title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
ကင်ဆာနာကျင်မှုကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းများ
ကင်ဆာရောဂါကြောင့် နာကျင်ခြင်းက အလွန်အမင်း ဆိုးရွားတဲ့အတွက် တချို့ အခြေအနေတွေမှာ သတိလစ်တဲ့အထိ ဖြစ်နိုင်ပါတယ်။ အဲဒီနာကျင်မှုက သင့်ကိုကောင်းကောင်း မလှုပ်ရှားနိုင်အောင် တားဆီးထားပြီး သင့်ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်နိုင်ပါတယ်။ တကယ့်လို့ ကင်ဆာကြောင့် ဖြစ်လာတဲ့ နာကျင်မှုကို တောင့်ခံဖို့ လိုနေတယ်ဆိုရင် အခုပြောပြမယ့် အချက် ၇ ချက်က သင့်အတွက်ပါ။နာကျင်မှု စလာတာနဲ့ အဲဒီ နာကျင်မှုကို သတိပြုပြီး အဆင့် ၀ ကနေ ၁၀ အကြား သတ်မှတ်ကြည့်ပါ။ အဆင့် ၀ က နာကျင်မှု မရှိဘူးဆိုတဲ့ အဆင့်ဖြစ်ပြီး အဆင့် ၁၀ ကတော့ နာကျင်မှု အဆိုးဆုံးအဆင့် ဖြစ်ပါတယ်။ သင့်အနေနဲ့ ဘာက နာကျင်မှုကို စစေသလဲ၊ ဘာက နာကျင်မှုကို ပိုကောင်းစေသလဲ၊ ပိုဆိုးစေသလဲ၊ နာကျင်မှုက ဘယ်လောက်ကြာလဲ ဆိုတာ သိထားရပါမယ်။ ဒါ့အပြင် ဘယ်နေရာတွေမှာ နာတာလဲ စတဲ့ အသေးစိတ် အချက်အလက်တွေကို ရေးမှတ်ထားဖို့ လိုပါလိမ့်မယ်။ အသေးစိတ် အချက်အလက်တွေက နာကျင်မှုကို သက်သာဖို့ ကုသတဲ့အခါ အသုံးဝင်ပါလိမ့်မယ်။ဆေးတွေကို ဆရာဝန် ညွှန်ကြားထားတဲ့ အတိုင်းပဲ သုံးသင့် ပါတယ်။ အကြောင်းက ဆရာဝန် ပေးတဲ့ဆေးတွေက ကောင်းကျိုးရော၊ ဆိုးကျိုးရော ရှိနိုင်လို့ပါ။ သင့်ဘာသာသင် သောက်ရမယ့် ဆေးပမာဏကို ပြောင်းလဲပစ်တာတွေ မလုပ်သင့်ပါဘူး။ ဒါက ကင်ဆာရဲ့ နာကျင်မှုကို ကုသဖို့အတွက် သင့်တော်တဲ့ ဆေးနည်းချိန်ရာမှာ အခက်အခဲ ဖြစ်စေလို့ပါ။သင့်ရဲ့ ချစ်ရသူတွေ၊ မိသားစုဝင်တွေက သင့်အခြေအနေ၊ ရောဂါလက္ခဏာ၊ အတွေးတွေနဲ့ နာကျင်မှုအဆင့်ကို သိတာနဲ့ သင့်ကို ကူညီနိုင်ပါလိမ့်မယ်။ နာကျင်မှု အကြောင်း ရင်ဖွင့်တာက တစ်ပါးသူကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်လို့ ဘယ်တော့မှ မထင်ပါနဲ့။ ပွင့်လင်းပြီး အကောင်းဘက်က တွေးပါ။ သင့်ကို အထောက်အကူပေးမယ့် သင့်ကို ချစ်တဲ့သူတွေ ရှိပါတယ်။ သင့်အကြောင်းကို သင့်အနားက လူတွေနဲ့ ဝေမျှခြင်းကလည်း သင့်ကို သက်သောင့်သက်သာ ဖြစ်စေပါတယ်။ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ထိရောက်ပါတယ်။ သင်နာကျင်မှုကို စတင်ခံစားရတာနဲ့ ဆရာဝန်ဆီ သွားပြီး ရောဂါ ပိုမဆိုးလာအောင် ဆေးတွေကို ညွှန်ကြားထားတဲ့အတိုင်း မှန်မှန်သောက်ပါ။ တကယ်လို့ နာကျင်မှုက ပိုဆိုးလာတဲ့အခါ သင်ဟာ သတိလစ်တဲ့အထိ ဖြစ်နိုင်ပြီး ကုသမှုတွေက ပိုခက်လာလိမ့်မယ်။ သင့်ရဲ့ နာကျင်မှုကို အချိန်ပြည့် ထိန်းချုပ်ပြီး လိုအပ်တဲ့ ကုသမှု ခံယူခြင်းက အရေးကြီးပါတယ်။ သင့်ရဲ့ ကုသမှုတွေက သင့်ကို မသက်သာစေဘူးဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးပါ။အပ်စိုက်ကုထုံးတွေက ကြွက်သားနဲ့ အရိုး နာကျင်မှုတွေအတွက် အကျိုးသက်ရောက်မှု ရှိပါတယ်။ဒါက သင့်ရဲ့ ကင်ဆာကြောင့် ဖြစ်လာတဲ့ နာကျင်မှု ကုသရာတွေမှာလည်း အထောက်အကူ ပြုပါတယ်။အပ်စိုက်ကုထုံးက သင့်ကိုယ်ထဲက အဆိပ်အတောက်တွေကို ထွက်စေပါတယ်။ အသေးစိတ် သိချင်ရင်တော့ အပ်စိုက်ကုထုံးနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ ရှိပါတယ်။ခွဲစိတ်ခြင်းက သင့်ရဲ့ နာကျင်မှုကို ထိန်းချုပ်ပေးပါလိမ့်မယ်။ ခွဲစိတ်မှုတွေက ကြီးလာတဲ့ အကျိတ်တွေကို တတ်နိုင်သလောက် ဖယ်ရှားတာမျိုး ရှိသလို ဖိအားလျှော့ချတာ မျိုးလည်း ရှိပါတယ်။ ခွဲစိတ်ခြင်းက ကင်ဆာဆဲလ်တွေ ပျံ့နှံ့ခြင်းကိုလည်း လျှော့ချပေးပါတယ်။အပူက ရောင်ရမ်းနေတဲ့ ကြွက်သားတွေကို ပြေလျော့စေပါတယ်။ ရေနွေးလေးနဲ့ ရေချိုးခြင်းက လွယ်ကူပါတယ်။ ဒါ့အပြင် ရေနွေးအိတ်၊ ရေနွေးဘူး၊ စတာတွေကိုလည်း အသုံးပြုနိုင်ပါတယ်။ အပေါ်က ပြောသွားတာတွေနဲ့ သင့်ကိုယ်သင် ၁၀ မိနစ်ထက် အပူမပေးပါနဲ့။ တကယ်လို့ နေရထိုင်ရ မသက်မသာ ဖြစ်လာရင် အသုံးပြုမှုကို ရပ်လိုက်ပါ။အအေးကုသမှုက သင့်ရဲ့ အာရုံခံစားမှုတွေကို ထုံသွားစေခြင်းဖြင့် နာကျင်မှုကို လျှော့ချပေးပါတယ်။ အေးခဲပြီး နူးညံ့နေတဲ့ အအေးဂျယ်လ်ထုပ်ကို အသုံးပြုပါ။ အေးခဲနေတဲ့ ပဲစေ့တွေကို ထည့်ထားတဲ့အိတ်၊ ရေခဲတုံးတွေ ထုတ်ထားတဲ့ ပုဝါတွေကိုလည်း အသုံးပြုနိုင်ပါတယ်။ ၁၀ မိနစ်ထက်တော့ ပိုမသုံးပါနဲ့။ တကယ်လို့ အသုံးပြုနေတုန်း နေရတာ မသက်မသာ ဖြစ်လာရင် အသုံးပြုတာကို ရပ်လိုက်ပါ။တစ်ခါတစ်လေမှာ ကင်ဆာကြောင့်ဖြစ်တဲ့ နာကျင်မှုတွေက ကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးတွေပါ။ တစ်ခါတစ်လေ ကျတော့လည်း ကင်ဆာကြောင့်ပါ။ နာကျင်မှုကို ထိန်းချုပ်တာက သင့်အတွက် ခက်ခဲနိုင်ပါတယ်။ သင့် ဆရာဝန်ဟာ သင်ဘာကို ကျော်ဖြတ်နေလဲ နားလည်အောင် လုပ်ပေးရပါမယ်။ အဓိက ကတော့ ဆရာဝန်က Yes လို့ ပြောပြီးတာနဲ့ သင့်ရဲ့ နာကျင်မှုတွေကို ထိန်းချုပ်ဖို့ နည်းလမ်းတွေ စတင်လိုက်ပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac%e1%80%94%e1%80%ac%e1%80%80%e1%80%ba%e1%80%84%e1%80%b9%e1%80%99%e1%80%bd%e1%80%af%e1%80%80%e1%80%ad%e1%80%af-%e1%80%91%e1%80%ad%e1%80%94%e1%80%b9%e1%80%b8/
သင့်အသည်းမကျန်းမာဘူးဆိုတာ ဘယ်လိုသိနိုင်မလဲ
သင့်အသည်းမကျန်းမာဘူးဆိုတာ ဘယ်လိုသိနိုင်မလဲ ။ အသည်း ကျန်းမာမှ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ထိထိရောက်ရောက် ဖယ်ရှားနိုင်မှာပါ။အသည်းဟာ ကြီးမားပြီး နီညိုရောင်ရှိကာ အစာအိမ်အပေါ်ဘက်၊ ရင်ဝမ်းခြားကြွက်သား အောက်ဘက်မှာ ရှိတဲ့ ဝမ်းဗိုက်ရဲ့ ညာဘက်အပေါ်ပိုင်းက ကိုယ်အင်္ဂါတစ်ခု ဖြစ်ပါတယ်။အမျိုးသမီးတွေမှာ ၁.၃ ကီလိုလေးပြီး အမျိုးသားတွေမှာ ၁.၈ ကီလိုလေးပါတယ်။ အသည်းဟာ ကိုယ်ခန္ဓါမှာ အကြီးမားဆုံး ကိုယ်အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။ အသည်းဟာ ကိုယ်ခန္ဓါ သွေးစီးဆင်းမှုရဲ့ ၁၃ ရာခိုင်နှုန်းကို ထိန်းထားပြီးတော့ မတူညီတဲ့ လုပ်ငန်းဆောင်တာပေါင်း ၅၀၀ လောက်ကို ပြုလုပ်ပေးပါတယ်။အသည်းမှာအသည်းဆဲလ်တွေပါဝင်ပြီး သူတို့ဟာ အာဟာရဓါတ်တွေကို စုပ်ယူကာ အန္တရာယ်ရှိတဲ့ အရာဝတ္ထုတွေကို အဆိပ်ဖြေပြီး သွေးအတွင်းမှ ထုတ်ပေးပါတယ်။ အသည်းဟာ အစာခြေခြင်းနဲ့ အဆိပ်ချေဖျက်ခြင်းအတွက် မရှိမဖြစ်တဲ့ ကိုယ်အင်္ဂါတစ်ခု ဖြစ်ပါတယ်။အသည်းရောဂါဟာ မွေးရာပါ (သို့) အခြားအကြောင်းရင်းတွေဖြစ်တဲ့ အသည်း ရောဂါပိုးဝင်ခြင်း၊ အရက်အလွန်သုံးစွဲခြင်းနဲ့အဝလွန်ခြင်းတွေကြောင့် အသည်းပျက်စီးခြင်းကို ဖြစ်စေပါတယ်။ ဥပမာ နာတာရှည် အသည်းပျက်စီးခြင်းဟာ အသည်းအမာရွတ်ထင်ခြင်းကို ဖြစ်စေပြီး နောက်ဆုံးမှာ အသည်းခြောက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အသည်းခြောက်ခြင်းဟာ ပြန်မကောင်းနိုင်ဘဲ အသည်းပျက်စီးခြင်းကို ဖြစ်စေတဲ့ အန္တရာယ် ရှိတဲ့အခြေအနေ တစ်ခုပဲ ဖြစ်ပါတယ်။အသည်းရောဂါ အမျိုးအစား ၁၀၀ ကျော်ရှိပြီး လက္ခဏာတွေဟာ လူနာမှာ အသည်းရောင်ခြင်း၊ အရက်ကြောင့် ဖြစ်တဲ့အသည်းရောဂါ၊ အသဲအဆီဖုံးခြင်း၊ အသည်းခြောက်ခြင်း အစရှိတာတွေ ရှိသလားဆိုတာပေါ် မူတည်ပါတယ်။ ဒါ့ပြင် အစောပိုင်းအဆင့်တွေမှာ ရောဂါလက္ခဏာတွေဟာ သိသာ ထင်ရှားခြင်း မရှိပါဘူး။လက္ခဏာတွေဟာ ပျော့ပြီး တိကျမှုမရှိပဲ အစားအသောက်ပျက်ခြင်း၊ ပင်ပန်းခြင်း၊ နုန်းခြင်း၊ ပျို့အန်ခြင်း၊ ကိုယ်အလေးချိန် ကျဆင်းခြင်း အစရှိတာတွေ ဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေဟာ အသည်းရောဂါ အစပိုင်း အဆင့်တွေမှာ လွတ်သွားတတ်ပါတယ်။ အသည်းရောဂါ ပိုဆိုးလာရင် အောက်ပါလက္ခဏာအချို့ ဖြစ်လာမှာ ဖြစ်ပါတယ်။• ဗိုက်ညာဘက် အပေါ်ပိုင်း နာခြင်း။ဗိုက်ညာဘက် အပေါ်ပိုင်းဟာ အသည်းရှိတဲ့ နေရာဖြစ်ပြီး ဒီနေရာမှာ နာခြင်း၊ မသက်မသာဖြစ်ခြင်းတွေ ခံစားရနိုင်ပါတယ်။ နာကျင်မှုဟာ အသည်းအရွယ်အစား အဆီ၊ ရောင်ရမ်းခြင်း၊ ထိခိုက်တွေကြောင့် ကြီးလာခြင်းကြောင့် ဖြစ်နိုင်ပါတယ်။• အသည်းကြီးခြင်း။အသည်းရောဂါဟာ အသည်းကို သွားနေတဲ့ သွေးတွေကို နှောင့်ယှက်ပေးပြီး အကျိတ်ဖြစ်စေနိုင်ကာ အသည်းမှာ အကျိတ်ခဲဖြစ်နိုင်ပါတယ်။ အသည်းမှာ အကျိတ်ခဲဖြစ်ခြင်းရဲ့ အဖြစ်အများဆုံးအကြောင်းရင်းက အသည်းကင်ဆာ၊ အသည်းအဆီဖုံးခြင်းနဲ့ အသည်းခြောက်ခြင်း တွေပဲ ဖြစ်ပါတယ်။• အသားဝါခြင်း။အသားဝါခြင်းဟာ အရေပြားဝါခြင်း၊ မျက်လုံး၊ လက်သည်းတွေ ဖြူခြင်းပဲ ဖြစ်ပါတယ်။ ဒီအခြေအနေဟာ အဝါဓါတ် (bilirubin) လို့ ခေါ်တဲ့ သွေးနီဥတွေ ပျက်စီးတဲ့အချိန်မှာ ထွက်တဲ့ စွန့်ပစ်ပစ္စည်းကို သေချာ သန့်စင်နိုင်စွမ်း မရှိတာကြောင့် ဖြစ်ပါတယ်။ bilirubin များခြင်းဟာ သွေးအတွင်း နဲ့ အရေပြားမှာ စုပြုံစေနိုင်ပြီး အဝါရောင် တွေ ဖြစ်စေပါတယ်။အသည်းရောဂါဟာ အစပိုင်းအဆင့်တွေမှာ ရောဂါလက္ခဏာတွေဟာ တိကျမှုမရှိဘဲ ပျော့တတ်ပါတယ်။ ဒါကြောင့် လူနာတွေဟာ ဒါကို သတိမမူမိပဲ အခြားအကြောင်းရင်းတွေကိုသာ စဉ်းစားမိတတ်ပါတယ်။အသည်းခြောက်ခြင်းဟာ နာတာရှည် အသည်းပျက်စီးမှုကြောင့် အသည်းဆဲလ်တွေ ပျက်စီးပြီး သူတို့နေရာမှာ အမာရွတ်တွေနဲ့ အစားထိုးခြင်းပဲ ဖြစ်ပါတယ်။ ဒီအခြေအနေဟာ အရက်အလွန်အကျွံသောက်ခြင်း၊ ဗိုင်းရပ်စ်ပိုးဝင်ခြင်းကြောင့် အသည်းရောင်ခြင်းနဲ့ အသည်းကို အဆိပ်သင့်စေတဲ့ အခြားအချက်အလက်တွေကြောင့် ဖြစ်စေပါတယ်။အသည်းအမာရွတ်ထင်ခြင်းဟာ ပုံမှန်အားဖြင့် ချောမွေ့နေတဲ့ အသည်းတစ်ရှူးတွေနေရာမှာ ပုံမှန်မဟုတ်တဲ့ အဖုလေးတွေ ဖြစ်လာခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအမာရွတ်ထင်ခြင်းဟာ အသည်းတစ်ရှူးတွေကို မာလာစေပြီး အသည်းကို သွားတဲ့ သွေးစီးဆင်းမှုကို တားမြစ်ပြီး လုပ်ငန်းဆောင်တာတွေကို ပျက်ယွင်းစေပါတယ်။ အသည်းခြောက်ခြင်း ပိုဆိုးလာတာနဲ့ အမျှ လက္ခဏာမရှိတာကြောင့် အသည်းပျက်စီးမှု ဆိုးရွားလာချိန်အထိ လက္ခဏာတွေ သတိမပြုမိပဲ ဖြစ်တတ်ပါတယ်။အသည်းခြောက်ခြင်းရဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။• ယားယံခြင်း။ယားယံခြင်းဟာ သည်းခြေရည် ထဲမှာ ပါတဲ့ ဓါတုပစ္စည်းတစ်မျိုး သွေးထဲမှာ စုပြုံခြင်းကြောင့် ဖြစ်ပါတယ်။ ယားခြင်းဟာ အဖြစ်များတဲ့ လက္ခဏာ တစ်ခု ဖြစ်ပေမယ့် အမြဲတမ်းတော့ မရှိတတ်ပါဘူး။ လက္ခဏာ ဖြစ်ပေါ်လာပြီဆိုရင်တော့ အရေပြား တစ်ခုလုံးမှာ ပြင်းထန်စွာ ယားယံခြင်းကြောင့် စိတ်ရှုပ်ထွေးဖွယ် ဖြစ်ပါတယ်။• အလွယ်ကူ အညိုအမဲ စွဲခြင်း။အသည်းပျက်စီးခြင်းဟာ သွေးခဲဖို့ လိုအပ်တဲ့ ပရိုတင်းတွေ ထုတ်လုပ်ခြင်းကို တားမြစ်တာကြောင့် သွေးထွက်ခြင်း၊ အညိုအမဲစွဲခြင်းတွေ အလွယ်တကူ ဖြစ်နိုင်ပါတယ်။• ဟော်မုန်း မျှတမှု မရှိခြင်း။ပျက်စီးနေတဲ့ အသည်းဟာ ဟော်မုန်းတွေ ထုတ်လုပ်ခြင်း၊ ချေဖျက်ခြင်းကို ထိန်းညှိနိုင်ခြင်း မရှိတော့ပါဘူး။ အမျိုးသားတွေမှာ ဒါဟာ ရင်သားကြီးခြင်းကို ဖြစ်စေပြီးတော့ ဝှေးစေ့တွေကို ရှုံ့စေပြီး အမျိုးသမီးတွေမှာတော့ ရာသီစက်ဝန်း မမှန်ခြင်းတွေ ဖြစ်နိုင်ပါတယ်။• ပင့်ကူသဏ္ဍာန်ယှက်သွယ်နေသော သွေးကြောမျှင်များ (Spider angiomas)။Spider angiomas တွေဟာ သေးငယ်ပြီး ပင့်ကူနဲ့ တူတဲ့ သွေးကြောအမျှင်လေးတွေဖြစ်ပြီး အရေပြား မျက်နှာပြင်အောက်မှာမို့ မြင်နိုင်ပါတယ်။ ဒီအခြေအနေဟာ လူတစ်ယောက်ရဲ့ estrogen ဟော်မုန်းပမာဏ မြင့်တက်ပြီး အသည်းက ကောင်းစွာ မချေဖျက်နိုင်ရင် ဖြစ်ပေါ်နိုင်ပါတယ်။ အသည်းခြောက်သူတွေရဲ့ ၃၃ ရာခိုင်နှုန်း ဟာ Spider angiomas ဖြစ်နိုင်ပါတယ်။• အသည်းရောဂါ နောက်ဆက်တွဲ ဦးနှောက်ထိခိုက်ခြင်း (Hepatic encephalopathy)။ဒီရောဂါဟာ အသည်းက အန္တရာယ်ရှိတဲ့ ပစ္စည်းတွေကို စွန့်ထုတ်ခြင်း မလုပ်နိုင်တာကြောင့် ဒီပစ္စည်းတွေ ဦးနှောက်အတွင်း စုပြုံပြီး ဦးနှောက်လုပ်ငန်းဆောင်တာ ကျဆင်းတာကြောင့် ဖြစ်ပါတယ်။ သုတေသနတွေက Hepatic encephalopathy ဖြစ်စေတဲ့ အရာဝတ္ထုတွေမှာ အမိုးနီးယား၊ ဖက်တီးအက်ဆစ်၊ mercaptans တွေပါဝင်တယ်လို့ ဆိုပါတယ်။ဒီအသည်းခြောက်ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးဟာ စိတ်ရှုပ်ခြင်း၊ မှတ်ဉာဏ် ခဏတာ ပျောက်ခြင်းနဲ့ သတိမေ့ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။• ရေဖျဉ်းစွဲခြင်း။ရေဖျဉ်းဆွဲခြင်းဟာ အသည်းခြောက်ခြင်းကြောင့် ကျောက်ကပ်လုပ်ငန်းဆောင်တာ ကောင်းစွာ မဆောင်ရွက်နိုင်တာကြောင့် ကိုယ်ခန္ဓါအတွင်း အရည်စုပြုံခြင်းကြောင့် ဖြစ်ပါတယ်။ ကျောက်ကပ်လုပ်ငန်းဆောင်တာ ကျဆင်းခြင်းဟာ ဆိုဒီယမ်နဲ့ ရေဓါတ် ကိုယ်ခန္ဓါအတွင်းကျန်နေခြင်းကို ဖြစ်စေနိုင်ပါတယ်။• ပေါ်တယ်သွေးပြန်ကြော သွေးဖိအားများခြင်း (Portal hypertension)။အသည်းခြောက်ခြင်းကြောင့် အသည်းမှာ ပြင်းထန်တဲ့ အမာရွတ်ထင်ခြင်းတွေ ဖြစ်ပြီဆိုရင် သွေးဟာ အသည်းအတွင်းကို လွယ်ကူစွာ စီးဆင်းနိုင်ခြင်း မရှိတော့ပါဘူး။ ဒါဟာ အသည်းကို သွေးပေးနေတဲ့ သွေးပြန်ကြော ဖိအားကို တက်စေနိုင်ပါတယ်။ ဒီသွေးပြန်ကြောကို ပေါ်တယ်သွေးပြန်ကြော (portal vein) လို့ခေါ်ပြီး သွေးဖိအားတက်ခြင်းကိုတော့ Portal hypertension လို့ခေါ်ပါတယ်။တကယ်လို့ Portal hypertension ဖြစ်တယ်ဆိုရင် သွေးဟာ အစာမြိုပြွန်နဲ့ အစာအိမ်တွေမှာရှိတဲ့ သွေးကြောတွေထဲမှာ ရှိတဲ့ အခြားသွေးပြန်ကြောတွေအတွင်းကို စီးဆင်းပါတယ်။ ဒီသွေးပြန်ကြောတွေကို သွေးကြောထုံးလို့ ခေါ်ပြီး သွေးကြောထုံးနံရံတွေဟာ ပေါက်ထွက်နိုင်ပါတယ်။ ဒီသွေးကြောထုံးတွေ ပေါက်ထွက်ခြင်းဟာ ကိုယ်ခန္ဓါအတွင်း သွေးယိုစီးခြင်းကို ဖြစ်စေပြီး သွေးအန်ခြင်း၊ ကတ္တရာစီးရောင် ဝမ်းသွားခြင်းတွေ ဖြစ်နိုင်ပါတယ်။သွေးကြောပေါက်ထွက်ခြင်းဟာ အသည်းခြောက်ခြင်းရဲ့ ပြင်းထန်ပြီး အသက်ကို ခြိမ်းခြောက်နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ခုဖြစ်ကာ အရေးပေါ်ကုသမှု ယူဖို့ လိုအပ်နိုင်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/signs-of-liver-is-unhealthy/
ကျန်းမာရေးအရ တရားထိုင်ဖို့ ဘယ်အချိန်က အသင့်လျော်ဆုံးလဲ
တရားထိုင်ခြင်း အလေ့အကျင့်ဟာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုကနေ စတင်လာတာဖြစ်ပြီး အခုချိန်မှာတော့ တစ်ကမ္ဘာလုံးကကျန်းမာရေးအတွက် ပြုလုပ်သင့်တဲ့ ကျင့်စဉ်အဖြစ် သတ်မှတ်လာကြပါပြီ။ အဓိကစိတ်ကျန်းမာရေးအတွက် ဖြေဆေးတစ်ခွက် ဖြစ်သလို ခုလို Covid-19 ကြောင့် ပြည်သူအားလုံး အထိတ်တလန့်စိုးရိမ်ပူပန်နေရမယ့် အချိန်မျိုးမှာလည်း လုပ်ပေးခြင်းဖြင့် ကိုယ့်ရဲ့ စိတ်ကိုလည်း ငြိမ်းချမ်းစေဖို့ ကူညီပေးနိုင်ပါတယ်။တရားထိုင်တယ်ဆိုတာ ကိုယ့်ရဲ့ စိတ်ကို ငြိမ်းအေးစေတဲ့ ကျင့်စဉ်တစ်ခုပါ။ ဒီအတွက် ကိုယ်တရားထိုင်မယ့် အချိန်ကို သေချာရွေးဖို့ လိုပါတယ်။ ဒီအတွက် အကောင်းဆုံးအချိန်ကတော့ မနက်အစောပိုင်းအချိန် မနက် ၄နာရီမှ မနက် ၇နာရီအတောအတွင်း အချိန်တွေပါပဲ။ မနက်ပိုင်းမိသားစုအလုပ်တွေနဲ့ အဆင်မပြေရင်လည်း အသံတွေ တိတ်နေတဲ့ ညဘက် ၁၀ နာရီနောက်ပိုင်း မအိပ်ခင်မှာ တရားထိုင်လို့ ရပါတယ်။အိမ်မှာ လေ့ကျင့်ခန်း လုပ်တဲ့သူဆိုရင်လေ့ကျင့်ခန်း အမျိုးအစားပေါ် မူတည်ပြီး တရားထိုင်နိုင်ပါတယ်။ အလေးမတာ၊ဒိုက်ထိုး၊ ထိုင်ထ၊ အိပ်ထမတင် စတဲ့ ခွန်အားသုံး လေ့ကျင့်ခန်းတွေ လုပ်တဲ့ သူတွေ အထူးသဖြင့် အမျိုးသားတွေ ဆိုရင် အရင်ဆုံး တရားထိုင်ပေးပါ။ တရားအရင် ထိုင်တဲ့အတွက်စိတ်အာရုံစုစည်းမှု အားပိုကောင်းသွားပြီး လေ့ကျင့်ခန်းလုပ်တဲ့အခါ ကိုယ့်ရဲ့ကြွက်သားနေရာကို စိတ်အာရုံ စုစည်းပြီး သေချာအားစိုက်ကာ ကစားနိုင်မှာပါ။ယောဂကျင့်တာ၊ အသက်ရှူလေ့ကျင့်ခန်းမျိုး လုပ်တဲ့သူတွေ (အမျိုးသမီး အများစု၊ အသက်ကြီးပိုင်း လူကြီးမိဘ၊ဘိုးဘွားအရွယ်တွေ) ဆိုရင် လေ့ကျင့်ခန်း ပြီးသွားမှ တရားထိုင်ပေးပါ။တရားထိုင်တာနဲ့ ပတ်သက်ပြီး ရိုးရှင်းလွယ်ကူတဲ့အထဲက ပြောရမယ်ဆိုရင် ခြေထောက် တင်ပလ္လင်ခွေ ချိတ်ထိုင်ပြီး မျက်လုံးမှိတ်ကာ ကိုယ့်ကို ပျော်ရွှင်စေတဲ့ အရာဆီကို စိတ်အာရုံ စုစည်းထားတာမျိုး၊ ဒါမှမဟုတ် ဖြည်းညှင်းစွာစင်္ကြန်လျှောက်ကျင့်တာ၊ အိပ်ရာမှာ လဲလျောင်းနေရင်းနဲ့ တရားထိုင်တာ၊ ဝင်လေ ထွက်လေ မှတ်ကျင့်တာ အစရှိသဖြင့် ပုံစံ အမျိုးမျိုး လုပ်ပေးလို့ ရပါတယ်။• စိုးရိမ်ပူပန်ခြင်းကို လျော့ကျစေတယ်။• ညဘက်မှာ ကောင်းစွာအိပ်ပျော်နိုင်စေဖို့ ကူညီပေးတယ်။• တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့စေတယ်။•သွေးတိုးကျစေတယ်။• စိတ်ကျရောဂါ၊ စိတ်အတက်အကျ မြန်ရောဂါ အစရှိတဲ့ စိတ်ကျန်းမာရေး ပြဿနာများကို သက်သာစေတယ်။• စိတ်အာရုံ စုစည်းမှု အားကောင်းလာစေတယ်။• စိတ်ကိုငြိမ်းချမ်းစေတယ်။• အကောင်းမြင် စိတ်စွမ်းအား တိုးလာစေတယ်။• စိတ်ကို ကြည်လင်စေပြီး ထိုင်းမှိုင်းလေးလံခြင်း မဖြစ်အောင် ကာကွယ်ပေးတယ်။တရားထိုင်တာနဲ့ ပတ်သက်ပြီး ဘာသာမရွေး၊ အသက်အရွယ် မရွေး၊ ကျား မ မရွေး လုပ်လို့ ရပါတယ်။ အဓိကကတော့ စိတ်ကျန်းမာရေးအတွက် လုပ်ပေးရတဲ့ ကျင့်စဉ်တစ်ခု ဖြစ်တာကြောင့် ဒီလို ကာလမှာ ကိုယ့်ရဲ့ စိတ်ကို ညစ်နွမ်းမနေစေအောင် လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။ တရားထိုင်တဲ့အခါ ဆိတ်ငြိမ်အေးချမ်းတဲ့ အခန်းမျိုးကို ရွေးချယ်ပေးဖို့နဲ့ တစ်နေ့ကို အနည်းဆုံး နာရီဝက်လောက် တရားထိုင်ကြည့်ပေးဖို့ ထပ်ပြီး အကြံပေးလိုက်ချင်ပါတယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%9b%e1%80%b1%e1%80%b8%e1%80%a1%e1%80%9b-%e1%80%90%e1%80%9b%e1%80%ac%e1%80%b8%e1%80%91%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%96/
အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ
လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု၊ လူကြီးတွေမှာဆိုရင်ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက များသောအားဖြင့် အရေပြား၊ ခြေသည်းလက်သည်းနဲ့ အဆုတ်မှာ အဖြစ်များပါတယ်။ အသက်ရှူလမ်းကြောင်းကတဆင့် ရှူသွင်းမိတာ၊ တိုက်ရိုက် ထိတွေ့မိတာတွေကြောင့် ကူးစက်ပါတယ်။ မှိုပိုးက အရေပြားကို ထိုးဖောက်ဝင်ရောက်ပြီး ကိုယ်တွင်းအင်္ဂါတွေနဲ့ ခန္ဓာကိုယ်ရဲ့စနစ်တွေထဲကို ဝင်ရောက် ကူးစက်နိုင်ပါတယ်။အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာတွေကတော့။အရေပြားမှိုရောဂါတွေက အသက်အရွယ်မရွေး လူတိုင်းမှာ ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ် အစိတ်အပိုင်း တော်တော်များများမှာလည်း ဖြစ်နိုင်ပါတယ်။ အရေပြားမှာ စွဲကပ်ပြီး အရေပြားပြဿနာ ဖြစ်စေတဲ့မှိုပိုးတွေကသေးငယ်တဲ့ သက်ရှိလေးတွေပါ။ မှိုပိုး အမျိုးမျိုးရှိပြီး အချို့သော မှိုပိုးတွေက အသက်အန္တရာယ် ထိခိုက်စေတဲ့အထိ ပြင်းထန်ပါတယ်။မှိုပိုးတွေ​ကြောင့် ဖြစ်တဲ့ အရေပြား ပြဿနာတွေက ကူးစက်နိုင်ပါတယ်။ ဘယ်လိုအခြေအနေတွေနဲ့ ဘယ်ကနေအရေပြားမှိုရောဂါတွေကူးစက်နိုင်လဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ဒါကတော့ ဖြစ်နိုင်ခြေ အများဆုံး အခြေအနေပါ။ မှိုပိုးကြောင့် အရေပြား ပြဿနာရှိသူနဲ့ အနီးကပ် ထိတွေ့မိတာကနေတဆင့် ကူးစက်တာပါ။ နောက်ထပ် ဖြစ်နိုင်ခြေက အရေပြားပြဿနာ ရှိသူ အသုံးပြုထားတဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေ ဖြစ်တဲ့ တဘက်၊ အဝတ်အစား၊ အိပ်ရာခင်း နဲ့ အသုံးအဆောင်တွေကို သုံးမိတာကြောင့်လည်း ကူးစက်နိုင်ပါတယ်။အိမ်မှာ အနီးကပ် ထိတွေ့နေတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကိုလည်း အရေပြားကျန်းမာအောင် ဂရုစိုက်ပေးဖို့ လိုပါမယ်။ သူတို့လေးတွေရဲ့ အမွေးတွေနဲ့ အရေပြားမှာ မှိုပိုးအပါအဝင် အရေပြားပြဿနာ ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ ကပ်နေတတ်ပြီး သူတို့လေးနဲ့ အနီးကပ် ထိတွေ့တာကနေလည်း အရေပြားမှိုပိုးဝင်တာလိုမျိုးအရေပြား ပြဿနာကို ခံစားရစေနိုင်တဲ့ အခြေအနေတစ်ရပ်ပါ။အထူးသဖြင့် ခွေးတွေ၊ ကြောင်တွေမှာ ပွေးကွက်လေးတွေ ဖြစ်နေတယ်ဆိုရင် အရင်ကုသပြီးမှ ပြန်လည်ထိတွေ့ပါ။ ကြောင်လေးတွေမှာဆိုရင် လက္ခဏာမပြဘဲနဲ့ မှိုပိုးတွေ ရှိနေနိုင်တာကြောင့် သတိထားပြီး ကိုင်တွယ်ပါ။ ကိုင်ပြီးတိုင်းမှာ လက်ဆေးပါ။အရေပြားပြဿနာ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက နေ့စဉ် ထိတွေ့နေတဲ့ မျက်နှာပြင်တွေမှာ ကပ်တွယ်နေနိုင်ပါတယ်။ မှောင်ပြီး စိုထိုင်းဆ များတဲ့ နေရာတွေမှာဆို ပိုလို့တောင် များနိုင်ပါသေးတယ်။ ဥပမာ – locker တွေ၊ အများသုံး ရေချိုးခန်း၊ အိမ်သာလို နေရာတွေပါ။နောက်တစ်ချက်က ဖြစ်ခဲပေမယ့် အရေပြားပြဿနာ ရှိနေတဲ့ မှိုပိုးက မြေဆီလွှာထဲမှာ ရှိနေပြီး ကိုယ်က တိုက်တိုက်ဆိုင်ဆိုင်နဲ့ အဲ့နေရာကိုမှ ခြေဗလာနဲ့ နင်းမိမယ်ဆိုရင်လည်း အရေပြားက မှိုစွဲနိုင်ပါသေးတယ်။ဒါတွေအပြင် အဖြစ်များတဲ့ မှိုပိုးကူးစက်ခံရနိုင်တဲ့ အခြေအနေတွေရှိပါသေးတယ်။ ဒါတွေကတော့။မှိုပိုးက ကူးစက်မြန်တာကြောင့် သေချာလေး ဂရုစိုက်ဖို့ လိုသလို ဆေးကို ဆေးညွှန်းအတိုင်း အကြိမ်ရေ ပြည့်ပြည့် လိမ်းတာ၊ လိုအပ်ရင် သောက်ဆေးသောက်တာမျိုးကို ဆေးပတ်လည်အောင် လုပ်ဆောင်ဖို့ လိုပါမယ်။ တကယ်လို့ မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ဖို့ လိုပါမယ်။အရေပြားမှာ မှိုပိုး ကူးစက်တာမျိုး မဖြစ်အောင် ကာကွယ်လို့ ရပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/infectious-skin-diseases/where-do-you-get-skin-fungus-from/
ကိုယ့်ကိုယ်ကိုယ် ချစ်ပါ
ချစ်ခြင်းမေတ္တာက အမျိုးမျိုး ရှိပါတယ်။ ဒီလို ချစ်ခြင်းမေတ္တာတွေထဲမှာ လူတိုင်း မေ့နေတတ်တာက ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ပါ။ အခြားသူတွေကို ချစ်တာကကောင်းပေမယ့် ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ကလည်း အရေးကြီးပါတယ်။  ကိုယ့်ကိုယ်ကိုယ် ချစ်တာက အကောင်းဆုံးသော အရာတစ်ခုပါ။ ဘာကြောင့် ဒီလိုပြောရတာလဲ ဆိုတာကို ဒီ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ခြင်းကြောင့်။အရေးပါတဲ့ သူတစ်ယောက်ဖြစ်လာစေတယ်။လူပုဂ္ဂိုလ်တစ်ဦး အနေနဲ့ဖြစ်ဖြစ်၊ မိဘတစ်ဦး အနေနဲ့ဖြစ်ဖြစ်၊ အိမ်ထောင်ဦးစီး တစ်ယောက်၊ ဇနီးမယားတစ်​ယောက် အနေနဲ့ ဖြစ်ဖြစ် ကိုယ်ကျရာနေရာမှာ တန်ဖိုးရှိပြီး အရေးပါတဲ့ လူတစ်ယောက် ဖြစ်စေဖို့ဆိုရင် အရင်ဆုံး လုပ်ရမှာက ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ပါ။လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ်မှ မချစ်တတ်ရင် အခြားသူဆီကနေ ချစ်ခြင်းကို မရနိုင်သလိုအရေးစိုက်မှုကိုလည်း မရနိုင်ပါဘူး။ အရင်ဆုံး ကိုယ့်မှာ ရှိနေတဲ့ လိုအပ်ချက်ကို ဆန်းစစ် ကိုယ့်ကိုယ်ကိုယ် ချစ်ခင်တန်ဖိုးထားတဲ့အနေနဲ့ ကိုယ့်မှာ လိုအပ်နေတာကို ဖြည့်ဆည်းလိုက်မယ်ဆိုရင် အခြားသူတွေ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် အသင့်ပြင်လိုက်ရာ ကျသလို အရေးပါတဲ့ လူတစ်ယောက်ဖြစ်လာစေဖို့ပျိုးထောင်လိုက်တာပါ။ယုံကြည်မှုတိုးစေတယ်။လူတစ်ယောက် ယုံကြည်မှုတွေနဲ့ ပြည့်ဝနေတာက သူ့ကိုယ်သူ ချစ်တာကနေ ပေါက်ဖွားလာတဲ့ အားအင်တွေကို ပိုင်ဆိုင်ထားတာပါ။ ကိုယ့်ကိုယ်ကိုယ် ချစ်လိုက်တဲ့အခါ ယုံကြည်မှုက အလိုလို မြင့်တက် လာပါတယ်။ လူတိုင်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားနည်းနေရခြင်းရဲ့ အဓိက အကြောင်းတရားက ကိုယ့်ကိုယ့်ကိုယ် ချစ်ဖို့ မေ့နေတာ​ကြောင့်ပါ။လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ချစ်မယ်။ ကိုယ်တိုင်ဆုံးဖြတ်ချက်ချနိုင်သည်အထိ ရဲရင့်မယ် ဆိုရင် သေချာတာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးလာမယ်ဆိုတာပါ။ အရာရာကို ယုံကြည်မှုရှိရှိ လုပ်နေသူတိုင်းကို ကြည့်လိုက် သူတို့ကိုယ်သူတို့ ချစ်ဖို့ မေ့မနေကြတာ တွေ့ရပါလိမ့်မယ်။အရာရာ အဆင်ပြေလာလိမ့်မယ်။ကိုယ့်ကိုယ်ကိုယ် ချစ်လိုက်တဲ့အခါ အရာရာက လွယ်ကူ အဆင်ပြေ လာပါလိမ့်မယ်။ အလုပ်လုပ်တာကစလို့နေ့စဉ် ဘဝဖြတ်သန်းမှုတိုင်း မှာရောပေါ့။ ဘာက အဓိကကျတယ်၊ ဘာက နောက်မှလုပ်လို့ရတယ်။ ဘယ်အရာကတော့ ကောင်းတယ်၊ ဘယ်အရာကတော့ မကောင်းဘူး ဆိုတာကို သေချာ မြင်လာပါလိမ့်မယ်။နေ့ရက်တိုင်းကို အဆင်ပြေပြေ ဖြတ်သန်းချင်ရင် ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ မမေ့ပါနဲ့။ကြံ့ကြံ့ခံနိုင်စွမ်းတိုးလာမယ်။စိတ်ဓာတ်ခဏခဏကျတာ စိတ်ဖိစီးပြီးစိတ်အလိုမကျမှုများတာက ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ မေ့နေတာကြောင့်ပါ။ အရာရာကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်စေဖို့က အခြားသူတွေဆီကနေ ချီးကျူးသံတွေ ကြားရဖို့ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ပဲ လိုတာပါ။ ကိုယ်တိုင်ပျော်ရွှင်မှုအတွက်တာဝန်အရှိဆုံးက ကိုယ်ကိုယ်တိုင်ဆိုတာ မမေ့ပါနဲ့။ပိုပြီး ပျော်ရွှင်လာမယ်။ကိုယ့်ကိုယ်ကိုယ် ချစ်တာက ပျော်ရွှင်စွာ ဘဝနေထိုင်နည်းတွေထဲက တစ်ခုပါ။ ပျော်ရွှင်နေတဲ့သူတိုင်းက သူတို့ကိုယ်သူတို့ ချစ်ဖို့ မေ့မနေကြပါဘူး။အတွင်းစိတ်မှာ ​ကြည်လင်ပျော်ရွှင်နေမှုက သင့်ဆီကို ကောင်းမွန်စစ်မှန်တဲ့ ပျော်ရွှင်မှုတွေ ရောက်လာစေဖို့ ဖိတ်ခေါ်ပေး နိုင်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/why-you-have-to-love-yourself-first/
အသည်းရောဂါတွေ မဖြစ်လာအောင် ဒီနည်းလမ်းတွေနဲ့ ကာကွယ်ပါ
အသည်းရောဂါတော်တော်များများက ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရမျှတတဲ့ စားသောက်မှုပုံစံကိုမွေးမြူတာ၊ အရက်သေစာနဲ့ဆေးဝါးတွေကိုသာ ဆင်ခြင်လိုက်မယ်ဆိုရင်ကို ကာကွယ်ပြီးသားဖြစ်နေပါပြီ။ အသည်းရောဂါတွေ က အခြေအနေပြင်းထန်မယ်ဆိုရင် အသက်သေဆုံးတဲ့ထိဖြစ်စေနိုင်တာကြောင့် မဖြစ်ခင်က ကြိုတင်ကာကွယ်တာအကောင်းဆုံးဖြစ်မှာပါ။အသည်းကခန္ဓါကိုယ်ကျန်းမာဖို့အတွက်တော်တော်လေးအရေးပါတာကြောင့် ကျန်းကျန်းမာမာနဲ့ သက်တမ်းစေ့စေ့နေဖို့ဆိုရင် အသည်းကျန်းမာနေဖို့လိုပါတယ်။ အသည်းကို ထိခိုက်စေနိုင်တဲ့ အရာတွေကနေ့စဉ်ထိတွေ့နေတဲ့ပတ်ဝန်းကျင်မှာရှိနေနိုင်တာကြောင့်သေသေချာချာသတိထားဖို့လိုမှာပါ။ အမှုအမှတ်မဲ့ လုပ်ရပ်တွေကြောင့် အသည်းရောဂါခံစားရတာမျိုးတွေ ကင်းဝေးစေဖို့ ဒီအချက်လေးတွေကို သတိထားပေးပါနော်။ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းထားပါ –ခန္ဓါကိုယ်ရဲ့ အလေးချိန်က လူတစ်ယောက်ရဲ့ ကျန်းမာရေးအပေါ်မှာတော်တော်လေးသက်ရောက်နေတာပါ။ အစားတွေကို စားကောင်းတိုင်း အများကြီးစားနေမယ်ဆိုရင် ကိုယ်တွင်းမှာ အဆီပိုတွေများလာပြီး မလိုလားအပ်တဲ့ရောဂါတွေဝင်ရောက်လာနိုင်ပါတယ်။ ကိုယ်တွင်းမှာ အဆီပိုတွေများလာရင်ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုက အရက်ကြောင့်မဟုတ်တဲ့အသည်းအဆီဖုံးရောဂါကို ခံစားရနိုင်တာပါ။ အဝလွန်တဲ့သူတွေ ပုံမှန်ထက် ကိုယ်အလေးချိန်များနေသူတွေက အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါ ခံစားရနိုင်ခြေများတာကြောင့် ကိုယ်အလေးချိန်မများလာအောင် ထိန်းသိမ်းပါ။တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပါ–တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်တာက မသန့်ရှင်းမှုကနေတဆင့်ကူးစက်တတ်တဲ့အသည်းရောင် အသားဝါရောဂါပိုးတွေကို ကာကွယ်ပြီးသားဖြစ်ပါတယ်။ ဒါကြောင့် အိမ်သာကဆင်းတဲ့အခါ၊ ကလေးကိုသေးခံလဲပေးပြီးချိန်၊အစားမစားခင်၊ အစားအသောက်တွေကိုမပြင်ဆင်ခင်၊ ညစ်ပေတဲ့အရာတွေကို ထိတွေ့ပြီးချိန်တိုင်းမှာလက်ကိုသေချာသန့်စင်အောင်ဆေးကြောပေးပါ။ရေများများသောက်ပေးပါ-ရေကအသည်းမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားရာမှာတော်တော်လေးထိရောက်မှုရှိစေတဲ့အရာပါ။ သင့်အနေနဲ့ရေသောက်နည်းနေမယ်ဆိုရင်သွေးတွေပျစ်လာပြီး အသည်းက သန့်စင်စစ်ထုတ်မှုလုပ်ဆောင်ရာမှာ ပိုမိုခက်ခဲစေနိုင်ပါတယ်။ ဒါကြောင့်နေ့စဉ်ရေကိုလုံလောက်အောင်သောက်ပေးပါ။နေ့စဉ်ရေကို ၆ ခွက်ကနေ ၈ခွက်လောက်တော့သောက်ပေးပါ။ရေသောက်တဲ့အခါရေရဲ့ သန့်ရှင်းမှုကိုသေချာဂရုစိုက်ပေးပါ။အချိုရည်နဲ့အရက်တွေကို တတ်နိုင်သမျှလျှော့သောက်ပါ– ဒီအရည်တွေက အသည်းကို အထောက်အပံ့ဖြစ်စေတဲ့ရေဓါတ်တွေမဟုတ်ပါဘူး။ ပမာဏများလေလေ အသည်းထိခိုက်စေနိုင်လေလေပါ။ အချိုရည်တွေ များများသောက်တာက အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါကိုဖြစ်စေနိုင်ပြီး အရက်များများသောက်တာက အသည်းခြောက်ရောဂါနဲ့ အဆိုးဆုံးအနေနဲ့အသည်းကင်ဆာဖြစ်စေနိုင်ပါတယ်။သွေးတွင်းကိုလက်စထရောကျအောင်သောက်ရတဲ့ဆေးတချို့ကလည်း အသည်းကိုထိခိုက်စေနိုင်ပါတယ်။ဆေးတွေအလွန်အကျွံမသောက်ပါနဲ့– မကြာခဏဆိုသလိုဆေးတွေသောက်သုံးနေမှုကလည်း အသည်းကိုထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့်ခေါင်းကိုက်ဖျားနာတိုင်း အလွယ်တကူသောက်မိနေတဲ့Acetaminophenပေါ့။ ဒီဆေးက အလွန်အကျွံသောက်ရင် အသည်းကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။နောက်ထပ်သတိထားရမှာက အကိုက်အခဲပျောက်ဆေးတွေသောက်သုံးနေတာပါ။အကိုက်အခဲပျောက်ဆေးတွေကလည်း ခဏခဏသောက်ရင် အသည်းကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။နောက်တစ်ခုကဆေးသောက်တဲ့အခါ အရက်နဲ့တွဲမသောက်မိစေဖို့ပါ။ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးပေးပါ– အစားအသောက်တွေစားသုံးတဲ့အခါမှာလည်း အဆီ၊အငန်ကဲတာမျိုးတွေကို မစားပါနဲ့။ အစားအစာတွေကို ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးတာက ကိုယ်အလေးချိန်ကို ထိန်းညှိနိုင်သလို အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါကိုကာကွယ်ရာလည်းရောက်ပါတယ်။ဆေးလိပ်ဖြတ်ပါ-ဆေးလိပ်သောက်သုံးမှုကလည်း အသည်းကို ထိခိုက်စေတဲ့ အပြုအမူတစ်ခုပါ။ စီးကရက်မှာပါတဲ့ ဓါတုပစ္စည်းတွေက အသည်းကိုထိခိုက်စေနိုင်တာကြောင့်ဖြစ်နိုင်မယ်ဆိုရင်ဆေးလိပ်ဖြတ်လိုက်ပါ။အဆိပ်ရှိတဲ့အရာတွေနဲ့ ထိတွေ့မှုကိုရှောင်ပါ-နေ့စဉ်သတိမထားမိဘဲ ထိတွေ့မိနေတဲ့ ပိုးသတ်ဆေးတွေ၊ အိမ်သန့်ရှင်းရေးသုံးပစ္စည်းတွေမှာ အသည်းကိုထိခိုက်စေနိုင်တဲ့ ဓါတုပစ္စည်းတွေပါဝင်နေတတ်ပါတယ်။ ဒါကြောင့်ကြွေချေးချွတ်ဆေးတွေ အိမ်သန့်ရှင်းရေးသုံးပစ္စည်းတွေ အသုံးပြုတဲ့အခါ နှာခေါင်းစည်းသုံးပေးပါ။ကာကွယ်ဆေးထိုးထားပေးပါ– အသည်းရောင်အသားဝါရောဂါတွေကြောင့်နောက်ဆက်တွဲ အသည်းရောဂါတွေခံစားရတာကနေကာကွယ်ဖို့အတွက် အသည်းရောင်အသားဝါ A နဲ့ အသည်းရောင် အသားဝါ B ပိုးကာကွယ်ဆေးတွေထိုးထားပေးလိုက်ပါ။ မိသားစုဝင်တွေအားလုံးထိုးထားနိုင်ရင် အဆင်အပြေဆုံးပါ။ရောဂါပိုးကူးစက်ခံပြီးရင်တော့ ကာကွယ်ဆေးထိုးရင်လည်း ထိရောက်မှုသိပ်ရှိမှာ မဟုတ်ပါဘူး။အသည်းရောင်အသားဝါ C ပိုးကာကွယ်ဆေးကတော့ အခုထိမရှိသေးပါဘူး။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/ways-to-prevent-liver-disease/
အီလက်ထရောနစ်ပစ္စည်းတွေကြောင့် အသက်တိုစေမှာလား
အခုခေတ်မှာ အိုင်တီခေတ်ဖြစ်တာကြောင့် ကြီးငယ်မရွေး လူတိုင်းနီးပါးမှာ စမတ်ဖုန်းရှိနေကြပါပြီ။ လူငယ်အတော်များများမှာလည်း အလုပ်သဘောအရ၊ကျောင်းပညာရေးအရ လပ်တော့ကွန်ပျူတာတွေလည်း အသုံးများနေကြပြီ၊ သွားရင်းလာရင်း တက်ဘလက်ကွန်ပျူတာ၊ iPad စတာတွေနဲ့ စာဖတ်၊ ရုပ်ရှင်ကြည့်နေကြပြီဖြစ်ပါတယ်။ ဖုန်းနဲ့ ကွန်ပျူတာ နှစ်မျိုးရှိနေပြီဆိုရင်ပဲ သင်ဟာ အိပ်ချိန်ထက် ဒါတွေသုံးတဲ့အချိန်ပိုများနေမယ်ဆိုတာသေချာသလောက်ရှိနေပါတယ်။ တီဗီ ကြည့်ချိန်တောင် ထည့်တွက်စရာမလိုပါဘူး။အထူးသဖြင့်လူငယ်တွေကြားမှာ ကွန်ပျူတာနဲ့တခြားအီလက်ထရောနစ်တွေ အသုံးများလာတာနဲ့အမျှ သူတို့ကြောင့်ဖြစ်လာနိုင်တဲ့ ကျန်းမာရေးအန္တရာယ်တွေအကြောင်းကို ထည့်စဉ်းစားမိတာ နည်းလာပါတယ်။မကြာသေးခင်ကOfcom ရဲ့ လေ့လာမှုစစ်တမ်းတစ်ခုအရ အရွယ်ရောက်ပြီးသူတွေဟာ တစ်နေ့တာ ၂၄ နာရီအတွင်းမှာ ပျမ်းမျှတွက်ချက်ထားတဲ့ အိပ်ချိန် ၈ နာရီ ၂၁ မိနစ်နဲ့ယှဉ်ရင် မီဒီယာ သို့မဟုတ် ဒစ်ဂျစ်တယ်ဆက်သွယ်ရေးတစ်ခုခုကို အသုံးပြုနေတဲ့အချိန်က ပျမ်းမျှအားဖြင့် စုစုပေါင်း ၈နာရီ ၄၁ မိနစ် ရှိနေတယ်လို့ဖော်ပြခဲ့ပါတယ်။ ဒီတော့ လူတွေရဲ့ လှုပ်ရှားသွားလာနေတဲ့အချိန်ကာလတဝက်ကျော်ကို အီလက်ထရောနစ်ပစ္စည်းတစ်ခုခုကို ကြည့်နေရင်းနဲ့ အချိန်ကုန်နေတယ်ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။ဒါပေမယ့် ကိုယ့်အချိန်တွေကို ဖဲ့ယူနေတာအပြင် ကိုယ့်ကျန်းမာရေးကိုပါ ဘယ်လိုထိခိုက်နေစေသလဲဆိုတာ သိထားသင့်ပါတယ် ။မျက်စိကို ဆိုးကျိုးပေးခြင်း– အီလက်ထရောနစ်ပစ္စည်းတချို့ကြောင့်ဖြစ်လာစေတဲ့ အဖြစ်များဆုံးဆိုးကျိုးတစ်ခုပါ။ တီဗီဖန်သားပြင် သို့မဟုတ် လပ်တော့ နဲ့ မျက်နှာပြင်ကျယ်တဲ့ မိုဘိုင်းဖုန်းတွေကို တစ်နာရီ၊ နှစ်နာရီလောက်ကြာအောင်ကြည့်နေရင်ပဲ မျက်သားခြောက်လာတာ၊ မျက်စိယားယံတာ၊ မျက်ကွင်းညိုတာ၊ စတာတွေအများကြီးဖြစ်လာနိုင်ပါတယ်။ မျက်စိထဲမှာအစက်အပြောက်တွေဖြစ်ပြီး အမြင်ထိခိုက်စေနိုင်တဲ့ eye melanomaရောဂါက ဒီပစ္စည်းတွေ ထိတွေ့အသုံးပြုမှုလွန်ကဲမှုနဲ့ဆက်နွှယ်တဲ့ရောဂါပြင်းတစ်ခုဖြစ်ပါတယ်။လူ့မျက်လုံးဆိုတာ တစ်နေရာတည်းကို နာရီပေါင်းများစွာတောက်လျှောက်ကြည့်နေဖို့ ကျင့်သားမရနိုင်ပါဘူး။ ကွန်ပျူတာရှေ့မှာ အချိန်အတိုင်းအတာတစ်ခုအထိကျောက်ချနေရပြီဆိုရင်တော့ သင့်မှာ ကွန်ပျူတာမျက်စိရောဂါ(မျက်စိညောင်းခြင်း၊ မျက်စိနီရဲခြင်း၊စပ်ခြင်း၊ အမြင်အာရုံ မှုန်ဝါးခြင်း၊ ပုံရိပ်နှစ်ထပ်မြင်ခြင်း)ရှိနေလောက်ပါတယ်။မျက်စိကျန်းမာရေးကို ကာကွယ်ထိန်းသိမ်းနိုင်ဖို့အတွက် ကွန်ပျူတာအသုံးများရင် မျက်မှန်တပ်ပါ။ မျက်မှန်နဲ့မျက်ကပ်မှန်တွေကို မျက်စိပါဝါနဲ့အမြဲစစ်ဆေးကိုက်ညှိပါ။ခန္ဓါကိုယ်မှာ ဒဏ်ဖြစ်ခြင်း။တချို့မှာ ဖုန်းနဲ့စာရိုက်တာများလွန်းရင်၊ တက်ဘလက်နဲ့ ဖုန်းပွတ်တာများလွန်းရင် အရွတ်ပြားတွေရောင်တာ၊ လက်မနဲ့လက်ညှိုးအဆစ်တွေရောင်တာဖြစ်လာတတ်ပါတယ်။ ယနေ့ခေတ်ကွန်ပျူတာနည်းပညာက တိုးတက်လာတာနဲ့အမျှ ကွန်ပျူတာအတွက် စာရိုက်ရင်း လက်ချောင်းလေးတွေအသုံးပြုရများလာပါတယ်။ စာရိုက်တဲ့အခါ လက်ချောင်းကို ဘယ်လောက်ပဲခပ်ဖွဖွသုံးတယ်ပြောပြော ထပ်ကာတလဲလဲသုံးပါများလာရင် ဒဏ်ဖြစ်လာစေနိုင်ပါတယ်။နောက်တော့ လက်ကောက်ဝတ်နာလာတာ၊ ဆုပ်ကိုင်အားမကောင်းတော့ဘဲ လက်မမြဲတာ၊ လက်ချောင်းတွေလှုပ်ရှားတဲ့အခါ အသံမြည်တာတွေဖြစ်လာစေတတ်ပါတယ်။အအိပ်မမှန်တော့ခြင်း။အိပ်ရာမဝင်ခင် အနည်းဆုံး ၂နာရီလောက်အတွင်း လက်ကိုင်ဖုန်းနဲ့ကွန်ပျူတာ အသုံးပြုခြင်းကို ကန့်သတ်ပါ။ မိုဘိုင်းဖုန်းနဲ့ တက်ဘလက်ဆီက ထွက်လာတဲ့ အလင်းတုတွေကpineal gland ရဲ့ melatonin ထုတ်လုပ်မှုကို အဟန့်အတားဖြစ်စေပါတယ်။melatonin ဆိုတာ လူ့ခန္ဓါကိုယ်ရဲ့ဇီဝနာရီကို အခြေတကျတည်ငြိမ်စေတဲ့ဟော်မုန်းဖြစ်ပါတယ်။ ဦးနှောက်က အလင်းရောင်နဲ့ထိတွေ့ရင် နိုးထတတ်တာကြောင့် ဇီဝနာရီကိုထိခိုက်စေနိုင်ပြီး အိပ်ရမယ့်အချိန်ကျော်နေတာတောင် နိုးကြားနေဖို့ ဦးနှောက်ကသင့်ကို သတိပေးနေမှာဖြစ်ပါတယ်။အိပ်စက်ခြင်းပြဿနာရှိလာတာက တစ်နေကုန် ကွန်ပျူတာမသုံးမဖြစ်သုံးနေရပြီး ဖုန်းနဲ့ပဲဆက်သွယ် အလုပ်လုပ်နေရတဲ့ နည်းပညာလုပ်သားတွေမှာအဖြစ်များပါတယ်။ညဘက်မှာ ထိတ်လန့်သည်းဖိုရုပ်ရှင်တွေ၊ အက်ရှင်ကားတွေလို နိုးနိုးကြားကြားဖြစ်စေမယ့် ရုပ်ရှင်တွေ၊ တီဗီအစီအစဉ်တွေကို မကြည့်ပါနဲ့။ ကြည့်မိပြီးရင်နောက်နာရီအတော်ကြာတဲ့အထိ အာရုံကိုနိုးကြားစေနိင်လို့ပါ။အဝလွန်ခြင်း။အဝလွန်ခြင်းနဲ့ ဒစ်ဂျစ်တယ်ခေတ်နေထိုင်မှုပုံစံက ဆက်နွှယ်မှုကိုပိုကြီးမားပါတယ်။ အထိုင်များလွန်းရင် ဝလာတတ်တာကြောင့် တီဗီကြည့်တာများလေ၊ ဖုန်းထိုင်ပွတ်တာများလေ ပိုပိုဝလာလေပဲဖြစ်ပါတယ်။ လှုပ်ရှားမှုနည်းတဲ့နေထိုင်မှုပုံစံမှာ ဝစေမယ့်အစားအစာလည်း ပိုစားမိစေတယ်လို့ ဆိုကြပါတယ်။အကြားအာရုံထိခိုက်ခြင်း။အပြင်သွားတဲ့အခါမှာတောင်မှ iPods ၊ ဖုန်း စတဲ့ သီချင်းနားထောင်ဖို့ အီလက်ထရောနစ်ပစ္စည်းတွေကကိုယ်နဲ့မကွာပါလာတတ်ကြပါတယ်။ပြင်ပကဆူညံသံတွေကကင်းလွတ်အောင်လို့ နားကိုကာကွယ်ထားတာကောင်းပါတယ်။ ဒါပေမယ့် နားကြပ်နဲ့သီချင်းနားထောင်တာက အကြားအာရုံဆုံးရှုံးမှုကိုဖြစ်စေနိုင်တဲ့ အန္တရာယ်ပိုများပါတယ်။ရုံးခန်းကြောင့်ဖြစ်ရတဲ့ပန်းနာရင်ကျပ်။အဆင့်မြင့်ပြီး သပ်ရပ်နေတဲ့ သင့်ရဲ့ရုံးခန်းက အတွင်းပိုင်းလေထုညစ်ညမ်းမှုအရင်းအမြစ်တစ်ခုဖြစ်နေနိုင်ပါတယ်။လေဆာပရင့်တာမော်ဒယ်တချို့က အလုပ်လုပ်တဲ့အခါ မမြင်ရတဲ့အမှုန်တွေလေထုထဲကိုထွက်လာစေနိုင်ပါတယ်။သေးငယ်လွန်းတဲ့ဒီအမှုန်တွေက အဆုတ်ထဲကိုရောက်ရှိသွားတတ်ပါတယ်။ ပရင့်တာတိုင်းတော့ အန္တရာယ်ရှိတာမဟုတ်ပါဘူး။လေ့လာမှုတစ်ခုအရ ပရင့်တာ ၆၂ မျိုးမှာ ၄၀% က အမှုန်ထွက်ရှိကြောင်းတွေ့ရပါတယ်။ အဲဒီထဲမှာ ၁၇ မျိုးကတော့ အမှုန်ထွက်ရှိမှုများနေတယ်လို့ ဆိုပါတယ်။E-mentia( အီလက်ထရောနစ်ပစ္စည်းတွေကြောင့်မေ့တတ်လာခြင်း)။အခုခေတ်မှာနောက်ဆုံးပေါ်နည်းပညာတွေအပေါ်မှီခိုအားထားတာများလာတာကြောင့်မြေပုံဖတ်ရှုနိုင်စွမ်း၊၊ ဖုန်းနံပါတ်တွေမှတ်မိနိုင်စွမ်းတွေတောင်ကျဆင်းလာကြပါတယ်။ ဒါပေမယ့်သုတေသီတွေက GPS စနစ်အသုံးပြုတဲ့သူတွေနဲ့မြေပုံဖတ်ပြီးသွားလာသူတွေရဲ့ ဦးနှောက်ကို စစ်ဆေးလေ့လာတဲ့အခါမြေပုံအသုံးပြုသူတွေက မှတ်ဉာဏ်နဲ့ပတ်သက်တဲ့ ဦးနှောက်အပိုင်းhippocampus မှာgrey matter ပိုကြီးတာကိုတွေ့ရပြီးဦးနှောက်လှုပ်ရှားမှုပိုများတာတွေ့ရပါတယ်။ကွန်ပျူတာစနစ်တွေအပေါ်အားထားလွန်းတာက လှုပ်ရှားအားကောင်းနေဖို့လိုအပ်တဲ့ ဦးနှောက်ရဲ့အာရုံနှိုးဆွမှုကို ပျက်ယွင်းစေနိုင်ပါတယ်။ ကိုယ့်ဦးနှောက်ကိုယ်ပုံမှန်အလုပ်မခိုင်းရင်၊သင်ယူလေ့လာမှုမရှိရင်နောက်ပိုင်းအသက်အရွယ်တွေမှာdementiaဖြစ်လာနိုင်ခြေပိုများတယ်လို့ သုတေသနတွေကဖော်ပြကြပါတယ်။ဖုန်းတွေကြောင့် ဝက်ခြံထွက်။အိပ်ရာမဝင်ခင်ဖုန်းပွတ်နေတာကြောင့်ပဲ အိပ်ရေးပျက်လို့ဝက်ခြံထွက်ရတာမဟုတ်ပါဘူး။ လက်ကိုင်ဖုန်းတွေမှာဘက်တီးရီးယားတွေ ကပ်ငြိနေနိုင်တာကြောင့် ဖုန်းတဲ့ထိတွေ့မိတဲ့ ပါးနဲ့မေးစေ့မှာ ဝက်ခြံထွက်တတ်ပါတယ်။ ဝက်ခြံထွက်လွယ်တဲ့သူတွေမှာ ဖုန်းပြောတဲ့အခါ နားကြပ် ၊ hand freeတွေ၊ Headsetတွေ မကြာမကြာသုံးပေးသင့်ပါတယ်။အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်း။လပ်တော့ကွန်ပျူတာကို ပေါင်ပေါ်မှာတင်သုံးတဲ့အခါပေါင်ခြံအတွင်းက အပူချိန်က ပုံမှန်ခန္ဓါကိုယ်အပူချိန်ဖြစ်တဲ့98.6 ဒီဂရီထက် 35 ဒီဂရီပိုများလာနိုင်ပါတယ်။ ဒီအပူချိန်က သုက်ပိုးထုတ်လွှတ်မှုကိုထိခိုက်စေပြီး မျိုးအောင်နိုင်စွမ်းကိုတောင် ထိခိုက်စေပါတယ်။ မိုဘိုင်းဖုန်းကိုဘောင်းဘီအိတ်ထဲထည့်ထားတာကလည်း အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေတယ်လို့ သုတေသနတွေကဖော်ပြကြပါတယ်။ကင်ဆာအန္တရာယ်။အီလက်ထရောနစ်ပစ္စည်းတွေက ဓါတ်ရောင်ခြည်ထွက်ရှိနိုင်သလားဆိုရင် ဟုတ်ပါတယ်။ Google မှာတချက်ရှာကြည့်ရင်တော့ ဒီရောင်ခြည်တွေက ကင်ဆာအန္တရာယ်ပိုများစေနိုင်ခြင်းရှိမရှိကို ပညာရှင်တွေရဲ့အမြင်ကကွဲလွဲနေကြတာတွေ့ရပါတယ်။ ဒီရောင်ခြည်လှိုင်းတွေက ကင်ဆာဖြစ်စေနိုင်တယ်၊အာရုံကြောဆဲလ်တွေကိုသေစေနိုင်တယ်၊ကိုယ်ခံအားစနစ်ကိုအားနည်းစေတယ်လို့တချို့ကပြောကြသလို တချို့ကလည်း ဖုန်းတွေ၊အီလက်ထရောနစ်တွေဆီကထွက်ရှိတဲ့အတိုင်းအတာက အနည်းငယ်သာဖြစ်ပြီး တကယ်တော့ ဒီလိုရောင်ခြည်လှိုင်းအနည်းငယ်လောက်က ကျန်းမာရေးနဲ့တွေးခေါ်နိုင်စွမ်းကိုတောင် ပိုကောင်းစေသေးတယ်လို့ ဆိုကြပါတယ်။ တကယ်သုံးသပ်ကြည့်ရင်တော့ ဒီပစ္စည်းတစ်ခုနှစ်ခုလောက်ကပြဿနာမရှိပေမယ့် အီလက်ထရောနစ်ပစ္စည်းတွေချည်းနေရာတကာမှာအသုံးများလာလေ ထုတ်လွှတ်မှုကများလေဖြစ်ပြီး ကျန်းမာရေးအတွက်ဆိုးကျိုးတွေ သက်ရောက်နိုင်မှာသေချာပါတယ်။ဓါတ်ရောင်ခြည်သင့်ခြင်းမခံစားရစေဖို့အောက်ပါအချက်တွေနဲ့ဆင်ခြင်နေထိုင်နိုင်ပါတယ် –။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/%e1%80%92%e1%80%85%e1%80%ba%e1%80%82%e1%80%bb%e1%80%85%e1%80%ba%e1%80%90%e1%80%9a%e1%80%ba%e1%80%a1%e1%80%ae%e1%80%9c%e1%80%80%e1%80%ba%e1%80%91%e1%80%9b%e1%80%b1%e1%80%ac%e1%80%94%e1%80%85%e1%80%ba/
မြန်မာလူမျိုးတိုင်း ကြိုက်တဲ့ သရက်သီးရဲ့ အစွမ်း
ကျွန်တော်တို့ မြန်မာလူမျိုးတော်တော်များများရဲ့ အိမ်တွေမှာ သရက်သီးကို အမြဲဆောင်ထားတတ်ကြပါတယ်။ ထမင်းစားပြီး အချိုပွဲတည်းတော့မယ်ဆိုလည်း သရက်သီးက မပါမဖြစ်ပဲပေါ့။ အရသာလည်းရှိ၊ ခုဆိုမိုးတွင်းထဲလည်း ဝင်လာပြီဆိုတော့ ရာသီစာ သရက်သီးတွေ နေ့တိုင်းစားရတော့မှာပေါ့။မြန်မာနိုင်ငံမှာတော့သရက်သီးရဲ့ အရသာ၊ ပုံစံ၊ အရောင်ပေါ် မူတည်ပြီး စိန်တစ်လုံး၊ မချစ်စု၊ ရင်ကွဲ၊ သုံးလုံးတစ်တောင်၊ မြကျောက်၊ မျောက်ခေါင်း၊ မနော်နွယ်၊ စိုင်သီး၊ ပတ္တမြားငမောက် အစရှိသဖြင့် နေရာဒေသပေါ်မူတည်ပြီး မျိုးစိတ်တွေ ကွဲသွားပါတယ်။ ဘယ်လောက်ပဲ မျိုးစိတ်ကွဲကွဲ သရက်သီးတိုင်းကတော့ အစာကြေရင်ချောင်စေတယ်။ ဝမ်းမှန်စေတယ်။ အမြင်အာရုံကြည်လင်စေတယ်။ ဒါ့အပြင် တချို့ကင်ဆာရောဂါတွေ မဖြစ်စေဖို့ပါ ကာကွယ်ပေးနိုင်တယ်ဆိုတော့ ဂွတ်ရှယ်ပဲပေါ့။ ဒီနေ့ဆောင်းပါးမှာ သရက်သီးက ပေးနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေအကြောင်းကို ပြောပြပေးချင်ပါတယ်။ကယ်လိုရီပမာဏနည်းပြီး ကိုယ်ခန္ဓါကျန်းမာစေဖို့ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေ အများကြီးပါဝင်ပါတယ်။အသားဓါတ်၊ ကစီဓါတ်၊ အမျှင်ဓါတ်၊ ဗီတာမင် အေ၊ ဗီတာမင် ဘီ၊ ဗီတာမင် စီ၊ ဗီတာမင် အီး၊ ဗီတာမင် ကေ၊ဖောလစ်အက်ဆစ်၊ ပိုတက်စီယမ်ဓါတ်၊ မဂ္ဂနီဆီယမ်ဓါတ် အစရှိသဖြင့် အာဟာရအစုံအလင်ကို သရက်သီးက ပေးစွမ်းနိုင်ပါတယ်။ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ ကိုယ်တွင်းမှာ ရှိတဲ့ ဆဲလ်တွေကို ကာကွယ်ပေးတယ်။ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပြီး အသက်ကြီးလာတဲ့အချိန် ဖြစ်တတ်တဲ့ နှလုံး၊ သွေးတိုး၊ ဆီးချိုရောဂါတွေ၊ နာတာရှည်ရောဂါ၊ ကင်ဆာရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။သရက်သီးမှာပါဝင်တဲ့ အာဟာရဓါတ်တွေဟာကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးလို့ အလွယ်တကူ ဖျားနာခြင်းတွေ မဖြစ်စေပါဘူး။ အသက်ရှူလမ်းကြောင်းနဲ့ ကိုယ်ခန္ဓါထဲ ဝင်လာတဲ့ ရောဂါပိုးမွှားတွေကို ခုခံတိုက်ထုတ်ပေးပြီး အဖျားတာတိုစေပါတယ်။မဂ္ဂနီဆီယမ်ဓါတ်နဲ့ ပိုတက်စီယမ်ဓါတ်ဟာ နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေပြီး နှလုံးသွေးကြောတွေကို ပြေလျော့စေလို့ သွေးတိုးကျစေတယ်။ သွေးတွင်း ကိုလက်စထရောကိုလည်း လျှော့ချပေးလို့ နှလုံးကျန်းမာရေးအတွက်တော့ အကောင်းဆုံးပဲပေါ့။အမျှင်ဓါတ်ကြွယ်ဝတဲ့ သရက်သီးကို ပုံမှန်စားပေးမယ်ဆိုရင် အစာကြေရင်ချောင်စေတယ်။ ဝမ်းမှန်စေပြီး ဝမ်းချုပ်တာ၊ ဝမ်းပျက်ဝမ်းလျှော မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ဒီတော့ ကိုယ်က ထမင်းတွေအများကြီးစား၊ အဆီအစိမ့်တွေ စားပြီးသွားရင် သရက်သီးတစ်လုံးလောက် စားပေးလိုက်တာနဲ့ အစာကြေဖို့ ပိုလွယ်သွားမှာပါ။မျက်စိမှုန်တဲ့သူတွေ၊ မွေးရာပါ မျက်စိအားနည်းတဲ့သူတွေ၊ ညဘက်အမှောင်ထဲမှာ သေချာမမြင်ရတာ၊ အပြင်ကို အမြဲသွားလာနေရလို့ နေရောင်ခြည်ဒဏ်၊ ဖုန်မှုန့်တွေနဲ့ အမြဲထိတွေ့ဆက်ဆံနေရတဲ့သူတွေ၊ ကွန်ပျူတာကို တစ်နေ့လုံးကြည့်ပြီး အလုပ်လုပ်နေရသူတွေအတွက် မျက်စိအားဆေးဓါတ်စာအနေနဲ့ သရက်သီးကို မှီဝဲသင့်ပါတယ်။သရက်သီးမှာ ဗီတာမင် စီ ကြွယ်ဝစွာ ပါဝင်လို့ အသားအရေကို စိုပြေလှပစေရုံသာမကဆံသားကိုလည်း သန်စွမ်းစေတယ်။ အရေးအကြောင်းတွေနဲ့ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးဖို့ ကော်လဂျင်ဓါတ်တွေကို ထုတ်ပေးနိုင်တယ်။ နေရောင်ခြည်နဲ့ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အသားအရေ မပျက်စီးဖို့ ကာကွယ်ပေးနိုင်ပါတယ်။ကဲ ဒါဆိုရင် ကိုယ့်ကျန်းမာရေးနဲ့ အလှအပအတွက် အရမ်းကောင်းတဲ့ သရက်သီးကို ထမင်းစားပြီး အချိုတည်းမလား၊ ကြိတ်ပြီး သစ်သီးဖျော်ရည်အနေနဲ့ သောက်မလား၊ အရသာလည်း ရှိတယ်၊ အစာလည်း ကြေစေတာမို့ တစ်နေ့တစ်လုံး ပုံမှန်စားပြီး ရောဂါတွေကို တိုက်ထုတ်လိုက်ကြရအောင်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%bb%e1%80%99%e1%80%94%e1%80%b9%e1%80%99%e1%80%ac%e1%80%9c%e1%80%b0%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8-%e1%81%be%e1%80%80%e1%80%ad/
Colon cancer (အူမကြီးကင်ဆာ)
အူမကြီးကင်ဆာဆိုသည် အူမကြီးတွင်ဖြစ်သောကင်ဆာတစ်မျိုးဖြစ်ပြီး အစာချေစနစ်၏ အောက်ပိုင်းတွင်ရှိသည်။ စအိုကင်ဆာသည် အူမကြီး နောက်ဆုံး လက်ခအနည်းငယ်တွင်ဖြစ်သောကင်ဆာဖြစ်သည်။ တခါတရံတွင် တူတူပေါင်းဖြစ်ပြီး အူမကြီးစအိုကင်ဆာဟုခေါသည်။များသောအားဖြင့် အူမကြီးကင်ဆာတွင် သေး၍ကင်ဆာမဖြစ်သေးသောဆဲလ်များစုပုံမှု အဆီအိတ်မှဖြစ်သောအလုံးဖြစ်မှုမှစတင်သည်။ အချိန်ကြာသည်နှင့်ထိုအလုံးမှ အူမကြီးကင်ဆာဖြစ်လာသည်။အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အူမကြီးကင်ဆာရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။ဝမ်းသွားသည့်ပုံစံပြောင်းလဲသွားခြင်း။ ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျောခြင်း နှင့် ဝမ်းမာမှုပျော့မှုပုံစံပြောင်းလဲသွားခြင်း။ ထိုအရာများသည် လေးပါတ်လောက်ထိကြာတတ်သည်။စအိုမှသွေးထွက်ခြင်းသို့မဟုတ် ဝမ်းထဲတွင်သွေးပါနေခြင်း။ဗိုက်တောက်လျောက်နာနေခြင်း ဥပမာ အောင့်ခြင်း လေထိုးခြင်းသို့မဟုတ် နာခြင်း။ဝမ်းသွားရတာကုန်သည် မခံစားရခြင်း။အားနည်းခြင်းသို့မဟုတ် နှုန်းခြင်း။အကြောင်းပြချက်မရှိပဲပိန်ခြင်း။အူမကြီးကင်ဆာဖြစ်သောအများစုတွင် စောစီးစွာရောဂါလက္ခဏာမပြတတ်ပါ။ ရောဂါလက္ခဏာစပြချိန်တွင် ကင်ဆာအရွယ်အစား နေရာအမျိုးမျိုးရှိနေနိုင်သည်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။များသောအားဖြင့် အူမကြီးကင်ဆာဖြစ်စေသောအကြောင်းအရင်းအားမသိပါ။ ဆရာဝန်များမှ အူမကြီးရှိကျန်းမာသောဆဲလ်များ၏ ဒီအန်အေ အမှားပေါ်လာခြင်းကြောင့်ဖြစ်သည်ဟုဆိုကြသည်။ကျန်းမာသောဆဲလ်များမှ ပုံမှန်ပွား၍ကွဲပြီး ခန္ဓါကိုယ်ပုံမှန်လုပ်ဆောင်ချက်များကိုလုပ်ဆောင်သည်။ ဆဲလ်ဒီအန်အေပျက်ဆီးသွားရာမှ ကင်ဆာဖြစ်လာနိုင်သည်။ ထိုဆဲလ်များဆက်ပွားနေပါက ဆဲလ်များစုပုံလာပြီး အကျိတ်ဖြစ်လာနိုင်သည်။အချိန်ကြာလာသည်နှင့် ကင်ဆာဆဲလ်များပွားပြီး ပုံမှန်တစ်သျူးများထဲဝင်ကာ ဖျက်ဆီးပစ်လိုက်သည်။ ထိုမှတစ်ဆင့် ကင်ဆာဆဲလ်များခန္ဓါကိုယ်အစိတ်အပိုင်းအသီးသီးသို့ပျံသွားကြသည်။အူမကြီးကင်ဆာ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အူမကြီးကင်ဆာဟုအတည်ပြုနိုင်ရန်ဆရာဝန်မှမေးမြန်းမှုများစမ်းသက်မှုများလုပ်လိမ့်မည်။ အူမကြီးမှန်ပြောင်းကြည့်ခြင်း သို့မဟုတ် ဘယ်ရီယမ်အီနားမား ထိုး၍ ဓါတ်မှန်ရိုက်ခြင်းဖြင့် အတည်ပြုနိုင်သည်။အူမကြီးမှန်ေဲပါင်းကြည့်ခြင်းတွင် ကင်မရာတပ်ဆင်ထားသော ရှည်၍ပျော့ပြေင်းသောပြွန်အား စအိုအတွင်းမှထည့်ပြီး အူမကြီးအားကြည့်သည်။ အကယ်၍ အလုံးကိုအူမကြီးတွင်တွေ့ပါက ဖယ်ထုတ်ပြီး အသားစအား ရောဂါဗေဒဆရာဝန်အားပို့သည်။ အသားစကို အနုကြည့်မှန်ပြောင်းအောက်တွင်ကြည့်၍ကင်ဆာဖြစ်နိုင်သည် မဖြစ်နိုင်သည်ကိုဆိုခြင်းဖြစ်သည်။ဘယ်ရီယမ်အီနားမား သည် လုပ်ဆောင်ချက်များမစမီ လူနာအား အစာရေကို နာရီများစွာမစားမသောက်စေပါ။ ဘယ်ရီယမ်ပါသော အရည် ကို စအိုမှတစ်ဆင့် အူမကြီးသို့ထိုးသွင်းသည်။ ဘယ်ရီယမ် အူမကြီးအတွင်းသို့ရောက်ပါက အူမကြီးနှင့် စအိုအား ဓါတ်မှန်ရိုက်သည်။ ဓါတ်မှန်တွင် အလုံးအကျိတ်များရှိသောနေရာတွင် အနက်ရောင်ပြ၍ ဘယ်ရီယမ်နေရာများမှ အဖြူရောင်ပြတတ်သည်။အသားစမှ အူမကြီးကင်ဆာဟုအတည်ပြုပြီးနောက် ဆရာဝန်မှ ရင်ဘတ်ဓါတ်မှန် ကွန်ပြူတာဓါတ်မှန် သို့မဟုတ် စီတီ တို့ဖြင့် အဆုတ် အသဲ နှင့် ဝမ်းဗိုက်တလျောက်ရိုက်လိမ့်မည်။ ထိုသို့ပြုလုပ်ခြင်းမှ ကင်ဆာမည်မျှပျံသွားသည်ကိုသိနိုင်သည်။ သွေးထဲမှ စီအီးအေ (ကာစီနီုအန်ဘရိုနစ် ပဋ္ဋိပစ္စည်း) အားစမ်းလေ့မရှိပါ။ကင်ဆာကုသမှုများသည် ကင်ဆာအမျိုးအစား အဆင့်ဘယ်လောက်(ဘယ်လောက်ပျံနှ့ပြီဖြစ်ကြောင်း) အသက် ကျန်းမာရေးအခြေအနေနှင့် အခြားအကြောင်းအရာများပေါင်းစပ်၍ အမျိုးမျီုးဖြစ်သည်။ ကင်ဆာအတွက် ကုသမှတခုမှမရှိသော်လည်း အူမကြီးကင်ဆာအတွက်ခွဲစိတ်ခြင်း ကင်ဆာဆေးသွင်းခြင်း ဓါတ်ရောင်ခြည်ပြခြင်းများလုပ်နိုင်သည်။ကုသမှုသည် ကင်ဆာအားဖယ်ရန် နှင့် သို့မဟုတ် ကင်ဆာကြောင့်ဖြစ်သောနာကျင်ခြင်းအားသက်သာစေရန်ဖြစ်သည်။ခွဲစိတ်ခြင်း။ခွဲစိတ်ရာတွင် အူမကြီးတပိုင်းတစ သို့မဟုတ် တခုလုံးအားဖြတ်ထုတ်သည်။ ထိုသို့ဖြတ်ထုတ်ရာတွင် ကင်ဆာဖြစ်နေသောအူမကြိးနှင့် ကင်ဆာနှင့်ထိနေသော အနားသတ်နေရာများကိုလဲဖြတ်ထုတ်မည်။ အနီးအနားရှိ ပြန်ရည်အိတ်အားလည်းထုတ်လေ့ရှိသည်။ အူမကြီးဖြတ်ထုတ်သော ပမာဏအပေါ်မူတည်၍ ကျန်းမာသောအူမကြီးအပိုင်းအား စအို သို့မဟုတ် ဝမ်းဗိုက်ရှိ အပေါက်နှင့်တွယ်ဆက်လိုက်သည်။ နောက်တခုမှာ ဝမ်းဗိုက်အားဖောက်၍စအိုအတုပြုလုပ်ပြီး ဝမ်းအညစ်အကြေးများက ထိုစအိုအတုမှ တွယ်ထားသောအိတ်အတွင်းသို့ရောက်မည်။ စအိုအစစ်အားအသုံးမပြုတော့ပါ။အချို့ကိစ္စများတွင် ဆရာဝန်သည် သေး၍ နေရာတကျရှိသောကင်ဆာဆဲလ်များအား မှန်ပြောင်းသုံး၍ ဖယ်ထုတ်နိုင်သည်။ဝမ်းဗိုက်မှအပါက်ဖောက်သောခွဲစိတ်နည်း( ဝမ်းဗိုက်မှ အပေါက်သေးများပြုလုပ်အသုံးပြခြင်း) သည် ကြီးသော အလုံးများကိုဖယ်ရာတွင်အသုံးပြုနိုင်သည်။အချို့ခွဲစိတ်ချက်များက ကင်ဆာအဆင့်မြင့်သောသို့မဟုတ် ကုသ၍မရတော့သော ကင်ဆာများတွင် ရောဂါလက္ခဏာသက်သောစေရန်သုံးသည်။ ထိုသို့ခွဲစိတ်ခြင်းသည် အူမကြိးပိတ်ခြင်းအားသက်သာစေသည် သို့မဟုတ် အခြားအခြေအနေများ မဖြစ်လာစေရန် နာကျင်ခြင်း သွေးထွက်ခြင်း နှင့် အခြားလက္ခဏာများအားသက်သာစေသည်။ကင်ဆာဆေးသွင်းခြင်း။ကင်ဆာဆေးသွင်းခြင်းတွင် ဆဲလ်ပွားခြင်းကိုတားသော ပစ္စည်းများအားအသုံးပြုထားသည်-ပျက်စီးနေသောပရိုတင်းသို့မဟုတ် ဒီအန်အေ- ထိုကြောင့်ကင်ဆာဆလ်များအား ဖျက်ဆီးပြီးသေစေနိုင်သည်။ ဤကုသမှုသည် အမြန်ပွားနေသောဆဲလ်(ကင်ဆာဆဲလ်သာမက) အသုံးပြုနိုင်သည်။ သို့သော် ပုံမှန်ဆဲလ်များကဓါတုပစ္စည်းများကြောင့်ပျက်ဆီးခြင်းကိုပြန်ပွားနိုင်သော်လည်း ကင်ဆာဆဲလ်များကမပွားနိုင်ပါ။ကင်ဆာဆေးသွင်းခြင်းသည်များသောအားဖြင့် ပျံနှံနေသော ကင်ဆာတွင် အသုံးပြုခြင်းများသည်။ အဘယ်ကြောင့်ဆိုသော် ဆိုဆေးများသည် ခန္ဓါကိုယ်အနှံသို့သွားနိုင်သည်။ ကုသမှုအား အချိန်စက်ဝန်းအလိုက်ပေးသောကြောင့် ဆေးနားထားသောအချိန်တွင် ခန္ဓါကိုယ်မှအနာကျက်ဖို့အချိန်ရသည်။ သို့သော် ဆိုးကျိုးများ ဥပမာ ဆံပင်ကျွတ်ခြင်း ပျို့ခြင်း အားအင်ချို့တဲ့ခြင်း အန်ခြင်းတို့ဖြစ်တတ်သေးသည်။ ပေါင်းစက်ကုသမှု များကိုတခါတလေသုံးတတ်သည်။ ကင်ဆာဆေးများပေါင်းပေးခြင်း သို့မဟုတ် ကင်ဆာဆေးအားအခြားကုသမှုပုံစံဖြင့်ပေါင်းပေးခြင်းများလုပ်နိုင်သည်။အချို့လေ့လာချက်များအရ နေ့တိုင်း အက်ပလင် အနည်းငယ်သောက်သုံးခြင်း အစာချေစနစ်ကင်ဆာရှိသောလူနာ ဥပမာ အူမကြီးကင်ဆာ ရှိသူများတွင် အသက်ရှင်နှုန်းပိုများသည်ဟုဆိုသည်။ ဆေးလုပ်ဆောင်ချက်အားကောင်းမွန်စွာနားမလည်ပေ။ ရောဂါကာကွယ်မှုအတွက် အက်ပလင်သောက်ခြင်းကောင်းကျိုးဆိုးကျိုးလည်းကောင်းကောင်းမလေ့လာရသေးပါ။ဓါတ်ရောင်ခြည်ပြခြင်း။ဓါတ်ရောင်ခြည်ပြခြင်း သည် ကင်ဆာဆဲလ်များက မြင့်အားများသော ဓါတ်ရောင်ဖြင့်ပြ၍ဖျက်ဆီးခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းကြောင့်ကင်ဆာဆဲလ်များအားပြုလုပ်ထားသော မော်လီကျူးများအားပျက်စီးစေပြီး သေစေသည်။ဓါတ်ရောင်ခြည်ပြခြင်းတွင် အင်အားများသော ဂါမာအလင်းအား သတ္ထု သပမာ ရေဒီယမ် သို့မဟုတ် အင်အားများသော ဓါတ်မှန်များမှထွက်စေနိုင်သည်။ စတန်ဒလုံးကုသမှုဖြင့် အကျိတ်အား ရှုံစေခြင်း သို့မဟုတ် ကင်ဆာဆဲလ်အားဖျက်ဆီးခြင်းတို့ကိုလုပ်သည်။ အခြားကင်ဆာကုသချက်များနှင့်တွဲ၍ကုသနိုင်သည်။ရောဂါအစောပိုင်းတွင် ဓါတ်ရောင်ခြည်ပြလေ့မရှိသော်လည်း စအိုကင်ဆာအစောပိုင်း စအိုကနံရံအတွင်းသို့ဝင်ရောက်နေခြင်း သို့မဟုတ် ပြန်ရည်ကြောအတွင်းရောက်နေပါက အသုံးပြုလိမ့်မည်။ဆိုးကျိုးများမှာ အရေပြားအနည်းငယ်ပြောင်းလဲမှုများဖြစ်ခြင်း(နေလောင်ဒဏ်ရာနှင့်တူ) ပျို့ခြင်း အန်ခြင်း ဝမ်းလျောခြင်းနှုန်းခြင်းတို့ဖြစ်တတ်သည်။ လူနာများတွင် အစားအသောက်ပျက်တတ်ပြီး ပိန်သွားနိုင်သည် သို့သော် ဆိုးကျိုးအများစုသည် ကုသမှုအပြီး လပါတ်အနည်းငယ်ကြာတွင်ပျောက်သွားတတ်သည်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် စအိုကင်ဆာကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။ဘာကိုမျော်လင့်ထားရမလဲကိုသိထားပါ။ သင့်ကင်ဆာအကြောင်းလေ့လာပြီး ကုသမှုဆုံးဖြတ်ချက်လုပ်နိုင်ပါစေ။ဆရာဝန်အား ကင်ဆာ အမျိုးအစား အဆင့်နှင့် ကုသမှု ဆိုးကျိုးများအားမေးပါ။ ရောဂါအကြောင်းပိုသိပါက ကိုယ်တိုင်အတွက်ရွေးချယ်မှုလုပ်ရာတွင်ယုံကြည်မှုရှိလာလိမ့်မည်။ စာကြည့်တိုက် ဝက်ဆိုက်များမှ သိလိုသည့်အကြောင်းများရှာဖွေပါ။သူငယ်ချင်းမိသားစုများနှင့်ရင်းရင်းနှီးနှီးနေပါ။ ထိုသို့နေခြင်းသည် ကင်ဆာကုသရာတွင် အကူအညီဖြစ်စေသည်။ သူငယ်ချင်းနှင့် မိသားစုများသည် သင်လိုအပ်ချက် ဥပမာ သင်ဆေးရုံတွင်ရှိချိန် သင့်အိမ်အားစောင့်ရှောက်ပေးခြင်းများပြုလုပ်ပေးနိုင်သည်။ စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုများလည်ပေးနိုင်သည်။စကားပြောဖော်ရှာပါ။ သင့်ကြောက်လန့်မှု မျော်လင့်ချက်များအားကောင်းမွန်စွာနားထောင်ပေးနိုင်သူကိုရှာပါ။ ထိုသူသည် သင့်သူငယ်ချင်းသို့မဟုတ် မိသားစုလဲဖြစ်နိုင်သည်။ နားလည်ပေးနိုင်သော ကျန်းမာရေးလုပ်သားများ ဆွေးနွေးအကြ့ပေးပညာရှင်များ သို့မဟုတ် ကင်ဆာရောဂါအတွက်ထောက်ပံ့ပေးသောအဖွဲ့များကလဲ အကူအညီရနိုင်သည်။ဆရာဝန်အား သင့်အနီးအနားတွင်ရနိုင်သော ကူညီသည့်အဖွဲ့များအားမေးပါ။ သို့မဟုတ် သင့်ဖုံးစာအုပ် စာကြည့်တိုက် သို့မဟုတ် ကင်ဆာအဖွဲ့အစည်းဥပမာ နိုင်ငံဆိုင်ရာကင်ဆာအဖွဲချုပ် သို့မဟုတ် အမေရိကန် ကင်ဆာအဖွဲ့။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/colorectal-cancer-cancer/about-colon-cancer/
စိတ်ဓာတ်ကျခြင်းကို လျော့ပါးစေမယ့် အစားအစာများ
စိတ်ဓာတ်ကျတယ်ဆိုတာက လူတိုင်းနီးပါးကို သက်ရောက်နိုင်တဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ လူတစ်ယောက်ဟာ ဘဝတစ်သက်တာမှာ တစ်ချိန်ချိန်တော့ စိတ်ဓာတ်ကျနိုင်ပါတယ်။ ဒါက လူ့သဘာဝကိုး။ဒါပေမယ့် စိတ်ဓာတ်ကျတဲ့ စိတ်ဝေဒနာ/စိတ်ကျရောဂါ(Depression) အခြေအနေအထိ ဖြစ်လာပြီဆိုရင်တော့ ဒါက သဘာဝထက်လွန်သွားပါပြီ။ ရောဂါဝေဒနာဆိုးတစ်ခုကပ်ညိနေတဲ့ အခြေအနေဖြစ်သွားပါပြီ။စိတ်ဓာတ်ကျခြင်းဟာ ကမ္ဘာပေါ်မှာ အဖြစ်အများဆုံးစိတ်ဝေဒနာတစ်ခုဖြစ်သလို ကိုယ့်ကိုယ်ကို သတ်သေဖြစ်အောင် တွန်းအားအပေးနိုင်ဆုံး ရောဂါဝေဒနာလည်းဖြစ်ပါတယ်။ ဒါကြောင့် ပေါ့ဆဖို့ မကောင်းတဲ့ ဝေဒနာတစ်မျိုးပါ။Depression ကို ကုသဖို့ နည်းလမ်းများစွာရှိပါတယ်။ ဆေးဝါးမှီဝဲတာ၊ လူနေမှုပုံစံပြောင်းလဲတာ၊ နှစ်သိမ့်ဆွေးနွေးမှုခံယူတာ၊ တရားထိုင်တာအမျိုးမျိုးပေါ့။ ဒါပေမယ့် လူသိနည်းတဲ့ နည်းလမ်းတစ်ခုရှိပါသေးတယ်။ ဒါကတော့ စားသောက်မှုပုံစံကို ပြင်ဆင်တာဖြစ်ပါတယ်။ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်နေထိုင်တာဟာ ရောဂါဘယအမျိုးအစား အမြောက်အများကို သက်သာလျော့ပါးစေနိုင်တာကို လူတိုင်း သိထားပြီးဖြစ်ပါလိမ့်မယ်။ ဒီလိုပါပဲ စိတ်ဝေဒနာတွေကိုလည်း စားသောက်မှု ပုံစံနဲ့ သက်သာအောင် ကုစားလို့ရပါတယ်။ဒီဆောင်းပါးမှာတော့ စိတ်ဓာတ်ကျတဲ့ဝေဒနာခံစားနေရချိန်မှာ စားသောက်မှီဝဲသင့်တဲ့ အစားအစာတွေနဲ့ ရှောင်ကျဉ်သင့်တဲ့ အစားအစာတွေကို ဖော်ပြပေးသွားမှာပါ။Depressionဝေဒနာနဲ အစားအသောက်တို့ ပတ်သတ်နေရတဲ့ အကြောင်းအရင်း ၂ ချက်ရှိပါတယ်။တစ် အချက်ကတော့ တချို့သော အစားအစာတွေမှာပါဝင်တဲ့ အာဟာရဓာတ်တွေနဲ့ သက်စောင့်ဓာတ်တွေဟာ စိတ်ကျန်းမာရေးကို အထောက်အကူပြုနိုင်တာကြောင့်ဖြစ်ပြီး နောက်တစ်ချက်ကတော့ တချို့သော ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေဟာ စိတ်ကျန်းမာရေးကို ပိုမိုဆိုးရွားစေနိုင်တာကြောင့်ပါပဲ။၂၀၁၇ ခုနှစ်တုန်းက စစ်တမ်းတစ်ခုအရဆိုရင် Depression ဖြစ်နေတဲ့ လူတစ်ယောက်ကို ၁၂ ပတ်နဲ့အထက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ ပုံမှန်မှီဝဲစေတဲ့အခါ ရောဂါလက္ခဏာတွေ လျော့ပါးသက်သာလာတာကို တွေ့ရှိခဲ့ရပါတယ်။ဒီသုတေသပြုလုပ်ချက်မှာ လူနာတွေကို အာဟာရဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေကို စနစ်တကျ ကျွေးမွေးခဲ့ပြီး အချိုတွေ၊ သွားရည်စာတွေ၊ အသင့်စားအစားအစာတွေ၊ အကြော်အလှော်တွေကို လုံးဝအဆက်ဖြတ်စေခဲ့ပါတယ်။အဆိုပါ Depression ခံစားနေရတဲ့ လူနာတွေဟာ ပူပင်သောကတွေ လျော့ပါးလာတာလိုမျိုး တိုးတက်မှုတွေကို ၃၂% အထိ ပြသနိုင်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း ခုနောက်ပိုင်း Depression ဝေဒနာကုထုံးတွေမှာ Diet ဖြစ်အောင် စားသောက်နေထိုင်ဖို့ ညွှန်ကြားမှုတွေ ထည့်သွင်းလာကြတာဖြစ်ပါတယ်။Depression ဝေဒနာသည်တွေအနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်အောင် (Diet) ဘယ်လို မှီဝဲစားသုံးကြမလဲ။ ဘယ်လို အာဟာရဓာတ်တွေကို ပိုမိုဖြည့်ဆည်း ကြမလဲ။ ဘယ်လို အစားအစာတွေကို ရှောင်ကျဉ်ကြမလဲ။ လေ့လာကြည့်ရအောင်။အောက်မှာ ဖော်ပြထားတဲ့ အာဟာရဓာတ်တွေဟာ Depression ဝေဒနာရှင်တွေအတွက် မဖြစ်မနေ ဖြည့်ဆည်းမှီဝဲပေးရမယ့် အာဟာရဓာတ်အမျိုးအစားတွေဖြစ်ကြပါတယ်။အောက်မှာ ဖော်ပြထားတဲ့ အာဟာရဓာတ်တွေဟာ Depression ဝေဒနာရှင်တွေအတွက် မဖြစ်မနေ ရှောင်ကျဉ်ရမယ့် အာဟာရဓာတ်အမျိုးအစားတွေဖြစ်ကြပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/foods-eat-every-day-beat-depression/
သင်ဟာ အရက်ကြိုက်တတ်သူလား။ ဒါဆို အသည်း မထိခိုက်အောင် ဒီလို ကာကွယ်သင့်ပါတယ်။
အရက်။ ။ ယောက်ျားလေးတွေ အကြိုက်ဆုံးလို့ ပြောရမယ့် အရာတစ်ခု။ ပွဲလမ်းသဘင်၊ မိတ်ဆုံစားပွဲ၊ Boys Night Out၊ ကလပ် နေရာမျိုးစုံ အတွက် သူမပါလို့ မဖြစ်၊ သူမပါရင် ပွဲမစည်။ လူတွေက ကြိုက်လို့ ပဲ ဖြစ်ဖြစ် မသောက်ရင် မကောင်းတတ်လို့ အားနာလို့ပဲဖြစ်ဖြစ် အရက်ကို သောက်မိနေတတ်ကြပါတယ်။ မကောင်းဘူးဆိုတာ သိရက်နဲ့ လည်း သောက်နေကြတဲ့အရက်ေကြာင့်အသည်းထိခိုက်တာကိုလည်း အားလုံးအသိ။ မသောက်ဘဲနဲ့လည်း မနေနိုင်၊ သောက်ရင်လည်း အသည်းထိခိုက်မှာ ကြောက်နေရတဲ့ သူတွေ အတွက် အရက်လည်းသောက် အသည်းကိုလည်းကာကွယ်လို့ ရနိုင်မယ့် နည်းတွေရှိပါတယ်။ အရက်ကြိုက်တဲ့ သူတွေ အတွက်ကတော့ မျှော်လင့်ချက်ရောင်ခြည်လို့ ပြောရမလားပဲ။အရက် ဆိုတာ အသည်းကို အဓိက ဒုက္ခပေးနေတဲ့အရာဆိုတာ အားလုံးအသိပါ။ အရက်သောက်လိုက်တာကြောင့် အရက်မှာပါတဲ့အဆိပ်အတောက်တွေကို အသည်းက အဆိပ်လျော့သွားအောင် လုပ်ပေးနေရလို့ အခြားတာဝန်တွေကို မလုပ်နိုင်တော့ပါဘူး။ တခြားတစ်ဘက်မှာလည်း ပြင်းအားလျော့သွားတဲ့ အဆိပ်ကတောင်မှအသည်းအဆီဖုံးတာ၊အသည်းရောင်တာတွေကို ဖြစ်စေနိုင်ပါသေးတယ်။ ဒါ့အပြင်သောက်လိုက်တဲ့ အရက်ကို ဖြိုခွဲရာမှ ထွက်လာတဲ့ ဓါတု ပစ္စည်းတွေကအသည်း ဆဲလ်လေးများကို ထိခိုက်စေပါတယ်။ ထိခိုက်သွားတဲ့ ဆဲလ်တွေနေရာမှာ ဆဲလ် အသစ်တွေ ပြန်ဖြစ်လာနိုင်ပေမယ့်လည်း အရက်အလွန်အကျွံသောက်တဲ့သက်တမ်းကြာလာတာနဲ့အမျှ အသည်းဆဲလ်ထိခိုက်ခြင်း ကပြန်မကောင်းနိုင်တော့ပါဘူး။ နောက်ပိုင်းမှာ ကုသဖို့ ခက်ခဲတဲ့ အသည်းခြောက်ခြင်းဖြစ်လာပါတော့တယ်။ ။ အသည်းခြောက်သွားရင် လုပ်ရမည့် တာဝန်တွေကို အသည်းက ကောင်းမွန်စွာ မလုပ်နိုင်တော့တဲ့ အပြင် ထိခိုက်သွားတဲ့ ဆဲလ်တွေ ပြန်ကောင်းအောင် အသည်းက အပြင်းအထန်ကြိုးစားတာကြောင့် ဆဲလ်တွေပုံမှန် မဟုတ်တော့ဘဲ ပိုပွားလာပြီး အသည်းကင်ဆာ ကိုတောင်ဖြစ်စေနိုင်ပါတယ်။သောက်လို့ ကောင်းလို့ ၊ကြိုက်လို့၊ ပျော်လို့၊ အားနာလို့ သောက်လိုက်တဲ့အရက်ကြောင့်။ဒီလိုကြောက်ဖို့ကောင်းတာ သိပေမယ့်လည်း အရက်ကို မဖြတ်နိုင်ဘူးဆိုရင် ဘာလုပ်ကြမလဲ။ အရက်လည်းသောက် အသည်းကိုလည်း သိပ်မထိနိုင်စေတဲ့ အချက်တွေရှိရင် သင်လုပ်မှာလား။ သင်က အရက်ကို အားနာလို့၊ ပွဲရှိလို့သောက်တာ မဟုတ်ဘဲ ကြိုက်လို့ သောက်နေတာဆိုရင်တော့ခုပြောတဲ့အချက်တွေကို လိုက်နာသင့်ပါတယ်။၁။ရေများများသောက်ပါ။ ။ရေများများသောက်ပါဆိုတာ အထူးသဖြင့် အရက်သောက်တဲ့ အချိန်မှာ ရေများများရောသောက်ဖို့ အဓိက ပြောချင်တာပါ။ ဒါမှသာ အရက်မှာ ပါတဲ့ အဆိပ်အတောက်တွေ ပြင်းအား လျော့သွားပြီဆီးသွားရင်ြပန်ပါသွားမှာ ဖြစ်ပါတယ်။ ပြင်းတာမှ ကြိုက်တာကွဆိုလို့ ကတော့ အသည်းလည်း ခဏလေးနဲ့ ကြွသွားမှာ အသေအချာပါ။ ဒါကြောင့် အသည်းနဲ့ အရက်ဆို အရက်ကိုပဲ သောက်ဖို့ရွေးချယ်တယ်ဆိုရင်တော့ ရေလေးရောသောက်ပါလို့ပြောချင်ပါတယ်။ ဒါမှ ကိုယ်ကြိုက်တဲ့ အရက်လည်းကြာကြာသောက်ရ အသည်းကိုလည်း သိပ်မထိနိုင်တော့ဘူးပေါ့။၂။ အရက်သောက်ရင် အမြည်းပါစားပါ။။အရက်သောက်နေတဲ့ အချိန် စားလိုက်တဲ့ အမြည်းတွေက အသည်းကနေ အစာခြေအင်ဇိုင်းတွေထွက်လာအောင် ကူညီပေးပြီး အရက်ကို ဖြိုခွဲဖို့ ကူညီပေးပါတယ်။ ပြီးရင် အစားကိုပါအစာအိမ်က စုပ်ယူနေရလို့ သောက်လိုက်တဲ့အရက်ကပါတဲ့ အဆိပ်တွေသွေးထဲ စိမ့်ဝင်သွားတာ နည်းသွားပါလိမ့်မယ်။ ဒါဆို အသည်းဆီကို ရောက်နိုင်တဲ့အဆိပ်လည်းနည်းသွားမယ်၊ အရက်ကို ဖြိုခွဲဖို့ အတွက် အင်ဇိုင်းတွေကလည်း အသင့်ရှိနေတော့ အသည်းကို သိပ်မထိခိုက်စေနိုင်တော့ဘူးပေါ့။၃။ဗီတာမင်ကြွယ်ဝတာတွေစားပါ။ ။အသီးအနှံတွေမှာ ပါဝင်တဲ့ ဗီတာမင်တွေ၊ ဓါတ်တိုးဆန့်ကျင်တဲ့ ပစ္စည်းတွေကကိုယ်ခန္ဓါတွင်း အဆိပ်အတောက်တွေကို သန့်စင်ပေးလို့ အသည်းက ထူးပြီး သန့်စင်ပေးစရာ သိပ်မလိုတော့ပေ။ ဒါကြောင့် အမြည်းစားရင် အကင် ၊ အကြော်တွေချည်း မစားဘဲ အရွက်ကြော်လေးတွေ စားတာ၊ အချိုပွဲ အနေနဲ့ ဗီတာမင်တွေကြွယ်ဝတဲ့ အသီး ( ပန်းသီး၊ ဖရဲသီး၊ လိမ္မော်သီး) တွေကို စားပေးသင့်ပါတယ်။၄။ အရက်နဲ့ဆေးရောမသောက်ပါနဲ့။ ။အရက်မှာပါတဲ့အဆိပ်တွေကို အသည်းကပဲ ဖြိုခွဲသလို သောက်လိုက်တဲ့ ဆေးတွေမှာ ပါတဲ့ ဓါတုပစ္စည်းတွေကလည်း ဖြိုခွဲဖို့ အတွက် အသည်းကို ပဲသွား ရတာပါ။ ဒါကြောင့် သူတို့ ၂မျိုး အသည်းဆီကို အတူတူ သွားကြတဲ့ အခါ အသည်းက အဆိပ်အတောက်တွေကို ကောင်းကောင်း မသန့်စင်ပေးနိုင်တဲ့ အပြင် ပါလာတဲ့ အဆိပ်အတောက်တွေကတောင် အသည်းကို ဒုက္ခပေးနိုင်ပါသေးတယ်။ ဒါကြောင့် သင့်အသည်းကို ချစ်ရင် အရက်နဲ့ ဆေး ၄ နာရီလောက်ခြားပြီး သောက်သင့်ပါတယ်။ ဒါ့အပြင် တစ်ချို့ဆေးတွေက အရက်နဲ့ ဓါတ်ပြုတတ်ပြီး လူကို အန ္တရာယ်ဖြစ်စေတတ်တာကြောင့် အရက်နဲ့ ဆေး တွဲမသောက်တာ အကောင်းဆုံးပါ။၅။ အသည်းအတွက်အသည်းအားဆေးတွေလည်းသောက်ပါ။ရှေ့ ကစာတွေကို ဖတ်လာတာ ဒီလောက်အထိ ရောက်နေပြီ ဆိုရင်တော့ ကျိန်းသေပါတယ်။ သင်က အရက်ကို မဖြတ်နိုင်တဲ့ လူတစ်ယောက်ဆိုတာ။ မဖြတ်နိုင်တဲ့ အတွက် လျှော့သောက်ပါမှသာ သင့်အသည်း လေးကို ကာကွယ်ရာရောက်မှာပါ။ သောက်တဲ့အရက်ကိုလည်း ပမာဏ တစ်ခုသတ်မှတ်ပြီး သောက်သင့်ပါတယ်။ ဒါ့အပြင် သင်ကြိုက်တဲ့ အရက်လည်းသောက်သလို အသည်းကြိုက်တဲ့ အသည်း အားဆေးလေးတွေပါသောက်ပေးသင့်ပါတယ်။အသည်း မကြိုက်တဲ့အရာကို လုပ်မိလိုက်ရင် သူစိတ်ကောက်ပြီး သူ့တာဝန်တွေကို မလုပ်တော့ရင် ထိခိုက်မှာတို့လူသားတွေပဲဖြစ်ပါတယ်။ ဒါကြောင့် လူကြိုက်ပေမယ့် အသည်းမကြိုက်တဲ့ အရက်ကို ဖြတ်နိုင်ရင် အကောင်းဆုံးပါ။ မဖြတ်နိုင်ရင်တော့ ခုပြောပြတဲ့ “အရက်လည်းသောက် အသည်းကိုလည်းကာကွယ်” ဆိုတဲ့အချက်တွေကို လိုက်နာပြီး အသည်းကို စိတ်ဆိုးပြေအောင်တော့ ပြန်ချော့သင့်တယ်နော်။ ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/%e1%80%9e%e1%80%84%e1%80%ba%e1%80%9f%e1%80%ac-%e1%80%a1%e1%80%9b%e1%80%80%e1%80%ba%e1%80%80%e1%80%bc%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%90%e1%80%90%e1%80%ba%e1%80%9e%e1%80%b0%e1%80%9c%e1%80%ac/
မိခင်နို့ရည် ညှစ်ထုတ်ခြင်းနဲ့ သိမ်းဆည်းခြင်း
ဘယ်အာဟာရတွေ ဘယ်လောက်ပဲအစွမ်းထက်ပါတယ်ပြောပြော ကလေးတွေအတွက်ဆို မိခင်နို့ရည် က တန်ဖိုးအရှိဆုံးပါပဲ။ မိခင်နို့မှာ ကလေးအတွက် ပြီးပြည့်စုံတဲ့အာဟာရတွေ ပါဝင်ပြီးသား ဖြစ်ပါတယ်။ကလေးကြီးထွားဖွံ့ဖြိုးဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တွေ၊ ပရိုတင်း၊ အဆီဓာတ်နဲ့ အာဟာရဓာတ်အားလုံးနီးပါးပါဝင်တာပါ။ ဒါ့အပြင် ရောဂါဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်တွေ၊ဘက်တီးရီးယားတွေကို ခုခံကာကွယ်နိုင်တဲ့ ပဋိပစ္စည်းတွေလည်းပါဝင်လို့ ကလေးတို့အတွက် နတ်ဆေးတစ်ခွက်လို့ပြောလို့ရပါတယ်။ဒါပေမယ့် ကလေးနားမှာ အမြဲရှိမနေနိုင်တဲ့မေမေတွေ၊ အလုပ်ပြန်ဆင်းရတဲ့အခါ ဒါမှမဟုတ် အပြင်သွားစရာရှိတဲ့အခါ နို့မှုန့်ဗူးကိုပဲ အားကိုးကြပါတယ်။ အဲဒီအခါကျ သန့်ရှင်းမှု၊ဘေးကင်းစိတ်ချရမှု၊ အာဟာရဓာတ်ပြည့်ဝမှုဆိုတာတွေမှာ မိခင်နို့ကို ဘယ်မီပါ့မလဲနော်။ အမေက အလုပ်ပြန်ဆင်းရမှာမို့ အစတည်းကနို့မှုန့်တိုက်တဲ့ ကလေးတွေဆိုလည်း မိခင်နို့ရဲ့အာဟာရကျေးဇူးကို ခံစားခွင့်မရနိုင်တော့ပါဘူး။ ဒီလိုမျိုးတွေ မဖြစ်အောင် အသုံးဝင်တဲ့နည်းဖြစ်တဲ့ မိခင်နို့ရည် ညှစ်ထုတ်ခြင်းနဲ့ သိမ်းဆည်းခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။မိခင်နို့ရည် ညှစ်ထုတ်ရတဲ့ အကြောင်းရင်းအမျိုးမျိုးရှိနိုင်ပါတယ် –။မိခင်မရှိချိန်မှာ ကလေးကို အချိန်မှန်တိုက်ကျွေးဖို့ ညှစ်ထုတ်ထားတဲ့ နို့ရည်က ဘယ်လောက်အထားခံလဲဆိုတာ သိမ်းဆည်းတဲ့နည်းလမ်းကို မူတည်ပါတယ်။လောလောလတ်လတ်ညှစ်ယူထားတဲ့ နို့ရည်ကို အခန်းအပူချိန်မှာ (၆) နာရီအထိ သိမ်းဆည်းထားလို့ရပါတယ်။ (၄) နာရီအတွင်း တိုက်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ အခန်းက ပူနွေးနေတယ်ဆိုရင်တော့ အလွန်ဆုံး (၄) နာရီအထိပဲထားပါ။ရေခဲသေတ္တာထဲမှာ သီးခြားထည့်ထားမယ်ဆိုရင် (၄) ရက်အထိ အထားခံပါတယ်။ အသား၊ ကြက်ဥစတဲ့ ချက်ပြုတ်စရာပစ္စည်းတွေနဲ့ မရောထားဘဲ ရေခဲသေတ္တာရဲ့အအေးဆုံးနေရာမှာ သိမ်းဆည်းပါ။ညှစ်ယူထားတဲ့နို့ရည်ကို ရေခဲဘူးထဲမှာရေခဲတွေနဲ့ထားမယ်ဆိုရင် (၂၄) နာရီအတွင်း အထားခံပါတယ်။နို့ရည်ကို လုံးဝအေးခဲထားမယ်ဆိုရင် (၁၂) လအထိ သိမ်းဆည်းထားနိုင်ပါတယ်။ ဒါပေမယ့် (၆) လအတွင်းသာ အသုံးပြုတာ အကောင်းဆုံးပါ။လေ့လာချက်တွေအရ မိခင်နို့ရည်ကို ရိုးရိုးအအေးခံ ထားထား၊ အေးခဲအောင်ပဲ ထားထား၊ ကြာကြာသိမ်းဆည်းထားလေ နို့ရည်မှာပါတဲ့ ဗီတာမင် စီ ကလျော့နည်းသွားလေ ဖြစ်ပါတယ်တဲ့။ ဒါ့ကြောင့် အာဟာရဓာတ်တွေ မဆုံးရှုံးရအောင် အလုပ်မသွားခင် တစ်နေ့တစ်ကြိမ် နို့ရည် သိမ်းဆည်းပေးခဲ့တာ အကောင်းဆုံးဖြစ်ပါတယ်။နို့ရည်ကို တိုက်ကျွေးခါနီး ပြန်နွှေးတဲ့အခါလည်း ရေနွေးထည့်ထားတဲ့ ပန်းကန်ထဲမှာ နို့ဗူးလေးစိမ်ထားပြီး ခပ်နွေးနွေးဖြစ်စေတာမျိုးပဲ လုပ်သင့်ပါတယ်။ မိုက်ခရိုဝေ့ဖ် သို့မဟုတ် မီးဖိုပေါ်တင် အပူပေးတာမျိုးမလုပ်ရပါဘူး။ အပူပေးခြင်းက နို့ရည်မှာပါတဲ့ ပဋိပစ္စည်းတွေကို ပျက်စီးစေနိုင်လို့ပါပဲ။ကဲ..ဘေဘီလေးတွေကို ဘယ်နည်းနဲ့မှ မိခင်နို့ရည်နဲ့ မကင်းကွာရစေဖို့ မေမေတို့ကို နည်းလမ်းကောင်းလေးပေးလိုက်ပြီနော်။ ကျန်းမာဖွံ့ဖြိုးတဲ့ သားသမီးရတနာလေးတွေကို အကောင်းဆုံးပံ့ပိုးပေးနိုင်ပါစေ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/to-store-breastmilk/
ရင်သားအလှပြုပြင်ခွဲစိတ်ခြင်း ရဲ့ဆိုးကျိုးများ
ရင်သားအလှပြုပြင်ခွဲစိတ်ခြင်း (Breast augmentation သို့မဟုတ် augmentation mammoplasty) ဆိုတာ ရင်သားရဲ့ အရွယ်အစားကြီးလာဖို့၊ တင်းရင်းလှပစေဖို့ ပုံသဏ္ဍာန်ပြုပြင်ပေးတဲ့ ခွဲစိတ်မှုတစ်မျိုးဖြစ်ပါတယ်။ခွဲစိတ်မှုမှာ ဆီလီကွန်(silicone)၊ဆားရည် (saline) သို့မဟုတ် တခြားcomposite ရင်သားအတုပစ္စည်းကို ရင်ဘတ်ကြွက်သား သို့မဟုတ် ရင်သားတစ်ရှူးတွေအောက်မှာ ထည့်သွင်းပေးတာဖြစ်ပါတယ်။ အစားထိုးရင်သားအတုတွေရဲ့သက်တမ်းဟာ ပျမ်းမျှအားဖြင့် ၇ နှစ်ကနေ ၁၂ နှစ် အထိ တာရှည်ခံတတ်ပါတယ်။အမျိုးသမီးတွေ ရင်သား ခွဲစိတ်ရတဲ့ အကြောင်းရင်းတွေကမတူညီကြပါဘူး။ ဒါပေမယ့် ဒီလိုခွဲစိတ်ပြုပြင်သူတွေထဲမှာ ရင်သား ကြီးထွားအောင် အလှခွဲစိတ်ပြုပြင်သူတွေနဲ့ ရင်သားကင်ဆာကြောင့် ခွဲစိတ်ခံရပြီးနောက် ပြန်လည်ပြုပြင်ကြရသူတွေ ပိုများပါတယ်။အသုံးများတဲ့ ရင်သားအတုကတော့ ဆီလီကွန်ဂျယ်ဖြစ်ပေမယ့်saline အစားထိုးပစ္စည်းဆိုတာလည်း ရှိပါတယ်။ ဘယ်ပုံသဏ္ဍာန်၊ ဘယ်အမျိုးအစားက အသင့်တော်ဆုံးဖြစ်မလဲဆိုတာ ဆရာဝန်ကဆွေးနွေးအကြံပေးမှာဖြစ်ပေမယ့်အောက်ပါအချက်တချို့ကို သိထားသင့်ပါတယ်။saline ရင်သားအတုထက် ပိုပြီးသဘာဝကျပြီး နူးညံ့တာကြောင့် တွန့်ခေါက်မှုဖြစ်နိုင်ခြေပိုနည်းပါတယ်။Polyurethane အလွှာနဲ့ဖုံးအုပ်ထားတဲ့ပစ္စည်းတွေကcapsular contracture (????) နဲ့ ရင်သားအတုနေရာရွေ့ခြင်း တို့ဖြစ်လာနိုင်ခြေပိုနည်းပါတယ်။ ဒါပေမယ့် ဆီလီကွန်ရင်သားအတုပေါက်ပြဲသွားရင် ရင်သားထဲမှာ ဆီလီကွန်ဂျယ်တွေယိုစိမ့်ပျံ့နှံ့မှု (siliconomas ) အခြေအနေဖြစ်စေနိုင်ပါတယ်။Polyurethane အလွှာဖုံးအုပ်ထားတဲ့ရင်သားအတုတွေမှာ ခဏတာအရေပြားဓါတ်ပြုမှုဖြစ်စေနိုင်ပါတယ်။အစားထိုးရင်သားအတုက ပေါက်ပြဲလာရင် saline ဆားရည်တွေပျံ့နှံ့မှုကဘေးမဖြစ်စေနိုင်ဘဲ ခန္ဓါကိုယ်က စုပ်ယူသွားမှာဖြစ်ပါတယ်။ ဆီလီကွန်ထက်ပေါက်ပြဲဖို့၊ပြားသွားဖို့ဖြစ်နိုင်ခြေပိုများပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်းချင်းပြားလာလေ့ရှိတာကြောင့်ဖြစ်ပါတယ်။ တွန့်ခေါက်ခြင်းလည်းဖြစ်လေ့ရှိသလို ဆီလီကွန်လောက် သဘာဝကျတဲ့ခံစားချက်မပေးနိုင်ပါဘူး။ရင်သားအတုတွေဟာ အသက်အရွယ်ကြောင့်၊ဖြစ်ရပ်အကြောင်းအရာတစ်ခုခုဆီက သက်ရောက်မှုဒဏ်တစ်ခုခုကြောင့်၊ ကင်ဆာခွဲစိတ်မှုလိုမျိုးဆေးကုသမှုတစ်ခုခုကြောင့် ပျက်ယွင်းရတတ်ပါတယ်။ ဒါပေမယ့်ဆီလီကွန်ရင်သားအတုပေါက်ပြဲပျက်ယွင်းမှုတွေက လက္ခဏာပြလာတာကလွဲလို့ တော်ရုံနဲ့ ဘေးအန္တရာယ်မရှိတတ်ကြသလို ဆက်ပြီးဆိုးရွားလာတာမျိုးလည်းဖြစ်ခဲပါတယ်။ပျက်ယွင်းလာတဲ့ ရင်သားအတုတွေက ကျန်းမာရေးပြဿနာမဖြစ်စေနိုင်ပေမယ့် တချို့မှာတော့ ရင်သားမှာ တင်းနေတဲ့ခံစားချက်ဖြစ်နေတာ၊ ရင်သားအရောင်သို့မဟုတ်အရွယ်အစားပြောင်းလဲလာတာ၊ အနည်းငယ်နေရခက်လာတာ၊ အရေခွံကွာလာတာတွေခံစားရနိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ခံစားရတဲ့လက္ခဏာချင်းမတူကြပါဘူး။ ဆီလီကွန်ရင်သားအတုပေါက်ပြဲတဲ့အခါ လက္ခဏာသိရှိဖို့ မလွယ်တာကြောင့်MRI သံလိုက်ပုံရိပ်ဖော်စစ်ဆေးမှုနဲ့ပဲ သိရှိနိုင်ပါတယ်။ရင်သားအလှပြုပြင်ခွဲစိတ်ခြင်း ပြုလုပ်ဖို့ စဉ်းစားနေတဲ့ အမျိုးသမီးတွေက ဒီရင်သားအတုတွေကြောင့်ဘေးကင်းမကင်းကိုမေးခွန်းထုတ်တတ်ကြပါတယ်။ အများစုကတော့ ဒီလိုထည့်သွင်းလိုက်ရင် ဘာတွေရှောင်ရမလဲ၊ ဘယ်လောက်သက်တမ်းကြာကြာခံမလဲဆိုတာကို သိချင်ကြပါတယ်။လူတွေကြားမှာတော်တော်လေးပြောလေ့ရှိတဲ့အကြောင်းအရာတစ်ခုကတော့ ရင်သားအစားထိုးဆီလီကွန်ကလေယာဉ်စီးရင် လေထုဖိအားနည်းသွားတဲ့အခါ ပေါက်ကွဲတတ်တယ်ဆိုတာပါပဲ။ ဒါဟာမမှန်ကန်ပါဘူးလို့Mythbustersရုပ်သံလိုင်းက သက်သေထူဖော်ပြခဲ့ပါတယ်။လေယာဉ်စီးရင်း ရင်သားမှာ တမျိုးကြီးနေရခက်တာတွေခံစားရတယ်ဆိုတာ ရင်သားအတု ဘယ်အမျိုးအစားမဆို ထည့်သွင်းထားသူတွေဆီက ကြားရတဲ့အကြောင်းအရာဖြစ်တယ်လို့ ရုပ်သံလိုင်းကဆိုပါတယ်။ တကယ်တော့ ဒီခံစားချက်ကလေယာဉ်စီးတဲ့အခါ ရင်ထဲတမျိုးဖြစ်လာလေ့ရှိတဲ့ခံစားချက်ကနေဖြစ်လာတာပါ။ အများစုမှာတော့လေထုဖိအားကပုံမှန်ပြန်ဖြစ်သွားတဲ့အခါ ဒီခံစားချက်က တဖြည်းဖြည်းလျော့ကျသွားတတ်ပါတယ်။ ဒီခံစားချက်က ရင်သားအတုနဲ့မသက်ဆိုင်ပေမယ့်ဖြစ်လာရတဲ့အကြောင်းရင်းကို တိတိကျကျပြောနိုင်ဖို့ ပဟေဠိဖြစ်နေဆဲပါ။ရင်သားအတုတွေက ခန္ဓါကိုယ်ထဲမှာရှိနေတာဖြစ်တဲ့အတွက် ပုံမှန်အားဖြင့် ကျန်တဲ့ခန္ဓါကိုယ်အစိတ်အပိုင်းတွေနဲ့ တူညီတဲ့အပူချိန်ကို ထိန်းသိမ်းပေးပါတယ်။ ဒါကြောင့် ခန္ဓါကိုယ်ကြီးမှာအေးခဲမသွားသရွေ့တော့ ရင်သားအတုကလည်းအေးခဲသွားမှာမဟုတ်သလို ခန္ဓါကိုယ်အပြင်မှာဖြစ်နေသလောက်လည်း အပူချိန်လွန်ကဲမှာမဟုတ်ပါဘူး။ ခန္ဓါကိုယ်အပူချိန်နဲ့တသားတည်းဖြစ်နေမှာပါ။ရင်သားအစားထိုးခွဲစိတ်မှုအပြီးမှာအောက်ပါအချက်တွေ အဖြစ်များပါတယ် –။ရင်သားအတုထည့်သွင်းမှုကနောက်ပိုင်းမှာဖြစ်လာနိုင်တဲ့ပြဿနာတချို့ကတော့ –။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-procedures-and-surgeries/side-effects-of-breast-augmentation/
စိတ်အတက်အကျမြန်ရောဂါဆိုတာဘာလဲ
စိတ်အတက်အကျမြန်ရောဂါဆိုတာကတော့ စိတ်ဓာတ်တက်ကြွသွားလိုက်၊ စိတ်ဓာတ်ထိုးကျသွားလိုက်ပြောင်းလဲနေတဲ့ရောဂါတစ်မျိုးပါ။ အစွန်းနှစ်ဘက်အခြေအနေမျိုးအမြဲပြောင်းလဲနေတဲ့အတွက်bipolar disorderor manic depression လို့ခေါ်ပါတယ်။နေ့စဉ်ဘဝလုပ်ငန်းဆောင်တာတွေမှာ စိတ်အတက်အကျရောဂါက များစွာအနှောင့်အယှက်ဖြစ်စေပါတယ်။ စိတ်အခြေအနေပြောင်းလဲမှုများတဲ့အတွက် အလုပ်မှာ၊ ကျောင်းမှာ၊ ပေါင်းသင်းဆက်ဆံရေးတွေမှာ အခက်အခဲပေါင်းစုံကြုံတွေ့စေရပါတယ်။စိတ်အတက်အကျရောဂါအတွက် ပျောက်ကင်းအောင်ကုသလို့ရတဲ့နည်းလမ်းမရှိသေးပါဘူး ဒါပေမဲ့ ရောဂါအခြေအနေကိုကောင်းကောင်းမွန်မွန်ထိန်းထားနိုင်တဲ့ ကုသနည်းလမ်းတွေတော့ အများကြီးပေါ်ထွက်နေပြီပဲ ဖြစ်ပါတယ်။စိတ်အတက်အကျရောဂါကြောင့်ဖြစ်ပေါ်လာတဲ့ စိတ်ဓာတ်ကျခြင်းက ရက်သတ္တပတ် ( ၂ ) ပတ်ခန့်ကြာမြင့်တတ်ပြီး အလွန်အကြူးဘဝင်မြင့်စိတ်မျိုးဖြစ်ပျက်သွားတာကတော့ ရက်အနည်းငယ်ကနေ ( ၁ ) ပတ်ခန့်ကြာတတ်ပါတယ်။စိတ်အတက်အကျမြန်ရောဂါရဲ့ အဓိကရောဂါလက္ခဏာတွေကတော့ အလွန်အကြူးဘဝင်မြင့်စိတ်ဝင်ခြင်း၊ အတန်အသင့်ဘဝင်မြင့်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ပဲဖြစ်ပါတယ်။အလွန်အကြူးဘဝင်မြင့်စိတ်ဝင်ခြင်း သို့မဟုတ် စိတ်အတက်အခြေအနေမှာဆိုရင်တော့ စိတ်လှုပ်ရှားခြင်း၊ မစဉ်းစားမဆင်ခြင်ပဲလုပ်ကိုင်ခြင်း၊ ထင်ရောင်ထင်မှားဖြစ်ခြင်းနဲ အားအင်ပြည့်ဖြိုးနေသလိုခံစားရခြင်းတို့ ဖြစ်နိုင်ပါတယ်။သင့်တော်တဲ့ ထိန်းချုပ်မှုတွေသာမရှိရင် ဒီအခြေအနေတွေက ခံစားနေရတဲ့ လူနာဟာ စဉ်းစားဆင်ခြင်မှုမရှိပဲ ပိုက်ဆံတွေ သုံးမိနေခြင်း ၊ ကျိုးကြောင်းဆင်ခြင်မှုမရှိပဲ လိင်မှုရေးရာကိစ္စများ ပြုလုပ်မိစေခြင်းနဲ့ မှုးယစ်ဆေးဝါးရဲ့သားကောင်ဘဝရောက်ရှိစေခြင်းတို့ကို ဦးတည်သွားစေနိုင်ပါတယ်။အတန်အသင့်ဘဝမြင့်ခြင်းလက္ခဏာခံစားနေရသူတွေကတော့ အလွန်အကြူးဘဝင်မြင့်လောက်မပြင်းထန်တဲ့ လက္ခဏာအချို့ပဲခံစားရမှာပါ။ အလုပ်အကိုင်၊ ပညာရေးနဲ့ လူမှုရေးကိစ္စတွေမှာ သိသိသာသာထိခိုက်တာမျိုးမဖြစ်နိုင်စေပေမယ့် စိတ်အနှောင့်အယှက် ဖြစ်ရမှာပါ။ဝမ်းနည်းခြင်းသောကရောက်ခြင်း အားအင်မရှိသလိုခံစားရခြင်း ပုံမှန်လုပ်ဆောင်နေကျ အလုပ်အကိုင်တွေမလုပ်နိုင်တော့ခြင်း အိပ်မပျော်စားမဝင်ခြင်းနှင့် မိမိကိုယ်ကိုသတ်သေရန်အားထုတ်မိခြင်းတို့ကို ခံစားရမှာဖြစ်ပါတယ်။စိတ်အတက်ကျမြန်ရောဂါဟာ ရှားပါးတဲ့ရောဂါတစ်ခုမဟုတ်ပေမယ့် ရောဂါလက္ခဏာတွေဟာ တစ်ယောက်နဲ့တစ်ယောက်မှာ မတူညီတဲ့အတွက် ရှာဖွေရခက်ခဲနေနိုင်ပါတယ်။အမျိုးသားတွေသာမက အမျိုးသမီးနေမှာပါ စိတ်အတက်အကျမြန်ရောဂါ ကို ညီတူညီမျှ ခံစားရနိုင်ပါတယ်။ ဒါပေမယ့် ရောဂါလက္ခဏာတချို့ကတော့ ကွဲပြားနိုင်ပါတယ်။အမျိုးသမီးတွေမှာ ပိုမိုပြီးခံစားရနိုင်တဲ့ ရောဂါလက္ခဏာ တွေကတော့။ဒါ့အပြင်အမျိုးသမီးတွေမှာ ရာသီလာခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ ရာသီသွေးဆုံးခြင်း အစရှိသည့် ဟော်မုန်းအပြောင်းအလဲများကို ရင်ဆိုင်ရသည့် အတွက်ရောဂါလက္ခဏာများ မကြာခဏပိုမို၍ ပြသနိုင်ပါသည်။အမျိုးသားတွေမှာခံစားရတဲ့ ရောဂါလက္ခဏာ တချို့က အမျိုးသမီးတွေနဲ့ ကွဲပြား နိုင်ပါတယ်။ရောဂါလက္ခဏာတွေကတော့။ဒါ့အပြင်အမျိုးသားတွေဟာ ကိုယ်တိုင်ဖြေရှင်းဖို့နည်းလမ်း ပိုမိုရှာဖွေတတ်ကြသလို အမျိုးသမီးတွေထက်ပိုပြီး မိမိကိုယ်ကိုသတ်သေမိရန် အခွင့်အလမ်း ပိုများပါသည်။စိတ်အတက်ကျရောဂါအတွက် ကုသနည်းများစွာ ရှိပါတယ်။ရေးသားသူ မောင်မျိုးအောင် ( ဆေး-၁ )။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/bipolar-disorder-manic-depression/
အရေပြားမှိုစွဲတာ အမြစ်မပြတ်ရတဲ့ အကြောင်းရင်း
အရေပြားမှိုစွဲတယ်ဆိုတာကအရေပြားမှာ ပွေး၊ သဲဝဲ၊ ညှင်း စတာတွေ ပေါက်တာပါ။ ဒါတွေက အဖြစ်လည်း များပါတယ်။ ကူးလည်း ကူးလွယ်ပါတယ်။ ဒါပေမယ့် သေချာကုရင် ပျောက်တဲ့ရောဂါတွေပါ။ ဒီလိုမဟုတ်ဘဲ ဖြစ်လိုက် ပျောက်လိုက်နဲ့ အမြစ်မပြတ်ဘဲ ကိုယ့်ဆီမှာ သံယောဇဥ်လာတွယ်နေရင်တော့ တစ်ခုခုလုပ်ဖို့ လိုနေပါပြီ။ အရေပြားမှိုစွဲတာ ကလည်း အရေပြားရောဂါပဲ ဖြစ်တာကြောင့် ဒီလိုခဏခဏ ပြန်ဖြစ်နေတာ ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး။ဒါက ကိုယ့်ရဲ့ နေပုံထိုင်ပုံ၊ ပတ်ဝန်းကျင်အခြေအနေတွေနဲ့လည်း ဆိုင်သလို ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကိုယ်နဲ့ ဒီအချက်တွေထဲက တစ်ခုခု တိုက်ဆိုင်နေမယ်ဆိုရင် မှိုစွဲတာက အမြစ်မပြတ်ဘဲ ခဏခဏပြန်ဖြစ်နေမှာပါ။မြန်မာနိုင်ငံက ပူနွေးစိုစွတ်တဲ့ နိုင်ငံဖြစ်လို့ ပတ်ဝန်းကျင်အခြေအနေအရကို မှိုပိုးတွေ ပေါက်လွယ်ပွားလွယ်ပါတယ်။ မိုးတွင်းလိုမျိုးဆို ပိုဆိုးပါတယ်။ ဒီတော့ တစ်ကိုယ်ရေသန့်ရှင်းရေးသာ ဂရုမစိုက်ဘူးဆိုရင် ခဏခဏ ပြန်ဖြစ်နေမှာပါ။ချွေးထွက်များတဲ့ ချောင်ကြိုချောင်ကြားနေရာတွေ (ဥပမာ ချိုင်း၊ ပေါင်ခြံ၊ ခြေဖဝါး) စတဲ့နေရာတွေကမှိုပိုးတွေအကြိုက်ဆုံးပါ။ မှိုစွဲပြီဆိုရင်လည်း ဒီနေရာတွေမှာ စွဲတာများပါတယ်။ ခဏခဏပြန်ဖြစ်တာကလည်း ဒီနေရာတွေပါပဲ။နေတာက ပူနွေးစိုစွတ်တဲ့ နိုင်ငံဖြစ်ရတဲ့အထဲ ချွေးထွက်ပါများမယ်ဆိုရင်တော့ တစ်ကိုယ်ရည်သန့်ရှင်းရေးကို နိုင်နိုင်လေး လုပ်ဖို့ လိုပါတယ်။ ချွေးထွက်ပြီဆိုရင် ချွေးကို သေချာသုတ်ပြီး ခြောက်အောင်ထားဖို့၊ ရေပုံမှန်ချိုးဖို့၊ အဝတ်အစားပုံမှန်လဲဖို့ လိုပါတယ်။ မဟုတ်ရင် ခဏခဏ ပြန်ဖြစ်နေမှာပါ။မှိုပိုးတွေက ထိတွေ့မှုကနေတဆင့် ကူးစက်တာပါ။ အဝတ်အစားတို့၊ ဖိနပ်တို့ကို မှိုစွဲနေတဲ့သူက စီးလိုက်ရင် မှိုတွေက ဒီပစ္စည်းတွေမှာ ကပ်ပါသွားတတ်ပါတယ်။ ဒါကို မသိဘဲ တခြားသူက သွားသုံးရင် သူပါကူးမှာပါ။ ဒီတော့ ခဏခဏမှိုစွဲတာမဖြစ်ချင်ရင် သူများပစ္စည်းတွေ ငှားပြီး သုံးတာကို ရှောင်ပါ။အဝတ်အစားကျပ်ကျပ်တွေဝတ်ရင် ချွေးထွက်လွယ်ပါတယ်။ ကျပ်နေတော့ ချွေးက မခြောက်ဘဲ ပူနွေးစိုစွတ်တဲ့ နေရာလေးပဲ ဖြစ်သွားပါတယ်။ ဒီတော့ မှိုစွဲပါတယ်။ ဖိနပ်ဆိုရင်လည်း ရှူးဖိနပ်အပိတ်တွေက ချွေးထွက်ရင် ဖြစ်ဖြစ်၊ ရေစိုရင် ဖြစ်ဖြစ် ခြောက်ဖို့ ခက်ပါတယ်။ ဒီလို အဝတ်အစားတွေ၊ ဖိနပ်တွေကို ဝတ်နေမယ်ဆိုရင် မှိုစွဲတာက ပျောက်လည်း ခဏပဲ ပြန်ပြန်ဖြစ်နေမှာပါ။အဓိကကတော့ ကိုယ်လုံးချင်း တိုက်တိုက်တွန်းတွန်းလုပ်ရတဲ့ အားကစားတွေပေါ့။ မှိုစွဲနေတဲ့ အရေပြားနဲ့အမြဲလိုလို ထိတွေ့နေရရင် ကုလည်း ခဏပဲ ပြန်ဖြစ်မှာပါ။နောက်တစ်ခုက ရေကူးတာပါ။ ရေကနေတဆင့် ကူးတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရေကူးကန်ကြမ်းခင်းတွေမှာ ရောဂါရှိသူက ဖိနပ်မစီးဘဲ လျှောက်သွားမယ်ဆိုရင် မှိုပိုးတွေက ကြမ်းခင်းမှာ ကပ်နေမှာပါ။ ဒါကို ကိုယ်ကမသိဘဲ ခြေဗလာနဲ့ နင်းမိရင် ကိုယ့်ပါ ကူးမှာပါ။ ရေကူးကန်ဆိုတာ အမြဲတမ်းတစိုစိုဖြစ်နေတဲ့နေရာဆိုတော့ မှိုတွေလည်း ကြိုက်ပါတယ်။အထူးသဖြင့်တော့ ပွေးပေါ့။ အိမ်မွေးတိရစ္ဆာန်တွေမှာ ပွေးရှိနေရင် ကိုယ့်ဆီလည်း ကူးလာနိုင်ပါတယ်။ သူတို့ကို အပြီးပျောက်အောင် မကုပေးမချင်း ကိုယ့်ဆီကို ပြန်ပြန်ကူးနေမှာပါ။ခုခံအားကျနေတဲ့သူတွေဖြစ်တဲ့ ကင်ဆာရောဂါကုထုံးခံယူသူတွေ၊  HIV ပိုးရှိသူတွေ၊ ခုခံအားထိန်းဆေးသောက်နေရတဲ့သူတွေကလည်း ခဏခဏ မှိုစွဲတတ်ပါတယ်။တချို့သူတွေမှာ အကြောင်းရင်းမယ်မယ်ရရ မရှိဘဲ ခြေထောက်နဲ့ ခြေသည်းလက်သည်းတွေမှာ ခဏခဏမှိုစွဲနေတာက မျိုးဗီဇကြောင့် ဖြစ်နိုင်ပါတယ်။ သူတို့ရဲ့ အရေပြားက မှိုကို တိုက်ထုတ်ရကောင်းမှန်း မသိတာကြောင့်ပါ။ မှိုတွေက ခဏခဏပြန်စွဲနေတာကြောင့်လည်း ခုခံအားက ရင်းနှီးသွားပြီး မတိုက်ထုတ်တာလည်း ဖြစ်နိုင်ပါတယ်။မှိုစွဲတာကို အမြစ်ပြတ်ချင်တယ်။ ခဏခဏပြန်မဖြစ်ဘူးဆိုရင် ဒီအချက်တွေကို သေချာလိုက်နာပါ။ အရေပြားမှိုစွဲတာကနေ ဘက်တီးရီးယားပိုးတွေ ဝင်လာနိုင်သလို လူအများကြားမှာ အရှက်ရစရာကိစ္စလည်း ဖြစ်လာနိုင်ပါတယ်။American Osteopathic College of Dermatology (AOCD)က အကြံပြုထားတာကတော့။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/infectious-skin-diseases/why-fungal-skin-infections-keep-coming-back/
ကင်ဆာဆေးသွင်းခြင်း၏နောက်ဆက်တွဲဆိုးကျိုးများ
ကင်ဆာဆေးသည် ကင်ဆာရောဂါကုသရန်ထိရောက်သော နည်းလမ်းတစ်ခုဖြစ်သော်လည်းလူနာသည်ဆေး၏ဆိုးကျိုး များကိုခံစားရနိုင်ပါတယ်။ ဆေး၏ဆိုးကျိုးများမှာလူနာတစ် ယောက်နှင့် တစ်ယောက်မတူညီနိုင်ပါဘူး။ သို့သော်လည်း လူနာအများစုတွင်ကြုံတွေ့နိုင်သောဆိုးကျိုးအချို့ကိုဖော်ပြ ထားပါတယ်။ကင်ဆာဆေးများကို ကြီးထွားပွားများနေသောကင်ဆာ ဆဲလ်များကိုသတ်ရန်အသုံးပြုပါတယ်။ သို့သော်လည်း သွေး၊ ခံတွင်း၊ အစာချေစနစ် နှင့် ဆံပင်ရှိဆဲလ်များကိုလည်းသေစေ နိုင်ပြီးဆိုးကျိုးများဖြစ်ပေါ်စေနိုင်ပါတယ်။ကင်ဆာကုသရန်သာမက ဆေး၏ဆိုးကျိုးများကိုကုသရန် လည်းအရေးကြီးပါတယ်။ ထို့ကြောင့်ဆိုးကျိုးများကိုကုသရန် ကင်ဆာဆေးအပြင်အခြားသောဆေးများကိုလည်းတွဲ၍ပေး လေ့ရှိပါတယ်။ ထိုသို့ကုသခြင်းသည်ကင်ဆာရောဂါကုသရာ တွင်တစ်စိတ်တစ်ပိုင်းအနေနှင့်ပါဝင်ပါတယ်။ ကင်ဆာရောဂါ ကုသမှုလွယ်ကူစေရန်ယခုအခါတွင် ဆရာဝန်နှင့်သိပ္ပံပညာ ရှင်များက ကုသမှုတွင်ဆိုးကျိုးနည်းနိုင်သမျှနည်းအောင်ကြိုး စားနေပါတယ်။နှုံးချိခြင်း။ပင်ပန်းနွမ်းနယ်ခြင်း၊ နှုံးခြင်းသည်အဖြစ်များသောဆိုးကျိုး ဖြစ်ပါတယ်။ ကင်ဆာဝေဒနာရှင်အများစုသည် နေ့စဉ်လုပ် ငန်းဆောင်တာပြုလုပ်လျှင်တောင်နှုံးချိခြင်းကိုခံစားရပါတယ်။ ထို့ကြောင့်ခွန်အားပြည့်ဝပြီးလန်းဆန်းနေစေရန်လူနာလုပ် နိုင်သောလေ့ကျင့်ခန်းအနည်းငယ် (ဥပမာ- လမ်းလျှောက် ခြင်း၊ ယောဂကျင့်ခြင်း) ကိုပြုလုပ်သင့်ပါတယ်။ သို့သော် လည်းမောပန်းနွမ်းနယ်ခြင်းကသွေးအားနည်းသောလက္ခ ဏာတစ်ခုဖြစ်နေနိုင်သောကြောင့်ဆရာဝန်နှင့်တိုင်ပင်ဆွေး နွေးသင့်ပါတယ်။ဆံပင်၊ အရေပြားနှင့် လက်သည်းခြေသည်းများ။ကင်ဆာဆေးသည်ဦးရေပြားကိုထိခိုက်စေသောကြောင့် ဆေးကုသမှုခံယူပြီး ၃ပတ်လောက်အကြာတွင်ဆံပင်ကျွတ် နိုင်ပါတယ်။ ခြေထောက်၊ လက်နှင့်မျက်နှာရှိအမွေးအမျှင် များလည်းကျွတ်နိုင်ပါတယ်။ ဆေးကုသမှုရပ်လိုက်ပါကဆံ ပင်ပြန်လည်သန်စွမ်းလာမှာပါ။ သို့သော်လည်းအသစ်ပေါက် သောဆံပင်များသည်ယခင်ဆံပင်နှင့်တူချင်မှတူပါလိမ့်မည်။အရေပြားခြောက်ခြင်း၊ ယားခြင်း နှင့် အနီကွက်များထွက် ခြင်း၊ နေလောင်လွယ်ခြင်း၊အစရှိသည့်ဆိုးကျိုးများလည်းရ နိုင်ပါတယ်။ လက်သည်းခြေသည်းများကြွပ်ဆတ်ပြီးဝါလာ ကာကျိုးလွယ်ကြေလွယ်နိုင်ပြီး ပြင်းထန်ပါကလက်သည်းခွံ များလန်ပြီးကွာကျနိုင်ပါတယ်။ ထိုမှတဆင့်ပိုးဝင်နိုင်သော ကြောင့်ပိုးမဝင်အောင်လက်သည်းကိုဂရုစိုက်သင့်ပါတယ်။အစာခြေလမ်းကြောင်းပြဿနာများ။ကင်ဆာဆေးသည်ခံတွင်းကိုခြောက်သွေ့စေပြီးအနာဖြစ်စေ နိုင်သောကြောင့်အစာဝါးခြင်းနှင့် မျိုခြင်းကိုအခက်အခဲဖြစ်စေ နိုင်ပါတယ်။ ထိုအနာများမှသွေးထွက်ခြင်း၊ ပိုးဝင်ခြင်းများဖြစ် နိုင်ပါတယ်။ ထို့ပြင်အစားအသောက်ပျက်ခြင်း၊ အစာမကြေ ခြင်းများဖြစ်စေပြီး အာဟာရချို့တဲ့ကာကိုယ်အလေးချိန်ကျ ဆင်းခြင်းများဖြစ်နိုင်ပါတယ်။ဝမ်းပျော့ခြင်း ၊ဝမ်းလျှောခြင်း၊ ဝမ်းမာခြင်း၊ ဝမ်းချုပ်ခြင်း နှင့် လေပွခြင်းများလည်းဖြစ်စေနိုင်ပါတယ်။ ထို့ကြောင့်ရေဓါတ် မဆုံးရှူံးစေရန်ရေများများသောက်သင့်ပါတယ်။ကင်ဆာရောဂါကုသနေချိန်နှင့် ကုသပြီးချိန်တွင်ဆိုးကျိုးများ ကိုခံစားရနိုင်ပါတယ်။ ယင်းဆိုးကျိုးများကိုစောင့်ကြည့်ပြီး မဖြေရှင်းနိုင်ပါကဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးရန်မနှောင့်နှေးသင့်ပါဘူး။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac%e1%80%b1%e1%80%86%e1%80%b8%e1%80%9e%e1%80%bc%e1%80%84%e1%80%b9%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%81%8f%e1%80%b1%e1%80%94%e1%80%ac/
ကိုယ်တိုင်တောင် မသိတဲ့ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေအကြောင်း
ဆံသား အပါအဝင် ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေ အကြောင်းကို တော်တော်များများ သိထားတယ်လို့ ကိုယ့်ကိုယ့်ကိုယ် ယူဆနေပါသလား။ ဒါဆိုရင်တော့ နောက်ထပ် တစ်ကြိမ် စဉ်းစားပြီးမှ အဖြေပေးပါလို့ ပြောချင်ပါတယ်။ တကယ်ကတော့ အခု ဒီစာကို ဖတ်နေတဲ့ ပရိသတ်ကြီးရော ဒီစာကိုရေးတဲ့ ကျွန်တော် ကိုယ်တိုင်ပါ မွေးကတည်းကဦးရေပြားမှာ ပါလာတဲ့ဆံသား တွေနဲ့ ခန္ဓာကိုယ် အနှံ့မှာ ပေါက်တဲ့ အမွေးအမျှင် အကြောင်းကို မသိကြပါဘူး။ကဲ …. ဒီနေ့တော့ ကိုယ်တိုင်တောင် မသိတဲ့ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေအကြောင်း လေ့လာလိုက်ရအောင်နော်။ကိုယ်တိုင်တောင် မသိတဲ့ ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေအကြောင်း က ဘာတွေဖြစ်မလဲဆိုတာကို အတူတူ လေ့လာလိုက်ရအောင်နော်။# ဆံပင်တွေကို အဓိကအားဖြင့် Keratin နဲ့ လုပ်ဆောင်ထားတာပါ။Keratin ဆိုတာက အရေပြား၊ခြေသည်းလက်သည်းတွေရဲ့ အပေါ်ဆုံးအလွှာတွေမှာ တွေ့ရတဲ့ ပရိုတင်း တစ်မျိုးပါ။ တိရစ္ဆာန်လေးတွေရဲ့ ခြေသည်း၊ လက်သည်း၊ အမွေးအတောင်တွေမှာလည်း တွေ့ရနိုင်ပါတယ်။ ဆံပင်တွေကို အဓိက ဖွဲ့စည်းထားတဲ့ အရာကတော့ Keratin ပါ။# ဆံပင်တွေ အမွေးအမျှင်တွေက ရာသီဥတုပူချိန်မှာ အရှည်မြန်လာတယ်။အပူချိန်က ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှု ကောင်းစေပါတယ်။ပူနွေးတဲ့ ရာသီဥတုက  ဆံသားကြီးထွားဖို့ နဲ့ အမွေးအမျှင်တွေ သန်စွမ်းစေဖို့ ထောက်ကူပေးပါတယ်။ မျိုးဗီဇ နဲ့ စားသောက်မှုပုံစံတွေကလည်း သက်ရောက်မှု ရှိနေပါတယ်။# ရေစိုနေချိန်မှာ ဆံသားတွေ အမွေးအမျှင်တွေက ပုံမှန်ထက် ၃၀ ရာခိုင်နှုန်း ပိုရှည်တယ်။ရေစိုနေချိန်မှာဆံသားတွေအမွေးအမျှင်တွေက ပုံမှန်ထက် ၃၀ ရာခိုင်နှုန်း ပိုရှည်ပါတယ်။ အနီးစပ်ဆုံး ပြောပြရရင် ခေါင်းလျှော်ပြီးစမှာဆံပင်တွေက ပိုရှည်နေတာကို သတိထားမိမှာပေါ့။# ဆံပင်တွေ၊ အမွေးအမျှင်တွေက ဆဲလ်သေတွေပါ။ဆံပင်တွေ၊ အမွေးအမျှင်တွေကဆဲလ်သေတွေပါ။ မွေးညှင်းအိတ်တွေထဲက အမြစ်လေးတွေကပဲ ရှင်သန်နေသေးတဲ့ ဆဲလ်လေးတွေပါ။# ဆံပင်တွေ အမွေးအမျှင်တွေကို အတွေ့ရအများဆုံးက အနက်ရောင်ပါ။ဆံပင် နဲ့ ခန္ဓာကိုယ်အမွေးအမျှင်တွေ အနီရောင် ရှိသူက ကမ္ဘာ့လူဦးရေရဲ့ ၁ ရာခိုင်နှုန်းသာ ရှိပါတယ်။ အညိုရောင်ကတော့ ၂ ရာခိုင်နှုန်းပါ။ ပိတုန်းရောင် ကတော့ အများဆုံး တွေ့ရတဲ့ အရောင်ပါ။# ဆံပင်မှာ ကိုယ်ရေး ရာဇဝင်များစွာ ပါဝင်နေတယ်။ဒါက နည်းနည်းတော့ ထိတ်လန့်စရာ ကောင်းပါတယ်။ အထူးသဖြင့် ဆံပင်တွေမှာ ပြီးခဲ့တဲ့ ကာလတွေအတွင်း သွေးကြောတွေထဲမှာ ဘာတွေ ရှိနေခဲ့လဲဆိုတာကို ဖော်ပြနေသလို ဘယ်လို ပတ်ဝန်းကျင်မှာနေထိုင်တာတွေ၊ ဘာတွေ စားသောက်တယ် ဆိုတာကိုပါ ဖော်ပြနိုင်ပါတယ်။# ဆံသား တစ်ရှူးတွေက ခန္ဓာကိုယ်မှာ ဒုတိယမြောက် အထွားအမြန်ဆုံး တစ်ရှူးတွေပါ။ဟုတ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အမြန်ဆုံး တစ်ရှူးတွေက ရိုးတွင်းခြင်ဆီ တစ်ရှူးတွေပါ။# ဆံပင် နဲ့ အမွေးအမျှင်တွေကို ညှပ်တာ၊ ရိတ်တာတွေကြောင့် ပိုရှည်မလာပါဘူး။တော်တော်များများ ကြားနေကျ စကားတစ်ခုက ဆံပင်မသန်ရင် ရိတ်ပေးရတယ်။ အမွေးတွေ ရိတ်ရင် ပိုထွက်လာလိမ့်မယ် ဆိုတာပါ။ တကယ်ကတော့ ဒီအယူအဆက မဟုတ်ပါဘူး။ ဆံပင် အပါအဝင် ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေက ရိတ်ရင်ဖြစ်ဖြစ် ညှပ်ရင်ဖြစ်ဖြစ် ပိုရှည်မလာပါဘူး။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/dont-know-about-your-hair/
Air fryerတွေက တကယ်ပဲ ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား။
သောင်းဂဏန်းလောက်ကနေ စပြီး ဝယ်လို့ရတဲ့အတွက် Air fryerတွေက အိမ်တိုင်းလိုလိုမှာ ရှိနေကြပါတယ်။ တစ်နေ့ တစ်နေ့ Air fryerနဲ့ လုပ်စားတဲ့ အစားအစာတွေကို ပုံတင်ရတာလည်း အမောပေါ့။ အားလုံးသိကြတာကတော့ Air fryerက ဆီမလိုဘူး ဒါမှမဟုတ် ဆီနည်းနည်းပဲ သုံးရတဲ့အတွက်ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာပါပဲ။ တကယ်ပဲ Air fryerက ကျန်းမာရေးနဲ့ ညီညွတ်တာ ဟုတ်ရဲ့လားဆိုတာ ကြည့်ကြရအောင်။ဆီထဲကို နှစ်ပြီး ကြော်တာထက်စာရင် Air fryerက ဆီပမာဏ နည်းနည်းပဲ သုံးရတဲ့အတွက် ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။ တချို့ ကုမ္ပဏီတွေက Air fryerကို သုံးမယ်ဆိုရင် သာမန်ထက် ဆီအသုံးပြုတာကို ၇၅ ရာခိုင်နှုန်းထိ လျှော့ချနိုင်ပါတယ်တဲ့။ ဥပမာ ပြောရမယ်ဆိုရင် ဆီ၃ခွက် (၇၅၀ မီလီလီတာ)လောက်ထဲကို နှစ်မြုပ်ပြီး ကြော်ရမယ့်အစား ဆီစားပွဲတင်ဇွန်း တစ်ဇွန်း (၁၅မီလီလီတာ)လောက်ပဲ လိုအပ်ပါတော့တယ်။ဆီနဲ့ နှစ်ပြီး ကြော်တာက ဆီတွေ အကုန်လုံး အကြော်ထဲ ဝင်မသွားဘူးဆိုပေမယ့် ဆီပမာဏများများ ဝင်သွားတာတော့ အမှန်ပါ။ Air fryerက လေပူကို အဓိက သုံးပြီး ကြော်လှော်တာကြောင့် ဆီပမာဏ အများကြီး မလိုပါဘူး။အကြော်အလှော်တွေက ဆီများရုံတင် မကပါဘူး။ကယ်လိုရီလည်း ပါဝင်မှု များပါတယ်။ ဝိတ်ချချင်ပေမယ့် ဆီကြော်တွေကို မစွန့်လွှတ်နိုင်သေးဘူးဆိုရင် Air fryerက ကူညီပေးပါလိမ့်မယ်။ အကြော်အလှော်ခြင်း တူပေမယ့် အရင်ကထက် ဆီပိုနည်းတာကြောင့် ထင်သလောက် ဝိတ်တက်မှာ မဟုတ်တော့ဘူး။အကြော်အလှော်တွေက အဆီနဲ့ ကယ်လိုရီများရုံတင် မဟုတ်ပါဘူး။ Acrylamideလို့ ခေါ်တဲ့ ဒြပ်ပေါင်းတွေကိုလည်း ထွက်စေပါတယ်။ Acrylamideဆိုတာ ကာဘိုဟိုက်ဒရိတ် ကြွယ်ဝတဲ့ အစားအစာတွေကို အပူပြင်းပြင်းနဲ့ ချက်ပြုတ်တဲ့အခါမှာ ထွက်တာတာပဲ ဖြစ်ပါတယ်။ ဒီဒြပ်ပေါင်းကကင်ဆာဖြစ်စေနိုင်တဲ့ သတ္တိရှိပါတယ်။လေ့လာချက်တစ်ခုမှာတော့ Air fryerက သာမန်ဆီထက် နှစ်ပြီး ချက်ပြုတ်တာထက်acrylamideထွက်တာ ၉၀ ရာခိုင်နှုန်း ပိုနည်းတယ်လို့ ဆိုပါတယ်။Air fryerက သာမန်ချက်ပြုတ်တာထက် ပိုကောင်းတယ်ဆိုပေမယ့် လုံးဝကျန်းမာရေးနဲ့ ညီညွတ်တာမျိုးတော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့။Air fryerက ဆီနည်းတယ်၊ လုပ်ရတာလည်း လွယ်တဲ့အတွက် မကြာခဏဆိုသလို ချက်ပြုတ်စားနေမိပါတယ်။ ဥပမာ ဝက်သုံးထပ်သားကြော်ဆိုရင် သာမန်အချိန်မှာ ဆီများများနဲ့ ကြော်ရမှာမို့လို့ မစားဖြစ်ပေမယ့် Air fryerဆိုရင်တော့ လွယ်လည်းလွယ်၊ မြန်လည်း မြန်၊ ဆီလည်း သိပ်ထည့်စရာ မလိုတော့ မကြာခဏ စားမိတတ်ပါတယ်။တခြား အကြော်အလှော်တွေလည်း ဒီလိုပါပဲ။ ပုံမှန်ဆို ဆီများလို့ ရှောင်မိပေမယ့် Air fryerနဲ့ ချက်တာပဲလေဆိုပြီး မကြာခဏ စားမိနေတာကို သတိထားမိပါရဲ့လား။ Air fryerက ဆီနည်းတယ်ဆိုပေမယ့် ဆီလုံးဝမပါတောတော့ မဟုတ်ပါဘူး။ မကြာခဏ စားမယ်ဆိုရင် ဆီနည်းပေမယ့် မကြာခင်မှာ စုမိဆောင်းမိ ဖြစ်လာမှာပါ။Acrylamide ထွက်တဲ့ ပမာဏ နည်းတယ်ဆိုပေမယ့် တခြား အန္တရာယ်ရှိတဲ့ ဒြပ်ပေါင်းတွေကိုလည်း သတိထားရဦးမှာပါ။ ဥပမာ Aldehydes, heterocyclic amines နဲ့ polycyclic aromatic hydrocarbons တို့ဆိုတာ ကင်ဆာ ဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းတွေ ဖြစ်ပြီး ဘာနဲ့ပဲ ချက်ချက် မီးပြင်းပြင်းနဲ့ ချက်ရင် ထွက်လာနိုင်ပါတယ်။ မီးပြင်းတာနဲ့ အဓိကသက်ဆိုင်နေတာကြောင့် Air fryerနဲ့ ချက်ရင်ရော ဒါတွေ ထွက်လာနိုင်လားဆိုတာ လေ့လာမှုတွေ လုပ်နေကြပါပြီ။ဒီလို အချက်တွေ ရှိနေတာကြောင့် Air fryerကို မသုံးရတော့ဘူးလားလို့ တွေးစရာရှိပါတယ်။ သာမန်ချက်ပြုတ်တာထက် ဆီနည်းတာကြောင့် ကြော်မယ် လှော်မယ်ဆိုရင်တော့ Air fryerကို ရွေးချယ်သင့်ပါတယ်။ဒါပေမယ့် အကြော်အလှော်ဆိုတာက ဘာပဲဖြစ်ဖြစ် ဆီပါနေတာပဲဆိုတော့အလွန်အကျွံ မစားဖို့ ထိန်းရပါမယ်။ အကြော်အလှော်တွေထက် လတ်ဆတ်တဲ့ အသီးအနှံတွေ၊ အသီးအရွက်တွေကို ဦးစားပေး စားသုံးသင့်ပါတယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/air-fryer-is-it-healthy/
မျက်စိစွံတာ မြန်မြန်သက်သာစေဖို့
မျက်စိစွံလို့ စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို အတူတူဖတ်ပြီး မျက်စိစွံတဲ့ ပြဿနာကို အကောင်းဆုံးဖြေရှင်းရအောင်လား။ မျက်စိစွံတာ မြန်မြန်သက်သာစေဖို့ လုပ်ဆောင်ရမှာလေးတွေကို ပြောပြပေးသွားပါမယ်။မျက်စိစွံတယ်ဆိုတာက မျက်ခမ်းသားမှာ နီရဲနေတဲ့ အဖုလေးဖြစ်တာပါ။မျက်တောင်နားမှာဖြစ်တာဖြစ်ပြီး မျက်ခွံအောက်နားနဲ့ မျက်ခွံအတွင်းထဲမှာလည်း ဖြစ်တတ်ပါတယ်။ ဒီပြဿနာက ကြီးကြီးမားမားမဟုတ်ပေမယ့် ခံစားရသူအရေအတွက်က မနည်းလှပါဘူး။ မျက်စိစွံတာက ပြင်းထန်တဲ့ရောဂါတစ်ခုမဟုတ်ပေမယ့် နေရခက်စေပြီးနာကျင်မှုကို ခံစားရစေပါတယ်။မျက်စိစွံတာက ဖြစ်တဲ့နေရာကိုလိုက်ပြီး အမျိုးအစားကွဲပြားနိုင်ပါတယ်။ပြင်ပမှာဖြစ်တဲ့ မျက်စိစွံခြင်း– မျက်ခွံအောက်ဘက်မျက်ခမ်းသားနားက မျက်တောင်မွေး မွေးညှင်းအိတ်လေးတွေနားမှာဖြစ်တာပါ။အတွင်းမှာဖြစ်တဲ့ မျက်စိစွံခြင်း– မျက်ခွံအောက်ဘက်ခြမ်းနဲ့ အတွင်းဘက်ကအဆီဂလင်းတွေမှာဖြစ်တတ်တဲ့ မျက်စိစွံခြင်းတစ်မျိုးပါ။လက်ဖက်ခြောက်အိတ်ကပ်ပေးပါ– လက်ဖက်ခြောက်အိတ်ကို ရေနွေးနွေးလေးထဲမှာ စိမ်ပြီး မျက်စိစွံတဲ့နေရာမှာ ကပ်ပေးပါ။ လက်ဖက်ခြောက်အိတ်က ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်စွမ်းရှိတာကြောင့် မျက်စိစွံတာကို သိသိသာသာသက်သာစေနိုင်ပါတယ်။ လက်ဖက်စိမ်း လက်ဖက်ခြောက်အိတ်ဆိုရင် အဆင်ပြေဆုံးဖြစ်မှာပါ။ခပ်ဖွဖွလေးနှိပ်ပေးပါ– မျက်စိစွံတဲ့နေရာကို ညင်ညင်သာသာလေးသန့်စင်ပေးရင်း ခပ်ဖွဖွလေးနှိပ်ပေးပါ။ နာလာပြီဆိုရင်​တော့ ဆက်မနှိပ်ပါနဲ့တော့။ နှိပ်တဲ့အခါ လက်ကို သန့်စင်အောင်ဆေးကြောဖို့ မမေ့ပါနဲ့။မိတ်ကပ်တွေကို သန့်စင်ပါ– ညအိပ်ရာဝင်ခါနီးတိုင်း တစ်နေကုန်လူးထားတဲ့ မိတ်ကပ်တွေကို သန့်စင်နေအောင်ဆေးကြောပါ။ မိတ်ကပ်လိမ်းခြယ်တဲ့အခါသုံးတဲ့ ပစ္စည်းတွေကိုလည်း တစ်ပတ်တစ်ခါ ပုံမှန်သန့်စင်ပေးပါ။ ဒါမှ ဘက်တီးရီးယားပေါက်ဖွားမှုကင်းစင်ပြီး မျက်စိစွံတာကို ကာကွယ်နိုင်မှာပါ။ နေ့တိုင်းမျက်နှာကို သေချာ သန့်စင်ပါ။မျက်ကပ်မှန်မတပ်ပါနဲ့–  မျက်ကပ်မှန်တပ်တဲ့သူတွေအနေနဲ့လည်း မျက်စိစွံနေချိန်မှာ မျက်ကပ်မှန်မတပ်ပါနဲ့။ လက်ကိုသေချာမဆေးဘဲ မျက်ကပ်မှန် တပ်မိမယ်ဆိုရင် မျက်လုံးထဲနဲ့ မျက်လုံးတဝိုက်ကို ဘက်တီးရီးယားတွေ အများကြီးကူးစက်စေနိုင်ပါတယ်။ ဒီလိုကူးစက်မှုက မျက်လုံးစွံနိုင်ခြေကိုပိုများစေနိုင်ပါတယ်။အခုပြောတဲ့နည်းလမ်းလေးတွေကို အသုံးပြုပြီး မျက်စိစွံတာကို သက်သာအောင်လုပ်ဆောင်လိုက်ပါနော်။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-diseases/how-to-relieve-a-stye/
Lupus (လူးပက်စ်ရောဂါ)
Lupus သည် ခုခံအားစနစ်တွင်ဖြစ်သော ရောဂါတစ်မျိုးဖြစ်သည်။ ပုံမှန်တွင် ခုခံအားစနစ်သည် သင်၏ တစ်သျှူးများနှင့် အင်္ဂါများကို အပြင်မှဝင်ရောက်သော ပိုးများ၏ တိုက်ခိုက်မှုမှကာကွယ်သည်။ သို့သော် Lupus ရောဂါတွင် ခုခံအားစနစ်က ခန္ဓါကိုယ်ရှိဆဲလ်များကို ပြန်တိုက်ခိုက်သည်။ အပြင်မှဝင်ရောက်သော အရာများနှင့် ခန္ဓါကိုယ်ရှိ ပုံမှန်ကျန်းမားသော ဆဲလ်များကို မခွဲခြားနိုင်ပဲ တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်သည်။ထို့ကြောင့် ခန္ဓါကိုယ်၏ စနစ်များစွာကို ထိခိုက်စေနိုင်ပြီး နာတာရှည်ရောင်ရမ်းသည့် ရောဂါကို ဖြစ်စေသည်။ အရိုးအဆစ်၊ အရေပြား၊ ကျောက်ကပ်၊ သွေးဆဲလ်များ၊ ဦးနှောက်၊ နှလုံးနှင့် အဆုတ် စသည်ဖြင့် နေရာမျိုးစုံပါဝင်နိုင်သည်။ နာတာရှည်ဆိုသည်မှာ ရောဂါလက္ခဏာများသည် ၆ ပတ်ထက်ကြာနိုင်ပြီး၊ နှစ်ပေါင်းများစွာလည်းဖြစ်နိုင်သည်။ Lupus သည် မကူးစက်တတ်ပဲ မွေးရာပါပါလာသော ရောဂါဖြစ်ပြီး ရောဂါပိုးများ၊ ဆေးဝါးများ သို့မဟုတ် နေရောင်ခြည်တို့ကြောင့် ပိုမိုဆိုးရွားနိုင်ပါသည်။ဤကျန်းမာရေးအခြေအနေသည် အလွန်အဖြစ်များပါသည်။ ၎င်းသည် အမျိုးသားများထက် အသက် ၁၄ နှစ်မှ ၄၅ နှစ်ကြားဖြစ်သောအမျိုးသမီးများတွင် ပို၍ဖြစ်ပွားနိုင်ပါသည်။ အသက်အရွယ်မရွေးတွင်ဖြစ်ပွားနိုင်ပြီး ဖြစ်နိုင်ချေကိုများစေသော အကြောင်းအချက်များကို ထိန်းချုပ်ခြင်းအားဖြင့် ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်သည်။ ပိုမိုသိရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။Lupus ရောဂါ၏ အဖြစ်များသော လက္ခဏာများတွင် အောက်ပါတို့ပါဝင်သည်။– နာကျင်ကိုက်ခဲခြင်း၊ အဆစ်ရောင်ခြင်း။– ကြွက်သားများ နာကျင်ခြင်း။– မောပန်းနွမ်းနယ်ခြင်း။– အရေပြားများနီရဲခြင်း။– အသက်ပြင်းပြင်းရှူလျှင် ရင်ပတ်အောင့်ခြင်း။– အေးလျှင် သို့မဟုတ် စိတ်ဖိစီးမှုများလျှင် လက်ချောင်း၊ခြေချောင်းများ ဖြူဖျော့ခြင်း၊ ခရမ်းရောင်ဖြစ်ခြင်း။– နေရောင်ထိတွေ့လျှင် ရောဂါပိုဆိုးခြင်း။– ခြေထောက်နှင့် မျက်လုံးတစ်ဝိုက် ရောင်ရမ်းခြင်း။– ပါးစပ်တွင် အနာများပေါက်ခြင်း၊။– ဂလင်းများရောင်ခြင်း။– ဆံပင်ကျွတ်ခြင်း။အထက်တွင် မဖော်ပြထားသော အခြားသော လက္ခဏာများလည်း ရှိသေးသည်။ သင့်တွင်စိုးရိမ်နေသည်များရှိလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။သင့်တွင်အောက်တွင်ဖော်ပြထားသော အကြောင်းရင်းမရှိပဲ အနီကွက်ထွက်ခြင်း၊ ဖျားနာခြင်း၊ ကိုက်ခဲနာကျင်ခြင်း သို့မဟုတ် ပင်ပန်းနွမ်းနယ်ခြင်း များဖြစ်လျှင် သင့်ဆရာဝန်နှင့် ပြသပါ။Lupus ရောဂါ၏ အကြောင်းရင်းများမှာ သေချာစွာမသိရပါ။ မျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင်အကြောင်းတရားများပေါင်းစပ်၍ ဖြစ်ခြင်းဖြစ်နိုင်သည်။ မျိုးရိုးရှိသော လူများသည်ပတ်ဝန်ကျင်မှ နေရောင်၊ အတက်ကျစေသော ဆေးဝါများ၊ သွေးတိုးကျဆေး နှင့် ပိုးသတ်ဆေးများ ကဲ့သို့သောလှုံ့ဆော်သော အကြောင်းများရှိလျှင် Lupus ရောဂါဖြစ်နိုင်သည်။Lupus ရောဂါ အမျိုးမျိုးရှိသည်။– Systematic Lupus Erythematosus (SLE) သည်အဖြစ်အများဆုံး အမျိုးအစားဖြစ်သည်။ ၎င်းသည် အပြင်းစား သို့မဟုတ် အပျော့စားဖြစ်နိုင်ပြီး ခန္ဓါကိုယ်၏ အစိတ်အပိုင်းများစွာကို ထိခိုက်နိုင်သည်။– Discoid lupus သည် အနီကွက်များ မပျောက်သောရောဂါဖြစ်သည်။– Subacute cutaneous lupus သည် နေရောင်ထဲထွက်လျှင်အနာများ ဖြစ်လာခြင်းဖြစ်သည်။– Drug induced lupus သည် ဆေးဝါးအချို့ကြောင့် ဖြစ်နိုင်သည်။ ဆေးရပ်လိုက်လျင် ပျောက်ကင်းသွားလေ့ရှိသည်။– Neonatal lupus သည် မွေးကင်းစကလေးများတွင် ဖြစ်သော ရှားပါးသော အမျိုးအစားဖြစ်သည်။ အမေထံမှရသော antibodies များကြောင့်ဖြစ်တတ်သည်။– ကျား၊မ။ ။အမျိုးသမီးများတွင် ပိုဖြစ်သည်။– အသက်အရွယ်။ ။အသက်အရွယ်မရွေးဖြစ်နိုင်သော်လည်း အသက် ၁၅ နှစ်နှင့် ၄၀ ကြားတွင် ပိုဖြစ်နိုင်သည်။– လူမျိုး။ ။အာဖရိကန်၊ အမေရိကန်၊ ဟစ်စပန်းနစ်၊ နှင့် အာရှ လူမျိုးများတွင်ပိုဖြစ်နိုင်သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။Lupus ရောဂါ၏ လက္ခဏာများသည်အခြားသော ရောဂါများနှင့် မှားနိုင်သောကြောင့် Lupus ရောဂါကို သိရှိနိုင်ရန်ခက်ခဲသည်။ ရောဂါကို အတည်ပြုနိုင်ရန် အခြားသောစမ်းသပ်မှုများနှင့် ပေါင်းစပ်ပြုလုပ်ရသည်။– ရောဂါရာဇဝင်မေးမြန်းခြင်း။– ပြည့်စုံသော စစ်ဆေးခြင်း။– သွေးစစ်ခြင်း။– အရေပြားကို အသားစယူစစ်ဆေးခြင်း။– ကျောက်ကပ်အသားစယူစစ်ဆေးခြင်း။Lupus ရောဂါကို လုံးဝပျောက်ကင်းအောင် မကုသနိုင်ပေ။ ကုသနည်းသည် ရောဂါ၏ လက္ခဏာပေါ်တွင် မူတည်သည်။ ဆေးကုသခြင်းတွင် အောက်ပါတို့ပါဝင်လေ့ရှိသည်။-အကိုက်အခဲပျောက်ဆေးများကို နာကျင်မှု၊ ရောင်ရမ်းခြင်း နှင့် အဖျားသက်သာစေရန်ပေးသည်။ ပြင်းထန်သော ဆေးများကို ဆရာဝန်၏ ညွှန်ကြားမှုနှင့်သာ သောက်ပါရန်။-ငှက်ဖျားပျောက်ဆေးကို ငှက်ဖျားရောဂါတွင်သာမက Lupus ရောဂါအတွက်လည်း အသုံးပြုနိုင်သည်။ ဆေးထွက်ဆိုးကျိုးများတွင် အစာအိမ်နာခြင်း၊ မျက်ကြည်လွှာထိခိုက်ခြင်းများဖြစ်နိုင်သည်။-Corticosteroid – prednisone နှင့် အခြားသော စတီးရွိုက် ပါသော ဆေးများကို ရောင်ရမ်းမှုများကို သက်သာစေရန်ပေးနိုင်သည်။ ကြာရှည်အသုံးပြုလျှင် ဘေးထွက်ဆိုးကျိုးများဖြစ်နိုင်သည်။-ခုခံအားကိုလျော့ချခြင်း။ ။ ခုခံအားကိုကျစေသော ဆေးဝါးများကိုပေးခြင်းအာဖြင့် ပြင်းထန်သော ရောဂါအခြေအနေကို သက်သာစေနိုင်သည်။ ဥပမာအားဖြင့် အောက်ပါဆေးများပါဝင်သည်။ azathioprine (Imuran, Azasan), mycophenolate (CellCept), leflunomide (Arava) and methotrexate (Trexall), belimumab (Benlysta).။အောက်ပါတို့သည် Lupus ရောဂါကိုသက်သာစေသောနည်းလမ်းများဖြစ်ကြပါသည်။-သင့်ဆရာဝန်ကိုပုံမှန်ပြသပါ။ လက္ခဏာများ ဆိုးရွားလာသည့်အချိန်မှပြသသည်ထက် ပုံမှန်ပြသသည်က ပိုကောင်းသည်။ သင်၏ ပုံမှန်ကျန်းမာရေးကို စစ်ဆေးနိုင်ပြီး စိတ်ဖိစီးမှု၊ အာဟာရနှင့် လေ့ကျင့်ခန်းများကိုလည်းဂရုစိုက်ပေးနိုင်သည်။-လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ အနားယူခြင်း၊ ကျန်းမာသောအာဟာရကို စားသောက်ခြင်းအားဖြင့် ကျန်းမာသော ဘဝကို နေထိုင်ပါ။ ဆေးလိပ်၊ အရက်ဖြတ်ပါ။-ရောဂါပိုဆိုးစေသောကြောင့် နေရောင်နှင့်ထိတွေ့မှုကို ရှောင်ပါ။-အိပ်ရေးဝအောင်အိပ်ပါ။ လိုအပ်လျင် နေ့ခင်းဘက်တွင် ခဏအိပ်ပါ။-အကူအညီပေးသော အဖွဲ့များနှင့် ချိတ်ဆက်ပါ။ အခြားသော ဘဝတူရောဂါရှင်များနှင့်စကားစမြည်ပြောခြင်းဖြင့် စိတ်သက်သာအောင်နေထိုင်ပါ။သင့်တွင်မေးမြန်းလိုသည်များရှိလျှင် သင့်အတွက် အကောင်းဆုံးအဖြေကိုရရှိနိုင်ရန် သင့်ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/lupus-%e1%80%9c%e1%80%b0%e1%80%b8%e1%80%95%e1%80%80%e1%80%ba%e1%80%85%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab/
ကလေးဆံသားကို ထိန်းသိမ်းပေးနိုင်မယ့်နည်းလမ်းများ
ချစ်ဖို့ကောင်းပြီးချောမောလှပတဲ့ကလေးငယ်လေးဖြစ်ဖို့ဆိုရင်ခေါင်းအစခြေအဆုံး ဂရုစိုက်ပေးဖို့လိုပါမယ်။ ခေါင်းပေါ်ကဆံသားကနေစလို့ခြေထောက်တွေအထိ အစစအရာရာကိုဂရုစိုက်ပေးဖို့လိုပါလိမ့်မယ်။ ဆံသားကျန်းမာလှပမှုကလည်း လူတစ်ယောက်ကို အလှတိုးစေဖို့အတွက် မရှိမဖြစ်လိုအပ်တာကြောင့် ရင်သွေးလေးမှာ ကျန်းမာသန်စွမ်းတဲ့ဆံသားပိုင်ဆိုင်ဖို့ဆိုရင်မိဘတွေက ငယ်ငယ်ကတည်းကသေချာဂရုစိုက်ဖို့လိုမှာပါ။ကလေးငယ်ဟာမွေးစထဲက ဆံပင်ခပ်ပါးပါးလေးပါလာတတ်ကြပါတယ်။ ဒီဆံသားလေးတွေက အရမ်းကိုနူးညံ့လွန်းပါတယ်။ မွေးစဆံပင်လေးတွေက ကလေးငယ်အရွယ်ရောက်လာတာနဲ့အမျှ တဖြည်းဖြည်းချင်းပြောင်းလဲလာပါတယ်။ ကလေးရဲ့ ဆံသားအခြေအနေကအသက်အရွယ်အလိုက်တဖြည်းဖြည်းချင်းပြောင်းလဲလာတာနဲ့အမျှ မိဘတွေအနေနဲ့ကလည်းသေချာဂရုစိုက်ပေးဖို့လိုပါမယ်။ ဒါမှကလေးက ကျန်းမာသန်စွမ်းတဲ့ဆံသားကိုပိုင်ဆိုင်နိုင်မှာပါ။၁ နှစ်ကနေ ၂ နှစ်အတွင်း– တစ်ပတ်ကို တစ်ကြိမ် ကနေ နှစ်ကြိမ်လောက်လျှော်ပေးပါ။ ကလေးရဲ့ဦးရေပြားက အဆီပြန်တတ်တယ်ဆိုရင်ခေါင်းမလျှော်ခင်မှာ ကလေးရဲ့ ဦးရေပြားကိုသံလွင်ဆီ ဒါမှမဟုတ် Baby Oil လိမ်းပြီးဖြည်းညင်းစွာနှိပ်နယ်ပေးပြီး တစ်ပတ်ကို နှစ်ကြိမ် ကနေ ၃ ကြိမ်လောက်ခေါင်းလျှော်ပေးပါ။၂ နှစ် ကနေ ၄ နှစ် –တစ်ပတ်ကို ၃ ကြိမ်လောက်ခေါင်းလျှော်ပေးတာအကောင်းဆုံးပါ။ ကလေးကိုခေါင်းလျှော်ပေးတဲ့အခါဘေဘီလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ခေါင်းလျှော်ရည်နဲ့ပဲလျှော်ပေးပါ။၄ နှစ်နဲ့အထက်– ကလေးဆံပင်ကရှည်နေမယ်ဆိုရင်တော့ တစ်ရက်ခြားတစ်ခါလောက်လျှော်ပေးတာက အဆင်ပြေမှာပါ။ ကလေးကခေါင်းချွေးပြန်တတ်တယ်။ ဦးရေပြားအဆီပြန်တတ်တယ်ဆိုရင်တော့ခေါင်းကို တစ်ရက်ခြားတစ်ခါသေသေချာချာလေးလျှော်ပေးတာကအဆင်ပြေမှာပါ။ ကလေးကိုဘယ်အရွယ်ပဲဖြစ်ဖြစ် တစ်ပတ်ကို ၂ ကြိမ်တော့ အနည်းဆုံးခေါင်းလျှော်ပေးဖို့လိုပါမယ်။ ကလေးကိုခေါင်းလျှော်ပေးတဲ့အခါဘေဘီလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ခေါင်းလျှော်ရည်ကို အသုံးပြုပြီးလျှော်ပေးတာက ကလေးငယ်ရဲ့ ဆံသား နဲ့ ဦးရေပြားအတွက် စိတ်ချရသလို ကလေးကို မျက်စိကျိန်းစပ်တာ အရေပြားထိခိုက်တာတွေဖြစ်မှာကိုလည်း မပူရတော့ပါဘူး။ကလေးဆံသားကို ထိန်းသိမ်းတဲ့နေရာမှာနောက်ထပ်လုပ်ပေးနိုင်တာတစ်ခုက Conditioner အသုံးပြုတာပါ။ ကလေးကိုခေါင်းလျှော်ပေးတိုင်းမှာတော့Conditioner ကိုသုံးဖို့မလိုပေမယ့် ကလေးကို တစ်ပတ်တစ်ခါလောက်တော့Conditioner အသုံးပြုပေးလိုက်ပါ။ ဆံသားကြမ်းတမ်းခြောက်သွေ့မှုကို သက်သာစေနိုင်ပြီး နူးညံ့ကျန်းမာသန်စွမ်းတဲ့ ဆံသားကို ပိုင်ဆိုင်နိုင်စေမှာပါ။ကလေးဆံသားနဲ့သင့်တော်မယ့်ခေါင်းလျှော်ရည်ကိုရွေးချယ်ပါ– ကလေးကိုခေါင်းလျှော်ပေးတဲ့အခါ လူကြီးတွေအတွက် အသုံးပြုတဲ့ခေါင်းလျှော်ရည်နဲ့လျှော်ပေးတာမျိုးမလုပ်ပါနဲ့။ ကလေးတွေအတွက်သီးသန့်ထုတ်လုပ်ထားတဲ့ ခေါင်းလျှော်ရည်နဲ့လျှော်ပေးပါ။ ဒီလိုလျှော်ပေးတဲ့နေရာမှာလည်း ကလေးရဲ့ ဆံသားနဲ့လိုက်ဖက်မယ့်ခေါင်းလျှော်ရည်ကိုသေချာရွေးချယ်ပေးပါ။ခေါင်းလျှော်တဲ့အခါ ဦးရေပြားကိုနှိပ်နယ်ပေးပါ– ကလေးကိုခေါင်းမလျှော်ခင်မှာ ဆံသားတွေအားလုံကိုရေစွတ်လိုက်ပါ။ပြီးရင်တော့ခေါင်းလျှော်ရည်ကို လက်ခုပ်ထဲထည့်ပြီးခေါင်းအနှံ့ကိုသေချာပွတ်လိုက်ပြီးမှ လက်ချောင်းလေးတွေသုံးပြီး ဦးရေပြားအနှံ့ကို နှိပ်နယ်ပေးပါ။ပြီးရင်တော့ခေါင်းလျှော်ရည်တွေကိုရေနဲ့သန့်စင်အောင်ဆေးကြောချလိုက်ပါ။နေ့စဉ် ဆံပင်ဖြီးသင်ပေးပါ –ဆံပင်ဖြီးတာကလည်း ဦးရေပြားနဲ့ ဆံသားကျန်းမာဖို့အတွက်လိုအပ်တဲ့အချက်တစ်ချက်ပါ။ ဆံပင်ကိုအုန်းဆီစစ်စစ်လေး ဒါမှမဟုတ် သံလွင်ဆီလိုမျိုး အဆီတစ်ခုခုကိုလူးပြီးသေချာဖြီးသင်ပေးမယ်ဆိုရင် ဦးရေပြားကိုသွေးလည်ပတ်မှုကောင်းစေမှာဖြစ်သလို ဆံပင်ရှုပ်ထွေးတာ၊ ဆံသားမွဲခြောက်ကြမ်းတမ်းတာတွေမဖြစ်အောင်လည်း ကာကွယ်နိုင်မှာပါ။ဆံပင်ဖြီးတဲ့အခါ ဘီးကျဲကိုသုံးပါ– ကလေးတွေရဲ့ ဆံပင်ကိုဖြီးသင်ပေးတဲ့အခါ ဘီစိတ်အစား ဘီးကျဲကိုအသုံးပြုပေးတာကဆံပင်ကျွတ်တာ၊ ဆံပင်အရင်းတွေနာကျင်တာကိုလျော့ပါးသက်သာစေမှာဖြစ်တာကြောင့် ကလေးကိုခေါင်းဖြီးပေးတဲ့အခါ ဘီးကျဲကို အသုံးပြုပေးပါ။Conditionerကိုရေနွေးနဲ့စပ်ပြီး အသုံးပြုပေးပါ– ကလေးကိုခေါင်းလျှော်ပေးပြီးတဲ့အခါ ဆံသားကျန်းမာသန်စွမ်းစေဖို့အတွက် ဖျန်းလို့ရတဲ့ဗူးတစ်ခုထဲမှာရေနွေးခပ်နွေးနွေးလေးနဲ့ Conditioner ကိုရောစပ်ပြီး ကလေးရဲ့ဆံသားပေါ်မှာ ဖျန်းပေးလိုက်ပါ။ ဒါကလါယ်ကူပြီး ထိရောက်တဲ့ ဆံသားထိန်းသိမ်းမှုတစ်ခုပေါ့။Conditionerရွေးတဲ့အခါ ရင်သွေးလေးရဲ့ ဆံသားနဲ့ကိုက်ညီတာကိုရွေးချယ်မိဖို့တော့လိုပါမယ်။တစ်ပတ်တစ်ခါ ပန်းသီးရှာလကာရည်အသုံးပြုပေးပါ-ရေ ၁၀၀ မီလီလီတာ ကို ပန်းသီးရှာလကာရည် ၂၅ မီလီလီတာနဲ့ရောစပ်ပြီး ဖျန်းလို့ရတဲ့ဗူးထဲကိုထည့်လိုက်ပါ။ပြီးရင် သမသွားအောင်ဗူးကိုလှုပ်ပြီးခေါင်းမလျှော်ပေးခင် ကလေးရဲ့ ဆံသားမှာဖျန်းပေးလိုက်ပါ။ပြီးရင် ၁၅ မိနစ်ထားပြီးခေါင်းလျှော်ချလိုက်ပါ။ ကလေးရဲ့ ဆံသားတောက်ပြောင်ပြီး ကျန်းမာလာတာကိုတွေ့ရမှာပါ။ကလေးကို Dryer မသုံပေးပါနဲ့ -ပြင်းလွန်းတဲ့အပူချိန်က ဆံသားကိုပျက်စီးစေနိုင်ပါတယ်။ နူးညံ့တဲ့ဘေဘီလေးတွေရဲ့ ဆံသားတွေဆိုပိုဆိုးမှာ အသေအချာပါ။ ဒါကြောင့် ကလေးကိုခေါင်းလျှော်ပေးပြီးတဲ့အခါ တဘက်ကို အသုံးပြုပြီးပဲရေခြောက်အောင်လုပ်ပေးပါ။ Dryer သုံးပြီး အခြောက်ခံတာမျိုးမလုပ်ပါနဲ့။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/easy-ways-to-care-for-your-childs-hair/
လူတိုင်းရဲ့ လက်ဗွေတွေ ဘာလို့မတူတာလဲ
လက်ဗွေသည် တစ်ကမ္ဘာလုံးရှိ မှုခင်းဆိုင်ရာ ဓာတ်ခွဲခန်းသုံးသက်သေတွေထဲမှာအကောင်းဆုံး သက်သေဖြစ်ပါတယ်။ ဘာကြောင့် လက်ဗွေက ထူးခြားတာလဲ။ အဖြေကို မပြောခင် သင့်ကို လက်ဗွေများက ဘယ်လို ဖြစ်ပေါ်နေတာလဲ၊ လူတိုင်းရဲ့ လက်ဗွေတွေ ဘာလို့မတူတာလဲ ဆိုတဲ့အကြောင်း ပြောပြပါရစေ။လက်ဗွေရဲ့ ထူးခြားမှုက သန္ဓေသားအရွယ် ဖွံဖြိုးနေစဉ်တည်းက အစပြုပါတယ်။ သားအိမ်ရဲ့ ပတ်ဝန်းကျင်က သင့်ရဲ့ လက်ဗွေပုံစံကို ဆုံးဖြတ်ပေးပါတယ်။ သားအိမ်ထဲမှာ သေးငယ်တဲ့ သန္ဓေသားအဖြစ်ရှိနေစဉ် သင့်လက်ချောင်းများ၊ ခြေချောင်းများသည် ပထမ ခြောက်လမှာ ဖွံ့ဖြိုးနေပါတယ်။ ဒီချိန်မှာ လက်ချောင်းနဲ့ ခြေချောင်းများမှာ မှေးမှိန်တဲ့ လမ်းကြောင်းလေးများက ပေါ်နေပြီးသားဖြစ်ပါတယ်။ မီးမဖွားခင် နောက်ဆုံး သုံးလမှာ ဒီလမ်းကြောင်းများက ပိုထင်ရှားလာပြီး လက်ဗွေဖြစ်လာပါတယ်။ပညာရှင်များက လက်ဗွေများ ဖြစ်ပေါ်လာသော အချိန်ကို ပြောပြနိုင်သော်လည်း ထိုဖြစ်စဉ်ရဲ့ အလုံးစုံကို တိကျစွာ နားမလည် ကြသေးပါ။ ပညာရှင်အများစုက အရေပြား အလယ်လွှာသည် အပေါ်လွှာနှင့် အောက်ဆုံးလွှာ အကြားတွင် ဖိ၍ ပုံသွင်းခြင်း ခံရသောကြောင့် ဖြစ်သည်ဟူသော သီအိုရီကို လက်ခံထားကြပါတယ်။ အရေပြားရဲ့ အောက်ဆုံးလွှာက ကျန်အလွှာများထက် ပိုမြန်စွာ ဖွံ့ဖြိုးပါတယ်။ထိုမညီမျှခြင်းကအရေပြားလွှာများကို အချင်းချင်း လိမ်ခေါက် ပေါင်းစပ် သွားစေကာ ထိုအခေါက်များက လက်ချောင်းများတွင် အပြင်မှ မြင်ရသော ပုံစံကို ဖြစ်စေပါတယ်။ထိုပုံစံများက သန္ဓေသား အရွယ်မှာ ဖြစ်ပြီး ပြင်ပမှ မည်သည့် ထိခိုက်မှု မျိုးကမှ ထိုပုံစံကို ပြောင်းလဲ၍ မရပေ။ထိုဗွေများသည် ပျက်စီးထိခိုက်မှု မကြာခဏ ဖြစ်ပါက ဥပမာ လက်သည်း ကိုက်ခြင်း၊ ထိုသို့ဖြင့် အရေပြားရဲ့ အစိတ်အပိုင်းသည် တူညီသော ထိခိုက်မှု များကို မကြာခဏ ခံစားရပြီး ပုံစံ ပျက်စီးယိုယွင်း သွားနိုင်ပါတယ်။ ထိုအားနည်းချက်ကြောင့် ရာဇဝတ်သား အတော်များများက သူတို့ရဲ့ လက်ဗွေများကို ဖျက်စီးကာ ရာဇဝတ်မှု ကျူးလွန်ရာတွင် မည်သည့်လက်ဗွေရာများမကျန်အောင် ပြုလုပ်ကြသည်။သို့သော် လက်ဗွေ အများစုသည် အရေပြား အောက်ဆုံးလွှာများတွင် အခြေတည် သဖြင့် အချိန်ကြာလာသည်နှင့် နဂိုပုံစံ ပြန်ထွက်ပေါ်လာနိုင်ပါတယ်။လူတိုင်းရဲ့ လက်ဗွေတွေ ဘာလို့ မတူတာလဲ ဆိုတော့ လက်ဗွေ ပုံစံများကို အချက် နှစ်ချက်ဖြင့် ဆုံးဖြတ်ပါတယ်။ ၎င်းတို့မှာ မျိုးရိုးဗီဇ နှင့် ပတ်ဝန်းကျင် အချက်များပဲ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အချက်များမှာ-။ကွဲပြားမှု များစွာ ရှိသဖြင့် လူနှစ်ယောက်ရဲ့ လက်ဗွေပုံစံ တူဖို့က အင်မတန် ခဲယဉ်းပါတယ်။ထို့ကြောင့် လက်ဗွေများသည် လူတစ်ယောက်ရဲ့အထူးခြားဆုံး လက္ခဏာရပ်တစ်ခုထဲမှာ အမြဲ ပါဝင်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/why-fingerprints-may-not-be-unique/
အသည်းကောင်းမှ ကျန်းမာရေးကောင်းမည်
အသည်းကောင်းမှ ကျန်းမာရေးကောင်းမည် ….. ဒီလို ပြောရတာကအသည်းဆိုတာ လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အရေးကြီးသော အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ အသည်းကနေကိုယ်ခန္ဓာအတွက် အလုပ်တွေအများကြီး လုပ်ပေးပါတယ်။ ဘာတွေလဲဆိုတော့။ဒါတွေကတော့ ကိုယ်ခန္ဓာအတွက် အသည်းတာဝန်ယူ လုပ်ဆောင်ရတဲ့ အပိုင်းတွေပဲဖြစ်ပါတယ်။ ဒီလောက်အလုပ်များတဲ့ အသည်းလေး ကျန်းမာပါမှ သင့်ကိုယ်ခန္ဓာလည်း ကျန်းမာမှာပါ။ ဒါကြောင့် အသည်းကျန်းမာအောင် သင့်အနေနဲ့ ဂရုစိုက်သင့်ပါတယ်။ အသည်းလည်း သင့်ကျန်းမာရေး အတွက် သူ့ဘက်က တာဝန်ကျေသလို သင့်ဘက်ကလည်း အသည်း ကျန်းမာဖို့အတွက် လုပ်ဆောင်ပေးရမယ့် အပိုင်းလေးတွေရှိပါတယ်။ ဘာတွေလဲ ဆိုတာကြည့်ရအောင်။ ။အသည်းကောင်းမှ ကျန်းမာရေးကောင်းမည် ဆိုတော့ ဘယ်အချက်တွေ လိုက်နာရမလဲဆိုတော့။၁။ အရက်ဖြတ်တာ (ဒါမှမဟုတ်) အရက်လျှော့သောက်တာမျိုး လုပ်နိုင်အောင် ကြိုးစားပါ။။အရက်ဆိုတာကလည်း မကောင်းဘူးလို့ပြောလေ ပိုသောက်လို့ ကောင်းလေမလား။ အသည်းကို ဒုက္ခပေးတဲ့ နေရာမှာ သူက ထိပ်ဆုံးကပါပဲ။ သောက်လိုက်တဲ့ အရက်တွေကို အသည်းက တစ်ခါဖြိုခွဲရင် နည်းနည်းလေးပဲ ဖြိုခွဲနိုင်ပါတယ်။ ဒါ့အပြင်သောက်လိုက်တဲ့ အရက်ကို ဖြိုခွဲလို့ ထွက်လာတဲ့ဓာတု ပစ္စည်းတွေက အသည်း ဆဲလ်လေးတွေကို ထိခိုက်စေနိုင်ပါတယ်။ထိခိုက်သွားတဲ့ ဆဲလ်နေရာမှာ ဆဲလ် အသစ်တွေ ပြန်ဖြစ်လာနိုင်သော်လည်း အရက်အလွန်အကျွံသောက်တဲ့ သက်တမ်းကြာလာရင်တော့ အသည်းဆဲလ်ထိခိုက်ခြင်းက ပြန်မကောင်းနိုင်တော့ဘူး။ နောက်ပိုင်းမှာတော့ ကုသဖို့ ခက်ခဲသောအသည်းခြောက်ခြင်းဖြစ်လာပါတော့တယ်။ ပျက်စီးသွားတဲ့ ဆဲလ်နေရာမှာ ဆဲလ် အသစ်တွေပြန်ဖြစ်ဖို့ အတွက် အသည်းက ကြိုးစားရင်း နောက်ပိုင်း ဆဲလ်တွေပိုပိုပွားလာပြီး အသည်းကင်ဆာတောင် ဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် သင့်အသည်းလေးကိုကျန်းမာစေချင်ရင် အရက်ဖြတ်စေချင်ပါတယ်။၂။ ဆေးလိပ်ဖြတ်ပါ။။လေ့လာချက်များ အရ ဆေးလိပ်သောက်ခြင်းဟာ ကိုယ်တွင်းမှာ အဆိပ်အတောက်တွေကို စုစေပါတယ်။ ဒီအဆိပ်တွေကိုလည်း အသည်းကပဲ ဖယ်ရှားပေးရတာဖြစ်တဲ့အပြင်ဆေးလိပ်ကိုယ်တိုင်ကလည်း အသည်းကို ထိခိုက်စေတာကြောင့် ကိုယ်တွင်းမှာ အဆိပ်တွေပြန့်ကာ ကျန်းမားရေးကိုထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သင်ဟာ ဆေးလိပ်သောက်သူတစ်ယောက်ဆိုရင် ဆေးလိပ်ဖြတ်ဖို့ကိုလည်း ဆုံးဖြတ်သင့်ပါတယ်။၃။ အသည်းရောင်အသားဝါ ပိုးကာကွယ်ဆေးတွေ ထိုးထားပါ။အသည်းရောင် အသားဝါ ပိုး (A,B,C,D,E )တို့ဟာ အသည်းကိုအဓိက ဒုက္ခပေးတဲ့ ရောဂါပိုးတွေပဲဖြစ်ပါတယ်။ သူတို့ထဲမှာမှ အသည်းရောင် အသားဝါပိုး Aနဲ့E က အစားအသောက်ကနေတစ်ဆင့် ကူးစက်တတ်ပြီး B နဲ့ Cကတော့ သွေးမှတစ်ဆင့်၊လိင်ဆက်ဆံခြင်းမှ တစ်ဆင့်ကူးစက်တတ်ပါတယ်။ အထူးသဖြင့် C ပိုးဟာဆိုရင် အသည်းကင်ဆာကို ဖြစ်နိုင်စေပါတယ်။ ဒါကြောင့် သန့်ရှင်းတဲ့အစားအသောက်တွေကို စားမယ်။ကာကွယ်ဆေးတွေကြိုထိုးထားမယ်ဆိုရင် သင့်အတွက်ရော သင့်အသည်းအတွက်ရောကောင်းမွန်တဲ့ လုပ်ဆောင်ချက်ဖြစ်မှာပါ။၄။ ဆေးများကို လက်လွတ်စပယ် မသောက်ပါနဲ့။။တချို့သောဆေးများ အထူးသဖြင့် နေမကောင်းတာနဲ့ လူတိုင်းနီးပါး ပဲကြီးလှော်စားသလို ဝါးနေကြသောပါရာစီတမောလိုမျိုးဆေးတွေက အသည်းကို ထိခိုက်စေတတ်ပါတယ်။ ဒါကြောင့် ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ ကိုယ့်ဘာသာ ဝယ်သောက်တာ၊ ဆရာဝန်ညွှန်ကြားတဲ့ အတိုင်း မသောက်တာ၊ ဆေးညွှန်းသေချာမပါတဲ့ တိုင်းရင်ဆေးတွေများများသောက်တာတွေကို ရှောင်သင့်ပါတယ်။၅။ အဆီများတာတွေ လျှော့စားပြီးအမျှင်ဓာတ်များတဲ့ အသီးအရွက်တွေကိုစားပါ။သွေးတွင်းမှာ ကိုလက်စရော (cholesterol) နဲ့ မကောင်းတဲ့ အဆီတွေများနေခြင်းကအသည်းအဆီဖုံးခြင်းကို အဓိကဖြစ်စေတဲ့ အရာတစ်ခုပါ။ အသည်းအဆီဖုံးပြီးဆိုတာနဲ့ ပုံမှန်အတိုင်းလုပ်နေကျ အလုပ်တွေကို အသည်းက ကောင်းကောင်း မလုပ်နိုင်တော့ပါဘူး။ ဒါကြောင့်။စားလိုက်လို့ ပိုနေတဲ့ အဆီတွေကို အသည်းက သိမ်းထားပေးရတာဖြစ်တဲ့ အတွက် အဆီတွေ အသည်းမှာစုလာပြီး အသည်းအဆီဖုံးပါတော့တယ်။ ဒါကြောင့် အဆီများတာတွေ လျှော့စားပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့။၆။ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများ မှန်မှန်လုပ်ပါ။လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းက ကိုယ်အလေးချိန်ကျဆင်းရုံသာမက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာ လူတိုင်းသိပြီးသားဖြစ်မှာပါ။ ကျန်းမာတဲ့ အသည်းတစ်ခုဖြစ်ဖို့လည်း လေ့ကျင့်ခန်းလုပ်ခြင်းက အရေးပါပါတယ်။ လေ့ကျင့်ခန်းလုပ်လိုက်တာကြောင့် ဟော်မုန်းတွေ ထွက်လာပြီး အသည်းမှာဖြစ်နေတဲ့ ဖိစီးမှုတွေကို လျော့နည်းစေပါတယ်။ပြီးတော့ ကိုယ်အလေးချိန်ကိုလည်း ကျဆင်းစေတဲ့ အတွက်အဝလွန်ခြင်းကြောင့် အဖြစ်များတဲ့ အသည်း အဆီဖုံးခြင်းကို ပါ ကာကွယ်ပြီးသားဖြစ်ပါတယ်။ တစ်နေ့ကို နာရီဝက်လောက်အနည်းဆုံး ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။ လမ်လျှောက်တာဖြစ်ဖြစ်၊ ရေကူးတာဖြစ်ဖြစ်၊ စက်ဘီးစီးတာဖြစ်ဖြစ်၊ ပြေးတာဖြစ်ဖြစ်ပေါ့။ဒါတွေကတော့ အလုပ်အများဆုံး၊ အရေးအပါဆုံး ဖြစ်တဲ့ အသည်းလေးကျန်းမာအောင် လုပ်သင့်တဲ့ အရာများပဲဖြစ်ပါတယ်။ အသည်းဘက်ကလည်း သူလုပ်ရမယ့်အလုပ်တွေကို တာဝန်ကျေ သလို သင့်ဘက်ကလည်း အသည်းကျန်းမာရေး အတွက် ကိုယ်လုပ်ရမယ့် အပိုင်းတွေကို တာဝန်ကျေ ဖို့လိုတယ်နော်။ အသည်းတာဝန်ယူထားတဲ့ အပိုင်းတွေ အများကြီးရှိတော့ အသည်းကောင်းမှ ကျန်းမာရေးကောင်းမှာလေ။ ။ရေးသာသူ− Dr Thin Yadanar@ Frances။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/liver-health-for-good-health/
ညဘက်တွေမှာ ဘာကြောင့် မျက်စိယားယံ တာလဲ၊ ဘယ်လိုဖြေရှင်းမလဲ
မျက်စိယားယံ တယ်ဆိုတာ များသောအားဖြင့် ကိုယ့်ရဲ့ နေထိုင်မှုပုံစံကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ လက္ခဏာတစ်မျိုးဖြစ်ပါတယ်၊၊ ဒီဆောင်းပါးမှာ ညဘက်တွေမှာ ဘာကြောင့် မျက်စိယားယံ တာလဲ၊ ဘယ်လိုဖြေရှင်းမလဲ ဆိုတာကို ပြောပြပေးမှာဖြစ်ပါတယ်။၁။ ကိုယ့်အသားအရေနဲ့ ဓာတ်မတည့်တဲ့ ဆပ်ပြာ၊ ဓာတုဗေဒပစ္စည်းတစ်မျိုးမျိုး ဒါမှမဟုတ် အဝတ်လျှော်ဆပ်ပြာနဲ့ လျှော်ထားတဲ့အဝတ်နဲ့ မျက်လုံးကို ပွတ်မိလိုက်တဲ့အခါ မျက်စိက နီရဲပြီး ယားယံလာတတ်ပါတယ်။၂။ အပြင်က ဝင်လာတဲ့ ဖုန်မှုန့်တွေ၊ဆေးလိပ်မီးခိုးငွေ့နဲ့ ရေမွှေးဖျန်းလိုက်တဲ့အခါ ထွက်လာတဲ့ ရေစက်အမှုန်အမွှားတွေဟာလည်း မျက်စိမှာ ကပ်နေနိုင်ပြီး တဖြည်းဖြည်းနဲ့ ယားယံလာတာမျိုးလည်း ရှိပါတယ်။၃။ တစ်နေ့လုံးကွန်ပျူတာအသုံးပြုပြီး အလုပ်လုပ်နေရတာ၊ တီဗီကြည့်နေတာ၊ ဖုန်းကို မျက်နှာနဲ့ နီးနီးကပ်ကပ်အသုံးပြုတဲ့အခါ ညရောက်လာရင် မျက်စိက ညောင်းကိုက်ပြီး ယားယံခြင်းဖြစ်စေနိုင်ပါတယ်။၄။ နံပါတ် ၃ အချက်မှာ ပြောခဲ့တာတွေကို နေ့စဉ်ရက်ဆက် လုပ်နေတဲ့အခါ မျက်စိက ကြာလာရင် အရည်ခမ်းပြီး ခြောက်သွားတတ်ပါတယ်။ ဒီဖြစ်စဉ်ကို Dry Eyes လို့လည်း ခေါ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မျက်စိက ခြောက်ကပ်နေတဲ့အတွက် အပြင်က ဖုန်မှုန့်တွေအလွယ်တကူလည်း ကပ်ငြိနိုင်သလို မျက်စိထဲ ဘာမှမဝင်ဘဲနဲ့လည်း သူ့အလိုလို ယားယံတာမျိုး ဖြစ်တတ်ပါတယ်။၅။ မျက်ခုံးမွေးရဲ့ အောက်ခြေမှာရှိနေတဲ့ မွေးညှင်းပေါက်တွေဟာ အဆီ၊ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေပိတ်မိခြင်းကြောင့် မျက်စိယားယံပြီး နီရဲရောင်ရမ်းခြင်း (Blepharitis) ဖြစ်စေပါတယ်။ တစ်ခါတလေမှာ မျက်တောင်မွေး သန်းတွယ်တာ၊ ဘက်တီးရီးယားပိုး ကူးစက်ခံရတာ၊ အဆီဂလင်းရဲ့ လုပ်ဆောင်ချက် ပုံမှန်မဟုတ်တာ၊ သောက်နေတဲ့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်လည်း ဒီလိုဖြစ်နိုင်ပါတယ်။၆။မျက်စိနာတာ (Pink eyes) ကြောင့်လည်း ညဘက်တွေမှာ မျက်စိယားယံ တာမျိုး ဖြစ်စေပါတယ်။ မျက်စိနာနေတဲ့လူတစ်ယောက်ရဲ့ မျက်လုံးဟာ အလွန်အမင်းနီရဲနေပြီး အမြင်အာရုံချို့ယွင်းတာ၊ မျက်စိမှုန်တာတွေလည်း ဖြစ်နိုင်ပါတယ်။ညဘက်တွေမှာ ဘာကြောင့် မျက်စိယားယံ တာလဲ၊ ဘယ်လိုဖြေရှင်းမလဲ ဆိုတော့။ဒီနည်းလမ်းတွေနဲ့မှ လုံးဝမသက်သာရင် ဒါမှမဟုတ် အမြဲလိုလို မျက်စိက ယားယံနေတယ်ဆိုရင်တော့ တခြားမျက်စိပြဿနာရှိနေနိုင်လားဆိုတာကို မျက်စိဆရာဝန်နဲ့ သေချာပြသပြီး စစ်ဆေးသင့်ပါတယ်။ ကိုယ့်မှာ ရှိနေတဲ့ပြဿနာပေါ်မူတည်ပြီး သင့်တော်မယ့် မျက်စဉ်း သို့မဟုတ် သောက်ဆေးတွေကို ညွှန်းပေးမှာပါ။ဒီလိုမျိုးမျက်စိယားယံခြင်း မဖြစ်စေဖို့ ကာကွယ်လို့ရမယ့် နည်းလမ်းတွေကတော့။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/causes-of-eye-itchiness-at-night-and-how-to-solve-them/
ဆွေမျိုးအချင်းချင်း သွေးမသွင်း သင့်တဲ့ အကြောင်းရင်း
ရုပ်ရှင်ထဲမှာဆိုရင်တော့ သားက ဒဏ်ရာရသွားရင် အမေကဖြစ်ဖြစ် ‘ကျွန်မကိုယ်ထဲက သွေးကို ယူပါ။ သူ့ကို သွင်းပေးပါ’ ဆိုပြီး ပြော၊ သွေးသွင်းပေး သက်သာလာဆိုတဲ့ Happy endingလေး ဖြစ်သွားတတ်ပါတယ်။ လက်တွေ့မှာလည်း ဒီလို လုပ်လို့ရတယ်ဆိုပြီး အမျိုးတစ်ယောက်ယောက် သွေးလိုလို့ သွားလည်း ပေးရော ဆရာဝန်က အမျိုးအချင်းချင်း သွေးသွင်းလို့ မရဘူးပြောရော။ ဘာလို့လဲ။ ကိုယ်အင်္ဂါတွေ လှူရင်တောင် ဆွေမျိုးနီးစပ်တွေထဲက လှူရတာ။ ဆွေမျိုးအချင်းချင်း သွေးမသွင်း သင့်တာက ဘာကြောင့်လဲ။ဆွေမျိုးအချင်းချင်း သွေးသွင်းတဲ့အခါ အခန့်မသင့်ရင် Transfusion Associated Graft-Versus-Host Disease (TA-GVHD) ဆိုတာ ဖြစ်တတ်ပါတယ်။ ဒါက ရှားပေမယ့် ဖြစ်လာရင် သေနှုန်းက ၉၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ဟိုးအရင်တုန်းက သွေးလိုရင်၊ သွေးအမျိုးအစားလည်း တူတယ်ဆိုရင် အမျိုးတွေဆီက ယူပြီး သွင်းပေးလေ့ရှိပါတယ်။ ဒါပေမယ့် အဲ့ဒီလူနာတွေက သိပ်မကြာဘူး၊ လက္ခဏာတွေ အပြင်းအထန်တွေ ခံစားရပြီး သေဆုံးသွားကြပါတယ်။ ဒီလိုမျိုး သွေးသွင်းပြီး ၁လလောက်အကြာမှာ ဆုံးသွားကြတာတွေ များလာတော့ ဘာကြောင့်လဲဆိုတာကို လေ့လာရာကနေ TA-GVHD ကြောင့် ဆိုတာကို သိလာကြပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ အမျိုးအချင်းချင်း သွေးလှူတာကို လက်မခံတော့တာပါ။ဥပမာ ပြောရရင် ကျောက်ကပ်အစားထိုးထားတဲ့ လူနာမှာ လူနာရဲ့ ခန္ဓာကိုယ်က ကျောက်ကပ်ကို လက်မခံနိုင်ဘဲ ပြန်တိုက်သလို သွေးသွင်းထားတဲ့ လူနာမှာလည်း အလားတူဖြစ်ရပ်မျိုး ဖြစ်တာပါ။သွေးသွင်းတဲ့အခါ အလှူရှင်ဆီကနေ lymphocytes လို့ခေါ်တဲ့ သွေးဖြူဥဆဲလ်တွေ ပါလာပါတယ်။ ပုံမှန်ဆိုရင်တော့ လူနာဘက်က ဒီဆဲလ်တွေက ငါတို့နဲ့ တူတူပဲ သတ်မှတ်ပြီး အန္တရာယ်မပေးပါဘူး။ ဒါပေမယ့် တချို့အခြေအနေ (အထူးသဖြင့် ခုခံအား ကျနေတဲ့ အချိန်) မှာဆိုရင်တော့ ဒီလိုမျိုး မမှတ်မိတဲ့အတွက် အလှူရှင်ဆီက သွေးဆဲလ်က လူနာရဲ့ ဆဲလ်တွေ၊ အရေပြား၊ အူလမ်းကြောင်း၊ ရိုးတွင်းခြင်ဆီ စတာတွေကို တိုက်ခိုက်တဲ့အတွက် သေဆုံးသည်အထိ ဖြစ်လာရတာပဲ ဖြစ်ပါတယ်။TA-GVHD က ဘယ်သူ့မှာ ဖြစ်မလဲဆိုတာက ပြောရခက်ပါတယ်။ခုခံအားကျတဲ့ သူတွေအပြင် ဒီလူတွေမှာလည်း တွေ့ရတတ်ပါတယ်။ဘယ်သူမှာမဆို ဖြစ်သွားနိုင်တယ်ဆိုပေမယ့် ခုပြောခဲ့တဲ့ သူတွေကတော့ ဆွေမျိုးတွေဆီက သွေးသွင်းတာကို ရှောင်ကြဉ်သင့်ပါတယ်။စိတ်ဝင်စားစရာ ကောင်းတဲ့အချက်က ခုခံအားကျတဲ့သူတွေမှာ တွေ့ရများတယ်ဆိုပေမယ့်HIVပိုးရှိသူမှာ တွေ့ရတာတော့ ရှားပါတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ ဗိုင်းရပ်စ်နဲ့ သွေးလှူရှင်ရဲ့ T lymphocyte ကြားက တုံ့ပြန်မှုကြောင့် ဖြစ်နိုင်ပါတယ်။နောက်တစ်ချက်က ချက်ချင်းထုတ်ပြီး ချက်ချင်း သွင်းတဲ့ သွေးထက် ၁၄ရက်ကျော်ကြာအောင် သိုလှောင်ထားတဲ့ သွေးတွေက ဖြစ်နိုင်ခြေ နည်းတယ်လို့ ဆိုပါတယ်။လက္ခဏာတွေက သွေးသွင်းပြီး ၈-၁၀ ရက်လောက်အကြာမှာ ပြတတ်ပါတယ်။ လက္ခဏာအနေနဲ့။TA-GVHD ရဲ့ သေနှုန်း ၉၀ ရာခိုင်နှုန်းနဲ့ အထက်မှာ ရှိပါတယ်။ အများစုက လက္ခဏာပြပြီး ၁-၃ပတ်အတွင်းမှာ ပိုးဝင်တာကြောင့် သေဆုံးကြပါတယ်။ ခုခံအားကို ထိန်းဖို့ စတီးရွိုက်တွေ၊ ခုခံအားထိန်းဆေးတွေ၊ရိုးတွင်းခြင်ဆီ အစားထိုးတာတွေ လုပ်နိုင်ပေမယ့် ရှင်နှုန်း နည်းပါတယ်။ဒါကြောင့် မဖြစ်အောင် ကြိုတင်ကာကွယ်တာက အကောင်းဆုံးပါပဲ။သွင်းမယ့် သွေးထုပ်ကို ရောင်ခြည်ဖြတ်လို့ ရပါတယ်။ Gamma radiationတွေ X radiationတွေနဲ့  lymphocyte တွေ ဆက်မပွားအောင်၊ DNA ပျက်စီးအောင် လုပ်ထားမယ်ဆိုရင် ကိုယ်ထဲရောက်တဲ့အခါ ဓာတ်ပြုတုံ့ပြန်တာကို တားနိုင်မှာပါ။Lymphocyte ကြောင့်ဆိုတော့ Lymphocyte မပါတဲ့ သွေးကို သွေးရင် မရဘူးလားဆိုတော့ ဒါကလည်း အပြည့်အဝကာကွယ်နိုင်မယ်လို့ အာမခံချက် မရှိပါဘူး။ဒါကြောင့် ရောင်ခြည်ဖြတ်လို့ရရင် ဖြတ်၊ မရရင် အမျိုးအချင်းချင်း သွေးသွင်းတာကို ရှောင်တာက အကောင်းဆုံးပါ။မြန်မာနိုင်ငံက ဆေးရုံတွေမှာ လူနာကို သွေးသွင်းဖို့ ဆွေမျိုးတွေကလှူရင် ယူထားတာမျိုး ရှိပါတယ်။ ဒါပေမယ့် ဒါက ကိုယ့်လူနာအတွက် သုံးတာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာသွေးလှူဘဏ်တွေ ရှိပေမယ့် သွေးလိုအပ်ချက်က လှူတာထက် ပိုများပါတယ်။ ဒါ့ပြင် သွေးထုပ်တွေကို နေရာတိုင်းမှာ ရောင်ခြည်ဖြတ်လို့ မရပါဘူး။ဒါကြောင့် ဆွေမျိုးအချင်းချင်း သွေးသွင်းပေးလေ့မရှိပါဘူး။ လူနာကို သွင်းပေးတာက တခြားအလှူရှင်ဆီက သွေးပါ။ ဆွေမျိုးတွေဆီက သွေးယူထားတယ်ဆိုတာက အစားပြန်ပေးတာပါ။ ဆိုလိုတာက သွေးမလုံလောက်တဲ့အတွက် ကိုယ်က တစ်ထုပ်သွင်းပြီးတိုင်းမှာ နောက်လူနာအတွက် တစ်ထုပ်ပြန်လှူခဲ့ရပါတယ်။ ဒါမှ သွေးပြတ်လတ်မှု မရှိမှာပါ။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/other-blood-disorders/transfusion-associated-graft-versus-host-disease/
Testicular Cancer (ဝှေးစေ့ကင်ဆာ)
Testicular Cancer (ဝှေးစေ့ကင်ဆာ) အကြောင်း လေ့လာကြည့်လိုက်ရအောင်နော်။ဝှေးစေ့ကင်ဆာ ဆိုသည်မှာ အမျိုးသားများတွင် ဖြစ်ပွားသည့် ကင်ဆာရောဂါဖြစ်ပါသည်။ ကပ္ပာယ်အိတ်နှင့် လိင်တံအချောင်း၏အပေါ်ရှိ လျော့ရဲသော အရေပြားအတွင်းတွင် ဖြစ်ပွားတတ်သည်။ ဝှေးစေ့သည် သုက်များနှင့် မျိုးပွားမှုဆိုင်ရာ ဟော်မုန်းများကို ထုတ်လုပ်သည်။ သုက်အား ဝှေးစေ့အတွင်းတွင် ဖန်တီးထုတ်လုပ်ပေးနိုင်သော ဆဲလ်တစ်မျိုးကို ဂျားမ်ဆဲလ်ဟုခေါ် ပြီး ထိုဆဲလ်မှစ၍ ကင်ဆာဖြစ်ပွားလာခြင်းဖြစ်သည်။အဓိက ဂျားမ်ဆဲလ်ကင်ဆာနှစ်မျိုးမှာ ဆီမင်နိုးမားနှင့် နန်းဆီမင်နိုးမားတို့ ဖြစ်သည်။ ဆီမင်နိုးမားသည် နှေးကွေးစွာ ကြီးထွားခြင်း၊ ပြန့်နှံ့ခြင်းတို့ ဖြစ်ပွားတတ်ပြီး ဓာတ်ရောင်ခြည်ကုသမှုနှင့် သက်သာလာတတ်သည်။ နန်းဆီမင်နိုးမားမှာ ဆီမင်နိုးမားထက် လျင်မြန်စွာကြီးထွားလာတတ်ပြီး ပြန့်သွားတတ်သည်။ ထို့အပြင် နန်းဆီမင်နိုးမားသည် ပုံစံကွဲပေါင်းများစွာလည်းရှိသည်။ ဝှေးစေ့ကင်ဆာသည် ဝှေးစေ့နေရာမှ အခြား နေရာများသို့ ပျံ့နှံ့သွားသည့်တိုင်အောင် အများအားဖြင့် ကောင်းမွန်စွာ ကုသ၍ ရနိုင်သည်။ ဖြစ်ပွားသည့် ကင်ဆာအမျိုးအစားနှင့် အဆင့်အပေါ် မူတည်၍ များပြားသောကုသနည်းများထဲမှ တနည်းနည်းဖြင့်ဖြစ်စေ တခြားနည်းလမ်းများ တွဲဖက်၍ဖြစ်စေ ကုသခံရနိုင်ပါသည်။အဖြစ်များသော လက္ခဏာရပ်များမှာ။ဝှေးစေ့ကင်ဆာသည် အများအားဖြင့် ဝှေးစေ့ တစ်ဖက်တည်းတွင်သာ ဖြစ်လေ့ရှိသည်။ အထက်ပါ လက္ခဏာများအပြင် အခြားရှိနိုင်သေး၍ စိုးရိမ်စရာရှိပါက ဆရာဝန်နှင့် ပြသတိုင်ပင်ပါ။မိမိ၏ ပေါင်ခြံနှင့် ဝှေးစေ့တွင် အလုံးအကျိတ်များပေါ်လာခြင်း၊ ရောင်ရမ်းလာခြင်း (သို့) ဝှေးစေ့များ နာကျင်လာခြင်းနှင့် အထူးသဖြင့် ထိုလက္ခဏာများသည် 2 ပတ်ထက် ကြာမြင့်လာပါက ဆရာဝန်အား ဆက်သွယ်ပြသသင့်ပါသည်။အထက်ပါ လက္ခဏာရပ်များဖြစ်ပွားပါက ဆရာဝန်ပြသသင့်ပါသည်။ လူတစ်ဦးနှင့် တစ်ဦးတွင် ဖြစ်ပွားမှုမတူညီ၍ ဆရာဝန်နှင့် ပြသခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။အများအားဖြင့် မည့်သည့်အရာကြောင့် ဖြစ်ပွားလာသည်ကို ရှင်းရှင်းလင်းလင်း မသိကြချေ။ ဝှေးစေ့ရှိ ပုံမှန်ကောင်းနေသော ဆဲလ်များသည် ကင်ဆာဆဲလ်များဖြင့် အစားထိုးဝင်ရောက်ခံ၍ ဖြစ်ပွားသည်ဟုသာ ဆရာဝန်များမှ သိထားကြသည်။ ခန္ဓာကိုယ်၏ ပုံမှန်တာဝန်များကို ထမ်းဆောင်ရန် ကျန်းမာသောဆဲလ်များသည် ကွဲပွားနေကြပြီး တခါတရံတွင် အချို့ဆဲလ်များသည် ပုံမှန်ကွဲပွားမှုထက် ကျော်လွန်၍ ကင်ဆာဆဲလ်များအဖြစ် ကွဲပွားကြသည်။ ဆဲလ်အသစ်များ မလိုအပ်သော်လည်း ထိုကင်ဆာဆဲလ်များသည် လွန်စွာကွဲပွား၍ များပြားလာကြသည်။ နောက်ဆုံးတွင် ထိုကင်ဆာဆဲလ်များသည် စုပုံ၍ ဝှေးစေ့တွင် အလုံးအကြိတ်ကြီးများဖြစ်လာကြသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။ဝှေးစေ့ရှိ အသားလုံးတခုသည် ကင်ဆာအလုံးဟုတ်မဟုတ်ဆုံးဖြတ်ရန် အောက်ပါ စမ်းသပ်မှုများပြုလုပ်ရတတ်သည်။ခွဲစိတ်ခြင်း။ဓာတ်ရောင်ခြည်ကုသမှု။ကင်ဆာဆေးများသွင်း၍ ကုသခြင်း။စောင့်ကြည့်ကုသခြင်း။ရာနှုန်းပြည့်ကာကွယ်လို့ မရပေမယ့် မိမိ၏ဝှေးစေ့အား မိမိကိုယ်တိုင်စစ်ဆေးနည်းဖြင့် စောစောသိနိုင်ပါသည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/testicular-cancer-explainer/
သုံးပြီးသားကော်ဖီအနှစ်တွေကို အသုံးချနိုင်မယ့်နည်းလမ်းကောင်းများ
ကော်ဖီဖျော်ပြီးရင် ကျန်တဲ့အမှုန့်အနှစ်တွေကို ချက်ချင်းလွှင့်ပစ်တတ်ကြပါတယ်။ ဒါပေမယ့် သုံးပြီးသားကော်ဖီအနည်တွေက စွယ်စုံအသုံးဝင်တာကိုတော့ သိပ်မသိကြပါဘူး။ သုံးပြီးသားကော်ဖီအနှစ်တွေကို အိမ်အလုပ်တော်တော်များများမှာ စရိတ်မကုန်ဘဲအသုံးဝင်တဲ့နည်းလမ်းတွေနဲ့အသုံးချနိုင်ပါတယ်။ ကော်ဖီသောက်ပြီးရင် ကျန်တဲ့အနည်တွေကို အလှအပအတွက် အသုံးချလို့ရသလို ဆံပင်အတွက်လည်း အသုံးဝင်ပါတယ်။ကော်ဖီကိုနေ့စဉ်သောက်ရင် အသက်ရှည်နိုင်တယ်၊ လေဖြတ်ခြင်းကိုကာကွယ်နိုင်တယ်၊ အမျိုးအစား ၂ ဆီးချိုရောဂါအန္တရာယ် ကာကွယ်နိုင်တယ်လို့တောင်လေ့လာမှုတွေထွက်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင်သောက်ပြီးကျန်ရှိတဲ့အနည်တွေဟာလည်း ပြန်လည်အသုံးပြုခြင်း(recycle) သဘောနဲ့ စွယ်စုံအသုံးချလို့ရနိုင်ပါတယ်။သုံးပြီးသားကော်ဖီအနှစ်တွေကို အသုံးချနိုင်မယ့်နည်းလမ်းကောင်းများ ကတော့။azaleas ပန်း၊hydrangeas (ခြောက်လပန်း)၊rhododendrons(တောင်ဇလပ်ပန်း)၊camellias ပန်း၊ နှင်းဆီပန်း တို့လို အပင်တွေစိုက်တဲ့အခါကော်ဖီကို မြေသြဇာအဖြစ်ပြောင်းလဲအသုံးချနိုင်ပါတယ်။ ကော်ဖီအနည်တွေကို အက်စစ်ဓာတ်ပြယ်စေဖို့ မြက်ခြောက်၊ ကောက်ရိုး၊ အရွက်ကြွေတွေနဲ့ ရောပြီးမှ အပင်ပတ်လည်မှာဖြန့်ထားပါ။ ကော်ဖီအနည်တွေက မြေဆီလွှာကို နိုက်ထရိုဂျင်နဲ့ ပိုတက်စီယမ်ဓာတ်အပြင် အပင်တွေရှင်သန်ဖြစ်ထွန်းဖို့လိုအပ်တဲ့ မဂ္ဂနီဆီယမ်ကိုထောက်ပံ့ပေးနိုင်ပါတယ်။ကော်ဖီမြေသြဇာက ဖော့စ်ဖရိတ်နဲ့ ကယ်လ်စီယမ်မပါတာကြောင့် အသီးအတွက် အားပေးနိုင်မှာတော့မဟုတ်ပါဘူး။ ပြီးပြည့်စုံတဲ့ ကော်ဖီမြေသြဇာကိုရရှိဖို့အတွက် သံပရာ သို့မဟုတ် ပြာ အနည်းငယ်ရောစပ်ဖို့ လိုပါလိမ့်မယ်။အပင်တွေမှာ ပုရွက်ဆိတ်၊ ခရု၊ ပက်ကျိ စတဲ့ အဖျက်ပိုးကောင်တွေကို ကာကွယ်ဖို့အတွက် အပင်တွေတစ်ဝိုက် ကော်ဖီအနှစ်ကို အနည်းငယ်ဖြူးပေးနိုင်ပါတယ်။ ကော်ဖီအနည်တွေကို လိမ္မော်ခွံခြောက်နဲ့ ရောလိုက်ရင် သတ္တဝါငယ်တွေပါ အပင်ကို ဝေးဝေးရှောင်စေတယ်လို့ ဆိုပါတယ်။သုံးပြီးသား ကော်ဖီအနည်တွေက သဘာဝအက်စစ်ဓာတ် ပါဝင်မှုကြောင့် အသားတွေကို နူးစေတဲ့အစွမ်းရှိပါတယ်။ အသားအစိမ်းကို ကော်ဖီအနှစ်တွေအုံပြီး ပလတ်စတစ်အိတ်ထဲထည့်ကာ ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၃ နာရီ သို့မဟုတ် တစ်ညသိပ် ထားလိုက်ပါ။ အသားကို ချက်တော့မယ်ဆိုမှ ရေပြောင်စင်အောင်ဆေးလို့ရပါတယ်။ကော်ဖီဟာမုန့်ဖုတ်ဆိုဒါလိုပဲ ရေခဲသေတ္တာထဲမှာ စွဲနေတဲ့ အစားအသောက်နံ့တွေကို စုပ်ယူပေးနိုင်ပါတယ်။ကော်ဖီအနည်တွေကို အဖုံးမပါတဲ့ ပုလင်းငယ်တစ်ခုထဲ ထည့်ပြီးရေခဲသေတ္တာအနောက်ထဲမှာ ထားလိုက်ပါ။ ဒီလိုထားပြီးလို့ ပြန်ဖယ်ထုတ်တဲ့အခါကျမှ မြေသြဇာအဖြစ်သုံးလိုက်လည်း ရပါတယ်။ကော်ဖီအနည်တွေကို ကြမ်းသုတ်ဝတ်မှာ ဖြူးပြီး ခုံတွေ၊ စားပွဲတွေမှာ အစားအစာတွေကနေ စွန်းပေသမျှကို ပွတ်သုတ်ပစ်လို့ရပါတယ်။ကော်ဖီအနည်တွေက ကြေးချွတ်နိုင်တဲ့ အာနိသင်ရှိပေမယ့် မီးဖိုချောင်ထဲက မျက်နှာပြင်တွေကို ထိခိုက်လောက်အောင် မပွန်းစေနိုင်ပါဘူး။ကော်ဖီအနံ့ကို ကြိုက်တယ်ဆိုရင် ကော်ဖီအနည်တွေနဲ့ ဖယောင်းတိုင်တွေ ကိုယ်တိုင်ဖန်တီးလို့ရပါတယ်။ စက္ကူကော်ဖီခွက်ငယ်တစ်ခွက်၊a paper towel အရည်စုပ် စက္ကူကြမ်းတစ်ရွက်၊ ဖယောင်း (wax candle ends)၊ မီးစာ၊ ကတ်ကြေးတို့ လိုပါတယ်။ အရင်ဆုံး ကော်ဖီအနည်တွေကို စက္ကူကြမ်းထဲထည့်ပြီး အရည်ခြောက်အောင်ညှစ်ထုတ်ပြီး ဖြန့်ထားပါ။ ဖယောင်းကို ဘေးကင်းစေဖို့ ရေနွေးအိုးမှာပေါင်းအိုးအကန့်ခံပြီး အရည်ပျော်အောင်လုပ်ပါ။ စက္ကူကော်ဖီခွက်ထဲမှာ မီးစာကိုထည့်၊ ကော်ဖီအနှစ်အနည်းငယ်ဖြူးထည့်ပါ။ ဖယောင်းကို တစ်ဝက်လောင်းထည့်ပြီး ကော်ဖီထပ်ထည့်ပါ။ နောက်ဆုံးဖယောင်းလောင်းထည့်ပြီး တစ်နာရီလောက် အအေးခံပါ။အေးခဲသွားပြီဆိုရင် ဖယောင်းတိုင်ထည့်လုပ်ထားတဲ့ စက္ကူခွက်ကို ကတ်ကြေးနဲ့ အသာအယာ ညှပ်ထုတ်လိုက်ပါ။ ကော်ဖီနံ့မွှေးတဲ့ ဖယောင်းတိုင်လေး ရရှိလာမှာဖြစ်ပါတယ်။ခွေး သို့မဟုတ်ကြောင်ကိုရေချိုးပေးတဲ့အခါ ရှန်ပူထည့်ပြီးရေမဆေးချမီ အမွှေးကြားထဲကော်ဖီအနည်တချို့နဲ့ ပွတ်တိုက်ပေးပါ။ ပုံမှန်အတိုင်းရေချိုးချပြီးကော်ဖီနဲ့နောက်တစ်ခါထပ်ပွတ်တိုက်ပေးပါ။ပြန်ဆေးချပါ။ သန်းကင်းစင်စေတဲ့အပြင် ညဘက် ကိုယ်နဲ့အတူလာအိပ်ရင်ကော်ဖီနံ့လေးတောင်မွှေးနေဦးမှာပါ။အရေးကြီးတာတစ်ချက်ကခွေးလေးတွေကိုကော်ဖီအဖတ်တွေမစားမိစေဖို့ပါပဲ။ခွေးတွေအတွက် ကဖင်းက အဆိပ်ဖြစ်စေတတ်လို့ပါ။လက်ဖက်ရည်ခြောက်ထုပ်လေးတွေနဲ့ပဲအသုံးဝင်တာမဟုတ်ပါဘူး။ကော်ဖီကလည်း မျက်လုံးအောက်မှာ မျက်ရည်အိတ်တွဲခြင်းကို သက်သာစေနိုင်ပါတယ်။ကော်ဖီအနည်တွေကိုရေအနည်းငယ်နဲ့အနှစ်ဖြစ်အောင်လုပ်ပါ။ မျက်လုံးအောက်ဧရိယာမှာ တင်ပြီး ၁၅ မိနစ်လောက် နားလိုက်ပါ။ကော်ဖီအနည်တွေက အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့ သဘာဝကြေးချွတ်ဆေးဖြစ်ပါတယ်။ ခန္ဓါကိုယ်အတွက်Coffee Body Scrub လုပ်မယ်ဆိုရင်ကော်ဖီမှုန့်ခွက်တဝက်၊coconut palm sugar ခွက်တဝက်၊ အုန်းဆီ သို့မဟုတ် သံလွင်ဆီ၊ သစ်ကြံပိုးခေါက် တစ်ဇွန်း၊လိုအပ်ပါတယ်။ ခွက်တစ်လုံးထဲမှာ အားလုံးထည့်ပါ။ရေခဲသေတ္တာထဲ အအေးခံပါ။Scrub က နှစ်ပတ်လောက်တော့ ထားလို့ခံပါတယ်။ဆံကေသာအလှကုန်တွေ အများကြီးသုံးထားတယ်ဆိုရင် ဒါမှမဟုတ် သဘာဝခေါင်းလျှော်ရည်ကိုပြောင်းသုံးထားတယ်ဆိုရင် သင့်ရဲ့ဆံပင်တွေမှာ လိုအပ်ချက်တွေဖြစ်နေနိုင်ပါတယ်။ ဆံပင်မှာမပြောင်စင်ဘဲ ကပ်ငြိနေတဲ့ အရာတွေကိုကော်ဖီနဲ့ ဖယ်ရှားနိုင်ပါတယ်။ခေါင်းလျှော်တဲ့အခါ ရှန်ပူမထည့်ခင်ကော်ဖီအနည်လက်တစ်ဆုပ်လောက်နဲ့ ပွတ်လျှော်ပေးပြီး နှိပ်နယ်ပေးပါ။ ဆံကေသာတောက်ပြောင်လှပလာပါလိမ့်မယ်။အသားအရေအတွက် အာဟာရဖြည့်ပေးမယ့်၊ အညစ်အကြေးတွေသန့်စင်ပေးမယ့်ကော်ဖီဆပ်ပြာမွှေးကို ကိုယ့်ဘာသာဖန်တီးနိုင်ပါတယ်။ကော်ဖီမှုန့်ကို ခွက်ရဲ့လေးပုံတစ်ပုံ၊ ဂလစ်ဆရင်းဆပ်ပြာ ၈အောင်စ၊ အုန်းနို့အမှုန့် လက်ဖက်ရည်၁ ဇွန်း၊ ဗနီလာ ၂ ဇွန်း၊ လက်ကိုင်ပါတဲ့အိုး၊ ဖန်ပန်းကန်လုံးတစ်လုံး၊Muffin မုန့်လုပ်တဲ့အိုး၊ယောက်မတစ်ချောင်းတို့လိုအပ်ပါတယ်။ အိုးကိုရေတစ်ဝက်ထည့်ပါ။ ဖန်ပန်းကန်လုံးကို ထည့်ပါ။ရေဆူလာရင် ပန်းကန်လုံးထဲ ဆပ်ပြာကိုထည့်ပြီးအရည်ပျော်အောင်ထားပါ။ အရည်ပျော်လာရင် ဆီသုတ်ထားတဲ့ Muffin အိုးရဲ့ အခွက်လေးတွေထဲကော်ဖီမှုန့်ကိုထည့်ပါ။ အရည်ပျော်လာတဲ့ဆပ်ပြာကို မီးပိတ်ပြီး ဗနီလာ၊ကော်ဖီမှုန့်နဲ့ အုန်းနို့မှုန့်ကိုထည့်ပါ။ ဆပ်ပြာကို ယောက်မသုံးပြီး Muffin ခွက်လေးတွေထဲဖြည့်ပါ။ နာရီအတော်ကြာ အအေးခံပါ။သုံးပြီးသားကော်ဖီအနှစ်တွေကို အခုလိုလေး သုံးပေးလို့ ရပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/used-coffee-past-recycle/
ပဲနံ့သာစေ့ကပေးတဲ့ အသားအရေ လှပခြင်း
ပဲနံ့သာစေ့လို့ ပြောလိုက်ရင် ပဲဟင်းတွေ၊ အသားဟင်းတွေထဲကို ထည့်စားတာမျိုးပဲ အတွေ့ရများမယ် ထင်ပါတယ်။ တကယ်ကတော့ ပဲနံ့သာစေ့က ဆေးဖက်ဝင်သလို အလှအပအတွက်လည်း အသုံးဝင်ပါတယ်။ အလှအပဆိုတဲ့နေရာမှာ ဆံသားရောအသားအရေရောအတွက် အသုံးဝင်တာပါ။ ဒါပေမယ့် ဒီတစ်ခေါက်တော့ ပဲနံ့သာစေ့က အသားအရေ ကျန်းမာစေဖို့ ဘယ်လို ထောက်ကူပေးလဲဆိုတာကို ပြောပြပေးသွားပါမယ်။ ကဲ …. ပဲနံ့သာစေ့ကပေးတဲ့ အသားအရေ လှပခြင်း အကြောင်းလေး အတူတူ ဖတ်ကြည့်လိုက်ရအောင်နော်။ပဲနံ့သာပင်ကဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကာလတွေကတည်းက ပဲနံ့သာပင်ရဲ့ အရွက်တွေ နဲ့ အစေ့ကို အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ပဲနံ့သာပင်ဆိုတာက စိမ့်ဖျော့ဖျော့အရွက်ကလေးတွေရှိပြီး အဖြူရောင်ပန်းပွင့်ငယ်လေးတွေပွင့်တဲ့ တစ်နှစ်ခံပင် တစ်မျိုးပါ။ အပင်က ၂ပေကနေ ၃ပေ အထိမြင့်နိုင်ပြီး အစေ့အိမ်လေးတွေထဲမှာ ဝါညိုရောင်ရှိပြီး ခပ်ပြားပြားသေးသေး သဏ္ဍာန်ရှိတဲ့ ပဲစေ့ငယ်လေးတွေ ၁၀ စေ့ကနေ ၁၅ စေ့အထိ ပါဝင်ပါတယ်။ အရသာကတော့ အနည်းငယ် ဖန်တဲ့ဘက်ကို သွားပါတယ်။ ဟင်းခတ်အမွှေးအကြိုင်တွေထဲမှာ ထည့်သွင်းအသုံးပြုလေ့ ရှိကြပါတယ်။ပဲနံ့သာစေ့ကို စားလို့ရသလို အနှစ်ဖျော်ပြီးအရေပြားမှာ လူးပေးမယ်ဆိုရင် ရောင်ရမ်းတာကို သက်သာစေနိုင်တဲ့ အစွမ်းအာနိသင် ရှိပါတယ်။ ဆပ်ပြာတွေနဲ့ အလှကုန်တွေ ထုတ်လုပ်ရာမှာ အသုံးပြုကြပါတယ်။ ပဲနံ့သာစေ့ အဆီမှာ ဘက်တီးရီးယားတွေကို သေစေနိုင်စွမ်း ရှိသလို ဆီးချိုကိုလည်း သက်သာစေနိုင်တဲ့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အစားအသောက်တွေ ချက်ပြုတ်ပြင်ဆင်ရာမှာလည်း အသုံးပြုလို့ ရပါတယ်။ပဲနံ့သာစေ့မှာ။ပဲနံ့သာစေ့ကပေးတဲ့ အသားအရေ လှပခြင်း အကြောင်းလေးကို လေ့လာကြည့်လိုက်ရအောင်လား …….။ပဲနံ့သာစေ့မှာ အသားအရေကို ကြည်လင်စေတဲ့ ဗီတာမင် တစ်မျိုးဖြစ်တဲ့ ဗီတာမင် C ပါဝင်နေပါတယ်။ အသားအရေကို ကြည်လင်ပြီး အနာအဆာကင်းစေဖို့ ထောက်ကူပေးပါတယ်။ပဲနံ့သာစေ့ရဲ့ အာနိသင် တစ်ခုကတော့ အရေပြားကို ချွေးပေါက်တွေထဲအထိ သန့်စင်ပေးနိုင်တာပါ။ အသားအရေက ဖုန်မှုန့်တွေကို ဖယ်ရှားဖို့အတွက် ပဲနံ့သာစေ့ကို စိမ်ထားတဲ့အရည်ကို Toner အနေနဲ့ အသုံးပြုပေးလို့ ရပါတယ်။အရေပြားပေါ်မှာဆဲလ်သေတွေရှိနေတာက အသားအရောင်မညီတာနဲ့ အမျိုးမျိုးသော အရေပြား ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ပဲနံ့သာစေ့ကို အမှုန့်ကြိတ်ပြီး ရေနဲ့ပျစ်ပျစ်ဖျော်လို့ မျက်နှာပေါ်မှာ ပွတ်လိမ်းပေးတာက သဘာဝအတိုင်း ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်မှာပါ။အရေပြားကို အစိုဓာတ်ထိန်းချင်တယ်ဆိုရင် ပဲနံ့သာစေ့ကို အသုံးပြုပေးလို့ ရပါတယ်။အရေပြားခြောက်သွေ့ခြင်းကင်းစေဖို့ ပဲနံ့သာစေ့ကို အသုံးပြုပေးလို့ ရပါတယ်။အရေပြားပေါ်ကအမည်းစက်နဲ့ ဝက်ခြံအမာရွတ်တွေ သက်သာစေဖို့ ပဲနံ့သာစေ့ကို အသုံးပြုပေးလို့ ရပါတယ်။ ဗီတာမင် C ပါဝင်နေတာက အရေပြားပေါ်က အမည်းစက်တွေ နဲ့ အမာရွတ်တွေသက်သာစေဖို့ အကောင်းဆုံး ထောက်ကူပေးမှာပါ။ပဲနံ့သာစေ့မှာ Niacinနဲ့ ဗီတာမင် B3 ပါဝင်နေတာကြောင့် အရေပြားဆဲလ်သစ်တွေ ဖြစ်ပေါ်စေပြီး အရေးအကြောင်းတွေ၊ အသက်အရွယ်ရလာလို့ ဖြစ်လာတဲ့ အစက်အပြောက်တွေကို သက်သာစေနိုင်ပါတယ်။ပဲနံ့သာစေ့ရဲ့ နောက်ထပ် အာနိသင်ကတော့ ဝက်ခြံတွေကို သက်သာစေတာပါ။ ပဲနံ့သာစေ့မှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် ဝက်ခြံတွေကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ပဲနံ့သာစေ့က အရောင်ျစေနိုင်သလို မှိုပိုးတွေကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။ အရေပြားပေါ်မှာ တိုက်ရိုက် အသုံးပြုပေးလို့ ရပါတယ်။ အနာကျက်စေဖို့အတွက်လည်း ပဲနံ့သာစေ့ကို အသုံးပြုပေးလို့ ရပါတယ်။အဆီပြန်တတ်သူတွေအနေနဲ့လည်း အဆီပြန်တာကို သက်သာစေဖို့ရော အဆီပြန်တာကြောင့်ဖြစ်တဲ့ ဝက်ခြံအပါအဝင် အရေပြား ပြဿနာတွေ သက်သာစေဖို့ပါ ပဲနံ့သာစေ့ကို အသုံးပြုပေးလို့ ရပါတယ်။ကဲ …. ပဲနံ့သာစေ့ကို သုံးပြီး  အသားအရေကို လှပအောင် ထိန်းသိမ်းလိုက်စို့နော်။ တစ်ခုပဲ သတိထားမှာက ပထမအကြိမ်အသုံးပြုပြီးလို့ ဓာတ်မတည့်လက္ခဏာတွေ ခံစားရရင် ထပ်မသုံးဖို့ပဲ ဖြစ်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/fenugreek-seeds-benefits-for-skin/
ဘေဘီလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုအပေါ် Sport Toys တွေရဲ့ သက်ရောက်မှု
ကလေးတစ်ယောက်အတွက် လူကြီးတွေလို လုပ်စရာတာဝန်တွေက များများစားစားမရှိပါဘူး။ များသောအားဖြင့် သူတို့လုပ်တဲ့နေကျအလုပ်တွေက အိပ်မယ်၊ စားမယ်၊ ကစားမယ်ပေါ့။ ကလေးလေးတွေကို လွတ်လွတ်လပ်လပ်ပေးကစားတာက ကလေးတွေရဲ့ကြီးထွားဖွံ့ဖြိုးမှုကိုတော်တော်လေးအထောက်အကူပြုပေးနိုင်ပါတယ်။ကလေးလေးတွေကို လွတ်လွတ်လပ်လပ်ပေးကစားတာက ကလေးကိုလူမှုဆက်ဆံရေး၊ အသိဉာဏ်ပညာဆိုင်ရာ၊ ဘာသာစကားစွမ်းရည်နဲ့ပြဿနာြေဖရှင်းနိုင်စွမ်းတွေကို တိုးတက်စေနိုင်ပါတယ်။ အရုပ်လေးတွေနဲ့ပေးကစားတာက ကလေးရဲ့ကြွက်သားတွေကို သန်စွမ်းစေနိုင်သလို ကလေးငယ်ကို ကိုယ်လက်လှုပ်ရှားမှုလည်းဖြစ်စေပါတယ်။ အရုပ်တွေနဲ့ လွတ်လပ်စွာပေးဆော့တာက ကလေးကို ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ဘောလုံး၊ ဘတ်စကတ်ဘော၊ တင်းနစ်၊ ဘိုးလင်းလိုမျိုး အားကစားပစ္စည်းတွေနဲ့ပေးဆော့တာက ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ကျန်းမာသန်စွမ်းမှုကိုတော်တော်လေးထိရောက်မှုရှိစေပါတယ်။ ဒီကစားစရာတွေက ကလေးရဲ့ သိမြင်မှုစွမ်းရည်ကို တိုးစေနိုင်သလို စိတ်ပိုင်းဆိုင်ရာကို တိုးတက်ကောင်းကောင်းမွန်စေပြီး ဖန်တီးနိုင်စွမ်းကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ကလေးလေးတွေကို ၃ နှစ်အရွယ်လောက်ကတည်းကဘောလုံးပေးဆော့တာမျိုးလုပ်လို့ရပါတယ်။ ၅နှစ် ကနေ ၁၄ အရွယ်ကလေးလေးတွေကိုတော့ စက်ဘီးစီးတာ၊ ဘတ်စကတ်ဘောကစားတာ၊ဘောလုံးကန်တာ၊ ဘိုးလင်းပစ်တာ၊ တင်းနစ်ရိုက်တာ၊ ကြက်တောင်ရိုက်တာလိုမျိုး ကိုယ်လက်လှုပ်ရှားမှုကိုဖြစ်စေမယ့် အားကစားနည်းတွေကိုပေးဆော့လို့ရပါတယ်။ကလေးတွေကို အဝမလွန်အောင်ကာကွယ်ပေးနိုင်မယ်။လေ့လာချက်စစ်တမ်းတွေအရ အသက် ၆ နှစ်ကနေ ၁၁ နှစ်အရွယ်ကလေးငယ် အယောက် ၅၀ မှာ ၉ယောက်ဟာအဝလွန်ေနတယ်လို့ သိရပါတယ်။ ဆယ်စုနှစ် ၃ ခုလောက်အတွင်း ကမ္ဘာ့ကလေးငယ်တွေရဲ့ ၇ ရာခိုင်နှုန်းလောက်အထိအဝလွန်လာကြတာကိုတွေ့ရှိခဲ့ရပါတယ်။ ဒီလိုဖြစ်လာရတဲ့ အဓိကပြဿနာတစ်ခုက ကလေးတွေဟာ အရင်ကလိုလှုပ်လှုပ်ရှားရှား မကစားကြတော့ဘဲဖုန်းထဲက ဂိမ်းတွေ၊ ကွန်ပျူတာဂိမ်းတွေဆော့တာနဲ့ ရုပ်ရှင်အကြည့်များတာ၊ကိုယ်လက်လှုပ်ရှားမှုနည်းလာတာတွေကြောင့်ပါ။ ဒါကြောင့်ကလေးကို ရာသီဥတု သာယာတဲ့အချိန်မျိုးမှာ အိမ်အပြင်ထွက်ပြီးဘောလုံးကန်စေတာမျိုး၊ ဘတ်စကတ်ဘောပေးကစားတာမျိုးနဲ့ အခြားသော ကိုယ်လက်လှုပ်ရှားမှုဖြစ်စေမယ့် ကစားနည်းတွေကို ကစားခိုင်းပါ။ ဒီလိုပေးကစားတာက ကလေးကို ကိုယ်လက်လှုပ်ရှားမှုလုပ်ဖြစ်စေပြီး ကြီးထွားဖွံ့ဖြိုးမှုကိုကောင်းမွန်စေသလိုဦးနှောက်ဖွံ့ဖြိုးမှုနဲ့ဉာဏ်ရည်တိုးတက်မှုတွေအတွက်လည်း အထောက်အကူပြုပေးနိုင်ပါသေးတယ်။ကြွက်သားတွေကို သန်စွမ်းစေနိုင်ပါတယ်။ဘတ်စကတ်ဘောကစားတာ၊ စက်ဘီးစီးတာတွေက ကလေးရဲ့ လှုပ်ရှားမှုတွေကိုတိုးတက်ကောင်းမွန်စေပြီးခန္ဓါကိုယ်ကို ဟန်ချက်ညီစေနိုင်သလို အရိုးတွေနဲ့ ကြွက်သားတွေ သန်စွမ်းစေဖို့အထောက်အကူပြုပေးနိုင်ပါတယ်။ ဒီလိုမျိုး ကိုယ်လက်လှုပ်ရှားမှုကိုဖြစ်စေတဲ့ အားကစားနည်းတွေကိုပေးဆော့တာက ကလေးရဲ့လေ့လာသင်ယူမှုအပေါ်မှာပါ အထောက်အကူပြုနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ထက်မြက်တဲ့ကလေးလေးတစ်ယောက်အဖြစ်ကြီးထွားဖွံ့ဖြိုးလာစေဖို့ Sport Toysတွေနဲ့ပေးကစားတာမျိုးလုပ်ပေးပါ။သိမြင်မှုစွမ်းရည်ကို တိုးတက်စေနိုင်တယ်။ကလေးကို Sport Toysတွေနဲ့ပေးကစားတဲ့အခါ ကလေးကို စဉ်းစားချင့်ချိန်နိုင်စွမ်းတိုးတက်စေနိုင်သလိုပြဿနာဖြေရှင်းနိုင်စွမ်းကိုလည်း တိုးတက်စေပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုတိုးစေဖို့အတွက်လည်း အထောက်အကူပြုပေးပါသေးတယ်။အခက်အခဲတစ်ခုခု ကြုံတဲ့အခါဖြေရှင်းဖို့နည်းလမ်းကို စဉ်းစားမိအောင် အထောက်အပံ့ပေးနိုင်ပါတယ်။ နားလည်လွယ်အောင်ပြောပြရရင် ကလေးကဘောလုံး ကန်ရင်ဖြစ်ဖြစ် ဘတ်စကတ်ဘောကစားရင်ဖြစ်ဖြစ် ဂိုးဝင်အောင် ဘယ်လိုကစားရမယ့်လည်း ဘယ်လောက်အားသုံးပြီးဘောလုံးကို ဂိုးထဲရောက်အောင်လုပ်ရမလဲ၊ပြိုင်ပွဲကို ဘယ်လိုနည်းနဲ့ အနိုင်ရအောင် ကစားရမလဲဆိုတာကိုကောင်းကောင်းနားလည်ထားတာကြောင့်ပြဿနာဖြစ်လာတဲ့အခါ ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုလေ့ကျင့်ပြီးသားဖြစ်နေတော့တာပါ။လူမှုဆက်ဆံရေးကောင်းလာမယ်။အားကစားတစ်ခုခုလုပ်တဲ့အခါ တစ်ယောက်တည်း ကစားတာထက် သူငယ်ချင်းတွေ၊မောင်နှမတွေနဲ့ပိုကစားဖြစ်တာကြောင့် ကလေးက အသင်းအဖွဲ့နဲ့ လုပ်တတ်လာပါလိမ့်မယ်။ ရလဒ်ကတော့ ကလေးရဲ့ လူမှုပေါင်းသင်းဆက်ဆံရေးတိုးတက်လာတာပါ။ ကလေးကအခြားအရွယ်တူကလေးတွေနဲ့အဆင်ပြေအောင် ဘယ်လိုကစားရမလဲဆိုတာကို နားလည်လာပါလိမ့်မယ်။ ဒီလိုကနေတဆင့် လူတွေနဲ့ အဆင်ပြေပြေနေနိုင်မယ့် နည်းလမ်းတွေကို သိမြင်လာပြီးဘေဘီလေးကပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူ အဖြစ်ကြီးပြင်းလာပါလိမ့်မယ်။စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်လာမယ်။Sport Toysတွေနဲ့ကစားတဲ့အခါ ကလေးတွေက တစ်ယောက်တည်း မစားဘဲ အရွယ်တူသူငယ်ချင်းတွေနဲ့ကစားကြမှာ အသေအချာပါ။ ဒီလိုကစားတဲ့အခါ ကိုယ်က ရှုံးတာဖြစ်နိုင်သလို ကိုယ်အနိုင်ရတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒီလိုကစားတာကြောင့် ကလေးကအောင်မြင်လို့ရရှိတဲ့ပျော်ရွှင်မှုကို ခံစားမိပြီး ပိုကြိုးစားလာနိုင်သလို ရှုံးနိမ့်မှုကိုလည်း ခံနိုင်ရည်ရှိလာပါလိမ့်မယ်။ အရာရာဟာ နိုင်တစ်လှည့် ရှုံးတစ်ခါရှိနိုင်တဲ့ဆိုတဲ့ သဘောတရားကိုနားလည်ပြီး စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်လာပါလိမ့်မယ်။ဒါကြောင့် သားသားမီးမီးလေးတွေကိုဘောလုံး၊ ဘတ်စကတ်ဘော၊ တင်းနစ်၊ ကြက်တောင်၊ ဘိုလင်းလိုမျိုး ကိုယ်လက်လှုပ်ရှားမှုဖြစ်စေမယ့် ကစားနည်းတွေနဲ့ပေးကစားပေးရင်း ကျန်းမာသန်စွမ်းတဲ့ကလေးငယ်လေးတွေအဖြစ် ပျိုးထောင်ပေးလိုက်ပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/benefits-of-sports-equipment-and-toys-for-kids/
အရက်ကြောင့်ဖြစ်တဲ့ အသည်းရောဂါ
အရက်ေကြာင့်ဖြစ်တဲ့ အသည်းရောဂါ (Alcoholic liver disease) က အရက်ကို အလွန်အကျွံသောက်သုံးတာကြောင့်အသည်းထိခိုက်တဲ့ရောဂါတစ်မျိုးပါ။ နောက်ဆက်တွဲတွေအနေနဲ့ အသည်းအဆီဖုံးတာ၊ အသည်းရောင်တာ နဲ့ အသည်းမှာအနြာဖစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ ဒီဝေဒနာက အသက်ဆုံးရှုံးတဲ့အထိဖြစ်စေနိုင်ပါတယ်။အသည်းက ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ခန္ဓါကိုယ်အတွက်လိုအပ်တဲ့အာဟာရဓါတ်တွေကို သိုလှောင်သိမ်းဆည်းပေးထားတဲ့အတွက် ကျန်းမာတဲ့ဘဝနေထိုင်မှုကို ပိုင်ဆိုင်ဖို့ရင် အသည်းကျန်းမာနေစေဖို့ မဖြစ်မနေဂရုစိုက်ရမှာပါ။ ကဲ အသက်ရှည်ရှည်ကျန်းကျန်းမာမာနေဖို့ အရေးပါတဲ့ အသည်းကို ကျန်းမာအောင် ဘယ်လိုဂရုစိုက်မလဲ။တစ်ခါတလေမှာ ဒီလက္ခဏာတွေကအစာအိမ်မှာ ပိုးဝင်တာနဲ့ အခြားသောအစာခြေစနစ်ပြဿနာေတွကြောင့်ဖြစ်တယ်လို့ ထင်စရာအကြောင်းရှိပါတယ်။ ဒီလိုအနေအထားမျိုးမှာ ရောဂါကို ကုသတာမျိုးမလုပ်ဘဲ ခပ်ပေါ့ပေါ့နေရင်း အရက်တွေကို ဆက်လက်သောက်သုံးနေမယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ ရောဂါဖြစ်ပွားမှုနှုန်းက မြန်လာပြီး ရောဂါကျွမ်းသွားတဲ့အထိဖြစ်လာနိုင်ပါတယ်။အရက်ကြောင့်ဖြစ်တဲ့အသည်းရောဂါဘာတွေကြောင့်ဖြစ်နိုင်သလဲ။နှစ်ကာလရှည်ကြာစွာ အရက်ကို အတိုင်းအဆမရှိ အကြိုက်သောက်သုံးလာခဲ့တဲ့အခါ အချိန်ကြာလာတာနဲ့အမျှ အသည်းမှာထိခိုက်လာပြီး အသည်းရောဂါတွေကို ခံစားရနိုင်ပါတယ်။ အရက်အလွန်အကျွံသောက်တာကြောင့် ခံစားရနိုင်တဲ့ အသည်းရောဂါတွေထဲမှာ အဆိုးဆုံးကတော့ အသည်းခြောက်တာပါ။ အသည်းခြောက်တာက အရက်ကြောင့်ဖြစ်တဲ့ အသည်းရောဂါ (Alcoholic liver disease) ရဲ့ နောက်ဆုံးအဆင့်တစ်ရပ်ပေါ့။ ဒီရောဂါက အရက်အလွန်အကျွံသောက်တဲ့သူတိုင်းမှာဖြစ်တာမဟုတ်ပါဘူး။ အရက်ကို နှစ်ရှည်လများအလွန်အကျွံသောက်သူတွေမှာသာဖြစ်တာပါ။အရက်ကြောင့်ဖြစ်တဲ့ အသည်းရောဂါ (Alcoholic liver disease) က အခြေအနေဆိုးလာတဲ့အချိန်မှာ ရောဂါလက္ခဏာတွေက အလွယ်တကူသိနိုင်ပါတယ်။ မြင်သာတဲ့ရောဂါလက္ခဏာတွေက-။ဒီရောဂါလက္ခဏာတစ်ခုခုခံစားနေရပြီဆိုရင်တော့ အသည်းထိခိုက်ထားတာက တော်တော်လေးအခြေအနေဆိုးနေပြီဖြစ်တာကြောင့် ဆရာဝန်နဲ့ပြသပြီး ချက်ချင်းကုသမှုခံယူဖို့လိုအပ်ပါမယ်။ဒီဝေဒနာကိုခံစားနေရပေမယ့် သက်တမ်းရှည်ရှည်နေချင်တယ်ဆိုရင် မဖြစ်မနေလုပ်ရမယ့်အချက်တစ်ခုက အရက်ဖြတ်ဖို့ပါ။ နောက်ထပ်လုပ်သင့်တာတွေကတော့။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/alcoholic-liver-disease/
သင့်ကလေး အငိုမတိတ်တာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။
ငိုကြွေးခြင်းဟာ စကားမပြောတတ်သေးတဲ့ ကလေးတစ်ယောက်အတွက်တော့ သူရဲ့ ခံစားချက်တွေကို ထုတ်ဖော်ပြသခြင်း တစ်မျိုးပါ။ ဘာဖြစ်နေတယ်လို့ သဲသဲကွဲကွဲလည်း ကလေးက မပြောတတ်တော့ငို၊ ဘယ်လိုချော့ချော့ ကလေးအငိုမတိတ်တော့ ဘာဖြစ်လို့ ဘာဖြစ်မှန်းမသိတဲ့ မေမေတို့ကလည်း ခြေမကိုင်မိ လက်မကိုင်မိဖြစ်တတ်ကြပါတယ်။ သင့်ကလေး အငိုမတိတ်တာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။ ။ဒါကတော့ သိနိုင်ဖို့ အလွယ်ကူဆုံးပါ။မွေးကင်းစကလေးတွေဆိုတော့ အိပ်မယ်၊ နိုးလာရင် ဗိုက်ဆာမယ်၊ ငိုမယ်၊ နို့သောက်မယ်။ သူတို့အတွက် ဒါတွေလုပ်စရာပဲ ရှိတာဆိုတော့ ကိုယ်နို့တိုက်ထားတာ ကြာသွားလို့ ကလေးငိုနေပြီဆိုရင် သိသာပါတယ်။ ဒါသူ ဗိုက်ဆာလို့ ငိုတာပါ။ ငိုတိုင်း ဗိုက်ဆာတာ တစ်ခုတည်းကြောင့်လို့ စွပ်စွဲလို့မရပါဘူး။ အခြား အကြောင်းအရာတွေ အများကြီးရှိပါသေးတယ်။အိပ်ရေးမဝရင် လူကြီးတွေပဲ စိတ်ရှုပ်တတ်တာ မဟုတ်ပါဘူး။ တစ်နေ့ကို ၁၈ နာရီလောက်အိပ်ဖို့လိုတဲ့ ကလေးတွေက အိပ်ရေးမဝရင် ပိုလို့တောင် စိတ်ရှုပ်တတ်ပါတယ်။ကလေးကိုချစ်လို့၊ တစ်ချိန်လုံး အိပ်နေရင် နေမကောင်းဖြစ်မှာစိုးလို့ဆိုပြီး ကလေးမအိပ်အောင် တစ်ချိန်လုံး မြူဆွယ်နေတဲ့အခါ ကလေးအိပ်ငိုက်လာပြီး စိတ်တိုလာပါလိမ့်မယ်။ အဲဒီ အချိန်ရောက်ရင် ကလေးကို ပြန်ချော့ပြီး အိပ်အောင် သိပ်ပေးပါ။ ဒါဆို အငိုတိတ်သွားပါလိမ့်မယ်။ကလေးဆိုပြီး အသန့်အပြန့်အကြောင်း နားမလည်ဘူးလို့ မထင်လိုက်ပါနဲ့။ တစ်ချိန်လုံး သေးခံနဲ့ နေရတာဖြစ်တဲ့အတွက် သေးခံညစ်ပတ်သွားရင် အသစ်လဲပေးဖို့လိုနေပြီဖြစ်ကြောင်း သင့်ကို ပြောပါလိမ့်မယ်။ သေးခံထဲမှာဝမ်းရောဆီးရောသွားထားရင် နေရတာ သက်သောင့်သက်တာ မရှိတော့လို့ အသစ်လဲ မပေးမချင်း ငိုပါလိမ့်မယ်။အိပ်ရေးလည်းဝနေတယ်၊ နို့လည်း အဝတိုက်ထားရက်နဲ့ ကလေးက ငိုနေပြီဆိုရင်တော့ သေးခံကို တစ်ချက်စစ်ကြည့်ဖို့ လိုပါတယ်။သေးခံလောင်တာကြောင့်လည်း သင့်ကလေး ငိုတတ်ပါတယ်။လူကြီးတွေတောင် လေထိုးလေအောင့်ဖြစ်ရင် အတော်ခံရတာ စကားမပြောတတ်သေးတဲ့ ကလေးတွေ အတွက်ဆို ပိုဆိုးတာပေါ့။ ဘာဖြစ်နေလဲဆိုတာကိုလည်း မပြောတတ် နာလည်း နာနေတော့ စွတ်ငိုတတ်ကြပါတယ်။သင့်ကလေးက အသက် ၃လအောက် ဖြစ်မယ်။ တစ်ခါငိုရင် ၂နာရီ ၃နာရီလောက်ကြာပြီး တစ်ပတ်ကို ၂ရက် ၃ရက်လောက် ငိုမယ်။ အဲ့လိုငိုတာ ၃ပတ်လောက် ရှိပြီဆိုရင် ကလေးလေနာထတာ ဖြစ်နိုင်ပါတယ်။ကလေးကနုသေးတော့ ပတ်ဝန်းကျင် အအေးဒဏ်ကို မခံနိုင်မှာစိုးလို့၊ ခြင်ကိုက်မှာ စိုးလို့ဆိုပြီး ကလေးကို အဝတ်တွေနဲ့ တအားပတ်ထား၊ ထုတ်ထားတဲ့ မိဘတွေ ရှိကြပါတယ်။ ကလေးက ငယ်သေးတယ်ဆိုပေမယ့် သူလည်း လက်တွေ ခြေတွေ ဆန့်ချင် လှုပ်ချင်မှာပေ့ါ။ ဒါကို အတင်းကျပ်အောင် အဝတ်တွေနဲ့ ထုတ်တားတဲ့အခါကျ သူစိတ်ရှုပ်လာပြီး စငိုပါလိမ့်မယ်။ ဒါကြောင့် ကလေးကို အဝတ်ဝတ်ပေး၊ အနှီးထုတ်ပေးတဲ့အခါကျ ချောင်ချိပြီးလေဝင်လေထွက်ကောင်းဖို့ လိုအပ်ပါတယ်။လူကြီးတွေမှာ နှာခေါင်းပိတ်လို့ အသက်ရှူမဝဖြစ်တဲ့အခါ နေရထိုင်ရတာ ကသိကအောက် ဖြစ်သလိုပဲ ကလေးတွေ နှာခေါင်းပိတ်တဲ့အခါမှာလည်း အသက်ရှူမဝဖြစ်ပြီး စိတ်တိုကြပါတယ်။ အဲဒီမှာ စငိုတော့တာပါပဲ။ ဒါကြောင့် ကလေးငိုနေုပြီဆို သူတို့နှာခေါင်းနားကို လက်ကလေးနဲ့စမ်းကြည့်ပါ။ တစ်ဖက်ဖက်က လေသွင်းလေထုတ် မလုပ်တော့ဘူးဆိုရင် ဒါ နှာခေါင်းပိတ်နေတာဖြစ်ပါတယ်။ကလေးအသက် ၄လနဲ့ ၇လကြားလောက်ဆို သွားလေးတွေ စထွက်လာပါပြီ။ ဒီအချိန်ဟာ မေမေတို့ တကယ်ကို အလုပ်ရှုပ်ရတဲ့အချိန်ပါ။ နို့လည်းတိုက်ထား၊ အိပ်ရေးလည်းဝထား၊ နေလည်းကောင်းနေရက်နဲ့ ကလေးက ငိုနေပြီ၊ ကလေးအသက်ကလည်း ၄ လပတ်ချာလည်လောက်ရောက်နေပြီဆိုရင် ဒါသွားပေါက်လို့ငိုတာ ဖြစ်နိုင်ပါတယ်။ သွားပေါက်ပေါက်ချင်း သွားဖုံးနာတတ်တဲ့အတွက် ကလေး သွားဖုံးလေးကို ဖိဖိပေးပါ၊ သွားယားရင် ကိုက်ဖို့အတွက် အရုပ်လေးတွေလည်း ဝယ်ထားပေးပါ။ကလေးကိုအရမ်းကြီး ဂရုစိုက်နေရင် ကလေးစိတ်ရှုပ်ပြီး ငိုတတ်သလို တစ်ယောက်တည်း ပစ်ထားတာကြာသွားရင်လည်း ကလေးက ငိုတတ်ပါတယ်။ ဒါတွေကတော့ ဘာရောဂါအခံကြောင့် မဟုတ်ဘဲ ကလေးငိုရတဲ့ ပုံမှန် အကြောင်းအရင်းတွေ ပဲ ဖြစ်ပါတယ်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/non-stop-crying-in-babies/
ရေနွေးငွေ့ခံပေးတာ အသားအရေ ကျန်းမာစေသလား
အသားအရေ ထိန်းသိမ်းမှုတော့ လုပ်ချင်ပါရဲ့။ ဘယ်ကနေ စလုပ်ရမလဲ မသိဘူးဆိုပြီး ဖြစ်နေပြီလာ။ ဒါဆိုရင်တော့ အလွယ်ကူဆုံး အသားအရေ ထိန်းသိမ်းနည်းဖြစ်တဲ့ ရေနွေးငွေ့ ခံပေးတာက စတင်လိုက်ပါ။ ဒါဆို မေးချင်နေလောက်မှာက ရေနွေးငွေ့ခံပေးတာ အသားအရေ ကျန်းမာစေသလား ဆိုပြီးဟုတ်။အသားအရေ အထူးသဖြင့် မျက်နှာကိုရေနွေးငွေ့ ခံပေးတာအသားအရေကို ကျန်းမာစေသလို လှပချောမွေ့စေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ တစ်ပတ်ကို ၁ ကြိမ် ဒါမှမဟုတ် ၂ ကြိမ်လောက် ပုံမှန် လုပ်ပေးတာက အသားအရေ ကျန်းမာလှပစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။ ရေနွေးငွေ့ခံပေးတာ အသားအရေ ကျန်းမာစေသလား ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ရေနွေးငွေ့ခံပေးတာ အသားအရေကို အခုလိုကျန်းမာစေနိုင်ပါတယ်။ရေနွေးငွေ့  ခံပေးတာက ချွေးပေါက်တွေကို ပွင့်စေပြီး ချွေးပေါက်ထဲက အညစ်အကြေးတွေ ဖုန်မှုန့်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ ဆားဝက်ခြံတွေကို ဖယ်ရှားရ လွယ်ကူစေပါတယ်။ဝက်ခြံအဆံတွေထွက်လာအောင် ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့် ဒါက ယာယီပဲဖြစ်ပါတယ်။ရေနွေးနွေးလေးနဲ့ ရေနွေးငွေ့ခံပေးတာက သွေးကြောတွေကို သွေးစီးဆင်းမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သွေးစီးဆင်းမှု ကောင်းစေတာက အရေပြားကို အောက်ဆီဂျင် ပိုမို ရရှိစေပြီး အသားအရေကို သဘာဝအတိုင်း ကျန်းမာလှပစေမှာပါ။ရေနွေးငွေ့က ချွေးပေါက်တွေကို ပွင့်စေတာကြောင့် အရေပြားချွေးပေါက်တွေထဲက ဆဲလ်သေတွေ၊ ဘက်တီးရီးယားတွေနဲ့ အခြားသော အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒီလို ဖယ်ရှားပေးတာက ဝက်ခြံဖြစ်တာကို သက်သာစေနိုင်ပါတယ်။အရေပြားနဲ့ ဆံသားတွေကို ချောမွေ့စေဖို့ အဆီဂလင်းတွေက အဆီတွေကို အလိုလို ထုတ်ပေးပါတယ်။ ဒါပေမယ့် အဆီက လိုတာထက် ပိုများနေမယ်ဆိုရင် ဘက်တီးရီးယားတွေကို ဖြစ်စေပြီး ဝက်ခြံတွေ ဆားဝက်ခြံတွေ ဖြစ်စေနိုင်ပါတယ်။ ရေနွေးငွေ့ခံပေးတာက အဆီပိုတွေကို ဖယ်ရှားပေးပြီး ဝက်ခြံ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ရေနွေးငွေ့ခံပေးတာက အသားအရေကို ရေဓာတ် ဖြည့်ပေးပါတယ်။ အဆီထွက်စေပြီး အသားအရေကို သဘာဝအတိုင်း အစိုဓာတ် ရှိနေအောင် ထောက်ကူပေးပါတယ်။ ဒါပေမယ့် လိုတာထက် ပိုခံရင်တော့ အသားအရေခြောက်နိုင်တာကို သတိပြုပါ။ရေနွေးငွေ့ခံပေးတာက သွေးစီးဆင်းမှု ကောင်းစေပြီး အသားအရေကို တင်းရင်းစေသလို ကော်လာဂျင် ထွက်ရှိမှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။ အသားအရေကို အရွယ်တင်နုပျိုစေမှာပါ။ရေနွေးငွေ့ခံပေးတာက အရေပြားကို ချွေးပေါက်တွေ ပွင့်စေပြီး အညစ်အကြေးတွေကို ထိထိရောက်ရောက် ဖယ်ရှာပေးပြီး အာဟာရဓာတ်တွေကို ကောင်းကောင်း စုပ်ယူနိုင်စေဖို့ ထောက်ကူပေးပါတယ်။ အရေပြားက လိုအပ်တဲ့ အာဟာရကို ပြည့်ဝစွာ ရရှိမှုက အသားအရေ ချောမွေ့စေမှာပါ။ရေနွေးငွေ့ခံဖို့ အကောင်းဆုံး နည်းလမ်းက။သတိထားရမယ့် အချက်တွေကတော့ အပူချိန်သိပ်မများပါစေနဲ့။ မျက်နှာလောင်တတ်ပါတယ်။ ဒါ့ပြင် အရေပြားရောဂါအခံတွေရှိရင်၊ အသားခြောက်ရင်၊ ထိခိုက်လွယ်တဲ့ အသားရေရှိရင်၊ ရောင်ရမ်းနေတဲ့ ဝက်ခြံတွေရှိရင် ရေနွေးငွေ့ခံတာကို ရှောင်ကြဉ်သင့်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/steaming-benefits-for-skin/
ချွေးစေးထွက်ခြင်း နှင့် ညဘက်ချွေးထွက်ခြင်းကို ဖြစ်စေသော အကြောင်းရင်းတွေက ဘာတွေလဲ
ပူသော ရာသီဥတုတွင် သို့မဟုတ် အားကစားလုပ်ချိန်တွင် ချွေးထွက်ခြင်းသည် ခန္ဓာကိုယ်ကို အေးမြစေသည်။ သို့သော်လည်း စိုးရိမ်ပူပန်ခြင်း၊ အပြင်းအထန် နာကျင်ခြင်း စသော အရင်းခံ အကြောင်းရင်းများကြောင့် ချွေးထွက်သော အချိန် များလည်း ရှိသည်။ ထိုအခြေအနေကို ချွေးစေးထွက်ခြင်း ဟု ခေါ်သည်။ခန္ဓာကိုယ် အပူချိန်မြင့်တက်လာပြီး အေးရန် လိုသော အချိန်များတွင် ပုံမှန်ချွေးထွက်ခြင်း ဖြစ်ပွားသည်။ သို့သော် ချွေးစေးထွက်ခြင်းသည် အရင်းခံ ကျန်းမာရေးပြဿနာများ ခံစားနေရသောကြောင့် ထွက်ခြင်းဖြစ်သည်။ တိုက်ခိုက်မလား ထွက်ပြေးမလား တုံ့ပြန်မှုကို ဖြစ်စေသော အရာရာသည် ချွေးစေးထွက်ခြင်းကို ဖြစ်စေနိုင်သည်။ချွေးထွက်ခြင်းသည် ညဘက်တွင် အဓိကဖြစ်ပါက ညဘက် ချွေးထွက်ခြင်းဟု ခေါ်သည်။အလွန်အမင်း ချွေးထွက်ခြင်းကို ဖြစ်စေသော အကြောင်း ရင်းများစွာ ရှိသည်။ တိကျသော အကြောင်းရင်းသိရန် ဆရာဝန်သည် ရောဂါအဖြေရှာခြင်းနှင့် စစ်ဆေးမှုများစွာ လုပ်ရန် လိုသည်။ အောက်တွင် ချွေးစေးထွက်ခြင်း၏ အဖြစ် များသော အကြောင်းရင်းအချို့ကို ဖော်ပြထားသည်။ဤကျန်းမာရေး အခြေအနေအတွက် သီးခြားကုသမှု မရှိပါ။ ၎င်းကို ဖြေရှင်းရန် တစ်ခုတည်းသောနည်းမှာ အရင်းခံ အကြောင်းရင်းများကို ကုသခြင်း ဖြစ်သည်။ ချွေးစေးထွက်ခြင်းကို ပိုမိုအာရုံစိုက်ခြင်းဖြင့် ကျန်းမာရေးအန္တရာယ်များစွာကို ကြိုတင် သတိပြုနိုင်ကာ စောစီးပြီး သင့်တော်သော ကုသမှု ရနိုင်သည်။ချွေးစေးထွက်ခြင်း မဖြစ်အောင် အသုံးဝင်သော အကြံပြုချက်အချို့ကို အောက်တွင် ဖော်ပြထားသည်။ချွေးစေးထွက်ခြင်းသည် ပိုဆိုးလာပါက ကျန်းမာရေး အကူ အညီရယူပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/symptoms/night-sweats-and-cold-sweats/
Spinal cord tumor (ကျောရိုးအာရုံကြောမကြီးတွင်အကျိတ်ဖြစ်ခြင်း)
ကျောရိုးအာရုံကြောမကြီးရှိရာ အခေါင်းပေါက် သို့မဟုတ် ကျောရိုးတွေကြားမှာ အကျိတ်ဖြစ်ခြင်း ဖြစ်ပါတယ်။ ကင်ဆာကျိတ်ရော ကင်ဆာမဟုတ်သောအကျိတ်ပါ ဖြစ်နိုင်ပါတယ်။ ကျောရိုးဆစ်မှာ ဖြစ်တဲ့အကျိတ်ကို ကျောရိုးဆစ်ကျိတ်လို့ခေါ်ပြီး အာရုံကျောမကြီးမှာ ဖြစ်တဲ့အကျိတ်ကို အာရုံကြောကျိတ်လို့ ခေါ်ပါတယ်။ အာရုံကြောမှာ ဖြစ်လေ့ရှိတဲ့ အဓိက အကျိတ်နှစ်မျိုးကတော့။ခန္ဓါကိုယ်အခြားနေရာများမှ အကျိတ်တွေဟာ ကျောရိုးဆစ်များ၊ အာရုံကြောမကြီးကို ထောက်ပံ့ပေးတဲ့ ဆဲလ်ကွန်ယက်နဲ့ ရှားရှားပါးပါး အာရုံကြောမဆီကိုပါ ပြန့်နှံ့လာတတ်ပါတယ်။အာရုံကြောမကြီးရဲ့ အတွင်းဘက်က အကျိတ်များဟာ သိသာတဲ့ လက္ခဏာများပြတတ်ပြီး အာရုံကြောအပြင်ဘက်က အကျိတ်များဟာ လက္ဓဏာများပေါ်မလာခင်ကတည်းက ရှိနေတတ်ပါတယ်။ ကျောရိုးအာရုံကြောမကြီးတွင်အကျိတ်ဖြစ်ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။ခါးနာခြင်းဟာ ကင်ဆာနဲ့ ကင်ဆာမဟုတ်တဲ့ အကျိတ်များရဲ့ အဖြစ်များတဲ့ အစောပိုင်းလက္ခဏာ တစ်ခုဖြစ်ပါတယ်။ နာကျင်မှုဟာ နောက်ကျောကနေ တင်ပါး၊ ခြေထောက်၊ ခြေဖဝါး၊ လက်မောင်းတွေအထိ ပြန့်သွားနိုင်ပြီး ကုသနေလျက်နဲ့ ပိုဆိုးလာနိုင်ပါတယ်။အာရုံကြောမအကျိတ်ဟာ ကြီးထွားနှုန်းအမျိုးမျိုးရှိပါတယ်။ ယေဘူယျအားဖြင့် ကင်ဆာအကျိတ်တွေဟာ ကြီးထွားနှုန်းပိုမြန်ပြီး ကင်ဆာမဟုတ်တဲ့ အကျိတ်တွေမှာ အလွန်နှေးကွေးပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ခါးနာစေတဲ့ အကြောင်းအရင်းအများကြီး ရှိပြီး အများစုက ကင်ဆာကြောင့်မဟုတ်ပါဘူး။ သို့ပေမယ့် ရောဂါကို စောစောသိပြီးကုသနိုင်ဖို့ အရေးကြီးတဲ့အတွက် သင်ခါးနာနေပြီး။သင့်မှာ အောက်ပါအတိုင်း ကြုံတွေ့ရလျှင်တော့ ချက်ခြင်းဆေးကုသမှု ခံယူသင့်ပါတယ်။သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။အာရုံကြောအကျိတ်အများစု ဘာကြောင့်ဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါ။ ကျွမ်းကျင်သူပညာရှင်များက မျိုးဗီဇချွတ်ယွင်းမှုကြောင့်လည်း ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။ သို့ပေမယ့် ဒီမျိုးဗီဇချွတ်ယွင်းမှုဟာ မျိုးရိုးလိုက်သလား၊ အလိုလိုဖြစ်လာသလား၊ ပတ်ဝန်းကျင်က ဓါတုပစ္စည်းတစ်ခုခုနဲ့ ထိတွေ့မိခြင်းကြောင့်လားဆိုတာ မသိကြသေးပါ။ အချို့လူနာများမှာတော့ မျိုးရိုးလိုက်တဲ့ ရောဂါစုများဖြစ်တဲ့ neurofibromatosis 2, von Hipple-Lindau disease တို့နဲ့ တွဲတတ်ပါတယ်။ကျောရိုးအာရုံကြောမကြီးတွင်အကျိတ်ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။အထက်ပါဖြစ်ပွားနိုင်ချေများမရှိခြင်းကြောင့် သင့်မှာ အာရုံကြောမအကျိတ် မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာမှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဦးနှောက်နှင့် အာရုံကြောအကျိတ်များကို သိရှိရန် ပထမဆုံးအဆင့်ကတော့ အာရုံကြောစနစ် စမ်းသပ်ခြင်းဖြစ်ပါတယ်။ အထူးပုံရိပ်ဖော် စစ်ဆေးမှုများဖြစ်တဲ့ CT, MRI, PET scan များလည်း ပြုလုပ်ပါတယ်။ဦးနှောက်လျှပ်စစ်လှိုင်းတိုင်းတာခြင်း၊ ကျောရိုးတွင်းရှိ အရည်ကို ဓါတ်ခွဲစစ်ဆေးခြင်းတို့လည်း ပြုလုပ်နိုင်ပါတယ်။ အကျိတ်ရှိတဲ့နေရာမှ နမူနာအသားစကို ခွဲစိတ်ထုတ်ယူပြီး အကျိတ်အမျိုးအစားကို ဆရာဝန်က အတည်ပြုနိုင်ပါတယ်။အာရုံကြောမကြီးမှလာသော ကင်ဆာနှင့် ကင်ဆာမဟုတ်သောအကျိတ်များကို ခွဲစိတ်ဖို့ ပိုမိုတိုက်တွန်းလာကြပေမယ့် ကျောရိုးကို ပြန့်လာတဲ့ကင်ဆာအကျိတ်ကို ခွဲစိတ်သင့်မသင့်ကိုတော့ ဒွိဟဖြစ်နေကြပါတယ်။ပုံရိပ်ဖော်နည်းပညာများတိုးတက်လာမှုအပြင် အသံလွန်လှိုင်း၊ လေဆာကဲ့သို့ ခွဲစိတ်ကိရိယာသစ်များ၊ နည်းလမ်းသစ်များ ပေါ်ပေါက်လာခြင်းကြောင့် ခွဲစိတ်ကုသခြင်းကို ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်လာကြပါတယ်။အာရုံကြောမကြီးကို အခြားနေရာက ကင်ဆာပြန့်လာပြီး ဖိမိနေတဲ့အခါ ဦးနှောက်နဲ့အာရုံကြောခွဲစိတ်ဆရာဝန်များက လူနာတွေမှာ ဖိအားနဲ့ နာကျင်မှုသက်သာစေဖို့၊ ကျောရိုးတည်ငြိမ်စေဖို့/ပြန်လည်တည်ဆောက်ဖို့၊ လှုပ်ရှားနိုင်စေဖို့ ဆီးဝမ်းသွားနိုင်စေဖို့နဲ့ နေထိုင်ရအဆင်အပြေဆုံးဖြစ်အောင် ခွဲစိတ်ကုသပေးကြပါတယ်။ အချို့ဆရာဝန်များကတော့ ပြန့်လာတဲ့အကျိတ်တစ်ခုတည်းရှိပြီး အခြားနေရာတွေမှာ အကျိတ်ရှိမနေမှ ခွဲစိတ်သင့်ကြောင်း အကြံပြုကြပါတယ်။အာရုံကြောမကြီးမှလာသော အကျိတ်ရှိသည့် လူနာအများစုဟာ ဓါတ်ရောင်ခြည်ပြဖို့ မလိုပါ။ အခြားနေရာတွေက ပြန့်လာသောအကျိတ်က အာရုံကြောမကြီးကို ဖိမိနေတဲ့အခါမျိုးမှာ ကုသဖို့ သုံးပါတယ်။ အခြားဓါတ်ရောင်ခြည်ကုသမှု လိုအပ်သူများကတော့ အာရုံကြောမကြီးမှ ဖြစ်တဲ့ကင်ဆာနဲ့ ရှားရှားပါးပါး ခွဲစိတ်ပြီးအကုန်ဖယ်ထုတ်လို့မရနိုင်တဲ့ အကျိတ်ရှိသူများ ဖြစ်ပါတယ်။အာရုံကြောမကြီးဟာ ဦးနှောက်ထက်တောင် ဓါတ်ရောင်ခြည်ကို တုန့်ပြန်မှု ပိုကောင်းပါတယ်။ ကင်ဆာအထူးကု ဓါတ်ရောင်ခြည်ပညာရှင်များဟာ ပုံမှန်အာရုံကြောတစ်သျှူးများကို ဓါတ်ရောင်ခြည်ထိခိုက်ပျက်စီးမှု နည်းနိုင်သမျှ နည်းအောင် အထူးအလေးထားဆောင်ရွက်ကြပါတယ်။ ထိုသို့ ထိခိုက်မှုကြောင့် ကုသမရတဲ့ ပျက်စီးမှု ဖြစ်နိုင်တာကြောင့် ဖြစ်ပါတယ်။ ရင်ဘတ်ပိုင်းကျောရိုးအဆစ်များမှာ အာရုံကြောမကြီးရှိ အကျိတ်များအားလုံးရဲ့ တစ်ဝက်လောက်ဖြစ်ပွားလေ့ရှိပြီး ဓါတ်ရောင်ခြည်ကို တုန့်ပြန်မှုအကောင်းဆုံး ဖြစ်ပါတယ်။CyberKnife လို့ခေါ်တဲ့ ဓါတ်ရောင်ခြည်ခွဲစိတ် ကိရိယာသစ်တစ်မျိုးကိုလည်း ရွေးချယ်နိုင်ပါတယ်။ ဒါဟာ မနာကျင်စေဘဲ အပေါ်ယံကနေအကျိတ်နေရာကို တိကျစွာပစ်မှတ်ထားပြီး စွမ်းအားမြင့်ဓါတ်ရောင်ခြည်နဲ့ ဖျက်ဆီးနိုင်တဲ့ ကိရိယာဖြစ်ပါတယ်။ ဓါတ်ရောင်ခြည်ခွဲစိတ်မှုဟာ အကျိတ်ပတ်လည်က ကျန်းမာတဲ့တစ်သျှူးတွေကို ဓါတ်ရောင်ခြည်ထိနိုင်ခြေ အနည်းဆုံးအထိ လျှော့ချပေးနိုင်ပါတယ်။CyberKnife ဟာ စက်ရုပ်လက်တံကိုသုံးပြီး ပစ်မှတ်အတိအကျနေရာကို ဓါတ်ရောင်ခြည်ပေးနိုင်ပါတယ်။ စက်ရုပ်လက်တံရဲ့ ကွေးဆန့်နိုင်မှုကြောင့် အခြားဓါတ်ရောင်ခြည်ခွဲစိတ်မှုများနဲ့ မကုသနိုင်တဲ့ ကျောရိုးနဲ့အာရုံကြောမကြီးလို နေရာများကို ကုသနိုင်စေတာ ဖြစ်ပါတယ်။ဦးနှောက်အကျိတ်များမှာကဲ့သို့ ကင်ဆာဆေးသွင်းကုသခြင်းကို ခွဲစိတ်မှုနဲ့ ဓါတ်ရောင်ခြည်ပြအပြီး ဆက်လက်ကြီးထွားနေတဲ့ ကျောရိုးမကြီးမှ glioma အကျိတ်များမှာ သုံးနိုင်ပါတယ်။ ကင်ဆာဆဲလ်ကိုသတ်သော ဆေးများပေးပြီးကုသခြင်း ဖြစ်ပါတယ်။ ဆရာဝန်က ဆေးတစ်မျိုး သို့မဟုတ် ဆေးများကို သောက်ဆေး/ထိုးဆေး/အကြောဆေး အနေနဲ့ ပေးနိုင်ပါတယ်။ ဦနှောက်နဲ့ကျောရိုးထဲမှာ လှည့်လည်နေတဲ့ အရည်ထဲကို ဆေးသွင်းခြင်းဖြင့်လည်း ကုသနိုင်ပါတယ်။ဆေးသွင်းကုသခြင်းကို သွင်းလိုက်နားလိုက် ဆေးပတ်များခွဲပြီး ပေးရပါတယ်။ လူနာများက ကုသခံဖို့ ဆေးရုံတက်နေရန် မလိုပါ။ ဆေးအများစုကို ဆေးခန်းမှာတင် ပေးနိုင်ပါတယ်။ သို့ပေမယ့် သုံးတဲ့ဆေးမျိုးအစား၊ ဆေးပေးတဲ့နည်းလမ်း၊ လူနာရဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး ဆေးရုံမှာ ခဏတဖြုတ်နေဖို့ လိုကောင်းလိုနိုင်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် ကျောရိုးအာရုံကြောမကြီးတွင်အကျိတ်ဖြစ်ခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။ဒီနည်းလမ်းတွေဟာ ကင်ဆာပျောက်ကြောင်း သက်သေမပြနိုင်ပေမယ့် ဝေဒနာခံစားရ သက်သာစေနိုင်ပါတယ်။ဥပမာ အပ်စိုက်ကုထုံး။ အပ်စိုက်ဆရာက အပ်သေးသေးလေးတွေနဲ့ သင့်အရေပြား အချို့နေရာတွေကို ထိုးပါမယ်။ သုတေသနပြုလုပ်ချက်များအရ အပ်စိုက်ကုထုံးဟာ ပျို့အန်ခြင်းကို သက်သာစေကြောင်း တွေ့ရှိရပါတယ်။ ကင်ဆာလူနာတွေအတွက် အချို့နာကျင်ခြင်းများကိုလည်း သက်သာစေပါတယ်။ သင်အသုံးပြုဖို့ စဉ်းစားနေတဲ့ အခြားဆေးနည်းရဲ့ အကျိုးနဲ့ အပြစ်ကို သင့်ဆရာဝန်နဲ့ ဦးစွာတိုင်ပင်ပါ။ အချို့ တိုင်းရင်းဆေးရွက်တွေဟာ သင်သောက်နေတဲ့ဆေးတွေကို အနှောက်အယှက်ပေးနိုင်ပါတယ်။သင့်အာရုံကြောမကြီးမှာ အကျိတ်ရှိကြောင်းသိရတာ စိတ်မချမ်းသာစရာပါ။ သို့ပေမယ့် ဒီရောဂါကို ရင်ဆိုင်ဖို့ နည်းလမ်းတွေရှိပါတယ်။သင်နဲ့ သင့်မိသားစုက ရောဂါစောင့်ရှောက်မှုအကြောင်း ပိုနားလည်လေ ကုသမှုနည်းလမ်းရွေးချယ်တဲ့အခါ ယုံကြည်မှုပိုရှိလေ ဖြစ်ပါတယ်။ဒီရောဂါရှိတဲ့ အခြားသူများမှာလည်း သူမတူတဲ့ တွေးခေါ်ပုံသဘောထားတွေ ရှိနေပါလိမ့်မယ်။ သင့်အနီးအနားက ကူညီရေးအဖွဲ့အကြောင်း ဆရာဝန်ထံ စုံစမ်းပါ။ Spinal cord tumor association ကဲ့သို့ online မှ ဆွေးနွေးသည့် အဖွဲ့များလည်း ရှိပါတယ်။သီချင်းနားထောင်ခြင်း၊ စာရေးခြင်း စသဖြင့် အနားယူသည့်အလေ့အကျင့်များလုပ်ပြီး စိတ်ဖိစီးမှုကို လျှော့ချပါ။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/brain-tumors/spinal-cord-tumor-%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%a1%e1%80%ac%e1%80%9b%e1%80%af%e1%80%b6%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%99%e1%80%80%e1%80%bc/
အစားလည်းဆင်ခြင်ရဲ့သားနဲ့ ဝလာတယ်ဆိုရင် ဇီဝကမ္မဖြစ်စဉ် နှေးတာကြောင့်ဖြစ်နိုင်ပါတယ်။
အစားလည်းထိန်းစားတယ်၊ကိုယ်လက်လှုပ်ရှားမှုလေးလည်း ရှိရဲ့သားနဲ့ ဘာကြောင့် တရိပ်ရိပ်ထိုးဝလာတာလဲ။ ပြောနေကျ စကားတွေအတိုင်းဆိုလေရှူလိုက်တိုင်း ဝနေတာ ဒါမျိုးပေါ့။ ပိန်နေတဲ့သူတွေအတွက်ကတော့ ဒီကိစ္စတွေ ခေါင်းထဲ စဉ်းစားမလိုပေမယ့် ဝနေတဲ့သူတွေအတွက်ကတော့ ဘာမှ မလုပ်ဘဲနဲ့ ဝဝလာတာဟာ တော်တော်ကြီးကို စိတ်ညစ်စရာကောင်းတဲ့ အခြေအနေပါ။ ဒါဘာကြောင့် ဖြစ်ရတာလဲ။ အစားလည်းဆင်ခြင် ကိုယ်လက်လှုပ်ရှားမှုလေးလည်း အနည်းအကျဉ်းရှိရဲ့သားနဲ့ ဝလာတဲ့ပြဿနာမှာ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ် ကို အဓိက အပြစ်တင်ရမှာပါ။ဆေးပညာမှာဆိုဇီဝကမ္မဖြစ်စဉ်ကို Metabolism လို့ခေါ်ပါတယ်။ ဒီ ဇီဝကမ္မဖြစ်စဉ်ဟာ အာဟာရဓာတ်တွေကို ဖြိုခွဲပေး၊ ကယ်လိုရီတွေကို လောက်ကျွမ်းပေးပြီး ကိုယ်ခန္ဓာအတွက် စွမ်းအင်ပြန်ထုတ်ပေးတဲ့ ဖြစ်စဉ်ပါ။ ဒီတော့ ဇီဝကမ္မဖြစ်စဉ် နှေးရင်ကယ်လိုရီလောင်ကျွမ်းတာလည်း နည်းသွားပြီး ကိုယ်ခန္ဓာမှာအဆီစုလာမှာပဲ ဖြစ်ပါတယ်။ ဒီတော့ ဇီဝကမ္မဖြစ်စဉ်နှေးတဲ့သူ အများစုဟာ ဒီတိုင်းနေရင်းတောင်ဝ လာရခြင်းပဲ ဖြစ်ပါတယ်။ဒီတော့ ဇီဝကမ္မဖြစ်စဉ်ဘာ့ကြောင့်နှေးရတာလဲကို သိဖို့လိုအပ်လာတာပေါ့။ ဒါမှ ဒီအကြောင်းအရင်းတွေကို ရှောင်နိုင်ပြီး ဝတဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ဒီအချက်တွေကြောင့် ဇီဝကမ္မဖြစ်စဉ်ကို နှေးစေနိုင်ပါတယ်။ကိုယ့်မျိုးရိုးဗီဇgene က Metabolism နှေးနိုင်တဲ့ gene ဖြစ်ခဲ့ရင် ဝလာနိုင်ပါတယ်။ မွေးတည်းကပါလာတဲ့ မျိုးရိုးဗီဇ gene ကို ပြင်လို့မရနိုင်တာကြောင့် ကိုယ့် အနေအထိုင်ကိုပြင်မှရမှာပါ။ အစားပိုဆင်ခြင်တာ၊ ကိုယ်လက်လှုပ်ရှားမှုများများလုပ်တာ မျိုးတွေပေါ့ ။ ။ဟော်မုန်းတွေကလည်း ဇီဝကမ္မဖြစ်စဉ်ကို နှေးစေပြီး သင့်ကို ဝလာစေတဲ့ တရားခံတွေထဲက တစ်ခုပါ။ ဟော်မုန်းအပြောင်းအလဲများစေတဲ့ အခြေအနေတွေကတော့သန္ဓေတားဆေးတွေ၊စိတ်ဖိစီးမှုများတာတွေ၊ သိုင်းရွိုက်ဟော်မုန်းများတာ နည်းတာတွေနဲ့ဆီးချိုရောဂါတွေဟာ ဟော်မုန်းအပြောင်းအလဲ ဖြစ်စေတဲ့ ပြဿနာတွေပါ။ ဒီပြဿနာတွေကြောင့် ဇီဝကမ္မဖြစ်စဉ်နှေးနေတာဆိုရင်တော့ ဒီကျန်းမာရေးပြဿနာတွေကို အရင်ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။အိပ်ချိန်ဆိုတာ ကိုယ်ခန္ဓာကြီးတစ်ခုလုံးရဲ့ ဖြစ်စဉ်တွေကို ထိန်းညှိပေးတဲ့ အရာတစ်ခုပါ။ ဒီတော့ ပုံမှန် အိပ်ချိန်မရှိတဲ့သူတစ်ယောက်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေဟာ နှေးသွားနိုင်ပါတယ်။အစားစားမှ ဇီဝကမ္မဖြစ်စဉ်အလုပ်လုပ်တာပါ။ ဒါပေမယ့် ဝိတ်ချဖို့ဆိုပြီး အစားတွေ လျှော့လွန်းလိုက်တဲ့အခါ ဇီဝကမ္မလည်း အလုပ်သိပ်မလုပ်ရတော့လို့ တဖြည့်းဖြည်း အကျင့်ပါပြီး နှေးသွားနိုင်ပါတယ်။ရေဓာတ်ခမ်းခြောက်ခြင်းကလည်း ဇီဝကမ္မဖြစ်စဉ် ကို နှေးသွားစေတဲ့အချက်တစ်ခုပါ။အရိုးတွေသန်မာဖို့အတွက်သာမက ဇီဝကမ္မဖြစ်စဉ် ကောင်းကောင်းလုပ်ဆောင်နိုင်ဖို့အတွက် အရေးပါတဲ့ ကယ်လ်ဆီယမ် မလုံလောက်တဲ့အခါမျိုးမှာ ဇီဝကမ္မဖြစ်စဉ် နှေးသွားနိုင်ပါတယ်။စိတ်ကျရောဂါ၊ အတက်ရောဂါနဲ့ စိတ်ရောဂါ ဝေဒနာတွေအတွက် သောက်တဲ့ ဆေးတွေက ဇီဝကမ္မဖြစ်စဉ်ကို နှေးစေနိုင်တဲ့ ဆေးတွေပါ။ကိုယ်လက်လှုပ်ရှားမှုတွေမရှိဘဲ တစ်ချိန်လုံးထိုင်ပြီး အလုပ်လုပ်မယ် TV ကြည့်နေမယ်ဆိုရင်တော့ လူလည်း တဖြည်းဖြည်းနှေးကွေးလာနိုင်သလို ဇီဝကမ္မဖြစ်စဉ်တွေလည်း တဖြည်းဖြည်းနှေးသွားပါလိမ့်မယ် ။ဒီတော့ အပေါ်ကပြောထားတဲ့ အချက်တွေက ဇီဝကမ္မဖြစ်စဉ်ကို နှေးစေတဲ့အချက်တွေဖြစ်လို့ ကိုယ့်ဆီမှာ ဒီအချက်တွေရှိခဲ့ရင် နေရင်းထိုင်ရင်းနဲ့ ဝလာမှာ အသေအချာပါ။ ဒီတော့ အပေါ်ပြောထားတဲ့အချက်တွေကို ရှောင်နိုင်ရင်ရှောင် မရှောင်နိုင်ရင် အစားလည်းလျှော့၊လေ့ကျင့်ခန်းလေးပြန်လုပ်ပြီး ထိန်းနိုင်မှ တော်ရုံကျမှာပါ။ ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/obesity-healthy-eating/slow-down-metabolism/
ချစ်ခင်ရသူဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းကြေကွဲနေတဲ့ ကလေးကို ဘယ်လိုနှစ်သိမ့်ပေးကြမလဲ
လူရယ်လို့ဖြစ်လာတဲ့အခါ တစ်နေ့မှာ ခွဲခွာခြင်းဆိုတဲ့ လမ်းခရီးကို ဖြတ်သန်းကြရမှာပါပဲ။ ချစ်သူခင်သူတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေ၊ ဆွေမျိုးသားချင်းတွေ၊ မိဘမောင်ဖွားတွေ၊ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ယုတ်စွဆုံး သားသမီးနဲ့ အိမ်ထောင်ဖက်တွေအထိပါပဲ။ချစ်ခင်နှစ်သက်ရသူတွေကို လက်လွှတ်ဆုံးရှုံးလိုက်ရချိန်မှာကြေကွဲဝမ်းနည်းတဲ့ဝေဒနာကို ဘဝအတွေ့အကြုံ ရင့်ကျက်လှပါတယ်ဆိုတဲ့ လူကြီးတွေတောင်မှ ခံစားကြရပါတယ်။တကယ်လို့ ကလေးတွေ၊ ရင်သွေးတွေဆိုရင်ရော သူတို့ရဲ့ နုနယ်လှတဲ့ စိတ်လေးတွေ ဘယ်လောက်တောင် ထိခိုက်ကြေကွဲသွားကြမလဲ။ ဘယ်လောက်တောင် ဝမ်းနည်းနေလိုက်မလဲ။ချစ်ခင်မြတ်နိုးရသူကိုဆုံးရှုံးလိုက်ရချိန်မှာ ကြေကွဲဝမ်းနည်းနေရှာတဲ့ ရင်သွေးတွေကို နည်းမှန်လမ်းမှန်နဲ့ လမ်းပြပေးနိုင်ဖို့ နှစ်သိမ့်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင် ဒီဖြစ်ရပ်ကြီးဟာ ရင်သွေးရဲ့ မှတ်ဉာဏ်မှာ စိတ်ဒါဏ်ရာတစ်ခုလို ပြတ်ထင်စွာ စွဲနေပါလိမ့်မယ်။မိသားစုဝင် တစ်စုံတစ်ယောက်ကိုစွန့်လွှတ်လိုက်ရချိန်မျိုးမှာမိမိတို့ကိုယ်တိုင် ကြေကွဲဝမ်းနည်းနေမှာ သေချာလှပါတယ်။ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကြောင့် ရင်သွေးတွေကို ဂရုမစိုက်မိတာမျိုး၊ မမှန်ကန်တဲ့ နည်းလမ်းတွေနဲ့ တုန့်ပြန်မိတာမျိုးတွေ ပြုလုပ်မိနိုင်ပါတယ်။ ဒါတွေဟာ သတိထားသင့်တဲ့ အပြုအမူမှားတွေပါ။ဒီလိုမှားယွင်းစွာ ကလေးတွေအပေါ် ဆက်ဆံမိတဲ့အခါ သူတို့အတွက် ပိုပြီး ထိခိုက်ခံစားကြရပါလိမ့်မယ်။ ဆိုးရွားလှတဲ့ အတိတ်တွေဖြစ်လာတတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် အောက်ပါနည်းလမ်းတွေကိုသုံးပြီး ရင်သွေးတွေကို နှစ်သိမ့်အားပေးပါ။ဒီအချက်တွေဟာ ရင်သွေးကို ဝမ်းနည်းကြေကွဲနေတဲ့ အခြေအနေကနေ ပုံမှန်အခြေအနေဆီ ပြန်လည်ခေါ်ဆောင်နိုင်ပါလိမ့်မယ်။မိမိကိုယ်တိုင်သာမက ပတ်ဝန်းကျင်နဲ့ မိသားစုဝင်တွေရဲ့ကူညီဖေးမမှုနဲ့ နှစ်သိမ့်မှုတွေလည်း လိုအပ်ပါတယ်။ အရေးအကြီးဆုံး တစ်ချက်ကျန်ပါသေးတယ်။ ကိုယ်တိုင်လည်း ကျန်းမာပြီး ပုံမှန် အခြေအနေတစ်ခုမှာ ရှိနေအောင် ဂရုစိုက်နေဖို့ပါပဲ။ရင်သွေးအတွက် ကိုယ်ကအရေးအကြီးဆုံးဆိုတာ မမေ့ပါနဲ့။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/how-to-help-your-child-mourn-loss-of-loved-one/
ဘဲခြေထောက်လို စိတ်ဝေဒနာကို ဘယ်လို ရင်ဆိုင်ကြမလဲ
လူ့ဘဝမှာ တစ်ခါတစ်လေတော့ ကြုံဖူးကြမယ်ထင်ပါတယ်။ အပြင်ပန်းအရ ကိုယ်က အရာရာ အဆင်ပြေနေပေမယ့် ရင်ထဲမှာ လူမသိ သူမသိသောကတွေ၊ ဗျာပါဒတွေ၊ အပူမီးတွေ ပြည့်နှက်နေပြီး ဘယ်သူ့ကိုမှ ရင်ဖွင့်စရာမရှိပဲ တစ်ယောက်တည်း ကြိတ်မှိတ် တင်းခံနေရတဲ့ စိတ်ခံစားချက်မျိုး။လူတွေ အထင်ကြီးလေးစားလောက်ဖွယ်ဘဝမျိုးမှာ ရပ်တည်ရှင်သန်နေရတာကြောင့် ကိုယ့်ရဲ့ စိတ်ပူပင်သောက အစစ်အမှန်ကို လူတွေက မသိကြတော့ပဲ ကိုယ်တစ်ယောက်တည်း ကြိတ်မှိတ် ခံစားနေရတာမျိုး။သက်ရှိလူသားတွေရဲ့ သဘောသဘာဝကိုကSocial Media တွေ၊ လူမြင်ကွင်းတွေနဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတွေမှာ ကိုယ့်တစ်ဦးချင်းစီရဲ့ ပျော်ရွှင်နေတဲ့၊ အဆင်ပြေနေတဲ့ အပြင်ပန်းအသွင်သဏ္ဍာန် တစ်မျိုးကိုသာ ပြသချင်တတ်ကြပြီး အဆင်မပြေလာတာတွေကို ဖုံးကွယ်ကာ အထင်ကြီးမှု၊လေးစားမှုတွေကိုပဲ တောင့်တတတ်ကြတာမဟုတ်လား။ဒီလိုဆန္ဒ၊ ဒီလိုစိတ်ဖိစီးမှုတွေနဲ့ ကာလရှည်ကြာ ခံစားလာရပြီးတဲ့နောက်မှာ လက်ရှိအသိုက်အမြုံကို နေပျော်ဖွယ် နေရာတစ်ခုအဖြစ် မခံစားရတော့တာ၊ ဘဝကို လက်လျှော့အရှုံးပေးဖို့ တွေးတောမိလာတာတွေ ကြုံဆုံနေရတတ်ပါတယ်။ ဒီလိုတွေ တွေးထင်မိလာနေပြီဆိုရင် ကိုယ့်မှာ Duck Syndrome ဆိုတဲ့စိတ်ဝေဒနာတစ်မျိုး စွဲကပ်နေပြီဆိုတဲ့ သဘောဖြစ်ပါတယ်။“Duck Syndrome” ဆိုတဲ့ အမည်ကို နာမည်ကျော် စတန်းဖို့ဒ် တက္ကသိုလ် (Stanford University) က ပညာရှင်တွေက မှည့်ခေါ်ခဲ့ကြတာပါ။ ဒီဝေဒနာရဲ့ သဘောသဘာဝက ဘဲတွေ ရေထဲမှာ ရှင်သန်နေထိုင်ပုံနဲ့ ဆင်တူနေတာကြောင့် Duck Syndrome လို့ ခေါ်တာလို့ ဆိုပါတယ်။ဘဲ သတ္တဝါတွေ ရေပြင်ထက်မှာ တည်ငြိမ်စွာရွေ့လျားသွားလာနေတယ်လို့ ထင်မြင်ယူဆစရာရှိပေမယ့် တကယ်တမ်း ရေအောက်မှာရှိနေတဲ့ သူတို့ရဲ့ ခြေချောင်းတွေနဲ့ ရေယက်တွေဟာ အင်အားအကုန်သုံးပြီး အပြင်းအထန် ရုန်းကန်ကူးခတ်နေရတာဖြစ်ပါတယ်။Duck Syndrome ဟာလည်း ဒီသဘောသဘာဝမျိုးပဲဖြစ်ပါတယ်။ပြင်ပလူနေမှုဘဝမှာတည်ငြိမ်နေသယောင် ထင်မှတ်မှားစရာရှိနေပေမယ့် တကယ်တမ်း ရင်ထဲမှာတော့ ပူပင်မှုနဲ့ သောကပေါင်းမြောက်များစွာ စုပြုံပြွတ်သိပ်နေပြီး အတွင်းစိတ်က အဲ့ဒီဒါဏ်တွေကို ကြိတ်မှိတ်ခံစားနေရတဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။အောင်မြင်နေတဲ့သူတွေ၊ ချမ်းသာနေတဲ့သူတွေ၊ အဆင်ပြေတဲ့သူတွေကနေစလို့ သာမန်လူတွေနဲ့ ဘဝမှာ ရုန်းကန်နေရသူတွေအထိ သူတို့ဘဝတွေကို အေးအေးဆေးဆေး၊ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေကြတယ်လို့ ထင်မြင်တာမျိုးပဲ အလိုရှိတတ်ကြပါတယ်။အတ္တကြီးတဲ့ မိဘတွေ သားသမီးတွေ အောင်မြင်နေတာကို မြင်ချင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖိအားပေးလွန်းတဲ့ အခါ သားသမီးဖြစ်သူတွေဟာ မလိမ်သင့်ပဲ လိမ်တတ်၊ မညာသင့်ပဲညာတတ်ပြီး စိတ်ဖိစီးလာတာမျိုးကလည်း ဒီပြဿနာမျိုးပေါ့။တကယ်တော့ သက်ရှိရယ်လို့ ဖြစ်လာပြီဆိုကတည်းက လူတိုင်းဟာ သူ့အတိုင်းအတာနဲ့သူ ရုန်းကန်လှုပ်ရှားကြရတာချည်းပါပဲ။ ဒါပေမယ့်လည်း ပတ်ဝန်းကျင်ကိုယ်တိုင်က သူတို့ရဲ့ အဆင်ပြေနေတဲ့ တစ်မျက်နှာကိုပဲမြင်နေရပြီး ရုန်းကန်လှုပ်ရှားနေရတဲ့ တစ်မျက်နှာကို မမြင်ကြတာ (ဒါမှမဟုတ်) ကာယကံရှင်တွေကိုယ်တိုင်ကိုက မမြင်အောင် ဖုံးကွယ်ထားတာတွေ ရှိလာပါတယ်။လူတော်တော်များများက သူတို့ရဲ့ အဆင်မပြေမှုတွေ၊ ရုန်းကန်လှုပ်ရှားနေရတာတွေကို ချုပ်တည်းထားကြပြီး ကာလအတန်ကြာ ဖိသိပ်ထိမ်းချုပ်ထားကြလေ့ရှိပါတယ်။ ကြာလာလေလေ စိတ်ထိခိုက်နာကျင်စရာတွေ၊ စိတ်ပင်ပန်းမှုတွေက ထုထည်ကြီးလာလေလေဖြစ်ပြီး စိတ်ဒဏ်ရာဖြစ်လာပါတယ်။လူ့သဘာဝအရကို ရှင်သန်ရပ်တည်ခြင်းမှာ အနိမ့်အမြင့်၊ အတက်အကျဆိုတာရှိစမြဲပါ။ အောင်မြင်မယ်၊ ကျရှုံးမယ်။ ဒါတွေက သဘာဝတရားပါပဲ။ အတင်းဖန်တီးယူလို့မရသလို ချုပ်တည်းထားလို့လည်းမရပါဘူး။ ဒါပေမယ့် ဒီလောကနိယာမကို ထိန်းချုပ်ဖို့ သွေဖယ်ဖို့ ကြိုးစားမိလာရင်း ကြာလာတဲ့အခါ စိတ်ဝေဒနာဖြစ်လာပါတော့တယ်။လူတိုင်းမှာ စိတ်ဖိစီးမှု အမျိုးမျိုးရှိတတ်ပါတယ်။ များသောအားဖြင့် တစ်ဦးနဲ့ တစ်ဦးမတူညီတတ်ပါဘူး။ တချို့လူတွေက အလွယ်တကူထိန်းချုပ်လို့ရနိုင်ပြီးတော့ တချို့တွေအတွက်တော့ ခက်ခဲတတ်ပါတယ်။Duck Syndrome ကြောင့်စိတ်ဖိစီးမှုတွေများလာပြီဆိုရင် ခေါင်းကိုက်တာတွေ၊ အိပ်မပျော်တာတွေ၊ စိတ်ရှုပ်ထွေးတာတွေ၊ အာရုံစူးစိုက်လို့မရတာတွေ၊ မကြာခန စိတ်တိုတာတွေ ဖြစ်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် တစ်ချို့သော သုတေသနပြုချက်တွေအရဆိုရင် အလွန်အကျွံစားသုံးတာ၊ ဒါမှမဟုတ် လုံးဝမစားတာမျိုးတွေဖြစ်တတ်တယ်လို့ ဆိုထားပါတယ်။ကိုယ်ဖိနှိမ်ပြွတ်သိပ်ထားတဲ့ စိတ်ဖိစီးမှု ပမာဏက အလွန်အမင်း အန္တရာယ်ရှိလောက်အောင် ထုထည်ကြီးမားနေမယ်ဆိုရင် တက်ကြွမှုပျောက်ဆုံးသွားမှာဖြစ်ပြီးတော့ စိတ်ရောလူပါ ပင်ပန်းချိုးညှုံးလာတာမျိုးတွေပါ ခံစားလာရမှာပါ။ဒီလိုတွေ ခံစားလာရပြီးနောက်ပိုင်းတွေမှာတော့ ကိုယ့်ကိုယ်ကို ထိခိုက်နာကျင်စေအောင် ပြုလုပ်တာတွေ၊ ဘဝကိုလက်လျှော့ အဆုံးစီရင်ဖို့ ကြိုးပမ်းတာတွေ ပြုလုပ်လာနိုင်တာမို့ Duck Syndrome ဟာ အန္တရာယ်များတဲ့ စိတ်ဝေဒနာတစ်မျိုးအဖြစ် မှတ်ယူခံထားရပါတယ်။ဒီရောဂါကို သက်သာစေဖို့အတွက်ဆိုရင် မဖြစ်ခင်က ကြိုတင်တားဆီးတာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေ၊ ပူပင်သောကတွေ၊ စိတ်ဓာတ်ကျနေတာတွေကို ထိန်းချုပ်ဖိနှိပ်မထားပဲ သက်သာလျော့ပါးအောင် ပြုမူပြီး ရှင်သန်နေထိုင်ရဖို့ လိုအပ်ပါတယ်။ဘဝမှာ စစ်မှန်စွာ နေတိုင်တာ၊ ရိုးသားစွာ နေထိုင်တာ၊ ပျော်ရွှင်စွာ နေထိုင်တာ၊ ရိုးရှင်းစွာ နေထိုင်တာ၊ မိမိကိုယ်ကို ယုံကြည်မှုရှိစွာနေထိုင်တာက ဒီဝေဒနာဆိုးကို ကျော်ဖြတ်နိုင်မယ့် နည်းလမ်းကောင်းဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဖြစ်တည်မှု အစစ်အမှန်ကို မကြောက်ရွံ့ပါနဲ့၊ မရှက်ရွံ့ပါနဲ့။ လူတိုင်းဟာ ကိုယ့်လိုပဲ ရုန်းကန်နေရသူတွေဖြစ်တယ်ဆိုတာကို နားလည်ထားပါ။ ဒါဆိုရင် Duck Syndrome ဆိုတဲ့ စိတ်ဝေဒနာဆိုးကြီး ကိုယ့်ဆီ ရောက်မလာအောင် တားဆီးနိုင်ပါပြီ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/the-duck-syndrome/
ပထမအကြိမ် အပျော်ခရီး စခန်းချသူများအတွက် မရှိမဖြစ် လိုအပ်သော အရာ ၁၀ ခု
ပထမဆုံးအကြိမ် အပျော်ခရီးစခန်းချခြင်းသည် အမှန် တကယ် ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းပါသည်။ သို့သော် လည်း ပထမဆုံး အတွေ့အကြုံ ဖြစ်သည့်အတွက် အရေးပါ သောအရာများ ယူရန် မေ့နိုင်သည်။ အောက်ပါ ဆောင်းပါး တွင် ပထမအကြိမ် အပျော်ခရီး စခန်းချခြင်းအတွက် ယူရမည် ဖြစ်သော အကောင်းဆုံး အရာ ၁၀မျိုးကို ဖော်ပြထားပါသည်။မြေပုံနှင့် သံလိုက်အိမ်မြှောင်သည် စခန်းချ အပျော်ခရီး အတွက် ယူရမည်ဖြစ်သော အရေးအကြီးဆုံး အရာများဖြစ် သည်။ သင်၏ တစ်ကိုယ်ရည်သုံး စမတ် ပစ္စည်းများကို အလွန် အားမကိုးပါနှင့်။ တစ်ခါတစ်ရံ သင်သွားမည့်နေရာသည် လျှပ်စစ်မရနိုင်ပါ။ အင်တာနက်နှင့် ဖုန်းလိုင်းလဲ မမိနိုင်ပါ။စခန်းချ အပျော်ခရီးတွင် သင်သည် အပြင်မှာနေရမည်။ ထို့ကြောင့် နေကာမျက်မှန် ယူကိုယူရမည်။ ပြင်းသော နေရောင်သာမက နှင်းများမှ ကာကွယ်ပေးနိုင်သော မျက်မှန် ကို ဝယ်ယူပါ။ နှင်း၏ အဖြူရောင်သည် နေရောင်ကို ရောင်ပြန်ဟပ်ပြီး သင့်မျက်လုံးများကို ထိခိုက်စေနိုင်သည်။ နေလောင်ခံ ခရင်သည် မရှိမဖြစ်ယူရမည့်အရာ ဖြစ်သည်။ရာသီဥတုကို အမြဲမခန့်မှန်းနိုင်ပါ။ ထို့ကြောင့် အရေးကြုံ လျှင်သုံးရန် အဝတ်အစား အပိုယူလာပါ။ရှေ့မီးခွက်၊ သယ်ယူ၍ရသော မီးအိမ်များနှင့် လျှပ်တစ်ပြက်မီးများသည် စခန်းချအပျော်ခရီတွင် ဘေးကင်း ရန် မရှိမဖြစ်လိုအပ်ပါသည်။ရှေးဦးသူနာပြု ပစ္စည်းများ၏ အရေးပါပုံကို လူတိုင်းသိပါ သည်။ ထို့ကြောင့် ၎င်းတို့ကို အိမ်တွင် မထားခဲ့ပါနှင့်။မီးခြစ်များ၊ မီးလောင်စေသော အရာများ အားလုံးသည် အရေးကြီးပါသည်။ တတ်နိုင်ပါက သင့် ခရီးတွင် အခက်အခဲ များ မဖြစ်အောင် ရေစိုခံသော ပစ္စည်းများကို ရွေးချယ်ပါ။ဓါးများ၊ ဘက်စုံသုံး ပစ္စည်းများ၊ ရေစိုခံတိပ် ( ဘက်စုံသုံး ပြင်ဆင်သည့်အရာ ဟုလည်း ခေါ်သည်) သည် ပစ္စည်းများ ပြင်ရာတွင်၊ အစားအစာများ ပြင်ဆင်ရာတွင် အလွန် အသုံး ဝင်သည်။ ရှေးဦးသူနာပြု ပစ္စည်းများသည်လည်း အရေးပေါ် အခြေအနေကို အချိန်မီ ထိန်းချုပ်နိုင်သည်။အပို အစားအစာများ အမြဲထည့်လာပါ။ သင်သွားသော နေရာ အနီးအနားတွင် အစားအစာ ရချင်မှရမည်။ အစာများ ကို ရေစိုခံ ဘူးများဖြင့် ထည့်ယူခြင်းသည် အကောင်းဆုံး ဖြစ်သည်။ စွမ်းအင်များစွာ ရသော အစားအစာများ ဥပမာ- ချောကလက်၊ ခွန်အားဖြင့် အချိုရည်များ၊ သစ်သီး အခြောက် များ၊ အခွံမာသီးများ ကို ရွေးချယ်ထည့်ယူပါ။သင်သွားသည့်နေရာတိုင်း အနည်းဆုံး ရေ တစ်ဘူး ယူသွားပါ။ ရေစစ် သို့မဟုတ် ဓါတုကုသမှု ရှိပါက ပိုကောင်းသည်။အမိုးအကာများသည် အရေးပါသည်။ စခန်းချသူ အများစု သည် ခရီးအတွက် ရွက်ဖျင်တဲများကိုသာ ယူကြသည်။ မည်သို့ ပင်ဖြစ်စေ အရေးပေါ် အမိုးအကာသည် သင်၏ စာရင်းတွင် ပါဝင်သင့်သည်။ ရာသီဥတု ဘယ်လိုပြောင်းမည်ကို သင် မခန့်မှန်းနိုင်သောကြောင့် ဖြစ်သည်။ ထို့အပြင် သင်လမ်း ပျောက်သွားပါက အိပ်စရာ၊ အနားယူစရာ တစ်ခုခု မရှိလျှင် ကြောက်မက်ဖွယ် ဖြစ်သည်။ သင်သည် သဘာဝနှင့် ထိတွေ့ရပြီး အကိုက်ခံရနိုင်၊ အစားခံရနိုင် သို့မဟုတ် အတုတ်ခံရနိုင်သည်။ခရီးစဉ်တွင် အပြည့်ပျော်နိုင်ရန် အထက်ပါ မရှိမဖြစ် အရာ ၁၀ ခုကို သတိရပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%95%e1%80%91%e1%80%99%e1%80%a1%e1%80%80%e1%80%bc%e1%80%ad%e1%80%99%e1%80%ba-%e1%80%a1%e1%80%95%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%81%e1%80%9b%e1%80%ae%e1%80%b8-%e1%80%85%e1%80%81%e1%80%94/
Mindful eating ဖြစ်အောင် ဘယ်လိုစားကြမလဲ။
ပြီးခဲ့တဲ့ ဆောင်းပါးမှာMindful eatingက ကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုလဲဆိုတာ ပြောပြပြီးပါပြီ။ဒီမှာပြန်ဖတ်နိုင်ပါတယ်။ခုဆက်ပြောမှာကတော့ Mindful eating ဖြစ်အောင် ဘယ်လိုစားကြမလဲဆိုတာကိုပါ။ ဒီလို စားနိုင်ဖို့အတွက် အောက်ကနည်းလမ်းတွေကို လိုက်နာကြည့်ကြပါ။စစချင်းမှာတော့ အနပ်တိုင်း အနပ်တိုင်း၊ snackတိုင်း snackတိုင်းကို သတိလေးထားပြီး စားနိုင်ဖို့ မဖြစ်သေးပါဘူး။ ဒါကြောင့် အရင်ဆုံး တစ်နပ်က စပါ။အေအေးဆေးဆေးစားနိုင်မယ့် တစ်နပ်ပေါ့။မနက်စာလည်း ဖြစ်ချင်ဖြစ်မယ်၊ ညစာလည်း ဖြစ်ချင် ဖြစ်နိုင်ပါတယ်။အရင်ဆုံး တိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင်မှာ စားနိုင်ရင် ပိုကောင်းပါတယ်။ တစ်ယောက်တည်း စစားကြည့်ပါ။ ကျင့်သားရသွားရင်တော့ အများနဲ့ စားလည်း အဆင်ပြေပါတယ်။စာဖတ်ရင်း၊ ဖုန်းသုံးရင်း၊ တီဗွီကြည့်ရင်း မစားပါနဲ့။ အာရုံများတတ်လို့ပါ။ နောက်ပြီး ထမင်းကို နည်းနည်းပဲ ထည့်ပါ။ လိုရင် ထပ်ထည့်လို့ရပါတယ်။ Mindful eatingက ခဏလေးနဲ့ဗိုက်ပြည့်တတ်လို့ အရင်ကလောက် စားနိုင်မှာ မဟုတ်ပါဘူး။ဒီနေ့ ဘာစားတာလဲ။ ထမင်းလား၊ ခေါက်ဆွဲလား၊ ဘာဟင်းနဲ့လဲ။ ဘာတွေပါလဲ။ အရောင်တွေ၊ ပုံစံတွေကို သေချာ ကြည့်ပါ။ ပမာဏကရော များနေလား၊ နည်းနေလား။ထမင်းလုပ် အနေတော်လောက်ပဲ ပါးစပ်ထဲထည့်ပါ။ ပြီးရင်ကျေညက်အောင် ဝါးပါ။ ထမင်းတစ်လုပ်ကို အနည်းဆုံး အခါ ၂၀လောက် ဝါးပါ။ ဝါးရင်းနဲ့လည်းအရသာကို ခံစားသွားပါ။ဒီနေ့ ဟင်းတွေက ငန်နေလား၊ ချိုနေလား၊ ပေါ့နေလား စသဖြင့်ပေါ့။ ဒါမှ ဆီးချိုသမားတွေ ဆိုရင်လည်း ငါတော့ ချိုတာတွေ စားနေမိပြီ။ သွေးတိုးရှိတဲ့ သူတွေလည်း နောက်နေ့တော့ အငန်လျှော့ချက်ရမယ် စသဖြင့် သတိထားမိမှာပါ။ထမင်းစားရင်း စကားပြောတာက နည်းနည်းတော့ အန္တရာယ်များပါတယ်။ မတော်တဆသီးတာ၊ အရိုးစူးတာတွေ ဖြစ်တတ်ပါတယ်။ ပြောချင်ဇောနဲ့ အစားကို မဝါးဘဲ မျိုချတာကြောင့်နင်တာ၊အစာမကြေတာ ဖြစ်တတ်ပါတယ်။နောက်ပြီး ထမင်းဝိုင်းမှာ အခန့်မသင့်လို့ စကားများရင် စားလက်စကို ကုန်အောင် မစားဘဲ ထထွက်သွားတာကြောင့် ဗိုက်မပြည့်သလို အစားအသောက်လည်း အလဟဿဖြစ်ပါတယ်။ စကားကောင်းနေရင်လည်း ပြောလိုက် စားလိုက် လုပ်နေတာကြောင့် စားသင့်တာထက် ပိုစားမိသွားပါတယ်။ဒါကြောင့် တတ်နိုင်ရင် အစာစားနေရင်း စကားမပြောပါနဲ့။ မတတ်သာလို့ ပြောချင်ရင် ပါးစပ်ထဲက အစာကုန်မှ ပြောပါ။စားနေရင်းနဲ့ မကြာခဏ အစာအိမ်ကို ပြန်ခံစားကြည့်ပါ။ ဗိုက်ပြည့်တဲ့ ခံစားချက်ရတာနဲ့ ရပ်လိုက်ပါ။ ဆက်မစားပါနဲ့တော့။ ဆက်စားရင် ဗိုက်တင်းပြီး ရင်ခေါင်းတောင့်တာ၊ အစာမကြေတာတွေ ဖြစ်လာတော့မှာပါ။များသောအားဖြင့် အစာစစားပြီး မိနစ် ၂၀လောက်နေရင် ဦးနှောက်က ဗိုက်ပြည့်ပြီဆိုပြီး အချက်ပြပါတယ်။Mindful eatingနဲ့ စားတယ်ဆိုပေမယ့် အဆီအစိမ့်တွေပဲ ကျန်းမာရေးနဲ့ မညီညွတ်တာတွေ စားနေမယ်ဆိုရင် ဒုံရင်း ဒုံရင်းပါပဲ။ စားတဲ့ ပမာဏ နည်းသွားပေမယ့်ပေါ့။ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို Mindful eatingနည်းလမ်းနဲ့ စားနိုင်ရင် အကောင်းဆုံးပါပဲ။Mindful eating ရဲ့ ထူးခြားချက်က စိတ်ကိုပါ ငြိမ်းချမ်းစေတာပါပဲ။ စားတဲ့အခါမှာ ဒီလို စားနိုင်အောင် ပြင်ဆင်ပေးတဲ့၊ ရောင်းဝယ်ဖောက်ကားပေးတဲ့၊ စိုက်ပျိုးထုတ်လုပ်ပေးတဲ့ သူတွေကို ကျေးဇူးတင်စိတ်လေးနဲ့ စားမယ်။ကိုယ်ဒီလို အေးအေးချမ်းချမ်း ဝဝလင်လင် စားနိုင်တဲ့အတွက် ပီတိဖြစ်ပြီး စားမယ်ဆိုရင် ဦးနှောက်ထဲမှာပျော်ရွှင်ခြင်း ဟော်မုန်းတွေ ထွက်ပြီးစိတ်ဖိစီးမှုတွေလည်း သက်သာလာမှာပါ။Mindful eating ကို စဖို့ ဘာမှမလိုပါဘူး။ စစားကြည့်မယ်ဆိုတဲ့ စိတ်လေးပဲ လိုတာပါ။ ဒါကြောင့် စပြီး စမ်းသပ်စားကြည့်ပါ။ တစ်ခုခုတော့ ထူးခြားလာမှာပါ။ Mindful eatingနဲ့ စားပြီး သက်သောင့်သက်သာဖြစ်တာမျိုးကို ခံစားကြည့်ပါလို့ အကြံပြုချင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/mindful-eating-%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%a1%e1%80%b1%e1%80%ac%e1%80%84%e1%80%ba-%e1%80%98%e1%80%9a%e1%80%ba%e1%80%9c%e1%80%ad%e1%80%af%e1%80%85%e1%80%ac%e1%80%b8%e1%80%80%e1%80%bc/
မှတ်ဉာဏ်ချို့ယွင်း တာလား၊ အယ်ဇိုင်းမားလား။
အယ်ဇိုင်းမားက မှတ်ဉာဏ်ချို့ယွင်းတတ်ပေမယ့် မှတ်ဉာဏ်ချို့ယွင်း တိုင်း အယ်ဇိုင်းမားတော့ မဟုတ်ပါဘူး။ နားရှုပ်သွားလားမသိ။ မှတ်ဉာဏ်ချို့ယွင်းတယ်ဆိုတာ လက္ခဏာတစ်ခုပါ။ အယ်ဇိုင်းမားဆိုတာကတော့ ရောဂါပေါ့။ဒါပေမယ့် မှတ်ဉာဏ်ချို့ယွင်းတဲ့လူတွေရဲ့ ၆၀-၈၀ ရာခိုင်နှုန်းက အယ်ဇိုင်းမားကြောင့် ဖြစ်တာဆိုတော့ မှတ်ဉာဏ်ချို့ယွင်းတိုင်း အယ်ဇိုင်းမားလို့ တန်းပြီးသတ်မှတ်တတ်ကြပါတယ်။ ဒါပေမယ့် တချို့သော မှတ်ဉာဏ်ချို့ယွင်းတဲ့ အကြောင်းရင်းတွေက ကုသလို့ရပါတယ်။ အယ်ဇိုင်းမားလို့ ယူဆပြီး လူနာကို အိမ်မှာပဲ ထားလိုက်မယ်ဆိုရင်တော့ ကုလို့ရရဲ့သားနဲ့ မကုလိုက်ရတာမျိုး ဖြစ်တတ်တာကြောင့် ဒီနှစ်မျိုး ဘာကွာလည်းဆိုတာ သိဖို့ လိုပါတယ်။မှတ်ဉာဏ်ချို့ယွင်းတယ်ဆိုတာ လက္ခဏာသက်သက်ပါ။ မှတ်ဉာဏ်ချို့ယွင်းစေတဲ့ အကြောင်းရင်းတွေက တစ်ခုမကရှိပါတယ်။ ဒီထဲမှာ အယ်ဇိုင်းမားလည်းပါပြီး သူက အဖြစ်အများဆုံးပါပဲ။ လူတစ်ယောက်ထဲမှာ မှတ်ဉာဏ်ချို့ယွင်းတဲ့ပြဿနာ တစ်ခုမက ရှိနိုင်ပါတယ်။ ဒါကိုတော့ mixed dementiaလို့ ခေါ်ပါတယ်။မှတ်ဉာဏ်ချို့ယွင်းတာကိုအသက်ကြီးလာတာကြောင့် ဖြစ်တာလို့ ပုံသေသတ်မှတ်လို့ မရပါဘူး။ ဦးနှောက်ဆဲလ်တွေ ပျက်စီးပြီး တွေးခေါ်တာတွေ၊ မှတ်သားတာတွေကို ထိခိုက်နိုင်တဲ့ ဘယ်ရောဂါမှာမဆို မှတ်ဉာဏ်ချို့ယွင်းနိုင်ပါတယ်။ရောဂါနုစဉ်ဆိုရင်တော့ လက္ခဏာတွေက သိသာပါတယ်။သတိမေ့ရာကနေ စတာပါ။ နေ့လား ညလား မကွဲတာမျိုး၊ သွားနေကြနေရာတွေကို မမှတ်မိတာမျိုး ဖြစ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီထက်ပိုရင့်လာရင်တော့ မြင်နေကြ၊ တွေ့နေကြ လူတွေ၊ နာမည်တွေကို မမှတ်မိတာမျိုး ဖြစ်တတ်ပါတယ်။နောက်ပိုင်းကျရင် ကိုယ့်ဟာကိုယ် တစ်ကိုယ်ရည်သန့်ရှင်းရေး လုပ်ဖို့တောင် ခက်ခဲလာပါတယ်။ သိသာလာတာကတော့ ခုလေးတင်ပြောတာကိုတောင် မမှတ်နိုင်ဘဲ ထပ်ခါ ထပ်ခါ ပြန်မေးတာ၊ တစ်ခုခုဆို ဆုံးဖြတ်ရခက်လာတာ၊ တစ်ကိုယ်ရည်ကိစ္စတွေ မလုပ်နိုင်တော့တာအထိ ဖြစ်လာပါတယ်။နောက်ဆုံး သူတို့ ကိုယ့်ဟာကိုယ်ဂရုမစိုက်နိုင်တော့လို့ သူများပေါ် လုံးလုံးမှီခိုရတဲ့အထိ ဖြစ်သွားပြီး အတူနေမိသားစုအပေါ် ဝန်ပိလာနိုင်ပါတယ်။ အတူနေမိသားစုကိုတောင် မမှတ်မိတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်ပဲ မှတ်ဉာဏ်ချို့ယွင်းတာအပြင် စိတ်ဓာတ်ကျတာ၊ စိတ်ဆတ်တာစတဲ့ နောက်ဆက်တွဲ စိတ်ရောဂါတွေပါ ဖြစ်လာပါတယ်။အသက်ကြီးလာလေလေ မှတ်ဉာဏ်ချို့ယွင်းနိုင်ခြေ များလေလေပါပဲ။ သဘာဝအရကို ဦးနှောက်က အိုမင်းလာပြီး ဦးနှောက်ဆဲလ်တွေ ပျက်စီးလာတဲ့အတွက်ကြောင့်ပါ။ ဒီလို အသက်ကြီးလာလို့ မှတ်ဉာဏ်ချို့ယွင်းတာတဲ့ အကြောင်းရင်းထဲမှာဆိုရင်။အသက်ကြောင့် မဆိုင်ဘဲ တခြားကြောင့် ဦးနှောက်ဆဲလ်တွေ ပျက်စီးစေတဲ့ အကြောင်းတွေကတော့။ဒါကြောင့် မှတ်ဉာဏ်ချို့ယွင်းတိုင်း အယ်ဇိုင်းမား မဟုတ်ဘူးဆိုတာ သိလောက်ပါပြီ။အယ်ဇိုင်းမားဆိုတာက ကြာလာလေလေ ပိုဆိုးလာလေဖြစ်ပြီး မှတ်ဉာဏ်တွေ၊ ကျိုးကြောင်းဆင်ခြင်ဉာဏ်တွေ ယုတ်လျှော့လာတာမျိုးပါ။ ဘာကြောင့် ဖြစ်တာလဲဆိုတာ မသိသလို အပြီးပျောက်အောင် ကုသလို့လည်း မရသေးပါဘူး။လူငယ်တွေမှာလည်း ဖြစ်နိုင်ပေမယ့် များသောအားဖြင့်တော့ အသက် ၆၀ကျော်မှပဲ လက္ခဏာတွေ ပေါ်လာပါတယ်။ အသက် ၈၀ကျော်မှာ ဖြစ်လာရင်တော့ မှတ်ဉာဏ်ချို့ယွင်းတာအပြင် လူနေမှုဘဝထိခိုက်တာ၊ စိတ်ပိုင်းဆိုင်ရာတွေ ထိခိုက်တာကြောင့် သက်ဆိုးမရှည် လှပါဘူး။ ငယ်ငယ်လေးနဲ့ ဖြစ်တာဆိုရင်တော့ ပိုပြီး အချိန်ကြာကြာခံစားရပါတယ်။တကယ်တော့ အယ်ဇိုင်းမားက အထဲမှာ ဦးနှောက်ပျက်စီးနေပေမယ့် အပြင်မှာ လက္ခဏာပြတာက နောက်ကျပါတယ်။ အယ်ဇိုင်းမားရောဂါရှိတဲ့သူရဲ့ ဦးနှောက်ကို လေ့လာကြည့်မယ်ဆိုရင် ပုံမှန်မဟုတ်တဲ့ ပရိုတင်းတွေကို တွေ့ရပါတယ်။ ဒီပရိုတင်းတွေကြောင့် ဦးနှောက်ဆဲလ်တွေကြားမှာ ဆက်သွယ်မှု ပျက်ပြီး ဆဲလ်တွေသေဆုံးသွားပါတယ်။ ဒီထက်ပိုဆိုးရင် ဦးနှောက်ပါ ကျုံ့သွားနိုင်ပါတယ်။ဦးနှောက်ကို ခွဲစိတ်ပြီး အထဲက ပရိုတင်းတွေကို လေ့လာရတဲ့အတွက် လူအရှင်မှာ အယ်ဇိုင်းမားကို အတိအကျစစ်ဆေးဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် တခြားနည်းလမ်းတွေကိုသုံးပြီး ၉၀ရာခိုင်နှုန်းလောက်သေချာအောင် စစ်ဆေးလို့ ရနေပါပြီ။နှစ်ခုလုံးမှာ တူတာတွေရော၊ ကွဲတာတွေရောရှိပါတယ်။တူတာတွေကတော့။ကွာခြားတာတွေကတော့ အယ်ဇိုင်းမားမှာဆိုရင်။တချို့သော မှတ်ဉာဏ်ချို့ယွင်းတဲ့ အကြောင်းတွေက အယ်ဇိုင်းမားနဲ့ သွားတူနေတာကို တွေ့ရပါတယ်။ ဥပမာ Lewy body dementia လို့ ခေါ်တဲ့ မှတ်ဉာဏ်ချို့ယွင်းတဲ့ ရောဂါတစ်မျိုးမှာဆိုရင် အယ်ဇိုင်းမားရောဂါရင့်ချိန်မှာ တွေ့ရတဲ့ လက္ခဏာတော်တော်များများရှိပါတယ်။ ဒါပေမယ့် ရောဂါစဖြစ်ဖြစ်ချင်းဆိုရင်တော့ထင်ယောင်မြင်မှားတွေ ဖြစ်တာ၊ ကိုယ်နေဟန်ချက် မထိန်းနိုင်တာ၊ အိပ်မပျော်တာ စတာတွေ ဖြစ်တတ်ပါတယ်။ပါကင်ဆန်တို့ Huntington’s ရောဂါတို့ ဆိုရင်တော့ ရောဂါအစပိုင်းမှာတင် အကြောဆွဲသလိုလက္ခဏာတွေ ခံစားရတတ်ပါတယ်။ကုသနည်းတွေကတော့ ဖြစ်တဲ့အကြောင်းရင်းပေါ် မူတည်ပြီး အနည်းငယ်ကွဲပြားမှု ရှိပါတယ်။ ဒါပေမယ့် တချို့သော ဆေးတွေက မှတ်ဉာဏ်ချို့ယွင်းတာအတွက်ရော၊ အယ်ဇိုင်းမားအတွက်ပါ သုံးနိုင်တာကို တွေ့ရပါတယ်။အယ်ဇိုင်းမားက အမြစ်ပြတ်အောင် ကုသလို့ မရပါဘူး။ ခံစားရတဲ့ လက္ခဏာတွေ သက်သာပြီး သက်သောင့်သက်သာနေနိုင်အောင် ဆေးတွေနဲ့ ထိန်းထားရလေ့ရှိပါတယ်။ ဥပမာပြောရရင် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေအတွက် ဆေးတွေပေးတာ၊အိပ်မပျော်တဲ့ပြဿနာကို ရှင်းပေးတာ၊ မှတ်ဉာဏ်ချို့ယွင်းတာ သက်သာအောင် လုပ်ပေးတာ၊ စိတ်ဓာတ်ကျတာအတွက် စိတ်ကျရောဂါကုဆေးတွေပေးတာမျိုးပါ။မှတ်ဉာဏ်ချို့ယွင်းတာကတော့ အမြဲတမ်းကုလို့မရတာမျိုး မဟုတ်ပါဘူး။ ဆေးဝါးတွေကြောင့်၊ဦးနှောက်အကျိတ်တွေကြောင့်၊ ရောဂါပိုးတွေကြောင့်ဆိုရင်တော့ ဒီအကြောင်းခံတွေကို ကုသလိုက်ရင် သက်သာသွားနိုင်ပါတယ်။ ဒါကြောင့် ဖြစ်တဲ့အကြောင်းရင်းပေါ် မူတည်တယ်လို့ ပြောကြတာပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/dementia-and-alzheimers-disease/dementia-vs-alzheimer/
လေ့ကျင့်ခန်း မလုပ်ခင်ဘာတွေစားပေးသင့်လဲ။ ဘယ်အချိန်မှာ စားရမလဲ။ ။
Gymသွားကြတဲ့သူတိုင်း သိချင်နေတဲ့ မေးခွန်းလေးပါ။လေ့ကျင့်ခန်းမလုပ်ခင် ဘာတွေစားပေးရင် ကိုယ်လုပ်တဲ့လေ့ကျင့်ခန်းကို ပိုပြီး အကျိုးသက်ရောက်စေမလဲနဲ့ ဘယ်အချိန်တွေမှာ စားပေးဖို့ လိုတယ်ဆိုတဲ့ အကြောင်းလေးတွေပေါ့။Gymသွားတယ်ဆိုတည်းကိုက အပြောင်းအလဲဖြစ်ချင်လို့ပဲလေ။ ဝနေတဲ့သူပိန်သွားဖို့ ပိန်နေတဲ့သူ ဝိတ်တက်လာဖို့ ရည်ရွယ်ချက်တွေနဲ့သွားကြတာမလား။ကိုယ်ခန္ဓါတစ်ခု လှပဖွံ့ဖြိုးဖို့ကလည်း လေ့ကျင့်ခန်း တစ်ခုတည်းနဲ့မရဘူးလေ။ ကိုယ်ခန္ဓါတစ်ခု ပိန်ခြင်း ဝခြင်းကို အဓိက ၈၀ ရာခိုင်နှုန်း တာဝန်ယူထားတဲ့ အစားက အရေးအကြီးဆုံးဆိုတော့ ကိုယ်လေ့ကျင့်ခန်းမလုပ်ခင် ဘာတွေ စားပေးရမလဲဆိုတာ သိထားမှ ကိုယ်သွားချင်တဲ့ပန်းတိုင်ကို မြန်မြန်ရောက်မှာပေါ့။ ဒီတော့ ဘာတွေ စားပေးရမလဲ။ ဘယ်အချိန်မှာ စားပေးရမလဲ ။ ။လေ့ကျင့်ခန်း မလုပ်ခင် စားပေးတဲ့ အစားအစာတွေက ကိုယ်ဘယ်လမ်းကြောင်းကို သွားတာလဲ အပေါ်မူတည်ပြီး ကွဲပြားသွားပါတယ်။ ဒီတော့ ဆက်ကြည့်ရအောင် ။ ။( ၁ ) ကိတ်ချင်တဲ့သူတွေအတွက် ။ပိန်နေလို့ ကိတ်ချင်နေတဲ့သူတွေအတွက် အဓိကဖြစ်သင့်တဲ့ ကိုယ်ခန္ဓါကတော့ အဆီပိုမရှိ ကြွက်သားတွေနဲ့ ကျစ်လစ်တဲ့ကိုယ်ခန္ဓါတစ်ခုပါ။ ဖြစ်ချင်နေတဲ့အဆီပိုမရှိတဲ့ ကြွက်သားတွေနဲ့ ကိုယ်ခန္ဓါကို ပိုင်ဆိုင်နိုင်မယ့်အပြင် လေ့ကျင့်ခန်းလုပ်နေတဲ့ တောက်လျှောက်ကို အားလည်းရှိစေမယ့် လေ့ကျင်ခန်းမလုပ်ခင် စားသင့်တဲ့ အစားအစာတွေကတော့။ဝိတ်ကျချင်တဲ့သူတွေကျတော့ နည်းနည်းပို ဂရုစိုက်ဖို့လိုပါတယ်။ လေ့ကျင့်ခန်းလုပ်ရင်း အားမရှိမှာစိုးတာကြောင့် အစားလေးစားထားချင်တယ်။ စားတဲ့အစားတွေ ကယ်လိုရီမများဖို့ကလည်း အရေးကြီးသေးတယ်။ ဒီတော့ ဘာတွေစားကြမလဲ ။ ။လေ့ကျင့်ခန်းမလုပ်ခင် ၁ နာရီ( ဒါမှမဟုတ်) နာရီဝက်လောက် အစာစားပေးတာက အသင့်တော်ဆုံးပါ။ ဒါမှအစာအိမ်အတွက် အစာခြေဖို့ ၊စားလိုက်တဲ့ အစားအစာတွေက လောင်စာအဖြစ်ပြောင်းလဲသွားဖို့ အချိန်ရမှာ ဖြစ်ပါတယ်။တစ်ခုမှတ်ထားရမှာက ပိန်ချင်လို့ဆိုပြီး ဘာမှ မစားထားဘဲ လေ့ကျင့်ခန်းလုပ်တဲ့အခါကြွက်သားတွေအတွက် လောင်စာမရှိသလိုဖြစ်သွားတတ်ပြီး ကိတ်ချင်လို့ဆိုပြီး အများကြီးစားရင်လည်း ရသင့်တဲ့ ရလဒ်အတိုင်း မထွက်တာက များပါတယ်။ ဒါ့ကြောင့် အစားမစားတာကလည်း မကောင်းသလို အများကြီးစားပြန်ရင်လည်း မသင့်တော်ပါဘူး။ ချိန်ဆပြီး အချိန်ကိုက်စားတတ်ဖို့က အရေးအကြီးဆုံးပါ ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/sports-nutrition/preworkout-food/
စိတ်ပူပန်ခြင်း (Anxiety) ၏ ကိုယ်ခန္ဓာပေါ် ရိုက်ခတ်မှုများ
လူတိုင်းမှာစိုးရိမ်ပူပန်မှုဆိုတာ ရှိကြပါတယ်။ နေ့စဉ် လှုပ်ရှားရုန်းကန်နေကြတဲ့ဘဝမှာ စိုးရိမ်ပူပန်ရခြင်းကိစ္စဟာ လူတိုင်းအတွက် အသားကျနေတတ်ပါတယ်။ ဒါပေမယ့် စိုးရိမ်ပူပန်မှုဟာ ကာလကြာရှည်လာရင်တော့ ဘဝတစ်ခုလုံးကို အကျိုးသက်ရောက်လာနိုင်ပါတယ်။စိတ်ပိုင်းဆိုင်ရာသာမကဘဲ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ယခုဆောင်းပါးမှာ ဖော်ပြပေးမယ့် အကြောင်းအရာကတော့ စိတ်ပူပန်ခြင်းကြောင့်ကိုယ်ခန္ဓာအပေါ် ထိခိုက်လာနိုင်တဲ့ အကျိုးသက်ရောက်မှုတွေပဲ ဖြစ်ပါတယ်။သင့်အနေနဲ့ စိတ်ပူပန်ရချိန်မှာ ခဏတာအားဖြင့် အသက်ရှူသံ၊ နှလုံးခုန်သံမြန်ခြင်း၊ဦးနှောက်ကို သွေးပိုမိုစီးဆင်းသွားခြင်း စတဲ့အပြောင်းအလဲတွေ ဖြစ်ပေါ်ပါတယ်။ ဒါဟာ ကိုယ်ခန္ဓာရဲ့ ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်ချက်ဖြစ်ပြီး ပတ်ဝန်းကျင်မှာ ရင်ဆိုင်ရတဲ့ အခြေအနေတစ်ခုခုကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ ပိုမိုပြင်းထန်တဲ့ အခြေအနေမှာဆိုရင် ပျို့အန်ချင်စိတ်ပေါ်ခြင်း၊ သတိလစ်ချင်သလိုဖြစ်ခြင်း စတာတွေနဲ့ ကြုံနိုင်ပါတယ်။ကိုယ်ခန္ဓာရဲ့ စနစ်တွေအပေါ် အဓိကအကျိုးသက်ရောက်မုတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။စိုးရိမ်ထိတ်လန့်ခြင်းကို အချိန်ကြာမြင့်စွာခံစားလာရရင် ဦးနှောက်ကနေ စိတ်ဖိစီးချိန်ထွက်တဲ့ ဟော်မုန်းတွေ ထွက်လာစေပါတယ်။ ဒါကြောင့် ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ကျခြင်း စတာတွေ ခံစားရတတ်ပါတယ်။ စိတ်ဖိစီးချိန်မှာ သင့်ဦးနှောက်ထဲမှာ သင့်ကို ခြိမ်းခြောက်ရန်ပြုနေတဲ့အကြောင်းအရာကို တွန်းလှန်တုံ့ပြန်မယ့် ဟော်မုန်းတွေ၊ ဓာတ်ပစ္စည်းတွေ များပြားပြည့်လျှံလာပါတယ်။ ဥပမာ ပေးရရင် အဒရီနယ်လင်နဲ့ ကော်တီဆောဟော်မုန်း ဖြစ်ပါတယ်။ခဏတာရင်ဆိုင်ရတဲ့ အခြေအနေမှာ အထောက်အကူဖြစ်စေပေမယ့် ဒီဟော်မုန်းတွေဟာ ထိတွေ့ဖန်များလာတဲ့အခါ ရေရှည်မှာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်လာစေပါတယ်။ ဥပမာ ကော်တီဆောဟော်မုန်းထွက်တာများလာရင် ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်။စိတ်ပူပန်မှုပြဿနာများ (Anxiety Disorder) ဟာ နှလုံးခုန်မြန်ခြင်း၊ ရင်တုန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း စတဲ့ပြဿနာတွေကို ဖြစ်လာနိုင်ပါတယ်။ နှလုံးရောဂါ၊ သွေးတိုးခြင်း စတာတွေ ဖြစ်နိုင်ခြေများလာပါတယ်။ နှလုံးရောဂါအခံရှိရင်လည်း စိတ်ပူပန်ခြင်းပြဿနာများကြောင့် နှလုံးသွေးကြောဆိုင်ရာ အရေးပေါ်ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။စိုးရိမ်ပူပန်ခြင်းကြောင့် အစာအိမ်အောင့်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်းနဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ဖြစ်ပွားနိုင်ပါတယ်။ အစားအသောက်ပျက်နိုင်ပါတယ်။ ဒါ့အပြင် မကြာခဏဝမ်းပျက်တတ်တဲ့ အူလမ်းကြောင်း ခံနိုင်ရည်နည်းခြင်းပြဿနာ (Irritable Bowel Syndrome) နဲ့ စိတ်ပူပန်ခြင်းအကြား ဆက်နွယ်မှု ရှိနေပါတယ်။စိတ်ပူပန်စိုးရိမ်ခြင်းဟာ ရင်ဆိုင်မလား ထွက်ပြေးမလားဆိုတဲ့ တုံ့ပြန်မှု (flight or fight) ကို ဖြစ်ပေါ်စေပါတယ်။ အဒရီနယ်လင်လို ဓာတုပစ္စည်းနဲ့ ဟော်မုန်းတွေ ထွက်လာနိုင်ပါတယ်။ ခဏတာအချိန်မှာ သွေးခုန်နှုန်းမြန်ပြီး အသက်ရှုနှုန်းမြန်လာတာကြောင့် ဦးနှောက်ဟာ အောက်ဆီဂျင်ကို ပိုမိုရရှိပါတယ်။ ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးလိုက်ပါတယ်။ အခြေအနေပုံမှန်ပြန်ဖြစ်သွားရင် ကိုယ်ခန္ဓာအခြေအနေတွေလည်း ပုံမှန်ပြန်ရောက်သွားပါတယ်။ဒါပေမယ့် စိတ်ပူပန်ဖိစီးတဲ့အခြေအနေကို ဆက်တိုက်ကြုံလာရရင်တော့ မူလအခြေအနေပြန်ရောက်ဖို့ ခက်ခဲပါတယ်။ ကိုယ်ခံအားစနစ်လည်း အားနည်းလာပြီး မကြာခဏ နေထိုင်မကောင်းဖြစ်ခြင်း၊ ရောဂါပိုးဝင်ခြင်း စတဲ့အခြေအနေတွေ ကြုံလာတတ်ပါတယ်။စိတ်ပူပန်ခြင်းကြောင့် အသက်ရှူမြန်လာပါတယ်။ နာတာရှည်အဆုတ်ရောဂါရှိသူဆိုရင် ရောဂါအခြေအနေ ပိုဆိုးသွားတတ်ပါတယ်။ ဒါ့အပြင်ပန်းနာရင်ကျပ်ကိုလည်း ပိုဆိုးစေနိုင်ပါတယ်။တခြားအကျိုးသက်ရောက်မှုတွေကတော့။–ခေါင်းကိုက်ခြင်း။– ကြွက်သားများတောင့်တင်းခြင်း။–အိပ်မပျော်ခြင်း။–စိတ်ကျခြင်း။– လူမှုပတ်ဝန်းကျင်ကို ရှောင်ဖယ်လာခြင်း စတာတွေ ဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/anxiety-disorder/anxiety-effects-on-body/
အသားအရေကိုကြည်လင်စေမယ့် Detox Water ဘယ်လိုလုပ်မလဲ
အသားအရေက မွဲခြောက်ခြောက်ဖြစ်နေတယ်။ဝက်ခြံတွေကလည်းနေ့တိုင်းကိုဖြစ်နေတယ်။ ကိုယ့်အသားအရေကိုကြည့်ပြီး စိတ်ညစ်လိုက်တာလို့ဖြစ်နေပြီလား။ အသားအရေညစ်တာ၊ ဝက်ခြံထွက်ရတာက တစ်ခါတလေမှာ အနေအထိုင်အစားအသောက်တွေကြောင့်ဖြစ်နိုင်သလို ကိုယ်တွင်းမှာ အဆိပ်အတောက်တွေ များနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒီတော့ ကြည်လင်ပြီး ဝက်ခြံကင်းတဲ့ အသားအရေလေးဖြစ်စေဖို့Detox Waterသောက်ကြည့်ရအောင်လား။ဝက်ခြံကင်းပြီးအသားအရေလှစေဖို့ရေသောက်ပါဆိုလို့ မနက်ကနေစပြီး ညအိပ်ရာဝင်ခါနီးအထိသောက်ပါတယ်။ ဒါပေမယ့်လည်း ဝက်ခြံကပျောက်သွားတယ်ရယ်မရှိသလို အသားအရေကလည်း မစိုပြေဘူးဆိုရင်တော့ ဒီနည်းလေးတွေက အသုံးတည့်မှာပါနော်။သခွားသီး၊ သံပရိုသီး၊ ပူစီနံ Detox Water။ခန္ဓါကိုယ်ကျန်းမာပြီး လှပစိုပြေတဲ့ အသားအရေပိုင်ဆိုင်စေဖို့သောက်သင့်ပါတယ်။ လိုအပ်တဲ့ရေဓါတ်ဖြည့်ပေးပြီး ကိုယ်တွင်းအဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားနိုင်မှာပါ။ သခွားသီးက ခန္ဓါကိုယ်ရေဓါတ်ကိုဖြည့်ပေးပြီး ကိုယ်တွင်းစနစ်တွေထဲက အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ ပူစီနံကအစာခြေစနစ်ကို ကျန်းမာစေနိုင်ပြီး သံပရိုသီးက အသားအရေကိုကြည်လင်စေပြီး အသည်းနဲ့ အူသိမ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒီ၃ ခုကို အချိုးကျကျရောစပ်ပြီးရေတစ်လီတာ ဆားနည်းနည်းတို့နဲ့ရောစပ်လို့ရေခဲသေတ္တာထဲမှာ ၃ နာရီလောက်စိမ်ထားပြီး တိုက်သောက်ပေးပါ။စတော်ဘယ်ရီDetox Water။အသားအရေကို သဘာဝအတိုင်း စိုပြေလှပနေစေမှာပါ။ ဗီတာမင် စီကြွယ်ဝစွာပါယင်တာကြောင့် အသားအရေကို ကြည်လင်ချောမွေ့စေပြီးခြောက်သွေ့မှုကင်းစေမှာပါ။ ကျန်းမာတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်နေတာကြောင့် ဝက်ခြံတွေကိုလည်း သက်သာစေမှာပါ။စတော်ဘယ်ရီသီးအရွယ်တော် ၅ လုံးလောက်ကို ထက်ခြမ်းခြမ်းပြီးရေတစ်လီတာဗူးထဲမှာထည့်လို့ ရေခဲသေတ္တာထဲမှာ ၆ နာရီကြာစိမ်ပြီးသောက်လို့ရပါပြီ။ မသောက်ခင်မှာရေထဲကို သံပုရာသီးတစ်စိတ်လောက်ညှစ်ထည့်လိုက်ပါ။ဘလူးဘယ်ရီနဲ့လိမ္မော်သီးDetox Water။ဝက်ခြံထွက်နေသူတွေအတွက် အထူးသင့်တော်ပါတယ်။ ဘလူးဘယ်ရီမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်နေတာကြောင့် ဝက်ခြံရှိသူတွေအတွက် အဆင်ပြေစေမှာပါ။ လိမ္မော်သီးမှာပါတဲ့ ဗီတာမင် စီကအရေပြားကို အာဟာရဖြည့်ပေးပြီး ဝက်ခြံဖြစ်ပေါ်မှုကို ဟန့်တားပေးနိုင်ပါတယ်။လိမ္မော်သီးတစ်လုံးကို အစိတ်လေးတွေမြွှာပါ။ ဘလူးဘယ်ရီ ၅ လုံးလောက်ကိုရေတစ်လီတာနဲ့ရောပြီး တစ်ရက်တိတိရေခဲသေတ္တာထဲမှာ ထည့်ထားပေးပါ။ ဝက်ခြံကင်းပြီး စိုပြေတဲ့ အသားအရေရရှိစေမှာပါ။သံပရိုသီး၊ ရှားစောင်းလက်ပပ်၊ ပန်းသီးရှာလကာရည်၊ ပျားရည်၊ ပူစီနံ Detox Water။အသားအရေစိုပြေမှုမရှိလို့ စိတ်ညစ်နေသူတွေအတွက် အထူးသင့်တော်ပါတယ်။ ဗီတာမင် စီက အသည်းက အဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီး ကိုယ်တွင်းကအဆိပ်အတောက်တွေကို အကောင်းဆုံးဖယ်ရှားသန့်စင်ပေးပါတယ်။ရောဂါပိုးတွေအန္တရာယ်ကနေကာကွယ်ပေးပြီး အရေပြားပြဿနာကင်းစေမှာပါ။ ပန်းသီးရှာလကာရည်က အူမကြီးကို သန့်စင်ပေးပြီး အသားအရေကို စိုပြေလှပစေမှာပါ။ရေဖန်ခွက်နှစ်ခွက်စာကို သံပရိုသီးတစ်စိတ်ညှစ်ထည့်ပါ။ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း၊ ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ရှားစောင်းလက်ပပ်အနှစ် လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ပူစီနံရွက်နည်းနည်းတို့ကိုရောလို့ ၃ နာရီလောက်ရေခဲသေတ္တာထဲထည့်စိမ်ထားပါ။ပြီးရင်တော့သောက်လို့ရပါပြီ။ အချိုမကြိုက်ဘူးဆိုရင် ပျားရည်မထည့်ဘဲသောက်လို့ရပါတယ်။ပူစီနံ၊ ဂရိတ်ဖရုစ်၊ သံပရိုသီး၊ သခွားသီး၊ ချင်း(ဂျင်း)Detox Water။ကျောက်ကပ်သန့်စင်စေပြီး ကိုယ်တွင်းအဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။မျက်နှာကစလို့ တစ်ကိုယ်လုံးအသားအရေကို ကြည်လင်စေနိုင်ပါတယ်။ ချင်း (ဂျင်း) ကအစာခြေစနစ် ကျန်းမာစေလို့သွေးစီးဆင်းမှုကော်ငးအောင်လည်းထောက်ပံ့ပေးပါသေးတယ်။ ပူစီနံက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့အာနိသင်ရှိပါတယ်။ပူစီနံနည်းနည်း၊ ဂရိတ်ဖရုစ် နှစ်ကွင်းစာ၊ သံပရိုသီး နှစ်စိတ်၊ ချင်း (ဂျင်း) အနည်းငယ်၊ သခွားသီးအနည်းငယ်တို့ကိုရောလို့ရေတစ်လီတာထဲမှာစိမ်လိုက်ပါ။ရေခဲသေတ္တာထဲမှာ ၂ နာရီကြာစိမ်ပြီးရင်သောက်လို့ရပါပြီ။သခွားသီး၊ ဖရဲသီး၊ ပူစီနံDetox Water။ဝက်ခြံပြဿနာကို ရှင်းပေးမယ့် Detox Waterလေးပါ။ သခွားသီး၊ဖရဲသီးနဲ့ ပူစီနံရဲ့ပေါင်းစပ်မှုက အသားအရေကို ဝက်ခြံကင်းလို့ ကြည်လင်လှပလာစေမှာ အသေအချာပါ။ ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း အထိရောက်ဆုံးဖယ်ရှားနိုင်ပါတယ်။ရေဓါတ်ြဖည့်ပေးပြီး ကြည်လင်လန်းဆန်းမှုကိုပါရရှိစေမှာပါ။သခွားသီးကို ပါးပါးလေးလှီး၊ ဖရဲသီးကို အရွယ်တော်လေးတွေလှီးလို့ ပူစီနံရွက်နည်းနည်းနဲ့ရေတစ်လီတာထဲမှာ တစ်ညလောက်စိမ်ထားပြီးရင်သောက်သုံးလို့ရပါပြီ။ရှားစောင်းလက်ပပ်နဲ့ သံပရိုသီးDetox Water။အရေပြားပြဿနာတွေကို အထိရောက်ဆုံးဖြေရှင်းပေးနိုင်တဲ့ ပါဝင်ပစ္စည်းနှစ်ခုကိုရောစပ်ထားတဲ့Detox Waterလေးပါ။ အသားအရေကို အဆိပ်အတောက်ဖယ်ရှားပေးပြီးရေဓါတ်ဖြည့်ပေးလို့ စိုပြေလှပစေမှာပါ။ အရေပြားကို ဘက်တီးရီးယားတွေ အန္တရာယ်ကနေလည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ရှားစောင်းလက်ပပ်တစ်ချောင်းစာအနှစ်ခြစ်ယူပါ။ သံပရိုသီးတစ်လုံးကို ပါးပါးလှီးလို့ရေတစ်လီတာစာထဲမှာ ထည့်စိမ်လိုက်ပါ။ရေခဲသေတ္တာထဲမှာ ၃ နာရီကြာ ထားပြီးရင်သောက်လို့ရပါပြီ။နာနတ်သီးနဲ့ကြံDetox Water။ဝက်ခြံတွေကို သက်သာစေပြီး အရွယ်မတိုင်ခင်အိုမင်းတာကို တားဆီးပေးနိုင်မယ့်Detox Water တစ်မျိုးပါ။ ခန္ဓါကိုယ်တွင်းကအဆိပ်အတော်ကတွေကို ဖယ်ရှားပေးသလို အသားအရေကို ထိခိုက်စေနိုင်တဲ့free radicalတွေကိုလည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ကိုယ်တွင်းအင်္ဂါတွေကိုလည်း သန့်စင်စေနိုင်ပါတယ်။ကြံ လက်တစ်ထွာစာ နှစ်ချောင်း၊ နာနတ်သီးတစ်ခြမ်းကို အရွယ်တော်အတုံးလေးတွေတုံးပြီးရေတစ်လီတာစာထဲမှာရောလို့ ၃ နာရီကြာရေခဲသေတ္တာထဲမှာ ထည့်စိမ်ပြီးရင်သောက်လို့ရပါပြီ။ဝက်ခြံကင်းပြီး အသားအရေကြည်ချင်တဲ့ Hello ဆရာဝန်ပရိသတ်ကြီးရေ အခုပြောခဲ့တဲ့ Detox Waterတွေထဲက ကိုယ်နှစ်သက်တာကိုသောက်သုံးလို့ ကြည်လင်စိုပြေတဲ့ အသားအရေလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%b1%e1%80%9b%e1%80%80%e1%80%ad%e1%80%ad%e1%80%af%e1%81%be%e1%80%80%e1%80%8a%e1%80%b9%e1%80%9c%e1%80%84%e1%80%b9%e1%80%b1%e1%80%85%e1%80%99%e1%80%9a/
နံနံပင်အမြစ် စားလို့ရလား ... ဆေးဖက်ဝင်တယ်ဆိုတာရော ဟုတ်ရဲ့လား
နံနံပင်ကို စားရင် များသောအားဖြင့် အပင်ကိုသာ စားလေ့ရှိပြိး နံနံပင်အမြစ် ကိုတော့ လွှင့်ပစ်ကြတာ များပါတယ်။ အမြစ်က မြေကြီးတွေ ပေနေတာကြောင့်ဖြစ်သလို ဝါးစားဖို့ခက်တာ၊ ပစ်စရာရယ်လို့ ငယ်ကတည်းက သိလာတဲ့အသိကြောင့်ပါ။တကယ်ကတော့နံနံပင် အမြစ်က စားလို့ရသလို ဆေးဖက်လည်း ဝင်ပါတယ်။ ထိုင်းဟင်းလျာတွေထဲမှာ နံနံပင်အမြစ် ထည့်ချက်ကြတာကို မြင်ဖူးမှာပါ။ တကယ်က နံနံပင် အမြစ်ကို ရေစင်အောင်ဆေးပြီး ဟင်းလျာတွေထဲကို ထည့်ချက်မယ်ဆိုရင်ဟင်းလျာက အနံ့အရသာတိုးစေမှာ ဖြစ်သလိုကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။နံနံပင်အမြစ်ကို ဟင်းအနှစ်ထောင်းတဲ့အခါ ရေစင်အောင်ဆေးပြီး ထည့်ထောင်းတာ၊ ဟင်းအိုးထဲကို ရေစင်အောင်ဆေးပြီး ထည့်ချက်တာမျိုး လုပ်ပေးလို့ရပါတယ်။ အကြောင်းကတော့ နံနံပင် အမြစ်က။နံနံပင်အမြစ်က ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ဝမ်းလျှောတာလိုမျိုးအစာခြေစနစ်ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။  နံနံပင်အမြစ်က သဘာဝ ပိုးသတ်ဆေးတစ်မျိုးပါ။နံနံပင်အမြစ်မှာပါတဲ့  dodecenal လို့ခေါ်တဲ့ပဋိဇီဝပစ္စည်းတစ်မျိုးက အစားအသောက်တွေထဲမှာပါတတ်တဲ့ ပိုးတစ်မျိုးဖြစ်တဲ့salmonellaလို့ခေါ်တဲ့ဘက်တီးရီးယားတွေကိုတိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။နံနံပင် အမြစ်ကလည်း နံနံပင်အရွက်နည်းတူ  ဓာတ်တိုးဆန့်ကျင်နိုင်တဲ့ အစွမ်းသတ္တိရှိတယ်လို့တွေ့ရှိခဲ့ပါတယ်။ နံနံပင်မှာပါတဲ့caffeic အက်ဆစ် နဲ့ chlorogenic အက်ဆစ်တွေက ဓာတ်တိုးခြင်းကိုဖြစ်စေနိုင်တဲ့free radicalတွေကို ဟန့်တားပေးပါတယ်။နံနံပင်အမြစ်ရဲ့ နောက်ထပ်ကျန်းမာရေးအကျိုးကျေးဇူးတွေထဲက တစ်ခုက ကင်ဆာတိုက်ဖျက်နိုင်တာပါ။  နံနံပင် အမြစ်မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်ကြတဲ့ ဗီတာကယ်ရိုနွိုက်၊ဗီတာမင် Cနဲ့ ဗီတာမင် E၊affeic အက်ဆစ်၊ ferulic၊ quercetin၊ kaempferold တို့က ကင်ဆာတိုက်ဖျက်ရာမှာတော်တော်လေးထိရောက်မှုရှိပါတယ်။နံနံပင်အမြစ် က အရေပြားမှာဖြစ်တဲ့ရောင်ရမ်းမှုတွေကိုလည်း သိသိသာသာ သက်သာစေနိုင်ပါတယ်။မှိုပိုးကူးစက်မှုတွေနဲ့ဘက်တီးရီးယားပိုးဝင်ရောက်မှုကြောင့်ဖြစ်တဲ့ အနာတွေကိုပျောက်ကင်းအောင် ကုသရာမှာ အသုံးဝင်ပါတယ်။နံနံပင် အမြစ်မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းကနှင်းခူနဲ့ အခြားအရေပြားရောဂါတွေကို သက်သာစေနိုင်ပါတယ်။နံနံပင် အမြစ်မှာပါတဲ့ အဆီအချို့က အစာခြေစနစ်ကိုပိုမိုကောင်းမွန်အောင်အထောက်အပူပေးပါတယ်။ နံနံပင်က နှလုံးနဲ့ အစာအိမ်လုပ်ငန်းစဉ်တွေကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။နံနံပင်မှာပါတဲ့ Cineole၊ Borneol၊ Limonene နဲ့ Alpha-pinene ဒြပ်ပေါင်းတွေက ဝမ်းလျှောတာကို သက်သာစေနိုင်ပါတယ်။beta-phelandrene ကဘက်တီးရီးယားတွေကိုသေစေနိုင်စွမ်းရှိပါတယ်။ နံနံပင်ပင်မှာမအီမသာဖြစ်တာနဲ့အော့အန်တာကိုသက်သာစေနိုင်ပါတယ်။နံနံပင်အမြစ်ကို ဟင်းတွေထဲမှာ ထည့်ချက်မယ်ဆိုရင် အစာခြေစနစ်ကို ကျန်းမာစေတဲ့ အာနိသင်တွေ ပါဝင်နေတာကြောင့် အစာကြေစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးမှာပါ။ခံတွင်းမြိန်စေပြီး အစာကြေစေဖို့ဆိုရင် နံနံပင် အမြစ်ကို အသုံးပြုလို့ရပါတယ်။ဒါတွေအပြင် နံနံပင်အမြစ်ကနာကျင်ရောင်ရမ်းမှုကို သက်သာစေပြီး လေဒီလေးတွေ လစဉ် ခံစားရတဲ့ ရာသီလာစဉ် နာကျင်ကိုက်ခဲတာကိုလည်း သက်သာစေနိုင်ပါသေးတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/coriander-root-nutrition/
Stomach Polyps (အစာအိမ်တွင်းအသားပိုပေါက်ခြင်း)
Stomach polyps တွေဟာ အစာအိမ် polyps တွေဖြစ်ပြီး အစာအိမ်အတွင်းပိုင်းနံရံက ဖြစ်လာတဲ့ အသားပိုတွေဖြစ်ပါတယ်။ ဒီ polyps တွေဟာ ရှားပါးပြီး ဒုက္ခပေးတဲ့ လက္ခဏာတွေကို မဖြစ်စေနိုင်ပါဘူး။ Stomach polyps တွေဟာ များသောအားဖြင့် ဆရာဝန်က အခြားအကြောင်းရင်းအတွက် စစ်ဆေးချိန်မှာမှ တွေ့ရှိတတ်ပါတယ်။ Stomach polyps အများစုဟာ များသောအားဖြင့် ကင်ဆာဖြစ်စေခြင်း မရှိပါဘူး။ဒါပေမယ့် အချို့ကတော့ နောက်ပိုင်းမှာ ကင်ဆာဖြစ်နိုင်ခြေကို မြင့်မားစေနိုင်ပါတယ်။ ရှိတဲ့ Stomach polyps အမျိုးအစားပေါ်မူတည်ပြီး ကုသမှုမှာ အသားပိုကို ဖယ်ရှားခြင်းနဲ့ ပြောင်းလဲမှု တွေကို စောင့်ကြည့်ခြင်းတွေ ပါဝင်ပါတယ်။အမေရိကမှာ အစာအိမ်အူလမ်းကြောင်း အပေါ်ပိုင်း မှန်ပြောင်းကြည့်သူတွေရဲ့ ၆%လောက်မှာ Stomach polyps တွေ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အခြားနိုင်ငံတွေမှာတော့ အတွေ့ရပိုနည်းတယ်လို့ ဆိုပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Stomach polyps ဟာ လက္ခဏာပြခြင်း မရှိပါဘူး။ ဒါပေမယ့် အသားပို ကြီးလာတဲ့အခါ အနာတွေဖြစ်လာနိုင်ပါတယ်။ ရှားရှားပါးပါး အခြေအနေတွေမှာတော့ အသားပိုဟာ အစာအိမ်နဲ့ အူသိမ်ကြားက အပေါက်ကို ပိတ်ဆို့စေနိုင်ပါတယ်။ ဒီအချိန်မှာ Stomach polyps ရဲ့ လက္ခဏာတွေကတော့။ရောဂါစောစီးစွာတွေ့ရှိခြင်းက ရောဂါပိုဆိုးခြင်းနဲ့ အရေးပေါ် အခြေအနေဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တာမို့ ဒီလို ပြင်းထန်တဲ့ အရေးပေါ် အခြေအနေကို ကာကွယ်ဖို့ သင့်ဆရာဝန်နဲ့ စကားပြောသင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။Stomach polyps ကိုဖြစ်စေတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ အဖြစ်အများဆုံး အကြောင်းရင်းတွေကတော့။အစာအိမ်ရောင်ခြင်း – ဒီရောဂါဟာ hyperplastic polyps နဲ့ adenomas တွေကိုဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ Hyperplastic polyps တွေဟာ ကင်ဆာမဖြစ်နိုင်ပေမယ့် ၁ စင်တီမီတာထက်ကြီးတဲ့ အသားပိုတွေကတော့ ကင်ဆာဖြစ်နိုင်ခြေ ရှိပါတယ်။ Adenomas တွေကတော့ အဖြစ်နည်းတဲ့ Stomach polyps ဖြစ်ပြီး ကင်ဆာဖြစ်နိုင်ပါတယ်။ ဒါကြောင့် သိုတို့ကို ဖယ်ရှားတတ်ကြပါတယ်။ဒီရှားပါးပြီး မျိုးရိုးလိုက်တတ်တဲ့ ရောဂါဟာ အစာအိမ် နံရံက ဆဲလ်တွေကို fundic gland polyps လို့ ခေါ်တဲ့ အသားပိုတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါနဲ့ ပတ်သက်တဲ့ fundic gland polyps တွေဟာ ကင်ဆာဖြစ်နိုင်တာကြောင့် ဖယ်ရှားသင့်ပါတယ်။ ဒီရောဂါဟာ adenomas တွေကိုလည်း ဖြစ်စေနိုင်ပါတယ်။Fundic gland polyps တွေဟာ အစာအိမ်အက်ဆစ်များခြင်ကို ကုသတဲ့ proton pump inhibitors တွေကို ပုံမှန်သောက်နေတဲ့သူတွေမှာလည်း ဖြစ်နိုင်ပါတယ်။ သူတို့ဟာ များသောအားဖြင့် သေးငယ်ပြီး စိုးရိမ်ဖို့ မလိုပါဘူး။ ၁ စင်တီမီတာထက်ကြီးတဲ့ fundic gland polyps တွေကတော့ ကင်ဆာဖြစ်နိုင်ခြေ အနည်းငယ်ရှိတာကြောင့် ဆရာဝန်က ဆေးရပ်ခြင်း၊ (သို့) အသားပိုကို ဖယ်ရှားခြင်း (သို့) နှစ်ခုလုံး ပြုလုပ်နိုင်ပါတယ်။Stomach polyps ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။Stomach polyps တွေဟာ လူလတ်ပိုင်းကနေ လူကြီးတွေမှာ ပိုအဖြစ်များပါတယ်။ဘက်တီးရီးယား ရောဂါပိုးဝင်ခြင်း။H.pylori ဘက်တီးရီးယားဟာ အစာအိမ်ရောင်ခြင်းကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်းဖြစ်ပြီး hyperplastic polyps နဲ့ adenomas တွေကို ဖြစ်စေနိုင်ပါတယ်။ဒီလိုရှားပါးတဲ့ မွေးရာပါ ရောဂါဟာ အူမကြီးကင်ဆာနဲ့ အခြားအခြေအနေတွေဖြစ်တဲ့ Stomach polyps ကို ဖြစ်စေနိုင်ပါတယ်။PPI ဆေးတွေကို gastroesophageal reflux disease ကို ကုသဖို့ အသုံးပြုခြင်းဟာ fundic gland polyps တွေနဲ့ ဆက်စပ်နေပါတယ်။တကယ်လို့ ဆရာဝန်က သင့်မှာ Stomach polyps ဖြစ်တယ်လို့ သံသယရှိရင် စစ်ဆေးမှုတွေ ပြုလုပ်နိုင်ပါတယ်။ ဒီစစ်ဆေးမှုတွေကတော့။Endoscopy။ဒီစစ်ဆေးမှုဟာ အစာအိမ် အတွင်းပိုင်းကို ဆရာဝန်က ကြည့်ရှုဖို့ ကူညီပေးနိုင်ပါတယ်။တစ်ရှူး အသားစ ယူခြင်း။Stomach polyps အမျိုးအစားပေါ် မူတည်ပြီး အချို့ကုသမှုတွေကို အကြံပြုထားကြပါတယ်။ဒီ Stomach polyps တွေဟာ ကုသဖို့ မလိုအပ်ပါဘူး။ သူတို့ဟာ ရောဂါလက္ခဏာ မပြပဲ ကင်ဆာလဲ မဖြစ်နိုင်ပါဘူး။ ဆရာဝန်က ကြီးလာခြင်း၊ လက္ခဏာပြလာခြင်း ရှိမရှိ စောင့်ကြည့်မှာ ဖြစ်ပါတယ်။သူတို့ကိုတော့ ခွဲထုတ်ဖို့ လိုအပ်ပါတယ်။ စောင့်ကြည့်ပြီး အများစုဟာ မှန်ပြောင်းကြည့်စဉ်မှာ ခွဲထုတ်နိုင်ပါတယ်။ဒီ Polyps တွေဟာ ကင်ဆာဖြစ်နိုင်ပြီး မှန်ပြောင်းကြည့်စဉ်မှာ ထုတ်နိုင်ပါတယ်။သူတို့ဟာ ကင်ဆာဖြစ်နိုင်တာကြောင့် ဖယ်ထုတ်သင့်ပါတယ်။သင့်ဆရာဝန်က ပြန်ဖြစ်လာတဲ့ polyps တွေကို စစ်ဆေးဖို့အတွက် မှန်ပြောင်းကြည့်ခြင်းကို အကြံပေးနိုင်ပါတယ်။ ဒါ့ပြင် Hpylori infection ကိုကုသခြင်းဟာ အလွန်အရေးကြီးပါတယ်။ တကယ်လို့ သင့်မှာ H.pylori ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ အစာအိမ်ရောင်ခြင်း ရှိနေတယ်ဆိုရင် ဆရာဝန်က ပိုးသတ်ဆေးတိုက်နိုင်ပါတယ်။ H.pylori infection ကို ကုသခြင်းဟာ အသားပိုတွေကို ပျောက်သွားစေပြီး မကြာခဏ ပြန်ဖြစ်ခြင်းကလည်း သက်သာစေပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Stomach polyps ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/stomach-polyps-%e1%80%a1%e1%80%85%e1%80%ac%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%95%e1%80%ad%e1%80%af%e1%80%b1/
သွေးပြန်ကြော သွေးမခဲစေဖို့ ဘာတွေ စားကြမလဲ။
လှုပ်ရှားမှုနည်းတဲ့အခါ၊ သွေးပျစ်တဲ့အခါ၊ ဆဲလ်တွေ ရောင်ရမ်းတဲ့အခါသွေးပြန်ကြော မှာ သွေးခဲတတ်ပါတယ်။ အထူးသဖြင့်ခြေထောက်သွေးပြန်ကြောတွေမှာပါ။ ဒီသွေးခဲတွေက မတော်တဆ ပြုတ်ထွက်သွားတဲ့အခါ ခန္ဓာကိုယ်ရဲ့ နေရာအနှံ့မှာ ပိတ်ဆို့နိုင်ပါတယ်။ အဆိုးဆုံးကတော့အဆုတ်သွေးကြောမှာ သွားပိတ်ပြီးလူကို အန္တရာယ်ဖြစ်စေနိုင်တာပါပဲ။ဒါ့ပြင် ခုလိုမျိုးကိုဗစ်အဖြစ်များတဲ့ ကာလမှာ ကိုဗစ်ကြောင့် သွေးပြန်ကြောတွေ  သွေးခဲတာကို မကြာခဏ ကြားနေရပါတယ်။ ဒါကြောင့် ကိုဗစ်လူနာတွေမှာ သွေးပြန်ကြောသွေးခဲတာကို ကာကွယ်ဖို့ ဘာတွေကျွေးကြမလဲ။သွေးပြန်ကြော သွေးခဲတာကို ကာကွယ်ပေးနိုင်တဲ့ အစားအစာတွေက ထူးထူးခြားခြားတွေတော့ မဟုတ်ပါဘူး။ အရင်စားနေကြ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေပါပဲ။ ဒါတွေကတော့။ဒီအစားအစာတွေကဓာတ်တိုးဆန့်ကျင်သတ္တိတွေ ရှိလို့ ဆဲလ်တွေရောင်ရမ်းတာကို သက်သာစေပါတယ်။ ဒါ့ပြင် ကျန်းမာရေးနဲ့ ညီအောင် ချက်ပြုတ်စားသောက်မယ်ဆိုရင် ဝိတ်ကျမယ်။ ဝိတ်ကျရင် သွေးကြောပေါ်ဖိအားတွေ နည်းသွားမယ်။ ဒါဆို ရောင်ရမ်းတာတွေကိုပါ ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။ လေ့လာဖို့ လိုသေးပေမယ့် အိုမီဂါသရီး ဖက်တီးအက်စစ်ပါတဲ့ငါးကြီးဆီတွေ၊ဖလေဗာနွိုက်ပါတဲ့ ချောကလက်တို့၊ စပျစ်ရည်တို့၊ လက်ဖက်ရည်ကြမ်းတို့ကလည်း ရောင်ရမ်းတာကို သက်သာစေတယ်လို့ ဆိုပါတယ်။ဒါ့ပြင် ရေများများ သောက်ဖို့လည်း လိုပါတယ်။ ရေသောက်နည်းရင်သွေးပျစ်ပြီး သွေးခဲဖြစ်လွယ်ပါတယ်။ တစ်နေ့ကို ရေ  ၈ခွက်သောာက်ရမယ်ဆိုပေမယ့်လည်း ဆီးအရောင်ကို ကြည့်ပါ။ ဆီးအရောင်ကြည်နေရင်၊ ဝါဖန့်ဖန့်ဆိုရင် ရေဓာတ်လုံလောက်တဲ့ လက္ခဏာ ဖြစ်ပါတယ်။ရောင်ရမ်းမှုတွေက နောက်ပိုင်းမှာ ဆဲလ်တွေ ပျက်စီးတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဒါ့ပြင် တချို့သော အစားအစာတွေက ဆဲလ်တွေ ရောင်ရမ်းတာ၊ ဓာတ်တိုးပျက်စီးတာကို အားပေးတဲ့အတွက် ဒါတွေကို တတ်နိုင်သမျှရှောင်သင့်ပါတယ်။သွေးပြန်ကြော သွေးမခဲစေဖို့ ရှောင်ရမယ့် အစားအစာတွေကတော့။ဆားစားတာ များလေလေ၊ သွေးတိုးလေလေ၊ ကိုယ်ထဲမှာ အရည်တွေ  များလေလေပါပဲ။ ဒီအရည်တွေကို ညှစ်ထုတ်ရတဲ့ နှလုံးလည်း ဖိအားပိုများလားပြီး သွေးစီးနှေးတာ၊ ခဲတာတွေ ဖြစ်လာပါတယ်။ဒါကြောင့် ဆားပါဝင်မှု များတဲ့ အသင့်စားအစားအစာတွေကို တတ်နိုင်သမျှရှောင်ပါ။ လူတစ်ယောက်က တစ်နေ့ကို ဆား လက်ဖက်ရည်ဇွန်း ၁ဇွန်းထက်  ပိုမစားသင့်ပါဘူး။ ဒီလိုဆိုလို့ ဆားလုံးဝမစားရတာတော့ မဟုတ်ပါဘူး။ ဟင်းချက်တဲ့အခါ သတိထားဖို့ရယ်၊ ပြင်ပအစားအစာတွေက ဆားပါဝင်နှုန်းတွေကို သတိထားဖို့ အဓိက ပြောချင်တာပဲ ဖြစ်ပါတယ်။ဝိုင်တစ်ခွက်လောက်ဆို သွေးကျဲပြီး နှလုံးကို ကောင်းစေပေမယ့် တစ်နေ့ကို အရက် ၂ servingsထက် ပိုသောက်မယ်ဆိုရင်တော့ သွေးဥမွှားတွေ များပြီး သွေးခဲဖြစ်နိုင်ခြေ များလာပါလိမ့်မယ်။(၁ serving = ဘီယာ ၁၂အောင်စ၊ ၁ပုလင်းနီးပါး =ဝိုင် ၅အောင်စ = အရက် ၁အောင်စခွဲ၊ 1 shot)။ဒါ့ပြင် အရက်ကသွေးကျဲဆေးတွေရဲ့ အာနိသင်ကို ထိခိုက်တာကြောင့် ဆေးသောက်ရမယ်ဆို ဆရာဝန်ကို အရက်သောက်တတ်တဲ့အကြောင်း ပြောပြပါ။သွေးပြန်ကြော သွေးခဲတာက အခန့်မသင့်ရင် အသက်အန္တရာယ်ရှိနိုင်တာကြောင့် စားသောက်မှုပုံစံ ပြောင်းလဲပြီး ကြိုတင်ကာကွယ်ထားသင့်ပါတယ်။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/platelet-disorder/diet-for-dvt/
Lyme Disease (Lyme ရောဂါ)
Lyme ရောဂါဟာ Borrelia burgdorferi ဆိုတဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပြီး အဆိုပါ ဘက်တီးရီးယားပိုးကူးစက်ခံနေရတဲ့ (ခြေထောက်အမည်းရောင်ရှိတဲ့) မွှားကိုက်ခံရတာကနေတဆင့် ကူးစက်နိုင်ပါတယ်။ ဒီလို မွှားကိုက်ခံရပြီး သုံးရက်ကနေ ရက်သုံးဆယ်အတွင်းမှာ ရောဂါလက္ခဏာတွေ ပေါ်ပေါက်လာနိုင်ပြီး ကူးစက်ရောဂါအဆင့်ပေါ်မူတည်ပြီး လက္ခဏာအမျိုးမျိုး ပြလာနိုင်ပါတယ်။မွှားကိုက်ခံရခြင်းကြောင့် Lyme ရောဂါ ရမရဆိုတာကတော့ မွှားအမျိုးအစား၊မွှားကိုက်ခံရတဲ့ နေရာဒေသ၊ခန္ဓါကိုယ်မှာ မွှားတွယ်နေတဲ့ အချိန်ပမာဏ စတာတွေအပေါ်မှာ မူတည်နေတယ်လို့ စီဒီစီ (ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန)ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။Lyme ရောဂါဖြစ်ဖို့ဆိုရင် မွှားဟာ သင့်ခန္ဓါကိုယ်မှာ အနည်းဆုံး ၂၄နာရီ ကပ်တွယ်နေရမှာ ဖြစ်ပါတယ်။ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန (စီဒီစီ)အထိ ရောက်လာတဲ့ အချက်အလက်တွေအရ တနှစ်တနှစ်ကို Lyme ရောဂါဖြစ်ပွားသူ သုံးသောင်းကျော်ရှိတယ်ဆိုတာဟာ အမှန်တကယ်ဖြစ်ပွားတဲ့သူအရေအတွက်ရဲ့ လက်တဆုပ်စာမျှသာဖြစ်ပြီး စီဒီစီရဲ့ နောက်ဆုံးခန့်မှန်းချက်များအရ တနှစ်ကို အမေရိကန်နိုင်ငံသား သုံးသိန်းကျော်ဟာ မွှားကတဆင့် ကူးစက်တဲ့ ရောဂါတွေကို ခံစားနေရတယ်လို့ သိရပါတယ်။အသေးစိတ် အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Lyme ရောဂါရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။ချမ်းတုန်ခြင်း။ထိုင်းမှိုင်းလေးလံငိုက်မျဉ်းခြင်း။အဖျားတက်ခြင်း။အဆစ်အမြစ်ရောင်ရမ်းခြင်း။မျက်နှာကြွက်သားများ အကြောသေပြီး မလှုပ်ရှားနိုင်တော့ခြင်း။အကြိတ်များ ရောင်ရမ်းခြင်း။မှတ်ဉာဏ်ချို့ယွင်းခြင်း။ကြွက်သားနာခြင်း။ထုံကျဉ်ခြင်း။ရင်တလှပ်လှပ်တုန်ခြင်း။ရုတ်တရက်ပြင်းထန်စွာ နာကျင်ခြင်း။ဇက်တောင့်ခြင်း။ပုရွက်ဆိတ်များပြေးနေသကဲ့သို့ တဆစ်ဆစ်ခံစားရခြင်း။အချို့လူနာတွေမှာ Lyme ရောဂါနဲ့ ဆက်စပ်နေတဲ့ အောက်ပါရောဂါလက္ခဏာတွေကိုလည်း ခံစားရနိုင်ပါသေးတယ်။အနီစက်များ ထွက်လာခြင်း။အဆစ်အမြစ်များ နာကျင်ခြင်း။ခေါင်းကိုက်ခြင်း။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။အနီစက်တွေ ထွက်လာတာဟာ သင်မွှားကိုက်ခံရကြောင်း ကောင်းကောင်းကြီး ဖော်ပြနေတဲ့ လက္ခဏာတရပ် ဖြစ်ပါတယ်။ ဒီအဆင့်မှာ ပဋိဇီဝပိုးသတ်ဆေးတွေနဲ့ ကုသမှုခံယူမယ်ဆိုရင် ရောဂါကို ပျောက်ကင်းအောင် ကုသကောင်းကုသနိုင်ပါလိမ့်မယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။အမေရိကန်ပြည်ထောင်စုမှာတော့ Borrelia burgdorferi နဲ့ Borrelia mayonii ဘက်တီးရီးယားတွေကြောင့် Lyme ဖြစ်ပွားရပြီး အဆိုပါ ဘက်တီးရီးယားတွေကို သယ်ဆောင်လာတာကတော့ (ခြေထောက်အမည်းရောင်ရှိတဲ့) မွှားတွေပဲ ဖြစ်ပါတယ်။ ဒီမွှားတွေဟာ အညိုရောင်ရှိပြီး ငယ်ရွယ်စဉ်ကာလမှာ ဘိန်းစေ့အရွယ်သာသာလေးပဲ ရှိတတ်တဲ့အတွက် သာမန်မျက်စိနဲ့ မြင်ရဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။Lyme ရောဂါ ကူးစက်ခံရဖို့ဆိုရင် ဘက်တီးရီးယားပိုးသယ်ဆောင်ထားတဲ့ မွှားကိုက်ခံရဖို့ ကျိန်းသေပေါက် လိုအပ်ပါတယ်။ ဒီနောက်မှာတော့ ဘက်တီးရီးယားတွေဟာ မွှားကိုက်တဲ့နေရာကတဆင့် အရေပြားကို ထိုးဖောက်ဝင်ရောက်ပြီး နောက်ဆုံးမှာတော့ သွေးကြောထဲ ရောက်ရှိသွားမှာပဲ ဖြစ်ပါတယ်။Lyme ရောဂါ ကူးစက်ခံရဖို့ဆိုရင် မွှားကောင်ဟာ သင့်ခန္ဓါကိုယ်မှာ ၃၆နာရီကနေ ၄၈နာရီထိ တွယ်ကပ်နေရပါမယ်။သင့်ကိုယ်မှာတွယ်နေတဲ့ မွှားဟာ ဖောင်းကားနေပြီဆိုရင်တော့ တွယ်နေတာ အတော်ကြာပြီဖြစ်လို့ ဘက်တီးရီးယားပိုးကို သင့်ခန္ဓါကိုယ်ထဲ ကူးစက်ပျံ့နှံ့စေပြီးသား ဖြစ်နေလောက်ပါပြီ။ ဒါကြောင့် မွှားကို တတ်နိုင်သမျှ အမြန်ဆုံးဖယ်ရှားပစ်မယ်ဆိုရင်တော့ ရောဂါပိုးကူးစက်ခံရခြင်းကို ကာကွယ်ကောင်းကာကွယ်နိုင်ပါလိမ့်မယ်။Lyme ရောဂါ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။တောအုပ်ထဲ ဒါမှမဟုတ် ချုံနွယ်မြက်ခင်းထူထပ်တဲ့နေရာတွေမှာ အချိန်ကြာမြင့်စွာ နေခြင်း။ အမေရိကန်ပြည်ထောင်စုရဲ့ အရှေ့မြောက်ပိုင်းနဲ့ အနောက်အလယ်ပိုင်းဒေသတွေဟာ ချုံနွယ်ပိတ်ပေါင်းတွေနဲ့ တောအုပ်အရမ်းထူထပ်တဲ့အတွက် အဆိုပါ ဒေသတွေမှာ မွှားတွေ အများဆုံး နေထိုင်ကျက်စားကြပြီး အိမ်ပြင်ဖက်မှာ အချိန်ကြာမြင့်စွာ ဆော့ကစားလေ့ရှိတဲ့ ကလေးတွေမှာ အများဆုံး ဖြစ်ပွားနိုင်ချေ ရှိနေပါတယ်။ အဆောက်အဦးပြင်ပမှာ အလုပ်လုပ်ရတဲ့ အရွယ်ရောက်ပြီးသူတွေမှာလည်း ဖြစ်ပွားနိုင်ချေ မြင့်မားလှပါတယ်။အရွယ်မရောက်သေးတဲ့ မွှားကောင်တွေဟာ (Lyme ရောဂါဖြစ်ပွားစေတဲ့ ဘက်တီးရီးယားပိုးကို အဓိက သယ်ဆောင်သော) ကြွက်နဲ့ အခြားတွင်းအောင်းသတ္တဝါတွေပေါ်မှာ ကပ်ပါးနေထိုင်ပြီး အရွယ်ရောက်ပြီးသား မွှားကောင်တွေကတော့ အမြီးဖြူသမင်ရဲ့ ခန္ဓါကိုယ်ပေါ်မှာ အဓိက တွယ်ကပ်နေထိုင်ပါတယ်။အရေပြားနဲ့ ထိတွေ့ခြင်း။ မွှားတွေဟာ အကာအရံမရှိတဲ့ အသားပေါ်ကို အလွယ်တကူ တွယ်ကပ်နိုင်တာကြောင့် မွှားပေါတဲ့နေရာဒေသတွေကို သွားရောက်မယ်ဆိုရင် အင်္ကျီလက်ရှည်၊ဘောင်းဘီရှည်တွေကို ဝတ်ဆင်ခြင်းအားဖြင့် သင်ကိုယ်တိုင်အတွက်ရော၊သင့်ကလေးတွေအတွက်ပါ ကာကွယ်ပေးနိုင်ပါတယ်။ သင့်အိမ်မွေးတိရ စ္ဆာန်လေးတွေကို ခပ်ရှည်ရှည်မြက်တွေ၊ခြုံတွေနား မသွားခိုင်းပါနဲ့။မွှားကောင်ကို အမြန်မဖယ်ခြင်း၊သေချာစွာ မဖယ်ရှားမိခြင်း။ မွှားကောင်တွေဟာ သင့်အရေပြားပေါ်မှာ ၃၆နာရီမှ ၄၈ နာရီ ဒါမှမဟုတ် ဒီထက်ပိုပြီး တွယ်ကပ်နေမယ်ဆိုရင် ဘက်တီးရီးယားတွေဟာ မွှားကိုက်ရာကနေတဆင့် သင့်သွေးကြောထဲ ဝင်ရောက်သွားနိုင်ပါတယ်။ မွှားကို နှစ်ရက်အတွင်း ဖယ်ရှားနိုင်မယ်ဆိုရင်တော့ Lyme ရောဂါ ဖြစ်နိုင်ချေကို နည်းသွားစေပါလိမ့်မယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရောဂါလက္ခဏာတွေရယ်၊မွှားတွယ်ခံရတဲ့ ရောဂါရာဇဝင်ရယ်ပေါ်မူတည်ပြီး Lyme ရောဂါကို အဖြေရှာအတည်ပြုနိုင်ပါတယ်။ စီဒီစီရဲ့ အလိုအရတော့ အဆင့်နှစ်ဆင့်ပါဝင်တဲ့ သွေးစစ်မှုဟာ (မှန်ကန်စွာ အသုံးပြုရင်) တော်တော်လေး အသုံးဝင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီစစ်ဆေးမှု မှန်ကန်တိကျမှုရှိမရှိဆိုတဲ့အချက်ဟာ ရောဂါအဆင့်ပေါ် မူတည်နေပါတယ်လို့လည်း ဆိုပါတယ်။ဘက်တီးရီးယားပိုးကို ခုခံတိုက်ခိုက်တဲ့ ပဋိပစ္စည်းတွေပေါ်ပေါက်လာဖို့ ရက်သတ္တပတ်တွေနဲ့ ချီပြီး ကြာမြင့်နိုင်တဲ့အတွက် ရောဂါပိုးကူးစက်ခံရပြီး ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ သွေးစစ်ရင် ဘာမှ ထူးထူးခြားခြား ပေါ်မှာ မဟုတ်ပါဘူး(negative ဖြစ်နေမှာပါ)။ ဒါကြောင့် Lyme ရောဂါရဲ့ လက္ခဏာတွေ မပြတဲ့ လူနာတွေကိုတော့ သွေးဖောက်စစ်ဆေးခြင်း မပြုသင့်ပါဘူး။Lyme ရောဂါကို ကုသဖို့ ပဋိဇီဝပိုးသတ်ဆေးတွေကို အသုံးပြုပါတယ်။ ယေဘုယျအားဖြင့် စောစောကုသလေ ရောဂါမြန်မြန်ပျောက်ကင်းလေ၊အမြစ်ပြတ်လေပဲ ဖြစ်ပါတယ်။သောက်ဆေး : Lyme ရောဂါ ဖြစ်ကာစ အစောပိုင်းအဆင့်မှာ ကုသဖို့အတွက် အဓိကအသုံးပြုတဲ့ နည်းလမ်းဖြစ်ပြီး အရွယ်ရောက်ပြီးသူတွေနဲ့ အသက်ရှစ်နှစ်အထက် ကလေးတွေအတွက် doxycycline ၊အရွယ်ရောက်ပြီးသူတွေ၊ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်/နို့တိုက်မိခင်တွေအတွက် amoxicillin သို့မဟုတ် cefuroxime တို့ကို အသုံးပြုလေ့ရှိပါတယ်။ ဒီ ပဋိဇီဝဆေးတွေကို ပုံမှန်အားဖြင့် ၁၄ရက်ကနေ ၂၁ရက် ကာလအထိ သောက်ဖို့ ဆရာဝန်တွေက ညွှန်ကြားလေ့ရှိပေမယ့် ၁၀ရက်ကနေ ၁၄ရက်အထိသာ သောက်ရတဲ့ ပုံစံတွေဟာလည်း အလားတူအကျိုးသက်ရောက်မှုရှိတယ်လို့ လေ့လာမှုအချို့အရ သိရှိရပါတယ်။အကြောသွင်းဆေး : တကယ်လို့ Lyme ရောဂါဟာ ဦးနှောက်နဲ့အာရုံကြောစနစ်ကိုပါ ထိခိုက်နေပြီဆိုရင်တော့ သင့်ဆရာဝန်အနေနဲ့ အကြောသွင်းဆေးပုံစံ ပဋိဇီဝပိုးသတ်ဆေးကို အသုံးပြုပြီး ၁၄ရက်ကနေ ၂၈ရက်တိုင်တိုင် ကုသပေးမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းနဲ့ ကုသမယ်ဆိုရင် ရောဂါလက္ခဏာတွေ သက်သာပျောက်ကင်းသွားဖို့ အချိန်အနည်းငယ် ယူရတယ်ဆိုပေမယ့် ကူးစက်ပိုးတွေကိုတော့ ထိရောက်စွာ ဖယ်ရှားသုတ်သင်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။ အကြောသွင်းဆေးပုံစံ ပဋိဇီဝပိုးသတ်ဆေးဟာ သွေးဖြူဥပမာဏ လျော့ကျစေခြင်း၊(သာမန် သို့မဟုတ် ပြင်းထန်စွာ) ဝမ်းလျှောခြင်း၊ပိုးသတ်ဆေးမတိုးသော (Lyme ရောဂါနဲ့ မဆိုင်တဲ့) ဘက်တီးရီးယားပိုးမွှားများ ကူးစက်ခံရခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။အနည်းငယ်သော လူနာတွေဟာ ကုသမှုခံယူပြီးချိန်မှာတောင် (ကြွက်သားနာခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း အစရှိတဲ့) ရောဂါလက္ခဏာအချို့ကို ဆက်လက်ခံစားရနိုင်ပြီး ဒါမျိုးကို Lyme ရောဂါ ကုသပြီးနောက် ဖြစ်ပေါ်လာသော လက္ခဏာပေါင်းစုလို့ခေါ်ကာ အကြောင်းရင်းကိုတော့ မသိရှိရသေးပါဘူး။ ဒီလို ဖြစ်လာရင် ပဋိဇီဝပိုးသတ်ဆေးတွေနဲ့ ထပ်ကုလို့လည်း အကျိုးမရှိပါဘူး။ အချို့သော Lyme ရောဂါရှင်တွေမှာ autoimmune လို့ခေါ်တဲ့ ကိုယ်ခန္ဓါခုခံအားစနစ် မူမမှန်တက်ကြွအလုပ်လုပ်ခြင်း အခြေအနေ ဖြစ်ပေါ်လာတာကြောင့် ဒီလိုမျိုး လက္ခဏာတွေ ပေါ်ပေါက်လာရတာလို့ ကျွမ်းကျင်ပညာရှင်အချို့က သုံးသပ်ပေမယ့် အတိအကျ သိရှိနိုင်ဖို့အတွက် သုတေသနတွေ ဆက်လက်လုပ်ဖို့ လိုအပ်နေပါသေးတယ်။Lyme ရောဂါကို ကုသဖို့အတွက် အချို့သော တိုင်းရင်းဆေးပညာရှင်တွေ အသုံးပြုလေ့ရှိတဲ့ Bismacine ထိုးဆေးနဲ့ ပတ်သက်လို့ အစားအသောက်နှင့် ဆေးဝါးစီမံကွပ်ကဲထိန်းချုပ်ရေး (FDA)ကတော့ ပြင်းပြင်းထန်ထန်ကို ဆန့်ကျင်သတိပေးထားပါတယ်။chromacine လို့လည်း ခေါ်တဲ့ Bismacine ဆေးမှာ bismuth သတ္တုဓါတ်ပမာဏ မြင့်မားစွာ ပါဝင်လျက်ရှိပါတယ်။ အစာအိမ်အနာကို ကုသရာမှာ အသုံးပြုတဲ့ အချို့သော သောက်ဆေးတွေမှာ bismuth ပါဝင်နေသည့်တိုင် အန္တရာယ်ကင်းစွာ အသုံးပြုနိုင်တယ်ဆိုပေမယ့် bismuth ကို ထိုးဆေးပုံစံ ဒါမှမဟုတ် Lyme ရောဂါကို ကုသဖို့အတွက် မသုံးစွဲရပါဘူး။Bismacine ဟာ bismuth အဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်ပြီး နှလုံးနဲ့ ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Lyme ရောဂါကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။လုံခြုံစွာ ဝတ်စားဆင်ယင်ခြင်း : တောအုပ်ထူထပ်တဲ့နေရာ ဒါမှမဟုတ် မြက်တောထဲ သွားတဲ့အခါ ရှူးဖိနပ်စီးခြင်း၊ဘောင်းဘီရှည်ကို ခြေစွပ်ထဲထိဝင်အောင် ထိုးထည့်ပြီးဝတ်ခြင်း၊အင်္ကျီလက်ရှည်ဝတ်ခြင်း၊ဦးထုပ်ဆောင်းခြင်း၊လက်အိတ်စွပ်ခြင်း စတာတွေကို ပြုလုပ်ရပါမယ်။ လူအသွားအလာလုပ်နေကျ လမ်းအတိုင်း လိုက်သင့်ပြီး ခြုံပုတ်နိမ့်နိမ့်လေးတွေ ဒါမှမဟုတ် မြက်ရှည်တဲ့ နေရာတွေကို နင်းလျှောက်ခြင်းအား ရှောင်ကျဉ်ရပါမယ်။ သင့်ခွေးကို လည်ပတ်ပတ်ပြီပေးထားပြီး ကြိုးနဲ့ဆွဲထားပါ။ပိုးမွှားတွယ်ကပ်ခြင်းကနေ ကာကွယ်ပေးမယ့် ဆေးဝါးများ အသုံးပြုခြင်း : ၂၀% ဒါမှမဟုတ် ဒီထက်ပြင်းအားပိုများတဲ့ DEET ကို သင့်အရေပြားမှာ လိမ်းပေးပါ။ ကလေးတွေမှာ အသုံးပြုတဲ့အခါ သူတို့လေးတွေရဲ့ လက်၊မျက်လုံးနဲ့ ပါးစပ်တွေကို မလိမ်းမိအောင် မိဘတွေက ဂရုတစိုက်ရှိရပါမယ်။ အဆိုပါ ဆေးဝါးတွေဟာ အဆိပ်အတောက်ဖြစ်စေနိုင်တာမို့ ဆေးညွှန်းအတိုင်း တိကျစွာ လိုက်နာရပါမယ်။DEET ကို အဝတ်အစားတွေမှာ လိမ်းကျံပေးခြင်း ဒါမှမဟုတ် ဆေးစိမ်ပြီးသား အဝတ်အစားတွေကို ဝယ်ယူခြင်း စတာတွေကိုလည်း ပြုလုပ်နိုင်ပါသေးတယ်။သင့်ခြံဝန်းထဲမှာ ဘာမွှားကောင်မှ ရှိမနေအောင် ဂရုစိုက်ပါ။ မွှားတွေ ကျက်စားတတ်တဲ့ ခြုံနွယ်ပိတ်ပေါင်းတွေ၊သစ်ရွက်တွေကို ရှင်းလင်းပါ။ ထင်းပုံတွေ၊သစ်သားပုံတွေကို နေရောင်ကောင်းကောင်းရတဲ့ နေရာမှာ ထားပါ။ သင့်ခန္ဓါကိုယ်၊သင့်ကလေးတွေရဲ့ ခန္ဓါကိုယ်နဲ့ အိမ်မွေးတိရ စ္ဆာန်တွေမှာ မွှားတွယ်ကပ်နေခြင်း ရှိမရှိ စစ်ဆေးပါ။ တောအုပ်ထဲ ဒါမှမဟုတ် မြက်ခင်းထူတဲ့နေရာတွေမှာ နေထိုင်သွားလာပြီးနောက် ပိုပြီးဂရုတစိုက်နဲ့ ပိုက်စိပ်တိုက်ရှာပါ။ စစ်ဆေးပါ။ မွှားကောင်တွေဟာ အပ်နဖားပေါက်အရွယ်လောက်တောင် ကြီးတာမဟုတ်တဲ့အတွက် အသေအချာ စစ်ဆေးမှသာ သူတို့ကို ရှာတွေ့မှာ ဖြစ်ပါတယ်။အိမ်ထဲပြန်ရောက်ရောက်ခြင်း ရေချိုးရင်လည်း အကျိုးရှိပါတယ်။ ဘာလို့လဲဆိုတော့ မွှားတွေဟာ တွယ်ချိတ်ခြင်းမပြုမီ အရေပြားပေါ်မှာ နာရီပေါင်းများစွာ ရှိနေနိုင်တဲ့အတွက် ရေချိုးလိုက်ခြင်း၊လျှော်ဖွပ်ပြီးသား အဝတ်သန့်သန့်တွေကို ဝတ်ဆင်လိုက်ခြင်းအားဖြင့် မတွယ်ချိတ်ရသေးတဲ့ မွှားတွေကို ကူညီဖယ်ရှားပေးနိုင်တာကြောင့်ပါ။Lyme ရောဂါဟာ တခါဖြစ်ပြီးရင်လည်း နောက်တခါ ထပ်ဖြစ်နိုင်သေးတာမို့ မပေါ့သင့်ပါဘူး။ မွှားတွေကို ဇာဂနာအသုံးပြုပြီး တတ်နိုင်သမျှ အမြန်ဆုံး ဖယ်ရှားပစ်ပါ။ မွှားကို လက်နဲ့ ညှစ်ချေပစ်တာမျိုး မလုပ်ဘဲ ၎င်းရဲ့ ခေါင်းနား ဒါမှမဟုတ် ပါးစပ်နားကနေ ကိုင်ပြီး အသာအယာ ဖယ်ရှားပါ။ စိတ်အေးအေးထားပြီး တည်တည်ငြိမ်ငြိမ်နဲ့ ဂရုတစိုက် ဖယ်ရှားပါ။ မွှားတကောင်လုံးကို ဖယ်ရှားပစ်လိုက်ပြီးပြီဆိုတာနဲ့ အဆိုပါမွှားကို အမြန်ဆုံး သုတ်သင်ပိုက်ပြီး အကိုက်ခံရတဲ့နေရာကို ပိုးသတ်ဆေးဖြန်းပေး/လိမ်းပေးပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/lyme-disease-lyme-%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab/
အာရုံကြောမှာ အဖြစ်များတဲ့ ရောဂါများ
ဦးနှောက်နဲ့အာရုံကြောဟာ ရှုပ်ထွေးတဲ့ အစိတ်အပိုင်း ဖြစ်သလို ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ အရေးကြီးတဲ့ အင်္ဂါရပ်လည်း ဖြစ်ပါတယ်။ ဒါ့ပြင် ဦးနှောက်နဲ့ အာရုံဟာ တခြား ကိုယ်တွင်းအင်္ဂါတွေလိုပဲ ရောဂါပေါင်းစုံဖြစ်နိုင်ပါတယ်။ ဒါကြောင့် အာရုံကြောမှာ အဖြစ်များတဲ့ ပြဿနာများနဲ့ လက္ခဏာများကို လေ့လာထားသင့်ပါတယ်။အာရုံကြောပြဿနာများကို ဖြစ်ရတဲ့ အကြောင်းရင်းပေါ် မူတည်ပြီး ခွဲခြားကြည့်မယ်ဆိုရင်။ဒီထဲကမှ အဖြစ်များတဲ့ ရောဂါတွေကို ပြန်ရှင်းပြရမယ်ဆိုရင်။လေဖြတ်တယ်ဆိုတာ ဦးနှောက်ထဲမှာရှိတဲ့ သွေးကြောပိတ်တာ ဒါမှမဟုတ် ပေါက်တာကြောင့် ဖြစ်နိုင်ပါတယ်။ မျက်နှာရွဲ့လာမယ် (Face)၊ လက်မမြှောက်နိုင်ဘူး (Arm) ၊ စကားတွေ လေးလာတယ် (Speech) ဆိုရင်တော့ ဆေးရုံကို အမြန်သွားပါ။ အချိန် (Time) အရေးကြီးပါတယ်။ပါကင်ဆန်ရောဂါက ဦးနှောက်ထဲမှာရှိတဲ့ လှုပ်ရှားမှုကို ထိန်းချုပ်ထားတဲ့ ဆဲလ်လေးတွေ ထိခိုက်လို့ ဖြစ်ရတာပါ။ လက္ခဏာတွေကတော့ လက်တုန်မယ်၊ ကြွက်သားတွေ တောင့်တင်းမယ်၊ လှုပ်ရှားမှုတွေ နှေးကွေးမယ်။ ဒါကြောင့် သွားလာရ၊ ဟန်ချက်ထိန်းရခက်မယ်။ ဒါ့ပြင် မှတ်ဉာဏ်လည်းထိခိုက်နိုင်ပါတယ်။ ကြာလာလေလေ ပိုဆိုးလေလေပါ။ တချို့တွေကတော့ ဖြည်းဖြည်းချင်းပဲ ဆိုးလာပါတယ်။အယ်ဇိုင်းမား ရောဂါကလည်း ဦးနှောက်ထဲက ဆဲလ်တွေ ပျက်စီးလာကြောင့် ဖြစ်ပြီး မှတ်ဉာဏ်ချို့ယွင်းတဲ့ လက္ခဏာပြပါတယ်။ ဒါကြောင့် နေ့စဉ် ပြောဆိုတဲ့နေရာမှာ၊ အလုပ်လုပ်တဲ့နေရာမှာ အခက်အခဲ ဖြစ်လာနိုင်ပါတယ်။ လက္ခဏာသက်သာအောင် ဆေးဝါးတွေနဲ့ ကုသလို့ ရပါတယ်။MS လို့ အတိုကောက် ခေါ်ကြတဲ့ ဒီရောဂါက ဦးနှောက်နဲ့ အာရုံကြောမကြီးမှာရှိတဲ့ ဆဲလ်တွေရဲ့ အပေါ်ယံအလွှာ ပျက်စီးတာကြောင့် ဖြစ်လာရတာပါ။ ဒါကြောင့် ကြွက်သားတွေကို ထိန်းချုပ်ဖို့ ခက်ခဲလာပါတယ်။ ဒါ့ပြင် အမြင်အာရုံ၊ ကိုယ်နေဟန်ချက်နဲ့ မှတ်ဉာဏ်တွေကိုလည်း ထိခိုက်နိုင်ပါတယ်။ MS ကို အပြီးပျောက်အောင် ကုလို့ မရပါဘူး။ လက္ခဏာတွေ ပိုမဆိုးအောင် ဆေးဝါးတွေနဲ့ပဲ ထိန်းချုပ်လို့ရပါတယ်။ဦးနှောက်နဲ့ ကျောရိုးအာရုံကြောမကြီးက ထွက်လာတဲ့ အာရုံကြောအခွဲလေးတွေပါ။ ထိသိခံစားမှု၊ နာကျင်မှု၊ အပူအအေး၊ ကြွက်သားအား စတာတွေကို ထိန်းချုပ်ထားပါတယ်။ ဒီအာရုံကြောတွေမှာ ရောဂါဖြစ်လာပြီဆိုရင် ခြေချောင်း၊ လက်ချောင်းတွေက စပြီး လက္ခဏာပြပါတယ်။ ထုံတာ၊ ကျဉ်တာ၊ မီးစနဲ့ ထိုးသလို ခံစားရပါတယ်။ တဖြည်းဖြည်းနဲ့ ခြေထောက်နဲ့ လက်တွေထိ ရောက်လာပြီး ဟန်ချက်မထိန်းနိုင်တာ၊ ကြွက်သားတွေ အားပျော့တာ ဖြစ်လာနိုင်ပါတယ်။ဦးနှောက်နဲ့ ကျောရိုးအာရုံမကြီးကို ကာရံထားတဲ့ အပြင်က အမြှေးပါးလေး ရောင်ရမ်းတာကို ခေါ်တာပါ။ လက္ခဏာတွေကတော့ ဇက်တောင့်တာ၊ ဖျားတာ၊ ခေါင်းကိုက်တာ၊ အန်တာ၊ တက်တာ စတာတွေ ဖြစ်တတ်ပါတယ်။ ဗိုင်းရပ်စ် ဒါမှမဟုတ် ဘက်တီးရီးယားကြောင့် ဖြစ်တာ များပါတယ်။ တချို့သော ဦးနှောက်အမြှေးရောင်တာတွေက အသက်အန္တရာယ်ရှိတဲ့အထိ ပြင်းထန်ပါတယ်။ဦးနှောက်သား ရောင်ရမ်းခြင်းပဲ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာ များပါတယ်။ အချိန်မီ ကုသမှု မခံယူဘူးဆိုရင် ဦးနှောက်ထိခိုက်ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်သွားနိုင်ပါတယ်။ လက္ခဏာတွေကတော့ ဖျားတာ၊ ခေါင်းကိုက်တာ၊ သတိမကောင်းတာပဲ ဖြစ်ပါတယ်။ ဒါ့ပြင် အလင်းရောင် မကြည့်နိုင်တာ၊ ပျို့အန်တာ၊ ဇက်တောင့်တာ ဖြစ်တတ်ပါတယ်။ အခြေအနေဆိုးလွန်းရင် တက်တာ၊ တုန်တာ၊ အပြုအမူတွေ ထူးဆန်းလာတာ၊ သတိလစ်သွားတာတွေ ဖြစ်လာနိုင်ပါတယ်။ခေါင်းကိုက်တာနဲ့ ဦးနှောက်ထဲမှာ တစ်ခုခု ဖြစ်နေပြီလို့ စိုးရိမ်ကြပေမယ့် လက်တွေ့မှာတော့ ဒီလောက်မများပါဘူး။ ခေါင်းကိုက်တာက ဦးနှောက်နဲ့ အာရုံကြောနဲ့ မဆိုင်ဘဲ တခြားရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ခေါင်းကိုက်ခြင်း ကိုယ်တိုင်ကလည်း ရောဂါတစ်ခုဖြစ်နေနိုင်ပါတယ်။ ဥပမာ မိုက်ဂရိမ်းလို ခေါင်းတစ်ခြမ်းကိုက် ရောဂါမျိုးပေါ့။ဒါပေမယ့် အောက်က ဦးနှောက်နဲ့ အာရုံကြော ပြဿနာတွေမှာတော့ ခေါင်းကိုက်တတ်ပါတယ်။-ခေါင်းထိခိုက်ဒဏ်ရာ။-ဦးနှောက်အကျိတ်။-ဦးနှောက်ရောင်တာ၊ ဦးနှောက်အမြှေးရောင်တာ။-လေဖြတ်တာ။-သွေးကြောဖောင်းပြီး ပေါက်တာ။ဒီပြဿနာတွေမှာတော့ ခေါင်းကိုက်တာအပြင် အန်တာ၊ မူးတာ၊ အမြင်ဝါးတာတွေပါ ဖြစ်လာပြီဆိုရင် သတိထားသင့်ပါတယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/common-disorders-of-nervous-system/
ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ၏ ကျန်းမာရေး အကျိုးကျေးဇူးများ
ဓါတ်တိုးဆန့်ကျင်ပစ္စည်းများတွင် free radicals များကို တိုက်ထုတ်နိုင်သော စွမ်းရည်ရှိသည်။ Free radicals ဆိုသည် မှာ အတွဲမရှိသော အီလက်ထရွန်တစ်လုံး အနည်းဆုံး ပါဝင် သော အက်တမ် သို့မဟုတ် မော်လီကျူးများကို ခေါ်သည်။ ၎င်းတို့သည် အလွန် ဓါတ်သတ္ထု ကြွသည်။ ဓါတ်တိုးခြင်း ဖြစ်စဉ်အတွင်း ထို free radicals များသည် အဆီ၊ ပရိုတိန်း သို့မဟုတ် ဆဲလ်အမြှေး စသော အခြား မော်လီကျူးများမှ အီလက်ထရွန်များကို ဆွဲယူသည်။ဓါတ်တိုးခြင်းသည် ဆဲလ် ပျက်စီးမှုကို ဖြစ်စေသည်။ အိုမင်းရင့်ရော်ခြင်းနှင့် ဆေးမတိုး သော ရောဂါများကို ဖြစ်စေသည်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်း များကို သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များတွင် တွေ့နိုင် သည်။ ဖြည့်စွက်စာများမှလည်း ရနိုင်သည်။ သို့သော် ဓါတ်တိုး ဆန့်ကျင်ပစ္စည်းများကို အစားအစာများမှ ရခြင်း သည် အကောင်းဆုံးဖြစ်သည်။ဓါတ်တိုးဆန့်ကျင်ပစ္စည်းအားလုံးသည် အလုပ်လုပ်ပုံချင်း မတူညီပါ။ beta-carotene နှင့် carotenoid အုပ်စုမှ အခြား ပါဝင်ပစ္စည်းများသည် မျက်လုံးကျန်းမာရေးကို ကူညီသည်။ lycopene သည် အဖိုသုတ်ရည်ဂလင်း ရောဂါများကို ကာကွယ်ပေးသည်။ flavonoid သည် နှလုံးကျန်းမာရေးကို ပိုကောင်းစေသည်။ ဆီးလမ်းကြောင်း ပြဿနာများ ဖြစ်ပါက proanthocyanidins က ကူညီနိုင်သည်။ခရမ်းလွန်ရောင်ခြည်ကို အလွန်အမင်း ထိတွေ့ခြင်းသည် အလင်းကြောင့် ဓါတ်တိုးပျက်စီးခြင်းကို ဖြစ်စေသည်။ ၎င်းသည် နေလောင်ခြင်းကို ဖြစ်စေရုံသာမက စောစီးစွာ အရေပြား အိုမင်းခြင်းနှင့် အရေပြားကင်ဆာကို ဖြစ်စေနိုင် သည်။ လေ့လာမှုများအရ beta-carotene နှင့် ဗီတာမင် အီး ပေါင်းစပ်မှုနှင့် astaxanthin သည် အရေပြား ကျန်းမာရေး အတွက် အကျိုးရှိသည်ဟု ဆိုသည်။Free radicals များသည် ကိုယ်ခံအားစနစ်ကို အားနည်း စေသည်။ Astaxanthin နှင့် spirulina သည် ကိုယ်ခံအား စနစ်ကို အားကောင်းစေသည်။ ဆဲလ်အမြှေးပါးနှင့် ဆဲလ် DNA တွင် သန္ဓေ ပြောင်းခြင်းကို ကာကွယ်ပေးသည်ဟု သုတေသန ပညာရှင်များက ဆိုသည်။ ဤနေရာတွင် astaxanthin သည် carotenoid နှင့် alpha-tocopherol ( ဗီတာမင် အီး) ထက် ပိုပြီး အစွမ်းထွက်သည်။ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ရရှိမှုပိုကောင်းစေရန် အထိရောက်ဆုံးနည်းမှာ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ ပိုစားရန် ဖြစ်သည်။ သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ ၅ခါ စားခြင်းသည် နှလုံးရောဂါများ၊ အာရုံကြော ရောဂါများ၊ ကင်ဆာများ ဖြစ်နိုင်ချေကို များစွာ လျော့ကျစေနိုင်သည်။ဓါတ်တိုးဆန့်ကျင်ပစ္စည်းများကို မစားနိုင်ပါက ဖြည့်စွက် စာများမှ ရနိုင်သည်။ ၎င်းတို့သည် အစားအစာများတွင်ပါသော ဓါတ်တိုးဆန့်ကျင်ပစ္စည်းများလောက် မကောင်းသော်လည်း ဘာမှမစားခြင်းထက် ပိုကောင်းပါသည်။ ဓါတ်တိုးဆန့်ကျင် ပစ္စည်း ဖြည့်စွက်စာများ စားမည်ဆိုပါက အောက်ပါ အချက် များကို သတိရပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/%e1%80%93%e1%80%ac%e1%80%90%e1%80%ba%e1%80%90%e1%80%ad%e1%80%af%e1%80%b8%e1%80%86%e1%80%94%e1%80%b7%e1%80%ba%e1%80%80%e1%80%bb%e1%80%84%e1%80%ba%e1%80%95%e1%80%85%e1%80%b9%e1%80%85%e1%80%8a%e1%80%ba-2/
ကလေးအသားအရေ အတွက် Paraben ရဲ့အန္တရာယ်
Paraben ဆိုတာအလှကုန်နဲ့ဆေးဝါးထုတ်ကုန်တွေမှာ အသုံးပြုလေ့ရှိတဲ့တာရှည်ခံပစ္စည်းတစ်မျိုးဖြစ်ပြီးကလေးအသားအရေ အသုံးအဆောင်တွေမှာလည်း ပါဝင်လာတတ်ပါတယ်။ Paraben တွေက ကုန်ကျစရိတ်သက်သာပြီး အချိန်အတိုင်းအတာတစ်ခုအတွင်း ပိုးမွှားတွေရန်က ကာကွယ်ပေးနိင်ပါတယ်။methyl ၊ propyl နဲ့ butylparaben တို့က အလှကုန်တွေမှာ အသုံးများတဲ့ parabenအမျိုးအစားတွေဖြစ်ပါတယ်။ နောက်ပိုင်းမှာ ကင်ဆာဖြစ်စေနိုင်တဲ့အထိ Paraben ရဲ့ ကျန်းမာရေးဆိုးကျိုးတွေအကြောင်းကို သုတေသနတွေက လေ့လာတွေ့ရှိခဲ့ကြပါတယ်။Paraben တွေဟာ စရိတ်သက်သာပြီး တာရှည်ခံနိုင်စွမ်းမြင့်မားတဲ့အတွက် ကလေးအရေပြားအသုံးအဆောင်ပစ္စည်းတွေမှာတော်တော်များများသုံးကြပါတယ်။ Paraben က အသုံးဝင်ပေမယ့်ဘေးထွက်ဆိုးကျိုးတွေနဲ့နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေဖြစ်စေနိုင်ပါတယ်။Paraben ကဟော်မုန်းစနစ်ရဲ့ လုပ်ဆောင်ချက်ကို အနှောင့်အယှက်ဖြစ်စေတဲ့အပြင် သွေးလည်ပတ်မှုအတွင်း စိမ့်ဝင်ရောက်ရှိနိုင်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ပုံမှန်လုပ်ဆောင်ချက်တွေကို ထိခိုက်စေနိုင်ပါတယ်။ Paraben အသုံးပြုခြင်းကြောင့်ဖြစ်တဲ့ သက်ရောက်မှုတွေကို မွေးကင်းစနဲ့ ကလေးတွေမှာ ပိုခံစားရလေ့ရှိပြီး ငယ်ရွယ်ချိန်မှာ Paraben နဲ့ထိတွေ့ရခြင်းဟာသင်ယူလေ့လာနိုင်စွမ်းပြဿနာရှိလာတာလိုမျိုးဖွံ့ဖြိုးမှုဆိုင်ရာပြဿနာ‌တွေအပြင် မျိုးဆက်ပွားခြင်းဆိုင်ရာရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေမှာ အရေပြားပွန်းထားတာရှိရင် ပေါင်ကြားဧရိယာကတဆင့် Parabenတွေပိုစုပ်ယူမိနိုင်ပါတယ်။Paraben ပမာဏနည်းနည်းနဲ့တော့ အတည်ပြုနိုင်လောက်အောင် သိသာတဲ့ကျန်းမာရေးအန္တရာယ်မရှိတဲ့အတွက် တစ်ကိုယ်ရေအသုံးအဆောင်ပစ္စည်းတွေမှာ အသုံးများကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေရှိတဲ့ဆိုးကျိုးတွေကို သိလာကြတာနဲ့အမျှ paraben-freeဖြစ်တဲ့ ကုန်ပစ္စည်းတွေပေါ်ထွက်လာပါတယ်။ အထူးသဖြင့် ကလေးငယ်တွေအတွက်ပေါ့။ ကလေးအတွက် ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာတွေ စတဲ့ အသုံးအဆောင်တွေထဲparaben မပါဘူးဆိုရင် label မှာဖော်ပြထားတတ်ပါတယ်။ဒါ့ကြောင့် ကလေးအသုံးအဆောင်ပစ္စည်းတွေဝယ်ရင် label မှာ paraben ပါမပါ ကြည့်ပြီးစစ်ပါ။ သတိထားသင့်တဲ့ paraben ရဲ့အသုံးများတဲ့ အမျိုးအစားတွေက –။ကလေးအသုံးအဆောင်တွေမှာ ပါဝင်တတ်တဲ့ အန္တရာယ်ရှိဓာတုပစ္စည်းများ။ကလေးအသုံးအဆောင်တွေမှာ Paraben အပြင် ဆိုးကျိုးဖြစ်စေနိုင်တဲ့ တခြားဓာတုပစ္စည်းတွေလည်း ပါဝင်တတ်ပါတယ်။ ကလေးအသားအရေမှာ ထိခိုက်မှုဖြစ်စေတဲ့ –။ကလေးငယ်တွေရဲ့ အသားအရေဟာ လူကြီးတွေလိုမျိုးမဟုတ်ပါဘူး။ နူးညံ့ပြီး ပြစ်မျိုးမှဲ့မထင်တဲ့ ချောမွေ့တဲ့အသားလေးတွေဟာ အသေအချာသတိမထားဘဲ အန္တရာယ်ရှိတာတွေ သုံးစွဲမိရင် အထိအခိုက်က လူကြီးတွေထက် ပိုဆိုးတတ်ပါတယ်။ ကလေးရဲ့အသားအရေကို တစ်သက်လုံးထိခိုက်သွားနိုင်တာလည်းဖြစ်နိုင်တယ်။ ဒါကြောင့် ကလေးတွေရဲ့ အသားနုနုလေးမှာအဆိပ်သင့်ဓတုပစ္စည်းတွေနဲ့ မထိတွေ့ရအောင် ဒီပါဝင်ပစ္စည်းတွေမပါတဲ့ ကုန်ပစ္စည်းတွေကိုရွေးချယ်အသုံးပြုပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/skin-diseases-in-children/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%b1%e1%80%9b%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-paraben-%e1%80%9b%e1%80%b2%e1%82%95%e1%80%a1%e1%82%8f/
အလှအပနဲ့ အရေပြားကျန်းမာရေးအတွက် ကော်လဂျင်
ကော်လဂျင်ဆိုတာ ခန္ဓါကိုယ်တွင်းမှာ ရှိတဲ့ ပရိုတင်းဓါတ်တစ်မျိုးဖြစ်ပြီး အရိုး၊ အရေပြား အကြောအမျှင်နဲ့ အရွတ်တွေကို တည်ဆောက်ပေးတယ်။ သွေးကြော၊ မျက်ကြည်လွှာ၊ သွားနဲ့ တခြားကိုယ်ခန္ဓါအစိတ်အပိုင်းတွေမှာ ကော်လဂျင်ဓါတ်တွေကို တွေ့ရပါတယ်။ ဖြူဖွေးလှပပြီး တင်းတင်းရင်းရင်းဖြစ်တဲ့အသားအရေမျိုး ပိုင်ဆိုင်ရဖို့ ကူညီပေးတဲ့ ဓါတ်အဖြစ်လည်း ကော်လဂျင်ကို လူသိများကြပါတယ်။ကော်လဂျင်အမျိုးအစား အနည်းဆုံး ၁၆ မျိုးရှိပြီး အများဆုံး တွေ့ရတဲ့ ကော်လဂျင်ကိုတော့ အမျိုးအစား (၁) (၂) (၃) နဲ့ (၄) ဆိုပြီး သတ်မှတ်ထားပါတယ်။အမျိုးအစား (၁) ကော်လဂျင်ကို သိပ်သည်းစွာဖွဲ့စည်းထားတဲ့ အမျှင်ဓါတ်တွေနဲ့ တည်ဆောက်ထားပြီးအရေပြား၊အရိုးအဆစ်၊ အကြောအမျှင်၊ အရွတ်၊ တစ်သျှူးတွေနဲ့ သွားမှာ ၉၀ ရာခိုင်နှုန်းအထိတွေ့ရပါတယ်။အမျိုးအစား (၂) ကော်လဂျင်ကတော့ လျော့ရဲရဲ အမျှင်တွေနဲ့ ဖွဲ့စည်ထားတာဖြစ်တယ်။ အလွယ်တကူ ကွေးဆန့်လို့ရတဲ့ အရွတ်တွေမှာ အများဆုံးတွေ့ရပါတယ်။အမျိုးအစား (၃) ကော်လဂျင်ဟာကြွက်သား၊ ကိုယ်တွင်းအင်္ဂါတွေ၊ သွေးလွှတ်ကြောတွေကို ပိုမိုကြံ့ခိုင်အောင် တည်ဆောက်ပေးတယ်။အရေပြားရဲ့ အလွှာမှာ အများဆုံးတွေ့ရတာကတော့ အမျိုးအစား (၄) ကော်လဂျင်ဓါတ်ပဲ ဖြစ်ပါတယ်။အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခန္ဓါက ကော်လဂျင်ထုတ်နိုင်စွမ်း နည်းသွားသလို ကော်လဂျင်ရဲ့ အရည်အသွေး အာနိသင်ဟာလည်း ငယ်ငယ်တုန်ကလောက် ကောင်းနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် သိသာတဲ့ ပြောင်းလဲမှုအနေနဲ့ အရေးအကြောင်းတွေ ထင်လာတယ်။ အရေပြားက မွဲခြောက်ခြောက် ဖြစ်ပြီး အရောင်မှိန်လာတယ်။ တင်းတင်းရင်းရင်း မဖြစ်တော့ဘဲ လျော့တိလျော့ရွဲဖြစ်လာတယ်။ အရိုးအဆစ်တွေ၊ အရွတ်တွေဟာလည်း အားနည်းပြီး ကျိုးပဲ့လွယ်လာပါတယ်။အချဉ်ဓါတ်များတဲ့ အသီးတွေဖြစ်တဲ့ လိမ္မော်သီး၊ သံပရာသီး၊ ရှောက်သီး၊ စတော်ဘယ်ရီသီးအပြင် ငရုတ်ပွတွေမှာလည်းဗီတာမင် စီဓါတ်ကို ရရှိနိုင်ပါတယ်။ အရေပြားရဲ့ ကော်လဂျင်ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးပြီး အရေပြားကို ကြည်လင်တောက်ပလာစေပါတယ်။အမိုင်နိုအက်ဆစ်တွေအပြင် ကြွက်သား၊ အရိုးအဆစ် တည်ဆောက်ရာမှာ အကျိုးပြုတဲ့ပရိုတင်းဟာလည်း ကော်လဂျင်ထုတ်လုပ်နိုင်စွမ်းပေါ်မှာ သွားပြီး သက်ရောက်မှုရှိစေပါတယ်။ ပရိုတင်းဓါတ်ကို အသား၊ ငါး၊ နို့ထွက်ပစ္စည်း၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုးကနေ ရရှိနိုင်ပါတယ်။တိရစ္ဆာန် ကိုယ်တွင်းကလီစာတွေ၊ နှမ်းစေ့၊ ကိုကိုးမှုန့်၊ သီဟိုဠ်စေ့၊ ပဲနီလေးတွေမှာ အများဆုံးတွေ့ရပါတယ်။ပရိုတင်းအသစ်တွေ ထုတ်ပေးတဲ့နေရာမှာ လိုအပ်တဲ့အမိုင်နိုအက်ဆစ်ဓါတ်တွေ ဖြစ်တဲ့ ပရိုလိုင်းနဲ့ ဂလိုင်စင်းဓါတ်တွေဟာ ကော်လဂျင်ထုတ်လုပ်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ ဒီအာဟာရဓါတ်တွေကို ကြက်ဥအကာ၊ ဂျုံ၊ နို့ထွက်ပစ္စည်း၊ ဂေါ်ဖီထုပ်၊ ကညွန့်၊ မှို၊ ဝက်၊ ကြက်အရေပြားတွေမှာ တွေ့နိုင်ပါတယ်။အချိုဓါတ်၊ ကစီဓါတ် အစားများတာ၊နေရောင်ခြည်နဲ့ အရေပြားတိုက်ရိုက်ထိတွေ့မှုများတာ၊ ဆေးလိပ်သောက်တာတွေဟာ ကိုယ်ခန္ဓါရဲ့ ကော်လဂျင်ထုတ်လွှတ်နိုင်စွမ်းကို လျော့နည်းစေပြီး အနာကျက်နှေးတာ၊ အရေးအကြောင်းထင်တာ၊ အရေပြား အရောင်မှိန်တာတွေ ဖြစ်လာနိုင်ပါတယ်။ကိုယ့်အနေနဲ့ အစားအစာကနေ ကော်လဂျင်လုံလောက်စွာ မရဘူးလို့ ခံစားရရင်၊ အရွယ်မတိုင်ခင် အရေပြားလျော့တိလျော့ရွဲဖြစ်ပြီး အရေးအကြောင်းထင်တာ၊ ကြွက်သား၊ အရိုးအဆစ်တွေ အားနည်းနေတယ်လို့ ခံစားမိရင်တော့ ဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်ပြီးမှ ကိုယ်နဲ့ သင့်တော်မယ့် ကော်လဂျင်ဖြည့်စွက်အားဆေး သောက်တာ အကောင်းဆုံးပါပဲ။လက်ရှိဈေးကွက်မှာတော့ ကော်လဂျင်အားဆေးတွေ အများကြီးပေါ်နေတယ်ဆိုပေမယ့် အများစုက အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးဌာနရဲ့ သတ်မှတ်ထားတဲ့ စံနှုန်းနဲ့ မကိုက်ညီတာတွေ များပါတယ်။ ဒါကြောင့် ကိုယ်က ကော်လဂျင်ဆေးဝါးတွေ မှီဝဲတော့မယ်ဆိုရင် သေချာရွေးဝယ်ဖို့တော့ လိုပါမယ်။ ကော်လဂျင်ဆိုတာ အရွယ်ရောက်ပြီး ကျား၊ မ မရွေးအတွက် အလှအပနဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ များစွာ ပေးနိုင်တာကြောင့် နေ့စဉ်လုံလောက်စွာ ရရှိမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%9c%e1%80%be%e1%80%a1%e1%80%95%e1%80%94%e1%80%b2%e1%80%b7-%e1%80%a1%e1%80%9b%e1%80%b1%e1%80%95%e1%80%bc%e1%80%ac%e1%80%b8%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac/
အသည်းအတွက် အကောင်းဆုံးအာဟာရ
အသည်းကောင်းရဲ့လား။အသည်းနာလှချည်ရဲ့ဆိုတာက ခံစားချက်အတွက်ပဲပြောလို့ကောင်းတာပါ။ တကယ့်ကျန်းမာရေးမှာ အသည်းကို အနာခံလို့မဖြစ်ပါဘူးနော်။အသည်းဆိုတာအစာခြေဖျက်ရာမှာအရေးပါတဲ့လုပ်ဆောင်ချက်ရှိသလိုခန္ဓါကိုယ်အတွက်လိုအပ်တဲ့ဗီတာမင်နဲ့သတ္တုဓါတ်တွေကို သိုလှောင်သိမ်းဆည်းရာမှာ အဓိကကျတဲ့ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်ပါတယ်။အဆိပ်အတောက်ြဖစ်စေနိုင်တဲ့၊ အန္တရာယ်ရှိနိုင်တဲ့ဓါတ်ပစ္စည်းတွေကို ခန္ဓါကိုယ်ထဲကနေ ဖယ်ရှားသန့်စင်နိုင်ဖို့ အသည်းကပဲလုပ်ဆောင်ပေးရတာပါ။ သူကပဲဘက်တီးရီးယား၊မှိုပိုး၊ဗိုင်းရပ်စ်တွေနဲ့ ကပ်ပါးပိုးတွေကို သွေးထဲကနေ ဖယ်ရှားပေးတဲ့အတွက် ရောဂါပိုးတွေမဝင်ရောက်နိုင်အောင်ကာကွယ်နိုင်ပါတယ်။ ဒီလောက်အရေးပါတဲ့ အသည်းကို စောင့်ရှောက်ကာကွယ်ဖို့ ကြိုးစားဂရုစိုက်သင့်တယ်မဟုတ်ဘူးလား။ဒါ့ကြောင့် အသည်းကို အဆိပ်အတောက်တွေသန့်စင်ပေးနိုင်မယ့် ဗီတာမင်နဲ့လိုအပ်တဲ့ဓါတ်တွေကဘာတွေလဲဆိုတာ သိထားသင့်တယ်နော်။ဗီတာမင်C။ခန္ဓါကိုယ်တွင်းအဆိပ်အတောက်တွေဖယ်ရှားသန့်စင်ဖို့ ၊ အထူးသဖြင့် အသည်းအတွက်ဆိုရင် ဗီတာမင် C ကို မရှိမဖြစ်လိုအပ်ပါတယ်။ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက ဆဲလ်ပျက်စီးမှုတွေဖြစ်စေနိုင်တဲ့ free radicals တွေကို ဓါတ်ပြယ်စေဖို့ အကူအညီပေးတာကြောင့်ပါပဲ။ဗီတာမင်B။ဗီတာမင် B အုပ်စုဝင် ဘယ်အမျိုးအစားပဲဖြစ်ဖြစ် အသည်းကိုကာကွယ်တဲ့နေရာမှာ အရေးပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်ပါတယ်။ ဗီတာမင် B က ကိုယ်တွင်းဇီဝဖြစ်စဉ်တွေကိုကူညီပေးပြီး ဓါတုအဆိပ်အတောက်တွေရန်ကနေ အသည်းကိုမထိခိုက်အောင်ကာကွယ်ပေးပါတယ်။ဗီတာမင် B6 ဆိုရင် formaldehyde နဲ့ homocysteine တွေကိုသန့်စင်ဖယ်ရှားပေးနိုင်တယ်၊ ဗီတာမင် B12 ၊ ဗီတာမင် B2 တို့ကလည်း အသည်းကျန်းမာစေဖို့ကာကွယ်ပေးပါတယ်။ Riboflavin ကိုအသည်းကာကွယ်တဲ့ဆေးအဖြစ်အသုံးပြုကြတာက အသည်းကိုထိခိုက်မှုနည်းအောင်ကာကွယ်ပေးလို့ပဲဖြစ်ပါတယ်။ဗီတာမင်E။ဗီတာမင် E ကလည်း အသည်းရောဂါရှိသူတွေအတွက် အကျိုးကျေးဇူးတွေအများကြီးပေးနိုင်ပါတယ်။အရက်ေကြာင့်မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါကိုသက်သာစေဖို့ အသည်းရဲ့လုပ်ဆောင်ချက်ပိုကောင်းအောင် ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် သူက အသည်းခြောက်၊အသည်းမာခြင်း၊ ရောင်ရမ်းခြင်းတွေကို သက်သာလျော့ပါးစေပါတယ်။Beta -Carotene။ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက free radicals (ဓါတ်တိုးပစ္စည်း) တွေကြောင့်ထိခိုက်လာတဲ့အခါ အသည်းကိုသန့်စင်ပေးနိုင်တာသိကြပြီးဖြစ်မှာပါ။ မုန်လာဥနီလိုမျိုး beta-carotene ပါဝင်တဲ့ အသီးအရွက်တွေ စားပေးရင် အသည်းရောဂါတွေကာကွယ်ပေးပြီး အဆိပ်အတောက်ဓါတ်တွေကို ဖယ်ရှားသန့်စင်ပေးနိုင်ပါတယ်။ beta-carotene ဟာ ဗီတာမင် A ရဲ့ကနဦးဓါတ်ဖြစ်တာကြောင့် ပိုပြီးအစွမ်းထက်ပါတယ်။Phosphatidylcholine။Phosphatidyl Choline က အသည်းကိုပြန်လည်ကုစားရာမှာ ထိရောက်စွာကူညီနိုင်ပါတယ်တဲ့။ Phosphatidylcholine ဆိုတာ phospholipids အဆီအုပ်စုရဲ့ဒြပ်ပေါင်းဖြစ်ပြီး အဆီတွေကိုလျော့ပါးစေတာကြောင့်အသည်းအဆီဖုံးခြင်း၊အသည်းခြောက်ခြင်း၊ အသည်းဆဲလ်များပျက်စီးခြင်းတို့ကိုကာကွယ်ပေးပါတယ်။Phospholipids တွေကနှလုံးရောဂါ၊ကင်ဆာနဲ့ ရောင်ရမ်းခြင်းရောဂါလက္ခဏာတွေတော်တော်များများကို လျော့ပါးစေနိုင်တယ်လို့ သုတေသနတွေ့ရှိချက်တွေက ဆိုပါတယ်။ အရက်ကြောင့်၊ စားသောက်ပုံမမှန်ကန်တာကြောင့်ဒါမှမဟုတ် တခြားအကြောင်းရင်းတွေကြောင့် အသည်းကိုထိခိုက်မှုမှန်သမျှ ပြန်လည်ကုစားပေးနိုင်စွမ်းရှိပါတယ်။ ဆဲလ်အမြှေးပါးများကို ပြန်လည်ပြုပြင် တည်ဆောက်ရာမှာ ကူညီပေးနိုင်ပြီးဆဲလ်တွေရဲ့လုပ်ဆောင်နိုင်စွမ်းကို အားဖြည့်ပေးပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba-%e1%80%a1%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%86%e1%80%af%e1%80%b6%e1%80%b8%e1%80%a1/
စိတ်ကြွစိတ်ကျဝေဒနာကို ထိန်းချုပ်နိုင်ရန်နည်းလမ်းများ
စိတ်ကြွစိတ်ကျဝေဒနာဆိုတာကတော့စိတ်အခြေအနေဟာ နှစ်ဖက်စွန်းကို ရောက်လွယ်တတ်တဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ စိတ်ဓာတ်တက်ကြွတဲ့ အခြေအနေနဲ့ စိတ်ကျဆင်းတဲ့ အခြေအနေဟာ တစ်လှည့်စီ ဖြစ်နေတတ်ပါတယ်။ ဒီလိုမျိုး အစွန်းရောက်လွယ်တဲ့ စိတ်အခြေအနေနဲ့ကိုယ်ခန္ဓာရဲ့ စွမ်းအင်များဟာ နေ့စဉ်ဘဝမှာ ဒုက္ခပေးလာတတ်ပါတယ်။ နားလည်တတ်ကျွမ်းသူများနဲ့ တိုင်ပင်ကုသခြင်းမပြုဘဲ လျစ်လျူရှုထားလိုက်ရင် တနေ့ထက်တနေ့ ပိုဆိုးလာနိုင်ပါတယ်။ဒီလို တက်လွယ်ကျလွယ်တဲ့ စိတ်အခြေအနေကို တတ်နိုင်သလောက် ထိန်းချုပ်ဖို့ လိုအပ်ပါတယ်။ ယခုဖော်ပြသွားမှာကတော့ စိတ်ကြွစိတ်ကျဝေဒနာကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ ဆိုတာပါပဲ။စိတ်ကြွစိတ်ကျဝေဒနာကို လုံးဝပျောက်ကင်းအောင် ကုသဖို့ မဖြစ်နိုင်ပေမယ့် ဆရာဝန်ညွှန်ထားတဲ့ ဆေးတွေကို မှန်မှန်စွဲသောက်ပေးရင် စိတ်အတက်အကျဖြစ်ခြင်းနဲ့ တခြားစိတ်အခြေအနေတွေ သက်သာလာနိုင်ပါတယ်။ များသောအားဖြင့် စိတ်ငြိမ်ဆေးတွေ၊ စိတ်ကျကုသဆေးတွေ ပေးတတ်ပါတယ်။ ဒီဆေးတွေမှာလည်း ဘေးထွက်ဆိုးကျိုးတွေရှိတာမို့ သောက်နေရင်းက ရပ်ပစ်လိုတဲ့ဆန္ဒတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ရပ်ပစ်လိုက်ရင် ပိုဆိုးသွားနိုင်ပါတယ်။ ဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးကို ဘယ်လိုစီမံကိုင်တွယ်မလဲဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးသောက်တဲ့ အစီအစဉ်ကို လွယ်လွယ်နဲ့ မရပ်လိုက်ပါနဲ့။စိတ်ကြွစိတ်ကျဝေဒနာနဲ့အတူ ရှင်သန်နေရတာဟာ မမျှော်မှန်းနိုင်တဲ့ ပြောင်းလဲခြင်းတွေနဲ့ ကြုံနိုင်ပါတယ်။ နေ့စဉ် စိတ်အခြေအနေ၊ အိပ်စက်ပုံ၊ ဆေးဝါးများရဲ့ ဘေးထွက်ဆိုးကျိုး စတာတွေနဲ့ ပတ်သက်ပြီး ဖြစ်ပါတယ်။ အဆိုပါ အချက်တွေနဲ့ ပတ်သက်ပြီး နေ့စဉ်မှတ်တမ်းတင်ထားခြင်းအားဖြင့် ဆရာဝန်ရော သင်ပါ ကုသရေးမှာ အထောက်အကူပြုမှာ ဖြစ်ပါတယ်။ များသောအားဖြင့် အပြောင်းအလဲရှိခဲ့ရင် ဆရာဝန်ကလည်း ဆေးအချိန်အဆကို ပြောင်းလဲမှာ ဖြစ်ပါတယ်။ဆေးဝါးများဟာ စိတ်ကြွစိတ်ကျဝေဒနာကို ကုသရာမှာ အရေးကြီးသလို စကားပြောကုထုံးဟာလည်း အရေးပါပါတယ်။ စကားပြောကုထုံးကတဆင့် ကျန်းမာရေး၊ ပညာပေး၊ လမ်းညွှန်မှုတွေလည်း ပေးနိုင်ပြီး ရောဂါလက္ခဏာတွေ ပြောင်းလဲမှုရှိမရှိ၊ ပြန်လည်ဆိုးလာနိုင်ခြေ ရှိမရှိ သိနိုင်ပါတယ်။စိတ်ကြွစိတ်ကျအခြေအနေမှာ အိပ်စက်ပုံနဲ့ စားသောက်ပုံ ပြောင်းလဲနိုင်ပါတယ်။ နေ့စဉ် လုပ်ဆောင်မှုတွေကို ပုံမှန်အချိန်ဇယားနဲ့ လုပ်ဆောင်ပြီး စိတ်ကြွစိတ်ကျခြင်းအခြေအနေကို အကောင်းဆုံး ထိန်းသိမ်းနိုင်ပါတယ်။ အချိန်မှန်အိပ် အချိန်မှန်စားရပါမယ်။ အိပ်စက်ခြင်းနဲ့ စားသောက်ခြင်းမှာ ပြောင်းလဲခြင်းဟာ စိတ်ကြွစိတ်ကျဝေဒနာပြန်ဖြစ်ခြင်းရဲ့ ရှေ့ပြေးလက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ အပြောင်းအလဲတစ်စုံတစ်ရာရှိရင် ဆရာဝန်နဲ့ တိုင်ပင်ရပါမယ်။ဒီလိုမကောင်းတဲ့ စိတ်အခြေအနေရဲ့ အန္တရာယ်တခုကတော့ ဆိုးရွားတဲ့ ဆုံးဖြတ်ချက်များ ချမှတ်မိခြင်းပါပဲ။ မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲပြီး စိတ်ကြီးဝင်လာတတ်ပါတယ်။ ဒီလိုအခြေအနေမှာ အတွေးတွေ မရပ်မနားဖြစ်နေပြီး ထိန်းချုပ်ဖို့ ခက်ခဲတတ်ပါတယ်။ အာရုံတစ်ခုကနေတစ်ခုကို ပြောင်းလွယ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုပိုင်းဆိုင်ရာ၊ ငွေရေးကြေးရေးဆိုင်ရာမှာ ဆုံးရှုံးနစ်နာမှုတွေ ဖြစ်စေပါတယ်။ မိမိကိုယ်ကို စိတ်ကြီးဝင်နေတာကို သတိပြုမိရင် နားလည်တတ်ကျွမ်းသူများနဲ့ ပြောဆိုသင့်ပါတယ်။စိတ်ကျနေချိန်မှာ အာရုံစူးစိုက်ဖို့၊ ဆုံးဖြတ်ချက်ကောင်းတွေ ချမှတ်နိုင်ဖို့ ခက်ခဲပါတယ်။ သေခြင်းတရားနဲ့ မိမိကိုယ်ကိုသေကြောင်းကြံစည်တဲ့အကြောင်း အတွေးတွေဝင်လာရင် မိမိကိုယ်ကို သတိပြုသင့်ပါတယ်။ စိတ်ကြွစိတ်ကျဝေဒနာခံစားနေရသူများရဲ့ ၁၅ ရာခိုင်နှုန်းဟာ မိမိကိုယ်ကိုသေကြောင်းကြံစည်တတ်ပါတယ်။ မကုသဘဲထားတဲ့သူတွေမှာ ဖြစ်နိုင်ခြေအန္တရာယ်များပြီး စိတ်ကျတဲ့ဘက်ကို ရောက်နေချိန်မှာ ပိုဆိုးတတ်ပါတယ်။ မိမိကိုယ်ကို အန္တရာယ်ပြုလိုစိတ်တွေဝင်လာရင် နားလည်တတ်ကျွမ်းသူများနဲ့ ချက်ချင်းတိုင်ပင်သင့်ပါတယ်။အရက်နဲ့ မူးယစ်ဆေးသုံးစွဲခြင်းဟာ စိတ်ကြွစိတ်ကျဝေဒနာသည်များမှာ တွေ့ရများပါတယ်။ စိတ်ကျစိတ်ညစ်တဲ့အခါ အရက်သောက်ခြင်း ဒါမှမဟုတ် စိတ်ကြွနေချိန်မှာ ဆေးဝါးတစ်မျိုးမျိုးသုံးစွဲခြင်းအားဖြင့် မိမိကိုယ်ကို ကုစားလိုက်ကြပါတယ်။ တကယ်တော့ ဒါဟာ ပိုဆိုးစေပါတယ်။ နောက်ပိုင်းမှာ ပြန်ဖြစ်တတ်ပါတယ်။စိတ်ကြွစိတ်ကျဝေဒနာသည်တွေမှာ ဆီးချို၊ နှလုံးရောဂါ၊ အဝလွန်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း စတဲ့ရောဂါတွေလည်း တွေ့ရများပါတယ်။ သေချာမကုသဘဲထားရင် ပိုမိုဆိုးရွားသွားတတ်ပါတယ်။ ဒါ့အပြင် စိတ်ကြွစိတ်ကျခြင်းအတွက်ပေးတတ်တဲ့ Lithium ဟာ သိုင်းရွိုက်ဟော်မုန်းကို ကျဆင်းစေတတ်ပြီး သိုင်းရွိုက်အလုပ်လုပ် အားနည်းခြင်း ဖြစ်တတ်ပါတယ်။ အဲဒီအခါ ကိုယ်ခန္ဓာစွမ်းအင်ကုန်ခမ်းတတ်ပြီး စိတ်အပြောင်းအလဲ မြန်တတ်ပါတယ်။မိသားစုဆရာဝန်ဖြစ်စေ၊စိတ်ကျန်းမာရေးဆရာဝန်ဖြစ်စေ စိတ်ကြွစိတ်ကျဝေဒနာသည်ကို အကောင်းဆုံး အကူအညီပေးနေသူများ ဖြစ်ကြပါတယ်။ စိတ်ကုထုံးပညာရှင်၊ လူမှုဝန်ထမ်းလုပ်ဆောင်ကူညီပေးသူများ၊ နှစ်သိမ့်ဆွေးနွေးပေးသူများဟာလည်း ကုသရာမှာ တတပ်တအားပါဝင်သူများ ဖြစ်ကြပါတယ်။ ဒီလူတွေအားလုံးရဲ့ ဝိုင်းဝန်းကူညီမှုကို ရယူရပါမယ်။ နားလည်တတ်ကျွမ်းသူများရဲ့ လမ်းညွှန်ချက်တွေကို တိကျစွာ လိုက်နာသင့်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/ways-to-keep-bipolar-disorder-under-control/
မျက်စိပါဝါကို လေဆာပစ်ပြီးဖျောက်ရာဝယ် (About LASIK treatment)
ကွန်ပြူတာ၊ စမတ်ဖုန်းအသုံးပြုသူတွေ အခုခေတ်ထဲများလာတာနဲ့အမျှ ဒါတွေကို အာရုံစိုက်ကြည့်ရတဲ့သူတွေအနေနဲ့ မျက်လုံးနဲ့ပတ်သက်ပြီး အဝေးမှုန်အနီးမှုန်တွေ အဖြစ်များလာကြတယ်။ ဒါပေမဲ့လည်း ခေတ်မီတိုးတက်မှုက ဆိုးကျိုးတင်မက ကောင်းတဲ့အချက်လေးတွေပါ တွဲပါလာလေတော့ ဒီလို မျက်စိမှုန်တာ၊ ဝါးတာတွေကို ပြန်ဖျောက်တဲ့နည်းလမ်းတွေလည်း ရှိလာပါတယ်။ အခုဒီမျက်စိပါဝါဖျောက်တဲ့ ကုသနည်းကိုတစ်ချက်လောက်လေ့လာကြည့်ရအောင်ပါ။မျက်လုံးကို လေဆာပစ်ပြီး ပါဝါဖျောက်တာကို အင်္ဂလိပ်လို LASIK (Laser-assisted in situ keratomileusis) လို့ခေါ်ပါတယ်။ ၁၉၈၅ ခုနှစ်လောက်က စပြီးကျင့်သုံးခဲ့တဲ့ ဒီနည်းဟာ အခုဆို တစ်ကမ္ဘာလုံးမှာ အတော်လေးလေးကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေကြပါပြီ။ လေဆာနဲ့မျက်လုံးကို ကုသရာမှာ တခြားနည်းတွေလည်း ရှိပေမဲ့ ဒီနည်းက အတော်လေးအသုံးများပါတယ်။ သူ့ကို မျက်စိ အနီးမှုန်၊ အဝေးမှုန်နဲ့ မျက်စိသူငယ်အိမ်စောင်းတာတွေကိုပါ ကုသရာမှာသုံးပါတယ်။ တခြားမျက်စိအမြင်အာရုံကို ပြုပြင်ပေးတဲ့ ကုသနည်းတွေလိုပဲ ဒီနည်းမှာလည်း မျက်ကြည်လွှာကိုပြန်ပုံသွင်းပေးတဲ့နည်းနဲ့ ကုသပါတယ်။ မျက်ကြည်လွှာကို ပြန်ပုံသွင်းလိုက်ခြင်းဖြင့် အမြင်အာရုံစုစည်းတဲ့ retina အလွှာပေါ်ကို ပုံရိပ်တွေကောင်းကောင်းထင်ဟပ်ပြီး ကြည်ကြည်လင်လင် မြင်ရစေပါတယ်။ကုသတဲ့နည်းကတော့ ဒီလိုပါ။ အရင်ဆုံး မျက်လုံးကိုအပေါ်ကနေ ကွင်းလေးတစ်ခုနဲ့ ထိန်းထားပေးတယ်။ ပြီးရင် လေဆာ ဒါမှမဟုတ် ဓါးသေးသေးလေးတစ်ချောင်းကို သုံးပြီး မျက်ကြည်လွှာရဲ့အပေါ်ယံလွှာကို ဘေးတိုက်လှီးလိုက်ပါတယ်။ ဒီလိုလှီးရာမှာ လုံးဝပြတ်တောက်သွားအောင် လှီးလိုက်တာမဟုတ်ဘဲ အစွန်းဖက်မှာ အနည်းငယ်ချန်ထားပေးတယ်။ ပြောရရင် တံခါးပတ္တာတစ်ခုလိုပါပဲ။ လှီးလိုက်တဲ့ မျက်ကြည်လွှာကို အဖွင့်အပိတ်လုပ်လို့ရအောင် နေရာနည်းနည်းချန်ထားခဲ့ပါတယ်။ ပြီးရင်တော့ ဒီဟလိုက်တဲ့နေရာအောက်က မျက်ကြည်လွှာကို လေဆာသုံးပြီး ပြန်ပုံဖော်ပေးပါတယ်။ ဒီလေဆာက သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့၊ အင်မတန်တိကျတဲ့ လေဆာရောင်ခြည်တွေဖြစ်ပါတယ်။ ဒီလိုပြန်ပုံဖော်ပေးလိုက်တာကြောင့် မျက်ကြည်လွှာကို ဖြတ်ဝင်လာတဲ့ အလင်းရောင်တွေက အမြင်အာရုံစုစည်းတဲ့ အလွှာ retina ပေါ်မှာ ကောင်းကောင်းစုစည်းသွားနိုင်ပါတယ်။ ဒီနည်းအားဖြင့် မျက်စိအဝေးမှုန်၊ အနီးမှုန်တွေကို ပြုပြင်ပေးပါတယ်။ (အဝေးမှုန်သူတွေရဲ့မျက်ကြည်လွှာကို ပြားအောင်လုပ်ပေးရပြီး အနီးမှုန်တဲ့သူတွေကိုတော့ မောက်မောက်လေးဖြစ်အောင်လုပ်ပေးရပါတယ်)။ဒါ့အပြင် မျက်စိသူငယ်အိမ်စောင်းတဲ့သူတွေမှာဆိုလည်း မညီမညာဖြစ်နေတဲ့ မျက်ကြည်လွှာကို ချောမွေ့အောင် လုပ်ပြီး ပုံမှန်အရွယ်အစားအတိုင်းဖြစ်အောင်လုပ်ပေးပြီး ကုသပါတယ်။မကုသခင် ပြင်ဆင်စရာလေးတွေတော့ရှိပါတယ်။ အရင်ဆုံး ကုသမှုခံယူမယ့် လူနာက လေဆာပစ်ပြီး ကုသမှုခံယူဖို့သင့်တော်ရဲ့လားဆိုတာ စမ်းသပ်စစ်ဆေးရပါတယ်။ မျက်ကြည်လွှာက ရှိသင့်တဲ့အထူ၊ အရွယ်အစားရောရှိရဲ့လား၊ မျက်လုံးတိမ်စွဲနေတာမျိုးတွေရော ရှိသလား စတာတွေရှိမရှိသေချာစစ်ဆေးရပါတယ်။ နောက်ပြီး မျက်လုံးက လိုအပ်တဲ့အစိုဓာတ်ရှိရဲ့သလားဆိုတာကိုလည်း ကြည့်ရပါသေးတယ်။ ခြောက်သွေ့လွန်းတဲ့ မျက်စိဆိုရင်လည်းလေဆာပစ်ဖို့သိပ်အဆင်မပြေပါဘူး။မျက်ကြည်လွှာရဲ့ ကွေးကောက်မှုကို တိုင်းတာဖို့ corneal topographer လို့ခေါ်တဲ့ကိရိယာကိုလည်း သုံးလေ့ရှိပါတယ်။ ဒါ့အပြင်လူနာမှာ တခြားရောဂါတွေရှိမရှိ သေချာအောင်စစ်ဆေးမှုလုပ်ရပါတယ်။ အဝေးမှုန်၊ အနီးမှုန်လူနာတွေအနေနဲ့ လေဆာမပစ်ခင် ၂ ပတ်လောက်ကြိုပြီး ကိုယ်တပ်နေတဲ့ မျက်မှန်တွေ၊ မျက်ကပ်မှန်တွေကို ဖြုတ်ထားဖို့လိုအပ်တယ်။ ဒါ့အပြင်ဒီအချိန်အတွင်းမှာ ဂိမ်းဆော့တာ၊ ကွန်ပြူတာအသုံးပြုတာ၊ တီဗီကြည့်ရှုတာတွေကို ရှောင်ရှားသင့်ပါတယ်။ဒီလိုလေဆာနဲ့ ကုသတဲ့နည်းက မိနစ်ပိုင်းပဲကြာပြီး နာကျင်မှုလည်း မရှိပါဘူး။ ပစ်ပစ်ပြီး ၂၄ နာရီအတွင်းမှာကို တိုးတက်မှုကိုသိသိသာသာခံစားရစေပါတယ်။ မျက်လုံးက အနည်းငယ် ပူစပ်ပူလောင်ဖြစ်သလိုလို၊ ယားသလိုဖြစ်နိုင်ပါတယ်။ လေဆာပစ်ပြီး တစ်ရက်လောက်တော့ ကောင်းကောင်းအနားယူသင့်တယ်။ ဆေးရုံကနေ တစ်ယောက်တည်း ကားမောင်းပြန်တာမျိုးမလုပ်ပါနဲ့။ ဒီလောက်မြန်မြန်ကြီး ပြန်အသုံးပြုတာမကောင်းပါဘူး။လေဆာပစ်ပြီးပြီးချင်းတော့ အမြန်အာရုံက ဝါးနေတာမျိုး၊ အရိပ်လေးတွေထင်နေတာမျိုး ကြုံတွေ့ရနိုင်ပါတယ်။ ဒီလိုဖြစ်တာကလည်း တစ်ရက်၊ နှစ်ရက်လောက်ပဲ ကြာပြီး သက်သာသွားမှာပါ။ ပစ်ပြီး တစ်ပတ်လောက်အထိ မျက်လုံးကို ပွတ်တာ၊ အလင်းရောင်စူးစူးကို စိုက်ကြည့်တာ၊ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်တာ စတာတွေ ရှောင်ရှားရပါမယ်။ ကုသမှုပြီးတဲ့ ရက်ပိုင်းလောက်အထိ မျက်လုံးခြောက်သွေ့မှုမဖြစ်အောင် မျက်စဉ်းခပ်ရနိုင်တယ်။ကောင်းပြီ၊ ဒါဆိုပစ်ပြီးရင်ကော လုံးဝကောင်းသွားမှာလား၊ တော်တော်များများသော လူနာတွေကတော့ ပုံမှန်အမြင်အာရုံပြန်ရသွားပါတယ်။ လူတိုင်းအပေါ်သက်ရောက်ပုံချင်းမတူညီတာကြောင့် တချို့ကျတော့လည်း မျက်မှန်လုံးဝမပျောက်ဘဲ မျက်မှန်  ဆက်တပ်ရတတ်ပါတယ်။ ပါဝါတော့ လျော့သွားတာပေါ့လေ။ ကုသမှုလုပ်ပြီးတာတောင်မှ မျက်လုံးက ကြည့်ရတာ ပုံရိပ် ၂ ထပ်မြင်ရတာတွေ၊ ညဖက်ဆို အလင်းပြန်တာတွေဖြစ်နေမယ်ဆိုရင်တော့ နောက်တစ်ခါ ထပ်ပြီးလေဆာပစ်ဖို့လိုအပ်နိုင်ပါတယ်။ ဒီလို ဒုတိယအကြိမ်ပစ်ပြီးရင်တော့ လုံးဝကောင်းသွားတာများပါတယ်။ တစ်ခုရှိတာက အရင်တုန်းက လေဆာပစ်ခဲ့ပြီးပေမဲ့ အသက်အရွယ်ကြီးရင့်လာတာနဲ့ အမျှမျက်စိပြန်မှုန်လာတတ်ပါတယ်။ ဒါဟာ ကုသမှုရဲ့ နောက်ဆက်တွဲဆိုးကျိုးတော့မဟုတ်ပါဘူး။ဒါကတော့ အခုခေတ်က တိုးတက်လာတဲ့ ကုသမှုတစ်ခုဖြစ်တဲ့ မျက်လုံးကိုလေဆာပစ်ပြီး ပါဝါဖျောက်တဲ့အကြောင်းနည်းပတ်သက်ပြီး သိသင့်သိထိုက်တာလေးတွေပဲ ဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ အဓိက မှာချင်တာကတော့ လူအတော်များများလည်း အဆင်ပြေပြေလုပ်နေတဲ့ နည်းဆိုပေမဲ့ ကုသပေးတဲ့ ဆရာဝန်ရဲ့ ကျွမ်းကျင်မှုအပေါ်လည်း မူတည်သေးတာကြောင့် လေဆာမပစ်ခင် ကိုယ်လုပ်မယ့် ဆေးခန်း၊ ဆေးရုံ၊ ဆရာဝန် စတာတွေကို သေချာရွေးချယ်ပါလို့ အကြံပြုရင်း နိဂုံးချုပ်ပါတယ်။ရေးသားသူ – Dr. Htoo Tint Ko Ko။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/%e1%80%99%e1%80%bb%e1%80%80%e1%80%ba%e1%80%85%e1%80%ad%e1%80%95%e1%80%ab%e1%80%9d%e1%80%ab%e1%80%80%e1%80%ad%e1%80%af-%e1%80%9c%e1%80%b1%e1%80%86%e1%80%ac%e1%80%95%e1%80%85%e1%80%ba%e1%80%95%e1%80%bc/
Cranial Ultrasound (ဦးခေါင်းခွံ အာထရာဆောင်း ရိုက်ခြင်း)
ဦးခေါင်း အာထရာဆောင်း ရိုက်တယ်ဆိုတာဟာ ပြန်လာတဲ့ အသံလှိုင်းတွေကို အသုံးပြုပြီး ဦးနှောက်နဲ့ ventricles လို့ခေါ်တဲ့ ဦးနှောက်အတွင်းဘက် အရည်တွေရှိတဲ့ အခန်း တွေရဲ့ ပုံရိပ်ကိုထုတ်ယူတာဖြစ်ပါတယ်။နေ့၊လ မစေ့ဘဲ မွေးခြင်းရဲ့ နောက်ဆက်တွဲတွေကို တွက်ချက်ဖို့ လေ့လာဖို့ ဒီစစ်ဆေးချက်ကို ကလေးလေး တွေမှာ များသောအားဖြင့် လုပ်လေ့ရှိပါတယ်။ လူကြီးတွေမှာဆိုရင်တော့ ဒီ အာထရာဆောင်းကို ဦးနှောက်ခွဲစိတ်မှုလုပ်ဆောင်နေစဉ် ဦးနှောက်အတွင်းရှိ အစိုင်အခဲတွေကို မြင်နိုင်ဖို့ အတွက် လုပ်ဆောင်နိုင်ပါတယ်။အာထရာဆောင်း လှိုင်းတွေက အရိုးတွေကို ဖြတ်မသွားနိုင်ပါဘူး။ ဒါ့ကြောင့် cranium လို့ခေါ်တဲ့ ဦးခေါင်းခွံ အရိုးတွေ အပြည့်အ၀ ကြီးထွားပြီးသွားတဲ့အခါမျိုးမှာ ဦးနှောက်ကို စစ်ဆေးဖို့ အာထရာဆောင်းရိုက်လို့မရပါဘူး။ဒါ့ကြောင့် ဦးခေါင်း အာထရာဆောင်းကို ဦးခေါင်းခွံ အရိုးတွေ အပြည့်အ၀ မဖွံ့ဖြိုးသေးတဲ့ ကလေးတွေ၊(သို့) ဦးနှောက် ခွဲစိတ်ဖို့ ဦးခေါင်းခွံကို ဖွင့်ထားတဲ့ လူကြီးတွေ မှာ ရိုက်လို့ရပါတယ်။ ဦးခေါင်း အာထရာဆောင်းရိုက်ခြင်းဖြင့် အသက်၁၈ လ မတိုင်ခင်ကလေးတွေမှာ ဦးနှောက်နဲ့ ventricles လို့ခေါ်တဲ့ အခန်းလေးတွေမှာ ဖြစ်နေတဲ့ ပြသနာတွေကို သိရှိနိုင်ပါတယ်။နေ့၊လ မစေ့ဘဲ မွေးခြင်းရဲ့ နောက်ဆက်တွဲတွေမှာ periventricular leukomalacia(PVL) နှင့် ventricle အတွင်း သွေးယိုခြင်း အပါအဝင် ဦးနှောက်အတွင်း သွေးယိုခြင်း တို့ပါဝင်ပါတယ်။PVL ဆိုတာဟာ ventricle လို့ခေါ်တဲ့ ဦးနှောက်အတွင်းရှိ အခန်းတွေ အနားမှာရှိတဲ့ ဦးနှောက်တစ်ရှုးတွေ ပျက်စီးသွားပြီး ကလေးမမွေးခင်၊ မွေးနေစဉ်၊ မွေးပြီး ချိန်တွေမှာ ဖြစ်တတ်တဲ့ ဦးနှောက်ဆီကို အောက်စီဂျင်(သို့) သွေးရောက်တာနည်းတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ventricleအတွင်း သွေးယိုခြင်း(IVH) နဲ့ PVL ဖြစ်ခြင်းဟာ ကလေးလေးအတွက် ချို့ယွင်းချက်တွေ(သင်ကြားနိုင်မှု အနည်းငယ်ချို့ယွင်းခြင်း၊(သို့) လှုပ်ရှားမှု သိသိသာသာ နှေးကွေးသွားခြင်း၊ မှ cerebral palsy(ဦးနှောက်လေဖြတ်ခြင်း) (သို့) အသိဉာဏ်ချို့ယွင်းခြင်းတွေအထိ) ဖြစ်ဖို့ အခွင့်အရေး ပိုများစေနိုင်ပါတယ်။IVH ဟာ နေ့စေ့၊ လစေ့ မွေးတဲ့ ကလေးတွေထက်စာ ရင် နေ့မစေ့၊ လမစေ့ မွေးတဲ့ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ ဖြစ်လာပြီဆိုရင်လည်း မွေးပြီး ပထမ ၃၊ ၄ရက်မှာ စဖြစ်လေ့ရှိပါတယ်။ မွေးပြီး ၁ပတ်မှာ ဦးခေါင်း အာထရာဆောင်းရိုက်ခြင်းဖြင့် IVH အများစုကို စစ်ဆေး သိရှိနိုင်ပါတယ်။PVL ကတော့ စစ်ဆေးသိရှိဖို့ ရက်သတ္တပတ် အနည်းငယ်လိုအပ်ပါတယ်။ ဒီလို အကြောင်းတွေကြောင့် PVL ကို သံသယ ရှိပါက ဦးခေါင်း အာထရာဆောင်းရိုက်ခြင်း ကို မွေးပြီး ၄ပတ်မှ ၈ပတ် အတွင်းမှာ ထပ်လုပ်ဆောင်သင့်ပါတယ်။ ဦးနှောက် အစိတ်အပိုင်းတွေကို စစ်ဆေးဖို့အတွက် ဦးခေါင်း အာထရာဆောင်းရိုက်ခြင်း ကို အများအပြားလုပ်ဆောင်ရနိုင်ပါတယ်။ဦးခေါင်း အာထရာဆောင်းရိုက်ခြင်းကို ကလေးလေးမှာ ဦးခေါင်း အရွယ်အစားကြီးနေခြင်း၊ ဦးနှောက် အမြှေးပါးယောင်ခြင်းကဲ့သို့ဦးနှောက်အတွင်း(သို့)အနီးအနားတွင် ရောဂါပိုးဝင်ခြင်း၊ hydrocephalus ကဲ့သို့ မွေးရာပါ ဦးနှောက်ပြသနာများ ကို စစ်ဆေးခြင်း စသည်တို့ အတွက် အသုံးပြုနိုင်ပါတယ်။လူကြီးများအတွက်တော့ ဦးခေါင်း အာထရာဆောင်းရိုက်ခြင်းကို ဦးနှောက်အတွင်းရှိ အစိုင်အခဲကို နေရာသိအောင်ရှာဖွေပေးဖို့ အသုံးပြုနိုင်ပါတယ်။ ဦးခေါင်းခွံဆက်ပြီးသား လူကြီးတွေမှာ ဦးခေါင်း အာထရာဆောင်းရိုက်ခြင်းကိုလုပ်ဆောင်လို့မရတဲ့အတွက် ဦးနှောက် ခွဲစိတ်မှုအတွက် ဦးခေါင်းခွံ ဖွင့်ထားမှ သာ လုပ်ဆောင်နိုင်ပါတယ်။အာထရာဆောင်းက အရိုးတွေကို ဖြတ်မသွားနိုင်တဲ့အတွက် ဦးခေါင်းခွံ အရိုးတွေ အပြည့်အ၀ မကြီးထွားသေးတဲ့ ကလေးငယ်တွေမှာပဲ လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမယ့် duplex Doppler အာထရာဆောင်းကိုတော့ ဦးနှောက်အတွင်းသွေးစီးဆင်းမှုကို စစ်ဆေးနိုင်ဖို့ ကလေးမှာရော၊ လူကြီးတွေမှာရော လုပ်ဆောင်နိုင်ပါတယ်။PVL ကတော့ စစ်ဆေးသိရှိဖို့ မွေးပြီးရက်သပတ် အနည်းငယ်လိုအပ်ပါတယ်။ ဒီလို အကြောင်းတွေကြောင့် PVL ကို သံသယ ရှိပါက ဦးခေါင်း အာထရာဆောင်းရိုက်ခြင်း ကို မွေးပြီး ၄ပတ်မှ ၈ပတ် အတွင်းမှာ ထပ်လုပ်ဆောင်သင့်ပါတယ်။ ဦးခေါင်း အာထရာဆောင်းရိုက်ခြင်းမှ သံသယရှိတဲ့ဦးနှောက် အစိတ်အပိုင်းတွေကို တွေ့ရှိခဲ့ပါက နောက်ထပ် ရက်သပတ် တော်တော်များများမှာ အာထရာဆောင်းထပ်ရိုက်ဖို့ လိုအပ်ပါလိမ့်မယ်။PVL (သို့) IVH ဖြစ်နေတဲ့ ကလေးတွေမှာ ပုံမှန် ကြီးထွားနိုင်သူများရှိနိုင်သလို၊ ပမာဏ မတူညီတဲ့ ချို့ယွင်းချက်များ( cerebral palsy – ဦးနှောက်လေဖြတ်ခြင်း နှင့် အသိဉာဏ်ချို့ယွင်းခြင်း) ရှိနိုင်ပါတယ်။နေ့လ မစေ့ဘဲမွေးတဲ့ ကလေးလေးတွေမှာ PVL (သို့) IVH ကို စစ်ဆေးဖို့ MRI ရိုက်ခြင်း ကို ဦးခေါင်း အာထရာဆောင်းရိုက်ခြင်း အစား အသုံးပြုနိုင်ပါတယ်။ဒီစစ်ဆေးချက်မလုပ်ခင်မှာ ဘာမှ အထူးတလည်ပြင်ဆင်ထားစရာ မလိုပါဘူး။အရွယ်ရောက်ပြီးလူကြီးတွေကိုတော့ Doppler အာထရာဆောင်းစစ်ဆေးခြင်း မလုပ်ခင်မှာ နီကိုတင်း(ဆေးရွက်ကြီး) ပါတဲ့ ထုတ်ကုန်တွေကို အသုံးမပြုဖို့ မှာကြားပါလိမ့်မယ်။ ဆေးရွက်ကြီးပါတဲ့ ထုတ်ကုန်တွေဟာ သွေးကြောတွေကို ကျဉ်းစေပြီး ရလဒ်ကို မတိမကျ ဖြစ်စေနိုင်ပါတယ်။သင့် ဆရာဝန်က စစ်ဆေးချက်မလုပ်ခင်မှာ သင့်အတွက်(သို့) သင့်ကလေးအတွက် တိကျတဲ့ ညွှန်ကြားချက်တွေပေးပါလိမ့်မယ်။အနည်းငယ်ကြီးတဲ့ ကလေးကို စစ်ဆေးမယ်ဆိုရင်တော့ ကလေးကို အနည်းငယ်အဆာခံ ထားတာကကောင်းပါတယ်။ ကလေးကို နှစ်သိမ့်ပေးဖို့ နဲ့ စစ်ဆေးနေစဉ် ငြိမ်နေစေဖို့ အာထရာဆောင်း စစ်ဆေးချက်လုပ်နေစဉ်မှာ အစာကျွေးလို့ရပါတယ်။ဒီစစ်ဆေးချက်ကို Radiologistလို့ခေါ်တဲ့ ဓါတ်မှန်ပုံရိပ်ကျွမ်းကျင်ဆရာဝန် (သို့) sonographer လို့ခေါ်တဲ့ အာထရာဆောင်း ကျွမ်းကျင် ပညာရှင် မှလုပ်ဆောင်ပေးနိုင်ပါတယ်။ ကလေးလေး အတွက်ဆိုရင်တော့ ဦးခေါင်း အာထရာဆောင်းရိုက်ခြင်းကို မွေးကင်းစ အထူးကြပ်မတ်စာင့်ကြည့်ခန်းထဲမှာ ကလေးရဲ့ကုတင်ဘေးမှာပဲ လုပ်ဆောင်နိုင်ပါတယ်။ကလေးလေးဟာ ကျောဘက်နဲ့ လှဲနေပြီး transducer စက်ဟာ ကလေးရဲ့ ဦးခေါင်းထိပ် ပျော့ပြောင်းတဲ့ အစိတ်အပိုင်း anterior frontanelle ကို ဖြတ်ပြီး ရွေ့ရှားပါတယ်။ စစ်ဆေးနေစဉ်မှာ သင့်ကို သင့်ကလေးရဲ့ ခေါင်းကို ထိန်းထားပေးဖို့ ပြောပါလိမ့်မယ်။ ဗီဒီယို ဖန်သားပြင်ပေါ်မှာ ဦးနှောက် နဲ့ အတွင်းဘက် အခန်း( vemtricles)တွေရဲ့ ပုံရိပ်ကို မြင်ရမှာ ဖြစ်ပါတယ်။လူကြီးတွေအတွက်ကတော့ ဦးခေါင်း အာထရာဆောင်းရိုက်ခြင်းကို ဦးနှောက် ခွဲစိတ်မှုတွေမှာ ဦးနှောက်အတွင်းရှိ အစိုင်အခဲတွေကို ရှာဖို့ အသုံးပြုပါတယ်။အာထရာဆောင်းစစ်ဆေးချက်အပြီးမှာ သင့်နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုချက်ချင်း ဆက်လက် လုပ်ဆောင်နိုင်ပါတယ်။နောက်ထပ်စစ်ဆေးဖို့ ရက်ချိန်းလိုအပ်ရင် လိုအပ်နိုင်ပါတယ်။ နောက်ထပ် ဘာကြောင့်စစ်ဆေးရတယ်ဆိုတာ ဆရာဝန်က တိကျတဲ့အကြောင်းအရင်းကို ရှင်းပြပါလိမ့်မယ်။တစ်ခါတစ်လေမှာ နောက်ထပ်စစ်ဆေးဖို့ ရက်ချိန်းရတာဟာ စစ်ဆေးချက်အဖြေမှာ သံသယရှိဖွယ်၊ မေးခွန်းထုတ်စရာ ရလဒ်ဖြစ်နေပြီး အခြား အနေအထား(သို့) အထူးပြုပုံရိပ် နည်းပညာတွေနဲ့ အတည်ပြုဖို့လိုအပ်တာကြောင့် ဖြစ်နိုင်ပါတယ်။သိပြီးသား ပုံမမှန်တဲ့ကိစ္စ၊ရောဂါ တစ်ခုခုမှာ ဖြစ်နိုင်တဲ့ အပြောင်းအလဲကို ထပ်စစ်ဆေးဖို့ အတွက်လိုအပ်တဲ့အခါမှာလည်း နောက်ထပ် စစ်ဆေးဖို့ရက်ချိန်းက လိုအပ်လာပါလိမ့်မယ်။ ကုသမှုမှာ ထိရောက်မှုရှိ၊ မရှိ နဲ့ ပုံမမှန်တဲ့ ရောဂါတစ်ခုခုက အချိန်အကြာကြီး တည်မြဲနေ၊ မနေ စစ်ဆေးတဲ့ နေရာမှာလည်း နောက်ထပ်ရက်ချိန်းပေးပြီး စစ်ဆေးခြင်း နည်းလမ်းက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ဦးခေါင်း အာထရာဆောင်းရိုက်ခြင်းနဲ့ ပတ်သတ်ပြီး မေးစရာရှိပါကဆရာဝန်နှင့် ဆက်လက် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။စစ်ဆေးချက်ရလဒ်က ဘာကိုဆိုလိုသလဲ?။ပုံမှန် အဖြေများ။ဦးနှောက်ရဲ့ အရွယ်အစား နဲ့ ပုံစံက ပုံမှန်ဖြစ်နေခြင်း။ဦးနှောက်အတွင်းရှိ ventricles လို့ခေါ်တဲ့ အရည်ပြည့်နေတဲ့ အခန်းတွေရဲ့ အရွယ်အစား ပုံမှန်ဖြစ်နေခြင်း။ဦးနှောက်တစ်ရှုးများ ပုံမှန်ဖြစ်နေခြင်း။ သွေးယို၊ သွေးထွက်မှု ၊ သံသယရှိတဲ့ နေရာ၊ ပုံမမှန်တဲ့ ကြီးထွားမှု၊ (သို့) ရောဂါပိုးဝင်သော အထောက်အထား စသည်တို့ မရှိခြင်း။ပုံမှန် မဟုတ်သော အဖြေများ။ဦးနှောက်အတွင်း သွေးထွက်ခြင်း(IVH )ရှိနိုင်ပါတယ်။ သွေးယိုတာကို စစ်ဆေးဖို့ (သို့) သွေးယိုတာကြောင့် ဖြစ်တဲ့ ပြသနာတွေကိုရှာဖွေရန်အတွက် စစ်ဆေးချက်တွေကို ထပ်ပြီး လုပ်ဆောင်ရတတ်ပါတယ်။ဦးနှောက် ventricles နားမှာ သံသယရှိဖွယ်နေရာ များ(သို့) အဖုအကြိတ်များကို တွေ့ရတတ်ပါတယ်။ အဲဒါဟာ PVL( ventricle အနားမှာရှိတဲ့ ဦးနှောက်တစ်ရှုးပျက်စီးတဲ့ အခြေအနေ) ရဲ့ လက္ခဏာ ဖြစ်ပါတယ်။ဦးနှောက်နဲ့ ventricles တွေဟာ ဦးနှောက်နှင့် ကျောရိုးအတွင်းရှိ ခြင်ဆီအများအပြား ဖြစ်ပေါ်လာခြင်းကြောင့် ကြီးလာနိုင်ပါတယ်။ အဲဒီအချက်ကလည်း Hydrocephalus ကို ညွှန်ပြတဲ့ အချက်ဖြစ်နေပါတယ်။အကျိတ်တွေ(သို့) အရည်အိတ်တွေ ဖြစ်နိုင်တဲ့ ပုံမမှန်တဲ့ ကြီးထွားမှုတွေရှိနေနိုင်ပါတယ်။သံသယ ဖြစ်စရာ ရလဒ်တွေတွေ့ရှိရနိုင်ပြီး အဲဒါတွေက encephalitis (သို့) ဦးနှောက် အမြှေးပါးယောင်ခြင်း တို့ ဖြစ်နိုင်ပါတယ်။ဓါတု စစ်ဆေးခန်းတွေ နဲ့ ဆေးရုံတွေအပေါ်မူတည်ပြီး ဦးနှောက်အာထရာဆောင်း ရိုက်ခြင်း ပုံမှန်ရလဒ် အနည်းငယ်ပြောင်းလဲနိုင်ပါတယ်။ စစ်ဆေးချက် အဖြေအတွက် မေးစရာရှိပါကဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-tests-health/cranial-ultrasound-%e1%80%a5%e1%80%ae%e1%80%b8%e1%80%b1%e1%80%81%e1%80%ab%e1%80%84%e1%80%b9%e1%80%b8%e1%80%81%e1%80%bc%e1%80%b6-%e1%80%a1%e1%80%ac%e1%80%91%e1%80%9b%e1%80%ac%e1%80%b1%e1%80%86%e1%80%ac/
အတက်ရောဂါ ဆိုတာ
လမ်းမှာ လူတစ်ယောက် တက်သွားရင်ဖြစ်ဖြစ်၊ အမျိုးထဲမှာအတက်ရောဂါရှိတဲ့သူ ရှိနေရင်ဖြစ်ဖြစ် တက်သွားတဲ့အချိန်မှာ ခံရတဲ့သူရော၊ ဘေးကကြည့်တဲ့သူပါ ဘယ်လောက် သက်သောင့်သက်သာ မဖြစ်လိုက်သလဲဆိုတာ ခံစားမိမှာပါ။ တက်တာဟာ ဦးနှောက်ရောဂါတစ်မျိုး ဖြစ်ပြီး အမျိုးအစား အများကြီး ရှိပါတယ်။ တစ်ခုနဲ့ တစ်ခုကလည်း လက္ခဏာလေးတွေ ကွဲပါတယ်။ အင်မတန်မှ နက်နဲတဲ့ ရောဂါဖြစ်ပါတယ်။ အတက်ရောဂါ ဆိုတာ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ဦးနှောက်ဆဲလ်လေးတွေက တစ်ခုနဲ့ တစ်ခု ဆက်သွယ်ဖို့ လျှပ်စီးကြောင်းလေးတွေ သုံးရပါတယ်။ ဒီလျှပ်စီးကြောင်းလေးတွေမှာ တစ်ခုခုချို့ယွင်းလာပြီဆိုရင် တက်တယ်ဆိုတာ ဖြစ်လာပါတယ်။တက်စေတဲ့ အဓိက အကြောင်းရင်းကတော့ အတက်ရောဂါ လို့ ခေါ်တဲ့Epilepsyပါပဲ။ ဒါပေမယ့် တက်တိုင်း အတက်ရောဂါရှိနေတယ်လို့ ပြောလို့မရပါဘူး။ အကြောင်းရင်း မယ်မယ်ရရ မရှိဘဲ ခဏခဏ တက်နေတယ်ဆိုရင်တော့ အတက်ရောဂါလားလို့ စဉ်းစားရမှာပါ။တခြားအကြောင်းရင်းတွေကတော့။တစ်ကိုယ်လုံး တောင့်သွားတယ်လို့၊ တဆတ်ဆတ်နဲ့ တုန်နေတာတို့ အမျိုးမျိုး ပြောတတ်ကြပါတယ်။ တက်တာကတော့ အနေအထားပေါ်မူတည်ပြီး အမျိုးအစားတွေ အများကြီး ခွဲလို့ရပါတယ်။ အဓိကကတော့ အုပ်စုကြီး နှစ်စုရှိပါတယ်။Generalized seizures။ဦးနှောက် နှစ်ဖက်လုံးမှာ ဖြစ်တာပါ။ သူ့မှာမှ အခွဲတွေ ထပ်ရှိပါသေးတယ်။Focal seizures။ဦးနှောက်ရဲ့ တစ်နေရာတည်းမှာပဲ ကွက်ပြီး ဖြစ်တာပါ။တက်တာက စက္ကန့် ၃၀ကနေ ၂မိနစ်လောက်ထိပဲ ကြာတတ်ပါတယ်။ ၅မိနစ်နေလို့မှ မသက်သာဘူးဆိုရင်တော့ အရေးပေါ် အခြေအနေပါ။အတက်ရောဂါလို့ သံသယရှိတယ်၊ မကြာခဏ တက်တတ်တယ်ဆိုရင် ဆရာဝန်နဲ့ ပြသပြီး အကြောင်းရင်း ရှာသင့်ပါတယ်။ တချို့ကျတော့လည်း အတက်ရောဂါရှိနေတာ မဟုတ်ဘဲ တက်စေတဲ့အကြောင်းအရင်း  (ဥပမာ ဦးနှောက်အကျိတ်၊ ဆိုဒီယမ်နည်းနေတာ) ရှိနေတာပဲ ဖြစ်ပါတယ်။ဆရာဝန်အနေနဲ့ ရောဂါရာဇဝင်မေးမြန်းတာ၊ စမ်းသပ်တာတွေ လုပ်ဆောင်ပြီးတဲ့နောက်မှာ လိုအပ်တဲ့ ဆေးစစ်မှုတွေ လုပ်သွားမှာပဲ ဖြစ်ပါတယ်။ ဥပမာ။တစ်ခါလောက် တက်ဖူးတာနဲ့ အတက်ရောဂါရှိတယ်လို့ ပြောလို့ မရပါဘူး။ အတက်ရောဂါအတွက် ဆေးတွေက ချိန်ဆပြီးမှ ပေးရတဲ့အတွက် သေသေချာချာ စစ်ဆေးဖို့ လိုပါတယ်။အတက်ရောဂါဆေးတွေအပြင် ခွဲစိတ်ကုသတာ၊ အာရုံကြောနှိုးဆွတဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ကီတိုdietတွေနဲ့လည်း ရောဂါကုသမှုကို အထောက်အကူဖြစ်အောင် ပေးလေ့ရှိပါတယ်။တခြားအကြောင်းရင်းကြောင့် တက်တာဆိုရင်တော့ ဒီအကြောင်းရင်းကို ကုသရုံပါပဲ။ ဥပမာ ဆိုဒီယမ်နည်းနေရင် ဆိုဒီယမ်ဖြည့်ပေးတာ၊ ဦးနှောက်အမြှေးရောင်လို့ တက်တာဆိုရင် ပိုးသတ်ဆေးတွေ ပေးတာ စသဖြင့် ကုသလို့ရပါတယ်။အတက်ရောဂါက ကောင်းကောင်း မထိန်းချုပ်နိုင်ဘူးဆိုရင် အချိန်မရွေး တက်သွားနိုင်ပါတယ်။ ဒါဆိုရင် မတော်တဆ ထိခိုက်ဒဏ်ရာရပြီး အသက်အန္တရာယ်ရှိလာနိုင်ပါတယ်။ ဥပမာ။အတက်ရောဂါပဲ ဖြစ်ဖြစ်၊ သာမန်တက်တာပဲ ဖြစ်ဖြစ် သေသေချာချာ အကြောင်းရင်းရှာပြီး ကုသသင့်ပါတယ်။ ဒါက ရောဂါသက်သက်ဆိုတာထက် အချိန်မရွေး ထဖောက်နိုင်လို့ ပိုပြီး သတိထားရပါတယ်။ ဒါကြောင့် ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေကို သေသေချာချာ သောက်ပြီး ရောဂါကို ထိန်းချုပ်ဖို့ အကြံပြုလိုပါတယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/seizure-disorders/seizure-disorders/
ဘေဘီလေးတွေရဲ့ ဆီးသွားခြင်း နဲ့ပတ်သက်ပြီး သိထားသင့်တာအချို့
ဘေဘီအတွက် အရာရာကိုစိုးရိမ်တတ်တာကမေမေဖေဖေတို့ရဲ့ မသင်ဘဲတတ်တဲ့ အလေ့အထတစ်ခုပေါ့။ ကလေးငိုရင်လည်းစိတ်ပူ။ အိပ်နေရင်လည်း ဘာလို့များ အကြာကြီးအိပ်နေတာလဲ ဆိုပြီးပူပြန်ရောဟုတ်။ ဒီတစ်ခေါက် မေမေဖေဖေတို့ စိတ်ပူမိနေတဲ့ အကြောင်းအရာလေးတစ်ခုဖြစ်တဲ့ ဘေဘီလေးတွေရဲ့ ဆီးသွားခြင်း နဲ့ပတ်သက်လို့ပြောပါရစေနော်။ပုံမှန်အားဖြင့်တော့ ကလေးက ဆီးခဏခဏ သွားတတ်ကြပါတယ်။ အကြောင်းကတော့ ကလေးတွေရဲ့ဆီးအိမ်ကြွက်သားက အပြည့်အဝမဖွံ့ဖြိုးသေးတာကြောင့် ဆီးကိုမထိန်းတာကြောင့် ဆီးခဏခဏ သွားနိုင်ပါတယ်။မိခင်နို့သောက်တဲ့ ကလေးတွေထက်နို့ဘူးသောက်တဲ့ကလေးတွေက ဆီးပိုသွားနိုင်ပါတယ်။မွေးစကလေးကနို့မဝရင်တော့ ဆီးသိပ်မသွားတာမျိုး ဖြစ်နိုင်ပါတယ်နော်။ကလေးက မွေးစမှာ ဆီးမသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ မိခင်နို့ကို ပြည့်ပြည့်ဝဝရမှ ကလေးရဲ့စနစ်က ကောင်းကောင်းလည်ပတ်မှာမို့ ကလေးက မိခင်နို့ဝမှ ဆီးသွားမယ်ဆိုတာကို သိထားဖို့တော့လိုအပ်ပါမယ်။ဘေဘီလေးက ဆီးမသွားတာဟာ မိခင်နို့မဝတာကြောင့် ဖြစ်နိုင်ပါတယ်။ ဘောင်းဘီ သားရေကြိုးကျပ်ကျပ်တွေ ဝတ်ပေးမိတဲ့အခါမှာလည်း ဘေဘီလေးတွေက  ဆီးမသွားတာမျိုးဖြစ်နိုင်ပါတယ်။ နို့သောက်သုံးမှုပမာဏ၊အဖျားရှိနေတာ၊ဝမ်းလျှောနေတာ၊ ရာသီဥတုပူပြင်းတာတွေကြောင့်လည်း ကလေးက ဆီးမသွားတာမျိုးဖြစ်နိုင်ပါတယ်။ ဒါတွေအပြင်ဆီးလမ်းကြောင်းပိုးဝင်တာ၊ကျောက်ကပ်ထိခိုက်တာတွေကြောင့်လည်း ကလေးက ဆီးမသွားတာမျိုးဖြစ်နိုင်ပါတယ်။ကလေးက အရွယ်ရလာတာနဲ့အမျှ ဆီးသွားတဲ့အကြိမ်ရေတိုးလာရပါမယ်။ ဒီလိုတိုးမလာဘူး။ တစ်နေ့ကို ၆ ကြိမ်တောင် ဆီးမသွားဘူးဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်ပါနော်။ကလေးက ဆီးသွားတိုင်းငိုနေမယ်၊ ဆီးသွားတိုင်း မသက်မသာဖြစ်နေတယ်ဆိုရင် ဆီးလမ်းကြောင်းပိုးဝင်တာ ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ အမြန်ဆုံးသွားပြသင့်ပါတယ်။ကလေးရဲ့ဆီးအရောင်က အဝါရောင်ရင့်ရင့်ဖြစ်နေမယ်ဆိုရင် ကလေးက နို့သောက်နည်းနေတာ ဖြစ်နိုင်ပါတယ်။ မွေးစအရွယ်မှာတော့ မိခင်ကရေများများသောက်ပြီး ကလေးကိုနို့များများတိုက်ပေးပါ။ပုံမှန်အားဖြင့်ကတော့ မီးမီးလေးတွေမှာ ဖြစ်တတ်ပါတယ်။ဟော်မုန်းပြောင်းလဲမှုကြောင့်ဖြစ်တာပါ။ စိုးရိမ်စရာမရှိပါဘူး။ မွေးပြီး သိပ်မကြာခင်မှာ အလိုလိုသက်သာသွားနိုင်ပါတယ်။ဘေဘီလေးကို ဆီးပုံမှန်သွားစေဖို့ဆိုရင် ဆီးတည်ပေးရပါမယ်။ အိပ်ရာက နိုးလာတဲ့အချိန်မှာဖြစ်ဖြစ် ဒါမှမဟုတ် သိပ်ခါနီးမှာ ဖြစ်ဖြစ်ပေါ့။ နောက်တစ်ချက်က နို့လုံလောက်အောင် တိုက်ပေးဖို့ပါ။ အဝတ်အစားတွေကိုလည်း သက်သောင့်သက်သာနဲ့ ချောင်ချောင်ချိချိဝတ်ပေးဖို့လည်း မေ့လို့မဖြစ်ပါဘူးနော်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/newborn-peeing/
ကျန်းမာရေးနဲ့ညီညွတ်ပြီး လှပစေမယ့် အလှကုန်ပစ္စည်းအသစ်များ
အလှကုန်ပစ္စည်းတွေဟာ အမျိုးသားရော အမျိုးသမီးတွေရဲ့နေ့စဉ်ဘဝမှာ တစ်စိတ်တစ်ဒေသအဖြစ်ပါဝင်လာနေပါတယ်။ လုပ်ငန်းလိုအပ်ချက်အရ ဖြစ်ဖြစ် ကိုယ်တိုင်က အလှအပကိုမြတ်နိုးလို့ဖြစ်ဖြစ် အလှပြင်ဆင်တာကို အမျိုးသားရော အမျိုးသမီးတွေပါလုပ်လာကြပါတယ်။ အမျိုးသားတွေအနေနဲ့လည်း အလှအပပြင်ဆင်တာကို စိတ်ဝင်စားမှုက ယခင်ကာလတွေကထက်ပိုများလာပါတယ်။ အမျိုးသမီးလေးတွေကတော့ပြောစရာတောင်မလိုလောက်ပါဘူး။ မိန်းကလေးတွေက ဗီဇအရအလှအပကိုမြတ်နိုးတတ်သူတွေလို့ဆိုရပါမယ်။ အမျိုးသမီးတွေဟာ ပျမ်းမျှအားဖြင့် တစ်နေ့ကို အလှအပထိန်းသိမ်းရေးပစ္စည်း ၁၂ ခုလောက်အသုံးပြုလေ့ရှိကြတယ်လို့Environmental Working Group (EWG) ရဲ့စစ်တမ်းကောက်ယူချက်အရသိရပါတယ်။ဒီနေ့ခေတ်မှာ အလှကုန်တွေကရွေးချယ်စရာတွေအရမ်းများတော့သုံးစွဲသူတွေအနေနဲ့ ကိုယ်နဲ့လိုက်ဖက်မယ့် ပစ္စည်းမျိုး ကိုရွေးချယ်ဝယ်ယူနိုင်ဖို့ အလှအပကဏ္ဍအကြောင်း ထိုက်သင့်သလောက် နားလည်ထားဖို့ လိုအပ်လာပါပြီ။ကောင်းကျိုး ဆိုးကျိုးတွေက ဘာတွေလဲ၊ ရေတိုရေရှည် ဘယ်လိုသက်ရောက်မှုတွေရှိမလဲစတာတွေကို သုံးစွဲသူတွေအနေနဲ့ သိရှိနေဖို့လိုအပ်ပါတယ်။အလှကုန်ဝယ်ယူတဲ့အခါ အသားအရေအမျိုးအစားနဲ့လိုက်ဖက်မှုရှိ၊မရှိ၊ ကျန်းမာရေးနဲ့ညီညွတ်အောင်ထုတ်လုပ်ထားရဲ့လားဆိုတာအပြင် အဆိပ်အတောက်ဖြစ်စေတဲ့ ပစ္စည်းတွေပါဝင်နေ၊မနေကိုပါသေသေချာချာကြည့်ရှု့ဖို့လိုအပ်ပါတယ်။ ဝယ်ယူမယ့် အလှကုန်ပေါ်မှာ သဘာဝအတိုင်းထုတ်လုပ်ထားတယ်ဆိုတိုင်း အလွယ်တကူယုံကြည်လိုက်တာမျိုး မဖြစ်စေဖို့လည်း လိုပါတယ်။အလှပြင်တဲ့အခါ အသားအရေမပျက်စီးစေဖို့နဲ့ တာရှည်ခံလှပနေစေဖို့ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေကနေစလို့ လှပအောင်ခြယ်မှုန်းရတဲ့အထိ အနုပညာဆန်ဆန်အဆင့်ဆင့် လူးခြယ်ရသလိုပြီးပြည့်စုံတဲ့လှပမှုတစ်ရပ်ဖြစ်စေဖို့ အချိန်လည်း တော်တော်ပေးရပါတယ်။ ဒီနေရာမှာ ပြောပြချင်တာက အလှကုန်ပစ္စည်းတိုင်း ကျန်းမာရေးနဲ့မညီညွတ်တာမဟုတ်ပါဘူး။ အလှကြိုက်တဲ့သူတွေအတွက် အချိန်အများကြီးလည်း ပေးစရာမလို ကျန်းမာရေးနဲ့ ညီညွတ်ပြီး လှပစေတဲ့ အလှကုန်ပစ္စည်းတွေလည်းရှိပါတယ် အဲဒီအလှကုန်ပစ္စည်းတွေထဲကမှ moisturizer၊ primer၊ sunscreen၊ skin treatment၊ concealer နဲ့ foundationတွေအားလုံးကိုပေါင်းစပ်ထုတ်လုပ်ထားတဲ့ BB cream အကြောင်း မိတ်ဆက်ပေးချင်တယ်။ အလှပြင်ဖို့အချိန်မပေးနိုင်တဲ့ ပျိုမေတွေအတွက် BB Cream ကပြည့်စုံတဲ့ လှပမှုနဲ့ ကျန်းမာမှုကိုပါ ပိုင်ဆိုင်နိုင်စေမှာဖြစ်ပါတယ်။BB ဆိုတာ Beauty Balm ကို ကိုယ်စားပြုပြီး BB cream တစ်ခုတည်းနဲ့ အသားအရေကိုထိန်းသိမ်းမှုရော လှပမှုရောပေးနိုင်ပါ့မလားလို့ သံသယဖြစ်ကောင်းဖြစ်ကြပါလိမ့်မယ်။ သံသယကင်းကင်းထားလိုက်ကြပါလို့ အကြံပြုလိုက်ပါရစေ။ BB cream အများစုမှာ SPF 30 ဒါမှမဟုတ် 30 ထက်ပိုများတဲ့ပမာဏပါဝင်နေပြီးနေရောင်ကြောင့် အသားအရေထိခိုက်ပျက်စီးမှုကိုကာကွယ်ပေးပါတယ်။ BB creamတွေမှာ ဇင့်အောက်ဆိုဒ်နဲ့ တိုက်တေနီယမ်အောက်ဆိုဒ်တို့လိုမျိုးနေရောင်ကြောင့် အသားအရေထိခိုက်ပျက်စီးမှုကို ကာကွယ်ပေးတဲ့အာနိသင်တွေပါဝင်နေပါတယ်။BB creamတွေမှာ အသားအရေကိုထိန်းသိမ်းပေးနိုင်မယ့်။BB cream က သယ်ဆောင်ရလွယ်ကူသလို နည်းနည်းလောက်လိမ်းပေးရုံနဲ့ အသားအရေအတွက်အကျိုးပြုပေးတဲ့အပြင် အချိန်ကုန်သက်သာစွာနဲ့လှပမှုကိုပါရရှိစေမှာဖြစ်ပါတယ်။ BB cream ကမိတ်ကပ်အထူကြီး လိမ်းခြယ်စရာ မလိုဘဲနဲ့ ပြီးပြည့်စုံတဲ့အလှအပကိုရရှိစေနိုင်တဲ့ ခရင်မ်တစ်မျိုးပါ။BB cream က လှပမှုကိုပေးစွမ်းတဲ့အပြင် အသားအရေကိုလည်းထိန်းသိမ်းပေးပါတယ်။ BB creamတွေဝယ်ယူတဲ့အခါ တစ်ခုသတိထားရမှာက SPF သာမက PA ပါ။ SPF က အသားအရေ လောင်ကျွမ်းမှုကို ဖြစ်စေတဲ့ UVB ကို ကာကွယ်ပေးပြီး SPF များလေ ကာကွယ်ချိန် မြင့်လေပါ။ PA ဆိုတာက UVA ကိုကာကွယ်ပေးတဲ့အတိုင်းအတာတစ်ခုပါ။ UVA ကအရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကိုဖြစ်ပေါ်စေပြီး မျက်နှာပေါ်မှာ အရေးအကြောင်းတွေနဲ့ အစက်အပြောက် တွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ PA ဆိုတဲ့နေရာမှာလည်း PA +၊ PA ++ နဲ့ PA +++ ဆိုပြီး အမျိုးမျိုးကွဲပြားပါတယ်။ PA+ ဆိုတာကmedium UV radiationတွေက နေသာ ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ PA++ ဆိုတာက Persistent Pigment Darkening (PPD) ၄ ကနေ ၈ အတွင်းပမာဏကို အကာအကွယ်ပေးနိုင် တာဖြစ်ပြီး PA+++ ကတော့ PPD 8 ထက်ကျော်နေတဲ့ UVA ကနေကာကွယ်ပေးနိုင်တယ်လို့ဆိုလိုတာပါ။ PA+++ က UVA ကိုအမြင့်မားဆုံး ကာကွယ်ပေးထားတယ်လို့ ဆိုလို့ရပါတယ်။အလှကုန်ပစ္စည်းဈေးကွက်မှာ SPF ပါတဲ့အလှကုန်တွေအများကြီးရှိနေပြီး အလှကုန်ပစ္စည်းအချို့က ရောင်းအားကောင်းစေဖို့အတွက် SPF 30 ပါတယ်၊ SPF 30 အထက်ပါဝင်တယ်လို့ရေးသားဖော်ပြထားပေမယ့် အမှန်တကယ်ပါဝင်မှုမရှိတဲ့အခါ အသားအရေကိုထိခိုက်ပျက်စီးတာမျိုးဖြစ်စေနိုင်ပါတယ်။နောက်တစ်ချက်ကနေရောင်အောက်ကိုထွက်မှ SPF, PA ပါတဲ့အလှကုန်တွေကို အသုံးပြုဖို့လိုတာ မဟုတ်ပါဘူး။နေရောင်ဝင်ရောက်နိုင်တဲ့ ရုံးခန်းတွေ၊အိမ်ခန်းတွေနဲ့ ကားတွေထဲမှာနေတဲ့သူတွေ အနေနဲ့လည်း SPF, PA ပါဝင်တဲ့အလှကုန်တွေကိုအသုံးပြုပေးဖို့လိုပါတယ်။အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေကတော့ အဆီပြန်တာကို သက်သာစေပြီး အသားအရေခြောက်သွေ့မှုမရှိအောင် မျက်နှာကိုရေဓါတ်ဖြည့်ပေးနိုင်တဲ့ BB cream ကိုသုံးစွဲပေးလို့ရပါတယ်။ Cream type ကိုမနှစ်သက်သူတွေအနေနဲ့လည်း Maybelline ရဲ့Super BB Cushion လိုမျိုး အလှကုန်ပစ္စည်းသုံးစွဲပေးလို့ရပါတယ်။ Cushion ဆိုတာကတော့ အခု ရေပန်းစားနေတဲ့ Liquid Foundation ကို Cushion Sponge ထဲမှာ ထည့်ထားတဲ့ အမျိုးအစားဖြစ်ပြီး Tap Tap လုပ်ရုံနဲ့ အချိန်တိုအတွင်း ပါးပါးပြောင်ပြောင်လေးနဲ့ လှစေပါတယ်။ Technology တွေ ဆန်းသစ်လာတာနဲ့အမျှ ယနေ့ခေတ်လူတွေရဲ့ Living Life Style ကိုပါဖြည့်ဆည်းပေးနိုင်ဖို့ အတွက် Liquid Foundation တစ်ခါ Two Way တစ်ခါ အဆင့်ဆင့် သုံးဖို့မလိုတော့ဘဲ Cushion တစ်ခုတည်းသုံးရုံနဲ့ အချိန်တိုအတွင်း ပြီးပြည့်စုံတဲ့ အလှတရားကို ရရှိစေလို့ အရမ်း အဆင်ပြေပါတယ်။ယနေ့ခေတ်မှာ အမျိုးသမီးတွေအတွက်သာမက အမျိုးသားတွေအတွက်ပါ BB creamတွေ ထွက်ရှိလာနေပြီဖြစ်ပါတယ်။ BB cream ဝယ်ယူတဲ့အခါ ကိုယ့်အသားအရေအရောင်၊ အမျိုးအစားတွေနဲ့ လိုက်ဖက်မှု ရှိအောင် ရွေးချယ် ဖို့ တော့လိုအပ်လှပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%80%e1%80%ba%e1%80%94%e1%80%b9%e1%80%b8%e1%80%99%e1%80%ac%e1%80%9c%e1%80%bd%e1%80%95%e1%80%99%e1%82%88%e1%80%80%e1%80%ad%e1%80%af-%e1%80%90%e1%80%bb%e1%80%95%e1%80%ad%e1%80%b3%e1%80%84%e1%80%b9/
ကာကွယ်ဆေးထိုး ပြီး ကလေး အငိုမတိတ်တော့ဘူးလား။ ဒါလေးတွေ လုပ်ပေးကြည့်ပါ။
ကာကွယ်ဆေးထိုး တယ်ဆိုတာ ကလေးတွေရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ် အရေးကြီးတဲ့ လုပ်ငန်းစဉ်ကြီးတစ်ခုပါ။ ရောဂါကို ကြိုတင်ကာကွယ်ဖို့ အတွက်ကာကွယ်ဆေးတွေပေါ်လာရ ကာကွယ်ဆေးတွေထိုးကြဆိုပေမယ့် ကိုယ့်အသားကို အပ်နဲ့ထိုးတာလောက် နာကျင်တဲ့အရာ မရှိပါဘူး။ လူကြီးတွေတောင်မှ ဆေးထိုးရမှာ ကြောက်နေတာ၊ နာလိုက်တာလို့ မပြောတတ်သေးတဲ့ ကလေးတွေ မှာဆို ပိုဆိုးတာပေါ့။ ကာကွယ်ဆေးလည်းထိုးပြီးရော နာတော့ ငို၊ ဂျီကျ ဘာကိုမှ အလိုမကျဖြစ်ပြီး ထိန်းရခက်တော့ မေမေတို့ အလုပ်စရှုပ်ပါလေရော။အဓိကကတော့ ဆေးထိုးထားတဲ့နေရာက နာကျင်တဲ့ဝေဒနာကို သက်သာအောင် လုပ်ပေးဖို့ပါ။ကာကွယ်ဆေးထိုးပြီးရင် မချေရဘူးဆိုတာတော့ မေမေတို့အားလုံးသိမှာပါ။ အသားကို အပ်နဲ့ထိုးလိုက်တာဆိုတော့ အသားနာမယ့်အပြင် ထိုးလိုက်တဲ့နေရာမှာ ရောင်နေတာလည်း ဖြစ်တတ်ပါတယ်။ ဒီလို ကာကွယ်ဆေးထိုးပြီးပြီးချင်း ရောင်ရမ်းနာကျင်မှုကို သက်သာစေချင်တယ်ဆိုရင်တော့ ရေခဲကပ်ပေးလို့ရပါတယ်။နာတဲ့နေရာကိုရေခဲတုံးချက်ချင်းကပ်လိုက်ရင် ရုတ်တရက် သွေးကြောတွေကျုံ့သွားတာကြောင့် ပိုနာသွားတတ်တာရော၊ အေးတဲ့အထိအတွေ့ကြောင့်ရော ကလေးက ပိုငိုတတ်တဲ့အတွက် အရင်ဆုံး ကိုယ့်လက်နဲ့ရေခဲ့ကိုပွတ်ပြီး အေးတဲ့လက်နဲ့ကလေးနာနေတဲ့နေရာကို ပုတ်ပုတ်ပေးပါ။ ကလေးက အအေးကို ယဉ်သွားပြီဆိုမှရေခဲတုံးကို အဝတ်စနဲ့ပတ်ပြီး ဆေးထိုးထားတဲ့ နေရာမှာ ကပ်ပေးပါ။ရေခဲတုံးက ရောင်ရမ်းတာကိုရော နာကျင်တဲ့ဝေဒနာကိုရော သက်သာစေမှာပါ။ တစ်နေ့ကို နှစ်ကြိမ် သုံးကြိမ်လောက် ကပ်ပေးလို့ရပါတယ်။ကာကွယ်ဆေးထိုးပြီးပြီးချင်း ကလေးကိုယ်ပူတတ်တာ ပုံမှန်ဖြစ်ပြီး ၂ ရက် ၃ ရက်လောက်ဆိုပြန်ပျောက်သွားမှာပါ။ ဖျားနေတဲ့ အချိန်တွင်းမှာတော့အဖျားကျအောင် ဆရာဝန်နဲ့တိုင်ပင်ပြီး ကလေးကို ဆေးတွေ တိုက်ပေးလို့ရပါတယ်။ ကာကွယ်ဆေးထိုးပြီးတိုင်းဖျားတယ်ဆိုတော့ မဖျားရင် ကာကွယ်ဆေးအာနိသင်မရှိလို့လား ဆိုပြီး မေးစရာရှိပါတယ်။ မဟုတ်ပါဘူး။ ဆေးထိုးပြီးပြီဆိုတာနဲ့ ဆေးအာနိသင်က ကလေးကိုယ်တွင်းမှာ ရှိပါတယ်။တကယ်လို့ ဆေးထိုးထားတဲ့ နေရာက အရမ်းရောင်နေပြီး ကလေးက လုံးဝကို အထိမခံ တစ်ချိန်လုံးလည်း ငိုနေတယ်ဆိုရင်တော့ ကလေးတွေအတွက် ထုတ်ထားတဲ့အကိုက်အခဲပျောက်ဆေးနဲ့ အရောင်ကျဆေးတွေကို ဆရာဝန်နဲ့တိုင်ပင်ပြီး တိုက်ပေးလို့ရပါတယ်။ အရေးအကြီးဆုံး အချက်က ကိုယ့်သဘောနဲ့ကိုယ် ဝယ်မတိုက်ဘဲ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသာ တိုက်ဖို့ပါ။ကလေးတိုင်းက တော့ မိဘတွေရဲ့ ကြင်နာယုယမှု ဂရုစိုက်ခံရမှုကို လိုချင်တဲ့သူချည်းပါပဲ ။ ဒီလို ကာကွယ်ဆေးထိုး ပြီးလို့ နာကျင်နေတဲ့ အချိန်ဆိုပိုဆိုးတာပေါ့။ ဒါကြောင့် အရင်ကထက် ကလေးကို ပိုအချိန်ပေးပါ။ နွေးနွေးထွေးထွေးဆက်ဆံပေးပါ။ကာကွယ်ဆေးထိုးပြီး နာနေတဲ့ အရှိန်ကြောင့် ကလေးရဲ့ စားချင်သောက်ချင်စိတ်တွေ ပျောက်ဆုံးနေပါလိမ့်မယ်။ ဒါ့အပြင် ကိုယ်ပူနေတဲ့ အရှိန်ကြောင့် ရေဓာတ်ခမ်းခြောက်တာမျိုးလည်း ဖြစ်နိုင်တဲ့အတွက် ကာကွယ်ဆေးထိုးပြီး နောက်ပိုင်း ကလေးကို အရည်များများတိုက်ဖို့ လိုပါလိမ့်မယ်။ ကလေးဂျီကျနေသည့်တိုင် ချော့ပြီး ဆက်တိုက်ပါ။လက်မောင်းမှာထိုးကိုထိုးရတဲ့ တီဘီကာကွယ်ဆေးကလွဲလို့ လက်မောင်းအစား အခြား ပေါင်မှာထိုးပေးလို့ရတဲ့ ကာကွယ်ဆေးတွေရှိပါတယ်။ လက်မောင်းမှာလိုပဲ ထိုးထားတဲ့ ပေါင်နေရာမှာလည်း နာနေတတ်တာကြောင့် ကလေးက လမ်းလျှောက်ဖို့ ငြင်းဆန်နေပါလိမ့်မယ်။ ဒါကို အတင်းကြီး လမ်းလျှောက်ခိုင်းတဲ့အခါ ကလေးကို ခြေထောက် ထိခိုက်သွားစေတာကြောင့် ကလေး အခြေအနေကို အရင်ဆုံး အကဲခတ်တတ်ဖို့တော့ လိုပါလိမ့်မယ်။တချို့တွေရှိပါတယ်။ကာကွယ်ဆေးမထိုးခင်က အကောင်း ထိုးပြီးမှ ကလေးက ဂျီကျတယ်၊ အီတယ်၊ ကိုယ်ပူတယ်၊ လက်တွေလည်း ရောင်ကိုင်းနေတာပဲ ဆိုပြီး နောက်ဆို ဘာကာကွယ်ဆေးမှ မထိုးတော့ဘူးဆိုတဲ့ မေမေတချို့ရှိပါတယ်။ မေမေတို့ စဉ်းစားရမှာက ခဏတာ နာကျင်တဲ့ ကာကွယ်ဆေးကို ပစ်ပြီး ကလေးကိုအကြီးကြီး ဒုက္ခပေးနိုင်တဲ့ ရောဂါတွေကို ရွေးမလားဆိုတာပါပဲ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/vaccines/post-vaccination-pain/
ဝိတ်ချတော့မယ်ဆိုရင် မဖြစ်မနေသိထားရမယ့် Do’s & Don'ts များ
ဒီကနေ့ခေတ်မှာကိုယ်အလေးချိန်လျှော့ချဖို့ဆိုတဲ့ ကိစ္စက လူတိုင်းနီးပါး တွေးနေကြတဲ့ ကိစ္စတစ်ခုပါ။ သာမန်ကိုယ်အလေးချိန်ရှိတဲ့လူကနေစလို့ အဝလွန်နေတဲ့လူတွေအထိ ဝိတ်ချမယ်၊ ကိုယ်အလေးချိန်ချမယ်ဆိုပြီး ဆက်တိုက်ပြောနေတတ်ကြတယ်မဟုတ်လား။Gymတွေသွားမယ်၊Dietတွေလုပ်မယ်၊ အချိုတွေရှောင်မယ် စသဖြင့် ရည်မှန်းချက်တွေ ရည်ရွယ်ချက်တွေနဲ့ ဝိတ်ချတတ်ကြပေမယ့် တကယ်တမ်းအောင်မြင်သွားတဲ့လူတွေကတော့ လူ ၁၀ ဦးမှာ ၁ ဦးနှုန်းပဲရှိပါတယ်တဲ့။ဒီမှာ မေးစရာရှိလာတာက ဝိတ်ချရတာ ဒီလောက်တောင် ခက်သလား။ ဒါမှမဟုတ် ဘာကြောင့် ဝိတ်ချရခက်နေကြတာလဲ။တကယ်တော့ဝိတ်ချရတာမခက်ပါဘူး။ လိုက်နာသင့်တာတွေကို လိုက်နာပြီး ရှောင်သင့်တာတွေကို ရှောင်မယ်ဆိုရင် ဝိတ်ချတာက တကယ်လွယ်ကူတဲ့ကိစ္စဖြစ်ပါတယ်။ ပြဿနာက လူ့စိတ်ပါပဲ။ ရေရှည် အစီအမံမထားပဲ ကြုံသလို ဝိတ်ချကြတဲ့အခါ ကျတဲ့အချိန်မှာ အတင်းကာရော ပိန်သွားတတ်ပေမယ့် အချိန်တန်တော့ ပြန်ပြီး ကိုယ်အလေးချိန်တက်လာတာမျိုး ကြုံဆုံရပါတော့တယ်။ဒီလိုမဖြစ်ချင်ဘူး။ စနစ်တကျနဲ့ ဝိတ်ချချင်တယ်ဆိုတဲ့ သူတွေလည်း ရှိကြဦးမှာပါ။ ဒါဆိုရင်တော့ အခုပြောပြမယ့် Do’s & Don’ts တွေကို လိုက်နာကြည့်ပါ။ ကိုယ့်ရဲ့ ကိုယ်အလေးချိန်လျှော့ချရေး လုပ်ငန်းစဉ်ကြီးတစ်ခုလုံး ထူးခြားတာကို မြင်ရပါလိမ့်မယ်။ခုဖော်ပြခဲ့တဲ့အချက်တွေဟာ ကိုယ်အလေးချိန်လျှော့ချမယ့် ကိုကိုတွေ မမတွေအတွက် အထောက်အကူဖြစ်စေမယ့် နည်းလမ်းတွေဖြစ်ပါတယ်။ ဒီ Do’s & Don’ts တွေကို လိုက်နာမယ်ဆိုရင် ရေရှည်မှာ အကျိုးရှိမှာဖြစ်ပြီးတော့ ထိရောက်တဲ့ ကိုယ်အလေးချိန်လျှော့ချမှုကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/best-weight-loss-dos-and-donts-guide/
သင့်ရဲ့အသည်း
“ဆရာ အဖေ နာနေတယ်ပြောလို့”။“ဟုတ်ကျွန်တော်လူနာသက်သာအောင်ဆေးတစ်လုံးထိုးပေးပါမယ်”။“အဖေ့အခြေအနေက ဘယ်လိုရှိလဲ ဆရာရယ်”။“ဟုတ်ပြောရတာတော့စိတ်မကောင်းပါဘူး၊ သိပြီးသားထင်ပါတယ်။ လူနာက အသည်းကင်ဆာဆိုတော့သိပ်တော့အခြေအနေမကောင်းဘူး။ နောက်ဆုံးအဆင့်ဆိုတော့လေ။ တတ်နိုင်သရွေ့သက်တောင့်သက်သာဖြစ်အောင်တော့လုပ်ပေးနေပါတယ်။”။“ဟုတ်ဆရာ အဓိကကတော့အရမ်းကြီး မခံစားစေချင်တာပါ။”။အသည်းကင်ဆာဖြစ်ပွားနေသောလူနာ၏ လူနာရှင်နှင့်သမားတော်တို့ပြောနေသောစကားများဖြစ်သည်။ လူနာက အရက်နှင့်ကြောင့်အသည်းခြောက်ရာမှတဆင့်အသည်းကင်ဆာပြောင်းကာ။နောက်ဆုံးအဆင့်ရောက်နေခြင်းဖြစ်သည်။ မိသားစုက လုပ်လို့ရသော ကုသမှုတော်တော်များများကိုလုပ်ပေးထားသော်လည်း လူနာအခြေအနေက မကောင်းခဲ့။ ကင်ဆာမှန်းသိချိန်မှာပင်ခွဲစိတ်ကုသ၍မရနိုင်တော့သဖြင့်သွေးကြောအတွင်းသို့ဆေးသွင်းကုသခြင်းကိုသာ လုပ်ဆောင်ပေးခဲ့ရသည်။ သို့သော်အသည်းကင်ဆာ၏ ရောဂါသဘောသဘာဝအတိုင်း ရောဂါအခြေအနေမှာ ပျောက်ကင်းသွားခြင်းမရှိဘဲ။ခဏသက်သာသွားရုံသာရှိပြီး နောက်ပိုင်းတွင်ပြန်ဆိုးလာခဲ့သည်။ ယခုအနေအထားတွင်ရောဂါမှာအဆိုးဆုံးအနေအထားသို့ရောက်ရှိလာခြင်းဖြစ်သည်။အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာအသည်းခြောက်ခြင်းသည်မြန်မာနိုင်ငံတွင်အဖြစ်များသော ရောဂါတစ်မျိုးဖြစ်သည်။ အသည်းခြောက်စေသော အကြောင်းများတွင်အရက်နှင့်အသည်းရောင်အသားဝါ B ပိုး C ပိုးများသည်အဖြစ်များသော အကြောင်းများအဖြစ်ပါဝင်ပါသည်။ အသည်းရောဂါဖြစ်လာပြီဆိုလျှင်အသည်းရောဂါမှာ စတင်ဖြစ်ပွားစတွင်တစ်ခါတစ်ရံသိသိသာသာ လက္ခဏာမပြဘဲလည်း။ရှိတတ်သည်။ ပျို့အန်ခြင်း၊ အသားဝါခြင်း၊ ဝမ်းဗိုက်ရင်ခေါင်း ညာဘက်ပိုင်းတွင်နာခြင်းများဖြစ်တတ်သည်။ အသည်းခြောက်လာပြီဆိုလျှင်နောက်ဆက်တွဲ အနေဖြင့်ကိုယ်လက်များဖောယောင်ခြင်း၊ ရေဖျဉ်းစွဲခြင်း၊။အသားဝါခြင်း၊ သွေးအန်ခြင်း၊ သွေးဝမ်းနှင့်ဝမ်းအမည်းများသွားခြင်း များ ဖြစ်လာတတ်သည်။ နောက်ပိုင်းတွင်အသည်းဆိပ်များ ဦးနှောက်ရောက်ပြီး သတိမကောင်းတော့ခြင်း၊ ကျောက်ကပ်နှင့်အဆုတ်များပါထိခိုက်လာခြင်းများဆက်လက်ဖြစ်ပေါ်လာတတ်ပါသည်။အသည်းခြောက်ခြင်းမှတစ်ခါတစ်ရံအသည်းကင်ဆာ ဖြစ်ပွားသည်အထိဖြစ်တတ်ပါသည်။ အသည်းကင်ဆာမှာလည်း ကင်ဆာများထဲတွင်ရောဂါအပွားမြန်သော ကင်ဆာတစ်မျိုးဖြစ်သည်။ သိရှိချိန်တွင်ရောဂါအဆင့်မှာ နောက်ကျနေတတ်သည်။ သိသာသော လက္ခဏာမပြဘဲနှင့်လည်းအသည်းကင်ဆာဖြစ်နေတတ်ရာ အသည်းခြောက်သူများ၊ အသည်းကင်ဆာဖြစ်နိုင်ခြေရှိသူများ (အောက်တွင်ဆက်လက်ဖော်ပြထားသော အကြောင်းရှိသူများ) အနေဖြင့်ပုံမှန်Ultrasound ရိုက်စစ်ဆေးခြင်းကဲ့သို့စမ်းသပ်စစ်ဆေးမှုများလုပ်ဆောင်သင့်ပါသည်။ အရက်နှင့် အသည်းအရက်ကိုအလွန်အကျွံသောက်သုံးခြင်းသည်အသည်းခြောက်ခြင်း အသည်းကင်ဆာဖြစ်ခြင်းနှင့်တိုက်ရိုက်ဆက်နွယ်ပါသည်။ အရက်ကိုတစ်နေ့၂ယူနစ်ထက်ပိုမိုသောက်သုံးခြင်းသည်ကျန်းမာရေးနှင့်ညီညွတ်ပါချေ။ အရက်၂ ယူနစ်သည်အကြမ်းအားဖြင့်ဘီယာခွက်တစ်ခွက်၊ ဝီစကီစပ်ပြီးသား တစ်ခွက်နှင့်ညီမျှသည်။ ပို၍ ပြောရခက်သည်မှာ အရက်ပါဝင်မှု အတိအကျ မရှိသော အရက်များကိုသောက်သုံးနေကြခြင်းဖြစ်သည်။ အရက်ပမာဏကိုတွက်ရခက်၍ ဖြစ်သည်။ ထို့အပြင်များသော အားဖြင့်။အရက်ကိုစွဲသူအများစုမှာ အရက်ကိုအန္တရာယ်ဖြစ်စေသော ပမာဏအတိင်းသာ သောက်သုံးနေကြခြင်းသာဖြစ်သည်။ တစ်ချို့ဆို မနက်ကတည်းကပင်အရက်သောက်နေကြသည်။ အရက်သောက်ခြင်းကြောင့်အသည်းရောင်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ အသည်းခြောက်ခြင်းများဆက်လက်ဖြစ်ပေါ်လာတတ်သည်။အသည်းရောင်ပိုးများအသည်းရောင်အသားဝါ ဘီပိုး စီပိုးများသည်လည်း သေချာမကုသပါက အသည်းရောင်ခြင်းမှတဆင့်အသည်းခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်းများဖြစ်ပေါ်စေတတ်ပါသည်။ ယခင်က ထိုပိုးများသည်ကုသရခက်ခဲခြင်း၊ ကုန်ကျစရိတ်များခြင်းများရှိခဲ့သော်လည်း ယခုပေါ်လာသော ဆေးဝါးအသစ်များသည်ယခင်ဆေးများလောက်ဆေးမကြီးတော့ပါချေ။ ယခင်က အသည်းရောင်အသားဝါ စီပိုးဖြစ်လျှင်တစ်နှစ်ခန့်အထိဆေးထိုး သောက်ဆေးသောက်စသည်ဖြင့်လုပ်ရပြီး ကုန်ကျစရိတ်မှာလည်းသိန်းရာချီတတ်ပါသည်။ ယခုအခါ ဆေးဝါးအသစ်များပေါ်လာခြင်းကြောင့်ထိုးဆေးမထိုးဘဲနှင့်လည်းသောက်ဆေးဖြင့်သာ ကုသ၍ ရလာပြီး ကုန်ကျစရိတ်မှာလည်းများစွာသက်သာလာပါသည်။၃လသာကုရသော အနေအထားဆိုလျှင်ကုန်ကျစရိတ်မှာ သုံးရသော ဆေးပေါ်မူတည်ပြီး ၁၀-၂၀ သိန်းခန့်သာကုန်ကျတော့သည်။ ထို့အပြင်ယခုနောက်ပိုင်းတွင်အသည်းဖောင်ဒေးရှင်းစသည်များမှလှူဒါန်းမှုဖြင့်အသည်းရောင်အသားဝါ စီပိုးကိုအခမဲ့ကုသပေးမှုများစတင်လာနေပြီဖြစ်ပါသည်။ အစိုးရဆေးရုံများရှိအသည်းအထူးကုဌာနများတွင်ပြသနိုင်ပါသည်။ အသည်းရောင်အသားဝါ ဘီပိုး စီပိုးများသည်မသန့်ရှင်းသော ဆေးထိုးအပ်နှင့်ပစ္စည်းကိရိယာများမှကူးစက်ခြင်း၊ လိင်ဆက်ဆံမှုမှကူးစက်ခြင်း၊ ရောဂါပိုးရှိသူ၏ သွေးမှတဆင့်ကူးစက်ခြင်း၊ရောဂါပိုးရှိသူမိခင်မှသန္ဓေသားသို့ကူးစက်ခြင်း စသည်တို့မှကူးစက်တတ်ရာ အဆိုပါ အကြောင်းတရားများကိုသတိထားကြရန်လိုပါသည်။ အသည်းရောင်အသားဝါ ဘီပိုးသည်ကာကွယ်ဆေးရှိနေပြီဖြစ်ရာ ရောဂါပိုးရှိမရှိစစ်ဆေးပြီး မရှိပါက ကာကွယ်ဆေးထိုးနိုင်ပါသည်။ ကာကွယ်ဆေးထိုးပြီးလျှင်လည်း ဆရာဝန်၏ညွှန်ကြားချက်နှင့်အညီဆေးအောင်မအောင်စစ်ဆေးခြင်း၊ လိုအပ်ပါက ဆေးထပ်ထိုးခြင်းများကိုလည်းလုပ်ဆောင်သင့်သည်။ ဆေးထိုးပြီးသူများသည်လည်း ၅နှစ်တစ်ခါ ပြန်လည်စစ်ဆေးပြီး လိုအပ်ပါက။ကာကွယ်ဆေးထပ်ထိုးခြင်းများ လုပ်ဆောင်သင့်ပါသည်။တခြားအသည်းရောင်အသားဝါပိုးများ ဥပမာ အသည်းရောင်အသားဝါ A ပိုးသည်လတ်တလောအသည်းရောင်ခြင်းကို ဖြစ်ပေါ်စေတတ်ပြီး ဖြစ်ပွားချိန်တွင်တော့အသည်းကိုပြင်းပြင်းထန်ထန်ထိခိုက်ခြင်းဖြစ်တတ်ပါသည်။ သို့သော်ထိုအဆင့်ကို သေချာကုသပါက နောက်ဆက်တွဲအသည်းခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်းများတော့ဆက်ဖြစ်ပွားလေ့မရှိပါချေ။ ဆေးဝါးများနှင့် အသည်းအသည်း၏ အဓိကလုပ်ဆောင်ချက်တစ်ခုမှာ ဆေးဝါးနှင့်တခြား အဆိပ်အတောက်များကိုဖယ်ရှားပေးရခြင်းဖြစ်သည်။ ထို့ကြောင့်လည်း တစ်ချို့ဆေးဝါးများကြောင့်အသည်းကိုပြန်လည်ထိခိုက်မှုများလည်း ဖြစ်ပေါ်တတ်ပါသည်။ အသည်းထိနိုင်သော ဆေးအမျိုးအစားများကားများပြားလှပါသည်။ အင်္ဂလိပ်ဆေးများသာမက တစ်ချို့တိုင်းရင်ဆေးများလည်းပါဝင်ပါသည်။ တစ်ချို့သည်အသားဝါလာ၍ဟုဆိုကာ လက်လှမ်းမှီရာ ဆေးများကို သောက်ရာမှအသည်းအခြေအနေပိုဆိုးသွားပြီးအသက်ဆုံးရှံူးရသည်အထိဖြစ်သွားကြရသည်ပင်ဖြစ်သည်။ ထို့ကြောင့်အသည်းမကောင်းသည့်လက္ခဏာများရှိလာပါကလည်း မိမိဘာသာ စပ်ဆေးများ၊ ဆေးမြီးတိုများနှင့်ကုမနေဘဲကျွမ်းကျင်သည့်ဆရာဝန်နှင့်တိုင်ပင်ကုသရန်အရေးကြီးလှပါသည်။ မိမိဘာသာသောက်လိုက်သောဆေးများသည်အခန့်မသင့်လျှင်အသည်းကို ပိုမိုပင်ထိခိုက်သွားတတ်သောကြောင့်ဖြစ်ပါသည်။ အသည်းနှင့် မှိုအသည်းကင်ဆာဖြစ်စေသော အကြောင်းများထဲတွင်မြန်မာလူမျိုးများအတွက်အရေးကြီးသောတစ်ချက်မှာ မှိုတစ်မျိုးမှထွက်သည့် Aflatoxin ဟုခေါ်သော အဆိပ်တစ်မျိုးဖြစ်သည်။ ထိုမှိုပိုးသည်မသန့်ရှင်းသော၊ မှိုတက်နေသော အစားအသောက်များတွင်ပါဝင်တတ်ရာအစားအသောက်သန့်ရှင်းမှုသည်လည်း အရေးကြီးလှပါသည်။ အသည်းအဆီဖုံးခြင်းအသည်းအဆီဖုံးခြင်းသည်လည်း အခန့်မသင့်ပါက အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်း၊အသည်းကင်ဆာဖြစ်ခြင်းတို့ကိုဆက်လက်ဖြစ်ပေါ်စေတတ်ပါသည်။ အသည်းအဆီဖုံးခြင်းသည်အဝလွန်သူများ၊ သွေးချို သွေးတိုးရှိသူများတွင်ပိုမို ဖြစ်ပွားတတ်သဖြင့်သတိထားစစ်ဆေးရန်။အရေးကြီးပါသည်။အသည်းထိစေသော တခြားအကြောင်းများအစားအသောက်တွင်ပါသော ဆိုးဆေးများ၊ မွေးရာပါချို့ယွင်းချက်များကြောင့်ကိုယ်ခန္ဓါအတွင်းသံဓါတ်များခြင်း၊ ကြေးဓါတ်(copper) များခြင်းများ၊ ကိုယ်ခန္ဓါ။ခုခံအားစနစ်မမှန်ခြင်းကြောင့်ဖြစ်သော အသည်းရောဂါ (autoimmune hepatitis)၊သည်းခြေလမ်းကြောင်းပိတ်ခြင်းကြောင့်ဖြစ်သော အသည်းရောဂါများစသည်ဖြင့်တခြားအသည်းရောဂါများစွာရှိပါသေးသည်။အချုပ်အားဖြင့်ဆိုသော်အသည်းရောဂါများသည်မြန်မာနိုင်ငံတွင်အဖြစ်များသောရောဂါအဖြစ်ပါဝင်နေပါသည်။ အသည်းရောင်ခြင်းမှသည်အသည်းခြောက်ခြင်း၊အသည်းကင်ဆာဖြစ်ပွားခြင်းတို့အထိအသည်းရောဂါအမျိုးမျိုးကိုစနစ်တကျ ကာကွယ်ရန်လိုပါသည်။ အစားအသောက်ဆင်ခြင်ခြင်း၊ အရက်ကိုအလွန်အကျွံသောက်ခြင်းမှရှောင်ကြဉ်ခြင်း၊အသည်းရောင်အသားဝါ ကာကွယ်ဆေးထိုးခြင်း၊ မိမိသဘောနှင့်မိမိစပ်ဆေး တိုင်းရင်းဆေးများကိုသောက်ခြင်းမှရှောင်ကြဉ်ခြင်း၊ အသည်းရောင်အသားဝါ B, C ပိုးများကူးစက်နိုင်သည့်အကြောင်းများဖြစ်သည့်လိင်အပျော်အပါး လိုက်စားခြင်း၊ မလိုအပ်ဘဲ (အထူးသဖြင့်တရားဝင်ဆေးကုသခွင့်မရှိသူနှင့်) ဆေးထိုးခြင်းစသည့်အချက်များ ကို ရှောင်ကြဉ်ကြရပါမည်။ အသည်းရောဂါ ဖြစ်လာပြီဟုထင်ပါကလည်း ဆေးမြီးတိုနှင့်ကုသခြင်းမလုပ်ဘဲ ကျွမ်းကျင်သူနှင့်စနစ်တကျ တိုင်ပင်ကုသခြင်းအားဖြင့်အသည်းရောဂါပိုမိုဆိုးရွားလာခြင်းများကိုကာကွယ်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/your-liver/
ကိုယ့်ကလေးမှာ ဒီလက္ခဏာတွေတွေ့ရင် မပေါ့ဆနဲ့နော်
အသံတွေကို တုံ့ပြန်မှုမရှိဘူး။အာရုံမစူးစိုက်နိုင်ဘူး။လေ့လာသင်ယူနေဆဲ ကလေးတွေက သူတို့အမြင်အာရုံတွေမကြည်တာ၊ မျက်စိ အာရုံစူးစိုက်မရတာတွေကို မပြောပြတတ်သေးပါဘူး။ ကိုယ့်အနီးတဝိုက်က အရာဝတ္ထုတွေကိုတောင် ကလေးက မမြင်တာ၊ မရှာနိုင်တာမျိုးတွေ့ရရင် ဆရာဝန်ပြပါ။ စာအုပ်ဖတ်တာ၊ ပုံပြစာအုပ်တွေ ကြည့်တာတွေမှာ အခက်အခဲဖြစ်နေပုံတွေ့ရင် ဒါမှမဟုတ် တီဗီနဲ့အရမ်းနီးကပ်ပြီးရှေ့တိုးကြည့်တာမြင်ရင် ကလေးရဲ့မျက်စိကျန်းမာရေးကိုစစ်ဆေးသင့်ပါတယ်။အဖျားတက်ပြီး ခေါင်းကိုက်နေမယ်။ကလေးတွေမှာအစာအိမ်ဗိုင်းရပ်စ်တွေနဲ့တခြားရောဂါပိုးတွေကြောင့် မကြာခဏဖျားတတ်ပါတယ်။ ရိုးရိုးဖျားတာထက် အဖျားလည်းတက်နေရင်း ကလေးက တော်တော်လေးခေါင်းကိုက်နေတဲ့ အမူအရာဖြစ်နေတာ၊ မျက်လုံးတောင်မဖွင့်နိုင်တာဆိုရင်  တော်ရုံအဖျားကျဆေးနဲ့ ငြိမ်မနေပါနဲ့။ ဟိုမေးဒီမေးလုပ်နေမယ့်အစား ဆေးခန်းအမြန်ပြေးတာ ကလေးမြန်မြန်သက်သာနိုင်ပါလိမ့်မယ်။ဦးနှောက်အမြှေးရောင်ရောဂါလို အန္တရာယ်ရှိတဲ့ရောဂါတွေရဲ့ လက္ခဏာဖြစ်နေနိုင်လို့ တတ်နိုင်သလောက်စောစောကုသတာကောင်းပါတယ်။ဗိုက်အောင့်နေတယ်။အစားအစာသစ်တွေ မိတ်ဆက်တာ၊ အပြင်စာတွေကျွေးတာ စတဲ့ အကြောင်းရင်းအမျိုးမျိုးကြောင့် ကလေးတွေကို ဗိုက်အောင့်စေတတ်ပါတယ်။ လေထိုးလေအောင့်တာတွေ၊အစာမကြေတာတွေကြောင့် အဖြစ်များပေမယ့် ကလေးမှာ နေရမသက်သာ ဗိုက်အောင့်နေတာကို ဒီအတိုင်းတော့ထိုင်မကြည့်နေပါနဲ့။ ရိုးရိုးဗိုက်အောင့်တာထက် အူအတက်ပြဿနာဖြစ်နေနိုင်လို့ပါ။ ဒီလက္ခဏာတွေဖြစ်လာရင် အမြန်ဆရာဝန်ပြပါ –။အစာအိမ်လေနာကြောင့် ဗိုက်အောင့်တာနဲ့ နောက်ထပ်ကွာခြားတဲ့အချက်က အူအတက်ကြောင့်ဆိုရင် ဗိုက်အောင့်တဲ့အချိန်ပိုကြာပြီး နာကျင်မှုက အချိန်နဲ့အမျှ ပိုတိုးလာတတ်ပါတယ်။အရမ်းမောပန်းလွယ်တယ်။အသက်ရှူရတာပြဿနာရှိနေတယ်။ကလေးတွေမှာ ပန်းနာရင်ကျပ်က အဖြစ်များပါတယ်။ ပန်းနာရင်ကျပ်ရှိနေရင် ကစားတဲ့အချိန်၊ လှုပ်ရှားတဲ့အချိန်မှာ အသက်ရှူရတာအဆင်မပြေ၊ တရွှီရွှီသံမြည်တတ်တယ်၊ မောတယ်၊ ကျပ်တယ် စတာတွေဖြစ်တတ်ပါတယ်။ ပန်းနာရင်ကျပ်ဆိုတာ သေချာမကုသရင် ပေါ်လာတဲ့အခါတိုင်း အသက်ရှူရပြဿနာရှိနိုင်တာမို့ ဒီလက္ခဏာတွေကို သတိထားကြည့်ပါ။ ကုသမှုခံယူပါ။ကိုယ်အလေးချိန်ကျလာတယ်။အကြောင်းရင်းမသိဘဲ ကိုယ်အလေးချိန်ကျတာဟာ စိုးရိမ်စရာကောင်းပါတယ်။ နည်းနည်းပါးပါးအတက်အကျရှိတာ ပုံမှန်ဆိုပေမယ့် သိသိသာသာကြီး အကြောင်းရင်း မသိရဘဲ ပိန်လာတာက ရောဂါလက္ခဏာတစ်ခုဖြစ်နေနိုင်ပါတယ်။ဆရာဝန်ပြပြီး အကြောင်းရင်းကိုရှာဖွေပါ၊ အကြံဉာဏ်ရယူပါ။ တခြားလက္ခဏာတွေ ပေါ်လာချိန်ထိ မစောင့်ပါနဲ့။ရေအရမ်းငတ်တယ်။ပြေးလွှား၊ ဆော့ကစားတာ ကြာလာရင် ရေဆာတာတော့ သဘာဝပေါ့။ ဒါပေမယ့် နေရင်းထိုင်ရင်း အမြဲလိုလို ရေပဲတောင်းနေတာ၊ မကြာခဏ ရေအရမ်းငတ်နေတဲ့ လက္ခဏာ ဆိုရင်တော့ တခုခုပါပဲ။ ဆီးချိုသွေးချိုအန္တရာယ်ကိုလည်း မေ့ထားလို့မရပါဘူး။ ဆရာဝန်ပြပြီး ကျန်းမာရေးစစ်ဆေးပါ။ ဆီး အရမ်း သွားသလား၊ အရမ်း ဆာသလား၊ ကိုယ်အလေးချိန် ကျသလား၊ မောပန်းနေလား စတဲ့ လက္ခဏာတွေ ရှိနေလား ဆိုတာလည်း သတိထားရပါမယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/common-symptoms-and-conditions/emergency-signs-in-child/
Basal Cell Carcinoma (အခြေခံဆဲလ်ကင်ဆာဖြစ်ခြင်း)
အခြေခံဆဲလ်ကင်ဆာဖြစ်ခြင်းဆိုတာ နေရောင်အထိများတဲ့ အရေပြားရဲ့ အစိတ်အပိုင်းတွေပေါ်မှာ ဖြစ်လာတဲ့ ကင်ဆာရောဂါ ဖြစ်ပါတယ်။ ဆရာဝန်ကနေ သင့်မှာ ဒီရောဂါရှိနေတယ်လို့ ပြောလိုက်ရင် စိတ်ပူတတ်တာ သဘာဝပါပဲ။ ဒါပေမယ့် တခုသတိထားရမှာက အန္တရာယ်အနည်းဆုံး အရေပြား ကင်ဆာအမျိုးအစားပဲ ဖြစ်ပါတယ်။ စောစီးစွာ သိရရင် ကုသနိုင်ပါတယ်။ဒီကင်ဆာဟာ အရေပြားကနေ တခြားအင်္ဂါအစိတ်အပိုင်းတွေကို ပြန့်နှံ့မသွားပါဘူး။ ဒါပေမယ့် အရေပြားအောက်က အရိုးနဲ့ တခြားတစ်သျှူးတွေဆီ ရွေ့သွားနိုင်ပါတယ်။ ဒီပြသနာအတွက် ကုသနည်းပေါင်းများစွာ ရှိပါတယ်။ရောဂါစဖြစ်ရင် အကျိတ်သေးသေးလေးတွေဟာ နှာခေါင်းနဲ့ မျက်နှာမှာ ထွက်လာတတ်ပါတယ်။ တခြား ကိုယ်လုံး၊ လက်၊ ခြေထောက် စတာတွေမှာလည်း ဖြစ်တတ်ပါတယ်။ အသားအရေဖြူရင် အရေပြားကင်ဆာရနိုင်ခြေ ပိုများပါတယ်။ဒီကင်ဆာမျိုးဟာ တဖြည်းဖြည်းချင်းဖြစ်တတ်ပြီး နေရောင်နဲ့ ကာလကြာရှည်ထိတွေ့ပြီး နှစ်ပေါင်းများစွာအထိ သတိမထားဘဲ ရှိတတ်ပါတယ်။ နေရောင်များများထိတွေ့ရင်၊ အသားအရောင်ညိုအောင် ဖန်တီးပေးတဲ့စက်သုံးရင် ငယ်စဉ်မှာပဲ ဖြစ်တတ်ပါတယ်။BCCဟာ အရေပြားကင်ဆာထဲမှာ တွေ့ရအများဆုံး ဖြစ်ပါတယ်။ အမှန်တော့ ကင်ဆာအားလုံးထဲမှာလည်း တွေ့ရအများဆုံး ဖြစ်ပါတယ်။ နေရောင်နဲ့ မကြာခဏထိတွေ့ဖူးသူတွေမှာ ဖြစ်နိုင်ခြေများပါတယ်။ အသက် ၄၀ကျော်မှာ လက္ခဏာပေါ်လာတတ်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်ရှိရင် ငယ်ရွယ်စဉ်မှလည်း ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။အမျိုးမျိုးတွေ့နိုင်ပါတယ်။ အရေပြားမှာ အဖုလိုဖြစ်လာပြီး အောက်ခြေမှာ သွေးကြောတွေ ပါဝင်ပါတယ်။ ပန်းရောင်၊ အညိုရောင်၊ အနက်ရောင် စသဖြင့် ရှိတတ်ပါတယ်။စတင်ဖြစ်ပွားချိန်မှာ သေးငယ်တဲ့ ပုလဲလုံးလို၊ အရောင်ဖျော့တဲ့မှဲ့လို ဖုလုံးလေး ဖြစ်ပေါ်လာတတ်ပါတယ်။ တခါတရံ အရောင်မည်းပါတယ်။ ပန်းရောင်ကွက်၊ အနီကွက် စသဖြင့်လည်း တွေ့ရတတ်ပါတယ်။တခြားလက္ခဏာကတော့ အဆီပြန်တဲ့ အသားမာပုံစံ ကြီးမားလာခြင်းပဲ ဖြစ်ပါတယ်။BCC ဟာ ထိခိုက်လွယ်ပြီး သွေးထွက်လွယ်ပါတယ်။အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။သင့်အသားအရေမှာ အဖုအလုံး အသစ်ပေါက်လာရင်၊ ရှိပြီးသား အဖုအလုံးတွေ ပုံစံပြောင်းလာရင် ဆရာဝန်နဲ့ ချိန်းဆိုပြသသင့်ပါတယ်။နေရောင်မှာပါတဲ့၊ အသားညိုစေဖို့ ဖန်တီးပေးတဲ့စက်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ဟာ အဓိက အကြောင်းအရင်း ဖြစ်ပါတယ်။ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားကို ထိတွေ့ဖန်များလာတာနဲ့အမျှ အရေပြားဆဲလ်တွေက ဒီအန်အေတွေ ပျက်စီးသွားစေပါတယ်။ ဒီအန်အေမှာ ဆဲလ်တွေကြီးထွားဖို့ သင်္ကေတတွေ သိုမှီးထားပါတယ်။ဒီအန်အေကို ထိခိုက်တဲ့အခါ ကင်ဆာဖြစ်ပေါ်လာစေပါတယ်။ ဒီလိုဖြစ်ဖို့ နှစ်ပေါင်းများစွာ ကြာပါတယ်။အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အရေပြားမှာ ထူးခြားမှု ရှိမရှိ စစ်ဆေးပါလိမ့်မယ်။ အောက်ပါမေးခွန်းတွေ မေးပါလိမ့်မယ်။ကင်ဆာကို ပျောက်ကင်းစေပြီး အရေပြားမှာ အမာရွတ်ကျန်ခြင်းကိုလည်း နည်းနိုင်သလောက် နည်းစေဖို့ဟာ ကုသရေးရည်မှန်းချက် ဖြစ်ပါတယ်။ ကင်ဆာ အရွယ်အစားနဲ့ တည်နေရာ၊ ဖြစ်ခဲ့တဲ့ကြာမြင့်ချိန်ပေါ် မူတည်ပြီး အကောင်းဆုံး ကုသမှုကို ရွေးချယ်ပါလိမ့်မယ်။အောက်ပါနည်းလမ်းတွေ ပါဝင်ပါတယ်။ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေကအခြေခံဆဲလ်ကင်ဆာဖြစ်ခြင်းအတွက် အထောက်အကူ ပြုသလဲ။အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/skin-cancer-cancer/basal-cell-carcinoma-%e1%80%a1%e1%80%81%e1%80%bc%e1%80%b1%e1%80%81%e1%80%b6%e1%80%86%e1%80%b2%e1%80%9c%e1%80%ba%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac%e1%80%96%e1%80%bc%e1%80%85%e1%80%ba/
ကွန်ပျူတာ၊ဖုန်းတွေကြောင့်ဖြစ်တဲ့(Digital eye strain) မျက်စိအောင့်တာကို ဘယ်လိုသက်သာအောင် လုပ်ကြမလဲ ။
အရင်တုန်းကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်စိဆေးခန်းသွားရမျက်မှန်တပ်ရတာမျိုးတွေ မရှိပေမယ့် ခုနောက်ပိုင်း ဖုန်းခေတ် ကွန်ပျူတာခေတ်ရောက်မှ မျက်စိဆေးခန်းတွေလူပြည့်၊ ငယ်ငယ်လေးနဲ့ မျက်မှန်သမားတွေဖြစ် မျက်လုံးဝေဒနာတွေတစ်ပုံကြီခံစားနေရတဲ့ သူတွေ အများကြီးပါ။ ဒီထဲကမှ အများဆုံးကတော့ Digital eye strain လို့ခေါ်တဲ့ကွန်ပျုတာဖုန်းတွေက ထွက်လာတဲ့ရောင်ခြည်ကြောင့် မျက်လုံးညောင်း မျက်လုံးကိုက်တဲ့ဝေဒနာကို ခံစားနေရတဲ့သူတွေက ပိုများပါတယ်။မျက်လုံးမခြောက်အောင်လို့ ပုံမှန်ဆို တစ်မိနစ်ကို ၁၅ ကြိမ်ကနေအကြိမ်၂၀လောက်မျက်တောင်ခတ်တတ်ကြပါတယ်။ ဒါပေမယ့် ရုပ်ရှင်ကြည့် ဖုန်းပွတ် ကွန်ပျူတာသုံးတဲ့အချိန်တွေမှာဆို မျက်တောင်ခတ်နှုန်းက တစ်ဝက်လောက် လျော့ကျသွားတယ်လို့ လေ့လာချက်တွေ အရသိရပါတယ်။ နောက်ပြီး ဖန်သားပြင်ရဲ့ အလင်းအမှောင်၊ ရောင်ခြည်တွေနဲ့ စာလုံးတွေကလည်းမျက်လုံးညောင်း မျက်လုံးအောင့်တာကို ဖြစ်စေတဲ့ တရားခံတွေပါ။အလုပ်ကလည်း ကွန်ပျူတာကိုင်ရတဲ့အလုပ်၊ ဖုန်းမပွတ်ဘဲနဲ့လည်း မနေနိုင် တီဗွီကြည့်ပြီး အပန်းကလည်းဖြေချင်သေး မျက်လုံးအောင့်မှာလည်း ကြောက်နေဆိုတော့ ဘယ်လိုလုပ်ကြမလဲ။ ဘာမှ မကြည့်ဘဲနေရတော့မှာလား။Digital eye strainမဖြစ်အောင်လို့ ကိုယ်လုပ်ချင်တာတွေအားလုံးကို စွန့်လွှတ်လိုက်စရာမလိုပါဘူး။ဒီနည်းအတိုင်းသာ သေချာလိုက်နာပြီးလုပ်သွားရင် Digital eyestrain ဝေဒနာ သက်သာသွားမယ့်အပြင် ဖုန်းတို့ ကွန်ပျူတာတို့ကြောင့် နောက်ပိုငး ထိခိုက်မယ့်မျက်လုံး ပြဿနာတွေနဲ့ပါ ကင်းဝေးပြီးသား ဖြစ်မှာပါ ။ ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-care/wys-to-get-rid-ofdigital-eye-strain/
Royal Jelly နဲ့ အသားအရေ ကျန်းမာရေး
အသားအရေ ကျန်းမာလှပဖို့က လူတိုင်းအတွက် အသက်အရွယ်တိုင်းအတွက် အရေးပါပါတယ်။ အမျိုးသမီးတွေက အသားအရေကို ဂရုစိုက်ဖြစ်နိုင်ခြေ များပေမယ့် အမျိုးသားတွေလည်း အသားအရေကို ဂရုစိုက်ဖို့ လိုပါမယ်။ အကြောင်းကတော့အသားအရေကို သေချာ ဂရုစိုက်မှအရေပြား ပိုးဝင်တာ၊ မှိုစွဲတာကစလို့ အရေပြား ပြဿနာ အမျိုးမျိုး ကင်းဝေးမှာပါ။ ဒီတစ်ခေါက်တော့ Royal Jelly နဲ့ အသားအရေ ကျန်းမာရေး အကြောင်းလေး ပြောပြပေးချင်ပါတယ်။Royal jelly ဆိုတာက အနှစ်တစ်မျိုးပါ။ ခပ်ဖြူဖြူလေးရှိပြီး လေနဲ့ ထိတွေ့မိချိန်မှာ အဝါရောင်လေး ပြောင်းသွားတတ်ပါတယ်။ ပရိုတင်း ကြွယ်ဝပြီး လုပ်သားပျားတွေရဲ့ ဂလင်းတွေကနေ ထုတ်လုပ်ထားတဲ့ အရာတစမျိုးပါ။ ပျားဘုရင်မ အသက်ရှည်စေဖို့နဲ့ ကျန်းမာစေဖို့ လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝစွာ ပါဝင်နေတဲ့ သဘာဝ အာဟာရ တစ်မျိုးပါ။Royal Jellyမှာ ဗီတာမင် B အပါအဝင် ဗီတာမင်တွေ ကြွယ်ဝစွာ ပါဝင်နေသလို fatty acids၊ ဓာတ်တိုးဆန့်ကျင်အင်ဇိုင်းတွေ နဲ့ အရေပြားကို အားဖြည့်ပေးနိုင်တဲ့ ကော်လာဂျင်တို့ ပါဝင်နေပါတယ်။ ခန္ဓာကိုယ်ကို ကျန်းမာစေသလိုအသားအရေကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။Royal Jellyမှာ အရေပြားကို ကျန်းမာစေပြီး ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်တဲ့။Royal Jellyက အသားအရေကို အခုလို ကျန်းမာစေပါတယ်။Royal Jellyမှာ ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝပြီး အရေပြားကိုအရေးအကြောင်းတွေ မဖြစ်အောင်ကာကွယ်ပေးသလို အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။Royal Jelly ရဲ့ နောက်ထပ် အာနိသင် တစ်ခုကတော့ အသားအရောင် မညီတာကို သက်သာစေတာပါ။ အသားအရောင် ညီစေဖို့ ထောက်ကူပေးနိုင်ပါတယ်။အသားအရေမှာ ဖြစ်တဲ့ဝက်ခြံတွေကို သက်သာစေဖို့အတွက် Royal Jellyကို သောက်ပေးလို့ ရသလို အရေပြားပေါ်မှာ တိုက်ရိုက် လိမ်းပေးလို့လည်း ရပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး အရောင်ကျစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် ဝက်ခြံတွေကို သက်သာစေသလို ဝက်ခြံတွေ မဖြစ်အောင် ထောက်ကူပေးပါတယ်။Royal Jellyမှာ ပါဝင်နေတဲ့ အာဟာရတွေက ဝက်ခြံကိုတင် သက်သာစေတာ မဟုတ်ပါဘူး။ဝက်ခြံအမာရွတ်တွေကိုပါ သက်သာစေတာပါ။ ဝက်ခြံ အမာရွတ် သက်သာစေဖို့အတွက် အရေပြားမှာ တိုက်ရိုက် အသုံးပြုပေးလို့ ရပါတယ်။ရေဓာတ် ကြွယ်ဝတဲ့ Royal Jellyက အသားအရေကို ရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။ ဒါကြောင့်အရေပြား ခြောက်သွေ့တာကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ အရေပြားမှာ ပုံမှန်လေး လိမ်းပေးတာက အသားအရေကို ကျန်းမာစေပြီး အစိုဓာတ် ထိန်းပေးနိုင်မှာပါ။ အရေပြား ခြောက်သွေ့မှု ကင်းစေဖို့ ထောက်ကူပေးပါတယ်။ အရေပြားမှာ လိမ်းမယ်ဆိုရင်တော့ ဓာတ်တည့်မှုရှိ၊ မရှိ အရင်စမ်းသပ်သင့်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/royal-jelly-beauty-benefits/
သွေးရောဂါ အမျိုးအစားများ
ခန္ဓာကိုယ်မှာ သွေးဆဲလ်တွေကသွေးနီဥရယ်၊သွေးဖြူဥရယ်၊သွေးဥမွှားရယ်ဆိုပြီး ၃မျိုး ရှိပါတယ်။ ဒါ့ပြင် သွေးခဲဖို့ ကူညီပေးတဲ့ သွေးခဲပစ္စည်း (clotting factors) ဆိုတာတွေလည်း ပါပါတယ်။ သွေးတွေက ခန္ဓာကိုယ်တစ်ခုလုံးကို စီးဆင်းနေတဲ့အတွက် သွေးရောဂါ က လက္ခဏာပြတဲ့အခါ တစ်ကိုယ်လုံးမှာ လက္ခဏာပြနိုင်ပါတယ်။ ရောဂါဖြစ်တဲ့ သွေးဆဲလ်ပေါ်မူတည်ပြီး လက္ခဏာလေးတွေ အနည်းငယ် ကွာခြားနိုင်ပါတယ်။သွေးရောဂါတွေကို ဖြစ်တဲ့ သွေးဆဲလ်ပေါ်မူတည်ပြီး အကြမ်းဖျင်း ၄မျိုး ခွဲလို့ ရပါတယ်။သွေးမတိတ်ရောဂါ (ဥပမာဟေမိုဖီးလီးယားရောဂါ)။သွေးကင်ဆာစတာတွေပဲ ဖြစ်ပါတယ်။ဒါတွေအပြင် သွေးဖြူဥတွေများတာ၊ သွေးဆဲလ်ရဲ့ ပရိုတိန်းတွေ ပုံမှန်မဟုတ်တာ (ဥပမာသာလာဆီးမီးယား) စတဲ့ သွေးရောဂါတွေလည်း ရှိပါတယ်။သွေးရောဂါအမျိုးအစားနဲ့ လက္ခဏာများ။သွေးရောဂါ အမျိုးအစားတွေက သွေးဆဲလ်တွေ များတာ၊ နည်းတာ၊ ပရိုတင်းတွေ ပုံမှန်မဟုတ်တာ၊ သွေးခဲစေတဲ့ ပစ္စည်းတွေ ပုံမှန်မဟုတ်တာ စသဖြင့် ဖြစ်တဲ့အမျိုးအစားပေါ် မူတည်ပြီး လက္ခဏာတွေ ကွာခြားသွားပါတယ်။ တချို့ရောဂါတွေမှာ လက္ခဏာတွေက ချက်ချင်းပေါ်ပေမယ့် တချို့ရောဂါတွေမှာတော့ ဖြည်းဖြည်းချင်းပဲ ပေါ်လာပါတယ်။ ဥပမာ ပြောရရင်။-ခြေလက်တွေ အမြဲလိုလို အေးနေတာ။-အသားအရောင် ဖြူဖျော့နေတာ။-နုံးပြီး အားမရှိသလို ဖြစ်နေတာ။-ဆံပင်တွေကျွတ်တာ၊ လက်သည်းတွေ ကျိုးလွယ်တာ။-ခေါင်းမူးတာ။-မောတာ၊ ရင်တုန်တာ စတာတွေက အတွေ့ရများတဲ့ လက္ခဏာတွေပါ။-သွားဖုံးသွေးယိုတာ။-သွေးထွက်လွယ်တာ၊ အညိုအမည်းစွဲလွယ်တာ။-နှာခေါင်းသွေးယိုတာ။-ရာသီသွေးဆင်းများတာ စတာတွေပဲ ဖြစ်ပါတယ်။သွေးခဲရောဂါက ခန္ဓာကိုယ်ရဲ့ နေရာအနှံ့မှာ ဒုက္ခပေးနိုင်ပါတယ်။ ဥပမာ ဦးနှောက်၊ နှလုံး၊ အဆုတ်၊ ဝမ်းဗိုက်၊ ခြေလက် စတဲ့ နေရာတွေပါ။ အဖြစ်များတဲ့ လက္ခဏာတွေကတော့။-ဗိုက်အောင့်တာ၊ ပျို့အန်တာ၊ ဝမ်းလျှောတာ။-ရင်ဘတ်အောင့်တာ။-ခေါင်းကိုက်တာ၊ နုံးတာ၊ အမြင်ဝါးတာ။-မောတာ။-ခြေလက်မှာ ရောင်ရမ်းနာကျင်တာ၊ ထိကြည့်ရင် ပူနေတာ။သွေးကင်ဆာတွေထဲမှာ အတွေ့ရအများဆုံးကတော့ လူကီးမီးယားသွေးကင်ဆာနဲ့ ပြန်ရည်ကျိတ်ကင်ဆာ (lymphoma) တို့ပဲ ဖြစ်ပါတယ်။-အဆစ်တွေနာတာ။-နုံးပြီး အားမရှိသလို ခံစားရတာ။-ချမ်းတုန်ဖျားပြီး ညဘက်တွေမှာ ချွေးစေးပြန်နေတာ။-မကြာခဏ ပိုးဝင်တာ (ဥပမာ အဆုတ်ပိုးဝင်တာ၊ ဝမ်းလျှောတာ)။-ပြန်ရည်ကျိတ်တွေ ကြီးတာ စတာတွေ အတွေ့များပါတယ်။သွေးရောဂါအခံရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ အောက်က လက္ခဏာတွေ ပေါ်လာရင် ဆေးရုံ၊ ဆေးခန်းကို သွားပြီး ကုသမှု ခံယူသင့်ပါတယ်။ တချို့က ဒီလက္ခဏာရှိလို့ စစ်ဆေးကြည့်လိုက်မှ သွေးရောဂါရှိမှန်း သိကြတာပဲ ဖြစ်ပါတယ်။-သွေးထွက်တဲ့နေရာကို အချိန်အတော်ကြာ ဖိထးတာတောင် သွေးမတိတ်သွားခြင်း။-ရင်ဘတ်အောင့်ခြင်း၊ ရင်တုန်ခြင်း။-ခေါင်မူးခြင်း၊ ရုတ်တရက် သတိလစ်သွားခြင်း။-အမြင်အာရုံ ဝေဝါးခြင်း၊ မျက်နှာရွဲ့သွားခြင်း၊ ကိုယ်တစ်ခြမ်းသေသွားခြင်း။-ချောင်းဆိုးသွေးပါ၊ ဝမ်းထဲသွေးပါ၊ အန်တဲ့အခါ သွေးပါလာခြင်း။ဒီလက္ခဏာတွေရှိနေရင် သွေးရောဂါ ဒါမှမဟုတ် တခြား ရောဂါတစ်မျိုးမျိုး ဖြစ်နိုင်တဲ့အတွက် စိတ်ချရအောင် ဆေးစစ်ထားသင့်ပါတယ်။ ရောဂါစောစောသိထားတာက ဆေးကုတဲ့နေရာမှာ အများကြီး အထောက်အကူဖြစ်ပါတယ်။သွေးရောဂါ တွေက ဘာကြောင့် ဖြစ်လာရသလဲ။သွေးရောဂါတွေ ဖြစ်ရတဲ့အကြောင်းရင်းက အမျိုးစုံရှိပါတယ်။ ဥပမာ။-တချို့သွေးရောဂါတွေက မျိုးရိုးလိုက်တတ်ပါတယ်။ မိဘတွေမှာ သွေးရောဂါပါလာရင် သားသမီးဆီကို လက်ဆင့်ကမ်းနိုင်ပါတယ်။ (ဥပမာ ဟေမိုဖီးလီးယား၊ သာလဆီးမီးယား)။-တချို့သွေးရောဂါတွေက သွေးဆဲလ်တွေ၊ သွေးဆဲလ်တွေ ထုတ်တဲ့ နေရာကို ထိခိုက်စေတဲ့ ကိုယ့်ရဲ့ စားသောက်နေထိုင်ပုံကြောင့်ပါ။ ဥပမာ သွေးဆဲလ်ထုတ်တဲ့ရိုးတွင်းခြင်ဆီကို ထိခိုက်စေနိုင်တဲ့ ဆေးဝါးတွေ သောက်တာ၊ အာဟာရလုံလောက်အောင် မစားလို့ သွေးအားနည်းတာ။-တချို့သော မျိုးဗီဇပြောင်းလဲမှုတွေကလည်း သွေးရောဂါတွေကို ဖြစ်စေနိုင်ပါသေးတယ်။ ဥပမာ ချို့ယွင်းနေတဲ့ ဗီဇကို ဆက်ခံမိတာဖြစ်ဖြစ်၊ ကိုယ့်ဗီဇကိုက အလိုလို ချို့ယွင်းသွားတာဖြစ်ဖြစ် သွေးကင်တာဖြစ်နိုင်ခြေ များစေပါတယ်။ဘယ်သူတွေက သွေးရောဂါ ပိုဖြစ်နိုင်သလဲ။ဒါကတော့ ရောဂါပေါ်မူတည်ပြီး ကွာနိုင်ပါတယ်။ မျိုးရိုးလိုက်တဲ့ ရောဂါတွေဆို မိဘမောင်နှမတွေထဲမှာ ရောဂါသည်ရှိရင် ပိုဖြစ်နိုင်ပါတယ်။ ဒီလိုပဲ မိသားစုထဲမှာ သွေးကင်ဆာ ဖြစ်တဲ့သူရှိနေရင် ကိုယ်က သူများတွေထက်တောင် ဖြစ်နိုင်ခြေများနိုင်တာ ပုံမှန်ပါပဲ။ သွေးရောဂါဖြစ်နိုင်ခြေကို မြင့်စေတဲ့ တခြားအချက်တွေကတော့။သွေးရောဂါတွေကို ဘယ်လိုကုသနိုင်သလဲ။သွေးအားနည်းရောဂါကို ကုသမယ်ဆိုရင် အရေးကြီးဆုံးက ဘာကြောင့် သွေးအားနည်းတာလည်းဆိုတာကို ရှာဖို့ပါပဲ။ သွေးအားနည်းစေတဲ့ အကြောင်းရင်းက အများကြီးရှိတာကြောင့် အကြောင်းရင်းကို မကုဘဲ သွေးအားနည်းတာကိုပဲ ကုမယ်ဆိုရင် ထပ်ခါ ထပ်ခါ ပြန်ဖြစ်နေဦးမှာပါ။ဥပမာ သံဓာတ်ချို့တဲ့လို့ သွေးအားနည်းတာဆိုရင်သံဓာတ်အားဆေးတွေ၊ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးရမှာပါ။ ရိုးတွင်းခြင်ဆီ ပျက်စီးလို့ သွေးဆဲလ်မထုတ်နိုင်တဲ့ ရောဂါကြောင့် သွေးအားနည်းတာဆိုရင် ရိုးတွင်းခြင်ဆီအစားထိုးတာမျိုး လုပ်ရမှာပါ။သွေးမတိတ်ရောဂါဆိုရင်တော့ ဖြစ်တဲ့ရောဂါပေါ်လိုက်ပြီး ဆေးဝါးတွေ ပေးတာ၊ သွေးတိတ်စေတဲ့ ပစ္စည်းတွေ သွင်းပေးတာနဲ့ ကုသပါတယ်။သွေးခဲရောဂါဆိုရင်တော့သွေးကျဲဆေးတွေ၊ သွေးခဲပျော်ဆေးတွေနဲ့ ကုသပါတယ်။ သွေးကျဲဆေးက သွေးတွေ ခဲမလာအောင်၊ သွေးခဲတွေ ကြီးမလာအောင် တားဆီးပေးနိုင်ပါတယ်။ သွေးခဲပျော်ဆေးတွေကတော့ ရှိပြီးသား သွေးခဲတွေကို ပြန်လည်ပျော်ကျစေပါတယ်။သွေးကင်ဆာကုထုံးတွေကတော့ တခြားကင်ဆာတွေလိုပါပဲ။ ဆေးသွင်းကုသတာတွေ၊ ရောင်ခြည်ပြတာတွေ၊ targeted therapiesတွေ ကုသနိုင်ပါတယ်။ လိုအပ်ရင် ရိုးတွင်းခြင်ဆီ အစားထိုးရပါတယ်။သွေးရောဂါတွေ မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ။မျိုးရိုးလိုက်တဲ့ သွေးရောဂါဆိုရင်တော့ ကာကွယ်လို့ မရပေမယ့် တချို့သွေးရောဂါတွေကတော့ ကိုယ့်ရဲ့ နေထိုင်စားသောက်ပုံကို ပြုပြင်ပြီး ဖြစ်နိုင်ခြေကို လျှော့ချလို့ ရပါတယ်။ ဥပမာ ပြောရရင်။သွေးရောဂါတစ်ခုခု ခံစားနေရတယ်ဆိုရင် ပုံမှန်ဆေးကုသမှု ခံယူဖို့က အရေးကြီးပါတယ်။ သွေးရောဂါမှာ တွေ့ရတတ်တဲ့ ရောဂါလက္ခဏာတွေကိုလည်း သိထားဖို့ လိုပါတယ်။ ကိုယ့်မှာ သွေးရောဂါတစ်ခုခု ခံစားနေရတယ်လို့ သံသယရှိတယ်ဆိုရင် ဆရာဝန်နဲ့ ပြသပြီး ရောဂါရှာဖွေ စစ်ဆေးသင့်ပါတယ်။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/blood-disorders-%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab/
ပုစွန်စာရွက် ရဲ့ ကျန်းမာရေးအာနိသင်
အာလူးလေးနဲ့ရောပြီးကြော်စားစား၊ အရွက်တစ်ခုခုနဲ့ရောကြော်ကြော်၊ ဘယာကြော်ထဲမှာပဲ ထည့်ကြော်ကြော် စားလို့ကောင်းတဲ့ အလေ့ကျပေါက်ပင်လေး တစ်ခုရှိတယ်လေ။ အဲ့ဒါက အခုလို မိုးလေးကျရင် လယ်ကန်သင်းရိုး၊ ကန်ဘောင်ရိုးတို့မှာ အလေ့ကျ ပေါက်တတ်တဲ့ ပုစွန်စာရွက် လေးပါ။ ဒီအရွက်လေးက စားကောင်းရုံတင် မကပါဘူး။ အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေကိုပါ ရရှိစေနိုင်ပါသေးတယ်။ပုစွန်စာရွက်က မြေပြင်မှာ ကပ်ပေါက်တဲ့ အပင်ငယ် တစ်မျိုးပါ။ အရွက်ချွန်ချွန်၊ အရိုးပွပွလေးနဲ့ အပွင့်ဖြူဖြူလေးတွေ ပွင့်ကြပါတယ်။ အာရှဒေသ တော်တော်များများမှာ ပေါက်ရောက်ကြပါတယ်။ အရိုးက အနီရောင်လေး ရှိတတ်ပါတယ်။ စားလိုက်ရင် ကြွပ်ကြွပ်လေးနဲ့ စားကောင်းတဲ့ အရွက်လေး တစ်မျိုးပေါ့။ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့် ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။အာဟာရကြွယ်ဝတဲ့ ပုစွန်စာရွက်က အောက်ပါကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိပါတယ်။အသက်ရှူလမ်းကြောင်းကို ကျန်းမာစေနိုင်တယ်။အအေးမိတာကြောင့် နှာစေးနှာပိတ် ဖြစ်နေသူတွေနဲ့ အထူးသင့်တော်ပါတယ်။ ပုစွန်စာရွက်က နာကျင်ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ပြီး ချွဲတွေကို ကင်းစင်စေနိုင်တာကြောင့် အသက်ရှူရတာကို လွယ်ကူစေနိုင်ပါတယ်။ အအေးမိတာကြောင့်ဖြစ်တဲ့လည်ချောင်းနာတာ၊ လေပြွန်ရောင်ရမ်းတာတွေအတွက်လည်း ပုစွန်စာရွက်ကို ရေနွေးဆူဆူထဲထည့်ပြုတ်ပြီး သောက်ပေးလို့ရပါတယ်။ပင်ပန်းတာကို သက်သာစေနိုင်တယ်။ပုစွန်စာရွက်ကစိတ်ဓာတ်ကျတာ၊ ပင်ပန်းနွမ်းနယ်တာ၊ ခြေကုန်လက်ပမ်းကျတာတွေကို သက်သာစေနိုင်ပြီး ခန္ဓာကိုယ်မှာ ကာလရှည်ကြာ ခံစားနေရတဲ့ နာကျင်မှုတွေကိုလည်း လျော့ပါးသက်သာစေနိုင်ပါတယ်။သွားဖုံးကျန်းမာစေတယ်။သွားဖုံး ရောင်တာ၊ သွားဖုံး သွေးယိုတာတွေ အတွက်လည်း ပုစွန်စာရွက်က အသုံးဝင် ပါတယ်။ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတာကြောင့် ခံတွင်း ရောဂါကို ဖြစ်စေတဲ့ ဘက်တီးရီးယာတွေကို အကောင်းဆုံး ဖယ်ရှားပေးနိုင်မှာပါ။သွားနဲ့ ခံတွင်း ပြဿနာတွေကင်းစေဖို့ ပုစွန်စာရွက်ကို ရေနွေးနဲ့ ကျိုပြီး ပလုပ်ကျင်းပေးလို့ ရပါတယ်။ သတ္တုရည်ကို သွားဖုံး ရောင်တဲ့ နေရာမှာ စွတ်ပေးလို့ ရပါတယ်။ကျောက်ကပ်ကျောက်တည်တာကို သက်သာစေနိုင်တယ်။ဆီးသွားတိုင်း နာကျင်နေရတဲ့ ကျောက်ကပ် ကျောက်တည်တဲ့ ပြဿနာနဲ့ ဆီးလမ်းကြောင်း ပြဿနာတွေ ကင်းစေဖို့လည်း ပုစွန်စာရွက်ကို အားကိုးလို့ ရပါတယ်။ ပုစွန်စာရွက်မှာ ပါတဲ့ သဘာဝ ဒြပ်ပေါင်းက ကျောက်ကပ်က ကျောက်တွေကို ကြေစေနိုင်ပါတယ်။ ကာကွယ်ဖို့အတွက်ရော ကုသဖို့ အတွက်ပါ အသုံးပြုလို့ ရပါတယ်။အရေပြားကျန်းမာစေနိုင်တယ်။အရေပြား အတွက်လည်း အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။ ဖလေဗာနွိုက် ပါဝင်တာကြောင့် အသားအရေကို တင်းရင်းစေပြီး အရွယ်တင် နုပျိုစေသလို အရေပြားပြဿနာတွေ ကင်းဝေးစေပါတယ်။ပုစွန်စာရွက်က ဆေးဖက်ဝင်တယ် ဆိုပေမယ့် ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေနဲ့ ရောဂါအခံ တစ်ခုခု ရှိသူတွေ အနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။ ဆေးဖက်ဝင်တယ်ဆိုပေမဲ့ အလွန်အကျွံ စားရင် ဘေးဖြစ်တတ်တာကြောင့် သင့်တော်တဲ့ ပမာဏပဲ စားသင့်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/knotgrass-benefits/
ထိခိုက်ဒဏ်ရာနဲ့ မေးခိုင်အန္တရာယ်
အနာဖြစ်ရင်သေသေချာချာဂရုစိုက်ဖို့လိုပါတယ်။ အရမ်းမပြင်းထန်ရင်ဆေးလိမ်းတာလောက်နဲ့ သက်သာပျောက်ကင်းနိုင်ပေမယ့် ဒဏ်ရာက နက်တဲ့အခါ ညစ်ပေတဲ့အရာတွေနဲ့ ထိခိုက်မိတဲ့အခါမျိုးမှာတော့ဆေးလိမ်းရုံလောက်နဲ့ မသက်သာတော့ပါဘူး။မေးခိုင်ကာကွယ်ဆေးထိုးဖို့လိုအပ်လာပါလိမ့်မယ်။မေးခိုင်ရောဂါပိုးက ကြိုတင်ကာကွယ်ထားတာက အကောင်းဆုံးဆိုတာကိုသင်သိပါရဲ့လား။ ဒီတစ်ခေါက်မေးခိုင်ရောဂါပိုးအကြောင်းလေးပြောပြပါရစေ။မေးခိုင်ပိုးဆိုတာကClostridium tetani ဘက်တီးရီးယားကနေ ထုတ်လွှတ်လိုက်တဲ့အဆိပ်တစ်မျိုးကြောင့်ဖြစ်လာရတာပါ။မေးခိုင်ရောဂါကပြင်းထန်တဲ့ဘက်တီးရီးယား ကူးစက်ရောဂါတစ်မျိုးပါ။ ဒီဘက်တီးရီးယားကအာရုံကြောစနစ်ကို ထိခိုက်စေပြီးကြွက်သားတွေနာကျင်တာ၊မေးရိုးနဲ့လည်ပင်းတလျှောက်ကကြွက်သားတွေတောင့်တင်းသွားတာမျိုးဖြစ်နိုင်ပါတယ်။ ဒီရောဂါပိုးကအပူဒဏ်နဲ့ ဓါတုဆေးတော်တော်များများကို ခံနိုင်စွမ်းရှိပြီး တိုက်ဖျက်ဖို့ခက်တဲ့ ပိုးတွေကို ထုတ်လုပ်ပေးလိုက်ပါတယ်။မေးခိုင်ပိုးက အသက်ရှုရခက်စေပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိဖြစ်စေနိုင်ပါတယ်။မေးခိုင်ပိုးကမြေကြီးတွေ၊ဖုန်မှုန့်တွေ၊ တိရစ္ဆာန်နဲ့လူတွေရဲ့ အညစ်အကြေးတွေထဲမှာရှိနေနိုင်ပါတယ်။ ဒဏ်ရာက အရမ်းနက်တာ၊ ညစ်ပေနေတဲ့အရာတွေနဲ့ ထိုးစိုက်မိရာကနေဖြစ်တာ၊သွေးသိပ်မထွက်တဲ့ဒဏ်ရာ နဲ့အောက်ဆီဂျင်ရရှိမှုနည်းတဲ့ ဒဏ်ရာတွေမှာမေးခိုင်ပိုးတွေပေါက်ဖွားနေနိုင်ပါတယ်။မေးခိုင်ပိုးက လူတစ်ယောက်ကနေတစ်ယောက်ကိုတော့ မကူးစက်တတ်ပါဘူး။မေးခိုင်ပိုးကသေဆုံးမှုအမြင့်ဆုံးဖြစ်စေတဲ့ရောဂါပိုးတစ်မျိုးပါ။ မကြာသေးခင်နှစ်တွေအတွင်းသေဆုံးခဲ့ရသူအရေအတွက်ရဲ့ ၁၀ ရာခိုင်နှုန်းကမေးခိုင်ပိုးဝင်တာကြောင့်သေဆုံးခဲ့ရတယ်လို့ စစ်တမ်းတွေအရသိရပါတယ်။အနာကနေ တဆင့်ခန္ဓါကိုယ်ထဲမေးခိုင်ပိုးဝင်သွားပြီးတဲ့နောက် ရက်အနည်းငယ်အကြာ ဒါမှမဟုတ် သီတင်းပတ်အနည်းငယ်အကြာမှာရောဂါလက္ခဏာတွေပေါ်လာတတ်ပါတယ်။ရောဂါလက္ခဏာပေါ်ဖို့က ၇ ရက်ကနေ ၁၀ ရက်အထိကြာမြင့်နိုင်ပါတယ်။ရောဂါလက္ခဏာတွေအနေနဲ့ကတော့ –။မေးခိုင်ပိုးကိုမြေမှုန်တွေ၊ဖုန်မှုန့်တွေနဲ့ တိရစ္ဆာန်အညစ်အကြေးတွေထဲမှာတွေ့ရနိုင်ပါတယ်။ရောဂါပိုးတွေက အနာပေါက်ကနေတဆင့် အတွင်းပိုင်းထဲကိုရောက်သွားပြီး ကြွက်သားတွေကိုထိန်းချုပ်တဲ့ အာရုံကြောတွေကို ထိခိုက်ပျက်စီးစေတဲ့ အင်အားပြင်း အဆိပ်တစ်ခုကို ထုတ်လွှတ်လိုက်ပါတယ်။ အဆိုပါရောဂါပိုးက ကြွက်သားတွေကိုတောင့်တင်းသွားစေပါတယ်။အခုဖော်ပြပေးမယ့် အခြေအနေတွေကမေးခိုင်ပိုးဝင်ရောက်ကူးစက်ခံရစေနိုင်တဲ့ အခြေအနေတွေပါ။ ဆင်ခြင်နိုင်စေဖို့ဖော်ပြပေးလိုက်ပါတယ်။မေးခိုင်ပိုးက အာရုံကြောထိရောက်ရှိသွားတဲ့အခါ ကြွက်သားတွေလှုပ်ရှားလို့မရတာမျိုးဖြစ်သွားနိုင်ပါတယ်။မေးခိုင်ပိုးဝင်သွားတဲ့အခါနောက်ဆက်တွဲရောဂါတွေအနေနဲ့ –။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/prevent-tetanus/
မျက်စိစွံတာနဲ့ပတ်သက်လို့ မေးချင်နေမယ့် မေးခွန်းလေးတွေ
မျက်ခမ်းမှာ အနီရောင်အဖုလေးပေါက်ပြီး ကြည့်ရခက်နေပြီဆိုရင်တော့ မျက်စိစွံနေတာ ဖြစ်နိုင်ပါတယ်။ ဒါက ပြဿနာကြီးကြီးမားမားမဟုတ်ဘူးဆိုပေမယ့်မျက်လုံးကြည့်ရခက်သလို တစ်နေ့တာလုပ်ဆောင်မှုတွေကို ထိခိုက်စေတာ အမှန်ပါ။ ဒီတော့ မျက်စိစွံတာနဲ့ပတ်သက်လို့ မေးချင်နေမယ့် မေးခွန်းလေးတွေ ကို အဖြေလေးတွေနဲ့ တကွ လေ့လာလိုက်ပါဦးနော်။မျက်စိစွံတာနဲ့ပတ်သက်လို့ မေးချင်နေမယ့် မေးခွန်းလေးတွေ ကတော့။မျက်စိစွံတယ်ဆိုတာက မျက်ခမ်းသားမှာ နီရဲနေတဲ့ အဖုလေးဖြစ်တာပါ။မျက်တောင်နားမှာဖြစ်တာဖြစ်ပြီး မျက်ခွံအောက်နားနဲ့ မျက်ခွံအတွင်းထဲမှာလည်း ဖြစ်တတ်ပါတယ်။ ဒီပြဿနာက ကြီးကြီးမားမားမဟုတ်ပေမယ့် ခံစားရသူအရေအတွက်က မနည်းလှပါဘူး။ မျက်စိစွံတာက ပြင်းထန်တဲ့ရောဂါတစ်ခုမဟုတ်ပေမယ့် နေရခက်စေပြီးနာကျင်မှုကို ခံစားရစေပါတယ်။မျက်စိစွံတာက ဖြစ်တဲ့နေရာကိုလိုက်ပြီး အမျိုးအစားကွဲပြားနိုင်ပါတယ်။မျက်စိစွံတာက လူတိုင်းမှာဖြစ်နိုင်တယ်ဆိုပေမယ့် ဒီလိုလူတွေမှာတော့ မျက်စိစွံနိုင်ခြေက ပုံမှန်ထက် ပိုများနေပါတယ်။မျက်စိစွံနေတဲ့အခါ အခုလို လက္ခဏာတွေတွေ့ရနိုင်ပါတယ်။မျက်စိစွံတာက ပုံမှန် အားဖြင့်တော့ ၃ ရက်လောက်ကြာတတ်ပါတယ်။ ပြီးရင် မျက်စိစွံတဲ့ အဖုလေးက တဖြည်းဖြည်းချင်း ပေါက်ထွက်သွားပြီး ပြည်တွေ ထွက်လာပါလိမ့်မယ်။ ပြည်တွေ ပေါက်ထွက်သွားပြီးရင်တော့အနာကျက်ဖို့က ၇ ရက်ကနေ ၁၀ ရက်လောက်အထိ ကြာမြင့်နိုင်ပါတယ်။မျက်စိစွံတာက။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-diseases/faq-for-stye/
လမ်းလျှောက်ခြင်း အနုပညာ
နေ့စဉ်လျှောက်လှမ်းနေတဲ့ခြေလှမ်းလေးတွကို သဘောကျရဲ့လား။ အခြားသူတွေက လမ်းလျှောက်ရင် စမတ်ကျလှပပြီး ကိုယ့်ကျမှအဆင်မပြေဘူးဖြစ်နေတယ်၊လို့ ထင်နေလား။ ဒီလိုဖြစ်နေတာက ဘာကြောင့်လို့ သင်ထင်လဲ။ အဖြေသိချင်ရင် ဒီဆောင်းပါးလေးဖတ်ကြည့်နော်။ ကိုယ့်ဆီမှာရှိနေတဲ့ အပြုအမူတွေရဲ့ ၃၅ ရာခိုင်နှုန်းကနေ ၅၅ ရာခိုင်နှုန်းလောက်က ငယ်စဉ်ဘဝက ထိတွေ့မြင်တွေ့ခဲ့ရသူတွေထံကနေ သင်ယူထားတာပါနော်။သင်စီးနေတဲ့ ဖိနပ်နှစ်ဖက်မှာ တစ်ဖက်နဲ့ တစ်ဖက် အထူအပါးမညီတာမျိုး၊ နောက်မြီးပေါက် ထိပ်ပေါက်ဖြစ်နေမျိုးတွေ ရှိနေလား။ ရှိနေတယ်ဆိုရင်တော့ သင့်ရဲ့လမ်းလျှောက်ပုံနဲ့ ခြေထောက်အနေအထားကြောင့်ဖြစ်နေတာပါ။ ဒီပြဿနာတွေရဲ့အစက ဘာဖြစ်မယ်လို့ သင်ထင်ပါသလဲ။ မြန်မာမှုနယ်ပယ်မှာ ” လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဖ ” ဆိုတဲ့စကားရှိပါတယ်။ သင့်ရဲ့လမ်းလျှောက်တဲ့ပုံစံ၊ အမူအကျင့်စတာတွေက သင်ငယ်စဉ်က သင့်မိဘနဲ့ ပတ်ဝန်းကျင်ကနေ သင်ယူရရှိလာတာပါ။ လက်ဦးဆရာက မိဘတွေဆိုပေမယ့် ဒီနေ့ခေတ်မှာတော့ ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ကြတာက မိဘတွေတင်မဟုတ်တော့ပါဘူး။ မိဘတွေက အလုပ်တွေ၊ စားဝတ်နေရေးတွေနဲ့ မအားမလပ်ဖြစ်လာတော့ အဖိုးအဖွားတွေ၊ ကလေးထိန်းတွေ၊ အိမ်ဖော်တွေနဲ့ ကလေးကို ထားခဲ့ရပါတယ်။ ကလေးငယ်စဉ် လမ်းမလျှောက်တတ်ခင်ကာလအထိမှာတော့ သိပ်မထူးခြားသေးပေမယ့် လမ်းစလျှောက်ပြီဆိုရင်တော့ သတိထားရတော့မှာပါ။ကလေးတစ်ယောက်ရဲ့ သင်ယူမှုက လမ်းလျှောက်တာတင်လားဆိုတော့ မဟုတ်ပါဘူးနော်။ ကလေးငယ်တစ်ယောက်က မွေးဖွားလာပြီး အရွယ်မရောက်ခင်ကာလအထိ အဆက်မပြတ်သင်ယူမှုတွေကို လုပ်ပါတယ်။ သူလမ်းစလျှောက်တတ်ပြီးနောက် သူ့ရဲ့ လှုပ်ရှားမှုတွေကို သတိထားကြည့်ပေးပါ။ သူ့ကို ထိန်းကျောင်းပေးတဲ့သူရဲ့ လှုပ်ရှားပုံနဲ့ တူနေတာကို တွေ့ရပါလိမ့်မယ်။ဥပမာ – ကလေးကို အဖွားက ထိန်းတယ်။ အဖွားက အသက်ကြီးနေပြီ ဝလည်း ဝနေတယ်ဆို သူ့ရဲ့လမ်းလျှောက်ပုံက ပုံမှန်ဖြစ်မနေတော့ပါဘူး။ လမ်းလျှောက်ရင် ကွတကွတဖြစ်နေမယ်၊ ခြေခွင်နေမယ်၊ ပစ်တိုင်းထောင်လိုယိမ်းပြီးလမ်းလျှောက်မယ် အဲဒီလိုတွေဖြစ်နေတတ်ပါတယ်။ ကလေးလမ်းစလျှောက်ကတည်းကနေ လေး၊ ငါးနှစ်အထိ အဖွားက ဒိုင်ခံထိန်းနေရင် ကလေးရဲ့ လမ်းလျှောက်ပုံက အဖွားရဲ့ပုံစံနဲ့ အနီးစပ်ဆုံးဖြစ်လာပါတယ်။ ဒါပေမယ့် တချို့ကလေးတွေကတော့ မိဘတွေဆီက ဂျင်းန်( Genes ) ကို အပြည့်အဝယူတတ်ပါတယ်။ သူတို့ကို ဘယ်သူထိန်းထိန်း မိဘလမ်းလျှောက်ပုံနဲ့ပဲ တူတတ်ပါတယ်။ တခြား မြင်နိုင်တာတွေက ကလေးငယ်ကို ထိန်းတဲ့သူရဲ့ဘာသာစကားလေယူလေသိမ်းနဲ့ ကလေးက စကားပြောတာပါပဲ။ ကိုယ့်ပတ်ဝန်းကျင်မှာ သတိထားကြည့်ရင် မြင်နိုင်ပါတယ်။ အိမ်တစ်အိမ်က မိသားစုတစ်ခုမှာ ချောင်းဆိုးပုံ၊ နှာချေပုံ၊ သန်းဝေတဲ့ပုံစံတွေကလည်း မိဘနဲ့ မောင်နှမတွေမှာ ပုံစံတူဖြစ်နေတတ်ပါတယ်။ စကားပြောရင် အော်ပြောတတ်တဲ့အိမ်က ကလေးဟာလည်း သူစကားပြောတဲ့အခါ အော်ပြောတော့တာပါပဲ။နောက်တစ်ခုက လမ်းမှာ လမ်းလျှောက်နေတဲ့သူတွေကို သေချာလိုက်ကြည့်ပါ။ တစ်ယောက်နဲ့တစ်ယောက် ပုံစံမျိုးစုံလမ်းလျှောက်နေတာကို မြင်ရလိမ့်မယ်။ ခြေနှစ်ချောင်း လက်နှစ်ချောင်းပါတာချင်းတူတူကို မတူကွဲပြားစွာ လမ်းလျှောက်နေကြတာပါ။ရှေ့ကို စိုက်စိုက် စိုက်စိုက်နဲ့လျှောက်သူ၊ ကုန်းကုန်း ကုန်းကုန်းနဲ့ လျှောက်သူ၊ ဘယ်ညာယိမ်းပြီး လျှောက်သူ၊ ဆတ်တောက်ဆတ်တောက်လျှောက်သူ၊ ကားကား ကားကားနဲ့လျှောက်သူ၊ ခြေဦးနှစ်ဘက်ကို အတွင်းဘက်ထည့်ပြီး လျှောက်သူ စသည်ဖြင့်တွေ့ရမှာပါ။ တချို့သူတွေမှာ ရောဂါကြောင့် လမ်းလျှောက်ပုံမမှန်တာမျိုးတွေတော့ ရှိတတ်ပါတယ်။ ရောဂါမရှိဘဲ လမ်းလျှောက်ပုံမမှန်ဖြစ်နေတဲ့သူတွေကတော့ ပြန်ပြုပြင်ပြီး အကျင့်ပြန်လုပ်လျှောက်ရင် ရပါတယ်။ မော်လ်ဒယ်တွေ Catwalk လျှောက်လေ့ကျင့်ပြီးနောက် အပြင်မှာပါလျှောက်နေသလိုမျိုးပေါ့။ လျှောက်ပါများရင် အကျင့်ဖြစ်သွားပြီး ပုံမှန်လမ်းလျှောက်သလိုပဲဖြစ်သွားမှာပါ။အခုလို လမ်းလျှောက်ပုံ၊ ကိုယ်အမူအရာ အလေ့အကျင့်တွေကို ကလေးငယ်တွေမှာ မှန်ကန်စွာပုံသွင်းပေးနိုင်ဖို့ သတိထားပေးသင့်ပါတယ်။ဥပမာ – လမ်းလျှောက်ပုံမှန်တဲ့၊ စကားပီတဲ့၊ အမူအကျင့်ကောင်းတဲ့ ကလေးထိန်းတဲ့သူကို ကလေးငယ်ရဲ့ အရေးကြီးတဲ့အသက်အပိုင်းအခြားလေးမှာ ထိန်းပေးဖို့ထားသင့်ပါတယ်။ အခုလိုပြောပေမယ့် အဖိုးအဖွားတွေနဲ့ မြေးတွေ မြစ်တွေကြားမှာ သွေးခွဲတာမဟုတ်ပါဘူး။ မိဘတွေက ကလေးငယ်နဲ့အတူ လမ်းလျှောက်ထွက်ပေးတာ အဖေ အမေ တစ်ယောက်ယောက်က ရှေ့ကလျှောက်ပြပြီး ကလေးငယ်ကို အနောက်ကနေလိုက်စေတာမျိုး ပြုလုပ်ပေးပါ။ ကလေးငယ်ရဲ့ ပတ်ဝန်းကျင်မှာ ကောင်းတာတွေချည်းပဲရှိနေအောင် ဖန်တီးပေးပါ။ အဲဒီလိုဆိုရင် ကလေးငယ်ဟာ ပုံမှန်အပြုအမူနဲ့ ပုံမှန်ထက်ပိုကောင်းတဲ့ အလေ့အကျင့်တွေနဲ့ ကြီးပြင်းလာမှာပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-milestones/art-of-walking/
Intermittent fasting ( အစားမစားဘဲ အချိန်ပိုင်း အငတ်ခံခြင်း) နဲ့ဝိတ်ချတာ ဘာ့ကြောင့် ခေတ်စားလာတာလဲ ။ ။
Intermittent fasting ( အစားမစားဘဲ အချိန်ပိုင်း အငတ်ခံခြင်း) နဲ့ဝိတ်ချတာ ဘာ့ကြောင့် ခေတ်စားလာတာလဲ ။ ။ ဝနေတဲ့သူတိုင်းဝိတ်ကျချင်တဲ့သူချည်းပါပဲ။ ဒါပေမယ့် ဝိတ်ကျဖို့အတွက်ကလည်း စိတ်ချရတဲ့နည်းဆို လေ့ကျင့်ခန်းလုပ် အစားလျှော့ ဒီ ၂ နည်းပဲရှိတယ်လေ။ ဒီ ၂ နည်းမှာဆို ဘယ်နည်းကို ရွေးတဲ့သူများမယ်ထင်လဲ။ သေချာတာကတော့ ပင်ပန်းတယ်တဲ့ လေ့ကျင့်ခန်းကို ရွေးမယ့်သူ အများကြီးမရှိဘူးဆိုတာပါပဲ။ လူတိုင်းကလေ့ကျင့်ခန်းနဲ့အစားလျှော့တာဆို အစားလျှော့တာကို ရွေးကြတယ်လေ။ဘယ်လောက်ပဲဝိတ်ကျဖို့ အစားလျှော့မယ် ပြောပြော အပြောကလွယ်ပြီးလိုက်လုပ်ဖို့ ခက်ပါတယ်။ အစားအသောက်တွေကို မြင်တာကြားတာနဲ့တင် ဗိုက်ဆာလာတဲ့သူတွေက ခပ်များများဆိုတော့ အစားလျှော့လည်း တစ်ရက်နှစ်ရက်ပါပဲ။ တောက်လျှောက်ကြီး လျှော့နိုင်တဲ့သူတွေကလည်း ရှားပါတယ်။ဘာမှ မစားရလေ ပိုစားချင်လေမလား။ ဒီတော့ အချိန်ပိုင်းလေးအစာငတ်ခံပြီး ဝိတ်လေးလည်း လျှော့လို့ရမယ့် နည်းရှိတယ်ဆို စိတ်ဝင်စားကြမလား။ ။ ဒါကို Intermittent fasting ( အစားမစားဘဲ အချိန်ပိုင်း အငတ်ခံခြင်း) ရှိပါတယ်။Intermittent fasting ဆိုတာ အချိန်ပိုင်းစားပြီး အချိန်ပိုင်း အစာအငတ်ခံခြင်းကို ဆိုလိုတာပါ။ သူ့မှာ ပုံစံအမျိုးမျိုးရှိပါတယ်။ ဥပမာ။Intermittent fasting ကို တစ်ရက်ခြားမလုပ်သင့်ပါဘူး။ Intermittent fastingကို တစ်ရက်ခြားလုပ်လိုက်တဲ့အခါကျ ပြန်စားတဲ့ရက်ကျရင် ဆာလောင်စိတ်ပိုပြင်းပြနေပြီး အရင်စားနေကျထက် ၂ ဆလောက်ပိုစားမိတတ်လို့ပါ။ စစချင်း လုပ်မယ့်သူဆိုရင် တစ်ပတ်တစ်ရက်လောက်ပဲ စလုပ်သင့်ပါတယ်။ အထူးသဖြင့် extreme fasting ၄နာရီပဲ စားပြီး နာရီ ၂၀လုံးလုံး ဘာမှမစားတဲ့သူဆိုရင် နေ့တိုင်း လုပ်တာမျိုး ရှောင်သင့်ပါတယ်။၁၆ : ၈ ဖြစ်တဲ့ 12 noon – 8 pm က လူတိုင်းနီးပါးလုပ်နိုင်တဲ့ Intermittent fastingတစ်ခုပါ။ သဘောကတော့ နေ့လည် ၁၂ ကနေ ည ၈ အတွင်းပဲ အစားစားခွင့်ရှိတာပါ။ နောက်ပိုင်းကျန်တဲ့အချိန်တွေမှာ ဘာမှ မစားပါတော့ဘဲ နောက်နေ့ နေ့လည် ၁၂နာရီ ရောက်ရင်တော့ ပြန်စားလို့ရတာကို ဆိုလိုတာပါ။Intermittent fasting မှာ သတိထားရမယ့် အချက်က စားရမယ့်အချိန်မှာလည်း စားတဲ့ပုံစံကို ထိန်းဖို့ပါ။ တစ်နေ့ကို ၈နာရီပဲ စားတယ်ဆိုပေမယ့် အဲ့ဒီ ၈နာရီအတွင်းမှာ တစ်နေ့တာ ကယ်လိုရီထက် ကျော်လွန်အောင် စားမိမယ်။ အဆီအဆိမ့်နဲ့ အချိုတွေ အစားများမယ်ဆိုရင် ဘာမှမထူးပါဘူး။နောက်တစ်ချက်က အချိန်ပါ။ ၁၆နာရီ ဘာမှမစားဘူး။ ၈နာရီပဲ စားမယ်ဆိုပေမယ့် စားမယ့် ၈နာရီက ညဖြစ်နေလို့ မရပါဘူး။ ဥပမာ ၈နာရီဖြစ်ရင်ပြီးရော ည ၈နာရီကနေ မနက်၄နာရီထိ စားမယ်လို့ မလုပ်သင့်ပါဘူး။ ခန္ဓာကိုယ် အနားယူတဲ့ ညဘက်အချိန်တွေမှာ အစားရှောင်သင့်ပါတယ်။ရေးသားသူ− Dr Thin Yadanar@ Frances။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/special-diets/why-intermittent-fasting-becomes-popular/
ဦးနှောက် မှာပါတဲ့ အစိတ်အပိုင်းတွေရဲ့ အလုပ်လုပ်ပုံနဲ့ အဖြစ်များတဲ့ ရောဂါများအကြောင်း
ဦးနှောက်ဆိုတာ ကြီးမားပြီး ရှုပ်ထွေးတဲ့ အင်္ဂါရပ်ပါ။ အထဲမှာ ဆဲလ်ပေါင်း ၁၀၀ ဘီလီယံလောက် ရှိပြီး တစ်ခုနဲ့ တစ်ခုကို synapsesနဲ့ ဆက်သွယ်ပေးထားပါတယ်။ ဦးနှောက်ဟာ အရေးကြီး အစိတ်အပိုင်း ဖြစ်တဲ့အတွက် မထိခိုက်အောင် အပြင်ကနေ ဦးခေါင်းခွံနဲ့ ကာရံထားပါတယ်။ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်တွေ အားလုံးကို ထိန်းချုပ်ထားတဲ့အတွက် နေ့စဉ် အသက်ရှင်သန်ရေးအတွက် ဦးနှောက် ကျန်းမာနေဖို့ လိုပါတယ်။ ရှုပ်ထွေးလှတဲ့ ဦးနှောက်မှာ ဘာတွေပါပြီး ခန္ဓာကိုယ်ကို ဘယ်လိုများ ထိန်းချုပ်ထားပါလိမ့်။နာမည်အတိုင်းပဲ ဦးနောက်အစိတ်အပိုင်းတွေထဲမှာ အကြီးဆုံးပါပဲ။ သူ့ကို ဘယ်ခြမ်းနဲ့ ညာခြမ်းဆိုပြီး ခွဲထားပါတယ်။ အလယ်မှာ မြောင်းလေးရှိပါတယ်။ တစ်ခြမ်းစီမှာ နောက်ထပ် အစိတ်အပိုင်း သေးသေးလေးတွေ ထပ်ခွဲထားပါသေးတယ်။ ဒါကို lobesလို့ ခေါ်ပါတယ်။Frontal lobes– ဦးနှောက်ရဲ့ ရှေ့ဆုံးမှာရှိပြီး အပြုအမူတွေ၊ လှုပ်ရှားမှုတွေ၊ ပြဿနာဖြေရှင်းပုံတွေ၊ အစီအစဉ်ချမှတ်တာတွေ၊ စိတ်ခံစားမှုတွေကို ထိန်းချုပ်ပါတယ်။Parietal lobes– Frontal lobesရဲ့ နောက်မှာ ရှိပြီး ခန္ဓာကိုယ်အနှံ့အပြားက လာတဲ့ ထိတွေ့ခံစားမှုတွေကို ပုံဖော်ပေးပါတယ်။Temporal lobes– နားနဲ့ တစ်တန်းမှာ ရှိပြီး ပုံရိပ်တွေ မှတ်တာ၊ ဘာသာစကားတွေ မှတ်တာ၊ စိတ်ခံစားချက်တွေကို ပုံဖော်ပြီး တုံ့ပြန်တာ စတာတွေ လုပ်ပေးပါတယ်။Occipital lobes– နောက်စေ့မှာရှိပြီး အမြင်အာရုံကို ပုံဖော်ပေးပါတယ်။ စာတွေဖတ်နိုင်ဖို့၊ စာလုံးတွေကို သိဖို့ ကူညီပေးပါတယ်။ဦးနှောက်ရဲ့ အောက်နား (နောက်တွဲ ဆံထုံးထုံးတဲ့နေရာ) မှာ ရှိပါတယ်။ နောက်စေ့အောက်နားလေးတင်ပါ။ အသေးစိတ်လုပ်ရတဲ့ ကြွက်သားလှုပ်ရှားမှုတွေကို ထိန်းချုပ်ပေးပါတယ်။ ဒါ့ပြင် ကိုယ်နေဟန်ထား၊ ဟန်ချက်ထိန်းတာ စတာတွေကိုလည်း ထိန်းချုပ်ထားပါတယ်။ဦးနှောက်ရဲ့ အောက်ခြေအတွင်းဘက်မှာရှိပြီး အစိတ်အပိုင်း ၃ခုပါပါတယ်။သလမတ်စ် (Thalamus)– ဦးနှောက်ကို အချက်ပြလှိုင်းတွေ သယ်ပို့ပေးပါတယ်။ အသိစိတ်၊ အိပ်စက်ခြင်းနဲ့ မှတ်ဉာဏ်ကို ထိန်းချုပ်ထားပါတယ်။အက်ပီသလမတ်စ် (Epithalamus)– limbic စနစ်နဲ့ ဦးနှောက်နဲ့ကို ဆက်သွယ်ပေးပါတယ်။ limbic စနစ်ဆိုတာ စိတ်ခံစားမှု၊ ရေရှည်မှတ်ဉာဏ်နဲ့ အပြုအမူပိုင်းဆိုင်ရာတွေကို ထိန်းချုပ်ပေးတဲ့  ဦးနှောက်အစိတ်အပိုင်း တစ်ခုပါ။ဟိုက်ပိုသလမတ်စ် (Hypothalamus)– ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်တွေကို မျှတအောင် ထိန်းပေးတဲ့ နေရာပါ။ ဥပမာ အိပ်စက်ခြင်း၊ နိုးထခြင်း၊ ဆာလောင်ခြင်း၊ ပြည့်အင့်ခြင်း၊ ကိုယ်အပူချိန်၊ ဟော်မုန်းထုတ်လုပ်ခြင်း စတာတွေကို ထိန်းချုပ်ပေးထားပါတယ်။ဦးနှောက်ဆံထုံးရဲ့ ရှေ့မှာရှိပြီး ကျောရိုးအာရုံကြောမကြီးနဲ့ ဆက်သွယ်ထားပါတယ်။ ၃ပိုင်း ရှိပါတယ်။ဦးနှောက်အလယ် (Midbrain) – မျက်လုံး လှုပ်ရှားမှုကို ထိန်းချုပ်ထားပြီးအမြင်အာရုံနဲ့အကြားအာရုံကို ပုံဖော်ပေးပါတယ်။Pons – ဦးနှောက်မြီးရဲ့ အကြီးဆုံး အစိတ်အပိုင်း ဖြစ်ပြီး ဦးနှောက်အလယ်ရဲ့ အောက်မှာ ရှိပါတယ်။ သူ့မှာ ဦးနှောက်နေရာအနှံ့အပြားကို ဆက်သွယ်ပေးတဲ့ အာရုံကြောတွေ အများကြီး ရှီပါတယ်။Medulla oblongata – ဦးနှောက်ရဲ့ အောက်ဆုံးအပိုင်းပါ။ နှလုံးနဲ့ အဆုတ်ရဲ့ လုပ်ဆောင်ချက်တွေကို ထိန်းချုပ်ပေးပါတယ်။ ဥပမာ အသက်ရှူတာ၊ နှာချေတာ၊ မျိုချတာ စတဲ့အလုပ်တွေပါ။ဦးနှောက်မှာ အဖြစ်များတဲ့ ရောဂါတွေကို အုပ်စုခွဲကြည့်မယ်ဆိုရင်။ဦးနှောက်နဲ့ အာရုံကြောမှာ ရောဂါတစ်ခုခုရှိနေပြီဆိုရင် အောက်ကလက္ခဏာတွေ ခံစားရတတ်ပါတယ်။ဒီလက္ခဏာတွေက တခြားရောဂါတွေမှာလည်း တွေ့နိုင်တယ်ဆိုပေမယ့် ရုတ်တရက် ပြင်းပြင်းထန်ထန် ခံစားရရင်၊ ကြာလာလေလေ ပိုဆိုးလေလေဆိုရင် ဆရာဝန်နဲ့ ပြသပြီး ရောဂါအဖြေရှာသင့်ပါတယ်။ဦးနှောက်ဟာ ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ အရေးကြီးတဲ့ အင်္ဂါရပ်ဖြစ်ပါတယ်။ ဒါကြောင့် ဦးနှောက်နဲ့ အာရုံကြောရောဂါတွေရဲ့ လက္ခဏာတွေကို မှတ်ထားပြီး တစ်ခုခုမူမမှန်တာရှိရင် ဆရာဝန်နဲ့ ပြသဖို့ အကြံပြုလိုပါတယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/brain-anatomy-and-common-disorders/
မျက်စိကျန်းမာရေးအတွက် အကောင်းဆုံးအစားအစာ ၇ မျိုး
မျက်စိကျန်းမာရေးကောင်းစေဖို့ဓါတ်တိုးဆန့်ကျင်ပစ္စည်းအချို့ လိုအပ်ပါတယ်။ အဓိကအားဖြင့် အောက်ပါအာဟာရဓါတ်တွေ ဖြစ်ပါတယ်။ဒီအာဟာရဓါတ်တွေအတွက် နေ့စဉ်စားသောက်နေတဲ့ အစားအသောက်မျိုးစုံကနေ ရရှိနိုင်ပါတယ်။ အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအသောက်တွေမှာ ပြည့်ဝဆီတွေပါဝင်ပြီး သကြားဓါတ်လွန်ကဲစွာ ပါဝင်လို့ ရှောင်ကြဉ်သင့်ပါတယ်။အောက်ပါအစားအစာတွေကတော့မျက်လုံးအတွက် အကောင်းဆုံးလို့ ယူဆထားတဲ့အစားအစာတွေပဲ ဖြစ်ပါတယ်။ အများစုဟာ ရာသီမရွေး တနှစ်တာကာလပတ်လုံး သက်သာတဲ့ဈေးနှုန်းနဲ့ ဝယ်ယူနိုင်တဲ့ အစားအစာမျိုးတွေ ဖြစ်ပါတယ်။၁။ငါးအမျိုးမျိုး။ငါးအမျိုးမျိုးစားသုံးခြင်းဟာ မျက်စိကျန်းမာရေးကို ကောင်းစေပါတယ်။ အထူးသဖြင့် ဆယ်လ်မွန်ငါး ဖြစ်ပါတယ်။ အဲဒီငါးတွေမှာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့omega-3 fatty acidတွေ ပါဝင်ပါတယ်။omega-3 fatty acidဟာ အမြင်အာရုံကိုကောင်းစေပြီး မျက်စိအမြင်လွှာကျန်းမာရေးကို အထောက်အကူပြုပါတယ်။ မျက်စိခြောက်သွေ့ခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။၂။ဥအမျိုးမျိုး။ဥအမျိုးမျိုးမှာ ဗီတာမင်အေ၊ လူတိန်း၊zeaxanthin၊ ဇင့် စတာတွေ ကြွယ်ဝလို့ မျက်စိကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ဗီတာမင်အေဟာ မျက်ကြည်လွှာအတွက် အထူးအရေးပါပါတယ်။Luteinနဲ့zeaxanthinဓါတ်တွေဟာ အသက်အရွယ်ကြီးရင် ဖြစ်လာတတ်တဲ့ အမြင်အာရုံဝေဝါးခြင်း၊ အတွင်းတိမ် စတာတွေကို ဖြစ်နိုင်ခြေ နည်းစေပါတယ်။ ဇင့်ဟာ မျက်စိနောက်ပိုင်းက အမြင်လွှာကို အားကောင်းစေပါတယ်။ အထူးသဖြင့် ဇင့်ဓါတ်ဟာ ညပိုင်းအမြင်အာရုံအတွက် အထောက်အကူပြုပါတယ်။၃။မက်မွန်။မက်မွန်သီးအပါအဝင် အခြား အစေ့အဆန်များဟာ မျက်စိကျန်းမာရေးကို အထောက်အကူပြုပါတယ်။ မက်မွန်သီးမှာ ဗီတာမင်အီးပါဝင်ပါတယ်။ ဗီတာမင်အီးကို ပုံမှန်စားသုံးရင် အသက်အရွယ်ကြောင့်ဖြစ်တတ်တဲ့ မျက်စိမှုန်ခြင်း၊ တိမ်စွဲခြင်းကို လျော့ကျစေပါတယ်။ တရက်ကို ဗီတာမင်အီး ၁၅ မီလီဂရမ် စားသုံးသင့်ကြောင်း ဆိုထားပါတယ်။ ဗီတာမင်အီးပါဝင်တဲ့ တခြား အစေ့အဆန်တွေကတော့ နေကြာစေ့၊ သစ်ကြားစေ့၊ မြေပဲ စတာတွေ ဖြစ်ပါတယ်။၄။နို့ထွက်ပစ္စည်းများ။နို့နဲ့ဒိန်ချဉ်ဟာ မျက်စိကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ နို့ထွက်ပစ္စည်းတွေမှာ ဗီတာမင်အေနဲ့ ဇင့်ဓါတ် ပါဝင်ပါတယ်။ ဗီတာမင်အေဟာ သူငယ်အိမ်ကို ပျက်စီးခြင်းလျော့ပါးအောင် အကာအကွယ်ပေးနိုင်ပြီး ဇင့်ကတော့ အသည်းက ဗီတာမင်အေကို မျက်စိဆီရောက်အောင် ကူညီပေးပါတယ်။ ဒါ့အပြင် ဇင့်ဟာ ညအမြင်အာရုံကို အားကောင်းစေပြီး အတွင်းတိမ်မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။၅။မုန်လာဥနီ။မုန်လာဥနီဟာ မျက်စိအတွက် ကောင်းတယ်ဆိုတာ အတော်များများ သိကြပါတယ်။ မုန်လာဥနီမှာလည်း ဗီတာမင်အေနဲ့ ဗီတာကရိုတင်းကြွယ်ဝပါတယ်။ ဗီတာမင်အေနဲ့ ဘီတာကရိုတင်းဟာ မျက်စိရဲ့မျက်နှာပြင်ကို အကာအကွယ်ပေးပါတယ်။ မျက်စိပိုးဝင်ခြင်းနဲ့ တခြားဆိုးရွားတဲ့ အခြေအနေတွေမကြုံရအောင် အထောက်အကူပြုပါတယ်။မုန်လာဥနီဟာ တကူးတက ပြင်ဆင်ချက်ပြုစရာမလိုဘဲ နေ့စဉ် အတို့အမြှုပ်အနေနဲ့ စားသုံးနိုင်တာ အားသာချက်တခုပါပဲ။ ဒါ့အပြင် ဟင်းချိုထဲ ထည့်ချက်နိုင်ပါသေးတယ်။၆။ကိုက်လန်။ကိုက်လန်မှာ အရေးကြီးတဲ့ ဗီတာမင်၊ အာဟာရဓါတ်၊ သတ္တုဓါတ်များစွာ ပါဝင်ပါတယ်။ မျက်စိကျန်းမာရေးအတွက်လည်း အတော်လေး ကောင်းမွန်ပါတယ်။ ကိုက်လန်မှာလည်း ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့luteinနဲ့zeaxanthinပါဝင်ပါတယ်။ အတွင်းတိမ်ဖြစ်ပွားခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ကိုက်လန်ဟာလည်း အထူးပြင်ဆင်စရာမလိုဘဲ နေ့စဉ် စားသုံးဖွယ်ရာတွေထဲမှာ ထည့်သွင်းစားသုံးနိုင်တဲ့ စားစရာပဲ ဖြစ်ပါတယ်။၇။လိမ္မော်သီး။လိမ္မော်သီးမှာ မျက်စိကျန်းမာရေးအတွက် အဓိကကျတဲ့ ဗီတာမင်စီပါဝင်ပါတယ်။ မျက်စိအတွင်းက သွေးကြောတွေကောင်းမွန်အောင် အထောက်အကူပြုပြီး တိမ်စွဲခြင်းပြဿနာကို လျော့နည်းစေပါတယ်။အထက်ပါအစားအစာတွေကို စားသုံးတဲ့အပြင် မျက်စိကျန်းမာရေးအတွက် လိုက်နာသင့်တဲ့ အချက်တွေ ရှိပါသေးတယ်။ မျက်စိဆရာဝန်ထံမှာ မျက်စိကျန်းမာရေး ပုံမှန်စစ်ဆေးသင့်ပါတယ်။ အပြင်ထွက်ရင် နေကာမျက်မှန် ဝတ်ဆင်သင့်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပြီးသွေးတွင်းသကြားဓါတ်ကို ထိန်းညှိခြင်း စတာတွေ လုပ်ဆောင်သင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-care/%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%80%85%e1%80%ad%e1%80%80%e1%80%ba%e1%80%94%e1%80%b9%e1%80%b8%e1%80%99%e1%80%ac%e1%80%b1%e1%80%9b%e1%80%b8%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-2/
Trichuriasis (သန်ကောင်ထိုးခြင်း)
Whipwormကြာပွတ်ပုံစံသန်ကောင် Trichuris trichiura လို့လည်း ခေါ်တဲ့ လူတွေရဲ့ အူလမ်းကြောင်းမှာနေတဲ့ ကပ်ပါးကောင် ဖြစ်ပါ။တယ်။ဥတွေနဲ့ အကောင်ကြီး သန်ကောင်တွေဟာ လူတွေရဲ့ အူထဲမှာနေပြီးတော့ အူလမ်းကြောင်းရောဂါတွေကိုဖြစ်စေပါတယ်။ကြာပွတ်ပုံစံသန်ကောင်လို့ခေါ်တာကတော့ ကြာပွတ်နဲ့ပုံစံတူတဲ့ သန်ကောင်တွေနဲ့တူလို့ပါ။ ကြာပွတ်ပုံစံသန်ကောင် ပိုးဝင်ခြင်း ဒါမှမ။ဟုတ် trichuriasisလို့ ခေါ်တဲ့သန်ကောင်ထိုးခြင်းဟာ အူမကြီးမှာ ကြာပွတ်ပုံစံသန်ကောင် ကပ်ပါးကောင်များ ဝင်နေခြင်းကိုခေါ်ပါ။တယ်။ သန်ကောင်ထိုးခြင်းခံရတဲ့ လူတွေမျာ သွေးဝမ်းသွားခြင်း၊။ပျို့အန်ခြင်း၊ဗိုက်နာခြင်းတို့ ဖြစ်တတ်ပါတယ်။ သန်ကောင်ထိုးခြင်းဟာ သန်ကောင် ကပ်ပါးပိုးတွေပါဝင်တဲ့ ဝမ်းတွေကို ကိုင်တွယ်မိရာကနေ ပြန့်နှံ့ကူးစက်ပါတယ်။ ကလေးတွေမှာ အများစု။ဖြစ်ကြပြီး အထူးသခြင့် ရာသီဥတုပူနွေးစိုစွတ်တဲ့ နေရာ နဲ့ သန့်ရှင်း။မှု မရှိတဲ့နေရာတွေမှာ အဖြစ်များပါတယ်။ သန်ကောင်ထိုးခြင်းကို အများဆုံး ကုသမှုပေးတာကတော့ ကပ်ပါးကောင်သေစေတဲ့ဆေး။တိုက်ခြင်းပဲဖြစ်ပါတယ်။ ကုသမှုတစ်ခါ ခံယူလိုက်တာနဲ့ လူတော်။တော်များများဟာ လုံးဝအကောင်းအတိုင်းပြန်ဖြစ်ပါတယ်။ကမ္ဘာပေါ်မှာ ခန့်မှန်းခြေ ၆၀၄-၇၉၅သန်းလောက်ရှိတဲ့ လူတွေဟာ ကြာပွတ်ပုံစံသန်ကောင် ကူးစက်ခြင်းခံနေရပါတယ်။ ဒီရောဂါကို။ကျေးလက်နေရာဒေသတွေမှာ အတွေ့ရဆုံးဖြစ်ပါတယ်။ သို့သော်။လည်း အန္တရာယ်ရှိစေတဲ့အချက်တွေကို လျှော့ချခြင်းနဲ့ စီမံဆောင်။ရွက်လို့ရပါတယ်။(အခြားအချက်အလက်များ သိရှိလိုပါက သင့်ဆရာဝန်နဲ့တိုင်ပင် ဆွေးနွေးပါ။)။သန်ကောင်ထိုးခြင်းကြောင့် လက္ခဏာတွေအများကြီး ဖြစ်နိုင်ပါတယ် သိပ်မပြင်းထန်တာကနေ ပြင်းထန်တဲ့အထိ လက္ခဏာတွေအများကြီးရှိပါတယ်။ အောက်ပါအချက်များ ပါဝင်။နိုင်ပါတယ်။-သွေးဝမ်းသွားခြင်း။-ဝမ်းမကြာခဏသွားခြင်း၊ဝမ်းသွားလျှင်ဗိုက်နာခြင်း။-ဗိုက်နာခြင်း။-အန်ခြင်း။-ပျို့ခြင်း။-ခေါင်းကိုက်ခြင်း။-ရုတ်တရက် ဝိတ်ကျခြင်း။-ဝမ်းမထိန်းနိုင်ပဲထွက်ကျခြင်း ဒါမှမဟုတ် ဝမ်းကိုထိန်းနိုင်စွမ်းမရှိ။ခြင်း။စောစီးစွာရောဂါရှာခြင်းနဲ့ကုသမှုပေးခြင်းက အခြေအနေဆိုးသွားမှာ။နဲ့ အခြားသော ကျန်းမာရေးအရေးပေါ်ကိစ္စတွေဖြစ်ပေါ်လာခြင်းကို တားဆီးပေးနိုင်တဲ့အတွက် သင့်ဆရာဝန်ကို အတတ်နိုင်ဆုံး အမြန်ဆုံး ပြောပြပါ။(အကယ်၍အထက်တွင်ဖော်ပြခဲ့သောရောဂါလက္ခဏာများ ဖြစ်ပေါ်လျှင်လည်းကောင်း၊ မေးလိုသည်များရှိလျှင်သော်လည်းကောင်းဆရာဝန်နှင့်သာ ပြသသင့်ပါသည်။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှုသည် တစ်ဦးနှင့်တစ်ဦးမတူညီကြပါ။ သင့်ရောဂါအခြေအနေအတွက် ဘာကအကောင်းဆုံးလဲဆိုတာကိုဆရာဝန်နှင့် ဆွေးနွေးခြင်းကသာအမှန်ကန်ဆုံးဖြစ်ပါသည်။)။Trichuris trichiuraလို့ခေါ်တဲ့ ကပ်ပါးကောင်တစ်မျိုးကြောင့်။Trichuriasisလို့ခေါ်တဲ့ သန်ကောင်ထိုးခြင်းကို ဖြစ်စေပါတယ်။၎င်း။ကပ်ပါးကောင်ကို ကြာပွတ်ပုံစံရှိတဲ့အတွက် ကြာပွတ်ပုံစံသန်ကောင်။လို့လည်းခေါ်ပါတယ်။ ဒီအကောင်ဟာ တစ်ဖက်စွန်းမှာတော့ ကြာပွတ်ရဲ့ လက်ကိုင်ပုံစံခပ်ထူထူလေးရှိနေပြီး နောက်တစ်ဖက်က။တော့ကြာပွတ်လို ခပ်ကျဉ်းကျဉ်းသေးသေး ရှိပါတယ်။ လူတွေက။ဒီကြာပွတ်ပုံစံသန်ကောင်ကို သူတို့ရဲ့ဥတွေ ကပ်ပါးကောင်တွေ ပါဝင်နေတဲ့ဝမ်းတွေ ရေတွေ ဖုန်မှုန့်တွေကို ထိတွေ့တာကနေ ကူးစက်ခံကြရပါတယ်။ ကြာပွတ်ပုံစံသန်ကောင်ရဲ့ဥတွေဟာ မသန့်။ရှင်းတဲ့ဝမ်းတွေကို မြေသြဇာအဖြစ်သုံးခြင်း ဒါမှမဟုတ် ကူးစက်ခံ။ထားရတဲ့ သူရဲ့ဝမ်းတွေကို မြေကြီးပေါ်ကျစေခြင်း ဒါမှမဟုတ် တိရစ္ဆာန်တွေက အပြင်မှာ ဝမ်းသွားလို့သော်လည်းကောင်း မြေကြီး။ပေါ်ရောက်စေပြီး ကူးစက်ခံရပါတယ်။ တစ်စုံတစ်ယောက်က ဖုန်မှုန့်တွေကို ထိပြီး အဲ့ဒီလက်ကို သူတို့ပါးစပ်နားထားမိခြင်း သေချာမဆေး မချက် မခွာ ထားတဲ့ ဟင်းသီးဟင်းရွက် သစ်သီး တွေကို စားမိခြင်းနဲ့ ဒီကပ်ပါးကောင်ရဲ့ဥတွေ အကောင်တွေကို မျိုချမိနိုင်ပါတယ်။ ဒီအကောင်တွေဟာ အူသိမ်ထဲကိုရောက်တာနဲ့ ဥ။တွေကိုဥချပြီး အကောင်ပေါက်လေးတွေကို ထွက်လာစေပါတယ်။အကောင်ပေါက်လေးတွေ ကြီးထွားလာချိန်မှာ ကြီးပြီးသား အကောင်တွေဟာ အူမကြီးထဲမှာ နေထိုင်ပါတယ်။ သန်ကောင်အမဟာ နှစ်လကြာပြီးနောက်မှာ ဥတွေ။ပြန်စ ဥ တတ်ပါတယ်။အောက်မှာပြောပြမယ့် အဖြစ်များတဲ့အချက်တွေက သန်ကောင်ထိုးခြင်းကို ပိုဖြစ်စေတယ်။ဆိုတာ ယုံကြည်လို့ရပါတယ်။-ပူနွေး စိုစွတ်တဲ့ရာသီဥတု မှာနေထိုင်ခြင်း။-သန့်ရှင်းမှုမရှိတဲ့နေရာ သန့်သန့်ရှင်းရှင်းနေထိုင်နိုင်ခြင်းမရှိတဲ့။နေရာမှာ နေထိုင်ခြင်း။-တိရစ္ဆာန်ရဲ့ ဝမ်းတွေပါဝင်တဲ့မြေကြီးရှိတဲ့ စက်ရုံအလုပ်ရုံများမှာ အလုပ်လုပ်ခြင်း။-တိရစ္ဆာန်ရဲ့ဝမ်းကို မြေသြဇာအဖြစ် အသုံးပြ ုပြီးစိုက်ပျိုးထားတဲ့ မြေက ဟင်းသီးဟင်းရွက်များကို အစိမ်းစားခြင်း။-ကလေးတွေက သန်ကောင်ထိုးခြင်း ဖြစ်ဖို့ အခွင့်အရေးပိုများပါ။တယ်။ သူတို့တွေက အပြင်ဘက်မှာဆော့ကြတာများပြီး အစား။မစားခင်မှာလည်း လက်ကိုသေချာစွာ မဆေးကြလို့အဖြစ်များတာပါ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။တကယ်လို့သင့်မှာ သန်ကောင်ထိုးခြင်းဖြစ်နေတယ်လို့ သင့်ဆရာဝန်က သံသယရှိပါက သင့်ကို ဝမ်းစစ်ဖို့ အကြံပေးပါလိမ့်။မယ်။ သင်က သင့်ရဲ့ ဝမ်းနမူနာကို ဓါတ်ခွဲခန်းကိုပေးပို့ပြီး စစ်ရမှာပါ။ဝမ်းအဖြေက သင့်အူလမ်းကြောင်းနဲ့ ဝမ်းတွေထဲမှာ ကြာပွတ်သန်ကောင်ရဲ့ ဥတွေလား အကောင်တွေလားဆိုတာကို ခွဲ။ခြားပေးနိုင်မှာပါ။ ဒီလိုစစ်ဆေးနည်းဟာ နာကျင်တာ သက်တောင့်သက်သာမရှိတာတွေကို မဖြစ်စေပါဘူး။ သင့်ဆရာဝန်။က သင့်ကိုပိုးသတ်ထားတဲ့ ခွက်နဲ့ ပလတ်စတစ်အထုပ ်နောက်ပြီး အထူးပြ ုလုပ်ထားတဲ့အိမ်သာသုံးတစ်ရှူး။ကိုပေးပါလိမ့်မယ်။ ပလတ်စတစ်ထုပ်ကို အိမ်သာကာဗာပေါ်မှာ တင်လိုက်ပါ အိပ်သာထိုင်တဲ့နေရာမှာ သေချာတင်နေရဲ့လား ဆို။တာသေချာအောင်လုပ်ပါ။ သင်ဝမ်းသွားပြီးပြီဆိုတာနဲ့ အထူးပြုလုပ်။ထားတဲ့တစ်ရှုးကိုသုံးပြီး ပိုးသတ်ထားတဲ့ခွက်ထဲကိုထည့်ပါ။ မွေးကင်း။စကလေးတွေအတွက်ကတော့ သေးခံဒိုင်ပါကို ပလတ်စတစ်စနဲ့ ပတ်ပတ်လည် ကာပြီး နမူနာကိုရယူပါ။ ဒီစစ်ဆေးမှုလုပ်အပြီးမှာ လက်ကို စင်ကြယ်စွာသေချာပြောင်အောင်ဆေးပါ။ နောက်ဆုံးမှာ။ဒီနမူနာကို ဓါတ်ခွဲခန်းကိုပို့ပါလိမ့်မယ်။ အဲ့ဒါမှ ဓါတ်ခွဲခန်းထဲမှာ အဏုကြည့်မှန်ပြောင်းကိုသုံးပြီး ကြာပွတ်သန်ကောင်တွေများပါ။လား ဒါမှမဟုတ် ဥတွေလားဆိုတာကို ခွဲခြားပါလိမ့်မယ်။အသုံးအများဆုံးနဲ့ အထိရောက်ဆုံးကုသမှုကတော့ albendazole, mebendazoleလို့ခေါ်တဲ့ ကပ်ပါးကောင်သေစေတဲ့ ဆေးတွေ။တိုက်ခြင်းဖြစ်ပါတယ်။ ဒီဆေးတွေဟာ ကိုယ်ခန္ဓါထဲက ကြာပွတ်သန်ကောင်တွေနဲ့ဥတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဆေး။ကိုတစ်ရက်ကနေ သုံးရက်အထိသောက်ဖို့လိုပါမယ်။ ဘေးထွက်ဆိုး။ကျိုးကတော့ တော်တော်နည်းပါတယ်။ သင့်ရဲ့ရောဂါလက္ခဏာတွေ။သက်သာတာနဲ့ သင့်ဆရာဝန်က ပိုးဝင်ခြင်း ပျောက်မပျောက်သိစေဖို့ နောက်ထပ်ဝမ်းစစ်ခြင်းကို ပြ ုလုပ်ပါလိမ့်။မယ်။သန်ကောင်ထိုးခြင်းကို လျှော့ချနိုင်မယ့်အန္တရာယ်ရှိအချက်တွေကို လျှော့နိုင်ဖို့ အကြံပေးပါတယ်။ ဒီအခြေအနေတွေကို ကာကွယ်နိုင်။မယ့် အသုံးဝင်တဲ့နည်းလမ်းတွေကတော့။-လက်ကိုသေချာစွာဆေးကြောခြင်း အထူးသဖြင့် အစားအသောက်တွေမကိုင်ခင်ပေါ့။-အစားအသောက်တွေကို မစားခင် သေချာစွာဆေးခြင်း၊အခွံခွာခြင်း ၊ချက်ပြ ုတ်ခြင်း။-ကလေးတွေကို မြေကြီးတွေမစားဖို့သင်ခြင်းနှင့် အပြင်မှာဆော့ပြီး။ပါက လက်တွေကိုသေချာစွာဆေးကြောဖို့သင်ခြင်း။-ပိုးရှိနေမယ်ထင်တဲ့ ရေကို ကျိ ုချက်သောက်ခြင်း ဒါမှမဟုတ် သောက်ရေသန့်သာသောက်ခြင်း။-ဝမ်းတွေနဲ့ထိတွေ့နေတဲ့မြေကြီးနဲ့ ထိတွေ့မှုကိုရှောင်ရှားခြင်း။-တိရစ္ဆာန် ဝမ်းများကျုံးရာ ထိတွေ့ရာတွင် သတိထားကိုင်တွယ်ခြင်း။-တိရစ္ဆာန် မွေးမြ ူရေးပြ ုလုပ်ရာမှာ ခြံခတ်ပြီးကန့်သတ်ထားခြင်း။ပုံမှန် ဒီခြံတွေကို သန့်ရှင်းရေးပြ ုလုပ်ပေးခြင်း။-ခွေးတွေကြောင်တွေ ပုံမှန် ဝမ်းသွားတတ်တဲ့ နေရာက မြက်တွေကို ခပ်တိုတိုဖြစ်အောင်အမြဲနှုတ်ပေးခြင်း။စသည်တို့ဖြစ်ပါတယ်။(တကယ်လို့ သင့်ဆီမှာမေးခွန်းတွေရှိသေးရင် သင့်အတွက်အကောင်းဆုံးအဖြေရရှိနိုင်ဖို့ သင့်ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးပါ။)။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/trichuriasis-%e1%80%9e%e1%80%94%e1%80%b9%e1%80%b1%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%91%e1%80%ad%e1%80%af%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
သိုင်းရွိုက်ကင်ဆာ (Thyroid Cancer)
သိုင်းရွိုက်ကင်ဆာ (Thyroid Cancer) အကြောင်း လေ့လာလိုက်ရအောင်နော်။သိုင်းရွိုက်ကင်ဆာ ဆိုသည်မှာ ခန္ဓါကိုယ်ရှိသိုင်းရွိုက်အကျိတ်တွင် ပုံမှန်မဟုတ်သော ဆဲလ်များကြီးထွားများပြားလာခြင်းကိုဆိုလိုသည်။သိုင်းရွိုက်အကျိတ်သည် လိပ်ပြာပုံစံကဲ့သို့ဖြစ်ပြီး လည်ပင်း၏အရှေ့ပိုင်းတွင် တည်ရှိသည်။ထိုသိုင်းရွိုက်မှ သိုင်းရွိုက်ဟော်မုန်းကို ထုတ်လုပ်သည်။ ထိုဟော်မုန်းမှ တဆင့် ခန္ဓါကိုယ်ရှိ ဇီဝကမ္မဖြစ်စဉ်များ၊သွေးပေါင်ချိန်များ၊နှလုံးခုန်နှုန်း၊ကိုယ်အပူချိန်၊နှင့် အလေးချိန်တို့ကို ထိန်းညှိပေးသည်။ ထိုသိုင်းရွိုက်ကင်ဆာသည် အဖြစ်နည်းသော်လည်း ဟော်မုန်းနှင့်ပတ်သတ်သည့် ကင်ဆာများတွင် အဖြစ်များဆုံးကင်ဆာဖြစ်ကြောင်းသိရသည်။(ဟော်မုန်းစနစ်သည် ကိုယ်တွင်း ရှိ လုပ်ငန်းဆောင်တာများကို ထိန်းညှိပေးသည့် ဟော်မုန်းများကို ထုတ်လုပ်သည်)ထိုကင်ဆာရှိသော သူအများစုတွင် ကုသမှုများသည်အောင်မြင်သည့်အပြင် စောစီးစွာ ရောဂါအားတွေ့ရှိရလေ့ရှိသည်။ သို့သော် ကံမကောင်းသောအားဖြင့် ကုသပြီးနှစ်များအကြာတွင် ထိုကင်ဆာသည် ပြန်လည်ဖြစ်ပွားတတ်ပါသည်။ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။သိုင်းရွိုက်ကင်ဆာ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ –။ရောဂါကနဦးအစတွင် လက္ခဏာမပြပါ။ သိုင်းရွိုက်အကျိတ်သည် ပုံမှန်ရောဂါမရှိပဲကောင်းမွန်နေသောအခါ စမ်း၍မရပါ။ သိုင်းရွိုက်ကင်ဆာသည် ပိုဆိုးလာသောအခါ အောက်ပါလက္ခဏာများကို ပြတတ်သည်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ကျွမ်းကျင်ပညာရှင်များအနေဖြင့်လည်း မည်သည့်အရာမှ သိုင်းရွိုက်ကင်ဆာဖြစ်စေမှန်းမသိကြချေ။ သို့သော် အခြားသောကင်ဆာများကဲ့သို့မိမိ၏ဆဲလ်များအတွင်းရှိ မျိုးရိုးဗီဇများ၏ ပြောင်းလဲမှုများကြောင့် ဖြစ်နိုင်သည်ဟု ယုံကြည်ရသည်။ ထို မျိုးရိုးဗီဇပြောင်းလဲမှုများသည် မိဘဆီမှ မျိုးရိုးလိုက်ခြင်း (သို့) အသက်အရွယ်ကြီးရင့်လာသောအခါမှ မိမိတွင် အလိုလိုဖြစ်ပွားလာခြင်း တို့ကြောင့် ဖြစ်နိုင်သည်။သိုင်းရွုက်ကင်ဆာ အမျိုးအစားများ။ပါပက်လာရီ သိုင်းရွိုက်ကင်ဆာ။အဖြစ်အများဆုံးသော သိုင်းရွိုက်ကင်ဆာ အမျိုးအစားဖြစ်ပြီး သိုင်းရွိုက်ဟော်မုန်းအား ထုတ်လုပ်၍ သိုလှောင်ပေးသော ဖော်လီကူလာဆဲလ်လေးများမှ ဖြစ်ပွားသည်။သိုင်းရွိုက်ကင်ဆာ ဖြစ်ပွားနိုင်ခြေကို မြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သိုင်းရွိုက်ကင်ဆာအား ကြည့်ရှူထိတွေ့စမ်းသပ်ခြင်း (သို့) ဓါတ်ခွဲစစ်ဆေးခြင်းများဖြင့် အတည်ပြုသိရှိနိုင်ပါသည်။ လည်ပင်းအား ကြည့်ရှူစမ်းသပ်ပါက သိုင်းရွိုက်အကျိတ်နေရာတွင် သေးငယ်သော (သို့) ကြီးမားသော အလုံးတစ်လုံးကို မြင်တွေ့ရတတ်သည်။ ပြန်ရည်ကြောအိမ်များ (သို့) အကျိတ်များသည်လည်း ကြီးမားနေနိုင်သည်။စစ်ဆေးအတည်ပြုရသော ဓါတ်ခွဲစစ်ဆေးမှုများမှာ။ဖြစ်ပွားသော ရောဂါ အမျိုးအစားနှင့် အဆင့်၊မိမိ၏ယေဘုယျကျန်းမာရေးနှင့် မိမိကြိုက်နှစ်သက်သောကုသမှုများတွင် ကုသမှုသည် မူတည်သည်။ အများစုသော သိုင်းရွိုက်ကင်ဆာများသည် ကုသပျောက်ကင်းတတ်သည်။သိုင်းရွိုက်အကျိတ်အား တခုလုံး(သို့) အကျိတ်သားအများစုကို ဖြတ်တောက်ကုသခြင်း၊။လည်ပင်းရှိပြန်ရည်ကြောအိမ်များကို ဖြတ်တောက်ကုသခြင်း၊။သိုင်းရွိုက်အကျိတ်၏တပိုင်းတစ်ဒေသကိုသာ ဖြတ်တောက်ကုသခြင်း၊။သိုင်းရွိုက်အား ဖြတ်တောက်ခွဲစိတ်ပြီးသောအခါ သိုင်းရွက်ဟော်မုန်းဆေးဖြစ်သော လီဗိုသိုင်ရော်ဇင်းအား တစ်သက်လုံးသောက်သုံးရတတ်သည်။ သောက်သုံးရမည့် သင့်တော်သော သိုင်းရွိုက်ဟော်မုန်းဆေးပမာဏအား သိရှိသည်အထိ သွေးထဲရှိ သိုင်းရွိုက်ဟော်မုန်းပမာဏများအား လအနည်းငယ်ကြာတိုင်းစစ်ဆေးခြင်းများပြုလုပ်ရတတ်သည်။ထို့နောက် နှစ်စဉ်သွေးစစ်ဆေးမှုများလည်း ပြုလုပ်ရတတ်သည်။ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းများကို ပမာဏအများပြားပေး၍ ကုသသည်။ သိုင်းရွိုက်အကျိတ်အား ဖြတ်တောက်ကုသပြီး ကျန်ရှိသောသိုင်းရွိုက်တစ်ရှူးများအားဖျက်ဆီးကုသသည့်။အချိန်တွင်ဖြစ်စေ၊ခွဲစိတ်မှုပြုလုပ်စဉ်အတွင်း မဖြတ်ထုတ်လိုက်ရသော မိုက်ခရိုစကုပ်ဖြင့်သာမြင်ရနိုင်သည့် သိုင်းရွိုက်တစ်ရှူးများအား ဖျက်စီးကုသသည့်အချိန်တွင်ဖြစ်စေ အသုံးပြုတတ်သည်။အကျိတ်၏အပြင်ပိုင်းရှိနေရာများအား စွမ်းအားပြင်းသည့်ဓါတ်ရောင်ခြည်တန်းများကို တိတိကျကျ ထိတွေ့မှုပေးနိုင်သော စက်တခုဖြင့် ကုသလေ့ရှိသည်။သိုင်းရွိုက်ကင်ဆာတွင် အများအားဖြင့် အသုံးပြုလေ့မရှိသော်လည်း။အခြားသောကုသနည်းများဖြင့် မကောင်းမွန်လာသော လူနာများအား သက်သာပျောက်ကင်းစေခြင်းငှာ ဖြစ်နိုင်သည်။ဆိုလိုသည်မှာကင်ဆာဆဲလ်များအတွင်းရှိ သက်ဆိုင်ရာနေရာများနှင့် ပစ္စည်းများအား တိတိကျကျထိရောက်စေသော ဆေးများအသုံးပြုကာ ကုသခြင်းဖြစ်သည်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့အိမ်သုံးကုထုံးများက သင့်အနေဖြင့် သိုင်းရွိုက်ကင်ဆာ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။သိုင်းရွိုက်ကင်ဆာအများစုမှာ ကာကွယ်၍မရနိုင်ပါ။ ရှားပါးသော သိုင်းရွိုက်ကင်ဆာ အမျိုးအစားတခုဖြစ်သည့် medullary thyroid cancer (MTC) သည် မိဘများမှ လက်ဆင့်ကမ်းမျိုးရိုးလိုက်တတ်သော ရောဂါဖြစ်သည်။ ထို့ကြောင့် မျိုးရိုးဗီဇစစ်ဆေးမှုများပြုလုပ်ပြီး ဖြစ်ပွားနိုင်ခြေကို တွက်ချက်ကာသဘောပေါက်ထားသင့်သည်။ အကယ်၍ဖြစ်ပွားနိုင်ခြေများနေပါက သိုင်းရွိုက်အကျိတ်အား ဖြတ်ထုတ်၍ နောက်ပိုင်း ဘဝတွင် ဖြစ်ပွားနိုင်ခြေများကို လျှော့ချကာကွယ်နိုင်သည်။ ဓါတ်ပေါင်းဖိုနားရှိ သူများသည်လည်း ကြိုတင်ကာကွယ်မှုအချို့ယူထားသင့်သည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/thyroid-cancer/thyroid-cancer-explained/
အာရုံကြောချို့ယွင်းတဲ့ဝေဒနာ ကို အကောင်းဆုံး ကာကွယ်ပေး မယ့် အစားအစာ ၁၀ ခု
Multiple Sclerosisဆိုတာကအာရုံကြောချို့ယွင်းတဲ့ဝေဒနာ တစ်မျိုးပါ။ မိုင်လင်အလွှာပျက်သည့်ရောဂါ ဒါမှမဟုတ် အာရုံကြောစနစ် ယိုယွင်းမှုကြောင့် ကိုယ်လက်လှုပ်ရှားခြင်းနဲ့ စကားပြောဆိုမှုထိန်းမနိုင်တဲ့ရောဂါ တစ်မျိုးပါ။ ဒီတစ်ခါ ဖော်ပြချင်တာကတော့ ဒီရောဂါကို ကာကွယ်ပေး နိုင်တဲ့ အစားအစာ တွေ အကြောင်းပါ။Multiple Sclerosis ဖြစ်ရစေတဲ့အကြောင်းအရင်းကတော့အာရုံကြောစနစ်ထဲက နယူရုန်းဆိုတဲ့ မြင်၊ သိ၊ ကြား၊ ခံစားချက်တွေကို သိနားလည်စေတဲ့ အစိတ်အပိုင်း ပျက်ယွင်းလာတဲ့ အခြေအနေကိုဆိုလိုတာပါ။ဒီရောဂါဟာအလွန်အဖြစ်များပြီး အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်။ အေးသောရာသီတွင် ပိုဖြစ်တတ်ပြီး အသက် ၁၅ နှစ်နှင့် ၆၀ ကြား အသက်ငယ်သူတွင်ပိုဖြစ်တတ်တယ်လို့ ဆိုပါတယ်။Multiple Sclerosis ဝေဒနာခံစားရပြီဆိုရင် အောက်ပါရောဂါလက္ခဏာတွေကို ခံစားရမှာဖြစ်ပြီးတော့ တစ်ခုထက်ပိုပြီး ကြုံရနိုင်ပါတယ်။ဒီရောဂါကိုကာကွယ်ချင်တယ်ဆိုရင်တော့ အောက်ပါ အစားအစာတွေကို မှီဝဲစားသောက်ပြီး ကာကွယ်နိုင်ပါတယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/ms-best-foods/
နို့နှင့်နို့ထွက်ထုတ်ကုန်များ မသောက်သုံးမီ သိထားသင့်သည့် အချက်များ
နို့နှင့်နို့ထွက်ထုတ်ကုန်များ မသောက်သုံးမီ သိထားသင့်သည့် အချက်များ အကြောင်း လေ့လာလိုက်ရအောင်နော်။ဇွန်လ (၁) ရက်ကို World Milk Day အဖြစ် သတ်မှတ်ထားကြပါတယ်။ တစ်ကမ္ဘာလုံးမှာရှိကြတဲ့ နိုင်ငံပေါင်းတစ်ရာကျော်ဟာ ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အကောင်းဆုံးအရင်းအမြစ်ဖြစ်တဲ့အပြင်အာဟာရတွေနဲ့ ပရိုတင်းဓာတ်အပြည့်ပါတဲ့ နို့ရဲ့ ကောင်းကျိုးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ World Milk Day ရောက်တိုင်း နို့သောက်ခြင်း၊ နို့ဘူးတွေ လက်ဆောင်ပေးခြင်းဖြင့် ပါဝင်ဆင်နွှဲလေ့ရှိပါတယ်။ဒါပေမယ့် ကိုယ်တိုင်သောက်နေတဲ့ နို့ ဒါမှမဟုတ် ချစ်ခင်ရသူတွေ သောက်ဖို့အတွက် လက်ဆောင်ပေးလိုက်တဲ့ နို့တွေဟာ အာဟာရဓာတ်တွေ အပြည့်အဝပါဝင်ပြီး သောက်သုံးဖို့ စိတ်ချရတယ်ဆိုတာကို ဘယ်လိုသိနိုင်မလဲ။နို့နှင့်နို့ထွက်ထုတ်ကုန်များ မသောက်သုံးမီ သိထားသင့်သည့် အချက်များ က ဘာတွေဖြစ်မလဲဆိုတာ အတူတူ လေ့လာလိုက်ရအောင်နော်။အစားအသောက် ဘေးဥပါဒ်ကင်းရှင်းမှုအပေါ် ဂရုပြုမှုနည်းပါးခြင်းက မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍအတွက် အကြီးမားဆုံးစိန်ခေါ်မှုကြီး တစ်ခုဖြစ်နေဆဲပါ။ တစ်ခါတလေ ဘယ်ကမှန်းမသိရတဲ့ အရောအနှောပါတဲ့ အစားအသောက်တွေ၊ ထုပ်ပိုးမှု သေချာ မပြုလုပ်ထားတဲ့ အစားအသောက်တွေက ဘေးဥပါဒ်မကင်းတဲ့အပြင် ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာတွေ သူတို့မှာ အများပါဝင်နေတတ်ပါတယ်။ ကျန်းမာရေးအတွက် အကျိုးကျေးဇူးရှိဖို့၊ အာဟာရရှိပြီး သောက်သုံးလို့ စိတ်ချရတဲ့ နို့ဖြစ်ဖို့ ဆိုတာကလည်း ဝယ်ယူတဲ့ သူအပေါ် အများကြီး မူတည်နေတဲ့အရာပါ။ဒီတော့ ကိုယ်သောက်နေတဲ့ နို့တွေဟာကျန်းမာရေးအတွက် စိတ်ချရဆုံး၊ အကောင်းဆုံးသောထုတ်ကုန်တွေ ဖြစ်နေရဲ့လားဆိုတာ ဘယ်လိုသိနိုင်မလဲ။ ကဲ..ခုပဲ ဖော်ထုတ်ရှာဖွေလိုက်ကြရအောင်။၁ ။ စားသောက်ကုန်တစ်ခုအတွက် အဓိကအရေးအကြီးဆုံးကတော့ ယုံကြည်စိတ်ချရမှုရှိဖို့ပဲဖြစ်ပါတယ်။အရည်အသွေးစိတ်မချရတဲ့ စားသောက်ကုန်တွေကြောင့်ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ကင်ဆာရောဂါအပါအဝင် ရောဂါအမျိုးအစားပေါင်း ၂၀၀ ကျော် ဖြစ်နိုင်တယ်ဆိုတာ သင်သိပါသလား။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ အဆိုအရ မသန့်ရှင်းတဲ့၊ ပုပ်သိုးနေတဲ့ အစားအသောက်တွေမှာ ဘတ်တီးရီးယားတွေ၊ ရောဂါပိုးတွေ၊ ကပ်ပါးကောင်တွေနဲ့ဓာတုပစ္စည်းတွေပါဝင်ပါတယ်။သူတို့ကြောင့်ပဲ နှစ်စဉ်နှစ်တိုင်းလူဦးရေ ၄၂၀,၀၀၀အထိ သေဆုံးနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် စိတ်ချရတဲ့ အစားအသောက်တွေဖြစ်ဖို့ လူသားအားလုံး ဂရုတစိုက်ထည့်သွင်းစဉ်းစားသင့်တဲ့အချက် ဖြစ်လာနေပါပြီ။ ကိုယ်ရဲ့အစားအသောက်ပုံစံဟာ နေ့စဉ်လိုအပ်ချက်တွေနဲ့ တိုက်ရိုက်အချိုးကျသင့်တဲ့အပြင် ကိုယ်စားလိုက်တဲ့ အစားအသောက်တွေဟာလည်း ကျန်းမာအတွက် တကယ်ကို အထောက်အကူပြုတဲ့ အရာတွေပဲ ဖြစ်နေသင့်ပါတယ်။၂။ နေရာတိုင်းမှာရှိတဲ့ဘက်တီးရီးယားတွေကိုလည်း မေ့ထားလို့မရသေးပါဘူး။ကိုယ့်ပတ်ဝန်းကျင်မှာ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ အလွန်သေးငယ်တွေ ပိုးမွှားတွေ သန်းနဲ့ချီရှိပါတယ်။ သူတို့ဟာ လက်တွေ၊ ဖုန်းတွေနဲ့ ကြမ်းခင်းမျက်နှာပြင်တွေပေါ်မှာ အလွယ်တကူကပ်နေနိုင်လို့ သင့်ဆီကို အချိန်မရွေးရောက်လာနိုင်ပါတယ်။ အထူးသဖြင့် ဖုန်တထောင်းထောင်းထနေတဲ့ လမ်းဘေးစားသောက်ဆိုင်တွေက အစားအစာတွေကိုစားလိုက်တဲ့အခါမျိုး၊ လက်မဆေးဘဲ အစားစားလိုက်တဲ့အခါမျိုးနဲ့ ဈေးကဝယ်လာတဲ့ အသီးအရွက်အသားငါးတွေကို သေချာစင်အောင် မဆေးဘဲစားလိုက်တဲ့အခါမျိုးမှာ ပါလာတဲ့ ဘက်တီးရီးယားတွေက သင့်ကိုဖျားနာစေမှာပါ။ဘာမှ မစားရဲတော့ဘူးဖြစ်နေပြီလား။ ဘယ်လိုလုပ်ကြမလဲ။ ။စိတ်မပူပါနဲ့။ ဒီဆောင်းပါးထဲမှာဘက်တီးရီးယားကင်းတဲ့ အစားအသောက်တွေကို ဘယ်လိုရွေးချယ်ဝယ်ရမလဲ ဆိုတာ ပြောပြပေးမှာမို့ ဆက်ပြီး ဖတ်ကြည့်ပေးဦးနော် ။ ။၃။ နို့ထွက်ပစ္စည်းတွေကို ဝယ်တဲ့အခါ UHTဆိုတဲ့ စာတန်းလေးပါတာကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။နို့ထဲမှာ ပါတဲ့ ဘက်တီးရီးယားတွေ အကုန်စင်သွားဖို့အတွက်ဆို အိမ်က သာမန်ဆူပွက်ရုံအပူချိန်နဲ့ ကျိုချက်လို့ မရပါဘူး။ အပူချိန်ပြင်းပြင်းနဲ့ ကျိုချက်မှ နို့ထဲက ဘက်တီးရီးယားတွေ အကုန်သန့်စင်သွားမှာပါ။ ဒီတော့ UHT ( Ultra High Temperature) ဆိုတဲ့ အပူချိန် ပြင်းပြင်းက အရေးကြီးလာပြီပေါ့ ။UHT ပါတဲ့ထုတ်ကုန်တွေကို ရွေးချယ်ဝယ်ယူသင့်တဲ့အကြောင်းကတော့ UHT ဟာနို့ ထဲပါတဲ့ ဘက်တီးရီးယားတွေ အားလုံးကို ၄ စက္ကန့်အတွင်း အကုန် ဖယ်ရှားပေးနိုင်တဲ့အပြင် နွားနို့ရဲ့ အာဟာရဓာတ်နဲ့ ကျန်းမာရေးအကျိုးပြုမှုတွေ မပျက်အောင်လည်း ဆက်ထိန်းထားပေးနိုင်ပါတယ်။ ဒါ့ကြောင့် UHT(Ultra High Temperature) အတွင်း ကျိုချက်ပြီး ထုတ်လုပ်ထားတဲ့ နို့ထွက်ထုတ်ကုန်တွေကို ရွေးချယ်မှသာ ကျန်းမာရေးအတွက် စိတ်ချရမှာပါ။၄။ စက္ကူဘူးခွံနဲ့ ထုတ်ပိုးထားတာက ဘာ့ကြောင့်ပိုကောင်းတာလဲ။နို့တွေကို သေချာကျိုချက်ထားရုံနဲ့ မပြီးပါဘူး။ ကျိုချက်သန့်စင်ထားတဲ့ နို့တွေကို ထုတ်ပိုးတဲ့အဆင့်ကလည်း အရေးပါပါသေးတယ်။ ထုတ်ပိုးတဲ့နေရာမှာ ပလတ်စတစ်ဘူးအစား စက္ကူဘူးနဲ့ ထုတ်ပိုးတာဟာ အကောင်းဆုံးနဲ့ ကျန်းမာရေးအတွက် အလုံခြုံဆုံးပါ။ပလတ်စတစ်ဘူးတွေမှာပါတဲ့ ဓာတုပစ္စည်းတွေက စက္ကူဘူးတွေမှာ မပါတာရယ်၊ စက္ကူဘူးတွေနဲ့ ထုတ်ပိုးထားတဲ့ နို့ထွက်ကုန်တွေကို အအေးခန်းအတွင်းသိမ်းဆည်းဖို့ မလိုဘဲ သာမန်အပူချိန်မှာတင် ထားရှိနိုင်တာရယ်ကြောင့် စက္ကူဘူးတွေက ကျန်းမာရေးအတွက် ပိုပြီးသင့်တော်စေမှာ အသေအချာပါ။၅။ UHT အောက် ထုတ်ထားတာဖြစ်လို့ တာရှည်ခံအောင် အအေးခံ သိုလှောင်ထားရန်မလိုပါ။ ။စူပါမားကတ်တွေရဲ့စင်တွေပေါ်မှာ မဖွင့်ရသေးတဲ့ UHT နို့ထွက်ထုတ်ကုန်တွေက အချိန်ကာလကြာမြင့်စွာ ပိုအထားခံတာကို သင်သတိထားမိပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ UHT နဲ့ ပိုးသတ်သန့်စင်ထားတာလည်းဖြစ်၊ ဘက်တီးရီးယားကင်းစင်တဲ့စက္ကူဘူးနဲ့လည်း ထုပ်ပိုးထားတာကြောင့် မပုပ်မသိုးဘဲ လပေါင်းများစွာ သိုလှောင်ထားနိုင်ပါတယ်။ဒါ့အပြင် ဒီဘက်တီးရီးယားကင်းစင်တဲ့ aseptic packaging ထုတ်ကုန်တွေကို အအေးခန်းတွင် သိုလှောင်စရာမလိုအပ်တာကြောင့် ခရီးသွားရင်း သယ်ဆောင်သွားရင်ပဲဖြစ်ဖြစ်၊ နွေရာသီမှာပဲ ဖြစ်ဖြစ်၊ ရုံးသွား၊ ကျောင်းသွားရာမှာ ယူဆောင်သွားရင်ပဲဖြစ်ဖြစ် ဘယ်လိုအခြေအနေမျိုးမှာမဆို UHT နို့ထုတ်ကုန်တွေဟာ အမြဲ လတ်ဆတ်ပြီး အာဟာရပြည့်ဝစွာပေးနိုင်မှာဖြစ်ပါတယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/milk-day/
အသည်းရောင် အသားဝါပိုးက အသည်းကို ဘယ်လိုထိခိုက်စေနိုင်လဲ
အသည်းရောင် အသားဝါရောဂါဆိုတာကအသည်းကဆဲလ်တွေကိုရောင်ရမ်းစေပြီး အသည်းကို ထိခိုက်ပျက်စီးစေနိုင်တဲ့ရောဂါတစ်မျိုးပေါ့။ အသည်းရောင်အသားဝါရောဂါအမျိုးအစားတွေအမျိုးမျိုးရှိသလိုရောဂါဖြစ်စေတဲ့အကြောင်းရင်းခံတွေလည်း အမျိုးမျိုးရှိပေမယ့်ရောဂါလက္ခဏာတွေကတော့ ခပ်ဆင်ဆင် တူတတ်ကြပါတယ်။အသည်းကကိုယ်တွင်းအင်္ဂါတွေထဲမှာ အကြီးဆုံးအစိတ်အပိုင်းတစ်ခုဖြစ်ပြီး လုပ်ဆောင်ပေးရတဲ့ တာဝန်တွေကလည်းတော်တော်လေးတော့များပါတယ်။ အသည်းရဲ့ တာဝန်တွေက –။ကျန်းမာနေတဲ့ အသည်းက ဒီတာဝန်တွေကို အကုန်လုံးပြီးပြည့်စုံအောင်လုပ်ဆောင်နိုင်ပေမယ့် အသည်းရောင်အသားဝါရောဂါပိုး ကူးစက်ခံလိုက်ရတဲ့အခါရောဂါပိုးတွေက အသည်းရဲ့ လုပ်ငန်းစဉ်တွေကို အနှောင့်အယှက်ဖြစ်စေပြီး ခန္ဓာကိုယ်မှာ ကြီးမားတဲ့ ကျန်းမာရေးပြဿနာတွေကိုဖြစ်စေတော့တာပါပဲ။အသည်းရောင်အသားဝါဖြစ်စေတဲ့ ဗိုင်းရပ်စ်တိုင်းက အသည်းကို ထိခိုက်ပျက်စီးစေနိုင်ပြီး အသက်သေဆုံးသည်အထိဖြစ်စေနိုင်ပါတယ်။ ဒီဗိုင်းရပ်စ်တွေထဲမှာမှ အသည်းရောင်အသားဝါ B နဲ့ C တို့က နာတာရှည် အသည်းရောင်ရောဂါကိုဖြစ်စေနိုင်ပါတယ်။အသည်းရောင်အသားဝါ A ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့်ဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ ရောဂါပိုးပါဝင်နေတဲ့အစားအသောက်တွေနဲ့ရေတွေကို သောက်သုံးမှုကနေတဆင့် ကူးစက်နိုင်ပါတယ်။အသည်းရောင်အသားဝါ B ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ သူရဲ့ ခန္ဓာကိုယ်က ထွက်တဲ့အရည်တွေ၊သွေး၊မိန်းမကိုယ်အရည်နဲ့သုက်ပိုးတွေကနေတဆင့် ကူးစက်နိုင်ပါတယ်။ ဆေးထိုးအပ်တွေ၊ မုတ်ဆိတ်ရိတ်ဓားတွေ မျှဝေသုံးစွဲတာ၊ ရောဂါကူးစက်ခံထားရသူနဲ့ လိင်ဆက်ဆံမှုကနေတဆင့် ရောဂါကူးစက်နိုင်ပါတယ်။အသည်းရောင်အသားဝါ C ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့်ဖြစ်တဲ့ရောဂါပါ။ ရောဂါပိုးရှိသူရဲ့ ခန္ဓာကိုယ်က ထွက်တဲ့အရည်တွေနဲ့ ထိတွေ့မိတာ၊ ဆေးထိုးအပ်မျှဝေသုံးစွဲတာ၊လိင်ဆက်ဆံမှုတို့ကနေတဆင့် ရောဂါပိုးကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိတဲ့ သွေးကနေတဆင့်လည်း ရောဂါပိုးကူးစက်နိုင်ပါတယ်။အသည်းရောင်အသားဝါ D ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အသည်းရောဂါတစ်မျိုးပါ။ ရောဂါပိုးရှိနေတဲ့သွေးနဲ့ တိုက်ရိုက်ထိတွေ့မှုကနေတဆင့် ရောဂါကူးစက်နိုင်သလို အသည်းရောင် အသားဝါ B ဗိုင်းရပ်စ်ရှိသူတွေမှာလည်း နောက်ဆက်တွဲအနေနဲ့ အသည်းရောင်အသားဝါ Dရောဂါခံစားရနိုင်ပါတယ်။မသန့်ရှင်းတဲ့ရေကနေတဆင့် ကူးစက်နိုင်ပါတယ်။ အသည်းရောင်အသားဝါ E ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ ရေဆိုးနုတ်စနစ် အားနည်းတဲ့နေရာတွေမှာ အဖြစ်များပါတယ်။ အရှေ့အလယ်ပိုင်းဒေသ၊ အာရှ၊ ဗဟိုအမေရိက နဲ့ အာဖရိကတို့မှာ အဖြစ်များပါတယ်။အသည်းရောင်အသားဝါရောဂါဖြစ်တဲ့အခါ ရောဂါလက္ခဏာတွေက တုပ်ကွေးဖြစ်တာနဲ့ ခပ်ဆင်ဆင်တူတတ်ပြီး အခုလိုလက္ခဏာတွေကိုပါ ခံစားရနိုင်ပါတယ်။အသည်းရောင်အသားဝါရောဂါကူးစက်ခံရတဲ့အခါ အချို့တွေမှာ ရောဂါလက္ခဏာပြတတ်ကြပေမယ့် အချို့မှာတော့ အသည်းပျက်စီးသွားတဲ့အခါမှရောဂါလက္ခဏာတွေပြတတ်တာလည်းရှိပါတယ်။အသည်းရောင်အသားဝါရောဂါကို ကာကွယ်ဖို့ဆိုရင် မဖြစ်မနေလုပ်ဆောင်သင့်တဲ့အချက်တစ်ခုက တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ဖို့ပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်လိုက်တဲ့အခါ အသည်းရောင်အသားဝါ A နဲ့ E ကိုကာကွယ်ပြီး ဖြစ်သွားမှာပါ။ တကယ်လို့ သင့်အနေနဲ့ သန့်ရှင်းမှုအားနည်းတဲ့ဒေသတွေကို သွားရောက်တဲ့အခါ –။အသည်းရောင်အသားဝါ B နဲ့ C ကလိင်ဆက်ဆံမှုကနေတဆင့်လည်း ကူးစက်နိုင်တာကြောင့် လိင်ဆက်ဆံတဲ့အခါကွန်ဒုံးအသုံးပြုပြီး ဆက်ဆံပေးဖို့ပြောပါရစေ။ကာကွယ်ဆေးထိုးပါ။ကာကွယ်တာက ကုသတာထက်ပိုထိရောက်တယ်ဆိုတဲ့ စကားအတိုင်း အသည်းရောင်အသားဝါပိုးတွေကို ကာကွယ်ဖို့ဆိုရင်ကာကွယ်ဆေးထိုးထားဖို့ပြောပါရစေ။ အထူးသဖြင့် အသည်းရောင် အသားဝါ အေနဲ့ ဘီအတွက် ကာကွယ်ဆေး ရှိတာကြောင့် ဆေးထိုးထားပြီး ကာကွယ်ထားဖို့ လိုပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/hepatitis-virus-affects-liver/
နွေရာသီမှာ သောက်လေ့ရှိကြတဲ့ ဥသျှစ်ရည် ချိုချိုလေးကပေးတဲ့ ကျန်းမာရေးအာနိသင်
နွေပူနေချိန်မှာ ဥသျှစ်သီး ဖျော်ရည်အေးအေးချိုချိုလေးသောက်လိုက်ရတာကလည်း စိတ်ကျေနပ်မှု အပြည့်အဝရရှိစေတဲ့ ခံစားချက်တွေထဲကတစ်ခုပဲနော်။ ငယ်ငယ်ကမြန်မာနိုင်ငံအလယ်ပိုင်းက အပူပိုင်းဒေသတွေကိုသွားရင်ဥသျှစ်သီးဖျော်ရည်မွှေးမွှေးချိုချိုလေးကိုသောက်ခဲ့ဖူးမှာပါ။ ထန်းလျက်နဲ့ဖျော်ထားတဲ့ ဥသျှစ်သီးဖျော်ရည်လေးကသောက်ကောင်းရုံလောက်တင်မဟုတ်ဘဲ ကျန်းမာရေးအတွက်လည်း တကယ်ကောင်းတယ်ဆိုတာကို ဒီဆောင်းပါးေးလကနေတဆင့်ပြောပြပေးချင်ပါတယ်။ဥသျှစ်သီး ဆိုတာက အပူပိုင်းဒေသမှာ အများဆုံးပေါက်ရောက်တဲ့ အသီးတစ်မျိုးပါ။ဆေးဖက်ဝင်အာနိသင်တွေလည်း ကြွယ်ပါတယ်။ပြောင်ချောနေတဲ့ အခွံမာမာအသီးတစ်မျိုးပေါ့။ အမြင့်ပေ ၃၀လောက်ထိရှိတဲ့ အပူပိုင်းဒေသအပင်တစ်မျိုးပေါ့။ ချိုတဲ့ အညိုရောင်အသားတွေနဲ့အတူ အစေ့ဖြူဖြူလေးတွေပါတတ်တဲ့ အသီးတစ်မျိုးပါ။ အိန္ဒိယနဲ့သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံတို့မှာပေါက်ရောက်သလိုမြန်မာနိုင်ငံနဲ့ အခြားတောင်အာရှနိုင်ငံတွေမှာလည်းပေါက်ရောက်ကြပါတယ်။အရသာရှိတဲ့ ဥသျှစ်သီး ဖျော်ရည်လေးကိုပုံမှန်သောက်သုံးပေးတာက။ဥသျှစ်သီးကို ပုံမှန်စားသုံးပေးတာက နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ မခံစားရအောင်ကာကွယ်ပေးနိုင်သလိုလေဖြတ်တာနဲ့ရုတ်တရက်နှလုံးရပ်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။သွေးတွင်းသကြားဓါတ်ကိုလည်း ၅၄ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်ပါတယ်။ဥသျှစ်သီးကိ အစာအိမ်နဲ့အူလမ်းကြောင်းတလျှောက်မှာ အနာရှိသူတွေအတွက် အထူးသင့်တော်ပါတယ်။ဓါတ်တိုးဆန့်ကျင်အာနိသင်ရှိနေတာကြောင့် အစာခြေလမ်းကြောင်းတစ်ခုလုံးကိုကျန်းမာစေပြီး အနာတွေရှိခဲ့ရင်လည်း သက်သာစေနိုင်ပါတယ်။ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။အရေပြားအပါအဝင် ခန္ဓါကိုယ်အစိတ်အပိုင်းတွေမှာ မှိုပိုးကူးစက်ခံရတာ၊ရောဂါပိုးကူးစက်ခံရတာတွေကို အထူးသက်သာစေနိုင်ပါတယ်။ခန္ဓါကိုယ်မှာ ဘက်တီးရီးယားနဲ့ မှိုကြောင့်ဖြစ်လာနိုင်တဲ့ရောဂါတွေကို အထိရောက်ဆုံးကာကွယ်ပေးနိုင်မှာပါ။ဥသျှစ်ရည် က ဝမ်းချုပ်တာကို သက်သာစေပြီး ဗိုက်အောင့်ဗိုက်နာကိုလည်း သက်သာစေနိုင်ပါတယ်။ သဘာဝဝမ်းနုတ်ဆေးတစ်မျိုးပေါ့။ အူတွေနဲ့ အစာခြေလမ်းကြောင်းကို သန့်စင်ပေးနိုင်ပါတယ်။ ဥသျှစ်သီးကို ငရုတ်ကောင်း၊ဆားတို့နဲ့ရောစပ်ပြီးသောက်သုံးမယ်ဆိုရင် အူတွင်းကအဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားနိုင်မှာပါ။ဥသျှစ်သီး ကိုပျားရည်နဲ့ဖျော်ပြီးသောက်ပေးမယ်ဆိုရင် အပူများလို့ လျှာနဲ့ပါးစပ်မှာဖြစ်တဲ့ အနာတွေကို သက်သာစေနိုင်သလို ကိုယ်တွင်းအပူကိုငြိမ်းစေနိုင်ပါတယ်။ မနက်စာမစားခင်နဲ့ ညစာမစားခင်တွေမှာ ဥသျှစ်သီးဖျော်ရည်တွေကို ပုံမှန်သောက်ပေးတာက ကိုယ်တွင်း အပူငြိမ်းစေဖို့ အထိရောက်ဆုံးနည်းလမ်းပါ။ဥသျှစ်သီးဖျော်ရည်ကို ကရဝေးရွက်၊ နနွင်းတို့နဲ့ဖျော်ပြီးတစ်နေ့နှစ်ကြိမ်သောက်ပေးမယ်ဆိုရင်အရေပြားမှာ အဖုအပိမ့်တွေဖြစ်တာကို သက်သာစေနိုင်မှာပါ။နို့တိုက်မေမေတွအနေနဲ့ ဥသျှစ်သီးကို ချင်း(ဂျင်း) နဲ့ဖျော်ပြီးသောက်ပေးမယ်ဆိုရင်ဘေဘီလေးအတွက် လုံလောက်တဲ့ နို့ချိုကို ရရှိစေမှာပါ။နေ့တိုင်း ဥသျှစ်သီး ဖျော်ရည် တစ်ခွက်သောက်သုံးပေးတာကရင်သားကင်ဆာအပါအဝင် ကင်ဆာတော်တော်များများကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ဥသျှစ်သီးကိုရေနွေးနွေးလေးနဲ့ ပျားရည်တို့နဲ့ရောစပ်လို့သောက်သုံးပေးတာကသွေးတွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပြီးသွေးသန့်စေနိုင်ပါတယ်။ဥသျှစ်ရည်က ဝမ်းမှန်စေရုံတင်မဟုတ်ဘဲ ဝမ်းပျက်ဝမ်းလျှော၊ဝမ်းကိုက်တာတွေကိုပါသက်သာစေနိုင်သလို လိပ်ခေါင်းဝေဒနာကိုပါ သက်သာစေနိုင်ပါတယ်။ဗီတာမင် C ချို့တဲ့မှုကြောင့်ဖြစ်တဲ့သွေးကြောတွေထိခိုက်တာမျိုးမဖြစ်စေဖို့အတွက်လည်း ဥသျှစ်သီး ဖျော်ရည်ကိုသောက်သုံးပေးလို့ရပါတယ်။ ဥသျှစ်သီးက ဗီတာမင် နဲ့ သတ္တုဓါတ်များစွာကြွယ်ဝတာကြောင့်ရောဂါတော်တော်များများကို သက်သာစေနိုင်စွမ်းရှိပါတယ်။ပန်းနာရင်ကျပ်ရောဂါအပါအဝင် အအေးမိဖျားနာတာလိုမျိုး အသက်ရှုလမ်းကြောင်းကနေတဆင့် ကူးစက်တဲ့ရောဂါတွေကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ဥသျှစ်သီးကပန်ကရိယကိုလှုံ့ဆော်ပေးပြီး အင်ဆူလင်ကို လုံလောက်စွာထုတ်စေနိုင်တာကြောင့်သွေးတွင်းသကြားဓါတ်ကို အထိရောက်ဆုံးထိန်းချုပ်နိုင်ပါတယ်။နားကိုက်တာကိုသက်သာစေဖို့ဆိုရင်တော့ ဥသျှစ်ပင်အမြစ်ကို အသုံးပြုပေးလို့ရပါတယ်။ အခြားသောနားပြဿနာအမျိုးမျိုးအတွက်လည်း ဥသျှစ်ပင်အမြစ်ကို အသုံးပြုပေးလို့ရပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/bale-fruit-juice-benefits/
ဆေးသောက်ရင် ဆေးနဲ့မနီးသင့်တဲ့ အစားအသောက် (၅) မျိုး
ဆေးသောက်မယ်ဆို အစာစားပြီးမှသောက်ကြနော်လို့ပြောကြတယ်။ တချို့ဆေးတွေက မစားခင်သောက်ရတာရှိသလို အစာတခုခုခံပြီးမှသောက်သင့်တာတွေရှိပါတယ်။ အစာနဲ့ဘယ်နှနာရီခြားပါလို့ ဆရာဝန်ကညွှန်ကြားလိုက်တယ်ဆိုရင် လိုက်နာဖို့လိုပါတယ်။ ကိုယ်စားလိုက်၊သောက်လိုက်တဲ့အရာတွေကဆေးဝါးတွေရဲ့အာနိသင်အပေါ် သက်ရောက်မှုတွေရှိလို့ပါပဲ။ဒါ့ကြောင့်ဆေးဝါးတွေနဲ့ ဓါတ်ပြုသက်ရောက်မှုရှိနိုင်တဲ့ အစားအသောက်တွေအကြောင်းကိုပြောပြချင်ပါတယ်။အချဉ်ဓါတ်ပါတဲ့အရည်ရွှမ်းသီးဖြစ်တဲ့ ဂရိတ်ဖရုသီးက သိပ်မချဉ်ဘူးဆိုပေမယ့် အူလမ်းကြောင်းအတွင်းရောက်လာတဲ့ဆေးဝါးတွေကို ဆဲလ်တွေရဲ့ စုပ်ယူနိုင်စွမ်းနဲ့ရွေ့လျားနိုင်စွမ်းကိုပြောင်းလဲစေနိုင်ပါတယ်။ ဂရိတ်ဖရုသီးကြောင့် ဒီလိုဖြစ်စေနိုင်တာဆေးအမျိုးပေါင်း ၅၀ကျော်ရှိပါတယ်။နေမကောင်းဖြစ်နေတဲ့အချိန် အားလည်းဖြစ်အောင် ရေအစား နွားနို့လေးနဲ့ဆေးသောက်လိုက်တယ်ဆိုတာမျိုး မလုပ်ရပါဘူး။ နို့နဲ့နို့ထွက်ပစ္စည်းတွေဟာ ပဋိဇီဝဆေးတွေကို ခန္ဓါကိုယ်ရဲ့စုပ်ယူနိုင်စွမ်းအပေါ် အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ နွားနို့မှာပါတဲ့ ကယ်လ်စီယမ်နဲ့မဂ္ဂနီဆီယမ်တို့လို သတ္တုဓါတ်တွေကြောင့်ဖြစ်နိုင်ပါတယ်။ ပဋိဇီဝဆေးတွေသောက်မယ်ဆို နွားနို့နဲ့ဝေးဖို့ ဂရုစိုက်ပါ။ချောကလက်ဟာ စိတ်ကိုတည်ငြိမ်စေတဲ့ဆေး ဒါမှမဟုတ် အိပ်ပျော်စေတဲ့ဆေးတွေကို အာနိသင်လျော့နည်းစေနိုင်ပါတယ်။ သူက စိတ်ကိုလန်းဆန်းစေတဲ့ဆေးတွေအတွက် အာနိသင်ပိုကောင်းစေဖို့ အထောက်အကူပြုနိုင်တာဖြစ်ပါတယ်။နောက်တစ်ချက်က စိတ်ကျရောဂါအတွက်ဆေးသောက်နေရတဲ့သူတွေမှာဆို အဲဒီဆေးနဲ့ချောကလက်ကို တွဲမိတဲ့အခါ အန္တရာယ်အဆင့်ထိသွေးပေါင်တက်စေနိုင်ပါတယ်။အရက်၊ဘီယာနဲ့ အယ်လ်ကိုဟောပါသမျှတွေဟာဆေးဝါးတွေကို အာနိသင်လျော့စေ၊ ပျက်ပြယ်စေနိုင်ပါတယ်။ အထူးသဖြင့်သွေးပေါင်ကျဆေးနဲ့ နှလုံးဆေးတွေအတွက် ပိုဆိုးပါတယ်။ တချို့ဆေးတွေကိုတော့ ရှိသင့်တာထက် အားပိုပြင်းစေတာ ဒါမှမဟုတ် အန္တရာယ်ရှိတဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်။ကော်ဖီက စိတ်ရောဂါအတွက်သောက်သုံးရတဲ့ဆေးတွေကို အာနိသင်လျော့စေပေမယ့် တခြားဆေးတွေအတွက်တော့ အာနိသင်ရော၊ဘေးထွက်ဆိုးကျိုးတွေပါ ပိုတိုးစေနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓါကိုယ်ကို သံဓါတ်စုပ်ယူဖို့ခက်ခဲစေနိုင်ပါတယ်။အကောင်းဆုံးကတော့ ဆရာဝန်ညွှန်ကြားလိုက်တဲ့အတိုင်း သောက်သုံးပါ။ဆရာဝန်ကဆေးပေးလိုက်တယ်ဆို ဒီတိုင်းပဲသောက်လိုက်တာများပါတယ်။သောက်သင့်တဲ့အချိန်မမှန်တာ၊ အစားနဲ့နီးသင့်တာဝေးသင့်တာတွေ မသိတာတို့ကြောင့်ဆေးအာနိသင်ကိုလျော့နည်းစေပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%b1%e1%80%86%e1%80%b8%e1%80%b1%e1%80%9e%e1%80%ac%e1%80%80%e1%80%b9%e1%80%9b%e1%80%84%e1%80%b9-%e1%80%b1%e1%80%86%e1%80%b8%e1%80%94%e1%80%b2%e1%82%94%e1%80%99%e1%80%94%e1%80%ae%e1%80%b8%e1%80%9e/
သက်သက်လွတ်သမားဖြစ်ရခြင်း၏ ကောင်းကျိုးများ။ တစ်ကိုယ်ရည်ကျန်းမာခြင်းနှင့် ကုသခြင်းကို အားပေးပါ
အသီးအရွက်စားသူဖြစ်လာရသည့်အကြောင်းအရင်းများစွာရှိနိုင်သည်၊ ကျန်းမာရေးပြသာနာ ရောဂါကာကွယ်ခြင်း ဘာသာရေးအမြင် တိရစ္ဆာန်ကောင်းကျိုးအတွက် သို့မဟုတ် အခြားသူကိုမသတ်ပဲ စားလိုသည့်စိတ်စသည်တို့ကြောင့်ဖြစ်နိုင်သည်။ လတ်ဆတ်သောအသီးအနှ့ရသော ဟင်းအမျိုးအစားမျိုးစုံရခြင်း ဟင်းသီးဟင်းရွက်စားသူ၏ကောင်းကျိုးများကိုသိလာခြခင်းတို့ကြောင့် လူအတော်များများက အသီးအရွက်မှရသောအစာကိုဟင်းအဖြစ်ရွေးချယ်လာကြသည်။ပထမဆုံး အသီးအရွက်သည် အာဟာရပြည့်ဝစေရုံမျှမက နှာတာရှည်ရောဂါဖြစ်စေနိုင်သောအန္တွာရာယ်ကိုလည်းလျော့ချပေးနိုင်သည်။ တိရစ္ဆာန်အဆီတွင် ကိုလက်စတောများစွာပါဝင်ပြီး သင်ကျန်းမာရေးကိုထိခိုက်စေနိုင်သည်။ အခြားသောလေ့လာချက်များအရ အသားစားခြင်းသည် အစာအိမ် အူ ဆီးကျတ် မုန့်ချိုအိတ်ကင်ဆာကိုပိုဖြစ်စေကြောင်းလည်းတွေ့ရသည်။ ယေဘုယျအားဖြင့် အပင်မှရသောအစာများက သင့်အား နှလုံးရောဂါ ကင်ဆာ အဝလွန်ခြင်း ဆိးချိုနှင့် အခြားနှာတာရှည်ရောဂါတော်တော်များများကိုကာကွယ်ပေးသည်။ လေ့လာမှုတော်တော်များများက အသီးအရွက်စားပါက ဆီးချိုထိန်းရာတွင်ကူညီနိုင်ခြင်း ဖြစ်နှုန်းကို တစ်ဆခွဲခန့်လျော့ချပေးနိုင်ခြင်းတို့ကိုတွေ့ရသည်။လတ်ဆတ်သောအစာစားခြင်းနှင့်နောက်ကောင်းသောအချက်မှာ ခန္ဓါကိုယ်လှပခြင်းဖြစ်သည်။ လူအတော်များများက အသီးအရွက်စားရုံမျှဖြင့်ကျန်းမာစွာဝိတ်ကျနိုင်သည်။ အသားရှောင်ခြင်းဖြင့် ကယ်လိုရီလဲသက်သာစေပြီး အာဟာရလုံလောက်စေသည်။ အသီးအရွက်စားသူများက အာဟာရချို့တဲ့ခြင်း သို့မဟုတ် တောက်လျောက်ဗိုက်ဆာနေလိမ့်မည်ဟုတွေးကောင်းတွေးနိုင်သည်။ ထိုအရာကမှားသည်။ အမေရိကန် အစားအသောက်ပညာရှင်အဖွဲ့က ကောင်းမွန်စွာရေးဆွဲစားသောအစားအသောက်က အာဟာရပြည့်ဝစေရုံမျှမက အသက်အရွက်မျိုးစုံအတွက်သင့်တော်သည်။ ကျန်းမာခြင်း ရောဂါနည်းခြင်း ရှိသောရောဂါကိုကောင်းစွာထိန်းနိုင်ခြင်းတို့ အသီးအရွက်စားသူတွင်ရနိုင်သည်။ ကောင်းမွန်စွာလေ့ကျင့်ခန်းလုပါကပိုကျန်းမာလာပြီး အသားအရည်လှခြင်း အင်အားပိုရှိခြင်း ဆံပင်ပိုကောင်းခြင်းတိုဖြစ်လာလိမ့်မည်။များသောများဖြင့် အသီးအရွက်စားသူဖြစ်ရန် အသား ငါး နို့ထွက်ပစ္စည်းရှောင်ရန်သာလိုအပ်သည်ဟုထင်ရသည်။ သိသာစွာ အဓိကအစာတွင် အသားနှင့်အသာနှင့်ပတ်သတ်သောထုတ်ကုန်များမပါရပါ။ သို့သော် အသီးအရွက်စားသူအစာတွင် ပုံစံသင်ထင်တာထက်ရျိသေးသည်။ အသီးအရွက်စားသူပုံစံ ကိုသူစားသည့် မစားသည့်အစာအပေါ်မူတည်ပြီးခွဲထားသေးသည်။ ဥပမာ။ပကာတာရီးယန်းသည် အသား နို့ထွက်ပစ္စည်း ကြက်ဥမပါသော်လည်း ငါးစားသည်။ပိုလိုတားရီးယန်းသည် အသား နို့ထွက်ပစ္စည်း ငါးမစားသော် လည်း ကြက်ငှက်စားသည်။လက်တိုအိုဗိုအသီးအရွက်စားသူက နို့ထွက်ပစ္စည်း ကြက်ဥနှင့် အသီးအရွက်သာစားသည်။လတ်တိုအသီးအရွက်စားသူက နို့ထွက်ပစ္စည်းသာစားပြီး ကြက်ဥမစားပါ။အိုဗိုအသီးအရွက်စားသူက ကြက်ဥသာစားပြီး နို့ထွက်ပစ္စည်းထုတ်ကုန်မစားပါ။သိသာစွာ အသီးအရွက်သည် ရောဂါတော်တော်များများကိုကာကွယ်ပေးခြင်းနှင့် ကျန်းမာရေးကိုကောင်းစေသည်။အသီးအရွက်စားသူက တစ်မျိုးတည်းသာနေ့စဉ်စားနေခြင်းမဟုတ်ပါ။သင့်ရူထောင့်နှင့်ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး စားအသောက်ပုံစံကိုရွေးချယ်စားသောက်နိုင်သည်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%9e%e1%80%80%e1%80%b9%e1%80%9e%e1%80%80%e1%80%b9%e1%80%9c%e1%80%bc%e1%80%90%e1%80%b9%e1%80%9e%e1%80%99%e1%80%ac%e1%80%b8%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%80%9b%e1%80%bb%e1%80%81%e1%80%84/
သွေးသန့်စေဖို့ ဒါတွေစားပါ။
ခန္ဓာကိုယ်က တစ်ရှူးတွေဆီကို အောက်ဆီဂျင်၊ အာဟာရတွေနဲ့ ဟော်မုန်းတွေ သယ်ပို့ပေးဖို့အတွက် သွေးက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ခန္ဓာကိုယ်က အလုပ်တွေ အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့ သွေးတွေကို လိုအပ်ပါတယ်။ သွေးမှာ ညစ်ပတ်တဲ့ သွေးရယ်လို့တော့ မရှိပါဘူး။ သွေးဆဲလ်တွေ ကျန်းမာနေမှ သွေးနဲ့ ပတ်သက်တဲ့ ရောဂါတွေ ကင်းမှာ ဖြစ်ပါတယ်။ ဒါကိုပဲ သွေးသန့်စေဖို့ လုပ်ကြတယ်လို့ ခေါ်ပါတယ်။ကျောက်ကပ်နဲ့ ဘေလုံးက သွေးတွေကို သန့်စင်ပေးဖို့ အဓိက တာဝန် ယူထားကြပါတယ်။ ဒီအစိတ်အပိုင်းတွေကနေ သွေးတွေကို အကောင်းဆုံး သန့်စင်ပေးနိုင်ဖို့အစားအသောက် အနေအထိုင်တွေကနေတဆင့် အားဖြည့်ပေးလို့ ရပါတယ်။သွေးတွေ သန့်စင်ပြီးခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့ဆိုရင်။ရေက သဘာဝ အဆိပ်အတောက် ဖယ်ရှာပေးတဲ့အရာပါ။ ရေက ကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီးကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်မှုကို ကောင်းစေပါတယ်။ အဆိပ်တွေကို ဆီးကနေတဆင့် စွန့်ထုတ်ပေးသလို ခန္ဓာကိုယ်အနှံ့ကိုဗီတာမင် နဲ့ သတ္တုဓာတ်တွေပို့ဆောင်ပေးပါသေးတယ်။သံပုရာရည်က သွေးသန့်စေသလိုအစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ သံပုရည်မှာပါတဲ့ ဗီတာမင်စီက ဓာတ်တိုးဆန့်ကျင်သတ္တိရှိတာကြောင့် ဆဲလ်တွေကို ကျန်းမာစေပါတယ်။သွေးထဲမှာ ဗိုင်းရပ်စ် အများစု မရှင်သန်နိုင်စေဖို့ လုပ်ဆာင်ပေးပြီး pathogens တွေကို ဖယ်ရှားပေးပါတယ်။ မနက်ခင်း အစားမစားခင် ရေနွေးထဲကို သံပုရည် ညှစ်ထည့်ပြီး သောက်ပေးတာက သွေးသန့်စေမှာပါ။ပင်စိမ်းက ဘက်တီးရီးယားကို တိုက်ဖျက်ပေးနိုင်သလို ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ ပင်စိမ်းရဲ့ နောက်ထပ် အာနိသင်တစ်ခုက သွေးသန့်စေတာပါ။အသည်းနဲ့ ကျောက်ကပ်က အဆိပ်အတောက်တွေကိုလည်း အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ပင်စိမ်းက ဆီးကနေတဆင့် သွေးထဲက အဆိပ်အတောက်တွေကို စွန့်ထုတ်ပေးပါတယ်။ ရေနွေးဆူဆူထဲကို ရေစင်အောင် ဆေးထားတဲ့ ပင်စိမ်းရွက် ၆ ရွက်ကနေ ၈ ရွက်လောက် ထည့်စိမ်ပြီး သောက်ပေးလို့ ရပါတယ်။နနွင်းကအနာကျက်စေနိုင်သလို သွေးတွေကိုလည် သန့်စင်ပေးနိုင်ပါတယ်။သွေးနီဥဆဲလ်တွေကို ဖြစ်ပေါ်စေပြီး ခန္ဓာကိုယ်ကို ကျန်းမာစေပါတယ်။နို့ပူပူတစ်ခွက်ထဲကို နနွင်း လက်ဖက်ရည်ဇွန်း တဝက်စာထည့်ပြီး သောက်ပေးလို့ ရပါတယ်။ဗီတာမင် C၊omega-3 fatty acids၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ phosphorus၊ မဂ္ဂနိစ်တို့ ကြွယ်ဝတဲ့ ပန်းဂေါ်ဖီစိမ်းကလည်း သွေးတွင်း အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးပါတယ်။ဘလူးဘယ်ရီသီးလေးတွေက သွေးသန့်ပေးသလို အသည်းကိုလည်း သန့်စင်ပေးပါတယ်။အသည်းကင်ဆာဆဲလ်တွေဖြစ်မလာစေဖို့လည်း ဟန့်တားပေးပါတယ်။ထန်းလျက်။ထန်းလျက်ကလည်း သွေးသန့်ပေးနိုင်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။ သွေးကြောထဲက ‌သွေးထဲတွေကို ကူညီဖယ်ရှားပေးနိုင်တာကြောင့် သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။ဒီအစားအစာတွေကတော့ သွေးသန့်စေတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ သွေးသန့်စေတယ်ဆိုပေမဲ့ တန်ဆေး လွန်ဘေး ဖြစ်တာကြောင့် အလွန်အကျွံ မစားဖို့တော့ လိုပါတယ်။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/other-blood-disorders/foods-to-purify-blood/
အာရုံကြောငယ်လေးတွေမှာ ဖြစ်တတ်တဲ့ ရောဂါများ (Peripheral nerve disorders)
အာရုံကြောစနစ်မှာ ပင်မအာရုံကြောမကြီးလို့ခေါ်တဲ့ဦးနှောက်နဲ့ ကျောရိုးအာရုံကြောမကြီးရယ်၊ သူတို့ကနေ ဖြာပြီးထွက်လာတဲ့ အာရုံကြောငယ်လေးတွေရယ်ဆိုပြီး ရှိပါတယ်။ ဒီအာရုံကြောလေးတွေမှာ ပြင်ပကလာတဲ့ အပူ၊ အအေး၊ တုန်ခါတာ၊ ထိသိတာကို ခံစားနိုင်တဲ့ အာရုံကြောတွေ ရှိသလို ဦးနှောက်က ပို့လွှတ်လိုက်တဲ့ လျှပ်စီးလှိုင်းတွေကို ကြွက်သားတွေကို ပို့ဆောင်ပေးနိုင်တဲ့ အာရုံကြောတွေရယ်ဆိုပြီး ရှိပါတယ်။အာရုံကြောတွေမှာ ရောဂါတစ်ခုခုရှိနေရင် ဒါမှမဟုတ် တစ်ခုခုထိခိုက်သွားပြီဆိုရင် ပုံမှန်လုပ်နေကြအတိုင်း မလုပ်နိုင်တော့ပါဘူး။ ဥပမာ အာရုံကြောငယ်တစ်ချောင်း လုံးဝပျက်စီးသွားမယ်ဆိုရင် (ဒါမျိုး ဖြစ်တာ ရှားတော့ ရှားပေမယ့်) သူထောက်ပံ့ပေးနေတဲ့ ကြွက်သားက လှုပ်ရှားနိုင်မှာ မဟုတ်ပါဘူး။ သူက ဦးနှောက်နဲ့ ကြွက်သားကြားကို လျှပ်စီးကြောင်းကို အသယ်အပို့ လုပ်နေတာကိုး။ အများစုကတော့ လုံးလုံး ပျက်စီးတာမျိုး မဟုတ်ဘဲ အာရုံကြောအားနည်းတာ၊ ထိခိုက်တာကြောင့် ကြွက်သားတွေ အားပျော့တာလောက်ပဲ ခံစားရပါတယ်။အာရုံငယ်လေးတွေကထိသိခံစားမှုကိုလည်း အာရုံခံနိုင်တာကြောင့် သူတို့ ထိခိုက်သွားရင် နာတာကို မသိဘဲ ထုံသွားတာ ဒါမှမဟုတ် ကျဉ်နေတာ၊ နည်းနည်းလေးထိလိုက်တာနဲ့ များများနာနေတာမျိုးလည်း ခံစားရနိုင်ပါတယ်။ ဥပမာ ကိုယ်ပေါ်မှာ အဝတ်ပါးလေး လွှမ်းလိုက်တာကအစ နာနေတာမျိုးပေါ့။အရင်က အောက်ပိုင်းသေတဲ့ အကြောင်းရင်းတွေထဲမှာ ပိုလီယိုက ထိပ်ဆုံးက ရှိပေမယ့် ခုကာကွယ်ဆေးတွေ ပေါ်လာတဲ့အခါကျ Guillain-Barre´ Strohl Syndromeကို နေရာလွှဲပေးလိုက်ရပါပြီ။ ဒီရောဂါမှာ ရုတ်တရက် အာရုံကြောတွေက အောက်ပိုင်းကနေ အပေါ်ပိုင်းကို တဖြည်းဖြည်း အားနည်းလာပြီး လူနာက ကြွက်သားတွေ အားနည်းတာ၊ ထုံတာ ဖြစ်လာပါတယ်။ ပြင်ပက ကြွက်သားတွေတင် မဟုတ်ဘဲ အတွင်းက ကြွက်သား (အသက်ရှူကြွက်သား)တွေပါ အားနည်းတတ်လို့ သတိထားရပါတယ်။အများဆုံးတွေ့ရတာကတော့ ခြေဖဝါး၊ ခြေချောင်းတွေမှာ အပ်နဲ့ထိုးသလို တဆစ်ဆစ်နဲ့ နာနေတာပါပဲ။ ဒီလိုခံစားနေရပြီဆိုရင် စောစောစီးစီး ဆေးစစ်ပြီး ဆီးချိုကို သေချာထိန်းတာ ဖြစ်ဖြစ်၊ ဗီတာမင်B12ကို ဖြည့်စွက်တာဖြစ်ဖြစ် လုပ်ပေးသင့်ပါတယ်။အာရုံကြောတစ်ချောင်းထဲ ထိခိုက်ပြီး အဲ့ဒီအာရုံကြောက ထောက်ပံ့ထားတဲ့ ကြွက်သား ဒါမှမဟုတ် ထိသိခံစားမှု ထိခိုက်သွားတာမျိုးပါ။ ဥပမာ ပြောရရင် စာစီစာရိုက်သမားတွေကို လက်ကောက်ဝတ်အာရုံကြောထိခိုက်ပြီးCarpal Tunnel Syndromeဖြစ်တတ်ပါတယ်။ လက်ကောက်ဝတ်တွေနာပြီး လက်ချောင်းလေးတွေ ထုံနေတတ်ပါတယ်။ ကံကောင်းတာကအများစုက ကုသလို့ရပါတယ်။တံတောင်ဆစ်ကို မတော်တဆ ခိုက်မိရင် လက်မှာ ကျဉ်တတ်သွားသလိုပဲ တခြားသော ထိခိုက်မှုတွေကြောင့် အာရုံကြောဒဏ်ဖြစ်တတ်ပါတယ်။Gehrig’s disease လို့လည်း ခေါ်ပြီး ကြွက်သားကို ထောက်ပံ့ထားတဲ့ အာရုံကြောတွေ ထိခိုက်တဲ့ ရောဂါဖြစ်ပြီး ခြေလက်၊ မျက်နှာ၊ အသက်ရှူကြွက်သားတွေ အများဆုံး ထိပါတယ်။ ကြာလေပြင်းထန်လေဖြစ်ပြီး ဆိုးရွားတဲ့ ရောဂါပဲ ဖြစ်ပါတယ်။ဥပမာ စက်ရုံ၊ အလုပ်ရုံမှာ ပစ္စည်းတွေ မတာ၊ အားကစားလုပ်ခြင်း ဘောလုံးတွေ လှည့်ပစ်တာကြောင့် လက်မောင်းကြွက်သားတွေ အားနည်းပြီး ကျဉ်လာတာမျိုး။တစ်ခုခု လုပ်လိုက်လို့ အာရုံကြောထိခိုက်မိတယ်ဆိုရင် ဖြစ်တဲ့နေရာမှာ ထုံသွားမယ်၊ ကျဉ်သွားမယ်။ နည်းနည်းလေး ပြင်းထန်ရင် ကြွက်သားလေး အားပျော့သွားပါမယ်။ ဒါပေမယ့် ခဏလောက်နေရင် သူ့အလိုလို ပြန်ကောင်းသွားပါတယ်။ ဒါက ပြဿနာ မရှိပါဘူး။ တချို့တွေမှာတော့ နာတာရှည် ဖြစ်သွားနိုင်ပြီး ဒီတိုင်းထားမယ်ဆိုရင် ပိုတောင် ဆိုးလာနိုင်ပါတယ်။ ဥပမာ ပြောရရင်။အာရုံကြောငယ်လေးတွေထိခိုက်ရင် လူအများသိထားပြီးသားဖြစ်တဲ့ ကြွက်သားအားနည်းတာ၊ ကြွက်တက်တာ၊ ထုံတာ၊ ကျဉ်တာ၊ ပူတာ စတာတွေ ခံစားရတတ်ပါတယ်။ ဘယ်အာရုံကြောထိသလဲပေါ် မူတည်ပြီး လက္ခဏာ အနည်းငယ်ပြောင်းလဲနိုင်ပါတယ်။ တချို့က ရက်ပိုင်းလောက်ပဲ ခံစားရပေမယ့် တချို့က လပိုင်း၊ နှစ်ပိုင်းလောက်ထိ ခံစားရနိုင်ပါတယ်။အာရုံကြောအားနည်းတာက သာမန်ကျန်းမာရေး ပြဿနာတင် မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာထိခိုက်တာ၊ နေ့စဉ်လူမှုဘဝမှာ ထိခိုက်တာတွေအထိ ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် ညဘက်တွေမှာ ပိုဆိုးတတ်တာကြောင့် အိပ်ရေးတွေပျက်ပြီး စိတ်တိုစိတ်ဆတ်တာ၊ တခြားကျန်းမာရေး ပြဿနာတွေပါ ဝင်လာတတ်ပါတယ်။ကြွက်သားကို ထောက်ပံ့ထားတဲ့ အာရုံကြောငယ်လေးတွေ ထိခိုက်တာဆိုရင်တော့။ထိသိခံစားမှု အာရုံကြောငယ်လေးတွေ ထိခိုက်သွားရင်တော့။အာရုံကြောရောဂါတွေက တိတိကျကျစစ်ဆေးဖို့ရာ ခက်ခဲလှပါတယ်။ ရောဂါတွေကို ကုသမယ်ဆိုရင်တော့ ရောဂါရာဇဝင်တွေ မေးမြန်းတာ၊ စမ်းသပ်တာတွေ လုပ်ရပါမယ်။ အထူးသဖြင့်။-အာရုံကို စမ်းသပ်တဲ့ Tendon reflexes။-ကြွက်သားအလုပ်လုပ်နိုင်ရဲ့လား။-ကိုယ်နေဟန်ထားထိန်းနိုင်ရဲ့လား။-ထိသိခံစားမှုတွေ ရှိသေးရဲ့လား စသဖြင့် စမ်းသပ်မှာပဲ ဖြစ်ပါတယ်။ဒါတင်မကသေးပါဘူး။ ဘာကြောင့် ဖြစ်တာလဲဆိုတဲ့ အကြောင်းရင်းကိုပါ ရှာရမျာပါ။ မဟုတ်ရင် လက္ခဏာတော့ သက်သာပါရဲ့။ ခဏခဏ ပြန်ဖြစ်နေမှာပါ။ ဒါကြောင့်။-သွေးတွင်း ဗီတာမင် B12ပမာဏ စစ်ဆေးတာ။-ဆီးစစ်တာ။-သိုင်းရွိုက်ဟော်မုန်းဓာတ်စစ်ဆေးတာ။-EMG လို့ ခေါ်တဲ့ ကြွက်သားကနေထွက်တဲ့ လျှပ်စီးဓာတ်တွေ စမ်းသပ်တာ။-အာရုံကြော လျှပ်စီးဓာတ်စမ်းသပ်တာ ( nerve conduction study)။-ရံဖန်ရံခါ အာရုံကြောအသားစယူတာ (အသားစယူတာက ပါတယ်ဆိုရုံပဲ ယူတာဖြစ်လို့ အာရုံကြောထိခိုက်ဖို့ဆိုတာ အင်မတန်ဖြစ်ခဲပါတယ်။) စတာတွေ စစ်ဆေးရတတ်ပါတယ်။ အာရုံကြောအသားစယူပြီး စစ်သည့်တိုင် အကြောင်းအရင်းရှာမရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ဒါတွေက အကုန်စစ်ဖို့ မဟုတ်ပါဘူး။ လူနာရဲ့ ရောဂါအခြေအနေကို လိုက်ပြီး လိုအပ်တာပဲ စစ်ဆေးမှာ ဖြစ်ပါတယ်။အာရုံကြောရောဂါတွေက ဖြစ်စေတဲ့ အကြောင်းရင်းကို မကုသရွေ့ ပြန်ပြန်ဖြစ်နေဦးမှာပါပဲ။ အပြီးပျောက်အောင် ကုသလို့ မရတဲ့ ရောဂါတွေ (ဥပမာ ဆီးချိုကြောင့် အာရုံကြောထိတာ) ဆိုရင်တော့ အကောင်းဆုံးထိန်းပြီး အခြေအနေပိုဆိုးမလာအောင် ကုသပေးရမှာပါ။ ဥပမာ။ဆီးချိုရောဂါကို ထိန်းထားတာက နောက်ဆက်တွဲ ဖြစ်တဲ့ အာရုံကြောရောဂါတွေကို ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။ ထုံတာ၊ ကျဉ်တာအတွက် ဆေးဝါးတွေ ပေးပြီး ကုလို့ရပါတယ်။ ဆေးနဲ့မရမှသာ ခွဲစိတ်ကုသတာပါ။အထူးသဖြင့် ဗီတာမင် B12ချို့တဲ့တာဆို အရင်ဆုံး ထိုးဆေးတွေနဲ့ ပြန်ဖြည့်ပြီး ထပ်ပြီး မချို့တဲ့အောင် အားဆေးတွေ ပေးသွားမှာပါ။အရေပြားလေးဖက်နာတို့ ပိုးလေးဖက်နာတို့ဆို ဒီရောဂါတွေကို ကြွမလာအောင် ထိန်းတာကသာ အာရုံကြောကို မထိခိုက်စေမယ့် အကောင်းဆုံး နည်းလမ်းပါပဲ။စာရိုက်တာများလို့ အာရုံကြောပိပြီး လက်ကောက်ဝတ်တွေ နာနေပြီဆိုရင် စာရိုက်တဲ့အခါ ဒဏ်မဖြစ်အောင် အထောက်အကူပြု ပစ္စည်းလေးတွေ သုံးပေးလို့ ရပါတယ်။ ဥပမာ လက်ကောက်ဝတ်အောက်မှာ တစ်ခုခုခံထားတာမျိုးပေါ့။ သာမန်အားဖြင့်တော့ အာရုံကြောညပ်တာ၊ ပိတာတွေက အနားယူလိုက်ရုံ၊ အာရုံကြောကို ထိခိုက်မယ့် အပြုအမူတွေကို ရှောင်လိုက်ရုံနဲ့ သက်သာပါတယ်။ အခြေအနေဆိုးမှသာ ခွဲစိတ်ရတာပါ။အာရုံကြောငယ်လေးတွေမှာ ထုံတာ၊ ကျဉ်တာက စလို့ ကြွက်သားတွေ အားပျော့တာ၊ ကြုံလှီတာအထိ အမျိုးစုံဖြစ်နိုင်ပါတယ်။ ဖြစ်ရတဲ့အကြောင်းရင်းတွေကလည်း အများကြီး ရှိပါတယ်။လက္ခဏာသက်သာရုံမကုဘဲ အကြောင်းရင်းကို ရှာဖွေကုသမှသာ ပျောက်ကင်းနိုင်မှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/peripheral-nervous-system-disorders/peripheral-nerve-disorders/
Platelet disorders ( သွေးတိတ်စေတဲ့ သွေးဆဲလ်) ပြဿနာ
Platelet(သွေးတိတ်စေတဲ့ သွေးဆဲလ်) ကို thrombocytes လို့လည်း သိကြပါတယ်။ သွေးဆဲလ် အမျိုးအစား တစ်ခုပါ။ ဒီသွေးဆဲလ်လေးတွေက ရိုးတွင်းခြင်ဆီထဲမှာ ရှိနေနိုင်သလို အရိုးထဲက ရေမြှုပ်လိုမျိုး တစ်ရှူးထဲမှာလည်း ရှိနေနိုင်ပါတယ်။ ဒီသွေးဆဲလ်လေးတွေရဲ့ အဓိက တာဝန်က သွေးတိတ်စေဖို့ လုပ်ဆောင်ပေးတာပါ။ပုံမှန်အာဖြင့် သွေးကြော တစ်ခုခု ထိခိုက်မိတဲ့အခါ သွေးတွေ စထွက်လာပါတယ်။ ဒီအခြေအနေမှာ သွေးဆဲလ်လေးတွေက သွေးကို ခဲသွားစေဖို့ လုပ်ဆောင်ပေးပြီး ထိခိုက်မိသွားတဲ့သွေးကြောကို ပိတ်သွားအောင် လုပ်ဆောင်ပေးရင်သွေးတိတ်စေဖို့လုပ်ဆောင်ပါတယ်။ ပေါက်သွားတဲ့နေရာကို သွေးခဲအောင်လုပ်ပြီး ဖာထေးပေးတဲ့ သဘောပေါ့။သွေးတွေကို အမျိုးမျိုးသော သွေးဆဲလ်တွေ (သွေးနီဥဆဲလ်၊ သွေးဖြူဥဆဲလ်နဲ့ သွေးတိတ်စေတဲ့ သွေးဆဲလ်) စတာတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီသွေးဆဲလ်တွေက သွေးရည်ကြည် (plasma) ထဲမှာ အတူတကွ ရှိနေတာပါ။သွေးတိတ်စေတဲ့ သွေးဆဲလ်တွေက အပေါ်မှာ ပြောခဲ့သလို ထိခိုက်မိတဲ့အခါ သွေးတိတ်စေဖို့ လုပ်ဆောင်ပေးတာပါ။  သွေးတိတ်စေတဲ့ သွေးဆဲလ်တွေက ပင်မဆဲလ်တွေကနေ ဖွဲ့စည်းထားတဲ့ ရိုးတွင်းခြင်ဆီတွေပါ။ရိုးတွင်းခြင်ဆီ ဆဲလ်တွေက ဖြစ်ပေါ်လာပြီးတဲ့အခါ ကြီးရင့်လာကြတယ်။ အဲ့နောက်မှာ သေဆုံးကြပါတယ်။ ဒီလို မသေဆုံးခင်မှာ သွေးတိတ်စေတဲ့ သွေးဆဲလ်တွေကို ထုတ်လုပ်ပေးပါတယ်။ဒီသွေးဆဲလ်တွေကသွေးကြောထဲမှာ လှည့်ပတ် စီးဆင်းနေပြီး ပိုလျှံနေတဲ့အရာတွေကိုတော့ သရက်ရွက်ထဲမှာ သိမ်းဆည်းထားပါတယ်။ သွေးတိတ်စေတဲ့ သွေးဆဲလ်တွေက ခန္ဓာကိုယ်ထဲမှာ တစ်ပတ်ကျော်ကြာ ရှင်သန်ပြီး အဲ့နောက်မှာတော့ သွေးဆဲလ်တွေကို ဖျက်ဆီးပစ်လို့ အသစ် ဖြစ်ပေါ်စေပါတယ်။ဒီအခြေအနေတွေ ပုံမှန် မဟုတ်တဲ့ အနေအထားကို Platelet disorders ( သွေးတိတ်စေတဲ့ သွေးဆဲလ်) ပြဿနာလို့ ခေါ်တာပါ။သွေးတိတ်စေတဲ့ သွေးဆဲလ်တွေကို ထိခိုက်စေနိုင်တဲ့ကျန်းမာရေးပြဿနာအမျိုးမျိုးရှိနိုင်ပါတယ်။သွေးထဲမှာ သွေးတိတ်စေတဲ့ သွေးဆဲလ်တွေ များနေတာ (Thrombocythaemia)– Platelets တွေ နည်းလွန်းတဲ့အခါ သွေးထွက်လွန်တာ ဖြစ်တတ်သလို Platelets တွေများလွန်းနေတဲ့ အခါကျ သွေးခဲတွေ ဖြစ်သွားတတ်ပါတယ်။ဒီသွေးခဲတွေ ပြုတ်သွားတဲ့အခါဦးနှောက်သွေးကြောမှာ သွားပိတ်ရင်လေဖြတ်ခြင်းနဲ့ နှလုံးသွေးကြောမှာ သွားပိတ်ရင် နှလုံးကြွက်သားပုပ်တာတွေ ဖြစ်နိုင်ပါတယ်။သွေးထဲမှာ သွေးတိတ်စေတဲ့ သွေးဆဲလ်တွေ နည်းနေတာ (Thrombocytopenia)– Plateletsတွေ ရှိသင့်တဲ့ ပမာဏအောက် ရောက်နေတဲ့ အခါ ထိခိုက်ဒဏ်ရာသေးသေးလေးကနေ သွေးအများကြီးထွက်ပြီး မတိတ်တော့တာ ဖြစ်နိုင်ပါတယ်။Platelets က ပုံမှန် အလုပ်မလုပ်တာ ( Dysfunction disorders) –သွေးထဲမှာ သွေးတိတ်စေတဲ့ သွေးဆဲလ်တွေ ရှိပေမယ့် ပုံမှန် အလုပ်မလုပ်တာမျိုးပါ။ တချို့ ပုံစံမမှန်တဲ့ Platelets တွေ များနေရင် သွေးတိတ်စေတဲ့ လုပ်ငန်းကောင်းကောင်း မလုပ်နိုင်တော့တာကြောင့်သွေးထွက်လွန်တဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ဒီအခြေအနေတွေက သွေးခဲမှု ဖြစ်စဉ်ကို အနှောင့်အယှက် ဖြစ်စေပြီး ပုံမှန် မဟုတ်တဲ့ သွေးခဲတာ၊ သွေးထွက် များတာတွေကို ဖြစ်စေနိုင်ပါတယ်။ ပုံမှန်အားဖြင့်ကတော့ သွေးတိတ်စေတဲ့ သွေးဆဲလ်တွေ မူမမှန်တာက လက္ခဏာတွေ ခပ်ဆင်ဆင်ပါပဲ။ထိခိုက်မိတဲ့အခါ သွေးတော်တော်နဲ့ မတိတ်တာ၊ ပါးစပ်၊ နှာခေါင်းစတဲ့ နေရာတွေကနေ သွေးထွက်တ၊ အစာခြေစနစ်မှာ သွေးယိုစိမ့်တာ၊ ခွဲစိတ်ကုသမှုခံယူပြီးတဲ့အခါ သွေး မတိတ်တာ၊ ထိခိုက်ဒဏ်ရာရတဲ့အခါ သွေးမတိတ်တာတွေ ခံစားရနိုင်ပါတယ်။ဒီလက္ခဏာတွေက မွေးဖွားပြီး ချက်ကြိုးဖတ်တဲ့အချိန်မှာ သိနိုင်သလို ကလေးဘဝ မှာကတည်းက သိနိုင်ပါတယ်။Platelet disorders ( သွေးတိတ်စေတဲ့ သွေးဆဲလ်) ပြဿနာကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းက မျိုးဗီဇ မှားယွင်းတာ (သို့မဟုတ်) သန္ဓေ​ပြောင်းတာပါ။ လူသားတွေမှာ မတူကွဲပြားတဲ့ မျိုးဗီဇ ၃၀၀၀၀ ကနေ ၄၀၀၀၀ အထိ ရှိပါတယ်။ ဒီ မျိုးဗီဇ တစ်ခု တိုင်းမှာ လုပ်ငန်းစဉ် တစ်ရပ်စီ ရှိပါတယ်။ ဒီမျိုးဗီဇ တစ်ရပ်စီမှာ ခရိုမိုဆုန်း ၂၃ ခုစီ ပါဝင်နေပါတယ်။ ဒီတွဲစပ်မှုတွေက မှားယွင်းတဲ့အခါ Platelet disorders ( သွေးတိတ်စေတဲ့ သွေးဆဲလ်) ပြဿနာ ဖြစ်လာရပါတယ်။သန္ဓေပြောင်းတာကတော့ မိဘဆီကနေ သားသမီးဆီကို လက်ဆင့်ကမ်းတဲ့အချိန်မှာ ဖြစ်ပေါ်တာပါ။ တစ်ခါတလေမှာ မိဘတွေမှာ လက္ခဏာမပြဘဲ သူတို့ဆီကနေ ကလေးဆီကို လက်ဆင့်ကမ်းလိုက်တဲ့ မျိုးဗီဇတွေမှာမှ ပါလာတာမျိုးလည်း ရှိနိုင်ပါတယ်။ မျိုးရိုးထဲက တစ်ယောက်ယောက်မှာ ခံစားရဖူးတာက ဖြစ်နိုင်ခြေ ပိုများပါတယ်။သွေးတိတ်စေတဲ့ သွေးဆဲလ် များနေမယ်ဆိုရင်။သွေးတိတ်စေတဲ့ သွေးဆဲလ် ပြဿနာကို သွေးဆဲအရေအတွက် စစ်ဆေးမှုလုပ်ဆောင်ခြင်း (CBC) စစ်ဆေးမှုကနေတဆင့် သိနိုင်ပါတယ်။ သွေးကို ထုတ်ယူပြီး သွေးထဲက သွေးဆဲလ် အရေအတွက်ကို စစ်ဆေးတာပါ။Platelets က ပုံမှန် အလုပ်မလုပ်တာ ( Dysfunction disorders) အတွက်တော့ အထူးစမ်းသပ်စစ်ဆေးမှုတွေ လိုအပ်မှာပါ။သွေးတိတ်စေတဲ့ သွေးဆဲလ်တွေ မူမမှန်တဲ့ ပြဿနာက ဖြစ်ခဲပါတယ်။ သွေးဗေဒပညာရှင်တွေနဲ့ ကျွမ်းကျင်သူတွေက ကုသမှုတွေ ပေးပါလိမ့်မယ်။ကုသမှု အနေနဲ့ ပုံမှန် လုပ်လေ့မရှိဘဲ ထိခိုက်ဒဏ်ရာ ရတဲ့ အခါမျိုးနဲ့ ခွဲစိတ်ကုသမှု ခံယူတဲ့ အခါမျိုးမှာ  လုပ်လေ့ရှိပါတယ်။ အသုံးများတဲ့ ကုသနည်းက DDAVP® လို့ သိကြတဲ့ desmopressin  ကုထုံးပါ။ ဒီကုထုံးက အရေပြား အေက်ဘက် ဒါမှမဟုတ် သွေးပြန်ကြောနဲ့ နှာခေါင်းထဲကို ဆေးထိုးတာမျိုးပါ။နောက်ထပ် နည်းလမ်း တစ်ခုကတော့ သွေးခဲစေတဲ့ ပရိုတင်းတွေ သွေးထဲမှာ တိုးလာစေဖို့အတွက် tranexamic acid လို့ခေါ်တဲ့ ဆေးတစ်မျိုးကို သောက်တာ၊ အရေပြားမှာ လိမ်းတာမျိုးတွေ လုပ်ပေးတာပါ။ဒီရောဂါအခြေအနေက ပြင်းထန်ရင် အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ဒီလို အခြေအနေမျိုးဆိုရင် ကုသမှုကို ခံယူဖို့ လိုပေမယ့် သိပ်မပြင်းထန်တဲ့ အခြေအနေမျိုးဆိုရင် နေ့စဉ် နေထိုင်မှုပုံစံကို ပြောင်းလဲပြီး အကောင်းဆုံး ဂရုစိုက်ဖို့ လိုပါမယ်။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/hemophilia/platelet-disorders/
သွေးဖြူဥဆဲလ် ရောဂါ (White Blood Cell Disorder)
သွေးဖြူဥဆဲလ် ရောဂါ(White blood cell disorders) ဆိုတာခန္ဓာကိုယ်ထဲမှာ သွေးဖြူဥဆဲလ် (WBCs or leukocytes) အရေအတွက် အရမ်းနည်းနေတာ ဒါမှမဟုတ် အရမ်းများနေတဲ့ အခြေအနေပါ။ သွေးဖြူဥဆဲလ်ဆိုတာက သွေးထဲမှာပါဝင်နဲ့ သွေးဆဲလ် ၄ မျိုးထဲက တစ်မျိုးပါ။သွေးဖြူဥဆဲလ်တွေကရိုးတွင်းခြင်ဆီထဲကနေ ဖြစ်လာတဲ့ သွေးဆဲလ်တွေပါ။ သွေးဖြူဥဆဲလ်တွေကရောင်ရမ်းမှုကို တုံ့ပြန်ပေးပြီးကိုယ်ခံအားစနစ်အနေနဲ့ကူးစက်ရောဂါတွေကို တိုက်ဖျက်ပေးဖို့ လုပ်ဆောင်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။သွေးဖြူဥဆဲလ် ရောဂါလို့ ဆိုတဲ့နေရာမှာ autoimmune neutropenia လိုမျိုး သိပ်မပြင်းထန်တဲ့ အဆင့်ကနေသွေးကင်ဆာလိုမျိုး အရမ်းပြင်းထန်တဲ့ အဆင့်အထိ ဖြစ်နိုင်ပါ။ ဒီအခြေအနေတွေက ကလေးတွေမှာရော လူကြီးတွေမှာပါ ခံစားရနိုင်ပါတယ်။သွေးဖြူဥဆဲလ် ပမာဏ မြင့်တက်နေတာက ပုံမှန်အားဖြင့်တော့ မသိနိုင်ပါဘူး။ရောဂါတစ်ခုခုခံစားရတာ၊ ရောင်ရမ်းတာ၊ကူးစက်ရောဂါတစ်ခုခု ကူးစက်ခံရတာလိုမျိုး အခြေအနေတွေ ခံစားရမှ သွေးဖြူဥဆဲလ် အရေအတွက် ပုံမှန် မဟုတ်တာကို သိရတာပါ။သွေးဖြူဥဆဲလ်တွေ ပုံမှန် မဟုတ်တဲ့အခါ တစ်ယော်ကနဲ့ တစ်ယောက် ခံစားရတဲ့ လက္ခဏာတွေ ကွာခြားနိုင်ပါတယ်။ ဒါပေမယ့် များသောအားဖြင့်ကတော့။သွေးဖြူဥဆဲလ် ရောဂါကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်း ၂ ခု ရှိပါတယ်။ တစ်ခုကတော့။အဖြစ်များတဲ့ သွေးဖြူဥဆဲလ် ရောဂါတွေကတော့။ပုံမှန်အားဖြင့်ကတော့ သွေးဖြူဥဆဲလ်တွေ နည်းနေတာ။ များနေတာကို အလွယ်တကူ မသိနိုင်ပါဘူး။ ခဏခဏ ဖျားတာ။ ပိုးဝင်ကူးစက်ခံရမှု မကြာခဏ ဖြစ်တာတွေကနေတဆင့် စစ်ဆေးမှုကနေမှ သိရှိနိုင်မှာပါ။ဓာတ်ခွဲခန်းမှာ သွေးဖြူဥဆဲလ် အရေအတွက်ကို စစ်ဆေးမှုကနေတဆင့် သိရှိနိုင်ပါတယ်။သွေးဖြူဥဆဲလ်ရောဂါတွေက တစ်ယောက်နဲ့တစ်ယောက် ခံစားရတဲ့ အတိုင်းအတာ မတူတာမျိုးရှိ နိုင်ပါတယ်။ များသောအားဖြင့်ကတော့ ဒီ ကျန်းမာရေးပြဿနာကနာတာရှည် ကျန်းမာရေး ပြဿနာဖြစ်ပြီး ကျန်းမာရေး စောင့်ရှောက်မှုကို သေချာလေး ခံယူဖို့ လိုပါမယ်။ပင်ပန်းနွမ်းနယ်တာက သွေးဖြူဥဆဲလ် ရောဂါရဲ့ လက္ခဏာတစ်ရပ် ဖြစ်နေနိုင်တာကြောင့် ခန္ဓာကိုယ်ရဲ့ အချက်ပြမှုတွေကို နားထောင်ပြီး သေချာလေး အနားယူဖို့ လိုပါမယ်။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/white-blood-cell-disorder/white-blood-cell-disorders/
သင့်မျက်ဝန်းများ တောက်ပရွှန်းစိုနိုင်စေဖို့
တောက်ပရွှန်းစိုတဲ့မျက်ဝန်းများဟာ လူမှုဆက်ဆံရေးမှာ အရေးပါပါတယ်။ မျက်ဝန်းများဟာ စိတ်ရဲ့ပြတင်းပေါက်လို့လည်း ဆိုနိုင်ပါတယ်။ ဒါ့အပြင် လူအချင်းချင်းဆက်သွယ်ရာမှာလည်း အကြည့်ချင်းဆုံ eye contact ယူပြီး ပြောဆိုဆက်ဆံရာမှာ ပိုမိုထိရောက်ပါတယ်။ဒါကြောင့် သင့်မျက်ဝန်းတွေကို ပိုပြီးတောက်ပလာအောင် ဂရုစိုက်ခြင်းဟာလူမှုဆက်ဆံရေးအတွက် အထောက်အကူပြုမှာ သေချာပါတယ်။ပထမဆုံးတင်ပြချင်တာကတော့ မျက်ဝန်းများဟာ နီရဲခြောက်သွေ့နေရင် သဘာဝအတိုင်း တောက်ပနိုင်မှာ မဟုတ်ပါဘူး။ သင့်မျက်စိများရဲ့ ကျန်းမာရေးကို ကောင်းမွန်ပြီးအနာအဆာမရှိအောင် ဂရုစိုက်ခြင်းဟာ တောက်ပရွှန်းစိုဖို့ ပိုမိုအလေးသာပါတယ်။မျက်စိဘေးဝန်းကျင်ကအရေပြားများဟာလည်း အရေးကြီးပါတယ်။ မျက်စိဘေးဝန်းကျင်က အရေပြားမှာတင်းတိပ်မှဲ့ခြောက်များရှိနေခြင်း၊ မျက်ခွံများ မို့အစ်နေခြင်း စတာတွေဟာ မျက်ဝန်းရဲ့အလှတရားကို မှေးမှိန်စေပါတယ်။ဒီဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ သင့်ရဲ့မျက်ဝန်းတွေကို တောက်ပအောင် ဘယ်လိုနည်းလမ်းတွေ ကျင့်သုံးသင့်တယ်ဆိုတဲ့ အကြောင်းပါ။ အောက်ပါအချက်တွေပဲ ဖြစ်ပါတယ်။၁။ခြောက်သွေ့တဲ့လေကို ရှောင်ကြဉ်ပါ။ကုန်းမြင့်ဒေသတွေ၊ ခြောက်သွေ့ပူပြင်းတဲ့ ဒေသတွေမှာ တိုက်တဲ့လေဟာမျက်စိကို ခြောက်သွေ့စေပါတယ်။ မီးခိုးငွေ့များ၊ ဆံပင်အခြောက်ခံစက်မှထွက်သောလေများဟာလည်း သင့်မျက်စိကို ခြောက်သွေ့စေပါတယ်။ မျက်စိမှာ လုံလောက်တဲ့ အစိုဓါတ်မရှိရင် နီရဲယားယံလာတတ်ပါတယ်။ ခြောက်သွေ့တဲ့လေမထိအောင် ရှောင်ကြဉ်ခြင်း၊ အစိုဓါတ်ထိန်းသိမ်းပေးတဲ့မျက်စဉ်းများကို လိုအပ်သလို သုံးစွဲခြင်း စတဲ့အချက်တွေနဲ့ ဖြေရှင်းနိုင်ပါတယ်။၂။Green Teaကပ်ပေးပါ။မျက်ဝန်းများဟာ မို့အစ်ပြီး ရောင်ရမ်းနေတယ်ထင်ရင် green tea အိတ်ကလေးများကို မျက်ခွံပေါ်ကပ်ပေးခြင်းဟာ ရောင်ရမ်းမှုကို လျော့ကျသက်သာစေပါတယ်။ green tea မှာပါဝင်တဲ့ polyphenol ဟာ ရောင်ရမ်းမှုကို လျော့နည်းစေပြီးဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိတယ်လို့ သိရပါတယ်။ သုံးစွဲပုံကတော့ လက်ဖက်အိတ်ကလေးကို ဦးစွာရေဆွတ်ပါ။ရေခဲသေတ္တာထဲမှာ ၁၅မိနစ်ခန့် ထည့်ထားပါ။ လက်ဖက်အိတ်လေးအေးသွားပြီဆိုရင် မျက်ခွံပေါ်မှာ အနည်းဆုံး ၁၀မိနစ်ကြာအောင် တင်ထားပေးရပါမယ်။၃။Omega fatty acidသုံးစွဲပါ။Omega 3 နဲ့ Omega 6 fatty acid တွေဟာ မျက်စိများခြောက်သွေ့ခြင်းကို သက်သာစေပါတယ်။ မျက်စိမှာ အရည်ဓါတ်ကောင်းကောင်းပြည့်ဝအောင် omega fatty acid တွေပါဝင်တဲ့ စားသောက်ဖွယ်ရာတွေ ရွေးချယ်စားသုံးပါ။ဆယ်လ်မွန်ငါး၊ မက်ကရယ်ငါး၊ ငါးသေတ္တာငါး၊ နှမ်းကြတ်စေ့၊ ချီယာစေ့၊ သစ်ကြားသီး စတာတွေ ဖြစ်ပါတယ်။ စားနေကြအစားအစာတွေမှာ omega fatty acid နည်းနေရင် ဖြည့်စွက်စာတွေ စားသုံးနိုင်ပါတယ်။၄။သခွားသီးသုံးပါ။သခွားသီးဖျော်ရည်မှာ အားကောင်းတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ရောင်ရမ်းမှုလျော့ကျစေတဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပါတယ်။ မျက်ခွံများ လျော့ရဲမှုကိုလည်း သက်သာစေပါတယ်။သခွားသီးကို လက်မဝက်ခန့်အထူစိတ်ပြီး မျက်ခွံများပေါ် ကပ်ထားပေးခြင်းဟာလည်း မျက်စိအေးစေပြီးအသားအရေကိုကောင်းစေပါတယ်။၅။ မျက်စိကို နှိပ်နယ်ပေးပါ။မျက်စိတဝိုက်ကို ညင်သာစွာနှိပ်နယ်ပေးခြင်းဟာသွေးစီးဆင်းမှု၊ ပြန်ရေကြောစီးဆင်းမှုကို ကောင်းမွန်စေပါတယ်။ အဲဒီအခါ ရောင်ရမ်းမှုကို သက်သာစေပြီး အရေပြားပေါ်က အမည်းစက်တွေကိုလည်း လျော့နည်းစေပါတယ်။၆။ အိပ်ရေးဝအောင်အိပ်ပါ။အိပ်ရေးပျက်ခြင်းဟာ သင့်မျက်ဝန်းတွေရဲ့ တောက်ပမှုကို လျော့ကျစေပြီး ဆွဲဆောင်မှုအားနည်းစေပါတယ်။ တစ်ညကို အနည်းဆုံး ၇-၈နာရီလောက် အိပ်စက်သင့်ပါတယ်။၇။နေရောင်ခြည်တိုက်ရိုက်ထိတွေ့မှုကို ကာကွယ်ပါ။မျက်စိများကို နေရောင်ခြည်တိုက်ရိုက်ထိတွေ့မှုကနေ ရှောင်ရြှးရင် ခြောက်သွေ့ခြင်းမဖြစ်အောင် ကာကွယ်ရာရောက်ပါတယ်။ မျက်ခွံများ နေလောင်ခြင်းကနေလည်း ကာကွယ်နိုင်ပါတယ်။နေပူထဲသွားရင်ခရမ်းလွန်ရောင်ခြည်ကာကွယ်တဲ့ နေကာမျက်မှန် တပ်ဆင်ပါ။ ထီး၊ ဦးထုတ်ဆောင်းပါ။၈။ရေများများသောက်ပါ။ရေသောက်ခြင်းဟာ ကိုယ်ခန္ဓါတစ်ခုလုံးရဲ့ ကျန်းမာရေးအတွက် အရေးကြီးသလို မျက်စိနဲ့ မျက်စိတဝိုက်က အသားအရေအတွက်လည်း အတော်လေး အရေးပါပါတယ်။ မျက်စိရဲ့ အစိုဓါတ်ကို ကောင်းစွာထိန်းသိမ်းနိုင်အောင် တနေ့ကို ရေဖန်ခွက် ၈ခွက်ခန့်ကုန်အောင် သောက်ပေးသင့်ပါတယ်။ ရာသီဥတုပူတဲ့နေ့တွေ၊ လှုပ်ရှားသွားလာများတဲ့ရက်တွေမှာ ပိုမိုသောက်သုံးသင့်ပါတယ်။၉။ မျက်စိကို အနားပေးပါ။အာရုံစိုက်ရတဲ့ အလုပ်တခုခုလုပ်နေရင် (ဥပမာ ကွန်ပျူတာသုံးစွဲခြင်း၊ စာဖတ်ခြင်း) မိနစ် ၂၀ မှာ တကြိမ်လောက် မျက်စိကို အနားပေးသင့်ပါတယ်။ အမြင်အာရုံကို တစ်နေရာတည်းမှာ အချိန်ကြာမြင့်စွာ စူးစိုက်ခြင်းဟာ မျက်စိများကို ခြောက်သွေ့ပြီး နွမ်းနယ်စေပါတယ်။ မျက်စိကို အနားပေးဖို့အတွက် မျက်စိကို မိနစ်အနည်းငယ် မှတ်ထားပါ။ ဒါမှမဟုတ် မျက်တောင်ခတ်ပါ။ အဝေးမှာရှိတဲ့ စိမ်းစိုတဲ့အရာတွေကို လှမ်းကြည့်ပါ။၁၀။ မျက်စဉ်းခတ်ပါ။အသက်အရွယ်ရလာတာနဲ့အမျှ မျက်သားဟာ ခြောက်သွေ့လာတတ်ပါတယ်။ မျက်စိခြောက်သွေ့ရင် ပဋိဇီဝဆေးမပါဘဲ မိမိဖာသာ ဝယ်ယူသုံးစွဲနိုင်တဲ့ မျက်စဉ်းကို ခတ်ပေးနိုင်ပါတယ်။ နှစ်စက်သုံးစက်လောက်ဆိုရင် အဆင်ပြေပါတယ်။ artificial tear လို့လည်းခေါ်ပြီး ဘေးဖြစ်စေတတ်တဲ့ ဓါတ်ပစ္စည်းတွေ မပါဝင်ပါဘူး။ ဒါမှမဟုတ် မျက်စိဆရာဝန်နဲ့တိုင်ပင်ပြီး မျက်စဉ်းကို ရွေးချယ်နိုင်ပါတယ်။၁၁။ အဝတ်အေးအေးကပ်ပေးပါ။အဝတ်သန့်သန့်ကို ရေအေးအေးဆွတ်ပေးပြီးရင် မျက်စိပေါ်မှာ ၁၀ မိနစ်လောက်ကပ်ပေးပါ။……။မျက်ဝန်းများ ရွှန်းစိုတောက်ပခြင်းဟာ မျက်စိကျန်းမာရေးကောင်းခြင်းရဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။ အားအင်ပြည့်တက်ကြွခြင်းရဲ့ သင်္ကေတလည်း ဖြစ်ပါတယ်။ မျက်ဝန်းတွေ ညှိုးပြီးခြောက်သွေ့နေရင် စိတ်ဓါတ်ပိုင်းဆိုင်ရာ ကျဆင်းပြီး တက်ကြွမှုလျော့နည်းတယ်လို့ မှတ်ယူသွားနိုင်ပါတယ်။ကောင်းတဲ့အချက်ကတော့ သင့်မျက်စိရဲ့ ကျန်းမာရေးအတွက် အိမ်တွင်းကုထုံးတွေနဲ့ပါ အလေးပေးဆောင်ရွက်နိုင်တာပါပဲ။ သင့်မျက်ဝန်းကို ရွှန်းစိုတောက်ပပြီး လူမှုပတ်ဝန်းကျင်မှာ ဆွဲဆောင်မှုရှိအောင် ယခုပဲ စတင်ဆောင်ရွက်လိုက်ပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-care/%e1%80%9e%e1%80%84%e1%80%b9%e1%82%94%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%81%80%e1%80%94%e1%80%b9%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8-%e1%80%b1%e1%80%90%e1%80%ac%e1%80%80%e1%80%b9%e1%80%95/
သုက်လွှတ်စဉ် နာကျင်ရခြင်းအကြောင်း
သုက်လွှတ်စဉ် နာကျင်ခြင်းကို ဆေးပညာအရ dysorgasmia (သို့မဟုတ်) orgasmalgia လို့ ခေါ်ဝေါ်ပြီး အတော်အသင့်ကနေ ဆိုးရွားတဲ့အထိ နာကျင်တတ်ပါတယ်။ သုက်လွှတ်ချိန်မှာဖြစ်စေ၊ လွှတ်ပြီးချိန်မှာဖြစ်စေ နာကျင်တတ်ပါတယ်။ လိင်တံ၊ ကပ္ပာယ်အိတ်နဲ့ စအိုဝန်းကျင်မှာ နာတတ်ပါတယ်။ ဒီပြဿနာဟာ လိင်မှုကိစ္စမှာ အတော်လေးကို အနှောင့်အယှက်ဖြစ်စေပါတယ်။ယခုဆက်လက်ဖော်ပြမှာကတော့ သုက်လွှတ်စဉ်ဘာကြောင့် နာကျင်ရသလဲဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ အောက်ပါအခြေအနေများဟာ သုက်လွှတ်စဉ် နာကျင်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ဆီးကျိတ်ဂလင်းရောင်ခြင်းကို ဆိုလိုပါတယ်။ အသက် ၅၀ ခန့် အမျိုးသားတွေမှာ ကြုံရတဲ့ဆီးလမ်းကြောင်းပြဿနာဖြစ်ပါတယ်။ ဒီပြဿနာဟာ ဆီးသွားချိန်မှာ နာကျင်ခြင်း၊ မကြာခဏ ဆီးသွားခြင်း စတာတွေကိုလည်း ဖြစ်စေတတ်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းနဲ့ မှားယွင်းတတ်ပါတယ်။ တခြား ထပ်မံကြုံရနိုင်တဲ့ လက္ခဏာတွေကတော့ ဝမ်းဗိုက်အောက်ပိုင်းအောင့်ခြင်းနဲ့ လိင်တံထောင်မတ်စဉ် နာကျင်ခြင်းတို့ပဲ ဖြစ်ပါတယ်။ဆီးကျိတ်ရောင်နိုင်ခြေ များစေတဲ့အကြောင်းအရာတွေကတော့။– ဆီးချို။–ကိုယ်ခံအားနည်းခြင်း။– စအိုမှလိင်ဆက်ဆံခြင်း။– ဆီးပိုက်တပ်ထားခြင်း စတာတွေပဲ ဖြစ်ပါတယ်။တချို့သော ခွဲစိတ်ခြင်းတွေဟာ သုက်ထွက်စဉ် နာကျင်ခြင်းအပါအဝင် ဘေးထွက်ဆိုးကျိုးများပါတယ်။ ဥပမာဆိုရရင် ဆီးကျိတ်နဲ့ပတ်ဝန်းကျင် တစ်ရှူးတွေကို ဖြတ်တောက်ခွဲစိတ်ရတဲ့ ခွဲစိတ်မှုဖြစ်ပါတယ်။ များသောအားဖြင့် ဆီးကျိတ်ကင်ဆာကုသရာမှာ သုံးပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ ပန်းညှိုးခြင်း၊ လိင်တံနာကျင်ခြင်း၊ သုက်လွှတ်စဉ်နာကျင်ခြင်း စတာတွေ ဖြစ်စေတတ်ပါတယ်။ အူကျခြင်းကို ခွဲစိတ်ကုသရင်လည်း သုက်လွှတ်စဉ် နာကျင်ခြင်း ဖြစ်တတ်ပါတယ်။သုက်လွှတ်တဲ့ပြွန်တလျှောက်မှာ အရည်အိတ် ဒါမှမဟုတ် ကျောက်တည်နေရင် သုက်ထွက်ရာလမ်းကြောင်းကို ပိတ်ဆို့ရာရောက်ပါတယ်။ ဒါကြောင့် မြုံခြင်း၊ သုက်လွှတ်စဉ် နာကျင်ခြင်းတွေ ဖြစ်တတ်ပါတယ်။စိတ်ကျရောဂါအတွက်ပေးတဲ့ ဆေးဝါးတွေဟာ ဘေးထွက်ဆိုးကျိုးအနေနဲ့ လိင်ကိစ္စမှာ အနှောင့်အယှက်ဖြစ်စေပါတယ်။ သုက်လွှတ်ချိန်မှာ နာကျင်ခြင်းလည်း ပါဝင်ပါတယ်။ ဘေးထွက်ဆိုးကျိုး အများဆုံးဖြစ်စေတတ်တဲ့ ဆေးတွေကတော့။• SSRI ဆေးများ။• SNRI ဆေးများ။• Tricyclics ဆေးများ။• MAOI အုပ်စုဝင်ဆေးများ စတာတွေ ဖြစ်ပါတယ်။ဆီးခုံအောက်ပိုင်း စအိုဝန်းကျင်မှာရှိတဲ့ အာရုံကြောတွေ နာကျင်တဲ့ပြဿနာ ဖြစ်ပါတယ်။ လိင်အင်္ဂါရော စအိုနေရာပါ နာကျင်နေတတ်ပါတယ်။ ထိခိုက်မိခြင်း၊ ဆီးချိုရောဂါ စတာတွေကြောင့် ဖြစ်တတ်ပါတယ်။များသောအားဖြင့် ဆီးကျိတ်ကင်ဆာဟာ လက္ခဏာ မပြတတ်ပေမယ့် သုက်ထွက်ချိန်မှာတော့ နာကျင်စေတတ်ပါတယ်။ တခြားလက္ခဏာတွေကတော့ ဆီးသွားရခက်ခြင်း၊ ပန်းညှိုးခြင်း၊ ဆီးနဲ့ သုက်ရည်ထဲ သွေးပါခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ဆီးခုံဝန်းကျင်ကို ဓာတ်ရောင်ခြည်ပေးကုသခြင်းဟာ ပန်းညှိုးခြင်း၊ သုက်လွှတ်စဉ်နာကျင်ခြင်းကို ဖြစ်စေပါတယ်။ ဒါပေမယ့် ဒီဘေးထွက်ဆိုးကျိုးများဟာ ယာယီပဲ ဖြစ်ပါတယ်။အကယ်၍ ဒီ ပြဿနာဟာ ယာယီမဟုတ်ဘဲ ကြာနေမယ် ဆိုရင်တော့ ဆရာဝန်ပြသဖို့ လိုပါတယ်။ လိုအပ်တဲ့ စမ်းသပ်မှုတွေ ပြုလုပ်ပြီး ပြဿနာရဲ့ ရင်းမြစ်ကို ရှာဖွေပါလိမ့်မယ်။ လိုအပ်ရင် ဆီးလမ်းကြောင်း အထူးကုနဲ့ ပြသရနိုင် ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/painful-ejaculation/
အမှည့်မဟုတ်ဘဲ သရက်သီးအစိမ်း ချဉ်ချဉ်လေးမှ ကြိုက်တဲ့သူတွေရှိလား ။ ။
မှည့်မှည့်၊ စိမ်းစိမ်းသရက်သီးဆိုတာနဲ့ မကြိုက်တဲ့သူရှိမယ်မထင်ပါဘူး။ မှည့်လွန်းရင်လည်း ချိုချိုလေးနဲ့မို့ အစိမ်းကျတော့လည်း ချဉ်မြုံမြုံလေးနဲ့ ခံတွင်းမြိန်စေတယ်ဆိုတော့သရက်သီးပေါ်ပြီဆိုတာနဲ့ အပြေးဝယ်ကြတဲ့ သူချည်းပါပဲ။ သရက်သီး အမှည့်ရဲ့ ကောင်းကျိုးတွေက သိထားပြီးသားဖြစ်နေကြတော့ အခုသရက်သီးအစိမ်း လေးရဲ့ ကျန်းမာရေး ကောင်းကျိုးလေးတွေ အကြောင်းပြောပြပေးချင်ပါတယ်။ ဘယ်လိုကောင်ကျိုးတွေများရှိမလဲ ကြည့်ရအောင်။( ၁ )ဓာတ်တိုးဆန့်ကျင်ပေးတဲ့ အာနိသင် အပြည့်အဝရှိပါတယ်။သရက်သီးမှာ zeaxanthin လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်တဲ့ အတွက် ကိုယ်တွင်းက မကောင်းတဲ့ ဓာတု အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ဒါ့အပြင် သူရဲ့ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိက ဆဲလ်အသစ်တွေ ဖြစ်ပေါ်မှုကို အားပေးလို့ အသားအရေမှာ အရေးအကြောင်းပေါ်တာ၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာတွေကို တားဆီးပေးဦးမှာပါ။ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးတယ်ဆိုတာ အထူးပြောနေစရာ လိုမယ်တောင်မထင်ပါဘူး။( ၂ ) ဗီတာမင် စီ ကြွယ်ဝစွာပါပါတယ်။သရက်သီးအစိမ်း ချဉ်ချဉ်လေးမှဗီတာမင် စီမကြွယ်ဝရင် ဘယ်အသီးတွေကသွားပြီး ကြွယ်ဝဦးမလဲနော်။ ပါဝင်တဲ့ ဗီတာမင် စီကြောင့် ကိုယ်တွင်းခုခံအားစနစ်တက်လာပြီး ရောဂါတွေကို တိုက်ထုတ်ပေးမယ့်အပြင်သွားဖုံးသွေးယိုတာနဲ့ အခြားသွေးအားနည်းရောဂါတွေကိုတောင် ကာကွယ်ပေးဦးမှာနော်။( ၃ )အမျှင်ဓာတ်ကြွယ်ဝစွာပါပါတယ်။သရက်သီးအစိမ်း မှာ ပါဝင်တဲ့ ကြွယ်ဝတဲ့ အမျှင်ဓာတ်ကြောင့် တစ်ခါစားလိုက်ပြီဆိုတာနဲ့ အဆာခံစေလို့ကိုယ်အလေးချိန်ကို ထိန်းပြီးသားဖြစ်မှာပါ။ ဒါ့အပြင်ဝမ်းမှန်အောင်လည်း သူက ကူညီပေးဦးမှာနော်။( ၄ )အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။သရက်သီး အစိမ်းရဲ့ အစာအိမ်တွင်းက အက်ဆစ်ဓာတ်ကို ပြေလျော့စေတဲ့ အစွမ်းသတ္တိကြောင့်အစာခြေရည် ပြန်ဆန်တက်လို့ ရင်ပူခြင်းကိုလည်း သက်သာစေမှာပါ။ ဒါ့အပြင် ပရိုတင်းကို ချေဖျက်ပေးတဲ့ အင်ဇိုင်းတွေလည်း ပါဝင်တာကြောင့်အစာမကြေခြင်းကိုလည်း သက်သာစေမှာပါ။( ၅ ) အသည်းအတွက်လည်း အထောက်အကူပြုပေးပါတယ်။သည်းခြေရည်တွေ ပိုထွက်အောင်လှုံ့ဆော်ပေးတဲ့ အစွမ်းသတ္တိကြောင့်အသည်းကို အထောက်အကူပြုရာရောက်ပြီး ကိုယ်တွင်းက မကောင်းတဲ့ အဆိပ်တွေကို ဖယ်ရှားပေးသန့်စင်ပေးပါတယ်။( ၆ )သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးပါတယ်။သရက်သီးအစိမ်းမှာပါဝင်တဲ့ ပိုတက်ဆီယမ်ဓာတ်ရဲ့ သွေးကြောတွေကို ပြေလျော့စေတဲ့ အာနိသင်ကြောင့် သွေးပေါင်ချိန်မှန်အောင် ထိန်းညှိပေးမယ့်အပြင် နှလုံးကြွက်သားကိုလည်း အားကောင်းစေပါတယ်။( ၇ ) အမြင်အာရုံကို ကောင်းမွန်စေပါတယ်။သရက်သီးအစိမ်း မှာ မျက်လုံးအတွက် အဓိက လိုအပ်တဲ့ဗီတာမင် Aအများကြီးပါတာကြောင့်မျက်စိအတွက် အထူးကောင်းမွန်မယ်ဆိုတာ ပြောစရာမလိုပါဘူး။ ဒါ့အပြင် ဗီတာမင် A က ဆံသားကိုလည်း ကောင်းမွန်စေမှာပါ။( ၈ ) အသားအရေကိုလည်း ကောင်းမွန်စေပါတယ်။သရက်သီးအစိမ်းမှာ ပါဝင်တဲ့ဗီတာမင် Cနဲ့ ဗီတာမင် A နှစ်မျိုးလုံးဟာ အသားအရေအတွက် အထူးလိုအပ်တဲ့ ဗီတာမင်တွေဖြစ်တာကြောင့် ချောမွတ်တဲ့အသားအရေ၊ အပြစ်အနာအဆာကင်းတဲ အသားအရေတွေကို ပိုင်ဆိုင်နိုင်မှာ အသေအချာပါ ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/green-mango/
ဘေဘီလေးတွေရဲ့ အသက်အရွယ်အလိုက် ပေးကစားသင့်တဲ့ အရုပ်လေးတွေက
ကစားစရာကလေးတွေရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက် အဓိကကျတဲ့နေရာကနေပါဝင်နေတဲ့ ဇာတ်ကောင်တစ်ခုပေါ့။ ကလေးတွေရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကြီးထွားဖွံ့ဖြိုးဖို့အတွက် ကစားစရာတွေကပေးစွမ်းနိုင်ပါတယ်။ ကလေးလေးတွေရဲ့ အပျော်ရွှင်ဆုံးအချိန်က ကစားစရာ အသစ်လေးတွေရတဲ့အချိန်ပါ။ ကလေးဘဝတုန်းက ကစားစရာအသစ်လေးတွေရဖို့က အကြီးမားဆုံးမျှော်လင့်ချက်ဖြစ်ခဲ့ကြဖူးတယ်ဟုတ်။ ဒါကြောင့် ကိုယ်တိုင်က မိဘအရာရောက်လာတဲ့အခါ ရင်သွေးလေးကို သူတို့အသက်အရွယ်နဲ့လိုက်ဖက်မယ့် အရုပ်လေးတွေကို ဝယ်ပေးဖို့ မမေ့ပါနဲ့နော်။အရုပ်တွေက ကလေးကိုပျော်ရွှင်အောင်လုပ်ဆောင်ပေးနိုင်သလို ကလေးရဲ့ အာရုံခံစားမှုနဲ့ ဖန်တီးနိုင်စွမ်းတွေဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးပါတယ်။ ကလေးလေးတွေကောင်းကောင်းမွန်မွန်ကြီးပြင်းလာဖို့ဆိုရင်ကလေးလေးတွေဖွံ့ဖြိုးလာတဲ့အလျောက် လိုက်ဖက်ညီမယ့် အရုပ်လေးတွေကိုရွေးချယ်ပေးဖို့ကလည်း မိဘတွေအနေနဲ့မေ့ထားလို့မဖြစ်တဲ့ အချက်တစ်ခုပေါ့။ ကဲ ကလေးလေးတွေကို ဘယ်လိုအရုပ်လေးတွေနဲ့ပေးဆော့မှာလဲ။ကလေးငယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကြီးထွားဖွံ့ဖြိုးမှုအပေါ်မှာ အကျိုးသက်ရောက်မှုရှိစေတယ်။ကလေးအသက်အရွယ်အလိုက်ပေးကစားသင့်တဲ့အရုပ်တွေက။မွေးကင်းစကနေ အသက် ၈ လအထိ။ဒီအရွယ်မှာတော့ ကလေးကိုသေးသေးကွေးကွေးလေးတွေပေးဆော့မယ့်အစား အသံထွက်မယ့်အရုပ်လေးတွေပေးဆော့တာ ကိုက်လို့ဝါးလို့ရမယ့် ခပ်ပျော့ပျော့အရုပ်လေးတွေကိုပေးဆော့တာက အကောင်းဆုံးဖြစ်မှာပါ။ရော်ဘာဘဲရုပ် အရောင်တောက်တောက်လေးတွေကအဆင်အပြေဆုံးဖြစ်မှာပါ။ အရုပ်ကအသံထွက်တာက ကလေးရဲ့ အာရုံကို ဖမ်းစားနိုင်ပါတယ်။ ကိုက်လို့ဝါးလို့ရတဲ့အရုပ်လေးတွေက သင်ယူနိုင်စွမ်းကို တိုးစေနိုင်သလို ကြီးထွားဖွံ့ဖြိုးမှုကိုလည်း တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ အရောင်အသွေးစုံလေလေ ပိုကောင်းလေလေပါ။အသက် ၈ လကနေ ၁၈ လအထိ။ဒီအရွယ်မှာ ကလေးရဲ့ကြီးထွားမှုနှုန်းကအမြန်ဆုံးပါ။ စကားလုံးတွေကို စတင်သင်ယူနေပြီဖြစ်သလို လမ်းလျှောက်ဖို့လည်း စတင်သင်ယူနေပြီပဲဖြစ်ပါတယ်။ ဒီအရွယ်မှာတော့ အရုပ်ခပ်ကြီးကြီးတွေကပိုအဆင်ပြေမှာပါ။ အရုပ်ကြီးကြီးတွေက သူတို့အတွက် ကိုင်တွယ်ရတာ အဆင်ပြေစေသလို မတ်တတ်ရပ်ဖို့ အားယူတဲ့အခါမှာလည်း အထောက်အကူဖြစ်စေပါတယ်။ဖြစ်နိုင်ရင် ကလေးကို ဓါတ်ခဲထည့်ပေးရင် လှုပ်ရှားသွားလာတဲ့ အရုပ်လေးတွေနဲ့ပေးဆော့ပါ။ ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုမှာ အသေအချာပါ။အသက် ၁၈ လကနေ ၂၄ လအထိ။ဒီအရွယ်မှာ ကလေးက စတင်သင်ယူတတ်နေပါပြီ။ ဒါကြောင့် ကလေးကို သင်ယူမှုပါလုပ်နိုင်မယ့် ကစားစရာပစ္စည်းလေးတွေရွေးချယ်ပေးပါ။ A,B,C စပ်တဲ့အတုံးလေးတွေ ရုပ်ပုံဆက်တဲ့ ကားချပ်တွေ၊ နှိပ်လိုက်ရင် အသံထွက်တဲ့ ကီးဘုတ်စ်လေးတွေဝယ်ပေးပါ။အသက် ၂ နှစ်ကနေ ၄နှစ်။ဒီအချိန်မှာ ကလေးငယ်လေးတွေက ဖန်တီးနိုင်စွမ်းစတင်ဖြစ်ပေးတဲ့အချိန်ဖြစ်သလို စပ်စုတတ်တဲ့အကျင့်လေးလည်း စတင်ဖြစ်လာပါပြီ။ ဒါကြောင့်ကလေးကို အရောင်အသွေးစုံလင်တဲ့အရုပ်လေးတွေဝယ်ပေးတာ၊ ပုံဖော်ကစားလို့ရတဲ့ရောင်စုံ ရွှံ့စေးလေးတွေဝယ်ပေးတာ၊အိမ်ဆောက်ပစ္စည်းကစားစရာလေးတွေဝယ်ပေးတာ၊ရောင်စုံခဲတံနဲ့ ပုံဆွဲစက္ကူဝယ်ပေးတာမျိုးလုပ်ပေးပါ။ ဒါတွေက ကလေးရဲ့ ဖန်တီးနိုင်စွမ်းကို တိုးစေပြီး စူးစမ်းလိုစိတ်ကို ရင့်သန်စေပါလိမ့်မယ်။အသက် ၄ နှစ်ကနေ ၆ နှစ်။ဒီအချိန်မှာ ကလေးကပတ်ဝန်းကျင်က အရာရာတိုင်းက စတင်လေ့လာမှတ်သားနေပြီလေ။ သင်ယူမှတ်သားနိုင်စွမ်း အမြင့်ဆုံးအချိန်ပါ။ ဒါကြောင့် ကလေးငယ်ကို လတ်တလောမှာခေတ်စားနေတဲ့ အရုပ်လေးတွေကိုဝယ်ပေးပြီးဆော့ခွင့်ပေးလိုက်ပါ။ စကားလုံးဆက်တာ၊ အရုပ်ဆက်တဲ့ ကစားနည်းတွေပေးကစားပါ။ တိရစ္ဆာန်လေးတွေရဲ့ အသံတုလုပ်ပြီး ကလေးကိုဆော့ပေးပါ။အသက် ၆ နှစ်ကနေ ၈နှစ်။ဒီလိုအချိန်မှာဘောလုံးကန်တာ၊ စက်ဘီးစီးတာ၊ ဘိုးလင်းပစ်တာလိုမျိုး ကိုယ်လက်လှုပ်ရှားမှုကိုဖြစ်စေမယ့် ကစားစရာတွေနဲ့ ပေးကစားပါ။ ဒါမှကလေးရဲ့ကြွက်သားတွေ ကျန်းမာသန်စွမ်းလာပြီး ကြီးထွားဖွံ့ဖြိုးဖို့အတွက် အထောက်အကူဖြစ်စေမှာပါ။ ဒီလိုကစားတာက ကလေးကို သူငယ်ချင်းတွေနဲ့ အတူဆော့ကစားစေတတ်လာပြီး အသင်းအဖွဲ့နဲ့လုပ်ဆောင်တတ်အောင်လေ့ကျင့်ပေးပြီးသားဖြစ်သွားမှာပါ။ကလေးငယ်ကို သူ့အသက်အရွယ်အလိုက် သင့်တော်မယ့် ကစားစရာလေးတွေနဲ့ ပေးကစားတာက ရုပ်ပိုင်းဆိုင်ရာကိုကျန်းမာသန်စွမ်းစေသလို စိတ်ပိုင်းဆိုင်ရာသန်စွမ်းဖို့လည်း အထောက်အပံ့ဖြစ်စေပါတယ်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/choosing-the-right-toys-for-the-right-age/
တရုတ်နံနံဖျော်ရည် သောက်ကြမယ်
ခေါက်ဆွဲကြော်၊ အစိမ်းကြော်နဲ့ ဟင်းချိုတွေစွပ်ပြုတ်တွေမှာပဲတရုတ်နံနံကို ဟင်းခတ်မွှေးအကြိုင်အနေနဲ့ သုံးလို့ရတာမဟုတ်ဘူးနော်။ ကျန်းမာရေးနဲ့ညီညွတ်အောင်ဖျော်သောက်လို့လည်းရပါတယ်။ တရုတ်နံနံဖျော်ရည် သောက်တာက ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုလဲဆိုတာ သိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။တရုတ်နံနံမှာ။တရုတ်နံနံကိုရေစင်အောင်ဆေးလို့ ကြိတ်ဖျော်ထားတဲ့ တရုတ်နံနံဖျော်ရည်ကခန္ဓါကိုယ်ကို ကျန်းမာစေဖို့တော်တော်လေးအထောက်အကူပြုပေးတာပါ။နှလုံးကျန်းမာစေနိုင်တယ်။တရုတ်နံနံမှာ သွေးကြောနံရံတွေကို ကျန်းမာစေပြီး နှလုံးသွေးကြောစနစ်ကို ကျန်မာသန်စွမ်းစေနိုင်တဲ့ phthalidesဓါတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့် နှလုံးရောဂါခံစားရတာ၊ ရုတ်တရက်နှလုံးရပ်တာနဲ့လေဖြတ်တာတွေကနေ ကာကွယ်နိုင်မှာပါ။ တရုတ်နံနံဖျော်ရည်သောက်သုံးပေးမှုက နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို ကာကွယ်ရာရောက်သလိုသွေးတွင်းသကြားဓါတ်၊သွေးတွင်းအဆီဓါတ်နဲ့သွေးပေါင်ချိန်ကို ထိန်းညှိရာလည်းရောက်သလို နှလုံးကျန်းမာရေးကိုစောင့်ရှောက်ရာလည်းရောက်ပါတယ်။သွေးစီးဆင်းမှုကိုကောင်းမွန်စေနိုင်တယ်။တရုတ်နံနံမှာ သံဓါတ်ပါဝင်တာကြောင့်သွေးနီဥဆဲလ်တွေတိုးပွားစေပြီး ကိုယ်တွင်းမှာသွေးစီးဆင်းမှုကိုကောင်းမွန်စေနိုင်ပါတယ်။ ခန္ဓါကိုယ်အစိတ်အပိုင်းတွေကိုအောက်ဆီဂျင်ရောက်ရှိမှုကောင်းစေပြီး ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ခန္ဓါကိုယ် အစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်မှုကိုလည်းကောင်းမွန်စေနိုင်ပါတယ်။ကင်ဆာကာကွယ်ပေးနိုင်တယ်။တရုတ်နံနံဖျော်ရည် မှာပါတဲ့luteolin နဲ့ apigenin ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေက ကင်ဆာကိုကာကွယ်ပေးနိုင်သလိုဖလေဗာနွိုက်ပါဝင်နေတာကြောင့် ကင်ဆာကျိတ်တွေမဖြစ်အောင် ကာကွယ်ပေးပြီး ကင်ဆာကျိတ်တွေ မဖြစ်လာအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာဖြစ်နေခဲ့ရင်တောင် ကင်ဆာဆဲလ်တွေပြန့်ပွားမှုနှုန်းကိုနှေးစေနိုင်ပါတယ်။ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ဆီးရွှင်စေပြီး ဆီးကနေတဆင့် ကိုယ်တွင်းထဲက အဆိပ်အတောက်တွေ၊ ပိုလျှံနေတဲ့ ဆားဓါတ်တွေကို အလျင်မြန်ဆုံး ဖယ်ထုတ်ပေးနိုင်ပါတယ်။ ဒီလိုလုပ်ဆောင်ပေးမှုကအသည်းကိုလည်း ကျန်းမာစေနိုင်ပါတယ်။နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။တရုတ်နံနံမှာပါတဲ့luteolin က ခန္ဓါကိုယ်က တစ်ရှုးတွေနဲ့ကြွက်သားတွေရောင်ရမ်းမှုကိုလျှော့ပါးသက်သာစေနိုင်ပါတယ်။အဆစ်အမြစ်နာကျင်တာ၊ အဆစ်ရောင်ရမ်းတာနဲ့လေးဖက်နာရှိသူတွေအတွက် အထူးသင့်တော်ပါတယ်။လိပ်ခေါင်းရောဂါရှိသူတွေနဲ့အစာအိမ်ဝေဒနာခံစားနေရသူတွေအတွက်လည်း တကယ့်ကိုသောက်ပေးသင့်တဲ့ဖျော်ရည်တစ်မျိုးပေါ့။ဗီတာမင် Cပါဝင်တာကြောင့်သွေးဖြူဥဆဲလ်တွေဖြစ်ပေါ်အောင် လှုံ့ဆော်ပေးပြီးကိုယ်ခံအားစနစ်ကို အကောင်းဆုံးတည်ဆောက်ပေးပါတယ်။ ခန္ဓါကိုယ်ကို ဖျားနာမှုကင်းစေနိုင်သလို ကူးစက်ရောဂါတွေကနေ အထိရောက်ဆုံး ကာကွယ်ချင်ရင်တော့မေ့ထားလို့မဖြစ်ပါဘူး။အရိုးတွေကို သန်မာစေနိုင်တယ်။တရုတ်နံနံဖျော်ရည် မှာပါတဲ့ သတ္တုဓါတ်တွေက အရိုးတွေကို ကြံ့ခိုင်စေနိုင်ပါတယ်။ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓါတ်တို့ကြွယ်ဝစွာပါဝင်နေတာကြောင့် အရိုးအဆစ်တွေကို အာဟာရဓါတ်တွေ အကောင်းဆုံးဖြည့်ပေးနိုင်ပြီး အသက်အရွယ်ကြောင့်ဖြစ်တဲ့အရိုးပါးတာနဲ့ အရိုးပွတာတွေ မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။အိပ်ပျော်စေနိုင်တယ်။တရုတ်နံနံက အိပ်စက်မှုကိုအကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပြီး နှလုံးခုန်နှုန်းကိုလည်း အကောင်းဆုံးဖြစ်အောင် ထိန်းသိမ်းပေးနိုင်ပါတယ်။ ညအိပ်ရာဝင်ခါနီးတိုင်းမှာ တရုတ်နံနံဖျော်ရည်သောက်ပေးတာက တစ်ညတာလုံးကိုကောင်းကောင်းအိပ်ပျော်စေနိုင်ပြီး မနက်ခင်းမှာ အင်အားပြည့်ဝစွာနဲ့ နိုးထနိုင်စေပါတယ်။ကဲ…… ခန္ဓါကိုယ် ကျန်းမာစေဖို့ တစ်နေ့ကို တရုတ်နံနံဖျော်ရည် တစ်ခွက်သောက်သုံးပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/celery-leave-juice-benefits/
Orthorexia (သို့မဟုတ်) အစားအသောက်ရွေးချယ်ရာတွင် စိတ်စွဲလွန်ခြင်း
ကျန်းမာရေးနဲ့ညီညွတ်စွာစားသောက်ခြင်းဟာ လူတိုင်းအတွက် အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ ဒါပေမယ့်ကျန်းမာရေးထိခိုက်မှာစိုးပြီး အစားအစာများကို တရားလွန်ရှောင်ကြဉ်ခြင်း၊ ရွေးချယ်ခြင်း ပြုလာပြီဆိုရင်တော့ သတိပြုရမယ့် အခြေအနေဖြစ်ပါတယ်။ ဒီပြဿနာကို ဆေးပညာမှာတော့ orthorexia လို့ ခေါ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်အောင်ဆိုပြီး အစားအသောက်တွေကို အလွန်အကျွံ ဇီဇာကြောင်ရွေးချယ်ခြင်း ဖြစ်ပါတယ်။ပထမတော့ မိမိကျန်းမာရေးအတွက် စားသောက်မှုပုံစံကို ဂရုပြုရုံပဲ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အစွန်းရောက်ပြီး စိတ်အစွဲကြီးလာပါတယ်။ အပြည့်စုံဆုံးကိုမှ လိုလားခြင်း၊ စိတ်ပူပန်ခြင်း စတဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေများကလည်း ဒီပြဿနာကို ပိုဆိုးစေပါတယ်။ တခါတရံမှာ မိမိသက်မွေးဝမ်းကြောင်း အလုပ်အကိုင်အရ ကျန်းမာရေးကို အထူးဂရုစိုက်ရသူတွေမှာလည်း ဒီပြဿနာရှိလာတယ်လို့ ဆိုကြပါတယ်။ဥပမာအားဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ အော်ပရာအဆိုတော်များ၊ ဘဲလေးကခြေသည်များ၊ သံစုံတီးဝိုင်း ဂီတပညာရှင်များ၊ အားကစားသမားများ စသူတွေပဲ ဖြစ်ပါတယ်။ အသက်အရွယ်၊ ကျားမကွဲပြားမှု၊ ပညာအရည်အချင်း၊ လူမှုစီးပွားရေးအခြေအနေ စတာတွေပေါ်မှာလည်း မူတည်တယ်လို့ သိရပါတယ်။တခါတရံမှာ အစားအသောက်ကို ပုံမှန်စိတ်နဲ့ပဲ ကျန်းမာရေးကို ရှေးရှုရွေးချယ်တာလား၊ စိတ်စွဲလွန်ပြီး ရွေးချယ်နေတာလားဆိုတာ ခွဲရခက်ပါတယ်။ ရောဂါအမည်တပ်နိုင်ဖို့ ခက်ခဲပါတယ်။အဲဒီအခါမှာ ဒီပြဿနာရှိမရှိ သိနိုင်ဖို့အချက်ကို စွိတ်စွဲခြင်းကြောင့် ဘယ်လိုထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်စေသလဲဆိုတဲ့ အချက်တွေနဲ့ ဆုံးဖြတ်ပါတယ်။ လူမှုရေး၊စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာကျန်းမာရေး စတာတွေပေါ် ထည့်သွင်းစဉ်းစားပါတယ်။ ဥပမာကိုယ်အလေးချိန်အလွန်အကျွံ ကျဆင်းခြင်း၊ သူငယ်ချင်းများနဲ့ အတူသွားလာ စားသောက်ဖို့ ငြင်းဆန်ခြင်း စတာတွေ ဖြစ်ပါတယ်။ကျန်းမာရေးအတွက် အစားအသောက်ကို သာမန်ရွေးချယ်တတ်ခြင်းနဲ့ စိတ်စွဲလွန်ရွေးချယ်ခြင်း အကြားမှာ ခွဲခြားနိုင်ဖို့ အောက်ပါအတိုင်း သတ်မှတ်ချက်အချို့ ရှိပါတယ်။၁။ အစားအသောက်အပေါ် အာရုံစိုက်လွန်ကဲမှု။ဒီအပိုင်းမှာ အစားအသောက်နဲ့ ပတ်သက်ပြီးအာရုံစိုက်လွန်ကဲနေတတ်တာကို ဆိုလိုပါတယ်။ သိသာစွာ သိမြင်နိုင်တဲ့ အချက်တွေကတော့။– အမူအကျင့်/အတွေးအကြံ။ အစားအသောက်ကို အမြဲသတိထား ရွေးချယ်နေမှသာ ကျန်းမာရေးကောင်းနိုင်မယ်လို့ ယူဆပါတယ်။– စိတ်ပူပန်ခြင်း။ အစားအသောက်ကို စိစစ်ရွေးချယ်တတ်ခြင်းနဲ့ ပတ်သက်တဲ့ မိမိဖာသာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်လိုက်ပြီဆိုရင် စိတ်ပူပန်ခြင်း၊ ရှက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ မသန့်မရှင်းသလို ခံစားရခြင်း၊ စိတ်ပျက်ခြင်း စတဲ့အာရုံမျိုးတွေ ခံစားရပါတယ်။– ဆိုးရွားစွာ ကန့်သတ်ခြင်း။ အစားအသောက်ကို ကန့်သတ်ရွေးချယ်လာပြီး အချိန်ကြာလာတာနဲ့အမျှ လုံးဝစားသောက်ချင်စိတ်ပျောက်ပြီး ကိုယ်ခန္ဓာမှ အဆိပ်ထုတ်သန့်စင်သည့် ပုံစံကိုသာ အာရုံစိုက်ခြင်း၊ မစားဘဲနေခြင်း စတာတွေပဲ ဖြစ်ပါတယ်။၂။နေ့စဉ်ဘဝကို ထိခိုက်စေသော အမူအကျင့်ပြောင်းလဲခြင်း။ဒုတိယအစိတ်အပိုင်းကတော့ တနေ့တာ ပုံမှန်လည်ပတ်မှုတွေကို အဟန့်အတား ဖြစ်လာခြင်းပါပဲ။ အောက်ပါနည်းလမ်းတွေနဲ့ ဖြစ်တတ်ပါတယ်။– ကျန်းမာရေးထိခိုက်ခြင်း။ အာဟာရမပြည့်ဝခြင်း၊ ကိုယ်အလေးချိန်ဆိုးရွားစွာကျခြင်း၊ အစားအသောက်ပျက်ခြင်းနှင့်ဆိုင်သော ရောဂါများ ဖြစ်ပွားတတ်ခြင်း။– လူနေမှုဘဝထိခိုက်ခြင်း။ အစားအသောက်ကို အလွန်အကျူး ရွေးချယ်နေတတ်ခြင်းကြောင့် စိတ်ဖိစီးမှုဖြစ်ပေါ်ပြီး လူမှုရေး ပညာရေးကိစ္စရပ်များမှာ ထိခိုက်လာခြင်း။– စိတ်ပိုင်းဆိုင်ရာ စွဲလမ်းခြင်း။ ရုပ်ရည်သွင်ခြင်၊မိမိကိုယ်ကိုယုံကြည်မှု၊ စိတ်ကျေနပ်မှု စတာတွေအတွက် အစားအသောက်နဲ့ပတ်သက်ပြီး မိမိဖာသာ သတ်မှတ်ထားသော စည်းမျဉ်းစည်းလမ်းများအပေါ် အလွန်အကျူးမှီခိုလာခြင်း။၁။ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုမျာ။အစားအသောက်ကို စိစစ်လွန်းတာကြောင့် လိုအပ်တဲ့ အစာအာဟာရဓာတ်တွေ မရတဲ့အခါမှာ အာဟာရပြတ်ခြင်း၊ သွေးအားနည်းခြင်း၊ နှလုံးခုန်နှေးခြင်း စတာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ပိုမိုဆိုးရွားလာတဲ့အခါ အစာချေဖျက်နိုင်မှုပြဿနာ၊ဓာတ်ဆားနှင့်ဟော်မုန်းများ ဟန်ချက်မညီခြင်း၊ အရိုးများ မကောင်းခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ အဆိုပါပြဿနာများဟာ အသက်အန္တရာယ်ကို ထိခိုက်နိုင်ခြေရှိတဲ့ ပြဿနာတွေ ဖြစ်ပါတယ်။၂။ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ။အစားအစာတွေကို ဇီဇာကြောင်လွန်းပြီး မိမိဖာသာသတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်မိတဲ့အခါ အပြစ်ရှိပြီး စက်ဆုပ်သလိုခံစားရတတ်ပါတယ်။ ဒီအဖြစ်အပျက်ကို ချေဖျက်နိုင်ဖို့ကိုယ်ခန္ဓာမှ အဆိပ်ဓာတ်ထုတ်သန့်စင်ခြင်း၊ အစာမစားဘဲနေခြင်း စတဲ့နည်းလမ်းတွေ လုပ်ဆောင်လာတတ်ပါတယ်။ ကြာလာရင် ပတ်ဝန်းကျင်ကို အာရုံစိုက်မှုနည်းလာခြင်း၊ ပြဿနာဖြေရှင်းနိုင်စွမ်း ကျဆင်းလာခြင်း စတာတွေ ဖြစ်လာတတ်ပါတယ်။၃။လူမှုရေးပြဿနာများ။အစားအသောက်နဲ့ ပတ်သက်ပြီး ဇီဇာကြောင်လွန်းတယကြောင့် လူမှုရေးကိစ္စတွေပါ ထိခိုက်လာပါတယ်။ ညစာစားပွဲများ ရှောင်ခြင်း၊ မိတ်ဆွေသူငယ်ချင်းများနှင့် စားသုံးရန်ငြင်းဆန်ခြင်း စတာတွေ ဖြစ်လာပါတယ်။ ဒါ့အပြင် အစားအသောက်နဲ့ ပတ်သက်တဲ့ မိမိရဲ့သဘောထားဟာ သူတပါးထက် သာလွန်ထူးကဲသလို စိတ်ကြီးဝင်လာတတ်ပါတယ်။ လူမှုရေးအရ ဘေးကို ရောက်လာတတ်ပါတယ်။ဦးစွာ မိမိအခြေအနေကိုသိအောင် စေ့ငုရပါမယ်။ တတ်နိုင်သလောက် စိတ်ကိုပယ်ဖျောက်ရပါမယ်။ ကျန်းမာရေးနဲ့ညီညွတ်အောင် ရွေးချယ်စားသောက်တယ်ဆိုပေမယ့် အလွန်အကျွံဖြစ်မလာအောင် ဂရုပြုသင့်ပါတယ်။ နားလည်တတ်ကျွမ်းသူများရဲ့ အကူအညီကို ရယူသင့်ပါတယ်။ နားလည်တတ်ကျွမ်းသူများဆိုရာမှာ ဆရာဝန်၊ စိတ်ပညာရှင်၊ အာဟာရပညာရှင် စသူတွေဖြစ်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/eating-disorders/orthorexia-nervosa/
ပန်းသေရခြင်း အကြောင်းအရင်းများ
ပန်းသေခြင်းဆိုတာ အမျိုးသားများ လိင်အင်္ဂါမထောင်မတ်နိုင်ခြင်း၊ ပြီးမြောက်အောင် မစွမ်းဆောင်နိုင်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ ပန်းသေခြင်း ဖြစ်စေတဲ့ အကြောင်းခြင်းရာတွေများစွာ ရှိပါတယ်။ အဓိကအားဖြင့် စိတ်ခံစားမှုပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေပဲ ဖြစ်ပါတယ်။ပန်းသေခြင်း ဟာ အသက်အရွယ်နဲ့လည်း ဆိုင်ပါတယ်။နှလုံးနဲ့သွေးကြောဆိုင်ရာရောဂါရှိသူအမျိုးသားတွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ပန်းသေခြင်းကြောင့် လိင်မှုကိစ္စစွမ်းဆောင်နိုင်တော့ခြင်း မရှိတော့ချိန်မှာ စိတ်ကျခြင်း၊ စိတ်ဖိစီးခြင်း၊ မိမိကိုယ်ကို ယုံကြည်မှုကင်းမဲ့ခြင်း စတာတွေ ဖြစ်ပေါ်လာပါတယ်။ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ဘယ်အရာတွေက ပန်းသေခြင်း ကို အဓိကဖြစ်စေသလဲဆိုတာပါပဲ။ ပန်းသေရခြင်း အကြောင်းအရင်းများ ကို လေ့လာကြည့်လိုက်ပါ။ပန်းသေရခြင်း အကြောင်းအရင်းများ ကတော့။ခန္ဓာကိုယ်ရဲ့ ဟော်မုန်းစနစ်ကနေ ဇီဝဖြစ်ပျက်မှု၊ လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များ၊ မျိုးပွားခြင်း၊ စိတ်ပိုင်းဆိုင်ရာ စတာတွေကို ထိန်းညှိပေးတဲ့ ဟော်မုန်းတွေ ထုတ်လုပ်ပေးပါတယ်။ ဥပမာ ပြောရရင် ဆီးချိုဟာ ဟော်မုန်းဆိုင်ရာ ရောဂါဖြစ်ပြီး ပန်းသေခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဆီးချိုဟာ အင်ဆူလင်ဟော်မုန်းကို ခန္ဓာကိုယ်ကနေ အသုံးချနိုင်စွမ်းကို ထိခိုက်စေပါတယ်။ ရေရှည်မှာ အာရုံကြောတွေကို ထိခိုက်စေလာတဲ့အတွက် လိင်အင်္ဂါရဲ့ အာရုံခံနိုင်စွမ်းကိုပါ ထိခိုက်စေပါတယ်။ဆီးချိုရဲ့ နောက်ဆက်တွဲပြဿနာ နောက်တမျိုးကတော့ သွေးလည်ပတ်မှုမကောင်းခြင်း ဖြစ်ပါတယ်။ ဒါဟာလည်း ပန်းသေခြင်းဖြစ်စေနိုင်တဲ့ အကြောင်းပါပဲ။အာရုံကြောပြဿနာတချို့ဟာ ပန်းသေနိုင်ခြေကို မြင့်တက်စေပါတယ်။ အာရုံကြောများ ချို့ယွင်းခြင်းကြောင့် မျိုးပွားစနစ်နဲ့ ဦးနှောက်ကြားဆက်သွယ်မှုကို ပျက်စီးစေပါတယ်။ အဲဒီအခါ လိင်တံထောင်မတ်နိုင်မှုကို ထိခိုက်စေပါတယ်။ပန်းသေခြင်းနဲ့ ဆက်စပ်နေတဲ့ အာရုံကြောပြဿနာတွေကတော့။ဆီးကျိတ်ခွဲစိတ်မှု ပြုလုပ်ထားရင်လည်း မတော်တဆအာရုံကြောထိခိုက်နိုင်ပြီး ပန်းသေနိုင်ခြေ မြင့်ပါတယ်။ခရီးဝေးကို စက်ဘီးစီးသူတွေအနေနဲ့ ပန်းသေခြင်းကို ယာယီခံစားရတတ်ပါတယ်။ တင်ပါးနဲ့ ဆီးခုံနေရာတွေအပေါ် ဖိအားဖြစ်စေပြီး အာရုံကြောတွေကို ထုံထိုင်းသွားစေလို့ ဖြစ်ပါတယ်။ဆေးဝါးအချို့ဟာ သွေးလည်ပတ်မှုကို အနှောက်အယှက်ဖြစ်စေပြီး ပန်းသေပန်းညှိုးဖြစ်ဖို့ အာပေးပါတယ်။ သင်သုံးစွဲနေတဲ့ ဆေးတွေဟာ ပန်းသေနိုင်စေတယ်ဆိုရင်တောင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သုံးစွဲမှု လျှော့ချခြင်း၊ ရပ်တန့်ခြင်း ပြုလုပ်သင့်ပါတယ်။ပန်းသေပန်းညှိုးခြင်းကို ဖြစ်စေနိုင်တဲ့ ဆေးဝါးတချို့ကတော့။• alpha-adrenergic blocker ဆေးများ (ဥပမာ tamsulosin)။• beta-blocker ဆေးများ ဥပမာ carvedilol နှင့် metoprolol။• ဓာတ်မတည့်ခြင်းအတွက် အသုံးပြုသောဆေးများ ဥပမာ cimetidine။• ဗဟိုအာရုံကြောစနစ်ကို ဖိနှိမ်ပေးသောဆေးများ ဥပမာ alprazolam၊ diazepam နှင့် codeine။•ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးသောဆေးများ ဥပမာ cocaine နှင့် amphetamine။• ဆီးဆေးများ ဥပမာ furosemide နှင့် spironolactone။• SSRI ဆေးများ ဥပမာ fluoxetine နှင့် paroxetine။• ထုတ်လုပ်ဖန်တီးထားသောဟော်မုန်းများ ဥပမာ leuprolide စတာတွေပဲ ဖြစ်ပါတယ်။နှလုံးရောဂါတစ်ခုခုဖြစ်ခဲ့ရင် နှလုံးဆီကနေ သွေးများညှစ်ထုတ်ရာမှာ အနှောင့်အယှက်ဖြစ်စေတဲ့အတွက် ပန်းသေခြင်း ဖြစ်စေနိုင်ပါတယ်။ လိင်တံဆီကို သွေးကောင်းကောင်းမရောက်ရင် မထောင်မတ်နိုင်ပါဘူး။သွေးကြောများပိတ်ဆို့ပြီး ကျဉ်းမြောင်းလာစေတဲ့ အခြေအနေဟာလည်း ပန်းသေခြင်းကို ဖြစ်စေပါတယ်။ ကိုလက်စထရောများခြင်း၊ သွေးတိုးခြင်း စတာတွေဟာလည်း ပန်းသေခြင်းနဲ့ ဆက်စပ်နေပါတယ်။လိင်တံထောင်မတ်နိုင်ဖို့ဆိုရင် ပထမဦးစွာ စိတ်လှုပ်ရှားမှုအဆင့်ကို ကျော်ဖြတ်ရပါမယ်။ စိတ်ခံစားမှုဆိုင်ရာ တုံ့ပြန်မှုဖြစ်ပါတယ်။ စိတ်ခံစားမှုပိုင်းမှာ ချို့ယွင်းချက်ရှိရင် လိင်စိတ်နိုးကြွဖို့ အခက်အခဲရှိနိုင်ပါတယ်။စိတ်ကျခြင်းနဲ့ စိတ်ပူပန်ခြင်းဟာ ပန်းသေခြင်း ကို ဖြစ်နိုင်ခြေ အန္တရာယ် မြင့်စေပါတယ်။ ဝမ်းနည်းခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း၊ အကူအညီမဲ့ခြင်း စတာတွေ ခံစားရတတ်ပါတယ်။ မိမိစွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုရှိနေရင်လည်း ပြီးမြောက်အောင် စွမ်းဆောင်နိုင်ခြင်း မရှိဘဲ ဖြစ်တတ်ပါတယ်။မူးယစ်ဆေးများသုံးစွဲခြင်း၊ အရက်ကိုအလွန်အကျွံသောက်သုံးခြင်းစတာတွေကလည်း ပန်းသေနိုင်ပါတယ်။ပန်းသေခြင်း နဲ့ ပတ်သက်ပြီး ကုသနိုင်တဲ့ နည်းလမ်းပေါင်းများစွာ ရှိပါတယ်။ ဆေးဝါးကုသခြင်း၊ သဘာဝဆေးဖက်ဝင် အပင်များမှ ထုတ်လုပ်ထားသော ဆေးဝါးများ သုံးစွဲခြင်း၊ နေထိုင်မှုပုံစံ ပြောင်းလဲခြင်း စတဲ့နည်းလမ်းတွေ ရှိပါတယ်။ အကောင်းဆုံးကတော့ ဆရာဝန်နဲ့ ပြသဖို့ပါပဲ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/erectile-dysfunction/erectile-dysfunction-common-causes-impotence/
တစ်ဖက်သားအပေါ် လုပ်မိတတ်တဲ့ နူးညံ့ညင်သာဆုံးသော အပြုအမူ ဆိုးများ
ကိုယ်က သိလျက်နဲ့ဖြစ်စေ၊ မသိလိုက်ဘဲ ဖြစ်စေ တစ်ဖက်သားကို ထိခိုက်စေနိုင်တဲ့ အပြုအမူ တွေ လုပ်မိတတ်ပါတယ်။ ကိုယ်ကတော့ အမှုမဲ့ အမှတ်မဲ့ပေါ့။ ဒါပေမယ့် တစ်ဖက်မှာ ဘယ်လိုထိခိုက်သွားစေနိုင်သလဲ ဆိုတာသိရင် ကိုယ်ချစ်ခင်ရသူတွေ၊ ကိုယ့်အနားကလူတွေကို ဒါတွေလုပ်မိတေ့ာမှာ မဟုတ်ပါဘူး။တစ်စုံတစ်ယောက်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အပြုအမူ တိုင်းက အဆိပ်အတောက်မဟုတ်ပါဘူး။ တချို့အပြုအမူတွေက စိတ်ထိခိုက်ရပေမယ့် လွယ်လွယ်နဲ့ပြေပျောက်သွားစေတာရှိပေမယ့် တကယ် အဆိပ်အတောက်ဖြစ်စေတဲ့ အပြုအမူတွေက ညင်သာပါတယ်။စကားချိုချိုလေးပေမယ့် တစ်ဖက်လူမှာ ကာလတာရှည် ခံစားလိုက်ရတဲ့အထိ ထိခိုက်သွားရတာမျိုးက ရန်လိုပုတ်ခတ်လိုက်တာထက် ပိုဆိုးပါတယ်။ ဒီလို စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုက ဆက်ဆံရေးကို အဆိပ်ခတ်လိုက်တာဖြစ်ရုံမက တစ်ဖက်လူရဲ့ဖွံ့ဖြိုးမှုကိုပါ ကန့်သတ်လိုက်တာဖြစ်ပါတယ်။ဒီလိုအပြုအမူမျိုးတွေလုပ်မိတဲ့နေသူတွေဟာ ကိုယ့်ကိုယ်ကိုသတိထားမိဖို့ သိပ်မလွယ်ပါဘူး။ ငါက ဘာများလုပ်နေမိလို့လဲ၊ သူပဲမကောင်းတာလေ၊ သူ့ဘက်ကစပြီးဖြစ်တာ လို့ အမြဲတွေးမိတတ်တာ လူ့စိတ်သဘာဝပါပဲ။ အမှန်တော့ ကိုယ်တိုင်သတိမထားမိလိုက်တဲ့ ကိုယ့်ရဲ့အဆိပ်အတောက် အပြုအမူ က အစပြုခဲ့တာလည်းဖြစ်နိုင်နေတာပဲလေ။ ဒီထဲမှာ ကိုယ်လုပ်မိနေကျ အပြုအမူတွေပါနေသလားပြန်စဉ်းစားကြည့်လိုက်ပါ။ စေ့စေ့တွေးရင်ရေးရေးပေါ်လာပါလိမ့်မယ်။တစ်စုံတစ်ယောက်ရဲ့နာကျင်ပင်ပန်းနေတဲ့အချိန်မှာ ကိုယ်ကအလွယ်လေး အပေါ်ယံသုံးသပ်လိုက်တာ သိပ်မှားပါတယ်။ စိတ်မပါတဲ့ အပေါ်ယံအားပေးစကားတွေနဲ့ပြောခဲ့ပေမယ့် ကိုယ့်အမြင်နဲ့ တခြားသူကိုပြန်ပြောပြတဲ့အခါ ဘာမဟုတ်တာလေးကို ခံစားနေတယ်လို့လျှော့မတွေးလိုက်သင့်ပါဘူး။ ဒီလိုတွေးလိုက်ပြီး ပေါ့ပေါ့ဆက်ဆံလိုက်မိတာ၊ သူ့ဘေးမှာ ဟီးဟီးဟားဟား ပျော််ရွှင်ပြလိုက်မိတာ၊ သူ့ခံစားချက်ကိုလျစ်လျူရှုတာမျိုးနဲ့ ပိုနာကျင်စေခဲ့တာ ကိုယ်က သတိထားမိမှာမှ မဟုတ်တာ။ဒါ့ကြောင့် ကိုယ်ကလိုက်နားလည်မပေးနိုင်ရင်၊ မကူညီနိုင်ရင်တောင် သူခံစားနေရတာ ဒီတိုင်းလေးထားလိုက်ပါ။ အပိုတွေဝင်ပြောဖို့ သင့်မှာ တာဝန်မရှိပါဘူး။ စာနာမှုနဲ့ ဆက်ဆံပေးပါ၊ ထိုက်သင့်တဲ့အားနာမှု၊ သိတတ်မှုလေးရှိထားရင်ဖြစ်ပါတယ်။ဒီလိုမျိုးကလူကြီးမိဘတွေနဲ့ လူငယ်တွေကြားမှာ အဖြစ်များပါတယ်။ ဒါပေမယ့် သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေမှာလည်းဖြစ်တတ်တာပဲ။ အဲဒီလူဘာပဲလုပ်လုပ် ကိုယ့်စိတ်ထဲ မကောင်းမမြင်ရင်တောင် ထောက်ပြစရာလေးရှိနေတာမျိုး။ အပြစ်ပြောဖို့မရည်ရွယ်ပေမယ့် သူ့အပြစ်ကိုမီးမောင်းထိုးပြသလိုဖြစ်စေခဲ့တဲ့ ကိုယ့်ရဲ့ထောက်ပြမှုကြောင့်ပြဿနာရှိနိုင်ပါတယ်။ဟိုနားလေးက ဟိုလိုဖြစ်နေတယ်နော်၊ ဒါလေးပြင်လိုက်ပါဦး၊ သူများပြောမှာစိုးလို့ပါ ဆိုတဲ့စကားတွေနဲ့ ကိုယ်က အရင်ပြစ်တင်ဝေဖန်မိနေတာ သင်သိရဲ့လား။ကောင်းစေချင်လို့ပြောတယ်ဆိုလည်း နှစ်ဦးတည်းရှိချိန်မှာပြောပါ၊ သူများရှေ့မှာပြောတာဟာ ကောင်းစေချင်တာထက် အမှားကို ကြေညာပေးသလို ဖြစ်စေတတ်ပါတယ်။ဒါ့ကြောင့် တစ်ယောက်ယောက်ကို ကိုယ့်ထင်မြင်ချက် ဒါမှမဟုတ် အကြံပြုချက်ပေးတော့မယ်ဆိုရင် သူ့အတွက် ဘာရသွားမလဲလို့ အရင်စဉ်းစားပါ။ သူ့အတွက် နစ်နာမှုမရှိစေဘဲ ကောင်းသွားစေဖို့ဆို လူအများရှေ့မဟုတ်ဘဲ သီးသန့်အကြံပြုပါ။ အမြဲမပြတ် ဝေဖန်နေတာ၊ထောက်ပြနေတာ စေတနာနဲ့ဆိုလည်း ပြစ်တင်ဝေဖန်မှုဘက်ကို ရောက်မသွားစေဖို့ ဆင်ခြင်လိုက်ပါ။ကတောက်တဆဖြစ်တာ၊ စိတ်ခုစရာတွေကြောင့်ဖြစ်လာတဲ့ ကိုယ့်အတွင်းကဒေါသစိတ်ကို တစ်ဖက်လူအပေါ်သွယ်ဝိုက်တဲ့နည်းနဲ့ဖော်ပြတာဟာ အဆိပ်သုတ်ထားတဲ့ပန်းပွင့်တွေပါပဲ။ ရန်ထဖြစ်လိုက်တာထက် ပိုဆိုးတဲ့ကိစ္စပါ။ ဥပမာ လူတစ်ယောက်ရဲ့ အသွင်အပြင်နဲ့ပတ်သက်ပြီးနောက်ပြောင်စကားပြောလိုက်တယ်ထား ဒီစကားက ခပ်ပါးပါးလေး သူ့ကိုလှောင်/ခနဲ့/ဆော်ထားတဲ့အဓိပ္ပါယ်ပါနေတယ်ဆိုတာမျိုး၊ တစ်ဖက်လူက ဒက်ခနဲသိပြီး ထိသွားလောက်တဲ့နောက်ပြောင်စကားမျိုး။ကိုယ့်ရဲ့ဒေါသစိတ်ကို ဒီလိုနည်းနဲ့ဖြေတာ၊ တစ်ဖက်ကို နာသာခံခက်ဖြစ်အောင်လုပ်တာ မရိုးဖြောင့်တဲ့အပြုအမူပါ။ သကာရည်နဲ့ဖုံးအုပ်ထားတဲ့ အဆိပ်က အနည်းငယ်ပဲဖြစ်စေဦးတော့ တစ်ဖက်လူရဲ့ရင်ကို ထိမှန်သွားတာ ဂုဏ်ယူစရာမဟုတ်ပါဘူး။ ဒါ့ကြောင့် ဒီလိုအပြုအမူမျိုးလုပ်မိတဲ့ ကိုယ့်ခံစားချက်နဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုမလိမ်မိပါစေနဲ့။ ဒါက အဆိပ်အတောက်ရှိသူအဖြစ် ကိုယ့်ကိုယ်ကို တွန်းပို့နေတဲ့ခြေလှမ်းပါ။ ကိစ္စတစ်ခုခုကို မကျေနပ်ဘူး၊ဖြေရှင်းဖို့လည်းသင့်တယ်ဆိုရင် အချိန်တစ်ခုရွေးပြီး တိုက်ရိုက်ဖြေရှင်းညှိနှိုင်းပါ။ ရိုးသားပါ။ဒါကတော့ သူစိမ်းတွေကြားမှာ တွေးစရာမလိုတဲ့အချက်ပါ။ လူတစ်ယောက်နဲ့ သိပ်ရင်းနှီးတယ်ထား၊ သူအခက်အခဲကြုံနေချိန်မှာ မသိသလိုနေလိုက်မိတာ၊ ကူညီလို့အားပေးလို့ရသားနဲ့ မဆိုင်သလိုနေခဲ့မိတာမျိုးပါ။ ကိုယ့်အကျင့်ကဒီလိုပဲနေတတ်လို့ ဝင်မပါတာဆိုလည်း အပြစ်မရှိပါဘူး။ ဒါပေမယ့် ကူညီချင်ယောင်မဆောင်ဖို့ပါ။ အစပိုင်းမှာ အားပေးသလိုလို၊ အနားမှာရှိသလို ကတိတွေပေးခဲ့ပြီး တကယ့်အချိန်မှ အကြောင်းပြချက်ကောင်းကောင်းနဲ့ရှောင်လိုက်တာမျိုးက တစ်ဖက်ရဲ့မျှော်လင့်ချက်နဲ့ရင်းနှီးမှုအစစ်အမှန်ကို ရိုက်ချိုးလိုက်နိုင်ပါတယ်။ဒါ့ကြောင့် ကိုယ်ကူညီနိုင်တာကိုပဲ ပြတ်ပြတ်သားသားပြောပါ၊ မလုပ်ပေးနိုင်တာတွေနဲ့ ပုံမပြောပါနဲ့။ ဘာအကူအညီလိုအပ်သလဲ ပွင့်ပွင့်လင်းလင်းမေးပါ။ မလုပ်ပေးနိုင်တာတွေပဲပြောပြီးရှောင်နေမယ့်အစားသေးသေးလေးပဲဖြစ်ဖြစ် တတ်နိုင်တဲ့အပိုင်းကူညီပေးပါ။ မလုပ်ပေးနိုင်လည်းအဖော်ပြုပေးတာ ခင်မင်ရင်းနှီးမှုအစစ်ပါ။ကိုယ်ခင်မင်ရတဲ့လူတစ်ယောက်နဲ့ စကားပြောနေချိန်မှာ သူ့ဆီမှာ အာရုံမရှိဘဲ မကြာခဏဘေးပတ်ဝန်းကျင် ဒါမှမဟုတ် တခြားအရာတွေကို အာရုံပြောင်းပြောင်းသွားတာမျိုးက ယဉ်ကျေးမှုနဲ့ လေးစားမှုမရှိရာ ရောက်သလို တစ်ဖက်လူကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ တစ်ကြိမ်တစ်ခါ ပြဿနာမရှိပေမယ့် ဒီလိုမျိုးကြာလာတဲ့အခါ ကိုယ့်ရဲ့အပြုအမူက ဆက်ဆံရေးမှာအဆိပ်အတောက်ဖြစ်စေတာ ကိုယ်မသိလိုက်နိုင်ပါဘူး။ ဒါ့ကြောင့် ကိုယ်အလေးထားတဲ့သူတွေအပေါ် အာရုံစိုက်ကြောင်းဖော်ပြပေးပါ။ တကယ်လည်း ဂရုစိုက်လျက်နဲ့ ဒီလိုခံစားချက်မျိုးနဲ့ သူတို့အထင်လွဲသွားတာမျိုး အဖြစ်မခံပါနဲ့။ဒါတွေလုပ်မိဖူးတယ် ဆိုလည်း ပြဿနာ မဟုတ်သေးပါဘူး။ ကိုယ်တွေက သူတော်စင်မဟုတ်လို့ ပြစ်ချက်ကင်း စင်ကြယ်လွန်းဖို့ မမျှော်လင့်ပါနဲ့။ သိတဲ့အချိန်ကစပြီးပြုပြင်ယူလို့ရပါတယ်။ ညစ်ပေစွန်းထင်းနေတဲ့အဝတ်အထည်တွေတောင်ဖြူစင်သန့်ရှင်းသွားအောင်လျှော်လို့ရသေးတာ၊ ကိုယ့်ကိုယ်ကိုလည်း ဖြူစင်ရိုးသားအောင် ဖွတ်လျှော်လို့ ရနိုင်ပါတယ်။ကိုယ့်အမူအကျင့်တွေမှာ အကောင်းအဆိုးကို မြင်နိုင်ဖို့သာ အရေးကြီးတာပါ။ ဒီလိုသိပြီ ဆိုတာနဲ့ ငါဒီထက် ပိုကောင်းအောင် လုပ်နိုင်ပါတယ် ဆိုတဲ့စိတ်ကို ခေါင်းထဲသွင်းပါ။ ကိုယ့်စိတ်ထဲက အဆိပ်အတောက်တွေကို တတ်နိုင်သလောက် ဖယ်ရှားပါ၊ တခြားသူကို အဆိပ်အတောက် မပေးမိအောင် ဂရုစိုက်ပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%a1%e1%80%95%e1%80%bc%e1%80%af%e1%80%a1%e1%80%99%e1%80%b0/
သွေးနီဥအရွယ်အစား သေးငယ်ပြီး သွေးအားနည်းခြင်း (Microcytic Anaemia)
ကိုယ်ခန္ဓာထဲမှာရှိတဲ့ သွေးနီဥဆဲလ်တွေပုံမှန်အလုပ်မလုပ်နိုင်တဲ့အခါ သွေးအားနည်းခြင်း ဖြစ်တတ်ပါတယ်။ သွေးနီဥများရဲ့ အရွယ်အစားဟာ ပုံမှန်ရှိသင့်တဲ့ အရွယ်ပမာဏထက် သေးငယ်နေတဲ့အတွက် သူတို့လုပ်ကိုင်ရမယ့် တာဝန်များကို မဆောင်ရွက်နိုင်ရင်လည်း သွေးအားနည်းတတ်ပါတယ်။ ဥပမာ သွေးနီဥဆဲလ်ဟာ သေးငယ်တဲ့အတွက်အောက်ဆီဂျင်ကို လုံလောက်စွာ မသယ်ဆောင်နိုင်တော့ပါဘူး။ သွေးနီဥဆဲလ် သေးငယ်ခြင်းကြောင့်သွေးအားနည်းခြင်းလို့ ခေါ်ဝေါ်ပါတယ်။ကိုယ်ခန္ဓာကနေ ဟေမိုဂလိုဘင်ကို လုံလောက်စွာ မထုတ်လုပ်နိုင်တဲ့ အခြေအနေတွေမှာ သွေးနီဥဆဲလ်သေးငယ်ပြီး သွေးအားနည်းခြင်း ဖြစ်တတ်ပါတယ်။ ဟေမိုဂလိုဘင်ဟာ သွေးနီဥဆဲလ်ကို အနီရောင်ရှိစေပြီး ကိုယ်ခန္ဓာအနှံ့ကို ပို့ဆောင်မယ့် အောက်ဆီဂျင်ကို သယ်ယူပေးပါတယ်။ သွေးနီဥဆဲလ် အရွယ်အစားကို သေးငယ်စေပြီး သွေးအားနည်းခြင်းကို ဦးတည်စေတဲ့ တခြားအကြောင်းအရာတွေ ရှိပါသေးတယ်။ ဒီပြဿနာကို ကုသဖို့အတွက် အကြောင်းအရင်းခံကို နားလည်သိရှိဖို့တော့ လိုအပ်ပါတယ်။သွေးနီဥဆဲလ်သေးငယ်ပြီး သွေးအားနည်းခြင်းဖြစ်ခဲ့ရင် စစချင်းမှာတော့ ဘာလက္ခဏာမှ မပြပါဘူး။ နောက်တဖြည်းဖြည်းနဲ့ ကြာလာတဲ့အခါ ပုံမှန်သွေးနီဥဆဲလ်တွေ နည်းပါးသွားခြင်းကြောင့် ကိုယ်ခန္ဓာအပေါ် သက်ရောက်မှုတွေရှိလာပြီး ရောဂါလက္ခဏာတွေ ပြလာပါတယ်။ တွေ့ရများတဲ့ လက္ခဏာတွေကတော့ –။– မောပန်းနွမ်းနယ်ခြင်း၊ ပင်ပန်းခြင်း။– သက်လုံမကောင်းခြင်း။– အသက်ရှူမဝခြင်း။– မူးဝေခြင်း။– အသားအရေဖျော့တော့ခြင်း စတာတွေပဲ ဖြစ်ပါတယ်။အထက်ပါလက္ခဏာတွေကို ခံစားနေရတာ နှစ်ပတ်ကျော်လောက်ကြာလာပြီး မသက်သာရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ မူးဝေခြင်း၊ အသက်ရှူမဝခြင်းကို ဆိုးဆိုးရွားရွားခံစားရရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသင့်ပါတယ်။သွေးနီဥတွေဟာ အရွယ်အစားသေးငယ်ပြီး ဟေမိုဂလိုဘင်လည်း နည်းပါးပါတယ်။ ဟေမိုဂလိုဘင်နည်းပါးတဲ့အတွက် အရောင်ဖျော့နေခြင်း ဖြစ်ပါတယ်။ သံဓာတ်ချိုတဲ့ပြီးဖြစ်တတ်တဲ့ သွေးအားနည်းခြင်းဟာလည်း ဒီအမျိုးအစားမှာ အကျုံးဝင်ပါတယ်။သံဓာတ်ကို စားသုံးမှုနည်းပါးခြင်း၊ ကိုယ်ခန္ဓာမှသံဓာတ်ကို လုံလောက်စွာ မစုပ်ယူနိုင်ခြင်း၊ သွေးဆုံးရှုံးမှုရှိခြင်း စတာတွေကြောင့် ဖြစ်တတ်ပါတယ်။ မျိုးရိုးဗီဇချို့ယွင်းခြင်းကြောင့် ဖြစ်တတ်တဲ့ သလာဆီးမီးယားသွေးအားနည်းခြင်းဟာလည်း ဒီအမျိုးအစားမှာ ပါဝင်ပါတယ်။ဒီအမျိုးအစားမှာတော့ ဟေမိုဂလိုဘင်ပုံမှန်ရှိတဲ့အတွက် သွေးအရောင်ဟာ လွန်ကဲစွာ ဖျော့တော့သွားခြင်း၊ အနီရင့်သွားခြင်း မရှိပါဘူး။ များသောအားဖြင့် နာတာရှည်ရောဂါတွေ၊ ရောင်ရမ်းခြင်းတွေကြောင့် ဖြစ်တတ်ပါတယ်။အဆုတ်တီဘီ၊ အေအိုင်ဒီအက်စ် စတဲ့ ကူးစက်ရောဂါများ၊ လေးဘက်နာအဆစ်ရောင်ခြင်း၊ ခရွန်းရောဂါ၊ ဆီးချိုစတဲ့နာတာရှည်ရောင်ရမ်းမှုကို ဖြစ်စေတဲ့ ရောဂါများ၊ကျောက်ကပ်ရောဂါ၊ ကင်ဆာရောဂါ စတာတွေကြောင့် ဖြစ်တတ်ပါတယ်။အဆိုပါ အခြေအနေတွေဟာ သွေးနီဥဆဲလ်ကို ပုံမှန်လုပ်ငန်းတွေ လုပ်ဆောင်နိုင်ခြင်း မရှိအောင် တားဆီးထားပါတယ်။အခြားအကြောင်းအရင်းတွေကတော့ ခဲဆိပ်သင့်ခြင်း၊ ကြေးနီဓာတ်နည်းခြင်း၊ ဇင့်ဓာတ်များခြင်း၊ အရက် အလွန်အကျွံသောက်ခြင်း၊ မူးယစ်ဆေး သုံးစွဲခြင်း စတာတွေ ဖြစ်ပါတယ်။အကြောင်းအရင်းပေါင်းစုံရှိတဲ့အတွက် ကုသမှုလည်း အမျိုးမျိုးရှိပါတယ်။ အဓိကအားဖြင့် သံဓာတ်နဲ့ ဗီတာမင် C ကို အားဆေးတွေအနေနဲ့ သောက်သုံးဖို့ လိုပါတယ်။ သံဓာတ်ဟာ သွေးအားနည်းခြင်းကို သက်သာစေပြီး ဗီတာမင် C ကတော့ ကိုယ်ခန္ဓာကနေ သံဓာတ်ကို ပိုမိုစုပ်ယူနိုင်ဖို့ ကူညီပေးပါတယ်။ အမျိုးသမီးများမှာဆိုရင် ဟော်မုန်းဆေးများပါ သုံးစွဲရတတ်ပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာရပါမယ်။ အရမ်းဆိုးရွားတဲ့ အခြေအနေမှာဆိုရင်သွေးသွင်းကုသမှုခံယူရတတ်ပါတယ်။ကာကွယ်ဖို့အတွက်ဆိုရင် သံဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေ စားသုံးရပါမယ်။ အမဲသား၊ ကြက်ဘဲ၊ ပဲအမျိုးမျိုး၊ အစိမ်းရင့်ရောင်ရှိတဲ့ အသီးအရွက်များ စတာတွေကို စားသုံးရပါမယ်။ သံဓာတ်စုပ်ယူမှုကို ပိုမိုတိုးတက်အောင်ဗီတာမင် C ကြွယ်ဝတဲ့ လိမ္မော်သီး၊ စတော်ဘယ်ရီ၊ သံပုရာ၊ ကိုက်လန်၊ ပန်းပွင့်စိမ်း စတာတွေကို စားသုံးသင့်ပါတယ်။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/anaemia/microcytic-anemia/
Aspirin Poisoning (အက်စ်ပရင်အဆိပ်မိခြင်း)
အက်စ်ပရင် ဆိုတာ အက်စီတိုင်ဆက်လီဆလစ်အက်စစ်၏ အခြားနာမည်တမျိုးဖြစ်သည် အနာသက်သာစေသောဆေးတမျိုးဖြစ်သည်။ အက်စ်ပရင် အဆိပ်မိခြင်း သည် အက်စ်ပရင်အား ပမာဏအများကြီးသောက်မိခြင်းသို့မဟုတ် ပမာဏ နည်းနည်အားထပ်ခါထပ်ခါသောက်ခြင်းတို့ကြောင့်ဖြစ်တတ်သည်။ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အက်စ်ပရင် အဆိပ်မိခြင်းရဲ့ အစောဆုံးရောဂါလက္ခဏာတွေကတော့ နားအူခြင်း နှင့် နားကောင်းကောင်းမကြားရတော့ခြင်းတို့ပါသည်။ ပိုတိကျသောရောဂါလက္ခဏာများမှာ အသက်ရူမြန်ခြင်း အန်ခြင်း ရေဓါတ်နည်းခြင်း ဖျားခြင်း နှစ်ထပ်မြင်ခြင်း နှင့် အားပျော့ခြင်းတို့ပါဝင်သည်။နောက်ပိုင်းတွင် လက္ခဏာများပိုသိသာလာသည်။ မူးခြင်း စိတ်ရှုပ်ထွေးခြင်း ကို့ရို့ကားယားနိုင်ခြင်း ပုံမှန်မဟုတ်သောလမ်းလျောက်ခြင်းနှင့် သတိမေ့ခြင်းတို့ထိဖြစ်တတ်သည်။အက်စ်ပရင်ကြောင့်ဖြစ်သောပုံမှန်မဟုတ်သောအသက်ရူခြင်းသည် မြန်သည် ပြင်းသည်။ အန်ခြင်းသည် ၃ နာရီမှ ၈ နာရီအက်စ်ပရင်သောက်ပြီးချိန်တွင်ဖြစ်တတ်သည်။ အသက်ရူမြန်ခြင်း အန်ခြင်းနှင့်ဖျားခြင်းတို့ကြောင့် ပြင်းထန်သောအသက်ရူမြန်ခြင်းတို့ဖြစ်လာနိုင်သည်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာအောက်ဖော်ပြပါအချက်အလက်တွေထဲကတစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။အက်စ်ပရင်သောက်နေရင်းမှ နားအူလာခြင်း။စိုးရိမ်ကြောင့်ကြခြင်း ဖျားခြင်း တက်ခြင်း သတိမေ့သွားခြင်း စိတ်ရှုပ်ထွေးခြင်း မေ့မျောသွားခြင်း။သွေးပေါင်ချိန်ကျခြင်း။နှလုံးခုန်နှုန်းမြန်ခြင်း။အသက်ရူနှုန်းမြန်ခြင်း။တရွှီရွှီမည်ခြင်း။ပျို့ခြင်း နှင့် အန်ခြင်း။သွေးထွက်ခြင်း။ထင်ယောင်ထင်မှားဖြစ်ခြင်း။ခေါင်းတရိပ်ရိပ်မူးနေခြင်း။အကြောင်းအများကြီးရှိပါသည်။ အချို့သူများက အဆိပ် သို့မဟုတ် အဆိပ်ကဲ့သို့အရာများအား ရည်ရွယ်ချက်ရှိရှိ သောက်ကြသည်။ အချို့သောရည်ရွယ်ချက်များမှာ။ကိုယ့်ကိုကိုသတ်သေခြင်း။သူတစ်ပါး၏ဂရုစိုက်မှုကိုလိုလား၍။ကလေးအားနှိပ်စက်မှု။ကလေးများတွင် အများဆုံးမတော်မဆသောက်မိ၍ အဆိပ်မိခြင်း တမျိုးတွင် အက်စ်ပရင်အဆိပ်မိခြင်းပါသည်။ လုံခြုံအောင်လုပ်ဆောင်ချက်များ ဥပမာ ကလေးမဖွင့်နိုင်သောထုတ်ပိုးမှုများက အများကြီးကူညီပေးနိုင်သည်။ကလေးများနှင့် အသက်ကြီးသူများတွင် ဆေးပမာဏ မမှန်ကန်စွာသောက်သုံးမှုများကြောင့် အက်စ်ပရင်အဆိပ်မိခြင်းဖြစ်နေသည်။ ဆေးပေါင်းများစွာ ( ဆေးဆိုင်တိုင်းတွင်ဝယ်နိုင်သောဆေး နှင့် ဆရာဝန်ညွန်ကြားချက်နှင့်သောက်ရသောဆေး) တွင် အက်စ်ပရင် သို့မဟုတ် အက်စ်ပရင်ကဲ့သို့သောပစ္စည်းများပါနေတတ်သည်။ အကယ်၍ ထိုဆေးများကိုပေါင်းစပ်သောက်ခြင်း ပမာဏမမှန်ကန်ခြင်း သို့မဟုတ် အချိန်ကြာရှည်စွာသောက်သုံးခြင်းတို့မှ ရည်ရွယ်ချက်မရှိပဲအဆိပ်မိတတ်သည်။ ထိုကိစ္စများသည် အသက်ကြီးပြီး နှာတာရှည်ရောဂါခံစားနေရသူတွင်ပိုဖြစ်တတ်သည်။အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သွေးစစ်ခြင်းဖြင့် သွေးထဲရှိ အက်စ်ပရင်ပမာဏကိုသိနိုင်သည်။ သွေးထဲရှိ ပီအိတ် ( အက်စစ်ပမာမ)နှ င့် ကာဗွန်ဒိုင်အောက်စိုက်နှင့် ဘိုင်ကာဗွန်နိတ် တိုင်းတာခြင်းများကလဲ အဆိပ်သင့်ခြင်းပြင်းထန်မှုကိုသိနိုင်သည်။ ကုသနေချိန်တွင် ထိုတိုင်းတာချက်များကိုထက်ခါသလဲလဲလုပ်ခြင်းဖြင့် ထိုလူနာပြန်ကောင်းလာမလာသိနိုင်သည်။လှုူံ့ဆော်ထားသော မီးသွေး။ဆိုဒီယန် ဘိုင်ကာဗွန်နိတ် နှင့် ပိုတက်စီယန် သွေးကြောမှတဆင့်ပေးသည်။တခါတရံသွေးမှ အဆိပ်သန့်စင်နည်းကိုလဲသုံးသည်။နှုံဆော်ထားသော မီးသွေးကို တတ်နိုင်သမျှအစောဆုံးပေးခြင်းဖြင့် အက်စ်ပရင်စုပ်ယူခြင်းကိုလျော့ချနိုင်သည်။ အတန်သင့် နှင့် ပြင်းထန်သောအဆိပ်သင့်ခြင်းအတွက် ဆိုဒီယန်ဘိုင်ကာဗွန်နိတ်ပါသောအရည်ကို သွေးကြောမှတဆင်ပေးသည်။ ကျောက်ကပ်ပျက်စီးခြင်းမရှိပါက ပိုတက်စီယန်ကို အရည်ထဲသို့ပေါင်းပေးသည်။ ထိုအရည်သည် အက်စ်ပရင်အား သွေးကြောထဲမှ ဆီးထဲကိုပြောင်းသွားစေသည်။ အခြားကုသမှုများလုပ်နေသော်လည်း လူနာအခြေအနေပိုဆိုးလာပါက သွေးမှအဆိပ်သန့်ခြင်း( ကျောက်ကပ်အတုပုံစံဖြင့် အဆိပ်များသန့်ဆင်ခြင်း)ဖြင့် အက်စ်ပရင် အခြား ဆလီစလိတ်နှင့် အက်စစ်တို့အားသွေးထဲမှထုတ်ပေးနိုင်သည်။ အခြားသော ရောဂါလက္ခဏာများ ဥပမာ ဖျားခြင်း တတ်ခြင်းတို့အား လိုအပ်သလိုကုပါ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် အက်စ်ပရင်အဆိပ်သင့်ခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။ဆေးများအား ဆရာဝန်သို့မဟုတ် ဆေးဝါးပညာရှင် ညွန်ကြားသည့်အတိုင်းသာသောက်သင့်သည် ။ အခြားသူအတွက် ဆေးညွန်ကြားချက်အား သင်မသောက်သုံးပါနှင့်။ကလေးများအား မတော်မဆဆေးသောက်မိခြင်းမှကာကွယ်ပေးပါ။ ဆေးတိုင်းအား ကလေးမဖွင့်နိုင်သော ဆေးဗူးများဖြင့်သိမ်းသင့်သည်။ ကလေးမမြင်နိုင်သောနေရာ သော့ခတ်ထားသော ဗီရိုများတွင်သိမ်းသင့်သည်။သတ်သေရန်ချိန်းခြောက်မှုများအား အလေးအနက်ထားပ်။ဆရာဝန်အားဆေးကြောင့်ရသည့် အရင်က မကောင်းသော ဆိုးကျိုးများ နှင့် ယခုမှပေါ်လာသောလက္ခဏာများအားလုံးအားပြောပြပါ။သတ်မှတ်ထားသောဆေးပမာဏထက်ဘယ်တော့မှပိုမသောက်ပါနှင့်၊။သင်သောက်နေသောဆေးအားလုံးအားဆရာဝန်ကိုပြောပြပ်။ ဆေးဆိုင်တိုင်းတွင်ရသောဆေး သောက်နေပါကလည်းပြောပြပေးပါ။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/aspirin-poisoning-%e1%80%a1%e1%80%80%e1%80%b9%e1%80%85%e1%80%b9%e1%80%95%e1%80%9b%e1%80%84%e1%80%b9%e1%80%a1%e1%80%86%e1%80%ad%e1%80%95%e1%80%b9%e1%80%99%e1%80%ad%e1%80%bb%e1%80%81%e1%80%84%e1%80%b9/
သွေးအားနည်းရောဂါ (Anemia)
သွေးအားနည်းရောဂါ ဆိုတာက ကမ္ဘာ့လူဦးရေ သုံးပုံတစ်ပုံလောက် ခံစားနေရတဲ့ကျန်းမာရေးပြဿနာတစ်ခုပါ။ အဖြစ်များတဲ့သွေးရောဂါတစ်မျိုးပေါ့။ သွေးအားနည်းတာက အချို့သောကျန်းမာရေးပြဿနာတွေရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတစ်ခုဆိုလည်း မမှားပါဘူး။ဒီဆောင်းပါးလေးထဲမှာ သွေးအားနည်းရောဂါ (Anemia) နဲ့ပတ်သက်ပြီး ပြောပြပေးသွားပါမယ်။ခန္ဓာကိုယ်ထဲကသွေးနီဥဆဲလ်ထဲမှာ ဟေမိုဂလိုဘင်ဓာတ်တွေ နည်းသွားတဲ့အခါ သွေးအားနည်းရောဂါ (Anemia) ဖြစ်လာပါတယ်။ သွေးနီဥဆဲလ်တွေက ခန္ဓာကိုယ်က တစ်ရှူးတွေဆီကို အောက်ဆီဂျင်တွေသယ်ပို့ပေးတာပါ။သွေးနီဥဆဲလ်အရေအတွက် နည်းသွားတဲ့အခါ  ကိုယ်ထဲမှာအောက်ဆီဂျင်ပမာဏကျသွားတတ်ပါတယ်။ သွေးအားနည်းရောဂါရဲ့ အတွေ့ရ အများဆုံး လက္ခဏာက ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့တစ်ရှူးတွေနဲ့အင်္ဂါအစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင် လုံလောက်အောင် မရောက်ရှိတာပါ။သွေးအားနည်းရောဂါ ခံစားနေရသလားဆိုတာကို သွေးနီဥဆဲလ်တွေထဲက ပရိုတင်း တစ်မျိုးဖြစ်တဲ့ ဟီမိုဂလိုဘင်ကို တိုင်းတာပြီး သိရှိနိုင်ပါတယ်။ အမျိုးသမီးတွေနဲ့ ကင်ဆာလိုမျိုးနာတာရှည်ရောဂါတွေ ခံစားနေရသူတွေမှာ သွေးအားနည်းရောဂါ ဖြစ်နိုင်ခြေ များပါတယ်။သွေးအားနည်းရောဂါ ခံစားရတဲ့အခါ များသောအားဖြင့်ပင်ပန်းနွမ်းနယ်တာကို ခံစားရနိုင်ပါတယ်။ ဒီလက္ခဏာအပြင်။ဒါပေမယ့် သွေးအားနည်းရောဂါက အရမ်းမပြင်းထန်တဲ့အခါ လက္ခဏာ မပြတာ၊ လက္ခဏာ ခပ်ပျော့ပျော့လေးတွေပဲ ပြတာမျိုး ခံစားရနိုင်ပါတယ်။သွေးအားနည်းတာက လက္ခဏာတစ်ခုဖြစ်တာကြောင့် ဖြစ်ရတဲ့အကြောင်းရင်းပေါ် မူတည်ပြီး လက္ခဏာလေးတွေ အနည်းငယ်ကွာခြားနိုင်ပါတယ်။သွေးအားနည်းရောဂါကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေက တစ်ခုမကပါဘူး။သံဓာတ်ချို့တဲ့မှုက သွေးအားနည်းရောဂါကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းပါ။ သွေးဆုံးရှုံးမှုကြောင့်လည်း သွေးအားနည်းရောဂါ ဖြစ်စေနိုင်ပါတယ်။ သွေးထဲမှာ သံဓာတ်ချို့တဲ့တာကလည်း သွေးအားနည်းရောဂါကို ဖြစ်စေတဲ့ အကြောင်းအရင်းပါ။−အစာခြေစနစ်ဆိုင်ရာ ကျန်းမာရေးပြဿနာတွေ အနာရှိတာ၊ လိပ်ခေါင်း၊ ကင်ဆာ၊ အစာအိမ်အနာ။−ဆေးတွေသောက်သုံးနေရတာ၊ ဥပမာ အရောင်ကျဆေးတွေ။ အက်စပရင်၊ ibuprofen။−ရာသီသွေးဆင်းများခြင်း စတာတွေပါ။သွေးကင်ဆာလိုမျိုး ရောဂါ ခံစားနေရတာ၊ ကိုယ်ထဲမှာ သွေးနီဥဆဲလ်တွေကို ပျက်စီးစေတာ ဒါမှမဟုတ် သွေးနီဥဆဲလ် အရေအတွက်ကို ပျက်စီးစေတဲ့ ရောဂါမျိုး ခံစားနေရမယ်ဆိုရင်လည်း သွေးအားနည်းရောဂါကို ခံစားရနိုင်ပါတယ်။သွေးနီဥဆဲလ်တွေဟာ သွေးကြောတွေထဲမှာ ရက်ပေါင်း ၁၂၀ အထိ ရှင်သန်နိုင်ကြပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်က သူတို့ရဲ့ သက်တမ်း မပြည့်ခင်မှာ သွေးနီဥဆဲလ်တွေကို ပျက်စီးပစ်နိုင်သလို ဖယ်ရှားပစ်နိုင်ပါတယ်။ဒီလိုဖျက်စီးမှုက ကိုယ်ခံအားက မှားယွင်းတိုက်ခိုက်တာကြောင့်လည်း ဖြစ်နိုင်သလို ပြင်ပကအရာတစ်ခုခုက ဖျက်စီးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ဒီအချက်တွေအပြင်။သွေးအားနည်းရောဂါ ခံစားနေရသလားဆိုတာကို။များသောအားဖြင့် ခံစားနေရတဲ့ လက္ခဏာနဲ့ ဖြစ်ရတဲ့ အကြောင်းရင်းပေါ်လိုက်ပြီး စစ်ဆေးရတာတွေ ကွာခြားနိုင်ပါတယ်။သွေးအားည်းရောဂါက ခံစားနေရတဲ့ အခြေအနေပေါ်မူတည်ပြီး ကုသပုံတွေ ကွာခြားနိုင်ပါတယ်။သွေးအားနည်းရောဂါက သံဓာတ်၊ ဗီတာမင် B-12 နဲ့ ဖောလိတ်တို့ ချို့တဲ့တာကြောင့် ဖြစ်မယ်ဆိုရင် အာဟာရပြည့်ဝအောင် စားသုံးစေတာ၊ ဖြည့်စွက်အာဟာရတွေ မှီဝဲစေတာတွေ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ လိုအပ်မယ်ဆိုရင် အစာခြေစနစ်က ဗီတာမင် B-12 ကို ကောင်းကောင်းစုပ်ယူနိုင်စေဖို့အတွက် ဆေးထိုးပေးမှာပါ။ ရောဂါအခံကြောင့်ဆိုရင်တော့ ရောဂါအလိုက် ကုသမှု ခံယူဖို့ လိုမှာဖြစ်ပါတယ်။သွေးအားနည်းရောဂါကို ကာကွယ်ဖို့အတွက် အာဟာရကို ပြည့်ဝအောင်စားဖို့လိုပါမယ်။ အာဟာရတွေထဲကနေ လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ သံဓာတ်တွေကို ပြည့်ဝလုံလောက်အောင် မရရှိဘူးဆိုရင် ဖြည့်စွက်အာဟာရတွေ မှီဝဲလို့ ရပါတယ်။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/anaemia/anemia/
ဆရာဝန်မှ ရင်သားအား ကိုင်တွယ်စမ်းသပ်ခြင်း
ရင်သားအားကိုင်တွယ်ကြည့်ရှူစစ်ဆေးခြင်းအား အမျိုးသမီးတိုင်းသည် အိမ်မှာ မိမိဘာသာပြုလုပ်နိုင်သော်လည်းဆရာဝန်တစ်ယောက်၏။ရင်သားစစ်ဆေးမှုမှာ ဆေးပညာအရ ရင်သားအားကိုင်တွယ်ကြည့်ရှူစစ်ဆေးခြင်းဟုခေါ်ပြီး ကျန်းမာရေးကျွမ်းကျင်ပညာရှင်တစ်ဦးမှသာပြုလုပ်နိုင်သည်။ထိုဆရာဝန်သည် ပုံမှန်မဟုတ်သောရင်သား၏ရောဂါ သတိပေးလက္ခဏာရပ်များကိုသိရှိနိုင်ရန်လည်းလေ့ကျင့်သင်ကြားခံထားရသူဖြစ်သည်။ထိုရင်သားစမ်းသပ်စစ်ဆေးခြင်းသည် ရင်သားကင်ဆာကို စောစီးစွာစမ်းသပ်တွေ့ရှိနိုင်ရန်အရေးကြီးသည်။မိန်းမတိုင်းသည် အမျိုးသမီးအထူးကုဆရာဝန်မှ ဖြစ်စေ မိသားစုဆရာဝန်မှဖြစ်စေ ထိုစစ်ဆေးမှုကို 1နှစ်(သို့)3နှစ်တိုင်း အသက်20မှ စ၍ခံယူသင့်ပြီး အသက်လေးဆယ်နှင့်အထက်ဖြစ်ပါက တစ်နှစ်တစ်ကြိမ်ခံယူသင့်ပါသည်။ရင်သားကိုင်တွယ်ကြည့်ရှူစစ်ဆေးခြင်းဖြင့် အကျိတ်လုံးအများစုကို တွေ့ရှိသွားနိုင်သော်လည်း အတွေ့ကြုံရှိဆရာဝန်၏စမ်းသပ်မှုမှတဆင့်သာ။လူနာမှ မဖော်ပြထားသော သံသယရှိနိုင်သည့် ရောဂါနေရာနှင့် လက္ခဏာရပ်များကိုတွေ့ရှိနိုင်သည်။ အောက်ပါ အခြေအနေများတွေ့ရှိရပါက သင်သည် သင်၏ဆရာဝန်ကို ရင်သားစစ်ဆေးဖို့ပြင်ဆင်ပေးရန် အကြောင်းကြားသင့်ပါသည်။သင်၏ရင်သားတွင် အကျိတ်တခုခုပေါ်လာခြင်း (သို့)ပြောင်းလဲမှုတခုခုဖြစ်နေခြင်း ဥပမာ ပုံစံပြောင်းနေခြင်း(သို့)နို့မှ ပုံမှန်မဟုတ်သော။အရည်များထွက်နေခြင်း၊နို့သီးခေါင်းများချိုင့်ဝင်နေခြင်း။(အချို့မိန်းမများတွင် နဂိုကတည်းက နို့သီးခေါင်းချိုင့်ဝင်နေတတ်ပြီး ထိုအရာမှာ ပုံမှန်ဖြစ်သည်။ သို့သော်သင်၏နို့သီးခေါင်းများတွင် နဂိုပုံမဟုတ်ပဲပြောင်းလဲမှုရှိပါက သင်၏ဆရာဝန်ကိုပြောပါ။)။သင်၏ရာသီကြောင့်မဟုတ်ပဲရင်သားတစ်ဖက် (သို့) နှစ်ဖက်လုံးတွင် နာကျင်ခြင်း၊ကိုယ်ဝန်ရှိနေခြင်း၊နို့တိုက်ရခြင်း၊ရင်သား။အစားထိုးထားခြင်း၊ရင်သား၏အသားစအားထုတ်ယူစစ်ဆေးထားရခြင်း၊ရင်သားကင်ဆာမျိုးရိုးရှိခြင်း စသည်ဖြင့် ဖြစ်ကြသည်။ရင်သားအားစစ်ဆေးရန်အကောင်းဆုံးအချိန်မှာ သင်၏ရာသီပြီးပြီးချင်း 1ပတ်2ပတ်အကြာတွင်သာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင်ရာသီလာနေစဉ်အတွင်းတွင် ရင်သားများသည် နာကျင်ရောင်ရမ်းနေနိုင်၍ဖြစ်သည်။စမ်းသပ်မှုမစခင်တွင် သင်၏ဆရာဝန်သည် ရာသီရက်များနှင့် ကိုယ်ဝန်ရှိမရှိ အပါအဝင်သင်၏ရောဂါရာဇဝင်နှင့် ပတ်သတ်သည့်သတင်းအချက်အလက်များကို မေးမြန်းတတ်သည်။စမ်းသပ်မှုပြုလုပ်ရန်ခါးအထိသင်သည် အဝတ်အစားချွတ်ထားရပြီး စစ်ဆေးစဉ်တွင် သင်၏ဆရာဝန်သည် သင်၏ရင်သားပုံစံနှင့်အရွယ်အစား၊။ပုံသဏာန်တို့ပြောင်းလဲမှု(သို့)ညီညာမှုရှိမရှိတို့ကိုလေ့လာရှာဖွေစစ်ဆေးတတ်သည်။ အချို့သောကိုယ်နေဟန်ထားများကိုလည်း လုပ်ခိုင်းတတ်သည်။ဥပမာ လက်နောက်ပစ်ပြီး ခါးကိုင်းခိုင်းခြင်း၊လက်မြှောက်ခိုင်းခြင်း၊ခါးထောက်ခိုင်းခြင်းစသည်ဖြင့်ဖြစ်သည်။ထိုသို့ပြုလုပ်ခြင်းသည် ရင်သားများ၏ကွဲပြားနေမှုပုံစံများကို ဆရာဝန်များအားပိုမိုမြင်သာစေသောကြောင့်ဖြစ်သည်။ ရင်သား၏အရေပြားတွင်လည်း ပုံမှန်မဟုတ်သောအရာများ၊ချိုင့်ဝင်ခြင်းနှင့် အနီကွက်များ၊အနာများရှိမရှိကိုစစ်ဆေးရသည်။ သင်၏ဆရာဝန်သည် နို့သီးခေါင်းကိုညှစ်ကာနို့မှ အရည်များထွက်မထွက်ကိုလည်းစစ်ဆေးတတ်သည်။ အကယ်၍အရည်ထွက်ပါက ထွက်လာသည့်အရည်ကို အနုကြည့်မှန်ပြောင်းအောက်စစ်ဆေးရန် အရည်နမူနာယူထားတတ်သည်။ စစ်ဆေးမှုအပြီးတွင် မည်သို့မိမိရင်သားအားကြည့်ရှူစစ်ဆေးရမည်နှင့် ထိုအလေ့အကျင့်ရှိရန် ကိုလည်း သင်ကြားပေးခံရနိုင်သည်။သင်၏ရင်သားများကိုထိလျှင်နာကျင်မှုရှိမနေပါက ပုံမှန်အားဖြင့် ရင်သားကိုင်တွယ်ကြည့်ရှူစစ်ဆေးခြင်းသည် သင့်အားနေမထိထိုင်မသာမဖြစ်စေပါ။ ပို၍ပြောရလျှင်ထိုသို့ရင်သားစစ်ဆေးခြင်းသည်မည်သည့်ဘေးဥပဒ်ကို မှမဖြစ်စေနိုင်ပါ။ဆရာဝန်၏ ရင်သားကိုင်တွယ်ကြည့်ရှူစစ်ဆေးခြင်းသည် ပြင်းထန်သည့် ရင်သားကင်ဆာကဲ့သို့သော ရောဂါများ၏ လက္ခဏာဖြစ်သည့်။အကြိတ်(သို့)ရင်သား၏ပြောင်းလဲမှုများကိုတွေ့ရှိရန်ကူညီနိုင်ပြီး အခြားသော ကုသရန်လိုအပ်သည့် ရင်သားရောဂါများကိုလည်း စမ်းသပ်သိရှိနိုင်ပါသည်။ဥပမာ ရင်သားရောင်ရမ်းရောဂါ(သို့)Fibroadenomaရောဂါတို့ဖြစ်သည်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-tests-health/%e1%80%86%e1%80%9b%e1%80%ac%e1%81%80%e1%80%94%e1%80%b9%e1%80%99%e1%80%bd-%e1%80%9b%e1%80%84%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%80%80%e1%80%ad%e1%80%af%e1%80%84%e1%80%b9/
ဗူးမှုတ်တတ်တဲ့ကလေးတွေ စကားပိုတတ်လွယ်
ဗူးမှုတ်တတ်တဲ့ ကလေးတွေ စကားပိုတတ်လွယ် တယ်လို့ ပြောရတာကနှုတ်ခမ်း လှုပ်ရှားမှုတွေနဲ့ ကလေးရဲ့ ဘာသာစကား စွမ်းရည်တွေကြားမှာ ဆက်နွှယ်မှု ကြီးမားတယ်လို့ သုတေသီတွေက ပြောပါတယ်။ကလေးတွေကို လျှာနဲ့ နှုတ်ခမ်း သပ်တတ်အောင် သင်ပေးတာ၊ ဗူးမှုတ်ဖို့ သင်ပေးတာ၊ ကစားနည်း လုပ်ပေးတာကမှစကားလုံးတွေအသံ ထွက်တတ်လာအောင် သူတို့ရဲ့သင်ယူလေ့လာနိုင်စွမ်းကို ပိုကောင်းစေမယ်လို့ ဆိုပါတယ်။သုတေသနမှာ အသက် တစ်နှစ်ခွဲ အရွယ် ကလေးငယ် အယောက် ၁၂၀ ကျော်ကို လေ့လာခဲ့ပါတယ်။ ဒီအရွယ်မှာ ကလေးတွေက စကားလုံးအသစ်တွေ သင်ယူမှု ပိုမြန်တာ ဖြစ်ပါတယ်။ လေ့လာမှု ရလဒ်တွေ အရ နှုတ်ခမ်း လှုပ်ရှားမှု သိပ်မရှိတဲ့ ကလေးတွေဟာ ဘာသာစကား စွမ်းရည်မှာ အားနည်းကြတယ်လို့ သုတေသီDr Katie Alcockကပြောပါတယ်။ကလေးတွေကို နှုတ်ခမ်းလှုပ်ရှားမှုများများလုပ်ရတဲ့ ကစားနည်းတွေ ကစားပေးတဲ့၊ ချော့မြှူတဲ့မိဘတွေနဲ့ဆို ကလေးကစကားပိုတတ်ကြတယ်လို့ သုတေသနကထောက်ပြခဲ့ပါတယ်။“ကလေးတွေက တစ်နှစ်ခွဲ ရောက်တဲ့ အခါ ထက်ဝက်လောက်က စကားလုံး ၁၀၀ လောက် စပြောတတ်နေပြီး စာကြောင်းတွေပါ ဆက်ပြီးပြောတတ်နေပြီ။ နောက်တစ်ဝက် ကတော့ မရဘူး။ ကလေးတွေရဲ့ ၅ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်း လောက်က စကား တတ်တာ အရမ်း နည်းတယ်။” လို့ သူက ပြောပါတယ်။ကလေးကို စကား တတ်စေချင်၊ ဘာသာစကား ကျွမ်းကျင်စေချင်ရင် ဗူးမှုတ်မှာကို မကြောက်ပါနဲ့။ ဝမ်းသာလိုက်ပါ။ ဒီနည်းလေးတွေနဲ့ ကလေးရဲ့ လေ့လာသင်ယူမှုမှာ ကူညီပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/speaking-is-easier-for-children-who-blow-bubbles/
Acetaminophen Poisoning (ပါရာစီတမော အဆိပ်သင့်ခြင်း)
ပါရာစီတမောပါဝင်တဲ့ အလွယ်တကူဝယ်လို့ရတဲ့ အနာသက်သာဆေးတွေဟာ အမျိုးပေါင်း၁၀၀ကျော်လောက်ရှိပါတယ်။ တကယ်လို့တူညီတဲ့ ပါရာစီတမောကို တံဆိပ်မျိုးစုံတို့ကို တစ်ချိန်တည်းမှာ သောက်လိုက်မိပါက လူတစ်ယောက်ဟာ ပါရာစီတမော အများကြီးကို မသိလိုက်ပဲ သောက်မိသလို ဖြစ်သွားနိုင်ပါတယ်။ ကလေးတွေအတွက်ဆိုပြီး ပါရာစီတမောကို အရည်ပုံစုံ၊အခဲပုံစံတွေ လာတဲ့အတွက် မိဘတွေက အရည်တွေအခဲတွေ မျိုးစုံကို ပါရာစီတမော တစ်မျိုးထဲပါတာကို နားမလည်ပဲ တစ်ပြိုင်နက်တည်းတိုက်မိမယ်ဆိုပါက ဒါမှမဟုတ် နာရီအနည်းငယ်အတွင်း တစ်မျိုးပြီးတစ်မျိုးပြောင်းတိုက်မိပါက ကလေးတွေမှာ ဒုက္ခရောက်နိုင်ပါတယ်။ပါရာစီတမောဆိုတာက ပမာဏအများကြီးသုံးတဲ့အထိကို စိတ်ချရတဲ့ ဆေးဖြစ်တယ်လို့ဆိုနိုင်ပါတယ် သို့သော် ဒီဆေးက လုံး၀ အန္ထရာယ်ကင်းတယ်လို့တော့ပြောလို့မရပါတယ်။ အဆိပ်သင့်တဲ့အထိဖြစ်ဖို့ဆိုရင်တော့ ပါရာစီတမောကို သတ်မှတ်ထားတဲ့ပမာဏထက် အကြိမ်များစွာ သောက်လိုက်မှသာ အဆိပ်သင့်ပါမယ်။ဥပမာအားဖြင့် လူတစ်ယောက်က ၆၈ကီလိုဂရမ်လေးတယ်ဆိုပါက၃၂၅မီလီဂရမ်ပါဝင်တဲ့ ပါရာစီတမော အလုံး၃၀သောက်ပါကအဆိပ်သင့်စေတဲ့အနေအထားကိုရောက်နိုင်ပြီး တစ်ခါတည်း အဆိပ်သင့်ခြင်းဖြစ်စေနိုင်ပါတယ်။ တကယ်လို့ လူတစ်ယောက်က၃၂၅မီလီဂရမ်ပါတဲ့ အလုံးရေ ၄၀လောက်သောက်မှသာ သေတဲ့အထိဖြစ်နိုင်ပါတယ်။ ထို့ကြောင့် ပါရာစီတမောကို တစ်ခါတည်း အများကြီးသောက်လိုက်မိတယ်ဆိုကတည်းက မတော်တဆကြောင့် မဟုတ်ဖူးဆိုတာ သိသာပါတယ်။အဆိပ်အတောက်ဖြစ်ခြင်းဟာ တကယ်လို့ ပမာဏအနည်းငယ်ကိုခဏခဏ သောက်နေမယ်ဆိုပါက လည်းဖြစ်နိုင်ပါသေးတယ်။ တကယ်လို့ အဆိပ်ဖြစ်စေတဲ့ပမာဏဆိုပါက အသည်းကို ထိခိုက်နိုင်ပြီး အသည်းပျက်စီးတဲ့အထိ ဖြစ်နိုင်ပါတယ်။အခြားအချက်အလက်တွေသိရဖို့ သင့်ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးပါ။ပါရာစီတမော အဆိပ်သင့်ခြင်းရဲ့ ရောဂါလက္ခဏာတွေကဘာတွေလဲ။ပါရာစီတမော အဆိပ်သင့်ခြင်းရဲ့ ရောဂါလက္ခဏာတွေကတော့။-ပျို့ခြင်း။-အန်ခြင်း။-နေထိုင်မကောင်းခြင်း။-အစားမစားချင်ခြင်း ဒါမှမဟုတ် အစားအသောက်ပျက်ခြင်း။-ဗိုက်နာခြင်း။-စိတ်ရှုပ်ထွေးခြင်း။ပါရာစီတမောကို ပမာဏအများကြီး သောက်ပြီးပြီးချင်း တန်းပြီး အဆိပ်သင့်လက္ခဏာတွေ မပြတတ်ပါဘူး။ သင်က အဆိပ်သင့်ပမာဏထိသောက်ပြီးတာတောင် ဘာလက္ခဏာမှမပြပဲ ၂၄နာရီအထိနေနိုင်ပါတယ်။သင်က သင့်ဆီမှာ ပါရာစီတမော အများကြီးသောက်မိတယ်လို့ သံသယရှိပါက သင့်ဆရာဝန် ဒါမှမဟုတ် အဆိပ်အတောက်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုစင်တာ ဒါမှမဟုတ် အရေးပေါ်ကျန်းမာရေးဌာနကို ခေါ်ကိုခေါ်ရပါမယ်။ခြုံပြီးပြောရမယ်ဆိုရင်တော့ ပါရာစီတမောအဆိပ်သင့်လို့ တစ်ယောက်ယောက်က သံသယရှိရင်တော့ ဘာလက္ခဏာမှမပြသေးခင် ဆေးကုသမှုကို အမြန်ဆုံးခံယူတာအကောင်းဆုံးပါပဲ။ စောစောစီးစီး ကုသမှုခံယူထားပါက တအားဆိုးရွားတဲ့အခြေအနေတွေကို မရောက်စေနိုင်တော့ပါဘူး။အောက်ပါအခြေအနေတွေရှိပါက အရေးပေါ်ကျန်းမာရေးဌာနကို ဆက်သွယ် ပါ။တကယ်လို့ လူတစ်ယောက်က ပါရာစီတမောအများကြီးသောက်မိပြီး သတိလစ်ခြင်း၊ သတိလစ်ခါနီးဖြစ်ခြင်း ဒါမှမဟုတ် အသက်မရှုတော့ရင် ကျန်းမာရေးဌာနကို အမြန်ဆက်သွယ်ပါ။အဆိပ်သင့်တာနဲ့ဆိုင်တဲ့ထိန်းချုပ်မှုဌာကနေ သွားခိုင်းပါက ဆေးရုံက အရေးပေါ်ဌာနကိုအမြန်သွားပါ။ တကယ်လို့ ဘယ်လိုပုံစံ။နဲ့ ဘယ်လောက်ပမာဏသောက်မိတယ်ဆိုတာကို မသေချာပါကလည်း အရေးပေါ်စောင့်ရှောက်မှုခံယူဖို့လိုပါတယ်။ တကယ်လို့ ကလေးတစ်ယောက် လူကြီးတွေကွယ်ရာမှာ ပါရာစီတမောတွေအများကြီးသောက်မိတယ်ဆိုပါကလည်း ကျန်းမာရေးစောင့်ရှောက်မှု အမြန်ခံယူပါ။အကယ်၍အထက်တွင်ဖော်ပြခဲ့သောရောဂါလက္ခဏာများ ဖြစ်ပေါ်လျှင်လည်းကောင်း၊ မေးလိုသည်များရှိလျှင်သော်လည်းကောင်းဆရာဝန်နှင့်သာ ပြသသင့်ပါသည်။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှုသည် တစ်ဦးနှင့်တစ်ဦးမတူညီကြပါ။ သင့်ရောဂါအခြေအနေအတွက် ဘာကအကောင်းဆုံးလဲဆိုတာကိုဆရာဝန်နှင့် ဆွေးနွေးခြင်းကသာအမှန်ကန်ဆုံးဖြစ်ပါသည်။ပါရာစီတမောအဆိပ်သင့်ခြင်းကြောင့်ရတဲ့ နာမကျန်းဖြစ်မှုဟာ အဓိကအားဖြင့် အသည်းပျက်စီးမှုကြောင့် ဖြစ်ရပါတယ်။ပါရာစီတမောကို အသည်းကနေ ပထမဆုံး ခြေဖျက်ရပါမယ်။ ပါရာစီတမော အများကြီး သောက်မိပါက အသည်းရဲ့ ပုံမှန် အလုပ်လုပ်ပုံကို ပျက်သွားစေနိုင်ပါတယ်။တကယ်လို့ အသည်းက အစကတည်းက ပိုးဝင်လို့ အရက်သောက်လို့ တစ်ခြားနာမကျန်းဖြစ်မှုကနေ ပျက်စီးထားတယ်ဆိုပါက ပါရာစီတမောအများကြီး ဝင်ခြင်းကနေ ပိုဆိုးစေပါတယ်။အဲ့ဒါကြောင့်ပဲ အသည်းမကောင်းတဲ့လူနာတွေ အရက်တအားသောက်တဲ့လူတွေဟာ ပါရာစီတမောနဲ့ ပါရာစီတမောပါတဲ့ ဆေးတွေသောက်တော့မယ်ဆိုပါက သူတို့ဆရာဝန်နဲ့ မသောက်ခင် တိုင်ပင်သင့်ပါတယ်။ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဆိုင်ရာဌာနကတော့ပါရာစီတမောပါတာသောက်မယ်ဆိုပါက အရက်သေစာ မသောက်စားဖို့ အကြံပေးထားပါတယ်။ပါရာစီတမောကို သောက်သင့်တဲ့ပမာဏလောက်ကိုပဲ အမြဲစွဲသောက်ခြင်းကတော့ အသည်းကို အန္တရာယ်ဖြစ်စေတယ်လို့ပြထားတာတွေမတွေ့ရသေးပါဘူး။အခြားသောအချက်အလက်တွေသိရဖို့သင့်ဆရာဝန်နဲ့ ဆွေးနွေးပါ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ပုံမှန်မဟုတ်တဲ့ အသည်းလုပ်ငန်းစဉ်စမ်းသပ်ချက်များမှာ ပါရာစီတမောဓါတ်ဖြစ်တဲ့ acetaminophenလို့ခေါ်တဲ့ ပမာဏတွေ။သွေးထဲမှာ များနေတာတွေ့ရမှာပါ။ဆရာဝန်တွေက ပါရာစီတမောအဆိပ်သင့်ခြင်းကို ကိုယ့်ဘာသာသတ်သေဖို့ကြိုးစားတဲ့လူတွေ ၊ချောင်းဆိုးနှာစေးဖြစ်တဲ့ကလေးတွေကို ပါရာစီတမောပေးထားတာမျိုးတွေနဲ့ အမှတ်မထင် ပါရာစီတမောကို မျိုချမိတာတွေမှာ စဉ်းစားလေ့ရှိပါတယ်။ဆရာဝန်များက ပါရာစီတမောအဆိပ်သင့်ခြင်းကို သောက်လိုက်တဲ့ ပမာဏအပေါ်မူတည်ပြီး သို့မဟုတ် လူနာရဲ့သွေးထဲက acetaminophenရဲ့ပမာဏကို ကြည့်ပြီး ခန့်မှန်းကြပါတယ်။ သောက်ပြီးတဲ့နောက် ၄နာရီမှ ၂၄နာရီအတွင်းမှာ တိုင်းတာတဲ့ ပမာဏကိုကြည့်ပြီး အသည်းဘယ်လောက်ပျက်စီးနေပြီလဲဆိုတာကို ခန့်မှန်းနိုင်ပါတယ်။ကျောက်မီးသွေး ဒါမှမဟုတ် acetylcysteineလို့ခေါ်တဲ့ဓါတ်ပစ္စည်းများ တစ်ခါတစ်လေမှာ အသည်းပျက်စီးမှုအတွက်ကုသမှုများ သို့မဟုတ် အသည်းအစားထိုးကုသခြင်း တကယ်လို့ ပါရာစီတမောကို သောက်ထားတာ နာရီအနည်းငယ် သာရှိဦးမယ်ဆိုပါက activated charcoal လို့ခေါ်တဲ့ ကျောက်မီးသွေး ဓါတ်တစ်မျိုးကို ပေးနိုင်ပါတယ်။တကယ်လို့ သွေးထဲမှာ ပါရာစီတမောမှာပါတဲ့ acetaminophen ဓါတ်မြင့်နေရင်တော့ acetylcysteineလို့ခေါ်တဲ့ အရာကို ပါးစပ်က တိုက်တာဒါမှမဟုတ် သွေးကြောထဲကထိုးခြင်းနဲ့ အဆိပ်ဓါတ်ကိုလျော့ကျစေမှာပါ။acetylcysteine ကို တစ်ရက်ကနေ ရက်များစွာအထိ ခဏခဏ ပေးလို့ရပါတယ်။ ဒီအဆိပ်ဖြေဆေးကတော့ အသည်းကို ထိခိုက်ဒဏ်ရာရတာကနေ ကာကွယ်ပေးနိုင်သော်လည်း ထိခိုက်ပြီးသားဒဏ်ရာကိုတော့ အကောင်းတိုင်းပြန်ဖြစ်အောင်မလုပ်ပေးနိုင်ပါဘူး။ ထို့ကြောင့် ဒီacetylcysteineကို အသည်းဒဏ်ရာမရခင်မှာ ပေးကိုပေးရပါမယ်။အသည်းပျက်စီးခြင်းနဲ့ အသည်းအစားထိုးရတဲ့ ကုသမှုတွေလည်း လိုအပ်ရင်ကုသရပါမယ်။တကယ်လို့ အဆိပ်သင့်ခြင်းဟာ ပမာဏအနည်းငယ်ကို ခဏခဏ ရခြင်းကြောင့်ဆိုရင်တော့ အသည်းပျက်စီးမှုပမာဏကိုခန့်မှန်းရတာ။ခက်ခဲပါတယ်။acetylcysteineကို တကယ်လို့အသည်းပျက်စီးနိုင်တယ်ဆိုရင် ဒါမှမဟုတ် အသက်က ပျက်စီးနေတယ်ဆိုပါက ပေးရပါမယ်။ပါရာစီတမော အဆိပ်သင့်ခြင်းမှာ သက်သာစေဖို့ ကူညီနိုင်မယ့် လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးတွေကတော့။ပါရာစီတမောရဲ့ မှန်ကန်တဲ့ပမာဏကို သိပြီး ဘယ်လောက်ပမာဏသောက်ရမယ်ဆိုတာကို သင်က သိနေရပါမယ်။ တကယ်လို့ သတ်မှတ်ထားတဲ့ဆေးပမာဏသာ သောက်မယ်ဆိုရင် သင့်မှာပါရာစီတမောအဆိပ်သင့်စရာအကြောင်းမရှိပါဘူး။ မတော်တဆ ပမာဏအများကြီး သောက်မိတာမျိုး မရှိအောင်လို့ တိုင်လီနောနာမည်နဲ့ကုမ္ပဏီက အစက တစ်ရက်ကို အမြင့်ဆုံးပမာဏ ၈လုံး သောက်လို့ရတယ်ဆိုတာကနေ ၆လုံးကိုလျှော့ချလိုက်ပါတယ်။ နောက်ပြီး အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေး ဌာနကလည်း ဆေးကုမ္ပဏီတွေကို ပါရာစီတမောတစ်လုံးမှာ ၃၂၅မီလီဂရမ်သာ ထည့်ဖို့ ကန့်သတ်ပေးထားပါတယ်။ တကယ်လို့ သောက်ရမယ့်ဆေးတွေထဲမှာ ပါရာစီတမောကို နှစ်မျိုးပါနေတယ်ဆိုပါက ရောပြီးတစ်ခါတည်း မသောက်ပါနဲ့ သင့်ဆရာဝန်က သောက်ခိုင်းတယ်ဆိုရင်တော့ ရပါတယ်။ဥပမာအားဖြင့်ပါရာစီတမောရယ် ကိုဒင်းရယ်အတူပါတာရယ် အအေးမိရင်သောက်တဲ့ဟာ ပါရာစီတမောပါတာတွေကို တစ်ခါတည်း တွဲပြီးမသောက်သုံးသင့်ပါ။ ဘာပါဝင်ပစ္စည်းတွေပါလဲဆိုတာသေချာဖတ်ပါ။ ပါဝင်ပစ္စည်းကိုသေချာစွာ ညွှန်ပြထားတတ်ပါတယ်။ တကယ်လို့ သင် ဒါမှမဟုတ် သင့်မိသားစုဝင်တွေထဲကစိတ်ဓါတ်ကျနေတာရှိပါက သို့မဟုတ် သတ်သေချင်စိတ်ရှိနေပါကအိမ်မှာရှိတဲ့ဆေးတွေအကုန်လုံးရယ် အန္တရာယ်ရှိစေတဲ့ ပစ္စည်းတွေရယ်ကို ဖယ်ရှားထားပါ။ နောက်ပြီး ကျန်းမာရေးစောင့်ရှောက်မှု အမြန်ဆုံး ခံယူခိုင်းပါ။ တကယ်လို့သင်က အနာသက်သာဆေးတွေကို ဘယ်လိုသောက်ရမယ် ဘယ်ချိန်သောက်ရမယ် ဆိုတာကို မသိပါက သင့်ဆရာဝန်ကိုမေးပါ။ ဘယ်လိုသောက်ရမယ်ဆိုတာကို ချရေးထားပြီး အဲ့အတိုင်းပဲသောက်ပါ။ သင့်ကို ဆေးအသစ်တွေ ပေးတဲ့အခါမှာလည်း သင့်ဆရာဝန်က သင်ဘာဆေးတွေသောက်နေတယ် ဘယ်လိုအားဆေးတွေသောက်နေတယ်ဆိုတာကို သိနေပါစေ။ အလွယ်ကူဆုံးနည်းကတော့ ဆေးတွေကို ဘယ်လိုသောက်ရ တယ်ဆိုတာကို စာနဲ့ချရေးထားပြီး သင့်ဆရာဝန်ကို သင်သောက်နေတာ မှန်သလားမေးပါ။ တကယ်လို့ သင်က အရက်သောက်ထားတယ် ဆိုပါက ပါရာစီတမောကို မသောက်ပါနဲ့။(တကယ်လို့ သင့်ဆီမှာမေးခွန်းတွေရှိသေးရင် သင့်အတွက်အကောင်းဆုံးအဖြေရရှိနိုင်ဖို့ သင့်ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးပါ။)။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/acetaminophen-poisoning-explained/
ဝိတ်ကျချင်တဲ့သူတိုင်း လေ့ကျင့်ခန်းလုပ်ပြီး နောက်ပိုင်း ဒါတွေစားပါ ။ ။
ဝိတ်ကျချင်တဲ့သူတိုင်း လေ့ကျင့်ခန်းလုပ်ပြီး နောက်ပိုင်း ဒါတွေစားပါ ။ ။ပိန်ချင်တဲ့သူတိုင်းgymသွား လေ့ကျင့်ခန်းလုပ်တဲ့အခါ လူတိုင်း မေးတဲ့ မေးခွန်းတစ်ခုက လေ့ကျင့်ခန်းလုပ်ပြီး ဘာစားရမှာလဲ။ လေ့ကျင့်ခန်းတွေလုပ်ထားတော့ဗိုက်ဆာနေတာက တစ်ကြောင်း၊ မသင့်တော်တာတွေ စားလိုက်မိရင်လည်း လုပ်ထားသမျှ အကျိုးမရှိဖြစ်သွားမှာက တစ်ကြောင်းနဲ့ လေ့ကျင့်ခန်းလုပ်ပြီးနောက်ပြီး ဘာစားရမလဲဆိုတဲ့ အတွေးက တော်တော်ကို ခေါင်းစားစေပါတယ်။ ကိုယ်ကလည်း ပိန်ချင်နေတဲ့သူဆိုတော့ အစားမှားမခံဘူးလေနော် ။ဝိတ်ကျချင်တဲ့သူတိုင်း လေ့ကျင့်ခန်းလုပ်ပြီး နောက်ပိုင်း ဒါတွေစားပါ ဘာတွေဖြစ်မလဲဆိုတော့ –။ကာဘိုဟိုက်ဒရိတ်က လေ့ကျင့်ခန်းလုပ်ချိန်က ကုန်သွားတဲ့ အားအင်တွေကို ပြန်ဖြည့်ပေးမှာ ဖြစ်ပြီးပရိုတင်းကတော့ ထိခိုက်သွားတဲ့ ကြွက်သားတွေ ပြန်ကောင်းအောင်အတွက် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဒီတော့ ကိုယ်တွေက ထမင်းစားမယ်ဆိုရင် ထမင်းလေး နည်းနည်းနဲ့ အသားများများစားပေရမှာဖြစ်ပါတယ်။ စားတဲ့အသားကလည်း အဆီမများစေဖို့လိုအပ်တာကြောင့်ကြက်သားကအကောင်းဆုံးပါ။နောက်ပြီး ကာဘိုဟိုက်ဒရိတ်ရော ပိုတက်ဆီယမ်ရော ကြွယ်ဝတဲ့ငှက်ပျောသီးစားပေးလို့လည်းရပါတယ်။နို့ထဲမှာပါတဲ့ကယ်လ်ဆီယမ်ဓာတ်က ခါးအဆီတွေကို ကျစေတဲ့အတွက်ဝိတ်ချနေတဲ့သူတွေ အားထားသင့်တဲ့ အစားအသောက်တစ်ခုလို့ လေ့လာတဲ့သူတွေက ဆိုပါတယ်။ ကိုယ်ကပိန်ချင်တဲ့သူဖြစ်တဲ့အတွက် low fat (အဆီနည်းတဲ့နို့) တွေကိုသာ ဦးစားပေးရွေးချယ်ပါ။ နို့မသောက်ချင်တဲ့သူတွေအတွက်ကတော့ဒိန်ချဉ်သောက် ပေးလို့ရပါတယ်။ငရုတ်ကောင်းထဲမှာပါတဲ့ Capsaicin ဓာတ်ပေါင်းလေးက ကိုယ်တွင်းအပူချိန်ကို မြင့်တက်စေလို့ အဆီတွေကို ပိုလောင်ကျွမ်းစေပြီး energy ထုတ်ပေးမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကြက်ဥလေးကြော်စားခဲ့ရင် ငရုတ်ကောင်းလေးဖြူးစားတာမျိုးလုပ်ပေးလို့ရပါတယ်။အဆီလည်းကင်း၊ ကျန်းမာရေးနဲ့လည်း ညီညွတ် ဝမ်းကိုလည်း မှန်စေတဲ့ အစားအသောက်တွေဖြစ်တဲ့ ဟင်းသီးဟင်းရွက်တွေကတော့ မစားမဖြစ် စားကိုစားပေးရမှာပါ။ဟင်းသီးဟင်းရွက်တွေထဲမှာဆိုသံဓာတ်လည်း ကြွယ်ဝ၊အမျှင်ဓာတ်လည်းများတဲ့ ပဲသီး၊ဟင်းနုနွယ်တို့ကို ပိုဦးစားပေးစားသင့်ပါတယ်။ ဒါမှ သွေးအားလည်းများ ၊ အမောပန်းလည်း ခံနိုင် ဝိတ်လည်းကျမှာ ဖြစ်ပါတယ်။ငါးကလည်းပရိုတင်းကြွယ်ဝပြီး အဆီမပါတဲ့အသားတစ်မျိုးဖြစ်တဲ့အတွက် အဆီများ၊ကယ်လိုရီများတဲ့အသားတွေမစားချင်တဲ့ လေ့ကျင့်ခန်းလုပ်သူတိုင်း အဓိကထား စားပေးလို့ရတဲ့ အစားအစာတစ်ခုပါ။ နောက်ပြီးတူနာတို့ ဆယ်လ်မွန်တို့လို ပင်လယ်စာငါးတွေမှာ အဓိကပါတဲ့ omega 3 fatty acid က ကိုယ်တွင်းရောင်ရမ်းခြင်းတွေကို သက်သာစေတာကြောင့် လေ့ကျင့်ခန်းလုပ်ပြီးတိုင်း ရွေးချယ်စားသင့်တဲ့ အစားအစာတစ်ခုနော်။ကဖင်းဓာတ်က သင့်ကို နိုးကြားတက်ကြွစေပြီးကယ်လိုရီတွေကို ပိုလောင်ကျွမ်းစေတဲ့အတွက်ကြောင့် ဝိတ်ချနေတဲ့သူတွေအတွက် တော့ အဆင်အပြေဆုံးနော်။ ကဖင်းဓာတ်ပါတဲ့ သောက်စရာဆိုရင်ကော်ဖီအစား ကျန်းမာရေးအတွက်ပါ အထောက်အကူပြုတဲ့ လက်ဖက်စိမ်းရည်က အသင့်တော်ဆုံးပါ။လေ့ကျင့်ခန်းလုပ်ပြီးတဲ့နောက် ဆုံးရှုံးသွားတဲ့ရေဓာတ်ကို ပြန်လည်ဖြည့်ဖို့အတွက် ရေများများသောက်တာလောက် အရေးကြီးတာ မရှိပါဘူး။ ရိုးရိုးရေပဲ ဖြစ်ဖြစ်၊ ဓာတ်ဆားထည့်ထားတဲ့ ရေကိုပဲ ဖြစ်ဖြစ် လေ့ကျင့်ခန်းမလုပ်ခင်ရော၊ လုပ်နေစဉ်ရော လုပ်ပြီးချိန်ရော များများသောက်ပေးပါ။ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေ မျှတမှ မောပန်းနွမ်းနယ်နေတဲ့ သင့်ကိုယ်ခန္ဓာ ပြန်ပြီး အားပြည့်မှာ ဖြစ်ပါတယ်။နောက်အရေးကြီးတဲ့ တစ်ချက်ကတော့ ဒီ အစားအစာတွေကိုလေ့ကျင့်ခန်းလုပ်ပြီး ၂ နာရီအတွင်း စားပေးဖို့ပဲဖြစ်ပါတယ် ။ ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/sports-nutrition/post-workout-food/