title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
လူတစ်ယောက် အနားမှာမရှိရင် မနေတတ်တဲ့ စိတ်ရောဂါ
Autophobia ဆိုတာအထီးကျန်ရမှာ၊ တစ်ယောက်တည်း နေရမှာကြောက်တဲ့ စိတ်ရောဂါကို ခေါ်တာပါ။ ကိုယ့်အိမ်လို နွေးထွေးပြီး သက်တောင့်သက်သာ ဖြစ်တဲ့နေရာမှာ တစ်ယောက်တည်း နေနေရင်တောင် စိတ်ထဲမှာစိုးရိမ်ပူပန်စိတ်တွေ၊ ဝမ်းနည်းစိတ်တွေ၊ ထိတ်လန့်တဲ့ စိတ်တွေ အမြဲဖြစ်နေတတ်ပါတယ်။ ဒီစိတ်ရောဂါရှိသူတွေမှာ သူတို့စိတ်ကလေး လုံခြုံဖို့အတွက် ကိုယ်ချစ်ရတဲ့သူ သို့မဟုတ် လူတစ်ယောက်ယောက်က အနားနားမှာ အမြဲရှိကို ရှိမှဖြစ်မယ် ဆိုတဲ့ ခံစားချက်တွေ ရှိနေတတ်ပါတယ်။လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်မှာ ရောက်နေရင်တောင် ကိုယ့်စိတ်ထဲမှာ သူခိုး၊ ဓါးပြရန် ကြောက်ရတာ၊ အချစ်မခံရမှာ၊ တစ်စုံတစ်ယောက်က ကိုယ့်ကို မလိုချင်တော့တာ၊ ရုတ်တရက်ဖျားနာ၊ နေမကောင်းဖြစ်မှာ၊ ရောဂါဖြစ်မှာ ကြောက်တာ၊ ရှင်းမပြတတ်တဲ့ အသံတွေကြားရမှာကို ကြောက်နေတတ်ပါတယ်။ လူငယ်တွေနဲ့ ကလေးတွေမှာ အလွန်အဖြစ်များပြီး လူကြီးပိုင်းအရွယ် ရောဂါဝေဒနာ ခံစားနေရသူတွေမှာလည်း ဒီစိတ်ရောဂါ စွဲကပ်လာတတ်ပါတယ်။ဒီစိတ်ဝေဒနာရှင်တွေမှာ ရုတ်တရက်ကြည့်လိုက်ရင် ကျန်းကျန်းမာမာနဲ့ ပျော်ရွှင်နေပေမယ့် တစ်ယောက်တည်း နေတဲ့အချိန်၊ တစ်ယောက်တည်း ဖြစ်နေရတော့မယ်လို့ တွေးမိတဲ့အချိန်မှာ။ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘစွန့်ပစ်တာ ခံခဲ့ရတဲ့ကလေးတွေ၊ မိဘတွေ အမြဲရန်ဖြစ်နေတာ၊ မိတကွဲ ဖတကွဲ ဖြစ်နေတာ၊ မိဘတွေရဲ့ နွေးထွေးကြင်နာမှု၊ မေတ္တာကို အပြည့်အဝမရခဲ့တဲ့ ကလေးတွေမှာ ဒီစိတ်ဝေဒနာ ပါလာတတ်ပါတယ်။ ငယ်စဉ်က ဖြစ်လာတဲ့ အထီးကျန်စိတ်က ကြီးလာတဲ့အခါ ပျောက်သွားတာမျိုး မဟုတ်ဘဲ ချစ်ရသူတစ်ယောက် ဘဝထဲကို ဝင်လာတိုင်း ပိုပိုပြီးဆိုးလာနိုင်ပါတယ်။ငါတော့ တစ်ယောက်တည်း ကျန်ရစ်ခဲ့တော့မှာပါလား၊ တစ်ယောက်တည်း သီးသန့်နေရတော့မှာပါလား ဆိုပြီး ကြောက်ရွံ့စိတ်ဝင်ရာကနေ ဖြည်းဖြည်းချင်း အစပျိုးလာတဲ့ ပုံမှန်မဟုတ်တဲ့ စိတ်ဝေဒနာဖြစ်ပါတယ်။ တခြား ဖိုးဘီးယားစိတ်ဝေဒနာလောက် ပြင်းထန်မှုမရှိပေမဲ့ ကိုယ့်ရဲ့ စိတ်၊ ရုပ်မှာ ပြောင်းလဲသွားတဲ့ လက္ခဏာတွေကို ဘယ်လိုမှ ထိန်းချုပ်လို့ မရနိုင်တာတော့ အတူတူပါပဲ။ ဒီလိုမျိုး အထီးကျန်စိတ်ဝေဒနာကြောင့် နည်းမျိုးစုံနဲ့ တစ်စုံတစ်ယောက်ကို အနားမှာ ခေါ်ထားဖို့ ကြိုးစားရင်းကနေ လူမှုရေးမှာ အရှုပ်အထွေးတွေ ပိုဖြစ်လာနိုင်သလို ကိုယ့်ရဲ့ စိတ်အခြေအနေဟာလည်း ပိုပြီး ဆိုးလာတတ်ပါတယ်။ကြောက်ရွံ့မှုကနေ အစပြုလာတဲ့ ပုံမှန်မဟုတ်စိတ်ဝေဒနြာဖစ်တာကြောင့် ကိုယ့်မှာ ဒီရောဂါရှိနေတယ်လို့ သံသယဖြစ်နေတယ်ဆိုရင်စိတ်ရောဂါ ကုထုံးပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။ မိသားစုအခြေအနေ၊ လက်ရှိ စိတ်အနေအထား၊ ရောဂါရဲ့ ပြင်းထန်မှုကို စစ်ဆေးပြီးမှ ကိုယ့်အတွက် အဆင်ပြေမယ့် စိတ်ကုထုံးနဲ့ ကုသမှုခံယူဖို့ အကြံပေးမှာပါ။Autophobia ဆိုတာ တစ်ယောက်တည်း ရှိနေတဲ့အခြေအနေမှ စိတ်ထဖောက်တဲ့ လက္ခဏာတွေ ဖြစ်တတ်တာကြောင့် ကိုယ့်ရဲ့ နေ့စဉ်ဘဝနဲ့ အချစ်ရေးမှာ ပြဿနာဖြစ်လာနိုင်ပါတယ်။ လူတစ်ယောက် အနားမှာမရှိတာနဲ့ မနေတတ်တော့ဘူး၊ နောက်လူတစ်ယောက်ကို အစားထိုးဖို့ ကြိုးစားမယ်ဆိုရင် အနှေးနဲ့အမြန်အိမ်ထောင်ရေးေဖာက်ပြန်မှုတွေ ဖြစ်လာတော့မှာပါ။ ဒါကြောင့် ကိုယ့်ရဲ့ စိတ်ထဲမှာဖြစ်နေတဲ့ ကြောက်ရွံ့မှုတွေကို ရင်ဆိုင်ကျော်လွှားဖို့ စောစော စတင်လိုက်တာပိုကောင်းပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%9c%e1%80%b0%e1%80%90%e1%80%85%e1%80%ba%e1%80%9a%e1%80%b1%e1%80%ac%e1%80%80%e1%80%ba-%e1%80%a1%e1%80%94%e1%80%ac%e1%80%b8%e1%80%99%e1%80%be%e1%80%ac%e1%80%99%e1%80%9b%e1%80%be%e1%80%ad%e1%80%9b/
ဖွဘွတ်ကြီး၏ ကောင်းခြင်း၊ ဆိုးခြင်း နှင့် အကျည်းတန်ခြင်း
Facebook ဟာ ကလေးတွေ၊ ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေအားလုံးပေါ်မှာ စိတ်ပညာသဘောတရားအရ အကောင်းဘက်ကရော အဆိုးဘက်ကပါ လွှမ်းမိုးမှုတွေရှိနေပါတယ်။ ဒါဟာ လှုမှုကွန်ယက်နဲ့ စိတ်ပိုင်းဆိုင်ရာသဘောထားကြားမှာ ဆက်သွယ်မှုတစ်ခုပါ။ အကြောင်းကြောင့် အကျိုးဖြစ်တာမဟုတ်ပါဘူး။ ဒီနည်းညာသစ်ဟာ ကျွန်တော်တို့ရဲ့ မော်ဒန်လောကထဲကို အံ့သြမှင်သက်ဖွယ်ကောင်းကျိုးတွေအများကြီး ယူဆောင်လာပေးပါတယ်။ တီထွင်ဆန်းသစ်မှု အသစ်အသစ်တွေအပြင် ဒီသက်ရောက်မှုမှာ ဆိုးကျိုးတွေလည်း ရှိနေပါသေးတယ်။ကလေးတွေနဲ့ ဆယ်ကျော်သက်တွေဟာ facebook ပေါ်မှာပဲ အချိန်ဖြုန်းနေလေလေ အွန်လိုင်းနဲ့ ပြင်ပကမ္ဘာပေါ်မှာထားတဲ့ ကိုယ်ချင်းစာတရားတွေ ကြီးမားလာလေလေပါပဲ။ တစ်နည်းအားဖြင့်တော့ တစ်ဘက်သားက ဘယ်လိုခံစားရမလဲဆိုတာကို ခံစားနားလည်တတ်လာလေလေပါပဲ။အွန်လိုင်းလူမှုကွန်ယက်ဟာလူငယ်တွေအတွက်တော့ အပြင်မှာသွားတွေ့စရာမလိုဘဲ စမတ်ဖုန်းတစ်လုံးကနေပဲ အပေါင်းအသင်းဆန့်အောင်ကူညီပေးနေသလိုပါပဲ။ ကန့်လန့်တိုက်နေတဲ့ ဂျစ်ကန်ကန်ကလေးငယ်တွေတောင်မှ လူမှုကွန်ယက်ပေါ်က ဆက်ဆံရေးတွေကနေပြီး နှစ်သိမ့်မှုနဲ့ ယုံကြည်မှုတွေ ပြန်လည်ရရှိလာနိုင်ပါတယ်။ ရှက်တတ်တဲ့ကလေးတွေဟာလည်း အခက်ခဲဆုံး စိန်ခေါ်မှုတွေကို လူမှုကွန်ယက်သုံးပြီး ကျော်လွှားနိုင်ပြီပေါ့။ ပြောရမယ်ဆိုရင် အန္တရာယ်ကင်းတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ဆက်ဆံရေးအသစ်တွေကို စတင်အစပြုနိုင်ပြီလေ။ သူတို့တွေဟာ မိတ်ဆွေဖွဲ့တဲ့နေရာမှာ အဆင်မပြေတဲ့ခံစားချက်ကြီးကို ကျော်လွှားသွားနိုင်ပြီး အွန်လိုင်းပေါ်မှာပဲ ရင်းနှီးခင်မင်မှုကိုရရှိသွားနိုင်ပါတယ်။Facebook ဟာ မိသားစုတွေနဲ့ဆက်ဆံရေးကို ပိုပြီးကောင်းမွန်စေတဲ့အပြင် နီးကပ်နွေးထွေးတဲ့ခံစားချက်တွေကို လှုံ့ဆော်ပေးနိုင်ပါတယ်။လူမှုမီဒီယာတွေဟာလည်း ပညာသင်ကြားနေတဲ့ကလေးတွေအတွက် ကောင်းကျိုးတစ်ခုဖြစ်စေနိုင်ပါသေးတယ်။ ကလေးတွေအတွက် မော်ဒန်ကမ္ဘာကြီးထဲမှာ လက်တွေ့သဘောတရားတွေနဲ့ ကျွမ်းကျင်မှုတွေကို သင်ယူနိုင်ဖို့ဆိုတာ မရှိမဖြစ်ကို အရေးကြီးလှပါတယ်။ လက်တွေ့မှာလည်း ကလေးတွေဟာ နည်းပညာတွေနဲ့ ပိုပြီး အကျွမ်းဝင်လာနိုင်တယ်။ သူတို့ရဲ့တီထွင်ဖန်တီးနိုင်စွမ်းတွေကို တိုးတက်စေနိုင်ပြီး မတူညီတဲ့အတွေးအမြင်သစ်တွေကို ထိတွေ့နိုင်စွမ်းရှိလာနိုင်တဲ့အပြင် သူတို့ရဲ့ လူမှုဆက်ဆံရေးပညာတွေကို ပိုပြီးတိုးတက်လာစေနိုင်ပါတယ်။Facebook ဟာ ယနေ့ခေတ် လူမှုဆက်ဆံရေးတွေအတွက်တော့ စွမ်းအားအကြီးဆုံး မီဒီယာတစ်ခုဖြစ်နေတယ်ဆိုတာ ငြင်းစရာမလိုပါဘူး။ဒါပေမယ့် Facebook သုံးစွဲခြင်းရဲ့ အမှောင်ကမ္ဘာခြမ်းကြီးကလည်းရှိနေပါသေးတယ်။ ဒါကိုတော့ Facebook Depression ( facebook စိတ်ကျဝေဒနာ)လို့ခေါ်တွင်ပြီး ဒီထဲမှာ စိုးရိမ်သောကတွေ၊ စိတ်ပိုင်းဆိုင်ရာ မူမမှန်ခြင်းတွေနဲ့ ကျန်းမာရေးနဲ့မညီတဲ့ အပြုအမူအလေ့အထတွေပြုလုပ်လာခြင်း (ပြောင်းလဲလာခြင်း) စတာတွေပါ ပါဝင်နေပါတယ်။ဆယ်ကျော်သက်တွေကြားမှာ Facebookအသုံးပြုလွန်နေခြင်းဟာ narcissism(မိမိကိုယ်ကို အချစ်လွန်ခြင်း) နဲ့ သိသာထင်ရှားစွာဆက်စပ်နေပါတယ်။ လူငယ်တွေကြားထဲမှာလဲ Facebook ကို အလွန်အကျွံအသုံးပြုခြင်းဟာ Antisocial Personality Disorder၊ Histrionic Personality Disorder၊ စိတ်ကြွရောဂါနဲ့ ရက်စက်ကြမ်းကြုတ်ခြင်း၊ Passive-Aggressive၊ Borderline၊ အကြောက်လွန်ရောဂါ၊ Somatoformစတာတွေနဲ့ ဆက်စပ်နေပါတယ်။TV၊ ရုပ်ရှင်၊ ဗီဒီယိုဂိမ်းတွေ၊ အင်တာနက်တွေ စတဲ့ မီဒီယာတွေနဲ့ ထိတွေ့တာများလာခြင်းဟာ ပေါက်ကွဲလွယ်တဲ့အပြုအမူတွေရယ်၊ တစ်ကိုယ်တည်းအထီးကျန်စွာနေထိုင်တာတွေရယ်နဲ့ ဆက်စပ်နေပါတယ်။ ၁၅မိနစ်တိုင်းမှာ တစ်ကြိမ် facebook ကို စစ်ဆေးနေတာကလည်း အမှတ်တွေလျော့ကျခြင်းရဲ့ တရားခံပါပဲ။နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုမလုပ်ဆောင်နိုင်တော့ဘဲ အင်တာနက်ကို အလွန်အကျွံအသုံးပြုခြင်းကို အင်တာနက်စွဲလမ်းနေခြင်းလို့ သတ်မှတ်ကြပြီး ဒါတွေဟာ အန္တရာယ်ဖြစ်စေနိုင်တဲ့ အကျိုးဆက်ကို ဦးတည်နေပါတယ်။ အင်တာနက်သုံးစွဲရတာကို စွဲလမ်းနေတဲ့ လူငယ်လေးတွေမှာတော့ အကြောင်းပြချက်မရှိဘဲ တစ်စုံတစ်ရာကို ထပ်ခါထပ်ခါပြုလုပ်နေတာတွေ၊ စိတ်ကျရောဂါ၊ အာရုံစိုက်ခြင်းခံယူလိုမှုအတွက်တက်ကြွလွန်နေခြင်းတွေ (Attention deficit hyperactivity disorder) ၊ ကန့်လန့်တိုက်ခြင်းတွေနဲ့ အခြားသော ပတ်ဝန်းကျင်နဲ့ အံဝင်ခွင်ကျမဖြစ်တဲ့ အပြုအမူတွေ ဖြစ်ပေါ်နေတတ်ပါတယ်။မိဘတွေနဲ့ သားသမီးတွေကြားမှာ ယုံကြည်မှုတစ်ခုတည်ဆောက်နိုင်ဖို့အတွက် မှန်ကန်တဲ့နည်းပညာတွေကို ကြိုတင်ပြီး မကြာခဏအသုံးပြုတဲ့အကြောင်းကို စတင်ပြောပြဖို့ လိုအပ်လာပါလိမ့်မယ်။ ဒါမှသာ ပြဿနာတစ်ခုခုဖြစ်လာပြီဆိုရင် ဆိုလိုတာက အနိုင်ကျင့်ခံရတာပဲဖြစ်ဖြစ် အနှောက်အယှက်ဖြစ်စေတဲ့ ပုံရိပ်တွေကိုမြင်ရတာပဲဖြစ်ဖြစ် သင့်ကလေးတွေက သင့်ကိုအသိပေးကြမှာပါ။ ကလေးတွေနဲ့ စကားပြောတဲ့အချိန်မှာ သူတို့နဲ့ တစ်တန်းတည်းဖြစ်နေစေဖို့အတွက် ကြမ်းပြင်ပေါ်မှာ ထိုင်ပြီးပြောပါ။အခြားသော အချက်များ။(၁) နည်းပညာအသုံးပြုပုံတွေအတွက် စည်းကမ်းနဲ့ ကန့်သတ်ချက်တွေထားရှိပါ။(၂) ဒီစည်းကမ်းတွေနဲ့ ကန့်သတ်ချက်တွေ အကြောင်းကို ကလေးတွေထံမှလည်း နားထောင်ပါ။(၃) စည်းကမ်းဖောက်ဖျက်ရင် ဖြစ်လာမယ့်အကျိုးဆက်တွေကို ပြောပြပါ။ ဒီအကျိုးဆက် ပြစ်ဒဏ်တွေဟာ အစပိုင်းမှာ သေးငယ်ပေမယ့် လိုအပ်မယ်ဆိုရင်တော့ ပြင်းထန်လာပါစေ။ ကလေးရဲ့ အပြောအဆိုအပြုအမူတွေကို ပြင်ဆင်ပေးနိုင်အောင် ကြိုးစားပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%96%e1%80%bd%e1%80%98%e1%80%bd%e1%80%90%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%81%8f-%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းတွေအတွက် ဘယ်လို ပြင်ဆင်ထားမလဲ
Motion sickness ကို တစ်ခါတလေ ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းလို့ လည်းခေါ်ကြပြီး ဆက်တိုက် ရွေ့လျားမှုတွေကြောင့် ဖြစ်တဲ့၊ အဖြစ်များတဲ့ နားအတွင်း အနှောက်အယှက်တစ်ခု ဖြစ်ပါတယ်။ လူတိုင်းမှာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အဲဒီလို ရွေ့လျားမှုတွေအပေါ် လူတွေရဲ့ ခံနိုင်ရည်တော့ ကွာပါတယ်။ များသောအားဖြင့် အသက် ၂ နှစ်မှ ၁၂ နှစ်အရွယ် ကလေးများ၊ ကိုယ်ဝန်ဆောင် မိခင်များနဲ့ ခေါင်းတစ်ခြမ်း ကိုက်တာမျိုး ဖြစ်လေ့ရှိတဲ့ သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ ပင်လယ်ခရီး အပြင် motion sickness ဟာ ကားရွေ့လျားမှု၊ လေယာဉ်ပျံ လှုပ်ခါမှု တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းကို လျှော့ချနိုင်မယ့် နည်းလမ်းတချို့ကို ဖော်ပြထားပါတယ်။အိပ်ရေးပျက်ခြင်း၊ မောပန်း နွမ်းနယ်နေခြင်းက ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းကို ပိုဖြစ်စေတဲ့ အချက်တွေကို အားပေးနေပါတယ်။ ဒါ့ကြောင့် ခရီးမသွားခင် အနားယူထားပါ။ဆရာဝန် လက်မှတ်မပါဘဲ ရောင်းချပေးတဲ့ ဆေးဝါး (bonine, Antivert, Dramamine) တွေက ခရီးတိုတွေနဲ့ သိပ်မပြင်းထန်တဲ့ ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းတွေ အတွက် ထိရောက်ပါတယ်။ သင့် ဆရာဝန်ကလည်း ခရီးရှည်အတွက်၊ သို့မဟုတ် ပင်လယ်လှိုင်းမူးခြင်း၊ သင်က ကားမူးခြင်းကို ပြင်းပြင်းထန်ထန် ခဏခဏ ဖြစ်တတ်တယ် ဆိုရင်တော့ လိုအပ်တဲ့ ဆေးဝါးတချို့ကို ညွှန်ကြားပါလိမ့်မယ်။ ဥပမာ ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းကို ကာကွယ်ပေးနိုင်တဲ့ Transderm-Scop လိုမျိုး Scopolamine ပါဝင်တဲ့ နားအနောက် အောက်နားမှာ ကပ်နိုင်တဲ့ပစ္စည်း တစ်မျိုးကို ညွှန်ကြားကောင်း ညွှန်ကြားပါလိမ့်မယ်။ သိထားရမှာ တစ်ခုက အဲဒီ scopolamine ဟာ အိပ်ငိုက်စေခြင်း ကဲ့သိုသော တခြား ဆိုးကျိုးတွေ ရှိတာကြောင့် အသုံးပြုဖို့အတွက် ခရီးမသွားခင်မှာ သမားတော်၊ ဆရာဝန်နဲ့ သေသေချာချာ တိုင်ပင် ဆွေးနွေးသင့်ပါတယ်။ခရီးသွားနေစဉ် အတွင်းမှာ စားစရာ၊ သောက်စရာ၊ အရက်တွေ သောက်သုံးမှုနဲ့ ပတ်သက်ပြီး သတိထားရပါမယ်။ အရက် အလွန်အကျွံသောက်ခြင်း၊ မတည့်တဲ့ အစားအသောက်များ စားခြင်း၊ အလွန်အကျွံ စားသုံးခြင်း တို့ကို ရှောင်ကြဉ်ပါ။ တချို့သော သူများအတွက် ပြည့်တင်းစေသော၊ စပ်သော၊ အဆီများသော အစားအစာ တွေကလည်း ပင်လယ်လှိုင်း မူးခြင်း၊ ကားမူးခြင်းကို ပိုဆိုးစေပါတယ်။ပင်လယ်လှိုင်းမူးခြင်း ဖြစ်လာပါက လေကောင်းလေသန့် ရနိုင်မယ့် အပြင်ကို ထွက်ပြီး အရှေ့တည့်တည့်ကို ကြည့်ခြင်းကလည်း သက်သာအောင် အကူအညီ ပေးနိုင်ပါတယ်။ Bradberry က အဲဒီလို လုပ်ခြင်းက ရွေ့လျားနေတာတွေကို မြင်စေပြီး အတွင်းဘက်နားဆီက လာတဲ့ သတင်း အချက်အလက်တွေကို ဦးနှောက်ဆီသို့ ဆီလျော်အောင် ပို့ပေးတယ်လို့ ပြောခဲ့ပါတယ်။ လေကောင်းလေသန့် (အထူးသဖြင့် မျက်နှာဆီကို ဖြစ်တိုက်လာတဲ့လေ) ကလည်း အကူညီပေးနိုင်ပါတယ်။ အဲဒီလို လုပ်ခြင်းက လှေရဲ့ ရွေ့လျားမှုကလွဲပြီး တခြားအရာ တစ်ခုခုကို အာရုံစိုက်နိုင်အောင်လည်း ကူညီပေးပါတယ်။ ဒါ့ကြောင့် လှေ၊ သို့မဟုတ် သင်္ဘောပေါ်မှာ တက်တက်ကြွကြွ နေဖို့ ကြိုးစားပါ။Bradberry က “သင်္ဘော ဘေးဘယ်ညာ ရွေ့တာနဲ့၊ အပေါ်အောက် ရွေ့တာက သင်္ဘောအလယ်မှာ အနည်းဆုံးပါပဲ” လို့ ပြောခဲ့ပါတယ်။ အပြင်ဘက်ကို မျက်စိနဲ့ တစ်ပြေးညီ ကြည့်နိုင်အောင် ပြတင်းပေါက်ပါတဲ့ အခန်းကိုလည်း တောင်းချင်တောင်းနိုင်ပါတယ်။အကောင်းဆုံး အစားတွေက အဆာပြေ အစားအစာ ဖြစ်တဲ့ မုန့်ကြွပ်၊ ဘီစကွတ်မုန့် အငံ၊ ရိုးရိုးပေါင်မုန့်နဲ့ ဘီစကွတ် အချောင်းလေးတွေပဲ ဖြစ်ပါတယ်။ အစာအိမ်ထဲမှာ ဘာမှ မရှိတာထက် အစာတချို့ ရှိတာက ပိုကောင်းပါတယ်။ ဒါပေမယ့် အများကြီး မစားဖို့တော့ သတိထားရပါမယ်။ ဂျင်းအနည်းငယ်ကိုလည်း လိုကောင်းလိုပါလိမ့်မယ်။ ဂျင်းဟာ ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းအတွက် သက်သာစေတဲ့ သဘာဝ ထုတ်ကုန် တစ်မျိုးပါ။ ပူဒီနာ အရွက်မှာလည်း အစာအိမ်ကို ငြိမ်သက်ကောင်းမွန်စေတဲ့ သက်ရောက်မှု ရှိပါတယ်။ ဘီစကွတ်နဲ့ ရေ၊ သို့မဟုတ် ဆိုဒါနဲ့ တွဲပြီး စားသောက်ခြင်းကလည်း ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းကို သက်သာစေဖို့ အကူအညီ ပေးနိုင်တယ်လို့ လူတော်တော်များများက ရှာဖွေတွေ့ရှိခဲ့ပါတယ်။အဲဒီ လတ်ပတ်တွေဟာ နာရီဝတ်နေကျ နေရာနားက လက်ကောက်ဝတ်ကို ဖိထားပါတယ်။ လူအများစုမှာ လက်ကောက်ဝတ်ကို ဖိအားပေးထားခြင်းက ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းရဲ့ လက္ခဏာတစ်ခု ဖြစ်တဲ့ မူးဝေပြီး အန်ချင်စိတ် ဖြစ်ခြင်းကို သက်သာစေတာ တွေ့ရပါတယ်။ acupressure လက်ပတ်ကို ဆေးဆိုင်တချို့နဲ့ အွန်လိုင်း စတိုးတချို့မှာ ရနိုင်ပါတယ်။“ပင်လယ်မှာဖြစ်တဲ့ နေထိုင် မကောင်းခြင်း (seasickness) ရဲ့ အဓိက အချက်ကတော့ မူးဝေပျို့အန်ချင်စိတ် ဖြစ်ပေါ်ခြင်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် မူးဝေခြင်းကို ဖြစ်စေတဲ့ လှုံ့ဆော်ချက်တွေ အားလုံးက Seasickness ကို ပိုဆိုးစေပါတယ်” လို့ Bradberry က ပြောခဲ့ပါတယ်။ အဆီများတဲ့ အစားအစာတွေ၊ အစပ်တွေ၊ ဖျော်ရည်၊ သံပုရာသီးကဲ့သို့ အက်ဆစ်ဓါတ်ရှိသော အစားအစာတွေ၊ အရမ်းပြည့်တင်းစေတဲ့ အစာတွေဟာ မူးဝေခြင်းကို အားပေးနေတာတွေပဲ ဖြစ်ပါတယ်။ အရက်ကို ရှောင်ခြင်းက ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ အရက်ဟာ ရေဓါတ် ခမ်းခြောက်ခြင်းကို ပိုဖြစ်စေပြီး သင့် ခန္ဓါကိုယ်အတွက် ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးတာခြင်းတွေနဲ့ ပတ်သက်ပြီး ခံနိုင်ရည်ကို လျော့နည်းစေပါတယ်။ သင်ဟာ ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းတွေ ဖြစ်တတ်တယ် ဆိုရင်လည်း ပိုဆိုးစေပါတယ်။ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းတွေ ဖြစ်တတ်တယ်ဆိုရင် သင်္ဘောအကြီးတွေနဲ့သာ သွားသင့်ပြီး ရေပြင် တည်ငြိမ်တဲ့ လမ်းကြောင်းမျိုးကို ရွေးချယ်သင့်ပါတယ်။ ဥပမာ – အတ္တလန္တိတ် ပင်လယ်ရဲ့ တခြား နေရာတွေထက်စာရင် မက္ကဆီကို ပင်လယ်အော်နဲ့ ကရစ်ဘီယန် ပင်လယ်တွေဟာ ရေမျက်နှာပြင် ပိုတည်ငြိမ်ပါတယ်။ ဒါ့အပြင် နောက်ပိုင်း ထုတ်လုပ်တဲ့ သင်္ဘောအသစ်တွေဟာ ပိုပြီးတည်ငြိမ်တဲ့ နည်းစနစ်တွေနဲ့ တည်ဆောက်ထားတာကြောင့် ခံစားရတဲ့ လှုပ်ခါမှု၊ ရွေ့လျားမှုတွေကို လျော့နည်းစေနိုင်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%95%e1%80%84%e1%80%b9%e1%80%9c%e1%80%9a%e1%80%b9%e1%80%9c%e1%82%88%e1%80%ad%e1%80%84%e1%80%b9%e1%80%b8%e1%80%99%e1%80%b0%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%81%8a-%e1%80%80/
အဆစ်အတွင်း သွေးယိုခြင်း
ကိုယ်ခန္ဓာရှိအဆစ်အမြစ်များအတွင်း သွေးယိုတဲ့ အခြေအနေ (Hemarthrosis) ကို ဆိုလိုပါတယ်။ထိခိုက်ဒဏ်ရာရခြင်းကြောင့် ဖြစ်တတ်သလို ဟေမိုဖီးလျားခေါ် သွေးမတိတ်တဲ့ရောဂါကြောင့်လည်း ဖြစ်တတ်ပါတယ်။ အရိုးအဆစ်များဟာကိုယ်ခန္ဓာရဲ့ အစိတ်အပိုင်းတွေ ချောမွေ့စွာ လှုပ်ရှားနိုင်အောင် တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ အကယ်၍ အဆစ်အတွင်းကို သွေးယိုစိမ့်ခဲ့ရင်ရောင်ရမ်းခြင်း၊ နာကျင်ခြင်းတွေဖြစ်တတ်ပါတယ်။ ထိရောက်စွာ မကုသရင် အမြဲတမ်းပျက်စီးသွားနိုင်ပါတယ်။အဆစ်အတွင်း သွေးယိုတဲ့အခါ ဖြစ်နိုင်တဲ့လက္ခဏာတွေကတော့။–အဆစ်များ ရောင်ရမ်းခြင်း။–              နာကျင်ကိုက်ခဲခြင်း။–              နီရဲခြင်း။–              အဆစ်များကို ဖိကြည့်လျှင် လေခိုသလိုဖြစ်နေခြင်း။–              အဆစ်များတောင့်တင်းခြင်း။–သွေးခြည်ဥခြင်း။–              ပုံမှန်လှုပ်ရှားနိုင်မှုမရှိခြင်း စတာတွေ ဖြစ်ပါတယ်။အဆစ်အတွင်းသွေးယိုခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာများကတော့။–              ထိခိုက်ဒဏ်ရာရခြင်း၊ အရိုးကျိုးခြင်း၊ အရွတ်များစုတ်ပြဲခြင်း။–              ခွဲစိတ်ကုသမှုခံယူခြင်း (မှန်ပြောင်းသုံး ခွဲစိတ်ခြင်း အပါအဝင်)။–              သွေးယိုတတ်သောရောဂါများ (ဥပမာ ဟေမိုဖီးလျား)။–              သွေးကျဲဆေးများ သောက်သုံးနေခြင်း။–ရောဂါပိုးဝင်ခြင်း။–              Osteoarthristis ခေါ် အရိုးအဆစ်ရောင်ရောဂါ။–ကင်ဆာ(ရှားပါးပါသည်)။စတာတွေ ဖြစ်ပါတယ်။ ဟေမိုဖီးလျား ခေါ် သွေးမတိတ်တဲ့ရောဂါကတော့ သွေးခဲဖို့အတွက် အရေးကြီးတဲ့ ပရိုတိန်းတွေ မထုတ်လုပ်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဟေမိုဖီးလျားရောဂါဆိုးလွန်းရင် တစ်ပတ်ကို နှစ်ကြိမ်လောက်ထိ အဆစ်အတွင်း သွေးယိုခြင်း ဖြစ်တတ်ပါတယ်။ဆရာဝန်ဟာ ရောဂါရာဇဝင်နဲ့ မိသားစုရာဇဝင်ကို မေးမြန်းပါလိမ့်မယ်။ အထူးသဖြင့် မိသားစုတွင်းမှာသွေးမတိတ်တဲ့ရောဂါ ဖြစ်ပွားဖူးသူရှိမရှိ မေးမြန်းပါလိမ့်မယ်။ ရောဂါနဲ့ပတ်သက်တဲ့ အချက်တွေကို ပြည့်ပြည့်စုံစုံဖြေပေးဖို့ လိုပါတယ်။ ထိခိုက်ဒဏ်ရာရဖူးခြင်း ရှိမရှိ၊ ဆေးဝါးများ သောက်သုံးမှု ရှိမရှိ မေးမြန်းပါလိမ့်မယ်။ စစ်ဆေးစမ်းသပ်မှုတွေ ပြုလုပ်ပါလိမ့်မယ်။ အဆစ်ရဲ့လှုပ်ရှားနိုင်မှုကို စစ်ဆေးခြင်း၊ ကွေးခိုင်းခြင်း ဆန့်ခိုင်းခြင်းတွေပါ ပါဝင်ပါလိမ့်မယ်။အဆစ်တွင်းသွေးယိုခြင်းရဲ့ အဓိကအကြောင်းအရင်းကို သိနိုင်အောင် အဆစ်အတွင်းက ချောဆီအရည်များကို စုပ်ယူစစ်ဆေးခြင်း ပြုလုပ်ပါလိမ့်မယ်။ ဒီအတွက် အဆစ်ထဲကို အပ်ထိုးသွင်းပြီး အရည်များကို စုပ်ယူကာ ဓာတ်ခွဲခန်းပို့ပြီး စစ်ဆေးပါလိမ့်မယ်။ လိုအပ်ရင် ပုံရိပ်ဖော်စစ်ဆေးခြင်းတွေ ပြုလုပ်ပါလိမ့်မယ်။ ရောဂါကြောင့် သွေးယိုခြင်းလို့ သံသယရှိရင် သွေးစစ်ပါလိမ့်မယ်။ဒူးခေါင်း၊ ခြေကျင်းဝတ် စတဲ့အဆစ်တွေမှာ ဆိုးရွားစွာ ရောင်ရမ်းနေရင် ဆေးရုံပြသသင့်ပါတယ်။ ရောဂါအခံကြောင့်ဖြစ်တာဆိုရင် ရောဂါအတွက် ကုသခြင်းတွေ ဥပမာ သွေးသွင်းခြင်း စတာတွေပါ လုပ်ဆောင်ပါလိမ့်မယ်။ သွေးတိတ်စေတဲ့ ဓာတ်ပစ္စည်းများ ထည့်သွင်းပေးပြီး သွေးတိတ်အောင် ကုသပေးပါလိမ့်မယ်။ ပြန်လည်သန်စွမ်းရေးဆေးပညာအရ ကုသခြင်း၊ လျှပ်စစ်ဓာတ်ဖြင့် ကုသပေးခြင်း စတာတွေလည်း ပါဝင်ပါတယ်။ အဆစ်ပတ်ဝန်းကျင်က ကြွက်သားတွေ သေးသိမ်မသွားအောင် ဖြစ်ပါတယ်။–              အဆစ်ကို အနားပေးပြီး ရေခဲကပ်ပေးခြင်း။–              သက်ဆိုင်ရာ ခြေ/လက်ကို မြှင့်ထားပေးခြင်း။–              အကိုက်အခဲပျောက်ဆေးများ သောက်သုံးခြင်း။–              အဆစ်အတွင်းမှ သွေးများကို ဖောက်ထုတ်ပေးခြင်း။–              အဆစ်ကို ခွဲစိတ်ကုသခြင်း စတဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။အဆစ်အတွင်းသွေးယိုခြင်းကို ထိရောက်စွာ မကုသရင် အဆစ်ပျက်စီးခြင်း၊ နာကျင်ကိုက်ခဲပြီး ကောင်းစွာ မလှုပ်ရှားနိုင်ခြင်း၊ အဆစ်ပျက်စီးခြင်း စတဲ့နောက်ဆက်တွဲပြဿနာတွေကြုံနိုင်ပါတယ်။ လမ်းလျှောက်ခြင်း၊ ပစ္စည်းသယ်မခြင်း၊ လှေကားတက်ခြင်း စတဲ့ပုံမှန်လုပ်ဆောင်မှုတွေကိုတောင် မလုပ်နိုငတော့ဘဲ ရှိတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အဆစ်ဝန်းကျင်က တစ်ရှူးတွေ၊ ကြွက်သားတွေ၊ အရွတ်တွေကိုပါ ထိခိုက်လာနိုင်လို့ ထိရောက်စွာ ကုသမှု ခံယူသင့်ပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/hemarthrosis/
တက်တူးက ကျန်းမာရေးအပေါ်ဘယ်လိုသက်ရောက်လဲ၊ ဘာတွေသတိထားရမလဲ
တက်တူးဆိုတာက ခန္ဓါကိုယ်ပေါ်မှာ မင်ရည်နဲ့အပ်ကိုအသုံးပြုပြီး အရေပြားအလယ်လွှာထဲထိရောက်အောင် ထိုးသွင်းတဲ့ဖန်တီးမှုအနုပညာတစ်ရပ်ပါ။ တက်တူးထိုးတာက အခုခေတ်မှာလူငယ်တွေအကြားရေပန်စား လာနေတဲ့ ဝါသနာတစ်ခုလည်းဖြစ်ပါတယ်။ အလှအပပိုင်းမှာအသုံးပြုနေတဲ့ Permanent makeup ဆိုတာကလည်းတက်တူး ထိုးမှုတစ်ရပ်ပါပဲ။ မပျက်တဲ့မင်တွေကို မျက်လုံးလိုင်နာ(eye liner)၊ နှုတ်ခမ်းလိုင်နာ (lip liner) ၊ မျက်ခုံးမွှေးဆွဲတံတွေနဲ့ အခြားအလှပြင်ပစ္စည်းတွေ မှာပါထည့်သွင်းအသုံးပြုလာနေကြပါတယ်။တက်တူးမင်တွေက ကိုယ်ခံအားစနစ်နဲ့ ရောဂါစစ်ဆေးမှုရလဒ်တွေအပေါ်မှာ သက်ရောက်မှုရှိသလို အခြားခန့်မှန်း ရခက်တဲ့ နောက်ဆက်တွဲရောဂါတွေကိုဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။အဆိပ်ဖြစ်တဲ့မင်– တက်တူးမင်အချို့မှာ ကင်ဆာဖြစ်စေနိုင်တဲ့ဒြပ်ပေါင်းတွေပါဝင်နေတာကြောင့် ခန္ဓါကိုယ်ကို အဆိပ်အတောက်ဖြစ်စေပါတယ်။ တက်တူးထိုးရာမှာ အသုံးပြုနေတဲ့မင်ရည် ၅ မျိုးထဲက တစ်မျိုးမှာ ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ ဓါတုဗေဒပစ္စည်းတွေပါဝင်နေပါတယ်လို့ သြစတြေးလျအစိုးရက ထောက်ပံ့ပေးထားတဲ့ လေ့လာမှုတစ်ရပ်မှာဖော်ပြထားပါတယ်။ တက်တူးထိုးရာမှာ လူကြိုက်အများဆုံးအရောင်ဖြစ်တဲ့ အနက်ရောင်မင်မှာ ကင်ဆာဖြစ်စေနိုင်တဲ့ဓါတုပစ္စည်းက ၈၃ ရာခိုင်နှုန်း အထိပါဝင်နေပါတယ်။တက်တူးမင်တွေက ရောဂါစစ်ဆေးမှုရလဒ်တွေကိုမှားယွင်းစေနိုင်တယ်– ဖြစ်တောင့်ဖြစ်ခဲဆိုပေမယ့် သတ္တုပေါ် မှာအခြေခံပြီး ထုတ်ထားတဲ့တက်တူးမင်တွေက ရောဂါစစ်ဆေးမှုရလဒ်တွေကိုမှားယွင်းတာမျိုးတွေဖြစ်စေနိုင်ပါ တယ်။ ၂၀၁၅ ခုနှစ်ကဖြစ်ရပ်တစ်ခုမှာ ဆရာဝန်တွေကအမျိုးသမီးတစ်ဦးမှာ သားအိမ်ခေါင်းကင်ဆာဖြစ်နေပြီး ကင်ဆာဆဲလ်တွေက lymph node တွေထဲအထိပြန့်နှံ့နေပြီလို့ယူဆခဲ့ပါတယ်။ နောက်ဆုံးမှာသိရှိလိုက်တာက သူထိုးထားတဲ့ တက်တူးကမင်တွေရဲ့ ခန္ဓါကိုယ်တွင်းဓါတ်ပြုမှုကြောင့်ဆိုတာကိုသိခဲ့ရပါတယ်။ကူးစက်ရောဂါတွေကူးစက်ခံရနိုင်ပါတယ်– တက်တူးထိုးတဲ့အခါ အရေပြားသန့်ရှင်းမှုမရှိတာကြောင့်နဲ့ တက်တူး ထိုးရာမှာသုံးတဲ့ကိရိယာတွေကသန့်ရှင်းမှုမရှိတာကြောင့် အရေပြားကနေတဆင့်ပိုးဝင်ရောက်မှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ တက်တူးထိုးတာကြောင့် ပြင်းထန်တဲ့အရေပြားကတဆင့်ပိုးကူးစက်ဝင်ရောက်တဲ့ရောဂါ ကိုခံစားရနိုင်သလို အသက်အန္တရာယ်ရှိတဲ့အထိတောင်ဖြစ်ပေါ်နိုင်ပါတယ်။တက်တူးထိုးတာကြောင့် sarcoidosis ရောဂါ၊ lichen planis ရောဂါနဲ့ အခြားသောအရေပြားဝေဒနာတွေကို ခံစားရစေနိုင်ပါတယ်။ ဒီဝေဒနာတွေကိုခံစားရတာအချိန်ကြာမြင့်လာတဲ့အခါ အရေပြားပေါ်မှာ အနာရွတ်တွေ စွဲကျန်ခဲ့ပါတယ်။တက်တူးထိုးတာကနေတဆင့် အိတ်ခ်ျအိုင်ဗွီရောဂါကူးစက်ခံရနိုင်သလို အသည်းရောင်အသားဝါ စီ ပိုးလည်းကူးစက်ခံနိုင်ပါတယ်။ တက်တူးထိုးရာမှာသုံးတဲ့ အပ်ကနေတဆင့် အသည်းရောင်အသားဝါရောဂါပိုး ကူးစက်ခံရနိုင်ခြေအရမ်းများပါတယ်။တက်တူးထိုးဖို့စဉ်းစားထားရင် ဒီအချက်လေးတွေသတိထားပေးပါ။တက်တူးထိုးထားတဲ့ နေရာမှာနီမြန်းတာ၊ရောင်ရမ်းတာနဲ့ ဖျားနာတာ၊ပြည်တည်တာမျိုးတွေဖြစ်လာရင်ပဲဖြစ်ဖြစ် အနာကိုပိုးဝင်တယ်၊လို့ယူဆရင်ဖြစ်ဖြစ် ဆရာဝန်နဲ့ချက်ချင်းပြသပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%90%e1%80%80%e1%80%b9%e1%80%90%e1%80%b0%e1%80%b8%e1%80%80-%e1%80%80%e1%80%ba%e1%80%94%e1%80%b9%e1%80%b8%e1%80%99%e1%80%ac%e1%80%b1%e1%80%9b%e1%80%b8%e1%80%a1%e1%80%b1%e1%80%95%e1%81%9a%e1%80%98/
မျက်နှာပေါ်မှာပေါက်နေတဲ့ ဝက်ခြံတွေကပြောပြနေတဲ့ ကျန်းမာရေးအခြေအနေ
မျက်လုံးက စိတ်ရဲ့ပြတင်းပေါက်ဆိုရင် မျက်နှာကခန္ဓာကိုယ်ရဲ့ပြတင်းပေါက်ပါ။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ မျက်နှာပေါ်ဖြစ်နေတဲ့အချို့သောအရာတွေက ခန္ဓာကိုယ်တွင်းမှာခံစားနေရတဲ့ လက္ခဏာတွေကိုဖော်ပြနေတာကြောင့်ပါ။ မျက်နှာပေါ်မှာပေါက်တဲ့ဝက်ခြံကပေါက်တဲ့နေရာကိုလိုက်ပြီး ကိုယ်တွင်းမှာ ခံစားနေရတဲ့ရောဂါတွေကို အချက်ပြပေးပါတယ်။မျက်နှာပေါ်မှာပေါက်တဲ့ဝက်ခြံတွေက ခန္ဓာကိုယ်မှာခံစားနေရတဲ့ရောဂါတွေကိုဖော်ပြပေးနေတာပါ။ ကိုယ့်မှာပေါက်နေတဲ့ဝက်ခြံတွေကရောဘာကြောင့်လဲဆိုတာ သိချင်ရင် ဆက်ကြည့်လိုက်ရအောင်နော်။မျက်ခုံးအထက်မှာ။မျက်ခုံးအပေါ်ဘက်မှာ ဝက်ခြံပေါက်တာက အသည်း နဲ့သည်းခြေအိတ်မကောင်းဘူးဆိုတာကိုဖော်ပြနေတာပါ။ တကယ်လို့ ဒီနေရာတွေမှာ ဝက်ခြံဖြစ်နေမယ်ဆိုရင်ပြုပြင်ထားတဲ့အစားအစာတွေနဲ့ အသင့်စားအစားအစာတွေကိုလျှော့စားဖို့လိုပါမယ်။အဆီတွေကိုလည်းလျှော့စားဖို့လိုပါမယ်။မျက်ခုံးနှစ်ခုကြားမှာ။မျက်ခုံးနှစ်ခုကြားမှာ ဝက်ခြံဖြစ်ရတာကဆေးလိပ်တွေသောက်တာ၊အယ်လ်ကိုဟောပါတဲ့သောက်စရာတွေကို အများကြီးသောက်မိနေတာဖြစ်နိုင်သလို တစ်ဆင့်ခံဆေးလိပ်ငွေ့အများကြီးထိမိနေတယ်ဆိုတာကိုဖော်ပြနေတာပါ။ ဒီတော့ အဆီများတဲ့ အစားအစာတွေ၊ထောပတ်၊ ချိစ်တွေမစားပါနဲ့။ အိပ်ရေးဝဝအိပ်ပါ။လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။နှာခေါင်းပေါ်မှာ ဝက်ခြံပေါက်တာကအဆုတ်နဲ့နှလုံးမကောင်းဘူးဆိုတာကိုဖော်ပြပေးနေတာပါ။ ဒီလိုဆိုရင်တော့ အစပ်များတဲ့ အစားအစာတွေ၊ အသား၊ ဆားတို့ကိုလျှော့စားရပါမယ်။ သစ်သီးတွေ၊ အခွံမာသီးတွေများများစာပေးရပါမယ်။သွေးပေါင်ချိန်ကို ပုံမှန်တိုင်းလို့ ထိန်းညှိပေးရပါမယ်။ ဗီတာမင် B များများစားပေးဖို့လိုပါမယ်။မျက်နှာမှာ ဘယ်ဘက်ခြမ်းမှာ ဝက်ခြံအများကြီးထွက်နေမယ်ဆိုရင် အသည်းကျန်းမာရေးအားနည်းနေတာပါ။ အိပ်ရေးဝအောင်အိပ်စက်တာ၊ အာဟာရမျှတအောင်စားသုံးပေးတာတွေ လုပ်ဆောင်ပေးဖို့လိုပါမယ်။ညာဘက်ပါး။ညာဘက်ပါးမှာ ဝက်ခြံအများကြီးဖြစ်နေတာက အဆုတ်မကောင်းဘူးဆိုတဲ့လက္ခဏာပါ။ ဒါကြောင့်အေရိုးဗစ်လေ့ကျင့်ခန်းလုပ်ပေးတာ၊ မနက်ခင်းမှာ အဆုတ်အားကောင်းစေမယ့် အသက်ရှူလေ့ကျင့်ခန်းလုပ်ပေးတာမျိုးတွေလုပ်ပေးပါ။ အချိုများတဲ့ အစားအစာတွေ၊ သရေစာတွေတတ်နိုင်သမျှလျှော့စားပေးပါ။ ပင်လယ်စာတွေနဲ့ ဝိုင်လိုမျိုးအရာတွေကိုလည်းလျှော့စားပေးပါ။ပါးစပ်တစ်ဝိုက်။ဒါကတော့ အစားအသောက်ပုံစံမှားယွင်းနေတာကြောင့်ပါ။ အစာခြေစနစ်၊အူလမ်းကြောင်းနဲ့အသည်းကျန်းမာရေးအားနည်းနေတာတွေကြောင့်လည်း ပါးစပ်တစ်ဝိုက်မှာ ဝက်ခြံတွေဖြစ်နိုင်ပါတယ်။ အစပ်များတဲ့ အစားအစာတွေကို လျှော့စားပါ။ ဆီကြော်စားတွေတတ်နိုင်သမျှလျှော့ပါ။အမျှင်ဓာတ်များများစားပေးပါ။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေများများစားပေးပါ။မေးစေ့။ကိုယ်တွင်းဟော်မုန်းပမာဏ မမျှတတာကြောင့်ပါ။စိတ်ဖိစီးမှုများနေတာကြောင့်လည်း မေးစေ့မှာ ဝက်ခြံဖြစ်နိုင်ပါတယ်။omega-3ြပည့်ဝအောင်စားပေးပါ။ လက်ဖက်စိမ်းရေနွေးကြမ်းသောက်သုံးပေးပါ။မျက်နှာပေါ်မှာပေါက်တဲ့ ဝက်ခြံလေးတွေကအသားအရေကျန်းမာလို့တင် မဟုတ်ဘဲကိုယ်တွင်းအင်္ဂါလေးတွေမကျန်းမာတာမျိုးလည်းဖြစ်နေနိုင်တာကြောင့် သေချာလေး ဂရုစိုက်စေချင်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/face-mapping-acnes/
null
null
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/anger-management-tips/
မေးရိုးတလျှောက်မှာ ပေါက်နေတဲ့ ဝက်ခြံတွေကို ဘယ်လိုဖြေရှင်းမလဲ
ဝက်ခြံဆိုတဲ့ စကားလုံးက ပြောတော့သာ ဘာမှ မဟုတ်သလို တော်တော်လေးတော့ စိတ်ရှုပ်စရာ ပေးတယ်နော်။မျက်နှာပေါ်မှာ ပေါက်တဲ့ ဝက်ခြံတွေ ဆိုရင် အလှပျက်စေတဲ့ အထိ ဆိုးရွားတာကြောင့် တော်တော်လေး စိတ်ရှုပ်စေတာ အမှန်ပါ။  မေးရိုးတလျှောက်မှာ ပေါက်နေတဲ့ ဝက်ခြံတွေကို စိတ်ညစ်နေပြီလား……….။ဒီလို ဝက်ခြံတွေက ပေါက်တဲ့ နေရာနဲ့ အမျိုးအစား ကွာခြားမှု အလိုက် စောင့်ရှောက်မှု ပေးရတဲ့ ပုံစံလည်း ကွာခြား ပါတယ်။ ဒီ တစ်ခေါက်တော့မေးရိုးတလျှောက်မှာ အစီအရီ နေရာ ယူထားတဲ့ ဝက်ခြံတွေကြောင့် စိတ်ညစ်နေသူတွေ အတွက် ဘယ်လို သက်သာအောင် လုပ်ရမလဲ ဆိုတာနဲ့ ဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့ အကြောင်းအရင်းကို ပြောပြပေးချင် ပါတယ်။အရေပြားပေါ်မှာရှိတဲ့ ဆဲလ်သေတွေ၊ အဆီပိုတွေ၊ ပတ်ဝန်းကျင်ကဖုန်မှုန့်တွေနဲ့ အညစ်အကြေးတွေကချွေးပေါက်တွေကို ပိတ်ဆို့တာ ကနေတဆင့် ဝက်ခြံတွေ ဖြစ်လာရ တာပါ။ ဝက်ခြံက မျက်နှာပေါ်က နေရာအနှံ့မှာ ပေါက်နိုင်သလို ဦးရေပြား၊ နား အတွင်းပိုင်း၊ နှာခေါင်း အတွင်းပိုင်း၊ရင်ဘတ်နဲ့ နောက်ကျောအပါအဝင် ခန္ဓာကိုယ်က နေရာအနှံ့မှာ ပေါက်နိုင်ပါတယ်။မေးရိုး တလျှောက်မှာ ပေါက်လေ့ရှိပြီး နီးမြန်း ရောင်ရမ်း နေတတ်သလို အဖြူဆံလေးတွေ ရှိနေတဲ့ ညှစ်ထုတ်ရခက်တဲ့ ဝက်ခြံတွေ အထိ အမျိုးမျိုး ရှိနိုင်ပါတယ်။ လေဒီလေးတွေမှာဆိုရင် အလှကုန် ပစ္စည်းတွေ အသုံးပြုတာ၊ ဓာတ်မတည့်တဲ့ အသားအရေ ထိန်းသိမ်းမှု ပစ္စည်းတွေ အသုံးပြုတာ၊ မေးသိုင်းရတဲ့ ဦးထုပ်မျိုးဝတ်ဆင်တာ၊ မျက်နှာမှာ ဝတ်ဆင်ရတဲ့ လေ့ကျင့်ခန်းသုံး ပစ္စည်း တစ်ခုခု ဝတ်ဆင်တာတွေကြောင့် ဝက်ခြံတွေ ဖြစ်ရတာပါ။ဟော်မုန်းအပြောင်းအလဲကြောင့်လည်း မေးရိုး တလျှောက်မှာ ဝက်ခြံတွေ ပေါက်တတ်ပါတယ်။ချွေးပေါက်တွေ ထဲကို အရေပြား ပေါ်မှာနေတဲ့ဘက်တီးရီးယားတွေဝင်ရောက် ကူးစက်တာ ကနေလည်း ဝက်ခြံတွေ ဖြစ်လို့ နီမြန်း ရောင်ရမ်းတာတွေ ဖြစ်နိုင်ပါတယ်။ မေးရိုးပေါ်မှာ ဝက်ခြံ ဖြစ်စေရတဲ့ အဓိက အကြောင်းအရင်းတွေက။အလှကုန်တွေအသုံးပြုတာ–အစိုဓာတ်ထိန်းခရင်မ်၊ မိတ်ကပ်၊ ဆံသားအတွက် အသုံးပြုတဲ့ ပစ္စည်းတွေ၊ အဆီ ပါဝင်မှု များတဲ့ အလှကုန်တွေ အသုံးပြုမိတာကြောင့် မေးရိုးမှာ ဝက်ခြံတွေ ဖြစ်ရတာပါ။အားကစားသုံး ပစ္စည်းတွေ– မျက်နှာမှာသိုင်းပြီးဝတ်ရတဲ့ အားကစားသုံးပစ္စည်းတွေဝတ်ဆင်တာကြောင့်ချွေးတွေ၊ဘက်တီးရီးယားတွေနဲ့ ထိတွေ့မိတာကြောင့်မေးရိုးမှာ ဝက်ခြံတွေဖြစ်ရတာပါ။သီချင်း နားထောင်တဲ့နားကြပ်– သီချင်းနားထောင်တဲ့ နားကြပ်တွေမှာ ကပ်ညှိနေတဲ့ ဘက်တီးရီးယားတွေ နဲ့ ထိတွေ့မိတာကြောင့်လည်း မေးရိုးမှာ ဝက်ခြံတွေဖြစ်ရ တာပါ။လက်ကိုင်ဖုန်း– လက်ကိုင်ဖုန်း မျက်နှာပြင်မှာ ကပ်ညှိနေတဲ့ ဘက်တီးရီးယားတွေ ကြောင့်လည်း မေးရိုး တလျှောက်မှာ ဝက်ခြံတွေ ဖြစ်ရ တာပါ။မုတ်ဆိတ် ရိတ်တာ– မုတ်ဆိတ်ရိတ် တဲ့အခါ အသုံးပြုတဲ့ ပစ္စည်းတွေကို သန့်စင်မှု အားနည်း တာကြောင့်လည်း မေးရိုး တလျှောက်မှာ ဝက်ခြံတွေ ဖြစ်ရ တာပါ။ဆေးဝါးတွေ– စတီးရွိုက် ပါဝင်နေတဲ့ အချို့သော ဆေးတွေ ကြောင့်လည်း မေးရိုး တလျှောက်မှာ ဝက်ခြံ ဖြစ်ရ တာပါ။ဟော်မုန်း အပြောင်းအလဲ– ကိုယ်တွင်းမှာ ဟော်မုန်း အပြောင်းအလဲ ဖြစ်တာကြောင့်လည်း ဝက်ခြံတွေ ဖြစ်နိုင်ပါ သေးတယ်။မမျိုးဥအိမ် အရည်အိတ်တည်ခြင်း (Polycystic ovary syndrome) –လေဒီလေးတွေ အနေနဲ့ မမျိုးဥအိမ်မှာ အရည်အိတ် တည်တာကြောင့် ဝက်ခြံတွေဖြစ်နိုင်ပါတယ်။ ဒီတော့ မေးရိုးတလျှောက်မှာ ပေါက်နေတဲ့ ဝက်ခြံတွေကို သက်သာအောင် ဘယ်လိုလုပ်ရမလဲ… ဆက်ကြည့်လိုက်ရအောင်နော်။မေးရိုးပေါ်က ဝက်ခြံတွေကို သက်သာစေ ဖို့ဆိုရင် ဒီ နည်းလမ်းလေးတွေ သုံးလို့ ရပါတယ်။အခြား နည်းလမ်းတွေ အနေနဲ့ ကတော့။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/the-jawline-acnes/
အလုပ်ခွင်မှာ စွမ်းဆောင်ရည်မြင့်တက်စေဖို့ မွေးမြူသင့်တဲ့အလေ့အထအချို့
တာဝန်တွေကို အကောင်းဆုံးလုပ်ဆောင်လို့ လုပ်ငန်းခွင်မှာစွမ်းဆောင်ရည်မြင့်မားသူတစ်ယောက်ဖြစ်ချင်လား။ ဒါဆိုရင်တော့ အခုပြောပြမယ့်အချက်လေးတွေကို လိုက်လုပ်ကြည့်လိုက်ပါနော်။ ဒါတွေက သင့်ကိုလုပ်ငန်းခွင်မှာ စွမ်းဆောင်ရည်အကောင်းဆုံးသူဖြစ်စေမှာပါ အသေအချာပါပဲ။ဒီအလေ့အကျင့်လေးတွေကို ကိုယ်ရဲ့နေ့စဉ်လုပ်နေကျအလေ့အထေလးတွေဖြစ်သွားအောင်မွေးမြူပေးလိုက်ပါ။ ဒါဆိုရင်တော့ အရာရာကို အကောင်းဆုံး စွမ်းဆောင်နိုင်သူတစ်ယောက်ဖြစ်လာဖို့အတွက်ပါ အဆင်သင့်ဖြစ်နေမှာပါနော်။ရုံးကိုစောစောသွားပါ။ရုံးကို တတ်နိုင်သမျှစောစောလေးသွားပါ။ ဒါမှကားကျပ်တဲ့ပြဿနာကင်းဝေးမှာဖြစ်သလို ရုံးမှာ ကြိုတင်ပြင်ဆင်စရာရှိတာတွေကိုလည်းပြင်ဆင်နိုင်မှာပါ။ မပြီးပြတ်သေးတာတွေ၊ မပြည့်စုံသေးတာတွေကိုပြီးပြည့်စုံအောင်လုပ်ဖို့လည်း အချိန်ရရှိစေမှာပါ။ ရုံးချိန်ထက် အနည်းဆုံး ၁၅ မိနစ်လောက်စောရောက်တတ်တဲ့ အကျင့်ကိုမွေးမြူပါ။ကြိုတင်ပြင်ဆင်ပါ။နောက်တစ်နေ့လုပ်စရာကိစ္စတွေကို ညဘက်အိပ်ရာမဝင်ခင်ကတည်းကပြင်ဆင်စဉ်းစားထားပါ။ ဒါမှ နောက်တစ်နေ့မှာ အဆင်သင့်ဖြစ်လို့ စိတ်လက်ချမ်းသာနဲ့ အလုပ်တွေကို အကောင်းဆုံးလုပ်နိုင်မှာပါ။နေ့လယ်စာကို အပြင်ထွက်စားပါ။နေ့လယ်စာစားတဲ့အခါ အပြင်ထွက်စားတာကစိတ်ဖိစီးမှုြေပလျော့စေပြီး အလုပ်တွေကို ပိုပြီးကောင်းကောင်းလုပ်စေနိုင်ပါတယ်။ ဖန်တီးနိုင်စွမ်းနဲ့ အာရုံစူးစိုက်မငကို ပိုကောင်းစေနိုင်ပါတယ်နော်။မလိုအပ်တာတွေကိုမေ့လိုက်ပါ။တစ်ခါတလေမှာ လူအများစုက အရေးလည်းမကြီး မဖြစ်မနေလုပ်ဖို့လည်း မလိုတဲ့ အရာတွေအပေါ်မှာ အာရုံစိုက်လွန်းတတ်ကြပါတယ်။ ဒီအလေ့အကျင့်ကပဲ ပိုပင်ပန်းစေပြီး အလုပ်လုပ်ဆောင်နိုင်မှုစွမ်းရည်ကို ကျဆင်းစေတာပါ။ ဒါကြောင့် အရေးမကြီးဘူး၊ လုပ်လို့လည်းဘာမှ အကျိုးထူးမသွားလောက်တဲ့ ကိစ္စတွေအတွက် အချိန်ကုန်မခံပါနဲ့။တစ်နေ့တာ ပန်းတိုင်ချမှတ်ပါ။တစ်နေပတာမှာ ဘယ်လောက်အထိ အလုပ်တွေပြီးစီးရမယ်။ စာအုပ်ကိုဘယ်လောက်ထိပြီးအောင်ဖတ်ရမယ်။လေ့လာစရာတွေကို ဘယ်လောက်အတိုင်းအတာထိပြီးရမယ်ဆိုတဲ့ တစ်ကိုယ်တော် တစ်နေ့တာ ပန်းတိုင်တွေချမှတ်လို့ပြည့်မီအောင်လုပ်ပါ။ ဒီလိုလုပ်ဆောင်ပေးခြင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးစေမှာဖြစ်သလို လုပ်ငန်းခွင်မှာလည်း စွမ်းဆောင်ရည်ကောင်းသူတစ်ယောက်ဖြစ်လာအောင် အားဖြည့်ပေးနိုင်မှာပါ။Deadline သတ်မှတ်ပါ။အလုပ်တာဝန်တစ်ခုစီတိုင်းအတွက် deadlineတေါကိုသေချာလေးသတ်မှတ်ပါ။ တကယ်လည်း ပြီးစီးအောင်လုပ်ပါ။ ဒီလိုလုပ်ခြင်းက ကိုယ့်ကိုလုပ်ဖော်ကိုင်ဖက်တွေကလေးစားစေသလို ကိုယ်တိုင်မှာလည်း ယုံကြည်ချက်တွေတိုးစေနိုင်ပါတယ်နော်။ဦးနှောက်ကို အကောင်းဆုံးလုပ်ဆောင်တတ်အောင်လေ့ကျင့်ယူပါ။ဦးနှောက်က ဓါးတစ်ချောင်းနဲ့တူပါတယ်။သွေးလေထက်လေပါ။ ဒါကြောင့် ဦးနှောက်ကိုနေ့တိုင်း လုပ်ငန်းဆောင်တာတွေကိုကောင်းသထက်ကောင်းလာအောင် လုပ်ဆောင်နိုင်စေဖို့လေ့ကျင့်ပေးပါ။နေ့ရက်တိုင်းမှာ လုပ်နိုင်စွမ်းကို နည်းနည်းချင်းမြှင့်သွားပါ။ ဒါမှ လုပ်ဆာင်နိုင်မှုစွမ်းရည်ပြဿနာဖြေရှင်းနိုင်စွမ်းတွေ တိုးလာမှာပါ။ဖုန်းကို ခပ်ဝေးဝေးထားပါ။ဖုန်းက အနားမှာရှိနေရင် အလုပ်ကို အာရုံမရောက်ဘဲ ဖုန်းဆီအာရုံရောက်နေမယ်။ဖေ့ဘုတ်ခ်သုံးမယ်၊ ဆိုရင် အကောင်းဖြစ်ဖို့ထက် အဆိုးဖြစ်ဖို့ကများသွားပါပြီ။ ဒီတော့ အလုပ်လုပ်နေချိန်မှာတော့ ဖုန်းကို ခဏလောက်ခပ်ဝေးဝေးထားပေးပါ။အနားပေးပါ။အလုပ်ခွင်မှာ စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်ချင်ဇောနဲ့ တစ်ချိန်လုံး အလုပ်တွေပဲ ဖိလုပ်မနေပါနဲ့။ မိနစ် ၉၀ (တစ်နာရီခွဲ) ကြာတိုင်း ၁၅ မိနစ်လောက် နားပေးပါ။ အဝေးကိုကြည့်တာမျိုးဖြစ်ဖြစ်၊ကော်ဖီထဖျော်တာမျိုးဖြစ်ဖြစ်၊ လမ်းလျှောက်တာမျိုးဖြစ်ဖြစ်၊ရေထသောက်တာမျိုးဖြစ်ဖြစ်ပေါ့။လေ့ကျင့်ခန်းလုပ်ပါ။စိတ်ဝင်စားတဲ့လေ့ကျင့်ခန်းတစ်ခုခုလုပ်ပါ။ Gymဆော့တာမျိုးဖြစ်ဖြစ်၊ယောဂကစားတာမျိုး၊ Zumba ကတာမျိုးဖြစ်ဖြစ်ပေါ့။ ဒီလိုလုပ်တာက စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေနိုင်ပြီး အလုပ်ခွင်ထဲမှာလည်း အကောင်းဆုံးလုပ်ဆောင်နိုင်စေမှာပါ။နေ့ရက်တိုင်း အလုပ်ခွင်ထဲမှာပျော်ပျော်ရွှင်ရွှင်နဲ့ တက်ကြွလန်းဆန်းနေသူတစ်ယောကဖြစ်ဖို့ အခုပဲ ဒီအလေ့အကျင့်လေးတွေကို ပျိုးထောင်မွေးမြူလိုက်ရအောင်လား Hello ဆရာဝန်ပရိသတ်ကြီးရေ…………….။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/daily-habits-that-will-increase-your-productivity-levels/
အရိုးပွနေရင် ဒါတွေရှောင်ပါ။
အရိုးပွတာက အသက်အရွယ်ရလာသူ အတော်များများ ခံစားရတဲ့ကျန်းမာရေးပြဿနာပါ။ အသက်အရွယ် ရလာတာနဲ့အမျှ အရိုးတွေရဲ့ သိပ်သည်းဆက နည်းလာပြီး အရိုးပွလာ ပါတယ်။အရိုးပွလာ တာက သေချာ ဂရုစိုက်ဖို့ လိုမယ့် ကျန်းမာရေးပြဿနာပါ။ အကြောင်းကတော့ အရိုးပွနေတာကို သေချာ ဂရုမစိုက်မိဘူးဆိုရင်အရိုးကျိုးလွယ်တာ၊အရိုးအက်တာတွေကို ဖြစ်စေနိုင်လို့ပါ။အရိုးပွတာက သေချာလေး ကုသမှု ခံယူဖို့ လိုသလို အစားအသောက်ကိုလည်း သေချာ ဂရုစိုက်ဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့အရိုးပွရောဂါခံစားနေရသူတွေအနေနဲ့ ဘာတွေကို သတိထား ရမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။အရိုးပွနေရင် ဒါတွေရှောင်ပါ။ အရိုးပွနေတဲ့အခါ ခံစားနေရတဲ့ ဝေဒနာကို ပိုဆိုး မသွားစေဖို့ ဒါတွေကို မစားဖို့ ပြောပါရစေ။သကြားဆိုလို့ သကြားကိုပဲ မစားရတာ မဟုတ်ပါဘူး။အချိုကဲတဲ့ အစားအစာတွေကိုပါ မစားရမှာပါ။ ဥပမာ ကိတ်မုန့်၊ ကွတ်ကီးလိုမျိုး အချိုကဲတဲ့ အစားအစာတွေ၊ အချိုရည်ကိုရော ရှောင်ရမှာပါ။ဒီအစားအစားတွေက အရိုးပွတာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် သကြား အစား အချိုဓာတ် ပြည့်စေဖို့ သဘာဝ အချိုတွေ ဖြစ်တဲ့ သစ်သီး အချိုနဲ့ပျားရည်စစ်စစ်တွေကို စားပေးလို့တော့ ရပါတယ်။ဆား အများကြီး စားတာက ကျန်းမာရေးအတွက် မကောင်းသလို အရိုးပွနေသူတွေအတွက်လည်း မသင့်တော်ပါဘူး။ဆား အများကြီးစားတာက အရိုးတွေအတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်ကို ဆုံးရှုံးမှု များစေပါတယ်။ အကြောင်းကတော့ ဆီးကနေတဆင့် ကယ်လ်ဆီယမ် ပြင်ပကို ထွက်ရှိသွားတာကြောင့်ပါ။ဆား အစားများတိုင်း ကယ်လ်ဆီယမ် ဆုံးရှုံးမှုကလည်း မနည်းတာကြောင့် အရိုးပွနေသူတွေအနေနဲ့ ဆားကို လျှော့စားစေချင်ပါတယ်။အခုနောက်ပိုင်း ပိုးသတ်ဆေးတွေ များလာသလို စိုက်ပျိုးမှုတိုင်းမှာလည်း ပိုးသတ်ဆေးတွေကို အများအပြား သုံးလာကြပါတယ်။ အကြောင်းကတော့ လူတွေက အလုံးလှပြီး ပိုးကိုက်ရာ ကင်းတဲ့အသီးအရွက်တွေကို သဘောကျတာကြောင့်ပါ။ တကယ်ကတော့ ဒီလို ပိုးသတ်ဆေးသုံးထားတဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကအရိုးသိပ်သည်းဆကို လျော့ကျစေပါတယ်။ဒါကြောင့် အရိုးပွနေမယ်ဆိုရင် အရိုးပွတာ ပိုဆိုးမလာစေဖို့ အော်ဂဲနစ် မဟုတ်တဲ့ အသီးအရွက်တွေကို ရှောင်ပါ။ဆီကြော်စာတွေက စားရတာ အရသာရှိလှပေမယ့် အရိုးပွနေသူတွေအတွက်ကတော့ မသင့်တော်ပါဘူး။ ဆီကြော်စာတွေကသွေးတွင်း အဆီကို များစေသလို အရိုးပွတာကြောင့် နာကျင်မှုကို ပိုဆိုးစေနိုင်ပါတယ်။ဒါကြောင့် ဆီကြော်စာတွေအစား အသား၊ ငါး စတာတွေကို ပြုတ်စားတာ၊ ဆီနည်းနည်းနဲ့ ချက်စားတာမျိုးက ပိုအဆင်ပြေပါတယ်။ ပေါင်းစားတာကလည်း သင့်တော်တဲ့ စားသောက်ပုံတစ်မျိုးပါ။ဆီကြော်စာတွေအပြင် အနီရောင်အသား၊ ချိစ်၊ ကြက်ဥကြော်၊ ထောပတ်၊ပြုပြင်ထားတဲ့ အစားအစာတွေကိုလည်း ရှောင်ဖို့ လိုပါမယ်။သန့်စင်ထားတဲ့ ဂျုံနဲ့ လုပ်ထားတဲ့ အစားအစာတေါက မသင့်တော်ပါဘူး။ ဒီလို အစားအစာတွေက အရိုးပွတာတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် သန့်စင်ထားတဲ့ ဂျုံနဲ့ လုပ်ထားတဲ့ အစားအစာတွေ အစားဂျုံကြမ်း ပေါင်မုန့်လိုမျိုးကို ရွေးချယ် စားပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/osteoporosis-orthopedics-musculoskeletal/what-foods-should-i-avoid-with-osteoporosis/
Malnutrition (အာဟာရ မပြည့်ဝခြင်း )
သင့်ခန္ဓါကိုယ်တွင်လုံလောက်သော အာဟာရ မရရှိသည့်အခါ အဟာရ မပြည့်ဝခြင်းဖြစ်လာရသည်။ အာဟာရ မပြည့်ဝခြင်းသည် အသက်အရွယ်မရွေးဖြစ်နိုင်သည်။အာဟာရအတော်မပြည့်ဝသော ကလေးများသည် ဖွံ့ဖြိုးမှုနောက်ကျခြင်းနှင့် ဉာဏ်ရည်မပြည့်မီခြင်းတို့ခံစားရသည်။ သူတို့ကို ကုသပြီးသည့်တိုင်အောင် အာဟာရဓါတ်များသည် ချက်ချင်းပြန်မပြည့်လာဘဲ သူတို့ဘဝ၏ကျန်ရှိနေသော အချိန်များတွင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြသနာများနှင့် အစာချေဖျက်မှုဆိုင်ရာ ပြသနာများကို ခံစားရနိုင်ပါသည်။အာဟာရအတော်မပြည့်ဝသော အရွယ်ရောက်ပြီးသူများသည် ကုသမှုခံယူပြီးလျှင် လူကောင်းအတိုင်းပြန်လည် ကျန်းမာသွားသည်ကိုတွေ့ရပြီး အောက်ပါတို့သည် ဆက်နွယ်နေသော လက္ခဏာများဖြစ်သည်။ထို့ပြင် အာဟာရချို့တဲ့ခြင်းကြောင့် အစားစားချင်စိတ်မရှိခြင်း၊ ခံတွင်းပျက်ခြင်း စသည်တို့ဖြစ်လာကာရောဂါလက္ခဏာများပိုဆိုးလာစေနိုင်ပါသည်။အာဟာရချို့တဲ့ခြင်းသည် မည်သည့်အသက်အရွယ်တွင်မဆိုဖြစ်နိုင်သော အတွေ့ရများသော ကျန်းမာရေးပြသနာဖြစ်သည်။ ၎င်းကို ကာကွယ်ရန် ဖြစ်နိုင်ချေရှိသော အရာများကိုလျှော့ချသင့်သည်။ ပိုမိုတိကျစွာ သိရှိရန် ဆရာဝန်နှင့်တိုင်ပင်ပါ။တွေ့ရများသော ရောဂါလက္ခဏာများမှာ။ရောဂါသည်းသော သူများတွင်။အောက်ပါအချက်များရှိပါက ဆရာဝန်ထံပြသင့်သည်။အာဟာရမပြည့်ခြင်း ခန္ဓါကိုယ်တွင်အာဟာရဓါတ်များ လုံလောက်လာမရရှိခြင်းကြောင့် ဖြစ်ပြီး ထိုသို့ဖြစ်စေသော အခြေအနေနှင့် အကြောင်းရင်းများစွာရှိပါသည်။ပိုမို ကြွယ်ဝပြီး စက်မှုဖွံ့ဖြိုးသောတိုင်းပြည်များတွင် အာဟာရမပြည့်ခြင်းသည် အောက်ပါတို့ကြောင့် အဖြစ်များသည်။လူတယောက်သည် လုံလောက်စွာမစားလျှင်၊ သို့မဟုတ် သူစားသော အစာသည် အာဟာရဓါတ်များမရှိလျှင် သူသည် အာဟာရပြည့်ဝမှုမရှိနိုင်ပေ။အစားအသောက်နည်းခြင်းဖြစ်စေသော အကြောင်းများစွာရှိပါသည်။ဥပမာ- အစာမျိုလျှင်လည်ချောင်းနာကျင်ခြင်းဖြစ်နေသသောသူသည် ရောဂါခံစားနေရသည့်အချိန်တွင် မှန်ကန်သော အာဟာရပမာဏရရှိရန် စားနိုင်မည်မဟုတ်ပါ။စိတ်ကျရောဂါကဲ့သို့သော စိတ်ကျန်းမာရေး ပြသနာရှိသူများသည် အစာစားချိန်မမှန်နိုင်ပေ။ ထို့ကြောင့် အစာမစားသောကြောင့် မစားချင်တော့သောရောဂါဖြစ်နေသူများ၊ စိတ်ဓါတ်ကျသောကြောင့် စားချင်ရာကို တနင့်တပိုးစားတတ်သူများတွင် မှန်ကန်သော အာဟာရမရရှိခြင်းကြောင့် အာဟာရချို့တဲ့ခြင်းဖြစ်ရသည်။ပုံမှန်လူကဲ့သို့ မလှုပ်ရှားနိုင်သောသူများသည် အစားအစာများကို ကိုယ်တိုင်သွားမဝယ်နိုင်ခြင်း၊ သူတို့အတွက် သူတပါးအားပြင်ဆင်ခိုင်းရန် အားနာခြင်းတို့ကြောင့် အာဟာရချို့တဲ့ရသည်။အချို့သူများသည် လုံလောက်စွာစားသော်လည်း အာဟာရဓါတ်များကို စုပ်ယူနိုင်ခြင်း မရှိသည့်အတွက် အာဟာရချို့တဲ့ရသည်။ ဥပမာ – ခရုန်းအူရောင်ရောဂါနှင့် အူအနာရောဂါများရှိသူများတွင် အူများကို ဖြတ်ထုတ်ထားရသော အခြေအနေများရှိသည့်အတွက်အာဟာရဓါတ်များကို ကောင်းမွန်စွာ စုပ်ယူနိုင်ခြင်း မရှိတော့ပေ။ကစီဓါတ်နှင့်မတည့်သော celiac မျိုးရိုးလိုက်သောရောဂါသည်လည်းအူနံရံများမကောင်းတော့သောကြောင့် အာဟာရဓါတ်များကို ကောင်းကောင်းစုပ်ယူနိုင်ခြင်း မရှိတော့ပေ။ ထိုလူနာများသည် အန်ခြင်း၊ ဝမ်းလျှောခြင်းများလည်းခံစားရပြီး အာဟာရချို့တဲ့ရသည်။အရက်စွဲခြင်းသည် နာတာရှည်ရောဂါဖြစ်ပါသည်။ အရက်သမားများတွင် ဟော်မုန်းအချို့ကြောင့် အစာချေဖျက် စုပ်ယူမှုများမကောင်းမွန်တော့သည့် အတွက် အာဟာရချို့တဲ့ရသည်။ထို့အပြင် အရက်တွင် ကယ်လိုရီများစွာပါဝင်ခြင်းကြောင့် ဆာလောင်မှုကို နည်းစေသည်။ ထိုအခါ သင့်တော်သော အာဟာရကို မစားတော့သည့်အတွက် အရက်သောက်နေရင်းဖြင့် အာဟာရချို့တဲ့လာရခြင်းဖြစ် သည်။ဆင်းရဲသော တိုင်းပြည်များတွင် အာဟာရမပြည့်ခြင်းသည် အောက်ပါတို့ကြောင့် အဖြစ်များသည်။ဆင်းရဲသော နိုင်ငံများတွင် ခေတ်သစ်စိုက်ပျိုးရေးစနစ်တွင် အသုံးပြုသော နိုက်ထရိုဂျင်မြေသြစာ ၊ ပိုးသတ်ဆေးနှင့် ဆည်မြောင်းများ မရှိခြင်းကြောင့် စိုက်ပျိုးရေးမအောင်မြင်ကာ တိုင်းပြည်တွင် အစာရေစာများပြတ်လတ်ခြင်းဖြစ်ရသည်။အစာရေစာပြတ်လပ်ခြင်းသည် ကမ္ဘာပေါ်တွင်ဖြစ်သော အာဟာရချို့တဲ့မှုများ၏ အဓိကအကြောင်းရင်းတရပ်ဖြစ်လာရသည်။ငတ်မွတ်ခေါင်းပါးမှုသည် စားသောက်ကုန်နှင့် ဖြန့်ချိမှုဈေးနှုန်းများမြင့်တက်လာခြင်းနှင့် ဆက်နွယ်နေကြောင်းအချို့သော စီးပွားရေးပညာရှင်များကဆိုသည်။မိခင်နို့မတိုက်ကျွေးခြင်းကြောင့်။အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၁နှစ်အောက်ကလေးများနှင့် အခြားကလေးများတွင် အာဟာရမပြည့်ခြင်းဖြစ်နေရကြောင်း ပညာရှင်အချို့က ဆိုသည်။ ကမ္ဘာပေါ်ရှိ နေရာဒေသအချို့တွင် နို့ဘူးတိုက်ခြင်းသည် မိခင်နို့ထက် ပို အကျိုးရှိသည်ဟုထင်မှတ်နေကြဆဲဖြစ်သည်။ဖွံ့ဖြိုးဆဲနိုင်ငံများတွင်မိခင်နို့မတိုက်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ကလေးများနှင့် ပက်သက်ပြီးဗဟုသုတနည်းပါးခြင်း၊ နို့တိုက်လျှင်နာကျင်ခြင်းတို့ကြောင့်ဖြစ်သည်။အာဟာရ မပြည့်ဝခြင်းကို ဖြစ်နိုင်ချေများသောအချက်များစွာရှိပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဖစ်လာသော အခြေအနေအပေါ်မူတည်ပြီး စစ်ဆေးချက်များပြုလုပ်ရပါသည်။ ကျန်းမာရေးဝန်ထမ်းအများစုသည် အာဟာရဖြစ်သော အစားအသောက်ပုံစံရှိမရှိစစ်ဆေးခြင်း နှင့် သွေးဖောက်ခြင်းတို့ကို လုပ်လေ့ရှိသည်။လူနာ၏ရောဂါလက္ခဏာအပေါ်မူတည်ပြီး လိုအပ်သော ကုသမှုများပေးခြင်း၊ လိုနေသော အာဟာရဓါတ်များပြန်ဖြည့်ခြင်း၊ ရောဂါအခံရှိပါက ကုပေးခြင်း စသည့်နည်းများဖြင့် ကုသကြပါသည်။အာဟာရချို့တဲ့သောလူနာ၊ သို့မဟုတ် အာဟာရချို့တဲ့ရန်အလားအလာရှိသောလူနာများကို ဆရာဝန် သို့မဟုတ် အာဟာရကျွမ်းကျင်ပညာရှင်များက သတ်မှတ်ထားသော အာဟာရတန်ဖိုးရရှိစေရန် အကြံပေးပါသည်။လူနာ၏နဂိုရောဂါအခံ၊ နှင့် ရောဂါဖြစ်စေသော အကြောင်းရင်းများအပေါ်မူတည်ပြီး ကုသမှုပုံစံနှင့် ရည်ရွယ်ချက်များ အမျိုးမျိုးရှိသည်။ ပုံမှန်အားဖြင့် အာဟာ၇ချို့တဲ့သူများကို ကုသရာတွင် စနစ်တကျစီစဉ်ထားသော အစားအစာများကို ကျွေးခြင်းနှင့် ဖြည့်စွက်အာဟာရများကို ကျွေးခြင်းတို့ပါဝင်သည်။ ပြင်းထန်စွာအာဟာ၇ချို့တဲ့နေသူများသည် စားသောက်ခြင်းဖြင့် အာဟာရပြန်မပြည့်နိုင်သောကြောင့် အခြားသောနည်းလမ်းများဖြင့် ထပ်ဖြည့်ရသည်။ ထို့နောက် လူနာ၏ တိုးတက်မှုကို စောင့်ကြည့်နေရပါသည်။ ကုသမှုဖြစ်စဉ်ကို မှန်မှန် ချိန်ဆပေးခြင်း၊သုံးသပ်ခြင်းအားဖြင့် လိုအပ်နေသော အာဟာဓါတ်များကို ကောင်းမွန်စွာ သိရှိပြီး ဖြည့်ပေးနိုင်မည်ဖြစ်သည်။သင်သည် ကျန်းမာရေးဝန်ထမ်းကောင်းတယောက်ဆိုလျင် သင့်လူနာအတွက် ကျန်းမာပြီး အာဟာရပြည့်ဝစေမည့် မှန်ကန်သော စားသောက်မှုပုံစံကို ရွေးချယ်နိုင်ရန် အကြံပေးသင့်သည်။ ဆရာဝန် သို့မဟုတ် အာဟာရကျွမ်းကျင်ပညာရှင်သည် ကာဗိုဟိုက်ဒြိတ်၊ ပရိုတင်း၊ အဆီ၊ ဗီတာမင်နှင့် သတ္တုဓါတ်များ မှညီညွတ်မျှတသော သင့်တနေ့တာအတွက်လိုအပ်သည့် စွမ်းအင်ပမာဏကို စားသုံးရန် အကြံပေးလိမ့်မည်။ အကယ်၍ လူနာသည် သူနေ့စဉ်စားသော အစားအစာများမှ လုံလောက်သောအာဟာရကို မရရှိပါက ဖြည့်စွက်စာများ စားရန်လိုပါသည်။ တနေ့လျှင် ကယ်လိုရီ ၂၅၀ မှ ၆၀၀ အထိဖြည့်ရန်လိုအပ်သည်။အထူးသဖြင့် ပြင်းထန်စွာအာဟာ၇ချို့တဲ့နေသူများအတွက်စီမံဖော်စပ်ထားသော ဖြည့်စွက်စာ ၂မျိုးရှိပါသည်။နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့် အာဟာရချို့တဲ့သူများအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။မြေပဲနှင့် အခြားသောအစေ့အဆန်များ၊ပေါင်မုန့်ထောပတ်သုတ်၊ ဘီစကစ်၊ သန့်ရှင်းလတ်ဆတ်သော အသီးများ၊ အရွက်များအစိမ်းစားခြင်းတို့ပြုလုပ်ပါ။ ဒိန်ချဉ်ကို ချေထားသော အစေ့များ၊ ကွေကာမှုန့်များဖြင့်သောက်ခြင်း၊ ကြက်ဥအကာကိုများများထဲ့ကာခေါက်မွှေပြီးကြော်စားခြင်း၊ နို့သောက်ခြင်း ပေါင်မုန့်၊ အသီးအရွက်၊ စွပ်ပြုတ်၊ ထမင်းနှင့် ခေါက်ဆွဲစားရာတွင် တွင်ချိစ်များများထဲ့စားခြင်း စသည်တို့ပြုလုပ်ပါ။သံပုရာသီး၊ ဆေးဖက်ဝင်အပင်များနှင့် ဟင်းခတ်အမွှေးအကြိုင်များကိုများများသုံးပါ။ အကယ်၍ အရသာနှင့် အနံ့ကိုမခံနိုင်လျှင် ဟင်းခတ်မှုန့်များနှင့်စားကောင်းအောင်ပြုပြင်ပါ။အသီးများ၊ အသီးဖျော်ရည်များ၊ချိစ်နှင့် မြေပဲထောပတ် စသည်တို့သည် သင့်အတွက် ကယ်လိုရီတက်စေပြီး အာဟာရပြည့်ဝစေသည်။အစာစားချိန်များတွင် သင်ရင်နှီးသော သူများကို ဖိတ်ပြီး အိမ်တွင်စားပွဲသောက်ပွဲများပြုလုပ်ခြင်း၊ မုန့်လုပ်စားခြင်းများ ပြုလုပ်ပါ။ ထို့ပြင် အခြားသူများနှင့်လည်း အပြင်ထွက်စားရန် အစီအစဉ်များဆွဲပါ။နေ့စဉ်လေ့ကျင့်ခန်းလုပ်ခြင်းသည် အရသာကို ခံတွင်းတွေ့စေပြီး အရိုးနှင့်ကြွက်သားများကိုပါ သန်မာစေသည်။သင့်အိမ်ထောင်ဖက်က ဈေးသွားပြီးစားစရာများဝယ်မည်ဆိုလျှင် ဝယ်ရမည့်စာရင်းလုပ်ထားရန်၊ လျှော့ဈေးများရှိမရှိကြည့်ရန်၊ ဈေးချိုသောပစ္စည်းကိုရွေးချယ်ရန်ပြောပါ။ မလိုအပ်သည့် ပစ္စည်းများဝယ်ယူခြင်း၊ လူမှုရေးအရအပေါင်းအသင်းများနှင့် စားခြင်း၊ လူကြီးများအတွက် လျှော့ဈေးပေးသောဆိုင်များတွင် ဝယ်စားခြင်းတို့ကို မပြုလုပ်ပါနှင့်။သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/malnutrition-%e1%80%a1%e1%80%ac%e1%80%9f%e1%80%ac%e1%80%9b-%e1%80%99%e1%80%95%e1%80%bc%e1%80%8a%e1%80%b7%e1%80%ba%e1%80%9d%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
ဖန်ပြွန်သန္ဓေတည်မှု မအောင်မြင်ခြင်း
ဖန်ပြွန်သန္ဓေတည်ခြင်းက အောင်မြင်ပေမယ့်လည်း အချို့အခြေအနေတွေမှာ အမျိုးသမီးဆီမှာသန္ဓေမတည်နိုင်ခြင်း ဖြစ်ပါတယ်။ မိန်းမကိုယ်အပြင်ဘက်မှာ မမျိုးဥနဲ့ဖိုသုက်ကောင်ကို သန္ဓေစပ်ခြင်းနည်းလမ်းဖြစ်ပါတယ်။ မျိုးအောင်သွားတဲ့ဥကို မိန်းမခန္ဓါကိုယ်ထဲပြောင်းထည့်ပြီး သဘာဝအတိုင်း ဆက်လက်ကြီးထွားစေပါတယ်။ပထမအကြိမ်မအောင်မြင်ခြင်းက အလားတူဖြစ်ရပ်လုပ်ရပ်ကိုရှောင်ကြဉ်ခြင်းဖြင့် မအောင်မြင်ရခြင်းအကြောင်းရင်းက ဒုတိယအကြိမ်ကြိုးစားမှုကို အထောက်အကူပြုပါတယ်။မအောင်မြင်ရတဲ့ကိစ္စတော်တော်များများမှာ အကြောင်းရင်းတစ်ခုထက်ပိုပါတယ်။ အထူးကုတွေက သန္ဓေသားရဲ့ပုံရိပိကိုကြည့်ပြီး ကြီးထွားမှုနှုန်းကိုယူပါလိမ့်မယ။ အကြောင်းရင်းကိုတွေ့တဲ့အခါမှာ ကာကွယ်ဖို့အစီအစဉ်ကို မိသားစုနဲ့တိုင်ပင်ပါလိမ့်မယ်။ အကြောင်းရင်းတချို့ကိုတော့ မိခင်ဖြစ်သူရဲ့အသက်အရွယ်စတာကိုတော့။ဖြုတ်ပစ်လိုက်ပါတယ်။ ဓါတ်ခွဲအထူးကုက အခြားထည့်စဉ်းစားရမယ့်အကြောင်းရင်တွေကို ပြောပြပါလိမ့်မယ်။ဖန်ပြွန်သန္ဓေအောင်မြင်ဖို့အတွက် အရေးကြီးဆုံးက ကျန်းမာတဲ့မမျိုးဥ၊ သုတ်ကောင်စွမ်းနိုင်ဖို့နဲ့ ကလေးကြီးထွားမှုကိုစောင့်ရှောက်အားပေးနိုင်တဲ့ သားအိမ်တို့ဖြစ်ပါတယ်။ဆဲလကွဲပွားပြီး မျိုးရိုးဗီဇတွေက ကောင်းကောင်းမပွားဘူးဆိုရင် ဖြ်စနိုင်ပါတယ်။မျိုးရိုးဗီစပြတ်တောက်မှုတွေကနေ မျိုးရိုးဗီဇဖြန့်ဝေရာမှာ ပုံမှန်မဟုတ်ခြင်းတွေဖြစ်စေပြီး သန္ဓေသားလောင်းကိုပုံမမှန်ဖြစ်စေပါတယ်။ အမျိုးသမီးတွေအသက်ရလာတဲ့အခါမှာ ပိုဖြစ်လေ့ရှိပါတယ်။သုတ်ကောင်ဘက်ကမူမမှန်ခြင်းက မမျိုးဥထက်အဖြစ်နည်းပေမယ့်လည်း ဖြစ်ခဲံမယ်ဆိုရင် မျိုးရိုးဗီဇမူမမှန်မှုအဆင့်သတ်မှတ်ချက်လည်း ပိုကြီးသွားနိုင်ပါတယ်။ ရလဒ်ကတော့ မမျိုးဥနဲ့သန္ဓေအောင်မပေါင်းစပ်နုင်တော့ခြင်းဖြစ်ပါတယ်။မိန်းမကိုယ်ထဲကိုပြောင်းထည့်ပေးရမှာက ဥအနေနဲ့လား၊ သားလောင်းအနေနဲ့လားဆိုတာကို သက်ဆိုင်ရာအထူးကုက ဆုံးဖြတ်ပါလိမ့်မယ်။ ရွေးချယ်ဖို့အရေးကြိးတဲ့အချက်၃ချက်ပေါ်မူတည်ပါတယ်။ ဆဲလ်အဆင့်၊ သားလောင်းအဆင့်၊ နဲ့ကွဲပွားမှုနှုန်း တို့ြဖ်စပါတယ်။ အကောင်းဆုံးသန္ဒေသားရဖို့အတွက် ပြည့်စုံတဲ့ရွေးချယ်မှုပြုလုပ်ဖို့ ခက်ပါတယ်။ ဓါတ်ခွဲခန်းတွေ့ရှိမှုတွေအပေါ်အခြေခ့ပြီး အကောင်းဆုံးသန္ဓေသားကို ရနိုင်ပါတယ်။သန္ဓေသားမွေးထားတဲ့ဓါတ်ခွဲခန်းက အကောင်းဆုံးထိန်းချုပ်ထားတဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်ပါတယ်။ ဓါတ်ခွဲခန်းအထူးကုတွေက အောက်ဆီဂျင်ပမာဏ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏ၊ စိုထိုင်းခြ်င၊ ပီအိတ်ခ်ျ၊ အပူချိန်နဲ့ အလင်းရောင်စတာတွေကို တင်းတင်းကျပ်ကျပ်ထိန်းညှိပေးဖို့လိုပါတယ်။ ဒိအချက်တွေအနည်းငယ်ပြောင်းသွားခြင်းက သန္ဓေသားသေဆုံးမှုကို ဖြစ်သွားစေနိုင်ပါတယ်။ဖန်ပြွန်သန္ဓေမအောင်မြင်ပြီးတဲ့နောက် ပထမဆုံးလုပ်ရမှာက အရင်ဖြစ်စဉ်ကိုပြန်သုံးသပ်ဖို့နဲ့ ဖြစ်ရခြင်းအကြောင်းရင်းကို သင်ယူဖို့ဖြစ်ပါတယ်။ ဒိတွေ့ရှိချက်ကနေပြီး ဒုတိယအကြိမ်ကိုအောင်မြင်စေနိုင်ပါတယ်။ အောင်မြင်နိုင်နှုန်းကို။သက်ရောက်တဲ့အချက်တွေကတော့။ဒုတိယအကြိမ်ဖန်ပြွန်သန္ဓေတည်ခြင်း ောအင်မြင်နိုင်နှုန်းက ပထမအကြိမ်ထက်စာရင် အနည်းငယ်နည်းပါတယ်။ အခြေအနေတွေကကောင်းမယ်ဆိုရင်တော့ အောင်မြင်နိုင်ချေရှိပါတယ်။ ဆရာဝန်နဲ့အထူးကုတွေက ပထမအကြိမ်ကြိုးစားမှုးရဲ့ ဒီအချက်အလက်တွေနဲ့ရလဒ်တွေ ကိုထည့်သွင်းစဉ်းစားပြီး ဒုတိယအကြိမ်အောင်မြင်နိုင်နှုန်းကို အများဆုံးဖြစ်စေပါလိမ့်မယ်။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/fertility-problems-and-treatment/%e1%80%96%e1%80%94%e1%80%b9%e1%80%bb%e1%80%95%e1%80%bc%e1%80%94%e1%80%b9%e1%80%9e%e1%80%b1%e1%82%8f%e1%81%b6%e1%80%90%e1%80%8a%e1%80%b9%e1%80%99%e1%82%88-%e1%80%99%e1%80%b1%e1%80%a1%e1%80%ac%e1%80%84/
အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ
အမျိုးသမီးတွေမှာ အမျိုးသားတွေနဲ့မတူဘဲ ခံစားရနိုင်တဲ့ ရောဂါလေးတွေရှိပါတယ်။ အချို့သောရောဂါတွေ ဥပမာဆီးချို၊ သွေးတိုးစတဲ့ရောဂါတွေက အမျိုးသားရော အမျိုးသမီးမှာ ခံစားရနိုင်တယ်ဆိုပေမယ့် အချို့သောရောဂါတွေကတော့အမျိုးသားတွေမှာ ဖြစ်လေ့မရှိပေမယ့် အမျိုးသမီးတွေမှာပဲ ခံစားရတာမျိုး ရှိပါတယ်။အချို့ရောဂါတွေကတော့ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ အဖြစ်များတာမျိုးပါ။ခန္ဓာကိုယ် ဖွဲ့စည်းပုံမတူသလိုအာဟာရလိုအပ်ချက်လည်း မတူတာကြောင့် အမျိုးသမီးတွေမှာမှ ခံစားရနိုင်တဲ့အဖြစ်များတဲ့ ရောဂါတွေက အတော်လေး များပါတယ်။အမျိုးသမီးတွေမှာ ခံစားရနိုင်ခြေများနေတဲ့ ကျန်းမာရေးပြဿနာတွေကရင်သားကင်ဆာ၊သားအိမ်ကင်ဆာ၊သွေးဆုံးတာ၊ကိုယ်ဝန်ဆောင်တာတွေပါ။ ဒါတွေအပြင် အမျိုးသမီးတွေက အမျိုးသားတွေထက်ရုတ်တရက်နှလုံးရပ်တာကြောင့် သေဆုံးနိုင်ခြေ ပိုများနေသလို စိတ်ဓာတ်ကျတာ၊ စိုးရိမ်ပူပန်တဲ့ စိတ်ကျန်းမာရေးပြဿနာတွေ ကိုလည်း မကြာခဏခံစားရလေ့ရှိပါတယ်။ဆီးလမ်းကြောင်းပိုးဝင်တာက အမျိုးသားရော အမျိုးသမီးမှာပါ ခံစားရနိုင်တယ်ဆိုပေမယ့် အမျိုးသမီးတွေမှာ ပိုပြင်းထန်သလို လိင်ကတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကို ခံစားရမှုကလည်း အလားတူပါပဲ။ အမျိုးသမီးတွေက ထိခိုက်နိုင်ခြေ ပိုများနေပါတယ်။ဒီရောဂါတွေအပြင် အမျိုးသမီးတွေမှာ အခုလို ကျန်းမာရေးပြဿနာလေးတွေကိုလည်း ခံစားရနိုင်ပါသေးတယ်။နှလုံးရောဂါကြောင့် အမျိုးသမီးလေးဦးမှာ တစ်ဦးနှုန်းသေဆုံးနေရပါတယ်။ နှလုံးရောဂါက အမျိုးသားတွေမှာလည်း ခံစားရနိုင်တယ်ဆိုပေမယ့် အမျိုးသမီတွေမှာ ခံစားရနိုင်ခြေနဲ့ အသက်ဆုံးရှုံးနိုင်ခြေက အမျိုးသားတွေထက် ပိုများနေပါတယ်။ဒါတွေအပြင် အမျိုးသမီးတွေဟာနှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ သွေးတိုးရောဂါ။သွေးတွင်းကိုလက်စထရောများတာလိုမျိုး ကျန်းမာရေးပြဿနာတွေကို ခံစားရမှုကလည်း ပိုများပါတယ်။ရင်သားကင်ဆာက အမျိုးသားတွေရော၊ အမျိုးသမီးတွေမှာပါ ဖြစ်နိုင်တယ်ဆိုပေမယ့် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အကြောင်းကတော့ ရင်သားကင်ဆာက နို့ရည်ပြွန် ဆဲလ်နံရံတွေကနေ အစပြူတာကြောင့်ပါ။ ရင်သားကင်ဆာက အမျိုးသမီးတွေကို အသက်အန္တရာယ်ခြိမ်းခြောက်နိုင်မှု အရှိဆုံး ရောဂါတစ်ရပ်ပါ။တော်တော်များများကသားအိမ်ခေါင်းကင်ဆာနဲ့ သားအိမ်ကင်ဆာကို ခွဲသိတာမရှိပါဘူး။ သားအိမ်ခေါင်းကင်ဆာဆိုတာက သားအိမ်အောက်ဘက်နားကနေ စတာဖြစ်ပြီး သားအိမ်ကင်ဆာဆိုတာက သားဥပြွန်တွေကနေ အစပြုလာတဲ့ ကင်ဆာအမျိုးအစားပါ။ဒီကင်ဆာ နှစ်ခုစလုံးက လိင်ဆက်ဆံတဲ့အခါ နာကျင်မှုကို ခံစားရတာ၊ ဗိုက်အောင့်တ၊ မိန်းမကိုယ်ကနေ အကျိအချွဲတွေဆင်းတာကတော့ အတူတူပါပဲ။ ဒါပေမယ့် ကုသနည်းတွေ ကွာခြားနိုင်ပါတယ်။မီးယပ်ပြဿနာက လေဒီလေး အတော်များများ ကြုံတွေ့ရမယ့် ကျန်းမာရေးပြဿနာပါ။ သွေးဆင်းတာ၊အဖြူဆင်းတာတွေက အမျိုးသမီးတစ်ယောက်ရဲ့ ရာသီစက်ဝန်း တစ်စိတ်တစ်ပိုင်းပါ။ဒီရာသီစက်ဝန်းအတွင်းမှာ ပုံမှန်မဟုတ်တဲ့လက္ခဏာတွေခံစားရတာ ဥပမာ ရာသီလာရမယ့်ရက်မဟုတ်ဘဲ သွေးဆင်းတာ၊မကြာခဏ ဆီးသွားနေရတာတွေက အမျိုးသမီး ကျန်းမာရေးပြဿနာ ရှိနေတာဖြစ်နိုင်ပါတယ်။ဒီလိုလက္ခဏာတွေဟာ လိင်ကတဆင့်ကူးစက်တတ်တဲ့ရောဂါပိုးတွေ ကူးစက်တာ၊ မွေးလမ်းကြောင်းကင်ဆာ၊ ဆီးပိုးဝင်၊ မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးပြဿနာနဲ့ ကျောက်ကပ်ထိခိုက်တာလိုမျိုး ကျန်းမာရေးပြဿနာတွေ ခံစားနေရတာဖြစ်နိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မျာ အမျိုးသမီးတွေအနေနဲ့ ရှိရင်းစွဲရောဂါအခြေအနေတွေ ပိုဆိုးလာတာကို ခံစားရနိုင်ပါတယ်။ ဒီအ​ခြေအနေက မေမေ့ကိုတင်ထိခိုက်စေတာ မဟုတ်ဘဲ ဗိုက်ထဲကဘေဘီလေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတွေအနေနဲ့ သွေးနီဥဆဲလ်အရေအတွက် ကျဆင်းတာ၊ သွေးအားနည်းရောဂါ၊ စိတ်ဓာတ်ကျတာလိုမျိုး ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။ အခန့်မသင့်ရင်ကိုယ်ဝန်ပျက်ကျတာအပါအဝင် ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကိုပါ ခံစားရနိုင်ပါတယ်။Autoimmune disease ဆိုတာက ကိုယ်ခံအားဆဲလ်တွေက ကျန်းမာတဲ့ ဆဲလ်တွေကို မှားယွင်းတိုက်ခိုက်တဲ့ အခြေအနေတစ်ရပ်ပါ။ ဒီအခြေအနေက အမျိုးသမီးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။အမျိုးသမီးတွေက အသက်ရလာလေလေ အရိုးတွေ အားနည်းလာပြီး အရိုးပွတာကို ခံစားလာရနိုင်ပါတယ်။ ဒီအခြေအနေက အရိုးတွေ အလွယ်တကူ ကျိုးတာမျိုး​ဖြစ်စနိုင်ပါတယ်။အရိုးပွတာက အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/womens-health-issues/
အထီးကျန်ခြင်းကပေးတဲ့ ကျန်းမာရေးဝေဒနာ
အထီးကျန် သိမ်ငယ်မှုများစွာရယ်…မင်းမရှိတဲ့ရက်တွေထဲ ငါတစ်ယောက်တည်းအားတွေငယ်… လူကြိုက်များတဲ့ သီချင်းကို ခံစားချက်အပြည့်နဲ့ လိုက်ဆိုမိသူတွေအများကြီးရှိမှာပါ။ မှန်ပါတယ်။ အထီးကျန်စိတ်ဝင်နေပြီဆိုတာနဲ့ အားငယ်လာတာ၊ ဝမ်းနည်းလာတာ၊ မျှော်လင့်ချက်မဲ့လာတာ၊ ပျော်စရာကင်းမဲ့လာတာမျိုး ခံစားမိတတ်ကြပါတယ်။ ဒါပေမယ့်အသည်းကွဲတဲ့သူပဲဖြစ်ဖြစ် အခုထိ မစွံသေးတဲ့ FAတွေဖြစ်ဖြစ် အဖီးလ်တစ်လိုင်းဘဝမှာ ပျော်မွေ့မနေဘဲ အထီးကျန်စိတ်ကို တတ်နိုင်သလောက် ဖြေဖျောက်သင့်ပါတယ်။ ဘာလို့လဲသိလား။ အထီးကျန်ခြင်းက စိတ်ထိခိုက်ရုံတင်မကဘဲ ခန္ဓာကိုယ်ကျန်းမာရေးအတွက်ပါ ဆိုးကျိုးတွေပေးနိုင်လို့ပါပဲ။ အထီးကျန်ခြင်းကပေးတဲ့ ကျန်းမာရေးဝေဒနာ ကို ကြည့်ရအောင်။အထီးကျန်ဝေဒနာက အချိန်ကြာလာရင် ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကို အားနည်းစေနိုင်ပါတယ်။ ရောဂါတွေကို တိုက်ထုတ်ဖို့ ခက်ခဲစေနိုင်တာပေါ့။ အထီးကျန်ဝေဒနာကြောင့် စိတ်ဖိစီးတဲ့အခါ ခန္ဓာကိုယ်က ဟော်မုန်းတွေ ထုတ်ပေးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စိတ်ကြောင့်ပဲ ဘုန်းဘုန်းလဲတာမျိုးအထိ ဖြစ်လာနိုင်ပါတယ်။အထီးကျန်စိတ်ကြောင့် ဖိစီးနေတဲ့အခါ၊ အထူးသဖြင့် နှစ်နဲ့ချီအောင်ကြာမြင့်နေတဲ့အခါသွေးဖိအားက မြင့်တက်လာနိုင်ခြေပိုများတယ်။ ဒီစိတ်ကြောင့်ချည်းပဲ ဖြစ်ရတာ မဟုတ်ပေမယ့် တခြားအကြောင်းရင်းတွေထဲမှာမှ အတော်သက်ရောက်မှုများတဲ့အချက် ဖြစ်ပါတယ်။လှုပ်လှုပ်ရှားရှားနေတတ်တဲ့နေထိုင်မှုပုံစံက စိတ်ရောကိုယ်ပါကျန်းမာစေနိုင်ပါတယ်။ အထီးကျန်တယ်လို့ ခံစားနေရတဲ့အခါ ဘာကိုမှမလုပ်ချင်တော့ဘဲ မှိုင်တွေတွေဖြစ်ပြီး အိမ်ထဲက အိမ်ပြင် မထွက်ချင်အောင် ဖြစ်နေမှာပါ။ ဒါက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ဒီလိုမလုပ်ဘဲ သူငယ်ချင်းတွေနဲ့ တွေ့ပါ၊ လမ်းလျှောက်ထွက်ပါ၊ ဂျင်မ်သွားပါ၊ အားကစားတစ်ခုခုသွားလုပ်ပါ။ တစ်ပတ်ကို အနည်းဆုံး ၂ နာရီခွဲလောက်တော့ လှုပ်ရှားမှုရအောင်လုပ်ပါ။အထီးကျန်စိတ်နဲ့ ဖီးလ်နေပြီဆိုရင် ပြဿနာဖြေရှင်းနိုင်စွမ်း ကျဆင်းလာပါတယ်၊ မှတ်ဉာဏ်တွေထိခိုက်လာတယ်(ဖီးလ်ခဲ့ရတဲ့ အကြောင်းအရာတွေပဲ ကွက်မှတ်မိတတ်တာကလွဲလို့)၊ စိတ်ပိုင်းဆိုင်ရာစွမ်းရည်တွေ ဆုတ်ယုတ်လာစေနိုင်ပါတယ်။ နောက်ပြီး အထီးကျန်ဝေဒနာခံစားနေရသူတွေမှာအယ်ဇိုင်းမားလို ဦးနှောက်ရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ဘဝမှာ အထီးကျန်လေ နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အခြေအနေတွေရှိလာနိုင်ခြေ ပိုများလေ ဖြစ်ပါတယ်။နှလုံးသွေးကြောရောဂါဖြစ်လာနိုင်ခြေလည်း ပိုများပါတယ်။ အထီးကျန်တယ်လို့ ခံစားရရင် ဆေးလိပ်သောက်မယ်၊ အရက်သောက်မယ်၊ စိတ်ကျမယ်၊ လှုပ်ရှားတက်ကြွမှုနည်းမယ်စတဲ့ ကျန်းမာရေးထိခိုက်စရာအနေအထားတွေ လုပ်မိတာများပါတယ်။စိတ်ထောင်းရင် ကိုယ်ကြေတာ သဘာဝပါပဲ။ တစ်ယောက်တည်းလို့ ခံစားရရင် ဘဝမှာ မကောင်းတာတွေပဲ ထိုင်တွေးပြီးစိတ်ဓာတ်ကျလာနိုင်ပါတယ်။ စိတ်ဓာတ်ကျလေ တစ်ယောက်တည်းသီးခြားဖြစ်လေဖြစ်ပြီး ပိုဆိုးစေပါလိမ့်မယ်။ စိတ်ကျရောဂါပိုဆိုးလာရင် ကိုယ့်အသက်အန္တရာယ်ကိုပါ ကိုယ်ရန်ရှာတဲ့အထိ အရာရာကို စိတ်ကုန်သွားနိုင်ပါတယ်။စိတ်ပင်ပန်းနေတဲ့အချိန်မှာ ကိုယ်အလေးချိန် ပိုတိုးစေနိုင်ပါတယ်။ ဘာကြောင့်လဲ။ ကိုယ့်ကိုယ်ကိုယ်ဖြေသိမ့်ဖို့ ကျန်းမာရေးအတွက် ကောင်းတာရော၊ မကောင်းတာရော အကုန်လုံးကို ပုံမှန်ထက်ပိုပြီးစားမိပါရော။စိတ်ဖိစီးမှုလေ ပိုစားလေပိုဝလေဖြစ်လာနိုင်ပါတယ်။အထီးကျန်စိတ်နဲ့ အိပ်မရတာ၊အိပ်ရေးမဝတာတွေဖြစ်နေရင် နောက်နေ့မှာ ဘာကိုမှအာရုံမစိုက်နိုင်တော့ဘဲ စိတ်ကလည်း မကြည်တော့ပါဘူး။ ကြာလာရင် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ၊ စိတ်ကျရောဂါနဲ့ အဝလွန်ခြင်းတွေ ဖြစ်လွယ်စေပါတယ်။လူတစ်ယောက်နဲ့တစ်ယောက်တော့ ဘယ်တူမလဲ။ သိပ်မပွင့်လင်းတဲ့သူတွေဆို ပွင့်လင်းသူတွေထက် ပိုအချိန်ယူရပါလိမ့်မယ်။ တခြားသူတွေနဲ့ သီးခြား ကိုယ်တစ်ယောက်တည်းဖြစ်နေတယ်ဆိုတဲ့ ခံစားနေရတယ်ဆို ပြဿနာရှိနေပါတယ်။ အကောင်းဆုံးက အများနဲ့ကွဲထွက်ပြီး တစ်ယောက်တည်း သိပ်မနေပါနဲ့။ ကိုယ့်ပတ်ဝန်းကျင်က လူတွေနဲ့ လိုက်လျောညီထွေနေပါ။လူတွေနဲ့ ဆက်သွယ်နိုင်ဖို့ နည်းလမ်းတွေ ရှာဖွေပါ။ ကိုယ့်ပတ်ဝန်းကျင်က လူတွေနဲ့ အဆင်မပြေရင် ပရဟိတလုပ်တာဖြစ်ဖြစ် အသင်းအဖွဲ့နဲ့ လုပ်ရတဲ့အလုပ်တွေဖြစ်ဖြစ် ပါဝင်ပါ။ မိသားစုနဲ့ စကားပြောပါ၊ အချိန်ပေးပြီး အတူဖြတ်သန်းပါ။ ယုံကြည်ရလောက်တဲ့ တစ်ယောက်ယောက်ကို ရင်ဖွင့်ပါ။နောက်ဆုံး ဘယ်သူမှမရှိရင် တရားထိုင်၊ စိတ်ငြိမ်အောင်လေ့ကျင့်တာက အနည်းဆုံးတော့ အတွေးဆိုးတွေမဝင်တော့ဘူးပေါ့။ ပုံမှန်လှုပ်ရှားပါ၊ မှန်အောင်အိပ်ပါ၊ စိတ်အားတက်စေမယ့်အစားအစာတွေစားပါ။ အထီးကျန်စိတ်ကို အနိုင်ယူတိုက်ထုတ်ပစ်လိုက်ပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/loneliness-and-your-health/
ပျင်းလည်းပျင်းတယ်၊ ဝိတ်လည်းကျ ချင်တယ်ဆိုရင်
ဝိတ်ချမယ်ဆိုရင် ပထမဆုံးပေါ်လာတတ်တာကအားကစားလုပ်မယ်၊Gym သွားမယ်၊ အစားလျှော့ စားမယ် စတာတွေပေါ့။ ဒါပေမယ့် ဒါတွေကို တစိုက်မတ်မတ် ပြုလုပ်ပြီး ဝိတ်ချဖို့ ဆိုရင်တော့ ဇွဲနဘဲကြီးကြီးနဲ့ ရေရှည်လုပ်သွားနိုင်ဖို့ လိုပါတယ်။ ဒါမှမဟုတ်ရင်တော့ ‌ရေတက်ငါးဇင်ရိုင်းလိုပဲ ခဏတာလေးနဲ့ မဆော့လိုက်ရဘဲ ပေးလိုက်ရတဲ့ Gym ခတွေ၊ မသုံးဘဲ ဖုန်တက်နေတဲ့ တစ်ကိုယ်ရေအားကစားစက်တွေပဲ အဖတ်တင်ပါမယ်။ ဝိတ်လည်းကျ မှာ မဟုတ်ပါဘူး။ ပျင်းလည်းပျင်းတယ်၊ ဝိတ်လည်းကျ ချင်တယ်ဆိုရင် ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ဒီတော့ ကိုယ်တွေလို ပျင်းတဲ့လူတွေအတွက် မပင်ပန်းဘဲ သက်သက်သာသာနဲ့ ဝိတ်ကျစေတဲ့နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ အပန်းလည်း မကြီးဘူးဆိုတော့ ရေရှည် မလုပ်နိုင်မှာကိုလည်း ပူစရာမလိုတော့ဘူးပေါ့နော်။ပျင်းလည်းပျင်းတယ်၊ ဝိတ်လည်းကျ ချင်တယ်ဆိုရင် ဒါလေးတွေက အသုံးတည့်မှာပါ။(၁)  အစားစားရာမှာ နည်းနည်းချင်းစီ ခဏခဏခွဲစားပါ။ထည့်လာတဲ့ ထမင်းဘူးကို တစ်ခါတည်း အကုန်မစားဘဲ ခဏခဏထုတ်စားတာ (ဒါမှမဟုတ်) ဆိုင်မှာဝယ်စားတာဆိုရင်လည်း ပမာဏနည်းနည်းနဲ့ ခဏခဏ စားပေးမယ်ဆိုရင်တော့ ခန္ဓာကိုယ်ဇီဝကမ္မ ချေဖျက်နှုန်း လို့ခေါ်တဲ့ (BMR)တက်လာပြီး စားသလောက် ဝိတ်မတက်ဘဲ ဝိတ်ကျလာမှာပါ။စားလိုက်တဲ့အစာတွေကို ချေဖျက်ဖို့အတွက် ခန္ဓာကိုယ်ကစွမ်းအင် (ကယ်လိုရီ) သုံးရပါတယ်။ အထက်ပါနည်းအတိုင်း ခဏခဏ အကြိမ်‌ရေ များများစားခြင်းက စွမ်းအင်များများ အသုံးပြုအောင်  လှုံ့ဆော်တဲ့အတွက် စားလိုက်တဲ့ ကယ်လိုရီတွေဟာ အဆီအဖြစ် အဖတ်မတင်တော့ဘဲ လောင်ကျွမ်းမှုအား ကောင်းလာပါတော့တယ်။ဒီနည်းလမ်းဟာဆိုရင် ဝိတ်လည်းကျ ချင်တယ်။ အစားလည်း မလျှော့နိုင်တဲ့ သူတွေအတွက် အထူး သင့်တော်မှာပါ။(၂) ရေများများသောက်ပါ။ရေများများသောက်ခြင်းဟာ ပြောမကုန်နိုင်တဲ့ ကောင်းကျိုးတွေ ရစေနိုင်တာကို အနည်းနဲ့ အများသိထားပြီးသားဖြစ်မှာပါ။ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေမယ်ဆိုရင်တော့ ခန္ဓာကိုယ်ယန္တရားကို ကောင်းမွန်စွာ လည်ပတ်စေနိုင်တဲ့အပြင် မလိုအပ်ဘဲ စိတ်ဆောင်လို့ ခဏခဏ ဗိုက်ဆာပြီး စားမိတာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ရေအေးအေး သောက်မယ်ဆိုရင်တော့ ရေအေးကိုလက်ခံဖို့အတွက် ခန္ဓာကိုယ်မှာ အပူချိန်ထိန်းညှိရတဲ့အတွက် ကယ်လိုရီတွေ လောင်ကျွမ်းစေပြီး ဝိတ်လည်းကျ စေပါတယ်။ဒီတော့ ရေအေးအေးလေးကို သတိထားပြီး ခဏခဏ သောက်ပေးရမယ်နော်။(၃)နေ့စဉ်လှုပ်ရှားမှုလေးတွေကို လေ့ကျင့်ခန်းလို သဘောထားပါ။လူတိုင်းလူတိုင်းဟာ ရုံးမှာဖြစ်ဖြစ်၊ ကျောင်းမှာဖြစ်ဖြစ်၊ အိမ်မှာဖြစ်ဖြစ် လှုပ်ရှားမှုလေးတွေတော့ လုပ်နေကြရပါတယ်။ လမ်းလျှောက်တာ၊ ထတာ၊ ထိုင်တာ၊ မတ်တပ်ရပ်တာ၊ ပစ္စည်းလေးတွေ လှမ်းယူတာ … ဒါလေးတွေက အစ ကိုယ်လက်လှုပ်ရှားမှုတွေဖြစ်လို့ ကယ်လိုရီတွေကို လောင်ကျွမ်း စေတယ် ဆိုတာကို သိထားရင် ဒါလေးတွေလုပ်ခြင်းကလည်း ကိုယ်လက်လှုပ်ရှားအားကစား လုပ်နေရသလိုပါပဲလားဆိုတာကို သိပြီး စိတ်ကျေနပ်မှု  ရနေမှာပါ။ဒီထက်တစ်ဆင့်တိုးလို့ အိမ်သာထသွားရင်း ခြေဆန့်လက်ဆန့် လေ့ကျင့်ခန်းလေးလုပ်တာ၊ ထိုင်နေရင်းနဲ့ ခြေထောက်လွှဲ လေ့ကျင့်ခန်းလေးလုပ်တာ၊ အိပ်ပြီးဖုန်းသုံးနေရင်း ခြေမြှောက် လေ့ကျင့်ခန်း လေးတွေ လုပ်ပေးတာက ဝိတ်လည်းကျ စေတဲ့အတွက် သတိထားပြီး လုပ်စေချင်ပါတယ်။(၄)ဟင်းသီးဟင်းရွက်များများစားပါ။ထမင်းတစ်ဇွန်းကို ဟင်းသီးဟင်းရွက်နှစ်ဇွန်းနှုန်းနဲ့သာ စားမယ်ဆိုရင်ဝိတ်ကျတာအပြင် ဆီးချို၊သွေးတိုးလိုရောဂါတွေကိုပါ ကာကွယ်ပေးနိုင်တဲ့ အတွက် အကျိုးကျေးဇူးဟာ အံ့မခန်းပါပဲ။ဟုတ်ပါတယ်။ ဟင်းသီးဟင်းရွက်မှာပါတဲ့ အမျှင်လေးတွေဟာ စားသုံးလိုက်တဲ့ ကဆီဓာတ်တွေကို အူနံရံတွေကနေ အမြောက်အများ မစုပ်ယူနိုင်အောင် ပိတ်ဆို့တဲ့အတွက် စားသလောက် မဝတော့ပါဘူး။ဒါကလည်း သိပ်ခက်ခဲတဲ့ နည်းလမ်းတော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ မြန်မာ ထမင်းဝိုင်းမှာ မြင်နေတွေ့နေရတဲ့ အရွက်ကြော်၊ တို့စရာ၊ အရည်သောက်ဟင်းတွေဟာ စုံလင်လှတဲ့ ဟင်းသီးဟင်းရွက်တွေပါပဲ။ဒီတော့ဝိတ်ကျစေဖို့ကြိုးပမ်းရာမှာ ဟင်းသီးဟင်းရွက်လေးတွေကို သတိထားပြီး ပိုစားပေးခြင်းဟာ အပန်းမကြီးလှတဲ့ အားထုတ်မှုတစ်ခုပါပဲ။အထက်ပါနည်းလမ်းလေးတွေဟာ စာရေးသူကိုယ်တိုင်ကျင့်သုံးခဲ့ပြီး အကျိုးရလဒ်ကို သိသိသာသာ ရခဲ့တာမို့ ဝိတ်ကျချင်သူတွေ အနေနဲ့ လိုက်လံကျင့်သုံးဖို့ တိုက်တွန်းလိုက်ပါရစေ။ရေးသားသူ- ‌ဒေါက်တာမှူးခင်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/weight-loss-tips-for-lazy-people/
ဒိန်ချဉ်သောက်ခြင်းကြောင့် ရရှိမယ့်ကောင်းကျိုးများ
ဝမ်းတစ်လုံးကောင်းလို့ ခေါင်းမခဲတော့ဘူးဆိုတဲ့ အတိုင်းပါပဲ။အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးကောင်းမယ်ဆိုရင် နေရထိုင်ရတာ လန်းဆန်းပြီး နေ့စဉ်ဘဝတွေ သာယာမှာ အမှန်ပါပဲ။ဒါကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးအတွက် အလွန်ကောင်းမွန်တဲ့ အစားအစာဖြစ်တဲ့ဒိန်ချဉ်ကို စားခြင်းအားဖြင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက် ပါတယ်။ဝမ်းပျက်ရင် ဒိန်ချဉ်မသောက်ရဘူးဆိုပြီး တော်တော်များများက အယူအဆမှားတတ် ကြပါတယ်။ တကယ်တော့ ဝမ်းလျှောဝမ်းပျက်ဖြစ်ခဲ့ရင် ဒိန်ချဉ်သောက်ပေးသင့်တာပါ။ဘာကြောင့်လဲဆိုရင် ဒိန်ချဉ်မှာ Lacto bacilli လို့ခေါ်တဲ့ အူလမ်းကြောင်းအတွက် ကောင်းမွန်တဲ့ ဘတ်တီးရီးယားလေးတွေ အမြောက်အမြားပါဝင်လို့ပဲ ဖြစ်ပါတယ်။ဝမ်းပျက်တဲ့အခါ ခန္ဓာကိုယ်ထဲကအူနံရံတွေဟာ ပျက်စီးရပါတယ်။ Lacto Bacilli ဆိုတဲ့  ဘတ်တီးရီးယားလေးတွေမှာ ဝမ်းပျက်လို့ ပျက်စီးနေတဲ့ အူနံရံတွေကို ပြန်လည်ကောင်းမွန်လာစေခြင်း၊ အန္တရာယ်ရှိတဲ့ ပြင်ပပိုးမွှားတွေ နေရာမယူနိုင်အောင် အင်အားသုံးဖယ်ထုတ်နိုင်ခြင်း စတဲ့ အစွမ်းတွေရှိတာကြောင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်တာကို သက်သာစေပါတယ်။ဒိန်ချဉ်မှာ ဆိုရင် အရွယ်တင်နုပျိုလှပစေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကြောင့် အသားအရေအပြင် ဆံကေသာရဲ့ လှပနုပျိုခြင်းကိုပါ ရရှိနိုင်စေပါတယ်။ ဒိန်ချဉ်ကို ပုံမှန်သောက်သုံးသွားမယ်ဆိုရင် အသားအ‌ရေ လှပခြင်းကို ထိန်းသိမ်းရာရောက်ပြီး အရွယ်တင် နုပျိုလှပစေမှာပါပဲ။ဒိန်ချဉ်ဟာ အစာအိမ်ကို ပြည့်စေပြီး အဆာခံစေပါတယ်။ ဒါကြောင့် ဒိန်ချဉ် စားထားပြီးချိန်မှာ ဗိုက်ခဏခဏ မဆာတော့တဲ့အတွက် မလိုအပ်တဲ့ ကယ်လိုရီအပိုတွေကို စားသုံးမိခြင်းမှလည်း ကာကွယ်ပေးရာရောက်ပါတယ်။ဒိန်ချဉ်စားခြင်းဟာ အစာအိမ်နဲ့ အူလမ်းကြောင်း ရဲ့ လုပ်ငန်းဆောင်တာတွေကို ပုံမှန်ကောင်းမွန်စွာ လည်ပတ်စေနိုင်တဲ့ အတွက် ခံတွင်းပျက်ခြင်း၊ အစားအသောက်ပျက်ခြင်း တို့ကို ပျောက်ကင်းစေပါတယ်။ ရာသီဥတုကြောင့်ဖြစ်ဖြစ်၊ စိတ်ဖိစီးမှုကြောင့်ဖြစ်ဖြစ်အစားစားချင်စိတ်လျော့နည်းလာနေပြီဆိုရင်တော့ ဒိန်ချဉ်အေးအေးလေး တစ်ခွက်က ဆေးတစ်ခွက်အလား ကုစားပေးနိုင် မှာပါ။ကယ်စီယမ်နဲ့ ဗီတာမင်ဒီဟာ အရိုးကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ဒိန်ချဉ်ဟာ နို့ထွက်ပစ္စည်းဖြစ်တာကြောင့် ကယ်စီယမ်နဲ့ ဗီတာမင်ဒီပါဝင်ပါတယ်။  ဒိန်ချဉ်သောက်သုံးခြင်းအားဖြင့် အရိုးတွေကို ကြံ့ခိုင်သန်မာစေနိုင်တာမို့ လူငယ်တွေအပြင် အသက်ကြီးသူတွေပါ သောက်သုံးသင့်ကြောင်း တိုက်တွန်းချင်ပါတယ်။ဒိန်ချဉ်ဟာ သွေးပေါင်ချိန် မြင့်တက်ခြင်းကို ကာကွယ်ပေးနိုင်တာမို့ သွေးတိုးသမားတွေ သောက်သုံးသင့်တဲ့ အစားအစာတစ်ခုပါ။ သွေးပေါင်ချိန်ကိုထိန်းပေးနိုင်တာကြောင့် နှလုံးသွေးကြောကျဉ်း ရောဂါ ဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ဒိန်ချဉ်သောက်သုံးခြင်းအားဖြင့်‌ ရောင်ရမ်းနာကျင်ခြင်းတွေကို  လျော့နည်း သက်သာစေတယ်လို့ ဆိုထားပါတယ်။ဒိန်ချဉ်ဟာ စျေးမကြီးတဲ့ အပြင် လွယ်လွယ်ကူကူလည်းရရှိနိုင်တဲ့ စားစရာတစ်ခုပါ။ ဒိန်ချဉ်သောက်ခြင်းကကောင်းကျိုးတွေ အများကြီး ပေးနိုင်တယ် ဆိုတာကို သိရှိပြီးတဲ့ အတွက် ခုပဲဒိန်ချဉ်တစ်ခွက်သောက်လိုက်ရအောင်။ရေးသားသူ- ဒေါက်တာမှူးခင်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%92%e1%80%ad%e1%80%94%e1%80%ba%e1%80%81%e1%80%bb%e1%80%89%e1%80%ba%e1%80%9e%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%bc%e1%80%b1%e1%80%ac/
ကိုယ်ဝန်မဆောင်ခင် ထိုးထားသင့်တဲ့ ကာကွယ်ဆေးတွေ
ကိုယ်ဝန်မဆောင်ခင် ထိုးထားသင့်တဲ့ ကာကွယ်ဆေးတွေ ရှိပါတယ်။ ကိုယ်ဝန်မဆောင်ခင် သင့်တော်တဲ့ ကာကွယ်ဆေးတွေ ထိုးထားခြင်းအားဖြင့် သင့်အတွက်ရော ရင်သွေးလေးရဲ့ ကျန်းမာရေးအတွက်ပါ စိတ်ချရစေပါတယ်။ သင့်ခုခံအားစနစ်ဟာ သင့်ကလေးရဲ့ အကြီးဆုံးနဲ့ ပထမဆုံး ခံတပ်ကြီးဖြစ်ပါတယ်။ဒါကြောင့် သင့်အနေနဲ့ ကလေးယူတော့မယ်၊ကိုယ်ဝန်ဆောင်တော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင် ကာကွယ်ဆေးတွေကို လိုအပ်သမျှ ပြည့်စုံအောင် ထိုးထားရမှာပဲ ဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ သင့်ကိုဒုက္ခပေးနိုင်တဲ့ အချို့သော ကူးစက်ရောဂါတွေဟာ ကြိုတင်ကာကွယ်လို့ရနိုင်ပါတယ်။ သင့်အနေနဲ့ အဆိုပါ ရောဂါတွေကို ခုခံတိုက်ထုတ်နိုင်တဲ့ ခုခံအား ရှိမရှိ သိနိုင်ဖို့အတွက် ကိုယ်ဝန်မဆောင်ခင်မှာ သွေးစစ်ဆေးမှုလေးတွေ ပြုလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။တကယ်လို့ သင့်မှာ ခုခံအားမရှိသေးဖူးဆိုရင် ကာကွယ်ဆေးထိုးသင့်ပါတယ်။ ၎င်းကာကွယ်ဆေးတွေဟာ ဗိုင်းရပ်စ်အရှင်တွေနဲ့ ပြုလုပ်ထားတာဖြစ်ပြီး ကလေးကိုထိခိုက်နိုင်တဲ့အတွက် သင့်အနေနဲ့ ဆေးထိုးပြီး တစ်လအတွင်း ကိုယ်ဝန် မရအောင် ဆင်ခြင်ရပါမယ်။ကိုယ်ဝန်မဆောင်ခင် ထိုးထားသင့်တဲ့ ကာကွယ်ဆေးတွေ ကတော့။၁။ ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုးကာကွယ်ဆေး။ဝက်သက်ဟာ ကူးစက်လွယ်တဲ့ ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပြီး ဖျားနာခြင်း၊ချောင်းဆိုးခြင်း၊နှာစေးခြင်း စတဲ့ လက္ခဏာတွေ စတင်ပေါ်လာလေ့ရှိကာ ရက်အနည်းငယ်အကြာမှာတော့ အနီစက်လေးတွေ ဆက်လက်ထွက်လာမှာ ဖြစ်ပါတယ်။ ပါးချိတ်ရောင်ရောဂါဟာလည်း ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး တံတွေးထုတ်လုပ်တဲ့ ဂလင်းတွေကို ရောင်ရမ်းလာစေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အဆိုပါ ရောဂါတစ်မျိုးမျိုးဖြစ်လာရင် ကိုယ်ဝန်ပျက်ကျနိုင်ချေကို ပိုများလာစေပါတယ် (ဝက်သက်ဟာ လမစေ့ဘဲ ကလေးမွေးနိုင်ချေကိုလည်း များစေပါတယ်)။ ဂျိုက်သိုး (ဂျာမန် ဝက်သက်လို့လည်း ခေါ်ပါသေးတယ်)ဟာလည်း ကိုယ်ဝန်ဆောင်ကာလမှာ ဆိုးကျိုးတွေ ဖြစ်လာစေနိုင်ပါတယ်။ ကိုယ်ဝန်ပထမသုံးလပတ်မှာ ဂျိုက်သိုးဖြစ်တဲ့ ကိုယ်ဝန်ဆောင်တွေက မွေးဖွားလာတဲ့ ကလေးတွေမှာ (နားမကြားခြင်း၊ ဉာဏ်ရည်မမှီခြင်း အစရှိတဲ့) မွေးရာပါ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။၂။ ရေကျောက်ရောဂါ ကာကွယ်ဆေး။အဖျားတက်ခြင်းနဲ့ ယားယံတဲ့ အစက်တွေထွက်ခြင်းတို့ဟာရေကျောက်ရဲ့ ဖြစ်လာနိုင်တဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ပထမငါးလပတ်မှာ ရေကျောက်ပေါက်တဲ့ ကိုယ်ဝန်ဆောင်တွေက မွေးဖွားလာတဲ့ ကလေးတွေမှာ (ခြေလက်များ ပုံမမှန်ခြင်း၊မလှုပ်ရှားနိုင်ခြင်း အစရှိတဲ့) မွေးရာပါ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ မီးဖွားခါနီးမှာ ရေကျောက်ပေါက်တဲ့ မိခင်တွေကနေတဆင့် မွေးဖွားလာတဲ့ ကလေးဆီကို ရောဂါလက်ဆင့်ကမ်းပေးနိုင်ပါတယ်။ သင့်အလုပ်အကိုင် ဒါမှမဟုတ် နေထိုင်မှုပုံစံအပေါ်မူတည်ပြီး အခြားသော ကာကွယ်ဆေးတွေကိုလည်း ကိုယ်ဝန်မဆောင်ခင်မှာ ထိုးဖို့ အကြံပြုပါလိမ့်မယ်။၃။ အသည်းရောင်အသားဝါ ဘီပိုး ကာကွယ်ဆေး။အသည်းရောင်အသားဝါဘီပိုးဟာ ဗိုင်းရပ်စ်မှတဆင့်ကူးစက်တဲ့ရောဂါဖြစ်ပြီး အသည်းကြီးခြင်း၊ ပျို့အန်မအီမသာဖြစ်ခြင်း၊ မောပန်းနွမ်းနယ်ခြင်းနဲ့ အသားဝါခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် နာတာရှည်အသည်းရောဂါနဲ့ အသည်းကင်ဆာတို့ကိုပါ ဖြစ်စေနိုင်တာမို့ အသက်အန္တရာယ်ပါ ရှိလာနိုင်ပါတယ်။အသည်းရောင်အသားဝါ ဘီပိုးကူးစက်ခံထားရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ မီးဖွားနေစဉ်ကာလမှာ ကလေးဆီကို ကူးစက်ရောဂါပိုး ဖြန့်ဝေပေးနိုင်တဲ့အတွက် အချိန်မီ ကုသမှုမပေးနိုင်ဖူးဆိုရင် ကလေးမှာ အလွန်ပြင်းထန်ဆိုးရွားတဲ့ အသည်းရောဂါဖြစ်နိုင်ခြေ အလွန်ပဲ မြင့်မားလှပါတယ်။၄။ အသည်းရောင်အသားဝါ အေပိုး ကာကွယ်ဆေး။မသန့်ရှင်းတဲ့ ရေ ဒါမှမဟုတ် အစားအစာတွေကို စားသောက်မိတာကြောင့် အသည်းထိခိုက်ခြင်းကို ဒီကာကွယ်ဆေးက ကာကွယ်ပေးပါတယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင် ဖျားနာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနဲ့ ပျို့အန်မအီမသာဖြစ်ခြင်း အစရှိတဲ့ လက္ခဏာတွေ ပြလာနိုင်ပါတယ်။အေပိုးဟာ ဘီပိုးလောက် မပြင်းထန်တဲ့အပြင်မွေးကင်းစကလေးကိုလည်း အန္တရာယ်မဖြစ်စေပါဘူး။ ရှားရှားပါးပါး အခြေအနေတွေမှာတော့ အသည်းရောင်အသားဝါ အေပိုးဟာ လမစေ့ဘဲ ကလေးမွေးခြင်းကို ဖြစ်စေနိုင်သလို မွေးကင်းစကလေးကိုလည်း ရောဂါကူးစက်နိုင်ပါတယ်။၅။ Pneumococcal ရောဂါပိုး ကာကွယ်ဆေး။တကယ်လို့ သင့်မှာ နာတာရှည်ရောဂါတစ်မျိုးမျိုး (ဆီးချို၊ကျောက်ကပ်ရောဂါ စသည်)ရှိနေရင် နမိုးနီးယားအဆုတ်ရောင်ရောဂါကို ကာကွယ်ဖို့အတွက်pneumococcalရောဂါပိုးကာကွယ်ဆေးကို ထိုးထားဖို့ သင့်ဆရာဝန်က အကြံပြုပါလိမ့်မယ်။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/preparing-to-get-pregnant/vaccines-do-you-need-before-and-during-pregnancy/
ခါးအောက်ပိုင်းထုံရန် ကျောအောက်ဘက်ကို ထိုးရသော ထုံဆေးရဲ့ ဘေးထွက်ဆိုးကျိုးများ
Epidural လို့သိကြတဲ့ ခါးအောက်ပိုင်းထုံဖို့ ကျောအောက်ကို ထိုးရတဲ့ ထုံဆေး (Epidural Anesthesis) ဟာ အဓိက တစိတ်တပိုင်းထုံဆေး ၂မျိုးထဲက တစ်မျိုးဖြစ်ပါတယ်။ လူနာတွေ ကျန်းမာရေးကိစ္စတွေ ဆောင်ရွက်ရာမှာ ကိုယ်ခန္ခါအစိတ်အပိုင်းတွေ အဆင်မပြေတာ နာကျင်တာမရှိအောင် ဆေးပစ္စည်းတွေနဲ့ ထုံအောင် ပြုလုပ်ပေးပါတယ်။Epidural Anesthesia လုပ်ဆောင်ရာမှာ မေ့ဆေးဆရာဝန်တစ်ယောက်ဟာ ဆေးကို အပ်နဲ့ epidural space လို့ခေါ်တဲ့ ကျောနေရာကို ထိုးသွင်းပါတယ်။ ဒီနည်းလမ်းဟာ နေရာတော်တော်များများကို ထုံစေပြီးတော့ ခံစားမှုတွေ၊ နာကျင်မှုတွေကို တားဆီးပေးပါတယ်။ Epidural Anesthesia ကြောင့်ထုံစေနိုင်တဲ့ နေရာတွေက။Epidural Anesthesia ဟာ တခါတလေမှာ ကောင်းကောင်းမွန်မွန် အလုပ်မဖြစ်ပါဘူး။ အဲ့လိုအခြေအနေမှာ သင့်မေ့ဆေးဆရာဝန်ဟာ သင့်ကို တခြားနာကျင်တာသက်သာမယ့်အရာ ဒါမှမဟုတ် Epidural Anesthesia ကိုပဲ ထပ်သုံးဖို့ အကြံပေးနိုင်ပါတယ်။ဆေးအစွမ်းပြရင်တောင်မှ တခါတရံ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်ပါသေးတယ်။လေ့လာထားချက်အရ Epidural Anesthesia ဟာ ကိစ္စတော်တော်များများအတွက် စိတ်ချရပါတယ်။ ဒါပေမယ့် တခြားဆေးဝါးတွေနဲ့ အလားတူ သူ့မှာလဲ ဘေးထွက်ဆိုးကျိုးရှိပါတယ်။ Epidural Anesthesia ရဲ့ ဘေးထွက်ဆိုးကျိုးအချို့ကို အောက်မှာ ဖော်ပြထားပါတယ်။လုပ်ဆောင်နေစဉ်မှာ သင့်ရဲ့ သွေးပေါင်ချိန် ကျသွားနိုင်ပါတယ်။ဒါဘာကြောင့်ဖြစ်ရလဲဆိုတော့ အာရုံကြောကို သက်ရောက်စေတဲ့ ဆေးရဲ့အာနိသင်ကို သွေးကြောတွေဆီကိုပါ ရောက်သွားလို့ပါ။ သင်ဟာ ဒီအခြေအနေမှာ လှဲနေသင့်ပါတယ်။ ဒါမှ သွေးတွေက သင့်ခန္ဓါကိုယ်တလျှောက် စီးဆင်းသွားနိုင်မှာပါ။ သို့မဟုတ် သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူက သွေးပေါင်ချိန်ပြန်တက်စေမယ့် ဆေးပေးပြီး ထိန်းထားနိုင်အောင် လုပ်ဆောင်ပါလိမ့်မယ်။ ဒါကြောင့် စိတ်မပူပါနဲ့။Epidural Anesthesia ကြောင့် သင့်ခံစားသိနိုင်မှုတွေ မရှိတဲ့အတွက် သင့်ဆီးအိမ် ပြည့်မပြည့်ကို သင်မသိနိုင်ပါဘူး။ သူနာပြုတစ်ယောက်က သင်ဆီးသွားနိုင်ဖို့ ဆီးပိုက်လာထည့်ပေးပါလိမ့်မယ်။ ဆေးအရှိန်ပြေတာနဲ့ သင့်ဆီးအိမ်ရဲ့ လုပ်ငန်းဆောင်တာတွေ ပြန်ရလာပါလိမ့်မယ်။Anesthesia ပြုလုပ်ဖို့ သုံးတဲ့ ပါဝင်ပစ္စည်းတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ရက်အတန်ကြာရင် ပျောက်သွားမှာပါ။ ဒါမှမဟုတ်လည်း အလွယ်တကူ ကုသနိုင်ပါတယ်။ဆေးထိုးပြီးနောက်မှာ ပင်ပန်းတာ၊ ဖျားနာတာ၊ အိပ်ငိုက်တာတွေ ဖြစ်တတ်ပါတယ်။သင့်သွေးပေါင်ချိန် ပြန်မတက်လာရင်တော့ ဆရာဝန်ရဲ့ ညွှန်ကြားချက်အရ ဆေးအချို့သောက်သုံးသင့်ပါတယ်။လေ့လာထားချက်တော်တော်များများက ပြောထားချက်အရ ကလေးမွေးပြီးနောက် ခံစားရတဲ့ ရေရှည်ကျောအောင့်တာနဲ့ Epidural Anesthesia မှာ ဆက်နွယ်မှုရှိပါတယ်။ အကယ်၍ သင်ဟာ ပြင်းထန်တဲ့ ကျောအောင့်ဝေဒနာ ခံစားရပါက သင့်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့သူကို ပြောရပါမယ်။ သူတို့က သင့်ပြဿနာကို ကူညီဖြေရှင်းပေးမှာပါ။ဖြစ်တောင့်ဖြစ်ခဲပါ။ သင့်ကိုယ်ခန္ဓါထဲ ထိုးသွင်းလိုက်တဲ့ ဆေးကြောင့် ဖြစ်တတ်ပါတယ်။ အချိန်အတော်အသင့်ကြာရင် ပျောက်သွားမှာပါ။ ဒါပေမယ့် မပျောက်သွားရင်တော့ အဲ့အခြေအနေကို သင့်ဆရာဝန်ဆီ အသိပေးလိုက်ပါ။သင့်ကိုယ်ခန္ဓါထဲ အပ်နဲ့ထိုးလိုက်တဲ့အချိန်မှာ သင့်ကို ရောဂါပိုး ကူးစက်နိုင်ခြေ ရှိသွားပါပြီ။ ဖြစ်ခဲပေမယ့် ပြင်းထန်သွားရင်တော့ သင့်ရဲ့အာရုံကြောတွေကို ထိခိုက်စေပြီး သင့်ခန္ဓါကိုယ်အောက်ပိုင်းရဲ့ လှုပ်ရှားမှုတွေကို လျော့ရဲသွားစေပါလိမ့်မယ်။Epidural Anesthesia လူတော်တော်များများအတွက် စိတ်ချရပေမယ့် ဘေးအန္တရာယ်တော့ ရှိပါသေးတယ်။ မပြုလုပ်ခင် သင့်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့သူနဲ့ လုပ်ရိုးလုပ်စဉ်တွေကို သေချာတိုင်ပင်ပါ။ ဘေးထွက်ဆိုးကျိုးတွေ လျော့နည်းအောင် ဘယ်လိုကာကွယ်မယ်၊ ဘယ်လိုပြင်ဆင်မယ်ဆိုတာတွေကိုပါ ဆွေးနွေးသင့်ပါတယ်။Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-procedures-and-surgeries/%e1%80%81%e1%80%ab%e1%80%b8%e1%80%b1%e1%80%a1%e1%80%ac%e1%80%80%e1%80%b9%e1%80%95%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8%e1%80%91%e1%80%b6%e1%80%af%e1%80%9b%e1%80%94%e1%80%b9-%e1%80%b1%e1%80%80/
တောင်ကြီးပဲလှော် စားရင်း ရမယ့် ကျန်းမာရေး ကောင်းကျိုးများ
တောင်ကြီးပဲလို့ ခေါ်ကြတဲ့ ပဲအဝိုင်းကြီးကြီးက စားလို့ကောင်းသလို အာဟာရလည်း ကြွယ်ဝပါတယ်။တောင်ကြီးပဲလှော်ကြွပ်ကြွပ်လေးကိုကြက်သွန်ဖြူနဲ့ တွဲစားတာက တော်တော်လေး စားကောင်းတာပါ။ ဒီလို စားလို့ကောင်းတဲ့ တောင်ကြီးပဲလှော်မှာကိုယ်ဝန်ဆောင်မေမေတွေကို ကျန်းမာစေနိုင်တဲ့ ဖောလိတ် ကြွယ်ဝစွာ ပါဝင်နေပါတယ်။တောင်ကြီးပဲလှော်မှာပါတဲ့ L-dopaက စိတ်ဓာတ် မကျအောင် ကာကွယ်ပေးသလိုပါကင်ဆန်နဲ့ အခြားစိတ်ကျန်းမာရေး ပြဿနာတွေမဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ တောင်ကြီးပဲလှော်မှာပါတဲ့အမျှင်ဓာတ်ကအစာခြေစနစ်ကို ကျန်းမာစေနိုင်သလိုဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေပြီး ဝိတ်ကျစေဖို့ ထောက်ကူပေးပါတယ်။တောင်ကြီးပဲလှော်က ဘယ်လိုကျန်းမာရေး အကျိုးကျေးဇူးတွေပေးလဲဆိုတာကို ဖတ်ကြည့်လိုက်ရအောင်နော်။အစ္စရေး မျိုးရင်ပင် တစ်မျိုးဖြစ်တဲ့ တောင်ကြီးပဲလှော်က ချိုချိုဆိမ့်ဆိမ့်လေးပါ။ အာဟာရ ပြည့်ဝသလို စားရတာလည်း အတော်လေး အရသာရှိပါတယ်။ တောင်းကြီးပဲလှော် မှာပြည့်ဝဆီနဲ့ကိုလက်စထရောလုံးဝ မပါဝင်ပါဘူး။ ဒါပေမယ့်။တောင်ကြီးပဲလှော် စားတာကနေ အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။တောင်ကြီးပဲလှော်မှာ လှုပ်ရှားတဲ့ကြွက်သားတွေရဲ့ လုပ်ဆောင်မှုကို အားဖြည့်ပေးတဲ့ L-dopa ပါဝင်တာကြောင့်အာရုံကြောတွေကို အားဖြည့်ပေးပြီး ဖောလိတ်လည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ပါကင်ဆန် မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ လေ့လာမှုတွေအရစိတ်ဓာတ်မကျစေဖို့လည်း ကာကွယ်ပေးပါတယ်။စိတ်ခံစားမှုကောင်းစေဖို့ အထိရောက်ဆုံး ထောက်ကူပေးနိုင်ပါတယ်။ဖောလိတ် ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ စားသုံးပေးတာက မွေးရာပါချို့ယွင်းချက် မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။ တောင်ကြီးပဲမှာပါတဲ့ ဖောလိတ်က ကိုယ်ဝန်မပျက်ကျစေဖို့ ထောက်ကူပေးသလိုလမစေ့ဘဲ မွေးဖွားတာ၊ ပေါင်မပြည့်ဘဲ မွေးဖွားတာမျိုး မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။ အလွန်အကျွံ မစားမိဖို့တော့ လိုပါမယ်။ တောင်ကြီးပဲက G6PD သမားတွေနဲ့ မတည့်တာကြောင့် သတိထားဖို့ လိုသလို ဖောလိတ် အဆမတန် များတာမျိုး မဖြစ်စေဖို့လည်း ဆရာဝန်နဲ့ သေချာ တိုင်ပင်စေချင်ပါတယ်။တောင်ကြီးပဲ မှာ မဂ္ဂနီဆီယမ် ပါဝင်နေတာကြောင့် နှလုံးကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံးရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ပျော်ဝင်လွယ်တဲ့အမျှင်ဓာတ်ပါဝင်နေတာကြောင့် အကျိုးမပြုတဲ့ ကိုလက်စထရော ပမာဏကို ကျဆင်းစေနိုင်ပါတယ်။ဗီတာမင် B ပါဝင်နေမှုက ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်ကို အင်အား ပြည့်ဝစေနိုင်ပါတယ်။သံဓာတ်ပါဝင်မှုက သွေးနီဥဆဲလ်တွေကို ဖြစ်ပေါ်စေပြီး ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေပါတယ်။ အမျှင်ဓာတ်က အဆာခံနိုင်စေပြီးသွေးတွင်း သကြားဓာတ်ကို ဖြည်းဖြည်းချင်း မြင့်တက်စေဖို့ အားဖြည့်ပေးပါတယ်။တောင်ကြီးပဲ မှာ မဂ္ဂနိစ်ပါဝင်နေတာက အရိုးထုထည်ကို ကောင်းစေပြီး အရိုးမပွအောင် ကာကွယ်ပေးပါတယ်။ကယ်လ်ဆီယမ်လျော့ကျမှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။အဆစ်နာတာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။တောင်ကြီးပဲ မှာ ကော့ပါးပါတာကြောင့်သွေးဖြူဥဆဲလ်တွေကို ကျန်းမာစေပါတယ်။ အဆိုပါ သွေးဆဲလ်တွေကpathogensတွေကို ဖျက်ဆီးပေးသလို စနစ်ထဲက ဓာတ်တိုးပစ္စည်းတွေကိုလည်း ဖယ်ရှားပေးပါတယ်။ခန္ဓာကိုယ်ထဲမှာ သွေးဖြူဥဆဲလ်တွေ ကျန်းမာစေဖို့ အားဖြည့်ပေးပြီးဖျားနာမှုကင်းအောင် ကာကွယ်ပေးပါတယ်။ ကိုယ်ခံအားကို အားပြည့်စေပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/fava-beans-benefits/
အစာအိမ်အက်ဆစ်တွေ ပြန်ဆန်တက်ခြင်းကြောင့် ညဖက်ရင်ပူတာကို ဖြေရှင်းပေးနိုင်မယ့် အချက် ၁၂ချက်
အစာအိမ်အက်ဆစ်တွေ ပြန်ဆန်တက်ခြင်းကြောင့် ညဖက်ရင်ပူတာကို ဖြေရှင်းပေးနိုင်မယ့် အချက် တွေက ဘာတွေများ ဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။  ညကြီးသန်းခေါင် ရင်ပူလို့ဆိုပြီး လန့်နိုးလာရတာမျိုး ဖြစ်ဖူးပါသလား။ ဒီလိုမျိုး ညဖက်ရင်ပူခြင်းဟာ အိပ်ရေးပျက်စေတဲ့အတွက် နောက်နေ့တွေမှာလည်း အလုပ်ကောင်းကောင်း လုပ်နိုင်မှာ မဟုတ်တော့ပါဘူး။ဒါကြောင့် သင့်အနေနဲ့ ရင်ပူတဲ့ ဝေဒနာကို နေ့စဉ်ခံစားနေရတဲ့အတွက် သက်သာပျောက်ကင်းချင်တယ်ဆိုရင် အောက်မှာမျှဝေပေးမယ့် အချက်လေးတွေကို စမ်းကြည့်နိုင်ပါတယ်။အစာအိမ်အက်ဆစ်တွေ ပြန်ဆန်တက်ခြင်းကြောင့် ညဖက်ရင်ပူတာကို ဖြေရှင်းပေးနိုင်မယ့် အချက် တွေကတော့။၁။ သင့်တော်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားပါ။တကယ်လို့ သင့်အနေနဲ့ အဝလွန်နေရင် ကိုယ်အလေးချိန်လျှော့ချဖို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်တွေကို စားပေးရမှာ ဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းနေ့စဉ်လုပ်ခြင်းဟာလည်း ကိုယ်အလေးချိန်ထိန်းသိမ်းရာမှာ အရေးပါ ပါတယ်။တကယ်လို့ ဝိတ်ချရတာ အခက်အခဲရှိတယ်ဆိုရင် အနည်းဆုံးတော့ ကိုယ်အလေးချိန်ထပ်တက်မလာဖို့ ကြိုးစားပါ။ ဘာလို့လဲဆိုတော့ ကိုယ်အလေးချိန်တက်လေလေ ရင်ပူတာပိုဆိုးလေမို့ပါပဲ။၂။ အိပ်စက်တဲ့ အနေအထား မှန်ကန်ပါစေ။ဘယ်ဘက်ကို စောင်းအိပ်ဖို့နဲ့ ခန္ဓါကိုယ်အပေါ်ပိုင်းကို အောက်ပိုင်းထက် အနည်းငယ် ပိုမြင့်နေစေဖို့ မမေ့ပါနဲ့။ ညီညာတဲ့ မွေ့ယာပေါ်မှာ ခေါင်းအုံးခပ်နိမ့်နိမ့်နဲ့ အိပ်စက်ခြင်းက ရင်ပူတာကို ပိုဆိုးစေပါတယ်။ဘာလို့လဲဆိုတော့ အဆိုပါ အနေအထားမှာ သင့်လည်ချောင်းနဲ့ အစာအိမ်တို့ တတန်းတည်းမှာ ရှိနေတာမို့ အစာအိမ်ထဲက အက်ဆစ်တွေ အစာရေမြိုထဲ ပြန်ဆန်တက်ဖို့ ပိုမိုလွယ်ကူစေပါတယ်။၃။ အရမ်းကြပ်တဲ့ အဝတ်အစားတွေကို ရှောင်ပါ။အထူးသဖြင့် ခါးနားတဝိုက် ကြပ်နေတဲ့ အဝတ်အစားတွေကို မဝတ်ပါနဲ့။ ခပ်ကြပ်ကြပ်အဝတ်အစားတွေ ဝတ်ခြင်းဟာ အစာအိမ်ပေါ်ကို ဖိအားများစေတဲ့အတွက် ရင်ပူတာကို ပိုဆိုးစေပါတယ်။ဒါကြောင့် ပွပွချောင်ချောင် အဝတ်အစားတွေကို ဝတ်ပေးမယ်ဆိုရင် အစာအိမ်ပေါ် ဖိထားတာမျိုးမရှိတော့တဲ့အပြင် သွေးလှည့်ပတ်မှုကိုလည်း ပိုကောင်းစေပါတယ်။၄။ ရှောင်ကျဉ်ရမယ့် အစားအစာတွေ။လူတဦးနဲ့တဦးအပေါ် အစားအစာတွေရဲ့ အကျိုးသက်ရောက်မှုက မတူညီကြဖူးဆိုပေမယ့် အချို့အစားအစာတွေကတော့ သင်ခံစားနေရတဲ့ ရင်ပူခြင်းဝေဒနာကို ပိုဆိုးစေနိုင်ပါတယ်။အရက်၊ကဖင်းပါတဲ့ အစားအစာတွေဖြစ်ကြတဲ့ ကိုလာ၊ကော်ဖီ၊လက်ဖက်ရည် စသည်၊ချောကလက် နဲ့ ကိုကာ၊အပူအစပ်တွေ၊ကြက်သွန်ဖြူ၊နီ၊နို့၊အဆီအဆိမ့်နဲ့ ဆီကြော်တွေ၊အချဉ်ဓါတ်များတဲ့ အစားအစာတွေ နဲ့ ခရမ်းချဉ်သီး စတာတွေကို ရှောင်ရှားရပါမယ်။၅။ ညအိပ်ယာဝင်ခါနီးမှာ အစားတွေ အများကြီးစားတာမျိုးကို ရှောင်ပါ။အစာအိမ်ကနေ အက်ဆစ်ဓါတ် ထွက်ရှိမှုကို လျှော့ချနိုင်ဖို့နဲ့ အစာအိမ်အတွင်းက အစာတွေကို သင်မအိပ်ခင်မှာ တစိတ်တပိုင်း ချေဖျက်ထားနိုင်ဖို့အတွက် သင့်အနေနဲ့ မအိပ်ခင် နှစ်နာရီ၊သုံးနာရီ အတွင်းမှာ အစာမစားသင့်ဖူးလို့ ဆရာဝန်တွေက အကြံပြုလေ့ရှိကြပါတယ်။ဒါ့အပြင် အစာများများစားရင်လည်း သင့်အစာအိမ်အနေနဲ့ ပိုပြီးအလုပ်လုပ်ရမှာဖြစ်တာမို့ ရင်ပူခြင်းဆိုင်ရာ ရောဂါလက္ခဏာတွေကို ကာကွယ်ဖို့အတွက် အစာနည်းနည်းပဲ စားသင့်ပါတယ် (အထူးသဖြင့် ညနေဖက်တွေမှာပေါ့)။၆။ ပီကေဝါးပါ။ပီကေဝါးခြင်းဟာ တံတွေးထွက်ရှိမှုကို အားပေးပြီး အဆိုပါ တံတွေးဟာ သင့်လည်ချောင်းကို ချောမွေ့စေတဲ့အပြင် အက်ဆစ်တွေကို အစာအိမ်ထဲ ပြန်လည်ဆင်းသွားစေတဲ့အတွက် အကျိုးရှိပါတယ်။၇။ အစာစားရင် ဖြည်းဖြည်းစားပါ။အလျင်အမြန် အစာစားခြင်းဟာ အစာအိမ်ကနေ အက်ဆစ်ထွက်ရှိမှုကို ပိုမိုများပြားစေပါတယ်။၈။ အစာစားနေရင်း လှဲအိပ်တာ ဒါမှမဟုတ် မတ်တပ်ရပ်တာမျိုး မလုပ်ပါနဲ့။သက်တောင့်သက်သာရှိတဲ့ ထိုင်ခုံမှာ ထိုင်ပြီးစားသောက်ခြင်းဟာ အစာအိမ်ကို ပိုမိုအေးဆေးစွာ အလုပ်လုပ်စေနိုင်သလို အစာမြိုချတဲ့အခါမှာလည်း လွယ်ကူစေပါတယ်။၉။ အစာစားပြီးပြီးချင်း မလှဲပါနဲ့။အစာစားပြီးပြီးချင်း လဲလျောင်းတာကို ရှောင်ကျဉ်မယ်ဆိုရင် အက်ဆစ်တွေ သင့်အစာရေမြိုထဲဆန်တက်တာကို သိသာစွာ လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သင့်အစာအိမ် အလုပ်လုပ်နေချိန်မှာ (ဆိုလိုတာက အစာစားပြီး နှစ်နာရီ၊သုံးနာရီလောက်အတွင်းမှာ) ကုန်းကွတာ၊အလေးအပင်တွေ မ တာတွေကိုလည်း ရှောင်ကျဉ်ရပါမယ်။၁၀။ အစာစားပြီးပြီးချင်း ကိုယ်လက်လေ့ကျင့်ခန်းမလုပ်ပါနဲ့။အစာစားပြီး အနည်းဆုံး တနာရီလောက် အကြာမှ လေ့ကျင့်ခန်းလုပ်ပါ။ ဒီလိုမှ မဟုတ်ဖူးဆိုရင် သင့်အစာအိမ်ပေါ် ဖိအားတွေများလာစေမှာဖြစ်ပြီး အလုပ်ကောင်းကောင်းမလုပ်နိုင်တော့တဲ့အတွက် ရင်ပူခြင်းဝေဒနာကို ပိုမိုခံစားရစေပါလိမ့်မယ်။၁၁။ ဆေးလိပ်ဖြတ်ပါ။ဆေးလိပ်သောက်ခြင်းဟာ ရင်ပူတာကို နည်းလမ်းနှစ်မျိုးနဲ့ ဖြစ်စေပါတယ်။စီးကရက်သောက်တာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းကို ထိခိုက်စေတဲ့အပြင် အစာရေမြိုကြွက်သားတွေကိုလည်း ပြေလျော့စေတဲ့အတွက် အက်ဆစ်တွေ အထက်ကို ပြန်ဆန်တက်လာစေပါတယ်။၁၂။ သင်လက်ရှိသောက်နေတဲ့ ဆေးတွေအကြောင်း ဆရာဝန်ကို ရှင်းလင်းစွာ အသိပေးပါ။စတီးရွိုက်မဟုတ်တဲ့ အကိုက်အခဲပျောက်ဆေးတွေ၊အရိုးပွရောဂါမှာ သုံးတဲ့ဆေးအချို့၊နှလုံးနဲ့ သွေးတိုးရောဂါတွေမှာ သုံးတဲ့ဆေးအချို့၊ဟော်မုန်းဆေးအချို့၊ပန်းနာရင်ကြပ်ဆေးအချို့ နဲ့ စိတ်ကျရောဂါမှာ အသုံးပြုတဲ့ ဆေးအချို့ဟာ ရင်ပူတာကို ဖြစ်စေ ဒါမှမဟုတ် ပိုဆိုးစေတဲ့အတွက် အဆိုပါဆေးတွေသောက်နေရင် ဆရာဝန်ကို ပြောပြဖို့ အရေးကြီးပါတယ်။ရင်ပူတာဟာ မကြာခဏဖြစ်လွန်းရင် စိတ်အနှောင့်အယှက် ဖြစ်စေပေမယ့် သင့်ရဲ့ နေ့စဉ်နေထိုင်သွားလာစားသောက်မှုအချို့ကို ပြုပြင်ပြောင်းလဲပေးလိုက်ရုံနဲ့ ဒီရောဂါလက္ခဏာကို ကာကွယ်ပေးနိုင်လေ့ရှိပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/gerd/tips-for-nighttime-heartburn-relief/
သင့်အိမ်ကို အလွန်သန့်ရှင်းအောင် ကြိုးစားနေပါသလား
ကလေးများသည် သူတို့ပတ်ဝန်းကျင်ရှိပစ္စည်းများအားလုံးကို ကိုင်ပြီး ပါးစပ်ထဲထည့်တတ်သည်မှာ ပုံမှန်ပင်ဖြစ်သည်။ မိဘအများစုသည် ကလေးကထိုသို့ပြုလုပ်တတ်သောကြောင့် ကလေးကျန်းမာစေရန် အိမ်ကိုသန့်ရှင်းအောင် ထားရန်ကြိုးစားတတ်ကြသည်။ သို့သော် အိမ်ကို အလွန်သန့်ရှင်းစေရန် မည်သို့တတ်နိုင်မည်နည်း။ ကလေးကို ကျန်းမာစေရန် ပတ်ဝန်းကျင်ကို မည်မျှသန့်ရှင်းအောင်ထားရန်လိုပါသနည်း။သန့်ရှင်းမှုနှင့် ကျန်းမာခြင်း။သန့်ရှင်းခြင်းသည် ရောဂါပိုးများပျံနှံ့ခြင်းကို တားဆီးပေးရန်အတွက် အရေးကြီးသည်။ သို့သော် လွန်ခဲ့သောနှစ်၂၀ ခန့်က ဓာတ်မတည့်မှုများစတင်ဖြစ်ပေါ်လာပြီး ဘာကြောင့်ဖြစ်သည်ကို ကျွန်ုပ်တို့ မသိခဲ့ပေ။ တုပ်ကွေးအဖြစ်များချိန်တွင် လက်ဆေးခြင်းကို ကျန်းမာရေးဌာနမှ တိုက်တွန်းသည့်အတွက် လက်ဆေးဆပ်ပြာရည်များ အရောင်းတက်ခဲ့ကြသည်။ ဆိုလိုရင်းကတော့ ခေတ်ပေါ်သန့်ရှင်းရေးနည်းများသည် ကျွန်ုပ်တို့ကို ရောဂါပိုးများကို ထိတွေ့ခြင်းကို နည်းစေပြီး ကိုယ်ခံအားကိုလည်း ကောင်းစေပါသည်။သို့သော် ကူးစက်ရောဂါများသည် အဓိကစိတ်ပူရမည့်အရာများဖြစ်ပြီး ထိုရောဂါများနှင့်ပတ်သက်ပြီး မိခင်များသည်ကလေးများအတွက် အစိုးရိမ်လွန်ကြသည်။ စင်စစ် ကျွန်ုပ်တို့သည် ကိုယ်ခံအားကိုကောင်းစေပြီး ရောဂါများကိုသဘာဝအတိုင်း တွန်းလှန်နိုင်သော စွမ်းရည်တိုးတက်စေရန် အိမ်တွင်းရှိ ရောဂါပိုး ၉၉.၉ ရာခိုင်နှုန်းကို လိုအပ်သည်။သန့်ရှင်းမှုအတွက် ထင်မြင်ယူဆချက်။ကျွန်ုပ်တို့သည် တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် အိမ်သန့်ရှင်းရေးကို ကောင်းမွန်စွာပြုလုပ်ရန် အရေးကြီးသည်။ကလေးများသည် ငယ်စဉ်အချိန်တွင် ရောဂါပိုးများကို ထိတွေ့နိုင်ချေနည်းသောကြောင့် အသက်ကြီးလာသည့်အခါ ဓာတ်မတည့်ခြင်း၊ ရင်ကျပ်ခြင်း၊နှင့် ကိုယ်ခံအားမှအလိုလို တိုက်ခိုက်နေသောရောဂါများကို ပိုဖြစ်တတ်ကြသည်။ ထိုသို့သော တွေးထင်ယူဆခြင်းကို သန့်ရှင်းမှုအတွက် ထင်မြင်ယူဆချက်ဟုခေါ်သည်။ တကယ်တမ်းတွင် အကြီးရှိသောကလေးများ၊ ကွင်းပြင်ထဲတွင် ကြီးပြင်းရသော ကလေးများ၊ နှင့် ကလေးထိန်းကျောင်းသို့ပို့ထားသော ကလေးများတွင် ဓာတ်မတည့်ခြင်းဖြစ်ပေါ်မှုနည်းပုံရသည်။ရောဂါပိုးများကို ထိတွေ့ခြင်းသည် ကလေးများကြီးလာသောအခါ သူတို့အတွက် ကောင်းကြောင်း သက်သေပြထားသော လေ့လာချက်များရှိသည်။ သုတေသီများက တိရိစ္ဆာန်မစင်များနှင့် ထိတွေ့မှုရှိသော ကလေးများနှင့် အသက်နှစ်နှစ်အောက်တွင် ဝမ်းလျောရောဂါဖြစ်သော ကလေးများတွင် အသက်ကြီးလာသောအခါ ခန္ဓာကိုယ်တွင် ရောင်ရမ်းမှု ရောဂါများ သိပ်မဖြစ်ပေ။ ရောင်ရမ်းမှုဖြစ်စဉ်သည် ခန္ဓာကိုယ်တွင် နှလုံးရောဂါ၊ ဆီးချို နှင့် အသိဉာဏ်ပျောက်ဆုံးသောရောဂါများကဲ့သို့သော ရေတာရှည်ရောဂါများနှင့် ဆက်စပ်နေသည်။ထိုသို့ဖြစ်လျှင်မိဘများသည် ဘာလုပ်ပေးနိုင်ပါသလဲ။သင့်ကလေးကို ကျန်းမာအောင်ထားရန် ဘဝတွင် အခြားအရာများကို ဟန်ချက်ညီအောင် ပြုလုပ်ထားရန်လိုသည်။ သန့်ရှင်းမှုအတွက် စံနှုန်းများသည် လျော့မချသင့်ပေ။ သန့်ရှင်းမှုဆိုသည်မှာ ဖုန်လုံး၀ မရှိအောင် သန့်ရှင်းနေသည့် နေရာကိုစိတ်စွဲနေခြင်းမျိုးမဟုတ်ပေ။ သန့်ရှင်းမှုရှိခြင်းသည် ရောဂါပိုးများ မပျံနှံ့စေရန်ကာကွယ်ခြင်းနှင့် ရောဂါပိုးများ မကူးစက်စေရန် ကာကွယ်ခြင်းဖြစ်သည်။ရောဂါပိုးများကို ထိတွေ့ခြင်းသည် သင့်ကလေး၏ ကိုယ်ခံအားကို ကောင်းစေသည်။ ကျန်းမာပြီး ကောင်းမွန်သော ကိုယ်ခံအားစနစ်ကို ရရှိစေရန် အာဟာကို မျှတစေပြီး၊ လေ့ကျင့်ခန်းလုပ်ပေးရန်လည်း လိုအပ်သည်။ ပတ်ဝန်ကျင်မှ သက်ရောက်သည့်အချက်များ၊ ပိုးသတ်ဆေးများ အသုံးပြုခြင်းနှင့် ဓာတ်မတည့်သည့် ရာဇဝင်ရှိခြင်းများသည်လည်း ကလေး၏ ကိုယ်ခံအားကို သိရန် အရေးကြီးသော အချက်များဖြစ်သည်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%80%e1%80%ad%e1%80%af-%e1%80%a1%e1%80%9c%e1%80%bd%e1%80%94%e1%80%ba%e1%80%9e%e1%80%94%e1%80%b7%e1%80%ba%e1%80%9b%e1%80%be/
အသားဖြူအောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲ
အသားဖြူအောင် သဘာဝနည်းလမ်း နဲ့ လုပ်လို့ရတယ်ဆိုရင် ယုံနိုင်ရဲ့လား။ အသားဖြူအောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲ ဆိုတာကို ပြောပြပေးထားတာမို့ လိုက်ပါကြည့်ရှု့လိုက်ပါ။ဟုတ်ပါတယ်။ မွေးကတည်းက မဖြူပေမဲ့ ပုံမှန်ထက် ပိုမို အသားဖြူ လာဖို့တော့ ဖြစ်နိုင်ပါတယ်။ ဘယ်လိုနည်းလမ်းတွေလည်းဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေကို လေ့လာကြည့်လိုက်ရအောင်။ဘယ်လိုပဲအသားဖြူဆေးတွေသုံးပါစေ။ အသားအရည်ကို ခရမ်းလွန် ရောင်ခြည်တွေနဲ့ထိတွေ့လိုက်မိပြီဆိုတာနဲ့ အသားမဲသွားစေတဲ့ ရောင်ခြယ်ပစ္စည်းတွေထုတ်လုပ်မှု တိုးပွားလာစေတော့တာပါပဲ။အကောင်းဆုံးနည်းလမ်းကတော့ နေရောင်ထဲထွက်တိုင်းနေလောင်ခံခရင်မ်လိမ်းပါ။ ဦးထုပ်ဆောင်းပြီး လက်ရှည်အင်္ကျီတွေဝတ်ပါ။ နေရောင်အောက်မှာလမ်းလျှောက်မယ်ဆိုရင် နေကာမျက်မှန်ကိုမမေ့ပါနဲ့။အသားအရည်ချေးချွတ်ဖို့အတွက် ဈေးကွက်ထဲမှာအကောင်းဆုံးဆိုတဲ့ ချေးချွတ်ပစ္စည်းတွေရှိပါတယ်။ ဒါမှမဟုတ် အိမ်မှာပဲ သကြားနဲ့ချေးချွတ်ကြည့်ပါ။ဒါက အရေပြားပျက်စီးခြင်း ဥပမာ တင်းတိပ်မှဲ့ခြောက်တွေ၊ အစက်အပြောက်တွေနဲ့အရေးအကြောင်းတွေကို ကာကွယ်ကုသတဲ့နေရာမှာလည်းအသုံးဝင်ပါတယ်။သင်သာကျန်းမာရေးနဲ့ညီညွတ်အောင် မစားဘူးဆိုရင် အကောင်းဆုံးအသားဖြူဆေးဆိုတာတွေကို သောက်သုံးတာကလည်း အသုံးမဝင်လှပါဘူး။စားတဲ့ထဲမှာ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေပါဝင်တဲ့ စပျစ်စေ့ဆီ နဲ့ ငါးကြီးဆီတွေကို စားသုံးပါ။ ငါးကြီးဆီမှာပါတဲ့ အိုမီဂါ ၃ ဟာ ဆံပင်၊အရ်ပြားနဲ့ လက်သည်းတွေတောက်ပနေဖို့ မရှိမဖြစ်လိုအပ်ပါတယ်။နို့ထွက်ပစ္စည်းဖြစ်တဲ့ ဒိန်ချဉ်မှာ အသားအရည်အတွက်ကောင်းမွန်တဲ့အာဟာရတွေများစွာပါဝင်ပါတယ်။ သူ့မှာ အရောင်ချွတ်ပေးနိုင်တဲ့အစွမ်းရှိတဲ့ လတ်တစ်အက်ဆစ် ကလည်းပါဝင်ပါသေးတယ်။အောက်ပါနည်းလမ်းတွေဟာ အသားအရည်အမျိုးအစား အားလုံးအတွက်သင့်လျော်ပါတယ်။အသားအရည်ထိန်းသိမ်းခြင်းအတွက် အရေးအကြီးဆုံးပစ္စည်းကတော့ ဗီတာမင် စီ ပါပဲ။ ဒါကိုတော့လိမ္မော်သီးတွေမှာ လိုတာထက်တောင်ပိုပြီးတွေ့ရပါသေးတယ်။ ဒါ့အပြင် လိမ္မော်သီးမှာ အရောင်ချွတ်ပေးနိုင်တဲ့စွမ်းအင်ရှိတာကြောင့် အသားကိုလည်းပိုဖြူလာစေမှာပါ။ပျားရည်ဟာအသားအရည်ကိုအရောင်ချွတ်ပေးနိုင်တာအပြင် အစိုဓါတ်လည်းဖြည့်ပေးပါသေးတယ်။ မညီညာတဲ့အသားအရောင်ရှိခြင်းရဲ့ အကြောင်းရင်းထဲမှာတော့ အသားခြောက်ခြင်းက အဖြစ်အများဆုံးအကြောင်းရင်းပါပဲ။ ပျားရည်မှာ ဘက်တီးရီးယားသေစေနိုင်တဲ့အစွမ်းလည်းရှိပြီး ဒါက အသက်အရွယ်ကြောင့်ဖြစ်တဲ့အစက်အပြောက်တွေနဲ့ ဝက်ခြံအမာရွတ်တွေကို လွင့်ပါးသွားစေနိုင်ပါတယ်။သန့်စင်တဲ့ပျားရည်ကိုမျက်နှာပေါ်လိမ်းပြီး မိနစ်အနည်းငယ်ခန့်ထားကာ ကြက်သီးနွေးရေနဲ့ဆေးချလိုက်ပါ။ဒီလိုရိုးရှင်းတဲ့နည်းလမ်းလေးက ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အသားအရည်ကို ပိုမိုတောက်ပလန်းဆန်းလာအောင်လုပ်ပေးနိုင်ပါတယ်။ တစ်ရက်တစ်ကြိမ်လုပ်ပါ။အသားဖြူစေတဲ့ မျက်နှာပေါင်းတင် ကပ်ခွာ (mask)လုပ်ဖို့ ပျားရည်နဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီ၊ နို့မှုန့်စားပွဲဇွန်း၁ဇွန်း၊ ဗာဒံဆီ လက်ဖက်ရည်ဇွန်းတစ်ဝက် စတာတွေကိုရောလိုက်ပါ။ သမအောင်မွှေပြီး အသားပေါ်မှာညင်သာစွာလိမ်းပေးပါ။ ၁၀မိနစ်မှ ၁၅မိနစ်ထိထားပြီး ရေအေးနဲ့ဆေးပါ။ နေ့တိုင်းလုပ်ပါ။သံပုရာသီးရဲ့ အက်ဆစ်ဂုဏ်သတ္တိဟာ အသားအရည်အတွက် သဘာဝအရောင်ချွတ်ဆေးအဖြစ်အသုံးဝင်ပြီး ဗီတာမင် စီ မြောက်များစွာပါဝင်တာကလည်း ဆဲလ်ကြီးထွားမှုကိုအားပေးပါတယ်။ ဒါ့အပြင် သံပုရာသီးမှာ ဓါတ်တိုးဆန့်ကျင် အာနိသင် တွေပါဝင်တာကလည်း အသားအရည်အတွက် အလွန်ကောင်းမွန်ပါတယ်။ဂွမ်းလုံးလေးကို လတ်လတ်ဆတ်ဆတ်ညှစ်ယူထားတဲ့ သံပုရာရည်ထဲထည့်ပြီး မျက်နှာပေါ်တိုက်ရိုက်လိမ်းပါ။ လှီးထားတဲ့ သံပုရာခြမ်းကိုတောင် မျက်နှာပေါ်တိုက်ရိုက်ပွတ်တိုက်ပေးလို့ရနိုင်ပြီး အရည်တွေ အသားပေါ်တင်ကျန်နေခဲ့ပါစေ။ဒါကိုအနည်းဆုံး၁နာရီလောက်ထားပြီး မျက်နှာကိုရေနဲ့ဆေးပါ။ တစ်နေ့တစ်ကြိမ်လုပ်ပါ။ ဒီရိုးရှင်းတဲ့နည်းလမ်းကလည်း အသားအရည်ကိုဖြူဝင်းလာစေပြီး မျက်နှာပေါ်မှာအမာရွတ်ထင်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။သံပုရာရည် လက်ဖက်ရည်ဇွန်း၃ဇွန်းနဲ့ နနွင်းမှုန့် သို့မဟုတ် ခရမ်းချဉ်သီးရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း ကိုရောပြီးအနှစ်လုပ်ပါ။ ရလာတဲ့အနှစ်ကိုလိမ်းပြီး တစ်နာရီခွဲခန့်ထားပါ။ ရေနဲ့ဆေးလိုက်ပါ။ ဒါကိုလည်း တစ်နေ့တစ်ကြိမ်လုပ်ပေးပါ။ရှားစောင်းဟာhyperpigmentation(ရောင်ခြယ်ပစ္စည်းများပြားခြင်း) ကိုသက်သာစေနိုင်ပြီး အသားအရည်ရဲ့ နဂိုမူလအရောင်ကိုပြန်လည်ရရှိစေနိုင်ပါတယ်။ Hyperpigmentation ကတော့ မညီညာတဲ့အသားရောင်တွေဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုပါ။ရှားစောင်းရဲ့အေးမြတဲ့အစွမ်းကလည်း ကျန်းမာတဲ့အသားအရည်အတွက် အရေးကြီးတဲ့ ဆဲလ်သစ်ဖြစ်ပေါ်ခြင်းနဲ့ ပျက်စီးသွားတဲ့တစ်သျှူးတွေပြန်လည်တည်ဆောက်ခြင်းကိုအားပေးပါတယ်။ရှားစောင်းဂျယ်ကိုအသုံးပြုတဲ့ ရိုးရှင်းတဲ့နည်းလမ်းက အမဲစက်တွေကို ပြန်လည်ဖြူဝင်းလာစေပြီး အသားအရည်အနေအထားအားလုံးကို တိုးတက်ကောင်းမွန်လာစေပါတယ်။သင်္ဘောသီးကို အမျိုးမျိုးသောအလှအပဆိုင်ရာကုသမှုတွေမှာ အသုံးပြုကြပြီး အသားအရည်ကို ပြန်လည်ဖြူဝင်းစေတဲ့နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။ သင်္ဘောသီးမှာ သဘာဝအရောင်ချွတ်နိုင်တဲ့စွမ်းအင်ရှိပြီး သူ့မှာပါဝင်တဲ့ အမျိုးမျိုးသောအာဟာရတွေက သင့်ရဲ့အသားအရည်ကို ကျန်းမာစွာတောက်ပနေစေတယ်လို့ ယုံကြည်ကြပါတယ်။သင်္ဘောသီးကို စားပေးပါ။သင်္ဘောသီးရဲ့သန့်စင်ပေးနိုင်စွမ်းက အသားမဲစေတဲ့ အရည်ပြားညစ်ညမ်းမှုတွေကို သန့်စင်ပေးနိုင်ပါတယ်။သင်္ဘောသီးရဲ့အတွင်းမျက်နှာပြင်ကိုမျက်နှာပေါ်မှာပွတ်တိုက်ပေးပြီး ခြောက်အောင်ထားပါ။ရေအေးနဲ့ဆေးချပြီး ခြောက်အောင်ပုတ်ပေးပါ။ ဒါကသင့်အသားအရည်ကိုတောက်ပနေစေပါတယ်။ နေ့စဉ်လုပ်ပေးပါ။သင်္ဘောသီးမှည့်ကိုချေပြီး လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့သံပုရာရည်တစ်ခွက်နဲ့ရောပါ။မျက်နှာနဲ့လည်ပင်းတွေပေါ်မှာ ဒီအရောနဲ့ နှိပ်နယ်ပေးပါ။ အနည်းဆုံးမိနစ်၃၀ခန့်ထားပြီး ရေအေးနဲ့ဆေးကြောပါ။ တစ်ပတ်ကိုအနည်းဆုံးတစ်ခါလုပ်ပေးခြင်းအားဖြင့် အသားရောင်ပြောင်းလဲလာမှုတွေကို သိသာထင်ရှားစွာမြင်တွေ့ရမှာပါ။နနွင်းကို အသားအရည်ကောင်းမွန်စေဖို့အသုံးပြုကြပါတယ်။ ညီညာတဲ့အသားအရောင်ကိုထိန်းသိမ်းထားနိုင်ဖို့ လိုအပ်တဲ့ ရောင်ခြယ်ပစ္စည်းတစ်မျိုး (melanin)ကို တည်ဆောက်တဲ့နေရာမှာကူညီပေးပါတယ်။ နနွင်းမှာပိုးသတ်ဆေး နဲ့ ဓါတ်တိုးဆန့်ကျင် စွမ်းအင်တွေပါဝင်တာကြောင့် အသားအရည်ရဲ့ ယေဘုယျကျန်းမာရေးအခြေအနေအားလုံးအတွက် ကောင်းမွန်ပါတယ်။နနွင်းမှုန့်နဲ့ နွားနို့ခရင်မ်နဲ့ရောပြီး ခပ်ပျစ်ပျစ်အနှစ်ရအောင်လုပ်ပါ။ ရလာတာကိုလိမ်းလိုက်ပြီးအခြောက်ခံကာ ကြက်သီးနွေးရေနဲ့ဆေးကြာပါ။ ပုံမှန်လုပ်သွားမယ်ဆိုရင် ဒီနည်းကလည်းအသားဖြူစေဖို့ တကယ်ကိုထိရောက်မှာပါ။Gram flour လက်ဖက်ရည်ဇွန်း၂ဇွန်း၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းခွဲနဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကိုရောပါ။ ဒီ ပေါင်းတင်ကပ်ခွာ (mask) ကို မိနစ် ၂၀မှ ၂၅မိနစ်ထိထားပါ သို့မဟုတ် ခြောက်သွားသည်ထိထားပါ။ ခြောက်သွားတဲ့ mask ကို ပွတ်တိုက်ဆေးကြောပြီး ကြက်သီးနွေးရေနဲ့ထပ်ဆေးပါ။သခွားသီးဟာ ကော်လာဂျင်တွေကို စုစည်းပေးပြိး အသားအရည်တင်းရင်းပျော့ပျောင်းစေပါတယ်။ ဒီလိုအသားအရည်မျိုးမှာတော့ ညီညာပြီးဖြူဝင်းတဲ့အသားရောင်တွေရှိတတ်ပါတယ်။ သခွားသီးဟာ အသားအရည်ကိုလည်း အေးမြစေပါသေးတယ်။ သူကလည်း အသားအရည်ပုံစံအမျိုးမျိုးအတွက်သင့်လျော်ပါတယ်။သခွားသီးလွှာတွေကို ဖြူဝင်းစေလိုတဲ့ မဲနေတဲ့အသားနေရာတွေမှာထားလိုက်ပါ။မိနစ်အနည်းငယ်လောက်ထားပြီး သခွားသီးတွေဖယ်လိုက်ကာ ကြက်သီးနွေးရေနဲ့ ဆေးကြောပါ။ တစ်ရက်ကို ၂ကြိမ်လုပ်ပါ။သခွားသီးကိုခြစ်ပြီး ပျားရည်နဲ့ရောဂါ အစက်အပြောက်တွေနည်းစေတဲ့ mask လုပ်ပါ။မျက်နှာနဲ့လည်ပင်းပေါ်လိမ်းပေးပြီး ၁၅မိနစ်မှ မိနစ်၂၀ထိထားကာ ရေအေးနဲ့ဆေးပါ။ ရလဒ်တွေ ထိရောက်သိသာစေဖို့ တစ်ရက်ကို ၂ကြိမ်နေ့စဉ်လုပ်ပါ။သံပုရာရည်နဲ့ သခွားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီကိုရောပါ။မျက်နှာပေါ်လိမ်းပြီး ၁၅မိနစ်မှ မိနစ် ၂၀ထိ သို့မဟုတ် ခြောက်သွားသည်ထိ ထားပါ။ ရေနဲ့ဆေးကြောပါ။ တစ်ရက်ကိုတစ်ကြိမ် နေ့စဉ်လုပ်ပါ။ကဲ … နည်းလမ်းလေးတွေသိပြီဆိုတော့ အသားဖြူအောင် ဒီနေ့ပဲ စကြိုးစားကြရအောင်နော် … ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%a1%e1%80%b1%e1%80%9b%e1%80%bb%e1%80%95%e1%80%ac%e1%80%b8%e1%80%94%e1%80%b2%e1%82%94-%e1%80%80%e1%80%ba%e1%80%94%e1%80%b9%e1%80%b8%e1%80%99%e1%80%ac%e1%80%b1/
အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာများ
အမျိုးသားတွေမှာ အဖြစ်များတဲ့ကင်ဆာများအကြောင်း သိရှိကာကွယ်နိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။ ကင်ဆာရောဂါက အခုနောက်ပိုင်း နေထိုင်စားသောက်မှု ပုံစံတွေ ပြောင်းလဲလာတာကြောင့် တော်တော်လေး အဖြစ်များလာပါတယ်။ ကင်ဆာက အမျိုးသမီးတွေမှာတင်မဟုတ်အမျိုးသားတွေမှာလည်းခံစားရနိုင်ပါတယ်။စစ်တမ်းများအရ ၂၀၂၁ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စု တစ်ခုတည်းမှာတင် ကင်ဆာ ခံစားရသူ အရေအတွက်ဟာ  ၉၇၀,၂၅၀ ရှိခဲ့ပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာဆိုရင် တော်တော်လေး များမှာပါ။ မြန်မာနိုင်ငံမှာဆိုရင်လည်း ဆေးလိပ်သောက်သုံးသူ၊ ကွမ်းယာစားသုံးသူ အရေအတွက် အများစုက အမျိုးသားတွေ ဖြစ်တာကြောင့် ခံတွင်းကင်ဆာလိုမျိုး ကင်ဆာ ဖြစ်ပွားမှုကလည်း တော်တော်များပါတယ်။အမျိုးသားတွေမှာ အရေပြား ကင်ဆာက ဖြစ်ခဲပေမယ့် ဆီးကျိတ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီး ကင်ဆာတွေကတော့ တော်တော် အဖြစ်များပါတယ်။ ရာခိုင်နှုန်းအနေနဲ့ဆိုရင် ကင်ဆာရောဂါခံစားနေရသူ အမျိုးသားအရေအတွက် အယောက် ၁၀၀ မှာ  ၂၆% က ဆီးကျိတ်ကင်ဆာ၊ ၁၂ %က အဆုတ်ကင်ဆာ၊ ၈% က အူမကြီးကင်ဆာကို ခံစားနေရတာပါ။ ကျန်တဲ့ ၄% ရာခိုင်နှုန်းကတော့  အခြားသော ကင်ဆာရောဂါတွေကို ခံစားနေရတာပါ။အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာများကို အစဉ်လိုက် ဖော်ပြပေးလိုက်ပါတယ်။အဆုတ်ကင်ဆာက အမျိုးသား အများစု သေဆုံးရတဲ့ အကြောင်းအရင်း တစ်ရပ်ပါ။အဆုတ်ကင်ဆာပြီးရင် အမျိုးသားတွေမှာ အဖြစ်များတဲ့ နောက်ထပ် ကင်ဆာ ၂ ခုက ဆီးကျိတ်ကင်ဆာ နဲ့ အူမကြီး ကင်ဆာပါ။အဆုတ်ကင်ဆာက လက္ခဏာတွေကအမျိုးသားတွေမှာ နာတာရှည် ချောင်းဆိုးတာ၊ ချောင်းဆိုးရင် သွေးပါတာ၊ အသံဝင်တာ၊ အသက်ရှူမဝတာတွေကို ခံစားရနိုင်ပါတယ်။အဆုတ်ကင်ဆာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေထဲက တစ်ခုကဆေးလိပ်သောက်တာပါ။ ဆေးလိပ်သောက်တာအပြင် အချို့သော ဓာတ်ငွေ့တွေကလည်း ဆေးလိပ်မသောက်တဲ့ အမျိုးသားတွေမှာ အဆုတ်ကင်ဆာ ဖြစ်စေနိုင်ပါတယ်။အဆုတ်ကင်ဆာကို computerized tomography (CT) နည်းနဲ့ စစ်ဆေး သိရှိနိုင်ပါတယ်။ ဒီလို စောစောစီးစီး စစ်ဆေးသိရှိတာက အဆုတ်ကင်ဆာကြောင့် သေဆုံးနိုင်ခြေကို ၂၀% အထိ လျှော့ချပေးနိုင်ပါတယ်။ ဘယ်သူတွေ အဓိကထားပြီး စစ်ဆေးသင့်လဲဆိုတော့။-အသက် ၅၀ ကနေ ၈၀ ကြား။-တစ်ရက်ကို ဆေးလိပ် ၁ဘူးနဲ့  နှစ် ၂၀ ကြာတဲ့အခါ။-လက်ရှိမှာ ဆေးလိပ်သောက်နေတာ ဒါမှမဟုတ် ဆေးလိပ်ဖြတ်ထားတာ ၁၅ နှစ်ပဲ ရှိ‌သေးတယ်ဆိုရင်ပါ။အူမကြီးကင်ဆာက တတိယ အဖြစ်များဆုံး ကင်ဆာပါ။ အူမကြီး မှန်ပြောင်း ကြည့်တာကနေတဆင့် သိရှိနိုင်ပါတယ်။ အူမကြီးကင်ဆာက အသက်ကြီးမှ ဖြစ်တာ မဟုတ်ပါဘူး။ လူလတ်ပိုင်းတွေမှာလည်း အဖြစ်များလာပါတယ်။ မျိုးရိုးရှိသူတွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ပန်ခရိယ ကင်ဆာက အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာတွေထဲက ၄ ခုမြောက် ကင်ဆာပါ။ ဆီးကျိတ် ကင်ဆာနဲ့ အူမကြီးကင်ဆာလောက်တော့ အဖြစ်မများဘူးပေါ့။ ဒါပေမယ့် ဖြစ်နိုင်ခြေက အခြားကင်ဆာတွေထက် ပိုများပါတယ်။စောစောသိလေလေ ရောဂါကုသမှု ရလဒ် ကောင်းလေလေပါ။ အခုချိန်အထိတော့ စစ်ဆေးသိရှိနိုင်တဲ့ နည်းလမ်းတွေ မရှိသေးပါဘူး။ မျိုးဗီဇကြောင့် ဖြစ်တာများပါတယ်။ ပုံမှန် ကျန်းမာရေး စစ်ဆေးမှု​တွေ လုပ်ဆောင်ပြီး ကာကွယ်ပေးလို့ ရပါတယ်။အမျိုးအစားကို လိုက်ပြီး ဖြစ်ရတဲ့ အကြောင်းအရင်းတွေ ကွာခြားပါတယ်။ သွေးကင်ဆာရဲ့ လက္ခဏာတွေက အခြားရောဂါ လက္ခဏာတွေနဲ့ ရောထွေးနေတတ်ပါတယ်။အမျိုးသားတွေမှာ အဖြစ်များတဲ့ ကင်ဆာတွေထဲက တစ်ခုပေါ့။ အစာရေမျိုကင်ဆာမှာ အခြေခံအားဖြင့် ၂ မျိုးရှိပါတယ်။ကင်ဆာစဖြစ်တဲ့ ဆဲလ်အမျိုးအစားကို လိုက်ပြီး ကွာခြားတာပါ။ ဖြစ်နိုင်ခြေကလည်း အမျိုးအစားကို လိုက်ပြီး ကွာခြားနိုင်ပါတယ်။လက္ခဏာတွေအနေနဲ့ အသံဝင်တာ၊ ချောင်းဆိုးတာ၊ အစာမျိုချရခက်တာ၊ လည်ချောင်းထဲမှာ တစ်ခုခု တစ်ဆို့နေသလို ခံစားရနိုင်ပါတယ်။ စောစော သိရှိ ကုသနိုင်မယ်ဆိုရင် ရလဒ်ကောင်းနိုင်ပါတယ်။အမျိုးသားတော်တော်များများမှာ ဖြစ်တဲ ကင်ဆာ တစ်မျိုးပါ။ ဆီးအိမ်ကင်ဆာ ခံစားနေရတဲ့ အမျိုးသား ထက်ဝက်လောက်က အစောပိုင်းမှာတင် ရောဂါကို သိရှိကြတာ များပါတယ်။ အခုချိန်ထိတော့ screening tool မရှိသေးပါဘူး။ ဆေးလိပ်သောက်တာကြောင့် ဆီးအိမ် ကင်ဆာ ဖြစ်နိုင်ခြေ များရတာပါ။အခုနောက်ပိုင်းမှာ ကင်ဆာကို စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေ၊ ကုထုံးတွေ တိုးတက်လာတာကြောင့် ကင်ဆာရှိပေမယ့်လည်း စောစောသိရှိမယ်။ သေချာလေး ကုသမှု ခံယူမယ်ဆိုရင် ကျန်းမာတဲ့ လူတစ်ယောက်လိုပဲ နေ့စဉ်ဘဝကို ဖြတ်သန်းနိုင်မှာပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/common-cancer-in-men/
ဓါတ်မတည့်ဖြစ်လွယ်တဲ့အသားအရေပိုင်ရှင်တွေ ဒီ(၈)ချက်ကို သတိထားနော်
ဓါတ်မတည့်ဖြစ်လွယ်တဲ့အသားအရေပိုင်ရှင်တွေမှာ သူများတန်းတူဘယ်တော့မှနေလို့မရပါဘူး။ အသားမှာထိတွေ့မယ့်ဘယ်အရာကိုမဆို ကိုယ်နဲ့တည့်ပါ့မလား သတိထားနေရတာ မလွယ်လှပါဘူး။ တစ်ရှူးအစို(wet tissue)လေးသုံးလိုက်တာတောင် ဓါတ်မတည့်ရင်သေပြီဆရာပဲ။ဒါတောင်ပြင်ပက လာရောက်ထိတွေ့နိုင်တဲ့ ရာသီဥတု၊ ဖုန်မှုန့်၊ ဓါတ်မတည့်အမှုန်အမွှား စတဲ့ပြဿနာတွေမပါသေးဘူး။ တခုခုနဲ့ ဓါတ်မတည့်ဖြစ်လာပြီဆို အရေပြားမှာ နီလာတာ၊ခြောက်သွေ့လာတာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ ယားတာ၊ တင်းနေတာ၊ အဖတ်တွေကွာတာ၊ အဖုအပိမ့်တွေဖြစ်တာတွေ လက္ခဏာပြတတ်ပါတယ်။ အသားအရေထိန်းပစ္စည်း(skin care)တွေနဲ့ အလှကုန်တွေသုံးတဲ့အခါလည်း သိပ်ကိုသတိထားရတဲ့ ဒီလိုအသားအရေပိုင်ရှင်တွေအတွက် ဘယ်တော့မဆို ထည့်စဉ်းစားရမယ့်ဆောင်ရန်ရှောင်ရန်လေးတွေ ဆက်ပြီးဖတ်ကြည့်ရအောင်နော်…။ဘယ် Skin care ၊ ဘယ်အလှကုန်ဝယ်ဝယ် ဘူးမှာ “ဓါတ်မတည့်လွယ်အသားအရေအတွက်”ဆိုတဲ့ စကားလုံးမျိုး ပါသလား၊ ဘယ်အသားအရေအတွက်ဆိုတာဖော်ပြထားသလား Label အရင်ဖတ်ကြည့်ပါ။ပြီးရင် ဘာတွေနဲ့ထုတ်လုပ်ထားလဲ သိရဖို့ ပါဝင်ပစ္စည်းကိုကြည့်ပါ။ ကျန်တာနားမလည်ဘူးဆိုရင်တောင် အနံ့တု၊အရောင်တု၊ဆပ်ပြာ စတာတွေပါမနေဖု့ိ ရှာကြည့်ပါ။ ဓါတ်မတည့်လွယ်အသားအရေအတွက် ပါဝင်ပစ္စည်းနည်းလေကောင်းလေပါပဲ။ Hypoallergenic လို့ဖော်ပြထားတာကိုရွေးပါ။လူသုံးများတဲ့ မျက်နှာသစ်ဆေးတွေမှာ ဓါတ်မတည့်လွယ်အသားအရေအတွက် မသင့်တော်တဲ့ ဓါတုပစ္စည်းတွေပါနိုင်ပါတယ်။ပြောရရင် sensitive skin အတွက် သီးသန့်ထုတ်လုပ်တဲ့ အမျိုးအစားတွေကိုပဲရွေးသုံးသင့်တာပါ။ ခုနလို ဓါတုပစ္စည်းတွေက အသားအရေကိုခြောက်သွေ့ယားယံတာ၊ အဖုထွက်စေတာ၊ အဖတ်ကွာစေတာတွေဖြစ်လာနိုင်တယ်။alcohol ၊ethylene glycol monobutyl acetate၊sodium hypochlorite၊trisodium phosphate တို့ပါဝင်တာတွေရှောင်ပါ။ရေချိုးတာသိပ်ကြာနေရင် အရေပြားမှာရှိတဲ့ သဘာဝအဆီတွေ တဖြည်းဖြည်း လျော့ပါးကုန်ပါလိမ့်မယ်။ရေချိုးချိန်ကြာတာက အသားအရေကိုပိုခြောက်သွေ့စေပြီး၊ တင်းတာ၊ အက်ကွဲတာတွေဖြစ်စေနိုင်တယ်။ ဒါ့ကြောင့် ပုံမှန်အချိန်အတိုင်းအတာအတွင်းပဲချိုးပါ၊ အကြာကြီးမချိုးပါနဲ့။ဒီအသားအရေပိုင်ရှင်တွေဟာ ရေချိုးဆပ်ပြာကြော်ငြာတွေထဲကလို ဆပ်ပြာမြှုပ်လေးတွေနဲ့(ရေချိုးဆပ်ပြာများများနဲ့) ကြာကြာနှပ်နေလို့မဖြစ်ပါဘူး။ ဖြူစင်မွှေးပျံ့နေဖို့ဆိုပြီး ဒီလိုချိုးလိုက်ရင် အပေါ်မှာပြောခဲ့သလို အဆီတွေကုန်ခမ်းပြီး ချိုးပြီးတဲ့အခါအသားတအားခြောက်ပါလိမ့်မယ်။ ယားယံတာ၊ ဓါတ်မတည့်တာဖြစ်လွယ်လာပါလိမ့်မယ်။ ချိုင်း၊ပေါင်ခြံ စတဲ့ ကြိုကြိုကြားကြားနေရာတွေကိုပဲ ဆပ်ပြာပိုသုံးချင်သုံးပါ။ ဒါပေမယ့် ဆပ်ပြာတိုက်ထားပြီး စိမ်ပြေနပြေ ချေးတွန်းနေတာမျိုး ၊ခြေသည်းလက်သည်းတိုက်နေတာမျိုးမလုပ်ပါနဲ့။Skin care တစ်ခုခုဝယ်မယ်ဆို လက်အရေပြားပေါ်မှာ နည်းနည်းအရင်စမ်းကြည့်ပါ။ ဒါမှကိုယ်နဲ့တည့်မတည့်သိနိုင်မှာပါ။ ထူးခြားတဲ့ ဓါတ်မတည့်တာဖြစ်လာရင် မသုံးပါနဲ့တော့။အသားခြောက်သွေ့သူတွေ၊ ဓါတ်မတည့်ဖြစ်လွယ်တဲ့သူတွေဆို အရေပြားဆဲလ်သေဖယ်ရှားတာတွေ မကြာခဏလုပ်ဖို့မသင့်ပါဘူး။ ပိုဆိုးစေနိုင်တယ်လို့ အရေပြားကျန်းမာရေးပညာရှင်တွေက သတိပေးကြပါတယ်။ကိုယ့်ဆီကမွှေးပျံ့တဲ့ရနံ့လေးထွက်နေရင် သဘောကျကြတာချည်းပါပဲ။ အနံ့လေးကောင်းတယ်၊မွှေးတယ်နဲ့ ဦးစားပေးရွေးရင် မှားပါလိမ့်မယ်နော်။ အမွှေးရနံ့ပြင်းတဲ့ အလှကုန်တွေ၊ skin careတွေက ဓါတ်မတည့်လွယ်အသားအရေကိုကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။ အမွှေးနံ့မပြင်းတဲ့ အနံ့သင်းသင်းလေးတွေကိုရွေးပါ။ခြောက်သွေ့တဲ့အသားအရေကပြဿနာဖြစ်လွယ်ပါတယ်။ ဒါ့ကြောင့်ရေချိုးပြီး၊ သန့်စင်ပြီးတာနဲ့moisturizerလေးနဲ့ အစိုဓါတ်ထိန်းပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%93%e1%80%ac%e1%80%90%e1%80%b9%e1%80%99%e1%80%90%e1%80%8a%e1%80%b9%e1%80%b7%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%80%9c%e1%80%bc%e1%80%9a%e1%80%b9%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%9e/
စိတ်ခံစားချက် အပြောင်းအလဲ မြန်လွန်းတာ ဘာကြောင့်လဲ
စိတ်ခံစားချက် အပြောင်းအလဲ မြန်လွန်းတဲ့ပြဿနာကိုဆယ်ကျော်သက်အရွယ်ကနေ လူလတ်ပိုင်းအရွယ် ကျား၊ မ မရွေး ကြုံနေကြရပါတယ်။ လူတိုင်းကတော့ နေ့စဉ်ဘဝမှာ စိတ်ညစ်စရာ၊ ပျော်စရာတွေ အမြဲဖြစ်နေမှာပါ။ တချို့ရက်တွေမှာ အရမ်းပျော်နေမယ်၊ တချို့ရက်တွေမှာတော့ စိတ်အရမ်းညစ်နေမယ်၊ ဒါတွေက လူတိုင်း မဖြစ်မနေ ကြုံတွေ့ရမယ့် လူ့သဘာဝပါပဲ။ ဒီစိတ်ခံစားချက်အပြောင်းအလဲ မြန်တဲ့ ပြဿနာဟာ စိုးရိမ်စရာ စိတ်ကျန်းမာရေးအခြေအနေလို့ သတ်မှတ်လို့ မရပေမဲ့ ကိုယ့်ရဲ့ နေ့စဉ်ဘဝနဲ့ ဘေးပတ်ဝန်းကျင်က လူတွေကို စိတ်ဒုက္ခပေးနေပြီဆိုရင်တော့ သေချာပြသကြည့်ဖို့ လိုပါတယ်။စိတ်ခံစားချက် အပြောင်းအလဲ မြန်ခြင်း (Rapid Mood Swing) ကို လူတော်တော်များများကစိတ်အတက်အကျမြန်ရောဂါ(Bipolar Disorder) အဖြစ် အမှတ်မှားတတ်ကြပြီး ကိုယ့်မှာ စိတ်ရောဂါရှိနေတယ်လို့ ခံယူတတ်ကြပါတယ်။ ဒီလက္ခဏာတွေဟာစိတ်အတက်အကျမြန်ရောဂါနဲ့ ဆင်တူပေမယ့် လုံးဝချွတ်စွပ်တူတာမျိုးတော့ မဟုတ်ပါဘူး။စိတ်အတက်အကျမြန်ရောဂါမှာ စိတ်ဓာတ်အရမ်းတက်ကြွတဲ့ အပိုင်းနဲ့ စိတ်ဓာတ်က အောက်ဆုံးထိုးကျသွားတဲ့ အပိုင်းဆိုပြီး ၂ပိုင်းရှိပါတယ်။ တစ်ပိုင်းနဲ့ တစ်ပိုင်းကြား ကူးပြောင်းချိန်ဟာ အချိန်ကာလအားဖြင့် ရက်သတ္တပတ် အနည်းငယ်မှ လပိုင်းအထိ ကြာမြင့်နိုင်ပါတယ်။ စိတ်ခံစားချက် အပြောင်းအလဲမြန်တယ်ဆိုတာကတော့ လူတစ်ယောက်က ပျော်ရွှင်နေတဲ့အချိန်မှာ အကြောင်းအရာ တစ်ခုခုကို တွေးမိတာ၊ ဝမ်းနည်းစရာ သတင်းတစ်ခု ကြားလိုက်ရတဲ့အခါ ရုတ်တရက်ဆိုသလို ဝမ်းနည်းပူဆွေးတဲ့ စိတ်တွေ ဝင်လာတာမျိုးပါ။ပုံမှန်အားဖြင့် စိတ်ခံစားချက် အပြောင်းအလဲမြန်တဲ့ ပြဿနာဟာ ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေကြားမှာ အဖြစ်များပါတယ်။ ပညာရေး၊ ငွေကြေး၊ လူမှုရေး၊အချစ်ရေး၊ မိသားစု ပြဿနာတွေအပြင် ဘဝအတွက် ကိုယ့်ခြေထောက်ပေါ် ရပ်တည်ဖို့ ကြိုးစားနေကြတဲ့ အရွယ်ဖြစ်တာကြောင့် ပိုပြီး စိတ်ခံစားချက်အပြောင်းအလဲ မြန်တတ်ပါတယ်။ ဒီပြဿနာကြောင့် ကိုယ့်ရဲ့ နေ့စဉ်ဘဝ၊ လုပ်ငန်းခွင်မှာ ပြဿနာ ကြီးကြီးမားမား မဖြစ်သေးသ၍ သိပ်ပြီး စိုးရိမ်စရာတော့ မလိုပါဘူး။ကိုယ့်ရဲ့ စိတ်မှာ ချက်ချင်းဆိုသလို အပြောင်းအလဲဖြစ်ပြီး စိတ်က တက်လိုက်၊ ကျလိုက်ဖြစ်တာဟာ အချိန်ပိုင်းလောက်သာ ကြာတတ်ပါတယ်။ ဒီလိုမဟုတ်ဘဲ ရက်တွေ၊ လတွေနဲ့ ချီပြီး ကြာနေပြီဆိုရင်တော့စိတ်ရောဂါကုထုံး ပညာရှင်နဲ့ သေချာတိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။ စိတ်ခံစားချက် အပြောင်းအလဲမြန်ခြင်းဆိုတာ စိတ်ရောဂါတစ်ခုတော့ မဟုတ်ပေမဲ့ အခြေအနေ အရမ်းဆိုးလာတဲ့အခါ စိတ်ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်လာစေနိုင်ပါတယ်။ကိုယ့်ရဲ့ စိတ်ခံစားချက်ကို ဘယ်လိုမှ ထိန်းချုပ်လို့ မရတာ၊ အိမ်ထဲမှာပဲ အောင်းနေပြီး လူတွေနဲ့ အဆက်အသွယ်ဖြတ်လိုက်တာ၊ ဘယ်သူနဲ့မှ စကားပြောချင်စိတ် မရှိတော့တာ၊ ကိုယ့်အသက်ကို ဒုက္ခပေးဖို့ နည်းအမျိုးမျိုးနဲ့ ကြံစည်တာ၊သေကြောင်းကြံဖို့ အတွေးတွေ ဝင်လာပြီဆိုရင်လည်း အမြန်ဆုံး ပြသင့်ပါတယ်။လူတိုင်း စိတ်အတက်အကျ မြန်တယ်ဆိုတာ သဘာဝပဲဆိုပေမယ့် ပေါ့ဆလို့တော့ မဖြစ်ပါဘူး။ ဒါကြောင့် ကိုယ့်ဘဝမှာ ဖြစ်ခဲ့ဖူးတဲ့ အရာတွေ၊ လက်ရှိ ကိုယ်ခံစားနေရတဲ့ စိတ်ခံစားချက်က ဘယ်လောက်ပြင်းထန်လဲ၊ တခြား အပြုအမူနဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာမှာ ရော ဘာတွေပြောင်းလဲသွားလဲ စတဲ့ အချက်တွေပေါ် မူတည်ပြီး ဖြစ်နိုင်ခြေရှိတဲ့ စိတ်ရောဂါတွေ အများကြီးရှိပါတယ်။ဒီရောဂါတွေထဲမှာ။မူးယစ်ဆေးဝါးနဲ့အရက်သေစာအလွန်အကျွံသောက်စားတဲ့ သူတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့်စိတ်ဖိစီးမှုတွေ၊ ဘဝမှာ ကြုံတွေ့ရတဲ့ အပြောင်းအလဲတွေ၊ စားသောက်နေထိုင်မှုပုံစံ၊အိပ်ချိန်မမှန်တာ၊ အိပ်ရေးမဝတာ၊ သောက်နေတဲ့ ဆေးဝါးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ကိုယ့်ရဲ့ စိတ်အခြေအနေပေါ်မူတည်ပြီး ကုသလို့ ရမယ့် နည်းလမ်းတွေ၊ စိတ်ကုထုံးတွေကို ဆရာဝန်က ညွှန်ကြားပေးပါလိမ့်မယ်။ ညွှန်ကြားချက်အတိုင်း သေချာလိုက်လုပ်ဖို့ လိုအပ်တဲ့အပြင် တခြား ကိုယ်တိုင်လုပ်လို့ ရတဲ့ နည်းလမ်းတွေအနေနဲ့။ဒါကြောင့် ကိုယ့်ရဲ့ စိတ်ခံစားချက် အပြောင်းအလဲမြန်တာ ကြာလွန်းနေတာ၊ ပုံမှန်မဟုတ်ဘူးလို့ ခံစားရပြီဆိုတာနဲ့ စိတ်ရောဂါကုထုံး ပညာရှင်တွေနဲ့ သေချာတိုင်ပင်ဆွေးနွေးကြည့်ပြီး ပြဿနာကို အဖြေရှာသင့်ပါတယ်။ အလွယ်တကူ ကုသလို့ ရတဲ့ စိတ်ခံစားချက်ပိုင်းဆိုင်ရာ ပြဿနာဖြစ်တာကြောင့် စောစောသိတာနဲ့ ကုသမှုကို အမြန်ဆုံးခံယူတာ အကောင်းဆုံးပဲလို့ အကြံပေးလိုက်ပါတယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/what-are-rapid-mood-swings/
ကိုယ်ဝန်ပျက်ကျပြီး နောက် ဘယ်လိုဖြေသိမ့်ရမလဲ
ကိုယ်ဝန်ပျက်ကျတယ်ဆိုတာ ကြိုသိနိုင်တဲ့ကိစ္စမဟုတ်ပါဘူး။ အမျိုးသမီးတစ်ယောက်ရဲ့ဘဝမှာ တကယ်တမ်းကြုံလာတဲ့အခါ ကိုယ့်ရင်သွေးလေးကို ဆုံးရှုံးလိုက်ရပြီဆိုတဲ့ ဝမ်းနည်းမှုအတိုင်းအတာက ထင်ထားထက်ကို ပိုနိုင်ပါတယ်။ ကိုယ်ဝန်ပျက်ကျပြီး တဲ့အချိန်က တကယ်ကိုအရေးကြီးပါတယ်။ ဖြစ်ပြီးသွားတဲ့အရာကို ဘာမှမတတ်နိုင်တော့ဘူးဆိုပေမယ့် လက်ရှိမိခင်လောင်းရဲ့ ကျန်းမာရေးက အဓိကထားရမယ့်အချက်ပါ။စိတ်ပိုင်းဆိုင်ရာခံစားချက်တွေက ခန္ဓာကိုယ်ရုပ်ပိုင်းထက် အနာကျက်ဖို့ အချိန်ပိုကြာလေ့ရှိပါတယ်။ ဒါ့ကြောင့် ဆုံးရှုံးမှုအပေါ် ဝမ်းနည်းပူဆွေးစိတ်တွေ သက်သာအောင် ကိုယ့်ဘာသာကြိုးစားတာကပဲ အချိန်ကြာလာတာနဲ့အမျှ လက်ရှိအခြေအနေကို လက်ခံပေးနိုင်ဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။ကိုယ်ဝန်က ဘယ်နှစ်လပဲဖြစ်ဖြစ်ကိုယ်ဝန်ပျက်ကျပြီးရင်အပြစ်မကင်းစိတ်တွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ ဝမ်းနည်းစိတ်တွေဖြစ်လာမယ့်ကာလကို ကျော်ဖြတ်ရမှာ သဘာဝပါပဲ။ ဘာ့ကြောင့်များဒီလိုဖြစ်ရတာလဲဆိုပြီး နှမျောတသစိတ်နဲ့ တွေးနေမိမှာလည်းသေချာပါတယ်။ဒါ့ကြောင့် ကိုယ်ဝန်ပျက်ကျပြီးနောက်ပိုင်း မိခင်လောင်းတွေရဲ့ကိုယ်ရောစိတ်ပါကျန်းမာရေးအတွက် ဘယ်လိုနေထိုင်သင့်သလဲဆိုတာ အကြံပြုချက်လေးတွေဖော်ပြပေးလိုက်ပါတယ်။မျိုသိပ်မထားပါနဲ့။ ကိုယ်ဝန်ပျက်ကျတဲ့အခါ ကြုံတွေ့ရတဲ့ခံစားချက်မျိုးက တစ်ယောက်နဲ့ တစ်ယောက်မတူကြပါဘူး။ သားသမီးဆုံးရှုံးလို့ ပူဆွေးရတဲ့နာကျင်မှုမျိုးက သင့်ကို အထီးကျန်စေတတ်ပါတယ်။ ကိုယ်ချစ်ခင်ရင်းနှီးတဲ့သူတွေနဲ့ စကားစမြည်ပြောဆိုတာအပြင် တခြားပြင်ပကသူတွေနဲ့လည်း မိတ်ဖွဲ့ပေးပါ။ ဒီနည်းက အထီးကျန်စိတ်ကို ဖြေဖျောက်ပေးနိုင်ပြီး နာကျင်မှုကို မေ့လျော့လာစေမှာပါ။ကိုယ်ဝန်ပျက်ကျတဲ့လက္ခဏာစပြကတည်းက ဆေးကုသမှုခံယူရမှာဖြစ်ပါတယ်။ပြန်လည်နာလန်ထူမယ့်အချိန်ကတော့ ကိုယ့်ရဲ့ကျန်းမာရေး၊ ကိုယ်ဝန်လ အနုအရင့်ကို မူတည်ပြီး အနည်းအများ ကွာခြားတတ်ပါတယ်။ ဆရာဝန်ပုံမှန်ပြပြီး ညွှန်ကြားချက်အတိုင်းလိုက်နာနေထိုင်ပါ။ကိုယ်ဝန်ပျက်ကျခြင်းက ခန္ဓာကိုယ်မှာ ဘေးထွက်ဆိုးကျိုးတွေ ကျန်ရစ်ခဲ့နိုင်ပါတယ်။ ဖြစ်လာနိုင်တဲ့ အောက်ပါဘေးထွက်ဆိုးကျိုးတွေအတွက် ကြိုတင်ပြင်ဆင်ထားပါ။ဘေးထွက်ဆိုးကျိုးက ပိုဆိုးလာတယ်ဆိုရင် ဆရာဝန်ပြပါ။သွေးဆင်းများခြင်း၊ အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ အပြင်းအထန်ဗိုက်အောင့်ခြင်းတို့အပါအဝင် လက္ခဏာတွေဆိုးလာရင် မပေါ့ဆပါနဲ့။ အမြန်ဆုံးကုသမှုခံယူပါ။ဟော်မုန်းတွေကလည်း အရေးပါတဲ့နေရာက ပါဝင်နေတယ်ဆိုတာ မမေ့ပါနဲ့။ ကိုယ်ဝန်ရှိခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်းအပေါ်ထားရှိတဲ့ ဟော်မုန်းရဲ့တုံ့ပြန်မှုတွေက သင့်ရဲ့စိတ်ခံစားချက်တွေကို ပိုပြင်းထန်စေပါတယ်။ ဒီဖြစ်ရပ်နောက်ပိုင်းမှာ တော်တော်ကြာတဲ့အထိ ငိုနေမိတာမျိုးက အဆန်းမဟုတ်ပါဘူး။ ဒါပေမယ့် ဒါတွေက ယာယီခံစားချက်တွေဖြစ်ပြီးကြာရင် ပုံမှန်ပြန်ဖြစ်သွားမှာပါ။နောက်ပိုင်းအတွက် အကောင်းဆုံးက ကျန်းမာရေးအတွက်ကောင်းတဲ့ အစာအာဟာရတွေ စားပေးဖို့ပါပဲ။ ဖိစီးမှုတွေရှိနေတဲ့ ခန္ဓာကိုယ်အတွက် အားဖြစ်စေမယ့် အာဟာရဓာတ်စာတွေစားပေးရပါမယ်။ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေ၊ ကြက်ဥ၊ အမဲသား၊ ပဲပိစပ်၊ လိမ္မော်သီး၊ ထောပတ်သီးတို့လိုဖောလစ်အက်စစ်ကြွယ်ဝတဲ့အစားအစာတွေက အကောင်းဆုံးပါ။အပေါင်းအသင်းများခြင်းကလည်း ဒီအချိန်မှာ အကျိုးရှိလှပါတယ်။ ကိုယ့်ခင်မင်သူတွေဆီက လမ်းညွှန်မှု၊ အားပေးနှစ်သိမ့်မှု၊ အကြံပြုချက်တို့ကို ရယူပါ။ အထူးသဖြင့် ကိုယ့်လိုကြုံခဲ့ဖူးသူတွေဆီကပေါ့။ကိုယ်ဝန်ပျက်ကျတဲ့ ဖြစ်ရပ်အများစုက ကြိုတင်ကာကွယ်လို့မရနိုင်တဲ့ကိစ္စတွေ ဖြစ်ပါတယ်။ ဒါပေမယ့် မိခင်ရဲ့အသက်အရွယ်၊ အရင်က ပျက်ကျဖူးတာတွေရှိတာ၊ ရောဂါအကြောင်းရင်း၊ သောက်သုံးနေရတဲ့ ဆေးဝါး၊ ဓာတုပစ္စည်းထိတွေ့မှု စတဲ့ကိုယ်ဝန်ပျက်ကျနိုင်ခြေများစေတဲ့ အကြောင်းရင်းတွေ ရှိနေုနိုင်ပါသေးတယ်။ နောက်ကိုယ်ဝန်တွေမှာ အခုလိုထပ်မဖြစ်ရအောင် ဒီလိုအချက်တွေကိုတော့ ထည့်သွင်းဂရုစိုက်ပေးရပါမယ်။ ဗဟုသုတ လေ့လာထားတာတော့ လွန်တယ် မရှိပါဘူး။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/preparing-to-get-pregnant/recovering-mentally-from-miscarriage/
Single – ၁ အတွဲရှိသူတွေ - ဝ
Single – ၁ အတွဲရှိသူတွေ – ဝ  …….. ခုလို ပိတ်ရက်တွေများ၊ ရာသီဥတုတွေအေးနေတဲ့ချိန်ဆို အတွဲရှိတဲ့သူတွေက နင်တို့မှာ ချမ်းရင် ဖက်ထားစရာလူရှိလား၊ ပွဲဈေးတွေ၊ ပျော်ပွဲရွှင်ပွဲတွေကို လက်ချိတ်ပြီး ကြည်ကြည်နူးနူးလျှောက်လည် ရမယ့်သူရှိလားဆိုပြီး ခနဲ့တဲ့တဲ့ စကားသံတွေကို ဆင်ဂယ်လ် ဖြစ်နေတဲ့သူတွေ သည်းခံနေကြရပြီလား။ကဲ ဒါဆိုရင်တော့ ဒီဆောင်ပါးလေးမှာတော့ အချစ်ရှိတာ၊ အတွဲရှိတာကောင်းတယ်ဆိုတဲ့သူတွေကို ပြန်လည်ချေပဖို့အတွက် ကျန်းမာရေး ကောင်းကျိုးလေးတွေကို ဖော်ပြလိုက်ပါတယ်။Single – ၁ အတွဲရှိသူတွေ – ဝ လို့ ပြောရတာက။၁။ ကူညီအားပေးမယ့်သူ တစ်ပုံတစ်ပင်ရှိမယ်။ရည်းစားရှိတဲ့သူတွေကိုဆိုရင် “သြော် သူ့ကို အားပေးမယ့်ရည်းစားရှိတာပဲ” ဆိုပြီး ထင်ကြပေမယ့် ဆင်ဂယ်လ်တွေအနေနဲ့ဆိုရင်တော့ တစ်ခုခုဖြစ်လာရင် ကိုယ့်ကို ကူညီမယ့်သူ အားပေးမယ့်သူ အများကြီး ဖြစ်နေမှာ အသေအချာပါပဲ။ ကိုယ်တိုင်ကလည်း သူငယ်ချင်းတွေ၊ မိသားစုတွေကို ပိုပြီး အချိန်ပေး ဂရုစိုက်ဖြစ်ပါတယ်။၂။ ငွေကြောင့် စိတ်ဖိစီးမှုနည်းမယ်။ပြတ်တုန်း လတ်တုန်း နှစ်ဆယ်သုံးတွေဟာ ရည်းစားရှိတဲ့အချိန်မှာ ၁၅ ရက်နေ့လောက်တည်းက ပြတ်လတ်နေတာကို တွေ့ရပါလိမ့်မယ်။ အတွဲရှိနေရင် အပြင်သွား၊ မုန့်စား၊ ရုပ်ရှင်ကြည့်ဖို့အတွက် ငွေပိုကုန်ပါတယ်။လေ့လာချက်တွေအရ ငွေကြောင့်ရတဲ့ စိတ်ဖိစီးမှုတွေဟာနှလုံးရောဂါ၊သွေးတိုးရောဂါနဲ့လေဖြတ်တာတွေကို ပိုဖြစ်စေပါတယ်တဲ့။ ဒါကြောင့် စိတ်ဖိစီးမှုနဲ့ အကြွေးတွေကို တတ်နိုင်သလောက် လျှော့ချထားပါ။၃။ ညဘက်ကောင်းကောင်း အိပ်ရတယ်။ရည်းစားနဲ့ တစ်ညလုံး ဖုန်းထဲမှာ၊ မက်ဆေ့ပို့ရင်း ရန်ဖြစ်ရလို့ တစ်ညလုံး မအိပ်လိုက်ရဘူးဆိုတာမျိုး ဆင်ဂယ်လ်တွေမှာ ဖြစ်မှာမဟုတ်ပါဘူး။ လင်မယားတွေဆိုရင်လည်း ညဘက်စောင်တစ်ထည်ကို တူတူခြုံပြီး အိပ်နေရင် စောင်ကိုဆွဲတတ်တဲ့သူဆိုရင် ညဘက်နိုးတာတွေဖြစ်နိုင်သေးတယ်။ အတူတူ တစ်ကုတင်တည်း အိပ်တဲ့သူက ညဘက်တွေ ထယောင်တတ်တာ၊ ဟောက်တတ်တာတွေဆိုရင်လည်း နေရင်းထိုင်ရင်း အိပ်ရေးတွေပျက်ရဦးမယ်နော်။အိပ်ရေးမဝရင် ဖြစ်မယ့် ဆိုးကျိုးတွေကတော့ အထူးအထွေပြောစရာလိုမယ် မထင်ပါဘူးနော်။အာရုံစူးစိုက်မှုတွေ၊မှတ်ဉာဏ်တွေလျော့နည်းလာမယ်။ ဝိတ်တက်မယ်။ညကို တစ်ခုခုကို ဖက်အိပ်ရမှ အိပ်တတ်တယ်ဆိုလည်း ဖက်ခေါင်းအုံး ရှိနေတာပဲလေနော်။၄။ ကိုယ်လက်လှုပ်ရှားမှုပိုလုပ်ဖြစ်တယ်။ကလေးကိစ္စ၊ မိသားစုကိစ္စနဲ့ gym ဖိုးတွေသွင်းထားပြီး မသွားဖြစ်တာတွေလည်း ဖြစ်မှာမဟုတ်ပါဘူး။ ကိုယ့်အချိန်ကို ကိုယ်ပိုင်တဲ့အတွက် လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွ လှလှပပ ကျော့ကျော့ရှင်းရှင်း နေနိုင်မှာဖြစ်ပါတယ်။၅။ အရေးအကြောင်းတွေလျော့နည်းပြီး နုပျိုလှပတယ်။ကိုယ့်ရည်းစား၊ အမျိုးသားညဘက် နိုက်က်အောက်ထွက်လို့ ပြန်မလာသေးလို့ စိတ်ပူပန်ပြီး အိပ်ရေးတွေပျက်ရတာမျိုးလည်း ဖြစ်မှာမဟုတ်ပါဘူး။ ကိုယ့်အတွက် ကိုယ်ပဲ စိတ်ပူစရာရှိတာကြောင့်လည်း စိတ်ပူပန်ရတာတွေလည်း နည်းမယ်။ အရွယ်မတိုင်မီအရေးအကြောင်းတွေလည်း ထွက်မှာမဟုတ်တာကြောင့် ငယ်ရွယ်နုပျိုလှပနေမှာပါ။၆။ ကိုယ့်အချိန်ကိုယ်ပိုင်တယ်။နှစ်ယောက်ဖြစ်သွားတဲ့အခါ ကိုယ်ပိုင်အချိန်ဆိုတာ လျော့နည်းသွားမယ်။ တစ်ခုခုလုပ်ဖို့ဆိုရင် အချိန်တွေလိုက်ညှိနေရတယ်။ ကိုယ်က အိမ်မှာ နားချင်တယ်။ သူက အပြင်ထွက်ချင်တယ်။ ကိုယ်က လူမှုရေးကိစ္စတွေရှိတယ်။ သူကလည်း ဒီတစ်ရက်ပဲအားလို့ တွေ့ချင်တယ်။အချိန်တွေကို ညှိရတာ စိတ်ဖိစီးမှုတွေဖြစ်စေနိုင်ပါတယ်။၇။ ပြဿနာတွေကို တစ်ယောက်တည်း ရင်ဆိုင်ဖြေရှင်းနိုင်တယ်။တစ်ယောက်ယောက် ကိုယ့်ဘေးမှာရှိရင် အနည်းနဲ့ အများတော့ အားကိုးမိမှာပဲနော်။ တစ်ယောက်တည်းဆိုရင်တော့ ကိုယ့်ဘာကိုပဲ ပြဿနာရဲ့ ရင်းမြစ်ကို စဉ်းစား၊ ဖြေရှင်းနိုင်တယ်။ အခက်အခဲတွေတွေ့လာရင်လည်း ကိုယ့်ဘာကိုယ်ဖြေရှင်းနိုင်တာပဲဆိုတဲ့ အတွေးအမြင်တွေကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေလည်း တိုးပွားစေပါတယ်။၈။ တစ်ယောက်တည်းနေတဲ့သူတွေက ပိုပျော်ရွှင်တယ်တဲ့။ဖေ့ဘွတ်ခ်က သတင်းတစ်ခုတောင် ဟိုးတလောက တက်လာသေးတယ်။ အသက် ၁၁၀ လောက်ရှိနေတဲ့ ဘွားဘွားတစ်ယောက်ကို အင်တာဗျူးထားတာ။ ဘွားဘွားရဲ့ အသက်ရှည်ကျန်းမာတဲ့ လျို့ဝှက်ချက်က ဘာလဲဆိုတော့ တစ်သက်လုံး အပျိုကြီးလုံးပြီး တစ်ယောက်တည်းနေတာပါတဲ့။ကဲ အတွဲတွေ အက်ဖ်အေလေးတွေကို မလှောင်နဲ့တော့နော်။ Single is the best တစ်ယောက်တည်းနေတာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အသက်ရှည်ရှည်နေရတယ်တဲ့။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/healthy-relationships/single-1-relationship-0/
မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့
မိန်းမကိုယ်မှာ ဝက်ခြံပေါက်တာကလေဒီလေးတွေအတွက် အတော်လေး ခံရခက်တဲ့ ကိစ္စတစ်ခုပါ။ ဒီပြဿနာကို ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုပြီး တွေးရခက်နေပြီလား……… ဒါဆိုရင်တော့ မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံသက်သာစေဖို့ ဘယ်လိုလုပ်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။မိန်းမကိုယ်မှာ ဝက်ခြံဖြစ်စေတဲ့ အကြောင်းအရင်းကတော့ တစ်ခုမကပါဘူး။ဒါတွေအပြင်။မိန်းမကိုယ်မှာ ပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့ ဆိုရင်။မိန်းမကိုယ်မှာ ဝက်ခြံထွက်တဲ့အခါရေပူနဲ့ ရေချိုးတာက ဝက်ခြံကို ပိုဆိုးစေနိုင်တယ်ဆိုပေမယ့်။ အဝတ်စ၊ ဒါမှမဟုတ် ဂွမ်းစ သန့်သန့်လေးမှာ ရေနွေးဆွတ်ပြီး ဝက်ခြံပေါ် ဖိကပ်ပေးတာကဝက်ခြံကိုသက်သာစေမှာပါ။ဒါကြောင့် ဝက်ခြံဖြစ်တဲ့အခါ အရင်ဆုံး ရေနွေးဝတ် ကပ်ပေးပါ။ဝက်ခြံထွက်တာက စိုထိုင်းမှု များတာကြောင့် ဖြစ်နိုင်ပါတယ်။ ဝက်ခြံ သက်သာအောင်အစိုဓာတ် ထိန်းပေးရတယ်ဆိုပေမယ့်မိန်းမကိုယ်မှာ ပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့ကတော့ မိန်းမကိုယ်ကို ခြောက်သွေ့အောင် ထားဖို့ လိုပါမယ်။မိန်းမကိုယ်မှာ ဝက်ခြံ ထွက်တဲ့အခါ ယားယံတာ၊ နေရတာ သက်တောင့်သက်သာ မရှိတာမျိုး ခံစားရနိုင်ပေမယ့် ကုတ်ဖဲ့တာမျိုး၊ညှစ်ထုတ်တာမျိုး မလုပ်ပါနဲ့။ ဒီလို လုပ်တာက ဝက်ခြံကို ပိုဆိုးစေနိုင်လို့ပါ။မိန်းမကိုယ်မှာ ဝက်ခြံ ဖြစ်တဲ့အခါဘက်တီးရီးယားတွေကြောင့် ဖြစ်တာ သန့်သွားအောင်ဆိုပြီး ဆပ်ပြာနဲ့ သန့်စင်တာမျိုး မလုပ်ပါနဲ့။ ဒီလိုလုပ်တာက ယားယံတာကို ပိုဆိုးစေသလို ဝက်ခြံတွေ ထပ်ဖြစ်လာစေနိုင်ပါတယ်။နုနယ်တဲ့ အစိတ်အပိုင်းဖြစ်တဲ့ မိန်းမကိုယ်မှာ ဝက်ခြံဖြစ်လာပြီဆိုရင် ဓာတုပစ္စည်းတွေအစား သဘာဝ ပစ္စည်းလေးတွေက ပိုအဆင်ပြေပါတယ်။ ဒါကြောင့်ရှားစောင်းလက်ပပ်အနှစ်၊သခွားသီးအရည်စတာတွေကို လိမ်းပေးလို့ရပါတယ်။ဝက်ခြံဖြစ်တဲ့အခါ ဝက်ခြံ သက်သာစေဖို့နဲ့ နေရထိုင်ရ သက်တောင့်သက်သာဖြစ်စေဖို့အတွက် ချည်သား ပွပွချောင်ချောင်လေးတွေကို ဝတ်ဆင်ပေးပါ။ ဒီလို ဝတ်ဆင်ပေးတာကဝက်ခြံသက်သာစေဖို့ရော ထပ်မဖြစ်စေဖို့ပါ ကာကွယ်ပေးနိုင်ပါတယ်။နောက်ဆုံး သတိပေးချင်တာ တစ်ခုက ဒီလိုမျိုး မိန်းမကိုယ်မှာ ဝက်ခြံပေါက်နေချိန်မှာဆီးခုံမွှေးဖယ်ရှားတာမျိုး၊ ရိတ်ပစ်တာမျိုးတွေ၊ အဝတ်အစား ကြပ်ကြပ်တွေ ဝတ်တာမျိုး မလုပ်ပါနဲ့။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/an-overview-of-vaginal-pimples/
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
မီးပြဿနာကြောင့်ဖြစ်စေ၊ စက်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့်ဖြစ်စေ ဓာတ်လှေကားစက် ရပ်သွားပြီး ပိတ်မိသွားတတ်ပါတယ်။ ဒါကြောင့် ဓာတ်လှေကားထဲမှာ ပိတ်မိသူတွေအနေနဲ့ ဒီလိုအချိန်မျိုးမှာအကြောက်မလွန်ဖို့၊ မစိုးရိမ်ဖို့ လိုအပ်ပါတယ်။ ဘေးအန္တရာယ်ကင်းကင်းနဲ့ အပြင်ကို ပြန်ထွက်လို့ ရတဲ့အချိန်ထိ ဘာတွေ လုပ်သင့်လဲ၊ ဘယ်လို အပြုအမူမျိုးတွေကို ရှောင်ကြဉ်ရမလဲဆိုတာကို ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ပါတယ်။ဘယ်လိုမှ အပြင်ကို ပြန်ထွက်လို့ မရတဲ့ ဒီလိုအခြေအနေမျိုးမှာကြောက်ရွံ့ထိတ်လန့်တတ်ကြတာ လူ့စိတ်သဘာဝပါပဲ။ ကိုယ့်ရဲ့စိတ်က မတည်မငြိမ်ြဖစ်နေတဲ့အခါမှာ ပိတ်မိနေတဲ့ အခြေအနေကို ပိုဆိုးစေမယ့် အမှားတွေ လုပ်မိနိုင်သလိုနှလုံးမကောင်းသူတွေမှာဆိုရင် စိတ်က တုန်လှုပ်ခြောက်ခြားပြီး အမောဖောက်တာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် အသက်ကို ၀၀ရှူပြီး စိတ်ကို တည်ငြိမ်အောင် ထားဖို့ အလွန်အရေးကြီးပါတယ်။ အသက်ကို ၀၀ရှူပါ။ စိတ်ကို တည်ငြိမ်အောင် ထားပါ။ ကိုယ်နဲ့ အတူပိတ်မိနေတဲ့ သူတွေကိုလည်း စိတ်ငြိမ်အောင် အသက်၀၀ရှူဖို့ ဖျောင်းဖျပါ။ဓာတ်လှေကားထဲမှာ ပိတ်မိနေတဲ့အခါမှာ သက်ဆိုင်ရာကို အသိပေးဖို့အတွက် အရေးပေါ် ခေါင်းလောင်းခလုတ်ကို နှိပ်ဖို့ မမေ့ပါနဲ့။ အကယ်လို့ အရေးပေါ်ခေါင်းလောင်းခလုတ်က အလုပ်မလုပ်ဘူးဆိုရင် ကိုယ့်ဖုန်းထဲက နှိုးစက်အသံကို ဖွင့်ထားပါ။ အပြင်ဘက်မှာရှိတဲ့လူတွေက ဒီအသံကို ကြားတဲ့အခါမှာ ဓာတ်လှေကားထဲမှာ တစ်စုံတစ်ရာ မှားယွင်းနေတာကို သတိထားမိမှာဖြစ်ပြီး သက်ဆိုင်ရာကို အကူအညီလှမ်းတောင်းနိုင်မှာပါ။တချို့သော ဓာတ်လှေကားတွေမှာ ပြဿနာကို ဖြေရှင်းအကြောင်းကြားပေးဖို့အတွက် တပ်ဆင်ပေးထားတဲ့ ဖုန်းတွေ ရှိပါတယ်။ ဒီဖုန်းကို ၂၄နာရီမပြတ် စောင့်ကြည့်ဖြေကြားပေးမယ့် သူတွေ ရှိတာကြောင့် ဓါတ်လှေကားထဲမှာ ပိတ်မိနေတဲ့အခါမျိုးမှာ ခေါ်ယူအသုံးပြုသင့်ပါတယ်။ တစ်ခါတရံမှာ ကိုယ်ရောက်နေတဲ့ နေရာပေါ် မူတည်ပြီး ဓာတ်လှေကားအတွင်း လိုင်းမိနေတဲ့ ဖုန်းအော်ပရေတာတွေ ရှိနိုင်ပါတယ်။ ကိုယ့်ဖုန်းနဲ့ လိုင်းမိတယ်ဆိုရင်တော့ သက်ဆိုင်ရာကို ဖုန်းခေါ်ဆိုပြီး အကူအညီတောင်းလို့ ရပါတယ်။ကိုယ့်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာကို အကြောင်းကြားပြီးတဲ့အခါ ဓာတ်လှေကားရဲ့ အနောက်ဘက်မှာ ရပ်နေပြီး အရှေ့ဘက်ကို မျက်နှာမူထားပါ။ ဓာတ်လှေကားပြင်ဆင်သူတွေဖြစ်စေ၊ ကယ်ဆယ်ရေးဝန်ထမ်းတွေက ဓါတ်လှေကားကို ဖွင့်ဖို့ ကြိုးစားတဲ့အခါမှာ ကိုယ်က အနောက်မှာ ရပ်နေမှာ သူတို့အတွက်လည်း လုပ်ရကိုင်ရတာ လွယ်ကူစေမှာပါ။မှားယွင်းတဲ့ အယူအဆတစ်ခုက ဓာတ်လှေကားထဲ ခုန်ပေါက်နေခြင်းဟာ စက်ချို့ယွင်းတာကို ပြန်ကောင်းသွားစေနိုင်တယ် ဆိုတာပါပဲ။ တကယ်တော့ ဒါဟာ အလွန် အန္တရာယ်များတဲ့ အပြုအမူပါပဲ။ ဓာတ်လှေကားထဲ ခုန်ပေါက်နေခြင်းကြောင့် ဓာတ်လှေကားကို တည်ငြိမ်စေဖို့ ထိန်းညှိပေးတဲ့ ကိရိယာတွေကို ထိခိုက်စေနိုင်လို့ ကယ်ဆယ်ရ ပိုခက်မှာပါ။ဓာတ်လှေကားတွေမှာ အတွင်းကနေ ကလန့်ပြီး ဖွင့်လို့မရအောင် ကန့်သတ်ထားတဲ့ လုံခြုံရေးကိရိယာတွေ ရှိပါတယ်။ ဒါကြောင့် ဓါတ်လှေကားထဲ ပိတ်မိနေတဲ့အချိန်မှာ အတွင်းကနေ လက်နဲ့ဖြစ်စေ၊ ပစ္စည်းတစ်ခုခုနဲ့ဖြစ်စေ ကလန့်ပြီး ဖွင့်တာမျိုး မလုပ်ပဲ သက်ဆိုင်ရာက သင့်တော်မှန်ကန်တဲ့ နည်းလမ်းနဲ့ ဓါတ်လှေကားကိုဖွင့်ပြီး ကယ်ဆယ်တာကိုပဲ စိတ်ရှည်ရှည်နဲ့ စောင့်နေပေးပါ။တံခါးနည်းနည်းလေးပွင့်နေလို့ ကိုယ့်ရဲ့ တစ်ကိုယ်စာ အပြင်ထွက်လို့ ရတယ်ဆိုတိုင်း ထွက်ဖို့ မသင့်ပါဘူး။ သက်ဆိုင်ရာက ရောက်လာပြီး ဓါတ်လှေကားကို သေချာပိတ်လိုက်ပြီးမှ ကိုယ့်ကို အပြင်ထွက်လို့ရအောင် ကူညီပေးပါလိမ့်မယ်။ကိုယ်အပါအဝင် ဓာတ်လှေကားထဲမှာ ပိတ်မိနေတဲ့ သူတွေကိုစိတ်တည်ငြိမ်အောင်ထားပေးတာက အပြင်ကို ထွက်ဖို့အတွက် ပိုမိုလွယ်ကူစေပါတယ်။ကြောက်လန့်နေတဲ့ စိတ်ကို ခဏဘေးဖယ်ထားပြီး လုံခြုံရေးဝန်ထမ်းတွေ ပြောတဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာတာက ဘေးကင်းစေတဲ့အပြင် ကိုယ့်ကို ကယ်တင်ဖို့ ကြိုးစားနေတဲ့သူတွေကိုလည်း အထောက်အကူဖြစ်စေပါတယ်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/%e1%80%93%e1%80%ac%e1%80%90%e1%80%b9%e1%80%b1%e1%80%9c%e1%80%bd%e1%80%80%e1%80%ac%e1%80%b8%e1%80%91%e1%80%b2-%e1%80%95%e1%80%ad%e1%80%90%e1%80%b9%e1%80%99%e1%80%ad%e1%80%90%e1%80%b2%e1%80%b7%e1%80%a1/
အမျိုးသားတွေမြုံရခြင်း အကြောင်းရင်းများ
အမျိုးသားတွေမြုံရခြင်း အကြောင်းကို လေ့လာခြင်း အကြောင်းကို လေ့လာကြည့်ရအောင်နော်။ အမျိုးသားတွေ မြုံတယ်ဆိုတာ ကိုယ်ဝန်ရစေဖို့လိုအပ်တဲ့ သုက်ကောင်မရှိတဲ့ အခြေအနေကို ဆိုလိုတာပါ။ သားသမီးမရကြတဲ့ စုံတွဲတွေရဲ့ ၂၀ ရာခိုင်နှုန်းမှာ အမျိုးသားတွေ မြုံတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဆိုလိုတာက ဒီမြုံတဲ့ ကိစ္စဟာ အမျိုးသားတွေအတွက် ကြီးမားတဲ့ ပြဿနာဖြစ်လာပြီလို့ ဆိုတာပါ။ တကယ်တော့ အမျိုးသားတွေကို ဒီလိုဖြစ်စေတဲ့ အကြောင်းတရားတွေ ရှိပါတယ်။အမျိုးသားတွေမြုံရခြင်း အကြောင်းရင်းများ အကြောင်း လေ့လာကြည့်ရအောင်လား။ဆေးဘက်ဆိုင်ရာ အခြေအနေများ။အမျိုးသားတွေမြုံရခြင်း ဖြစ်စေတဲ့ ဆေးဘက်ဆိုင်ရာ အခြေအနေများကတော့။အမျိုးသားတစ်ယောက်က သူအထွတ်အထိပ်ရောက်ချိန်မှာ သုက်ကောင်တွေက မျိုးပွားအင်္ဂါထိပ်ဆီမသွားဘဲ ဆီးအိမ်ထဲ ရောက်ရှိတတ်ပါတယ်။အဲဒါကို ပြောင်းပြန်သုက်လွှတ်ခြင်းလို့ ခေါ်ပါတယ်။ ဒါဟာ ဆီးချိုရောဂါ၊ ကျောရိုးထိခိုက်မှု၊ ဆေးဝါးသုံးစွဲမှု၊ ဆီးအိမ်၊ ဆီးကျိတ်၊ ဆီးလမ်းကြောင်းခွဲစိတ်မှုတွေကြောင့် ဖြစ်တတ်ပါတယ်။တချို့ အခြေအနေတွေမှာ အမျိုးသားတွေဟာ မျိုးကောင်ထုတ်လုပ်နိုင်ပေမယ့် ကျောရိုးနာဗ်ကြောထိခိုက်ထားခြင်း ဒါမှမဟုတ် တခြားရောဂါတွေကြောင့် သုက်လွှတ်ခြင်းတော့ မတတ်စွမ်းပါဘူး။ အဲ့လို ကိစ္စတွေက အမျိုးသားတွေကို မြုံစေနိုင်ပါတယ်။Hypothalamus (ကိုယ်အပူချိန်၊ ရေငတ်မှု၊ ဆာလောင်မှုတို့ကို ထိန်းချုပ်တဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်း)၊ Pituitary (ခန္ဓာကိုယ်ကြီးထွားမှုကို အကျိုးပြုတဲ့ ဟော်မုန်းထုတ်ပေးတဲ့ အကျိတ်)၊ သိုင်းရွိုက်ဂလင်း ၊ အက်ဒရီနယ်ဂလင်း တို့ရဲ့ ဟော်မုန်းမညီမျှမှုတွေက ကပ္ပာယ်အိတ်ရဲ့ လုပ်ငန်းဆောင်တာတွေ မူမမှန်တာ အစီအစဉ်တကျမဖြစ်တာတွေ ဖြစ်စေနိုင်ပါတယ်။ တကယ်တော့ ဟော်မုန်းမညီမျှမှုကို ဖြစ်စေတဲ့ အခြားမသိသော အကြောင်းအရင်းများလဲ ရှိပါသေးတယ်။တချို့ဆေးဝါးတွေက အမျိုးသားတွေ မြုံစေနိုင်တဲ့ တရားခံတွေ ဖြစ်တတ်ပါတယ်။ကျားဟော်မုန်းအစားထိုးကုသခြင်း၊ anabolic steroid (ကြွက်သားကြီးထွားရန်သုံးသောဆေး) ရေရှည်အသုံးပြုခြင်း၊ ကင်ဆာဆေးဝါးများ၊ မှိုရောဂါကုသတဲ့ ဆေးဝါးအချို့၊ ပြည်တည်နာ ကုသတဲ့ ဆေးအချို့ကလည်း အမျိုးသားတွေရဲ့ သုက်ကောင်ထုတ်လုပ်မှုကို ထိခိုက်စေပါတယ်။ဒါဟာ အမျိုးသားတွေ မြုံစေတဲ့ အကြောင်းအရင်းတွေ ဖြစ်နိုင်ပါတယ်။ဆေးဝါးအပြင် အချို့ ရောဂါပိုး ကူးစက်ခြင်းတွေက သုက်ကောင်ထုတ်လုပ်ခြင်း၊ သုက်ကောင်ကျန်းမာရေးတို့ကို ထိခိုက်စေခြင်းနဲ့ သုက်ကောင်သွားရာလမ်းကြောင်းကို နှောင့်ယှက်တဲ့ အနာရွတ်များကို ဖြစ်စေပါတယ်။ကာလသားရောဂါနဲ့ HIV လို လိင်မှတဆင့် ကူးစက်တဲ့ ရောဂါတွေကလဲ အကြောင်းတရားတစ်ခုအနေနဲ့ ပါဝင်ပါတယ်။တချို့ နေ့စဉ်လုပ်ဆောင်နေကျ အလေ့အကျင့်တွေက သုက်ကောင်ထုတ်လုပ်မှုကို ကျဆင်းစေပြီး သုက်ကောင်တွေရဲ့ လုပ်ဆောင်နိုင်စွမ်းအပေါ် ထိခိုက်စေနိုင်ပါတယ်။လေ့ကျင့်ခန်းအလွန်အကျွံလုပ်ခြင်းကလည်း အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းကို မကောင်းတဲ့ အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။စိတ်ဖိစီးမှုများခြင်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ ဟော်မုန်းပြဿနာတွေက အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းအပေါ် ထိခိုက်စေနိုင်ပါတယ်။ ပြင်းထန်ပြီး ကြာရှည်တဲ့ စိတ်ဖိစီးမှုကြောင့် သုက်ကောင်ရေပမာဏ လျော့နည်းခြင်း ပြဿနာကို ကြုံတွေ့ရနိုင်ပါတယ်။အရက်ကအမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းအပေါ် မကောင်းတဲ့သက်ရောက်မှုကို ဖြစ်စေပါတယ်။ သူဟာကျားဟော်မုန်းပမာဏကို လျော့ကျစေတဲ့အတွက် ပန်းသေပန်းညှိုးရောဂါနဲ့ မျိုးကောင်ပမာဏလျော့ကျမှုတို့ဆီ ဦးတည်သွားနိုင်ပါတယ်။အရက်အလွန်အကျွံ သောက်သုံးခြင်းက အမျိုးသားတွေမှာ အသည်းရောဂါကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။ဆေးလိပ်သောက်သုံးတဲ့သူက မသောက်သုံးတဲ့သူထက် မျိုးကောင်ရေ ပိုမိုနည်းပါးစွာ ထုတ်လုပ်နိုင်ကြောင်း သက်သေအခိုင်အမာ ရှိပါတယ်။တင်းကျပ်လွန်းသော အဝတ်အစားများ ဝတ်လွန်းခြင်း၊ စက်ဘီးမကြာမကြာစီးခြင်း၊ ရေပူဖြင့် ရေချိုးများခြင်း၊ ချွေးထုတ်ခန်းသွားခြင်းတို့က ကပ္ပာယ်အိတ်ရဲ့ အပူချိန်ကို မြင့်တက်စေပါတယ်။ ဒါဟာ သုက်ကောင်ထုတ်လုပ်မှုကို ကျဆင်းစေပါတယ်။အမျိုးသားတွေဟာ တတ်နိုင်သမျှ သူတို့ရဲ့မျိုးအောင်နိုင်စွမ်းကို စစ်ဆေးမှု ခံယူရန် သတိရှိဖို့ အရေးကြီးပါတယ်။ မြုံတာနဲ့ ပတ်သက်တဲ့ လက္ခဏာတွေကို သိရှိဖို့ ကူညီပေးလို့ပါ။အကယ်၍ မြုံခဲ့မယ်ဆိုရင် ဘယ်လိုကုသမလဲ၊ ကိုယ်ဝန်ရစေနိုင်ဖို့ ဘယ်လိုအမူအကျင့်တွေ ပြောင်းလဲရမလဲဆိုတဲ့ အကြံဉာဏ်ယူနိုင်ပါတယ်။ရေးသားသူ- Wuthun Myat Chel။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/fertility-problems-and-treatment/causes-of-male-infertility/
သင့်အရေပြားဆရာဝန်က ဝက်ခြံကြောင့်ဖြစ်သော အမာရွတ်များကို ဖယ်ရှားနိုင်သလား
ဝက်ခြံပေါက်ခြင်းသည် သေစေလောက်သော ပြဿနာ မဟုတ်သော်လည်း ဝက်ခြံပေါက်ပြီးကျန်ခဲ့သော အမာရွတ်များသည် သင့် ရုပ်ရည်ကိုထိခိုက်စေသည်။ ထိုအမာရွတ်များကို ကုသရန် အိမ်တွင်းကုထုံးများဖြင့်သော်လည်းကောင်း အရေပြားဆရာဝန်ကိုသွားပြခြင်းဖြင့်သော်လည်းကောင်းကုသနိုင်သည်။ဝက်ခြံပေါက်ပြီးလျှင် အမာရွတ်များကျန်ခဲ့တတ်သည်။ ဝက်ခြံကို နောက်ဆက်တွဲဆိုးကျိုးများမရှိအောင် ကုနိုင်သော်လည်း အမာရွတ်များကိုမူ အပြီးပျောက်ရန်ကုဖို့ရာ မလွယ်ပါ။ ဝက်ခြံပေါက်လျှင် ရက်သတ္တပတ် အနည်းငယ်သာကြာမြင့်သော်လည်း ဝက်ခြံအမာရွတ်များသည် တသက်လုံးမပျောက်ဘဲရှိနေတတ်သည်။သို့သော် သင့်တွင် ဝက်ခြံအမာရွတ်များရှိနေပါက မစိုးရိမ်ပါနှင့်။ ယခုခေတ်တွင် ကုသနိုင်သော ဝက်ခြံအမာရွတ်များ၏ အရောင်နှင့် ပုံစံကို ပြောင်းလဲနိုင်သောနည်းလမ်းများစွာရှိပါသည်။သင်အသုံးပြုနေသော မိတ်ကပ်ဖြင့်လည်း သင့် အမာရွတ်ကိုမမြင်ရအောင်ဖုံးနိုင်ပါသည်။ယင်းကုသမှုများသည် အောက်ဖော်ပြပါ အချက်များအပေါ်မူတည်ပြီး လူတဦးနှင့် တဦး ကွဲပြားနိုင်သည်။၎င်းသည် အမာရွတ်ကိုသေးငယ်အောင်လုပ်သော ကုထုံးဖြစ်သည်။ သင့်အရေပြားပေါ်တွင်ရှိသော အခြားသော အမှတ်အစက်များကိုပါ ဖျောက်ပေးနိင်ပြီး သင့်အရေပြားကို ပိုချောမွေ့ပြီး ပိုကျန်းမာစေသည်။ သင်လည်းပိုနုပျိုသွားပေလိမ့်မည်။ ထိုကုသမှုအတွက် မိနစ် ၃၀ မှ ၂နာရီအထိကြာမြင့်ပေသည်။ရက် ၁၀ မှ၂၀ အတွင်းတွင် အရေပြားဆဲလ်အသစ်များပြန်လည်မွေးဖွားလာမည်ဖြစ်ပြီး ၂လမှ ၃လအတွင်းတွင် သင့် အမာရွတ်များ မှေးမှိန်သွားမည်ဖြစ်သည်။ထ်ုကုသမှုခံယူနေစဉ် မည်သည့်ဆေးများသောက်နေကြောင်းကို ဆရာဝန်အားပြောပါ။ အထူးသဖြင့် Aspirin, Ibuprofen, Vitamin E တို့သည် သွေးမတိတ်စေနိင်သောကြောင့်ဖြစ်သည်။သင့်အရေပြား ကို SPF 30 နှင့်အထက်ပါဝင်သောနေကာ ခရင်မ်များလိမ်းခြင်း၊ အကျီၤလက်ရှည်များဝတ်ခြင်းဖြင့် ကာကွယ်ပါ။ထိုဆေးများကို အရေပြားအောက်တွင် collagen ဟုခေါ်သော အရေပြားတင်းရင်းစေသောဓါတ်ရရှိရန်ထိုးရခြင်းဖြစ်ပြီး ၎င်း၏အာနိသင်သည် ၁ နှစ်ကြာလျှင် ပျောက်ကွယ်သွားမည်ဖြစ်သည်။၎င်းနည်းကို နေလောင်ထားသူများနှင့် အမာရွတ်ရှိသူများတွင် ပြုလုပ်သည်။ပြုလုပ်နေစဉ်တွင် ဆရာဝန်က ဓါတုဗေဒပစ္စည်းတမျိုးကိုသင့် အရေပြားပေါ်တွင်လိမ်းပြီး ခဏကြာတွင် အရေပြားအပေါ်ယံလွှာကိုဖယ်ရှားလိုက်ခြင်းဖြစ်သည်။ ထိုနည်းဖြင့် သင့် အရေပြားဆဲလ်အသစ်များကို မွေးဖွားပေးပြီး အမာရွတ်များကိုလည်း မှေးမှိန်သွားစေနိုင်ပါသည်။၎င်းသည် အမာရွတ်ပုံစံမလှသူများနှင့် အရောင်ထင်းသူများတွင် အသုံးပြုသောနည်းဖြစ်သည်။ ဝိုင်ယာပွတ်တံ သို့မဟုတ် စိန်သွားကို အသုံးပြုရခြင်းဖြစ်ပြီး ကုသပြီး ၅ရက် ၁ပတ်ခန့်အကြာတွင် အရေပြားဆဲလ်အသစ်များပြန်ဖြစ်လာမည်ဖြစ်သည်။ ၆ ပတ်မှ ၁၂ပတ်အကြာတွင် အမာရွတ်များ မှေးမှိန်သွားမည်ဖြစ်သည်။အထက်ဖော်ပြပါ ကုသမှုများအပြီးတွင် သင့် အသားရေကို အထူးဂရုစိုက်ရမည်ဖြစ်သည်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%a1%e1%80%b1%e1%80%9b%e1%80%bb%e1%80%95%e1%80%ac%e1%80%b8%e1%80%86%e1%80%9b%e1%80%ac%e1%81%80%e1%80%94%e1%80%b9%e1%80%80-%e1%81%80%e1%80%80%e1%80%b9%e1%80%bb/
သရက်သီးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ
နှစ်ပေါင်း ၄၀၀၀ ကျော်စိုက်ပျိုးစားသုံးလာတဲ့ သစ်သီးတစ်မျိုးဖြစ်တဲ့သရက်သီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ပြောပြချင်ပါတယ်။သရက်သီးတွေက အိန္ဒိယတိုက်နဲ့ အရှေ့တောင်အာရှဒေသရဲ့ မျိုးရင်းတွေဖြစ်ပြီး အရသာအလွန်ရှိတဲ့သစ်သီး တစ်မျိုးဖြစ်ပါတယ်။သရက်သီးရဲ့အရသာရှိမှုကြောင့် အသီးမှာသရက်ဆိုပြီးတောင် ပြောဆိုကြတယ်မဟုတ်လား။ အနံ့၊အရသာ၊ အရောင်အဆင်း အားလုံးနဲ့ပြည့်စုံတဲ့အပြင် သရက်သီးစားသုံးခြင်းကနေရနိုင်မယ့် ကျန်းမာရေး အတွက်ကောင်းကျိုးတွေလည်းအများကြီးရှိတာမို့ ဒီအကြောင်းလေး နည်းနည်းလောက်ပြောပြချင်ပါတယ်။သရက်သီးထဲမှာ ဗီတာမင် အေ၊ စီ၊ ကေ၊ အီးနဲ့ ဗီတာမင် ဘီမျိုးစုံပါဝင်နေလို့ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်တာ အသေအချာပါပဲ။ ကူးစက်ရောဂါမျိုးစုံကိုတိုက်ထုတ်တဲ့နေရာမှာဗီတာမင် အေကို မရှိမဖြစ်လိုအပ်ပြီး ဗီတာမင် အေ လုံလုံလောက်လောက်ရှိနေရင်ရောဂါကူးစက်ခံခဲ့ရရင်တောင် နောက်ဆက်တွဲပြဿနာတွေခံစားရတာ နည်းတာကိုတွေ့ရပါတယ်။ ပြင်ပရောဂါတွေကို တိုက်ထုတ်တဲ့နေရာမှာလိုအပ်တဲ့နောက်ထပ်ဆဲလ်တစ်မျိုးဖြစ်တဲ့ သွေးဖြူဥတွေထုတ်လုပ်ဖို့ ဗီတာမင် စီလိုအပ်ပါတယ်။ သရက်သီးကိုအတော်အသင့်တစ်ကြိမ်လောက်စားသုံး လိုက်ရုံနဲ့ နေ့စဉ်လိုအပ်တဲ့ဗီတာမင် စီပမာဏ ၃ ပုံတစ်ပုံလောက်ရရှိသွားနိုင်တာမို့ ကိုယ်ခံအားအတွက် မဖြစ်မနေ စားသုံးသင့်တဲ့သစ်သီးတစ်မျိုးလို့ဆိုရမှာပါ။ နောက်ပြီး သရက်သီးထဲမှာဖောလစ်ဓာတ်လည်း ပါပါ သေးတယ်။ ဒီအင်အေဆဲလ်ပွားဖို့နဲ့ ကျန်းမာတဲ့ဆဲလ်တွေတည်ဆောက်ဖို့ ဖောလစ်ဓာတ်လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာဆိုရင် ကလေးရဲ့အာရုံကြောစနစ်တည်ဆောက်ဖို့ဖောလစ်ဓာတ်တစ်ရက်ကို ၄၀၀ မီလီဂရမ် လောက်တောင်လိုအပ်တာမို့ သရက်သီးဟာကိုယ်ဝန်ဆောင်တွေအတွက်လည်းစားသုံးသင့်တဲ့ အစားအစာထဲ မှာပါဝင်ပါတယ်။သရက်သီးထဲမှာဗီတာမင်ဓာတ်တွေတင်မကဘဲ မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်ဓာတ်တွေလည်းပါဝင်ပါ သေးတယ်။ ဒီဓာတ်တွေကသွေးကြောတွေကိုအလုပ်ပုံမှန်လုပ်နိုင်အောင် ကူညီပေးတဲ့အတွက် သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီးသွေးခုန်နှုန်းလည်းမှန်စေပါတယ်။ လေ့လာဆဲအဆင့်ပဲရှိသေးပေမဲ့ သရက်သီးထဲမှာတွေ့ရတဲ့ mangiferin လို့ခေါ်တဲ့ဓာတ်တိုးဆန့်ကျင်ဓာတ်က နှလုံးနံရံရောင်ရမ်းခြင်းကို အတိုင်းအတာတစ်ခုထိ လျှော့ချပေးနိုင်တယ်လို့ ယူဆကြပါတယ်။သရက်သီးထဲမှာဆိုရင်အမျှင်ဓာတ်နဲ့ အစာခြေအင်ဇိုင်းတစ်မျိုးဖြစ်တဲ့ amylase ပါဝင်တာမို့အူလမ်းကြောင်း ကျန်းမာရေးအတွက်အများကြီးအကျိုးရှိစေပါတယ်။ စားသောက်လိုက်တဲ့ ကာဗိုဟိုက်ဒရိတ်တွေကို Amylase အင်ဇိုင်းတွေက ကောင်းကောင်းကြီးခြေဖျက်ပေးနိုင်ပါတယ်။ သရက်သီးမှည့်မှာ အမျှင်ဓာတ်နဲ့ရေဓာတ်ကြွယ်၀ ပြီး ဒီဓာတ် ၂ မျိုးစလုံးက အစာခြေစနစ်မှာအဓိကအသုံးတော်ခံသူတွေပါ။ ဒါ့ကြောင့်သရက်သီးမကြာခဏ စားသုံးပေးတဲ့သူက ဝမ်းချုပ်၊ ဝမ်းလျှောပြဿနာတွေ ကင်းဝေးမှာအသေအချာပါပဲ။ဒီအချက်က အပေါ်ဆုံးမှာပြောခဲ့တဲ့ဗီတာမင်ဓာတ်တွေကြောင့်လည်းဖြစ်ပါတယ်။ ဗီတာမင် စီဆိုတာ ခန္ဓာကိုယ် အတွက်မရှိမဖြစ်ဗီတာမင်တစ်ခုဖြစ်ပါတယ်။ အသားအရည်လှပဖို့လိုအပ်တဲ့ ကိုလာဂျင်ဓာတ်ကို ဗီတာမင် စီကနေ ဖွဲ့စည်းရတာပါ။ ဦးရေပြားကျန်းမာရေးနဲ့ ဆံနွယ်တွေလှပဖို့ အားပေးတဲ့ဗီတာမင် အေဓာတ်ကိုလည်း သရက်သီးကနေ ရရှိနိုင်ပါသေးတယ်။ ဒီဗီတာမင်ဓာတ် ၂ မျိုးအပြင် သရက်သီးမှာ ပေါ်လီဖီနောလို့ခေါ်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းလည်းပါဝင်ပြီး သူကစိတ်ဖိစီးမှုကြောင့် ဦးရေပြားကမွှေးလုံး (Hair Follicles) တွေပျက်စီးခြင်းကနေ ကာကွယ်ပေးပါတယ်။သရက်သီးထဲမှာပါတဲ့ ဘီတာကရိုတင်းနဲ့ ပေါ်လီဖီနောဓာတ်တိုးဆန့်ကျင်ပစ္စည်းက ကင်ဆာရောဂါတွေကို တိုက်ထုတ်တဲ့နေရာမှာ အတော်လေးအရေးပါတာကိုတွေ့ရပါတယ်။ ဓာတ်ခွဲစမ်းသပ်မှုတွေအရ ပေါ်လီဖီနောဓာတ်က သွေးကင်ဆာ၊ အူမကြီးကင်ဆာ၊ အဆုတ်ကင်ဆာ၊ဆီးကျိတ်ကင်ဆာနဲ့ရင်သားကင်ဆာ ဆဲလ်တွေကို ဟန့်တားနိုင်တာကို တွေ့ရှိထားပါတယ်။ ဒီထက်ပိုပြီးကျယ်ကျယ်ပြန့်ပြန့်သုတေသနတွေလုပ်ဖို့ လိုသေးပေမဲ့ သရက်သီးဟာ ကျန်းမာရေးအတွက်အထောက်အကူဖြစ်တဲ့ အသီးတစ်မျိုးဆိုတာတော့ သေချာပါတယ်။ဒါတွေက သရက်သီးစားသုံးရင်ရလာနိုင်တဲ့ ကျန်းမာရေးအပေါ်သက်ရောက်မှုတွေပါ။ နောက်ပိုင်းလေ့လာမှုတွေလုပ်ရင် ဒီထပ်ပိုပြီးတောင် တွေ့ရှိလာနိုင်ပါတယ်။ ဒါကြောင့်မို့ အစာလည်းဆေး ဆေးလည်းအစာ ဖြစ်တဲ့သရက်သီးကို အခုပဲ မှန်မှန်မှီဝဲလိုက်ကြရအောင်။Dr. Htoo Tint။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%9e%e1%80%9b%e1%80%80%e1%80%ba%e1%80%9e%e1%80%ae%e1%80%b8%e1%80%80%e1%80%95%e1%80%b1%e1%80%b8%e1%80%90%e1%80%b2%e1%80%b7-%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%9b/
အဝတ်pad တစ်ခုကပဲ ပတ်ဝန်းကျင်မညစ်ညမ်းအောင် ထိန်းသိမ်းနိုင်မှာလား
ခေတ်အဆက်ဆက်မှာ အမျိုးသမီးတွေဟာရာသီလာခြင်းနဲ ပတ်သက်ပြီး ဖိနှိပ်မှုများစွာ ခံခဲ့ရပါတယ်။ ရာသီသွေးဆင်းတဲ့ အမျိုးသမီးတွေဟာ ယုတ်နိမ့်တယ်၊ရာသီသွေးဟာ မသန့်ဘူး၊ အိန္ဒိယလို နိုင်ငံမျိုးမှာဆို ရှေးတုန်းက ရာသီလာတဲ့အမျိုးသမီးတွေကို ရွာပြင်ထုတ်ထားတာမျိုး၊ ဒီရာသီလာတဲ့ကိစ္စအတွက် ဘာတစ်ကိုယ်ရည်သုံး ပစ္စည်းကိုမှ သုံးခွင့်မရတာမျိုး ကြုံခဲ့ကြရပါတယ်။ ဒါတင်ပဲလားဆိုတော့ အမျိုးသမီးအတွင်းခံတွေကိုတောင်မှ  ယုတ်ညံ့တဲ့ ပစ္စည်းအဖြစ် သတ်မှတ်ပြီး ခိုးကြောင်ခိုးဝှက် ထုတ်လှမ်းရတဲ့အထိပါပဲ။ခုခေတ်မှာတော့ ကျန်းမာရေးအသိပညာတွေ ရေချိန်ကိုက်သင့်သလောက် ကိုက်လာတာကြောင့် ရာသီလာတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သိပ်ပြီး ချိုးနှိမ်တာမျိုး မရှိတော့ဘူး။ တချို့အတွဲတွေဆို မိန်းကလေးရာသီလာလို့ သုံးစရာ ပါမလာခဲ့ရင် ယောက်ျားလေးက အေးအေးဆေးဆေး သွားဝယ်ပေးကုန်ပြီ။ ဒီလို ပြောင်းလဲလာတာက တကယ်ကျေနပ်ဖို့ ကောင်းပါတယ်။ခုနောက်ဆုံး ဖေ့ဘွတ်မှာ လူပြောသူပြောများနေတဲ့ ကိစ္စကတော့ အမျိုးသမီးသုံးpadတွေဟာ ပလတ်စတစ်တွေမို့လို့ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ဖြစ်စေတယ်။ ဒါကြောင့် အဝတ်padတွေကို သုံးသင့်တယ်ဆိုတဲ့ အကြောင်းပါ။ padတွေက တကယ်ပဲ ပတ်ဝန်းကျင်ကို ပျက်စီးစေတာလား။ အဝတ်padကို သုံးမှပဲ ပတ်ဝန်းကျင်သန့်ရှင်းမှာလား စတဲ့အကြောင်းလေးကို ပြောပြချင်ပါတယ်။စာရင်းဇယားတွေအရတော့ padတွေရော၊ tamponတွေရောက တကယ်ပဲ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေပါတယ်။  ဥပမာ ပြောရရင်။-ပလတ်စတစ်နဲ့ လုပ်ထားတဲ့ padတွေ၊ tamponတွေ ပျက်စီးဖို့ နှစ်ဆယ်ဂဏန်းကနေ ရာဂဏန်းထိ ကြာနိုင်ပါတယ်။-အမျိုးသမီးတစ်ယောက်က သူ့ဘဝတစ်လျှောက်လုံးမှာ လစဉ်သုံးပစ္စည်းပေါင်း ၁၆,၀၀၀ လောက် သုံးပါတယ်။-ဒါ့ပြင်လစဉ်သုံးပစ္စည်းတွေကို အိမ်သာထဲကို စွန့်ပစ်တာကြောင့် ဒီကနေတဆင့် ရေထုထဲကိုရောက်ပြီး ရေနေသတ္တဝါတွေပါ သေဆုံးကြရတယ်လို့ဆိုပါတယ်။Pad တစ်ခုကို ထုတ်မယ်ဆိုရင် အပြင်အကာ၊ တောင်ပံ၊ ကပ်ခွာ၊ ထုပ်ပိုးတဲ့အိတ် စတာတွေက ပလတ်စတစ်တွေပါ။ Tamponဆိုလည်း ကြိုးတွေ၊ အပြင်က ပတ်ထားတဲ့ ပလတ်စတစ်တွေ၊ Applicatorလို့ ခေါ်တဲ့ အထဲကို ထည့်ပေးတဲ့ပစ္စည်း၊ ထုတ်ပိုးတဲ့အိတ် စတာတွေက ပလတ်စတစ်တွေပဲ ဖြစ်ပါတယ်။ ဒါ့ပြင် အမျိုးသမီးတစ်ယောက်က ရာသီတစ်ရက်ကို pad ဒါမှမဟုတ် tampon ၃ခုလောက် သုံးနေရတော့ ဒီလောက်ထိ ပလတ်စတစ်တွေပုံတာ ဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ဒါကြောင့်ပဲ ပတ်ဝန်းကျင်ညစ်ညမ်းတယ်လို့ ပြောခံရတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်ညစ်ညမ်းတယ်ဆိုပြီး မသုံးဘဲ နေလို့ရတဲ့ကိစ္စလည်း မဟုတ်တော့ ရာသီလာချိန်မှာလည်း သန့်ရှင်းနေအောင်၊ ပတ်ဝန်းကျင်လည်း မထိခိုက်အောင် သုံးလို့ရမယ့် နည်းလမ်းလေးများ မရှိဘူးလား။ဒါမျိုးကို biodegradable padလို့ ခေါ်ပါတယ်။ ဆွေးမြေ့ပျက်စီးလွယ်တဲ့ padပေါ့။ Reusable ပြန်သုံးလို့ရတဲ့ အမျိုးအစားတော့ မဟုတ်ပါဘူး။ တစ်ခါသုံးကိုမှ ပျက်စီးလွယ်တဲ့ အမျိုးအစားနဲ့ ပြုလုပ်ထားတာကြောင့် ပတ်ဝန်းကျင်ကို မထိခိုက်ပါဘူး။ ဝါးချည်၊ ဝါဂွမ်း၊ ငှက်ပျောမျှင် စတာတွေနဲ့ လုပ်ထားတာပါ။ကောင်းကျိုး။-ပုံမှန်သုံးနေကြ padတွေလိုပဲ သုံးနိုင်ပြီး စွန့်ပစ်လိုက်ရင်လည်း ပလတ်စတစ်တွေလို ပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိပါဘူး။-သဘာဝပစ္စည်းတွေပဲ သုံးထားတာကြောင့် စိတ်ချလက်ချ သုံးလို့ရပါတယ်။ဆိုးကျိုး။-သဘာဝပစ္စည်းတွေရဲ့ ထုံးစံအရ လက်ရှိသုံးနေတဲ့ ပလတ်စတစ်တွေထက် စျေးများနိုင်ပါတယ်။-ပစ္စည်းရှားနိုင်ပါတယ်။Tamponကိုလည်း padလိုပဲ ပလတ်စတစ် နည်းနည်းနဲ့ ပတ်ဝန်းကျင်မထိခိုက်အောင် ထုတ်ထားတာမျိုးတွေ ရှိပါတယ်။ ဒါမှမဟုတ် လက်ရှိသုံးနေကြကိုပဲ ပလတ်စတစ်နည်းနိုင်သမျှ နည်းအောင် ထုတ်ထားတာမျိုးလည်း ရှိပါတယ်။-ပလတ်တစ်နည်းအောင် Applicatorလို့ ခေါ်တဲ့ အထဲကို ထည့်ပေးတဲ့ပစ္စည်း မပါတာ၊ ကြိုးကို သာမန်ချည်နဲ့ လုပ်ထားတာ၊ ပလတ်စတစ်နဲ့ ထုပ်ပိုးတာမျိုး မဟုတ်ဘဲ စက္ကူနဲ့ ထုတ်ပိုးတာမျိုးကို ဝယ်မယ်ဆိုရင် ပတ်ဝန်းကျင်ကို မထိခိုက်စေပါဘူး။-မိန်းမကိုယ်ထဲမှာ နေရာတကျ ရှိနေတဲ့အတွက် လှုပ်ရှားမှုများတဲ့ အမျိုးသမီးတွေအတွက် ရွေးချယ်စရာ တစ်ခုပါပဲ။-Padတွေလိုပဲ သဘာဝပစ္စည်းတွေပဲ သုံးထားတဲ့ tamponတွေက စျေးအနည်းငယ်ကြီးနိုင်ပါတယ်။-Tamponတွေ စပေါ်တုန်းက သွေးဆိပ်သင့်တဲ့ပြဿနာ (Toxic shock syndrome) ဖြစ်ခဲ့ပါတယ်။ ခုအခါမှာတော့ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ဒီပြဿနာ နည်းသွားပါပြီ။-မိန်းမကိုယ်ထဲကို ထည့်ရမှာ ဖြစ်တဲ့အတွက် ပတ်ဝန်းကျင် ထိခိုက်သည် ဖြစ်စေ၊ မထိခိုက်သည်ဖြစ်စေ တချို့အမျိုးသမီးတွေအတွက် ဒါကစဉ်းစားစရာ အချက်တစ်ခုပါပဲ။သုံးရလွယ်တာကြောင့်ရော ပတ်ဝန်းကျင် မထိခိုက်တာကြောင့်ရော M-cupလေးတွေဟာ ခေတ်စားလာပါပြီ။ Reusableအမျိုးအစားဖြစ်တဲ့အတွက် ပြန်ဆေးပြီး သုံးလို့ရပါတယ်။ကောင်းကျိုး။-သေသေချာချာ သုံးမယ်ဆိုရင် တစ်ခုကို ၆လကနေ နှစ်ပေါက်တဲ့ထိအောင် သုံးလို့ရပါတယ်။ ဒါကြောင့် စရိတ်စက သက်သာပါတယ်။-အထဲမှာ အံဝင်ခွင်ကျ ဖြစ်နေတဲ့အတွက် လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရပါတယ်။-သွေးတွေကောင်းကောင်း မစုပ်လို့ ပိုးဝင်မှာလည်း စိုးရိမ်စရာစရာ မရှိပါဘူး။ ပုံမှန်သွန်ပေးရုံပါပဲ။ဆိုးကျိုး။-Tamponလိုပဲ မိန်းမကိုယ်ထဲကို ထည့်ရမှာ ဖြစ်တဲ့အတွက် တချို့တွေအတွက် ကသိကအောက် ဖြစ်နိုင်ပါတယ်။-စစသုံးချင်းဆို ခွက်ကို မထုတ်တတ်ရင် ဖိတ်တာ၊ ပေတာ ဖြစ်တတ်ပါတယ်။-သူ့အရွယ်နဲ့ သူပဲ သုံးရပါတယ်။ အရွယ်မကိုက်ရင် ချောင်တာ၊ ကျပ်လွန်းတာ ဖြစ်တတ်ပါတယ်။-ဆီလီကွန်၊ ရာဘာနဲ့ လုပ်ထားတာ ဖြစ်တဲ့အတွက် ဒါတွေနဲ့ မတည့်ရင် မိန်းမကိုယ် ယားတတ်ပါတယ်။သူကတော့ reusableအမျိုးအစားပါ။ လျှော်ပြီး သုံးရတဲ့ အမျိုးအစားပေါ့။ ဟိုးအရင် ခုလိုသုံးနေတဲ့ padတွေ မပေါ်ခင် အဘွားတွေ လက်ထက်က သုံးခဲ့တဲ့ padတွေနဲ့ ဆင်တူပါတယ်။ အဝတ်တွေကို ထပ်ပြီး ချုပ်ထားတဲ့ သဘောပါပဲ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေ၊ padပေါပေါများများ မရှိတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ သုံးကြပါတယ်။ ခုအခါမှာတော့ ပတ်ဝန်းကျင်မညစ်ညမ်းအောင် အစားထိုးတဲ့အနေနဲ့ ကုမ္ပဏီကြီးတွေကနေ ထုတ်လာကြတာကိုလည်း တွေ့ရပါတယ်။ကောင်းကျိုး။-ပိတ်သားနဲ့ လုပ်ထားတဲ့အတွက် ပတ်ဝန်းကျင် မညစ်ညမ်းပါဘူး။-ပြန်လျှော်ပြီး သုံးလို့ရတဲ့အတွက် စရိတ်သက်သာပါတယ်။-အစအဆုံး သဘာဝပစ္စည်းတွေကိုပဲ သုံးထားပါတယ်။-သာမန်အဝတ်တွေလိုပဲ လျှော်လို့ရပါတယ်။-အိမ်မှာတင် ချုပ်လို့ရပါတယ်။ဆိုးကျိုး။-padတစ်ခုထုတ်တယ်ဆိုရင် စုပ်ယူမှုကောင်းမကောင်း၊ အနံ့အသက် ထွက်မထွက် စတာတွေကိုပါ ထည့်သွင်းစဉ်းစားရတဲ့အတွက် ပိတ်သားချည်းပဲ သက်သက်ဆိုရင် ဒီပြဿနာရှိနိုင်ပါတယ်။-စုပ်ယူမှုမကောင်းဘူး၊ အနံ့အသက်ထွက်မယ်ဆိုရင် လူကြားထဲမှာ နေရခက်နိုင်ပါတယ်။-သွေးတွေ မစုပ်ယူနိုင်ဘူးဆိုရင် ဒီကနေတဆင့် ပိုးပေါက်လာနိုင်ပါတယ်။-ပြန်လျှော်ပြီး သုံးမှာဖြစ်တဲ့အတွက် အပြင်သွားရင်း လဲချင်လာရင် အဟောင်းကို ထည့်ပြီး သိမ်းဆည်းဖို့ ကရိကထများပါတယ်။-ပြန်လျှော်တဲ့အခါ အတွင်းထဲထိ သွေးတွေ စင်ကြယ်အောင် စနစ်တကျ လျှော်ရပါမယ်၊ ပြီးရင် အတွင်းထဲထိ ခြောက်သွေ့အောင် စနစ်တကျ လှမ်းရပါမယ်။ မဟုတ်ရင်မှိုစွဲနိုင်ပါတယ်။-သုံးတဲ့ပိတ်စ မနူးညံ့ရင် ပေါင်ပွန်းတတ်ပါတယ်။ရာသီလာတာကလည်း ရှောင်လွှဲလို့ ရတဲ့ကိစ္စမဟုတ် ကိုယ့်ကြောင့်လည်း ပတ်ဝန်းကျင် မပျက်စီးစေချင်ဘူးဆိုရင် ခုပြောထားတာတွေကို အစားထိုး သုံးနိုင်ပါတယ်။ တစ်ခုချင်းစီမှာ ကောင်းကျိုး၊ ဆိုးကျိုး ကိုယ်စီရှိတဲ့အတွက် ကိုယ့်အတွက် ဘယ်ဟာက အဆင်ပြေမလဲ၊ ကျန်းမာရေးအတွက် သင့်တော်မလဲဆိုတာ ဉာဏ်နဲ့ယှဉ်ပြီး ချင့်ချိန်ပါ။ ပလတ်စတစ်ပါတာကိုပဲ သုံးသုံး၊ သဘာဝပစ္စည်းတွေကိုပဲ သုံးသုံး တစ်ကိုယ်ရည်သန့်ရှင်းမှုရှိပြီး ကျန်းမာရေးမထိခိုက်ဖို့က အဓိကပါပဲ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/can-cloth-pads-only-save-the-earth/
အသားအရေခြောက်သွေ့သူတွေ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်(၁၀)ချက်
အသားအရေအမျိုးအစားတွေ တစ်ယောက်နဲ့တစ်ယောက်မတူကြသလို ဂရုစိုက်ပေးရမယ့်ပုံစံချင်းလည်းမတူကြပါဘူး။ ဒါ့ကြောင့်ပဲ Skin care ပစ္စည်းတွေ၊ အလှကုန်တွေကို အသားအရေအမျိုးအစားအလိုက် ခွဲပြီး ထုတ်လုပ်ကြတာပါ။ ဒီတစ်ခါတော့ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်တွေအတွက် သိထားသင့်တဲ့ဆောင်ရန်၊ရှောင်ရန်အချက်တွေကိုပြောပြမယ်နော်။ဘက်တီးရီးယားတွေ၊ အရေပြားဆဲလ်သေတွေ၊ အဆီနဲ့ ဖုန်မှုန့်တွေက အရေပြားမှာနေ့တိုင်းကပ်နေမှာပဲ။ အသားအရေလှပကျန်းမာချင်ရင် ဦးစားပေးရမယ့်ပထမဆုံးအဆင့်က သန့်စင်မှုပါပဲ။(၁) ညတိုင်း မျက်နှာသစ်ပါ။ချွေးပေါက်ပိတ်ဆို့ခြင်းကနေ အရေပြားယားယံတာ၊ရောင်ရမ်းတာ၊ဝက်ခြံထွက်တာတွေဖြစ်လာနိုင်တယ်။ခြောက်သွေ့ပြီးဓါတ်မတည့်ဖြစ်လွယ်တဲ့အသားအရေအတွက်ကတော့ ညအိပ်ခါနီးမျက်နှာသန့်စင်ပေးတာအကောင်းဆုံးပါ။မျက်နှာသစ်တဲ့အခါ ဆပ်ပြာမပါတဲ့ အပျော့စားမျက်နှာသစ်ဆေးကိုသုံးဖို့လိုပါတယ်။ အာနိသင် ပြင်းတဲ့ပါဝင်ပစ္စည်းတွေက အရေပြားကိုပိုခြောက်သွေ့၊ပိုထိခိုက်စေနိုင်တယ်။(၂) ဒီပါဝင်ပစ္စည်းတွေကိုရှောင်ပါ။Triclosan လို ဘက်တီးရီးယားသေစေနိုင်တဲ့ပါဝင်ပစ္စည်းတွေနဲ့ အမွှေးရနံ့၊ အယ်လ်ကိုဟော၊parabens ၊စတာတွေမပါဝင်တဲ့ အသားအရေထိန်းအလှကုန်တွေကိုရွေးချယ်ပါ။ ဒါတွေက အသားအရေကိုခြောက်သွေ့ယားယံပြီး ထိခိုက်စေနိုင်ပါတယ်။(၃) မျက်နှာသုတ်တဲ့အခါ အသာအယာတို့သုတ်ပါ။မျက်နှာကို တဘက်နုနဲ့ အသာအယာတို့သုတ်ပါ။ မပွတ်သုတ်ပါနဲ့။ခြောက်သွေ့လွယ်တဲ့အသားအရေကို ပွန်းပဲ့စေနိုင်ပါတယ်။(၄) မျက်နှာသစ်ပြီး ၃ မိနစ်အတွင်း moisturizer သုံးပါ။အသားအရေသိပ်ပြီးခြောက်သွေ့မသွားခင်မှာ အစိုဓါတ်ထိန်းဖို့အကောင်းဆုံးပါ။ ဒါမှmoisturizer ကို အသားထဲစိမ့်ဝင်စေမှာဖြစ်ပါတယ်။ ညအိပ်ခါနီးမျက်နှာသစ်လည်းmoisturizer သုံးပါနော်။(၅) ရေဓါတ်ဖြည့်ခရင်မ်တွေကို ရွေးပါ။Glycerin နဲ့ dimethicone ပါဝင်တဲ့ ခရင်မ်တွေက အရေပြားမျက်နှာပြင်အလွှာကိုရေဓါတ်ဖြည့်ပေးနိုင်ပြီး မခြောက်သွေ့အောင် ထိန်းသိမ်းပေးပါလိမ့်မယ်။(၆) Shea butter ပါတဲ့ နှုတ်ခမ်းပေါင်းဆေး(နှုတ်ခမ်းနီအဆီ)ကိုသုံးပါ။ဘယ်နှုတ်ခမ်းနီမှမဆိုးခင် ဒီလိုနှုတ်ခမ်းဆေးအဆီကို အရင်ဆိုးထားပါ။(၇)ရေများများသောက်ပါ။အသားအရေကိုရေဓါတ်ဖြည့်တင်းဖို့ရေများများသောက်ပေးပါ။ ခန္ဓါကိုယ်ထဲက အဆိပ်အတောက်တွေကိုကင်းစင်စေဖို့အတွက်လည်းရေကဆေးတစ်လက်ပါပဲ။(၈) အဲကွန်းအေးလွန်းတဲ့ ဒါမှမဟုတ် အိုက်လှောင်လွန်းတဲ့ အခန်းတွေကိုရှောင်ပါ။ဒီလိုနေရာပတ်ဝန်းကျင်မှာ မလွှဲမရှောင်သာနေရတယ်ဆိုရင်moisturizing creamsတွေပိုလိမ်းထားပါ။ ဆောင်ထားပြီး လိုအပ်လာရင်အသားခြောက်တဲ့အခါ ထပ်လိမ်းပါ။(၉) Peeling အပါအဝင်ချေးချွတ်ပေါင်းတင်၊ မျက်နှာဆေးတာတွေ မကြာခဏမလုပ်ပါနဲ့။ဒါတွေ မကြာခဏလုပ်ရင် အသားပိုခြောက်စေနိုင်တယ်၊ ယားယံတာ၊ အဖတ်ကွာတာ၊ နီမြန်းတာ၊ရောင်ရမ်းတာတွေဖြစ်လာနိုင်တယ်။(၁၀) မျက်နှာကို မထိ၊မကိုင်ပါနဲ့။အရာရာကို ထိတွေ့ထားတဲ့လက်ချောင်းတွေမှာ ကပ်ပါလာတဲ့ ဘက်တီးရီးယားတွေ၊ မှိုပိုးတွေ၊ဗိုင်းရပ်စ်တွေနဲ့ ဖုန်မှုန့်အညစ်အကြေးတွေက မျက်နှာအသားအရေကို ထိတွေ့ရောက်ရှိလာမှာကို စိုးရိမ်ရပါတယ်။ ဒါ့ကြောင့် မျက်နှာကိုခဏခဏမကိုင်ဖို့ အရေပြားကျန်းမာရေးပညာရှင်တွေက သတိပေးတာပါ။ ဒီလိုမျက်နှာကို လက်နဲ့မကြာခဏထိတွေ့၊ ကိုင်တွယ်တတ်သူတွေ၊ ကုတ်ဖဲ့နေတတ်သူတွေမှာ ဝက်ခြံပိုဖြစ်တတ်တာ၊ မကြာခဏပိုးဝင်တတ်တာတွေ့ရပါတယ်။ မျက်နှာကို ဘာပဲလိမ်းလိမ်း လိမ်းတဲ့အခါလည်း လက်ကသန့်နေဖို့အရေးကြီးပါတယ်နော်။တကယ်တော့ ဒါတွေအားလုံးက အသားအရေထိန်းသိမ်းရေးအတွက် အခြေခံအချက်တွေပါပဲ။ အကောင်းဆုံးက ဘာပစ္စည်းပဲဝယ်ဝယ် ကိုယ့်အသားအရေနဲ့သင့်တော်တာကိုရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%b1%e1%80%9b%e1%80%b1%e1%80%bb%e1%80%81%e1%80%ac%e1%80%80%e1%80%b9%e1%80%b1%e1%80%9e%e1%80%bc%e1%82%94%e1%80%9e%e1%80%b0%e1%80%b1%e1%80%90%e1%80%bc/
ဆေးလိပ်နဲ့ အရက်ကင်းစင်တဲ့ လူမှုဘဝမျိုး ရရှိဖို့
ဆေးလိပ်နဲ့ အရက်ကင်းစင်တဲ့ လူမှုဘဝမျိုး ရရှိဖို့ အတူတူ ဖန်တီးလိုက်စို့နော်။ မိတ်ဆွေသူငယ်ချင်းတွေ နဲ့ပဲဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက်တွေ နဲ့ပဲဖြစ်ဖြစ် အတူတူရှိနေတဲ့ ပါတီတွေ၊ ဧည့်ခံပွဲတွေမှာဆေးလိပ်ဒါမှမဟုတ် အရက်ကို သောက်ဖို့ သူတို့က သင့်ကို တိုက်တွန်းတောင်းဆိုနိုင်ပါတယ်။ သင့်အနေနဲ့ ငြင်းဆန်နေရင်တောင် သင်မသောက်မချင်း ထပ်မံပြီး တွန်းအားပေး တိုက်တွန်းတာမျိုးတွေလည်း မကြာခဏ ကြုံရနိုင်ပါတယ်။ ဒီလို အခြေအနေမျိုးတွေမှာလူမှုဆက်ဆံရေးလည်း မပျက်ပြားစေဘဲ ဘယ်လို ကျော်လွှားသင့်သလဲ ဆိုတာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ဆေးလိပ် နဲ့ အရက်ကင်းစင်တဲ့ လူမှုဘဝမျိုး ရရှိဖို့ဆိုရင်။သင်ပါတီပွဲကို ရောက်လို့ မသောက်တာမြင်ရင် ဘာလို့ မသောက်တာလဲ ဆိုတာသူငယ်ချင်းတွေက မေးနိုင်ပါတယ်။ ဒါကို ဖြေရင် ရိုးရိုးလေးပဲ ဖြေလိုက်ပါ။ “ငါဒီနေ့တော့ မသောက်တော့ဘူး” “ငါမသောက်ဖို့ ကြိုးစားနေတာ” ဒီလို ဖြေပြီးတာနဲ့ သူတို့ကို တခြားမေးခွန်း ပြန်မေးတာသော်လည်းကောင်း သင်ပြောချင်တာသော်လည်းကောင်း ဆက်ပြောပြီး စကားလမ်းကြောင်း လွဲနိုင်ပါတယ်။ သူတို့က ဆက်ပြောနေလည်း ခိုင်ခိုင်မာမာ ငြင်းပါ။ ကြာလာတာနဲ့အမျှ ပြောရသူတွေ မောသွားပါလိမ့်မယ်။ဆေးလိပ် သောက်ဖို့ တိုက်တွန်းနေရင်လည်း ဒီအတိုင်းပဲ ငြင်းဆန်နိုင်ပါတယ်။ဆေးလိပ် ဒါမှမဟုတ်အရက်သောက်တာက မှားနေတယ်လို့ သူတို့ကိုပြောရင် မကြိုက်ကြပါဘူး။ အရင်းနှီးဆုံး သူငယ်ချင်း ဒါမှမဟုတ် မိသားစုကလွဲလို့ ကျန်တဲ့သူတွေကို တရားချဖို့ ကြိုးစားတာက ကောင်းတဲ့အကြံ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သင့်အနေနဲ့ ပါတီပွဲ မဆင်နွှဲခင်မှာကို သူတို့တွေက စိတ်ဆိုးကုန်ကြမှာမို့လို့ ပါပဲ။ ပိုကြိုက်တဲ့လူက ပိုပြီး စိတ်ဆိုးတတ်ပါတယ်။လူမှုပေါင်းသင်းဆက်ဆံရေးအတွက် စိတ်တူကိုယ်တူ ဖြစ်မယ့်လူကို ရွေးချယ်ပါ။ ပါတီနဲ့ ဧည့်ခံပွဲတွေမှာ အရက် နဲ့ ဆေးလိပ် သောက်တဲ့လူတွေ များတာ မှန်ပေမယ့် သင့်လိုမျိုး မသောက်တဲ့ လူတွေလည်း ရှိပါသေးတယ်။ ဒီလို လူတွေတွေ့ရင် မိတ်ဆွေဖွဲ့နိုင်ပါတယ်။ လူတော်တော်များများက သင်အရက်နဲ့ ဆေးလိပ်သောက်သလား မသောက်သလားဆိုတာ သတိထားမိမှာတောင် မဟုတ်ပါဘူး။ဒီအကြံက တမျိုးကြီး ဖြစ်နေနိုင်ပေမယ့် လက်ထဲမှာ အရက်လိုမျိုး သောက်စရာ တစ်ခုခု ရှိထားရင် သင့်ကို အရက်သောက်ဖို့ ဘယ်သူမှ ထပ်မတိုက်တွန်းနိုင်တော့ပါဘူး။အရက်ဘားတွေ ကလပ်တွေထက်စာရင် အထာကျတဲ့ကော်ဖီဆိုင်သွားဖို့ အကြံပေးပါ။ သီချင်းငြိမ့်ငြိမ်းလေးဖွင့်တတ်တဲ့ ကော်ဖီဆိုင်ထိုင်ပြီး စကားစမြည်ပြောရတာက ဘားတွေ ကလပ်တွေသွားသလိုပဲ ကျေနပ်ဖို့ ကောင်းပါတယ်။ ဆေးလိပ်သောက်ခွင့်မပြုတဲ့ ဆိုင်တွေသွားခြင်းဖြင့်လည်း ဆေးလိပ်ကို ရှောင်ရှားနိုင်ပါတယ်။အရက်နဲ့ ဆေးလိပ်ကြောင့်တော့ ကိုယ့်ရဲ့ လူမှုပေါင်းသင်းဆက်ဆံရေးကို အပျက်မခံသင့်ပါဘူး။ ကိုယ်သောက်မသောက်ဆိုတာလည်း ဘယ်သူမှ ကြည့်နေတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ပျော်ရွှင်ဖွယ်အချိန်ကို သင်ကိုယ်တိုင်ခွင့်မပြုဘဲ ဘယ်သူကမှ မနှောက်ယှက်နိုင်ပါဘူး။ ဟုတ်ပါတယ်။ ဆေးလိပ်တွေ အရက်တွေမပါဘဲနဲ့လည်း ပျော်စရာကောင်းတဲ့ လူမှုပေါင်းသင်းဆက်ဆံရေးတစ်ခုကို သင်ရနိုင်ပါတယ်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/life-without-smoking-and-alcohol/
အစာအိမ်အချဉ်ပေါက်ပြီး ရင်ပူနေခြင်းကို သက်သာစေဖို့
အစာအစားချိန်မမှန်ခြင်း၊ အပူအစပ် စားမိခြင်းတွေကြောင့် လူအများဟာ အစာအိမ်မချဉ်ပေါက်ခြင်း၊ လေချဉ်တက်ခြင်း၊ ရင်ပူခြင်း တို့ကို ကြုံတွေ့ရတတ်ပါတယ်။ အဲဒီအခါ အစာအိမ်ဆေးများနဲ့ သက်သာပျောက်ကင်းပေမယ့် ရေရှည်အတွက် အစာအိမ်အချဉ်ပေါက်ပြီး ရင်ပူနေခြင်းကို သက်သာစေဖို့ ဆိုရင် နေထိုင်မှုပုံစံတွေပါ ဆင်ခြင်ပြောင်းလဲပေးနိုင်ဖို့ လိုပါတယ်။ အဓိကကတော့ စားသောက်မှုပုံစံ ဖြစ်ပါတယ်။အစာအိမ်ထဲမှာ အက်ဆစ်ဓာတ်တွေများလာရင် အပေါ်ကို ပြန်ဆန်တက်ပါတယ်။ အစာရေမျိုထဲကို အချဉ်ဓာတ်တွေ လျှံတက်ပြီး ရင်ပူခြင်း၊ လေချဉ်တက်ခြင်း ဖြစ်တတ်ပါတယ်။ တခါတရံဆို အန္တရာယ်မရှိပေမယ့် မကြာခဏဖြစ်လာရင်တော့ အစာရေမျိုအတွင်းသားကို လောင်စားစေတတ်ပါတယ်။ အများစုမှာတော့ ရင်ပူခြင်း၊ လည်ချောင်းနာခြင်းတွေ ခံစားရပါတယ်။ယခုဆက်လက်ဖော်ပြမယ့် အကြောင်းအရာတွေကတော့ ဒီပြဿနာကို ဘယ်လိုကာကွယ်နိုင်မလဲ ဆိုတာပါပဲ။ အစာအိမ်အချဉ်ပေါက်ပြီး ရင်ပူနေခြင်းကို သက်သာစေဖို့ ဆိုရင်။၁။ အစားအများကြီးမစားပါနဲ့။အစာရေမျိုကနေ အစာအိမ်ထဲဝင်တဲ့နေရာမှာ ကြွက်သားအရစ်ရှိပြီး အဆို့ရှင်လို လုပ်ဆောင်ပေးပါတယ်။ အစာမျိုချချိန်၊ လေတက်ချိန်၊ အန်ချိန်တွေမှာ ပွင့်ပါတယ်။ အချဉ်ဓာတ် အပေါ်ကို ပြန်ဆန်သူတွေမှာတော့ အဆိုပါကြွက်သားဟာ အားနည်းနေတတ်ပါတယ်။ အထူးသဖြင့် အစားစားပြီးချိန်မှာ ဖြစ်ပါတယ်။ များများစားမိတဲ့အချိန်မှာဆိုရင် ပိုဆိုးပါတယ်။ ဒါကြောင့် အစာချေရည် ပြန်လျှံတတ်သူတွေဟာ အစားကို နည်းနည်းချင်းစီပဲ စားသင့်ပါတယ်။၂။ကိုယ်အလေးချိန်လျှော့ချပါ။ရင်ဝမ်းခြားကန့်လန့်ကာကြွက်သားဟာ အစာအိမ်အပေါ်မှာ တည်ရှိပါတယ်။ ကျန်းမာရေး ကောင်းသူတွေမှာ အဆိုပါကြွက်သားဟာ အားကောင်းပြီး အစာရေမျိုအောက်ခြေ ကြွက်သားကိုပါ အားဖြည့်ပေးပါတယ်။ဒါပေမယ့် ဝပြီး အဆီဓာတ်များနေသူတွေကတော့ ဝမ်းဗိုက်အဆီတွေကြောင့် အစာရေမျိုအောက်ခြေ ကြွက်သားကို အပေါ်ကို တွန်းတင်တတ်ပါတယ်။ အဆိုပါ အခြေအနေမှာ ရင်ပူခြင်း၊ အစာချေရည် အထက်ကိုပြန်လျှံခြင်းတွေ ပိုဖြစ်လာနိုင်ပါတယ်။ အဝလွန်သူများအပြင် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာလည်း ဒီပြဿနာကြုံရတတ်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်လျှော့ချဖို့ လိုအပ်ပါတယ်။၃။ကစီဓာတ်လျှော့စားပါ။ကစီဓာတ်တွေကို ကောင်းစွာ မချေဖျက်နိုင်ရင် ဘက်တီးရီးယားတွေ ပေါက်ပွားပြီး ဝမ်းဗိုက်တွင်းမှာ ဖိအားမြင့်တက်တတ်ပါတယ်။ လေပွလေထခြင်း ပိုမိုမြင့်မားလာပြီး အစာခြေရည် အပေါ်ကို လျှံတက်နိုင်ပါတယ်။ တဖက်မှာလည်း ကစီဓာတ်ကို လျှော့စားခြင်းဟာ အစာခြေရည် ဆန်တက်တဲ့ ပြဿနာကို လျှော့ချပေးနိုင်ပါတယ်။၄။အရက်လျှော့သောက်ပါ။အယ်လ်ကိုဟောဟာ အက်ဆစ်ဓာတ်လျှံတက်ခြင်းကို ပိုမိုဆိုးရွားစေပါတယ်။ အစာရေမျိုအောက်ခြေ ကြွက်သားကိုလည်း လျော့ရဲစေတတ်ပါတယ်။ ကျန်းမာရေးကောင်းသူတွေမှာတောင် အရက်ကို အတန်အသင့် သောက်မိရင် ဒီပြဿနာ ကြုံနိုင်ပါတယ်။ ဝိုင်၊ ဘီယာသောက်ရင်လည်း အလားတူ အကျိုးသက်ရောက်မှု ရှိပါတယ်။၅။ကော်ဖီလျှော့သောက်ပါ။ကော်ဖီဟာလည်း အစာရေမျိုကြွက်သားကို အားပျော့စေပြီး အချဉ်ဓာတ်ကို ပိုဆန်တက်စေပါတယ်။ အဓိကကတော့ကဖိန်းကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် ကဖိန်းဓာတ်လျှော့ချထားတဲ့Decaf ကော်ဖီတွေဟာလည်း ဒီပြဿနာကို ဖြစ်စေပါတယ်။ ဒီအချက်နဲ့ ပတ်သက်ပြီး တိကျတဲ့ အထောက်အထားတွေတော့ ပိုမိုလိုအပ်ပါသေးတယ်။ဒါပေမယ့် သုတေသနတခုမှာတော့ အစာအစာပြီးချိန်မှာ ရိုးရိုးရေနွေးသောက်သုံးသူတွေနဲ့ ကော်ဖီသောက်သုံးသူတွေကို ယှဉ်တွဲလေ့လာခဲ့ပါတယ်။ အဆိုပါသုတေသနအရ ကော်ဖီသောက်သုံးသူတွေမှာ အက်ဆစ်ဓာတ် ပြန်ဆန်တက်ခြင်း ပိုမိုမြင့်မားကြောင်း တွေ့ရပါတယ်။၆။ကာဗွန်ဖြည့်အချိုရည်များလျှော့သောက်ပါ။ကာဗွန်ဖြည့်သွင်းထားတဲ့ အချိုရည်များဟာ အစာအိမ်အူလမ်းကြောင်းထဲမှာ လေပွလေထခြင်းကို ဖြစ်စေပါတယ်။ ဒါကြောင့် အစာအိမ်ထဲက အက်ဆစ်တွေကို တွန်းကန်စေပြီး အစာရေမျိုထဲ ရောက်လာနိုင်ပါတယ်။ ကာဗွန်အားဖြည့် အချိုရည်တွေကို လျှော့သောက်ပါ။ ဒါမှမဟုတ် လေပူစီဖောင်းများ အချိုရည်ထဲက ထွက်သွားစေပြီးမှ သောက်ပါ။၇။ အချဉ်ဓာတ်များသောဖျော်ရည်များမသောက်ပါနဲ့။အစာရေမျိုမှာ အက်ဆစ်ရည်များ ပြန်လျှံနေချိန်မှာတော့ အချဉ်ဓာတ်ကဲတဲ့ ဖျော်ရည်တွေ ရှောင်သင့်ပါတယ်။ သုတေသနတခုအရ လိမ္မော်ရည်၊ ဂရိတ်ဖရုဖျော်ရည် စတာတွေဟာ အက်ဆစ်ဓာတ် အပေါ်ဆန်တက်ခြင်းကို ပိုမိုဆိုးရွားစေတယ်လို့ သိရပါတယ်။ အက်ဆစ်ဓာတ် ပြန်လျှံခြင်း မဖြစ်ရင်တောင် ရင်ပူခြင်းကို ပိုဆိုးစေတတ်ပါတယ်။၈။ အိပ်ရာခေါင်းပိုင်းကို မြှင့်ထားပါ။လူတချို့ဟာ ညအချိန်မှာ အက်ဆစ်ဓာတ်ပြန်ဆန်တက်ခြင်းကို ပိုမိုကြုံတွေ့ရပါတယ်။ ဒီလိုဖြစ်ခြင်းကြောင့် ကောင်းကောင်းအိပ်မရဘဲ ဖြစ်တတ်ပါတယ်။ သုတေသနတခုအရ အိပ်ရာဝင်ချိန်မှာ အိပ်ရာခေါင်းရင်းပိုင်းကို မြှင့်ထားပေးခြင်းဟာ ဒီအတိုင်း အိပ်စက်သူတွေနဲ့ ယှဉ်ရင်အစာခြေရည်ပြန်လျှံခြင်းကနေ သက်သာစေကြောင်း တွေ့ရပါတယ်။၉။အိပ်ရာမဝင်မီသုံးနာရီအတွင်း မစားပါနှင့်။အိပ်ချိန်နဲ့နီးကပ်ပြီး စားသောက်တတ်သူတွေဟာ အက်ဆစ်ဓာတ်ပြန်လျှံဖို့ အခွင့်အလမ်းများကြောင်း သိရပါတယ်။ အထူးသဖြင့် မအိပ်ခင် သုံးနာရီအတွင်း စားသောက်တတ်သူတွေ ဖြစ်ပါတယ်။ အစာမကြေ လေပွခြင်းလည်း ပိုမိုဖြစ်ပွားတတ်ပါတယ်။၁၀။ ညာဘက်ကိုစောင်းမအိပ်ပါနှင့်။အစာရေမျိုဟာ အစာအိမ်ရဲ့ ညာဘက်အပေါ်ပိုင်းမှာ ကပ်လျက်ရှိပါတယ်။ တကယ်လို့ ဘယ်ဘက်ကို စောင်းအိပ်ရင် အစာရေမျိုအောက်ခြေကြွက်သားဟာ အစာအိမ်ရဲ့ အက်ဆစ်ရည်များ မျက်နှာပြင်ပေါ်မှာ ရှိနေပါတယ်။ ဆိုလိုရင်းကတော့ အက်ဆစ်ရည်များ အပြင်ကို မထွက်နိုင်ပါဘူး။ ညာဘက်ကို စောင်းအိပ်မယ်ဆိုရင်တော့ အစာရေမျိုအောက်ခြေ ကြွက်သားဟာ အစာခြေရည်များအောက် ရောက်သွားပြီး အစာခြေရည်များ ‌အောက်ကို ဆင်းလာနိုင်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/gerd/heartburn-acid-reflux-remedies/
ဆယ်ကျော်သက်များတွင် ပေါက်သော ဝက်ခြံအကြောင်းသိကောင်းစရာ
မြီးကောင်ပေါက်အချိန်တွင် ဝက်ခြံကြောင့် ပြသနာများစွာရှိတတ်ပါသည်။ ၎င်းသည် ဆယ်ကျော်သက်အရွယ်တွင် ပုံမှန်ဖြစ်သော ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်ခြင်းဖြစ်သည်။အထူးသဖြင့် ယောကျာ်းလေးများတွင် ဖြစ်တတ်ပြီး အသက် ၂၀ ျော်လျှင် ပြန်ပျောက်တတ်သွားတတ်သည်။ သို့သော် အမာရွတ်များကျန်ခဲ့တတ်သည်။ဝက်ခြံကို အရေပြားဆရာဝန်များက ကုသကြပါသည်။ ဝက်ခြံကုရာတွင် ဝက်ခြံပျောက်ရန်နှင့် ထပ်မဖြစ်စေရန် ၂မျိုးရည်ရွယ်ပါသည်။ဆယ်ကျော်သက်များသည် အောက်ပါသတိထားရမည့် အချက်များဖြင့် မိမိ အရေပြားကိုဂရုစိုက်သင့်သည်။· သင့်တော်သော မျက်နှာသစ်ဆေးဖြင့် တနေ့၂ ကြိမ် မျက်နှာသစ်ပါ။ အဆီများသော အသားရေပိုင်ရှင်များသည် သူတို့အတွက်အထူးထုတ်လုပ်ထားသော မျက်နှာသစ်ဆေးများကိုသုံးရမည်။ ဝက်ခြံကိုပြန့်မသွားစေရန် ညင်သာစွာပွတ်သစ်ရန် လိုအပ်သည်။· မျက်နှာသစ်ပြီးပြီးချင်း အစိုဓါတ်ထိန်းခရင်မ်လိမ်းပေးခြင်းသည် အရေပြားကိုအားပြည့်စေပြီး ရေဓါတ်ကို ဖြည့်ပေးနိုင်သည်။ ကျန်းမာသောအရေပြားသည် ဘက်တီးရီးယားများကို တိုက်ထုတ်နိုင်ပြီး အသားရေတင်းရင်းစေသော ကော်လဂျင်ဓါတ်ကိုပိုများပြားစေသည်။· အစိုဓါတ်ထိန်းခရင်မ်လိမ်းပြီး ဝက်ခြံပေါ်တွင်ဆေးလိမ်းပေးပါက ဝက်ခြံကိုသက်သာစေပြီး ဘေးတဝိုက်တွင် ထပ်မဖြစ်လာစေရန် လည်း ကာကွယ်ပေးသည်။· ရေနွေးဖြင့် ဝက်ခြံဖုများ၏ရောင်ရမ်းမှုကို လျော့ကျစေသည်။· 2% salicylic acid ပါဝင်သော လိမ်းဆေးကို ဝက်ခြံပေါ်တွင်လိမ်းပေးပါ။ လက်တွင်ဘက်တီးရီးယားများစွာရှိနိုင်သောကြောင့် ဝါဂွမ်းဖတ်ဖြင့် တို့လိမ်းပေးပါ။ ဝက်ခြံကို ခဏခဏတို့ထိခြင်းနှင့် ညှစ်ခြင်းတို့မပြူလုပ်ရပါ။· ဝက်ခြံဖုများကိုဖုံးရန် 2% salicylic acid ပါဝင်သော အရာဖြင့်ဖုံးအုပ်ပါ။Benzyl Peroxide သည် အရေပြားပေါက်များအတွင်းရှိ ဘက်တီးရီးယားများကိုသေစေပြီး အဆီကပြန်မှုကိုလည်းလျှော့ချပေးသည်။ ထို့ကြောင့် ဝက်ခြံဖု၊ ပြည်ဖု၊ ဆားဝက်ခြံနှင့် ရောင်ရမ်းမှုများကိုလည်း သက်သာစေသည်။ရည်ရွယ်ချက်မှာ မတော်တဆ အရေပြားရှမိခြင်းကို ကာကွယ်ရန်ဖြစ်သည်။ ထိုသို့ဖြစ်လျှင် ဝက်ခြံပိုးဝင်ကာ ပိုဆိုးစေသောကြောင့်ဖြစ်သည်။ဓါတုပစ္စည်းများပါဝင်သော၊ ဓါတ်ဆီနှင့် အခြားသောဆီများဖြင့် ထုတ်လုပ်ထားသော ပစ္စည်းများသည် သင့်ကို အဆီပြန်စေကာ ဝက်ခြံပိုပေါက်စေလိမ့်မည်။၆။ သင့်အရေပြားကို ဗီတာမင် ဓါတ်ကြွယ်ဝစေရန် ရောင်ရမ်းမှုကိုလျှော့ချရန် အောက်ပါတို့ကိုအသုံးပြုပါ။·Vitamin A။တီရီစ္ဆာန်များ၏ အသည်း ၊ ငါးကြီးဆီများ နှင့် အစိမ်းနှင့် အဝါရောင်ဟင်းသီးဟင်းရွက်များမှရရှိသည်။·Vitamin C။ဘယ်ရီသီးများ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များမှရရှိသည်။·Vitamin E။ထောပတ်သီး၊ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်များ၊ အစေ့ အဆန်များ၊ ကြက်ဥအနှစ်၊ ငါး၊ ပဲငပိ စသည်တို့မှရရှိသည်။·Omega3။ရေခဲပြင်ဒေသရှိငါးများ ၊ ငါးကြီးဆီ၊ သစ်ကြားသီးမှရရှိသည်။အချူပ်ဆိုရသော် သင်သည် ဝက်ခြံကြောင့် အထက်ဖော်ပြပါ လက္ခဏာများခံစားနေရလျှင် တိကျသော ကုသမှုမျိုးရရှိရန် ဆရာဝန်နှင့် တိုင်ပင်ပါ။ဝက်ခြံကုသမှုများသည် သဘာကုထုံး၊ ဆေးများ၊ လေဆာကုထုံးစသည်ဖြင့် အမျိုးမျိုးရှိကြောင်းသိရှိနိုင်စေရန်မျှဝေလိုက်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/teenage-acnes/
လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ
လေဒီလေး၃ ဦးမှာ တစ်ဦးလောက်ကကျောက်ကပ်ရောဂါ၊ ဆီးအိမ်ကင်ဆာ၊ နာတာရှည် တင်ပါးဆုံ ရောင်ရမ်းနာကျင်တာ၊ဆီးအိမ်ကင်ဆာ၊ ဆီးခဏခဏ သွားတာလိုမျိုး တင်ပါးဆုံပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ လေဒီတို့ ခံစားရနိုင်တဲ့ တင်ပါးဆုံပြဿနာ အဖုံဖုံ အကြောင်းလေးကို ဗဟုသုတ အနေနဲ့ လေ့လာလိုက်ရအောင်နော်။တင်ပါးဆုံဆိုတာက  ဝမ်းဗိုက် အောက်ဘက်နားမှာရှိတဲ့ ဇလုံလို ခပ်ခွက်ခွက် အစိတ်အပိုင်းပါ။ ကျောရိုးကို ထောက်ကန်ပေးထားပြီး ကိုယ်တွင်း အစိတ်အပိုင်းတွေကို ကာကွယ်ပေးထားပါတယ်။ အမျိုးသမီးတွေရဲ့ ဒီအစိတ်အပိုင်းမှာ။ဒါတွေအပြင် ဆီးအိမ်နဲ့ မစင်အိမ်တို့ကလည်း ဒီတင်ပါးဆုံကွင်းထဲမှာ ရှိနေတာပါ။ ဒီအင်္ဂါအစိတ်အပိုင်းတွေကို တင်ပါးဆုံအရိုးကွင်း၊ ကြွက်သားနဲ့ အရွတ်တွေက ကာကွယ်ပေးထားပါတယ်။အမျိုးသမီးတွေအတွက် အရေးပါလှတဲ့ တင်ပါးဆုံပိုင်းမှာ အခုလို ကျန်းမာရေးပြဿနာလေးတွေ ခံစားရနိုင်ပါတယ်။တင်ပါးဆုံပိုင်း နာကျင်တာ။တင်ပါးဆုံပိုင်း နာကျင်တာက အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ပါ။ ဒီလိုနာကျင်မှုက တင်ပါးဆုံပိုင်းဆိုင်ရာရောဂါတစ်ခုခုကြောင့် ဖြစ်နိုင်သလို အခြား မူမမှန်မှုပြဿနာတစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။တင်ပါးဆုံ နာကျင်တာကို ပြင်းထန်တဲ့ တင်ပါးဆုံနာကျင်မှု (ရုတ်တရက်ဖြစ်တယ်၊ ပြင်းထန်တယ်)။ နာတာရှည် တင်ပါးဆုံနာကျင်မှု (အချိန်ကာလတစ်ခုကြာတယ်၊ ဒါမှမဟုတ် လနဲ့ချီကြာတဲ့အထိမသက်သာဘဲ နာနေမယ်) ဆိုပြီး နှစ်မျိုး ခွဲထားပါတယ်။ တင်ပါးဆုံ နာကျင်တဲ့အခါရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုကြောင့်ဖြစ်နိုင်သလို အခြား ကိုယ်တွင်းကျန်းမာရေး ပြဿနာ တစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။တင်ပါးဆုံ နာကျင်တဲ့အခါ ခံစားရနိုင်တဲ့ လက္ခဏာတွေ။တင်ပါးဆုံ နာကျင်တဲ့အခါ။တင်ပါးဆုံ ရောင်ရမ်းတာက မိန်းမကိုယ်ကို ဘက်တီးရီးယား ဝင်ရောက်ကူးစက်တာကြောင့်ပါ။ဆီးပူညောင်းကျရောဂါ။ ကာလသားရောဂါလိုမျိုး လိင်ကနေတဆင့် ကူးစက်တဲ့ ရောဂါပိုးတွေကြောင့် လည်း တင်ပါးဆုံရောင်ရမ်းနိုင်ပါတယ်။ သားဆက်ခြားနည်းလမ်းတစ်ခုဖြစ်တဲ့ IUD (သားအိမ်တွင်းထည့်ပစ္စည်း) ထည့်တာ​ကြောင့် ဆီးလမ်းကြောင်း ပိုးဝင်ပြီး တင်ပါးဆုံ ရောင်ရမ်းနိုင်ပါတယ်။တင်ပါးဆုံ ရောင်ရမ်းတာက သားအိမ်၊ သားဥပြွန်၊ သားဥအိမ်တွေကို ထိခိုက်စေပြီး သားအိမ်တစ်ရှူးတွေကို အမာရွတ်ဖြေစ်စေတာ၊ သန္ဓေအောင်နိုင်စွမ်း ကျဆင်းတာတွေကို ဖြစ်စေနိုင်ပါတယ်။တင်ပါးဆုံ ကြွက်သားကို များစွာသော ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတာပါ။ ဝမ်းသွားရ လွယ်စေဖို့ လုပ်ဆောင်ပေးသလို အိမ်ထောင်ရေးသုခ ခံစားနိုင်စေဖို့လည်း လုပ်ဆောင်ပေး ပါတယ်။တင်ပါးဆုံ ကြွက်သား ပုံမှန် မဟုတ်တဲ့အခါ အိမ်ထောင်ရေးသုခ မပြည့်စုံစေတာ၊ မိမိရဲ့ အိမ်ထောင်ဖက်ကို စိတ်ကျေနပ်မှု အပြည့်အဝ မပေးစွမ်းနိုင်တာ၊ ဝမ်းသွားရ ခက်ခဲတာ၊ ဝမ်းချုပ်တာတွေကို ခံစားရနိုင်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/pelvic-related-issue/pelvic-related-issue/
မိခင်ရဲ့ စားသောက်ပုံက သန္ဓေသားရဲ့ မျိုးရိုးဗီဇအပေါ်ဘယ်လို သက်ရောက်နိုင်လဲ
Gambia မှာ အမျိုးသမီးတွေ စားသောက်ပုံကို လေ့လာနေတဲ့ ကျွမ်းကျင်သူတွေက ကလေးတွေရဲ့ မျိုးရိုးဗီဇပြောင်းလဲမှုတွေဟာ ကိုယ်ဝန်မရှိခင်ကတည်းက စားသုံးနေတဲ့ အစာအာဟာရတွေပေါ်မူတည်တယ်လို့ ဆိုပါတယ်။ အဓိက အချက်ကတော့ Genes တွေ ဘယ်လိုဖေါ်ပြသလဲဆိုတာအပေါ် လွှမ်းမိုးတဲ့ epigenetics ပဲ ဖြစ်ပါတယ်။ Epigenetic traits တွေဟာ မိဘတွေကနေ ကလေးတွေဆီ တိုက်ရိုက်ဆင်းသက်လာပါတယ်။DNA methylation ဖြစ်စဉ်တစ်ခု ဖြစ်တဲ့ epigenetic process ကို အဓိကထားလေ့လာခဲ့တဲ့ လေ့လာမှုတစ်ခုရှိပါတယ်။ အဓိက အာဟာရဓါတ်တွေဖြစ်တဲ့ Folate, vitamins B2, B6 နဲ့ B12 တွေဟာ ဒီဖြစ်စဉ်ကို အားပေးပါတယ်။ Genes တွေဟာ methy groups တွေနဲ့ တွဲမိတဲ့အခါမှာ gene silencing ဖြစ်ပြီးတော့ အချို့ genes တွေဟာ ကိုယ်ခန္ဓါအတွင်းမှာ ဖေါ်ပြမှု မရှိတော့ပါဘူး။အချို့ရေးကြီးတဲ့ အဓိက အာဟာရဓါတ်တွေဟာ နှစ်တစ်နှစ်ရဲ့ အချို့အချိန်တွေမှာသာ ရရှိနိုင်တာကြောင့် အမျိုးသမီးရဲ့ စားသောက်ပုံ ရာသီနဲ့လိုက်ပြီး ပြောင်းလဲခြင်းဟာ ကလေးရဲ့ မျိုးရိုးဗီဇကို ပြောင်းလဲစေတယ်ဆိုတဲ့ အချက်ဟာ ထင်ရာပြောခြင်းလို့ ထင်နိုင်စရာ ရှိပါတယ်။သုတေသီတွေ Gambian ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို လေ့လာမှုအထဲမှာ နှစ်အုပ်စု ခွဲလိုက်ပါတယ်။ အုပ်စုတစ်စုမှာတော့ မိုးရာသီမှာ ကိုယ်ဝန်ရတဲ့ အမျိုးသမီးတွေ ပါဝင်ပြီး နောက်အုပ်စုမှာတော့ နွေရာသီ မှာ ကိုယ်ဝန်ရတဲ့ အမျိုးသမီးတွေ ပါဝင်ပါတယ်။ ကျွမ်းကျင်သူတွေက အမျိုးသမီးတွေရဲ့ သွေးကို အရေးကြီးတဲ့ အာဟာရဓါတ်တွေ ပါမပါ စစ်ဆေးကြပါတယ်။ ကလေးမွေးအပြီးမှာတော့ နှစ်လကနေ အသက် ရှစ်လ အတွင်း ရှိတဲ့ ကလေးငယ်တွေရဲ့ သွေးနဲ့ hair follicles တွေ ကို စစ်ဆေးကြပါတယ်။ မိုးရာသီမှာ ကိုယ်ဝန်ရတဲ့ ကလေးငယ်တွေဟာ မိခင်ရဲ့ မြင့်မားတဲ့ အာဟာရပမာဏကြောင့် DNA methylation ပမာဏ ပိုမို များပြားတာ တွေ့ရပါတယ်။ သွေးထဲမှာပါတဲ့ Cysteine နဲ့ Homocysteine ပမာဏတွေဟာ ကိုယ်ခန္ဓါ အဆီတိုင်းတာခြင်း တစ်မျိုးဖြစ်တဲ့ BMI နဲ့ အတူ gene ဖော်ပြမှုအပေါ် ကို သက်ရောက်မှုရှိတာ တွေ့ရပါတယ်။လုပ်နေဆဲသုတေသနတွေဟာ methylation machinery ဟာ အာဟာရချို့ယွင်းချက်တွေကြောင့် ပျက်နိုင်ပြီး ဒါဟာ ရောဂါ ဖြစ်စေနိုင်ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ Methylation ဖြစ်စဉ်ကို နှောင့်ယှက်ပေးတဲ့အချက်တွေကို ကာကွယ်ပေးဖို့ပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်မဆောင်ခင် folic acid သုံးစွဲခြင်းဖြင့် သန္ဓေသားရဲ့ မွေးရာပါ ချို့ယွင်းမှုတွေကို ကာကွယ်ဖို့ အသုံးပြုနေကြပြီ ဖြစ်ပါတယ်။ အခုအခါမှာတော့ သုတေသနတွေဟာ အစားအစာမှဖြစ်စေ၊ ဖြည့်စွက်စာမှ ဖြစ်စေ ရရှိနိုင်တဲ့ အာဟာရ လိုအပ်ချက်တွေကို ညွှန်ပြနေကြပြီ ဖြစ်ပါတယ်။ဒီလေ့လာမှုဟာ အကောင်းဆုံးကိုယ်ဝန်ဆောင်စဉ်မှာ စားသောက်သင့်တဲ့ အစားအစာတွေရဲ့ လျှို့ဝှက်ချက်ကို ဖေါ်ပြထားခြင်း မရှိပေမယ့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ သူတို့နဲ့ ကလေးတွေရဲ့ ကျန်းမာရေးကို တိုးတက်စေဖို့ လုပ်ဆောင်ရမယ့်အရာတွေတော့ ရှိနေပါတယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း၊ ညီမျှတဲ့ အစားအသောက်တွေ စားခြင်း၊ မကြာခဏ လေ့ကျင့်ခန်းလုပ်ခြင်း၊ ဆရာဝန်ညွှန်ကြားတဲ့ ကိုယ်ဝန်ဆောင် အားတိုးဆေးတွေ သောက်သုံးခြင်းတွေကို ပြုလုပ်နိုင်ပါတယ်။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/other-conception-topics/%e1%80%99%e1%80%ad%e1%80%81%e1%80%84%e1%80%ba%e1%80%9b%e1%80%b2%e1%80%b7-%e1%80%85%e1%80%ac%e1%80%b8%e1%80%9e%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%95%e1%80%af%e1%80%b6%e1%80%80-%e1%80%9e%e1%80%b1/
ခြေသည်းလေးတွေက ပြောတဲ့စကား
ခြေသည်းဆိုတာ ရှည်လာရင်ညှပ်ရမယ်ဆိုတဲ့ အလုပ်တစ်ခုတည်းမဟုတ်ပါဘူး။ခြေချောင်း၊လက်ချောင်းလေးတွေရဲ့ကျန်းမာလှပမှုကလည်း လူ့ကျက်သရေပါပဲ။ ခြေထောက်ပဲ လှစရာမလိုဘူး ၊ ခြေသည်းအရောင်လည်း တော်ကြာသူ့ဘာသာပြန်ကောင်းသွားလိမ့်မယ်ဆိုပြီး ပစ်မထားပါနဲ့။ ခြေသည်းလေးတွေကိုလည်း ဂရုတစိုက်ရှိနေမှ သူတို့ဖော်ပြတဲ့ စကားတွေကို သိနိုင်မှာပေါ့။ သူတို့မှာ ဘာတွေဖြစ်နေလဲဆိုတာကို ဘယ်လိုပြောပြကြသလဲ ကြည့်ရအောင်။အများအားဖြင့်တော့ ထိခိုက်မှုတစ်ခုခုဖြစ်ထားလို့ခြေသည်းအရောင်ကမည်းလာတာပါ။ခြေမပေါ် တစ်ခုခုပြုတ်ကျတာလား၊ ခလုတ်တိုက်ထားတာလား၊ ခြေသည်းကြားမှာ တစ်ခုခုစူးနေတာလားပေါ့။ အနာက စစချင်းမှာ နီလာမယ်၊ ခရမ်းရောင်ဖြစ်လာမယ်၊ ညိုလာမယ်၊နောက်ဆုံးခြေသည်းအောက်မှာသွေးတွေပြန့်ုပြီးခဲလာရင် မည်းလာမယ်။ အနာပျောက်သွားတဲ့ခြေသည်းအမည်းတွေ ကုန်သည်အထိ ရှည်ထွက်လာဖို့က ၆ လ ကနေ ၉ လအထိ ကြာနိုင်ပါတယ်။ခြေသည်းတွေက အဝါရောင်သန်းလာတယ်ဆို မှိုပိုးကပဲ တရားခံပါ။ မှိုပိုးဝင်တဲ့အခါခြေသည်းတွေဝါလာတာ၊ ထူလာတယ်ဆို လိမ်းဆေးကိုခြေသည်းအောက်ရောက်အောင် အသာအယာဖိဖိလိမ်းပေးပါ။ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကchloronychia လို့ခေါ်တဲ့ ရောဂါပိုးဝင်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်စေတဲ့ ဘက်တီးရီးယားက တာရှည်စိုစွတ်နေတဲ့အနေအထားမျိုးမှာ ရှင်သန်နိုင်တာဖြစ်လို့ ကိုယ်အမြဲသုံးနေကျရေချိုးရေမြှုပ်တွေ၊ခြေသုတ်ခုံ နဲ့ ရှူးဖိနပ်လို အလုံပိတ်ဖိနပ်တွေကိုသေချာသန့်ရှင်းပါ။ အရောင်က အပေါ်ယံမဟုတ်တာကြောင့် အတင်းကြီးတိုက်ဆေးနေလည်း မထူးပါဘူး။ ဆရာဝန်ညွှန်ကြားတဲ့ ပိုးသတ်ဆေးကပဲ ကုသနိုင်မှာပါ။ခြေချောင်းတစ်ချောင်းမှာပဲခြေသည်းဖြူလာတယ်ဆို သတိထားမိတာနဲ့ ချက်ချင်းဆရာဝန်ပြပါ။ခြေသည်းတွေအကုန်ပြန့်ကုန်နိုင်ပါတယ်။White superficial onychomycosis လို့ခေါ်တဲ့ အဖြူရောင်ခြေသည်းတွေဟာ ကြမ်းပြီးကျိုးပဲ့လွယ်ပါတယ်။proximal subungual onychomycosis လို့ခေါ်တဲ့ မှိုပိုးဝင်ခြင်းနောက်တစ်မျိုးဖြစ်ပါတယ်။ခြေသည်းအောက်ခြေနားမှာ၊ ပန်းကုံးနားမှာ စပြီး အကွက်လိုက်အရောင်ပြောင်းလာတာပါ။ ဒီပိုးဝင်ခြင်းမျိုးက ကျန်းမာတဲ့သူတွေမှာဖြစ်ခဲပါတယ်။ ကိုယ်ခံအားနည်းတဲ့သူတွေမှာဖြစ်လေ့ရှိပြီး အိတ်ခ်ျအိုင်ဗီရဲ့ လက္ခဏာတစ်ခုလည်းဖြစ်နေုနိုင်ပါတယ်။ခြေသည်းတွေမှာ အစင်းတွေ၊မြောင်းတွေဖြစ်လာတယ်ဆိုရင် ခန္ဓါကိုယ်ရဲ့တစ်နေရာရာမှာ ပြဿနာရှိနေတဲ့လက္ခဏာပါ။ ခန္ဓါကိုယ်မှာ ပရိုတင်း၊ ကယ်လ်စီယမ်၊ ဇင့်၊ ဗီတာမင် A တို့ချို့တဲ့လာရင် အမြောင်းတွေဖြစ်လာတတ်ပါတယ်။ သံဓါတ်အားနည်းတဲ့သွေးအားနည်းရောဂါဖြစ်ရင် လက်သည်းခြေသည်းမှာ အစင်းတွေ၊မြောင်းထလာတတ်ပြီး ခုံးလာတာ၊ ထူလာတာတွေဖြစ်နိုင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/%e1%80%81%e1%80%bc%e1%80%b1%e1%80%81%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%80-%e1%80%95%e1%80%bc%e1%80%b1%e1%80%ac%e1%80%90/
အဆီမှာ ပျော်ဝင်သော ဗီတာမင်များနှင့် ဘေးထွက်ဆိုးကျိုးများ
အဆီမှာ ပျော်ဝင်သော ဗီတာမင်များနှင့် ဘေးထွက်ဆိုးကျိုးများ အကြောင်း သိပြီးပြီလား!။ဗီတာမင် ဆိုတဲ့ သက်စောင့်ဓာတ်တွေဟာလူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတွေပါ။   သို့သော်သတ်မှတ်ထားတဲ့ ပမာဏအတိုင်းသာ သောက်သုံးမှီဝဲသင့်ပါတယ်။ “တန်ဆေးလွန်ဘေး” ဆိုတဲ့ အတိုင်း ပမာဏကျော်လွန်သောက်သုံးမိပါက အဆိပ်သာဖြစ်လာမှာပါ။ယခုကိုဗစ်ကပ်ရောဂါကာလမှာလည်းကိုယ်ခံအားကောင်းချင်ဇောနဲ့ ဗီတာမင်တွေသောက်သုံးလာကြတာကို တွေ့ရပါတယ်။ အချို့ကလည်း သတ်မှတ်ပမာဏအတိုင်း  စနစ်တကျ သောက်သော်လည်း တချို့မှာတော့ ပိုလျှံစွာ သောက်သုံးနေကြပြန်ပါတယ်။ဒါကြောင့် သောက်သုံးသင့်တဲ့ ဗီတာမင်ပမာဏနဲ့ လွန်ကဲရင်ဖြစ်လာမယ့် ဆိုးကျိုးတွေကို တွဲဖက်တင်ပြလိုက်ရပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ကိုမေးမြန်းပြီးမှ မှီဝဲတာ အကောင်းဆုံးဆိုတာ ဦးစွာအကြံပေးချင်ပါတယ်။အဆီမှာ ပျော်ဝင်သော ဗီတာမင်များနှင့် ဘေးထွက်ဆိုးကျိုးများ အကြောင်းမပြောခင် ဗီတာမင် အမျိုးအစားလေးတွေကို အရင်ဆုံး ရှင်းပြချင်ပါတယ်။ရေမှာပျော်ဝင်တဲ့ဗီတာမင်များထက် အဆီမှာပျော်ဝင်တဲ့ ဗီတာမင်တွေကို ခန္ဓာကိုယ်မှာ အချိန်အတိုင်းအတာတစ်ခုထိ သိုလှောင်သိမ်းဆည်းထားနိုင်ပါတယ်။ ပမာဏများစွာသောက်သုံးမိပါက ဘေးဥပါဒ် ပိုဖြစ်စေတတ်တာကို သတိပြုသင့်ပါတယ်။ဒီကနေ့မှာတော့ အဆီမှာပျော်ဝင်တဲ့ ဗီတာမင်များအကြောင်း ဦးစွာပြောပြချင်ပါတယ်။ဗီတာမင် အေ(Vitamin A)။ဗီတာမင် အေဟာ မျက်စိအမြင်အာရုံနဲ့ ခန္ဓာကိုယ် ခုခံစနစ်အတွက်လိုအပ်တဲ့ ဗီတာမင်ပါ။ တိရစ္ဆာန်တို့ရဲ့ အသည်း၊ ကျောက်ကပ် နဲ့ ငါးကြီးဆီတို့မှာ ပမာဏများစွာပါဝင်ပြီး ဥအမျိုးမျိုး၊ နို့နဲ့နို့ထွက်ပစ္စည်းများ၊ ကန်စွန်းဥနဲ့ မုန်လာဥနီတို့မှာ ပမာဏအသင့်အတင့် ပါဝင်ပါတယ်။တစ်ရက်မှာသောက်သုံးသင့်တဲ့ ပမာဏကိုပြောပြပါမယ်။အရွယ်ရောက်ပြီးသူတစ်ယောက်ဟာ တစ်နေ့ကို ဗီတာမင်အေ ၃၀၀၀ မိုက်ခရိုဂရမ်ထက်ပို မစားသောက်သင့်ပါ။ သတ်မှတ်ထားတဲ့ ပမာဏရောက်လုနီးပါးသာမှီဝဲသင့်ပါတယ်။ဗီတာမင်အေကိုကိုယ်ဝန်ဆောင်ချိန်မှာ လုံးဝမမှီဝဲသင့်သလို ကိုယ်ဝန်ဆောင်ဖို့ အစီအစဉ်ရှိသူတွေလည်း ရှောင်ကြဉ်သင့်ပါတယ်။မွေးလာမယ့်ကလေးမှာ မွေးရာပါ ချို့ယွင်းချက်တွေ ဖြစ်လာနိုင်လို့ပါ။ဆရာဝန်ညွှန်ကြားမှသာ သောက်သုံးသင့်ပါတယ်။ပမာဏများစွာကို ကာလကြာရှည် စွဲသုံးမိမယ်ဆိုရင် အောက်ပါဝေဒနာများကို ခံစားရမှာပါ။မုန်လာဥနီကို နေ့စဉ်နီးပါး အချိန်ကြာကြာစားပါက အသားအရောင် ဝါထိန်လာခြင်း၊ လိမ္မော်ရောင်သန်းလာခြင်းတွေ ဖြစ်လာတတ်တာကို တွေ့နိုင်ပါတယ်။ ဒါဟာ ဗီတာမင်အေဓာတ် များလာလို့ပါပဲ။ဗီတာမင် အီး(Vitamin E)။ဗီတာမင် အီးဟာလည်း ဗီတာမင်စီနည်းတူ ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေပျက်စီးခြင်းကို  ကာကွယ်ပေးတဲ့ ဓာတ်တိုးပစ္စည်းတစ်မျိုးပါပဲ။ ငါး၊ ဟင်းရွက်ဆီ၊ မြေပဲ၊ အစေ့အဆံ၊ ဂျုံ နဲ့ ဟင်းရွက် တွေကနေ ရနိုင်ပါတယ်။အရွယ်ရောက်ပြီးသူ တစ်ယောက်ဟာ တစ်နေ့ကို ဗီတာမင် အီး ၁၅ မီလီဂရမ်သာ သောက်သုံးသင့်ပါတယ်။ ၃၀၀ မီလီဂရမ်ထက် ပိုမိုစားသုံးမိပြီဆိုရင်တော့ အမျိုးသားတွေမှာသာ ဖြစ်တတ်တဲ့ ဆီးကြိတ်ကင်ဆာ၊ လေဖြတ်ခြင်းနဲ့ သွေးယိုစီးခြင်းတွေ ဖြစ်ပေါ်နိုင်ပါတယ်။ဗီတာမင် ကေ(Vitamin K)။ဗီတာမင်ကေ ကတော့ သွေးခဲ၊ သွေးတိတ်ခြင်းဖြစ်စဉ်အတွက် အလွန်အရေးကြီးတဲ့ ဓါတ်တစ်မျိုးပါ။ အသည်းကနေ ထုတ်လုပ်ပေးသလို ခန္ဓာကိုယ်ပြင်ပကဆိုရင်တော့ နို့၊ ပဲပါးစပ်ဆီနဲ့ ဟင်းရွက်တွေ ကနေ ရနိုင်ပါတယ်။ပုံမှန်လူတစ်ယောက်ဟာ ဗီတာမင် ကေကို အားဖြည့်ဆေးအနေနဲ့ သောက်စရာမလိုပါဘူး။ အသည်းမကောင်းသူ (ဥပမာ အရက်အလွန် အကျွံသောက်သုံးသူ) တွေမှာတော့ လိုအပ်ပါတယ်။ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ တစ်နေ့မှာ မှီဝဲသင့်တဲ့ ဗီတာမင်ကေပမာဏကတော့ ၁၂၀  မိုက်ခရိုဂရမ် (အမျိုးသား) နဲ့ ၉၀ မိုက်ခရိုဂရမ် (အမျိုးသမီး) တို့ပဲဖြစ်တာကြောင့် ပမာဏအလွန် နည်းပါတယ်။ သွေးကြဲဆေး (warfarin) သောက်နေရသူတွေကတော့ ဗီတာမင် ကေမှီဝဲခြင်းမှ ရှောင်ကြဉ်ပါ။ဗီတာမင် ဒီကတော့ အရိုးကျန်းမာကြံ့ခိုင်ရေးအတွက် အရေးပါလှတဲ့ ဗီတာမင်ပါ။ သွေးတွင်း ကယ်လ်ဆီယမ် (Calcium) ဓာတ် စုပ်ယူခြင်းကို အားပေးပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့တဲ့အခါ  အရေပြားကနေ ထုတ်လုပ်ပေးနိုင်ပါတယ်။ဗီတာမင်ဒီ ကြွယ်ဝတဲ့ အစားအစာတွေကတော့ ကြက်ဥအနှစ်၊ နှံစားပြောင်း၊ အသည်း၊ ငါးကြီးဆီ၊ တူနာငါး၊ ဆယ်လ်မွန်ငါးနဲ့ အားဖြည့်နွားနို့တွေ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူ  တစ်ယောက်ဟာ တစ်နေ့မှာ ဗီတာမင် ဒီ ၁၅-၂၀ မိုက်ခရိုဂရမ်ထိ မှီဝဲသင့်ပါတယ်။ တစ်နေ့ကို  ၁၀၀ မိုက်ခရိုဂရမ် ထက်ပိုခဲ့ရင်တော့ အဆိပ်အတောက် ဖြစ်စေမှာပါ။သွေးထဲမှာ ကယ်လ်ဆီယမ်ပမာဏ မြင့်တက်လာပြီး အောက်ပါလက္ခဏာများကို ခံစားရမှာပါ။ကင်ဆာရောဂါ၊ နှလုံးရောဂါနဲ့ အရိုးကျိုးလွယ်ခြင်းများလည်း ခံစားရနိုင်ခြေရှိပါတယ်။ဗီတာမင်ဆေးတွေရဲ့ ပမာဏဟာ ဆေးဘူး (သို့) ဆေးအခွံမှာပါပါတယ်နော်။ တွက်ချက် သောက်သုံး နိုင်ပါတယ်။ဂရမ်– gram (g)။မီလီဂရမ်– milligram (mg)။မိုက်ခရိုဂရမ်– microgram (mcg orµg)။1g=1000mg။1mg=1000mcg။ရေးသားသူး – ဒေါက်တာမှူးခင်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/vitamin-toxicity/
အသားခြောက်လို့ စိတ်ညစ်မနေပါနဲ့
အသားအရေစိုပြေမှုကလည်း အလှကြိုက်တဲ့သူတွေအဖို့ အလှတိုးစေတဲ့ အချက်တစ်ခုပေါ့။အသားခြောက်တဲ့အခါ ထိခိုက်နိုင်ခြေများသလို ဘာပဲဝတ်ဝတ် ဘယ်လိုပဲပြင်ပြင် ထင်သလောက်ကြည့်မကောင်းတာတော့ အမှန်ပါ။ အသားခြောက်တာက ဒီလောက်နဲ့တင်ပြီးသွားလားဆိုတော့ မဟုတ်သေးပါဘူး။ အသားခြောက်တာကြောင့် မလိုအပ်တဲ့နောက်ဆက်တွဲပြဿနာတွေလည်းဖြစ်လာနိုင်ပါတယ်။အသားခြောက်တယ်ဆိုတာက အပေါ်ယံအရေပြားလွှာမှာရေဓါတ်လုံလောက်စွာမရရှိတာကြောင့်ဖြစ်လာတဲ့အရေပြားပြဿနာတစ်ရပ်ပါ။ အရေပြားမှာ အဆီနည်းတာကြောင့်လည်း အသားခြောက်တတ်ပါတယ်။ အမျိုးသားရော အမျိုးသမီးပါဖြစ်နိုင်တဲ့ အရေပြားပြဿနာတစ်ခုပါ။ အသက်အရွယ်ကြီးရင့်လာတဲ့ သူတွေမှာပိုအဖြစ်များပါတယ်။အပေါ်ယံအရေပြားကခန္ဓါကိုယ်ကို အကာကွယ်ပေးထားတဲ့ ရှေ့တန်းခံစစ်ပါ။အပေါ်ယံအရေပြားခြောက်သွေ့ကွဲအက်မှုကပြင်ပကဘက်တီးရီးယားတွေကို ကိုယ်တွင်းကို တံခါးမရှိ ဓါးမရှိပေးဝင်ခွင့်ပေးလိုက်သလိုဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အသားအရေခြောက်တာကိုသေချာလေးဂရုစိုက်ဖို့လိုပါမယ်။အသားခြောက်စေနိုင်တဲ့ အချက်ကတစ်ချက်မကရှိနေနိုင်ပါတယ်။နေ့စဉ်ထိတွေ့နေတဲ့ပြင်ပကအရာတွေကြောင့် အသားခြောက်နိုင်သလိုရောဂါအခြေအနေတစ်ရပ်ရပ်ကြောင့်လည်း အသားခြောက်နိုင်ပါတယ်။ဒါတွေအပြင်။အသားအရေခြောက်သွေ့မှုက အရေပြားရှိတဲ့နေရာတိုင်းမှာဖြစ်နိုင်ပါတယ်။ အထူးသဖြင့်ကတော့။အရေပြားရဲ့ အပေါ်ယံလွှာကို အဆီ၊ ပရိုတင်းတို့နဲ့အဓိက ဖွဲ့စည်းထားပါတယ်။ဒီအပေါ်ယံအရေပြားလွှာက အရေပြားတစ်ခုလုံးကိုရေဓါတ်မဆုံးရှုံးအောင် ထိန်းသိမ်းကာကွယ်ပေးထားတာပါ။လိုအပ်တဲ့ ပရိုတင်းကို အပြည့်အဝမရရှိတဲ့အခါ အသားအရေကခြောက်သွေ့လာပါတယ်။ ဒီလိုခြောက်သွေ့လာမှုကပဲ အရေပြားမှာ။အနာသိရင်ဆေးရှိတယ်ဆိုတဲ့စကားအတိုင်း အသားအရေခြောက်သွေ့တာကို ကုသလို့ရပါတယ်။နေ့စဉ်လုပ်ဆောင်မိနေတဲ့ အပြုအမူလေးတွေကိုပြင်ဆင်မယ်၊ လိုအပ်တဲ့အသားအရေစောင့်ရှောက်မှုတွေကိုလုပ်ပေးမယ်ဆိုရင် အသားအရေခြောက်သွေ့မှုပြဿနာကို အထိရောက်ဆုံးဖြေရှင်းနိုင်မှာပါ။ရေနွေးနဲ့ရေမချိုးပါနဲ့-ရေနွေးနဲ့ရေချိုးတာက အသားအရေကိုခြောက်သွေ့စေနိုင်တဲ့အဓိက အကြောင်းအရင်းတွေထဲကတစ်ခုပါ။ရေအကြာကြီးမချိုးပါနဲ့-ရေကို ၅မိနစ် မှ ၁၀ မိနစ်ထက်ပိုပြီး မချိုးသင့်ပါဘူး။ရေချိုးချိန်ကြာတာကလည်း အသားအရေကိုခြောက်သွေ့စေနိုင်ပါတယ်။ဆပ်ပြာသတိထားရွေးချယ်ပါ– အသားအရေကိုခြောက်သွေ့မှုကင်းပြီး ကျန်းမာစေချင်တယ်ဆိုရင် အစိုဓါတ်ထိန်းဆပ်ပြာနဲ့ရေချိုးပေးဖို့လိုပါမယ်။ အစိုဓါတ်ထိန်းတဲ့ ဆပ်ပြာရွေးရခက်နေတယ်ဆိုရင်တော့ အသားအရေခြောက်တဲ့သူတွေအတွက် အဓိကထုတ်ထားတဲ့BIODERMAAtoderm Intensive Gel Moussant(Foaming Gel) ရှိပါတယ်။ အသားအရေခြောက်သွေ့မှုကင်းစေပြီး ယားယံမှုမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။အစိုဓါတ်ထိန်းပေးပါ– အစိုဓါတ်ထိန်းခရင်မ်တစ်မျိုးမျိုးလူးပေးဖို့ကိုလည်းမေ့ထားလို့ မဖြစ်ပါဘူး။ရေချိုးပြီးတိုင်း အသားအရေကို အစိုဓါတ်ထိန်းပေးနိုင်တဲ့ ခရင်မ်တစ်ခုခုလူးပေးဖို့လိုပါတယ်။ ဒီလိုလူးတဲ့အခါမှာလည်း အသားအရေခြောက်တတ်သူဆိုရင်BIODERMAAtoderm Intensive Baumeအစိုဓါတ်ထိန်းခရင်မ်ကို လူးပေးလို့ရပါတယ်။ အသားအရေကိုခြောက်သွေ့မှုကင်းစေပြီး အရေပြားယားယံမှုကိုပါ သက်သာစေပါတယ်။၂၄ နာရီလုံးအသားအရေကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။တဘက်စနုနုလေးနဲ့ ရေသုတ်ပါ-ခြောက်သွေ့တဲ့အသားအရေက ထိခိုက်လွယ်ပါတယ်။ ဒါကြောင့်ရေချိုးပြီးတိုင်းရေသုတ်တဲ့အခါ တဘက်စနုနုလေးနဲ့ ခပ်ဖွဖွလေးပဲ သုတ်ပေးပါ။မကုတ်ပါနဲ့-အသားအရေခြောက်သွေ့တဲ့အခါ ယားယံနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အသားအရေကိုကုတ်ဖဲ့တာမျိုးက အပေါ်ယံအရေပြားလွှာကို ပျက်စိးစေပြီး အရေပြားအတွင်းပိုင်းထဲကို ဘက်တီးရီးယားတွေ အလွယ်တကူဝင်ရောက်သွားစေနိုင်ပါတယ်။အစိုဓါတ်ထိန်းစက်ဖွင့်ထားပါ-အသားအရေခြောက်တတ်တယ်ဆိုရင်နေအိမ်မှာ အစိုဓါတ်ထိန်းစက်လေးတွေတပ်ဆင်ထားပေးတာကလည်း အသားအရေခြောက်သွေ့တာကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ရေများများသောက်ပါ-ရေဓါတ်ခမ်းခြောက်မှုကလည်း အသားအရေကိုခြောက်သွေ့စေတဲ့ အကြောင်းအရင်းတွေထဲကတစ်ခုပါ။ ဒါကြောင့် တစ်နေ့ကိုရေ ၈ ခွက်တော့ အနည်းဆုံးသောက်ပေးပါ။အသားအရေခြောက်သွေ့မှုကင်းရုံနဲ့တင်ပြီးလားဆိုတော့ မဟုတ်သေးပါဘူး။ နှုတ်ခမ်းသားခြောက်သွေ့မှုကင်းဖို့လည်းလိုပါတယ်။ ဒါဆိုရင် ဘာလုပ်ရမလဲဆိုပြီး စိတ်ပူနေတာလား။ လေထုညစ်ညမ်းတာ၊အစားအသောက်နဲ့ အရည်အသွေးမမှီတဲ့နှုတ်ခမ်းနီတွေကြောင့် ခြောက်သွေ့နေတဲ့ နှုတ်ခမ်းသားလေးတွေကျန်းမာစေဖို့အတွက်Atoderm Lip Stickရှိပါတယ်။နှုတ်ခမ်းသားအတွက်လိုအပ်တဲ့ အာဟာရတွေကိုဖြည့်တင်းပေးပြီးနှုတ်ခမ်းသားကိုနူးညံ့စိုပြေနေစေမှာပါ။အသားအရေခြောက်သွေ့မှုကနောက်ဆက်တွဲပြဿနာတွေဖြစ်စေနိုင်တာကြောင့်သေချာလေးဂရုစိုက်လို့ လိုအပ်တဲ့ ကုသမှုတွေကိုလည်းသေသေချာချာခံယူပေးဖို့ တိုက်တွန်းပါရစေနော်…။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/dry-skin-causes-complication-and-treatment/
အရိုးပွတာကြောင့် နာကျင်တဲ့ဝေဒနာ သက်သာစေဖို့
ဒီတစ်ခေါက်တော့ အရိုးပွတာကြောင့် နာကျင်လာတဲ့အခါ သက်သာစေဖို့ ဘယ်လို လုပ်သင့်လဲဆိုတဲ့ နည်းလမ်းလေးကို ပြောပြပေးသွားပါမယ်။အရိုးပွလာတဲ့အခါအာဟာရကို ဂရုစိုက်ဖို့လိုသလို လိုအပ်တဲ့ ကုသမှုကို ခံယူဖို့လည်း လိုပါတယ်။ ဒီလို လုပ်ဆောင်မှုတွေနဲ့အတူ အရိုးပွတာကြောင့် နာကျင်မှုကို သက်သာစေဖို့ဆိုရင်။ရေနွေးအိတ်ကပ်တာ၊ရေနွေးနဲ့ ရေချိုးတာကကြွက်သားတွေကို ပြေလျော့စေသလို အရိုးပွတာကြောင့် နာကျင်မှုကိုလည်း သက်သာစေပါတယ်။ ဒါကြောင့် ရေနွေးနွေးလေးနဲ့ ရေချိုးတာ ဒါမှမဟုတ် ရေနွေးအိတ် ကပ်တာမျိုးလုပ်ပေးပါ။ရေနွေးအိတ်ကပ်တဲ့အခါ ၁၅ မိနစ်ကပ်လိုက် နားလိုက် လုပ်ပေးပါ။ အသားလောင်မျိုး ဖြစ်စေနိုင်တာကြောင့်ပါ။ရေခဲက အရောင်ကျစေနိုင်သလို နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် တဘက်စ သန့်သန့်ထဲမှာ ရေခဲထည့်လို့ ကပ်ပေးပါ။ ရေခဲကပ်တဲ့အခါမှာလည်း ၁၅ မိနစ် ကပ်လိုက် နားလိုက် လုပ်ပေးပါ။ ရေခဲ အရမ်းအေးတာကလည်းအသားလောင်စေနိုင်ပါတယ်။အရိုးပွတဲ့အခါ နာကျင်တာကြောင့်ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ အခက်အခဲ ရှိနိုင်ပါတယ်။ ဒါပေမယ့် မလှုပ်ရှားဘဲ နေတာက ပိုဆိုးစေနိုင်တာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်တော်မယ့် ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်ပေးပါ။အရိုးပွတာကြောင့် နာကျင်တဲ့အခါ ဒူးစွပ်၊ ခြေစွပ်စတာလိုမျိုး အထောက်အကူ ပစ္စည်းလေးတွေ ဝတ်စေချင်ပါတယ်။ ဒီလို ဝတ်ဆင်တာက လှုပ်ရှားရတာ အဆင်ပြေစေသလို နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ကြွက်သားတွေကိုလည်း ထောက်ပံ့ပေးရာ ရောက်ပါတယ်။ဒီနည်းလမ်းက ကြွက်သားတွေကို ပြေလျော့စေသလို နာကျင်မှုကို သက်သာစေပြီးသွေးလည်ပတ်မှုလည်း ကောင်းစေနိုင်ပါတယ်။ ဒါပေမယ့် အရင်ဆုံးတော့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ဖို့လိုပါမယ်။ ဒါမှ ဘေးကင်းစိတ်ချရမှာပါ။အသက်ကို ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်လုပ်ပါ။ အသက်ရှူနေတဲ့အပေါ်မှာ အာရုံစိုက်ထားပါ။ ဒီလို လုပ်ဆောင်ပေးတာက တင်းအားတွေကို ပြေလျော့စေပြီး နာကျင်မှုကို သက်သာစေနိုင်ပါတယ်။အာဟာရကို ပြည့်ဝအောင်စားမယ်။ လိုအပ်တဲ့ကုသမှုတွေ ခံယူမယ်။ ဒီ နည်းလမ်းလေးတွေကို လုပ်ဆောင်ရင်း အရိုးပွတာကြောင့် နာကျင်မှုကို ဖြေလျှော့လိုက်ကြရအောင်လား…………..။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/osteoporosis-orthopedics-musculoskeletal/osteoporosis-bone-pain/
အရက်ကို တစ်စက်မှ သောက်လို့မဖြစ်တဲ့ အခိုက်အတန့်များ
အရက်ကို သောက်တာ မကောင်းဘူး ကျန်းမာရေးထိခိုက်တယ်လို့ ဘယ်လောက်ပြောပြော ကြိုက်နှစ်သက်သူပမာဏကတော့ လျော့ကျမသွားပါဘူး။ သောက်သုံးနေကြဆဲပါ။ အကြောင်းပြချက်အမျိုးမျိုးကြောင့် အရက်သောက်သုံးနေကြပေမယ့် တချို့သော အခိုက်အတန့်တွေမှာတော့ အရက်ကို လုံးဝရှောင်ကျဉ် ဖို့ လိုအပ်တာကို သိထားသင့်ပါတယ်။ဒီကနေ့ခေတ်မှာ အရက်သေစာ မှီဝဲတာဟာ တားမြစ်ရခက်ခဲတဲ့ ကိစ္စရပ်တစ်ခုပါ။ ပျော်လို့၊ စိတ်ညစ်လို့၊ လူမှုရေးကြောင့်၊ အလုပ်ကိစ္စကြောင့် စသဖြင့် အမျိုးမျိုးသော အကြောင်းပြချက်တွေနဲ့ လူတွေက အရက်သောက်သုံးနေကြတာပါ။အရက်သောက်သုံးမှုကြောင့် တစ်နှစ်ကိုလူ ၃ သန်းလောက် သေဆုံးနေပေမယ့်အရက်သေစာမှီဝဲမှုကတော့ လျော့ကျမသွားပါဘူး။ ဒီလိုအခြေအနေမျိုးမှာ အရက်သေစာသောက်သုံးမှုကြောင့် ထိခိုက်လာနိုင်တဲ့ အခြေအနေကို လျှော့ချဖို့အတွက် တချို့သောအခိုက်အတန့်တွေမှာ အရက်သောက်သုံးမှုကို ရှောင်ကျဉ်ဖို့ လိုအပ်တယ်လို့ ပညာရှင်တွေက သတိပေးလာကြပါတယ်။ဘယ်လို အခြေအနေတွေမှာ အရက် သောက်သုံးမှုကို ရှောင်ကျဉ်ရမလဲ။ကျန်းမာရေးအကြောင်းပြချက် တစ်ခုခုကြောင့် ဆေးဝါးမှီဝဲနေရသူတွေ အနေနဲ့ အရက်ကို လုံးဝရှောင်ကျဉ်ဖို့ လိုအပ်ပါတယ်။ တချို့သော ဆေးဝါးတွေဟာ အယ်လ်ကိုဟောနဲ့ ပေါင်းစပ်မိတဲ့အခါမှာ ဓာတ်မတည့်တာတွေ၊ အာရုံကြောစနစ်ထိခိုက်တာနဲ့ စိတ်ဖိစီးမှုများတာလိုမျိုး ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအနေနဲ့ အရက်မသောက်ဖို့ လိုအပ်ပါတယ်။ အရက်သောက်သုံးမှုကြောင့် ရင်သွေးကိုထိခိုက်စေနိုင်သလို မျိုးပွားမှုနဲ့သက်ဆိုင်တဲ့ လုပ်ဆောင်ရည်တွေကိုလည်း ကျဆင်းသွားစေနိုင်တာကြောင့်ဖြစ်ပါတယ်။ အယ်လ်ကိုဟောဟာ အမျိုးသမီးတွေကိုသာမက အမျိုးသားတွေရဲ့ မျိုးပွားနိုင်စွမ်းကိုလည်း ကျဆင်းစေပါတယ်။လေယာဉ်စီးနင်းနေချိန် အရက်သေစာသောက်စားမှုကလည်း ဆိုးကျိုးတွေဖြစ်စေပါတယ်။ ခုနောက်ပိုင်း လေကြောင်းလိုင်းတွေမှာ အရက်ပြင်းတချို့နဲ့ ဝိုင်တွေကို ဝန်ဆောင်မှုအဖြစ် ထည့်သွင်းပေးလာကြပေမယ့် ကျန်းမာရေးရှုထောင့်ကနေကြည့်မယ်ဆိုရင်တော့ အလွန်မြင့်မားတဲ့ အမြင့်ပေမျိုးမှာ အရက်သေစာမှီဝဲတာဟာ ခန္ဓာကိုယ်ကို အလွန်ထိခိုက်စေနိုင်တဲ့အခြေအနေပါ။ အထူးသဖြင့် အပြင်းအထန် ရေဓာတ်ဆုံးရှုံးမှုနဲ့ ပြင်းထန်အရက်နာကျတာတွေ ဖြစ်စေနိုင်ပါတယ်။အရက်သောက်ရင် မူးပြီး အိပ်ပျော်တယ်ဆိုတဲ့ ယုံတမ်းအမှားကြီးဟာ အရက်ကို အိပ်ရာဝင်ခါနီးမှာ သောက်သုံးဖြစ်အောင် တွန်းအားပေးနေတာပါ။ တကယ်တော့ အရက်သောက်ပြီး အိပ်ပျော်သွားတာဟာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တာမဟုတ်သလို ကျန်းမာရေးကိုလည်း အထောက်အကူမပြုပါဘူး။ တကယ်တမ်းမှာ အယ်လ်ကိုဟောက အိပ်စက်ခြင်းကို ထိခိုက်စေတဲ့ ဓာတ်တစ်မျိုးသာဖြစ်ပါတယ်။မော်တော်ယာဉ်မောင်းနှင်နေချိန် ဒါမှမဟုတ် မမောင်းနှင်မီမှာ အရက်သေစာ သောက်စားတာမျိုး လုံးဝမပြုလုပ်သင့်ပါဘူး။ ဒီအချက်ဟာ သင့်ကို အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့အထိ ပြဿနာဖြစ်စေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မော်တော်ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူတွေရဲ့ ၂၈% က အရက်သောက်ထားကြသူတွေမို့ပါ။Antibiotics တွေဟာ အယ်လ်ကိုဟော နဲ့ ရောနှောသွားလို့ မဖြစ်တဲ့ ဆေးဝါးအမျိုးအစားတွေဖြစ်ပါတယ်။ အခြေအနေတစ်ခုခုကြောင့် ပဋိဇီဝဆေးတွေ မှီဝဲနေရတယ်ဆိုရင် အရက်ကို မဖြစ်မနေ ရှောင်ကျဉ်ဖို့ လိုအပ်ပါတယ်။စိတ်ဖိစီးတာ၊ စိတ်ဓတ်ကျတာ၊ စိတ်ပင်ပန်းတာ၊ ပူပင်သောကများတာတွေ ခံစားနေရတယ်ဆိုရင် အရက်နဲ့ဖြေဖျောက်ဖို့ မစဉ်းစားပါနဲ့။ အရက်က သင့်ရဲ့ ပူပင်သောကတွေကို ပိုဆိုးသွားစေ၊ ဆုံးဖြတ်ချက်မှားတွေကို ပိုလုပ်မိစေပါလိမ့်မယ်။ ဒါ့အပြင် အရက်ဟာ စိတ်ကျန်းမာရေးပြဿနာတွေကို ပိုဆိုးရွားစေတဲ့ အရာတစ်ခုဆိုတာကိုလည်း သိထားဖို့ လိုပါတယ်။ပြင်းထန်တဲ့နေပူထဲ အချိန်အကြာကြီး အလုပ်လုပ်ပြီးချိန် ဒါမှမဟုတ် နေပူပူမှာ လူစုလူဝေးနဲ့ အချိန်ကြာမြင့်စွာ လမ်းလျှောက်ခဲ့ပြီးချိန်တွေမှာ အရက်သောက်သုံးခြင်းကို ရှောင်ကျဉ်ရပါမယ်။ ဒီအပြုအမူမျိုးဟာ ခန္ဓာကိုယ်မှာ လွန်လွန်ကဲကဲရေဓာတ်ဆုံးရှုံးတာ၊ လေဖြတ်တာ၊ ဦးနှောက်သွေးကြောထိခိုက်တာတွေ ဖြစ်စေနိုင်ပါတယ်။ခုဖော်ပြခဲ့တဲ့ အခြေအနေတွေမှာ အရက်သေစာ သောက်စားမှုကို လုံးဝရှောင်ကျဉ်သင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးထားပါတယ်။ တကယ်တမ်းအားဖြင့်တော့ အရက်သောက်သုံးမှုဟာကျန်းမာရေးကို ထိခိုက်စေတဲ့ အပြုအမူတစ်ခုဖြစ်ပါတယ်။ဒါပေမယ့် ကြိုက်နှစ်သက်လို့ဖြစ်စေ၊ အကြောင်းပြချက်တစ်ခုခုကြောင့်ဖြစ်စေ မှီဝဲဖြစ်တယ်ဆိုရင်တောင်မှ အထက်မှာ ဖော်ပြထားတဲ့ အခြေအနေတွေ၊ အခိုက်အတန့်တွေမှာတော့ အရက်သောက်သုံးတာမျိုး လုံးဝမပြုလုပ်သင့်ဘူးလို့ အကြံပြုပါရစေ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/you-didnt-know-you-should-avoid-drinking-alcohol/
null
null
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/other-conception-topics/%e1%80%94%e1%80%ad%e1%80%af%e1%80%b7%e1%80%90%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%94%e1%80%b1%e1%80%85%e1%80%89%e1%80%ba-%e1%80%94%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%91%e1%80%95%e1%80%ba/
ဝက်ခြံအမာရွတ်နဲ့ နေလောင်ဒဏ်
သင့်မျက်နှာပေါ်က ဝက်ခြံတွေကို ကောင်းကောင်းဂရုမစိုက်ဖူးဆိုရင် သင့်ဝက်ခြံဟာ နောက်ဆက်တွဲ ပြဿနာများစွာကို သယ်ဆောင်လာနိုင်ပါတယ်။ သင့်ဝက်ခြံဟာ အမာရွတ်ဖြစ်သွားနိုင်ပြီး နေလောင်ဒါဏ်ခံရရင် ပိုဆိုးလာနိုင်ပါတယ်။ ဝက်ခြံအမာရွတ်နဲ့ နေလောင်ဒဏ် ဆိုတာ လူနာအများအပြား ကြုံတွေ့ရလေ့ရှိတဲ့ အရေပြားပြဿနာတွေပဲ ဖြစ်ပါတယ်။ ဒီပြဿနာတွေ ဘာလို့ဖြစ်ရတာလဲ ဆိုတာရယ်၊ဒီပြဿနာတွေက သင့်အသားအရေကို ဘယ်လိုထိခိုက်စေနိုင်သလဲဆိုတာရယ်ကို သိထားမယ်ဆိုရင် သင့်အနေနဲ့ သူတို့ကို မှန်ကန်ထိရောက်စွာ ကုသနိုင်မှာပဲ ဖြစ်ပါတယ်။နီရဲရောင်ရမ်းနေတဲ့ ဝက်ခြံတွေ ပျောက်သွားတဲ့အခါ ဝက်ခြံအမာရွတ်တွေ ဖြစ်လာပါတယ်။ အဆီတွေ၊အရေပြားဆဲလ်သေတွေနဲ့ ဘက်တီးရီးယားတွေဟာ မွေးညင်းပေါက်တွေကို ပိတ်ဆို့ပြီး ဝက်ခြံတွေ ဖြစ်လာတတ်ပါတယ်။ ဝက်ခြံတွေ ဖြစ်တာဟာ အရေပြားကို ထိခိုက်စေတာမို့ သင့်ခန္ဓါကိုယ်က ဒါကိုပြန်ပြင်ဖို့ ကြိုးစားပါလိမ့်မယ်။ ဒီလို ပြန်ပြင်လိုက်တဲ့အတွက် အမာရွတ်တစ်ရှူးတွေ ပေါ်ပေါက်လာပြီး သင့်ရဲ့မူလအရေပြားတစ်ရှူးနဲ့ တူမှာမဟုတ်တော့ဘဲ ဝက်ခြံအမာရွတ်တွေ ဖြစ်ပေါ်လာရပါတော့တယ်။ ခပ်ထူထူအရုပ်ဆိုးတဲ့ အမာရွတ်နဲ့ ပုံမှန်ခပ်သေးသေးပြားပြား အမာရွတ်ဆိုပြီး အမာရွတ်အမျိုးအစားနှစ်မျိုးရှိပါတယ်။နေဆာလှုံလိုက်လို့ သင့်ရဲ့ ခပ်ဖြုဖြုအသားလေး အနည်းငယ်ညိုသွားပြီး အမာရွတ်ကို အုပ်သွားမယ်၊မသိသာစေတော့ဖူးလို့ ထင်ရင် သင်မှားနေပါပြီ။ နေရောင်ခြည်က သင့်ဝက်ခြံအမာရွတ်တွေကို ပိုလို့သာဆိုးစေပါတယ်။ ဘာလို့လဲ။ ဟုတ်ပြီ၊ရှင်းပြပါမယ်။ သင့်အမာရွတ်တစ်ရှူးဟာ ပုံမှန်တစ်ရှူးနဲ့ မတူကွဲပြားပါတယ်။ ပုံပန်းသဏ္ဍာန်နဲ့ အထိအတွေ့ကွာရုံသာမကပါဘူး။ အမာရွတ်တစ်ရှူးတွေဟာ ခရမ်းလွန်ရောင်ခြည်ကို ခံနိုင်စွမ်းအားလည်း နည်းပါတယ်။ အဓိပ္ပါယ်ကတော့ သင့်ဝက်ခြံအမာရွတ်တွေဟာ နေလောင်ဒဏ်ကြောင့် ထိခိုက်နိုင်ချေ ပိုများတယ်လို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။ နေရောင်ခြည်က သင့်အမာရွတ်ကို ပိုမည်းစေပြီး နေလောင်ဒါဏ်ကြောင့်ထိခိုက်မှုကို ပိုလာစေပါတယ်။ ဒါကြောင့် သင်အပြင်ထွက်တိုင်း ဝက်ခြံအမာရွတ်ပေါ်ကို နေလောင်ခံခရင်မ်လိမ်းဖို့ အရေပြားဆရာဝန်က အကြံပြုတာပဲ ဖြစ်ပါတယ်။ သင့်အနေနဲ့ ခရမ်းလွန်ရောင်ခြည်အေ ရော ဘီ ပါ နှစ်ခုလုံးကို ကာကွယ်ပေးနိုင်ပြီး နေလောင်ဒဏ်ကာကွယ်တဲ့ SPF အနည်းဆုံး ၅၀ ပါဝင်တဲ့ နေလောင်ခံခရင်မ်ကို အသုံးပြုရပါမယ်။ဝက်ခြံအမာရွတ်တွေ၊နေလောင်ဒဏ်တွေ မခံစားရစေဖို့အတွက် အရေးတကြီးပြုလုပ်ရမယ့် အရာကတော့ ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။ သင့်ဝက်ခြံနီရဲရောင်ရမ်းပြီး ကောင်းကောင်းလည်း မကုသဖူးဆိုရင် အမာရွတ် ဖြစ်လာနိုင်ချေ ပိုများပါတယ်။ ဝက်ခြံဖြစ်တဲ့အချိန်မှာ သင့်တော်တဲ့နည်းလမ်းတွေနဲ့ စနစ်တကျကုသပြီး အသားအရေကို ထိန်းသိမ်းမယ်ဆိုရင် အမာရွတ်ဖြစ်လာစရာအကြောင်း မရှိပါဘူး။ သင့်အနေနဲ့ ဝက်ခြံကို ညှစ်တာ ဒါမှမဟုတ် ပွတ်သပ်ကိုင်တွယ်တာမျိုး မပြုလုပ်သင့်ဖူးလို့ ဆိုလိုပါတယ်။ ရောင်ရမ်းတာတွေကို လျော့နည်းစေဖို့အတွက် ဝက်ခြံကိုသဘာဝအတိုင်း ပျောက်ကင်းပါစေ။ ဘာလို့လဲဆိုတော့ ရောင်ရမ်းတာနည်းလေလေ သင့်အရေပြားတစ်ရှူးကို ထိခိုက်မှု နည်းလေလေမို့ပဲ ဖြစ်ပါတယ်။benzoyl peroxide နဲ့ salicylic acid ပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကို ရွေးချယ်သုံးစွဲပါ။ သူတို့တွေဟာ အရေပြားရောင်ရမ်းတာကို လျော့နည်းစေတဲ့အပြင် မွေးညင်းပေါက်တွေပိတ်တာကိုပါ ကာကွယ်ပေးလို့ပဲ ဖြစ်ပါတယ်။နေလောင်ဒဏ်ကို ကာကွယ်နိုင်ဖို့အတွက် နေပူထဲကိုလည်း တတ်နိုင်သမျှ မထွက်ပါနဲ့။ နေပူရှိန်အပြင်းဆုံးဖြစ်တဲ့ မနက်ဆယ်နာရီနဲ့ နေ့လည်နှစ်နာရီကြားကာလမှာ နေပူထဲမထွက်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ တကယ်လို့ မဖြစ်မနေ နေပူထဲ ထွက်ရတော့မယ်ဆိုရင်လည်း နေလောင်ခံခရင်မ်တွေ လိမ်းဖို့နဲ့ လုံလုံခြုံခြုံဝတ်စားသွားလာဖို့ မမေ့ပါနဲ့။ လေဆာပစ်တာ ဒါမှမဟုတ် ဆေးထိုးတာ အစရှိတဲ့ ခွဲစိတ်စရာမလိုတဲ့ ကုသမှုလေးတွေကိုလည်း ပြုလုပ်လို့ ရပါသေးတယ်။ လေဆာပစ်ပြီး ကုသခြင်းဟာ ဝက်ခြံအမာရွတ်ရှိနေတဲ့ တစ်ရှူးတွေကို ဖျက်ဆီးပေးတာဖြစ်တဲ့အတွက် အရေပြားကို ညီညာစေပြီး collagen (ကော်လဂျင်) ဓါတ်ထွက်ရှိမှုကိုလည်း အားပေးကူညီပေးပါတယ် (collagen ဆိုတာ အရေပြားအသစ်ဖြစ်ပေါ် ဖွဲ့စည်းမှုမှာ အရေးကြီးတဲ့ ပရိုတင်းတမျိုးဖြစ်ပါတယ်)။collagen ဟာ အရေပြားကို နူးညံ့ပြီး ပြည့်ပြည့်ဖြိုးဖြိုးလေး ဖြစ်လာစေပါတယ်။ အမာရွတ်အသေးလေးတွေမှာ လိုအပ်နေတဲ့ တစ်ရှူးနေရာတွေကို ဖြည့်ပေးဖို့ collagen ကို အသုံးပြုပါတယ်။ လေဆာပစ်ခြင်းနည်းတူ filler ထိုးခြင်းဟာလည်း အမာရွတ်အသေးလေးတွေမှာ လစ်ဟာနေတဲ့ တစ်ရှူးနေရာတွေကို collagen ဓါတ်နဲ့ ဖြည့်ပေးပါတယ်။ ဒါပေမယ့် filler ထိုးတာဟာ အာနိသင်ပြဖို့ အချိန်ပိုလိုအပ်ပါတယ်။collagen ဆိုတာ ပရိုတင်းမော်လီကျူးအကြီးစားဖြစ်ပြီး ကျွန်တော်တို့ရဲ့ အရေပြားက အလွယ်တကူ မစုပ်ယူနိုင်ပါဘူး။ သင့်အသားအရေကို သင်ထင်ထားတာထက် ပိုပြီးဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ဝက်ခြံအမာရွတ်တွေနဲ့ နေလောင်ဒဏ်တွေအကြောင်း နားလည်ထားမယ်ဆိုရင် အသားအရေထိန်းသိမ်းမှုကို အန္တရာယ်ကင်းကင်းနဲ့ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ကျန်းမာပျော်ရွှင်တဲ့ နေထိုင်မှုဘဝကို ထိန်းသိမ်းထားဖို့က အင်မတန် အရေးကြီးပြီး တကယ်လို့ သင့်အရေပြားနဲ့ ပတ်သက်လို့ ပြဿနာရှိနေပြီလို့ထင်ရင် အရေပြားဆရာဝန်နဲ့ အမြန်ဆုံးပြသတိုင်ပင်ရမှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%80%9d%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%b6%e1%80%a1%e1%80%99%e1%80%ac%e1%80%9b%e1%80%bc%e1%80%90%e1%80%b9%e1%80%94%e1%80%b2%e1%82%95-%e1%80%b1%e1%80%94%e1%80%b1%e1%80%9c%e1%80%ac%e1%80%84/
ဝမ်းဗိုက်ရှေ့ကြွက်သား ကွဲထွက်၊ဟခြင်း
ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ဝန်ဆောင်စဉ်မှာ ကိုယ်ခန္ဓါ ပြောင်းလဲမှု မျိုးစုံကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အချို့ပြောင်းလဲမှုတွေက ရင်သားနဲ့ ခြေထောက်ရောင်ရမ်းမှုတွေဖြစ်ပြီး ခဏတာသာ ဖြစ်ပေမယ့် အချို့ကတော့ သူမဘဝတစ်လျှောက်လုံး တည်ရှိနိုင်ပါတယ်။ဒီလိုကလေးမွေးအပြီး ကိုယ်ခန္ဓါ ပြောင်းလဲမှုတွေ ထဲက တစ်ခုကတော့ ဝမ်းဗိုက်ကြွက်သား ဟခြင်းပဲဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဒီပြဿနာအကြောင်း ဖေါ်ပြသွားမှာဖြစ်ပါတယ်။ဝမ်းဗိုက်ရှေ့ကြွက်သားဟခြင်း (Diastasis Recti) ဟာ သားအိမ်ရဲ့ လွန်ကဲတဲ့ ဖောင်းတင်းမှုကြောင့် ဖိအားများပြီး ရင်ညွှန့်ကနေ ဆီးခုံရိုးထိဆက်သွယ်တန်းထားတဲ့ ဗိုက်အလယ်ပိုင်းရှိ linea alba ကြွက်သားအမျှင်များ (ဘယ်နှင့်ညာဝမ်းဗိုက်ကြွက်သားကို ဆက်သွယ်ပေးထားသည်) သည် အဆွဲဆန့်လွန်ပြီး ကွဲသွားခြင်း ဖြစ်ပါတယ်။ဒီလိုဖြစ်ခြင်းဟာ ဝမ်းဗိုက်ရှေ့ကြွက်သား (rectis abdominits) ရဲ့ ဘယ်ညာနှစ်ဘက်မှာ ၃ စင်တီမီသာထက် ပိုပြီးတော့ ကွဲထွက်၊ ဟခြင်းကို ဖြစ်ပေါ်စေပြီး ဗိုက်ကို ဖေါင်းထွက်လာစေပါတယ်။ ဒီအခြေအနေကို ခံစားနေရတဲ့ မိခင်အများစုဟာ ဝမ်းဗိုက်ရှေ့ကြွက်သားဟခြင်း ကို ဗိုက်ဖေါင်းလာပြီး နောက်တစ်ကြိမ်ကိုယ်ဝန်ရှိခြင်းနဲ့ တူတယ်လို့ ဖေါ်ပြကြပါတယ်။ဒီပြဿနာဟာ ကလေးငယ်တွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီအခြေအနေဟာ အန္တရာယ်မရှိပဲ သူ့အလိုလို ပျောက်သွားနိုင်ပါတယ်။ဒီပြဿနာကို မိခင်နဲ့ ကလေးအတွက် ရောဂါ (သို့) အန္တရာယ်ရှိတဲ့အခြေအနေတစ်ခုအဖြစ် မသတ်မှတ်ကြပေမယ့် ဗိုက်အလယ်ပိုင်းမှာ ထောက်ပံ့ပေးနိုင်ခြင်း ကင်းမဲ့တာမို့ ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီဆိုးကျိုးတွေကတော့။အချို့အလွန်ရှားပါးတဲ့အခြေအနေတွေမှာ အူကျွံခြင်းကို ဖြစ်စေတတ်ပါတယ်။Sarah Haag အမည်ရှိကုထုံးဆရာဝန်၏ အဆိုအရ ကိုယ်ဝန်ဆောင်မိခင်တိုင်းဟာ ကိုယ်ဝန် တတိယသုံးလကိုရောက်ချိန်မှာ ဝမ်းဗိုက်ရှေ့ ကြွက်သားဟခြင်း အခြေအနေတစ်ခုအထိ ဖွံ့ဖြိုးလာတတ်တယ်လို့ ဆိုပါတယ်။ဒါပေမယ့် ဒီအခြေအနေရဲ့ ပြင်းထန်မှုကတော့ အောက်ပါအချက်တွေရှိတယ်ဆိုရင် ပိုဆိုးနိုင်ပါတယ်။သတင်းကောင်းကတော့ ခွဲစိတ်အပြီးမှာ မိခင်ရဲ့ linea alba (ဝမ်းဗိုက်အလယ်တွင်ရှိသော ရင်ညွှန့်ရိုးမှ ဆီးခုံရိုးထိဆက်ထားသော ကြွက်သားအမျှင်စု)ဟာ သူ့ရဲ့ ကိုယ်ပိုင် ကျုံ့နိုင်ဆန့်နိုင်စွမ်းနဲ့ တင်းကျပ်မှုတွေကို ပြန်ရနိုင်ပါတယ်။ဗိုက်အလယ်က နှစ်ခြမ်းဟာ တဖြည်းဖြည်း ပြန်ပိတ်လာနိုင်ပါတယ်။ ကလေးတွေအတွက် သတင်းဆိုးကတော့ ကိုယ်ခန္ဓါဟာ ဒီလိုကံျု့ခြင်းကို အနည်းငယ်သာ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင်ကိုယ်ဝန်မဆောင်ခင် အခြေအနေတွေကို ပြန်ဖြစ်ဖို့ဆိုတာ ရာနှုန်းအလွန်နည်းပါတယ်။ဒီပြဿနာ ကို ကာကွယ်ခြင်းနဲ့ ကုသခြင်းအတွက် အကောင်းဆုံးနည်းလမ်းကတော့ ဗိုက်ကြွက်သားတွေကို သန်မာစေတဲ့ လေ့ကျင့်ခန်းတွေဖြစ်တဲ့ ယောဂလေ့ကျင့်ခန်း၊ ခြေထောက်ဆန့်တန်းခြင်း၊ လေးဖက်ထောက်ပြီး ခြေထောက်ဆန့်ထုတ်သောလေ့ကျင့်ခန်းတွေကို လုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်။ဒီအခြေအနေကို ပိုဆိုးစေတဲ့ လေ့ကျင်ခန်းတွေဖြစ်တဲ့ ဒိုက်ထိုးခြင်း၊ ထိုင်ထလုပ်ခြင်း၊ ဝိတ်မခြင်း၊ အိပ်ထမတင်လုပ်ခြင်း အစရှိတာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ မိခင်တွေဟာ ကလေးမွေးပြီးချိန်မှာ လေးလံတဲ့ အရာဝတ္ထုတွေကို မမသင့်ပါဘူး။ဝမ်းဗိုက်လေ့ကျင့်ခန်းတွေကို ကလေးမွေးပြီး ပထမ ခြောက်ပတ်အတွင်း မလုပ်သင့်ပါဘူး။ ဒါဟာ ကြွက်သားတွေရဲ့ သဘာဝအတိုင်းပြန်ကောင်းစေတဲ့ ဖြစ်စဉ်ကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ကိုယ်ဝန်ရှိနေတဲ့ အမျိုးသမီးတွေကို ကလေးမမွေးခင်မှာ ကလေးညှစ်တဲ့နည်းလမ်းတွေကို ကြိုတင်သင်ကြားပေးထားသင့်ပါတယ်။ ကလေးကို မှားယွင်းစွာညှစ်ခြင်းဟာ ဗိုက်မှာ ပြင်းထန်တဲ့ ဖိအားကိုဖြစ်စေပြီး ဆန့်ခြင်းရဲ့ ဆိုးရွားမှုကို မြင့်တက်စေပါတယ်။ပြင်းထန်တဲ့အခြေအနေတွေမှာ မိခင်တွေဟာ ဝမ်းဗိုက်ရှေ့ ကြွက်သားဟခြင်းအတွက် ခွဲစိတ်မှုကို ပြုလုပ်သင့်ပြီး ကြွက်သားကို ပြန်စေ့စေသင့်ပါတယ်။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/other-conception-topics/%e1%81%80%e1%80%99%e1%80%ba%e1%80%b8%e1%80%97%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%9b%e1%80%be%e1%80%b1-%e1%80%b7%e1%80%80%e1%80%bc%e1%80%bd%e1%80%80%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8-%e1%80%80/
အယ်ကာလီဓာတ်များတဲ့ရေနဲ့ ကျန်းမာရေး
(ရိုးရိုးရေသောက်တာထက်pH ပမာဏများတဲ့အယ်ကာလီရေသောက်တာ ကျန်းမာရေးအတွက်တကယ်အကျိုး ရှိမရှိကို ပြောပြချင်ပါတယ်)။ရေဆိုတာ သက်ရှိအားလုံးအတွက်မရှိမဖြစ်တဲ့ သက်စောင့်ဓာတ်တစ်မျိုးပါ။ဆဲလ်တိုင်း၊ကြွက်သားတိုင်းပုံမှန် အလုပ်လုပ်နိုင်ဖို့ရေဓာတ်ကိုရယူသုံးစွဲရပါတယ်။ဒါ့ကြောင့် ရေအသက် တစ်မနက်လို့တောင် ဆိုကြတာမဟုတ်လား။ ရေထဲမှာအက်စစ်ဓာတ်လွန်ကဲနေလား၊ အယ်ကာလီဓာတ်များနေသလားဆိုတာကို pH ပမာဏနဲ့ခွဲခြား ပါတယ်။pH ပမာဏနည်းရင် အက်စစ်ဓာတ်မြင့်တဲ့ရေဖြစ်သွားပြီး pH ဓာတ်များနေရင်တော့အယ်ကာလီများတဲ့ ရေအဖြစ်သတ်မှတ်နို်င်ပါတယ်။ pH ပမာဏက ၁ ကနေ ၁၄ အထိ ရှိပါတယ်။ ကျွန်တော်တို့နေ့စဉ်သောက်သုံး နေတဲ့ရေသန့်တွေက pH ပမာဏ ၇ ရှိပြီး အက်စစ်ဓာတ်လည်းမဖြစ်၊ အယ်ကာလီလည်းမဟုတ်တဲ့ ရိုးရိုးရေပါ။အရောင်အဆင်းအနံ့အရသာဘာမှမရှိတဲ့ ရေသန့်ဖြစ်တဲ့အတွက်စိတ်ချလက်ချသောက်နိုင်သလိုခန္ဓာကိုယ် အတွက်လိုအပ်တဲ့ဓာတ်သတ္ထုတွေလည်းပါဝင်ပြီးသားဖြစ်ပါတယ်။ အယ်ကာလီဓာတ်များတဲ့ရေမှာတော့ pH ဓာတ်က ၇ ကျော်ရှိပါတယ်။ သဘာဝအတိုင်းအယ်ကာလီဓာတ်မြင့်တဲ့ရေရှိသလို စက်ရုံကနေပြုပြင်ထုတ်လုပ် ထားတာတွေလည်းရှိပါတယ်။အယ်ကာလီရေသောက်သုံးရတာကိုနှစ်ကြိုက်သူတွေက အယ်ကာလီဓာတ်များတဲ့ရေမှာ ရိုးရိုးရေထက် ဟိုက်ဒရိုဂျင်ဓာတ်ပိုပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ရေဓာတ်ကိုပိုကောင်းကောင်း ဖြည့်ဆည်းပေးနိုင်တယ်လို့ ပြောကြပါတယ်။နောက်ပြီးရေထဲမှာပါတဲ့အယ်ကာလီဓာတ်က ကိုယ်တွင်းက အက်စစ်ဓာတ်ကိုလျှော့ချပေးနိုင်တဲ့အပြင် သွေးပေါင်ချိန်နဲ့ သွေးတွင်းအချိုဓာတ်ကိုထိန်းပေးတယ်၊ ဇီဝဖြစ်ပျက်မှုမြန်စေတယ်၊ အစာကြေစေတယ်၊ အရိုးပျက်စီးမှုကိုနှေးကွေးစေတယ် ဆိုပြီးယုံကြည်နေကြပါတယ်။ သိပ္ပံနည်းကျလေ့လာမှုတွေလုပ်ပြီးတဲ့အခါမှာတော့ အယ်ကာလီဓာတ်မြင့်တဲ့ရေက ဘာကျန်းမာရေးအစွမ်း မှပိုထူးခြားပြီးမပေးနိုင်တာကိုတွေ့ရှိခဲ့ရပါတယ်။တကယ်တော့ အယ်လ်ကာလီဓာတ်မြင့်တဲ့ရေသောက်ရင်ရမယ့်အကျိုးကျေးဇူးတွေအကုန်လုံးကို ကျွန်တော်တို့ ခန္ဓာကိုယ်ကသဘာဝအလျောက်လုပ်ပေးနေလို့ အထူးတလည်သောက်သုံးဖို့မလိုအပ်ပါဘူး။ကိုယ်တွင်းအညစ် အကြေးတွေသန့်စင်ဖို့ကိစ္စကို မွေးကတည်းကပါတဲ့ကျောက်ကပ် (၂) လုံးက ကောင်းကောင်းတာဝန်ယူနိုင်ပါ တယ်။ကျောက်ကပ်တွေကကိုယ်တွင်းအက်စစ်ဓာတ်ကိုထိန်းချုပ်တာအပြင် ကိုယ်တွင်းအညစ်အကြေးတွေကို စစ်ထုတ်တဲ့အလုပ်ကိုပါလုပ်ဆောင်ပေးပါတယ်။ နောက်ပြီးဘယ်လောက် အယ်ကာလီဓာတ်များတဲ့ရေသောက် သောက် အစာအိမ်အက်စစ်ဓာတ်ကိုမယှဉ်နိုင်ပါဘူး။ စားသောက်လိုက် သမျှအရာတွေအားလုံးအစာအိမ်ထဲ ရောက်ရင်ဖြိုခွဲခံရတာပါပဲ။ဒါ့ကြောင့်အယ်ကာလီရေသောက်သုံးတာက ကိုယ်တွင်းအက်စစ်ဓာတ်အပေါ်ဘာမှ မသက်ရောက်ပါဘူး။အရိုးပျက်စီးမှုကိုနှေးကွေးစေခြင်း၊သွေးပေါင်ချိန်နဲ့သွေးတွင်းအချိုဓာတ်ကိုထိန်းသိမ်းပေး နိုင်ခြင်းဆိုတဲ့အချက်တွေနဲ့ပတ်သက်လို့သုတေသနတွေကိုလေ့လာကြည့်တဲ့အခါမှာ ရလဒ်တွေကဝေဝေဝါးဝါး ပဲရှိနေပါတယ်။ ဒီသုတေသနတွေအတော်များများကိုရေသန့်ထုတ်လုပ်ရောင်းချတဲ့လုပ်ငန်းတွေကပဲ လုပ်ဆောင်ထားတာဖြစ်လို့ ရလဒ်တွေကအပြည့်အဝစိတ်ချရမှုရှိချင်မှရှိမှာပါ။ဒါ့ကြောင့် အယ်ကာလီဓာတ်မြင့်တဲ့ရေသောက်လို့ကျန်းမာရေးအရဘာကောင်းကျိုးမှ အထူးတလည်ရလာမှာ မဟုတ်ဘူးလို့ပြောချင်ပါတယ်။ သောက်သုံးရင်ဘေးဖြစ်၊ မဖြစ်ကတော့ ဘယ်လောက်ကြာကြာအထိ သောက်လဲဆိုတာနဲ့ pH ဘယ်လောက်မြင့်လဲဆိုတာအပေါ်မူတည်ပါတယ်။ ဘယ်အရာမှအစွန်းရောက်တာ မကောင်းမှန်းသိကြမှာပါ။pH 8 ဒါမှမဟုတ် 9 လောက်အထိက ပြဿနာမရှိပေမဲ့ 11 ဒါမှမဟုတ် 12 လောက် အထိရောက်နေတဲ့ရေကို တစ်နှစ်လောက်သောက်သုံးမယ်ဆိုရင်တော့ ကျန်းမာရေးပြဿနာတွေခံစားရနိုင်ပါ တယ်။ အထူးသဖြင့်ကျောက်ကပ်မကောင်းတဲ့သူတွေဆိုပိုပြဿနာဖြစ်နိုင်ပါတယ်။ အယ်ကာလီဓာတ်အများ ကြီးကိုယ်ထဲရောက်သွားတာကြောင့် အရေပြားခြောက်သွေ့တာ၊ ယားယံတာနဲ့ တချို့သူတွေမှာဗိုက်အောင့် ဗိုက်နာတွေလည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့အသက်အန္တရာယ်ဖြစ်စေလောက်တဲ့အထိတော့မဆိုးဝါးနိုင်ပါဘူး။သဘာဝအတိုင်းရရှိတဲ့စိမ့်စမ်းရေ၊ တောင်ကျရေတချို့မှာလည်း အယ်ကာလီဓာတ်မြင့်တဲ့ရေတွေရှိပါတယ်။ ဒီလို ရေတွေထဲမှာသဘာဝဓာတ်သတ္ထုတွေပါဝင်တာကြောင့်စက်ရုံထဲကနေ ionization လုပ်ပြီးထွက်လာတဲ့ အယ်ကာလီရေတွေထက်ကျန်းမာရေးအတွက်ပိုသင့်တော်ပါတယ်။ အယ်ကာလီဓာတ်မြင့်အောင်လုပ်ယူ တဲ့အခြေအနေမှာ ရေထဲကအရေးကြီးတဲ့ဓာတ်သတ္ထုတချို့ ဆုံးရှုံးသွားနိုင်တဲ့အတွက်ကြောင့် စီးပွားဖြစ်ထုတ် လုပ်တဲ့အယ်ကာလီရေတွေကိုသောက်သုံးရင်ခန္ဓာကိုယ်အတွက်တကယ်လိုအပ်တဲ့ဓာတ်တွေမရရှိဘဲဖြစ်သွား နိုင်ပါတယ်။ဒါ့ကြောင့်အယ်ကာလီဓာတ်မြင့်ရေကို သောက်သုံးချင်တဲ့သူတွေကိုမှာချင်တာက ဒီလိုရေတွေ သောက်လို့ရပေမဲ့ ကျန်းမာရေးအရထူးခြားမှုရှိမှာမဟုတ်ပါဘူး။ မသောက်ခင်မှာ ကိုယ်တွင်းသုံး pH တိုင်းတာစက်နဲ့ pH ပမာဏကိုတိုင်းသင့်ပါတယ်။ pH ပမာဏအရမ်းများနေရင် မသောက်သင့်ပါဘူး။ အယ်ကာလီများတဲ့ရေကို ရေရှည်သောက်ရင် တချို့သူတွေမှာကျန်းမာရေးပြဿနာတချို့ ခံစားရနိုင်တာကိုလည်း သတိပြုသင့်ပါတယ်။Dr. Htoo Tint။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%a1%e1%80%9a%e1%80%ba%e1%80%80%e1%80%ac%e1%80%9c%e1%80%ae%e1%80%93%e1%80%ac%e1%80%90%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%b2%e1%80%b7%e1%80%9b%e1%80%b1%e1%80%94%e1%80%b2/
မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံ
ဝက်ခြံ မျက်နှာမှာ ပေါက်ရင် သြော်……..ပေါက်နေကျပဲလေလို့ ထားလိုက်တတ်ပေမယ့်မိန်းမကိုယ်မှာ ဝက်ခြံပေါက်လာပြီဆိုရင်တော့ ပေါက်လေ့ပေါက်ထရှိရဲ့လား။ကျန်းမာရေးပြဿနာတစ်ခုခုများရှိနေတာလားဆိုပြီး စိုးရိမ်တဲ့စိတ်လေဒီလေးတော်တော်များများ ဖြစ်တတ်ကြပါတယ်။ မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံ က ပုံမှန်ပဲလားလို့ သိချင်နေတယ်ဟုတ်………..။ဒီတစ်ခေါက်တော့ မိန်းမကိုယ်မှာဝက်ခြံပေါက်တာက ပုံမှန်ပဲလား၊ဘယ်လို ကာကွယ်ရမလဲဆိုတာလေးကို ပြောပြပေးသွားပါမယ်။မိန်းမကိုယ်မှာ ဝက်ခြံပေါက်တာက ပုံမှန် အခြေအနေတစ်ရပ်ပါ။  မိန်းမကိုယ်မှာချွေးပေါက်ဂလင်းလေးတွေနဲ့မွေးညှင်းအိတ်လေးတွေရှိနေတာကြောင့် ဝက်ခြံ ဖြစ်နိုင်ပါတယ်။ အခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ ဝက်ခြံ ဖြစ်သလို မျိုးပေါ့။နောက်တစ်ချက် ရှိတာက မိန်းမကိုယ်ဟာ နုနယ်သလို ခန္ဓာကိုယ်က အချို့အစိတ်အပိုင်းတွေလိုပဲထိခိုက်လွယ်တဲ့ အရေပြားအမျိုးအစားပါ။ ဒါကြောင့် မိန်းမကိုယ်မှာလည်း ဝက်ခြံ၊အဆီဂလင်းပိတ်ဆို့မှုကနေဖြစ်လာတဲ့ဆားဝက်ခြံလို အဆံတွေ ဖြစ်နိုင်ပါတယ်။ဒါကြောင့် မိန်းမကိုယ်မှာ ဝက်ခြံပေါက်လာတဲ့အခါ မစိုးရိမ်ပါနဲ့။ နေရထိုင်ရ မသက်မသာဖြစ်ပေမယ့်ကျန်းမာရေးကို ထိခိုက်စေနိုင်တာမျိုး မဟုတ်ဘဲ ဖြစ်လေ့ဖြစ်ထရှိတာ တစ်ခုသာ ဖြစ်ပါတယ်။မိန်းမကိုယ်မှာ ဝက်ခြံဖြစ်စေတဲ့ အကြောင်းအရင်းကတော့ အများကြီးပါ။ဒါတွေအပြင်။မိန်းမကိုယ်မှာ ပေါက်တဲ့ ဝက်ခြံတွေ မဖြစ်စေဖို့ဆိုရင်။မိန်းမကိုယ်က ဝက်ခြံတွေက တခြားနေရာက ဝက်ခြံတွေလိုပဲ သိပ်မဆိုးရင် သူ့အလိုလိုပျောက်သွားနိုင်ပါတယ်။ ကုတ်တာ၊ ဖဲ့တာ၊ ဆွတာတွေ မလုပ်ပါနဲ့။ လတ်တလောမှာ မိန်းမကိုယ်ကို ခြောက်သွေ့သန့်စင်အောင် ထားပါ။ မျက်နှာမှာ လိမ်းတဲ့ ဝက်ခြံပျောက်ဆေးကို မိန်းမကိုယ်မှာလည်း လိမ်းနိုင်ပါတယ်။ မိန်းမကိုယ်အတွင်းပိုင်းမှာ မဟုတ်ဘဲ အပေါ်ယံအရေပြားမှာ ဆိုရင်ပေါ့။ဒီလိုမဟုတ်ဘဲ ဝက်ခြံတွေက များလာမယ်။ ပိုဆိုးလာမယ်။ ရောင်ရမ်းလာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသတာက အကောင်းဆုံး ဖြစ်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/pelvic-related-issue/acne-in-vagina/
အမျိုးသမီးများ အမွေးရိတ်ဖို့ နည်းလမ်းကောင်းများ
အမျိုးသမီးတွေအတွက် ကြည့်ကောင်းစေဖို့ အမွေးရိတ်ဖို့ လိုအပ်ပါတယ်။ ဒီဆောင်းပါးမှာတော့ အမွေးရိတ်ဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်းကောင်းတွေကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။အရေပြားဟာ ပျော့ပြောင်းနေဖို့ လိုအပ်ပါတယ်။အမွေးမရိတ်ခင် ထိခိုက်ပြတ်ရှမှုတွေကို ကာကွယ်ဖို့ အရေပြားဟာ ပျော့ပြောင်းနေဖို့ လိုအပ်ပါတယ်။ သဘာဝ အဆီတွေ ဖြစ်တဲ့ အုန်းဆီ၊ သံလွင်ဆီတွေဟာ သင့်အရေပြားပေါ်မှာ ဘရိတ်ဓါးနဲ့ ရိတ်ခြင်းကို ပိုမိုချောမွေ့စေပါတယ်။ သင့်မှာ အချိန်ရှိရင် ဘရိတ်ဓါးကို ပိတ်စေနိုင်တဲ့ ဆဲလ်အသေတွေကို ဖယ်ရှားပေးနိုင်တဲ့ ချေးချွတ်ခြင်းကိုလည်း ပြုလုပ်နိုင်ပါတယ်။ဘရိတ်ဓါးကို မကြာခဏ လဲလှယ်သင့်ပါတယ်။တုံးနေတဲ့ ဘရိတ်ဓါးဟာ ပြတ်ရှမှုတွေကို ဖြစ်စေနိုင်ပြီး ဟောင်းနွမ်းနေတဲ့ ဘရိတ်ဓါးဟာလည်း ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ အမျိုးသမီးတွေဟာ ဘရိတ်ဓါးကို သုံးခါကနေ ငါးခါအထိသာ အသုံးပြုသင့်ပြီး ဈေးပေါတဲ့ ဓါးကိုလည်း မဝယ်သင့်ပါဘူး။အောက်ကို အရင်ရိတ်ပြီးမှ အပေါ်ကိုပြန်တက်ပါ။အရေပြားကိုချေးချွတ်ပြီး ပျော့ပြောင်းအောင်လုပ်ပြီးရင်တော့ အမွှေးပေါက်တဲ့ဘက်အတိုင်းရိပ်ပြီး နောက် ပြောင်းပြန်ရိတ်သင့်ပါတယ်။ ဒါဟာ ပထမ အောက်ဘက်ကို အရင်ရိတ်ပြီးမှ အပေါ်ပြန်တက်လာသင့်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ အမွှေးအကုန်ပြောင်သွားတာ သေချာစေဖို့ တစ်နေရာကို နှစ်ခါ ရိတ်သင့်ပါတယ်။အရှည်ကြီးဆွဲရိတ်တာများ မလုပ်ပါနဲ့။အထူးသဖြင့် တင်းကျပ်ပြီး ရိတ်ရခက်တဲ့ နေရာတွေဖြစ်တဲ့ ဒူးခေါင်းလိုနေရာမျိုးအတွက် ရှမိခြင်းကို ကာကွယ်ဖို့ ခပ်တိုတို အချက်လေးတွေနဲ့ ရိတ်သင့်ပါတယ်။ ကိုယ်ခန္ဓါအတွင်းမှရှိတဲ့ မတူညီတဲ့ အစိတ်အပိုင်းတွေကို အမွေးရိတ်ချိန်မှာလည်း မတူညီစွာ ရိတ်သင့်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%99%e1%80%ae%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%a1%e1%80%99%e1%80%bd%e1%80%b1%e1%80%b8%e1%80%9b%e1%80%ad%e1%80%90/
တစ်နေကုန် လန်းဆန်းတက်ကြွနေဖို့ ဘယ်လိုလုပ်မလဲ
ပေါ့ပါးဖျတ်လက်စွာ နေခြင်းဖြင့် အဝလွန်ခြင်း၊ သွေးတွင်း အချိုဓါတ် များခြင်း၊ သွေးဖိအား များခြင်း စတဲ့ကျန်းမာရေး ပြဿနာတွေက ကင်းဝေး စေနိုင်တဲ့အပြင် သင်လိုချင်တဲ့ ခန္ဓာကိုယ် အချိုးအစားကိုလည်း ပိုင်ဆိုင်စေနိုင်ပါတယ်။ ကိုယ်ရဲ့ တက်ကြွဖျတ်လက်မှုကို ရိုးရိုးရှင်းရှင်းနဲ့ ဘယ်လို မြှင့်တင်နိုင်မလဲ။ တစ်နေကုန် လန်းဆန်းတက်ကြွနေဖို့ ဘယ်လိုလုပ်မလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။အခု ဖော်ပြသွားမယ့် အချက်တွေကတော့ ဈေးကြီးပေးရတဲ့ အားကစား စင်တာတွေ သွားဖို့ မလိုတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ကဲ …. တစ်နေကုန် လန်းဆန်းတက်ကြွနေဖို့ ဘယ်လိုလုပ်မလဲ ဆိုတော့ အရင်ဆုံး အပိုင်း (၃) ပိုင်း ခွဲပြီး တစ်နေ့တာလုံးကို ခြုံမိအောင် ပြောပြပေးသွားပါမယ်။ကဲ ….. နည်းလမ်းကောင်းလေးတွေကို အတူတူ လေ့လာလိုက်ရအောင်နော်။(၁) အလုပ်မှာဆိုရင်။တစ်နေ့တာရဲ့ ၈ နာရီ ကနေ ၁၀ နာရီလောက်ကိုအလုပ်ခွင်ထဲမှာပဲ ကုန်ဆုံးရတာပါ။ ဒီတော့ အလုပ်ခွင်ထဲမှာ တက်ကြွနေဖို့ဆိုရင် လိုက်နာရမယ့် နည်းလမ်းလေးတွေကို ပြောပြပေးသွားပါမယ်။ အထိုင်များတဲ့ အလုပ် လုပ်ရသူတွေအတွက် အဆီတွေကို လောင်ကျွမ်းစေဖို့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ဓါတ်လှေကား အစား ရိုးရိုးလှေကား သုံးပါ။ တစ်နာရီ နှစ်နာရီလောက် အလုပ်လုပ်ပြီးတာနဲ့ အလုပ်ထိုင်ခုံက ထပြီး လမ်းလျှောက်တာ ဒါမှမဟုတ် အကြောပြေစေတဲ့ ရိုးရှင်းတဲ့ လေ့ကျင့်ခန်း လုပ်ပါ။ ကိုယ်ခန္ဓာကို လှုပ်ရှားနိုင်သလောက် လှုပ်လှုပ်ရှားရှား နေပါ။ နေ့လယ်စာ ထွက်စားပါ။ နီးနီးနားနား သွားဖို့ရှိရင် လမ်းလျှောက်ဖို့ စဉ်းစားပါ။(၂) အိမ်မှာဆိုရင်။အိမ်မှာနေရင်း တက်ကြွစေဖို့ လုပ်ဆောင်လို့ ရတဲ့ နည်းလမ်းတွေကတော့ အခြား အခြေအနေတွေထက် ပိုများပါတယ်။  ခွေးကျောင်းခြင်း၊ ကလေးတွေနဲ့ ဆော့ကစားခြင်း စတဲ့ ကိုယ်ဝါသနာပါရာ လုပ်ဆောင်ပါ။ အားကစား တစ်ခုခု လုပ်ပါ။ ဖုန်သုတ်တာ ကြမ်းတိုက်တာ နဲ့ ပန်းကန်ဆေးတာ စတဲ့ ရိုးရှင်းတဲ့ အိမ်အလုပ်တွေက အသုံးဝင် ပါတယ်။ ခြံအလုပ်တွေ ဖြစ်တဲ့ မြက်ရိတ်ခြင်း၊ သစ်ရွက်ခြွေခြင်း နှင့် အသုံးမလိုတော့တဲ့ အမှိုက်တွေ ရှင်းထုတ်ခြင်းတွေ လုပ်နိုင်ပါတယ်။ နောက်ပြီး တီဗီကြည့်ရင်း လေ့ကျင့်ခန်း လုပ်တာမျိုးတွေလည်း လုပ်နိုင်ပါတယ်။ကြမ်းကို ပုံစံမှန်မှန် တိုက်တာက ဗိုက်ကြွက်သားက အဆီတွေကို လျှော့ချပေးနိုင်ပြီး တက်ကြွလန်းဆန်းစေဖို့ ထောက်ကူပေးနိုင်မှာပါ။(၃) အပြင်သွားနေချိန်ဆိုရင်။ဖျတ်လတ်တက်ကြွစွာနေဖို့ တစ်ခါတစ်လေမှာ အချိန် နဲ့ အား ပိုကုန်ပါတယ်။ ဈေးဝယ်စင်တာမှာ ကားကို အဝေးမှာ ရပ်ပြီး လမ်းလျှောက်နိုင်ပါတယ်။ လေယာဉ်နောက်ကျနေတဲ့ အချိန်မျိုးမှာ လေဆိပ်ထဲမှာ လမ်းပတ်လျှောက်နေနိုင်ပါတယ်။ ခရီးသွားရင် ၁ နာရီ ၂ နာရီလောက် ကားဆက်တိုက် မောင်းပြီးတာနဲ့ ကိုယ်လက်လေ့ကျင့်ခန်း အနည်းငယ် လုပ်နိုင်ပါတယ်။ရုံးသွားတဲ့အခါ ကားကို ခပ်လှမ်းလှမ်းမှာ ရပ်ထားခဲ့ရင်း လမ်းလျှောက်တာကလည်း နည်းလမ်းကောင်းပါ။ ရထားစီးပြီး ဘူတာကနေ ကိုယ်သွားချင်တဲ့ နေရာက သိပ်မဝေးဘူးဆိုရင် လမ်းလျှောက်သွားတာကလည်း နည်းလမ်းကောင်း တစ်ခုပါပဲ။ ကျောင်းသွားရင် တစ်မှတ်တိုင်လောက် ကြိုဆင်းပြီး လမ်းလျှောက်တာမျိုးလည် ရပါတယ်။ဒီနည်းလမ်းလေးတွေက တစ်နေ့တာကို လန်းဆန်းတက်ကြွနေစေဖို့ ထောက်ကူပေးနိုင်မှာပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/be-more-active-throughout-the-day/
ကလေးတွေက မိခင်ရဲ့ ကိုယ်ခံအားစနစ်မှာ ဘယ်လိုအသက်ရှင်လဲ
လူ့ခန္ဓါကိုယ်ဟာ အစိတ်အပိုင်းတွေ အစားထိုးခြင်းကို လက်မခံပါဘူး။ ဒါကြောင့် အစားထိုးဖို့လိုအပ်တဲ့သူတွေကိုတော့ Immunosupressants တွေကို ညွှန်းလေ့ရှိပါတယ်။ ဒါပေမဲ့ သန္ဓေသားကိုတော့ မိခင်ရဲ့ ခုခံအားစနစ်က မငြင်းဆန်ပါဘူး။ခန္ဓါကိုယ်က ဒီဆုံးဖြတ်ချက်ကို ဘယ်လိုလုပ်ဆောင်သလဲဆိုတာကို သိရဖို့ လေ့လာမှုတွေလုပ်ခဲ့တာ အချိန်တွေလည်း အတော်ကြာခဲ့ပါပြီ။NYU School of Medicin ရဲ့ ကျွမ်းကျင်သူတွေကတော့ ကာလကြာရှည် အဖြေရှာမရခဲ့တဲ့ ဖွံ့ဖြိုးဆဲသန္ဓေသားကို မိခင်ရဲ့ ခုခံအားစနစ်က ဘာကြောင့် ပြင်ပတစ်သျှူးလို့ မသတ်မှတ်ခဲ့တာလဲ ဆိုတဲ့ မေးခွန်းကို တစ်စိတ်တစ်ပိုင်းဖြေရှင်းနိုင်မယ့် အရေးကြီးတဲ့လေ့လာချက်တစ်ရပ်ကိုထုတ်ပြန်ခဲ့ပါတယ်။လေ့လာသူတွေက သန္ဓေသားဖြစ်တည်မှုဟာ ခုခံအားစနစ်က ပြင်ပတစ်သျှူးအဖြစ်တိုက်ခိုက်လာနိုင်မယ့်လမ်းကြောင်းကို ပိတ်ပစ်လိုက်နိုင်တာကို တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ ခုခံစနစ်ရဲ့ဆဲလ်တွေက ဒီသန္ဓေအောင်တဲ့ဖြစ်စဉ်ဘက်ကိုမလှည့်တော့ဘဲ ဖွံ့ဖြိုးနေတဲ့သန္ဓေသားကို မထိခိုက်စေတော့ပါဘူး။ခန္ဓါကိုယ်ရဲ့ သဘာဝခုခံအားစနစ်ဟာ ပြင်ပတစ်သျှူးတွေနဲ့ pathogensတွေ အစားထိုးဝင်ရောက်လာခြင်းကို chemokines တွေက တားဆီးပေးပါတယ်။ Chemokines တွေဟာခုခံဆဲလ် (Immune cells) တွေကိုသုံးပြီး (T cells တွေကိုနှိုးဆွခြင်းပါ အပါအဝင်) တစ်သျှူး သို့မဟုတ် pathogen တွေကို ဒုက္ခပေးပါတယ်။ ဒီဖြစ်စဉ်ဟာ ခုခံအားစနစ် တုံ့ပြန်မှုရဲ့ မရှိမဖြစ် အစိတ်အပိုင်းတစ်ခုပါပဲ။ကိုယ်ဝန်ဆောင်ချိန်မှာ ဖွံ့ဖြိုးဆဲ သန္ဓေသားရဲ့ foreign antigens တွေနဲ့ ချင်းတွေဟာ မိခင်ရဲ့ ခုခံအားစနစ်က ဆဲလ်တွေနဲ့ တိုက်ရိုက်ဆက်သွယ်ပါတယ်။ ဒါပေမဲ့ ကိုယ်အစိတ်အပိုင်းတွေအစားထိုးမှုနဲ့အတူ တစ်သျှူးတွေရဲ့ ငြင်းဆန်ခြင်းကိုတော့ခန့်မှန်းဖို့ မလွယ်ခဲ့ပါဘူး။ဒီသုတေသနအဖွဲ့ဟာ ကိုယ်ဝန်ဆောင် စတင်ခြင်းဟာ မျိုးရိုးဗီဇထဲမှာ သွားသက်ရောက်ပြီး ခုခံအားဆဲလ်တွေကို ရေမြွှာအိတ်ထဲမှာ အလုပ်မလုပ်နိုင်အောင် ပိတ်လိုက်ပါတယ်။ ဒီပြောင်းလဲမှုတွေကြောင့် T-cells တွေဟာ ရေမြွှာအိတ်ထဲမှာ မစုစည်းနိုင်တော့ဘဲ သန္ဓေသားကိုရော အချင်းကိုပါ မထိခိုက်စေနိုင်တော့ပါဘူး။အထူးသဖြင့် သူတို့ဟာ သန္ဓေသားဖြစ်ပေါ်လာမှုဟာ ဖွံ့ဖြိုးလာတဲ့ ရေမြွှာအိတ်ရဲ့ stromal cellsတွေရဲ့ nuclei တွေထဲမှာ chemokine genes တွေ စုစည်းခြင်းကို ပြောင်းလဲစေပါတယ်လို့ ဖောထုတ်ခဲ့ပါတယ်။ DNA အစုလေးဟာ chemokine genes တွေကို ထာဝရရပ်တန့်စေပါတယ်။ ရလဒ်အနေနဲ့ကတော့chemokines တွေ မပေါ်ထွက်လာတော့ဘဲ T cells တွေကလည်း သန္ဓေသားဖွံ့ဖြိုးနေတဲ့ နေရာကို ရောက်မလာတော့ပါဘူး။ရှာဖွေတွေ့ရှိထားတဲ့ DNA packaging ပြောင်းလဲမှုတွေကိုတော့ epigenetic အဆင်မြှင့်တင်မှု လို့ခေါ်ပါတယ်။ ဆိုလိုတာကတော့ ဒီလို ဗီဇအဆင့်မြှင့်ပြောင်းလဲမှုဟာ hereditable gene mutation မရှိဘဲ ဖြစ်သွားတယ်ဆိုတာပါပဲ။ဒီရှာဖွေတွေ့ရှိမှုဟာ သန္ဓေသားနဲ့မိခင်ကြားက ခုခံအားစနစ်အလုပ်လုပ်ပုံအကြောင်းကို ထဲထဲဝင်ဝင်သိရှိစေခဲ့ပါတယ်။ သူတို့ဟာ ဒါတွေဟာ တက်ကြွနေတဲ့ T cells တွေရဲ့လှုပ်ရှားမှုကို ကန့်သတ်လိုက်ခြင်းအားဖြင့် stromal cells တစ်သျှူးတွေထဲက chemokine genes တွေရဲ့ epigenetic modification ကိုလည်း ပြသနိုင်ခဲ့ပါတယ်။ဆိုလိုတာကတော့ ဒီဆဲလ်တွေဟာ chemoattactants တွေကို တားဆီးလိုက်ပြီး ကိုယ်ဝန်ဆောင်ထားတဲ့ သားအိမ်ထဲမှာ T cells တွေကို ထိခိုက်နေတဲ့နေရာတွေဆီခေါ်လာခြင်းကို ကန့်သတ်လိုက်တာပါပဲ။ ရေမြွှာအိတ်ကိုတော့ ခုခံအားစနစ်အလုပ်မလုပ်တော့တဲ့ နေရာတစ်ခုအဖြစ် သတ်မှတ်လိုက်ပါတော့တယ်။ဒီလုပ်ငန်းစဉ် ပုံမှန်အလုပ်မလုပ်ခြင်းဟာ ထိခိုက်မှုတွေကိုဖြစ်စေပြီး မိခင်နဲ့ သန္ဓေသားဆက်သွယ်ထားတဲ့နေရာမှာ ခုခံအားဆဲလ်တွေ စုစည်းမှုကိုဖြစ်စေလို့ ကိုယ်ဝန်ဆောင်ပြဿနာတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒီပြဿနာတွေကတော့ လမစေ့မီမွေးဖွားခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်းနဲ့ ကိုယ်ဝန်ဆောင်သွေးတိုးရောဂါ (preeclampsia) တွေကို ဖြစ်စေနိုင်ပါတယ်။ဒါဟာ လေ့လာသူတွေအတွက်တော့ ကြီးမားတဲ့ ရှာဖွေတွေ့ရှိမှုကြီးပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီသုတေသနက ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်ဘာကြောင့် သန္ဓေသားက ငြင်းဆန်ခြင်းမခံရတာလဲဆိုတဲ့ အဖြေကို တိတိကျကျပေးနိုင်ခဲ့တယ်လေ။ဒီတွေ့ရှိမှုဟာလည်း အကြိတ်တွေက သူကပ်တွယ်နေတဲ့နေရာမှာ နေနိုင်စွမ်းဘာလို့ရှိနေတာလဲဆိုတာနဲ့ ဒီဖြစ်ရပ်နဲ့အလားတူဖြစ်နိုင်ချေများတာကို တွေ့ရပါတယ်။ သူတို့ဟာ ခုခံအားစနစ်ရောဂါ၊ အင်္ဂါအစိတ်အပိုင်းလဲလှယ်ခြင်းနဲ့ ကင်ဆာတွေအပြင် ကိုယ်ဝန်ဆောင်ခြင်းတွေအတွက် တကယ်ကို ထူးခြားတဲ့ ဂယက်တစ်ခုပါပဲ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/other-conception-topics/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%80-%e1%80%99%e1%80%ad%e1%80%81%e1%80%84%e1%80%b9%e1%80%9b%e1%80%b2%e1%80%b7-%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%80%81/
မုယော ရဲ့ကျန်းမာရေး အာနိသင်
မုယော (malt) လို့ ပြောလိုက်ရင် အရင်ဆုံး ပြေးမြင်တာ ဘာလဲ…….malted milkလား…….မုယောအားဖြည့်အချိုရည်တွေလား……ဘီယာလား…. liquor လား……..။ဒါတွေကို မုယောကနေ ထုတ်လုပ်တာပါ။ ဒါတွေ အပြင် မုယောကို သုံးထားတဲ့ကွတ်ကီးတွေတောင် ရှိပါတယ်။ ဒီပစ္စည်းတွေက ထုတ်လုပ်ပုံတွေ ကွာခြားသွားပေမယ့် မုယောကိုပဲ အသုံးပြုထားတာပါ။ ဒီတစ်ခေါက်တော့ ဒီလောက် အမျိုးအမည် များစွာ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ မုယော ကကျန်းမာရေးကို ဘယ်လို ထောက်ကူပေးလဲ ဆိုတာ ပြောပြပေးသွားပါမယ်။မုယောဆိုတာ ဆန်၊ ဂျုံတို့လိုမျိုး ကောက်နှံတစ်ခုပါပဲ။ မုယောကို ခူးဆွတ်ပြီးတဲ့အခါ ကောက်နှံတွေကို အရင်ဆုံး ရေစိမ်ရပါတယ်။ အပင်ပေါက်လာစေဖို့ပါ။ ပြီးရင်တော့ လေပူနဲ့ အခြောက်ခံပြီး အပင်မပေါက်အေင်လုပ်ရပါတယ်။ဒီလုပ်ဆောင်မှုကြောင့်ကောက်နှံထဲက ပရိုတင်းတွေ ပြိုကွဲပြီး အင်ဇိုင်းတွေ ထွက်လာပါတယ်။ ဒီအင်ဇိုင်းတွေက အမိုင်နိုအက်ဆစ်ကိုလည်း ဖြစ်ပေါ်စေပါတယ်။ဒါကြောင့်မို့ မုယောကို တစေးအနေနဲ့ အသုံးပြုကြတာပါ။သုတေသန စစ်တမ်းတွေအရ မုယောမှာအရေးပါတဲ့ အာဟာရဓာတ်များစွာ ပါဝင်နေပါတယ်။ဗီတာမင် နဲ့ သတ္တုဓာတ်တွေ၊ အမိုင်နိုအက်ဆစ်၊အမျှင်ဓာတ်၊ ဗီတာမင် B အုပ်စုတွေ၊ ပရိုတင်းစတဲ့ အာဟာရဓာတ် များစွာ ပါဝင်နေပါတယ်။မုယောက ကျန်းမာရေးကို အခုလို အထောက်အကူပြုပါတယ်။မုယောရဲက ကျန်းမာရေး အာနိသင်တစ်ခုက အစာခြေစနစ်အတွက် အကျိုးပြုတဲ့ ဘက်တီးရီးယားလေးတွေကို အာဟာရ ထောက်ပံ့ပေးတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ အမျှင်ဓာတ်က ဝမ်းမချုပ်အောင် လုပ်ဆောင်ပေးပြီးအူနံရံတွေကို အာဟာရ စုပ်ယူမှုကောင်းအောင် အကောင်းဆုံး အားဖြည့်ပေးပါတယ်။အာဟာရ စုပ်ယူမှုကောင်းတာက ကိုယ်ခံအား စနစ်ကိုပါ အထိရောက်ဆုံး အားဖြည့်ပေးပါတယ်။လေ့လာမှုတွေအရ မုယောက သွေးတွင်းက အကျိုးမပြု ကိုလက်စထရော ပမာဏကို ကျဆင်းစေပြီးနှလုံးကျန်းမာစေဖို့ထောက်ကူပေးပါတယ်။ မုယောမှာပါတဲ့ ဒြပ်ပေါင်းတွေက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး ဗိုက် အဆီကျစေသလို ခါးတဝိုက်က အဆီတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ သင့်တင့်တဲ့ ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း (BMI) ရရှိစေဖို့လည်း ထောက်ကူပေးပါတယ်။မုယောက စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေပါတယ်။ မုယော မှာပါတဲ့ hordenine လို့ခေါ်တဲ့ ဒြပ်ပေါင်းကဦးနှောက်ထဲက စိတ်ခံစားမှု ကောင်းစေတဲ့ဟော်မုန်းတွေ ထွက်ရှိအောင် လှုံ့ဆော်ပေးပြီး စိတ်ခံစားမှု ကောင်းစေဖို့ အထိရောက်ဆုံး အားဖြည့်ပေးပါတယ်။မုယောက ဗီတာမင် ၊ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေမှုက အရိုးတွေကို သန်မာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ပရိုတင်း နဲ့ကယ်လ်ဆီယမ်ပါဝင်နေမှုက အရိုးတွေ သန်မာအောင် အကောင်းဆုံး ထောက်ကူပေးမှာပါ။ကာဗိုဟိုက်ဒရိတ် နဲ့ ပရိုတင်း ပါဝင်နေမှုက ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေဖို့ အထိရောက်ဆုံး အားဖြည့်ပေးနေပါတယ်။နောက်ထပ် အာနိသင် တစ်ရပ်ကတော့ ဗီတာမင် ကြွယ်ဝစွာ ပါဝင်နေတာက အသားအရေကို သွေးနဲ့ အောက်ဆီဂျင် ရောက်ရှိမှု ကောင်းစေပြီး အသားအရေ ပြဿနာ ကင်းလို့ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ဒီလို အကျိုးကျေးဇူးများတဲ့ မုယောကို ကျန်းမာရေးအတွက် နှစ်သက်သလို ပုံစံနဲ့ တန်ဆေး လွန်ဘေး ချင့်ချိန်ပြီး မှီဝဲလို့ ရပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/malt-benefits/
အမျိုးသမီးတွေ ဆီးခုံမောက် တာ ဘာကြောင့်လဲ။
ဆီးခုံမောက် တယ်၊ လူက ပိန်ပိန်လေးနဲ့ ဆီးခုံကျမှ ဘာလို့ လာမောက်နေတာလဲ မသိဘူး။ အောက်ပိုင်းလေးပဲ ကွက်ပြီး ဖောင်းနေတာ ကိုယ်ကျပ်တွေ ဝတ်ရင် ကြည့်ရဆိုးလိုက်တာ စသဖြင့် ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်တတ်ကြပါတယ်။ ကိုယ့်ကိုယ်ကို ဘာမှမဖြစ်တောင် ဒီလိုလေး ဖောင်းနေရင် အပျိုမှ စစ်ရဲ့လား၊ လိင်စိတ်ပြင်းပြတဲ့ သူမျိုးလား စသဖြင့် စွပ်စွပ်စွဲစွဲတွေ အပြောခံရပါတယ်။အမျိုးသမီးတွေက ကလေးမွေးရမှာ ဖြစ်လို့ သဘာဝအရ အမျိုးသားတွေထက်တင်ပဆုံရိုးကွင်းပိုကြီးပါတယ်။ တင်ပိုကားပါတယ်။ ဆီးခုံရိုးဆက်ထားတဲ့ နေရာကလည်း ကလေးမွေးရင် ကလေးထွက်နိုင်အောင် ချဲ့ပေးရမှာဖြစ်လို့ အနည်းငယ်ပိုကျယ်ပါတယ်။ ဒါကြောင့် ဆီးခုံရိုးက နည်းနည်း ပိုသိသာပါတယ်။ဒါပေမယ့် ဆီးခုံမောက်တဲ့ပြဿနာကတော့ အမျိုးသားရော အမျိုးသမီးမှာပါ တွေ့ရတတ်ပါတယ်။ဆီးခုံရဲ့ အပေါ် (မြင်အောင် ပြောရရင် ဆီးခုံမွေးပေါက်တဲ့နေရာ)ကိုmons pubisလို့ ခေါ်ပါတယ်။အဆီတစ်ရှူးများတဲ့ နေရာပေါ့။ လူတိုင်းမှာ ရှိပေမယ့် အဆီပမာဏ သိပ်မများတဲ့အခါ မသိသာပါဘူး။ ပမာဏ များခဲ့ရင်တော့ သတိထားမိလာပြီး အဝတ်အစားအကျပ်တွေ  (ဥပမာ အသားကပ်ဘောင်းဘီ၊ ဂျင်းအကျပ်၊ ရေကူးဝတ်စုံ) ဝတ်တဲ့အခါ ဖုဖောင်းနေတတ်ပါတယ်။ ကံကောင်းတာက ဒါကို ခွဲစိတ်ပြုပြင်လို့ရပါတယ်။ဒီနေရာမှာ ကွက်ပြီး အဆီများနေတာက ကြီးကြီးကျယ်ကျယ်ပြောရရင် မွေးရာပါ ကိစ္စပါတဲ့။ ပိန်ခြင်း၊ ဝခြင်းနဲ့လည်း မဆိုင်ပါဘူး။ ပုံမှန်ကိုယ်အလေးချိန်ရှိတဲ့သူ၊ နောက်ဆုံး ကိုယ်အလေးချိန်မပြည့်ဘဲ ပိန်နေတဲ့သူတောင် ဒီနေရာလေးပဲ ကွက်ပြီး အဆီများနေနိုင်ပါတယ်။ မျိုးဗီဇကြောင့် ဒီတစ်နေရာထဲမှာ အဆီတွေ စုနေတဲ့ သဘောပါပဲ။ဆီးခုံမှာ အဆီများတဲ့ သူတိုင်းက ဝနေတာ မဟုတ်ပေမယ့် ဝနေတဲ့ သူရဲ့ ဆီးခုံမှာ အဆီတွေ များပြီး ဖောင်းနေတတ်ပါတယ်။ ဆိုလိုတာက တစ်ကိုယ်လုံး ဝနေမှတော့ ဆီးခုံတစ်နေရာပဲ ကွက်ပြီး အဆီမရှိတာ မဖြစ်နိုင်ပါဘူး။ ဆီးခုံအရေပြားကလည်း ပျော့တွဲကျနေနိုင်ပါတယ်။ ဒါကတော့ အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်နိုင်ပါတယ်။နောက်တစ်ခုကဝမ်းဗိုက်ချပ်ရပ်အောင် ခွဲစိတ်ပြုပြင်လိုက်မယ်ဆိုရင်လည်း ဗိုက်ကချပ်ပြီး ဆီးခုံကပိုပြီး ပေါ်လာနိုင်ပါတယ်။ ဆီးခုံမှာ အဆီပိုရှိနေလို့ မဟုတ်ဘဲ ဗိုက်ချပ်သွားတာကြောင့် ပိုသိသာသွားတဲ့ သဘောပါ။ဝမ်းဗိုက်က အဆီတွေကိုliposuctionနည်းနဲ့ စုပ်ထုတ်ပြီးကာစဆိုရင်လည်း ဝမ်းဗိုက်ထဲက အရည်တွေ ဆီးခုံကို ရောက်လာတတ်လို့ ယာယီဖောင်းနေတတ်ပါတယ်။များသောအားဖြင့်တော့ ခုနကလိုမျိုး ဝမ်းဗိုက်ကို ချပ်ရပ်အောင် ခွဲစိတ်အပြီးမှာ သတိထားမိတာ ပိုများပါတယ်။ ဆီးခုံက အဆီများနေလို့ မဟုတ်ဘဲဗိုက်ချပ်သွားလို့ အဆီများသယောင်ယောင် ထင်မိတာပေါ့။ဝမ်းဗိုက်က အဆီတွေ စုပ်ထုပ်သလို ဆီးခုံက အဆီတွေကိုလည်း စုပ်ထုပ်လို့ရပါတယ်။ ထုံဆေးနဲ့ စုပ်ထုပ်တာပါ။ နဂိုအရေပြားတင်းတဲ့သူဆိုရင် ပိုပြီးကောင်းပါတယ်။အရေပြားလျော့တွဲနေတဲ့သူဆိုရင်တော့ အဆီတွေ မရှိရင် ပိုပြီး လျော့ရဲလာတတ်ပါတယ်။Monsplasty။အဆီစုပ်ထုပ်တာနဲ့ မလုံလောက်ဘူးဆိုရင် ဆီးခုံကို ပင့်တင်တဲ့ နည်းလမ်း monsplastyဆိုတာ ရှိပါသေးတယ်။ Monsplastyမှာတော့ အဆီပိုတွေအပြင် လျော့ရဲနေတဲ့ အရေပြားကိုပါ ပြန်ပြီး ပြုပြင်ပေးနိုင်တာကြောင့် တင်းတင်းရင်းရင်းဖြစ်စေပါတယ်။ အားသာချက်က ကိုယ်ဝန်ဆောင်ကလေးမွေးပြီးလို့ဖြစ်ဖြစ်၊ အသက်ကြီးလာလို့ ဖြစ်ဖြစ် ဆီးခုံက အရေပြားတွေ လျော့ရဲလာတာကိုလည်း ခွဲစိတ်ပြုပြင်လို့ရပါတယ်။ဆီးခုံမောက် တာနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေက အဓိက စိတ်အနှောင့်အယှက်ဖြစ်ကြပေမယ့် အမျိုးသားတွေကိုလည်း ချန်ထားလို့မရပါဘူး။ သူတို့ကျတော့ ဆီးခုံမှာ အဆီများပြီး မောက်လာတာနဲ့အမျှ လိင်တံကို ကွယ်သွားလို့လိင်တံသေးတယ်လို့ ခံစားရလို့ပါတဲ့။ ဒါကြောင့် ခွဲစိတ်ကြပါသတဲ့။ သူတို့တွေလည်း အဆီစုပ်ထုပ်တဲ့နည်း၊ ဆီးခုံပင့်တင်နဲ့နည်းနဲ့ ခွဲစိတ်နိုင်ပါတယ်။ခွဲစိတ်ပြီးနောက်။ဒါတွေကလည်း တခြားခွဲစိတ်မှုတွေလိုပဲ တစ်ရှူးရောင်စေတဲ့အတွက် ခွဲစိတ်ပြီးစမှာ အမျိုးသမီးဆို မိန်းမကိုယ် နှုတ်ခမ်းသား၊ အမျိုးသားဆို ကပ္ပာယ်အိတ် ဖောင်းနေတတ်ပါတယ်။ ဒါက ယာယီပါပဲ။ ၆ပတ်လောက်ထိကြာတတ်ပါတယ်။ ၃-၄လလောက်ဆိုရင်တော့ အဆင်ပြေသွားပါပြီ။ခွဲထားတဲ့နေရာမှာ အညိုအမည်းစွဲတာမျိုးလည်း ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ၂ပတ် ၃ပတ်လောက်ဆို သက်သာသွားလို့ မစိုးရိမ်ရပါဘူး။တခြား ခွဲစိတ်ပြီး နောက်ဆက်တွဲအနေနဲ့ အနာကောင်းကောင်း မကျက်တာ၊ ပိုးဝင်တာ၊ အနာကွဲတာ စတာတွေ ဖြစ်တတ်ပါတယ်။ လူတိုင်းမှာ ဖြစ်တာတော့ မဟုတ်ပါဘူး။ အနာကို ကောင်းကောင်း ဂရုမစိုက်နိုင်ရင်တော့ ဖြစ်လာနိုင်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/pelvic-related-issue/mons-pubic-fat/
Skin Cancer (အရေပြားကင်ဆာ)
အရေပြားကင်ဆာဆိုတာ အရေပြားဆဲလ်များ ထိန်းမနိုင်သိမ်းမရပွားခြင်းဖြစ်တယ်။ ပြင်ပြန်လို့မရတော့တဲ့ ဒီအန်အေပျက်စီးခြင်းတွေကြောင့် ဗီဇမှာထွန်းသွားတဲ့အခါ ဒါမှမဟုတ် မျိုးရိုးဗီဇချို့ယွင်းချက်တွေကြောင့် အရေပြားဆဲလ်တွေ လျင်မြန်စွာပွားများပြီး ကင်ဆာအဖုအကျိတ်တွေဖြစ်လာရပါတယ်။အရေပြားကင်ဆာအဓိကသုံးမျိုးရှိတယ်-။အလွန်ကိုအဖြစ်များပြီး ဖြစ်နိုင်ချေတိုးစေသော အရာများကိုရှောင်ရှားခြင်းဖြင့် ထိန်းချုပ်နိုင်ပါတယ်။ အသေးစိတ်အချက်အလက်များအတွက် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးနိုင်တယ်။အရေပြားကင်ဆာဟာ နေလောင်ဒဏ်များသောနေရာများ- ဦးရေပြား၊ မျက်နှာ၊ နှုတ်ခမ်း၊ နား၊ လည်ပင်း၊ ရင်ဘတ်၊ လက်မောင်း၊ လက်နဲ့ အမျိုးသမီးတွေမှာဆို ခြေထောက်တို့မှာ ဖြစ်နိုင်သလို မြင်ရခဲတဲ့ လက်ဖဝါး၊ လက်သည်းအောက်၊ ခြေသည်းအောက်နဲ့ လိင်အင်္ဂါနေရာတို့မှာပါ ဖြစ်နိုင်ပါတယ်။လက္ခဏာတွေကတော့-။ဖော်ပြထားသောလက္ခဏာတွေအပြင် တခြားလက္ခဏာများလည်းရှိနိုင်တာကြောင့် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။တကယ်လို့ သင့်အရေပြားမှာ ပြောင်းလဲမှုတစ်ခုခုဖြစ်လာပြီး စိတ်ပူတယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ကြည့်သင့်ပါတယ်။ အရေပြားမှာဖြစ်သမျှပြောင်းလဲမှုတိုင်းက ကင်ဆာမဟုတ်တာကြောင့် ဆရာဝန်ကစစ်ဆေးကြည့်ပါလိမ့်မယ်။အရေပြားဆဲလ်များရဲ့ ဒီအမ်အေမှာ ဗီဇထွန်းခြင်းများဖြစ်ပါက အရေပြားကင်ဆာဖြစ်ရပါတယ်။ ထိုထွန်းခြင်းကြောင့် ဆဲလ်တွေဟာ ထိန်းမရအောင် ပွားများကြီးထွားပြီး ကင်ဆာဆဲလ်တွေဖြစ်လာရပါတယ်။အရေပြားဆဲလ်ကင်ဆာဖြစ်ရခြင်းကတော့ ခရမ်းလွန်ရောင်ခြည်ကြောင့်ဖြစ်ပြီး၊ အနောက်နိုင်ငံတွေမှာ အသားညိုအောင်သုံးတဲ့ အိပ်ရာတွေမှ အလင်းတွေကြောင့်လည်း ဖြစ်ရပါတယ်။ဒါပေမယ့် နေရောင်ထိလေ့မရှိတဲ့ အရေပြားမှာ ကင်ဆာဖြစ်ရခြင်းကိုတော့ ရှင်းမပြနိုင်ပါဘူး။ ဒါကြောင့် ဒါဟာ အရေပြားကင်ဆာဖြစ်နိုင်ဖို့အတွက် တခြားအချက်တွေကလည်း ပါဝင်ပတ်သတ်နေတယ်ဆိုတာကို ညွှန်ပြပါတယ်။ အဆိပ်ရှိပစ္စည်းများနဲ့ထိတွေ့တာ ဒါမှမဟုတ် ကိုယ်ခံအားစနစ်အားနည်းတာတွေလိုပေါ့။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်က။ရောဂါပြင်းထန်မှုအပေါ်မူတည်ပြီး ဆရာဝန်ကကုသမှုနည်းညွှန်းပါလိမ့်မယ်။နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ။သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေကိုရရန် ဆရာဝန်နှင့်သေချာဆွေးနွေးတိုင်ပင်နိုင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/skin-cancer-cancer/skin-cancer-%e1%80%a1%e1%80%b1%e1%80%9b%e1%80%bb%e1%80%95%e1%80%ac%e1%80%b8%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac/
ရင်သားကင်ဆာ မဖြစ်စေဖို့ အမူအကျင့်လေးတွေဂရုစိုက်ကြမယ်
မိန်းကလေးတွေ အတွက် အကြောက်ရဆုံး ရောဂါတွေထဲမှာ ရင်သားကင်ဆာ က ထိပ်ဆုံးက ပါဝင်နေတာ သိကြပြီး ဖြစ်မှာပါ။ ဟိုးအရင်က ကင်ဆာ ဆိုတာ လူတစ်ရာမှာ နှစ်ယောက်လောက်ပဲ ဖြစ်တာ တွေ့ရတဲ့အထိ ကြားရခဲတဲ့ ဝေါဟာရပါနော်။ ခုများတော့ ကိုယ်သိကျွမ်းတဲ့လူတွေထဲ အကောင်းကြီး ကနေ ကင်ဆာတဲ့ ဆိုပြီး ရုတ်တရက် သိလိုက်ရတာတွေ အများကြီးကို တွေ့နေရပါတယ်။ ကင်ဆာဖြစ်ပွားမှုမှာ နိုင်ငံတကာကို မီလာခဲ့တဲ့ အဖြစ်ပါပဲ။ ရင်သားကင်ဆာ ဆိုတာ မျိုးဗီဇကြောင့် ဖြစ်ရတာကလွဲလို့ ကြိုတင်ကာကွယ်လို့ရတဲ့ရောဂါဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်မိသားစုမှာ မျိုးရိုးရှိတယ်ဆိုရင်တောင် ရင်သားကင်ဆာ မဖြစ်စေဖို့ အမူအကျင့်လေးတွေဂရုစိုက်ကြမယ် ဆိုရင် ဖြစ်နိုင်ခြေကို လျှော့ချနိုင်မှာပါ။ရင်သားကင်ဆာ မဖြစ်စေဖို့ ဆိုရင် အရင်ဆုံး –။အစားအသောက်ကြောင့် ဒီရောဂါကို ဘယ်လို သက်ရောက်မှု ရှိနေလဲ ဆိုတာကို သုတေသန ပညာရှင်တွေက လေ့လာနေဆဲ ဖြစ်ပေမယ့် အစားအသောက်ကို ချင့်ချိန်ဆင်ခြင်မယ်ဆို ဖြစ်နိုင်ခြေ နည်းစေမှာတော့ အမှန်ပါပဲ။ အသီးအရွက်၊ သစ်သီးတွေ၊ ပဲနဲ့ ပြောင်းနှံတွေကို အဓိကထား စားသုံးဖို့ လိုပါတယ်။ အသား သို့မဟုတ် ငါးလည်း ထိုက်သင့်သလောက်ပါရမယ်ဆိုပေမယ့် အသီးအရွက်တွေ၊ သစ်သီးတွေနဲ့ တစ်နေ့တာကို ဝန်းရံဖို့လိုပါတယ်။ ပြင်ပ အစားအစာတွေ၊အသင့် အမြန်စားတွေကို တတ်နိုင်သလောက် လျှော့ပါ။လေ့လာမှုတွေ အရဝိုင်၊ ဘီယာ ဒါမှမဟုတ် အရက် တစ်ခုခုကို တစ်နေ့ နှစ်ခွက်၊ သုံးခွက်သောက်တဲ့ အမျိုးသမီး တစ်ယောက်ဟာ အယ်လ်ကိုဟော မသောက်တဲ့သူတွေထက် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်း ပိုများပါတယ်။ လုံးဝ မရှောင်နိုင်ရင်တောင် တစ်နေ့ကို တစ်ခွက်ထက် ပိုမသောက်သင့်ပါဘူးလို့ ပညာရှင်တွေက သတိပေးပါတယ်။ မဟုတ်ရင် တဖြည်းဖြည်းနဲ့ ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါလိမ့်မယ်။ပုံမှန်လေ့ကျင့်ခန်းလုပ်တာက ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်ပါတယ်။ သိပ်အကြမ်းမဟုတ်တဲ့ တော်တန်ရုံကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလေးတွေကို တစ်နေ့ ၁၀ မိနစ်၊ မိနစ်၂၀ လောက်နဲ့ လုပ်သင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုမရှိတဲ့သူတွေဆို ဒီရောဂါဖြစ်နိုင်ခြေပိုများပါတယ်။ကျန်းမာတဲ့ကိုယ်အလေးချိန်ကိုထိန်းထားမယ်ဆိုရင် ရင်သားကင်ဆာဖြစ်နိုင်ခြေနည်းစေနိုင်ပါတယ်။ ကိုယ်အလေးချိန်များတဲ့သူတွေ ဒါမှမဟုတ် အဝလွန်သူတွေမှာ ဖြစ်နိုင်တဲ့အန္တရာယ်ပိုများပါတယ်။သွေးဆုံးထားတဲ့အမျိုးသမီးတွေအတွက် ဒီအချက်ကပိုအရေးကြီးပါလိမ့်မယ်။အမျှင်ဓာတ်က ဂျုံကြမ်း၊ အသီးအရွက်၊ အသီးအနှံနဲ့ ပဲအမျိုးမျိုး မှာပါဝင်တတ်ပါတယ်။ အမျှင်ဓာတ်များများစားတဲ့မိန်းကလေးတွေမှာ ရင်သားကင်ဆာဖြစ်နိုင်ခြေပိုနည်းတယ်လို့ သုတေသနအများကြီးရှိပါတယ်။ အမျှင်ဓါတ်ကြွယ်ဝတဲ့အစားအစာတွေကြောင့် ဆီးချိုနဲ့နှလုံးရောတွေကိုတောင် ကာကွယ်ပြီးသားဖြစ်စေပါတယ်။အရေပြားကို နေရောင်ခြည်ထိတွေ့တဲ့အခါ ခန္ဓါကိုယ်ထဲမှာ ဗီတာမင်ဒီဖြစ်ပေါ်လာပါတယ်။ ဗီတာမင် ဒီကို ဆယ်လ်မွန်ငါး၊ ကမာ၊ ဆာဒင်းငါးနဲ့ ဖြည့်စွက်နို့တွေကနေလည်း ရရှိနိုင်ပါတယ်။ ဒီဓါတ်ကို လုံလောက်အောင်မရနိုင်ဘူးဆိုရင် ရင်သားကင်ဆာအန္တရာယ်ကပိုများလာနိုင်ပါတယ်။ရင်သားကင်ဆာနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို လေ့လာပါ၊ ဖတ်ရှုပါ၊ မှတ်သားပါ။အယူအဆမှားတွေလား၊ အမှန်တကယ်သတိထားသင့်တာလားဆိုတာ ကိုယ်တိုင်ဆုံးဖြတ်ပါ။ ကိုယ့်ရင်သားကို အမြဲစစ်ဆေးစမ်းသပ်ပါ။ မသေချာရင် ကျန်းမာရေးစစ်ဆေးမှုကို ခံယူဖို့ မနှေးပါနဲ့။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/healthy-habits-for-breast-cancer/
ဈေးသက်သာပြီး ကျန်းမာရေးကို အထောက်အကူပြုတဲ့ အစားအစာများ
ကျန်းမာရေးနဲ့ညီညွတ်ဖို့အတွက် ငွေကုန်ကြေးကျခံပြီးစားသောက်ဖို့မလိုပါဘူး။ ကိုယ်နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာတင် အာဟာရပြည့်ဝပြီး ကျန်းမာရေးအတွက်အကျိုးရှိစေတဲ့ အစားအစာတွေရှိနေပါတယ်။ ဘယ်လိုအစားအစာတွေလဲဆိုတာ တစ်ချက်လေ့လာကြည့်ပါဦး။ကြက်ဥ– ကြက်ဥတွေက အာဟာရအရမ်းကြွယ်ဝပြီး ဈေးလည်းအတော်သက်သာပါတယ်။ ကြက်ဥတစ်လုံးမှာ ပျမ်းမျှ ပရိုတင်း ၆ ဂရမ်လောက်ပါဝင်ပြီး ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း ပါပါသေးတယ်။ ဦးနှောက်ဖွံ့ဖြိုးဖို့ အရေးကြီးတဲ့ ကိုလင်း (Choline) ဓာတ်ကို ကြက်ဥစားသုံးပေးခြင်းဖြင့် ရနိုင်ပါတယ်။ ပြုတ်ပဲစားစား၊ ကြော်ပဲစားစား ဘယ်လိုစားစား အရသာရှိတဲ့ကြက်ဥကို သူ့ချည်းသက်သက် စားလို့ရသလို တခြားဟင်းလျာအမျိုးမျိုးနဲ့ တွဲဖက်စားသုံးရင်လည်း အရသာရှိနေမှာပါ။ကြက်သွန်ဖြူ– အစားအစာတွေ အတော်များများ ချက်ပြုတ်တဲ့အခါမှာ ထည့်သုံးရတဲ့ ကြက်သွန်ဖြူဟာလည်း နှလုံးနဲ့ သွေးကြောကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ သွေးတိုးရောဂါ၊ သွေးတွင်းအဆီပိတ် ရောဂါနဲ့ သွေးကြောနံရံမာကြောတဲ့ရောဂါရှိသူတွေ ကြက်သွန်ဖြူမှန်မှန်စားသုံးပေးရင် သိသာတဲ့အကျိုးရလဒ် ရနိုင်တယ်ဆိုတာ သုတေသနအတော်များများမှာအတည်ပြုထားပါတယ်။ နောက်ပြီး ကြက်သွန်ဖြူက အားကောင်းတဲ့ သဘာဝပိုးသတ်ဆေးတစ်မျိုးလည်း ဖြစ်ပါတယ်။ကြက်သွန်နီ– ဟင်းချက်လို့ ဆီသတ်ရင်ထည့်သုံးရတဲ့ ကြက်သွန်နီကဟင်းလျာတွေကို ပိုအရသာရှိစေသလို ကျန်းမာရေးအတွက်လည်းကောင်းပါတယ်။ ကြက်သွန်နီစားသုံးခြင်းကြောင့် တချို့ကင်ဆာရောဂါတွေ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးပြီး အရေပြားနဲ့ ဦးရေပြားကျန်းမာရေးကိုလည်းကောင်းမွန်စေတာ တွေ့ရှိထားပါတယ်။ချင်း (ဂျင်း)– ချင်းထဲမှာပါတဲ့ ဓာတုဓာတ်တစ်မျိုးက အစာအိမ်လေပွခြင်း၊ ဝမ်းချုပ်ခြင်းတွေကို သိသိသာသာ သက်သာစေတဲ့အတွက် ဝမ်းပျော့ဆေး၊ အစာအိမ်လေဆေးတွေထုတ်လုပ်မှုမှာ ချင်းကိုထည့်သွင်း ထုတ်လုပ်တတ်ကြပါတယ်။ သုတေသနအချက်အလက်တွေအရလည်း ချင်းက အူမကြီးရောင်ရမ်းမှုကို ကာကွယ်ပေးပြီး ကြွက်သားနာကျင်ခြင်းကိုပါ သက်သာစေတယ်လို့ ဆိုထားတဲ့အတွက် ချင်းမကြာခဏစားသုံးပေးဖို့ မမေ့နဲ့နော်။ကွေကာအုတ်– တခြားနိုင်ငံတွေလောက် ဒီမှာစားသုံးမှုမများသေးပေမဲ့ ကွေကာအုတ်ကကျန်းမာရေးကို အတော်လေးအထောက်အကူပေးတဲ့အစားအသောက်တစ်ခုပါ။ ၁၉၉၇ ခုနှစ်မှာ အမေရိကန်နိုင်ငံ အစား အသောက်နဲ့ဆေးဝါးအသင်းကြီးက ကွေကာအုတ်ပါဝင်တဲ့စားစရာတွေက နှလုံးကျန်းမာရေးကို အထောက်အကူ ပြုနိုင်ကြောင်းထုတ်ပြန်လိုက်ကတည်းက ကွေကာအုတ်စားသုံးမှု တဖြည်းဖြည်းများပြားလာလိုက်တာ အခုချိန်မှာဆို ကွေကာအုတ်ကို ပုံစံမျိုးစုံနဲ့ စားစရာပေါင်းစုံမှာမြင်တွေ့နေရပါပြီ။ ဘယ်လိုပဲပုံစံပြောင်းပြောင်း ကွေကာအုတ်ကို ဟိုးအရင်ကလို ရေနဲ့နူးညံ့အောင်ကျိုပြီး သစ်သီးတစ်ခုခုနဲ့ တွဲဖက်စားသုံးခြင်းက ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်နေဆဲပါ။ ကွေကာအုတ်စားသုံးခြင်းက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး အမျှင်ဓာတ်ရရှိစေတဲ့အတွက် အစာခြေလမ်းကြောင်းအတွက်လည်းကောင်းမွန်စေပါတယ်။ ဒ့ါအပြင် ပိုတက်စီယမ်နဲ့ ဖောလစ်ဓာတ်တွေလည်း အများကြီးပါဝင်ပါသေးတယ်။ကန်စွန်းဥ– ကန်စွန်းဥတွေကို အလွယ်တကူဝယ်ယူလို့ရသလို ဈေးလည်းအတော်လေးသက်သာပါတယ်။ ကန်စွန်းဥတွေထဲမှာ ဗီတာမင် အေ၊ ဗီတာမင် စီ၊ ဗီတာမင် ဘီ၊ သံဓာတ်၊ ကယ်လ်စီယမ်ဓာတ်၊ ပရိုတင်းဓာတ်နဲ့ ပိုတက်စီယမ်ဓာတ်တွေ အများကြီးပါဝင်တာကြောင့် မကြာခဏစားသုံးပေးသင့်တဲ့ အစားအစာတစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။နွားနို့– သွားနဲ့အရိုးတွေ ကြံ့ခိုင်သန်မာဖို့ ကယ်လ်စီယမ်ဓာတ် အလုံအလောက်လိုပါတယ်။ ကယ်လ်စီယမ်ဓာတ် များများရချင်ရင် ဘာမှစဉ်းစားမနေပါနဲ့။ နွားနို့ကိုသာ အားရပါးရသောက်ချလိုက်ပါ။ အရိုးကျန်းမာရေးကောင်းဖို့အပြင် သွေးပေါင်ချိန်မှန်ဖို့၊ ကြွက်သားလုပ်ဆောင်ရည်မှန်ကန်ဖို့နဲ့နှလုံးခုန်နှုန်းမှန်ဖို့လည်း ကယ်လ်စီယမ်ဓာတ် လိုအပ်ပါတယ်။ နွားနို့ထဲမှာကယ်လ်စီယမ်ဓာတ်တင်မကဘဲ မဂ္ဂနီစီယမ်၊ ဗီတာမင်အေ၊ ဗီတာမင်ဘီဓာတ် တွေလည်းပါသေးတဲ့အတွက် ဈေးသက်သာပြီး ကျန်းမာရေးအတွက်အကျိုးရှိတဲ့ စားစရာတစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။အာလူး– ဈေးသက်သာပြီး အလွယ်တကူဝယ်ယူရနိုင်တဲ့ စားစရာတစ်မျိုးပါ။ အာလူးကို အပြုတ်၊ အကြော်၊ အကင် စတဲ့ပုံစံမျိုးစံလုပ်စားလို့ရသလို ဗိုက်လည်းပြည့်လွယ်ပါတယ်။အရိုး၊ နှလုံးနဲ့ အူလမ်းကြောင်း ကျန်းမာရေးတွေအတွက်အကျိုးရှိတဲ့ အာလူးကိုစားသုံးတော့မယ်ဆို တခြားနည်းလမ်းတွေထက်စာရင် အာလူးကိုပြုတ်ပြီး အာလူးထောင်းလုပ်စားတာက  ကျန်းမာရေးအတွက် ပိုသင့်တော်ကြောင်း ပြောချင်ပါတယ်။တို့ဖူး– တို့ဖူးကိုပဲပုပ်ကနေပြုလုပ်တာဖြစ်ပါတယ်။ ပဲပုပ်ဆိုတာ ကိုလက်စထရောပါဝင်မှုနည်းတဲ့ ပဲတစ်မျိုးဖြစ်ပြီး ပရိုတင်း၊ သံဓာတ်နဲ့ ကယ်လ်စီယမ်ဓာတ်တွေ ကြွယ်ဝတဲ့စားစရာတစ်ခုလည်း ဖြစ်နေပါတယ်။ ဒါ့ကြောင့် တို့ဖူးမှန်မှန်စားသုံးပေးရင် အရိုးပွခြင်းကို ကာကွယ်ပေးနိုင်ရုံတင်မကဘဲ သွေးတွင်းအချိုဓာတ်ကိုပါ လျော့ကျစေမှာပါ။ခရမ်းချဉ်သီး– တောက်ပတဲ့အနီရောင်ကြောင့် ဟိုးအရင်က ခရမ်းချဉ်သီးကို အဆိပ်ရှိတဲ့အသီးလို့ လူတွေထင်မှတ်ခဲ့ကြပါတယ်။ နောက်ပိုင်းစားသုံးမှုများလာပြီး လေ့လာမှုတွေလည်း လုပ်လာတဲ့အခါကျမှ ခရမ်းချဉ်သီးဟာ ကျန်းမာတဲ့ စားသောက်မှုစနစ်အတွက် မပါမဖြစ်စားစရာတစ်ခုဖြစ်တယ်လို့ အားလုံးလက်ခံလာကြပါပြီ။ခရမ်းချဉ်သီးထဲမှာ ဗီတာမင် အေ၊ ဗီတာမင် စီနဲ့ ကိုယ်ဝန်ဆောင်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဖောလစ်အက်စစ်တွေ အများကြီးပါဝင်ပါတယ်။ နောက်ပြီး အိုမင်းရင့်ရော်မှုကိုနှေးစေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်းပါဝင်သေးတဲ့အတွက် ခရမ်းချဉ်သီးစားသုံးဖို့ နှစ်ခါပြန်မစဉ်းစားပါနဲ့လို့ တိုက်တွန်းလိုက်ချင်ပါတယ်။Dr. Htoo Tint။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/cost-effective-food-for-health/
လေဒီတို့ သိထားသင့်တဲ့ သားဥကြွေမယ့်ရက်
လေဒီလေးတစ်ယောက် အနေနဲ့ကျန်းမာလှပစေဖို့ဆိုရင် မဖြစ်မနေ သိထားဖို့ လိုမယ့် ရက်လေး တစ်ခုရှိပါတယ်။ ဒါကတော့ သားဥကြွေမယ့်ရက် ပါ။ အလွယ်ပြောရရင် ရာသီလာမယ့်ရက်ပေါ့။ရာသီလာမယ့် ရက်ကို သိထားတာက ထင်ထားတာထက် ကျန်းမာရေးကို အများကြီး အကျိုးပြုနိုင်မှာပါ။ ဘယ်လို သိရှိနိုင်မလဲဆိုပြီး ခေါင်းခြောက် သွားလား လေဒီ… ဒီလင့်ခ်လေးကို နှိပ်ပြီး ကိုယ်တိုင် တွက်ချက်လိုက်ပါ။လေဒီလေး တစ်ယောက် အနေနဲ့ သားဥကြွေမယ့်ရက် ကို သိရှိထားမယ်ဆိုရင်။လေဒီလေးတွေ အများစုရဲ့ ရာသီစက်ဝန်းက 28 cycle ပါ။ရာသီလာချိန်က တစ်ခေါက်နဲ့ တစ်ခေါက်ကြားမှာ ၂၈ ရက် ခြားပါတယ်။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ ၂၂ရက်လောက်နဲ့ လာကြသူတွေ ရှိသလို ရက် ၃၀ကျော်မှ တစ်ခါ လာသူတွေလည်း ရှိပါတယ်။ဒါ​ကြောင့် လတစ်လရဲ့ ဘယ်နေ့တွေမှာရာသီသွေးပေါ်နိုင်လဲဆိုတာကို သိရှိပြီး လိုအပ်တာတွေ ပြင်ဆင်နိုင်ဖို့ ကိုယ့်ရဲ့ ရာသီစက်ဝန်းကို အသေးစိတ် သိချင်တယ်ဆိုရင်တော့ဒီနေရာလေးကို နှိပ်ပြီး တွက်ချက်ကြည့်လို့ ရပါတယ်။မလိုလားအပ်တဲ့ ကိုယ်ဝန်တွေ မရစေဖို့၊ တားဆီးနိုင်ဖို့ဆိုရင် သားဥကြွေမယ့်ရက်ကို သိထားဖို့ လိုပါမယ်။  အထူးသဖြင့် ရက်ရှောင်နည်း သုံးတဲ့ အမျိုးသမီးတွေအတွက် အရေးကြီးပါတယ်။ဘေဘီလေးလိုချင်တဲ့ လေဒီတွေ အနေနဲ့လည်း သားဥကြွေချိန်ကို သေချာ သိထားဖို့ လိုပါမယ်။လေဒီလေး တစ်ယောက် ကျန်းမာဖို့က ရာသီသွေး ပုံမှန်ဆင်းဖို့လည်း လိုပါမယ်။ ရာသီသွေး ပုံမှန်မဆင်းတာက ခန္ဓာကိုယ်မှာကျန်းမာရေးပြဿနာတွေရှိနေတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်ရာသီသွေး ဆင်းရမယ့်ရက် ကျော်နေတာလား။ ရာသီသွေးက ဆင်းရမယ့်ရက်ထက် စောပြီးဆင်းနေတာလားဆိုတာကို သိရှိဖို့ လိုပါမယ်။ရာသီလာခါနီးရက်တွေမှာ လေဒီလေးတွေရဲ့ ခန္ဓာကိုယ်ထဲမှာဟော်မုန်း အပြောင်းအလဲတွေဖြစ်တတ်ပါတယ်။ ဒီအချိန်မှာ အလိုလိုနေရင်း စိတ်တိုတာ၊ ဒေါသထွက်တာ၊ ငိုချင်တာ၊ ဝမ်းနည်းတာမျိုးတွေ ခံစားရနိုင်ပါတယ်။ဒီပြဿနာတွေကို အကောင်းဆုံးဖြေရှင်းနိုင်မယ့် ကြိုတင်ပြင်ဆင်မှု နည်းလမ်းတွေကို လုပ်နိုင်ဖို့ဆိုရင် သားဥကြွေမယ့်ရက်ကို သိရှိထားဖို့ လိုပါမယ်။သားဥကြွေခါနီးပြီဆိုရင် လေဒီလေးတွေရဲ့ခန္ဓာကိုယ်မှာ အခုလိုလက္ခဏာတွေခံစားရနိုင်ပါတယ်။မိန်းမကိုယ်က ထွက်တဲ့ အချွဲတွေ ပြောင်းလဲတာ– သားဥကြွေခါနီးမိန်းမကိုယ်က ထွက်တဲ့ အချွဲမြှေးတွေဟာ ကြက်ဥ အကာရည်လိုမျိုး ကြည်ပြီး ခပ်ချွဲချွဲဖြစ်နေပါမယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/benefits-of-knowing-your-ovulation-period-and-how-to-know-that/
ကာကွယ်ဆေး ထိုးပြီးရင် မေမေတို့ဘာစိုးရိမ်လဲ
မေမေတို့ ကလေးငယ်လေးတွေ ပြုစုစောင့်ရှောက်တဲ့ နေရာမှာ အမြဲတမ်းစိုးရိမ်တတ်ကြတဲ့ ပြဿနာကကာကွယ်ဆေးပါ။ ကာကွယ်ဆေး ထိုးပြီးရင် ကလေးအဆင်ပြေပါ့မလား။ ဟိုနေ့က ဘေးအိမ်က ကလေးလေးကာကွယ်ဆေးသွားထိုးတာ ပြန်လာတော့ ဖျားနေပြီတဲ့။ အိမ်ကသားသားရော ကာကွယ်ဆေးထိုးပြီးရင် ဖျားမှာလား။ ကာကွယ်ဆေးထိုးပြီးရင် ကလေးကို ဘာတွေစောင့်ကြည့်ရမလဲစသဖြင့် ရေးသားပေးသွားမှာဖြစ်ပါတယ်။အရင်ဆုံး လက်ရှိထိုးနေတဲ့ ကာကွယ်ဆေး အစီအစဥ်ကို ပြောပြပေးပါ့မယ်။မွေးကင်းစ။၂ လ။၄လ။၆လ။၉လ။၁နှစ်ခွဲ။၉နှစ်နဲ့ ၁၀နှစ်။ဒါက ယခုလက်ရှိမြန်မာနိုင်ငံမှာ အခမဲ့ထိုးပေးနေတဲ့ ကာကွယ်ဆေးတွေပါ။ ဆက်ပြီးတော့ မေမေတို့ ကာကွယ်ဆေးမထိုးခင် ဘာတွေပြင်ဆင်သွားရမလဲဆိုတာ ပြောပြပေးပါ့မယ်။ဘယ်မှာပဲမွေးမွေး ကာကွယ်ဆေးထိုးမှတ်တမ်းကို တောင်းဖြစ်အောင် တောင်းပါ။ တောင်းပြီးရင်လည်း သေချာသိမ်းဖို့လိုပါတယ်။ အဲ့ဒီထဲမှာ ကလေးရဲ့ အသက်အလိုက် ထိုးရမယ့် ကာကွယ်ဆေးတွေ၊ ရက်ချိန်းတွေ၊ ထိုးပြီးတဲ့ ကာကွယ်ဆေးတွေ စသဖြင့် မှတ်တမ်းတင်ထားပါတယ်။ ဒါကြောင့် သေချာသိမ်းခိုင်းတာပါ။  နောက်ပြီး ကာကွယ်ဆေးထိုးမယ့်နေ့မတိုင်ခင် ကလေးကို ဖျားနာခြင်းမရှိအောင်ဂရုစိုက်ပါ။ အိပ်ရေးဝပါစေ။ အာဟာရပြည့်ပါစေ။ အားနည်းနေတဲ့ ကလေးတွေက ကာကွယ်ဆေးရဲ့ နေောက်ဆက်တွဲကို ပိုခံရပါတယ်။ကာကွယ်ဆေးထိုးမယ့်နေ့ကျရင် ဆေးထိုးမယ့်နေရာကို အချိန်မီ ရောက်အောင်သွားပါ။ ကာကွယ်ဆေးထိုးစာအုပ်ကို ပါအောင်ယူသွားပါ။ ကလေးနေကောင်းရဲ့လားကြည့်ပါ။ ကာကွယ်ဆေးထိုးတော့မယ်ဆိုရင် ကလေးက အရင်တုန်းက ကာကွယ်ဆေးနဲ့ ဓာတ်မတည့်တာဖြစ်ဖူးတယ်ဆိုရင် ဆရာဝန်ကို အသိပေးပါ။ ကာကွယ်ဆေးထိုးပြီးရင်လည်း ချက်ချင်းမပြန်ပါနဲ့။ ခဏလောက်စောင့်ကြည့်ပြီး ဓာတ်မတည့်တာ မဖြစ်မှ ပြန်ပါ။အိမ်ရောက်ရင်လည်း ကလေးကို သေချာစောင့်ကြည့်ပါ။ ကလေးဓာတ်မတည့်တာ ဖြစ်သလား။ ဖျားသလား စသဖြင့်ပေါ့။ ကာကွယ်ဆေး ထိုးတဲ့ ကလေးတိုင်းမဖျားပါဘူး။ တချို့ကလေးတွေပဲ ဖျားတာ၊ ဆေးထိုးတဲ့နေရာရောင်ရမ်းတာ စသဖြင့် ခံစားရတာပါ။ အဖြစ်များတဲ့ ကာကွယ်ဆေးရဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ဆက်ကြည့်ရအောင်။ဒီလိုတွေဖြစ်လာတိုင် မေမေတို့စိုးရိမ်စရာမလိုပါဘူး။ စိတ်အေးအေးထားပြီး အောက်မှပြောထားတဲ့အတိုင်း လိုက်လုပ်ပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/vaccines/%e1%80%99%e1%80%b1%e1%80%99%e1%80%b1%e1%80%90%e1%80%ad%e1%80%af%e1%80%b7%e1%80%a1%e1%80%99%e1%80%b1%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%b2%e1%80%b7-%e1%80%80%e1%80%ac%e1%80%80/
အကယ်၍သာ….. ဆိုတဲ့အတွေးတွေ နှိပ်စက်နေပြီလား။
အကယ်၍ စာမေးပွဲမအောင်ခဲ့ရင် ငါဘာဆက်လုပ်ရမလဲ။အကယ်၍ ငါရွေးချယ်တဲ့လမ်းကမှားနေတယ်ဆိုရင် ပြန်ပြောင်းဖို့အချိန်ရှိပမလား။အကယ်၍ ဒီအလုပ်ကို မရခဲ့ရင် ဘယ်လိုလုပ်ရမလဲ။အကယ်၍ ငါ့မိဘတွေသာ မရှိတော့ဘူးဆို ငါဘယ်လိုဆက်ရှင်သန်မလဲ။အကယ်၍ ချစ်သူက ဖောက်ပြန်နေခဲ့ရင်။အကယ်၍ ကုလို့မရတဲ့ ရောဂါဝင်လာခဲ့ရင်။အကယ်၍ အကယ်၍ ပေါင်းများစွာကို လူတွေအားလုံးနေ့စဉ်ကြုံတွေ့ကြရပါတယ်။ စဉ်းစားကြည့်ရင် ဒီလိုတွေးတာဟာ မကောင်းတာတော့မဟုတ်ပါဘူး။ လူတွေရဲ့ စိတ်သဘော သဘာဝကိုက မသေချာခြင်းတွေများနေတဲ့ အခြေအနေတွေကို မေးခွန်းထုတ်တတ်ကြပါတယ်။ မသေချာတာခြင်းတွေကို ဦးနှောက်က စိတ်ပူပန်ဖို့ ကြောက်ရွံ့တွန့်ဆုတ်ခြင်း တွေကို ဖြစ်စေတယ်။ဥပမာ ရေလမ်းခရီးသွားတဲ့အခါ အကယ်၍ ရေထဲကျ သွားရင် ဘယ်လိုလုပ်မလဲဆိုတဲ့ စိုးရိမ်မှုကြောင့် အသက်ကယ်အင်္ကျီကိုဝတ်ဆင်တယ်ဆိုတာ မှန်ကန်တဲ့ အပြုအမူပါ။ အသက်ကယ် အင်္ကျီဝတ်ထားရက်နဲ့ကို အကယ်၍ အသက်ကယ်အကျီၤကြီး ကျွတ်သွားခဲ့ရင်၊ ပြဲသွားခဲ့ရင် ရေနစ်သွားတော့မှာဆိုတဲ့ အတွေးမျိုးဆိုရင်တော့ စိတ်ပူပန်မှုတွေလွန်ကဲနေကြောင်း ပြနေပါပြီ။စိတ်ပူပန်မှုဆိုတာတော့ နေ့စဉ်ရှင်သန်ခြင်းအတွက် လိုအပ်နေပါသေးတယ်။ ဘေးအန္တရာယ်တွေ၊ မနှစ်မြို့စရာကောင်းတဲ့အဖြစ်အပျက်တွေကို ကာကွယ်ဖို့အတွက် စိတ်ကပြင်ဆင်ခြင်း တစ်မျိုးပါ။ ဥပမာ အကယ်၍ ဒီပရိုဂျက်ကို အချိန်မှီမပြီးနိုင်ရင် ငါ့ကိုတော့ သူဋ္ဌေးဆူတော့မှာပဲ ဆိုတဲ့အတွေးဟာ အလုပ်ကိုမြန်မြန်ပြီးအောင် လုပ်ဖို့ တွန်းအားဖြစ်စေပါတယ်။အကယ်၍ ဆိုတဲ့အတွေးတွေဟာ ကြာလေကြာလေ ရုန်းထွက်ဖို့ခက်ခဲလာနိုင်ပါတယ်။ ဒါကြောင့် အကယ်၍ဆိုတဲ့အတွေးတွေကို တတ်နိုင်သမျှ နည်းအောင် ဘယ်လိုနေကြမလဲ။ ရုန်းထွက်ဖို့ ကြိုးစားနေတဲ့သူတွေအတွက် နည်းလမ်းလေးတွေကို ဝေမျှလိုက်ပါတယ်။ဘာတွေကို ပူပန်နေလဲ။စိုးရိမ်စိတ်တွေရဲ့ ရင်းမြစ်ကဘာလဲ။ကိုယ်ဖြစ်နေတာတွေကို ချရေးလိုက်တာဟာ စိုးရိမ်စိတ်တွေရဲ့ သားကောင်အဖြစ်ကနေ လွတ်မြောက်သွားပြီး ခံစားချက်တွေကို ထိန်းချုပ်လာနိုင်ပါလိမ့်မယ်။ ဒါ့အပြင် ကိုယ့်ခေါင်းထဲမှာ ဘယ်လိုအတွေးတွေက စိုးမိုးနေရာယူနေလဲဆိုတာပါ သိလာနိုင်ပါလိမ့်မယ်။သင့်ခေါင်းထဲမှာ အကယ်၍သာ… ဆိုတဲ့ အတွေးတွေဟာ အချိန်ပြည့် နေရာယူနေမယ်ဆိုရင် ကူကယ်ရာမဲ့သလိုမျိုး ခံစားရပါလိမ့်မယ်။ ဒီလိုအခြေအနေမျိုးမှာ အကျိုးဖြစ်စေမယ့် အက်ရှင် (Action) တစ်ခုယူလိုက်တာ ကောင်းပါတယ်တဲ့။ဥပမာပြောရရင် သင့်ရဲ့ တစ်လဝင်ငွေဟာ ၅၀၀၀၀၀ ကျပ်ဆိုပါတော့။ အိမ်ငှားခက ၄၀၀၀၀၀ ကျပ်ဆိုရင် တစ်လတစ်လ အသုံးစရိတ်ဟာ လောက်ငှရုံလောက်ပါပဲ။ အကယ်၍ ကျန်းမာရေး၊ လူမှုရေးကိစ္စအမျိုးမျိုးပေါ်လာရင် ပိုက်ဆံလောက်ငှတော့မှ မဟုတ်ပါဘူးဆိုတဲ့ အတွေးတွေဟာ လစဉ်သင့်ကို နှိပ်စက်ပါလိမ့်မယ်။ဒီလိုအခြေအနေမျိုးမှာဆိုရင် အိမ်ငှားခ ဈေးသက်သာတဲ့ အိမ်ကိုပြောင်းနေမလား၊ အိမ်ငှားခကို ဈေးညှိမလား ဒါမှမဟုတ် တစ်လဝင်ငွေတိုးအောင် လစပိုကောင်းတဲ့အလုပ်ကိုပြောင်းမလား၊ အားလပ်ချိန်မှာ အလုပ်နောက်တစ်ခုလုပ်မလား စသဖြင့် ကိုယ်ဖြစ်နေတဲ့ ပြသနာကို အခြေအနေတိုးတက်စေနိုင်မယ့်၊ အကျိုးရှိနိုင်မယ့် အက်ရှင်မျိုးကို ယူသင့်ပါတယ်။စိုးရိမ်ပူပန်စိတ်တွေဟာ အတိတ်မှာဖြစ်ဖူးတဲ့ အတွေ့အကြုံတွေ၊ နောင်ဖြစ်လာနိုင်တဲ့ အကြောင်းအရာတွေကို အခြေခံပါတယ်။ ဒီလိုစိတ်တွေကို ထိန်းချုပ်နိုင်ဖို့အတွက် ကိုယ့်ခံစားချက်တွေကို နားလည်ဖို့လိုအပ်ပါတယ်။၁။ ငါဘာတွေတွေးနေတာလဲ။၂။ ငါဘာတွေ ခံစားနေရတာလဲ။၃။ ငါဘာတွေ လုပ်နေလဲ။ဒီ မေးခွန်း ၃ ခုဟာ အတိတ်တွေ၊ အနာဂတ်တွေကို မစဉ်းစားဘဲ ပစ္စုပ္ပန်မှာဖြစ်နေတဲ့ အကြောင်းအရာတွေကိုပဲ အာရုံစူးစိုက်နိုင်အောင် အထောက်အကူပြုပါတယ်တဲ့။ဥပမာ သင်ဟာ အခန်းထဲမှာ တစ်ယောက်တည်း စိုးရိမ်စိတ်တွေဖြစ်နေတယ်။ သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ပါတီကို သင့်ကိုမဖိတ်လို့ စိတ်မကောင်းဖြစ်တယ်၊ ငါ့ကို မခင်တော့လို့လားဆိုပြီး အထီးကျန်စိတ်တွေဖြစ်တယ်။ ထိုင်မရ ထမရ၊ ဖုန်းပဲ ဆက်ရမလားဆိုတဲ့စိတ်တွေ၊ လက်တုန်ခြေတုန်တွေဖြစ်နေတယ်။ပါတီမသွားရဘူးဆိုတဲ့အတွေးတစ်ခုတည်းကြောင့်သာ စိုးရိမ်ပူပန်စိတ်တွေကို ဖြစ်နေစေတယ်။ ဒီလိုအတွေးတွေကို “ပါတီဖိတ်ခံရမှ သူငယ်ချင်းလို့ သတ်မှတ်တာမဟုတ်ပါဘူး။ သူတို့ဖိတ်တုန်းက ငါဖျားနေတယ်လေ။ ငါတို့ဟာ သူငယ်ချင်းတွေ ဖြစ်နေတုန်းပဲလေ ဆိုပြီး စဉ်းစားလိုက်ရင် ပူပန်စိတ်တွေကို သက်သာစေမှာပါ။ဒီလိုဖြစ်လာပြီဆိုရင် မေးခွန်း ၃ ခု မေးဖို့၊ ကိုယ့်စိတ်ကို သတိထားမိဖို့အတွက် ဖုန်းထဲမှာ၊ ပိုက်ဆံအိတ်ထဲမှာ ကဒ်လေးတစ်ခုဖြစ်ဖြစ် ဆောင်ထားနိုင်ပါတယ်။လူဖြစ်လာတာနဲ့ စိုးရိမ်စိတ်တွေဟာ ခွဲထားလို့မရပါဘူး။ စိုးရိမ်စိတ်တွေကို လုံးဝပျောက်သွားအောာင် ဖယ်ပစ်ဖို့ကြိုးစားမယ့်အစား လက်ခံနိုင်အောင် ကြိုးစားတာဟာ ရေရှည်မှာ ပိုပြီး အကျိုးရှိပါလိမ့်မယ်။အသက်ရှူလေ့ကျင့်ခန်း၊Yoga၊ တရားထိုင်ခြင်းတွေဟာလည်း စိတ်ကိုတည်ငြိမ်စေဖို့အတွက် ကူညီပေးနိုင်ပါတယ်။သင်တစ်ယောက်တည်း အကယ်၍သာ ဆိုတဲ့ အတွေးတွေ ကြီးစိုးနေမယ်ဆိုရင် စိတ်ရောဂါကုထုံးပညာရှင်နဲ့ တိုင်ပင်ပြီး ကုထုံးတွေရယူနိုင်ပါတယ်။စိုးရိမ်စိတ်ဆိုတာ အချိန်ကြာလာရင် ကွင်းဆက်တစ်ခုလိုဖြစ်သွားတတ်ပါတယ်။ စိုးရိမ်လို့ လုပ်မိတဲ့ အပြုအမူ အတွေးတွေဟာ နောက်စိုးရိမ်စိတ်တစ်ခုကို ဖြစ်စေတာမျိုးပေါ့။ စိုးရိမ်စိတ်ဆိုတာ ကာလကြာရှည် မွေးထားသင့်တဲ့အရာလည်းမဟုတ်ပါဘူး။ မကောင်းမြင်စိတ်တွေ၊ အကယ်၍ သာ ဆိုတဲ့ မသေချာမရေရာခြင်းတွေက အမြဲနှိပ်စက်နေပါလိမ့်မယ်။ ဒါကြောင့် အကယ်၍သာဆိုတဲ့ အတွေးတွေနည်းစေဖို့၊ ကွင်းဆက်ပြတ်စေဖို့အတွက် ဒီဆောင်ပါးလေးကို ဝေမျှလိုက်ရပါတယ်နော်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%a1%e1%80%80%e1%80%9a%e1%80%ba%e1%81%8d%e1%80%9e%e1%80%ac-%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%90%e1%80%bd%e1%80%b1%e1%80%b8%e1%80%90%e1%80%bd/
လက်သည်းကိုက်တတ်တဲ့ အကျင့်ကို ဒီလိုဖျောက်ရအောင်
စိတ်လှုပ်ရှားတဲ့အခါ၊စိတ်ပူပန်တဲ့အခါ၊ တစ်ခုခုတွေးနေတဲ့အခါမျိုးမှာ လူတွေကအမှုမဲ့အမှတ်မဲ့လုပ်မိနေတဲ့ အပြုအမူလေးတွေရှိနေတတ်ပါတယ်။ ဒါကကိုယ်ပိုင်အမှတသညာတစ်ခုပေါ့။ စာဖတ်ပရိသတ်ကြီးရော ဘာလုပ်တတ်တာလဲ။ခေါင်းကုတ်နေတတ်တာလား။ မျက်နှာကို ပွတ်မိနေတတ်တာလား။လက်ချောင်းလေးတွေ၊ခြေချောင်းလေးတွေလှုပ်နေတတ်တာလား။ ဒါမှမဟုတ်လက်သည်းကိုက်တတ်တာလား။ ကျန်တာတွေကပြဿနာမရှိပေမယ့် သင်က လက်သည်းကိုက်တတ်တဲ့သူဆိုရင်တော့ ဒီအကျင့်ကပြင်မှဖြစ်မှာပါ။ ကလေးမို့လက်သည်းကိုက်တာကမေမေဖေဖေတွေမှာ တာဝန်ရှိတာဆိုပေမယ့် အရွယ်ရောက်ပြီးသူတစ်ယောက်ဖြစ်ပြီ လက်သည်းကိုက်နေသေးရင်တော့ သတိထားပြီးပြင်ရပါတော့မယ်။လက်သည်းကိုက်တာကပြဿနာကြီးကြီးမားမားမဟုတ်ဘူးလို့ ထင်စရာရှိပေမယ့် ခပ်ပေါ့ပေါ့သဘောထားရမှာတော့လည်း မဟုတ်ပါဘူး။ လက်သည်းကိုက်တဲ့အခါ –။လက်သည်းတွေပျက်စီးလာနိုင်တယ်– လက်သည်းကိုက်တာက အချိန်ကြာလာတာနဲ့အမျှ လက်သည်းနဲ့ လက်သည်းတဝိုက်ကတစ်ရှုးတွေထိခိုက်ပျက်စီးစေပြီး လက်သည်းရဲ့ဖြစ်ပေါ်မှုကို ထိခိုက်စေနိုင်ပါတယ်။ လက်သည်းတွေကိုလည်း ပုံမကျ ပန်းမကျဖြစ်စေနိုင်ပါတယ်။အပြုံးလှလှလေးတွေပျောက်ဆုံးလာနိုင်တယ်– လက်သည်းကမာကြောတဲ့အရာပါ။ ဒီမာကြောတဲ့အရာကို ကိုက်နေတဲ့အခါသွားတွေက ပျက်စီးလာနိုင်ပါတယ်။ရေရှည်မှာ လက်သည်းကိုက်တာကြောင့်မေးရိုးပြဿနာတွေတောင်ရှိလာနိုင်ပါတယ်။ အပြုံးလေးတွေလှပချင်ရင် လက်သည်းကိုက်တဲ့အကျင့်ကိုဖျောက်ပါ။နာမကျန်းဖြစ်စေနိုင်တယ်– လက်တွေကဘက်တီးရီးယားတွေရဲ့ အဓိကနားခိုရာနေရာပါ။ လက်သည်းလေးတွေအောက်မှာ ဘက်တီးရီးယားတွေက အများဆုံး ခိုအောင်းနေနိုင်ပါတယ်။ လက်သည်းတွေကို ခဏခဏကိုက်တဲ့အခါ ဘက်တီးရီးယားတွေပါးစပ်ထဲရောက်သွားပြီးဖျားနာမှုေတွဖြစ်လာနိုင်ပါတယ်။ ဒါတင်မကပါဘူး။ လက်သည်းကိုက်တာကအရေပြားကိုပါထိခိုက်ပျက်စီးစေနိုင်ပါတယ်။လက်သည်းမကိုက်မိအောင် သတိထားပေမယ့်လည်း မရဘဲ သတိလက်လွတ်ဖြစ်သွားတိုင်း ကိုက်မိနေမယ်ဆိုရင်တော့ ဒီအချက်လေးတွေက အသုံးဝင်မယ်ထင်ပါတယ်။လက်သည်းကို ခပ်တိုတိုညှပ်ထားပါ– လက်သည်းတိုနေတာက လက်သည်းကိုက်မိနိုင်ခြေကို နည်းသွားစေမှာပါ။လက်သည်းနီခါးခါးဆိုးထားပါ– လက်သည်းကို ကိုက်တဲ့အခါ လက်သည်းနီရဲ့ ခါးတဲ့အရသာကြောင့် ဆက်မကိုက်တော့အောင် ကာကွယ်နိုင်မှာပါ။လက်သည်းပုံဖော်ပါ-လေဒီတွေအတွက် အသင့်တော်ဆုံးနည်းလမ်းပေါ့။ လက်သည်းမှာ ပုံလှလှလေးဖော်ထားတဲ့အခါ အလှပျက်မှာကို စိုးရိမ်ပြီး လက်သည်းကို သိပ်မကိုက်မိတော့ပါဘူး။ ဒါကလည်း လက်သည်းမကိုက်မိအောင် အသုံးတည့်မယ်ထင်ပါတယ်။လက်သည်းကိုက်တဲ့ အကျင့်အစား တစ်ခုခုအစားထိုးပါ– လက်သည်းကိုက်တတ်တဲ့အကျင့်နေရာမှာ အလေ့အထကောင်းတစ်ခုကို အစားထိုးဖို့ကြိုးစားကြည့်ပါ။ လက်သည်းကိုက်တာအစား Stress ball ကစားတာမျိုးပေါ့။ လက်တွေကို မနားတမ်းအလုပ်များနေအောင်လုပ်ထားတာက လက်သည်းကိုက်ဖို့ အချိန်နည်းသွားစေမှာပါ။လက်အိတ်ဝတ်ထားပါ-အေးမြတဲ့ရာသီဥတုအနေအထားမှာတော့ ဒီနည်းလမ်းက အဆင်ပြေမှာပါ။ လက်အိတ်ဝတ်ထားတာက လက်သည်းမကိုက်မိအောင် ကာကွယ်ပေးနိုင်မှာပါ။အကြောင်းရင်းခံကို ရှာဖွေပါ– လက်သည်းကိုက်မိရခြင်းက လက်သည်းတွေရှည်နေလို့လား၊စိတ်ဖိစီးနေတာလား၊ စိုးရိမ်စိတ်များနေတာလား၊ဘယ်လိုအခြေအနေမျိုးကြောင့် လက်သည်းကိုက်မိရတာလဲဆိုတာကိုသေချာဆန်းစစ်ပါ။ပြီးရင်တော့ ကာကွယ်မှုလုပ်ဖို့ပြင်ဆင်ပါ။တဖြည်းဖြည်းချင်း အကျင့်ဖျောက်ပါ– အလေ့အကျင့်တစ်ခုက အလွယ်တကူဖျောက်ရခက်ပါတယ်။ ဒါပေမယ့်ဖြည်းဖြည်းချင်းကြိုးစားသွားမယ်ဆိုရင်တော့အောင်မြင်မှာ အသေအချာပါပဲ။ ဒါကြောင့် လက်သည်းကိုက်တတ်တဲ့ အကျင့်ကို သတိထားပြီးဖြည်းဖြည်းချင်းဖျောက်သွားပါ။ကဲ လက်ချောင်းထိပ်လေးတွေရောင်ရမ်းနာကျင်တာ၊ ပိုးဝင်တာ၊ သွားနဲ့မေးရိုးတွေထိခိုက်တာ၊ လက်သည်းတွေမလှမပဖြစ်တာတွေကနေ ကင်းဝေးနိုင်ဖို့ အခုပြောခဲ့တဲ့အချက်လေးတွေအတိုင်းလိုက်လုပ်ကြည့်ပြီး လက်သည်းကိုက်တတ်တဲ့အလေ့အထကိုဖျောက်လိုက်ကြရအောင်နော်။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/%e1%80%9c%e1%80%80%e1%80%ba%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%90%e1%80%90%e1%80%ba%e1%80%90%e1%80%b2%e1%80%b7-%e1%80%a1%e1%80%80%e1%80%bb%e1%80%84/
သင့်ဟာ စိတ်ထောင်ချောက်ထဲမှာ ပိတ်မိနေပြီလား။
သင်ဟာ အရေးကြီး အစည်းအဝေးတစ်ခုသွားရမယ့်ချိန်မှာ ကားလမ်းကြောထဲမှာ ပိတ်မိနေတယ်ဆိုပါတော့။ နာရီကိုကြည့်လိုက်၊ ဒေါသတွေထွက်လိုက်၊ မရွေ့တဲ့ကားလမ်းကြောကြီးကို အပြစ်တင်လိုက် နဲ့နောက်ဆုံး ငါတော့ အလုပ်ပြုတ်တော့မှာပဲဆိုတဲ့ စိတ်ပါဖြစ်လာတယ်။ ဒီလိုဆိုရင်တော့ သင်ဟာ သင့်ရဲ့စိတ်ထောင်ချောက် တစ်ခုထဲကို ရောက်သွားပါပြီ။ ဘာလို့လဲဆိုတော့ ကားလမ်းပိတ်လို့ နောက်ကျရုံလောက်နဲ့ မဖြစ်နိုင်တဲ့ အဆိုးရွားဆုံး အခြေအနေတစ်ခုကို စတင်တွေးမိလိုက်ပြီမို့လို့ပါ။ တကယ်တော့ ကားလမ်းပိတ်ခြင်းက သင့်ကိုစိတ်ပူပန်စေတာမဟုတ်ဘဲ ကားလမ်းပိတ်လို့ ဖြစ်လာတဲ့သင့်ရဲ့စိတ်တွေက သင့်ကို မနက်စောစောစီးစီး စိတ်ဒုက္ခဖြစ်စေတာပါ။လူအများစုဟာစိတ်ဖိစီးမှုတွေကို ကြုံလာရတိုင်း အကောင်းဘက်ကို လှည့်မတွေးကြဘဲ အဆိုးဘက်ကိုပဲ ပိုပြီးတွေးတတ်ကြပါတယ်။ တကယ် ကိုယ့်ကို စိတ်ဖိစီးမှုဖြစ်စေတဲ့ အဓိက အကြောင်းအရာထက် ကိုယ့်ရဲ့ ဒီအဖြစ်အပျက်အပေါ်ထားတဲ့ ထင်မြင်ချက်တွေ၊ မဖြစ်လာသေးတဲ့နောက်ဆက်တွဲတွေကို ကြိုတင်ပြီးတွေးပူတာတွေဟာ ရှိရင်းစွဲ ပြဿနာထက် ပိုပြီး ဆိုးရွားနေသယောင်ထင်ရစေပါတယ်။ မကောင်းတာတစ်ခုကြုံလာပြီဆိုတိုင်း လူတွေဟာ အဆိုးဆုံးအခြေအနေတွေကို ကြိုတင်ပြီး စဉ်းစားတတ်ကြပါတယ်။ ဒါဟာ ကိုယ့်စိတ်ကိုသတ် ကိုယ့်စိတ်ကို ပျော်ရွှင်မှုကနေဝေးကွာစေတဲ့ စိတ်ထောင်ချောက်တွေပါပဲ။အရမ်းကောင်းရင်းကောင်း၊ မကောင်းရင် လုံးဝမကောင်းဘူးဆိုတဲ့အတွေးမျိုးပေါ့။ ကိုယ့်ဘဝကို အဖြူရယ် အမည်းရယ် နှစ်မျိုးထဲရှိတယ်ဆိုပြီး သတ်မှတ်ထားတတ်ကြပါတယ်။ အမှန်တော့ ကိစ္စတော်တော်များများဟာ အလယ်အလတ် မီးခိုးရောင်နေရာမှာပဲဖြစ်နေတယ်ဆိုတာ လူတွေ မေ့နေတတ်ကြတယ်။ကိုယ်စကားပြောနေတဲ့ချိန်မှာ သတိထားကြည့်ပါ။“အားလုံး၊ အမြဲတမ်း၊ ဘယ်သူမှ၊ ဘယ်တော့မှ၊ ဘာမှမရှိဘူး”စသဖြင့် အစွန်းနှစ်ဖက်ရောက်တဲ့စကားလုံးတွေကို ထပ်ခါထပ်ခါ မာန်ပါပါနဲ့ ပြောနေမိပြီဆိုရင် စိတ်ထောင်ချောက်တစ်ခု ရောက်နေပြီဆိုတာကို ကိုယ့်ကိုယ်ကို သတိပြုမိနိုင်ပါတယ်။အင်တာဗျူးတစ်ခုသွားတယ်ဆိုပါတော့။ အင်တာဗျူးတဲ့သူတွေက မပြုံးမရယ် ဆက်ဆံလိုက်တယ်။ ဒါနဲ့ပတ်သက်ပြီး ကိုယ်တော့ အဲ့အလုပ်ကို မရတော့ဘူးဆိုပြီးထင်ပြီး အလုပ်ခန့်ခံရလား မခန့်ခံရလား မသိသေးဘူး ကြိုပြီး စိတ်ညစ်နေတာတွေဖြစ်တယ်။တစ်ဖက်သူဘာတွေ တွေးနေလဲ၊ ထင်နေလဲဆိုတာကို ကိုယ်ကသိနေတယ်ဆိုပြီး ကိုယ့်ဘာကို ဖျောင်းဖျတယ်။ တကယ့်အချက်အလက်တွေကို မစဉ်းစားဘဲ ကိုယ်ယုံကြည်တဲ့၊ ကိုယ့်စိတ်ခံစားချက်ကနေဖြစ်ပေါ်လာတဲ့ ယုံကြည်မှုတွေကို တကယ့်အဖြစ်မှန်လို့ထင်လာတယ်။ကိုယ့်ထင်တာ မြင်တာတွေကို အမှန်လို့ထင်လာတဲ့သူတိုင်းက ဒါမဟုတ်တဲ့ အမှန်တရားစစ်စစ်ကို လက်ခံဖို့ဝန်လေးလာကြပါတယ်။ အရှင်းဆုံးကတော့ ကိုယ့်ထင်မြင်ချက်တွေဟာ အမြဲမှန်မနေပါဘူး။ အကြောင်းအရာတစ်ခုကို ကောက်ချက်မချခင်မှာ ခိုင်လုံတဲ့ အချက်အလက်တွေကို ကြည့်ပြီး ဆုံးဖြတ်တာလား၊ ကိုယ့်ခံစားချက်ကို ကြည့်ပြီးဆုံးဖြတ်တာလားဆိုတာကို ကွဲပြားလာရင်တော့ မလိုအပ်တဲ့ စိတ်ဖိစီးမှုတွေ၊ စိတ်ပူပန်တာတွေ လျော့နည်းလာမှာဖြစ်ပါတယ်။စကားပုံတစ်ခုရှိပါတယ်။ “အကောင်းဆုံးကိုမျှော်လင့်ထားပါ။ အဆိုးဆုံးအတွက် ပြင်ဆင်ထားပါ။” ဒီစကားက အမြဲတော့မမှန်ပါဘူးနော်။ ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ အဆိုးဆုံးအခြေအနေတစ်ခုကို မျှော်မှန်းထားတာဟာ မလိုအပ်တဲ့ မကောင်းသောစိတ်ခံစားချက်တွေကို ဖြစ်စေရုံမှတစ်ပါး တခြားဘာကောင်းကျိုးမှရှိနိုင်မှာ မဟုတ်ပါဘူး။မဖြစ်သေးတဲ့အရာတစ်ခုကို ကြိုတင်တွေးပြီး ပူပန်နေမိပြီဆိုရင် ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ၊ ဒီလိုအဆိုးဆုံးအခြေအနေဖြစ်လာလောက်တဲ့ အဓိက အကြောင်းအရင်းကဘာလဲဆိုပြီး။ ဒီလိုမေးလိုက်ရင် ကိုယ့်ပူပန်နေတဲ့အရာတွေဟာ အခြေအမြစ်မရှိတဲ့ ပူပန်မှုတွေဆိုတာ ပေါ်လွင်လာပါလိမ့်မယ်။“ငါစာမေးပွဲကျတယ်။ ငါတော်တော်အသုံးမကျတာပဲ။”ကျရှုံးမှုတစ်ခုကိုအခြေခံပြီး ကိုယ့်ရဲ့ကျန်တဲ့ အရည်အချင်းတွေကိုပါ သုံးမရတော့ဘူးဆိုပြီး ကိုယ့်ဘာကိုယ်ကောက်ချက်ချလိုက်တာမျိုးပေါ့။ဒါကို ဘယ်လိုလှည့်တွေးမလဲ။မကောင်းတဲ့ အခြေအနေတစ်ခုကြောင့် ကိုယ်ကိုယ့်ကို တစ်သက်လုံး အရှုံးသမားလို့ ခံယူနေပြီဆိုရင် ဒီလို ခံယူရလောက်မယ့် ကျရှုံးမှုတွေ၊ လိုအပ်ချက်တွေရှိနေပြီလားလို့ သုံးသပ်ပါ။ တစ်ကြိမ်တစ်ခါ ကျရှုံးမှုကို အကျယ်ချဲ့ပြီး ခံစားနေမိတာကို တွေ့ရပါလိမ့်မယ်။အဖြစ်အပျက်တွေအားလုံးကို ရေစစ်နဲ့ စစ်ချမယ်ဆိုပါစို့။ ဒီလိုအတွေးရှိတဲ့လူမျိုးတွေအတွက်က ကောင်းတဲ့အတွေးတွေဟာ ရေဖြစ်ပြီးတော့ မကောင်းတဲ့အတွေးတွေဟာ အနယ်တွေဖြစ်ပြီးတော့ ရေစစ်ပေါ်မှာကျန်ခဲ့တယ်။ ဥပမာပြောရရင် ငါဒီလအတွက် အကောင်းဆုံးဝန်ထမ်းဆုရတယ်။ ဒါပေမဲ့ ဒါငါတော်လို့မဟုတ်ပါဘူး ဆိုတဲ့အတွေးမျိုးပေါ့။ ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေ၊ အောင်မြင်မှုတွေကို မကောင်းတဲ့အတွေးတွေ၊ ကျရှုံးမှုတွေနဲ့ ဖုံးလွှမ်းလိုက်တယ်။ ဒါဟာ မျှော်လင့်ချက်မဲ့ခြင်းကို ဖြစ်စေတယ်။ကိုယ့်ရဲ့အောင်မြင်မှုတွေဟာ အရေးမကြီးပါဘူးလို့ တွေးမိတိုင်း ကျရှုံးမှုတွေကရော ဘယ်လောက်အရေးပါနေလို့လဲလို့တွေးကြည့်ပါ။ ကောင်းတဲ့အတွေးတွေနဲ့ မကောင်းတဲ့အတွေးတွေနဲ့ အားပြိုင်လာရင် ကိုယ့်ကို စိတ်ချမ်းသာစေမယ့် အတွေးမျိုးကို အနိုင်ပေးလိုက်ပါ။“ငါမှ ကားကိုဝပ်ရှော့ပ်ကို အချိန်မီမပို့တာ၊ ကားကပျက်မှာပေါ့။”တစ်ခါတလေကျရင် လူတွေက အရာရာကို တာဝန်ယူချင်စိတ်ပြင်းထန်တတ်ကြတယ်။ ဘယ်သူမှထိန်းချုပ်လို့်မရဘဲ ဖြစ်လာတဲ့ အခြေအနေတွေအတွက် တာဝန်ယူပြီး ကိုယ့်ဘာကို အသုံးမကျလို့ဆိုပြီးအပြစ်တင်ကြတယ်။ တချို့ကျတော့ သူများကို အပြစ်တင်တယ်။ ဒါဟာ ပျော်ရွှင်မှုကို အကြီးအကျယ် ဟန့်တားနိုင်တဲ့ စိတ်ထောင်ချောက်ပဲ။ကိုယ်လုပ်ထားတဲ့ အမှားတွေအတွက် သူများကို အပြစ်တင်မိနေပြီလားစဉ်းစားပါ။ အပြစ်တင်တယ်ဆိုတာ တစ်ဖက်ကို တာဝန်ယူစေချင်တဲ့သဘောသက်ရောက်ပါတယ်။ ဒါမှမဟုတ် ကိုယ့်ဘာကို အပြစ်တင်မိနေပြီဆိုရင်လည်း ဒီကိစ္စတစ်ခုအတွက် ကိုယ့်မှာ တကယ် တာဝန်ဘယ်လောက်ရှိနေလဲဆိုတာ ပြန်ဆန်းစစ်ပါ။ ကိုယ့်မတတ်နိုင်တဲ့ကိစ္စတွေကို အလွန်အကျွံတာဝန်ယူမိတာမျိုးလည်း မလုပ်မိပါစေနဲ့။“ငါ့အိမ်ထောင်ရေးက မျှော်လင့်ချက်မရှိတော့ဘူး၊ လမ်းခွဲချိန်တန်ပြီးထင်ပါရဲ့”ဒီဆက်ဆံရေးတစ်ခုက မျှော်လင့်ချက်ရှိသေးလား၊ မရှိသေးလားဆိုတာ ကိုယ့်ခံစားမှုတစ်ခုတည်းနဲ့ ဆုံးဖြတ်ရတဲ့ အရာမဟုတ်ပါဘူး။ ခံစားချက်တွေပြင်းထန်နေတဲ့အချိန်၊ ဝမ်းနည်းနေတဲ့အချိန်မှာ ကိုယ့်ခံစားရတဲ့ အရာတစ်ခုဟာ ခေါင်းထဲမှာ အမှန်လို့ထင်တတ်တယ်။ဒီလိုအချိန်မှာ အရင်ဆုံး ကိုယ့်ခံစားချက်ကို အသိအမှတ်ပြုပါ။ “ဟုတ်တယ် ဒီအိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး မျှော်လင့်ချက်မဲ့သလို ခံစားနေရတယ်။ ဒါပေမဲ့ ဒါဟာ တကယ် အဖတ်ဆယ်လို့မရတော့တာမဟုတ်ဘူး။ ပြန်ကောင်းလာအောင် ကြိုးစားလို့ရနိုင်သေးတယ်” ဒါကသာ မှန်ကန်တဲ့ စဉ်းစားခြင်းမျိုးဖြစ်တယ်။အလုပ်မှာ ဘော့စ်နဲ့ အဆင်မပြေတာတွေဖြစ်တယ်။ ဒါကို အမှားတစ်ခုလုပ်မိလိုက်တယ်လို့မစဉ်းစားပဲ ကိုယ့်ရဲ့ဖြစ်တည်မှုကပဲ မှားယွင်းနေသလိုမျိုး တွေးမြင်လာတယ်။ I did the mistake, ငါအမှားကြီးကျူးလွန်မိပြီ မဟုတ်ဘဲနဲ့ I’m the mistake ငါဟာ အမှားကြီးဆိုပြီး စဉ်းစားတယ်။ အခြေအနေတစ်ခုလုံးကို ခြုံငုံကြည့်ရမယ့်အစား မကောင်းတဲ့အပိုင်းလေးကိုပဲ အာရုံစိုက်ပြီး ဒီလူဟာ မကောင်းဘူး၊ ဒါမှမဟုတ် ကိုယ်ကိုယ့်ကို အသုံးမကျတဲ့သူလို့သတ်မှတ်လိုက်တယ်။ဒါဟာဘာနဲ့တူလဲဆိုတော့ ဒီရုပ်ရှင်မကောင်းလို့ ဒီရုပ်ရှင်ရုံကို မသွားတော့ဘူးဆိုတဲ့ အတွေးမျိုးနဲ့တူတယ်။ တကယ်ဖြစ်သင့်တာက ခုကြည့်လိုက်တဲ့ရုပ်ရှင်မကောင်းပေမယ့် ရုပ်ရှင်ရုံကပြတဲ့ အရင်ကားတွေကတော့ ကောင်းပါတယ်ဆိုတဲ့ အတွေးမျိုးဖြစ်တယ်။ဒီလိုမျိုး ကိုယ့်ကို ပျော်ရွှင်မှုနဲ့ ဝေးကွာစေနိုင်တဲ့ စိတ်ထောင်ချောက်တွေအကြောင်းကို သိရင် ကိုယ်တကယ်ဖြစ်နေတဲ့ချိန်ရောက်ရင် သတိပြုမိလာနိုင်တယ်။ နောက်တစ်ကြိမ် စိတ်ထောင်ချောက်ထဲကို ဝင်မိဖို့ဖြစ်လာတိုင်း ကိုယ်ထင်နေတာတွေမှန်ရဲ့လား၊ ကိုယ့်ကောက်ချက်ချမှုတွေဟာ ခံစားချက်ကို ဦးစားပေးလွန်းနေလားစသဖြင့် ဆန်းစစ်သုံးသပ်လာနိုင်ရင် ဘဝမှာ မလိုအပ်တဲ့ စိတ်ဖိစီးမှုတွေကို သိသိသာသာ လျှော့ချသွားပြီး ပျော်ရွှင်မှုနဲ့ပိုပြီးနီးစပ်လာမှာပါ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%9f%e1%80%ac-%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%91%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%81%e1%80%bb%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%91/
မျိုးအောင်နိုင်စေမယ့် အာဟာရဓါတ်များ
ဆေးဝါးနည်းပညာတွေအပြင် သင့်ရဲ့ မျိုးအောင်နိုင်စွမ်းကို တိုးတက်စေမယ့် အကောင်းဆုံးနည်းလမ်းကတော့ စားသောက်မှုပုံစံပြောင်းလဲခြင်းပါပဲ။ စားနေကျ အစားအသောက်တွေကို အနည်းငယ်ပြောင်းလဲပြီး နေ့စဉ်နေ့တိုင်းဖြည်းဖြည်းချင်း တစ်ဆင့်ချင်းစီပြောင်းလဲပါ။ ဒီနောက်မှာတော့ ကိုယ်ဝန်ရနိုင်မယ့်အခွင့်အရေးတွေ အများကြီးတိုးလာပါလိမ့်မယ်။သင့်ရဲ့ အစားအသောက်တွေထဲမှာ မရှိမဖြစ်ထည့်ထားရမယ့် ပစ္စည်း ၅မျိုးရှိပါတယ်။ ဒီအရာတွေက သင့်ကို အာဟာရတန်ဖိုးမြင့်စေပြီး မျိုးအောင်နိုင်စွမ်းကို တိုးမြှင့်ပေးမယ့် စွမ်းအင်ရင်းမြစ်ကြီးပါပဲ။ပရိုတိန်းကြွယ်ဝစွာပါဝင်တဲ့စားစရာတွေဟာ မျိုးအောင်ခြင်းအတွက် အပေါင်းလက္ခဏာဆောင်တဲ့သက်ရောက်မှုတွေရှိတယ်လို့ Annual Clinical Meeting of the American College of Obstetricians ad Gynecologist ရဲ့ လေ့လာချက်ကဆိုပါတယ်။ ပရိုတိန်းလယ်ဗယ်မြင့်နေတဲ့အမျိုးသမီးတွေဟာ အရည်အသွေးပိုကောင်းတဲ့မျိုးဥတွေနဲ့ သန္ဓေသားလောင်းတွေကို ပိုင်ဆိုင်ကြပါတယ်တဲ့။သင့်ခန္ဓါကိုယ်ထဲက အဆီပမာဏတိုးလာတာနဲ့အမျှ သကြားဓါတ်ကလည်းလိုက်တိုးလာပါတယ်။ သကြားဓါတ်ကို ဖြတ်တောက်ဖို့အတွက် သင့်ခန္ဓါကိုယ်က အင်ဆူလင်တွေထုတ်ပေးနိုင်ဖို့ အပြင်းအထန်ကြိုးစားရပါတယ်။ အဆီတွေကဆက်ပြီးတိုးလာတဲ့အခါမှာ ခန္ဓါကိုယ်က သကြားဓါတ်တွေကိုထိန်းဖို့ အင်ဆူလင်အလုံအလောက် မထုတ်ပေးနိုင်တော့ပါဘူး။ အင်ဆူလင်လယ်ဗယ်မြင့်တက်လာခြင်းဟာ သားဥကြွေခြင်းကို ထိခိုက်နိုင်တဲ့ ဇီဝဖြစ်စဉ်ပျက်စီးမှု (metabolic disturbances)တွေကိုဖြစ်ပေါ်စေပါတော့တယ်။ခန္ဓါကိုယ်ထဲက Free radicalတွေဟာ သင်နဲ့ သင့်လက်တွဲဖော်ရဲ့ မျိုးပွားဆဲလ်တွေ (မျိုးဥ (ova) ၊သုက်ပိုး၊ သားအိမ်ရဲ့ဆဲလ်တွေ၊ မျိုးဥတွေ၊ သိုင်းရွိုက်တွေ၊ pituitary အစရှိသဖြင့်) ကို ဖျက်ဆီးပစ်နိုင်ပါတယ်။ Free radicals တွေဟာ အဆိပ်ဓါတ်တွေ၊ စိတ်ဖိစီးမှုတွေ၊ Pesticides တွေ၊ ဖျားနာခြင်းတွေ၊စိတ်လှုပ်ရှားလွန်ခြင်းတွေနဲ့ နေရောင်ခြည်နဲ့ထိတွေ့မှုများလွန်းခြင်းတွေကနေ ဖြစ်ပေါ်လာတာပါ။အစာခြေခြင်းနဲ့ ဟော်မုန်းညီမျှခြင်းတွေအတွက် အမျှင်ဓါတ်ကတော့ မရှိမဖြစ်ပါပဲ။ သူတို့တွေဟာ သွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးပြီး ဒါတွေက အင်ဆူလင်လယ်ဗယ်ကိုလည်း အကျိုးသက်ရောက်စေပါတယ်။ အမျှင်ဓါတ်မြင့်မားစွာပါဝင်တဲ့အစာတွေကို စားသုံးခြင်းက လူတိုင်းအတွက် အရေးကြီးပါတယ်။ ဒါပေမယ့် Polycystic ovary syndromeတွေ၊ endometriosis ရှိသူတွေနဲ့ ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေသူတွေအတွက် အထူးကိုအရေးကြီးတာပါ။ အမျှင်ဓါတ်တွေ မြင့်မားစွာစုစည်းနေတာက PCOSလို မျိုးအောင်ခြင်းကိုလျော့ကျစေတဲ့ပြဿနာတွေ နဲ့အခြားသော ခုခံအားဆိုင်ရာပြဿနာတွေ ကို လျှော့ချပေးနိုင်ပါတယ်။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/preparing-to-get-pregnant/fertility-smoothie-recipe/
ကြည့်လေရာ မြင်ကွင်းတိုင်း ဘာကြောင့် ဝါးနေရတာလဲ ။ ။
အိပ်ရာနိုးလာလို့ မျက်လုံးဖွင့်ပြီး ကြည့်လိုက်တာနဲ့ ကိုယ်ကြည့်တဲ့ မြင်ကွင်းက ကြည်မနေရင် လူတိုင်း စိတ်ရှုပ်ကြရပါတယ်။ မျက်လုံးကောင်းနေတဲ့အချိန်တုန်းကတော့မျက်လုံးရဲ့ အရေးကြီးပုံကို သတိမထားပေမယ့်လည်း ချို့ယွင်းချက်ဖြစ်ပြီဆိုရင်တော့ တကယ်ကို စိတ်ရှုပ်ရတဲ့ ကျန်းမာရေးပြဿနာတွေထဲမှာမျက်လုံးက ထိပ်ဆုံးက ပါပါတယ်။ ဒီဆောင်းပါးထဲမှာ ကြည့်လေရာ မြင်ကွင်းတိုင်းကို မှုန်ဝါးစေတဲ့ မျက်လုံး ပြဿနာတွေ အကြောင်းကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ ။Myopia(အဝေးမှုန်ခြင်း) – ဒီ အဝေးမှုန်တဲ့ ပြဿနာဟာ မျက်လုံး တစ်ဖက်တည်းဖြစ်ဖြစ် နှစ်ဖက်လုံးဖြစ်ဖြစ်ကို ပြဿနာတက်စေနိုင်တဲ့အရာပါ။ အဝေးတစ်နေရာရှိနေတဲ့ အရာကို ပြတ်သားစွာ မမြင်ရတော့တဲ့ သူတွေဟာ ငယ်ငယ်တည်းက အရာဝတ္တုတစ်ခုကို အရမ်းအနီးကပ်ပြီး ကြည့်လေ့ရှိသူတွေနဲ့ အဝေးမှုန်တဲ့ ပြဿနာ မိဘမျိုးရိုးရှိတဲ့သူတွေ အများဆုံးဖြစ်နိုင်ပါတယ်။Hyperopia (အနီးမှုန်ခြင်း) – အဝေးက အရာတွေကိုပြတ်ပြတ်သားသား မြင်ရပြီး အနီးက အရာတွေကို သဲကွဲစွာ မမြင်နိုင်တဲ့ အနီးမှုန်ပြဿနာကြောင့်လဲ အမြင်အာရုံ ဝါးတာဖြစ်နိုင်ပါတယ်။Presbyopia – အသက်ကြီးလာရင် ဖြစ်လေ့ရှိတဲ့ မျက်လုံး ပြဿနာတစ်မျိုးပါ။ မျက်လုံးရဲ့မှန်ဘီလူးတွေဟာ အသက်အရွယ်ကြောင့် ပျော့ပျောင်းမှု အားနည်းသွားလို့ စာဖတ်အကွာအဝေးလောက်မှာရှိတဲ့ အရာဝတ္တုတွေကို ပြတ်ပြတ်သားသား မမြင်နိုင်တော့တာဖြစ်ပါတယ်။Astigmatism– Cornea (မျက်ကြည်လွှာ) ပုံမှန် မဟုတ်တာကြောင့် မျက်လုံးဆီကို လာတဲ့ အလင်းတန်းတွေကို တစ်နေရာတည်း သေချာ မ စုနိုင်တော့ဘဲ ပြန့်ကျဲကုန်တဲ့အခါမှာ အနီးရော အဝေးရော မပြတ်သားဘဲ ဝေဝါးရတာဖြစ်ပါတယ်။Glaucoma–ရေတိမ်ဆိုပြီး လူသိများကြတဲ့ Glaucoma ဟာ မျက်လုံးထဲ အရည်တွေစုတာများပြီး မျက်လုံးအာရုံကြောပေါ် သွားဖိလို့အမြင်အာရုံချို့ယွင်းရတာဖြစ်ပါတယ်။ အစပိုင်းမှာ ကြည့်လေရာ မြင်ကွင်းရဲ့ ဘေးပတ်လည်ကို ဝါးစေပြီး သေချာကုသမှု မခံယူရင် နောက်ပိုင်းကျ အလယ်ကိုပါ ဝါးသွားစေကာ လုံးဝ မမြင်ရတော့တဲ့အထိ အမြင်အာရုံ ဆုံးရှုံးမှုကို ဖြစ်စေနိုင်တဲ့ မျက်စိ ပြဿနာတစ်ခုပါ။Macular Degeneration– ဒီပြဿနာကတော့ ကြည့်လိုက်တဲ့ မြင်ကွင်းတိုင်းရဲ့ အလယ်တည့်တည့်မှာ မည်းနေတာ၊ မျဉ်းဖြောင့်ကို ကြည့်လိုက်ရင် မျဉ်းကတွန့်နေတာ၊ လူတွေရဲ့မျက်နှာကို ကြည့်လိုက်ရင် ပြားပြားကြီးဖြစ်နေတာမျိုးပါ။ အဝလွန်တဲ့ အမျိုးသမီးတွေ၊ သွေးတိုးရောဂါရှိတဲ့သူတွေ၊ ဆေးလိပ်အသောက်များပြီး အသက် ၆၀ ကျော်တဲ့သူတွေမှာ အဖြစ်များပါတယ်။ မျက်လုံးရဲ့ မြင်လွှာ retina ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ macula မှာ ပြဿနာတက်တဲ့ ကိစ္စတစ်ခုပါ။ Dry နဲ့ Wet ဆိုပြီး ၂ မျိုးရှိကာ dry က တော့ macula တစ်ရှူးတွေ ပျက်စီးသွားလို့ ကျန်ခဲ့တဲ့ အမာရွတ်က မြင်လွှာရှေ့မှာခံနေလို့ မြင်ကွင်းအလယ်တည့်တည့်မဲနေတာ ဖြစ်ပြီး wet ကတော့ မျက်စိသွေးကြောနံရံတွေဆွေးသွားလို့ မြင်လွှာထဲ သွေးတွေစိမ့်ထွက်လာတာကြောင့် အမြင်အာရုံဝါးသွားရတာဖြစ်ပါတယ်။Diabetic Retinopathy–ဆီးချိုကောင်းကောင်းမထိန်းနိုင်လို့ မျက်လုံး retina မြင်လွှာက သွေးကြောတွေပျက်စီးပြီး အမြင်အာရုံ ပျက်စီးလာရတာဖြစ်ပါတယ်။အတွင်းတိမ်– အသက် ၈၀ နောက်ပိုင်းဆို အဖြစ်များတဲ့ မြင်ကွင်းထဲမှာ တိမ်တွေ ဖုံးနေသလိုဖြစ်ရတာဟာ ဒီ အတွင်းတိမ်ကြောင့် ဖြစ်ရတာပါ။ အသက်ကြီးလာတဲ့အခါ မျက်လုံးရဲ့ မှန်ဘီလူးထဲမှာ ပရိုတင်းတွေ စုလာလို့ မှန်ဘီလူးကို ရိုက်တဲ့ အလင်းတန်းပုံရိပ်တွေ ယိုင်ထွက်သွားပြီး ရှင်းလင်းစွာ မမြင်ရတော့တာဖြစ်ပါတယ်။Floaters– ကိုယ်ကြည့်လိုက်တဲ့ နေရာတိုင်းမှာ မျက်စိထဲ မဲမဲ အမျှင်လေးတွေ၊ မဲမဲအစက်လေးတွေပါ မြင်နေရပြီး သူတို့က မျက်လုံးရွှေ့တိုင်းလိုက်ရွေ့နေတယ်ဆိုရင် သင့်မျက်လုံးထဲမှာ Floaters တွေရှိနေပါပြီ။ ဒါတွေက မျက်လုံးအတွင်းထဲမှာရှိတဲ့ ဂျယ်လီတွေ ခဲသွားလို့ဖြစ်လာရပါတယ်။ သူတို့က မျက်လုံးကို မထိခိုက်နိုင်ဘူးဆိုပေမယ့် ရုတ်တရက်ကြီး များလာတဲ့အခါကျရင်တော့ စိုးရိမ်စရာရှိပါတယ်။မျက်လုံးခြောက်ခြင်း– အဲယားကွန်းရှေ့မှာ အနေများပြီး လေတိုက်လို့ မျက်လုံးခြောက်နိုင်သလို ကွန်ပျူတာတို့ ဖုန်းတို့ အကြည့်များပြီး မျက်ရည်ခြောက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီလို မျက်ရည်ခမ်းနေပြီဆို ကြည့်လေရာနေရာတိုင်းဟာ ဝါးနေတတ်ပါတယ်။အခြား မျက်လုံးပြဿနာတွေဖြစ်တဲ့။· မျက်ခမ်းစွံတာ။· မျက်လုံးယားပြီး ရဲနေတာ။· မျက်ကြည်လွာရောင်တာတွေကလည်း အမြင်အာရုံကို ဝါးစေနိုင်တဲ့ မျက်လုံး ပြဿနာတွေဖြစ်ပါတယ် ။ ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/vision-impairment-loss/blurred-vision/
ခြေဖနောင့်ကွဲခြင်းနဲ့ ဆားရည်စိမ်ခြင်း
ခြေဖနောင့်ကွဲတာက များလာရင် နာကျင်တာတွေဖြစ်လာနိုင်သလို ဖနောင့်မှာ အစင်းကြောင်းရာတွေဖြစ်လာပြီး ကြည့်ရဆိုးစေပါတယ်။ခြေဖနောင့် ကွဲတာဖြစ်တဲ့အခါမှာဆေးတွေနဲ့ ကုသပြီးပျောက်ကင်းတာ ရှိသလို သဘာဝနည်းလမ်းလေးတွေသုံးပြီး လုပ်ဆောင်လို့ရတာလည်း ရှိပါတယ်။ ခြေဖနောင့်ကွဲခြင်းကို ဖြစ်ပေါ်စေတဲ့အကြောင်းရင်း၊ ခြေဖနောင့်ကွဲခြင်းကို သက်သာစေမယ့် အိမ်တွင်းနည်းလမ်းများနဲ့ အိမ်တွင်းနည်းလမ်းလေးတွေထဲကမှ ဆားရည်စိမ်ခြင်းအကြောင်းကိုပြောပြမယ်နော်။ပျားရည်က စိုစွတ်မှုကိုပေးစွမ်းနိုင်ပြီး ဘက်တီးရီးယားတွေကိုသေစေနိုင်တာကြောင့်ခြေဖနောင့်ကွဲအက်ခြင်းတွေကို သက်သာစေပါတယ်။ ပျားရည်လေးတွေခြေဖနောင့်မှာ သုတ်လိမ်းပြီး အိပ်ပါ။ ဒါဟာ ဆိုင်တွေမှာ ပျားရည်နဲ့ပေါင်းတင်သလိုပါပဲ။ နေ့တိုင်းလုပ်ပေးမယ်ဆိုရင်တော့ ခြေဖနောင့်ကွဲတာတွေ အတော်လေး သက်သာလာတာကိုတွေ့ရမှာပါ။ရှားစောင်းလက်ပပ်ကတော့ ဆဲလ်သေတွေ ဖယ်ရှားပေးပြီး ဖြူစင်ကြည်လင်ဝင်းပစေတဲ့ ဆေးဖက်ဝင်အရွက်တစ်မျိုးပါပဲ။ ခြေထောက်ကို ရေနွေးနွေးလေးနဲ့ (၁၅) မိနစ်လောက် စိမ်ထားပြီးရင် ရှားစောင်းလက်ပပ်လေးတွေကို လှီးပြီး အတွင်းသား ဂျယ်လ်လေးတွေယူကာ ဖနောင့်မှာ လိမ်းပါ။ နောက်မှရေဆေးပါ။ ဒီလိုမျိုးနေ့တိုင်းလုပ်ပေးမယ်ဆိုရင် ခြေဖနောင့်ကွဲတာတွေ သက်သာလာမှာပါ။ဆားမှာ ပါဝင်တဲ့ သတ္တုဓာတ်တွေက ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး အနံ့အသက်ဆိုးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ခြေဖနောင့်မှာ အနာလေးတွေ ရှိနေတယ်ဆိုရင်တော့ ဆားနဲ့ထိတွေ့တဲ့အခါ စပ်နိုင်ပါတယ်။ ဆားက အဆီတွေထွက်တာကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် ခြေထောက်ခြေဆီ ထွက်တာတွေ မဖြစ်စေနိုင်တဲ့အပြင်ဖြူဖွေးစေပါတယ်။ပထမဦးဆုံး ဆားကို ရေနွေးနဲ့ဖျော်ပါ။ ရေနွေးလေး နည်းနည်းအေးသွားတဲ့အခါမှာ ခြေထောက်ကို စိမ်လိုက်ပါ။ ခြေထောက်အသားလေးတွေ ပျော့လာပြီဆိုရင် ဆားကြမ်းနဲ့ခြေဖနောင့်ကို ပွတ်တိုက်ပါ။ ခြေထောက်ကိုတိုက်တဲ့ကျောက်တုံးလေးနဲ့ ဖနောင့်ကွဲတဲ့နေရာကို တိုက်ပါ။နောက်တော့ အဝတ်စသန့်သန့်လေးနဲ့ သန့်စင်လိုက်ပါ။ နှင်းဆီရည်လေး ဖျန်းတာမျိုးလေး လုပ်ပါ။ ဒါမှမဟုတ် လိုးရှင်းလိမ်းပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%b1%e1%80%bb%e1%80%81%e1%80%96%e1%80%b1%e1%80%94%e1%80%ac%e1%80%84%e1%80%b9%e1%80%b7%e1%80%80%e1%80%bc%e1%80%b2%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%94%e1%80%b2%e1%82%94-%e1%80%86/
အမျိုးသမီးတွေမှာအဖြစ်များတဲ့ ကင်ဆာတွေနဲ့ အမာရွတ်မကျန်ခွဲစိတ်ကုထုံး
ကျန်းမာခြင်းဆိုတဲ့ လာဘ်တစ်ပါးကို ပိုင်ဆိုင်ထားချင်ကြတာ ယောက်ျားလေး၊ မိန်းကလေး အရွယ်မရွေးပါပဲ။ ဒါပေမယ့် မဖြစ်မနေရင်ဆိုင်လာရတဲ့ ကျန်းမာရေးပြဿနာတွေနဲ့ရောဂါတွေကို ငြင်းဆန်လို့မှမရတာလေ။ အခုနောက်ပိုင်းမှာဆိုရင် ကင်ဆာဆိုတဲ့စကားလုံးက လူတွေနဲ့သိပ်မစိမ်းတော့သလို အဖြစ်များလာတဲ့ ကင်ဆာအမျိုးအစားလည်း တိုးလာပါတယ်။ ကံကောင်းတာတစ်ခုက ခေတ်မီဆေးပညာကုထုံးတွေနဲ့ ကုသရေးဝန်ဆောင်မှုကောင်းတဲ့ဆေးရုံ၊ဆေးခန်းတွေပေါ်ထွက်လာတာကြောင့် ပြန်လည်ကျန်းမာလာပြီး သက်တမ်းစေ့နေထိုင်သွားနိုင်သူတွေတောင်ရှိပါတယ်။ဒါဆိုကင်ဆာလို့တွေးလိုက်တာနဲ့ လေဒီတို့အတွေးမှာ ဘယ်ကင်ဆာအမျိုးအစားကိုအရင်ပြေးမြင်မိမလဲ။ရင်သားကင်ဆာနဲ့သားအိမ်နဲ့ပတ်သက်တဲ့ကင်ဆာတွေပါပဲ။ နောက်ထပ်ရော ဘာတွေရှိဦးမလဲ ဆက်ကြည့်ရအောင်…။မိန်းကလေးတွေမှာအဖြစ်များကြတဲ့ ကင်ဆာတွေက –။မိန်းကလေးတွေအားလုံးဟာ ရင်သားကင်ဆာနဲ့ပတ်သက်တဲ့ ဗဟုသုတလေးတွေ သိထားသင့်တယ်၊ လေ့လာထားသင့်တယ်။ ကိုယ့်ရင်သားမှာ တစ်ခုခုထူးခြားတာ၊ အရင်နဲ့မတူတာ သတိထားမိရင်၊ ခံစားမိရင် အမြန်ဆုံးစမ်းသပ်စစ်ဆေးမှုခံယူဖို့လိုပါတယ်။ မိသားစုမျိုးရိုး၊ မျိုးဗီဇသန္ဓေပြောင်းခြင်း ဒါမှမဟုတ် တခြားအကြောင်းရင်းခံတွေကြောင့် အမျိုးသမီးတွေမှာ ရင်သားကင်ဆာအန္တရာယ်ပိုများနေနိုင်ပါတယ်။ပျိုဖော်ဝင်ချိန်စောတာ၊ သွေးဆုံးနောက်ကျတာ၊ ကလေးမရနိုင်ခဲ့တာ စတဲ့အကြောင်းရင်းခံတွေကြောင့် သားအိမ်ကင်ဆာဖြစ်နိုင်တဲ့အန္တရာယ်ပိုများနိုင်ပါတယ်။ မိသားစုထဲမှာ သားအိမ်နဲ့ပတ်သက်တဲ့ကင်ဆာဖြစ်ဖူးသူရှိတဲ့ အမျိုးသမီးတွေ၊အဝလွန်သူတွေမှာလည်း သားအိမ်ကင်ဆာဖြစ်နိုင်ခြေများပါတယ်။အမျိုးသမီးတွေမှာ အဖြစ်များဆုံးထဲ ရှေ့ကပါဝင်တဲ့ ကင်ဆာအမျိုးအစားဖြစ်ပါတယ်။ human papillomavirus(HPV) လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်ပွားရလေ့ရှိပြီး ဒီဗိုင်းရပ်စ်ဟာ အများအားဖြင့် လိင်ကတဆင့် ကူးစက်လေ့ရှိတာပါ။ တချို့ HPV ဗိုင်းရပ်စ်တွေက ဘာရောဂါလက္ခဏာမှမဖြစ်စေဘဲ တချို့တွေကတော့လိင်အင်္ဂါကြွက်နို့ဖြစ်စေကာတချို့HPV ဗိုင်းရပ်စ်တွေကတော့ သားအိမ်ခေါင်းကင်ဆာ ဖြစ်စေပါတယ်။ သားအိမ်ခေါင်းကင်ဆာရဲ့ ၇၀ရာခိုင်နှုန်းလောက်ဟာ HPV ဗိုင်းရပ်စ်အမျိုးအစားနှစ်မျိုးဖြစ်တဲ့ ၁၆ နဲ့၁၈ တို့ကြောင့် ဖြစ်ပွားရတာပါ။ ဒီ HPV ဗိုင်းရပ်စ်အမျိုးအစားတွေဟာ ရောဂါလက္ခဏာ စောစောစီးစီး ပြလေ့မရှိတာမို့အမျိုးသမီးအများစုအနေနဲ့သူတို့မှာ ပိုးကူးစက်ခံနေရမှန်း သတိမထားမိတတ်ကြပါဘူး။သားဥအိမ်ကင်ဆာက အသက်အရွယ်မရွေးဖြစ်နိုင်ပေမယ့် အသက်ကြီးလာတာနဲ့အမျှဖြစ်နိုင်ခြေပိုများလာတာပါ။ အန္တရာယ်များတဲ့ ကင်ဆာအမျိုးအစားဖြစ်ပေမယ့် စောစောသိ၊ စောစောကုသရင် အသက်ရှင်နိုင်ခြေ ၉၅ ရာခိုင်နှုန်းလောက်မြင့်ပါတယ်။ ကလေးမမွေးဖွားဖူးသူ၊ အသက် ၃၅ နှစ်နောက်ပိုင်းမှပထမဆုံးကလေးမွေးဖွားသူတွေမှာ ဖြစ်နိုင်ခြေများပါတယ်။ဒီကင်ဆာတွေအတွက်က ခွဲစိတ်မှုနည်းလမ်းအမျိုးမျိုးနဲ့ကုသကြပါတယ်။ ဥပမာ သားအိမ်ထုတ်ရတဲ့ ခွဲစိတ်ကုသမှုဆိုရင် ဗိုက်ကနေခွဲစိတ်တဲ့နည်း၊ မိန်းမကိုယ်ကနေ ခွဲစိတ်ထုတ်ဖယ်တဲ့နည်း၊ မှန်ပြောင်းအသုံးပြုခွဲစိတ်ထုတ်ဖယ်နည်းနဲ့ နောက်ဆုံးပေါ်ကုသနည်းသစ်ဖြစ်တဲ့ အမာရွတ်မကျန် ခွဲစိတ်ကုသနည်းဆိုပြီးရှိတယ်။ အဲဒီထဲကမှ လူနာအတွက် အကျိုးများတဲ့ အမာရွတ်မကျန်ခွဲစိတ်ကုသမှုအကြောင်းပြောပြပေးချင်ပါတယ်။ဒီနည်းက သားအိမ်ထုတ်ဖယ်ဖို့မိန်းမကိုယ်ကနေတဆင့် မှန်ပြောင်းသုံးပြီးခွဲစိတ်တဲ့ ကုသနည်းသစ်ဖြစ်ပါတယ်။ ဘာတွေအကျိုးကျေးဇူးရှိလဲဆိုတော့ ဒီနည်းနဲ့ဆိုရင် ခွဲစိတ်ဒဏ်ရာအမာရွတ်မကျန်စေနိုင်ဘူး၊ သွေးထွက်နည်းစေတယ်၊ ပြန်သက်သာတာမြန်တယ်၊ နောက်ဆက်တွဲပြဿနာတွေနည်းတယ်လေ။ဒီကုသမှုကို –။ဒီကုသနည်းနဲ့ သားအိမ်ထုတ်ခွဲစိတ်မယ်ဆိုရင် –။ဘယ်ကုသမှုပဲဖြစ်ဖြစ် ကျွမ်းကျင်ပြီး အတွေ့အကြုံပြည့်ဝတဲ့ဆရာဝန်တွေကလုပ်ဆောင်ပေးမှသာ ကိုယ့်ကျန်းမာရေးအတွက် အန္တရာယ်ကင်းဖို့စိတ်ချရမှာပါ။ ယနေ့ခေတ်မှာဆို ပြည်တွင်းမှာတင်မက ပြည်ပမှာသွားရောက်ဆေးကုသနေကြပြီဆိုတော့ ဒီအချက်ကို ဦးစားပေးရွေးချယ်ကြမှာသေချာပါတယ်။ မြန်မာနိုင်ငံအနှံ့အပြားမှာ ကိုယ်စားလှယ်ရုံးခွဲတွေ ရှိနေပြီဖြစ်တဲ့ ထိုင်းနိုင်ငံဝေ့ဌာနီဆေးရုံကြီးမှာဆို ဒီလိုရောဂါတွေအတွက် ဗိုက်ခွဲစရာမလိုဘဲ ဒီကုထုံးနဲ့ နာကျင်ခြင်းအနည်းဆုံး၊ ဆေးရုံတက်ရက်အနည်းဆုံး ဖြစ်အောင် ကုသပေးနေပါတယ်။ဝေ့ဌာနီဆေးရုံကြီးရဲ့ အထူးကျွမ်းကျင် ဆရာဝန်ကြီးတွေ၊ ခေတ်မီထိရောက်တဲ့ ကုသရေးပစ္စည်းတွေ၊ ခေတ်မီနည်းပညာတွေ၊ နောက်ဆုံးပေါ်ကုထုံးတွေ၊ ကောင်းမွန်တဲ့ဝန်ဆောင်မှုတို့နဲ့ လူနာပေါင်းများစွာကို ကုသအောင်မြင်နေတာပါ။ ကုတင် ၅၀၀ ဆန့်ဝေ့ဌာနီဆေးရုံကြီးမှာ ဆရာဝန်အင်အား အယောက် ၃၀၀ နီးပါး သူနာပြုအင်အား အယောက် ၂၀၀ ခန့်နဲ့ နိုင်ငံတကာက လူနာတွေကို အကောင်းဆုံးကုသမှုတွေပေးနေပါတယ်။ ဒီဆေးရုံရဲ့နောက်ထပ်အားသာချက်တွေက လူနာတွေကို လေယာဉ်နဲ့ ပို့ဆောင်ပေးတာ၊ ဘာသာစကားအခက်အခဲ မရှိအောင် စကားပြန်ဝန်ဆောင်မှုတွေ စီစဉ်ပေးထားတာ၊ မြန်မာကျပ်ငွေအပါအဝင် ဘယ်လိုငွေကြေးမျိုးပဲ ကိုင်ဆောင်လာသည်ဖြစ်စေ ဆေးရုံမှာတင်ရှိတဲ့ ငွေကြေးလဲလှယ်ရေးကောင်တာမှာ အလွယ်တကူလဲလှယ်လို့ရတာတွေပဲဖြစ်ပါတယ်။ဒါကြောင့် ဒီလိုကုထုံးတွေအတွက် စိတ်ချရတဲ့ဆေးရုံကို ရွေးချယ်မယ်ဆိုရင် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်တွေရရှိထားပြီး မြန်မာနိုင်ငံသားတွေအတွက်လည်း အစစအရာရာ အဆင်ပြေချောမွေ့တဲ့ဝေ့ဌာနီဆေးရုံကြီးကို အားထားနိုင်ပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/scarless-surgery-cancers/
စိတ်ညစ်နေတဲ့သူကို မပြောသင့်တဲ့စကား ၁၀ ခွန်း
စိတ်ညစ်နေတဲ့သူကို မပြောသင့်တဲ့စကား။ကိုယ့်သူငယ်ချင်းတစ်ယောက်၊ ချစ်သူ၊ မိသားစုဝင်တစ်ယောက်ယောက် အရမ်းစိတ်ထိခိုက်နေတဲ့ချိန်မှာ နှစ်သိမ့်ပေးဖို့၊ သက်သာအောင် လုပ်ပေးဖို့ ကြိုးစားပေမယ့် ဘာပြောရမှန်းမသိဖြစ်ဖူးလား။ဒါမှမဟုတ် ကိုယ်ကိုယ်တိုင် စိတ်ဓာတ်ကျနေတဲ့ချိန်မှာ ဘေးလူပြောတဲ့စကားတစ်ခွန်းကြောင့် ပိုဆိုးသွားတာမျိုးကြုံဖူးလား။ ဘေးလူတွေကတော့ စေတနာနဲ့ ကောင်းစေချင်တဲ့ ဆန္ဒနဲ့ တတ်နိုင်သလောက် အားပေးကြပေးမယ့် စေတနာအမှားတွေ ဖြစ်တတ်ပါတယ်။အထူးသဖြင့် စိတ်ထိခိုက်လွယ် စိတ်အားငယ်လွယ်စေတဲ့ စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်မှုလွန်ကဲတဲ့ရောဂါရှိတဲ့ သူတွေအတွက်ဆို ပိုဆိုးတတ်ပါတယ်။ကိုယ့်ဒီလိုစကားတွေကို ပြောမိနေပြီလား၊ စိတ်ညစ်နေတဲ့သူတွေဟာ ဘယ်လိုစကားမျိုးကို ကြားချင်လဲ၊ ဘယ်လိုစကားမျိုးကို မကြားချင်ဘူးလဲ၊ ဘယ်လိုမျိုး နှစ်သိမ့်သင့်လဲဆိုတာလေးကို ဒီဆောင်းပါးလေးကနေ ဖော်ပြပေးလိုက်ပါတယ်နော်။ပျော်ကြည့်ပါလားလို့ပြောလိုက်ခြင်းအားဖြင့် သူတို့ရဲ့ စိတ်အခြေအနေကို မထီမဲ့မြင်လုပ်သလိုမျိုးဖြစ်သွားတဲ့အပြင် လျစ်လျူရှုသလိုဖြစ်သွားတတ်ပါတယ်။ စိတ်ကျရောဂါဖြစ်နေတဲ့သူတိုင်းဟာ ကင်ဆာဖြစ်နေတဲ့သူတွေလိုပါပဲ။ ကင်ဆာဖြစ်နေတဲ့သူကို နင်ကျန်းမာအောင်နေပါလားလို့သွားပြောသလိုပဲ။  စိတ်ကျရောဂါသည်တွေမှာလည်း သူများလို ပျော်နိုင်ရင် ဘယ်လောက်ကောင်းမလဲဆိုတဲ့ အတွေးရှိပြီးသားမို့လို့ပါ။နင်စိတ်မပျော်တာ ငါသတိထားမိတယ်။ ငါကူညီပေးနိုင်တာရှိလား။ဒီလိုပြောလိုက်တာဟာ နင့်ရဲ့စိတ်ကျရောဂါဟာ တကယ့်ရောဂါမဟုတ်ပါဘူး။ နင်ကမရှိတာကို ရှိသလိုလုပ်နေတာပါလို့ အဓိပ္ပါယ်သက်ရောက်သွားပါတယ်။ငါနင့်ကို နားလည်အောင် ကြိုးစားပါမယ်။စိတ်ကျရောဂါရှိတဲ့သူတွေတိုင်းက ပုံမှန်လူတွေလို မတွေးနိုင်တာမဟုတ်ပါဘူး။ ဘာလို့ငါ့ကျမှဒီလိုဖြစ်ရတာလဲ ဆိုတဲ့အတွေးရှိကောင်းရှိနိုင်ပေမယ့် အများအားဖြင့်တော့ သူတို့ဖြစ်နေတဲ့ အတွေးတွေကို သိနေရဲ့နဲ့  မတွန်းလှန်နိုင်ကြပါဘူး။ ဘဝကြီးက မတရားဘူးဆိုတာ သူတို့သိပါတယ်။ သိပြီးသားကို ထပ်ပြောလည်း ထူးမှာမဟုတ်ပါဘူး။နင်ခက်ခဲနေတာတွေ၊ ရုန်းကန်နေရတာတွေကို ငါမြင်ပါတယ်။ ကူညီပေးလို့ရတာဆို ကူညီပေးချင်ပါတယ်။၄။ နင့်လောက်တောင် ကံမကောင်းတဲ့သူတွေ ကမ္ဘာပေါ်မှာအများကြီးရှိတယ်။ဒီစကားက မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ စစ်ဖြစ်နေတဲ့နိုင်ငံတွေ၊ ငတ်မွတ်ခေါင်းပါး ရေတစ်ပေါက်တောင် မသောက်ရတဲ့သူတွေရှိတယ်။ နင့်မှာ နေစရာအိမ်ရှိတယ်၊ စားစရာရှိတယ်၊ ပညာတတ်တယ်၊ နင့်ကိုချစ်တဲ့မိဘတွေရှိတယ်ဆိုပြီးပြောလို့ရပါတယ်။ ဒါပေမဲ့ စိတ်ကျရောဂါရှိနေတဲ့သူတိုင်းဟာ သူတို့ဘဝအခြေအနေ မပြည့်စုံလို့ ရောဂါခံစားနေရတာမဟုတ်ပါဘူး။ ငွေကြေးရှိ၊ ရုပ်ကလည်းလှ၊ အောင်မြင်မှုတွေနဲ့လည်းပြည့်စုံနေတဲ့ ကမ္ဘာကျော်အဆိုတော်တွေ၊ ရုပ်ရှင်မင်းသားမင်းသမီးတွေလည်း လက်ရှိစိတ်ကျရောဂါခံစားရတဲ့သူတွေရှိသလို အဆုံးစီရင်သွားတဲ့သူတွေလည်း မနည်းပါဘူး။နင့်နေရာမှာသာဆိုရင် ဘယ်သူမဆို ဒီလိုခံစားရမှာ။ နင်ခံစားနေရတာ ငါနားလည်ပါတယ်။စိတ်ကျရောဂါသည်တွေဟာ ပုံမှန်လူတွေလိုမျိုး ပျော်ရွှင်စရာကိစ္စတွေကို ပျော်ရွှင်စရာလို့ မခံစားတတ်ကြပါဘူး။ နင်ပျော်ရမယ်၊ နင်ပျော်သင့်တယ်လို့ပြောလိုက်တာဟာ သူတို့ဒီလိုစိတ်ဓာတ်ကျနေတာ အပြစ်ကြီးတစ်ခုလား ဆိုပြီး သူတို့ကိုယ်ကို အပြစ်ပြန်တင်နိုင်ပါတယ်။ သူများအပေါ်ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေတယ် ဆိုတဲ့ ခံစားချက်လည်း ရနိုင်ပါတယ်။ငါတို့ဒီနေ့မုန့်သွားစားကြမလား။အိမ်နားမှာ ကော်ဖီဆိုင်အသစ်ဖွင့်တယ်။ သွားထိုင်ရအောင်လေ။အကယ်၍ ငြင်းခဲ့ရင်လည်းနင့်အိမ်ငါလာလည်မယ်လေ။ ရုပ်ရှင်တူတူကြည့်ရအောင်လားဆိုပြီး ပြောလို့ရပါတယ်။တစ်ယောက်တည်းနေတာစိတ်ဓာတ်ကျတာကို ပိုဆိုးစေနိုင်တယ်ဆိုတာမှန်ပေမယ့် လူတိုင်းဟာ သူတို့ စိတ်ညစ်နေတာကို ကိုင်တွယ်တဲ့နည်းလမ်းချင်းမတူကြပါဘူး။ နင်ဘာလုပ်သင့်တယ် ဒါလေးလုပ်လိုက်ပါလား ဆိုတဲ့ အကြံပေးတာတွေဟာ ကူညီနေတယ်လို့ထင်ရပေမယ့် အခြေအနေတော်တော်များများမှာ ဘာလုပ်သင့်တယ်ဆိုတဲ့ အကြံပြုချက်တွေဟာ စိတ်ညစ်နေတဲ့သူတွေအတွက် ထိရောက်မှုမရှိပါဘူး။နင်သွားချင်တဲ့နေရာရှိလား။ ငါလိုက်ခဲ့မယ်လေ။ဒီစကားကို တော်တော်များများ ပြောဖူးကြလိမ့်မယ်။  ကောင်းသွားလိမ့်မယ်ဆိုတဲ့ အတွေးသာ တွေးနိုင်ရင် စိတ်ကျရောဂါဆိုတာရှိတော့မှာမဟုတ်ပါဘူး။ မျှော်လင့်ချက်မဲ့နေတဲ့ခံစားချက်၊ ငါဘယ်တော့မှမပျော်နိုင်တော့ဘူးဆိုတဲ့ ခံစားချက်တွေနဲ့ ဖိစီးနေတဲ့သူတစ်ယောက်ကို ကောင်းသွားလိမ့်မယ် လို့ပြောတာဟာ ကူညီရာမရောက်ပါဘူးနော်။နင့်အတွက် ငါအမြဲရှိတယ်။ နင်ခက်ခဲနေတဲ့ချိန်မှာ ငါကူညီချင်တယ်။စိတ်ကျရောဂါသည်တော်တော်များများဟာ သူတို့ကိုယ်ကို လူကောင်းဟန်ဆောင်တာ ကျွမ်းကျင်ပြီးသားပါ။ လူတစ်ယောက်ရဲ့ အပြင်ပန်းကို ကြည့်ပြီးတော့ ဒီလူတော့ ပျော်နေတယ်၊ စိတ်ညစ်နေတယ်ဆိုတာ ခန့်မှန်းလို့မရနိုင်ပါဘူး။စိတ်ကျရောဂါသည်တိုင်းဟာ တကယ့်ရောဂါသည်တွေလိုမျိုး မျက်တွင်းဟောက်ပက်၊ ပိန်ချုံး၊ ဆံပင်စုတ်ဖွားနဲ့ ဖြစ်နေမှာမဟုတ်ပါဘူး။နင်ဘာတွေခံစားနေရလဲ ငါ့ကိုပြောပြကြည့်ပါလား။ဒါလည်း အဆိုးဆုံးစကားထဲမှာပါပါတယ်။ သူတို့ရဲ့ နာကျင်မှုကို အပြင်မှာ မဖော်ပြတိုင်း လွယ်လွယ်ကူကူမမြင်နိုင်တိုင်း သူတို့ခံစားနေရတာမဟုတ်ဘူးလို့မပြောနိုင်ပါဘူး။သူတို့နှစ်သက်တဲ့ အစားအသောက်လေးတွေယူလာပေးတာ၊ ပုံမှန်တခြားရောဂါဖြစ်နေတဲ့သူ ကို လုပ်ပေးသလိုပဲ ဂရုစိုက်မှုပေးပါ။သူများ စိတ်ကျရောဂါဖြစ်နေတာဟာ ကိုယ်ဘယ်လောက်တော်တယ်၊ ကိုယ်ဘယ်လောက် ကြံ့ကြံံ့ခိုင်နိုင်တယ်ဆိုတာ ကြွားဖို့မဟုတ်ပါဘူး။ ငါတောင် ခံနိုင်တာပဲ၊ နင်လည်း ခံနိုင်ရမယ်။ လူတိုင်းစိတ်ညစ်နေတာပဲ။ နင့်ကျမှ ဘယ်လိုဖြစ်တာလဲ။ လူတစ်ယောက်နဲ့ တစ်ယောက်ခံနိုင်ရည်မတူသလို သတိထားရမှာက သင်ဟာ သူမဟုတ်ပါဘူး။ သင့်ပြဿနာနဲ့ သူ့ပြဿနာဟာ တူမှာမဟုတ်သလို လက်ခံပုံချင်းလည်း တူမှာမဟုတ်လို့ ငါသာဆိုရင် ဆိုတဲ့စကားတွေနဲ့ ယှဉ်ပြီးမပြောပါနဲ့။နင်က စိတ်မာတာပဲ။ ဒါကို ဖြတ်ကျော်နိုင်သွားမှာပါ။စိတ်ရောဂါတွေအကြောင်းကို နောက်ပိုင်းမှာ ဆိုရှယ်မီဒီယာမှာရော သတင်းမီဒီယာတွေမှာရော စိတ်ဝင်စားမှုပိုရလာကြပါတယ်။ အရင်တုန်းက စိတ်ကျရောဂါဆိုရင် ဂရုစိုက်မှုလိုချင်လို့၊ အတန်းရှင်း (attention) ရှာရုံသက်သက်လို့သာ အများသိထားရာကနေ ရောဂါအခြေအနေတစ်ခုလို့ ကျယ်ကျယ်ပြန့်ပြန့် လက်ခံလာကြတာ ကောင်းသတင်းတစ်ခုပါပဲ။ စိတ်ကျရောဂါသည်တွေဟာ အပြင်ပန်းကြည့်လို့ မသိနိုင်ပဲ ပတ်ဝန်းကျင်မှာ ခံစားနေရသူတော်တော်များများရှိနေပါတယ်။ သင့်အနီးအနားမှာ စိတ်ရောဂါဝေဒနာ ခံစားနေရသူရှိလို့ပဲဖြစ်ဖြစ်၊ သင်ကိုယ်တိုင် ခံစားနေရရင်ပဲဖြစ်ဖြစ် ဒီဆောင်ပါးလေးက အထောက်အကူဖြစ်မယ်လို့ ယုံကြည်ပါတယ်နော်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/things-to-never-say-to-someone-with-depression/
အမျိုးသမီးတွေ ဆီးခုံမောက်တာ ဘယ်လို ပျောက်အောင်လုပ်ကြမလဲ။
ခပ်ကျပ်ကျပ် အဝတ်အစားဝတ်လိုက်တိုင်းမှာ သိသိသာသာ ရှေ့ထွက်နေတာကတော့ဆီးခုံပါပဲ။ နဂိုကမှ တင်ပဆုံရိုးကွင်းမှာ ဆီးခုံရိုးက ထူတဲ့အတွက် ရှေ့ကို နည်းနည်းထွက်နေပါတယ်ဆိုမှ အဆီတစ်ရှူးတွေပါ များနေရင် ပိုလို့တောင် သိသာလာပါရော။ တစ်ကိုယ်လုံး ချပ်ရပ်နေရင်တောင် ဆီးခုံလေးပဲ ကွက်မောက်နေတာက အတော်ကို အသည်းယားစရာပါ။ ဒါဆို ဆီးခုံမောက်တာ ဘယ်လို လုပ်ကြမလဲ လေဒီတို့။ ဒီတိုင်းပဲ ကြည့်နေရတော့မှာလား။ဆီးခုံ အတိအကျပြောရရင် ဆီးခုံမွေးပေါက်တဲ့နေရာကဆီးခုံရိုးနှစ်ခုဆုံတဲ့ နေရာပါ။ အရိုးဖြစ်တဲ့အတွက် နဂိုတည်းက အနည်းငယ် သိသာနေပါတယ်။ အဆီတွေ စုလာရင် ပိုပြီးသိသာလာမှာပါ။ ဒီအဆီတွေက ဘယ်ကရောက်လာတာလဲဆိုတော့။ပိန်တာ၊ ဝတာ၊ ကြီးတာ၊ ငယ်တာနဲ့ မဆိုင်ဘဲ ဒီတစ်နေရာထဲမှာပဲ မျိုးဗီဇကြောင့် မွေးရာပါအဆီတွေ စုနေတာမျိုးပါ။ဒါကတော့ တစ်ကိုယ်လုံး ဝလာလို့ ဆီးခုံမှာပါ အဆီတက်လာတာပါ။ရပါတယ်။ ခွဲစိတ်ကုသမှုနည်းလမ်းတွေနဲ့ ဒီအဆီတွေကို ရှင်းထုတ်လိုက်လို့ရပါတယ်။ အသုံးများတဲ့ ခွဲစိတ်နည်းတွေကတော့။အဆီစုပ်ထုပ်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ထုံဆေးပေးပြီး အဆီတွေကို စုပ်ထုပ်ပစ်တာပါ။ နဂို အသားအရေတင်းတဲ့သူတွေကို ပိုကောင်းပါတယ်။ အဆီများလွန်းတဲ့ သူတွေ၊အသားအရေလျော့တွဲတဲ့သူတွေဆိုရင် အဆီတွေ စုပ်ထုပ်ပြီးရင် အရေပြားက အိကျလာပါလိမ့်မယ်။အရေပြားတွေ အိတွဲကျတာမျိုး မဖြစ်ချင်ဘူးဆိုရင်တော့ ဒီဆီးခုံပင့်တဲ့ နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ အဆီကို ဖယ်ရှားပေးတဲ့အပြင် လျော့တွဲနေတဲ့ အရေပြားကိုပါ ပြန်လည်ပြုပြင်ပေးပါတယ်။ဒါကတော့ အဆီတွေကြောင့် ဆီးခုံမောက်တာအတွက် အထိရောက်ဆုံး နည်းလမ်းပါပဲ။ဆီးခုံမောက်တာကို အစားအသောက်တွေ ဆင်ခြင်ပြီး လေ့ကျင့်ခန်းတွေ လုပ်ရုံနဲ့ ချလို့ မရဘူးလားလို့ မေးကြပါတယ်။ ဒါကတော့ ဖြစ်တဲ့ အကြောင်းပေါ် မူတည်ပါတယ်။လူက ပိန်ပိန်လေး၊ မျိုးဗီဇကြောင့် တစ်နေရာထဲကွက်ပြီး အဆီများ ဆီးခုံမောက်နေတဲ့ သူတွေမှာအစားရှောင်၊ လေ့ကျင့်ခန်းလုပ်ပြီး ချတာက သိပ်တော့ မထိရောက်လှပါဘူး။ လေ့ကျင့်ခန်းတွေ လုပ်ပြီး ကျန်တဲ့ နေရာတွေ ချပ်ရပ်သွားရင် ဆီးခုံမောက်တာတောင် ပိုပြီး သိသာလာနိုင်ပါတယ်။သူတို့ဆိုရင်တော့ အပေါ်မှာ ပြောခဲ့တဲ့ ခွဲစိတ်နည်းလမ်းတွေကိုပဲ အသုံးပြုစေချင်ပါတယ်။ ခွဲစိတ်တယ်ဆိုပေမယ့် အသေးစားခွဲစိတ်မှုတွေ ဖြစ်လာကြောင့် နာလန်ထူမြန်ပါတယ်။တစ်ကိုယ်လုံးလုံး ဝနေလို့ ဆီးခုံအဆီပါ များနေတဲ့သူတွေကတော့ အစားရှောင်၊ လေ့ကျင့်ခန်း လုပ်တဲ့ နည်းကို လုပ်နိုင်ပါတယ်။ အမျှင်ဓာတ်ပါတာတွေကို ပိုစားပေးမယ်၊လေ့ကျင့်ခန်းလုပ်ရင်လည်း ဆီးခုံကို အားပြုပြီး လုပ်ရတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးမယ်ဆိုရင်အဆီတွေ လောင်ကျွမ်းပြီး ဝိတ်ပါကျလာမှာပါ။လက်ရှိမှာတော့ အဆီတွေ စုပ်ထုပ်တဲ့နည်းက အသိသာဆုံးနဲ့ အထိရောက်ဆုံးပါပဲ။ဒါပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်နဲ့ အစားအစာတွေစားတာ၊ လေ့ကျင့်ခန်းတွေ လုပ်တာကလည်း အကျိုးမယုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီနည်းလမ်းတွေကအဝမလွန်အောင် ကာကွယ်ပေးတယ်လေ။ ဒါကြောင့် ဆီးခုံမှာ နောက်ထပ် အဆီပိုတွေ ထပ်စုမလာတော့ပါဘူး။ စိတ်ရှည် လက်ရှည်လုပ်မယ်ဆိုရင် ဆီးခုံက နဂိုရှိပြီးသား အဆီတွေလည်း ကျကောင်း ကျသွားနိုင်ပါတယ်။နောက်တစ်ခုက အမြင်လှည့်စားတာပေါ့။ ဆီးခုံမှာ အဆီစုနေတဲ့ သူက အဝတ်အစားကျပ်ကျပ်တွေ (ဥပမာ ရေကူးဝတ်စုံ၊ အသားကပ်ဘောင်းဘီ) ဝတ်ရင် သိသာတတ်ပါတယ်။ ဒါကြောင့် ဒီလို အဝတ်တွေကို ရှောင်ပါ။ ဝတ်မယ်ဆိုရင်လည်း အသားနည်းနည်း ထူတာကို ဝတ်ပါ။ ဒါမှမဟုတ် ဗိုက်နဲ့ ဖောင်းနေတဲ့ ဆီးခုံ တပြေးတည်း ဖြစ်သွားအောင် လိုသလို ပြင်ဆင်ပြီး ဝတ်ပါလို့ အကြံပြုချင်ပါတယ်။ဆီးခုံမောက်တယ်ဆိုတာ အသက်အန္တရာယ်ရှိတဲ့ ကျန်းမာရေး ပြဿနာ မဟုတ်ပါဘူး။ အမြင်အရ တစ်မျိုး ဖြစ်နေလို့သာ စိတ်ဒုက္ခရောက်နေကြတာပါ။ ဒါနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ကင်းမဲ့စရာမလိုပါဘူး။ ဆီးခုံမောက်တဲ့ သဘော သဘာဝကို နားလည်ထားမယ်ဆိုရင် ဖုဖုဖောင်းဖောင်း ကိုယ်အဆင်ပြေနေသလို နေလို့ရပါတယ်။ သက်သာသလို ဝတ်လို့ရပါတယ်။ သူများဖုဖောင်းနေတဲ့အခါမှာလည်း နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/pelvic-related-issue/tips-for-mons-pubis-fat/
ဝက်ခြံကြောင့်ဖြစ်သော အမာရွတ်များကို ဘယ်လို ဖယ်ရှားမလဲ
ဝက်ခြံအမာရွတ်များသည် ဝက်ခြံဖြစ်ပြီးနှစ်ပေါင်းများစွာ အထိကျန်ရှိနေနိုင်ပါသည်။ ထိုအခါ မိမိကိုယ်ကို ယုံကည်ကြည်မှုကျဆင်းခြင်းနှင့် စိတ်အားငယ်ခြင်းတို့ဖြစ်လာနိုင်ပါသည်။ သို့သော် သင့်တော်သောကုသမှုများခံယူပါက သင့်ကိုချက်ချင်း ပျောက်ကင်းသွားစေနိုင်သလို အမာရွတ်များ သေးငယ်သွားအောင်ကူညီပေးနိုင်ပါသည်။၎င်းသည် အမာရွတ်ဖြစ်နေသော အရေပြားအပါ်လွှာကိုဖျက်ဆီးပစ်လိုက်ပြီး အရေပြားအသစ်ပွားလာစေရန် ဓါတုဗေပစ္စည်းတမျိုးအသုံးပြုခြင်းဖြစ်သည်။ အသက်ကြီး၍အရေပြားပျက်စီးလာခြင်း၊ ချိုင့်ခွက်များရှိခြင်းနှင့် ဝက်ခြံအမာရွတ်များအတွက် ထိုနည်းကိုအသုံးပြုနိုင်သည်။အသုံးပြုသော ဓါတုပစ္စည်းများမှာအောက်ပါအတိုင်းဖြစ်သည်။၎င်းတို့ကိုပြုလုပ်ခြင်းဖြင့် အရေပြားအပါ်ယံလွှာဆဲလ်များပိုပွားကာ အရေပြားကိုကြည်လင်လာစေပြီး အမာရွတ်များကိုထိရောက်စွာသက်သာစေပါသည်။ ထိုကုသမှု ၂ခု၏ကွာခြားချက်မှာ နည်းပညာပင်ဖြစ်သည်။အရေပြားအလွှာဖယ်ရှားခြင်းသည် အရေပြားပေါ်ရှိ ပရိုတင်းတည်ဆောက်ပုံများကိုပြောင်းလဲစေပြီး အရေပြားအပေါ်ယံလွှာထဲသို့ထိုးဖောက်ကာ အမာရွတ်များကိုကုသပေးသည်။အသေးစား အရေပြားအလွှာဖယ်ရှားခြင်းသည်သည် အရေပြားအပေါ်ယံ တစ်လွှာတည်းကိုသာဖယ်ရှားပေးပြီး အချိန်တိုတွင်းထပ်ခါထပ်ခါပြူလုပ်ရန်လိုအပ်ပြီးအရေပြားအလွှာဖယ်ရှားခြင်းနှင့်နှိုင်းစာလျှင် အရေပြားအတွင်းထိနက်နဲသော အမာရွတ်များကိုမူ ဖယ်ရှားနိုင်ခြင်းမရှိပါ။အတွင်းထိနက်သော အမာရွတ်များနှင့် ချိုင့်ခွက်များကို လေဆာရောင်ခြည်အသုံးပြုကာဖယ်ရှားနိုင်ပါသည်။Carbon dioxide နှင့် Erbrium YAG ဖြင့်ကုသခြင်းသည် အမာရွတ်ရှိနေသော အသားစများကို အရည်ပျော်သွားစေခြင်း၊ အငွ့ပျံသွားစေခြင်းဖြင့် ကုသပေးသည်။ထိုသို့မဟုတ်ဘဲ NDYAG / DIODE laser ဟုခေါ်သော အရေပြားတွင် ဆဲလ်အသစ်များဖြစ်စေကာ အမာရွတ်များကို တဖြေးဖြေးမှိန်ဖျော့သွားစေအောင်ကုပေးသော လေဆာရောင်ခြည်ကုထုံးလည်းရှိပါသည်။အချူပ်ဆိုရသော် သင့်အရေပြားတွင် ဝက်ခြံကြောင့်အမာရွတ်များဖြစ်ပြီး စိတ်ညစ်နေရလျှင် သင့်ဆရာဝန်နှင့်တိုင်ပင်ပြီးမှန်ကန်သော ကုသမှုများကိုရွေးချယ်ပါ။ ဝက်ခြံအမာရွတ်ကုသမှုများသည် သဘာကုထုံး၊ ဆေးများ၊ လေဆာကုထုံးစသည်ဖြင့် အမျိုးမျိုးရှိကြောင်းသိရှိနိုင်စေရန်မျှဝေလိုက်ပါသည်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/%e1%81%80%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%b6%e1%80%b1%e1%80%bb%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b7%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac-%e1%80%a1%e1%80%99/
ကော်ဖီကြောင့် အစာအိမ်အောင့်နိုင်သလား
ကော်ဖီဟာ ကမ္ဘာပေါ်မှာ လူကြိုက်များတဲ့ စားသောက်ကုန် တမျိုးဖြစ်ပါတယ်။ ကော်ဖီက လူကို တက်ကြွလန်းဆန်းစေရုံမက တခြားအကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်စေခြင်း၊ လေ့ကျင့်ခန်းလုပ်ဆောင်နိုင်စွမ်း တိုးတက်စေခြင်း၊နှလုံးရောဂါနဲ့ အယ်လ်ဇိုင်းမား ဖြစ်ပွားနိုင်ခြေ လျော့နည်းစေခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။လူတချို့မှာတော့ ကော်ဖီဟာအစာအိမ်အူလမ်းကြောင်းအပေါ် သက်ရောက်မှု ရှိတယ်လို့ သိရပါတယ်။ ယခု ဆက်လက်ဖော်ပြမှာကတော့ ကော်ဖီဟာ အစာအိမ်အပေါ် ဘယ်လိုသက်ရောက်မှု ရှိသလဲ ကော်ဖီကြောင့် အစာအိမ်အောင့်နိုင်သလား ဆိုတာပါပဲ။ကော်ဖီကြောင့် အစာအိမ်အောင့်နိုင်သလား ဆိုတော့ ကော်ဖီမှာ အစာအိမ်ထိခိုက်စေတဲ့ ပစ္စည်းမျိုးစုံပါဝင်နေပါတယ်။ကဖိန်းဟာ အာရုံကြောကို လှုံ့ဆော်ပေးနိုင်တာကြောင့် တက်ကြွလန်းဆန်းစေပါတယ်။ ကော်ဖီ ၂၄၀ မီလီလီတာမှာဆိုရင် ကဖိန်းဓာတ် ၉၅ မီလီဂရမ် ပါဝင်ပါတယ်။ ကဖိန်းဟာစိတ်ပိုင်းဆိုင်ရာကို နိုးကြားတက်ကြွစေတယ်ဆိုပေမယ့် အူလမ်းကြောင်း ကျုံ့ခြင်းဆန့်ခြင်းဖြစ်ပေါ်မှုကို အကြိမ်ရေ ပိုစိတ်လာစေပါတယ်။သုတေသနတခုအရ ကဖိန်းအပြည့် ပါဝင်တဲ့ ကော်ဖီများဟာ ကဖိန်းထုတ်ထားတဲ့ ကော်ဖီထက်စာရင် အူမကြီးကို ၂၃ ရာခိုင်နှုန်း ပိုမိုလှုပ်ရှားစေပါတယ်။ ဒါ့အပြင် ရိုးရိုးရေသောက်တာထက်စာရင် ကော်ဖီဟာ အူလမ်းကြောင်းကို ၆၀ ရာခိုင်နှုန်း ပိုမိုလှုပ်ရှားစေပါတယ်။ ဒါဟာ ကော်ဖီကနေ အစာအိမ်အူလမ်းကြောင်းကို လှုံ့ဆော်ပေးလို့ ဖြစ်ပါတယ်။သုတေသနအချို့မှာတော့ ကဖိန်းဟာ အစာအိမ်ထဲက အစာခြေရည်တွေကို ပိုထွက်လာအောင် လှုံ့ဆော်ပေးတယ်လို့ ဆိုပါတယ်။အစာအိမ်အပေါ် သက်ရောက်မှု အတွက် ကဖိန်းက အဓိကကျသလိုပဲ ကော်ဖီ အက်ဆစ်ဟာလည်း အရေးပါတဲ့နေရာက ပါဝင်ပါတယ်။ကော်ဖီမှာ chlorogenic acid နဲ့ N-alkanoyl-5-hydroxytryptamide အပါအဝင် အက်ဆစ်ဓာတ်တွေ ပါဝင်ပြီးအစာခြေရည်ထုတ်လုပ်မှုကို မြင့်မားလာစေပါတယ်။ ဒါကြောင့် လူတချို့ဟာ ကော်ဖီကြောင့် အစာမကြေရင်ပူခြင်းကို ပိုဆိုးစေတယ်လို့ ဆိုကြပါတယ်။တခါတရံမှာ ကော်ဖီကြောင့်ပဲ ဗိုက်အောင့်တာ မဟုတ်ပါဘူး။ ကော်ဖီမှာ ပါဝင်တဲ့ တခြားပစ္စည်းတွေဖြစ်တဲ့ နို့၊ ခရင်မ်၊ သကြား စတာတွေလည်း ပါဝင်ပြီး အဆိုပါပစ္စည်းများကြောင့်လည်း အစာအိမ်အူလမ်းကြောင်း အောင့်တာမျိုး ဖြစ်တတ်ပါတယ်။ဥပမာ နွားနို့မှာပါဝင်တဲ့ လက်တို့စ်လို့ခေါ်တဲ့ သကြားဓာတ်ကို မချေဖျက်နိုင်ရင်လေပွခြင်း၊ လေထိုးလေအောင့်ခြင်း၊ ဝမ်းပျက်ခြင်းများ ဖြစ်နိုင်ပါတယ်။ နို့ထွက်ပစ္စည်းများစားပြီး သိပ်မကြာခင်မှာ ဖြစ်တတ်ပါတယ်။တခါတရံမှာ ကဖိန်းထုတ်ထားတဲ့ decaf ကော်ဖီသောက်ခြင်းဟာ ဗိုက်အောင့်တာကို သက်သာစေပါတယ်။ ကဖိန်းကြောင့် အဓိကအောင့်တာမျိုးဆိုရင်တော့ ဒါက သက်သာစေနိုင်ပါတယ်။ဒါပေမယ့် ကဖိန်းထုတ်ထားတဲ့ ကော်ဖီမှာ တခြား ကော်ဖီ အက်ဆစ်တွေ ရှိနေသေးတာကြောင့် အစာချေရည်များကို ပိုထွက်စေပြီး အစာအိမ်အူလမ်းကြောင်းကို ပိုမိုလှုပ်ရှားစေပါတယ်။ ဒါ့အပြင် တခြားပါဝင်ပစ္စည်းတွေနဲ့ မတည့်လို့ အူလမ်းကြောင်း မအီမသာဖြစ်တာမျိုး ရှိနိုင်ပါသေးတယ်။ကော်ဖီ သောက်ရာမှာ တစ်ကြိမ်တည်း အများကြီး သောက်တာထက်  နည်းနည်းချင်းစီကို ခွဲသောက်ပေးခြင်းဟာ အစာအိမ်ထိခိုက်မှု သက်သာစေပါတယ်။ ဒါ့အပြင် အစာအိမ်ထဲမှာ အစာလုံးဝမရှိချိန် ကော်ဖီ သောက်ပေးခြင်းကို တတ်နိုင်သလောက် ရှောင်ကြဉ်ရပါမယ်။ ကော်ဖီဟာ အက်ဆစ်ဓာတ်ကဲတာမို့ အစားတခုခုစားချိန်မှာ သောက်သုံးရင် အစာကိုပိုကြေစေတဲ့အပြင် ကော်ဖီရဲ့ အက်ဆစ်ဓာတ်ကိုလည်း လျှော့ချပေးရာ ရောက်ပါတယ်။တကယ်လို့ လက်တို့စ်မတည့်သူဆိုရင်နွားနို့အစား အပင်ကနေ ထုတ်ယူထားတဲ့နို့ (ဥပမာ ပဲပိစပ်နို့) ကို ပြောင်းလဲသုံးစွဲနိုင်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/gastritis-digestive-health/coffee-upset-stomach/
လျှာကင်ဆာအကြောင်း တစေ့တစောင်း
လျှာကင်ဆာ ရှိ၊မရှိသိဖို့ ဆိုရင် ဆရာဝန်က ခံတွင်းကို အရင်ဆုံး စစ်ဆေးပါလိမ့်မယ်။ ပြီးရင်တော့ ခံစားရတဲ့ လက္ခဏာတွေနဲ့ပတ်သက်ပြီးမေးမြန်းပါလိမ့်မယ်။ X-rays ရိုက်တာ၊CT Scanရိုက်တာတွေလုပ်ပါလိမ့်မယ်။ တစ်ရှုးစယူပြီး စစ်ဆေးတာမျိုးလုပ်ပြီး ကင်ဆာအခြေအနေကို သုံးသပ်ရပါမယ်။လျှာကင်ဆာကို ကုသဖို့အတွက်က။လျှာကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချဖို့။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/head-neck-cancer/tongue-cancer-explained/
null
null
cancer
cancer
https://hellosayarwon.com/cancer/other-cancers/foods-to-reduce-cancer-risk/
အပ်စိုက်ကုသမှုက ကိုယ်ဝန်ရအောင် ကူညီပေးနိုင်သလား
အပ်စိုက်ကုပညာဟာ ရှေးနှစ်ထောင်ပေါင်းများစွာတည်းက အသုံးပြုခဲ့တဲ့ တရုတ်ရိုးရာ တိုင်းရင်းဆေးနည်းပညာ တစ်မျိုး ဖြစ်ပါတယ်။ သူဟာ အလွန်ပါးလွှာပြီး ပိုးသတ်ထာတဲ့ အပ်တွေကို ကိုယ်ခန္ဓါရဲ့ အပ်စိုက်ရမယ့် နေရာတွေပေါ်ကို ထိုးသွင်းခြင်းပဲ ဖြစ်ပါတယ်။ အပ်စိုက်ကုပညာဟာ ကလေးမရရှိစေသော ရောဂါအခံများကို ဖြေရှင်းပေးခြင်းအားဖြင့် ကူညီပေးသည်။ (ဥပမာ သိုင်းရွိုက် လုပ်ငန်းဆောင်တာ နည်းခြင်း၊ များခြင်းကဲ့သို့သော အခြေအနေများ)။အပ်စိုက်ကုပညာဟာ ကိုယ်ခန္ဓါအနှံ့ကို ချီ (“chee”) လို့ ခေါ်တဲ့ စွမ်းအင်တစ်မျိုး သဘာဝအတိုင်း ဖြတ်သွားနေတယ်ဆိုတဲ့ သီအိုရီအပေါ် မူတည်ပါတယ်။ ဒီအားအင်ဟာ ပိတ်ခြင်း (သို့) ပြောင်းခြင်းတွေရှိခဲ့ရင် ရောဂါရနိုင်ပါတယ်။အပ်စိုက်ကုပညာကို သဘာဝဆေးဖက်ဝင်ဘယဆေးများ နဲ့ ပေါင်းစပ်ပြီး ကလေးမရရှိခြင်းရဲ့ အကြောင်းရင်း အချို့ကိုကုသဖို့ နှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြပါတယ်။ အပ်စိုက်ကုပညာဟာ အကျိုးရှိမရှိဆိုတာကိုတော့ သိရှိဖို့ ခက်ခဲပါတယ်။ အပ်စိုက်ကုပညာဟာ ဟော်မုန်းပမာဏတွေကိုပါ လွှမ်းမိုးမှု ရှိပါတယ်။ ဒါကြောင့် မျိုးဥကြွေချိန်နဲ့ ကြွေပုံတွေကို အကျိုးသက်ရောက်နိုင်ပါတယ်။ သူဟာ သားအိမ်နဲ့ မမျိုးဥအိမ်ကိုသွားတဲ့ သွေးစီးဆင်းမှုကို မြှင့်တင်ပေးပါတယ်။ သွေးကောင်းကောင်းရတဲ့ သားအိမ်ဟာ မျိုးဥကို ကပ်တွယ်ဖို့အတွက် ပိုမို ကောင်းမွန်စွာ ထောက်ပံ့ပေးနိုင်ပါတယ်။အပ်စိုက်ကုပညာဟာ ကျန်းမာရေးအရ အသုံးပြုတဲ့ ကုသနည်းတစ်ခု ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာကုထုံးနဲ့ သဏ္ဍာန်တူပါတယ်။ အမျိုးသမီးကိုယ်တွင်းသို့ သုက်ရည်ထည့်ခြင်း၊ ဖန်ပြွန်သန္ဓေသား၊ သန္ဓေသားလောင်းကို မိခင်သားအိမ်ထဲထည့်ခြင်း လုပ်ငန်းစဉ်များ မပြုလုပ်ခင် သုံးလ ကနေ လေးလလောက် ကြိုပြီး အပ်စိုက်ပညာနဲ့ ကုလေ့ရှိပါတယ်။ကလေးပျက်ကျမှုတွေဟာ ကိုယ်ဝန်ရဲ့ ပထမသုံးလပတ်အတွင်းမှာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် လူနာတွေရဲ့ ကုသမှုကို ကလေးပျက်ကျခြင်းက ကာကွယ်အောင် ၁၂ ပတ်အထိ ကုသသင့်ပါတယ်။အမျိုးသမီးကိုယ်တွင်းသို့ သုက်ရည်ထည့်ခြင်း၊ (သို့) သန္ဓေသားလောင်းကို မိခင်သားအိမ်ထဲထည့်ခြင်း ပြုလုပ်အပြီးမှာ အပ်ကို ဝမ်းဗိုက်တင်ပါးဆုံအပိုင်းကို ထိုးသွင်းခြင်း မပြုသင့်ပါဘူး။ အပ်စိုက်ကုပညာရှင်ဟာ လူနာဟာ ကိုယ်ဝန်ရှိနေရင် (သို့) ကိုယ်ဝန်ရှိနိုင်ရင် မထိုးသင့်တဲ့ နေရာ ခြောက်ခုကို ရှောင်ကြဉ်သင့်ပါတယ်။ကိုယ်ဝန်ရရှိဖို့အတွက် အပ်စိုက်ကုပညာအသုံးပြုရာမှာ ဆိုးကျိုးအနည်းငယ် ရှိနိုင်ပါတယ်။ ကိုယ်ဝန်ရှိနေချိန်မှာ မမှန်ကန်တဲ့ နေရာတွေကို ထိုးမိခြင်းဟာ ကိုယ်ဝန်ပျက်ကျနှုန်း မြင့်စေနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ အပ်စိုက်ကုပညာရှင်ဟာ ကိုယ်ဝန်မရရှိနိုင်တဲ့ ရောဂါတွေကို ကုသတဲ့နေရာမှာ ကျွမ်းကျင်သင့်ပါတယ်။ အပ်စိုက်ကုပညာဟာ များသောအားဖြင့် လူနာရဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ခြင်းမရှိပဲ စိတ်ချရပါတယ်။ယေဘုယျအားဖြင့် အပ်စိုက်ကုပညာဟာ စိတ်ချရတဲ့ ကုသမှုတစ်ခု ဖြစ်ပါတယ်။ တကယ်လို့ အခြားနည်းတွေက သင့်အတွက် အကျိုးမရှိဘူးဆိုရင်တော့ အပ်စိုက်ကုသခြင်း ကြိုးစားကြည့်နိုင်ပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးအပိုင်းကတော့ အပ်စိုက်ကုပညာရှင်ဟာ သေချာစွာ လေ့ကျင့်ထားသူဖြစ်သင့်ပြီး ပိုးသတ်ထားတဲ့ အပ်တွေကိုသာ အသုံးပြုသင့်ပါတယ်။ ဒါကြောင့် လိုင်စင်ရှိပြီး အရည်အချင်းပြည့်ဝတဲ့ အပ်စိုက်ကုပညာရှင်တွေကို ရှာဖွေသင့်ပါတယ်။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/fertility-problems-and-treatment/%e1%80%a1%e1%80%95%e1%80%ba%e1%80%85%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%80%e1%80%af%e1%80%9e%e1%80%99%e1%80%be%e1%80%af%e1%80%80-%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94/
နေလောင်ကာခရင်မ် ဝယ်တော့မယ်ဆိုရင်
အသားအရေကို နေရောင်ကြောင့် ပျက်စီးမှု မရှိစေဖို့အတွက် နေလောင်ကာခရင်မ် ဝယ်တော့မယ်ဆိုရင် သတိထားရမယ့် အချက်လေးတွေ ရှိပါတယ်။ ဘာတွေဖြစ်မလဲဆိုတာကို ကိုယ်တိုင်လေ့လာလိုက်တော့နော်။နေလောင်ကာခရင်မ် ဝယ်တော့မယ်ဆိုရင် ဒီအချက်လေးတွေကို သတိထားပေးပါ။နေလောင်ကာခရင်မ်ဆိုတာ ဘာလဲ။အပြင်နေရောင်ခြည်မှာ ပါနေတဲ့ ခရမ်းလွန်ရောင်ခြည်တွေဟာအသားအေရကို မွဲခြောက်ပျက်စီးစေတယ်။ အရောင်မှိန်စေပြီး မွဲခြောက်ခြောက်ဖြစ်စေတယ်။ အရေးအကြောင်းတွေကို ထင်စေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေတယ်။ ကြာလာတဲ့အခါ အရေပြားကင်ဆာတွေ ဖြစ်စေနိုင်သည်အထိ ဒုက္ခပေးပါတယ်။ ဒီလိုခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အသားအရေထိခိုက်ပျက်စီးမှုနည်းစေဖို့ နေလောင်ကာခရင်မ်တွေကို သုံးပေးဖို့ လိုအပ်ပါတယ်။SPF က ဘယ်လောက်ထိ အရေးကြီးလဲ။နေလောင်ကာခရင်မ်တိုင်းမှာ SPF ပမာဏတစ်ခုစီ ပါဝင်ပါတယ်။ SPF (Sun Protection Factor) ဆိုတာ အသားအရေကို နေရောင်ခြည်ဒဏ်ကနေ ဘယ်လောက်ထိ ကာကွယ်ပေးနိုင်လဲဆိုတဲ့ ပမာဏကို ရည်ညွှန်းတာဖြစ်ပါတယ်။ ဟိုးအရင်တုန်းကတော့ SPF ကို ၁၅ လောက်ထိပဲ အများဆုံး ထုတ်လုပ်ခဲ့ပေမယ့် တဖြည်းဖြည်းပူပြင်းလာတဲ့ ဒီဘက်ခေတ်ကြီးထဲမှာ SPF ကို ၅၀ လောက်ထိ ပါဝင်ထည့်သွင်းထားကြပါတယ်။ အလှကုန်တချို့မှာလည်း SPF ပါဝင်မှုတွေကို တွေ့ရှိလာရပါတယ်။SPF ဘယ်လောက်ပမာဏကို ရွေးဝယ်သင့်လဲ။ဒါကတော့ ကိုယ်နေထိုင်တဲ့ နေရာဒေသပေါ် မူတည်ပါတယ်။ များတာရွေးဝယ်နိုင်ရင်တော့ ပိုပြီး ကာကွယ်ပေးနိုင်တာပေါ့။ အေးမြခြောက်သွေ့တဲ့ အရပ်ဒေသမှာဆိုရင်တော့ SPF 15 မှ SPF 30 လောက်ထိ အများဆုံးအသုံးပြုသင့်ပြီး ကျွန်တော်တို့မြန်မာနိုင်ငံလို ပူပြင်းတဲ့ နိုင်ငံမျိုးဆိုရင်တော့ SPF 30 မှ SPF 50 လောက် သုံးပေးသင့်ပါတယ်။UV-A နဲ့ UV-B ဆိုတာဘာလဲ။ကမ္ဘာမြေပေါ် ကျရောက်လာတဲ့ ခရမ်းလွန်ရောင်ခြည်ထဲကမှ UV-A နဲ့ UV-B နှစ်မျိုး ခွဲထွက်လာပါတယ်။ ဒီနှစ်မျိုးလုံးကလည်း အသားအရေကို သူ့နည်းသူ့ဟန် ဒုက္ခပေးနိုင်ပြီး UV-A ခရမ်းလွန်ရောင်ခြည်ကတော့ မှန်၊ ဖန်တွေကိုပါ ဖောက်ထွင်းပြီး ဝင်ရောက်နိုင်လို့ အိမ်ထဲမှာပဲနေနေရင်တောင် ကိုယ့်အသားအရေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် နေလောင်ကာခရင်မ် ဝယ်တဲ့အခါ UVA/UVB Protection, Broad Spectrum, Multi-Spectrum ဆိုတဲ့ အမှတ်အသား ပါတဲ့ ပစ္စည်းကို အဓိကရွေးချယ်သင့်ပါတယ်။နေလောင်ကာခရင်မ်ကို ဘယ်လိုလိမ်းပေးကြမလဲ။ကိုယ်က အပြင်သွားတော့မယ်ဆိုရင် ရေချိုးမျက်နှာသစ်ပြီးတာနဲ့ နေလောင်ကာခရင်မ်ကို လိမ်းထားဖို့ လိုပါတယ်။ ပြီးရင် ဒီခရင်မ်ကို သွားလေရာ ဆောင်သွားပြီး ၂နာရီခြားတစ်ခါလောက် မျက်နှာကို တစ်သျှူးအစိုဖြင့် ဖြည်းဖြည်းချင်းသုတ်ကာ နောက်တစ်ကြိမ် ထပ်လိမ်းပေးဖို့ လိုပါတယ်။အိမ်မှာပဲ နေတယ်ဆိုရင်တော့ SPF ပမာဏ နည်းနည်းပဲ ပါတဲ့နေလောင်ကာခရင်မ် လိမ်းပေးရင် လုံလောက်ပါတယ်။ ညအိပ်တဲ့အချိန်တော့ လိမ်းပေးဖို့ မလိုပါဘူး။လိမ်းတဲ့အခါမှာ မျက်နှာကို နေရာအနှံ့လိမ်းပေးဖို့ လိုပါတယ်။ အထူးသဖြင့် မျက်လုံးပတ်လည်မှာ ရှိတဲ့အရေပြားကို ဂရုစိုက်ပြီး လိမ်းပေးပါ။ အဝတ်အစား ဖုံးအုပ်မထားတဲ့ နေရာမှန်သမျှ ဥပမာ – လည်ပင်း၊ နားရွက်၊ လက်၊ ခြေထောက်၊ ရင်ဘတ်၊ ချက်တွေကိုလည်း လိမ်းပေးဖို့ လိုပါတယ်။အရမ်းငယ်သေးတဲ့ ရင်သွေးလေးတွေကိုတော့ လုံးဝမလိမ်းသင့်ပါဘူး။ကလေးေတွ ကျောင်းနေအရွယ်ရောက်လာပြီဆိုရင်တော့ SPF အနည်းငယ်ပါတဲ့ နေလောင်ကာခရင်မ်ကို မေမေတွေ ကိုယ်တိုင် လိမ်းပေးသင့်ပါတယ်။ လိမ်းတဲ့အခါ ကလေးရဲ့ မျက်လုံး၊ ပါးစပ်ထဲ မဝင်စေဖို့ သေချာသတိထားပါ။ ကိုယ့်မျက်နှာကိုလည်း လက်နဲ့ ပွတ်တာ၊ ကုတ်တာမျိုးတွေ မလုပ်ဖို့ ကလေးကို သေချာပြောပြပေးထားပါ။၁။ အသားခြောက်တဲ့သူဆိုရင် အစိုဓါတ်ထိန်းပေးတဲ့ (Moisturizing) နေလောင်ကာခရင်မ်တွေကို အဓိက ရွေးဝယ်သင့်ပါတယ်။ စပရေးထက် ခရင်မ်အမျိုးအစားကို အဓိကသုံးပေးပါ။၂။ အသားညိုတဲ့သူအတွက် ခရင်မ်ရော၊ စပရေးရော သုံးလို့အဆင်ပြေပါတယ်။ SPF ပမာဏ များတဲ့ နေလောင်ကာခရင်မ်ကို အဓိကရွေးဝယ်ပေးပါ။၃။ ဝက်ခြံခဏခဏ ပေါက်တဲ့သူဆိုရင် ပျစ်ချွဲပြီး စေးကပ်တဲ့ ခရင်မ်မျိုးကို ရှောင်သင့်ပါတယ်။ မဝယ်ခင် လက်မှာအရင်စမ်းသုံးကြည့်ပြီး စေးကပ်ကပ်မဖြစ်ဘူးဆိုရင်တော့ ဝယ်လို့အဆင်ပြေပါတယ်။၄။ အဆီပြန်တဲ့ မျက်နှာပိုင်ရှင်ဆိုရင်လည်း ခရင်မ်အမျိုးအစားထက် ဂျယ်လ်အခြေခံ ထုတ်လုပ်ထားတဲ့ နေလောင်ကာခရင်မ်မျိုး သုံးသင့်ပါတယ်။၅။ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် အယ်လ်ကိုဟော (Alcohol) လုံးဝမပါတဲ့ ပစ္စည်းကို ရွေးဝယ်ပါ။ ပါမယ်ဆိုရင်တောင် ပမာဏတော်တော် နည်းဖို့လိုပါတယ်။နေလောင်ကာခရင်မ်ကို မဝယ်ခင် အရင်ဆုံးလက်မှာစမ်းကြည့်ပါ။ အရေပြားနီရဲပြီး ယားလာတာ၊ အဖုအပိမ့်တွေ၊ ထလာတာ၊ ခြောက်ကပ်ကပ်ဖြစ်တာ၊ တအားစေးကပ်နေတာမျိုး မတွေ့ရဘူးဆိုမှ ဝယ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/facts-to-check-before-buying-sunscreen/
အမျိုးသမီးတိုင်းရဲ့ အဓိကသော့ချက် ရာသီရက်
သမီးမိန်းကလေး တစ်ယောက်ရာသီစလာပြီဆိုရင် အမေအနေနဲ့ အရင်ဆုံး သင်ထားပေးရမှာက ရာသီရက် ကို စနစ်တကျ မှတ်ထားဖို့ပါပဲ။ပျိုဖော်ဝင်ချိန်ကစလို့သွေးဆုံးချိန်အထိ တစ်လတစ်ခါ ရာသီလာနေတဲ့ အမျိုးသမီးတွေအနေနဲ့ ရာသီရက်ကို မှတ်ထားလို့ အရေးကြီးပါပဲ။ ရာသီရက်ဟာ အမျိုးသမီးတွေအတွက် Master keyပါပဲ။ ဒီရက်တွေက အမျိုးသမီးတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် အင်မတန်အရေးကြီးပါတယ်။တစ်လတစ်ခါ ရာသီလာတယ်၊ တချို့က ၃ရက်ကြာတယ်၊ တချို့က ၅ရက်ကြာတယ် စသဖြင့် ဒါတွေဟာ ရာသီရက်တွေပါပဲ။ ဒီရက်တွေကို လတိုင်း မှတ်ထားဖို့ လိုပါတယ်။ ပျိုပျိုအိုအို အိမ်ထောင်ရှိရှိ မရှိရှိ မှတ်ထားရမှာပါ။ ရာသီရက်မှာ ပထမဆုံးလာတဲ့ရက်ရှိတယ်၊ ပြီးသွားတဲ့ရက်ရှိတယ်၊ စုစုပေါင်းလာတဲ့ရက်ရှိတယ်၊ နောက်တစ်ခါ ပြန်လာမယ့်ရက်ရှိတယ်။ရာသီပထမဆုံးလာတဲ့ရက်ကို မှတ်ထားမှ နောက်တစ်ခါ ဘယ်တော့လာမှာလဲ။ ရက်ကျော်နေပြီလားဆိုတာ သိနိုင်မှာပါ။ စုစုပေါင်းလာတဲ့ ရက်ကို မှတ်ထားမှ ကိုယ့်ရာသီလာတဲ့ရက်က တိုသွားသလား၊ တဖြည်းဖြည်း ရှည်လာသလား သတိထားမိမှာပါ။ နောက်တစ်ခါပြန်လာမယ့် ရက်ကို သိမှ ကြားထဲကသားဥကြွေတဲ့ရက်တို့၊ ကိုယ်ဝန်ရနိုင်တဲ့ရက်ကို သိနိုင်မှာပါ။ဒါက အကြမ်းဖျင်းပဲ ရှိပါသေးတယ်။ လက်တွေ့မှာ ရာသီရက်တွေက ဒီထက်မက အသုံးဝင်ပါတယ်။ရာသီထိမ်လို့ဆိုပြီး လာပြရင် အရင်ဆုံး ကိုယ်ဝန်ရှိမရှိကို စစ်ရပါတယ်။ ဘယ်အရွယ်ပဲ ဖြစ်ဖြစ်ပါ။ ဒါဆို ဆရာဝန်က စမေးတာက ရာသီနောက်ဆုံးလာတာဘယ်တုန်းကလဲ။ အဲ့ဒီမှာ ပြီးခဲ့တဲ့ လက လာလား၊ မလာလားလည်း မသိ၊ ရာသီလာတုန်းက ရေကြီးနေတယ်တို့၊ ဘုရားပွဲရှိတယ်တို့ ဖြစ်ကုန်ရော။ဆီးစစ်လိုက်ရင် သိတာပဲလို့ ဆိုပေမယ့် လတွက်ဖို့တို့၊ ဘယ်နေ့မွေးမှာလဲတို့ကျတော့ မခက်ပေဘူးလား။ အာထွာဆောင်းရိုက်မယ်လေဆိုရင်လည်း အာထွာဆောင်းက ကိုယ်ဝန်၆ပတ်လောက်မှ ရိုက်ဖို့အဆင်ပြေတာပါ။ရာသီရက် သိတဲ့သူကျပြန်တော့လည်း စိတ်ထဲမှာ မှတ်ထားတာတို့၊ ဟိုရက် ဒီရက်တို့ ထင်တယ်တို့ ဖြစ်ကုန်ရော။ ဒီလိုဆို မှန်းပြီးတွက်ပေးရတဲ့အတွက် နောက်ပိုင်းကျရင်အာထွာဆောင်း ဂျူးဒိတ်နဲ့ ရက်ကွာနေတာဆိုတာတွေ ဖြစ်လာပါတယ်။တချို့ကျတော့ မှားပြောတာ။ သေချာမှတ်ထားပေမယ့် ပထမဆုံး လာတဲ့ရက်နဲ့ ပြီးသွားတဲ့ရက်နဲ့ မှားပြောတာမျိုးပါ။ ရာသီပထမဆုံးလာတဲ့ရက် အတိအကျပြောရရင် နောက်ဆုံးရာသီရဲ့ ပထမဆုံးရက် (First day of last menstrual period) ကို ပြောရမှာပါ။ အတိုကောက် LMPလို့ ခေါ်ကြပါတယ်။LMPသိတယ်ဆိုရင် ၉လနဲ့ ၇ရက်ပေါင်းလိုက်ရုံနဲ့ ကိုယ်မွေးမယ့် ရက်ထွက်လာပါပြီ။ သိပ်ကို လွယ်ပါတယ်။ ဥပမာ ၉လပိုင်း ၁ရက်နေ့က ရာသီစလာတယ်။ ဒီလတော့ ရာသီထိန်နေတယ်ဆိုရင် ၉လနဲ့ ၇ရက်ပေါင်းလိုက်ရင် နောက်နှစ် ၈လပိုင်း ၈ရက်နေ့က ကိုယ့်ဂျူးဒိတ်ပါ။ ဒါ့ပြင် ခုကိုယ်ဝန်ဘယ်နှလပဲပါ တွက်လို့ရပါတယ်။(မတွက်တတ်ဘူးဆိုရင်လည်း ပြဿနာ မရှိပါဘူး။ ဒီ’မွေးဖွားမယ့်ရက် တွက်ချက်ခြင်း ကျန်းမာရေး ကိရိယာ‘မှာ အလွယ်တကူ တွက်ချက်နိုင်ပါတယ်။)။ကိုယ်ဝန်ဆောင် တစ်ယောက် သွေးဆင်းတယ်ဆိုရင် လနုရင်တစ်မျိုး၊ လရင့်ရင် အကြောင်းရင်း တစ်မျိုးပါ။ ကိုယ်ဝန်ပတ်အလိုက် မတူပါဘူး။ ဒါကြောင့် ကိုယ်ဝန်ပတ်သိဖို့ု့လိုပါတယ်။ ကိုယ်ဝန်ပတ်သိဖို့ဆို LMPကနေ ပြန်တွက်မှ သိမှာပါ။တချို့ကျတော့ သန္ဓေတားဆေးရယ်လို့ မသုံးဘဲနဲ့ရက်ရှောင်နည်းနဲ့ နေကြတာ ရှိတယ်။ ပြောင်းပြန် ကိုယ်ဝန်လိုချင်တဲ့သူတွေကျတော့လည်း သားဥကြွေမယ့် ရက်ကို တွက်ချက်ပြီး အတူနေကြတာ ရှိပါတယ်။ ဒီလိုလုပ်ဖို့ဆိုရင် ကိုယ့်LMPနဲ့ ရာသီရက်ဝန်းကြာချိန် (ဥပမာ ၂၈လား၊ ၃၀လား စသဖြင့်) သိနေမှ တွက်လို့ ရမှာပါ။ မဟုတ်ရင် မရှောင်ရင် ထိတဲ့ တွတ်ပီလေးတွေ ဖြစ်သွားပါလိမ့်မယ်။သွေးဆုံးပြီးမှ သွေးပြန်ဆင်းလို့ ဆရာဆိုရင် ဘယ်တုန်းက သွေးဆုံးတာလဲ။ နောက်ဆုံးရာသီလာတာ ဘယ်တုန်းကလဲလို့ ပြန်မေးရပါတယ်။ နောက်ဆုံး ရာသီလာပြီး တစ်နှစ်ဆက်တိုက် ပြန်မလာမှ သွေးဆုံးတယ်လို့ သတ်မှတ်တာကိုး။ ပေါ်လိုက် ပျောက်လိုက်ဆို သွေးဆုံးတာ မဟုတ်ပါဘူး။ ထိန်တာ၊ မမှန်တာပါ။ ဒီပေါ်မူတည်ပြီး ဖြစ်နိုင်တဲ့ရောဂါတွေ အများကြီး ကွာခြားသွားနိုင်ပါတယ်။ ဒါကြောင့် ရာသီရက်ကို မှတ်ထားဖို့ အရေးကြီးပါတယ်။ဥပမာ အမျိုးသမီးဗိုက်အောင့်ပြီဆိုရင် ညာဘက်အောက်ပိုင်းနားဆိုရင် အူအတက်လား၊ နေရာမှား သန္ဓေတည်ပြီး သားဥပြွန်ပေါက်တာလား ခွဲရခက်ပါတယ်။ ဒီချိန်မှာ ရာသီထိမ်နေလားလို့ မေးလိုက်လို့ မထိမ်ဘူးဆိုရင် အူအတက်ပေါက်တာ ပိုဖြစ်နိုင်တာပေါ့။ဆေးတွေပေးမယ်၊ ဓာတ်မှန်ရိုက်မယ်ဆိုရင်လည်း ရာသီထိမ်နေလား၊ နောက်ဆုံး ရာသီလာတာ ဘယ်တုန်းကလည်းလို့ မေးရပါတယ်။ တချို့ဆေးတွေပေးမယ်။ ဓာတ်မှန်ရိုက်မယ်ဆိုရင် ကိုယ်ဝန်ကို ထိခိုက်နိုင်လို့ပါ။ မထိမ်ဘူးဆိုရင် ကိုယ်ဝန်မရှိဘူးလို့ပဲ သတ်မှတ်ပါတယ်။ နေရာတကာ ဆီးစစ်ဖို့ကတော့ အဆင်မပြေပါဘူး။ သူ့မှာလည်း ကန့်သတ်ချက်တွေ ရှိပါတယ်။ဒါကြောင့် အမျိုးသမီးတွေအတွက် ရာသီရက်က အရေးကြီးပါတယ်။ လတိုင်း ရက်အတိအကျ စနစ်တကျ မှတ်ထားဖို့လိုပါတယ်။ ရက်မှတ်ထားရုံနဲ့တင် လုံလောက်နေပါပြီ။ ကျန်တဲ့ သားဥကြွေတဲ့ရက်တို့၊ နောက်တစ်ခါ ရာသီပြန်လာမယ့်ရက်တို့၊ ကိုယ်ဝန်ပတ်တို့က ကျန်းမာရေးကိရိယာလေးတွေနဲ့ အလွယ်တကူ တွက်ချက်လို့ ရနေပြီလေ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/lmp/
ပဋိဇီဝဆေးတွေ ဘာလို့အလွယ်မသောက်သင့်တာလဲ
နေမကောင်းများဖြစ်လာရင် ဒီဆေးသောက်ရင်ပျောက်မယ်ဟဲ့ ဆိုပြီး ပုံသေမှတ်ထားတတ်ကြတာဆိုးပါတယ်။ အရင်တခေါက်ဖျားတုန်းကဆေးဆိုင်ကပေးလိုက်တာ ဒါမှမဟုတ် ဆရာဝန်ကညွှန်းလိုက်တာနဲ့ သက်သာဖူးတော့ ဒီတခါလည်း ဒီဆေးပဲသောက်မယ်လို့တွေးတာမျိုးပါ။ဆေးဆိုင်တွေကပေးတဲ့စပ်ဆေးဆိုတာဘာတွေထင်ပါသလဲ။ အဖျားကျဆေး၊အကိုက်အခဲပျောက်ဆေးနဲ့ ပဋိဇီဝဆေးတွေကိုရောစပ်ထားတာပါ။ တချို့ဆို ဆေးခန်းမှာ ပဋိဇီဝဆေးတွေမတိုက်ဘူးလား ဆရာဝန်ကိုတောင်းဆိုတာတာတောင်ရှိပါသေးတယ်။ ဒါပေမယ့် ဆရာဝန်တွေက အဲဒီပဋိဇီဝဆေးတွေကို လိုအပ်တဲ့အခါမှ ပေးလေ့ရှိပါတယ်။ပဋိဇီဝဆေးေတွကို ဘာလို့အလွယ်ရမ်းမသောက်သင့်တာလဲဆိုတာ ဆက်ပြီးကြည့်ရအောင်။အအေးမိတာ၊ ဖျားနာတာတွေကို ချက်ချင်းဖျတ်ခနဲပျောက်ကင်းစေဖို့တောင့်တနေတာလား။ ပဋိဇီဝဆေးတွေကို မလိုအပ်ဘဲသောက်သုံးတာက ကိုယ့်ကျန်းမာရေးအတွက်ရေရှည်မှာ အကျိုးဆက်မကောင်းနိုင်ပါဘူး။ပဋိဇီဝဆေးဝါးတွေ မလိုအပ်ဘဲသောက်ပါများရင်ဆေးယဉ်ပါးတဲ့အဆင့်ရောက်မှာ သိပ်ကြောက်စရာကောင်းပါတယ်။အအေးမိ၊ချောင်းဆိုး၊လည်ချောင်းနာအများစုက ဗိုင်းရပ်စ်ကြောင့်ဖြစ်တာပါ။ ဘက်တီးရီးယားကြောင့်မဟုတ်တဲ့အတွက် ပဋိဇီဝဆေးတွေက အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် သည်လိုအနေအထားမျိုးမှာ မဆီမဆိုင် ပဋိဇီဝဆေးတွေချည်းသောက်တာများလာတဲ့အခါ ဒီဆေးတွေနဲ့ထိတွေ့မှုများလာတဲ့ ဘက်တီးရီးယားအခံတွေက သန္ဓေပြောင်းပြီး ခံနိုင်ရည်ရှိလာပါတယ်။ဥပမာStaphylococcus aureus ဟာ နှာခေါင်းထဲ သို့မဟုတ် အရေပြားမှာ အန္တရာယ်မပေးဘဲရှိနေတတ်တဲ့ ဘက်တီးရီးယားတစ်မျိုးဖြစ်ပေမယ့်ဆေးယဉ်တဲ့အမျိုးအစားဖြစ်လာပြီးကိုယ်ခံအားနည်းသူတစ်ဦးဆီ ကူးစက်ရောက်ရှိသွားတဲ့အခါ နောက်ဆက်တွဲလက္ခဏာတွေပြင်းထန်နိုင်ပါတယ်။ တကယ်လိုအပ်လာလို့ ပဋိဇီဝဆေးတွေသောက်တဲ့အခါမှာလည်းဆေးမတိုးတော့ပါဘူး။ဥပမာ ဆေးယဉ်ခြင်းကြောင့်အဆုတ်ရောင်နမိုးနီးယားလိုရောဂါတချို့ကို ကုသရပိုခက်စေနိုင်ပြီး ပိုပြင်းထန်၊ ပိုအကုန်ကျများတဲ့ဆေးဝါးကုသမှုကိုလိုအပ်လာနိုင်ပါတယ်။ ပျောက်ကင်းမယ့်အချိန်လည်းပိုကြာနိုင်တဲ့အပြင် တခြားကျန်းမာရေးပြဿနာတွေလည်းဖြစ်လာနိုင်သေးတယ်။ပဋိဇီဝဆေးယဉ်ပါးခြင်းကိုကာကွယ်ပြီးဘေးကင်းကျန်းမာနိုင်ဖို့ –။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%95%e1%80%8b%e1%80%ad%e1%80%87%e1%80%ae%e1%80%9d%e1%80%86%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1-%e1%80%98%e1%80%ac%e1%80%9c%e1%80%ad%e1%80%af%e1%80%b7%e1%80%a1%e1%80%9c%e1%80%bd%e1%80%9a/
အရိုးနဲ့ ကြွက်သားစနစ်မှာ ဘာတွေပါလဲ။
အရိုးနဲ့ ကြွက်သားစနစ်မှာ ဘာတွေပါလဲ။ အရိုးနဲ့ ကြွက်သားစနစ် လို့ ပြောပေမယ့် အရိုးနဲ့ ကြွက်သားစနစ်မှာ ဒါတွေအပြင် အရိုးနု၊ အဆစ်၊ အရွတ်၊ အရွတ်တွဲ၊ အာရုံကြောတွေလည်းပါဝင်ပါတယ်။ သူတို့ အချိတ်အဆက်မိမိ အလုပ်လုပ်မှသာ ခန္ဓာကိုယ်က ဟန်ချက်ညီညီလှုပ်ရှားနိုင်မှာပါ။ အရိုးက သူ့ဟာသူနေ၊ ကြွက်သားက ကျုံ့ချင်ကျုံ့၊ ဆန့်ချင်ဆန့်၊ အဆစ်တွေက ချောင်ဆိုရင် ကြည့်လို့ မကောင်းပါဘူး။ အထိုင်အထမှာ စမတ်ကျတဲ့ လူတစ်ယောက်ဖြစ်ဖို့ သူတို့တွေ ဘယ်လို အလုပ်လုပ်နေလဲဆိုတာ ကြည့်ကြရအောင်။အရွယ်ရောက်ပြီးသား လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ အရိုးပေါင်း ၂၀၆ခုရှိပါတယ်။ အရိုးက အလုပ်၅ခု လုပ်ပါတယ်။အရိုးတွေက အမေ့ဗိုက်ထဲက သန္ဓေသားဘဝ ကိုယ်ဝန် ၆ပတ်လောက်မှာတည်းက စပြီး ဖွံ့ဖြိုးလာပြီး ၂၅နှစ်လောက်မှ ရပ်သွားပါတယ်။ အရိုးက စစချင်းမှာ အရိုးနုအနေနဲ့ ရှိပါတယ်။ နောက်ပိုင်းကျမှ အရိုးအဖြစ်ကို တဖြည်းဖြည်း ပြောင်းလာတာပါ။ အရိုးဖြစ်လာတဲ့အခါ အရိုးရှည်တွေ (လက်မောင်း၊ လက်ဖျံ၊ ပေါင်ရိုး၊ ခြေသလုံးရိုး)မှာ epiphyseal plateလို့ ခေါ်တဲ့ အရိုးနုပြားလေးတွေ ပေါ်လာပြီး အဲ့ဒီကနေ အရပ်ဆက်ရှည်ပါတယ်။အရိုးနှစ်ခုကြားမှာ ချိတ်ပေးထားတာကို အဆစ်လို့ခေါ်ပါတယ်။ အဆစ်မရှိရင် ကွေးမရ ဆန့်မရနဲ့ တောင့်တောင့်ကြီး ဖြစ်နေမှာပါ။ အဆစ်လေးတွေက အရိုးရဲ့ လှုပ်ရှားမှုကို ကန့်သတ်ထိန်းချုပ်ထားပါတယ်။ ဘယ်လောက်ပဲ ကွေးလို့ရမယ်။ ဘယ်လောက်ပဲ ဆန့်လို့ရမယ် စသဖြင့်ပေါ့။ လှုပ်လို့ရလေလေ မခိုင်လေပါပဲ။ဥပမာပြောရရင် ဦးခေါင်းခွံကအရိုးတွေက သိပ်လှုပ်လို့ မရပါဘူး။ ဒါပေမယ့် သိပ်ခိုင်ပါတယ်။ ဦးခေါင်းရိုးကြီး ပြုတ်ထွက်သွားတယ်ဆိုတာမျိုးကို မကြားရပါဘူး။ လက်မောင်းကျတော့ လွတ်လွတ်လပ်လပ် လှုပ်လို့ရပေမယ့် လက်မောင်းဆစ်လွဲသွားလို့ဆိုတာကတော့ ခဏခဏကြားနေရပါတယ်။အရွတ်က ကြွက်သားနဲ့ အရိုးနဲ့ကို ချိတ်ဆက်ပေးထားပါတယ်။အရိုးအချင်းချင်း ဆက်ထားပေးပါတယ်။ကြွက်သားတွေက ၃မျိူးရှိပြီး ခုပြောမှာက အရိုးကြွက်သားလို့ ခေါ်တဲ့ skeletal muscleအမျိုးအစားပါ။ ကြွက်သားတွေက ကျုံ့လိုက်ရင် အရွတ်တွေကို ဆွဲလိုက်တာကြောင့် အရိုးပါ ပါလာပါတယ်။ ဒီနည်းနဲ့ လှုပ်ရှားတာပါ။ ဒါ့ပြင် ကြွက်သားတွေက ခန္ဓာကိုယ်ရဲ့ ကိုယ်နေဟန်ထားနဲ့ ပုံစံကို ထိန်းပေးတယ်။ ကိုယ်တွင်းအင်္ဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။အာရုံကြောတွေက ကြွက်သားတွေရဲ့ ကျုံ့ဆန့်မှုကို ထိန်းချုပ်ပေးတယ်။ အာရုံခံမှုတွေကို အဓိပ္ပာယ်ဖော်ပေးတဲ့အပြင် ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်ချက်တွေကိုလည်း ထိန်းချုပ်ထားပါတယ်။အရိုးနုက တွယ်ဆက်တစ်ရှူး connective tissue အမျိုးအစားပါ။ ဂျယ်လီနဲ့ တူပါတယ်။ အရိုးနု အမျိုးအစား ၃မျိုးရှိပါတယ်။အတွေ့ရအများဆုံး အမျိုးအစား ဖြစ်ပါတယ်။ နံရိုးတို့၊ နှာနုရိုးတို့မှာ တွေ့ရပါတယ်။ အဆစ်ကြားက အရိုးနုဟာလည်း ဒီအမျိုးအစားပါပဲ။ ဒီအရိုးနုရဲ့ မျက်နှာပြင်ဟာ ချောမွေ့နေတာကြောင့် အရိုးအချင်းချင်း ပွတ်တိုက်မှုနည်းပြီး လှုပ်ရှားရကောင်းစေပါတယ်။သူကတော့ တောင့်တောင့်လေးနဲ့ တော်ရုံ ပုံစံမပျက်ပါဘူး။ ဥပမာ ပြောရရင် နားရွက်က ဒီအရိုးနုအမျိုးအစားပါ။ဒူပေ ဒဏ်ပေခံတဲ့ အမျိုးအစားပါ။ ဥပမာဒူးဆစ်တို့၊ ဆီးခုံရိုးတို့၊ ကျောရိုးဆစ်တို့ကြားက အရိုးနုပါ။ အဖိခံတဲ့အပြင် အရိုးစွန်းတွေ မပွန်းအောင် ကာကွယ်ပေးပါတယ်။အရိုးတွေနဲ့ မတူတာက အရိုးနုတွေမှာ သွေးကြောစနစ်မရှိတဲ့အတွက် အနာကျက်နှေးပါတယ်။ ဒါကြောင့် အရိုးနုတွေပွန်းပြီးဒူးနာနေတဲ့ လူနာတွေ သက်သာဖို့ အချိန်ကြာတာပေါ့။ ခဏခဏ ပွတ်တိုက်ပါများရင်တော့ ပြန်မကောင်းတော့ဘဲ လှုပ်ရှားရခက်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ဒါကြောင့် လူတစ်ယောက် ကောင်းကောင်း လှုပ်ရှားနိုင်ဖို့ အင်္ဂါပေါင်းများစွာက ဝိုင်းဝန်းထောက်ပံ့ပေးနေရပါတယ်။ မျှတတဲ့ အာဟာရနဲ့ လေ့ကျင့်ခန်းတွေက အရိုးနဲ့ ကြွက်သားစနစ်တွေကို သန်မာစေမှာ အသေအချာပါပဲ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/musculoskeletal-system/
အသည်းကင်ဆာ ဓါတ်ရောင်ခြည်ကုသမှု
အသည်းကင်ဆာဟာ အသည်းထဲမှာ ရှိတဲ့ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေဟာ သူတို့ရှိရမယ့်နေရာထက်ပိုပြီး လျင်မြန်စွာ ပွားခြင်းကြောင့် ဖြစ်လာခြင်းဖြစ်ပါတယ်။ လူအချို့က အသည်းကင်ဆာကို ကုသဖို့အတွက်နဲ့ နာကျင်မှု ဖြစ်ပေါ်စေတဲ့ ဖိအားကို သက်သာစေဖို့ ဓါတ်ရောင်ခြည်ကုသမှုကို ရွေးချယ်ကြပါတယ်။ဓါတ်ရောင်ခြည်ကုသမှု ဟာ ပစ်မှတ်ထားတဲ့ စွမ်းအင်တွေ (ဥပမာ X-rays၊ ရေဒီယိုသတ္တိကြွပစ္စည်း) ကို အသုံးပြုပြီး ကင်ဆာဆဲလ်တွေကို သတ်ဖို့၊ အကျိတ်ကို ကျုံ့သွားစေဖို့နဲ့ ကင်ဆာနဲ့ဆက်စပ်နေတဲ့ လက္ခဏာတွေကို လျော့ကျစေဖို့ အသုံးပြုကြပါတယ်။ သူ့ကို အောက်ပါအချက်တွေမှာလည်း သုံးနိုင်ပါတယ်။ဓါတ်ရောင်ခြည်ကို ကိုယ်ခန္ဓါ အပြင်ဘက်က စက်မှတစ်ဆင့် ကိုယ်ခန္ဓါ အတွင်းရှိ ကင်ဆာဆဲလ်တွေကို ချိန်ပြီး အသုံးပြုခြင်း ဖြစ်ပါတယ်။ (ဥပမာ 3D conformal radiation therapy၊ IMRT၊ IGRT၊ TomoTherapy၊ stereotactic radiosurgery)။ရေဒီယိုသတ္တိကြွ ပစ္စည်းကို (ပြွန်မှတစ်ဆင့်) အကျိတ်ထံတိုက်ရိုက် (သို့) အကျိတ်နားသို့ ပေးခြင်း ဖြစ်ပါတယ်။ (high-dose rate brachytherapy)။ရေဒီယိုသတ္တိကြွ ပစ္စည်းဟာ (မြိုချခြင်း၊ ကိုယ်ခန္ဓါ အတွင်း ထိုးထည့်ခြင်းဖြင့်) ကင်ဆာဆဲလ်တွေ တည်နေရာ သိရှိပြီ ဖျက်ဆီး ပစ်ဖို့ သွေးတစ်လျှောက် သွားခြင်းပဲ ဖြစ်ပါတယ်။ (ဥပမာ ရေဒီယိုသတ္တိကြွအိုင်အိုဒင်းကုထုံး)။External radiotherapy ကုသမှုကို ဆေးရုံမှာ ခံယူသင့်ပါတယ်။ ပထမဆုံးဖြစ်တဲ့ အသည်းကင်ဆာတွေတွက် သင့်မှာ ပြုလုပ်သင့်တဲ့ ကုသမှု တွေ ရှိပါတယ်။ သင်ဟာ ကုသမှုတစ်ခုအတွက် ဆေးရုံမှာ ရက်အနည်းငယ် (သို့) ရက်သတ္တပတ် အနည်းငယ်အထိ နေရနိုင်ပါတယ်။ကုသမှု မပြုလုပ်ခင်မှာ external beam radiotherapy ကို သေချာစီစဉ်ဖို့ အရေးကြီးပါတယ်။ ဆရာဝန်နဲ့ တွေ့ရှိခြင်းဟာ အချိန် ၁၅ မိနစ်ကနေ ၂ နာရီအထိ ကြာမြင့်နိုင်ပါတယ်။ ကင်ဆာရောဂါကို ကုသဖို့ ဘယ်လောက် ဓါတ်ရောင်ခြည် လိုအပ်လဲဆိုတာနဲ့ ဘယ်နေရာမှာ ကုသဖို့လိုတာလဲဆိုတာတွေကို ဆုံးဖြတ်ဖို့ အရေးကြီးပါတယ်။ကင်ဆာနဲ့ သူ့ရဲ့ တည်နေပုံတွေကို သိရှိနိုင်ဖို့ CT scan (ကွန်ပျူတာဓါတ်မှန်) ရိုက်ရပါလိမ့်မယ်။ ကုသမှုလိုအပ်တဲ့နေရာကို ဖေါ်ပြထားပြီး ဓါတ်မှန်ကုတင် ပေါ်မှာ လှဲနေရမှာ ဖြစ်ပါတယ်။ ဓါတ်မှန်ကျွမ်းကျင်ပညာရှင် တွေဟာ သင့်အရေပြားကို အမှတ်မှတ်မှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ငြိမ်သက်စွာနေဖို့ အရေးကြီးပါတယ်။ ပုံစံမှန်ပြီဆိုတာနဲ့ ဓါတ်မှန်ကျွမ်းကျင်ပညာရှင် တွေဟာ ကုတင်အပြား ကို လူခန္ဓါကိုယ်ကို ဖတ်တဲ့ ဒိုးနတ်ပုံ စက်ကိရိယာထဲကို ဖြည်းဖြည်းချင်းသွင်းလိုက်မှာ ဖြစ်ပါတယ်။ ပြီးရင်တော့ သူတို့တွေဟာ အခန်းအပြင်ထွက်မှာ ဖြစ်ပြီး စစ်ဆေးမှု စတင်မှာ ဖြစ်ပါတယ်။ စစ်ဆေးမှုဟာ နာကျင်မှု မရှိပဲ ငါးမိနစ်လောက် ကြာမြင့်နိုင်ပါတယ်။ ဓါတ်မှန်ကျွမ်းကျင်ပညာရှင် တွေက ကင်မရာမှတစ်ဆင့် အနီးကပ် စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။သင်ဟာ အခြားစစ်ဆေးမှုတွေ ဖြစ်တဲ့ သံလိုက်ဓါတ်မှန် (MRI) သို့ PET scan တွေ လိုအပ်နိုင်ပါတယ်။ဓါတ်ရောင်ခြည်ကုသမှု မစတင်မီ ဓါတ်မှန်ကျွမ်းကျင်ပညာရှင် တွေဟာ သင့်အရေပြားပေါ်မှာ အမှတ်မှတ်ပြီး ကုသမယ့်နေရာကို အတိအကျ သိရှိအောင် ပြုလုပ်မှာ ဖြစ်ပါတယ်။ သူတို့ဟာ ပင်အပ်အရွယ်အစားရှိတဲ့ ဆေးမှင်အမှတ်အသားတွေကိုလည်း ဒီနေရာမှာ ပြုလုပ်နိုင်ပါတယ်။သင့်ကုသမှု အစီအစဉ်ကို အဆုံးသတ်ဖို့အတွက် ဆရာဝန်က အချိန်ယူဖို့ လိုအပ်တာကြောင့် ကုသမှု မစတင်မီ နှစ်ပတ်လောက် စောင့်ရနိုင်ပါတယ်။ဓါတ်ရောင်ခြည်ကုသတဲ့ စက်တွေဟာ ကြီးမားပြီး တစ်နေရာထဲမှာ အသေတပ်ထားခြင်း (သို့) ကုသမှုတွေ ပုံစံအမျိုးမျိုးနဲ့ ပေးနိုင်ဖို့ ကိုယ်ခန္ဓါကို လှည့်နိုင်ခြင်း တွေ ရှိနိုင်ပါတယ်။ ပထမဦးဆုံး ကုသမှု မစတင်မီ ဓါတ်မှန်ကျွမ်းကျင်ပညာရှင် တွေဟာ သင်ဘာတွေ မြင်ရမယ်၊ ကြားရမယ်ဆိုတာကို ရှင်းပြပေးမှာ ဖြစ်ပါတယ်။သင်ဟာ external radiotherapy ကုသမှု ခံယူရုံနဲ့ ရေဒီယိုသတ္တိမကြွနိုင်ပါဘူး။ ဒါဟာ ကလေးတွေအပါအဝင် ကုသမှုတစ်လျှောက်မှာ အခြားလူတွေအတွက်ပါ စိတ်ချရပါတယ်။ဓါတ်ရောင်ခြည်ကုသမှုဟာ ၁၅ မိနစ်ကနေ မိနစ် ၃၀ အထိ ကြာမြင့်နိုင်ပါတယ်။ ကုသမှု ခံယူစဉ်မှာ ထူးဆန်းတဲ့အရာတွေကို ခံစားရမှာ မဟုတ်ပါဘူး။ တစ်ချိန်လုံး တစ်ပုံစံတည်း နေဖို့အရေးကြီးပါတယ်။ တိကျတဲ့ ပုံစံတစ်ခုမှာ ရှိနေမှသာ ဝန်ထမ်းတွေဟာ အခန်းထဲက ထွက်သွားပြီး သင့်ကို တစ်ယောက်တည်း ထားခဲ့မှာ ဖြစ်ပါတယ်။ သူတို့ဟာ အလုံပိတ် တီဗွီဖန်သားပြင် မှတစ်ဆင့် သင့်ကို သေချာစွာ စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။ဓါတ်ရောင်ခြည်ပမာဏ အနည်းငယ်ကို လက္ခဏာတွေ ထိန်းချုပ်ဖို့အတွက် အသုံးပြုခြင်းဟာ ဘေးထွက်ဆိုးကျိုးတွေကို မဖြစ်စေပါဘူး။ အသည်းဟာ အစာအိမ်နဲ့ အူတွေ ဘေးမှာရှိတာကြောင့် ဓါတ်ရောင်ခြည်ကုသမှုဟာ ဖျားနာခြင်း၊ ဝမ်းလျှောခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီဘေးထွက်ဆိုးကျိုးတွေကို သက်သာစေမယ့် ဆေးတွေ ရှိပါတယ်။ဓါတ်ရောင်ခြည်ကုသမှုဟာ ပင်ပန်းနွမ်းနယ်မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါဟာ ကုသမှု အဆုံးသတ်ခါနီးမှာ ပိုဆိုးလာတတ်ပါတယ်။ ကုသမှုအပြီး ရက်နည်းငယ် (သို့) ရက်သတ္တပတ်အနည်းငယ်အထိ ပိုမို ပင်ပန်းနွမ်းနယ်ခြင်းကို ခံစားရနိုင်ပါတယ်။အသည်းကင်ဆာ လူနာတွေမှာ ကုသနိုင်တဲ့ ဓါတ်ရောင်ခြည်ကုသမှု တွေကတော့ External beam radiation therapy၊ internal radiation therapy၊ systemic radiation therapy တွေပဲဖြစ်ပါတယ်။ ဓါတ်ရောင်ခြည်ကုသမှု တစ်မျိုးစီဟာ ကောင်းကျိုးဆိုးကျိုးတွေရှိတာမို့ အသေးစိတ်ကို သိရှိဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။Translated by Phyu Mon latt။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/liver-cancer-cancer/%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac-%e1%80%93%e1%80%ab%e1%80%90%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%81%e1%80%bc%e1%80%8a/
ကိုဗစ်ကာလမှာ အိမ်မှာနေရင်း ဇက်ကြောတက်တာကို ဘယ်လိုကာကွယ်မလဲ
ကွန်ပျူတာနဲ့ပဲ အမြဲ အလုပ်လုပ်နေရတဲ့သူတွေ၊ ဖုန်းအသုံးများတဲ့သူတွေဇက်ကြောတက်၊ ခါးညောင်းတာ၊ ကြွက်သားညောင်းညာကိုက်ခဲတဲ့ ပြဿနာတွေကို အမြဲလိုလို ခံစားရတတ်ပါတယ်။ အခုလိုမျိုး အိမ်မှာပဲ အမြဲနေနေရတဲ့အခါမျိုးမှာ အရင်ကထက်တောင် ပိုပြီး ဇက်ကြောတက်တဲ့ ဝေဒနာကို ခံစားနေရတဲ့ အသံတွေ ထွက်နေရပါတယ်။မကြာခဏဇက်ကြောတက်တယ်လို့ ပြောတဲ့သူတွေရဲ့ နေထိုင်မှုပုံစံကို စစ်ဆေးကြည့်တဲ့အခါ ဇက်ကို အောက်ဘက်သို့ အတင်းငုံ့ထားတာ၊ ခါးကို မတ်မတ်မထားဘဲ ကုန်းကွေးပြီး ထိုင်နေတာ၊ လှဲအိပ်ပြီး ဖုန်းသုံးတာ၊ ကိုယ်လက်လေ့ကျင့်ခန်းမလုပ်တာ၊ တစ်နေရာတည်းမှာ ဘယ်မှမထဘဲ အကြာကြီးထိုင်နေတာ စတဲ့အချက်တွေကို တွေ့ရပါတယ်။အိမ်မှာပဲ နေနေပြီး ဘယ်မှမသွားရတဲ့အခါ လူတွေက ပုံမှန်ထက် အချိန်ကြာမြင့်အောင် ထိုင်ပြီး အလုပ်လုပ်နေရတာကို တွေ့ရပါတယ်။ ရုံးမဟုတ်တဲ့အတွက် အိမ်အလုပ်တွေပေါ်လာရင် ထလုပ်လိုက်တာ၊အလုပ်လုပ်နေရင်း ဖုန်းသုံးလိုက်တာ၊ အင်တာနက်ကနေ စားစရာတွေကို အော်ဒါလှမ်းမှာပြီး စားနေတာ၊ အလုပ်လုပ်လိုက် အနားယူလိုက် လုပ်တာမျိုးကြောင့် ခါတိုင်း ရုံးတက်၊ ရုံးဆင်းချိန်လိုမျိုး အတိအကျမရှိတော့ဘဲ အလုပ်ချိန်တွေ ပိုကြာသွားတဲ့အတွက် ဇက်ကြောတက်တဲ့သူတွေ ပိုများလာရခြင်း ဖြစ်ပါတယ်။ခုပြောပြမယ့်နည်းလမ်းတွေက အိမ်မှာအလုပ်လုပ်နေရတဲ့ အချိန်ကာလအတွက်သာမက ရုံးပြန်တက်ရတဲ့အချိန်မှာပါ ဇက်ကြောတက်တာကို ကာကွယ်ပေးနိုင်မယ့် နေထိုင်မှုပုံစံတွေပဲ ဖြစ်ပါတယ်။ ဇက်ကြောတက်တာကို သက်သာစေဖို့ဆိုရင်။ကြမ်းပြင်မှာ ထိုင်ပြီး ကုန်းကုန်းကြီးအလုပ်လုပ်နေတာမျိုးက ကိုယ့်ရဲ့ ဇက်နဲ့ ခါးကို ဆက်စပ်ထားတဲ့အရိုးအဆစ်တွေကို ညောင်းညာကိုက်ခဲစေပြီး အရိုးအဆစ်ရဲ့ အနေအထားကို ပုံစံလွဲသွားစေပါတယ်။ ဒါကြောင့် တတ်နိုင်သလောက် အလုပ်လုပ်ဖို့သီးသန့် စားပွဲ၊ ထိုင်ခုံထားထားပြီး အဲဒီနေရာမှာပဲ အလုပ်ကို လုပ်ပေးပါ။ အထူးသဖြင့် ကိုယ့်အိမ်မှာ အလုပ်လုပ်ဖို့ သက်သောင့်သက်သာ ဖြစ်စေမယ့် နေရာတစ်နေရာ ဖန်တီးထားဖို့ လိုအပ်ပါတယ်။ခါးကို မတ်မတ်၊ ဇက်ကြောကို အောက်အတင်းငုံ့နေရတာမျိုးမဟုတ်ဘဲ တည့်တည့် သို့မဟုတ် အောက်သို့ ၂၀-၃၀ ဒီဂရီလောက်ပဲ ငုံ့ပေးရတဲ့ အနေအထားရစေဖို့ကွန်ပျူတာ၊ ထိုင်ခုံကို အဆင်ပြေအောင် ညှိပေးပါ။ ဖုန်းသုံးနေရတယ်ဆိုရင်လည်း ခါးမတ်မတ်ထိုင်ပြီး သုံးပါ။ တစ်စောင်းလှဲ၊ ခါးကုန်းပြီး မသုံးပါနဲ့။ခုလိုကာလမျိုးမှာ လူတော်တော်များများက အလုပ်ကို ဆက်တိုက်မလုပ်ဘဲ အကြာကြီးနားလိုက်၊ စားလိုက်၊ အချိန်ဆွဲလိုက်၊ ရုပ်ရှင်ကြည့်လိုက်နဲ့ ဖြည်းဖြည်းချင်း အလုပ်လုပ်နေတာကို တွေ့ရပါတယ်။ လုံးဝမကောင်းတာတော့ မဟုတ်ပေမဲ့ ကိုယ်လုပ်ရမယ့်အလုပ်တွေ မပြီးတဲ့အခါ ဒီအလုပ်ကိုပဲ အချိန်အကြာကြီး စွဲပြီးလုပ်ရတဲ့အတွက် ကိုယ့်ရဲ့ ခါးအရိုးအဆစ်ကိုလည်း ရေရှည်မှာ ထိခိုက်စေနိုင်ပါတယ်။ကိုယ်က ထိုင်ပြီးအလုပ်လုပ်နေရတယ်ဆိုရင် နာရီဝက်ခြား တစ်ခါလောက် ထပြီးဆီးသွားတာ၊ ရေသောက်တာ၊ ခါးကြော၊ ဇက်ကြောကို ဆန့်ပေးတာ၊ လမ်းလျှောက်တာမျိုး လုပ်ပေးလို့ရပါတယ်။ ၅ မိနစ်လောက်နားရင် လုံလောက်ပါတယ်။ ပြီးသွားမှ ကိုယ့်အလုပ်ကို အမြန်ဆက်လုပ်ပါ။ယောဂလေ့ကျင့်ခန်းသည် ခန္ဓာကိုယ်ရဲ့အရိုးအကြောတွေ တင်းနေတာကို ပြေလျော့စေဖို့ ဆွဲဆန့်ပေးရတဲ့ အကြောလျှော့လေ့ကျင့်ခန်းတစ်ခုပါ။ Gym တွေကလည်း မဖွင့်သေးဘူးဆိုပေမဲ့ ကိုယ့်အိမ်မှာ ရရင် ရသလို အကြောလျှော့ပေးခြင်း၊အလေးတုံးမလိုတဲ့ လေ့ကျင့်ခန်းများလုပ်ပေးခြင်းက ကိုယ့်ရဲ့အရိုးအဆစ်တွေနဲ့ကြွက်သားတွေကို အားလျော့သွားတာမျိုး မဖြစ်စေအောင် ကာကွယ်ပေးနိုင်ပါတယ်။ယောဂမကျင့်ချင်ရင်လည်း ရိုးရိုးခြေလက်ဆန့်တန်းတာ၊ အကြောလျှော့တဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးလို့ ရပါတယ်။ပုံမှန်အားဖြင့် ဇက်ကြောတက်တာက ဆိုးဆိုးရွားရွား နာကျင်တဲ့ဝေဒနာမျိုး မဟုတ်ပေမဲ့ ကိုယ့်အတွက်တော့ နေထိုင်ရတာ မသက်မသာဖြစ်စေနိုင်ပါတယ်။ ကိုယ့်အနေနဲ့ အိမ်ကနေ ဘယ်လိုကုသလို့ရမလဲဆိုရင်။Hello ဆရာဝန် ပရိတ်သတ်ကြီးအားလုံးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/%e1%80%80%e1%80%ad%e1%80%af%e1%80%97%e1%80%85%e1%80%ba%e1%80%80%e1%80%ac%e1%80%9c%e1%80%99%e1%80%be%e1%80%ac-%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%99%e1%80%be%e1%80%ac%e1%80%94%e1%80%b1%e1%80%9b/
အတွင်းပြန်ပေါက်မွှေးကို နှုတ်ဆက်ဖို့ နည်းလမ်း ၆ မျိုး
အတွင်းဘက်ကို ပေါက်နေတဲ့အမွေး (ingrown hair)တွေဟာ အရေပြားပေါ်မှာ နာကျင်ရောင်ရမ်းနေတဲ့ အဖုတွေအဖြစ်ပေါ်လာလေ့ရှိပါတယ်။ ဒီအဖုတွေဟာ ဝက်ခြံတွေနဲ့တူနိုင်ပြီး အတွင်းမှာ ပြည်တွေလည်းရှိတတ်ပါတယ်။ ဒီအဖုတွေဟာ ကောက်ကွေးနေတဲ့အမွေးတွေဖြစ်ပြီး အရေပြားအပြင်ကိုထွက်လာရမယ့်အစား အမြစ်ရှိရာအရေပြားအလွှာထဲ တိုးဝင်သွားပါတယ်။ လိမ်ကောက်နေတဲ့ အမွေးတွေ ဆံပင်တွေရှိတဲ့သူတွေဆီမှာ အဖြစ်များပါတယ်။ အတွင်းဘက်ကိုပေါက်နေတဲ့အမွေး (ingrown hair)တွေဟာ နေရာမရွေးဖြစ်ပေါ်နိုင်ပြီး အများအားဖြင့်တော့ အင်္ဂါဇာတ်တွေမှာဖြစ်လေ့ရှိပါတယ်။သင်က အများအားဖြင့် ဖယောင်းနဲ့အမွေးနှုတ်ခြင်း၊ ရိတ်ခြင်း၊ နှုတ်ခြင်းတွေလုပ်လေ့ရှိတယ်ဆိုရင် အမွေးမြုံ တွေဖြစ်လာနိုင်ချေပိုများပါတယ်။ အမွေးအမျှင်ဖယ်ရှားခြင်းနည်းလမ်းထဲက ဘယ်နည်းလမ်းကိုပဲသုံးသည်ဖြစ်စေ အမွေးကတော့ဖြည်းဖြည်းချင်းပြန်ပေါက်လာမှာပါပဲ။ အမွေးအများစုပြန်ထွက်လာတဲ့အခါ ပြဿနာမရှိနိုင်ပေမယ့် အမွေးတိုတာတွေ သို့မဟုတ် ကောက်နေတဲ့အမွေးတွေအတွက်ကတော့ အမွေးတွေဟာ အတွင်းဘက်ကိုပြန်ပြီးကောက်ဝင်ကာ အသားထဲပြန်ဝင်သွားနိုင်ပါတယ်။ ဒါကို ingrown hair လို့ခေါ်ပါတယ်။ အမွေးဟာ အတွင်းဘက်ကိုပြန်ဝင်ပြီးရှည်လာတဲ့အခါမှာ ခန္ဓါကိုယ်ကသူ့ကို ပြင်ပအရာဝတ္ထု တစ်ခုအဖြစ်သတ်မှတ်လိုက်ပြီး တိုက်ခိုက်ဖို့ခုခံအား စနစ်ကိုစပြီးအသက်သွင်းပါတယ်။ ဒါကြောင့် တစ်ခါတလေမှာ အတွင်းဘက်ကိုပေါက်တဲ့ အမွေး တွေဟာ ယားယံရောင်ရမ်းပြီးနီရဲနေတာမျိုးဖြစ်တတ်ပါတယ်။Ingrown hair တွေအားလုံးဟာ ရောင်ရမ်းပြီးနာကျင်နေတာမျိုးမဟုတ်ပါဘူး။ တစ်ခါတလေမှာ ကုသစရာမလိုဘဲ သူတို့တွေ အလျားတစ်ခုရောက်လာတဲ့အချိန်မှာ သူတို့ရဲ့ပုံမှန်ကြီးထွားမှုအတိုင်းပြန်ပြီး ကြီးထွားသွားနိုင်ပါတယ်။ ဒါပေမယ့် ဒီအဖုတွေက ယားယံလာမယ် သို့မဟုတ် ကြည့်ရဆိုးနေမယ်ဆိုရင် သင်ကိုယ်တိုင်နှုတ်ပေးနိုင်ပါတယ်။ Ingrown hair တွေကို အိမ်မှာပဲပျောက်အောင်လုပ်မယ်ဆိုရင် ပြည်တည်တာနဲ့သွေးထွက်တာစတဲ့ ပိုးဝင်တဲ့ လက္ခဏာတွေရှိမရှိ သတိထားကြည့်ဖို့လိုပါတယ်။ ရှိခဲ့ရင်တော့ ဆေးကုသမှုခံယူပါ။ရောင်ရမ်းခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်းအနည်းငယ်ကို ဖော်ပြပေးထားပါတယ်။အတွင်းဘက်ကိုပေါက်နေတဲ့ အမွေး (ingrown hair) တွေမပျောက်သွားမချင်း အဲဒီနေရာတစ်ဝိုက်မှာ အမွေးအမျှင်ဖယ်ရှားခြင်းတွေမလုပ်ပါနဲ့။ သင်က ဆက်ပြီး ရိတ်နေမယ်၊နှုတ်နေမယ်၊ ဖယောင်းနဲ့အမွေးချွတ်တာတွေ လုပ်နေမယ်ဆိုရင် အဆိုပါနေရာရဲ့အခြေအနေပိုဆိုးနိုင်ပြီး ingrown hair တွေလည်း ပိုပြီးရောင်ရမ်းလာနိုင်ပါတယ်။ အဖုတွေကိုကုတ်ခြင်းဖဲ့ခြင်းတွေကလည်း အလုပ်မဖြစ်ပါဘူး။ ဒီလိုလုပ်တာတွေက အမာရွတ်တွေ ဒါမှမဟုတ် ပိုးဝင်တာတွေဖြစ်စေနိုင်ပါတယ်။အဝတ်စကို ရေနွေးထဲစိမ်ပြီး ဖြစ်တဲ့နေရာပေါ်မှာ ၁၀မိနစ်မှ ၁၅မိနစ်ထိတင်ထားပါ။ အဖုပေါ်ကို အဝတ်စနဲ့ ညင်သာစွာပွတ်တိုက်ပေးတာက ingrown hair တွေပေါ်က အရေပြားကို နူးညံ့စေပါတယ်။အရေပြားက နူးညံ့လာပြီး အမွေးလည်းအပြင်ထွက်လာပြီဆိုရင် သန့်ရှင်းတဲ့ဇာဂနာကိုယူပြီး ဖြည်းဖြည်းချင်းဆွဲနှုတ်ပါ။ အမြစ်က အရေပြားအောက်မှာ တွယ်ထားတာကြောင် အမွေးတစ်ခုလုံးပါလာအောင် နှုတ်ပေးဖို့လိုပါတယ်။ အမွေးပေါ်လာတဲ့ထိ အရေပြားကိုထိုးဖောက်ဖို့ ဘယ်အရာကိုမှမသုံးပါနဲ့။ ပိုးဝင်နိုင်ပါတယ်။ဆဲလ်သေတွေကိုဖယ်ရှားလိုက်တာဟာ အမွေးကို အရေပြားမျက်နှာပြင်ပေါ်ပြန်ရောက်လာစေပါတယ်။ တကယ်လု့ိသင့်ရဲ့ အသားအရည်ထိန်းသိမ်းမှုလုပ်ငန်းစဉ်တွေက မထိရောက်ဘူးဆိုရင် ဆရာဝန်ကိုပြောနိုင်ပါတယ်။ သူတို့တွေက ဆဲလ်သေတွေအလွယ်တကူကွာကျဖို့အတွက် ဆေးတွေပေးနိုင်ပါတယ်။ အသုံးများတဲ့ အိမ်သုံးချေးချွတ်ဆေးတွေကတော့ သကြား ၊မုန့်ဖုတ်ဆိုဒါ၊ ဆားနဲ့ လက်ဖက်ခြောက်အိတ် တွေဖြစ်ပါတယ်။တကယ်လို့ အတွင်းဘက်ပေါက်နေတဲ့ အင်္ဂါမွေး (ingrown pubic hair)တွေဟာ အတော်ကြီးနီရဲရောင်ရမ်းနေမယ်ဆိုရင် ဆရာဝန်က စတီးရွိုက်ခရင်မ်ကိုညွှန်းပေးပါလိမ့်မယ်။ ဒီဆေးနဲ့ကုသခြင်းက အမွေးတစ်ဝိုက်မှာဖြစ်နေတဲ့ ရောင်ရမ်းခြင်းနဲ့နာကျင်ခြင်းကို လျှော့ချပေးနိုင်ပါလိမ့်မယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/%e1%80%a1%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%b8%e1%80%bb%e1%80%95%e1%80%94%e1%80%b9%e1%80%b1%e1%80%95%e1%80%ab%e1%80%80%e1%80%b9%e1%80%b1%e1%80%99%e1%82%8a%e1%80%b8%e1%80%80%e1%80%ad%e1%80%af/
ကျောရိုးပြဿနာများအတွက် ထိခိုက်မှုအနည်းဆုံး ခွဲစိတ်မှုများအကြောင်း
ကျောရိုးပြဿနာနဲ့ ပတ်သက်ပြီး ခွဲစိတ်ရမယ်ဆိုရင် အနည်းနဲ့ အများတော့ စိတ်ဖိစီးကြတာ သဘာဝပါပဲ။ မေ့ဆေး၊ ထုံဆေးဒဏ်ကို ခံနိုင်ပါ့မလား။ ခွဲပြီးရင် ဘယ်လောက်ကြာကြာ အိပ်ရာထဲမှာ လဲနေမှာလဲ။ ခွဲပြီးလို့ အနာပိုးဝင်ရင် ဘယ်လိုလုပ်မလဲ စတဲ့ မေးခွန်းတွေဟာ လူနာအများစု ဆရာဝန်တွေကို မေးတတ်ကြတဲ့ မေးခွန်းတွေပါပဲ။ခွဲစိတ်မှုတစ်ခုခံယူတယ်ဆိုတာက ကျန်းမာရေး ကိစ္စထက်ကို ပိုပါတယ်။ ခွဲစိတ်ပြီးရင် အနားယူရမယ့် ကိစ္စ၊ ဒီလိုအနားယူနေစဉ်မှာ ဖြေရှင်းရမယ့် လူမှုရေးကိစ္စတွေကိုပါ ထည့်တွက်ရပါတယ်။ ဒါကြောင့် လူနာတွေရဲ့ ဆန္ဒဆိုပြောပါဆိုရင် ခွဲစိတ်မှုကို အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးစေချင်တယ်။ ခွဲပြီးသွားရင်လည်း မြန်မြန်ဆန်ဆန် နလန်ထချင်တယ်။ ကံကောင်းတာက တိုးတက်လာတဲ့ ဆေးပညာအရ လူနာတွေလိုချင်တဲ့ ခွဲစိတ်မှုမျိုးရနေပါပြီ။ ဒါကို minimally invasive surgeryလို့ ခေါ်ပါတယ်။MISSဆိုတာ ခွဲကြောင်းသေးသေးလေးကို သုံးပြီး ကျောရိုးဆစ်တွေကို ခွဲစိတ်ကုသတဲ့ နည်းလမ်းပါ။ ဒါကြောင့် မလိုအပ်ဘဲ ဘေးနားက ကြွက်သားတွေ၊ တခြားတစ်ရှူးတွေ ထိခိုက်တာ နည်းသွားပါတယ်။ အနာလည်း သက်သာပြီး မြန်မြန်လည်း နာလန်ထနိုင်ပါတယ်။အရင်က သုံးနေကျနည်းလမ်း Standard surgeryမှာဆိုရင် ကျောရိုးတစ်လျှောက် ခွဲကြောင်းကြီးကြီးလိုပါတယ်။ တခြားကြွက်သားတွေ၊ တစ်ရှူးတွေကို ကိုင်တွယ်ရပါတယ်။ တချို့တစ်ရှူးတွေဆို ဖယ်ထုတ်ပစ်ရပါတယ်။MISSမှာတော့  tubular retractorလို့ ခေါ်တဲ့ ပြွန်လေးကို သုံးပြီး ခွဲကြောင်းသေးသေးလေးကနေ ခွဲစိတ်မယ့်နေရာအထိ ထည့်လိုက်ပါတယ်။ ဒါကြောင့် မလိုအပ်ဘဲ တခြားကြွက်သားတွေ၊ တစ်ရှူးတွေကို ကိုင်တွယ်စရာ မလိုတော့ပါဘူး။ ဒီပြွန်လေးကနေပြီးတော့ ခွဲစိတ်ကိရိယာလေးတွေကို ထည့်ပြီး ခွဲစိတ်တာပါ။ ခွဲကြောင်းသေးတဲ့အတွက် ခွဲစိတ်ပြီးတဲ့အခါ အနာကျက်လည်း မြန်ပါတယ်။အရင်ခွဲနေကြနည်းလမ်းတွေနဲ့ မတူတာက MISSက ပိုမြန်တယ်၊ ပိုပြီး စိတ်ချရပြီး နလန်ထတာလည်း မြန်ပါတယ်။ တခြားကြွက်သားတွေ၊ တစ်ရှူးတွေကိုလည်း ထိခိုက်မှုနည်းတာကြောင့်။ဒါ့ပြင် တချို့သော ခွဲစိတ်မှုတွေဆို ထုံဆေးလေးနဲ့ ပြင်ပလူနာဌာနမှာပဲ ခွဲလို့ရပါတယ်။ ဒါကြောင့် မေ့ဆေးရဲ့ ဘေးထွက်ဆိုးကျိုး ခံစားရတာ နည်းသွားပါတယ်။များသောအားဖြင့်။ဒီထဲကမှ အသုံးများတဲ့ ခွဲစိတ်မှုတွေကို ဥပမာပေးရမယ်ဆိုရင်။အသက်ကြီးလာလို့ ကျောရိုးတွေ ပျက်စီးတာဖြစ်ဖြစ်၊ ကျောရိုးမှာ အကျိတ်တည်တာ၊ ပိုးဝင်တာ၊ ကျောရိုးဆစ်ကျိုးတာ၊ ကျောရိုးစောင်းတာစတဲ့ ပြဿနာတွေကြောင့် ကျောရိုးဆစ်တွေ ကောင်းကောင်း မလှုပ်နိုင်တော့ဘူးဆိုရင် ဒီနည်းလမ်းနဲ့ ခွဲစိတ်ကုသပါတယ်။နည်းလမ်းကတော့ MISSကို သုံးပြီး မကောင်းတဲ့ ကျောရိုးဆစ်ကို စတီးနဲ့ အစားထိုးတာပါ။ ပြီးရင် ကျောရိုးဆစ်ကို မြဲသွားအောင် ကျောရိုးဆစ်ကြားအပြားရဲ့ အပေါ်နဲ့ အောက်က ကျောရိုးဆစ်နှစ်ခုကို စုပြီး တွယ်လိုက်တဲ့ သဘောမျိုးပါပဲ။ ဒီလိုမှပဲ ကျောရိုးက မြန်မြန်အနာကျက်ပြီး မြန်မြန်ပြန်လှုပ်လို့ရမှာပါ။ကျောရိုးဆစ်ကျဉ်းပြီး အာရုံကြောမကြီးကို ဖိတဲ့ ရောဂါအတွက် သုံးပါတယ်။ အာရုံကြောမကြီးကို ဖိမိတဲ့အခါ ခြေထောက်၊ ကျော၊ လည်ပင်းနဲ့ လက်မောင်းတွေမှာ ထုံတာ၊ ကျဉ်တာ၊ နာတာ၊ အားပျော့တာတွေ ဖြစ်လာပါတယ်။ခွဲစိတ်တဲ့ နည်းကတော့ အာရုံကြောမကြီးကို ဖိထားတဲ့ အရိုးနဲ့ တစ်ရှူးတွေကို ဖယ်ထုတ်ပစ်တာပဲ ဖြစ်ပါတယ်။ ဒါ့ပြင် ဒီနည်းလမ်းကို ကျောရိုးဆစ် ထိခိုက်ဒဏ်ရာရတာ၊ ကျောရိုးဆစ်ကြားအပြားကျွံတာ၊ ကျောရိုးအကျိတ်ဖြစ်တာတွေအတွက်လည်း အသုံးပြုနိုင်ပါတယ်။ကျောရိုးစောင်းတဲ့ ရောဂါတွေမှာ ကုသတဲ့ ခွဲစိတ်နည်းပါ။ ကျောရိုးဆစ်တွေကို လိုသလို ပြုပြင်ပြီး ပုံမှန်ကောက်ကြောင်းရအောင် ပြန်ပြင်ပေးခြင်းပဲ ဖြစ်ပါတယ်။ ဒီခွဲစိတ်နည်းက ကျောရိုးစောင်းတာကြောင့် နာတာ၊ အာရုံကြောတွေ ဖိမိတာကို သက်သာစေပါတယ်။ ဒါ့ပြင် ကိုယ်နေဟန်ထားကိုလည်း မှန်စေပါတယ်။တိုးတက်လာတဲ့ ဆေးပညာအရ ကျောရိုးခွဲစိတ်နည်းတွေက ပိုပြီး အဆင့်မြင့်လာပါပြီ။ ဒီMISSနည်းလမ်းနဲ့ ခွဲစိတ်မှုတွေဟာ ဝေဒနာတွေကို သက်သာစေတဲ့အပြင် လူနာတွေကို သက်သောင့်သက်သာ ခွဲစိတ်စေနိုင်တာကြောင့် ရောဂါတွေကို နောက်ဆက်တွဲဆိုးကျိုးနည်းနည်းနဲ့ အောင်အောင်မြင်မြင် ကုသလို့ရနေပါပြီ။ကုသနည်းတွေ အများကြီးရှိတဲ့အတွက် ကိုယ်နဲ့ သင့်တော်မယ့် နည်းလမ်းကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ရွေးချယ်နိုင်ပါတယ်။ကျေရိုးပြဿနာတွေကို ကုသမှုနဲ့ပတ်သက်ပြီး နောက်ဆုံးပေါ် စစ်ဆေးမှုနည်းလမ်းများ၊ ခွဲစိတ်မှုများ အကြောင်းကို ပိုမိုသိရှိလိုပါက စင်ကာပူနိုင်ငံMount Elizabethဆေးရုံကြီးရဲ့ မြန်မာနိုင်ငံရုံးများမှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ဆက်သွယ်ရန် –။Mount Elizabeth Hospitals Singapore, Myanmar Office။ရန်ကုန် Helpline : 09-430 66666, 09-430 66663။မန္တလေး Helpline: 09-430 66667, 09-7930 66667။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/orthopedic-surgery/understanding-minimally-invasive-surgery-and-how-it-could-help-our-spine-and-bone-problem/
ခြောက်သွေ့ယားယံတဲ့ ဦးရေပြားအတွက် နည်းလမ်းကောင်းများ။ ။
ဗောက်ပျောက်စေတဲ့ခေါင်းလျှော်ရည်တွေ ဘယ်လောက်သုံးသုံး ယားယံတဲ့ ပြဿနာတွေက ကင်းဝေးမသွားဘူးမဟုတ်လား။ ပိုက်ဆံတွေလည်း အကုန်အကျများ အကျိုးသက်ရောက်မှုကလည်း မရှိနဲ့ ဘယ်လောက်တောင်စိတ်ညစ်စရာကောင်းလိုက်သလဲ။ ပြီးတော့ဦးရေပြားခြောက်သွေ့ယားယံတယ်ဆိုတာကလည်း ရာသီမရွေး၊ အသက်အရွယ်မရွေးဖြစ်နေတာဆိုတော့ လူသိများတဲ့ ဝေဒနာတစ်ခုပဲလေ။ ဒီလို ခြောက်သွေ့ယားယံတဲ့ပြဿနာကို သဘာဝနည်းလမ်းတွေနဲ့ ဖြေရှင်းလို့ရတယ်ဆိုတာ သင်သိပါသလား ။ ။( ၁ )ရှားစောင်လက်ပပ်– ရောင်ရမ်းခြင်း၊ ယားယံခြောက်သွေ့ခြင်းတွေကို အကုန်နိုင်တဲ့ ရှားစောင်းလက်ပပ်အတွင်းက ဂျယ်လီလေးသံလွင်ဆီနဲ့ ရောပြီး ဦးရေပြားပေါ်သုတ်လိမ်းပေးပါ။ ဦးရေပြားခြောက်သွေ့တာလည်း ပျောက်မယ့်အပြင် ဆံသားလေးတွေလည်း နူးညံ့နေဦးမှာပါ။( ၂ )သံပရာသီး– ယားယံတဲ့ ဦးရေပြားကို အနိုင်ယူတဲ့နေရာမှာ သံပရာသီးလောက် ဆရာကျတာမရှိပါဘူး။. သံပရာသီးမှာပါတဲ့ အက်ဆစ်ဓာတ်က ဦးရေပြားက pH ကို ထိန်းညှိပေးတာကြောင့် ယားယံတဲ့ပြဿနာတွေ အကုန်ပျောက်သွားမှာပါ။သံပရာရည်စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရေ ၃ ခွက်လောက်ရောပြီး မွှေပါ။ ခေါင်းလျှော်ပြီးခါစအချိန် သံပရာရည်ကို ဦးရေပြားပေါ်လောင်းချပြီး ၅ မိနစ်လောက်ထားပါ။ ပြီးရင် ရေပြန်လောင်းချပါ။( ၃ )အုန်းဆီ– ဆံသားနဲ့ ဦးရေပြားအတွက်လို့ပြောလိုက်တာနဲ့အုန်းဆီကို လူတိုင်းတန်းမြင်ကြတတ်ပါတယ်။ တကယ်လည်း အုန်းဆီက ဆံသားနဲ့ ဦးရေပြားကျန်းမာရေးကို အားဖြည့်ပေးတဲ့အရာတစ်ခုပါ။ အုန်းဆီအနည်းငယ်လောက်ကို ဦးရေပြားပေါ်ပွတ်ပေးပြီး ၁၀ မိနစ်လောက်ထားပါ။ ခြောက်သွေ့နေတဲ့ ဦးရေပြားကို အုန်းဆီက အဆီဓာတ်က အနိုင်ယူသွားမှာပါ။( ၄ )Tea Tree Oil( လက်ဖက်စိမ်းအဆီ)။လက်ဖက်စိမ်းရွက်တွေကို ကြိတ်ချေရာကနေရလာတဲ့ လက်ဖက်စိမ်းအဆီဟာ ဘက်တီးရီးယားတွေကို နိုင်တဲ့အပြင် မှိုပြဿနာတွေကိုပါ ဖြေရှင်းနိုင်တဲ့ အရာတစ်ခုပါ။ ရောင်ရမ်းခြင်းနဲ့ ပိုးဝင်ခြင်းကို လျော့ကျစေတဲ့ အာနိသင်လည်း ရှိတာကြောင့် ခြောက်သွေ့ယားယံနေတဲ့ ဦးရေပြားအတွက် တကယ်ကို အထောက်အကူဖြစ်စေမှာပါ။ လက်ဖက်စိမ်းအဆီ ၁၅ စက်လောက်ကို သံလွင်ဆီနဲ့ ရောပြီး ဦးရေပြားပေါ်သုတ်လိမ်းပေးပါ။ ၁၀ မိနစ်လောက်ထားပြီး ခေါင်းပြန်လျှော်ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/itchy-scalp/
ထုံဆေး၊ မေ့ဆေး (Anesthesia) ရဲ့ ရည်ရွယ်ချက်များ
နှစ်တိုင်း ဆေးပညာနဲ့ ပတ်သက်တဲ့ အလုပ်တွေ ပိုပို လုပ်လာရပါတယ်။ လူတွေကို ကုသဖို့ချည်းပဲတော့ မဟုတ်တော့ပါဘူး။ ကုသနေစဉ် နာကျင်မှုနဲ့ သက်တောင့်သက်သာမရှိမှုတို့ကို လျော့ကျစေဖို့ပါ ပါဝင်လာပါတယ်။ ကုသမှုအားလုံးနည်းပါးအတွက် နာကျင်မှုသက်သာစေဖို့ ဘေးကင်းပြီး ထိရောက်တဲ့ Anesthesia ကို ဖန်တီးလိုက်ပါတယ်။Anesthesia ဆိုတာ ဆေးကုသနေစဉ် နာကျင်မှုသက်သာစေတာနဲ့ သက်တောင့်သက်သာမဖြစ်မှုကို လျော့ကျစေတာ၊ အဲ့၂ခုအတွက် ဆေးကို ပေါင်းစပ်အသုံးပြုခြင်းပါပဲ။ Anesthesia အသုံးပြုတဲ့အခါမှာ သင်သတိရှိနိုင်သလို သတိမရှိတာလဲ ဖြစ်တတ်ပါတယ်။ သင့်ကျန်းမာရေး အခြေအနေနဲ့ သင့်ပြုလုပ်ရမယ့် အမျိုးအစားပေါ်မူတည်ပြီး အောက်ဖော်ပြပါ Anesthesia အဓိက၃မျိုးထဲက တစ်ခုကို အသုံးပြုရမှာပါ။ဒီအမျိုးအစားက သင့်ကို ကုသနေစဉ် သတိမေ့နေစေမှာပါ။ သင့်ဘေးနားမှာ ဘာတွေဖြစ်နေလဲဆိုတာ မသိနိုင်သလို ဘာနာကျင်မှုကိုမှလဲ ခံစားရမှာ မဟုတ်ပါဘူး။ဒီအမျိုးအစားက သင့်ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခု နာကျင်မှုကို တားဆီးပေးတာပါ။ ယေဘုယျအားဖြင့် Epidural ( ခါးအောက်ပိုင်း ) နဲ့ Spinal ( ကျောရိုး ) ဆိုပြီး ၂မျိုးရှိပါတယ်။ Epidural ကတော့ ကလေးမွေးဖွားချိန်မှာ မကြာခဏ အသုံးပြုပါတယ်။ဒီအမျိုးအစားက သင့်ခန္ဓါကိုယ်ရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းလေးကို ထုံသွားစေတာပါ။ ဆရာဝန်တွေက ဒါကို အသေးစား ကုသမှုတွေမှာ အသုံးပြုပါတယ်။ ကုသနေစဉ်မှာ သင်ဟာ နိုးနိုးကြားကြား ရှိနေမှာပါ။Anesthesia ရဲ့ အဓိက အသုံးဝင်ဆုံး အသုံးပြုပုံပါ။ ခွဲစိတ်ခြင်းနဲ့ ရောဂါအမည်ရှာဖွေခြင်းလိုမျိုး တချို့ကုသမှုတွေဟာ လူနာတွေကို အတော်နာကျင်စေပါတယ်။ ဒိကိစ္စတွေမှာ Anesthesia ကို အကိုက်ခဲပျောက်ဆေးလိုမျိုးအသုံးပြုပြီး နာကျင်မှုမခံစားရစေပဲ တည်ငြိမ်စေပါတယ်။တချို့လူနာတွေအတွက် တချို့ကုသမှုတွေဟာ အတော်ဆိုးရွားတဲ့ အတွေ့အကြုံပါပဲ။ ဘာဖြစ်ခဲ့လဲဆိုတာ မမေ့နိုင်လောက်အောင်ပါ။ ဒီအကြောက်တရားက သူတို့ကို ခွဲစိတ်မှုအပေါ် ကြောက်ရွံ့စေပါတယ်။ ကုသမှုကို ထိတ်လန့်သွားမယ်ဆို နောင်လိုအပ်တဲ့အချိန်မှာတောင် ကုသချင်မှာ မဟုတ်ပါဘူး။Anesthesia က အဲ့လိုလူတွေကို သူတို့ကုသမှုနဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ မမှတ်မိအောင် ပြုလုပ်ပေးပြီး ကုသမှုကို ခံယူနိုင်အောင် ကူညီပေးပါတယ်။လူနာတွေဟာ ခွဲစိတ်မှုအတွင်း သတိရှိမယ်ဆိုရင် သူတို့ရဲ့ ခံစားချက်နဲ့ အပြုအမူတွေကို ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါဟာ လူနာအတွက်နဲ့ ဆရာဝန်အတွက်ပါ အန္တရာယ်ရှိစေနိုင်ပါတယ်။ တချို့ခွဲစိတ်မှုတွေအတွက် လူနာဟာ သတိမေ့ပေးရပါမယ်။ အသိ၊ သတိ၊ လှုပ်ရှားမှု၊ ခွဲစိတ်မှုအကြောင်းမှတ်ဉာဏ်၊ ဘာတစ်ခုမှ မရှိရပါဘူး။ကြွက်သားပြေလျော့ခြင်းကလည်း ခွဲစိတ်မှုမှာ အရေးကြီးပါတယ်။ တခါတရံ ကြွက်သားအုပ်စုတွေက မထိန်းချုပ်နိုင်ဘဲ ရုတ်တရက် အကြောဆွဲတာမျိုး ဖြစ်တတ်ပါတယ်။ ရုတ်တရက် တင်းကျပ်စွာကျုံ့သွားပြီး တောင့်တင်းသွားတတ်ပါတယ်။ ဒါဟာ လူနာကို နာကျင်စေပြီး ဆရာဝန်အတွက်လဲ ခွဲစိတ်ဖို့ ခက်ခဲသွားစေနိုင်ပါတယ်။ ဒါကြောင့် Anesthesia က ဒီအခြေအနေတွေကို ကာကွယ်ဖို့ ကူညီပေးပါတယ်။Anesthesia က အံ့ဖွယ်ပါ။ သူက ကုသမှုတွေကို ပိုမိုထိရောက်စေပြီး ပြည့်စုံစေပါတယ်။ သင့်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးသူနဲ့ ဂရုတစိုက် ဆွေးနွေးပြီး သူ့ရဲ့ ရည်ရွယ်ချက်ကို အမြင့်ဆုံးရစေမယ့် အကောင်းဆုံး ဆုံးဖြတ်ချက်ကို ရွေးချယ်ပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/medical-procedures-and-surgeries/%e1%80%91%e1%80%b6%e1%80%af%e1%80%b1%e1%80%86%e1%80%b8%e1%81%8a-%e1%80%b1%e1%80%99%e1%80%b7%e1%80%b1%e1%80%86%e1%80%b8-anesthesia-%e1%80%9b%e1%80%b2%e1%82%95-%e1%80%9b%e1%80%8a%e1%80%b9%e1%80%9b/
ရုတ်တရက် ပြင်းထန်တဲ့ဝေဒနာတွေ ဘာကြောင့်ခံစားရသလဲ
စာဖတ်သူအနေနဲ့ အကြောင်းကိစ္စတစ်စုံတရာကြောင့် ရုတ်တရက်ဒေါသအရမ်းထွက်လာတဲ့အခါ နှလုံးခုန်အလွန်အမင်းမြန်ပြီး အသက်ရှူမဝတာတို့၊ခေါင်းမူးလာတာ၊နားထဲမှာ တစီစီမြည်သံတွေကြားလာတာ ဒါမှမဟုတ် တခြားလက္ခဏာတွေ ဖြစ်တတ်ပါသလား။အကယ်၍ ဒီလိုတွေခံစားရတယ်ဆိုရင် မိတ်ဆွေရဲ့ခန္ဓာကိုယ်အနေနဲ့ Panic attack လို့သတ်မှတ်ထားတဲ့ ရုတ်တရက်ဝေနာအပြင်းအထန် ဖြစ်လေ့ဖြစ်ထရှိနေပါပြီ။ အဆိုပါPanic attackခံစားရတဲ့သူအများစုက သူတို့ကိုယ်သူတို့ နှလုံးမကောင်းလို့၊နှလုံးအားနည်းလို့လို့ပဲ ထင်တတ်ကြပါတယ်။ဒီလိုလက္ခဏာတွေဟာ လူ့ခန္ဓာကိုယ်မှာ ဖြစ်ပေါ်ပြီး ၁၅ မိနစ်အတွင်းမှာပဲ ပျောက်ကွယ်သွားတတ်လို့ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုကိုတော့ မြင်ရမှာ မဟုတ်ပေမဲ့ အထူးသဖြင့် ခိုက်ရန်ဖြစ်ပွားနေတဲ့အချိန်မျိုးမှာ ခန္ဓာကိုယ်က ဒါမျိုးသိသိသာသာဖြစ်လာတတ်ပါတယ်။အပြင်းအထန်လှုပ်ရှားရုန်းကန်နေရတဲ့အချိန်မျိုးမှာဆိုရင် ခန္ဓာကိုယ်ကအောက်စီဂျင်ကို ပိုလိုအပ်ပါတယ်။ အသက်ရှူတွေ ပိုမြန်လာမယ်၊ နှလုံးခုန်ပိုမြန်စေတဲ့ဟော်မုန်းတွေ ပိုထုတ်ပေးလာမယ်၊ကြွက်သားတွေ ပိုပြီးတောင့်တင်းလာမယ်။တကယ်လို့ ဒီလိုတွေခံစားရအပြီးမှာ ရင်ဘက်အောင့်တာနဲ့ ဖျားနာမှုဖြစ်ပေါ်လာပြီဆိုရင်တော့ သင့်မှာ ဒေါသကြောင့် ပုံမှန်မဟုတ်တဲ့၊ ကစဉ့်ကလျားဖြစ်တတ်တဲ့ ဝေဒနာအချို့ ရှိနေပြီဆိုတာ သေချာသွားပါပြီ။အဲဒီတော့ မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ။မိတ်ဆွေအနေနဲ့ ပထမဆုံး ဒါမျိုးဖြစ်တတ်တာတွေအပေါ် ကြောက်စိတ်မထားပါနဲ့။တကယ်လို့ ဒေါသထွက်စရာတစ်ခုခုကြုံလာပြီဆိုရင် စိတ်ကို အတတ်နိုင်ဆုံးတည်ငြိမ်အောင်ထားပါ။တစ်ကနေ တစ်ဆယ်ထိ ဒါမှမဟုတ် ကိုယ့်အနားက အရာဝတ္ထုတွေကို ရေတွက်တာမျိုး၊ကိုယ့်အတွက် ပျော်စရာကောင်းတဲ့ နေရာတစ်ခုခုကို တွေးလိုက်တာမျိုးနဲ့ စိတ်ပြောင်းပါ။အသက်ရှူသွင်း ရှူထုတ်ကို သေချာအာရုံစိုက်လိုက်တာမျိုး၊နောက်ပြီး ကိုယ့်ပတ်ဝန်းကျင်ကို သတိထားကြည့်လိုက်တာမျိုး လုပ်လိုက်ရင် အနည်းငယ်တော့ စိတ်တည်ငြိမ်သွားမှာပဲဖြစ်ပါတယ်။နောက်ထပ်ကာကွယ်နည်းအနေနဲ့ အရက်၊ဘီယာလျှော့သောက်ပေးတာ၊အိပ်ရေး၀၀ အိပ်တာနဲ့ လေ့ကျင့်ခန်းပုံမှန်လုပ်တာတွေကလည်း သင့်ခန္ဓာကိုယ်ကို တစ်စတစ ပိုမိုအကျိုးပြုလာမှာပဲဖြစ်ပါတယ်။အကယ်၍ သင့်အနေနဲ့ ဒီဝေဒနာတွေကို ဆက်တိုက်ဆက်တိုက် ခံစားလာရပြီဆိုရင်တော့ ဆရာဝန်တစ်ဦးဦးနဲ့ အမြန်ဆုံးပြသပေးပါလို့ အကြံပေးပါရစေ။ရေးသားသူ – ဒေါက်တာလင်းထက်အောင်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%90%e1%80%9b%e1%80%80%e1%80%ba-%e1%80%95%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%91%e1%80%94%e1%80%ba%e1%80%90%e1%80%b2%e1%80%b7%e1%80%9d%e1%80%b1%e1%80%92/
ထင်မြင်ချက်အတိအကျမပေးနိုင်ပါ (သို့) ဆရာဝန်များကို အမြင်မှားစေတတ်သော မှုခင်းဆေးပညာဆိုင်ရာသက်သေထွက်ဆိုချက်တစ်ခု
လိင်ပိုင်းဆိုင်ရာကျူးလွန်စော်ကားမှု (Sexual Assault) ဖြစ်လာပြီဆိုရင် တိုင်ကြားခြင်း၊ အစစ်ဆေးခံခြင်း၊ သက်သေထွက်ဆိုခြင်း စတဲ့နောက်ဆက်တွဲ လုပ်ကိုင်ဆောင်ရွက်စရာတွေပါ ကြုံလာရပါတယ်။ နစ်နာသူအနေနဲ့လည်း စိတ်ဒဏ်ရာများနဲ့ ကြုံတွေ့ခံစားနေရသည့်တိုင် ဒီအဆင့်များကိုတော့ မလွဲမသွေရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။ အဲဒီအဆင့်တွေနဲ့ ပတ်သက်ပြီး ဆရာဝန်တွေအတွက် ကြုံရတာတစ်ခုက ဆရာဝန်ထွက်ဆိုချက်ကို အဓိပ္ပါယ်ကောက်ယူမှုလွဲခြင်း ဖြစ်ပါတယ်။နားလည်မှုလွဲတတ်ကြတဲ့ ဆရာဝန်ရဲ့ ထွက်ဆိုချက်ကတော့လတ်တလော ကာမစပ်ယှက်ထားခြင်း ရှိ၊မရှိ ဆေးပညာအနေဖြင့် တိကျသောထင်မြင်ချက် မပေးနိုင်ပါဆိုတဲ့ သက်သေထွက်ဆိုချက်မျိုးကိုပဲ ဖြစ်ပါတယ်။ လူမှုကွန်ရက်ပေါ်မှာ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုသတင်းတွေတက်လာရင် ဖော်ပြတဲ့အတိုင်း နားလည်မှုလွဲတဲ့ကိစ္စမျိုးတွေ တွေ့ရတတ်ပါတယ်။အဲဒီထွက်ဆိုချက်ဟာ တကယ်တော့ ကျူးလွန်မှုမဖြစ်ခဲ့ဘူးလို့ ဆိုလိုခြင်း မဟုတ်ပါဘူး။ ကျူးလွန်ခဲ့ခြင်းရှိမရှိ ပြောနိုင်တဲ့အထောက်အထားမရှိခြင်းကြောင့် ထင်မြင်ချက် အတိအကျမပေးနိုင်ဆိုတဲ့ သဘောသာဖြစ်ပါတယ်။ ဒါပေမယ့် လူအများဟာ အရပ်စကားနဲ့ တခြားအကြောင်းခြင်းရာတွေအရ ကျူးလွန်မှုထင်ရှားတယ်လို့ ထင်မြင်ယူဆနေချိန်မှာ ဆရာဝန်ဟာ ထင်မြင်ချက်မပေးနိုင်ပါလို့ ထွက်ဆိုလိုက်ရင် ဘက်လိုက်ထွက်ဆိုတဲ့ပုံစံမျိုး အထင်အမြင်လွဲတတ်ပါတယ်။ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုနဲ့ ပတ်သက်ပြီး ဆရာဝန်အနေနဲ့ သက်သေထွက်ဆိုရာမှာ စနစ်တကျစစ်ဆေးပြီး နစ်နာသူရဲ့ အင်္ဂါဇာတ်မှာ သုက်ရည်သုတ်ပိုးရှိ၊ မရှိ၊ လတ်တလောဒဏ်ရာရှိ၊မရှိ စတဲ့အချက်တွေအပေါ်မှာ မူတည်ပြီး သက်သေထွက်ဆိုပါတယ်။ ကျူးလွန်ကြောင်းပြောနိုင်တဲ့ သုက်ရည်သုတ်ပိုးနဲ့ လတ်တလောဒဏ်ရာ မတွေ့ရခြင်းတို့ကြောင့် တိကျသော ထင်မြင်ချက်မပေးနိုင်ခြင်းသာ ဖြစ်ပါတယ်။ကန့်သတ်ချက်တစ်ခုကတော့ အချိန်ပါပဲ။ လိင်စော်ကားကျူးလွန်ခြင်းကို ခံစားရပြီးချိန်မှာ အချိန်သိပ်မကြာခင် သက်ဆိုင်ရာကို တိုင်ကြားနိုင်ဖို့လိုပါတယ်။ ကျူးလွန်သူဆီကနေ ကျန်ရစ်ခဲ့မယ့် သုက်ရည်သုတ်ပိုး၊ တံတွေး၊ အမွေးအမျှင်၊ သွေး စတာတွေဟာ အချိန်ကြာလာတာနဲ့အမျှ ပျောက်ကွယ်သွားနိုင်ပါတယ်။ သုက်ရည်သုတ်ပိုးဆိုရင် အမျိုးသမီးခန္ဓါကိုယ်ထဲ ဝင်ရောက်သွားပြီးချိန်မှာ ၅ရက်ထက်ကျော်သွားရင် မတွေ့နိုင်တော့ပါဘူး။ နိုင့်ထက်စီးနင်းပြုကျင့်မှုကြောင့် မိန်းမကိုယ်ဝန်းကျင်မှာရတတ်တဲ့ ဒဏ်ရာဒဏ်ချက်များဟာလည်း ကြာလေ ပျောက်ကင်းသွားလေ ဖြစ်နိုင်ပါတယ်။ နစ်နာသူအနေနဲ့ ဖြစ်ပြီးပြီးချင်းမှာ ရေဆေးခြင်း၊ ရေချိုးခြင်း၊ ဆီးသွားခြင်းစတာတွေမလုပ်သေးဘဲ သက်ဆိုင်ရာကိုတိုင်ကြားခြင်း၊ ဆေးရုံသို့ သွားရောက်ခြင်း စတာတွေလုပ်ရင် အကောင်းဆုံးပါပဲ။နောက်ကန့်သတ်ချက်တစ်ခုကတော့ အဓိကသက်သေခံဖြစ်တဲ့ သုက်ရည်သုတ်ပိုး မတွေ့နိုင်တဲ့ အခြေအနေတွေဖြစ်ပါတယ်။ မိန်းမကိုယ်ပြင်ပတစ်နေရာရာကို သုက်ရည်ထွက်သွားရင် (သို့) ကျူးလွန်သူဟာ ကွန်ဒုံးစွပ်ထားရင် (သို့) ကျူးလွန်သူဟာ ချို့ယွင်းချက်ရှိလို့ သုတ်ရည်မထွက်သူဖြစ်နေရင် (သို့) ကျူးလွန်ခြင်းခံရတဲ့ အမျိုးသမီးဟာ ရေဆေးလိုက်ရင် ကျူးလွန်စော်ကားမှုဖြစ်ခဲ့ရင်တောင် သုက်ရည်သုတ်ပိုးမတွေ့ရနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ ခေတ်မီနည်းပညာပါပဲ။ မြန်မာနိုင်ငံမှာ DNA စစ်ဆေးမှုနည်းပညာဟာ မြေစမ်းခရမ်းပျိုးစပဲ ဖြစ်ပါတယ်။ ဒါကြောင့် မိန်းမကိုယ်ထဲက နမူနာရယူစစ်ဆေးရာမှာ သုက်ရည်သုက်ပိုး ရှိ၊မရှိကိုသာ စစ်ဆေးနိုင်ပြီး ကျူးလွန်သူဆီက ကျန်ရစ်ခဲ့မယ့် DNA ကို စစ်ဆေးနိုင်ခြင်း မရှိသေးပါဘူး။အတင်းအကြပ်ကျူးလွန်ကြောင်းကို နောက်ထပ်ပြသနိုင်တဲ့ သက်သေတွေကတော့ ဒဏ်ရာဒဏ်ချက်တွေပဲ ဖြစ်ပါတယ်။ ခန္ဓါကိုယ်အနှံ့မှာတွေ့ရတတ်တဲ့ ဒဏ်ရာတွေအပြင် အင်္ဂါဇာတ်ဝန်းကျင်မှာ တွေ့ရတတ်တဲ့ ပွန်းခြစ်စုတ်ပြဲခြင်းဒဏ်ရာတွေဟာ အလိုမတူကြောင်းပေါ်လွင်စေပါတယ်။ ဒါပေမယ့် အဲဒီဒဏ်ရာတွေ ရှိမနေခြင်းကို အလိုတူခြင်းလို့တော့ မသတ်မှတ်နိုင်ပါဘူး။ ဥပမာ အလိုမတူပေမယ့် အသက်အန္တရာယ်ခြိမ်းခြောက်ခံရတဲ့ အနေအထားမှာ ရုန်းရင်းဆန်ခတ်သိပ်မဖြစ်လို့ ဒဏ်ရာတွေ မတွေ့ရတာလည်း ဖြစ်နိုင်ပါတယ်။အထက်ပါသဘောတရားတွေအရဆိုရင် အလိုမတူဘဲ လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားခြင်း အထမြောက်ခဲ့သည့်တိုင်အောင် နစ်နာသူအမျိုးသမီးဆီမှာ ကျူးလွန်သူရဲ့ သုက်ရည်သုက်ပိုးမတွေ့ရခြင်း၊ လိင်အင်္ဂါတဝိုက်မှာ ဒဏ်ရာဒဏ်ချက်များမရှိခြင်း စတဲ့အခြေအနေတွေ ဖြစ်နိုင်ပါတယ်။ အဲဒီအခြေအနေတွေမှာ ကန့်သတ်ချက်တွေအရ တိကျတဲ့ သက်သေခံထင်မြင်ချက်ကို မပေးနိုင်တော့ပါဘူး။ဒါကြောင့်လတ်တလောကာမစပ်ယှက်ထားခြင်းရှိမရှိ ဆေးပညာအနေဖြင့် တိကျသောထင်မြင်ချက် မပေးနိုင်ပါဆိုတဲ့ သက်သေထွက်ဆိုချက်ပေးရခြင်း ဖြစ်ပါတယ်။ ဒီတော့ တခြားပတ်ဝန်းကျင်အကြောင်းခြင်းရာတွေဟာ ပြစ်မှုကျူးလွန်ခဲ့ကြောင်း သက်သေပြနေသည့်တိုင် ဆေးပညာအရ ထင်မြင်ချက်မပေးနိုင်တဲ့ အခြေအနေတွေလည်း ရှိလာနိုင်ပါတယ်။ ဒါဟာ ဆရာဝန်ရဲ့ အားနည်းချက်ကြောင့်မဟုတ်ဘဲ၊ ဆရာဝန်ဟာ တစ်ဖက်ဖက်ကို သာစေနာစေ သဘောထွက်ဆိုခြင်းမဟုတ်ဘဲ ဆေးပညာအရ စစ်ဆေးတွေ့ရှိချက်များကိုသာ အခြေခံပြီး ထွက်ဆိုခြင်း ဖြစ်ပါတယ်။ပြန်ပြီးချုပ်ပြောရမယ်ဆိုရင် ထင်မြင်ချက်အတိအကျ မပေးနိုင်ဟုဆိုခြင်းဟာ သုက်ရည်သုတ်ပိုးမတွေ့ဟု ဆိုခြင်းဟာ ကျူးလွန်မှုမရှိခဲ့ဘူးလို့ ငြင်းဆိုခြင်း မဟုတ်ကြောင်းပါ။..။Dr. Thant။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။[embed-health-tool-bmi]
health
health
https://hellosayarwon.com/health/general-health-knowledge/%e1%80%91%e1%80%84%e1%80%b9%e1%80%bb%e1%80%99%e1%80%84%e1%80%b9%e1%80%81%e1%80%ba%e1%80%80%e1%80%b9%e1%80%a1%e1%80%90%e1%80%ad%e1%80%a1%e1%80%80%e1%80%ba%e1%80%99%e1%80%b1%e1%80%95%e1%80%b8%e1%82%8f/
အအေးဒဏ်ကြောင့် အရေပြားမှာအဖုအပိမ့်တွေ မထအောင်ကာကွယ်မယ်
ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဆောင်းရာသီအအေးဒဏ်ဆိုတာ တခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင်တော့ ဖွဲနဲ့ ဆန်ကွဲပါပဲ။ ဒါပေမယ့်လည်း တစ်နှစ်ပတ်လုံးကို ပူနွေးစိုစွတ်တဲ့ အပူချိန်နဲ့ နေလာခဲ့ရတဲ့အခါ ရုတ်တရက် လေထုအပူချိန် ကျဆင်းသွားရင် အရင်ဆုံးထိခိုက်တာက ကျွန်တော်တို့ရဲ့ အသားအရေပါပဲ။အထူးသဖြင့် အအေးဒဏ်ဟာ အရေပြားထဲက အစိုဓာတ်ကို ခမ်းခြောက်သွားစေတယ်။အရေပြားက ခြောက်ကပ်ကပ် ဖြစ်သွားတဲ့အခါမှာ အင်ပျဉ်ထတာ၊ဓာတ်မတည့်တာ၊ အရေပြားယားယံတာ၊ အသားပပ်သလို ဖြစ်တာ၊ အရောင်မှိန်သွားတာတွေ ဖြစ်တတ်ပါတယ်။ များသောအားဖြင့် ရေချိုးပြီးတဲ့အချိန်၊ အဝတ်အစားဝတ်လိုက်တဲ့အချိန်မျိုးမှာ ပိုပြီးဖြစ်နိုင်ပါတယ်။• အနီစက်များ ထခြင်း။• အရေပြားဖောရောင်ခြင်း။• ယားယံခြင်း။• အကြေးခွံထခြင်း။• ထိခိုက်ပွန်းပဲ့ရန် လွယ်ကူခြင်း။• အဖုအပိမ့်များ ထခြင်း။• အရည်ကြည်ဖုတွေ ပေါက်လာခြင်း။• အရေပြားနှင်းခူ။• ပွေး၊ ညှင်း စတဲ့ အရေပြားမှိုရောဂါတွေ အဖြစ်များပါတယ်။• အသားခြောက်တဲ့သူတွေ။•ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေ။• အရေပြားမှိုစွဲတတ်တဲ့သူတွေ။• တစ်ကိုယ်ရေသန့်ရှင်းမှု မရှိသူတွေ။• ဝတ်ပြီးသား အဝတ်တွေကို ထပ်ခါတလဲလဲ ပြန်ဝတ်ခြင်း။• ဆောင်းလေနဲ့ အရေပြားကို ထိတွေ့ဖန်များသူတွေ။•ပန်းနာရင်ကျပ်ရောဂါရှိသူတွေမှာ ဆောင်းရာသီ အအေးဒဏ်ကြောင့် အရေပြားပြဿနာတွေ ပိုဖြစ်နိုင်ပါတယ်။ရာသီဥတုအအေးဒဏ်ကြောင့် ထွက်လာတဲ့အဖုအပိမ့်တွေက ကျန်းမာရေးအရတော့ သိပ်ပြီး စိုးရိမ်စရာမရှိသလို အချိန်တိုအတွင်းမှာလည်း ပျောက်ဖို့လွယ်ပါတယ်။ ဒါပေမယ့် အင်ပျဉ်၊ အဖုအပိမ့်ထတဲ့နေရာတွေက မျက်နှာကနေ ခြေထောက်အထိ နေရာအနှံ့ ကွက်ကြားပေါက်တဲ့အခါ ဘယ်လိုမှ မဖုံးနိုင်တော့ အပြင်တွေထွက်တဲ့အချိန် နည်းနည်းတော့ ကြည့်ရဆိုးစေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုထိခိုက်စေတာပေါ့။ဒါဆို ဒီလိုအင်ပျဉ်မထအောင် ဘယ်လိုကာကွယ်မလဲဆိုရင်။• ရေကို ခဏခဏမချိုးပါနဲ့၊ တစ်နေ့ တစ်ကြိမ်လောက်ချိုးရင် လုံလောက်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်သန့်ရှင်းရေးလုပ်ဖို့ လိုအပ်နေတယ်လို့ ထင်ရင် မျက်နှာသုတ်ပဝါကို ရေနွေးစိမ်ပြီး ရေပတ်တိုက်ပေးလို့ရပါတယ်။• ရာသီဥတုအေးလို့ဆိုပြီး ပူလွန်းတဲ့ရေနဲ့ ခဏခဏ ရေချိုးတာ ရှောင်ပါ။• ရေခြောက်အောင် သုတ်ပြီးသွားတာနဲ့ အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းဖို့ လိုပါတယ်။•တစ်ကိုယ်ရေအသုံးပြုတဲ့ဆပ်ပြာတွေကို အပျော့စား၊ သစ်သီးရနံ့ပါတာမျိုးတွေ ရွေးဝယ်ပြီး သုံးပေးပါ။• အပြင်သွားတဲ့အခါ အဝတ်အစားတွေ ကျပ်ထုပ်နေအောင် မဝတ်ပါနဲ့၊ ချည်သားပွပွအထည်တွေကို ဝတ်ဆင်ပေးပါ။• အပြင်သွားရင် လက်အိတ်၊ ခြေအိတ်ဝတ်ဆင်ပေးပါ။ ဒါမှမဟုတ်လည်း အိပ်ခါနီး လက်၊ ခြေထောက်ကို Lotion လိမ်းပြီး ဝတ်အိပ်လို့ရပါတယ်။• အပြင်သွားတဲ့အခါ SPF 30 အနည်းဆုံးပါတဲ့နေလောင်ကာလိမ်းဆေးတွေကို အရေပြားပေါ်မှာ လိမ်းပေးပါ။• ရေကို တစ်နေ့ ၃လီတာ အနည်းဆုံးသောက်ပေးပါ။အရေပြားမှာ အင်ပျဉ်ထလာခဲ့ရင်လည်း အောက်မှာပြထားတဲ့ နည်းလမ်းတွေကို လုပ်ကြည့်သင့်ပါတယ်။• ရေချိုးပြီးတဲ့အခါ အစိုဓာတ်ထိန်းခရင်မ် အရင်လိမ်းပါ။ ပြီးသွားရင် Body Lotion ကို ကိုယ်ခန္ဓာအနှံ့လိမ်းပေးပါ။• မျက်နှာအတွက် အဆီတစ်မျိုးမျိုး သို့မဟုတ် Lotion အပျော့စားတွေ သုံးပေးလို့ရပါတယ်။• မနက်ပိုင်း ထမင်းစားပြီးတဲ့အခါဗီတာမင် စီအားဆေးတစ်ပြား သောက်ပေးပါ။• ဆပ်ပြာကြောင့် ဖြစ်တယ်လို့ ယူဆရင် ဆပ်ပြာအပျော့စား ပြောင်းသုံးကြည့်ပါ။• ရေများများသောက်ပါ။ အသီးအနှံ၊ ဟင်းသီးဟင်းရွက် များများစားပါ။• Cortisone ခရင်မ်တွေကို ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူပြီး အင်ပျဉ်ထတဲ့ နေရာတွေကို ပါးပါးလေးလိမ်းပေးပါ။• ကိုယ်နဲ့ ဓာတ်မတည့်တဲ့ အစားအစာတွေကို လုံးဝမစားမိအောင် သတိထားပါ။•အရက်၊ ဆေးလိပ် လျှော့သောက်ပါ။• ယားလို့ဆိုပြီး မကုတ်ပါနဲ့။ ပွန်းပဲ့သွေးထွက်လို့ ပိုးဝင်ရင် ပိုဆိုးသွားနိုင်ပါတယ်။• အသားအရေခြောက်တဲ့သူတွေ၊ ထိခိုက်လွယ်တဲ့သူတွေ အိမ်မှာ လေထုအစိုဓာတ်ထိန်းစက် (Humidifier) ဝယ်ထားပါ။• ၃ရက်၊ တစ်ပတ်လောက်နေလို့မှ လုံးဝမသက်သာရင်တော့ အရေပြားဆရာဝန်နဲ့ သေချာပြကြည့်ပါ။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲနိဂုံးချုပ်လိုက်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%a1%e1%80%b1%e1%80%b8%e1%80%92%e1%80%8f%e1%80%ba%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba-%e1%80%a1%e1%80%9b%e1%80%b1%e1%80%95%e1%80%bc%e1%80%ac%e1%80%b8%e1%80%99/
စိတ်ကျရောဂါတိုင်းဟာ စိတ်ကြောင့်ပဲမဟုတ်ပါဘူး။
စိတ်ကျရောဂါပါဆိုမှ စိတ်ကြောင့်မဟုတ်ရင် ဘာကြောင့်ဖြစ်နိုင်သေးလဲဆိုပြီး မေးစရာတွေရှိလာပါတယ်။ စိတ်ကျရောဂါဖြစ်နိုင်တဲ့ အကြောင်းရင်းအမျိုးမျိုးရှိပါတယ်။ ဒီပရက်ရှင် (depression) လို့ခေါ်တဲ့ စိတ်ကျရောဂါမျိုးဟာ မျိုးရိုးဗီဇကြောင့်၊ ပတ်ဝန်းကျင်ကြောင့်  ဖြစ်တတ်ပါတယ်။ ကိုယ့်မိသားစုထဲမှာ စိတ်ရောဂါ တစ်မျိုးမျိုးကို ခံစားနေတဲ့သူ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ဖူးတဲ့သူတွေရှိရင် စိတ်ရောဂါ ဖြစ်နိုင်ချေပိုများပါတယ်။ နောက်ပြီး ငယ်ဘဝ ဒါမှမဟုတ် ဘဝရဲ့ အချိန်တစ်ခုမှာ ကြီးမားတဲ့ စိတ်ဒဏ်ရာကို ပြင်းပြင်းထန်ထန်ခံစားရတာမျိုးကြောင့်ဖြစ်တယ်။ ဦးနှောက်ထဲ၊ ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းတွေ မညီမျှမှုကြောင့်ဖြစ်တယ်။ ဒါ့ပြင် စိတ်ကျရောဂါတိုင်းဟာ စိတ်ကြောင့်ပဲမဟုတ်ပါဘူး။ဥပမာ ပြောရရင်  ဗီတာမင်နဲ့ ဓာတ်အမျိုးမျိုး ချို့ယွင်းတာကြောင့်စိတ်ကျရောဂါ၊စိုးရိမ်မှုလွန်ကဲခြင်းရောဂါ၊စိတ်ကစဉ့်ကလျားရောဂါတွေ ဆက်စပ်မှု ရှိနေတယ်ဆိုတာပါပဲ။၁။ အိုမီဂါ – ၃ fatty acid လျော့နည်းခြင်း။အိုမီဂါ – ၃ fatty acid ဆိုတာ ခန္ဓာကိုယ်အတွက် ကောင်းတဲ့အဆီတစ်မျိုးဖြစ်ပြီး ဦးနှောက်ရဲ့မှတ်ဉာဏ်၊ စိတ်ခံစားချက်အခြေအနေတွေစတဲ့ လုပ်ငန်းဆောင်တာတွေကို အထောက်အကူပြုတဲ့ထဲမှာ ပါဝင်တဲ့ အဆီတစ်မျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်း ရောင်ရမ်းတာတွေ သက်သာစေတဲ့အပြင် ရောဂါအမျိုးမျိုးမှ လည်း ကာကွယ်ပေးပါတယ်။လေ့လာချက်တွေအရ အိုမီဂါ ၃ fatty acid နည်းပါးခြင်းနဲ့ စိတ်ကျရောဂါဖြစ်ပွားမှုနှုန်းဟာ ဆက်စပ်မှုရှိတယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။ အိုမီဂါ ၃ fatty acid ကို ဆော်လ်မွန်ငါး၊ အစေ့အဆံအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်၊ ရေညှိတို့ကနေ အလုံအလောက်ရရှိနိုင်ပါတယ်။၂။ဗီတာမင် ဒီလျော့နည်းခြင်း။ပျော်ချင်ရင် နေရောင်ခံပါဆိုပြီးတောင် ပြောကြပါတယ်။ နေရောင်ခြည်လျော့နည်းတဲ့ အအေးပိုင်းလတွေမှာဆိုရင်ရာသီကြောင့်ဖြစ်တဲ့ စိတ်ကျရောဂါ(seasonal affected disorder) ကိုပိုဖြစ်စေပါတယ်။ ဗီတာမင် ဒီဟာ အရိုးအဆစ်တွေကို သန်မာစေတဲ့အပြင် ဦးနှောက်ရဲ့ ပျော်ရွှင်ခြင်းဟော်မုန်းတွေ ထုတ်လွှတ်တဲ့နေရာမှာလည်း ပါဝင်နေပါတယ်။ဗီတာမင် ဘီအုပ်စုမှာ B1, B2, B3, B6 နဲ့ ဖောလိတ်(folate) တို့ပါဝင်ကြပါတယ်။ ဗီတာမင် ဘီ အုပ်စုဟာ စားလိုက်တဲ့ အစာတွေကို စွမ်းအင်အဖြစ်ပြောင်းလဲပေးပြီး တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေအောင် လုပ်ဆောင်ပေးပါတယ်။ ဒါ့အပြင် အသေးမွှားဆုံးဆဲလ်လေးတွေကို ပြုပြင်ပေးတာကစလို့၊ မှတ်ဉာဏ်ကောင်းစေတာ၊ ဆံပင်၊ အသားအရေနဲ့ လက်သည်း၊ ခြေသည်းတွေကို ကျန်းမာသန်စွမ်းစေတာ၊ မှတ်ဉာဏ်ကောင်းစေပြီးတော့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ပါတယ်။ဗီတာမင် ဘီအုပ်စု ကြွယ်ဝချင်ရင် အသား၊ ငါး၊ ဥအမျိုးမျိုး၊ ပဲ၊ ပင်လယ်စာ၊ အသီးအရွက်တွေကို များများစားပေးနိုင်ပါတယ်။ အားဆေးအနေနဲ့ဆိုလည်း ဗီတာမင် ဘီ တစ်အုပ်စုလုံးပါတဲ့ အားဆေးတွေကို နေ့စဉ်သောက်သုံးနိုင်ပါတယ်။မဂ္ဂနီဆီယမ်ကို စိတ်ဖိစီးမှုပြေလျော့ဆေးတဲ့ နတ်ဆေးလို့တောင် အနောက်တိုင်း ဆေးပညာမှာ တင်စားပြီး ခေါ်ဝေါ်ကြပါတယ်။ လူအများစုဟာ သရေစာတွေစားတယ်၊ အရက်၊ဆေးလိပ်၊ကော်ဖီတွေ အလွန်အကျွံသောက်တယ်၊ အိပ်ရေးတွေ မဝဘူး စတဲ့ နေထိုင်မှုပုံစံအမှားတွေကြောင့် မဂ္ဂနီဆီယမ်ဓာတ်တွေ ချို့ယွင်းနေကြပါတယ်။စိတ်ဖိစီးမှုကို ထိန်းညှိပေးနိုင်တဲ့ ဒီဓာတ်စာသာ မရှိခဲ့ရင် စိတ်ကျရောဂါ၊ စိတ်ပူပန်မှုတွေနဲ့ ခေါင်းအပြင်းအထန်ကိုက်တာတွေထိပါဖြစ်နိုင်ပါတယ်။ မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့ အစားအသောက်တွေကတော့ ရေညှိ၊ အစိမ်းရင့်ရောင်ရှိတဲ့ အရွက်နဲ့ ပဲအမျိုးမျိုးဖြစ်ပါတယ်။အိုင်အိုဒင်းဓာတ်ဟာ သိုင်းရွိုက် (thyroid) အလုပ်လုပ်ဖို့အတွက် လိုအပ်ပါတယ်။သိုင်းရွိုက်ဟာ ခန္ဓာကိုယ်ရဲ့ ဟော်မုန်းစနစ်အပြင် လုပ်ငန်းဆောင်တာတွေ တော်တော်များများမှာ ပါဝင်ပါတယ်။ ခန္ဓာကိုယ်အပူချိန်ထိန်းတာ၊ မှတ်ဉာဏ်၊ အာရုံစူးစိုက်မှုစတဲ့ ဦးနှောက်ရဲ့ လုပ်ငန်းတွေ အကောင်းဆုံး လုပ်ဆောင်နိုင်အောင် ကူညီပေးပါတယ်။အိုင်အိုဒင်း မပြည့်ဝတဲ့အခါ စိတ်ကျရောဂါ၊ ကင်ဆာရောဂါနဲ့ တခြား ကြွက်သားအားနည်းတဲ့ရောဂါများပါဖြစ်စေနိုင်ပါတယ်။ အိုင်အိုဒင်းပြည့်ဝတဲ့ အစားအသောက်တွေဟာ အိုင်အိုဒင်းဆား၊ ရေညှိ၊ အာလူး နဲ့ ခရမ်ဘယ်ရီသီးတို့ ဖြစ်ကြပါတယ်။သံဓာတ်ချို့ယွင်းရင် သွေးအားနည်းတတ်တယ်ဆိုပြီး လူအများက သိထားကြပါတယ်။သွေးအားနည်းခြင်းရဲ့ နောက်ဆက်တွဲကတော့ စိတ်ရောဂါ တွေကို အစပျိုးအနေနဲ့ ဖြစ်စေနိုင်ပါတယ်တဲ့။ဘာကြောင့်လဲဆိုတော့ သံဓာတ်ဟာလည်း ဦးနှောက်ပုံမှန်အလုပ်လုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ ဓာတ်တစ်မျိုးဖြစ်နေတာကြောင့်ပါ။သံဓာတ်ကြွယ်ဝစေတဲ့ အစားအသောက်တွေကတော့ အသား၊ ငါး၊ ကလီစာတွေနဲ့ ဥတွေပဲဖြစ်ပါတယ်။အပေါ်မှာပြောသွားတဲ့ ဓာတ်တွေလိုမျိုးပဲအမိုင်နိုအက်ဆစ်တချို့ဟာလည်း ခန္ဓာကိုယ်ထဲမှာ သဘာဝအတိုင်း တည်ဆောက်လို့မရပါဘူး။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အမိုင်နိုအက်ဆစ်ဟာ ၁၂ မျိုးရှိပါတယ်။ပရိုတင်းဓာတ်ကို တည်ဆောက်ဖို့အတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ အမိုင်နိုအက်ဆစ်တွေ မလုံလောက်တဲ့အခါ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်နိုင်ပါတယ်။ အမိုင်နိုအက်ဆစ်ပြည့်ဝစေဖို့အတွက် ပဲအမျိုးမျိုး၊ အစေ့အဆန်အမျိုးမျိုး၊ အသား၊ ငါး၊ ဥအမျိုးမျိုးတို့ကို စားပေးနိုင်ပါတယ်။ကိုယ့်ကိုယ်ကို သာမန်ထက်ပိုပြီး စိတ်ခံစားချက်တွေကို ပြင်းပြင်းထန်ထန်ခံစားမိနေပြီဆိုရင် စိတ်ကျရောဂါအပြင် ကိုယ့်ရဲ့ စားသောက်နေထိုင်မှုပုံစံကို အရင်ပြန်သုံးသပ်ကြည့်ပါ။ ညအိပ်ချိန်တွေလွဲနေလား၊ အပြင်စာတွေ၊ fast food တွေပဲ အများကြီးစားနေမိပြီလား၊ အာဟာရပြည့်ဝအောင်ရောနေရဲ့လား၊ အားဆေးသောက်ဖို့လိုနေပြီလား စသဖြင့် စစ်ဆေးကြည့်ပါ။စိတ်ကျန်းမာဖို့အတွက် ကိုယ်ကျန်းမာရေးကို ဂရုစိုက်ပါ။ လူရော စိတ်ပါကျန်းမာပျော်ရွှင်ဖို့အတွက် နေ့စဉ် ပုံမှန်စားနေတဲ့အစားအသောက်ရဲ့ အာဟာရပြည့်ဝမှုပေါ်မှာလည်း အများကြီးမူတည်နေပါတယ်နော်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/mood-disorder/not-all-depression-are-caused-by-mental-illness/
အသားကင်တွေရဲ့ အန္တရာယ်
အသားကင်တွေက ဆွဲဆောင်မှုအား သိပ်ကောင်းပါတယ်။ တစ်ခါစားပြီးရင် မရပ်ချင်လောက်အောင်ပါပဲ။ ဒါပေမဲ့ မီးဖိုပေါ် ကင်ထားတဲ့ အသားတွေရဲ့နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကိုရော သတိထားမိကြပါရဲ့လား။မြင့်မားတဲ့ အပူချိန်တွေပေါ် ကင်တဲ့အခါ အစာရေမြိုပြွန် နဲ့ အူလမ်းကြောင်းဆိုင်ရာ ကင်ဆာတွေနဲ့ ဆက်စပ်နေတဲ့ သဘာဝ ဓာတ်ပစ္စည်းတွေ ထွက်ပေါ်လာပါတယ်။ ဒီ ဓာတုပစ္စည်းတွေဟာ မီးကျွမ်းသွားတဲ့အခါ ဒါမှမဟုတ် ကျပ်တိုက်ထားတဲ့အခါမှာ ထွက်လာတတ်တဲ့ ဓာတုပစ္စည်းတွေပါ။ ဒါကြောင့် အသားကင်တဲ့အခါမှာ မီးပေါ် တိုက်ရိုက်တင်ပြီး ကင်တာမျိုး မလုပ်ပါနဲ့။နှပ်ပြီးသား အသားတွေက အန္တရာယ်များပါတယ်။ ပါဝင်ပစ္စည်းတွေထဲမှာ ဆားနဲ့ သကြားပမာဏ များများ ပါတတ်တာမို့ ဒါတွေကိုသာ စားမိရင် သွေးတိုး နဲ့ ဆီးချိုတွေ ဖြစ်နိုင်ခြေ မြင့်လာတော့တာပါပဲ။ ဒါကြောင့် ကင်မယ်ဆိုရင် ကိုယ်တိုင်သာ အသားကို အရသာ သွင်းပါ။ ရိုးရိုးရှင်းရှင်းလေး အရသာ သွင်းမယ်ဆိုရင်တော့ ရှာလကာရည် နဲ့သံလွင်ဆီကို အရင်သုတ်ပါ။ ပြီးတော့ ကြိုက်နှစ်သက်ရာ ဟင်းရွက်၊ ကြက်သွန်ဖြူ၊ နာနတ်သီး စတာတွေနဲ့ အရသာ သွင်းပါ။ နယ်ထားတဲ့ အသားတွေကို ရေခဲသေတ္တာထဲ တစ်နာရီလောက် ထည့်ထားပြီး အရသာ ဝင်ပါစေ။ ပြီးမှ ကင်ပါ။ဒါကတော့ အဝစား ဘူဖေးဆိုင်တွေမှာ သွားစားပြီးရင် သိကြမှာပါ။ စားပြီးပြန်လာ၊ ညဘက်ကျ အစာမကြေဖြစ်တတ်တာဆိုတော့။ အသားတွေက ကျန်းမာရေးနဲ့ ညီတဲ့ စားစရာဖြစ်ပေမဲ့အမျှင်ဓာတ်မပါတာကြောင့်အူလမ်းကြောင်းလှုပ်ရှားမှုတွေကို မကူညီပေးနိုင်ပါဘူး။ စားလိုက်တဲ့ အသားပမာဏ နဲ့ အသီးအရွက်၊ အသီးအနှံစတဲ့ အမျှင်ဓာတ်ကြွယ်တဲ့ စားစရာ ပမာဏကို မျှခြေ ညီအောင် မလုပ်နိုင်ရင် ဝမ်းချုပ်ပြီး အိမ်သာထဲ အချိန်ကုန်ရတော့မှာပါ။ ဒါကြောင့် အသားကင်စားမယ်ဆိုရင် အသီးအနှံနဲ့ အသီးအရွက်တွေကိုပါ ဝင်အောင်စားပါ။ဟော့ဒေါ့ နဲ့ အသားချောင်းတွေမှာ ဗီတာမင်နဲ့ အမျှင်ပမာဏ အနည်းငယ်သာ ပါပြီး ဆားနဲ့ အဆီဓာတ်တွေသာ များများပါတာကြောင့် ဒါတွေကို မကြာခဏစားမယ်ဆိုရင် အဝလွန်ခြင်းနဲ့ နှလုံးသွေးကြော ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။နောက်ပြီး အသားကင်တွေမှာ ပါတဲ့ AGE က သားအိမ်ရဲ့ ဆဲလ်နံရံတွေကို ရောင်ရမ်းစေတာကြောင့် သန္ဓေသားကပ်တွယ်နိုင်ခြေကိုလည်း လျော့နည်းစေပါသေးတယ်။ အသားကင် များများစားလေလေ၊ AGE ဓာတ်နဲ့ ထိတွေ့တာ များလေလေဖြစ်ပြီး သန္ဓေအောင်နိုင်ခြေအတွက် စိန်ခေါ်မှုကြီး တစ်ခုကို ဖြစ်စေတော့တာပါပဲ။အသားနဲ့ အသီးအရွက်ပမာဏ မျှတအောင်စားပြီး ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။Wathun Myet Chal။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%84%e1%80%ba%e1%80%90%e1%80%bd%e1%80%b1%e1%80%9b%e1%80%b2%e1%80%b7-%e1%80%a1%e1%80%94%e1%80%b9%e1%80%90%e1%80%9b%e1%80%ac%e1%80%9a%e1%80%ba/
အသားဖြူအောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲ
အသားဖြူအောင် သဘာဝနည်းလမ်း နဲ့ လုပ်လို့ရတယ်ဆိုရင် ယုံနိုင်ရဲ့လား။ အသားဖြူအောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲ ဆိုတာကို ပြောပြပေးထားတာမို့ လိုက်ပါကြည့်ရှု့လိုက်ပါ။ဟုတ်ပါတယ်။ မွေးကတည်းက မဖြူပေမဲ့ ပုံမှန်ထက် ပိုမို အသားဖြူ လာဖို့တော့ ဖြစ်နိုင်ပါတယ်။ ဘယ်လိုနည်းလမ်းတွေလည်းဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေကို လေ့လာကြည့်လိုက်ရအောင်။ဘယ်လိုပဲအသားဖြူဆေးတွေသုံးပါစေ။ အသားအရည်ကို ခရမ်းလွန် ရောင်ခြည်တွေနဲ့ထိတွေ့လိုက်မိပြီဆိုတာနဲ့ အသားမဲသွားစေတဲ့ ရောင်ခြယ်ပစ္စည်းတွေထုတ်လုပ်မှု တိုးပွားလာစေတော့တာပါပဲ။အကောင်းဆုံးနည်းလမ်းကတော့ နေရောင်ထဲထွက်တိုင်းနေလောင်ခံခရင်မ်လိမ်းပါ။ ဦးထုပ်ဆောင်းပြီး လက်ရှည်အင်္ကျီတွေဝတ်ပါ။ နေရောင်အောက်မှာလမ်းလျှောက်မယ်ဆိုရင် နေကာမျက်မှန်ကိုမမေ့ပါနဲ့။အသားအရည်ချေးချွတ်ဖို့အတွက် ဈေးကွက်ထဲမှာအကောင်းဆုံးဆိုတဲ့ ချေးချွတ်ပစ္စည်းတွေရှိပါတယ်။ ဒါမှမဟုတ် အိမ်မှာပဲ သကြားနဲ့ချေးချွတ်ကြည့်ပါ။ဒါက အရေပြားပျက်စီးခြင်း ဥပမာ တင်းတိပ်မှဲ့ခြောက်တွေ၊ အစက်အပြောက်တွေနဲ့အရေးအကြောင်းတွေကို ကာကွယ်ကုသတဲ့နေရာမှာလည်းအသုံးဝင်ပါတယ်။သင်သာကျန်းမာရေးနဲ့ညီညွတ်အောင် မစားဘူးဆိုရင် အကောင်းဆုံးအသားဖြူဆေးဆိုတာတွေကို သောက်သုံးတာကလည်း အသုံးမဝင်လှပါဘူး။စားတဲ့ထဲမှာ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေပါဝင်တဲ့ စပျစ်စေ့ဆီ နဲ့ ငါးကြီးဆီတွေကို စားသုံးပါ။ ငါးကြီးဆီမှာပါတဲ့ အိုမီဂါ ၃ ဟာ ဆံပင်၊အရ်ပြားနဲ့ လက်သည်းတွေတောက်ပနေဖို့ မရှိမဖြစ်လိုအပ်ပါတယ်။နို့ထွက်ပစ္စည်းဖြစ်တဲ့ ဒိန်ချဉ်မှာ အသားအရည်အတွက်ကောင်းမွန်တဲ့အာဟာရတွေများစွာပါဝင်ပါတယ်။ သူ့မှာ အရောင်ချွတ်ပေးနိုင်တဲ့အစွမ်းရှိတဲ့ လတ်တစ်အက်ဆစ် ကလည်းပါဝင်ပါသေးတယ်။အောက်ပါနည်းလမ်းတွေဟာ အသားအရည်အမျိုးအစား အားလုံးအတွက်သင့်လျော်ပါတယ်။အသားအရည်ထိန်းသိမ်းခြင်းအတွက် အရေးအကြီးဆုံးပစ္စည်းကတော့ ဗီတာမင် စီ ပါပဲ။ ဒါကိုတော့လိမ္မော်သီးတွေမှာ လိုတာထက်တောင်ပိုပြီးတွေ့ရပါသေးတယ်။ ဒါ့အပြင် လိမ္မော်သီးမှာ အရောင်ချွတ်ပေးနိုင်တဲ့စွမ်းအင်ရှိတာကြောင့် အသားကိုလည်းပိုဖြူလာစေမှာပါ။ပျားရည်ဟာအသားအရည်ကိုအရောင်ချွတ်ပေးနိုင်တာအပြင် အစိုဓါတ်လည်းဖြည့်ပေးပါသေးတယ်။ မညီညာတဲ့အသားအရောင်ရှိခြင်းရဲ့ အကြောင်းရင်းထဲမှာတော့ အသားခြောက်ခြင်းက အဖြစ်အများဆုံးအကြောင်းရင်းပါပဲ။ ပျားရည်မှာ ဘက်တီးရီးယားသေစေနိုင်တဲ့အစွမ်းလည်းရှိပြီး ဒါက အသက်အရွယ်ကြောင့်ဖြစ်တဲ့အစက်အပြောက်တွေနဲ့ ဝက်ခြံအမာရွတ်တွေကို လွင့်ပါးသွားစေနိုင်ပါတယ်။သန့်စင်တဲ့ပျားရည်ကိုမျက်နှာပေါ်လိမ်းပြီး မိနစ်အနည်းငယ်ခန့်ထားကာ ကြက်သီးနွေးရေနဲ့ဆေးချလိုက်ပါ။ဒီလိုရိုးရှင်းတဲ့နည်းလမ်းလေးက ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အသားအရည်ကို ပိုမိုတောက်ပလန်းဆန်းလာအောင်လုပ်ပေးနိုင်ပါတယ်။ တစ်ရက်တစ်ကြိမ်လုပ်ပါ။အသားဖြူစေတဲ့ မျက်နှာပေါင်းတင် ကပ်ခွာ (mask)လုပ်ဖို့ ပျားရည်နဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီ၊ နို့မှုန့်စားပွဲဇွန်း၁ဇွန်း၊ ဗာဒံဆီ လက်ဖက်ရည်ဇွန်းတစ်ဝက် စတာတွေကိုရောလိုက်ပါ။ သမအောင်မွှေပြီး အသားပေါ်မှာညင်သာစွာလိမ်းပေးပါ။ ၁၀မိနစ်မှ ၁၅မိနစ်ထိထားပြီး ရေအေးနဲ့ဆေးပါ။ နေ့တိုင်းလုပ်ပါ။သံပုရာသီးရဲ့ အက်ဆစ်ဂုဏ်သတ္တိဟာ အသားအရည်အတွက် သဘာဝအရောင်ချွတ်ဆေးအဖြစ်အသုံးဝင်ပြီး ဗီတာမင် စီ မြောက်များစွာပါဝင်တာကလည်း ဆဲလ်ကြီးထွားမှုကိုအားပေးပါတယ်။ ဒါ့အပြင် သံပုရာသီးမှာ ဓါတ်တိုးဆန့်ကျင် အာနိသင် တွေပါဝင်တာကလည်း အသားအရည်အတွက် အလွန်ကောင်းမွန်ပါတယ်။ဂွမ်းလုံးလေးကို လတ်လတ်ဆတ်ဆတ်ညှစ်ယူထားတဲ့ သံပုရာရည်ထဲထည့်ပြီး မျက်နှာပေါ်တိုက်ရိုက်လိမ်းပါ။ လှီးထားတဲ့ သံပုရာခြမ်းကိုတောင် မျက်နှာပေါ်တိုက်ရိုက်ပွတ်တိုက်ပေးလို့ရနိုင်ပြီး အရည်တွေ အသားပေါ်တင်ကျန်နေခဲ့ပါစေ။ဒါကိုအနည်းဆုံး၁နာရီလောက်ထားပြီး မျက်နှာကိုရေနဲ့ဆေးပါ။ တစ်နေ့တစ်ကြိမ်လုပ်ပါ။ ဒီရိုးရှင်းတဲ့နည်းလမ်းကလည်း အသားအရည်ကိုဖြူဝင်းလာစေပြီး မျက်နှာပေါ်မှာအမာရွတ်ထင်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။သံပုရာရည် လက်ဖက်ရည်ဇွန်း၃ဇွန်းနဲ့ နနွင်းမှုန့် သို့မဟုတ် ခရမ်းချဉ်သီးရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း ကိုရောပြီးအနှစ်လုပ်ပါ။ ရလာတဲ့အနှစ်ကိုလိမ်းပြီး တစ်နာရီခွဲခန့်ထားပါ။ ရေနဲ့ဆေးလိုက်ပါ။ ဒါကိုလည်း တစ်နေ့တစ်ကြိမ်လုပ်ပေးပါ။ရှားစောင်းဟာhyperpigmentation(ရောင်ခြယ်ပစ္စည်းများပြားခြင်း) ကိုသက်သာစေနိုင်ပြီး အသားအရည်ရဲ့ နဂိုမူလအရောင်ကိုပြန်လည်ရရှိစေနိုင်ပါတယ်။ Hyperpigmentation ကတော့ မညီညာတဲ့အသားရောင်တွေဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုပါ။ရှားစောင်းရဲ့အေးမြတဲ့အစွမ်းကလည်း ကျန်းမာတဲ့အသားအရည်အတွက် အရေးကြီးတဲ့ ဆဲလ်သစ်ဖြစ်ပေါ်ခြင်းနဲ့ ပျက်စီးသွားတဲ့တစ်သျှူးတွေပြန်လည်တည်ဆောက်ခြင်းကိုအားပေးပါတယ်။ရှားစောင်းဂျယ်ကိုအသုံးပြုတဲ့ ရိုးရှင်းတဲ့နည်းလမ်းက အမဲစက်တွေကို ပြန်လည်ဖြူဝင်းလာစေပြီး အသားအရည်အနေအထားအားလုံးကို တိုးတက်ကောင်းမွန်လာစေပါတယ်။သင်္ဘောသီးကို အမျိုးမျိုးသောအလှအပဆိုင်ရာကုသမှုတွေမှာ အသုံးပြုကြပြီး အသားအရည်ကို ပြန်လည်ဖြူဝင်းစေတဲ့နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။ သင်္ဘောသီးမှာ သဘာဝအရောင်ချွတ်နိုင်တဲ့စွမ်းအင်ရှိပြီး သူ့မှာပါဝင်တဲ့ အမျိုးမျိုးသောအာဟာရတွေက သင့်ရဲ့အသားအရည်ကို ကျန်းမာစွာတောက်ပနေစေတယ်လို့ ယုံကြည်ကြပါတယ်။သင်္ဘောသီးကို စားပေးပါ။သင်္ဘောသီးရဲ့သန့်စင်ပေးနိုင်စွမ်းက အသားမဲစေတဲ့ အရည်ပြားညစ်ညမ်းမှုတွေကို သန့်စင်ပေးနိုင်ပါတယ်။သင်္ဘောသီးရဲ့အတွင်းမျက်နှာပြင်ကိုမျက်နှာပေါ်မှာပွတ်တိုက်ပေးပြီး ခြောက်အောင်ထားပါ။ရေအေးနဲ့ဆေးချပြီး ခြောက်အောင်ပုတ်ပေးပါ။ ဒါကသင့်အသားအရည်ကိုတောက်ပနေစေပါတယ်။ နေ့စဉ်လုပ်ပေးပါ။သင်္ဘောသီးမှည့်ကိုချေပြီး လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့သံပုရာရည်တစ်ခွက်နဲ့ရောပါ။မျက်နှာနဲ့လည်ပင်းတွေပေါ်မှာ ဒီအရောနဲ့ နှိပ်နယ်ပေးပါ။ အနည်းဆုံးမိနစ်၃၀ခန့်ထားပြီး ရေအေးနဲ့ဆေးကြောပါ။ တစ်ပတ်ကိုအနည်းဆုံးတစ်ခါလုပ်ပေးခြင်းအားဖြင့် အသားရောင်ပြောင်းလဲလာမှုတွေကို သိသာထင်ရှားစွာမြင်တွေ့ရမှာပါ။နနွင်းကို အသားအရည်ကောင်းမွန်စေဖို့အသုံးပြုကြပါတယ်။ ညီညာတဲ့အသားအရောင်ကိုထိန်းသိမ်းထားနိုင်ဖို့ လိုအပ်တဲ့ ရောင်ခြယ်ပစ္စည်းတစ်မျိုး (melanin)ကို တည်ဆောက်တဲ့နေရာမှာကူညီပေးပါတယ်။ နနွင်းမှာပိုးသတ်ဆေး နဲ့ ဓါတ်တိုးဆန့်ကျင် စွမ်းအင်တွေပါဝင်တာကြောင့် အသားအရည်ရဲ့ ယေဘုယျကျန်းမာရေးအခြေအနေအားလုံးအတွက် ကောင်းမွန်ပါတယ်။နနွင်းမှုန့်နဲ့ နွားနို့ခရင်မ်နဲ့ရောပြီး ခပ်ပျစ်ပျစ်အနှစ်ရအောင်လုပ်ပါ။ ရလာတာကိုလိမ်းလိုက်ပြီးအခြောက်ခံကာ ကြက်သီးနွေးရေနဲ့ဆေးကြာပါ။ ပုံမှန်လုပ်သွားမယ်ဆိုရင် ဒီနည်းကလည်းအသားဖြူစေဖို့ တကယ်ကိုထိရောက်မှာပါ။Gram flour လက်ဖက်ရည်ဇွန်း၂ဇွန်း၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းခွဲနဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကိုရောပါ။ ဒီ ပေါင်းတင်ကပ်ခွာ (mask) ကို မိနစ် ၂၀မှ ၂၅မိနစ်ထိထားပါ သို့မဟုတ် ခြောက်သွားသည်ထိထားပါ။ ခြောက်သွားတဲ့ mask ကို ပွတ်တိုက်ဆေးကြောပြီး ကြက်သီးနွေးရေနဲ့ထပ်ဆေးပါ။သခွားသီးဟာ ကော်လာဂျင်တွေကို စုစည်းပေးပြိး အသားအရည်တင်းရင်းပျော့ပျောင်းစေပါတယ်။ ဒီလိုအသားအရည်မျိုးမှာတော့ ညီညာပြီးဖြူဝင်းတဲ့အသားရောင်တွေရှိတတ်ပါတယ်။ သခွားသီးဟာ အသားအရည်ကိုလည်း အေးမြစေပါသေးတယ်။ သူကလည်း အသားအရည်ပုံစံအမျိုးမျိုးအတွက်သင့်လျော်ပါတယ်။သခွားသီးလွှာတွေကို ဖြူဝင်းစေလိုတဲ့ မဲနေတဲ့အသားနေရာတွေမှာထားလိုက်ပါ။မိနစ်အနည်းငယ်လောက်ထားပြီး သခွားသီးတွေဖယ်လိုက်ကာ ကြက်သီးနွေးရေနဲ့ ဆေးကြောပါ။ တစ်ရက်ကို ၂ကြိမ်လုပ်ပါ။သခွားသီးကိုခြစ်ပြီး ပျားရည်နဲ့ရောဂါ အစက်အပြောက်တွေနည်းစေတဲ့ mask လုပ်ပါ။မျက်နှာနဲ့လည်ပင်းပေါ်လိမ်းပေးပြီး ၁၅မိနစ်မှ မိနစ်၂၀ထိထားကာ ရေအေးနဲ့ဆေးပါ။ ရလဒ်တွေ ထိရောက်သိသာစေဖို့ တစ်ရက်ကို ၂ကြိမ်နေ့စဉ်လုပ်ပါ။သံပုရာရည်နဲ့ သခွားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီကိုရောပါ။မျက်နှာပေါ်လိမ်းပြီး ၁၅မိနစ်မှ မိနစ် ၂၀ထိ သို့မဟုတ် ခြောက်သွားသည်ထိ ထားပါ။ ရေနဲ့ဆေးကြောပါ။ တစ်ရက်ကိုတစ်ကြိမ် နေ့စဉ်လုပ်ပါ။ကဲ … နည်းလမ်းလေးတွေသိပြီဆိုတော့ အသားဖြူအောင် ဒီနေ့ပဲ စကြိုးစားကြရအောင်နော် … ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/home-remedies-to-get-rid-of-dark-lips/
နေအိမ်မှာထိခိုက်မိနိုင်တဲ့ မတော်တဆထိခိုက်မှုတွေကို ဒီလိုကာကွယ်ပါ
ကျွန်မတို့တော်တော်များများယူဆထားတာက အိမ်ဆိုတာက လုံခြုံတဲ့နေရာတစ်ခုလို့လေ။ ဒါပေမယ့်လေ့လာမှုတွေအရတော့ အိမ်ကမတော်တဆမှုတွေအများဆုံးဖြစ်နိုင်တဲ့နေရာပါ။ အထူးသဖြင့် ကလေးငယ်တွေနဲ့ အသက်ကြီးတဲ့လူတွေဟာနေအိမ်မှာ မတော်တဆထိခိုက်မိတာများပါတယ်။ ကျွန်မတို့အနေနဲ့နေအိမ်မှာဖြစ်နိုင်တဲ့ မတော်တဆထိခိုက်မှုတွေကို မကာကွယ်နိုင်ပေမယ့်နေအိမ်ထဲမှာလူကြီးတွေနဲ့ကလေးတွေကို လုံခြုံဘေးကင်းအောင်ထားပေးလို့တော့ရပါတယ်။နေအိမ်မှာဖြစ်နိုင်တဲ့ မတော်တဆမှုတွေက –။အိမ်တွင်းမှာဖြစ်နိုင်တဲ့ မတော်တဆထိခိုက်မှုတွေကို ကာကွယ်ချင်ရင် ဒီနည်းလမ်းလေးတွေက အသုံးဝင်မှာပါ။အိမ်သာနဲ့ရေချိုးခန်းကြမ်းပြင်တို့ကိုသေချာတိုက်ထားပေးပါ– အိမ်သာနဲ့ရေချိုးခန်းက မဖြစ်မနေ အသုံးပြုရမယ့်နေရာတွေဖြစ်တာကြောင့်ချောနေတာမျိုးမဖြစ်အောင်သေချာဂရုစိုက်ဖို့လိုအပ်ပါမယ်။ကြွေပြားခင်းထားတာဆိုရင်တော့ အခင်းတစ်ခုခုခင်းပေးထားတာ အဆင်ပြေဆုံးဖြစ်မှာပါ။လှေကားတွေကိုသေချာဂရုစိုက်ပေးပါ–လှေကားတွေကနေလည်း မတော်တဆခြေချော်ကျတာမျိုးဖြစ်နိုင်တာကြောင့်လှေကားမှာ အလှဆင်တဲ့အနေနဲ့ အခင်းခင်းထားတာမျိုး မလုပ်ပါနဲ့။နောက်တစ်ခုကလှေကားကိုအလင်းရောင်ကောင်းကောင်းရအောင်ထားပေးဖို့လည်းမမေ့ပါနဲ့။ကော်ဇောခင်းတဲ့အခါ အစပ်နေရာတွေကိုသေချာတိပ်နဲ့ကပ်ပါ-ကော်ဇောတွေခင်းပြီး အိမ်ကိုအလှဆင်ထားတယ်ဆိုရင်တော့ကော်ဇောတွေတစ်ခုနဲ့တစ်ခုဆက်တဲ့နေရာကို တိပ်သုံးပြီးသေချာကပ်ထားပါ။ မတော်တဆခလုတ်တိုက်မိပြီးချော်လဲတာမျိုးဖြစ်နိုင်ပါတယ်။ညမီးဖွင့်ထားပေးပါ– ညဘက်အိပ်တဲ့အခါ မီးအားလုံးမှိတ်ပြီး အိပ်မှအိပ်ပျော်တယ်ဆိုရင်တောင် ညမီးခပ်မှိန်မှိန်လေးတော့ဖွင့်ထားပေးပါ။ အိပ်ခန်း၊လျှောက်လမ်း၊အိပ်သာနဲ့ရေချိုးခန်းတို့မှာ မီးခပ်မှိန်မှန်လေးထွန်းထားပေးပါ။ အိပ်ရာထဲမှာ ဒါမှမဟုတ် အလွယ်တကူယူလို့ရတဲ့နေရာမှာ လက်နှိပ်ဓါတ်မီးထားပေးပါ။ပရိဘောဂတွေကိုသေချာထားပေးပါ– အိမ်ကို တတ်နိုင်သမျှ ရှင်းရှင်းလေးပဲထားပေးပါ။ ပရိဘောဂတွေကိုလည်း အစွန်းထွက်နေတာမျိုးမဖြစ်အောင်လုပ်ပေးပါ။နောက်တစ်ခုကပြတင်းပေါက်နားမှာ ခုံတွေ၊စားပွဲတွေနဲ့ ကလေးတွေတက်လို့ မှီလောက်တဲ့ပရိဘောဂတွေမထားပါနဲ့။ မတော်တဆပြတင်းပေါက်ကနေပြုတ်ကျတာမျိုးဖြစ်နိုင်တာကြောင့်ပါ။ဒီလိုတွေသတိထားနေရက်က မတော်တဆမှုတွေ ဖြစ်လာခဲ့မယ်ဆိုရင်တော့ ထိခိုက်မိတဲ့ဒဏ်ရာသေးရင် အိမ်မှာပဲ ကိုယ်တိုင် အနာကိုဆေးကြောတာ၊ဆေးထည့်တာ၊ပလာစတာကပ်တာ၊ပတ်တီးစည်းတာတွေလုပ်ပေးလို့ရပါတယ်။ အနာကကြီးမယ်ဆိုရင်တော့ အနာဆေးတာလောက်လုပ်ပြီး နီးစပ်ရာဆေးခန်းကို သွားရောက်ပြသပေးပါ။ ဒီလိုတွေလုပ်ပေးဖို့ဆိုရင်တော့ နေအိမ်မှာအရေးပေါ်ဆေးသေတ္တာလေးတစ်လုံးလောက်ဆောင်ထားဖို့လိုပါမယ်။ဘေးကင်းလုံခြုံတဲ့နေအိမ်လေးအဖြစ် ဒီနည်းလေးတွေ သုံးပြီး ဖန်တီးကြည့်ပါနော်။[embed-health-tool-bmi]
healthy-habits
healthy-habits
https://hellosayarwon.com/healthy-habits/first-aid-healthy-habits/prevent-common-injuries-in-the-home/
မိခင်၏အချင်းအား စားသုံးခြင်း။ ဆောင်ရန် ရှောင်ရန်များ
ကလေးမွေးပြီးနောက်မှာ အချင်းကို ဖျော်ရည်လုပ်သောက်သည်၊ အမှုန့်ကြိတ်သောက်သည်ဟု စိတ်ကူးကြည့်ပါ။ နှစ်မြို့စရာတော့ ကောင်းမှာ မဟုတ်ပါဘူး။ တစ်ချို့ မိခင်တွေကတော့ ကလေးမွေးပြီးနောက်မှာ အချင်းကို စားပြစ်ကြဖို့ ရွေးချယ်ကြပါတယ်။အချင်းစားတယ်ဆိုတာ တိရိစ္ဆာန်တွေ လုပ်နေကြဖြစ်သော်လည်း လူတော်တော်များအတွက်ကတော့ ယင်းက တော်တော်လေး စိတ်အနှောက်အယှက် ဖြစ်စရာပါပဲ။ ကျန်းမာရေးကောင်းတယ်လို့လည်း ပြောကြပါတယ်။အချင်းမှာ ကလေးအတွက် သက်စောင့်ဓါတ်တွေ၊ ဓါတ်သထ္တုတွေနဲ့ အာဟာရတွေ ပါတယ်လို့ ယူဆရပါတယ်။ အာဟာရများ ရယူဖို့ သန္ဓေသားနဲ့ သားအိမ်နံရံကို ဆက်သွယ်ပေးထားတဲ့ အင်္ဂါဟာ အချင်းဖြစ်ပါတယ်။ကလေးမွေးပြီးတဲ့ အခါမှာ ခန္ဓါကိုယ်က အချင်းကို စွန့်ထုတ်လိုက်ပါတယ်။ ရိုးရိုးမွေးမယ်ဆိုရင် အချင်းက မွေးလမ်းကြောင်းကနေ ကလေးနဲ့ အတူထွက်လာမှာပါ။ ခွဲမွေးမယ်ဆိုရင်တော့ အချင်းကို ခွဲတဲ့ နေရာမှပဲ ဆရာဝန်တွေ ထုတ်ပေးကြမှာပါ။ ပန်ကန်ပြားနဲ့ ခပ်ဆင်ဆင်ဖြစ်ပြီး မွေးမွေးပြီးချင်းမှာ ၅၀၀ ဂရမ်လောက် ရှိပါလိမ့်မယ်။အချင်းမှာ သံဓါတ်၊ B6 နဲ့ B12 သက်စောင့်ဓါတ်၊ အရေးကြီး ဟော်မုန်းနှစ်ခုဖြစ်သော အီစထရိုဂျင်၊ ပရိုဂျက်စတုန်းတို့ ပါဝင်ပါတယ်။ ယင်းဟော်မုန်းများက ကလေးပထမဆုံးမွေးသော အမေများတွင် မွေးပြီးနောက်ပိုင်း ဖြစ်တတ်သော စိတ်ဓါတ်ကျခြင်း၊ အိပ်မပျော်ခြင်းတို့အတွက် အကျိုးရှိစေပါတယ်။ နို့အမြောက်အများထွက်ခြင်းနှင့် ကလေးမွေးပြီးနောက်ပိုင်း နာကျင်ခြင်းများကို သက်သာစေပါတယ်။လူတွေထက် တိရစ္ဆာန်တွေမှာတော့ အချင်းစားခြင်းဟာ ကောင်းကျိုးအချို့ ရှိပါတယ်။ ဥပမာအားဖြင့် ခွေးမလေးတွေမှာ မွေးနေစဉ် နာကျင်ခြင်းကို လျော့နည်းစေပါတယ်။ မွေးပြီးနောက်မှာလည်း ကလေးနဲ့ မိခင်ကြားမှာ ဆက်ဆံရေး ပိုမိုခိုင်မြဲစေပါတယ်။အချင်းဟာ ရောဂါပိုးမွှားတွေ ကူးဆက်ခံထားရနိုင်ပါတယ်။ကိုယ်ဝန်ဆိပ် တက်ခြင်းကဲသို့ အခြေအနေမျိုးရှိသော မိန်းမများတွင် စတရက် ပရိုတင်းနည်းနေပါတယ်။ အချင်းဟာ ဘက်တီးရီးယား အပါအဝင် အန္တရယ်ရှိသော ပစ္စည်းများကို ကလေးထံသို့ မရောက်အောင် စစ်ထုတ်ပေးပါတယ်။အချို့မိန်းမတွေဟာ မွေးနေစဉ်အတွင်းမှာ မစင်များထွက်ကျနိုင်ပါသေးတယ်။ မစင်မှာ ဘက်တီးရီးယား များစွာပါဝင်ပြီး အချင်းထံသို့ ရောက်ရှိသွားနိုင်ပါတယ်။ ထိုကဲ့သို့ အန္တရယ်ရှိတဲ့ အရာတွေကို ခန္ဓါကိုယ်ထဲ ဘာကြောင့် ပြန်ရောက်ချင်တော့မည်နည်း။မွေးမွေးပြီးချင် ရေခဲရိုက်ပြီး မသိမ်းထားဘူးဆိုရင် စိတ်မချရပါဘူး။ ဆိုင်တွေမှာ အသားပြားတစ်ခုကို တစ်နေကုန် အပြင်မှာ ဒီအတိုင်းထားမယ်ဆိုရင် စားချင်ပါ့မလား တွေးကြည့်ပါ။ အချင်းကို ထိန်းသိမ်းဖို့ သင့်တော်တဲ့ အအေးပေးစနစ် အချိန်မှီ ရရန် မလွယ်ကူပါဘူး။မိခင်အများစုကတော့ အချင်းကို အစိမ်းလိုက်မစားကြတော့ပါဘူး။ ချက်ပြုတ်ရ်ျသော်လည်ကောင်း၊ အခြောက်ခံရ်ျသော်လည်ကောင်း၊ အမှုန့်ကြိတ်ရ်ျသော်လည်းကောင်း၊ ရေခဲရိုက်ရ်ျသော်လည်းကောင်း၊ ဖျော်ရည်လုပ်ရ်ျသော်လည်းကောင်း စားသုံးကြပါတယ်။အထက်ပါနည်းလမ်းများ အထူးသဖြင့် ချက်ပြုတ်ခြင်းမျိုးက လိုချင်တဲ့ အာဟာရတွေကို ပျက်စီးစေမှာပါ။အချင်းမှာ သွေးအမြောက်အများ ပါဝင်တာကြောင့် သွေးညှီနံ့တော့ ရမှာပါ။ Daniel Patterson of Coi နှင့် အခြား San Francisco စားသောက်ဆိုင်တို့မှ စာဖိုမှူးတွေက ခိုသားနဲ့ တူတယ်လို့ပြောကြပါတယ်။ အခြားသူများကတော့ အသည်းနဲ့ တူတယ်လို့ ပြောကြပါတယ်။ လူနည်းစုကတော့ ကြက်သားနဲ့ တူတယ်လို့ ပြောကြပါတယ်။ ဘာပဲဖြစ်ဖြစ် အတော်အသင့် ကောင်းတဲ့ စားသောက်ခြင်း အတွေ့အကြုံအတွက် ပြင်ဆင်နေလောက်ပြီ ထင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/other-conception-topics/%e1%80%99%e1%80%ad%e1%80%81%e1%80%84%e1%80%b9%e1%81%8f%e1%80%a1%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%80%85%e1%80%ac%e1%80%b8%e1%80%9e%e1%80%b6%e1%80%af%e1%80%b8/
ဘရာ Size မှားနေပြီလား
အမျိုးသမီးတွေရဲ့ နေ့စဉ်ဘဝမှာအတွင်းခံအဝတ်အထည်တွေရဲ့ အရေးပါမှုက ကြီးမားတဲ့ အခန်းကဏ္ဍတစ်ခုပါ။ တကယ်တော့ အတွင်းခံအဝတ်အထည်ဆိုတာ ကျန်းမာရေးအတွက် အရေးပါတဲ့ အရာတွေလည်း ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ခါတစ်လေမှာ ဘရာ Size မှားနေပြီလား လို့ တွေးမိလာချိန်တွေ ရှိလာပါလိမ့်မယ်။ဘာလို့ ဘရာ Size မှားနေပြီလား လို့ တွေးလာရလဲဆိုရင် ဝတ်ဆင်ရတာ သက်သောင့်သက်သာ မဖြစ်တော့ဘဲ အဆင်မပြေဘူးဆိုတဲ့ ခံစားချက်မျိုး တနေ့တခြား ပိုပိုရလာတာကြောင့်ပါ။ ဥပမာအသက်ရှူမဝတာတွေ၊ရင်ဘတ်အောင့်တာတွေပါဖြစ်လာတဲ့ အခါမျိုးပေါ့။လျော့တိလျော့ရဲ ဘရာစီယာတွေကို ဝတ်ဆင်တာက သယ်ပိုးထိန်းသိမ်းပေးနိုင်စွမ်းနည်းပါးတာမို့ ပြဿနာရှိတယ်ဆိုပေမယ့် တင်းကျပ်လွန်းတဲ့ ဘရာစီယာမျိုးကို ဝတ်ဆင်ထားမိမယ်ဆိုရင်တော့ ကျန်းမာရေးဘေးထွက်ဆိုးကျိုးတွေပါ ကြုံရနိုင်တာမို့ ပိုဆိုးရွားတယ်လို့ ဆိုရမှာပါ။အများစုသော အမျိုးသမီးတွေဟာ အတွင်းခံအဝတ်အထည်တွေကို ကျန်းမာရေးအတွက် ရည်ရွယ်ပြီး ဝတ်ဆင်ကြတာမျိုးနည်းပါးပါတယ်။ တကယ်တမ်းအားဖြင့်ဘရာစီယာလို အဝတ်အထည်တွေက ကျန်းမာရေးအတွက် အထူးအရေးပါလှတာပါ။ဒါကြောင့် ဘရာစီယာဝတ်ဆင်ရာမှာ ကိုယ်နဲ့ အံဝင်ခွင်ကျဖြစ်တာမျိုးကို ရွေးချယ်နိုင်ဖို့လိုအပ်တာပါ။ ကိုယ်ဝတ်ဆင်နေတဲ့ ဘရာ Size က ကိုယ်နဲ့ အရမ်းကျပ်နေတဲ့ ဘရာမျိုးဖြစ်နေသလားဆိုတာကို အောက်ပါ အချက်တွေအရ သိနိုင်ပါတယ်။ကျပ်လွန်းတဲ့ ဘရာတွေကြောင့် ပွတ်တိုက်မှုတွေဖြစ်ပြိးအရေပြားပြဿနာတွေဖြစ်လာတာပါ။ယားယံတာတွေ၊ ယားနာပေါက်တာတွေ၊ ပွန်းပဲ့တာတွေ၊ အစင်းကြောင်းထင်တာတွေ ဖြစ်လာပါလိမ့်မယ်။ကျပ်နေတော့ ချောင်အောင် ဟိုဆွဲချ ဒီဆွဲချလုပ်နေရတာမျိုး၊ ချိတ်တွေ ခနခနပြန်ပြန်တပ်နေတာမျိုးတွေ ကြုံနေရပါလိမ့်မယ်။ ချောင်နေတယ်ဆိုရင်လည်း ခဏခခဏ ဆွဲတင်ပြီး ပြန်ပြန်ဝင်နေရပါမယ်။ဘရာစီယာက ရင်ဘတ်နဲ့ ဝမ်းဗိုက်အထက်ပိုင်းကို တင်းကျပ်အောင် စည်းနှောင်ထားတော့ အစာခြေရည်ပြန်ဆန်တက်တာနဲ့ လေချဉ်တက်တာမျိုးတွေ မကြခဏကြုံရပါလိမ့်မယ်။ ရေရှည်မှာ အစာအိမ်ဆိုင်ရာ ပြဿနာတွေပါ ဖြစ်လာနိုင်ပါတယ်။အရမ်းတင်းကျပ်လွန်းတော့ ရင်သားက Cup ရဲ့ အပြင်ဘက်ကို လျှံထွက်လာတာမျိုးကိုလည်း ကြုံရနိုင်ပါတယ်။ ပုံမှန်ဝတ်ဆင်တဲ့ ဘရာကျပ်ထုပ်လို့ ရင်သားလျှံထွက်လာတာက Push-up Bra တွေလို ပင့်တင်ဖို့ ဖန်တီးပေးထားတာမဟုတ်တာကြောင့် ရင်သားကိုတင်းကျပ်စွာ စည်းနှောင်ထားသလိုမျိုးဖြစ်ပြီး ရင်သားတွေကို ထိခိုက်နာကျင်စေနိုင်ပါတယ်။ခန္ဓာကိုယ်ရဲ့ အပေါ်ပိုင်းကနောက်ကျောနဲ့ ပခုံး အစိတ်အပိုင်းတချို့ နာကျင်တဲ့ ဝေဒနာကို ရေရှည်ခံစားရတာကလည်း ဘရာ Size မမှန်တာကြောင့်ပါပဲ။ ဘရာကျပ်ထုပ်လွန်းတာက ပခုံးနဲ့ နောက်ကျောဘက်တွေမှာ သက်သောင့်သက်သာမရှိတာ၊ နာကျင်တာနဲ့ အောင့်နေတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။အလွန်အမင်း ကျပ်နေထုပ်နေတဲ့ ဘရာမျိုးကို ဝတ်ဆင်ထားမိတယ်ဆိုရင် တခြား တစ်ခုခုနဲ့ လဲလှယ်ဝတ်ဆင်လိုက်တာက ပိုအဆင်ပြေပါတယ်။ ဒီလိုမှမဟုတ်ဘူး ရုတ်တရက် လဲလှယ်အသုံးပြုဖို့ မလွယ်ကူဘူးဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို သုံးပြီး ယာယီအားဖြင့် ဖြေရှင်းနိုင်ပါတယ်။ဒုတိယ ဒါမှမဟုတ် တတိယချိတ်ကို မသိမသာ ဖြုတ်ထားပေးခြင်းအားဖြင့် လေဝင်လေထွက်ကောင်းမွန်စေမှာဖြစ်ပြီး အတန်ငယ်သက်သာရာရစေနိုင်ပါတယ်။ဘရာက ကျပ်နေတယ်ဆိုရင် သိုင်းကြိုးကို လျှော့လို့ရရင် လျှော့ပါ။ ဘရာတစ်ခုမှာ အဓိက အကျဆုံးက ပတ်ကြိုးရဲ့ ချုပ်အားဖြစ်ပါတယ်။ Cup နဲ့ သိုင်းကြိုးက အဓိက မဟုတ်ပါဘူး။ အရမ်းကျပ်နေတယ်ထင်ရင် သိုင်းကြိုးကို ဖြုတ်ထားနိုင်ပါတယ်။ ပိုပြီး သက်သောင့်သက်သာရှိစေပါလိမ့်မယ်။အမျိုးသမီး အများစုက ဘရာစီယာ အရွယ်အစားကို တစ်မျိုးတည်း သတ်မှတ် အသုံးပြုကြပါတယ်။ တကယ်တမ်းကဘရာတွေကို ဝတ်ဆင်မယ့် အဝတ်အစားအလိုက် ဆိုဒ်မတူတာတွေ ပြောင်းလဲဝတ်ဆင်သင့်ပါတယ်။ နောက်ပြီး ကိုယ်ဝန်ဆောင်ချိန်၊ ကလေးနို့တိုက်ချိန်မှာလည်း ရင်သားက ပုံမှန်ထက် ကြီးလာတာကြောင့် အရင်တုန်းက Bra sizeတွေ က တော်မှာ မဟုတ်ပါဘူး။ ဒီလိုအချိန်ဆို Bra ဆိုဒ်ပြန်တိုင်းပြီး အသစ်ပြန်ဝယ်ဖို့ လိုပါတယ်။အမျိုးသမီးတွေရဲ့ရင်သားနှစ်ဖက်ဟာ အရွယ်အစား အတိအကျ မတူညီကြပါဘူး။ ဒါကိုလည်း သတိထားဖို့ လိုအပ်ပါတယ်။ တခါတလေကျ တစ်ဖက်ကကျပ်ပြီး တစ်ဖက်က သိပ်မကျပ်တာမျိုးဖြစ်တတ်တာကြောင့်ပါ။ ဒါကြောင့်လည်း ဘရာတွေရဲ့ သိုင်းကြိုးတွေမှာ အတိုးအလျှော့လုပ်လို့ရတာတွေ ပါနေတာပါ၊ တစ်ဖက်ချင်းစီကို သေချာချိန်ညှိပါ။ဒါ့အပြင် ဘရာဝယ်ယူရာမှာလည်း ပတ်ကြိုးရဲ့ အရှည်၊ Cup ရဲ့ သက်သောင့်သက်သာရှိမှုနဲ့ ရင်သားအရွယ်အစား မတူညီမှုတွေကို မူတည်ပြီး သေချာ ချိန်ညှိဝယ်ယူသင့်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/is-your-bra-size-wrong/
စိုးရိမ်စရာကောင်းတဲ့ မိန်းမကိုယ် အဖြူဆင်း ခြင်းများ
အမျိုးသမီးရယ်လို့ ဖြစ်လာရင် ပျိုဖော်ဝင်ချိန်လောက်က စပြီး မိန်းမကိုယ် အဖြူဆင်း တတ်တာ သဘာဝပါ။ သားဥကြွေခါနီး အချိန်ဆိုလည်းဆင်းတာပဲ၊ ရာသီလာခါနီးလည်း ဆင်းတာပဲ၊ အထိုင်များရင်လည်းဆင်းတာပဲ။ ဒါပေမယ့် သာမန် အဖြူဆင်းရင် ရောဂါတစ်ခုခုလို့ ထင်ပြီး စိုးရိမ်ကြတဲ့ အမျိုးသမီးတွေက အများသားပါ။ အဖြူဆင်းနေလို့ဆိုပြီး ဆေးလာတောင်းကြတာလည်း ခဏခဏပါပဲ။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ သာမန်အဖြူဆင်းတာလား၊ ရောဂါကြောင့် ဆင်းတာလားဆိုတာ ခွဲတတ်ဖို့ လိုပါတယ်။နောက်ဆုံး မွေးခါစ နှစ်ပတ်သားအရွယ်ကလေးမှာတောင် အမေ့ဆီက အီစထရိုဂျင် ပါလာတဲ့အတွက် ရက်အနည်းငယ်လောက် အဖြူဆင်းနေတတ်ပါတယ်။ခုပြောတဲ့အချက်တွေက ရောဂါကြောင့် မဟုတ်ပါဘူး။ သဘာဝအရ ဆင်းတာပါ။ ဘာလို့ ဆင်းတာလဲဆိုတော့ အမျိုးသမီးဟော်မုန်း အီစထရိုဂျင်ကြောင့်ပါ။ အီစထရိုဂျင်က ရောဂါပိုးတွေ မိန်းမကိုယ်ထဲ ဝင်မလာအောင် မိန်းမကိုယ်က အချွဲတွေကို ပျစ်ထားတဲ့သဘောပါ။ ဒါကို အဖြူဆင်းတယ်လို့ ခေါ်ပါတယ်။အဖြူဆင်းရုံသက်သက် မဟုတ်ဘဲ။အလွယ်ပြောရရင်တော့။တစ်ခုချင်းစီမှာ အဖြူဆင်းတာအပြင် ဘာလက္ခဏာတွေ ပြတတ်သေးလဲဆိုတာကို ဆက်ကြည့်ရအောင်။အဓိကကတော့ မိန်းမကိုယ်မှာ ရှိတဲ့ ကောင်းကျိုးပြုဘက်တီးရီးယား lactobacillus တွေ နည်းသွားပြီး ပြင်ပက ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေ ဝင်လာလို့ပါပဲ။ မိန်းမကိုယ် အက်စစ်ဓာတ် pHပျက်ယွင်းသွားတဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။သိသာတဲ့ လက္ခဏာတွေတော့ အနံ့ပြင်းလွန်းတာပါပဲ။ ငါးညှီနံ့လိုမျိုး ထွက်တတ်ပါတယ်။ အတူနေပြီးတဲ့အချိန်၊ ရာသီလာပြီးခါစအချိန်ဆို မိန်းမကိုယ် အက်စစ်ဓာတ်က အယ်ကာလီဘက် ပိုရောက်သွားလို့ အဲ့ဒီအချိန်တွေဆို အနံ့ပိုပြင်းပါတယ်။ မီးခိုးရောင်ဆင်းပါတယ်။မိန်းမကိုယ် ယားတာ၊ ရောင်တာ၊ နီတာ သိပ်မဖြစ်ပါဘူး။မှိုထဲမှာတော့ မှက္ခရုမှို (Candida) ပိုး ဝင်တာ အများဆုံးပါပဲ။ ခုခံအားမကောင်းတဲ့သူတွေမှာ အများဆုံးတွေ့ရပါတယ်။ ဥပမာ ဆီးချိုရှိတဲ့သူ၊ ပိုးသတ်ဆေးတွေ၊ စတီးရွိုက်တွေ စွဲသောက်နေရတဲ့သူတွေအပြင် ကိုယ်ဝန်ဆောင်နဲ့ လေဝင်လေထွက်မကောင်းတဲ့၊ ချွေးမစုပ်တဲ့ အတွင်းခံကို ကြာကြာဝတ်မယ်ဆိုရင်လည်း ဖြစ်တတ်ပါတယ်။လက္ခဏာတွေကတော့ ချိစ်လို အဖြူပျစ်ပျစ်တွေ ဆင်းတာပါ။ ဒါ့ပြင် မိန်းမကိုယ် ယားတာ၊ ရောင်တာ၊ အတူနေရင် နာတာ အဖြစ်များပါတယ်။ ယားလို့ ကုတ်ထားတဲ့အတွက် မိန်းမကိုယ် ပွန်းပဲ့တတ်ပါတယ်။ ရာသီမလာခင်မှာ လက္ခဏာခံစားရတာ အဆိုးဆုံးပါပဲ။ကပ်ပါးပိုးကြောင့် ဖြစ်ပြီး လိင်ကနေတဆင့် ကူးစက်တတ်ပါတယ်။ အမျိုးသားရော အမျိုးသမီးမှာပါ ကူးတတ်ပါတယ်။လက္ခဏာတွေကတော့။လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါဖြစ်ပါတယ်။မိန်းမကိုယ်က အဝါရောင် ပြည်လိုမျိုး အဖြူဆင်းတာအပြင် ဆီးကျင်တာ၊ ဆီးခဏခဏ သွားချင်တာ၊ မိန်းမကိုယ်ကနာတာ၊ အတူနေရင်နာတာ စတာတွေ ဖြစ်တတ်ပါတယ်။ ဗိုက်လည်း အောင့်တတ်ပါတယ်။ဂနိုလို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့် ဖြစ်ပြီး လိင်ကနေတဆင့် ကူးစက်တတ်ပါတယ်။ မိန်းမကိုယ်ကနေ ပြည်လိုမျိုး အရည်တွေ ဆင်းတတ်ပြီး သားအိမ်ခေါင်းကို လက်နဲ့ ထိမိလိုက်တာနဲ့ အလွယ်တကူ သွေးထွက်နိုင်ပါတယ်။ ဆီးပူတာ၊ မိန်းမကိုယ်ယားတာလည်း ဖြစ်တတ်ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menstruation/pathological-white-discharge/
ကိုယ်ဝန်ဖျက်ချခြင်း - နောက်ပိုင်းကိုယ်ဝန်တွေကို ထိခိုက်နိုင်သလား
ကိုယ်ဝန်ဖျက်ချခြင်း (သို့) ကိုယ်ဝန်အဆုံးသတ်ခြင်းဟာ ခွဲစိတ်ခြင်း (သို့) ဆေးသောက်ခြင်းအားဖြင့် အချိန်မတိုင်ခင် ကိုယ်ဝန်အဆုံးသတ်ခြင်း ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်အတွက် ကိုယ်ဝန်ဖျက်ချဖို့ အကြောင်းရင်းများစွာရှိပါတယ်။ မိခင်ရဲ့ ကျန်းမာရေးအခြေအနေ (သို့) ကလေးမွေးအပြီးမှာ ကလေးရဲ့ ကျန်းမာရေးအခြေအနေ (မျိုးရိုးဗီဇဆိုင်ရာ (သို့) ရုပ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်မှု) တွေ ပါဝင်ပါတယ်။ သင် ကိုယ်ဝန်ဖျက်ချပြီးပြီဆိုရင် နောက်တစ်ကြိမ်ကိုယ်ဝန် ပြန်ရဖို့ ဘယ်လိုသက်ရောက်မှုတွေ ရှိနေလဲဆိုတာကို စိတ်ပူကောင်း စိတ်ပူနေနိုင်ပါတယ်။သုတေသနတွေအရ ကိုယ်ဝန်ဖျက်ချခြင်းဟာ ကိုယ်ဝန်မရရှိနိုင်ခြင်းတွေ၊ နောက်ရလာမယ့် ကိုယ်ဝန်တွေမှာ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်နိုင်ခြင်း မရှိပါဘူး။ ကျင့်ဝတ်ပိုင်းအရ ကြည့်မယ်ဆိုရင် အငြင်းပွားဖွယ်အချက်တွေ ရှိပေမယ့် ကိုယ်ဝန်ဖျက်ချခြင်းကို သင့်လျော်တဲ့ သန့်ရှင်းတဲ့ အခြေအနေတွေမှာ ပြုလုပ်ရင် သူဟာ စိတ်ချရပြီး ရိုးရှင်းတဲ့ ကိစ္စတစ်ခုသာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေမှာ ကိုယ်ဝန်ဖျက်ချခြင်းဟာ အမျိုးသမီးရဲ့ နောက်ထပ်ကိုယ်ဝန်ရှိနေခြင်းကို ထိခိုက်ခြင်း မရှိပါဘူး။ကျန်းမာရေးအရ လုပ်ဆောင်မှုအားလုံးမှာ ဆိုးကျိုးတွေ ရှိပါတယ်။ ကိုယ်ဝန်ဖျက်ချခြင်းမှာလည်း ဆိုးကျိုးရှိနိုင်ပါတယ်။ နောက်ကိုယ်ဝန်အတွက် ဖြစ်နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့။ကိုယ်ဝန်ပျက်ကျခြင်းရဲ့ အဓိက ဆိုးကျိုး နှစ်ခုကတော့ ရောဂါပိုးဝင်ခြင်းနဲ့ သားအိမ်ပျက်စီးခြင်း တွေပဲဖြစ်ပါတယ်။ တကယ်လို့ သင့်မှာ နှစ်ကြိမ်ထက်ပိုပြီး ကိုယ်ဝန်ဖျက်ချပြီးပြီဆိုရင် ကလေးဖျက်ချအပြီးမှာ ရောဂါပိုးဝင်နှုန်း မြင့်မားနိုင်ပါတယ်။ ရောဂါပိုးဝင်ခြင်းအများစုကို ဆေးနဲ့ကုသနိုင်ပါတယ်။ ဒါပေမယ့် မျိုးပွားအင်္ဂါများရောင်ရမ်းခြင်းလိုမျိုး ပြင်းထန်တဲ့ရောဂါပိုးဝင်ခြင်းဟာ သေချာကုသခြင်းမရှိခင် လိင်အင်္ဂါတွေကို ထိခိုက်နိုင်ပါတယ်။ ဒါဆိုရင်တော့ ကိုယ်ဝန်မရနိုင်တော့ခြင်း (သို့) သားအိမ်ပြင်ပ ကိုယ်ဝန်ရှိခြင်းတွေ ဖြစ်နိုင်ပါတယ်။ ရှားပါးပေမယ့် ခွဲစိတ်မှု ကြီးမားတာကြောင့် သားအိမ်ထိသွားတယ်ဆိုရင် သားအိမ်ခေါင်းဟာ ပျက်စီးနိုင်ပြီး အားနည်းနိုင်ပါတယ်။ အားနည်းသွားတဲ့ သားအိမ်ခေါင်းဟာ နောက်ကိုယ်ဝန်တွေမှာ ကိုယ်ဝန်ထိန်းသိမ်းနိုင်မှု အားနည်းတာကြောင့် ကိုယ်ဝန်ပျက်ကျခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သားအိမ်ခေါင်း အားနည်းမှုကို ခွဲစိတ်ကုသနိုင်ပြီး သားအိမ်ခေါင်းပိတ်အောင် ချုပ်ခြင်းအားဖြင့် သက်သာစေနိုင်ပါတယ်။ကိုယ်ဝန်ဖျက်ချခြင်းဟာ အမျိုးသမီးတစ်ယောက်အတွက် စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်နေတဲ့ အတွေ့အကြုံတစ်ခု ဖြစ်ပါတယ်။ ကိုယ်ဝန်ဖျက်ချမှုကို ကြုံရတဲ့ အမျိုးသမီးတွေဟာ အပြစ်ရှိတယ်လို့ ယူဆခြင်း (သို့) ရောထွေးနေတဲ့ ခံစားမှုတွေကြောင့် လိင်ဆက်ဆံမှုကို ရှောင်ရှားတတ်ကြပါတယ်။ ဒါဟာ သူတို့ရဲ့နောက်တစ်ကြိမ် ကလေးရရှိခြင်းအပေါ် သက်ရောက်မှု ရှိပါတယ်။ ကိုယ်ဝန်ဖျက်ချခြင်း မပြုလုပ်မီနဲ့ ပြုလုပ်အပြီးမှာ အိမ်ထောင်ဖက် (သို့) သင်ယုံကြည်ရသူနဲ့ တိုင်ပင်စကားပြောသင့်ပါတယ်။ ပြီးတော့ နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်ဖို့ အနည်းဆုံးတစ်လ စောင့်ဆိုင်းသင့်ပါတယ်။ သင့်ကိုယ်ခန္ဓါဟာ နောက်တစ်ကြိမ် ကိုယ်ဝန်မဆောင်ခင် ပြန်ကောင်းဖို့ အချိန်ယူရမှာ ဖြစ်ပါတယ်။ဘာကြောင့်ပဲ ကိုယ်ဝန်ဖျက်ချသည်ဖြစ်စေ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးတွေကို ရှောင်လွှဲလို့မရပါဘူး။ တကယ်လို့ နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်ခြင်းနဲ့ပတ်သက်ပြီး စိတ်ပူနေတယ်ဆိုရင် ကျန်းမာရေးစောင့်ရှောက်သူနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ သင့်ကျန်းမာရေးစောင့်ရှောက်သူက ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေနဲ့ နောက်တစ်ကြိမ်ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်ဖို့ ဘာတွေ လုပ်ရမလဲဆိုတာကို နားလည်အောင် ရှင်းပြမှာဖြစ်ပါတယ်။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/other-conception-topics/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9d%e1%80%94%e1%80%ba%e1%80%96%e1%80%bb%e1%80%80%e1%80%ba%e1%80%81%e1%80%bb%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8-%e1%81%8b-%e1%80%94%e1%80%b1/
ဖနောင့်အတက်ထွက်ခြင်း အား ခွဲစိတ်ကုသခြင်း
ဖနောင့်အတက်ထွက်ခြင်း ဆိုတာကတော့ ခြေဖနောင့် ဒါမှမဟုတ် ဖဝါးရဲ့အောက်မှာကယ်လ်ဆီယမ်ဓာတ်များ စုပုံလာပြီးအရိုးကဲ့သို့ အတက်ဖြစ်လာခြင်းကို ဆိုလိုပါတယ်။ ခြေဖနောင့်ကို ဒဏ်ဖြစ်လောက်တဲ့ အားစိုက်ထုတ်မှု၊ ပွတ်တိုက်ခြင်း၊ ဖိအား စတာတွေကြောင့် ခြေဖနောင့်အတက် ဖြစ်လာနိုင်ပါတယ်။ခြေဖဝါးအတက်တချို့ဟာ မနာတတ်သလို သတိလည်းမပြုမိတတ်ကြပါဘူး။ အကယ်၍ ခြေဖဝါးအတက်ကြောင့် တချိန်လုံးနာကျင်ကိုက်ခဲနေမယ်ဆိုရင်တော့ ထိရောက်စွာ ကုသဖို့ လိုပါတယ်။အကြောလျှော့လေ့ကျင့်ခန်းများလုပ်ခြင်း၊ လိုက်လျောညီထွေဖြစ်သော ဖိနပ်စီးခြင်း၊ ကာယကုသ လေ့ကျင့်ခန်းလုပ်ဆောင်ခြင်း၊ ညအချိန်ခြေစွပ် (ankle splint) စွပ်ထားခြင်း စတဲ့နည်းလမ်းတွေနဲ့ သက်သာအောင် လုပ်နိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေ သောက်သုံးနိုင်ပါတယ်။ အများစုဟာ အဆိုပါနည်းလမ်းများနဲ့ သက်သာနိုင်ပါတယ်။အထက်ဖော်ပြပါ နည်းလမ်းတွေနဲ့ မသက်သာရင်တော့ ခွဲစိတ်တဲ့နည်းလမ်းကို ရွေးပါတယ်။ အခြားနည်းလမ်းတွေနဲ့ လနဲ့ချီကုသပြီး မသက်သာတော့မှ နောက်ဆုံးအနေနဲ့ ရွေးချယ်ခြင်း ဖြစ်ပါတယ်။ ဖနောင့်အတက်ထွက်ခြင်း အတွက် ခွဲစိတ်နည်း နှစ်မျိုးရှိပါတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။ခြေဖဝါးမှာရှိတဲ့ Plantar Fascia အရွတ်ရောင်ရင် ခြေဖနောင့်အတက် ဖြစ်နိုင်ပါတယ်။ အဆိုပါအရွတ်က ခြေချောင်းလေးများနဲ့ ဖနောင့်အရိုးကို ဆက်သွယ်ပေးထားတဲ့ အရွတ်ဖြစ်ပါတယ်။ Plantar fascia ကို ဒဏ်ပိလွန်းရင် ဖနောင့်အတက်ဖြစ်လာနိုင်ပါတယ်။ အတက်ပုံစံနဲ့ ထွက်မလာရင်တောင် အရွတ်ရောင်ရမ်းခြင်းကြောင့် နာကျင်နိုင်ပါတယ်။ဒါကြောင့် ဖိအား တင်းအားလျော့စေဖို့အတွက် ဖနောင့်အရွတ်ကို ခွဲစိတ်ပြုပြင်ပေးပါတယ်။ သမားရိုးကျနည်းနဲ့ ခွဲနိုင်သလို မှန်ပြောင်းအသုံးပြုပြီး ခွဲစိတ်ခြင်းလည်း ရှိပါတယ်။ဒီနည်းလမ်းကတော့ ရောင်ရမ်းထိုးထွက်နေတဲ့ ဖနောင့်အတက်ကို ခွဲစိတ်ဖယ်ရှားတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဖနောင့်အရွတ်ကို ခွဲစိတ်ပြုပြင်နေချိန်မှာလည်း အတက်ဖယ်ထုတ်ခြင်းကို ပြုလုပ်နိုင်ပါတယ်။ နောက်ပိုင်းမှာ ဒီနည်းလမ်းကို အသုံးပြုတာ နည်းသွားပေမယ့် ကြီးမားပြီး နာကျင်စေတဲ့ ဖနောင့်အတက်ကို ဖြတ်ထုတ်လိုရင်တော့ အသုံးပြုပါတယ်။ သမားရိုးကျနည်းလမ်း ရှိသလို မှန်ပြောင်းသုံးပြီး ခွဲစိတ်တဲ့နည်းလမ်းလည်း ရှိပါတယ်။ခွဲစိတ်မှုဖြစ်တာကြောင့် ခွဲစိတ်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုး၊ မေ့ဆေးထုံဆေးရဲ့ ဘေးထွက်ဆိုးကျိုး အနည်းနဲ့အများ ရှိနိုင်ပါတယ်။ ခွဲစိတ်သည့်နေရာ နာကျင်နေခြင်း၊ သွေးထွက်ခြင်း၊ရောဂါပိုးဝင်ခြင်း၊ ဖျားနာခြင်း စတာတွေ ကြုံနိုင်ပါတယ်။ခွဲစိတ်ပြီး တပတ်ကနေ နှစ်ပတ်လောက်အထိ ပတ်တီးစည်းထားရပါမယ်။ ခြေထောက်အထိန်းတမျိုးမျိုး (walking boot ဒါမှမဟုတ် ankle splint) ကို သုံးပတ်လောက်အထိ တပ်ဆင်ထားရတတ်ပါတယ်။ ချိုင်းထောက် ဒါမှမဟုတ် တောင်ဝှေးကို အသုံးပြုရပါလိမ့်မယ်။ခွဲစိတ်ထားတဲ့နေရာမှာ နာကျင်ရောင်ရမ်းနေနိုင်လို့ ရက်အနည်းငယ်ခန့် ခွဲထားတဲ့ ခြေထောက်ကို အနားပေးထားရပါမယ်။ ခြေဖနောင့်တွေအပေါ် ဖိအားသက်ရောက်ခြင်းဟာ အနာကျက်ခြင်းကို နှေးစေပါလိမ့်မယ်။ခွဲစိတ်ပြီးနောက်ပိုင်း ဆရာဝန်က ပြန်လည်ချိန်းဆိုတဲ့အခါ ပြသပါ။ ဆရာဝန်က ပုံမှန်လမ်းပြန်လျှောက်နိုင်ကြောင်း ခွင့်ပြုမှသာ လမ်းလျှောက်ပါ။ ပုံမှန်အားဖြင့် ဖနောင့်အရွတ်ခွဲစိတ်ပြီး ၆ပတ်ခန့်အကြာ၊ ဖနောင့်အတက် ခွဲစိတ်ဖယ်ရှားပြီး ၃လခန့်အကြာမှာ ပုံမှန်ပြန်လည်ကောင်းမွန်လာနိုင်ပါတယ်။ခြေထောက်ကို ဘယ်လောက် အသုံးပြုသလဲဆိုတာပေါ် မူတည်ပါတယ်။ အထိုင်များတဲ့ ရုံးလုပ်ငန်းဆိုရင် ရက်သတ္တပတ်အနည်းငယ်လောက်ဆို လုပ်ငန်းပြန်ဝင်နိုင်ပါတယ်။ လမ်းလျှောက်ခြင်း၊ မတ်တပ်ရပ်ခြင်းများတဲ့ လုပ်ငန်းခွင်ဆိုရင်တော့ အနည်းဆုံး ၄ပတ်လောက် အချိန်ယူရတတ်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာရပါမယ်။ခွဲစိတ်ပြီးချိန်မှာ မြန်မြန်သက်သာအောင် အောက်ပါနည်းလမ်းတွေကို ပြုလုပ်ပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/orthopedic-surgery/heel-spur-surgery/
အပြင်မှာအေးလွန်းလို့ အသားတွေခြောက်ပြီး ပက်ကြားအက်နေလား
အပြင်မှာအေးလွန်းလို့ အသားတွေခြောက်ပြီး ပက်ကြားအက်နေလား ….. ခုလို ဆောင်းရာသီအချိန်က နဂိုအသားအရေခြောက်တဲ့သူတွေအတွက်တော့ ဒုက္ခအရောက်ရဆုံးပါပဲ။အသားခြောက်တဲ့သူတွေဆိုတာ နဂိုချွေးပေါက်ကနေ သဘာဝအဆီ (Sebum) ထုတ်လုပ်မှု နည်းလွန်းတာကြောင့် အသားက စိုစိုပြေပြေ မရှိဘဲ ခြောက်နေတာပါ။ အဲ့တော့ ခုလိုရာသီမှာ အပြင်က အေးလွန်းတဲ့လေကြောင့်ရော၊ရေပူတွေနဲ့ ချိုးတာ၊ ရေစိမ်နေကြတာကြောင့်ရော၊ ရေသောက်နည်းပြီး အသားအရေက အစိုဓာတ်ဆုံးရှုံးမှုများလာတဲ့အခါ အရင်ကထက် ပိုပြီး အသားခြောက်တတ်ပါတယ်။ဒီဆောင်းပါးမှာတော့ အခုချိန် ရာသီဥတုအေးလွန်းလို့ အသားအရမ်းခြောက်ပြီး ပက်ကြားအက်နေတဲ့သူတွေအတွက် အဆင်ပြေလွယ်ကူစွာ လုပ်လို့ရမယ့် အသားအရေထိန်းသိမ်းနည်းတွေကို ပြောပြပေးချင်ပါတယ်။အပြင်မှာအေးလွန်းလို့ အသားတွေခြောက်ပြီး ပက်ကြားအက်နေလား။အပြင်မှာအေးလွန်းလို့ အသားတွေခြောက်ပြီး ပက်ကြားအက်နေလား ….. ဒါဆိုရင်တော့ ဒီနည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်ပါ။၁။ မှန်ကန်တဲ့ ဆပ်ပြာကို ရွေးပါ။ခုတလော အရမ်းအေးနေတာဆိုတော့ အရေပြားခြောက်ပြီး ယားယံတာ၊ဓာတ်မတည့်တာ ပိုဖြစ်နိုင်ပါတယ်။ ဒါတွေကို တတ်နိုင်သလောက် ကာကွယ်ပေးဖို့ မျက်နှာသစ်ဆပ်ပြာ၊ ကိုယ်တိုက်ဆပ်ပြာ ရွေးတဲ့အခါ ရောဂါပိုးမွှားသန့်စင်ပေးနိုင်တဲ့ (Antibacterial) ဆပ်ပြာတွေကို အဓိကရွေးပါ။ အရမ်းမပြင်းတဲ့ဆပ်ပြာအပျော့စားတွေကိုပဲ ရွေးပေးပါ။ မျက်နှာသစ်ဆပ်ပြာကို ကြမ်းကြမ်းတမ်းတမ်း ကြေးချွတ်သန့်စင်ပေးခြင်း အာနိသင် (Exfoliating) ပါတာတွေ ရှောင်ပါ။ အသားခြောက်သူတွေအတွက် (Dry Skin only) အမှတ်အသားပါတဲ့ ဆပ်ပြာကို သုံးပေးပါ။၂။ သတိထားပြီး ရေချိုးပါ။ဒီလိုအချိန်ဆို လူတော်တော်များများက ရေပူနဲ့ရေချိုးရတာ၊ ရေစိမ်ရတာကို ပိုသဘောကျပါတယ်။ ဒါကတော့ ပြဿနာမဟုတ်ပေမဲ့ ရေပူက အရေပြားပေါ်မှာ ရှိနေတဲ့ သဘာဝအဆီတွေကို ပိုပြီး ဖယ်ရှားပေးနိုင်ပါတယ်။ နဂိုကတည်းက အဆီမရှိလို့ အသားခြောက်တဲ့သူတွေအနေနဲ့ ဒါကို လုံးဝသတိထားဖို့ လိုပါတယ်။ ဒါကြောင့် ရေကို ဆယ်မိနစ်ထက် ပိုပြီးချိုးတာ၊ ရေစိမ်တာ မလုပ်ပါနဲ့။ အရမ်းပူနေတဲ့ရေနဲ့ မချိုးပါနဲ့။ ရေကျက်နွေးကတော့ ဒီအချိန်အတွက် ချိုးဖို့ အသင့်တော်ဆုံးပါပဲ။ ရေချိုးသန့်စင်ပြီးတိုင်း မျက်နှာသုတ်ပဝါနဲ့ အရေပြားကို ပွတ်ဆွဲတာမျိုး မလုပ်ပါနဲ့။ ဖွဖွလေးပဲ ဖိသုတ်ပေးပါ။၃။ အစိုဓာတ်ထိန်းခရင်မ်က ဆောင်းတွင်းရဲ့ အသက်ပါ။ပုံမှန်အချိန်ထက် ဆောင်တွင်းက အသားခြောက်ခြင်း၊ အစိုဓာတ်ဆုံးရှုံးမှုပိုများတာကြောင့် ရေချိုးပြီးတဲ့အခါ အစိုဓာတ်ထိန်းခရင်မ် (Moisturizer) တွေကို များများသုံးပေးဖို့ လိုပါတယ်။ ရေကို ခြောက်နေအောင် သုတ်ပြီးတဲ့အခါ မျက်နှာမှ ခြေဖျားအထိ အစိုဓာတ်ထိန်းခရင်မ်တွေကို လိမ်းပေးပါ။ ၅နာရီမှ ၆နာရီကြားတစ်ခါ လိမ်းပေးနိုင်ရင် ပိုကောင်းပါတယ်။ အပြင်သွားတော့မယ်ဆိုရင် Moisturizer, Lotion လိမ်းပြီးသွားမှ SPF 30 အနည်းဆုံးပါဝင်တဲ့နေလောင်ကာခရင်မ် (Sunscreen) လိမ်းပေးပါ။၄။ အသားခြောက်ပြီး ယားတဲ့အခါ မကုတ်ပါနဲ့။ဘယ်သူမဆို ယားနေရင် ကုတ်လိုက်ရမှ နေသာထိုင်သာရှိတတ်ကြတာမလား။ ကိုယ်ကတော့ ခဏလေး အယားပြေအောင် ကုတ်လိုက်တာပဲ၊ ယားတဲ့နေရာက ပွန်းပဲ့ထိခိုက်ပြီး သွေးထွက်တဲ့အခါကျတော့ အပြင်ကနေ ပိုးဝင်ဖို့ ပိုလွယ်သွားတာပေါ့။ အဲ့တော့ ခဏလေးနဲ့ ပျောက်မယ့် ပြဿနာက အပ်နဲ့ထွင်းရမှာကို ပုဆိန်နဲ့ ပေါက်သလို ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ယားနေရင် မကုတ်မိအောင် စိတ်ကို ထိန်းထားပါ။ ယားနေတာကို ရေခဲဝတ်ကပ်ပေးတာ၊ ရေပတ်တိုက်ပေးတာ၊ ဒါမှမဟုတ် အယားသက်သာစေမယ့် သောက်ဆေး၊ လိမ်းဆေးတွေကို ဆေးဆိုင်ကနေ အလွယ်တကူ ဝယ်ပြီး မှီဝဲလို့ရပါတယ်။ တစ်ပတ်လောက်နေလို့မှ လုံးဝမသက်သာရင်တော့ အရေပြားဆရာဝန်နဲ့ တစ်ချက်သွားပြကြည့်ပါ။၅။ အသားအရေထိန်းသိမ်းပါ။ အလွန်အကျွံ မလုပ်ပါနဲ့။ဒီလိုရာသီက ပိတ်ရက်လည်းများတယ်၊ အပြင်မှာကလည်း အေးနေတော့ အိမ်တွင်းအောင်းပြီး ကိုယ့်အသားအရေကို ထိန်းသိမ်းမှုပိုလုပ်ကြမယ်လို့ ထင်ပါတယ်။ အသားအရေထိန်းသိမ်းတယ်ဆိုတာ ဘယ်ရာသီအတွက်မဆို ကိုယ့်အတွက် ကောင်းပါတယ်။ ဒါပေမယ့် ကြေးချွတ်တာလိုမျိုး အသားအရေထိန်းသိမ်းနည်းတွေကို ကြမ်းကြမ်းတမ်းတမ်းနဲ့ မကြာခဏ လုပ်ပေးဖို့ မသင့်ပါဘူး။၆။ စားသောက်နေထိုင်မှုပုံစံကိုလည်း ဂရုစိုက်ပါ။အရည်ရွှမ်းပြီး ဗီတာမင် စီ ကြွယ်ဝတဲ့ အသီးအနှံတွေ များများစားပေးပါ။ အသားအရေ စိုပြေနေစေဖို့ ဗီတာမင်ဓာတ်တွေ အများအပြားပါဝင်တဲ့ ဟင်းသီးဟင်းရွက်၊ အစေ့အဆန်တွေကိုလည်း စားပေးပါ။ တစ်နေ့ကို အိပ်ချိန် ၈နာရီရအောင် အိပ်စက်အနားယူပါ။ အားလပ်ချိန်တွေမှာ လေ့ကျင့်ခန်းလုပ်ပေးပါ သို့မဟုတ် Gym မှာသေချာကစားပါ။ ရေကို တစ်နေ့ ၃လီတာ အနည်းဆုံးရအောင် သောက်ပေးပါ။ဆောင်းရာသီမှာ အသားခြောက်လို့ စိတ်ညစ်နေရတဲ့သူတွေအတွက် ခုပြောပြခဲ့တဲ့ နည်းလမ်းတွေက ကူညီဖြေရှင်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်နော်။ Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/tips-for-dry-and-cracked-skin/
သင့်မှာ ဒီလက္ခဏာတွေရှိနေရင် စိတ်ဖိစီးမှုများနေတာ ဖြစ်နိုင်ပါတယ်
စိတ်ဖိစီးမှုဆိုတာ ပြင်ပမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာ၊ အခြေအနေအမျိုးမျိုးကြောင့် ကိုယ့်ရဲ့ စိတ်ကို ချည်နှောင်ထားသလို၊ အားစိုက်ထုတ်သလို လုပ်မိပြီးနောက် ကျန်ခဲ့တဲ့ ဒဏ်ရာတစ်မျိုးပါပဲ။ ဒီဘက်ခေတ်မှာ အသက်အရွယ်မရွေး စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်နေရတာကို သတိထားမိမှာပါ။ မိသားစုပြဿနာ၊ ငွေရေးကြေးရေး၊လုပ်ငန်းခွင်၊ လူမှုရေး၊ အချစ်ရေး အစရှိသဖြင့် နေ့စဉ်ကြုံတွေ့နေရတဲ့ လူ့လောကပြဿနာပေါင်းစုံဟာ ကျွန်တော်တို့ရဲ့ စိတ်ကို အနှေးနဲ့အမြန် ဒုက္ခဖြစ်စေပြီး စိတ်ဖိစီးမှုဆိုတဲ့အခြေအနေကို ရောက်ရှိလာကာ စိတ်ရော ကိုယ်ပါ တဖြည်းဖြည်း ဆုတ်ယုတ်လာပါတယ်။တချို့လူတွေကတော့ ကိုယ့်မှာ စိတ်ဖိစီးမှုတွေဖြစ်နေရင် သိနိုင်တယ်ဆိုပေမယ့် ကိုယ့်ကိစ္စနဲ့ ကိုယ်ရှုပ်နေလို့ ကိုယ်တိုင်စိတ်ဖိစီးနေတယ်ဆိုတာတောင် သတိမထားမိတတ်တာမျိုးတွေလည်း ရှိပါတယ်။ ဒီလိုစိတ်ဖိစီးမှုများနေတဲ့အခါ။•ဝက်ခြံတွေ ပေါက်လာမယ်။• ဆက်တိုက်ဆိုသလိုခေါင်းကိုက်နေမယ်။• ကြွက်သား၊ အရိုးအဆစ်တွေ ပိုပြီး နာကျင်ကိုက်ခဲလာမယ်။• မကြာခဏဖျားနာမယ်။• အားမရှိသလို နုံးချိပြီး ပျော့ခွေနေမယ်။• ညဘက်တွေမှာ ကောင်းစွာအိပ်မပျော်နိုင်ဘဲ အတွေးလွန်နေမယ်။•လိင်စိတ်ဆန္ဒနည်းပါးသွားမယ်။• အစာကောင်းကောင်း မချေဖျက်နိုင်လို့ ဝမ်းပျက်မယ်၊ ဝမ်းချုပ်မယ်။• အစာစားချင်စိတ်တွေ နည်းသွားပြီး ခံတွင်းပျက်နေမယ်။• နှလုံးခုန်မြန်နေသလို ခံစားရတယ်။• စိတ်ဓာတ်တွေ ကျလာတာ။• ချွေးစေးတွေ ပြန်ပြီး လူကတုန်နေတာ စတဲ့ လက္ခဏာပြောင်းလဲမှုတွေကို တွေ့ရမှာဖြစ်ပါတယ်။ဒီတော့ စိတ်ဖိစီးနေတဲ့အချိန်မှာ အရေးအကြီးဆုံးက ကိုယ်ဘာကြောင့် စိတ်ဖိစီးနေလဲဆိုတဲ့ ပြဿနာအရင်းခံကို ရှာဖို့နဲ့ စိတ်ဖိစီးမှုကို တစ်နည်းနည်းနဲ့ ပြေလျော့စေဖို့ အမြန်ဆုံးလုပ်သင့်ပါတယ်။ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိတ်ရောဂါအထူးကုပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးလို့ ရသလို ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံတွေကို အကောင်းဘက်ကို ပြောင်းလဲပေးခြင်းဖြင့်လည်း စိတ်ဖိစီးမှုနည်းအောင် နေလို့ရပါတယ်။• အစာစားချင်စိတ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အစာဝင်အောင် စားပေးပါ။• အစာအာဟာရကို စုံလင်စွာစားပါ။• ကိုယ့်ကို စိတ်ဖိစီးစေတဲ့ အရာတွေကို အမြန်ဆုံး ဖြေရှင်းဖို့ ကြိုးစားပါ၊ မဖြေရှင်းနိုင်ဘူးဆိုရင်လည်း ခဏတဖြုတ် ဒီအရာတွေနဲ့ ဝေးတဲ့နေရာကို သွားလိုက်တာ၊ ခရီးထွက်လိုက်တာမျိုး လုပ်ပေးပါ။• အလုပ်ကို အာရုံစိုက်ပြီး လုပ်ကြည့်ပါ၊ ကိုယ်က အလုပ်မသွားရဘူးဆိုရင်လည်း အိမ်အလုပ်တစ်ခုခု၊ ဒါမှမဟုတ် ကိုယ်ဝါသနာပါတာ၊ ကိုယ့်ကို ပျော်ရွှင်စေတဲ့ အရာတွေ ဥပမာ – သီချင်းနားထောင်တာ၊ ရုပ်ရှင်ကြည့်တာမျိုး လုပ်ပေးပါ။• စိတ်ရော၊ လူရော အနားပေးဖို့ တစ်ပတ်မှာ တစ်ရက်လောက်တော့ အချိန်ပေးပါ။ ဒီအနားယူချိန်မှာ ကိုယ့်အတွက်ကိုပဲ ထည့်တွေးပါ၊ စိတ်ညစ်စေမယ့် ကိစ္စတွေ၊ အလုပ်ကိစ္စတွေကို ဘာဖြစ်ဖြစ် ခေါင်းထဲက ထုတ်ထားပစ်ခဲ့ပါ။• ချွေးထွက်လောက်တဲ့အထိ လေ့ကျင့်ခန်း၊ အားကစားလုပ်လိုက်ပါ။• ယောဂလေ့ကျင့်ပါ သို့မဟုတ် တရားထိုင်ပါ။စိတ်ကျန်းမာရေးပြဿနာပဲလေဆိုပြီး ပေါ့ပေါ့လေးတွေးပြီး ပစ်ထားလိုက်လို့ အသက်ဆုံးရှုံးသွားရတဲ့ လူတွေ တဖြည်းဖြည်းနဲ့ များလာနေပါပြီ။ ဒါကြောင့် ကိုယ့်ရဲ့ စိတ်မှာ ဒဏ်ရာဒဏ်ချက်တွေ၊ စိတ်ဖိစီးနေတာ အစရှိတဲ့ စိတ်ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်လာရတဲ့အခါမျိုးမှာ ကိုယ့်ရဲ့ နေထိုင်မှုပုံစံတွေ၊ တွေးခေါ်ပုံတွေကို ချက်ချင်းပြင်သင့်သလို လိုအပ်လာရင်လည်း ပညာရှင်တွေရဲ့ အကူအညီကို ယူပြီး သေချာကုသမှုခံယူသင့်ပါတယ်။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲနိဂုံးချုပ်လိုက်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/stress-management/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%99%e1%80%be%e1%80%ac-%e1%80%92%e1%80%ae%e1%80%9c%e1%80%80%e1%80%b9%e1%80%81%e1%80%8f%e1%80%ac%e1%80%90%e1%80%bd%e1%80%b1%e1%80%9b%e1%80%be%e1%80%ad%e1%80%94/
ကိုယ့်မှာ ပေါက်တဲ့ ဝက်ခြံတွေက ဟော်မုန်းကြောင့်လားဆိုတာ ဘယ်လိုသိနိုင်မလဲ
ဝက်ခြံက အမြဲပေါက်နေတာမဟုတ်ဘဲ တစ်ခါတစ်လေမှ ပေါက်တာဆိုရင် သင့်မှာဖြစ်နေတဲ့ ဝက်ခြံတွေကဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ပေါက်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ ဝက်ခြံတွေက ဟော်မုန်းကြောင့်လားဆိုတာ သိရစေဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။ဝက်ခြံတွေက အမြဲထွက်နေတာမျိုးမဟုတ်ဘဲ တစ်ခါတလေမှ ထွက်တာဆိုရင်တော့ ဟော်မုန်းကြောင့်ဖြစ်တဲ့ ဝက်ခြံတွေ ဖြစ်ဖို့များပါတယ်။ ဟော်မုန်းကြောင့်လားဆိုတာ ဒီအချက်တွေနဲ့တိုက်ဆိုင် စစ်ဆေးလိုက်ပါ။အသက် ၂၀ ဝန်းကျင်လောက်ဖြစ်မယ်။ အပျိုဖော်စဝင်ချိန် ဒါမှမဟုတ် လူပျိုဖော်ဝင်ချိန်ဖြစ်နေမယ်။ ဝက်ခြံတွေလည်း ရုတ်တရက် ထွက်လာမယ်ဆိုရင် ဒါက ကိုယ်တွင်းမှာ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်လာရတဲ့ ဝက်ခြံပါ။ဝက်ခြံက မျက်နှာရဲ့ နေရာအနှံ့မှာပေါက်နိုင်ပေမယ့် မေးရိုးတစ်လျှောက်နဲ့ မေးစေ့ပေါ်မှာ ဝက်ခြံပေါက်နေမယ်ဆိုရင်တော့ ဒါက အခြားအရာတွေကြောင့် ဆိုတာထက် ဟော်မုန်းကြောင့်ဖြစ်ဖို့ များပါတယ်။ အထူးသဖြင့် သက်ကြီးပိုင်းတွေမှာပါ။ဆယ်ကျော်သက်အရွယ်မှာဆိုရင်တော့ T zoneနေရာဖြစ်တဲ့ နဖူး၊ နှာခေါင်းနဲ့ မေးစေ့မှာ ပေါက်တတ်ပါတယ်။ဝက်ခြံက အမြဲလိုလိုဖြစ်နေတာမဟုတ်ဘဲ တစ်လမှ တစ်ကြိမ်လောက်ပေါက်တာဆိုရင်တော့ ဒါက ကိုယ်တွင်းမှာဟော်မုန်းအပြောင်းအလဲဖြစ်တာကြောင့် ဖြစ်တဲ့ဝက်ခြံတွေပါ။ လေဒီလေးတွေမှာတော့ အထူးသဖြင့်ရာသီသွေးဆင်းချိန်မှာ ဖြစ်တတ်ပါတယ်။စိတ်ဖိစီးမှုများတဲ့အခါ ထွက်လာတဲ့ ကော်တီစောဟော်မုန်းတွေကြောင့်လည်း ဝက်ခြံတွေဖြစ်စေနိုင်ပါတယ်။ အလုပ်ခွင်ဖိအားကြောင့်ဖြစ်ဖြစ်၊ လူမှုရေးကိစ္စတွေကြောင့်ဖြစ်ဖြစ် စိတ်ဖိစီးမှုများနေချိန်မှာ ဝက်ခြံတွေဖြစ်လာမယ်ဆိုရင်တော့ ဒါကဟော်မုန်းကြောင့်ဖြစ်တဲ့ဝက်ခြံတွေပါ။ကိုယ့်မှာဖြစ်တဲ့ဟော်မုန်းတွေက အခုအခြေအနေတွေနဲ့ သက်ဆိုင်နေမယ်ဆိုရင်တော့ ဒါတွေကဟော်မုန်းကြောင့်ဖြစ်တဲ့ ဝက်ခြံတွေလို့ ပြောပါရစေ။ဟော်မုန်းကြောင့် ဝက်ခြံတွေဖြစ်လာတဲ့အခါ ဒီနည်းလမ်းလေးတွေကို အသုံးပြုပြီး သက်သာအောင်လုပ်လို့ရပါတယ်။ဝက်ခြံကြောင့်ဖြစ်တဲ့ အရေပြားရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။ ဟော်မုန်းကြောင့်ဖြစ်တဲ့ ဝက်ခြံတွေကို သိသိသာသာသက်သာစေနိုင်ပါတယ်။ မျက်နှာသစ်ဆေးတွေ၊တိုနာတွေမှာ tea tree oil ပါဝင်နေနိုင်ပါတယ်။ ဒီလိုမှမဟုတ်ရင်လည်း ဝက်ခြံပေါ်မှာ tea tree oil ကိုသုံးပေးလို့ရပါတယ်။ တစ်နေ့ကို နှစ်ကြိမ် ပုံမှန်သုံးပေးလို့ရပါတယ်။အပင်ကနေရတဲ့ အက်ဆစ်တစ်မျိုးပါ။ သံပရာမျိုးရင်းဝင် အပင်တွေကနေရရှိနိုင်ပါတယ်။ဆဲလ်သေတွေကို ဖယ်ရှားပေးပြီးချွေးပေါက်တွေကို ပွင့်စေနိုင်ပါတယ်။ ဒီအက်ဆစ်ကို သုံးမယ်ဆိုရင်တော့ နေလောင်ကာခရင်မ်သုံးဖို့ကိုမေ့ထားလို့ မဖြစ်ပါဘူး။ အစိုဓာတ်လည်းး သေချာထိန်းပေးဖို့ လိုပါတယ်။အရေပြားရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ လက်ဖက်စိမ်းရေနွေးကြမ်း သောက်ပေးလို့ရပါတယ်။ လက်ဖက်စိမ်းရေနွေးကြမ်းနဲ့ ဝက်ခြံကိုလိမ်းပေးလို့လည်းရပါတယ်။ဒါတွေနဲ့ မသက်သာဘူးဆိုရင်တော့ အရေပြားဆရာဝန်နဲ့ ပြသပြီး ဟော်မုန်းဆေးဝါးတွေနဲ့ ကုသဖို့ လိုအပ်ပါတယ်။အစားအသောက်ကလည်း ဝက်ခြံပေါ်မှာ တော်တော်လေးသက်ရောက်မှုရှိပါတယ်။ ဝက်ခြံကိုသက်သာစေပြီး အရေပြားရောင်ရမ်းမှုကို သက်သာစေဖို့ဆိုရင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝတဲ့ အပင်ထွက် စားသောက်ကုန်တွေကို စားပေးသင့်ပါတယ်။နောက်တစ်ခုကအရေပြားကျန်းမာရေးအတွက် အရေးပါတဲ့Omega-3 fatty acidပါ။ဒီအစားအစာတွေကိုတော့ မစားသင့်ပါဘူး။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/hormonal-acne/
ကိုယ်ဝန်မရှိဘဲနှင့် နို့ထွက်နိုင်ပါသလား
နို့ထွက်ခြင်းဆိုသည်မှာ မိခင်နို့ထွက်စေတဲ့ဖြစ်စဉ်ကို ဖေါ်ပြတဲ့ စကားအခေါ်အဝေါ်တစ်ခုဖြစ်ပါတယ်။ နို့ထွက်ခြင်းဟာ ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ မိခင်အသစ်တွေမှာ ကလေးမွေးလာရင် အာဟာရဓါတ်ဖြည့်တင်းပေးဖို့အတွက် ဖြစ်ပါတယ်။ဒါကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ နို့ရည်ထွက်ခြင်းဟာ ပုံမှန်ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်မဆောင်တဲ့သူတွေမှာရော နို့ရည်ထွက်နိုင်ပါသလား။အဖြေကတော့ ထွက်နိုင်ပါတယ်။ သဘာဝအတိုင်းမှာ estrogen၊ progesterone နဲ့ prolactin ဟော်မုန်းတွေဟာ နို့ထွက်ခြင်းကို လှုံ့ဆော်တဲ့ ဟော်မုန်းသုံးခု ဖြစ်ပါတယ်။ ဟော်မုန်း အစားထိုး အသုံးပြုခြင်း (သို့) လှုံ့ဆော်ခြင်းတွေဟာ ဒီဟော်မုန်းတွေနေရာမှာ အစားထိုးနိုင်တာကြောင့် အမျိုးသမီးတွေဟာ ကိုယ်ဝန်မရှိပဲ နို့ထွက်နိုင်ပါတယ်။ပုံမှန်မဟုတ်တဲ့ ဟော်မုန်းပြောင်းလဲမှုဆိုင်ရာ အခြေအနေအချို့ဟာ အမျိုးသမီးတွေမှာ ကိုယ်ဝန်မရှိပဲ နို့ထွက်စေပါတယ်။ ဒီအခြေအနေတွေကတော့။သင့်ဆရာဝန်ကသာ စစ်ဆေးမှုပြုပြီး ပုံမှန်ဟုတ်မဟုတ် ပြောကြားနိုင်မှာ ဖြစ်ပါတယ်။ မိခင်မဟုတ်ပဲ နို့ထွက်ခြင်းဟာ ပြင်းထန်တဲ့ ရောဂါတွေကို ညွှန်ပြခြင်းမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သင့်မှာ ထူးဆန်းတဲ့ နို့ထွက်ခြင်း ဖြစ်လာပြီဆိုရင် ဆရာဝန်ကို ပြသသင့်ပါတယ်။အောက်ဖေါ်ပြပါ နည်းလမ်းတွေကတော့ အသုံးများတဲ့ ကုသနည်းတွေပဲ ဖြစ်ပါတယ်။အောက်ခံဂွမ်းထုပ်ပါတဲ့ သင့်လျော်တဲ့ ဘရာတွေကို ဝတ်ဆင်သင့်ပြီး ဒါဟာ အရည်ကြောင့် အဝတ်အစား စွန်းထင်းခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။အကြောင်းပြချက် သေချာသိပြီဆိုရင်တော့ သင့်လျော်တဲ့ကုသမှုကို ယူသင့်ပါတယ်။ မလိုလားတဲ့ နို့ထွက်ခြင်းကို ကာကွယ်ဖို့အတွက် လှုံ့ဆော်ခြင်းကို ဖြစ်စေတဲ့ အရာတွေကို ရှောင့်သင့်ပါတယ်။(ဥပမာ-ဆေးဝါး) ဒါ့ပြင် ကျပ်တဲ့ အဝတ်တွေ ဝတ်ခြင်းဟာ နို့သီးခေါင်း တွေကို ဆက်တိုက်ပွတ်တိုက်မှုဖြစ်စေတာကြောင့် ရှောင်ရှားသင့်ပါတယ်။[embed-health-tool-ovulation]
pregnancy
getting-pregnant
https://hellosayarwon.com/pregnancy/getting-pregnant/other-conception-topics/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%81%80%e1%80%94%e1%80%b9%e1%80%99%e1%80%9b%e1%80%bd%e1%80%ad%e1%80%98%e1%80%b2%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%82%8f%e1%80%af%e1%80%ad/
ဖန်တီးနိုင်စွမ်း ပိုကောင်းလာဖို့ ကိုယ့်ရဲ့စိတ်ကိုပြုပြင်ကြမယ်
အလုပ်ခွင်မှာ အရေးကြီးဆုံးကလေ ညမိုးချုပ်ထိအလုပ်လုပ်ဖို့လည်းမဟုတ်ဘူး၊ မိုးမလင်းခင်တည်းက လာအလုပ်လုပ်ဖို့လည်းမဟုတ်ဘူး၊ လူကြီးအမြင်ကြည်အောင်လုပ်ဖို့လည်းမဟုတ်ဘူး။ ကိုယ့်ရဲ့ဖန်တီးနိုင်စွမ်း(creativity)နဲ့ လုပ်နိုင်စွမ်း(productivity) ကောင်းဖို့က အဓိကပါပဲ။ဒါပေမယ့် ကိုယ့်မှာ အဲ့အပိုင်းကိုပဲ အရင်ကထက်ကျဆင်းလာပြီး စိတ်ဖိစီးမှုတွေပဲ ထမ်းပိုးလာရတယ်ဆို ပုံမှန်မဟုတ်တော့ပါဘူး။ဒီလိုဆို အမြန်ကုစားဖို့လိုနေပါပြီ။ အလုပ်တွေပိုလုပ်နိုင်လာဖို့က ဘာကိုလိုအပ်မယ်ထင်ပါသလဲ။ အရင်ဆုံး – ကိုယ့်စွမ်းရည်တွေကို အဟန့်အတားဖြစ်နေတဲ့အရာတွေ ဘာတွေရှိမလဲဆိုတာကို ပြန်သုံးသပ်ပါ။ပထမဆုံး ကိုယ့်ခေါင်းထဲပေါ်ပေါ်လာတဲ့ အတွေးတွေကို တစ်ချက်ပြန်ဆန်းစစ်ပါ။ လူဆိုတာ အကျင့်ပါတတ်တဲ့အမျိုးမို့ အဆိုးမြင်တာ၊ အပြစ်တင်တာ၊ ကြိုတွေးပူတာတွေလို ကိုယ့်စိတ်မှာ အဆိပ်ဖြစ်စေမယ့် အတွေးတွေ ဖြစ်လာတယ်ဆို အကျင့်မပါပါစေနဲ့။ အကောင်းမြင်ဘက်က အတွေးတွေကို မွေးမြူပါ။ စိတ်ဖိစီးတာ၊ ပူပန်တာတွေကြောင့် အကျိုးရှိမလာနိုင်တာမို့ ဒါတွေ တွေးမယ့်အစား ဖြေရှင်းဖို့ကို အရင်တွေးပါ။ ရှုထောင့်ပြောင်းပြီး ကောင်းတဲ့ဘက်က ပြောင်းမြင်ကြည့်ပါ။လူကအရင် ကြည်လင်လန်းဆန်းနေမှ စိတ်ကလည်း အတူ ပြောင်းလဲလာမှာပါ။ နည်းနည်းပဲဖြစ်ဖြစ် ပျော်ရွှင်မှုကို ပိုရချင်ရင် ခန္ဓာကိုယ်မှာ အကောင်းဘက်ကို အရင်ပြောင်းလဲလိုက်ပါ။ နေပုံထိုင်ပုံ၊ သွားပုံလာပုံကအစ အမူအကျင့်နဲ့ အလေ့အထတွေမှာ ပြုပြင်ပြောင်းလဲပြီးကျင့်ယူပါ။ ကိုယ်နေဟန်ထား ပုံစံကျအောင်နေမယ်၊ မကြာခဏ ပြုံးရယ်တတ်အောင်နေမယ်၊ တက်ကြွလှုပ်ရှားအောင် နေမယ်ဆိုရင် လုံလောက်ပါပြီ။အဆင်မပြေမှုတွေ ကြုံလာခဲ့ရင်တောင် ဟာသလုပ်ပစ်နိုင်ပါစေ။ ပျော်ပျော်နေတတ်သူအဖို့ ဘယ်ပြဿနာကိုမဆို ရှောင်ပုန်းစရာမလိုဘဲ အကောင်းဆုံးနည်းနဲ့ကျော်လွှားနိုင်ပါတယ်။ အခုဖြစ်လာတဲ့အခြေအနေက နောက်ပိုင်းကောင်းဖို့အတွက် ဖြစ်လာနိုင်တယ်လို့ တွေးပြီး ရင်ဆိုင်ပါ။ စိန်ခေါ်မှုတွေ၊ စိတ်ညစ်စရာတွေကို ရယ်စရာလုပ်ပစ်လိုက်တဲ့အခါစိတ်ဖိစီးမှုတွေလျော့စေပြီး နည်းလမ်းမှန်ကိုမြင်လာနိုင်တယ်၊ အတွေးကောင်းတွေပေါ်လာနိုင်တယ်လေ။ကျွန်မတို့တွေက ပျော်စရာကောင်းခဲ့တဲ့အခိုက်အတန့်လေးတွေကို သေချာအသိအမှတ်မပြုပေးဘဲ‌ ကျော်လွန်ခဲ့မိကြတာများပါတယ်။ ကိုယ့်သူငယ်ချင်းက surprise လက်ဆောင်လေးပေးတာ၊ ချစ်ခင်ကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ပျော်ရွှင်ခဲ့ရတာ၊ ကိုယ်စိတ်ညစ်နေချိန်မှာ ရယ်စရာလေးပြောပြီးအားပေးခဲ့သူ တွေကြောင့် စိတ်ဓာတ်မကျခဲ့တာ စတဲ့ အခိုက်အတန့်လေးတွေကို အသိအမှတ်ပြု၊ မှတ်သားထားသင့်ပါတယ်။ ကိုယ့်မှာအဆင်မပြေတာတွေ၊ စိတ်ညစ်စရာတွေဖြစ်လာတဲ့အခါ ဒီလိုပျော်စရာတွေကို ပြန်တွေးလိုက်ပါ။ အမှတ်တရကောင်းတွေသာ သိမ်းဆည်းထားပါ။ အချိန်မရွေး စိတ်ချမ်းသာရပါလိမ့်မယ်။ကျေးဇူးတင်တတ်တဲ့ အမူအကျင့်လေးကြောင့် စိတ်ဖိစီးမှုတွေလျော့နည်းစေတယ်၊ အခက်အခဲဖြစ်နေချိန်မှာတောင် ‌ဖြေသာတယ်၊ အကောင်းမြင်တတ်စေတယ်။ ကိုယ့်အတွက် သက်သာရာရစေတဲ့၊ ပျော်ရွှင်မှုဖြစ်စေခဲ့တဲ့အရာ သို့မဟုတ် လူပုဂ္ဂိုလ်တွေ၊ အချိန်အခါ တွေကို ပြန်တွေးပါ။ အသေးအဖွဲလေးပဲဖြစ်ပါစေ ကျေးဇူးတင်စိတ်လေးဖြစ်လာတာနဲ့ အဆိုးမြင်စိတ် ဖြစ်လာနိုင်ခြေကို တားဆီးနိုင်ပါတယ်။ဘယ်ဘက်မှာ ကိုယ်က ဖန်တီးနိုင်စွမ်း ပိုကောင်းလဲမသိသေးဘူး၊ ဘယ်အလုပ်မှာအားသန်သလဲ သတိမထားမိသေးဘူးဆိုရင် ရှာဖွေပါ။ လက်မှုပညာလား၊ နည်းပညာမှာလား၊ အရေးအသားပိုင်းလား၊ ပန်းချီလား။ ကိုယ့်ဝါသနာနဲ့ အားသန်ရာကို အချိန်ပေးပါ။ အတွေးတွေများနေမယ့်အစား ကိုယ့်ရဲ့ဖန်တီးနိုင်စွမ်းကို ထပ်ပြီး အရောင်တင်လိုက်ပါ။လူဆိုတာက ပတ်ဝန်းကျင်ရဲ့လွှမ်းမိုးမှုကို လွန်ဆန်ဖို့ခက်ပါတယ်။ ကိုယ့်အနားကလူတွေက အဆိုးမြင်တတ်၊ ပူလောင်တတ်တဲ့ စိတ်တွေပိုင်ဆိုင်ထားရင် ကိုယ့်ကိုလည်းတစ်ချိန်ချိန်ကူးစက် လာမှာမလွဲပါဘူး။ ဒါ့ကြောင့်အကောင်းမြင်တတ်၊ စိတ်ပေါ့ပါးတတ်တဲ့သူတွေနားမှာနေပါ။ တိုးတက်မှုအတွက် ရှာဖွေရမှာတော့ ကိုယ့်အပိုင်း၊ ကိုယ့်တာဝန်မို့ သိပ်တော်၊သိပ်တတ်တဲ့သူတွေနဲ့ချည်း နေဖို့မစဉ်းစားပါနဲ့။ စိတ်အေးချမ်းချင်ရင်ပေါ့။ဘဝမှာ ဘာဖြစ်ချင်လဲဆိုတဲ့ ရည်မှန်းချက်အကြီးတွေထက် ကိုယ့်အတွက်မြန်မြန်ဖြစ်မြောက်လာနိုင်တဲ့ ခပ်သေးသေးအောင်မြင်မှုတွေကို ရည်မှန်းပါ။ ခုနက ကိုယ့်ရည်မှန်းချက်အကြီးအတွက် လှေကားထစ်တွေဖြစ်ခဲ့ရင်တော့ အကောင်းဆုံးပေါ့။ တစ်ဆင့်ချင်းစီကို ကျော်လွန်နိုင်ခဲ့တိုင်း အောင်မြင်မှုကို အကြိမ်ကြိမ်ခံစားနိုင်တာမို့ ခြေလှမ်းတိုင်းက အားအင်အပြည့်နဲ့ ပျော်စရာကောင်းနေပါလိမ့်မယ်။[embed-health-tool-bmi]
healthy-mind
healthy-mind
https://hellosayarwon.com/healthy-mind/other-mental-health-issues/practical-tips-to-achieve-a-positive-mindset/