မျက်နှာ ဆေးကြောပြီး လက်ကလေးတွေ နွေးပြီး စိုစွတ်နေတုန်း hand cream လေး လိမ်းပြီးမှ အိပ်ရာဝင်ပါ။ လက်ဖဝါးတွေဟာ အလွန်အမင်း ကွဲခြောက်နေရင်တော့ ပိုပြီး စိမ့်ဝင်မှုအားကောင်းစေဖို့အတွက် hand cream လိမ်း၊ လက်အိတ်လေးစွပ်ပြီး အိပ်‌ရာ၀င်နိုင်ပါတယ်။လက်ဖဝါးလေးတွေ ကုတ်ခြစ်ချင်လောက်အောင် ယားယံနေခဲ့မယ်ဆိုရင်တော့ ဆေးဆိုင်ကနေ hydrocortisone cream ဝယ်လိမ်းတာထက် Pramoxine ပါဝင်တဲ့ moisturizing cream ဒါမှမဟုတ် cooling effect ပါဝင်တဲ့moisturizerကို ရေခဲသေတ္တာထဲ ထည့်သိမ်းပြီး လိမ်းပေးပါ။အထက်ပါအခြေအနေများထက် ပိုဆိုးနေခဲ့မယ်ဆိုရင်တော့ အရေပြားအထူးကုဆရာဝန်များထံ သွားရောက်ပြသဖို့ တိုက်တွန်းပါတယ်။ ရောဂါပိုးကင်းစင်သော လက်ဖဝါးနုနုလေးများ ပိုင်ဆိုင်နိုင်ကြပါစေ။ရေးသားသူ – Dr. Saint။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[covid_19]။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%9c%e1%80%80%e1%80%ba%e1%80%86%e1%80%b1%e1%80%b8%e1%80%9b%e1%80%90%e1%80%ac%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%9c%e1%80%ad%e1%80%af%e1%80%b7-%e1%80%9c%e1%80%80%e1%80%ba%e1%80%a1%e1%80%9b/
အာရုံကြောကျန်းမာစေဖို့ ဘာတွေစားမလဲ
အာရုံကြောက ကျန်းမာရေးအတွက် သိပ်အရေးမကြီးပါဘူး၊လို့ ထင်စရာရှိပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ခေါင်းကိုက်ေနရင် အလုပ်လုပ်ဖို့ မပြောနဲ့ အစားတောင်ကောင်းကောင်းမစားနိုင်တာမျိုးဖြစ်နိုင်ပါတယ်။ တစ်ခါတလေမှာ မခံမရပ်နိုင်အောင်ခေါင်းထဲကထိုးကိုက်တာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုခေါင်းထဲက ထိုးကိုက်တာက တစ်ခါတလေမှာ အာရုံကြောအားနည်းနေတာကြောင့်ဖြစ်နိုင်ပါတယ်နော်။ ဒီပြဿနာတွေက ကင်းဝေးစေဖို့အစားအသောက်ကနေတဆင့် ကာကွယ်လို့ရပါတယ်။အာရုံကြောစနစ် ကျန်းမာဖို့အတွက် ဒီဓါတ်တွေလိုအပ်ပါတယ်။ဗီတာမင် B1(သီရာမင်း)။ခြေထိပ်လက်ထိပ်လေးတွေမှာ အာရုံခံစားမိစေဖို့ လုပ်ဆောင်ပေးပါတယ်။ဗီတာမင် B6။အာရုံခံစားမှုတွေကို သိရှိခံစားနိုင်စေဖို့ အရေးပါတဲ့ ဓါတ်တစ်ခုပါ။ဗီတာမင် B12။ခြေလက်တွေ ထုံကျဉ်တာမျိုး မဖြစ်အောင်ကာကွယ်ပေးပါတယ်။ကော့ပါး။သိမြင်မှုစွမ်းရည်ကိုကောင်းမွန်စေပြီး အာရုံကြောကို ကျန်းမာစေနိုင်ပါတယ်။ဟင်းနုနွယ်။အာဟာရနဲ့ဗီတာမင်တွေကြွယ်ဝစေတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓါကိုယ် ကျန်းမာစေနိုင်သလိုဦးနှောက်နဲ့အာရုံကြောကိုလည်း ကျန်းမာစေနိုင်ပါတယ်။ဆန်လုံးညို။ဗီတာမင် B6 ကြွယ်ဝစွာပါဝင်တာကြောင့် စိတ်ပိုင်းဆိုင်ရာကျန်းမာစေနိုင်ပါတယ်။ အန္တရာယ်ရှိတဲ့homocysteines ပမာဏမြင့်တက်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ပါဝင်တာကြောင့် အာရုံကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ကိုကိုး။ဓါတ်တိုးဆန့်ကျင် အာနိသင်တွေကြွယ်ဝတာကြောင့်oxidative stressတွေကြောင့်ဖြစ်လာမယ့်အာရုံကြောထိခိုက်မှုပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ငါး။အထူးသဖြင့်ကတော့ ပင်လယ်ငါးပါ။Omega- 3 fatty acidကြွယ်ဝစွာပါဝင်တာကြောင့် ဦးနှောက်နဲ့အာရုံကြောစနစ်တွေကို ကျန်းမာစေနိုင်ပါတယ်။ငှက်ပျောသီး။ပိုတက်ဆီယမ်ကြွယ်ဝတဲ့ ငှက်ပျောသီးလေးက ဦးနှောက်နဲ့အာရုံကြောစနစ်ကိုရေဓါတ်ပြည့်အောင်ဖြည့်ပေးပြီး အာရုံကြောစနစ် ကျန်းမာအောင်လုပ်ဆောင်ပေးပါတယ်။ကြက်သွန်ဖြူ။ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်တာကြောင့် ဦးနှောက်နဲ့အာရုံကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ဦးနှောက်နဲ့အာရုံကြောစနစ် ကျန်းမာစေဖို့အတွက် အခုပြောခဲ့တဲ့ အစားအသောက်လေးတွေကိုနေ့စဉ်တစ်ခု နှစ်ခုလောက်ပါဝင်အောင်စားသုံးပေးပြီး အာရုံကြောကျန်းမာအောင်စောင့်ရှောက်လိုက်ပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/%e1%80%a1%e1%80%ac%e1%80%9b%e1%80%af%e1%80%b6%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%85%e1%80%b1%e1%80%96%e1%80%ad%e1%80%af%e1%80%b7/
Ascites (ရေဖျဉ်းဆွဲခြင်း)
ရေဖျဉ်းဆွဲခြင်း သည် ဝမ်းဗိုက်ထဲတွင် အဝါရောင်ဖျော့ဖျော့အရည်များနှင့် အရည်ကြည်များစုပုံလာခြင်းဖြစ်သည်။ ရင်ဘတ်ခေါင်းပေါက်အောက်တွင် ဝမ်းဗိုက်ခေါင်းရှိပြီး ရင်ဝမ်းခြားကြွက်သားကခြားထားပေး။သည်။ ထိုအရည်များသည် အသည်းရောဂါ၊ကင်ဆာများ၊နှလုံး(သို့)ကျောက်ကပ်ရောဂါများ ကြောင့်ဖြစ်သည်။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ရေဖျဉ်းဆွဲခြင်း ၏လက္ခဏာများသည် အရည်များစုပုံစေရသည့် အကြောင်းအရင်းပေါ်မူတည်ကာ နှေးကွေးစွာ (သို့)ရုတ်တရက်ဖြစ်ပေါ်လာနိုင်သည်။ ထို လက္ခဏာများသည် အမြဲတမ်း အရေးပေါ်ကုသရန်မလိုအပ်သော်လည်း အောက်ပါ ကဲ့သို့ခံစားလာရပါက သင့်ဆရာဝန်အား သင် သည် ပြသသင့်ပါသည်။ရေဖျဉ်းဆွဲသည့် လက္ခဏာများသည် အခြားရောဂါများကြောင့်ဖြစ်ပွားနိုင်သည်ကို လည်း သိရှိမှတ်သားထားပါ။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။အသည်းခြောက်ခြင်းကြောင့်အများဆုံးဖြစ်ပွားတတ်သည်။ အသည်းခြောက်ပါက အသည်းသွေးကြောများအတွင်းရှိဖိအားကို တက်စေကာ အရည်များကို ဝမ်းဗိုက်ထဲသို့စိမ့်ထွက်စေပြီး ရေဖျဉ်းဆွဲလာစေသည်။ ရေဖျဉ်းဆွဲခြင်း၏ အကြီးမားဆုံးတခုတည်းသော ဖြစ်နိုင်ချေမှာ အသည်းထိခိုက်ပျက်စီးခြင်းပင်ဖြစ်သည်။ အသည်းပျက်စီးမှု၏ အချို့သောအကြောင်းအရင်းများမှာ – အသည်းခြောက်ခြင်း။ရေဖျဉ်းဆွဲခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။သိုင်းရွိုက်ဟော်မုန်းချို့တဲ့ရောဂါစသည်ဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရေဖျဉ်းဆွဲခြင်းအား အဖြေရှာအတည်ပြုရန် အဆင့်ပေါင်းများစွာလိုအပ်သည်။ သင့်ဆရာဝန်သည် သင့်ဝမ်းဗိုက်တွင် ဖောင်းကားတင်းမာနေမှုရှိမရှိ အရင်စစ်ဆေးလေ့ရှိသည်။ ထို့နောက် ဓါတ်မှန်ရိုက်ခြင်း(သို့)နောက်ထပ် အရည်စစ်ဆေးသည့် နည်းစနစ်များကို ပြုလုပ်တတ်သည်။ဥပမာ။ရေဖျဉ်းဆွဲခြင်းအား ကုသမှုသည် သင့်ရောဂါအပေါ်မူတည်သည်။ဆီးရွှင်ဆေးများ။ဆီးရွှင်ဆေးများကို ရေဖျဉ်းဆွဲခြင်းအား ကုသရန် အများဆုံးသုံးတတ်ကြပြီး ထိုဆေးများသည် သင့်ကိုယ်မှထွက်သည့်ဆားနှင့်ရေပမာဏကိုများစေခြင်းဖြင့် အသည်းပတ်လည်မှ သွေးပြန်ကြောများအတွင်းရှိဖိအားကို ကျစေသည်။ သင်သည် ဆီးရွှင်ဆေးများအားသောက်နေစဉ်တွင်သင့်ဆရာဝန်မှ သင့်သွေးအားဓါတ်ခွဲစစ်ဆေးတတ်သည်။ သင့်၏အရက်သောက်။သုံးမှုနှင့် ဆားစားသုံးမှုတို့ကိုလျှော့ချရန်လည်း လိုအပ်တတ်သည်။ရေဖျဉ်းဆွဲနေသောအရည်များအား ဖောက်ထုတ်ခြင်း Paracentesis။ပါးလွှာရှည်လျောင်းသောအပ်တခုကို အရည်ပိုများအား ဖောက်ထုတ်ရန်လိုအပ်တတ်သည်။ သင့်အရေပြားမှတဆင့် ဝမ်းဗိုက်အတွင်းသို့ထိုးသွင်းရသည်။ ပိုးဝင်နိုင်ချေလည်းရှိသော။ကြောင့် ထိုကဲ့သို့ဖောက်ထုတ်ကုသမှု paracentesis ပြုလုပ်ခံရသောသူများသည် ပိုးသတ်ဆေးများလိုအပ်သည်။ ရေဖျဉ်း။ခဏဏဆွဲလာပါက(သို့)ပြင်းထန်လာပါက ထိုကုသမှုအားအများဆုံးပြုလုပ်တတ်သည်။ ဆီးရွှင်ဆေးများသည် ရောဂါအဆင့်မြင့်သွားသောအခါ အာနိသင်သိပ်မရှိတော့ပေ။ခွဲစိတ်ကုသခြင်း။ဆိုးဆိုးဝါးဝါးပြင်းထန်နေပါက shunt ဟုခေါ်သောပြွန်တခုအားကိုယ်ထဲသို့ အံသေ စိုက်သွင်းကာအသည်းပတ်လည်ရှိ သွေးလည်ပတ်မှုကို လမ်းကြောင်းပြောင်းကာကောင်းမွန်စေသည်။ အကယ်၍ ရေဖျဉ်းဆွဲခြင်းကို ထိရောက်စွာမကုသနိုင်သေးပါက သင့်ဆရာဝန်သည် အသည်းအစားထိုးကုသရန်လည်း။ညွှန်ကြားတတ်သည်။ နောက်ဆုံးအဆင့်အသည်းရောဂါများတွင် ထိုကဲ့သို့ပြုလုပ်တတ်သည်။လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ရေဖျဉ်းဆွဲခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။ရေဖျဉ်းဆွဲခြင်းအား ကာကွယ်၍မရနိုင်ပါ။ သို့သော် သင်သည် အောက်ပါအလေ့ကျင့်ကောင်းများကို ပြုလုပ်၍ သင့်အသည်းကိုကာကွယ်ခြင်းဖြင့် သင့်၏ရေဖျဉ်းဆွဲနိုင်ချေကို လျှော့ချနိုင်ပါသည်။အသည်းရောင်ရောဂါများသည် လိင်ဆက်ဆံမှုမှ ကူးနိုင်။သောကြောင့်ဖြစ်သည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/symptoms/ascites-%e1%80%9b%e1%80%b1%e1%80%96%e1%80%bb%e1%80%89%e1%80%ba%e1%80%b8%e1%80%86%e1%80%bd%e1%80%b2%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
Idiopathic edema (အကြောင်းရင်းမသိပဲဖောခြင်း)
အကြောင်းရင်းမသိပဲဖောခြင်းသည် မိန်းမများတွင် ရေများစုပြုံလာပြီးဖောလာခြင်းအဖြစ်အများဆုံးအကြောင်းဖြစ်သည်။ဖောခြင်းသည် အချိန်ခဏ သို့မဟုတ် တောက်လျောက်ဖြစ်နေတတ်သည်။ဒီရောဂါဟာမိန်းကလေးများ အသက်အလယ်အလတ်လောက်တွင်ဖြစ်တတ်သည်။ အသက်ကြီးလာသည်နှင့်ပိုဆိုးလာနိုင်သည်။ အမျိုးသမီးတော်တော်များများက လတလ၏အချို့အချိန်များတွင်ပိုဆိုးတတ်သည် ဟုဆိုကြသည်။( ရာသီမလာခင်အချိန်) အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။လက်ခြေ ချက် (ဝမ်းဗိုက်) ရင်သား မျက်နှာများတွင် ဖောခြင်းအနည်းငယ်ဖြစ်တတ်သည်။ ညနေပိုင်းတွင်ပိုဆိုးတတ်ပြီး ညအိပ်ချိန်ပြီးကပြန်သက်သာသွားတတ်သည်။အကြောင်းရင်းမသိပဲဖောသောသူများသည် မနက်တွင် ကီလိုနှစ်ကီလို (လေးပေါင်) ညနေထက်တက်တတ်သည်ဟုဆိုသည်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာအောက်ဖော်ပြပါအချက်အလက်တွေထဲကတစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။ဖြစ်စေသောအကြောင်းမှာ သွေးကြောရှိအရည်အနည်းငယ် တစ်သျူးထဲသို့ထွက်လာခြင်းဟုယူဆကြသည်။ အဘယ်ကြောင့်ထိုသို့ဖြစ်ရသည်ကို သေချာမသိပါ။ အကြာကြီးရပ်ပြီးချိန်တွင် ပိုဆိုးတတ်သည်။ သွေးကြောရှိ ဖိအားသည် မတ်တက်ရပ်နေချိန်တွင်ပိုဆိုးသည်။ ခရီးအကြာကြီးသွားခြင်း သို့မဟုတ် အကြာကြီးထိုင်ခြင်းတို့က ဖောခြင်းကိုပိုဆိုးစေတတ်သည်။ဖြစ်နိုင်သောအကြောင်းအရင်းတစ်ခုမှာ ဆား( ဆိုဒီယမ်) ကိုဆွဲခြင်းကြောင့်ဖြစ်သည်။ ဆားကိုခန္ဓါကိုယ်ကယူထားပါက အရည်ကိုပါဆွဲထားပြီး အချို့သောဖောခြင်းကိုဖြစ်စေနိုင်သည်။အရည်ကိုဆွဲခြင်းဖြစ်နိုင်သောအကြောင်းအရင်းသည် အချို့သူများတွင်အတည်ပြုရန်ခက်ခြင်းမှာ အစားအများခြင်းနင့် ဝိတ်လျော့ခြင်းတလှည့်စီလုပ်နေသောကြောင့်ဖြစ်သည်။ ထိုကြောင့် ပြတ်တောင်းပြတ်တောင်းရေအားဆွဲခြင်းကိုဖြစ်စေသည်။အကြောင်းရင်းမသိပဲဖောခြင်းသည် နှလုံး ကျောက်ကပ် သို့မဟုတ် အသဲရောဂါမရှိသူများတွင်ဖြစ်သည်။ တခါတရံ ဆီးချို ဝခြင်း နှင့် စိတ်ပိုင်းဆိုင်ရာပြသနာ ( စိတ်ဓါတ်ကျခြင်း နှင့် အာရုံကြောလက္ခဏာ)များနှင့်တွဲတတ်သည်။ဝိတ်ကျစေရန် အချို့သောအလေ့အကျင့်( ဆီးဆေး ဝမ်းလျောဆေး နှင့် အန်ဆေးသောက်ခြင်း) များနှင့်လည်းတွဲတတ်သည်။ ထိုကြောင့် အကြောင်းရင်းမသိပဲဖောခြင်း တကယ်ကိုအကြောင်းပြချက်မရှိပဲဖြစ်ခြင်းဟုတ်မဟုတ်ကိုမေးခွန်းဖြစ်နေသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အကောင်းဆုံးရောဂါအတည်ပြုချက်ရရန် ဆရာဝန်နှင့်တိုင်ပင်ပါ။များသောအားဖြင့် ဆိုဒီယမ်နည်းသော ကာဗွန်ဟိုတ်ထရိတ်နည်းသောအစာကိုစားပါက သက်သာစေသည်ကိုတွေ့ရသ်။ ဆီးဆေးသောက်နေသောသူများတွင် ခဏတာ ရပ်ထားခြင်းက လက္ခဏာကိုသက်သာစေနိုငသည်။ ပထမကုသချက်များကိုမတုံ့ပြန်ပါက ကုသရန်ခက်ခဲတတ်သည်။ သို့သော် အခြားကုထုံးဥပမာ သွေးတိုးကျဆေး(အေစီအီးအိုင်)ကကုသမှုကိုအောင်မြင်စေသည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကို အကြောင်းရင်းမသိပဲဖောခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် အကြောင်းရင်းမသိပဲဖောခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။အကြာကြီးရပ်ခြင်းကိုရှောင်ပါ။မတ်တပ်အကြာကြီးရပ်၇သောအလုပ်လုပ်နေသူဖြစ်ပါကခက်ခဲတတ်သည်။ အထောက်အကူပေးသော စတော့ကင်း များက ခြေသလုံးခြေထောက်များဖောခြင်းကိုသက်သာစေသည်။ ယခုအချိန်တွင် ဝိတ်ရအဆင်ပြေသောပုံစံမျိုးစုံ ဆိုဒ်မျိုးစုံ ရှိနေပြီဖြစ်သည်။ အသားကပ်ဘောင်းဘီ စတော့ကင်များက ဆရာဝန်၏ညွန်ကြားချက်အတိုင်းရနိုင်နေပြီဖြစ်သည်။ဝိတ်လျော့ပါ။ရေဆွဲခြင်းဖြစ်သောသူတောတော်များများသည် အဝလွန်နေသူဖြစ်တတ်ပြီး ဝိတ်ချခြင်းက ဖောခြင်းကိုသက်သာစေသည်။ တဖြည်းဖြည်းချင်းဝိတ်ချခြင်း( စားလိုက်မစားလိုက်လုပ်ခြင်းထက်ပိုကောင်းသည်) ကိုညွန်ကြားထားသည်။ဆား(ဆိုဒီယမ်)ရှောင်ခြင်း။ဆားစားမှုကိုလျော့လိုက်ပါက ဖောခြင်းသက်သာနိုင်သည်။ နည်းလမ်းတခုမှာ အစာထဲဆားသက်သက်ထည့်မစားခြင်း ချက်ပြုတ်စားသောအစာများတွင် ဆားကိုလျော့ထည့်ခြင်း ဆားအများကြီးစားခြင်းကိုရှောင်ခြင်းတို့ဖြစ်သည်။ပိုတက်ဆီယမ်များသောအစာကိုစားပါ။ပိုတက်ဆီယမ်များသောအစာများက ခန္ဓါကိုယ်ရှိဆားကိုနည်းစေပြီး ဖောခြင်းကိုသက်သာစေနိုင်သည်။ ပိုတက်ဆီယမ်များသောအစာများတွင် အသီးတော်တော်များများ အဓိကအားဖြင့် ငှက်ပျောသိး ခရမ်းချသ်သီး။ ပိုတက်ဆီယမ် ဖြည့်စွက်ဆေးများလဲသောက်နိုင်သည်။ရေ ဆေးအခဲ( ဆီးဆေး)။အခြားအကြောင်းကြောင့်ဖောပါက ဆိးဆေးသောက်လေ့ရှိသည်။ သို့သော် အကြောင်းမသိဘဲဖောခြင်းသည် ဆီးဆေးကြောင့်အချို့သူများတွင်ပိုဆိုးစေတတ်သည်။ ဆားနှင့်ရေညီမျှမှုကိုပြောင်းလဲသောကြောင့်ဖြစ်သည်။ပြသာနာကရှင်းရန်မလွယ်လှပါ။ ဆရာဝန်အား ကူညီနိုင်သည် မနိုင်သည်ကိုဆွေးနွေးနိုင်သည်။ ထို့အပြင် ဆီးဆေးပုံစံမျိုးစုံရှိပြီး အချို့ဆေးများက ဒီရောဂါတွင်မသောက်ရန်သတိပေးထားသည်။ ထို့ကြောင့်ဆီးဆေးမသောက်ခင်ဆရာဝန်နှင့်တိုင်ပင်သင့်သည်။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/idiopathic-edema-%e1%80%a1%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%9b%e1%80%84%e1%80%b9%e1%80%b8%e1%80%99%e1%80%9e%e1%80%ad%e1%80%95%e1%80%b2%e1%80%b1%e1%80%96%e1%80%ac/
Scrub လုပ်တိုင်း ကောင်းသလား.............
အသားအရေကို ပုံမှန် Scrub လုပ်တာက အရေပြားပေါ်က ဆဲလ်သေတွေကို အထိရောက်ဆုံး ဖယ်ရှားနိုင်မှာပါ။ ဆဲလ်သေတွေက အရေပြားပေါ်မှာ အလွှာတစ်ခုအနေနဲ့ ရှိနေကြပြီး အရေပြားရဲ့အာဟာရစုပ်ယူနိုင်စွမ်းကို အဟန့်အတားဖြစ်စေနေပါတယ်။ဆဲလ်သေတွေ အရေပြားပေါ်မှာ များလာတဲ့အခါ အသားအရေကရေဓာတ်မပြည့်ဝတာ၊အရွယ်မတိုင်ခင် အိုမင်းတာတွေ ဖြစ်လာနိုင်သလို အရေပြား ပိုးဝင်ကူးစက်လွယ်တာမျိုး ဖြစ်လာနိုင်ပါတယ်။အရေပြားအပေါ်ယံလွှာကျန်းမာဖို့က အရေးကြီးပါတယ်။ ဒီလိုပြောရတာက အရေပြား အပေါ်ယံလွှာကခန္ဓာကိုယ်ရဲ့ ရှေ့တန်းခံတပ်ပါ။ အရေပြားက အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ ခံနိုင်ရည် နည်းလာပါတယ်။ ဒီလိုအခြေအနေမှာ အရေပြားက လိုအပ်တဲ့ အာဟာရတွေ စုပ်ယူနိုင်စေဖို့ အရေပြားကို သေချာလေး Scrub လုပ်ဖို့ လိုပါမယ်။အရေပြားကို Scrub လုပ်တဲ့အခါ အသားအရေက။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/how-scrubs-harm-your-skin/
အိမ်သာတက်ရင်း ဖုန်းသုံးတဲ့သူတွေ လိပ်ခေါင်းဖြစ်နိုင်ခြေ ပိုများ
ခဏလေးပါပဲ ဆိုပြီး အိမ်သာသွားတက်ရာကနေဖုန်းပွတ်တာ ကြာလို့ကြာမှန်းမသိ ဖြစ်သွားတာမျိုး ကြုံဖူးကြမှာပါ။ ဒီလိုမျိုးလုပ်တာ တစ်ခါတစ်လေဆို ပြဿနာမရှိပေမဲ့ နေ့တိုင်းလိုလို အိမ်သာဖြောင့်ဖြောင့်မသွားဘဲ ဖုန်းသုံးတဲ့သူတွေ လိပ်ခေါင်းဖြစ်နိုင်ခြေ ပိုများ တယ်ဆိုတာ သတိထားဖို့တော့ လိုမယ်နော်။ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ အထူးသဖြင့် တော်တော်များများက ဖုန်းသုံးတဲ့အခါ ကျန်တဲ့ကိစ္စတွေကို မေ့သွားတတ်ကြပါတယ်။ အဲ့တော့ အထဲမှာထိုင်ပြီး ဖုန်းလေးပွတ်လိုက်၊ ဖေ့စ်ဘွတ်ခ်မှာ လျှောက်ကြည့်လိုက်၊ ဗွီဒီယိုဘက် ရောက်သွားလိုက်နဲ့ ကိုယ့်ကိစ္စပြီးသွားတာတောင် အပြင်ထွက်လာဖို့ မေ့နေကြတာပေါ့။ ဒီလိုမျိုး အိမ်သာဘိုထိုင်ခွက်ပေါ်မှာ အချိန်အကြာကြီး ထိုင်တဲ့အကျင့်ကြောင့် ကိုယ့်ရဲ့စအိုမှာ ဖိအားသက်ရောက်မှုပိုများပြီး လိပ်ခေါင်းဖြစ်နိုင်ခြေ ပိုများနိုင်ပါတယ်။တစ်ဘက်ကနေ ကြည့်ရင်လည်း အိမ်သာဆိုတာ အညစ်အကြေးပေါင်းစုံ စွန့်ပစ်ရာနေရာဖြစ်တဲ့အတွက် ဘက်တီးရီးယားပိုးတွေဆိုတာ ထဲမှာ အပြည့်ပါပဲ။ ကိုယ်က အိမ်သာထဲမှာ ကြာကြာနေလေ အဲ့ဒီဘက်တီးရီးယားတွေက ကိုယ့်ရဲ့ အသက်ရှူလမ်းကြောင်းနဲ့ ပြင်ပ ခန္ဓာကိုယ်ပေါ်မှာပါ အများကြီးကပ်လာမှာပေါ့။အဆိုးဆုံးကတော့ ဖုန်းမှာပါ ကပ်နေမှာဖြစ်တဲ့အတွက် ကိုယ့်ကိစ္စပြီးလို့ လက်သေချာ ပြန်ဆေးပြီးရင်တောင် ဖုန်းစကရင်ပေါ်က ပိုးတွေက လက်ပေါ် ပြန်ရောက်သွားမှာပါ။ အဲ့လက်နဲ့ မျက်နှာပွတ်၊ နှာခေါင်းကုတ်၊ အစာစား၊ တခြားအရာဝတ္ထုတွေ ကိုင်တွယ်လိုက်တဲ့အခါ ရောဂါပိုးတွေက ကိုယ့်ဗိုက်ထဲကို ပြန်ရောက်သွားဖို့ပဲ ရှိပါတော့တယ်။အကောင်းဆုံးနည်းလမ်းကို ပြောပါဆိုရင်တော့ ကိုယ့်အိမ်သာထဲက ကိစ္စကို ဖြောင့်ဖြောင့်သွားနိုင်အောင် ဖုန်းတွေ ယူမသွားဖို့ပါပဲ။ ခဏလေးပါ၊ ခဏလေးပါလို့ ပြောပြီး အချိန်တွေဖြုန်းပြီး အိမ်သာတက်နေခြင်းဟာ လိပ်ခေါင်းရောဂါကိုသာမက ကိုယ့်ရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ကျန်းမာရေးအတွက်ပါ ထိခိုက်စေနိုင်ပါတယ်။စမတ်ဖုန်းတွေအပြင် နောက်ထပ်မလုပ်သင့်တဲ့ အရာကိုပြောပါဆိုရင် အိမ်သာထဲ စာအုပ်ယူသွားဖတ်တာ၊ သတင်းစာ၊ ကာတွန်းစာအုပ်တွေ ထားထားတာမျိုး မလုပ်သင့်ပါဘူး။ ဝမ်းသွားနေချိန်မှာ ဒီကိစ္စကိုပဲ အာရုံစိုက်ထားဖို့ လိုပါတယ်။အိမ်သာထဲက ကိုယ့်ကိစ္စပြီးပြီဆိုတာနဲ့ သန့်ရှင်းရေးလုပ်ပြီး ထွက်ပါ။ လိုတာထက် ပိုပြီး အိမ်သာထဲမှာ မနေပါနဲ့။မိနစ်အနည်းငယ် ကြာလို့မှဝမ်းမသွားသေးဘူးဆိုရင် အားနဲ့ မညှစ်ပါနဲ့။ ခဏထပြီး လုပ်စရာရှိတာ လုပ်ပါ။ ခဏနေလို့ ဝမ်းသွားချင်စိတ် ပြန်ဖြစ်လာပြီဆိုမှ ပြန်ထိုင်ပါ။ မထွက်မချင်း ညှစ်တာမျိုးတော့ မလုပ်သင့်ပါဘူး။အိမ်သာတက်ချင်စိတ်မရှိဘဲ အချိန်ဖြုန်းချင်စိတ်နဲ့ အိမ်သာထဲ သွားမထိုင်ပါနဲ့။ အိမ်သာထဲက ထွက်လာတိုင်း လက်ကို ဆပ်ပြာနဲ့  သေချာတိုက်ချွတ်ဆေးကြောပေးပါ။နောက်ဆုံးတစ်ချက်အနေနဲ့ ဝမ်းသွားပြီး ရေဆွဲချတော့မယ်ဆိုရင် အိမ်သာအဖုံးကို လုံအောင်ပိတ်ပြီးမှ ဆွဲချပါ။ ရေအားနဲ့ အညစ်အကြေးတွေကို အောက်ကိုဆွဲလိုက်တဲ့အချိန်မှာ အနံ့အသက်တွေရော၊ ပိုးတွေကပါ အပေါ်ကို ပြန်တက်လာပြီး ကိုယ့်အရေပြားပေါ် ကပ်ငြိနေနိုင်တာကြောင့် ဖြစ်ပါတယ်။ကိုယ့်ရဲ့ ဖုန်းကိုလည်း နေ့တိုင်းမဟုတ်ရင်တောင် တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ်လောက် သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/hemorrhoids/prolong-sitting-in-toilet-and-hemorrhoids/
မျက်စိပူခြင်း ညောင်းခြင်းကို ဘယ်လိုဖြေရှင်းကြမလဲ
မျက်စိပူခြင်း ညောင်းခြင်း ပင်ပန်းခြင်းတို့ကနေ မျက်လုံးကိုက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ ဆိုးဝါးတဲ့ နောက်ဆက်တွဲ ဖြစ်တာကတော့ ရှားပါတယ်။ မသက်မသာ ဖြစ်နိုင်ပေမယ့် မျက်စိ ထိခိုက်ခြင်းကိုတော့ မဖြစ်စေပါဘူး။ မျက်စိပူခြင်း ညောင်းခြင်းကို ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။မျက်စိကိုက်ခြင်းဆိုတာ ရောဂါလက္ခဏာ ဖြစ်ပြီး သူ့မှာ နောက်ခံအကြောင်းရင်းတစ်ခု ရှိနိုင်ပါတယ်။ သင် အချိန်အကြာကြီး အလုပ်လုပ်ပြီး (ဥပမာ ကားမောင်းခြင်း၊ ကွန်ပျူတာသုံးခြင်း၊ စာဖတ်ခြင်းတို့ အပြီး)ရင် ဖြစ်တတ်ပါတယ်။ တစ်ခုခုကို ကြည့်လိုက်တဲ့အချိန်မှာ မသက်မသာ ဖြစ်နေပြီဆိုရင် မျက်ရိုးကိုက်ခြင်းတာ ဖြစ်နိုင်ပါသည်။ ပုံမှန်အားဖြင့်တော့ မျက်လုံးကို အနားပြန်ပေးလိုက်ရင် သက်သာသွားတတ်ပါတယ်။ ဒါပေမယ့် အချို့သော အခြေအနေမှာတော့ ကုသမှု လိုအပ်နိုင်ပါတယ်။အခုခေတ်ရဲ့ နေထိုင်မှု ဘဝပုံစံအရ အဓိက ဖြစ်စေတဲ့ အကြောင်းအရင်းကကွန်ပျူတာ၊ ဖုန်းကို အချိန် ကြာမြင့်စွာ အသုံးပြုခြင်းကြောင့် ဖြစ်ပါတယ်။ ယေဘုယျအားဖြင့်တော့ အရွယ်ရောက်တဲ့သူက အနည်းဆုံး တစ်ရက် ရှစ်နာရီလောက် ကွန်ပျူတာ အသုံးပြုတတ်ပါတယ်။ ဒါကြောင့် ပုံမှန်ထက် မျက်လုံး ခြောက်ခြင်း၊ မျက်လုံးညောင်းခြင်းတို့ ဖြစ်နိုင်ပါတယ်။ ဒါ့ပြင် အမှောင်ထဲတွင် အလင်းမတင်ဘဲ ဖုန်းကြည့်ဖို့ ကြိုးစားတဲ့အခါ မျက်ခွံရှိ ကြွက်သားများ မျက်မှောင်ကျုံ့ရပါတယ်။ ဒါကြောင့် ကြွက်သားများ နာခြင်း၊ ပိုဖိအား များခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ဒါ့ပြင် တချိုု့သူတွေမှာခေါင်းကိုက်ခြင်းသို့မဟုတ် အမြင်ဝါးခြင်း၊ အရင် ရှိပြီးသား မျက်စိပြဿနာများကြောင့် ပိုဆိုးခြင်းတို့ ဖြစ်နိုင်ပါတယ်။အဝေးမှုန်ခြင်း အမြင်ဝါးခြင်း၊အိပ်ရေးမဝခြင်း၊အလုပ် ဖိအားများခြင်း သို့မဟုတ် နုံးခြင်းတို့က ရောဂါလက္ခဏာများကို ပိုဆိုးလာစေနိုင်ပါတယ်။လက္ခဏာတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။သင့်တွင် အထက်ပါ ပြဿနာများ ရှိပါက မျက်လုံး စမ်းသပ်ခြင်းများ လုပ်သင့်ပါတယ်။ မျက်ရိုးကိုက်ခြင်းကြောင့် ဖြစ်နိုင်ပေမယ့် နားပြီးမသက်သာဘူးဆိုရင် အခြားရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အထက်ပါ လက္ခဏာများကို အချိန်အကြာကြီးခံစားရခြင်း၊ ခဏခဏ ဖြစ်နေခြင်းတို့ ရှိပါက ဆရာဝန်နဲ့ ချက်ချင်း တိုင်ပင်သင့်ပါတယ်။မျက်ရိုးကိုက်ခြင်းကို ဖြေရှင်းဖို့က ရိုးစင်းပါတယ်။ နည်းလမ်းတွေကတော့ မျက်လုံးကို ထိခိုက်စေတဲ့ အကျင့်တွေ (ဥပမာ တီဗွီရှေ့မှာ အကြာကြီး ထိုင်ခြင်း၊ ဖုန်းအကြာကြီး သုံးခြင်း သို့မဟုတ် အခြား ဒစ်ဂျစ်တယ်ပစ္စည်းများကို အကြာကြီး သုံးခြင်း) ကို ရှောင်ကြဉ်သင့်ပါတယ်။ဒါ့ပြင် အလုပ်လုပ်တဲ့ အချိန်နဲ့ နားတဲ့အချိန်ကို မျှမျှတတ ထားသင့်ပါတယ်။ မျက်လုံးကို အားဖြည့်ပေးနိုင်အောင် ဗီတာမင် ကြွယ်ဝတဲ့ အသီးအရွက်တွေ၊ အသီးအနှံတွေ များများစားပေးပါ။ လိုအပ်ရင် အားဆေးသောက်ပါ။အရေးကြီးတဲ့ အချက်က အိပ်ရေးဝအောင်အိပ်ပါ။ အရွယ်ရောက်သူတစ်ယောက်က ၆ နာရီမှ ၇ နာရီထိအိပ်သင့်ပါတယ်။ ၁၁နာရီ မတိုင်မီ အိပ်ခြင်းက သင့်မျက်လုံးသာမက ခန္ဓာကိုယ်တစ်ခုလုံးကိုပါ ကျန်းမာစေနိုင်ပါတယ်။ရေးသားသူ – Nadi။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/how-to-relieve-the-computer-eye-strain/
သည်းခြေအိတ် အကြောင်း သိကောင်းစရာ
သည်းခြေအိတ်ဟာအစာခြေစနစ်အတွက် လိုအပ်တဲ့သည်းခြေရည်များကို သိုလှောင်ထားပေးတဲ့ အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။ ဝမ်းဗိုက်ရဲ့ ညာဘက်ပိုင်းအသည်းရဲ့အောက်မှာ ကပ်လျက် တည်ရှိပါတယ်။ စားသောက်လိုက်ချိန်မှာ သည်းခြေအိတ်ဟာ လှုပ်ရှားလာပြီး သည်းခြေရည်တွေကိုအူလမ်းကြောင်းထဲ ညှစ်ထုတ်ပေးပါတယ်။သည်းခြေအိတ် ဟာသည်းခြေစနစ်မှာပါဝင်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ သည်းခြေစနစ်မှာ အသည်း၊ သည်းခြေအိတ်၊သည်းခြေပြွန်များနဲ့ သည်းခြေအရည်ပါဝင်ပါတယ်။ အဆိုပါစနစ်ဟာ သည်းခြေရည်များ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ အသုံးပြုခြင်းအတွက် ဆောင်ရွက်ပေးတဲ့စနစ်ဖြစ်ပါတယ်။သည်းခြေရည်များဟာ အစိမ်းရင့်ရောင်၊ စိမ်းဝါရောင် စသဖြင့် ခပ်ပျစ်ပျစ်ရှိပြီး အဆီဓာတ်ကို ချေဖျက်နိုင်ဖို့အတွက် အသည်းကနေ ထုတ်လုပ်ပေးပါတယ်။ အသည်းဟာ တစ်ရက်ကို ခန့်မှန်းခြေ ၂၇ မှ ၃၄ အောင်စအထိ ထုတ်လုပ်ပေးပါတယ်။စားသောက်လိုက်ချိန်မှာ သည်းခြေရည်များဟာ အသည်းကနေ အူသိမ်ထဲကို တိုက်ရိုက်ထုတ်လွှတ်လိုက်ပါတယ်။ ဒါပေမယ့် အစာမစားတဲ့အချိန်မှာဆိုရင် သည်းခြေအိတ်ထဲမှာ သိုလှောင်ထားပါတယ်။ အဆီဓာတ်များတဲ့ အစားအစာများကို စားသုံးလိုက်ရင် သည်းခြေအိတ်ဟာ သည်းခြေရည်များကို အူသိမ်ထဲကို ညှစ်ထုတ်ပေးလိုက်ပါတယ်။အဖြစ်များတဲ့ သည်းခြေအိတ်ပြဿနာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။သည်းခြေအိတ် ထဲမှာ ကိုလက်စထရော ဒါမှမဟုတ် ဘီလီရူဘင်လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတစ်မျိုး စုဝေးလာတဲ့အခါ သည်းခြေကျောက်တည်ခြင်း ဖြစ်နိုင်ပါတယ်။ သည်းခြေကျောက်ဟာ အရွယ်အစား အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ ကိုယ်အလေးချိန်များသူတွေ၊ အဆီနဲ့ ကိုလက်စထရော အစားများသူတွေမှာ ပိုပြီးဖြစ်တတ်ပါတယ်။ သည်းခြေကျောက်တည်သူ အများစုမှာ လက္ခဏာမပြဘဲ နေတတ်ပါတယ်။ ဒါပေမယ့် သည်းခြေပြွန်ကို ပိတ်မိရင်တော့ အောင့်နိုင်ပါတယ်။ သည်းခြေကျောက်တွေကို မကုဘဲထားလိုက်ရင် နောက်ဆက်တွဲပြဿနာတွေ ဖြစ်နိုင်ပါတယ်။သည်းခြေကျောက်ကြောင့် သည်းခြေရည်ထွက်ရာ လမ်းကြောင်းပိတ်ဆို့ရင် ဖြစ်နိုင်ပါတယ်။ အကျိတ်၊ ရောဂါပိုးဝင်ခြင်း စတဲ့ပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သည်းခြေအိတ်ရောင်တဲ့အခါ တွေ့နိုင်တဲ့ လက္ခဏာတွေကတော့။– ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်း (သို့မဟုတ်) အလယ်ပိုင်းအောင့်ခြင်း။– ညာပခုံး (သို့မဟုတ်) ကျောဘက်ပါ အောင့်ခြင်း။– ဗိုက်အောင့်ခြင်း၊ အထူးသဖြင့် ထိလျှင်မခံနိုင်အောင်နာခြင်း။– ဖျားခြင်း။– ပျို့အန်ခြင်း။စတာတွေ ဖြစ်ပါတယ်။ အဆိုပါ အခြေအနေမှာ ထိရောက်စွာမကုသဘဲနေရင် ဆိုးရွားတဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ သည်းခြေအိတ်ပေါက်ပြဲခြင်း၊ ရောဂါပိုးဝင်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။အသည်းကနေ အူသိမ်ထဲကိုသွားတဲ့ သည်းခြေပြွန်ထဲမှာ ကျောက်တည်ခြင်းဖြစ်ပါတယ်။ အဆိုပါ အခြေအနေမှာ သည်းခြေရည်များဟာ လိမ်းကြောင်းပိတ်ပြီး အသည်းဆီ ပြန်ရောက်သွားနိုင်ပါတယ်။ တွေ့နိုင်တဲ့လက္ခဏာတွေကတော့။–ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်းအောင့်ခြင်း။– ဆီးအလွန်မည်းခြင်း။– အသားဝါခြင်း၊ မျက်စိဝါခြင်း။– ရွှံ့စေးရောင်ဝမ်းများသွားခြင်း။– ပျို့အန်ခြင်း။စတာတွေ ဖြစ်ပါတယ်။ အဆိုပါအခြေအနေမှာ ပြွန်ထဲပိတ်ဆို့နေတဲ့ ကျောက်များကို မှန်ပြောင်းအသုံးပြုပြီး ဖယ်ရှားဖို့ လိုပါတယ်။သည်းခြေအိတ် အတွင်းပိုင်းမှာ အသားပိုအဖြစ် ထွက်လာခြင်း ဖြစ်ပါတယ်။ များသောအားဖြင့် ကင်ဆာမဟုတ်တဲ့ ရိုးရိုးအဖုအကျိတ်တွေ ဖြစ်တတ်ပါတယ်။ လက္ခဏာလည်း သိပ်မပြဘဲ တခြားကိစ္စရပ်တွေအတွက် အာထရာဆောင်းရိုက်မှ တွေ့ရတတ်တာမျိုး ရှိပါတယ်။သည်းခြေအိတ်နဲ့ ပတ်သက်ပြီး တွေ့ရတတ်တဲ့ တခြားပြဿနာတွေကတော့သည်းခြေအိတ်ကင်ဆာဖြစ်ခြင်း၊ သည်းခြေအိတ်အတွင်း ပြည်တည်နာဖြစ်ခြင်း၊ သည်းခြေအိတ်ရောင်ရမ်းပေါက်ပြဲခြင်း စတာတွေ ဖြစ်ပါတယ်။သည်းခြေအိတ် ကျန်းမာရေးကောင်းအောင် အမျှင်ဓာတ်များတဲ့ အစားအစာတွေ စားသုံးရပါမယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆီများကို စားသုံးရပါမယ်။ သကြားနဲ့ အဆီဓာတ်ကို လျှော့စားပြီး ကိုယ်အလေးချိန် ထိန်းရပါမယ်။ အစာကို ပုံမှန်အချိန်အတိုင်း စားသုံးသင့်ပါတယ်။သည်းခြေအိတ်မရှိရင်လည်း ပုံမှန်အတိုင်း နေနိုင်ပါတယ်။ အသည်းကနေ ထုတ်ပေးတဲ့ သည်းခြေရည်တွေဟာ အူသိမ်ထဲကို တိုက်ရိုက်ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် သည်းခြေအိတ်နဲ့ ပတ်သက်တဲ့ရောဂါတွေမှာ လိုအပ်ရင် သည်းခြေအိတ်ကို ခွဲစိတ်ဖယ်ထုတ်ပြီး ကုသကြပါတယ်။သည်းခြေအိတ်မရှိတော့ရင်တော့ စားသောက်ပုံကို ပြောင်းလဲရပါမယ်။ အမျှင်ဓာတ်ကို တဖြည်းဖြည်းချင်း မြှင့်တင်ပြီး စားသုံးရပါမယ်။အဆီများတဲ့ အစားစာတွေလျှော့စားရပါမယ်။ ကော်ဖီလျှော့သောက်ရပါမယ်။သည်းခြေအိတ်နဲ့ ပတ်သက်တဲ့ ပြဿနာတစ်စုံတစ်ရာရှိတယ်လို့ ထင်မြင်ယူဆရင် ဆရာဝန်ပြသသင့်ပါတယ်။ အထူးသဖြင့် စားသုံးပြီးချိန်မှာ ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်းက ထိုးအောင့်လာရင် သတိထားရပါမယ်။ ဖျားနာခြင်း၊ ပျို့အန်ခြင်း၊ အသားဝါခြင်း၊ ဆီးမည်းခြင်း စတဲ့လက္ခဏာတွေပါ တွေ့ရှိရရင် အရေးပေါ်ဆေးကုသမှု ခံယူသင့်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/gallbladder-disease/gallbladder/
Ldl Cholesterol (အယ်လ်ဒီအယ်လ် ကိုလက်စထရော ဆိုသည်မှာ အဘယ်နည်း)
ကိုလက်စထေရောသည် သွေးထဲရှိ အဆီထဲတွင် တွေ့ရသော ဖယောင်းကဲ့သို့သော အရာတစ်မျိုးဖြစ်သည်။ ကိုလက်စထရောသည် ဆဲလ်များ၏အမြှေးပါး၊ ဗီတာမင် ဒီ၊ အစာခြေအရည် နှင့် အခြားသော ဟော်မုန်းများပြုလုပ်ရန် အရေးကြီးသည်။ သို့သော် အချို့သော ကိုလက်စထရောများသည် နှလုံးရောဂါဖြစ်နိုင်ချေကိုများစေသည်။ကိုလက်စထရောသည် သွေးထဲတွင်မပျော်နိုင်ပေ။ ၎င်းတို့ကို သွေးထဲတွင် Lipoprotein ဟုခေါ်သော ပရိုတင်းတစ်မျိုးမှ သယ်ဆောင်သည်။ Lipoprotein မှသယ်ဆောင်သော ကိုလက်စထရော အမျိုးအစာပေါ်မူတည်ပြီး ကိုလက်စထရော အမျိုးမျိုးခွဲခြားနိုင်သည်။– Low density lipoprotein (LDL) သည် ခန္ဓါကိုယ်အတွက် မကောင်းသော ကိုလက်စထရောအဖြစ်သတ်မှတ်သည်။ သွေးကြောများ၏ နံရံတွင် ဖြစ်ပေါ်ပြီး သွေးကြောကို မာပြီး ကျဉ်းမြောင်းလာစေသည်။– High density lipoprotein (HDL) သည် ခန္ဓါကိုယ်အတွက် ကောင်းသော ကိုလက်စထရောအဖြစ်သတ်မှတ်သည်။ ၎င်းသည် သွေးကြောထဲမှLDL ကိုလက်စထရောများကိုဖယ်ရှားပြီး အသည်းသို့ ပို့ဆောင်ပေးသည်။LDL ကိုလက်စထရော များပါက နှလုံးသွေးကြောပိတ်ပြီး ရုတ်တရက် နှလုံးရောဂါခံစားရနိုင်ချေများသည်။ ကိုလက်စထရောများလျင် နှလုံးရောဂါ ဖြစ်နိုင်ချေများစေသည်။ နှလုံးရောဂါများတွင် နှလုံးသွေးကြောရောဂါ၊ လေဖြတ်ခြင်း၊ နှင့်အခြားသော သွေးကြောရောဂါများပါဝင်သည်။ ကိုလက်စထရောများခြင်းသည် ဆီးချိုနှင့် သွေးတိုးရောဂါများနှင့်လည်း ဆက်စပ်မှုရှိပါသည်။ကိုလက်စထရောများခြင်းသည် မျိုးရိုးလိုက်တတ်သော်လည်း၊ ကျန်းမာရေးနှင့် မညီညွတ်သော နေထိုင်မှုပုံစံကြောင့်လည်းဖြစ်နိုင်သည်။ ထို့ကြောင့် ၎င်းသည် ကာကွယ်၍ရနိုင်ပြီး ကုသ၍လည်း ရနိုင်သည်။၎င်းကျန်းမာရေးအခြေအနေသည် အလွန် အဖြစ်များပြီး အသက်အရွယ်မရွေးဖြစ်နိုင်ပါသည်။ သို့သော် ၎င်းကို ဖြစ်စေနိုင်သော အကြောင်းရင်းများကို လျော့ချခြင်းအားဖြင့် ဖြစ်ပွားနှုန်းကို လျော့စေနိုင်သည်။ ပိုမို သိရှိနိုင်ရန် သင့်ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။များသောအားဖြင့် ကိုလက်စထရောများခြင်းသည် ရောဂါလက္ခ္ခဏာပြလေ့မရှိပါ။ သို့သော် အောက်ပါတို့ကိုတွေ့ရနိုင်သည်။– မွေးကင်းစတွင်LDL ကိုလက်စထရော အလွန်များလျှင်။– အဆီများသည် အရေပြားအောက်တွင်စုပုံနေတတ်သည်။ အထူးသဖြင့် လက်တွင်ရှိသော အရွတ်များ တဝိုက်တွင် ရှိတတ်သည်။– မျက်ခွံအောက်တွင် အဝါရောင် အဆီများစုနေတတ်သည်။– မျက်ဆံနားတဝိုက်တွင် မီးခိုးဖြူရောင် သို့မဟုတ် အပြာရောင် အရစ်တစ်ခု ရှိနေတတ်သည်။– ရင်ဘတ်အောင့်တတ်သည်။– လေဖြတ်သကဲ့သို့ လက္ခဏာများ ရှိတတ်သည်။အထက်တွင် မဖော်ပြထားသော ရောဂါလက္ခဏာများလည်း ရှိနိုင်သည်။ ထို့ကြောင့် သင့်တွင် ရောဂါလက္ခဏာနှင့် ပတ်သတ်ပြီး စိုးရိမ်စိတ်ရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။သင့်တွင် အောက်ပါ လက္ခ္ခဏာများရှိပါက သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ကိုလက်စထရောများခြင်းသည် လက္ခဏာပြလေ့မရှိပါ။ တခါတရံတွင် ကိုလက်စထရောများခြင်း သို့မဟုတ် နှလုံးရောဂါအတွက် အန္တရာယ်ရှိနေခြင်းအတွက် ပထမဆုံးပြသော လက္ခဏာသည် နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်း နှင့် နှလုံးသွေးကြောပိတ်ခြင်း တို့ဖြစ်သည်။ ထိုအခါတွင် အရေးပေါ်ဆေးကုသမှု ခံယူရန် လိုအပ်ပါသည်။– အစားအသောက်အလေ့အထ။ အဆီများသော အစားအသောက်များ စားသုံးခြင်းဖြင့် ကိုလက်စထရောတက်စေသည်။– အဝလွန်ခြင်းသည် ကောင်းသော ကိုလက်စထရောကို နည်းစေပြီး မကောင်းသော အဆီဓါတ်ကို များစေသည်။– အချို့သောရောဂါများသည် ကိုလက်စထရောကို များစေသည်။ သိုင်းရွိုက်ဟော်မုန်းအထွက်နည ်းခြင်း၊ ကျောက်ကပ်ရောဂါများနှင့် အချို့သော အသည်းရောဂါများ။– အချို့သော ဆေးဝါးများသည် မကောင်းသော အဆီဓါတ်များကို များစေသည်။ ထိုဆေးများတွင် ဆီးဆေးများ (thiazide diuretics)၊ နှလုံဆေးများ (beta blocker) နှင့် အီစထရိုဂျင်ဟော်မုန်း၊ နှင့် corticosteroid တို့ပါဝင်သည်။အကြောင်းရင်းများစွာ တို့တွင် အောက်ပါတို့ပါဝင်သည်။– ပြည့်ဝဆီများပါဝင်သော အစားအစာများကိုစားခြင်း။– အဝလွန်ခြင်း။ BMI ၃၀ ထက်ကျော်သော သူများသည် ကိုလက်စထရောများနိုင်ချေ ရှိသည်။– လှုပ်ရှားမှုမရှိသော နေထိုင်မှုပုံစံ။– ဆေးလိပ်သောက်ခြင်း။ ဆေးလိပ်ငွေ့သည် သွေးကြောနံရံများကို ပျက်စီးစေပြီး အဆီစုစေသည်။ ဆေးလိပ်သောက်ခြင်းအားဖြင့် ကောင်းသော ကိုလက်စထရောကိုလည်း နည်းစေသည်။– ခါးအတိုင်းအတာ လက်မ ၄၀ ထက်ကျောက်သော အမျိုးသားများနှင့် ခါးအတိုင်းအတာ ၃၅ လက်မထက်ကျော်သော အမျိုးသမီးများ။– မိသားစု ရာဇဝင်ရှိခြင်း။ သင့်မိသားစုထဲတွင် ကိုလက်စထရောများသော ရာဇဝင်ရှိပါက သင့်တွင်လည်း ဖြစ်နိုင်သည်။ ထိုအခြေအနေသည် ကုသရခက်သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ကိုလက်စထရောများခြင်းကို သွေးစစ်ခြင်း အားဖြင့် ထိုသို့စစ်ဆေးခြင်းကို Lipid panel သို့မဟုတ် lipid profile ဟုခေါ်သည်။ အောက်ပါတို့ကို စစ်ဆေးသည်။– Total cholesterol။– LDL cholesterol။– HDL cholesterol။– Triglycerides။ပိုမိုတိကျစေရန် ၉ နာရီမှ၁၂ နာရီ အထိ အစာမစားပဲ သွေးနမူနာကို ယူရသည်။ အသက် ၂၀ ကျော်လာလျှင် ကိုလက်စထရောကို ၅ နှစ်တစ်ခါစစ်သင့်သည်။ ကလေးများအတွက် ကိုလက်စထရောကို ၉ နှစ်မှ ၁၁နှစ် အတွင်းတွင် တစ်ကြိမ်၊ ၁၇ နှစ်နှင့် ၂၁ ကြားတွင် တစ်ကြိမ် စစ်သင့်သည်။ကုသရခြင်း၏ ရည်ရွယ်ချက်မှာ နှလုံးရောဂါ နှင့် လေဖြတ်ခြင်းကို ကာကွယ်ရန်ဖြစ်သည်။ ကိုလက်စထရောပမာဏလျော့ချလိုခြင်း တစ်ခုထဲမဟုတ်ပေ။ နှစ်မျိုးမှာ ဆေးနှင့် ကုသခြင်းနှင့် နေထိုင်မှုပုံစံပြောင်းလဲခြင်း တို့ဖြစ်သည်။ကုသမှုသည် လူတစ်ယောက်ခြင်းစီ၏ အသက်၊ ကျန်းမာရေးအခြေအနေနှင့် အခြားသော ဖြစ်နိုင်သောဘေးထွက်ဆိုးကျိုးများပေါ်မူတည်သည်။များသောအားဖြင့် statin, bile-acid binding resins, cholesterol absorption inhibitors များကို ရွေးချယ်ကြသည်။ကိုလက်စထရောများခြင်းကို သက်သာစေနိုင်ရန် အောက်ပါ ဘဝနေထိုင်နည်းပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများက ကူညီနိုင်ပါလိမ့်မည်။ကျန်းမာရေးနှင့် ညီညွှတ်သော အာဟာရတွင် အောက်ပါတို့ပါဝင်သည်။– သံလွင်ဆီ၊ ထောပတ်သီး၊ သစ်ချသီး နှင့် အခွံမာအစေ့များ မှ ရသော မပြည့်ဝဆီများကို ပြည့်ဝဆီများနေရာတွင် အစားထိုးသုံးပါ။– ကိုလက်စထရောများသော အစားအစာများကိုလျော့စားပါ။ ကိုလက်စထရောများသော အစာများတွင် အတွင်း ကလီစာများ၊ ကြက်ဥ အနှစ်၊ နှင့် နို့ထွက်ပစ္စည်းများ ပါဝင်သည်။– ဆားပါဝင်မှုနည်းသော အသီးအရွက်၊ နှင့် နှံစားသီးနှံများစားပါ။– အမျှင်ဓါတ်ပါသော အသီးအရွက်များများစားပါ။– ကျန်းမာရေးအတွက်ကောင်းသော ငါးများ စားပါ။– အရက်ကို သင့်တော်ရုံပမာဏကို သောက်ပါ။ကျန်းမာစေသော အလေ့အထများကို ပြုလုပ်ပါ။– ကိုယ်အလေးချိန်လျော့ချပါ။– လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပါ။ တစ်ပတ်တွင် တတ်နိုင်သမျှ ရက်များများ ပြုလုပ်ပါ။ တစ်ရက်တွင် အနည်းဆုံး မိနစ် သုံးဆယ် ပြုလုပ်ပါ။– ဆေးလိပ်ဖြတ်ပါ။သင့်တွင် မေးမြန်းလိုသည်များရှိပါက သင့်အတွက် အကောင်းဆုံးအဖြေကို ရရှိစေရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/ldl-cholesterol-%e1%80%a1%e1%80%9a%e1%80%b9%e1%80%9c%e1%80%b9%e1%80%92%e1%80%ae%e1%80%a1%e1%80%9a%e1%80%b9%e1%80%9c%e1%80%b9-%e1%80%80%e1%80%ad%e1%80%af%e1%80%9c%e1%80%80%e1%80%b9%e1%80%85%e1%80%91/
ထိပ်ကပ်နာ
နှာခေါင်းရဲ့တစ်ဖက်တစ်ချက်ဆီမှာရှိတဲ့ မျက်နှာအရိုးလေးတွေကြားမှာ နေရာလွတ်လေးတွေ ရှိပါတယ်။ ဒါကို Sinusလို့ခေါ်ပါတယ်။ သူကပုံမှန်တော့ လေနဲ့ပြည့်နေတာပါ။  ဒီနေရာလေးတွေပိတ်ပြီး အရည်လေးတွေစုလာရင် ပိုးဝင်လာနိုင်ပါတယ်။ ဒီကနေမှတစ်ဆင့် Sinusနဲ့ အနားသားလေးတွေ ရောင်ရမ်းတာဖြစ်လာတဲ့အခါ Sinisitis (ထိပ်ကပ်နာ)ဆိုတာဖြစ်လာတာပါ။ ထိပ်ကပ်နာဖြစ်လာခဲ့ရင် လူနာအနေနဲ့လည်း ခံရခက်သလို တစ်ခါတစ်လေနှာခေါင်းက အနံ့ဆိုးထွက်တာကြောင့် လူကြားထဲ သွားလာရခက်နိုင်ပါတယ်။ ဒါကြောင့် ထိပ်ကပ်နာပတ်သတ်ပြီးဘာကြောင့်ဖြစ်တာလဲ။ ဘယ်လိုတွေခံစားရမှာလဲ။ ကုသနည်းတွေကို ဆက်လက်လေ့လာကြည့်ရအောင်။ထိပ်ကပ်နာ ဖြစ်ရတဲ့အကြောင်းရင်းကတော့ အများကြီးပါပဲ။ ဒါပေမယ့် နောက်ခံအကြောင်းရင်းကို ပြန်ကြည့်ရင် sinusထဲမှာ အရည်တွေပိတ်နေလို့ ပိုးဝင်တာပါပဲ။ ဘာပိုးတွေလည်းဆိုတော့။ဘယ်သူမဆိုဖြစ်နိုင်ပါတယ်။ ပိုဖြစ်နိုင်တဲ့သူတွေကတော့။ကလေးတွေမှာဆိုရင်တော့။ရုတ်တရက်ဖြစ်တဲ့ ထိပ်ကပ်နာ (Acute sinusitis)ရဲ့ လက္ခဏာတွေကတော့။ဒီထက်ပိုဆိုးလာရင်တော့။နာတာရှည်ထိပ်ကပ်နာ (Chronic sinusitis)ရဲ့ လက္ခဏာတွေကတော့။ထိပ်ကပ်နာ ရောဂါက သူ့အလိုလို ပျောက်သွားတာများပါတယ်။ ဒါပေမယ့် ထိပ်ကပ်နာဖြစ်ရင် နေရခက်တာကြောင့် လူတော်တော်များများက ဆေးဆိုင်က ဆေးဝယ်သောက်ပြီး သက်သာသွားကြပါတယ်။ ဆရာဝန်နဲ့ မဖြစ်မနေပြသင့်တဲ့ အခြေအနေကတော့။အိမ်မှာလုပ်နိုင်တဲ့နည်းလမ်းများ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/nose-conditions/sinusitis-explained/
လက်သည်းအရှည်ထား တာ ကြိုက်သူတိုင်း ဖတ်ဖို့
ဒီဆောင်းပါးမှာ အလှကြိုက်ပြီးလက်သည်းကို မညှပ်ဘဲ အရှည်ထားတတ်တဲ့ သူတွေအတွက် သိထားသင့်တဲ့ ကျန်းမာရေးဗဟုသတတွေကို ပြောပြပေးချင်ပါတယ်။ ဒီဘက်ခေတ်မှာ လူငယ် အများစု လက်သည်းအရှည်ထား လာတတ်ကြပါတယ်။အဓိက မိန်းကလေးတွေအပြင် တချို့ ယောက်ျားလေးတွေလည်း တချို့လက်ချောင်းတွေမှာ လက်သည်းမညှပ်ဘဲ အလှအပအနေနဲ့ သို့မဟုတ် ခေတ်စတိုင် အနေနဲ့ အရှည်ထားလာကြပါတယ်။ တချို့ကျတော့ လက်သည်း ညှပ်ရမှာ ပျင်းလို့ကို တမင် မညှပ်ကြတာမျိုးတွေလည်း ရှိတာပေါ့။ လက်သည်း အရှည်တွေက ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှု ရှိသလဲဆိုတာကို ပြောပြပေးချင်ပါတယ်။၁။ လက်သည်းဟာ လက်ချောင်းထက် ပိုရှည်ပြီး အရှေ့ကို ထွက်နေတဲ့အတွက် ကျိုးပဲ့ထိခိုက်မိဖို့ အရမ်းလွယ်ပါတယ်။လက်သည်းကျိုးတယ်ဆိုတာ အနာကသာ သေးသေးလေး၊ တကယ် ဖြစ်လာပြီဆိုရင် ခံစားရတဲ့ ဝေဒနာက လုံးဝ မသက်သာပါဘူးနော်။၂။ လက်သည်းက ရှည်လွန်းနေတဲ့အခါ အပြင်ကအညစ်အကြေးတွေဟာ အထဲမှာသွားပြီး ကပ်ငြိနေနိုင်ပါတယ်။ အထူးသဖြင့်အိမ်သာတက်ပြီး အလေးစွန့်ပြီးတဲ့အခါ သန့်ရှင်းရေးလုပ်ရင် လက်သည်းထဲမှာ မစင် အညစ်အကြေးတွေ ကပ်ကျန်နေနိုင်ပါတယ်။၃။ လူတော်တော်များများသည် လက်သည်းညှပ်ရမှာလည်း ပျင်းသလို အစာမစားခင်လက်ဆေးရမှာလည်း ပျင်းတတ်ကြပါတယ်။ အဲ့တော့ နည်းနည်းပဲ စားတာပဲလေဆိုပြီး လက်မဆေးဘဲ အစာကို ကိုင်ပြီး စားလိုက်တဲ့အခါ လက်သည်းကြားမှာ ကပ်ငြိနေတဲ့ အညစ်အကြေးတွေ၊ ရောဂါပိုးမွှား မှန်သမျှ ဗိုက်ထဲကို ရောက်သွားပြီးအစာအဆိပ်သင့်တာ၊ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ ဗိုက်အောင့် ဗိုက်နာတာ၊ သန်ထတာမျိုး ဖြစ်စေနိုင်ပါတယ်။၄။ ရှည်လွန်းတဲ့ လက်သည်းတွေဟာ အချွန်အထက် လက်နက်တစ်မျိုးပါပဲ။ ကိုယ့်ကိုယ်ကိုယ်လည်း ထိခိုက်အောင် လုပ်မိနိုင်သလို တခြားသူကိုလည်း ဒဏ်ရာ အနာတရ ဖြစ်စေနိုင်ပါတယ်။အထူးသဖြင့် ကိုယ်ခန္ဓာမှာ ဖြစ်နေတဲ့ အနာဆိုရင် ကုတ်မိလိုက်တဲ့အခါ လက်သည်းရှည်ကြောင့် ပြန်ပွန်းပဲ့ သွေးထွက်ပြီးအနာကျက်ဖို့ ခဲယဉ်းသွားတတ်သလို လက်သည်းကြားထဲက ရောဂါပိုးဟာလည်း အနာထဲ ဝင်သွားပြီး ပြည်တည်ကာ ပိုဆိုးသွားစေနိုင်ပါတယ်။၅။ လက်သည်းထဲမှာရောဂါပိုးပေါင်းစုံ အောင်းနေနိုင်ပါတယ်။ ရောဂါပိုးဆိုတာ မျက်လုံးနဲ့ ကြည့်လို့ လုံးဝ မမြင်ရနိုင်ပါဘူး။ လက်ဆိုတာကလည်း အရာဝတ္ထု ပေါင်းစုံ၊ လူပေါင်းစုံနဲ့ ထိတွေ့ ကိုင်တွယ်နေရတာ ဖြစ်တဲ့အတွက် ရောဂါပိုးကတော့ အမြဲလိုလို ကပ်နေနိုင်ပါတယ်။၆။ အရေပြားမှိုစွဲခြင်းကို ဖြစ်စေနိုင်ပါတယ်။ လက်သည်းထဲမှာ ရောဂါပိုးတွေအပြင် မှိုရောဂါပိုးတွေပါ အောင်းနေပြီး ပွားလာတဲ့အခါ ပွေး၊ ဝဲ၊ ညှင်း၊ နှင်းခူအပြင် တခြား အရေပြားမှိုစွဲတာ၊ လက်သည်းမှိုစွဲတဲ့ ပြဿနာတွေ ကြုံလာရနိုင်ပါတယ်။၇။ လက်သည်း ကိုက်တတ်သူတွေဆိုရင်လည်း လက်သည်း ကြားထဲက ရောဂါပိုးတွေကို ဗိုက်ထဲ အလိုလို ရောက်အောင် တွန်းပို့လိုက်တာနဲ့ အတူတူပါပဲ။ဒါကြောင့် လက်သည်းနဲ့ ပတ်သက်လာရင် အရမ်း အလှအပ မက်နေတာ၊ အပျင်းကြီးနေတာမျိုး မလုပ်ဘဲ ပုံမှန်လေး ညှပ်ပေးဖို့တော့ လိုမယ်နော်။ လက်သည်းလေးက ရှည်နေလေလေ အထဲမှာ ရောဂါပိုးတွေ အများကြီး အောင်းနေနိုင်ပြီး ကိုယ့်ကျန်းမာရေးကို ပြန် ဒုက္ခပေးလာနိုင်တယ်ဆိုတာကို လုံးဝ မမေ့ဖို့ ထပ်ပြီး အကြံပေးလိုက်ချင်ပါတယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/nail-care/harmful-effects-of-long-finger-nails/
မျက်စိစွေခြင်းဆိုတာဘာလဲ
မျက်စိစွေခြင်း သည် ကလေးများတွင်အဖြစ်များသောမျက်စိပြဿနာတစ်ခုဖြစ်သည်။ မျက်စိစွေခြင်းကိုနောက်ဆက်တွဲများ ဥပမာ အန်ဘိုင်လိုပီယား နှင့် အခြား အမြင်ပြဿနာများမဖြစ်ခင် စေစာစောသိပြီး ကုသရန်လိုအပ်သည်။မျက်စိစွေခြင်း သည် အမြင်အာရုံပြဿနာတစ်ခုဖြစ်ပြီး မျက်လုံးမညီခြင်း လားရာမတူခြင်းကြောင့်ဖြစ်သည်။ တစ်လုံးက အရှေ့သို့ကြည့်နေပြီး အခြားမျက်စိတစ်ဖက်က အပေါ်သို့ အောက်သို့ အတွင်းသို့ သို့မဟုတ် အပြင်သို့ ထွက်နေတတ်သည်။ပုံမှန်အားဖြင့် မျက်ဝန်းရှိကြွက်သားများ (ခြောက်ခု)က မျက်လုံးကိုတွယ်ထားပြီးမျက်လုံးလှုပ်ရှားမှုကိုထိန်းချုပ်ပေးသည်။ ထိုသို့မျက်လုံးစွေခြင်းသည် မျက်လုံးကြွက်သားများလှုပ်ရှားမှုတွင် အတူတကွအလုပ်မလုပ်တော့ခြင်း ကြောင့် မျက်လုံးများမညီညာတော့ပဲ တူညီသောလားရာကိုတစ်ကြိမ်တည်းမကြည့်နိုင်ခြင်းတို့ဖြစ်နိုင်သည်။မျက်စိစွေခြင်းလုံးမျိုးရိုးလိုက်နိုင်သည်။ အချို့ကမွေးရာပါဖြစ်သည်။ ပုံရိပ်ပြန်သောမှားယွင်းခြင်းများရှိခြင်းဥပမာ (အဝေးမှုန်ခြင်း) အနီးမှုန်ခြင်း အမြင်အာရုံချို့ယွင်းခြင်းကြောင့်ဖြစ်နိုင်သည်။ ဖျားခြင်း ထိခိုက်ဒဏ်ရာရခြင်းတို့ကြောင့် ကြွက်သားအာရုံကြောများထိခိုက်မိခြင်းကြောင့်လည်းဖြစ်နိုင်သည်။ များသောအားဖြင့် မျက်စိစွေခြင်းသည် ကြွက်သားပြသာနာများကြောင့်အဓိကမဟုတ်ပဲ ဦးနောက်ရှိ ထိန်းချုပ်သောစနစ်မူမမှန်ခြင်းကြောင့်ဖြစ်သည်။မျက်စိစွေခြင်းသည်သိသာသည်-မျက်စိနှစ်လုံး ညီမျှမှုမရှိခြင်း လားရာမတူကို တစ်ချိန်တည်းတွင်ကြည့်နေခြင်းတို့ဖြစ်သည်။ မွေးကင်းစများတွင် အဓိကအားဖြင့်ပင်ပန်းချိန်တွင် မျက်စိမညီခြင်းရှိနိုင်သော်လည်း ထိုသို့ဖြစ်ခြင်းသည် မျက်စိစွေခြင်းရှိသည်ကိုမဆိုနိုင်ပါ။ သို့သော်အသက်လေးလကျော်သည်အထိဆက်ရှိနေပါက မိဘက ဆရာဝန်ထံခေါ်သွားပြီးစစ်ဆေးခြင်းများလုပ်သင့်သည်။ အရာတစ်ခုကိုကြည့်ရင်း ကလေးခေါင်းလှည့်ခြင်း သို့မဟုတ် မျက်လုံးတစ်ဖက်ပိတ်ခြင်း အဓိကအားဖြင့် နေအလင်းရောင်တွေ့ပါက မျက်လုံးစွေခြင်း၏လက္ခဏာများဖြစ်နိုင်သည်။ အသက်ကြီးသောကလေးများက နှစ်ထပ်မြင်ခြင်း အမြင်ဝါးခြင်း မျက်လုံးညောင်းခြင်းတို့ဖြစ်နိုင်သည်။ထိုသို့ရောဂါသေချာပါက သေချာစွာကုသရန်လိုအပ်သည်။ ကလေးအသက်ငယ်လေလေ ကုသမှုထိရောက်နိုင်လေလေဖြစ်သည်။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%80%85%e1%80%ad%e1%80%b1%e1%80%85%e1%80%bc%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%ac%e1%80%98%e1%80%ac%e1%80%9c/
ငှက်ပျောသီး တစ်နေ့ နှစ်လုံးစားတဲ့အခါ ဘာတွေဖြစ်မလဲ
ငှက်ပျောသီးဟာ လူကြိုက်များတဲ့ သစ်သီးတစ်မျိုးပါ။ အမျိုးအစားစုံလင်လှသလို အားလုံးနီးပါးက ချိုမြိန်တဲ့အရသာနဲ့ ကြွယ်ဝလှတဲ့ အာဟာရဓာတ်တွေကို ပေးစွမ်းနိုင်ပါတယ်။ငှက်ပျောသီးကFiber လို့ခေါ်တဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးတစ်မျိုးပါ။ လူတစ်ယောက်ရဲ့တစ်နေ့တာအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေထဲမှာ အမျှင်ဓာတ်ကလည်း အရေးပါတဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပြီး တစ်နေ့ကို ၂၅ ဂရမ်လောက် လိုအပ်ပါတယ်။ဒါတင်မကသေးပါဘူး။ ငှက်ပျောသီးမှာ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လိုရီ၊ Fat၊ ပရိုတိန်း၊ဗီတာမင် C၊ဗီတာမင် B6၊ မဂ္ဂနီးစ်တို့လည်းပါဝင်နေပါသေးတယ်။ ငှက်ပျောသီးကို နေ့စဉ် လုံလောက်စွာစားပေးမယ်ဆိုရင် အမျှင်ဓာတ်ကြောင့် လူကို ဗိုက်ပြည့်တင်းတိမ်စေတာ၊ ကိုယ်အလေးချိန် လျော့ကျစေတာတွေ ဖြစ်စေနိုင်သလို နှလုံးရောဂါ၊ နာတာရှည်ရောဂါတွေနဲ့ စိတ်ဖိစီးမှုတွေကိုလည်း လျော့နည်းစေပါတယ်။ဒီလို အသုံးတည့်လှတဲ့ ငှက်ပျောသီးကို တစ်နေ့ကို ဘယ်နှစ်လုံးလောက် မှီဝဲသင့်သပါလဲ။ WHO ရဲ့ သတ်မှတ်ချက်တွေအရ တစ်နေ့ကို သစ်သီးဝလံ ၅ ခုလောက်စားပေးသင့်တယ်လို့ ဆိုထားပြီး ငှက်ပျောသီးကတော့ တစ်နေ့ ၂ လုံးလောက် မှီဝဲသင့်ပါတယ်။တစ်နေ့ကို ငှက်ပျောသီး ၂ လုံး မှီဝဲမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူးတွေ ရရှိလာမှာဖြစ်ပါတယ်။ဒါ့အပြင် ပိုတက်စီယမ်ဓာတ်ကြွယ်ဝတဲ့ ငှက်ပျောသီးဟာ ကျောက်ကပ်ကျန်းမာရေးအတွက် အရေးပါလှပြီး ကျောက်မတည်အောင် ကာကွယ်ပေးနိုင်ပါသေးတယ်။ ဒါပေမယ့် ကျောက်ကပ်ပျက်စီးလို့ ပိုတက်ဆီယမ်ကို မစွန့်ထုတ်နိုင်တဲ့သူတွေကတော့ ငှက်ပျောသီးကို မစားတာ ပိုကောင်းပါတယ်။မဂ္ဂနီဆီယမ်ကြောင့်လည်းအင်ဆူလင်တုံ့ပြန်နိုင်စွမ်းကို ပိုကောင်းစေပြီး သွေးချိုအတက်အကျကို တည်ငြိမ်စေဖို့ အထောက်အကူပေးသေးပါတယ်။ရာသီမလာခင် နာကျင်ကိုက်ခဲမှုတွေကိုလည်း ငှက်ပျောသီးက သက်သာစေပါတယ်။ ခန္ဓာကိုယ် အပူချိန်မျှတနေအောင်လည်း သူကထိန်းညှိပေးပါတယ်။ ငှက်ပျောသီးမှာ ကင်ဆာကို တိုက်ဖျက်နိုင်တဲ့အစွမ်းတွေလည်း ပါရှိပါတယ်။နောက်ပြီး ငှက်ပျောသီး အတွင်းသား အခွံဖြူလေးကလည်း မျက်နှာအရေပြား ယားယံပြီး အဖုအဖိန့်ထတာတွေ၊ အရေးအကြောင်းထတာတွေနဲ့ တင်းတိပ်တွေကို ပျောက်ကင်းစေနိုင်တဲ့ အကျိုးအာနိသင်ကိုပေးစွမ်းသလို အသားအရေကို ကြည်လင်တောက်ပစေပါတယ်။ဒါကြောင့် ဒီလိုကျန်းမာရေးအတွက် အထောက်အကူပေးတဲ့ ငှက်ပျောသီးကို နေ့စဉ်မှီဝဲပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်ဆည်းနိုင်ပါတယ်နော်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/good-reasons-eat-banana-today/
null
null
digestive-health
digestive-health
https://hellosayarwon.com/digestive-health/hemorrhoids/hemorrhoid-surgery/
Swollen Feet Or Ankles (ခြေထောက်၊ ခြေကျင်းဝတ်ဖောခြင်း)
Swollen Feet Or Ankles (ခြေထောက်၊ ခြေကျင်းဝတ်ဖောခြင်း) အကြောင်းလေး လေ့လာလိုက်ရအောင်နော်။ခြေကျင်းဝတ်တွေခြေထောက်တွေရောင်နေခြင်းဟာ ထိုနေရာတွေမှာ အရည်တွေစုနေခြင်းကြောင့်ဖြစ်ပြီး ဒဏ်ရာကြောင့်မဟုတ်ပါက မနာကျင်ပါဘူး။အလွန်အဖြစ်များပြီး အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ဖောခြင်းဖြစ်စေတတ်သော အချက်တွေကို လျှော့ချခြင်းဖြင့် ထိန်းသိမ်းရှောင်ကြဉ်နိုင်ပါတယ်။ အသေးစိတ်အချက်အလက်များအတွက် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ဖြစ်လေ့ရှိသောလက္ခဏာတွေကတော့-။တခြားလက္ခဏာတွေအနေနဲ့။ဖော်ပြထားတဲ့လက္ခဏာတွေအပြင် တခြားလက္ခဏာတွေလည်းရှိနိုင်တာကြောင့် သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်နိုင်တယ်။ခြေထောက်တွေမှာ ဖောခြင်းဟာ စိတ်ပူစရာအခြေအနေတစ်ခုတော့မဟုတ်ပေမယ့် တခါတလေမှာတော့ ပြင်းထန်တဲ့ရောဂါတစ်ခုခုရဲ့ လက္ခဏာလည်းဖြစ်နေနိုင်ပါတယ်။ဒါကြောင့်အထက်ပါလက္ခဏာတွေပါခံစားရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ချက်ခြင်းပြသင့်ပါတယ်။ခြေကျင်းဝတ်၊ ခြေထောက်တွေ ဖောရခြင်းအကြောင်းတွေ အများကြီးရှိနိုင်ပါတယ်။ အများအားဖြင့်တော့ တချို့သော နေထိုင်မှုပုံစံတွေကြောင့်ဖြစ်လာတတ်တယ်၊ ဥပမာ-။တချို့သောဆေးတွေကြောင့်လည်း ဖောနိုင်ပါတယ်။ဒါ့အပြင်ထိုဆေးတွေဟာ သွေးပျစ်စေပြီး သွေးလှည့်ပတ်မှုလျော့ကျစေတာကြောင့် ခြေထောက်တွေမှာ ဖောစေတတ်ပါတယ်။ တကယ်လို့ သင်သောက်နေတဲ့ဆေးကြောင့် ဖောရောင်လာရတယ်ထင်ရင် ဆရာဝန်နဲ့သေချာပြန်တိုင်ပင်ကြည့်ပါ။ မတိုင်ပင်ဘဲ မိမိသဘောနဲ့ ဆေးရပ်မပစ်ပါနဲ့။တခြားဖြစ်နိုင်ခြေရှိတဲ့ အကြောင်းတွေကတော့-။ဖောခြင်းကိုအားပေးတတ်သောအချက်များ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်က စမ်းသပ်မှုများလုပ်ပြီး လက္ခဏာများနဲ့ပတ်သတ်လို့ မေးမြန်းပါလိမ့်မယ်။ဖောရခြင်းအကြောင်းအရင်းကိုသိဖို့အတွက်တော့ အောက်ပါစစ်ဆေးမှုထဲမှာ တစ်ခု သိုမဟုတ့် တစ်ခုထက်ပိုပြီး လုပ်ခိုင်းနိုင်ပါတယ်။သွေးစစ်ဆေးမှု။ဓါတ်မှန်။အယ်လ်ထရာဆောင်း။အီးစီဂျီ။တကယ်လို့ဖောခြင်းဟာ သာမန်နေထိုင်မှုပုံစံ၊ ထိခိုက်မှုသေးသေးကြောင့်ဖြစ်ပါက သာမန်အိမ်တွင်းကုသမှုပုံစံတွေလောက်သာ အကြံပေးနိုင်ပါတယ်။တကယ်လို့ တခြားရောဂါအခြေအနေတစ်ခုခုကြောင့်ဖြစ်နေရင်တော့ ထိုအခြေအနေကို ကုသဖို့လုပ်ရပါမယ်။ ဆီးဆေးလိုဆေးမျိုးနဲ့ ကုသနိုင်ပါတယ်။ ဒါပေမယ့် ဘေးထွက်ဆိုးကျိုးတွေရှိတတ်တာကြောင့် သာမန်အိမ်တွင်းကုနည်းနဲ့ မရမှသာ သုံးသင့်ပါတယ်။သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေကိုရရန် ဆရာဝန်နှင့်သေချာဆွေးနွေးတိုင်ပင်နိုင်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/symptoms/swollen-feet-or-ankles-explained/
သင့်ခရီးဖော် ဖွားဖက်တော်
ဒီဆောင်းပါးလေးမှာတော့ အသက်အရွယ်အပိုင်းအခြားအလိုက် အမျိုးသားတစ်ယောက်ရဲ့ ဖွားဖက်တော်(လိင်အင်္ဂါ) ရဲ့ ပုံစံနဲ့ လုပ်ဆောင်မှုတွေ ဘယ်လိုပြောင်းလဲလာသလဲဆိုတာကို မျှဝေဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင်နဲ့ ဘဝတစ်သက်တာလုံး အတူတူလိုက်ပါ ပြောင်းလဲလာမယ့် ဖွားဖက်တော်လေးအကြောင်း သိရှိရအောင် အခုပဲ ဖတ်ကြည့်လိုက်ပါဦးနော်။ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ခပ်သိမ်းသော အစိတ်အပိုင်းများနည်းတူ ဖွားဖက်တော်ဟာလည်း အသက်အရွယ် အပိုင်းအခြားအလိုက် ပြောင်းလဲမှုတွေကို ကြုံတွေ့ရင်ဆိုင်ရပါတယ်။ ဒီလို ပြောင်းလဲမှုတွေကို အဓိက ကြိုးကိုင်ပေးနေသူကတော့တက်စတိုစတီရုန်းလို့ခေါ်တဲ့ ကျားဟော်မုန်းပဲ ဖြစ်ပါတယ်။အသက် ၉နှစ်ကနေ ၁၅နှစ်အတွင်းမှာ သင့်ရဲ့ဦးခေါင်းမှာရှိတဲ့ပစ်ကျူထရီဂလင်းကနေ ဟော်မုန်းတစ်မျိုး ထုတ်ပြီး ခန္ဓာကိုယ်ကနေ တက်စတိုစတီရုန်း ဟော်မုန်းထုတ်စေဖို့ အချက်ပြလိုက်ပါတယ်။ ဒီလိုမျိုး ထွက်လာတဲ့ တက်စတိုစတီရုန်း ဟော်မုန်းကြောင့်ပဲ ကြီးကောင်ဝင်ခြင်း၊လူပျိုဖော်ဝင်ခြင်းဆိုတဲ့ ဖြစ်စဉ်တွေ ပေါ်ပေါက်လာရပါတယ်။ဒီနေရာမှာ ဗဟုသုတအလို့ငှာ တခုပြောရမယ်ဆိုရင် ယောက်ျားလေးတွေဟာ ရှင်ပြုလိုက်တော့မှ ထွားလာတယ်၊ အရပ်တွေလည်း ရှည်လာတယ် စသဖြင့် ပြောတတ်ကြပါတယ်။ တကယ်တမ်းကျတော့ အဲ့ဒီလို ရှင်ပြုလေ့ရှိတဲ့အရွယ်နဲ့ သဘာဝအလျောက် တက်စတိုစတီရုန်း(ကျားဟော်မုန်း)တွေ ထွက်တဲ့အချိန် တိုက်ဆိုင်နေတတ်တာကြောင့်ပဲ ဖြစ်ပါတယ်ဆိုတာလေးကို သတိချပ်သင့်ပါတယ်။ဒီလို ကျားဟော်မုန်းထွက်လာတဲ့အတွက် သင့်လိင်တံ၊ ဝှေးစေ့၊ ကပ္ပာယ်အိတ် စတာတွေ ကြီးထွားဖွံ့ဖြိုးလာပြီး ဆီးခုံမွေးတွေလည်း စတင်ထွက်ပေါ်လာပါတော့တယ်။ တက်စတိုစတီရုန်းဟော်မုန်းတွေ ဆထက်ထမ်းပိုး တိုးတက်များပြားလာပြီး အသက်၂၀တဝိုက်မှာတော့ အမြင့်ဆုံး ပမာဏကို ရောက်ရှိလို့ လာပါတော့တယ်။ ဒါဟာ သင့်စွမ်းဆောင်ရည်တွေ အထွတ်အထိပ် ရောက်နေတဲ့အချိန်ပေါ့။ဒါပေမယ့် ဘယ်အရာမှ မမြဲဘူးဆိုတဲ့ သဘောတရားအတိုင်း တက်စတိုစတီရုန်းပမာဏဟာ အသက်၂၀ ကျော်ကနေစပြီး အသက်၄၀နားလောက် ရောက်တဲ့အထိ တဖြည်းဖြည်း ပြန်လည်ကျဆင်းလို့လာပါတော့တယ်။ ဒါပေမယ့် ဒီလိုကျဆင်းတာဟာ မသိလိုက်မသိဖာသာ ခပ်နည်းနည်းသာ ဖြစ်တဲ့အတွက် သင့်အနေနဲ့ စိတ်သွားတိုင်း ကိုယ်ပါနေတုန်းပဲ ဖြစ်မှာပါ။ ထိပ်ဆုံးထိ မရောက်ခဲ့ရတောင် အလယ်လတ်တော့ မကပါကွယ် ဆိုတဲ့ စိုင်းထီးဆိုင်သီချင်းလေးလိုပဲပေါ့။သို့သော် ….. သို့သော်အသက်၄၀ကျော်လာပြီဆိုရင်ဖြင့် ဇာတ်လမ်းတွေက စပါပြီ။ ဒီအချိန်မှာလည်း သင့်ကျားဟော်မုန်းက အလွန်အမင်း ထိုးဆင်းသွားတာမျိုး မဟုတ်ပေမယ့် သင့်ခန္ဓာကိုယ်ကနေ Sex hormone binding globulin လို့ခေါ်တဲ့ လိင်သဘာဝဟော်မုန်းတွေကို ဆွဲယူပေါင်းစည်းပစ်နိုင်တဲ့ ပရိုတင်းတစ်မျိုးကို ပိုမိုထုတ်လုပ်လို့ လာပါတော့တယ်။အကျိုးဆက်အနေနဲ့ သင့်ရဲ့ ရှိစုမဲ့စု တက်စတိုစတီရုန်းလေးတွေကို ဒီပရိုတင်းက ဆွဲယူသွားတဲ့အခါ သင့်သွေးထဲမှာ လွတ်လွတ်လပ်လပ်ရှိနေတဲ့ (သင့်ခန္ဓာကိုယ်က အသုံးပြုနိုင်တဲ့) ကျားဟော်မုန်းတက်စတိုစတီရုန်းပမာဏဟာ သိသိသာသာကြီးကို နည်းပါးသွားပါပြီ။ နောက်ဆက်တွဲအနေနဲ့ အောက်ဖော်ပြပါ အပြောင်းအလဲတွေကို သင်ကြုံတွေ့ရတော့မှာပါ။ဆီးခုံမွေး။သင့်ခန္ဓာကိုယ်တခြားနေရာက အမွေးအမျှင်တွေနည်းတူ ဆီးခုံမွေးတွေဟာလည်း ကျိုးတို့ကျဲတဲဖြစ်လာကာ အရောင်တွေလည်း ဖြူလာပါမယ်။လိင်တံအရွယ်အစား။သင့်လိင်တံထောင်မတ်တဲ့အချိန်မှာ လိင်တံအရွယ်အစားဟာ ငယ်ရွယ်စဉ်က အနေအထားလောက် မရှိတော့တာကို သင်သတိထားမိလာပါလိမ့်မယ်။ အမှန်တကယ် အရွယ်အစားသေးသွားတာထက် သင့်ဆီးခုံရိုးမှာ အဆီတွေပိုမိုစုပုံလာတာ၊ ဗိုက်ပူလာတာကြောင့် လိင်တံအရွယ်အစား သေးသွားတယ်လို့ ထင်ရတာ ဖြစ်နိုင်ပါတယ်။လိင်တံပုံသဏ္ဍာန်။ရာခိုင်နှုန်းအနည်းငယ်သော အမျိုးသားတွေမှာ အသက်အရွယ်ကြီးမြင့်လာတဲ့အခါ လိင်တံကောက်လာတတ်ပါတယ်။ ဒီလို ကောက်လာပြီဆိုရင် အလျား၊ လုံးပတ်နဲ့ စွမ်းဆောင်ရည်တို့ကိုပါ ထိခိုက်မှုတွေ ရှိလာပါလိမ့်မယ်။လိင်ဆက်ဆံစဉ်ကာလမှာ ကောက်သွားမယ်ဆိုရင်တော့ ထိခိုက်မှုဒဏ်ကြောင့်Peyronie’s diseaseလို့ခေါ်တဲ့ ရောဂါတစ်မျိုးကိုပါ ခံစားရနိုင်ပါတယ်။ ဒီလို ထိခိုက်ဒဏ်ရာရပြီးလို့ ပြန်ကောင်းလာပြီဆိုရင်တောင် လိင်တံထောင်မတ်တဲ့အခါ ပျက်စီးသွားတဲ့ တစ်ရှူးတွေဆီကို သွေးကောင်းစွာ မရောက်ရှိနိုင်တော့တာကြောင့် ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ဆေးဝါးနဲ့သော်လည်းကောင်း၊ ခွဲစိတ်ပြီးတော့သော်လည်းကောင်း ကုသမှုခံယူစရာ အကြောင်းတွေ ရှိကောင်းရှိလာနိုင်ပါတယ်။ဝှေးစေ့။ဝှေးစေ့ဟာ ကပ္ပာယ်အိတ်ထဲမှာရှိပြီး သုက်ကောင်တွေထုတ်ပေးတဲ့ လုပ်ငန်းတာဝန်ကို လုပ်ဆောင်ပါတယ်။ တက်စတိုစတီရုန်းဟော်မုန်းပမာဏ ကျဆင်းလာတဲ့အချိန်မှာတော့ သုက်ကောင်ထုတ်လုပ်မှုလည်း လျော့နည်းနှေးကွေးလာပြီဖြစ်လို့ ဝှေးစေ့လေးတွေလည်း ရှုံ့သွားပါပြီ။ကပ္ပာယ်အိတ်။အသက်ကြီးလာတဲ့အခါ ကပ္ပာယ်အိတ်ကို ဆွဲထားတဲ့ ကြွက်သားတွေ အားနည်းလာပြီဖြစ်တဲ့အတွက် သင့်ကပ္ပာယ်အိတ်ဟာ ပိုမိုတွဲကျလာပါလိမ့်မယ်။သင့်ရဲ့ ဖွားဖက်တော် လိင်တံဆီ အထောက်အပံ့ပေးထားတဲ့ အာရုံကြောတွေဟာ ငယ်ရွယ်စဉ်ကလောက် ခံစားမှု မကောင်းတော့တဲ့အတွက် လိင်စိတ်နိုးကြွခြင်း၊ ချစ်တင်းနှောရာမှာ အထွတ်အထိပ်ရောက်ခြင်းတို့ကို ကြီးစွာသော အနှောင့်အယှက်တွေ ဖြစ်စေပါလိမ့်မယ်။ ဒီကြားထဲ တက်စတိုစတီရုန်းပမာဏကလည်း လျော့နည်းလာသေးတာမို့ ပန်းသေပန်းညှိုးဝေဒနာတွေကိုလည်း ခံစားလာရပါတော့မယ်။ဒီပြဿနာရဲ့ အဓိက တရားခံကတော့ သင့်လိင်တံထောင်မတ်ဖို့ လိင်တံဆီကို များများရောက်လာရမယ့် သွေးတွေကို ကြာကြာ မထိန်းသိမ်းထားနိုင်တာပါပဲ။ သွေးတွေရောက်လာပေမယ့် အိုမင်းလာပြီဖြစ်တဲ့ သင့်လိင်တံကြွက်သားတွေဟာ ဒီသွေးတွေကို ကြာရှည်စွာ ထိန်းမထားနိုင်တော့တာမို့ လိင်တံထောင်မတ်လာပေမယ့် ခဏအကြာမှာ ပြန်လည် ပျော့ခွေညှိုးရော်သွားရတာပဲ ဖြစ်ပါတယ်။အထက်မှာဖော်ပြခဲ့တဲ့ အချက်တွေကတော့ သင့်အသက်အရွယ် အပိုင်းအခြားအလိုက် ကြုံတွေ့ရမယ့် ဖွားဖက်တော် နဲ့ အပေါင်းအပါတွေရဲ့ အနေအထားပါ။ ဒါဟာ အမျိုးသားတိုင်း ကြုံတွေ့ရမယ့် ပြဿနာတွေ ဖြစ်ပေမယ့်လည်း သင့်အတွက် ဆိုးဆိုးရွားရွား (ကျန်းမာရေး၊ အိမ်ထောင်ရေး စသည်) ထိခိုက်စေမယ်ဆိုရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ မရှက်မကြောက် ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေး အဖြေရှာရမှာပဲ ဖြစ်ပါတယ်။ပွင့်သောပန်းတိုင်း အချိန်ကြာကြာ လန်းဆန်းစေဖို့ တောင်းဆုခြွေရင်း ဒီဆောင်းပါးလေးကို အဆုံးသတ်လိုက်ပါရစေ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/how-your-penis-changes-as-you-age/
တစ်နေ့ ၁ နာရီလောက် အချိန်ပေးပြီး စက်ဘီးစီး ကြည့်ပါလား
မြန်မာလူမျိုးအတော်များများဟာ စက်ဘီးနဲ့ မကင်းကြပါဘူး။ ငယ်စဉ်က စီးဖူးတာရှိသလို ခုချိန်အထိ စက်ဘီးကို နေ့စဉ်လူနေမှုဘဝမှာ အသုံးချနေကြဆဲလူတွေလည်း ရှိကြမှာပါ။ ခေတ်မီသယ်ယူပို့ဆောင်ရေး ပစ္စည်းတွေ ပေါ်ပေါက်လာချိန်မှာ စက်ဘီးစီး တဲ့ အလေ့အထဟာ တဖြည်းဖြည်း နောက်ဆုတ်သွားခဲ့ပါတယ်။ ခုချိန်ထိ စက်ဘီးကို နှစ်နှစ်ခြိုက်ခြိုက်စီးနင်းနေကြဆဲလူတစ်ချို့တော့ ရှိနေဆဲပါ။ကိုဗစ်ရောဂါကပ်ဘေးကြောင့်Social DistancingတွေStay Homeတွေ လုပ်လာကြရတဲ့အခါ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်တွေကို အသုံးပြုမှုလျော့ကျလာပါတယ်။ ကိုယ်ပိုင် မော်တော်ယာဉ်ဆိုတာကလည်း လူတိုင်းပိုင်ဆိုင်ကြတာမျိုးမဟုတ်သလို ပိုင်ဆိုင်ခဲ့ရင်တောင်မှ ကုန်ကျစရိတ်ကများလှတယ်မဟုတ်လား။နိုင်ငံတကာမှာဆိုရင်တော့ စက်ဘီးစီးတဲ့ အလေ့အထ ပြန်လည်ခေတ်စားလာနေပြီး တိုင်းပြည်အသီးသီးရဲ့ အစိုးရတွေက စက်ဘီးစီးဖို့ သီးသန့်လမ်းတွေ ဖောက်ပေးဖို့တောင် ကြိုးပမ်းနေကြပါပြီ။ ဗြိတိန်မှာဆို လန်ဒန်တစ်မြို့တည်းမှာတင် စက်ဘီးသီးသန့်လမ်းဖောက်ဖို့ ပေါင် ၁ ဘီလီယံ သုံးစွဲတော့မှာပါ။သူတို့ ဘာကြောင့် စက်ဘီးစီးဖို့ ဒီလောက်တောင် အင်တိုက်အားတိုက် လုပ်နေကြတာလဲ။ စက်ဘီးစီးတာ ဘာအကျိုးကျေးဇူးတွေ ရလို့လဲ။အဖြေကတော့ ရှင်းပါတယ်။ စက်ဘီးစီးတာဟာ စိတ်ပိုင်းရော၊ ရုပ်ပိုင်းအတွက်ပါ အကျိုးဖြစ်ထွန်းနိုင်ပါတယ်။ စက်ဘီးစီးတဲ့ အလေ့အထဟာ အိမ်တွင်းအောင်းနေရတာကြောင့် စိတ်ဓာတ်ကျနေတဲ့လူတွေ၊ အဝလွန်နေတဲ့လူတွေကို ပုံမှန်ဘဝဆီပြန်လည်သယ်ဆောင်သွားပေးနိုင်ပါတယ်။ပုံမှန်အားဖြင့် စက်ဘီးစီး တာဟာ ကိုယ်အလေးချိန် လျှော့ချတာအပြင် နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ သွေးတိုး၊ ဆီးချို၊ အရိုးနဲ့သက်ဆိုင်တဲ့ရောဂါတွေ သက်သာစေဖို့ အကျိုးပြုနိုင်ပါတယ်။ သက်လုံလည်း ကောင်းစေနိုင်ပါသေးတယ်။စက်ဘီးတစ်နေ့ကို ၁ နာရီလောက် စီးပေးမယ်ဆိုရင်တောင်မှ နှစ်ပတ်အကြာမှာ သင့်ခန္ဓာကိုယ်မှာ အောက်ပါအတိုင်း အကျိုးထူးတွေ ခံစားလာရမှာပါ။တကယ်လို့ သင်က ပုံမှန် စက်ဘီးစီး နေတဲ့ သူတစ်ယောက်ဆိုပါစို့။ ဒါဆိုရင်တော့ စက်ဘီးပုံမှန် စီးတာကြောင့် ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ အကျိုးကျေးဇူးအများအပြား ရရှိလာမှာပါ။ ဘာတွေလဲဆိုရင်တော့။စက်ဘီးစီး တာပဲ ဘာလို့ ဘဝအတွက် ရည်မှန်းရမှာတုန်းလို့ မေးစရာတော့ရှိလာနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုတွေးကြည့်ပါ။ စက်ဘီးကို အလှစီးတာမဟုတ်ဘဲ၊ ကုန်ကျစရိတ်သက်သာစေဖို့၊ ဘေးအန္တရာယ်ကင်းစေဖို့၊ သွားလာရေးလွယ်ကူစေဖို့၊ ကျန်းမာစေဖို့ ရည်ရွယ်စီးနေကြတာမဟုတ်လား။ ဒီအချက်တွေအားလုံးက နေ့စဉ်လူနေမှုဘဝမှာသာမကဘူး ဘဝအတွက်လည်း အရေးကြီးတယ်ဆိုတာ ထင်ရှားနေပြီပဲ။ကိုဗစ်ကာလမှာ ကမ္ဘာတစ်လွှား စက်ဘီးမတော်တဆမှုနဲ့ စက်ဘီးအခိုးခံရမှုပမာဏတွေ ၂ ဆ အထ မြင့်တက်လာနေပါတယ်။ သိမှတ်ထားဖို့က လူသုံးပြန်များလာတဲ့အခါ ဒီလိုပြဿနာတွေဟာလည်း လိုက်ပါမြင့်တက်လာတာ သဘာဝပါပဲ။ဒီတော့ စိတ်ရောကိုယ်ပါ ကျန်းမာဖို့နဲ့ အသုံးစားရိတ်တွက်ခြေကိုက်ဖို့အတွက် စက်ဘီးစတဲ့အလေ့အထဟာ ကမ္ဘာတစ်လွှားမှာ လူကြိုက်များတဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်လာနေပါပြီ။တကယ်လို့ ကိုယ့်ကျန်းမာရေးတစ်ခုတည်းအတွက်ပဲ ရည်ရွယ်ပြီး တစ်နေ့ကို ၁ နာရီလောက် အချိန်ပေးပြီး စက်ဘီးစီးမယ်ဆိုရင်တောင်မှ သိပ်မကြာခင်မှာ သင့်ရဲ့ ကျန်းမာရေးဟာ သိသိသာသာ ပြောင်းလဲတိုးတက်လာမှာပါ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/benefits-of-cycling/
ပုန်းကွယ်နေတဲ့ ရောဂါဆိုး Hidden Hearing Loss
HiddenHearing Loss(မသိမသာ အကြားအာရုံ ဆုံးရှုံးခြင်း) ဟာ ရှုပ်ထွေးပြီး ဆန်းကျယ်တဲ့ အကြားအာရုံချို့ယွင်းမှု ရောဂါတစ်မျိုးဖြစ်ပါတယ်။ သာမန် အကြားအာရုံချို့ယွင်းမှု ရှာဖွေစစ်ဆေးတဲ့ နည်းလမ်းတွေနဲ့ စမ်းသပ်စစ်ဆေးချိန်တွေမှာ ရှာဖွေတွေ့ရှိဖို့ မလွယ်ကူနိုင်ပါဘူး။ဒီရောဂါကို လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုလောက်ကတည်းကအကြားအာရုံအထူးကုဆရာဝန်တွေက သတိထားမိခဲ့ကြတာဖြစ်ပါတယ်။ တစ်ချို့လူနာတွေဟာ Audiogram လို့ခေါ်တဲ့ ပုံမှန်အကြားအာရုံစစ်ဆေးမှုတွေမှာ ရောဂါလက္ခဏာမပြခဲ့ပဲ သီးသန့်ကြိမ်နှုန်းတွေနဲ့ စမ်းသပ်မှုပြုလုပ်ကြည့်မှသာ အနိမ့်သံတွေကို နားထောင်ရ ခက်ခဲနေကြကြောင်း သိရှိခဲ့ရတာဖြစ်ပါတယ်။တချို့လူတွေဟာ သူတို့အနေနဲ့ အကြားအာရုံဆိုင်ရာ ပြဿနာရှိနေတယ်လို့ ခံစားမိနေပေမယ့်စမ်းသပ်စစ်ဆေးမှုတွေမှာ ပုံမှန်ရလဒ်တွေသာ ပြသနေတတ်တာမျိုး ကြုံရတတ်ပါတယ်။ ဒီလိုပြဿနာမျိုးတွေ များပြားလာချိန်မှာ နည်းလမ်းတကျ ဆန်းစစ်လေ့လာမှုတွေ ပြုလုပ်လာခဲ့ပြီး Hidden Hearing Loss အကြောင်းကို သိရှိလာရတာဖြစ်ပါတယ်။Hidden Hearing Loss အကြားအာရုံချို့ယွင်းနေတဲ့ လူနာတစ်ယောက်ဟာ ပုံမှန် အကြားအာရုံစစ်ဆေးမှုတွေကို ဖြတ်ကျော်နိုင်စွမ်းရှိနေမှာဖြစ်ပြီး တိတ်ဆိတ်တဲ့အခန်း တစ်ခုထဲမှာ ကြိမ်နှုန်းနိမ့်တဲ့ အသံမျိုးကို နားထောင်ခိုင်းတဲ့အခါမျိုးကျမှသာ အဆိုပါဝေဒနာရှင်တွေအနေနဲ့ ယင်းအသံတွေကို ကြားရခြင်းမရှိတာကို သိရှိရမှာဖြစ်ပါတယ်။Hidden Hearing Loss ဟာ ပုံမှန် အကြားအာရုံချို့ယွင်းမှုတွေလို နားအတွင်းက အာရုံခံဆဲလ်စ်အမျှင်လေးတွေ ပျက်ဆီးသွားတာမျိုးမဟုတ်ပဲ အဲဒီနောက်က နာ့ဗ်ကြောတွေ ထိခိုက်သွားတာမျိုးကိုဆိုလိုတာဖြစ်ပါတယ်။ အဆိုပါ နာ့ဗ်ကြောအစုအဝေးဟာ အာရုံခံဆဲလ်စ်အမျှင်လေးတွေနဲ့ ဆက်စပ်နေပြီး ဆူညံတဲ့အသံတွေကို ထိန်းချုပ်ဖို့ ဆောင်ရွက်ပေးပါတယ်။ လူတစ်ယောက်ဟာ ဆူညံနေတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ မိမိဘေးနားက လူရဲ့ စကားသံကို ကြားနိုင်တာဟာ ဒီနာ့ဗ်ကြောတွေနဲ့ ဆဲလ်စ်အမျှင်လေးတွေက စီမံပေးလို့ဖြစ်ပါတယ်။ဒီနာ့ဗ်ကြောတွေ ထိခိုက်ပျက်ဆီးသွားခဲ့မယ်ဆိုရင် ကလပ်၊ဂီတဖျော်ဖြေပွဲ၊နားကြပ်နဲ့ သီချင်းနားထောင်တာစတဲ့ ဆူညံတဲ့ပတ်ဝန်းကျင်မျိုးတွေကို ရောက်ရှိနေချိန်မျိုးမှာ အနီးနားကသူတွေရဲ့ စကားပြောဆိုသံတွေကို ကွဲကွဲပြားပြားကြားသိရခြင်းမရှိတော့ပဲ ဆူညံသံတစ်မျိုးကိုသာ ကြားရတော့မှာဖြစ်ပါတယ်။ သူတို့ရဲ့ အကြားအာရုံထိခိုက်မှုမျိုးဟာ သာမန်အချိန်တွေမှာဆိုရင် မသိသာပေမယ့် ဆူညံတဲ့ အခြေအနေမျိုးတွေမှာတော့ သိသာနေမှာဖြစ်ပါတယ်။အဆိုပါရောဂါဟာ အန္တရာယ်များတဲ့ ရောဂါတစ်မျိုးဖြစ်ပြီးတော့ ရောဂါဖြစ်နေတာကို မသိရှိဘဲ ရေရှည်ဖြစ်နေခဲ့မယ်ဆိုရင် အမြဲတမ်းအကြာအာရုံဆုံးရှုံးသွားတာမျိုးအထိ အဆင့်တက်ကာ ဖြစ်ပျက်နိုင်ပါတယ်။Hidden Hearing Loss ဖြစ်နေသူအများစုဟာ သူတို့မှာ အဆိုပါ ဝေဒနာရှိနေတယ်ဆိုတာကို မသိရှိကြတာများပါတယ်။ ဆူညံတဲ့ အသံတွေကို ကြာရှည်နားထောင်နေရသူတွေဟာ Hidden Hearing Loss ဖြစ်နိုင်စေတဲ့နာ့ဗ်ကြောအစုဝေးထိခိုက်နိုင်ခြေ မြင့်မားပြီးတော့ ပိုမိုဆိုးရွားလာတဲ့အခါမျိုးတွေမှာ အကြားအာရုံဆုံးရှုံးတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ ပုံမှန်အကြားအာရုံအထောက်အကူပြု ပစ္စည်းတွေနဲ့ နားကြားကိရိယာတွေဟာ Hidden Hearing Loss ဖြစ်နေသူတွေကို မကူညီနိုင်ပါဘူး။ ဒီလိုဝေဒနာ ခံစားနေရသူတွေအတွက်ဆိုရင် သီးသန့် အသံပေးနိုင်တဲ့ နည်းလမ်းတွေလိုအပ်မှာဖြစ်ပါတယ်။ဒီရောဂါဟာ အသက်အရွယ်မရွေးလူတိုင်းမှာဖြစ်နိုင်ပြီးတော့ ကုသဖို့ ခက်ခဲပါတယ်။ Hidden Hearing Loss ဖြစ်နေသူတစ်ယောက်ဟာ ဂရုတစိုက်စောင့်ရှောက်ကုသမှု မလုပ်ခဲ့ဘူး၊ ဆူညံသံတွေကို ဆက်လက်နားထောင်မိနေမယ်ဆိုရင် လုံးဝ အကြားအာရုံ ဆုံးရှုံးချို့ယွင်းသွားတာမျိုး ဖြစ်သွားဖို့ အလွန်လွယ်ကူပါတယ်။ လက်ရှိမှာတော့ Hidden Hearing Loss ကနေ လုံးဝအကြားအာရုံ ဆုံးရှုံးတဲ့အဆင့်ဆီရောက်မသွားအောင် တားဆီးနိုင်တဲ့နည်းလမ်းတစ်ချို့ကို ပညာရှင်တွေက တွေ့ရှိထားပါတယ်။ ဒါကြောင့် ပုံမှန် အကြားအာရုံစစ်ဆေးမှုတွေ၊ နားကြပ်အသုံးပြုမှုကို သတိထားဖို့တွေ လိုအပ်ပြီးအလွန်အမင်းဆူညံတဲ့ အသံတွေကို ရှောင်လွှဲနိုင်ဖို့နဲ့ မိမိရဲ့နားကို မထိခိုက်အောင် ဂရုတစိုက် စောင့်ရှောက်ပေးဖို့ အကြံပေးပါရစေ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/ear-conditions/%e1%80%95%e1%80%af%e1%80%94%e1%80%ba%e1%80%b8%e1%80%80%e1%80%bd%e1%80%9a%e1%80%ba%e1%80%94%e1%80%b1%e1%80%90%e1%80%b2%e1%80%b7-%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%86%e1%80%ad%e1%80%af/
မိဘတွေစိုးရိမ်ကြတဲ့ ကလေးအဖျားကြီးပြီး တက်ခြင်း
ကလေးတွေမှာ အဖျားကြီးပြီး တက်တာကို မိဘတော်တော်များများ မြင်ဖူးကြုံဖူးကြမှာပါ။ ကိုယ်တိုင်ကြုံတဲ့အခါမှာလည်း အရမ်းထိတ်လန့်တုန်လှုပ်ပြီး ခြေမကိုင်မိလက်မကိုင်မိဖြစ်တတ်ကြပါတယ်။ ကလေးတွေမှာ အဖျားကြီးရင် တက်တတ်တာဟာ ကလေးအသက် ၆လ ကနေ ၅နှစ် အရွယ်အတွင်းမှာ ဖြစ်လေ့ရှိပါတယ်။ တစ်ခါတက်ရင် အနည်းဆုံး စက္ကန့်အနည်းငယ်လောက်ကနေ အများဆုံး ၁၅မိနစ်လောက်အထိကြာတတ်ပါတယ်။ အများစုကတော့ ၂မိနစ် ၃မိနစ်လောက်ပဲကြာတတ်ပါတယ်။ တက်တာ ရပ်သွားပြီးနောက်မှာလည်း ကလေးက ပျော့ခွေသွားတာ ဒါမှမဟုတ် အိပ်ချင်မူးတူးဖြစ်ပြီးကျန်ခဲ့ပါလိမ့်မယ်။ ပျမ်းမျှအားဖြင့် ကလေး အယောက် ၂၀ မှာ ၁ယောက်ဟာ အဖျားကြီးပြီး တက်တတ်ပါတယ်။ဒါပေမယ့် မိဘများအနေနဲ့ စိုးရိမ်စရာမလိုတဲ့ အချက်ကတော့ အဖျားကြီးပြီးတက်တာဟာ ဝက်ရူးပြန်ရောဂါ ကြောင့်တက်ခြင်း နဲ့ အခြားသော ဦးနှောက်နဲ့ဆိုင်တဲ့ရောဂါတမျိုးမျိုးကြောင့်တက်ခြင်းတို့နဲ့ မတူဘဲ ဦးနှောက်ကို ထိခိုက်ပျက်စီးစေတာမျိုးလည်းမရှိသလို ပုံမှန်ဆေးစွဲသောက်စရာလည်း မလိုပါဘူး။ ကလေးဟာလည်း တက်နေစဉ်မှာ ဘယ်လို နာကျင်မှုမျိုးမှ မခံစားရပါဘူး။ဘာကြောင့် တက်ရသလဲ။အဓိကအကြောင်းရင်းကတော့ ခန္ဓာကိုယ်အပူချိန် ရုတ်တရက် ဆောင့်တက်တာကြောင့်ပါ။ ကလေးတွေရဲ့ ဦးနှောက်ဟာ ဖွံ့ဖြိုးနေဆဲအချိန်ဖြစ်တာကြောင့် လူကြီးတွေရဲ့ ဦးနှောက်နဲ့ မတူဘဲ ခန္ဓာကိုယ်အပူချိန် အပြောင်းအလဲကို sensitive ဖြစ်ကြပါတယ်။ ကိုယ်ပူတက်ရတဲ့ အကြောင်းရင်းက သာမန်အ‌အေးမိဖျားနာတာမျိုး ဖြစ်နိုင်သလို ဘက်တီးရီးယား ပိုးဝင်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တိတိကျကျ အကြောင်းရင်းတော့ ရှာမရသေးပေမယ့် အဖျားကြီးရင် တက်တတ်ခြင်းဟာ မျိုးရိုးလိုက်တတ်တယ်လို့လည်း ဆိုပါတယ်။အဖျားကြီး၍တက်နေစဉ် ဖြစ်တတ်သောလက္ခဏာများ။ကလေးဟာ အတက်ကျသွားပြီးနောက် ၁၀မိနစ် ၁၅မိနစ်လောက်အတွင်းမှာ သတိပြန်ရလာပါလိမ့်မယ်။ တက်နေစဉ်အတွင်းမှာ ဆတ်ဆတ်ထိမခံဖြစ်နေတာ၊ သင့်ကို မမှတ်မိတာမျိုးလည်းဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် စိုးရိမ်စရာမရှိပါဘူး။သင့်ကလေး အဖျားကြီးပြီးတက်ပြီဆိုရင်..။ရေးသားသူ – Dr. Saint။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/common-symptoms-and-conditions/%e1%80%99%e1%80%ad%e1%80%98%e1%80%90%e1%80%bd%e1%80%b1%e1%80%85%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%ad%e1%80%99%e1%80%ba%e1%80%80%e1%80%bc%e1%80%90%e1%80%b2%e1%80%b7-%e1%80%80%e1%80%9c%e1%80%b1/
ပါကင်ဆန်ရောဂါ (Parkinson's disease)
ပါကင်ဆန်ရောဂါ ဆိုတာ လှုပ်ရှားမှုကိုထိခိုက်တဲ့အာရုံကြောရောဂါပါ။ စစချင်းမှာတော့လက်တုန်တာလောက်ပဲ လက္ခဏာပြပါတယ်။ ဒီရောဂါရဲ့ တွေ့ရများတဲ့ လက္ခဏာကတော့ လက်တုန်တာပါ။ ဒါပေမယ့် နောက်ပိုင်းကျရင် တောင့်တင်းတာ၊ လှုပ်ရှားမှုနှေးကွေးတာ စတာတွေပါဖြစ်လာနိုင်ပါတယ်။ ရောဂါအစပိုင်းမှာတော့ မျက်နှာက ခံစားမှုမရှိသလိုမျိုး ဖြစ်နေပါမယ်။ လမ်းလျှောက်ရင်လည်း လက်လွှဲလို့မရပါဘူး။ စကားတွေလည်း ဝဲလာပါတယ်။ အချိန်ကြာလာလေလေ လက္ခဏာတွေက ပိုဆိုးလာလေပါပဲ။ ပါကင်ဆန်ရောဂါ က အပြီးပျောက်အောင် ကုသလို့မရပါဘူး။ ဒါဟာနာတာရှည်ရောဂါပါ။ လက္ခဏာသက်သာအောင်တော့ ဆေးတွေပေးလို့ရပါတယ်။ပါကင်ဆန်ရောဂါဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ အတိအကျမပြောနိုင်သေးပါဘူး။မျိုးရိုးဗီဇရော၊ ပတ်ဝန်းကျင်အခြေအနေတွေကြောင့်လို့ ယူဆကြပါတယ်။ တချို့ကလည်း ဗိုင်းရပ်စ်ကြောင့် ဖြစ်တယ်လို့ ပြောနေကြပါတယ်။ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေကောင်းကောင်းလှုပ်ရှားဖို့အတွက် ဦးနှောက်ထဲကဒိုပါမင်း(Dopamine)လိုအပ်ပါတယ်။ ဒါက ဦးနှောက်ထဲက substantia nigraလို့ခေါ်တဲ့ နေရာမှာရှိပါတယ်။ ပါကင်ဆန်ရောဂါမှာ အဲ့ဒီနေရာမှာရှိတဲ့ ဆဲလ်တွေသေဆုံးသွားတဲ့အတွက် ဒိုပါမင်းတွေ နည်းသွားပါတယ်။ ဒိုပါမင်းက ၆၀ကနေ ၈၀ရာခိုင်နှုန်းထိ ကျသွားတဲ့အခါ ပါကင်ဆန်ရောဂါရဲ့ လက္ခဏာတွေ စပြလာပါတယ်။ပါကင်ဆန်ရောဂါရဲ့ လက္ခဏာတွေက တစ်ယောက်နဲ့ တစ်ယောက်တူချင်မှတူမှာပါ။ ရောဂါနုသေးရင် ဘာလက္ခဏာမှမပြတာမျိုးလည်းဖြစ်နိုင်ပါတယ်။ စစချင်းတစ်ဖက်တည်းမှာ စဖြစ်ပြီးတော့ တဖြည်းဖြည်းပိုဆိုးလာပါတယ်။ နောက်ပိုင်းကျရင်တော့ နှစ်ဖက်လုံးဖြစ်လာမှာပါ။ အတွေ့များတဲ့ လက္ခဏာတွေကတော့။ပါကင်ဆန်ရောဂါရှင်တွေမှာ တခြာပြသနာတွေလည်းရှိပါတယ်။ ကံကောင်းတာက ဒါတွေက ကုသလို့ရတာပါပဲ။ဒါ့ပြင်။ပါကင်ဆန်ရောဂါသက်သက်ကတော့ မသေနိုင်ပါဘူး။ သူ့ရဲ့ နောက်ဆက်တွဲရောဂါတွေကြောင့်တာ အသက်တိုရတာပါ။ ဥပမာပြောရရင် ချော်လဲတာ၊ အစာသီးပြီး အဆုတ်ပြည်တည်တာ စတာတွေဖြစ်ပြီး သေတတ်ပါတယ်။ ဒါကြောင့် ပါကင်ဆန်ရောဂါက ကုလို့မပျောက်တာမှန်ပေမယ့် နောက်ဆက်တွဲတွေမဖြစ်အောင် တတ်နိုင်သမျှကာကွယ်ရမှာပါ။ ဖြစ်လာရင်လည်း ကုသရမှာပါ။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/parkinsons-disease/what-you-need-to-know-about-parkinsons-disease/
လိင်တံထောင်မတ် ခြင်းကို လွှမ်းမိုးနေတဲ့အချက် ၁၀ ချက်
လိင်တံထောင်မတ် မှုဟာ ကျွန်တော်တို့ ထင်ထားသလောက် မရှိးရှင်းပါဘူး။ လိင်တံတစ်ခု ထောင်မတ်ဖို့ အတွက် ဟော်မုန်းများ၊ နာဗ်ကြောများ၊ သွေးကြောများ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ကာယပိုင်းဆိုင်ရာ ကျန်းမာရေး စတဲ့ အချက်များရဲ့ ရှုပ်ထွေးတဲ့ လုပ်ဆောင်ချက်တွေ လိုအပ်ပါတယ်။ဒီအချက်တွေထဲက တစ်ချက်လောက် ချို့ယွင်းသွားတဲ့ အခါမှာ လိင်တံထောင်မတ်မှု အားနည်းသွားနိုင်ပါတယ်။ ဒါကြောင့် ဒီအချက်တွေ အားလုံး ပုံမှန် အလုပ်လုပ်နေဖို့က အရမ်း အရေးကြီးပါတယ်။ အခု ဒီဆောင်းပါးလေးထဲမှာတော့ ကျွန်တော် Hello sayarwon ကျန်းမာရေး ချစ်သူ စာဖတ်ပရိတ်သတ်တွေအတွက် လိင်တံထောင်မတ်မှုကို သက်ရောက်စေနိုင်တဲ့ အချက် ၁၀ ချက်ကိုဖော်ပြလိုက်ပါတယ်။၁။ အာဟာရနဲ့ စားသောက်မှုပုံစံ ။Antioxidantကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်တဲ့ အသီးများနဲ့ ဟင်းသီးဟင်းရွက်များကို စားသုံးဖို့ကလည်း အရေးကြီးပါတယ်။ ဒီလို အသီးအနှံစားသုံးအခါမှာလည်း အရောင်ပိုရင့်လေ ပိုပြီး antioxidant ကြွယ်ဝလေပါပဲ။ လေ့လာချက်တစ်ခု အရတော့ ဘလက်ဘယ်ရီသီးကို နေ့စဉ်စားသုံးတဲ့ အမျိုးသားတွေဟာ မစားသုံးတဲ့ အမျိုးသားတွေထက် ပိုပြီး ထောင်မတ်မှု အားကောင်းကြောင်းတွေ့ရှိခဲ့ရပါတယ်။ဒါ့အပြင် ငါးကို ပိုများများစားစားသင့်ပြီး အမဲသားနဲ့ တိရစ္ဆာန် အဆီတွေကို လျှော့စားသင့်ပါတယ်။ အစားအသောက်စားတဲ့အခါမှာလည်း ပုံမှန် နေ့စဉ်စားသုံးသင့်ပါတယ်။၂။ ခန္ဓာကိုယ် အလေးချိန်။ကိုယ်အလေးချိန်များနေတယ်ဆိုတာ လိင်ကိစ္စမှမဟုတ်ဘဲ တခြားသော ကျန်းမာရေးတွေ အတွက်လည်း မကောင်းပါဘူး။ ကိုယ်အလေးချိန်များတာကြောင့် သွေးဖိအား ပိုများစေနိုင်ပြီး ဟော်မုန်းတွေကိုထိခိုက်စေနိုင်တဲ့အပြင် ဆီးချိုရောဂါဖြစ်စေနိုင်ပါတယ်။ ဒါတွေအားလုံးက လိင်တံထောင်မတ်မှုကို ချို့ယွင်းစေနိုင်ပါတယ်။၃။ လေ့ကျင့်ခန်း။လေ့လာချက် အများအပြားအရ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ရှိခြင်းဟာ အသက်ကြီးလာတဲ့ အရွယ်မှာတောင် လိင်တံထောင်မတ်မှုကို ထိန်းထားစေနိုင်ပြီး ပုံမှန် အလုပ်လုပ်စေနိုင်တယ်လို့ ဆိုထားကြပါတယ်။ ကိုယ်လက်လှုပ်ရှားရမယ်ဆိုပြီး နေ့တိုင်း Gym မှာ နာရီပေါင်းများစွာ အချိန်ပေးစရာ မလိုပါဘူး။အပတ်တိုင်း လမ်းခပ်သွက်သွက် လျှောက်ပေးရင်တောင် သင့်ရဲ့ လိင်မှုကိစ္စဆိုင်ရာမှာ ပြောင်းလဲမှု အများအပြား ဖြစ်သွားစေနိုင်ပါတယ်။ “Couch potato” ဘဝနေထိုင်မှုပုံစံဆိုတဲ့ အထိုင်များတဲ့ပုံစံနဲ့ပဲ နေထိုင်မယ်ဆိုရင် အသက်ကြီးလာတဲ့ အခါလိင်တံထောင်မတ်မှု ပြဿနာ erectile dysfunction (ED) ဖြစ်စေနိုင်ပါတယ်။၄။ အရက်ယမကာ။အလွန်အကျွံအရက်သောက်ခြင်းဟာ သင့်ရဲ့ အသည်း၊ ဦးနှောက်နဲ့ တက်စတိုစတီရုန်း ဟော်မုန်းရဲ့ ရင်းမြစ်ဖြစ်တဲ့ ဝှေးစေ့ကိုလည်း ပျက်ဆီးစေနိုင်ပါတယ်။ သင့်အနေနဲ့ အရက်သောက်ပြီးတာနဲ့ ချက်ခြင်း လိင်တံချို့ယွင်းမှု ပြဿနာကိုတွေ့ရမှာ မဟုတ်ပေမဲ့ အရက်အလွန်အကျွံသောက်ခြင်းဟာ လိင်တံထောင်မတ်မှု ပြဿနာ ED ဖြစ်ပွားနိုင်ချေ မြင့်မားစေပါတယ်။၅။ဆေးခြောက်(Marijuana) ။ဆေးခြောက်ကို လူတော်တော်များများက အန္တရာယ်မရှိဘူးလို့ လက်ခံထားကြပါတယ်။ အမေရိကန်ပြည်နယ် အချို့မှာ တရားဝင် ခွင့်ပြုထားပေမဲ့ ဆေးခြောက်ပုံမှန် သုံးစွဲခြင်းက တက်စတိုစတီရုန်း ပမာဏကို နည်းပါးစေနိုင်ပြီး ထောင်မတ်မှု ပြဿနာနဲ့ တခြားသော ရောဂါများကို ဖြစ်စေနိုင်ပါတယ်။၆။ အသုံးပြုမှုမရှိ၍ ခန္ဓာကိုယ် သိမ်သွားခြင်း။ခန္ဓာကိုယ်အင်္ဂါတွေ ပုံမှန် အလုပ်လုပ်နေဖို့ ကျွန်တော်တို့ ပုံမှန်သုံးပေးနေဖို့လိုပါတယ်။ ဒီအတိုင်း ကျွန်တော်တို့ လိင်တံကိုလည်း သွေးပုံမှန် စီးနေဖို့နဲ့ နာဗ်ကြောများ ပုံမှန် ဖြစ်နေစေဖို့ အတွက် တစ်ပတ်ကို အကြိမ်အနည်းငယ်လောက် လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုရှိနေဖို့လိုပါတယ်။ အာသာဖြေတာ ဖြစ်ဖြစ်ပေါ့။၇။ သွေးဖိအားများခြင်းနဲ့ ဆေးဝါးများ။သွေးဖိအားများခြင်းဟာ လိင်တံထောင်မတ်ဖို့အတွက် လိုအပ်တဲ့ သွေးကြောများကို ပျက်ဆီးစေနိုင်ပါတယ်။ ဒါ့အပြင် သွေးဖိအားများခြင်းကို ကုသဖို့အတွက် သောက်ရတဲ့ ဆေးဝါးတွေကလည်း လိင်တံထောင်မတ်မှုကို ထိခိုက်စေနိုင်ပါတယ်။ တချို့သော ဆေးဝါးတွေကလည်း လိင်တံထောင်မတ်မှုကို ထိခိုက်စေနိုင်တဲ့အတွက် ဆေးတွေ သောက်သုံးမယ်ဆိုရင်လည်း ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။၈။ စိတ်ဖိစီးမှုနဲ့ ဆေးဝါးများ။စိတ်ဖိစီးမှုနဲ့ စိတ်ဖိစီးမှုကို ကုသရာမှာ အသုံးပြုရတဲ့ ဆေးဝါးများဟာ လိင်တံထောင်မတ်မှုကို သတ်ပစ်နိုင်တဲ့အရာ များဖြစ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ဒီလို ဆေးဝါးတွေသောက်သုံးနေရပြီး လိင်တံထောင်မတ်မှု ပြဿနာလည်းရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ကာ လိင်တံထောင်မတ်မှုပြဿနာ မဖြစ်စေနိုင်တဲ့ ဆေးဝါးများကိုသောက်သုံးသင့်ပါတယ်။၉။အိပ်နေစဉ် အသက်ရှူရခက်ခြင်း။အိပ်စက်ခြင်းနဲ့ ပတ်သက်ပြီး ပြဿနာရှိနေတဲ့ အမျိုးသားတွေဟာ ပိုပြီး ထောင်မတ်မှု ပြဿနာ ဖြစ်ပွားလွယ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ညဘက်အိပ်မပျော်ဘူးဆိုရင် အိပ်ရေးဝအောင် ဘယ်လိုအိပ်စက်ရမလဲဆိုတာ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။၁၀။ သွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာ။ကျန်းမာပြီး ကောင်းကောင်း အလုပ်လုပ်နေတဲ့ သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောများဟာ လိင်တံထောင်မတ်ခြင်းအတွက် လိုအပ်တဲ့အရာတွေ ဖြစ်ပါတယ်။ ကိုလက်စထရော ပမာဏ မြင့်တက်ခြင်း၊ သွေးဖိအား များပြားခြင်း၊ အာရုံကြောစနစ် ချို့ယွင်းခြင်းနဲ့ ဆီးချိုရောဂါ တို့ဟာ လိင်တံထောင်မတ်ဖို့ အတွက် အရေးကြီးတဲ့ သွေးစီးဆင်းမှုကို ထိခိုက်စေနိုင်ပါတယ်။သင့်အနေနဲ့ အခုအချိန် လိင်တံထောင်မတ်မှုနဲ့ ပတ်သတ်ပြီး ပြဿနာ ကြုံနေရတယ်ဆိုရင် ဖြစ်ပွားရခြင်း အကြောင်းရင်းကို သိဖို့ အတွက် ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လိင်တံထောင်မတ်မှု ပြဿနာတွေဟာ တစ်ခါတစ်ရံမှာ ပိုပြီး ပြင်းထန်တဲ့ ရောဂါတွေ ရှိနေကြောင်း ညွှန်ပြနေတာ ဖြစ်ပါတယ်။တခြားသော ခန္ဓာကိုယ်ဆိုင်ရာ ကျန်းမာရေးလိုပဲ လိင်တံ အမြဲတမ်း ကောင်းကောင်းမွန်မွန် အလုပ်လုပ်စေချင်တယ်ဆိုရင်တော့ သင့်အနေနဲ့ အခုချိန်တည်းက လိင်တံပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ရင်းနှီးမြုပ်နှံထားမှရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကျန်းမာရေးကောင်းနေရင် သင့်ရဲ့ နှလုံး၊ ဦးနှောက်စတဲ့ တခြားသောကျန်းမာရေးတွေအပြင် လိင်တံထောင်မတ်မှု အတွက်လည်း ကောင်းမွန်လို့ပါ။ရေးသားသူ- Arkar Hein။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/erectile-dysfunction/10-things-that-can-affect-erections/
ခြေထောက်ပေါ်က သဲကြိုးရာ ဒီလိုဖျောက်ပါ
ခြေထောက်ကို ​ကြည်ကြည်လှလှလေး ဖြစ်ချင်တယ်ဟုတ်။လေဒီလေးတွေထဲမှာ မျက်နှာလှတဲ့ လေဒီလေးတွေက ဆွဲဆောင်မှုရှိသလိုခြေထောက်လှလှလေဒီလေးတွေက ချစ်စရာကောင်းတယ်နော်။ လှပတဲ့ ခြေထောက်လေးတွေက ဘယ်ဖိနပ် ဝတ်ဝတ်လှသလို ခြေလှမ်းလှမ်းလိုက်တိုင်း အငေးခံရသူတွေပါ။ အဲ့လို လှပတဲ့ ခြေထောက်လေးတွေ မြင်တိုင်း လိုက်ကြည့်ရတာအမော။ ကိုယ့်ခြေထောက် ကိုယ်ပြန်ကြည့်တော့ သဲကြိုးရာတွေ ထင်နေလို့ စိတ်ညစ်နေတဲ့ လေဒီလေးတွေရှိလား…………….. ဒါဆိုရင်တော့ ခြေထောက်ပေါ်က သဲကြိုးရာ ဒီလိုဖျောက်ပါ နော်။ဒါဆိုရင် ခြေထောက်လေး ကြည်ကြည်လေးနဲ့ လှစေဖို့ သဲကြိုးရာတွေ တူတူဖျောက်ရအောင်။ ခြေထောက်မှာ သဲကြိုးရာဖြစ်တာကနေလောင်တာနဲ့ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေကို ထိတွေ့မိတာကြောင့်ပါ။ နောက်တစ်ချက် ခြေထောက်ကို ပုံမှန်ကြေးတွန်းသန့်စင်ပေးဖို့ မေ့နေတာ​ကြောင့်လည်း ပါပါတယ်။ ဒီတော့ ခြေထောက်လေးမှာ သဲကြိုးရာ ကင်းကင်းနဲ့ လှပနေစေဖို့ ဒီအချက်လေးတွေကို လက်တွေ့လုပ်ကြည့်လိုက်ပါ။ခြေထောက်လေးကခြေဖမိုးရော ခြေဖဝါးပါ လှပနေစေဖို့ဆိုရင်တော့ ခြေထောက်ပေါ်က သဲကြိုးရာ ဒီလိုဖျောက်ပါ။(၁) ခြေထောက်ကို ပုံမှန်ကြေးချွတ်သန့်စင်ပါ။ရေချိုးတဲ့အခါ မျက်နှာကို သေချာသစ်သလို ခြေထောက်လေးကိုလည်း ဘရက်စ် နုနုလေးသုံးလို့ ဆပ်ပြာနဲ့ သေချာတိုက်ချွတ် သန့်စင်ပါ။ ခြေဖဝါးကိုတော့ ကြေးတွန်းကျောက်လေးနဲ့ သေချာလေး တိုက်လို့ သန့်စင်ပါ။ ခြေဖမိုး ခြေဖဝါးမကျန် သေချာ သန့်စင်ပါ။(၂)lotionလိမ်းပါ။Body lotion ကို လက်အသားအရေကိုရော ခြေထောက်လေးတွေကိုပါ လိမ်းပေးလို့ရပါတယ်။ သန့်စင်ထားတဲ့ခြေထောက်ကို ရေခြောက်အောင် သုတ်လို့ lotion လေး နှံ့အောင် လိမ်းပေးပါ။(၃)နေလောင်ကာခရင်မ်လိမ်းပါ။ခန္ဓာကိုယ် အသားအရေကို နေလောင်ကာခရင်မ် လိမ်းသလို အပြင်မထွက်ခင် ၁၅ မိနစ် အလိုမှာ ခြေထောက်ကို နေလောင်ကာခရင်မ် သေချာလေး လိမ်းပေးပါ။(၄) အပြင်က ပြန်လာတိုင်း သန့်စင်ပါ။အပြင်က ပြန်လာတဲ့အခါတိုင်းမိုးရေတွေစိုနေခဲ့ရင်တောင် ခြေထောက်ကို သေချာလေး သန့်စင်အောင် ဆေးကြောပါ။(၅)ရေခြောက်အောင် သုတ်ပါ။ခြေထောက်ဆေးကြောပြီးတိုင်းမှာ အစိုဓာတ် နည်းပြီး ခြောက်သွေ့တာမျိုး မဖြစ်စေဖို့ ရေဆေးပြီးတိုင်း ခြေထောက် သုတ်ပါ။(၆)ပေါင်းတင်ပါ။ခြေထောက်ကို တစ်ပတ် တစ်ခါသေချာလေး ပေါင်းတင်ပေးပါ။ ဒီလိုပေါင်းတင်နေတဲ့နေရာမှာ ခြေထောက်လေး ဖြူကြည်နေစေဖို့ အသုံးပြုလို့ရတဲ့ ပစ္စည်းတွေ အများကြီးရှိပါတယ်။ကဲ………. တစ်ပတ်ကို တစ်ကြိမ်လောက် ပုံမှန်ပေါင်းတင်မယ် အပေါ်မှာပြောခဲ့တဲ့ အချက်လေးတွေကို လိုက်နာမယ်ဆိုရင် လှပတဲ့ ခြေထောက်လေးတွေကို ပိုင်ဆိုင်နိုင်မှာပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/home-remedies-for-sunburned-feet/
ကာလတို မှတ်ဉာဏ်ပျောက်ဆုံးခြင်းဆိုတာ ဘာလဲ
အခုလေးတင် မြင်လိုက်၊ ကြားလိုက်၊ လုပ်လိုက်တဲ့အရာတစ်ခုကို ခဏနေတော့ မေ့သွားတာမျိုး ဖြစ်ဖူးလား၊ ကိုယ့်ကိုယ်ကိုယ် သတိထားမိလား။ ဒါဆိုရင်တော့ သင့်မှာ ကာလတို မှတ်ဉာဏ်ပျောက်ဆုံးတဲ့ လက္ခဏာရှိနေနိုင်ပါတယ်။အသက်ကြီးတဲ့သူတွေ၊ အလုပ်အရမ်းများတဲ့သူတွေမှာတော့ မေ့တတ်တဲ့အကျင့်ရှိတာ သိပ်ပြဿနာမရှိပေမဲ့ ဒါဟာ တခြားသော စိတ်နဲ့ခန္ဓါ ကျန်းမာရေးပြဿနာတွေရဲ့ နောက်ဆက်တွဲ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ရုတ်တရက်ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ၊ အခြေအနေတွေကို မေ့သွားတတ်တာ၊ စဉ်းစားလို့ မပေါ်တော့တာကို ခေါ်တာဖြစ်ပါတယ်။ အတွေ့များတဲ့ ရောဂါလက္ခဏာတွေကတော့။အသက်ကြီးလာတာ၊အယ်လ်ဇိုင်းမားရောဂါ အစပျိုးလာတာ၊ ဦးနှောက်အကျိတ်၊ ဦးနှောက်တွင်း သွေးထွက်နေတာ သို့မဟုတ် သွေးခဲပြီး ပိတ်ဆို့နေတာ၊ ဦးခေါင်းကို ပြင်းထန်စွာ ထိခိုက်မိတာ၊ ဦးနှောက်တွင်း သို့မဟုတ် ပတ်ပတ်လည်မှာ ရောဂါပိုးဝင်နေတာ၊စိတ်ကျရောဂါ၊စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်ခြင်း အစရှိတဲ့ စိတ်ကျန်းမာရေးပြဿနာတွေ၊ ဦးနှောက်တစ်သျှူးကို ထိခိုက်ပျက်စီးစေတဲ့ပါကင်ဆန်ရောဂါ၊ လိုအပ်တဲ့ဗီတာမင်နဲ့ သတ္တုဓါတ်တွေကို ကိုယ်ခန္ဓါက ပြည့်ဝစွာ မရရှိတာ၊ အိပ်ချိန်နည်းတာ၊ တချို့သော ရောဂါပျောက်ဆေးတွေကြောင့် ကာလတို မှတ်ဉာဏ်ပျောက်ဆုံးခြင်း ဖြစ်နိုင်ပါတယ်။မကြာခဏ မေ့တတ်တယ်ဆိုတာ ကိုယ့်မှာ ဒီပြဿနာရှိတယ်ဆိုတာ ဟုတ်ချင်မှ ဟုတ်မှာပါ။ အကောင်းဆုံးကတော့ ကိုယ်ပုံမှန်ပြနေကျ ဆရာဝန်ဆီမှာ ကိုယ့်ရဲ့ မေ့တတ်တဲ့လက္ခဏာတွေနဲ့ ဖြစ်တာဘယ်လောက်ကြာပြီဆိုတာ ပြောပြဖို့ လိုပါတယ်။တစ်ဆက်တည်းမှာပဲ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ နေထိုင်စားသောက်မှုပုံစံ၊ လတ်တလော ဦးခေါင်းနဲ့ ဦးနှောက်ကို ထိခိုက်မိတာ၊ ဖျားနာခြင်းရှိ၊ မရှိ၊ သောက်နေတဲ့ ဆေးဝါးတွေ၊ အရက်ပမာဏ ဘယ်လောက်သောက်လဲ၊စိတ်ကျန်းမာရေးြပဿနာတွေနဲ့ အိပ်ချိန် မှန်၊ မမှန်ကို ဆရာဝန်ကို မေးသွားမှာဖြစ်ပြီး လိုအပ်ရင် သွေးဖောက်စစ်တာ၊ တခြားကိုယ်တွင်းအင်္ဂါ စစ်ဆေးမှုတွေပါ ပြုလုပ်ပေးသွားမှာပါ။ကိုယ့်မှာရှိနေတဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ကာလတိုမှတ်ဉာဏ် ပျောက်ဆုံးမှုကို ဖြစ်စေတဲ့ အကြောင်းရင်းကို ရှာဖွေပြီးမှသာ စိတ်ကျန်းမာရေး ဆရာဝန် သို့မဟုတ် ရောဂါအထူးကုဆရာဝန်နဲ့ ပြသဖို့ ညွှန်ပေးမှာ ဖြစ်ပါတယ်။ ကာလတို မှတ်ဉာဏ်ပျောက်ဆုံးမှုကို မကုသဘဲ ပစ်ထားလိုက်မယ်ဆိုရင် သူ့အလိုလို ပျောက်ကင်းသွားတာမျိုး ရှိသလို အယ်လ်ဇိုင်းမားရောဂါ၊ ပါကင်ဆန်ရောဂါလိုမျိုး မှတ်ဉာဏ်နဲ့ အသိစိတ်ပျောက်ဆုံးတဲ့ ပြဿနာတွေပါ ဖြစ်လာနိုင်တာကြောင့် ပေါ့ဆလို့တော့ မဖြစ်ပါဘူး။ပုံမှန်သတိမေ့တာကိုတော့ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို ပြင်လိုက်ရုံနဲ့ ပျောက်ကင်းသွားစေနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရလည်းရှိတဲ့ အစားအစာတွေကို မျှတစွာ စားသုံးမယ်။ ဆေးလိပ်၊ အရက်၊ ကဖင်းဓါတ်ပါတဲ့ ဖျော်ရည်တွေကို လျှော့သောက်မယ်။ ညဘက်အိပ်ချိန်ဟာ တစ်နေ့ ၇ နာရီအနည်းဆုံး ရှိရမယ်။ တစ်နေရာထဲမှာ မလှုပ်မယှက်နဲ့ အကြာကြီးထိုင်နေတာမျိုးထက် လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွဖြစ်အောင် နေရမယ်။လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးရမယ်။ ဖြည့်စွက်အားဆေးအနေနဲ့ငါးကြီးဆီ၊ ဗီတာမင် ဘီ-၁၂ အားဆေးတွေကို သောက်ပေးလို့လည်း ရပါတယ်။ ဦးနှောက်ကို အနားပေးမယ်၊ အားတဲ့အချိန်မှာ ဦးနှောက်အလုပ်လုပ်စေမယ့် ပဟေဠိ ကစားနည်းလေးတွေ ကစားပေးမယ်ဆိုရင် ခဏခဏ မေ့တတ်တဲ့ အကျင့်ကို ပျောက်သွားအောင် ကူညီပေးနိုင်မှာပါ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/dementia-and-alzheimers-disease/%e1%80%80%e1%80%ac%e1%80%9c%e1%80%90%e1%80%ad%e1%80%af-%e1%80%99%e1%80%bd%e1%80%90%e1%80%b9%e1%80%89%e1%80%ac%e1%80%8f%e1%80%b9%e1%80%b1%e1%80%95%e1%80%ba%e1%80%ac%e1%80%80%e1%80%b9%e1%80%86%e1%80%b6/
ကလေးများ ဝမ်းလျှောတဲ့အခါ
ကလေးများ ဝမ်းလျှောတဲ့အခါ မိဘတွေအနေနဲ့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်တတ်ကြပါတယ်။ ဒီလို အခြေအနေကို ဘယ်လို ဖြေရှင်းရမလဲဆိုတာနဲ့ ဘယ်လို ကာကွယ်ရမလဲဆိုတာကို မသိချင်ကြဘူးလား! ဒါဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါလို့ ပြောချင်ပါတယ်။ကလေးတွေ အစားစုံတဲ့အခါ၊ အစားမှားတဲ့အခါမှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်တတ်ပါတယ်။ကလေးတွေရဲ့ အစာခြေစနစ်က လူကြီးတွေလိုမျိုး ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတာကလည်း ကလေးတွေမှာ ဝမ်းပျက်ဝမ်းလျှော အဖြစ်များရတဲ့ အကြောင်းအရင်းပါပဲ။ ကလေးတွေဆိုရာမှာ ငယ်တဲ့ ကလေးတွေမှာ ဝမ်းလျှောတာက ပိုအဖြစ်များပါတယ်။ဒါဆိုရင်  ဘယ်လို ရောဂါအနေအထားက အရေးကြီးလဲ ၊ အိမ်မှာ ဘယ်လိုသက်သာအောင် လုပ်ရမလဲဆိုတာကို ဆက်ဆွေးနွေးပေးသွားပါမယ်။အရင်ဆုံးဝမ်းပျက်ဝမ်းလျှောဖြစ်ရင်ရေဓါတ် ဆုံးရှုံးမှုပေါ်လိုက်ပြီး ရောဂါကုသမှု ကွဲပြားပါတယ် ။ ရေဓါတ် မဆုံးရှုံးရင် အိမ်မှာပဲ ကုသလို့ရပြီး ၊ ရေဓါတ်ဆုံးရှုံးမှု များရင် ဆေးရုံတက် ကုသရမှာပါ ။ရေဓါတ်ဆုံးရှုံးမှုမရှိရင် ကလေးတွေ လန်းလန်းဆန်းဆန်း ရှိနေမှာ ဖြစ်ပါတယ် ။ ရေငတ်ခြင်း မရှိသလို ဆီးလည်း သွားနေရင် စိုးရိမ်စရာ မရှိပါဘူး ။ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းအတွက် အဓိက ကုထုံးက ဝမ်းချက်ချင်းရပ်ဖို့ မဟုတ်ဘဲ ရေဓါတ် ဆုံးရှုံးမှုတွေကို ပြန်လည် ဖြည့်တင်းပေးဖို့ပါ ။ ရေဓါတ်‌တွေ ပြန်လည် ဖြည့်တင်းပြီး ‌ထွက်သွားတဲ့ အာဟာရဓါတ်တွေကို ဖြည့်တင်းပေးမှသာ ဝမ်းလျှောတာ တဖြည်းဖြည်း နည်းလာမှာ ဖြစ်ပါတယ် ။ဝမ်းလျှောတဲ့ ကလေးကို ရနိုင်သမျှ အရည် (အချိုရည်များ မပါ) များများ တိုက်ပါ ။ ဖြစ်နိုင်ရင်တော့ ဆားဓါတ်ပါတဲ့ အရည်များ ၊စွပ်ပြုတ်ရည်များ တိုက်နိုင်ပါတယ် ။ဒါ့အပြင် ဝမ်းလျှောပြီးတိုင်းမှာ ကလေးတွေ ကို ဓါတ်ဆား တိုက်ဖို့ လိုအပ်ပါတယ် ။ အသက် ၂ နှစ်အောက် ကလေးတွေ အတွက် ဝမ်းသွားပြီးတိုင်းဓါတ်ဆားရည်ငါးကြင်းဖန်ခွက် တစ်ဝက် ၊ အသက် ၂ နှစ် ကနေ ၁၀ နှစ်ကြား ကလေးတွေ အတွက် ဓါတ်ဆားရည် ငါးကြင်းဖန်ခွက် ၁ ခွက် နဲ့ အသက်ကြီးတဲ့ ကလေးတွေအတွက် ကလေး သောက်နိုင်သလို ဓါတ်ဆားရည် ပြန်လည် တိုက်ရပါမယ် ။ဒါ့အပြင် ကလေးတွေကို ပုံမှန်အာဟာရတွေ ကျွေးဖို့ လိုပါတယ် ။ ဝမ်းလျှောလို့ အစာမကျွေးတာဟာ ကလေးအတွက် ရောဂါ ပိုဆိုးစေနိုင်ပါတယ်။အာဟာရ ကျွေးတဲ့အခါမှာလည်း အစာကို တစ်ခါတည်း ကျွေးခြင်းထက် ပမာဏ နည်းနည်းနဲ့ အကြိမ်ရေ များများ ခွဲကျွေးသင့်ပါတယ်။ ၂ နာရီကြား တစ်ခါလောက် ကျွေးရင် အဆင်ပြေနိုင်ပါတယ် ။ကလေးအတွက် အန္တရာယ်ရှိတဲ့ လက္ခဏာတွေ ဖြစ်တဲ့။ရေးသားသူ – Dr. Aung Kyaw Myint။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/digestive-problems/diarrhea-in-child/
အသည်းရောဂါ ကူးစက်နိုင်ခြေများတဲ့အရာတွေ သင်ဘယ်နှမျိုး လုပ်မိနေသလဲ
အသည်းရောင် ရောဂါအများစုက ဗိုင်းရပ်စ်ပိုးတွေကူးစက်ခံရလို့ ဖြစ်လာတာပါ။ အသည်းရောင်စေတဲ့ ဗိုင်းရပ်စ်ပေါင်းအများကြီးရှိပေမယ့် အဓိကအားဖြင့် အသည်းရောင် အေဗိုင်းရပ်စ်၊ ဘီဗိုင်းရပ်စ်နဲ့ စီဗိုင်းရပ်စ်တို့ကို အဖြစ်များ ပါတယ်။ အဲဒီအထဲကအသည်းရောင် အေပိုးကတော့ အစားအသောက်တွေကနေတဆင့် ကူးစက်တတ်ပါတယ်။ ဘယ်အမျိုးအစားပဲ ဖြစ်ဖြစ် သေချာ မကုသရင် နောက်ဆုံးမှာနာတာရှည် အသည်းရောဂါဖြစ်လာနိုင်ပြီး အသည်း ခြောက်ခြင်း၊ အသည်းကင်ဆာ အထိ ဖြစ်လာနိုင်ပါတယ်။ အသည်းရောဂါ ကူးစက်နိုင်ခြေများတဲ့အရာတွေ သင်ဘယ်နှမျိုး လုပ်မိနေသလဲ ဆိုတာကို ဆန်းစစ်ကြည့်ကြရအောင်။အသည်းရောင် အသားဝါ အေ ရောဂါက ရောဂါပိုးပါနေတဲ့ အစားအသောက်တွေကတဆင့် ကူးစက် ပြန့်ပွားတာ ဖြစ်ပါတယ်။ ဘီပိုးနဲ့ စီပိုးကနေ သွေးနဲ့ ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေကြောင့် ကူးစက်တတ်ပါတယ်။အသည်းရောဂါ ကူးစက်နိုင်ခြေများတဲ့အရာတွေ သင်ဘယ်နှမျိုး လုပ်မိနေသလဲ ဆိုတာ ဆန်းစစ်လိုက်ပါ။အသီးအနှံတွေ သေချာမဆေးတာ၊ရေမသန့်တာ။အသည်းရောင်အသားဝါအေပိုးကအသီးအနှံတွေရဲ့ အပြင်ခွံတွေ၊ အသုပ်တွေ စတဲ့ စားစရာတွေကနေ ပါလာတတ်လို့ မစားခင် သေချာစင်အောင် ဆေးပါ။ ရေကိုလည်း ရေသန့် သောက်ပါ၊ ကျိုချက် သောက်ပါ။အခွံမာငါးတွေ အစိမ်းစားတာ။အခွံမာငါးတွေ နဲ့ပင်လယ်စာတွေဟာ ညစ်ညမ်းနေတဲ့ ရေတွေထဲ နေလာတာ ဖြစ်လို့ ကမာ၊  ဂုံး၊ ခရုတွေကို မချက်မပြုတ်ဘဲ အစိမ်းစားရင် ဒီရောဂါပိုး ရရှိနိုင်ပါတယ်။ သေချာ ချက်ပြုတ်ပြီး စားတာ အကောင်းဆုံးပါ။လက်မသန့်တာ။အသည်းရောင် အသားဝါအေ ဗိုင်းရပ်စ်က ခန္ဓာကိုယ်ပြင်ပမှာ အချိန်အတော်ကြာ ရှင်သန်နိုင်ပါတယ်။ အိမ်သာကအထွက် လက်ဆေးတာ၊ လက်သန့်ဆေးရည်သုံးတာ၊ အစာမစားခင်လက်ဆေးတာ အပါအဝင် တစ်ကိုယ်ရည်သန့်ရှင်းမှုရှိမှ အသည်းရောင်အေရောဂါပိုးကူးစက်မှုကို ကာကွယ်နိုင်မှာပါ။မသန့်တဲ့သွေးနဲ့ ထိတွေ့မိတာ။ရောဂါပိုးရှိတဲ့ သွေးနဲ့ ခန္ဓာကိုယ် အရည်တွေက အသည်းရောင် အသားဝါ ဘီနဲ့ စီကို ကူးစက်ပြန့်ပွားစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးဖွားနေစဉ်အတွင်းမှာ မိခင်ကနေ ကလေးကို ကူးစက်နိုင်သလို လိင်ဆက်ဆံတာ၊ မကျက်သေးတဲ့ အနာကနေတဆင့်လည်း ကူးနိုင်ပါတယ်။သေချာ ပိုးသတ်မထားတဲ့ သွားကျန်းမာရေးသုံး ပစ္စည်းတွေကနေလည်း ကူးနိုင်ပါတယ်။ ရောဂါပိုး ရှိတဲ့ လူရဲ့ သွေးကို သွင်းမိရင်လည်း ဘီရော စီပါ ကူးစက်နိုင်ပါတယ်။တက်တူးထိုးတာ နဲ့ နားဖောက်တာ။တက်တူး ထိုးတာ၊ နားဖောက်တာတွေက လုပ်လို့ရပါတယ်။ ဒါပေမဲ့ အသည်းရောင် အသားဝါ ဘီနဲ့စီ ကူးစက်နိုင်ခြေ နည်းချင်တယ် ဆိုရင် သန့်ရှင်းမှုနဲ့ ပိုးသတ် လုပ်ငန်းစဉ်ကို ဂရုစိုက်တဲ့ အလှပြင်ဆလွန်းတွေနဲ့ တက်တူးဆိုင်တွေကို ရွေးပါ။အပ်တွေနဲ့ ကိရိယာ၊ အသုံးအဆောင်တွေကနေ တစ်ယောက်နဲ့ တစ်ယောက် ရောဂါ မကူးစက်စေဖို့ အသုံးပြုသမျှ အရာအားလုံး ပိုးသတ်သန့်စင်ထားမှ ဖြစ်မှာပါ။တစ်ကိုယ်ရည်သုံးပစ္စည်းတွေကို မျှသုံးတာ။သွားပွတ်တံ၊ မုတ်ဆိတ်ရိတ်ဓား အပါအဝင်တစ်ကိုယ်ရည်သုံးပစ္စည်းတွေ၊ အသုံးအဆောင်တွေကို အတူ မျှသုံးခြင်း ကနေ အသည်းရောင်ရောဂါတွေ ကူးစက်နိုင်ခြေ များပါတယ်။ ဘလိတ်ဓါး၊ လက်သည်းညှပ်၊ အပ် စတဲ့ ပစ္စည်းတွေလည်း ပါဝင်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/risk-factors-for-transmission-of-hepatitis/
မွေးကျွတ်နာ သက်သာစေဖို့
အရေပြားပြဿနာတွေထဲကမှ ခံစားရ တော်တော်လေး ခက်တဲ့ အရေပြားပြဿနာတစ်ခုရှိပါတယ်။ ဒါကတော့ မွေးကျွတ်နာပါ။ မွေးကျွတ်နာပေါက်တဲ့အခါ အထိမခံနိုင်လောက်အောင် နာတာမျိုးရှိနိုင်ပါတယ်။ ဒီပြဿနာကို ကင်းစေဖို့ ဆိုရင်တော့ အခုဆောင်းပါးလေးထဲက နည်းလမ်းလေးတွေက အဆင်ပြေစေမှာပါ။အရေပြားပေါ်က မွေးကျွတ်နာကို သက်သာစေဖို့ဆိုရင်တော့ ဒီနည်းလမ်းလေးတွေကို လုပ်ပေးလို့ရပါတယ်။ရေနွေးအိတ်ကပ်ပေးပါ။အပူက သွေးလည်ပတ်မှုကို ကောင်းစေနိုင်ပါတယ်။သွေးလည်ပတ်မှုကောင်းတာက သွေးဖြူဥဆဲလ်တွေနဲ့ ပဋိပစ္စည်းတွေကို ရောဂါပိုးတွေကို တိုက်ထုတ်စေနိုင်ဖို့ ကူညီပေးရာရောက်ပါတယ်။ မွေးကျွတ်နာပေါ်ကို ရေနွေးအိတ်လေး ကပ်ပေးတာက အကောင်းဆုံးအိမ်တွင်းကုထုံးတွေထဲက တစ်ခုပါ။ တစ်ကြိမ်ကပ်ရင် မိနစ် ၂၀ လောက် ကပ်ထားပေးပါ။ တစ်နေ့ကို ၃ ကြိမ်ကနေ ၄ ကြိမ်လောက်အထိ လုပ်ပေးလို့ရပါတယ်။Tea tree oil။Tea tree oil က ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ မွေးကျွတ်နာဖြစ်ရတဲ့ အဓိက အကြောင်းအရင်းက ဘက်တီးရီးယားတွေကြောင့် ဖြစ်ရတာပါ။ Tea tree oil ကို အနာပေါ်ကို တိုက်ရိုက်လူးပေးစရာ မလိုပါဘူး။အရေပြားလောင်တာမျိုး ဖြစ်နိုင်တာကြောင့်ပါ။ Tea tree oil ကိုရေနွေးလေးနဲ့ရောလို့ ဂွမ်းစလေးနဲ့ယူပြီး အနာပေါ်မှာ လိမ်းပေးရုံပါ။ တစ်နေ့ကို ၂ ကြိမ် ကနေ ၃ ကြိမ် အထိလုပ်ပေးလို့ ရပါတယ်။နနွင်းမှုန့်။နနွင်းမှုန့်မှာဘက်တီးရီးယားတွေကို သေစေနိုင်ပြီး အရောင်ကျစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ မွေးကျွတ်နာကို မြန်မြန် သက်သာစေဖို့ အထောက်အကူပြုပေးပါတယ်။ ဆေးဝါးအဖြစ လွန်ခဲ့တဲ့ နှစ်ပေါင်များစွာက အသုံးပြုခဲ့တဲ့ နနွင်းကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာယူပြီး ရေနည်းနည်းနဲ့ ခပ်ပျစ်ပျစ်လေးရောလို့ အနာပေါ်ကို တစ်နေ့ နှစ်ကြိမ် အနည်းဆုံး လူးပေးပါ။ ချင်း(ဂျင်း) အရည်လေးနည်းနည်းပါ အသုံးပြုပေးလို့ ရပါတယ်။Epsom salt။Epsom salt ကို အပန်းပြေစေဖို့အတွက် အရေပြားကို နှိပ်နယ်ဖို့ ခြေထောက်လေးတွေကို နှိပ်နယ်ဖို့အတွက်တင် မဟုတ်ပါဘူး။ မွေးကျွတ်နာအတွက်လည်း သုံးပေးလို့ရပါတယ်။ ဒီဆားက မွေးကျွတ်နာကို ခြောက်သွားစေပြီးပြည်တွေထွက်လာစေဖို့ အထောက်အပံ့ပေးပါတယ်။ရေနွေးနွေးထဲကို ဆားထည့် ပြီးရင် စိမ်ထားပေးပါ။ ဒါမှမဟုတ် ဂွမ်းစနဲ့ ဆားရည်ကို တို့ပြီး အနာပေါ်မှာ ဖိဆွတ်ပေးပါ။ မိနစ်၂၀ လောက်ကပ်ထားပေးရပါမယ်။ တစ်နေ့ကို ၃ ကြိမ်လောက် လုပ်ပေးရုံပါ။ကြက်ဆူဆီ။ကြက်ဆူဆီမှာ ricinoleic acid လို့ခေါ်တဲ့ သဘာဝအရောင်ကျ အာနိသင်တစ်ခုပါပါတယ်။ ဒါက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။ ဒါက မွေးကျွတ်နာကို သိသိသာသာ သက်သာစေနိုင်တဲ့ အချက်ပါ။ကြက်ဆူဆီနည်းနည်းကို ယူပြီး အနာပေါ်မှာ လိမ်းပေးရုံပါ။ တစ်နေ့ကို ၃ ကြိမ်လောက် လုပ်ပေးလို့ ရပါတယ်။တမာဆီ။တမာက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပြီး သဘာဝ ပိုးသတ်ဆေးတစ်မျိုးပါ။ အရေပြားကို ထိခိုက် စေနိုင်တဲ့ ပိုးတွေကို အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။ ဒါကြောင့် တမာရွက်ကနေထုတ်ထားတဲ့အဆီကို တစ်နေ့ကို ၃ ကြိမ် ကနေ ၄ ကြိမ်လောက်အထိအနာပေါ်ကို လိမ်းပေးပါ။ မလိမ်းခင်မှာလက်ကို သေချာဆေးကြောပါ။ကြက်သွန်နီ။ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ ကြက်သွန်နီကို မွေးကျွတ်နာအတွက် အသုံးပြုပေးလို့ ရပါတယ်။ ကြက်သွန်နီကို အကွင်းလိုက် မထူမပါးလှီးပါ။ ပြီးရင် အနာပေါ်ကို ကပ်ထားပေးပြီးပတ်တီးစပါးပါးလေးနဲ့ စည်းထားပေးပါ။ တစ် နာရီလောက်ထားပါ။ တစ်နေ့ကို ၂ ကြိမ် လုပ်ပေးရုံပါ။ကြက်သွန်ဖြူ။ကြက်သွန်ဖြူကို ကြိတ်ခြေပြီး ရလာတဲ့ အနှစ် ဒါမှမဟုတ် ညှစ်ထားတဲ့သတ္တုရည်ကို မွေးကျွတ်နာပေါ် လိမ်းပေးလို့ ရပါတယ်။ မိနစ် ၂၀ ကနေ ၃၀ လောက်အထိ ထားပေးပါ။ တစ်နေ့ကို ၂ ကြိမ်လောက်လုပ်ပေးလို့ရပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/home-remedies-for-boils/
မသောက်ဘဲ ချာချာလည်အောင် မူးနေပြီလား။
မသောက်ဘဲ ချာချာလည်အောင် မူးနေပြီလား။ အိုးထိန်းစက်ထဲထည့်လှည့်သလို ဘယ်နေရာကိုကြည့်ကြည့် ချာချာလည်နေပြီလား။ ဒါကိုချာချာလည်အောင် မူးတယ်။ ဆေးပညာအရ vertigo (ဗာတိုင်ဂို)လို့ခေါ်ပါတယ်။ ဒါကဘာကြောင့်ဖြစ်ရတာလဲ။ အသက်အန္တရာယ်ရှိလား။ ကုလို့ရပါ့မလားဆိုတာ ဆက်ဆွေးနွေးပေးပါမယ်။ဒီအကြောင်းကို မပြောခင် အရင်ဆုံး ခန္ဓာကိုယ်ရဲ့ဟန်ချက်အကြောင်း ပြောပြပါမယ်။ နားအတွင်းပိုင်းမှာ ခရုခွေလေးတွေ ရှိပြီး အဲ့ထဲမှာ အရည်လေးတွေ ရှိပါတယ်။ ဒါကို labyrinthလို့ ခေါ်ပါတယ်။ ခန္ဓာကိုယ်က လှုပ်ရှားတဲ့ အခါ မမူးအောင်၊ ဟန်ချက် မပျက်အောင်လို့ သူက ဦးနှောက်ကို သတင်းပို့ပြီး ချိတ်ဆက်ပေးပါတယ်။ ဒါက ပုံမှန်ပါ။ဒါကြောင့် နားအတွင်းပိုင်းမှာ ပြဿနာ တစ်ခုခုရှိရင် ဒီစနစ်ပျက်ပြီး ဟန်ချက် မထိန်းနိုင်ဘဲ မူးလာပါတယ်။ အဖြစ်များတဲ့ ရောဂါတွေကတော့။(၁)BPPV(Benign paroxysmal positional vertigo)။BPPVလို့ခေါ်တဲ့ ဒီရောဂါမှာ နားအတွင်းက လှိုဏ်ခေါင်းထဲကို ကယ်ဆီယမ်တွေ စုပုံလာပါတယ်။ ဒါကြောင့် ဦးနှောက်ကို သတင်း မပို့နိုင်တော့ဘဲ ဟန်ချက်ပျက်ပြီး ခေါင်းမူးပါတယ်။(၂)Meniere’s disease။ဒီရောဂါက နားအတွင်းထဲမှာ အရည်တွေစုပြီး ဖိအားပြောင်းလာလို့ ဖြစ်တယ်လို့ ပြောပါတယ်။ ချာချာလည်အောင် မူးတာ အပြင် နားအူတာ၊ နားလေးတာလဲ တွေ့ရပါတယ်။(၃) အာရုံကြော ရောင်ရမ်းခြင်း (Vestibular neuritis orLabyrinthitis)။နားအတွင်းထဲက အာရုံကြောတွေ ရောင်ရမ်းတာပါ။ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာ များပါတယ်။တခြား အကြောင်းတွေ ကတော့။-ဦးခေါင်းနဲ့ လည်ပင်း ဒဏ်ရာ ရတာ။–လေဖြတ်တာ၊ ဦးနှောက်အကြိတ်ဖြစ်တာ။-နားထိခိုက်စေတဲ့ ဆေးတွေသောက်တာ။-ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migraineheadache)တွေကလည်း ချာချာလည်အောင် မူးစေပါတယ်။ခေါင်းအလှုပ် များရင် ဖြစ်တတ်ပါတယ်။ ဗာတိုင်ဂို ရောဂါ ရှိသူတွေက သူတို့ ခံစားရတာကို။တခြား တွဲတွေ့ရတဲ့ လက္ခဏာတွေ ကတော့။–နားအူတာ၊နားလေးတာ စတာတွေပဲ ဖြစ်ပါတယ်။ဝေဒနာခံစားရတာက မိနစ်အနည်းငယ်ကနေ နာရီပိုင်းထိကြာတတ်ပါတယ်။ ဖြစ်လိုက်ပျောက်လိုက်ပါပဲ။ဖြစ်တဲ့အကြောင်းရင်းပေါ်မူတည်ပြီး ကုသနည်းတွေမတူပါဘူး။ အများအားဖြင့်တော့ အလိုလိုသက်သာသွားကြပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဦးနှောက်ကလည်း နားအတွင်းပိုင်းက သတင်းပို့တာကို ကျင့်သားရလာလို့လည်း ပါပါတယ်။ချာချာလည်အောင် မူးတာက ရောဂါသက်သက်တော့ ဒုက္ခမပေးတတ်ပါဘူး။ ဒါပေမယ့် မူးနေတဲ့အချိန်မှာ မတော်တဆ ထိခိုက်မိပြီး ဒဏ်ရာရတာ၊ ပြုတ်ကျတာ၊ ချော်လဲတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် မူးတယ်လို့ ခံစားရတာနဲ့ ချက်ချင်းထိုင်ချပါ။ ကောင်းကောင်းမကုရသေးခင်မှာ ကားမောင်းတာ၊ အမြင့်တက်တာမျိုး မလုပ်ပါနဲ့။ ညဖက် အိပ်ရာကထသွားဖို့လိုရင် မီးအရင်ဖွင့်ပါ။ လမ်းသွားရင် တုတ်ကောက်နဲ့သွားပါ။ ဆရာဝန်နဲ့တိုင်ပင်ပြီး ကုသမှုခံယူပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/ear-conditions/vertigo-symptoms-causes-and-treatments/
Unintentional Weight Loss (မရည်ရွယ်ထားဘဲ ကိုယ်အလေးချိန်ကျဆင်းသွားခြင်း)
မကြိုးစားဘဲ၊ မရည်ရွယ်ဘဲ ကိုယ်အလေးချိန်သိသိသာသာ ကျဆင်းသွားပါက ကျန်းမာရေးအခြေအနေတစ်ခုခုကြောင့်ဖြစ်နိုင်ပါတယ်။ဒါဟာတော်တော်ကို စိတ်ညစ်စရာကောင်းနေမှာပါ။ အထူးသဖြင့် သိသိသာသာပိန်ကျသွားပြီး အကြောင်းအရင်းမသိတဲ့အခါတွေမှာပေါ့။ မရည်ရွယ်ထားဘဲ ကိုယ်အလေးချိန်ကျဆင်းသွားခြင်းဟာ ရောဂါကြီးကြီးမားမားရှိလို့ ဒါမှမဟုတ် အစာအိမ်ဗိုင်းရပ်စ်ဝင်ခြင်းလိုမျိုး သာမန်ပြဿနာအသေးလေးကြောင့်လည်းဖြစ်နိုင်ပါတယ်။အကြောင်းမသိဘဲ အလေးချိန်ကျသွားခြင်းက ကျန်းမာရေးအရစိတ်ပူစရာတစ်ခုဟုတ်ရဲ့လား မသေချာပါဘူး။ ဒါပေမယ့် ဆရာဝန်အများစုကတော့ ၆လအတွင်း ပုံမှန်အလေးချိန်ရဲ့ ၅ ရာခိုင်နှုန်းထက်ပိုပြီးလျော့ကျသွားပါက အထူးသဖြင့်အသက်ကြီးသူတွေမှာဆိုရင်တော့ ကျန်းမာရေးအရ တွေးဖို့လိုလာပါပြီ။သင့်ကိုယ်အလေးချိန်ဟာ သင့်ရဲ့ ကယ်လိုရီစားသုံးမှု၊ လှုပ်ရှားမှု၊ ကျန်းမာရေးအခြေအနေ၊ အသက်အရွယ်၊ အာဟာရ၊ ခန္ဓါကိုယ်ရဲ့စုပ်ယူနိုင်မှုနဲ့ လူမှုရေး စီးပွားရေးတွေမှာမူတည်နေတတ်ပါတယ်။မရည်ရွယ်ထားပဲကိုယ်အလေးချိန်လျော့တာဟာ တော်တော်အဖြစ်များပါတယ်၊ ယောက်ျားမိန်းမမရွေးဖြစ်နိုင်ပြီး အသက်အရွယ်မရွေးလည်းဖြစ်နိုင်တယ်။ဖြစ်နိုင်ချေရှိတဲ့ အချက်တွေကိုရှောင်ရှားခြင်းဖြင့်တော့ သက်သာစေနိုင်ပါတယ်။ အသေးစိတ်အချက်အလက်အတွက် ဆရာဝန်နဲ့တိုင်ပင်ပါ။ကိုယ်အလေးချိန်ဆိုတာ အမြဲတမ်းပုံမှန်ပြောင်းလဲနေနိုင်ပါတယ်။ ဒါပေမယ့် ၆ လအတွင်း အလေးချိန်ရဲ့ ၅ ရာခိုင်နှုန်းခန့် ဆက်တိုက် အကြောင်းမဲ့ကျဆင်းခြင်းကတော့ စိတ်ပူစရာပါပဲ။ ထိုမျှလောက် အလေးချိန်ကျခြင်းဟာ အာဟာရမမျှတတာကြောင့်ဖြစ်နိုင်တယ်။အထူးသခြင့်အောက်ပါလက္ခဏာတွေခံစားလာရရင်တော့ အာရုံစိုက်သင့်ပါပြီ-။ဖော်ပြထားတဲ့လက္ခဏာတွေအပြင် တခြားလက္ခဏာတွေလည်းရှိနိုင်တာကြောင့် သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်နိုင်တယ်။တကယ်လို့ မကြိုးစားဘဲအလေးချိန်ကျနေတယ်၊ အကြောင်းလဲမသိဘူးဆိုရင် ဆရာဝန်နဲ့တိုင်ပငါပ။ အထူးသဖြင့် ၆ လမှ ၁၂ လအတွင်း အလေးချိန်ရဲ့ ၅ ရာခိုင်နှုန်းလောက်ကျရင်ပေါ့၊။အားနည်းတတ်ပြီး အသက်ကြီးသူဖြစ်ရင်တော့ အနည်းငယ်လောက်အလေးချိန်ကျရင်ကိုပဲ ဆရာဝန်နဲ့တိုင်ပင်ကြည့်သင့်ပါတယ်။အကြောင်းအရင်းမရှိဘဲ ကိုယ်အလေးချိန်ကျဆင်းခြင်းဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်တယ်။ ကျန်းမာရေးနဲ့ဆိုင်နိုင်သလို မဆိုင်တာလည်းဖြစ်နိုင်ပါတယ်။တခါတလေတော့ အကြောင်းမျိုးစုံတိုက်ဆိုင်သွားခြင်းဟာ ကျန်းမာရေးချို့ယွင်းပြီး ကိုယ်အလေးချိန်ကျခြင်းတွေဖြစ်စေနိုင်တယ်။ တခါတရံတော့ တိကျတဲ့အကြောင်းအရင်းမတွေ့တာလည်းဖြစ်နိုင်ပါတယ်။များသောအားဖြင့် မသိရသေးတဲ့ ကင်ဆာတွေဆိုရင်တော့ အကြောင်းမရှိဘဲ ဝိတ်ကျတာအပြင် တခြားလက္ခဏာတွေ ဒါမှမဟုတ် ဓါတ်ခွဲခန်းအဖြေတွေရှိတတ်ပါတယ။်။အကြောင်းမရှိဘဲဝိတ်ကျနိုင်ချေရှိတဲ့ အကြောင်းတွေကတော့-။မရည်ရွယ်ဘဲအလေးချိန်ကျခြင်းကို အားပေးနိုင်သောအချက်တွေကတော့-။နှလုံး၊ အသည်း၊ ကျောက်ကပ် စသည့်ရောဂါများ၊ ကင်ဆာ၊ HIV/AIDS ၊ ကင်ဆာဆေးသွင်းခြင်းကြောင့်ပျို့ခြင်း၊ အစားအသောက်ပျက်ခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။လက္ခဏာများနှင့် ပြောင်းလဲလိုက်သော နေထိုင်မှုပုံစံများကိုမေးမြန်းပြီး အလေးချိန်ကျရခြင်းအကြောင်းအရင်းများကို ရှာဖွေပါလိမ့်မယ်။မေးမြန်းခြင်း၊ စမ်းသပ်မှုများနဲ့ ဓါတ်ခွဲစစ်ဆေးမှုများလုပ်ရပါလိမ့်မယ်။ တကယ်လို့အာဟာရ၊ စားသောက်မှုပုံစံကြောင့်ဟုထင်ပါက အာဟာရပြည့်ဝမှုရှိမရှိ စမ်းသပ်ရနိုင်ပါတယ်။ ဒါဟာ ဗီတာမင်၊ သတ္ထုဓါတ်ပမာဏတွေအတွက် သွေးစစ်ဆေးမှုတွေပါနိုင်ပါတယ်။ သွေးအားနည်းခြင်းရှိမရှိ စမ်းသပ်စစ်ဆေးမှာဖြစ်တယ်။တခါတရံ အခြေခံစမ်းသပ်မှုတွေမှာ အကြောင်းမရှိပါက လအနည်းငယ်အကြာမှာ နောက်တစ်ဆင့်စမ်းသပ်ပါလိမ့်မယ်။ နောက်ထပ်အလေးချိန်ထပ်မကျဖို့၊ ပြန်တက်စေဖို့ အထူးစားသောက်ရမယ့်ပုံစံရှိလာနိုင်ပါတယ်။တကယ်လို့အာဟာရမမျှတခြင်းဖြစ်ပါက အာဟာရကျွမ်းကျင်သူနဲ့ ဆေးနွေးတိုင်ပင်ပြီး စားသောက်မှုပုံစံပြင်ရပါလိမ့်မယ်။ အူရောင်ခြင်းရောဂါများကဲ့သို့ အစာခြေစနစ်နှင့်ဆိုင်သောရောဂါများတွင်တော့ လိုအပ်သောအာဟာရများရဖို့ အထူးစားသောက်ပုံစံလိုပါလိမ့်မယ်။ဆေးဆိုင်များတွင် အလိုတကူဝယ်ယူရရှိနိုင်သောဆေးများသောက်ရန်လည်း လိုကောင်းလိုနိုင်ပါတယ်။တကယ်လို့ ဟော်မုန်းတွေကြောင့်ဖြစ်ရတာဆိုရင်တော့ ဆရာဝန်ကဆေးညွှန်းပေးပါလိမ့်မယ်။တုပ်ကွေး၊ အအေးမိခြင်း၊ အစားမှားခြင်းကြောင့် အနားယူရခြင်း၊ အစာအိမ်ဆေးများစသည့် သာမန်အချက်များကြောင့် မရည်ရွယ်ထားဘဲ အလေးချိန်ကျဆင်းသွားခြင်းများကိုတော့ နေကောင်းသွားချိန်မှာ ပုံမှန်အတိုင်းပြန်စားသောက်ခြင်းဖြင့် ပြန်ကုသနိုင်ပါတယ်။ကင်ဆာကဲ့သို့ စိုးရိမ်စရာရောဂါကြီးကြီးမားမားတစ်ခုခုကြောင့်ဟု သံသယရှိပါက တိကျစွာသိရဖို့ စစ်ဆေးမှုများလုပ်ဖို့လိုပါလိမ့်မယ်။အောက်ပါနည်းများကအကူအညီဖြစ်နိုင်ပါတယ်-။သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေကိုရရန် ဆရာဝန်နှင့်သေချာဆွေးနွေးတိုင်ပင်နိုင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/unintentional-weight-loss-%e1%80%99%e1%80%9b%e1%80%8a%e1%80%ba%e1%80%9b%e1%80%bd%e1%80%9a%e1%80%ba%e1%80%91%e1%80%ac%e1%80%b8%e1%80%98%e1%80%b2-%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%a1/
Sperm Penetration Tests (သုတ်ပိုးဖောက်ဝင်နိုင်မှုစစ်ဆေးခြင်း)
အမျိုးသားတဦးရဲ့ သုတ်ပိုးဟာ သားအိမ်ခေါင်းထိပ်က အချွဲများနဲ့ သားဥပြွန်ကို ဖြတ်သန်းသွားနိုင်ပြီး မမျိုးဥနဲ့ ပေါင်းစပ်သွားနိုင်ခြင်း ရှိမရှိ စစ်ဆေးခြင်း ဖြစ်ပါတယ်။ စုံတွဲများ ကိုယ်ဝန်မဆောင်နိုင်ရင် စစ်ဆေးခြင်း ဖြစ်ပါတယ်။စစ်ဆေးနည်းမျိုးစုံရှိပါတယ်။အချွဲများကို ဖြတ်သန်းနိုင်မှုရှိမရှိ စစ်ဆေးခြင်း။သားအိမ်ခေါင်းဝန်းကျင်က အချွဲများကို ဖြတ်သန်းနိုင်မှု ရှိမရှိ စစ်ဆေးပါတယ်။ ဒီနည်းကို သိပ်တော့ မပြုလုပ်ပါဘူး။ တခြားနည်းလမ်းတွေကနေ အချက်အလက် ပိုသိရလို့ ဖြစ်ပါတယ်။သုတ်ပိုးဖောက်ဝင်မှုစစ်ဆေးခြင်း။ဟမ်းစတား စစ်ဆေးနည်းလို့ ခေါ်ပါတယ်။ ယေက်ျားသုတ်ပိုးဟာ ဟမ်းစတားကြွက်ဥနဲ့ ပေါင်းစပ်နိုင်မှု ရှိမရှိ စစ်ဆေးခြင်း ဖြစ်ပါတယ်။ ဓါတ်ခွဲခန်းမှာ သုတ်ပိုးနဲ့ ဟမ်းစတားကြွက်ဥနဲ့ ပေါင်းစပ်ပြီး ဥထဲကို ဖောက်ဝင်နိုင်တဲ့ သုတ်ပိုးအရေအတွက်ကို မှတ်တမ်းတင်ပါတယ်။ ဖန်ပြွန်သန္ဓေသား ပြုလုပ်ပေးတဲ့ ဆေးရုံတွေမှာ အများဆုံး ပြုလုပ်တတ်ပါတယ်။အောက်ပါအခြေအနေတွေမှာ ပြုလုပ်ပါတယ်။စစ်ဆေးခြင်းမပြုမီ သင်ရော သင့်အိမ်ထောင်ဖက်ပါ ကိုယ်ဝန်ဆောင်နိုင်ဖို့ အကောင်းဆုံးအချိန်ကို သတိပြုကြိုးစားသင့်ပါတယ်။ မမျိုးဥကြွေချိန်နဲ့ မျိုးဥမကြွေခင် ၁ရက်၂ရက်ဟာ ကိုယ်ဝန်ဆောင်နိုင်ခြေ အမြင့်ဆုံး ဖြစ်ပါတယ်။ တချို့စုံတွဲတွေဟာ ကိုယ်ဝန်ဆောင်ဖို့ ကြိုစားချိန်မှာ အဓိကကျတဲ့ရက်တွေကို လွတ်သွားတတ်ပါတယ်။ အမျိုးသမီးတယောက်ဟာ ကိုယ့်ရဲ့ဓမ္မတာစက်ဝန်းနဲ့ မျိုးဥကြွေချိန်ကို သိထားသင့်ပါတယ်။ ဒီမှတ်တမ်းဟာ မြုံခြင်းရှိမရှိ စစ်ဆေးဖို့ ဆရာဝန်ဆုံးဖြတ်တဲ့အခါ မထောက်အကူပြုပါတယ်။စစ်ဆေးမှုနဲ့ ပတ်သက်ပြီး ဘာတွေလိုအပ်လဲ၊ ဘယ်လိုလုပ်မှာလဲ၊ ဘယ်လိုရလဒ်တွေရတတ်လဲ စတာတွေကို ဆရာဝန်နဲ့ ပြောဆိုဆွေးနွေးပါ။အချွဲအား သုတ်ပိုး ဖြတ်သန်းနိုင်ခြင်းရှိမရှိ စစ်ဆေးခြင်း။အမျိုးသမီးများအတွက် မျိုးဥကြွေချိန်မှာ ပြုလုပ်ပါတယ်။ ဆီးထဲမှာ LH ဟောမုန်းအမြင့်ဆုံး အချိန်ကို စစ်ဆေးနိုင်ဖို့ ဆရာဝန်ညွှန်ကြားချက်ကို လိုက်နာပါ။ ဆီးစစ်တဲ့အခါ မနက်ပိုင်းမှာ စစ်ရပါတယ်။ အဲဒီမနက်မှာ စစ်ဆေးမှုမပြုခင် ဘယ်အရည်ကိုမှ မသောက်ပါနဲ့။ စစ်ဆေးချက်အရ မျိုးဥကြွေတယ်လို့ သိရရင် နောက်နေ့မှာ ဆရာဝန်ပြပါ။အမျိုးသားများအတွက် စစ်ဆေးဖို့ သုတ်ရည်နမူနာ ယူရပါတယ်။ စစ်ဆေးမှုမလုပ်ခင် ၂ရက်အတွင်း သုတ်လွှတ်ခြင်း မပြုရပါဘူး။ သုတ်မလွှတ်ဘဲ ၅ရက်ထက်ပိုကြာအောင်နေပြီး စစ်ဆေးခြင်း မပြုဖို့လည်း အရေးကြီးပါတယ်။သုတ်ပိုးဖောက်ဝင်နိုင်မှု စစ်ဆေးခြင်း။ဒီစစ်ဆေးနည်းအတွက် သုတ်ရည်အနည်းငယ်ပဲ လိုအပ်ပါတယ်။အမျိုးသားများအတွက် စစ်ဆေးမှုမလုပ်ခင် ၂ရက်အတွင်း သုတ်လွှတ်ခြင်း မပြုရပါဘူး။ သုတ်မလွှတ်ဘဲ ၅ရက်ထက်ပိုကြာအောင်နေပြီး စစ်ဆေးခြင်း မပြုရပါဘူး။အချွဲကိုသုတ်ပိုးဖြတ်မဖြတ် စစ်ဆေးခြင်းအတွက် သားအိမ်ခေါင်းဝန်းကျင်က အချွဲရော သုတ်ပိုးပါ လိုအပ်ပါတယ်။ ဓါတ်ခွဲခန်းမှာ အဲဒီနှစ်မျိုးကို ပေါင်းစပ်ပါတယ်။ မိနစ်၉၀လောက်ကြာရင် သုတ်ပိုးရောက်ရှိနိုင်တဲ့ အကွာအဝေးကို တိုင်းတာပါတယ်။ အမျိုးသမီးဆီက သားအိမ်ခေါင်းအချွဲနမူနာကို မိန်းမကိုယ်ပိုင်း စစ်ဆေးချိန်မှာ ရယူရပါတယ်။သုတ်ပိုးဖောက်ဝင်နိုင်မှု စစ်ဆေးခြင်းအတွက် သုတ်ပိုးနမူနာကို ရယူပါတယ်။ ဓါတ်ခွဲခန်းထဲမှာ ဟမ်းစတားကြွက်ဥနဲ့ ပေါင်းစပ်ပါတယ်။ ဥကိုဖောက်နိုင်တဲ့ သုတ်ပိုးအရေအတွက်ကို တိုင်းတာပါတယ်။သုတ်ရည်နမူနာကို လက်ကိုအားပြုတဲ့နည်းနဲ့ ထုတ်ယူပါတယ်။ အိမ်မှာ ထုတ်ယူတယ်ဆိုရင် ဓါတ်ခွဲခန်းကို တနာရီအတွင်း ပို့နိုင်ဖို့ လိုအပ်ပါတယ်။ နမူနာကို ကိုယ်ခန္ဓါ အပူချိန်မှာပဲထားပြီး နေရောင်တိုက်ရိုက်မထိဖို့ လိုပါတယ်။သုတ်ရည်နမူနာကို လိင်ဆက်ဆံတဲ့အချိန်မှာ ရယူခြင်းမပြုလုပ်ဖို့ ရှောင်ကြဉ်ရပါမယ်။ မိန်းမကိုယ်အရည်နဲ့ ရောသွားနိုင်လို့ ဖြစ်ပါတယ်။အဖြေကိုစောင့်ဖို့ ချိန်းဆိုပါလိမ့်မယ်။ အဖြေနဲ့ပတ်သက်ပြီး ဆရာဝန်က ရှင်းပြပါလိမ့်မယ်။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာရပါမယ်။အချွဲကို သုတ်ပိုးဖြတ်သန်းခြင်း ရှိမရှိ စစ်ဆေးခြင်း။အောက်ပါအခြေအနေတွေမှာ ပြသနာရှိပါတယ်။အလှူရှင်ရဲ့ သုတ်ပိုးရော မိမိအမျိုးသားရဲ့ သုတ်ပိုးပါ အချွဲကို ဖြတ်သန်းမသွားနိုင်ရင်တော့ အမျိုးသမီးမှာ ပြသနာရှိနေပါတယ်။ပုံမှန်အခြေအနေ။သုတ်ပိုးဟာသားအိမ်ခေါင်းအချွဲကို အလွယ်တကူ ဖြတ်သန်းသွားနိုင်ရပါမယ်။ပုံမှန်မဟုတ်သောအခြေအနေ။သုတ်ပိုးဟာ သားအိမ်ခေါင်းအချွဲကို ဖြတ်မသွားနိုင်ဘဲ အချွဲထဲမှာတင် စုဝေးနေကြပါတယ်။ သုတ်ပိုးကိုဆန့်ကျင်တဲ့ ခုခံပစ္စည်းတွေပေါ်လာရင် ဖြစ်တတ်ပါတယ်။ ခုခံပစ္စည်းက အမျိုးသားရဲ့ ကိုယ်ခန္ဓါကနေ ထွက်ပေါ်တာဆိုရင် သုတ်ပိုးကို သရုပ်ခွဲစစ်ဆေးစဉ်မှာပဲ သိနိုင်ပါတယ်။သုတ်ပိုးဖောက်ဝင်နိုင်မှု စစ်ဆေးခြင်း။ရလဒ်ဟာ ဥထဲကို သုတ်ပိုးဘယ်နှကောင် ဖောက်ဝင်နိုင်လဲ ဆိုတာပေါ်မူတည်ပြီး ဓါတ်ခွဲခန်း တခုနဲ့တခု ကွာခြားမှု ရှိနိုင်ပါတယ်။ပုံမှန်။သုတ်ပိုးဟာ ဟမ်းစတားကြွက်ဥထဲကို ဖောက်ဝင်နိုင်ပါတယ်။ပုံမှန်မဟုတ်ခြင်း။သုတ်ပိုးဟာ ဟမ်းစတားကြွက်ဥထဲကို မဖောက်ဝင်နိုင်ပါဘူး။ဓါတ်ခွဲခန်းနဲ့ ဆေးရုံတွေအလိုက် သုတ်ပိုးဖောက်ဝင်နိုင်တဲ့ အရေအတွက်ကွာခြားမှု ရှိနိုင်ပါတယ်။ ရလဒ်နဲ့ ပတ်သက်ပြီး သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုက်ပင်ဆွေးနွေးပါ။သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-tests-health/sperm-penetration-tests-%e1%80%9e%e1%80%af%e1%80%90%e1%80%b9%e1%80%95%e1%80%af%e1%80%ad%e1%80%b8%e1%80%b1%e1%80%96%e1%80%ac%e1%80%80%e1%80%b9%e1%81%80%e1%80%84%e1%80%b9%e1%82%8f%e1%80%ad%e1%80%af/
အဖြစ်များသော အစာအိမ်အူလမ်းကြောင်းပြဿနာများ
အစာအိမ်အူလမ်းကြောင်းစနစ်ဟာ ကိုယ်ခန္ဓာထဲမှာ ရှုပ်ထွေးပြီးရှည်လျားတဲ့ စနစ်တခုဖြစ်ပါတယ်။ အူလမ်းကြောင်းတခုလုံးဟာ ပါးစပ်ကနေ စတင်ပြီး စအိုမှာဆုံးပါတယ်။ အစာအိမ်အူလမ်းကြောင်းရဲ့ လုပ်ငန်းတာဝန်ကတော့ စားသောက်လိုက်တဲ့အစားအသောက်တွေကနေကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေစုပ်ယူပေးပြီး မလိုအပ်တဲ့ အညစ်အကြေးများကို ပြန်လည်စွန့်ထုတ်ပေးခြင်းပဲ ဖြစ်ပါတယ်။အစာအိမ်အူလမ်းကြောင်းဟာ ရှည်လျားလှသလို ပြဿနာလည်း မျိုးစုံဖြစ်နိုင်ပါတယ်။ ရောဂါအစုံဖြစ်နိုင်ပြီး လက္ခဏာလည်းဆင်တူကြတာမို့ တခါတရံမှာ ထင်မြင်ယူဆချက်မှားယွင်းနိုင်ပါတယ်။ အသေးအဖွဲပြဿနာတွေဖြစ်ပေမယ့် ထိရောက်စွာ မကုသဘဲ ထားလိုက်ရင် ပိုမိုဆိုးရွားသွားတာတွေ ဖြစ်နိုင်ပါတယ်။ မည်သည့်ရောဂါလက္ခဏာမဆို ဆရာဝန်နဲ့ တိုင်ပင်ပြသနိုင်ရင် အကောင်းဆုံးပါပဲ။ယခုဆက်လက်ဖော်ပြမယ့် အကြောင်းအရာတွေကတော့ အတွေ့ရများတဲ့အစာအိမ်အူလမ်းကြောင်းပြဿနာတွေပဲ ဖြစ်ပါတယ်။တရက်နှစ်ရက်လောက် ဝမ်းချုပ်ခြင်း၊ ဝမ်းမာခြင်းများဟာ သိပ်ပြီးပြဿနာ မရှိပါဘူး။ ဒါပေမယ့် ရက်ကြာကြာ ဝမ်းချုပ်ခြင်း၊ စမြင်းခံခြင်း စတာတွေဟာ အူလမ်းကြောင်းကို ထိခိုက်လာနိုင်ပါတယ်။ အလွန်အမင်း ဝမ်းချုပ်ခြင်းကြောင့် စအိုဝန်းကျင်မှ သွေးပြန်ကြောများဖောင်းကာ လိပ်ခေါင်းဖြစ်ခြင်း၊ စအိုကွဲရှခြင်း စတဲ့ပြဿနာမျိုးစုံ ဖြစ်လာနိုင်ပါတယ်။အမျှင်ဓာတ်လုံလောက်စွာ စားခြင်း၊ ရေသောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း စတဲ့နေထိုင်စားသောက်ပုံတွေ ပြောင်းလဲပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်ပါတယ်။ ဒါပေမယ့် အလွန်အမင်း ဝမ်းချုပ်နေရင်တော့ တခြားရောဂါတခုခု (ဥပမာ အူမကြီးကင်ဆာ၊ အာရုံကြာဆိုင်ရာ ပြဿနာ၊ ဟော်မုန်းပြဿနာ စတာတွေ)ကြောင့် ဖြစ်နိုင်တာမို့ ဆရာဝန်ပြသင့်ပါတယ်။သင့်ရဲ့အူလမ်းကြောင်းဟာ အစားအစာတချို့ကို လက်မခံနိုင်ဘဲ ဖြစ်တတ်ပါတယ်။ ဒီအခြေအနေကို food intolerance လို့ ခေါ်ပါတယ်။ Allergy ခေါ် ဓာတ်မတည့်ခြင်းနဲ့ မတူပါဘူး။ ဓာတ်မတည့်ခြင်းဟာ ယားယံခြင်း၊ အင်ပျဉ်ထခြင်း၊ အသက်ရှူကြပ်ခြင်း စတာတွေဖြစ်စေပြီး အစာလက်မခံတဲ့ အခြေအနေကတော့ အူလမ်းကြောင်းကိုပဲ သက်ရောက်မှု ရှိပါတယ်။ အစာလက်မခံတဲ့အခါ လေပွခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းပျက်ခြင်း၊ ရင်ပူခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ မိမိနဲ့အဆင်မပြေတဲ့ အစားအစာတွေကို မှတ်သားထားပြီး နောင်မှာရှောင်ကြဉ်ခြင်းအားဖြင့် ဒီပြဿနာကို ကာကွယ်နိုင်ပါတယ်။စီးလိယတ်ရောဂါ (Celiac Disease) ဟာ အစာလက်မခံတဲ့ အခြေအနေတခုဖြစ်ပါတယ်။ ဂလူတန်လို့ခေါ်တဲ့ ပရိုတိန်းတမျိုးကို စားမိရင်ဖြစ်တတ်ပါတယ်။ ဒါကြောင့် စီးလိယတ်ရောဂါရှိသူတွေဟာ ဂလူတန်မပါတဲ့ အစားအစာများကိုပဲ သတိပြုရွေးချယ်သွားဖို့ လိုအပ်ပါတယ်။ဒီပြဿနာဟာ လူအတော်များများ ကြုံဖူးကြတဲ့ ပြဿနာဖြစ်ပါတယ်။ အစာအိမ်နဲ့ အစာရေမျိုကြားကို ပိုင်းခြားထားတဲ့ ကြွက်သားလျော့ရဲလာရင် အစာအိမ်ထဲက အက်ဆစ်ဓာတ်ကဲတဲ့ အစာချေရည်တွေဟာ အစာရေမျိုအထိ ပြန်ဆန်တက်လာတတ်ပါတယ်။ အဆိုပါ အခြေအနေမှာ ရင်ခေါင်းအတွင်း မအီမသာဖြစ်ခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ ပါးစပ်အတွင်းချဉ်ခြင်း၊ ရင်ပူခြင်း၊ အစာမျိုချရ ခက်ခဲခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ GERD အတွက် သောက်သုံးနိုင်တဲ့ ဆေးဝါးတွေလည်း ရှိပါတယ်။ နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ဖို့ လိုပါတယ်။အူလမ်းကြောင်း တနေရာရာမှာ နာတာရှည်ရောင်ရမ်းတဲ့ အခြေအနေ ဖြစ်ပါတယ်။ အဓိကအားဖြင့် နှစ်မျိုးရှိပါတယ်။ ခရွမ်းရောဂါ (Crohn’s disease) ကတော့ အူလမ်းကြောင်းတခုလုံးကို (အများအားဖြင့် အူသိမ်နှင့်အူမ) ကို ဒုက္ခပေးပါတယ်။ Ulcerative Colitis ကတော့ အူမကြီးမှာ ဖြစ်ပွားပါတယ်။ အူလမ်းကြောင်းရောင်ရမ်းတဲ့ ရောဂါတွေမှာတော့ ဝမ်းပျက်ခြင်း၊ ဗိုက်အောင့်ခြင်း စတာတွေအပြင် အစားပျက်ခြင်း၊ ဝမ်းကျန်သလိုခံစားရခြင်း၊ ညအချိန်ချွေးထွက်ခြင်း၊ စအိုမှသွေးယိုခြင်း စတာတွေ ကြုံနိုင်ပါတယ်။ အူလမ်းကြောင်းရောင်ရမ်းတဲ့ ရောဂါတွေကို စောစီးစွာ သိရှိပြီး ကုသမှုခံယူခဲ့ရင် အူလမ်းကြောင်းကို ထိခိုက်မှုနည်းစေမှာ ဖြစ်ပါတယ်။အထက်ဖော်ပြခဲ့ပြီးတဲ့ လက္ခဏာတွေကြုံရရင် ဆရာဝန်ပြသင့်ပါတယ်။ စောစီးစွာ ကုသမှုခံယူခြင်းအားဖြင့် နောက်ဆက်တွဲပြဿနာတွေ ထပ်မံမဖြစ်ပွားအောင် ကာကွယ်နိုင်ပါတယ်။သွေးဝမ်းသွားခြင်း၊ ဆက်တိုက်ပျို့အန်နေခြင်း၊ ဝမ်းဗိုက် ဆိုးရွားစွာအောင့်ခြင်း၊ ကိုယ်အလေးချိန်ရုတ်တရက်ကျဆင်းသွားခြင်း စတဲ့လက္ခဏာတွေ ကြုံတွေ့ရရင်တော့ အရေးပေါ်ဆေးကုသမှု ခံယူသင့်ပါတယ်။ အဆိုပါ လက္ခဏာတွေဟာ ရောဂါပိုးဝင်ခြင်း၊ သည်းခြေကျေက်တည်ခြင်း၊ အသည်းရောင်ခြင်း၊ ကင်ဆာဖြစ်ခြင်း၊ အူလမ်းကြောင်းအတွင်းပိုင်း သွေးယိုခြင်း စတာတွေကြောင့် ဖြစ်နေနိုင်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/digestion-problems/
အိမ်တွင်းပုန်းလေးတွေ မျက်လုံးညောင်း သက်သာစေဖို့
ခုလို တစ်နေကုန် အိမ်တွင်းအောင်းနေရတဲ့ အချိန်မှာ အလုပ်အများဆုံးကဖုန်းကြည့်တာပါပဲ။ သာမန်အချိန်မှာတောင် ဖုန်းကို လက်ကမချနိုင် ဖြစ်နေတာ ခုလို အချိန်မျိုးဆိုရင်တော့ ပြောစရာတောင် မလိုပါဘူး။ ဖုန်းကြည့်လိုက် ဖုန်းအားကုန်ခါနီးရင် ဖုန်းအား သွင်းပြီး တီဗွီသွားကြည့်လိုက် ဂိမ်းဆော့လိုက်နဲ့ ဇယ်ဆက်သလိုပါပဲ။ အလုပ်လည်း သွားစရာ မလိုဘူးဆိုတော့ ညဉ့်နက်တဲ့ အထိ ရုပ်ရှင်ကြည့်လို့ရပြီလေ။ ဒါတွေရဲ့ ဘေးထွက်ဆိုးကျိုးကတော့ မျက်လုံးညောင်း လာတာပါပဲ။မျက်လုံး ဟိုဘက် ဒီဘက်ကြည့်နိုင်ဖို့ဆိုရင် သူ့ဘေးက ကြွက်သားတွေက အလုပ်လုပ်ရပါတယ်။ ကြွက်သားတွေရဲ့ ထုံးစံအရ အလုပ်လုပ်ပါ များရင် ညောင်းလာပါတယ်။ ကိုယ်က စိတ်ဝင်တစား ကြည့်နေလို့သာ မသိတာ အချိန်ကြာလာတာနဲ့အမျှ မျက်လုံးက ပင်ပန်းလာပြီးမျက်ရိုးကိုက်တာ၊ စပ်ဖျဉ်းဖျဉ်း ဖြစ်တာတွေ ဖြစ်လာပါတယ်။ ကဲ ဒီတော့ နေ့စဉ်နဲ့အမျှ ဖုန်းသုံးကြည့်နေရတဲ့ သူတွေအတွက် မျက်လုံးညောင်းတာ သက်သာစေမယ့် နည်းလမ်းတွေ မျှဝေပေးလိုက်ပါတယ်နော်။ဖုန်းသုံးနေရာကနေ ဒီလို လက္ခဏာတွေ ပေါ်လာပြီဆိုရင် ခဏလောက် အနားယူလိုက်ပါ။ဖုန်းကြည့်တာပဲ ဖြစ်ဖြစ်၊ တီဗွီကြည့်တာပဲ ဖြစ်ဖြစ် အလင်းရောင် လုံလုံလောက်လောက် ရမယ်ဆိုရင် မျက်လုံးက သိပ်အားမစိုက်ရတော့ပါဘူး။ စာဖတ်မယ်ဆိုလည်း မီးရောင်က စာရွက်ပေါ် ရောက်ပါစေ။ မျက်လုံးတည့်တည့်ကို မီးမထိုးပါနဲ့။ ဖုန်းနဲ့ ကွန်ပျူတာက brightnessကို သင့်တော်အောင် ချိန်ညှိထားပါ။ကွန်ပျူတာက သုံးမယ်ဆိုရင် သင်နဲ့ လက်တစ်ဆန့် အကွာမှာ ရှိပါစေ။ Screenက မျက်လုံးနဲ့ တစ်တန်းတည်း ရှိပါစေ။ ဒါမှ ဇက်ကြောတက်တာ မဖြစ်မှာပါ။ မျက်လုံးအားမစိုက်ရအောင် ဖောင့်ဆိုဒ် ကြီးကြီးသုံးပါ။၂၀-၂၀-၂၀ စည်းမျဉ်းကို သုံးပါ။ ဖုန်းသုံးတာ မိနစ် ၂၀ ပြည့်တိုင်း ပေ ၂၀ အကွာကို စက္ကန့် ၂၀ခန့် ကြည့်ပေးပါ။ ဒါမှ မျက်လုံး အနားရပြီး ဆက်ကြည့်နိုင်မှာနော်။ဆက်တိုက် သုံးနေမယ့်အစား ငါတော့ ဖုန်းသုံးတာ ဘယ်လောက်ကြာရင် ဘာထလုပ်မယ်ဆိုပြီး သတ်မှတ်ထားပါ။အလွယ်တကူ ဝယ်လို့ရတဲ့ မျက်ရည်တုမျက်စဉ်းတွေက မျက်လုံးမခြောက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မျက်လုံးခြောက်လာရင် စပ်ဖျဉ်းဖျဉ်း ဖြစ်လာရင် ခတ်ပေးပါ။ ဘယ်နှခါ ခတ်ရမယ် ဆိုတာကို သိဖို့ အညွှန်းကို ဖတ်ပါ။ခုနက ပြောသလို မျက်နှာရှေ့ တည့်တည့်မှာ ပန်ကာဖွင့်ထားရင်၊ အဲကွန်းဖွင့်ထားရင် မျက်လုံးခြောက်တတ်ပါတယ်။ ဒါကြောင့် တည့်တည့် ဖြစ်နေရင် နေရာရွေ့ထိုင်ပါ။ အဲကွန်းခန်းထဲမှာ အကြာကြီး နေရင် အသားအရည် ခြောက်သလို မျက်လုံးလည်း ခြောက်ပါတယ်။ ရေငွေ့ထုတ်စက်  (humidifier) ဖွင့်ထားပါ။တစ်ခါတစ်လေမျက်မှန်ပါဝါမကိုက်ရင် မျက်လုံးက ရှင်းရှင်းလင်းလင်း မြင်ရဖို့ ပိုပြီး အားစိုက်ရပါတယ်။ ဒါကြောင့် ကိုယ်နဲ့ ကိုက်ညီနဲ့ မျက်မှန်ကို တပ်ပါ။ လိုအပ်ရင် ပါဝါပြန်ချိန်ပါ။မျက်လုံးညောင်းပြီလို့ ခံစားရတာနဲ့။လက်ဖဝါး နှစ်ဖက်ကို ပွတ်ပြီး နွေးလာတဲ့ အခါ မှိတ်ထားတဲ့ မျက်လုံးပေါ်ကို လက်ဖနောင့်နဲ့ စက္ကန့် ၃၀လောက် ခပ်ဖွဖွ ဖိထားပါ။ ပြီးရင် မျက်လုံး ပြန်ဖွင့်ပါ။ ဒါမျိုး ၃ကြိမ်ကနေ ၅ကြိမ် လုပ်နိုင်ပါတယ်။သခွားသီးကို ရေခဲသေတ္တာထဲမှာ အေးနေအောင် ထားပြီး ပါးပါးလှီးပါ။ ပြီးရင် ညောင်းညာနေတဲ့ မျက်လုံးပေါ် သခွားသီး အေးအေးလေး ကပ်ပြီး အနားယူလိုက်ပါ။ သခွားသီး မရှိတဲ့အခါ စတီးဇွန်းနဲ့လည်း ကပ်လို့ရပါတယ်။မျက်လုံးညောင်းတာက ဘာမှ ဆိုးဆိုးဝါးဝါး နောက်ဆက်တွဲ မဖြစ်စေပါဘူး။ ဒါပေမယ့် ကြည့်ရတာ မကောင်းတဲ့ အတွက် အာရုံစူးစိုက်လို့ မရတော့ဘူးလေ။ ဒီတော့ စိတ်ရှုပ်ရတာပေါ့။ ခုတော့ အပေါ်က နည်းလမ်းတွေ သုံးပြီး ကောင်းကောင်းအနားယူလိုက်ရင် မျက်လုံးညောင်းတာ မြန်မြန်သက်သာသွားမှာပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-care/tips-for-eye-strain/
မြင်းခွာရွက် ဘယ်လို ဆေးဖက်ဝင်သလဲ .......
မြင်းခွာရွက်လို့ဆိုလိုက်ရင် မသိသူ၊ မမြင်ဖူးသူရယ်က ခပ်ရှားရှားပါ။နေ့စဉ် စားသောက်မှုမှာ မပါပေမယ့် တစ်ပတ်ကို ၂ ကြိမ်လောက်တော့ စားမိနိုင်တဲ့ အရွက် တစ်မျိုးပါ။တို့စရာအနေနဲ့ တို့တို့၊ ဟင်းခါးပဲ ချက်သောက်သောက်၊ သုပ်ပြီးပဲ စားစား၊ ဖျော်ပဲသောက်သောက်၊ အရွက်ကို အခြောက်ခံပြီး အကျရည်ထဲပဲ ထည့်သောက်သောက် သောက်ဖြစ်ကြတဲ့ မြင်းခွာရွက်လေးက ဆေးဖက်ဝင်တယ်ဆိုတာကိုလည်း သိထားပြီး ဖြစ်မယ် ထင်ပါတယ်။ဒီတစ်ခေါက်တော့ မြင်းခွာရွက်ကဆေးဖက်ဝင်တယ်လို့တော့ ကြားဖူးတယ်။ ဘယ်လို ဆေးဖက်ဝင်တာလဲဆိုတာကို သေသေချာချာ မသိဘူးဆိုသူတွေအတွက် မြင်းခွာရွက်လေးက ဘယ်လို ဆေးဖက်ဝင်လဲဆိုတာကို ပြောပြပေးသွားပါမယ်။မြင်းခွာရွက်ဆိုတဲ့နေရာမှာ အရွက်ခပ်ဖားဖား ယပ်တောင်လေးလို ပုံစံရှိပြီး အရိုးတံရှည်ရှည် ပွပွလေးနဲ့ မြင်းခွာရွက် ရှိသလို အရွက်ဝိုင်းဝိုင်းထူထူလေးနဲ့ တို့စားလို့ကောင်းတဲ့ဆေးမြင်းခွာ ဆိုတာလည်း ရှိပါတယ်။မြင်းခွာရွက်ကို အာရှဒေသ အတော်များများမှာ ဟင်းလျာအနေနဲ့ စားသုံးကြသလို ရှေးယခင် ကာလတွေကတည်းကတရုတ် တိုင်းရင်းဆေးတွေမှာ အသုံးပြု ကြပါတယ်။အရသာက အနည်းငယ် ခါးသက်သက် ရှိပေမယ့် စားလို့တော့ အတော်လေး ကောင်းတဲ့ အရွက် တစ်မျိုးပါ။မြင်းခွာရွက်မှာ ကျန်းမာရေးအတွက် လိုအပ်တဲ့ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေပါဝင်နေပါတယ်။ မြင်းခွာရွက်မှာ။မြင်းခွာရွက် အခုလို ဆေးဖက်ဝင်ပါတယ်။မြင်းခွာရွက်က သိမြင်မှု စွမ်းရည်ကို ကောင်းစေသလို မှတ်ဉာဏ် ကောင်းစေဖို့လည်း ထောက်ကူပေးပါတယ်။ ကာလတို မှတ်ဉာဏ်ကို ကောင်းစေပြီး ပူပန်မှုတွေကို လျှော့ချပေးနိုင်တာကြောင့်အာရုံစိုက်နိုင်စွမ်းကို ကောင်းစေပြီး မှတ်ဉာဏ်ကို ကြာကြာရှည်ရှည် မှတ်မိစေသလို သိမြင်နားလည် လွယ်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။မြင်းခွာရွက်မှာပါတဲ့ Asiatic acid က စိုးရိမ်စိတ်ကို ပြေလျော့စေပြီး ဦးနှောက်ရဲ့ လုပ်ဆောင်မှု ကောင်းစေဖို့ လုပ်ဆောင်ပေးပါတယ်။မြင်းခွာရွက်ရဲ့ နောက်ထပ် အာနိသင် တစ်ခုက ဦးနှောက်ထဲက လုပ်ဆောင်မှုတွေကို ဟန်ချက်ညီစေပြီး တစ်နေ့တာမှာ ကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုတွေကို ခံနိုင်ရည်ရှိစေဖို့ ထောက်ကူပေးသလို စိတ်ဖိစီးမှုတွေကို ပြေလျော့သက်သာစေနိုင်တာပါ။စိတ်ဓာတ် မကျအောင် ကာကွယ်ဖို့အတွက်လည်း မြင်းခွာရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ စိတ်ဓာတ်ကျနေတဲ့သူတွေကို စိတ်ကျတာ သက်သာစေဖို့လည်း မြင်းခွာရွက်ကို အသုံးပြုပေးလို့ ရပါတယ်။မြင်းခွာရွက်က ခန္ဓာကိုယ်က သွေးကြောတွေကို သွေးစီးဆင်းမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါchronic venous insufficiency(CVI) ခံစားနေရသူတွေမှာလည်း သွေးစီးဆင်းမှု ကောင်းအောင် ထောက်ကူပေးနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။သွေးစီးဆင်းမှု ကောင်းစေနိုင်တာကြောင့် နှလုံး ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ သွေးကြောတွေထဲက အဆီအနယ်တွေကို လျော့ပါးစေဖို့ လုပ်ဆောင်ပေးတာကြောင့် နှလုံးသွေးကြောကျဉ်းတာ၊ ရုတ်တရက် နှလုံးရပ်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။ လေမဖြတ်အောင်လည်း ကာကွယ်ပေးပါတယ်။မြင်းခွာရွက်က ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်သလို ဆီးရွှင်စေနိုင်တာကြောင့် ဆီးကျဉ် ဆီးအောင့်တာကို သက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/gotu-kola-health-benefits/
ခန္ဓာကိုယ်ချွေးနံ့က ဖော်ပြနေတဲ့ သင့်ကျန်းမာရေး
နေ့စဉ်ဘဝမှာ သွားလာလှုပ်ရှားရင်း ခန္ဓာကိုယ်မှာ ချွေးနံ့ထွက်လို့ စိတ်ညစ်ရတတ်ပါတယ်။ကိုယ်လက်လှုပ်ရှားမှုများတာ၊ တစ်ကိုယ်ရေသန့်ရှင်းမှု မရှိခြင်း၊ ဒါမှမဟုတ် စားသုံးနေတဲ့ အစားအစာ တချို့ကြောင့်ချွေးထွက်များတတ်တဲ့အတွက်လည်း ခန္ဓာကိုယ် အနံ့ဆိုးတွေ ထွက်တတ်ပါတယ်။အများစုက ခန္ဓာကိုယ်ချွေးနံ့ကို ဖုံးအုပ်နိုင်ဖို့ ချွေးနံ့ပျောက်ဆေးတွေ၊ ရေမွှေးတွေ သုံးကြပါတယ်။ ချွေးနံ့ပြင်းသူ အများစုဟာ တစ်ကိုယ်ရေသန့်ရှင်းမှု နည်းပါးတာ ဒါမှမဟုတ် ကြက်သွန်ဖြူနဲ့ တခြားအနံ့ပြင်းတဲ့ အမွှေးအကြိုင်တွေလို အစားအစာတွေ စားသုံးမှုကြောင့်လည်း ဖြစ်ပါတယ်။ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်ချွေးနံ့က ဖော်ပြနေတဲ့ သင့်ကျန်းမာရေး အကြောင်းလေးကို ပြောပြပေးချင်ပါတယ်။လူတစ်ယောက်ဆီကနေ ထွက်ရှိလာတဲ့ ချွေးနံ့ဟာ ရောဂါတချို့အတွက် အဓိက သဲလွန်စတွေ ဖြစ်နေနိုင်တယ်ဆိုတာ သင်သိပါသလား။ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာက ဆေးပညာလောကမှာ ရောဂါရှာဖွေရေးအဖြစ် အနံ့ခံအာရုံကို အသုံးပြုခဲ့ဖူးပါတယ်။ ဘီစီ၂၀၀၀လောက်က ရှေးခေတ်ဂရိ လူမျိုးနဲ့ တရုတ်လူမျိုးတွေက တီဘီရောဂါလိုမျိုး ကူးစက်နိုင်တဲ့ရောဂါတွေကို စစ်ဆေးသိရှိနိုင်ဖို့ အနံ့ခံအာရုံကို အသုံးပြုခဲ့ကြပါတယ်။လူတစ်ယောက်ရဲ့ ကိုယ်နံ့ဟာ (အရေပြားကထွက်တဲ့ ချွေးတင်မကဘဲ ခံတွင်းနံ့၊ သွေး၊ ဆီးနဲ့ တခြားခန္ဓာကိုယ်အရည်တွေဆီက အနံ့အပါအဝင်) အဲဒီလူရဲ့ကျန်းမာရေးအခြေအနေကို ဖော်ပြနိုင်တာကြောင့် ရောဂါအကြောင်းအရာကို အတိုင်းအတာ တစ်ခုအထိ ရှာဖွေပေးနိုင်ပါတယ်။ရောဂါတစ်ခု ဖြစ်ပြီဆိုရင် ခန္ဓာကိုယ်ထဲမှာ ဓာတုပြောင်းလဲမှုတွေ၊ ဇီဝဖြစ်စဉ်အတွင်း ပြောင်းလဲမှုတွေ ဖြစ်စေတဲ့အပြင် metabolic compounds အမျိုးမျိုးထွက်ရှိလာစေပါတယ်။ ခန္ဓာကိုယ်ရဲ့ ဓာတ်သဘောတွေ ပြောင်းလဲလာခြင်းက နောက်ဆုံးမှာ ကိုယ်နံ့အမျိုးမျိုး ထွက်ပေါ်လာစေတာဖြစ်ပါတယ်။ အနံ့နဲ့ ကိုယ်ခံအား လှုပ်ရှားမှုကြား ဆက်နွယ်မှုဟာ cytokine ပမာဏများနေတာနဲ့ အတိုင်းအတာ တစ်ခုလောက်အထိ ဆက်နွယ်နေတယ်လို့ ဆွီဒင်သုတေသနတစ်ခုက ပြောပါတယ်။ ဒါ့ကြောင့် လူတစ်ယောက်မှာကိုယ်ခံအားတုံ့ပြန်မှုက ပိုများလေ ခန္ဓာကိုယ်အနံ့က ပြင်းလေ ဖြစ်ပါတယ်။ချွေးနံ့ကရောဂါအခံတွေရဲ့ လက္ခဏာရပ်တစ်ခုဖြစ်နေနိုင်သလို တချို့သော ရောဂါတွေမှာဆို သိသာထင်ရှားတဲ့ ကိုယ်နံ့တစ်မျိုးစီတောင် ရှိနေတတ်ပါတယ်။ ဥပမာ -Scrofula ဆိုတဲ့ ရောဂါတစ်မျိုးက အောက်သိုးသိုး ဘီယာနံ့လို ချွေးနံ့ရှိတတ်ပါတယ်။ Yellow fever ရောဂါကြောင့်ဆိုရင် အသားဆိုင်မှာလိုမျိုး အသားညှီနံ့ဆန်ဆန် ကိုယ်နံ့ထွက်စေပါတယ်။ချွေးနံ့ဆိုးထွက်ရတဲ့နောက်ခံအကြောင်းရင်းတချို့ကတော့ –။စိတ်ဖိစီးမှုက ချွေးပိုထွက်စေပြီး ခန္ဓာကိုယ် အနံ့ပိုထွက်စေနိုင်တာ ဘာကြောင့်လဲ ဆိုတာ Mayo Clinic ကရှင်းပြထားပါတယ်။ ချွေးဂလင်းက ecrrine နဲ့ apocrine ဆိုပြီး နှစ်မျိုးရှိပါတယ်။ Eccrine ဂလင်းက ခန္ဓာကိုယ်ကို အေးစေဖို့ ချွေးထွက်စေတဲ့ဂလင်းဖြစ်ပြီး Apocrine ကတော့ စိတ်ဖိစီးတဲ့အခါ၊ စိတ်ညစ်ညူးတဲ့အခါ ချွေးထွက်စေတာဖြစ်ပါတယ်။ ဒီလိုချွေးထွက်လာရင် ဘက်တီးရီးယားတွေ ကပ်တွယ်ဖို့ လည်းအရမ်းလွယ်ပါတယ်။ ကိုယ့်မှာ ချွေးနံ့က ပုံမှန်နဲ့မတူ ထူးဆန်းနေပြီဆိုရင် သင့်ခန္ဓာကိုယ်က စိတ်ဖိစီးမှုဒဏ်ကို တုံ့ပြန်နေရပြီလို့ သိထားပါ။သင့်မှာ ကျောက်ကပ်နဲ့အသည်း လုပ်ဆောင်ချက်မကောင်းတော့ရင်လည်း ချွေးနံ့ပြင်းစေနိုင်ပါတယ်။ ကျောက်ကပ်နဲ့ အသည်းဟာ ခန္ဓာကိုယ်စနစ်ထဲကနေ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့တာဝန်ကို ယူထားတာဖြစ်ပါတယ်။ သူတို့ကသာ ဒီတာဝန်ကို မလုပ်ဆောင်တော့ရင် အစာချေလမ်းကြောင်းနဲ့ သွေးထဲမှာ အဆိပ်ဓာတ်တွေများလာပြီး အနံ့ဆိုးတွေထွက်စေနိုင်ပါတယ်။ ချွေးနံ့ဆိုးက အသည်း သို့မဟုတ် ကျောက်ကပ်ရောဂါကို ဖော်ပြနေတာဖြစ်နိုင်ပါတယ်။သိုင်းရွိုက်ဂလင်း လုပ်ဆောင်ချက် လွန်ကဲခြင်းကလည်း ကိုယ်နံ့ဆိုးခြင်းရဲ့ အကြောင်းရင်း တစ်ခုဖြစ်နေနိုင်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းက ချွေးထွက်စေပါတယ်။ ဒီလုပ်ဆောင်ချက်က လွန်ကဲလာရင် ခန္ဓာကိုယ်က ချွေးပိုထုတ်ပေးရပါတယ်။ သိုင်းရွိုက်အခြေအနေကို တစ်နှစ်တစ်ကြိမ် သို့မဟုတ် နှစ်နှစ်တစ်ကြိမ် လုပ်ဆောင်ချက် ပုံမှန်ဟုတ်မဟုတ် စစ်ဆေးသင့်ပါတယ်။ Hyperthyroidism ကို ကုသလို့ရပါတယ်။ ကိုယ့်မှာ ပုံမှန်မဟုတ်ဘဲ ချွေးထွက်များနေပြီး ကိုယ်နံ့ပြင်းလာတာ သတိထားမိရင် ဆရာဝန်ပြသင့်ပါတယ်။သိုင်းရွိုက်ကြောင့် ချွေးထွက်ခြင်းက ညဘက်မှာဖြစ်လေ့ရှိတာကြောင့် နှလုံးအဆို့ ဒါမှမဟုတ် အရိုးမှာဖြစ်တတ်တဲ့ ပြင်းထန်တဲ့ရောဂါတွေ ဝင်ရောက်လာနိုင်ပါတယ်။ဆီးချိုရောဂါဟာ ချွေးနံ့ပြင်းခြင်းရဲ့ အဖြစ်များတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ ဆီးချိုရောဂါရှိသူတစ်ယောက်က သွေးတွင်းသကြားဓာတ်ကို ဂရုတစိုက်မထိန်းသိမ်းဘူးဆိုရင် ketoacidosis လို့ခေါ်တဲ့ အခြေအနေ ဖြစ်လာစေနိုင်ပါတယ်။ Ketoacidosis ဖြစ်လာသူဟာ ချဉ်စူးစူးအနံ့မျိုး ကိုယ်နံ့ရှိလာနိုင်ပါတယ်။Ketoacidosis ဟာဆိုးရွားတဲ့ ဆီးချိုအဆိပ်တက်ရောဂါ တစ်မျိုးဖြစ်ပြီး ချက်ချင်းဆရာဝန်နဲ့ပြသင့်ပါတယ်။ခန္ဓာကိုယ်မှာဟော်မုန်းပြောင်းလဲတတ်တဲ့အချိန်ဖြစ်တဲ့ ဆယ်ကျော်သက်မြီးကောင်ပေါက်အရွယ်မှာချွေးနံ့က အဆိုးဆုံးဖြစ်တတ်ပါတယ်။ ဒါပေမယ့် လူကြီးတွေမှာလည်း အကြောင်းအမျိုးမျိုးကြောင့် ချွေးနံ့ဆိုးလာတဲ့အခါ အနံ့အုပ်အောင် ချွေးနံ့ပျောက်ဆေး၊ ဘော်ဒီစပရေးနဲ့ ရေမွှေးတွေ သုံးကြပါတယ်။ချွေးထွက်များပြီး ဘက်တီးရီးယားတွေရှိနေနိုင်တဲ့သူတွေမှာ တစ်နေ့နှစ်ကြိမ်ရေချိုးသင့်ပါတယ်။ သန့်ရှင်းတဲ့ ချည်သားအဝတ်အစားနဲ့ အတွင်းခံတွေကိုဝတ်ရင်ပိုကောင်းပါတယ်။အလွန်အကျွံ ချွေးထွက်များခြင်းကို လျော့စေဖို့ မုန့်ဖုတ်ဆိုဒါကို အသုံးပြုနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါကို သံပရာရည်နဲ့ရောပြီး တစ်နေ့နှစ်ကြိမ် ချိုင်းမှာ သုတ်လိမ်းပေးပါ။ အနံ့ပျောက်စေတဲ့ အာနိသင်ရှိတဲ့ မုန့်ဖုတ်ဆိုဒါကိုချွေးနံ့ပျောက်ဆေးလိုအသုံးပြုနိုင်ပါတယ်။ ဘက်တီးရီးယားကိုသေစေပါတယ်။ဗီနီဂါက အရေပြားရဲ့ PH အဆင့်ကိုလျော့စေပြီး ကိုယ်နံ့ဆိုးတွေကို ဖယ်ရှားပေးပါတယ်။ ဗီနီဂါ အနည်းငယ်ကို ရေရောပြီး ချိုင်းမှာ သုတ်လိမ်းပါ။ကျောက်ချဉ်ကို သွေးပြီး ချိုင်းမှာ လိမ်းပေးပါ။ ချွေးနံ့ပျောက်စေပါတယ်။Apple cider vinegar က အရေပြား PH အဆင့်ကို  လျော့စေတာကြောင့် ချွေးနံ့ပျောက်ဆေးလိုပဲ သုံးလို့ရတဲ့ ဆေးဖက်ဝင်ပစ္စည်း ဖြစ်ပါတယ်။ချွေးထွက်များတဲ့နေရာတဝိုက်ကို ကလေးပေါင်ဒါ လိမ်းထားတာလည်း သက်သာစေနိုင်ပါတယ်။ရေများများသောက်ပါ။ သံပရာက ခန္ဓာကိုယ်မှာ အဆိပ်အတောက်ဓာတ်တွေ ဖယ်ရှားပေးတာကြောင့် သံပရာရည်သောက်ပေးပါ။ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်တို့လို အစိမ်းရင့်ရောင် အသီးအရွက်တွေကို စားပေးပါ။ သစ်သီးတွေနဲ့ အသီးအရွက်တွေကို ဖျော်ရည် လုပ်သောက်တာလည်း ကောင်းပါတယ်။အသား၊ အဆီ၊ နို့ထွက်ပစ္စည်း၊ ချောကလက်၊ သကြားတို့အပြင် အရက်၊ ကော်ဖီနဲ့ လက်ဖက်ရည်ခါးခါး တို့ကို ရှောင်သင့်ပါတယ်။ချိုင်းကြားဆိုတာက ချွေးထွက်တဲ့နေရာဖြစ်ပေမယ့်လည်း လူတွေက အဆိပ်ဓာတုတွေ ပါဝင်နေတဲ့ ချွေးနံ့ပျောက်ဆေးတွေကို သုံးပြီး အနံ့ဆိုးကာကွယ်နေကြပါတယ်။ ချိုင်းကြားဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ထုတ်ပေးတာကြောင့် ချွေးပေါက်တွေ ပိတ်ဆို့မနေသင့်ပါဘူး။ ထိုက်သင့်သလောက် ချွေးထွက်တာကပဲ ကျန်းမာရေးအတွက်ကောင်းပါတယ်။အထက်ပါ နည်းလမ်းတွေကို စဉ်းစားပြီး ခန္ဓာကိုယ်ရဲ့ အတွင်းရောအပြင်မှာပါ သန့်စင်အောင်လုပ်ပါ။ ဆိုရရင် သင့်ချွေးနံ့က ဆိုးရွားလှတဲ့ အခြေအနေဖြစ်နေပြီဆို ကိုယ်စားတဲ့အစားအသောက် အနေအထိုင်ကို ပြန်ထိန်းညှိဖို့လိုနေပြီဆိုတာပြနေတဲ့သဘောဖြစ်ပါတယ်။ခန္ဓာကိုယ်ချွေးနံ့က ဖော်ပြနေတဲ့ သင့်ကျန်းမာရေး ကို သေချာလေး ဂရုစိုက် ကြည့်ရှုလိုက်နော်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/can-your-body-odor-indicate-illness/
Finger infection (လက်ချောင်းလေးများ ပိုးဝင်ခြင်း )
လက်ချောင်းလေးများ ပိုးဝင်ခြင်း ဆိုသည်မှာ လူတိုင်း ဖြစ်နိုင်သော ကျန်းမာရေး ပြသနာဖြစ်ပါသည်။ သာမန်အခြေအနေမှသည် အလွန် ပြင်းထန်သော အခြေအနေ အထိ ပုံစံ အမျိုးမျိုးဖြစ်နိုင်ပြီး တစ်ခါတစ်ရံ ယင်းလက်ချောင်း တစ်ချောင်းလုံး အလုပ်မလုပ်တော့ သည်အထိ ဖြစ်ပွားနိုင် ပါသည်။ လက်ချောင်းလေးများ ပိုးဝင်ခြင်းတွင် ဖြစ်ပွားသော နေရာ၊ ဖြစ်ပွားသော အခြေအနေပေါ် မူတည်ပြီး အောက်ပါအတိုင်း ခွဲခြားနိုင်ပါသည်။လက်စွယ်ငုတ်ခြင်း။လက်စွယ်ငုတ်ခြင်း ဆိုသည်မှာ လက်သည်း၏ ဘေးအသားများတွင် ပိုးဝင်ခြင်း ဖြစ်ပါသည်။ သို့သော် အရေပြား အပေါ်လွာတွင်သာ ထိခိုက်ခြင်းဖြစ်ပြီး လက်ချောင်းလေးများ ပိုးဝင်ခြင်းတွင် အတွေ့ရ အများဆုံး အခြေအနေပင်ဖြစ်ပါသည်။Felon။Felonဆိုသည်မှာ လက်ချောင်းထိပ်တွင် ပိုးဝင်ခြင်း ဖြစ်ပြီး ယင်းနေရာရှိ အသားများ၊ တစ်ရှုးပျော့များ ပိုးဝင်ခြင်း ဖြစ်ပါသည်။Herpetic whitlow။ဤအခြေအနေ သည်လည်း လက်ချောင်းလေးများ၏ ထိပ်တွင်သာ ပိုးဝင်ခြင်းဖြစ်ပြီး ဗိုင်းရပ်ကြောင့် ဖြစ်သော ရောဂါများတွင် အတွေ့ရ အများဆုံး ဖြစ်ပါသည်။ ယင်းအခြေအ နေမှာ လက်စွယ်ငုတ်ခြင်းနှင့် Felonတို့နှင့် မှားယွင်းနိုင်ပါသည်။တစ်ရှုးရောင်ရမ်းခြင်း။တစ်ရှုးရောင်ရမ်းခြင်းဆိုသည်မှာ အရေပြား အပေါ်ယံလွာနှင့် အောက်ခံ တစ်ရှုးသားတွင် ပိုးဝင်ခြင်း ဖြစ်ပြီး အများအားဖြင့် ကြွက်သားလွာ အထိမရောက်တတ်ပါ။အရွတ်နှင့် အဆစ်များ ပိုးဝင်ရောင်ရမ်းခြင်း။ လက်ချောင်းလေးများ ကွေးခြင်း နှင့် လက်သီးဆုပ်ခြင်းတို့တွင် ပါဝင်သော အဆစ်များနှင့် အရွတ်နေရာများ အထိ ပိုးဝင်ပြီး ရောင်ရမ်းခြင်းဖြစ်ပါသည်။ အများအားဖြင့် ပင်ကိုယ် ကိုယ်ခံအားနည်းနေသော လူများတွင် တွေ့နိုင်ပါသည်။လက်ချောင်း အတွင်းဆုံးလွာများထိ ပိုးဝင်ခြင်း။အရွတ်များ၊ သွေးကြောများ၊ အတွင်းသားများအထိ ပိုးဝင်ခြင်းဖြစ်ပြီး တစ်နေရာတည်းမကဘဲလည်း ဖြစ်နိုင်ပါသည်။အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေး သင့်ပါတယ်။အထက်တွင် ဖော်ပြထားသလိုပင် လက်ချောင်းလေးများ ပိုးဝင်ခြင်းတွင် အမျိုးအစား များစွာရှိသောကြောင့် တစ်မျိုးခြင်းစီတွင်လည်း ဖြစ်နိုင်သော လက္ခဏာများ ကွဲပြားနိုင်ပါသည်။လက်စွယ်ငုတ်ခြင်း။လက်စွယ်ငုတ်ခြင်းတွင် ရောင်ခြင်း၊ နီခြင်းတို့ဖြစ်နိုင်ပြီး ပြည်တည်နာလည်း ဖြစ်နေနိုင်ပါသည်။ ပြည်တည်ခြင်းကို လက်သည်းဘေးနှင့် အသားကြားတွင် တွေ့ရနိုင်ပြီး အထိမခံနိုင်လောက်အောင် နာကျင်နေမည် ဖြစ်ပါသည်။Felon။Felon တွင် လက်ထိပ်ဖုဖောင်းပြီး နာကျင်မှု့ရှိနေ နိုင်ပါသည်။ တစစ်စစ်ကိုက်ခဲမှု့ နှင့်အတူ ရက်ပေါင်းများစွာ ကြာမြင့်နိုင်ပြီး ပြည်တည်သည် အထိလည်း ဖြစ်နိုင်ပါသည်။ ဖုဖောင်းနေသော နေရာကို စမ်းကြည့်ပါက ပြည်ရှိနေလျင် ခပ်ပျော့ပျော့ ဖြစ်နေမည် ဖြစ်ပြီး အချိန်ကြာ ပါက အသားမာတက်ပြီး မာသွားမည်ဖြစ်ပါသည်။Herpetic whitlow။လက်ချောင်းလေးများ ထိပ်တွင် နီခြင်း၊ နာခြင်းနှင့် ပူစပ်ပူလောင်ဖြစ်ခြင်းတို့ အပြင် တစ်ခါတစ်ရံ ယားယံနိုင် ပါသည်။ Felon ကဲ့သို့ ဖုဖောင်းလာနိုင်သော်လည်း Felon လောက် ဆိုးရွားခြင်း မရှိပါ။ သို့သော် အနာတစ်ခုတည်း မဟုတ်ဘဲ အနာများစွာ ပေါက်နိုင်ပါသည်။ ယင်းအနာလေးများ စုပေါင်းလာပြီး အရည်ကြည်ဖုကဲ့သို့ ဖြစ်လာနိုင်ပါသည်။ တစ်ခါတစ်ရံတွင် ကိုယ်ပူနိုင်သလို ယင်းလက်ချောင်းနှင့် ဆက်ဆပ်နေသော နေရာများတွင် ပြန့်ရည်ကြော အကျိတ် ရောင်ရမ်းနာကျင်ခြင်း ဖြစ်လာနိုင်ပါသည်။တစ်ရှုးရောင်ရမ်းခြင်း။ဖြစ်ပွားသော အရေပြားနေရာတွင် နီရဲနေပြီး ပုံမှန် အသား အရေထက်နွေးနေနိုင်ပါသည်။ အနည်းငယ် ဖုဖောင်းနေပြီး နာနိုင်ပါသည်။ အတွင်းအသားများ ထိခိုက်မှု့ မရှိခြင်းကြောင့် လှုပ်ရှားမှု့များ ကြောင့် နာကျင်ခြင်း မရှိနိုင်ပါ။ အကယ်၍ လှုပ်ရှားမှု့တွင် အတွင်းမှ နာကျင်ခြင်းရှိနေပါလျင် အခြားရောဂါ အခြေအနေကို ဖော်ပြခြင်း ဖြစ်နေနိုင်ပါသည်။အရွတ်နှင့် အဆစ်များ ပိုးဝင်ရောင်ရမ်းခြင်း။ ဤရောဂါအခြေအနေတွင်မူ Kanavel cardinal signs ဟုခေါ်သော ရောဂါလက္ခဏာ လေးမျိုးကို တစ်ခုချင်းသော်၎င်း၊ လေးမျိုးစလုံး တပြိုင်နက်သော်၎င်း ဖြစ်နိုင်ပါသည်။၁။ လက်ဖဝါးဘက်ခြမ်းတွင် နာကျင်ခြင်း။၂။ လက်ချောင်း တစ်ခုလုံးဖူးယောင်လာခြင်း။၃။ လက်ချောင်းများကို ဆန့်လျင်နာကျင်ခြင်းနှင့် မကွေးနိုင်တော့ခြင်း။၄။ နောက်ဆုံးအဆင့်တွင်မူ အနည်းငယ်ကွေးသော အနေအထားဖြင့်သာ နေ၍ရတော့ခြင်း။လက်ချောင်း အတွင်းဆုံးလွာများထိ ပိုးဝင်ခြင်း။အတွင်းဆုံးလွာများတွင် ပိုးဝင်ခြင်းကြောင့် ပြည်တည်ကာ ယင်းပြည်နာသည် အပေါ်ယံအရေပြားကို ဖေက်ထွက်သော အနာဖြစ်လာပါသည်။ ယင်းအနာကို collar button abscess ဟု ခေါ်ပါသည်။ ယင်းအနာသည် အပေါ်ယံ အရေပြားအထိ ပေါက်ထွက်တတ်ပါသည်။ မပေါက်ထွက်ခင်တွင် အတွင်းတွင် အနာရှိသော နေရာသည် နီရဲရောင်ရမ်းကာ နာနေပါမည်။ ထိကြည့်ပါက ပြည်များရှိနေပါက ပျော့နေပါမည်။ အထက်မှာဖော်ပြထားတဲ့ အထဲမှာ မပါဝင်တဲ့ အခြားသော လက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာ တစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေ မယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်အနေနဲ့ အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ လက္ခဏာတစ်ခုခု ခံစားနေရရခြင်း ရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခု ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးပါ။ သို့မှသာ သင်သည်အကောင်းဆုံး အဖြေကို ရရှိနိုင်ပါမည်။ဗိုင်းရပ်ပိုးကြောင့် ဖြစ်သော herpetic whitlow မှလွဲ၍ အဓိက ဖြစ်စေသော အကြောင်းရင်းများမှာ ဘက်တီးရီးယား ပိုးများကြောင့် ဖြစ်ပါသည်။ ပိုးဝင်ခြင်းတွင် အောက်ပါ ထိမိခိုက်မိသော အကြောင်းအရင်း အမျိုးမျိုးကြောင့် ဖြစ်စေနိုင်ပါသည်။ရှမိခြင်း၊ ဖိကြိတ်မိ ခြင်း၊ စုတ်ပြဲဒဏ်ရာရခြင်း၊ လက်သည်းအရင်းတွင် ပိုးဝင်ခြင်း၊ တိရစ္ဆာန်များ ကြောင့်ထိခိုက်ဒဏ်ရာရခြင်း၊ ထုတ်ချင်းပေါက် ဒဏ်ရာရခြင်း။သို့သော် ဖြစ်စေသော ရောဂါ တစ်မျိုးစီတွင် ဖြစ်စေသော အကြောင်းရင်းများ မတူညီသဖြင့် ရောဂါတစ်ခုချင်းအလိုက် အသေးစိတ်ဖော်ပြပါမည်။လက်စွယ်ငုတ်ခြင်း။အများအားဖြင့် staphylococcal နှင့် streptococcal ဘက်တီးရီးယားပိုးများကြောင့် ဖြစ်ပွားတတ်ပြီး တစ်ခါတစ်ရံ မှိုပိုးကြောင့် ဆိုပါက ကာလရှည် ဖြစ်ပွားတတ် ပါသည်။ လက်သည်း ထောင့်အစွန်းများကို အလွန်တိုအောင် ညှပ်ပစ်ပါက ယင်းလက်သည်းဘေး အသားများကို ပိုးဝင်နိုင်ပြီး ယင်းမှာ လက်သည်းဘေး အနားမှ လက်သည်းဘေး အရင်းအထိ ပြန့်နှံနိုင်ပါသည်။ ထိုမှသည် လက်သည်း ပတ်ချာလည်ကို ပြန့်နှံစေ နိုင်ပါသည်။Felon။လက်စွယ်ငုတ်ခြင်းကို ဖြစ်ပွားစေသော ဘက်တီးရီးယားများ ကြောင့် ဖြစ်ပွားခြင်း ဖြစ်ပြီး လက်ထိပ်အသားတွင် ဖြစ်ပွားပါသည်။ အများအားဖြင့် အသားကို ဖောက်သွားသော ဒဏ်ရာများကြောင့် ဖြစ်နိုင်ပြီး အခြားလက်ချောင်း အစိတ်အပိုင်းများကိုလည်း ပြန့်နှံစေပါသည်။Herpetic whitlow။ ဟားပီးဗိုင်းရပ်များ ( herpes simplex virus ) ကြောင့် ဖြစ်ပွားပြီး ယင်းဗိုင်းရပ်သည် ပါးစပ်နှင့် လိင်အင်္ဂါတွင်လည်း အနာများဖြစ်ပွားစေပါသည်။ အချို့လူများတွင် အလုပ်မှတစ်ဆင့် ကူးစက်တတ်ပါသည်။ ဥပမာ။ သွားဆရာဝန်များ၊ ဆရာဝန်များ၊ သူနာပြုများနှင့် တံတွေးနှင့် အခြားသော လူ့ခန္ဓါကိုယ်မှ ထွက်သော အရည်များကို ကိုင်တွယ်ရသူများ တွင်လည်း ကူစက်နိုင်ပါသည်။ အချို့လူများတွင်လည်း မိမိခံတွင်းနှင့် လိင်အင်္ဂါမှ တစ်ဆင့် မိမိလက်ကို ပြန်လည်ကူးစက်နိုင်ပါသည်။တစ်ရှုးရောင်ရမ်းခြင်း။staphylococcal နှင့် streptococcal ဘက်တီးရီးယားပိုးများကြောင့်သာ ဖြစ်ပွားပြီး အရေပြားပွင့်သွားသော အနာများကြောင့် ဖြစ်ပွားနိုင်ပါသည်။ တစ်ခါတစ်ရံတွင်လည်း သွေးထဲတစ်ဆင့် လက်ချောင်းများဆီသို့ ပိုးများ ရောက်ရှိ လာတတ်ပါသည်။အရွတ်နှင့် အဆစ်များ ပိုးဝင်ရောင်ရမ်းခြင်း။ အရွတ်အဖုံးလွာများအထိ ရောက်ရှိစေသော အနာတရဖြစ်မှု့များကြောင့် ပိုးဝင်ရောက်ခြင်း ဖြစ်ပြီး အရွတ်များနှင့် အရွတ်ဖုံး အလွာများတစ်လျောက် ပိုးကူးစက်တတ်ပါသည်။လက်ချောင်း အတွင်းဆုံးလွာများထိ ပိုးဝင်ခြင်း။အတွင်းအသားလွာများအထိ ထိခိုက်သော ဒဏ်ရာများကြောင့် ပိုးဝင်နိုင်ပြီး ပြည်တည်နိုင်ပါသည်။ ပြည်ပမာဏ များလာပြီး ပြင်ပသို့ ပေါက်ထွက်ခြင်း မရှိပါက အတွင်းတွင် ဖိအားများလာပြီး အခြားလက်ချောင်း အတွင်းများအထိ ပြန့်နှံနိုင်ပါသည်။ဖြစ်ပွားစေသော အကြောင်းအရာများစွာ ရှိနိုင်ပါသည်။ ယင်းတို့မှာ။ထိုးသွင်းဒဏ်ရာများ၊ နက်သော ရှနာများ၊ အရေပြားပွင့်သွားသော အနာများ၊ လက်သည်းကို အလွန်တိုအောင် လှီးဖြတ်ခြင်း၊ အသာမာများကို လှီးဖြတ်ခြင်း၊ လက်သည်းကိုက်ခြင်း၊ စနစ်မကျသော လက်သည်းအလှပြင်ခြင်း။အချို့ရောဂါဝေဒနာရှင် များတွင်လည်း လက်ချောင်းလေးများ ပိုးဝင်ခြင်းကို ဖြစ်စေနိုင်ပါသည်။ ဥပမာ။ ဆီးချိုလူနာများ၊ ကိုယ်ခံအား အလွန်ကျဆင်း နေသူများ၊ အချို့ဝန်ထမ်းများ (သွားဆရာဝန်များ၊ ဆရာဝန်များ၊ သူနာပြုများ စသည့်)၊ ရေနှင့် အချိန်ကြာမြင့်စွာ ထိတွေ့ရသူများ (ပန်းကန်ဆေး သမားများ စသည့်)။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရောဂါရာဇဝင် မေးမြန်းခြင်းနှင့် လိုအပ်သော စမ်းသပ်မှု့များ ပြုလုပ်ခြင်းဖြင့် လက်ချောင်းလေးများ ပိုးဝင်ခြင်းကို အတည်ပြုနိုင်ပါသည်။ တိကျသော မေးခွန်းများကို မေးမြန်းခြင်းဖြင့် ရောဂါကို တိကျစွာ အတည်ပြုနိုင်ပါသည်။ လက်ချောင်း တစ်နေရာထဲတွင် ဖြစ်ခြင်းနှင့် နာတာရှည် (သို့မဟုတ်) ပိုမိုပြင်းထန်သော ရောဂါ အခြေအနေများတွင် ကုသမှု့ပုံစံ မတူသောကြောင့် ရောဂါကို သေချာစွာ အတည်ပြုရန်မှာ အရေးကြီးပါသည်။ ထို့အတူ ဆီးချိုရောဂါ၊ သွေးကြောရောဂါများနှင့် တွဲ၍ဖြစ်နေသော လူနာများ အတွက်လည်း ကုသပုံများ ကွဲပြားနိုင်ပါသေးသည်။ရောဂါရာဇဝင် မေးမြန်းခြင်းတွင် ဆရာဝန် အနေဖြင့် ရောဂါစဖြစ်သောပုံစံ၊ စဖြစ်သော အချိန်၊ နေရာ၊ ဒဏ်ရာအတွင်း ပြင်ပပစ္စည်းများ ဝင်ရောက်နိုင်ခြေ ရှိမရှိ၊ ဆရာဝန်ထံ မရောက်မီ ဒဏ်ရာကို မိမိဘာသာ ဆေးထည့်ခြင်း/ ဆေးကြောထားခြင်း ရှိမရှိ၊ ေနောက်ဆုံးအကြိမ် မေးခိုင်ကာကွယ်ဆေး ထိုးထားသောရက်/လ/နှစ်၊ ယခုထိခိုက်ဒဏ်ရာ ရသောနေရာတွင် ယခင်ထိခိုက် ခဲ့ခြင်းရှိမရှိ၊ လူနာအနေဖြင့် မပြောပြရသေးသော အခြားကျန်းမာရေး ပြဿ နာများ ရှိမရှိ စသည်ဖြင့် မေးမြန်းပါလိမ့်မည်။ ထို့နောက် ရောဂါတစ်မျိုးစီ အတွက် တိကျသော မေးခွန်းများ မေးမြန်းပါမည်။ဥပမာ။ လက်စွယ်ငုတ်ခြင်းတွင် လက်သည်းကိုက်တတ်သော အကျင့် ရှိမရှိ၊ Felon တွင် ဆူးစူးခြင်းကဲ့သို့ ထိုးသွင်းဒဏ်ရာ သို့မဟုတ် ရှနာ ရှိမရှိနှင့် ဓါတ်မှန်ရိုက်ပြီး ဒဏ်ရာအတွင်း ပြင်ပ ပစ္စည်း ဝင်ရောက်ခြင်း ရှိမရှိ စစ်ဆေးခြင်း၊။Herpetic whitlow တွင် ဟားပီးဗိုင်းရပ် ပါရှိနိုင်သော ခန္ဓါကိုယ်မှ ထွက်သည့် အရည်များနှင့် ထိမိထားခြင်း ရှိမရှိ၊ ပေါက်သောအနာ များသည် ဟားပီးဗိုင်းရပ်ကြောင့် ဖြစ်သော အနာများနှင့် တူမတူ ကြည့်ရှု့နိုင် သကဲ့သို့ပင် အနာမှထွက်သော အရည်သည် ကြည်နေပါက ဗိုင်းရပ်ပိုးကြောင့် ဟုပြောနိုင်သကဲ့သို့ Tzanck smear ဖြင့် စစ်ဆေးခြင်း မှလည်း အတည်ပြုနိုင်ပါသည်။တစ်ရှုးရောင်ရမ်းခြင်း ရောဂါကို အတည်မပြုမီ အရေပြား ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်သော အခြား အခြေအနေများ ( ဥပမာ။ ဂေါက်ရောဂါ၊ အင်ပြင်ထခြင်း၊ ပျားတုတ်ခြင်း၊ အပူလောင်ခြင်း၊ သွေးခဲခြင်း) ကို ခွဲခြားရန် လိုအပ်ပါသည်။ ဓါတ်မှန်ရိုက်ခြင်း ဖြင့်လည်း အရေပြားအောက်တွင် ပြင်ပပစ္စည်းရှိနေ မနေနှင့် လေခိုနေခြင်း များကို တွေ့ရှိနိုင်ပြီး ပြင်းထန်သော တစ်ရှုးရောင်ရမ်းခြင်းကို အတည်ပြု နိုင်ပါသည်။အရွတ်နှင့် အဆစ်များ ပိုးဝင်ရောင်ရမ်းခြင်းတွင် ထိခိုက်ရှနာနှင့် ထိုးသွင်း ဒဏ်ရာ ရှိမရှိ၊ ကနဦးတွင် ဖော်ပြထားသာ လက္ခဏာ လေးမျိုး ရှိမရှိ သေချာစွာ မေးမြန်း စစ်ဆေးခြင်းဖြင့် ရောဂါကို အတည်ပြုနိုင်ပါသည်။ သို့သော် ဂနိုရောဂါနှင့် ဆက်စပ်သော ရောဂါများတွင်လည်း ဤလက္ခဏာများ ရှိတတ်သဖြင့် သေချာစွာ ခွဲခြားနိုင်ရန် အရေးကြီးပါသည်။လက်ချောင်း အတွင်းဆုံးလွာများထိ ပိုးဝင်ခြင်း။ ထိုးသွင်းဒဏ်ရာနှင့် အခြား ဒဏ်ရာများ ရှိမရှိ မေးမြန်းခြင်းသည် အရေးကြီးသကဲ့သို့ လက်ချောင်းများ ကြား ဖောင်းနေခြင်း ရှိမရှိနှင့် ပြည်တည်နာပေါက် ရှိမရှိကို စမ်းသပ်ရပါမည်။လက်ချောင်းလေးများ ပိုးဝင်ခြင်းကို အဓိကအားဖြင့် ပိုးသတ်ဆေး သောက်ဆေးများနှင့် သင့်တော်သော အနာဆေးထည့်နည်းများကို အသုံးပြု၍ ကုသပါသည်။ သင့်တော်သော အနာဆေးထည့်နည်းများတွင် အနာကို ခွဲ၍ ပြည်ထုတ်ခြင်းမှသည်၊ ပိုးဝင်စေသော ပြင်ပပစ္စည်းများဖယ်ရှားခြင်း များလည်း ပါဝင်ပါသည်။ အချို့လူနာများကို ပြင်ပလူနာ အနေဖြင့်သာ ကုသ နိုင်သော်လည်း အချို့သော ပြင်းထန်လူနာများကိုမူ အတွင်းလူနာ အနေဖြင့် ပိုးသတ်ဆေးများ ဆေးထိုးဆေးသွင်း ကုသရပါမည်။လက်စွယ်ငုတ်ခြင်း။အများအားဖြင့် အနာကို ခွဲခန်းသုံး ဓါးလေးဖြင့်သာ ခွဲထုတ်ပြီး ပြည်ကိုထုတ်နိုင်ပါသည်။ အကယ်၍ ပြည်တည်သည့် ပမာဏ ကြီးမားပါက လက်သည်းအစိတ်အပိုင်း အချို့ကိုပါ ထုံဆေးပေးခြင်း၊ ဖြတ်ထုတ်ခြင်း တို့ကို လိုအပ်သလို ကုသမှု့ ပေးပါလိမ့်မည်။ ထို့နောက် ပိုးသတ်ဆေး သောက်ဆေးပေးပြီး ဆေးထည့်ပုံထည့်နည်း သင်ပေးကာ အိမ်ပြန်နားခိုင်းပါလိမ့်မည်။Felon။ လက်ချောင်းထိပ် များတွင်သာ ပြည်တည်ခြင်းကြောင့် ယင်း ပြည်ဖုကို ခွဲကြောင်းပေးကာ ပြည်ကို ထုတ်ပြီး ကုသရပါမည်။ လိုအပ်ပါက ယင်းပြည်ဖု အထဲသို့ ရာဘာပိုက်အသေးလေး ထည့်ခြင်း သို့မဟုတ် ဂွမ်းစများ ထည့်ပြီး ပြည်စီးဆင်းမှု့ ကောင်းအောင် ပြုလုပ်ပေးပါလိမ့်မည်။ ထို့နောက် ပိုးကင်းစင်သော ရေဖြင့် အနာအတွင်းထိ ပြည်များ စင်နိုင်သမျှ စင်အောင် ဆေးကြောပါလိမ့်မည်။ ဤရောဂါ အခြေအနေတွင်မူ ပိုးသတ်ဆေး သေချာပေါက် လိုအပ်ပါလိမ့်မည်။ ထို့နောက် အိမ်တွင် ဆရာဝန်ညွှန်းကြားသည့်အတိုင်း အတိအကျလိုက်နာ၍ အနာဆေး ထည့်ရန် လိုအပ်ပါမည်။Herpetic whitlow။ acyclovir (Zovirax) တို့ ကဲ့သို့ ဗိုင်းရပ်သေဆေးများကို အသုံးပြုခြင်းဖြင့် ရောဂါဖြစ်ပွားမှု့ ကြာချိန်ကို လျော့ချနိုင်ပေလိမ့်မည်။ အနာသက်သာဆေးများ၊ အနာကျက်ဆေးများလည်း တစ်ခါတစ်ရံ လိုအပ်ပါမည်။ ဤရောဂါတွင်မှု အနာကို ဖွင့်ထုတ်လိုက်ခြင်းက အနာကျက်နှုန်းနှေးစေခြင်း၊ အခြားအစိတ် အပိုင်းနှင့် အခြားသူများကို ကူစက်နိုင်ခြင်း၊ ဘက်တီးရီးယားပိုးများပါ ကူးစက်စေပြီး ရောဂါကို ပိုဆိုးစေသဖြင့် အနာကိုမခွဲစိတ် သင့်ပါ။အရွတ်နှင့် အဆစ်များ ပိုးဝင်ရောင်ရမ်းခြင်း။ ဤရောဂါသည် အရေးပေါ် ခွဲစိတ်ရန် လိုအပ်သည့် ရောဂါဖြစ်ပြီး အချိန်မှိ ခွဲစိတ်ကုသမှု့ ခံယူရန်၊ ဆေးရုံတက်ရန်၊ ပိုးသတ်ဆေး ထိုးဆေးဖြင့် ကုသရန်လိုအပ်ပါမည်။ အနာကို ခွဲစိတ်ရာတွင် ပြည်များ၊ မကောင်းသော အသားစများကို ရှင်းလင်းရန် လိုအပ်ပြီး လက်၏ရှုပ်ထွေးသော အတွင်းသား ဖွဲ့စည်းပုံကြောင့် လိုအပ်ပါက လက်ပိုင်းဆိုင်ရာ ခွဲစိတ်မှု့ အထူးကု ဆရာဝန်မှ ခွဲစိတ်ရန် လိုအပ်ပါသည်။ ခွဲစိတ်ပြီးပါကလည်း ပိုးသတ်ဆေး ထိုးဆေး၊ သောက်ဆေးများ ရက်ရှည် ထိုးရန်၊ သောက်ရန် လိုအပ်ပါမည်။လက်ချောင်း အတွင်းဆုံးလွာများထိ ပိုးဝင်ခြင်း။ အရွတ်နှင့် အဆစ်များ ပိုးဝင် ရောင်ရမ်းခြင်းကဲ့သို့ပင် အရေးပေါ်ကုသမှု့များလိုအပ်ပါသည်။ ပိုးသတ်ဆေး သောက်ဆေးများ ပေးရမည်ဖြစ်ပြီး ပို၍ိဆိုးသော အခြေအေနေတွင်မူ လက်ပိုင်းဆိုင်ရာ ခွဲစိတ်မှု့ အထူးကုမှ ကုသမှု့ပေးပြီး ပိုးသတ်ဆေးကို ထိုးဆေးများ ပေးရန် လိုအပ်ပါမည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ အိမ်သုံးကုထုံးတွေ အသုံးပြုခြင်းက လက်ချောင်းလေးများ ပိုးဝင်ခြင်းကို ကုသရာမှာ ဘယ်လို အထောက်အကူ ပြုနိုင်မလဲ။လက်ချောင်းလေးများ ပိုးဝင်ခြင်းသည် ပိုမိုပြင်းထန်လာနိုင်သောကြောင့် မိမိဘာသာ အိမ်တွင် ကုသမှု့ပေးနေခြင်းကို သတိထားသင့်ပါသည်။ မပြင်း ထန်သော လက်စွယ်ငုတ်ခြင်းတွင်ပင် ဆီးချိုရောဂါ ကဲ့သို့ အခြားရောဂါများ မရှိမှသာ အိမ်တွင်းကုသမှု့ ပေးသင့်ပါသည်။ အခြားရောဂါ အခြေအနေများ အတွက်မှု ဆရာဝန်မှ အရေးပေါ် အခြေအနေ ဟုတ်မဟုတ်ခွဲခြားရန်လိုအပ်ပြီး အရေးပေါ်ကို အချိန်မှိ ကုသမှု့ မပေးနိုင်ပါက လက်ချောင်းလေးများ ဆုံးရှုံးရ ခြင်းနှင့် မသန်စွမ်းတော့ခြင်းများ ဖြစ်လာနိုင်ပါသည်။လက်စွယ်ငုတ်ခြင်းအတွက် သက်သာရန် ရေနွေးစိမ်ပေးခြင်းနှင့် လက်ကို မြောက်ထားခြင်း တို့ကို ပြုလုပ်ထားနိုင်ပြီး အနာသက်သာစေရန်နှင့် အနာနေ ရာကို ချောမွေ့စေရန် Epsom ဆားကို ရေဖျော၍ လက်ကိုစိမ် ပေးနိုင် သောလည်း ပိုးသတ်နိုင်ရန် အထောက်အကူ မပြုနိုင်ပါ။ပန်းသီးရှာလကာရည်ကို အသုံးပြုခြင်းကလည်း ဘက်တီးရီးယားပိုးနှင့် မှိုပိုးသေစေနိုင်သော အာနိသင် ရှိပြီး အိမ်တွင် အလွယ်တကူရရှိနိုင်သော အရည် ဖြစ်ပါသည်။ ဆရာဝန်နှင့် တွေ့ဆုံပြီးလည်း သင့်တော်သော အိမ်သုံး ဆေးဝါးများအတွက် အကူအညီ တောင်းခံနိုင်ပါသည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက် သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင် သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/finger-infection-%e1%80%9c%e1%80%80%e1%80%ba%e1%80%81%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%95%e1%80%ad%e1%80%af/
ပျားရည် နဲ့ ကျန်းမာရေး
ရှေးယခင်ကာလတွေကတည်းကပျားရည်ကို ဆေးဝါးအဖြစ်ရော စားသုံးစရာတစ်ခုအနေနဲ့ပါ အသုံးပြုခဲ့ကြတာပါ။ အပင်ကနေရတဲ့ ဒြပ်ပေါင်းတွေ ကြွယ်ဝစွာပါဝင်နေတဲ့ ပျားရည်ခန္ဓာကိုယ်ကို အားရှိစေသလိုကျန်းမာရေးအတွက်လည်း အကျိုးများပါတယ်။ခပ်ချိုချိုအရသာရှိတာကြောင့်သကြားအစား အသုံးပြုကြတဲ့ ပျားရည်ကကယ်လ်လိုရီပါဝင်မှု လုံးဝမရှိတာကြောင့် ကျန်းမာရေးနဲ့ သင့်တော်ပါတယ်။ ဒိတစ်ခေါက်တော့ ရှေးယခင်ကာလတွေကတည်းက ဆေးဖြစ်ဝါးဖြစ် သုံးလာကြတဲ့ ပျားရည်က ဘယ်လိုမျိုး ကျန်းမာရေးအတွက် အထောက်အကူပြုလဲဆိုတာ ကြည့်လိုက်ရအောင်လား…………..။ချိုချိုလေးနဲ့ စားလိုက်ရင် အရသာရှိတဲ့ ပျားရည်လေးက။ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတယ်။ပျားရည်စစ်စစ်က အပင်က ဓာတုပစ္စည်းတွေ ပါဝင်နေတာ​ကြောင့် ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝပါတယ်။ အချို့သော ပျားရည်တွေမှာ သစ်သီးတွေ နဲ့ ဟင်းသီးဟင်းရွက်တွေက ဓာတ်တိုးဆန့်ကျင် အာနိသင်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေကဓာတ်တိုးပစ္စည်းတွေကြောင့် ဆဲလ်တွေ ထိခိုက်ပျက်စီးတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ဓာတ်တိုးပစ္စည်းတွေကအရွယ်မတိုင်ခင် အိုမင်းတာနဲ့ ကင်ဆာ။နှလုံးရောဂါလိုမျိုး နာတာရှည်ရောဂါတွေကို ဖြစ်စေနိုင်ပါ တယ်။ ပျားရည်ထဲမှာပါတဲ့ polyphenols  လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းက နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင် ပါတယ်။ဘက်တီးရီးယားတွေနဲ့မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တယ်။ပျားရည်က အကျိုးမပြုတဲ့ ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေကို အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။ ပျားရည်မှာ ပိုးမွှားတွေကို သေစေနိုင်တဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် ပါဝင်နေပါတယ်။ အရေပြားကျန်းမာစေဖို့ အတွက်ရော ပိုးမွှားတွေကြောင့်ဖြစ်တဲ့ကျန်းမာရေးပြဿနာတွေကို ကာကွယ်ဖို့အတွက်ပါ ပျားရည်ကို အသုံးပြုပေးလို့ရပါတယ်။အနာကျက်စေနိုင်တယ်။ပျားရည်ကို အနာတွေကို ကုသဖို့အတွက် သဘာဝဆေးတစ်လက်အဖြစ် အသုံးပြုခဲ့ကြပါတယ်။ အကြောင်းကတော့ ပျားရည်က ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တာကြောင့်ပါ။အရေပြားတစ်ရှူးတွေကို ပြန်လည် ကျန်းမာလာစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ထိခိုက်ဒဏ်ရာရတဲ့အခါ အနာကို ပျားရည် စစ်စစ်လိမ်းပေးတာက အနာကျက်မြန်စေသလို အနားပိုးဝင်ကူးစက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ထိခိုက်မိတဲ့ ဒဏ်ရာ သိပ်မကြီးဘူးဆိုရင် အနာကို သန့်အောင် ဆေးကြောလို့ ပျားရည်လေး ပွတ်ထားလိုက်ရုံပါ။အာဟာရ ကြွယ်ဝတယ်။ပျားရည်က သဘာဝ အာဟာရဓာတ်တစ်ခုပါ။ ပန်းပေါင်းစုံ အသီးအရွက်ပေါင်းစုံကနေရတဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ ကယ်လ်လိုရီပါဝင်မှုကင်းတာကြောင့်ကိုယ်အလေးချိန်အပေါ် သက်ရောက်မှုမရှိစေဘဲ ပြည့်ဝတဲ့ အာဟာရဓာတ်ကို ရရှိစေမှာပါ။ပျားရည်ကို ဆေးဖြစ်ဝါးဖြစ်စားပေးတာကကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ရာ ရောက်ပါတယ်။အစာခြေစနစ်ကျန်းမာစေတယ်။ဝမ်းပျက်ဝမ်းလျှောတာ၊ အစာအိမ်ပိုးဝင်တာနဲ့ အစာအိမ်အနာတို့လိုမျိုး အစာခြေစနစ် ပြဿနာတွေကို သက်သာစေဖို့ ပျားရည်ကို အသုံးပြုပေးလို့ရပါတယ်။ ပျားရည်ကအကျိုးပြုဘက်တီးရီးယား အာဟာရပါဝင်နေတာကြောင့် အစာခြေစနစ်ထဲကအကျိုးပြုဘက်တီးရီးယားလေးတွေကို အကောင်းဆုံးအားဖြည့်ပေးလို့ အစာခြေစနစ် ကျန်းမာပြီး ဝမ်းဗိုက်ပြဿနာ ကင်းစေမှာပါ။လည်ချောင်းနာသက်သာစေတယ်။အအေးမိလို့ဖြစ်ဖြစ် ညစ်ညမ်းတဲ့အရာတစ်ခုခုကြောင့်ဖြစ်ဖြစ် လည်ချောင်းနာတဲ့အခါ သက်သာစေဖို့ ပျားရည်ကို သုံးစေချင်ပါတယ်။ ပျားရည်က လည်ချောင်းနာတာကို သက်သာစေနိုင်တဲ့ အိမ်တွင်း ကုထုံးတစ်ရပ်ပါ။ ရေနွေးပူပူထဲကို ပျားရည်နဲ့သံပုရာရည်ညှစ်ထည့်ပြီး သောက်ပေးတာက သာမန်အအေးမိဖျားနာတာကို သက်သာစေနိုင်သလို လည်ချောင်းနာတာကို သိသိသာသာ သက်သာစေမှာပါ။ချောင်းဆိုးနေရင်လည်း ပျားရည်ကို ရေနွေးလေးနဲ့ဖျော်ပြီး သောက်ပေးလို့ရပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/honey-health-benefits/
နားကြပ်လည်း သုံးမယ်၊ အကြားအာရုံလည်း မထိခိုက်ချင်ဘူးဆိုရင်
ဒီကနေ့ခေတ်မှာနားကြပ်တွေ၊ Headphones တွေနဲ့ Earbuds တွေကို လူတိုင်းနီးပါး ပိုင်ဆိုင်ထားကြပါတယ်။ သီချင်းနားထောင်တာ၊ ရုပ်ရှင်ကြည့်တာ၊ ဖုန်းပြောတာနဲ့ ဂိမ်းဆော့တဲ့အချိန်တွေမှာ အဆိုပါ ပစ္စည်းတွေကို အချိန်အတော်ကြာအောင် အသုံးပြုကြလေ့လည်းရှိပါတယ်။တကယ်တော့ နားကြပ်တွေ၊ Headphones တွေနဲ့ Earbuds တွေဟာ သင့်ရဲ့အကြားအာရုံကို ဆိုးဆိုးရွားရွား ချို့ယွင်းသွားလောက်တဲ့အထိ အန္တရာယ် ပေးနိုင်ပါတယ်။ တကယ်ကို ဂရုတစိုက် အသုံးပြုသင့်တဲ့ ပစ္စည်းတွေဖြစ်ပါတယ်။နားရဲ့အတွင်းပိုင်းမှာရှိတဲ့ဆဲလ်လေးတွေဟာ အရမ်းကို နူးညံ့ပြီး ထိခိုက်လွယ်ကြပါတယ်။ လေ့လာချက်တွေအရ အဆိုပါ ဆဲလ်လေးတွေဟာ ထိခိုက်ပျက်ဆီးသွားပြီဆိုရင် ပြန်လည်ကောင်းမွန်လာခြင်းမရှိတော့ပဲ လုံးဝပျက်စီးသွားတတ်တယ်လို့ ဆိုပါတယ်။ဒီကနေ့ကမ္ဘာပေါ်မှာ အကြားအာရုံချို့ယွင်းတဲ့ လူငယ်အရေအတွက် တိုးပွားလာနေပြီး ပြီးခဲ့တဲ့ ၁၉၈၈ ခုနှစ်ဝန်းကျင်ကနဲ့ နှိုင်းစာရင် ၃ ပုံ တစ်ပုံလောက် တိုးပွားလာတာဖြစ်တယ်လို့ Journal of American Medicine က ဖော်ပြဖူးပါတယ်။Stony Brook University School of Medicine ရဲ့ သုတေသနတစ်ရပ်အရဆိုရင် လူတစ်ယောက်ဟာ တစ်နေ့ကို ၁ နာရီ နားကြပ်အသုံးပြုရုံနဲ့တင် အဆင့် ၄ အကြားအာရုံချို့ယွင်းမှုမျိုးဖြစ်ပေါ်လာနိုင်ခြေ အရမ်းမြင့်တက်သွားလေ့ရှိတယ်လို့ ဆိုပါတယ်။နားကြပ်တွေ ထွက်ရှိတဲ့ အသံလှိုင်းထုထည်ဟာ နားကို အန္တရာယ်အပေးနိုင်ဆုံး အရာဖြစ်ပါတယ်။ ကျယ်လောင်တဲ့ အသံတွေဟာ နားစည်ကို အနီးကပ်ဆုံးအနေအထားနဲ့ တိုက်ရိုက်သွားရောက် ထိတွေ့တာကြောင့်ဖြစ်ပါတယ်။ ကျယ်လောင်တဲ့အသံတွေကို ပုံမှန်နားထောင်မိနေမယ်ဆိုရင် အကြားအာရုံထိခိုက်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။အသံလှိုင်းတွေ နားထဲကို ဝင်ရောက်သွားတဲ့အခါ နားစည်ကို ထိခတ်မိပါတယ်။ အဲ့ဒီအခါမျိုးမှာ နားစည်ဟာ တုန်ခါလာပြီး သေးငယ်လှတဲ့ အရိုးငယ်လေးတွေကနေတစ်ဆင့်Cochleaတစ်ရှူးစတွေဆီကို ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ Cochlea ဟာ အရည်တွေပြည့်နှက်နေတဲ့ ဦးခေါင်းအတွင်းက အခန်းငယ်တစ်ခုဖြစ်ပြီးတော့ ထောင်ပေါင်းများစွာသော အာရုံခံအမွှေးအမှင်တွေလည်း ပါဝင်နေပါတယ်။ အသံလှိုင်းတွေ cochlea ကို ထိခတ်မိတိုင်းမှာ အဆိုပါ အမွှေးအမြှင်လေးတွေဟာ ရွေ့လျားသွားတတ်ပြီးတော့ ပြင်းထန်လွန်းတဲ့ အသံလှိုင်းတွေရဲ့ ထိခတ်တုန်ခါမှုတွေကို ကြိမ်ဖန်များစွာခံလာရတဲ့အခါ အဆိုပါ အာရုံခံအမွှေးအမျှင်လေးတွေဟာ တုန်ခါမှုကို အာရုံခံနိုင်စွမ်းပျောက်ဆုံးသွားမှာဖြစ်ပါတယ်။ ဒီလိုဖြစ်တာမျိုးကို “ယာယီအကြားအာရုံချို့ယွင်းခြင်း” လို့ ခေါ်ဆိုပါတယ်။ ပြန်လည်သက်သာဖို့ အချိန်ယူရမှာဖြစ်ပါတယ်။ဒါပေမယ့် ဒီဆဲလ်စ်လေးတွေနဲ့ နာ့ဗ်ကြောတွေ ပြန်လည်မသက်သာလာဘူးဆိုရင်တော့ သင်ဟာ အကြားအာရုံကို လုံးဝဆုံးရှုံးရပြီဖြစ်ပါတယ်။ ပေ ၃၀ အကွာလောက်က ဖြတ်သွားတဲ့ မော်တော်ဆိုင်ကယ်တစ်စီးရဲ့ ကျယ်လောင်မှုဟာ 90 decibel (dB) ဖြစ်ပြီးတော့ မြက်ရိတ်စက်တစ်ခုရဲ့ ဆူညံသံကတော့ 105 dB ဖြစ်ပါတယ်။အိုင်ဖုန်းတစ်လုံးမှာ ပါရှိတဲ့ နားကြပ်ရဲ့ ၁၀၀% အပြည့်ကျယ်လောင်မှုက 112dB ပါ။ ၆၀% လောက်ထားမယ်ဆိုရင်တောင်မှ 80 dB လောက်ရှိမှာဖြစ်ပါတယ်။ ဒါကြောင့် နားကြပ်တွေကို အချိန်အကြာကြီး ဆက်တိုက်အသုံးမပြုဖို့နဲ့ သတိထားအသုံးပြုဖို့ သတိပေးလိုတာဖြစ်ပါတယ်။နောက်ထပ် ပညာရှင်တွေကထောက်ပြတာကတော့ နားကြပ်တွေကြောင့် အကြားအာရုံထိခိုက်တာဟာ ကျယ်လောင်လှတဲ့ အသံကြောင့်ထက်အသံလှိုင်းရဲ့ အကွာအဝေးကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ အသံအတိုးအကျယ်ဟာ ချိန်ညှိလို့ရပေမယ့် နားကြပ်နဲ့ နားစည်တို့အကြားက အကွာအဝေးကိုတော့ ချိန်ညှိခွင့်မရှိတာကြောင့်ဖြစ်ပါတယ်။နားကြပ်အသုံးပြုမှုနဲ့ ပတ်သတ်ပြီး သတိထားဖို့နဲ့ အရမ်းကို အလွန်အကျွံ အသုံးပြုဖြစ်နေတယ်ဆိုရင် အဲ့ဒီအလေ့အထမျိုးကို ပြုပြင်ရှောင်လွှဲဖို့ တိုက်တွန်းလိုပါတယ်။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/ear-conditions/how-to-use-earphones-without-damaging-ears/
ဘေဘီလေး ဝမ်းပျက်ဝမ်းလျှောဖြစ်ခဲ့ရင်
ဝမ်းမှန်ဖို့က အရွယ် ၃ ပါးစလုံးအတွက်အရေးပါတာပါနော်။ ဝမ်းမှန်တယ်ဆိုတဲ့နေရာမှာဝမ်းချုပ်တာလည်း မကောင်းသလိုဝမ်းလျှောတာ၊ ဝမ်းပျက်တာတွေဖြစ်တာမျိုးကလည်း မကောင်းပါဘူး။ ဒီတော့ ကျန်းမာရေးအတွက်အရေးပါတဲ့ ဝမ်းကောင်းစေဖို့ ဘေဘီလေးတွေမှာရော လူကြီးတွေမှာပါ ဂရုစိုက်ဖို့လိုမယ်ဆိုတာ ထွေထွေထူးထူးပြောနေဖို့တောင်လိုမယ်မထင်ပါဘူး။ ဒီတစ်ခေါက်တော့ Helloဆရာဝန်ရဲ့ ပရိသတ်ကြီးတွေအတွက် ဘေဘီလေးဝမ်းပျက်ဝမ်းလျှောတာနဲ့ပတ်သက်လို့ နည်းနည်းလောက်ပြောပြပေးချင်ပါတယ်။ကလေးတွေရဲ့ ဝမ်းက ပုံမှန်အားဖြင့်တော့ ပျော့တတ်သလို ဝမ်းကလည်းခဏခဏသွားနိုင်ပါတယ်။ဘေဘီလေးတွေဝမ်းခဏခဏသွားတာက ကလေးကကျန်းမာလို့ နို့ဝလို့ဆိုတဲအဓိပ္ပာယ်ပါနော်။ ဒါပေမယ့် ကလေးက ပုံမှန်ဝမ်းသွားနေတာမျိုးမဟုတ်ဘဲ စားပြီးတိုင်း ဝမ်းသွားနေရင်တော့ ကလေးက ဝမ်းပျက်ဝမ်းလျှောဖြစ်နေပြီလို့ပြောပါရစေနာ်။ဝမ်းလျှောတာက ကလေးတွေမှာအကြာကြီးတော့မဖြစ်တတ်ပါဘူး။ များသောအားဖြင့်ကတော့ရောဂါပိုးက ရက်အနည်းငယ်ကြာရင် သူ့အလိုလိုသက်သာသွားတတ်ကြပါတယ်။ ဒါပေမယ့် မဖြစ်တော့ ပိုကောင်းတာပေါ့နော်။ ကလေးကို ဝမ်းလျှောတာမျိုးမဖြစ်စေနိုင်ဖို့အတွက် ဆင်ခြင်နိုင်စေဖို့ ဒီအချက်လေးတွေကိုပြောပြပေးပါရစေနာ်။လသားအရွယ်နဲ့ အသက် ၃ နှစ်အောက် ကလေးငယ်လေးတွေမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ အလျင်အမြန်ဆိုသလို ရေဓာတ်ကုန်ဆုံးနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ကလေးငယ်မှာ အခုလိုလက္ခဏာတွေတွေ့ရနိုင်ပါတယ်။ကလေးမှာ အခုလိုလက္ခဏာတွေဖြစ်နေပြီဆိုရင် ဆရာဝန်နဲ့ချက်ချင်းပြသပေးပါနော်။ကလေးကဝမ်းလျှောနေပြီဆိုရင် ဒါတွေမကျွေးဖို့ပြောပါရစေ။ဘက်တီးရီးယားတွေ ကူးစက်တာမျိုးမဖြစ်အောင် ကလေးကိုသေးခံကို ညစ်ပေတိုင်းလဲပေးပါ။ ကလေးကို သေးခံလဲပေးတိုင်း ရောဂါပိုးကူးစက်မှုမရှိစေဖို့ သေးခံလဲပေးတိုင်း လက်ကိုရေနွေးနဲ့ ဆပ်ပြာနဲ့ ဆေးပေးပါ။ သေးခံလဲပေးတဲ့အခါတိုင်း ကလေးကို သန့်ရှင်းရေးလုပ်ပေးပါ။ ကဲဘေဘီလေး အခန့်မသင့်လို့ ဝမ်းလျှောခဲ့ရင် အခုပြောခဲ့တဲ့အတိုင်းလေး ဂရုစိုက်ပေးလိုက်ပါနော်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%98%e1%80%b1%e1%80%98%e1%80%ae%e1%80%9c%e1%80%b1%e1%80%b8-%e1%80%9d%e1%80%99%e1%80%ba%e1%80%b8%e1%80%95%e1%80%bb%e1%80%80%e1%80%ba%e1%80%9d%e1%80%99%e1%80%ba%e1%80%b8%e1%80%9c%e1%80%be%e1%80%b1/
နှမြောစာ များနဲ့ အဝလွန်ခြင်း
နှမြောစာ ဆိုတာက စားလို့မကုန်တဲ့ အစားအစာတွေပါ။ အထူးသဖြင့် မနက်ဆို တစ်အိုးကြီး ချက်ပြီး ညဆို စားမနိုင်ဘဲ ကျန်နေတာမျိုးပေါ့။ ဒီလိုမျိုး ကျန်နေတဲ့အခါ လွှင့်ပစ်ရမှာလည်း နှမြောတဲ့အတွက် အတင်းသွပ်ပြီး စားမိတာမျိုးပေါ့။ ဒါမျိုးက ရေရှည်မှာ မကောင်းပါဘူး။မိုးလင်းပြီဆိုတာနဲ့ အိုးကြီး အိုးငယ်နဲ့ ချက်၊ အိမ်မှာ ရှိတဲ့ သူထက် ပိုပိုသာသာ ချက်မိတဲ့အခါ ညဘက်လောက်ဆို ဟင်းတွေ ပိုလာပါပြီ။ အဓိက အကြောင်းရင်းကတော့။မြန်မာနိုင်ငံမှာ ယဉ်ကျေးမှုအနေနဲ့ ဧည့်ကောင်းဆောင်ကောင်းကို မျှော်တတ်ကြပါတယ်။ ဒါကြောင့် ဧည့်သည်လာရင်  ကျွေးစရာ မရှိမှာကို အင်မတန်စိုးရိမ်ကြပါတယ်။ ဒါကြောင့် အမြဲလိုလို ပိုချက်ကြပါတယ်။ အိမ်ကို ဧည့်သည်လာဖို့ ရှိရင် သာတောင် ဆိုးပါသေးတယ်။ လာမယ့်လူထက် နှစ်ဆလောက် ပိုချက်ကြပါတယ်။ ဒါတွေကပဲ နှမြောစာကို ဖြစ်စေတာပါ။နှမြောစာ မှန်း သိလိုက်ရတဲ့ အချိန်ကတော့ ညဘက်ပါ။ တစ်နေကုန် အိမ်ရှိလူကုန် စားပြီး သောက်ပြီးလို့ ည၈နာရီလောက်ဆိုရင် မကုန်ဘဲ ကျန်တဲ့ ထမင်းတွေ၊ ဟင်းတွေကို စပြီး မြင်လာရပါပြီ။ သိမ်းလို့ရရင် တော်သေးရဲ့။ သိမ်းလို့ မရ၊ နောက်နေ့ခံဖို့ မသေချာဘူးဆိုရင် သေချာပေါက် နှမြောစာ ဖြစ်ပါပြီ။ဒီတော့ နာမည်အတိုင်း နှမြောတဲ့ စိတ်နဲ့ ဆာဆာ မဆာဆာညဘက်ကြီး စားမိတတ်ပါတယ်။ အထူးသဖြင့်ကတော့ နှမြောတတ်တဲ့ အိမ်ရှင်မတွေ၊ လူကြီးတွေပါ။ဗိုက်ဆာလားဆိုတော့လည်း မဆာ၊ ဒီတိုင်း ထားရင် မနက်ကျ သိုးပြီး ပစ်လိုက်ရမယ့် တူတူ စားလိုက်တာပဲ ကောင်းပါတယ်လေ။ ဒီတိုင်းပဲ စားရင်းနဲ့ ဝင်သွားမှာပါဆိုပြီး စားမိကြပါတယ်။ဒီလိုမျိုးက တစ်ညလည်း နှစ်ညလည်းမဟုတ် ရက်ဆက် ဖြစ်လာတဲ့အခါ အဝလွန်စေပါတယ်။ ညဘက်ကြီး စားတာဖြစ်တဲ့အတွက် ပြီးရင် လုပ်စရာလည်း မရှိ၊ အိပ်ရုံပဲ ကျန်တော့တာဆိုတော့ စားသမျှကို ပြန်သုံးပစ်စရာလည်း မရှိတော့ပါဘူး။ညတိုင်းလိုလို နှမြောစာတွေကျန်ပြီး စားနေရတော့ နောက်ပိုင်း ဟင်းမပိုတဲ့ နေ့ဆိုရင်တော့ ပါးစပ်က အကျင့်ပျက်နေတဲ့အတွက်မစားရမနေနိုင်ဖြစ်လာပါတယ်။ ဒီလိုကနေ တဖြည်းဖြည်းအဝလွန်လာပါတယ်။တကယ်ဆိုရင်  နှမြောစာ တွေကြောင့် အဝလွန်တာက ကြိုပြီး ကာကွယ်လို့ ရတဲ့ ကိစ္စပါ။ နေ့စဉ်ချက်တဲ့ ဟင်းလျာတွေကို သေချာ ချင့်ချိန်တိုင်းထွာပြီး ချက်မယ်ဆိုရင် အပိုတွေ ထွက်လာမှာ မဟုတ်တော့ပါဘူး။ဒါကြောင့်နည်းလမ်းလေးတချို့ကို မျှဝေပေးလိုပါတယ်။အိမ်မှာ ရှိတဲ့ လူနဲ့ ကိုယ်ဝယ်မယ့် အသားငါး၊ အသီးအရွက်ကို သေချာတွက်ချက်ပါ။ အပို မဝယ်ပါနဲ့။အိမ်နဲ့ စျေးနီးရင် မနက်ကျမှ စဉ်းစားပြီး ဝယ်လို့ရပေမယ့် တချို့ကျ စျေးဝေးတာရော၊ အလုပ်များတာကြောင့်ရော တစ်ပတ်စာကြိုဝယ်ထားလေ့ရှိပါတယ်။ တစ်ပတ်စာ ဝယ်လည်း တွေ့သမျှ အကုန်မဝယ်ဘဲ တစ်ရက်ချင်းစီအတွက်ပဲ တွက်ချက်ပြီး ၇ရက်စာ အတိဝယ်ပါ။ဒစ်စကောင့်တွေဆိုတာ တကယ်တော့ ထောင်ချောက်တွေပါ။ လိုလို မလိုလို တန်သဟဲ့ဆိုပြီး စျေးခြင်းထဲ ရောက်လာမယ့် အရာတွေပေါ့။ အများကြီး ဝယ်၊ အများကြီး ချက်ပြီး ညကျ မကုန်ရင် ကိုယ့်ဆီကိုကယ်လိုရီတွေပဲ ပရိုမိုးရှင်းနဲ့ ရောက်လာမှာမို့လို့  လျှော့စျေးတွေကို သတိထားပါ။ဒီနေ့တော့ ဘယ်သူက အပြင်မှာ ညစာစားလာမယ်ဆိုရင် ညကျ သူ့အတွက် ထည့်မချက်ပါနဲ့။ လူကြီးတွေကတော့ သားလေး၊ သမီးလေး ဆာနေမှာ စိုးလို့ ပိုချက်ထားပေမယ့် သူတို့မစားလို့ ကိုယ်ပဲ စားလိုက်ရတဲ့အခါ ကိုယ်ပဲ ဝလာပါတယ်။ ထမင်းအိုးတည်တာနဲ့ ကြက်ဥကြော်တာက နာရီဝက်တောင်မကြာတဲ့အတွက် ပြန်လာလို့ စားမယ်ဆိုတာ သေချာမှ ချက်ပေးလိုက်ပါ။တတ်နိုင်ရင်တော့ နေ့လယ်စာနဲ့ ညစာကို ခွဲချက်ပါ။ နေ့လယ်စာမှာ ကျန်တဲ့ ထမင်းဟင်းကို ကြည့်ပြီး ညစာကို မှန်းချက်မယ်ဆိုရင် ဟင်းမပိုတော့ပါဘူး။ အလုပ်ရှုပ်တယ်ဆိုရင်တော့ မနက်တည်းက အတိအကျတွက်ပြီး ချက်နိုင်ပါတယ်။အစားအသောက်တွေက ဒီနေ့တစ်ရက်စာ ချက်ပြီး တစ်ရက်စာ ကုန်အောင်  လတ်လတ်ဆတ်ဆတ်စားနိုင်ရင် ပိုကောင်းပါတယ်။ ဒါပေမယ့် မကုန်လို့ ဆိုပြီး ဒီနေ့အပြတ် စားရမှာတော့ မဟုတ်ပါဘူး။ မကုန်ရင် သန့်သန့်လေး ထုတ်ပိုးပြီး ရေခဲသေတ္တာအောက်ဆင့် (မခဲတဲ့အကန့်) ဒါမှမဟုတ် အေးမြခြောက်သွေ့တဲ့နေရာမှာ သိမ်းနိုင်ပါတယ်။ မနက်ကျမှပူနေအောင် ပြန်ချက်ပြီးစားပါ။နှမြောစာ တွေက ဝယ်တော့လည်း အများကြီးဝယ်ရတဲ့အတွက် ပိုက်ဆံကုန်၊ စားမကုန်တော့ ညကျ အတင်းစားရနဲ့ အဝလွန်လာပါတယ်။ မီးဖိုချောင်ကိစ္စတွေကိုသာ သေချာ စီမံခန့်ခွဲနိုင်မယ်ဆိုရင် ငွေကုန်ကြေးကျသက်သာပြီး အစားအသောက်တွေ အလေအလွင့်ဖြစ်တာ၊ မကုန်တာတွေ စားပြီး အဝလွန်လာမှာကို ကာကွယ်နိုင်မှာပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/food-waste-and-obesity/
မရှိတဲ့ အနံ့တွေရနေတာ ဘာကြောင့်လဲ
ကိုယ်တစ်ယောက်တည်း အနံ့တစ်ခုခုကို ရနေပြီး တခြားသူတွေက မရဘူးဆိုရင် ကိုယ်တိုင်က အနံ့ခံအာရုံပိုကောင်းတာ ဖြစ်နိုင်သလို မရှိတဲ့ အနံ့တွေရနေတာ လည်း ဖြစ်နိုင်ပါတယ်။ သူများ မရဘဲ ကိုယ်တစ်ယောက်တည်း အနံ့တွေရနေတာက သာမန်လည်း ဖြစ်နိုင်သလို ရောဂါတစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ဒါကို အနံ့နဲ့ ပတ်သက်ပြီးထင်ယောင်ထင်မှားဖြစ်တယ်လို့လည်း ပြောကြပါတယ်။ တကယ်မရှိပါဘဲနဲ့ အနံ့တွေ ရနေတာမျိုးပေါ့။ အနံ့တွေကတော့ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ တချို့ကတော့ မွှေးတဲ့အနံ့တွေရတာ ရှိသလို တချို့က စိမ်းရွှင်ရွှင်အနံ့တွေ ရနေတာမျိုးလည်း ရှိပါတယ်။နှာခေါင်းတစ်ဖက်တည်းက ရတာ ရှိသလို နှစ်ဖက်လုံးကနေလည်း ရတာ ဖြစ်နိုင်ပါတယ်။ တချို့တွေမှာ ရံဖန်ရံခါမှ ရပြီး ပျောက်သွားတတ်သလို တချို့တွေမှာလည်း အမြဲလိုလို ရနေတာမျိုး ဖြစ်တတ်ပါတယ်။မရှိတဲ့ အနံ့တွေ ရနေတယ်ဆိုပေမဲ့ သူတို့က တကယ်အနံ့ရနေတာ ဖြစ်ပါတယ်။ သူတို့ကို မေးကြည့်ရင်။တချို့ကျတော့လည်း ဘာမှန်းမသိတဲ့အနံ့၊ တစ်ခါမှ မရဖူးတဲ့ အနံ့တွေရတယ်လို့ ပြောကြပါတယ်။ ဒီအနံ့တွေကြောင့် တချို့ဆိုရင် အစားအသောက်ပျက်တာ၊ ဘာစားစား အရသာ မရှိတာ၊ ဒါကြောင့် ပိန်သွားတာ၊ စိတ်အနှောင့်အယှက်ဖြစ်ရတာတွေ ရှိတတ်ပါတယ်။အကြောင်းရင်းတွေကတော့ အများကြီး ဖြစ်နိုင်ပါတယ်။ နှာခေါင်းပြဿနာတွေကနေစလို့ ဦးနှောက်ပြဿနာတွေအထိ ဖြစ်နိုင်ပါတယ်။နှာခေါင်းနဲ့ ပတ်သက်လို့ ဖြစ်နိုင်တာတွေက။သာမန်အအေးမိနှာစေးတာ၊ ခံတွင်းရောဂါနဲ့ ဆေးလိပ်သောက်တဲ့သူတွေမှာလည်း တွေ့ရတတ်ပါတယ်။ နောက်ဆုံးCovid-19ဖြစ်ထားတဲ့သူတွေမှာလည်း မရှိတဲ့ အနံ့တွေရနေတာ ကို တွေ့ရတတ်ပါတယ်။ဦးနှောက်နဲ့ ပတ်သက်လို့ ဖြစ်နိုင်တဲ့ ပြဿနာတွေကတော့။အသက်ကြီးလာတဲ့သူတွေမှာလည်း သဘာဝအရ တွေ့ရတာမျိုး ရှိသလို ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ဘယ်လိုလုပ်ရမလဲဆိုတာကတော့ ဖြစ်တဲ့ အကြောင်းရင်းပေါ် မူတည်ပါတယ်။ ဥပမာအအေးမိလို့၊ ဓာတ်မတည့်လို့ ဖြစ်တာဆို ဒါတွေ သက်သာသွားရင် ပျောက်သွားနိုင်ပါတယ်။ ထိပ်ကပ်နာတို့၊ ပိုးဝင်တာတို့ဆိုရင် ဆေးတွေနဲ့ ကုသလိုက်လို့ ရောဂါကောင်းသွားရင် အနံ့ရတဲ့ ပြဿနာပါ သက်သာသွားပါတယ်။ဆိုလိုတာက မရှိတဲ့အနံ့တွေရတာ လက္ခဏာဖြစ်တာကြောင့် ဖြစ်ရတဲ့ အကြောင်းရင်းကို ကုသမှ ပျောက်ကင်းမှာ ဖြစ်ပါတယ်။မရှိတဲ့ အနံ့တွေရနေတာ ဆိုရင် နှာခေါင်းကို ဆားရည် ဒါမှမဟုတ် ဆလိုင်းနဲ့ ဆေးကြည့်ပါ။ ရက်ပိုင်းလောက် ဒီနည်းကို အသုံးပြုကြည့်ပါ။ ဒီကြားထဲမှာ။ဒါတွေလုပ်တာ ၁ပတ်- ၂ပတ်လောက် ကြာတာတောင် မသက်သာဘူး။ အနံ့ရတာက ဖြစ်လိုက်ပျောက်လိုက် ဖြစ်နေတယ်။ အောက်ပါ လက္ခဏာတွေကိုပါ ပူးတွဲခံစားနေရတယ်ဆိုရင် ဆရာဝန်နဲ့ ပြဖို့ လိုပါတယ်။ဒါဆိုရင် နှာခေါင်းနဲ့ ပတ်သက်တဲ့ ပြင်းထန်ရောဂါတွေ၊ ဦးနှောက်ပြဿနာတွေ ဖြစ်နိုင်လို့ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန် သို့မဟုတ် ဦးနှောက်နဲ့ အာရုံကြောအထူးကုနဲ့ ပြသသင့်ပါတယ်။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/nose-conditions/causes-of-phantosmia/
လိင်တံကြီး နည်းလမ်းတွေ၊ တကယ်ရော အလုပ်ဖြစ်ကြရဲ့လား
အမျိုးသားတိုင်းဟာ လိင်တံကြီး စေတဲ့ Pump စက်တွေ၊ ဆေးတွေ၊ လေ့ကျင့်ခန်းတွေ၊ ခွဲစိတ်မှုတွေ အားလုံးကို သိကြမှာပါ။ ဒါပေမဲ့ ဒီနည်းလမ်းတွေ အားလုံးက တကယ်အလုပ်ဖြစ်ရဲ့လားဆိုတာရော သေချာသိကြပါသလား။ပွင့်ပွင့်လင်းလင်းပြောရရင်အမျိုးသားတိုင်း သူတို့လိင်တံကို ပိုကြီးစေချင်ကြပါတယ်။“ ကမ္ဘာပေါ်မှာ သူ့ရဲ့ လိင်တံကို တစ်လက်မ၊ နှစ်လက်မလောက် ပိုပြီး မရှည်လာစေချင်တဲ့ အမျိုးသားတစ်ယောက်မှ ရှိမယ် မထင်ပါဘူး ” လို့ အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ် ဟားဗတ် ဆေးကျောင်းမှဆီးလမ်းကြောင်းခွဲစိတ်မှုဆိုင်ရာ ပါမောက္ခဖြစ်သူ မိုက်ကယ် အို လိရီ (Michael O’Leary) ကဆိုပါတယ်။ဟိုးရှေးကတည်းက ရှိလာခဲ့ကြတဲ့ အလုပ်မဖြစ်တဲ့ လိင်တံကြီး စေနိုင်တဲ့ နည်းလမ်းတွေကတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အများအပြားရှိပေမယ့် တကယ်တမ်း လိင်တံကြီးစေဖို့ သင့်အနေနဲ့ လုပ်လို့ရနိုင်တာ သိပ်မရှိပါဘူး။အခုလို အွန်လိုင်းပေါ်ကနေ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်တဲ့ လိင်တံကြီးဆေးတောင့်၊ လိင်တံကြီး လိမ်းဆေး၊ ဆွဲဆန့်တဲ့ လေ့ကျင့်ခန်းတွေ၊ လိင်တံကြီးစေတဲ့ ကိရိယာတွေ၊ ခွဲစိတ်မှုတွေ အများအပြားကို လူတိုင်း သိနေကြပေမယ့် ဒီပစ္စည်းတွေ အားလုံး နီးပါးက တကယ် အလုပ်မဖြစ်ပါဘူး။တကယ့်မှန်ကန်တဲ့ နည်းလမ်းတွေတောင် လိင်တံကို အနည်းငယ်သာကြီးလာစေပြီး ဘေးထွက်ဆိုးကျိုး တွေလည်း ဖြစ်လာစေနိုင်ပါတယ်။ ဒီဘေးထွက်ဆိုးကျိုးတွေက တစ်ခါတရံ ထောင်မတ်မှု ပြဿနာ ED (erectile dysfunction) အထိပါ ဖြစ်စေနိုင်ပါတယ်။“ ကျွန်တော်ပြောတာ ယုံပါ။ ကျွန်တော်သာ လိင်တံကို အန္တရာယ်ကင်းကင်းနဲ့ ထိထိရောက်ရောက် ကြီးစေနိုင်တဲ့ နည်းသိနေရင် ကျွန်တော် ဘီလီယံနာ ဖြစ်နေမှာပေါ့။ ဒါပေမဲ့ ကျွန်တော် ဒီနည်းကို မသိဘူး။ ဘယ်သူမှလည်း မသိကြပါဘူး ” လို့ မိုက်ကယ် အိုလိရီ ကဆိုပါတယ်။သို့ပေမယ့် လိင်တံ အရမ်းကြီးချင်တဲ့ အမျိုးသားတွေကတော့ သူတို့ ခန္ဓာဗေဒရဲ့ အရေးကြီးဆုံး အင်္ဂါအပေါ် တကယ်ကြမ်းတမ်းတဲ့ကုသမှုတွေ လုပ်နေကြတုန်းပါပဲ။သင့်လိင်တံဟာ သာမန်ထက် အနည်းငယ်သေးနေတယ်လို့ ထင်နေပါသလား။ ဒါဆို သင်ထင်နေတာ မှားပါတယ်။ပုံမှန်အားဖြင့် ထောင်မတ်နေတဲ့ လိင်တံတစ်ခုက ၅ လက်မကနေ ၆ လက်မ အထိသာ ရှည်ပြီး လုံးပတ်ကတော့ ၄ လက်မက နေ ၅ လက်မ အထိရှိပါတယ်။ ပျော့ခွေနေတဲ့ အချိန်တိုင်းတာရင်တော့ လိင်တံဆိုဒ်က အမျိုးမျိုး ကွဲပြားသွားနိုင်ပါတယ်။ အပြာရုပ်ရှင်ထဲကဟာတွေကိုတော့ မေ့ထားလိုက်ပါ။ ဒီမှာ ပြောချင်တာ လူအများစုမှာ တွေ့ရတတ်တာကိုပါ။ဒါပေမဲ့ တချို့သော အမျိုးသားတွေကတော့ ဒီအတိုင်းအတာထက် တကယ်ကြီးကို သေးနေတာ မျိုးလည်း ရှိပါတယ်။ ဒါကို micropenis လို့ခေါ်ပြီး မျိုးရိုးဗီဇနဲ့ ဟော်မုန်းပြဿနာ တို့ကြောင့် ဒီmicropenisဖြစ်ရတာပါ။ Micropenis တွေဟာ ပုံမှန်အားဖြင့် ထောင်မတ်နေတဲ့ အချိန်မှာတောင် ၃ လက်မ ခန့်သာရှိပါတယ်။တစ်ခါတစ်ရံမှာတော့Peyronie’s diseaseလို့ခေါ်တဲ့ အမာရွတ်တစ်ရှူးတွေက အချပ်တွေလို လိင်တံအောက်မှာ ရှိနေလို့ လိင်တံကောက်တဲ့ ရောဂါတွေနဲ့ ဆီးကျိတ် ကင်ဆာ (သုက်ရည် ဂလင်း) တို့ကြောင့် အမျိုးသားတစ်ယောက်ရဲ့ လိင်တံက သေးသွားနိုင်ပါတယ်။လေ့လာချက်တွေ အရ လိင်တံကြီးနည်း လိုက်လံရှာဖွေနေကြတဲ့ အမျိုးသားအများစုရဲ့ လိင်တံဟာ သာမန် အရွယ်အစားအတိုင်း တင်းပြည့်ကျပ်ပြည့် ဖြစ်ကြပါတယ်။ သူတို့ဟာ သူတို့ လိင်တံသေးနေတယ်လို့ ထင်နေကြတာ ဖြစ်ပါတယ်။ဘာကြောင့် အမျိုးသားတွေ သူတို့ လိင်တံ သေးတယ်လို့ပဲ ထင်နေကြတာလဲ။ ဒီမေးခွန်းရဲ့ အဖြေတစ်စိတ်တစ်ပိုင်းကတော့ ရှုထောင့်ကြောင့်လည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်လိင်တံရဲ့ အရွယ်အစားကို တိုင်းတာရတာဟာ ငုံ့ပြီး တိုင်းတာရတာဖြစ်တဲ့အတွက် ကြည့်တဲ့အခါ ရှုထောင့်ပြောင်းသွားစေပါတယ်။ဒီနေရာမှာ စိတ်ပညာကလည်း စကားပြောပါတယ်။ သာမန် လိင်တံရှိနေတဲ့ အမျိုးသားအများစုဟာ သူတို့လိင်တံ အရမ်းသေးနေတယ်လို့ မြင်နေရခြင်းဟာ စိတ်ရောဂါနဲ့လည်း သက်ဆိုင်ပါတယ်။ ဒီလို လိင်တံသေးနေတဲ့လို့ ထင်နေကြတဲ့ အမျိုးသားတွေမှာ အတွေ့ရများတဲ့ စိတ်ရောဂါကတော့Penile dysmorphic disorder(PDD) လို့ခေါ်တဲ့ လိင်တံရဲ့ ချို့ယွင်းချက်အပေါ် အလွန်အကျွံ စိတ်ပူပန်နေတဲ့ ရောဂါ ဖြစ်ပါတယ်။ဒီရောဂါမျိုးဟာ ကိုယ်က ဘယ်လောက်ပိန်ပိန် ဝနေတယ်လို့ တွေးပူတတ်ကြတဲ့ လူတွေမှာ ဖြစ်ပွားတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါလိုမျိုး ဖြစ်ပါတယ်။ လေ့လာချက်တစ်ခုအရ လိင်တံကြီးမားစေရန် ခွဲစိတ်ကြတဲ့ အမျိုးသားအများစုမှာ PDD စိတ်ဝေဒနာရှိကြပြီး ခွဲစိတ်ပြီးရင်လည်း ရလာဒ်အပေါ် သိပ်မကျေနပ်ကြပါဘူး။ကြီးမားတဲ့လိင်တံတစ်ခု ရှိနေတယ်လို့ ခံစားရအောင် လုပ်နိုင်တဲ့ အန္တရာယ်ကင်းပြီး ထိရောက်တဲ့ နည်းလမ်းတစ်ခုတော့ ရှိပါတယ်။ အဲ့ဒါက ကိုယ်အလေးချိန်လျှော့ခြင်းပါပဲ။“ ကိုယ့်လိင်တံ အရမ်းသေးနေတယ်လို့ ထင်ကြတဲ့ လူအများစုဟာ အဝလွန်နေသူတွေ ဖြစ်ကြပါတယ်။ ” လို့ ကယ်လီဖိုးနီးယား ပြည်နယ် Beverly Hills မြို့မှ ဆီးလမ်းကြောင်းဆိုင်ရာ ဆရာဝန်နဲ့ Secrets of the Sexually Satisfied Woman စာအုပ်ကို ရေးသားခဲ့သူ ဂျနီဖာ ဘာမန်း (Jennifer Berman) ကဆိုပါတယ်။ဝိတ်လျှော့လိုက်ရင် ဗိုက်အဆီတွေအောက်မှာ မြုပ်နေတဲ့ လိင်တံကို ပိုပေါ်လာစေနိုင်တဲ့ အတွက် လိင်တံကို ပိုကြီးလာစေတယ်လို့ ခံစားရမှာ ဖြစ်ပါတယ်။ တကယ်တမ်း လိင်တံကြီးသွားတာတော့ မဟုတ်ပါဘူး။အစားနည်းနည်း လျှော့စားမယ့်အစား ခွဲစိတ်မှုကိုသာ လုပ်ချင်ပါတယ်ဆိုတဲ့ အမျိုးသားတွေအတွက်တော့ liposuction လို့ခေါ်တဲ့ လိင်တံတစ်ဝိုက်က အဆီတွေကို စုပ်ထုတ်နည်းဖြင့်လည်း ဖြေရှင်းနိုင်ပါတယ်။ ဒါပေမဲ့ အကျိုးဆက်ကတော့ ရေရှည်ခံမှာ မဟုတ်ပါဘူး။ တကယ်လို့ သင်က အစားမလျှော့စားဘဲ အရင်လို စားမြဲစားနေမယ်ဆိုရင်တော့ လိင်တံက ဗိုက်အဆီအောက်မှာ ထပ်မြုပ်နေဦးမှာပါပဲ။ပြောင်းဆွဲတယ်လို့ ခေါ်ကြပါတယ်။ သင်က လိင်တံကို ကိရိယာထဲ ထည့်ပြီး ညှစ်လိုက်တဲ့အခါ လိင်တံထဲကို သွေးတွေ စီးဝင်လာတာကြောင့် လိင်တံကို အနည်းငယ်ပိုကြီးတဲ့ ပုံစံနဲ့ ထောင်မတ်လာပါတယ်။ပြီးရင်တော့ သွေးတွေ ခန္ဓာကိုယ်ထဲ ပြန်မဝင်သွားဖို့ လိင်တံစွပ်ကွင်းနဲ့ လိင်တံအခြေကို စွပ်ထားရပါတယ်။ လိင်တံထောင်မတ်ဖို့ ခက်တဲ့သူတွေက တစ်ပွဲတိုးအနေနဲ့ သုံးကြပါတယ်။အားနည်းချက်ကတော့ ဒါက ခဏပဲ ခံမှာပါ။ အတူနေတဲ့အချိန်ခဏလောက်ပါပဲ။ ကြာကြာဝတ်ထားပြန်ရင်လည်း လိင်တံတစ်ရှူးတွေ ပျက်စီးတတ်ပါတယ်။လိင်တံက ကြွက်သားမဟုတ်တဲ့အတွက် အလေးမလို့လည်း ကြွက်သားတက်သလို ကြီးလာမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လိင်တံ ပျော့နေတဲ့ အချိန် အလေးနဲ့ ဆွဲထားတာဟာ လိင်တံကို အနည်းငယ်ပိုရှည်လာသလို ထင်ရစေပါတယ်။အားနည်းချက်ကတော့ အခန့်မသင့်ရင် တစ်ရှူးတွေ စုတ်ပြဲ၊ သွေးကြောတွေ ပေါက်ပြဲပြီး လိင်တံမှာ ထိခိုက်ဒဏ်ရာရစေတာပဲ ဖြစ်ပါတယ်။ဒါတွေ အားလုံးတစ်ခုမှ အလုပ်မဖြစ်ပါဘူး။ “ ကျွန်မအနေနဲ့ ဒီပစ္စည်းတွေ အားလုံးက လုံးဝ အဓိပ္ပာယ်မရှိဘူးလို့ပဲ ပြောချင်ပါတယ်။ ” လို့ ဂျနီဖာ ဘာမန်း (Jennifer Berman) က ဆိုပါတယ်။ဆီတွေလိမ်းပြီး ကြီးလာတယ်ဆိုတာက လက်ပူတိုက်သလိုဖြစ်တာကြောင့်ရယ်၊ ဆေးက ပူတာကြောင့်ရယ်ကြောင့် သွေးကြောတွေ ခဏကျယ်ပြီး လိင်တံထဲကို သွေးစီးဆင်းမှု များတာကြောင့် ကြီးလာတယ်လို့ ထင်ရတာပဲ ဖြစ်ပါတယ်။ ဆေးတွေဆိုရင်လည်း ဒီလိုပါပဲ။ အမျိုးသားတွေကြား နာမည်ကြီးတဲ့Viagraကလည်း သွေးကြောတွေကို ကျယ်စေတဲ့ နည်းလမ်းကိုပဲ သုံးထားတာ ဖြစ်ပါတယ်။ အခန့်မသင့်ရင် သွေးပေါင်တွေကျပြီး သတိလစ်တာတောင် ဖြစ်နိုင်ပါသေးတယ်။ဒါဆိုရင် ခွဲစိတ်ရင်ရော တကယ်ကြီးလာနိုင်လားလို့ သင့်ရဲ့ စိတ်ထဲ မေးချင်နေပါလိမ့်မယ်။ ယေဘုယျ အားဖြင့် အခြေခံကျတဲ့ လိင်တံကြီး စေရန် ခွဲစိတ်မှု (၂) မျိုး ရှိပါတယ်။လိင်တံ ပိုရှည်လာစေတဲ့ ခွဲစိတ်မှု။လိင်တံနဲ့ တင်ပါးဆုံရိုးကို ဆက်သွယ်ပေးထားတဲ့ အရွတ်တွေကို ဖြတ်လိုက်တဲ့ ခွဲစိတ်မှု ဖြစ်ပါတယ်။ ဒီလို ဖြတ်ထုတ်လိုက်တဲ့ အခါမှာ လိင်တံက တစ်လက်မနီးပါးလောက် အနည်းငယ်ပိုရှည်လာနိုင်ပါတယ်။ဒါပေမဲ့ ဒါဟာ လိင်တံကို တကယ်ပိုရှည်လာစေတာ မဟုတ်ဘဲ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ လိင်တံအလျား အနည်းငယ်ကို အပြင်ထုတ်လိုက်ခြင်းသာ ဖြစ်ပါတယ်။လိင်တံကို အလေးချိန်ထပ် ဖြည့်ခြင်း။ကိုယ့်ရဲ့ လိင်တံလုံးပတ်က သေးနေတယ်လို့ ထင်နေကြတဲ့ အမျိုးသားတွေ အနေနဲ့ ပြုလုပ်လေ့ရှိကြတဲ့ အငြင်းပွားဖွယ် ခွဲစိတ်မှုတစ်ခုကတော့ ခန္ဓာကိုယ်ထဲက အဆီတွေ၊သွေးရည်ကြည်တွေကို လိင်တံထဲ ဖြည့်တင်းပေးတဲ့ ခွဲစိတ်မှုဖြစ်ပါတယ်။ဒီနည်းလမ်းတွေက လိင်တံကို တကယ်ပဲ ကြီးစေမယ်လို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။ ကြီးသွားတဲ့သူလည်း ရှိနိုင်သလို ဒုံရင်းက ဒုံရင်းပဲ ဆိုသူလည်း ရှိပါတယ်။ဒါတွေက ခွဲစိတ်မှုတွေဖြစ်တဲ့အတွက် ခွဲစိတ်မှုရဲ့ ဘေးထွက်ဆိုးကျိုးတွေ၊ ကုန်ကျစရိတ်တွေ၊ တကယ် ရှည်လာမှာလား ဆိုတာတွေကို ထည့်သွင်းစဉ်းစားဖို့ လိုမှာပါ။ နောက်ပြီး ကိုယ်လုပ်မယ့် ဆေးရုံဆေးခန်းတွေရဲ့ အကြောင်းကိုပါ စုံစမ်းထားဖို့ လိုပါလိမ့်မယ်။ကာလသားအချင်းချင်း လက်တည့်စမ်းကြတဲ့ ဂေါ်လီထည့်တာနဲ့ ဆီလီကွန်ထည့်တာတို့ကိုတော့ မလုပ်ဖို့ ထပ်ပြီး သတိပေးပါရစေ။ ပုံပျက်နေတဲ့ လိင်တံ ဒါမှမဟုတ် ငုတ်စိလေးပဲ ကျန်ခဲ့ဖို့ တော်တော်ရာခိုင်နှုန်းများပါတယ်။ ဒါတွေက လိင်မှုခံစားချက်ကိုလည်း မကောင်းစေပါဘူး။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/penis-enlargement-does-it-work/
သင့်ဗိုက်မှာ အဆီပိုတွေ စုဝေးရခြင်းအကြောင်းများ
ဝမ်းဗိုက်မှာအဆီပိုတွေစုဝေးနေခြင်းဟာကျန်းမာရေးအတွက် မကောင်းတဲ့အချက်ဖြစ်ပါတယ်။ ဇီဝဖြစ်ပျက်မှုဆိုင်ရာ ရောဂါစု၊ အမျိုးအစား ၂ ဆီးချို၊ နှလုံးရောဂါ၊ ကင်ဆာ စတာတွေကို ဖြစ်နိုင်ခြေ မြင့်စေပါတယ်။ဝမ်းဗိုက်အတွင်းပိုင်း အသည်းနဲ့ ကလီစာများမှာပါ အဆီများ စုဝေးနိုင်ပါတယ်။ကိုယ်အလေးချိန်သိပ်မများတဲ့လူတွေတောင် ဝမ်းဗိုက်မှာ အဆီပိုတွေရှိရင်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေဖြစ်ပေါ်နိုင်ပါတယ်။သင့်ဝမ်းဗိုက်မှာ အဆီပိုများကို စုဝေးလာစေတဲ့အကြောင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။လူအတော်များများဟာ သူတို့ထင်ထားတာထက်ကို သကြားကို စားဖြစ်ကြပါတယ်။ ချိုချဉ်၊ ကိတ်မုန့်၊ အချိုရည်၊ ကော်ဖီ၊ လက်ဖက်ရည် စသဖြင့် စားသုံးလိုက်တိုင်းမှာ သကြားဓာတ်ကို ရရှိနေပါတယ်။သုတေသနတွေအရ သကြားဓာတ်စားသုံးမှုမြင့်မားခြင်းနဲ့ ဝမ်းဗိုက်အဆီစုခြင်းအကြား ဆက်စပ်နေပါတယ်။ စားကောင်းအောင် အချိုဓာတ်ဖြည့်သွင်းထားတဲ့ စားစရာတွေဟာ ကယ်လိုရီတက်စေနိုင်ပါတယ်။အယ်လ်ကိုဟောဟာ ကျန်းမာရေးအတွက် အကျိုးပြုတဲ့အပိုင်း ရှိသလို ထိခိုက်စေတဲ့အပိုင်းလည်း ရှိပါတယ်။ ဝိုင်နီကို သင့်တင့်ရုံသောက်သုံးမယ်ဆိုရင် နှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေကို လျော့နည်းစေပါတယ်။ ဒါပေမယ့် အယ်လ်ကိုဟောကို အလွန်အကျွံသောက်သုံးရင် အသည်းရောဂါနဲ့ တခြားကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ သုတေသနအချို့အရ အယ်လ်ကိုဟောဟာ အဆီများကို လောင်ကျွမ်းမှု လျော့ကျစေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဝမ်းဗိုက်အဆီများစုလာပြီး ကယ်လိုရီများကို သိုလှောင်လာပါတယ်။ ဒါကို ဘီယာဗိုက်လို့လည်း ခေါ်ကြပါတယ်။ပုံပြောင်းအဆီဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီများပဲ ဖြစ်ပါတယ်။ အစားအသောက်တွေကို ပိုမိုတာရှည်ခံဖို့ ပြင်ဆင်ချက်ပြုတ်ရာမှာ သုံးပါတယ်။ ပုံပြောင်းအဆီများဟာ ရောင်ရမ်းမှုကို ဖြစ်စေပါတယ်။ ဒါကြောင့် အင်ဆူလင်အာနိသင်မတိုးခြင်း၊ နှလုံးရောဂါနဲ့ တခြားရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ သုတေသနတခုအရ ပုံပြောင်းအဆီစားသုံးသူများဟာ မပြည့်ဝဆီစားသုံးသူများထက် ဝမ်းဗိုက်အဆီ ပိုမိုစုဝေးတတ်ပါတယ်။လှုပ်ရှားမှုနည်းပြီး အထိုင်များခြင်းဟာ ကျန်းမာရေးအတွက် မကောင်းပါဘူး။ အဝလွန်ခြင်း အထူးသဖြင့် ဝမ်းဗိုက်အဆီများလာခြင်းကို ဖြစ်စေပါတယ်။ သုတေသနတခုအရ တနေ့တာမှာ တီဗီရှေ့မှာ သုံးနာရီအထက် အချိန်ဖြုန်းသူများဟာ တနေ့မှာ တစ်နာရီအောက်သာ ကြည့်ရှုသူများထက် အဝလွန်နိုင်ခြေ နှစ်ဆပိုများကြောင်း သိရပါတယ်။ အထိုင်များသူများအနေနဲ့ လေ့ကျင့်ခန်းများ ပြုလုပ်သင့်ပါတယ်။အသီးဖျော်ရည်များမှာ သကြားဓာတ်ပါဝင်နှုန်း မြင့်မားပါတယ်။ ယေဘုယျအားဖြင့် အသီးဖျော်ရည်တစ်ခွက် (၂၅၀ မီလီလီတာ) မှာ သကြား ၂၅ ဂရမ် ပါဝင်ပါတယ်။ အသီးဖျော်ရည်တွေမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်နေပေမယ့် သကြားဓာတ်ပါဝင်နေတာကြောင့် အင်ဆူလင်အာနိသင်မတိုးခြင်း၊ ဝမ်းဗိုက်အဆီစုခြင်း စတဲ့ပြဿနာတွေ ကြုံနိုင်ပါတယ်။ကော်တီဆောဟော်မုန်းကို အဒရီနလင်ဂလင်းကနေ ထုတ်လုပ်ပြီး ဖိစီးမှုဟော်မုန်းလို့ သိကြပါတယ်။ ကိုယ်ခန္ဓာကနေ စိတ်ဖိစီးမှုကို တုံ့ပြန်ချိန်မှာ ထွက်လာတတ်တဲ့ဟော်မုန်း ဖြစ်ပါတယ်။ အဆိုပါ အခြေအနေမှာ ကိုယ်အလေးချိန်တက်လာတတ်ပြီး ဗိုက်လည်းစူလာနိုင်ပါတယ်။ ဒါ့အပြင် စဖိတ်ဖိစိးချိန်မှာ လူတချို့ဟာ အစားပိုစားဖြစ်ပါတယ်။ ပိုလာတဲ့ ကယ်လိုရီတွေကို ကိုယ်ခန္ဓာတစ်ခုလုံးက အဆီတွေမှာ သိုလှောင်ရမယ့်အစား ဝမ်းဗိုက်မှာ စုဝေးလာစေပါတယ်။အမျှင်ဓာတ်ဟာ ကိုယ်အလေးချိန်ထိန်းပေးဖို့အတွက် အရေးကြီးပါတယ်။ အမျှင်ဓာတ်ဟာ ဗိုက်ပြည့်စေတဲ့ ခံစားချက်ကိုပေးပြီး ဆာလောင်မှုကိုဖြစ်စေတဲ့ ဟော်မုန်းတွေကို ထိန်းသိမ်းပေးပါတယ်။ ကယ်လိုရီစားသုံးမှုကို နည်းသွားစေပါတယ်။ အမျှင်ဓာတ် ၁၀ ဂရမ်စားတိုင်း ဝမ်းဗိုက်မှာစုဝေးနိုင်တဲ့ အဆီဓာတ်ဟာ ၃.၇ ရာခိုင်နှုန်းနည်းပါးသွားကြောင်း သုတေသနတစ်ခုမှာ ဖော်ပြထားပါတယ်။ အမျှင်ဓာတ်ကို စားသောက်မှုနည်းပါးရင်တော့ အဆီဓာတ်ကို ပိုမိုစုဝေးစေဖို့ အခွင့်အလမ်းများစေပါတယ်။သုတေသနတွေအရ အိပ်ရေးမဝသူများဟာ ကိုယ်အလေးချိန်တက်ပြီး အဆီများပိုစုလာနိုင်ကြောင်း သိရပါတယ်။ တစ်ညတာကို ၅နာရီအောက်သာ အိပ်စက်သူများဟာ တစ်ညကို ၇ နာရီခန့် အိပ်စက်သူများထက်စာရင် အဝလွန်နိုင်ခြေ ပိုများပါတယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/obesity-healthy-eating/causes-of-belly-fat-gain/
နှာခေါင်း အကြောင်း သောင်းပြောင်းထွေလာ စိတ်ဝင်စားစရာ
နှာခေါင်း ဆိုတာ အသက်ရှူဖို့ သက်သက်ပဲ မဟုတ်ပါဘူးနော်။ ဒါဆို အလှအပ အတွက်လား။ နှာခေါင်း၊  နှာတံ အစိတ်အပိုင်းတွေဟာ သွင်ပြင်ပုံသဏ္ဍာန်အတွက် အရေးပါသလို အောက်ဆီဂျင်ရရှိဖို့၊ ရောဂါပိုးတွေ ကာကွယ်ဖို့၊ အနံ့ခံနိုင်ဖို့ စတဲ့ လုပ်ဆောင်ချက်တွေ အများကြီးကို တာဝန်ယူထားပါတယ်။အခု ဒီနှာခေါင်းနဲ့ ပတ်သက်ပြီး လူသိနည်းတဲ့ အကြောင်းလေးတွေကို ပြောပြချင်ပါတယ်။လူ့နှာခေါင်းပုံစံတွေက ၁၄ မျိုး အနည်းဆုံး ရှိတယ်လို့ Journal of Craniofacial Surgery မှာ ဖော်ပြခဲ့တဲ့ သုတေသနစစ်တမ်း က ဆိုပါတယ်။ ဒါပေမယ့် ပညာရှင်အတော်များများကတော့ ဒီဖော်ပြချက်က နှာခေါင်းပုံစံ အမျိုးအစား အားလုံးကို အကုန်မပါလောက်ဘူးလို့ ပြောကြပါတယ်။ နှာခေါင်းဆိုတာအရိုးနု၊အရိုးတွေရဲ့ရှုပ်ထွေးတဲ့ ဖွဲ့စည်းပုံနဲ့ တည်ဆောက်ထားတဲ့ အစိတ်အပိုင်း မဟုတ်လား။နှာခေါင်းရိုး နဲ့ နှာခေါင်းအရိုးနုတွေရဲ့ ပေါင်းစပ်မှုတိုင်းက နှာခေါင်းပုံစံကို သူများနဲ့မတူတဲ့ သီးခြားအသွင်သဏ္ဍာန်တွေ သတ်မှတ်ဖြစ်တည်စေတာ ဖြစ်တယ်လို့ University of Virginia Health System မှ တွဲဘက်ပါမောက္ခ Spencer Payne ကပြောပါတယ်။ နှာခေါင်း ပုံစံက လူမျိုးနဲ့လည်း မူတည်ပြီး ကွဲပြားတယ်လို့ သူက ပြောပါတယ်။ဟပ်ချိုး၊ အားချိုး၊ ဟပ်ချိ၊ စတဲ့ အသံပေါင်းစုံနဲ့ နှာချေလိုက်တာ ကိုယ့်စတိုင်နဲ့ကိုယ်ပဲ မဟုတ်လား။ ဘယ်လိုလဲဆိုတော့ ဥပမာ ဟိုးအိမ်ထောင့်မှာ ဖုန်ခါလိုက်တာ ၁၂ ပေလောက်ဝေးတဲ့နေရာမှာ နှာထချေတာမျိုး၊ တစ်ခါ ချေပြီးရင် မရပ်မနား တရစပ်ချေတော့တာမျိုး၊ နှာရည် မျက်ရည်ထွက်တဲ့အထိ နှာချေတာမျိုး။ဒီလို အလေ့အထမျိုး ကိုယ့်မိဘ သို့မဟုတ် မိသားစုဝင်ထဲမှာ ရှိတယ်ဆို ကိုယ့်မှာလည်း ပါတတ်ပါတယ်။ မယုံရင် အိမ်မှာ သေချာစောင့်ကြည့်။နှာခေါင်းရဲ့ ပုံစံ အနေအထားက အသက် ၁၀ နှစ်လောက်မှာ ဖွဲ့စည်းလာပြီး မိန်းကလေးတွေမှာ ၁၅ – ၁၇ နှစ်အတွင်း၊ ယောကျာ်းလေးတွေမှာ ၁၇ – ၁၉ နှစ်အတွင်း ဖြည်းဖြည်းချင်း ဆက်လက်ဖွံ့ဖြိုးလာပါတယ်။ဒါပေမယ့် အသက်အရွယ် ကြီးလာတာနဲ့အမျှ အရေပြားမှာ‌ကော်လာဂျင်နဲ့ ကျုံ့ဆန့်နိုင်အား လျော့နည်းလာတာရယ်၊ ကမ္ဘာ့ဆွဲအားရယ်ကြောင့်  နှာခေါင်းက ရှည်ထွက်လာပြီး အရေပြား လျော့တွဲလာပါတယ်(အထူးသဖြင့် နှာခေါင်းထိပ်နားလေးပေါ့)။အသက်ရှူလမ်းကြောင်းထဲ ဝင်ရောက်လာမယ့် လေတွေကို နှာခေါင်းလမ်းကြောင်းထဲမှာ စစ်ထုတ်ပေးပြီး အမှုန်တွေ၊ ပိုးမွှားတွေရန်က ကာကွယ်ပေးထားပါတယ်။ ပန်းဝတ်မှုန်၊ ဖုန်မှုန့် တို့ကို နှာခေါင်းတွင်းနံရံက အချွဲတွေမှာ ကပ်ငြိစေတဲ့နည်းနဲ့ စစ်ထုတ်ပေးပါတယ်။သူရဲ့ဒီလုပ်ဆောင်ချက်ကြောင့် ရှူသွင်းလိုက်တဲ့လေကို ပူနွေးစေပြီး အစိုဓာတ်ဖြစ်စေတဲ့နည်းနဲ့ အဆုတ်တစ်ရှူးကို ကာကွယ်ပေးပါတယ်။ ဒါ့ကြောင့် ရာသီဥတုအေးတဲ့အချိန် အသက်ရှူရင် ပါးစပ်နဲ့ မဟုတ်ဘဲ နှာခေါင်းနဲ့ ရှူတာ ပိုကောင်းပါတယ်။နှာခေါင်းနဲ့ နှာခေါင်းလမ်းကြောင်းမှာ အချွဲတွေ နေ့စဉ်ထုတ်ပေးပါတယ်။ အဲဒီအချွဲတွေမှာ ရောဂါပိုးခုခံနိုင်တဲ့ အင်ဇိုင်းတွေနဲ့သွေးဖြူဥဆဲလ်တွေပါဝင်ပြီး သူတို့က ရှူသွင်းလေကို အစိုဓာတ်ပေးတယ်၊ စစ်ထုတ်ထားတဲ့ အမှုန်အမွှားတွေကို နှာခေါင်းလမ်းကြောင်းကနေ ဖယ်ရှားဖို့ ကူညီပေးတယ်။နေမကောင်းတဲ့အချိန် နှာရည်ကျတယ်ဆိုတာ ဝင်ရောက်လာတဲ့ ရောဂါပိုးတွေကို အချွဲတွေပိုထုတ်ပြီး တိုက်ဖျက်နိုင်ဖို့ နှာခေါင်းရဲ့စနစ်က ကြိုးပမ်းနေတာဖြစ်ပါတယ်။လူတွေမှာ အနံ့အာရုံခံဆဲလ် ၁၂ သန်းလောက် ရှိပြီး အသက်ကြီးလာတဲ့အခါ လျော့နည်းလာတတ်တာဖြစ်ပါတယ်။ နှာခေါင်း ဟာ အနံ့ပေါင်း ၁၀၀၀၀ ကျော်ကို အနံ့ခံ၊ အာရုံခံပြီး သိရှိ၊ မှတ်သား နိုင်ပါတယ်တဲ့။တချို့ဆို အနံ့ခံအာရုံ ကောင်းလွန်းလို့ သေချာ သရုပ်ခွဲပြီး အနံ့တွေကို ခွဲခြားနိုင်ပါတယ်။ ဥပမာ ဟင်းချက်ကျွမ်းသူ တစ်ဦးဟာ အနံ့ရတာနဲ့ ဘယ်ချက်နည်းနဲ့ ဘယ်လိုချက်ပြုတ်ထားလဲ ချက်ပြုတ်ပုံအဆင့်ဆင့်ကို ခန့်မှန်းပြောနိုင်ပါတယ်။အမြင်နဲ့ အထိအတွေ့ တို့လို တခြားအာရုံတွေအတွက် အာရုံကြောအချက်ပို့မှုတွေက thalamus ခေါ် ဦးနှောက်အပိုင်းကို ဖြတ်သန်းရတာဖြစ်ပေမယ့် အနံ့ခံအာရုံကတော့ ဦးနှောက်ရဲ့ hippocampus (မှတ်ဉာဏ်တည်ဆောက်တဲ့အပိုင်း) နဲ့ amygdala (စိတ်ခံစားချက်နဲ့ မှတ်ဉာဏ်ဆိုင်ရာအပိုင်း) တို့ဆီ တိုက်ရိုက် ဖြတ်သန်းတာပါ။ဒါ့ကြောင့် ကိုယ့်စိတ်ထဲ ခံစားမှုရှိခဲ့တဲ့ ဒါမှမဟုတ် အမှတ်တရရှိခဲ့တဲ့ ဖြစ်ရပ်တွေတုန်းက ရခဲ့တဲ့အနံ့တွေက မှတ်ဉာဏ်နဲ့ ဆက်နွှယ်နေပြီး အဲဒီအနံ့မျိုးရတိုင်း ဟိုတုန်းကခံစားချက်ကို ပြန်ရနိုင်ပါတယ်။ ဥပမာ မြေသင်းနံ့လေးရရင် မိုးဦးကာလ အမှတ်တရ တစ်ခုခုတွေးမိတာ၊ ပန်းနံ့ သို့မဟုတ် အစားအသောက်အနံ့ တစ်ခုခုရရင် သက်ဆိုင်ရာမှတ်ဉာဏ်တွေ ပေါ်လာတာတွေ ရှိတတ်ပါတယ်။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/nose-conditions/%e1%80%94%e1%80%be%e1%80%ac%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%b8-%e1%80%a1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8-%e1%80%9e%e1%80%b1%e1%80%ac%e1%80%84%e1%80%ba/
ဦးနှောက်ရောင် ခြင်း (Encephalitis) အကြောင်း
ဦးနှောက်ရောင် တယ်ဆိုတာ ဦးနှောက်အတွင်းသားရောင်တာကို ပြောတာပါ။ ဦးနှောက်အမြှေးရောင်တာနဲ့ မတူပါဘူး။ ဦးနှောက်ရောင် တာက ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာများပါတယ်။ ရှားရှားပါးပါး ဘတ်တီးရီးယားနဲ့ မှိုကြောင့်ဖြစ်တာလဲရှိပါတယ်။ ဦးနှောက်ရောင် တာက ပြင်းထန်တာမျိုးရှားပါတယ်။ ဒါပေမယ့် တချို့သူတွေမှာ အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်။ အရေးကြီးတာက စောစောသိပြီး စောစောကုနိုင်ဖို့ပါပဲ။ဦးနှောက်ရောင်တာက အစောပိုင်းမှာတော့တုပ်ကွေးမိသလိုမျိုး ဖျားတာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက်နာတာ၊ နှုံးတာ စတာတွေဖြစ်နိုင်ပါတယ်။ ဒီထက်ပိုဆိုးလာရင်တော့။ကလေးတွေမှာဆိုရင်တော့။အဖြစ်အများဆုံးက ဗိုင်းရပ်စ်ကြောင့်ပါ။ ဘတ်တီးရီးယားတွေ၊ ရောဂါပိုးကြောင့်မဟုတ်ဘဲ တခြားအကြောင်းကြောင့် ဦးနှောက်ရောင် တာတွေလည်းရှိပါတယ်။ ဦးနှောက်ရောင်တာကို နှစ်မျိုးခွဲလို့ရပါတယ်။ဦးနှောက်ရောင်တာက ဗိုင်းရပ်စ်ကြောင့် အဖြစ်များတာဆိုတော့ အောက်မှာ အဖြစ်အများဆုံး ဗိုင်းရပ်စ်တွေကို ပြောပြပေးထားပါတယ်။နောက်ဆက်တွဲလက္ခဏာတွေကတော့။တချို့ အခြေအနေ သိပ်မဆိုးတဲ့ သူတွေကျတော့လည်း ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ ပြန်ကောင်းသွားကြပါတယ်။ နောက်ဆက်တွဲဆိုးကျိုးလည်း မဖြစ်ပါဘူး။တချို့ တွေကျတော့လည်း ပြင်းထန်လွန်းလို့ကိုမာဝင်တာ၊ သေဆုံးတာအထိဖြစ်တတ်ပါတယ်။တချို့ ကျတော့လည်း နောက်ဆက်တွဲတွေကျန်ခဲ့ပါတယ်။ နောက်ဆက်တွဲ ဝင်တာတောင် တချို့က လပိုင်းလောက်ပဲကြာပြီး တချို့က သေရာပါစွဲသွားပါတယ်။ တွေ့ရများတဲ့ နောက်ဆက်တွဲတွေကတော့။ဦးနှောက်ရောင်တာကို ကာကွယ်ဖို့ဆိုရင် ဦးနှောက်ရောင်စေတဲ့ ဗိုင်းရပ်စ် မဝင်အောင်ကာကွယ်ရမှာပါ။ ဒါကြောင့်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/brain-and-spine-disorders/%e1%80%a5%e1%80%ae%e1%80%b8%e1%80%94%e1%80%be%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba-%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8-encephalitis/
အဆိပ်မရှိသော မြွေကိုက်ခံရခြင်း
အဆိပ်မရှိတဲ့၊ အိမ်မှာ၊ ခြံထဲမှာ မွေးထားလို့ရတဲ့ မြွေတွေ၊ ဥယျာဉ်ခြံတွေထဲက မြွေတွေကိုက်ခံရခြင်းကို ဆိုလိုတာပါ။ အဲဒီမြွေအမျိုးအစားတွေဟာ အန္တရာယ်မရှိပါဘူး။ကိုက်ခံရတဲ့နေရာမှာ မြွေရဲ့အဆွယ်နဲ့ ထိုးခံထားရတာကြောင့် အနည်းငယ်နာကျင်မယ်။အိမ်မှာတင် စောင့်ရှောက်မှုပေးလို့ရပါတယ်။ အများအားဖြင့် မြွေရဲ့သေးငယ်တဲ့ သွားလေးတွေက အရေပြားမှာ အပေါက်ရာလေးတွေ ကျန်နေခဲ့တတ်တယ်။ အရေပြားကို ဖောက်သွားတာမျိုးမဟုတ်ဘဲ အရာထင်ကျန်နေတာမျိုးပါ။ အဲဒါကို ဆပ်ပြာ၊ ရေတို့နဲ့ သေချာဆေးကြောပါ။ အနာပတ်တီးပတ်လိုက်ရုံနဲ့ မလုံလောက်ပါဘူး။ တကယ်လို့ အရေပြားပေါက်ပြဲသွားရင်တော့ မေးခိုင်ကာကွယ်ဆေးထိုးဖို့ လိုပါမယ်။ ကလေးတွေမှာဆိုရင်တော့ ထိုးထားတာ ၅နှစ်ကျော်ခဲ့ပြီဆိုရင်၊ မထိုးထားရသေးဘူးဆိုရင် ထိုးသင့်ပါတယ်။ဒီလက္ခဏာတွေအပြင် တခြားလက္ခဏာတွေပေါ်လာရင်တော့ ဆရာဝန်ပြကြည့်သင့်ပါတယ်။မြွေကိုက်မခံရဖို့အတွက်။မြွေများပုန်းအောင်းနေနိုင်တဲ့နေရာများကို ရှောင်ပါ။ (ဥပမာ ကျောက်တုန်းအောက်လိုနေရာမျိုးတွေ)။အဆိပ်မရှိဘူးဆိုပေမယ့်လည်း ကိုယ့်မှာကျွမ်းကျင်မှု မရှိဘူးဆိုရင် မြွေနဲ့ကစားတာမျိုးတွေ မလုပ်ပါနဲ့။တကယ်လို့ ကိုယ်က တောင်တက်လေ့ရှိသူဆိုရင် မြွေကိုက်တာနဲ့ ကုသမှုပေးနိုင်အောင် လက်ဆွဲအိတ်ဆောင် ထားပါ။ သက်တမ်းလွန်နေတဲ့ အိတ်တွေ မသုံးမိဖို့တော့ လိုပါတယ်။မြွေကို သွားမစပါနဲ့။ အဲ့လိုစလိုက်ရင် မြွေက ပိုပြီး ပြင်းပြင်းထန်ထန် ကိုက်လေ့ရှိပါတယ်။မှောင်တဲ့နေရာတွေ သွားတဲ့အခါ တစ်နေရာရာထဲ မဝင်မီ တုတ်နဲ့အသံပေးပါ။ ဒါဆိုရင် မြွေက ကိုယ့်ကို ရှောင်သွားပါလိမ့်မယ်။မြွေပေါတဲ့နေရာတွေဆီ သွားမယ်ဆိုရင်တော့ ဘောင်းဘီရှည်ဝတ်တာ၊ လည်ရှည်ဖိနပ်စီးတာမျိုးတွေ လုပ်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%a1%e1%80%86%e1%80%ad%e1%80%95%e1%80%b9%e1%80%99%e1%80%9b%e1%80%bd%e1%80%ad%e1%80%b1%e1%80%9e%e1%80%ac-%e1%80%b1%e1%81%bf%e1%80%99%e1%80%bc%e1%80%80%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%81/
နေရောင်ဒဏ်က ကာကွယ်ကြပါ………..
ခုတလော သိသိသာသာ တိုးလာတဲ့အပူချိန်ကြောင့် အသားအရေတွေ ထိခိုက်ပျက်စီးမှာကို စိုးရိမ်နေတဲ့လေဒီလေးတွေ။ ကိုကိုတွေရှိလား…….. ဒါဆိုရင်တော့ နေရောင်ကြောင့်အသားအရေထိခိုက်ပျက်စီးမှုကင်းစေဖို့ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။နေရောင်ခြည်က ဆိုးကျိုးပဲရှိတာလား ဆိုတော့ မဟုတ်ပါဘူး။ နေရောင်ခြည်က ကောင်းကျိုးပေးပါတယ်။ မနက်ခင်း နေခြည် နုနုနွေးနွေးလေးက။နေရောင် ထိခိုက်နိုင်တာက တော်တော်လေးများပါတယ်။အရေပြားကို နေရောင်ကထိခိုက်စေတယ်လို့ လွယ်လွယ်ပြောလေ့ရှိကြပေမယ့် အရေပြားကို ထိခိုက်စေတဲ့ နေရောင်ဆိုတာထက် နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည် ကြောင့်ဆိုရင် ပိုမှန်ပါမယ်။ခရမ်းလွန်ရောင်ခြည်ကရော တစ်မျိုးတည်းလားဆိုတော့ မဟုတ်ပါဘူး။ UVA နဲ့UVBဆိုပြီး ကွာခြားပါသေးတယ်။ခရမ်းလွန်ရောင်ခြည်တွေဖြစ်ကြတဲ့ UVA နဲ့ UVB (၂၀ မျိုးစလုံးက အသားအရေကို ထိခိုက်စေတယ်ဆိုတာကတော့ အမှန်ပါပဲ။ ကမ္ဘာ့မြေမျက်နှာပြင်ပေါ်ကို ရောက်နိုင်တဲ့ ခရမ်းလွန်ရောင်ခြည် အမျိုးအစားတွေပေါ့။ နှစ်ခုစလုံးက အရေပြားမှာ နေလောင်တာကို ဖြစ်စေပါတယ်။UVA ဆိုတာက အရေပြားအတွင်းပိုင်းအထိ ထိုးဖောက်ဝင်ရောက်နိုင်တဲ့ ခရမ်းလွန်ရောင်ခြည်တစ်မျိုးပါ။ UVA က။UVB ဆိုတာကလည်း ခရမ်းလွန်ရောင်ခြည် တစ်မျိုးပါ။ဘယ်လိုပြောပြော နှစ်မျိုးစလုံးကတော့ အရေပြားကို ထိခိုက်စေတာပါပဲ။ ဒါကြောင့် အရေပြားကို ထိခိုက်မှုကင်းစေဖို့အတွက် နေရောင်ဒဏ်ကနေ ကာကွယ်တာကတော့ အကောင်းဆုံးပါ။နေရောင်ဒဏ်ကို ကာကွယ်ပေးမယ့် ဇာတ်လိုက်ရှိပါတယ်။ ဒါကတော့SPFပါ။ SPF ကို (Sun Protection Factor) လို့ခေါ်ပြီး နေရောင်ခြည်မှာပါတဲ့ UVB ကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ UVB ကြောင့်အသားအရေ ပျက်စီးမှုကင်းချင်တယ်ဆိုရင်တော့ SPF ပါတဲ့ နေလောင်ကာခရင်မ်ကို အသုံးပြုတာက အဆင်အပြေဆုံးဖြစ်မှာပါ။နေရောင်ထဲမထွက်ခင် အနည်းဆုံး နာရီဝက်အလိုလောက်မှာနေလောင်ကာခရင်မ်လူးပေးပါ။ နေလောင်ကာခရင်မ် ဆိုတဲ့နေရာမှာလည်း အနည်းဆုံးSPF 15ပါတာကိုရွေးပေးပါ။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/uva-uvb/
လိင်တံတွေက အရောင်ပြောင်းသွားနိုင်လား
လိင်တံတွေက အရောင်ပြောင်းသွားနိုင်လား ။ တစ်ခါတရံမှာတော့ ယောက်ျားလေးတွေရဲ့ လိင်တံဟာ ခရမ်းနီရောင် ပြောင်းသွားနိုင်ပါတယ်။ များသောအားဖြင့် ဒီလို အရောင်ပြောင်းလဲသွားတာက အန္တရာယ်မရှိပါဘူး။ သွေးစီးဆင်းမှု များလာတဲ့ အခါ၊ လိင်တံတွင်း အကျိတ်တွေ ဖြစ်ပေါ်တဲ့အခါမှာ လိင်တံဟာ ခရမ်းရောင် ပြောင်းသွားနိုင်ပါတယ်။ ဒီလို အရောင်ပြောင်းတဲ့ ဖြစ်စဉ်မျိုးဟာ အမျိုးသားတွေ လိင်စိတ်ထကြွတဲ့ အခါမျိုးမှာလည်း ဖြစ်ပွားနိုင်ပါတယ်။သို့ပေမယ့် ဒီလို အရောင်ပြောင်းတဲ့ အပြင် နာကျင်ခြင်း၊ ယားယံခြင်းတို့ပါ ဖြစ်နေပြီဆိုရင်တော့ ခရမ်းရောင် ပြောင်းသွားခြင်းဟာ ကူးစက်ရောဂါ ခံစားရခြင်း၊ ဒဏ်ရာရခြင်း၊ သွေးလှည့်ပတ်ခြင်းပြဿနာ ဖြစ်နေတဲ့ လက္ခဏာ ဖြစ်တဲ့ အတွက်ကြောင့် ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။လိင်တံတွေက အရောင်ပြောင်းသွားနိုင်လား ဆိုတော့။လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါ (STD) တွေ ကူးစက်ခံရလို့ပဲ ဖြစ်ဖြစ်၊ ဒဏ်ရာရတာကြောင့်ပဲ ဖြစ်ဖြစ်လိင်တံခရမ်းရောင်ပြောင်းသွားနိုင်ပါတယ်။ လိင်စိတ်ထကြွတဲ့ အချိန်မှာ လိင်တံအရောင်ပြောင်းသွားတာ စိုးရိမ်စရာမဟုတ်ပါဘူး။ လိင်စိတ်ပြင်းပြတဲ့ အချိန်မှာ လိင်တံအတွင်း သွေးစီးဆင်းမှုများတဲ့အတွက်ကြောင့် အခုလို အရောင်ပြောင်းတာ ဖြစ်ပါတယ်။တခြားအချိန်တွေမှာ တော့ လိင်တံတစ်နေရာပဲဖြစ်ဖြစ်၊ တစ်ခုလုံးပဲ ဖြစ်ဖြစ် ခရမ်းရောင်ပြောင်းသွားတယ်ဆိုရင် ဒါက စိုးရိမ်စရာဖြစ်လာပါပြီ။ ဘာကြောင့်လဲဆိုတော့ ဒါက ကူးစက်ရောဂါ ခံစားနေရခြင်း၊ နာကျင်ခြင်းတို့ကြောင့် အရောင်ပြောင်းတာ ဖြစ်နိုင်လို့ပါ။ လိင်စိတ်ပြင်းပြလို့ လိင်တံ ခရမ်းရောင်ပြောင်းသွားတဲ့ ဖြစ်စဉ်ကို ဖယ်ထားလိုက်ရင် လိင်တံကို ခရမ်းရောင်ပြောင်းစေနိုင်တဲ့ တခြား ဖြစ်စဉ်တွေကတော့။လိင်အင်္ဂါရေယုန်တွေနဲ့ ဆစ်ဖလစ်လို ရောဂါမျိုးက ခရမ်းရောင် အနာတွေကို ပေါက်စေနိုင်ပါတယ်။ ဒါ့အပြ် လိင်အင်္ဂါရေယုန်တွေနဲ့ ဆစ်ဖလစ်ရောဂါ ကူးစက်ခံရရင် ခံစားရမယ့် ဝေဒနာတွေကတော့။ဒီလို လိင်မှတစ်ဆင့်ဖြစ်ပွားတဲ့ ကူးစက်ရောဂါတွေကို ကာကွယ်ဖို့ အတွက်ကတော့ အန္တရာယ်ကင်းတဲ့လိင်မှုကိစ္စကို ကျင့်သုံးဖို့ပါပဲ။ ဒါ့အပြင် ကိုယ့်အဖော်ဖြစ်သူရဲ့ လိင်မှုကျန်းမာရေးကို သိရှိခြင်းကလည်း လိင်မှတစ်ဆင့် ကူးစက်ရောဂါ (STD ) တွေကို ကာကွယ်ပေးနိုင်ပါတယ်။ခန္ဓာကိုယ်တွင်းသွေးကြောများ ပေါက်ပြဲသွားတဲ့ အခါ အရေပြားအောက်မှာ သွေးများ ထွက်လာပါတော့တယ်။ ဒီလို သွေးများလာတဲ့အခါ အသားရောင်က ခရမ်းရောင်ပြောင်းလာပါတယ်။ ဒီလို ဖြစ်စဉ်မျိုးဟာ လိင်တံအပြင်တခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ ဒီလို ဒဏ်ရာအသေးစားလေးတွေက ထွေထွေထူးထူး ကုသစရာမလိုပါဘူး။ လိင်တံမှာ ဒီလို ဒဏ်ရာရခြင်းဟာ အောက်ပါ အချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။ဒီလို ဒဏ်ရာသေးတွေဟာ နာကျင်ပြီး အထိမခံနိုင်လောက်အောင် ဖြစ်တတ်ပါတယ်။ ပျောက်ကင်းသွားတာနဲ့ အမျှ အရောင်ပြန်လျော့သွားနိုင်ပါတယ်။ တကယ်လို ဒဏ်ရာက သူ့ဘာသာ မပျောက်ကင်းဘဲ ပိုပြီးကြီးလာမယ်ဆိုရင် ဆရာဝန်ထံ အမြန်ဆုံး သွားရောက်ပြသသင့်ပါတယ်။Purpura ဆိုတာ အရေပြားအောက် သွေးထွက်ခြင်းကြောင့် အရေပြားပေါ်မှာ ပန်းရောင် အကွက်တွေ ထင်ထင်ရှားရှားပေါ်လာခြင်းကို ပြောတာ ဖြစ်ပါတယ်။ သာမန်အားဖြင့် ပန်းရောင် အကွက်တွေဟာ အန္တရာယ်မရှိပေမယ့် တစ်ခါတစ်ရံ ဒီလို ပန်းရောင် အကွက်များပေါ်ခြင်းဟာ သွေးခဲခြင်း ဝေဒနာကို ခံစားနေကြောင်း သက်သေပြနေတာ ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ platelet လို့ခေါ်တဲ့ သွေးဥမွှား ပမာဏနည်းနေတဲ့အခါ သွေးအလွန်အကျွံထွက်နိုင်ပါတယ်။ ဒီလို ပန်းရောင် အမှတ်များရဲ့ အရွယ်အစားဟာ များသောအားဖြင့် ၃ မီလီမီတာနဲ့ ၁ စင်တီမီတာကြားမှာရှိနိုင်ပါတယ်။တချို့သော ဆေးဝါးများနဲ့အာဟာရဓာတ် ချို့တဲ့တဲ့အခါမှာလည်း ခန္ဓာကိုယ်မှာ ပန်းရောင်ကွက်တွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဒီလို ပန်းရောင်ကွက်တွေ ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေကတော့-။သွေးစုခြင်းဆိုတာ ခန္ဓာကိုယ်အင်္ဂါတစ်ခုရဲ့ အတွင်းပိုင်း တစ်ရှူးတွေမှာ ဒဏ်ရာ ဖြစ်ပေါ်ခြင်းကို ခေါ်တာ ဖြစ်ပါတယ်။ ဒီဒဏ်ရာလေးတွေကို ထိကြည့်ရင် နည်းနည်းဖုနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလို သွေးစုခြင်း ဖြစ်ပေါ်တဲ့ အခါ ဒဏ်ရာရနေတဲ့ တစ်ူးမှ သွေးများက အရေရေားအောက်မှာ လာစုနေတတ်ပါတယ်။ခန္ဓာကိုယ်ရဲ့ အမျိုးမျိုးသော အစိတ်အပိုင်းတွေမှာ သွေးစုခြင်းကို အခြေခံပြီး သွေးစုခြင်းကို ပုံစံအမျိုးမျိုး ခွဲခြားလို့ရပါတယ်။ ဒီလို သွေးစုခြင်းဟာ သွေးပမာဏကို နည်းပါးသွားစေပြီး သွေးထွက်လွန်စေနိုင်ပါတယ်။ တကယ်လို့ လိင်တံမှာ သွေးစုနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ပြသသင့်ပါတယ်။Lichen sclerosus ဆိုတာ အရေပြားပေါ်မှာ အဖြူရောင် အကွက်များကို ဖြစ်ပေါ်စေတဲ့ ရောဂါဝေဒနာ တစ်မျိုး ဖြစ်ပါတယ်။ ဒီလို အဖြူရောင်ကွက်များ ဖြစ်ပေါ်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ အရေပြားတိုင်းမှာ ဖြစ်ပေါ်နိုင်ပေမယ့် များသောအားဖြင့် အမျိုးသမီး အင်္ဂါနှုတ်ခမ်းဝ၊ အမျိုးသား လိင်တံထိပ်ငုံအရေပြားနဲ့ စအိုနားတစ်ဝိုက်က အရေပြားတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ဒီလို အဖြူရောင် အကွက်တွေက လိင်တံထိပ်ငုံအရေပြား မဖြတ်ထားတဲ့ အမျိုးသားတွေမှာ ပိုဖြစ်တတ်ကြပါတယ်။ ဒီလို အဖြူကွက်များ ဖြစ်ပေါ်တဲ့ ဝေဒနာကို မကုသဘဲထားရင် လိင်မှုကိစ္စဆိုင်ရာ ချို့ယွင်းမှုနဲ့ ပြင်းထန်တဲ့ အမာရွတ်များကို ဖြစ်ပေါ်စေပါတယ်။ စောစောစီးစီး သိပြီး ကုသမယ်ဆိုရင်တော့ အမာရွတ်ဖြစ်ပေါ်ခြင်းနဲ့ အကျိုးဆက်များကို တားဆီးနိုင်ပါတယ်။ဓာတ်မတည့်ခြင်းဆိုတာ ခန္ဓာကိုယ် ကိုယ်ခံအားစနစ်က တရားလွန် အလုပ်လုပ်ခြင်းကို ခေါ်တာ ဖြစ်ပါတယ်။ ဓာတ်မတည့်တဲ့ ဝေဒနာ ရှိတဲ့ လူတစ်ယောက်မှာဆိုရင် ဒီလူရဲ့ ခန္ဓာကိုယ်ခံအားစနစ်က သာမန်အားဖြင့် အန္တရာယ်မရှိတဲ့ ဖုန်မှုန့်တွေမှာ နေတဲ့ အကောင်လေးတွေ၊ ဝတ်မှုန်တွေ၊ ဆေးဝါးတွေ ကို တိုက်ခိုက်ဖို့အတွက် ရောဂါကာကွယ်ပေးတဲ့ ပဋိဇီဝပစ္စည်းတွေကို ထုတ်လုပ်လိုက်ပါတယ်။ ဒီလို တရားလွန် အလုပ်လုပ်ခြင်းဟာ အနီကွက်ထခြင်း၊ မျက်လုံးယားခြင်း၊ နှာရည်ကျခြင်းနဲ့ အသက်ရှူှူခက်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။တချို့လူတွေကြတော့လည်း ဆေးဝါးတွေနဲ့ ဓာတ်မတည့်ကြပါဘူး။ ဒီလို ဆေးဝါးနဲ့ ပြင်းထန်စွာ ဓာတ်မတည့်တဲ့ ရောဂါကို Stevens-Johnson ရောဂါ လက္ခဏာလို့ခေါ်ပါတယ်။ Stevens-Johnson ရောဂါဟာ လိင်တံနဲ့ တခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ ခရမ်းရောင်နဲ့ အနီကွက်တွေ ဖြစ်စေနိုင်ပါတယ်။ ဒီအနီကွက်လေးတွေ ပိုဆိုးလာတာနဲ့ အရေခွံများ ကွာကျခြင်းနဲ့ အနာများ ဖြစ်ပေါ်လာနိုင်ပြီး အသက် အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ ရောဂါသစ်တွေ ထပ်ထွက်လာနိုင်ပါတယ်။ Stevens-Johnson ရောဂါကို အရေးပေါ် ကုသဖို့လိုပါတယ်။တချို့သော ဆေးဝါးတွေက Stevens-Johnson ရောဂါ ဖြစ်စေနိုင်ပါတယ်။ အဲ့ဒါတွေကတော့-။အမျိုးသားတစ်ယောက်ဟာ အကြောင်းရင်း မသိဘဲ လိင်တံ အရောင်ပြောင်းလာပြီး နာကျင်မှုကို ခံစားရတာနဲ့ တစ်ပြိုင်နက် ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။ အထူးသဖြင့်။ဒီလို အချက်တွေ တွေ့လာလို့ ဆရာဝန်ထံသွားရောက်ပြသမယ်ဆိုရင် ဆရာဝန်က လူနာရဲ့ ဆေးဝါးမှတ်တမ်းနဲ့ မေးခွန်းများကို မေးမှာ ဖြစ်ပြီး လိင်တံ အရောင်ပြောင်းရခြင်းအတွက် စစ်ဆေးမှု အချို့ကို ပြုလုပ်မှာ ဖြစ်ပါတယ်။လိင်တံတွေက အရောင်ပြောင်းသွားနိုင်လား ဆိုတော့ ပြောင်းနိုင်ပါတယ်။ အမျိုးသားတစ်ယောက်ဟာ လိင်တံမှာ အရောင်ပြောင်းလာတာကိုတွေ့တာနဲ့ ချက်ချင်း ဆရာဝန်ထံ သွားရောက်ပြသသင့်ပါတယ်။ဒီလိုပြသလိုက်မှသာ လိင်တံကို သာမန် ပုံစံ၊ သာမန်အရောင်ပြန်ဖြစ်ဖို့ အတွက် ကုသနိုင်တဲ့ နည်းလမ်းတွေကို ရှာလို့ရမှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/penis-change-color/
ခေါင်းလျှော်ပေးခြင်းကနေ ရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ
လူတော်တော်များများက နေ့တိုင်းနီးပါးရေချိုးကြပေမယ့် ခေါင်းလျှော်ဖို့ကျ မေ့နေတတ်ပါတယ်။ ခေါင်းကနေ့တိုင်းလျှော်ဖို့ မလိုဘူးဆိုပေမယ့် အနည်းဆုံး တစ်ပတ်ကို ၂ ကြိမ်လောက်တော့ လျှော်ပေးသင့်ပါတယ်။ အကြောင်းကတော့ဆံသားတွေ မှာလည်း ရောဂါပိုးတွေ ကပ်တွယ်နေနိုင်တာကြောင့်ပါ။ခေါင်းကိုတလျှော်၊ ကင်ပွန်းသီးနဲ့ပဲ ဖြစ်ဖြစ် အလွယ်တကူလျှော်လို့ရတဲ့Shampooနဲ့ပဲဖြစ်ဖြစ် ပုံမှန်လေးလျှော်ပေးသင့်ပါ တယ်။ ဒီလို လျှော်ပေးတာကြောင့် ဘယ်လို အကျိုးကျေးဇူးတွေများ ရနိုင်သလဲ….။ဆံသားတွေ ကျန်းမာစေနိုင်တယ်။ဆံပင်ကို ပုံမှန်လျှော်ပေးတာက ဆံသားတွေ ကျိုးတာပျက်တာနဲ့ မွဲခြောက်ခြောက်ဖြစ်တာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးရာ ရောက်ပါတယ်။ ခေါင်းလျှော်တဲ့အခါမှာ ခပ်ကြမ်းကြမ်းပွတ်လျှော်တာမျိုး မလုပ်ဖို့တော့ လိုပါမယ်။စိတ်ကြည်လင် လန်းဆန်းစေတယ်။ခေါင်းလျှော်လိုက်တဲ့အခါ စိတ်လက်ပေါ့ပါးသွားတာမျိုး ခံစားဖူးကြမယ်ထင်ပါတယ်နော်။ ခေါင်းပေါ့သွားတာပဲလို့တောင် ပြောဖူးမှာပါ။ တွေးရကြပ်လာတဲ့အခါ၊ စိတ်ရှုပ်လာတဲ့အခါမျိုးမှာခေါင်းလျှော်လိုက်ပါ စိတ်သက်သာရာ ရပါလိမ့်မယ်။ခေါင်းချွေးနံ့ကင်းစေတယ်။တစ်နေ့တာ လှုပ်ရှားသွားလာမှုကြောင့်ခန္ဓာကိုယ်မှာတင် မဟုတ်ပါဘူး။ ဦးခေါင်းမှာလည်း ချွေးထွက်တတ်ပါတယ်။ ဒီလိုချွေးထွက်လာတဲ့အခါ ဆံသားတွေကပ်တာ၊ ခေါင်းချွေးနံ့နံတာကြောင့် စိတ်ရှုပ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒီတော့ အနံ့ဆိုးကင်းပြီး နေ့ရက်တိုင်းကို ကြည်လင်လန်းဆန်းစွာဖြတ်ကျော်ချင်ရင်တော့ ခေါင်းပုံမှန်လျှော်ဖို့လိုပါမယ်။ဦးရေပြားကျန်းမာစေတယ်။ခေါင်းလျှော်တာက ဦးရေပြားမှာဖြစ်နိုင်တဲ့ အရေပြားပြဿနာတွေကို ကင်းစေနိုင်ပါတယ်။ ဦးရေပြားကလည်း အရေပြားပဲ ဖြစ်တာကြောင့် သန့်ရှင်းမှု အားနည်းတဲ့အခါ အရေပြားပြဿနာခံစားရနိုင်ပါတယ်။ဦးရေပြားကိုသွေးစီးဆင်းမှုကောင်းစေတယ်။ခေါင်းမလျှော်ခင်မှာ ဦးရေပြားကို နှိပ်နယ်ပေးတဲ့ အကျင့်လေးလုပ်ပါ။ ခေါင်းလျှော်တဲ့အခါမှာလည်းလက်ချောင်းထိပ်လေး တွေနဲ့ ခပ်ဖွဖွလေးလျှော်ပါ။ ဒီလိုလုပ်တာက ဦးရေပြားကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး ဆံသားရော ဦးရေပြားကိုပါ ကျန်းမာစေမှာပါ။ဦးရေပြားအဆီပြန်တာကို သက်သာစေမယ်။ဦးရေပြား အဆီပြန်တယ်ဆိုတာက မျက်နှာအဆီပြန်သလို ဦးရေပြားမှာ အဆီတွေထွက်တာပါ။ ဒါက ကြော့ရှင်းမှုကို ထိခိုက်စေနိုင်သလိုဆံပင်ကျွတ်တာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာတွေ ကင်းဖို့ဆိုရင်တော့ ခေါင်းမှန်မှန် လျှော်ပါ။ဗောက်သက်သာစေနိုင်တယ်။ဗောက်ဆိုတာက ဦးရေပြားပေါ်က ဆဲလ်သေတွေပါ။ ဗောက်ကြောင့်ဦးရေပြားယားယံပြီး ကုတ်မိတဲ့အခါ အနာတွေ ဖြစ်နိုင်ပါတယ်။ ဗောက်က ကြည့်တော့သာ ဘာမှမဟုတ်ပေမယ့် ဆံပင်ကျွတ်တာအပါအဝင် ဦးရေပြားနဲ့ဆံသားကို တော်တော်လေး ထိခိုက်စေနိုင်ပါတယ်။ဒီပြဿနာကို ကင်းချင်ရင်တော့ အကောင်းဆုံးနည်းလမ်းက ခေါင်းလျှော်တာပါ။ဆံပင် သန်စေနိုင်တယ်။ဆံပင်က လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာပါ။ ဒီတော့ လှပကြော့ရှင်းဖို့ဆိုရင် ဆံသားကျန်းမာနေဖို့က မရှိမဖြစ် လိုအပ် ပါတယ်။ ဒီတော့ ဆံပင်သန်စေဖို့ ခေါင်းလျှော်ပါ။ ခေါင်းလျှော်တာက မကျန်းမာတဲ့ ဆံသားတွေကို အားဖြည့်ပေးနိုင်သလို ကျန်းမာရေးအားနည်းနေတဲ့ ဆံပင်တွေကို ဖယ်ရှားပေးပြီး ဆံပင်အသစ်တွေထွက်လာအောင် လှုံ့ဆော်ပေးပါတယ်။ဒီတော့ ကျန်းမာသန်စွမ်းတဲ့ ဆံသားကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ခေါင်းပုံမှန်လျှော်ပေးပါ။ရောဂါပိုးတွေကို ကာကွယ်ပေးနိုင်တယ်။ပတ်ဝန်းကျင်မှာ မျက်စိနဲ့ မမြင်နိုင်တဲ့ပိုးမွှားတွေက ဒုနဲ့ဒေးပါ။ ဒါတွေက အဝတ်အစားနဲ့ လက်မှာတင် ကပ်ပါလာနိုင်တာ မဟုတ်ပါဘူး။ ဆံပင်မှာလည်း ကပ်ပါလာနိုင်ပါတယ်။ ဒီတော့ ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ချင်တယ်ဆိုရင် ဆံပင်တွေကို ပုံမှန် သန့်ရှင်ပေးဖို့လိုပါမယ်။ဝက်ခြံကင်းစေတယ်။ခေါင်းလျှော်တာကမျက်နှာ အသားအရေကျန်းမာစေဖို့လည်းအကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဆံပင်ကို ပုံမှန်လျှော်တဲ့အခါဆံပင်က အညစ်အကြေးတွေ မျက်နှာကို လာထိနိုင်ခြေနည်းသွားပြီး ဝက်ခြံသက်သာစေမှာပါ။Hello Health Groupသည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/hair-washing-benefits/
သည်းခြေအိတ်ခွဲစိတ်ကုသပြီးချိန် ကြုံတွေ့နိုင်သည့်အရာများ
သည်းခြေအိတ်ဆိုတာ ဝမ်းဗိုက်ရဲ့ညာဘက်ခြမ်း အသည်းရဲ့အောက်ခြေမှာ အိတ်ပုံသဏ္ဌာန် တည်ရှိနေတဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ်။ သူ့ရဲ့လုပ်ငန်းတာဝန်ကတော့ သည်းခြေရည်တွေကို သိုလှောင်ပေးဖို့နဲ့ ထုတ်လွှတ်ပေးဖို့ ဖြစ်ပါတယ်။ အဆိုပါသည်းခြေရည်များကို အသည်းကနေ ထုတ်လုပ်ပေးပြီး အဆီဓာတ်ကို ချေဖျက်ပေးဖို့ ရည်ရွယ်ချက်နဲ့ ထုတ်လုပ်ခြင်း ဖြစ်ပါတယ်။ကိုလက်စထရောနဲ့ ဘီလီရူဘင်ဆိုတဲ့ အသည်းရဲ့ရောင်ခြယ်ဓာတ်တွေ များပြားလာရင် သည်းခြေအိတ်နဲ့ပတ်သက်တဲ့ ရောဂါတွေ ဖြစ်လာပါတယ်။ ကြုံတွေ့ရနိုင်တဲ့ အခြေအနေတွေကတော့။–သည်းခြေကျောက်တည်ခြင်း။– သည်းခြေကျောက်များကြောင့် ရုတ်တရက် (သို့မဟုတ်) နာတာရှည်ရောင်ရမ်းခြင်း။– သည်းခြေပြွန်ကျောက်တည်ခြင်း စတာတွေ ဖြစ်ပါတယ်။အဆိုပါအခြေအနေတွေကြုံလာရတဲ့အခါ အတော်လေး ခံရခက်ပါတယ်။ဗိုက်အောင့်ခြင်း၊ ကျောအောင့်ခြင်း၊ ပျို့အန်ခြင်း စတဲ့လက္ခဏာတွေ ကြုံတွေ့ရပါတယ်။ လိုအပ်ရင် သည်းခြေအိတ်ကို ခွဲစိတ်ဖယ်ရှားဖို့် လိုပါတယ်။လူတယောက်ဟာ သည်းခြေအိတ်မရှိဘဲနဲ့ ကျန်းမာစွာ နေထိုင်နိုင်ပါတယ်။ သည်းခြေအိတ်မရှိရင် အသည်းကနေ ထွက်လာတဲ့ သည်းခြေရည်များဟာ အူထဲကို တိုက်ရိုက်ရောက်ရှိသွားပြီး အစာချေရာမှာ ကူညီနိုင်ပါသေးတယ်။ ဒါပေမယ့် သည်းခြေအိတ်မရှိခြင်းကြောင့် ဘေးထွက်ဆိုးကျိုးအချို့တော့ ကြုံနိုင်ပါတယ်။ခွဲစိတ်ကုသမှုမှန်သမျှမှာ ဆိုးကျိုးတွေ၊ နောက်ဆက်တွဲပြဿနာတွေ ကြုံနိုင်ပါတယ်။ ခွဲစိတ်ထားသည့်နေရာမှ သွေးထွက်ခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ ရောဂါပိုးဝင်ခြင်း စတာတွေ ကြုံနိုင်ပါတယ်။ ဒါတွေဟာ ခွဲစိတ်ပြီး သိပ်မကြာခင်ကြုံနိုင်တာတွေပါ။သည်းခြေအိတ်ခွဲစိတ်ဖယ်ရှားပြီးနောက်ပိုင်း ကြုံနိုင်တဲ့ပြဿနာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။သည်းခြေအိတ်မရှိတဲ့နောက်ပိုင်းမှာ အဆီဓာတ်ကို ချေဖျက်နိုင်ဖို့အတွက် အသားကျအောင် ကိုယ်ခန္ဓာက ကြိုးစားရပါတယ်။ ဒီအတွက် အချိန်လိုပါတယ်။ ခွဲစိတ်ကုသမှုအတောအတွင်းမှာ သုံးစွဲနေတဲ့ ဆေးဝါးတွေကြောင့် အစာမကြေခြင်းလည်း ကြုံနိုင်ပါတယ်။ ဒီဘေးထွက်ဆိုးကျိုးဟာ သိပ်ပြီးမကြာနိုင်ပေမယ့် လူနာတချို့ကတော့ အချိန်ကြာကြာကြုံရပါတယ်။ သည်းခြေရည်များ တခြား အင်္ဂါအစိတ်အပိုင်းထဲ ရောက်သွားခြင်း၊ သည်းခြေပြွန်ထဲ သည်းခြေကျောက်ကျန်နေခြင်း စတာမျိုးတွေ ကြုံနိုင်ပါသေးတယ်။အစာမကြေခြင်းကြောင့် ဝမ်းပျက်ခြင်း ဒါမှမဟုတ် လေပွလေထခြင်းတွေ ကြုံနိုင်ပါတယ်။ အဆီဓာတ် ဒါမှမဟုတ် အမျှင်ဓာတ်ကို များများစားမိသွားရင် ဖြစ်တတ်ပါတယ်။ အဆီဓာတ်ကို ချေဖျက်ဖို့ အူထဲကို လုံလောက်တဲ့ သည်းခြေရည်တွေ မရောက်ရှိနိုင်ဖို့ ဖြစ်ပါတယ်။သည်းခြေအိတ်ဖယ်ထုတ်ခြင်းဟာ ဝမ်းချုပ်နိုင်ခြေကိုတောင် လျော့ကျစေနိုင်ပေမယ့် မေ့ဆေးပေးခြင်းနဲ့ ခွဲစိတ်ကုသမှုတွေကြောင့် ဝမ်းချုပ်ခြင်းကို ကြုံတွေ့နိုင်ပါတယ်။ ဒါပေမယ့် ခဏလောက်ပဲ ဖြစ်ပါတယ်။ ရေဓာတ်နည်းရင် ဝမ်းချုပ်တာ ပိုဆိုးပါတယ်။သည်းခြေအိတ်ကို ခွဲစိတ်ဖယ်ရှားရကနေ အူလမ်းကြောင်းကို ထိခိုက်မှုဖြစ်တာ ရှားပါတယ်။ ခွဲစိတ်မှုပြီးချိန်မှာ ဗိုက်အောင့်နေတတ်တာ ကြုံတွေ့ရတတ်တဲ့ ပြဿနာပါ။ ဒါပေမယ့် ရက်အနည်းငယ်နေလို့မှာ မသက်သာရင်၊ ပိုပြီးဆိုးလာရင် ဆရာဝန်ကို ဖွင့်ပြောရပါမယ်။သည်းခြေအိတ်ခွဲစိတ်ကုသပြီးချိန် နေထိုင်စားသောက်ပုံအချို့ကို ပြောင်းလဲပေးဖို့ လိုပါတယ်။ အဓိကအချက်ကတော့ အဆီဓာတ်များတဲ့ အစားအသောက်တွေကို ရှောင်ကြဉ်ရပါမယ်။ အစားကို နည်းနည်းချင်းစီနဲ့ ခွဲပြီးစားသုံးရပါမယ်။ တနပ်တည်းနဲ့ ဗိုက်တင်းသွားအောင် မစားသင့်ပါတယ်။ ခွဲစိတ်ပြီး လအနည်းငယ်အထိ အမျှင်ဓာတ်များတဲ့ အစားအစာတွေကို ရှောင်ကြဉ်ရပါမယ်။ နောက်ပိုင်းမှာ အမျှင်ဓာတ်ကို နည်းနည်းချင်းစီပြန်စားပြီး အလေ့အကျင့်လုပ်ယူရပါမယ်။ နို့ထွက်ပစ္စည်းတွေကို စားသုံးမှုလျှော့ချသင့်ပါတယ်။ခွဲစိတ်ပြီးနောက်ပိုင်းမှာ ကိစ္စအထွေအထူးမရှိရင် ဆရာဝန်ချိန်းဆိုတဲ့ ရက်တွေမှာ သွားရောက်ပြသရပါမယ်။ အောက်ပါအခြေအနေတွေကြုံရင်တော့ ဆရာဝန်ပြန်မချိန်းထားလည်း ပြန်လည်ပြသင့်ပါတယ်။– ဗိုက်အောင့်ခြင်း၊ ယခင်ထက်ပိုဆိုးလာခြင်း။– ဆက်တိုက်ပျို့အန်နေခြင်း။– အသားဝါလာခြင်း၊ မျက်စိဝါလာခြင်း။– ခွဲစိတ်ပြီး ၃ရက်ကျော်သော်လည်း လေမလည်သေးခြင်း။– သုံးရက်ထက်ကျော်ပြီးဝမ်းပျက်နေခြင်း။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/gallbladder-disease/gallbladder-removal-side-effects/
မွေးပြီး သိပ်မကြာခင် ကလေးအသားတွေ ဝါနေပြီလား။ ဒါလေးတွေသိထားဖို့လိုတယ်နော်။ ။
မေမေတို့ အားလုံးသိကြမှာပါ။ ကိုယ့်ကလေးက မနေ့ကမှ မွေးတယ် ဒီနေ့ အသားဝါနေတယ်ဆိုတာမျိုးတွေ။ ကလေးအသားလေးက ပန်းရောင်မသန်းဘဲ ဝါနေပြီဆိုရင်တော့ သေချာပါတယ်။ သင့်ကလေးမှာ jaundice လို့ခေါ်တဲ့အသားဝါတဲ့ ပြဿနာဖြစ်နေပါပြီ။ ဒါက ကလေးတော်တော်များများ ကြုံတွေ့ရတဲ့ ကိစ္စတစ်ခုဖြစ်နေတော့ အချိန်မီကုသလိုက်ရင် ဘာပြဿနာမှ မဖြစ်နိုင်ပေမယ့် သူ့ဘာသာပြန်ပျောက်သွားမှာပါဆိုပြီး ပေါ့ဆနေလိုက်လို့ကတော့ ကလးအသားဝါတဲ့ပြဿနာကနေ ကလေးညဏ်ရည်မမှီတော့တဲ့အထိ ပြင်းထန်သွားတတ်ပါတယ်။ အသားလေးဝါတာ ဒီလောက်တောင်ပြင်းထန်တတ်လား။ အဲဒီမေးခွန်းရဲ့ အဖြေကို သိဖို့ ဒါလေးကိုဖတ်ကြည့်စေချင်ပါတယ် ။ဆေးပညာမှာခေါ်တဲ့Jaundiceဖြစ်နေတယ်ဆိုတာ ကလေးအသားနဲ့ မျက်လုံးတွေဝါနေတာကို ဆိုလိုတာပါ။ ဒီလို အသားဝါခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းကတော့ ကလေးသွေးထဲမှာbilirubinတွေများနေတာကြောင့်ပဲဖြစ်ပါတယ်။ပုံမှန်ဆို သွေးတွင်းမှာရှိတဲ့သွေးနီဥဆဲလ်လေးတွေက သူ့သက်တမ်း ရက်ပေါင်း ၁၂၀ ကုန်တာနဲ့ အလိုလို ပေါက်ကွဲပျက်စီးပါတယ်။ Bilirubin ဆိုတာ အဲဒီ သွေးနီဥဆဲလ်လေးတွေ ပေါက်ကွဲရာက ထွက်လာတဲ့ အဝါရောင်ခြယ် ပစ္စည်းတွေဖြစ်ပါတယ်။ ဒီလို ထွက်လာတဲ့ Bilirubin တွေကိုအသည်းက ခြေဖျက်ပေးပြီး သွေးကတစ်ဆင့် အူထဲပို့ကာ ဝမ်းနဲ့အတူ စွန့်ထုတ်လေ့ရှိပါတယ်။မွေးကင်းစကလေးတွေရဲ့ အသည်းက လူကြီးတွေလို ကောင်းကောင်းအလုပ်မလုပ်သေးနိုင်တာကြောင့် သွေးတွင်းမှာBilirubinတွေစုပုံလာပြီး ကလေးတွေ အသားဝါရတာဖြစ်ပါတယ်။ ရက်ကြာလာတဲ့အမျှ ကလေးရဲ့ အသည်းက ပုံမှန်လည်ပတ်နိုင်လာတာကြောင့် အသားဝါတဲ့ ပြဿနာဟာ သူ့ဘာသာသူ ပြန်ပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် ဆေးကုသမှု ခံယူဖို့လိုအပ်တဲ့ တစ်ချို့အသားဝါတဲ့ ပြဿနာတွေလည်းရှိပါတယ်။ ဒါ့ကြောင့် ကလေး အသားဝါပြီဆိုတာနဲ့ ဘယ်လိုပဲဖြစ်ဖြစ် မပေါ့ဆသင့်ပါဘူး။Jaundice မှာ physiological ( ပုံမှန်ဖြစ်နေကျ) နဲ့ pathological ( ရောဂါအခံတစ်ခုခုကြော့င်) jaundice ဆိုပြီး နှစ်မျိုးရှိပါတယ်။Jaundiceဖြစ်နေတဲ့ ကလေးတစ်ယောက်ရဲ့ အသားတွေက ဝါနေပါလိမ့်မယ်။ စစချင်းမှာ မျက်နှာကစပြီး ရင်ဘတ်၊ ဗိုက်နဲ့ ခြေထောက်ဆီကို တဖြည်းဖြည်း အဝါပြန့်သွားပါလိမ့်မယ်။ ကလေးရဲ့ မျက်လုံးအဖြူသားနေရာမှာလည်း ဝါနေတတ်ပါတယ်။ သွေးတွင်းမှာbilirubinအများကြီးရှိပြီး ဝါထိန်နေတဲ့ကလေးတစ်ယောက်ဟာ တစ်ချိန်လုံး အိပ်ချင်နေတတ်ပြီး၊ နုန်းနေမယ်၊ ကိုယ်လုံးကလည်း ပျော့ဖတ်နေတတ်ပြီး အစားကျွေးရလည်း ခက်နေပါလိမ့်မယ်။ အသားမဲတဲ့ကလေးတွေမှာလို ဒီလိုအသားဝါတာဟာ မသိသာဘဲဖြစ်နေတတ်ပါတယ်။ ဒါေ့ကြာင့် သေချာချင်ရင် အသားမဲတဲ့ကလေးတွေရဲ့ နဖူးနဲ့ နှာခေါင်းလေးကို လက်လေးနဲ့အသာလေးဖိကြည့်ပြီး ပြန်လွှတ်လိုက်တဲ့အခါမှာ ဖိထားတဲ့ နေရာမှာ ဝါကျန်ခဲ့နေရင် သင့်ကလေးမှာJaundiceဖြစ်နေပါပြီ ။ကုသတဲ့နည်းတွေကတော့ အသားဝါခြင်းကိုဖြစ်စေတဲ့အကြောင်းအရင်း၊ သွေးတွင်း bilirubin ပမာဏနဲ့ ကလေးအသက်ပေါ်မူတည်ပြီးကွဲပြားလေ့ရှိပါတယ်။ပုံမှန်ဖြစ်တတ်တဲ့ အသားဝါတဲ့ ပြဿနာကတော့ ကလေးအသက် ၂ ပတ်လောက်ဆို သူ့ဘာသာ ပြန်ပျောက်သွားတဲ့အတွက် ထူးထူးခြားခြား ဆေးကုသမှုတွေ မလိုပါဘူး။ ကလေးကိုမိခင်နို့များများတိုက်သင့်ပြီး မိခင်နို့မထွက်တဲ့ကိစ္စတွေမှာဆို ဆရာဝန်တွေက အခြားဖြည့်စွက် အာဟာရနို့မှုန့်တွေ တိုက်ဖို့ ညွန်ကြားပါလိမ့်မယ်။ပြင်းထန်တဲ့ အသားဝါတဲ့ ပြဿနာတွေမှာတော့ ကုသမှုကို တတ်နိုင်သမျှ စောစာခံယူဖို့ လိုအပ်ပါတယ်။ဒ့ါကြောင့် ကိုယ့်ကလေးက မွေးပြီး သိပ်မကြာခင် အသားဝါလာပြီ၊ ၂ပတ်ကျော်တဲ့ အထိလည်း မပျောက်ဘူး ဆိုရင်တော့ ကလေးရဲ့ သည်းခြေလမ်းကြောင်း၊ မျိုးရိုးဗီဇဆိုင်ရာ ပြဿနာနဲ့ အခြား ပြဿနာတွေဖြစ်နေနိုင်တဲ့အတွက် ဆရာဝန်ဆီ သွားပြဖို့ လိုအပ်ပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/baby-jaundice/
အချိုစားများတဲ့ကလေး ဘာပြဿနာတွေဖြစ်မလဲ
ကလေးတွေအချိုကြိုက်တာဟာ ထူးဆန်းတဲ့ ကိစ္စမဟုတ်ပေမယ့်မိဘတွေအတွက်တော့ အမြဲ စိုးရိမ်စရာ ဖြစ်နေတတ်ပါတယ်။ အချိုအရမ်းစားတဲ့အခါ ကိုယ့်ရဲ့ ကလေးကျန်းမာရေးကို ဘယ်လို ထိခိုက်စေနိုင်လဲ၊ ကလေးက အချိုတွေ အရမ်းစားနေလား၊ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲသွားနဲ့ ခံတွင်းကျန်းမာရေးပြဿနာတွေ၊ ကလေးကို တစ်နေ့ကို အချိုဘယ်လောက်နှုန်းကျွေးသင့်လဲ အစရှိသဖြင့် မိဘတွေကြားမှာ အမြဲ မေးခွန်းထုတ်နေရတဲ့ ပြဿနာကြီး တစ်ခုလိုပါပဲ။ကလေးအများစုက အချိုကြိုက်တာ သဘာဝပါ။ ကျန်းမာရေးအတွက်အာဟာရဓါတ်မပေးစွမ်းနိုင်ပေမယ့် ကလေးတွေရဲ့လျှာက အချိုတွေ၊ အဆီပါဝင်မှုများတဲ့ အစားအစာတွေကို ပိုပြီးတောင့်တပါတယ်။ မိဘတွေအနေနဲ့ ဒီအမူအကျင့်ကို အတင်းဖျောက်ဖျက်ဖို့ ကြိုးစားတာထက်စာရင် နေ့စဉ် နည်းနည်းစီ ထိန်းပြီးကျွေးပေးမယ်ဆိုရင် ကလေးတွေ အချိုအလွန်အကျွံစားတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။ ကလေးတွေ အမာစာ စတင်စားနိုင်တဲ့အရွယ်ထဲက အချိုတွေကိုတန်ဆေးလွန်ဘေးဆိုသလို ပမာဏနည်းနည်းသာ ကျွေးသင့်ပါတယ်။အချိုလွန်ကဲတဲ့ သကြားလုံး၊ ဆိုဒါအအေး၊ ကိတ်မုန့် အစရှိတဲ့အစားအစာတွေဟာ ကလေးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် ရေရှည်မှာလည်း စားသောက်နေထိုင်မှုပုံစံကို ထိခိုက်စေနိုင်ပါတယ်။ ကောင်းစွာ ကြီးထွားဖွံ့ဖြိုးဖို့အတွက် ကလေးတွေ နေ့စဉ်အစာအာဟာရမှာ ဆီ၊ဆား၊သကြားကို တတ်နိုင်သလောက် လျှော့ထည့်ဖို့ လူကြီးမိဘတွေအနေနဲ့ အကျင့်လုပ်ထားပေးပါ။သကြားဓါတ်ဟာ ကလေးတွေရဲ့ သွားနဲ့ ခံတွင်းကျန်းမာရေး၊ ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်ပြီး အရွယ်မတိုင်ခင် အဝလွန်တာ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ အစရှိတဲ့ နောက်ဆက်တွဲရောဂါဖြစ်နိုင်ခြေ မြင့်တက်လာပါတယ်။ ဒါကြောင့် အချိုစားသုံးမှုများတဲ့ ကလေးတွေမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်လဲဆိုတာကို ပြောပြပေးမယ်နော်။အချိုစားသုံးမှုများတာကြောင့် သွေးတွင်းသကြားဓါတ်များနေတဲ့ ကလေးတွေမှာ သာမန်ကလေးတွေထက် အဝလွန်ရောဂါ ဖြစ်နိုင်ခြေများလာပါတယ်။ နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးအနေနဲ့ ကလေးတွေမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆီးချိုရောဂါ၊ နှလုံးရောဂါ ဖြစ်လာဖို့ အခွင့်အလမ်းပိုများပါတယ်။အချိုစားလွန်းတဲ့ ကလေးတွေဟာ တစ်နေ့တာအတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေကို လုံလောက်စွာ မရရှိတာကြောင့် ကိုယ်ခံအားနည်းလာမယ်။ ကြာလာရင် အမောမခံနိုင်တာ၊ မကြာခဏဖျားနာတာတွေ ဖြစ်လာနိုင်ပါတယ်။ကလေးတွေဟာ ချိုလွန်းတဲ့ မုန့်တွေ၊ အအေးတွေကို မကြာခဏစားသောက်တဲ့အခါမှာ အာဟာရဖြစ်စေတဲ့ အစားအစာတွေကို စားဖို့ စိတ်မပါတော့ပါဘူး။ ဒီအခါမှာ ကိုယ်ခန္ဓါကြီးထွားမှုအတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေ၊ ကျန်းမာစေဖို့နဲ့ ကိုယ်ခံအား ကောင်းစေဖို့ ဗီတာမင်ဓါတ်တွေ မလုံလောက်တဲ့အတွက် ရောဂါတွေ အလွယ်တကူ ဝင်လာနိုင်ပါတယ်။သကြားဓါတ်ဟာ သွားနဲ့ ခံတွင်းကို ဆိုးရွားစွာ ထိခိုက်စေတဲ့ တရားခံတွေထဲမှာ တစ်ခုအပါအဝင်ပါပဲ။ အချိုဓါတ်များတဲ့ ဆိုဒါလို အအေးတွေ၊ ဖျော်ရည်တွေ သောက်တဲ့ ကလေးတွေ၊ သကြားလုံး၊ အချိုမုန့်မကြာခဏစားတတ်တဲ့ ကလေးတွေမှာ သွားပိုးပေါက်တွေ ဖြစ်လာတာ၊ သွားကြားထဲမှာ ဘက်တီးရီးယားပိုးမွှားတွေ ပိုမိုပေါက်ဖွားလာနိုင်လို့ သွားဟာ ကျိုးပဲ့ပျက်စီးလာနိုင်ပါတယ်။သကြားဓါတ်ဟာ ကလေးတွေရဲ့ ဦးနှောက်နဲ့ ဉာဏ်ရည်ကို ထိခိုက်စေပါတယ်။ အချိုဓါတ်စားသုံးမှုများတဲ့ ကလေးတွေဟာ စာမလိုက်နိုင်တာ၊ မှတ်ဉာဏ်ချို့ယွင်းတာ၊ မကြာခဏသတိမေ့တာတွေ ဖြစ်လာနိုင်တဲ့အတွက် တစ်နေ့တာ အချိုစားသုံးမှုပမာဏကို ကန့်သတ်ထားဖို့ လိုအပ်ပါတယ်။သကြားဓါတ်များတဲ့ အစားအစာတွေ မကြာခဏစားတဲ့ ကလေးတွေမှာ ချောင်းဆိုးတာ၊ ရင်ကျပ်တာ၊ ချွဲကျပ်တာတွေ အဖြစ်များပါတယ်။ စိုးရိမ်ရတဲ့အခြေအနေလောက်ထိ မဟုတ်ပေမယ့် ချောင်းဆိုးနေတဲ့အခါကျ ကိုယ်တိုင်ရော ဘေးလူတွေပါ စိတ်ကသိကအောင့် ဖြစ်စေတာပေါ့။ကိတ်မုန့်၊ ဆိုဒါဖျော်ရည် အစရှိတဲ့ အချိုဓါတ်များတဲ့ အစားအစာတွေဟာ စိတ်ဓါတ်ကျရောဂါကို ဖြစ်စေတဲ့ အကြောင်းရင်းတွေထဲက တစ်မျိုးပါပဲ။ အချိုအရမ်းစားလွန်းတဲ့ ကလေးတွေမှာစိတ်အတက်အကျမြန်တာအပြင် မောပန်းလွယ်တဲ့ လက္ခဏာတွေကိုပါ တွေ့ရပါတယ်။အချိုဓါတ်ဟာ မစားရရင် မနေနိုင်အောင် ကလေးတွေရဲ့ စိတ်ကိုစွဲလန်းစေနိုင်တဲ့ ဓါတ်တစ်မျိုးပဲဖြစ်ပါတယ်။ ချိုလွန်းတဲ့ အရသာကြောင့် ကလေးအများစု နှစ်ခြိုက်ကြတယ်။ အချိုတွေ စားပြီးတိုင်း ထပ်စားချင်လာတယ်။ အာဟာရရှိတဲ့ အစားအစာတွေကို စားချင်စိတ်တွေနည်းလာတယ်။ ခန္ဓါကိုယ်ကလိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ မရတဲ့အခါမှာ ကလေးတွေရဲ့ ကိုယ်ခံအားနဲ့ကျန်းမာရေးကို ထိခိုက်လာပါတယ်။ကလေးတွေကို ကျွေးတဲ့ အစားသောက်တွေမှာ အစာခြေစနစ်ကို ကျန်းမာစေတဲ့အကျိုးပြုဘက်တီးရီးယားအာဟာရ(Probiotics) တွေပါသင့်ပါတယ်။ ဒါမှ အူလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ အကျိုးပြု ဘက်တီးရီးယားတွေ အားကောင်းလာပြီး အပြင်ကဝင်လာတဲ့ ရောဂါပိုးတွေကို မြန်မြန်တိုက်ထုတ်နိုင်မှာပါ။ ဒါ့အပြင် ဦးနှောက်နဲ့အမြင်အာရုံဖွံ့ဖြိုးစေဖို့အတွက် အရေးပါတဲ့ ဓါတ်တွေဖြစ်တဲ့ DHA၊Omega-3နဲ့Omega-6 ပါဝင်တဲ့ အစားအသောက်တွေကိုလည်း ကျွေးသင့်ပါတယ်။ ကလေးတွေကိုကြီးထွားဖွံဖြိုးစေတဲ့ နို့တွေထဲမှာDHA၊ Omega-3၊ Omega-6 နဲ့ အကျိုးပြုဘက်တီးရီးယားအာဟာရ (Probiotics) တို့ ကြွယ်ဝစွာ ပါဝင်လို့ ကိုယ့်ရဲ့ ကလေးကို ဉာဏ်ရည်ထက်မြက်ပြီး ကျန်းမာစေလိုတဲ့ မေမေတွေအနေနဲ့ သေချာတိုက်ကျွေးသင့်ပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/sugary-foods/
ခြေသည်း လက်သည်း မှိုစွဲ ခြင်း
မှိုစွဲ တယ်ဆိုတာ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ဘက်တီးရီးယားတွေလိုပဲ သူတို့ကလည်း ခန္ဓာကိုယ်မှာ တိတ်တိတ်လေးရှိနေတတ်တယ်လေ။ များလာမှသာ လူကို ဒုက္ခပေးတာပါ။ဒါကြောင့် ခြေသည်း လက်သည်းမှ မှိုစွဲတယ်ဆိုတာလည်း ရှိတာပေါ့။ ဒါကို ဆေးပညာအရ ”Onychomycosis” လို့ ခေါ်ပါတယ်။ သူက တဖြည်းဖြည်းချင်းဖြစ်လာတဲ့အတွက် ရုတ်တရက် သိနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။မှိုစွဲရတာကခြေသည်းလက်သည်းရဲ့ အောက် ဒါမှမဟုတ် အပေါ်မှာ မှိုတွေ များလာလို့ပါ။ မှိုဆိုတာ သိတဲ့ အတိုင်း ပူနွေးစိုစွတ်တဲ့ နေရာကို ကြိုက်တယ်လေ။ ဒါကြောင့် ဒီလိုနေရာမှာဆိုရင် ပိုပွားလွယ်တာပေါ့။ကိုယ့်မှာ ရှိပြီးသား မှိုတွေ ပွားလာရင် မှိုစွဲတာ ဖြစ်နိုင်သလို တခြားသူဆီက ကူးတာလည်း ဖြစ်နိုင်ပါတယ်။ မှိုစွဲတာက လက်သည်းထက် ခြေသည်းမှာ ပိုတွေ့ရပါတယ်။ အထူးသဖြင့် ရှူးစီးတဲ့ သူတွေမှာပါ။ ခြေအိတ်လည်းဝတ်၊ ချွေးလည်းထွက်တော့ ပူနွေးစိုစွတ်ပြီး မှိုတွေ ပေါက်လွယ်တာပေါ့။နောက်ပြီး ကိုယ်က spaတွေမှာခြေသည်း လက်သည်း အလှပြင်ရတာ ကြိုက်တဲ့သူဆိုရင် သတိထားပါ။ သုံးတဲ့ ကိရိယာတွေကို ပိုးသတ်ထားရဲ့လား သေချာမေးပါ။ သေချာ ပိုးမသတ်ဘူးဆိုရင် ဒါတွေကနေလည်း မှိုကူးတတ်ပါတယ်။အမျိုးသားတွေက အမျိူးသမီးတွေထက် ပိုပြီး ဖြစ်နိုင်ပါတယ်။ လူကြီးတွေက ကလေးတွေထက်ပိုပြီး ဖြစ်နိုင်ခြေ များပါတယ်။ အတူနေ မိသားစုထဲမှာ တစ်ယောက်ဖြစ်နေရင် သူ့ဆီကနေ ကူးနိုင်ပါတယ်။ နောက်ပြီး အသက်ကြီးတဲ့ သူတွေကျတော့ သွေးလည်ပတ်မှု မကောင်းတာရော၊ ခြေသည်း အရှည်နှေးတာရော၊ ထူလာတာရောကြောင့် ပိုဖြစ်နိုင်ပါတယ်။သိပ်ဆိုးလာရင်တော့ နာလည်း နာမယ်။ ခြေသည်း လက်သည်းလည်း လုံးဝပျက်စီးသွားနိုင်ပါတယ်။ နောက်ခုခံအားပါ ကျနေမယ်ဆိုရင် တခြားနေရာကိုပါ ပျံ့သွားနိုင်ပါတယ်။ဥပမာပြောရရင် သင့်မှာ ဆီးချိုရှိတယ်ဆိုပါတော့။ သွေးလည်ပတ်မှုလည်း ကောင်းမှာ မဟုတ်သလို အာရုံကြောလည်း ထိခိုက်ထားလို့ ထိတာလည်း မသိပါဘူး။ ပြီးတော့ ပိုးလည်းဝင်လွယ်တယ်လေ။ ဒါကြောင့် ဒဏ်ရာသေးသေးလေးရခဲ့ရင်တောင် မှိုစွဲတာအပြင် တခြား ရောဂါပိုးတွေ ဝင်လာနိုင်ပါသေးတယ်။ကုရခက်တဲ့ အထဲမှာ ပါပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ သေချာ ကုပါ။အချိန်အတော်ကြာအောင် ကုရမှာပါ။ ပျောက်သွားလည်း အနေအထိုင် မဆင်ခြင်ရင် ပြန်ဖြစ်နိုင်တယ်ဆိုတာ သတိပြုပါ။ နည်းလမ်းတွေကတော့။မှိုစွဲတာက မဖြစ်အောင် ကာကွယ်လို့ရပါတယ်။ နည်းလမ်းတွေကတော့။ဒီလောက်ဆိုရင်တော့ မှိုစွဲတာကို အတော်အသင့် ကာကွယ်နိုင်မှာပါ။ ဖြစ်လာရင်လည်း ဆရာဝန်နဲ့ ပြပြီး သေချာ ကုသမှု ခံယူဖို့ မမေ့ပါနဲ့။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/nail-care/fungal-nail-infection/
သင့်ကော်ဖီကို ဒီလိုအားဖြည့်ရအောင်
သင်ဟာ ကော်ဖီကြိုက်သူ တစ်ယောက်လား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဆက်ဖတ်ကြည့်ပေးပါ။ သင်သောက်နေကျ သင့်ကော်ဖီကို ဒီလိုအားဖြည့်ရအောင် ပါ။ကော်ဖီတစ်ခွက်ဟာ သင့်ကို လန်းဆန်းတက်ကြွစေနိုင်ပါတယ်။ ဒီကော်ဖီထဲကို သင့်ကျန်းမာရေးအတွက် အကျိုးဖြစ်စေမယ့် ဗီတာမင်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ တခြားအာဟာရဓာတ်တွေ ဖြည့်စွက်လိုက်တဲ့အခါ သင့်ကော်ဖီဟာ ပိုမိုပြီးပြည့်စုံသွားမှာ ဖြစ်ပါတယ်။ ကော်ဖီစွဲနေသူများအတွက်လည်း အာဟာရဓာတ်များ ပေါင်းထည့်ပေးခြင်းအားဖြင့် ပိုမိုအကျိုးရှိစေမှာ ဖြစ်ပါတယ်။ယခုဖော်ပြပေးမယ့် နည်းလမ်းတွေကတော့ သင့်ရဲ့ကော်ဖီကို ပိုမိုအသက်ဝင် ထူးခြားအောင် ဘယ်လိုအာဟာရပစ္စည်းများနဲ့ အားဖြည့်ရမလဲ ဆိုတာပါပဲ။သင့်ကော်ဖီကို ဒီလိုအားဖြည့်ရအောင် ဆိုတော့ ဘယ်လို အားဖြည့်ရမလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ကော်ဖီထဲကို သစ်ကြံပိုးခေါက်မှုန့်ထည့်ခြင်းဟာ အရသာပိုမိုထူးခြားစေတဲ့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကိုလည်း ပိုမိုအားကောင်းသွားစေပါတယ်။ သစ်ကြံပိုးခေါက်ကို ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ရော ဆေးဘက်ဝင်ပစ္စည်းအနေနဲ့ပါ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက သုံးစွဲခဲ့ကြပါတယ်။သစ်ကြံပိုးခေါက်ဟာ နှလုံးအတွက်ရော ဦးနှောက်အတွက်ပါ အကျိုးပြုပါတယ်။ ရိုးရိုးသစ်ကြံပိုးခေါက်ထက်စာရင် သီဟိုဠ်သစ်ကြံပိုးခေါက်က ပိုမိုသင့်တော်ပါတယ်။သင်ကြားဖူးနေကျ စကား ဂျင်းထည့်တယ်ဆိုတာ ဒီနေရာမှာတော့ အကောင်းဖက်က ဖြစ်ပါတယ်။ ကော်ဖီထဲကို ချင်းထည့်သောက်ခြင်းအားဖြင့် အနံ့ရော အရသာပါ ထူးခြားစေပါတယ်။ချင်းမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ရောင်ရမ်းခြင်းကို လျော့ကျစေတဲ့ အာနိသင်တွေ ပါဝင်ပါတယ်။ ကြွက်သားများ နာကျင်ခြင်းကိုလည်း သက်သာစေပါတယ်။ကိုလက်စထရောကျစေပြီးအစာခြေ လမ်းကြောင်းကို ကောင်းမွန်စေပါတယ်။ကော်ဖီ နဲ့ မှိုဆိုတဲ့ အတွဲအစပ်ကို သင်တော်ရုံနဲ့ စဉ်းစားမိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် တကယ် အကောင်အထည်ဖော်နိုင်ပါတယ်။ မှိုမှာ ဗိုင်းရပ်စ်ဆန့်ကျင်တဲ့ ဂုဏ်သတ္တိ၊ ရောင်ရမ်းမှု ကျစေတဲ့ ဂုဏ်သတ္တိနဲ့ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးတဲ့ အာနိသင်တွေ ရှိပါတယ်။ ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိလည်း ရှိပါတယ်။ အစာခြေလမ်းကြောင်းကို ကောင်းမွန်စေပါတယ်။ရှီးပဒီးမှိုဟာ စွမ်းအင်ကို မြင့်မားစေပြီး လင်ဇီးမှိုကတော့ စိတ်ဖိစီးမှုတွေကို ပြေလျော့စေပြီး အိပ်ပျော်စေပါတယ်။ ကြိုက်နှစ်သက်ရာ မှိုအမျိုးအစားကို အမှုန့်အနေနဲ့ ရွေးဝယ်နိုင်သလို မှိုရောစပ်ပြီးသား ကော်ဖီတွေကိုလည်း ရွေးချယ်နိုင်ပါသေးတယ်။နနွင်းကို တိုင်းရင်းဆေးမှာလည်း ဆေးဝါးအနေနဲ့ သုံးကြပါတယ်။ နနွင်းမှာပါဝင်တဲ့ curcumin ဆိုတဲ့ဓာတ်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ ရောင်ရမ်းမှုကျဆင်းစေတဲ့ အာနိသင်ပါရှိပါတယ်။ အသည်းအတွက် အကျိုးပြုပါတယ်။ အစာခြေစနစ်ကို ပံ့ပိုးပေးပြီး စိတ်ကျခြင်းကိုလည်း လျော့ပါးစေပါတယ်။မကာအမြစ်ကနေ ထုတ်လုပ်ထားတဲ့ မကာအမှုန့်ကို ဖြင်ဖူးကြပါလိမ့်မယ်။ မကာမြစ်မှာ ဟော်မုန်းမျှတစေတဲ့ အာနိသင်ရှိပါတယ်။ စွမ်းအင်မြှင့်တင်ပေးပြီး အားကစားလှုပ်ရှားမှုတွေကို စွမ်းဆောင်ရည်တက်စေပါတယ်။ လိင်စိတ်ဆန္ဒကိုလည်း စေ့ဆော်ပေးနိုင်ပါတယ်။ မကာမှုန့်မှာ အမိုင်နိုအက်ဆစ်အမျိုး ၂၀ ကျော် ပါဝင်ပါတယ်။ ပရိုတင်းနဲ့ ဗီတာမင် C လည်း ကြွယ်ဝပါတယ်။ချောကလက်နဲ့ ကော်ဖီ ဆိုတဲ့ အတွဲအစပ်ဟာ အင်မတန်နှစ်သက်ဖွယ်ကောင်းမယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ကိုကိုးမှုန့်ကို ကော်ဖီ ထဲထည့်ပေးခြင်းအားဖြင့် ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိကို ပိုမိုမြှင့်တင်ပေးနိုင်ပါတယ်။ သံဓာတ်လည်း ကြွယ်ဝပါတယ်။ နှလုံးအတွက်လည်း ကောင်းစေပါတယ်။ကိုကိုးရဲ့ ရောင်ရမ်းမှုကျစေတဲ့ ဂုဏ်သတ္တိဟာ သွေးတိုးကိုကျစေပြီး အကျိုးပြု HDL ကိုလက်စထရောကို မြှင့်တင်ပေးပါတယ်။ စိတ်ကိုကြည်လင်စေတဲ့ အာနိသင်ရှိလို့ စိတ်ကျခြင်းကို ကာကွယ်ပေးပါတယ်။ ဦးနှောက်အတွက်လည်း အကျိုးပြုပါတယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/vitamin-coffee-natural-boost/
ဘေဘီပေါက်စအရွယ်မှာ ဘာလို့ဆံပင်ကျွတ်တာလဲ၊ ဘာလုပ်ပေးရမလဲ
ဟုတ်ပါတယ်။ ကလေးတွေကမွေးပြီး ၆ လအတွင်းမှာ ဆံပင်ကျွတ်လေ့ရှိပါတယ်။မွေးဆံပင်ပါလာတယ်ဆိုရင် ၂ လကနေ ၆ လလောက် အတွင်းမှာ စပြီးဆံပင်ကျွတ်ပါတယ်။ ဒါပေမယ့် ၆ လကျော် နောက်ပိုင်းကျရင်တော့ဆံပင်တွေပြန်ပေါက်မှာပါ။ကလေးတွေမှာပုံမှန်ဖြစ်တဲ့ဆံပင်ကျွတ်ခြင်းကို “telogen effluvium” လို့ခေါ်ပါတယ်။ “telogen effluvium” ဆိုတာဟော်မုန်းတွေကြောင့်ဖြစ်တာပါ။ ကိုယ်ဝန်ဆောင်စဉ်တည်းက ကလေးရဲ့ကိုယ်ထဲမှာ မိခင်ရဲ့ဟော်မုန်းတွေအများကြီးရှိနေခဲ့တာပါ။မွေးဖွားပြီးနောက်မှာ အဲဒီဟော်မုန်းပမာဏက စတင်လျော့နည်းလာပါတယ်။ ဒါ့ကြောင့် ကလေးမှာ ဆံပင်ကျွတ်ခြင်း ခဏတော့ဖြစ်လာတာ သဘာဝပါ။တကယ်လို့ဘေဘီမှာcradle cap လို့ခေါ်တဲ့ ဦးရေပြားပြဿနာဖြစ်နေတယ်ဆိုရင် ဆံပင်ပိုကျွတ်နိုင်ပါတယ်။ ဒါလည်းဆံပင်အတွက် စိုးရိမ်ဖို့မလိုသေးပါဘူး။ ထိုက်သင့်ကုသဂရုစိုက်မှုပေးပြီးရင် အချိန်တန်တော့ ပြန်ပေါက်မှာပါပဲ။ဘေဘီဦးခေါင်းမှာတော့ ဆံပင်လေးအကွက်လိုက်ပါးတာမျိုးဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ဆံပင်အသစ်တွေတဖြည်းဖြည်းပြန်ပေါက်လာမှာပါ။ပြန်ပေါက်လာရင်တော့ အရင်ကထက် အရောင်လေးနည်းနည်းဖျော့နိုင်တယ်။ ဒါပေမယ့် ပိုထူပြီးပိုသန်လာမှာကို သတိထားမိပါလိမ့်မယ်။ဟော်မုန်းကြောင့် ကလေးပေါက်စ ဆံပင်ကျွတ်တာအတွက် ဘာမှလုပ်ပေးလို့မရပါဘူး။ တခြားရောဂါပြဿနာတွေကြောင့် ဆံပင်ကျွတ်တာရှိတတ်ပေမယ့် ကလေးမှာထူးခြားတဲ့ဝေဒနာလက္ခဏာမတွေ့ရင် စိုးရိမ်ဖို့မလိုပါဘူး။ကလေးရဲ့ဦးခေါင်းမှာ တစ်နေရာတည်းကွက်ပြောင်နေတာဆိုရင်တော့ ကလေးကို အနေအထားတစ်ခုတည်းမှာကြာကြာသိပ်လို့ဖြစ်နိုင်ပါတယ်။ ကလေးကို အနေအထားပြောင်းသိပ်ကြည့်ပါ။ ဟိုဘက်စောင်း၊ ဒီဘက်စောင်း အနေအထားနဲ့သိပ်ကြည့်ပါ။မှောက်တတ်နေပြီဆိုမှောက်လျက်နေတာက ကလေးရဲ့ဦးခေါင်းကို အိပ်ရာနဲ့လွတ်သွားစေပါတယ်။ ကလေးရဲ့ဖွံ့ဖြိုးမှုနဲ့အညီ ထိပ်ပြောင်တဲ့ပြဿနာပါလျော့ပါးသွားပါလိမ့်မယ်။ကလေးအများစုကတော့နောက်စေ့မှာ အနှီးစားတယ်လို့ခေါ်ကြတဲ့ ဆံပင်ပြောင်နေတာလေးတွေရှိတတ်ကြတယ်။ အပေါ်မှာပြောခဲ့သလို အနေအထားတစ်ခုတည်းအိပ်တာများလို့လေ။ အိပ်ရာနဲ့ ပွတ်တိုက်မိတာကြောင့်ပေါ့။ ကလေးက ထိုင်တတ်ပြီဆိုတာနဲ့ ဆံပင်ပြန်ပေါက်လာမှာပါ။ကလေးက အသက် ၆ လကျော်ပြီးနောက်ပိုင်း ဆံပင်ကျွတ်နေတုန်းပဲဆိုရင် ဆရာဝန်ပြပြီး စစ်ဆေးမှုခံယူသင့်ပါတယ်။ ကလေးမှာ လိုအပ်နေတဲ့ အာဟာရဓါတ်တွေအပြည့်အဝမရတဲ့ လက္ခဏာဖြစ်နိုင်သလို ဆရာဝန်ကုသပေးဖို့လိုအပ်တဲ့ ကျန်းမာရေးပြဿနာတစ်ခုခုကြောင့်လည်းဖြစ်နိုင်ပါတယ်။ အများအားဖြင့်တော့ပြဿနာမရှိနိုင်တဲ့ ပုံမှန်ဖြစ်စဉ်တစ်ခုပါပဲ။ ဆံပင်ပြန်ပေါက်မှာပါ မပူပါနဲ့။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%98%e1%80%b1%e1%80%98%e1%80%ae%e1%80%95%e1%80%b1%e1%80%ab%e1%80%80%e1%80%ba%e1%80%85%e1%80%a1%e1%80%9b%e1%80%bd%e1%80%9a%e1%80%ba%e1%80%99%e1%80%be%e1%80%ac-%e1%80%98%e1%80%ac%e1%80%9c%e1%80%ad/
ပိုးသတ်ဆေးမဟုတ်ဘဲ ပိုးသေစေတဲ့ သဘာဝအစားအစာတွေ
ပိုးသတ်ဆေးကို ခန္ဓာကိုယ်တွင်းမှာဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ရောဂါတွေကို ကုသပေးတဲ့နေရာမှာ အသုံးပြုပါတယ်။ ဒါပေမယ့်လည်း ပိုးသတ်ဆေးတွေဟာ ဆေးပြင်းဖြစ်တာကြောင့် ခံစားရတဲ့ ဘေးထွက်ဆိုးကျိုးတွေဟာလည်း အနည်းနဲ့ အများရှိနိုင်ပါတယ်။ ဒါကြောင့်ပိုးသတ်ဆေးကို ကြာရှည်စွာ စွဲသောက်စရာမလိုဘဲ ကိုယ်ထဲမှာ ရှိနေတဲ့ မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေကို မြန်မြန်သေစေတဲ့ နတ်ဆေးအစားအစာတွေကို ဒီဆောင်းပါးမှာ ဖော်ပြပေးလိုက်ပါတယ်။ပျားရည်ဟာ အရေပြားအလှအပအတွက်သာမက ခန္ဓာကိုယ်မှာရှိတဲ့ မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေကို နှိမ်နင်းတဲ့နေရာမှာ အလွန်အသုံးဝင်တဲ့ ဆေးကောင်းတစ်လက်ပါ။ဗီတာမင်နဲ့ အာဟာရဓာတ် အစုံအလင်ပါဝင်တဲ့အပြင် ဘက်တီးရီးယားတွေကို သေစေတဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ဓာတ်ကြောင့် ဘက်တီးရီးယားပိုးတွေရဲ့ ကြီးထွားနှုန်းကို ရပ်တန့်ပေးနိုင်ပါတယ်။ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါ ပျားရည်ကို ရေနွေး၊ သံပရာရည်နဲ့ ရောပြီးသောက်လို့ ရသလို အနာပေါ် တိုက်ရိုက်လိမ်းပေးခြင်းဖြင့်လည်း ပိုးသေစေပြီး အနာကျက်မြန်စေနိုင်ပါတယ်။ကြက်သွန်ဖြူဟာလည်း ဘက်တီးရီးယားပိုးကို ရှင်းထုတ်ပေးနိုင်တဲ့ သဘာဝအစားအစာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီအတိုင်း အစိမ်းစားလို့လည်း ရသလို ဟင်းတွေမှာ ရောချက်လို့လည်း အဆင်ပြေတယ်။အအေးမိဖျားနာတာ၊ သွားကိုက်သွားနာ၊ ရာသီတုပ်ကွေးတွေမှာ ဖြစ်တဲ့ ရောဂါလက္ခဏာတွေကိုလည်း သက်သာစေပြီး အဖျားပျောက်မြန်စေပါတယ်။ တစ်နေ့ကို ကြက်သွန်ဖြူ ၂စိတ်လောက် ပုံမှန်စားပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲက မကောင်းတဲ့ဘက်တီးရီးယားပိုးတွေကို ဖယ်ရှားပေးပြီးကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ဗီတာမင် စီ ဟာ အသားအရေအတွက် ကျန်းမာရေးအတွက်ပါ အကျိုးအများကြီး ရှိတယ်ဆိုတာ သိထားပြီးဖြစ်မှာပါ။ ဒါ့အပြင် ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးလို့ ရောဂါတွေကို အမြဲတိုက်ထုတ်ပေးနေဖို့ အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဗီတာမင် စီကို သဘာဝအသီးအနံှတွေဖြစ်တဲ့လိမ္မော်သီး၊ သံပရာသီး၊ ရှောက်သီး၊ ဘယ်ရီသီး စတဲ့ အသီးအနှံတွေကို ရရှိနိုင်ပါတယ်။ အသီးကို ဒီအတိုင်း စားလို့လည်း အဆင်ပြေသလို သကြားမထည့်ဘဲ ကြိတ်ပြီး ဖျောက်သောက်လို့လည်း ရပါတယ်။သစ်ကြံပိုးခေါက်ကို ဟင်းချက်တဲ့နေရာမှာ အသုံးပြုကြပေမယ့် သူ့ရဲ့ ဆေးဘက်ဝင်တဲ့ အာနိသင်ကိုတော့ လူတော်တော်များများ သတိမထားမိတတ်ကြပါဘူး။ သစ်ကြံပိုးခေါက်ဟာ ဘက်တီးရီးယားပိုးအတွက်သာမကမှိုရောဂါပိုးတွေကိုပါ သေစေနိုင်လို့ မိန်းမကိုယ်မှိုစွဲတာ၊ ပွေး၊ ဝဲ၊ ညှင်းစတဲ့ မှိုကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေကို ကုသတဲ့နေရာမှာလည်း အသုံးဝင်ပါတယ်။ သစ်ကြံပိုးခေါက်ကို အမှုန့်ဖြစ်အောင် သေချာကြိတ်ပြီး ရေနွေးနဲ့ ရောသောက်ခြင်းဖြင့် ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်ပါတယ်။ အပြင်ဘက် ဒဏ်ရာနဲ့ အရေပြားပြဿနာတွေအတွက်ပျားရည်နဲ့ သစ်ကြံပိုးခေါက်မှုန့်ကို သမအောင် မွှေပြီးလိမ်းပေးလို့ ရပါတယ်။ချင်းကိုတော့အအေးမိတုပ်ကွေး၊ ဖျားနာကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာတွေကို ကုသတဲ့နေရာမှာ အသုံးများပါတယ်။ချင်းပြုတ်ရည်ပူပူလေး သောက်ပေးခြင်းဖြင့်လည်ချောင်းနဲ့ အသက်ရှူလမ်းကြောင်းထဲမှာ ပိတ်နေတဲ့ဘက်တီးရီးယားပိုးတွေကို ရှင်းထုတ်ပေးသလို အပူငွေ့ကလည်း ခန္ဓာကိုယ်တွင်း ရောင်ရမ်းတာတွေကို ကျစေပြီး အပူအပုပ် ရှင်းစေပါတယ်။အနံ့ပြင်းတဲ့ ပန်းသီးရှာလကာရည်ကို အသား၊ ငါးတွေ ပိုးသန့်စင်တဲ့ နေရာမှာ အသုံးပြုလို့ ရသလို လူတွေရဲ့ ကိုယ်ထဲမှာရှိနေတဲ့ရောဂါပိုးတွေကို နှိမ်နင်းတဲ့နေရာမှာလည်း အသုံးဝင်ပါတယ်။ လည်ချောင်း၊အစာအိမ်နဲ့ အူလမ်းကြောင်းမှာရှိတဲ့ ပိုးတွေကို သေစေပြီး အကျိုးပြု ဘက်တီးရီးယားတွေကို ပိုမိုပွားများစေအောင် ကူညီပေးနိုင်ပါတယ်။ခုပြောပြပေးခဲ့တဲ့ အစားအစာတွေဟာ ရောဂါပိုးသေစေတယ်ဆိုတာ မှန်ပေမယ့် ဆေးဝါးအစားထိုး အသုံးပြုလို့တော့ မရပါဘူး။ အကောင်းဆုံးက ဘက်တီးရီးယားပိုးကြောင့် ရောဂါတစ်ခုခု ဖြစ်ပြီဆိုရင် ဆရာဝန်နဲ့ အရင်ပြသပြီး ဆေးဝါးအကူအညီကို ယူပါ။ ဆေးသောက်နေစဉ်ကာလမှာလည်း ဒီအိမ်တွင်းဆေးဝါး အစားအစာတွေနဲ့ ရောဂါလက္ခဏာကို မြန်မြန်ပျောက်ကင်းအောင် ကုသပေးလို့ ရပါတယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%90%e1%80%ba%e1%80%86%e1%80%b1%e1%80%b8%e1%80%99%e1%80%9f%e1%80%af%e1%80%90%e1%80%ba%e1%80%98%e1%80%b2-%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%80%9e/
ဒါတွေကြောင့် ကြို့ထိုးရတာပါ ။ ။
ကြို့ထိုးတာနဲ့ စိမ်းတဲ့သူ ရှိမယ် မထင်ပါဘူး။ ကြို့ထိုးတယ်ဆိုတာ လူကိုလည်း ပင်ပန်းစေပြီး နေရလည်း ခက်စေတဲ့ အရာတစ်ခုပါ။ ခက်တာက သူ့ဘာသူ ဖြစ်ချင်တဲ့အချိန်ဖြစ် ပျောက်ချင်တဲ့အချိန် ပျောက်နေတော့ ကိုယ်က လိုက်ပြီး ထိန်းချုပ်လို့ မရတာကတော့ စိတ်ပျက်စရာပါ။ ကြို့ထိုးတယ်ဆိုတာ ဖြစ်တတ်တဲ့ သဘာဝတစ်ခုဖြစ်ပေမယ့် တစ်ချို့ရောဂါ ကြီးကြီးမားမား အခံကြောင့်လည်းကြို့ထိုးနိုင်ပါတယ်။ ဒီတော့ ကြို့ထိုးတာကို ဖြစ်စေတဲ့ အကြောင်းတွေကို သိဖို့လိုလာပြီပေါ့နော် ။ ။ ဒါတွေကြောင့် ကြို့ထိုးရတာပါ ။ ။ကြို့ထိုးတာဟာ အသက်ရှူတဲ့ အချိန်မှာ အလုပ်လုပ်ရတဲ့ရင်ဝမ်းခြားကြွက်သားညှစ်လွန်းအားကြီးလို့ဖြစ်ရတာဖြစ်ပြီး တစ်ခါညှစ်တိုင်း အသံအိုးကို သွားသွားပိတ်လို့ “အစ်” ဆိုတဲ့ အသံလေးထွက်တာဖြစ်ပါတယ်။ကြို့ထိုးခြင်းကို ဖြစ်စေတဲ့အကြောင်းတွေကို ဒီလို ခွဲလိုက်ကြရအောင်။ တချို့သူတွေ ကြို့ထိုးရင် မိနစ်ပိုင်းအတွင်းပဲ ပြန်ပျောက်သွားတယ် ရက်တောင် မကူးဘူးမလား။ တချို့ကျတော့လည်း တစ်ခါ ကြို့ထိုးရင် ၁ ရက် ၂ရက်တောင် မပျောက်ဘူးဆိုတော့ ၄၈နာရီအတွင်း ပျောက်တဲ့ ကြို့ထိုးတာနဲ့ ၄၈ နာရီကျော်မှ ပျောက်တဲ့ ကြို့ဆိုပြီး ၂ ပိုင်းခွဲလိုက်ရအောင်။ ဖြစ်စေတဲ့အကြောင်းအရင်းတွေကလည်း ကွဲပြားတယ်ဆိုတော့လေ။ ။၄၈ နာရီအတွင်း ပျောက်တဲ့ ကြို့ထိုးတာဟာ ဒါတွေကြောင့် ဖြစ်ရတာပါ။ ။၄၈ နာရီထက်ကျော်တဲ့ ကြို့ထိုးခြင်းတွေဟာ ဒါတွေကြောင့် ဖြစ်ရတာပါ ။ ။ပုံမှန်ဆို ကြို့ထိုးတာဟာ မိနစ်ပိုင်းအတွင်းပြန်ပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် ၄၈နာရီ (၂ ရက်) ထက်ကျော်လို့မှ ကြို့ထိုးတာ မပျောက်ဘူးဆိုရင် ရောဂါအခံတစ်ခုခုကြောင့် ဖြစ်တာဖြစ်နိုင်ပါတယ် ။ ။ အဲဒီရောဂါတွေကို အုပ်စုဖွဲ့ပြီး ကြည့်လိုက်ရအောင် ။ ။(၁) အာရုံကြော ထိခိုက်တဲ့ ရောဂါများ ။ ။၄၈ နာရီထက်ကျော်အောင် ထိုးနေတဲ့ ကြို့ဟာ ရင်ဝမ်းခြားကြွက်သားဆီ ထောက်ပံ့ပေးနေတဲ့ vagus nerves ( ဒါမှမဟုတ်) phrenic nerves ထိခိုက်သွားတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီ အာရုံကြောကို ထိခိုက်စေတဲ့ ပြဿနာတွေကတော့။(၂) ပင်မအာရုံကြော ပြဿနာများ ။ ။ပင်မအာရုံကြောကို ကင်ဆာအကျိတ်က သွားဖိတဲ့အခါမျိုး၊ အာရုံကြော ပိုးဝင်ပြီး ရောင်ရမ်းတဲ့ အခါမျိုးမှာ အချက်ပြစနစ်တွေ ရှုပ်ထွေးလို့ ကြို့ထိုးတဲ့ ပြဿနာလည်း ဖြစ်လာရတာ ဖြစ်ပါတယ်။ ။ ဒါတွေရဲ့ အရင်းခံ ပြဿနာတွေကတော့။(၃) ဇီဝကမ္မဖြစ်စဉ် ပုံမမှန်တော့တာနဲ့ ဆေးတွေ ။ ။ဇီဝကမ္မဖြစ်စဉ် ပုံမမှန်တော့တာနဲ့ ဆေးတွေကလည်း ကြာရှည်စွာ ကြို့ထိုးခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်။အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုကြာကြာ ကြို့ထိုးတတ်ကြပါတယ်။ နောက်ပြီး စိတ်ဖိစီးမှု များတဲ့သူတွေ၊ စိုးရိမ်ပူပန်မှု လွန်ကဲနေတဲ့သူတွေ၊ မေ့ဆေးပေးပြီး ခွဲစိတ်ကုသမှုခံယူထားတဲ့သူတွေက ပိုဖြစ်တတ်ပါတယ်။ရေးသားသူ- Dr Thin Yadadnar @ Frances။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/hiccups/