title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
အိပ်ရာပေါ်မှာ သင် စွမ်းဆောင်ရည်မဲ့နေတာ မဟုတ်ပါဘူး၊ ဒီ အချက် (၉) ချက်ကြောင့်ပါ
အမျိုးသားတစ်ယောက်ရဲ့ အတွင်းစိတ်ထဲက တောင့်တမှုတွေထဲမှာအိပ်ရာပေါ်မှာစွမ်းဆောင်ရည်ကောင်းပြသနိုင်ဖို့ကလည်း တစ်ခုအပါအဝင်ပါပဲ။ ဘယ်အချိန်မှာမဆို တစ်ဖက်သား ကျေနပ်သွားအောင် စွမ်းဆောင်ပြနိုင်ဖို့ အမျိုးသားတိုင်းက မျှော်လင့်ကြပါတယ်။ဒါပေမယ့် လူတိုင်းတော့ ဆန္ဒပြည့်ဝကြတယ်လို့တော့ မဟုတ်ပါဘူး။ အဓိက အကြောင်းပြချက်ကတော့ မြင့်မားလှတဲ့ မျှော်လင့်ချက်ကြောင့်ပါပဲ။ မျှော်မှန်းချက်မြင့်မြင့်မားမားထားရှိနေတာမို့ အဲ့ဒီမျှော်မှန်းချက်ကပဲ စိုးရိမ်စိတ်ကို ပြန်ဖြစ်စေတာပါပဲ။ဒီလိုပြဿနာမျိုးကို အိပ်ရာပေါ်မှာ မကြာခဏ ကြုံဆုံရလေ့ရှိပါတယ်။ ဒီကိစ္စမျိုးက အတွေ့အကြုံရှိသူရော မရှိသူပါ ကြုံရနိုင်တဲ့ ပြဿနာမျိုးဖြစ်ပါတယ်။ ငါလုပ်နိုင်ပါ့မလား၊ ငါအဆင်ပြေပါ့မလား၊ ပုံမှန်စွမ်းဆောင်ရည်မျိုး ပြနိုင်ပါ့မလားဆိုတာတွေကို တွေးပူရင်း ကိစ္စပြီးမြောက်ဖို့ အခက်တွေ့ကုန်ကြတော့တာပါပဲ။လိင်ဆက်ဆံရာမှာအဓိကအကျဆုံး အစိတ်အပိုင်းက ဘယ်အရာလဲလို့ မေးမြန်းတဲ့အခါ လူတိုင်းက လိင်အင်္ဂါအစိတ်အပိုင်းတွေကိုသာ လက်ညှိုးညွှန်ကြမှာပါ။ ဒါပေမယ့် တကယ်တမ်းအရေးအကြီးဆုံးက ဦးနှောက်ဖြစ်ပါတယ်။ဦးနှောက်ရဲ့ မောင်းနှင်အားက ဒီဖြစ်ရပ်တစ်ခုလုံးရဲ့ အသက်ပါပဲ။ စိတ်အားထက်သန်မှု၊ ယုံကြည်မှုမပြည့်ဝဘူးဆိုရင် သင်စွမ်းဆောင်ချင်သလိုမျိုးဖြစ်လာဖို့ မမျှော်လင့်ပါနဲ့။ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင် အိပ်ရာပေါ်မှာ အမျိုးသားတွေ စိုးရိမ်ပူပန်တတ်တဲ့ အကြောင်းအရာတွေကို သိနားလည်ထားဖို့လိုအပ်ပါတယ်။ ဒါမှဦးနှောက်ကကြိုတင်ချိန်ဆပြီး ဖြေရှင်းနိုင်မှာမဟုတ်လား။အမျိုးသားတွေ ကုတင်ပေါ်မှာ တွေးပူတတ်တဲ့ ကိစ္စတွေက ဘာတွေလဲ? ကြည့်ကြည့်ရအောင်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/mens-biggest-bedroom-worries/
ဦးနှောက်အတွက် ကောင်းမွန်သော အစားအစာများ
ဦးနှောက် ၏ ၆၀ % ကို အဆီများဖြင့် ဖွဲ့စည်းထားပြီး အာရုံကြောများသည် ခန္ဓါကိုယ်၏ မည်သည့် စနစ်တွင်မဆို ဖြန့်ကျက်ထားသည်။ထို့ကြောင့် နေ့စဉ်စားနေသော အစားအစာများတွင် ကောင်းသော အဆီများပါလေလေ သင့်ဦးနှောက်အတွင် ကောင်းမွန်လေလေဖြစ်ပါသည်။ ဦးနှောက်သည် အဆီဓါတ်ကိုလုံလောက်စွာရရှိနေသော်လည်း များသောအားဖြင့် ကျွန်ုပ်တို့စားနေသော အဆီများသည် ကောင်းကျိုးမပြုသော အဆီများဖြစ်နေကြသည်။ ဒီတော့ ဦးနှောက်အတွက် ကောင်းမွန်သော အစားအစာများ အကြောင်း  နည်းနည်းလောက် လေ့လာကြည့်ရအောင်နော်။ဦးနှောက်အတွက် ကောင်းမွန်သော အစားအစာများ ကတော့ အဆီဓာတ်ပါ။ ဦးနှောက်အတွက် လိုအပ်သည့် ကောင်းသော အဆီများမှာ Omega 3 နှင့် DHA တို့ဖြစ်သည်။ Omega 3 နှင့် DHA အဆီဓါတ်များသည် ဦးနှောက်အတွက် ကောင်းမွန်ကြောင်း နားလည် သဘောပေါက်ရမည်။ကျွန်ုပ်တို့ ဦးနှောက်သည် ခန္ဓါကိုယ်အနှံ့တွင် မည်သည့်အစိတ်အပိုင်းများတွင် လိုအပ်ချက်များရှိကြောင်းကို ဓါတုသတင်းပို့လွှတ်ချက်များထုတ်လွှတ်ကာ ဆက်သွယ်ပေးနေသော အဓိကကျသည့် အစိတ်အပိုင်းဖြစ်ပါသည်။အဆိုပါ ဓါတုဆက်သွယ်ရေးပစ္စည်းများမှာ Prostaglandin ဟုခေါ်သော ဓါတ်ပေါင်းများဖြစ်ပြီး ယင်းတို့သည် ကိုယ်ခန္ဓါ၏ ပြူပြင်ပြောင်းလဲမှုစနစ်တွင်ပါဝင်သည်။ကိုယ်ခန္ဓါသည် ကောင်းမွန်သော အဆီဓါတ်၂ မျိုး (Omega 3, Omega 6) နှင့် အတူ ဆက်သွယ်ပေးသောပစ္စည်း ၂ မျိုး (ဦးနှောက်ဆဲလ်များ နှင့် Prostaglandin )ကို လိုအပ်သည်။omega 6 အဆီဓါတ်ကို ဆူးပန်း၊ နေကြာပန်းနှင့် နှမ်းစေ့တို့မှရရှိနိုင်သည်။omega ၃ အဆီဓါတ်ကို နှမ်းကြတ်စေ့၊ ဖရုံစေ့၊ သစ်ချစေ့၊ ရေချိုငါး၊ ဆာလမွန်ငါး နှင့်တူနာငါးတို့မှ ရရှိနိုင်သည်။ထိုအဆီဓါတ်များသည် ဦးနှောက်ဆဲလ်များအတွက် အရေးကြီးသော အရာများဖြစ်ပြီး ခန္ဓါကိုယ်တွင်ရှိသော ဆဲလ်များ၏ အတွင်းနှင့် အပြင်ကိုအာဟာရဓါတ်များသယ်ပေးသော ဆဲလ်အလွှာများအတွက်လည်း အရေးကြီးသော အဆီဓါတ်များဖြစ်ပါသည်။လူ့ခန္ဓါကိုယ်တွင်ရှိသော ဆဲလ်များနှင့် ဦးနှောက်တို့သည် အမှန်တကယ်လိုအပ်သော အဆီဓါတ်ကို မရရှိသောအခါ ဆဲလ်များသည် ထိုအဆီဓါတ်နှင့်တူသော အဆီဓါတ်တမျိုးကို ဖွဲ့စည်းလိုက်သည်။ ထိုသို့ ဖွဲ့စည်းလိုက်သော အဆီဓါတ်များသည် လူကို အန္တရာယ်ဖြစ်စေပါသည်။ထိုသို့အစားထိုးဖွဲ့စည်းလိုက်သော အဆီဓါတ်များသည် ဟိုက်ဒြိုဂျင် အဆီဓါတ်အများအပြားပါသော အစားအစာများနှင့် Omega 6 အဆီဓါတ်လွန်ကဲစွာပါသော အစားအစာများတွင် အများဆုံးပါရှိပြီး စိတ်ဓါတ်ကျခြင်း နှင့် စိတ်အာရုံစုစည်းမရခြင်းစသည်တို့ကို ဖြစ်စေပါသည်။Omega 3 အဆီဓါတ်များစွာပါဝင်သော ငါးကြီးဆီနှင့် DHA တို့သည် ကိုယ်ထဲတွင် ကျန်းမာစေသော အဆီဓါတ်ကို ရရှိစေရုံမျှမက လူကို အန္တရာယ်ဖြစ်စေသော သွေးထဲရှိ ကိုလက်စထရောကို ကျဆင်းစေပြီး ခန္ဓါကိုယ်တွင် မကောင်းသော အဆီများအစားထိုးဝင်ရောက်ခြင်းကိုလည်းဟန့်တားပေးသည်။အဆီဓါတ်သည် အထူးသဖြင့် ကြီးထွားနေသော ကလေးငယ်များနှင့် သက်ကြီးပိုင်းများတွင် ဦးနှောက် ဖွံ့ဖြိုးမှုနှင့် ဦးနှာက်၏ စွမ်းဆောင်ရည်ကို မြင့်မားစေသည်။ ဦးနှောက်သည် အာဟာရဓါတ်ပြည့်ဝစွာရရှိရန် အလိုအပ်ဆုံးအချိန်မှာ ဦးနှောက် ကြီးထွားမှု ဖြစ်နေသည့် အသက် ၂ နှစ်အရွယ်အထိ နှင့် သက်ကြီးပိုင်းများပင်ဖြစ်သည်။ အစာအာဟာရမှရရှိသော အဆီဓါတ်များသည် ဦးနှောက်ကြီးထွားလာခြင်း နှင့် အိုမင်းလာခြင်းကိုပါ အကျိုးပြုစေသည်။အဆီဓါတ်သည် ဦးနှောက်တွင် ရှိသော ဆဲလ်များနှင့် အာရုံကြောများကို ကာရံထားသော အဆီလွှာများအတွက် အရေးကြီးပါသည်။ ထို့ကြောင်း ကောင်းမွန်သော အဆီဓါတ်ကို လုံလောက်စွာရရှိမှသာ ဦးနှောက်၏ လုပ်ဆောင်ရည်များကောင်းမွန်မည်ဖြစ်သည်။DHA သည်ဦးနှောက်တွင် ရှိသော အချိန်အပိုင်းအခြားလိုက်မှတ်ဉာဏ်များကို ကောင်းမွန်စေသည်။ ငါး၊ အသားနှင့် ရေမှော်များကို မစားနိုင်သူများအတွက် အရေးပါသော ဖြည့်စွက်စာအနေနှင့် တနေ့လျှင် DHA ၁ ဂရမ်စားသုံးသင့်သည်ဟုဆိုသည်။ငါးကြီးဆီများသောက်သုံးရာတွင်လည်းဆေးဘူးမှာကပ်ထားသော အညွှန်းတွင် တနေ့လျှင် DHA ၁ ဂရမ် (1000 mg) ရရှိရန် ဆေးတောင့် အရေအတွက် မည်မျှသောက်သုံးရမည်ကို ကြည့်ပြီးသောက်သုံးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/healthy-brain-foods/
အမျိုးသားတွေကို အသေအပျောက်များစေတဲ့ ရောဂါများ
World health rankingရဲ့  ၂၀၁၈ ဒေတာတွေအရ မြန်မာနိုင်ငံမှာရှိတဲ့အမျိုးသားတွေရဲ့ သက်တမ်းက ၆၄.၆နှစ်ဖြစ်ပြီး အမျိုးသမီးတွေရဲ့ အသက်က ၆၈.၉နှစ် ဖြစ်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် အသက်ပိုရှည်တယ်လို့ ပြောလို့ရတာပေါ့။  မျိုးရိုးဗီဇအရ ဆိုရင်လည်း အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီးကျန်းမာကြပါတယ်။ ရောဂါတစ်ခုအကြောင်းကို သင်ကြားတဲ့အခါ ဘယ်သူတွေမှာ အဖြစ်များလဲလို့ ကြည့်လိုက်ရင်လည်း အမျိုးသားတွေဆီမှာ အဖြစ်များတာကို တွေ့ရပါတယ်။ ကမ္ဘာမှာ အသေအပျောက်အများဆုံး ရောဂါ ၁၅ခုကို ကြည့်လိုက်မယ်ဆိုရင်လည်းအယ်ဇိုင်းမားကလွဲပြီး ကျန်တဲ့ရောဂါတွေက အမျိုးသားတွေမှာ အဖြစ်များတဲ့ ရောဂါတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ကဲ ….. အမျိုးသားတွေကို အသေအပျောက်များစေတဲ့ ရောဂါများ အကြောင်း လေ့လာကြည့်လိုက်ရအောင်နော်။နောက်ထပ်တစ်ခုက အမျိုးသားတွေရဲ့ ကျန်းမာရေးအပေါ်ခံယူချက်ပါ။ အမျိုးသမီးတွေကတော့ တစ်ခုခုဆို စိုးရိမ်တတ်ကြတယ်။ အနာလည်း သိပ်မခံနိုင်ကြဘူး။ ကိုယ့်အတွက်မဟုတ်တောင် ငါမရှိရင် ဘယ်သူထမင်းချက်မှာလဲဆိုတဲ့စိတ်နဲ့ ဆေးရုံဆေးခန်းသွားကြတယ်။ တချို့ကလည်း စိတ်မြန်လက်မြန် မြန်မြန်ကု မြန်မြန်ပျောက်ဆိုပြီး ကုသမှုခံယူကြတာကို တွေ့ရပါတယ်။ဒါနဲ့ ဆန့်ကျင်ဘက် အမျိုးသားတွေကျတော့ သူတို့အနေနဲ့ ဘယ်လိုပဲ ခံစားရပါစေ။ နေ့စဉ်လုပ်ငန်းဆောင်တာတွေ လုပ်နိုင်သရွေ့ ကျန်းမာတယ်လို့ပဲ သတ်မှတ်ပါတယ်။ တော်ရုံဆို ယောက်ျားပဲဆိုပြီး ကြိတ်ခံလိုက်ကြပါတယ်။ မသိစိတ်က ယောကျာ်းကြီးတန်မဲ့ ဆေးခန်းပြရမှာ ရှက်စရာ၊ အလုပ်လည်း ရှုပ်ပါတယ်လေဆိုပြီး ထားလိုက်တာ များပါတယ်။ နောက်ပြီး အန္တရာယ်များတဲ့ ကျန်းမာရေး အပြုအမူတွေလို့ သတ်မှတ်ထားတဲ့ဆေးလိပ်သောက်တာ၊အရက်သောက်တာ၊မူးယစ်ဆေးသုံးတာ စတာတွေကိုလည်း အမျိုးသားတွေ လုပ်တာများပါတယ်။ (ခုခေတ်တော့ အမျိုးသမီးတွေလည်း အမီလိုက်လာပါပြီ။)။ဒါတွေကြောင့်များ အမျိုးသားတွေက အမျိုးသမီးတွေထက် ရောဂါတွေ ပိုဖြစ်ကြတာလားလို့ ယူဆစရာရှိပါတယ်။ လူတိုင်းကိုတော့ မဆိုလိုပါဘူး။ တချို့လည်း ကိုယ့်အသိစိတ်ဓာတ်နဲ့ကို ကျန်းမာရေး လိုက်စားကြတဲ့သူတွေလည်း ရှိပါတယ်။ ပြန်ဆက်ရရင် ဒီလိုအချက်တွေကြောင့် အမျိုးသားတွေဟာ ရောဂါဖြစ်နိုင်ချေ များနေတာပါ။ ရောဂါတွေအများကြီး ရှိပေမယ့် အရေးကြီးတဲ့ရောဂါတချို့ကို ကြည့်ကြည့်ရအောင်။အမျိုးသားတွေကို အသေအပျောက်များစေတဲ့ ရောဂါများ ကတော့။နှလုံးရောဂါလို့ ပြောလိုက်ရင် အများကြီးပါတာပေါ့။လေဖြတ်တာ၊ နှလုံးသွေးကြောကျဉ်းတာ စသဖြင့်ပေါ့။ ဒါတွေ အကုန်လုံး အမျိုးသားတွေမှာ ဖြစ်နိုင်ပါတယ်။ American Heart Association အဆိုအရဆိုရင် သူတို့ အမေရိကန်မှာ အသက် ၄၅နှစ်အောက် အမျိုးသားတွေဟာ သွေးတိုးတာ များပါတယ်တဲ့။ ဒါကြောင့် အသက် ၄၀လောက်ဖြစ်လာပြီဆိုရင် ကိုယ့်ရဲ့ နှလုံးကို ပုံမှန်စစ်ဆေးဖို့ လိုလာပါပြီ။ ဒါ့ပြင် တခြား အန္တရာယ်ရှိတဲ့ အပြုအမူတွေ ဖြစ်တဲ့ ဆေးလိပ်သောက်တာ၊ ကိုယ်အလေးချိန်များတာ၊ သွေးတွင်းအဆီများတာကိုလည်း ထိန်းသိမ်းဖို့ လိုလာပါပြီ။အဆုတ်ရောဂါတွေရဲ့ အစကတော့ ချောင်းဆိုးတာပါပဲ။ ဆေးလိပ်လေးသောက်လိုက် ချောင်းလေးဆိုးလိုက်၊ ဘာဖြစ်လဲ ခဏနေပျောက်သွားမှာပါဆိုတဲ့ ငြင်ဆိုးလေးက ကိုယ့်ကို တွန်းအားပေးနေတာပါ။ ဒီလို ချောင်းဆိုးတာကနေပဲ နောက်ပိုင်း အသက်မရှူနိုင်လောက်တော့တဲ့ ရောဂါတွေအထိ ဖြစ်သွားတာပါ။ American Lung Association အဆိုအရ တစ်နှစ် တစ်နှစ် အဆုတ်ကင်ဆာကြောင့် သေဆုံးရတဲ့ အမျိုးသားတွေ ပိုပိုပြီး များလာပါတယ်တဲ့။ လုပ်ငန်းခွင်ထဲက ကျောက်မှုန့်တွေ ရှူမိလို့ အဆုတ်ထိခိုက်ရတာတွေ ရှိပေမယ့် ဆေးလိပ်ကြောင့် အဆုတ်ပျက်စီးတာကိုတော့ မမီသေးပါဘူး။ ဆေးလိပ်သောက်တာ နှစ် ၃၀လောက်ရှိနေပြီဆိုရင် ကွန်ပျူတာ ဓာတ်မှန်လေးရိုက်ပြီးတော့ ဖြစ်ဖြစ်အဆုတ်ကင်ဆာစစ်ကြည့်ဖို့ အကြံပြုထားပါတယ်။CDC အဆိုအရ အမျိုးသား တွေဟာ အမျိုးသမီးတွေထက် အရက်ကြောင့် သေဆုံးတာ၊ ဆေးရုံတက်ရတာ ပိုများပါတယ်တဲ့။ အမျိုးသားတွေက အမျိုးသမီးတွေထက် နှစ်ဆလောက်ပိုသောက်နိုင်တာကိုး။ ဒီအရက်ကြောင့်ပဲ ရန်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာ၊ မတော်တဆဖြစ်တာ၊အိမ်တွင်းအကြမ်းဖက်မှုတွေလည်း ပိုဖြစ်လာပါတယ်။ နောက်ပြီး ရေရှည်မှာ မြုံတာကစလို့ ကိုယ်တွင်းအင်္ဂါတွေလည်း ကင်ဆာတွေဖြစ်ပြီး အသက်ဆုံးရှုံးနိုင်ပါသေးတယ်။အမျိုးသားတွေဟာ အပြင်ပန်းကြည့်ရင် စိတ်မာတယ်ထင်ရပေမယ့် သူတို့ဟာလည်း ခံစားတတ်တဲ့ လူသားပါပဲ။ သူများတွေလိုပဲ စိတ်ဖိစီးတတ်တယ်၊ ဝမ်းနည်းတတ်တယ်။ ယောကျာ်းလေးမဟုတ်ဘူးလား၊ မငိုရဘူးလေ ဆိုတာတစ်ခုတည်းနဲ့ သူတို့ရဲ့ ခံစားချက်တွေကို မျိုသိပ်ခိုင်းတာ သိပ်တော့ သဘာဝမကျပါဘူး။ နှစ်စဉ်နဲ့ အမျှစိတ်ကျတဲ့ အမျိုးသားတွေ များပြားလာပြီး အကျိုးဆက်အနေနဲ့ ကိုယ့်ကိုယ်ကို သတ်သေတာတွေပါ လိုက်လာပါတော့တယ်။ဒီလို မဖြစ်အောင် ကိုယ့်ရဲ့ ခံစားချက်ကို ရင်ဖွင့်ပါ။ တတ်ကျွမ်းသူဆီမှာ ကုသမှု ခံယူပါ။ ကိုယ်မကျန်းမာတာကိုတောင် ဆေးမကုချင်တဲ့ အမျိုးသားတွေအတွက် စိတ်ကျန်းမာရေးကုသမှု ခံယူဖို့ဆိုတာ အခက်အခဲပါပဲ။ တကယ်တော့ ဒီနှစ်ခုက တူတူပါပဲ။ ဒီနှစ်ခုလုံးကျန်းမာမှ လူက ကျန်းမာတယ်လို့ ခေါ်နိုင်မှာပါ။ တခြားရောဂါတွေနဲ့ တူတူပဲမို့လို့ ကုသမှုခံယူဖို့ မရှက်ပါနဲ့။ဒါကတော့ ပြောနေစရာတောင် မလိုပါဘူး။ ယာဉ်တိုက်မှု၊ ရေနစ်တာက စလို့ ဓာတ်လိုက်တာ၊ အမြင့်ကပြုတ်ကျတာ အကုန်လုံး အမျိုးသားတွေက ပိုအဖြစ်များပါတယ်။ လွယ်လွယ်လေးပါဆိုပြီး ပေါ့ဆမိတာလည်း ပါမှာပေါ့။ ဘာပဲလုပ်လုပ် safety measuresကို မမေ့ပါနဲ့။ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ မူးယစ်ဆေး သုံးစွဲတာတွေကြောင့် အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး အပါအဝင် အသည်းအဆီဖုံးတာ၊ အသည်းခြောက်တာ၊အသည်းကင်ဆာအထိ ဖြစ်နိုင်ပါတယ်။ ယောကျာ်းလေးတစ်ယောက် အသည်းမကောင်းရင် အရက်သောက်လားလို့ စမေးရတဲ့အထိ အဖြစ်များပါတယ်။ဆေးလိပ်သောက်တတ်တဲ့ အကျင့်ရှိသူဆိုရင် အဆုတ်မကောင်းတာကြောင့် သူများထက် ရောဂါပိုးဝင်လွယ်မှာပါ။ တစ်ဆက်တည်းမှာပဲ ခုခံအားလည်း ကျနေမှာ ဖြစ်တဲ့အတွက် နလန်ထဖို့လည်း မလွယ်ပါဘူး။ ဒီလိုနဲ့ပဲအဆုတ်ရောင်ပြီး သေဆုံးသွားရတာတွေ ရှိပါတယ်။အမျိုးသားတွေကHIV ပိုးကူးခံရင်တောင် ကူးထားမယ်သိမှာ မဟုတ်ပါဘူး။ အစောပိုင်းကာလမှာ အအေးမိသလိုလို၊ တုပ်ကွေးဖြစ်သလိုလို ခံစားရတာပဲလည်း ပါတာပေါ့။ ၂၀၂၀ CDC ရဲ့ ဒေတာတွေအရ အမျိုးသားတွေဟာ HIVကူးစက်ခံရတာ ပိုများပြီး သူတို့ထဲက အများစုကလိင်တူဆက်ဆံသူတွေ ဖြစ်ပါတယ်တဲ့။အမျိုးသားဖြစ်တိုင်း ဒီရောဂါတွေ ခံစားရမယ်လို့ ပြောတာမဟုတ်ပါဘူး။ ပြန်ကြည့်ကြည့်လိုက်ရင် အမျိုးသားဖြစ်နေတယ် ဆိုတာထက် ကိုယ့်ရဲ့ အပြုအမူတွေကသာ ရောဂါတွေကို ပိုဖြစ်စေတာပါ။ ဒီအပြုအမူတွေကို ရှောင်ကြဉ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်မယ်။ နေထိုင်မယ်ဆိုရင် အသက်ရှည်ရှည်နေနိုင်မှာပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/common-diseases-that-shorten-lifespan-in-men/
အစာအိမ်အကြောင်း ယုံတမ်းအထွေထွေ
အစာအိမ်အကြောင်း ယုံတမ်းအထွေထွေ ကို သိပြီးပြီလား! မသိသေးဘူးဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။အစာအိမ်ဆိုတာ ဘာလဲ။ တကယ်တော့ အစာအိမ်ဆိုတာ ကိုယ်နေ့စဉ်နဲ့အမျှ စားသောက်လိုက်တဲ့ အစာတွေကို ချေဖျက်ပေးနိုင်တဲ့ခန္ဓာကိုယ်အတွင်းက အစိတ်အပိုင်းတစ်ခုပါ။ဝမ်းတစ်လုံးမကောင်းရင် ခေါင်းခဲရတယ်ဆိုတဲ့ မြန်မာစကားပုံလေးလည်း ရှိတယ်မဟုတ်လား။ အစာအိမ်ကအစားအစာတွေကို ကောင်းကောင်းမချေဖျက်နိုင်ရင် ကိုယ့်ရဲ့ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ဒီလိုအရေးပါလှတဲ့ အစာအိမ်နဲ့ပတ်သက်ပြီး လူတွေရဲ့အကြားမှာ ယုံတမ်းစကားတွေ၊ အယူအဆမှားတွေ အများအပြားရှိနေပါတယ်။ အစာအိမ်လေးကျန်းမာနေဖို့ဆိုရင် ဒီလို ယုံတမ်းအမှားတွေကို ရှောင်ရှားနိုင်ဖို့ လိုမှာပါ။အစာအိမ်အကြောင်း သေသေချာချာ သိရှိမထားဘူးဆိုရင် လူအများစု လက်ခံထားကြတဲ့ ယုံတမ်းစကားတွေကို အမှန်တရားထင်ပြီး အမှားတွေ ကျူးလွန်မိနိုင်ပါတယ်။ ဒါကြောင့် အစာအိမ်လေးနဲ့ ပတ်သက်နေတဲ့ ယုံတမ်းအထွေထွေကို စုစည်းဖော်ပြပေးချင်ပါရဲ့။အစာအိမ်အကြောင်း ယုံတမ်းအထွေထွေ တွေက ဘာတွေ ဖြစ်မလဲဆိုတော့။ပီကေတွေ မျိုချမိရင် အစာချေဖျက်နိုင်ဖို့ အချိန်ယူရတာမှန်ပါတယ်။ ဒါပေမယ့် နှစ်ချီတော့ မကြာပါဘူး။ ရက်အနည်းငယ်ပါပဲ။အပူအစပ်စာတွေကိုမှ နှစ်သက်သူတွေကို မကြာခဏ ခြိမ်းခြောက်တတ်တဲ့ စကားတစ်ရပ်ပါ။ တကယ်တော့ အစာအိမ်အနာဟာအပူအစပ်တွေကြောင့် မဟုတ်ပဲ အစားအသောက်တွေနဲ့ ကပ်ငြိပါလာတဲ့ ဘက်တီးရီးယားတွေကြောင့်သာဖြစ်ပါတယ်။ (အစာအိမ်အနာရှိပြီးသား သူတွေကတော့ ပိုမဆိုးအောင်လို့ အစပ်ရှောင်ရပါတယ်။)။ဒီအချက်က တစ်စိတ်တပိုင်းအားဖြင့်မှန်ပါတယ်။ ဒါပေမယ့်အူကျွံ၊ အူကျတာဟာ ကြွက်သားအားနည်းတာ၊ နာတာရှည်ချောင်းဆိုးဝေဒနာ စွဲကပ်နေတာလို ကိစ္စမျိုးတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။အရက်မှ မဟုတ်ပါဘူး။ တခြားအကြောင်းတွေကြောင့်လည်း အသည်းခြောက်တတ်ပါတယ်။အရင်တုန်းကတော့  ဒီဝေဒနာသည်တွေကို အစေ့အစံတွေ၊ ပြောင်းဖူး၊ ပေါက်ပေါက်၊ စတော်ဘယ်ရီနဲ့ သေးငယ်တဲ့ အစားအစာတွေ မစားဖို့ တိုက်တွန်းလေ့ရှိပါတယ်။ ဒါပေမယ့် ဒီလိုတိုက်တွန်းတာက ပိုမိုနာကျင်စေနိုင်တယ်လို့ ယူဆတာကြောင့် ဖြစ်ပါတယ်။ နောက်ဆုံးတွေ့ရှိချက်တွေ အရတော့ ဒီအစားအစာတွေမှာ အမျှင်ဓာတ်တွေ အများကြီးပါလို့ ရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်တဲ့။လူတစ်ယောက်က အရွယ်ရောက်လာပြီဆိုရင် ဗိုက်ထဲက အစာအိမ်ဟာ ရှိသင့်တဲ့အရွယ်အစားထိ ဖွံ့ဖြိုးနေမှာပါပဲ။ အကြောင်းရင်းတစ်ခုခုကြောင့် ခွဲစိတ်မှုနဲ့မလုပ်ထားသရွေ့ အစာအိမ်က အလိုလိုကျုံ့သွားမှာမဟုတ်ပါဘူး။အစာအိမ်ရဲ့အရွယ်အစားက လူကောင်ကြီးတာ၊ သေးတာ၊ ပိန်တာ၊ ဝတာနဲ့မဆိုင်ပါဘူး။ ကိုယ်တွင်းအင်္ဂါဖွံ့ဖြိုးမှုက လူတစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။Lactose ဓာတ်မတည့်သူတွေဟာ နို့ထွက်ပစ္စည်းတွေကို အကန့်အသတ်နဲ့ မှီဝဲလို့ရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ပမာဏ မတူနိုင်ပေမယ့် လုံးဝ ရှောင်ကျဉ်ရမယ်ဆိုတာကတော့ မမှန်ပါဘူး။ဒါက ဆေးလိပ်မဖြတ်ချင်လို့ ပြောတဲ့စကားပါ။ တကယ်တမ်းမှာလည်း ဆေးလိပ်မှာပါဝင်တဲ့ နီကိုတင်းက အစာရေမျိုအောက်ခြေကကြွက်သားတွေကို ဖြေလျှော့စေလို့ အက်စစ်တွေ ဆန်တက်ပြီး ရင်ပူစေပါတယ်။လူအများစုဟာ အိုမင်းရင့်ရော်လာချိန်မှာ ဝမ်းချုပ်တဲ့ ပြဿနာနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ အသက်အရွယ်ကြောင့် မှီဝဲရတဲ့ ဆေးဝါးတွေက အစာခြေစနစ်ကို နှောင့်ယှက်ကြတာကြောင့်သာဖြစ်ပါတယ်။ အိုမင်းလာတဲ့ ခန္ဓာကိုယ်ကြောင့် မဟုတ်ပါဘူး။မဟုတ်ပါဘူး။အူမကြီးကင်ဆာဟာ နောက်ဆုံးအချိန်အထိ ရောဂါလက္ခဏာမပြတာမျိုးဖြစ်နိုင်ပါတယ်။ စောစောစီးစီး စစ်ဆေးနိုင်ဖို့ လိုအပ်တဲ့ ရောဂါပါ။ အသက် ၅၀ ဆိုရင် စပြီး စမ်းသပ်သင့်ပါပြီ။ရင်ပူတတ်တဲ့ ရောဂါရှိသူတွေကို ထိုင်ပြီးအိပ်ရမယ်လို့ကျန်းမာရေးလမ်းညွှန်ချက်တွေက မဆိုထားပါဘူး။ ခေါင်းအုံးလေးတွေ ဆင့်ပြီး သက်သောင့်သက်သာ လှဲလျောင်းပြီး အိပ်နိုင်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/digestive-myths/
ဦးနှောက်လေးကို စောင့်ရှောက်ပါ
ပျော်ရွှင်စရာကောင်းတဲ့အခိုက်အတန့်လေးတွေကို မှတ်မိနေဖို့၊ တီထွင်ဆန်းသစ်မှုတွေကို ဖန်တီးနိုင်ဖို့ လိုအပ်မယ့်အချက်တစ်ခုကဦးနှောက်လေး ကျန်းမာဖို့ပါ။ တစ်ခါတလေ ကိုယ်တိုင်တောင် မသိလိုက်ဘဲ လုပ်မိလိုက်တဲ့အချက်တွေက ဦးနှောက်ကို ထိခိုက်စေနေပါတယ်။ ဒီတစ်ခေါက်တော့ ဦးနှောက်ကို ထိခိုက်မှုကင်းပြီးကျန်းမာစေဖို့ဂရုစိုက်ရမယ့်အချက်လေးတွေကို ပြောပြပေးပါရစေလား….။ဦးနှောက်လေးကျန်းမာအောင် စောင့်ရှောက်ဖို့ အဓိကတာဝန်အရှိဆုံးက ကိုယ်တိုင်ပါ။ ဒီတော့ ဦးနှောက်ကလေး ကျန်းမာစေဖို့ ဒါတွကိုရှောင်ပါ။အသွင်ပြောင်းအဆီတွေ။အဆီတိုင်းကခန္ဓာကိုယ်ကို ထိခိုက်စေတာမဟုတ်ပေမယ့် အသွင်ပြောင်းအဆီတွေကတော့ ဦးနှောက်ကို ထိခိုက်စေနိုင်ပါတယ်။ အသွင်ပြောင်းအဆီဆိုတာက တိရစ္ဆာန်အသားတွေကနေရတဲ့အဆီ၊နို့ နဲ့ နို့ထွက်ပစ္စည်းမှာပါတဲ့ အဆီတွေ နဲ့ အသင့်စားမုန့်ထုတ်တွေမျာပါတဲ့ အဆီတွေပါ။ ဒီအဆီတွေကို အများကြီးစားသုံးတာက မှတ်ဉာဏ်ချို့ယွင်းမှုရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ဦးနှောက်ကျုံ့စေနိုင်ပြီး မှတ်ဉာဏ်အားနည်းလာစေပါလိမ့်မယ်။ ဒါကြောင့် နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ အသွင်ပြောင်းအဆီတွေကိုလျှော့စားပေးပါ။အချိုရည်တွေ။နေ့တိုင်လိုလို အမောပြေအောင်ဆိုပြီး သောက်မိနေတဲ့ ဆိုဒါ၊ sports drink တွေနဲ့အားဖြည့်အချိုရည်တွေမှာ အာဟာရပါဝင်မှုကတော်တော်လေးနည်းပြီး သကြားဓာတ်ပါဝင်မှုက မြင့်မားပါတယ်။ ဒီအချိုရည်တွေကို သောက်သုံးမှုက အမျိုးအစား (၂) ဆီးချိုရောဂါခံစားရနိုင်ခြေ မြင့်တက်စေနိုင်သလို သွေးတိုးတာ၊သွေးတွင်းကိုလက်စထရောများတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် မှတ်ဉာဏ်ချို့ယွင်းမှုရောဂါတစ်မျိုးဖြစ်တဲ့အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေကိုလည်း မြင့်တက်စေနိုင်ပါတယ်။ အချိုများတဲ့အရာတွေက ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေနိုင်ပြီးဦးနှောက်ရောင်ရမ်းတာကိုပါ ဖြစ်စေနိုင်ပါတယ်။သန့်စင်ထားတဲ့ကာဗိုဟိုက်ဒရိတ်။ပေါင်မုန့်အဖြူတွေ၊ ကိတ်မုန့်တွေက သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်နဲ့လုပ်ထားတာပါ။ ဒီအစားအသောက်တွေက စားလိုက်ရင် အရသာရှိပေမယ့် အချိုဓာတ်ပါဝင်မှုများနေသလိုအမျှင်ဓာတ်နဲ့အာဟာရပါဝင်မှုနည်းပါတယ်။သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်သလို မှတ်ဉာဏ်ချို့ယွင်းတာ။ ဦးနှောက်စွမ်းဆောင်ရည်ကို ကျဆင်းစေတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ပြုပြင်ထားတဲ့အစားအစာတွေ။ပြုပြင်ထားတဲ့ အစားအစာတွေက အာဟာရပါဝင်မှုနည်းပြီး တာရှည်ခံပစ္စည်းတွေပါဝင်မှုများနေတတ်ပါတယ်။ ဒါ့အပြင် အချိုဓာတ်၊ အငန်ဓာတ် နဲ့ အဆီပါဝင်မှုကလည်း တော်တော်လေး မြင့်ပါတယ်။ ဒီလိုပါဝင်မှုတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်သလိုကိုယ်တွင်းအင်္ဂါတွေမှာ အဆီဖုံးတာနဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဦးနှောက်ကျန်းမာချင်တယ်ဆိုရင် ပြုပြင်ထားတဲ့ အစားအစာတွေကို မစားဖို့ပြောပါရစေ။အရက်။အရက်ကို အချိန်ကြာမြင့်စွာသောက်တာ၊ အလွန်အကျွံသောက်တာက ဦးနှောက်ကို ပျက်စီးစေမယ်ဆိုတာကတော့ ထွေထွေထူးထူးပြောနေစရာတောင် မလိုအောင်ပါ။ အရက်သောက်သုံးမှုက ဗီတာမင် B1 ချို့တဲ့ပြီးမှတ်ဉာဏ်ဆုံးရှုံးတာ၊ အာရုံစူးစိုက်နိုင်စွမ်းအားနည်းတာ နဲ့ အမြင်အာရုံဆုံးရှုံးတာမျိုးခံစားရနိုင်ပါတယ်။ပြဒါးဓာတ်များတဲ့ ငါးတွေ။ငါးတွေ အထူးသဖြင့် ပင်လယ်ငါးတွေမှာ omega-3 fatty acids၊ ဗီတာမင် B12၊ ဇင့်၊ သံဓာတ် နဲ့ မဂ္ဂနီဆီယမ်တို့ ကြွယ်ဝစွာပါဝင်နေမှုကြောင့် ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာမှန်ပေမယ့် ပြဒါးဓာတ်မြင့်မားမှုကအာရုံကြောကို အဆိပ်သင့်စေနိုင်ပါတယ်။ ဒါကြောင့် ပြဒါးပါဝင်မှုများတဲ့ ငါးတွေကို အများကြီး မစားပါနဲ့။ကဲ..ဦးနှောက်လေးကျန်းမာပြီး ပျော်စရာကောင်းတဲ့အမှတ်တရတွေကို မှတ်မိနေစေဖို့ ဒါလေးတွေကို ရှောင်ကြစို့လား……..။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/worst-foods-for-brain/
အချိုစားချင်စိတ်ကို ဘယ်လို ထိန်းချုပ်မလဲ
သွားပိုးစားခြင်းကို ထိန်းချုပ်ရခက်ပါတယ်။ အောက်ပါနည်းတွေက သကြားဓါတ်ကို ခံနိုင်ရည်ရှိအောင် ကူညီပေးနိုင်ပါတယ်။နည်းနည်းစီစားပါ။သင်ကြိုက်တဲ့ ပမာဏ အနည်းငယ် (ကွတ်ကီးတစ်ချပ်၊ သကြားလုံ တစ်လုံး) စားနိုင်ပါတယ်။ လုံးဝမစားခြင်းထက် နည်းနည်းစီစားနိုင်ပါတယ်။ ၁၅၀ ကယ်လိုရီ ကန့်သတ်ချက် လုပ်ထားပါ။အစာတွေကို ရောစားပါ။တကယ်လို့ ကွတ်ကီး (သို့) သကြားလုံးစားခြင်းကို မရပ်တန့်နိုင်ရင် ကျန်းမာတဲ့ အစားအသောက်နဲ့ ပေါင်းစားခြင်းအားဖြင့် အချိုဓါတ်လိုချင်မှုကို ကျေနပ်စေနိုင်ပါတယ်။အစိမ်းဖြတ်ဖြတ်ပါ။အချိုဓါတ်လုံးဝမစားခြင်းဟာ အချို့လူတွေအတွက် ပထမနှစ်ရက်၊ သုံးရက်အတွက် အတော်ကို ခံရခက်စေပါတယ်။ ဒါပေမယ့် လူအချို့ကတော့ ဒီလိုအစိမ်းဖြတ်ဖြတ်ခြင်းဟာ ရက်အနည်းငယ်အကြာမှာ သူတို့ရဲ့ တောင့်တမှုတွေကို ပျောက်သွားစေတယ်လို့ ဆိုပါတယ်။အချို့ကတော့ သကြားဓါတ်ကို တောင့်တဆဲဖြစ်ပေမယ့် အချိန်ကြာလာတာနဲ့ အမျှ အရသာခံတဲ့ အစေ့လေတွေဟာ အနည်းငယ်ရရုံနဲ့ ကျေနပ်သွားကြပါတယ်။ပီကေ ဝါးပါ။တကယ်လို့ သကြားဓါတ် တောင့်တခြင်းကို လက်လျှော့ခြင်း မဖြစ်လိုဘူးဆိုရင်တော့ ပီကေဝါးနိုင်ပါတယ်။ သုတေသနတွေက ပီကေ ဝါးခြင်းဟာ အစားအသောက် တောင့်တခြင်းကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။အသီးကို ရှာဖွေပါ။သကြားစားလိုစိတ် ဖြစ်တာနဲ့ လက်လှမ်းမီတဲ့နေရာမှာ အသီးကိုထားပြီး ယူစားသင့်ပါတယ်။ အမျှင်ဓါတ်နဲ့ အာဟာရဓါတ်တွေကို အချိုဓါတ်နဲ့အတူ ရရှိမှာ ဖြစ်ပါတယ်။ အခွံမာသီး၊ အစေ့၊ အသီးခြောက် အစရှိတဲ့ အစားအစာတွေကို လှောင်ထားသင့်ပါတယ်။သကြားပါတဲ့ အစာတွေကို သွားစားခြင်းထက် သူတို့ကို လက်လှမ်းမီနိုင်တဲ့နေရာမှာ ထားပြီး စားသင့်ပါတယ်။ထပြီး လမ်းလျှောက်ပါ။အချိုစာစားချင်စိတ်ဖြစ်တာနဲ့ တစ်ပြိုင်နက် လမ်းလျှောက်နိုင်ပါတယ်။ အဆောက်အဦးကို တစ်ပတ်လျှောက်ခြင်း၊ ဒါမှမဟုတ် အစာစားချင်စိတ်ကို အပြောင်းအလဲဖြစ်စေတဲ့ ရှုခင်းပြောင်းလဲမှုတွေ ရှိအောင် ပြုလုပ်နိုင်ပါတယ်။အစားအသောက် ပမာဏထက် အရည်အသွေးကို ဦးစားပေးပါ။အချိုစားချင်ရင် သကြားဓါတ်များတဲ့ အစားအသောက်ကို ရွေးချယ်ပါ။ ဒါပေမယ့် အနည်းငယ်သာ စားပါ။ ဥပမာ ကြီးမားတဲ့ သကြားလုံးတောင့်ကို စားမယ့်အစား အနက်ရောင်ချောကလက် အသေးကိုသာ ရွေးချယ်ပါ။ ပြီးရင်တော့ ဖြည်းဖြည်းချင်း စားသောက်ပါ။အစားအသောက်ထဲမှာ ပါဝင်တဲ့ ပမာဏ အနည်းငယ်ကို နှိုင်းယှဉ်နိုင်ဖို့ ကြိုးစားပါ။ ဒါပေမယ့် အစာအိမ်ကို သကြားနည်းပြီး ကျန်းမာတဲ့ အစားအသောက်တွေနဲ့ ဖြည့်တင်းဖို့ အာရုံစိုက်သင့်ပါတယ်။မကြာခဏ စားပါ။အစားအစာတွေကြား ကြာရှည်စွာ စောင့်နေရခြင်းဟာ ဗိုက်ဆာတဲ့ ခံစားချက်ကို ကျေနပ်စေဖို့အတွက် သကြားဓါတ်များတဲ့ အဆီပါတဲ့ အစားအသောက်တွေကို စားသောက်ချင်တဲ့ အခြေအနေကို ရောက်ရှိစေပါတယ်။ဒီလိုဖြစ်မယ့်အစား သုံးနာရီကနေ ငါးနာရီကြားတစ်ခါ စားသောက်ခြင်းဟာ သွေးသကြားဓါတ်ကို တည်ငြိမ်စေပြီး ပုံမှန်မဟုတ်တဲ့ စားသောက်ပုံတွေကနေ ကာကွယ်ပေးပါတယ်။ ပရိုတင်း၊ အမျှင်ဓါတ် ကြွယ်ဝတဲ့ whole grains လိုမျိုးကို စားသောက်သင့်ပါတယ်။သကြားဓါတ်စားလိုခြင်းကို ထိန်းချုပ်နိုင်မယ့် အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ မစခင် ရပ်တန့်ခြင်းပဲ ဖြစ်ပါတယ်။ အောက်ပါနည်းလမ်းတွေက ကူညီပေးနိုင်ပါတယ်။သဘာဝအတိုင်းမဟုတ်တဲ့ အချိုတွေကို ရှောင်ကျဉ်ပါ။သဘာဝအတိုင်းမဟုတ်တဲ့ အချိုတွေဟာ သကြားဓါတ်စားလိုခြင်းကို မလျှော့ချပေးနိုင်ပဲ အဝလွန်ခြင်းအတွက်လည်း ကောင်းမွန်ခြင်း မရှိပါဘူး။သကြားဓါတ်စားသုံးလိုမှုကို ထိန်းချုပ်နိုင်ခြင်းအတွက် သင့်ကိုယ်သင် ဆုချသင့်ပါတယ်။ဆုဟာ သေးသေး (သို့) ကြီးကြီးမားမား ဖြစ်နိုင်ပါတယ်။ အကြောင်းရင်းကို မမေ့သင့်ပဲ အောင်မြင်တဲ့ အဆင့်တစ်ခုစီအတွက် ကိုယ့်ကိုယ်ကို ဆုချသင့်ပါတယ်။ဖြည်းဖြည်းစီလုပ်ပါ။တစ်ပတ်စီအတွက် သကြားဓါတ်တောင့်တ မှုတွေကိုသာ အာရုံစိုက်ပြီး ဘာစားရမလဲဆိုတာကိုတွေးပါ။ စီစဉ်မှုမရှိခြင်းဟာ မကောင်းပါဘူး။ ဒါကြောင့် ဖြည်းညင်းစွာလုပ်ပါ။ အစီအစဉ်ဆွဲပါ။ စိတ်ပျက်လို့စားခြင်းထက် သင်စားသင့်တဲ့ စားလိုတဲ့အရာကို စားပါ။လှုံ့ဆော်မှု ရှိပါ။လူအတော်များများဟာ သူတို့ စိတ်ဖိစီးချိန်၊ စိတ်ကျချိန်၊ ဒေါသထွက်ချိန်တွေမှာ အချိုစားတတ်ကြပါတယ်။ ဒါပေမယ့် အစားအသောက်ကတော့ စိတ်ပိုင်းဆိုင်ရာ လိုအပ်မှုတွေကို ဖြည့်ဆည်းမပေးနိုင်ပါဘူး။ဘယ်လို ခံစားမှုတွေက သကြားဓါတ်လိုအပ်မှုတွေနဲ့ ဆက်နွယ်နေလဲဆိုတာ စဉ်းစားပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်း ရှာဖွေသင့်ပါတယ်။ပေါင်းစပ်ပါ။သကြားဓါတ် စားသုံးလိုခြင်းကို တောင့်ခံနိုင်ဖို့ နည်းလမ်းတစ်ခုထက်မနည်း လိုအပ်နိုင်ပါတယ်။ တစ်ပတ်မှာ နည်းတစ်မျိုးနဲ့ အောင်မြင်နိုင်ပေမယ့် နောက်တစ်ပတ်မှာ နောက်တစ်မျိုး လိုအပ်နိုင်ပါတယ်။သကြားဓါတ် တောင့်တခြင်းတွေကို ထိန်းချုပ်ဖို့ သင့်အတွက် ဘယ်နည်းအကောင်းဆုံးလဲဆိုတာ ရှာဖွေသင့်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%a1%e1%80%81%e1%80%bb%e1%80%ad%e1%80%af%e1%80%85%e1%80%ac%e1%80%b8%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a%e1%80%ba/
ပဲပြားကြိုက်တတ်သူတွေ သိထားသင့်တဲ့ဘေးထွက်ဆိုးကျိုး
အာဟာရဓါတ်ပြည့်ဝစွာပါဝင်ပြီး ပရိုတင်းဓါတ်ကြွယ်ဝတဲ့ ပဲပြားကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက တရုတ်ပြည်မှာ စတင်လူကြိုက်များခဲ့တာဖြစ်ပါတယ်။ အခုတော့ အင်ဒိုနီးရှား၊ မလေးရှား၊မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံတွေမှာ စားသုံးသူများပြားနေပါပြီ။ အသားရှောင်တဲ့ သတ်သတ်လွတ်သမားတွေအတွက် အာဟာရပြည့်စေတဲ့ အစားအစာလည်းဖြစ်ပါတယ်။လတ်ဆတ်တဲ့ပဲပြားတွေရှိသလိုပြုပြင်စီမံထားတဲ့ပဲပြားတွေလည်းရှိပါတယ်။ ပဲပြားမှာ ကယ်လိုရီပါဝင်မှုနည်းပါးပြီး ပရိုတင်းဓါတ်များတယ်၊ အဆီဓါတ်နည်းပါတယ်။ ထုတ်လုပ်ပုံထုတ်လုပ်နည်းတွေအပေါ်မူတည်ပြီး ကယ်လ်စီယမ်နဲ့ မဂ္ဂနီဆီယမ်ပါဝင်မှုလည်းများပါတယ်။ပဲပြားမှာ ပရိုတင်း၊ ကယ်လ်စီယမ်၊ဗီတာမင်နဲ့ သတ္ထုဓါတ်တွေပါဝင်တာကြောင့် ကျန်းမာရေးအကျိုးကျေးဇူးများပါတယ်။ သူ့မှာပါတဲ့ ပဲပိစပ်က ကိုလက်စထရောကင်းပြီး ပရိုတင်း၊polyunsaturated fatty acids၊ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ဗီတာမင်ဘီအုပ်စုနဲ့သံဓါတ်တို့ပါဝင်ပါတယ်။ဘယ်အရာမဆို များလွန်းရင်မကောင်းပါဘူးဆိုတဲ့အထဲမှာ ပဲပြားလည်းပါပါတယ်။ ကျန်းမာရေးအကျိုးကျေးဇူးများပေမယ့် ပဲပြား သို့မဟုတ် ပဲပိစပ်ထုတ်ကုန်တွေကို စားသုံးမှုများလွန်းရင်ဘေးထွက်ဆိုးကျိုးတွေရှိနိုင်ပါတယ်။မကောင်းတဲ့ကိုလက်စထရော (LDL) ကိုလျော့နည်းစေပြီး ကင်ဆာရောဂါတချို့ကိုဖြစ်နိုင်ခြေနည်းပါးစေတယ်ဆိုတဲ့isoflavoneဒြပ်ပေါင်းတွေကလည်း အလွန်အကျွံစားသုံးမိရင်ဘေးဖြစ်စေနိုင်ပါတယ်။ isoflavone က အက်စထရိုဂျင်ဟော်မုန်းအတိုင်း အသွင်ဆောင်တဲ့ လုပ်ဆောင်ချက်ရှိတာကြောင့် သိုင်းရွိုက်မှာ အနှောင့်အယှက်ဖြစ်စေပြီးလုပ်ဆောင်ချက်ကမောက်ကမဖြစ်စေနိုင်ပါတယ်။ပဲပိစပ်စားသုံးမှုလွန်ကဲရင် အမျိုးသားရော အမျိုးသမီးမှာပါ မျိုးပွားမှုပိုင်းပြဿနာတွေရှိလာစေနိုင်တဲ့အပြင် ပျိုဖော်ဝင်ချိန်လည်းစောစေနိုင်တယ်လို့ သုတေသနတွေကဖော်ပြခဲ့ပါတယ်။ပဲပိစပ်ကိုနည်းနည်းလေးစားရုံနဲ့ရင်သားကင်ဆာအန္တရာယ်ကိုကာကွယ်နိုင်တယ်လို့ပြောခဲ့ကြပေမယ့် အလွန်အကျွံစားသုံးရင် ရင်သားကင်ဆာဖြစ်စေဖို့တောင်အားပေးတယ်လို့လေ့လာမှုတချို့ကတွေ့ရှိခဲ့ပါတယ်။ပဲပြားနဲ့ ပဲပိစပ်ပါတဲ့တခြားစားသောက်ကုန်တွေကို တန်သင့်ရုံအထိုက်အလျောက်စားသုံးတာက အကောင်းဆုံးဖြစ်သလိုနေ့စဉ်အာဟာရမှာ ထည့်သွင်းစားသုံးရင်လည်း ကျန်းမာရေးအကျိုးကျေးဇူးတွေရှိစေနိုင်ပါတယ်။သုတေသနတစ်ခုမှာတော့ ပဲပြားစားသုံးမှုလွန်ကဲခြင်းက အသက်ကြီးသူတွေမှာdementia(မှတ်ဉာဏ်ချို့ယွင်းခြင်း)ဖြစ်ပွားမှုနဲ့ဆက်နွှယ်နေတာတွေ့ရပြီး လူငယ်၊လူလတ်ပိုင်းတွေမှာတော့ဦးနှောက်ကိုအကာအကွယ်ပေးနိုင်တယ်လို့ဖော်ပြခဲ့ပါတယ်။ပဲပိစပ်က ခန္ဓါကိုယ်ရဲ့ဆေးဝါးတွေစုပ်ယူနိုင်စွမ်းကို အဟန့်အတားဖြစ်စေတာကြောင့် လည်ပင်းကြီးရောဂါ (hypothyroidism)ရှိသူတွေအနေနဲ့ သိုင်းရွိုက်ဆေးဝါးတွေသောက်ပြီးလေးနာရီအတွင်း ပဲပိစပ်မစားဖို့ Mayo Clinic မှပညာရှင် Todd B. Nippoldt ကအကြံပြုထားပါတယ်။ ပဲပိစပ်မှာပါတဲ့Isoflavonesတွေက သိုင်းရွိုက်ရဲ့လုပ်ဆောင်ချက်တွေကို ထိခိုက်စေပြီး လည်ပင်းကြီးရောဂါကိုပိုဆိုးစေ တယ်လို့Thyroid-Info.com မှာဖော်ပြထားပါတယ်။အမေရိကန်ကျန်းမာရေးဌာနကလုပ်ဆောင်ခဲ့တဲ့ လေ့လာမှုတွေမှာဖော်ပြခဲ့တဲ့ တခြားဘေးထွက်ဆိုးကျိုးတချို့ထဲမှာ ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲမှုနဲ့ အစာမကြေခြင်းပြဿနာတွေပါဝင်ပါတယ်။ ဒါ့အပြင်ခေါင်းကိုက်ခြင်း၊ခေါင်းမူးခြင်းနဲ့အရေပြားပြဿနာတို့လည်း ရှိနိုင်တယ်လို့ဖော်ပြထားပါတယ်။ပဲပိစပ်နဲ့ပတ်သက်လို့ ကျန်းမာရေးပြဿနာတွေမရှိကြောင်းဖော်ပြတဲ့သုတေသနတွေရှိသလိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်တယ်လို့ထောက်ပြတဲ့လေ့လာမှုတွေလည်းရှိပါတယ်။ ပဲပိစပ်နဲ့ထုတ်လုပ်တဲ့စားသောက်ကုန်တွေမှာ ပဲစိုက်ပျိုးမှုနည်းလမ်းနဲ့ပြန်လည်စီမံပုံ နည်းလမ်းတို့အပေါ် မူတည်ပြီးisoflavones ပါဝင်မှုပမာဏ ကွာခြားကြတာကြောင့်လည်း အန္တရာယ်ရှိမရှိ သုတေသနထောက်ပြနိုင်ဖို့ ခက်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%95%e1%80%b2%e1%80%95%e1%80%bc%e1%80%ac%e1%80%b8%e1%80%80%e1%80%bc%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%90%e1%80%90%e1%80%ba%e1%80%9e%e1%80%b0%e1%80%90%e1%80%bd%e1%80%b1-%e1%80%9e%e1%80%ad/
လိင်တံ ပြဿနာ အဖြာဖြာ (Penile Disorders)
အမျိုးသားတိုင်း ဖြစ်ပွားနိုင်တဲ့လိင်တံ ပြဿနာ အဖြာဖြာအကြောင်း နည်းနည်းလောက် ပြောပြချင်ပါတယ်။ယောကျ်ားလေးတွေအတွက် လိင်တံက ဘယ်လောက်အရေးကြီးလဲ ဆိုတာတော့ အကျယ်တဝင့်ပြောနေစရာ မလိုလောက်ဘူး ထင်ပါတယ်။ လိင်တံဟာ အညစ်အကြေးစွန့်ဖို့ရော မျိုးဆက်ပွားဖို့အတွက်ပါ မရှိမဖြစ်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုပဲ မဟုတ်လား။ အခုဆောင်းပါးမှာတော့ ဒီလိုအရေးကြီးတဲ့နေရာမှာ ဖြစ်နိုင်တဲ့ ပြဿနာတချို့ကို တင်ပြဆွေးနွေးမှာပဲ ဖြစ်ပါတယ်။ ဆက်ပြီးလေ့လာကြည့်ရအောင်ပါ။ဒါကတော့ရောဂါတစ်ခုပါ။ လိပ်တံထိပ်အရေပြား မဖြတ်ထားတဲ့သူတွေ၊ လိင်တံကို သန့်ရှင်းရေး သေချာမလုပ်တဲ့ သူတွေ အဖြစ်များတယ်။ လိင်တံထိပ်ဖူးနဲ့ အရေပြားကြားမှာ ချွေးတွေ၊အညစ်အကြေး (ဆီးအကြွင်းအကျန်တွေ)၊ ဆဲလ်အသေတွေစုပုံလာရင် ပိုးမွှားတွေပေါက်ပွားလာပြီး လိင်တံထိပ်ဖူးကို ရောင်ရမ်းစေပါတယ်။ လိင်အပျော်အပါးမက်တဲ့ ကိုယ်တော်ချောတွေလည်း ဂနိုတို့၊ ကာလသားရောဂါတို့ဝင်ရင် ဒါမျိုးဖြစ်နိုင်ပါတယ်။ တချို့ကျလည်း အရမ်းမွှေးတဲ့ ဆပ်ပြာတွေ၊ဆပ်ပြာဆီတွေသုံးပြီး ရေချိုးရင်ဖြစ်ပြန်ရော။ ဖြစ်တဲ့အကြောင်းရင်းကို သေချာသိရင် ကုသရတာ ပိုလွယ်သွားတယ် ဥပမာ – ပိုးဝင်လို့ဖြစ်တာဆို ပိုးသတ်ဆေးသောက်ရမယ်၊ လိပ်တံထိပ်အရေပြားရှည်ပြီး ပိတ်နေလို့ဖြစ်တာဆိုအရေပြားဖြတ်ပစ်ရမယ်၊ ဒါမျိုးပေါ့။နည်းနည်းဂွကျတဲ့အခြေအနေပါ။ လိင်စိတ်ကြွနေလို့ တောင့်တင်းတာမဟုတ်တဲ့အတွက် အာသာဖြေဖျောက်ပြီးလည်း ပြန်မကျသွားတဲ့ ထူးထူးဆန်းဆန်းရောဂါတစ်မျိုးပါ။ ဖြစ်နိုင်တဲ့ အချက်နှစ်ချက်ရှိတယ်။ လိင်တံထဲမှာ သွေးစီးဆင်းမှု များလို့ ဖြစ်ရင် လိင်တံမနာကျင်ဘူး၊ သိပ်လည်းတောင့်တင်းမနေဘူး၊ ဒါ့ကြောင့်အရေးပေါ် ကုသမှုလည်းမလိုအပ်ပါဘူး။ ဒါပေမဲ့သွေးကြောပြဿနာကြောင့် လိင်တံတောင့်တင်းနေတာဆိုရင်တော့ သတိထားပါ။ လိင်တံက တောင့်တင်းနေပြီး တောက်လျှောက်နာကျင်နေနိုင်ပါတယ်။ ဒါကနာရီပိုင်း လည်းကြာနိုင်သလို နောက်တစ်ရက်လည်း ကူးသွားနိုင်ပါတယ်။အရက်နဲ့မူးယစ်ဆေး သုံးစွဲသူတွေ၊ ကျောရိုးဆစ်မှာ  ပြဿနာတစ်ခုခုရှိသူတွေ၊ လိင်အင်္ဂါမှာထိခိုက်ဒဏ်ရာရဖူးသူတွေ၊သွေးရောဂါတစ်ခုခု ရှိသူတွေ ကြုံရတတ်ပါတယ်။ အရေးပေါ်အခြေအနေဖြစ်ပြီး လိင်တံမပျက်စီးသွားအောင် အမြန်ကုသဖို့ လိုပါတယ်။ လိင်တံထဲက သွေးဖောက်ထုတ်တာ၊ လိင်တံတွင်း သွေးလည်ပတ်မှု နည်းသွားအောင်လုပ်ပြီး တောင့်တင်းမှုကို လျှော့ချပစ်တာ၊ နောက်ဆုံး မရရင် ခွဲစိတ်ကုသတာပါ လုပ်ရနိုင်ပါတယ်။ရောဂါမဟုတ်ဘဲ ထိခိုက်ဒဏ်ရာတစ်ခုခုကြောင့် ဖြစ်ရတာပါ။ လိင်တံကောင်းကောင်း မထောင်မတ်နိုင်ဘဲ လိင်ဆက်ဆံဖို့ အတင်းကြိုးစားရာက လိင်တံဒဏ်ရာရပြီး ဒီလိုအခြေအနေဖြစ်သွားတတ်ပါတယ်။ လိင်တံဆိုတာ ကျုံ့နိုင်ဆန့်နိုင်တဲ့ ကြွက်သားပါဝင်တဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒီကြွက်သားတွေ ပုံမှန်အတိုင်း အလုပ်လုပ်မှ လိင်တံက အဖြောင့်အတိုင်း ထွက်တာပါ။ လိင်တံတစ်နေရာရာမှာ ထိခိုက်မိလို့ ဒဏ်ရာရပြီးရင် အမာရွတ်ကျန်ခဲ့ပါတယ်။ ကျန်ခဲ့တဲ့အမာရွတ်က လိင်တံကြွက်သားကို ဆွဲထားသလို ဖြစ်သွားတာကြောင့် စိတ်ကြွလာချိန်မှာ လိင်တံက တည့်တည့်ထောင်မတ်နေခြင်း မရှိတော့ပါဘူး။ လိင်တံက အမာရွတ်ရှိတဲ့ဖက်ခြမ်းကို ကွေးကောက်နေမှာဖြစ်ပါတယ်။ ကံကောင်းတာက လိင်တံကွေးကောက်တဲ့ ပြဿနာကို ခွဲစိတ်ကုသလို့ရပါတယ်။လိင်တံထိပ်အရေပြားက လိင်တံထိပ်ဖူးကိုငုံပြီး တင်းကျပ်နေတာကို phimosis လို့ခေါ်ပြီး လိင်တံထိပ်ဖူးနောက်မှာ လိင်တံအရေပြားကပ်နေရင်တော့ paraphimosis လို့ခေါ်ပါတယ်။ Phimosis က ရောဂါပိုးဝင်လို့၊ လိင်တံကြွက်သားရောင်ရမ်းလို့ ဒါမှမဟုတ် လိပ်တံထိပ်အရေပြား ပုံမှန်ထက် တင်းကျပ်နေလို့ ဖြစ်နိုင်ပြီး ကလေးတွေမှာ အများဆုံး ဖြစ်တတ်ပါတယ်။ အရေပြားတင်းကျပ်လွန်းပြီး ဆီးသွားဖို့တောင် အခက်အခဲဖြစ်လာရင် အချိန်မဆွဲဘဲ အမြန်ဆုံးကုသပေးရပါမယ်။ Paraphimosis အခြေအနေကလည်း အရေးပေါ် ကုသဖို့လိုပါတယ်။ လိင်တံထိပ်အရေပြားက လိင်တံထိပ်ဖူးကို ဆွဲညှစ်ထားသလို ဖြစ်နေတာကြောင့် အချိန်ကြာလေ ပိုနာကျင်ရောင်ရမ်းလာလေ ဖြစ်မှာပါ။ နောက်ဆုံးသွေးစီးဆင်းမှုလုံးဝရပ်သွားပြီး ပုပ်သွားရင်တော့ လိပ်တံပါ ဖြတ်ပစ်ရနိုင်ပါတယ်။အဖြစ်နည်းတဲ့ကင်ဆာရောဂါတစ်ခုပါ။ ဖြစ်ရတဲ့အကြောင်းကို သေချာမသိရသေးပေမဲ့ ငယ်ငယ်တုန်းက လိင်တံထိပ်အရေပြားမဖြတ်ခဲ့သူတွေ၊ လိင်ဆက်ဆံရာကနေ ကူးစက်တဲ့HPV ဗိုင်းရပ်စ်ကူးစက်ခံရသူတွေ၊ ဆေးလိပ်သောက်သူတွေ၊ လိပ်တံထိပ်အရေပြားထဲက အဆီအထွက်များသူတွေ၊ Phimosis ခေါ် လိင်တံထိပ် အရေပြားကျဉ်းသူတွေ၊ အသက် ၅၀ ကျော်တွေဆို တခြားသူတွေထက် လိင်အင်္ဂါကင်ဆာပိုဖြစ်တတ်တာကို တွေ့ရပါတယ်။ လိင်အင်္ဂါကင်ဆာကို ကုသရာမှာ ခွဲစိတ်ကုသတဲ့နည်းကို အဓိက အသုံးပြုပါတယ်။အခုလောက်ဆို အမျိုးသားတိုင်း ဖြစ်ပွားနိုင်တဲ့လိင်တံ ပြဿနာ အဖြာဖြာအကြောင်း သိလောက်ပြီ ထင်ပါတယ်။ရေးသားသူ – Dr.Htoo Tint။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/penile-disorders/
ကင်းမွန်စားရင် ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူး
အကင်ဆိုင်တစ်ဆိုင်ရောက်ရင် မပါမဖြစ်တဲ့ အမျိုးအစားတစ်မျိုးက ကင်းမွန်ကင် ဖြစ်ပါတယ်။ ဆိုင်တွေမှာက ပြည်ကြီးငါးလို့ သုံးကြပေမယ့် တကယ်က ဒီကင်းမွန်တွေပါပဲ။ အကွင်းလေးတွေလှီးပြီးအကြွပ်ကြော်တာစားမလား၊ အစာသွပ်ပြီးကင်တာ စားမလား၊ အချဉ်ထောင်းပြီးသုပ်တာစားမလား၊ မဆလာနဲ့ချက်စားမလား လူကြိုက်များတဲ့မီနူးကလည်းစုံလှပါတယ်။ ရခိုင်ဟင်းချဉ်စပ်လေးနဲ့ ဆိုလည်း ခံတွင်းတွေ့မှတွေ့။ ပြောရင်း ဗိုက်တောင်ဆာလာတယ်။အဲဒီလို လူကြိုက်များပြီး အစားအသောက်အတော်များများမှာပါဝင်လေ့ရှိတဲ့ ကင်းမွန်ကို ဘာလို့စားသင့်တာလဲဆိုတာ ဆက်ပြောချင်လို့။ လူတွေက ပင်လယ်စာဆို အာဟာရတန်ဖိုးကိုအထင်သေးတတ်ကြလွန်းလို့ပါ။ ကင်းမွန်တွေမှာ တခြားအသားငါးတွေလိုပဲ ပရိုတင်းဆိုတဲ့ အသားဓာတ်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝတဲ့အပြင် အဆီရော၊ ကယ်လိုရီရော နည်းပါတယ်။ သူ့ရဲ့ ကောင်းကျိုးလေး နည်းနည်းဆက်ပြောပါရစေ။ ဒါမှအကြောင်းပြပြီး စားလို့ကောင်းအောင်ပေါ့။ဒါပေမယ့် သတိထားရမှာက။အစာအဆိပ်သင့်တာ၊ ဗိုက်နာတာ၊ ဝမ်းပျက်တာတွေမဖြစ်ရအောင် ကင်းမွန်ကိုစားမယ်ဆို –။ကဲ အခုတော့ ဒါဖတ်ပြီး ကင်းမွန်တွေ စားချင်နေကြပြီမဟုတ်လား။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%80%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%bd%e1%80%94%e1%80%ba%e1%80%85%e1%80%ac%e1%80%b8%e1%80%9b%e1%80%84%e1%80%ba-%e1%80%9b%e1%80%9b%e1%80%be%e1%80%ad%e1%80%99%e1%80%9a%e1%80%b7%e1%80%ba/
အမျိုးသားတွေအသက်ကြီးလာရင် လိင်မှုစွမ်းဆောင်ရည် ကျသွားတတ်သလား
အမျိုးသားတွေအသက်ကြီးလာလေလိင်ဆက်ဆံဖို့စိတ်မဝင်စားလေ ဖြစ်တတ်သလားဆိုတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ပြောပြပါ့မယ်။အရင်ဆုံးပြောချင်တာက သဘာဝကိုလွန်ဆန်လို့မရဘူးဆိုတာပါပဲ။ လူဖြစ်ဖြစ်၊ သက်မဲ့ပစ္စည်းဖြစ်ဖြစ် အချိန်ကြာလာရင် ဖြည်းဖြည်းချင်း ပျက်စီးယိုယွင်းသွားတာပဲ မဟုတ်လား။ ဘယ်လောက်ပဲ ကျန်းမာရေးကောင်းပြီး ကြံ့ခိုင်သူဖြစ်နေပါစေ၊ အချိန်တန်တော့လည်း ဇရာကို အရှုံးပေးရမှာပဲမဟုတ်လား။ ဒီလိုပဲလေ၊ အမျိုးသားတွေရဲ့ဆန့်ကျင်ဖက်လိင်အပေါ်စိတ်ဝင်စားမှု၊ လိင်ဆက်ဆံလိုမှု ဆိုတာတွေလည်း အသက်ကြီးလာလေ တဖြည်းဖြည်း လျော့နည်းသွားတတ်တဲ့ သဘောရှိတယ်။ ဒါလည်း သဘာဝကျပါတယ်။ ဘယ်သူမှတော့ သက်တမ်းတလျှောက်လုံး လိင်စိတ် ပြည့်ဝနေတယ် ဆိုတာမျိုး ရှိမှာမဟုတ်ပါဘူး။ (သဘာဝလည်းမကျပါဘူး)။အမျိုးသားတစ်ယောက်ရဲ့ လိင်စိတ် အခြေအနေကို အသက်အရွယ်နဲ့ ချိန်ထိုးကြည့်နိုင်ပါတယ်။ အသက် ၂၀ လောက်မှာဆို လူပျိုဖော်ဝင်စဆိုတော့ ပုံမှန်ထက်လည်း တက်ကြွနေမယ်၊ ကျား/မ ကိစ္စတွေကိုလည်း စိတ်ဝင်စားနေပြီး လက်တည့်စမ်းချင်စိတ်လည်း ရှိနေနိုင်တယ်။တက်စတိုစတီရုန်းလို့ခေါ်တဲ့ အမျိုးသားတွေ လိင်စိတ်တက်ကြွအောင် လှုံ့ဆော်ပေးတဲ့ ဟော်မုန်းလည်း များနေတယ်။ ဒီအချက်တွေ အားလုံးပေါင်းလိုက်တော့ အသက် ၂၀ ဆိုတာ အမျိုးသားတွေအတွက် လိင်စိတ်အပြည့်ဝဆုံး အချိန်ဖြစ်လာပါတယ်။အသက် ၃၀ လောက်ကနေ ၄၀ ကျော်ကျော်ထိကလည်း သိပ်ပြဿနာမရှိသေးဘူး။ အသက် ၂၀ တုန်း ကလောက် ဖလန်းဖလန်းထမနေနိုင်ပေမဲ့ ဒီအသက်အရွယ်လောက်မှာလည်း အမျိုးသား အများစုက သန်သန်မာမာ ရှိတုန်းပဲ။ ဒါပေမဲ့ အသက်၃၅နှစ်ကျော်ရင်တော့ တက်စတိုစတုန်း ဟော်မုန်းက တဖြည်းဖြည်း အကျဘက်ကို ရောက်လာပါပြီ။နောက်ပြီး အလုပ်ကိစ္စတွေ၊ မိသားစုအရေးကိစ္စတွေ ကလည်း လိင်စိတ်အပေါ် သက်ရောက်မှုရှိပါတယ်။ အလုပ်ကဖိအား အရမ်းများမယ် ဒါမှမဟုတ် ချစ်သူ/ဇနီးမယားနဲ့ အဆင်မပြေလို့ စိတ်ရှုပ်နေမယ်ဆိုလည်း လိင်ဆက်ဆံတဲ့နေရာမှာ အဆင်မပြေတာမျိုး ကြုံရတတ်ပါတယ်။အသက် ၅၀ ကျော်လာပြီ၊ တခြားရောဂါတွေလည်းမရှိသလိုရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာလည်း ပြဿနာမရှိသူ တစ်ယောက်ဆိုရင် ဒီအချိန်မှာလည်း လိင်ဆက်ဆံဖို့ ပြဿနာ မရှိသေးပါဘူး။ ငယ်ငယ်ကတည်းက ကျန်းမာရေး မှန်မှန်လိုက်စားခဲ့ပြီး အရက်/မူးယစ်ဆေးဝါးမသုံးစွဲခဲ့သူဖြစ်မယ်၊ ထွေထွေထူးထူးရောဂါတွေလည်း မရှိဘူးဆို အသက် ၅၀ ကနေ ၆၀ ကျော်ထိ ချစ်သူဇနီးမယားနဲ့ အိုကေနေမှာပါ။ဒါပေမယ့် အပွင့်လင်းဆုံးပြောရရင် အမျိုးသားအများစုရဲ့လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်က အသက် ၇၀ လောက်ကစပြီး အကျဘက်ကို ဦးတည်နေပါပြီ။ လိင်အင်္ဂါထောင်မတ်ဖို့ ခက်ခဲတဲ့ပြဿနာ (Erectile Disfunction) ၊ ကြွက်သားအားနည်းတဲ့ပြဿနာ၊ တခြား အထွေထွေရောဂါတွေဖြစ်တဲ့ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊အဝလွန်ရောဂါတွေလည်း အစပျိုးလာပြီ ဖြစ်တဲ့အတွက် အရင်တုန်းကလို အားကောင်းမောင်းသန် မဖြစ်တော့ဖို့များပါတယ်။လိင်စိတ်လျော့နည်းတဲ့ ပြဿနာဖြစ်ပွားသူ အများစုကလည်း အသက် ၇၀ ကျော်မှာဖြစ်ပွားတဲ့အတွက် ဒီအသက်အရွယ်အထိ လိင်မှုစွမ်းဆောင်ရည် အကောင်းတိုင်းရှိဖို့ ဆိုတာ တော်တော်ကြီး ကျန်းမာရေး ကောင်းတဲ့သူဖြစ်နေမှပဲ ရမှာပါ။အမျိုးသားတစ်ယောက် လိင်မှုစွမ်းဆောင်ရည် ပုံမှန်အတိုင်းရှိအောင် ဘယ်အရာတွေကသက်ရောက် ထိန်းချုပ်နေလဲဆိုတာတော့ နည်းနည်းရှင်းပြရခက်ပါတယ်။ ဆေးပညာရှုထောင့် တစ်ခုတည်းကနေပဲ ဆုံးဖြတ် လို့မရသလို စိတ်ပိုင်းဆိုင်ရာ၊ လူမှုဆက်ဆံရေး၊ ပုံပန်းသွင်ပြင် ဒီလိုအချက်တွေပေါ်လည်း မူတည်နေပါ သေးတယ်။အမျိုးသားတွေရဲ့ လိင်မှုစွမ်းဆောင်ရည် ကောင်းအောင် အဓိကလုပ်ပေးတဲ့နေရာမှာ ပါဝင်တဲ့ တက်စတိုစတီရုန်းဟော်မုန်းကို ဝှေးစေ့ထဲကထုတ်လုပ်ပါတယ်။ တက်စတိုစတီရုန်း ဟော်မုန်းက လိင်စိတ် တက်ကြွဖို့တင်မဟုတ်ဘဲ ယောင်္ကျားတစ်ယောက်ရဲ့ သွင်ပြင်လက္ခဏာတွေဖြစ်တဲ့ အမွှေးအမျှင်ထူထဲတာ၊ ကြွက်သားထွက်တာ၊ သုတ်ကောင်ရေ ပမာဏများတာနဲ့ အရိုးကျန်းမာရေး အတွက်ပါ အရေးကြီးပါတယ်။ဟော်မုန်းပမာဏ ကျဆင်းနေတဲ့အမျိုးသားတချို့မှာ ရင်သားတွေ ပုံမှန်ထက်ကြီးလာခြင်းနဲ့ လိင်အင်္ဂါမထောင်မတ်နိုင်တဲ့ ပြဿနာတွေဖြစ်လာနိုင်ပါတယ်။စိတ်ပိုင်းဆိုင်ရာရှုထောင့်က ကြည့်မယ်ဆိုရင်လည်း စိတ်ကျရောဂါရှိတဲ့သူ၊ ရှက်ကြောက်သိမ်ငယ်မှုလွန်ကဲနေသူ၊ ကိုယ့်ခန္ဓာကိုယ် သွင်ပြင်နဲ့ပတ်သက်ပြီး ကျေနပ်မှုမရှိသူ စတဲ့သူတွေရဲ့ လိင်မှုစွမ်းဆောင်ရည်က တခြားအမျိုးသားတွေလောက် မကောင်းမွန်တာကိုတွေ့ရှိရပါတယ်။နောက်ပြီး ဆီးချိုရောဂါ၊အရိုးပွရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါလို နာတာရှည်ရောဂါတချို့ ရှိနေတာကြောင့်လည်း လိင်မှုစွမ်းဆောင်ရည်ကျဆင်းသွားနိုင်ပါတယ်။ရောဂါတွေကြောင့်တင်မဟုတ်ဘဲ တချို့ရောဂါတွေကို ကုသဖို့သုံးတဲ့ ဆေးဝါးတွေ၊ ကုသမှုတွေကလည်း လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကို ထိခိုက်စေပါတယ်၊ ဥပမာ – စိတ်ကျရောဂါအတွက် သောက်သုံးရတဲ့ဆေးဝါးတွေ၊ ဆီးကျိတ်ကြီးလို့ သောက်ရတဲ့ဆေးဝါးတွေ ၊သွေးတိုးကျဆေးတွေ၊ ကင်ဆာရောဂါအတွက် ရောင်ခြည်ပြကုသမှုတွေနဲ့ ကင်ဆာဆေးဝါးတွေ ပါဝင်ပါတယ်။ရေးသားသူ – Dr.Htoo Tint။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/sex-drive-change-age/
ကလေးကိုကျွေးတဲ့ အစာအာဟာရထဲမှာ ဒါတွေမဖြစ်မနေပါသင့်ပါတယ်
ကလေးတစ်ယောက်ကျန်းမာဖို့ တာဝန်အရှိဆုံးသူက ဘယ်သူများဖြစ်မလဲ။မေမေလေ။ ဒါကကျွန်မတို့လူမှုပတ်ဝန်းကျင်မှာ အများဆုံးကြားရတဲ့ စကားတစ်ခွန်းနော်။ ကလေးကကောင်းတာလုပ်ရင်သာ မေမေတော်လို့လို့မပြောတာ၊ တစ်ခုခုအဆိုးဘက်ရောက်မယ်၊ပြုစုထိန်းသိမ်းရမယ်ဆိုတဲ့အချိန်မျိုးမှာ အများဆုံးပြောတတ်ကြတာက ဒါက အမေလုပ်သူကသေချာမကိုင်တွယ်မစီမံတတ်လို့ဆိုတာချည်းပါပဲ။ ဒီတော့ ကလေးဖွံ့ဖြိုးမှုနှေးတာကိုယ်ကြောင့်လို့အပြော မခံရအောင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ သားရှင်မိတို့ရေ။ကလေးတစ်ယောက်က အသက် ၆ လကနေ ၁ နှစ်အတွင်းမှာ တစ်ပတ်ကို ၂အောင်စကနေ ၄အောင်စအထိတိုးလာရပါမယ်။ မိခင်နို့နိုင်လို့မိခင်နို့တစ်မျိုးတည်းသောက်ခွင့်ရတဲ့ ကလေးတွေကမွေးပြီးစအချိန်မှာ နို့မှုန့်သောက်ရတဲ့ ကလေးတွေထက်ပိုပြီး ကိုယ်အလေးချိန်တိုးတာမြန်ပါတယ်။ ဒါပေမယ့် အသက် ၆ လနောက်ပိုင်းမှာတော့ နို့မှုန့်သောက်တဲ့ကလေးတွေက အထွားပိုမြန်လာကြပါတယ်။ ကလေးဟာထွားတာမြန်မြန်၊နှေးနှေး ကျန်းမာတဲ့ကလေးတစ်ယောက်ဖြစ်ဖို့ဆိုရင် အသက်တစ်နှစ်ပြည့်ချိန်မှာ ကိုယ်အလေးချိန်ကမွေးစအလေးချိန်ရဲ့ ၃ ဆဖြစ်ဖို့လိုပါမယ်။ တကယ်လို့ ကလေးက ကိုယ်အလေးချိန်ရှိသင့်တာလောက်ဖြစ်မလာရင်တော့ ကလေးဆရာဝန်နဲ့ပြသကြည့်ဖို့လိုပါမယ်။ကလေးကြီးထွားဖို့အတွက်ကနေ့စဉ်ကျွေးမွေးတဲ့အစားအသောက်ထဲမှာ ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေပါဝင်နေဖို့လိုပါမယ်။ ကလေးကိုကျွေးတဲ့အခါ အခုပြောပြမယ့် အာဟာရတွေပြည့်စုံအောင်ပြင်ဆင်ပေးဖို့ အကြံပေးပါရစေ။ ကလေးအသက်အရွယ်အလိုက် လိုအပ်တဲ့အာဟာရတွေပြည့်စုံအောင်ကျွေးမွေးနိုင်မှာ ကလေးရဲ့ဦးနှောက်၊အမြင်အာရုံ၊ စကားပြောဆိုမှုစွမ်းရည် နဲ့ လှုပ်ရှားမှုစွမ်းရည်တွေကို တိုးတက်ဖွံ့ဖြိုးစေမှာပါ။ ဒီတော့ ကလေးကို သူများနည်းတူကြီးထွားဖွံ့ဖြိုးတဲ့ ကလေးတစ်ယောက်ဖြစ်အောင်ဘာတွေများကျွေးရမလဲ။သံဓါတ်-သွေးနီဥဆဲလ်တွေဖြစ်ပေါ်စေဖို့နဲ့အဆုတ်ဆီအောက်ဆီဂျင်ရောက်ရှိအောင်လုပ်ဆောင်ပေးတဲ့ ဓါတ်တစ်မျိုးပါ။ သံဓါတ်ချို့တဲ့မှုကသွေးအာနည်းရောဂါကိုဖြစ်စေနိုင်ပြီး အခုနောက်ပိုင်းမှာ သံဓါတ်ချို့တဲ့မှုခံစားရတာကတော်တော်လေးများလာပါတယ်။ ဒါကြောင့် ကလေးအတွက် အာဟာရပြင်ဆင်ပေးတဲ့အခါ သံဓါတ်ပြည့်ဝစေဖို့ပြင်ဆင်ပေးပါ။ အစိမ်းရင့်ရောင်အရွက်တွေ၊ပဲအမျိုးမျိုး၊ ပဲပြား၊ သံဓါတ်ဖြည့်စွက်ထားတဲ့Cerealsတို့ကျွေးမွေးပေးပါ။ဇင့်ဓါတ်–ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးဖို့၊ ကိုယ်ခံအားကောင်းမွန်စေဖို့၊ဇီဝတွင်းဖြစ်စဉ်တွေ တိုးတက်ကောင်းမွန်စေဖို့၊အနာကျက်စေဖို့။သွေးခဲစေဖို့နဲ့ သိုင်းရွိုက်ဟော်မုန်းလုပ်ဆောင်ချက်တွေကောင်းမွန်စေဖို့ထောက်ပံ့ပေးတဲ့ဓါတ်တစ်မျိုးပါ။ အမဲသား၊ကြက်ဆင်သား၊ ဖရုံစေ့၊နှမ်း၊ ကညွတ် နဲ့ ဒိန်ချဉ်လိုမျိုး အစားအသောက်တွေက ဇင့်ဓါတ်ပြည့်ဝစွာပါဝင်နေပါတယ်။ဗီတာမင် C–ဖျားနာမှုကင်းပြီး အနာကျက်စေနိုင်ပါတယ်။ ကိုယ်ခံအားကောင်းစေတဲ့ ဓါတ်တစ်မျိုးပေါ့။ သံဓါတ်စုပ်ယူမှုကိုလည်းကောင်းမွန်စေနိုင်ပါတယ်။ စတော်ဘယ်ရီ၊ သခွားမွှေး၊သင်္ဘောသီး၊ကီဝီ၊ သရက်သီး၊ငရုတ်ပွ၊ ပန်းဂေါ်ဖီစိမ်းတို့ က ဗီတာမင် C တို့ပါဝင်ပါတယ်။ဗီတာမင် A–ကိုယ်ခံအားကောင်းစေတယ်။မျက်လုံး၊သွား၊အရိုးတွေကို သန်မာစေတယ်။အဆုတ်နဲ့အူမကြီးကိုကျန်းမာစေတယ်။ အစာခြေစနစ်ကို ကျန်းမာစေတာကြောင့် ကလေးကို ကူးစက်ရောဂါတွေကနေကာကွယ်ပေးပြီး ကျန်းမာသန်စွမ်းစေပါတယ်။ ကလေးကို ကျန်းကျန်းမာမာကြီးထွားစေဖို့မေ့ထားလို့ မဖြစ်ပါဘူးနော်။ ကန်စွန်းဥ၊ မုန်လာဥနီ၊ ကိုက်လန်၊ ဟင်းနုနွယ်၊နို့၊ ငါး နဲ့အမဲသားလိုမျိုး အစားအသောက်တွေမှာ ကြွယ်ဝစွာပါဝင်နေပါတယ်။ဗီတာမင် D– အရိုးတွေသန်မာစေပြီး ခန္ဓါကိုယ်ရဲ့ လုပ်ဆောင်မှုတွေကိုကောင်းမွန်စေနိုင်ပါတယ်။ ကလေးကို ကျန်းမာသန်စွမ်းဖို့ အထောက်အကူပြုပေးတဲ့ ဓါတ်တစ်မျိုးပေါ့။နေရောင်ခြည်းကနေအဓိကရရှိပါတယ်။ ဆယ်လ်မွန်၊ ဆာဒင်း၊ တူနာ၊ဒိန်ချဉ်လိုမျိုးအစားအစာတွေမှာ ပါဝင်နေပါတယ်နော်။Omega-3–ကလေးကြီးထွားဖွံ့ဖြိုးဖို့ မရှိမဖြစ်လိုအပ်တဲ့ ဓါတ်တစ်မျိုးပေါ့။ ဦးနှောက်၊ အမြင်အာရုံ နဲ့ သင်ယူမှုစွမ်းရည်ကိုလည်းကောင်းမွန်စေနိုင်ပါတယ်။ ပင်လယ်ငါးတွေ၊ရေညှိ၊ အခွံမာအသီးနဲ့ အစေ့အဆန်တွေကနေရရှိနိုင်ပါတယ်။lcFos–အကျိုးပြုဘက်တီးရီးယားအာဟာရတစ်မျိုးပေါ့။ အစာခြေစနစ်ကျန်းမာဖို့ အထောက်အပံ့ပေးနေတဲ့ အကျိုးပြု ဘက်တီးရီးယားလေးတွေကို အာဟာရဖြည့်တင်းပေးတာပါ။ အစာခြေစနစ်ကျန်းမာပြီး ကလေးကြီးထွာဖွံဖြိုးဖို့ အထောက်အပံ့ဖပးပါတယ်။Probiotics(အကျိုးပြုဘက်တီးရီးယား) –ကလေးရဲ့အစာခြေစနစ်အတွက် အထောက်အကူပြုပေးတဲ့ဒြပ်ပေါင်းတစ်ခုပါ။ ကလေးတစ်ယောက် ကြီးထွားဖွံ့ဖြိုးဖို့အတွက် အစာခြေစန်စကျန်းမာဖို့ကတော်တော်လေးအရေးပါတာပါ။ ဒါကြောင့် အစာခြေစနစ်ကို ကျန်းမာစေတဲ့ အကျိုးပြုဘက်တီးရီးယား (Probiotics)လေးတွေကိုမေ့မထားပါနဲ့။ ဒီဓါတ်က ကလေးကိုဝမ်းပျက်ဝမ်းလျှောမဖြစ်အောင်ကာကွယ်ပေးပါတယ်။DHA–ဗိုက်ထဲမှာနေကတည်း မဖြစ်မနေရထားသင့်တဲ့ ဓါတ်တစ်ခုပါ။ ကလေးရဲ့ ဦးနှောက်၊အမြင်အာရုံနဲ့ အာရုံကြောစနစ်တွေ ဖွံဖြိုးဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ကလေးဟာကိုယ်ဝန်ဆောင်ကာလနောက်ဆုံး ၃ လမှာ ဦးနှောက် ၂၆၀ ရာခိုင်နှုန်းအထိဖွံ့ဖြိုးတာဖြစ်ပြီး အသက် ၁ နှစ်တာအတွင်းမှာ ဦးနှောက် ၁၇၅ ရာခိုင်နှုန်းအထိထပ်ဖွံ့ဖြိုးပါတယ်။ ၂ နှစ်အရွယ်မှာတော့နောက်ထပ် ၂၁ ရာခိုင်နှုန်းဖွံ့ဖြိုးတာပါ။ ဒီလိုကြီးထွားဖွံ့ဖြိုးမှုတွေ အဆင်ပြေပြေဖြစ်နေစေဖို့က ကလေးအနေနဲ့ လိုအပ်တဲ့ DHA ပမာဏပြည့်ဝစွာရရှိဖို့လိုမှာပါ။ကလေးကို အစားအသောက်ပြင်ဆင်ပေးမယ့်မေမေတို့အနေနဲ့ ကလေးကို လိုအပ်တဲ့အာဟာရတွေသင့်တင့်မျှတစွာပါဝင်အောင်ရွေးချယ်ပြင်ဆင်ပေးဖို့ကလည်းမေ့ထားလို့မဖြစ်တဲ့ တာဝန်ပါ။ ကလေးအတွက် နို့မှုန့်ရွေးရင်ဖြစ်ဖြစ်၊ဖြည့်စွက်အာဟာရရွေးရင်ဖြစ်ဖြစ် အခုပြောခဲ့တဲ့ ဓါတ်တွေပါဝင်နေတာမျိုးကို သတိထားရွေးဝယ်ပါ။နောက်တစ်ခုကရွေးချယ်လိုက်တဲ့အရာကဘေးကင်းစိတ်ချရဖို့ကိုလည်း သတိထားဖို့လိုပါမယ်။ ဒါကြောင့်မေမေကြောင့် ကလေးညှက်တာလို့ပြောမခံရစေဖို့ ကလေးစားသောက်မယ့် အစာအာဟာရထဲမှာ DHA၊ Omega -3၊lcFos၊ ဗီတာမင် နဲ့ သတ္တုဓါတ်တွေပြည့်ဝစွာပါဝင်နေတာမျိုးကို သတိထားရွေးချယ်ပေးပါနော်။ကျန်းမာသန်စွမ်းပြီးပျော်ရွှင်တဲ့ ကလေးတွေကို ပျိုးထောင်နိုင်ပါစေမေမေတို့ရေ……။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/nutrients-should-include/
အာရုံကြော ညပ်ရင် ဘယ်လိုကုသမလဲ
အာရုံကြော ညပ်တယ်ဆိုတာအာရုံကြောတစ်နေရာကို ဖိအားဖြစ်စေပြီး ဦးနှောက်ဆီကို အချက်ပြသတိပေးမှုတွေပေးပို့စေတာဖြစ်ပါတယ်။ ထိခိုက်ထားတဲ့အာရုံကြောကိုမူတည်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်း အမျိုးမျိုးမှာ နာကျင်မှု၊ ထုံကျဉ်တာ၊ အားနည်းတာ စတဲ့ လက္ခဏာတွေ ဖြစ်လာတတ်ပါတယ်။အာရုံကြောညပ်တယ်ဆိုရင် ထိခိုက်ထားတဲ့အာရုံကြောတဝိုက်မှာ –။တစ်ခါတလေ လူကလှဲအိပ်နေရာက ထလိုက်တဲ့အခါ လက္ခဏာပိုဆိုးနေနိုင်ပါတယ်။ အာရုံကြောညပ်ခြင်းကြောင့် တခြားကျန်းမာရေးပြဿနာတွေလည်း ဖြစ်လာစေနိုင်ပါတယ်။ ဥပမာ စိုင်ယာတီကာ၊ တံတောင်ဆစ်ကြော၊ လက်ကောက်ဝတ်ကြော နာကျင်မှုတွေဆက်ဖြစ်လာနိုင်ပါတယ်။အာရုံကြောညပ်တာက ခန္ဓာကိုယ်ရဲ့ဘယ်နေရာမှာမဆို ဖြစ်လေ့ရှိပေမယ့် လည်ပင်း၊ ခါး၊ တံတောင်ဆစ်နဲ့ လက်ကောက်ဝတ်တို့မှာ အဖြစ်များပါတယ်။ဒီဝေဒနာတွေ သက်သာစေဖို့က ဆေးခန်းပြပြီး ဆေးသောက်တာအပြင် ကိုယ်တိုင်လိုက်နာ လုပ်ဆောင်သင့်တဲ့ အချက်လေးတွေ ရှိပါတယ်။အာရုံကြောကို ပြန်ကျန်းမာစေဖို့အတွက် အိပ်စက်ခြင်းကို မရှိမဖြစ်လိုအပ်ပါတယ်။ အိပ်စက်တဲ့အချိန်မှာ ခန္ဓာကိုယ်က အလိုအလျောက်ပြန်လည်ပြုပြင်ပေးတတ်တာမို့ လက္ခဏာတွေကို မြန်မြန်သက်သာစေနိုင်ပါတယ်။ဒီလိုအချိန်မှာ နာကျင်နေတဲ့အာရုံကြောကို သိပ်ပြီးများများ အလုပ်မလုပ်မိဖို့ အရေးကြီးပါတယ်။ မဟုတ်ရင် အာရုံကြောအပေါ်ထိခိုက်မှု ပိုဆိုးလာနိုင်ပါတယ်။ အိပ်တဲ့အခါလည်း သူ့ကို သက်သောင့်သက်သာရှိစေမယ့် အနေအထားနဲ့အိပ်သင့်ပါတယ်။အနေအထားမမှန်ရင်အာရုံကြောပြဿနာတွေ ပိုဆိုးတတ်ပါတယ်။ ရပ်တဲ့အခါ၊ ထိုင်တဲ့အခါ  မမှန်ကန်တဲ့ကိုယ်နေဟန်ထားကြောင့် ခန္ဓာကိုယ်မှာ မလိုအပ်ဘဲဝန်ပိစေပြီး ကျောရိုးနဲ့ကြွက်သားတွေကို ထိခိုက်စေတယ်၊ အာရုံကြောညပ်တာဖြစ်လာစေတယ်။အရိုးအကြောအဆစ်ဆရာဝန်တွေ အကြံပြုထားတဲ့ လေ့ကျင့်ခန်းလေးတွေကို ပုံမှန်လုပ်ပေးပါ။ အကြောတွေပြေလျော့ပြီး ပျော့ပျောင်းလာရင် ပြန်သက်သာဖို့ လွယ်ကူပါတယ်။တကယ်လို့ လေ့ကျင့်ခန်းလုပ်ရင်း နာကျင်မှုပိုဆိုးလာတာ၊ အဆင်မပြေတာတစ်ခုခုဖြစ်လာရင် ရပ်လိုက်သင့်ပါတယ်။ခါးမှာအာရုံကြောညပ်တဲ့သူတွေဟာ ကျောရိုးဆီက ဖိအားဖြစ်စေတာကို လျော့စေဖို့ ခြေထောက်ကိုမြှင့်ထားရင် သက်သာနိုင်ပါတယ်။ အိပ်တဲ့အခါ ဒူးအောက်မှာ ခေါင်းအုံးခုထားရင်လည်း နေရသက်သာစေနိုင်တယ်။အပူနဲ့အအေး တလှည့်စီကပ်တာက ရောင်ရမ်းမှုကို လျော့ကျသက်သာစေနိုင်ပါတယ်။ ဒီလိုနှစ်မျိုးပေါင်းတာက သွေးလည်ပတ်မှုကို ကောင်းစေပြီး နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ရေနွေးအိတ်ဖြစ်ဖြစ် ရေခဲဝတ်ဖြစ်ဖြစ် ကပ်တဲ့အခါ ခံနိုင်လောက်တဲ့အပူချိန်နဲ့ တစ်ကြိမ်ကို ၁၅ မိနစ်ခန့်၊ တစ်နေ့ သုံးကြိမ် ကပ်နိုင်တယ်။ရေရှည်မှာ လမ်းလျှောက်တာ၊ရေကူးတာ၊စက်ဘီးစီးတာတို့လို လှုပ်ရှားမှုတွေ နည်းနည်းချင်းပုံမှန်လုပ်သွားရင် ဒီလက္ခဏာတွေနဲ့ အဝေးမှာ သက်သောင့်သက်သာ နေထိုင်နိုင်မှာပါ။ ကိုယ်အလေးချိန်ထိန်းသိမ်းတာကလည်း အာရုံကြောတွေအပေါ် ဖိအားလျော့စေပြီး ပုံမှန်လှုပ်ရှားမှုကြောင့် ရောင်ရမ်းမှုကို လျော့စေမှာပါ။ လေ့ကျင့်ခန်းမလုပ်ခင် နဲ့ လုပ်ပြီးချိန်မှာ အကြောလျှော့တာက ခန္ဓာကိုယ်ကို ပျော့ပျောင်းစေပြီး အာရုံကြောတွေတဝိုက်မှာ ဖိအားလျော့စေပါတယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/%e1%80%a1%e1%80%ac%e1%80%9b%e1%80%af%e1%80%b6%e1%80%80%e1%80%bc%e1%80%b1%e1%80%ac/
အန်တဲ့အခါ ဝမ်းသွားတဲ့အခါ သွေးပါခြင်း
အစာခြေစနစ် အောက်ပိုင်းမှာ သွေးထွက်ရတဲ့ အကြောင်းအရင်း။အစာခြေစနစ်မှာ သွေးထွက်တာမျိုး ဖြစ်နေတဲ့အခါ အရင်ဆုံးက ပြဿနာရှိနေတာက အစာခြေစနစ်ရဲ့ ဘယ်အပိုင်းလဲဆိုတာကို အရင်ဆုံး အတည်ပြုဖို့ အစာအိမ်အူလမ်းကြောင်း မှန်ပြောင်းကြည့်တဲ့ နည်းကို သုံးပါတယ်။ ဒီနောက်မှာတော့ သွေးထွက်နေတဲ့နေရာက အစာခြေစနစ် အထက်ပိုင်းမှာ ဖြစ်နေမယ်ဆိုရင် မှန်ပြောင်းကနေတဆင့် သွေးထွက်နေတဲ့ နေရာကို အပ်နဲ့ ဓာတုပစ္စည်းကို တိုက်ရိုက်ထိုးသွင်းပြီး သွေးတိတ်အောင် လုပ်ဆောင်ပေးပါတယ်။တကယ်လို့ အစာခြေစနစ်ထဲက နေရာတစ်ခုခုမှာ အကျိတ်ဖြစ်တာကို ဖယ်ရှားဖို့ဆိုရင်တော့ ခွဲစိတ်ကုသမှု ခံယူဖို့လိုပါမယ်။ ဒီလို အခြေအနေမှာ open surgery ကို အသုံးပြုလို့ရသလို အနာကျက်မြန်စေပြီး ဒဏ်ရာကြီးကြီးမားမား မကျန်စေဖို့ဆိုရင်တော့ Minimally invasive laparoscopic (keyhole) surgery က ပိုအဆင်ပြေပါမယ်။။ဒီ ကုသမှုလုပ်တဲ့အခါ ဝမ်းဗိုက်မှာ သေးငယ်တဲ့ အပေါက်လေးတွေဖောက်မှာပါ။ အဲ့ဒီ အပေါက်လေးတွေကနေ မှန်ပြောင်းအသေးစားလေးတွေကို ထည့်သွင်းပြီး ခွဲစိတ်မှာပါ။ သုံးဖက်မြင် ကင်မရာပါတဲ့အတွက် ခွဲစိတ်မယ့်နေရာကို ရှင်းရှင်းလင်းလင်း မြင်ရမှာပါ။ စက်ရုပ်လက်တံတွေကို အသုံးပြုထားတဲ့အတွက် ခွဲစိတ်မှုတွေကို တိတိကျကျ  လုပ်ဆောင်နိုင်ပါတယ်။ ဒဏ်ရာသေးသလို နလန်ထချိန်လည်း မြန်တဲ့အတွက် ဆေးရုံက မြန်မြန်ဆင်းရပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/blood-in-vomit-and-stool/
အသားအရေလေးတင်းရင်းစေဖို့ ကြိုးထိုးကြမယ်
အခုနောက်ပိုင်းမှာ ခေတ်စားလာတဲ့အလှအပြပုပြင်နည်းတစ်ခုပေါ့။ အချိန်တိုလေးအတွင်းမှာ လှပသွားစေမယ့် နည်းလမ်းလေးတစ်ခုပါ။ နာကျင်မှုနည်းပြီး အချိန်လည်းသိပ်မပေးရတဲ့ အလှအပပြုပြင်မှုတစ်ခုပါ။Botoxထိုးတာထက် တာရှည်ခံသလိုFillerထိုးတာထက်လည်း အချိန်ကြာကြာလှပနေစေမှာပါ။ငယ်ရွယ်တဲ့ရုပ်သွင်ပြင်ကို ပိုင်ဆိုင်ချင်သူတွေ စဉ်းစားသင့်တဲ့အလှအပပြုပြင်မှုတစ်ရပ်ပါ။ ဒီနည်းလမ်းကနဖူး၊ မျက်ခုံး၊ မျက်နှာနဲ့လည်ပင်းက လျော့ရဲနေတဲ့ အရေပြားတွေကို တင်းရင်းလှပစေနိုင်ပါတယ်။မျက်လုံးထောင့်ကအရေးအကြောင်းတွေ၊ ရယ်တာကြောင့်ဖြစ်လာတဲ့ ပါးပေါ်က အရေပြားအတွန့်အခေါက်လေးတွေ၊လက်မောင်းနဲ့ဝမ်းဗိုက်ကအရေပြားတွေ တင်းရင်းစေဖို့အတွက်လည်း ဒီနည်းလမ်းက အသုံးဝင်ပါတယ်။ဒီကုထုံးမှာ ကြိုးစကို ဆံစပ် ဒါမှမဟုတ်နားရွက်ေနာက်ဖက်မှာထားရမှာပါ။ ပြီးရင်တော့ အရေပြားတင်းရင်းချင်တဲ့ အစိတ်အပိုင်းကို အရာပေးထားတဲ့အတိုင်း သေသေသပ်သပ်လေးလုပ်ဆောင်ပေးရပါမယ်။ ဒီကြိုးထိုးတဲ့ကုထုံးကအရေပြားတစ်ရှုးတွေကို တွယ်ဆက်ပေးပြီးအသားအရေကို သဘာဝအတိုင်း ချောမွေ့နေတဲ့ သွင်ပြင်ကိုရရှိစေမှာပါ။ဒီကုထုံးရဲ့ အားသာချက်တွေကတော့-။အသက်အရွယ်ကြောင့်ဖြစ်လာတဲ့ မျက်နှာပေါ်ကအရေးအကြောင်းတွေ၊မျက်အိတ်တွဲတာတွေကို သိသိသာသာသက်သာ စေတဲ့နည်းလမ်းပါ။ ဒါကြောင့် အရွယ်မတိုင်ခင်အိုမင်းရင့်ရော်မှုကိုခံစားနေရတဲ့ အသက် ၂၅ နှစ်ကနေ ၄၅ နှစ်အတွင်း အမျိုးသမီးတွေနဲ့ အသက် ၅၀ ကျော်နဲ့ ၆၀ ကျော်အရွယ် အမျိုးသား၊ အမျိုးသမီးတွေအနေနဲ့ တွဲကျနေတဲ့ မျက်အိတ်တွေ၊ မျက်နှာပေါ်က အရေးအကြောင်းတွေကို ဖယ်ရှားချင်တယ်ဆိုရင် လုပ်ဆောင်သင့်တဲ့နည်းလမ်းတစ်ခုပါ။ တစ်ကြိမ်လုပ်ထားပြီးရင် နှစ်နဲ့ချီခံတဲ့ နည်းလမ်းဖြစ်တာကြောင့် လှပချင်သူတိုင်း ရွေးချယ်သင့်တဲ့နည်းလမ်းတစ်ခုပေါ့။ဒီကုသမှုက စိတ်ချရသလို ကြာမြင့်ချိန်ကလည်း ၁ နာရီကနေ ၂ နာရီလောက်ပဲကြာမြင့်မှာဖြစ်ပါတယ်။ ရိုးစင်းပြီး လှပစေမယ့်အလှပြုပြင်မှုတစ်ခုဆိုလည်း မမှားပါဘူး။ မင်္ဂလာဆောင်ခါနီး သတို့သမီးတွေအတွက်လည်း တော်တော်လေး အဆင်ပြေစေမယ့်နည်းလမ်းပါ။ ကဲဒီတော့ အချိန်ကုန်သက်သာပြီး တာရှည်ခံတဲ့အပြင် အသားအရေကိုတင်းရင်းလှပစေတဲ့ ကြိုးထိုးတာကို လုပ်သင့်၊မလုပ်သင့် ကိုယ်တိုင်ဆုံးဖြတ်လိုက်ပါနော်။ တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ လုပ်ဆောင်ဖို့ကတော့ မဖြစ်မနေ သတိပြုသင့်တဲ့အချက်တစ်ခုပါ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%b1%e1%80%9b%e1%80%b1%e1%80%9c%e1%80%b8%e1%80%90%e1%80%84%e1%80%b9%e1%80%b8%e1%80%9b%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%85%e1%80%96%e1%80%ad/
ဘာကြောင့် အမြဲလိုလို ဗိုက်ဆာနေတာလဲ
ဗိုက်ဆာတယ်ဆိုတာ ခန္ဓာကိုယ်က အစားအစာလိုအပ်နေပြီလို့ အချက်ပြတဲ့သဘောပါပဲ။ ဗိုက်ဆာလာတာကို မစားဘဲ နေလိုက်ရင် ဗိုက်နာမယ်၊ ဗိုက်အောင့်မယ်၊ ခေါင်းကိုက်မယ်၊ နုံးချိချိဖြစ်လာမယ်၊ အာရုံကောင်းကောင်း မစူးစိုက်နိုင်ဖြစ်စေပါတယ်။ ဒါ့ကြောင့် ဗိုက်ဆာတာကို လျစ်လျူမရှုသင့်ပါဘူး။ ဒါပေမဲ့ ပုံမှန်စားနေလျက်နဲ့ ဘာကြောင့် အမြဲလိုလို ဗိုက်ဆာနေတာလဲ ။ဗိုက်ဆာလို့အပြင် ခဏခဏ စားချင်သောက်ချင်စိတ် ဖြစ်ရတဲ့ တခြားအကြောင်းအရင်းတွေ ရှိပါသေးတယ်။ ဒါတွေကတော့။ခဏခဏဗိုက်ဆာတယ်ဆိုတာဆီးချိုရောဂါရဲ့ လက္ခဏာတွေထဲက တစ်ချက်ဖြစ်ပါတယ်။ ပုံမှန်ဆိုစားလိုက်တဲ့ အစားအစာတွေကို ခန္ဓာကိုယ်ထဲမှာ သကြားအဖြစ် ပြောင်းလဲသုံးစွဲပစ်ပါတယ်။ ဆီးချိုရောဂါရှိနေရင်တော့ ကိုယ်တွင်းဆဲလ်တွေက သကြားဓာတ်တွေ ရယူမသုံးစွဲနိုင်တော့တဲ့အတွက် ခဏခဏစားသောက်ဖို့ အားပေးသလိုဖြစ်နေပါတယ်။Hyperthyroidism လို့ခေါ်တဲ့ သိုင်းရွိုက်ဟော်မုန်း ပုံမှန်ထက်များတဲ့ အခြေအနေမှာလည်း ခဏခဏဗိုက်ဆာ တတ်ပါတယ်။ ပိုလျှံနေတဲ့ သိုင်းရွိုက်ဟော်မုန်းတွေက စားချင်စိတ်ကို ပိုအားကောင်းစေလို့ပါ။လူတိုင်းမဟုတ်ပေမဲ့ တချို့တွေကစိတ်ဓာတ်ကျတဲ့အချိန် (ဒါမှမဟုတ်) အရမ်းစိတ်လှုပ်ရှားတဲ့အချိန်တွေ မှာဗိုက်ဆာတတ်ကြပါတယ်။ စားသောက်တာက ရောဂါတစ်ခုမဟုတ်ပေမဲ့ နင်းကန်စားပြီး အဝလွန်လာရင်တော့  နောက်ဆက်တွဲပြဿနာတွေ တပြုံကြီး ပါလာတော့မှာပါ။ဒါ့ကြောင့် ကိုယ်ခဏခဏဗိုက်ဆာရတာ ဒီလိုရောဂါတွေကြောင့်လို့ သံသယရှိရင် သက်ဆိုင်ရာဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။အစားအစာတိုင်းက စားလိုက်တိုင်း ဗိုက်မပြည့်စေပါဘူး။ အသားငါး၊ နို့ထွက်ပစ္စည်းတွေနဲ့ အမျှင်ဓာတ်ကြွယ်၀တဲ့ အစားအသောက်တွေဖြစ်တဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆံ၊ ပဲအမျိုးမျိုး စတာတွေက ဗိုက်ပြည့်စေသလို ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ဖြူဆွတ်နူးညံ့နေတဲ့ ပေါင်မုန့်၊ ကိတ်မုန့်တွေ၊ အသင့်စား အစားအစာတွေ၊ သရေစာတွေကတော့ အဆီပါဝင်မှုများပြီး စားလိုက်တဲ့အချိန်ပဲ ဗိုက်ပြည့်စေပါတယ်။ ဒါတွေ အစားများရင် ခဏခဏ ဗိုက်ပြန်ဆာနေမှာ ဖြစ်သလို ရေရှည်မှာလည်းကျန်းမာရေးထိခိုက်နိုင်ပါတယ်။ရေသောက်ခြင်းက ကျန်းမာရေးအတွက် ကောင်းကျိုးအလွန်များပါတယ်။ ရေဓာတ်ပြည့်ဝနေရင် ဦးနှောက်နဲ့ နှလုံး ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ အထောက်အကူဖြစ်စေပြီး အရေပြားနဲ့အစာခြေစနစ်အတွက်လည်း အကျိုးရှိပါတယ်။ရေဓာတ်ပြည့်ဝနေဖို့အတွက် ဖရဲသီး၊ သခွားသီးလို ရေဓာတ်ပါဝင်မှုများတဲ့ သစ်သီးဝလံတွေလည်း မကြာခဏ စားသုံးပေးသင့်ပါတယ်။ အစာမစားခင် ရေသောက်လိုက်ရင် အစာစားချင်စိတ်ကို လျော့သွားစေတာကြောင့် အလွန်အကျွံမစားမိအောင် အထောက်အကူဖြစ်စေပါတယ်။အရက်ကတော့ ရေနဲ့ ပြောင်းပြန်ပါပဲ။ အရက်က အစာစားချင်စိတ် လျော့နည်းစေတဲ့ ဟော်မုန်းကို တားဆီးနိုင်တဲ့ အတွက် အစာမစားခင် (ဒါမှမဟုတ်) စားရင်းသောက်ရင်း အရက်သောက်မိရင် ပုံမှန်ထက် ပိုစားမိစေပါတယ်။အရက်အလွန်အကျွံသောက်မိရင် အစားပိုစားမိရုံတင်မဟုတ်ဘဲ နှလုံးနဲ့သွေးကြောကျန်းမာရေးကိုပါ ထိခိုက်စေတာမို့ ဘယ်အချိန်ဖြစ်ဖြစ် အရက်ကိုချင့်ချိန်ပြီး သောက်သုံးဖို့ အရမ်းအရေးကြီးပါတယ်။ကိုယ်စားသောက်တဲ့ပုံစံကလည်း ဗိုက်ပြည့်မပြည့်ဆိုတဲ့ အချက်ပေါ်သက်ရောက်ပါသေးတယ်။ အစားကို ဖြည်းဖြည်းနဲ့ မှန်မှန်စားတာက အစာကြေညက်ဖို့လွယ်သလို ဗိုက်ပြည့်လွယ်စေတာကြောင့် ကျန်းမာရေးနဲ့ညီညွတ်ပါတယ်။ ဖြည်းဖြည်းချင်း စားသောက်တဲ့အချိန်မှာ ခန္ဓာကိုယ်တွင်းက ဗိုက်ပြည့်တာကိုအချက်ပြတဲ့ဟော်မုန်းတွေ ပိုထွက်လာစေတာကြောင့် တစ်ခါစားပြီးရင် တော်တော်နဲ့ ဗိုက်ပြန်မဆာအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။တီဗီကြည့်ရင်း (ဒါမှမဟုတ်) တစ်ခုခုလုပ်ရင်း အစားကို အမြန်စားသောက်ရင်တော့ စားစရာကို သေချာကြေညက်အောင် မဝါးမိတော့သလို ဗိုက်ပြည့်တာကိုလည်း သတိမထားမိဘဲ ဖြစ်သွားတတ်ပါတယ်။ ဒါ့ကြောင့် အစားကို အမြန်စားသောက်တတ်သူတွေက ရေရှည်မှာ အဝလွန်တဲ့ပြဿနာနဲ့ ကြုံရတတ်ပါတယ်။အိပ်ရေးမဝရင် ကိုယ်တွင်းက ဟော်မုန်းလည်ပတ်မှုဖြစ်စဉ်ကို ထိခိုက်စေပါတယ်။ ဒါ့ကြောင့်အိပ်ရေးပျက်သူ အများစုက ခဏခဏဗိုက်ဆာတတ်ပြီး စားပြီးရင်လည်း ဗိုက်ပြည့်တယ်လို့ သိပ်မခံစားရတတ်ပါဘူး။ နောက်ပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ သရေစာတွေကို ပိုစားသောက်တတ်ကြတာလည်း တွေ့ရပါတယ်။ကျန်းမာရေးလိုက်စားပြီး အထူးသဖြင့် အပြင်းအထန်လှုပ်ရှားရတဲ့ အားကစားတွေလုပ်ရင် ကယ်လိုရီ ပိုလောင်ကျွမ်းပါတယ်။ ဒီလိုအားကစားလိုက်စားတဲ့သူတွေမှာ ကယ်လိုရီလောင်ကျွမ်းမှုများပြီး ကိုယ်တွင်းဇီဝဖြစ်စဉ်လည်းပိုမြန်တာကြောင့် ခဏခဏအစာစားချိန်စိတ်ဖြစ်ပေါ်တတ်ပါတယ်။နိဂုံးအနေနဲ့ ပြန်ပြောရရင် ဗိုက်ဆာတယ်ဆိုတာခန္ဓာကိုယ်အတွက် စွမ်းအင်လိုအပ်နေကြောင်း အချက်ပြတဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ခဏခဏဗိုက်ဆာနေပြီဆိုရင်တော့ အခုပြောခဲ့တဲ့အချက်တွေနဲ့ ကိုယ့်ဘာသာပြန်ဆန်းစစ်ကြည့်ပါ။ ဒါမှသာ အလွန်အကျွံစားသောက်မိပြီးအဝလွန်ခြင်းကဲ့သို့သောကျန်းမာရေးပြဿနာတွေ မကြုံအောင် ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။ရေးသားသူ – Dr. Htoo Tint။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/why-you-feel-hungry-all-the-time/
မျက်နှာအဆီပြန်တဲ့အမျိုးသားတွေအတွက် နည်းလမ်းကောင်း ၉ ခု
မျက်နှာမှာ အဆီတွေပြန်နေတယ်၊ ခဏခဏမျက်နှာသစ်ပစ်တာလည်းမရဘူး၊ ဘာလုပ်ရမလဲလို့ယောကျာ်းလေးတွေတော်တော်များများ အဖြေရှာမိကြမှာပါ။မိန်းကလေးတွေတင် မဟုတ်ပါဘူး။ယောကျာ်းလေးတွေမှာလည်း အသားအရေထိန်းသိမ်းမှုလိုအပ်ပါတယ်။ အသားအရေထိန်းပစ္စည်းတွေကိုလည်း ကိုယ့်အသားအရေအမျိုးအစားနဲ့ ကိုက်ညီမယ့်အမျိုးအစားတွေကို ရွေးချယ်ဖို့လည်းအရေးကြီးပါတယ်။ မကိုက်ညီတာ၊ မတည့်တာသုံးမိရင်ကောင်းကျိုးထက် ဆိုးကျိုးများနိုင်တာကိုး။ ဒီတော့ အရင်ဆုံး ကိုယ်က ဘယ်အသားအရေအမျိုးအစားထဲမှာ ပါနေသလဲ အရင်ဆန်းစစ်ကြည့်မှဖြစ်မှာပေါ့။ ဒီအချက်လေးတွေနဲ့ တိုက်ကြည့်နော် –။ပုံမှန်အသားအရေပိုင်ရှင်ဆိုရင်။ပေါင်းစပ်အသားအရေပိုင်ရှင်ဆိုရင်။ပေါင်းစပ်အသားအရေဆိုတာ မျက်နှာပေါ်ကT-zone ( နှာခေါင်း၊နဖူး၊မေးစေ့) လို ဧရိယာတွေမှာခြောက်သွေ့တဲ့နေရာခြောက်၊ အဆီပြန်တဲ့နေရာကပြန် ၊တချို့မှာ ပုံမှန်အနေအထားဖြစ်နေတာမျိုးကိုခေါ်ပါတယ်။ ပုံမှန်အားဖြင့်။ခြောက်သွေ့တဲ့အသားအရေရှိရင်။တုံ့ပြန်လွယ်တဲ့အသားအရေပိုင်ရှင်။သင့်အသားအရေက ဟို skin care နဲ့မတည့်၊ ဒီ skin care နဲ့အဆင်မပြေ၊ မျက်နှာမှာပြဿနာမျိုးစုံပေါ်လာတတ်တယ်ဆိုရင် ပါဝင်ပစ္စည်းတွေနဲ့ ဓါတ်မတည့်တဲ့sensitive skinဖြစ်ပါတယ်။ ဓါတ်မတည့်မှုဖြစ်လာရင် အသားအရေမှာ နီရဲလာမယ်၊ ယားယံလာမယ်၊လောင်တာ၊ခြောက်သွေ့လာမယ့် လက္ခဏာတွေပြလာနိုင်ပါတယ်။အဆီပြန်တဲ့အသားအရေပိုင်ရှင်ဆိုရင်။အဆီပြန်တတ်တဲ့အသားအရေရှိရင် မျက်နှာသစ်တာတစ်နေ့နှစ်ကြိမ်ထက်မကျော်ပါစေနဲ့။ ခဏခဏမျက်နှာသစ်ရင်ချွေးပေါက်ပိုကျယ်စေလို့ပါ။ မျက်နှာသစ်ဆေး အရည်အသွေးကောင်းကောင်းကိုရွေးသုံးပါ။ ဝက်ခြံတွေကို မဆိတ်၊မဆွ၊ မညှစ်ပါနဲ့။ အနာကျက်ဖို့ ပိုကြာစေနိုင်ပါတယ်။ယောကျာ်းလေးတွေမှာ မျက်နှာအဆီပြန်ရတဲ့အကြောင်းရင်းတွေကဘာလဲ။အရေပြားအောက်မှာsebaceous glands လို့ခေါ်တဲ့ ဂလင်းတွေရှိပါတယ်။ ဒီဂလင်းတွေကsebum လို့ခေါ်တဲ့ သဘာဝအဆီနဲ့ အသားအရေကိုထိန်းသိမ်းပေးပါတယ်။ယောကျာ်းလေးတွေမှာ ယောကျာ်းသွင်ပြင် ခန္ဓါကိုယ်အချိုးအစားဖြစ်တည်ရေးအတွက် အခြေခံကျတဲ့ dihydrotestosterone (DHT) ဆိုတဲ့ဟော်မုန်းတစ်မျိုးလည်းရှိပါတယ်။ ဒါပေမယ့်DHT ပမာဏများလာရင်sebum ထုတ်လုပ်မှုလွန်ကဲပြီး အသားအရေမှာ အဆီပြန်တဲ့အသွင်ဖြစ်စေတာပါ။ဒါဆိုရင် အဆီပြန်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ။အသားအရေမှာခြောက်သွေ့တာလည်းမကောင်းသလို အဆီပြန်တာလည်းမကောင်းဘူးဆိုတော့ အသားအရေစိုပြေပြီးပြစ်ချက်ကင်းတဲ့ မျက်နှာသွင်ပြင်ကိုရရှိနိုင်ဖို့ အဆီပြန်ခြင်းကိုလျော့ပါးအောင်လုပ်ကြည့်ဖို့လိုပါတယ်။ ယောကျာ်းလေးတွေက မိန်းကလေးတွေထက် အဆီပိုပြန်တတ်တာကြောင့် အသားအရေထိန်းသိမ်းချင်တဲ့ အဆီပြန်သူ အမျိုးသားတွေအနေနဲ့ လုပ်ဆောင်နိုင်မယ့် နည်းလမ်းကောင်းတွေကိုအောက်မှာဖော်ပြထားတယ်နော်။၁။ မျက်နှာသစ်ပါ။အရည်အသွေးကောင်းပြီး oily skin အတွက် ထုတ်လုပ်ထားတဲ့ မျက်နှာသစ်ဆေးကိုသုံးပါ။ မနက်တစ်ကြိမ်၊ အိပ်ကာနီးတစ်ကြိမ် မျက်နှာသစ်ပါ။နေ့လယ်ဘက်မှာ အရမ်းအဆီပြန်နေတယ်ဆိုရင်တော့ ခပ်မြန်မြန်လေး မျက်နှာသစ်နိုင်ပါတယ်။ဒါပေမယ့် မျက်နှာခဏခဏ သစ်လွန်းရင်တော့ အသားအရေမှာရှိတဲ့အဆီတွေကိုခြောက်ခန်းသွားစေနိုင်တဲ့အပြင် အခြေအနေပိုဆိုးစေမယ်၊ မျက်နှာအဆီပိုဖြစ်ပေါ်နိုင်စေမှာဖြစ်လို့ အကြိမ်ရေကို မလွန်ကဲဖို့ သတိထားပါ။၂။ ကိုယ်တိုက်ဆပ်ပြာနဲ့ မျက်နှာမသစ်ပါနဲ့။မျက်နှာအတွက်ထုတ်လုပ်ထားတာမဟုတ်တဲ့ ကိုယ်တိုက်ဆပ်ပြာတွေနဲ့ မျက်နှာမသစ်ပါနဲ့။ မျက်နှာသစ်လိုက်တဲ့အခါ အရေပြားပေါ်က သဘာဝအဆီတွေပါ ပါသွားစေနိုင်လို့ပါ။ အဲ့လိုဖြစ်ပြီး အသားမှာခြောက်သွေ့လာတဲ့အခါ အရေပြားထဲမှာ အဆီဓါတ်ထုတ်လုပ်မှု ပိုများလာစေပြီး အရေပြားပြဿနာတွေပိုဖြစ်စေနိုင်ပါတယ်။ အဆီပြန်တတ်တဲ့အသားအရေအတွက် သီးသန့်ထုတ်တဲ့ မျက်နှာသစ်ဆေးကိုရွေးသုံးပါ။၃။ Scrub လုပ်ပါ (ဆဲလ်သေဖယ်ရှားခြင်း)။အရေပြားပေါ်က ဆဲလ်သေတွေရယ်၊ အဆီဂလင်းလုပ်ဆောင်ချက်လွန်ကဲမှုကြောင့်ဖြစ်လာတဲ့ တခြားကပ်ငြိမှုတွေကို ဖယ်ရှားနိုင်ဖို့face scrub ကို တစ်ပတ်တစ်ကြိမ် သို့မဟုတ် နှစ်ပတ်တစ်ကြိမ် လုပ်သင့်ပါတယ်။ scrub လုပ်ပေးသင့်တယ်ဆိုပေမယ့် တကယ်တမ်းကျ အပေါ်မှာပြောခဲ့သလိုပဲခြောက်သွေ့စေပြီးချွေးပေါက်ကျယ်စေ၊ အဆီပိုပြန်စေနိုင်တာကြောင့် scrub မလွန်စေဖို့ သတိထားပါ။ အဆီပြန်တဲ့ အသားအရေပိုင်ရှင် အမျိုးသားတွေဟာ တုံ့ပြန်လွယ်အသားအရေရှိသူတွေလိုပဲ အသားအရေကို မထိခိုက်အောင် ဂရုစိုက်ဖို့ လိုပါတယ်။၄။ Toner သုံးပါ။အဆီပြန်တတ်တဲ့သူတွေဟာtonerကောင်းကောင်းသုံးဖို့လည်းလိုပါတယ်။toner သုံးမှ အဆီပိုတွေကို ပယ်ဖျက်နိုင်ဖို့နဲ့ချွေးပေါက်တွေ ကျဉ်းစေဖို့ ချက်ချင်းအေးမြခြင်းကိုပေးစွမ်းနိုင်ပါတယ်။ မျက်နှာသစ်ပြီးချိန်တိုင်းtoner သုံးပေးရင်သိသာတဲ့ရလဒ်ကို သတိထားမိမှာပါ။၅။ အစိုဓါတ်ထိန်းပေးပါ။အဆီပြန်တဲ့အသားအရေမှာတောင် မျက်နှာကိုmoisturize လုပ်ပေးဖို့ လိုအပ်ပါသေးတယ်။ အရေပြားဆိုတာ အစိုဓါတ်ကိုလိုအပ်ပါတယ်။ အစိုဓါတ်မရှိရင် အကာအကွယ်အလွှာအတွက် အဆီဓါတ်ကို အလိုလိုဖန်တီးလိုက်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် မျက်နှာကို အစိုဓါတ်ထိန်းပေးမယ့် serum တစ်ခုခုသုံးပေးပါ။၆။ Clay Mask နဲ့လည်း သန့်စင်နိုင်တယ်။Clay masksတွေကချွေးပေါက်တွေကို သန့်စင်စေ၊ အရေပြားဆဲလ်သေတွေကို ဖယ်ရှားနိုင်ပြီး မျက်နှာပေါ်ကအဆီပိုတွေကို ရှင်းလင်းပေးနိုင်တဲ့နည်းလမ်းကောင်းဖြစ်လို့ အပတ်စဉ် လုပ်ပေးသင့်ပါတယ်။Clay maskတွေဖယ်လိုက်တာနဲ့ အဆီပြန်ခြင်းကင်းစင်ပြီး သန့်စင်ကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။ပြီးရင်တော့ toner နဲ့ serum သုံးပေးပါ။၇။ မုတ်ဆိတ်ရိတ်တဲ့အခါ။အမျိုးသားတွေ မုတ်ဆိတ်ရိတ်တဲ့အခါshaving creamsတွေနဲ့aftershaveတွေမှာalcohol ပါဝင်တာတွေ မသုံးဖို့သတိထားပါ။ alcohol က အရေပြားကိုပြဿနာများစေနိုင်တယ်လို့သိကြတဲ့ ပါဝင်ပစ္စည်းတစ်မျိုးဖြစ်ပြီး အသားအရေကို ပိုခြောက်သွေ့စေပါတယ်။၈။ လက်ကို သန့်အောင်ထားပါ။မျက်နှာအဆီပြန်တတ်သူတွေမှာ ဝက်ခြံဖြစ်စေတဲ့အကြောင်းရင်းတစ်ခုက ဘက်တီးရီးယားကြောင့်ပါ။ အဆီပြန်နေတဲ့ အသားအရေမှာ ဘက်တီးရီးယားတွေ ကပ်ငြိဖို့က တခြားသူတွေထက် ပိုလွယ်ကူပါတယ်။ ယောကျာ်းလေးတော်တော်များများက မျက်နှာသစ်ဖို့နဲ့ moisturizer သုံးဖို့ကို သတိရတတ်ကြပေမယ့် ဖုန်းပွတ်နေတတ်တဲ့သူတို့ရဲ့လက်တွေက တစ်နေ့ကို အကြိမ်ပေါင်းများစွာ မျက်နှာကိုထိမိ ကိုင်မိနေတာကိုမေ့နေတတ်ကြပါတယ်။ကိုယ့်ရဲ့စမတ်ဖုန်းကို တစ်နေ့တစ်ကြိမ်လောက်တော့ သေချာသုတ်ပေး၊သန့်ပေးပါ။ ညစ်ပေတာတွေ၊ ဖုန်မှုန့်တွေရှိတဲ့နေရာတွေကို ထိတွေ့ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ဆေးပါ။ လက်သန့်ဆေးရည်ကလည်း အသုံးဝင်ပါတယ်။ မျက်နှာကို မကြာခဏ ထိနေ၊ ကိုင်နေတာတော့ မလုပ်တာ အကောင်းဆုံးပါပဲ။၉။ အဆီစုပ်စက္ကူလေးတွေ သုံးပါ။အဆီစုပ်စက္ကူလေးတွေက အဆီပြန်ခြင်းကို မတားဆီးနိင်ပေမယ့် မျက်နှာ T Zone (နှာခေါင်း၊နဖူး၊မေးစေ့) မှာ အဆီပြန်နေတာတွေကို အသာအယာဖိကပ်လိုက်ရုံနဲ့ စုပ်ယူဖယ်ရှားပေးနိုင်မှာဖြစ်လို့ အသုံးဝင်ပါတယ်။ သွားရင်းလာရင်း မျက်နှာမှာ သိသိသာသာ အဆီပြန်လာတဲ့အခါ လိုအပ်သလို အသုံးပြုနိုင်တဲ့ ပစ္စည်းဖြစ်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%86%e1%80%ae%e1%80%bb%e1%80%95%e1%80%94%e1%80%b9%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%b1%e1%80%9b%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-2/
မယ်ဇလီ
ဆေးဖက်ဝင်အောင်ဆိုပြီး အရသာရှိရှိ ဟင်းခါးချက်သောက်လေ့ရှိတဲ့ မယ်ဇလီဟင်းချိုကနေ ဘယ်လိုကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။မယ်ဇလီက ဆေးဖက်ဝင်အပင်တစ်မျိုးပါ၊ အရွက်နဲ့အသီးဆေးဖော်ရာမှာအသုံးပြုပါတယ်။မယ်ဇလီဟာ FDA ကအသိအမှတ်ပြုထားတဲ့ဆေးညွှန်းမလိုတဲ့ ဝမ်းနုတ်ဆေးတစ်မျိုးဖြစ်ပါတယ်။ ဝမ်းချုပ်တာကို သက်သာစေဖို့အတွက် နဲ့ စအိုကနေပိုက်ထည့်ပြီးမှန်ပြောင်းဖြင့်ကြည့်နည်း (colonoscopy) မလုပ်ဆောင်ခင်အူမကြီးအတွင်းသန့်ရှင်းစေဖို့အတွက်အသုံးပြုပါတယ်။မယ်ဇလီကို နာတာရှည်အူလမ်းကြောင်းဆိုင်ရာ ပြဿနာစု (irritable bowel syndrome)၊ လိပ်ခေါင်းရောဂါ (hemorrhoids) နဲ့ ကိုယ်အလေးချိန်ကျဆင်းစေဖို့အတွက်လည်း အသုံးပြုပါတယ်။ဆေးဖက်ဝင်တယ်ဆိုတဲ့အချက်ကြောင့် နှစ်ခြိုက်စွာစားသုံးနေကြတဲ့ မယ်ဇလီရဲ့ ကျန်းမာရေးအကျိုးကျေးဇူးအချို့ကိုမျှဝေပေးလိုက်ပါတယ်။မယ်ဇလီက ကျန်းမာရေးကို အခုလို ထောက်ကူပေးပါတယ်။မယ်ဇလီရဲ့ အဆီကအရေးပြားပေါ်မှာဖြစ်တတ်တဲ့ နီမြန်းရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။ အရွက်ကိုကြိတ်ခြေပြီး ရလာတဲ့အနှစ်ကိုပွေး၊အနာနဲ့အပူလောင်နာတွေအတွက်အသုံးပြုနိုင်ပါတယ်။မယ်ဇလီမှာ ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် အရေပြားဆိုင်ရာရောဂါတွေ (သို့) အရေပြားပေါ်မှာဖြစ်တဲ့ အသေးစားကူးစက်ရောဂါတွေကိုကုသရာမှာ အထောက်အကူပြုပါတယ်။မယ်ဇလီရွက် အနှစ်ကို ဝက်ခြံလိုမျိုး အရေပြားဆိုင်ရာ ကူးစက်ရောဂါတွေနဲ့နှင်းခူလိုမျိုး အရေပြားပေါ်မှာဖြစ်တဲ့ ကူးစက်ရောဂါတွေကို ကုသရာမှထြိရောက်စေပါတယ်။ မယ်ဇလီမှာပါတဲ့ acetone နဲ့ ethanol တို့က ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပါတယ်။ဆံပင်တွေကိုချောမွေ့တောက်ပြောင်သန်စွမ်းစေဖို့အတွက် မယ်ဇလီရွက်ကို အသုံးပြုနိုင်ပါတယ်။ မယ်ဇလီအရွက်ခြောက်မှုန့်ကိုရေ၊ဒိန်ချဉ်တို့နဲ့ ဆတူရောစပ်ပြီး ဆံပင်ပေါင်းတင်ဆေးအဖြစ်အသုံးပြုနိုင်ပါတယ်။ သံပုရာရည်၊လက်ဖက်ဆီနဲ့အခြားဆေးဖက်ဝင်ပစ္စည်းတွေနဲ့လည်းရောစပ်အသုံးပြုနိုင်ပါတယ်။ရောစပ်ထားတဲ့အနှစ်ကို ဆံပင်ပေါ်မှာလိမ်းပြီး ပလပ်စတစ်ခေါင်းစွပ်နဲ့ ခဏစွပ်ထားပြီးခြောက်သွေ့အောင်ထားပေးပါ။ နာရီအနည်းငယ်ကြာထားပြီးတဲ့နောက်ရေဆေးချလိုက်ပါ။မယ်ဇလီက ဆံပင်ကို သန်စွမ်းထူထဲစေတဲ့အပြင် အရောင်လည်းတောက်ပစေပါတယ်။ ဓါတုဗေဒပစ္စည်းတွေပါဝင်တဲ့ခေါင်းလျှော်ရည်တွေကြောင့် ဆံသားပျက်စီးတာတွေကိုလျော့ကျစေပါတယ်။ မယ်ဇလီကိုအသုံးပြုစမှာ ဆံပင်ကကြမ်းပြီးခြောက်သွေ့စေနိုင်ပေမယ့် ရက်အနည်းငယ်အကြာမှာ အစွမ်းသိသာလာမှာဖြစ်ပါတယ်။မယ်ဇလီက ဆံပင်အတွက် သဘာဝအရောင်တင်ဆေးတစ်မျိုးပါ။ မယ်ဇလီက ဒန်းဆိုးသလိုမျိုး ဆံပင်ကိုချက်ချင်းအရောင်တက်စေတာမျိုးတော့မဟုတ်ပါဘူး။ အချိန်နည်းနည်းတော့ပေးရပါတယ်။ မယ်ဇလီက ဒန်းလိုမျိုး ဆံပင်ကို နီကျင့်ကျင့်အရောင်ဖြစ်စေတာမျိုးမဟုတ်ပါဘူး။ မယ်ဇလီမှာပါတဲ့ chrysophanic acid ကဆံပင်ကို အဝါရောင်ဖျော့ဖျော့ဖြစ်စေပါတယ်။ ဆံပင်ကိုရွှေအိုရောင်ဖြစ်စေချင်တယ်ဆိုရင်တော့ မယ်ဇလီမှုန့်နဲ့ ဆံပင်ပေါင်းတင်ပေးလို့ရပါတယ်။မယ်ဇလီပင်က ဆံသားတွေကိုလှပစေရုံသာမက ဦးရေပြားကိုလည်းကျန်းမာသန်စွမ်းစေပါတယ်။ဗောက်တွေကိုလည်းသက်သာစေပါတယ်။ မယ်ဇလီက ဆံပင်အရောင်ကိုတက်စေပြီး ဆံပင်ကျွတ်တာကိုလည်း သက်သာစေပါတယ်။ဝမ်းပျော့ပျော့သွားစေနိုင်တာကြောင့် မယ်ဇလီက ဝမ်းချုပ်တာကိုသက်သာစေပါတယ်။ မယ်ဇလီက အမရေိကန် FAD ကဆေးစာမလိုတဲ့ ဝမ်းနုတ်ဆေးအဖြစ်သတ်မှတ်ထားပါတယ်။ မယ်ဇလီက အူမကြီးကြွက်သားတွေကို ဝမ်းသွားရလွယ်ကူအောင်လုပ်ဆောင်ပေးပါတယ်။မယ်ဇလီရွက်က အူနံရံတွေကို ကျုံစေနိုင်တာကြောင့် အူမကြီးကိုလှုပ်ရှားမှုကိုဖြစ်စေပါတယ်။ အူမကြီးကိုရေဓါတ်စုပ်ယူနိုင်အောင်လုပ်ဆောင်ပေးတာကြောင့် ဝမ်းပျော့ပျော့သွားစေပါတယ်။ ဝမ်းတအားချုပ်တာမျိုးအတွက် သုံးစွဲပေးလို့ရပါတယ်။မယ်ဇလီက ဝမ်းပျော့ပျော့သွားစေနိုင်တာကြောင့် အူမကြီးကို သန့်ရှင်းစေနိုင်တဲ့ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။ မယ်ဇလီရွက်ကို တရုတ်တိုင်းရင်းဆေးတွေမှာ အူမကြီးထဲက အပူအပုပ်တွေကိုဖယ်ရှားဖို့ အသုံးပြုကြပါတယ်။ အစာအိမ်ထဲမှာ အစာဟောင်းတွေကျန်မနေအောင်လည်း အထောက်အကူပြုပါတယ်။ယနေ့ခေတ်မှာတော့ မယ်ဇလီကိုစအိုကနေပိုက်ထည့်ပြီးမှန်ပြောင်းဖြင့်ကြည့်နည်း (colonoscopy) မလုပ်ဆောင်ခင် နဲ့ အခြားအူမကြီးခွဲစိတ်အူမကြီးအတွင်းသန့်ရှင်းစေဖို့အတွက်အသုံးပြုပါတယ်။မယ်ဇလီရွက်က ရောင်ရမ်းတာကိုလျှော့ချပေးပြီး အနာကျက်မြန်စေတာကြောင့် စအိုအရေပြားစုတ်ပြဲခြင်းနဲ့ လိပ်ခေါင်းဝေဒနာတွေကို ကုသရာမှာ ထိရောက်မှုရှိပါတယ်။ ဝမ်းပျော့ပျော့သွားစေနိုင်တာကြောင့် စအိုကွဲခြင်း (anal fissure) လိုမျိုးရောဂါတွေမဖြစ်အောင်အထောက်အပံ့ပေးပါတယ်။အစာကိုကြေညက်အောင်မဝါးတာကြောင့် စအိုကွဲနာလိုမျိုးဝေဒနာတွေခံစားရတာဖြစ်ပါတယ်။ မယ်ဇလီရွက်က အူလမ်းကြောင်းရဲ့လှုံ့ဆော်မှုကိုတိုးတက်စေပြီး ဝမ်းသွားရလွယ်အောင်လုပ်ဆောင်ပေးတာကြောင့် လိပ်ခေါင်းဝေဒနာကိုသက်သာစေပါတယ်။မယ်ဇလီရဲ့ဝမ်းပျော့ပျော့သွားစေနိုင်တဲ့ အစွမ်းကြောင့် အစာအိမ်နဲ့ အူမကြီးအတွင်းက သန်ကောင်တွေကိုဖယ်၇ှားသုတ်သင်ရာမှာလည်း မယ်ဇလီရွက်က အသုံးဝင်ပါတယ်။မယ်ဇလီရွက်ရဲ့ ဝမ်းပျော့ပျော့သွားစေနိုင်တဲ့အစွမ်းက ကိုယအလေးချိန်လျော့ကျအောင်လည်း အထောက်အပံ့ဖြစ်စေပါတယ်။ မယ်ဇလီရွက်က ဝမ်းမချုပ်အောင်ကာကွယ်ပေးနိုင်တာကြောင့် အမျှင်ဓါတ်ပါဝင်မှုနည်းတဲ့ ကိုယ်အလေးချိန်လျော့ကျစေတဲ့ အစားအသောက်တစ်မျိုးဖြစ်ပါတယ်။ကယ်လိုရီပါဝင်မှုနည်းတဲ့ အရသာပြည့်စုံတဲ့သောက်စရာတစ်ခုဖြစ်တာကြောင့် ခန္ဓါကိုယ်ကို အရည်ဓါတ်ပိုရစေမှာဖြစ်ပါတယ်။ အရည်များများသောက်တာက အစားနည်းနည်းပဲစားဖြစ်စေပါတယ်။ မယ်ဇလီက အူမကြီးထဲက အဆိပ်အတောက်တွေ နဲ့ မကျေညက်တဲ့ အစာကို ဖယ်ရှားပေးပါတယ်။အစာအိမ် အူလမ်းကြောင်းကိုရှင်းလင်းပြီး အဆိပ်အတောက်ဖယ်ရှားတဲ့နည်းလမ်းက လိုအပ်သင့်တော်တဲ့ အာဟာရဓါတ်တွေကို စုပ်ယူနိုင်အောင် အထောက်အပံ့ပေးပါတယ်။ ဇီဝတွင်းဖြစ်ပျက်ပြောင်းလဲမှုကို တိုးတက်ကောင်းမွန်စေပြီး ကိုယ်အလေးချိန်ကိုကျဆင်းစေပါတယ်။မယ်ဇလီရဲ့ အဆီ၊အစေးနဲ့ မယ်ဇလီမှာပါတဲ့ အခြားဒြပ်ပေါင်းတွေက ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့ အစွမ်းရှိပါတယ်။ မယ်ဇလီက ဘက်တီးရီးယားတွေ၊မှိုပိုးတွေနဲ့ ကပ်ပါးပိုးတွေပေါက်ပွားရှင်သန်မှုကို ဟန့်တားပေးနိုင်စွမ်းရှိပါတယ်။မယ်ဇလီရွက်ကို ခံတွင်းရောဂါတွေအတွက် ဝါးစားပေးနိုင်ပါတယ်။ မယ်ဇလီမှာပါဝင်တဲ့ရောင်ရမ်းမှုကိုလျော့ကျစေနိုင်တဲ့အစွမ်းသတ္တိက ကိုယ်တွင်းပိုင်းနဲ့ အပြင်ပိုင်းကရောင်ရမ်းမှုတွေကိုလျော့ပါးသက်သာစေပါတယ်။မယ်ဇလီက အစာမကြေတာကြောင့်ဖြစ်တဲ့ ရင်ပူတာ၊ မအီမသာဖြစ်တာ၊လေပွတာနဲ့ ရင်ပြည့်ရင်ကယ်ဖြစ်တာတွေကို သက်သာစေနိုင်ပါတယ်။ မယ်ဇလီကို အခြားဆေးဖက်ဝင်အပင်တွေဖြစ်တဲ့ စမုန်နက်၊ချင်း။ပူဒီနံ၊ ဖာလာစေ့ တို့လိုမျိုး အစာအိမ်ထဲမှာလေထတာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။မယ်ဇလီကဘေးကင်းပြီး ကျန်းမာရေးကိုအထောက်အကူပြုတယ်ဆိုတယ်ဆိုပေမယ့်ရေရှည်သုံးစွဲတဲ့အခါဘေးထွက်ဆိုးကျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ သတိပြုရမယ့် အချက်အချို့ကိုလည်းဖော်ပြပေးလိုက်ပါတယ်။-မယ်ဇလီကို အလွန်အကျွံစားသုံးမယ်ဆိုရင် ဝမ်းလျှောစေနိုင်ခြင်း၊။-မယ်ဇလီနဲ့ ဓါတ်မတည့်တဲ့သူတွေမှာ ဆီးတွေအရောင်ပြောင်းသွားတာမျိုးဖြစ်တတ်ပါတယ်။ဓါတ်မတည့်မှုကြောင့် ဆီးတွေအရောင်ပြောင်းသွားတာမျိုးဖြစ်ပေါ်မယ်ဆိုရင် မယ်ဇလီစားသုံးနေမှုကို ချက်ချင်းရပ်တန့်လိုက်ပါ။-anthraquinones ဓါတုဒြပ်ပေါင်းကိုရေရှည်အသုံးပြုမယ်ဆိုရင် အူမကြီးကင်ဆာကိုဖြစ်စေနိုင်ပါတယ်။ အသေးစားဘေးထွက်ဆိုးကျိုးတွေအနေနဲ့ကတော့အော့အန်တာနဲ့ မအီမသာဖြစ်တာမျိုးတွေခံစားရစေနိုင်ပါတယ်။-မယ်ဇလီကိုရေရှည်သုံးစွဲမယ်ဆိုရင် ကြွက်သားတွေအားနည်းတာ၊နှလုံးလုပ်ငန်းစဉ်တွေ ကမောက်ကမဖြစ်တာ နဲ့ အသည်းပျက်စီးတာမျိုးတွေဖြစ်ပေါ်စေနိုင်ပါတယ်။-မယ်ဇလီရေနွေးကြမ်းကို အလွန်အကျွံသောက်သုံးမယ်ဆိုရင်တော့ အသည်းကို အဆိပ်အတောက်ဖြစ်စေမှာဖြစ်ပါတယ်။-ရေတို အသုံးပြုမှုက ဗိုက်အောင့်တာ၊ဝမ်းလျှောတာနဲ့ ဗိုက်ထဲမှာ မအီမသာဖြစ်တာတွေလိုမျိုး ဆိုးကျိုးတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/senna-health-benefits/
သားသမီးပျိုးထောင်နည်းမှန်ကန်စေဖို့ ဒါလေးတွေမမေ့ပါနဲ့
သားသမီးရတနာရလာပြီးတဲ့အခါ အရင်ကလို စိတ်ကူးနဲ့ပျော်နေရုံနဲ့မပြီးတော့ပါဘူး။ မိဘရဲ့တာဝန်ဝတ္တရားတွေထဲမှာကျွေးမွေးစောင့်ရှောက်တာ၊ ချစ်ခင်ကြင်နာပေးတာအပြင် ဘက်ပေါင်းစုံက ဟာကွက်မရှိအောင် ဂရုစိုက်ပျိုးထောင်ပေးဖို့ ပါဝင်ပါတယ်။ ဘာမဆို လိုလေသေးမရှိအောင် လုပ်ပေးတယ်ထား၊ ကိုယ်ပျိုးထောင်တဲ့နည်းလမ်းလွဲနေရင် ကလေးရဲ့တိုးတက်မှု၊ဖွံ့ဖြိုးမှုတွေမှာ ဖြစ်သင့်သလောက်ဖြစ်မလာတော့ပါဘူး။ အလိုလိုက်တိုင်းမကောင်းသလို စည်းကမ်းတင်းကျပ်တိုင်းလည်း မကောင်းတဲ့အတွက် ကလေးတွေကို ကြီးပြင်းလာတဲ့အထိစောင့်ရှောက်ပျိုးထောင်ရာမှာ ဂရုစိုက်ရမယ့်အချက်တွေရှိပါတယ်။ ကျန်းမာထက်မြက်တဲ့ ကလေးတွေကို မွေးထုတ်ပေးနိုင်ဖို့ ငယ်စဉ်တည်းက ဂရုစိုက်သင့်တဲ့အချက်လေးတွေဖေဖေမေမေတို့ မေ့နေမှာစိုးလို့ သတိပေးလိုက်ပါတယ်နော်။ကလေးကိုနေ့တိုင်းကစားချိန်အလုံအလောက်ပေးပါ။ကစားချိန်ပေးတယ်ဆိုတာ တီဗီဖွင့်ထားပေးတာ၊ ဂိမ်းပေးကစားထားတာ မဟုတ်ဘူးနော်။ အိမ်ထဲမှာ သို့မဟုတ်ခြံထဲမှာ အန္တရာယ်ကင်းအောင်ကာကွယ်ထားတဲ့ ပတ်ဝန်းကျင်ပြင်ဆင်ပြီး လွတ်လွတ်လပ်လပ်ပေးကစားတာကို ဆိုလိုပါတယ်။ ထိခိုက်စေမယ့်အရာတွေဖယ်ထားတာအပြင် ခြင်ကိုက်မခံရအောင်လည်း ဂရုစိုက်ပေါ့။ ကလေးပီပီပြေးလွှားဆော့ကစားနေတာ၊ ကစားစရာတွေနဲ့ဆော့နေတာက ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနဲ့ဉာဏ်ရည်ထက်မြက်မှုကိုမွေးမြူသလိုဖြစ်စေပါလိမ့်မယ်။ ကလေးကို တစ်ချိန်လုံး ချီပွေ့ထားတာ၊ အငြိမ်ကစားခိုင်းတာ၊ ထိမိမှာချော်လဲမှာစိုးလို့ လွတ်လွတ်လပ်လပ်လှုပ်ရှားခွင့်မပေးတာတွေက သန်မာမှု၊ ဖွံ့ဖြိုးမှု၊ ကျန်းမာရေးမှာ အားနည်းစေနိုင်ပါတယ်။အပြစ်မတင်နဲ့၊ သူများနဲ့ ယှဉ်မပြောနဲ့။ကလေးကို ဒီလိုလုပ်ရသလား၊ ဆိုးရသလား၊ စကားနားမထောင်ဘူးလား အပြစ်တွေမတင်ဘဲ ဒီလိုလေးလုပ်ပါလား၊ စကားနားထောင်ရင် လူလိမ္မာလေးဖြစ်သွားရော၊ သားလေးဒီလိုလုပ်ရင် ဘယ်ကောင်းမလဲမေမေရှင်းပြမယ် စသည်ဖြင့် ကိုယ်လိုရာဘက်ကို ဆွဲယူသိမ်းသွင်းပါ။ စူးစမ်းလိုစိတ်အပြည့်နဲ့ ကလေးတွေကို ဆွဲဆောင်ရတာ လူကြီးတွေကိုနားချရတာလောက်တော့ မခက်ပါဘူးနော်။ အမှားလုပ်မိရင်နောက်တစ်ခါ အမှန်ကိုလုပ်ဖြစ်အောင် ဆွဲဆောင်ပါ(အမှားအကြောင်းကိုပဲ ထပ်မပြောဘဲ)။ သူဆက်လုပ်နေရင် ဒီလုပ်ရပ်ကဘာကြောင့်မကောင်းရတာလဲဆိုတာ သူနားလည်အောင်ရှင်းပြပါ၊ ဘယ်လိုလုပ်သင့်လဲ သတိပေးပါ။မွေးချင်းမောင်နှမထဲကဖြစ်ဖြစ် ၊ ရွယ်တူသူငယ်ချင်းထဲကဖြစ်ဖြစ်၊ ကိုယ့်မိတ်ဆွေရဲ့သားသမီးတွေနဲ့ဖြစ်ဖြစ် ကလေးတွေကိုနှိုင်းယှဉ်မပြောပါနဲ့။ ကလေးတစ်ယောက်နဲ့တစ်ယောက်က အမူအကျင့်တွေ၊ အားသာချက်တွေဘယ်လိုမှမတူနိုင်ကြတာမို့ရောထွေးမပြောပါနဲ့။ မိဘရဲ့စကားတစ်ခွန်းကြောင့် စိတ်ဒဏ်ရာရနိုင်သလို အရွဲ့တိုက်ချင်စိတ်ဖြစ်လာနိုင်တယ်၊ ကိုယ်ပြောတာဆုံးမတာ နားမဝင်တော့တာတွေဖြစ်လာနိုင်တယ်လေ။ သူ့လို လိမ်မာစမ်းပါ လို့ယှဉ်ပြောလိုက်တဲ့စကားက ကလေးရဲ့ကြိုးစားချင်စိတ်ကို ရိုက်သတ်ပစ်လိုက်သလိုပါပဲ။ကလေးတွေရဲ့အသံ နားထောင်ခံစားပေးပါ။မိဘထိန်းကျောင်းတဲ့အတိုင်းနေရမယ်ဆိုတဲ့ ပုံစံခွက်ထဲကို ပုံမသွင်းလိုက်ပါနဲ့။ ကလေးရဲ့ဘဝကို လွှမ်းမိုးထားတာထက် မှန်ကန်တဲ့နည်းလမ်းနဲ့ ပဲ့ထိန်းပြုပြင်ပေးဖို့၊ နည်းပေးလမ်းညွှန်လုပ်ဖို့ပဲ လိုတာပါ။ ကလေးရဲ့စိတ်အတွေးနဲ့ ခံစားချက်၊ ခံယူချက်အမြင်တွေကို ဖွင့်ဟလာအောင် လမ်းဖွင့်ပေးပါ၊နွေးနွေးထွေးထွေးနားထောင်ပေးပါ။ ငယ်စဉ်တည်းက မိဘနဲ့အပြန်အလှန်နွေးထွေးပွင့်လင်းတဲ့ ဆက်ဆံရေးရှိသူတွေက အရွယ်ရောက်လာတဲ့အခါပေါင်းသင်းဆက်ဆံရေးမှာအောင်မြင်တာများပါတယ်။ကလေးရဲ့နေ့စဉ်ဘဝမှာ ထိတွေ့ပါဝင်ပါ။ပါဝင်ပါဆိုလို့လည်း အမြဲဝင်စွက်ဖက်၊ အရာရာ ကိုယ်ပဲဝင်လုပ်ပေးနေတာမျိုးတော့ မဟုတ်ပါဘူး။ ကလေးရဲ့ဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်အောင်ဘေးကနေ လိုအပ်သလို လမ်းပြကူညီပေးဖို့၊ ကလေးကိုမျက်ခြေမပြတ်အကျွမ်းတဝင်ဖြစ်နေဖို့ ပါဝင်ပါ။ ထိန်းချုပ် အမိန့်ပေးတဲ့ပုံစံ၊ ကလေးကို ကိုယ်တိုင်လုပ်ဆောင်ကြည့်ဖို့ အခွင့်အရေးမပေးတဲ့ပုံစံ(စိတ်ပူတတ်တဲ့မိဘများ)ဖြစ်နေခဲ့ရင် ထက်မြက်သွက်လက်တဲ့ ကလေးတွေဖြစ်လာနိုင်ခြေနည်းပါတယ်။ အစပိုင်းမှာ မိဘ ပါဝင်ကူညီပေးပေမယ့် တဖြည်းဖြည်းကြီးပြင်းလာတဲ့အခါဘေးမှာမိဘမပါဘဲ ကိုယ့်အားကိုယ်ကိုးလာပါလိမ့်မယ်။ကျန်းမာတဲ့စားသောက်ပုံအာဟာရြဖစ်အောင် ဂရုစိုက်ပါ။ကျန်တာတွေထက် အရေးကြီးတာ ကလေးရဲ့ကျန်းမာရေးပါ။ ဒီအချက်မှာတော့ ကလေးရဲ့ဗိုက်ထဲရောက်မယ့် အစားအသောက်အတွက် မိဘမှာသာတာဝန်ရှိပါတယ်။ ဖွံ့ဖြိုးဆဲကိုယ်ခန္ဓါလေးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့အာဟာရဓါတ်တွေကို စားဖြစ်အောင် စီစဉ်ပေးဖို့လိုတယ်၊ ကျန်းမာရေးနဲ့မညီတာတွေ မစားမိအောင် ကာကွယ်ဖို့လိုတယ်။ လိုအပ်တဲ့အာဟာရဓါတ်တွေပါဝင်တဲ့စားစရာတွေကို ကလေးကြိုက်အောင်စီမံပြင်ဆင်ပေးသင့်တယ်။ ကလေးတွေရဲ့ဖွံ့ဖြိုးမှုကိုအထောက်အကူဖြစ်စေမယ့် အာဟာရနို့မှုန့်တွေ တိုက်ကျွေးလို့ရတယ်။ ဥပမာဦးနှောက်ဖွံ့ဖြိုးမှုအတွက်DHA(Omega-3 fatty acid တစ်မျိုး) ၊ ဗီတာမင်နဲ့သတ္တုဓါတ်တွေနဲ့အစာခြေစနစ်အတွက်အကျိုးပြုတဲ့LcFosတွေပါဝင်တာမျိုး။နေ့တိုင်း စာဖတ်ပြပါ။ဟိုးအရင်တည်းက ကလေးတွေကိုပုံပြင်ပြောပြတဲ့ဓလေ့ကနေရာတိုင်းမှာရှိပြီးသားပါ။ နိုင်ငံ၊ ယဉ်ကျေးမှုတွေသာမတူကြတာ။ ကလေးပျိုးထောင်တဲ့နေရာမှာတော့ ဒီအချက်က အမြဲပါလေ့ရှိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကလေးကို ပုံပြင်ဖတ်ပြတာကစာဖတ်တဲ့အလေ့အကျင့်ကိုမွေးမြူပေးရာရောက်တယ်၊ သင်ယူလေ့လာစရာ မှတ်သားစရာတွေကို ကလေးစိတ်ဝင်စားအောင် နားသွင်းနိုင်တယ်၊ နားလည်နိုင်တဲ့စွမ်းရည်နဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေတယ်၊။ဖွံ့ဖြိုးမှုစွမ်းရည်တစ်ခုခုအတွက် အမြဲအားပေးပါ။ဘောလုံးကစားတာ၊ ပုံဆွဲဖို့ဆေးရောင်ခြယ်ဖို့ ဝယ်ပေးထားတာ၊ အက၊ သီချင်း စသည်ဖြင့် လုပ်ဆောင်ချက်တစ်ခုခုကို လုပ်နိုင်လာအောင် အခွင့်အရေးပေးထားတာကောင်းပါတယ်။ ဒီတစ်ခါ ဘာလေးလုပ်တတ်လာတယ်၊ ဘယ်နေရာမှာ တိုးတက်လာတယ် ဆိုပြီးဖြစ်လာအောင် အသေးအဖွဲလေးဖြစ်ဖြစ် ဖန်တီးပေးပါ။ ကလေးရဲ့အားသာချက်နဲ့ ဝါသနာပေါ်ထွက်လာပါလိမ့်မယ်။ စိတ်အားထက်သန်မှုနဲ့ ဖွံ့ဖြိုးမှု၊ မိဘရဲ့အားပေးမှုတို့ ပေါင်းလိုက်တဲ့အခါ ကလေးရဲ့ဖွံ့ဖြိုးကြီးပြင်းမှုကို အတောင်ပံတပ်ပေးလိုက်သလိုဖြစ်လာမှာပါ။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-growth-and-development/raising-child-tips/
ရာသီအကူးအပြောင်းကြောင့် လည်ချောင်းနာနေပြီဟုတ်.....
မိုးလေးကုန်လို့ ဆောင်းကိုကူးဖို့ ရာသီဥတုကူးပြောင်းမှုလေးက အစချီနေချိန်မှာ ပြောင်းလဲမှုကိုမခံစားနိုင်တဲ့ ခန္ဓာကိုယ်က ရာသီအကူးအပြောင်းကြောင့် လည်ချောင်းနာနေပြီဟုတ်….. ညအိပ်တုန်းက အကောင်းကြီးပါ။ မနက်နိုးမှပဲ လည်ချောင်းထဲက နာချင်သလိုလိုဖြစ်လာတယ်ဆိုတဲ့ ခံစားချက်များခံစားနေရပြီလား Helloဆရာဝန်ပရိသတ်ကြီးရေ…. ဒီခံစားမှုကို သက်သာစေဖို့ပဲဖြစ်ဖြစ် ခပ်ဝေးဝေးနေဖို့ပဲဖြစ်ဖြစ် စိတ်ကူးထားတယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ရာသီအကူးအပြောင်းကြောင့် လည်ချောင်းနာနေပြီဟုတ်….. ဒီလို လည်ချောင်းနာတာကို သက်သာစေဖို့ ဆိုရင်။အိပ်ရေးဝဝအိပ်ပါ။အိပ်ရေးဝတာကလည်း ခန္ဓာကိုယ်ကို ကိုယ်ခံအားကောင်းစေပြီး ရောဂါပိုးတွေကို အကောင်းဆုံးကာကွယ်တိုက်ထုတ်နိုင်မှာပါ။ ဒါကြောင့် ရုပ်ရှင်ကြည့်ချိန်၊ ဖုန်းသုံးချိန်နဲ့ ဂိမ်းဆော့ချိန်တွေကိုလျှော့လို့ ညတိုင်း အိပ်ချိန် ၈ နာရီပြည့်ဝအောင်ထားပေးပါ။အာဟာရပြည့်ဝအောင်စားပါ။ခန္ဓာကိုယ်ကျန်းမာစေဖို့ မေ့ထားလို့မဖြစ်တဲ့ အချက်တစ်ခုပေါ့။ ဒါကြောင့် တစ်နေ့တာမှာ ခန္ဓာကိုယ်အတွက် လိုအပ်မယ့် အာဟာရတွေကို ပြည့်ဝအောင် စားပေးပါ။ တစ်နေ့ကို အနည်းဆုံး ၂ နပ်တော့ ပြည့်ပြည့်ဝဝစားပေးပါ။ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်တွေကို ပြည့်ပြည့်ဝဝစားပေးပါ။ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်နေသူတွေက ဖျားနာခဲကြပါတယ်။ အကြောင်းကတော့ သူတို့က အခြားသူတွေထက် ကိုယ်ခံအား ပိုကောင်းနေတတ်ကြတာကြောင့်ပါ။ ဒါကြောင့် တစ်နေ့ကို မအားဘူးဆိုရင်တောင်မှ ၁၅ မိနစ် ကနေ နာရီဝက်လောက်အထိ ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးပါ။ပျားသံပရာသောက်ပါ။ရေနွေး ခပ်နွေးနွေးလေးထဲကို ပျားရည် လက်ဖက်ရည် ဇွန်းတစ်ဇွန်း၊ သံပရာသီး တစ်စိတ်စာလောက် ညှစ်ထည့်ပြီး သောက်ပေးပါ။ တစ်နေ့ကို တစ်ခွက်လောက်သောက်ပေးတာက ကိုယ်ခံအား ကောင်းစေနိုင်သလို လည်ချောင်းနာတာကိုလည်း သက်သာစေနိုင်မှာပါ။ချင်း (ဂျင်း) ပြုတ်ရည်သောက်ပါ။ချင်း (ဂျင်း) က ကိုယ်ခံအား ကောင်းစေပြီး ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့် တစ်ပတ်ကို နှစ်ကြိမ်လောက် ချင်း (ဂျင်း) ပြုတ်ရည် သောက်ပေးပါ။ရေများများသောက်ပါ။ရေ၊ စွပ်ပြုတ်နဲ့ သစ်သီးဖျော်ရည်လိုမျိုး ခန္ဓာကိုယ်အတွက် ရေဓာတ်ရရှိစေမယ့် သောက်စရာတွေကိုသောက်သုံးပေးလို့ရပါတယ်။ လည်ချောင်းမှာ အစိုဓါတ်ရှိနေတာက လည်ချောင်းနာတာကို သက်သာစေမယ့်နည်းလမ်းတစ်ခုပါ။ အရည်ဆိုလို့ကော်ဖီတွေ၊လက်ဖက်ရည်တွေတော့သောက်ပါနဲ့။ ကဖင်းပါတဲ့ အချိုရည်တွေနဲ့အရက်၊ဘီယာတို့ကိုလည်းရှောင်ပေးပါနော်။လက်မကြာခဏဆေးပါ။ရောဂါပိုးတွေကို ကာကွယ်တိုက်ထုတ်နိုင်တဲ့ အလွယ်ကူဆုံးနဲ့ အရိုးစင်းဆုံးနည်းလမ်းတစ်ရပ်ပါ။ ဒါကြောင့် လက်ကို ညစ်ပေတဲ့အခါတိုင်းနဲ့ အစားမစားခင်တိုင်းမှာ လက်ကိုသေချာလေသန့်စင်ပေးဖို့ မမေ့ပါနဲ့။ရေနွေးကြမ်းသောက်ပါ။ရေနွေးကြမ်းခပ်နွေးနွေးလေးသောက်ပေးတာက လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့်လည်ချောင်းနာတဲ့အခါ ရေနွေးခပ်နွေးနွေးလေးသောက်ပေးပါ။ဆားရည်နဲ့ ပလုပ်ကျင်းပေးပါ။လွယ်ကူရိုးစင်းတဲ့အိမ်တွင်းနည်းတစ်ခုပေါ့။ ရေနွေးတစ်ခွက်စာထဲကိုဆားလက်ဖက်ရည်ဇွန်းနဲ့ လေးပုံတစ်ပုံစာလောက်ထည့်ပြီးနှံ့အောင်မွှေလိုက်ပါ။ ခပ်နွေးနွေးအခြေအနေမှာ အာလုပ်ကျင်းပေးပါ။ လည်ချောင်းနာတာကို ဖြစ်စေတဲ့ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပြီး လည်ချောင်းနာတာကို သက်သာစေမှာပါ။အစိုဓာတ်ထိန်းကိရိယာဖွင့်ထားပေးပါ။အစိုဓာတ်ရှိတဲ့ပတ်ဝန်းကျင်က လည်ချောင်းနာတာကို သက်သာစေနိုင်တဲ့အာနိသင်ရှိပါတယ်။ ဒါကြောင့် လည်ချောင်းနာတဲ့အခါ ကိုယ်ရှိနေတဲ့အခန်းထဲမှာ အစိုဓါတ်ထိန်းကိရိယာလေးဖွင့်ထားပေးဖို့ မမေ့ပါနဲ့။ရေနွေးနဲ့ရေချိုးပေးပါ။လည်ချောင်းနာတဲ့အခါ ရေနွေးနဲ့ရေချိုးပေးတာကလည်း ထိရောက်တဲ့ နည်းလမ်းတစ်ခုပေါ့။ ဒီလိုရေချိုးပေးတာက လည်ချောင်းအတွင်းနံရံတွေရောင်ရမ်းတာကိုလျော့ပါးသက်သာစေပြီး လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။ရေနွေးကအရမ်းပူဖို့တော့မလိုပါဘူး။ ဒါပေမယ့်ရေနွေးငွေ့လေးတွေထွက်နေဖို့တော့လိုပါမယ်။ငှက်ပျောသီး စားပါ။လည်ချောင်းနာတာကို သကာ်စေဖို့အတွက် ဓာတ်စာတစ်ရပ်အနေနဲ့ ငှက်ပျောသီးကို စားပေးလို့ရပါတယ်။ ဒါကြောင့် လည်ချောင်းနာနေတယ်ဆိုရင် ငှက်ပျောသီးကို ဒီအတိုင်းစားတာဖြစ်ဖြစ် ဖျော်ပြီးသောက်တာဖြစ်ဖြစ် စားပေးလို့ရပါတယ်။သလဲသီးဖျော်ရည်။သလဲသီးဖျော်ရည်က လည်ချောင်းနာတာကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကို တိုက်ထုတ်ပေးပြီးတစ်ရှူးတွေရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် လည်ချောင်းနာနေတယ်ဆိုရင် သလဲသီးဖျော်ရည်လေးကို သောက်ပေးလို့ရပါတယ်။ကဲ…ရာသီအကူးအပြောင်းကြောင့်ဖြစ်တဲ့ လည်ချောင်းနာတာကို အကောင်းဆုံး ကာကွယ်တုံ့ပြန်ကြရအောင်လား……..။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/throat-conditions/understanding-sore-throat-prevention/
နားရေဝင်ရာကနေ ပိုးမဝင်စေဖို့ ဘယ်လိုကာကွယ်မလဲ
ရေကူးရင်းဖြစ်ဖြစ်၊ခေါင်းလျှော်ရင်းဖြစ်ဖြစ်၊ ရေချိုးရင်းဖြစ်ဖြစ် အမှုမဲ့အမှတ်မဲ့နဲ့ နားထဲရေဝင်တဲ့အခါ တော်တော်လေး နေရခက်ပါတယ်။ အချိန်ကြာလာတဲ့အခါ နားပြည်ယိုတာအပါအဝင် အခြားအကြားအာရုံဆိုင်ရာ ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ နားထဲရေဝင်တာက လူ ၁၀ ယောက်မှာ တစ်​ယောက်လောက်ခံစားရလေ့ရှိတဲ့ အခြေအနေတစ်ရပ်ပါ။ နားရေဝင်ရာကနေ ပိုးမဝင်စေဖို့ ကာကွယ်ထားလို့ ရပါတယ်။နားထဲရေဝင်တဲ့အခါ နားအတွင်းပိုင်းထဲက ပြွန်လေးတွေရောင်ရမ်းပြီး။နားထဲမှာ စိုထိုင်းထိုင်းဖြစ်ပြီး ပိုးပေါက်ဖွားမှုတွေ မဖြစ်စေဖို့ နားကို ခြောက်သွေ့သန့်ရှင်းအောင် ထားပေးပါ။ ရေချိုးပြီးတဲ့အခါ၊ ရေကူးပြီးတဲ့အခါ နားပြင်ပကို သဘက်နဲ့ သေချာ သုတ်ပါ။ ပြီးရင် ခေါင်းကို ‌ဘယ်ညာစောင်းပြီး အတွင်းထဲက ရေတွေ ထွက်သွားအောင် လုပ်ပါ။ နားအတွင်းထဲမှာ စိုနေတယ်လို့ ခံစားရရင် hair dryerကို အပူအနိမ့်ဆုံးထားပြီး ၁ပေအကွာကနေ မှုတ်ပေးပါ။နားစည်ကိုပါ ထိခိုက်သွားတယ် ဆိုရင်တော့ ဒီနည်းက အဆင်မပြေနိုင်ပါဘူး။ ဒီလို မဟုတ်ဘူး ဆိုရင်တော့ ရေမကူးခင်နဲ့ ရေကူးပြီးမှာ ရှာလကာရည်နဲ့ ပိုးမဝင်အောင် ကာကွယ်နိုင်ပါတယ်။ နည်းလမ်းကတော့ ရှာလကာရည်နဲ့ အရက်ပြန်နဲ့ကို ဆတူရောပြီး နားတစ်ဖက်ဆီကို လက်ဖက်ရည်တစ်ဇွန်းစာထည့်၊ ပြီးရင် ခေါင်းစောင်းပြီး ပြန်ထုတ်ပါ။ ဒီနှစ်မျိုးလုံးက နားကို ခြောက်သွေ့စေပြီး ဘက်တီးရီးယားနဲ့ မှိုတွေ မပေါက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ကလိုရင်း သေချာမခတ်ထားတဲ့ ကန်တွေမှာ ဘက်တီးရီးယားတွေ အများကြီး ရှိနိုင်ပြီး ဒီကနေ ပိုးကူးနိုင်ပါတယ်။ ပိုးသေချာ မသတ်ထားတဲ့ ရေကူးကန်အပါအဝင် တခြားညစ်ပတ်တဲ့ နေရာတွေမှာ ရေကူးခြင်းကို ရှောင်ကြဉ်ပါ။နားယားလို့၊ နားဖာချေးရှိလို့ဆိုပြီး နားကျပ်တံတွေ၊ ဆံညှပ်တွေ၊ ကလစ်တွေနဲ့ နားထဲကို မကလော်ပါနဲ့။ ဒီလိုလုပ်လိုက်မှ နားဖာချေးတွေ အတွင်းထဲကို ပိုရောက်သွားတာ၊ နားအတွင်းထဲက အရေပြားတွေ ပွန်းပဲ့တာတွေ ဖြစ်ပြီး ပိုးဝင်တတ်ပါတယ်။Hair spray တွေ သုံးတဲ့အခါ၊ ဆံပင်ဆေးဆိုးတဲ့အခါ နားကို အကာအကွယ်တစ်ခုခုနဲ့ အုပ်ထားပါ။နားပိုးဝင်ပြီးလို့ ကုထားတာ မကြာသေးဘူး။  ဒါမှမဟုတ် နားနဲ့ ပတ်သက်လို့ ခွဲစိတ်မှု တစ်ခုခုလုပ်ထားမယ် (နားဖောက်တာအပါအဝင်) ဆိုရင် သေချာသက်သာမှ ရေပြန်ကူးပါ။ ရေကူးပြန်သင့်မသင့်ကို ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။ရေချိုးတဲ့အခါမှာလည်း နားကို သန့်ရှင်းခြောက်သွေ့အောင်ထားပါ။ နားစိုစိုကြီးနဲ့ အကြာကြီးမနေမိအောင် သတိထားပါ။နားကို သေသေနားထဲကို ရေဝင်တာကြောင့် နောက်ဆက်တွဲ ဖြစ်လာမယ့် ပြဿနာတွေကို အခုပြောခဲ့တဲ့ နည်းလေးတွေ သုံးလို့ အကောင်းဆုံး ကာကွယ်လိုက်ရအောင်လား…………။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/ear-conditions/how-to-prevent-swimmers-ear/
ဝမ်းလျှောတိုင်း ပိုးသတ်ဆေးသောက်ဖို့ လိုသလား
ဝမ်းပျက်ဝမ်းလျှောတာဟာမိုးရာသီကာလတွေမှာ အဖြစ်များတတ်တဲ့ ရောဂါတစ်မျိုးပါ။ Diarrhea လို့ခေါ်တဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းဟာ ဝမ်းအရည်ကျဲကျဲတွေ ခဏခဏ (သို့) ဆက်တိုက်သွားခြင်းကို ခေါ်ဆိုတာပါ။ များသောအားဖြင့် ကြာချိန်အပေါ်မူတည်ပြီး ဝမ်းပျက်ဝမ်းလျှောခြင်းကို (၃) မျိုး ခွဲခြားလို့ရပါတယ်။ဒီရောဂါက ကျား၊ မ မရွေးဖြစ်နိုင်သလို အရွယ်ရောက်ပြီးသူတိုင်း တစ်နှစ်ကို ၄ ကြိမ်လောက် ဝမ်းလျှောတတ်ကြပါတယ်။ များသောအားဖြင့် သာမန်ဝမ်းလျှောတာမျိုးသာ အဖြစ်များပေမယ့် အသက်အန္တရာယ်ကို ထိခိုက်တဲ့အထိ ဖြစ်နိုင်တဲ့ ရောဂါမျိုးမို့ ပေါ့ဆလို့ မဖြစ်တဲ့ ဝေဒနာတစ်မျိုးပါ။ဝမ်းပျက်တဲ့အခါ Antibiotics လို့ခေါ်တဲ့ ပိုးသတ်ဆေးလို့လည်း လူသိများကြတဲ့ ပဋိဇီဝဆေးတွေကိုသောက်သုံးပြီး ကုသကြတာများပါတယ်။ သာမန်ဝမ်းလျှောဝေဒနာခံစားရတဲ့အခါမျိုးတွေမှာ အလွယ်တကူဝယ်ယူလို့ရနိုင်တဲ့ ဆေးအများစုကို ဝယ်ယူသောက်သုံးလိုက်ကြတာက ထုံးစံပါပဲ။ဒီလိုသုံးတာက အကျိုးသက်ရောက်မှုရှိသလို တစ်ခါတရံမှာလည်းဘေးထွက်ဆိုးကျိုးတွေရှိနိုင်ပါတယ်။ အသုံးများသွားတာ၊ စနစ်တကျ မသုံးတာမျိုးတွေနဲ့ မတည့်တာတွေကြောင့် ဆိုးကျိုးတွေဖြစ်နိုင်ပါတယ်။အလွန်အမင်းပြင်းထန်လွန်းရင် အပြင်းအထန် ဝမ်းချုပ်တာ၊ အော်ဂလီဆန်တာ၊ မူးဝေအော့အန်တာ၊ ကိုယ်လက်မအီမသာဖြစ်တာမျိုးတွေအထိ ခံစားရနိုင်ပါတယ်။နောက်ပြီးသိထားသင့်တာက ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ဝမ်းလျှောဝေဒနာတွေနဲ့ အစာမှားတာကြောင့်ဖြစ်တဲ့ ဝမ်းပျက်ဝေဒနာတွေကို Antibiotics တွေက သက်သာအောင် မလုပ်ပေးနိုင်ဘူးဆိုတာပါပဲ။ ဘက်တီးရီးယားတွေ၊ ပါရာဆိုက်တွေကြောင့်ဖြစ်တဲ့ ဝမ်းပျက်ဝေဒနာကိုသာ Antibiotics(ပဋိဇီဝဆေး) တွေနဲ့ ကုသနိုင်တာပါ။ဒါကြောင့် ကိုယ့်ရဲ့ဝေဒနာက ဘာကြောင့်ဆိုတာကို သေချာသိအောင် အရင်စစ်ဆေးဖို့လိုအပ်ပါတယ်။ ဝမ်းပျက်နေချိန်မှာ Antibiotics(ပဋိဇီဝဆေး) တွေကို ဆရာဝန်ညွှန်ကြားချက်ရှိမှ သောက်သုံးရပါမယ်။မလိုဘဲသုံးတော့ မသက်သာတဲ့အပြင် ဆိုးကျိုးတောင် ခံရနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်သဘောနဲ့ကိုယ် မသောက်ဘဲ ဆရာဝန်ပြဖို့လိုတာဖြစ်ပါတယ်။တခြားတစ်ဖက်မှာလည်း ဝမ်းလျှောတာက သိပ်မပြင်းထန်ဘူးဆိုရင် အိမ်မှာတင် သက်သာအောင် လုပ်လို့ရတဲ့နည်းလမ်းတွေရှိပါတယ်။အောက်ပါနည်းလမ်းတွေဟာ ဝမ်းလျှောတာကို သက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။ဖြည့်စွက်စာအနေနဲ့ ဒိန်ချဉ်သောက်နိုင်ပါတယ်။ ဆေးဆိုရင်လည်း သောက်ရလွယ်တဲ့ ဆေးတောင့်တွေ၊ အမှုန့်တွေ ရှိနေပါပြီ။ ဒီအကျိုးပြု Gut flora လေးတွေဟာ ဝမ်းပျက်ရောဂါကို သက်သာစေနိုင်ခြေ ၅၅% အထိရှိပါတယ်။ဒီနည်းလမ်းတွေဟာ ဝမ်းပျက်ဝေဒနာခံစားနေရသူတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်မှာဖြစ်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/antibiotics-diarrheaother-remedies/
ဖြူသွယ်လှပတဲ့ ခြေသလုံးလေးတွေပိုင်ဆိုင်ချင်လား
လေဒီလေးတွေတာ်တော်များများကအသားအရေထိန်းသိမ်းမယ်လို့တွေးလိုက်ရင် အရင်ဆုံးစဉ်းစားမိတာကမျက်နှာအသားအရေနဲ့လက်အသားအရေပါ၊ ဂရုမစိုက်တာကတော့ခြေထောက်ေပါ့။ခြေထောက်ဆိုတာတောင်ခြေသလုံးကို ပိုဂရုမစိုက်မိတာပါ။ခြေသလုံးကို ဂရုစိုက်ဖို့ သတိထားမိတဲ့အချိန်က တစ်ချိန်ပဲရှိပါတယ်။ ဒါကတော့ စကတ်တိုလေးတွေ၊ ဂါဝန်လှလှလေးတွေဝတ်ချင်တဲ့အချိန်မှပါ။ တကယ်တော့ပြီးပြည့်စုံတဲ့ အလှတရားပိုင်ဆိုင်ဖို့ဆိုရင်ခေါင်းအစ၊ခြေအဆုံးလှဖို့လိုတာပါနော်။ ဒီတစ်ခေါက်တော့ Hello ဆရာဝန်ရဲ့လေဒီပရိသတ်လေးတွေကိုခြေသလုံးလှပစေမယ့်နည်းလမ်းလေးဝေမျှပေးပါရစေနော်။ခြေသလုံးအရေပြားကလည်း ဂရိုစ်ုက်ဖို့လိုအပ်ပါတယ်နော်။ စကတ်လေးတွေ၊ ဂါဝန်လေးတွေဝတ်မှမဟုတ်ပါဘူး။ ဖိထမိန်ဝတ်တယ်ဆိုရင်တောင်ခြေလျမ်းလိုက်တိုင်းခြေသလုံးကိုမြင်ရတာပါနော်။ ဒီလိုမြင်ရတဲ့အခါခြေသလုံးကလှလှလေးဖြစ်နေမယ်ဆိုရင် ကိုယ့်ကိုယ်ကိုပိုလို့ယုံကြည်မှုရှိတာပေါ့နော်။ခြေသလုံးလေးတွေသွယ်လျဖို့ကတော့ တစ်နေ့ကို ၁၅ မိနစ်လောက်အချိန်ပေးပြီးခြေသလုံးလှပစေတဲ့လေ့ကျင့်ခန်းလေးတွေလုပ်ပေးရုံပါ။ အိပ်ရာမဝင်ခင်မှာ လုပ်ပေးလို့လည်းရပါတယ်။ခြေသလုံးသားလေးတွေဖြူဝင်းစေဖို့ကတော့ အခုပြောပြမယ့်နည်းလမ်းလေးတွေက အသုံးဝင်မှာပါ။ငွေကုန်ကြေးကျလည်းမများဘဲ။ အိမ်မှာဘဲ အလွယ်တကူလုပ်လို့ရတယ်ဆိုတော့လေဒီလေးတွေအတွက် အဆင်ပြေမှာပါ။ဘာတွေလိုအပ်မလဲ။လိုအပ်မှာတွေကတော့ အရမ်းမများပါဘူး။ခြေသလုံးအသားအရေထိန်းသိမ်းနည်းအဆင့်ဆင့်။ခြေသလုံးအသားအရေထိန်းသိမ်းတော့မယ်ဆိုရင် ဒီအချက်လေးတွေကို လိုက်နာဖို့လိုအပ်ပါမယ်။မုန့်ဖုတ်ဆော်ဒါသုံးမယ်။ဒီနည်းက ကမ္ဘာပေါ်ကလေဒီတော်တော်များများအသုံးပြုနေကြပြီး တကယ်လည်း အသုံးတည့်ပါတယ်။ခြေသလုံးမွှေးတွေကို မဖယ်ရှားခင်မှာ မုန့်ဖုတ်ဆော်ဒါနဲ့ ခြေသလုံးတစ်ခုလုံးကိုနှံ့အောင်ပွတ်ပေးရပါမယ်။ ၁၅ မိနစ်လောက်ထားပါ။ ပြီးရင်ရေအေးနဲ့ဆေးချလိုက်ပါ။ပြီးရင်တော့ခြေသလုံးမွှေးတွေကိုဖယ်ရှားလိုက်ပါနော်။ရေနွေးကိုလည်း သုံးပေးလို့ရပါတယ်။ရေနွေးသုံးတဲ့အခါမှာ သတိထားရမှာတစ်ခု ကရေနွေးအရမ်းပူမနေစေဖို့ပါ။ ရေနွေးအရမ်းပူနေရင်အသားခြောက်နိုင်တာကြောင့်ပါနော်။ မုန့်ဖုတ်ဆော်ဒါကို ဒိန်ချဉ်၊သံပရိုသီးအရည်တို့နဲ့ရောပြီးခြေသလုံးမှာ လိမ်းပေးလို့လည်းရပါတယ်။အားလုံးပြီးသွားရင်တော့ခြေထောက်ကိုရေခြောက်အောင်သုတ်ပြီးအစိုဓါတ်ထိန်းတဲ့အနေနဲ့ အုန်းဆီလေးလူးပေးလိုက်ပါနော်။သကြားသုံးမယ်။သကြားအဖြူကိုသံပရာရည်နည်းနည်း၊ရေနည်းနည်ရောလို့ မီးအေးအေးမှာ ၅ မိနစ်ကနေ ၇ မိနစ်လောက်အပူပေးပေးပါ။ ပြီးရင်တော့ ခဏအအေးခံပြီး ခြေသလုံးမွှေးရိတ်ထားပြီးတဲ့အခါ လူးပေးပါ။ အပေါ်ကနေအောက်ကို ဆွဲချတဲ့ပုံစံနဲ့လူးပေးပါ။ပြီးရင်ရေနဲ့ဆေးချလိုက်ပါ။ခြေသလုံးကို အစိုဓါတ်ထိန်းတဲ့အနေနဲ့ အုန်းဆီလူးပေးဖို့ မမေ့ပါနဲ့နော်။သကြားညိုနဲ့သံလွင်ဆီ။သကြားညို ခွက်တစ်ခွက်စာထဲကို သံလွင်ဆီစစ်လေး လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာထည့်ပြီးသေချာလေးမွှေပေးပါ။ပြီးရင်တော့ခြေသလုံးမှာ လိမ်းပေးပြီး ၁၅ မိနစ်လောက်ထားပါ။ခြေသလုံးကခြောက်သွေ့နေတဲ့အရေပြားတွေနဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်မှာပါ။ပြီးရင်တော့ရေနွေးနွေးလေးနဲ့ဆေးချလိုက်ပါ။ရေခြောက်အောင်သုတ်ပြီးရင်တော့ အသားအရေကိအစိုဓါတ်ထိန်းတဲ့အနေနဲ့ အုန်းဆီလေးလူးပေးလိုက်ပါ။ပျားရည်နဲ့သံပရာသီး။ပျားရည်နဲ့သံပရာရည်ကိုရောစပ်လို့ခြေသလုံးကို လူးပေးပါ။ ဒီလိုလုပ်တာက ဆဲလ်သေတွေဖယ်ရှားပေးနိုင်ပြီး အသားအရေမညီတာနဲ့ အရေပြားမွဲခြောက်နေတာတွေကိုပါသက်သာစေနိုင်ပါတယ်။ကဲခြေသလုံးလှလှလေးနဲ့ လှပတဲ့ခြေလှမ်းလေးတွေလှမ်းဖို့ တစ်ပတ်ကို နှစ်ကြိမ်လောက် ဒီနည်းလေးတွေ သုံးကြည့်လိုက်ပါနော်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%96%e1%80%bd%e1%80%b0%e1%80%9e%e1%80%be%e1%80%9a%e1%80%bb%e1%80%9c%e1%80%be%e1%80%95%e1%80%90%e1%80%b2%e1%80%b7-%e1%80%81%e1%80%bd%e1%80%9e%e1%80%b1%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%b1/
အမျိုးသားတွေအသားအရေထိန်းသိမ်းဖို့ဆိုရင် မျက်နှာသစ်ရုံနဲ့ လုံလောက်ပြီလား
အလှအပဆိုတာယောကျာ်းလေးတွေနဲ့မဆိုင်ဘူးလို့ မှတ်ထင်လေ့ရှိကြတယ်။ အသားအရေကိုဂရုစိုက်ထိန်းသိမ်းနေရင်ယောက်ျားမပီသဘူးလို့တောင်ပြောတတ်ကြပါတယ်။တော်တော်များများကလည်း ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ဘဲနေတတ်ကြသလိုယောကျာ်းပဲကွာပြင်နေစရာ မလိုပါဘူးလို့ ဆိုပါတယ်။ဒါပေမယ့် အသားအရေဆိုတာ လူတစ်ကိုယ်လုံးမှာ ထင်သာမြင်သာဆုံး အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အဲဒီလူရဲ့သွင်ပြင်လက္ခဏာအတွက် အရမ်းအရေးကြီးပါတယ်။ လှဖို့ဆိုတာထက် ကြည့်ကောင်းတဲ့ မျက်နှာအသားအရေကိုပိုင်ဆိုင်ဖို့ကို ဆန္ဒမရှိတဲ့ ယောကျာ်းလေးတွေ မရှိလောက်ပါဘူး။ အသားအရေထိန်းသိမ်းတာဟာ အလှပြင်တာ မဟုတ်လို့ ဆွဲဆောင်မှုရှိတဲ့ ခန့်ညားတဲ့မျက်နှာအသားအရေပိုင်ဆိုင်ချင်တဲ့ အမျိုးသားတွေ မလုပ်မဖြစ် လုပ်ဆောင်သင့်တာလေးတွေပြောပြချင်ပါတယ်။မျက်နှာအသားအရေထိန်းသိမ်းဖို့ ဘာတွေလုပ်သင့်လဲ။မျက်နှာအသားအရေအတွက်ဆို အမျိုးသားတွေက facial foam ပဲသုံးလိုက်ကြတာများပါတယ်။ မျက်နှာသစ်သေချာသစ်လိုက်ရင် ဒါမှမဟုတ် facial wipesတွေ သုံးလိုက်ရင် သန့်စင်သွားမယ်၊မျက်နှာအသားဖြူ ကြည်လင်သွားမယ်လို့ ယူဆထားတာဖြစ်ပါလိမ့်မယ်။ တကယ်တော့ မျက်နှာသစ်ရုံနဲ့ မလုံလောက်ပါဘူးနော်။ မျက်နှာသစ်ပြီးရင် အသားအရေကိုပြည်လည်အားဖြည့်ပေးဖို့ လိုပါသေးတယ်။ အရင်ဆုံးမျက်နှာသစ်တဲ့အကြောင်းကိုပြောရအောင်။ဆပ်ပြာလား cleanser လား။အမျိုးသားတွေ လွယ်လွယ်နဲ့မျက်နှာသစ်တတ်တဲ့ ကိုယ်တိုက်ဆပ်ပြာတွေဟာalkaline အခြေခံပြီးထုတ်လုပ်ထားတာဖြစ်လို့ အသားအရေမှာရှိတဲ့ သဘာဝအဆီတွေကုန်ခန်းသွားစေနိုင်သလို မျက်နှာအသားအရေမှာ ရေဓါတ်ခန်းခြောက်တာ၊ ခြောက်သွေ့လာတာ၊ ယားလာတာတွေဖြစ်လာတတ်ပါတယ်။ ဝက်ခြံလည်းပိုထွက်လာစေတတ်ပါတယ်။ ဒါ့ကြောင့် ဆပ်ပြာအစား မျက်နှာအတွက်သီးသန့်ထုတ်တဲ့မျက်နှာသစ်ဆေးကောင်းကောင်းဝယ်သုံးပါ။တစ်နေ့နှစ်ကြိမ်မျက်နှာသစ်ပါ။အမျိုးသားတွေရဲ့အသားအရေက testosterone ဟော်မုန်းပမာဏမြင့်မားလို့ အမျိုးသမီးတွေထက် အဆီပိုပြန်တတ်ပါတယ်။ ဒါ့ကြောင့် အဆီနဲ့အညစ်အကြေးတွေကို ထိရောက်စွာဖယ်ရှားနိုင်ဖို့ အရည်အသွေးကောင်းတဲ့ facial cleanser နဲ့ တစ်နေ့နှစ်ကြိမ်မျက်နှာသစ်ပါ။အစိုဓါတ်ထိန်းမယ့် Serum ကိုသုံးပါ။မျက်နှာသန့်စင်ပြီးတဲ့ အသားအရေကို မခြောက်သွေ့ရအောင် ကာကွယ်နိုင်ဖို့moisturizerတွေကို သုံးရပါတယ်။ moisturizing serum က အသားအရေကိုချောမွေ့စေပြီး အကောင်းဆုံးကာကွယ်ပေးမှာဖြစ်ပါတယ်။Serum အမျိုးအစားတွေဟာရေဓါတ်ကိုအခြေခံထားတာကြောင့်စေးကပ်ခြင်းမရှိ၊ အရေပြားထဲကိုစိမ့်ဝင်လွယ်တဲ့အပြင် အဆီပြန်ခြင်းကို အချိန်ကြာကြာထိန်းချုပ်ပေးနိုင်ပါတယ်။ မိန်းကလေးတွေထက် အဆီပိုပြန်တတ်တဲ့ အမျိုးသားတွေအတွက်moisturizing cream type က သိပ်မသင့်တော်တာကြောင့် အခုလို serum ပါပြီးသား serum cream က ပိုအဆင်ပြေလို့ပါ။Exfoliate လုပ်ပေးပါ။Exfoliate လုပ်တယ်ဆိုတာ အသားအရေမှာရှိနေတဲ့ ဆဲလ်သေတွေကိုဖယ်ရှားပေးတာဖြစ်ပါတယ်။ ဒီလိုလုပ်ပေးမှ အရေးအကြောင်းတွေမဖြစ်အောင်တားဆီးနိုင်ပြီး အသားအရေချောမွေ့စေနိုင်ပါတယ်။ ညအိပ်ကာနီး မျက်နှာသစ်ပြီးရင်Exfoliate လုပ်ပေးတာမျိုး တစ်ပတ် နှစ်ကြိမ်လောက်လုပ်ပါ။ ဝက်ခြံကြောင့်ဖြစ်တဲ့အမာရွတ်တွေ၊ ရင့်ရော်မှုလက္ခဏာတွေ၊နေလောင်ဒဏ်၊ချွေးပေါက်ကျယ်ခြင်း၊ အသားအရေနဲ့အရောင် မညီခြင်းတို့ကို သက်သာလျော့ပါးစေနိုင်ပါတယ်။After-shave အမြဲသုံးပါ။After-shave gel ကရေဓါတ်ပြန်ဖြည့်ပေးပြီး အသားအရေကိုချောမွေ့စေပါတယ်။ မုတ်ဆိတ်ရိတ်ပြီး အသားအရေကို အစိုဓါတ်ပြန်ထန်းပေးနိုင်လို့ အသားအရေထိန်းသိမ်းဖို့ လိုအပ်တဲ့ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။alcohol ဓါတ်က အသားခြောက်စေနိုင်တာကြောင့်alcohol-freeဖြစ်တဲ့အမျိုးအစားကိုရွေးချယ်သင့်ပါတယ်။Sunscreen မလိမ်းဘဲ အပြင်မထွက်ပါနဲ့။ကိုယ်သုံးတဲ့moisturizer မှာSPF 30 နဲ့အထက် ပါတယ်ဆိုရင် နေလောင်ဒဏ်ကာကွယ်နိုင်ဖို့ တကယ်ကောင်းပါတယ်။ ဒါပေမယ့်sunscreen ထပ်လိမ်းလို့လည်းဘေးမရှိပါဘူး။ အသားအရေအတွက် ပိုတောင်ကောင်းပါသေးတယ်။sunscreen မသုံးတဲ့ အမျိုးသားတွေဆိုနေလောင်ခြင်းကြောင့် အသားအရေထိခိုက်ပျက်စီးရနိုင်ခြေပိုများပါတယ်။ အသားအရေ နီရဲခြင်း၊ရောင်ရမ်းခြင်း၊နေလောင်အမဲစက်တွေဖြစ်ပေါ်ခြင်းတို့ကနေ အရေပြားကင်ဆာအထိဖြစ်စေနိုင်ပါတယ်။သင့်ရဲ့နေ့စဉ်ပုံမှန်အသားအရေထိန်းသိမ်းမှုမှာ ဒါတွေပါရဲ့လား။ သင့်အသားအရေကိုရော ထိန်းသိမ်းနေရဲ့လား။ ဒီဆောင်းပါးလေးဖတ်ပြီးပြန်စဉ်းစားပါ။ ကြည်လင်ရှင်းသန့်ပြီး ခန့်ညားတဲ့ မျက်နှာအသားအရေကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%b1%e1%80%9b%e1%80%91%e1%80%ad%e1%80%94%e1%80%b9%e1%80%b8%e1%80%9e%e1%80%ad%e1%80%99%e1%80%b9%e1%80%b8%e1%80%96%e1%80%ad%e1%80%af%e1%82%94%e1%80%86/
ကျန်းမာလှပတဲ့အသားအရေကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း
အလှအပကို အဓိပ္ပါယ်ဖွင့်ဆိုတဲ့နေရာမှာ ကြည့်ရှုသူရဲ့ အမြင်ပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ တချို့တွေက ဖြူတာလေးမှလှတယ်ထင်တယ်၊ တချို့ကျတော့လည်း ညိုချောလေးမှ လှတယ်ထင်တယ်။ တစ်ခါ ဝါညက်တဲ့အသားအရေမှ လှတဲ့သူတွေလည်းအများကြီးပါ။ ကျွန်မတို့ဆီမှာတောင်နေရာဒေသပေါ်လိုက်ပြီး လှတယ်လို့ သတ်မှတ်ပုံချင်းကွာခြားကြပါတယ်။ အနီးစပ်ဆုံးပြောပြရရင် ရန်ကုန်သူလေးတွေကဖြူဖြူလေးနဲ့ချောကြပြီး မန္တလေးသူလေးတွေက ညိုစိမ့်စိမ့်လေးနဲ့လှကြတယ်လေ။ တိုင်းရင်းသူလေးတွေလည်း တစ်မျိုးစီချစ်စရာကောင်းကြတာပါပဲ။လှပတယ်ဆိုတဲ့နေရာမှာ အဓိကအရေးကြီးဆုံးက အသားအရေကောင်းဖို့ပါ။ အရေပြားကလူ့ခန္ဓါကိုယ်မှာအကြီးဆုံးအစိတ်အပိုင်းဖြစ်တာကြောင့် အရေပြားကျန်းမာလှပမှလည်း အလှကပိုမိုပေါ်လွင်မှာပါ။ လူတွေရဲ့ အမြင်မှာ အလှအပဆိုတာက ကွဲပြားနိုင်ပေမယ့် ဘယ်လိုအသားရေမျိုးကိုမှ လှပတယ်လို့ အဓိပ္ပါယ်ဖွင့်ဆိုတယ်ဆိုတာကို သိနိုင်ဖို့အတွက် အချက်အလက်တွေရှိပါတယ်။ကျန်းမာတဲ့အသားအရေရဲ့ သွင်ပြင်လက္ခဏာတွေက။အဲဒီလိုအချက်အလက်တွေနဲ့ ပြည့်စုံနေမှ ကျန်းမာလှပတဲ့အသားအရေပိုင်ရှင်လို့ ပြောဆိုနိုင်ပါလိမ့်မယ်။အခုနောက်ပိုင်းကျတော့ အသားအရေကိုထိခိုက်စေနိုင်တဲ့အကြောင်းအရာတွေကလည်း များသားနော်။ တဖြည်းဖြည်းတိုးပူလာတဲ့ နေဒဏ်အပြင် ညစ်ညမ်းတဲ့လေထုဒဏ်ကိုရော၊ မသန့်ရှင်းတဲ့အစားအသောက်နဲ့ ဓါတုထုတ်ကုန်ပစ္စည်းတွေရဲ့ ဒဏ်တွေကိုပါ ခံစားကြရပါတယ်။ ဒီအတွက် လှပညက်ညောပြီး ကျန်းမာတဲ့အသားအရေရရှိနိုင်ဖို့အတွက်က ခက်ခဲလာပါတယ်။ကျန်းမာလှပတဲ့အသားအရေပိုင်ဆိုင်ဖို့ ဒါလေးတွေရှောင်သင့်တယ်။အသားအရေလှပဖို့ ဘာတွေလိုအပ်လဲ။ ဘာတွေလုပ်သင့်သလဲ။အသားအရေလှပဖို့ကနေ့စဉ်လုပ်နေကျ အလေ့အထတွေထဲက အသားအရေကိုထိခိုက်စေနိုင်တဲ့ အလေ့အထတွေကိုရှောင်ကြဉ်ဖို့လိုအပ်သလို ကျန်းမာရေးကောင်းအောင် ဂရုစိုက်ဖို့လည်းလိုအပ်ပါတယ်။ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေသုံးဖို့လည်းလိုပါသေးတယ်။ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေကို အသုံးပြုတယ်ဆိုရာမှာလည်း ကိုယ့်အသားအရေအမျိုးအစားနဲ့လိုက်ဖက်တာကိုသေချာရွေးချယ်ဖို့ကလည်းမေ့ထားလို့မရတဲ့ အချက်တစ်ခုပါပဲ။ အသားအရေလှဖို့အတွက် တစ်နေ့ကို အနည်းဆုံး ၂ ကြိမ်မျက်နှာသစ်ပေးပါ။တော်တော်များများတော့သိပြီးဖြစ်မှာပါ။ အလှအပကြိုက်တဲ့ပျိုမေတွေဆိုရင်တော့ အလှအပနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေအကြံပြုချက်တွေမှာအမြဲလိုလိုပါနေလို့ နားရည်တောင်ဝနေလောက်ပြီထင်ပါရဲ့။အဆီပြန်တတ်တဲ့အသားအရေကိုပိုင်ဆိုင်ထားတယ်ဆိုရင်တော့ မျက်နှာသစ်ပြီးရင် တိုနာပြန်သုံးပေးတာက အဆင်အပြေဆုံးဖြစ်ပါလိမ့်မယ်။ တိုနာက မျက်နှာသစ်လိုက်ပေမယ့် မစင်ဘဲကျန်ခဲ့တဲ့ ဖုန်မှုန့်တွေနဲ့ ဆဲလ်သတွေကိုဖယ်ရှားပေးပါတယ်။ အသားအရေကို ကျန်းမာအောင် အထောက်အကူပြုပေးပါတယ်။ပြီးရင်တော့ အစိုဓါတ်ထိန်းခရင်လူးပေးပါ။ အသားအရေခြောက်သွေ့တယ်ဆိုရင်တော့ အစိုဓါတ်ထိန်းခရင်မ်ကို မဖြစ်မနေလူးပေးရမှာပါ။ မျက်နှာပေါ်က ဆဲလ်သေတွေကိုဖယ်ရှားတာက အသားအရေကြည်လင်တောက်ပစေဖို့အတွက် အရေးပါဆုံးသောလုပ်ဆောင်မှုတစ်ရပ်ပါ။အသားအရေချွေးပေါက်ကျယ်နေတာ၊ အစက်အပြောက်တွေဖြစ်နေတာ၊ဝက်ခြံတွေထွက်နေတာ၊အသားအရေအရောင်မညီညာတာမျိုးဖြစ်နေမယ်၊ အရေပြားပြဿနာတစ်ခုခုဖြစ်နေမယ်ဆိုရင် အသားအရေကကျန်းမာတယ်၊လို့ပြောလို့မရပါဘူး။ အသားအရေအရောင်ကွာခြားပေမယ့် လှပတဲ့အသားအရေလို့သတ်မှတ်နိုင်ဖို့က အသားအရေကျန်းမာဖို့လိုတာချင်းတော့အတူတူပါပဲ။ပန်းရောင်သမ်းတဲ့အသားအရေ။အမျိုးသမီးတွေဟာ ကလေးငယ်လေးတွေလို ပန်းရောင်သန်းတဲ့အသားအရေကိုနှစ်သက်ကြပါတယ်။ တကယ်လည်း ပန်းရောင်သန်းတဲ့အသားအရေက လှပမှုနဲ့ ကျန်းမာမှုကို ရည်ညွှန်းပြဆိုပါတယ်။ ပန်းရောင်သန်းနေတယ်ဆိုတာက အဲဒီအသားအရေ ပတ်ဝန်းကျင်မှာရှိတဲ့သွေးကြောလေးတွေဟာသွေးစီးဆင်းမှုကောင်းမွန်နေတယ်၊သွေးလှည့်ပတ်မှုကောင်းမွန်နေတယ်ဆိုတာကို ရည်ညွှန်းပေးနေတာပါ။ညအချိန်မှာ အသားအရေက အာဟာရဓါတ်တွေကိုစုပ်ယူမှုအကောင်းဆုံးဖြစ်တာကြောင့် ညမအိပ်ခင်မှာ မျက်နှာကိုသန့်စင်အောင်ဆေးကြောပြီး ညလိမ်းခရင်မ်တစ်မျိုးလိမ်းပေးဖို့လိုပါလိမ့်မယ်။ တစ်နေ့တာလုံးညစ်ညမ်းတဲ့အရာတွေနဲ့ ထိတွေ့မှုကြောင့်အသားအရေထိခိုက်ပျက်စီးမှုကိုပြုပြင်ပေးပြီးရေဓါတ်ကိုဖြည့်တင်းပေးတဲ့ ညလိမ်းခရင်မ်ကိုလူးပြီးအိပ်စက်အနားယူမယ်ဆိုရင် အိပ်စက်နေချိန်မှာ အသားအရေကိုပြုပြင်ပြီးသားဖြစ်နေစေမှာပါ။လှပမှုကိုပေးစွမ်းနိုင်တဲ့နောက်ထပ်တစ်ခုက စိတ်ပျော်ရွှင်ခြင်းပါပဲ။ စိတ်ကျန်းမာရင်လူကျန်းမာတယ်ဆိုတဲ့အတိုင်း စိတ်ဖိစီးမှုကင်းပြီး စိတ်ချမ်းသာနေတာကလည်းအသားအရေကို ကျန်းမာလှပစေနိုင်တဲ့အချက်တစ်ခုပါပဲ။ အသားအရေကျန်းမာလှပဖို့နောက်ထပ်မေ့မထားသင့်တာက ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးတာပါ။လေ့ကျင့်ခန်းလုပ်တဲ့အခါ ခန္ဓါကိုယ်ထဲကအဆိပ်အတောက်တွေကချွေးအဖြစ်နဲ့ ထွက်သွားတတ်တာကြောင့် အသားအရေကို ကျန်းမာလှပစေမှာဖြစ်ပါတယ်။ခန္ဓါကိုယ်လည်းကျန်းမာ စိတ်လည်းချမ်းသာအောင်နေထိုင်ရင်း အသားအရေထိန်းသိမ်းမှုပစ္စည်းလေးတွေကို နည်းစနစ်မှန်မှန်အသုံးပြုပေးမယ်ဆိုရင်တော့ ပျိုမေတိုင်း ကျန်းမာလှပတဲ့အသားအရေကိုပိုင်ဆိုင်နိုင်ကြမှာဖြစ်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%80%e1%80%ba%e1%80%94%e1%80%b9%e1%80%b8%e1%80%99%e1%80%ac%e1%80%9c%e1%80%bd%e1%80%95%e1%80%90%e1%80%b2%e1%80%b7-%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%b1%e1%80%9b%e1%80%86%e1%80%ad/
အမျိုးသားများအတွက် နွေရာသီ တစ်ကိုယ်ရေသန့်ရှင်းရေး လမ်းညွှန်
ခုဆိုရင်ရာသီဥတုက တော်တော်လေး ပူတယ်နော်။ တချို့ရက်တွေမှာတော့မိုးရွာတတ်ပေမယ့် ခဏလေး ရွာပြီးရင်လည်း ပြန်ပူတာပါပဲ။ နွေရာသီရဲ့ မကောင်းဆုံးအချက်ကို ပြောပါဆိုရင် ချွေးထွက်တဲ့ ပြဿနာပါ။ အထူးသဖြင့် ယောက်ျားလေးတွေအတွက် တစ်ကိုယ်ရေသန့်ရှင်းရေး ကို သေချာ ဂရုစိုက်သင့်တဲ့ ရာသီမျိုးပါ။ယောက်ျားလေးတွေက မိန်းကလေးတွေနဲ့ ယှဉ်လိုက်ရင် လှုပ်ရှားမှုများတဲ့အတွက် ချွေးပိုထွက်သလို ချွေးနံ့ကလည်း ပိုပြင်းပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ အမျိုးသားများအတွက် နွေရာသီ တစ်ကိုယ်ရေသန့်ရှင်းရေး လမ်းညွှန် လေးကို ပြောပြပေးချင်ပါတယ်။တစ်ကိုယ်ရေ သန့်ရှင်းမှသာ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ မကောင်းတဲ့ဘက်တီးရီးယားပိုး ပေါက်ဖွားမှု ကင်းဝေးပြီး အရေပြားနဲ့ တခြားကျန်းမာရေး ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။ ယောက်ျားလေးတွေဆိုရင် ပိုပြီးတောင်တစ်ကိုယ်ရေသန့်ရှင်းရေးကို အလေးထားဖို့ လိုပါတယ်။ အဓိကချွေးထွက်စေတတ်တဲ့ အကြောင်းရင်းနဲ့ ဘယ်နေရာမှာ ချွေးပိုထွက်လဲ၊ ကိုယ့်ဆီကနေကိုယ်နံ့အရမ်းမပြင်းဖို့ ဘာတွေ လုပ်သင့်လဲသိထားမှ မလိုလားအပ်တဲ့အရေပြားရောဂါတွေ မဖြစ်အောင် ကာကွယ်နိုင်မှာပါ။အမျိုးသားများအတွက် နွေရာသီ တစ်ကိုယ်ရေသန့်ရှင်းရေး လမ်းညွှန် ကတော့။၁။ ပုံမှန် ရေချိုးပေးပါ။မနက် တစ်ကြိမ်၊ ညတစ်ကြိမ်ရေချိုးပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ နွေရာသီလို ပူပြင်းခြောက်သွေ့တဲ့ အချိန်မျိုးမှာ ချွေးအရမ်းထွက်တာကြောင့် ကိုယ်ခန္ဓာမှာဘက်တီးရီးယားအောင်းနေဖို့ ပိုပြီးလွယ်တဲ့အတွက် ရေများများနဲ့ ချိုးပေးနိုင်ရင် အကောင်းဆုံးပါပဲ။ ရေချိုးတဲ့အခါမှာ ချွေးနံ့ပြင်းတဲ့ ချိုင်း၊ပေါင်ခြံ၊ လိင်အင်္ဂါကို ဆပ်ပြာ၊ ရေနဲ့ သေချာဆေးကြောဖို့လည်း အရေးကြီးပါတယ်။၂။ ရေကို ခြောက်အောင် သုတ်ပါ။ရေချိုးပြီးတာနဲ့ မသုတ်ဘဲ ရေစိုအတိုင်း အဝတ်ဝတ်တာမျိုးက အရေပြားမှာမှိုပိုးစွဲကပ်ဖို့ အရမ်းလွယ်ကူပါတယ်။ ဒါကြောင့် ရေချိုးပြီးရင် ရေကို ခြောက်အောင် သုတ်ပါ။ ခြောက်သွားပြီဆိုမှ သန့်ရှင်းတဲ့အဝတ်အစားတွေ ဝတ်ဆင်ပါ။၃။ အမွေးအမျှင်များကို ရိတ်ပါ။အမွေး အရှည်ထားရင် ယောက်ျားပီသတယ်လို့ တော်တော်များများ ထင်တတ်ကြပါတယ်။ ဒါကတော့ ကိုယ့်အယူအဆနဲ့ ကိုယ်ဆိုတော့ အပြစ်မပြောလိုပါဘူး။ သတိထားဖို့ လိုတာကတော့အမွေးထူတဲ့ နေရာတွေမှာ ချွေးပိုထွက်ပါတယ်၊ ချွေးထွက်များပြီး ဘက်တီးရီးယားပိုးတွေ အောင်းနေတဲ့အခါ အနံ့ပိုနံပါတယ်။ အထူးသဖြင့် ချိုင်း၊လိင်အင်္ဂါတစ်ဝိုက်မှာ အမွေးတွေ ရှည်နေရင် ပိုအနံ့ပြင်းတတ်ပါတယ်။ ဒါကြောင့် လုံးဝမရိတ်ပစ်ရင်တောင် ကပ်ကြေးနဲ့ ပါးသွားအောင် ညှပ်ပေးနိုင်ရင်တော့ ချွေးနံ့ပြင်းတဲ့ ပြဿနာကို ထိန်းချုပ်နိုင်မှာပါ။၄။ Deodorant သုံးပေးပါ။ချွေးနံ့ပြင်းတတ်တဲ့ ချိုင်းနေရာကို roll onသုံးပေးမယ်ဆိုရင် အနံ့ပြင်းတာကို အထိုက်အလျောက် ကာကွယ်နိုင်မှာပါ။၅။ အဝတ်အစားကို သေချာရွေးချယ်ပါ။ကိုယ့်အိမ်မှာကိုယ် နေရင်တော့ ချည်သား စွပ်ကျယ်၊ တီရှပ်အပါး၊ ဘောင်းဘီအတို၊ ပုဆိုးတွေလောက်ပဲ ဝတ်ပါ။အတွင်းခံမဝတ်ထားပါနဲ့။ ပန်ကာ သို့မဟုတ်အဲကွန်းကို အခန်းထဲမှာ ဖွင့်ထားပေးပါ။ ဒါမှမဟုတ် ချွေးထွက်လာပြီဆိုရင် ယပ်တောင်နဲ့ ဖြည်းဖြည်းခပ်ပေးပါ။အပြင်သွားတော့မယ်ဆိုရင် ချည်သား အဝတ်မျိုးကို ဝတ်ဆင်ပါ။ အရမ်းကျပ်ထုတ်နေတာမျိုး၊ ဂျင်းသား၊ နိုင်လွန်သား အဝတ်တွေ မဝတ်ပါနဲ့။ ချိုင်းလိမ်းဆီ လိမ်းတာ၊ ရေမွှေးဆွတ်တာမျိုး လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။၆။ အဝတ်အစားတွေကို ပုံမှန်လျှော်ပါ။ချွေးထွက်လို့ ရေချိုးပြီးရင် အဲဒီအဝတ်အစားတွေကို ပြန်မဝတ်ပါနဲ့။ အလုပ်က ပြန်လာရင်လည်း ချွေးတိတ်ပြီဆိုတာနဲ့ ရေအမြန် ချိုးပါ။ လျှော်မယ့်နေရာမှာ ထားပြီး အဝတ်တွေကို မြန်မြန်လျှော်ပါ။အားကစားလုပ်တဲ့သူတွေဆိုရင် အားကစား၊လေ့ကျင့်ခန်းလုပ်ပြီးရင် ရေချိုး၊ အဝတ်အစားလဲပါ။တစ်ကိုယ်ရေသန့်ရှင်းမှုကိုသာ သေချာလေး ဂရုစိုက်ပေးရင် အမျိုးသားတွေအတွက် အရေပြား ပြဿနာတွေလည်း ကင်းဝေးစေသလို ကိုယ်ခန္ဓာကနေ အနံ့ဆိုးတွေ ထွက်တာကိုလည်း အနည်းငယ် ထိန်းချုပ်နိုင်မှာပါ။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/personal-hygiene-for-men-in-summer/
လည်ချောင်းခြောက်ပြီးယား နေတာ ဒါတွေကြောင့် ဖြစ်နိုင်တယ်နော်
တစ်ခါတလေလည်ချောင်းက ခြောက်ကပ်ကပ်နဲ့ ယားသလိုဖြစ်နေရင် သိပ်နေရခက်တာနော်။ အထူးသဖြင့် ရာသီအကူးအပြောင်းကာလတွေ၊ အေးတဲ့ ဆောင်းရာသီတွေဆိုရင် ဒီလိုလက္ခဏာတွေက မကြာခဏဆိုသလို တွေ့ရတတ်တယ်နော်။ ခုဆောင်းပါးမှာတော့ လည်ချောင်းခြောက်ပြီးယား စေတဲ့ အကြောင်းရင်းတွေနဲ့ ဘယ်လိုသက်သာအောင် လုပ်လို့ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။၁။ ရေသောက်နည်းတာ။ရေသောက်နည်းတဲ့သူတွေဆိုရင် အမြဲလိုလို ခံတွင်းက ခြောက်တတ်တယ်နော်။ ရေဓာတ်ခမ်းခြောက်နေတယ်ဆိုတာ ခန္ဓာကိုယ်က အချက်ပြတဲ့အနေနဲ့ လည်ချောင်းယားလာတာအပြင် ရေငတ်တာ၊ ဆီးအရောင်နောက်လာတာ၊ မောပန်းလာတာ၊ ခေါင်းမူးပြီး ရင်ထဲမောနေသလို ဖြစ်တာ အစရှိတဲ့ လက္ခဏာတွေပါ တွေ့ရတတ်ပါတယ်။ဒီပြဿနာကို ဖြေရှင်းဖို့ တစ်နေ့ကို ရေလုံလောက်စွာ သောက်ပေးပါ။ အမျိုးသားတွေဆိုရင် ခန္ဓာကိုယ်အလေးချိန်ကို လိုက်ပြီးရေ ၂-၃လီတာခန့် သောက်ပါ။ အမျိုးသမီးတွေဆိုရင်လည်း ရေကို ၂လီတာလောက် အနည်းဆုံးသောက်ပေးပါ။ ပူလွန်းတဲ့နေ့တွေ၊ အားကစားလုပ်ပြီး ချွေးအထွက်များတဲ့နေ့တွေဆိုရင် ရေပိုသောက်ပါ။ ကော်ဖီ၊ အအေး လျှော့သောက်ပါ။၂။ ပါးစပ်ဟပြီး အိပ်တတ်တာ။အိပ်တဲ့အချိန်ဆိုရင် ပါးစပ်ကြီးဟ သွားရေတွေ ယိုတတ်တဲ့အကျင့် သင့်မှာရှိလား။ ညအိပ်နေရင်း အသက်ရှူကျပ်ပြီး ပါးစပ်ဟ အသက်ရှူရတဲ့ရောဂါရော  သင့်မှာရှိလား။တစ်ညလုံးလိုလို ပါးစပ်ကြီးကို ဖွင့်ထားပြီး အိပ်ပျော်နေတဲ့အခါကျ မနက်နိုးလာရင် ပါးစပ်မှာကလည်း သွားရေတွေ နည်းပြီး ခြောက်ကပ်ကပ်ဖြစ်၊ လည်ချောင်းကလည်း ယားကျိကျိနဲ့ နေရခက်စေတယ်နော်။ ဒီလိုလက္ခဏာအပြင်ကိုမှ သွားရေတွေ ခြောက်သွားခြင်းကြောင့် ခံတွင်းအနံ့ဆိုးဖြစ်တာ၊ ညအိပ်နေစဉ် ဟောက်တာ၊ မနက်ပိုင်းမှာ ပင်ပန်းနွမ်းနယ်ပြီး အိပ်ရေးမဝသလိုဖြစ်တာတွေ တွေ့ရတတ်ပါတယ်။ဒါကို ရှောင်ရှားနိုင်ဖို့ ဆရာဝန်နဲ့ သေချာပြကြည့်သင့်ပါတယ်။ ကိုယ့်မှာ အိပ်ပျော်နေစဉ်အသက်ရှူကျပ်တဲ့ ရောဂါရှိတယ်ဆိုရင်တော့ အသက်ရှူပေးနိုင်မယ့် ကိရိယာကို ဆရာဝန်ရဲ့ အကူအညီနဲ့ တပ်ပြီးအိပ်လို့ရပါတယ်။၃။ ရာသီအကူးအပြောင်းမှာ ဖြစ်တဲ့ ဓာတ်မတည့်ခြင်း။များသောအားဖြင့် လေထဲမှာပါတဲ့ ဖုန်မှုန့်တွေ၊ မှိုနံ့တွေ၊ ပန်းဝတ်မှုန်တွေကို ရှူရှိုက်မိတဲ့အခါ ဓါတ်မတည့်ခြင်း ဖြစ်နိုင်ပါတယ်။ ဓာတ်မတည့်တဲ့အခါ နှာခေါင်းပိတ်၊ နှာရည်ယိုတာ၊ နှာချေတာ၊ မျက်လုံး၊ ခံတွင်း၊ အရေပြားယားယံတာ၊ ချောင်းဆိုးတာတွေ ဖြစ်နိုင်ပါတယ်။ဒီလိုမဖြစ်ရအောင် ကာကွယ်ဖို့ လူသိပ်များတဲ့ နေရာဒေသတွေကို မကြာခဏ သွားလာတာရှောင်ပေးပါ။ ဖုန်ထူထပ်တဲ့နေရာတွေ သွားရရင် နှာခေါင်းစည်းတပ်သွားပါ။ အိမ်ခန်း၊ ပတ်ဝန်းကျင်ကို အမြဲဖုန်ခါပြီး သန့်ရှင်းရေးလုပ်ပါ။ အဝတ်အစားတွေ မှိုမစွဲစေဖို့ ဂရုစိုက်ပါ။ ဓာတ်မတည့်လက္ခဏာကို သက်သာစေတဲ့ ဆေးတွေကိုလည်း မှီဝဲလို့ရပါတယ်။၄။ အအေးမိခြင်း။ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အအေးမိခြင်းဟာ ရာသီမရွေး အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း သက်သာသွားနိုင်ပါတယ်။ အအေးမိနေတဲ့အချိန်မှာတော့ နှာရည်ယိုတာ၊ နှာချေ၊ ချောင်းဆိုးတာ၊ ကိုယ်လက်ကိုက်ခဲတာ၊ အဖျားတက်တာ၊ မျက်ရည်ယိုတာ၊ လည်ချောင်းခြောက်ပြီး ယားယံတာတွေ ဖြစ်တတ်ပါတယ်။အအေးမိပြီဆိုရင် အိမ်မှာပဲ ကောင်းကောင်းအနားယူပါ။ ရေများများသောက်ပါ။ အပူအစပ် ရှောင်ပါ။ အရည်များများသောက်ပေးပါ။ အိပ်ရေး ဝဝအိပ်ပါ။ ပါးစပ်ကို ဆားငန်ရည် သို့မဟုတ် ခံတွင်းသန့်ဆေးရည်နဲ့ ပလုတ်ကျင်းပါ။ အကိုက်အခဲပျောက်ဆေး၊ အဖျားပျောက်ဆေးတွေကို အစာတစ်ခုခုစားပြီးတိုင်း နာရီခြားပြီး သောက်ပေးပါ။၅။ ပိုးဝင်ကူးစက်ခံရတာ။ဘက်တီးရီးယားပိုး ကူးစက်ခံရခြင်းကြောင့် လည်ချောင်းနာနေတဲ့အခါမျိုးမှာလည်း ခံတွင်းက ခြောက်ပြီး ယားယံနေတတ်ပါတယ်။ အထူးသဖြင့် အာသီးနဲ့ လည်ချောင်းပတ်ပတ်လည်က နီရဲနေမယ်၊ သွားဖုံးမှာ အဖြူရောင်အနာကွက်တွေ ဖြစ်မယ်၊ အဖျားတက်မယ်၊ ကိုယ်လက်ကိုက်ခဲမယ်၊ ပျို့အန်ပြီး အစာစားချင်စိတ်ပျက်နေတတ်ပါတယ်။ဒီလိုမျိုး မကြာခဏဖြစ်တတ်တဲ့သူဆိုရင် မပေါ့ပါနဲ့။ ဆရာဝန်နဲ့ သေချာသွားပြပြီး ကုသမှုခံယူပါ။ ဘက်တီးရီးယားပိုးသေစေဖို့ ပေးလိုက်တဲ့ ပိုးသတ်ဆေးတွေကို သေချာသောက်ပါ။ လည်ချောင်းကို ဆားငန်ရည်နွေးနွေးနဲ့ အာခေါင်ထိအောင် ပလုတ်ကျင်းပေးပါ။ အပူအစပ်၊ အကြော်အလှော်တွေကို ရှောင်ပေးပါ။ခံတွင်းကခြောက်ပြီး ယားသလိုဖြစ်နေတာဟာ များသောအားဖြင့် ရာသီအကူးအပြောင်းကာလတွေနဲ့ ရေသောက်နည်းတာ၊ ဖုန်ထူထပ်တဲ့ နေရာတွေကို သွားလာရခြင်းကြောင့် ဖြစ်တတ်တဲ့ အသေးစားပြဿနာပါ။ သိပ်ပြီးစိုးရိမ်စရာမလိုဘူးဆိုပေမဲ့ မကြာခဏဆိုသလို ဖြစ်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာသွားပြကြည့်ဖို့ အကြံပေးလိုက်ချင်ပါတယ်။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/throat-conditions/causes-of-dry-and-itchy-throat/
အစာအိမ်အနာဖြစ်သူများအတွက် စားသောက်မှုပုံစံ
အစာအိမ် အောင့်ခြင်းဟာ ခံစားရခက်တဲ့ ဝေဒနာ ဖြစ်ပါတယ်။ အထူးသဖြင့်အစာအိမ်မှာ အနာ ဖြစ်ရင် ပိုဆိုးပါတယ်။ အစာအိမ်အနာ ဆိုတာ အစာအိမ်အတွင်းပိုင်းနံရံမှာ အနာဖြစ်ခြင်းကို ဆိုလိုပါတယ်။ အစာအိမ်ရောဂါ ဖြစ်ရင်အစားအသောက်ကို သတိပြုစားသုံးရန်လိုပါတယ်။ အထူးသဖြင့် အစာအိမ်အနာဖြစ်ဖူးသူများဟာ ထပ်မံမဖြစ်ပွားအောင် ဂရုစိုက်ရပါတယ်။ ဒီတစ်ခေါက်တော့ အစာအိမ်အနာဖြစ်သူများအတွက် စားသောက်မှုပုံစံ အကြောင်းလေး ပြောပြပေးချင်ပါတယ်။အစာအိမ်အနာ ဖြစ်စေတဲ့ အရာတွေထဲမှာ H pylori လို့ခေါ်တဲ့ဘက်တီးရီးယားဟာ အဓိကကျပါတယ်။ အကိုက်အခဲပျောက်ဆေးတွေကို ရေရှည် စွဲသုံးရင်လည်း ဖြစ်နိုင်ပါတယ်။အစာအိမ်အနာဖြစ်သူများအတွက် စားသောက်မှုပုံစံ က ဘာဖြစ်မလဲ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ အစာအိမ်အနာ အတွက် ကုသရာမှာ ဆရာဝန်ညွှန်ကြားချက်အတိုင်းပဋိဇီဝဆေးသောက်ခြင်း၊ အစာအိမ်ဆေးများ သောက်သုံးခြင်း အပြင် H Pylori ဘက်တီးရီးယားကို နှိမ်နင်းရာမှာ အထောက်အကူပြုတဲ့ အောက်ပါ အစားအစာများ စားသုံးနိုင်ပါတယ်။ အဆိုပါ အစားအစာများ ကတော့။အဆိုပါ အစားအစာများဟာဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြွယ်ဝပြီး ကိုယ်ခံအားကောင်းစေတာကြောင့် အစာအိမ်ရောဂါပိုးကို နိုင်နင်းပါတယ်။ အစာအိမ်ကင်ဆာအဆင့် မရောက်အောင်လည်း ကာကွယ်နိုင်ပါတယ်။ ဒါပေမယ့် ဒီထဲက တချို့အစားအစာတွေကတော့ ရင်ပူစေတာကြောင့် တော်သင့်ရုံပဲ စားဖို့လိုပါတယ်။အစာအိမ်အနာကို ပဋိဇီဝဆေးများနဲ့ ကုသနေချိန်မှာ အကျိုးပြုဘက်တီးရီးယား (Probiotics) များကိုလည်း စားသုံးပေးနိုင်ပါတယ်။ ပဋိဇီဝဆေးများကို ပိုမိုထိရောက်စေတယ်လို့ ဆိုပါတယ်။ များသောအားဖြင့် Lactobacillus, Bifidobacterium နဲ့ Saccharomyces စတာတွေဟာ H Pylori ပိုးကြောင့် အစာအိမ်အနာဖြစ်သူတွေ ရောဂါကုသရာမှာ အကျိုးရှိပါတယ်။သတိပြုရမယ့်အချက်ကတော့ အစာအိမ်အနာ ဆိုးရွားတဲ့ အခြေအနေမှာ အရည်သောက်ပဲ စားသောက်ရတဲ့ အခြေအနေရှိနိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့ စားသောက်မှုပုံစံကို အဓိကလိုက်နာရမှာ ဖြစ်ပါတယ်။အစာအိမ်အနာဖြစ်သူတွေမှာ အစာချေရည် ပြန်ဆန်တက်ခြင်း ရှိနိုင်ပါတယ်။ လူတချို့ရဲ့ အစာရေမျိုအောက်ပိုင်းကြွက်သားဟာ အားလျော့တတ်ပါတယ်။ အဲဒီအခါ အစာအိမ်ထဲက အစာချေရည်တွေ ပြန်ဆန်တက်လာလို့ ရင်ပူခြင်း၊ အစာမကြေခြင်း၊ နာကျင်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။အစာခြေရည် ပြန်ဆန်တက်ခြင်းကို ပိုဆိုးစေတတ်တဲ့ အစားအသောက်တွေကတော့။အစာအိမ်အနာ ဖြစ်သူများ၊ အစာအိမ်အောင့်သူများအနေနဲ့ အဆိုပါ အစားအစာတွေကို ရှောင်ကြဉ်သင့်ပါတယ်။……………………………။အစာအိမ်အနာ ဖြစ်တဲ့အခါ ဆေးရုံဆေးခန်းပြသဖို့ လိုအပ်ပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာဖို့ လိုအပ်ပါတယ်။ ထိရောက်စွာ မကုသဘဲထားရင် အစာအိမ်သွေးယိုခြင်း၊ အစာအိမ်ကင်ဆာ စတဲ့ အခြအနေတွေထိ ဆိုးရွားသွားနိုင်ပါတယ်။ အစာအိမ်အနာကုသရာမှာ အစားအသောက်နဲ့ ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်အချက်တွေကို သေချာစွာ လိုက်နာဖို့ လိုအပ်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/stomach-ulcer/stomach-ulcer-diet/
Fast Food စားရင် ဖြစ်တတ်တဲ့ သင် သတိမထားမိသော အကြောင်းအရာများ
၂၁ ရာစု မှာFast Foodစားတဲ့ အလေ့အထ က လူတော်တော် များများ မှာ ပျံ့နှံ့လာပါတယ်။ အလွယ်တကူ စားလို့ လွယ်တယ်ဆိုပြီးစားတာ များနေတဲ့ ဒီ Fast Foodတွေ က စားရင်နှလုံးသွေးကြောကျဉ်းရောဂါ၊ဆီးချိုရောဂါ၊သွေးတိုးရောဂါ၊လေဖြတ်လေငန်း ရောဂါ၊အဝလွန်ရောဂါစတာတွေ အဖြစ်များတယ်လို့ အသိများပေမယ့်။ အခု ဖော်ပြမယ့် အချက်တွေကိုတော့ လူတော်တော်များများ သတိမထားမိပါဘူး။Fast Food စားရင် ဖြစ်တတ်တဲ့ သင် သတိမထားမိသော အကြောင်းအရာများ ကတော့။နောက်ပြီး fast food တွေ က စွဲစေတဲ့ အတွက် အစပျိုးပြီး စားမိပြီ ဆိုတာနဲ့ အရှိန်မသတ် နိုင်တော့ဘဲ ထပ်ခါ ထပ်ခါ စားမိတဲ့ အတွက် ဝိတ်တက်လာစေနိုင်ပါတယ်။တစ်ခါတရံ မလွဲ မရှောင်သာ လို့ ကြက်ကြော်၊ ဘာဂါ၊ ပီဇာ၊ ကိတ်မုန့်၊ ဒိုးနတ်၊ အာလူးကြော်၊ ဆီကြော်မုန့်မျိုး စုံ စားမိတယ် ဆိုပါက ဟင်းသီးဟင်းရွက် ကြော်၊ သုပ်၊ အသီးအနှံတွေ ပိုစားပေးရပါမယ်။ ဒီအပြင် စားစားပြီးချင်းလည်း လမ်းကို ၁၀-၁၅ မိနစ် လောက် ပုံမှန်လေး ပြန်လျှောက်ပေးသင့်ပါတယ်။ဖြစ်နိုင်ရင်တော့ ရှောင်နိုင်တာ အကောင်းဆုံးပါ။လေးစားစွာဖြင့်။ဒေါက်တာ ညီညီကျော်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/fast-food-danger/
Fo-ti
Fo-ti ကို တရုတ်ပြည်မှာ သူ့ရဲ့ နုပျိုစေပြီး အသားအရည်ကြည်လင်စေတဲ့ အစွမ်းအတွက် အသုံးပြုပြီး အသည်း၊ ကျောက်ကပ် လုပ်ငန်းဆောင်တာတွေ တိုးတက်ဖို့နဲ့ သွေးကို သန့်စင်စေဖို့ အတွက်လည်း အသုံးပြုပါတယ်။ သူ့ကို အိပ်မပျော်ခြင်း၊ အရိုးအားနည်းခြင်း၊ ဝမ်းချုပ်ခြင်းနဲ့ သွေးခဲခြင်းတွေ အတွက်လည်း အသုံးပြုပါတယ်။ သူဟာ ကိုယ်ဝန် ရရှိနှုန်းကို မြင့်တက်စေပြီး သွေးသကြားဓါတ် ပမာဏနဲ့ ကြွက်သားနာကျင်မှုတွေကို သက်သာစေပါတယ်။ သူ့မှာ ရောဂါပိုးတွေ သေစေနိုင်တဲ့ အစွမ်းလည်း ရှိပါတယ်။Fo-ti ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Fo-ti ရဲ့ အချက်အလက်တွေကတော့ ပျောက်ဆုံးနေတုံးပါပဲ။ ရရှိနိုင်တဲ့ အချက်အလက် အများစုဟာလည်း ၁၉၉၀ ကျော်တုံးက တရုတ်စာပေတွေမှာ ဖေါ်ပြခဲ့တဲ့ အရာတွေ ဖြစ်ပါတယ်။Fo-ti ကို အေးမြပြီး ခြောက်သွေ့တဲ့ နေရာတွေမှာ ထားသင့်ပြီး အပူနဲ့ ရေငွေ့ရိုက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။Fo-ti ကို မဝယ်ခင်မှာ အရောင်ရင့်တဲ့ အမြစ်တွေဟာ ပိုအစွမ်းထက်ပြီး အဖြူရောင် အမြစ်တွေကတော့ အရည်အသွေးမကောင်းတတ်ပါဘူး။ဒီအပင်ကို အကြာကြီး သုံးခြင်းဟာ ဝမ်းပျော့ဆေးကို မှီခိုရနိုင်ပါတယ်။ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Fo-ti ကို ကိုယ်ဝန်ရှိစဉ်နဲ့ နို့တိုက်နေစဉ်မှာ အသုံးမပြုသင့်ပါဘူး။ သူ့ကို ကလေးတွေကို မပေးသင့်ပါဘူး။ သင် ဝမ်းလျှောနေရင် (သို့) ဒီအပင်နဲ့ မတည့်ရင်လည်း အသုံးမပြုနိုင်ပါဘူး။Fo-ti ကနေ အောက်ပါဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်။Fo-ti ဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဆီးဆေး – Fo-ti ဟာ potassim ထွက်သွားစေတဲ့ ဆီးဆေးတွေနဲ့ တွဲသုံးရင် သွေးအတွင်း potassium ကို နည်းစေနိုင်ပါတယ်။ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်။ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်။ယခုဖော်ပြပါအချက်အလက်တွေဟာ ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာမှာ အစားထိုးရန်မဟုတ်ပါ။ ဆေးမသောက်သုံးခင်မှာ ဆရာဝန်နှင့်ဖြစ်စေ ဆေးဝါးကျွမ်းကျင်သူနှင့်ဖြစ်စေ အမြဲ ဆွေးနွေးတိုင်ပင်ပါ။Fo-ti ကို အသုံးပြုရမယ့် အချိုးအစားက ဘယ်လောက်လဲ။Fo-ti ကို အပင်စိမ်းအနေနဲ့ တစ်နေ့ကို 9-15g အထိ အသုံးပြုနိုင်ပါတယ်။ ပမာဏကို ထောက်ပံ့မယ့် လေ့လာမှုတွေ မရှိသေးပါဘူး။Fo-ti ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။Fo-ti ကို အမြစ်ကို လှီးထားတဲ့ပုံစံ (သို့) အခြားအပင်တွေနဲ့ ပေါင်းစပ်ထားတဲ့ ပုံစံတွေနဲ့ ရရှိနိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/fo-ti/
အကောင်းဆုံးငုံဆေး ရွေးချယ်ကြမယ်
လည်ချောင်းတွေနာလိုက်တာ၊ ချောင်းတွေဆိုးလိုက်တာ အိပ်ကောင်းခြင်းမအိပ်ရ၊ စားကောင်းခြင်းမစားရ၊ အလုပ်ကောင်းကောင်းလည်းမလုပ်ရဘူး ဖြစ်နေတယ်။ သွားတဲ့လာတဲ့အခါလည်း အဆင်ပြေဖို့လိုမယ်လည်ချောင်းနာတာကိုလည်း သက်သာချင်တယ်ဆိုရင် နည်းလမ်းကောင်းတစ်ခုရှိပါတယ်။ ဒါက သယ်ဆောင်ရလွယ်ပြီး ရေမလိုဘဲအလွယ်တကူ ငုံထားလို့ရတဲ့ ငုံဆေးပါ။ လည်ချောင်းနာတာကို သက်သာစေဖို့ အကောင်းဆုံးငုံဆေး ရွေးချယ်ကြမယ် ဆိုရင် ဘယ်လို ရွေးချယ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။လည်ချောင်းနာသက်သာချင်လို့ ငုံဆေး ငုံတယ်ဆိုတဲ့နေရာမှာလည်း ငုံဆေးဖြစ်ရင်ပြီးရောဆိုပြီး ငုံလို့မရပါဘူး။ ငုံဆေးကို သေချာလေးရွေးချယ်တတ်ဖို့လိုပါမယ်။ ငုံဆေးကို သေချာလေးရွေးချယ်မှ မြန်မြန်ဆန်ဆန်ထိထိရောက်ရောက်နဲ့ လည်ချောင်းနာတာကို သက်သာစေမှာပါ။ ဒါကြောင့် လည်ချောင်းနာတဲ့အခါ ချောင်းဆိုးတဲ့အခါမျိုးမှာ ငုံဆေးငုံမယ်ဆိုရင် သေချာလေးရွေးချယ်ပါလို့ ပြောပါရစေ။လည်ချောင်းနာတာ နဲ့ ချောင်းဆိုးတာကို သက်သာစေဖို့အတွက် အကောင်းဆုံးငုံဆေး ရွေးချယ်ကြမယ် ဆိုရင် ဒီအချက်လေးတွေကို မဖြစ်မနေထည့်သွင်းစဉ်းစားဖို့လိုပါမယ်။Menthol (ပရုပ်အေး) ပါလား– ငုံဆေးငုံတဲ့အခါ ပရုပ်အေးပါမှာ အဆင်ပြေမှာပါ။ အကြောင်းကတော့ ပရုပ်အေးရဲ့ ပူရှိန်းရှိန်းခံစားမှုက လည်ချောင်းအတွင်းပိုင်းမှာရှိတဲ့ ရောင်ရမ်းနေတဲ့တစ်ရှူးတွေကို ခံစားနိုင်စွမ်းလျော့ကျသွားအောင်လုပ်ပေးပြီး လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။ပျားရည်ပါလား– ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တာကြောင့် လည်ချောင်းနာတာကို သိသိသာသာသက်သာစေနိုင်မှာပါ။ဗီတာမင် စီပါလား– ဗီတာမင် စီ ပါဝင်နေတာကြောင့် ကိုယ်ခံအားကိုကောင်းစေပြီး ခန္ဓာကိုယ်ကို ရန်လာစတဲ့ ဘက်တီးရီးယားတွေကို အကောင်းဆုံးတိုက်ဖျက်ပေးနိုင်ပါတယ်။ ခံတွင်းရှင်းစေပြီးအသက်ရှူစနစ်ကို ကျန်းမာစေသလို ကိုယ်ခံအားကောင်းစေဖို့လည်း အထောက်အပံ့ပေးပါတယ်။ဆေးဝါးထောက်ခံချက်ရထားလား– ငုံဆေးမှ မဟုတ်ပါဘူး။ ဆေးတစ်ခုခုကို သောက်ခါနီးတိုင်းမှာ ဆေးဝါးထောက်ခံချက်ပါရဲ့လားဆိုတာကို သေချာလေးစစ်ဆေးဖို့လိုပါမယ်။ကျန်းမာရေးအတွက် စိတ်ချရဖို့ မဖြစ်မနေ သတိထားသင့်တဲ့အချက်တစ်ခုပါ။ပါဝင်ပစ္စည်းတွေစစ်ပါ– ဆေးမှာပါနေတဲ့ အရာတိုင်းက ကိုယ်နဲ့တည့်ရဲ့လားဆိုတာကို သေချာလေးစစ်ဆေးဖို့လိုပါမယ်။ အချို့သောငုံဆေးတွေမှာပါတဲ့ ပါဝင်ပစ္စည်းတွေကရောဂါအခံရှိသူတွေနဲ့ မသင့်တော်တာမျိုးတွေရှိပါတယ်။အရသာ– အရသာကလည်း ဘယ်လို အရသာ ဆိုတာကို သေချာစစ်ဆေးဖို့ လိုပါမယ်။ အကြောင်းကတော့ ကိုယ်မကြိုက်တဲ့ အရသာ ဆိုရင် ဆေးကို အသုံးပြုမိဖို့ ခက်ခဲနိုင်တာကြောင့်ပါ။ ဒါကြောင့် မဝယ်ခင်မှာကလည်း အရသာကိုပါ သေချာလေးဂရုစိုက်ပါ။အရောင်အဆင်း– အရောင်များတဲ့ ဆေးတွေက ရောဂါသက်သာစေဖို့ထက် အရောင်အတွက် သုံးထားတဲ့ ဓာတုပစ္စည်းတွေကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်မှုတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဆိုးဆေးပါဝင်မှုနည်းတဲ့ ငုံဆေးကို ရွေးချယ်တာက အကောင်းဆုံး ဖြစ်မှာပါ။ကုန်ဆုံးရက်– ဆေးတင်မက စားစရာတွေ၊ အသုံးအဆောင်တွေ ဝယ်တဲ့အခါတိုင်းမှာ သတိထားသင့်တာပါ။ ဒါပေမယ့် ကျန်းမာရေးအတွက် အသုံးပြုရမယ့် ဆေးတွေမှာတော့ မဖြစ်မနေစစ်ဖို့ လိုမှာပေါ့။ ဒါကြောင့် ငုံဆေးကို မဝယ်ခင်မှာ ကုန်ဆုံးရက်ကို သေချာလေး စစ်ဖို့လိုပါလိမ့်မယ်။ငုံဆေးကို လူကြီးတွေက စိတ်ချလက်ချ အသုံးပြုနိုင်ပေမဲ့ ကလေးတွေကို တိုက်မယ်ဆိုရင် သတိထားပါ။ ကောင်းကောင်း မမျိုချနိုင်သေးတဲ့ ကလေးတွေမှာ မတော်တဆ နင်တာ၊ သီးတာမျိုး ဖြစ်နိုင်ပါတယ်။ကဲ.. လည်ချောင်းနာတာနဲ့ ချောင်းဆိုးတာကြောင့် တစ်နေ့တာမှာ စိတ်မညစ်ရစေဖို့ အခုပြောခဲ့တဲ့ အချက်လေးတွေကို သေချာ စဉ်းစားလို့ အကောင်းဆုံးငုံဆေးရွေးချယ်လိုက်ပါ Hello ဆရာဝန်ပရိသတ်ကြီးရေ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/throat-conditions/how-to-choose-the-lozenges/
အသည်းရောင်ရောဂါကုထုံးများ
အသည်းရောင်ရောဂါဆိုသည်မှာ အသည်းရောင်ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ရောဂါဖြစ်သည်။ ကျွမ်းကျင်သူများက ၎င်းဗိုင်းရပ်စ်ပိုးများကို အေ၊ ဘီ၊ စီ၊ ဒီ၊ အီး ဟူ၍ ခွဲခြားထားပါသည်။ ထို့ကြောင့် ရောဂါပိုးတစ်မျိုးစီအတွက် ကုသမှု ကြီးမားစွာကွဲပြားသည့်အပြင် ရုတ်တရက် နှင့် နာတာရှည်ရောဂါအတွက်လည်း ကုသမှုများခြားနားပါသည်။အသည်းရောင်ရောဂါရှိသည်ဟု သိရှိသည်နှင့် သင်၏ဘဝသည် ပြောင်းလဲနိုင်သည်။ အသည်းရောင်ရောဂါအတွက် သုံးသည့်ဆေးများမှာ ဈေးကြီးသည့်အပြင် ဘေးထွက်ဆိုးကျိုးများပါသည်။ ထို့ကြောင့်ကုသမှုယူခြင်း၊ မယူခြင်းမှာ အောက်ပါအချက်ပေါ်တွင် မူတည်ပါသည်။• အသည်းမည်မျှပျက်စီးသလဲ။• အခြားကျန်မာရေးအခြေအနေ။• ရောဂါပိုးများခန္ဓါကိုယ်တွင်မည်မျှရှိသလဲ။• မည်သည့်အသည်းရောင်ရောဂါအမျိုးအစားရှိသလဲ။ချက်ချင်းရုတ်တရက် ဖြစ်သောအသည်းရောင်ရောဂါကုသမှု(acute hepatitis)။ထိုရောဂါရှိသူအများစုသည် ၎င်းတို့၏အခြေအနေကို မသိသောကြောင့် ကုသမှုမခံယူကြပေ။ လူတစ်ဦးက ဤပိုးနှင့်ထိတွေ့ခဲ့လျှင် ဥပမာ-ကျန်းမာရေးဝန်ထမ်းမှ အပ်စူးခဲ့လျှင် စောစောဆေးကုသမှုခံယူရမည် ဖြစ်သည်။ ရောဂါရှိသည့်လူအများစုသည် ဆေးကုသမှုခံယူပါက ရောဂါလက္ခဏာများကို လျှော့ချပေးပါသည်။ ၎င်းကုသမှုများမှာ-။• အနားယူခြင်း။ အသည်းရောင်လူနာများသည် ပင်ပန်းကာဖျားနေသောကြောင့် အနားယူရန်လိုအပ်သည်။ ပျို့အန်လျှင် အစာစားရန်ခက်ခဲပါသည်။ ထို့ကြောင့်အစာအများကြီးစားသည်ထက် နည်းနည်းစီ ခွဲစားသင့်သည်။ ကယ်လိုရီဓါတ်ကြွယ်ဝသော အစားအစာများ စားသုံးသင့်သည်။ ဥပမာ-ရေထက် နို့(သို့)သစ်သီးဖျော်ရည်များသောက်ခြင်း။ ထို့အပြင် အန်ခြင်းကြောင့် ရေဓါတ်ဆုံးရှုံးခြင်းကို ပြန်လည်ဖြည့်ဆည်းရန် အကြောထဲအရည်ဓါတ်သွင်းပေးနိုင်သည်။ ဆိုးရွားစွာ ပျို့အန်ပါက ဆေးရုံသို့ပို့ကာ ကုသသင့်သည်။• အသည်းကို အနားပေးပါ။ သင်၏အသည်းသည် ဆေးနှင့်အရက်ကို စုပ်ယူရန်ခဲယဉ်းပါသည်။ ဆေးမသောက်ခင် ဆရာဝန်နှင့် တိုင်ပင်သင့်သည်။ အရက်သည်အသည်းကို အဆိပ်အတောက်ဖြစ်စေသဖြင့် အသည်းရောင်ရောဂါရှိနေစဉ် လုံးဝအရက်မသောက်သင့်ပါ။• အသည်းကိုထိခိုက်စေသော ဆေးနှင့်ပစ္စည်းများ သုံးစွဲခြင်းကို ဂရုစိုက်ပါ။ (ဥပမာ-acetaminophen၊ အရက်)။ ပျက်စီးနေသောအသည်းသည် ပုံမှန်တွင်ဆေးများကို မဖယ်ရှားနိုင်သောကြောင့် သွေးထဲတွင် ဆေးအာနိသင် ကြာရှည်စွာရှိကာ အန္တရာယ်ရှိသောအတိုင်းအတာသို့ ရောက်နိုင်သည်။ အိပ်ဆေးနှင့် စိတ်ငြိမ်ဆေးများသည် အသည်းနှင့်ဦးနှောက်ကို ထိခိုက်ကာ သတိလစ်ခြင်း၊ နုံးခြင်းများဖြစ်နိုင်သောကြောင့် ရှောင်သင့်သည်။• အရက်နှင့် ဆေးလိပ်သောက်ခြင်းကို ရပ်ပါ။ အရက်သည် နာတာရှည်အသည်းရောင်ရောဂါတွင် အသည်းကို ပို၍ပျက်စီးစေသည့်အပြင် အသည်းခြောက်ခြင်းကိုလျင်မြန်စွာဖြစ်စေသည်။• အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းမှ ရှောင်ကြဉ်ပါ။ အကြောင်းမှာ လိင်ဆက်ဆံရာမှ ရောဂါပိုးကို လိင်ဆက်ဆံဖော်သို့ ကူးစက်နိုင်၍ဖြစ်သည်။ ထို့ကြောင့် ရောဂါရှိစဉ်တွင် လိင်ဆက်ဆံခြင်းကို ရှောင်ရှားခြင်း(သို့) ကွန်ဒုံးသုံးခြင်းများပြုလုပ်ရမည်။နာတာရှည်အသည်းရောင်ရောဂါကုသမှု။နာတာရှည်အသည်းရောင်ရောဂါကို ကုသရန် နည်းလမ်းများစွာ ရှိပါသည်။ ဆေးဖြင့်ကုသခြင်း(သို့) ကာကွယ်ဆေးထိုးခြင်း(သို့) အသည်းအစားထိုးခြင်းတို့ ဖြစ်သည်။နာတာရှည်အသည်းရောင်ရောဂါ(စီ)အတွက် ဆေးဖြင့်ကုသနည်းများမှာ။• Alpha interferonဆေးထိုးခြင်း။• Ribavirin သောက်ဆေး။• Boceprevirသောက်ဆေး။• Simeprevir။• Sofosbuvirသောက်ဆေး။• simeprevirသောက်ဆေး။• Daclatasvirသောက်ဆေး။• Ledipasvirသောက်ဆေး။• Ombitsvir/paritaprevir/ritonavir သောက်ဆေး။• ombitasvir/paritaprevir/ritonavir/dasabuvir (ViekiraPak)သောက်ဆေး။နာတာရှည်အသည်းရောင်ရောဂါ(စီ)အတွက် အဓိကကုသမှုမှာ PEG/ribaကုထုံး (peylated interferon နဲ့ribavirin ပူးပေါင်းပါသောကုထုံး)ဖြစ်သည်။ Interferon alfa-2b(Intron A) ထိုးဆေးဖြင့်ကုသခြင်းသည် ကြာရှည်စွာကုသမှုမခံယူလိုသော လူငယ်များနှင့် ကိုယ်ဝန်ယူမည့်သူများအတွက် အသုံးပြုပါသည်။၎င်းကို Ribavirinတစ်နေ့၂ကြိမ် သောက်ဆေးဖြင့် တွဲသုံးနိုင်ပါသည်။အသည်းအစားထိုးကုခြင်းကို သင်၏အသည်းလုပ်ငန်များ ပျက်စီးနေပါက ရွေးချယ်သင့်သည်။ အသည်းအစားထိုးနေစဉ်အတွင်း သင့်အသည်း၏ မကောင်းသောအပိုင်းကိုဖယ်ရှား၍ ကျန်းမာသောအသည်းနှင့်အစားထိုးပေးသည်။ အစားထိုးသည့်အသည်းအများစုသည် သေဆုံးပြီးသူများမှ လှူဒါန်းခြင်းဖြစ်သည်။ အသည်းရောင်ရောဂါ(စီ)ရှိသူများအတွက် အသည်းအစားထိုး၍ အရှင်းပျောက်အောင် ကုသ၍မရပေ။ အသည်းအစားထိုးပြီးပါကလည်း အသည်းရောင်ရောင်ရောဂါ(စီ)သည် ပြန်ဖြစ်နိုင်သောကြောင့် ရောဂါပိုးဖယ်ရှားသောကုသနည်းများ ဆက်လက်ယူသွားရမည်။ကာကွယ်ဆေးများ။အသည်းရောင်ရောဂါ(စီ)အတွက် ကာကွယ်ဆေး ယခုအထိ မပေါ်သေးပါ။ အသည်းရောင်(အေ)နှင့်(ဘီ)အတွက် ကာကွယ်ဆေးများရှိပါသည်။ အချို့ဗိုင်းရပ်စ်ပိုးများသည် အသည်း၏လုပ်ငန်းများကို ဖျက်စီးကာ အသည်းရောင်ရောဂါ(စီ)ကုသမှုကို ရှုပ်ထွေးစေပါသည်။အသည်းရောင်ရောဂါ(စီ)အတွက် ဆေးကုသမှုခံယူဖို့ ပုံမှန်သွေးစစ်ကာ ဆရာဝန်နှင့်သွားရောက်ပြသသင့်သည်။ ရုတ်တရက် နှင့် နာတာရှည်အသည်းရောင်ရောဂါကုထုံးသည် တစ်ဦးနှင့် တစ်ဦးမတူညီပါ။ ရုတ်တရက်အသည်းရောင်ရောဂါအတွက် ကုသနည်းမှာ အနားယူခြင်း၊ လက္ခဏာများ သက်သာအောင်ပြုလုပ်ခြင်း၊ အရည်ဓါတ်များ လုံလောက်စေခြင်းတို့ပါဝင်သည်။ နာတာရှည်အသည်းရောင်ရောဂါကုသမှုတွင် ပိုးကိုဖယ်ရှားစေသည့်ကုသနည်းနှင့် အသည်း နောက်ထပ်မပျက်စီးအောင် ကာကွယ်ခြင်းတို့ဖြစ်သည်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%80%e1%80%af%e1%80%91%e1%80%af%e1%80%b6%e1%80%b8%e1%80%99/
အသည်းရောင်(စီ)ပိုး ကို လိင်မှတဆင့် မကူးစက်အောင် ဘယ်လိုဆင်ခြင်နိုင်မလဲ
အသည်းရောင်ရောဂါ(စီ)သည် အသည်းရောင်(စီ)ပိုးကြောင့်ဖြစ်သော ကူးစက်တတ်သည့်အသည်းရောဂါဖြစ်ပါသည်။ ဤရောဂါသည် လူတစ်ဦးမှ တစ်ဦးသို့ နည်းလမ်းမျိုးစုံဖြင့် ကူးစက်နိုင်ပါသည်။ ဥပမာ-အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း။ အသည်းရောင် (စီ) ပိုးနှင့် လိင်ဆက်ဆံခြင်း ဆက်နွယ်မှုများကို အောက်တွင် ဆက်လက်ဖော်ပြထားပါသည်။ ဒီတစ်ခေါက်တော့ အသည်းရောင်(စီ)ပိုး ကို လိင်မှတဆင့် မကူးစက်အောင် ဘယ်လိုဆင်ခြင်နိုင်မလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ဒီအကြောင်းကို မပြောခင် အရင်ဆုံး အသည်းရောင်(စီ)ပိုး ဘယ်လိုကူးစက်တတ်သလဲဆိုတာကို အရင်ပြောပြပေးချင်ပါတယ်။အသည်းရောင်ရောဂါ(စီ)သည်နာတာရှည်ရောဂါမဖြစ်ခင်အထိ လက္ခဏာပြလေ့မရှိပါ။ လူအများစုသည် အသည်းပျက်စီးနေပြီဟု မသိမချင်း နှစ်ပေါင်းများစွာကြာတဲ့အထိ ရောဂါပိုးရှိကြောင်းမသိပါ။ ထို့ကြောင့် ပုံမှန်ရောဂါစစ်ဆေးမှုများ ပြုလုပ်သင့်သည်။ကူးစက်နိုင်သောနည်းလမ်းများမှာ-။လိင်နှင့် အသည်းရောင်(စီ)ပိုး တို့ ဆက်စပ်မှု။အောက်ပါတို့သည် လိင်မှတဆင့် အသည်းရောင်ရောဂါ(စီ) ကူးစက်နိုင်သူများဖြစ်သည်။အသည်းရောင်(စီ)ပိုးကိုသုက်ရည်ထဲတွင်တွေ့နိုင်သော်လည်း အကူးစက်နိုင်ဆုံးမှာ သွေးမှတဆင့် ကူးစက်ခြင်းဖြစ်သည်။ အရေပြားတွင် ပေါက်ပြဲခြင်း၊ ရှခြင်းတို့မှလည်း ကူးနိုင်သည်။ အရေပြားချင်း ထိစပ်လိင်ဆက်ဆံနေစဉ် သွေးထွက်ပြီးတော့လည်း ကူးစက်နိုင်ပါသည်။ခုခံအားကျဆင်းမှုရောဂါနှင့် အသည်းရောင်ရောဂါ(စီ) တွဲ၍လည်း ဖြစ်နိုင်ပါသည်။ HIV ပိုးရှိနေသော မူးယစ်ဆေးအကြောသွင်းထိုးသူ ၅၀ မှ ၉၀ ရာခိုင်နှုန်းသည် အသည်းရောင်ရောဂါ(စီ)လည်း တွဲ၍ ရှိနေတတ်သည်။ အကြောင်းမှာ ရောဂါနှစ်ခုလုံးတွင် ဆေးထိုးအပ်မျှသုံးခြင်းနှင့် အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းတို့ကဲ့သို့သောတူညီသော ဖြစ်ပွားစေသော အကြောင်းရင်းများ ရှိသောကြောင့် ဖြစ်ပါသည်။အသည်းရောင်(စီ)ပိုး ကို လိင်မှတဆင့် မကူးစက်အောင် ဘယ်လိုဆင်ခြင်နိုင်မလဲ ! အသည်းရောင်(စီ)ပိုး အတွက် ကာကွယ်ဆေး ယခုထိမရှိသေးပါ။ သို့သော် ကာကွယ်နိုင်မည့်နည်းများ ရှိပါသည်။ ဥပမာ- အကြောထဲသို့ ဆေးသွင်းခြင်း၊ ဆေးထိုးအပ်မျှသုံးခြင်းတို့ကို ရှောင်ကြဉ်သင့်သည်။ အသုံးပြုမည့်ပစ္စည်းများကို ပိုးသတ်သင့်သည်။ တက်တူးထိုးခြင်း၊ အပ်စိုက်ခြင်းတို့အတွက် အပ်ကို မျှဝေမသုံးရ။ အပ်နှင့် ဆေးပစ္စည်းများကို ပိုးသတ်ပြီးမှ အသုံးပြုလျှင် စိတ်အချရဆုံးဖြစ်သည်။သင်သည် ရောဂါရှိသူနှင့် လိင်ဆက်ဆံလျှင် ကာကွယ်နိုင်သည့် နည်းလမ်းများစွာရှိသည်။ ၎င်းတို့မှာ။အသည်းရောင်ရောဂါ(စီ) antibody test (anti-HCV test) သည် လူ၏ ခန္ဓာကိုယ်ထဲတွင် ရောဂါပိုးကိုတိုက်သည့်ဓာတ် ရှိ၊ မရှိကို စမ်းသောအရာဖြစ်သည်။ အသည်းရောင် (စီ)ပိုး ရှိပါက လူ၏ခန္ဓာကိုယ်မှ ကိုယ်ခံအားစနစ် (antibody) သည် ထွက်၍တိုက်မည် ဖြစ်သည်။ ထို့ကြောင့် antibody အပေါင်းလက္ခဏာပြနေလျှင် ဆရာဝန်က လက်တလောရောဂါရှိ၊ မရှိကို သိရန် DNA or PCR နည်းဖြင့် ထပ်မံစစ်ကြည့်နိုင်ပါသည်။သင်သည် တစ်လင်တစ်မယားစနစ် မကျင့်သုံးပါက လိင်မှတဆင့်ကူးစက်သောရောဂါများကို ဆရာဝန်နှင့် စစ်ဆေးသင့်ပါသည်။ အသည်းရောင်(စီ)ပိုး အပါအဝင် အခြားပိုးများသည် ရက်သတ္တပတ်အတော်ကြာသည်အထိ လက္ခဏာများ မပြနိုင်သောကြောင့် မသိလိုက်ချိန်တွင် လိင်ဆက်ဆံဖော်ကို ရောဂါကူးစက်နိုင်သောကြောင့် သတိထားရမည်ဖြစ်သည်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/prevent-hcv-from-sex/
Cucumber (သခွားသီး)
မိရိုးဖလာ ဆေးပညာအရ သခွားသီးကို ဆီးဆေးအဖြစ်သုံးပြီး သွေးပေါင်တက်ခြင်းနဲ့ ကျခြင်းတွေကို ကုသဖို့ အသုံးပြုပါတယ်။ သူ့ကို အရေပြားယားယံခြင်းကို သက်သာစေဖို့လည်း အသုံးပြုပါတယ်။ သခွားသီးစေ့တွေဟာ helminth တွေကို သတ်ပစ်နိုင်ပါတယ်။သခွားသီး ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။သူ့ကို ဆီးဆေးအပျော့တစ်မျိုးအဖြစ် နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြပါတယ်။ ဆီးသွားစေတဲ့အာနိသင်ဟာ သူ့မှာပါတဲ့ cucurbitin ဆိုတဲ့ glycoside တစ်မျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူ့အသုံးဝင်ပုံနဲ့ပတ်သက်တဲ့ အချက်အလက်တွေဟာ မိရိုးဖလာ ဆေးပညာတွေက တစ်ဆင့် ဆင်းသက်လာပြီး သိပ္ပံနည်းကျ လေ့လာမှုတွေ ပြုလုပ်ထားခြင်း မရှိပါဘူး။သခွားသီး ကို အေးမြပြီး ခြောက်သွေ့တဲ့ နေရာတွေမှာ ထားသင့်ပြီး အပူနဲ့ ရေငွေ့ရိုက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။သခွားသီး ကို ကလေးတွေအတွက် အသုံးမပြုသင့်ပါဘူး။ ကိုယ်ဝန်ရှိနေရင် (သို့) ကလေးနို့တိုက်နေရင်လည်း သူ့ကို မသုံးသင့်ပါဘူး။ သခွားသီး နဲ့ ဓါတ်မတည့်သူတွေမှာလည်း အသုံးမပြုသင့်ပါဘူး။သခွားသီး ကနေ အောက်ပါဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။သခွားသီး ဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။သခွားသီးဟာ အခြားဆီးဆေးတွေရဲ့ အာနိသင်ကို မြင့်တက်စေပြီး potassium ပမာဏကို ကျဆင်းစေပါတယ်။ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်။ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်။သခွားသီးအစေ့ ၁-၂ အောင်စကို ရေနဲ့ရောပြီး အရည်ပုံစံမျိုး ပြင်ဆင်နိုင်ပါတယ်။ လိမ်းဆေးအနေနဲ့လည်း လိုအပ်သလို အသုံးပြုနိုင်ပါတယ်။သခွားသီး ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။သခွားသီး ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။သခွားသီးပါတဲ့ အလှကုန်ပစ္စည်းများ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/cucumber-%e1%80%9e%e1%80%81%e1%80%bc%e1%80%ac%e1%80%b8%e1%80%9e%e1%80%ae%e1%80%b8/
ငုံးဥ ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး
ကြက်ဥ၊ ဘဲဥ၊ငုံးဥလိုမျိုး ဥအမျိုးမျိုး ရှိတဲ့အထဲကမှ ငုံးဥကို အကြိုက်ဆုံးလား …. ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ငုံးဥ ဆိုတာ ငုံးငှက်ကလေးတွေရဲ့ဥလေးတွေဖြစ်ပါတယ်။ ငုံးငှက်လေးတွေကမြေပြင်မှာ လျင်လျင်မြန်မြန် သွားလာနိုင်ပြီး တခါတလေတော့ ပျံတတ်ပါတယ်။ ငုံးဥက ကြက်ဥထက် တော်တော်လေး သေးပြီး အခွံပေါ်မှာ အမဲရောင် အစက်လေးတွေ ပါဝင်ပါတယ်။ အလေးချိန်အားဖြင့် ကြက်ဥ နဲ့ ဘဲဥတွေထက် ပေါ့ပေမယ့် အာဟာရဓါတ် ကတော့ တော်တော်လေး ပိုများပါတယ်။ငုံးဥမှာအာဟာရဓါတ်ကြွယ်ဝစွာ ပါဝင်ပြီး ကျန်းမာရေးကို အထောက်အကူ ပြုနိုင်တာကြောင့် နေ့စဉ် စားသုံးတဲ့ အစားအသောက်တွေထဲမှာ ထည့်သွင်းစားသုံးပေးမယ်ဆိုရင် ရရှိလာနိုင်မယ့် အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။ငုံးဥမှာ အမြင်အာရုံကိုကောင်းမွန်အောင်အားဖြည့်ပေးတဲ့ ဗီတာမင်အေ (Vitamin A) ကြွယ်ဝစွာပါဝင်တာကြောင့် အမြင်အာရုံ ကြည်လင်ကောင်းမွန်စေသလို မျက်စိကိုကျန်းမာစေပါတယ်။ ဗီတာမင်အေ ရဲ့ဓါတ်တိုးဆန့်ကျင်မှုဖြစ်စဉ်တွေက မျက်လုံးကြွက်သား ယိုယွင်းပျက်စီးမှုကိုလျှော့ချပေးနိုင်သလို အတွင်းတိမ်မဖြစ်အောင်ကာကွယ်ပေးပြီး အမြင်အာရုံကိုပိုမိုကောင်းမွန်စေပါတယ်။ငုံးဥမှာ ခန္ဓါကိုယ်အတွက်အကျိုးပြုတဲ့fatty acidတွေအများအပြားပါဝင်တာကြောင့် နှလုံးကျန်းမာရေးကိုတိုးတက်ကောင်းမွန်စေပါတယ်။HDL ကိုလက်စထရောက ခန္ဓါကိုယ်ကိုအကျိုးမပြုတဲ့ကိုလက်စထရောဖြစ်တဲ့ LDL ကိုလက်စထရောကိုတိုက်ဖျက်ဖို့အတွက်လိုအပ်တဲ့ အကျိုးပြုကိုလက်စထရောတစ်မျိုးဖြစ်ပါတယ်။ ငုံးဥမှာ HDL ကိုလက်စထရော ၆၀ ရာခိုင်နှုန်းလောက်အထိပါဝင်ပါတယ်။ ကိုလက်စထေရောဆိုင်ရာပြဿနာအခံရှိသူတွေအနေနဲပကတော့ ငုံးဥအများကြီးမစားသင့်ပါဘူး။ ငုံးဥတစ်လုံးမှာ အကြမ်းဖျင်းအားဖြင့်ပြည့်ဝဆီ ၁.၆ ဂရမ်ပါဝင်နေပါတယ်။ကြက်ဥလိုမျိုးပဲ ငုံးဥကလည်း ခန္ဓါကိုယ်ရဲ့လုပ်ငန်းစဉ်တွေအတွက် လိုအပ်တဲ့ ပရိုတင်းဓါတ်တွေကိုထောက်ပံ့ပေးပါတယ်။ ပရိုတင်းတွေက အာဟာရဓါတ်ပုံစံအမျိုးမျိုးအဖြစ်ပြိုကွဲသွားပြီး ဆဲလ်အသစ်တွေ၊တစ်ရှုးတွေ၊ ကြွက်သား၊အရိုးနဲ့သွေးကြောတွေကိုဖြစ်ပေါ်စေပါတယ်။ ငုံးဥမှာပါတဲ့ အာဟာရဓါတ်က ကျန်းမာရေးကောင်းမွန်စေပြီး ခန္ဓါကိုယ်ရဲ့ ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုကိုဖြစ်ပေါ်စေပါတယ်။ငုံးဥမှာ ပိုတက်ဆီယမ်အပါအဝင် ခန္ဓါကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်များစွာပါဝင်ပါတယ်။ ငုံးဥက နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်လားဆိုတာကိုလေ့လာနေဆဲဆိုပေမယ့် ငုံးဥမှာ ပိုတက်ဆီယမ်ပါဝင်နေတာကသွေးတိုးကျစေနိုင်ပြီးသွေးလွတ်ကြောတွေ နဲ့သွေးပြန်ကြောတွေအပေါ်မှာ ဖိအားတွေသက်ရောက်တာကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ ငုံးဥမှာ ကြက်ဥထက် ပိုတက်ဆီယမ် ကြွယ်ဝစွာပါဝင်ပါတယ်။နေထိုင်ရာ ပတ်ဝန်းကျင်မှာ အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေ၊ ညစ်ညမ်းတဲ့အရာတွေ ကိုယ်တွင်းအဆိပ်အတောက်တွေကို ပြေစေတာက အရေးပါတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။လေ့လာမှုတွေအရ နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ငုံးဥကို ထည့်သွင်းစားသုံးပေးမယ် ဆိုရင်သွေးကြောတွေထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်မှာဖြစ်သလို သည်းခြေကျောက်နဲ့ကျောက်ကပ်ကျောက်တွေကိုသေးငယ်အောင်လည်းအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ဓါတ်တိုးဆန့်ကျင်ပစ္စည်းဆိုတာက လူ့ကျန်းမာရေးအတွက် အရေးပါတဲ့အစိတ်အပိုင်းတစ်ခုပါ။ လူသားတွေဟာနေ့စဉ်နဲ့အမျှ နာတာရှည်ရောဂါတွေနဲ့ ကင်ဆာဝေနာတွေကိုဖြစ်စေနိုင်တဲ့free radicalတွေနဲ့ထိုးစစ်ဆင်နေရပါတယ်။ ငုံးဥမှာfree radicalတွေကိုတိုက်ဖျက်ပးနိုင်စွမ်းရှိတဲ့ ဗီတာမင် စီ နဲ့ ဗီတာမင်အေ (Vitamin A)တွေကြွယ်ဝစွာပါဝင်နေပါတယ်။ ကျန်းမာရေးကောင်းမွန်ပြီး နာတာရှည်ရောဂါတွေ မဖြစ်အောင်ကာကွယ်ပေးပါတယ်။ငုံးဥမှာ ဓါတ်မတည့်မှုကိုတိုက်ဖျက်ပေးတဲ့ သဘာဝဓါတ်ပစ္စည်းတစ်ရပ်ဖြစ်တဲ့ovomucoid ပရိုတင်းဓါတ်ကြွယ်ဝစွာပါဝင်နေပါတယ်။ရောင်ရမ်းတာနဲ့ အခြားဓါတ်မတည့်တဲ့လက္ခဏာတွေခံစားရမယ်ဆိုရင် ငုံးဥစားပေးလို့ရပါတယ်။ ငုံးဥက ဓါတ်မတည့်မှုတွေကိုလျော့ပါးသက်သာစေပြီး ခန္ဓါကိုယ်ကိုပုံမှန်အနေအထားပြန်လည်ရောက်ရှိစေမှာဖြစ်ပါတယ်။ငုံးဥမှာ ပါတဲ့ ဗီတာမင် ဘီ က ဟော်မုန်းနဲ့အင်ဇိုင်းတွေရဲ့လုပ်ဆောင်မှုတွေအပါအဝင်ခန္ဓါကိုယ်တစ်ခုလုံးက ဇီဝတွင်းဖြစ်ပျက်မှုတွေကိုမြှင့်တင်ပေးပါတယ်။ ငုံးဥကအရသာရှိတာထက် ခန္ဓါကိုယ်ရဲ့လုပ်ငန်းစဉ်တွေနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်မှုတွေကိုချောမွေ့စေပါတယ်။ငုံးဥမှာ သတ္တုဓါတ်နဲ့ အာဟာရဓါတ်များစွာပါဝင်နေသလို ပရိုတင်းကလည်း ၆ ဂရမ်ပါဝင်တာကြောင့် မနက်တိုင်းငုံးဥစားသုံးပေးမယ်ဆိုရင် စွမ်းအင်တိုးတက်စေပြီး စိတ်ခံစားမှုကိုလည်း တိုးတက်ကောင်းမွန်စေမှာဖြစ်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/quail-egg-benefits/
G6PD ရောဂါရှိတဲ့ ကလေးတစ်ယောက်ကို ဘယ်လိုပြုစုမလဲ ။ ။
ကလေးတစ်ယောက်မှာG6PDဆိုတဲ့ ရောဂါတစ်ခုရှိပြီဆို ကလေးမိဘတွေ အနေနဲ့ သိထားသင့်တဲ့ အရာတွေ အများကြီးရှိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီ ပြဿနာရှိတဲ့သူတွေဟာ ဒီအတိုင်းနေရင် လူကောင်းအတိုင်းဆိုပေမယ့် သူနဲ့ မတည့်တာတွေ စားမိ၊ သောက်မိ၊ ထိမိလို့တော့ ကျန်းမာရေးကို တော်တော်ကြီး ဒုက္ခပေးနိုင်တဲ့ ရောဂါတစ်ခုပါ။ ဒီတော့ G6PD ရှိနေတဲ့ ကိုယ့်ကလေးကို အခြား ကလေးတွေထက်ပိုပြီး ဂရုစိုက်ဖို့ မေမေတို့ တာဝန်ရှိလာပါပြီ ။ ။G6PD ဆိုတာ Glucose 6 Phosphate Dehydrogenase ဆိုတဲ့ အင်ဇိုင်းကို အတိုကောက်ခေါ်တာဖြစ်ပြီး ဒီအင်ဇိုင်းက သွေးထဲမှာရှိတဲ့ သွေးနီဥတွေ ကောင်းကောင်းအလုပ်လုပ်နိုင်အောင် ကူညီပေးပါတယ်။ ဒီလိုG6PDချို့တဲ့တဲ့ရောဂါက ရှားပါးတဲ့ရောဂါတစ်ခုမဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ G6PD အင်ဇိုင်းချို့တဲ့မှုကို ခံစားနေရတဲ့ လူပေါင်း သန်း ၄၀၀ ခန့်တောင်ရှိပြီး မြန်မာနိုင်ငံမှာလည်း အများအပြားရှိပါတယ်။ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့အတွက် လိုအပ်တဲ့အောက်ဆီဂျင်ကိုသွေးနီဥလေးတွေက သယ်ဆောင်ပြီး ခန္ဓာကိုယ်အနှံ့ကို ပို့ပေးရပါတယ်။ ဒီလိုပို့ဆောင်ပေးတဲ့အလုပ်ကို ကောင်းကောင်းလုပ်နိုင်ဖို့ သွေးနီဥလေးတွေအတွက် G6PD အင်ဇိုင်း ရှိဖို့လိုအပ်ပါတယ်။ ဒါပေမယ့် G6PD အင်ဇိုင်းချို့တဲ့သွားတဲ့အခါ သွေးနီဥလေးတွေ ဖျက်ဆီးခံရပြီး အသစ်ပြန်မထုတ်နိုင်တာကြောင့် သွေးအားနည်းရောဂါတွေ ဖြစ်လာရတာပါ။မျိုးရိုးလိုက်တဲ့ ပြဿနာတစ်ခုဆိုတော့ မိဘမျိုးရိုးထဲမှာ ဒီလို G6PD ချို့တဲ့တဲ့ ပြဿနာရှိရင် ကလေးမှာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးရိုးလိုက်တဲ့ ပြဿနာအတွက် တာဝန် အရှိဆုံး ကတော့ X ခရိုမိုဇုန်းပဲ ဖြစ်ပါတယ်။ အမျိုးသားတွေက ပိုအဖြစ်များပါတယ်။အရင် ဆောင်းပါးတွေမှာ G6PD ချို့တဲ့ခြင်းကြောင့် ကျန်းမာရေးမှာ ဘယ်လိုလက္ခဏာတွေ ရှိတဲ့အကြောင်းပြောပြီးပြီဆိုတော့ ဒီဆောင်းပါးမှာ မတည့်တာတွေကို သတိထားရမယ့် G6PD ရောဂါရှင်တို့ မဖြစ်မနေသိထားရမယ့် အကြောင်းလေးတွေ ပြောပြပေးချင်ပါတယ် ။ကိုယ့်ကလေးနဲ့ မတည့်တဲ့ အောက်မှာ ပြောထားတဲ့ အရာတွေကို မိဘတွေ အထူးသတိထားပြီး သိထားရမှာဖြစ်ပါတယ်။ကိုယ့်ကလေးမှာ G6PD ပြဿနာရှိနေပြီဆိုတာနဲ့ ဆေးရုံတွေမှာ G6PD ရောဂါရှင်တွေ ရှောင်ရမယ့် ဆေးတွေ အစားအသောက် စာရင်းတွေ ရှိပါတယ်။ အဲဒါတွေကို တောင်းပြီး သေချာသိမ်းထားပါ။ နောက် နေထိုင်မကောင်းဖြစ်လို့ ဘယ်ဆေးခန်းပဲ သွားသွား ကိုယ့်ကလေးကG6PDရှိနေကြောင်းနဲ့ ဒီဆေးတွေ နဲ့ မတည့်ဘူးဆိုတဲ့အကြောင်း ဆရာဝန်တွေကို သေချာပြောပြပါ။G6PD အင်ဇိုင်းချို့တဲ့တဲ့ပြဿနာဟာ မွေးရာပါပြဿနာတစ်ခုဖြစ်တာကြောင့် အရှင်းကုသလို့ မပျောက်တဲ့ ရောဂါတစ်ခုပါ။ ဒါပေမယ့် ခုပြောပြမယ့် အချက်တွေကတော့ ရောဂါရဲ့ တုန့်ပြန်မှုတွေ နည်းသွားအောင်၊သွေးအားနည်းတဲ့ ပြဿနာတွေ အပြင်းအထန်မဖြစ်ရအောင် ကာကွယ်ပေးမယ့်အချက်တွေပဲ ဖြစ်ပါတယ် ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/other-child-health-issues/g6pd/
အဖြစ်အများဆုံး ခေါင်းကိုက်ခြင်း တွေကို သင်ဘယ်လိုသိနိုင်မလဲ
ခေါင်းကိုက်ခြင်းဆိုတာ လူတိုင်းနဲ့မစိမ်းတဲ့ ဝေဒနာတစ်ခုဖြစ်သလို မဖိတ်ခေါ်ဘဲ အချိန်မရွေးရောက်လာနိုင်တဲ့ ဧည့်ဆိုးလည်းဖြစ်ပါတယ်။ ဘယ်လောက်ဒုက္ခပေးလဲဆို နည်းနည်းလေးခေါင်းကိုက်နေတာနဲ့ လူကစိတ်မကြည်တော့ဘူး၊ အာရုံစိုက်မရတော့ဘူး။ ပိုဆိုးတာကခေါင်းကိုက်နေရင် အလုပ်ကောင်းကောင်းမလုပ်နိုင်ဘဲ နားနေရတာ၊ လှဲအိပ်နေရင်တောင် ဆက်ပြီးထိုးကိုက်နေတာမျိုးဖြစ်ပါတယ်။ခေါင်းကိုက်တယ်ပဲ အလွယ်ပြောလိုက်ပေမယ့် တကယ်တမ်းက ကိုက်တဲ့နေရာ၊ အကြောင်းရင်းတွေမတူတဲ့ အမျိုးအစားတွေကွဲပြားတယ်ဆိုတာလေး ဆက်ပြီးပြောပြချင်ပါတယ်။ အဖြစ်များကြတဲ့ခေါင်းကိုက်ခြင်းအမျိုးအစားတွေထဲက (၉) မျိုးကိုလေ့လာကြည့်ရအောင်။ ကိုယ်ဖြစ်ဖူးတာတွေ အများကြီးပါနေတာတွေ့ရပါလိမ့်မယ်။Primary headaches လို့ခေါ်တဲ့ ခေါင်းကိုက်မှုတွေက ရောဂါအကြောင်းရင်းခံတစ်ခုခုကြောင့်မဟုတ်တဲ့ ခေါင်းကိုက်ခြင်းဖြစ်ပါတယ်။ ရောဂါအခံကြောင့် မဟုတ်ဘူးဆိုတော့ ဘယ်လိုခေါင်းကိုက်တာမျိုးကိုခေါ်တာဖြစ်မလဲ –။(၁)ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်း။အဖြစ်များဆုံးဖြစ်တဲ့ ဖိစီးမှုကြောင့် ခေါင်းကိုက်တဲ့အမျိုးအစား(Tension headache)ဆိုရင် ထိုင်းထိုင်းမှိုင်းမှိုင်းနဲ့ ခေါင်းတစ်ခုလုံးအုံခဲပြီး ကိုက်နေတော့တာပဲ။ စိတ်ပူပန်မှုတွေ၊ စိတ်ဖိစီးမှုတွေများနေတဲ့အခါ ခေါင်းမကြည်ဘူး၊ တဒုတ်ဒုတ်နဲ့ ထိုးကိုက်နေပြီး ဇက်ကြော၊နဖူး၊ ဦးရေပြား၊ပခုံးကြွက်သားတွေပါ တောင့်တင်းတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ စိတ်ဖိစီးစရာတွေရှိနေတဲ့အခါ ဒီအမျိုးအစားကို ခံစားရနိုင်ပါတယ်။(၂) ဆက်တိုက်ဖြစ်တတ်တဲ့ ခေါင်းကိုက်ခြင်း။ဆက်တိုက်ဖြစ်တဲ့ ခေါင်းကိုက်ခြင်း (Cluster headache) အမျိုးအစားက ခေါင်းထဲ ထိုးပြီးကိုက်တဲ့ဝေဒနာမျိုးပါ။ တစ်ခါတလေမျက်လုံးတစ်ဖက်ရဲ့ အနောက်ဘက်က သို့မဟုတ် မျက်နှာတစ်ခြမ်းလုံး ကိုက်ခဲမှုဖြစ်တတ်ပါတယ်။ တစ်ခါတလေကျ ခေါင်းကိုက်တဲ့ဘက်ခြမ်းမှာ ရောင်ရမ်းတာ၊ နီမြန်းတာ၊ ချွေးထွက်တာ၊နှာစေးနှာပိတ်တာ၊ မျက်ရည်ကျတာတွေဖြစ်လာနိုင်တယ်။ဒီအမျိုးအစားက ဆက်တိုက်ဖြစ်တတ်ပြီး အနည်းဆုံး ၁၅ မိနစ်ကနေ ၃ နာရီအထိကြာမြင့်နိုင်ပါတယ်။ ဒီအမျိုးအစားဖြစ်သူတွေဟာ တစ်နေ့ကိုလေးကြိမ်အထိ ခေါင်းကိုက်ဝေဒနာခံစားရနိုင်ပါတယ်။ ဒါမှမဟုတ် နောက်နေ့မှာလည်း ဒီအချိန်မှာပဲ ဖြစ်လာတာမျိုး၊ သက်သာသွားပြီးတော့ နောက်တစ်ခေါက်ထပ်ကိုက်လာတာမျိုးရှိနိုင်ပါတယ်။ လနဲ့ချီပြီးလည်း နေ့တိုင်းဆက်တိုက်ခေါင်းကိုက်တာတွေရှိတယ်။ တစ်ကြိမ်နဲ့ တစ်ကြိမ်ကြားမှာတော့ လက္ခဏာခံစားရတာမရှိဘဲလည်းဖြစ်နိုင်တယ်။ များသောအားဖြင့် နွေဦးနဲ့ ဆောင်းရာသီတို့မှာ ပိုအဖြစ်များတတ်ပါတယ်။(၃)ခေါင်းတစ်ခြမ်းကိုက်ခြင်း။ဒါကတော့ လူသိများတဲ့မင်းသားကြီးဖြစ်တဲ့ Migraine အမျိုးအစား ဖြစ်ပါတယ်။ သူဟာလည်း ရက်တွေချီပြီးခံစားရနိုင်တဲ့ ခေါင်းကိုက်ဝေဒနာဖြစ်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်းဟာခေါင်းအတွင်းထဲကနေ ပြင်းထန်စွာ ကိုက်ခဲတဲ့ဝေဒနာပါ။ ဒီလိုကိုက်ခဲမှုကြောင့် တစ်နေ့တာအလုပ်တွေမလုပ်နိုင်တော့တဲ့အထိ ဖြစ်လာနိုင်ပါတယ်။ တဒုတ်ဒုတ်နဲ့ ခေါင်းတစ်ခြမ်းတည်းကိုက်နေပြီး အလင်းရောင်နဲ့ အသံတွေကို လုံးဝမခံနိုင်တော့ပါဘူး။ မအီမသာဖြစ်တာ၊အော့အန်တာတွေလည်း ခံစားရလေ့ရှိပါတယ်။ခေါင်းတစ်ခြမ်းကိုက်ခြင်းက မိသားစုမျိုးရိုးကြောင့်လည်းဖြစ်နိုင်သလို တခြားအာရုံကြောစနစ်ပြဿနာတွေနဲ့လည်း ဆက်နွယ်နေနိုင်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက်Migraine ခံစားရနိုင်ခြေ သုံးဆပိုများတယ်လို့ဆိုကြပါတယ်။ ပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ အကြောင်းရင်းတွေကတော့ အိပ်ရေးပျက်တာ၊ ရေဓာတ်ဆုံးရှုံးတာ၊ အစားမမှန်တာ၊ အစားအစာတချို့၊ ဟော်မုန်းအတက်အကျဖြစ်တာ၊ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မိတာတို့ပါဝင်ပါတယ်။Secondary headaches လို့ခေါ်တဲ့ တဆင့်ခံခေါင်းကိုက်ဝေဒနာဆိုတာခန္ဓာကိုယ်ထဲမှာဖြစ်နေတဲ့ ရောဂါအခံတစ်ခုခုကြောင့် ဖြစ်လာတဲ့ခေါင်းကိုက်ခြင်းအမျိုးအစားပါ။ တဆင့်ခံရင်းမြစ်ကြောင့်ခေါင်းကိုက်ခြင်းမှာ ပိုဆိုးတာက ရောဂါအခံမသက်သာမချင်းနာတာရှည်လို ခေါင်းကိုက်တတ်တာပါ။ တခြားနည်းလမ်းတွေထက် ရောဂါအခံကို ကုသတာကသာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။(၄)ဓာတ်မတည့်ခြင်းသို့မဟုတ် ထိပ်ကပ်နာကြောင့် ခေါင်းကိုက်ခြင်း။ဓာတ်မတည့်မှုတစ်ခုခုကြောင့် ခေါင်းကိုက်ဝေဒနာခံစားရတတ်ပါတယ်။ ဒီအမျိုးအစားဆိုရင်နှာခေါင်းဘေးလေအိတ်တဝိုက်နဲ့ ဦးခေါင်းအရှေ့ခြမ်းမှာ ကိုက်ခဲတာပါ။ ကုသတဲ့အခါမှာလည်း လေအိတ်ထဲကချွဲသလိပ်တွေကိုလျော့ပါးအောင်၊ ကျဲအောင်အရင်လုပ်ရတာဖြစ်ပါတယ်။ ပဋိဇီဝပိုးသတ်ဆေးတွေသုံးပြီး ရောဂါပိုးသေမှ ခေါင်းကိုက်ခြင်းနဲ့ တခြားလက္ခဏာတွေပါ သက်သာမှာပါ။(၅) ဟော်မုန်းကြောင့် ခေါင်းကိုက်ခြင်း။ဟော်မုန်းအတက်အကျမငြိမ်ခြင်းနဲ့ ဆက်နွယ်တဲ့ ခေါင်းကိုက်ခြင်းတွေကို အများအားဖြင့် အမျိုးသမီးတွေ ခံစားရတတ်ပါတယ်။ ရာသီလာခြင်း၊ သန္ဓေတားဆေးနဲ့ ကိုယ်ဝန်ဆောင်ခြင်းစတဲ့အချက်တွေက အီစထရိုဂျင်ပမာဏအပေါ်သက်ရောက်မှုရှိပြီး ခေါင်းကိုက်စေနိုင်တာပါ။ အမျိုးသမီးတွေမှာ ခေါင်းတစ်ခြမ်းကိုက်ခြင်းရဲ့ ၆၀ ရာခိုင်နှုန်းက ရာသီလာချိန်ခေါင်းကိုက်ခြင်းတွေဖြစ်တယ်လို့ ခန့်မှန်းရပြီး သောက်ဆေးတွေအပြင် ယောဂ၊ တရားထိုင်၊ အကြောလျှော့နည်းလမ်းတွေနဲ့ သီးသန့်ဂရုစိုက်တဲ့ စားသောက်မှုပုံစံတွေက ခေါင်းတစ်ခြမ်းကိုက်ခြင်းကိုသက်သာစေနိုင်ပါတယ်။(၆)ကဖင်းကြောင့်ခေါင်းကိုက်ခြင်း။ကဖင်းကဦးနှောက်ကို သွေးရောက်ရှိမှုအပေါ် သက်ရောက်နိုင်စွမ်းရှိတာကြောင့် ကဖင်းသောက်သုံးမှုလွန်ကဲရင် ခေါင်းကိုက်စေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာဖြစ်လေ့ရှိသူတွေ ကဖင်းသောက်သုံးရင် ခေါင်းကိုက်ဖို့ ပိုလွယ်စေပါတယ်။ ကဖင်းသောက်နေကျလူအတွက်လည်း ရုတ်တရက်ဖြတ်လိုက်တဲ့အခါ withdrawal headache လို့ခေါ်တဲ့ ခေါင်းကိုက်ခြင်းကို ခံစားရပါလိမ့်မယ်။ ဒါ့ကြောင့် ကော်ဖီဆိုလည်း တော်သင့်ရုံသာသောက်ပါ။(၇) အားစိုက်ခြင်းကြောင့် ဖြစ်ရတဲ့ ခေါင်းကိုက်ခြင်း။ပြင်းပြင်းထန်ထန်အားစိုက်ရတဲ့ခန္ဓာကိုယ်လှုပ်ရှားမှုတွေလုပ်မိပြီးရင် ဒီခေါင်းကိုက်ခြင်းအမျိုးအစားကို ချက်ချင်းခံစားရနိုင်ပါတယ်။ အလေးမခြင်း၊ ပြေးခြင်း၊ လိင်ဆက်ဆံခြင်းတို့လို လှုပ်ရှားမှုတွေက exertion headache အမျိုးအစားကို အဖြစ်များစေတဲ့ အကြောင်းရင်းတွေဖြစ်ပါတယ်။ ဦးခေါင်းခွံအတွင်းကို သွေးရောက်ရှိမှုပိုတိုးစေတဲ့ ဒီလှုပ်ရှားမှုတွေကြောင့် နားထင်နှစ်ဖက်မှာ တဒုတ်ဒုတ်နဲ့ သွေးခုန်ပြီး ခေါင်းကိုက်စေနိုင်ပါတယ်။ ဒါပေမယ့် ဒီအမျိုးအစားက သိပ်အကြာကြီးမဖြစ်တတ်ပါဘူး။ မိနစ်အနည်းငယ်သာဖြစ်လေ့ရှိပြီး ကြာခဲ့ရင်လည်း နာရီအနည်းငယ်သာဖြစ်နိုင်ပါတယ်။(၈)သွေးတိုးလို့ ခေါင်းကိုက်ခြင်း။သွေးပေါင်ချိန်တက်နေချိန်မှာ ခေါင်းကိုက်တာလည်းအဖြစ်များပါတယ်။ အရေးပေါ်ဖြေရှင်းကုသမှုလိုအပ်တဲ့လက္ခဏာမို့ မပေါ့ဆသင့်ပါဘူး။ သွေးဖိအားက အန္တရာယ်ရှိတဲ့အဆင့်ထိ မြင့်တက်နေတဲ့အချိန်မှာ ဒီလက္ခဏာဖြစ်လာတတ်ပါတယ်။ ဒီအမျိုးအစားမှာအမြင်အာရုံဝေဝါးခြင်း၊ ထုံခြင်း၊ ကျဉ်ခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝခြင်းတို့လည်းဖြစ်လာနိုင်ပါတယ်။ သွေးတိုးပြီး ခေါင်းကိုက်နေတယ်ဆိုရင် ဆေးကုသမှုကို အမြန်ဆုံးခံယူသင့်ပါတယ်။သွေးပေါင်ချိန်ပုံမှန်ဖြစ်တာနဲ့ ခေါင်းကိုက်ဝေဒနာသက်သာသွားပါလိမ့်မယ်။(၉) ဒဏ်ကြောင့်ဖြစ်တဲ့ခေါင်းကိုက်ခြင်း။ဦးခေါင်းထိခိုက်မှု ဒဏ်တစ်ခုခုနောက်ပိုင်းမှာဖြစ်လာတဲ့ ခေါင်းကိုက်ခြင်းကို Post-traumatic headache လို့ခေါ်ပါတယ်။ ဒီအမျိုးအစားမှာလည်း ခေါင်းတစ်ခြမ်းကိုက်ခြင်း သို့မဟုတ် ဖိစီးမှုခေါင်းကိုက်ခြင်းတို့လို ဆင်တူပြီး ၆လ ကနေ ၁၂ လ အထိ နာတာရှည်ဖြစ်သွားနိုင်ပါတယ်။ခေါင်းကိုက်ခြင်းဟာ အကိုက်အခဲပျောက်ဆေးတွေနဲ့ ကုသသက်သာနိုင်တဲ့ ရိုးရိုးဝေဒနာတင်မကဘဲ တကယ်ရောဂါကြီးတစ်ခုခုရဲ့ လက္ခဏာဖြစ်နေနိုင်ပါတယ်။ ဒီလက္ခဏာတွေဖြစ်လာရင် အမြန်ဆုံးဆရာဝန်ပြပြီး ကုသမှုခံယူပါ။ခေါင်းကိုက်တာ ၁၅ ရက်ကျော်လာတယ်ဆိုရင် နာတာရှည်ခေါင်းကိုက်ခြင်းဖြစ်နေနိုင်လို့ ဆရာဝန်နဲ့ကုသမှုခံယူသင့်ပါတယ်။ခေါင်းကိုက်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေ အများကြီးထဲကမှ အဖြစ်အများဆုံး ၉မျိုးကို ရှင်းပြထားတာ ဖြစ်ပါတယ်။ ခေါင်းခဏခဏ ကိုက်တိုင်း ခေါင်းတစ်ခြမ်းကိုက်ရောဂါလို့ သတ်မှတ်ဖို့ ခက်ပါတယ်။ လူနာကို စစ်ဆေးစမ်းသပ်ပြီးမှပဲ ရောဂါအမျိုးအစားခွဲလို့ ရမှာ ဖြစ်ပါတယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/headaches-and-migraines/headaches-and-migraines/
အသည်းရောင်ရောဂါရှိပါက အရက်ကိုရှောင်သင့်ပါသလား
အသည်းရောင်(စီ)ပိုးသည် အသည်းဆဲလ်များကို ရောင်ရမ်းကာ ပျက်စီးစေပါသည်။ အသည်းရောင်(စီ)ပိုးရှိသည့်အပြင် အရက်ကိုအလွန်အကျွံသောက်ပါက အသည်းကို ဆိုးရွားစွာထိခိုက်စေပါသည်။အသည်းသည် ခန္ဓါကိုယ်တွင် အရေးကြီးသောလုပ်ငန်းများကို လုပ်ဆောင်ပါသည်။ ၎င်းတို့မှာ အစာကိုချေဖျက်ခြင်း၊ သွေးထဲရှိအဆိပ်များကို စစ်ထုတ်ပေးခြင်း၊ ရောဂါပိုးများကို ကူ၍တိုက်ခြင်းတို့ ဖြစ်ပါသည်။ အရက်သောက်သည့်အခါတွင် အသည်းမှ အရက်မော်လီကျုးများကို ဖြိုခွဲကာ ခန္ဓါကိုယ်မှဖယ်ရှားပေးပါသည်။ သို့သော် အများအပြားသောက်လျှင် အရက်မှ အသည်းဆဲလ်များကို ဖျက်ဆီးသဖြင့် အသည်းအဆီဖုံးခြင်း၊ အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်းများဖြစ်စေသည်။ရက်ပိုင်းအနည်းငယ်အတွင်းပင် အရက်အများအပြားသောက်ခြင်းသည် အသည်းတွင်အဆီများဖြစ်ကာ အသည်းအဆီဖုံးခြင်းကို ဖြစ်စေပါသည်။ အသည်းအဆီဖုံးခြင်းသည် ရောဂါလက္ခဏာပြလေ့မရှိသော်လည်း အရက်သောက်သောပမာဏသည် အန္တရာယ်ရှိသောအခြေအနေကိုရောက်နေပြီလို့သတိပေးသော လက္ခဏာတစ်ရပ်ဖြစ်သည်။ အသည်းအဆီဖုံးခြင်းနှင့် အသည်းရောင်ခြင်း အစောပိုင်းအဆင့်သည် အရက်သောက်တာရပ်လိုက်ပါက ပြန်လည်ကောင်းမွန်နိုင်သော်လည်း ပြင်းထန်စွာအသည်းရောင်ခြင်းနှင့် အသည်းခြောက်ခြင်းသည် အမြဲတမ်းဖြစ်ကာေ နာက်ဆက်တွဲဆိုးကျိုးများနှင့် သေဆုံးသည်အထြိဖစ်နိုင်သည်။အရက် ၏ အသည်းပေါ်သက်ရောက်သောအာနိသင်နှင့် အသည်းရောင်(စီ)ပိုး၏ အာနိသင် ပေါင်းလိုက်လျှင် အန္တရာယ်ရှိပါည်။ အရက်ကို နေ့စဉ် ၅၀ဂရမ်နှင့်အထက် (ပျမ်းမျှ တစ်နေ့ကို၃ခွက်ခွဲ)သောက်ပါက အသည်းကျုံ့ခြင်း၊ အသည်းခြောက်ခြင်းများကို ပို၍ဖြစ်စေသည်ဟု ဆရာဝန်များကအဆိုပြုထားသည်။အသည်းရောင်(စီ)ရောဂါကို interferon ကုသနည်းနှင့် ကုသပါသည်။ ၎င်းကုသမှုသည် အသည်းရောဂါအန္တရာယ်လျှော့ချပေးသော်လည်း ကုသနေစဉ်အတွင်း အရက်လုံးဝမသောက်ရပေ။ Interferon ၏ ဆိုးကျိုးများသည် မူးယစ်ဆေးအလွဲသုံးမှု မရှိသောလူနာများတွင်ပင် ထိန်းချုပ်ရခက်ခဲလှပါသည်။ အရက်အလွန်အကျွံသောက်သောသူများတွင် ရှုပ်ထွေးသောကုသမှုများလုပ်ရမည်မှာ ပို၍ခက်ပါသည်။အချုပ်ဆိုရသော် အရက်သောက်ခြင်းသည် အသည်းရောင်(စီ)ပိုးဝေဒနာသည်များတွင် ကြီးမားသောအန္တရာယ်တစ်ခု ဖြစ်သည်။ အသည်းရောင်(စီ)ပိုး လူနာများတွင် အရက်အနည်းငယ်သောက်ရုံမျှဖြင့် အသည်းကိုဆိုးရွားစွာပျက်စီးစေသည်။ ထို့အပြင် အရက်သည် အသည်းရောင်(စီ)ပိုးကုသည့်ဆေးများ၏ အာနိသင်ကိုပါ လျော့နည်းစေပါသည်။ သင့်မှာ အသည်းရောင်(စီ)ပိုးရှိသည်ဆိုလျှင် ရေရှည်ကျန်းမာရေးအတွက် အရက်ကိုရှောင်ပါ။အသည်းရောင်(စီ)ပိုး ဝေဒနာသည်များတွင် အရက် နဲ့အသည်းကင်ဆာ။အရက်အလွန်အကျွံသောက်ခြင်းသည် အသည်းခြောက်ခြင်းကို ဖြစ်စေသည်။ အသည်းရောင်(စီ)ပိုး နှင့်တွဲလျှင်တော့ ပို၍ပင် ဖြစ်စေသည်။ အသည်းခြောက်ခြင်းသည် အသည်းကင်ဆာ၏ ပထမအဆင့်ဖြစ်သည်။ ထို့ကြောင့် အရက်သည် အသည်းခြောက်ရာမှတစ်ဆင့် အသည်းကင်ဆာအထိ ဖြစ်နိုင်သည်။အသည်းကို အဆိပ်အတောက်ဖြစ်စေသည်များကို ရှောင်ကြဉ်ရန် အလွန်အရေးကြီးပါသည်။ အရက်ကြောင့် အသည်းပေါ်သက်ရောက်သောအာနိသင်နှင့် အသည်းရောင်(စီ)ပိုးကြောင့်ဖြစ်သော အသည်းရောင်ခြင်းတို့ပေါင်းစပ်ကာ ကြောက်မက်ဖွယ်ကောင်းသော အန္တရာယ်များဖြစ်လာပါသည်။ ထို့ကြောင့် အသည်းရောင်(စီ)ပိုးရှိသူများသည် အရက်ကိုအပြီးတိုင် ရှောင်ကြဉ်ရပါမည်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%9b%e1%80%be%e1%80%ad%e1%80%95%e1%80%ab%e1%80%80-%e1%80%a1/
စိတ်ဓါတ်ကျတတ်သူတွေအတွက် ဓါတ်စာ
တစ်နေ့တာမှာပျော်စရာတွေပဲကြုံချင်တယ်လို့ စီစဉ်ထားလို့မရပါဘူး။ ကံဇာတ်ဆရာအလိုကျပျော်တစ်လှည့် ငိုတစ်လှည့်ပဲပေါ့နော်။ စိတ်ပျော်ရတဲ့ အရာလေးတွေတွေ့ကြုံရနိုင်သလို စိတ်ညစ်စရာတွေကိုလည်း Skip လုပ်လို့မရဘဲကို ကြုံရတာပါ။ ဒီလိုဖြစ်တဲ့အခါ အရမ်းကြီးကြီးမားမာစိတ်ထိခိုက်စရာဆိုရင် စိတ်ဓါတ်ကျတာက မခေါ်ရဘဲ အဖော်ပါလာပါတော့တယ်။ ဒီမဖိတ်ခေါ်တဲ့ ဧည့်သည်ကိုယ့်ဆီအလည်မလာအောင် အစားအသောက်လေးနဲ့ ထိန်းကြမယ်နော်။စိတ်ဓါတ်မကျစေဖို့ အတွက်ကတော့နေ့စဉ်စားသုံးတဲ့အခါ ဒါလေးတွေစားသုံးပေးပါ။သစ်ကြားသီး။သစ်ကြားသီးမှာပရိုတင်းကြွယ်ဝစွာပါဝင်နေသလို Omega -3 fatty Acid ကြွယ်ဝစွာပါဝင်တာကြောင့် ဦးနှောက်ကို ကျန်းမာစေနိုင်ပါတယ်။ စိတ်ခံစားမှုကိုကောင်းမွန်စေနိုင်ပါတယ်။ငှက်ပျောသီး။ခန္ဓါကိုယ်ထဲမှာပျော်ရွှင်စေတဲ့ဟော်မုန်းလို့ခေါ်တဲ့ ဒိုပါမင်ဟော်မုန်း ကိုထုတ်လုပ်ပေးတဲ့ အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်တဲ့tyrosine နည်းလာတဲ့အခါ စိတ်ဓါတ်ကျလာတာပါ၊လို့လေ့လာမှုတွေအရသိရပါတယ်။ ငှက်ပျောသီး၊ အယ်လ်မွန်စေ့ နဲ့ ထောပတ်သီးတို့မှာtyrosine ကြွယ်ဝစွာပါဝင်နေတာကြောင့် စိတ်ဓါတ်မကျဖို့အတွက် အထောက်အပံဖြစ်စေမှာပါ။ ဒါကြောင့် ငှက်ပျောသီးကလည်း စားသင့်တဲ့အစားအစာပါ။ဆယ်လ်မွန်။ဆယ်လ်မွန်၊တူနာနဲ့ ဆာဒင်းငါးတို့မှာ Omega-3 Fatty Acid ကြွယ်ဝစွာ ပါဝင်နေသလိုဗီတာမင် Dကြွယ်ဝစွာပါဝင်တာကြောင့် စိတ်ဓါတ်မကျစေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။ ဒါကြောင့်ဦးနှောက်ကျန်းမာပြီး စိတ်ဓါတ်မကျစေဖို့ ပင်လယ်ငါးတွေစားပေးပါ။အဆီနည်းတဲ့နို့ထွက်ပစ္စည်းတွေ။အဆီထုတ်ထားတဲ့ ဒိန်ချဉ်၊ အဆီပါဝင်မှုနည်းတဲ့ ဒိန်ခဲ တို့မှာကယ်လ်ဆီယမ်၊ ဗီတာမင် D နဲ့ ပရိုတင်းတို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီလိုအာဟာရဓါတ်တွေ ကြွယ်ဝတဲ့ အစားအစာတွေက စားကောင်းရုံတင်မဟုတ်ဘဲ စိတ်ဓါတ်ကျတာကို တိုက်ဖျက်ပေးနိုင်ပါတယ်။လက်ဖက်စိမ်းရေနွေးကြမ်း။လက်ဖက်စိမ်းရေနွေးကြမ်းမှာ ဓါတ်တိုးဆန့်ကျင် အာနိသင်တွေကြွယ်ဝစွာပါဝင်နေသလို စိတ်ဖိစီးမှုကို တိုက်ထုတ်ပေးနိုင်တဲ့ သီရာနင်လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်တစ်မျိုး ကြွယ်ဝစွာပါဝင်နေပါတယ်။ လန်းဆန်းတက်ကြွပြီးစိတ်ဖိစီးမှုကင်းစင်စေဖို့ မနက်ခင်းလေးကို လက်ဖက်စိမ်းရေနွေးကြမ်းလေးနဲ့ စတင်လိုက်ပါ။နနွင်း။စိတ်ဓါတ်ကျတာများခံစားနေရလား စိတ်ခံစားမှုကောင်းဖို့ နနွင်းပါတဲ့ ဟင်းလေးဖြစ်ဖြစ် စားလိုက်ပါ။ နနွင်းက နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်သလို စိတ်ခံစားမှုကိုကောင်းစေဖို့လည်း အထောက်အကူပြုပေးပါတယ်။ စိတ်ဓါတ်ကျတာကို ကာကွယ်သက်သာစေနိုင်ပါတယ်။အနက်ရောင်ချောကလက်။စိတ်ခံစားမှုအတွက် အထောက်အကူပြုပေးတဲ့ အစားအသောက်တွေကိုပြောပါဆိုရင် အနက်ရောင်ချောကလက်ကမေ့ထားလို့မရပါဘူး။ ဒါကြောင့် စိတ်ခံစားမှုကောင်းမွန်စေပြီး စိတ်ဖိစီးမှုကင်းစေဖို့အတွက် အနက်ရောင်ချောကလက်လေးကိုစားပေးပါ။နွားနို့။နွားနို့က ဗီတာမင် D ကြွယ်ဝစွာပါဝင်နေပါတယ်။ ခန္ဓါကိုယ်မှာ ဗီတာမင် D နည်းတဲ့အခါ လူကစိတ်ဓါတ်ကျတတ်ပါတယ်။ ဒါကြောင့် နို့ကို မကြိုက်ရင်တောင် တစ်နေ့တစ်ခွက်လောက်သောက်ပြီး စိတ်ဓါတ်ကျတာကို ခပ်ကင်းကင်းနေဖို့ သတိပေးချက်ထုတ်လိုက်လေနော်။မုန်လာဥနီ။ဘီတာကယ်လ်ရိုတင်း ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေက စိတ်ဓါတ်ကျနိုင်ခြေကိုလျော့နည်းစေနိုင်ပါတယ်။ ဒါကြောင့်ရွှေဖရုံသီး၊ ဟင်းနုနွယ်၊ ကန်စွန်းဥ၊ သခွားမွှေး၊ မုန်လာဥနီတို့စားပေးပါ။ စိတ်ဖိစီးမှုရော၊ စိတ်ဓါတ်ကျတာကိုရော သက်သာစေနိုင်မှာပါ။နေ့စဉ်စားသုံးမှုမှာ ဒီအစားအစာတွေထဲက ၂ မျိုးလောက်ပါအောင်စားပြီး စိတ်ဓါတ်ကျမှုကနေ ကိုယ့်ကိုကိုယ် ကာကွယ်လိုက်ပါ……….။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%93%e1%80%ac%e1%80%90%e1%80%ba%e1%80%80%e1%80%bb%e1%80%90%e1%80%90%e1%80%ba%e1%80%9e%e1%80%b0%e1%80%90%e1%80%bd%e1%80%b1%e1%80%a1%e1%80%90%e1%80%bd%e1%80%80/
Alzheimer's (ဦးနှောက်ချို့ယွင်းလာမှု) ရောဂါကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းများ
အသက်အရွယ်ကြီးရင့်လာတာနဲ့ အမျှခန္ဓာကိုယ်မှာ ကိုယ်တွင်း ကိုယ်ပ ခံစားရတဲ့ဝေဒနာတွေကများလာပါတယ်။ ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ်ဆိုတဲ့ စကားအတိုင်းရောဂါတွေကို မဖြစ်ခင်က ကြိုတင်ကာကွယ်တာက အထိရောက်ဆုံးနည်းလမ်းပါ။ ဒါကြောင့် အသက်အရွယ်ကြီးရင့်လာတဲ့အခါ ခံစားရနိုင်တဲ့  Alzheimer’s (ဦးနှောက်ချို့ယွင်းလာမှု) ရောဂါကို  ကာကွယ်ပေးနိုင်မယ့် နည်းလမ်းတွေကိုဖော်ပြပေးလိုက်ပါတယ်။နေ့စဉ်နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲလိုက်ရုံနဲ့ Alzheimer’sရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။သစ်သီးတွေ၊ဟင်းသီးဟင်းရွက်တွေများများစားပေးပါ။လေ့လာမှုတစ်ခုအရ နေ့စဉ် ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေ စားသုံးပေးတာ၊သစ်သီးဖျော်ရည်တွေသောက်သုံးပေးတာက Alzheimer’sရောဂါ ဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် နေ့စဉ် သစ်သီးစားသုံးပေးတာ၊ ဟင်းသီးဟင်းရွက်တွေ စားသုံးပေးတာမျိုးလုပ်ပေးပြီး ရောဂါကို ကာကွယ်လိုက်ပါ။ဘယ်ရီသီးလေးတွေစားသုံးပေးတာကလည်း ALzheimer’s ရောဂါကို ကာကွယ်ရာမှာ ထိရောက်မှုရှိပါတယ်။ဆယ်လ်မွန်၊ မက်ကာရယ်၊ တူနာလိုမျိုး Omega-3 Fatty Acids ပါတဲ့ အစားအစာတွေကို စားသုံးပေးတာက Alzheimer’s ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။ ဒီငါးတွေမှာပါတဲ့DHAက ဦးနှောက်ဖွံ့ဖြိုးကျန်းမာအောင် လုပ်ဆောင်ပေးနိုင်စွမ်းရှိပါတယ်။Folic Acids ပါဝင်တဲ့ အစားအသောက်တွေကို စားသုံးမိဖို့  ခက်ခဲမယ်ဆိုရင်တော့ Folic Acids အားဖြည့်ဆေးလိုမျိုးတွေကို သောက်သုံးပေးလို့ရပါတယ်။ Folic Acids က ဦးနှောက်မှတ်ဉာဏ်တွေကို ထိခိုက်စေနိုင်တဲ့ Homocysteine ပမာဏကို လျော့ကျစေနိုင်ပြီး မှတ်ဉာဏ်စွမ်းရည်ကို တိုးတက်ကောင်းမွန်အောင်လုပ်ဆောင်ပေးပါတယ်။Folic Acids ကို အစိမ်းရင့်ရောင်အရွက်တွေ၊ ပဲတွေ၊ အစေ့အဆန်တွေ၊ အသည်း၊ ပင်လယ်စာတွေကနေ ရရှိနိုင်ပါတယ်။ညနေစာ စားပြီးချိန်မှာဝိုင်အနီတစ်ခွက်စာလောက်သောက်သုံးပေးပါ။ စပျစ်ဝိုင်ဆိုပိုပြီးတော့ ကောင်းပါတယ်။စပျစ်သီးမှာပါတဲ့ ဒြပ်ပေါင်းတွေက ဦးနှောက်ဆဲလ်တွေကိုပတ်ဝန်းကျင်ကအဆိပ်အတောက်တွေကြောင့်ထိခိုက်ပျက်စီးတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဝိုင်မနှစ်သက်သူတွေ အနေနဲ့ကတော့ စပျစ်သီးဖျော်ရည်ကို သောက်သုံးပေးလို့ ရပါတယ်။သွေးတိုးတာကလည်း Alzheimer’sရောဂါ ဖြစ်စေတဲ့ အကြောင်းတွေထဲက တစ်ခုပါ။ ဒါကြောင့် သွေးတိုးတာမျိုး မဖြစ်အောင် ပုံမှန်ထိန်းသိမ်းပြီး ရောဂါဖြစ်နိုင်ခြေကို လျှော့ချလိုက်ပါ။မိသားစု၊ဆွေမျိုးသားချင်းတွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ချစ်ခင်ရင်းနှ်ီးတဲ့ ဆက်ဆံရေးထားရှိမှုကလည်း အသက်အရွယ်ကြီးလာတဲ့ အခါ Alzheimer’s ရောဂါမဖြစ်အောင်ကာကွယ်ရာမှာ အကျိုးရှိပါတယ်။ ဒါကြောင့် ဒီနေ့ကစပြီး မိသားစုဝင်တွေ သူငယ်ချင်းတွေနဲ့ ချစ်ခင်ကောင်းမွန်တဲ့ ဆက်ဆံရေး ဖန်တီးလုပ်ဆောင်ပါ။မနက်ခင်းစောစော နေရောင်ခြည်နွေးနွေးလေးအောက်မှာလေ့ကျင့်ခန်းလုပ်ဆောင်ခြင်းက ခန္ဓာကိုယ်ကို ကျန်းမာစေရုံမကဗီတာမင်D ကိုလည်း အပြည့်အဝရရှိစေနိုင်မှာပါ။ကိုယ်လက်လှုပ်ရှားမှုလုပ်ဆောင်တာကလည်း Alzheimer’s ရောဂါကို ကာကွယ်နိုင်သလိုနေရောင်ခြည်ကနေရရှိတဲ့ ဗီတာမင် D ကအာရုံကြောဆိုင်ရာရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။သက်လတ်ပိုင်းအရွယ်မှာ ဆေးလိပ်အလွန်အကျွံသောက်သုံးမှုက အသက်ကြီးလာတဲ့အခါ Alzheimer’s ရောဂါ ခံစားရနိုင်ခြေ ပုံမှန်ထက်ပိုများစေနိုင်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ဆေးလိပ်ဖြတ်လိုက်မယ်ဆိုရင်နှလုံးကျန်းမာလာမှာဖြစ်သလို ဦးနှောက်ဆီ သွေးစီးဆင်းရောက်ရှိမှုလည်း ပိုကောင်းလာမှာပါ။ ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေပိုကောင်းလာခြင်းက Alzheimer’s ရောဂါ မဖြစ်အောင်ကာကွယ်ပေးနိုင်မှာပါ။အရမ်းနောက်မကျသေးခင်မှာ ကောင်းမွန်မှန်ကန်တဲ့ ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲပျိုးထောင်ပြီး ရောဂါတွေရဲ့ နှိပ်စက်မှု မခံဘဲ နေကြရအောင်လား……..။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/dementia-and-alzheimers-disease/simple-ways-to-prevent-alzheimers-disease-naturally/
Acid Reflux (အက်စစ်ပြန်စီးခြင်း)
အက်စစ်ပြန်စီးခြင်းဆိုသည်မှာ အစာအိမ်မှ အက်စစ်များ အစာရေမြို ( လည်ချောင်းနှင့် အစာအိမ်ကို ဆက်ထားသော ပြွန်) သို့ပြန်တက်ပြီး လည်ချောင်းသို့ရောက်ကာ တစ်ရှူး ရောင်ရမ်းခြင်းကို ဖြစ်စေသော အခြေအနေတစ်ခု ဖြစ်သည်။ အစာအိမ်တွင် hydrochloric အက်စစ်ဟုခေါ်သော အက်စစ် ပြင်းတစ်မျိုး ပါဝင်သည်။ ၎င်းသည် အစာခြေခြင်းတွင် ကူညီ ပြီး ဘတ်တီးရီးယားကဲ့သို့ မလိုအပ်သော ပိုးမွှားများရန်မှ ကာကွယ်ပေးသည်။ အစာအိမ် အဝင်ဝတွင် အဆို့ရှင်တစ်ခု ရှိသည်။ ၎င်းသည် အစာကို အစာအိမ်ထဲသို့ဝင်စေသည်။ သို့သော် အစာရေမြိုထဲသို့ ပြန်မထွက်စေပါ။ ထိုအဆို့ရှင် ပုံမှန် အတိုင်း အလုပ်မလုပ်တော့ပါက အစာအိမ်ထဲရှိ အရာများ သည် အစာရေမြိုထဲသို့ ပြန်ထွက်ပြီး အက်စစ်ပြန်စီးခြင်းကို ဖြစ်စေသည်။အက်စစ်ပြန်စီးခြင်းသည် အဖြစ်အများဆုံး အစာခြေစနစ် ရောဂါများထဲမှ တစ်ခု ဖြစ်သည်။ လူတိုင်း ဤအခြေအနေကို ဘဝတွင် အကြိမ်ရေများစွာ ခံစားရနိုင်သည်။ စားသောက်မှု အကျင့်၊ နေထိုင်မှုပုံစံနှင့် အခြား ကျန်းမာရေး အခြေအနေများ သည် အက်စစ်ပြန်စီးခြင်း ဖြစ်နိုင်ချေကို မြင့်စေသော အချက် များ ဖြစ်နိုင်သည်။အက်စစ်ပြန်စီးခြင်း၏ အဖြစ်များသော လက္ခဏာများမှာ-။အက်စစ်ပြန်စီးခြင်းသည် ဘဝတွင် တစ်ခါတစ်ရံ ဖြစ်လေ့ ရှိသည်။ အသက်အရွယ် အားလုံးတွင် တွေ့နိုင်သည်။ တစ်ခါ တစ်ရံ အကြောင်းရင်းမရှိဘဲ တွေ့ရသည်။ ပုံမှန်အားဖြင့် နေထိုင်မှုပုံစုံကြောင့် ဖြစ်သည်။ သို့သော် မကာကွယ်နိုင်သော အကြောင်းရင်းများကြောင့်လည်း ဖြစ်နိုင်သည်။ ထိုအကြောင်း ရင်းထဲမှ တစ်ခုမှာ အစာအိမ်ကျွံခြင်း ဖြစ်သည်။ ၎င်းသည် ရင်ဝမ်းတား ကြွက်သားတွင် အပေါက်ဖြစ်ကာ အစာအိမ် အပေါ်ပိုင်းသည် ရင်ဘတ်ခေါင်းထဲသို့ ဝင်ခြင်း ဖြစ်သည်။ တစ်ခါတစ်ရံ gastroesophageal reflux disease (GERD) ကို ဖြစ်စေသည်။ဤရောဂါကို ဖြစ်စေနိုင်သော အခြားအချက်များလည်း ရှိပါ သည်။ ၎င်းတို့မှာ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။Proton-pump inhibitors ဆေးများသောက်မည့်အပြင် အက်စစ်ပြန်စီးခြင်းကို ကုသနိုင်သော အထိရောက်ဆုံးနည်း လမ်းမှာ ရောဂါလက္ခဏာများကို ဖြစ်စေသော အစားအစာနှင့် သောက်စရာများကို ရှောင်ကြဉ်ရန် ဖြစ်သည်။ သင်လုပ်နိုင် သော အခြားအဆင့်များမှာ-။သင့်တွင် အက်စစ်ပြန်စီးခြင်းရှိသည်ဟု သံသယရှိပါက၊ မအီ မသာဖြစ်ခြင်း၊ အော့အန်ခြင်း၊ မျိုချရာတွင် ခက်ခဲခြင်း စသော လက္ခဏာများ ခံစားပါက တတ်နိုင်သလောက် မြန်မြန် ဆရာဝန်နှင့် ပြသပါ။ သက်သာစေရန် ညွှန်ကြားပေးသော ဆေးများ သောက်ပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/gerd/acid-reflux-%e1%80%a1%e1%80%80%e1%80%b9%e1%80%85%e1%80%85%e1%80%b9%e1%80%bb%e1%80%95%e1%80%94%e1%80%b9%e1%80%85%e1%80%ae%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
ပျော်ရွှင်နေမယ့်ကလေးတစ်ယောက်က ဘာ့ကြောင့် ဒေါသတွေ ကြီးနေရတာလဲ ။ ။
ကလေးအရွယ်ဆိုတာ လွတ်လပ်ပေါ့ပါးပြီး ပျော်ရွင်နေရမှာပါ။ စိတ်ကောက်တာလောက်တော့ ရှိတတ်ပေမယ့်ဒေါသထွက်တတ်တာ ၊ ဒေါသကြီးတာတွေကို မသိသေးတဲ့အရွယ်ပါ။ ဒါပေမယ့် တချို့ကလေးတွေ ကျတော့လည်း အရွယ်နဲ့ မလိုက်ဒေါသကြီး၊ စိတ်ကြီးတဲ့ ကလေးတွေ ရှိပါတယ်။ စိတ်အခန့်မသ့င်လို့ တစ်ခါတလေဒေါသထွက်တာမျိုးကို လက်ခံလို့ရပေမယ့် အမြဲတစေ ကလေးအရွယ်နဲ့ ဒေါသကြီးတာကတော့ ကောင်းတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ကလေးမှာဖြစ်နေတဲ့ ဒေါသထွက်လွယ်တဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ဆိုရင် ဒေါသဖြစ်ရခြင်းရဲ့ အရင်းခံကိုသိဖို့လိုအပ်ပါတယ်။ ဒီတော့ သင့်ကလေးဒေါသကြီးနေရခြင်းဟာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ် ။ADHD (Attention deficit hyperactive disorder) လို့ခေါ်တဲ့ ရောဂါတစ်မျိုးကတော့ တစ်ခုခုကို အာရုံသေချာ မစူးစိုက်နိုင်ဘဲ စိတ်ပျံ့လွယ်တဲ့ ရောဂါတစ်ခုပါ။ ဒီပြဿနာခံစားနေရတဲ့ ကလေးတစ်ယောက်က ဟိုဟာကိုလည်း လုပ်ချင် ဒီကိစ္စမှာလည်း ပါချင်နေတတ်ပြီး တစ်ခုတည်းကို အာရုံသေချာ မစူးစိုက်နိုင်၊ အာရုံမစိုက်နိုင်တော့ ဘယ်ဟာကိုမှ ပြီးအောင် ဖြစ်ဖြစ်မြောက်မြောက်ပြီးအောင် မလုပ်နိုင်တော့ အားမရရာကနေ ဒေါသတွေ ထွက်လာတာပဲ ဖြစ်ပါတယ်။မကြာခဏ ဒေါသထွက်လွယ်တတ်တဲ့ ကလေး ၂၀ ရာခိုင်နှုန်းလောက်မှာ Anxiety လို့ခေါ်တဲ့ (စိတ်ပူပန်တတ်လွန်းတဲ့ ပြဿနာ) ရှိနေတတ်ပါတယ်။ ကလေးတော်တော်များများက သူတို့ကြောက်နေတဲ့ အရာ၊ သူတို့စိုးရိမ်ရတဲ့ အရာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဖြစ်နေတဲ့ ပူပန်မှုကိုဖုံးရင်းဖုံးရင်းနဲ့ ဒေါသတွေ ထွက်လာတတ်ကြပါတယ်။မိဘတွေက အလုပ်များတာကြောင့် ဂရုစိုက်ခြင်းမခံရတဲ့ ကလေးတွေက ပိုပြီး ဒေါသထွက်လွယ်တတ်ကြပါတယ်။ ဂရုစိုက်မှု မခံရတဲ့ ကလေးတွေက နောက်ပိုင်း ဂရုစိုက်တယ်၊ ချစ်ခင်ကြင်နာတယ်ဆိုတာ ဘာမှန်းမသိတော့ဘဲ အမြဲ အလိုမကျရန်လိုတဲ့သူတွေ အဖြစ်ပြောင်းလဲသွားတတ်ပါတယ်။လေ့လာသင်ယူခြင်းဆိုင်ရာ ပြဿနာတွေ ရှိတဲ့ ကလေးတစ်ယောက်ဟာ ကျောင်းမှာစာမလိုက်နိုင်တာကြောင့် ရွယ်တူတွေကြားထဲ ကိုယ့်ဘာသာသိမ်ငယ်ပြီး အလိုမကျအမြဲဖြစ်ကာ ဒေါသတွေ ထွက်နေတတ်ပါတယ်။ ဒီဒေါသတွေဟာ သူကြောက်နေတဲ့ ဘာသာကို သင်နေရချိန် အိမ်စာလုပ်နေရချိန်မှာ ပိုပြီး ဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မျိုးတွေမှာ ကလေးရဲ့သင်ယူနိင်စွမ်းပြဿနာတွေကို ဖြေရှင်းပေးဖို့ မိဘတွေ ဘက်က ဖေးမပေးရမှာ ဖြစ်ပါတယ်။Autism လို့ခေါ်တဲ့ ဉာဏ်ရည်မမီတဲ့ ပြဿနာခံစားနေရတဲ့ ကလေးတွေက အခြားပုံမှန်ကလေးတွေထက်စာရင်ပိုပြီး ဒေါသထွက်လွယ်တတ်ပါတယ် ။ကဲ ဒီတော့ အိမ်မှာ ဒေါသထွက်လွယ်နေတဲ့ကလေးတစ်ယောက်ရှိရင် အပေါ်ကပြောထားတဲ့ အချက်တွေထဲက ဘယ်အချက်နဲ့ ကိုက်ညီနေလဲဆိုတာကို သေချာလေ့လာပြီး ဖြေရှင်းလိုက်ရင် ဒေါသထွက်နေတဲ့ ကလေး ပုံမှန်ပြန်ဖြစ်သွားမှာ ကျိန်းသေပါတယ် ။ ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-milestones/why-kid-so-angry/
ကမ်းခြေသွားမယ် သံပခြုပ်စားမယ်
ကမ်းခြေသွားရင် သံပခြုပ်တွေလာလာရောင်းတာတွေ့ဖူးမှာပေါ့။ ဓါးလေးနဲ့ခွဲ၊ အတွင်းကအနှစ်တွေကို ဖန်ခွက်အသေးလေးထဲခြစ်ထည့်ပြီး သံပရာရည်ညှစ်သောက်ကြတာပါ။ အရမ်းအားရှိတယ်လို့တော့ပြောတာပဲ။ ဘာကြောင့်အားရှိတယ်ပြောတာလဲ သူ့ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကို ကြည့်လိုက်ပါဦး။သံပခြုပ်တွေကပရိုတင်းဓါတ်ြကွယ်ဝပါတယ်။ အသား၊ငါးနဲ့ပဲတွေလိုပဲ အသားဓါတ်ရမယ့်အရင်းအမြစ်တစ်ခုအဖြစ်စားသုံးလို့ရတယ်။ ဒါ့ကြောင့် သံပခြုပ်အနှစ်ဂျပန်ထမင်းလိပ်ကို တခြားနိုင်ငံတွေမှာ လူကြိုက်များကြပါတယ်။ သံပခြုပ်အနှစ်ဆူရှီတစ်တုံးမှာ ပရိုတင်း ၃.၂ ဂရမ်ပါဝင်တာပါ။သံပခြုပ်ကိုစားရင် အုတ်ဂျုံနဲ့ ဂျုံကြမ်းတွေလိုပဲ အမျှင်ဓါတ်များများရနိုင်တာကြောင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပြီး အစာခြေလမ်းကြောင်းကို ကျန်းမာစေပါတယ်။ သူ့ကိုဆက်တိုက်စားပေးရင် အမျှင်ဓါတ်လိုအပ်မှုကို အတော်ဖြည့်ဆည်းနိုင်ပါလိမ့်မယ်။သံပခြုပ်မှာ ဗီတာမင် C ပါဝင်တာကြောင့် ခန္ဓါကိုယ်ကျန်းမာကြံ့ခိုင်မှုအတွက် အားဖြည့်ပေးနိုင်ပြီးရောဂါတွေကိုခုခံနိုင်စွမ်းကောင်းမွန်စေနိုင်ပါတယ်။ သရက်သီး၊ လိမ္မော်သီး၊ အစိမ်းရောင်အသီးအရွက်တွေနဲ့ အားဆေးတွေ မစားချင်ဘူးဆိုရင် သူ့ကိုစားလို့ရပါတယ်။သံပခြုပ်ကို ကျားခွန်အားတိုးစေတဲ့အာဟာရအဖြစ် ဂျပန်မှာလူသိများတဲ့အပြင် သံပခြုပ်ဆူရှီကိုလည်းလူကြိုက်များပါတယ်။ သံပခြုပ်ကသွေးလည်ပတ်မှုကိုကောင်းစေတယ်၊ လိင်စိတ်ဖြစ်ပေါ်မှုကိုအားပေးပါတယ်။ဗီတာမင် A ကြွယ်ဝတဲ့အစားအစာကိုရှာချင်တယ်ဆို သံပခြုပ်ကို လက်ညှိုးညွန်ရမှာပဲ။ မုန်လာဥနီ၊ ကိုက်လန်၊ ဟင်းနုနွယ်၊ သခွားမွှေးတို့မှာပဲ အဓိကတွေ့ရတတ်တဲ့ဗီတာမင် Aကို လုံလောက်တဲ့ပမာဏအထိ သံပခြုပ်ကနေရနိုင်ပါတယ်။ ဘီတာကယ်ရိုတင်းက ကိုယ်ခံအားစနစ်အတွက် အားဖြည့်ပေးပါလိမ့်မယ်။ခန္ဓါကိုယ်ကြီးလှုပ်ရှားနိုင်ဖို့က ပါဝါဘဏ်တွေလို ခွန်အားပုံမှန်ဖြည့်ပေးဖို့လိုပါတယ်။ ဒီအတွက် သံပခြုပ်က ကူညီပေးနိုင်ပါတယ်။ အရမ်းပင်ပန်းထားတာ၊ အားကုန်နေတာဆိုရင် ကယ်လိုရီကြွယ်ဝတဲ့ သံပခြုပ်စားလိုက်ခြင်းအားဖြင့် အမြန်အားပြန်ပြည့်စေနိုင်ပါတယ်။ ကိုယ်တွင်းကလီစာတွေရဲ့ လုပ်ဆောင်ချက်တွေကို မှန်ကန်သွားစေပြီး နှလုံးကျန်းမာစေပါတယ်။ဒီလိုကျန်းမာရေးအကျိုးကျေးဇူးများတဲ့သံပခြုပ်ကို နေရာတိုင်းမှာ အလွယ်တကူဝယ်ယူလို့မရနိုင်ပေမယ့် ကိုယ်ကကမ်းခြေရောက်နေပြီဆိုရင်တော့ စားဖြစ်အောင်စားကြည့်လိုက်ပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%a1%e1%80%ac%e1%80%b8%e1%80%95%e1%80%bc%e1%80%8a%e1%80%b7%e1%80%ba%e1%80%85%e1%80%b1%e1%80%90%e1%80%b2%e1%80%b7-%e1%80%9e%e1%80%b6%e1%80%95%e1%80%81%e1%80%bc%e1%80%af%e1%80%95%e1%80%ba%e1%80%b1/
ခန္ဓါကိုယ်လှုပ်ရှားလေ့ကျင့်ပေးခြင်း အကျိုးကျေးဇူးတွေ
ခန္ဓါကိုယ်လှုပ်ရှားလေ့ကျင့်ပေးခြင်း (Physiotherapy)ဟာ ဆေးပညာရဲ့ တစိတ်တဒေသ ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုတွေကို ဖြစ်စေတဲ့ ကျန်းမာရေးပြဿနာအများအပြားကို ကုသပေးနိုင်ပါတယ်။ဟုတ်ပြီ ခန္ဓါကိုယ်လှုပ်ရှားလေ့ကျင့်ပေးခြင်း (Physiotherapy) က ဘယ်လိုပြဿနာတွေကို ဖြေရှင်းကုသပေးနိုင်မလဲဆိုတာ ကြည့်လိုက်ကြရအောင်။ခြေဖဝါးမှာကွေးနေတဲ့နေရာမရှိတော့ဘဲ တဖြောင့်တည်းဖြစ်သွားတာမျိုးကို ခြေဖဝါးပြားခြင်း လို့ ခေါ်ပါတယ်။ ဒီလို ပြားနေတာကြောင့် သင်မတ်တပ်ရပ်တဲ့အခါ ခြေဖဝါးဟာ ကြမ်းပြင်ပေါ်မှာ တပြေးတည်း ဖြစ်လို့ နေပါလိမ့်မယ်။သင်ကလေးဘဝမှာ အဆိုပါ ခြေဖဝါးအကွေးလေးဟာ ဖြစ်ပေါ်လာခြင်း မရှိသေးဘဲ အသက်ကြီးလာမှသာ တဖြည်းဖြည်း ဖြစ်ပေါ်လာတာပါ။ ဒါပေမယ့် တချို့လူတွေမှာ ခြေဖဝါးအကွေးလေးဟာ လုံးဝဖြစ်ပေါ်လာခြင်းမရှိပါဘူး။ထိခိုက်ဒါဏ်ရာ ဒါမှမဟုတ် အခြားသော ပြဿနာတွေကြောင့်လည်း ဒီအခြေအနေကို ရင်ဆိုင်ရနိုင်ပါတယ်။ ခြေဖဝါးပြားရင် ခြေထောက်၊ခြေကျင်းဝတ် ဒါမှမဟုတ် နောက်ကျောတို့မှာ နာကျင်မှုကို ခံစားရတတ်ပါတယ်။ခြေဖဝါးပြားခြင်းကို ခန္ဓါကိုယ်လှုပ်ရှားလေ့ကျင့်ပေးခြင်း (Physiotherapy) နဲ့ ကုသပေးနိုင်ပါတယ် (ဥပမာ သင့်တော်တဲ့ ဖိနပ်စီးခြင်း၊အထူးပြုလုပ်ထားတဲ့ ဖိနပ်အတွင်းသားကို အသုံးပြုခြင်း စသည်)။ ဒါမှသာ သင့်ခြေထောက်ကို နေသားတကျရှိစေဖို့ ကူညီပေးနိုင်သလို အခြေအနေပိုဆိုးမလာအောင်လည်း တားဆီးပေးနိုင်မှာ ဖြစ်ပါတယ်။ ခြေထောက်ကြွက်သားတွေ၊အရွတ်တွေကို ဖြေလျှော့ပေးခြင်း၊ဆန့်ပေးခြင်းတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။အဆစ်အမြစ်တွေရောင်ရမ်းတဲ့အခါ နီရဲနာကျင်ခြင်း၊ဖောင်းကားရောင်ရမ်းခြင်း၊တောင့်တင်းခြင်းတို့ကို ခံစားရမယ့်အပြင် လှုပ်ရှားသွားလာမှုကိုပါ အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒီလိုအခြေအနေမှာ ခန္ဓါကိုယ်လှုပ်ရှားလေ့ကျင့်ပေးခြင်း (Physiotherapy) အားဖြင့် အဆစ်အမြစ်တဝိုက်က ကြွက်သားတွေကို သန်စွမ်းအားကောင်းစေတဲ့အတွက် လှုပ်ရှားသွားလာမှုကို အဆင်ပြေစေပါတယ်။အဆစ်အမြစ်တွေကို နေသားတကျရှိနေအောင်၊တည်ငြိမ်အောင် ထိန်းထားဖို့အတွက် လိုအပ်ရင် သိုင်းကြိုးတွေကိုလည်း အသုံးပြုနိုင်ပါတယ်။ အကိုက်အခဲပျောက်စေတဲ့ ဓါတ်ပစ္စည်းတွေ ခန္ဓါကိုယ်ကနေ သဘာဝအတိုင်း ထွက်ရှိလာစေဖို့အတွက် အပ်စိုက်ခြင်းကိုလည်း ပြုလုပ်နိုင်ပါတယ်။ဒါ့အပြင် ယောဂကျင့်ခြင်းဟာလည်း သင့်အဆစ်အမြစ်တွေကို ပျော့ပြောင်းစေနိုင်ပါတယ်။ စနစ်ကျစွာ နှိပ်နယ်ပေးခြင်းဟာလည်း အဆစ်အမြစ်တွေမှာ သွေးလည်ပတ်မှုကောင်းစေတဲ့အတွက် နာကျင်ခြင်းဝေဒနာကို သက်သာစေနိုင်ပါတယ်။ကြွက်သားနဲ့ အရိုးအကြောအဆစ်တွေထိခိုက်ခြင်းဟာ အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်နိုင်ပေမယ့် အားကစားလုပ်ရင်း ဒါမှမဟုတ် လုပ်ငန်းခွင်မှာ ထိခိုက်တာက အများဆုံးပဲ ဖြစ်ပါတယ်။အဆိုပါ ပြဿနာတွေဟာ အရိုးကျိုးခြင်း၊ခြေခေါက်ခြင်း၊အကြောညပ်ခြင်း နဲ့ အခြားသော အခြေအနေတွေကို ဦးတည်စေပြီး သင့်အနေနဲ့ နာကျင်မှုကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရောင်ရမ်းခြင်း သို့မဟုတ် ပုံမှန်အတိုင်း လှုပ်ရှားသွားလာလို့မရခြင်း စတာတွေကိုလည်း ရင်ဆိုင်ရပါမယ်။ ထိခိုက်မိတဲ့နေရာကို တတ်နိုင်သမျှ မလှုပ်ရှားဘဲ နေပေးခြင်းအားဖြင့် အခြေအနေပိုဆိုးလာမှာကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။သင့်အရိုးအကြောကြွက်သားတွေ ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်၊လှုပ်ရှားနိုင်စေဖို့အတွက် လေ့ကျင့်ခန်းအမျိုးမျိုးပါဝင်တဲ့ ခန္ဓါကိုယ်လှုပ်ရှားလေ့ကျင့်ခြင်းနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့ သင့်ဆရာဝန်က အကြံပြုလမ်းညွှန်ပေးပါလိမ့်မယ်။ ရေခဲကပ်ခြင်း၊ရေခဲပါဝင်တဲ့ ဖြန်းဆေးအသုံးပြုခြင်းတို့ဟာလည်း နာကျင်မှုကို ယာယီသက်သာစေပါလိမ့်မယ်။အနာဖြစ်နေတဲ့နေရာကို သွေးကောင်းကောင်းမရောက်ဖူးဆိုရင် အနာကျက်နှေးပါလိမ့်မယ်။ ဒါကြောင့် ရေနွေးကပ်ပေးခြင်းအားဖြင့် သွေးကြောတွေကို ကျယ်လာစေတဲ့အတွက် အနာဆီကို သွေးများများ ရောက်စေပြီး အနာကျက်မြန်စေပါတယ်။တကယ်လို့ သင်ဟာ လေဖြတ်ဝေဒနာကို ခံစားခဲ့ရတယ်ဆိုရင် သင့်ဦးနှောက်ရဲ့ အစိတ်အပိုင်းတချို့ဟာလည်း ထိခိုက်သွားနိုင်တဲ့အတွက် သင့်အနေနဲ့ ပုံမှန်အတိုင်း လှုပ်ရှားသွားလာနိုင်မှာ မဟုတ်ပါဘူး။ နာကျင်မှုတွေ ခံစားရမယ်၊ စကားပြောရခက်မယ်၊လုပ်ဆောင်မှုအသစ်တွေကို သင်ယူနိုင်စွမ်း ပျောက်ဆုံးသွားမယ် စသဖြင့်ပေါ့။ ဒီလိုအခြေအနေမျိုးမှာ Physiotherapy လို့ခေါ်တဲ့ ခန္ဓါကိုယ်ကို လေ့ကျင့်ပေးခြင်းဟာ အရေးပါလာပါတယ်။စနစ်တကျမှန်ကန်စွာ လမ်းညွှန်မှုပေးခြင်း၊အာရုံစူးစိုက်လုပ်ဆောင်ခြင်း နဲ့ ထပ်ခါတလဲလဲပြုလုပ်ခြင်းတို့ဟာ Physiotherapy အောင်မြင်ဖို့ အဓိကသော့ချက်တွေ ဖြစ်ပါတယ်။ ရေချိုးခြင်း၊အစားအသောက်စားခြင်း၊အဝတ်အစားဝတ်ခြင်း အစရှိတဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို တတ်နိုင်သမျှ ကိုယ့်အားကိုယ်ကိုးပြီး လုပ်ဆောင်နိုင်အောင် Physiotherapy က လေ့ကျင့်ပေးနိုင်ပါတယ်။ စကားပြန်ပြောနိုင်အောင်လည်း Physiotherapy က ကူညီပေးနိုင်ပါတယ်။ခန္ဓါကိုယ်ကို လေ့ကျင့်ပေးခြင်းဟာ ရိုးရှင်းတဲ့ လုပ်ဆောင်မှုလေးတွေနဲ့ စတင်မှာဖြစ်ပြီး တဖြည်းဖြည်းနဲ့ ပိုမိုခက်ခဲတဲ့ လုပ်ငန်းတွေကို ဆက်လက်လေ့ကျင့် လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ဥပမာ အိပ်နေရင်းနဲ့ ခန္ဓါကိုယ်အနေအထားကို ပြောင်းတာ၊ထထိုင်တာ၊မတ်တပ်ရပ်တာ၊လမ်းလျှောက်တာ စသဖြင့် တဆင့်ချင်း တက်သွားရမှာ ဖြစ်ပါတယ်။ကနဦးမှာတော့ အထောက်အကူပြုပစ္စည်းလေးတွေ အသုံးပြုရမှာဖြစ်ပြီး ကြာလာတဲ့အခါမှာတော့ ဘာပစ္စည်းမှ သုံးစရာမလိုဘဲ ကိုယ့်အားကိုယ်ကိုးပြီး လုပ်ကိုင်ဆောင်ရွက်လာနိုင်မှာ ဖြစ်ပါတယ်။ စနစ်တကျ လေ့ကျင့်ခန်းလုပ်သွားရင် တိုးတက်မှုတွေကို တဖြည်းဖြည်းမြင်လာရမှာပါ။ကျောရိုးကွေးခြင်း၊ကျောရိုးဆစ်ခွေမှာ ပြဿနာဖြစ်ခြင်း၊ကျောရိုးအတက်ထွက်ခြင်း စတာတွေဟာ ခန္ဓါကိုယ်ကို လေ့ကျင့်ပေးခြင်း (physiotherapy)နဲ့ ကုသပေးနိုင်တဲ့ ပြဿနာတွေ ဖြစ်ပါတယ်။ ကျောရိုးကွေးခြင်းအတွက် ကျောရိုးပုံစံကို ပြန်လည်တည့်မတ်ပေးမယ့် သိုင်းကြိုးတွေကို အသုံးပြုနိုင်ပြီး ဒီသိုင်းကြိုးတွေဟာ သင်လှုပ်ရှားတဲ့အခါ ကျောရိုးပုံစံမှန်နေအောင် ထိန်းပေးထားမှာ ဖြစ်ပါတယ်။ကျောရိုးဆစ်ခွေပြဿနာအတွက် ပြုလုပ်ပေးနိုင်တဲ့ physiotherapy နည်းလမ်းတွေကတော့ လေ့ကျင့်ခန်းလုပ်ခြင်း၊အနာသက်သာစေဖို့ ရေခဲ/ရေနွေး ကပ်ခြင်း၊ကြွက်သားတွေ သန်စွမ်းအောင်ပြုလုပ်ခြင်း၊ပြဿနာဖြစ်နေတဲ့ ကျောရိုးဆစ်ခွေဆီ သွေးကောင်းကောင်းရောက်အောင် ပြုလုပ်ပေးခြင်း စတာတွေပဲ ဖြစ်ပါတယ်။ကျောရိုးအတက်ထွက်ခြင်းအတွက် လေ့ကျင့်ခန်းလုပ်ခြင်း၊လက်နဲ့ပြုပြင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးမယ်ဆိုရင် အဆစ်နာတာကို သက်သာစေမှာပါ။ အထက်ပါ လေ့ကျင့်ခန်းတွေအားလုံးဟာ ရောဂါဖြစ်ပွားနေတဲ့ နေရာကို ထောက်မပေးထားတဲ့ ကြွက်သားတွေကို အားကောင်းသန်မာစေခြင်း၊ခန္ဓါကိုယ် ပျော့ပြောင်းစေခြင်း၊ခန္ဓါကိုယ်အနေအထား မှန်ကန်စေခြင်း အစရှိတဲ့ အကျိုးကျေးဇူးတွေကို ပေးခြင်းအားဖြင့် သင့်ခန္ဓါကိုယ်အပေါ်ဖိစီးမှုတွေကို လျော့နည်းသက်သာစေမှာ ဖြစ်ပါတယ်။ခွဲစိတ်မှုခံယူပြီးတဲ့နောက်မှာ လေ့ကျင့်ခန်းလုပ်ဖို့ ဒါမှမဟုတ် သိုင်းကြိုးဝတ်ဆင်ဖို့ ဆရာဝန်က လိုအပ်သလို ညွှန်ကြားပါလိမ့်မယ်။ ဒီလေ့ကျင့်ခန်းတွေဟာ သင့်ခန္ဓါကိုယ်ကို ပိုမိုပျော့ပြောင်းစေခြင်း၊ပိုမိုလှုပ်ရှားလာနိုင်ခြင်း၊ကြွက်သားတွေ ပိုမိုသန်မာလာခြင်း အစရှိတဲ့ အကျိုးကျေးဇူးတွေကို ပေးစွမ်းမှာ ဖြစ်ပါတယ်။ခွဲထားတဲ့ ဒါဏ်ရာကျက်တာနဲ့ လေ့ကျင့်ခန်းတွေကို ပြုလုပ်နိုင်ပါပြီ။ သင်နေ့စဉ်လှုပ်ရှားသွားလာမှုတွေ ပြုလုပ်တဲ့အခါ ခန္ဓါကိုယ်ရဲ့ အနေအထား မှန်ကန်စေဖို့ သိုင်းကြိုးတွေက ကူညီပေးမှာဖြစ်ပါတယ်။ခန္ဓါကိုယ်လေ့ကျင့်လှုပ်ရှားခြင်း (Physiotherapy)ဟာ ရောဂါအခြေအနေအမျိုးမျိုးကို သက်သာအောင် ကုသပေးနိုင်ပါတယ်။Physiotherapy ရဲ့ အဓိက ရည်ရွယ်ချက်တွေကတော့ ကြွက်သားတွေကို ပိုမိုသန်စွမ်းလာဖို့၊ခန္ဓါကိုယ်နေရာ အများအပြားမှာ ဖြစ်ပေါ်တတ်တဲ့ ပြဿနာတွေကို ကူညီဖြေရှင်းပေးဖို့၊အာရုံကြောညပ်တာတွေ၊ဖိခံထားရတာတွေကို ကူညီဖယ်ရှားပေးဖို့နဲ့ နာကျင်မှုတွေကို လျော့ပါးသက်သာစေဖို့ပဲ ဖြစ်ပါတယ်။ဒီကုသမှုကို မရွေးချယ်ခင်မှာ ကြိုတင်ပြီး သေချာလေ့လာဖို့တော့ လိုအပ်ပါလိမ့်မယ်။[embed-health-tool-heart-rate]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/fitness-motivation/%e1%80%81%e1%80%94%e1%80%b9%e1%80%93%e1%80%ac%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%ba%e1%80%9c%e1%80%be%e1%80%af%e1%80%95%e1%80%ba%e1%80%9b%e1%80%be%e1%80%ac%e1%80%b8%e1%80%9c%e1%80%b1%e1%80%b7-2/
ကျားလိင်အင်္ဂါကို ကြီးဆေးထိုး ခြင်းရဲ့ ကြောက်စရာဆိုးကျိုးများ
လိင်ကျန်းမာရေးနဲ့ ပတ်သက်လာရင် ယောက်ျားလေးအများစု ခဏဏ လာလာမေးတတ်တဲ့ မေးခွန်းတွေထဲမှာ လိင်တံ ကြီးအောင် ဘယ်လိုလုပ်ရမလဲဆိုတာလည်း တစ်ခုအပါအဝင်ပါ။ အမှန်အတိုင်းပြောရရင်အမျိုးသားတစ်ယောက်ရဲ့ လိင်တံသည် အသက် ၁၈ ပြည့်ပြီးတာနဲ့ ဘယ်လိုမှ ဆက်ပြီး မကြီးနိုင်တော့ပါဘူး။ အဲ့တော့ ကြီးဆေးတွေ သောက်ရင် မရဘူးလား၊ သူများတွေ ကြီးဆေးထိုး ၊ ဂေါ်လီထည့်နေတာ ကျွန်တော်လုပ်ရင်ရော ကြီးလာမှာလားတဲ့။ ဟုတ်ကဲ့ အချိန်တစ်ခဏတာအတွက် ကြီးလာတယ်လို့ ထင်ရနိုင်ပါတယ်။တကယ့် ပြဿနာက အဲ့ဒီနောက်မှာ စတာပါ။ သဘာဝ မဟုတ်တဲ့ ပစ္စည်းတွေကိုလိင်အင်္ဂါထဲ ထိုးသွင်းထားပြီးနောက် ကြာလာတဲ့အခါ ခန္ဓာကိုယ်က ဒီပစ္စည်းတွေကို ဓာတ်ပြုဆန့်ကျင်တတ်ပြီး ပြည်တည်တာ၊ လိင်တံပုပ်တာ၊အနံ့ဆိုးထွက်တာ၊ မထောင်မတ်နိုင်တာအပြင် လိင်တံ တစ်ချောင်းလုံး ဖြတ်ပစ်လိုက်ရတဲ့အထိ ဘေးထွက်ဆိုးကျိုးတွေက များလွန်းပါတယ်။ ဒါတွေအကုန် ရင်ဆိုင်ဖို့ ကိုယ်တိုင်ရော အဆင်သင့်ဖြစ်ပြီလားဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးသင့်ပါတယ်။မြန်မာနိုင်ငံမှာက ကျန်းမာရေးအသိပညာ နည်းလွန်းတာကြောင့် ဒီလိုကိစ္စမျိုးတွေကို ကြောက်ရကောင်းမှန်းလည်း မသိတော့သလို ဘာတွေ နောက်ဆက်တွဲ ဆက်ဖြစ်လာနိုင်လဲဆိုတာ ဂရုလည်း မစိုက်နိုင်တော့ပါဘူး။ အဲဒီတော့ ကိုယ့်ရဲ့လိင်တံကြီးစေဖို့ သဘာဝမဟုတ်တဲ့ စီလီကွန်၊ ဗက်စလင်း၊ အုန်းဆီ စတာတွေကို ကိုယ့်ဘာသာ အသိတွေနဲ့ ဆေးမြီးတိုသဘော ထိုးကြတော့တာပါပဲ။အဲ့လိုထိုးပြီးသွားတော့ ဘာဖြစ်သွားလဲ၊ အချိန်အတိုင်းအတာတစ်ခုထိ ဒီပစ္စည်းတွေဟာလိင်အင်္ဂါကို ကြီးထွားစေပါတယ်။ သဘာဝမဟုတ်တဲ့ ပစ္စည်းတွေကို ထိုးသွင်းထားတာဖြစ်တဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ လိင်တံအတွင်းမှာရှိတဲ့ တစ်ရှူးတွေဟာ ဒီပစ္စည်းတွေနဲ့ ဓာတ်ပြုပြီး ထင်မထားတဲ့နောက်ဆက်တွဲဆိုးကျိုးတွေကို ဖြစ်ပေါ်လာစေပါတယ်။လူငယ်သဘာဝ၊ ယောက်ျားလေးလည်း ဖြစ်ပြန်တော့ လက်ရဲဇက်ရဲရှိကြတယ်။ ကြီးရင်ပြီးရောဆိုတဲ့ စိတ်နဲ့ အချင်းချင်းပူးပေါင်းပြီးထိုးကြတယ်။ အဲ့ဒါတွေရဲ့ နောက်ဆက်တွဲဆိုးကျိုးကတော့။ကံကောင်းတဲ့အခြေအနေမှာ ပြောရမယ်ဆိုရင် လက္ခဏာပြကာစအချိန်မျိုးမှာ သိသိချင်း ဆရာဝန်နဲ့ သွားပြမယ်ဆိုရင် ကိုယ့်လိင်အင်္ဂါထဲ ထိုးထည့်ထားတဲ့ ပစ္စည်းကို ခြစ်ထုတ်လိုက်ရုံနဲ့ ပျောက်သွားနိုင်ပါတယ်။ ကံမကောင်းတဲ့အခြေအနေမျိုးမှာ လိင်တံတစ်ခုလုံး အရင်းကနေ ဖြတ်ထုတ်ပစ်လိုက်ရတဲ့အထိ ဆိုးသွားနိုင်ပါတယ်။ ဒါကြောင့် ကြီးဆေးထိုးတာမျိုးတွေ မလုပ်ရင်တော့ အကောင်းဆုံးပါပဲ။ဂေါ်လီထည့်တယ်ဆိုတာလည်း ထိုနည်းတူပါပဲ။ သဘာဝ မဟုတ်တဲ့ သတ္တုပစ္စည်းတွေသည် လိင်အင်္ဂါထဲမှာ အချိန်အကြာကြီး ရှိနေတဲ့အခါ ဒါတွေက အဆိပ်အတောက်ဖြစ်စေပြီး လိင်အင်္ဂါရဲ့ လုပ်ဆောင်ရည်ကို သွားပြီး ထိခိုက်စေပါတယ်။ ဥပမာ ကောင်းစွာ မထောင်မတ်နိုင်တော့တာ၊ တစ်နေရာထဲမှာ ရောင်ပြီး သွေးခဲသလို ဖြစ်နေတာ၊ သွေးကောင်းစွာ လည်ပတ်နိုင်ခြင်း မရှိတော့တာတွေ ဖြစ်နိုင်ပါတယ်။မိန်းကလေး အများစုအတွက်တော့ အရွယ်အစားသည် အဓိကမကျပါဘူး။ ဒါဟာ အမျိုးသားတွေမှာ ကိုယ့်ဘာသာ ဖြစ်နေတဲ့ စိတ်မလုံခြုံမှု တစ်မျိုးပါပဲ။ ယောက်ျား တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ထောင်မတ်နိုင်စွမ်းကို ထိန်းထားနိုင်တယ်။ သက်လုံကောင်းတယ်။သုက်လွှတ်မမြန်အောင် အာရုံစုစည်းထားနိုင်တယ်။ ကိုယ့်အဖော်ရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်တယ်။ နှစ်ဦးလုံးကာမဆန္ဒအထွတ်အထိပ်ရောက်စေဖို့ စွမ်းဆောင်နိုင်တယ်ဆိုရင် လိင်မှုကိစ္စမှာ စွမ်းဆောင်နိုင်တဲ့ ယောက်ျားတစ်ယောက်လို့ သတ်မှတ်လို့ရပါတယ်။အကယ်လို့သာ ကိုယ့်လိင်တံကို မကျေနပ်ဘူးဆိုရင်တော့ ကိုယ့်သဘောနဲ့ကိုယ် ကြီးဆေး တွေ လျှောက်ထိုးတာထက် ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။ဒီတော့ အပေါင်းအသင်းစကား နားယောင်ပြီး ကြီးဆေးတွေ လျှောက်ထိုးတာမျိုး မလုပ်ဖို့ နောက်ဆုံးအနေနဲ့ ထပ်ပြီး အကြံပေးလိုက်ချင်ပါတယ်။ တခြားလူတိုင်း လုပ်တိုင်း လိုက်လုပ်ရင် ဒုက္ခဖြစ်လာတဲ့အခါ အားလုံးအတူတူ ရင်ဆီးခံရတော့မှာပါပဲ။ ဖွားဖက်တော်ဆိုတာ မွေးရာပါ သဘာဝအတိုင်း ထားတာက အကောင်းဆုံးပါပဲ။ တစ်ခဏ သာယာဖို့အတွက် တစ်ဘဝလုံး အဆုံးရှုံးခံလိုက်တော့မယ့် အဖြစ်ကို ရွေးချယ်မလား၊ ရှောင်ကြဉ်မလားဆိုတာကတော့ ကိုယ့်ဆုံးဖြတ်ချက်နဲ့သာ ဆိုင်သွားပါပြီ။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/side-effects-of-penile-injections/
လှပတဲ့အသားအရေလေးရနိုင်ဖို့ နည်းစနစ်မှန်မှန်ထိန်းသိမ်းကြရအောင်
ကျောင်းပြီးကတည်းက ကိုယ်စီအလုပ်ဝင်နေကြတာနဲ့ သူငယ်ချင်းတွေပြန်မဆုံဖြစ်တာတော်တော်တော်ကြာနေပြီလေ။ အိမ်ထောင်တွေကျပြီး သားသမီးကိုယ်စီနဲ့ဖြစ်လာတော့ သူငယ်ချင်းတွေဆုံဖြစ်ဖို့ဆိုတာက ပိုလို့တောင်ခက်ခဲသွားတော့တာပေါ့။ ခေတ်ကာလရဲ့အနေအထားအရ အမျိုးသမီးတွေအနေနဲ့လည်း အိမ်ရဲ့ဝင်ငွေအတွက် တစ်ဖက်တစ်လမ်းကနေ ရှာဖွေနေကြရပါသေးတယ်။ ဒီလိုမျိုး အိမ်ထောင်ရှင်အမျိုးသမီးတွေထဲမှာ ဇာခြည်လည်းတစ်ဦးအပါအဝင်ပါပဲ။ ဒီနေ့တော့ သူငယ်ချင်းတစ်ယောက်ရဲ့ကလေးမွေးနေ့ပွဲလည်းရှိ၊ ပိတ်ရက်လည်းဖြစ်နေတော့ သူငယ်ချင်းတွေနဲ့တွေ့ဖို့သွားမယ်လေ။နီနီရဲ့ ကလေးမွေးနေ့ပွဲမှာ သူငယ်ချင်းတွေဆုံတဲ့အခါကျတော့ အားလုံးကတော်တော်လေးပြောင်းလဲနေကြပြီလေ။ အရမ်းလှလာတဲ့သူတွေရှိသလို အချို့ကလည်းတော်တော်လေးကို အိမ်ထောင်ရှင်မကြီးပုံပေါက်နေကြပြီ။ ပြောင်းလဲသွားတဲ့သူငယ်ချင်းတွေကိုကြည့်ရင် တရားတောင်ရမိပါရဲ့။ ဇာခြည်ကတော့ တချို့လောက် အဖွားကြီးပုံစံပေါက်မနေပေမယ့် အပျိုလေးတွေအတိုင်းအရမ်းလန်း အရမ်းလှနေကြတဲ့ထဲတော့လည်း မပါပြန်ဘူး။ ဇာခြည်ရဲ့ အဓိကပြဿနာက အသားအရေကတော်တော်ဆိုးနေတာပါပဲ။ ဒါပေမယ့် အသားအရေမထိန်းသိမ်းလို့လားဆိုတော့လည်းနေ့တိုင်း မျက်နှာသစ်ဆေးနဲ့သစ်ပြီး Day Creamတော့လူးတာပဲလေ။ပြီးရင်တော့ အလုပ်ခွင်ဝင်ရတာဆိုတော့ မိတ်ကပ်ထပ်လူးပြီးပြင်ဆင်ခြယ်သတာတွေတော့လုပ်ရတာပေါ့။ သူငယ်ချင်းတွေဆုံတုန်းလေး Selfie ဆိုတော့ အသားအရေမလှတာက ပိုသိသာသွားရောပဲ။ဒါနဲ့ အသားအရေလှတဲ့ သူငယ်ချင်း နီကိုမေးကြည့်မိတာပေါ့။ သူကအရင်ကတည်းက အသားအရေကောင်းတယ်ဆိုပေမယ့် ဇာခြည်နဲ့ သိပ်မကွာဘူးလေ၊ ခုကျတော့သူကတော်တော်လေး လှလာတယ်။ ကလေးအမေလို့တောင်မထင်ရအောင်ပါပဲ။ သူကပြောပြမှ မျက်နှာကို မျက်နှာသစ်ဆေးနဲ့သစ်ပြီး Day Cream လိမ်းရုံနဲ့ အမျိုးသမီးတွေအတွက် မလုံလောက်ဘူးဆိုတာကို စသိရတယ်။ ဇာခြည်ဖြင့် သူ့ကိုကြည့်ပြီး ကိုယ့်ကိုယ်ကို စိတ်ဓာတ်တောင်ကျသွားတယ်။ သူကသူ့ရဲ့အသားအရေထိန်းသိမ်းနည်းကိုပြောပြလို့ ဇာခြည့်လို ခံစားနေရတဲ့ အားလုံးလည်း သိပြီးလိုက်လုပ်နိုင်အောင် ဇာခြည်ပြောပြမယ်နော်။မျက်နှာကိုသန့်စင်ဖို့က ပထမ။အသားအရေလှပအောင်အရင်ဆုံးလုပ်ရမှာက မျက်နှာကိုသန့်စင်ဖို့ပါတဲ့။ မိတ်ကပ်လိမ်းနေရတဲ့သူဆိုရင် မျက်နှာပေါ်က ချွေးပေါက်တွေထဲမှာ မိတ်ကပ်အကြွင်းအကျန်တွေပိတ်ဆို့နေနိုင်ပါတယ်။ အဲ့ဒါတွေက အရွယ်မတိုင်ခင်အိုမင်းတာတွေဖြစ်တတ်တယ်တဲ့။ရေခပ်နွေးနွေးလေးကိုသုံးပြီး မျက်နှာပေါ်က အညစ်အကြေးတွေကိုဖယ်ရှားတာက ချွေးပေါက်တွေကို ပွင့်စေပြီး အသားအရေကိုလည်း ကြည်လင်စေတယ်လေ။ မျက်နှာကိုဖြည်းဖြည်းလေးနှိပ်နယ်ပေးတာကလည်း မျက်နှာသွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။ မျက်လုံးတဝိုက်က မိတ်ကပ်တွေကို သင့်တော်တဲ့ မိတ်ကပ်ဖျက်ဆေးရွေးပြီးသုံးပေးဖို့လည်း မမေ့ပါနဲ့။မျက်နှာသစ်ဆေးကိုရွေးချယ်ပါ။မျက်နှာသစ်ဆေးရွေးတဲ့အခါမှာလည်း မျက်နှာသစ်ဆေးဖြစ်ရင်ပြီးရောမရွေးနဲ့လေ။ အသားအရေနဲ့လိုက်ဖက်မယ့်ဟာမျိုးကိုရွေးပေါ့တဲ့။ မျက်နှာပေါ်က အညစ်အကြေးတွေကိုသန့်စင်ပေးပြီး အသားအရေကိုဖြူဝင်းစေတယ်တဲ့။တိုနာအလှည့်။ပြီးရင်တော့တိုနာသုံးရမယ်။ တိုနာသုံးတာကတော့ လွယ်လွယ်လေးပါ။ ဂွမ်းစလေးနဲ့ယူပြီး မျက်နှာအနှံ့ကိုလိမ်းလိုက်ရုံပါ။ ဒါပေမယ့် အယ်လ်ကိုဟောပါဝင်မှုမရှိတဲ့ တိုနာကိုအသုံးပြုပေးဖို့လိုပါတယ်။ တိုနာက မျက်နှာပေါ်ကအဆီပိုတွေကိုဖယ်ရှားပေးတယ်လေ။ပြီးရင် moisturizer ပါ။ဒါတွေပြီးရင် Day Cream လူးလို့ရပြီလားဆိုတော့ မရသေးဘူး။ အစိုဓါတ်ထိန်းခရင်မ်တစ်မျိုးမျိုးသုံးပေးရဦးမယ်တဲ့။ မနက်မျက်နှာသစ်ပြီးတိုင်း အစိုဓာတ်ထိန်းခရင်မ်လိမ်းပေးတာက အသားအရေထိန်းသိမ်းမှုမှာတော်တော်လေးအရေးပါပါတယ်။ အစိုဓာတ်ထိန်းခရင်မ်ကနေရောင်ခြည်ဒဏ်ကနေကာကွယ်ပေးပြီး အစိုဓာတ်ထိန်းပေးသလို အရေပြားကို ရေဓာတ်ဖြည့်ပေးတယ်။ မဖြစ်မနေလူးပေးဖို့လိုမယ်တဲ့။ပြီးရင်တော့ Serum လူးပေးရဦးမယ်တဲ့ အရေပြားပြဿနာတွေကိုဖြေရှင်းပေးနိုင်တဲ့ အဓိကဇာတ်လိုက်က Serum ပါ။ အစိုဓာတ်ထိန်းခရင်မ်နဲ့မတူတာက Serum က အသားအရေအတွင်းပိုင်းအထိ စိမ့်ဝင်နိုင်ပြီး အသားအရေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေရော အစိုဓာတ်ကိုပါဖြည့်တင်းပေးပါတယ်။ ကိုယ်အသားအရေအလိုက်တော့ကွာတာပေါ့။ အရွယ်တင်ချင်တာလား၊အသားအရေကြည်ချင်တာလား၊ ဝက်ခြံကင်းချင်တာလားဆိုတော့ကွာတာပေါ့။နေရောင်ခြည်ကို ကာကွယ်ဖို့ မမေ့ပါနဲ့။ဒါတွေအဆင့်ဆင့်လူးပြီးရင်လူးရမှာကနေလောင်ကာခရင်မ်ပါ။ ပြီးရင်တော့ မိတ်ကပ်လူးတယ်တဲ့။ညဘက် မျက်နှာသစ်ပြီးရင် Night cream။နောက်တစ်ခုကတော့ ညဘက်ကိုမအိပ်ခင်မျက်နှာသစ်ပြီး Night Cream တစ်ခုခုလိမ်းဖို့လိုတယ်တဲ့လေ။ မနက်လင်းလာရင်အသားအရေတော်တော်လေးကောင်းတယ်တဲ့လေ။ မျက်နှာပေါ်က ဆဲလ်သေတွေဖယ်ရှားတာကို မအားရင်တောင် အနည်းဆုံးတစ်ပတ်တစ်ကြိမ်လောက်လုပ်ပေးဖို့နဲ့ မျက်နှာပေါင်းတင်တာကိုလည်း တစ်ပတ်တစ်ခါလောက်တော့ အနည်းဆုံးလုပ်ပေါ့လို့မှာလိုက်သေးတယ်။အခုတော့ပြောင်းလဲလာနေပါပြီ။သူပြောပြတဲ့နည်းအတိုင်းလည်းသုံးကြည့်နေပြီလေ။ တဖြည်းဖြည်းချင်းတော့ သိသာလာပါတယ်။ သူ့လိုမျိုး အသားအရေလေးပိုင်ဆိုင်ချင်တော့ မအားတဲ့ကြားကပဲအချိန်ပေးပြီး လုပ်နေရတာပေါ့။ အခုမှလည်း အသားအရေကို ဘယ်လိုထိန်းသိမ်းရလဲဆိုတာကို သိတာလေ။ အခုတဖြည်းဖြည်းချင်းနဲ့အသားအရေကပြောင်းလာပြီး ကြည်လည်းကြည်လာတော့ လူတွေကြားမှာလည်း ထင်းခနဲလှလာသလိုပဲ။ အလုပ်မှာဆိုလည်း ယုံကြည်မှုပိုရလာသလိုပဲ။ ဇာခြည်တို့မိန်းကလေးတွေအတွက် အလှအပကလည်း အားတစ်ခုဖြစ်တယ်နော်။ ဒီတစ်ခါသူငယ်ချင်းတွေဆုံဖြစ်ကြရင်လှနေတဲ့ထဲမှာ ကိုယ်လည်းပါတော့မှာပေါ့လေ။ ခုတော့အသားအရေကြောင့် စိတ်ညစ်တာမျိုးမရှိတော့ဘဲ မှန်ကြည့်လိုက်တိုင်း လှလာတဲ့အသားအရေကြောင့် အလိုလိုပျော်လာတယ်လေ။ ယုံကြည်မှုတွေလည်းတိုးလာတယ်လေ။ပြောပြခဲ့တဲ့နည်းလေးတွေအတိုင်း လိုက်လုပ်ကြည့်ပြီး ကြည်လင်ဝင်းပတဲ့အသားအရေကို တူတူပိုင်ဆိုင်ကြစို့လေနော်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%94%e1%80%8a%e1%80%b9%e1%80%b8%e1%80%85%e1%80%94%e1%80%85%e1%80%b9%e1%80%99%e1%80%bd%e1%80%94%e1%80%b9%e1%80%99%e1%80%bd%e1%80%94%e1%80%b9-%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%b1/
ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကလေးကို ဘယ်လိုဂရုစိုက်မလဲ
ကလေးတွေကို ကောင်းကောင်းမွန်မွန်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ အတွက် မိဘတွေ အရေးတကြီး လုပ်ရမယ့် အထဲမှာ ကာကွယ်ဆေး ထိုးတာလည်း ပါဝင်ပါတယ်။ ကူးစက်ရောဂါတွေ နဲ့ ပြင်းထန် ဆိုးရွားတဲ့ ရောဂါတွေကို ကာကွယ်နိုင်ဖို့ အတွက် ကာကွယ်ဆေးတွေကို မဖြစ်မနေ ထိုးရပါတယ်။ ကာကွယ်ဆေး ထိုးပြီးတဲ့အခါ ကလေးမှာရော အဖေအမေတွေမှာပါ ဖိအားလေးတွေတော့ရှိပါတယ်။ ဒီတော့ ကလေးကို ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကလေးကို ဘယ်လိုဂရုစိုက်မလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ကာကွယ်ဆေးထိုးပေးတာက ကလေးကို ပြင်းထန်ဆိုးရွားတဲ့ ရောဂါတွေမဖြစ်လာအောင် ကာကွယ်တာဆိုပေမယ့် အန္တရာယ်မရှိတဲ့ အသေးစားထိခိုက်မှုလေးတွေရှိနိုင်ပါတယ်။ အသေးစားထိခိုက်မှုလေးတွေက –။ဒီလက္ခဏာတွေက ရက်အနည်းငယ်ကြာရင် သက်သာသွားနိုင်ပါတယ်။ ကာကွယ်ဆေးထိုးတာကြောင့်ဖြစ်လာတဲ့ အဖျားက ကလေးတွေအတွက် အန္တရာယ်မရှိပါဘူး။ အန္တရာယ်မရှိပေမယ့် အဖျားဖြစ်နေတဲ့အခါ ကလေးကမအီမသာခံစားရတာမျိုးတော့ရှိနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ မိဘတွေအနေနဲ့ စိတ်ပူပြီး ဘာလုပ်ပေးရမှန်းမသိတာမျိုးဖြစ်နိုင်ပါတယ်။ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကလေးကို ဘယ်လိုဂရုစိုက်မလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ ကလေးက ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကလေးကနာလို့ငိုတာ၊ အနာရှိန်နဲ့ဖျားတာမျိုးအထိဖြစ်နိုင်ပါတယ်။ ကလေးက ဖျားပြီဆိုရင် အီနေတတ်ပြီး ငိုယိုနေတာဆိုတော့ အဖေအမေနဲ့ဆွေမျိုးတွေမှာ သနားစိတ်နဲ့ စိတ်မချမ်းမသာ ဖြစ်ရတာပေါ့။ဘယ်လောက်ဆို ကလေးကဖျားနေပြီလို့ဆိုနိုင်လဲ။ကလေးရဲ့ ကိုယ်အပူချိန်က ၃၇.၅ ဒီဂရီ စင်တီဂရိတ် အထက် ဆိုရင် ကလေးက ဖျားနေပြီလို့ ဆိုလို့ ရပါတယ်။ အသက် အပိုင်းအခြားအလိုက် ပြောပြရမယ် ဆိုရင်တော့။ကာကွယ်ဆေး ထိုးတာကတော့ မဖြစ်မနေ လုပ်ရမယ့် ကိစ္စပါ။ ဒါပေမယ့် ဆေးထိုး အပြီး ကလေး ဖျားတာ၊ ထိုးထားတဲ့ နေရာ နီရဲပြီး ရောင်နေတာ၊ အီပြီး ငိုနေတာတွေ အတွက် သက်သာအောင် ပြုစုပေးလို့ ရပါတယ်။ကလေးကို ကာကွယ်ဆေးထိုးပြီးစမှာ–။ဒီလိုတွေလုပ်ပေးပေမယ့် ကလေးက အနာရှိန်မသက်သာဘဲ ဖျားနာလာမယ်ဆိုရင် ကလေးကို အဖျားပျောက်ဆေး တစ်ခုခု တိုက်ပေးလို့ရပါတယ်။ ကလေးကငယ်သေးတယ်ဆိုရင်ဆေးရည်မှ အဆင်ပြေနိုင်ပါလိမ့်မယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/vaccines/things-to-do-after-vaccination/
ဗောက်ပျောက်ရန် အိမ်မှာအလွယ်တကူကုသနိုင်သော အိမ်တွင်းဆေးဝါးများ
ကျွန်တော်တို့တစ်ခုလောက် စိတ်ကူးကြည့်လိုက်ရအောင်။ သင်က stage စင်ကြီးပေါ်မှာ သရုပ်ပြနေတာကို လူတွေအများကြီးက ကြည့်နေတယ်။ အဲ့ဒီအချိန်မှာပဲ သင်ခေါင်းကုတ်ချင်စိတ်တွေ တဖြည်းဖြည်းဖြစ်လာမယ်။ ပြီးတော့ သင့်ရှေ့မှာ ဗောက်တွေ အဖတ်လိုက် ကွာကျလာမယ်။ အဖတ်အကြီးကြီးတွေနော်။ သင်စပြီး အလန့်တကြားဖြစ်လာပြီး ဘယ်သူမှမမြင်အောင်လို့စင်နောက်ကိုပြန်ဝင်ပြီး နေနေလိုက်မယ်ဆိုပါစို့။ သင့်ခေါင်းကိုထပ်ကုတ်လိုက်ပြန်ပြီဆို ဗောက်တွေ အဖတ်လိုက်ထပ်ကျလာပြီး ပိုပြီးတော့လည်း ထင်သာမြင်သာရှိလာမယ်။ အဲ့ဒီအချိန်မှာ တစ်ယောက်ယောက်က ဖြတ်လာရင်းတွေ့သွားပြီး သင့်ကို “ မင်းမှာဗောက်တွေအတော်ဆိုးဆိုးရှိနေတာပဲ သူငယ်ချင်း”လို ပြောသွားမယ်ဆိုရင် ………..။ဗောက်ဆိုတာ ဦးခေါင်းပေါ်မှာရှိတဲ့ အရည်ပြား အခြေအနေတစ်ခုပါ။ ဗောက်တွေဟာ ဦးရေပြားပေါ်က အရည်ခွံတွေ ဖြစ်သင့်တာထက် ပိုပြီးမြန်မြန် ကွာကျလာတဲ့အချိန်မှာ ဖြစ်ပေါ်ပါတယ်။ ဆဲလ်အဟောင်းတွေဟာ ဆဲလ်အသစ်တွေကိုေ နရာပေးဖို့သေဆုံးပေးကြရပါတယ်။ တကယ်လို့ ဒီဖြစ်စဉ်ကြီးက ပိုပြီးမြန်ဆန်လာမယ်ဆိုရင် သင့်ခေါင်းကနေ အဖတ်ဖြူဖြူကြီးတွေ ကျလာတော့မှာ ဧကန်ပါပဲ။ ဒီဖြစ်စဉ်ဖြစ်ရခြင်းဟာ ဦးရည်ပြားခြောက်သွေ့ခြင်း၊ အသားအရည် အခြေအနေ၊ သို့မဟုတ် ပုံမှန်ဦးရည်ပြားတွေမှာရှိတတ်ပြီး အဖြစ်များတဲ့ malassezia မှိုကြောင့် စသဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ဖျားနာခြင်းနဲ့ စိတ်ဖိစီးမှုများခြင်းတွေကလည်း ဗောက်ထစေနိုင်ပါတယ်။ဗောက်တွေဟာ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကိုတော့ ဘယ်လိုမှ ပြဿနာမပေးနိုင်ပါဘူး။ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာမှာတော့ ရှက်ကြောက်ခြင်းကို ခံစားရစေနိုင်ပါတယ်။ လူတွေဟာ တစ်ခါတလေမှာ ဗောက်ကို တစ်ကိုယ်ရည်သန့်ရှင်းရေးနဲ့ တွဲပြီးမြင်လေ့ရှိပါတယ်။ တစ်ကိုယ်ရည် သန့်ရှင်းရေးဆိုတာ ဗောက်ဖြစ်ရခြင်း အကြောင်းရင်းတွေထဲကမှ အနည်းငယ်သာ သက်ဆိုင်တာကြောင့် ဒါကသိပ်တော့မဖြစ်နိုင်ပါဘူး။ ဗောက်တွေက အရေပြားအခြေအနေကြောင့်သာ အဖြစ်များပါတယ်။ ဒါပေမဲ့ လူအတော်များများကတော့ ဒါကိုမသိကြပါဘူး။ အထက်မှာဖော်ပြထားတဲ့ ဇာတ်လမ်းလိုမျိုး တကယ်လို့ လူတွေအားလုံးက သူ့ရဲ့ဗောက် အဖြူဖတ်ကြီးတွေကို သတိထားမိသွားပြီဆိုရင် ဒါဟာ တကယ်ကိုရှက်စရာကောင်းတဲ့ အတိတ်တစ်ခုအနေနဲ့ ကျန်ခဲ့တော့မှာပါ။သေချာတာပေါ့။ သူ့ကိုကုသလို့ရပါတယ်။ အောက်မှာဖော်ပြထားတဲ့ ၁၀ချက်ဟာ ဗောက်ထခြင်းအတွက်အသုံးပြုနိုင်မယ့် အိမ်တွင်းဆေးဝါး ၁၀မျိုးပါ။အုန်းဆီ– anti-fungal (မှိုမကပ်စေနိုင်သော ) အစွမ်းသတ္တိရှိပါတယ်။ သင့်ဦးရည်ပြားပေါ်မှာ မှိုကြောင့်ဖြစ်နေတဲ့ ဘယ်ပြဿနာကိုမဆို အုန်းဆီကဖယ်ရှားပေးနိုင်ပြီး အစိုဓါတ်ကိုလည်းဖြည့်ဆည်းပေးနိုင်ပါတယ်။ ခေါင်းမလျှော်ခင်မှာ အုန်းဆီ လက်ဖက်ရည်ဇွန်း ၃ဇွန်းကနေ ၅ဇွန်းထိလိမ်းပေးပြီး ၁နာရီလောက်စောင့်ပါ။ ပြီးတဲ့နောက် ခေါင်းလျှော်ချလိုက်ပါ။ ဒါမှမဟုတ်လည်း အုန်းဆီပါတဲ့ ခေါင်းလျှော်ရည်တွေကို သင်အသုံးပြုနိုင်ပါတယ်။Apple Cider Vinegar (ပန်းသီးရှာလကာရည်)– ဒီပစ္စည်းမှာပါဝင်တဲ့ acid ဂုဏ်သတ္တိဟာ yeast တွေကို ကာကွယ်ပေးနိုင်တာကြောင့် သင့်ဦးရည်ပြားအတွက် ကောင်းမွန်တဲ့အရာတစ်ခုပါ။ apple cider vinegar လေးပုံတစ်ပုံနဲ့ ရေလေးပုံတစ်ပုံကို ရောပြီး သင့်ဦးရည်ပြားပေါ်ဖြန်းပေးပါ။ ခေါင်းကို သဘက်နဲ့၁၅မိနစ်ခန့်ပေါင်းထားပြီး ပုံမှန်အတိုင်း ခေါင်းလျှော်ပါ။ တစ်ပတ်ကို ၂ကြိမ်လုပ်ပေးပါ။Baking soda(မုန့်ဖုတ်ဆိုဒါ)- ဒီbaking soda ဟာ ဗောက်ဖြစ်စေတဲ့ မှိုဖြစ်ပွားမှုတွေကို လျော့နည်းစေတာကြောင့် ဗောက်သေအောင်လုပ်တဲ့နေရာမှာသူကလည်း တကယ်ကိုအကူအညီဖြစ်ပါတယ်။ ဆံပင်ကိုစိုအောင်လုပ်ပြီး soda ကို ဦးရည်ပြားပေါ်လိမ်းကာမိနစ်အနည်းငယ်ထားလိုက်ပါ။ ပြီးရင်တော့ ဆေးချလိုက်ပါ။ရှားစောင်းလက်ပတ်– ဗောက်ထတာကြောင့် ယားယံတာကို ကုသပေးနိုင်တဲ့ ဆေးတစ်လက်ပါ။ ခေါင်းမလျှော်ခင် ရှားစောင်းလက်ပတ်ကို ခေါင်းပေါ်မှာလိမ်းပြီး နှိပ်နယ်ပေးပါ။ ဒါက ယားယံခြင်းကို သက်သာစေပါတယ်။ြကက်သွန်ဖြူ– ကြက်သွန်ဖြူဟာ ဘက်တီးရီးယားတွေကို သုတ်သင်ပေးနိုင်ပါတယ်။ ကြက်သွန်ဖြူကိုကြိတ်ခြေပြီး ဦးရည်ပြားပေါ် လိမ်းပေးပါ။ အနံ့နံနေမှာစိုးရင် ပျားရည်နဲ့ ရောပြိးအသုံးပြုပေးနိုင်ပါတယ်။ ပြီးရင်တော့ဆေးချလိုက်ပါ။သံလွင်ဆီ –သံလွင်ဆီဟာ ကိစ္စတော်တော်များများအတွက် အသုံးဝင်ပြီး ဗောက်သေစေခြင်းကလည်း တစ်ခုအပါအဝင်ပါ။ သံလွင်ဆီ ၁၀စက်လောက်ကို ဦးရည်ပြားပေါ်မှာလိမ်းပြီး ရေချိုးတဲ့ခါ ဆောင်းတဲ့ဦးထုပ်(shower cap)ကို တစ်ညလုံး စွပ်ထားပေးပါ။ နောက်တစ်ရက် နံနက်မှာ ခေါင်းလျှော်ပါ။ ဒါမှမဟုတ်လည်း သံလွင်ဆီပါတဲ့ခေါင်းလျှော်ရည်ကို အသုံးပြုနိုင်ပါတယ်။လက်ဖက်ဆီ– လက်ဖက်ဆီအနည်းငယ်ဟာ ခေါင်းလျှော်နေစဉ်အတွင်းမှာကို ဗောက်တွေကို အံ့သြစရာကောင်းလောက်အောင် ပျောက်ကင်းစေနိုင်ပါတယ်။ သုံးနေကျ ခေါင်းလျှော်ရည်နဲ့ ရောသုံးပြီး သင်ကိုယ်တိုင်စမ်းသပ်ကြည့်ပါ။သံပုရာ– apple cider vinegar လိုပါပဲ။ သံပုရာသီး (ရှောက်သီး)တွေမျာ ပါဝင်တဲ့ acid ဓါတ်ဟာ ဦးရည်ပြားရဲ့ pH balance ကိုညီမျှစေပါတယ်။ ဦးရည်ပြားပေါ်မှာ သံပုရာရည် လက်ဖက်ရည်ဇွန်း၂ဇွန်းလောက်လိမ်းပြီးနှိပ်နယ်ပေးကာ ရေဆေးချလိုက်ပါ။ ပြီးတဲ့နောက် သံပုရာရည် လက်ဖက်ရည်ဇွန်း၁ဇွန်းကို ရေနဲ့ရောပြီးဆေးပေးပါ။ သင့် ဗောက်အခြေအနေကောင်းမွန်လာတဲ့အထိ နေ့တိုင်းလုပ်ပေးပါ။Aspirin(သွေးကျဲဆေး)-ယုံချင်ယုံမယုံချင်နေပါ။ aspirin ရဲ့ salicylic acid ဟာ ဗောက်အတွက် ဆေးစွမ်းကောင်းတစ်လက်ဖြစ်နိုင်ပါတယ်။ aspirin ၂လုံးကိုကြိတ်ခြေပြီး သင့်ခေါင်းလျှော်ရည်နဲ့ရောလိုက်ပါ။ မိနစ်အနည်းငယ်ထားပြီး ပုံမှန်ခေါင်းလျှော်ရည်နဲ့ ပြန်လျှော်ချလိုက်ပါ။ပဲနံ့သာပင်-ဒီအပင်ရဲ့ မှိုသတ်ပေးနိုင်တဲ့အစွမ်းနဲ့ နူးညံ့ပျော့ပြောင်းစေတဲ့ ဂုဏ်သတ္တိတွေကြောင့် ဗောက်ထခြင်းကို ထိန်းချုပ်တဲ့နေရာမှာ အသုံးပြုပါတယ်။ ပဲနံ့သာစေ့ လက်ဖက်ရည်ဇွန်း ၂ဇွန်း သို့မဟုတ် ၃ဇွန်းကို ရေထဲမှာ တစ်ညသိပ်လောက် စိမ်ထားပြီး နောက်တစ်ရက်မှာ ကြိတ်လိုက်ပါ။ သင့်ခေါင်းပေါ်မှာ နာရီအနည်းငယ်ကြာအောင် လိမ်းထားပြီး ပုံမှန်အတိုင်းလျှော်နေကျ ခေါင်းလျှော်ရည်နဲ့လျှော်ချလိုက်ပါ။ တစ်ပတ်၂ကြိမ်လုပ်ပေးပါ။ပုခုံးပေါ်မှာ ဗောက်ဖတ်ဖြူဖြူကြီးတွေ ကျနေတာက စိတ်ဖိစီးစေပြီး ရှက်စရာကောင်းသလို ခံစားရစေပါတယ်။ ဒါပေမဲ့ စိတ်ရှည်သည်းခံလိုက်ပါ။ ကုသမှုနည်းလမ်းတွေက သင်နဲ့လက်တစ်ကမ်းအကွာမှာ ရှိနေပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/%e1%80%b1%e1%80%97%e1%80%ac%e1%80%80%e1%80%b9%e1%80%b1%e1%80%95%e1%80%ba%e1%80%ac%e1%80%80%e1%80%b9%e1%80%9b%e1%80%94%e1%80%b9-%e1%80%a1%e1%80%ad%e1%80%99%e1%80%b9%e1%80%99%e1%80%bd%e1%80%ac%e1%80%a1/
လေဖြတ်နိုင်ခြေကို လျှော့ချပေးနိုင်မယ့် အစားအစာများ
ကျန်းကျန်းမာမာနေနိုင်တယ်ဆိုတာက မှန်ကန်စွာစားသောက်နေထိုင်မှုနဲ့ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုတွေလုပ်ဆောင်နေခြင်း ရဲ့ ပြယုဂ်ပါ။ စားလိုက်တဲ့အစားအစာတိုင်းကခန္ဓာကိုယ်အကျိုးပြုနေတယ်တော့မဟုတ်ပါဘူး။ “အစာလည်းဆေး ဆေးလည်း အစာ” ဆိုတဲ့ စကားအတိုင်းဖြစ်ဖို့ဆိုရင် အစားအသောက်တွေကို သေချာရွေးချယ် ချင့်ချိန်စားသောက်ဖို့ လိုမှာပါ။မှန်ကန်စွာ စားသောက်နေထိုင်မှုက နှလုံးရောဂါနဲ့လေဖြတ်တာလိုမျိုး ရောဂါတွေ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ပါ တယ်။ ဒီလိုမှန်ကန်တဲ့စားသောက်မှုပုံစံက ခက်ခက်ခဲခဲ ရှာဖွေရမယ့် လျှို့ဝှက်ချက်ကြီးတော့မဟုတ်ပါဘူး။ ပုံမှန်ထက် နည်းနည်းလေး သတိထားလိုက်ရုံပါ။လေဖြတ်နိုင်ခြေကို လျှော့ချပေးနိုင်မယ့် အစားအစာများ က ဘာတွေများဖြစ်မလဲ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။လေဖြတ်နိုင်ခြေကို လျှော့ချဖို့ ဒါတွေစားပေးပါ။ လေဖြတ်တာကြောင့် ဘဝမှာလုပ်ချင်တာတွေမလုပ်ရတာမျိုးမဖြစ်စေဖို့ဆိုရင် ဒီအစားအစာလေးတွေကို စားပေးလို့ရပါတယ်။လေ့လာချက်တွေအရ တစ်ပတ်ကို ဆယ်လ်မွန်ငါး ၃ ကြိမ်လောက်အနည်းဆုံးစားသုံးပေးမယ်ဆိုရင် လေဖြတ်နိုင်ခြေကို ၆ ရာခိုင်နှုန်းကနေ ၁၂ ရာခိုင်နှုန်းလောက်အထိလျော့ပါးသက်သာစေနိုင်တယ်လို့ဆိုပါတယ်။ ဆယ်လ်မွန်၊တူနာ၊မက်ကာရယ်တို့လိုမျိုး ပင်လယ်ငါးတွေမှာပါဝင်နေတဲ့ Omega-3 Fatty Acid ကသွေးကြောတွေ ရောင်ရမ်းတာကို သက်သာစေပြီး သွေးစီးဆင်းမှုကိုကောင်းစေလို့ဦးနှောက်ထဲမှာ သွေးခဲပိတ်ဆို့တာမျိုး ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်တဲ့ အစားအစာတစ်မျိုးပါ။သွေးတွင်းကိုလက်စထရောများတဲ့အခါ သွေးကြောထဲမှာ အဆီတွေစုပုံနေပြီး လေဖြတ်နိုင်ခြေကို ပိုများစေနိုင်ပါတယ်။ကန်စွန်းဥမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်းပါဝင်တာကြောင့် သွေးကြောတွေထဲမှာ အဆီတွေစုပုံတာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ဓာတ်တိုးဆန့်ကျင်အာနိသင်တွေကြွယ်ဝတဲ့ ဘလူးဘယ်ရီတွေက သွေးကြောတွေရောင်ရမ်းတာကို သက်သာစေနိုင်ပြီး သွေးကြောတွေကို ပြေလျော့စေတာကြောင့် သွေးကြောတွေထဲမှာ သွေးခဲပတ်ဆို့တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။အဆီထုတ်ထားတဲ့နို့ပုံမှန်သောက်သုံးမှုက သွေးတိုးဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။ လေ့လာမှုတစ်ရပ်အရ အဆီထုတ်ထားတဲ့နို့ကို ပုံမှန်သောက်သုံးသူတွေက အခြားသူတွေထက် လေဖြတ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းလောက်နည်းနေတာကို တွေ့ခဲ့ရပါတယ်။ပိုတက်ဆီယမ်ကြွယ်ဝတဲ့ ငှက်ပျောသီးက သွေးတိုးကျစေနိုင်ပါတယ်။ နေ့စဉ် ငှက်ပျောသီးစားသုံးမှုက လေဖြတ်နိုင်ခြေကို ၂၄ ရာခိုင်နှုန်းလောက်ထိ လျှော့ချပေးနိုင်ပါတယ်။ဖရုံစေ့က မဂ္ဂနီဆီယမ်ကြွယ်ဝစွာပါဝင်နေတဲ့ အစားအစာတစ်ခုပါ။ နေ့စဉ် ဖရုံစေ့ လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာလောက်စားသုံးပေးမှုက လေဖြတ်နိုင်ခြေကို ၁၈ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။ ပုံမှန် မဂ္ဂနီဆီယမ်ကြွယ်ဝ တဲ့အစားအစာတွေကို စားသုံးပေးမှုက လေဖြတ်နိုင်ခြေကို ၂၂ ရာခိုင်နှုန်းထိလျော့ကျစေနိုင်ပါတယ်။ကိုက်လန်က သွေးကြောတွေကိုပြေလျော့စေပြီး သွေးကြောတွင်းအဆီစုပုံမှုတွေ မဖြစ်အောင်ကာကွယ်ပေးနိုင် ပါတယ်။ သွေးကြောတွေ ထိခိုက်ပျက်စီးတာကိုကာကွယ်ပေးပြီးလေဖြတ်နိုင်ခြေလျော့နည်းအောင်လုပ်ဆောင်ပေးပါတယ်။မဂ္ဂနီဆီယမ်၊ ဗီတာမင် B နဲ့ ဖောလိတ်ကြွယ်ဝစွာပါဝင်နေတဲ့ ဟင်းနုနွယ်က သွေးမတိုးအောင် ကာကွယ်ပေးပြီးသွေးတိုးကြောင့်ဖြစ်တဲ့ လေဖြတ်တာကို ဖြစ်နိုင်ခြေလျော့ကျစေနိုင်ပါတယ်။နေ့စဉ် အယ်လ်မွန်စေ့လက်တစ်ဆုပ်စာစားသုံးပေးမှုက လေဖြတ်တာကနေ ကာကွယ်ပြီးသားဖြစ်မှာပါ။ သွေးတွင်းက အကျိုးမပြုကိုလက်စထရောတွေကို ကျဆင်းစေပြီး အကျိုးပြုကိုလက်စထရောတွေကို တိုးစေတာကြောင့် သွေးကြောထဲမှာ အဆီစုပုံတာနဲ့ သွေးကြောပိတ်တာတွေကြောင့်ဖြစ်တဲ့ လေဖြတ်ဝေဒနာကိုလျော့ကျစေနိုင်ပါတယ်။ကြက်သွန်ဖြူထဲမှာ သွေးတွင်းအဆီစုပုံမှုကိုလျော့ကျစေနိုင်တဲ့ ajoene molecules တွေပါဝင်နေပြီး သွေးခဲတာမျိုး မဖြစ်အောင်ကာကွယ်ပေးပါတယ်။ သွေးမခဲအောင်ကာကွယ်ပေးမှုကြောင့် သွေးကြောထဲမှာ သွေးခဲပိတ်ဆို့ တာကြောင့်ဖြစ်တဲ့ လေဖြတ်နိုင်ခြေကို လျော့ကျစေနိုင်ပါတယ်။ ကြက်သွန်ဖြူနေ့တိုင်းတို့စားပေးပါ။ သွေးခဲတာကိုကာကွယ် ပေးနိုင်မှာပါ။အနက်ရောင်ချောကလက်က လေဖြတ်တာကိုကာကွယ်နိုင်တာ ဟုတ်ပါ့မလား။ အနက်ရောက်ချောကလက်မှာပါတဲ့ ဖလေဗာနွိုက်က လေဖြတ်တာကို ကာကွယ်ပေးနိုင်ပါတယ်။ နို့နဲ့ အချိုကဲတဲ့ ချောကလက်ကတော့ လေဖြတ်တာကို မကာကွယ်ပေးနိုင်ပါဘူး။လေဖြတ်တာကို ကာကွယ်ဖို့ ဒီအစားအစာတွေစားသုံးတဲ့အခါ မဖြစ်မနေသတိထားရမှာက “တန်ဆေး လွန်ဘေး“ဆိုတာပါ။ ဒါကြောင့် အလွန်အကျွံမဖြစ်စေဘဲ သင့်တော်တဲ့ ပမာဏတစ်ခုလောက်ပဲစားသုံးပေးဖို့ သတိရပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/stroke-and-aneurysm/foods-to-reduce-chance-of-stroke/
ငယ်ငယ်ရွယ်ရွယ်နဲ့ သွား မကျိုးချင်ရင် ဒါတွေရှောင်ပါ
သွား လေးတွေ လှပချင်တာတော့ လူတိုင်းပါပဲ။ သွားကျန်းမာချင်၊ သွားလှချင်ရင် သွားမှန်မှန်တိုက်ရုံနဲ့ မလုံလောက်ပါဘူး။ သွားထိခိုက်ပျက်စီးစေမယ့်အမူအကျင့်တွေကို ရှောင်သင့်ပါတယ်။ သွားတွေကို ထိခိုက်စေတဲ့ အရာ ကိုယ် ဘာတွေ လုပ်မိနေလဲ ဆက်ပြီး ဖတ်ကြည့်ပါနော်။တချို့က စိတ်လှုပ်ရှားနေတဲ့အချိန် လက်သည်းကိုက်တတ်တယ်ဆိုပေမယ့် တချို့ကျတော့ လက်သည်းညှပ်နဲ့ ညှပ်ရမှာ ပျင်းလို့ သွားနဲ့ကိုက်ပြီး တိပစ်ကြတာပါ။ လက်သည်း ကိုက်ခြင်းက လက်သည်းတိုသွားဖို့ အလွယ်ဆုံးနည်းလမ်း ဖြစ်နိုင်ပေမယ့် တကယ်တမ်း သင်မသိတာက သွားကို ထိခိုက်စေတယ် ဆိုတဲ့ အချက်ပါပဲ။ လက်သည်း ကိုက်တာက တကိုယ်ရည်သန့်ရှင်းမှုအတွက် မကောင်းတဲ့ အပြင် သွားအပေါ်ယံကြွေလွှာ ကိုပါ ထိခိုက်စေနိုင်ပါတယ်။လက်သည်း မကိုက်မိအောင် သတိထားဖို့ အတွက် လက်သည်း အတုတပ်ခြင်း၊ အရသာခါးတဲ့ လက်သည်းဆိုးဆေး ဆိုးခြင်း စတဲ့နည်းလမ်းတွေနဲ့ ကာကွယ်လို့ရပါတယ်။အာလူးကြော် စားမယ် ဆိုပါစို့ ။ မီးဖိုခန်းထဲ ဝင်ပြီး ကတ်ကြေး သွားယူရမှာထက် အာလူးကြော်ထုပ်ကို သွားနဲ့ ကိုက်ဖွင့်လိုက်တာက ပိုလွယ်ပါတယ်။ ဒါပေမယ့် သင်မသိသေးတာက ဒီလို ကိုက်ဖွင့်လိုက်တဲ့ အချိန်မှာ သွား ကို အလွှာကွာစေပြီး ကျိုးပဲ့စေနိုင်တယ် ဆိုတာပါပဲ။ ပုလင်းအေဖုံးတွေကို ကိုက်ဖွင့်ရင် ပိုဆိုးပါတယ်။ ဒီတော့ နည်းနည်းလေး အားထုတ်ပြီး ကတ်ကြေး သို့မဟုတ် ကိရိယာတစ်ခုခု သုံးမလား ၊ တစ်သက်တာ အတွက် အရေးကြီးတဲ့ သွားကို အပျက်စီးခံမလား ဆိုတာ သင့်အပေါ် မူတည်ပါတယ်။ရေခဲတုံးတွေက အေးစိမ့်ပြီး မာကျောပါတယ် ။ ရေခဲတုံး ဝါးစားခြင်း က သွား ကို ကျိုးအက်မှု ဖြစ်စေနိုင်ပြီး အကာအကွယ် ဖြစ်တဲ့ ကြွေလွှာကို ထိခိုက် ပျက်စီးစေပါတယ်။ ချက်ချင်း မဟုတ်ရင်တောင်မှ နောက်ပိုင်းမှာ ကြွေလွှာနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ပိုဖြစ်လာနိုင်ပါတယ်။ဒီအကျင့်ကို ဖျောက်ဖို့အတွက်တော့ ရေခဲတုံး စားမယ့် အစား ရေခဲရေပဲ သောက်ဖို့ ရွေးချယ်နိုင်ပါတယ် ။ ရေခဲတုံး ကိုက်တတ်တဲ့ အကျင့် ကို ဖျောက်ဖို့ ခက်မယ် ဆိုရင်တော့ အအေးသောက်တဲ့အခါ ရေခဲတုံး မထည့်ဖို့ ဆိုင်ကို ပြောပါ။သွားပိုးစားခြင်း နဲ့ ခံတွင်းနံ့ ဆိုးခြင်း တို့အတွက် တစ်နေ့ နှစ်ကြိမ် သွားတိုက်ဖို့ အရေးကြီးပါတယ် ။ ဒါပေမယ့် တိုက်ပုံတိုက်နည်း မှန်ကန်မှ ဖြစ်မှာပါ။ သွား ဆိုတာ တိုက်လေ ဖြူလေပဲ လို့ ထင်နေရင် မှားပါတယ်။ သွား အရမ်းတိုက်လွန်းရင် ကြွေလွှာတွေ ပျက်စီးပြီး သွားဖုံးထိခိုက်ပြီး သွားကို ထိခိုက်လွယ်စေပါတယ်။သွားတိုက်တဲ့အခါ သွားပွတ်တံ ပျော့ပျော့ နဲ့ စက်ဝိုင်းပုံသဏ္ဍာန် ညင်သာစွာ တစ်နေ့နှစ်ကြိမ် တိုက်ပါ။ကျောင်းနေအရွယ်တုန်းက ပျင်းလာရင် အတော်များများက ခဲတံ သို့မဟုတ် ဘောပင်အဖုံးကို ကိုက်တတ်တဲ့ အကျင့် ရှိကြပါတယ်။ ဒီအကျင့်က အသက်ကြီးလာတာတောင် မပျောက်ဘဲ ဆက်လုပ်နေကြတုန်းပါပဲ။ ဒီလိုကိုက်နေတာမျိုးက သွားတွေကို အနေအထားပျက်ယွင်း စေနိုင်ပြီးအသေးစားထိခိုက်ပွန်းပဲ့မှုတွေလည်း ဖြစ်စေနိုင်ပါတယ်။ဒါ့ကြောင့် သင့်ကလေးက ဒါမှမဟုတ် တစ်ယောက်ယောက်က စားစရာမဟုတ်ဘဲ ခဲတံကိုက်နေတာ တွေ့ရင် ချက်ချင်း တားပါ။ စိတ်ပူပန်မှု၊ ဖိစီးမှု ကြောင့် ဒီအကျင့်ကို လုပ်မိတာ ဆိုရင် နောက်မလုပ်မိစေဖို့ စိတ်ဖိစီးမှု ဖြစ်စေတဲ့ အကြောင်းကိစ္စတွေကို အရင်ဖြေရှင်းပါ။လူတချို့က ဒေါသထွက်လာတဲ့အခါ အံကြိတ်တတ်ကြပြီး တချို့ကတော့ လေးလံတဲ့ အရာဝတ္ထုတွေကို မ တဲ့အခါ အံကြိတ်တတ်ပါတယ်။ အံကြိတ်တဲ့အခါ သွားကို ဖိအားဖြစ်စေပြီး ကြာလာရင် ကျိုးအက်မှု ဖြစ်လာနိုင်စေတဲ့ ပွန်းပဲ့တာတွေ ဖြစ်စေတဲ့အတွက် ဒီအကျင့်ကို ဖျောက်သင့်ပါတယ်။ စိတ်ဖိစီးမှုကြောင့် အိပ်နေချိန်မှာ သွားမကြိတ်ဖို့တော့ သွားတွေ ကြားမှာ mouth guard တစ်ခုခု ကြားခံ ထားရှိပေးရင်ကောင်းပါတယ်။တစ်နေ့တာလုံးမှာ ရေအလုံအလောက် မသောက်ဘူး ဆိုရင် ခန္ဓာကိုယ်က ရေဓာတ် ခန်းခြောက်လာနိုင်ပါတယ်။ ရေဓာတ် ခန်းခြောက်ပြီ ဆိုရင် ခံတွင်းမှာ တံတွေး အထွက်နည်းစေပြီးအာခေါင်ခြောက်စေနိုင်ပါတယ်။တံတွေးက အစားအစာ နဲ့ သောက်စရာတွေ ထဲက အက်စစ်တွေကို ပျော်ဝင်စေဖို့ လုပ်ဆောင်ပေးတာကြောင့် အရေးပါတဲ့အရာတစ်ခု ဖြစ်ပါတယ်။ ဒါ့ကြောင့် ရေသောက်နည်းရင် တံတွေးနည်းမယ်၊ တံတွေးနည်းရင် သွားပိုးစားဖို့ အလားအလာ ပိုများမယ်။ဒီတော့ သွားကို ထိခိုက်မှု နည်းစေဖို့ တစ်နေ့ကို အနည်းဆုံး ရေ ၈ခွက်သောက်ဖို့ မမေ့ပါနဲ့။ငယ်ငယ်တုန်း ကတော့လိမ္မော်သီး ၊ရှောက်ချိုသီး စားရင် သွားနဲ့အခွံခွာတတ်ကြပါတယ်။ မိဘ တွေ ကတော့ သွား ပျက်စီးလိမ့်မယ် မလုပ်ရဘူး လို့ တားကြပါတယ်။မှန်ပါတယ် ။ အက်စစ်ဓာတ် များတဲ့ အစားအစာတွေ စားလွန်းရင် သွားကြွေလွှာ ပျက်စီးစေပါတယ်။ ကြွေလွှာ ပျက်စီးရင် သွား ပိုးစားစေတယ်၊ သွားကျဉ်ခြင်း နဲ့ တခြားပြဿနာတွေ ဖြစ်စေနိုင်ပါတယ် ။ နောက်တစ်ချက်က အက်စစ်ဓာတ် များတဲ့ အစားအစာတွေ စားပြီး အနည်းဆုံး နာရီဝက်လောက် ကြာတဲ့အထိ သွားမတိုက်ဖို့ သတိထားပါ။တစ်နေ့တာမှာသရေစာမုန့်တွေ အဆက်မပြတ် စားနေတာထက် ထမင်းသုံးနပ် အဝစားလိုက်တာက ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။ မုန့်တွေ လျော့စားပြီး ကျန်းမာရေးနဲ့ ညီတဲ့ အစာအာဟာရကို ရွေးချယ်ဖို့ ကြိုးစားကြည့်ပါ။ အချိုရည် တွေကို တတ်နိုင်သလောက်လျှော့သောက်ပါ။ ခံတွင်းထဲက အစားအသောက် အကြွင်းအကျန်တွေ ဆီကနေ မကောင်းတဲ့ ဘက်တီးရီးယား တွေ ဖြစ်လာစေနိုင်ပါတယ်။ဆိုဒါ နဲ့ အားဖြည့်အချိုရည် တွေမှာ ပါတဲ့ အက်စစ်ဓာတ် ဖြစ်စေတဲ့ pH level နဲ့ သကြားပါဝင်မှု မြင့်မားခြင်း တွေကြောင့် ကြွေလွှာ ပျက်စီးခြင်း၊ သွားပိုးစားခြင်း ၊ သွားကျဉ်ခြင်း ၊ နဲ့ တခြား ခံတွင်းပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ဒါ့အပြင် အရက် ၊ ဘီယာတွေ ကလည်း ကြွှေလွှာ ပျက်စီးစေပြီး တံတွေးထွက်ရှိမှု လျော့နည်းစေတာကြောင့် မကြာခဏ အာခေါင်ခြောက်စေပါတယ်။ ခံတွင်းခြောက်သွေ့မှုဟာ သွားပိုးစားနိုင်တဲ့ အန္တရာယ် ပိုများပြီး အနံ့ဆိုးနဲ့ ဘက်တီးရီးယား ဖြစ်ပေါ်နိုင်ခြေ များပါတယ်။သွားကြားထိုးတံ တွေကို သွားကြားက အညစ်အကြေးတွေကို ဖယ်ရှားဖို့ အတွက်ပဲ အသုံးပြုကြတာ ဖြစ်ပါတယ်။ သွားပေါ်မှာ ရှိနေတဲ့ သွားချေးတွေ ၊ ကွမ်းချိုး တွေကို ခွာချဖို့ သုံးမယ် ဆိုရင် သွားကြွေလွှာတွေ ထိခိုက်ပြီး သွားမှာ ပွန်းပဲ့စေနိုင်ပါတယ်။သွားပဲ့ထားတဲ့ နေရာတွေ ကြားကို သွားကြားထိုးတံ နဲ့ ထိုးကလော်တာမျိုး ကလည်း ပြဿနာရှိပါတယ်။ ခဏခဏ လုပ်ရင် သွားတွေကို ယိုင်စေပြီး သွားကျဲစေနိုင်ပါတယ်။ ဒါ့ကြောင့် သွားကြားထိုးတံကို အသုံးပြုတဲ့နေရာ မှန်ကန်ဖို့ ဂရုစိုက်ပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/dental-conditions/%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8/
ခံတွင်းအနံ့ဆိုး တာကို သက်သာစေမယ့် သကြားလုံး
ခံတွင်းအနံ့ဆိုး လို့ လူအများကြားမှာ စကားမပြောရဲတာမျိုး၊ စကားပြောရင်း အခြားသူက နှာခေါင်းကို ပွတ်လိုက်တဲ့အခါဖြစ်ဖြစ်၊ မျက်နှာ နည်းနည်းမဲ့သွားရင်တောင် ကိုယ့်ခံတွင်းက အနံ့ဆိုးထွက်နေလို့လားဆိုပြီး စိတ်မလုံခြုံသလို ခံစားနေရတာမျိုးရှိလား…… ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကိုဖတ်ကြည့်လိုက်ပါ။ ဒီဆောင်းပါးလေးထဲမှာ ခံတွင်းနံ့ဆိုးတာကို သက်သာစေမယ့် အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းလေးတွေကို ပြောပြပေးထားပါတယ်။ခံတွင်းနံ့ဆိုး ဆိုတာက ပါးစပ်ကနေ အနံ့ဆိုးတစ်ခုခုထွက်နေတာပါ။မနက်ခင်းအိပ်ရာထချိန်မှာတော့ တစ်ညလုံးအိပ်စက်နေချိန်မှာ ခံတွင်းထဲမှာ တံထွေးထွက်ရှိမှု နည်းတာကြောင့်ဘက်တီးရီးယားတွေပေါက်ဖွားတာကနေတဆင့် ခံတွင်းအနံ့ဆိုးဖြစ်နိုင်ပါတယ်။ မနက်ခင်းသွားမတိုက်ရသေးခင် မဟုတ်ဘူး၊ အနံ့ပြင်းတဲ့အစားအစာ တစ်ခုခု စားပြီးချိန်မဟုတ်ဘူး။ ဒါပေမယ့် ခံတွင်းအနံ့မကောင်းဘူးဆိုရင် သေချာတာက သင့်မှာ ခံတွင်းအနံ့ဆိုးရှိနေပါပြီ။ခံတွင်းအနံ့ဆိုးစေတဲ့ အချက်တွေကတော့ အများကြီးပါပဲ။ဘာကြောင့်ပဲ ခံတွင်းအနံ့ဆိုးဆိုး ခံတွင်းအနံ့ဆိုးတာက ကိုယ့်အတွက် မကောင်းဘူး။လူမှုရေးပြဿနာတွေအများကြီးဖြစ်စေပြီး လူတွေက ကိုယ့်ကိုရှောင်ကျဉ်ကြလိမ့်မယ်။ဒါကို အမြန်ဆုံးသက်သာစေဖို့ဆိုရင် လုပ်လို့ရတာက ဆေးဖက်ဝင်သကြားလုံးငုံလို့ရတယ်။ဥပမာ စျေးကွက်ထဲမှာရှိတဲ့ သကြားလုံးလေးတွေမှာဆိုရင် ဆေးဖက်ဝင်ပါဝင်ပစ္စည်းတွေဖြစ်တဲ့ယူကလစ်ဆီ၊ သံပရိုသီး၊ သံပရာသီး၊ ပရုပ်အေး၊ ပျားရည် တို့လိုမျိုး သဘာဝပစ္စည်းတွေနဲ့ ထုတ်လုပ်ထားတယ်။ သူ့မှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေအကုန်လုံးက ပါးစပ်ထဲမှာ အနံ့အသက်တွေဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယားတွေကိုဖယ်ရှားပေးတယ်။သွားရည်ထွက်ရှိမှုကိုလှုံ့ဆော်ပေးပြီး ပါးစပ်ခြောက်မနေအောင်လုပ်ပေးတယ်။ ခံတွင်းကို သန့်ရှင်းစေပြီး လည်ချောင်းထဲမှာရှိတဲ့ချွဲသလိပ်တွေကိုလည်း ပျော်ဆင်းသွားစေတဲ့အတွက် ပါးစပ်အနံ့ထွက်နေတာအတွက် အထိရောက်ဆုံးအမြန်ဖြေရှင်းလို့ရနိုင်တယ်။သကြားလုံးတွေရဲ့ အားသာချက်ကတော့ အထုပ်ကြီးနဲ့ အများကြီးသယ်သွားရတာမျိုး သယ်ရခက်တာမျိုးမရှိတဲ့အပြင် သွားတိုက်တာ၊ခံတွင်းသန့်ဆေးရည်သုံးတာလိုမျိုးတွေလိုလည်း အလုပ်မရှုပ်ဘူး။ ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားပြီး စကားပြောစရာရှိတာမျိုးဆို ငုံထားလိုက်လို့ရတယ်။ ဒါကြောင့် ခံတွင်းနံ့နံနေလို့ ကိုယ့်ကိုယ်ယုံကြည်စိတ်ချမှု ပျောက်ဆုံးနေရတယ် မဝံ့မရဲဖြစ်နေရတယ်ဆိုရင် ဆေးဖက်ဝင်သကြားလုံးတွေကို စမ်းငုံကြည့်လို့ရတယ်။သကြားလုံးငုံတာက ခဏတဖြုတ်သက်သာစေပေမယ့် ရေရှည်ခံတွင်းနံ့နံတာကို တိုက်ဖျက်ဖို့ဆိုရင်တော့ ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်ဖို့အတွက် အောက်ကအချက်အလက်တွေလုပ်ပေးသင့်တယ်။အစားစားပြီးတိုင်းပလုတ်ကျင်းပါ–ပလုတ်ကျင်းတာက သွား နဲ့ ခံတွင်းကျန်းမာရေးကို ဂရုစိုက်ရာ ရောက်သလို ခံတွင်းအနံ့ဆိုးမဖြစ်အောင်လည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ခံတွင်းအနံ့ဆိုးကင်းချင် အစားစားပြီးတိုင်း ပလုတ်ကျင်းပါ။သွားပွတ်ကြိုးသုံးပါ– သွားကြားထဲမှာ စားကြွင်းစားကျန်တွေရှိနေတာကလည်း ခံတွင်းအနံ့ဆိုးဖြစ်စေနိုင်ပါတယ်။ ဒါ​ကြောင့် အနည်းဆုံးတစ်နေ့တစ်ကြိမ် သွားပွတ်ကြိုး သုံးပေးပါ။သွားပုံမှန်တိုက်ပါ– တစ်နေ့တာမှာ မနက် အိပ်ရာထချိန် တစ်ကြိမ်၊ ညဘက် အိပ်ရာဝင်ချိန် တစ်ကြိမ် သွားတိုက်ပေးပါ။ ခံတွင်းထဲက ဘက်တီးရီးယားတွေကိုရော သွားကြားထဲက စားကြွင်းစားကျန်တွေကိုပါ သန့်စင်ပေးနိုင်ပါတယ်။ တစ်ခုသတိထားရမှာက သွားတိုက်တဲ့ အခါတိုင်းလျှာကိုပါ သန့်စင်ဖို့ပါ။ရေများများသောက်ပါ– ခံတွင်းခြောက်တာကလည်း ခံတွင်းအနံ့ဆိုးဖြစ်စေတဲ့ အချက်တွေထဲက တစ်ခုပါ။ ဒါကြောင့်ခံတွင်းခြောက်တဲ့ ပြဿနာကင်းဝေးပြီး ခံတွင်းအနံ့ဆိုးတာမျိုး မရှိစေဖို့ဆိုရင် ရေကို ပုံမှန်သောက်ပေးပါ။ ဆေးလိပ်ဖြတ်ပါ။အစားအသောက်ဂရုစိုက်ပါ– အစားစားတဲ့အခါကြက်သွန်ဖြူ၊ကြက်သွန်နီ၊ ကော်ဖီ၊ အယ်လ်ကိုဟောတို့လိုအရာတွေကိုရှောင်ပါ။ အချိုများတာတွေကိုလည်း မစားပါနဲ့။ ဒါတွေက ခံတွင်းအနံ့ကို ဆိုးစေနိုင်တာကြောင့်ပါ။သွားပွတ်တံ ပုံမှန်လဲလှယ်ပါ– သွားပွတ်တံကို ပုံမှန် ၃ လတစ်ကြိမ်လောက်လဲလှယ်ပေးပါ။ သွားပွတ်တံက အနားတွေဖွာနေပြီဆိုရင် ဆက်မတိုက်ပါနဲ့။ သွားပွတ်တံရွေးတဲ့အခါမှာလည်း Brush နုနုလေးဖြစ်နေတာမျိုးကို ရွေးသုံးပါ။ ဒါမှ သွားကြိုသွားကြားမကျန် သန့်စင်ပေးနိုင်မှာပါ။၆လတစ်ကြိမ်သွားကျန်းမာရေးစစ်ဆေးပါ– သွားတွေမှာ ပိုးပေါက်တွေရှိနေလား၊ခံတွင်းပြဿနာတွေရှိနေလားဆိုတာကို သိစေဖို့ အနည်းဆုံး ၆ လတစ်ကြိမ် စစ်ဆေးပြီး လိုအပ်တဲ့ ကုသမှုကို ခံယူပါ။ ဒီလိုခံယူတာက သွားကျန်းမာရေးကို ဂရုစိုက်ရာကျသလို ခံတွင်းအနံ့ဆိုးမဖြစ်အောင် ကာကွယ်ရာလည်းရောက်ပါတယ်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/oral-care/lozenges-for-bad-breath/
ကျစ်လစ်သေးသွယ်တဲ့ ခန္ဓာကိုယ်လေး ပိုင်ဆိုင်ချင်ပါသလား
ပျိုပျိုမေတိုင်းကတော့ ဝဝတုတ်တုတ် မဖြစ်ချင်ကြပါဘူး။ လူတကာ ငေးကြည့်ရတဲ့ ကျစ်လစ်သေးသွယ် ပြီး လှပတဲ့ ခန္ဓါကိုယ်လေးပဲ ပိုင်ဆိုင်ချင်ကြတာချည်းပါပဲ။ ကျစ်လစ်သေးသွယ်တဲ့ ခန္ဓာကိုယ်လေး ပိုင်ဆိုင်ရဖို့ဆိုတာ ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ စိတ်ဓါတ်က အရေးအကြီးဆုံးပါ။ ဘာတွေ လုပ်ဆောင်မလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။ဘယ်သူပဲ ဖြစ်ဖြစ် ခန္ဓါကိုယ်နဲ့ ပတ်သက်ပြီး ကိုယ်အားကျရတဲ့သူတော့ ရှိကြတာပါပဲ။ ဒီတော့ ပထမဆုံးအနေနဲ့ ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်လေး ပိုင်ဆိုင်ထားတဲ့သူကို ကြည့်ပါ။ ကိုယ်လိုချင်တဲ့ အလေးချိန်ကိုလည်း သတ်မှတ်ပါ။ ကိုယ်စားသုံးတဲ့ အစားအစာတွေမှာလည်း ကယ်လိုရီ ဘယ်လောက် ပါဝင်တယ်ဆိုတာ သိထားရင် အကောင်းဆုံးပါပဲ။ ကယ်လိုရီ မများဖို့ ဂရုစိုက်ပါမယ်။မိန်းကလေးတော်တော်များများကတော့ မနက်စာ စားခြင်းကို ရှောင်ရှားကြပါတယ်။ မနက်စာ မစားတာက ကယ်လိုရီတွေ လျှော့ချနိုင်မယ်လို့ တွေးထင်တာကြောင့် မစားကြတာပါ။တကယ်တော့ မနက်စာက စားရမှာပါ။ အကယ်လို့ မနက်စာ မစားဘူးဆိုရင် နေ့လည် ဗိုက်ဆာတဲ့အခါမှာ ကယ်လိုရီတွေ အများကြီး စားမိနိုင်ပါတယ်။ခန္ဓာကိုယ်လေး ကျစ်လစ်ဖို့ ဆိုရင်တော့ ရေဓါတ် လိုပါတယ်။ ရေက ခန္ဓါကိုယ်ထဲမှာ ရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပစ်နိုင်ပြီး ရေဓါတ်ရစေတာမို့ ခန္ဓါကိုယ်ကို အားအင်ရှိစေပါတယ်။Mayo Clinic အရ ရေဓါတ်နည်းတာဟာ မောပန်းလွယ်ခြင်းကို ဖြစ်စေပြီး သွက်သွက်လက်လက် လှုပ်ရှားတာတွေ မရှိတော့ပါဘူး။ ဒါဆိုရင်တော့ ကိုယ့်ဆီမှာ ဇီဝဖြစ်ပျက်မှုလည်း ကောင်းမှာ မဟုတ်ဘူး ဝတာတွေလည်း ဖြစ်စေပါတယ်။ ရေဓါတ်ကို အသီးအရွက်၊ အသီးအနှံတွေကနေလည်း ရရှိနိုင်ပါတယ်။အစားမလျှော့နိုင်လို့ ဝတယ်ဆိုတဲ့သူတွေ အများကြီးပါ။ ဒီတော့ အစားလျှော့စားနိုင်ဖို့ နည်းလမ်းလိုပါတယ်။ လုံးဝမစားတာမျိုး မဟုတ်ဘဲ နည်းနည်းပဲ စားဖြစ်အောင် ကြိုးစားပါ။ အစားကို ကြေညက်အောင် ဝါးပါ။ပြီးရင် ဖြည်းဖြည်းချင်းစားပါ။ စားနေရင်းမှာ ဗိုက်ပြည့်လာသလို ခံစားလာရမှာပါ။ ဒါဆိုရင်တော့ အစားနည်းနည်းပဲ စားဖြစ်မှာပါ။ ဇွန်းနဲ့ စားတာကလည်း အစားစားချင်စိတ်ကို နည်းနည်းတော့ အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ခန္ဓါကိုယ်မှာ အဆီပိုတွေ မရှိဖို့ဆိုတာ လှုပ်ရှားမှု လိုပါတယ်။ အစားစားပြီးတိုင်း လမ်းလျှောက်ပေးပါ။ အစားစားပြီးတိုင်း ဆယ်မိနစ်လောက် လမ်းလျှောက်တာက ကယ်လိုရီတွေကို လောင်ကျွမ်းစေသလို အစာခြေလမ်းကြောင်းကိုလည်း ကောင်းမွန်စေပါတယ်။ဒါ့ကြောင့် ကယ်လိုရီတွေ မြန်မြန် လောင်ကျွမ်းချင်တယ်ဆိုရင်တော့ အစားစားပြီးရင် တန်းထိုင်တာမျိုး မလုပ်ပါနဲ့။အမျှင်ဓါတ်ကတော့ ကျစ်လစ်တဲ့ ခန္ဓာကိုယ်လေး ပိုင်ဆိုင်ချင်သူတိုင်းအတွက် အလိုအပ်ဆုံးပါ။ အမျှင်ဓါတ်တွေက ကျန်းမာရေး ကောင်းမွန်စေပြီး အဆီလည်း ကျစေပါတယ်။ အမျှင်ဓါတ် များများ စားသုံးတာက တခြားကယ်လိုရီတွေ မစားမိတော့အောင် ထိန်းချုပ်ပေးပါတယ်။အမျှင်ဓါတ်ပါဝင်တဲ့ အစားအစာတွေက ကြာကြာလည်း ဝါးရတာမို့ ဗိုက်ခဏခဏ ပြန်ဆာတာကို သက်သာစေပါတယ်။ အသီးအရွက်လေးတွေ ပိုစားပေးနော်။ခန္ဓာကိုယ်လေးတော့ ကျစ်လစ်ချင်ပါရဲ့ လေ့ကျင့်ခန်း မလုပ်ချင်ဘူးဆိုရင်တော့ အဆင်မပြေပါဘူးနော်။ ပြေးခြင်း၊ ရေကူးခြင်း၊ ကြက်တောင်ရိုက်၊ GYM ဆော့တာတွေ လုပ်ပေးပါ။ အနည်းဆုံးတော့ လမ်းလျှောက်ပါနော်။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/weight-loss-exercises/how-to-get-slim-body-for-ladies/
ခရီးသွားရင် နောက်ဆုံးခုံမှာထိုင်ရတဲ့အခါ ပိုမူးတတ်တာ ဒါတွေကြောင့်ပါ။
ခရီးသွားရင် နောက်ဆုံးခုံမှာထိုင်ရတဲ့အခါ ပိုမူးတတ်တာ ဒါတွေကြောင့်ပါ။ ဘာတွေလဲဆိုတာကိုတော့ ကိုယ်တိုင် လေ့လာလိုက်ပါ။ခရီးသွားခါနီး ကားလတ်မှတ်သွားဝယ်တဲ့အခါ နောက်ဆုံးခုံပဲရတော့တယ်ဆိုရင် လူတိုင်းစိတ်ညစ်ကြပါတယ်။ နောက်ဆုံးခုံကြီးကလည်းဖြစ်၊ ခုံတန်းကရှည်၊ လူကလည်း ၅ ယောက်လောက်ပူးထိုင်ရဆိုတော့ ကြဉ်းကြပ်တာပေါ့။ ကားမူးတဲ့သူတွေဆို နောက်ဆုံးခုံမှာ ထိုင်စီးရမှာ အသေကြောက်။ နဂို အေးအေး ၂ ယောက်တွဲခုံတွေထိုင်တာတောင် ကိုယ့်မှာ မရှုနိုင် မကယ်နိုင်ဖြစ်နေတာ နောက်ဆုံးခုံမှာသာ ထိုင်စီးလိုက်လို့ကတော့ ဘာပြောကောင်းမလဲ။ တစ်လမ်းလုံး အမူးကမ္ဘာထဲက ထွက်တော့မှာကို မဟုတ်ဘူး။ဘာ့ကြောင့်လဲ ။ အခြားခုံတွေထက် ကားနောက်ဆုံးတန်းက ထိုင်ခုံက ဘာ့ကြောင့် ကားပိုမူးစေရတာလဲ ဆိုတော့ ခရီးသွားရင် နောက်ဆုံးခုံမှာထိုင်ရတဲ့အခါ ပိုမူးတတ်တာ ဒါတွေကြောင့်ပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/ear-conditions/motion-sickness-back-seat/
ကလေးဦးနှောက်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်အာဟာရ
သန္ဓေသားဘဝကနေ အသက်အရွယ်ကြီးပြင်းလာသည်အထိ ကလေးတွေဉာဏ်ရည်ထက်မြက်ပြီး ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာဖို့ အစာအာဟာရတွေက အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ တစ်နေ့တာ လိုအပ်တဲ့ဗီတာမင်နဲ့ အာဟာရဓါတ်ကို လုံလောက်စွာ ရရှိနိုင်မှ ကလေးတွေကိုယ်ခံအားကောင်းမယ်၊ ကျန်းမာမယ်၊ အရိုးအဆစ်တွေ ကြံ့ခိုင်သန်စွမ်းမယ်၊ သက်လုံကောင်းမယ်၊ ကူးစက်ရောဂါ ဝင်ရောက်နိုင်ခြေ နည်းမှာဖြစ်ပါတယ်။မိခင်တွေအနေနဲ့ကိုယ်ဝန်ဆောင်စဉ်မှာ အာဟာရမျှတတဲ့ အစားအစာတွေကိုသာ ရွေးချယ်စားသုံးသင့်ပါတယ်။ ဗီတာမင်အစုံအလင်ပါဝင်တဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေအပြင်ပရိုတင်းဓါတ်(အသားဓါတ်) ပါဝင်တဲ့ အသား၊ ငါး၊ ဥအမျိုးမျိုး၊ အစေ့အဆန်၊ နို့ထွက်ပစ္စည်းတွေကို လုံလောက်စွာ စားပေးဖို့ အရေးကြီးပါတယ်။မိခင်တွေအနေနဲ့ ကလေးမွေးပြီးတဲ့ အချိန်မှာလည်း နို့ထွက်အားကောင်းစေဖို့အာဟာရြဖစ်စေတဲ့ အစားအစာတွေကို များများစားပေးရပါမယ်။ မိခင်နို့မှာ ကလေးတွေ ကြီးထွားသန်စွမ်းဖို့နဲ့ ဉာဏ်ရည်ထက်မြက်စေဖို့ အာဟာရဓါတ်တွေ အများအပြားပါဝင်တဲ့အတွက် ကလေးတွေကို ၆ လ မပြည့်ခင်အချိန်ထိ မိခင်နို့တစ်မျိုးပဲ မှန်မှန်တိုက်ကျွေးပေးပါ။ကလေးတွေ ကြီးလာတာနဲ့အမျှ ကိုယ်ခန္ဓါကြီးထွားဖွံ့ဖြိုးမှုအတွက် နေ့စဉ်ဗီတာမင်နဲ့သတ္တုဓါတ်တွေပိုမိုလိုအပ်လာမှာပါ။ ကိုယ့်ကလေးကို ဂရုစိုက်တဲ့ မေမေတွေအနေနဲ့ အစားအစာတွေကို သေချာစီမံချက်ပြုတ်ဖို့ရာ ဘယ်အာဟာရဓါတ်တွေက ကိုယ့်ကလေးကို ဉာဏ်ရည်ထက်မြက်စေမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်ဖြစ်ပြီး ဦးနှောက်ဖွံ့ဖြိုးမှုကိုလည်း အထောက်အကူဖြစ်စေပါတယ်။ သွေးထဲက အောက်စီဂျင်ကို ဦးနှောက်ထဲပို့ပေးတဲ့အပြင် တစ်နေ့တာ လိုအပ်တဲ့ခွန်အားကို ပေးစွမ်းနိုင်ပါတယ်။သံဓါတ်နည်းတဲ့ ကလေးတွေမှာ သွေးအားနည်းရောဂါတွေကို ကြုံလာရနိုင်ပါတယ်။ ဒါကြောင့် ငယ်စဉ်ကတည်းက ကလေးတွေမှာ သံဓါတ်အလုံအလောက်ရဖို့ မိခင်နို့ကို မှန်မှန်တိုက်ကျွေးသင့်ပြီး အသား၊ အသည်းအမြစ်၊ ငါး၊ တို့ဟူး၊ အစေ့အဆန်တွေ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်ကနေလည်း သံဓါတ်ကို ရရှိနိုင်ပါတယ်။ဗီတာမင် B1, B2, B3, B6 နဲ့ B12 အစရှိတဲ့ ဗီတာမင် B အုပ်စုဟာ နေ့စဉ်ကုန်ဆုံးသွားတဲ့ အားအင်တွေကို ဖြည့်တင်းပေးပြီး ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ သွေးနီဥဆဲလ်တွေကို ထုတ်လုပ်ပေးရာမှာလည်း အထောက်အကူဖြစ်စေတယ်။ ဦးနှောက်နဲ့ အာရုံကြောစနစ်ကို အထောက်အကူပေးပြီး မှတ်ဉာဏ်ချို့ယွင်းတာ၊ စိတ်ဓါတ်ကျရောဂါတွေ၊သွေးအားနည်းရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် B အုပ်စုကို အသား၊ ငါး၊ ကြက်သား၊ အခွံမာသီး၊ နို့ထွက်ပစ္စည်း၊ ဥနဲ့ ပဲအမျိုးမျိုးကနေတစ်ဆင့် ရရှိနိုင်သလို ဂျုံကြမ်းပေါင်မုန့်တွေမှာလည်း တွေ့ရပါတယ်။မိခင်နို့၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်၊ အသည်း၊ ပဲ၊ ဂျုံ၊ ကောက်ပဲသီးနှံမှာ ပါဝင်ပါတယ်။ ကလေးတွေရဲ့ အရိုးနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေတဲ့အပြင် ကိုယ်ဝန်ဆောင်မိခင်တွေလည်း ဖောလစ်အက်ဆစ် လုံလောက်စွာ ရရှိဖို့ အရေးကြီးပါတယ်။ကလေးတွေရဲ့ ဉာဏ်ရည်ကို ထက်မြက်စေတယ်။ ကိုယ်တွင်း တစ်သျှူးတွေကို ကောင်းစွာ ကြီးထွားစေဖို့နဲ့ ကိုယ်ခန္ဓါရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို အထောက်အကူပေးလို့ အိုင်အိုဒင်းဓါတ်ကို ပြည့်ဝစွာ ရရှိဖို့ အရေးကြီးပါတယ်။ မိခင်နို့၊ ပင်လယ်စာ၊အိုင်အိုဒင်းဆားမှာ အများဆုံးပါဝင်ပြီး နွားနို့၊ အစေ့အဆန်တွေနဲ့ ဥတွေမှာလည်း တွေ့ရပါတယ်။ ထ။ကလေး အသက် ၆လပြည့်ပြီးနောက်မှာလည်း DHA, Omega – 3, Omega – 6 ပါဝင်တဲ့ အစားအစာတွေ၊ ကလေးကြီးထွားမှုကို အထောက်အကူဖြစ်စေတဲ့ နို့မှုန့်တွေကိုသာ ရွေးချယ်တိုက်ကျွေးသင့်ပါတယ်။ ကလေးဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ဉာဏ်ရည်ထက်မြက်စေမှုမှာ DHA, Omega 3, Omega 6 ဓါတ်တွေဟာ မရှိမဖြစ်လိုအပ်တဲ့အတွက် ငယ်ရွယ်စဉ်ကတည်းက ဂရုစိုက်ပြီး ကျွေးဖို့လိုအပ်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပေးချက်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/nutrients-for-brain-development/
ဘယ်အရာတွေက အသည်းရောင်ခြင်း ဖြစ်ပွားနိုင်ချေ ကိုမြင့်စေပါသလဲ
ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော အသည်းရောင်ရောဂါသည် အသည်း၏လုပ်ငန်းများကိုပျက်စီးစေသည့် ထင်ရှားသောရောဂါဖြစ်ပါသည်။ ဒီရောဂါသည် အသည်းကင်ဆာဖြစ်စေနိုင်သော အဓိကအကြောင်းရင်းများထဲက တစ်ခုလည်း ဖြစ်သည်။ သင်သည်ဆေးရုံ (သို့) နေ့ကလေးထိန်းကျောင်းတွင် အလုပ်လုပ်လျှင်(သို့) ခရီးသွားရင်းမသန့်သည့် အစာကို အမှတ်တမဲ့စားမိလျှင် ရောဂါရနိုင်ချေပိုများပါသည်။ဗိုင်းရပ်စ်ပိုးများသည် အသည်းရောဂါအများစုကိုဖြစ်စေပါသည်။ ၎င်းပိုးများနှင့်တိုက်ရိုက်ဖြစ်စေ (သို့) သွေး၊ မစင်၊ မိန်းမကိုယ်မှထွက်သောအရည်၊ သုက်ပိုးစသည့် ခန္ဓါကိုယ်မှထွက်သောအရည်များမှတစ်ဆင့် ထိ၍ဖြစ်စေ ကူးစက်နိုင်ပါသည်။ ထို့အပြင် အရက်နှင့် ဆေးများအလွန်အကျွံသုံးစွဲခြင်း၊ ခုခံအားကျခြင်းကလည်း အသည်းရောင်ရောဂါဖြစ်စေသည်။အသည်းရောင်ရောဂါဖြစ်နှုန်းများစေသည့် အပြုအမှုများ။အသည်းရောင်ရောဂါဖြစ်နှုန်းများစေသည့် အပြုအမှုများမှာ။•အကြောထဲသို့ဆေးသွင်းခြင်း။ဆေးထိုးအပ်မျှသုံးခြင်းမှကူးစက်နိုင်သည်။ သွေးကြောမှဆေးသွင်းနေရသူတိုင်း ၃လတစ်ခါ အသည်းရောင်ရောဂါရှိ၊မရှိစစ်ဆေးသင့်ပါသည်။•ခုခံအားကျဆင်းမှုကူးစက်ရောဂါရှိခြင်း။အကယ်၍သင်သည် ရောဂါပိုးရှိသောဆေးထိုးအပ်မျှသုံးခြင်း၊ ပိုးရှိသောသွေးသွင်းမိခြင်း၊ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းတို့မတစ်ဆင့်ခုခံအားကျဆင်းမှုကူးစက်ရောဂါရှိနေပါကအသည်းရောင်ရောဂါဖြစ်နိုင်ချေပိုများပါသည်။ခန္ဓါကိုယ်မှအရည်များနှင့်ထိတွေ့ခြင်းကအသည်းရောင်ရောဂါပိုးဖြစ်နိုင်ချေကိုသာ မြင့်စေသည်။ ခုခံအားကျဆင်းမှုရောဂါကိုတော့ပိုမဆိုးစေပါ။•တက်တူးထိုးခြင်း၊ အပ်နှင့်ထိုးမိခြင်း။တက်တူးထိုးမည်ဆိုလျှင်အပ်အသစ်ကိုမသုံးပါကအသည်းရောင်ရောဂါနှင့် သွေးမှတစ်ဆင့်ကူးစက်တတ်သောခုခံအားကျဆင်းမှုကူးစက်ရောဂါတို့ ပိုဖြစ်နိုင်ပါသည်။•အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း(စအိုနှင့်ပါးစပ်မှလဲကူးစက်နိုင်သည်)။အသည်းရောင်ရောဂါ(အေ) နှင့် (အီး)သည်မသန့်သောအစာစားရာမှ ကူးစက်နိုင်သည့်အပြင် စအို(သို့)ပါးစပ်နှင့် လိင်ဆက်ဆံပါကလည်း ကူးစက်နိုင်သည်။ဆေးဝါးနှင့်အရက်သုံးစွဲခြင်း။ဆေးဝါးများကိုေ သာက်ရမည့်အညွှန်းထက် ပို၍သောက်မိပါက အသည်းကိုဆိုးဝါးစွာထိခိုက်နိုင်ပါသည်။ ဥပမာ-acetaminophen။ ၎င်းသည်ဆေးကြောင့်အသည်းထိခိုက်စေခြင်းတွင် အရေးကြီးဆုံးအကြောင်းရင်းတစ်ခုဖြစ်သည်။ Methotrexate သွေးလေးဖက်နာနဲ့ဆိုရီးရေးစစ် အရေပြားရောဂါအတွက် ပေးသောဆေးများကလည်း အသည်းရောင်ရောဂါဖြစ်စေသည်။အရက်ကို နှစ်ရှည်သောက်ခြင်းက အရက်ကြောင့်ဖြစ်သောအသည်းရောင်ရောဂါကို ဖြစ်စေပါသည်။ အချို့ဆိုးဝါးသောကိစ္စများတွင် လူ ၄၀ ရာခိုင်နှုန်းကို စဖြစ်ခါစမှ ခြေက်လအတွင်း သေစေနိုင်ပါသည်။ အ န္တရာယ်အများဆုံး လူများမှာမည့်သည့် အရက်အမျိုးအစားကိုမဆိုတစ်ရက် ၁၀၀ဂရမ် (အကြမ်းဖျင်းတစ်နေ့၁၀ ခွက် နှင့်အထက်) နှစ်ပေါင်းများစွာသောက်သူများဖြစ်သည်။အရက်နှင့် acetaminophen တွဲသောက်မိပါက အသက်အန္တရာယ်ပါ ထိခိုက်စေနိုင်သောအသည်းရောင်ခြင်းကို ဖြစ်နိုင်ချေရှိသည်။လူနေမှုပုံစံနှင့်အလုပ်။အောက်ပါလူများသည ်ရောဂါပို၍ဖြစ်နိုင်သည်။• ကလေးများအတွက် အလုပ်လုပ်ပေးရသောသူများသည် အသည်းရောင်(အေ)ရောဂါ ပိုဖြစ်နိုင်ချေရှိသည်။ သူသည်ကလေးသေးခံလဲပေးပြီးနောက် လက်ဆေးရန်မေ့နိုင်သည်။ အိမ်သာသွားပြီးနောက် လက်ဆေးဖို့မေ့နေသောကလေး ကိုင်တွယ်ထားသည့်ကစားစရာပစ္စည်းများ နှင့် တခြားအရာများကိုကိုင်တွယ်မိရာမှ တစ်ဆင့် ထိုသူသည်ရောဂါကူးစက်နိုင်သည်။• အသည်းရောင်ရောဂါရှိသူနှင့်အတူနေခြင်း။ ရောဂါပိုးရှိသောသွေးအနည်းငယ်ထိထားသည့် သွားတိုက်တံ၊ မုတ်ဆိတ်ရိတ်ဓါး၊ လက်သည်းညှပ်များ မျှဝေသုံးစွဲရာမှ တစ်ဆင့်ကူးစက်နိုင်သည်။• ကျန်မာရေးလုပ်သားများ။ လူနာ၏သွေး(သို့)ဆေးထိုးအပ်၊ ကျန်းမာရေးကိရိယာများကို ထိမိခြင်းအားဖြင့် ကူးစက်နိုင်ချေပိုများပါသည်။အစားအစာနှင့်ရေ။အသည်းရောင်ရောဂါ (အေ) နှင့် (အီး) အများစုသည် မသန့်ရှင်းသောဝမ်းနဲ့ထိတွေ့မိသောအစာများကို စားသောက်မိခြင်းမှ ကူးစက်နိုင်သည်။ အထူးသဖြင့် ဝမ်း နဲ့ထိတွေ့မိသော မသန့်ရှင်းသည့်အစာနှင့်ရေကိုစားသောက်မိခြင်း၊ မသန့်ရှင်းသောရေတွင် ဟင်းသီးဟင်းရွက်နဲ့သစ်သီးများဆေးမိခြင်း၊ ထိုမသန့်ရှင်းသောရေနဲ့အစားအသောက်များပြုလုပ်မိခြင်းတို့မှ ကူးစက်နိုင်ပါသည်။ခရီးသွား အန္တရာယ်။ခရီးသွားရင်း မသန့်ရှင်းသောရေများ သောက်သုံးမိနိုင်ပါသည်။ ထို့ကြောင့် ခရီးမသွားမီ အသည်းရောင်အသားဝါ ကာကွယ်ဆေးထိုးထားသင့်ပါသည်။ အသည်းရောင်(အေ)နှင့် (ဘီ)ပိုးအတွက်သာ ကာကွယ်ဆေးရှိပါသည်။အခြားအသည်းရောင်ရောဂါဖြစ်ပွားနိုင်ချေကိုမြင့်စေသောအရာများ။အခြားအသည်းရောင်ရောဂါဖြစ်ပွားနိုင်ချေကို မြင့်စေသောအရာများမှာ။• သွေးသွင်းခြင်း- ၁၉၉၀မတိုင်ခင်သွေးသွင်းဖူးလျှင် အသည်းရောင်ရောဂါ(ဘီ)ပိုးရှိ၊မရှိတစ်ခါမှ မစစ်ရသေးလျှင် ဆရာဝန်ဆီ သွားရောက်စစ်ဆေးသင့်သည်။• ကိုယ်ခံအားကျစေသောကုထုံးများ (သို့) ကင်ဆာဆေးသွင်းခြင်း- အစားထိုးထားသော ကိုယ်တွင်းအင်္ဂါများကို ခန္ဓါကိုယ်မှတိုက်ခိုက်ခြင်းကို ကာကွယ်ရန် သုံးရသောဆေးများနှင့် ကင်ဆာဆေးသွင်းခြင်းတို့တွင် သုံးသောဆေးတို့သည် ခန္ဓါကိုယ်၏ကိုယ်ခံအားကိုကျစေပြီး အသည်းရောင်ရောဂါပိုဖြစ်စေနိုင်ပါသည်။• မိခင်မှကလေးသို့ ကလေးမွေးစဉ်ကူးစက်ခြင်း။အသည်းရောင်ရောဂါဖြစ်ပွားနိုင်ချေမြင့်စေသောအဖြစ်များသည့် အကြောင်းရင်းအချို့ရှိပါသည်။ ဥပမာ -အန္တရာယ်ရှိသောအပြုအမှုများ၊ ဆေးဝါး နဲ့အရက် အလွဲသုံးစားခြင်း ၊ ခရီးသွားအန္တရာယ် ၊ လူနေမှုပုံစံ၊ အလုပ်အကိုင်၊ မသန့်ရှင်းသောရေ နှင့် အစားအသောက်များ ဖြစ်ပါသည်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/%e1%80%98%e1%80%9a%e1%80%ba%e1%80%a1%e1%80%9b%e1%80%ac%e1%80%90%e1%80%bd%e1%80%b1%e1%80%80-%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%81%e1%80%bc/
ဝမ်းချုပ်တတ်တဲ့ကလေးမှာ ဘာတွေဖြစ်လာနိုင်သလဲ၊ ဘယ်လိုကာကွယ်မလဲ
ဝမ်းချုပ်တယ်ဆိုတာ ကလေးတွေမှာ အဖြစ်များတဲ့ပြဿနာတစ်ခုပါ။ ကိုယ်တွေငယ်ငယ်ကတောင် ဝမ်းချုပ်လို့ ဝမ်းချူခံရတိုင်း ငိုယိုခဲ့ရတာ မှတ်မိကြတယ်မလား။ ဝမ်းချုပ်တယ်၊ ဝမ်းလျှောတယ်၊ ဝမ်းကိုက်တယ်ဆိုတာတွေက အဖြစ်များဆုံး အစာအိမ်နဲ့အူလမ်းကြောင်းပြဿနာတွေပါ။ကလေးက ဝမ်းချုပ်ပြီဆိုရင် –။ကလေးတစ်ယောက်ဝမ်းချုပ်တဲ့အခါ အတော်ပင်ပန်းရှာပါတယ်။ မိဘတွေမှာ ကြည့်ရတာ စိတ်မကောင်းဖြစ်ရ၊ ဝမ်းချူဖို့ကျတော့လည်း ခဏခဏမသုံးသင့်တာကြောင့် ဘာလုပ်ပေးရမှန်းမသိဖြစ်တတ်ကြပါတယ်။ ဝမ်းမသွားတော့ဗိုက်အောင့်ရတယ်၊ဝမ်းသွားရင် နာကျင်ရတယ်ဆိုတော့ ကလေးက ညှစ်ရမှာကိုကြောက်လာမယ်။ ဝမ်းခဏခဏချုပ်တတ်တဲ့ကလေးမှာ မဖြေရှင်းနိုင်ရင် ကြာလာတာနဲ့အမျှ အူလမ်းကြောင်းမှာ အညစ်အကြေးတွေစုပုံလာပြီး ဒုက္ခများနိုင်ပါတယ်။ကလေးတွေဝမ်းချုပ်တာကရောဂါကြီးကြီးမားမားမဟုတ်ပေမယ့် ခဏခဏဝမ်းချုပ်တယ်၊ ဝမ်းချုပ်တာရက်ကြာလာတယ်ဆိုရင်နောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်တယ် ဒါမှမဟုတ်နောက်ခံရောဂါအကြောင်းရင်းတစ်ခုခုကိုဖော်ပြနေတာဖြစ်နိုင်တယ်။ ဒါ့ကြောင့် ကလေးက ၂ ပတ်ထက်ကျော်ပြီး ဝမ်းချုပ်နေတယ်၊ ဒီလက္ခဏာတွေရှိလာတယ်ဆို အမြန်ဆုံးဆရာဝန်ပြပြီးဆေးကုသမှုခံယူသင့်ပါတယ် –။ကလေးတွေဝမ်းချုပ်ရင် ခံစားရတာ သိပ်သနားဖို့ကောင်းပါတယ်။ တစ်ခါတလေဖြစ်တာပြဿနာမရှိပေမယ့် ကြာလာရင်တော့ –။ကျန်းမာရေးနဲ့ပတ်သက်ရင် မဖြစ်ခင်က ကြိုတင်ကာကွယ်တာအကောင်းဆုံးပါပဲ။ အရေးကြီးဆုံးက ဒီအချက် (၄)ချက်ကို သတိထားလုပ်ဆောင်ပေးပါ –။အမျှင်ဓါတ်ကြွယ်ဝတာတွေ ကျွေးပါ။အမျှင်ဓါတ်ကြွယ်ဝတဲ့အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ပဲအမျိုးမျိုးနဲ့ ဂျုံကြမ်းတို့ကို ကလေးအာဟာရမှာ ပါဝင်အောင်ဂရုစိုက်ပေးပါ။ သင်္ဘောသီး၊ ပန်းသီး၊ ဟင်းနုနွယ်၊ ပဲနီလေး စတာတွေကိုနေ့စဉ်အာဟာရမှာ ပါဝင်စေခြင်းအားဖြင့်လေပွတာ၊ ဝမ်းချုပ်တာ၊ ဝမ်းပျက်တာ၊ အစာမကြေတာ စတဲ့အစာအိမ်နဲ့အူလမ်းကြောင်းပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။နောက်ဆုံးရလဒ်ကတော့ ဝမ်းမှန်စေပါတယ်။Probiotics ၊ Prebiotics ပါတဲ့အစားအသောက်တွေဖြည့်စွက်ကျွေးပါ။အူလမ်းကြောင်းထဲမှာ သဘာဝအတိုင်းရှိနေတဲ့ အကျိုးပြုဘက်တီးရီးယား(Probiotics ) တွေက ကလေးတွေရဲ့အစာခြေစနစ်ကျန်းမာရေးကိုစောင့်ရှောက်ကူညီပေးပြီး အစာကြေအောင်၊ ဝမ်းတစ်လုံးကောင်းအောင် လုပ်ဆောင်ပေးပါတယ်။ ဒီဘက်တီးရီးယားလေးတွေအတွက် လိုအပ်တဲ့အာဟာရအမျှင်ဓါတ်ဖြစ်တဲ့ prebioticsလေးတွေကို လူသိနည်းပါတယ်။ Prebioticတွေကို ငှက်ပျောသီး၊ကညွတ်၊ပဲပိစပ်တို့လို အစားအသောက်တွေကနေရရှိနိင်သလိုLcFOS(prebiotic တစ်မျိုး) ဖြည့်စွက်ထားတဲ့အာဟာရနို့မှုန့်တွေကနေလည်း ရရှိနိုင်ပါတယ်။ အစာခြေစနစ်နဲ့ အူလမ်းကြောင်းအတွက် prebioticတွေရဲ့ကောင်းကျိုးတွေက အူလမ်းကြောင်းလုပ်ဆောင်ချက်တွေကို ပိုမြန်ဆန်စေဖို့ကူညီပေးတယ်၊အူမကြီးကိုသန့်ရှင်းစေတယ်၊ ဝမ်းမှန်စေတယ်။ရေအလုံအလောက်တိုက်ပါ။ဝမ်းချုပ်တာက အူမကြီးအတွင်းရေဓါတ်ခန်းခြောက်ခြင်းနဲ့ဆက်နွှယ်နေတာဖြစ်လို့ရေအလုံအလောက်သောက်ဖို့တော့လိုပါတယ်။ ကလေးရဲ့ခန္ဓါကိုယ်မှာရေဓါတ်ပြည့်ဝနေတဲ့အခါ ဝမ်းကိုမမာကျစ်စေဘဲ အူမကြီးအတွင်းကနေရှောရှောရှူရှူစွန့်ထုတ်နိုင်စေပါတယ်။ ရေသောက်နည်းရင် ဝမ်းချုပ်တတ်ပါတယ်။လှုပ်လှုပ်ရှားရှားနေခိုင်းပါ။ကလေးတွေကိုငြိမ်နေဖို့ပဲအားမပေးဘဲ လှုပ်လှုပ်ရှားရှားဆော့ကစားခိုင်းတာ ကျန်းမာရေးအတွက်အကောင်းဆုံးပါ။ အမြဲတော့မဟုတ်ကေမယ့်နေ့စဉ်ပုံမှန်လှုပ်ရှားမှုတော့ရှိနေသင့်ပါတယ်။ လှုပ်ရှားမှုတွေက အူတွင်းလုပ်ဆောင်ချက်တွေကိုပုံမှန်ဖြစ်စေဖို့ လှုံ့ဆော်ပေးတာမို့ပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/digestive-problems/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%be%e1%80%ac-%e1%80%9d%e1%80%99%e1%80%ba%e1%80%b8%e1%80%81%e1%80%bb%e1%80%af%e1%80%95%e1%80%ba%e1%80%9b%e1%80%84%e1%80%ba-%e1%80%98%e1%80%ac%e1%80%80/
အရိုးတွေ သန်မာချင်သလား၊ ဒါတွေစားပေးပါ
အသက်ကြီးတဲ့အထိ သွားလာနိုင်ချင်တယ်၊ အစားတွေကိုကောင်းကောင်းစားနိုင်ချင်ရင် ငယ်ငယ်ကတည်းကအရိုးတွေ၊ သွားတွေကောင်းဖို့လိုပါတယ်။ ကြာကြာဝါးမယ့် သွားအရိုးကြည့်ရှောင်ဖို့ လိုသလို အသက်ကြီးတဲ့အထိ အရိုးတွေကြံ့ခိုင်သန်စွမ်းဖို့ဆိုရင် အစားအစာတွေကို ဂရုစိုက်စားသုံးဖို့လိုပါမယ်။ အစားအစာတစ်ခုတိုင်မျာ သူ့အာဟာရနဲ့သူရှိသလိုခန္ဓါကိုယ်အတွက် တစ်နည်းနည်းနဲ့ အထောက်အပံ့ပေးနေတာပါပဲ။ ဒီတစ်ခေါက်တော့နေ့စဉ်လှုပ်ရှားမှုတွေအတွက် အဓိကဇာတ်လိုက်ဖြစ်တဲ့ အရိုးတွေ သန်မာဖို့ ဘာတွေစားပေးသင့်လဲပြောပြပါရစေနော်။အာဟာရမျှတတဲ့ အစားအစာတွေက အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ အရိုးအတွက်လုံလောက်တဲ့အာဟာရတွေမရရှိတဲ့အခါအရိုးပွတာ၊အရိုးပျော့တာမျိုးတွေခံစားရနိုင်ပါတယ်။ ဒါကြောင့် သန်မာကြံ့ခိုင်တဲ့ အရိုးတွေ ပိုင်ဆိုင်နိုင်စေဖို့နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှ အခုပြောပြမယ့် အစားအစာလေးတွေကို ပါဝင်အောင် ဂရုစိုက်စားသုံးပေးပါ။ကိုက်လန်၊ကန်စွန်းရွက်၊ ပန်းဂေါ်ဖီအစိမ်း၊ ဟင်းနုနွယ် တို့လိုမျိုး ဟင်းသီးဟင်းရွက်တွေမှာ အရိုးသန်မာဖို့ လိုအပ်တဲ့ ဓါတ်တွေပါဝင်နေတာကြောင့် တစ်နေ့ကို တစ်ခွက်စာလောက်တော့ စားသုံးပေးပါ။ခရမ်းချဉ်သီးက အရိုးပွရောဂါမဖြစ်အောင်ကာကွယ်ပေးသလို Oxidative stressတွေကြောင့် အရိုးပါးလာတာမျိုးတွေကိုလည်း ကာကွယ်ပေးပါတယ်။ ဒါကြောင့် အရိုးကြံ့ခိုင်ကျန်းမာဖို့ဆိုရင် ခရမ်းချဉ်သီးကလည်းမေ့ထားလို့ မဖြစ်ပါဘူး။ကြက်သွန်နီ။မီးဖိုချောင်ထဲကဆေးစွမ်းတစ်လက်ပါ။ကိုယ်ခံအားကောင်းစေဖို့ အထောက်အကူပြုပေးသလို အရိုးတွေ ကြံ့ခိုင်သန်စွမ်းဖို့လည်း အားဖြည့်ပေးပါတယ်။ ကြက်သွန်နီမှာ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်၊ဗီတာမင် Dအပါအဝင် အရိုးကြံ့ခိုင်ဖို့အတွက်လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေပါဝင်နေပါတယ်။သဖန်းသီး။အရိုးသန်မာအောင်စားပေးသင့်တဲ့ အသီးတွေထဲမှာ သဖန်းသီးကလည်း ထိပ်ဆုံးကနေပါဝင်နေတာပါ။ တစ်နေ့ကို သဖန်းသီး ၅ လုံးလောက်စားပေးမယ်ဆိုရင် ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်အပါအဝင် အရိုးအတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေ ၉၀ မီလီဂရမ်လောက်ရရှိစေမှာပါ။ပဲပြား။ကယ်လ်ဆီယမ် ကြွယ်ဝစွာပါဝင်နေတာကြောင့် အရိုးတွေသန်စွမ်းစေဖို့ စားပေးသင့်ပါတယ်။ ပဲပြားခွက်တစ်ဝက်စာမှာ ကယ်လ်ဆီယမ် ၈၀၀ မီလီဂရမ်ပါဝင်နေပြီး သွေးဆုံးပြီးအမျိုးသမီးတွေအနေနဲ့ အရိုးပွတာနဲ့ အရိုပါးတာတွေ ကင်းဝေးချင်တယ်ဆိုရင် စားသုံးပေးသင့်တဲ့ အစားအစာတစ်ခုပေါ့။လိမ္မော်ရည်။တစ်နေ့တာကို လိမ္မော်ရည်လေး တစ်ခွက်သောက်ပြီး စတင်တာကလည်း တစ်နေ့တာလုံးလန်းဆန်းပြီး အရိုးတွေ သန်မာစေဖို့အတွက်ပါ အထောက်အကူဖြစ်စေမှာပါ။ လိမ္မော်ရည်က ကယ်လ်ဆီယမ်ကြွယ်ဝသလို ဗီတာမင် D လည်းပါဝင်နေတာကြောင့် တစ်နေ့တစ်ခွက်တော့သောက်ပေးသင့်ပါတယ်။နို့။နို့က အရွယ်သုံးပါးစလုံး သောက်သင့်ပါတယ်။ တစ်နေ့ကို နို့တစ်ခွက် ပုံမှန်သောက်သုံးတာက အရိုးတွေ သန်မာစေဖို့ အမှန်တကယ် အထောက်အကူပြုနိုင်မှာပါ။ ဒါကြောင့်နေ့တိုင်း နို့တစ်ခွက်သောက်ပြီး အရိုးတွေကို ထိန်းသိမ်းပါ။ ပဲနို့၊ အုန်းနို့ လိုမျိုး အပင်ကနေရတဲ့ နို့တွေကိုလည်း သောက်သုံးပေးလို့ရပါတယ်။ဒိန်ချဉ်။ဒိန်ချဉ်က ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ အစားအသောက် တစ်ခုပါ။ တစ်နေ့ကို ဒိန်ချဉ်တစ်ခွက်သောက်မယ်ဆိုရင် ကယ်လ်ဆီယမ် ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိရရှိနိုင်ပါတယ်။ချိစ်။ကယ်လ်ဆီယမ်နဲ့ ဗီတာမင် D ကြွယ်ဝတဲ့ အစားအစာတစ်ခုပါ။ ဒါကြောင့် ပေါင်မုန့်ကို ချိစ်နဲ့ တွဲစားတာဖြစ်ဖြစ် မနက်စာစားသုံးတဲ့အခါ တစ်ခုခုနဲ့ တွဲဖက်ပြီး စားသုံးတာမျိုးဖြစ်ဖြစ်စားပေးပါ။ဆယ်လ်မွန်။ဆယ်လ်မွန်၊တူနာနဲ့ဆာဒင်းငါးတို့လိုမျိုး Omega 3 fatty acid ကြွယ်ဝတဲ့ အစားအစာတွေက အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေနိုင်ပါတယ်။ ဒါကြောင့် အရိုးအတွက် လိုအပ်တဲ့ အာဟာရပြည့်ဖို့ ငါးစားသုံးပေးပါ။ဥအမျိုးမျိုး။ကြက်ဥ၊ ဘဲဥတွေရဲ့ အနှစ်တွေထဲမှာ ဗီတာမင် D ပါဝင်နေတာကြောင့် ကယ်လ်ဆီယမ်စုပ်ယူမှုကို ပိုကောင်းစေပြီး အရိုးတွေကို သန်မာစေမှပါ။ ဒါကြောင့် ကြက်ဥ၊ ဘဲဥတွေစားပေးပါနော်။ကဲနေ့စဉ်စားသုံးတဲ့အစားအစာတွေကို ဂရုတစိုက်စားသုံးရင်း အရိုးတွေ ကြံ့ခိုင်သန်စွမ်းအောင် ထိန်းသိမ်းလိုက်ကြပါနော်……..။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%a1%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%90%e1%80%bd%e1%80%b1-%e1%80%9e%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%9e%e1%80%9c%e1%80%ac%e1%80%b8%e1%81%8a/
ဟင်းချက်ဆီ တွေထဲမှာ ဘယ်ဟင်းချက်ဆီက အကောင်းဆုံးလဲ ။
ဟင်းချက်တယ်ဆိုတဲ့ နေရာမှာ မပါမဖြစ်က ဆီပဲလေ။ ကြော်မလား၊ ချက်မလား၊ သုပ်မလား သူမပါလို့ကို မရဘူး။ ဟင်းတစ်ခွက် အရသာ ကောင်းမွန်ဖို့ အတွက် ဆီက အရေးကြီးဆုံးဖြစ်ပေမယ့်ကျန်းမာရေးရှုထောင့်ကကြည့်ရင်တော့ သူက တန်ဆေး လွန်ဘေး ဖြစ်လို့နေပါတယ်။ ဒီလိုနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တယ်ပြီး ဟင်းချက်ဆီ တွေ ပေါ်လာပါတော့တယ်။ လူတွေ သုံးနေကြတဲ့ နာမည်ကြီး ဟင်းချက်ဆီ တွေ ဘယ်နှစ်မျိုး ရှိလဲ။ သူတို့ထဲမှာမှ ဟင်းချက်ဆီ တွေထဲမှာ ဘယ်ဟင်းချက်ဆီက အကောင်းဆုံးလဲ ။ တကယ်ရော ကောင်းရဲ့လား။ ဆိုတာကို ဆောင်းပါးလေးထဲမှာ လေ့လာကြည့်လိုက်ပါ။ဟင်းချက်ဆီ တွေထဲမှာ ဘယ်ဟင်းချက်ဆီက အကောင်းဆုံးလဲ ။ ဆိုတာကို နာမည်ကြီး ဟင်းချက်ဆီ အမျိုးအစားများ အလိုက် ပြောပြပေးသွားပါမယ်။မြန်မာနိုင်ငံသားတိုင်း တစ်ညီတစ်ညွတ်တည်း ယုံကြည်ထားကြတဲ့ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးဆီဆို မြေပဲဆီလို့သာ ပြောရပါလိမ့်မယ်။ တကယ်လည်း မြေပဲဆီမှာ မပြည့်ဝဆီ ၅၀ ရာခိုင်နှုန်း၊ ပါပြီး ပြည့်ဝဆီ ၂၀ ရာခိုင်နှုန်းပဲပါတယ်။ မပြည့်ဝဆီ ပါဝင်မှုများတဲ့အတွက် မီးအပူဒဏ်ခံနိုင်ပြီး ကြော်လှော်ဖို့နဲ့ ချက်ပြုတ်ဖို့အတွက် အသင့်တော်ဆုံး ဆီတစ်ခုပါ။ ဗီတာမင် E လည်း ကြွယ်ဝစွာပါလို့ မကောင်းတဲ့ ဓာတုပစ္စည်းတွေကိုဓာတ်တိုး ဆန့်ကျင်ပေးအတွက်ကင်ဆာရောဂါ၊နှလုံးရောဂါနဲ့သွေးကြောကျဉ်းတာတွေကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင်အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကို တက်စေတဲ့အတွက်ဆီးချိုသမားတွေ အတွက်လည်း သင့်တော်တဲ့ ဟင်းချက်ဆီတစ်မျိုးပါ။စားအုန်းဆီ ဆိုတာ မြန်မာနိုင်ငံကလူတွေ အများဆုံး အသုံးပြုတဲ့ ဟင်းချက်ဆီ တစ်မျိုးပါ။ စားအုန်းဆီမှာ ပြည့်ဝဆီ ၈၅ ရာခိုင်နှုန်းတောင် ပါဝင်တဲ့အတွက် နှလုံးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါနဲ့သွေးတိုးရောဂါတို့ကို ပိုဖြစ်စေပါတယ်။ ဈေးသက်သာတယ်ဆိုပေမယ့် ကျန်းမာရေးကို ထိခိုက်စေလို့ ဟင်းချက်ဖို့အတွက် မရွေးသင့်တဲ့ ဆီတစ်မျိုးပါ။တာရှည်ခံအောင်လုပ်ထားတဲ့ အစားအသောက်တွေထဲမှာ အများဆုံးတွေ့ရတဲ့ ဆီတစ်မျိုးဖြစ်ပါတယ်။ ပဲပိစပ်ဆီမှာ ပြည့်ဝဆီ ၆၀ ရာခိုင်နှုန်းပါပြီး မပြည့်ဝဆီ ၂၃ ရာခိုင်နှုန်းပဲပါတဲ့အတွက် ကျန်းမာရေးအတွက် မသင့်တော်တဲ့ဆီတစ်မျိုးပါ။ ဒါ့အပြင် ပဲပိစပ်ဆီ အများစုကို အပူခံနိုင်အောင် ဓာတုပစ္စည်းတွေ သုံးပြီးထုတ်ထားကြတဲ့အတွက် မကောင်းတဲ့အဆီတွေ ပါဝင်မှု ပိုများနိုင်တာကြောင့် ပဲပိစပ်ဆီကို ဟင်းချက်ဆီအဖြစ် မရွေးချယ်တာ အကောင်းဆုံးပါ။ ။နေကြာစေ့တွေနေ ထုတ်ထားတဲ့ နေကြာဆီဟာ ဗီတာမင် E ကြွယ်ဝတဲ့ ဆီတစ်မျိုးပါ။ စားပွဲတင်ဇွန်းတစ်ဇွန်းလောက်နဲ့တင် သင်တစ်နေ့တာလိုအပ်တဲ့ ဗီတာမင် E ပြည့်စုံသွားပြီဖြစ်ပါတယ်။ နေကြာဆီကို high oleic, linoleic or partially hydrogenated forms ဆိုပြီး ၃ မျိုးတွေ့ရပါတယ်။high oleic များတဲ့ နေကြာဆီမှာ မပြည့်ဝဆီတွေများတဲ့အတွက် သွေးတွင်း အဆီဓာတ်ကို လျှော့ချပေးပြီး သွေးပေါင်ချိန်ကို လျှော့ချပေးလို့ နှလုံးရောဂါကနေ ကာကွယ်ပေးပါတယ်။ linoleic များတဲ့ နေကြာဆီ မှာဆိုရင် အိုမီဂါ ၆ ကြွယ်ဝစွာပါပါတယ်။partially hydrogenated forms တွေများတဲ့ နေကြာဆီမှာတော့ မကောင်းတဲ့ အဆီတွေများတဲ့အတွက် သွေးတွင်းကိုလက်စရောကို တက်စေလို့ နှလုံးရောဂါဖြစ်စေတဲ့အပြင် အင်ဆူလင်ကို တုံ့ပြန်နိုင်စွမ်းကို ကမောက်ကမဖြစ်စေလို့ ဆီးချိုဖြစ်ပွားမှုနှုန်းကို မြင့်တက်စေပါတယ်။ ဒါကြောင့် နေကြာဆီကို ရွေးပြီး ဟင်းချက်တော့မယ်ဆိုရင် oleic များတဲ့ နေကြာဆီအမျိုးအစားကို ရွေးချယ်သင့်ပါတယ်။နှမ်းဆီဆိုတာ အာရှသားတွေ အသုံးများတဲ့ ဟင်းချက်ဆီ တစ်ခုပါ။ နှမ်းဆီမှာပါတဲ့ မွှေးတဲ့ရနံ့လေးကြောင့် တို့ဟူး၊ထမင်းနဲ့ ဟင်းသီးဟင်းရွက်တွေ ကြော်စားဖို့အတွက် အလိုက်ဖက်ဆုံး ဆီတစ်မျိုးပါ။ နှမ်းဆီမှာ မပြည့်ဝဆီတွေ အများကြီးပါဝင်တဲ့အတွက် ကျန်းမာရေးနဲ့ ညီညွတ်လှတဲ့ ဆီတစ်မျိုးပါ။မပြည့်ဝဆီ ၇၅ ရာခိုင်နှုန်းပါတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှု ပုံစံတွေထဲမှာ သံလွင်ဆီက မပါမဖြစ်ပါ ။ လေ့လာချက်တွေအရ သံလွင်ဆီဟာဦးနှောက်ရဲ့ မှတ်ဉာဏ်အားကို ကောင်းစေပြီးသွေးတွင်းအဆီဓာတ်ကို လျှော့ချပေးပါတယ်။ တစ်ခုရှိတာက အပူဒဏ်ကို သိပ်မခံနိုင်တဲ့အတွက်ကြောင့် ဟင်းချက်မယ့်အစား အသုပ်သုပ်ဖို့အတွက် သံလွင်ဆီကို ပိုသုံးသင့်ပါတယ်။ထောပတ်ဆိုတာ အကြော်အလှော်တွေအတွက် အရသာရော၊ အနံ့ကိုရော ပြည့်စုံစေတဲ့ ဟင်းချက်ဆီ အစားသုံးလို့ရတဲ့ အရာတစ်ခုပါ။ မကောင်းတာတစ်ခုကတော့ ထောပတ်မှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ပြည့်ဝဆီတွေ အများကြီးပါတဲ့အတွက် နှလုံးရောဂါကို ပိုဖြစ်စေပါတယ်။အုန်းဆီဆိုတာ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးချင်တဲ့ လူတွေ ရွေးချယ်တတ်ကြတဲ့ ဆီတစ်မျိုးပါ။ အုန်းဆီမှာ medium chain triglycerides တွေ အများကြီးပါတဲ့အတွက် စားလိုက်တာနဲ့ ကိုယ်ခန္ဓာက ချက်ချင်းသုံးစွဲပြီး လောင်စာအဖြစ် အသုံးချလိုက်တာကြောင့် ကိုယ်ခန္ဓာထဲမှာ အဆီတွေစုတာနည်းပါးသွားပါတယ်။ ဒါကြောင့် အုန်းဆီဆိုတာ ဟင်းချက်ဖို့အတွက် အသင့်တော်ဆုံးဆီထဲမှာပါပါတယ်။ အရေးကြီးက သဘာဝအတိုင်းရတဲ့ အုန်းဆီကို အသုံးပြုဖို့ပဲဖြစ်ပါတယ်။ ဓာတုပစ္စည်းတွေနဲ့ တာရှည်ခံအခြောက်ခံထားတဲ့ အုန်းဆီအခဲတွေကတော့ ကျန်းမာရေးနဲ့ မညီညွတ်တာကြောင့် ဟင်းချက်ဖို့အတွက် မသင့်တော်ပါဘူး။ရွေးချယ်စရာ တွေများပြားလှတဲ့ ဟင်းချက်ဆီ အမျိုးမျိုးထဲကမှ ဘယ်ဟာက အကောင်းဆုံးလဲဆိုတာတော့ မရှိပါဘူး။ ရေလုံပြုတ်ချည်းပဲ နေ့တိုင်း မစားနိုင်ကြတဲ့အတွက် ကျန်းမာရေးနဲ့လည်း ညီညွတ်ချင်တယ်၊ ဆီလေးလည်း ပါချင်တယ်ဆို ဆီနည်းနည်းပဲသုံးပြီး ဟင်းချက်တာကသာ အကောင်းဆုံးပါ။ ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/cooking-oil/
ဒေါသထွက်တိုင်း ကိုယ့်ကလေးကိုအော်ပြောတာ အကျင့်ဖြစ်နေပြီလား
လူဆိုတာကတော့ဒေါသထွက်ရင် လုပ်သမျှအမှားပါတတ်တာပါပဲ။ မိဘတွေမှာလည်း ဒီလိုပါပဲ၊ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဆိုးဒေါသထွက်ပြီး အနားမှာရှိတဲ့ ကလေးကို အော်ဟစ်ပြောဆိုလိုက်တယ်၊ ပြီးတော့လည်း ဘာမှမဟုတ်သလို မေ့သွားတာပါပဲ။ ပတ်ဝန်းကျင်ကတော့ ကရုဏာဒေါသလို့ အမည်တပ်ပေမယ့် ဆေးပညာအရတော့ ဒီလိုအပြုအမူက ကလေးတွေအတွက် တစ်ဘဝစာ စိတ်ဒဏ်ရာဖြစ်စေနိုင်တဲ့အထိ ဆိုးရွားတဲ့ လုပ်ရပ်ပါပဲ။ကလေးတွေဆိုတာ မသိနားမလည်သေးတဲ့အရွယ်ပါ။ ဒီတော့ အမှားလုပ်မိတာတွေ ရှိမယ်၊ လူကြီးတွေကို စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်မိတာတွေ ရှိမယ်၊ ဒါတွေက ကလေးတစ်ယောက်ရဲ့ သဘာဝပဲလေ။ ဒါကိုကလေးမယူခင်ကတည်းက မိဘတွေအနေနဲ့ သိထားဖို့လိုပါတယ်။ကိုယ်ကတော့ ဒေါသ ထွက်လို့ အော်ချင်တိုင်းအော်လိုက်ပါရဲ့။ အအော်ခံလိုက်ရတဲ့ ကလေးမှာက သေရာပါမယ့် စိတ်ဒဏ်ရာတစ်ခုလို ကျန်ရစ်ခဲ့တာပါ။ ဒေါသထွက်တိုင်း ကိုယ့်ကလေးကိုအော်ပြောတာ ကောင်းမွန်တဲ့ ဖြေရှင်းနည်း တစ်ရပ် မဟုတ်ပါဘူး။များသောအားဖြင့် အလုပ်မှာ အဆင်မပြေတဲ့အခါ၊ ငွေရေးကြေးရေး ကျပ်တည်းတာ၊စိတ်ဖိစီးမှုတွေ ကြုံလာတဲ့အခါ အနားမှာ ရှိတဲ့ ကလေးတွေကို အော်ဟစ်တတ်တဲ့ အကျင့်က စတင်ဖြစ်လာပါတယ်။နောက်တစ်ချက်က မသိနားမလည်သေးတဲ့ အရွယ်ဖြစ်တာကြောင့် အကြောင်းအမျိုးမျိုးနဲ့မိဘကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိတတ်တာပါ။ တမင်တကာရည်ရွယ်ပြီး လုပ်တာတော့ မဟုတ်ပေမဲ့ ကလေးသဘာဝ အဆော့မက်တာ၊ မိဘတွေကို ခင်တွယ်လွန်းတဲ့ စိတ်ကြောင့် လုပ်လိုက်မိတာက ပိုများပါတယ်။ အဲ့ဒီအခါ လူကြီးတွေလည်း သည်းမခံနိုင်တော့ ပေါက်ကွဲထွက်လာတော့တာပေါ့။တကယ်တော့ အော်လိုက်တယ်ဆိုတာ ကလေးကို ခဏလောက်ပဲ တိတ်အောင် လုပ်နိုင်တာပါ။ အမှားကို အမှန်ပြင်ပြီး ကလေးတွေကို လမ်းမှန်ရောက်စေတာမျိုးမဟုတ်ပါဘူး။အတိုချုပ်ပြောရမယ်ဆိုရင် ကလေးကို အော်လိုက်လို့ မိဘကို ကြောက်သွားတာပဲရှိတာပါ၊ သူတို့ ဘာမှားခဲ့တာလဲ၊ ဒီအမှားကို ဘယ်လိုပြန်ပြင်ရမလဲဆိုတဲ့ နည်းလမ်းမှန်ကို သဘောပေါက်သွားတာ မဟုတ်ပါဘူး။ကလေးတစ်ယောက်ကနေ နားလည်သိတတ်တဲ့ လူကြီးတစ်ယောက်အဖြစ် ကြီးပြင်းလာဖို့ မိဘတွေက အများကြီး သင်ပေးဖို့ လိုပါတယ်။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ ဖြစ်တဲ့ မိဘရဲ့ အပြုအမူတွေ အကုန်လုံးက သားသမီးတွေရဲ့ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ စိတ်ခံစားချက်၊ လူမှုရေး၊ ပြဿနာကို ဖြေရှင်းနိုင်စွမ်း စတာတွေအပေါ် သက်ရောက်မှုရှိစေပါတယ်။အဲ့တော့ ဘာလုပ်လုပ် အော်ဟစ်နေတဲ့ မိဘက ထိန်းလာတဲ့ ကလေးတွေကြီးလာရင် အဲ့မိဘတွေလိုပဲ အော်ဟစ်ကြိမ်းမောင်းပြီး လူတိုင်းကို ပြဿနာရှာနေမှာပါ။အော်ဟစ်သံတွေကြားမှာ ကြီးပြင်းလာရတဲ့ ကလေးမှာ စိတ်ဒဏ်ရာတွေကျန်နေပြီး စိတ်ကျရောဂါ၊စိတ်အတက်အကျမြန်ရောဂါတွေ ဖြစ်နိုင်သလို ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားတာ၊သိမ်ငယ်စိတ်၊ အားငယ်စိတ်၊ အထီးကျန်စိတ်တွေ အမြဲဝင်ပြီး မိသားစုနဲ့လည်း စိတ်ချင်းဝေးသွားနိုင်ပါတယ်။ကလေးဆိုတာ မသိနားမလည်တာ မှန်ပေမယ့် မိဘတွေ သေသေချာချာ ရှင်းပြပြီး သင်ပေးရင် နားလည်လွယ်၊ တတ်လွယ်တဲ့ အရာပါ။ အဲ့လိုစိတ်ရှည်ရှည်နဲ့ လုပ်ပေးလိုက်လို့ မိဘတွေအတွက်လည်း ဘာမှအကျိုးမယုတ်ပါဘူး။ ဒီတော့ အော်ဟစ်သံတွေ နည်းပြီး အေးချမ်းတဲ့ အိမ်ကမ္ဘာလည်း ဖြစ်စေဖို့ ဒီနည်းလမ်းတွေ လုပ်ကြည့်ပါ။ကိုယ်က လူကြီးတစ်ယောက်၊ သက်တူရွယ်တူနဲ့ စကားပြောနေတာမဟုတ်ပါဘူး။ အရွယ်ငယ်သေးတဲ့ ကလေးနဲ့ စကားပြောနေတာပါ။ ဘာမှလည်း သေချာနားလည်ထားတာမရှိဘဲ မိဘတွေအပေါ်မှာသံယောဇဉ်တွယ်နေတဲ့ ကလေးတစ်ယောက်ကို အော်ချင်တိုင်း အော်လိုက်လို့ နှစ်ဖက်လုံးအကျိုးမရှိပါဘူး။ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် စိတ်ဆိုးဒေါသထွက်လာပြီလို့ သိလိုက်တာနဲ့ အရင်ဆုံး ကိုယ့်ဒေါသကို ချုပ်ထိန်းပါ။ ထိုင်နေတဲ့နေရာကနေ ခဏလောက်ထသွားပြီး တစ်ယောက်တည်းနေပါ။ မျက်လုံးကို ခဏလောက်မှိတ်ထားပြီး အသက်ပြင်းပြင်းရှူလိုက်ပါ။ စိတ်က ပြန်တည်ငြိမ်ပြီဆိုမှ စကားပြောပါ။ကလေးက အမှားတစ်ခုလုပ်မိတယ်မလား၊ ကိုယ်က အသက်ပိုကြီးတဲ့ မိဘနေရာမှာ ရောက်နေပြီဆိုရင် ကလေးဘာမှားလဲဆိုတာကို အရင်ပြောပြဖို့ လိုပါတယ်။ဒီအမှားလုပ်မိတဲ့ အရာကို စိတ်အေးအေးထားပြီး ဖြေရှင်းခြင်းက ကလေးတွေကို နောက်ထပ် အမှားမလုပ်မိစေဖို့၊ ပြဿနာကို ကောင်းမွန်စွာ ဖြေရှင်းတတ်စေဖို့ လမ်းပြပေးလိုက်တာပါပဲ။ဆုံးမတဲ့နေရာမှာ ရိုက်ဖို့၊ အော်ဖို့မလိုပါဘူး။ ကျွန်တော်တို့နိုင်ငံမှာက ရိုက်ပြီး ဆုံးမမှ၊ အိမ်ဆူအောင် အော်လိုက်မှ ကလေးက လိမ္မာတယ်လို့ ထင်နေကြပါတယ်။ တက်တက်စင်အောင် လွဲတဲ့ အမှားတစ်ခုပါပဲ။ကိုယ်တိုင်တောင် အော်ခံရတာ မကြိုက်ရင် စိတ်နုနယ်သေးတဲ့ ကလေးတွေမှာ ပိုပြီးတောင် စိတ်ဒဏ်ရာဖြစ်တတ်ပါတယ်။ ဒီတော့အမှားလုပ်မိတဲ့ ကလေးကို သေချာဆုံးမပါ။ အမှားကို ဘယ်လိုပြင်ဆင်ရမလဲဆိုတာ အကြံပေးပါ။ ရွေးချယ်မှု ပေးပါ။ကလေးက အမှားတစ်ခုလုပ်လိုက်တဲ့အခါ အော်ဟစ်နေတာမျိုးထက် သူလုပ်မိလိုက်တဲ့အရာကြောင့် တခြားသူတွေမှာ ဘာပြဿနာတွေ ဖြစ်သွားလဲဆိုတာ သိအောင် ပြောပြပေးပါ။အပေါ်မှာ ပြောခဲ့သလိုပါပဲ၊ ကလေးဆိုတာ မသိနားမလည်တတ်တဲ့ အရွယ်ပေမယ့် သေချာရှင်းပြပေးမယ်ဆိုရင်တော့ ကိုယ်လုပ်မိတဲ့ အမှားကို ကိုယ်နားလည်လာနိုင်ပါတယ်။ကြောက်သွားအောင် အော်ဟစ်ဆူပူလိုက်တာမျိုးထက် ကိုယ့်အမှားကို တာဝန်ယူတတ်အောင်၊ နောက်ထပ်မမှားအောင် သင်ပေးတတ်ဖို့ လိုပါတယ်။မိဘတွေအနေနဲ့ဒီအချက်လေးတွေသေချာလုပ်ကြည့်ပြီး သာယာပျော်ရွှင်ဖွယ် မိသားစုဘဝလေးတစ်ခု တည်ဆောက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ကလေးတွေကိုလည်း အရမ်းမအော်နဲ့တော့နော်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-milestones/yelling-at-kids/
လည်ပင်းဆစ်များ အနေအထားမမှန်ခြင်းဖြစ်သူများအတွက် အသုံးဝင်သည့် ယောဂလေ့ကျင့်ခန်းများ
သင်သည် လည်ပင်းဆစ်ချော်ခြင်းကြောင့် ဝေဒနာများ ခံစားနေရလျှင် ရောဂလေ့ကျင့်ခန်းများသည် သင့်အတွက် အကူအညီဖြစ်စေပါလိမ့်မည်။သို့သော် ရောဂလေ့ကျင့်ခန်းများ မပြုလုပ်မီ သိထားရမည့်အချက်များရှိပါသည်။လည်ပင်းဆစ်ချော်ခြင်းဆိုသည်မှာ လည်ပင်းရှိ အဆစ်များသည် မူလအနေအထားမှ အနေအထားမမှန်ဖြစ်ကာ ချော်ထွက်ခြင်းဖြစ်ပါသည်။ ထိုသို့ဖြစ်လျှင် လည်ပင်းတွင် နာကျင်ခြင်းကို ခံစားရမည်ဖြစ်ပြီး လက်မောင်း၊ ပခုံးများပါနာကျင်ခြင်းကို ဖြစ်စေနိုင်ပါသည်။အထူးသဖြင့် လည်ပင်းသည် လှုပ်ရှားချိန်တွင် ပိုနာပြီး ငြိမ်နေလျှင် သက်သာပါသည်။ရောဂလေ့ကျင့်ခန်းသည် လွန်ခဲ့သည့် နှစ်ပေါင်းထောင်ချီကတည်းက ပြုလုပ်ကြသော လေ့ကျင့်ခန်းဖြစ်ပြီး ယင်းသည် အသက်ရှုခြင်း၊ ကိုယ်ဟန်အနေအထားမှန်ကန်ခြင်းနှင့် စိတ်ငြိမ်စေအောင် တရားထိုင်ခြင်းတို့ ပြုလုပ်ရသော လေ့ကျင့်ခန်းဖြစ်ပါသည်။အောက်ပါတို့သည် ရောဂလေ့ကျင့်ခန်း၏ကောင်းကျိုးများဖြစ်ပါသည်။ရောဂလေ့ကျင့်ခန်းကို ပြုလုပ်နေစဉ်တွင် စက္ကန့်၊ မိနစ်အနည်းငယ်မျှ အနေအထားတစ်ခုတွင် ငြိမ်နေရမည်ဖြစ်ပါသည်။ ထိုသို့ပြုလုပ်ရာတွင် အချို့သောကြွက်သားများကို အသုံးပြုလိုက်ရသောကြောင့် ထိုကြွက်သားများကို သန်မာလာစေပါသည်။ရောဂလေ့ကျင့်ခန်းသည် လှုပ်ရှားနိုင်မှုစွမ်းရည်များကို မြင့်တက်စေသည့်အတွက် ကျောရိုးကို အနေအထားမှန်စေခြင်း၊ လှုပ်ရှားမှုများကောင်းစေခြင်းတို့ကြောင့် လည်ပင်းဆစ်များလည်း ကျန်းမာလာခြင်းဖြစ်ပါသည်။ရောဂလေ့ကျင့်ခန်း ပြုလုပ်နေစဉ်တွင် အနေအထားတစ်ခုတွင် ငြိမ်နေရခြင်းဖြစ်သည့်အတွက် ကြွက်သားများကို သန်မာစေရုံသာမက၊ ဆန့်ထုတ်ထားခြင်းကြောင့် အကြောများကို ပြေလျော့စေပါသည်။ထို့ပြင် ကြွက်သားများကိုဆန့်ထုတ်ထားခြင်းဖြင့် ပင်မကျောရိုးမဆီသို့ သွေးလည်ပတ်မှုကောင်းစေပြီး အလားတူပင် လည်ပင်းဆစ်နေရာများကိုလည်း သွေးပိုရောက်စေကာ နာကျဉ်ခြင်းကိုလည်း သက်သာစေပါသည်။သင့် ခေါင်း၊ လည်ပင်း၊ ခါးနှင့် ပခုံးများကို အနေအထားမှန်အောင်း ဖြောင့်ဖြောင့်ထားခြင်းဖြင့် မှန်ကန်သော အနေအထားကို ရရှိစေပါသည်။ရောဂလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် သင့်ခန္ဓါကိုယ်က လုပ်နိုင်သော အရာများ၊ မလုပ်နိုင်သောအရာများကို သိလာပြီး ထိုသို့ သင့်ကိုယ်သင်သတိထားမိလာခြင်းသည် အနာဂတ်တွင် သင့်ကျောရိုးကို ပိုဆိုးစေမည့် အရာများကို ကာကွယ်နိုင်သလို ပိုမဆိုးလာအောင်လည်း ထိန်းသိမ်းရာရောက်ပါသည်။အချို့သော ညင်သာပြီး ဖြေးဖြေးပြုလုပ်ရသော ရောဂလေ့ကျင့်ခန်းများသည် အခုမှ စပြုလုပ်သောသူများ သို့မဟုတ် ခါးရိုးပြသနာရှိသူများအတွက် အထူးသင့်တော်ပါသည်။ ယင်းတို့မှာ။·လျှံဂါ ရောဂ။ထိုရောဂအမျိုးအစားသည် ကိုယ်ဟန်အနေအထားကို မှန်ကန်အောင် ပြုလုပ်ပေးနိုင်သည့်အတွက် သင့်ကိုယ်ဟန်အနေအထားများမှန်ကန်လာစေမည်ဖြစ်ပါသည်။·ဗီနီ ရောဂ။ယင်းသည် အသက်ရှုသွင်း ရှုထုတ်ခြင်းများ ပြုလုပ်ရသော လေ့ကျင့်ခန်းဖြစ်ပြီး လည်ပင်းနှင့် ကျောနေရာတွင် နာကျင်သူများအတွက် သင့်တော်သော လေ့ကျင့်ခန်းဖြစ်ပါသည်။ရောဂလေ့ကျင့်ခန်းသည် နည်းစနစ်မှန်ကန်စွာ နည်းပြသူတွင် သင်ကြားလျှင် အလွန်အကျိုးရှိပြီး စိတ်ချရသော လေ့ကျင့်ခန်းဖြစ်ပါသည်။ရောဂလေ့ကျင့်ခန်း၏ ထိခိုက်နိုင်ချေများသည် အင်မတန်နည်းပါးပါသည်။ သို့သော် ရှားပါးစွာပင် လေဖြတ်ခြင်း၊ အာရုံကြောများထိခိုက်ခြင်းတို့ကို ဖြစ်နိုင်ပါသည်။သင်သည် ကိုယ်ဝန်ရှိခြင်း၊ သွေးတိုးရောဂါရှိခြင်းစသည့် ကျန်းမာရေး အခြေအနေများရှိလျှင် ရောဂလေ့ကျင့်ခန်းကို အနေအထားပြောင်းလဲပြီး ပြုလုပ်သင့်ပါသည်။လည်ပင်းဆစ်ချော်ခြင်းအတွက် ရောဂလေ့ကျင့်ခန်းလုပ်မည့် အစီအစဉ်ရှိပါလျှင် အောက်ပါတို့ကို သိထားရမည်ဖြစ်ပါသည်။· ရောဂလေ့ကျင့်ခန်းသည် အပြောင်းအလဲတခုအနေဖြင့် ကုသခြင်းမျိုးမဟုတ်ပါ။ သင်လက်ရှိ ခံယူနေသော ဆေးကုသမှုများကို ရပ်ပြီး ရောဂလေ့ကျင့်ခန်းကိုသာလျှင် ပြုလုပ်ခြင်းမျိုးကို ရှောင်ကျဉ်ပါ။ သင့်ဆရာဝန်နှင့် တိုင်ပင်ပြီး မှ ဆေးကုသမှုများကို ရပ်ခြင်း လျှော့ခြင်းများ ပြုလုပ်ရမည်ဖြစ်ပါသည်။· ရောဂလေ့ကျင့်ခန်း မပြုလုပ်မီ သင့်ကျန်းမာရေး အခြေအနေကို ဆရာဝန်၊ ရောဂနည်းပြကို ပြောပြထားပါ။· သင့်ကိုယ်၊ ကျန်းမာရေး နှင့် သင့်စိတ်အခြေအနေသည် အခြားသူများနှင့် မတူညီနိုင်သောကြောင့် သင်ပြုလုပ်ရမည့်ရောဂလေ့ကျင့်ခန်းများလည်း ကွဲပြားနိုင်ပါသည်။ ထို့ကြောင့် သင်နှင့် သင့်တော်မည့် ရောဂလေ့ကျင့်ခန်းကို နည်းပြများ၊ ဆရာဝန်များနှင့် တိုင်ပင်ပြီးမှ ပြုလုပ်ပါ။· ရောဂလေ့ကျင့်ခန်းမပြုလုပ်မီ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သင့်ပါသည်။ ဥပမာအားဖြင့် သင်သည် အပူရောဂကို ကြိုက်နှစ်သက်သူဖြစ်ပါလျှင် ယင်းသည် ၄၀ ဒီဂရီ စင်တီဂရိတ်နှင့် အထက် အပူချိန်တွင် ပြုလုပ်ရခြင်းမျိုးဖြစ်သည့်အတွက် မပြုလုပ်မီရေသောက်ထားခြင်းက သင့်ကို ရေဓါတ်ဆုံးရှုံးမှုကို ကာကွယ်ပေးပါလိမ့်မည်။ သို့သော် နှလုံးရောဂါ၊ အဆုတ်ရောဂါများရှိလျှင် ထိုလေ့ကျင့်ခန်းကို မပြုလုပ်သင့်ပါ။ရောဂလေ့ကျင့်ခန်းမပြုလုပ်မီတွင် နည်းပြကောင်းကောင်းကို ရှာဖွေပါ။ သင့်ကို သင်ပြပေးသည့် နည်းပြအကြောင်းကို စုံစမ်းခြင်း၊ သူ့အောင်မြင်မှုများကို စုံစမ်းခြင်းများ ပြုလုပ်သင့်ပါသည်။အချုပ်ဆိုရသော် ရောဂလေ့ကျင့်ခန်းသည် လည်ပင်းဆစ်ချော်ခြင်းကြောင့် ဖြစ်သော လက္ခဏာများကို သက်သာစေပါသည်။ သို့သော် အချို့သော ပုံစံများသည် သင့်ကျန်းမာရေးနှင့် မသင့်တော်လျှင် မပြုလုပ်ပါနှင့်။ထို့ကြောင့် သင်နှင့် သင့်တော်သည့် ရောဂလေ့ကျင့်ခန်းပုံစံကို ရရှိနိုင်ရန် သင့်ကျန်းမာရေးအခြေအနေကို သင့်နည်းပြများ၊ ဆရာဝန်များအား ကြိုပြောပြထားရန် လိုအပ်ပါသည်။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/yoga-exercises/
လူကြီးဖြစ်တဲ့အထိ လက်မစုပ်တဲ့အကျင့် မပျောက်သေးဘူးလား
လက်မ သို့မဟုတ်လက်ချောင်းလေးတွေ စုပ်တယ်ဆိုတာ ပုံမှန် အသက် မွေးကင်းစ နို့စို့တဲ့ကလေးအရွယ်ကနေ ၅ နှစ်လောက်ထိ သူ့အလိုလို ဖြစ်တတ်တဲ့ အကျင့်ပါ။ ၅ နှစ်နောက်ပိုင်းကျောင်းစတက်တဲ့အခါ ဒီအကျင့်က ပျောက်သွားတတ်သလို မပျောက်ဘဲ ကြီးတဲ့အထိ လက်မစုပ်နေတတ်တဲ့ သူတွေလည်း ရှိပါတယ်။လက်မစုပ်ရတဲ့ အကြောင်းရင်းကို အခုချိန်ထိ တိတိကျကျ ရှာဖွေဖော်ထုတ်နိုင်ခြင်းတော့ မရှိသေးပေမဲ့ လူကြီးတွေမှာ ဖြစ်ရတဲ့ အကြောင်းရင်းကိုတော့စိုးရိမ်ပူပန်ခြင်း လျော့ကျစေပြီး စိတ်ကို သက်သောင့်သက်သာ ဖြစ်စေဖို့ ကူညီပေးနိုင်တာကြောင့် ဖြစ်တယ်လို့ ဆိုထားပါတယ်။ ကလေးအရွယ်မှာ များသောအားဖြင့် အကြောင်းရင်းမရှိဘဲ ပါးစပ်ထဲလက်မထည့် စုပ်နေတတ်ပြီး နို့ဆာတဲ့ အခါမျိုး၊ ကိုယ့်ဦးနှောက် အသိဉာဏ်ထဲမှာ ရင်းနှီးနေတဲ့မေမေဖေဖေတွေရဲ့ မျက်နှာ၊ အသံကို ကြားတဲ့အခါမှာလည်း ချစ်စဖွယ် ဖြစ်အောင် လုပ်ပြတာ ဖြစ်ပါတယ်။ကလေးဘဝမှာ စိတ်ဒဏ်ရာ ရခဲ့ဖူးတဲ့ သူတွေ ကြီးပြင်းလာတဲ့အခါ ငယ်ငယ်တုန်းက လုပ်ခဲ့ဖူးတဲ့ လက်မစုပ်တဲ့ အမူအကျင့်က စွဲကပ်ပြီး ပါလာတတ်ပါတယ်။ စိုးရိမ်ပူပန်ခြင်းတွေ၊စိတ်ဖိစီးမှုတွေကြောင့် ထိန်းမရအောင် လှုပ်ရှားနေတဲ့ စိတ်ကို ငြိမ်စေတယ်။ တချို့တွေမှာကျတော့လည်း စိတ်ကျန်းမာရေး ပြဿနာ တစ်စုံတစ်ရာ မရှိဘဲ ပျင်းရင်း လက်ကို ပါးစပ်ထဲထည့်ပြီး စုပ်နေတတ်တယ်။ Trichotillomania လို့ ခေါ်တဲ့ဦးရေပြား၊မျက်ခုံးမွေး သို့မဟုတ် ခန္ဓာကိုယ်မှာ ပေါက်နေတဲ့ အမွေးအမျှင်တွေကို လက်နဲ့ ဆောင့်ဆွဲပြီး နှုတ်ချင်တဲ့ စိတ် ထိန်းမနိုင် သိမ်းမရဖြစ်ခြင်း စိတ်ဝေဒနာ ရှိသူတွေမှာလည်း လက်မစုပ်တတ်တဲ့ အကျင့်ကို တွေ့ရပါတယ်။ကလေးအရွယ်မှာ သွားတွေက နုနယ်သေးတဲ့အတွက် ပြဿနာ ကြီးကြီးမားမား မရှိနိုင်တဲ့ တိုင်အောင်လက်သည်းကြားမှာ ရှိတဲ့ ရောဂါပိုးတွေ ဗိုက်ထဲ ဝင်သွားပြီး အစာအိမ်နဲ့ ဝမ်းရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ လူကြီးတွေမှာဆိုရင်တော့ ဝမ်းနဲ့ ပတ်သက်တဲ့ ရောဂါတွေသာမကခံတွင်းနဲ့ သွားဘက်ဆိုင်ရာ ကျန်းမာရေး ပြဿနာတွေပါ ဖြစ်လာနိုင်ပါတယ်။ ဘယ်လို ရောဂါတွေနဲ့ ကျန်းမာရေး ပြဿနာတွေလဲဆိုရင်။မကြာခဏ လက်မကို အာရုံစိုက်ပြီး စုပ်နေတဲ့အချိန်မှာ ပါးစောင်မှာ ရှိနေတဲ့ ကြွက်သားတွေက ပျော့ခွေလာပြီး သူနဲ့ ဆက်စပ်နေတဲ့မေးရိုးအနေအထားကို ပြောင်းလဲစေကာ သွားတွေကို မညီမညာ ဖြစ်စေတာ၊ သွားတွေ အရှေ့ဘက်ကို ခေါထွက်လာတာ၊ သို့မဟုတ် အနောက်ဘက်ကို စောင်းလာတာ၊ မေးရိုး အနေအထား ပြောင်းလဲသွားတာမျိုး ဖြစ်နိုင်ပါတယ်။လက်မစုပ်ခြင်းဟာ ပါးစပ်ထဲမှာ ရှိတဲ့ အာခေါင်ကို ချိုင့်သွားစေပြီး ခွက်ဝင်သွားစေတယ်။ ထိခိုက်ပွန်းပဲ့လွယ်လာသလို အအေးဒဏ်၊ အပူဒဏ် အစရှိတဲ့ ခံစားသိနိုင်မှု ပိုများလာပါတယ်။ဘယ်သူကမှတော့ အချိန်ပြည့် လက်ကို ဆေးနိုင်မှာ မဟုတ်ပါဘူး။ လက်ဆိုတာ အရာဝတ္ထု ပေါင်းစုံကို လက်နဲ့ ကိုင်တွယ်နေရတာ၊ အပြင်က ဖုန်တွေ၊ သဲတွေ ကပ်ငြိနေတာကြောင့် ရောဂါပိုး ပေါင်းစုံက ရှိနေပြီးသားပါ။ အဲ့လို မသန့်ရှင်းတဲ့ လက်ကို ပါးစပ်ထဲ ထည့်လိုက်ပြီ ဆိုတာနဲ့ ရောဂါပိုးတွေက သွား၊ သွားဖုံး၊ လျှာ၊ အာခေါင်၊လည်ချောင်း၊ အာသီးတွေမှာ သွားကပ်ငြိပြီး ပိုးဝင်စေကာ ရောဂါ ဖြစ်စေနိုင်ပါတယ်။ရေရှည် စုပ်ခံနေရတဲ့ လက်မဟာ အချိန်ကြာလာတာနဲ့ လက်မ ပုံသဏ္ဍာန် ပျက်ယွင်းပြီး အရေပြား ခြောက်သွေ့ခြင်း၊ ကွဲအက်ခြင်း၊ လက်မက ရှည်မျောမျော ဖြစ်လာခြင်း၊ ပိုးဝင်နိုင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။နောက်ဆက်တွဲ ဖြစ်တဲ့ ပြဿနာတွေထဲမှာဘာသာစကားပြောဆိုရာတွင် အခက်အခဲ ဖြစ်ခြင်း၊ စကား မပီတော့ခြင်း၊ အသံထွက်ကို ကွဲကွဲပြားပြား မပြောနိုင်တာတွေလည်း ပါဝင်ပါတယ်။အဓိက စိတ်မငြိမ်တဲ့ သူတွေမှာ အတွေ့များတဲ့ အမူအကျင့် ဖြစ်တာကြောင့် ကိုယ့်ရဲ့ စိတ်ကို အရင်ဆုံး ပြုပြင်ဖို့ လိုအပ်ပါတယ်။ အဓိက အားဖြင့်။• တရားထိုင်ခြင်း။• လေ့ကျင့်ခန်းလုပ်ခြင်း။• အသက်ရှူလေ့ကျင့်ခန်းများ။•ယောဂကျင့်စဉ်များ စတဲ့ နည်းလမ်းတွေကို လုပ်ပေးလို့ ရပါတယ်။နောက်ထပ် နည်းလမ်းတွေ အနေနဲ့ လက်မကို အစွပ် တစ်ခုခုနဲ့ စွပ်ပေးထားခြင်း၊ သို့မဟုတ် လက်အိတ် ဝတ်ထားတာမျိုးလည်း လုပ်ပေးလို့ ရပါတယ်။ မိမိကိုယ်ကိုယ် ဘယ်လိုမှ ထိန်းချုပ်မရအောင် ဆိုးရွားနေတယ်လို့ ယူဆရင်တော့ စိတ်ရောဂါ ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပြီး အမူအကျင့်နဲ့ စိတ်ကုထုံး ကျင့်စဉ်တွေကို လေ့ကျင့်လုပ်လို့ ရပါတယ်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/other-oral-health-issues/adult-thumb-sucking/
ဆားငန်ရည်နဲ့ ခံတွင်းကျန်းမာရေး အကျိုးပြုပုံ
ဆားငန်ရည်ဆိုတာခံတွင်းကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ပေးစွမ်းနိုင်တဲ့ အိမ်တွင်းဆေးဝါးတစ်လက်ပါပဲ။ သွား၊ လျှာ၊ သွားဖုံး၊ လည်ချောင်းကိုလည်း သန့်ရှင်းပေးတယ်။ သွားကိုက်၊ သွားနာ၊ အနာပေါက်တာ၊ ခံတွင်းအနံ့ဆိုးဖြစ်တာ၊လည်ချောင်းနာတာ၊ သွားနှုတ်ပြီးချိန်မှာ သွားဖုံးထဲ ပိုးမဝင်စေဖို့နဲ့ အနာကျက်မြန်စေဖို့ ဆားငန်ရည်နဲ့ ပလုတ်ကျင်းတတ်ကြပါတယ်။အလွယ်ကူဆုံးနဲ့ ဘေးထွက်ဆိုးကျိုးမရှိသလောက် နည်းသလို အိမ်တိုင်းမှာလည်း ဆားတွေ အလွယ်တကူဆောင်ထားတတ်ကြတာဆိုတော့ သုံးဖို့လည်း အဆင်ပြေစေပါတယ်။ ကုန်ကျစရိတ်လည်း နည်းတယ်။ လုပ်ဖို့အတွက် အချိန်စက္ကန့်ပိုင်းလောက်ပဲ ပေးရတာကြောင့် ဆားငန်ရည်နဲ့ အမြဲပလုတ်ကျင်းဖို့ အကြံပြုရခြင်း ဖြစ်ပါတယ်။၁။ ပါးစပ်ထဲမှာ ရှိနေတဲ့ဘက်တီးရီးယားပိုးမွှားတွေကို သန့်စင်ပေးတယ်။ သွားတိုက်တံနဲ့ အလွယ်တကူ မရောက်နိုင်တဲ့ သွားကြားထဲက ပိုးမွှားတွေကိုလည်း ဖယ်ရှားပေးနိုင်တယ်။၂။ သွားသေချာမတိုက်ခြင်းကြောင့် အပေါ်ယံသွားကြွေလွှာပေါ် အကျိအချွဲတက်ခြင်းကို နှေးကွေးစေတယ်။၃။ခံတွင်းအနံ့ဆိုးထွက်တတ်တဲ့သူတွေဆိုရင် တစ်နေ့ကို တစ်ကြိမ်လောက်ဖြစ်ဖြစ် သွားတိုက်ပြီးတိုင်း ဆားငန်ရည်နဲ့ ပလုတ်ကျင်းပေးခြင်းဖြင့် ခံတွင်းအနံ့ဆိုးကို သက်သာစေတယ်။ အယ်လ်ကိုဟော ပါဝင်တဲ့ခံတွင်းသန့်စင်ဆေးရည်နဲ့ မတည့်တဲ့သူတွေဆိုရင် ဆားငန်ရည်နဲ့ ပလုတ်ကျင်းပေးလို့ ရပါတယ်။၄။ လည်ချောင်းနာတဲ့သူတွေဆိုရင် ပါးစပ်ပတ်ပတ်လည်ကို တစ်ကြိမ်၊ အာခေါင်စပ် ရောက်တဲ့အထိ ခေါင်းကိုအနည်းငယ်မော့ပြီး တစ်ကြိမ် ၂ကြိမ်တိတိ ဆားငန်ရည်နဲ့ ပလုတ်ကျင်းပေးခြင်းဖြင့် လည်ချောင်းနာဝေဒနာကို အမြန်သက်သာစေနိုင်သလို ပျောက်တာလည်း မြန်စေပါတယ်။၅။ ပါးစပ်မှာ Ulcer ကဲ့သို့ အဖြူရောင်အနာကွက်လေးတွေ ပေါက်နေတဲ့အခါ ဆားငန်ရည်နဲ့ ပလုတ်ကျင်းပေးခြင်းဖြင့် ပိုးသေစေတယ်။ ဆေးဆိုင်ကနေ အနာပျောက်လိမ်းဆေးတွေကို လိမ်းပေးပြီးသွားရင်လည်း အရောင်ကျစေနိုင်ပြီး အနာကို သေးစေကာ မြန်မြန်ပျောက်စေနိုင်ပါတယ်။၆။သွားဖုံးရောင်ခြင်း၊ သွားဖုံးသွေးယိုခြင်း၊ ရေစီးကမ်းပြိုဖြစ်ခြင်း၊ သွားပိုးပေါက်ဖြစ်ခြင်း၊ သွားပိုးစားခြင်းကိုလည်း ကာကွယ်ပေးနိုင်တယ်။၇။ သွားနှုတ်ပြီး ၂၄နာရီနောက်ပိုင်းမှာ ဆားငန်ရည်နဲ့ ပလုတ်ကျင်းပေးမယ်ဆိုရင် အနာကျက်မြန်စေပြီး အနာမရင်းအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ သတိထားရမှာက သွားနဲ့ခံတွင်းဆရာဝန်ရဲ့ ဆေးပညာအတည်ပြုချက်ရမှသာ လုပ်သင့်ပါတယ်။ အထူးသဖြင့်အံဆုံးသွားနှုတ်တဲ့သူဆိုရင်တော့ ကိုယ့်သဘောနဲ့ကိုယ် ဆားငန်ရည်နဲ့ ပလုတ်မကျင်းခင် အရင်မေးဖို့လိုအပ်ပါတယ်။၈။အအေးမိ၊ ဖျားနာ၊ တုပ်ကွေးဖြစ်နေချိန်မှာလည်း ပလုတ်ကျင်းလို့ရပါတယ်။ ခံတွင်းနဲ့ လည်ချောင်းထဲမှာ ရှိနေတဲ့ ချွဲသလိပ်တွေကို ကြေစေပြီး ဘက်တီးရီးယားပိုးတွေကိုလည်း လျော့နည်းစေနိုင်ပါတယ်။၁။ ဖလိုရိုဒ်ပါတဲ့ သွားတိုက်ဆေးနဲ့ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သွားတိုက်ပေးပါ။ သွားတိုက်တဲ့အခါမှာလည်း နည်းမှန်လမ်းမှန်နဲ့ စနစ်တကျ သွားတိုက်ဖို့ အရေးကြီးပါတယ်။၂။ သွားတိုက်ပြီးရင် လျှာခြစ်ပါ။ လျှာခြစ်ဖို့အတွက် လျှာခြစ်တံအပျော့စားလေး သို့မဟုတ် သွားပွတ်တံနဲ့ အသုံးပြုလို့ရပါတယ်။၃။ အားလုံးလုပ်ပြီးသွားရင် ပါးစပ်ကို ခံတွင်းသန့်စင်ဆေးရည် သို့မဟုတ် ဆားငန်ရည်နဲ့ ပလုတ်ကျင်းပေးပါ။၄။ ဆားငန်ရည်ပြုလုပ်တဲ့နေရာမှာ အိမ်သုံးဆား လက်ဖက်ရည်ဇွန်းတစ်ဝက်ကို ရေကျက်နွေးတစ်ခွက်နဲ့ ရောမွှေပေးရပါမယ်။ ၁၀ စက္ကန့်မှ ၁၂ စက္ကန့်ထိ အကြာဆုံး ဆားငန်ရည်နဲ့ ပလုတ်ကျင်းပြီးသွားရင် ထွေးထုတ်ပစ်ပါ။ မမျိုချပါနဲ့။ လည်ချောင်းမှာ ဆားတွေကပ်နေရင် ရေနည်းနည်းငုံပြီး ပလုတ်ကျင်းကာ ထွေးထုတ်ပစ်ပါ။၅။ တစ်ပတ်ကို ၃ကြိမ်မှ ၄ကြိမ်ထိ လုပ်ပေးနိုင်ရင် လုံလောက်ပါတယ်။၆။ အစာစားပြီးတဲ့အခါ ရေနဲ့ပလုတ်ကျင်းပါ။ သွားပွတ်ကြိုးသုံးပြီး သွားကြားထဲ ညှပ်နေတဲ့ စားကြွင်းစားကျန်တွေကို ရှင်းထုတ်ပစ်ပါ။၇။ သွားနဲ့ခံတွင်းဆေးခန်းကို ၆လတစ်ကြိမ် ပုံမှန်သွားပြပေးပါ။ကိုယ့်ရဲ့ ရုပ်နဲ့ခန္ဓာကျန်းမာရေးအပေါ် အများကြီးသက်ရောက်မှုရှိစေတာကြောင့် ခုပြောပြခဲ့တဲ့ နည်းလမ်းတွေကို သေချာလိုက်နာပြီး ကိုယ့်ရဲ့ခံတွင်းကို သန့်ရှင်းအောင်ထားဖို့ ထပ်မံအကြံပြုပါရစေ။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/oral-care/%e1%80%86%e1%80%ac%e1%80%b8%e1%80%84%e1%80%94%e1%80%ba%e1%80%9b%e1%80%8a%e1%80%ba%e1%80%94%e1%80%b2%e1%80%b7-%e1%80%81%e1%80%b6%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%bb%e1%80%94/
ကော်လာဂျင်မြင့်တက်စေဖို့ စားပေးသင့်တဲ့ အစားအစာတွေ
ကော်လာဂျင်မြင့်တက်စေဖို့ စားပေးသင့်တဲ့ အစားအစာတွေ။အသားအရေလေး လှအောင် လုပ်မယ်လို့ စဉ်းစားလိုက်ရင် နေပူမခံရအောင် ကာကွယ်ဖို့ပြီးတာနဲ့ ခေါင်းထဲမှာ ပေါ်လာတာ တစ်ခုကကော်လာဂျင်သောက်မယ်ပေါ့။ ကော်လာဂျင်သောက်ရင် အသားလေးလှလာမှာပဲလို့ တွေးမိတယ်ကြတယ်ဟုတ်။ ကော်လာဂျင်ဆိုတာက ဆေးတွေသောက်မှရမှာလား။ အစားအစာတွေကနေရော မရနိုင်ဘူးလား။ ဒီတစ်ခေါက်တော့ အသားအရေလှအောင် အထောက်အပံ့ပေးတဲ့ ကော်လာဂျင်ရရှိနိုင်တဲ့အစားအစာလေးတွေအကြောင်းပြောပြပေးမယ်နော်။ကော်လာဂျင်ဆိုတာက အရွယ်တင်နုပျိုစေပြီး လှပနေစေတဲ့ပရိုတင်းတစ်မျိုးပေါ့။ အလှအပအတွက် အားဖြည့်ပေးနေတဲ့ ဇာတ်ကောင်လေးဆိုလည်း မမှားပါဘူး။ ခန္ဓာကိုယ်မှာရှိနေတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပြီး အရေပြား၊ အရိုး၊ ကြွက်သား၊အရိုးနု၊ အရွတ်၊ သွေးကြောနဲ့ အူမကြီးတွေမှာရှိတဲ့ တွယ်ဆက်တစ်ရှူးတွေကို အားဖြည့်ပေးထားပါတယ်။ကော်လာဂျင်ဆိုတာက ပရိုတင်းတစ်မျိုးဖြစ်ပြီးခန္ဓာကိုယ်ထဲမှာ အလျှံအပယ်ရှိတဲ့ ပရိုတင်းတစ်မျိုးပါ။ ကြွက်သားတွေ၊ အရိုး၊ အရွတ်၊ အကြော၊ ကိုယ်တွင်းအင်္ဂါတွေ၊ သွေးကြော၊ အရေပြား၊ အူအတွင်းနံရံတွေနဲ့ အခြားသောတွယ်ဆက်တစ်ရှူးတွေထဲမှာရှိပါတယ်။ကော်လာဂျင်ပမာဏကို မတိုင်းတာနိုင်ပေမယ့် ကိုယ်တွင်းမှာကော်လာဂျင်ပမာဏ ကျဆင်းလာတဲ့အခါအိုမင်းရင့်ရော်မှုကို ခံစားရနိုင်ပါတယ်။ လက္ခဏာတွေအနေနဲ့ကတော့။ကော်လာဂျင်မြင့်တက်စေဖို့ ဆိုရင် ဒါလေးတွေ စားပေးဖို့ လိုပါမယ်။ကီဝီသီး။ခန္ဓာကိုယ်က ကော်လာဂျင်ထုတ်လွှတ်အောင် လှုံ့ဆော်ရာမှာ အရေးပါတဲ့ဗီတာမင် Cကြွယ်ဝစွာပါဝင်နေပါတယ်။ဘယ်ရီသီးတွေ။ကော်လာဂျင်ထုတ်လွှတ်စေဖို့ အရေးပါတဲ့ ဓာတ်တစ်ခုဖြစ်တဲ့ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေပါတယ်။ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ကြွယ်ဝစွာပါဝင်နေတာကြောင့်Free radicalတွေရဲ့ ရန်ကနေ အသားအရေကို ကာကွယ်ပေးနိုင်မှာပါ။အယ်လ်မွန်စေ့။အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ။ဟင်းသီးဟင်းရွက်အများစုက အစိမ်းရောင်တွေပါ။ ဒါပေမယ့် အစိမ်းရောင်ရင့်ရင့်ဖြစ်နေတဲ့ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ ကိုက်လန်တို့လိုမျိုး ဟင်းသီးဟင်းရွက်တွေက အာဟာရကြွယ်ဝသလို ဗီတာမင် A၊ ဗီတာမင် C နဲ့ ဗီတာမင် E တို့ကြွယ်ဝစွာပါဝင်နေပြီး ခန္ဓာကိုယ်ရဲ့ကော်လာဂျင်ထုတ်လုပ်မှုပမာဏကို တိုးစေနိုင်ပါတယ်။အခွံမာသီးတွေနဲ့ အစေ့အဆန်တွေမှာ ဇင့်ဓာတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် ကော်လာဂျင်ပမာဏတိုးအောင် လှုံ့ဆော်ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် အသားအရေလှပဖို့ကော်လာဂျင်များများလိုချင်တယ်ဆိုရင် သစ်ကြားသီးနဲ့ ဖရုံစေ့တို့ကို စားပေးလို့ရပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/foods-that-increase-collagen/
ယောကျ်ားလေးများ ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှုအကြောင်း
ယောကျ်ားလေးများဟာ အသက် ဆယ်နှစ်ကျော် အရွယ်မှာ တစ်ဟုန်ထိုး ဖွံ့ဖြိုးကြီးထွား လာတတ်ကြတာ မိဘဆွေမျိုးများက အံ့အားသင့်ရတဲ့ အထိပါပဲ။ အသက် ၁၆ နှစ်လောက်မှာတော့ ယောကျ်ားလေး အများစုရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုဟာ ရပ်တန့် သွားတတ်ပါတယ်။ တချို့ကတော့ ဆက်လက် ကြီးထွားပါသေးတယ်။ယောကျ်ားလေးများဟာ လူပျိုဖော်ဝင်စ အချိန်မှာဖွံ့ဖြိုးကြီးထွားမှုမြန်ဆန်လာတတ်ပါတယ်။ လူပျိုဖော်ဝင်ချိန် ကတော့ တစ်ဦးနဲ့ တစ်ဦး မတူကြပါဘူး။ လူပျိုဖော်ဝင်ချိန်မှာ ယောကျ်ားလေးတွေရဲ့ အရပ်ဟာ တစ်နှစ်တာမှာ ၃ လက်မ (၇.၆ စင်တီမီတာ)ခန့် ရှည်လာတတ် ပါတယ်။လူပျိုဖော်ဝင်ချိန်မှာယောကျ်ားလေးတွေရှည်ထွက်လာတဲ့ အရပ်ဟာ အရွယ်ရောက်ပြီးချိန်မှာ ရှိတဲ့ အရပ်အမောင်းရဲ့ ၉၂ ရာခိုင်နှုန်းဖြစ်တယ်လို့ သုတေသနစာစောင်တစ်ခုမှာ ဖော်ပြထားပါတယ်။မိဘ နှစ်ဦးစလုံးဆီက မျိုးရိုးဗီဇဟာ ကလေးတွေရဲ့ အရပ်အမောင်းရော တခြား ဖွံ့ဖြိုးကြီးထွားမှုတွေ အတွက်ပါ အရေးပါ ပါတယ်။ ဒီ ကိစ္စပေါ် မူတည်ပြီး ကလေးရဲ့အရပ် ဘယ်လောက်ထိ ကြီးထွားနိုင်မယ် ဆိုတာကို အကြမ်းဖျင်း တွက်ချက်တဲ့နည်း ရှိပါတယ်။ မိဘနှစ်ဦးစလုံးရဲ့ အရပ်များ (လက်မဖြင့်) ကို ပေါင်းပြီး ၂ နဲ့ စားကြည့်ပါတယ်။ ပြီးရင် ယောကျ်ားလေးအတွက်ဆို ၂.၅ ပေါင်းပြီး မိန်းကလေးအတွက်ဆို ၂.၅ နုတ်ရပါတယ်။ ဥပမာအားဖြင့် ဖခင်ရဲ့အရပ်ဟာ ၇၀ လက်မရှိပြီး မိခင်ဟာ ၆၂ လက်မရှိခဲ့ရင် သူတို့ နှစ်ဦးပေါင်းခြင်းဟာ ၁၃၂ လက်မ ရပါတယ်။ ဒါကို ၂ နဲ့စားပြီး ယောက်ျားလေးအတွက် ၂.၅ လက်မ ပေါင်းထည့်ရပါတယ်။ ရလာတဲ့ ဂဏန်း (လက်မ) ဟာ သူတို့ နှစ်ဦးကမွေးတဲ့ သား ယောကျ်ားလေးရဲ့ ရှိနိုင်တဲ့ အရပ်ပါပဲ။ ဒါပေမယ့် ယေဘုယျသာဖြစ်ပြီး အမြဲမမှန်နိုင်ပါဘူး။အရပ်အမောင်းနဲ့ ကိုယ်ခန္ဓာဖွံ့ဖြိုးကြီးထွားမှုဟာ အစားအစာ၊လှုပ်ရှားမှုပမာဏ၊ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရရှိတဲ့ အာဟာရ စတာတွေပေါ်မှာလည်း မူတည်ပါသေးတယ်။ယောကျ်ားလေး နဲ့ မိန်းကလေးကြီးထွားပုံ မတူပါဘူး။ ယောကျ်ားလေးတွေဟာ မိန်းကလေးတွေထက် ဖွံ့ဖြိုးကြီးထွားတာ နောက်ကျတတ်ပါတယ်။ ယောကျ်ားလေးတွေဟာ လူပျိုဖော်ဝင် နောက်ပိုင်းကာလတွေမှာမှ လျင်မြန်စွာ ကြီးထွားလာတတ်ပါတယ်။ အကြောင်းအရင်းတရပ်ကတော့ ယောကျ်ားလေးတွေမှာ တက်စတိုစထရုန်းဟော်မုန်းကို ပိုပြီး ထုတ်လုပ်လာတာကြောင့် ဖြစ်ပါတယ်။ လူပျိုဖော်ဝင်ချိန်မှာ တက်စတိုစထရုန်း ထုတ်လုပ်မှုဟာ ဆယ်ဆထိ တက်လာတတ်ပါတယ်။ဖွံ့ဖြိုးကြီးထွားမှုကို နှေးစေတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ အဓိကအားဖြင့်။– သိုင်းရွိုက်ဂလင်းကို ထိခိုက်စေသော ရောဂါများ။– ဖွံ့ဖြိုးကြီးထွားမှုအားပေးသော ဟော်မုန်းများ ချို့တဲ့ခြင်း။– အင်ဆူလင်ပမာဏ။– တက်စတိုစထရုန်းဟော်မုန်း။– ဒေါင်းရောဂါလက္ခဏာစုနှင့် အခြား မျိုးရိုးဗီဇချို့ယွင်းခြင်းများ စတာတွေ ဖြစ်ပါတယ်။ကိုယ်အလေးချိန်များတဲ့၊အဝလွန်တဲ့ ယောကျ်ားလေးများဟာ ဖွံ့ဖြိုးကြီးထွားမှုနှုန်း နှေးတတ်ပါတယ်။ ကလေးဘဝမှာ အစာအာဟာရ ကောင်းကောင်းမရခြင်းဟာလည်း ဖွံ့ဖြိုးမှုကို နည်းစေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်ကတည်းက မိခင်အနေနဲ့အာဟာရဓာတ်ပြည့်ဝစွာ စားသုံးဖို့ လိုပါတယ်။ မွေးဖွားပြီးချိန်မှာလည်း သူ့အရွယ်နဲ့သူ အာဟာရဓာတ် လုံလောက်စွာ ရရှိဖို့ လိုအပ်ပါတယ်။ ယောကျ်ားလေးများ ဆယ်ကျော်သက်အရွယ်ရောက်လာရင် ကိုယ်လက်လှုပ်ရှားခြင်း၊ အိပ်စက်အနားယူခြင်း၊ စားသောက်ခြင်း စတာတွေ ဟန်ချက်ညီဖို့ လိုပါတယ်။ တစ်နေ့ကို နာရီဝက်ကနေ ၄၅ မိနစ်ခန့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးသင့်ပါတယ်။ ဘောလုံးကန်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း စတာတွေ ပြုလုပ်ပေးသင့်ပါတယ်။ အစားအစာများကိုလည်း အာဟာရဓာတ်မျှတအောင် အသားငါး ဟင်းသီးဟင်းရွက်များကို မျှတအောင် စားသုံးရပါမယ်။ အိပ်ချိန်အနေနဲ့ကတော့ ဆယ်ကျော်သက်အရွယ်မှာ အနည်းဆုံး ၈ နာရီ အိပ်စက်သင့်ပါတယ်။အဆိုပါအချက်များ ပြည့်စုံနေပေမယ့် မိမိကလေးဟာ တခြားယောကျ်ားလေးတွေလို ပုံမှန်ဖွံ့ဖြိုး ကြီးထွားမှု မရှိရင်တော့ ဆရာဝန်ပြသသင့်ပါတယ်။ ရောဂါအခံတစ်ခုခုရှိနေသလား စစ်ဆေးနိုင်ဖို့ ဖြစ်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/teenagers-boy_s_growth/
တက်နေတဲ့ လူတစ်ယောက်ကို အကူအညီပေးခြင်း
တက်နေသော လူတစ်ယောက်ကို မြင်တွေ့ရတာက တုန်လှုပ်ဖွယ်ကောင်းတဲ့ အတွေ့အကြုံ ဖြစ်နိုင်ပါတယ်။ တက်ခြင်းအများစုက အချိန်ကြာမည်ဟု ထင်ရသော်လည်း အမှန်တကယ် စက္ကန့် ၆၀-၉၀ ထက်မကြာတတ်ပါ။တက်နေသော လူတစ်ယောက်ကို တွေ့ပါက အရေးကြီးဆုံးက စိတ်အေးအေးထားဖို့ဖြစ်ပါတယ်။ တက်သည့် အချိန်ကို မှတ်ထားပါ။ ၃ မိနစ်ထက်ပိုကြာပါက သို့မဟုတ် တက်နေသူက ကိုယ်ဝန်ရှိပါက အရေးပေါ်ဌာနကို ချက်ချင်းခေါ်ပါ။တက်ခြင်းက ကြွက်သားများ ထိန်းချုပ်နိုင်စွမ်း၊ လှုပ်ရှားမှု၊ စကားပြောခြင်း၊ အမြင်အာရုံ စသည်တို့ကို အနှောင့်အယှက်ဖြစ် စေပါတယ်။ တက်သောသူရဲ့ ခန္ဓါကိုယ် သည် ပြင်းထန်စွာ တုန်လှုပ်ပြီး စက္ကန့် အနည်းငယ်မှ မိနစ် အနည်းငယ်ကြာနိုင်ပါတယ်။ သတိလစ်သွား နိုင်ပါတယ်။ သင်သိထားသင့်သော အတက်ရောဂါ အမျိးအစား အနည်းငယ် ရှိပါတယ်။တောင့်တင်းပြီး ဆတ်ခနဲ လှုပ်ခါသော အတက် ခေါ် convulsive seizure သည် အဖြစ်အများဆုံးသော အတက်ရောဂါဖြစ်ပါတယ်။ သည်အတက်တွင် တက်သူသည် တောင့်တင်းခြင်း၊ သတိလစ်ခြင်း၊ ကြမ်းပြင်ပေါ် လဲကျသွားခြင်း၊ ဆတ်ခနဲဆတ်ခနဲ ခြေနှင့် လက်များ လှုပ်ရှားခြင်း တို့ ဖြစ်စေပါတယ်။ နှုတ်ခမ်းများ အပြာရောင်ပြောင်းကာ အသက်ရှူရခက်ခြင်း ၊ အသက်ရှူ ပုံမမှန်ခြင်းများ ဖြစ်စေနိုင်ပါတယ်။ ဝမ်းနှင့် ဆီးများ မထိန်းနိုင်ခြင်း ၊ လျှာကိုက်မိခြင်း၊ ပါးစပ်အတွင်းသားများ ကိုက်မိခြင်း များဖြစ်နိုင်ပါတယ်။ထိုသို့တက်နေသော သူကို တွေ့ပါက ခေါင်းမထိခိုက်အောင် ဘေးကင်းသော နေရာတွင် ရွှေ့ထားပါ။ အမြင့်မှ ပြုတ်ကျခြင်းများ မဖြစ်စေရန် ကြမ်းပြင်ပေါ်တွင် ညင်သာစွာ လှဲထားပါ။ ခေါင်းအောက်တွင် ခေါင်းအုံးထားပါ။ သို့မဟုတ် ခေါင်းအုံးမရှိပါက အင်္ကျီ သို့မဟုတ် လည်စည်းကို လုံး၍ ခေါင်းအောက်တွင် ထားပါ။ အသက်ရှူလမ်းကြောင်း ကို သွေးနှင့် အရည်များ ပိတ်ဆို့ခြင်း မရှိအောင် ခေါင်းကို ဘေးသို့ စောင်းထားပါ။ ဘေးဝန်းကျင်တွင် အန္တရာယ်ရှိမည့် အရာများ ရှိပါက ဖယ်ရှားပါ။တက်နေသူရဲ့ ပါးစပ်ထဲသို့ မည်သည့် အရာမှ မထည့်ပါနဲ့။ထည့်ပါက ကိုက်မိပြီး တက်နေသူ ဒါဏ်ရာရနိုင်သောကြောင့် ဖြစ်ပါတယ်။ သွားအတုများ ၊ အံကပ်များ ရှိပါက ဖယ်ရှားပါ။တက်နေစဉ် တက်နေသုူကို ချုပ်နှောင်မထားပါနှင့် ။ထိန်းချုပ်ခြင်းဖြင့် ပုခုံး အဆစ်လွဲခြင်းကဲ့သို့ ထိခိုက်ဒါဏ်ရာများ ရစေနိုင်ပါတယ်။သည် တက်ခြင်းမျိုးကိုလည်း ကြားဖူးပါလိမ့်မယ်။ ယခုတက်ခြင်းတွင် အဝတ်အစားကို ဆက်တိုက် ကိုင်နေခြင်း၊ နှုတ်ခမ်းကို လက်ဖြင့် ဆက်တိုက် တို့နေခြင်း၊ ထပ်ခါထပ်ခါ တံတွေးမျိုကျခြင်း၊ လျှောက်သွားခြင်း စသည်တို့ ဖြစ်တတ်ပါတယ်။ ထိုသို့တက်နေသောသူကို တွေ့ပါက အန္တရာယ် ရှိသော နေရာများမှ ဖယ်ရှားပါ။ ချုပ်ထားခြင်း၊ ထိတ်လန့်အောင် လုပ်ခြင်းများ မပြုလုပ်သင့်ပါ။ ပြန်နေကောင်းသည်အထိ အစာကျွေးခြင်း၊ ရေတိုက်ခြင်းများ မပြုလုပ်သင့်ပါ။သတိရလာပါက ဘာဖြစ်သွားလဲ ပြန်ရှင်းပြပါ။ သင်နဲ့ရင်းနှီးသောသူ၊ ချစ်သူ၊ မိသားစုဝင်တွင် အတက်ရောဂါရှိပါက ဆေးကို အမြဲ ဆောင်ထားပြီး ပုံမှန်သောက်ရန် သတိပေးနေပါ။ အတက်ရောဂါနှင့် ပက်သက် သော အသိပညာများ ၊ တက်ခြင်းဖြစ်ပါက ရှေးဦးသူနာပြုမည်သို့ ပြုလုပ်ရမည်ကို လေ့လာ ဖြန့်ဝေပါ။ တက်သောသူကို တက်ကြွနေစေရန် အားကစား တစ်ခုခု ပြုလုပ်ဖို့ အားပေးပါ။ အတက်ရောဂါက ထိန်းချုပ်မှု ရသွားပါက ပုံမှန် လူနေမှု ဘဝကို ရရှိမှာ ဖြစ်ပါတယ်။ ဘေ့စ်ဘော၊ စက်ဘီးစီးခြင်း၊ ကနူးလှေလှော်ခြင်း၊ မြင်းစီးခြင်း၊ ဟော့ကီကစားခြင်းများ ပြုလုပ်မည် ဆိုပါက အကာအကွယ် ဦးထုပ် ၊ အင်္ကျီများ ဝတ်ဆင်သင့်ပါတယ်။Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/seizure-disorders/%e1%80%90%e1%80%80%e1%80%ba%e1%80%94%e1%80%b1%e1%80%90%e1%80%b2%e1%80%b7-%e1%80%9c%e1%80%b0%e1%80%90%e1%80%85%e1%80%ba%e1%80%9a%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%80%e1%80%ad%e1%80%af-%e1%80%a1/
ကလေးကို အဖျားတာတို စေမယ့် အစားအသောက်များ
အစားအစာတွေကခန္ဓာကိုယ်ကို ခွန်အားထောက်ပံ့ပေးတာထက် ပိုတယ်ဆိုတာ အမှန်ပါပဲ။ ဖျားတဲ့နာတဲ့အခါထိခိုက်ဒဏ်ရာတစ်စုံတစ်ခုရထားတဲ့အခါ အစားအစာကို မှန်ကန်အောင်စားသောက်ပေးမယ်ဆိုရင်ဖျားနာမှုကို သက်သာစေသလိုအနာတွေကိုလည်း ကျက်စေနိုင်ပါတယ်။ အချို့သောအစားအစာတွေက အားဖြစ်စေတယ်ဆိုတာထက်ပိုစေပြီး အအေးမိဖျားနာတာတွေကိုပါ တိုက်ထုတ်ပေးနိုင်တာပါ။ ဒါကြောင့် အဖျားတာတို စေအောင် ကလေးကို ဘယ်လိုကျွေးမွေးရမလဲသိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ဒီအစားအစာက အဖျားသက်သာစေနိုင်တယ်လို့ လူတော်တော်များများလက်ခံထားတဲ့ အစားအစာတစ်ခုပေါ့။ကြက်စွပ်ပြုတ်မှာ ဗီတာမင်၊ သတ္တုဓာတ်တွေ၊ပရိုတင်းနဲ့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေများစွာ ပါဝင်နေတာကြောင့် ဖျားနာနေတဲ့ ကလေးငယ်အတွက် အသင့်တော်ဆုံးဖြစ်မယ့် အစာကြေလွယ်တဲ့ အစားအစာတစ်မျိုးပေါ့။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ရေဓာတ်ကိုလည်းဖြည့်တင်းပေးနိုင်မှာပါ။နေထိုင်မကောင်းတဲ့အခါချွေးထွက်တာကြောင့်ဖြစ်ဖြစ်၊အော့အန်တာကြောင့်ဖြစ်ဖြစ် ရေဓာတ်တွေဆုံးရှုံးနိုင်ပါတယ်။ ခန္ဓာကိုယ်ကျန်းမာဖို့အတွက် ရေဓာတ်က မရှိမဖြစ်အရေးပါတဲ့ ဓာတ်တစ်မျိုးဖြစ်တာကြောင့် မြန်မြန်ကျန်းမာဖို့ လိုအပ်တဲ့ရေဓာတ်ကို ကလေးကြိုက်နှစ်သက်လောက်တဲ့ အရသာရှိတဲ့ အုန်းရည်နဲ့ ပြန်ဖြည့်ပေးလိုက်ပါ။နေမကောင်းတဲ့အခါ ရေနွေးခပ်ပူပူလေးက ချွေးထွက်ပြီး သက်သာသွားစေဖို့အထောက်အပံ့ပေးပါတယ်။ ဖျားနာမှုကြောင့် ခံစားရနိုင်တဲ့နှာခေါင်းပိတ်တာနဲ့လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။ ဆုံးရှုံးသွားတဲ့ရေဓာတ်ကိုလည်း ဖြည့်တင်းပေးနိုင်တာကြောင့်နေမကောင်းတဲ့အခါ ကလေးကို ရေခပ်နွေးနွေးလေးကို ဖြည်းဖြည်းချင်းသောက်ခိုင်းပေးပါ။ကလေးအရမ်းငယ်သေးရင်တော့ မသင့်တော်ပါဘူး။ ဒါပေမယ့် ကလေးက ၂ နှစ်လောက်ဆိုရင်တော့ အဖျားပျောက်စေဖို့အတွက် သဘာဝဆေးတစ်မျိုးဖြစ်တဲ့ ပျားရည်ကို တိုက်ကျွေးပေးလို့ ရပါတယ်။ ပျားရည်ကို ရေနွေးထဲထည့်ပြီး သောက်သုံးပေးမယ်ဆိုရင် ကလေးကို အဖျားသက်သာစေတဲ့အပြင် အဖျားကြောင့်ဖြစ်တဲ့ချောင်းဆိုးတာကိုပါ သက်သာစေမှာပါ။ ပျားရည်ကကိုယ်ခံအားကိုလည်း ကောင်းစေနိုင်ပါတယ်။ဖျားနေတဲ့အခါ ငှက်ပျောသီးကျွေးပေးတာက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ကယ်လ်လိုရီနဲ့ အာဟာရဓာတ်တွေကို ထောက်ပံ့ပေးနိုင်မှာပါ။ ဝါးရတာ လွယ်သလို အရသာလည်းရှိတဲ့အပြင် ကလေးလည်း အကြိုက်တွေ့မှာပါ။အစာကြေလွယ်ပြီး အာဟာရပြည့်ဝတဲ့ အစားအသောက်ပါ။ ကယ်လ်လိုရီ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပြီး ကိုယ်ခံအားကောင်းစေဖို့ အထောက်အပံ့ပေးမှာပါ။ ပရိုတင်းကြွယ်ဝတာကြောင့် မြန်မြန်အားပြန်ပြည့်စေမှာပါ။ဖျားနေတဲ့သူတွေအတွက် သင့်တော်တဲ့အစားအသောက်ပါ။ ဒိန်ချဉ်တစ်ခွက်စာမှာ ကယ်လ်လိုရီ ၁၅၀ ဂရမ်ပါဝင်နေပြီး ပရိုတင်းက ၈ ဂရမ်ပါဝင်နေပါတယ်။ ကယ်လ်ဆီယမ်ဓာတ်တွေ ပါဝင်နေသလို ဗီတာမင်၊ သတ္တုဓာတ် နဲ့အစာခြေစနစ်အတွက် အကျိုးပြုတဲ့Probioticsတွေလည်း ပါဝင်နေပါတယ်။ အရသာရှိရှိလေးစားနိုင်တာကြောင့် ကလေးလည်း ကြိုက်နှစ်သက်အဖျားသက်သာစေဖို့လည်း အထောက်အပံ့ဖြစ်စေမှာပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-nutrition/foods-can-shorten-sick-time-in-children/
အသားအရေအတွက် ပြုလုပ်တဲ့ လေဆာကုထုံးနဲ့ပတ်သက်ပြီး သင်ဘာတွေသိထားသင့်သလဲ
နည်းပညာတိုးတက်မှုတွေကြောင့် အသားအရေအရွယ်တင်နုပျိုစေမယ့်နည်းလမ်းတွေများစွာရှိလာတဲ့အထဲမှာlaser skin resurfacing ကို လူကြိုက်များပါတယ်။Laser resurfacing ကအရေးအကြောင်းတွေ၊ အသားအရေ မညီခြင်းတွေ၊ အမာရွတ်တွေ၊ အခြားအသက်ကြီးခြင်းကြောင့် ဖြစ်လာတဲ့ အစက်အပြောက်တွေကို ပြန်လည်ကောင်းမွန်စေဖို့ အလင်းတန်းကို အသုံးပြုပြီး အရေပြားအလွှာမျိုးစုံကို ကုသပေးတာဖြစ်ပါတယ်။ဒီနည်းက အလင်းတန်းတွေသုံးပြီး ထိခိုက်ပျက်စီးနေတဲ့အရေပြားအလွှာတွေကို ဖျက်ဆီးပေးပါတယ်။ အနာပြန်ကျက်တာနဲ့ လေဆာကုထုံးလုပ်ဆောင်နေစဉ်က ဖယ်ရှားပစ်လိုက်တဲ့ မကောင်းတဲ့အရေပြားနေရာမှာ အရေပြားအသစ်ပြန်လည်ဖြစ်ပေါ်လာပါတယ်။ တချို့လေဆာကုထုံးတွေကတော့ အရေပြားကို မဖျက်ဆီးပစ်ဘဲအပူဓါတ်နဲ့တင်းရင်းအောင်သာလုပ်ပေးတာဖြစ်ပါတယ်။Laser skin resurfacing နည်းလမ်းနှစ်မျိုးရှိပါတယ်။လေဆာအရေပြားတင်းရင်းစေခြင်း ကုထုံးကို အရေးအကြောင်းရှိသူတွေ၊ဝက်ခြံနဲ့အမာရွတ်ရှိသူတွေ၊တင်းတိတ်မှဲ့ခြောက်ရှိသူတွေ၊ အသားအရောင်မညီသူတွေ၊အသက်အရွယ်ကြောင့်ဖြစ်လာတဲ့အစက်အပြောက်ရှိသူတွေ၊ ခွဲစိတ်မှု၊ထိခိုက်မှုတွေကြောင့်မပျောက်နိုင်တဲ့အမာရွတ်ရှိသူတွေမှာအသားအရေ ပိုကြည့်ကောင်းစေဖို့၊ နုပျိုတင်းရင်းလှပစေဖို့ ကုသမှုခံယူကြတာများပါတယ်။skin resurfacing က အသားအရေမှာပြစ်ချက်နည်းစေဖို့၊ တင်းရင်းလှပစေဖို့မြန်ဆန်တဲ့ထိရောက်မှုရှိတယ်ဆိုပေမယ့် ကုထုံးကြောင့် ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးနဲ့နောက်ဆက်တွဲပြဿနာတွေကိုလည်း သိထားသင့်ပါတယ် –။ကိုယ့်မှာ အရေပြားပြဿနာရှိနေရင်၊ အသားအရမ်းညိုသူဖြစ်ရင်၊ မျက်နှာမှာလတ်တလောဝက်ခြံတွေရှိနေရင်၊autoimmune သို့မဟုတ် ကိုယ်ခံအားနည်းစေတဲ့ရောဂါတစ်ခုခုရှိနေရင်၊ အမာရွတ်ဖြစ်ကျန်တတ်တဲ့အသားအရေပိုင်ရှင်ဖြစ်ရင် လေဆာကုထုံးကို ခံယူလို့မရနိုင်ပါဘူး။ လေဆာပစ်ချိန်မှာလည်း ကိုယ်ပြုပြင်မယ့်အမျိုးအစားကိုလိုက်ပြီး နာကျင်မှုရှိတတ်တာတွေရှိပါတယ်။ လေဆာကုထုံးနဲ့ပတ်သက်ပြီး ဒီလို သတိထားစရာတွေ၊ နောက်ဆက်တွဲဆိုးကျိုးတွေအပြင် ကုထုံးတစ်ကြိမ်ကို သိန်းနဲ့ချီ ကုန်ကျနိုင်တာကြောင့် စဉ်းစားနေရသူတွေရှိပါတယ်။ နာရကျင်ရမှာကြောက်သူတွေ၊လေဆာကိုကြောက်သူတွေ၊ ကုန်ကျစရိတ်များမှာစိုးရိမ်နေသူတွေအတွက်တော့ အဆင်မပြေလောက်ပါဘူး။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%b1%e1%80%9b%e1%80%b8%e1%80%a1%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%b1%e1%80%95%e1%80%ba%e1%80%ac%e1%80%80%e1%80%b9%e1%80%b1/
အသည်းရောင်ရောဂါဖြစ်နေသောမိသားစုဝင်ကိုဘယ်လိုအားပေးမလဲ
အသည်းရောင်ရောဂါရှိသည့် မိသားစုဝင်သည် သူတို့ကိုယ်တိုင်သာမက မိသားစုဝင်တစ်ခုလုံးကိုပါ ကူးစက်နိုင်သည်။ ထို့ကြောင့် မိသားစုဝင်တို့ကို မည်သို့အားပေးရမည့်နည်းလမ်းကို မှန်ကန်စွာသိထားရမည်။ သို့မှာသာ မိသားစုဝင်အတွင်း နားလည်မှုရှိနိုင်မည်ဖြစ်သည်။သူတို့ပြောစကားကိုနားထောင်ပေးပါ။အသည်းရောင်ရောဂါဖြစ်နေသည့် မိသားစုဝင်တစ်ယောက်သည် သူတို့ခံစားသမျှကို နားလည်မည့်သူမရှိဟု ထင်နေတတ်သည်။ သူတို့ကိုအားပေးနိုင်မည့် အလွယ်ကူဆုံးနည်းလမ်းမှာ အနီးနားတွင်နေပေးခြင်းဖြစ်သည်။ သူတို့ကို အမြဲတမ်ဂရုစိုက်ပြီး နားထောင်လိုခြင်းကို ပြသရမည်။ ဤနည်းသည် သူတို့၏ ခက်ခဲသောနေ့ရက်ကိုကျော်ဖြတ်ရန် အားသစ်ရလိုက်ခြင်းဖြစ်သည်။ဆေး၏ဆိုးကျိုးများကိုကူညီဖြေရှင်းပေးပါ။အသည်းရောင်ရောဂါအတွက် ဆေးများတွင် ဆိုးကျိုးများစွာရှိပါသည်။ အတွေ့အများဆုံးမှာ နုံးခြင်း၊ စိတ်တိုလွယ်ခြင်း၊ စိတ်ကျခြင်း၊ ခေါင်းကိုက်ခြင်း၊ ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းတို့ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာမဟုတ်ဘဲ လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများကို ကူညီပေးရန် ပိုခက်ခဲပါသည်။ သို့သော် ထိုဆိုးကျိုးများမှာ ယာယီသာဖြစ်ကာ ကုသမှုပြီးသည်နှင့် ပျောက်သွားမည်ဖြစ်သည်။ အကယ်၍ သင့်မိသားစုဝင်တွင် ဆေးကုနေစဉ် ခံစားရသည်များကိုမပြောဘဲ ဖုံးကွယ်ထားခြင်းသည် ပြဿနာဖြစ်စေနိုင်သည်။ ခံစားချက်များကို ပွင့်ပွင့်လင်းလင်းပြောရန် အားပေးရမည်။ သို့သော်သူတို့သည် လူမှုရေးမကောင်းပါက အများကြီးမမျှော်လင့်သင့်ပါ။ သင်နှင့်စကားပြောရန် အဆင်မပြေပါက အနီးနားရှိအကူအညီပေးသည့်အုပ်စုများနှင့် ချိတ်ဆက်၍အားပေးပါ။စိတ်ဓါတ်ကျနေပါကဆရာဝန်ကိုမေးမြန်းပါ။သင့်မိသားစုဝင်ဆေးကုသမှုယူနေစဉ်အတွင်း စိတ်ပိုင်းဆိုင်ရာအခြေအနေကိုသတိပြုမိရန် လိုပါသည်။ တစ်စုံတစ်ခုရှိခဲ့လျှင် ဆရာဝန်ကိုပြောပြပါ။ ဆရာဝန်မှ ရောဂါရှာဖွေ၍ သင့်တော်သောဆေးကုသမှု ပေးနိုင်ပါမည်။ ကုသမှုကို ထိရောက်ရန်အတွက်၂-၈ပတ်ထိ ကြာနိုင်သည်။ သင့်မိသားစုဝင်မှ အဖြေကိုမစောင့်နိုင်ပါလျှင် ဆေးဝါးများ စအလုပ်လုပ်နိုင်မည့်အချိန်ထိ ရောက်အောင်စောင့်ရန်အားပေးပါ (သို့) တိုးတက်မှုသိပ်မရှိဟုထင်လျှင် အခြားတစ်နည်းပြောင်းပေးရန် ဆရာဝန်နှင့်ဆွေးနွေးပါ။အစားအစာပြင်ဆင်ခြင်း။သင်၏မိသားစုဝင်သည် အသည်းရောဂါကိုယ်တိုင် (သို့) ဆေးဝါးများကြောင့် အစာသိပ်မစားနိုင်ပါ။ အကယ်၍ သူ၏အလေးချိန်နှင့် ခွန်အားအတွက် လုံလောက်အောင်မစားနိုင်လျှင် ကျန်းမာရေးဆိုးရွားလာနိုင်သည်။ ထို့ကြောင့် နေ့စဉ်လိုအပ်သည့် ကယ်လိုရီအများစုအတွက် ကာဗွန်ဟိုက်ဒြိတ်ဓါတ်ပေးရန် လိုအပ်သည်။ သင့်မိသားစုဝင်မှ လွယ်ကူစွာချေဖျက်နိုင်သည့် အစာဖြစ်သည့် ပေါင်မုန့်ကင်နှင့် ပန်းသီးချဉ်ရေများ စားချင်သည့်အခါ ပေး၍စားပါ။ အစာစားချင်စိတ်ဖြစ်အောင် သူတို့ကြိုက်တာစားဖို့ အားပေးပါ။ အစာများလက်ထဲတွင် အဆင်သင့်ရှိနေအောင် စီမံထားပါ။သင့်မိသားစုဝင်ကို ဂရုစိုက်သည့်အပြင် မှန်ကန်သောနည်းလမ်းဖြင့် အားပေးရမည်ကို သိရမည်။ အထက်ပါအချက်များကေ ဆးကုသမှုခံနေစဉ်နှင့် ကုသမှုပြီးသည့်နောက်ေ နထိုင်၍ပိုကောင်းအောင်၊ မကောင်းသောခံစားချက်များ၊ အတွေးများတိုက်ထုတ်နိုင်အောင်နှင့် ကျန်းမာစွာနေထိုင်နိုင်ရန် ကူညီပေးပါသည်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%94%e1%80%b1%e1%80%b1/
ချာချာလည်မူးဝေခြင်းကို ကျော်လွှားနိုင်ရန် အကြံပြုချက်များ
ချာချာလည်မူးဝေခြင်းသည် လူများကို ကောင်းစွာ အလုပ်လုပ်ရန်၊ စာ လေ့လာရန် ခက်ခဲစေသည်။ ထို့ကြောင့် ချာချာလည် မူးဝေခြင်းကို ကျော်လွှားရန် အကြံပြုချက်များ လိုအပ်သည်။ချာချာလည်မူးဝေခြင်းဆိုသည်မှာ ပတ်ဝန်းကျင်ရှိ ကမ္ဘာ ကြီး လည်ပတ်နေသည်ဟု ခံစားရသော အခြေအနေတစ်ခု ဖြစ်သည်။အထက်တွင် ဖော်ပြထားသကဲ့သို့ အတွင်းနား ပြဿနာ များသည် ချာချာလည်မူးဝေခြင်းကို ဖြစ်စေသည်။ ထိုပြဿနာ များမှာ-။BPPV ဆိုသည်မှာ benign paroxysmal positional vertigo ( ကင်ဆာမဟုတ်သော ရုတ်တရက်ဖြစ်သော နေရာ ကြောင့်ဖြစ်သော ချာချာလည်မူးဝေခြင်း) ၏ အတိုကောက် ဖြစ်သည်။ BPPV ဖြစ်သောအခါ ကယ်စီယမ် အမှုန်များ၊ အနည်အနှစ်များသည် အတွင်းနား ပြွန်အတွင်းသို့ ကျသည်။ ထိုအခါ နားသည် မှားယွင်းသော အချက်ပြမှုများကို ဦးနှောက် သို့ ပို့လွှတ်ပြီး ခန္ဓါကိုယ် မျှခြေကို ဆုံးရှုံးစေသည်။ BPPV ကို ဖြစ်စေသော တိကျသော အကြောင်းရင်းမရှိပါ။ အသက်ကြီး သောကြောင့် ဖြစ်နိုင်သည်။ဤရောဂါသည် နားထဲတွင် အရည်များ စုလာပြီး ပုံမှန် ဖိအားကို လွှမ်းမိုးလာသောအခါ ဖြစ်ပွားသည်ဟု ဆိုသည်။ဗိုင်းရပ်စ်ကူးစက်ခြင်းသည် နားပြဿနာများ ဖြစ်စေသော အဓိက အကြောင်းရင်းတစ်ခုဖြစ်သည်။ Vestibular neuritis သည် ရောင်ရမ်းမှုကိုဖြစ်စေပြီး ခန္ဓါကိုယ် မျှခြေကိုထိန်းထား ပေးသော အတွင်းနား အာရုံကြောများကို ထိခိုက်စေသည်။တစ်ခါတစ်ရံ ချာချာလည် မူးဝေခြင်းသည် ကုသမှုမယူဘဲ ပျောက်ကင်းသွားသည်။ သို့သော် အများစုတွင် ချာချာလည် မူးဝေခြင်းကို သေချာကုသရန် လိုအပ်သည်။ ကုသမှုသည် ချာချာလည် မူးဝေခြင်းကို ဖြစ်စေသော အကြောင်းရင်းပေါ် မူတည်သည်။Vestibular စနစ်သည် ခန္ဓါကိုယ်လှုပ်ရှားမှုနှင့်ဆိုင်သော အချက်ပြမှုများကို ဦးနှောက်သို့ ပို့ပေးသည်။ ထိုစနစ်ကြောင့် ဦးနှောက်က သိရှိပြီး လူများကို မျှခြေထိန်းနိုင်အောင် လုပ်ပေး သည်။ Vestibular ပြန်လည်သန်စွမ်းအောင်လုပ်ခြင်းသည် Vestibular စနစ်ကို ပိုမိုသန်မာလာအောင်ကူညီပေးသော ကုထုံး တစ်မျိုး ဖြစ်သည်။ဤကုထုံးသည် BPPV ကို ထိန်းချုပ်ရန်အတွက် ဖြစ်သည်။ ၎င်းတွင် အတွင်းနားအခန်းထဲမှ ကယ်စီယမ် အမှုန့်များ ထွက်သွားစေရန် ခေါင်းနှင့်ခန္ဓါကိုယ် လှုပ်ရှားမှုများ ပါဝင် သည်။ ထို့နောက် ထိုအမှုန်များကို ခန္ဓါကိုယ်မှ စုပ်ယူလိုက် သည်။ ဤကုထုံးသည် ဘေးကင်းပြီး ထိရောက်မှု ရှိစေရန် အထူးကုဆရာဝန်ထံမှ လမ်းညွှန်ချက် လိုအပ်သည်။ချာချာလည် မူးဝေခြင်းသည် ဗိုင်းရပ်စ်ကူးစက်ခြင်းကြောင့် ဖြစ်ပါက လူနာကို ပဋိဇီဝဆေးများ သို့မဟုတ် စတီးရွိုက်များ တိုက်ပါ။ ထိုဆေးများသည် ရောင်ရမ်းခြင်းကို သက်သာစေပြီး ရောဂါပိုးကူးစက်ခြင်းကို တိုက်ဖျက်နိုင်သည်။Meniere’s disease တွင် ဆရာဝန်သည် လူနာအား ဆီးဆေးများ ပေးပါလိမ့်မည်။ အရည်များ စုပုံခြင်းကို ထိန်းချုပ်ရန် ဖြစ်သည်။အချို့ကိစ္စများတွင် လူနာသည် ချာချာလည် မူးဝေခြင်း ပျောက်ကင်းရန် ခွဲစိတ်ကုသမှု လိုအပ်နိုင်သည်။အဘယ်ကြောင့်ဆိုသော် တစ်ခါတစ်ရံ ချာချာလည် မူးဝေခြင်းသည် အရင်းခံပြဿနာများ ဥပမာ- အကျိတ် သို့မဟုတ် လည်ပင်း၊ ဦးနှောက်တွင်ရှိသော ဒဏ်ရာများ ကြောင့် ဖြစ်ပွားသည်။ ထိုအခါ ထိုအရာများကို ဖယ်ရှား ပေးနိုင်သော ခွဲစိတ်ကုသခြင်းသည်သာ လူနာအား ကယ်တင် နိုင်သည်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/%e1%80%81%e1%80%ba%e1%80%ac%e1%80%81%e1%80%ba%e1%80%ac%e1%80%9c%e1%80%8a%e1%80%b9%e1%80%99%e1%80%b0%e1%80%b8%e1%80%b1%e1%80%9d%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%80%e1%80%ad%e1%80%af/
သုက်လွှတ်မြန်တာ ဘယ်လိုလုပ်ရမလဲ
သုက်လွှတ်မြန်တာ ဘယ်လိုလုပ်ရမလဲ ! “ဆရာရေ…ကျွန်တော့် အခြေအနေကတော့ ဆေးကူမှရမယ်ထင်ပါတယ်…ဘယ်လောက်မှတောင်မကြာလိုက်ဘူး…”။“ဆရာရေ… ကျွန်တော်ကစိတ်လှုပ်ရှားတတ်တယ်…တစ်ခါတလေ တစ်မိနစ်တောင် မကြာလိုက်ဘူး….”။အဲ့ဒီလိုမျိုး ကိုယ့်ရဲ့စွမ်းဆောင်ရည်ကို သံသယဝင်တာတွေနဲ့ပတ်သက်ပြီး ဆွေးနွေး၊ တိုင်ပင်ပေးဖို့ခဏခဏ အကူအညီတောင်းခံရပါတယ်။ ယေဘုယျအားဖြင့်တော့ ကိုယ့်လက်တွဲဖော်နဲ့အတူနေတဲ့အချိန်က တစ်မိနစ်လောက်သာ ကြာတယ်ဆိုရင်တော့ ဒါကိုသုက်လွှတ်မြန်ခြင်းလို့ပြောလို့ရပါတယ်။ သုက်လွှတ်မြန်တာ ဘယ်လိုလုပ်ရမလဲ ……….။တချို့ကလည်း ရုပ်ရှင်တွေ အမွှမ်းတင်ထားတာတွေ ကြည့်ပါများပြီး နာရီ၀က်လောက်မှ မကြာရင်တော့ ကိုယ့်ကိုကိုယ် သုက်လွှတ်မြန်တဲ့ ရောဂါရှိတယ်လို့ ထင်တတ်ကြပါတယ်။ အကယ်၍ သင့်စွမ်းဆောင်ရည်က ၅ မိနစ်လောက် ဆိုရင်တော့ ပုံမှန်လို့ ပြောလို့ရပါတယ်။သုက်လွှတ်မြန်တာ က အကြောင်းရင်း များစွာရှိတဲ့ အထဲမှာ ပထမ အကြောင်းအရင်းကတော့ ငယ်ငယ်ကတည်းက လိင်ကိစ္စနဲ့ဆိုင်တဲ့ အတိတ်ဆိုးတွေကြောင့်ပဲ ဖြစ်ပါတယ်။ လိင်မှုကိစ္စ အစ စောစော အစပြုတာ၊လိင်ကိစ္စမှာအသုံးချခံရတာ၊ ငယ်ဘဝမှာတစ်ကိုယ်ရည်အာသာဖြေဖို့ လုံခြုံမှု မရှိတာတို့က အဓိက အကြောင်းအရင်းတွေ ဖြစ်ပါတယ်။ဒုတိယ အကြောင်းအရင်း ကတော့စိတ်ပိုင်းဆိုင်ရာအခြေအနေတွေ အခြားပြင်ပ အခြေအနေတို့ကြောင့်ပဲ ဖြစ်ပါတယ်။ ဥပမာ အလုပ်မှာ စိတ်ဖိစီးမှု များတာ၊ စိတ်ကျရောဂါဝင်နေတာ ၊ အရင်က ဖြစ်ဖူးတဲ့ သုက်လွှတ်မြန်တဲ့ ကိစ္စကိုပဲ အာရုံရောက်ပြီး ပူပန်နေတာ၊အရက် အလွန်အကျွံ သောက်ခြင်းတို့ကြောင့် အဖြစ်များပါတယ်။ ရောဂါကြောင့် ဆိုရင်တော့ဟော်မုန်းနဲ့ ပတ်သက်တဲ့ ရောဂါ၊ ဆီးကျိတ်ရောင် ရောဂါတို့ကြောင့် ဖြစ်တတ်ပါတယ်။ကိုယ့်ကိုကိုယ့် သုက်လွှတ်မြန် တယ်လို့ သံသယရှိသူတွေကတော့ ဆရာဝန် နဲ့ တိုင်ပင်ဆွေးနွေးတာက အကောင်းဆုံးပါ။ ဒါမှ သုက်လွှတ်မြန်တာ ဖြစ်တတ်ကြတယ်ဆိုတာနားလည်သွားဖို့ရယ်၊ ‌‌ရောဂါအခံရှိနေရင်ရယ် ဖြစ်စေ စောစောစီးစီး ဆေးကုသမှု ခံယူနိုင်မှာပါ။‌သုက်လွှတ်မြန်တာ ဘယ်လို လုပ်ရမလဲ အောက်က နည်းလမ်း‌တွေ ကတော့ ဆေးမကူဘဲ ဖြေရှင်းလို့ ရတဲ့ နည်းလမ်းတွေ ဖြစ်တဲ့အတွက် မျှဝေပေးလိုက်ပါတယ်။၁။ ချစ်ပွဲမဝင်ခင် ကြိုတင်ပြီး တစ်ကိုယ်ရည် အာသာဖြေခြင်းအားဖြင့်လည်း တကယ်တမ်း ဆက်ဆံတဲ့ အချိန်မှာ အရင်ကထက် ပိုမို ကြာလာစေနိုင်ပါတယ်။ စစ်မ‌‌ရောက်ခင် မြားမကုန်ဖို့တော့ ချိန်ဆဖို့ လိုအပ်ပါတယ်။၂။ကွန်ဒုံးထူထူ သုံးပေးခြင်းကလည်း အာရုံခံစားမှုကို အတော်အသင့် အဟန့်အတား ဖြစ်စေပြီး အချိန်ကို ဆွဲဆန့်နိုင်ပါတယ်။၃။ သုက်လွှတ်ချင်စိတ် ပေါ်လာရင် လေကို ရှူသွင်းရှူထုတ် ပုံမှန် လုပ်ပေးခြင်းဖြင့်လည်း သုက်လွှတ်ချင်စိတ်ကို အတော်အသင့် ထိန်းနိုင်ပါတယ်။၄။ တိုက်ပွဲ၀င်နေချိန် တခြား အကြောင်းအရာများ တွေးပေးခြင်းဖြင့်လည်း အာရုံလွှဲနိုင်ပါတယ်။ စိတ်ဖိစီးစရာတွေ မဖြစ်ဖို့တော့ အရေးကြီး ပါတယ်။၅။ စိတ်ကျရောဂါ ရှိသူဆိုရင်တော့ ဆရာ၀န်နဲ့ ပြသပြီး စိတ်ကျရောဂါကို ဆေးကုသမှု ခံယူတာအကောင်းဆုံးပါ။အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေကို အသုံးပြုပြီး သုက်လွှန်မြန်တာကို ဖြေရှင်းကြည့်လိုက်ဖို့ အကြံပြုလိုပါတယ်။ရေးသားသူ – Dr. Z။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/how-to-deal-with-premature-ejaculation/
ကိုယ့်အသားအရေနဲ့ လိုက်ဖက်မယ့် အကောင်းဆုံး အောက်ခံမိတ်ကပ်ရွေးချယ်နည်း
မျက်နှာလေးကိုလှပအောင်ပြင်ဆင်ခြယ်သတာကလည်း အနုပညာတစ်ရပ်ပါ။ ပင်ကိုယ်ကသိပ်မလှရင်တောင်မှ ကိုယ့်အသားအရေနဲ့လိုက်ဖက်မယ့် အလှကုန်ပစ္စည်းမျိုးကိုရွေးချယ်သုံးစွဲပေးမယ်ဆိုရင်လှပမှုကိုပိုင်ဆိုင်နိုင်မှာ အသေအချာပါပဲ။ မိတ်ကပ်ကြိုက်တဲ့လေဒီတွေအနေနဲ့ လှပမှုကိုပိုင်ဆိုင်လိုတယ်ဆိုရင် သတိထားရမယ့် အချက် တစ်ခုကအောက်ခံဖောင်ဒေးရှင်းကိုမှန်ကန်စွာရွေးချယ်တတ်ဖို့ပါ။ အသားအရောင်နဲ့မလိုက်တာမျိုး အသားအရေ အမျိုးအစားနဲ့ မလိုက်တာမျိုးကိုရွေးမိမယ်ဆိုရင်တော့ လှပတယ်ဆိုတဲ့ခံစားမှုထက် စိတ်တိုင်းမကျဘူးဆိုတဲ့ ခံစားချက်ကိုပဲ ပိုမိုခံစားရပါလိမ့်မယ်။မှန်ကန်တဲ့မိတ်ကပ်ဖောင်ဒေးရှင်းကိုလိမ်းခြယ်မှုက အသားအရေကိုချောမွေ့ပြေပြစ်အောင် အထောက်အပံ့ ပေးနိုင် ပါတယ်။အောက်ခံမိတ်ကပ်က မျက်နှာပေါ်မှာရှိတဲ့ အများကို မမြင်စေချင်တဲ့အနာအဆာတွေကို ဖုံးကွယ်ပေးတဲ့ ဇာတ်လိုက်ပါ။အောက်ခံမိတ်ကပ်ရွေးချယ်မှုကတော်တော်လေးအရေးပါပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်က အသားအရေချင်း မတူတာကြောင့် အောက်ခံမိတ်ကပ်အရောင်လည်းမတူနိုင်ပါဘူး။ အဲဒါကြောင့်အခြားသူ တစ်ယောက် ရဲ့အောက်ခံမိတ်ကပ်ကို အလွယ်တကူယူလိမ်းတာမျိုးက ကိုယ့်အသားရေနဲ့ မကိုက်ညီဘဲ မလှမပကြီး ဖြစ်နေတတ် ပါတယ်။ ဒီတော့ အမျိုးသမီးတွေမှာ ကိုယ့်အသားရေနဲ့လိုက်ဖက်တဲ့အောက်ခံမိတ်ကပ်ကိုရှာရတာက အင်မတန်ခက်ခဲတဲ့ အလုပ်ကြီးတစ်ခုဖြစ်နေရပါတယ်။ ကိုယ်နဲ့အကိုက်ညီဆုံးရှာမရတဲ့အခါ နှစ်မျိုးသုံးမျိုးစပ်ပြီးရောလိမ်းရတာတွေတောင် ရှိနေပါတယ်။အောက်ခံမိတ်ကပ်တွေရဲ့ အရောင် အနု၊အရင့်၊ ထုတ်လုပ်ထားတဲ့စနစ်တွေကွာခြားမှုကိုလိုက်ပြီး အသားအရေကို အကျိုးပြုပုံချင်းမတူကြပါဘူး။ အချို့အောက်ခံမိတ်ကပ်တွေကခြောက်သွေ့တဲ့အသားအရေတွေအတွက် အစိုဓါတ် ထိန်းပေးတဲ့အာနိသင်ထည့်သွင်းထုတ်လုပ်ထားသလို အချို့ကလည်းဝက်ခြံထွက်တဲ့သူတွေအတွက် သီးသန့် ထုတ်ထား တာမျိုးပါ။ ပုံမှန်အသားအရေပိုင်ရှင်တွေအတွက် အသားအရေကို အာဟာရဖြည့်ပေးနိုင်အောင် ထုတ်ထားတဲ့အောက်ခံမိတ်ကပ်မျိုး လည်းရှိပါတယ်။ခြောက်သွေ့တဲ့အသားအရေ။အသားအရေခြောက်သွေ့သူတွေအနေနဲ့ကတော့ရေဓါတ်ဖြည့်ပေးတဲ့ အောက်ခံမိတ်ကပ်အရည်ကိုအသုံးပြုပေးလို့ရပါတယ်။ အသားအရေကို အစိုဓါတ်ထိန်းပေးပြီး ပုံမှန်လိမ်းနေကျအောက်ခံမိတ်ကပ်တွေထက်ပြေပြစ်လှပစေပါတယ်။အဆီပြန်တဲ့ အသားအရေ။အဆီမပါဝင်တဲ့အောက်ခံမိတ်ကပ်အရည် (သို့မဟုတ်)Stick Type တို့ကိုရွေးချယ်အသုံးပြုပေးလို့ရပါတယ်။အဆီပါဝင်မှုမရှိတဲ့အောက်ခံမိတ်ကပ်အရည်ကိုပေါင်ဒါနဲ့တွဲဖက်အသုံးပြုတဲ့အခါ အဆီတွေကိုစုပ်ယူနိုင်အောင် အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။salicylic acid နဲ့ benzoyl peroxide တို့ပါဝင်တဲ့အောက်ခံမိတ်ကပ်အသုံးပြုပေးတာကလည်း အဆီမပြန်အောင်အထောက်အကူရရှိပါလိမ့်မယ်။ပေါင်းစပ်အသားအရေ။ပေါင်းစပ်အသားအရေပိုင်ရှင်တွေက အသားအရေခြောက်သွေ့တာမျိုးမရှိသလို အဆီပြန်တာကိုလည်း မခံစားရ ပါဘူး။အောက်ခံမိတ်ကပ်အရည်ရော၊ပေါင်ဒါကိုပါအသုံးပြုပေးလို့ရပါတယ်။ မျက်နှာရဲ့ T-Zone မှာပေါင်ဒါမှုန့်ကို အသုံးပြုမယ်ဆိုရင် မျက်နှာပေါ်က အဆီတွေကို စုပ်ယူပေးနိုင်မှာ ဖြစ်ပါတယ်။အောက်ခံမိတ်ကပ် အရည်ကိုတော့ မျက်နှာပြင်အနှံ့မှာ အသုံးပြုပေးလို့ရပါတယ်။အောက်ခံမိတ်ကပ်ကို stick type၊ liquid type၊ cream type ဆိုပြီး ပုံစံအမျိုးမျိုးနဲ့ ရရှိနိုင်ပါတယ်။အရည် နဲ့ ခရင်မ်ပုံစံအောက်ခံမိတ်ကပ်တွေ-အောက်ခံမိတ်ကပ်အရည်တော်တော်များများကအသားအရေ အမျိုးအစား တော်တော်များများနဲ့ သင့်တော်ပြီး သုံးရလွယ်ကူပါတယ်။ အောက်ခံမိတ်ကပ် အရည်ကို မိတ်ကပ်လူးတဲ့ ဘရက်ရှ် (သို့မဟုတ်)ရေမြှုပ်နဲ့လူးပေးတာက အကောင်းဆုံးပါ။Stick Typeအောက်ခံမိတ်ကပ်–stick typeအောက်ခံမိတ်ကပ်တွေတွေက ပိုပျစ်ပြီးအောက်ခံမိတ်ကပ် အရည်တွေထက် မျက်နှာပေါ်က အနာအဆာတွေကို ပိုမိုဖုံးအုပ်ပေးနိုင်ပါတယ်။ ရေမြှုပ် ခပ်ထူထူလေး အသုံးပြုပြီး သိပ်သိပ်လူးပေးတာက အဆင်ပြေပါလိမ့်မယ်။အသားအရေနဲ့လိုက်ဖက်မယ့် အောက်ခံမိတ်ကပ်ရွေးချယ်ရတာကလည်းတော်တော်လေးကို ခက်ခဲပါတယ်။ အသားအရေအမျိုးအစားနဲ့ ကိုယ့်ရဲ့ skintone ကို မသိတာကြောင့် တစ်ခါတလေမှာ အောက်ခံမိတ်ကပ်ရွေးချယ်တဲ့အခါ တော်တော်လေးခက်ခဲပါတယ်။ နောက်ဆုံး အောက်ခံမိတ်ကပ် နှစ်မျိုးလောက်ကိုရောစပ်အသုံးပြုလိုက်မှ အဆင်ပြေ သွားတာမျိုးတွေတောင်ရှိတတ်ပါတယ်။ ကျွန်မတို့ မြန်မာအမျိုးသမီးတွေဆိုရင် ဒေသအလိုက် အသားအရေ အရောင် ကွဲပြားတာမျိုးရှိသလို အသားအရေအမျိုးအစားကလည်းတော်တော်လေးကွာခြားကြပါတယ်။ဆယ်ကျော်သက်အချို့က မျက်နှာအသားအရေပေါ်က အနာအဆာတွေ နဲ့ အသားအရေမညီညာတာတွေကို ဖုံးကွယ်ဖို့ အတွက်အောက်ခံမိတ်ကပ်အစား cover sticks ကိုအသုံးပြုကြတာမျိုးရှိပါတယ်။ မိတ်ကပ်မလူးဘဲCover Sticks အသုံးပြုတာက မျက်နှာပေါ်ကအနာအဆာတွေကို ဖုံးကွယ်ပေးနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုတော့မဟုတ်ပါဘူး။Cover Sticks အစားအောက်ခံမိတ်ကပ်ကိုအသုံပြုလိုက်တာကမှ အသားအရေကိုညီညာပြီးလှပစေမှာပါ။မျက်နှာကိုလှပအောင်ပြင်ဆင်တဲ့နေရာမှာအရေးအကြီးဆုံးက အသားအရေအမျိုးအစား၊ အသားအရောင်နဲ့လိုက်ဖက်မယ့် အောက်ခံမိတ်ကပ်ကိုရွေးချယ်အသုံးပြုဖို့ကလည်းတော်တော်လေးအရေးပါပါတယ်။ အပေါ်မှာရေးထားတာလေးတွေ ကိုဖတ်ပြီး အလှအပကိုမြတ်နိုးတဲ့ပျိုမေလေးတွေလည်း မှန်ကန်တဲ့အောက်ခံမိတ်ကပ်ကိုရွေးချယ်ပြီး စမတ်ကျကျ လှပနိုင်ကြပါစေ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%80%b7%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%b1%e1%80%9b%e1%80%94%e1%80%b2%e1%82%94-%e1%80%9c%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%96/
ပြေးပြီး ဘယ်လို အကြောလျှော့မလဲ
ပြေးလွှားခြင်းပြီးတဲ့နောက် မှာလုပ်ဆောင်တဲ့ အကြောလျှော့ခြင်း လေ့ကျင့်ခန်းများ။အကြောလျှော့ခြင်း-ဟာ ပြေးလွှားခြင်းအတွက် အရေးကြီးတဲ့ သွေးပူလေ့ကျင့်ခန်းတစ်မျိုးပဲဖြစ်ပါတယ်။ တကယ်တော့ အကြောလျှော့ခြင်းဟာ မပြေးခင်ရော၊ ပြေးပြီးချိန်မှာပါ အရေးကြီးပါတယ်။ကျွန်ုပ်တို့အားလုံးသိထားတဲ့အတိုင်း ပြေးလွှားလေ့ကျင့်သူတစ်ယောက်အနေနဲ့ ပြေးလွှားပြီးချိန်မှာ မလုပ်သင့်တာလေးတွေရှိပါတယ်။ အဲဒီထဲက တစ်ခုကတော့ ပြေးပြီး ပုံမှန်အနေအထားပြန်ရောက်အောင် လုပ်ရမယ့်အဆင့်ကို မလုပ်ဘဲကျော်လိုက်ခြင်း ပဲဖြစ်ပါတယ်။ အကြောလျှော့ခြင်းနဲ့ လမ်းလျှောက်ခြင်းဟာ အဲဒီအဆင့်မှာ ပါဝင်တဲ့ ပုံစံနှစ်မျိုးဖြစ်ပါတယ်။ပုံမှန်အားဖြင့် လူတွေဟာ မိနစ်အနည်းငယ်လောက် လမ်းလျှောက်ကြပြီးနောက်မှာအိမ်ပြန်သွားတတ်ကြပါတယ်။ ဒါပေမယ့်လည်း ဒီလမ်းလျှောက်ခြင်းအပြင် အကြောလျှော့တာလေး အနည်းငယ်ထပ်ပေါင်း လုပ်ဆောင်လိုက်မယ်ဆိုရင် သင့်ကြွက်သားလေးတွေကို ကြံ့ခိုင်ဖို့ နဲ့ ခန္ဓါကိုယ်ပျော့ပျောင်း နိုင်ဖို့ ကူညီနိုင်မှာ ဖြစ်ပါတယ်။ အဲလို အကြောလျှော့ဖို့ ကုန်သွားတဲ့အချိန်ဟာ အကျိုးရှိပါတယ်။Calf Stretch (ခြေသလုံးကြွက်သား အကြောလျှော့နည်း။)။သင့်ရဲ့ခြေထောက်တစ်ဖက်ကို အရှေ့ထုတ်ပြီး အခြားတစ်ဖက်နဲ့ နောက်ကျောကို တဖြောင့်တည်းဖြစ်အောင်ထားပါ။ သင့်ရဲ့ ခြေထောက်နှစ်ခုစလုံးဟာ မြေပြင်ပေါ်မှာ အပြည့်အစုံရှိနေရမှာ ဖြစ်ပြီး အရှေ့ကို ညွှန်ပြထားရမှာ ဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ အရှေ့ခြေထောက်ကို တဖြည်းဖြည်းကွေး လိုက်ပြီး သင့် ခန္ဓါကိုယ်ကို အနည်းငယ်နိမ့်အောင်ကိုင်းပေးရပါမယ်။အဲဒီအချိန်မှာ အနောက်ခြေထောက်ရဲ့ ခြေသလုံးကြွက်သားတွေမှာ အကြောတင်းတာကို ခံစားရနိုင်ပါတယ်။ ခြေထောက်တစ်ဖက်စီအတွက် ၁၅ စက္ကန့်စီလောက် လုပ်ဆောင်ရပါမယ်။Hamstring stretch( ဟမ်းစထရင် ကြွက်သား(ပေါင်အနောက်ရှိကြွက်သားများ) အကြောဖြေလျှော့နည်း။)။ခုနကအတိုင်း ခြေထောက်တစ်ဖက်ကို အရှေ့ထုတ်ရမှာ ဖြစ်ပြီး ဒီတစ်ခါမှာတော့ အရှေ့ခြေထောက်ကို ဖြောင့်တန်းအောင်ထားရမှာ ဖြစ်ပါတယ်။ ကွေးရမှာကတော့ အနောက်ခြေထောက်ပါ။ ဥပမာ သင့်ညာခြေထောက်ကို အရှေ့ထုတ်ထားတယ်ဆိုပါစို့။ အဲဒါဆိုရင် ညာခြေထောက်ကို ခြေချောင်းလေးတွေက အပေါ်ကို ထောင်ထားတဲ့အနေအထားနဲ့ ဖြောင့်အောင်ထားထားပြီး လက်တွေကို တင်ပဆုံနားမှာထားပါ။ဘယ်ခြေထောက်ကို ကွေးပြီး ခန္ဓါကိုယ်ကို ညာခြေထောက်ဘက်ကို ကိုင်းလိုက်ပါ။ အဲဒီလို အကြောလျှော့ခြင်းလုပ်ဆောင်နေစဉ်မှာ သင့်နောက်ကျောကို ဖြောင့်တန်းနေအောင် ထားဖို့ လိုအပ်ပါတယ်။ ခြေထောက်တစ်ဖက်စီအတွက် ၁၅ စက္ကန့်စီ လုပ်ဆောင်ရပါမယ်။Butterfly (လိပ်ပြာ ပုံစံအကြောလျှော့နည်း)။ဒီတစ်နည်းကတော့ လွယ်ကူပါတယ်။ သင်လုပ်ရမှာက ကြမ်းပြင်မှာ ခြေထောက် ခြေဖဝါးနှစ်ခုကို မျက်နှာချင်းဆိုင်ထားပြီး ထိုင်နေရုံပါပဲ။ ပြီးတဲ့အခါ ခန္ဓါကိုယ်ကို ရှေ့ကိုကိုင်းချပြီး စက္ကန့် ၃၀လောက်နေပေးပါ။ခေါင်းမှ ဒူးခေါင်းသို့ ထိပြီးအကြောလျှော့နည်း။ဒီနည်းလမ်းကို ပြေးတဲ့သူတွေက အတော်အတန် အသိများ၊ အလုပ်များကြပါတယ်။ ကြမ်းပြင်ပေါ်မှာ ထိုင်ပြီး သင့်ရဲ့ ညာခြေထောက်ကို အတွင်းဘက်ကို ကွေးထားပါ။ သင့်ဘယ်ခြေကိုတော့ ဖြောင့်တန်းအောင်ထားထားပါ။ ညာခြေထောက်ရဲ့ ခြေဖဝါးနဲ့ ဘယ်ဘက်ပေါင်ကို ဆန့်ကျင်ပြီး ဖိပေးပါ။ပြီးတဲ့အခါမှာ သင့်ခန္ဓါကိုယ်ကို သင့်ရဲ့ ဘယ်ခြေထောက်ဘက်ကို ကိုင်းပြီး ဒူးခေါင်းနဲ့ ဦးခေါင်းထိတဲ့အထိ ကြိုးစားထိရပါမယ်။ သင့်ရဲ့ ပုခုံးတွေကို မြေပြင်နဲ့ အပြိုင်ဖြစ်အောင် ထားရပါမယ်။ အဲဒီ အနေအထားအတိုင်း စက္ကန့် ၃၀ လောက်ထားပြီး နောက်ခြေထောက်တစ်ဖက်ပြောင်းလုပ်ရပါမယ်။ပေါင်ကြွက်သား အကြောဖြေလျှော့နည်း။သင့်ရဲ့ ညာခြေထောက်ကို ဆုပ်ကိုင်ပြီး သင့်ရဲ့ တင်ပါးဆီကို ဆွဲလိုက်ပါ။ သင့်ရဲ့ ညာဘက်ပေါင် အရှေ့ဘက်ခြမ်းမှာ အကြောလျှော့တဲ့ခံစားချက်ကို ခံစားရပါလိမ့်မယ်။ သင့်ခန္ဓါကိုယ်ကို ဘယ်အရာကိုမှ အမှီမပြုဘဲ ခန္ဓါကိုယ်တစ်ခုလုံးရဲ့ ဟန်ချက်ကို ညီအောင်ထိန်းထားပါ။ အဲဒီအနေအထားအတိုင်း ၁၅ စက္ကန့်လောက်ထားပြီးနောက်ခြေထောက်တစ်ချောင်း ပြောင်းလုပ်ပါ။Low lunge stretch။ဒူးတစ်ဖက်က မြေပြင်အပေါ်ထောက်ထားပြီး အခြားတစ်ဖက်က အရှေ့ကိုထုတ်၊ ၉၀ ဒီဂရီလောက်ကွေးထားပါ။ သင့်လက်တွေကိုလည်း မြေပြင်ပေါ်မှာထားပြီး ခန္ဓါကိုယ်ကို ကိုင်းနေတဲ့ အနေအထားဖြစ်အောင်ထားပါ။ ပြီးတဲ့အခါမှာ ခန္ဓါကိုယ်ကို ဖိချလိုက်ပြီး အဲဒီအတိုင်း ၆၀ စက္ကန့်လောက်နေပြီး နောက်ခြေထောက်တစ်ချောင်းပြောင်းပြီး လုပ်ဆောင်နိုင်ပါတယ်။အဲဒီနည်းလမ်းတွေဟာ အပြေးလေ့ကျင့်သူတွေ လုပ်ဆောင်နိုင်တဲ့ လူသိများတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ ဘယ်နည်းလမ်းက သင့်အတွက် အဆင်အပြေဆုံးလဲဆိုတာ ရွေးချယ်ဆုံးဖြတ်နိုင်ဖို့ နောက်ထပ်နည်းလမ်းတွေ အများကြီး ရှိပါသေးတယ်။ အရေးကြီးတဲ့ အချက်တစ်ခုကတော့ အကြောလျှော့နေစဉ်မှာ အသက်ကို ပြင်းပြင်းနဲ့ ပုံမှန်လေးရှုဖို့ပါ။ဒီလို အကြောလျှော့တာတွေ လုပ်ဆောင်လို့ နာကြင်စေနိုင်တာမျိုးမရှိနိုင်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဒီလို အကြောလျှော့လေ့ကျင့်ခန်းလုပ်ဆောင်တယ်ဆိုတာ နာကြင်တာတွေကို ဖယ်ရှားထုတ်ဖို့၊ ထိခိုက်ဒဏ်ရာတွေကို ကာကွယ်ဖို့၊ နဲ့ နာကြင်မှုတွေကို လျောနည်းစေဖို့ပဲဖြစ်လို့ပါ။ တကယ်လို့ အကြောလျှော့လေ့ကျင့်ခန်း လုပ်ဆောင်ပြီးတာတောင်မှ နာကြင်မှုခံစားနေရသေးတယ်ဆိုရင် ဆရာဝန်နဲ့ ပြသဖို့ စဉ်းစားသင့်ပါတယ်။[embed-health-tool-heart-rate]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/balance-and-flexibility/%e1%80%95%e1%80%bc%e1%80%b1%e1%80%b8%e1%80%95%e1%80%bc%e1%80%ae%e1%80%b8-%e1%80%a1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%9c%e1%80%bb%e1%80%be%e1%80%b1%e1%80%ac%e1%80%b7/
ဖေဖေမေမေတို့ သိချင်နေမယ့် ဘေဘီလေးအတွက် တုပ်ကွေးကာကွယ်ဆေး
တုပ်ကွေး အမျိုးအစားတွေက အများကြီး ရှိနိုင်ပြီး တစ်နှစ်နဲ့တစ်နှစ် ဖြစ်ပွားတဲ့ တုပ်ကွေးမျိုးစိတ်ချင်းလည်း မတူနိုင်ပါဘူး။ တုပ်ကွေး အမျိုးအစားက ကွာခြားပေမယ့် ကလေးတွေမှာ ခံစားရနိုင်တဲ့ လက္ခဏာတွေကတော့ များသောအားဖြင့် တူတတ်ကြပါတယ်။ဖေဖေမေမေတို့ အနေနဲ့ တုပ်ကွေးကာကွယ်ဆေး ထိုးတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင် ခေါင်းထဲမှာ ပေါ်လာမယ့် အချက်တွေ အများကြီး ရှိနိုင်ပါတယ်။ တစ်ချက်ချင်းစီ စဉ်းစားအဖြေထုတ်ကြည့်ရအောင်လား။ဘေဘီလေး ၆ လပြည့်ပြီဆိုတာနဲ့ စထိုးလို့ရပါပြီ။ ၆ လအောက် ဘေဘီလေးတွေကတော့ ကာကွယ်ဆေး ထိုးလို့မရသေးပါဘူး။ ပထမဆုံးအကြိမ် တုပ်ကွေးကာကွယ်ဆေး စထိုးတဲ့အခါ ဆေးတစ်လုံး ထိုးပြီး အနည်းဆုံး ၄ ပတ်ခြားပြီးမှ ဒုတိယ တစ်လုံးကို ထိုးရပါမယ်။ကိုယ်ခံအားစနစ် ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတဲ့ ၅ နှစ်အောက် ကလေးတွေမှာ တုပ်ကွေး ကူးစက်ခံရနိုင်ခြေက အခြားသူတွေထက် ပိုများပါတယ်။တုပ်ကွေးရောဂါပိုးတွေက တစ်နှစ်နဲ့ တစ်နှစ် မတူတာကြောင့် ကာကွယ်ဆေးကို တစ်နှစ်ပြည့်တိုင်း နောက်တစ်ခါ ပြန်ထိုးပေးဖို့ လိုပါမယ်။ထိုးပြီးတာနဲ့ ချက်ချင်း တုပ်ကွေးကို မကာကွယ်ပေးနိုင်သေးပါဘူး။ ကာကွယ်ဆေး ထိုးပြီး ၂ ပတ်ကြာမှစလို့ အာနိသင်ပြမှာပါ။တုပ်ကွေးကာကွယ်ဆေးက ရာသီတုပ်ကွေး ရောဂါပိုးကိုပဲ ကာကွယ်နိုင်တာပါ။သွေးလွန်တုပ်ကွေးကို မကာကွယ်ပေးနိုင်ပါဘူး။တုပ်ကွေးကာကွယ်ဆေး ထိုးပြီးရင် ကလေးက ကိုယ်ပူတာ၊ မအီမသာဖြစ်တာ၊ ဆေးထိုးထားတဲ့ နေရာက နီနေတာ၊အောင့်နေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။တုပ်ကွေးကာကွယ်ဆေးက ဘေဘီလေးကို တုပ်ကွေးရောဂါကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်မယ့် နည်းလမ်းပါ။ တုပ်ကွေးကာကွယ်ဆေး နှစ်မျိုးရှိပါတယ်။ တစ်မျိုးက ထိုးဆေးဖြစ်ပြီး တစ်မျိုးက နှာခေါင်းဖြန်းဆေးပါ။ ဒါပေမယ့် ထိုးဆေးပဲ အသုံးများပါတယ်။ ၆ လအထက် ကလေးတွေအတွက် အထိရောက်ဆုံးတုပ်ကွေးကာကွယ်ဆေးက ထိုးဆေးပါ၊လို့ အမေရိကန် ကလေးကျန်းမာရေး စောင့်ရှောက်ရေးအဖွဲ့က ထောက်ခံထားပါတယ်။၆ လအထက် ကလေးတွေတိုင်း တုပ်ကွေးကာကွယ်ဆေး ထိုးထားသင့်ပါတယ်။ ဒီထဲမှာမှ အခုလိုမျိုး ဘေဘီလေးတွေက တုပ်ကွေးကာကွယ်ဆေးကို မဖြစ်မနေထိုးထားသင့်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/vaccines/what-parents-should-know-about-flu-vaccine-for-babies/
အသည်းရောင်ရောဂါ(ဘီ)ပိုးသယ်ဆောင်သူကမွေးကင်းစကလေးကိုရောဂါပိုးမကူးအောင် ဘယ်လိုကာကွယ်မလဲ။
အသည်းရောင်ရောဂါ(ဘီ)သည် ကမ္ဘာတစ်ဝန်းလုံးတွင် ဖြစ်ပွားနေပြီး မိခင်မှကလေးသို့ ကူးစက်ခြင်းသည် အများဆုံးဖြစ်ပါသည်။ အကယ်၍ သင်သည်ကိုယ်ဝန်ရှိပြီး အသည်းရောင်ရောဂါဘီရှိနေလျှင် မမွေးရသေးသော ကလေးအတွက်ေ ရာဂါမှကာကွယ်ရန် ပြောပြပါမည်။အသည်းရောင်ရောဂါဘီဆိုသည်မှာဘာလဲ။အသည်းရောင်ရောဂါဘီပိုးကြောင့် အသည်းရောင်ခြင်းဖြစ်သည်။ ၎င်းပိုးသည် သင့်သွေးနှင့် ခန္ဓါကိုယ်အရည်များတွင် ရှိနေသော်လည်း အသည်းကို အထိခိုက်ဆုံးဖြစ်သည်။ ရောဂါကူးစက်သည်ဆိုခြင်းမှာ ဘီပိုးသည် သင်၏ခန္ဓါကိုယ်ထဲတွင် သင်၏ကျန်သက်တမ်းတစ်လျောက် နေထိုင်နိုင်၍ဖြစ်သည်။အချို့လူများတွင် ရောဂါရှိသော်လည်း ရောဂါလက္ခဏာမပြသပေ။ တုပ်တွေးကဲ့သို့ လက္ခဏာပြသခြင်း၊ မျက်လုံးနှင့်အရေပြားများဝါလာခြင်းတို့ဖြစ်နိုင်သည်။ ရောဂါရှိမရှိသိနိုင်သော တစ်ခုတည်းသောနည်းမှာ သွေးစစ်ခြင်းဖြစ်သည်။ကလေးများတွင်အသည်းရောင်ရောဂါဘီဘာလို့ဆိုးဝါးသလဲ။အသည်းရောင်ရောဂါဘီသည် သင်၏ကိုယ်ဝန်အပေါ် အကျိုးသက်ရောက်မှုမရှိပါ။ သို့သော် ကလေးမွေးနေစဉ် သင့်ကလေးသည် ရောဂါပိုးကူးစက်နိုင်သည်။ ရိုးရိုးမွေး (သို့) ဗိုက်ခွဲမွေးသည့်အခါဖြစ်နိုင်သည်။သင့်ကလေးရောဂါကူးစက်ခံရလျှင် အလွန်အန္တရာယ်ရှိသည်။ သင်၏ကလေးနာတာရှည်ရောဂါရရန် ၉၀ရာခိုင်နှုန်းဖြစ်နိုင်သည်။ လူကြီးများတွင် နာတာရှည်အသည်းရောင်ရောဂါရှိသည့် ၄ယောက်တွင်တစ်ယောက်က ဆိုးရွားသော ကျန်းမာရေးရှိနိုင်သည်။ အကယ်၍ သင့်ကလေးကို ဘီပိုးမှကာကွယ်မထားလျှင် အသည်းပျက်စီးခြင်း၊ အသည်းကင်ဆာတို့ကို အသက်ကြီးလာသည်နှင့်အမျှတွေ့ကြုံနိုင်ပါသည်။ ကလေးမှတစ်ဆင့် မိသားစုဝင်များနှင့် အနီးနားမှလူများအား ရောဂါကူးစက်စေနိုင်သည်။မွေးကင်းစကလေးကိုဘယ်လိုကာကွယ်မလဲ။ကိုယ်ဝန်ဆောင်စဉ် မိမိကျန်းမာရေးကို စစ်ဆေးပါ။ အသည်းရောင်ရောဂါဘီပိုးရှိလျှင် အသည်းအထူးကူ (သို့) ဆရာဝန်နှင့် ကျန်မာရေးစစ်ဆေးမှု ပြုလုပ်သင့်သည်။ ဤစစ်ဆေးမှုများသည် သင့်အသည်းအခြေအနေနှင့် ခန္ဓါကိုယ်ထဲရှိ ဗိုင်းရပ်စ်ပိုးပမာဏကို စစ်ဆေးသွားမည်ဖြစ်သည်။ ထို့ကြောင့် မိမိအခြေအနေကို သိရှိပြီး ရောဂါပိုးအတွက်ဆေးများကို ကိုယ်ဝန်နောက်ပိုင်းတွင် လိုအပ်လျှင် သောက်သုံးနိုင်သည်။ ဤဆေးများက ပိုးအရေအတွက်နှင့် မွေးနေစဉ် ကလေးဆီ ကူးစက်နှ်ုန်းကိုလျော့စေသည်။ကလေးကိုကာကွယ်ဆေးထိုးပေးပါ။ရောဂါကာကွယ်ရန် မွေးကင်းစကလေးကို ချက်ချင်းအသည်းရောင်ဘီပိုးကာကွယ်ဆေးနှင့်Hepatitis B Immune Globulin(HIBG)တစ်လုံးကို မွေးခန်းထဲတွင် ထိုးရမည်။ အကယ်၍ သင့်ကလေးသည် မွေးပြီး ၁၂နာရီထက် နောက်မကျဘဲ ဤဆေး၂မျိုးလုံးကို မှန်ကန်စွာထိုးပေးပါက အသည်းရောင်ရောဂါဘီမှ ရာသက်ပန်ကာကွယ်ရန် ၉၀ရာခိုင်နှုန်းနှင့်အထက် ရှိပါသည်။အကယ်၍ HIBGကို ပထမအကြိမ်မထိုးမိလျှင် အသက်၁လအရွယ်တွင် ထပ်ထိုးရမည်။ တတိယအကြိမ် ထိုးဆေးကို ၆လအရွယ်တွင် ထိုးပေးရမည်။ ကလေးများကျောင်းမတက်ခင် ၃ နှစ် ၄ လ လောက်တွင် နောက်တစ်ကြိမ်ထပ်ထိုးရမည်။ကလေးအတွက်အစာမဝါးပေးရပါ။မိခင်မှကလေးအတွက် အစာဝါးကျွေးသည်မှာ ပုံမှန်ဖြစ်သည်။ သို့သော် ရောဂါရှိသည့်သွေးအနည်းငယ် ပါးစပ်ထဲတွင်ရှိနိုင်သည်။ သင်ကကလေးအတွက် အစာဝါးပေးပါက ရောဂါကူးနိုင်ချေရှိသည်။ ထို့ကြောင့် အစာကျွေးသည့်အခါ ဝါးမကျွေးရပါ။သင်သည် အသည်းရောင်ရောဂါဘီရှိ၍ သင့်ဘဝထဲသို့ ကလေးငယ်တစ်ဦးရောက်လာခဲ့မည်ဆိုလျှင် မိမိ၏ရောဂါအခြေအနေကို နားလည်၍ ကလေးဆီ မကူးစက်မည့်နည်းလမ်းများကို သိထားရမည်။ မေးစရာမေးခွန်များရှိပါက ဆရာဝန်နှင့်လာရောက်တွေ့ဆုံနိုင်ပါသည်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%98%e1%80%ae%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%80%9e/
အမျိုးသားတွေဟာ စိတ်ဝေဒနာခံစားနေရတာကို ဘာကြောင့် ဝန်မခံချင်ကြတာလဲ
စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျဆင်းမှုနဲ့ ပူပင်သောကများတာလိုမျိုး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ စိတ်ဝေဒနာ တွေကို လူအများအပြား ကြုံဆုံရတတ်ပါတယ်။ ဒီလို ဝေဒနာတွေ ကပ်ညိလာချိန်၊ စိတ်ဝေဒနာတစ်မျိုးမျိုးစတင် ခံစားလာရချိန်မှာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေအကြား တုန့်ပြန်မှုတွေ မတူညီတတ်ကြပါဘူး။ အမျိုးသားတွေဟာ ဒီလိုစိတ်ဝေဒနာမျိုးတွေတွယ်ငြိလာချိန်တွေမှာ ဝေဒနာတွေနဲ့ ပတ်သက်ပြီး ဖွင့်ဟဖို့၊ ကျွမ်းကျင်သူတွေ၊ ပတ်ဝန်းကျင်နဲ့ မိသားစုဝင်တွေနဲ့ ဆွေးနွေးတိုင်ပင်ဖို့ တွန့်ဆုတ်နေတတ်ကြပါတယ်။ဒါကြောင့်လည်း အမျိုးသားတွေဟာ စိတ်ဖိစီးမှုကြောင့် ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်းမြင့်မားလှတာဖြစ်ပါတယ်။ အမျိုးသားတွေ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကို ခံစားရချိန်မှာ ထုတ်ဖော်ဖွင့်ဟဖို့ တွန့်ဆုတ်နေရတဲ့အကြောင်းအရင်းတွေကို လေ့လာကြည့်တဲ့အခါ အချက် ၁၃ ချက် ရှိတာကို သိရှိရပါတယ်။ အမျိုးသားတွေဟာ စိတ်ဝေဒနာခံစားနေရတာကို ဘာကြောင့် ဝန်မခံချင်ကြတာလဲ ဆိုတာကို လေ့လာကြည့်လိုက်ရအောင်နော်။အမျိုးသားတွေဟာ စိတ်ဝေဒနာခံစားနေရကြောင့် ဘာကြောင့် ဝန်မခံချင်ကြတာလဲ ဆိုတော့ ဒီအချက်တွေကြောင့်ပါ။၁။ ငါ့မှာ တစ်စုံတစ်ရာမှားယွင်းနေတာမရှိဘူးလို့ ယုံကြည်နေတာ။အမျိုးသားတွေဟာ အပြောင်းအလဲ၊ အမှားအယွင်းတွေကို လက်ခံဖို့ ပိုခက်ခဲတတ်ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေမှာလည်း ဒီအတိုင်းပါပဲ။ ဆိုးရွားမလာသေးခင်အထိ ငါအဆင်ပြေတယ်ဆိုတဲ့ အတွေးက ကြီးစိုးနေတတ်ပါတယ်။၂။ ငါ မရူးပါဘူးလို့ တွေးနေမိတာ။စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေခံစားရတိုင်း သွက်သွက်ခါအောင် ရူးနေတတ်တာမဟုတ်ပါဘူး။ ဝေဒနာအများစုဟာ အနုစားတွေဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသားတွေကတော့ သူတို့ရဲ့ ဝေဒနာတွေကို ဥပက္ခာပြုပြီး အမှန်ကိုလက်ခံဖို့ ခက်ခဲနေတတ်ကြပါတယ်။၃။ ငါ့ပြဿနာကဖြေရှင်းရခက်တယ်။ဝေဒနာကို စတင်တီးခေါက်မိလာပြီဆိုရင်တောင်မှ အမျိုးသားတွေဟာ ဘယ်သူနဲ့မှ တိုင်ပင်ဦးမှာ မဟုတ်ပါဘူး။ သူတို့ရင်ဆိုင်နေရတဲ့ ပြဿနာဟာ ရှုပ်ထွေးနက်နဲတာမို့ တပါးလူတွေနားလည်မှာမဟုတ်ဘူးလို့ ယူဆနေတတ်ကြပါတယ်။၄။ ကိုယ့်ဘာသာကိုယ် ဖြေရှင်းလို့ ရတယ်။တချို့တွေကတော့ တစ်မျိုးတွေးပါတယ်။ ပြဿနာကို သူကိုင်တွယ်နိုင်တယ်၊ ဆိုးရွားမှုမရှိဘူးလို့ လျှော့ပေ့ါတွေးပစ်တာပါ။ ကိုယ့်ဘာသာ တိတ်တိတ်လေး ဖြေရှင်းမယ်လို့ တွေးနေတတ်တာပေါ့။၅။ ငါ့ပြဿနာတွေ သူများကို မမြင်စေချင်ဘူး။အဆိုးရွားဆုံးကိစ္စတွေထဲက တစ်ခုပါပဲ။ အခြေအနေကို အမှန်အတိုင်း သိနေရင်တောင်မှ ရင်ဖွင့်ဖို့ တိုင်ပင်ဖို့ ကုသဖို့ရှက်ရွံ့တာမျိုး၊လူမသိစေချင်တာမျိုးတွေ ခံစားရတတ်တာပါ။၆။ ငါ ချိနဲ့ယိုယွင်းနေပြီ။ဒီတစ်မျိုးကတော့ စိတ်ဓာတ်ကျသွားတာဖြစ်ပါတယ်။ ဒီစိတ်ဝေဒနာကြီးကြောင့် သူပျက်ယွင်းပြိုလဲသွားပြီလို့ တွေးတောပူပင်ပြီး အရာရာကို လက်လျှော့လိုက်တာမျိုးလည်း အမျိုးသားတွေ ကျူးလွန်တတ်ကြပါတယ်။၇။ လူတွေ အကဲဖြတ်တာ မခံချင်ဘူး။တချို့တွေကတော့ တစ်မျိုးတွေးပါတယ်။ လူတွေက ကိုယ့်ကို အမြင်တစ်မျိုးနဲ့ ဆုံးဖြတ်မှာ၊ လူထူးဆန်းတစ်ယောက်လို၊ ထူးခြားနေသူတစ်ယောက်လို၊ ရောဂါသည်တစ်ယောက်လို ဆက်ဆံမှာကို အလိုမရှိတတ်ကြပါဘူး။ဒါကြောင့် ဝေဒနာကို ထုတ်မပြောပဲ ကြိတ်ခံစားနေတာမျိုးပေါ့။ ဘယ်လောက်ဆိုးလဲဆိုရင် စိတ်ဝေဒနာနဲ့ပတ်သက်ပြီး ကုသဆွေးနွေးပေးတဲ့ ဆရာဝန်ကိုလိမ်ညာပြောဆိုမှုနှုန်းမှာ အမျိုးသားတွေဟာ ၉၃% အထိ ရှိကြပါတယ်တဲ့။၈။ ဘာပြောရမလဲ မသိဘူး။နောက်ထပ် အမျိုးသားတွေ တွေးပူတဲ့ ကိစ္စတစ်ခုကတော့ ကျန်းမာရေးပညာရှင်နဲ့ တွေ့ဆုံချိန်မှာ ဘာတွေပြောဆိုရမလဲဆိုတာ မသိတာဖြစ်ပါတယ်။ နောက်ပြီး အတွင်းရေးတွေ၊ အားနည်းချက်တွေကို ထုတ်ဖော်ပြောဆိုရမှာကိုလည်း သူတို့ ကြောက်တတ်ကြပါတယ်။၉။ ဝန်ထုပ်ဝန်ပိုးလို့ အတွေးခံရမှာကြောက်တယ်။ကိုယ့်မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်စုံတစ်ရာရှိနေတာကြောင့် မိသားစု၊ ပတ်ဝန်းကျင်နဲ့ မိတ်ဆွေသူငယ်ချင်းတွေက ဝန်ထုပ်ဝန်ပိုးတစ်ခုလို တွေးထင်လာမှာကို အမျိုးသားတိုင်း ကြောက်ရွံ့ကြပါတယ်။ စိတ်ဖိစီးမှုဒဏ်ခံနေရတဲ့ အမျိုးသားတွေရဲ့ ၃၄% ဟာ သူတို့ အဆင်ပြေနေတယ်လို့ ပတ်ဝန်းကျင်ကို အမြဲလိမ်လည်ပြောဆိုတတ်ကြပါတယ်။၁၀။ အိမ်ထောင်ဖက်ကို ပြောပြရင် လုံလောက်ပြီ။အမျိုးသား အများစုဟာ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ချစ်သူ၊ ဇနီး၊ အိမ်ထောင်ဖက် စတဲ့ ကိုယ့်ရဲ့ အနီးကပ်ဆုံးလူကိုတော့ ထုတ်ပြောတတ်ကြပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ ဒီထက်ပိုပြီး တခြားသူတွေကို ဆက်ပြီး ဖွင့်ဟဖို့ အလိုမရှိတတ်ကြပါဘူး။ ဒီလိုဖွင့်ပြောတောင် လူနည်းစုပဲ ဖြစ်ပါတယ်။၁၁။ လေ့ကျင့်ခန်းလိုက်ရင် (ဒါမှမဟုတ်) အရက်သောက်လိုက်ရင် သက်သာမှာပါ။တချို့အမျိုးသားတွေက သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ဖြေလျှော့ဖို့ လေ့ကျင့်ခန်းလုပ်တာ၊ အရက်သေစာသောက်စားတာလိုမျိုး ကိစ္စတွေနဲ့ အာရုံလွှဲကြလေ့ရှိပါတယ်။ အရက်သောက်တာဟာ ဝေဒနာကို ပိုဆိုးစေနိုင်ပါတယ်။လေ့ကျင့်ခန်းလုပ်တာကတော့ စိတ်ဖိစီးမှုလိုဝေဒနာမျိုးတွေကို အတိုင်းအတာတစ်ခုအထိ ဖြေလျှော့ပေးနိုင်ပေမယ့် ရောဂါပျောက်ကင်းစေမယ့် နည်းလမ်းတော့ မဟုတ်ပါဘူး။၁၂။ တစ်ခါ ရင်ဖွင့်ပြီးရင် အမြဲ ရင်ဖွင့်ရမယ်လို့ တွေးထင်တာ။ဆွေးနွေးတိုင်ပင်မှုတွေ စတင်ပြုလုပ်ပြီးရင် အမြဲတမ်း ဒီလိုဆက်လုပ်နေရလိမ့်မယ်လို့ အမျိုးသားအများစုက ယူဆတတ်ကြပါတယ်။ ဒီလို အမြဲတိုင်ပင်ဆွေးနွေးနေရပြီး တသက်လုံးဒီလိုဖြတ်သန်းသွားရမှာကို သူတို့ကြောက်ရွံ့တတ်ကြပါတယ်။နှစ်သိမ့်‌ဆွေးနွေးရတဲ့ အကြိမ်ရေက များကောင်းများနိုင်ပေမယ့် တစ်သက်လုံးဒီလိုပဲ နေရမှာမဟုတ်ပါဘူး။တစ်ခေါက်ထက် တစ်ခေါက်လည်း အခြေအနေ တိုးတက်လာမှာပါ။၁၃။ ကုသမှုတွေ မထိရောက်မှာကြောက်တယ်။တချို့အမျိုးသားတွေရဲ့ အကြောက်တရားတွေကတော့ ထူးဆန်းပါတယ်။ ကုသရမှာကို ကြောက်ရွံ့ကြတာပါပဲ။ ကုသနေလျက်နဲ့ မပျောက်နိုင်တာမျိုးဖြစ်လာမှာကို သူတို့ ကြောက်ရွံ့စိုးရိမ်နေတတ်တာပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/why-men-dont-want-to-admit-mental-illness/
အမျိုးသားများရဲ့ လိင်အင်္ဂါ ထောင်မတ်နေစေဖို့ ကူညီပေးမယ့် အစားအသောက် (၁၀)မျိုး
အမျိုးသားတွေ ဖွင့်ဟပြောဆိုရမှာ ရှက်တဲ့ ကိစ္စထဲမှာလိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်လည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ခဏလေးနဲ့ ပျော့သွားတတ်တဲ့ သူတွေအတွက် ဒီဆောင်းပါးလေးက အထောက်အကူ ဖြစ်ပါလိမ့်မယ်နော်။လိင်အင်္ဂါကြာကြာ မာစေဖို့အတွက် အခု ဖော်ပြမယ့် အစားအစာလေးတွေကို နေ့စဉ် စားရင်း ကြိုးစားကြည့်နိုင်ကြပါပြီ။ အမျိုးသားများရဲ့ လိင်အင်္ဂါ ထောင်မတ်နေစေဖို့ ကူညီပေးမယ့် အစားအသောက် (၁၀)မျိုး အကြောင်း လေ့လာလိုက်ပါဦးနော်။အမျိုးသားများရဲ့ လိင်အင်္ဂါ ထောင်မတ်နေစေဖို့ ကူညီပေးမယ့် အစားအသောက်တွေကတော့။(၁) ကော်ဖီ။ကော်ဖီတစ်ခွက်မှာ ပါဝင်တဲ့ကဖိန်းဓာတ်ဟာ သင့် ဇီဝကမ္မ ဖြစ်စဉ်တွေကို မြှင့်တင်ပေးပြီး သွေးခုန်နှုန်းကို မြန်စေပါတယ်။ ဒါ့ပြင် အဆီသိုလှောင်မှုတွေကို ဖြိုခွဲပေးပြီး စွမ်းအင်ကို ပိုမို ထွက်စေနိုင်ပါတယ်။ သွေးခုန်နှုန်းမြန်တဲ့အတွက် လိင်တံထောင်မတ်ဖို့ ကူညီပေးပါလိမ့်မယ်။(၂) ခရု။ဇင့်ဓာတ်နဲ့ ဗီတာမင် B6 ပါဝင်မှုကြောင့်တက်စတိုစတီရုန်းခေါ် ကျားဟော်မုန်းကို အားကောင်းစေပါတယ်။(၃) ငရုတ်သီး။ငရုတ်သီးစားပြီးနောက် မျက်နှာတွေ နီရဲလာတာ ကြုံဖူးကြတယ် မလား။ ဒါဟာ ငရုတ်သီးကြောင့် သွေးကြောတွေ ကျယ်လာလို့ ဖြစ်ပါတယ်။ အလားတူပဲ သင့်လိင်အင်္ဂါမှာရှိတဲ့ သွေးကြောတွေကိုပါ ကျယ်စေပြီး ပိုမို အားကောင်းစေပါတယ်။(၄) ငှက်ပျောသီး။သန်မာတဲ့ အမျိုးသားတွေဟာ နှလုံး အားကောင်းကြသူများ ဖြစ်ကြပါတယ်။ ဒီလို နှလုံး အားကောင်းစေဖို့ပိုတက်ဆီယမ်ကြွယ်ဝစွာ ပါတဲ့ ငှက်ပျောသီးကို စားပေးပါ။ ငှက်ပျောသီး မကြိုက်ရင်တော့ လိမ္မော်သီး စားလို့ ရပါတယ်။(၅) ဆယ်မွန်။အိုမီဂါ3ဖက်တီးအက်ဆစ်တွေ ပါဝင်တဲ့အတွက် သွေးစီးဆင်းမှုကို အားကောင်းစေပါတယ်။ ဆယ်မွန်၊ တူနာနဲ့ ပင်လယ်ငါးတွေကို တစ်ပတ်၂ ကြိမ်ခန့် စားပေးသင့်ပါတယ်။(၆) ဝက်သား။ဝက်သားတွင်ဗီတာမင် B1ကြွယ်ဝတဲ့အတွက် သင့်အာရုံကြောဆဲလ်တွေကို အားကောင်းစေပါတယ်။ ဝက်သားကို စားခြင်းဖြင့် သုက်ပိုးတွေကို မှန်ကန်တဲ့ လမ်းကြောင်းအတိုင်း သွားနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ ဝက်သား မစားသူများအနေနဲ့ ပဲအမျိုးမျိုးနှင့် ဂျုံကြမ်းပေါင်မုန့်ကို စားနိုင်ပါတယ်။(၇) ချယ်ရီသီး။ချယ်ရီသီးတွေ မှာပါတဲ့ anthocyanin ဆိုတဲ့ဓာတ်ဟာ သွေးကြောများအတွင်း အဆီပိတ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ချယ်ရီသီးအစား မက်မွန်သီးနဲ့ ဆီးသီးများကိုလည်း စားနိုင်ပါတယ်။(၈) ကြက်သွန်နီ။ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတွင် ပါဝင်တဲ့ Allicinဟာ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ သွေးကြောတွင်း အဆီခဲပိတ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။(၉) ဝိုင်။ဝိုင် အထူးသဖြင့် ဝိုင်နီမှာဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်တဲ့ Resveratrol ပါဝင်တဲ့အတွက် သွေးကြောတွေကို အားကောင်းစေပါတယ်။ Resveratrolဟာ Nitric Oxideကို ထုတ်ပေးပါတယ်။ ဒါဟာ အမျိုးသား စွမ်းဆောင်ရည် မြင့်မားစေဖို့ သောက်လေ့ရှိတဲ့ Viagraဆေးရဲ့ စွမ်းဆောင်ပုံနဲ့ တူတူပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဝိုင်နီကို ၂ ဖန်ခွက်ထက်တော့ ပိုမသောက်သင့်ပါဘူး။(၁၀) Oatmeal။သွေးကြောတွေကို ချောမွေ့စေပြီး လှုပ်ရှားရ လွယ်ကူစေပါလိမ့်မယ်။ ဒ့ါအပြင် အာဟာရ ပြည့်ဝနေစေပါတယ်။ရေးသားသူ – Dr Rose။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/erectile-dysfunction/food-that-help-with-erectile/
အသည်းရောင်ရောဂါရှိပြီးအခုကိုယ်ဝန်လွယ်ထားရရင် ဘာတွေလုပ်သင့်ပါသလဲ
ကိုယ်ဝန်ဆောင်သည် အသည်းရောင်ရောဂါရှိလျှင် သင့်၏ပထမဆုံးမေးခွန်းသည် “ကျွန်မကလေးကိုဘာတွေထိခိုက်မလဲ”ဖြစ်သည်။ ဤမေးခွန်းအတွက် ရိုးရှင်းသောအဖြေမရှိသော်လည်း အောက်ပါအချက်အလက်များက သင့်ကိုနားလည်စေနိုင်မည်ဟု မျှော်လင့်သည်။သင်သည် ရောဂါပိုးရှိနေသူဖြစ်ပြီး မကြာမီတွင် မွေးဖွားတော့မည့်သူဖြစ်သည်ဆိုလျှင် သင်နှင့်သင့်ကလေးအတွက် မေးခွန်းများရှိနိုင်သည်။သင့်ကလေးကို အသည်းရောင်ရောဂါအတွက် စစ်ဆေးသင့်သလား။ သင့်ကလေးအသက်တစ်နှစ်ခွဲတွင် အသည်းရောင်ရောဂါအတွက် စစ်ဆေးနိုင်သည်။ တစ်ခါတစ်ရံ အသက်၂ လမှစ၍စောစီးစွာ စစ်ဆေးကြသည်။ သို့သော် ဤအသက်တွင် အဖြေသည် တစ်ရာ ရာခိုင်နှုန်း မမှန်နိုင်ပေ။ ထို့ကြောင့် ၁နှစ်ခွဲအရွယ်တွင် ပြန်၍စစ်ဖို့လိုသည်။ သင့်ကလေးတွင် ရောဂါရှိ၊ မရှိ အယုံကြည်ရဆုံးနည်းလမ်းမှာ အသက်၂နှစ်ပြည့်သည်နှင့် စစ်ဆေးရမည်ဖြစ်သည်။ အထူးကုများကလူကြီးများတွင် စစ်ဆေးသည့် နည်းလမ်းကို သုံးသည်။သင့်ကလေးကို အသည်းရောင်ရောဂါမှမည်သို့ ကာကွယ်မည်နည်း။သင့်တွင်အသည်းရောင်ရောဂါရှိပါက သင့်ကလေးဆီ ကူးစက်သွားနိုင်ချေသည် အယောက်၂၀တွင် ၁ယောက်နှုန်းရှိသည်။ သင့်တွင်ခုခံအားကျဆင်းမှုကူးစက်ရောဂါရှိ၍ ကုသမှုမခံယူခဲ့လျှင် ကူးစက်နိုင်ခြေပို၍များသည်။ ကံမကောင်းစွာဖြင့် အသည်းရောင်ရောဂါ(စီ)ကို သင့်ကလေးကိုမကူးစက်နိုင်ရန် ကာကွယ်မည့်နည်းလမ်းမရှိပါ။အသည်းရောင်ရောဂါရှိပါက နို့တိုက်၍ရသလား။သင်သည်အသည်းရောင်ရောဂါ(စီ)ရှိပါကသင့်ကလေးကို နို့တိုက်၍ရသည်။ လေ့လာသူများက ဗိုင်းရပ်စ်ပိုးသည် မိခင်နို့မှ ကူးစက်နိုင်သည်ကို မယုံကြည်ပါ။ အချို့လေ့လာမှုများက နို့မှုန့်တိုက်သည်ကလေးများထက် မိခင်နို့တိုက်သည့် ကလေးများတွင် အသည်းရောင်ရောဂါ(စီ)ဖြစ်နှုန်းများသည် ဟုရှာမတွေ့ပါ။ သို့သော် သင့်တွင်အသည်းရောင်ရောဂါ(စီ)ရှိ၍ ကလေးမွေးပြီးနောက် အသားဝါလိုလက္ခဏာရှိပါက နို့မတိုက်သင့်ပါ။ သင်၏နို့သီးခေါင်းများသည် ကွဲခြင်း၊ သွေးထွက်ခြင်းရှိပါက နို့တိုက်ခြင်းကိုရပ်သင့်သည်။ သင့်နို့သီးခေါင်းများ အနာကျက်သည်အထိ နို့များကိုညှစ်၍လွှင့်ပစ်ရမည်။မိမိ၏ကလေးတွင်အသည်းရောင်ရောဂါဖြစ်ပါကဘာတွေဖြစ်မည်နည်း။သင့်ကလေးတွင် အသည်းရောင်ရောဂါရှိ၊ ရှေိစစ်ဆေးရန် အယုံကြည်ဆုံးနည်းလမ်းမှာ အသက်၂နှစ်ပြည့်လျှင် လူကြီးများစမ်းသပ်သည့် နည်းလမ်းဖြင့်စမ်းသပ်၍ရသည်။ အသည်းရောင်ရောဂါ(စီ) သယ်ဆောင်ထားသည့်ကလေးများသည် ဆရာဝန်နှင့်မှန်မှန်တွေ့၍သွေးစစ်မှုလုပ်ရမည်။ အများစုမှာမည်သည့်ဆေးဝါးမှမလိုအပ်ပါ။ သို့သော်အချို့တွင် အသည်းဆိုးရွားစွာမပျက်စီးစေရန် နှင့် ကင်ဆာမဖြစ်စေရန် ဗိုင်းရပ်စ်ပိုးတိုက်သည့်ဆေးများဖြင့် ကုသရမည်။ကိုယ်ဝန်ယူမည်ဟု မဆုံးဖြတ်ရသေးခင် သင့်ကျန်းမာရေးအတွက် စစ်ဆေးမှုပြုလုပ်သင့်သည်။ သင့်တွင် အသည်းရောင်ရောဂါရှိပါက သင့်ကလေးကို တတ်နိုင်သမျှကာကွယ်နိုင်ရန်အတွက် ကုသမှုခံယူရရန် ဆရာဝန်နှင့်ဆွေးနွေးသင့်သည်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/%e1%80%80%e1%80%bb%e1%80%bd%e1%80%94%e1%80%ba%e1%80%99%e1%80%99%e1%80%be%e1%80%ac%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac/
အောက်ဆီဂျင်အသုံးပြုရသော ကိုယ်ကာယလေ့ကျင့်ခန်းများသည် သင့်ခန္ဓါကိုယ်ကို မည်သို့ အကျိုးပြုပါသနည်း။
အောက်ဆီဂျင်ကိုအသုံးပြုရသော ကာယလေ့ကျင့်ခန်းများသည် သင့်ခန္ဓါကိုယ်ကို အင်ဆူလင်ဟော်မုန်းကို ပို၍အသုံးပြုစေရန် အထောက်အကူပြုသည်။ ၎င်းသည် သင်၏နှလုံး နှင့် အရိုးများကို သန်မာစေပြီး စိတ်ဖိစီးမှုကိုသက်သာစေသည်၊ သွေးလည်ပတ်မှုကို ကောင်းစေပြီး နှလုံးရောဂါဖြစ်ပွားနိုင်ချေကို လျော့နည်းစေသည်၊ သွေးထဲရှိ သကြားဓါတ်ကို လျော့နည်းစေပြီးသွေးပေါင်ကို ကျစေသေည်၊ ကိုလက်စထရောကို တက်စေသည်။ညွှန်ကြားချက်-။ကိုယ်ကာယလေ့ကျင့်ခန်းများကို အသင့်အတင့်မှ ပြင်းပြင်းထန်ထန်လုပ်ခြင်းကို မိနစ် ၃၀ ခန့် တစ်ပတ်တွင် အနည်းဆုံး ၅ ရက် သို့မဟုတ် ၁၅၀ မိနစ် လုပ်ရန် အကြံပြုထားသည်။ တစ်ပတ်တွင် အနည်းဆုံး ၃ရက် ဆက်တိုက်လုပ်ပေးပြီး လေ့ကျင့်ခန်းမလုပ်ပဲ ၂ ရက်ထက်ပို၍ မနေသင့်ပါ။မှတ်ချက်-အသင့်အတင့်လေ့ကျင့်ခန်းလုပ်နေစဉ် သင်သည် လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း သီချင်မဆိုနိုင်သော်လည်း စကားပြောနိုင်သည်။ အပြင်းအထန်လေ့ကျင့်ခန်းလုပ်နေစဉ်တွင်မူ သင်သည် အသက်ရှူခြင်းကိုမရပ်တန့်ပဲ စကားအနည်းကိုပင် မပြောနိုင်ပါ။သင်သည် ယခုမှလေ့ကျင့်ခန်းစတင်လုပ်မည် ဆိုပါက တစ်နေ့လျှင်၅ မိနစ် သို့မဟုတ် ၁၀ မိနစ်ခန့် ပြုလုပ်ခြင်းဖြင့် စတင်နိုင်သည်။ ထို့နောက်တွင် လေ့ကျင့်ခန်းလုပ်ချိန်ကို တဖြည်းဖြည်းနှင့် မိနစ်အနည်းငယ်စီ အပတ်စဉ်တိုးသွားနိုင်ပါသည်။ သင်၏ ခန္ဓါကိုယ် တဖြည်းဖြည်းနှင့် ကြံ့ခိုင်ကျန်းမာလာသည်ကို သတိထားမိလာနိုင်ပြီး သင့်ဘဝတွင်မလုပ်နိုင်သည့် အရာမရှိဆိုသည်ကို သင်သိလာပါလိမ့်မည်။သင်၏ အလုပ်ရှုပ်ခြင်းသည် သင့်ကို နေ့စဉ် မိနစ် ၃၀ ခန့် ပုံမှန် လေ့ကျင့်ခန်းလုပ်နိုင်မည် ဖြစ်နိုင်မည်မဟုတ်ပေ။ သို့သော် ကြားထဲတွင် ၁၀ မိနစ်ခန့် အချိန်ယူပြီး အကြိမ်ခွဲ၍ လေ့ကျင့်ခန်းလုပ်နိုင်ပါသည်။ အကြိမ်ရေခွဲလုပ်ခြင်းသည်လည်း ကျန်းမာရေးအတွက် အကျိုးကျေးဇူးတူတူပင် ရရှိကြောင်း သုတေသနများက ဖော်ပြထားပါသည်။ဥပမာအားဖြင့် ထမင်းစားပြီးချိန်တွင် ၁၀ မိနစ်ခန့်အချိန်ယူပြီးလမ်းလျောက်နိုင်သည်။ မနက် အလုပ်မသွားမီ ၁၅ မိနစ်ခန့် အချိန်ယူပြီး လေ့ကျင့်ခန်းလုပ်ခြင်း၊ အလုပ်မှ အပြန်တွင် ၁၅ မိနစ်ခန့် အချိန်ယူခြင်းတို့ကို လုပ်ဆောင်နိုင်ပါသည်။သင်သည် ကိုယ်အလေးချိန်ကျစေရန် လုပ်ဆောင်နေပါက တစ်နေ့လျှင် မိနစ် ၆၀ ခန့် ပုံမှန်လေ့ကျင့်ခန်း လုပ်ပေးရန် လိုအပ်ပါသည်။အောက်ပါတို့သည် ကာယလေ့ကျင့်ခန်း ဥပမာများဖြစ်ပါသည်။Strength training ( resistance training ဟုလည်း ခေါ်သည်) သည် ခန္ဓါကိုယ်ထဲရှိ အင်ဆူလင်ဟော်မုန်းကို ပိုထွက်စေပြီး သွေးထဲရှိ သကြားဓါတ်ကို ကျစေသည်။ ၎င်းသည် ကြွက်သားများနှင့် အရိုးများကိုသန်မာစေပြီး အရိုးပွခြင်းနှင့် အရိုးကျိုးခြင်းများကို ကာကွယ်ပေးသည်။သင့်တွင် ကြွက်သားများလေလေ ကယ်လိုရီများများပို၍လောင်ကျွမ်းလေလေ ဖြစ်သည်။ သင်အနားယူနေချိန်တွင်ပင် ထိုသို့ ဖြစ်နိုင်သည်။ကြွက်သားများ အားနည်းလာခြင်းကိုကာကွယ်ရန် ထိုသို့သော လေ့ကျင့်ခန်းများကို လိုအပ်ပြီး အသက်ကြီးလာသည်နှင့် အမျှ သင့်ဘဝနေထိုင်မှုကို အထောက်အကူပြုပါသည်။တစ်ပတ်လျှင် ၂ ကြိမ်ခန့် ထိုသို့ သန်မာလာအောင် လေ့ကျင့်ခြင်းကိုပြုလုပ်ရန် အကြံပြုထားပါသည်။အောက်ပါတို့သည် သန်မာလာစေရန် ပြုလုပ်သော လေ့ကျင့်ခန်းများဖြစ်သည်။· အားကစားလေ့ကျင့်ရုံတွင် အလေးပြားများကို အသုံးပြုခြင်း။· ဘားတန်းများ၊ ကွင်းများကို အသုံးပြုခြင်း။· အိမ်တွင် အလေးချိန်ရှိသော ရေဘူး စသည်တို့ကိုအသုံးပြု၍ အလေးမသကဲ့သို့ ပြုလုပ်ခြင်း။· အိပ်ထမတင်ပြုလုပ်ခြင်း၊ ဒိုက်ထိုးခြင်း၊ ထိုင်ထလုပ်ခြင်း တို့ကဲ့သို့သော လေ့ကျင့်ခန်းများပြုလုပ်ခြင်း။· ဥယျာဉ်ခြံလုပ်ခြင်း ကဲ့သို့သော ကြွက်သားများကို သန်မာစေသော အခြားသောလှုပ်ရှားမှုများ။၎င်းတို့အပြင် အခြားသော လေ့ကျင့်ခန်းများလည်း ရှိပါသေးသည်။အများအားဖြင့် ကာယလေ့ကျင့်ခန်းလုပ်ခြင်းသည် သင့်ကို ပို၍ကျန်းမာစေသော နည်းလမ်းများထဲမှ ထိရောက်သော နည်းလမ်းတစ်ခုဖြစ်ပါသည်။ သင့်အတွက် တကယ့်ကို အကျိုးရှိစေသော ညွှန်ကြားချက်များလည်း ဖြစ်ပါသည်။Hello Health Group သည် ကျန်းမာရေးအကြံပြုချက်များ၊ ရောဂါအမည်တပ်ခြင်းများ နှင့် ကုသခြင်းများကို မပြုလုပ်ပါ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/%e1%80%b1%e1%80%a1%e1%80%ac%e1%80%80%e1%80%b9%e1%80%86%e1%80%ae%e1%80%82%e1%80%ba%e1%80%84%e1%80%b9%e1%80%a1%e1%80%9e%e1%80%b6%e1%80%af%e1%80%b8%e1%80%bb%e1%80%95%e1%80%b3%e1%80%9b%e1%80%b1%e1%80%9e/
အမျိုးသားတိုင်း စားပေးသင့်တဲ့ အစားအစာများ
အစားအသောက်က စွမ်းအားပေးတယ် ဆိုတာထက်ပိုပါတယ်။ နေ့စဉ်စားသုံးမှုက ရောဂါတွေကို တိုက်ဖျက်ပေးသလိုသန်စွမ်းကျန်းမာမှုကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်။ စားလိုက်တိုင်း ကျန်းမာရေးနဲ့ သင့်တော်တာမဟုတ်ဘူးဆိုတော့ အမျိုးသားတွေ ကျန်းမာစေဖို့ ဘာတွေကို အဓိကထား စားကြမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ အမျိုးသားတိုင်း စားပေးသင့်တဲ့ အစားအစာများ အကြောင်း လေ့လာကြည့်ရအောင်လား !။အမျိုးသားတွေကျန်းမာစေဖို့ ဘာတွေ စားကြမလဲ……….. အမျိုးသားတိုင်း စားပေးသင့်တဲ့ အစားအစာများ ကတော့။အဆီမပါဖို့တော့ သတိထားရပါမယ်။ ပုံမှန်အားဖြင့်တော့ အမျိုးသားတွေက အမျိုးသမီးတွေထက်ပရိုတင်းပိုမိုစားသုံးကြသလို သူတို့က ပရိုတင်း လိုအပ်ချက်လည်း ပိုမြင့်ပါတယ်။ ကြွက်သားတက်ဖို့ကစလို့ သင့်တင့်တဲ့ကိုယ်အလေးချိန် နဲ့အရပ်အမြင့်ရစေဖို့လည်း ပရိုတင်းကို လိုအပ်မှာပါ။ဒါကြောင့် အမျိုးသားတွေအနေနဲ့ အဆီပါဝင်မှုမရှိတဲ့ အနီရောင်အသားကို တစ်ပတ်ကို ၃ ကြိမ်လောက် စားသုံးပေးဖို့လိုပါမယ်။ဂဏန်း၊ ခရု၊ ကမာ စတာတွေက အဆီပါဝင်မှု၊ကယ်လ်လိုရီပါဝင်မှုနည်းပြီး၊ ပရိုတင်း ပါဝင်မှု မြင့်ပါတယ်။ နောက်တစ်ချက်က အမျိုးသားတွေ ကျန်းမာရေးကို အထောက်အကူပြုတဲ့ ဇင့်ဓာတ် ပါဝင်နေပါတယ်။အမျိုးသားတစ်ဦးအနေနဲ့ ဇင့်ဓာတ်ကို တစ်နေ့တာမှာ ၃ အောင်စလောက် စားသုံးသင့်ပါတယ်။ ဒါမှ သုက်ပိုးတွေ ကျန်းမာမှာ ဖြစ်သလို ကျားဟော်မုန်းလည်း တိုးစေမှာပါ။ဆီးကျိတ် ကင်ဆာမဖြစ်စေဖို့လည်း ကာကွယ်ပေးပါသေးတယ်။ထောပတ်သီးက ကျန်းမာရေးကို အထောက်အကူပြုပေးနိုင်တဲ့ အစားအစာ တစ်ခုပါ။ ထောပတ်သီးက အကျိုးပြုကိုလက်စထရောပမာဏကို မြင့်တက်စေပြီး အကျိုးမပြု ကိုလက်စထရော ပမာဏကို ကျဆင်းစေနိုင်ပါတယ်။omega 3 fatty acidကြွယ်ဝစွာ ပါဝင်နေသလို ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာကြောင့် ဆဲလ်တွေ ထိခိုက်ပျက်စီးတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/best-foods-for-men-health/
အချိုကြောင့် ကလေးတွေကိုထိခိုက်စေနိုင်တဲ့ ကြောက်စရာအချက် (၃)ချက်
အချို ပါတဲ့ စားစရာမုန့်မှန်သမျှ ကလေးအများစု ကြိုက်နှစ်သက်ကြပေမယ့် ဒီအစားအစာတွေက သူတို့လေးတွေရဲ့ ကျန်းမာရေးအတွက်တော့ တကယ့်အန္တရာယ်ပါပဲ။မိဘေတွအနေနဲ့ ကလေးကြိုက်ရင်ပြီးရောဆိုပြီး စားချင်တာစား လွှတ်ပေးလိုက်တဲ့အခါမှာ ကလေးတွေရဲ့ ကျန်းမာရေးမှာ ဘယ်လိုထိခိုက်လာနိုင်တယ်ဆိုတာ သိထားဖို့တော့ လိုတယ်နော်။အချိုကြောင့် ကလေးတွေမှာ ဒါတွေဖြစ်လာနိုင်တယ်။အချိုစားပြီး ခဏနေရင်ချောင်းတဟွတ်ဟွတ်ဆိုးတာ၊ ချွဲတွေကျပ်ပြီး ကလေးက အသံတွေဝင်လာတာကို တွေ့ဖူးကြတယ်မလား။ ဒါတွေက မိဘတွေ သတိလက်လွတ်ဖြစ်တတ်ကြတဲ့ သကြားဓါတ်က အရင်ဆုံး ဒုက္ခပေးတဲ့အရာတွေပါ။ ချောင်းဆိုး၊ရင်ကျပ်တာ ပေါ့သေးသေးတော့ မဟုတ်ပါဘူး။ ဝေဒနာခံစားရတဲ့ ကလေးလည်း နေရခက်ပြီး မောပန်းနေမယ်။ကိုယ်ခံအားကလည်း နည်းလာမယ်။ ဘေးနားက လူတွေလည်း ဒီချောင်းသံကြောင့် စိတ်ကသိကအောက်ဖြစ်ရတာပေါ့။အချိုများတဲ့ မုန့်တွေမှာ လိုတာထက်ပိုပြီး သကြားတွေအများကြီးထည့်တာ သတိထားမိရဲ့လား။ ကလေးက နဂိုကတည်းက အချိုကြိုက်တဲ့သဘာဝဆိုတော့ သူတို့အတွက် နည်းနည်းစားကြည့်လေ၊ ဒီမုန့်ကို အရမ်းကြိုက်ပြီး ပိုပိုစားလေ ဖြစ်တော့မှာပါ။ အဲ့တော့ အချိုတွေစားတာများပြီးအဝလွန်လာမယ်။ အဝလွန်တာနဲ့ မပြီးသွားပါဘူး။ နောက်ဆက်တွဲ သွေးတွင်းသကြားဓာတ်များပြီးဆီးချိုရောဂါတွေ၊ သွေးတိုးနဲ့ နှလုံးသွေးကြောကျဉ်းရောဂါတွေ ဖြစ်လာမယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ထက်ကို ပိုများနေပြီး ခန္ဓာကိုယ်က အဆီပိုတွေ များနေမှာပါ။သွားနဲ့ခံတွင်းကျန်းမာရေးကို ဒုက္ခပေးတဲ့အရာတွေထဲမှာ သကြားဓာတ်ဟာလည်း တစ်ခုအပါအဝင်ပါပဲ။ အချိုများတဲ့ မုန့်တွေ၊ ပြုပြင်ထားတဲ့ သကြားတွေနဲ့ လုပ်ထားတဲ့ အအေးတွေ၊ သကြားလုံးတွေက တခြားအစားအစာတွေထက် ကလေးတွေရဲ့ သွားကြားတွေထဲကို ဝင်နိုင်ပါတယ်။ ဒီသကြားဓာတ်တွေက အပေါ်ယံကြွေလွှာကို ပျက်စီးစေတယ်၊ သွားပိုးပေါက်တွေ ဖြစ်စေပြီးသွားပိုးစားစေတယ်။ သွားကြားထဲမှာ ကပ်ငြိနေတော့ ဘက်တီးရီးယားပိုးတွေ ပေါက်ဖို့လည်း ပိုလွယ်လာတဲ့အတွက် ကလေးက ငယ်ငယ်လေးနဲ့ သွားတွေဆွေးမြေ့သွားနိုင်တယ်နော်။စားချင်စိတ်ကနေ စွဲလမ်းစိတ်တွေ ဖြစ်သွားတဲ့အခါ လူကြီးမသိအောင် မုန့်တွေ ခိုးစားတတ်လာမယ်။ အဆိုးဆုံးကဘာလဲဆိုတော့ ဒါတွေကလွဲပြီး တခြားကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေ ကျွေးလို့မရတော့လောက်အောင် ဖြစ်သွားမယ်။ အချိုမုန့်တွေမှာ ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် ဘယ်လိုအာဟာရဓါတ်တွေမှ မပေးနိုင်တဲ့အပြင်မှတ်ဉာဏ်ထိခိုက်တာ၊ အတန်းထဲမှာ စာကောင်းကောင်းမလိုက်နိုင်တာ၊စိတ်ခံစားချက်အပြောင်းအလဲ မြန်တာ၊ သက်လုံမကောင်းတော့တာ၊ ဘာမှမလုပ်ရသေးဘူး မောနေသလို ခံစားရတာတွေအပြင် အာဟာရချို့တဲ့ခြင်း လက္ခဏာတွေပါ ဖြစ်လာနိုင်ပါတယ်။အချိုစွဲနေပြီဆိုတာကို ဒီလက္ခဏာတွေကနေတဆင့်သိနိုင်ပါတယ်။အဲဒီအမူအရာတွေကိုတွေ့ရင် ကိုယ့်ကလေးမှာ အချိုစွဲလမ်းမှုပြဿနာဖြစ်နေပြီဆိုတာကိုသိနိုင်ပါတယ်။စိတ်မကောင်းစွာနဲ့ဘဲ ကလေးကို အချိုလုံးဝဖြတ်လိုက်လို့တော့ မရပါဘူး။ တန်ဆေး၊ လွန်ဘေးဆိုသလို ကိုယ့်ကလေးကို နည်းနည်းစီကျွေးရင်းနဲ့ပဲ လိုတာထက်ပိုမစားမိအောင် ထိန်းတာက အကောင်းဆုံးပါပဲ။ မိဘတွေအနေနဲ့ လုပ်ပေးလို့ရတဲ့ နည်းလမ်းတွေကတော့။၁။ အိမ်မှာအချိုများတဲ့ မုန့်တွေ၊ သကြားလုံးတွေ၊ အအေးတွေ မဆောင်ထားပါနဲ့။၂။ ကလေးမြင်လောက်တဲ့နေရာမှာ အချိုများတဲ့အစားအစာတွေ မထားပါနဲ့။ အဲ့ဒီအစားသစ်သီးတွေကို သေချာပြင်ဆင်ပြီး ထားထားပေးပါ။၃။ အိမ်စည်းကမ်းအရ ထမင်းစားရမယ့်အချိန်ကို သေချာကန့်သတ်ထားပါ။ ထမင်းစားနေတဲ့အချိန် တခြားဘာကိုမှ ယူမစားဖို့ စည်းကမ်းလုပ်ထားပါ။၄။ ကလေးက မုန့်ပဲသရေစာ စားတတ်တဲ့အကျင့်ရှိရင် သစ်သီးတွေကို သေချာလှီးစိတ်ပြီး ကျွေးပါ။၅။ မိဘတွေကိုယ်တိုင်လည်း ကလေးတွေရှေ့မှာ အချိုတွေ မစားဖို့ ဆင်ခြင်ပါ။မိဘတွေလည်း ဒီနည်းလမ်းတွေကို သေချာလိုက်နာပေးမယ်ဆိုရင် ကိုယ်သိပ်ချစ်ရတဲ့ ရင်သွေး ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာနိုင်မှာ အသေအချာပဲနော်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/%e1%80%9e%e1%80%80%e1%80%bc%e1%80%ac%e1%80%b8%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba-%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99/
တုပ်ကွေးရာသီမှာ ကလေးဖျားနာမှုကင်းစေဖို့ ဘာတွေကျွေးမလဲ
ကလေးဖျားရင် ဗျာများရတာ ဖေဖေရောမေမေရောပါ။ အလုပ်တွေလည်းပျက်၊စိတ်တွေလည်းပူလို့လေ။ ငါသာဖြစ်လိုက်ချင်တယ်ဆိုတဲ့ စိတ်ကလည်း အကြိမ်ကြိမ်ဖြစ်မိတယ်ဟုတ်။ ဒီပြဿနာကို ရာသီအကူးအပြောင်းတိုင်း ကြုံရမယ်ဆိုရင် မလွယ်ကူတာတော့ အမှန်ပါ။ ဒီတော့ အခုလိုမျိုး မိုးလေးဖွဲဖွဲစရွာနေချိန်မှာ ကိုယ့်ရဲ့ ကလေးကိုတုပ်ကွေးမဖြစ်စေဖို့ ကာကွယ်ချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။တုပ်ကွေးရာသီမှာ ကလေးဖျားနာမှုကင်းစေဖို့ ဘာတွေကျွေးမလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ ဘာတွေကျွေးမွေးရမလဲဆိုတာကို မပြောခင် ကိုယ်ခံအား အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ကိုယ်ခံအား ဆိုတာက ခန္ဓါကိုယ်ထဲကိုရောဂါပိုးတွေ မဝင်လာအောင် တိုက်ထုတ်ပေးတဲ့ အရာပေါ့။ခန္ဓါကိုယ်အတွက် ခံတပ်ကြီးဆိုလည်း မမှားပါဘူး။နေ့တိုင်းလိုလိုကျန်းမာပျော်ရွှင်စွာလှုပ်ရှားနေနိုင်တာက ကိုယ်ခံအားက အကောင်းဆုံးအလုပ်လုပ်ဆောင်နေလို့ပါ။ကိုယ်ခံအားက ကောင်းကောင်းအလုပ်မလုပ်နိုင်ဘူးဆိုရင် ခန္ဓါကိုယ်ထဲကို ရောဂါတွေက ကျူးကျော်ချင်တိုင်း ကျူးကျော်ပြီး ဖျားနာတာ၊နှာစေးတာ၊အအေးမိတာ၊ချောင်းဆိုးတာတွေ၊အစာခြေစနစ်မကျန်းမာတာမျိုးတွေဖြစ်လာနိုင်ပါတယ်။အနာကျက်နှေးတာမျိုးတောင် ဖြစ်လာနိုင်ပါတယ်။ကိုယ်ခံအားစနစ် တည်ဆောက်ဆဲ ကလေးတစ်ယောက်ကိုဖျားနာမှုကင်းစေဖို့ ဆိုရင် ဒီအစားအစာလေးတွေကို ပါအောင်ကျွေးမွေးသင့်ပါတယ်။တုပ်ကွေးရာသီမှာ ကလေးမဖျားစေဖို့ အခုပြောခဲ့တဲ့ စားစရာလေးတွေကိုသေချာလေးဂရုစိုက်လို့ပြင်ဆင်ကျွေးပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/immune-system-boosting-foods-for-kids/
အစက်အပြောက်ကင်းပြီးဖြူစင်ဝင်းပတဲ့အသားအရေကို ပိုင်ဆိုင်နိုင်စေဖို့
မိန်းကလေးဖြစ်ဖြစ် ယောက်ျားလေးဖြစ်ဖြစ် အစက်အပြောက်ကင်းပြီး ဖြူစင်ဝင်းပတဲ့အသားအရေလေးကို ပိုင်ဆိုင်ချင်ကြမှာပါ။ ကြည်လင်နေတဲ့ မျက်နှာအသားအရေလေးက လူအများကြားမှာ ထင်းခနဲလှပနေမှာလည်းဖြစ်ပါတယ်။ မျက်နှာအသားအရေဖြူစင်ဝင်းပအောင် အထောက်အကူပြုပေးနိုင်တဲ့ အရာတွေထဲကမှ အစွမ်းအထက်ဆုံးလို့ဆိုရမယ့် သဘာဝပစ္စည်းလေးတစ်ခုကိုပြောပြချင်ပါတယ်။ ဒါကတော့ သံပရိုသီးပါ။ သံပရိုသီးမှာ အသားအရေကိုကြည်လင်ဝင်းပအောင်လုပ်ဆောင်ပေးနိုင်တဲ့ စွမ်းအားထက် ဓါတ်ပစ္စည်းတွေအများအပြား ပါဝင်နေပါတယ်။အသားအရေအတွက် သံပုရာသီးကဘယ်လောက်ထိအကျိုးသက်ရောက်မှုရှိစေလဲ။ဒီနေရာမှာ သံပရိုသီးက အသားအရေအတွက်ဘယ်လိုအကျိုးကျေးဇူးတွေပေးစွမ်းနိုင်လဲဆိုတာကိုပြောပြချင်ပါတယ်။ လတ်ဆတ်တဲ့ သံပရိုသီးမှာ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ဓါတ်တွေပါဝင်နေပါတယ်။ သံပရိုသီးရဲ့ အစွမ်းအထက်ဆုံးအာနိသင်တစ်ခုက အသားအရေကိုဖြူစင်ဝင်းပစေတာပါပဲ။ အရေပြားကျန်းမာရေးအတွက် တော်တော်လေးအထောက်အကူပြုပေးပါတယ်။လေဒီတို့အနေနဲ့ ပန်းရောင်သွေးကြွယ်ပြီး အတွင်းပိုင်းအထိကြည်လင်ဝင်းမွတ်တဲ့အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ သံပရိုသီးကိုမေ့ထားလို့မရပါဘူး။ သံပရိုသီးမှာ အဆုတ်ကင်ဆာ၊ရင်သားကင်ဆာ၊အရေပြားကင်ဆာ၊ခံတွင်းကင်ဆာ၊၊အူမကြီးကင်ဆာ၊အစာအိမ်ကင်ဆာတွေကိုတိုက်ဖျက်နိုင်စွမ်းလည်းရှိပါတယ်။ သံပရိုသီးမှာပါဝင်တဲ့ limonoidsဒြပ်ပေါင်းက ကျန်းမာရေးအတွက်တော်တော်လေး အထောက်အကူပြုပါတယ်။အဝါရောင်လေးသန်းနေတဲ့ သံပရိုသီးမှာ ဗီတာမင် စီကြွယ်ဝစွာပါဝင်နေပြီး အသားအရေကို ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်ပျက်စီးမှုကနေလည်းအကာအကွယ်ပေးနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်တွေနဲ့ထိတွေ့တာ၊ညစ်ညမ်းတဲ့အရာတွေနဲ့ထိတွေ့တာနဲ့ဆေးလိပ်ငွေ့တွေက အသားအရေရဲ့ ဗီတာမင် စီပမာဏကိုကျဆင်းစေပါတယ်။ ဗီတာမင် စီက free radicalsတွေကြောင့်အသားအရေထိခိုက်ပျက်စီးမှုတွေကနေလည်းကာကွယ်ပေးပါတယ်။ သံပရိုသီးက အသားအရေပေါ်မှာဖြစ်တဲ့ အမာရွတ်တွေနဲ့ အသက်အရွယ်ရလာလို့ဖြစ်လာတဲ့ အစက်အပြောက်တွေကိုလျော့ပါးသက်သာစေနိုင်စွမ်းရှိပါတယ်။ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကိုလည်း ဖယ်ရှားပေးပြီး အရေပြားပေါ်က ဆဲလ်သေတွေကိုဖယ်ရှားရာမှာလည်း အသုံးဝင်လှပါတယ်။ အသားအရေကို အစိုဓါတ်လည်းထိန်းပေးပြီး ဆားဝက်ခြံတွေနဲ့ အဆီတွေကိုလည်းသန့်စင်ပေးပါတယ်။ အရေပြားပေါ်က အရေးအကြောင်းတွေကိုလည်းသက်သာစေနိုင်ပါတယ်။ အသားအရေကိုလည်းဖြူစင်ဝင်းပစေပါတယ်။သံပရိုသီးအကြောင်းကိုပြောပြီးပြီဆိုတော့နောက်ထပ်ပြောပြချင်တာလေးတစ်ခုက အစက်အပြောက်ကင်းစင်ပြီးဖြူစင်ဝင်းပတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ ဘာတွေလုပ်ရမလဲဆိုတာပါပဲ။ အတူတူလိုက်လုပ်ကြည့်ကြမယ်မှတ်လားလေဒီတို့။အစက်အပြောက်ကင်းပြီးဖြူစင်တဲ့အသားအရေ ပိုင်ဆိုင်ဖို့ ဒါလေးတွေလုပ်ကြည့်ရအောင်ပါ။မျက်နှာကိုသန့်စင်ပါ။ကိုယ့်ရဲ့အသားအရေအမျိုးအစားကို အရင်ဆုံးတော့သိအောင်လုပ်ရပါမယ်။ လူတစ်ဦးနဲ့တစ်ဦး အသားအရေမတူတတ်ပါဘူး။ ကိုယ်က သာမန်အသားအရေပိုင်ရှင်လား၊ခြောက်သွေ့လား၊အဆီပြန်တတ်လား၊ တုံ့ပြန်လွယ်တဲ့ အသားအရေမျိုးလားဆိုတာကို အရင်သိအောင်လုပ်ရပါမယ်။နောက်တစ်ခုက အသားအရေအမျိုးအစားကပြောင်းလဲနေတတ်တယ်ဆိုတာကိုပါ။ဘယ်လိုအသားအရေမျိုးပဲဖြစ်ဖြစ် နည်းစနစ်မှန်မှန်လေးနဲ့ထိန်းသိမ်းမယ်ဆိုရင် အစက်အပြောက်ကင်းပြီးဖြူစင်ဝင်းပလာမှာတော့အသေအချာပါပဲ။ အသားအရေဖြူစင်ဝင်းပဖို့ဆိုရင် အခြေခံအကျဆုံး စည်းမျဉ်းက မျက်နှာကို သန့်စင်ဖို့ပါ။ အသားအရေနဲ့လိုက်ဖက်မယ့် မျက်နှာသစ်ဆေးကိုရွေးချယ်မိဖို့လိုပါလိမ့်မယ်။ဝက်ခြံတွေကို သက်သာပျောက်ကင်းစေမယ့် နည်းလမ်းရှာဖွေပါ။မျက်နှာပေါ်ကချွေးပေါက်တွေမှာ ဖုန်မှုန့်တွေနဲ့ အဆီတွေပိတ်ဆို့မှုကြောင့် ဝက်ခြံတွေဖြစ်ရတာပါ။ဆေးဆိုင်တွေမျာ ဝက်ခြံသက်သာစေတဲ့ဆေးတွေမေးပြီးဝယ်ယူလို့ရပါတယ်။ ဝက်ခြံသက်သာစေမယ့်ဆေးတွေကိုဆေးညွှန်းအတိုင်းတိတိကျကျ အသုံးပြုပေးဖို့တော့လိုပါမယ်။ပျောက်ချင်ဇောနဲ့ တစ်ကြိမ်ပဲလူးရမယ့်ဆေးကို တစ်ကြိမ်မကလူးတာမျိုးမလုပ်ပါနဲ့။ ဝက်ခြံက မျက်နှာမှာအဖြစ်များပြီး လည်ပင်း၊ကျော၊ရင်ဘတ်၊ ပခုံးနဲ့လက်မောင်းအထက်ပိုင်းတွေမှာလည်းပေါက်တတ်ပါသေးတယ်။ဝက်ခြံအတွက်အသုံးပြုလေ့ရှိတဲ့ ပစ္စည်းအချို့ကအသားအရေကို ကျိန်းစပ်စေတာမျိုးတွေဖြစ်စေနိုင်ပါတယ်။ တကယ်လို့ အသားအရေမှာ စပ်ဖျဉ်းဖျဉ်းဖြစ်တာမျိုးခံစားရရင် ဆက်မသုံးဖို့အကြံပြုချင်ပါတယ်။ဆေးဆိုင်ကဆေးတွေကိုအသုံးပြုနေပေမယ့် ဝက်ခြံကမသက်သာဘူးဆိုရင် အရေပြားဆရာဝန်နဲ့ပြသကြည့်ပြီး ပိုကောင်းတဲ့ဆေးတွေကို အသုံးပြုကြည့်ပါ။မျက်နှာသစ်ပါ။ရေခပ်နွေးနွေးလေးကို အသုံးပြုပြီး မျက်နှာသစ်ပေးပါ။ လက်ချောင်းထိပ်လေးတွေကို အသုံးပြုပြီး မျက်နှာကို နူးညံ့တဲ့အဝတ်စ (သို့မဟုတ်)ရေမြှုပ်စလေးသုံးပြီး ဖြည်းဖြည်းချင်းသန့်စင်ပေးပါ။ လန်းဆန်းမှုကိုပါခံစားရပါလိမ့်မယ်။အရေပြားကိုကြမ်းကြမ်းတမ်းတမ်းပွတ်တိုက်တာမျိုးမလုပ်ပါနဲ့။ ဒီလိုလုပ်တာကအသားအရေကို ထိခိုက်စေပြီး ဝက်ခြံတွေကို ပိုဆိုးစေတာကလွဲလို့ ဘာမှအကျိုးမထူးပါဘူး။မနက်အိပ်ရာထရင်တစ်ခါ မအိပ်ခင်တစ်ခါတော့ မဖြစ်မနေမျက်နှာသစ်ပေးပါ။ အားကစားလုပ်လို့ချွေးထွက်လာရင်လည်း မျက်နှာသစ်ပေးဖို့လိုပါတယ်။ မျက်နှာသစ်ပြီးတဲ့အခါမှာလည်း အသားအရေထိန်းသိမ်းမှုအဆင့်ဆင့်လုပ်ဆောင်ပေးဖို့လိုအပ်ပါသေးတယ်။ ဘာတွေလုပ်ဖို့လိုအပ်တာလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။တိုနာသုံးပေးဖို့မမေ့ပါနဲ့။တိုနာက မျက်နှာသစ်ပြီးလို့ ကျန်ရှိခဲ့တဲ့ အညစ်အကြေးတွေကို သန့်စင်ပေးပါတယ်။ မျက်နှာပေါ်က အဆီတွေကိုဖယ်ရှားပေးပြီးချွေးပေါက်တွေကို ကျဉ်းစေပါတယ်။ တိုနာကိုဘယ်လိုသုံးမလဲဆိုတော့ ဂွမ်းစလေးမှာ စွတ်ပြီး မျက်နှာတစ်ပြင်လုံးကို သုတ်ပေးလိုက်ရုံပါ။ အသားအရေအမျိုးအစားနဲ့ အရောင်ပေါ်လိုက်ပြီးတော့တော့ အသုံးပြုရမယ့် တိုနာကကွာခြားပါလိမ့်မယ်။နေရောင်နဲ့တိုက်ရိုက်ထိတွေ့မှုကိုရှောင်ရှားပါ။ပြောချင်တာကနေ့ခင်းဘက်နေရောင်ကို တိုက်ရိုက်ထိတွေ့တာကိုရှောင်ရှားဖို့ပါ။ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်းဖြစ်နိုင်ရင် အပြင်မထွက်ပါနဲ့။ညလိမ်းခရင်မ်လူးအိပ်ပြီး အသားအရေကိုထိန်းသိမ်းပါ။တစ်နေ့တာလုံးအသားအရေက ညစ်ညမ်းတဲ့လေထုနဲ့သဘာဝဒဏ်တွေခံစားခဲ့ရတာကြောင့် ညအိပ်ရာမဝင်ခင်မှာ မျက်နှာသစ်ပြီး မျက်နှာအသားအရေကို အာဟာရဓါတ်ဖြည့်ပေးမယ့် ညလိမ်းခရင်မ်တစ်မျိုးမျိုးလိမ်းပြီး အိပ်ပေးပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%85%e1%80%80%e1%80%b9%e1%80%a1%e1%80%b1%e1%80%bb%e1%80%95%e1%80%ac%e1%80%80%e1%80%b9%e1%80%80%e1%80%84%e1%80%b9%e1%80%b8%e1%80%bb%e1%80%95%e1%80%ae%e1%80%b8%e1%80%bb%e1%80%96%e1%80%b4/
ကျန်းမာသော အမျှင်ဓါတ်စားသုံးခြင်း
ကျောင်း၊ သင့်မိဘ ၊ကျန်းမာရေးသမားများက အဘယ်ကြောင့်အမျှင်ဓါတ်များများစားရန်ပြောနေသည်ဟုထင်ပါသဘဲ။ ရင်းနှီးပြီးဖြစ်သော်လည်း အကျိုးကျေးဇူးကိုလူတော်တော်များများမသိကြပေ။ အမျှင်ပါသောအစာကိုရွေးချယ်ခြင်းကမခက်ပါ သင်မိးဖိုချောင် ဈေးတွင်လွယ်ကူစွာရှာနိုင်သည်။ သင်ဘာကြောင့်အမျှင်ဓါတ်ကိုစားသင့်သလဲ ဘယ်မှာရှာနိုင်သလဲကိုဆက်လက်ဖတ်ရှုနိုင်ပါသည်။သင်ခန္ဓါကိုယ်က သင်စားသမျှ အစာအာဟာရကိုမစုပ်ယူနိုင်ပါ။ ထိုကြောင့် အစားအသောက်ပါသောအမျှင်များ အပင်မှရသောအစာက သင်ကျန်းမာရေးအတွက်အရေးပါလှသည်။ သင်ခန္ဓါကိုယ်မှ အမျှင်ကိုအခြားအာဟာများကဲ့သို့(ပရိုတင်း ဗီတာမင် အဆီ စသည်) တိုက်ရိုက်မစုပ်ယူနိုင်ပါ။ သို့သော် အစာအိမ်တောက်လျောက်ဖြတ်သွားနိုင်သည်။ ရေတွင်ပျော်ဝင်သောအရာ နှင့် ရေတွင်မပျော်ဝင်နိုင်သောအရာဟုခွဲထားပြီ အမျှင်က အစာအိမ်မှ အူလမ်းကြောင်းသိုရောက်ပြီး ခန္ဓါကိုယ်မှထွက်သွြးခြင်း သို့ဟုတ် ပျော်ဝင်သွာခြင်းဖြစ်နိုင်သည်။ မတူသောအမျှင်ပါသော အပင်အစားသောက်မတူသောကြောင့် မတူညီသောအမျှင်တိုင်းအကုန်မျိုးစုံစားရန်လိုအပ်သည်။ပျော်ဝင်နိုင်သော အမျှင်ဓါတ်။ ထိုအမျှင်ဓါတ်က အခွံမာသိပဲသီး ပန်းသီး အချဉ်ပါသောအသီးများ မှန်လာဥ ဘာလီသီးစသည်တို့တွင်ပါဝင်သည်။ ရေတွင်စိမ်ပါက ပျော်ဝင်သည်။ သကြားဓါတ်နှင့်ကိုလက်စတောကိုကျစေသည်။မပျော်ဝင်နိုင်သောအမျှင်။ ထိုအရာက အရွက်များ(ဥပမာ ဂေါ်ဖီ ပဲသီး အာလူး အစရှိသည်) အသီများ အစေ့ ဂျုံ နှင့် ပါမှန့်စသည်တို့တွင်ပါဝင်သည်။ ထိုအမျှင်များက ဝမ်းချုပ်ြခ်ငကိုကုသနိုင်ြခ်ငး ပုံမှန်မဟုတ်သော အူလှုပ်ရှားမှုကိုပိုကောင်းစေခြင်း ဝမ်းမှန်စေသည့်အရာမျိုးတွင်ကူညီပေးနိုင်သည်။အမျှင်ဓါတ်များစွာပါဝင်သောအပင်မှရသောအစားကိုနေ့တိုင်းစားသင့်သည့် အဓိက အကြောင်း၄ချက်ရှိသည်။အူလှုပ်ရှားမှုကိုထန်းရန်။ အမျှင်က ဆေးသောက်စရာမလိုပဲ အူလမ်းကြောင်းလှုပ်ရှားမှုကိုပုံမှန်ဖြစ်စေသည်။ ဝမ်းချုပ်နေပါက အမျှင်က ဝမ်းကို အူလမ်းကြောင်းမှလွယ်ကူစွာဖြတ်အောင်ကူညီပေးနိုင်သည်။ အကယ်၍ ဝမ်းလျောနေပါက အမျှုင်က ရေ။ဓါတ်ကိုပြန်စုပ်ပေးပြီး ဝမ်းကိုခဲစေသည်။ကျန်းမာသောအစာချေစနစ်ဖြစ်ရန်ကူညီပေးသည်။ အမျှင်ဓါတ်များသောအစာများက အူလမ်းကြောင်းတွင် အိတ်သေးလေးများဖြစ်ခြင်း သို့မဟုတ် လိပ်ခေါင်းဖြစ်ခြင်းကိုကာကွယ်ပေးနိုင်သည်။သွေးတွင်းသကြားဓါတ်နှင့်ကိုလက်စတောပမာဏကိုထိန်းသိခြင်း။ သွေးတွင်းသကြားဓါတ်စုပ်ယူခြင်းကိုလျော့ခြပေးခြင်း ကိုလက်စတောနည်းစေခြင်းတို့ဖြစ်စေသည်။ကျန်းမာသောခန္ဓါကိုယ်ကိုရစေသည်။ ဗိုက်ကိုအမြန်တင်းတိမ်စေသည်။ ထိုကြောင့် သင်ဝတ်ကိုလဲကျစေသည်။အသီးအရွက် ပဲသိး ကောက်စပါးအပြည့်ပါသောအစေ့ အမျှင် များက ကျန်းမာရေးကောင်းရုံစေမျှမက ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း ဆီးချိုနှလုံးရောဂါကိုလျော့ခြခြင်း ဝမ်းမချုပ်စေခြင်းစသည့်ကောင်းကျိုးများစွာရှိသည်။ အမျှင်ကနေရာမျိုးစုံမှရနိုင်ပြီး အင်အားအပြည့်အဝရနိုင်ရန် သင်နေ့စဉ်အစားအသောက်ထဲထည့်ပုံကိုသိသင့်သည်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%9e%e1%80%b1%e1%80%ac-%e1%80%a1%e1%80%99%e1%80%bb%e1%80%be%e1%80%84%e1%80%ba%e1%80%93%e1%80%ac%e1%80%90%e1%80%ba%e1%80%85%e1%80%ac/
သင်ဘယ်လောက်အကြာမှာ ဘယ်နှစ်ကြိမ်လောက် ပြေးသင့်သလဲ
လေ့ကျင့်ခန်းလို့ဆိုလိုက်ရင်ပဲ ဘယ်နှစ်ကြိမ်လုပ်သင့်တယ်ဆိုတာက အရေးကြီးလွန်းလှပါတယ်။ ပြေးခြင်းမှာလည်း ခြွင်းချက်မရှိပါဘူး။ တစ်ပတ်အတွင်းမှာ ဘယ်လောက်ပြေးရမယ်ဆိုတဲ့ အချိန်နဲ့ အကြိမ်အကန့်အသတ်ဟာ ထိရောက်မှုရှိစေပါတယ်။သင်ဘယ်နှစ်ကြိမ်ပြေးသင့်တယ်ဆိုတာကို ဆုံးဖြတ်နိုင်ဖို့ သင်ပြေးရခြင်းရဲ့ ရည်ရွယ်ချက်ကို အရင်သိဖို့လိုမှာပါ။ ဘာလို့ ပြေးတာလဲ။ ပြေးရခြင်းရဲ့ ရည်ရွယ်ချက်တွေထဲမှာ ကျန်းမာရေးဆိုင်ရာ ရည်ရွယ်ချက်တွေ၊ အလေးချိန်ချချင်တာတွေ ဒါမှမဟုတ် သင့်ကောင်မလေးက သင်ညဘက် သူငယ်ချင်းတွေနဲ့ ညလုံးပေါက် အပြင်ထွက်တာမျိုး၊ အရက်သောက်တဲ့ အကျင့်မျိုးတွေထက်ပိုကောင်းတဲ့ အလေ့အထကို ရစေချင်လို့ ဆိုတာလည်း ပါမှာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ တကယ်လို့များသင်က ပြေးဖို့ဆုံးဖြတ်လိုက်ပြီး သေချာပေါက်လုပ်မယ်ဆိုတဲ့ စိတ်မျိုးရှိနေရင်တော့ တစ်ပတ်မှာ ၃ရက်ပြေးတာက သင့်လျော်ပါလိမ့်မယ်။ဘာကြောင့် တစ်ပတ်မှာ ၃ရက်တည်း ပြေးရမှာလဲ။ တစ်ပတ်မှာ ၇ရက်လုံးပြေးချင်လဲရပါတယ်။ သင်က ခုမှ ပြန်ပြီးပြေးတာဖြစ်နိုင်သလို ခုမှ စပြီးပြေးမယ့်သူလည်း ဖြစ်နိုင်ပါတယ။် တစ်ပတ်မှာ ၃ရက်ပြေးတာက အရေးအကြီးဆုံးဖြစ်တဲ့ အနားယူဖို့အချိန်၊ ပြန်လည်ကောင်းမွန်မယ့်အချိန်တွေကို ပေးစွမ်းနိုင်ပါတယ်။ဒီနေ့ခေတ်ကြီးမှာ လူတိုင်းက အလုပ်များကြတာကြောင့် တစ်ပတ်မှာ ၅ရက်ကနေ ၆ရက်ပြေးတာက များလွန်းပါတယ်။ ဒါမှမဟုတ်လည်း တွန်းအားတွေနဲ့ဖြစ်နေပါလိမ့်မယ်။ အထူးသဖြင့် သင်က ခုမှ စပြေးတဲ့သူဆိုရင်ပေါ့။ ဒီလို ကြပ်မတ်တဲ့ အချိန်ဇယားနဲ့ဆိုရင် သင့်ကိုယ်သင် ထိခိုက်စေနိုင်မယ့် အန္တရာယ်တော့ ရှိပါတယ်။ဘာကြောင့်လဲဆိုတော့ သင့်ခန္ဓါကိုယ်က ဒီလုပ်ငန်းစဉ်ကြီးကို လက်မခံနိုင်သေးဘူးလေ။ တစ်ပတ်မှာ ၂ရက်ပြေးတာကျပြန်တော့လည်း ၂ရက်လုံး အားသွန်ခွန်စိုက်ပြေးမယ်ဆိုရင်တောင် ထိရောက်မှု သိပ်ရှိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ပတ်လုံးရဲ့ ကျန်တဲ့အချိန်တွေမှာ ဘာတွေလုပ်နေမှာလဲ။ လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ တိုးတက်လာဖို့အတွက် မှန်ကန်တဲ့ ကြားပိုင်း၊ ကြားချိန်တွေ လိုအပ်ပါတယ်။တစ်ပတ် ၂ရက်ပြေးခြင်းက တိုးတက်လာစေဖို့အတွက်တော့ ခက်ခဲကြန့်ကြာစေပါလိမ့်မယ်။ တကယ်လို့များ ကြာကြာစောင့်ကြည့်မယ်ဆိုရင် နောက်တစ်ခေါက်ထပ်ပြေးဖို့အတွက် ပြေးလိုစိတ်လည်းရှိတော့မှာမဟုတ်သလို ပြေးနိုင်ဖို့ ခွန်အားသတ္တိတွေလည်း ကုန်ခမ်းသွားပါလိမ့်မယ်။ ကျွန်တော်တို့က တစ်ပတ် တစ်ရက်ပြေးတာကိုတော့ စကားထဲ ထည့်ပြောနေမှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ ဒါကို ပြေးတယ်လို့တောင် မဆိုနိုင်ဘူးလေ။ ဒါကြောင့် တစ်ပတ်ကို ၃ရက် ဒါမှမဟုတ် ၄ရက်ပြေးတာက အကောင်းဆုံးပါပဲ။ သင့်မှာ ဖြည်းဖြည်းချင်းစဖို့နဲ့ သင့်ခွန်အားတွေကို နောက်ပိုင်းမှာ ကြာကြာပြေးနိုင်ဖို့ သက်လုံကောင်းဖို့အတွက် အချိန်ယူဖို့ လိုအပ်ပါတယ။် ပြီးတော့ ဒီအချိန်ဇယားဟာ ကြပ်မတ်နေတဲ့ အချိန်ဇယားမဟုတ်တာကြောင့် ပြေးဖို့ အချိန်ယူရတဲ့နေရာမှာ ပိုပြီးလွယ်ကူစေပါတယ်။ထပ်ပြောစရာရှိတာကတော့ တစ်ပတ် ၃ရက် အချိန်ဇယားမှာ သင့်လိုအပ်ချက်တွေအတွက် အချိန်ပိုယူချင်တာမျိုးတွေ ရှိကောင်းရှိနိုင်ပါတယ်။ အကောင်းဆုံး ရလဒ်တွေအတွက်တော့ ပြေးခြင်းနဲ့အတူ လေ့ကျင့်ခန်းလုပ်တာတွေ၊ cross-training တွေ တွဲလုပ်တာက ပိုကောင်းပါလိမ့်မယ်။ ဆိုကြပါစို့။ သင်က တစ်ပတ် ၃ရက်ပြေးတယ်ဆိုရင် cross-training အတွက် ၂ရက် ဒါမှမဟုတ် ၂ရက်ထက်ပိုယူတာက အဆင်ပြေပါတယ။်။cross-training က သက်လုံနဲ့ အဓိကခွန်အား(core-strength) ကို တိုးတက်စေတာကြောင့် ပိုပြီးပြေးနိုင်တာမျိုး ပိုပြီးဝေးဝေးပြေးနိုင်တာမျိုးတွေကို ဖြစ်စေပါတယ်။ Cross-training တွေအများကြီးရှိပါတယ်။ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ အလေးမတာ ဒါမှမဟုတ် ရေကူးတာ စသဖြင့်ပေါ့။ တစ်ခုချင်းစီမှာတော့ ပြေးခြင်းနဲ့တွဲလိုက်မယ်ဆိုရင် ရနိုင်တဲ့ ကောင်းကျိုး တစ်ခုစီရှိကြပါတယ်။ ဒါကြောင့် တစ်ခုခုကို ရွေးချယ်ပြီး သင့်အတွက် ဘာက အဆင်အပြေဆုံးဖြစ်မလဲဆိုတာ ကြည့်ကြရအောင်။အရာအားလုံးကတော့ သင်ဘယ်လိုပြေးတယ်ဆိုတာနဲ့ ဘာရည်ရွယ်ချက်နဲ့ ပြေးတယ်ဆိုတဲ့အပေါ် မူတည်နေဆဲပါပဲ။ တကယ်လို့ သင်က မာရသွန်အတွက် လေ့ကျင့်မယ်ဆိုရင် အဆင့်မြင့်တန်းဖြစ်တဲ့ တစ်ပတ်ကို ၄ကြိမ်ကနေ ၆ကြိမ်ပြေးပြီး မကြာခဏ လေ့ကျင့်ခန်းလုပ်ပေးမယ်ဆို လုံလောက်ပါပြီ။ကိုယ်အလေးချိန်ကြောင့်ပြေးတဲ့ weight jogging ဆိုရင်တော့ အလေးချိန်လျော့ကျဖို့အတွက် လိုအပ်တဲ့ ပုံမှန်အကွာအဝေးတစ်ခုလိုအပ်ပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရွေးချယ်မှုတွေ အားလုံးကတော့ သင့်သဘောပါပဲ။ သင့်အတွက် သင့်လျော်မယ့် တစ်ခုကို ရွေးချယ်ပြီး လေ့ကျင့်မှုအတွက် ရည်မှန်းချက် ပန်းတိုင်တစ်ခုကို ဆွတ်ခူးလိုက်ပါ။ပြေးခြင်းကို ဈာန်ဝင်သွားတဲ့ အခါမှာတော့ သင့်ရဲ့ လေ့ကျင့်မှုပုံစံ အစီအစဉ်က ပြောင်းလဲသွားပါလိမ့်မယ်။ သင့်ရဲ့ တိုးတက်မှု အခြေအနေပေါ်မူတည်ပြီး အလျှော့အတင်းလုပ်နိုင်ပါတယ်။ ဒါကြောင့် အလျင်မလိုပါနဲ့။ အေးဆေးလုပ်ပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/%e1%80%9e%e1%80%84%e1%80%b9%e1%80%98%e1%80%9a%e1%80%b9%e1%80%b1%e1%80%9c%e1%80%ac%e1%80%80%e1%80%b9%e1%80%a1%e1%81%be%e1%80%80%e1%80%ac%e1%80%99%e1%80%bd%e1%80%ac-%e1%80%98%e1%80%9a%e1%80%b9%e1%82%8f/
ဘေဘီလေးနဲ့ဆိတ်နို့
ဘေဘီလေးတွေကိုမွေးကတည်းကမေမေ့နို့တိုက်ဖြစ်ကြတယ်။ ဒီကနေတဆင့် တစ်နှစ်လောက်ရောက်လာပြီဆိုရင်နွားနို့တိုက်တယ်။ ဒီလိုအချိန်မှာ ဆိတ်နို့ရောတိုက်လို့ဖြစ်မလားလို့တွေးမိနေတဲ့မေမေတွေများရှိလား။ ဒါဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါ၊လို့ပြောပါရစေ။ဘေဘီလေးကို နွားနို့တင်မဟုတ်ဘဲ ဆိတ်နို့လည်း တိုက်လို့ရပါတယ်။ ဘေဘီလေး တစ်နှစ်ပြည့်ပြီဆိုရင် ဆိတ်နို့စတိုက်လို့ရပါပြီ။ နွားနို့က ဓာတ်မတည့်မှုဖြစ်နိုင်ခြေများပေမယ့် ဆိတ်နို့ကတော့ ဒီလိုမဟုတ်ပါဘူး။ ဆိတ်နို့က ပရိုတင်းပါဝင်မှုများသလိုခန္ဓာကိုယ်ကြီးထွားဖို့နဲ့ဉာဏ်ရည်တိုးတက်စေဖို့အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို အကောင်းဆုံးဖြည့်စွမ်းပေးနိုင်မှာပါ။ ကြီထွားဖို့ ဆိုင်းပြင်းနေတဲ့ဘေဘီလေးတွေရဲ့ အူနံရံကိုလည်းအာဟာရဓါတ်တွေကို အကောင်းဆုံး စုပ်ယူနိုင်အောင်ထောက်ပံ့ပေးပါသေးတယ်။ ဆိတ်နို့က နွားနို့လို အလွယ်တကူဝယ်လို့မရပေမယ့် အာဟာရတန်ဖိုးပိုမြင့်တာကတော့ အမှန်ပါ။ဆိတ်နို့မှာ။ဘေဘီလေးတွေကို ဆိတ်နို့တိုက်ပါလို့ပြောရတဲ့ ဒီအကြောင်းအရင်းတွေကြောင့်ပါ။ခန္ဓာကိုယ်ကသံဓာတ်ပိုစုပ်ယူနိုင်စေတယ်– ဆိတ်နို့မှာပါတဲ့ သံဓာတ်က အခြားနို့တွေမှပါတဲ့ သံဓာတ်နဲ့ မတူဘဲ ခန္ဓာကိုယ်က အလွယ်တကူစုပ်ယူနိုင်တဲ့ သံဓာတ်အမျိုးအစားပါ။ ဆိတ်နို့ကနေ သံဓာတ်ကို ၅၀ ရာခိုင်နှုန်းကျော်အထိ စုပ်ယူရရှိပေမယ့် နွားနို့ကနေတော့ သံဓာတ်ကို ၁၃ ရာခိုင်နှုန်းလောက်ပဲ စုပ်ယူရရှိနိုင်တာပါ။ ဒါကြောင့် ဘေဘီလေးရဲ့ သံဓာတ်လိုအပ်ချက်ကိုဖြည့်တင်းနိုင်စေဖို့ဆိုရင် ဆိတ်နို့က ပိုအဆင်ပြေစေမှာပါ။ ဘေဘီလေးကိုသွေးအားနည်းရောဂါကင်းစေမှာပါ။ဘေဘီလေးအတွက် ဆိတ်နို့က အကျိုးပြုတာများတယ်ဆိုပေမယ့် မေမေတို့အနေနဲ့သေချာလေးပြင်ဆင်ပေးမှ ကျန်းမာတဲ့အာဟာရဖြစ်မှာပါ။ ဒီတော့ ဘေဘီလေးကို ဆိတ်နို့တိုက်တော့မယ်ဆိုရင် အရင်ဆုံးကြည့်ရမှာက ပိုးသတ်ထားလားဆိုတာပါ။ နောက်တစ်ချက်ကတော့ သေချာလေးပွက်ပွက်ဆူအောင်ကျိုချက်ပေးဖို့ပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/%e1%80%98%e1%80%b1%e1%80%98%e1%80%ae%e1%80%9c%e1%80%b1%e1%80%b8%e1%80%94%e1%80%b2%e1%80%b7%e1%80%86%e1%80%ad%e1%80%90%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%b7/
ပြေးနေစဉ် ဖြစ်နိုင်ချေရှိသော အန္တရာယ်များ
ပြေးလွှားခြင်းဟာ ရိုးရှင်းတယ်လို့ထင်ရပေမယ့် ပြေးလွှားရင်း ဖြစ်လာနိုင်တဲ့ မကောင်းတဲ့ အန္တရာယ်တွေရှိပါတယ်။ မာရသွန်ပြေးရင်း လူတွေမူးမေ့နိုင်ချေ (သို့) ထိခိုက်ဒဏ်ရာရနိုင်ချေ ဟာ အလွန်များပါတယ်။အဲဒါကြောင့် အပြေးသမားတွေအတွက် ဒီလို မရှောင်ရှားနိုင်တဲ့ အန္တရာယ်တွေကို ဘယ်လိုဖြေရှင်းရမယ် ဆိုတာ အပြေးလေ့ကျင့်သူတွေ အတွက် သိမှ ဖြစ်မယ့် အချက်တွေပဲဖြစ်ပါတယ်။ပြေးလွှားတဲ့အခါမှာ ကြွက်တက်ခြင်းဟာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ လူတွေက အချိန်တိုင်းမှာ ကြွက်တက်ခြင်း ဖြစ်နိုင်ပါတယ်။ ဘောလုံးကွင်းတွေမှာ၊ လျှောက်လမ်းတွေမှာ၊ တင်းနစ်ကွင်းတွေမှာ တစ်စုံတစ်ယောက်က ခြေထောက်ကို ကိုင်ပြီး မြေပြင်၊ ကွင်းပြင်ပေါ်ထိုင်နေတာတွေက အမြဲတမ်းမြင်နေကျ တွေပါ။ကြွက်တက်တယ်ဆိုတာကတော့ ကြွက်သားတွေ အလွန်အကျွံ အလုပ်လုပ်ရတဲ့ အတွက် ကြွက်သားတွေ မကျုံ့သင့်တဲ့အချိန်မှာ လည်း ကျုံ့နေတာတွေကြောင့် ဖြစ်လာရတာပါ။ ကြွက်တက်ခြင်း ဖြစ်လာပြီဆိုရင် သင် အကောင်းဆုံးလုပ်နိုင်တာတွေက အသက်ပြင်းပြင်းရှု၊ စိတ်ငြိမ်ငြိမ်ထား၊ ထိုင်ချပြီး အကြောလျှော့ခြင်းစတင်လုပ်ဆောင်ပါ။အကြောလျှော့ခြင်းက ကြွက်တက်တာကို အတော်အသင့် ထိရောက်မှုရှိတယ်လို့ သိရပါတယ်။ ရိုးရှင်းတဲ့ အကြောလျှော့ခြင်းလေ့ကျင့်ခန်းတွေ ဟာ ကို လုပ်ဆောင်ဖို့လွယ်ကူပါတယ်။ ဘာကြောင့်လည်းဆိုတော့ သင်လုပ်ဖို့လိုအပ်တာက ကြွက်တက်နေတဲ့နေရာတွေကို အကြောလျှော့တဲ့ အနေအထားနဲ့ ၃မိနစ်မှ ၅ မိနစ်လောက်ထိ ထားဖို့ပါပဲ။ပြိုင်ပွဲမှ ရပ်နားလိုက်ခြင်း (သို့) တဖြည်းဖြည်းမှ ပြန်လည်စတင်ခြင်းက ပိုကောင်းပါတယ်။ အရင်ပြေးနှုန်းအတိုင်း ဆက်ပြေးနေဖို့ မသင့်တော်ပါဘူး။ပြေးလွှားခြင်းမှာ အဆစ်တွေဟာ အခြေခံအစိတ်အပိုင်းတစ်ခု အနေနဲ့ လုပ်ငန်းတွေ လုပ်ဆောင်ပေးနိုင်တဲ့အတွက် ကျွန်ုပ်တို့ရဲ့ အဆစ်တွေဟာ တန်ဖိုးရှိပြီး အရေးကြီးပါတယ်။ ပြေးလွှားတဲ့အချိန်မှာ ကျွန်ုပ်တို့ရဲ့ အဆစ်မြစ်တွေကို ကြားခံပြီးခန္ဓါကိုယ်နဲ့ မြေပြင်နဲ့ထိရပါတယ်။ တစ်နည်းအားဖြင့် အဆစ်တွေက မကြာခဏ အကြိတ်ခံရပြီး ဒူးခေါင်းဒဏ်ရာရရှိခြင်း ဖြစ်စေနိုင်ပါတယ်။အမျိုးသားတွေက အမျိုးသမီးတွေထက် အလေးချိန်ပိုများတဲ့ အတွက် ဒဏ်ရာရနိုင်ချေလည်း ပိုများပါတယ်။ အဆစ်အမြစ်တွေ ဒဏ်ရာရတာကို ရှောင်ကြင်ဖို့အတွက် ဘယ်နေရာမှာ ပြေးမလဲဆိုတာသေချာ ရွေးချယ်ဖို့ အရေးကြီးပါတယ်။ မြေပြင်ညီတဲ့ (သို့) ပျော့တဲ့နေရာတွေ ဖြစ်တဲ့ အပြေးလေ့ကျင့်ရေးကွင်း၊ မြေပြင် အကျယ်ကြီးများ၊ မြက်ခင်းပြင် (သို့) သဲခင်းလမ်းများမှာ ပြေးတာဟာ မြေကြီးနဲ့ ထိတဲ့ အားကို လျော့စေပါတယ်။သင့် ဒူးခေါင်းမှာ ပြသနာဖြစ်နေပြီလို့ ခံစားရပြီးဆိုတာနဲ့ ပြိုင်ပွဲ ၊ (သို့) ပြေးတာကို ရပ်ပြီး ဆေးကုသမှုခံယူရမှာပါ။ မိမိကိုယ်ကို တွန်းအားပေးခြင်းက အခြေအနေကို ပိုဆိုးစေတာပဲ ရှိမှာပါ။ ဒါ့အပြင် မပြေးခင်မှာ သင့်ရဲ့ ကိုယ်အလေးချိန်ကို လည်းစဉ်းစားကြည့်ထားရပါမယ်။ ဘာကြောင့်လည်းဆိုတော့ အလေးချိန်ပိုများတဲ့သူတွေဟာ ထိခိုက်ဒဏ်ရာရနိုင်ဖို့ အခွင့်အလမ်းပိုများနိုင်လို့ပါ။ဒီ ဖော်ပြခဲတဲ့ အချက်၃ခုထဲမှာ အန္တရာယ် အများဆုံးဖြစ်တဲ့ နှလုံးနဲ့ ပတ်သတ်တဲ့ အန္တရာယ်တွေမှာ မူးမေ့ခြင်း (သို့) အဲဒါထက်ပိုဆိုးတာတွေ၊ ရုတ်တရက် နှလုံးခုန်ရပ်သွားခြင်း တွေပါဝင်နိုင်ပါတယ်။ မိသားစုမှာ နှလုံးရောဂါ အခံရှိတဲ့ သူတွေ (သို့) ကိုလက်စတီရော များနေသူတွေဟာ ပိုပြီး အန္တရာယ်များပါတယ်။နှလုံးနဲ့ သက်ဆိုင်တဲ့ အခြေအနေတွေ ဖြစ်လာပြီဆိုရင်တော့ အကူအညီ တောင်းဖို့က လွဲပြီး ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် လေ့ကျင့်တဲ့ အချိန်ဇယားကို သေချာဆွဲထားသင့်ပါတယ်။ ဒါ့အပြင် ဆရာဝန်ထောက်ခံချက်လည်းရယူထားသင့်ပါတယ်။ သင့် ခန္ဓါကိုယ်က ဘာလုပ်နိုင်တယ်ဆိုတာ ကို အမြဲတမ်း သတိထားနေရမှာ ဖြစ်ပြီး အဲဒီလုပ်နိုင်တာထက်ပိုပြီး မလုပ်ဆောင်သင့်ပါဘူး။ပြေးလွှားတဲ့ အချိန်အများစုဟာ သင်အနားရယူနိုင်ခြင်း၊ သင့်ဘ၀ အကြောင်းစဉ်းစားနိုင်ခြင်း၊ သင့်ကိုယ်သင် ပိုနားလည်လာနိုင်ခြင်း၊ အလုပ်များမယ့်နောက်ရက်တွေ အတွက် ကိုယ့်ကိုကိုယ်ပြင်ဆင်နိုင်ခြင်း စတဲ့ ပျော်ရွှင်ဖွယ် အချိန်တွေပဲဖြစ်ပါတယ်။အကြောလျှော့ခြင်း၊ သွေးပူလေ့ကျင့်ခန်းသေချာလုပ်ခြင်း၊ (သို့) သင်လိုချင်တဲ့ အရှိန်ကို တဖြည်းဖြည်း ချင်းရအောင်ယူခြင်း စတဲ့ သင့်ရဲ့ ပြေးလွှားခြင်းလုပ်ဆောင်ရန်အတွက် လုပ်သင့်တဲ့ လုပ်ငန်းဆောင်တာတွေကို ပုံမှန်လုပ်ဆောင်ပါက အရာရာ အဆင်ပြေစေနိုင်မှာပါ။ဒါပေမယ့် အပေါ်မှာ ဖော်ပြခဲ့တဲ့ အန္တရာယ်တစ်ခုခုတွေ့ကြုံလာပြီဆိုရင်တော့ စိတ်ငြိမ်ငြိမ်ထား၊ အခြေအနေကိုသေချာလေ့လာပြီး လုပ်သင့်တာတွေကို လုပ်ဆောင်ရပါမယ်။[embed-health-tool-bmr]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/exercise-safety-tips/%e1%80%95%e1%80%bc%e1%80%b1%e1%80%b8%e1%80%94%e1%80%b1%e1%80%85%e1%80%89%e1%80%ba-%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%81%e1%80%bb%e1%80%b1/
ဆေးလိပ်သောက်တတ်ပါသလား။ ဆေးလိပ်ကြောင့်ဖြစ်တဲ့ ခံတွင်းနံ့ဆိုးမဖြစ်အောင် ဒီလိုလုပ်ပါ
တကယ်လို့ ကိုယ်ကဆေးလိပ်သောက်တတ်သူတစ်ယောက်ဆိုပါစို့။ ခံတွင်းကနေ ရနံ့ဆိုးတွေ ထွက်ဖို့ လုံးဝ သေချာနေပါပြီ။ခံတွင်းနံ့ဆိုးတာဟာ ဖြစ်နေကြပြဿနာတစ်မျိုးဖြစ်ပေမယ့် နည်းနည်းတော့ စိတ်ညစ်စရာကိစ္စလို့ ဆိုရပါမယ်။ ဟုတ်တယ်လေ၊ ပုံပြင်တွေထဲကလို ကြာညိုနံ့လေးသင်းနေတဲ့ ခံတွင်းရနံ့မျိုးလေးပဲ ဘယ်သူမဆို လိုချင်ကြမှာပေါ့။တကယ်လို့ သင့်ခံတွင်းကနေ အနံ့ဆိုးတွေ ထွက်နေပြီဆိုရင်ပတ်ဝန်းကျင်က လူတွေဆီကနေ မသိမသာနဲ့ ရှောင်ဖယ်လိုတဲ့ လက္ခဏာတချို့ စမြင်လာရပါလိမ့်မယ်။ ကိုယ်နဲ့ စကားမပြောချင်တာလိုမျိုး၊ စကားခဏတဖြုတ်ပြောပြီး စကားစပြတ်သွားတာလိုမျိုးပေါ့။ ကိုယ်က သူတို့ကို နှုတ်ဆက်တဲ့ အနေနဲ့ နမ်းရှုံ့မိမယ်ဆိုရင်တော့ သူတို့ မချိပြုံး ပြုံးသွားတာမျိုး၊ ခပ်တွန့်တွန့်ဖြစ်သွားတာမျိုးကိုပါ မြင်ရပါလိမ့်မယ်။တကယ်လို့များ ကိုယ့်ခံတွင်းက အနံ့ဆိုးထွက်နေပြီလားလို့ သံသယဝင်မိလာရင် ဘယ်လို သိနိုင်မလဲ… ကိုယ့်ရဲ့လက်ကောက်ဝတ်ကို ပါးစပ်နားကပ်ပြီး “ဟား” ခနဲ ခံတွင်းနံ့ နည်းနည်းမှုတ်ထုတ်ပေးလိုက်ပါ။ ပြီးရင်း နမ်းကြည့်၊ ဘာအနံ့မျိုး ထွက်နေမလဲဆိုတာကိုပေါ့။ လက်ကောက်ဝတ်ကရတဲ့ အနံ့ဟာ ခံတွင်းထဲက အနံ့ပါပဲ။ သိပ်ခင်ရတဲ့ သူငယ်ချင်းတွေကတော့ ဒဲ့ပြောကြပါလိမ့်မယ်။ “ဟ သားကြီး မင်း ပါးစပ်က အတော်နံနေပြီ ဘာညာပေါ့” ဒါဆိုရင်တော့ အတော် အခြေအနေဆိုးနေပြီလို့သာ မှတ်ပါ။ခံတွင်းနံ့ဆိုးထွက်တာဟာ မကြာခဏကြုံရနိုင်တဲ့ ပြဿနာတစ်မျိုးလို့ ဆိုလို့ရပါမယ်။ သွား၊လျှာနဲ့ သွားဖုံးကြားမှာ ကပ်ငြိနေတဲ့ဘက်တီးရီးယားတွေဆီက ထုတ်လွှတ်တဲ့ အနံ့ဆိုးရွားလှတဲ့ Gas (ဓာတ်ငွေ့) တစ်မျိုးဖြစ်ပါတယ်။ ခံတွင်းနံ့ဆိုးရွားစေတဲ့ အကြောင်းအရင်းတွေအများကြီးရှိပါတယ်။ သွားကြားမှာ အစားအစာအကြွင်းအကျန်တွေ ညပ်ကျန်နေလို့ဖြစ်နိုင်သလို၊ အနံ့ပြင်းထန်တဲ့ ကော်ဖီ၊ကြက်သွန်ဖြူနဲ့ ကြက်သွန်နီတို့လို အစားအစာတွေ စားမိထားလို့လည်းဖြစ်နိုင်ပါတယ်။ နောက်ပြီး ဆေးလိပ်၊အရက်နဲ့ကွမ်းယာတို့လို အရာတွေကလည်း ခံတွင်းအနံ့ဆိုးတွေကို ထွက်ရှိစေနိုင်ပါတယ်။သွားနဲ့သွားဖုံးအကြားမှာရှိတဲ့ ဘက်တီးရီးယားဟာတွေဟာရေစီးကမ်းပြိုလိုက်တာနဲ့ သွားတွေပျက်စီးအောင် လုပ်နိုင်ပါတယ်။ တကယ်လို့သာ ကိုယ့်မှာ ဒီလို ခံတွင်း ရနံ့ဆိုးမျိုး မကြာခဏထွက်နေပြီဆိုရင် ဒီရောဂါတွေဖြစ်ဖို့ နီးစပ်နေပြီဆိုတဲ့ သတိပေးသင်္ကေတပါပဲ။ ဒီလိုဆိုရင်တော့ သင့်အနေနဲ့ ခံတွင်းအခြေအနေကို စစ်ဆေးပေးဖို့ လိုအပ်တော့မှာဖြစ်ပါတယ်။ဆေးရွက်ကြီးကို အခြေခံထုတ်ထားတဲ့ ဆေးလိပ်နဲ့စီးကရက်တွေ သောက်ကြတဲ့သူတွေဟာ အမြဲတမ်းနီးပါး အနံ့ဆိုးထွက်တတ်ပါတယ်။ ဆေးရွက်ကြီးဟာ သူ့ရဲ့ သဘာဝအရကို သီးခြားခံတွင်းနံ့ဆိုး ထုတ်လွှတ်ပေးနိုင်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ကတော့ ဆေးလိပ်သောက်တာကို ရပ်တန်းကရပ်မှသာ ဖြစ်နိုင်ပါလိမ့်မယ်။ဆေးလိပ်နဲ့ဆေးရွက်ကြီးကြောင့် ခံတွင်းရနံ့ဆိုးအပြင် နှုတ်ခမ်းမဲခြောက်တာ၊အရသာခံနိုင်စွမ်းလျော့ပါးတာနဲ့ သွားဖုံးကျိန်းစပ်တာတွေပါ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒါတွေချည်းပဲလားဆိုရင်တော့ မဟုတ်သေးပါဘူး။ Smoker’s palate (အာခံတွင်းထဲမှာ အနီရောင် အစက်အပျောက်တွေ ထတာမျိုး) ၊ Smoker’s melanosis (အာခံတွင်းထဲမှာ အညိုရောင် အစက်အပျောက်တွေ ထတာမျိုး) ၊ လျှာထူတာ၊ အာခေါင်မှာ မှိုစွဲတာ၊ ရေစီးကမ်းပြိုလိုက်တာနဲ့ အာခေါင်ကင်ဆာတွေလည်း ဖြစ်နိုင်ပါသေးတယ်။နောက်ပြီး ခံတွင်းရနံ့ဆိုးကြောင့်ပါးစပ်ခြောက်(Xerostomia) တဲ့ရောဂါမျိုးဖြစ်စေနိုင်ပါတယ်။ Dry Mouth လို့ခေါ်တဲ့ ဒီရောဂါဟာ ပါးစပ်အတွင်းတံတွေးဂလင်းကနေ တံတွေးထွက်ရှိမှုနည်းပါးကာ အစိုဓာတ်လျော့ပါး ခြောက်သွေ့တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။သက်ကြီးရွယ်အိုတွေမှာ ဒီရောဂါပိုဖြစ်နိုင်ပါတယ်။ခံတွင်းကနေ အနံ့ဆိုးမထွက်အောင် ထိန်းသိမ်းတာဟာ သွားဖုံးနဲ့သက်ဆိုင်တဲ့ ရောဂါဆိုးတွေကို မဖြစ်အောင် ကာကွယ်တားဆီးတာနဲ့ အတူတူပါပဲ။ ခံတွင်းကို လတ်ဆတ်ပြီး သန့်ရှင်းအောင်ထားတာဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အပြုအမူတစ်ခု ဖြစ်ပါတယ်။ဒါတွေ ပုံမှန်လုပ်နေပေမယ့် ခံတွင်းနံ့ဆိုးနေတုန်းပဲဆိုရင် သက်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင် စစ်ဆေးပါ။ဒါပေမယ့် သတိထားရမှာက အထက်ပါနည်းလမ်းတွေဟာ ပုံမှန် အခြေအနေကြောင့် ခံတွင်းနံ့ဆိုးထွက်ရှိတာကို တားဆီးလျှော့ချပေးနိုင်တာ မှန်ပေမယ့် ဆေးလိပ်သောက်သုံးနေသူတွေအနေနဲ့တော့ ဆက်ပြီးသောက်သုံးနေသမျှ ခံတွင်းနံ့ဆိုးက ဆက်ပြီးထွက်နေဦးမှာပါ။ ဒါကြောင့် အကောင်းဆုံးနည်းလမ်းဟာဆေးလိပ်ဖြတ်လိုက်တာဆိုတာကို သိထားဖို့လိုအပ်ပါလိမ့်မယ်နော်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/oral-care/how-smoking-affects-the-mouth/
ကော်ဖီက ကောင်းတယ်၊ မကောင်းဘူး ငြင်းနေတဲ့သူတွေ ဘယ်သူမှန်လဲ ။ ။
ကော်ဖီဆိုတာ လူတိုင်းကြိုက်နှစ်သက်စွာ ၊ စွဲလမ်းစွာသောက်ကြတဲ့ သောက်စရာတစ်ခုပါ။ တချို့တစ်နေ့ကို မှ ကော်ဖီ တစ်ခွက် မသောက်ရရင် တစ်ခုခုလိုနေသလိုမျိုး ကော်ဖီ စွဲနေကြတဲ့သူတွေရှိပါတယ်။ ကော်ဖီသောက်တာ ကျန်းမာရေးအတွက်ကောင်းတယ်၊ တစ်ချို့ကလည်း ကော်ဖီက ကျန်းမာရေးကိုထိခိုက်စေတယ်ဆိုပြီး အုပ်စု နှစ်ခြမ်းကွဲပြီး ငြင်းခုန်လာကြတာ ရာစုနှစ် တစ်ခုကိုချီနေပါပြီ။ ဒီအုပ်စုကြီးနှစ်ခုမှာ ဘယ်သူမှန်လဲ။ ဘယ်သူမှားလဲ။ကော်ဖီကကောင်းတယ်၊ ကော်ဖီက မကောင်းဘူးဆိုတဲ့ နှစ်ခြမ်းကွဲနေတဲ့ အုပ်စုနှစ်ခုမှာ အရမ်းကြီးမှန်တဲ့သူလည်း မရှိသလို လုံးဝ မှားနေတဲ့သူတွေ လည်း မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကော်ဖီသောက်တာဟာကျန်းမာရေးကို အထောက်အကူပြုသလို ကျန်းမာရေးကို လည်း ထိခိုက်စေပါတယ်။အပေါ်မှာ ပြောခဲ့တာတွေ အားလုံးက ကော်ဖီရဲ့ ကောင်းကျိုးတွေပဲဖြစ်လို့ ကော်ဖီသောက်တိုင်း ကောင်းတယ်လို့ထင်နေကြပါဦးမယ်။ လောက ကြီးမှာ အရာရာတိုင်းက အကောင်းနဲ့ အဆိုးဒွန်တွဲနေတာကြောင့် ကော်ဖီသောက်ခြင်းရဲ့ ဆိုးကျိုးတွေလည်းရှိပါတယ်။ကဲ ဒီလောက်ဆို ကော်ဖီသောက်ခြင်းမှာ ကောင်းကျိုးတွေလည်း ရှိသလို ဆိုးကျိုးတွေလည်း မရှားဘူးဆိုတာ သိလောက်ပြီလို့ထင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%80%e1%80%b1%e1%80%ac%e1%80%ba%e1%80%96%e1%80%ae%e1%80%80-%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%9a%e1%80%ba%e1%81%8a-%e1%80%99%e1%80%80%e1%80%b1%e1%80%ac%e1%80%84/
မထင်မှတ်ပဲ သင့်ရဲ့သွားလှလှလေးတွေကို ပျက်စီးစေမယ့် အရာ ၆ ခု
လူတိုင်းနီးပါးဟာ ဖြူဖွေးလှပတဲ့သွားလေးတွေနဲ့ ယုံကြည်ချက်ရှိရှိလှပနေတဲ့ အပြုံးမျိုးကို ပိုင်ဆိုင်ချင်ကြပါတယ်။ ဒီအပြုံးနဲ့ ဒီသွားတွေဟာ ဆက်စပ်နေတယ်ဆိုတာကိုတော့ လူတိုင်း သိကြမှာပါ။ဒီလို သွားလှလှလေးတွေကို ပိုင်ဆိုင်ဖို့ ကြိုးစားကြရင်း တစ်ခါတစ်ရံမှာ ကိုယ်မထင်မှတ်ထားတဲ့အစားအစာတွေနဲ့ သွားကျန်းမာရေးဆိုင်ရာ အထောက်အကူပစ္စည်းတစ်ချို့က ကိုယ့်ရဲ့ မျှော်လင့်ချက်တွေကို တားဆီးနေတယ်ဆိုတာကို သိပါရဲ့လား။တစ်ချို့သော အစားအစာတွေနဲ့သွားတိုက်ဆေးတွေဟာ သင့်ရဲ့ သွားလေးတွေ လှလှပပဖြစ်မလာအောင်၊ ဖျက်ဆီးနိုင်စွမ်းရှိနေပါတယ်။ အဲဒါတွေက ဘာတွေလဲဆိုတာ သိထားရင် သတိထားပြီး ရှောင်ကျဉ်လို့ရနိုင်မှာမို့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်နော်။ရေနွေးထဲကို သံပရာတစ်ခြမ်းလောက် ထည့်ပြီး သောက်ပေးတာက ခန္တာကိုယ်ရဲ့ Immune System ကို အလွန်အကျိုးရှိစေနိုင်သလို ခန္တာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ်၊ ဝိတ်ကျတယ်လို့လည်း ယုံကြည်ကြပါတယ်။ လူသုံးများတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သိပ္ပံနည်းကျ လေ့လာချက်တွေအရသံပုရာသီး ဒါမှမဟုတ် သံပုယိုသီးတွေဟာ Acid ဓာတ်ကြွယ်ဝတဲ့ အစားအစာမျိုးတွေဖြစ်တာကြောင့် သွားရဲ့ ကြွေသားအလွှာကို အကြီးအကျယ် ထိခိုက်ပျက်စီးစေနိုင်တယ်လို့ သိထားရပါတယ်။ အဆိုပါ အက်ဆစ်ဓာတ်ဟာ သွားရဲ့ အပေါ်ယံ ကြွေလွှာကို တိုက်စားပစ်နိုင်သလို သွားဝါတာနဲ့ ဆွေးမြေ့တာမျိုးတွေ ဖြစ်ပွားနိုင်ချေလည်း အရမ်းမြင့်မားပါတယ်။ရှေ့ဟောင်း အယုဝေဒနည်းလမ်းတွေအရအုန်းဆီကို ပါးစပ်ထဲမှာ မိနစ် ၂၀ ဝန်းကျင်လောက် ငုံထားပေးရင် ခန္တာကိုယ်အတွင်း အဆိပ်အတောက်ကင်းစေတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် ဒီလိုလုပ်တာဟာ သွားရဲ့ ဖြူစင်သန့်ရှင်းမှုကို တားဆီးစေနိုင်သလို သွားဖုံးယောင်တာ၊ ရေစီးကမ်းပြိုလိုက်တာစတဲ့ ရောဂါတွေလည်း ဖြစ်ပွားစေနိုင်ပါတယ်။သစ်သီးတွေကို အခြောက်ခံထားတဲ့ အစားအစာတွေဟာ နေရာမရွေး ဒေသမရွေး လွယ်လွယ်ကူကူဝယ်ယူစားသောက်လို့ရတဲ့ အစားအစာတွေဖြစ်ပါတယ်။စပျစ်သီးခြောက်၊ မရမ်းသီးခြောက်၊ ဆီးသီးခြောက်၊ လိမ္မော်ခွံခြောက်၊ စွံပလွံသီးခြောက်စသဖြင့်ပေါ့။ ဒီအခြောက်ခံထားတဲ့ အသီးအနှံတွေကို အဆာပြေအစာအဖြစ် စားတတ်ကြပါတယ်။ ကလေးတွေနဲ့ အချိုကြိုက်သူတွေ အလွန်နှစ်သက်တဲ့ အစားအစာမျိုးတွေဖြစ်ပါတယ်။ ဒါပေမယ့် သတိထားရမှာက အဲဒီ အခြောက်ခံထားတဲ့ အသီးအနှံတွေဟာ သကြားဓာတ်ပမာဏ လွန်ကဲစွာပါဝင်နေတတ်ပြီး သွားဖုံးကို အန္တရာယ်အလွန်ပေးနိုင်တယ်ဆိုတာပါပဲ။ ဒီအစားအစာမျိုးဟာ သွားမှာ ပက်ကြားအက်တာနဲ့ သွားကျဲတာမျိုးတွေလည်းဖြစ်စေနိုင်ပါတယ်။Apple Ciderတွေဟာ လူကြိုက်များတဲ့ ဖျော်ရည်တစ်မျိုးဖြစ်ပြီးတော့ စူပါမားကက်တွေနဲ့ ကုန်စုံဆိုင်တွေမှာ လွယ်လွယ်ကူကူဝယ်ယူလို့ရနိုင်ပါတယ်။ ချိုချဉ်ချဉ်အရသာလေးနဲ့မို့ သောက်ဖူးသူတိုင်းနီးပါး နှစ်သက်ကြတဲ့ သစ်သီးဖျော်ရည်တစ်မျိုးပါ။ Apple Cider တွေဟာ သံပုရာရည်လိုပဲAcetic Acidဓာတ်ကြွယ်ဝတဲ့ အစားအစာမျိုးတွေဖြစ်တာကြောင့် သွားရဲ့ ကြွေသားအလွှာကို ထိခိုက်ပျက်စီးစေနိုင်ပြီး သွားဝါတာနဲ့ ဆွေးမြေ့တာမျိုးတွေ ဖြစ်ပွားစေနိုင်ပါတယ်။အံ့သြစရာကြီးပါ။Charcoal (ကျောက်မီးသွေး)ပါဝင်တဲ့ သွားတိုက်ဆေးတွေဟာ လူသုံးများတဲ့ သွားတိုက်ဆေးအမျိုးအစားတွေထဲမှာ ပါဝင်နေတဲ့အရာတွေဖြစ်ပါတယ်။ အထူးသဖြင့် အပြုံးလှစေတယ်၊ သွားပိုဖြူစေတယ်ဆိုပြီး လူငယ်တွေ သဘောကျတတ်ကြတဲ့ အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ မီးသွေးနဲ့သွားတိုက်ရင် သွားပိုဖြူတယ်ဆိုတဲ့ မြန်မာ့ကျေးလက်ဒေသတွေက အယူအဆတစ်ခုနဲ့တောင် ခပ်ဆင်ဆင်ပါပဲ။ ဒါပေမယ့် တကယ်တမ်းအားဖြင့် Charcoal ဟာ သွားကိုဖြူစင်စေတယ်ဆိုတဲ့ သိပ္ပံဆိုင်ရာ သက်သေပြချက် ရေရေရာရာမရှိလှပါဘူး။ သွားကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ Charcoal နဲ့ သွားတိုက်တာဟာ သွားကို ကော်ပတ်နဲ့စားသလိုသာ ဖြစ်စေပြီး သွားရဲ့ ကြွေလွှာကို ထိခိုက်စေလိမ့်မယ်လို့ သတိပေးထားကြပါတယ်။Fluoride (ဖလူရိုက်)ဓာတ်ဟာ ကင်ဆာ၊ ဆီးချိုနဲ့ စိတ်ရောဂါတွေဖြစ်နိုင်တယ်လို့ တစ်ချို့လူတွေက သံသယရှိကြပါတယ်။ ဒါကြောင့် Fluoride-free သွားတိုက်ဆေးတွေကိုသာ ရွေးချယ်သုံးစွဲတာမျိုးတွေ ပြန်ခေတ်စားလာတာနေပါတယ်။ ဒါပေမယ့် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး ဗဟိုဌာန (Centers for Disease Control and Prevention) ကတော့ Fluoride ပါဝင်တဲ့ သွားတိုက်ဆေးတွေကိုသာ ရွေးချယ်သုံးစွဲဖို့ တိုက်တွန်းထားပါတယ်။ အကြောင်းကတော့ Fluoride ပါတဲ့ သွားတိုက်ဆေးတွေဟာ သွား ကြံ့ခိုင်အောင် ပံ့ပိုးပေးပြီး အက်ဆစ်ဓာတ်ပါဝင်တဲ့ အစားအစာတွေကြောင့် ပျက်ဆီးယိုယွင်းမှုတွေကိုလည်း တားဆီးပေးနိုင်တာကြောင့်ဖြစ်ပါတယ်။ Fluoride မပါဝင်တဲ့ သွားတိုက်ဆေးတွေကတော့ ဒီလို အကျိုးကျေးဇူးတွေ ပါရှိမှာမဟုတ်ဘူး။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/dental-conditions/%e1%80%99%e1%80%91%e1%80%84%e1%80%ba%e1%80%99%e1%80%be%e1%80%90%e1%80%ba%e1%80%95%e1%80%b2-%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%9b%e1%80%b2%e1%80%b7%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%9c/
အသည်းရောင်ရောဂါ(ဘီ)သယ်ဆောင်သူက ဇနီး/ခင်ပွန်းကိုမကူးစက်အောင်ဘယ်လိုကာကွယ်မလဲ
သင့်တွင် အသည်းရောင်ရောဂါ(ဘီ)ရှိသည်ဟု သိခဲ့လျှင် သင်၏အိမ်ထောင်ဖက်မှာ သင့်ကိုစောင့်ရှောက်သူ၊ အားပေးသူ၊ သင်မှီခိုရမည့်သူဖြစ်သည်။ အိမ်ထောင်ဖက်က အနားတွင် နီးကပ်စွာရှိခြင်း ကရောဂါကူးစက်နိုင်ခြေများသည်။ အောက်ပါနည်းလမ်းများနှင့် အိမ်ထောင်ဖက်ကို ရောဂါပိုးမကူးစက်အောင် ကာကွယ်နိုင်သည်။အသည်းရောင်ရောဂါ(ဘီ)ပိုးသည် သင်၏အိမ်ထောင်ဖက်သို့ သင်၏သွေး၊ သုတ်ပိုး၊ အခြားခန္ဓါကိုယ်အရည်များမှတစ်ဆင့် ကူးစက်နိုင်သည်။ အပ်၊ aဆးထိုးပြွန်များမျှသုံးခြင်း၊ သင်တုံးဓါး၊ သွားတိုက်တံမျှသုံးခြင်း၊ လိင်ဆက်ဆံခြင်းတို့မှ ရောဂါရနိုင်သည်။ ထို့အပြင် သင်၏သွေး၊ ပေါက်ပြဲဒဏ်ရာများကိုထိတွေ့ခြင်း၊ အပ်နှင့် အခြားထက်သောအရာများနှင့် ထိမိခြင်းမှလည်း ကူးစက်နိုင်သည်။သင်၏အိမ်ထောင်ဖက်ကိုသွေးစစ်ရန်သတိပေးပါ။ အိမ်ထောင်ဖက်သည် လိင်ဆက်ဆံခြင်းဖြင့် သင့်ဆီမှ ရောဂါပိုးကူးစက်ရန် များပါသည်။ သင်နေမကောင်းဖြစ်ပါက အကြောင်းကြားရန် လိုအပ်ပါသည်။ ရောဂါကာကွယ်ရန်အတွက် သင်၏အိမ်ထောင်ဖက်ကို ဆရာဝန်နှင့်တွေ့ဆုံ၍ သွေးစစ်ရန်သတိပေးရမည်။ သင်တို့နှစ်ယောက်လုံးသည် ရောဂါကာကွယ်နည်းများ လိုက်နာသော်လည်း ပုံမှန်သွေးစစ်ဆေးခြင်းသည် အရေးကြီးပါသည်။ သင့်အိမ်ထောင်ဖက်တွင် ရောဂါမရှိပါက ကာကွယ်ဆေးထိုးရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။ ကာကွယ်ဆေးက အသည်းရောင်ရောဂါ(ဘီ)ကို ပို၍ကောင်းစွာ ကာကွယ်နိုင်သည်။ ကာကွယ်ဆေး ရက်ပြည့်အောင်ထိုးပြီးသော်လည်း သွေးထပ်စစ်ကာ ဆေးအောင်မအောင်သေချာစစ်ရမည်။သင်၏အဖော် ကာကွယ်ဆေးထိုးပြီးလျှင်တောင်မှ လိင်ဆက်ဆံသည့်အခါ ကွန်ဒုံးသုံးရန်လိုအပ်ပါသည်။ မည်သည့်ဆက်ဆံသည့်နည်းမဆို ရာဘာကွန်ဒုံး လိုအပ်သည်။ ကွန်ဒုံးအပြင် ချောဆီသုံးခြင်းက ကွန်ဒုံးပေါက်ပြဲခြင်းကို လျော့နည်းစေသည်။ ထို့အပြင် ချောဆီသည် လိင်တံ (သို့) မိန်မကိုယ်တွင် ပွတ်တိုက်မှုကြောင့်ဖြစ်သော အနာဖြစ်ပွားမှုနှုန်းကို လျော့စေသည်။ သင်နှင့် သင့်အိမ်ထောင်ဖက်ပါ လိင်ဆက်ဆံမှုအစအဆုံးတွင် ကွန်ဒုံးသုံးရမည်။ ဆက်ဆံပြီးပါက သင်၏အိမ်ထောင်ဖက် ကွန်ဒုံးလွှင့်ပစ်လျှင် ဂရုစိုက်ရန်သတိပေးရမည်။အကယ်၍ သင်၏အိမ်ထောင်ဖက်မှ သင့်သွေးနှင့်မတော်တဆထိမိခဲ့လျှင် ကြိုတင်ကာကွယ်မှုများ လုပ်ရမည်။ အသည်းရောင်ရောဂါ(ဘီ)ကာကွယ်ဆေးနှင့် HIBGကို ၇-၁၄ ရက်အတွင်း ထိုးပြီး(ဘီ)ပိုးကို ကာကွယ်ရမည်။သင်နှင့် သင့်အိမ်ထောင်ဖက်တို့သည် အသည်းရောင်ရောဂါ(ဘီ)ကာတွယ်သည့် နည်းလမ်းများကို လိုက်နာရန် အရေးကြီးပါသည်။ ဘီပိုးကို နေ့စဉ်လှုပ်ရှားနေထိုင်ရင်း အိမ်ထောင်ဖက်ကို ကူးစက်နိုင်သောကြောင့် ထိုကူးစက်ရောဂါမှ မည်သို့ကာကွယ်ရမည်ကို သိရှိထားသင့်သည်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/%e1%80%a1%e1%80%9e%e1%80%8a%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%98%e1%80%ae%e1%80%9e%e1%80%9a%e1%80%ba%e1%80%86%e1%80%b1/
အရေပြားလေးဖက်နာခံစားနေရသူတွေအတွက် ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံ
အရေပြားလေးဖက်နာဆိုတာက နာတာရှည်ကိုယ်ခံအားစနစ်ကမောက်ကမဖြစ်တဲ့ရောဂါတစ်ခုပါ။ ကိုယ်ခံအားစနစ်ကခန္ဓါကိုယ်ရဲ့ ကျန်းမာတဲ့ တစ်ရှုးတွေကို မှားယွင်းတိုက်ခိုက်တဲ့ အခြေအနေတစ်ခုပါ။ ဒီရောဂါက များသောအားဖြင့် အသက် ၁၅ နှစ်ကနေ ၄၄ နှစ်ကြားအရွယ်တွေမှာ ပိုမိုခံစားရနိုင်ပါတယ်။ အမျိုးသားရော အမျိုးသမီးမှာဖြစ်နိုင်ပေမယ့် အမျိုးသားတွေက အမျိုးသမီးတွေထက် အရေပြားလေးဖက်နာရောဂါကြောင့် သေဆုံးနိုင်ခြေက ပိုများပါတယ်။ အသက်ကြီးမှရောဂါခံစားရတာမျိုးလည်းရှိနိုင်ပါတယ်။ ဒီရောဂါက ကာကွယ်လို့မရပါဘူး။ရောဂါလက္ခဏာတွေအနေနဲ့ကတော့။အရေပြားလေးဖက်နာဖြစ်နေပြီဆိုတိုင်းရောဂါကို လက်မြှောက်အရှုံးပေးဖို့မလိုပါဘူး။ အစားအသောက်အနေအထိုင်ကို သတိထားဆင်ခြင်မယ်ဆိုရင် သာမန်လူတစ်ယောက်လိုပဲ အသက်ရှည်ရှည်နေနိုင်မှာပါ။ ကဲ ဒီတော့ ဘယ်လိုနေရမလဲဆိုတာကို သိချင်နေပြီလား။ဆေးလိပ်ဖြတ်ပါ။ဆေးလိပ်ငွေ့တွေကရောဂါအခြေအနေကိုပိုဆိုးစေနိုင်ပါတယ်။ ဒါတင်မကပါဘူး။ဆေးလိပ်သောက်တာက နှလုံးရောဂါဖြစ်နိုင်ခြေကို များစေနိုင်သလို အရေပြားလေးဖက်နာရှိသူတွေမှာ နှလုံးနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါတွေခံစားရနိုင်ခြေကိုပိုများသွားစေနိုင်ပါတယ်။ ဒါကြောင့် အရေပြားလေးဖက်နာခံစားနေရသူတွေအနေနဲ့ တဆင့်မသောက်သင့်သလို တဆင့်ခံဆေးလိပ်ငွေ့ကိုလည်းရှောင်သင့်ပါတယ်။နေရောင်ဒဏ်ကနေ ကာကွယ်ပါ။အရေပြားရောဂါခံစားနေရငသူတွေအနေနဲ့နေရောင်ဒဏ်ကနေ အတတ်နိုင်ဆုံးကာကွယ်ဖို့လိုပါမယ်။နေရောင်နဲ့ကာလရှည်ကြာထိတွေ့မှုကအရေပြားပေါ်မှည အဖုအပိမ့်တွေဖြစ်စေနိုင်တာကြောင့်ပါ။ ဒါကြောင့် အပြင်ထွက်မယ်ဆိုရင် အရေပြားကို SPF 50 ဒါမှမဟုတ် ဒီထက်များတဲ့နေလောင်ကာခရင်မ်တွေကိုလူးသွားပေးပါ။ အင်္ကျီလက်ရှည်ဝတ်ဖို့ ဦးထုပ် ဒါမှမဟုတ် ထီးဆောင်းဖို့လည်း မမေ့ပါနဲ့။ဗီတာမင် Dဖြည့်စွက်ပါ။နေရောင်ဒဏ်ကိုကာကွယ်နေရသူအဖို့ ကျန်းမာဖို့အတွက် လိုအပ်တဲ့ ဗီတာမင် D ကိုပြည့်ပြည့်ဝဝရဖို့ဆိုရင် ဗီတာမင် Dဖြည့်စွက်အာဟာရတွေကို မှီဝဲဖို့လိုအပ်မှာပါ။ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးပေးပါ။နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ပရိုတင်း နဲ့ ဆယ်လ်မွန်ငါးလိုမျိုး ပင်လာငါးတွေကနေရရှိတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီဓါတ်တွေ သမမျှတစွာပါဝင်အောင်စားသုံးပေးပါ။ရေများများသောက်ပါ။ အငန်လျှော့စားပါ။ကိုယ်လက်လှုပ်ရှားမှုရှိပါစေ။နေ့စဉ်ပုံမှန် သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုရှိတာက အဆစ်တွေကို ကျန်းမာစေနိုင်ပြီး အရိုးတွေကို သန်မာစေနိုင်သလို ခန္ဓါကိုယ်ရဲ့ ကြွက်သားနဲ့အရိုးတွေကို ကျန်းမာစေနိုင်မှာပါ။ ဒါကြောင့် လမ်းလျှောက်တာ၊ရေကူးတာမျိုးလုပ်ပေးပါ။လေ့ကျင့်ခန်းမလုပ်ခင် ဆရာဝန်နပြ တိုင်ပင်တာကတော့ အကောင်းဆုံးဖြစ်မှာပါနော်။စိတ်ဖိစီးမှုတွေနဲ့ ကင်းကင်းနေပါ။ကင်းလို့မရနိုင်ပေမယ့် တတ်နိုင်သမျှလျှော့ချပေးပါ။ စိတ်ဖိစီးမှုများတာကရောဂါအခြေအနေကို ပိုဆိုးစေနိုင်ပါတယ်။ အရေပြားလေးဖက်နာတင်မကပါဘူး။ အခြာသောရောဂါအခြေအနေတွေကိုပါ ပိုဆိုးစေနိုင်တာပါ။ ဒါကြောင့်နေ့စဉ်တရားထိုင်တာလိုမျိုး စိတ်တည်ငြိမ်စေမယ့် လှုပ်ရှားမှုလေးတွေလုပ်ပြီး စိတ်ဖိစီးမှုဒဏ်ကနေ ကာကွယ်ပါ။ပြည့်ပြည့်ဝဝအနားယူပါ။ခြေကုန်လက်ပမ်းကျတာက အရေပြားလေးဖက်နာရဲ့ အဖြစ်အများဆုံးလက္ခဏာတစ်ခုပါ။ မကြာခဏခံစားရနိုင်ပါတယ်။ အရေပြားလေးဖက်နာရှိသူတွေအတွက်ပြည့်ဝတဲ့အိပ်စက်ချိန်နဲ့ အနားယူမှုတွေက မဖြစ်မနေလိုအပ်တဲ့အချက်ပါ။ဒါတွေအပြင်ကို အရက်နဲ့အယ်လ်ကိုဟောပါတာတွေကိုရှောင်ရပါမယ်။နောက်ထပ်သတိထားရမယ့်အချက်တစ်ခုကသွေးတွင်းကိုလက်စထရောကိုလျှော့ချရပါမယ်။သွေးပေါင်ချိန်ကိုထိန်းညှိဖို့လည်းမမေ့ပါနဲ့။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/dermatitis/%e1%80%a1%e1%80%9b%e1%80%b1%e1%80%95%e1%80%bc%e1%80%ac%e1%80%b8%e1%80%9c%e1%80%b1%e1%80%b8%e1%80%96%e1%80%80%e1%80%ba%e1%80%94%e1%80%ac%e1%80%81%e1%80%b6%e1%80%85%e1%80%ac%e1%80%b8%e1%80%94%e1%80%b1/
အသားဖြူအောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲ
အသားဖြူအောင် သဘာဝနည်းလမ်း နဲ့ လုပ်လို့ရတယ်ဆိုရင် ယုံနိုင်ရဲ့လား။ အသားဖြူအောင် သဘာဝနည်းလမ်းနဲ့ ဘယ်လိုလုပ်မလဲ ဆိုတာကို ပြောပြပေးထားတာမို့ လိုက်ပါကြည့်ရှု့လိုက်ပါ။ဟုတ်ပါတယ်။ မွေးကတည်းက မဖြူပေမဲ့ ပုံမှန်ထက် ပိုမို အသားဖြူ လာဖို့တော့ ဖြစ်နိုင်ပါတယ်။ ဘယ်လိုနည်းလမ်းတွေလည်းဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေကို လေ့လာကြည့်လိုက်ရအောင်။ဘယ်လိုပဲအသားဖြူဆေးတွေသုံးပါစေ။ အသားအရည်ကို ခရမ်းလွန် ရောင်ခြည်တွေနဲ့ထိတွေ့လိုက်မိပြီဆိုတာနဲ့ အသားမဲသွားစေတဲ့ ရောင်ခြယ်ပစ္စည်းတွေထုတ်လုပ်မှု တိုးပွားလာစေတော့တာပါပဲ။အကောင်းဆုံးနည်းလမ်းကတော့ နေရောင်ထဲထွက်တိုင်းနေလောင်ခံခရင်မ်လိမ်းပါ။ ဦးထုပ်ဆောင်းပြီး လက်ရှည်အင်္ကျီတွေဝတ်ပါ။ နေရောင်အောက်မှာလမ်းလျှောက်မယ်ဆိုရင် နေကာမျက်မှန်ကိုမမေ့ပါနဲ့။အသားအရည်ချေးချွတ်ဖို့အတွက် ဈေးကွက်ထဲမှာအကောင်းဆုံးဆိုတဲ့ ချေးချွတ်ပစ္စည်းတွေရှိပါတယ်။ ဒါမှမဟုတ် အိမ်မှာပဲ သကြားနဲ့ချေးချွတ်ကြည့်ပါ။ဒါက အရေပြားပျက်စီးခြင်း ဥပမာ တင်းတိပ်မှဲ့ခြောက်တွေ၊ အစက်အပြောက်တွေနဲ့အရေးအကြောင်းတွေကို ကာကွယ်ကုသတဲ့နေရာမှာလည်းအသုံးဝင်ပါတယ်။သင်သာကျန်းမာရေးနဲ့ညီညွတ်အောင် မစားဘူးဆိုရင် အကောင်းဆုံးအသားဖြူဆေးဆိုတာတွေကို သောက်သုံးတာကလည်း အသုံးမဝင်လှပါဘူး။စားတဲ့ထဲမှာ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေပါဝင်တဲ့ စပျစ်စေ့ဆီ နဲ့ ငါးကြီးဆီတွေကို စားသုံးပါ။ ငါးကြီးဆီမှာပါတဲ့ အိုမီဂါ ၃ ဟာ ဆံပင်၊အရ်ပြားနဲ့ လက်သည်းတွေတောက်ပနေဖို့ မရှိမဖြစ်လိုအပ်ပါတယ်။နို့ထွက်ပစ္စည်းဖြစ်တဲ့ ဒိန်ချဉ်မှာ အသားအရည်အတွက်ကောင်းမွန်တဲ့အာဟာရတွေများစွာပါဝင်ပါတယ်။ သူ့မှာ အရောင်ချွတ်ပေးနိုင်တဲ့အစွမ်းရှိတဲ့ လတ်တစ်အက်ဆစ် ကလည်းပါဝင်ပါသေးတယ်။အောက်ပါနည်းလမ်းတွေဟာ အသားအရည်အမျိုးအစား အားလုံးအတွက်သင့်လျော်ပါတယ်။အသားအရည်ထိန်းသိမ်းခြင်းအတွက် အရေးအကြီးဆုံးပစ္စည်းကတော့ ဗီတာမင် စီ ပါပဲ။ ဒါကိုတော့လိမ္မော်သီးတွေမှာ လိုတာထက်တောင်ပိုပြီးတွေ့ရပါသေးတယ်။ ဒါ့အပြင် လိမ္မော်သီးမှာ အရောင်ချွတ်ပေးနိုင်တဲ့စွမ်းအင်ရှိတာကြောင့် အသားကိုလည်းပိုဖြူလာစေမှာပါ။ပျားရည်ဟာအသားအရည်ကိုအရောင်ချွတ်ပေးနိုင်တာအပြင် အစိုဓါတ်လည်းဖြည့်ပေးပါသေးတယ်။ မညီညာတဲ့အသားအရောင်ရှိခြင်းရဲ့ အကြောင်းရင်းထဲမှာတော့ အသားခြောက်ခြင်းက အဖြစ်အများဆုံးအကြောင်းရင်းပါပဲ။ ပျားရည်မှာ ဘက်တီးရီးယားသေစေနိုင်တဲ့အစွမ်းလည်းရှိပြီး ဒါက အသက်အရွယ်ကြောင့်ဖြစ်တဲ့အစက်အပြောက်တွေနဲ့ ဝက်ခြံအမာရွတ်တွေကို လွင့်ပါးသွားစေနိုင်ပါတယ်။သန့်စင်တဲ့ပျားရည်ကိုမျက်နှာပေါ်လိမ်းပြီး မိနစ်အနည်းငယ်ခန့်ထားကာ ကြက်သီးနွေးရေနဲ့ဆေးချလိုက်ပါ။ဒီလိုရိုးရှင်းတဲ့နည်းလမ်းလေးက ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အသားအရည်ကို ပိုမိုတောက်ပလန်းဆန်းလာအောင်လုပ်ပေးနိုင်ပါတယ်။ တစ်ရက်တစ်ကြိမ်လုပ်ပါ။အသားဖြူစေတဲ့ မျက်နှာပေါင်းတင် ကပ်ခွာ (mask)လုပ်ဖို့ ပျားရည်နဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီ၊ နို့မှုန့်စားပွဲဇွန်း၁ဇွန်း၊ ဗာဒံဆီ လက်ဖက်ရည်ဇွန်းတစ်ဝက် စတာတွေကိုရောလိုက်ပါ။ သမအောင်မွှေပြီး အသားပေါ်မှာညင်သာစွာလိမ်းပေးပါ။ ၁၀မိနစ်မှ ၁၅မိနစ်ထိထားပြီး ရေအေးနဲ့ဆေးပါ။ နေ့တိုင်းလုပ်ပါ။သံပုရာသီးရဲ့ အက်ဆစ်ဂုဏ်သတ္တိဟာ အသားအရည်အတွက် သဘာဝအရောင်ချွတ်ဆေးအဖြစ်အသုံးဝင်ပြီး ဗီတာမင် စီ မြောက်များစွာပါဝင်တာကလည်း ဆဲလ်ကြီးထွားမှုကိုအားပေးပါတယ်။ ဒါ့အပြင် သံပုရာသီးမှာ ဓါတ်တိုးဆန့်ကျင် အာနိသင် တွေပါဝင်တာကလည်း အသားအရည်အတွက် အလွန်ကောင်းမွန်ပါတယ်။ဂွမ်းလုံးလေးကို လတ်လတ်ဆတ်ဆတ်ညှစ်ယူထားတဲ့ သံပုရာရည်ထဲထည့်ပြီး မျက်နှာပေါ်တိုက်ရိုက်လိမ်းပါ။ လှီးထားတဲ့ သံပုရာခြမ်းကိုတောင် မျက်နှာပေါ်တိုက်ရိုက်ပွတ်တိုက်ပေးလို့ရနိုင်ပြီး အရည်တွေ အသားပေါ်တင်ကျန်နေခဲ့ပါစေ။ဒါကိုအနည်းဆုံး၁နာရီလောက်ထားပြီး မျက်နှာကိုရေနဲ့ဆေးပါ။ တစ်နေ့တစ်ကြိမ်လုပ်ပါ။ ဒီရိုးရှင်းတဲ့နည်းလမ်းကလည်း အသားအရည်ကိုဖြူဝင်းလာစေပြီး မျက်နှာပေါ်မှာအမာရွတ်ထင်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။သံပုရာရည် လက်ဖက်ရည်ဇွန်း၃ဇွန်းနဲ့ နနွင်းမှုန့် သို့မဟုတ် ခရမ်းချဉ်သီးရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း ကိုရောပြီးအနှစ်လုပ်ပါ။ ရလာတဲ့အနှစ်ကိုလိမ်းပြီး တစ်နာရီခွဲခန့်ထားပါ။ ရေနဲ့ဆေးလိုက်ပါ။ ဒါကိုလည်း တစ်နေ့တစ်ကြိမ်လုပ်ပေးပါ။ရှားစောင်းဟာhyperpigmentation(ရောင်ခြယ်ပစ္စည်းများပြားခြင်း) ကိုသက်သာစေနိုင်ပြီး အသားအရည်ရဲ့ နဂိုမူလအရောင်ကိုပြန်လည်ရရှိစေနိုင်ပါတယ်။ Hyperpigmentation ကတော့ မညီညာတဲ့အသားရောင်တွေဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုပါ။ရှားစောင်းရဲ့အေးမြတဲ့အစွမ်းကလည်း ကျန်းမာတဲ့အသားအရည်အတွက် အရေးကြီးတဲ့ ဆဲလ်သစ်ဖြစ်ပေါ်ခြင်းနဲ့ ပျက်စီးသွားတဲ့တစ်သျှူးတွေပြန်လည်တည်ဆောက်ခြင်းကိုအားပေးပါတယ်။ရှားစောင်းဂျယ်ကိုအသုံးပြုတဲ့ ရိုးရှင်းတဲ့နည်းလမ်းက အမဲစက်တွေကို ပြန်လည်ဖြူဝင်းလာစေပြီး အသားအရည်အနေအထားအားလုံးကို တိုးတက်ကောင်းမွန်လာစေပါတယ်။သင်္ဘောသီးကို အမျိုးမျိုးသောအလှအပဆိုင်ရာကုသမှုတွေမှာ အသုံးပြုကြပြီး အသားအရည်ကို ပြန်လည်ဖြူဝင်းစေတဲ့နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။ သင်္ဘောသီးမှာ သဘာဝအရောင်ချွတ်နိုင်တဲ့စွမ်းအင်ရှိပြီး သူ့မှာပါဝင်တဲ့ အမျိုးမျိုးသောအာဟာရတွေက သင့်ရဲ့အသားအရည်ကို ကျန်းမာစွာတောက်ပနေစေတယ်လို့ ယုံကြည်ကြပါတယ်။သင်္ဘောသီးကို စားပေးပါ။သင်္ဘောသီးရဲ့သန့်စင်ပေးနိုင်စွမ်းက အသားမဲစေတဲ့ အရည်ပြားညစ်ညမ်းမှုတွေကို သန့်စင်ပေးနိုင်ပါတယ်။သင်္ဘောသီးရဲ့အတွင်းမျက်နှာပြင်ကိုမျက်နှာပေါ်မှာပွတ်တိုက်ပေးပြီး ခြောက်အောင်ထားပါ။ရေအေးနဲ့ဆေးချပြီး ခြောက်အောင်ပုတ်ပေးပါ။ ဒါကသင့်အသားအရည်ကိုတောက်ပနေစေပါတယ်။ နေ့စဉ်လုပ်ပေးပါ။သင်္ဘောသီးမှည့်ကိုချေပြီး လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့သံပုရာရည်တစ်ခွက်နဲ့ရောပါ။မျက်နှာနဲ့လည်ပင်းတွေပေါ်မှာ ဒီအရောနဲ့ နှိပ်နယ်ပေးပါ။ အနည်းဆုံးမိနစ်၃၀ခန့်ထားပြီး ရေအေးနဲ့ဆေးကြောပါ။ တစ်ပတ်ကိုအနည်းဆုံးတစ်ခါလုပ်ပေးခြင်းအားဖြင့် အသားရောင်ပြောင်းလဲလာမှုတွေကို သိသာထင်ရှားစွာမြင်တွေ့ရမှာပါ။နနွင်းကို အသားအရည်ကောင်းမွန်စေဖို့အသုံးပြုကြပါတယ်။ ညီညာတဲ့အသားအရောင်ကိုထိန်းသိမ်းထားနိုင်ဖို့ လိုအပ်တဲ့ ရောင်ခြယ်ပစ္စည်းတစ်မျိုး (melanin)ကို တည်ဆောက်တဲ့နေရာမှာကူညီပေးပါတယ်။ နနွင်းမှာပိုးသတ်ဆေး နဲ့ ဓါတ်တိုးဆန့်ကျင် စွမ်းအင်တွေပါဝင်တာကြောင့် အသားအရည်ရဲ့ ယေဘုယျကျန်းမာရေးအခြေအနေအားလုံးအတွက် ကောင်းမွန်ပါတယ်။နနွင်းမှုန့်နဲ့ နွားနို့ခရင်မ်နဲ့ရောပြီး ခပ်ပျစ်ပျစ်အနှစ်ရအောင်လုပ်ပါ။ ရလာတာကိုလိမ်းလိုက်ပြီးအခြောက်ခံကာ ကြက်သီးနွေးရေနဲ့ဆေးကြာပါ။ ပုံမှန်လုပ်သွားမယ်ဆိုရင် ဒီနည်းကလည်းအသားဖြူစေဖို့ တကယ်ကိုထိရောက်မှာပါ။Gram flour လက်ဖက်ရည်ဇွန်း၂ဇွန်း၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းခွဲနဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကိုရောပါ။ ဒီ ပေါင်းတင်ကပ်ခွာ (mask) ကို မိနစ် ၂၀မှ ၂၅မိနစ်ထိထားပါ သို့မဟုတ် ခြောက်သွားသည်ထိထားပါ။ ခြောက်သွားတဲ့ mask ကို ပွတ်တိုက်ဆေးကြောပြီး ကြက်သီးနွေးရေနဲ့ထပ်ဆေးပါ။သခွားသီးဟာ ကော်လာဂျင်တွေကို စုစည်းပေးပြိး အသားအရည်တင်းရင်းပျော့ပျောင်းစေပါတယ်။ ဒီလိုအသားအရည်မျိုးမှာတော့ ညီညာပြီးဖြူဝင်းတဲ့အသားရောင်တွေရှိတတ်ပါတယ်။ သခွားသီးဟာ အသားအရည်ကိုလည်း အေးမြစေပါသေးတယ်။ သူကလည်း အသားအရည်ပုံစံအမျိုးမျိုးအတွက်သင့်လျော်ပါတယ်။သခွားသီးလွှာတွေကို ဖြူဝင်းစေလိုတဲ့ မဲနေတဲ့အသားနေရာတွေမှာထားလိုက်ပါ။မိနစ်အနည်းငယ်လောက်ထားပြီး သခွားသီးတွေဖယ်လိုက်ကာ ကြက်သီးနွေးရေနဲ့ ဆေးကြောပါ။ တစ်ရက်ကို ၂ကြိမ်လုပ်ပါ။သခွားသီးကိုခြစ်ပြီး ပျားရည်နဲ့ရောဂါ အစက်အပြောက်တွေနည်းစေတဲ့ mask လုပ်ပါ။မျက်နှာနဲ့လည်ပင်းပေါ်လိမ်းပေးပြီး ၁၅မိနစ်မှ မိနစ်၂၀ထိထားကာ ရေအေးနဲ့ဆေးပါ။ ရလဒ်တွေ ထိရောက်သိသာစေဖို့ တစ်ရက်ကို ၂ကြိမ်နေ့စဉ်လုပ်ပါ။သံပုရာရည်နဲ့ သခွားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီကိုရောပါ။မျက်နှာပေါ်လိမ်းပြီး ၁၅မိနစ်မှ မိနစ် ၂၀ထိ သို့မဟုတ် ခြောက်သွားသည်ထိ ထားပါ။ ရေနဲ့ဆေးကြောပါ။ တစ်ရက်ကိုတစ်ကြိမ် နေ့စဉ်လုပ်ပါ။ကဲ … နည်းလမ်းလေးတွေသိပြီဆိုတော့ အသားဖြူအောင် ဒီနေ့ပဲ စကြိုးစားကြရအောင်နော် … ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%82%8f%e1%80%bd%e1%80%ac%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%b1%e1%80%9b%e1%80%bb%e1%80%96%e1%80%b4%e1%80%85%e1%80%84%e1%80%b9%e1%80%9c%e1%80%bd/
သင့်ကလေး နေ့တိုင်းစားသုံးမိနေတဲ့ အချိုကဲအစားအသောက်များ
ကလေးကို အချိုသိပ်မကျွေးနဲ့ဆို မကျွေးပါဘူးပဲ မေမေတို့ဖြေမှာပဲ။ ဒါပေမယ့် ကိုယ့်ကလေးနေ့တိုင်းစားနေ၊ သောက်နေတဲ့အရာတွေထဲ သကြားပမာဏလွန်ကဲတာတွေပါနေနိုင်တာ သတိထားမိရဲ့လား။သကြားလုံးတွေ၊ ရေခဲမုန့်တွေမကျွေးတာနဲ့ပဲ အချိုလျှော့စားတယ်လို့ စိတ်ချထားလို့မရပါဘူး။ကလေးကအချိုအများကြီးစားသုံးမိတဲ့အခါ အရင်ဆုံး ချောင်းဆိုး၊ရင်ကျပ်ဖြစ်မယ်။ သွားနဲ့ခံတွင်းကို ပျက်စီးစေတာအပြင် အဝလွန်တာ၊သွေးတွင်းသကြားဓာတ်မြင့်တာ၊သွေးတိုးတာ၊အမျိုးအစား (၂) ဆီးချိုရောဂါနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေတွေပိုများစေနိုင်ပါတယ်။ သကြားဓာတ်ဆိုတာ ခန္ဓာကိုယ်ရဲ့လုပ်ဆောင်ချက်တွေနဲ့ ဖွံ့ဖြိုးမှုအတွက်လိုအပ်တဲ့ဓာတ်မို့ လုံးဝဖြတ်တောက်ပစ်ဖို့တော့မလိုပါဘူး။ လွန်ကဲရင်သာ ဆိုးကျိုးတွေရှိနိုင်လို့ ကိုယ့်ကလေးကို ထိုက်သင့်တဲ့ပမာဏစားသုံးမိစေဖို့ ထိန်းသိမ်းစီမံပေးရမှာပါ။ ဒါပေမယ့် မေမေတို့ကိုယ်တိုင်မသိဘဲ ကလေးရဲ့နေ့စဉ်အာဟာရမှာအချိုကဲတဲ့အစားအသောက်တွေပါနေရင် ဘယ်လိုလုပ်မလဲနော်။ ဒါ့ကြောင့် နေ့စဉ်စားသုံးနေကျ ကလေးအာဟာရမှာ ပါနေတတ်တဲ့ အချိုကဲအစားအသောက်တွေကိုဖော်ပြပေးလိုက်ပါတယ်။(၁)မုယောစပါးအခြေခံတဲ့ အာဟာရပြည့်သောက်စရာ။ကလေးဖွံ့ဖြိုးကြီးထွားမှုအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေဖြည့်စွက်ပေးနိုင်တဲ့အာဟာရသောက်စရာတွေကို ပိုပြီးအားကိုးတတ်ကြပါတယ်။ အချိုရည်တွေ၊ အားဖြည့်အချိုရည်တွေ၊ ကော်ဖီတွေမတိုက်ဘူးဆိုပြီး မုယောစပါးအာဟာရပြည့်သောက်စရာတွေကို ရွေးချယ်လိုက်ပါလေရော။ အဲဒီအခါကျမှ သူတို့မှာပါတဲ့ အချိုပမာဏကြောင့် ကလေးရဲ့နေ့စဉ်အာဟာရမှာ သကြားဓာတ်လွန်ကဲနိုင်တာ သတိထားသင့်ပါတယ်။(၂) အသင့်သောက်နွားနို့ဘူး။နွားနို့ပုံမှန်သောက်ပေးရင် ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေရနိုင်တာမှန်ပေမယ့် ကယ်လ်စီယမ်တို့ ဘာတို့ထက် အချိုဓာတ်ကပိုများနေနိုင်တာ အသင့်သောက်ဘူးတွေပါ။ လွယ်လည်းလွယ်ကူ၊ သယ်ဆောင်ရလွယ်(ကျောင်းထည့်ပေးလို့လည်းရ)၊ အထားလည်းခံလို့ အသင့်သောက်ဘူးတွေကို မေမေတို့ရွေးချယ်တာများပါတယ်။(၃) ဒိန်ချဉ်။အစာခြေစနစ်ကိုအထောက်အကူပေးပြီး နို့ထွက်ပစ္စည်းအာနိသင်တွေပေးနိုင်တဲ့ ဒိန်ချဉ်ရဲ့အကျိုးကျေးဇူးတွေက ကလေးအတွက်တကယ်ကိုကောင်းပါတယ်။ ဒါပေမယ့် အပေါ်မှာပြောခဲ့သလိုပဲ အသင့်ဖျော်စပ်ပြီးသားဒိန်ချဉ်ဘူးလေးတွေကို အမြဲမပြတ်ဝယ်ကျွေးထားမယ်ဆိုရင် အချိုစားသုံးမှုများနေနိုင်ပါတယ်။(၄)အားဖြည့်အချိုရည်။ကလေးကို လန်းဆန်းအားပြည့်နေစေဖို့ရယ်၊ ကလေးကကြိုက်လွန်းလို့ရယ်အားဖြည့်အချိုရည်တွေတိုက်ခဲ့ဖူးမှာပါ။ ကလေးအတွက် အားဖြည့်အချိုရည်တိုက်တာကပေးလာမယ့် အာဟာရဓာတ်ကမရှိသလောက်ဖြစ်ပြီး ဆိုးကျိုးကပိုများပါတယ်။ အားဖြည့်အချိုရည်အများစုက အချိုနဲ့ ကဖင်းပမာဏတပုံတပင်ပါဝင်တာဖြစ်ပြီး တစ်ဘူးမှာ တစ်ခါတလေကော်ဖီတစ်ခွက်စာကနေ သုံးခွက်စာလောက် ကဖင်းဓာတ်တွေပါနိုင်သေးတယ်။ သူတို့က အချိုများလို့ ကလေးတွေသွားပျက်စီးစေတာနဲ့ အဝလွန်တာတွေဖြစ်စေနိုင်တယ်၊ နောက်ထပ်ပိုဆိုးတာက ကဖင်းဓာတ်များရင်ဦးနှောက်ဖွံ့ဖြိုးကာစ ကလေးတွေမှာအာရုံစူးစိုက်နိုင်စွမ်းနဲ့ လေ့လာမှတ်သားနိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။(၅) ပဲနို့။ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက်လိုအပ်တဲ့ ပရိုတင်းကိုအပြည့်အဝရနိုင်တဲ့သောက်စရာတစ်မျိုးဖြစ်ပေမယ့် အချိုပါဝင်မှုများတဲ့အထဲ ပဲနို့လည်းပါဝင်ပါတယ်။ ပဲနို့ကိုဈေးကွက်မှာအသင့်သောက်ဘူးလေးတွေနဲ့တွေ့ရတာများပါတယ်။ အသင့်သောက်ပဲနို့တွေမှာ ပါဝင်တဲ့အချိုဓာတ်က မနည်းတာကြောင့် အာဟာရအတွက်နေ့စဉ်တိုက်မယ်ဆို စဉ်းစားချင့်ချိန်သင့်ပါတယ်။ အကန့်အသတ်နဲ့တိုက်ကျွေးတာဖြစ်ဖြစ်၊ ကိုယ်တိုင်ပဲနို့ပြုလုပ်တာဖြစ်ဖြစ် နည်းလမ်းရှာဖွေသင့်ပါတယ်။(၆)ကွေကာအုတ်။ကလေးကို အားရှိအောင်ကွေကာအုတ်တိုက်တတ်ကြတယ်မလား။ ဘယ်လိုကွေကာကိုရွေးချယ်ကြပါသလဲ။ အသင့်သောက်ကွေကာတွေမှာ ပါဝင်တဲ့အချိုပမာဏက မနည်းပါဘူးနော်။ မနက်အိပ်ရာထ တစ်ခွက်တိုက်တယ်ထား၊ အဆာပြေဆိုပြီးတော့လည်းနေ့လယ်ထပ်တိုက်တတ်တဲ့မိဘတွေရှိပါတယ်။ အာဟာရပြည့်ပါစေတော့ဆိုပြီးကျွေးတာပေမယ့် ပုံမှန်ကြီးဖြစ်လာတဲ့အခါ ကလေးအတွက်ဘေးဖြစ်နိုင်တာသတိထားပါ။ တစ်ခါတလေ ရပေမယ့် အမြဲတော့ စွဲမတိုက်သင့်ပါဘူး။ကလေးကိုအချိုများများစားမိမှာစိုးလို့ အချိုရည်ဘူးတွေ၊ ချောကလက်တွေ၊သကြားလုံး၊ ဂျယ်လီတွေမကျွေးဘူး၊ ကန့်သတ်ထားမယ်ဆိုလည်း ဒီ(၆) မျိုးကိုပါ သတိထားချင့်ချိန်ကြပါလို့ အကြံပြုချင်တာပါ။ ကလေးအတွက် အဆာပြေသရေစာအဖြစ်နဲ့ တစ်ခါတလေခွင့်ပြုတာမျိုးဆိုရင်တော့ ရနိုင်ပါလိမ့်မယ်။ ကလေးအတွက် အစားအသောက်ကို ရွေးချယ်ဝယ်ယူမယ့်မေမေတို့ အရင်ဆုံးစဉ်းစားသင့်တာက –။ဒီလိုမှသာ ကလေးအတွက်ဘေးကင်းစိတ်ချရတဲ့ အာဟာရနဲ့အစားအသောက်ကို မှန်မှန်ကန်ကန်ရွေးချယ်နိုင်မှာပါ။ ကလေးရဲ့ ဖွံ့ဖြိုးမှုနဲ့အာဟာရအတွက်ပုံမှန်တိုက်ကျွေးချင်တယ်ဆိုရင် အသက်အရွယ်အလိုက် ကလေးတွေအတွက်ထုတ်လုပ်တဲ့ဖြည့်စွက်အာဟာရတွေကို ဈေးကွက်မှာရှာဖွေရွေးချယ်သင့်ပါတယ်။ ကျန်းမာပျော်ရွှင်တဲ့ ဖွံ့ဖြိုးခြင်းကို ဖန်တီးပေးနိုင်ကြပါစေ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/%e1%80%9e%e1%80%84%e1%80%b7%e1%80%ba%e1%80%80%e1%80%9c%e1%80%b1%e1%80%b8-%e1%80%94%e1%80%b1%e1%80%b7%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%85%e1%80%ac%e1%80%b8%e1%80%9e%e1%80%b6/
နှလုံးနှုန်းခုန်စောင့်ကြည့်စက်ဖြင့် လေဖြတ်ခြင်းကို စောင့်ကြည့်ခြင်း
လေဖြတ်ခြင်းသည် အသက်သေစေနိုင်သော အရေးပေါ် အခြေအ နေဖြစ်ပါသည်။ လေဖြတ်ပြီးနောက် အသက်ရှင်နေသေးလျင်ပင် နောက်ဆက်တွဲပြဿနာများ များစွာရှိနေသေးသည့် အတွက် ေ လဖြတ်ခြင်းကို ကြိုတင်ကာကွယ်နိုင်ရန် အရေးကြီးပါသည်။ ဤ ဆောင်းပါးတွင်မူ နှလုံးခုန်နှုန်း စောင့်ကြည့်စက်နှင့် လေဖြတ်ခြင်း ကို စောင့်ကြည့်နိုင်ပုံကို တင်ပြသွားပါမည်။အမေရိကန် နှလုံးအဖွဲ့အစည်း၏ အဆိုအရ လေဖြတ်သူ ၅ဦးတွင် ၁ဦးမှာ ကနဦးတွင် နှလုံးသွေးဝင်ခန်း ခုန်နှုန်းမမှန်သော ပြဿနာ (AF) ရှိပါသည်။ Atrial fibrillation (AF) ဆိုသည်မှာ atrum ဟု ခေါ်သော နှလုံး ဘယ်ဘက်အပေါ်ခန်း ခုန်နှုန်းမမှန်၊ မြန်နေခြင်း ဖြစ်ပါသည်။ ဤသို့ဖြစ်ခြင်းသည် နှလုံးတွင်း သွေးအိုင်စေပြီး သွေး ခဲများ ဖြစ်စေပါသည်။ ယင်းသွေးခဲထဲမှ တစ်ခုသည် ဦးနှောက်တွ င်း သို့ရောက်သွားသည့်အခါ လေဖြတ်နိုင်ပါသည်။ ထို့ကြောင့် AF သည် လေဖြတ်ခြင်းကို ဦးတည်စေနိုင်ပါသည်။သို့သော် AF ရှိနေသော လူသည် ရောဂါလက္ခဏာ မပြတတ်ပါ။ အ ချို့သည် ရင်ဘတ်အောင့်ခြင်း၊ နှလုံးအပေါ်ခြမ်းတွင် တလှပ်လှပ် ဖြစ်ခြင်း၊ ခေါင်းတွင်း ရီတိတိဖြစ်ခြင်း၊ သတိလစ်ခြင်း၊ မူးဝေခြင်း၊ မောပန်းခြင်း၊ မောပန်းခြင်း၊ အသက်ရှူမဝခြင်း စသည်တို့ ခံစား ရနိုင်ပါသည်။သွေးတိုးရောဂါ၊ စိတ်ဖိစီးမှု့များ၊ နှလုံးရောဂါ၊ အဆုတ်ရောင်ရောဂါ၊ thyroid hormone လွန်ကဲသောရောဂါ၊ အရက်စွဲခြင်း၊ ဆေးလိပ် သောက်ခြင်း စသည်တို့ကြောင့် AF ဖြစ်နိုင်ပါသည်။နှလုံးခုန်နှုန်းစောင့်ကြည့်စက်သည် နှလုံးခုန်နှုန်းကို မှတ်တမ်းတင် ထားနိုင်သော အထူးပြုလုပ်ထားသော စက်ဖြစ်ပါသည်။ ရင်ဘတ် ပေါ်တွင် အပြားလေးများကို ကပ်ထားပြီး ဝါယာကြိုးလေးများမှ စက်ကို ဆက်သွယ်ထားပါသည်။ ယင်းစက်ကလေးမှာ အကျီအိပ် ထဲထည့်ထားနိုင်အောင်ပင် သေးငယ်ပါသည်။ ယင်းစက်လေးကို ပုံမှန်သွားလာလှုပ်ရှားစဉ် သယ်ဆောင်ထားနိုင်ပြီး နှလုံးခုန် လှုပ်ရှားမှု့ကို မှတ်တမ်းတင်ထားမည် ဖြစ်ပါသည်။ ထိုစက်တပ် ထားချိန်တွင် တပ်ဆင်သူ၏နေ့စဉ် လုပ်ဆောင်မှု့၊ ကျန်းမာရေး အခြေအနေကို ရက်အနည်းငယ် မှတ်တမ်းတင်ခိုင်းထားမည် ဖြစ်ပြီး ထို့နောက် ဆရာဝန်က မှတ်တမ်းနှင့် စက်မှ မှတ်တမ်းတင် ထားသော နှလုံးလှုပ်ရှားမှု့များကို တိုက်ဆိုင်၍ စစ်ဆေးပါမည်။အပေါ်တွင် ဖော်ပြခဲ့သလိုပင် AFသည် လေဖြတ်ခြင်း၏ အကြောင်းရင်းခံ တစ်ခုဖြစ်ပါသည်။ နှလုံးခုန်နှုန်း မှတ်တမ်းတင် စက်ကို တပ်ဆင်ထားခြင်းဖြင့် AF ရှိမရှိကို စောလျင်စွာ သိရှိနိုင်ပြီး ကုသမှု့ ခံယူနိုင်ပါမည်။ ထို့ပြင် လေမဖြတ်စေရန် လည်း ကြိုတင် ကာကွယ်နိုင်သောကြောင့် လေဖြတ်ခြင်းကြောင့် ဖြစ်လာမည့် နောက်ဆက်တွဲ ဆိုးကျိုးများ၊ သေဆုံးခြင်းများကို ရှောင်လွဲနိုင် မည်ဖြစ်ပါသည်။နှလုံးခုန်နှုန်း မှတ်တမ်းတင်စက်ကို ၁၂-၂၄ နာရီအထိ ပုံမှန် လုပ်ငန်းဆောင်တာ များလုပ်ဆောင်ချိန်တွင် တပ်ဆင်ထားရန် လိုအပ်ပါသည်။ သို့သော် AF ကို ရောဂါရှာဖွေရန် ခက်ခဲသလို ပုံစံကွဲပေါင်း များစွာလည်း ရှိပါသည်။ ထို့အပြင် ပုံစံမမှန်သော နှလုံးခုန်နှုန်းသည် ဆရာဝန်ထံ ရောက်နေစဉ်တွင် စမ်းသတ်မမိ ခြင်းမျိုးလည်း ဖြစ်နေနိုင်သဖြင့် နှလုံးခုန်နှုန်း မှတ်တမ်းတင်စက်ကို ပို၍ အချိန်ကြာကြာ တပ်ဆင်ထားရန် လိုအပ်ပါမည်။Reveal LINQ Insertable Cardiac Monitor (ICM) ဟူသော နှလုံးခုန်နှုန်း မှတ်တမ်းတင်စက် အမျိုးအစား အသစ်သည် လေ့လာတွေ့ရှိချက်များအရ ပိုမိုကောင်းမွန်ပြီး အရေပြားအောက် တွင် မြှုပ်ထားနိုင်သည့်အတွက် ရက်ရှည်တပ်ဆင် ထားရန် အဆင်ပြေပါသည်။ ထို့အပြင် ဤစက်သည် ပုံမမှန် နှလုံးခုန်နှုန်းကို ပို၍ထောက်လှမ်းထားနိုင်ပါသည်။ ICM စက်သည် FDA မှ အသိအမှတ်ပြုထားသည့်အတွက် စိတ်ချစွာ အသုံးပြုနိုင်ပါသည်။ဤICM စက် အသုံးပြုပြီး လေဖြတ်စေသော အကြောင်းရင်းကို ရှာဖွေနိုင်ခြင်းဖြင့် အရေးပေါ် အခြေအနေများကို လျော့ချနိုင် ပါမည်။ ခေတ်မှိနည်းပညာသုံးစက်များ၏ အကူအညီဖြင့် လေဖြတ်ခြင်းကို ထိန်းချုပ်နိုင်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချ က်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/stroke-and-aneurysm/%e1%82%8f%e1%80%bd%e1%80%9c%e1%80%b6%e1%80%af%e1%80%b8%e1%82%8f%e1%82%88%e1%80%94%e1%80%b9%e1%80%b8%e1%80%81%e1%80%af%e1%80%94%e1%80%b9%e1%80%b1%e1%80%85%e1%80%ac%e1%80%84%e1%80%b9%e1%80%b7%e1%81%be/
ပြန်လည်သန်စွမ်းလေ့ကျင့်ခန်းမှ လူတွေမသိသေးသောအချက်များ
ခန္ဓါကိုယ်လှုပ်ရှားလေ့ကျင့်ခြင်း (Physiotherapy)ဟာ သင့်ကျန်းမာရေးအတွက် အထူးအကျိုးရှိပါတယ်။ ဒါပေမယ့် Physiotherapy နဲ့ ပတ်သက်လို့ သင်အကုန်သိတယ်ဆိုတာ သေချာပြီလား။ တကယ်တော့ Physiotherapy နဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့ အံ့ဩစရာ အချက်လေးတွေ ရှိနေပါတယ်။ဘာတွေလဲဆိုတာ သိရအောင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။Physiotherapyရဲ့ သမိုင်းကို သင့်အနေနဲ့ သိချင်မှသိပါလိမ့်မယ်။ ဒါပေမယ့် Physiotherapy ဟာ အဖိုးတန်ထိရောက်တဲ့ ကုသမှုတခုဆိုတာကို ပထမကမ္ဘာစစ်အချိန်ကတည်းက လူတွေစတင်သိရှိခဲ့ကြပြီး ဒါဏ်ရာရတဲ့ စစ်သားတွေကို ကုသပေးဖို့ Physiotherapy ကို စတင်အသုံးပြုခဲ့ကြပါတယ်။Physiotherapyကို နေရာအစုံမှာ ပြုလုပ်နိုင်ပါတယ် (ဥပမာ ကျန်းမာရေးစင်တာတွေ၊ပုဂ္ဂလိက ဆေးခန်း၊ဆေးရုံတွေ၊ကျောင်းတွေ ဒါမှမဟုတ် အိမ်မှာ)။Physiotherapy ကုသမှုနည်းလမ်းမှာ အားစိုက်သုံးစရာမလိုတဲ့ ပုံစံ (ဥပမာ အအေး/အပူ သုံးကုသခြင်း၊အပ်စိုက်ခြင်း စသည်) နဲ့ အားစိုက်သုံးပြီး ပြုလုပ်ရတဲ့ ပုံစံ (ဥပမာ လေ့ကျင့်ခန်းလုပ်တာတွေ) ဆိုပြီး နှစ်မျိုးရှိကာ သင့်အနေနဲ့ နှစ်မျိုးလုံးကို မျှမျှတတပေါင်းစပ် ပြုလုပ်ဖို့ လိုအပ်ပါတယ်။သင့်အနေနဲ့ Physiotherapy ကို ကျွမ်းကျင်သူရဲ့ ကြီးကြပ်မှုရှိစရာမလိုဘဲ အိမ်နေရင်း ပြုလုပ်နိုင်တဲ့အတွက် အင်မတန် အဆင်ပြေပြီး သင်နှစ်သက်ရာ နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။ သင့်ဆရာဝန်၊လေ့ကျင့်ပေးသူ ဒါမှမဟုတ် Physiotherapy ကျွမ်းကျင်သူတို့ဟာ သင်နဲ့သင့်တော်တဲ့ Physiotherapy အစီအစဉ်တွေကို ကြိုတင်ရေးဆွဲပေးထားမှာပါ။တကယ်လို့ သင့်မှာ နာတာရှည်အဆုတ်ရောဂါတမျိုးဖြစ်တဲ့ COPD ရှိနေခဲ့ရင် သင့်အနေနဲ့ အသက်ရှုမဝတာမျိုးတွေ ဖြစ်လာနိုင်ပြီး နေ့စဉ်လှုပ်ရှားသွားလာမှုတွေ (လမ်းလျှောက်ခြင်း၊ပြေးခြင်း၊လှေကားတက်ခြင်း စသည်)ကို ပြုလုပ်ရာမှာ အခက်အခဲတွေ ရှိလာပါတော့တယ်။ဒါ့အပြင် အခြားသော ပြဿနာအခက်အခဲတွေကိုလည်း ကြုံတွေ့လာရနိုင်ပါတယ်။ ဒါပေမယ့် မပူပါနဲ့၊Physiotherapy က သင့်ကို ကူညီပါလိမ့်မယ်။COPD ဝေဒနာရှင်တွေ ပြုလုပ်သင့်တဲ့ Physiotherapy ဟာ ကိုယ်ခန္ဓါကြံ့ခိုင်မှုကို အလေးပေးထားပြီး လေ့ကျင့်ခန်းလုပ်ခြင်း၊ကျန်းမာရေးအသိပညာပေးခြင်း နဲ့ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်အားပေးခြင်းတို့ ပါဝင်ပါတယ်။ခြေ၊လက်နဲ့ ရင်ဘတ်တို့ကို အလေးပေးထားတဲ့ လေ့ကျင့်ခန်းတွေဟာ အဆုတ်ဝေဒနာရှင်တွေအတွက် အထူးသင့်တော်ပါတယ်။ အသက်ရှုရာမှာ အသုံးပြုတဲ့ ကြွက်သားတွေကို သန်စွမ်းအောင် လေ့ကျင့်ပေးမယ်ဆိုရင် အသက်ရှုရတာ ပိုမိုလွယ်ကူသက်သာစေပါလိမ့်မယ်။ကျန်းမာရေးအသိပညာပေးတဲ့အနေနဲ့ Physiotherapy ကုသမှုနည်းလမ်းအစီအစဉ်တွေကို အသေးစိတ်သိထားရမှာ ဖြစ်သလို ဆေးလိပ်ဖြတ်ဖို့နဲ့ ကျန်းမာရေးအတွက် သင့်တော်တဲ့ အစားအသောက်တွေကို စားပေးဖို့ကိုလည်း ဦးတည်ရပါမယ်။ဆီးစပ်ကိုက်ခဲခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ပြဿနာတွေဟာ အမျိုးသားရော၊အမျိုးသမီးတွေမှာပါ တွေ့နိုင်ပါတယ် (အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးမွေးချိန်တွေမှာပေါ့)။ ဒါပေမယ့် အဆိုပါ ပြဿနာအများစုကို Physiotherapy က ကူညီပေးနိုင်ပါတယ်။တကယ်လို့ သင့်မှာ ဒီပြဿနာတွေရှိနေပြီဆိုရင် အလေးအပင်မ,တဲ့အခါ မှန်ကန်စွာ ဘယ်လိုမ,ရမယ်၊ကလေးဘယ်လိုချီရမယ်၊ထိုင်နေရာကနေ ဘယ်လိုထ,ရမယ် စတာတွေကို သင့်ဆရာဝန်က သင်ကြားပေးပါလိမ့်မယ်။အားစိုက်ထုတ်စရာမလိုသော Physiotherapy ပုံစံတွေဖြစ်တဲ့ အပူ/အအေးသုံးကုသခြင်း၊နှိပ်နယ်ပေးခြင်း ဒါမှမဟုတ် လျှပ်စစ်ဓါတ်အသုံးပြုကုသခြင်းတို့ကို စမ်းကြည့်နိုင်ပါတယ်။အရွယ်ရောက်ပြီး လူကြီးတွေသာမက ကလေးတွေလည်း physiotherapy လုပ်လို့ရပါတယ်။ ဇက်စောင်းခြင်း ဒါမှမဟုတ် ခြေထောက်ကွေးခြင်းတို့အတွက် physiotherapy ကို အသုံးပြု ကုသနိုင်ပါတယ်။ ဇက်စောင်းခြင်းဆိုတာဟာ လည်ပင်းမှာရှိတဲ့ ကြွက်သားတွေ တိုနေတဲ့အတွက် ခေါင်းကို တဖက်စောင်းသွားအောင် ဆွဲတာကို ဆိုလိုပါတယ်။ဒီအခြေအနေပြဿနာအတွက် physiotherapy နည်းနဲ့ ကုသတဲ့အခါ တိုနေတဲ့ ကြွက်သားတွေကို ဆွဲဆန့်ခြင်း၊ကလေးခေါင်းအနေအထားမှန်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို မိဘတွေအား သင်ကြားပေးခြင်း၊ကြွက်သားတွေ ရှည်ထွက်ပြီးဆန့်လာအောင် အိမ်မှာလေ့ကျင့်ခန်းလုပ်နည်းတွေကို သင်ကြားပေးခြင်း စတာတွေ ပါဝင်ပါလိမ့်မယ်။ခြေထောက်ကွေးခြင်းဆိုတာက ကလေးရဲ့ ခြေထောက်လေးတွေ အတွင်းဖက်ကို ကွေးနေတာကို ဆိုလိုပါတယ်။ ကနဦးမှာ မနာကျင်ပေမယ့် အသက်ကြီးလာတာနဲ့အမျှ ပိုပြီးနာကျင်လာသလို လမ်းလျှောက်ရတာလည်း အခက်အခဲရှိလာပါမယ်။ဒါကြောင့် ခြေထောက်ရဲ့ အနေအထားနဲ့ လမ်းလျှောက်နိုင်စွမ်းကို မြှင့်တင်ပေးဖို့အတွက် physiotherapy ကို အသုံးပြုနိုင်ပါတယ်။ ခြေထောက်ရဲ့ အနေအထားအသစ်ကို ထိန်းညှိပေးဖို့အတွက် လက်နဲ့ ကျောက်ပတ်တီးတို့ကို အသုံးပြုပါလိမ့်မယ်။နာကျင်မှုတွေကို ကုသခြင်းနဲ့ ခန္ဓါကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို မူလအတိုင်းပြန်ဖြစ်အောင် ပြုလုပ်ပေးခြင်းတို့အတွက် Physiotherapy ဟာ ထိရောက်မှုအရှိဆုံးနဲ့ စိတ်အချရဆုံး ကုသမှုတခု ဖြစ်ပါတယ်။သင့်အနေနဲ့ Physiotherapy အကြောင်း ကကြီးကနေ အ အထိ သိဖို့ မဖြစ်နိုင်ပေမယ့် ဒီဆောင်းပါးလေးကနေ ဗဟုသုတအနည်းငယ်တော့ ထပ်မံရရှိသွားမှာ ဖြစ်ပါတယ်။ ဒါဆိုရင် သင့်အတွက် အကောင်းဆုံးဖြစ်နိုင်မယ့် ကုသမှုနည်းလမ်းကို ရွေးချယ်ရာမှာ ကူညီဆုံးဖြတ်ပေးနိုင်မှာ ဖြစ်ပါကြောင်း။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/strength-training/%e1%80%95%e1%80%bc%e1%80%94%e1%80%ba%e1%80%9c%e1%80%8a%e1%80%ba%e1%80%9e%e1%80%94%e1%80%ba%e1%80%85%e1%80%bd%e1%80%99%e1%80%ba%e1%80%b8%e1%80%9c%e1%80%b1%e1%80%b7%e1%80%80%e1%80%bb%e1%80%84/
Alzheimer’s (အယ်လ်ဇိုင်းမား) ဦးနှောက်လုပ်ဆောင်ပုံများ ချို့ယွင်းလာသည့်ရောဂါအကြောင်း
ခန္ဓါကိုယ်မှာရောဂါတစ်ခုခုခံစားရပြီဆိုရင် ရုပ်ပိုင်းဆိုင်ရာမှာရောစိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်တာတွေရှိလာနိုင်ပါတယ်။ ဒါကြောင့်ရောဂါတွေကို မဖြစ်အောင်ကာကွယ်တာက အကောင်းဆုံးဖြစ်မှာပါ။ရောဂါတစ်ခုကို ကာကွယ်တယ်ဆိုတဲ့နေရာမှာလည်း ရောဂါဖြစ်စေနိုင်တဲ့ အနေအထားတွေနဲ့ရောဂါလက္ခဏာတွေကို သိထားဖို့လိုပါမယ်။ ဒီတစ်ခေါက်တော့Alzheimer’sရောဂါအကြောင်းလေးဖော်ပြပေးပါရစေနော်။အယ်လ်ဇိုင်းမားရောဂါဆိုတာက မှတ်ဉာဏ်နဲ့အခြားစိတ်ပိုင်းဆိုင်ရာအရေးပါတဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ရောဂါတစ်မျိုးပါ။ အစပိုင်းမှာတော့ အယ်လ်ဇိုင်းမားရောဂါလက္ခဏာတွေက အရမ်းမပြင်းထန်ပါဘူး။ သိပြီးသားအရာတစ်ခုခုကို မှတ်မိဖို့ခက်ခဲတာလောက်ပဲဖြစ်နိုင်ပါတယ်။ တဖြည်းဖြည်းချင်းနဲ့ အနေအထိုင်အပြုအမူက အရင်ကနဲ့မတူဘဲပြောင်းလဲလာတာမျိုးဖြစ်လာနိုင်ပါတယ်။ ဘဝရဲ့ အရေးပါတဲ့နေ့တွေ၊ အရေးပါတဲ့သူတွေကိုမေ့လျော့သွားတာမျိုးတွေဖြစ်လာနိုင်ပါတယ်။အယ်လ်ဇိုင်းမားရောဂါက အသိဉာဏ်ပညာပိုင်းဆိုင်ရာနဲ့ လူမှုဆက်ဆံရေးဆိုင်ရာ စွမ်းရည်တွေကိုလျော့နည်းလာစေတဲ့ဦးနှောက်ထိခိုက် ချို့ယွင်းမှုဖြစ်စေတဲ့Dementiaရောဂါစုရဲ့ အဖြစ်အများဆုံးသောရောဂါတစ်မျိုးပါ။ အယ်လ်ဇိုင်းမားရောဂါ ခံစားရတဲ့အခါ ဦးနှောက်တွင်းဆဲလ်တွေရဲ့ လုပ်ဆောင်မှုတွေကျဆင်းလာစေပြီး ပျက်စီးသွားတာပါ။ ဒီလိုအခြေအနေကြောင့်မှတ်ဉာဏ် ​တွေပျောက်ဆုံးပျက်စီးလာပြီး စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေဖြစ်လာတာပါ။အယ်လ်ဇိုင်းမားရောဂါက မှတ်ဉာဏ်၊ စဉ်းစားဆင်ခြင်နိုင်စွမ်း နဲ့အပြုအမူတွေမှာ ထိခိုက်လာစေနိုင်တဲ့ရောဂါတစ်မျိုးပါ။ အစပိုင်းမှာရောဂါလက္ခဏာတွေကဖြည်းဖြည်းချင်းဖြစ်လာတာဖြစ်ပြီး အချိန်ကြာလာတာနဲ့ အမျှပိုဆိုးလာနိုင်ပါတယ်။နေ့စဉ်လုပ်ဆောင်မှုတွေအပေါ်မှာ ထိခိုက်လာပြီဆိုရင်တော့ရောဂါအခြေအနေကတော်တော်လေးဆိုးနေပြီလို့ပြောပါရစေ။Alzheimer’s (အယ်လ်ဇိုင်းမား) ရောဂါဖြစ်လာတဲ့အခါ –။Alzheimer’s (အယ်လ်ဇိုင်းမား) ဖြစ်စေနိုင်တဲ့အချက်တွေက။အခုလက်ရှိအချိန်အထိ အယ်လ်ဇိုင်းမားရောဂါကို ကုသနိုင်တဲ့ နည်းလမ်းမရှိပါဘူး။ရောဂါအခြေအနေကို ထိန်းသိမ်းထားရုံပဲလုပ်ဆောင်နိုင်သေးတာပါ။ ဒါကြောင့်နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုလေးတွေလုပ်၊ငါးနဲ့ ဟင်းသီးဟင်းရွက်တွေကို မျှတအောင်စားသုံးပြီး အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်လိုက်ပါ။ အားလုံးကျန်းမာပျော်ရွှင်တဲ့ ဘဝကိုပိုင်ဆိုင်နိုင်ကြဖို့ တိုက်တွန်းအပ်ပါတယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/dementia-and-alzheimers-disease/what-is-alzheimers/
Witch hazel (သစ်အယ်ပင်)
အောက်ဖော်ပြပါ ကျန်းမာရေးအခြေအနေများကို ကုသရန်အတွက် witch-hazel ကို အသုံးပြုကြပါတယ်။Witch-hazel ကို အခြားသော ရည်ရွယ်ချက်တွေနဲ့လည်း အသုံးပြုကြသေးတာမို့ အသေးစိတ်ထပ်မံသိရှိလိုပါက ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူတွေကို မေးမြန်းတိုင်ပင်ရပါမယ်။Witch-hazel မှာ tannins လို့ခေါ်တဲ့ဓါတ်ပစ္စည်းတမျိုးပါဝင်ပါတယ်။Witch-hazel ကို အရေပြားပေါ် တိုက်ရိုက်လိမ်းတဲ့အခါ ရောင်ရမ်းခြင်းတွေကို လျော့နည်းသွားစေပြီး အရေပြားထိခိုက်ဒါဏ်ရာရတာတွေကို သက်သာပျောက်ကင်းသွားအောင် ကုသပေးနိုင်တဲ့အပြင် ဘက်တီးရီးယားပိုးမွှားတွေကိုလည်း ဖယ်ရှားရှင်းလင်းပေးပါတယ်။ ထပ်မံသိလိုတာတွေ ရှိပါက ဆရာဝန် ဒါမှမဟုတ် ဆေးဖက်ဝင်ပစ္စည်းကျွမ်းကျင်သူတွေကို မေးမြန်းနိုင်ပါတယ်။အောက်ပါအချက်များရှိပါက ဆရာဝန်ကို အသိပေးပါ။ဖြည့်စွက်အားဆေးများအတွက် ချမှတ်ထားသော စည်းမျဉ်းဥပဒေများမှာ ဆေးဝါးများလောက် တင်းကျပ်မှုမရှိပါ။ ယခုဆေး၏ လုံခြုံစိတ်ချရမှုကို သိရှိနိုင်ရန်အတွက် လေ့လာမှုများ ထပ်မံပြုလုပ်ရန် လိုအပ်ပါသေးတယ်။ ဆေးကို အသုံးမပြုခင်မှာ ကောင်းကျိုးဆိုးပြစ်တွေကို သေချာစွာ ချိန်ဆရပါမယ်။ အသေးစိတ်သိရှိလိုပါက သင့်ဆရာဝန်ထံ မေးမြန်းနိုင်ပါတယ်။ကလေးငယ်များတွင် :။witch-hazel ကို အရေပြားပေါ် တိုက်ရိုက်လိမ်းပေးမယ်ဆိုရင် ကလေးတွေအတွက် စိတ်ချရပါတယ်။ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးနို့တိုက်နေချိန် :။ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးနို့တိုက်နေချိန်မှာ ချယ်ရီရိုင်းကို သုံးစွဲခြင်းဟာ စိတ်ချရမှုရှိမရှိနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ အချက်အလက်များ မရှိသေးပါ။ ဒါကြောင့် စိတ်ချရအောင် မသုံးဘဲနေတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။အောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။witch-hazel ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေ ဒါမှမဟုတ် လက်ရှိခံစားနေရတဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်တဲ့အတွက် မသုံးစွဲခင်မှာ ဆရာဝန်နဲ့ ဦးစွာ တိုင်ပင်ရပါမယ်။ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်။ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်။လိပ်ခေါင်း သို့မဟုတ် အခြားသော စအိုရောဂါများကြောင့် နာကျင်ခြင်း၊နေမထိထိုင်မသာ ဖြစ်ခြင်းများအတွက် :။Witch-hazel ရေကို တနေ့ခြောက်ခါလောက် ဒါမှမဟုတ် အိမ်သာသွားပြီးတိုင်း ထည့်ပေး၊ဆေးပေးပါ။Witch-hazel တင်ချာ :။တခါအသုံးပြုလျှင် ၂ – ၄ စီစီ ပမာဏဖြင့် တနေ့ကို သုံးကြိမ်ခန့် သုံးစွဲနိုင်ပါတယ်။Witch-hazel လက်ဖက်ရည်ကြမ်း :။တနေ့ကို နှစ်ခါ သို့မဟုတ် သုံးခါ သောက်ပေးပါ။ ပါးစပ်အနာပေါက်ခြင်း၊ရောင်ရမ်းခြင်း နဲ့ လည်ချောင်းနာခြင်းတွေအတွက် Witch-hazel လက်ဖက်ရည်ကြမ်းကို အာလုပ်ကျင်းပေးနိုင်ပါတယ်။လူတယောက်နဲ့ တယောက် သုံးစွဲရမယ့် ဆေးပမာဏက တူချင်မှ တူမှာ ဖြစ်ပါတယ်။ သင့်အသက်အရွယ်၊ကျန်းမာရေးအခြေအနေနဲ့ အခြားရောဂါတွေ ရှိမရှိပေါ်ကို မူတည်ပြီး ဆေးပမာဏ ကွာခြားပါလိမ့်မယ်။ ဒီဖြည့်စွက်အားဆေးတွေဟာ အမြဲတမ်းလုံခြုံစိတ်ချရတာမျိုး မဟုတ်ပါဘူး။ ဒါကြောင့် သင့်လျော်တဲ့ ဆေးပမာဏကို သိရှိနိုင်ဖို့အတွက် သင့်ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်ဆွေးနွေးရပါမယ်။အောက်ပါပုံစံတွေနဲ့ ရရှိနိုင်ပါတယ်။Witch-hazel လက်ဖက်ရည်ကြမ်း။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/witch-hazel-%e1%80%9e%e1%80%85%e1%80%b9%e1%80%a1%e1%80%9a%e1%80%b9%e1%80%95%e1%80%84%e1%80%b9/
Matte lipsticks အလွန်အကျွံသုံးရင် ဘာတွေဆိုးကျိုးရှိနိုင်မလဲ
အလှမကြိုက်တတ်တဲ့ မိန်းကလေးဆိုတာ သိပ်မရှိလောက်ပါဘူး။ မိန်းကလေးတိုင်းလိုလိုက အလှအပကိုမြတ်နိုးတတ်ကြပါတယ်။ ယနေ့ခေတ်မှာဆိုရင် အလှအပအတွက် အလှကုန်ပစ္စည်းတွေက အမျိုးအစားတွေစုံလင်လွန်းလှပြီးမြင်မြင်သမျှလိုချင်စရာတွေပါပဲ။ အလှအပခြယ်သမှုတွေထဲမှာလည်း မိန်းကလေးတစ်ဦးနဲ့တစ်ဦး မတူကြပါဘူး။ အချို့က မျက်လုံးအလှကိုပိုမိုပေါ်လွင်အောင်လုပ်ရတာကိုကြိုက်သလို အချို့ကလည်း နှုတ်ခမ်းသားလေးတွေကိုလှပအောင်ပြင်ဆင်ရတာကို နှစ်သက်ပါတယ်။ နှုတ်ခမ်းနီဆိုးလိုက်မှ ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုရသွားတယ်ဆိုတဲ့လေဒီတွေတောင်ရှိကြပါတယ်။ ဒီတစ်ခါတော့နှုတ်ခမ်းနီကြိုက်တဲ့ပျိုမေတွေအတွက် သတိထားစရာအချက်လေးတွေကိုပြောပြပေးချင်ပါတယ်။နှုတ်ခမ်းသားက ခန္ဓါကိုယ်ရဲ့ အခြားအစိတ်အပိုင်းက အရေပြားတွေနဲ့မတူဘဲmucous membraneတွေနဲ့ အဓိကဖွဲ့စည်းတားပြီးတော်တော့်ကို နူးညံ့တဲ့အစိတ်အပိုင်းပါ။ နှုတ်ခမ်းရဲ့ အပေါ်ယံအလွှာက တော်တော်လေး ပါးလွှာပါတယ်။ နှုတ်ခမ်းရဲ့အပေါ်ယံလွှာမှာလူးထားတဲ့ အစိုဓါတ်ကလည်း ခပ်မြန်မြန်နဲ့ကို ခြောက်သွားတတ်ပါတယ်။ နှုတ်ခမ်းသားရဲ့ သဘာဝကိုကအခြောက်မြန်တာပါ။အခြားအရေပြားတွေလိုပဲ နှုတ်ခမ်းသား ကိုလည်းစောင့်ရှောက်မှုတွေပေးဖို့လိုပါလိမ့်တယ်။ ယနေ့ခတ်မှာ နှုတ်ခမ်းနီ တွေကလည်း အမျိုးအစားစုံလင်လှတာကြောင့် နှုတ်ခမ်းလှလှလေးဖြစ်ချင်တဲ့ ပျိုမေလေးတွေက နှုတ်ခမ်းနီတွေကို အမျိုးမျိုးပြောင်းဆိုးမိနေမယ်ထင်ပါတယ်။ အခုနောက်ပိုင်းပျိုမေတွေကြားမှာခေတ်စားလာတာက ဆိုးလိုက်တဲ့အခါ နှုတ်ခမ်းကပိုကြီးပြီး ပိုလှတယ်လို့ထင်ရစေတဲ့ matte အမျိုးအစားနှုတ်ခမ်းနီတွေပါ။ matte နှုတ်ခမ်းနီက ဆိုးထားရင် လှတယ်လို့ ခံစားရပေမယ့် နှုတ်ခမ်းသားကိုခြောက်သွေ့စေတဲ့အပြင် ကွဲအက်တာမျိုး၊ အပေါ်ယံ အရေပြား ကွာကျတာနဲ့၊ နှုတ်သားဓါတ်မတည့်တာမျိုးတွေအထိ ဖြစ်စေနိုင်တယ်ဆိုတာကိုတော့လေဒီတွေ သိပ်မသိလောက်ဘူးထင်ပါတယ်။အခုလိုဆောင်းရာသီလို ပုံမှန်ထက်အသားပိုခြောက်တဲ့ရာသီမှာ matte ဆိုးမယ်ဆိုရင် အတော်လေးကို ဘေးထွက်ဆိုးကျိုး များပါတယ်။ ပုံမှန်အတိုင်း နည်းစနစ်မှန်မှန်နဲ့ matte ဆိုးမယ်ဆိုရင်တောင်မှာ နှုတ်ခမ်းသားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားရတာ၊ အစိုဓါတ်ထိန်းခရင်မ်တစ်မျိုးမျိုး လိမ်းရတာမျိုး နဲ့ lip gloss လိုမျိုးနောက်ထပ်နှုတ်ခမ်းနီတစ်မျိုး ထပ်ဆိုးရတာ အပြင် အခြားထိန်းသိမ်းစောင့်ရှောက်မှုလေးတွေလုပ်ပေးရတာမျိုးရှိပါတယ်။နှုတ်ခမ်းသားကိုအောက်ပါအလေ့အကျင့်တွေက ထိခိုက်စေနိုင်ပါတယ်။ပင်ကိုယ်ကကို ခြောက်သွေ့လွယ်တဲ့ နှုတ်ခမ်းသားပေါ်မှာ matte ဆိုးရင်ဘာတွေဖြစ်လာနိုင်သလဲ။matte နှုတ်ခမ်းနီက နှုတ်ခမ်းမှာ အဆီပြန်တာမျိုး ကွက်တာမျိုး မရှိစေဘဲခြောက်ခြောက်သွေ့သွေ့နဲ့ လှပစေတာ ကြောင့်လေဒီတိုင်းရဲ့နှုတ်ခမ်းမှာ ပြောင်းလဲနေရာယူလာနေပြီပဲဖြစ်ပါတယ်။ ဒါပေမယ့် matte ဆိုးတဲ့အခါ အပေါ်မှာ ပြောခဲ့သလို နှုတ်ခမ်းသားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားတာ၊ အစိုဓါတ်ထိန်းခရင်မ် လိမ်းပေးရတာ၊ နေလောင်ကာခရင်မ်နဲ့ အဆီဓါတ်ပါဝင်တဲ့ primer တစ်ခုခုသုံးပေးပြီးမှ ဆိုးမှသာ နှုတ်ခမ်းကိုထိခိုက်မှု မရှိစေဘဲလှပမှာပါ။နောက်တဆင့်အနေနဲ့က matte ဆိုးပြီးရင် Lip gloss တစ်ခုခုအပေါ်ကထပ်ဆိုးပေးဖို့လိုသလို နှုတ်ခမ်းတဝိုက်ကို concealer သုံးပေးရတာနဲ့ နှုတ်ခမ်းအနားသတ်ကို အရောင်ရင့်ရင့်တစ်မျိုးနဲ့ ဆွဲပေးရတာမျိုးတွေ လုပ်ပေးဖို့လိုပါတယ်။ ဒီလိုမှမလုပ်ဘူးဆိုရင် အစိုဓါတ်ပါဝင်မှုမရှိတဲ့ matte နှုတ်ခမ်းနီကြောင့် နှုတ်ခမ်းသား ခြောက်သွေ့တာ၊ နှုတ်ခမ်းအပေါ်ယံအရေပြားကွာကျတာ၊ နှုတ်ခမ်းကွဲတာ၊ နှုတ်ခမ်းသားအရောင်မွဲခြောက်တာ၊ နှုတ်ခမ်းသားကွဲတာကနေတဆင့် ပိုးဝင်တာ၊ နှုတ်ခမ်းသား ဓါတ်မတည့်မှုကြောင့်ရောင်ရမ်းတာမျိုးတွေဖြစ်နိုင်ပါတယ်။ အဆီနဲ့အစိုဓါတ်ထိန်းပေးတဲ့ matte မျိုးအသုံးပြုပေးမယ်ဆိုရင်တော့ နှုတ်ခမ်းသားထိခိုက်မှုကိုနည်းစေမှာပါ။ခုလိုမျိုးဆောင်းရာသီမှာ နှုတ်ခမ်းသားထိခိုက်မှုနည်းစေဖို့အတွက်က အဆီနည်းနည်းလောက်ပါတဲ့ နှုတ်ခမ်းနီမျိုး ကိုသုံးပေးဖို့တော့ လိုမှာပါ။ နှုတ်ခမ်းနီကလည်း အမျိုးသမီးတွေရဲ့ အလှကိုပိုမိုပေါ်လွင်စေတဲ့ အလှကုန်တစ်မျိုးပါ။ မျက်နှာတစ်ခုလုံး ပြင်ဆင်ခြယ်သထားပေးမယ့် နှုတ်ခမ်းနီမဆိုးထား ရင်လည်းကြည့်လို့မလှပါဘူး။ နှုတ်ခမ်းနီလေးဆိုးလိုက်မှပြီးပြည့်စုံတဲ့အလှကိုရရှိစေနိုင်မှာဖြစ်ပါတယ်။ အမျိုးသမီးဖြစ်ရတာဂုဏ်ယူစရာကောင်းတဲ့အချက်က ဘယ်နေရာမှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့နှုတ်ခမ်းနီလေးကိုထုတ်ပြီး ဟန်ကျပန်ကျလေး ဆိုးလို့ရနိုင်တာပါပဲ။ ဒီအတွက် အကြာကြီးခံတဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့နှုတ်ခမ်းနီတွေကို ဆိုးနေစရာမလိုတော့ဘူးလေ။နှုတ်ခမ်းနီဆိုးတဲ့ပျိုမေတွေအနေနဲ့မေ့မထားသင့်တဲ့နောက်တစ်ချက်က ညအိပ်ရာဝင်မယ်ဆိုရင် နှုတ်ခမ်းသားပေါ်က နှုတ်ခမ်းနီတွေကို ကုန်စင်အောင်ဖျက်ပစ်ပြီး နှုတ်ခမ်းသားကိုထိန်းသိမ်းပေးတဲ့ အဆီတစ်မျိုးမျိုးလူးအိပ်ပေးဖို့ပါ။ နှုတ်ခမ်းသားကိုလည်း အသားအရေထိန်းသိမ်းသလိုမျိုး ထိန်းသိမ်းမှုတွေလုပ်ပေးဖို့လိုအပ်ပါလိမ့်မယ်။ နှုတ်ခမ်းသား အစိုဓါတ်ထိန်းပေးတာမျိုးလုပ်ပေးဖို့လည်းလိုပါတယ်။နောက်တစ်ချက်က နှုတ်ခမ်းကို ခဏခဏ လျှက်တာမျိုးမလုပ်မိဖို့လည်းသတိထားပါ။ တံတွေးက နှုတ်ခမ်းသားကိုပိုမိုခြောက်သွေ့ပြီး ပျက်စီးနိုင်စေပါတယ်။ကျန်းမာရေးနဲ့ညီညွတ်ပြီး ရာသီဥတုအနေအထားနဲ့လိုက်ဖက်မယ့် နှုတ်ခမ်းနီလေးတွေကိုရွေးချယ်အသုံးပြုပြီး နှုတ်ခမ်းနီကြိုက်တဲ့လေဒီတိုင်းပြီးပြည့်စုံတဲ့အလှအပတရားကိုပိုင်ဆိုင်နိုင်စေဖို့ ဒီဆောင်းပါးလေးက အသုံးတည့်မယ်လို့လည်းထင်ပါတယ်။ အထက်ကအချက်လေးတွေကိုလိုက်လုပ်ကြည့်ရင်းဆောင်းရာသီရဲ့ အအေးဒဏ်ကိုအံတုနိုင်မယ့် နှုတ်ခမ်းလှလှလေးတွေကို ပိုင်ဆိုင်နိုင်မယ်လို့လည်းမျှော်လင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/matte-lipsticks-%e1%80%a1%e1%80%9c%e1%80%bd%e1%80%94%e1%80%ba%e1%80%a1%e1%80%80%e1%80%bb%e1%80%bd%e1%80%b6%e1%80%9e%e1%80%af%e1%80%b6%e1%80%b8%e1%80%9b%e1%80%84%e1%80%ba-%e1%80%98%e1%80%ac%e1%80%b1/
ကလေးနို့ဘူး ဘယ်လိုဖျော်မလဲ
အာဟာရနို့မှုန့်တွေဟာ ကလေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေကိုဖြည့်ဆည်းပေးဖို့ စီမံထုတ်လုပ်ထားတာဖြစ်ပါတယ်။ မိခင်နို့မသောက်သုံးရတဲ့ကလေးတွေ ဒါမှမဟုတ်မိခင်နို့အဓိကတိုက်ကျွေးပေမယ့် အလုပ်များတဲ့အချိန် နို့ဘူးနဲ့ထားခဲ့ရတဲ့ ကလေးတွေအတွက် အထူးသဖြင့် တိုက်ကျွေးကြပါတယ်။ ဒါပေမယ့် နို့မှုန့်ကို ရေနဲ့ဖျော်၊ နို့ဘူးထဲထည့်ပြီး ကလေးကို တိုက်လိုက်ရုံနဲ့ ရပြီလား။ မဟုတ်ပါဘူးနော်။ နုနယ်တဲ့ကလေးတွေအတွက်က အသေးစိတ်ဂရုမစိုက်ဘဲဆိုရင်အာဟာရအပြည့်အဝမရနိုင်တဲ့အပြင် မလိုလားအပ်တဲ့ရောဂါပိုးတွေကိုပါ အပိုဆုအဖြစ် ရသွားနိုင်ပါတယ်။နို့ဘူးဖျော်ဖို့၊ နို့ဘူးတိုက်ဖို့နဲ့ပတ်သက်ပြီး ကလေးကျန်းမာရေးအတွက် သိထားသင့်တဲ့အချက်တွေကို ဒီမှာဖော်ပြပေးချင်ပါတယ်။ နို့ဘူးဖျော်နည်းအဆင့်ဆင့်လည်း ပါတာပေါ့လေ။ အခုမှ သားဦး သမီးဦးမွေးဖွားထားတဲ့မေမေတို့အတွက် အထောက်အကူဖြစ်လိမ့်မယ်လို့ထင်ပါတယ်။အဆင့် (၁)။ ။နို့ဘူးဖျော်ဖို့ရေနွေးအရင်တည်ပါ (ဆူထားပြီးသားရေနွေးအဟောင်းတွေ မသုံးပါနဲ့)။အဆင့် (၂)။ ။ဆူပြီးရင်ရေနွေးကို မိနစ် ၃၀လောက်ပဲ ခပ်နွေးနွေးအနေအထားထိ အအေးခံပါ။အဆင့် (၃)။ ။ဘာမှ မလုပ်ခင်လက်ကို စင်အောင်ဆေးပါ။အဆင့် (၄)။ ။နို့ဘူး၊ နို့သီးခေါင်း၊ အဖုံး စတာတွေကို နို့ဘူးပေါင်းစက်ထဲ ၅ မိနစ်လောက်အရင်ပိုးသတ်ပါ။ မရှိရင် သမားရိုးကျအတိုင်းရေနွေးနဲ့ပြုတ်ပါ။အဆင့် (၅)။ ။နို့မှုန့်ဘူးမှာပါတဲ့ အညွှန်းအတိုင်းရေပမာဏကို နို့ဘူးထဲထည့်ပါ။ရေပမာဏကို မပို၊မလိုစေဖို့သေချာဂရုစိုက်ပါ။အဆင့် (၆)။ ။ဘူးမှာပါတဲ့ အညွှန်းအတိုင်းပဲ နို့မှုန့်ကိုခပ်ထည့်ပါ။ သူ့ဘူးထဲက ဇွန်းခွက်လေးကိုသာသုံးပါ။ အချင်အတွယ် ပမာဏ မှန်ကန်စေဖို့ပါ။အဆင့် (၇)။ ။နို့ဘူးမှာ နို့သီးခေါင်းတပ်ပြီးတဲ့အခါ အဖုံးအုပ်ပြီး နို့မှုန့်တွေပျော်ဝင်တဲ့အထိ ဘူးကိုလှုပ်ခါ(ခလောက်)ပါ။ဖျော်ထားတဲ့နို့ကို သောက်လို့ရတဲ့အနေအထားအထိ အအေးခံဖို့အရေးကြီးပါတယ်။ အမြန်အေးချင်ရင်ရေအေးထဲမှာ နို့ဘူးကို တဝက်နှစ်ပြီးမွှေခါပေးပါ။အဆင့်(၈)။ ။ကလေးကိုမတိုက်ခင် ကိုယ့်လက်မှာ အစက်ချပြီး အပူချိန်ကို တခေါက်ပြန်စစ်ဖို့လိုပါတယ်။ မပူ၊ မအေးတဲ့နွေးနွေးလေး အနေအထားကအတော်ပါပဲ။မိခင်နို့ရည်လိုမျိုး ခန္ဓါကိုယ်အပူချိန်လောက်ပဲဖြစ်သင့်ပါတယ်။နို့ဘူးဖျော်တဲ့အပိုင်းကပြီးပြီဆိုတော့ အရေးကြီးတဲ့အချက်လေးတွေကို ဆက်ပြောပြမယ်နော်။ ကျန်းမာဖွံ့ဖြိုးတဲ့ ကလေးတွေဖြစ်စေချင်ရင်တော့ ဒါတွေ မမေ့ဖို့ သတိပေးချင်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%94%e1%80%ad%e1%80%af%e1%80%b7%e1%80%98%e1%80%b0%e1%80%b8-%e1%80%98%e1%80%9a%e1%80%ba%e1%80%9c%e1%80%ad%e1%80%af%e1%80%96%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba/
သွေးအားနည်းရင် ဒါတွေစားပါ
သွေးအားနည်းရင် ဒါတွေစားပါ ………….. သွေးအားနည်းလို့ ဆိုရင် အားဆေးတွေပဲ အားကိုးကြတာ များပါတယ်။ ဒါပေမယ့် အမြဲတမ်းတော့ အားဆေးက မကယ်တင်နိုင်ပါဘူးနော်။ ဖြည့်စွက်အားဆေး ဆိုမှတော့ ဖြည့်စွက်ရမှာပေါ့။ ကျန်းမာရေးအတွက် အစာအာဟာရနဲ့ တွဲကူမှ ဖြစ်မှာပါ။ သွေးအားကောင်းစေမယ့်၊ သံဓါတ်ကြွယ်ဝတဲ့ အစားအစာတွေ ဆိုတာ ခက်ခက်ခဲခဲ ရှာဖို့ မလိုပါဘူး။ ကိုယ်နေ့တိုင်း စားသုံးနေတဲ့အထဲမှာကို ပါဝင်နေတာ ဆိုတော့ နည်းနည်း ပိုစားပေးရုံပေါ့။ မဟုတ်ဘူးလား။သွေးအားနည်းရင် ဒါတွေစားပါ –။အမဲသား။အမဲသား ရှောင်တဲ့သူ ဆိုရင်တော့ အောက်မှာ ဆက်ပြောမယ့် အစားအစာတွေထဲက ရွေးချယ်လို့ ရပါတယ်။ အမဲသားက သံဓါတ် များများရရှိနိုင်မယ့် အရင်းအမြစ် တစ်ခု ဖြစ်တဲ့အတွက် မကြာမကြာ စားသုံးပေးသင့် ပါတယ်။ကြက်သား။အမဲသား မစားဘူးဆိုလည်း ကြက်သား၊ ဘဲသားနဲ့ ကြက်ဆင်သားတွေကလည်း သံဓါတ် ကြွယ်ဝပါတယ်။ ဘဲသား ခပ်ရွယ်ရွယ် တစ်တုံးမှာ သံဓါတ် ၂.၃ မီလီဂရမ် ပါဝင်ပါတယ်။ ကြက်သားနဲ့ ကြက်ဆင်သားမှာဆိုရင် ၁ မီလီဂရမ်ပေါ့။အစိမ်းရောင်၊ အရောင့်ရင့်ရင့် အရွက်တွေ။ကိုက်လန်၊ ဟင်းနုနွယ်၊ မုန်ညင်းစိမ်းစတဲ့ အစိမ်းရောင် အရွက်တွေက သံဓါတ် အားကောင်းစေနိုင် ပါတယ်။ကြော်စားစား၊ ဟင်းရည်ထဲ ခတ်စားစား၊ သုပ်စားစား ကောင်းပါတယ်နော်။ငါး။ပရိုတင်း ကြွယ်ဝပြီး အဆီနည်းတဲ့ သံဓါတ် အရင်းအမြစ် တစ်ခု ဖြစ်ပါတယ်။ မြစ်ချောင်းထဲက ဖမ်းလာတဲ့ သဘာဝ ငါးဖြစ်ဖြစ် မွေးမြူရေးငါးဖြစ်ဖြစ် အချိုးအဆတော့ မတူပေမယ့် အာဟာရဓါတ် ပါဝင်မှုချင်းတော့ အတူတူပါပဲ။ တူနာငါး၊ ငါးသေတ္တာငါးနဲ့ မက်ခရယ်ငါးတို့ဆို ပိုကောင်းပါတယ်။ပုဇွန်နဲ့ခရု။အသားငါးတွေ မစားချင်လို့ သံဓါတ် မရတော့ဘူး ထင်နေပါသလား။ ပင်လယ်စာတွေစားရင်းနဲ့လည်း သံဓါတ်ရရှိနိုင်ပါတယ်။ ဆန်လုံးညိုလေးစား၊ ပုဇွန်နဲ့ ပင်လယ်စာ ဟင်းလေးနဲ့ဆို သံဓါတ် ပြည့်ဝတဲ့ ထမင်းတစ်နပ်ကို ရနိုင်ပါတယ်။အသီးအရွက်။သက်သတ်လွတ်စားတိုင်း သွေးအားနည်းမှာ မဟုတ်ပါဘူး။ အသားမစားရင် သွေးအားနည်းတတ်တာ မှန်ပေမယ့် ဟင်းသီးဟင်းရွက်တွေကို မှန်ကန်အောင် ရွေးချယ်စားသုံးတတ်မယ် ဆိုရင် သံဓါတ် အလုံအလောက် ရနိုင်ပါတယ်။ တို့ဖူး၊ပဲပြား စတာတွေ စားမယ်၊ ဒါမှမဟုတ် ပဲကတ္တီပါ၊ ကုလားပဲ၊ ဗိုလ်စားပဲ စားမယ်ဆိုရင်အဆင်ပြေပါတယ်။ သံဓါတ် စုပ်ယူမှုကို အားကောင်းစေဖို့ ကူညီပေးတဲ့ ဗီတာမင် C ကြွယ်ဝတာတွေလည်း စားပေးနိုင်ပါတယ်။ကြက်ဥ။ကြက်ဥကို ပြုတ်စား၊ မွှေကြော်၊ ဟက်ဖရိုက်ကြော်၊ တခြားအစားအစာထဲပဲ ထည့်ထည့်၊ ဘယ်လိုစားစား သံဓါတ် ပမာဏ အတော်အသင့် ရနိုင်ပါတယ်။ တစ်ခု ရှိတာက သူ့ကို လက်ဖက်ရည်၊ ကော်ဖီအပူနဲ့ တွဲစားရင်တော့ အကျိုးအာနိသင် တချို့ကို ရနိုင်တော့မှာ မဟုတ်ပါဘူး။ ကြက်ဥဆီကနေ သံဓါတ်စုပ်ယူနိုင်စွမ်းကို အနှောင့်အယှက်ပေးပါလိမ့်မယ်။အစေ့အဆန်တွေနဲ့သစ်သီးခြောက်။သီဟိုဠ်စေ့၊ ပစ်စတာချီရို(စိတ်ပျော်သီး) တို့လိုအစေ့အဆန်တွေနဲ့ ဆီးသီးခြောက်၊စပျစ်ခြောက်၊စွံပလွံသီးခြောက်၊မက်မွန်သီးခြောက်တို့လို သစ်သီးခြောက်တွေက သံဓါတ်ရရှိစေနိုင်ပါတယ်။ဖရဲသီးတစ်စိတ်ကပဲ သံဓါတ် ဝ.၆၉ မီလီဂရမ် သံဓါတ်ရရှိနိုင်သလို ငှက်ပျောသီးမှာ ဝ.၃၆ မီလီဂရမ်နဲ့ ပန်းသီးမှာ ဝ.၅ မီလီဂရမ် ပါဝင်ပါတယ်။ချောကလက်။အချိုများတာတော့ မစားနဲ့ပေါ့။ အချိုလျှော့ ချောကလက် ၃အောင်စပမာဏမှာ သံဓါတ် ၇ မီလီဂရမ်ပါဝင်ပါတယ်။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/anaemia/best-foods-for-anemia/
အံဆုံးသွားက နှုတ်ကိုနှုတ်မှ ဖြစ်မှာလား
အံဆုံးသွားဆိုတာဆယ်ကျော်သက်အရွယ် ကျွန်တော်တို့အံသွားတွေရဲ့ နောက်ဆုံးဘက်မှာ ပေါက်တဲ့ သွားကိုခေါ်တာပဲဖြစ်ပါတယ်။ အပေါ်နဲ့ အောက်၊ ဘယ်နဲ့ ညာ စုစုပေါင်း အံဆုံးသွား ၄ချောင်းပေါက်နိုင်ပြီး အခြေအနေပေါ် မူတည်၍ နှုတ်ရတာလည်းရှိသလို နှုတ်ဖို့မလိုတာလည်း ဖြစ်နိုင်ပါတယ်။အံဆုံးသွားပေါက်ကာစတော့ အနည်းနဲ့အများနာတတ်တာပါပဲ။ ဘာကြောင့်လဲဆိုတော့ အံသွားအနောက်သွားဖုံးအတွင်းကနေ ဖောက်ပြီး အပြင်ကိုထွက်လာတာကြောင့် ဖြစ်ပါတယ်။မေးရိုးက အံဆုံးသွား ထွက်လာနိုင်တဲ့အထိ မကြီးတဲ့အခါ ပုံမှန်အတည့်အတိုင်းထွက်မလာဘဲ အရှေ့မှာရှိနေတဲ့ အံသွားတွေနဲ့ တိုက်မိတာ၊ ဘေးကနေ ဖောက်ထွက်တာ၊ သွားဖုံးပေါက်နေတဲ့နေရာမှာ ဘက်တီးရီးယားပိုးဝင်ပြီး ကိုက်ခဲတာ၊ အလွန်အမင်းနာကျင်တာမျိုး ဖြစ်စေပါတယ်။ သွားဆရာဝန်အနေနဲ့ ကိုယ့်ရဲ့ အံဆုံးသွားပေါက်နေတဲ့အနေအထားက ပုံမှန်မဟုတ်ဘူးဆိုတာ သိရတဲ့အချိန် အံဆုံးသွားဖယ်ရှားဖို့ကို အကြံပေးမှာဖြစ်ပါတယ်။အံဆုံးသွားက ပုံမှန်လမ်းကြောင်းအတိုင်း ပေါက်နေတာမျိုး၊ အပြီးအစီးပေါက်ပြီးသွားလို့ နာကျင်တာ၊ သွေးထွက်တာမျိုး လုံးဝမရှိတော့တဲ့အခါ နှုတ်ဖို့ မလိုအပ်တော့ပါဘူး။ မခံမရပ်နိုင်အောင် နာလွန်းနေတာ၊သွားဖုံးက သွားဖောက်ပြီး နေရထိုင်ရခက်တာ၊ သွားကိုက်တာ၊ သွားဖုံးနာကျင်တာ၊ အစာစားလို့မရတာအထိ ပြင်းထန်တဲ့အခြေအနေမှာတော့ အံဆုံးသွားနှုတ်ဖို့ လိုအပ်ပါတယ်။အံဆုံးသွားနှုတ်ရမှာကို မနှုတ်ဘဲ ဒီအတိုင်း ထားထားတဲ့အခါ ကြာလာတာနဲ့အမျှ နာတဲ့ဝေဒနာက ပိုဆိုးလာမယ်။ စားလိုက်တဲ့အစားအစာမှ ဘက်တီးရီးယားပိုးမွှားတွေက သွားဖုံးအနာထဲဝင်ပြီး ကိုက်ခဲနာကျင်စေနိုင်ပါတယ်။ အစာစားရတာပိုခက်လာမယ်။ သွားတိုက်လို့လည်း အဆင်မပြေသလို တစ်ခုခုနဲ့ထိမိတာနဲ့ သွားနဲ့ သွားဖုံးက မခံမရပ်နိုင်အောင် နာကျင်လာမှာပါ။ ဒါကြောင့် အံဆုံးသွား ပေါက်တာပုံမှန်မဟုတ်မှန်း သိတာနဲ့ စောနိုင်သမျှ စောစော နှုတ်ထားလိုက်တာ အကောင်းဆုံးဖြစ်မှာပါ။၁။ အရင်ဆုံးအနေနဲ့ အလုပ်ကဖြစ်ဖြစ်၊ ကျောင်းကဖြစ်ဖြစ် ခွင့်ယူလိုက်တာ ပိုအဆင်ပြေပါလိမ့်မယ်။ သွားနှုတ်ပြီး ထုံဆေးပြယ်သွားတဲ့အချိန်ဆိုရင် နာတဲ့ဒဏ်က တော်တော်လေး မခံသာအောင် ဖြစ်နိုင်လို့ပါ။၂။ သွားဆရာဝန်အနေနဲ့ ထုံဆေး သို့မဟုတ် မေ့ဆေးပေးပြီးမှ အံဆုံးသွားကို စတင်နှုတ်မှာ ဖြစ်ပါတယ်။၃။ နောက်ဘက် အံဆုံးပေါက်နေတဲ့ သွားဖုံးကို လွှစက်ဖြင့် ဖွင့်ပြီးတာနဲ့ အထဲကအံဆုံးကို နှုတ်မှာပါ။ ပြီးသွားတာနဲ့ ဟနေတဲ့ သွားဖုံးကို ချုပ်ရိုးနဲ့ ပြန်ချုပ်ပါမယ်။ များသောအားဖြင့် အပျောက်ချုပ်ရိုးဆိုရင်တော့ ပြန်ဖြည်စရာမလိုပေမယ့် ဆရာဝန်နဲ့ ပြန်ပြလိုက်တာတော့ အကောင်းဆုံးပါပဲ။ရက်အနည်းငယ်အတွင်းမှာ နာတဲ့ဝေဒနာ သက်သာသွားမှာဖြစ်ပြီး လုံးဝအသားပြန်ပိတ်သွားဖို့အတွက် လအနည်းငယ် ကြာတတ်ပါတယ်။ နေရာတစ်လွဲပေါက်နေတဲ့ အံဆုံးသွားကို နှုတ်လိုက်ခြင်းဖြင့် တခြားသွားတွေကို ပွတ်တိုက်ထိခိုက်ခြင်း၊ သွားဖုံးထဲက အရိုးနုတွေ၊ မေးရိုးကို ထိခိုက်ခြင်းနည်းစေအောင် ကာကွယ်ပေးနိုင်သလို မလိုလားအပ်တဲ့ ခံတွင်းပြဿနာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ဒါကြောင့် အသက် ၁၆ နှစ်မှ ၁၉နှစ်အတွင်း လူငယ်တိုင်း သွားအနောက်ဘက်မှာ ပုံမှန်မဟုတ်တဲ့ နာကျင်မှုဝေဒနာ ခံစားနေရပြီဆိုရင် သွားဆရာဝန်နဲ့ သေချာသွားပြပြီး စစ်ဆေးကြည့်သင့်ပါတယ်။ ဆရာဝန်က အံဆုံးသွားပေါက်နေပြီလား၊ ဒီအံဆုံးသွား ပေါက်တဲ့အခြေအနေက ပုံမှန်ပဲလား၊ နှုတ်ဖို့လိုအပ်လားဆိုတာကို ပြောပြသွားပါမယ်။အကယ်လို့ မနှုတ်သေးဘူးဆိုရင်တော့ အနာသက်သာအောင် အကိုက်အခဲပျောက်ဆေး ညွှန်းခိုင်းလို့ရပါတယ်။ ပုံမှန်အတိုင်းပေါက်နေတဲ့ အံဆုံးကတော့ သွားပေါက်တာ ဆုံးသွားပြီဆိုတာနဲ့ အနာသက်သာသွားမှာပါ။ သွားဖုံးထဲမှာ မြုပ်နေတာ၊ ဘေးဘက်၊ အရှေ့၊ အနောက်၊ သွားဖုံးရဲ့ ဘေးကနေ ဖောက်ထွက်လာတဲ့ အံဆုံးဆိုရင်တော့ စောစောနှုတ်လိုက်နိုင်ရင် အကောင်းဆုံးပါပဲ။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/orthodontics/wisdom-teeth-remove/