title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်းဝေဒနာ
မျိုးရိုးဗီဇနဲ့ တချို့သော ရောဂါတွေ၊ရာသီဥတုကြောင့် ခေါင်းကိုက်ခြင်းအဖြစ်များသလိုပဲဟော်မုန်းအပြောင်းအလဲကြောင့်လည်း ခေါင်းကိုက်နိုင်ပါတယ်။ အထူးသဖြင့် ဒီလိုခေါင်းကိုက်ခြင်းမျိုးဟာ အမျိုးသမီးတွေမှာ ပိုအဖြစ်များသလို ကိုယ်ဝန်ဆောင်နေစဉ်၊ ရာသီလာစဉ်နဲ့ သွေးဆုံးနေချိန်တွေ၊သန္ဓေတားဆေးတွေ သောက်ခြင်းကြောင့်လည်း ဖြစ်နိုင်ခြေပိုများပါတယ်။ပုံမှန်ခေါင်းကိုက်ခြင်းများကဲ့သို့ သိပ်ပြီးစိုးရိမ်စရာ မရှိပေမဲ့လည်း ခေါင်းကိုက်ခြင်းဝေဒနာကြောင့် ကိုယ့်ရဲ့ တစ်နေ့လာ လုပ်ငန်းဆောင်တာတွေ ထိခိုက်တဲ့အထိ၊ ဘာမှလုပ်ချင်စိတ် ကိုင်ချင်စိတ်မရှိတော့တဲ့အထိ ဆိုးရွားနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသပြီး စစ်ဆေးကြည့်တာ အကောင်းဆုံးပါပဲ။အမျိုးသမီးတွေမှာ ခေါင်းကိုက်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ခဲခြင်းရဲ့ အကြောင်းရင်းကို ပြောရမယ်ဆိုရင် အက်စထရိုဂျင်လို့ခေါ်တဲ့ မဟော်မုန်းများ မျှခြေပျက်ယွင်းမှုကြောင့်လို့ပဲ ဆိုရမှာပါ။ ဒီမဟော်မုန်းသည်လည်း အကြောင်းအမျိုးမျိုးကြောင့် ပုံမှန်ရှိသင့်တဲ့ ပမာဏထက် နည်းသွားတဲ့အခါ (သို့မဟုတ်) များသွားတဲ့အခါ အမျိုးသမီးတွေအနေနဲ့ ခေါင်းကိုက်ဝေဒနာကို ခံစားရနိုင်ပါတယ်။အမျိုးသမီးများ လစဉ် ဓမ္မတာလာစဉ်မှာ မအကျိုးပြု ဟော်မုန်းတွေဖြစ်တဲ့အက်စထရိုဂျင်ဟော်မုန်း (Estrogen) နဲ့ ပရိုဂျက်စထရုန်း (Progesterone) တို့ဟာ အောက်ဆုံးအဆင့်ကို ထိုးကျသွားတဲ့အတွက် ခန္ဓာကိုယ်တစ်ခုလုံးမှာ ရှိတဲ့ဇီဝကမ္မဖြစ်စဉ်တွေဟာ ကမောက်ကမဖြစ်သွားတတ်ပါတယ်။ပုံမှန်အားဖြင့် အမျိုးသမီးများကိုယ်ဝန်ဆောင်​နေစဉ် အက်စရိုဂျင်ဟော်မုန်းတွေကို ခန္ဓာကိုယ်က ပိုမိုထုတ်လုပ်ပေးပါတယ်။ ဒီအတွက် ကိုယ်ဝန်ဆောင်နေစဉ် ကာလတစ်လျှောက်လုံးမှာ အမျိုးသမီးအများစုသည်ခေါင်းကိုက်ခြင်းဝေဒနာကို ခံစားရတတ်ပြီး ကလေးမွေးပြီးနောက်ပိုင်းမှာ သူ့အလိုလို ပျောက်သွားတတ်ပါတယ်။တချို့သောအမျိုးသမီးတွေမှာတော့ ကိုယ်ဝန်ပထမ ၃လပတ်ကာလမှာ စောစီးစွာ ခေါင်းကိုက်တတ်ပြီး နောက်ဆုံး ၃လပတ်မှာ သက်သာသွားတာမျိုးလည်း ရှိပါတယ်။ ကိုယ်ဝန်ဆောင်ပြီးချိန်မှာတော့ အက်စရိုဂျင်ဟော်မုန်းများသည် အဆမတန် ထိုးကျသွားပါတယ်။သွေးဆုံးခြင်းမတိုင်မီ နှစ်အနည်းငယ်အလိုမှာ ခန္ဓာကိုယ်ရဲ့ အက်စရိုဂျင်ဟော်မုန်းထုတ်လုပ်နှုန်းဟာ ထိုးကျသွားသကဲ့သို့ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းနဲ့ ရာသီလာစဉ် ကိုက်ခဲမှုတွေဟာ ပိုပြင်းထန်လာတတ်ပါတယ်။သွေးမဆုံးခင်ကာလကနေသွေးဆုံးပြီးနောက်ပိုင်း နှစ်အနည်းငယ်ကြာတဲ့အထိ မဟော်မုန်းသည် အောက်ဆုံးအဆင့်ကို ကျသွားပြီး ပြန်မတက်လာတော့တဲ့အတွက် ခေါင်းကိုက်ခြင်းတွေဟာ ပိုဆိုးလာတတ်ပြီး ဆေးဝါးကုသမှု၊ဟော်မုန်းအစားထိုးကုသမှုမျိုး ခံယူဖို့ လိုအပ်နိုင်ပါတယ်။အမျိုးသမီးတိုင်းအတွက်တော့ မဟုတ်ပေမဲ့သန္ဓေတားဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေထဲမှာ ခေါင်းကိုက်ခြင်းဟာလည်း တစ်ခုအပါအဝင်ပါပဲ။ တားဆေးတွေဟာ အမျိုးသမီးများရဲ့ မဟော်မုန်းများသည် ပုံမှန်သတ်မှတ်ထားတဲ့ ပမာဏထက် များသွားတာလည်း ရှိသလို နည်းသွားတာလည်း ဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့်တားဆေးဖြတ်လိုက်ရင်တော့ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ခေါင်းကိုက်ခြင်း ဝေဒနာ သက်သာသွားနိုင်ပါတယ်။အပေါ်မှာ ပြောထားခဲ့တဲ့ အကြောင်းရင်း (၄) ခုဟာ အမျိုးသမီးတွေမှာဟော်မုန်းမျှခြေပျက်ယွင်းစေတဲ့ အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။ ခုပြောမယ့် အကြောင်းရင်းတွေကတော့ အမျိုးသမီးတွေသာမက အမျိုးသားတွေမှာပါ ဟော်မုန်းမျှခြေ ပျက်ယွင်းစေတဲ့ နေထိုင်စားသောက်မှုပုံစံ မှားယွင်းခြင်း ပြဿနာတွေပဲ ဖြစ်ပါတယ်။ ဘာတွေ ဖြစ်မလဲဆိုရင်။အဓိကလက္ခဏာဖြစ်တဲ့ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်းတွေအပြင်။ကံကောင်းစွာနဲ့ပဲ ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ခြင်းတွေဟာ သိပ်ပြီး ပြင်းထန်လေ့မရှိတဲ့အတွက် အိမ်မှာပဲ အလွယ်တကူ ကုသနိုင်ပါတယ်။ ဒီနည်းလမ်းတွေကတော့။အပေါ်မှာ ပြောထားတဲ့ အချက်တွေနဲ့ သက်သာအောင် လုပ်လို့မရတဲ့အထိ ပြင်းထန်တာမျိုး၊ အထူးသဖြင့် သွေးဆုံးကာနီးနဲ့ သွေးဆုံးနေစဉ် ကာလမှာ ရောက်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ အရင်ပြကြည့်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ မဟော်မုန်းပမာဏ ဘယ်လောက်ထိ နည်းနေလဲ၊ ရောဂါလက္ခဏာများ ဘယ်လောက်ထိ ပြင်းထန်လဲဆိုတာတွေပေါ် မူတည်ပြီး ဟော်မုန်းအစားထိုးကုသမှုတွေ ကုသမှုခံယူဖို့ ဆရာဝန်အနေနဲ့ အကြံပေးပါလိမ့်မယ်။ကိုယ်ဝန်ဆောင်နေစဉ်မှာ ခေါင်းကိုက်တယ်ဆိုရင်တော့ တွေ့ရာဆေး ဝယ်သောက်တာထက် ကိုယ်ပုံမှန်ပြနေကျ သားဖွားမီးယပ်ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး သင့်တော်တဲ့ ခေါင်းကိုက်ပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေးတွေကို ညွှန်းပေးဖို့ အကြံတောင်းပါ။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/headaches-and-migraines/%e1%80%9f%e1%80%b1%e1%80%ac%e1%80%ba%e1%80%99%e1%80%af%e1%80%94%e1%80%ba%e1%80%b8%e1%80%a1%e1%80%95%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%9c%e1%80%b2%e1%80%80%e1%80%bc/
မကြာခဏ ခေါင်းကိုက်တတ်သူ တစ်ယောက်အတွက် အသုံးဝင်နိုင်မယ့် နည်းလမ်းများ
ခေါင်းကိုက်ခြင်းဟာ လူအတော်များများမှာ ကြုံတွေ့နေရတတ်တဲ့ အခြေအနေတစ်ခုပါ။ ခေါင်းအနည်းငယ်သာ ကိုက်ခြင်းကနေ နေ့စဉ် လုပ်ငန်းဆောင်တာတွေကို ထိခိုက်တဲ့အထိ ခေါင်းကိုက်နေခြင်းမျိုးတွေပါ ဖြစ်နိုင်ပါတယ်။ ဒီလို ခေါင်းကိုက်ဝေဒနာတွေကို ကုသပေးနိုင်မယ့် ခေါင်းကိုက်ပျောက်ဆေးတွေ အမျိုးမျိုးရှိနေသလို ခေါင်းကိုက်ခြင်းအတွက်သဘာဝနည်းလမ်းတွေလည်း ရှိနေပါသေးတယ်။ သင်က မကြာခဏ ခေါင်းကိုက်တတ်သူ ဆိုရင် အောက်က နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။(၁)ရေသောက်ပါ။ရေဓာတ်မပြည့်ဝခြင်းကြောင့် ခေါင်းကိုက်နိုင်ပါတယ်။ ရေဓာတ်မပြည့်ဝတာကြောင့် အာရုံမစူးစိုက်နိုင်တော့ဘဲ စိတ်ဂနာမငြိမ် ဖြစ်လာနိုင်တာမို့ ခေါင်းကိုက်ခြင်းကို ပိုဆိုးစေမှာပါ။ ဒါကြောင့် နေ့စဉ်နေ့တိုင်း ရေကိုလုံလောက်စွာ သောက်ပေးပါ။ရေဓာတ်ပြည့်ဝတဲ့အစားအစာတွေ၊ အသီးအနှံတွေလည်း စားပေးနိုင်ပါတယ်။(၂)မဂ္ဂနီဆီယမ် သတ္တုဓာတ်မှီဝဲပါ။မဂ္ဂနီဆီယမ်နည်းပါးခြင်းကြောင့် ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ခံစားရနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်သလို အာရုံကြောတွေအတွက်လည်း ကောင်းပါတယ်။ ဘေးထွက်ဆိုးကျိုးတွေအနေနဲ့ ဝမ်းလျှောတာမျိုး၊ အစာခြေပြဿနာရှိတာမျိုးတွေ ဖြစ်နိုင်တာကြောင့် စသောက်တဲ့အခါ ပမာဏ အနည်းငယ်ပဲ သောက်ပါ။ အကောင်းဆုံးကတော့ မဂ္ဂနီဆီယမ် ကြွယ်ဝတဲ့ အစေ့အဆန်တွေ၊ ကြက်သား၊ ငှက်ပျောသီး၊ ချီယာစေ့၊ မြေပဲ စတာတွေလည်း စားပေးတာပါ။(၃)အရက်လျှော့သောက်ပါ။အရက်သောက်ခြင်းကြောင့် သွေးကြောတွေကျယ်လာရာကနေ ခေါင်းကိုက်နိုင်ပါတယ်။ အရက်သောက်လို့ ဆီးများများသွားတဲ့အခါ ရေဓာတ်ဆုံးရှုံးတာကြောင့်လည်း ခေါင်းကိုက်နိုင်ပါသေးတယ်။(၄)အိပ်ရေးဝပါစေ။တစ်နေ့အိပ်ချိန် ၆ နာရီထက် နည်းသူတွေဟာ မကြာခဏ ခေါင်းကိုက်တတ်သူ တွေ ဖြစ်နေတာကို တွေ့ရပါတယ်။ အိပ်ချိန်ဟာ ၈ နာရီမှ ၉ နာရီအကြားရှိ သင့်ပါတယ်။(၅)ဟစ်စတာမင်းဓာတ် ပါဝင်တဲ့ အစားအစာတွေကိုရှောင်ပါ။ဟစ်စတာမင်းဓာတ်ဟာ လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာလည်း ရှိပါတယ်။ ချိစ်၊ အချဉ်ဖောက်ထားတဲ့ ဒိန်ချဉ်လို အစားအစာမျိုး၊ ဘီယာ၊ ဝိုင်၊ ငါးကင်တွေဟာ ဟစ်စတာမင်းဓာတ်ပါတဲ့ ပြင်ပအစားအစာတွေပါ။ ဟစ်စတာမင်းဟာ ခေါင်းကိုက်လွယ်ခြင်းကို ဖြစ်စေတာကြောင့် အထက်ပါအစားအစာတွေ မကြာခဏ စားတာကို ရှောင်ပေးပါ။(၆)ဗီတာမင်ဘီပါဝင်အောင်စုံလင်စွာသောက်သုံးပါ။ဗီတာမင် B1, B2, B6, B12အစရှိတဲ့ ဗီတာမင်အရောအားဆေးတွေကိုလည်း မှီဝဲနိုင်ပါတယ်။ ရေမှာပျော်ဝင်တဲ့ ဗီတာမင် ဘီအစုအဝေးဟာ အာရုံကြောအတွက် အလွန်ကောင်းတာကြောင့် ခေါင်းကိုက်ခြင်းကို လျော့နည်းစေမှာပါ။(၇)ရေခဲကပ်ပါ။ခေါင်းကိုက်တဲ့အခါ ရေခဲကို အဝတ်သန့်သန့်နဲ့ ထုပ်ပိုးကာ ကိုက်ခဲတဲ့နေရာမှာ ညင်သာစွာ ကပ်ပေးပါ။ အရောင်သက်သာစေပြီး သွေးကြောကျဉ်းစေတာမို့ ဝေဒနာ သက်သာစေမှာပါ။(၈)ကဖင်းဓာတ်ပါတဲ့ကော်ဖီ၊လက်ဖက်ရည်သောက်ပါ။လက်ဖက်ရည်၊ ကော်ဖီမှာပါဝင်တဲ့ ကဖင်း ဓာတ်ဟာ စိတ်ကြည်လင်လန်းစေပြီး သွေးကြောတွေ ကျဉ်းစေပါတယ်။ ခေါင်းကိုက် ပျောက်ဆေးတွေရဲ့ အာနိသင်ကိုလည်း ပိုအစွမ်းထက်စေပါတယ်။ ဒါပေမယ့် ကော်ဖီ၊ လက်ဖက်ရည် ရုတ်တရက်ဖြတ်လိုက်သူတွေမှာ ခေါင်းကိုက်ခြင်း ခံစားရတတ်ပါတယ်။ ရေဓာတ်ဆုံးရှုံးတာ၊ ညအိပ်မပျော်တာလည်း ဖြစ်တတ်တာကြောင့် အလွန်အကျွံ သောက်တာကိုတော့ ရှောင်ကြဉ်ပါ။(၉)ယောဂပြုလုပ်ပါ။ယောဂလေ့ကျင့်ခြင်းဟာစိတ်ဖိစီးမှုကို လျော့ကျစေလို နာကျင်မှုတွေကိုလည်း သက်သာစေပါတယ်။ ကောင်းမွန်တဲ့ဘဝကိုလည်း ပေးစွမ်းနိုင်ပါတယ်။ နာတာရှည် ခေါင်းကိုက်ဝေဒနာကိုတောင် ယောဂလေ့ကျင့်ခြင်းနဲ့ သက်သာသွားစေပါတယ်။(၁၀)ပြင်းထန်တဲ့အနံ့တွေကိုရှောင်ပါ။ရေမွှေးပြင်းပြင်းတွေ၊ စီးကရက်ငွေ့တွေ၊ အနံ့ပြင်းတဲ့ အစားအသောက်တွေဟာ ခေါင်းကိုက်စေနိုင်တာကြောင့် တတ်နိုင်သလောက် ရှောင်ရှားပါ။(၁၁)နိုက်ထရိတ်၊နိုက်ထရိုက်ပါတဲ့ အစားအစာတွေရှောင်ပါ။ဟော့ဒေါ့၊ ဝက်အူချောင်းနဲ့ အသင့်စား ဝက်ပေါင်ခြောက်တွေ၊ ယိုးဒယားအကင်တွေဟာ ကြာရှည်ခံအောင် အထက်ပါဓာတ်တွေ ထည့်သွင်းထားတာကြောင့် ခေါင်းကိုက်ဝေဒနာကို ခံစားရစေပါတယ်။(၁၂)ချင်းဖျော်ရည်သောက်ပါ။ချင်းဟာဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ အရောင်သက်သာစေတဲ့အရာတွေ များစွာပါဝင်ပါတယ်။ ပျို့အန်ခြင်းကိုလည်း ကာကွယ်ပေးနိုင်တာမို့ မှီဝဲသင့်တဲ့ အရာပါ။(၁၃)လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပါ။ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းဟာ လွယ်ကူပြီး ရိုးရှင်းလှတဲ့ အလေ့အထပါ။ ခေါင်းကိုက်ခြင်းကို သက်သာရုံမကဘဲ ကျန်းမာရေးအတွက်လည်း အတော်အတန် အထောက်အကူပြုပါတယ်။ရေးသားသူ-ဒေါက်တာမှူးခင်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/headaches-and-migraines/headache-remedies/
Abdominal Pain (ဝမ်းဗိုက်နံရံ ချို့ယွင်းခြင်း)
ဝမ်းဗိုက်နံရံ ချို့ယွင်းခြင်းဆိုတာ မွေးရာပါချို့ယွင်းချက် ဖြစ်ပြီး အစာအိမ်၊ အူများနဲ့ တခြား ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေဟာ ဝမ်းဗိုက်ရဲ့ ပုံမှန်မဟုတ်တဲ့ အပေါက်ကနေ အပြင်ဘက်ကို ထွက်နေခြင်း ဖြစ်ပါတယ်။သန္ဓေသား ဖွံ့ဖြိုးကြီးထွားလာချိန်မှာ သားအိမ်ထဲမှာ မမျှော်လင့်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါတယ်။ အထူးသဖြင့် အစာအိမ်၊ အူများနဲ့ တခြား အင်္ဂါအစိတ်အပိုင်းတွေဟာ သန္ဓေသားရဲ့ ဝမ်းဗိုက်အပြင်ပိုင်းမှာ ဖွံ့ဖြိုးကြီးထွားလာပါတယ်။ တဖြည်းဖြည်းကြီးထွားလာတာနဲ့အမျှ ဝမ်းဗိုက်နံရံဟာ ဒီအစိတ်အပိုင်းတွေကို ဖုံးအုပ်ပြီး ပိတ်သွားပါတယ်။ တခါတရံ ချို့ယွင်းမှုဖြစ်ချိန်မှာ အင်္ဂါအစိတ်အပိုင်းတွေဟာ ဝမ်းဗိုက်ရဲ့ အပြင်ဘက်မှာ ကျန်ရစ်ခဲ့ခြင်းမျိုး ဖြစ်တတ်ပါတယ်။ဝမ်းဗိုက်နံရံ ချို့ယွင်းခြင်းဟာ ဖွံ့ဖြိုးပြောင်းလဲမှုပေါ် မူတည်ပြီး ၂မျိုးဖြစ်တတ်ပါတယ်။ သူတို့ကို omphalocele နဲ့ Gastroschisis လို့ ခေါ်ပါတယ်။ Gastroschisis ပြသနာမှာ ဝမ်းဗိုက်နံရံဟာ မပိတ်တာကြောင့် အင်္ဂါအစိတ်အပိုင်းတွေဟာ ကလေးငယ်ရဲ့ ခန္ဓါကိုယ်ပြင်ပမှာ ကျန်နေခဲ့တာ ဖြစ်ပါတယ်။ Omphalocele မှာတော့ အင်္ဂါအစိတ်အပိုင်း အချို့ဟာ ချက်ကြိုးနေရာပတ်လည်မှာ အပြင်ကို ထိုးထွက်နေတာ ဖြစ်ပါတယ်။ omphalocele ဟာ အင်္ဂါအနည်းငယ်မျှသာ ထွက်နေတဲ့ သာမန်ဖြစ်ခြင်းနဲ့ အများစု ဒါမှမဟုတ် အားလုံးထွက်နေတဲ့ ဆိုးရွားတဲ့ ချို့ယွင်းခြင်းဆိုပြီး ရှိပါတယ်။တွေ့ရတာနည်းပါတယ်။ Omphaloceleဟာ မွေးကင်းစ ၁၀၀၀၀ မှာ ၂ ကနေ ၂.၅ ယောက်ထိ ဖြစ်နိုင်ခြေရှိပါတယ်။ gastroschisis ဟာ ပိုပြီး တွေ့ရများတယ်လို့ သုတေသီများက ဆိုထားပြီး မွေးကင်းစ ၁၀၀၀၀ မှာ ၂ကနေ ၆ဦးထိ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဝမ်းဗိုက်နံရံ ချို့ယွင်းခြင်းဟာ ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း စတဲ့ လစေ့အောင် မတည်နိုင်တဲ့ ကိုယ်ဝန်မျိုးတွေမှာ တွေ့ရပိုများပါတယ်။ဒါပေမယ့် ဖြစ်ပွားနိုင်ခြေရှိတဲ့ အချက်တွေကို လျှော့ချပြီး ကာကွယ်နိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။သန္ဓေသားလောင်းဆီမှာ ချို့ယွင်းမှုရှိကြောင်း မိခင်ဖြစ်သူသိနိုင်လောက်အောင် မသိသာပါဘူး။စောစီးစွာ ရောဂါရှာဖွေကုသခြင်းဟာ အခြေအနေပိုဆိုး မသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆရာဝန်နဲ့ မြန်နိုင်သမျှ မြန်အောင် ပြသပါ။သိလိုတာတွေရှိရင် ဆရာဝန်နဲ့တိုင်ပင်ပါ။ တယောက်နဲ့ တယောက်ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။မွေးဖွားစဉ်မှာ ပါလာမယ့် ချို့ယွင်းမှုတွေရဲ့ အကြောင်းအရင်းကို သေချာစွာ မသိရသေးပါဘူး။ ဝမ်းဗိုက်နံရံ ချို့ယွင်းခြင်းရဲ့ အကြောင်းတွေကိုလည်း မသိရသေးပါဘူး။အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။မွေးခါစကတည်းက ချက်ရဲ့အရင်းမှာ စူထွက်ပြီး ကိုယ်တွင်းအင်္ဂါတချို့ပါ ထွက်နေတတ်တာကြောင့် ဒီရောဂါဟာ ထင်ရှားသိသာပါတယ်။ကလေးမမွေးမီ အာထရာဆောင်းရိုက်ရင် ချို့ယွင်းမှုကို သိရှိနိုင်ပါတယ်။ ဝမ်းဗိုက်နံရံ ချို့ယွင်းမှုဖြစ်နေတဲ့ ကလေးတွေမှာ တခြားမွေးရာပါ ချို့ယွင်းမှုတွေပါ ရှိမရှိ စစ်ဆေးဖို့ လိုအပ်ပါတယ်။တခြားချို့ယွင်းမှုတွေမရှိရင် ခွဲစိတ်ကုသနိုင်ပါတယ်။ ခွဲစိတ်ကုသမုနည်းလမ်းကို ပြင်ဆင်ခြင်း/ ပိတ်ခြင်းလို့ ခေါ်ဝေါ်ပြီး သိပ်ပြီး ရှုပ်ထွေးမှု မရှိပါဘူး။ အင်္ဂါအစိတ်အပိုင်းများဟာ ပုံမှန်ပဲ ဖြစ်ပါတယ်။ နေရာမှားနေခြင်းသာ ဖြစ်ပါတယ်။ဒါပေမယ့် ဝမ်းခေါင်းက ကျဉ်းနေပြီး ကိုယ်တွင်းအင်္ဂါတွေက ကြီးမားနေရင်၊ အရေပြားကို ပိတ်လိုက်တဲ့အခါ ဖောင်းနေရင် ကလီစာတွေဟာ ပုံမှန်အတိုင်း အထိုင်ကျဖို့ ခဲယဉ်းပါတယ်။ အဲဒီအခါ ခွဲစိတ်ဆရာဝန်များဟာ ကလီစာတွေကို ဖုံးထားနိုင်မယ့်အိတ်ကို ဗိုက်အပြင်ပိုင်းမှာ စွပ်ထားပေးတတ်ကြပါတယ်။ အဲဒီအိတ်ဟာ အပူချိန်ကို ထိန်းထားနိုင်ပြီး ရောဂါပိုးမဝင်နိုင်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ အိတ်ဟာ ကျုံ့နိုင်ဆန့်နိုင်ပြီး ဝမ်းဗိုက်နံရံအတွင်းပိုင်းနဲ့ ချုပ်ရိုးမရှိဘဲ တွယ်ဆက်ထားနိုင်ပါတယ်။ အိတ်ရဲ့ထိပ်ပိုင်းဟာ မတ်မတ်ထားတာမို့ အူများဟာ ဝမ်းခေါင်းထဲကို မြေဆွဲအားနဲ့ ဝင်သွားနိုင်ပါတယ်။ ဒီနည်းလမ်းဟာ တပတ်လောက်ကြာနိုင်ပြီး နောက်ဆုံးပိတ်ဆို့ခြင်းကို ရက်သတ္တပတ်အနည်းငယ်မှာ ဆောင်ရွက်နိုင်ပါတယ်။ နောက်ပိုင်းမှာ ဝမ်းဗိုက်ကြွက်သားတွေကို ပြင်ဆင်ဖို့ ခွဲစိတ်မှုတွေ ပိုလိုအပ်ပါတယ်။ချို့ယွင်းချက်အချို့ဟာ ကိုယ်ဝန်စတင်ဆောင်တဲ့အချိန်မှာ သေချာစွာ ဂရုစိုက်ခြင်း၊ ဖြည့်စွက်ဗီတာမင်များ သုံးစွဲခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်မှုပုံစံများ လိုက်နာခြင်း၊ မလိုအပ်သော ဆေးဝါး ဓါတုပစ္စည်းများ ရှောင်ကြဉ်ခြင်း စတဲ့နည်းလမ်းတွေနဲ့ ကာကွယ်နိုင်ပါတယ်။သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/abdominal-pain-%e1%81%80%e1%80%99%e1%80%b9%e1%80%b8%e1%80%97%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%94%e1%80%b6%e1%80%9b%e1%80%b6-%e1%80%81%e1%80%ba%e1%80%b3%e1%80%ad%e1%82%94%e1%80%9a%e1%80%bc/
ဘာကြောင့် လက်တုန် ရတာလဲ ၊ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။
တစ်ခုခုများ အာရုံစိုက်ပြီး လုပ်ရမယ်ဆို လက်က တုန်လာပြီ။ ဇွန်းလေး ကိုင်ပြီး ဟင်းချိုသောက်တာတောင် တုန်လို့ ဖိတ်ကုန်တာ၊ တူနဲ့ စားမယ်ဆို ညှပ်ရခက်တာ၊ ရေခွက် ကိုင်ရင် လက်တုန် တာတွေ အတော် အဆင်မပြေဖြစ်ရတာပါ။အများစု ကတော့ အရက်ကြောင့်၊ ကဖင်းကြောင့် ဒီလို ဖြစ်တတ်တယ်လို့ ပြောကြပေမယ့် အရက် မသောက်၊ ကော်ဖီ မသောက်တတ်တဲ့ သူတွေ အတွက်တော့ တခြား အကြောင်းရင်းတွေ ရှိနေပါသေးတယ် –။Essential Tremor လို့ ခေါ်တဲ့ အာရုံကြောရောဂါ တစ်မျိုး ကြောင့် လက်တုန် စေတတ်ပါတယ်။ ကော်ဖီခွက် ကိုင်လည်း တုန်၊ ဖယောင်းတိုင် ကိုင်လည်း တုန်၊ ဇွန်းခက်ရင်း ကိုင်လည်း တုန်နေတတ်တဲ့ သူတွေ မှာ အဖြစ်များဆုံး အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ဒီတုန်ခါမှု အမျိုးအစား ရဲ့ အကြောင်းရင်းက အတိအကျ မသိရပါဘူး။ နေ့စဉ် အလုပ်တွေမှာ နည်းနည်း အဆင်မပြေ ရှိတတ်ပေမယ့် Essential Tremor  ခံစားရသူ အများစု ကတော့ အန္တရာယ် မရှိသလို နောက်ဆက်တွဲ ပြဿနာ ကြီးကြီးမားမား မရှိတတ်ပါဘူး။မနက်ပိုင်း ကော်ဖီသောက်တယ်၊ နေ့လယ် ခဏနားချိန်မှာ သောက်တယ်၊ လက်ဖက်ရည် သောက်တယ်၊ အားဖြည့်အချိုရည် သောက်တယ်၊ ညကျကော်ဖီထပ်သောက်တယ်။ ကဲ ကဖင်းဓာတ်တွေ အများကြီး ဗိုက်ထဲ ဝင်သွားပြီပေါ့။ ကဖင်းက အာရုံလန်းဆန်းအောင် နှိုးဆွတဲ့ ဓာတ်တစ်မျိုးဖြစ်သလို သောက်တာများရင်လည်း လက်တုန်အောင် ပိုနှိုးဆွတဲ့အရာလည်း ဖြစ်ပါတယ်။အရက်ကြိုက်သူတွေ မသောက်ရတဲ့အခါ ဖြစ်တတ်တဲ့ လက္ခဏာတွေထဲ လက်တုန်ခြင်း ပါဝင်ပါတယ်။ နောက်ဆုံးသောက်ခဲ့ပြီး ၁၀ နာရီအတွင်းမှာ စပြီး ခံစားရတတ်ပါတယ်။ပါကင်ဆန်ရောဂါရှိသူ တွေမှာ ကြွက်သားတွေကို လှုပ်ရှားဖို့ သတင်းပို့တဲ့ ဦးနှောက်ဆဲလ်တွေ ပျက်စီးလာတာကြောင့် လက်တုန်တတ်ပါတယ်။ စစချင်းတော့ လက်တစ်ဖက်မှာပဲ တုန်တတ်ပေမယ့် ကြာလာတာ နဲ့အမျှ နောက်တစ်ဖက် မှာပါ ဖြစ်လာပါတော့တယ်။ လှုပ်ရှားမှုတွေ နှေးလာနိုင်သလို ဟန်ချက်ညီအောင် ထိန်းဖို့လည်း ခက်လာတယ်၊ ဒါမှမဟုတ် လက်နဲ့ ခြေထောက်တွေ တောင့်တင်းလာနိုင်ပါတယ်။ ပါကင်ဆန်ကြောင့် တုန်ရီတာ ဆိုရင်တော့ သောက်ဆေးတွေ ဒါမှမဟုတ် ခွဲစိတ်ကုသမှု လိုအပ်လာနိုင်ပါတယ်။Multiple Sclerosis (MS)ဟာ myelin လို့ခေါ်တဲ့ အာရုံကြောအပေါ်ယံအလွှာကို ပျက်စီးစေပါတယ်။ ဒီလိုဖြစ်လာရင် လက်တွေ သို့မဟုတ် တခြားအစိတ်အပိုင်းတွေမှာ တုန်ခါတဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။လက်တုန်ခြင်းကသိုင်းရွိုက်ဟော်မုန်းများခြင်းရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။သိုင်းရွိုက်ဂလင်းက အရမ်းအလုပ်လုပ်လွန်းပြီး နှလုံးခုန်နှုန်းကိုမြင့်စေပါတယ်။ ဘာမှလည်း မလုပ်ရဘဲ ကိုယ်အလေးချိန် ကျဆင်းသွားတာ၊ အလင်းရောင်ကို မခံနိုင်တာ၊ နှလုံးခုန်မြန်တာ၊ကောင်းကောင်းအိပ်မပျော်တာတွေလည်း ဖြစ်နိုင်ပါတယ်။လောင်စာအလုံအလောက် မဖြည့်ပေးရင် ကားစက်တောင် နှိုးမရပါဘူး။ လူ့ခန္ဓာကိုယ်တစ်ခုလုံးကို ကောင်းကောင်းလည်ပတ်နိုင်ဖို့က အစားအသောက်နဲ့ အိပ်ရေးဝနေဖို့လိုပါတယ်။ မအိပ်ဘဲနဲ့ဆို ဦးနှောက်က မှန်မှန်ကန်ကန် အလုပ်လုပ်မယ် ထင်ပါသလား။ ဦးနှောက်ရဲ့ မှားယွင်းသတိပေးချက်တွေ ကြောင့် လက်တုန်တာ အပါအဝင် အာရုံကြောစနစ်တွေ ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။ကြွက်သားတွေနဲ့ အာရုံကြောတွေ ဆိုတာ သွေးတွင်းသကြားဓာတ်နဲ့ အားဖြည့်ပေးထားတာပါ။ သကြားဓာတ် အလုံအလောက်မရရင် လက်တွေတုန်လာနိုင်တယ်။ ဆီးချိုကြောင့်၊ဆေးဝါးတချို့ကြောင့်၊ အရက်ကြောင့်၊ အစားနည်းတာကြောင့်သွေးတွင်းသကြားဓါတ်ကျဆင်းနိုင်ပါတယ်။စိတ်ဖိစီးတဲ့ အခါ ခန္ဓာကိုယ်က အာရုံကြော တွေရဲ့ လှုပ်ရှားမှု ကလည်း လွန်ကဲလာပါတယ်။ နှလုံးခုန်တွေ မြန်လာပြီး လက်လည်း တုန်တတ်ပါတယ်။ ဒါကတေ့ာ အသက်ရှူလေ့ကျင့်ခန်းဖြစ်ဖြစ်၊ တရားထိုင်တာ ဖြစ်ဖြစ် တစ်နည်းနည်းနဲ့ စိတ်ဖိစီးမှုကို ဖြေလျော့လိုက်တဲ့ အခါ ပြန်ပြေပျောက်သွားမှာပါ။လက်တုန် ခြင်းက စိတ်ကျန်းမာရေး ဆိုင်ရာ ဆေးတွေ၊ အတက်ရောဂါ၊ ခေါင်းတစ်ခြမ်း ကိုက်ခြင်း၊ အာရုံကြော ရောဂါ၊ ပန်းနာရင်ကျပ် တို့လိုရောဂါတွေ အတွက် သောက်သုံးရတဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်နေတတ်ပါတယ်။အာရုံကြောစနစ် ကျန်းမာရေးအတွက်B12ရဲ့အခန်းကဏ္ဍ က ကြီးမားပါတယ်။ အသား ၊ကြက်ဥ သိပ်မစားရင် ဒါမှမဟုတ် နွားနို့ မသောက်ရင်၊ ဗီတာမင် B12  ကြွယ်ဝတဲ့ အစားအစာတွေ မစားရင် အားနည်းနိုင်ပါတယ်။ ဗီတာမင်B12ချို့တဲ့တဲ့ အခါ လက်တုန် တာ၊ ခြေလက်တွေထုံကျဉ်တာ၊ အားနည်းတာတွေ ဖြစ်တတ်ပါတယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/reasons-your-hands-are-shaking/
Black Eyes (မျက်ဝန်းပတ်လည် ညိုမဲစွဲခြင်း)
မျက်ဝန်းတဝိုက်ညိုမဲစွဲခြင်းဆိုတာ မျက်လုံးအိမ် သွေးခဲခြင်းလို့ သိကြပြီး မျက်လုံးအောက်က တစ်ရှူးတွေ အညိုအမဲစွဲခြင်း ဖြစ်ပါတယ်။ အများစုမှာ မျက်လုံးကိုတိုက်ရိုက်ထိတာထက် မျက်နှာကို ဒဏ်ရာရတာကြောင့် ပိုပြီး အဖြစ်များပါတယ်။နာကျင်၊ ယောင်ယမ်းပြီး ညိုမဲစွဲတာက အတွေ့ရများတဲ့ လက္ခဏာတွေဖြစ်ပါတယ်။အစပိုင်းမှာ ယောင်ယမ်းပြီး အရောင်ပြောင်းတာက အနည်းငယ်သာဖြစ်နိုင်ပါတယ် မျက်လုံးက နီလာပြီး တဖြည်းဖြည်းအရောင်ရင့်လာပါလိမ့်မယ်။နောက်ပိုင်းမှာ မျက်လုံးဘေးပတ်ပတ်လည်က ခရမ်းရင့်ရောင်၊ အဝါရောင်၊ အစိမ်းရောင် သို့မဟုတ် အမဲရောင်ပြောင်းသွားပါလိမ့်မယ်။ယောင်ယမ်းတာပိုများလေ အရောင်ပြောင်းတာ ပိုများလေ ဖြစ်ပါတယ်။ရက်အနည်းငယ်ကြာပြီးနောက် အဲ့နေရာက အရောင်ဖျော့ပြီး အယောင်ကျသွားပါလိမ့်မယ်။မျက်လုံးယောင်နေတာကြောင့် အမြင်အာရုံေဝဝါးပြီး မျက်လုံးဖွင့်ရခက်တာမျိုး ဖြစ်နိုင်ပေမယ့် အမြင်အာရုံပျက်စီးတာက အဖြစ်နည်းပါတယ်။ခေါင်းဒဏ်ရာရပြီး မျက်ဝန်းတဝိုက် ညိုမဲစွဲတာမျိုး ဖြစ်တတ်တဲ့အတွက် ခေါင်းကိုက်တာလည်း ခံစားရနိုင်ပါတယ်။ဒဏ်ရာပြင်းထန်တာရဲ့ လက္ခဏာတွေကတော့-။၂ထပ်မြင်ခြင်း။မျက်စိ မမြင်နိုင်ခြင်း။သတိလစ်ခြင်း။မျက်လုံးရွေ့လို့ မရခြင်း။နား သို့မဟုတ် နှာခေါင်းမှ သွေး၊အရည်ကြည်များ ထွက်ခြင်း။မျက်လုံးပေါ်မှာ သွေးထွက်ခြင်း။ခေါင်းအမြဲကိုက်နေခြင်း။ဒီအပေါ်မှာ မပါတဲ့ တချို့လက္ခဏာတွေလည်း ရှိနေနိုင်ပါတယ်။ လက္ခဏာနဲ့ ပတ်သတ်ပြီး သိလိုပါက ဆရာဝန်နှင့် ဆွေးနွေးပါ။မျက်ဝန်းတဝိုက် ညိုမဲစွဲတာက သာမန်ဒဏ်ရာတစ်ခုဖြစ်ပြီး ရေခဲကပ်ပြီး အကိုက်အခဲပျောက်ဆေးသောက်ရုံနဲ့ သူ့အလိုအလျောက် ပျောက်ကင်းသွားနိုင်ပါတယ်။ မျက်စိဆရာဝန်က မျက်လုံးကို ထိခိုက်ဒဏ်ရာရ၊ မရသေချာစစ်ဆေးပေးပါလိမ့်မယ်။အမြင်အာရုံပြောင်းလဲခြင်း။အပြင်းအထန်ဆက်လက်နာကျင်နေခြင်း။ဒဏ်ရာမရဘဲယောင်ယမ်းခြင်း။ရောဂါပိုးဝင်တဲ့လက္ခဏာပေါ်ခြင်း (ဥပမာ- ပူပြီး နီရဲလာခြင်း၊ ပြည်ထွက်ခြင်း)။ရောဂါလက္ခဏာ သို့မဟုတ် ကုသနည်းနဲ့ ပတ်သတ်ပြီး သေချာမသိတဲ့အခါ။ရက်အတန်ကြာတဲ့အထိ အယောင်မကျတဲ့အခါ။ဒီအခြေအနေတွေ ဖြစ်လာပါက ဆေးကုသမှု ချက်ချင်းခံယူပါ။အမြင်ပြောင်းခြင်း၊ မျက်စိမမြင်ရခြင်း၊ အထူးသဖြင့် နှစ်ထပ်မြင်ခြင်း။မျက်စိမလှုပ်ရှားနိုင်ခြင်း။မျက်စိအရှေ့ကို ဒဏ်ရာရခြင်း သို့မဟုတ် သူငယ်အိမ်အတွင်းတွင် ဒဏ်ရာရခြင်း။မျက်လုံးတွင် သွေးထွက်ခြင်း။မျက်လုံးပုံမမှန်ခြင်း သို့မဟုတ် မျက်လုံးမှ အရည်တွေစီးကျခြင်း။မျက်လုံးပတ်ဝန်းကျင်တွင် ပြတ်ရှဒဏ်ရာရခြင်း။မျက်ဝန်းတဝိုက် ညိုမဲစွဲတာကို အဖြစ်များစေတဲ့ အကြောင်းတွေကတော့ မျက်လုံး၊နဖူး သို့မဟုတ် နှာခေါင်းကို အထိုးခံရခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ အထိုးခံရတဲ့နေရာပေါ်မူတည်ပြီး မျက်စိတစ်ဖက် သို့မဟုတ် ၂ဖက်လုံး ညိုမဲစွဲနိုင်ပါတယ်။နှာခေါင်းကို ထိုးခံရတဲ့အခါ မျက်စိနှစ်ဖက်လုံ ယောင်ယမ်းနိုင်ပါတယ်။ နှာခေါင်းဒဏ်ရာရတဲ့အခါ အရည်တွေက မျက်လုံးအောက်က တစ်ရှူးအပျော့မှာ စုနေနိုင်ပါတယ်။မျက်နှာကို ခွဲစိတ်မှုလုပ်တဲ့အခါ (ဥပမာ- မျက်နှာပင့်တင်ခြင်း၊ မေးရိုးခွဲစိတ်ခြင်း၊ သို့မဟုတ် နှာခေါင်းခွဲစိတ်ခြင်းက မျက်ဝန်းတဝိုက် ညိုမဲခြင်းကို ဖြစ်စေနိုင်ပါတယ်။တချို့ခေါင်းဒဏ်ရာတွေ( ဦးခေါင်းအခြေရှိ အရိုးကျိုးခြင်း)ဖြစ်တဲ့အခါ မျက်လုံးနှစ်ဖက်လုံး ညိုမဲစွဲပြီး ဝက်ဝံမျက်လုံးလို့ ခေါ်ကြပါတယ်။မျက်လုံးနားယောင်ယမ်းစေတဲ့တခြားအကြောင်းတွေကတော့ ဓါတ်မတည့်ခြင်း၊ အင်းစက်ကိုက်ခြင်း၊ ဆဲလ်တွေယောင်ယမ်းခြင်း၊ မျက်လုံးတဝိုက်ယောင်တဲ့ရောဂါ၊ သွားပိုးဝင်ခြင်းတို့ ဖြစ်ပါတယ်။ ဒါပေမယ့် ဒိအခြေအနေတွေက သင့်မျက်လုံးကို ညိုမဲယောင်ယမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။များသောအားဖြင့် ဆရာဝန်စမ်းသပ်ရုံဖြင့် လုံလောက်ပါတယ်။ဆရာဝန်က ဒဏ်ရာနဲ့ပတ်သတ်တဲ့ အချက်အလက်တွေကို ရှာဖွေပြီး ဆက်စပ်နေတဲ့ ဒဏ်ရာတွေနဲ့ လက္ခဏာတွေကို ရှာဖွေနိုင်ပါတယ်။စမ်းသပ်စစ်ဆေးမှုမှာ လူနာရဲ့အမြင်အာရုံကို စစ်ဆေးခြင်း၊ မျက်စိသူငယ်အိမ်ကို အလင်းနဲ့ ထိုးကြည့်ခြင်း၊ မျက်လုံးအတွင်း ဒဏ်ရာရ၊ မရကြည့်ခြင်း၊ မျက်လုံးရွေ့လျားမှုကို စစ်ဆေးခြင်း၊ မျက်လုံးနားက မျက်နှာအရိုးတွေ ကျိုး၊ မကျိုးစစ်ဆေးခြင်းတို့ ပါဝင်ပါတယ်။တွေ့ရှိချက်အပေါ်မူတည်ပြီး ဆရာဝန်က လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ပါလိမ့်မယ်။မျက်လုံးထဲကို ဆိုးဆေးထည့်ပြီး အထူးပြုလုပ်ထားတဲ့ အလင်းနဲ့ မျက်စိစုတ်ပြဲနေတာရှိ၊မရှိ၊ ပြင်ပပစ္စည်းတွေ ဝင်နေတာရှိ၊ မရှိ စစ်ဆေးနိုင်ပါတယ်။လူနာရဲ့ မျက်နှာမှာ ၊မျက်လုံးနားမှာ အရိုးကျိုးတယ်လို့ သံသယရှိရင် ဆရာဝန်က ကွန်ပြူတာဓါတ်မှန်၊ ဓါတ်မှန် ရိုက်ပါလိမ့်မယ်။ မျက်လုံးထဲတခုခုရှိတယ်လို့ထင်ရင် ဆရာဝန်က ဒီစစ်ဆေးမှုတွေကို လုပ်ပါလိမ့်မယ်။စိုးရိန်စရာရှိပါက ဆရာဝန်က သင့်တော်တဲ့အထူးကုဆီ လွှဲပေးပါလိမ့်မယ်။ဥပမာ- မျက်စိခွဲစိတ်အထူးကုဆရာဝန်ဆီ လွှဲပေးပါလိမ့်မယ်။ဆရာဝန်က ပုံမှန်အားဖြင့် အိမ်မှာကုသတဲ့နည်းကို ပေးပါလိမ့်မယ်။ ဥပမာ- ရေခဲကပ်ခြင်း၊ Acetaminophen( အကိုက်ခဲပျောက်ဆေး)။သမားတော်က ဒဏ်ရာပြင်းထန်တယ်လို့ သံသယရှိရင် သင့်တော်တဲ့အထူးကုဆီ လွှဲပေးပါလိမ့်မယ်။အနားယူပြီး ဒဏ်ရာကို ရေခဲကပ်ခြင်းက ယောင်ယမ်းနာကျင်မှုကို သက်သာစေပါတယ်။ရေခဲက အယောင်ကျစေပြီး သွေးကြောတွေ တည်ဆောက်တာကို အားပေးပြီး အရည်တွေစုတာကို လျှော့ချပေးပါတယ်။ အဲ့နေရာကို အေးခဲ ထုံကျဉ်စေပါတယ်။ရေခဲကို တနာရီခြားစီ တစ်ခါကပ်ရင်မိနစ် ၂၀ကြာ နဲ့ ပထမ ၂၄နာရီအတွင်း ကပ်ပေးရပါမယ်။ ဒဏ်ရာပေါ်ကို ရေခဲတိုက်ရိုက်မကပ်ပါနဲ့။ဒဏ်ရာကို အအေးလွန်တာကြောင့် ဖြစ်တဲ့ဒဏ်ရာမရစေရန် ရေခဲကို အဝတ်နဲ့ပတ်ခြင်း၊ အသင့်ထုတ်ထားတဲ့ ရေခဲအထုတ်ကပ်ခြင်းတို့ကို လုပ်ပေးနိုင်ပါတယ်။ အသီးအရွက်ခဲနေတာတွေထည့်ထားတဲ့ အိတ်ကို အဝတ်နဲ့ ပတ်ပီး သုံးပေးတာက အကောင်းဆုံးပါ။မျက်လုံးကဒဏ်ပျောက်တဲ့အထိ မပြင်းအထန်အားကစားလုပ်ခြင်း၊ ထိခိုက်ဒဏ်ရာရစေနိုင်တဲ့ အပြုအမူတွေကို ရှောင်ကြဉ်ပါ။အသားတွေကို မျက်လုံးညိုမဲနေတဲ့အပေါ် မတင်ပါနဲ့။ ဒဏ်ရာတွေနဲ့ စုတ်ယူနိုင်တဲ့အမြှေးပါးတွေအပေါ်တင်တာက အန္တရာယ်ဖြစ်စေနိုင်ပါတယ်။သာမန် ညိုမဲခြင်းအတွက် အပေါ်မှာပြထားတဲ့ အိမ်မှာကုသတဲ့နည်းကို သုံးပါ။ ရေခဲကပ်ခြင်း၊ အနာသက်သာတဲ့ဆေးတွေ၊ နှလုံးရောဂါအတွက် ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေသုံးပါ။ ဒါတွေက သွေးပိုထွက်စေနိုင်လို့ပါ။ အနားယူပါ။ ဒဏ်ရာရထားတဲ့ နေရာကို ထပ်မထိခိုက်အောင် ကာကွယ်ပါ။ဆိုးရွားတဲ့ မျက်စိထိခိုက်မှုအတွက် သင့်တော်တဲ့အထူးကုနဲ့ ပြသပါ။ဦးခေါင်းခွံနဲ့ ဦးနှောက်ထိခိုက်မှုအတွက် အာရုံကြောဆရာဝန်နှင့် ပြသပါ။မျက်လုံးဒဏ်ရာအတွက် မျက်စိအထူးကုနဲ့ ပြသပါ။မျက်နှာအရိုးကျိုးတာအတွက် နား၊နှာခေါင်း၊လည်ချောင်းဆရာဝန်နဲ့ ပြသပါ။မျက်နှာအရိုးကျိုးတာအတွက် မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်နှင့် ပြသပါ။မျက်နှာရှိကြီးမားတဲ့ ဒဏ်ရာတွေအတွက် ပလတ်စတစ်ဆာဂျင်နှင့် ပြသပါ။အောက်ပါနေထိုင်မှုပုံစံတွေနဲ့ အိမ်တွင်းကုထုံးတွေက မျက်လုံးတဝိုက်ညိုမဲခြင်းကို သက်သာစေပါတယ်။အိမ်မှာ ချော်လဲကျစေတဲ့နေရာတွေ၊ ခလုတ်ကန်သင်းတွေ၊ ပစ္စည်းတွေရှိ၊ မရှိ စစ်ဆေးပါ။ ဒါတွေက ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို ဒဏ်ရာရစေနိုင်ပါတယ်။အားကစားလုပ်ရင် သင့်တော်တဲ့ အကာအကွယ်တွေကို ဝတ်ဆင်ပါ။ မျက်ဝန်းတဝိုက်ညိုမဲတာကို ဖြစ်စေတဲ့ ဒဏ်ရာမရအောင်နေပါ။အလုပ်လုပ်တဲ့အချိန်နဲ့ အားကစားလုပ်ချိန်တွေမှာ မျက်စိကို မထိခိုက်အောင် မျက်မှန်နှင့် အကာအကွယ်များ တပ်ဆင်ပါ။ကားမောင်းချိန်တွင် ခါးပတ်ပတ်ပါ။ စက်ဘီး၊ ဆိုင်ကယ်စီးချိန်တွင် ဦးထုတ်ဆောင်းပါ။သင်မေးမြန်းလိုတာရှိပါက ဆရာဝန်နှင့် တိုင်ပင်ပြီး အကောင်းဆုံးအဖြေကို ရယူပါ။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-diseases/black-eyes-%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%81%80%e1%80%94%e1%80%b9%e1%80%b8%e1%80%95%e1%80%90%e1%80%b9%e1%80%9c%e1%80%8a%e1%80%b9-%e1%80%8a%e1%80%ad%e1%80%b3%e1%80%99%e1%80%b2%e1%80%85-2/
Skin Rash (အရေပြားအကွက်ထခြင်း)
Skin Rash (အရေပြားအကွက်ထခြင်း) အကြောင်းလေး ပြောပြပေးချင်ပါတယ်။အရေပြားအကွက်ထခြင်း ဆိုသည်မှာ အရေပြား အရောင်နှင့်ပုံစံ ပုံမှန်မဟုတ်ပဲ ပြောင်းလဲသွားခြင်းကို ဆိုလိုပါသည်။ အကွက်များမှာ များသောအားဖြင့် အရေပြားရောင်ခြင်းကြောင့်ဖြစ်ရပြီး ၎င်းတွင်းလည်း အကြောင်းရင်းအမျိုးမျိုးရှိ၏။အကွက်ထခြင်းအမျိုးမျိုးရှိပါသည်။ ၎င်းတို့မှာ-။ဒီရောဂါသည် အဖြစ်များ၏။ အမျိုးသားများထက် အမျိုးသမီးများတွင် ပိုအဖြစ်များ၏။ အသက်အရွယ် မရွေး ဖြစ်နိုင်သည်။ ရောဂါ ဖြစ်ပွားနိုင်သော အချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။အရေပြားအကွက်ထခြင်း ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ။အထက်တွင် ဖော်ပြထားသည့်အထဲမှာ မပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ် ဆိုပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။သင့်၌ အောက်ဖော်ပြပါ အချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့် ဆက်သွယ်သင့်သည်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။မိသားစုအတွင်း သို့မဟုတ် မိမိ၌ ဓါတ်မတည့်ခြင်း သို့မဟုတ် ပန်းနာရင်ကြပ်ရာဇဝင်ရှိလျှင် အကွက်ထနိုင်ချေ များ၏။ ထို့အတူ အပြင်တွင် အချိန်ကုန်ရသော လူများ၌လည်း အဆိပ်နွယ်၊ အဆိပ်ဝက်သစ်ချ၊ အဆိပ်ပင်များနှင့် ထိတွေ့မိခြင်း အင်းဆက်ကိုက်ခြင်းတို့ြုဖစ်တတ်သောကြောင့် ဖြစ်နိုင်ချေများပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အရေပြားအပြင်ဖက်အလွှာကိုကြည့်ရုံနှင့်အရေပြားအကွက်ထခြင်းကို သိရှိနိုင်သည်။ အရေပြားအထူးကုများသည် အကွက်ပုံစံ၊ ပြင်းအား၊ အရောင်၊ အရွယ်အစား၊ နာကျင်မှုရှိမရှိနှင့် အကွက်ပေါ်သော ခန္ဓါကိုယ်အစိတ်အပိုင်းများပေါ်မူတည်ကာ ခြုံငုံစဉ်းစားမည်ဖြစ်သည်။အကွက်ထခြင်းအများစုမှာ ပြင်းထန်လေ့မရှိပဲ အလိုလိုပျောက်၏။ လက္ခဏာများကိုသာ ကုသပြီးနောက် ရက်အနည်းငယ်ထိ အကွက်များပျောက်မပျောက် စောင့်ကြည့်ရမည်။ အကွက်ထခြင်းမှာ ဆိုးဝါးပြီး တခြားသောလက္ခဏာများပါပေါ်လာလျှင် သို့မဟုတ် မြန်မြန်ကြီးဆိုးဝါးလာလျှင် ဆရာဝန်နှင့်ပြပါ။ပါရာစီတမော့ သို့မဟုတ် အိုင်ဗျူပရိုဖန်တို့လို အလွယ်ဝယ်ယူနိုင်သည့်ဆေးများသည်လည်း အကွက်ထခြင်းကို သက်သာစေနိုင်ပါသည်။ ထိုဆေးများအားမသုံးခင် ဆရာဝန်နှင့်အရင်ဆွေးနွေးပါ။ ညွှန်ကြားသည့်အတိုင်း သောက်ပါ။ ကိုယ့်သဘောနှင့်ကိုယ် ရက်ရှည်သောက်တာမျိုးမလုပ်ပါနှင့်။ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာတတ်သည်။ ကျောက်ကပ်နှင့် အသည်းရောဂါရှိသူများ အစာအိမ်နာရှိသူများဆိုလျှင် ထိုဆေးများကို သုံးရန် မသင့်တော်ပါ။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကအရေပြားအကွက်ထခြင်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် အရေပြားအကွက်ထခြင်းကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/skin-rash-explained/
Esophageal Atresia (အစာရေမြို ပိတ်တယ် )
အစာရေမြို ပိတ်တယ်ဆိုတာ ဟာ ကိုယ်ဝန်ဆောင်စဉ်အတွင်း(ကြီးထွား၊ ဖွံ့ဖြိုးချိန်)မှာ အစာရေမြိုက ပိတ်သွားတာကို ဆိုလိုပါတယ်။ ပုံမှန်အားဖြင့် ပါးစပ်နဲ့ အစာအိမ်ကို ဆက်ထားပေးတဲ့ ပြွန်ဖြစ်သွားရမယ့်အစား အစာရေမြိုဟာ မဆက်ဘဲသက်သက်စီ အစိတ်အပိုင်းနှစ်ခု အဖြစ်ကွဲသွားပါတယ်။ အဲလိုအခြေအနေတွေဟာ ကိုယ်ဝန် လေးပတ်လောက်မှာ ဖြစ်လေ့ရှိပါတယ်။အစာရေမြို ပိတ်တဲ့ အမျိုးအစား ၅မျိုးလောက်ရှိပါတယ်။ အစာရေမြိုမှ ပုံမှန်သွယ်ဆက်လေ့မရှိသော နေရာနဲ့ ဆက်သွယ်ထားတဲ့ ပြွန်နဲ့ အတူ ဖြစ်နိုင်ပါတယ်။A အမျိုးအစား- အစာရေမြိုမှ ပုံမှန်သွယ်ဆက်လေ့မရှိသော နေရာနဲ့ ဆက်သွယ်ထားတဲ့ ပြွန် မဖြစ်ပေါ်ဘဲ အစာရေမြို ပိတ်ခြင်း။ (၁၀%)။B အမျိုးအစား- အပေါ်ဘက် အစာရေမြို အပိုင်းသို့ ပြန်ဆက်သွားတဲ့ ပြွန်ဖြစ်ပေါ်ပြီး အစာရေမြို ပိတ်ခြင်း။C အမျိုးအစား- အောက်ဘက် အစာရေမြို အပိုင်းသို့ ပြန်ဆက်သွားတဲ့ ပြွန်ဖြစ်ပေါ်ပြီး အစာရေမြို ပိတ်ခြင်း။D အမျိုးအစား- အစာရေမြို အပေါ်ဘက်ရော၊ အောက်ဘက်ရောသို့ ပြန်ဆက်သွားတဲ့ ပြွန်ဖြစ်ပေါ်ပြီး အစာရေမြို ပိတ်ခြင်း။E အမျိုးအစား- ပုံမမှန်သော ပြွန်ဖြစ်ပေါ်သော်လည်း အစာရေမြို ပိတ်ဆို့မှုမရှိခြင်း။( ၄%)။ဒီလိုအခြေအနေတွေဟာ မွေးကတည်းက နှလုံးပုံမမှန်ခြင်း၊ ကျောရိုးပုံမမှန်ခြင်း၊ စအိုပေါက်ပိတ်နေခြင်း၊ နှင့် ကျောက်ကပ် ချို့ယွင်းချက် စတဲ့ အခြား မွေးရာပါချို့ယွင်းချက်တွေနဲ့ အတူတူ ပါလာတတ်ပါတယ်။အစာရေမြို ပိတ်တဲ့ ပြသနာအမျိုးအစားတွေက အစာချေလမ်းကြောင်း မှာ အဖြစ်များတဲ့ ရောဂါတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပြီး အရှင်မွေးဖွားသူ အယောက်၃၅၀၀ မှာ ၁ယောက် ဖြစ်နိုင်ချေရှိပါတယ်။ ဒီရောဂါဟာ မိန်းကလေးတွေ ထက်စာရင် ယောက်ျားလေးတွေမှာ နှစ်ဆလောက်ပို ဖြစ်နိုင်ပါတယ်။ကလေးတွေမှာဆိုရင်တော့ အစာရေမြိုပိတ်တဲ့ရောဂါ လက္ခဏာတွေက အစာ ကျွေးခြင်း၊ ကလေး အသက်ရှုခြင်း စတာတွေနဲ့ ဆက်စပ်နေတက်ပါတယ်။နှာခေါင်း(သို့) ပါးစပ်မှ တံတွေး(သို့) အပြစ်အချွဲတွေ အလွန်အကျွံထွက်နေခြင်း။ချောင်းဆိုးခြင်း။နင်ခြင်း။အစာကျွေးရခက်ခဲခြင်း။ကြားနိုင်လောက်တဲ့ ငိုသံမဖြစ်ပေါ်ခြင်း။ငိုပြီးနောက်မှာ အသက်ရှုရခက်ခဲခြင်း။အစာရေမြိုအတွင်းသို့ အက်ဆစ်များ ပြန်တက်လာခြင်း။အရေပြားတွင် အပြာရောင်သမ်းနေခြင်း။အပေါ်မှာ ဖော်မပြထားတဲ့ ရောဂါ လက္ခဏာတွေ လည်းရှိနိုင်ပါတယ်။ ရောဂါ လက္ခဏာတစ်ခုခုနဲ့ပတ်သတ်ပြီး သိလိုပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင် ရပါမယ်။ဒီလိုရောဂါ အခြေအနေဟာကိုယ်ဝန်ဆောင်စဉ်မှာ ဖြစ်လာတာပါ။ ဒါ့ကြောင့် မမွေးခင်၊ ကိုယ်ဝန်ဆောင်ချိန် မှာ ပုံမမှန်တာတွေရှိ၊ မရှိ သိရှိရအောင် စစ်ဆေးတာတွေ လုပ်ဆောင်သင့်ပါတယ်။တကယ်လို့ ကလေးမှာ အထက်ပါ ရောဂါ လက္ခဏာတွေ ဖြစ်လာပြီဆိုရင် (သို့)သိလိုတဲ့ အချက်တွေရှိနေရင် တော့ ဆရာဝန်နဲ့ တွေ့ဆုံသင့်ပါတယ်။ လူတွေရဲ့ ခန္ဓါကိုယ်ဟာ တစ်ဦးနဲ့ တစ်ဦးတုံ့ပြန်မှုချင်း မတူပါဘူး။ ဒါကြောင့် သင့်အခြေအနေအတွက် ဘယ်ဟာက အကောင်းဆုံးလဲဆိုတာကို သေချာသိနိုင်ဖို့ ဆရာဝန်နဲ့ အမြဲတမ်းဆွေးနွေးတိုင်ပင်တာ အကောင်းဆုံးပါပဲ။အစာရေမြိုပိတ်တယ်ဆိုတာ ဟာ ကလေးလေးမမွေးခင်ကတည်းက ဖြစ်တဲ့( မွေးရာပါ ချို့ယွင်းချက်) ဖြစ်ပါတယ်။ ဒီရောဂါ ဖြစ်စေတဲ့ အခြားအကြောင်းအရာတွေ မရှိပေမယ့် ဖြစ်စေတဲ့ အကြောင်းအရာတွေထဲမှာ မျိုးရိုးဗီဇက တစ်စိတ်တစ်ပိုင်းလောက်ပါ ဝင်နေပါတယ်။မျိုးရိုးဗီဇ ပုံမမှန်ဖြစ်နေခြင်း က အစာရေမြိုကို မဖွံ့ဖြိုးအောင် တားနိုင်ပါတယ်။ အစာရေမြိုရဲ့ နံရံက လေပြွန်နားသို့ရောက်အောင် အရှေ့အောက်နားကို ဆွဲချခံရပါတယ်။ အဲဒီအခါမှာ အစာရေမြိုက ပုံမှန် ပါးစပ်နဲ့ ဆက်ရမယ့်အစား ပိတ်နေတဲ့ ပြွန်တစ်ခု ဖြစ်သွားရပါတယ်။ဒီရောဂါဟာ မိဘမှ ကလေးဆီသို့ ဖြန့်ဝေနေတယ်ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထားတော့မရှိပါဘူး။ ဒါပေမယ့် ဒီလိုရောဂါ ဖြစ်လာရမှုဟာ မျိုးရိုးဗီဇ နောက်ခံ အခြေအနေတွေကြောင့် ဖြစ်နိုင်တယ်ဆိုတဲ့ ဆေးပညာ ခန့်မှန်းချက်တွေတော့ရှိပါတယ်။ အစာရေမြိုပိတ်ခြင်းရဲ့ မျိုးရိုး ဗီဇ နဲ့ ပြန်ဖြစ်နိုင်ချေတွေကတော့။အစာရေမြို ပိတ်ခြင်းကို ပြန်လည်ပြုပြင် ကုသပြီး အသက်ရှင်သွားတဲ့ သူမှာ တူညီတဲ့ ရောဂါရှိတဲ့ သားသမီးမွေးဖွားခြင်းဖြစ်နိုင်ပါတယ်။မောင်နှမ အရင်းထဲတွင် အစာရေမြို ပိတ်ခြင်းမျိုး ဖြစ်ဖူးတာမျိုးတွေ့ရှိရနိုင်ပါတယ်။ မိသားစုတစ်ခုမှာ ကလေး ၃ယောက်အထိဖြစ်နိုင်ပါတယ်။ကလေးစောစော မွေးခြင်းကလည်း အစာရေမြို ပိတ်ခြင်းကို ပို ဖြစ်စေနိုင်တဲ့ အချက် တစ်ခုပဲဖြစ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ကိုယ်ဝန် ဒုတိယ သုံးလမရောက်ခင်အထိ အစာရေမြိုပိတ်ခြင်းရဲ့ ရောဂါ လက္ခဏာတွေက မထင်ရှားပါဘူး။ တစ်ချို့ အခြေအနေတွေမှာ ကလေးမွေးပြီး ၂၆ ရက်မှ ၄နှစ်လောက်မှ ရောဂါ အမည်သတ်မှတ်နိုင်တာမျိုးထိ ရောဂါ အမည်သတ်မှတ် တာနောက်ကျနိုင်ပါတယ်။ အာထရာဆောင်း၊ MRI ကဲ့သို့သော ကိုယ်ဝန်ဆောင်နေစဉ်အတွင်း စစ်ဆေးတဲ့ စစ်ဆေးချက်တွေကို ကလေးရဲ့ ပုံမမှန်ဖြစ်စဉ်တွေကို သိနိုင်ဖို့ အသုံးပြုပါတယ်။တကယ်လို့ ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာပဲ အစာရေမြိုပိတ်ခြင်းရှိနေကြောင်း သိရှိပါက ဆရာဝန်က သင့်ကို ကလေးလေး မွေးပြီးတဲ့ အချိန်ထိ စောင့်ဖို့ အကြံပေးနိုင်ပါတယ်။ အစာရေမြိုပိတ်တာကို တော်တော်ကြီး သံသယရှိတယ်ဆိုရင်တော့ ကလေးမွေးပြီးပြီးချင်း ချက်ချင်း ကုသမ၊စောင့်ရှောက်မှုပေးနိုင်အောင်လို့ tertiary care –centre မှာ မွေးဖို့ စဉ်းစားသင့်ပါတယ်။ကလေးလေးမွေးပြီးပြီဆိုရင်တော့ ဆရာဝန်နဲ့ မိခင် အနေနဲ့ ကလေးက နေ့စေ့၊လစေ့ ဟုတ်၊မဟုတ်၊ ကလေးရဲ့ အလေးချိန်၊ အဆုတ်ရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်း၊မကောင်း ကို ထည့်သွင်းစဉ်းစားဆွေးနွေး ပြီး သင့်ကလေးအတွက် ခွဲစိတ်ကုသသင့်၊ မသင့် ဆုံးဖြတ်နိုင်ပါတယ်။ တကယ်လို့ သင့်ကလေးမှာ ခွဲစိတ်ကုသပြီးရင် ပြန်ကောင်းလာနိုင်ဖို့ အခွင့်အလမ်းများတယ်ဆိုရင် ဆရာဝန်က ခွဲစိတ်ပြီး ကလေးရဲ့ အစာလမ်းကြောင်းကို ပြန်ဆက်ပေးနိုင်ပါတယ်။ ဒါပေမယ့် အစာရေမြို အစိတ်အပိုင်းတွေကြားက အကွာအဝေးက အရမ်းဝေးနေရင် ဒီ ခွဲစိတ်ပြီးဆက်တဲ့ နည်းလမ်းက အသုံးပြုဖို့ မဖြစ်နိုင်ပါဘူး။ကို ထိန်းချုပ်ပေးနိုင်မယ့် နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတွေနဲ့ အိမ်သုံးဆေးနည်းလမ်းတွေက ဘာတွေလဲ?။အောက်ပါ အချက်အလက်တွေက ကိုယ်ဝန်ဆောင် မိခင်ကို ကောင်းကောင်းမွန်မွန် ကလေးမွေးဖွားရာနိုင်ဖို့ အတွက် အထောက်အကူပြုနိုင်မှာပါ။မွေးပြီးပြီးချင်းမှာ ကလေးအတွက်ဖြစ်နိုင်တဲ့ ချို့ယွင်းချက်တွေ အတွက် ချက်ချင်း စစ်ဆေးရပါမယ်။VACTERL(vertebral, anal, cardiac, tracheal, esophageal, renal, limb) လို့ခေါ်တဲ့ sonographic စစ်ဆေးချက်မှာ ကျောရိုး၊ နှလုံး၊ ကျောက်ကပ်၊ အရိုး၊ နဲ့ ချက်ကြိုးနဲ့ပတ်သတ်တာတွေကို စစ်ဆေးပေးနိုင်ပါတယ်။ကလေးအတွက်နှလုံး ပုံမမှန်မှုတွေ ဖြစ်နိုင်ချေများရင် echocardiography ရိုက်ပြီး စစ်ဆေးမှုတွေလုပ်ဆောင်နိုင်ပါတယ်။ကလေးမမွေးခင် စောစောစီးစီး စစ်ဆေးပြီး ရောဂါ အမည်တပ်နိုင်ခြင်းက ဖြစ်နိုင်တဲ့ ချို့ယွင်းချက်တွေ အတွက် ဆွေးနွေးမှုတွေ၊ကြိုတင်ပြင်ဆင်မှုတွေ၊ ရှာဖွေ စစ်ဆေးမှုတွေ လုပ်ဆောင်နိုင်စေမှာပါ။သင့်မှာ မေးစရာမေးခွန်းတွေ ရှိနေပါက ဆရာဝန်နဲ့တွေ့ဆုံ ဆွေးနွေးပြီး သင့်အတွက် ပိုကောင်းမွန်တဲ့ အဖြေကိုရှာဖွေ နိုင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/esophageal-atresia-%e1%80%a1%e1%80%85%e1%80%ac%e1%80%9b%e1%80%b1%e1%80%99%e1%80%bc%e1%80%ad%e1%80%af-%e1%80%95%e1%80%ad%e1%80%90%e1%80%ba%e1%80%90%e1%80%9a%e1%80%ba/
ကလေးကို ဘယ်အချိန်မှာ ဆားစကျွေး မှာလဲ။
အားလုံးသိကြတာကဆားက ဟင်းတွေကို အရသာရှိအောင် လုပ်ပေးတဲ့ ဟင်းခတ်အမွှေးအကြိုင်ဆိုတာပါပဲ။ ဒါကြောင့် ဟင်းချက်တိုင်းမှာ ဆားက မပါမဖြစ်ပေါ့။ ဒါပေမယ့် ဒီဆားက အသက်တစ်နှစ်အောက် ကလေးတွေမှာတော့ စားဖို့ မသင့်တော်ဘူးဆိုတာ သိပါရဲ့လား။ မေမေတွေက တစ်ခါတစ်လေ သတိမထားမိဘဲ ကလေးစားမယ့် အစားအစာထဲကို ဆားထည့်ကျွေးမိတတ်ပါတယ်။ ဒါဟာ ကလေးအတွက် အန္တရာယ်များပါတယ်။ မေမေအများစုကလည်း ကလေးကို ဘယ်အချိန်မှာ ဆားစကျွေး ရမလဲဆိုတာ သေချာမသိကြပါဘူး။ ဒီနေ့ ဒီအကြောင်းလေးကို အသေးစိတ်ဆွေးနွေးကြည့်ရအောင်။ဘယ်အချိန်မှာ စကျွေးမှာလဲ ဆိုတာထက် ဘယ်အရွယ်မှာ မကျွေးရဘူးလဲလို့ ဖြေတာ ပိုရှင်းပါတယ်။ အသက်တစ်နှစ်အောက် ကလေးတွေကို ပြင်ပက ဆားတွေ လုံးဝမကျွေးပါနဲ့လို့ အကြံပေးချင်ပါတယ်။ ဒီလိုပြောရင် ကလေးက ဆားဓာတ်မလိုဘူးလားလို့ မေမေတွေက ပြန်မေးမှာပေါ့။ လိုတာပေါ့။ တစ်နှစ်အောက် ကလေးတွေလည်း ဆားဓာတ်လိုပါတယ်။ သူတို့လေးတွေက တစ်နေ့တာ လိုအပ်ချက်က တစ်နေ့လုံးနေမှ ၁ ဂရမ်တောင် မပြည့်ပါဘူး။ မြင်အောင်ပြောရင် လက်ဖက်စားဇွန်းရဲ့ ၅ပုံ ၁ပုံသာသာပဲ လိုပါတယ်။ဒီလိုအပ်ချက်ကလည်း ၆လအောက်အမေနို့စို့တဲ့ ကလေးဆိုရင် အမေနို့ကရတာနဲ့ လုံလောက်ပါတယ်။Infant formulaတိုက်တဲ့သူတိုလည်း နာမည်အတိုင်း ဖော်မြူလာနဲ့ ထည့်ထားတာ မို့လို့ မလိုတော့ပါဘူး။ တကယ်တော့ ဒီနို့စို့တဲ့ အရွယ်မှာ မေမေတွေကလည်း ဆားမကျွေးပါဘူး။ ပြဿနာကဖြည့်စွက်စာစကျွေးတဲ့အချိန်မှာပါ။၆လကျော်လို့ ဖြည့်စွက်စာ စကျွေးရော ထမင်းကို ဆီနဲ့ ဆားနဲ့ နယ်ကျွေးတယ်တို့၊ ဒီနေ့ အိမ်မှာ ချက်တဲ့ ကြက်သားကြော်လေးနဲ့ ကျွေးတယ်ဖြစ်ကုန်ရော။ ကလေးကို ဖြည့်စွက်စာကျွေးမယ်ဆို ကလေးအတွက် သက်သက်ပြင်ပြီး ချက်ကျွေးပါ။ အသက် တစ်နှစ် မပြည့်မချင်း လူကြီးစားတဲ့ထဲက မကျွေးရပါဘူး။ ခုနကပြောသလို လူကြီးဟင်းတွေမှာက ဆားပါတယ်လေ။ ဒီဆားတွေ ကလေးကို မစားစေချင်လို့ပါ။ဆားမပါတော့ ဟင်းတွေက ညှီမှာပေါ့လို့ တချို့မေမေတွေက စိုးရိမ်ကြပါတယ်။ လတ်လတ်ဆတ်ဆတ် ကျက်အောင် သေချာ ချက်ရင် မညှီပါဘူး။ နောက်ပြီး ဖြည့်စွက်စာ ကျွေးချိန်မှာ သူတို့လေးတွေရဲ့ ဆားလိုအပ်ချက်ကို သူတို့စားတဲ့ အသီးအနှံတွေ၊ အသား၊ ငါးတွေမှာပါတဲ့ ဆိုဒီယမ်ဓာတ်က ဖြည့်ဆည်းပေးတဲ့အတွက် မေမေတို့အနေနဲ့ ပြင်ပကဆားတွေ ထည့်ထပ်ပေးစရာ မလိုတော့ပါဘူး။နောက်တစ်ခုက မေမေတွေ သတိမထားမိဘဲ ကျွေးမိတာလေးတွေပါ။ ဖြည့်စွက်စာထမင်းမှာတော့ ဆားမထည့်ဘူး။ ဒါပေမယ့် ကလေးကို အပြင်က မုန့်တွေ ကျွေးမိမယ်။ ဥပမာ ဘီစကစ်တို့၊ အပြင်မှာ လုပ်ရောင်းတဲ့ အအေးတို့၊ ကလေးနေမကောင်းရင် ကျွေးမိတဲ့ အသင့်စားခေါက်ဆွဲခြောက်တို့။ ဒါတွေက ဆားပါဝင်မှု များတဲ့အတွက် မကျွေးမိဖို့ သတိထားရမှာပါ။တစ်နှစ်အောက် ကလေးတွေရဲ့ ကျောက်ကပ်က ကောင်းကောင်း အလုပ်မလုပ်နိုင်သေးပါဘူး။ သူ့ရဲ့ အလုပ်ဖြစ်တဲ့ ရေနဲ့ ဓာတ်ဆားတွေကို စွန့်ပစ်တဲ့အလုပ်ကို ကောင်းကောင်း မလုပ်နိုင်သေးတဲ့အတွက် ကိုယ်ထဲမှာ ဆားဓာတ်တွေ သိပ်များလွန်းရင်ကျောက်ကပ်ဝန်ပိပြီး ပျက်စီး တတ်ပါတယ်။နောက်တစ်ခုကအရသာ စွဲလမ်းတာပါ။ မေမေတို့ သိပါတယ်။ ၆လအရွယ် ဖြည့်စွက်စာ စားတဲ့ကလေးတွေက အရသာတွေကို မှတ်ထားတတ်တယ်ဆိုတာ။ ဒီအရွယ်မှာ ဆားတွေ ကျွေးမိမယ်ဆိုရင် ကလေးက နောက်ဆို ဆားမပါရင် မစားတော့ဘူး။ ဆားရဲ့ အရသာကို စွဲလမ်းလာပြီး အရသာ လေးလေးပင်ပင် မရှိရင် မစားတော့ပါဘူး။ တဖြည်းဖြည်း အကျင့်ပါလာပြီး ကြီးလာရင် အငန် အစားများပြီး အဝလွန်တာ၊ ငယ်ငယ်လေးနဲ့ သွေးတိုးတာ၊ နှလုံး ရောဂါတွေ ဖြစ်တတ်ပါတယ်။ဒီအရသာ မှတ်ထားတဲ့ ကိစ္စက ဘယ်လောက်ဆိုးသလဲဆို တချို့မေမေတွေ ပြောကြတယ်။ ကလေးက ငယ်ငယ်လေး ရှိသေးတာကို အိမ်က ထမင်းဟင်း မစားဘူး။ အပြင်စာပဲ စားနေတယ်ဆိုပြီးတော့လေ။ တကယ်တော့ မေမေတို့ အိမ်မှာ ဖြည့်စွက်စာ ကျွေးရင် ဆားမပါပေမယ့် ခုနကပြောသလို ဘီစကစ်တွေ၊ ကိတ်တွေ ကျွေးတဲ့အခါကျတော့ ကလေးက ဒီအရသာကို မှတ်ထားပြီး အိမ်က ကျွေးတာကို မစားတော့တာပါ။ဒါဆို တစ်နှစ်ကျော်သွားရင်ရော။တစ်နှစ်ကျော်သွားရင် ဆားစကျွေးလို့ရပါပြီ။ ဒါပေမယ့် ပမာဏ ကန့်ကတ်ချက်နဲ့ပါ။ တစ်ရက်ကို ဘယ်လောက်ကျွေးရမလဲဆိုတော့။ဒါကြောင့် အိမ်မှာ ဟင်းချက်ရင်လည်း ဆားကို သတိထားပြီး ထည့်ပါ။ အပြင်မှာ ရယ်ဒီမိတ် မုန့်တွေ၊ ဖျော်ရည်တွေ ဝယ်ရင်လည်း ဆားပမာဏ (ဒါမှ ဆိုဒီယမ် ပမာဏ)ကို ကြည့်ပြီးမှ ကလေးကို ကျွေးပါလို့ အကြံပြုချင်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/when-to-give-salt-to-babies/
null
null
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/%e1%80%a1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%80%e1%80%ad%e1%80%af%e1%80%9c/
Nearsighted (အဝေးမှုန်ခြင်းဆိုတာဘာလဲ)
အဝေးမှုန်ခြင်းသည် အဝေးမှအရာဝတ္ထုအားကောင်းမွန်စွာမမြင်နိုင်ခြင်းဖြစ်သည်။ သင့်တွင်အဝေးမှုန်ခြင်းရှိက အဝေးရှိအရာအားမြင်ရန်ခက်ခဲလိမ့်မည်။ဥပမာ အနည်းငယ်ကွာဝေးသောအဝေးပြေးလမ်းပြမှုများကိုမမြင်နိုင်ခြင်း။ဤအခြေအနေသည် ရုတ်ချည်းသို့မဟုတ် တဖြည်းဖြည်းချင်းဖြစ်တတ်သည်။ ကလေးငယ်နှင့် အရွယ်ရောက်ချိန်များတွင်ပို၍ဆိုးတတ်သည်။ဤရောဂါသည် အသက် ရှစ်နှစ်နှင့် ဆယ့်နှစ်နှစ်ကြားပိုဖြစ်တတ်သည်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အဝေးမှုန်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။ကလေးတွင်ဖြစ်တတ်သောအဝေးမှုန်၏လက္ခဏာများမှာ။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။အောက်ပါအခြေအနေများရှိပါကဆရာဝန်နှင့်ပြသပါ။အဝေးမှုန်သည် သင့်မျက်စံရှည်လွန်းခြင်း မျက်ကြည်လွှာကွေးလွန်းခြင်း တို့ကြောင့် ပုံရိပ်အားမျက်စိကြောပေါ်သို့မစုဆုံပေးနိုင်ခြင်းကြောင့်ဖြစ်သည်။ ပုံရိပ်အားမျက်စိကြောရှေ့တွင် စုဆုံစေပြီး ပုံရိပ်ဝါးခြင်းအားဖြစ်ပေါ်စေသည်။အဝေးမှုန် ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်အားစမ်းသက်မှုအများအပြားလုပ်လိမ့်မယ်။ ဆရာဝန်မှပစ္စည်းမျိုးစုံနှင့်စမ်းသက်လိမ့်မည်။ အလင်းဖြင့် မျက်လုံးအားကြည့်ခြင်း နှင့် မှန်ဘီလူးအမျိုးမျိုးအားဖြတ်ကျော်၍ကြည့်စေခြင်းများပြုလုပ်လိမ့်မည်။ အကောင်းမွန်ဆုံးနည်းလမ်းများ သင့်၏မျက်လုံးအဘက်ဘက်မှလေ့လာခြင်းဖြင့် အမြင်ကြည်လင်စေရန် မျက်မှန်သို့မဟုတ်မျက်ကပ်မှန် လိုအပ်သည်ကိုလေ့လာခြင်းဖြစ်သည်။မျက်မှန်သို့မဟုတ် ခွဲစိတ်မှုအကူအညီဖြင့် ပုံရိပ်အား မျက်စိကြောတွင်စုဆုံစေခြင်းဖြင့်ကုသနိုင်သည်။မျက်မှန်ဝတ်ဖို့ဆုံးဖြတ်ထားပါက မျက်ခွံလွှာ၏ကောက်ပုံကိုများစေခြင်း သို့မဟုတ် မျက်စံအလျားအားရှည်စေခြင်းလုပ်ပေးခြင်းဖြင့်ကူညီပါလိမ့်မည်။ မျက်မှန်အမျိုးအစားအမျိုးမျိုး ဥပမာ အဝေးအနီးပါပါသောမျက်မှန် စာဖတ်မျက်မှန် မျက်ကပ်မှန်များကိုမျက်စိတွင် တတ်ဆင်နိုင်သည်။အဝေးမှန်ခြင်းအတွက် မျက်စိအားမတပ်ဆင်လိုပါက ခွဲစိတ်ခြင်းကိုစဉ်းစားလိမ့်မည်။ ခွဲစိတ်လိုက်ခြင်းဖြင့် မျက်မှန်သို့မဟုတ် မျက်ကပ်မှန်အပါ်မူတည်နေရသောဒုက္ခအားသက်သာစေနိုင်သည်။ အသုံးများဆုံးနည်းလမ်းမှာ လေဆာဖြင့်မျက်ကြည်လွှာဖြတ်ထုတ်ခြင်း နှင့် လေဆာသို့မဟုတ် ကိရိယာအကူအညီဖြင့် မျက်ကြည်လွှာအားပုံသဏာန်ပြန်သွင်းခြင်းတို့ဖြစ်သည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကအဝေးမှုန်ကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့်အဝးမှုန်ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/vision-impairment-loss/nearsighted-%e1%80%a1%e1%80%b1%e1%81%80%e1%80%b8%e1%80%99%e1%80%bd%e1%80%b3%e1%80%94%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%ac%e1%80%98/
ခံတွင်းကျန်းမာရေးအတွက် တံထွေးက ဘာလုပ်ပေးသလဲ။
တံထွေးဆိုတာက ပါးစပ်ထဲမှာရှိတဲ့ ဂလင်း ပေါင်းများစွာကနေ ထုတ်လွှတ်လိုက်တဲ့ အရည်ကြည် တစ်မျိုးပါ။ တံထွေးမှာantibodiesနဲ့ အင်ဇိုင်းတွေ ပါဝင်နေပါတယ်။တံထွေးက ကျန်းမာတဲ့ ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုပါ။ များသောအားဖြင့်ကတော့ ရေနဲ့ ဖွဲ့စည်းထားတာပါ။ ဒါပေမယ့် တံထွေးကအစာခြေဖို့နဲ့ သွားတွေကို ခိုင်မာစေဖို့ လိုအပ်တဲ့ အရေးကြီးတဲ့ အရာတွေ ပါဝင်နေပါတယ်။တံထွေးက အရေးကြီးတယ်လို့ ပြောရတာက တံထွေးက။အစားတစ်ခုခုကို ဝါးတဲ့အခါ တံထွေးတွေက ပျော့သွားအောင် လုပ်ဆောင်ပေးပါတယ်။ ဒီလိုပါပဲ သကြားလုံးတွေကို ပျော်သွားစေဖို့လည်း တံထွေးကလုပ်ဆောင်ပေးတာပါ။တံထွေးကို ထုတ်လုပ်ပေးတဲ့ ဂလင်းတွေကို တံထွေးဂလင်းတွေလို့ ခေါ်ပြီး ပါးအတွင်းပိုင်းမှာ ရှိပါတယ်။ တစ်နေ့တာမှာ ခန္ဓာကိုယ်က တံထွေး ၂ ပိုင့် ကနေ ၄ ပိုင့်အထိ ထုတ်လုပ်ပါတယ်။ မွန်းလွဲပိုင်းလောက်မှာ တံထွေးထုတ်လုပ်မှု အများဆုံးဖြစ်ပြီး ညပိုင်းမှာ တံထွေး ထုတ်လုပ်မှု နည်းသွားပါတယ်။ခံတွင်းထဲမှာ တံထွေးရှိနေတာက ကျန်းမာတဲ့လက္ခဏာပါ။ တံထွေးနည်းနေတာ၊ လုံလောက်တဲ့ တံထွေးမရှိဘူးဆိုရင်။တံထွေးထွက်ရှိမှု ကောင်းပြီး  ခံတွင်းနဲ့ခန္ဓာကိုယ် ကျန်းမာစေဖို့ဆိုရင်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/other-oral-health-issues/saliva-and-your-mouth/
အဆစ်ရောင်နေသူတို့အတွက် အပြေးကျင့်ရန် နည်းလမ်းများ
အဆစ်ရောင်ဖူးပါသလား။ အရမ်းနာပါတယ်။ ဟုတ်တယ်နော်။ အဆစ်နေရာကနေ တဆစ်ဆစ်နဲ့နာနေပြီး လှုပ်လိုက်တာနဲ့ အသည်းခိုက်သွားတာမျိုး။ ဒီတော့ သင်လမ်းတောင် လျှောက်ချင်စိတ် မရှိနိုင်တော့ဘူး။ ဒါပေမယ့် မလျှောက်ပဲနေတာကရော ကောင်းလို့လား။ အချက်အလက်တွေအရ အဆစ်ရောင်အဖွဲ့အစည်းကြီးကနေ အဆစ်ရောင်သူတွေဟာ သင့်တော်တဲ့လေ့ကျင့်ခန်း အစီအစဉ်ဆွဲသင့်ကြောင်း ပြောထားပါတယ်။ပြေးတာက သင့်အဆစ်များရဲ့ကောင်းကျိုးအတွက် လုပ်သင့်တဲ့လေ့ကျင့်ခန်းတစ်မျိုးပါပဲ။ ဒါပေမယ့် ဘယ်လိုပြေးကြမှာလဲ။ ခြေထောက်သုံးလိုက်တိုင်း နာနေတဲ့ အဆစ်တွေကိုရော ဘယ်လိုလုပ်ကြမလဲ။ ရပါတယ်။ ဒါကိုကျော်လွှားနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ဆိုလိုတာက ကွန်ကရစ်လမ်းမှာပြေးတာမျိုးကို ရှောင်ခိုင်းတာပါ။ သင့်ခြေထောက်က နူးညံ့တဲ့မျက်နှာပြင်မှာပဲပြေးသင့်တယ်။ ဥပမာ မြက်ခင်း၊ ရွံ့ပျော့ပျော့မြေမျိုးပေါ့။ ကွန်ကရစ်က နိုင်လွန်ကတ္တရာထက် ၁၀ ဆ ပိုမာပါတယ်။ ဒါကြောင့် သင့်ခြေထောက်အတွက် အဆင်မပြေနိုင်ပါဘူး။ သင့်ဒူးတွေ အဆစ်တွေကို လာထိမယ့်အားက နာကျင်မှုကို အလွယ်တကူဖြစ်လာစေနိုင်ပါတယ်။ ဒီလိုဆို ပြေးမယ့်ဟာ ပြေးမရပဲဖြစ်သွားပါလိမ့်မယ်။သွေးပူအောင် အကြောလျော့တာမျိုးတာ အဆစ်ရောင်သူရော သာမန်လူအတွက်ပါ အများကြီး အကူအညီရပါတယ်။ အကြောလျော့တာက ပြေးဖို့အတွက် သင့်ခန္ဓါကိုယ်ကို အဆင်သင့် ဖြစ်စေပါတယ်။ အလုပ်လုပ်မယ့် ကြွက်သားတွေကို နွေးလာစေပြီး သွေးစီးဆင်းမှုကို ကောင်းစေပါတယ်။ မပြေးခင် ရေနွေးနွေးနဲ့ချိုးတာ အထူးသဖြင့် အပြင်မှာ အေးတဲ့အခါဆို တကယ်ကို ကောင်းမွန်တာပါ။ ဘာလို့ဆိုတော့ အေးတာနဲ့ အဆစ်ရောင်တာက ရန်ဖက်တွေဆိုတာ သိမှာပါ။နေစဉ်ပြေးတာကနေ Gym ကစားတာမျိုး အပြောင်းအလဲ လုပ်ပေးတာက ကြွက်သားတွေအတွက် ကောင်းပါတယ်။ ပြေးနှုန်းတိုးသည်နှင့်လိုက်ပြီး ဆောင်ရွက်နိုင်မယ့်ကြွက်သားတွေကို လေ့ကျင့်တာမျိုးလိုပါတယ်။ မလေ့ကျင့်ထားရင် အဲ့လိုပြေးတဲ့အခါ အဆစ်တွေကလိုက်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ပြေးလိုက် Gym ကစားလိုက်လုပ်တာက ကိုယ်ကိုသန်မာစေသည့်အပြင် အဆစ်နာခြင်းကိုလည်း တဖြည်းဖြည်း သက်သာစေပါတယ်။သင်လိုချင်သည့် အဟုန်ရောက်အောင် ပြေးတာမျိုးရှောင်ပါ။ သင့်ခန္ဓါကိုယ်ကို သင်နားထောင်ပါ။ မသက်မသာခံစားလာရတာနဲ့ ဖြည်းဖြည်းသာလုပ်ပါ။ တွန်းလုပ်တာက ပြန်ကောင်းဖို့ အချိန်အကြာကြီး ယူသွားရစေနိုင်ပါတယ်။ ဒါအပြင် ကြွက်သားတွေကိုပါ ရောင်ရမ်းစေပြီး ပိုနာနေပါလိမ့်မယ်။ သင်အလွန်အကျွံလုပ်မိနေသလား သိနိုင်ဖို့ စမ်းသပ်မှုအနည်းငယ် လုပ်ကြည့်နိုင်ပါတယ်။ စကားပြောနေရင်း လေကိုရှိုက်မရှုရရင်တော့ သင်လုပ်နေတာ ပုံမှန်ပါပဲ။ စကားတစ်ခုနဲ့တစ်ခုကြား ရှိုက်ရှုနေရရင်တော့ နည်းနည်းလောက်လျော့ပြီး ခဏအနားယူဖို့ လိုပါလိမ့်မယ်။ခက်ခဲနေတယ်ဆိုရင်တောင်မှ ပြေးတာကိုတစ်စိုက်မတ်မတ်လုပ်ပါ။ ပစ်လှဲပြီး ချိုတာတစ်ခုခုအိမ်ပြန်စားချင်နေတာမျိုး တစ်ခါတစ်ခါ ရှိလာပါလိမ့်မယ်။ ဒါပေမယ့် အရှုံးပေးလိုက်ရင် အခြေအနေပဲ ပိုဆိုးသွားမှာပါ။ သင့်အတွက်အဆင်ပြေစေမယ့် အချိန်ဇယားကိုဆွဲပါ။ သူငယ်ချင်းတစ်ချို့နဲ့ ပြေးတာကလဲ စိတ်အားထက်သန်စေနိုင်ပါတယ်။ အဆင်ပြေတဲ့ ပြေးခြင်းအစီအစဉ်ကို သေချာလိုက်လုပ်ပါ။ ပြီးမှ လိုအပ်လျှင် တဖြည်းဖြည်းချင်း တိုးလုပ်ပါ။ သင့်အဆစ်တွေရဲ့ ကျန်းမာရေးက သင်ဘယ်လိုသုံးလဲဆိုတာပေါ် မူတည်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။အဆစ်ရောင်တဲ့သူတွေ သိထားရမယ့် အချက်တွေ ရှိပါသေးတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ မနာမှ ဒါမှမဟုတ် နည်းနည်းလောက်နာရုံထိသာ လုပ်သင့်ပါတယ်။ တစ်ခုခုမှားသွားရင် ဆေးပညာအကူအညီရယူဖို့ မနှေးပါနဲ့။ အဆစ်တစ်ခုလုံး ပူထူနေတယ်လို့ ခံစားရရင် အချိန်တစ်ခုယူပြီး အေးအောင်လုပ်ပါ။ ထိုအခြေအနေမှာမှ တွန်းလုပ်နေရင်တော့ ကြာလာတာနဲ့ အန္တရာယ်ပဲ ပိုဖြစ်လာနိုင်ပါတယ်။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/%e1%80%a1%e1%80%86%e1%80%85%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%84%e1%80%b9%e1%80%b1%e1%80%94%e1%80%9e%e1%80%b0%e1%80%90%e1%80%ad%e1%80%af%e1%82%94%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9/
Antibiotic Associated Diarrhea (ပဋိဇီဝတို့နှင့် ဆက်စပ်နေတဲ့ ဝမ်းပျက်ခြင်းဆိုတာ ဘာလဲ)
Antibiotic associated diarrhea ဆိုတာကတော့ ပဋိဇီဝဆေး (ပိုးသတ်ဆေး)တွေ သောက်သုံးပြီး မကြာခင်မှာ တစ်ရက်ကို သုံးကြိမ်နဲ့အထက် ဝမ်းအရည်ချည်းသွားခြင်းကို ဆိုလိုတာပါ။အများအားဖြင့်တော့ ဒီအခြေအနေက မပြင်းထန်တတ်ဘဲ ကုသမှုလည်း မလိုအပ်ပါဘူး။ ဝမ်းပျက်ခြင်းဟာ ပဋိဇီဝဆေး မသောက်တော့တဲ့ ရက်အနည်းငယ်အတွင်း ရပ်တန့်သွားမှာပါ။ ပိုပြီးပြင်းထန်တဲ့ အခြေအနေတွေမှာတော့ ဆေးသောက်နေတာကို ရပ်ပစ်ဖို့ သို့မဟုတ် ဆေးပြောင်းသောက်ဖို့ လိုအပ်ပါလိမ့်မယ်။ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။ဝမ်းပျက်ခြင်း (ဝမ်းပျော့ခြင်း)။အူမကြီးလှုပ်ရှားမှု မကြာခဏပိုဖြစ်ခြင်း။ပဋိဇီဝတို့နှင့် ဆက်စပ်နေတဲ့ ဝမ်းပျက်ခြင်းဟာ ပဋိဇီဝဆေးတွေသောက်သုံးပြီး တစ်ပတ်အကြာမှာ ဖြစ်လာတတ်ပါတယ်။ တစ်ခါတစ်လေမှာတော့ ဝမ်းပျက်ခြင်းနဲ့ အခြားလက္ခဏာတွေဟာ ဆေးသောက်ပြီးတဲ့ ရက်တွေ ၊ ရက်သတ္တပတ်တွေ ကျော်လွန်သွားတာတောင် ပေါ်မလာတတ်တာမျိုးလည်း ရှိပါတယ်။ဗိုက်အောက်ပိုင်းနာခြင်း၊ အောင့်ခြင်း။မပြင်းထန်တဲ့အဖျားရှိခြင်း။အော့အန်ခြင်း။အစာစားချင်စိတ်မရှိခြင်း စတာတွေကို ဖြစ်စေတတ်ပါတယ်။ဘယ်လို ဝမ်းပျက်ခြင်းပဲဖြစ်ဖြစ် အဖြစ်အများဆုံးနောက်ဆက်တွဲပြဿနာကတော့ အရည်တွေ အလွန်အကျွံဆုံးရှုံးခြင်းနဲ့ ရေဓါတ်နည်းခြင်းပါပဲ။ ပြင်းထန်တဲ့ ရေဓါတ်ဆုံးရှုံးခြင်းဟာ အသက်အန္တရာယ်ကို ထိခိုက်နိုင်ပါတယ်။ လက္ခဏာတွေမှာတော့ ခံတွင်းအလွန်ခြောက်ခြင်း၊ ရေဆာလွန်းခြင်း၊ ဆီးအနည်းငယ်သာသွားခြင်း၊ သို့မဟုတ် ဆီးလုံးဝမသွားခြင်းနဲ့ အားနည်းခြင်း စတာတွေ ပါဝင်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဘာကြောင့်ဖြစ်ရတယ်ဆိုတာကိုတော့ အပြည့်အဝနားမလည်နိုင်သေးပါဘူး။ ပဋိဇီဝဆေးတွေက သင့်ရဲ့ အူလမ်းကြောင်းတစ်လျှောက်က ဘက်တီးရီးယား အကောင်းနဲ့ အဆိုးရဲ့ မျှချေကို ဖျက်ဆီးလိုက်တဲ့အချိန်မှာ ဖြစ်လာတယ်လို့သာ ယူဆကြပါတယ်။ပဋိဇီဝဆေးတွေအားလုံးဟာ ပဋိဇီဝတို့နှင့် ဆက်စပ်နေတဲ့ ဝမ်းပျက်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ အဖြစ်အများဆုံး ပဋိဇီဝဆေးတွေကတော့။ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဒီအခြေအနေကိုအတည်ပြုဖို့ဆိုရင် ဆရာဝန်က သင့်ရဲ့ ကျန်းမာရေးရာဇဝင်တွေ၊ ဆေးမှတ်တမ်းတွေနဲ့ လက်ရှိမှာရော ပဋိဇီဝကုသမှုခံယူနေရခြင်းရှိမရှိတွေ မေးနိုင်ပါတယ်။ကုသတဲ့ နေရာမှာတော့ သင့်ရဲ့ရောဂါလက္ခဏာအခြေအနေပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲနိုင်ပါတယ်။အပျော့စား အခြေအနေအတွက် ကုသခြင်း။ တကယ်လို့များ သင့်မှာ အပျော့စားဝမ်းပျက်ခြင်းသာဖြစ်ခဲ့မယ်ဆိုရင် ပဋိဇီဝဆေးသောက်သုံးရတဲ့ ရက်တွေ ကုန်ဆုံးပြီးတဲ့ ရက်အနည်းငယ်အတွင်းမှာ အလိုလို ရပ်သွားနိုင်ပါတယ်။ အချို့သော အခြေအနေတွေမှာတော့ ဝမ်းပျက်တာ ကောင်းသွားတဲ့ထိ ပဋိဇီဝသောက်သုံးခြင်းကို ရပ်ထားဖို့ ဆရာဝန်က အကြံပြုနိုင်ပါတယ်။အန္တရာယ်ပေးနိုင်တဲ့ ဘက်တီးရီးယားC. difficile ပိုးဝင်ခြင်းကို ကုသခြင်း။ ။ သင့်မှာ ဒီအခြေအနေရှိတယ်ဆိုရင်တော့ ဒီအခြေအနေကိုဖြစ်စေတဲ့ ဘက်တီးရီးယားကို သတ်နိုင်ဖို့ ဆရာဝန်က ပဋိဇီဝဆေးအချို့ကို ညွှန်းပေးပါလိမ့်မယ်။ ဒီလို ပိုူးဝင်တဲ့အခြေအနေဆိုရင် ဝမ်းပျက်တဲ့ လက္ခဏာတွေ ပြန်ဖြစ်လာနိုင်ပြီး မကြာခဏ ကုသမှုခံယူရပါလိမ့်မယ်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကပဋိဇီဝတို့နှင့် ဆက်စပ်နေတဲ့ ဝမ်းပျက်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့်ပဋိဇီဝတို့နှင့် ဆက်စပ်နေတဲ့ ဝမ်းပျက်ခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။ရေကို လုံလောက်အောင်သောက်ပါ။ ဝမ်းပျက်ခြင်းကြောင့်ဖြစ်ရတဲ့ ရေဓါတ်အနည်းငယ်ဆုံးရှုံးမှုကို ကာမိဖို့ ရေပိုသောက်ပါ။ ပိုပြီးပြင်းထန်ခဲ့ရင် ရေ၊သကြားနဲ့ ဆားပါတဲ့ ပျော်ရည်ကိုသောက်ပါ။ ရေဓါတ်ပြည့်နေတဲ့ အသီးဖျော်သောက်ပါ။ သကြားပါဝင်နှုန်းမြင့်မားတဲ့ ဖျော်ရည် သို့မဟုတ် အရက်၊ ကဖိန်းပါဝင်တဲ့ ဖျော်ရည်တွေကို ရှောင်ပါ။ ဥပမာ ကော်ဖီ၊ လက်ဖက်ရည်နဲ့ ကိုလာလိုအရာတွေက သင့်ရဲ့လက္ခဏာတွေကို ပိုဆိုးစေပါတယ်။ မွေးကင်းစနဲ့ ကလေးတွေဝမ်းပျက်ရင်တော့ ဓါတ်ဆားသောက်နိုင်ဖို့ ဆရာဝန်ကိုမေးပါ။နူးညံ့ပြီး အစာချေရလွယ်မယ့် အစာပျော့ပျော့တွေကို ရွေးချယ်ပါ။ ဒီမှာတော့ ပန်းသီးဆော့စ်၊ ငှက်ပျောသီးနဲ့ ဆန်တို့ ပါဝင်ပါတယ်။ ပဲ၊ အခွံမာသီးနဲ့ အသီးအနှံတွေလို အမျှင်ဓါတ်မြင့်မားစွာ ပါဝင်တဲ့ အရာတွေကို ရှောင်ပါ။ သင့်ရဲ့လက္ခဏာတွေ ပြန်လည်ကောင်းမွန်သွားပြီဆိုရင်တော့ ပုံမှန်ပြန်စားလို့ရပါပြီ။Probiotics တွေ သောက်ပါ။ acidophilus တို့လို Microorganisms တွေဟာ ဘက်တီးရီးယားကောင်းတွေကို ပိုတိုးလာစေခြင်းအားဖြင့် အူလမ်းကြောင်းကို ပြန်လည် ညီညွတ်မျှတစေပြီး ကျန်းမာစေပါတယ်။ Probiotics တွေကိုတော့ ဆေးတောင့်ပုံ သို့မဟုတ် အရည်ပုံနဲ့ရနိုင်ပြီး အချို့သော ဒိန်ချဉ်တွေမှာလည်း ပါဝင်နိုင်ပါတယ်။ လေ့လာမှုတွေကတော့ ဒီလို အခြေအနေမျိုးအတွက် Probiotics တွေက ကူညီပေးနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ ဘယ်လိုဘက်တီးရီးယားတွေက အကူအညီဖြစ်စေတာလဲဆိုတာနဲ့ ဘာတွေကို လိုအပ်တာလဲဆိုတာကို သိနိုင်ဖို့အတွက် လေ့လာမှုတွေ လိုအပ်ပါဦးမယ်။ဝမ်းပိတ်ဆေးကို စုံစမ်းကြည့်ပါ။ အချို့သော မပြင်းထန်တဲ့ ပဋိဇီဝတို့နှင့် ဆက်စပ်နေတဲ့ ဝမ်းပျက်ခြင်းတွေမှာ ဆရာဝန်က loperamide (Imodium A-D) တို့လို ဝမ်းပိတ်ဆေးမျိုးတွေ ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဝမ်းပိတ်ဆေးတွေမသောက်ခင် ဒီဆေးတွေက သင့်ရဲ့ခန္ဓါကိုယ်က အဆိပ်တွေကို ဖယ်ရှားရာမှာ အနှောက်အယှက်ဖြစ်နိုင်သလားဆိုတာနဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာတွေဖြစ်နိုင်သလားဆိုတာ ဆရာဝန်တွေနဲ့ အရင်တိုင်ပင်ပါ။ပဋိဇီဝတို့နှင့် ဆက်စပ်နေတဲ့ ဝမ်းပျက်ခြင်းကို ကာကွယ်နိုင်ဖို့။လိုအပ်ချိန်မှသာ ပဋိဇီဝဆေးတွေကို သုံးစွဲပါ။ ဆရာဝန်တွေက လိုအပ်တယ်လို့ မထင်မချင်း မသုံးပါနဲ့။ ပဋိဇီဝဆေးတွေက ဘက်တီးရီးယားပိုးဝင်ခြင်းတွေကို ကုသပေးနိုင်ပေမယ့် ဗိုင်းရပ်စ်အတွက်တော့ အသုံးမဝင်ပါဘူး။ ဥပမာ အအေးမိတာတို့ တုပ်ကွေးတို့လိုပေါ့။ပြုစုသူတွေကို လက်ဆေးဖို့ ပြောပါ။ သင့်ကိုဆေးရုံတင်ထားရတယ်ဆိုရင် သင့်ကို မထိခင်မှာ အယ်လ်ကိုဟောလ်ကို အခြေခံထားတဲ့ ရေမလိုလက်ဆေးဆပ်ပြာတွေ သုံးဖို့ပဲဖြစဖြစ်၊ လက်ဆေးဖို့ဖြစ်ဖြစ် လူတိုင်းကို တောင်းဆိုပါ။တကယ်လို့ သင့်မှာ အရင်ကလည်း ဒီလိုအခြေအနေမျိုးဖြစ်ခဲ့ဖူးတယ်ဆို ဆရာဝန်ကိုကြိုပြောပါ။ တစ်ခါဖြစ်ဖူးခဲ့ရင် ဒီအခြေအနေဟာ ထပ်ပြီးပြန်ပေါ်လာနိုင်ဖို့ အခွင့်အလမ်းတွေများပါတယ်။ သင့်ဆရာဝန်က သင့်အတွက် အခြားသော ပဋိဇီဝဆေးတွေကို ရွေးချယ်ပေးပါလိမ့်မယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/diarrhea-digestive-health/antibiotic-associated-diarrhea-%e1%80%95%e1%80%8b%e1%80%ad%e1%80%87%e1%80%ae%e1%80%9d%e1%80%90%e1%80%ad%e1%80%af%e1%82%94%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%86%e1%80%80%e1%80%b9/
ရင်သားကင်ဆာကုသပြီးနောက် ကျန်းမာစွာစားသောက်ရန်အစီအစဉ်
သင့်ကျန်းမာရေး အခြေအနေတွေဟာ ဘယ်လိုပဲ ဖြစ်နေပါစေ အစာစားဖို့ဟာ အမြဲအရေးကြီးပါတယ်။ ရင်သားကင်ဆာ ရှိနေပြီးပြီဆိုရင် ကျန်းမာစွာ စားသောက်ခြင်းဟာ သင့်ကို အားအင် ပြည့်စေခြင်း၊ နေကောင်းစေခြင်းနဲ့ ပုံမှန်ဘဝကို ပိုမို မြန်ဆန်စွာ ပြန်ရောက်နိုင်ခြင်းတွေအတွက် ကူညီပေးပါတယ်။ ဒီ ဆောင်းပါးမှာတော့ စားသောက်မှုပုံစံအကြောင်းကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ကောင်းကောင်းတော့ စားချင်ပါရဲ့၊ တစ်ခါတလေမှာ သင်ဟာ ပင်ပန်းလွန်းတာမျိုး (သို့) ကျန်းမာတဲ့ အစာတွေကို ပြင်ဆင်ဖို့ အချိန်ကြာလွန်းတာမျိုး (သို့) ကိုယ်တိုင်ဟင်း မချက်နိုင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ကျန်းမာတဲ့ အစားအသောက်တွေဟာ အသီးအရွက်တွေ ပါဝင်ပြီး လူအချို့အတွက်ကတော့ အသီးအရွက်တွေဟာ စားချင်စဖွယ် ဖြစ်မနေပါဘူး။ အသင့်စား အစားအသောက်တွေဟာ ပိုမို လွယ်ကူပြီး စားလို့ ပိုကောင်းနေပါတယ်။ ကြက်ကြော်၊ အာလူးကြော်တွေဟာ လူအချို့ရဲ့ အကြိုက်ဆုံး အစားအသောက်တွေ ဖြစ်ပါတယ်။ ဒါကြောင့် အောက်ဖေါ်ပြပါ နည်းတွေကို စဉ်းစားကြည့်ပါ။• ပြင်ဆင်စရာ အချိန် အနည်းငယ်သာလို (သို့) အချိန်မလိုတဲ့ အစားအစာတွေကို သိမ်းထားသင့်ပါတယ်။ ချက်ထားတဲ့ အစာတွေကိုလည်း စားချင်တဲ့ အချိန် စားနိုင်အောင် သိမ်းထားနိုင်ပါတယ်။ ဒီအစားအသောက်တွေကိုလည်း ချက်ထားပြီး ခဲထားနိုင်ပါတယ်။ ဒါဆို စားချင်တဲ့အခါမှာ အပူပေးရုံပဲ ဖြစ်ပါတယ်။• ကျန်းမာတဲ့ အစာတွေကို ရေခဲသေတ္တာ၊ ကြောင်အိမ်နဲ့ ရေခဲတဲ့ နေရာတွေထဲမှာ ထည့်ထားသင့်ပါတယ်။ သင်ဖျားနေတဲ့အခါမှာ ဒီအစားအသောက်တွေကို စားနိုင်ပါတယ်။ အသင့်စားအစားအသောက်တွေ၊ အချိုရည်တွေနဲ့ အသင့်စားခေါက်ဆွဲ တွေကို မသိမ်းဆည်းသင့်ပါဘူး။• အာဟာရဆိုင်ရာ ကျွမ်းကျင်ပညာရှင်ကို ကျန်းမာတဲ့ အစားအသောက်ပုံစံ စီစဉ် ခိုင်းသင့်ပြီး သူငယ်ချင်း၊ မိသားစုတွေကို သင့်အတွက် ချက်ခိုင်းသင့်ပါတယ်။ အကူအညီလိုအပ်ရင် ရှာဖို့ မရှက်ရွံ့သင့်ပါဘူး။သင့်ကျန်းမာရေးအတွက် ဘယ်အစားအစာတွေက ကောင်းလဲဆိုတာ သင်သိချင်မှ သိပါလိမ့်မယ်။ ဒီအခါမျိုးမှာ ဆရာဝန် (သို့) ဆရာမကို မေးမြန်းသင့်ပါတယ်။ သူတို့ဟာ ပညာရှင်တွေ မဟုတ်ပေမယ့် အာဟာရဆိုင်ရာ ကျွမ်းကျင်သူတွေကို ညွှန်းနိုင်ပါတယ်။ ဒီလူတွေဟာ သင့်ကျန်းမာရေးအတွက် ကျန်းမာစွာ စားသောက်တဲ့ပုံစံကို သင်ကိုယ်တိုင် တည်ဆောက်ခိုင်းမှာဖြစ်ပါတယ်။ သူတို့ဟာ ကျန်းမာတဲ့ အစာတွေ၊ အချိုရည်တွေကို ရွေးချယ်ဖို့ကူညီပေးပြီး အစားအသောက်ထဲမှာ ဘယ်လိုပေါင်းစပ်စားရမလဲဆိုတာပါ ပြောပြမှာ ဖြစ်ပါတယ်။ဆရာဝန်နဲ့ တွေ့ဆုံစဉ်မှာ မေးချင်တဲ့ မေးခွန်းတွေကို စာရင်းပြုစု ထားသင့်ပါတယ်။ သင်အရမ်းကြိုက်တဲ့ အစားအစာတွေ ရှိပြီး ဒီအစာတွေကို ဆက်စားနေချင်တယ်ဆိုရင် ဆရာဝန်ကို ဒီအစာတွေအကြောင်း မေးမြန်းသင့်ပါတယ်။ အခြားလူနာတွေဆီကလည်း အသုံးဝင်တဲ့ အချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။သင့်မှာ ကိုယ်ဝန် ရှိနေခဲ့ရင် (သို့) အခြားကျန်းမာရေး ပြဿနာတွေ ရှိနေခဲ့ရင် ရိုးရိုးသားသား သင့်ဆရာဝန် (သို့) အာဟာရဆိုင်ရာ ကျွမ်းကျင်သူကို ပြောပြသင့်ပါတယ်။ သူတို့ဟာ ကျန်းမာစွာ စားသောက်ဖို့ အကြံဉာဏ်တွေ ပေးပါလိမ့်မယ်။အချို့ကိစ္စတွေမှာ ရင်သားကင်ဆာ ကုသမှုဟာ ကိုယ်ခံအားနည်းစေပြီး ရောဂါပိုးဝင်မှုကို ပိုမို ဖြစ်စေပါတယ်။ ဒါကြောင့် သင်စားတဲ့ အစားအစာတွေနဲ့ ပတ်သက်ပြီး ဂရုစိုက်သင့်ပါတယ်။• သင်အစာစားလို့ပြီးသွားရင် စားကြွင်းစားကျန်တွေကို ရေခဲသေတ္တာထဲမှာ ထည့်ထားသင့်ပါတယ်။ ရေခဲသေတ္တာဟာ ဒီအစားအစာတွေရဲ့ ပုပ်သိုးနှုန်းကို ကျဆင်းစေပါတယ်။ အချို့အစားအစာတွေ အတွက်ဆိုရင်တော့ အကြွင်းအကျန်တွေကို လွှင့်ပစ်လိုက်ပါ။ ကိုယ်စားချင်သလောက်ကိုပဲ ထည့်စားခြင်းဟာ အကောင်းဆုံး ဖြစ်ပါတယ်။• ဟင်းသီးဟင်းရွက်တွေ မစားခင်မှာ အပြင်က ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေကို ပွတ်တိုက်ဆေးကြောသင့်ပါတယ်။ အပြင်က အခွံကို စားဖို့မသေချာရင် အခွံနွှာပစ်သင့်ပါတယ်။ အသီးတွေကို သေချာ မဆေးကြောမိတာမျိုး ဖြစ်နိုင်ပါတယ်။ အသီးတွေရဲ့ ဇစ်မြစ်ကို မသိရင် မစားတာ အကောင်းဆုံးပါပဲ။• လက်၊ ဓါးနဲ့ အစာစားဖို့ ပြင်ဆင်စဉ် အသုံးပြုတဲ့ အရာအားလုံးကို ဆေးကြောသင့်ပါတယ်။• အသားစိမ်းတွေ လှီးဖို့ ဓါးနဲ့ စဉ်းနီတုံးတွေကို တစ်ခု အသုံးပြုပြီး အသီးအရွက်စိမ်းတွေအတွက် တစ်ခု၊ ကျက်ပြီးတဲ့ အစားအသောက်တွေအတွက် တစ်ခု အသုံးပြုသင့်ပါတယ်။• ငါးနဲ့ အသားတွေကို ရေခဲသေတ္တာထဲမှာ သိုလှောင်ထားသင့်ပါတယ်။ အခန်း အပူချိန်မှာ မထားသင့်ပါဘူး။• အစာကို သေချာစွာ ချက်ပြုတ်သင့်ပါတယ်။ အသားတွေဟာ အထဲမှာ ပန်းရောင်တွေ မရှိနေသင့်ပါဘူး။ ဒါကြောင့် ပန်းရောင် အမဲသားတုံးတွေကို မစားသင့်ပါဘူး။ ကြက်ဥကိုလည်း မကျက်ရင် မစားသင့်ပါဘူး။ ဒီအစားအစာတွေဟာ သင်အကြိုက်ဆုံး အစားအစာတွေ ဖြစ်နိုင်ပေမယ့် သူတို့ကို သေချာစွာ ပိုးသတ်ထားခြင်း မရှိပါဘူး။• ကမာကောင် အစိမ်းတွေနဲ့ ဆူရှီးတွေကို မစားသင့်ပါဘူး။• သက်တမ်း ကုန်ဆုံးရက်ကို ကျော်နေတဲ့ အစားအသောက်တွေကို မစားသင့်ပါဘူး။• မှိုတက်နေတဲ့ အစားအသောက်တွေကိုလည်း မစားသင့်ပါဘူး။ သင့်ရဲ့ ကိုယ်ခံအားစနစ်ဟာ သင့်အခြေအနေအတွက် မသင့်လျော်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။အထူးပြုလုပ်ထားတဲ့ အစားအသောက်နဲ့ ဖြည့်စွက်စာတွေကရော ဘယ်လိုနေလဲ။ရင်သားကင်ဆာလူနာအချို့က အထူးအစားအသောက်တွေနဲ့ ဖြည့်စွက်စာတွေဟာ ကင်ဆာရောဂါကို တိုက်ဖျက်ပေးပြီး ပြန်ဖြစ်ခြင်းကို ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီ အထူးပြုလုပ်ထားတဲ့ အစားအသောက်တွေ၊ ဖြည့်စွက်စာတွေက အကျိုးရှိတယ်ဆိုတဲ့ သက်သေမရှိသေးပါဘူး။ သူတို့ဟာ သင့်ကုသမှုရဲ့ အစွမ်းထက်မှုကိုတောင် ထိခိုက်နိုင်ပါသေးတယ်။ဒါကြောင့် အထူးပြုလုပ်ထားတဲ့ အစားအစာတွေ၊ ဗီတာမင်တွေ၊ ဖြည့်စွက်စာတွေကို စဉ်းစားနေရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဆရာဝန်က သင့်ကို သင့်လျော်တဲ့ အကြံဉာဏ်တွေ ပေးနိုင်ပါတယ်။ရင်သားကင်ဆာ ကုသမှု အပြီးမှာ သင့်မှာ ဆိုးကျိုးတွေ ရှိနေနိုင်ပါတယ်။ ကျန်းမာတဲ့ အစားအသောက်တွေကို စားသင့်ပါတယ်။ သင်ကောင်းကောင်းစားရင် ရောဂါကို တိုက်ထုတ်နိုင်ပြီးတော့ သင့်ဘဝအတွက်လည်း ပိုမိုလွယ်ကူလာပါလိမ့်မယ်။ ဟင်းတွေ ချက်မစားနိုင်ရင်တော့ အခြားသူတွေကို အကူအညီ တောင်းသင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/%e1%80%9b%e1%80%84%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac%e1%80%80%e1%80%af%e1%80%9e%e1%80%95%e1%80%bc%e1%80%ae%e1%80%b8%e1%80%94%e1%80%b1%e1%80%ac%e1%80%80/
Pruritus (အရေပြားယားယံခြင်း)
Pruritus (အရေပြားယားယံခြင်း) ဆိုတဲ့ အကြောင်းလေးကို လေ့လာလိုက်ရအောင်နော်။အရေပြားယားယံခြင်းသည် အရေပြားတွင် မသက်မသာနှင့် ကျိန်းစပ်သောခံစားမှုကြောင့် ကုတ်ဖဲ့နေလိုသည့် အခြေအနေကို ဆိုလိုပါသည်။ ၎င်းသည် အပိန့်ထခြင်း သို့မဟုတ် တခြားသော အခြေအနေများဖြစ်သော psoriasis နှင့် အရေပြားရောင်ခြင်းတို့ကြောင့် ဖြစ်နိုင်ပါသည်။ အသည်းရောဂါ သို့မဟုတ် ကျောက်ကပ်အလုပ် မလုပ်နိုင်ခြင်းတို့ဖြစ်နေပါကလည်း အရေပြားယားယံခြင်းဖြစ်ပွားနိုင်၏။ အရေပြားယားယံခြင်း၏ အကြောင်းရင်းအားဆုံးဖြတ်ရန် သာမာန်ယားခြင်း သို့မဟုတ် အနီကွက်ထခြင်း၊ ကြမ်းတမ်းသော အဖုများထခြင်း၊ ရေကြည်ဖုများရှိမရှိ စသည်တို့အား ကြည့်ရမည်ဖြစ်သည်။ဒီရောဂါသည် အဖြစ်များ၏။ ၎င်းသည် အရေပြားရောဂါများဖြစ်သော Xerosis, atopic dermatitis, အင်ပြင်၊ psoriasis, arthropod assault, mastocytosis, dermatitis herpetiformis, သို့မဟုတ် pemphigoid များ ဖြစ်လာနိုင်ပါသည်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါသည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။အရေပြားယားယံခြင်း ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ။တစ်ခါတစ်ရံတွင် ယားယံခြင်းသည် ကြာရှည်ပြီး ပြင်းထန်တတ်ပါသည်။ ယားသည့်နေရာကို ကုတ်ဖဲ့ပါက ပိုပြီးယားလာတတ်ပါသည်။ ယားလေလေ ကုတ်လေလေ ဖြစ်လာပါမည်။ ထိုအယားအကုတ်သံသရာအား ဖြတ်ရန်လည်း အလွန်ခက်၏။ သို့သော် ဆက်ကုတ်နေလျှင်လည်း အရေပြားကိုထိခိုက်စေပြီး ပိုးဝင်စေနိုင်ပါသည်။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။သင့်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် အရေပြားအထူးကုဆရာဝန်နှင့် ဆက်သွယ်သင့်သည်။ အကယ်၍ ယားခြင်းသည်။အရေပြားယားယံခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အရေပြားယားယံခြင်းအား ဆရာဝန်မှ ရောဂါရာဇဝင်မေးခြင်းနှင့် စမ်းသပ်ခြင်းဖြင့် အတည်ပြုပါလိမ့်မည်။ ဆရာဝန်မှ အောက်ခံရောဂါတစ်ခုအား သံသယရှိလျှင် အောက်ပါစစ်ဆေးမှုများအား လုပ်ခိုင်းပါလိမ့်မည်။အရေပြားယားယံခြင်းအား ကုသရန်အတွက် ကော်တီကိုစတီးရွိက်များကို ဆရာဝန်မှ ပေးပါလိမ့်မည်။ ထိုဆေးများအား ဖြစ်သည့်နေရာတွင် လိမ်းပြီးနောက် ပွယောင်းသည့် ဝါဂွမ်းအထည်များကို ရေစွတ်ပြီ သို့မဟုတ် တခြားအရည်များစိမ်ပြီး ဖုံးအုပ်ရပါမည်။ အဝတ်မှအစိုဓါတ်ကြောင့် အရေပြားသည် လိမ်းဆေးကို ကောင်းကောင်းစုပ်ယူနိုင်ပါလိမ့်မည်။tacrolimus နှင့် pimecrolimus လိုဆေးများသည် calcineurin inhibitors များဖြစ်ပြီး တစ်ချို့ဖြစ်ရပ်များတွင် ပေးလေ့ရှိကြ၏။ အထူးသဖြင့် ယားယံမှုမဆိုးဝါးလျှင်ပေးသည်။အရေပြားယားယံခြင်းသက်သာစေရန်အတွက် ဆရာဝန်မှ antihistamine ဆေးများကိုလည်း ပေးနိုင်ပါသည်။ ဤဆေးအုပ်စုမှဆေးများ – cetirizine နှင့် loratadine တို့သည် အိပ်ငိုက်ခြင်းကို မဖြစ်စေပါ။ဘာမီတွန်လို ဆေးများကတော့ အိပ်ငိုက်စေနိုင်ပါသည်။ ယားယံမှုကြောင့် အိပ်မရဖြစ်နေပါက ဘာမီတွန်လိုဆေးများက အသင့်တော်ဆုံးဖြစ်ပါလိမ့်မည်။ထို့အပြင် အရေပြားယားယံခြင်းကိုဖြစ်စေသော အောက်ခံရောဂါကိုလည်း ဆရာဝန်မှ ကုသပါလိမ့်မည်။ အတွင်းရောဂါတစ်ခုခုကို တွေ့ရပြီးနောက် ၎င်းကိုကုသပါမှ ယားယံမှုသက်သာမည်ဖြစ်သည်။ တခြားအယားပျောက်စေသည့်နည်းလမ်းများကိုလည်း အသုံးပြုရန် ညွှန်ထားပါသည်။အလင်းကုထုံးသည် အရေပြားအား အလင်းလှိုင်းမြင့်သော ခရမ်းလွန်ရောင်ခြည်လှိုင်းများနှင့် ထိတွေ့ခြင်းသည်လည်း အရေပြားယားယံမှုကို သက်သာစေပါသည်။ ရောဂါအား ထိန်းချုပ်နိုင်ရန် ရောင်ခြည်ပြခြင်းအား ခဏခဏလုပ်ရန်လိုအပ်ပါသည်။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် အရေပြားယားယံခြင်း ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/pruritus-explained/
၂၀၂၀ခုနှစ်ပုံမှန် ကာကွယ်ဆေးထိုး ၊ ဆေးတိုက်ခြင်း အစီအစဉ်
၂၀၂၀ခုနှစ်အတွက် ကာကွယ်ဆေးထိုး ၊ ဆေးတိုက်အစီအစဉ်အသစ်ထွက်ရှိလာပြီ။ အရင်နှစ်တွေနဲ့ မတူဘဲ ထပ်တိုးလာတာ ၂မျိုးရှိပါတယ်။ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးနဲ့သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးပါ။ ဒီနှစ်အတွက် ကာကွယ်ဆေးအစီအစဉ်ကို အသက်အလိုက် ပြန်ရှင်းပြပေးပါ့မယ်။(၁) ဘီစီဂျီ (BCG)။ပြင်းထန်တီဘီနဲ့ ဦးနှောက်အမြှးရောင်တီဘီကို ကာကွယ်ပေးနိုင်ပါတယ်။ ဘယ်ဖက်လက်မောင်းမှာထိုးပါတယ်။ ဘီစီဂျီကာကွယ်ဆေးကို မွေးစတွင် မထိုးနှံပါက အသက်(၂)လ မတိုင်မီတွင်လည်းကောင်း၊ အသက်(၂)လတွင် အခြားကာကွယ်ဆေးများနှင့် အတူလည်းကောင်း ထိုးနှံရပါမယ်။(ဒီနေရာမှာ ပြောချင်တာက ဘီစီဂျီက ပြင်းထန်တီဘီနဲ့ ဦးနှောက်အမြှးရောင်တီဘီကိုပဲ ကာကွယ်ပေးတာပါ။ ဒီဆေးထိုးလိုက်တာနဲ့ တီဘီလုံးဝမဖြစ်တာမဟုတ်ပါဘူး။)။(၂)အသည်းရောင်အသားဝါ(ဘီ)။ဘီပိုးကြောင့်ဖြစ်တဲ့ အသည်းရောင်အသားဝါရောဂါကို ကာကွယ်ပေးပါတယ်။ ပေါင်မှာထိုးပါတယ်။ သူကလည်းဘီပိုးကြောင့်ဖြစ်တဲ့ အသည်းရောင်အသားဝါရောဂါကိုပဲ ကာကွယ်ပေးတာပါ။ တခြားအကြောင်းကြောင့်ဖြစ်တဲ့ အသည်းရောင်အသားဝါရောဂါ (အသည်းရောင်အသားဝါအေပိုး၊စီပိုး)ကို မကာကွယ်ပေးပါဘူး။(၁) ဘီစီဂျီ။မွေးစမှာ မထိုးရသေးရင်ပြန်ထိုးပါ။(၂)ပိုလီယိုအစက်ချ(ပထမ)။ပိုလီယိုအကြောသေရောဂါကိုကာကွယ်ပေးပါတယ်။ အစက်ချဆေးအမျိုးအစားဖြစ်ပါတယ်။(၃) ရိုတာဗိုင်းရပ်စ်အစက်ချ (ပထမ)။ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်ပေးပါတယ်။ ဒီနှစ်မှ ထပ်ဖြည့်လိုက်တာပါ။ အစက်ချဆေး အမျိုးအစားဖြစ်ပါတယ်။ တခြားအကြောင်းကြောင့် (ဥပမာ ရေမသန့်၊ လက်မသန့်လို့)ဖြစ်တဲ့ ဝမ်းလျှောရောဂါကို မကာကွယ်ပေးပါဘူး။(၄) ပီစီဗီ (PCV) (ပထမ)။ပြင်းထန်အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ထိုးဆေးအမျိုးအစားဖြစ်ပါတယ်။(၅) ငါးမျိုးစပ်ကာကွယ်ဆေး (ပထမ)။ဆုံဆို့၊ကြက်ညှာ၊မေးခိုင်၊ အသည်းရောင်အသားဝါဘီနဲ့ ဦးနှောက်အမြှေးရောင်ဆိုပြီး ၅မျိုးပါဝင်ပါတယ်။ ဦးနှောက်အမြှေးရောင်အတွက် ကာကွယ်ဆေး (Hib vaccine)က Haemophilus influenzaeကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကိုပါ ထပ်ဆောင်းကာကွယ်ပေးပါတယ်။(၁) ပိုလီယိုအစက်ချ (ဒုတိယ)။(၂) ရိုတာဗိုင်းရပ်စ်အစက်ချ (ဒုတိယ)။(၃) ပီစီဗီ (PCV) (ဒုတိယ)။(၄)ပိုလီယိုထိုးဆေး။ပိုလီယိုအကြောသေရောဂါကိုကာကွယ်ပေးပါတယ်။ တစ်ကမ္ဘာလုံးဆိုင်ရာ ပိုလီယိုကင်းစင်ပပျောက်ရေးအတွက် ရည်ရွယ်ပြီးထည့်ထားတာပါ။ ထိုးဆေးအမျိုးအစားဖြစ်ပါတယ်။(၅) ငါးမျိုးစပ်ကာကွယ်ဆေး (ဒုတိယ)။(၁)ပိုလီယိုအစက်ချ(တတိယ)။(၂) ပီစီဗီ (PCV) (တတိယ)။(၃)ငါးမျိုးစပ်ကာကွယ်ဆေး (တတိယ)။(၁) ဝက်သက်-ဂျိုက်သိုး (ပထမ)။ဝက်သက်ရောဂါနဲ့ဂျိုက်သိုးရောဂါကို ကာကွယ်ပေးပါတယ်။ ထိုးဆေးအမျိုးအစားဖြစ်ပါတယ်။(၂) ဂျပန်ဦးနှောက်ရောင်။ခြင်ကိုက်ရာကနေ ကူးတဲ့ဂျပန်ဦးနှောက်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ထိုးဆေးအမျိုးအစားဖြစ်ပါတယ်။(၁) ဝက်သက်-ဂျိုက်သိုး (ဒုတိယ)။(၂) ငါးမျိုးစပ်ကာကွယ်ဆေး (စတုတ္ထ)။(၁)သားအိမ်ခေါင်းကင်ဆာ (ပထမ)။ဒီနှစ်မှ အသစ်ထပ်တိုးလိုက်တဲ့ ကာကွယ်ဆေးပါ။ အပျိုဖော်ဝင်စ အမျိုးသမီးတွေအတွက်ပါ။ သားအိမ်ခေါင်းကင်ဆာကို ကာကွယ်ပေးပါတယ်။ ထိုးဆေးအမျိုးအစားပါ။(၁)သားအိမ်ခေါင်းကင်ဆာ(ဒုတိယ)။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/vaccines/epi-program-2020/
သွားနဲ့ ခံတွင်း ကျန်းမာနေတယ်ဆိုတဲ့ လက္ခဏာ (၇) ရပ်
ခံတွင်းဆိုတာ လူ့ကျန်းမာရေးရဲ့ အဓိကအကျဆုံး နေရာလို့ ဆိုကြတယ်။ ခန္ဓာကိုယ်အတွက် အားဖြစ်စေမယ့် အစာအာဟာရအားလုံးဟာ ခံတွင်းကနေတဆင့် ကိုယ်တွင်းကို ဝင်ကြရတယ်မဟုတ်လား။ဒီတော့ ခံတွင်းမကျန်းမာတဲ့အခါ အစားအသောက်ပါ တစ်ခါတည်းပျက်ရပါတယ်။ ဒါမှမဟုတ် ဆာနေလျက်နဲ့ မစားရတာမျိုးလည်းဖြစ်တတ်ပါသေးတယ်။ဒီလိုအရေးကြီးလှတော့ မိမိရဲ့ သွားနဲ့ ခံတွင်း ကျန်းမာရေးဟာ လူတိုင်းအတွက် အထူးအရေးပါနေတော့တာပေါ့။ လူတစ်ယောက်အနေနဲ့ မိမိရဲ့ ခံတွင်း ကျန်းမာလား မကျန်းမာလားဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုရင် တစ်ချက်ကတော့ အားနည်းနေတဲ့၊ ချို့ယွင်းနေတဲ့ နေရာကို ကုစားဖို့ဖြစ်ပြီးတော့ နောက်တစ်ချက်ကတော့ ကျန်းမာနေတယ်ဆိုရင် ဂုဏ်ယူဖို့အတွက်ပါပဲ။ လူအများစုဟာ သွားနဲ့ ခံတွင်းဆိုင်ရာ ပြဿနာ တစ်စုံတစ်ရာအမြဲရှိနေတတ်တာမို့ တကယ်လို့ ကိုယ်ကကျန်းမာနေတယ်ဆိုရင် အရမ်းကို ဂုဏ်ယူဖို့ ကောင်းနေပြီလေ။အထက်ပါအချက်တွေနဲ့သာ ကိုက်ညီနေမယ်ဆိုရင် သင်ဟာ ဂုဏ်ယူစရာကောင်းလောက်အောင်ကို သွားနဲ့ ခံတွင်း ကျန်းမာနေသူတစ်ယောက်ဖြစ်ပါတယ်။ ဒီကျန်းမာခြင်းလာဘ်ကြီးကို ဆက်ပြီး ထိန်းသိမ်းထားပါနော်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/gum-mouth-diseases/signs-of-healthy-teeth-and-gums/
အီစထရိုဂျင်တုံ့ပြန် receptor များ ရှိသော ရင်သားကင်ဆာ (ER ရင်သားကင်ဆာ)
Estrogen ကို တုန့်ပြန်တဲ့ ဆဲလ်တွေ ပွားလာစေတဲ့ receptors တွေ ရှိတဲ့ကင်ဆာကို ER breast Cancer လို့ ခေါ်ပါတယ်။ ကင်ဆာအမျိုးအစားတွေနဲ့ ဘယ်ကို ကုသနိုင်လဲဆိုတာ လေ့လာကြည့်ကြရအောင်။အခုမှ ရင်သားကင်ဆာဖြစ်သူတွေဟာ ရင်သားကင်ဆာဟာ တစ်မျိုးတည်းမဟုတ်ပဲ အမျိုးအစား အများကြီးရှိတယ်ဆိုတာ သိရင် အံ့သြကြမှာပါ။ မတူညီတဲ့ ရင်သားကင်ဆာ အမျိုးအစားတွေအကြောင်းကို လေ့လာသင်ယူခြင်းဟာ ကုသမှုအမျိုးအစားတွေ၊ ကုသမှု တိုးတက်ခြင်းတွေကို နားလည်ဖို့ ကူညီပေးနိုင်ပါတယ်။ ရင်သားကင်ဆာ အမျိုးအစား တစ်မျိုးစီဟာ အခြားအမျိုးအစားတွေနဲ့ မတူညီပဲ တစ်ပုံစံစီ ပြုမူကြတာကြောင့် ကုသမှု အမျိုးမျိုးကို လိုအပ်ပါတယ်။အကျိတ်ကို ကိုယ်ခန္ဓါက ဖယ်ရှားပြီး အသားစ ယူပြီးတဲ့အခါမှာ ရောဂါရှာဖွေတဲ့ ဆရာဝန်တွေဟာ ကင်ဆာ အမျိုးအစားတွေကို စစ်ဆေးပေးမှာ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေကို Pathology report ထဲမှာ ထည့်သွင်း ရေးသားမှာ ဖြစ်ပါတယ်။ သင့်ဆရာဝန်ကို သင့်ရောဂါအချက်အလက်တွေထဲမှာ pathology report ကို ကော်ပီကူးပြီး ထည့်ထားဖို့ တောင်းဆိုနိုင်ပါတယ်။ ဒီ report ပေါ်မှာ တွေ့ရမယ့် အတွေ့ရများတဲ့ ရင်သားကင်ဆာကတော့ ER-positive ပဲ ဖြစ်ပါတယ်။ER+ ရင်သားကင်ဆာဆိုတာ အမျိုးသမီးတွေရဲ့ ရင်သားအကျိတ်ဟာ estrogen ကို တုန့်ပြန်တဲ့ receptor တွေ ပါတဲ့ ကင်ဆာကို ဆိုလိုခြင်းဖြစ်ပါတယ်။ Estrogen ဟာ သဘာဝအတိုင်း ကိုယ်ခန္ဓါက ထုတ်လုပ်တဲ့ ဟော်မုန်းဖြစ်ပါတယ်။ ER+ ကင်ဆာ ပြန်ဖြစ်တာကို ကာကွယ်ဖို့အတွက် Estrogen တွေ ဒီဆဲလ်တွေဆီရောက်တာကို တားမြစ်ပေးဖို့ လိုအပ်ပါတယ်။ရင်သားကင်ဆာ သုံးခုမှာ နှစ်ခုဟာ ဟော်မုန်းပေါ်ကို မှီခိုမှု ရှိပါတယ်။ ER+ ကင်ဆာတွေဟာ PR+ ဖြစ်ပြီး သူတို့ဟာ ဟော်မုန်း progesterone ကို တုန့်ပြန်ပြီး ကြီးထွားကြပါတယ်။ ဒါဟာ အမြဲပြဿနာတော့ မဟုတ်သေးပါဘူး။လေ့လာမှုတွေအရ ER+ ကင်ဆာတွေဟာ ရင်သားကင်ဆာတွေထဲမှာ တိုးတက်မှု အကောင်းဆုံးဖြစ်ပြီး ကုသမှုကိုလည်း ကောင်းကောင်း တုန့်ပြန်ကြပါတယ်။ ဒါပေမယ့် ရင်သားကင်ဆာ အကုန်ကတော့ ကုသမှုပြီးချိန်မှာ ပြန်ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ER+ ကင်ဆာတွေကို ကုသမှု ပြီးချိန်မှာ ကင်ဆာပြန်ဖြစ်တာကို ကာကွယ်ဖို့ ဆေးပေးကြခြင်းပဲ ဖြစ်ပါတယ်။ကုသမှုတွေဟာ အခြားရင်သားကင်ဆာ အမျိုးအစားတွေနဲ့ အနည်းနဲ့အများ တူညီပါတယ်။ ခွဲစိတ်ကုသခြင်း (ရင်သားတစ်ခုလုံး ထုတ်ခြင်းနဲ့ တစ်စိတ်တစ်ပိုင်း ထုတ်ခြင်း) တွေကို ပြုလုပ်မှာ ဖြစ်ပါတယ်။ လိုအပ်ရင် ကင်ဆာဆေးသွင်းကုသခြင်းနဲ့ ဓါတ်ရောင်ခြည်နဲ့ ကုသခြင်းတွေကိုပါ ခွဲစိတ်မှုပြီးရင် ပြုလုပ်မှာ ဖြစ်ပါတယ်။အကျိတ်ကို ဖယ်ရှားပေးပြီး အခြားကုသမှုတွေ ပြည့်စုံသွားရင် ကင်ဆာပြန်ဖြစ်ခြင်းကို ကာကွယ်ဖို့ anti-hormonal ဆေးကို ပေးနိုင်ပါတယ်။ ဒီဆေးတွေကို အိမ်မှာ သောက်သင့်ပါတယ်။ ဆေးတွေကို ငါးနှစ်သောက်သင့်ပါတယ်။ The Lancet ထဲမှာ ထုတ်ဝေခဲ့တဲ့ လေ့လာမှု တစ်ခုက ဆေးတွေကို ကင်ဆာပြန်ဖြစ်ခြင်းကို ကာကွယ်ဖို့ ၁၀ နှစ်သောက်သင့်တယ်လို့ ဆိုပါတယ်။Anti-estrogen ဆေး နှစ်မျိုးရှိပါတယ်။ တစ်မျိုးစီက မတူညီစွာ အလုပ်လုပ်ကြပါတယ်။ တစ်မျိုးက ရင်သားကင်ဆာဆဲလ်တွေပေါ်မှာ ရှိတဲ့ estrogen receptor တွေကို လှုံ့ဆော်ပေးပြီး နောက်တစ်မျိုးကတော့ ကိုယ်ခန္ဓါက estrogen ထုတ်ခြင်းကို တားမြစ်ပေးပါတယ်။Tamoxifen။Tamoxifen ကို ရင်သားကင်ဆာဆဲလ်တွေပေါ်က estrogen receptors တွေကို ပိတ်ဖို့ သွေးမဆုံးသေးတဲ့ အမျိုးသမီးတွေမှာ အသုံးပြုပါတယ်။ ဒီဆေးဟာ ပုံမှန်အားဖြင့်တော့ စိတ်ချရပြီး အသုံးပြုနေတာ နှစ်၃၀ ကျော်ရှိပြီ ဖြစ်ပါတယ်။ အဖြစ်များတဲ့ ဆိုးကျိုးတွေကတော့ စိတ်ပြောင်းလဲမှုများ၊ အရိုးနာကျင်ခြင်း၊ မိန်းမကိုယ်ခြောက်သွေ့ခြင်းနဲ့ ရှိန်းတိန်းဖိန်းတိန်းဖြစ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ သူဟာ သားအိမ်ကို ထူစေပြီးတော့ ရှားရှားပါးပါး သားအိမ်ကင်ဆာနဲ့ သွေးခဲခြင်းကို ဖြစ်စေပါတယ်။ ဒီဆေးသောက်နေမယ်ဆိုရင် ဆရာဝန်နဲ့ ပုံမှန်ပြသသင့်ပြီး ပုံမှန်မဟုတ်နဲ့ လက္ခဏာတွေ ဖြစ်ခဲ့မယ်ဆိုရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။Aromatase inhibitors။နောက်ဆေးတစ်မျိုးကတော့ Aromatase inhibitors ဖြစ်ပြီး သူ့ကို သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေမှာ ပေးကြပါတယ်။ သူတို့ဟာ Estrogen ထုတ်လုပ်မှုကို ရာသက်ပန် ရပ်တန့်ပေးတဲ့ ဆေးတွေဖြစ်ပါတယ်။ အသုံးအများဆုံး ဆေးတွေကတော့ letrozole (Femara), anastrozole (Arimidex), and exemestane (Aromasin) ပဲ စြဖ်ပါတယ်။ ဒီဆေးတွေဟာ အရိုး၊ အဆစ်နာကျင်ခြင်းကို ဖြစ်စေပေမယ့် သွေးခဲခြင်းနဲ့ သားအိမ်နံရံထူခြင်းတွေကိုတော့ မဖြစ်စေပါဘူး။Ovarian Oblation။ER+ ရင်သားကင်ဆာ တွေရဲ့ ကုသမှု နောက်တစ်မျိုးကတော့ Ovarian Oblation ပဲဖြစ်ပါတယ်။ ဒါဆို ဆေးတွေဖြစ်တဲ့ Leuprorelin (Lupron) ၊ ဓါတ်ရောင်ခြည်၊ ခွဲစိတ်မှုတွေနဲ့ ပြုလုပ်လို့ ရပါတယ်။ ဒီခွဲစိတ်မှုကို oophorectomy လို့ခေါ်ပြီး သားဥအိမ်ကို ထုတ်ခြင်း ပါဝင်ပါတယ်။ oophorectomy ဟာ ပြင်းထန်တဲ့ ခွဲစိတ်မှု တစ်ခု ဖြစ်ပြီးတော့ အမျိုးသမီး တစ်ယောက်ရဲ့ ဘဝမှာ သိသာတဲ့ ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေတာကြောင့် သေချာ စဉ်းစားသင့်ပါတယ်။Ovarian Oblation ဟာ ပြန့်နေတဲ့ ရင်သားကင်ဆာတွေကို ကုသဖို့နဲ့ BRCA gene ရှိတဲ့ လူနာတွေကို ကုသဖို့ အသုံးပြုပါတယ်။ ဒီလုပ်ငန်းစဉ်ကို ကင်ဆာ အဆင့်နိမ့်တဲ့ လူနာတွေမှာ အသုံးပြုဖို့ လေ့လာနေဆဲဖြစ်ပါတယ်။Estrogen blockers and metastatic cancer။Estrogen blockers တွေဟာ ပြန့်နေတဲ့ ER+ ကင်ဆာတွေကို ထိန်းချုပ်ဖို့ အလွန် အစွမ်းထက်ပါတယ်။ အချို့သူတွေက သူတို့ဟာ ဆေးကုသမှုအတွက် ကြီးမားတဲ့ သေနတ်တွေ မဟုတ်ဘူးလို့ ယုံကြည်ကြပေမယ့် သူတို့ဟာ ကင်ဆာဆဲလ်တွေကို ပိတ်ပင်တဲ့နေရာမှာ ဆေးသွင်းကုသမှုလိုမျိုးပဲ အစွမ်းထက်ကြပါတယ်။ ဒီ blockers တွေဟာ ဆေးသွင်း ကုသမှုထက်ပိုပြီး ဆိုးကျိုးနည်းပါးပြီးတော့ ကင်ဆာ ပြန်ဖြစ်ခြင်း (သို့) ပြန့်နှံ့ခြင်းကို ထိန်းချုပ်ဖို့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/%e1%80%a1%e1%80%ae%e1%80%85%e1%80%91%e1%80%9b%e1%80%af%e1%80%ad%e1%80%82%e1%80%ba%e1%80%84%e1%80%b9%e1%80%90%e1%80%af%e1%80%b6%e1%82%94%e1%80%bb%e1%80%95%e1%80%94%e1%80%b9-receptor-%e1%80%99%e1%80%ba/
Impetigo (အနာစက်)
အနာစက်ဆိုသည်မှာ အလွန်ကူးစက်လွယ်သော အရေပြားကူးစက်ရောဂါတစ်ခုဖြစ်ပြီး အရေပြားတွင် နာကျင်သောအနာများကို ဖြစ်စေပါသည်။ အနာများသည့် အနီရောင်ရှိပြီး နေရာအနှံ့ပေါက်နိုင်၏။ တစ်ချို့ဖြစ်ရပ်များတွင် နှာခေါင်း၊ ပါးစပ်၊ လက်နှင့် ခြေတွင် အဖြစ်များ၏။ အနာကွဲသည့်အခါတွင် အရည်များစိမ့်ထွက်တတ်ပြီး အဝါရောင်ချပ်ပြားများ ဖြစ်လာနိုင်ပါသည်။အနာစက်ရောဂါသည် ကလေးများတွင် အဖြစ်များသော အရေပြားကူးစက်ရောဂါဖြစ်ပြီး အထူးသဖြင့် ၂-၅ နှစ်အတွက်းကလေးများတွင် အဖြစ်များ၏။ လူကြီးများတွင်ဖြစ်ခဲသည်။ များသောအားဖြင့် တခြားသော အရေပြားလက္ခဏာ သို့မဟုတ် ကူးစက်ရောဂါတို့နှင့် တွဲလာတတ်ပြီး အမျိုးသားများတွင် အဖြစ်များသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။အနာစက် ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဘက်တီးရီးယားသည် အနာစက်ဖြစ်ရသည့် အကြောင်းရင်းတစ်ခုဖြစ်၏။ ကူးစက်ခံထားရသောလူမှ ပေါက်နေသောအရည်ကြည်ဖုများ အနာများနှင့် ထိတွေမိလျှင် ဘက်တီးရီးယားပိုး အလွယ်တကူ ကူးစက်နိုင်သည်။အနာစက်ကိုဖြစ်စေသည့် အဓိက ဘက်တီးရီးယားပိုး နှစ်မျိုးမှာ bacteria-strep (streptococcus) နှင့် staph (staphylococcus) တို့ဖြစ်သည်။ သင့်အရေပြား ပေါက်ပြဲဒဏ်ရာရသည့်အခါ၊ ညှင်းခူ၊ အဆိပ်ဆူး၊ အင်းဆက်ကိုက်ရာ၊ အပူလောင်၊ ပြတ်ရှခြင်းတို့မှဖြစ်သော မျက်စေ့နှင့် မမြင်ရလောက်အောင်သာသေးငယ်သည့် အရေပြားပွန်းပဲ့ရာဖြစ်ပါစေ ဘက်တီးရီးယားပိုး ဝင်နိုင်ပါသည်။အအေးမိ၊ ဓါတ်မတည့်မှု တစ်ခုခုကြောင့် နှားစေးသည့်အခါ နှာခေါင်းအောက်အရေပြား နှာပူလောင်ရာမှ အနာစက်များ ကလေးများတွင် ဖြစ်လာနိုင်၏။ တစ်ချို့ဖြစ်ရပ်များတွင် ဒီတိုင်းကျန်းမာနေသည့် အရေပြားတွင်တောင် အနာစက်ပေါက်လာနိုင်ပါသည်။အနာစက် ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သိသာထင်ရှားသည့် အနာပုံစံကိုကြည့်ခြင်းဖြင့် ဆရာဝန်မှ ရောဂါအတည်ပြုမည်ဖြစ်သည်။ သက်သာမလာသည့်အခြေအနေတွင်တော့ အနာများမှထွက်သော အရည်နမူနာကိုယူကာ ဘယ်လိုပဋိဇီဝဆေးက အာနိသင်ရှိကြောင်း စမ်းသပ်နိုင်ပါသည်။ အနာစက်ကိုဖြစ်စေသော တစ်ချို့ဘက်တီးရီးယားများသည် တစ်ချို့သော ပဋိဇီဝဆေးများအား ခုခံနိုင်၏။ ထို့ကြောင့် ထိုကဲ့သို့မဖြစ်စေရန်အတွက် အရည်နမူနာယူရန် လိုအပ်ပါသည်။တခြားဖျားနာမှုလက္ခဏာများပါ သင့်ကလေးတွင်ရှိနေပါက သွေးစစ် ဆီးစစ်လုပ်ရန် လိုအပ်ပါလိမ့်မည်။အနာစက်အား ပဋိဇီဝလိမ်းဆေး သို့မဟုတ် ခရင်မ် များ ဖြစ်သည့်နေရာကိုလိမ်းခြင်းဖြင့် ကုသနိုင်ပါသည်။ တစ်ချို့ဖြစ်ရပ်များ၌ ချပ်ပြားများအား ရေနွေးနွေးဖြင့် နူးခွာခြင်းမျိုးလုပ်ရန် လိုအပ်တတ်ပါသည်။ ချပ်ပြားများကို ဖယ်ပြီးပါက ပဋိဇီဝဆေးများသည် အရေပြားမှ ကောင်းကောင်းစိမ့်ဝင်နိုင်ပါလိမ့်မည်။လိမ်းဆေး၊ ခရင်မ်များ သုံးလို့မရလောက်အောင် အနာစက်များ များလွန်းနေသည်ဆိုပါက သောက်ဆေးများသုံးနိုင်ပါသည်။ အနာများ ပျောက်သွားသည့်တိုင်အောင် ဆေးကို ရက်အပြည့်ဆက်သောက်ရန် အရေးကြီးပါသည်။ ကောင်းပြီးထင်၍ရပ်လိုက်ပါက ပြန်ဖြစ်လာနိုင်သလို ဆေးလဲတိုးတော့မည်မဟုတ်ပါ။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကအနာစက် ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် အနာစက် ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။အရေပြားကိုသန့်ရှင်းနေပါစေ။ ပြတ်ရှရာများ၊ ကုတ်ခြစ်ရာများ၊ အင်းဆက်ကိုက်ရာများနှင့် တခြားအရာများကို ချက်ချင်းဆေးခြင်းဖြင့် သန့်ရှင်းစေနိုင်ပါသည်။ကူးစက်ခံရသူ၏ အဝတ်အစားများ အိပ်ယာခင်းများ တဘက်များကို နေ့တိုင်းလျှော်ပါ။ တခြားသူများနှင့် မျှဝေမသုံးစေရပါ။ကုတ်ဖဲ့ခြင်းမှကာကွယ်ရန်အတွက် ကလေးလက်သည်းကို ညှပ်ပေးပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/infectious-skin-diseases/impetigo-%e1%80%a1%e1%80%94%e1%80%ac%e1%80%85%e1%80%80%e1%80%ba/
ရိုတာဗိုင်းရပ်စ် ဆိုတာဘာလဲ။
၂၀၂၀ပုံမှန်ကာကွယ်ဆေးထိုး/တိုက်အစီအစဉ်ကစပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအတွက်ရိုတာအစက်ချကာကွယ်ဆေးဆိုတာ ပါလာပါပြီ။ ဒီတော့ ရိုတာဗိုင်းရပ်စ် ဆိုတာဘာလဲ။ ကာကွယ်ဆေးတိုက်သင့်လား စသဖြင့် သိရအောင် ဆက်ကြည့်ကြည့်ရအောင်။ရိုတာဗိုင်းရပ်စ်ဆိုတာ ကူးစက်နိုင်ပြီး ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါတယ်။ တစ်နှစ်တစ်နှစ်ကို ရိုတာဗိုင်းရပ်စ်ကူးစက်ပြီး ဝမ်းလျှောလို့ ဆုံးရှုံးခဲ့ရတဲ့ ကလေးတွေလည်း မနည်းပါဘူး။ ကာကွယ်ဆေးမပေါ်ခင်တုန်းကဆိုရင် အမေရိကန်လိုနိုင်ငံမှာတောင် ကလေးတော်တော်များများက အသက်၅နှစ် လောက်ဆိုရင် တစ်ခါလောက်တော့ ရိုတာဗိုင်းရပ်စ် ကူးဖူးပြီးပါပြီ။ရိုတာဗိုင်းရပ်စ်က ကူးစက်ခံရပြီး ၂ရက်လောက်နေရင် လက္ခဏာစပြပါပြီ။ ဖျားမယ်၊ အန်မယ်၊ တစ်ပတ်​လောက်ဝမ်းတွေသွားမယ်။ ဗိုက်လည်းနာနိုင်ပါတယ်။ ဆရာဝန်နဲ့ ပြသသင့်တဲ့ အခြေအနေကတော့။-ဝမ်းသွားတာ တစ်ရက်ကျော်သွားပြီ။​-မကြာမကြာလည်းအန်မယ်။–ဝမ်းမည်းမည်းတွေသွားမယ်။ ဝမ်းထဲမှာ သွေးတွေ၊ ချွဲတွေပါမယ်။-အဖျား 104Fကျော်မယ်။-နုန်းမယ်၊ ဂျီကျမယ်၊ ဗိုက်နာမယ်။–ရေဓာတ်ခမ်းခြောက်တဲ့ လက္ခဏာတွေရှိမယ်။ ဥပမာ ပါးစပ်ခြောက်တာ၊ ငိုနေပေမယ့် မျက်ရည် မထွက်တာ၊ ဆီးနည်းတာ၊ မသွားတာ၊ မှိန်းနေတာ၊ ခေါ်လို့မရတာ စတာတွေ ဖြစ်လာရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။အဓိကကတော့ လက်ကနေတဆင့် ကူးတာပါ။ အိမ်သာတက်ပြီးလက်မဆေးဘူး၊ ကလေးdiaperလဲပေးပြီး လက်မဆေးဘူး။ ပြီးတော့ အဲ့လက်နဲ့ ကလေးကို ကိုင်မယ်။ အစာကျွေးမယ်ဆိုရင် အလွယ်တကူပဲ ကူးတတ်ပါတယ်။​ရိုတာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးရှိပါတယ်။Rota Teq – အသက် ၂လ၊ ၄လ၊ ၆လမှာ အစက်ချ တိုက်ရတာပါ။Rotarix – အသက် ၂လနဲ့ ၄လမှာတိုက်ရတာပါ။(ခုမြန်မာပြည်မှာ သုံးမယ့် ကာကွယ်ဆေးအမျိုးအစားဖြစ်ပါတယ်။)။နောက်ထပ်ကာကွယ်နည်းကတော့လက်ဆေးတာပါ။ ကာကွယ်ဆေးက ရိုတာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ဝမ်းလျှောတာကိုပဲ ကာကွယ်နိုင်မှာပါ။ တခြားအကြောင်းကြောင့် ဖြစ်တဲ့ ဝမ်းလျှောတာကို ကာကွယ်ချင်တယ်ဆိုရင်တော့ လက်ဆေးတဲ့ အလေ့အကျင့် လုပ်ရပါမယ်။ရိုတာဗိုင်းရပ်စ်အတွက် တိကျတဲ့ဆေးဆိုတာမရှိပါဘူး။ ဆိုလိုတာက ဆေးတိုက်လိုက်တာနဲ့ ပျောက်သွားတာမျိုး မဟုတ်ပါဘူး။ ဒါကြောင့်ပိုးသတ်ဆေးတွေ၊ ဗိုင်းရပ်စ်သတ်ဆေးတွေ အသုံးမဝင်ပါဘူး။ဝမ်းပိတ်ဆေးတွေလည်း မပေးရပါဘူး။ ရောဂါရဲ့ သဘာဝကိုက ၃ရက်ကနေ ၇ရက်အတွင်း အလိုလိုပျောက်သွားတာပါ။ ရေဓာတ်ခမ်းခြောက်တာကိုတော့ ဂရုစိုက်ရပါမယ်။ ဝမ်းလျှောနေတဲ့အချိန်အတွင်းမှာ ရေဓာတ်ဖြည့်တင်းပေးပါ။ ဖြစ်နိုင်ရင် ဓာတ်ဆားတိုက်ပါ။ ရေဓာတ်ဆုံးရှုံးတာ အရမ်းဆိုးရင်တော့ ဆေးရုံမှာ အကြောဆေးသွင်းရပါမယ်။ကိုယ်တိုင်လုပ်နိုင်တဲ့ နည်းလမ်းတွေကတော့။–အမေနို့သောက်တဲ့ကလေးဆို အမေနို့ဆက်တိုက်ပါ။-နို့မှုန့်သောက်တဲ့ကလေးဆိုနို့မှုန့်ဒါမှမဟုတ် ဓာတ်ဆားတိုက်ပါ။ နို့မှုန့်ကို အချိုးအဆမှန်မှန်ဖျော်ပါ။-ကလေးက နည်းနည်းကြီးတယ်။ အစားကောင်းကောင်းမဝင်ဘူးဆိုရင် အစာပျော့ပျော့ ကျွေးပါ။ သကြားမထည့်ပါနဲ့။ ပေါင်မုန့်၊ ခရက်ကာ၊ အသား၊ ဒိန်ချဉ်၊ အသီး၊ အရွက်တွေကျွေးပါ။ ကောင်းကောင်းအနားယူခိုင်းပါ။–ဓာတ်ဆားအပါအဝင်ရေများများတိုက်ပါ။ ဝမ်းလျှောတာကို ပိုဆိုးစေတဲ့ ဆိုဒါ၊ နို့ထွက်ပစ္စည်း (ဒိန်ချဉ်မပါ)၊ သကြားပါဝင်မှုများတဲ့ အစားအစာတွေကို ရှောင်ပါ။-အစာအိမ်ကို မအီမသာဖြစ်စေတဲ့ အချဉ်ဖောက်ထားတဲ့ အစားအစာတွေ၊ ကဖင်းတွေ၊ အရက်၊ နီကိုတင်း စတာတွေကို ရှောင်ပါ။ရိုတာဗိုင်းရပ်စ်ဆိုတာ ကလေးတွေမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့ ဗိုင်းရပ်စ်ဖြစ်ပါတယ်။ တိကျတဲ့ ကုသမှုမရှိပါဘူး။ ရေဓာတ်ဆုံးရှုံးတာကိုပဲ ကုသရမှာပါ။ အချိန်မီမကုနိုင်ရင် အသက်ဆုံးရှုံးတတ်ပါတယ်။ ကာကွယ်ဆေးရှိပါတယ်။ မြန်မာပြည်မှာ Rotarixဆိုတဲ့ ကာကွယ်ဆေးကို ၂၀၂၀ကစပြီး တိုက်နေပါပြီ။ ကလေးအသက်၂လနဲ့ ၄လမှတိုက်ရမှာပါ။ မဖြစ်လာရင်ကောင်းပေမယ့် ဖြစ်လာရင် အသက်အန္တရာယ်ရှိတာမို့ ကြိုတင်ကာကွယ်ထားသင့်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/infectious-diseases-in-children/rotavirus-and-vaccine/
မျက်တောင်လေးတွေထိခိုက်ပျက်စီးစေမယ့် အမူအကျင့်မှား (၉) ခု
ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် လူတစ်ယောက်ရဲ့မျက်နှာမှာ အလှကိုပြီးပြည့်စုံစေတာက မျက်လုံးမျက်ခုံးလေးတွေပါပဲ။ မျက်လုံးမျက်ခုံးကောင်းရင် မချောရင်တောင် ကြည့်ကောင်းကြပါတယ်။ မိန်းကလေးတွေကတော့ မျက်ခုံးနဲ့ မျက်တောင်အတွက် အလှအပပြင်ဆင်နည်းတွေအများကြီးရှိတာမို့ မျက်နှာအလှအတွက် ပူစရာသိပ်မရှိပါဘူး။ ဒါပေမယ့် မိတ်ကပ်လိမ်းခြယ်တာ ဘယ်လောက်ကောင်းကောင်း မျက်ဝန်းအလှကို မခြယ်သနိုင်ရင် ဆားမပါတဲ့ဟင်းလို ဘာလိုနေမှန်းမသိတဲ့အလှကို ရရှိပါလိမ့်မယ်။အလှတရားအတွက်က မိတ်ကပ်ကိုဘယ်လိုလေးလိမ်းမယ်၊ ဘယ်လိုလေးခြယ်မယ်၊ မျက်ခုံးတက်တူးလေးထိုးမယ်၊ မျက်တောင်တုလေးတပ်မယ်၊စတဲ့ပြင်ဆင်ပုံနည်းလမ်းတွေရှိနေပေမယ့် အဲဒီအလှကိုရေရှည်ခံစေဖို့က ပင်ကိုယ်မျက်နှာလေးကို ဂရုစိုက်ပေးဖို့လိုပါတယ်။ ပြောရရင် အလှပြုပြင်မှုတွေဘယ်လောက်ခေတ်မီလာပါစေ မူရင်းကောင်းဖို့လည်းအရေးကြီးပါတယ်။အခုပြောပြပေးမှာက ကိုယ့်ရဲ့သတိမထားမိတဲ့အပြုအမူလေးတွေကြောင့် မျက်တောင်လေးတွေကို ထိခိုက်စေပြီး အလှပျက်စေတဲ့အကြောင်းပါ။ မသိလိုက်ဘဲ အမြဲလိုလိုဆက်လုပ်မိနေမယ်ဆိုရင် ရှိရင်းစွဲအလှတရားတွေ ပျက်ယွင်းစေနိုင်တာကြောင့် ဒီအချက်တွေကို သတိထားသင့်ပါတယ်။တစ်နေ့တာလုံးကုန်ဆုံးတဲ့အချိန် မအိပ်ခင် မျက်နှာသစ်ဖြစ်ရင်တောင် ဖျက်ရခက်တဲ့ရေစိုခံမျက်တောင်ကော့ဆေးနဲ့ဆို အခက်တွေ့ရပါတယ်။ မိတ်ကပ်မဖျက်ဘဲ အိပ်မိရင်တော့ ဝက်ခြံတွေဖြစ်လာစေရုံမက မျက်တောင်လေးတွေကိုပါ ထိခိုက်စေပါလိမ့်မယ်။ မျက်တောင်ကော့ဆေးတွေရဲ့သဘာဝက မျက်တောင်ကိုကော့ပြီးတောင့်စေတာဖြစ်လို့ မဖျက်ရသေးဘဲအိပ်မိရင်ခေါင်းအုံးနဲ့ပွတ်မိတဲ့အခါ မျက်တောင်ကို ပွန်းစေ၊ ကျိုးခေါက်စေနိုင်ပါတယ်။ မျက်နှာသစ်ဖို့အပျင်းထူလိုက်တဲ့ညတွေမှာmakeup removerလေးတော့သုံးပေးသင့်ပါတယ်နော်။ကော့ညွှတ်နေတဲ့မျက်တောင်လေးတွေ မပိုင်ဆိုင်ချင်တဲ့သူဆိုတာရှိပါ့မလား။ မျက်တောင်ကော့ဆေးနဲ့ညှပ်ကိရိယာလေးသုံးလိုက်တာနဲ့ နေဂိုထက်သုံးဆလောက်ပိုရှည်လျားတဲ့မျက်တောင်အလှကိုပိုင်ဆိုင်ရမှာပါ။ ဒါပေမယ့် မျက်တောင်ကော့ဆေးမသုံးခင်မှာပဲ ညှပ်ကိုသုံးရမှာပါ။ မျက်တောင်ကော့စက်သုံးတဲ့အခါ မျက်တောင်အရင်းနားကိုလည်းအရမ်းမကပ်သင့်ပါဘူး။ မျက်တောင်မွေးကိုထိခိုက်စေပြီး ကျွတ်လွယ်စေပါတယ်။မျက်တောင်ဆက်တယ်ဆိုတာ မျက်တောင်ရှည်လျားလှပစေဖို့ အမြန်ဆုံးနည်းဖြစ်ပေမယ့် အမြဲဆိုသလိုမလုပ်သင့်ပါဘူး။ လုပ်မယ်ဆိုရင်လည်း နာမည်ရှိပြီးစိတ်ချရတဲ့အလှပြုပြင်ဆိုင်ကိုပဲရွေးပါ။ တကယ်တော့ မျက်တောင်ဆက်တာက ကိုယ့်ရဲ့မူလမျက်တောင်မှာလေးလံစေပြီး မျက်တောင်ရဲ့အမြစ်အိတ်ကိုထိခိုက်ပျက်စီးစေနိုင်လို့ မျက်တောင်ကျွတ်စေနိုင်ပါတယ်။မိန်းကလေးတော်တော်များများမှာ ဒီအကျင့်ရှိတတ်ပါတယ်။ ယားလို့ပဲဖြစ်ဖြစ် အမှုန်ဝင်တာပဲဖြစ်ဖြစ် မျက်စိကိုတအားပွတ်တာက မျက်လုံးကိုထိခိုက်စေနိုင်တဲ့အပြင် မျက်တောင်လည်းပျက်စီးစေပါတယ်။ နုနယ်တဲ့ မျက်လုံးတဝိုက်ကို ထိတွေ့သမျှဟာ ညင်သာနေမှဖြစ်မှာပါ။ ဒါ့ကြောင့် မျက်တောင်ကော့ဆေးတွေဖျက်တဲ့အခါ၊ မျက်နှာကိုရေသုတ်တဲ့အခါ မကြမ်းတမ်းမိအောင် ဂရုစိုက်ပါ။မျက်တောင်ကော့ဆေး၊ အိုင်းလိုင်နာ၊ အိုင်းရှဲဒိုး စတဲ့မျက်လုံးတဝိုက်အလှကုန်တွေကို သက်တမ်းလွန်နေရင်မသုံးပါနဲ့။ မျက်တောင်ကော့ဆေးကဟောင်းလွန်းရင်း ဘက်တီးရီးယားတွေရှိနေနိုင်ပြီး မျက်တောင်ကျွတ်တာ၊ ပိုးဝင်တာတွေဖြစ်စေနိုင်ပါတယ်။ မျက်တောင်ကော့ဆေး သို့မဟုတ် အိုင်းလိုင်နာကို သုံးလတစ်ကြိမ်အသစ်လဲသင့်ပါတယ်။အထာကျကျလှနေမယ့် မျက်ဝန်းကိုတော့ အမြဲလိုချင်ကြမှာပါ။ ဒါပေမယ့် မျက်တောင်တုကို အမြဲလိုလိုတပ်ထားရင်တော့ မကောင်းပါဘူး။ တပ်တဲ့ဖြုတ်တဲ့နည်းက မှားနေရင်လည်း မျက်တောင်တွေကို ပျက်စီးစေပါတယ်။ မျက်တောင်တုကိုကပ်တဲ့ကော်က ဓါတ်မတည့်မှုဖြစ်စေတတ်သလို ဖုန်မှုန့်နဲ့ပိုးမွှားတွေကပ်ငြိနေတဲ့မျက်တောင်တုတွေက သင့်မျက်လုံးအတွက် လုံးဝမကောင်းပါဘူး။ တစ်ခါတလေ ပွဲရှိမှ အလှတပ်တာမျိုးပဲသုံးသင့်ပါတယ်။ဈေးသက်သာပြီး အရည်အသွေးစိတ်မချရတဲ့ပစ္စည်းတွေကိုအဓိထားမသုံးပါနဲ့။ တစ်ခုဆိုတစ်ခု တံဆိပ်ကောင်းတာလေးဝယ်ပါ။ မျက်လုံးနဲ့ပတ်သက်ရင် ပိုသတိထားရပါတယ်။ဈေးပါတဲ့ကုန်ပစ္စည်းတွေက သက်တမ်းကုန်ဆုံးတာပိုမြန်သလို ထိခိုက်စေတဲ့ဓါတုပစ္စည်းတွေပါဝင်တတ်ပြိး မျက်တောင်ကို အချိန်မရွေးပျက်စီးစေနိုင်ပါတယ်။တစ်နေကုန်မပျက်တဲ့အလှကို လူတိုင်းနှစ်သက်တယ်ဆိုပေမယ့်ရေစိုခံမျက်တောင်ကော့ဆေးဟာ ဖျက်ရခက်တဲ့ပစ္စည်းထဲမှာပါဝင်ပါတယ်။ ဒီလိုတာရှည်ခံတဲ့ပစ္စည်းကိုနေ့တိုင်းသုံးမယ်ဆိုရင် မျက်တောင်မှာ မလိုလားအပ်တဲ့လေးလံမှု၊ကပ်ငြိမှုတွေဖြစ်လာစေနိုင်ပြီး သူ့ကိုပြန်ဖျက်တဲ့အခါ(မျက်နှာသစ်တဲ့အခါ) မျက်တောင်ထိခိုက်ကျိုးပဲ့တာတွေဖြစ်လာနိုင်ပါတယ်။ ခပ်ကြမ်းကြမ်းပွတ်ပြီးဖျက်တာများလာရင် မျက်တောင်အရင်းကို ထိခိုက်စေပါတယ်။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/%e1%80%99%e1%80%bb%e1%80%80%e1%80%ba%e1%80%90%e1%80%b1%e1%80%ac%e1%80%84%e1%80%ba/
အံကပ်တပ် ခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုး
အသက်ကြီးလို့သွားတွေ မကောင်းတော့ဘူးဆိုရင် စားဖို့၊ စကားပြောဖို့ အခက်အခဲရှိလာတတ်ပါတယ်။ ခုခေတ်မှာ ဆေးပညာတွေ တိုးတက်နေပြီဆိုတော့ ဒါဟာ ပြသနာ တစ်ခု မဟုတ်တော့ပါဘူး။ အသက်ကြီးတော့ သွားမကောင်းတော့ရော ဘာဖြစ်လဲ။ ဆေးပညာနဲ့ ပြုပြင်လိုက်ရင် အရင်လိုပဲ စားလို့ သောက်လို့ ရသွားတာပေါ့။ ဒီလို လွယ်ကူအောင် လုပ်ပေးတဲ့ထဲမှာအံကပ်တပ်တာလည်း အပါအဝင်ပါပဲ။ ခုခေတ်ဘိုးဘိုးဘွားဘွားတွေ အတွက်တော့ အံကပ်တပ်တာဟာ မထူးဆန်းတော့တဲ့ ကိစ္စပါပဲ။ ဒါကြောင့် အိမ်က ဘိုးဘိုးဘွားဘွားတွေကို အံကပ်တပ်ပေးဖို့ အစီအစဉ်ရှိတယ်ဆိုရင် သူ့ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို အရင်လေ့လာကြည့်ရအောင်ပါ။အံကပ်တပ်ရတဲ့ အကြောင်းရင်းကလည်း ဒါကြောင့်ပါပဲ။ ငယ်ငယ်တုန်းကလို ကြက်ပေါင်တုံးကြီးကို မကိုက်နိုင်သည့်တိုင်အောင် ပုံမှန်စားတာ သောက်တာလောက်တော့ ကောင်းကောင်း လုပ်နိုင်ပါတယ်။ ပြောမယ့်သာ ပြောသာ သွားမကောင်းလို့ ကောင်းကောင်း မစားနိုင်ဘဲ အာဟာရပြတ်တဲ့ ဘိုးဘိုးဘွားဘွားတွေ အများကြီး ရှိတာကြောင့် ဒီကိစ္စကို အထင်မသေးသင့်ပါဘူး။အံကပ်တပ်တာ လူကို နုပျိုစေလို့လားဆိုရင် အံကပ်တပ်ထားတဲ့သူကို အရင်မေးကြည့်လိုက်ပါ။ ညရောက်လို့ အံကပ်ချွတ်လိုက်ရင် မျက်နှာပုံစံ ဘယ်လောက်ပြောင်းသွားလဲဆိုတာ ပြောပြပါလိမ့်မယ်။ အသက်ကြီးလာတဲ့အခါ သွားတွေပဲ ကျိုးကုန်တာ မဟုတ်ပါဘူး။ မေးရိုးတွေလည်း ပါးကုန်ပါတယ်။ ဒါသဘာဝပါပဲ။ ဒါကြောင့် ပါးတွေချိုင့်ပြီး နှုတ်ခမ်းနားက ကြွက်သားတွေ ရှုံ့ကုန်တာပါ။ အံကပ်တပ်လိုက်တဲ့အခါ ဒါတွေအကုန် သူ့နေရာနဲ့သူ တင်းတင်းရင်းရင်း ဖြစ်ပြီး ပိုပြီးနုပျိုသွားပါတယ်။ကလေးတွေသွားကျိုးထားရင် ရယ်ဖို့ ရှက်သလိုပဲ လူကြီးတွေလည်း ရှက်တတ်ပါတယ်။ အံကပ်တပ်လိုက်တော့ လွတ်လွတ်လပ်လပ်ပြောဆိုပြီးရယ်မောနိုင်တာပေါ့။အံကပ်ရဲ့ အားသာချက်က ပါးစပ်ထဲမှာ သွားတွေ မရှိလည်း ဒါမှမဟုတ် သွားဖုံးတွေ မကောင်းလည်း ပုံသွင်းပြီး တပ်လို့ရတာပါပဲ။ Bridgesဆိုလို့ရှိရင် သွားနည်းနည်းလောက်ကျန်မှ တပ်လို့ရတာပါ။သွားစိုက်မယ်ဆိုရင်လည်း အောက်က သွားဖုံးကောင်းမှ အဆင်ပြေမှာပါ။အံကပ်က တစ်နေကုန်တပ် ညအိပ်ရင် ဖြုတ်ပြီး ဆေးရုံပါပဲ။ အရင်က အိပ်ခါနီးရင်သွားတိုက်တယ်။ ခုတော့ အိပ်ခါနီးရင် အံကပ်ဆေးတယ်ပေါ့။ သေသေချာချာသာ ထိန်းသိမ်းတတ်ရင် ၅နှစ်ကနေ ၇နှစ်လောက်အထိ ခံပါတယ်။နောက်တစ်ဖက်က ပြန်ကြည့်မယ်ဆိုရင် အံကပ်တပ်တာက။အရင်ဆုံး အံကပ်လုပ်မယ်ဆို အံပုံယူရတာနဲ့၊ မလိုတဲ့ သွားတွေ ရှင်းထုတ်ပစ်တာနဲ့၊ တစ်ခါ ပုံကျမကျ တပ်ကြည့်တာနဲ့၊ မကျရင် ပြန်ပြင်တာနဲ့သွားဆရာဝန်ဆီ အခေါက်ခေါက်အခါခါ သွားနေရမှာပါ။ ဒါကလည်း ကိုယ်နဲ့ ကွက်တိမကျရင် ဘယ်လိုမှ အဆင်မပြေဘူးဆိုတော့ ခဏခဏ ပြင်နေရတာပေါ့။အံကပ်တပ်ထားတဲ့ လူကြီးတွေ ပြောနေကျစကားက ‘ကိုယ့်သွား မဟုတ်တော့ ဘယ်လိုကြီးလဲမသိဘူး။’ ဆိုတာ ပါပဲ။ စစတပ်ချင်းမှာ ပါးစပ်ထဲမှာ တစ်ခုခု စွပ်ထားသလို နေလို့ အသားကျမှာ မဟုတ်ပါဘူး။ နောက်မှ တပ်ရင်း၊ တပ်ရင်းနဲ့ အသားကျသွားတာပါ။ညရောက်ပြီဆို အလုပ်တစ်ခုပိုလာပါပြီ။ အံကပ်ဆေးတာပါ။ အရင်က ကိုယ့်သွားကိုယ်တိုက်ရာကနေ ခုအံကပ်ဆေးရပါပြီ။ ဆေးတာကလည်း သူ့ဆေးရည်နဲ့သူ၊ သွားပွတ်တံ အပျော့စားလေးနဲ့ ဖြည်းဖြည်းလေး ဆေးပေးရတာပါ။ ပြီးရင်လည်း ခြောက်မသွားအောင် ရေစိမ်ထားပါသေးတယ်။ ဒါမှ ကြာကြာခံမှာကိုး။ ဒီတော့ လူကြီးတွေ အလုပ်ပိုတာပေါ့။စစတပ်တပ်ချင်းဆို အသားမကျသေးတော့ စကားပြောရင် လေသံတွေ ဝဲကုန်ပါတယ်။ ပြောနေရင်းနဲ့ မေးရိုးနားကနေ အသံကလည်း တစ်ချက် တစ်ချက် ထွက်လာပါသေးတယ်။ အားရပါးရရယ်မိရင်၊ ချောင်းဆိုးရင် ရှေ့ကို ပြုတ်ထွက်လာမလားစိုးပြီး စိုးရိမ်နေရပါသေးတယ်။ အစားစားတော့လည်း မာလွန်းတာတွေ စားလို့မရသလို စစချင်းဆို ကိုယ့်ဟာကိုယ့် ထိန်းပြီး ဝါးနေရပါတယ်။အံကပ်က ကိုယ်နဲ့ ကွက်တိမဖြစ်တဲ့အခါ သွားဖုံးကို သွားသွားတိုက်မိပြီး သွားဖုံးအနာဖြစ်တတ်ပါတယ်။ ဒီအနာက ပါးစပ်ထဲမှာမို့လို့ တော်ရုံတန်ရုံ သတိမထားမိတတ်ပါဘူး။ ဒါပေမယ့် အရေးကြီးပါတယ်။ ညအိပ်လို့ အံကပ်ဖြုတ်တိုင်း ပါးစပ်ထဲမှာ အနာရှိမရှိ စစ်ကြည့်တဲ့ အလေ့အကျင့် လုပ်ထားပါ။ တချို့ကလည်း မပွန်းအောင်လို့ အံကပ်နဲ့ သွားဖုံးကြားမှာ ဝါရှာလို ဂျယ်လေး ခံထားတတ်ပါတယ်။ဒါတွေက အံကပ်မတပ်ခင် စဉ်းစားသင့်တဲ့ အချက်တွေပေါ့။ စဉ်းစားကြည့်ပြီး အဆင်ပြေမယ်ထင်ရင် တပ်လို့ရပါတယ်။ ပိုသိချင်တာ ဒါမှမဟုတ် တခြားနည်းလမ်းတွေ သိချင်ရင် သွားဆရာဝန်နဲ့ ဆွေးနွေးဖို့ အကြံပြုလိုပါတယ်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/orthodontics/%e1%80%a1%e1%80%b6%e1%80%80%e1%80%95%e1%80%ba%e1%80%90%e1%80%95%e1%80%ba-%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%b2%e1%80%b7-%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8/
ကိုယ့်အသားအရေနဲ့ အဆင်ပြေမယ့် Toner ရွေးချယ်ရခက်နေလား
ကိုယ့်အသားအရေနဲ့ အဆင်ပြေမယ့် Toner ရွေးချယ်ရ ခက်နေလား ! ဘယ်လို မိတ်ကပ်လေးပဲ လိမ်းလိမ်း လှနေဖို့ဆိုတာ အသားအရေ ကောင်းကောင်း ထိန်းသိမ်းထားမှ ဖြစ်မှာနော်။ အသားအရေ ထိန်းသိမ်းတဲ့အခါမှာလည်း ကိုယ်နဲ့ တကယ်ကို အဆင်ပြေပြေဖြစ်မယ့် ပစ္စည်းတွေလည်း ရွေးချယ်တတ်ဖို့ လိုပါတယ်။သဘာဝနည်းလမ်းတွေနဲ့ ထိန်းသိမ်းလို့ ရသလို ကျွမ်းကျင်ပညာရှင်တွေက ထုတ်တဲ့ ကုန်ပစ္စည်းတွေနဲ့ ထိန်းသိမ်းလို့လည်း ရပါတယ်။ ဒီတစ်ခါမှာတော့ အသားအရေအတွက် လိုအပ်တဲ့ Toner လေးအကြောင်းနဲ့အသားအရေနဲ့ လိုက်ဖက်ညီအောင်ရွေးချယ်တတ်ဖို့လည်း မျှဝေပေးချင်ပါတယ်။Toner ဆိုတာကတော့ မျက်နှာပေါ်မှာ ရှိတဲ့ အညစ်အကြေးတွေကို သန့်စင်အောင် ပြုလုပ်ပေးတဲ့ Skin care တစ်ခုပါ။ သူကချွေးပေါက်ကျယ်တာတွေ မဖြစ်စေဘဲ မျက်နှာကို ကြည်ကြည်လေး ဖြစ်စေပါတယ်။Toner သုံးတာက တခြား အသားအရေထိန်းပစ္စည်းတွေဖြစ်တဲ့ Day and Night Cream ၊ BB Cream အစရှိတာတွေရဲ့ အကျိုးသက်ရောက်မှုတွေ အားလုံး မျက်နှာပေါ်ရောက်အောင် စုပ်ယူပေးနိုင်ပါတယ်။ နောက်ပြီးတော့ အသားအရေအတွက် မရှိမဖြစ် လိုအပ်တဲ့ ရေဓာတ် ပမာဏကိုလည်း ထိန်းညှိပေးပါတယ်။ သတိပြုရမယ့် အချက်ကတော့ ကိုယ်သုံးတဲ့ Toner မှာ alcohol, spices, sulphates တွေ မပါဝင်ဖို့ပါပဲ။ Toner အကြောင်းလေး သိပြီဆိုတော့ ရွေးချယ်ရမှာတွေကို ပြောပြမယ်နော်။အသားအရေခြောက်သွေ့တယ်ဆိုရင်တော့ Toner ရွေးချယ်တဲ့အခါမှာ ရေဓာတ်ပေးနိုင်ပြီး အစိုဓာတ်ထိန်းပေးတဲ့ အမျိုးအစားကို သုံးပါ။ အသားအရေခြောက်တာက မျက်နှာသစ်ပြီးတာတောင် နေရတာ တင်းကျပ်ကျပ်ကြီး ဖြစ်နေပြီး အဖတ်လန်သလိုတွေ ဖြစ်နေမှာပါ။ အယ်လ်ကိုဟော ပါဝင်တဲ့ ပစ္စည်း လုံးဝ ရှောင်ပါ။ Toner မှာ အဆီဓာတ်ပါတယ်လို့ ရေးထားတဲ့ Brand ကို ရွေးချယ်ပါ။ ဒါမှ ကိုယ့်မျက်နှာလေးက ကြည်လင်စိုပြေနေမှာပါ။ပျိုမဒီလေးရဲ့ မျက်နှာမှာ အဆီပြန်တာတွေ ရှိနေပြီး မိတ်ကပ်တွေ ကွက်နေတယ်ဆိုရင်တော့ Toner သုံးသင့်ပါပြီ။ အထူးသဖြင့် T zone လို နေရာမျိုးမှာ ပိုပြီး အဆီပြန်တတ်ပါတယ်နော်။T zone နေရာတွေကနေ နှာခေါင်းနဲ့ နဖူးအောက်ဘက်၊ မေးစေ့နေရာတွေပါ။ အဆီပြန်တတ်တဲ့ အသားအရေဟာ ဝက်ခြံလည်းထွက်လွယ်ပါတယ်။ အဆီပြန်တတ်တဲ့သူတွေအတွက်ကတော့ Moisturizer အများကြီး ပါဝင်တဲ့ Toner ကို ရှောင်ဖို့ပါပဲ။ AHAsနဲ့ Salicylic acid ပါဝင်တဲ့ Toner တွေကိုပါ ဝယ်ယူသုံးစွဲပါ။တုံ့ပြန်ထိခိုက်လွယ်တဲ့ အသားအရေလေး ပိုင်ဆိုင်ထားရတယ်ဆိုရင်တော့ အလှကုန်ပစ္စည်းတွေ ရွေးတဲ့အခါ စိတ်ညစ်ရတာတွေ ရှိမှာပါ။ ဘယ်ပစ္စည်းမဆို အဆင်ပြေပါ့မလား တွေးပူရတာ ပြဿနာပါပဲ။Toner သုံးမယ်ဆိုရင်တော့ အယ်လ်ကိုဟောကို အခြေခံပြီး ထုတ်ထားတဲ့ Toner ကိုတော့ လုံးဝရှောင်ရမှာပါ။ Lactic acid ဒါမှမဟုတ် Glycolic acid ပါဝင်တဲ့ Toner ကတော့ ထိခိုက်လွယ်တဲ့ အသားအရေတွေအတွက် အကောင်းဆုံးပါ။တချို့မိန်းကလေးတွေမှာတော့ အဆီပြန်ပြီး ဝက်ခြံထွက်တဲ့အသားအရေလည်းမဟုတ်၊ မျက်နှာက တင်းကျပ်ကျပ်နဲ့ ခြောက်သွေ့တာမျိုးလည်း မရှိဘဲနဲ့ ဓာတ်မတည့်တာတွေလည်း မဖြစ်ဘူးဆိုရင်တော့ Toner ကို ဘယ်လိုအမျိုးအစား သုံးရမလဲဆိုတာ မေးစရာ တစ်ခုပါပဲ။ကိုယ့်မျက်နှာ အသားအရေက ဘယ်လိုအမျိုးအစားပါလို့ တိတိကျကျ ပြောလို့မရရင်တော့ လက်ဖက်စိမ်းနဲ့ ပြုလုပ်ထားတဲ့ Toner ကို သုံးလို့ ရပါတယ်။ ချွေးပေါက်ကျယ်တာတွေနဲ့ မျက်နှာပေါ်ကို အညစ်အကြေးတွေကို စုပ်ယူပေးပြီး လူတကာ ငေးကြည့်ရတဲ့ မျက်နှာပိုင်ရှင်လေး ဖြစ်နေမှာပါနော်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/choosing-the-right-toner-for-your-skin-type/
ရင်သားကင်ဆာခွဲစိတ်ကုသပြီးနောက် ပြန်လည်ကောင်းမွန်ဖို့အတွက် လေ့ကျင့်ခန်း နှင့်အာဟာရ
ရင်သားကင်ဆာ ခွဲစိတ်မှု အပြီးမှာ လူနာတွေဟာ သူတို့ကျန်းမာရေးကို ဂရုစိုက်ဖို့ အရေးကြီးပါတယ်။ ဒီဆောင်းပါးမှာတော့ ပြန်ကောင်းလာဖို့ ကူညီပေးတဲ့ လေ့ကျင့်ခန်းတွေနဲ့ အစားအသောက်တွေကို ဖေါ်ပြပေးမှာ ဖြစ်ပါတယ်။လေ့ကျင့်ခန်း။ရင်သားကင်ဆာခွဲစိတ်မှု ယူထားတဲ့ လူနာတွေဟာ သူတို့လက်မောင်းနဲ့ ပုခုံတွေကို ပုံမှန် ပြန်ဖြစ်စေဖို့ လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။ လေ့ကျင့်ခန်း လုပ်ခြင်းဟာ ပုခုံးမှာ မာနေခြင်း (သို့) တင်းကျပ်နေခြင်းကို လျော့ကျစေပါတယ်။ သင့်ဆရာဝန်က သင့်အတွက် အကောင်းဆုံးနည်းကို ရွေးချယ်စေမှာ ဖြစ်ပါတယ်။• ခွဲစိတ်ပြီး ပထမ နှစ်ပတ်အတွင်း – လက်ကို ပုခုံးအထက်ကျော်ပြီး မြှောက်ခြင်း နဲ့ သကြားအိတ် တစ်အိတ်ထက် ပိုလေးတဲ့ အရာတွေကို မခြင်းကနေ ရှောင်ကျဉ်သင့်ပါတယ်။ ခွဲထားတဲ့ဘက်နဲ့ အရာဝတ္ထုတွေကို တွန်းခြင်း၊ ဆွဲခြင်းတွေ မပြုလုပ်သင့်ပါဘူး။ခွဲစိတ်ပြီးရင် ရင်သားကင်ဆာ လူနာတွေ ဆရာဝန် ခွင့်ပြုချက်နဲ့ လုပ်သင့်တဲ့ လေ့ကျင့်ခန်းတွေ ရှိပါသေးတယ်။ ဒါတွေကတော့ ပုခုံးတွန့်ခြင်း၊ လည်ခြင်း၊ မြှင့်ခြင်း၊ လက်မောင်း လွှဲခြင်း၊ ကိုယ်လှည့်ခြင်းတွေပဲ ဖြစ်ပါတယ်။ လူနာတွေဟာ အသက်ပြင်းပြင်းရှူတဲ့ လေ့ကျင့်ခန်း (သို့) ပုံမှန် လှုပ်ရှားမှုတွေ ဖြစ်တဲ့ ခေါင်းဖီးခြင်း၊ ရေချိုးခြင်းတွေကို လေ့ကျင့်ပြီး ပြုလုပ်နိုင်ပါတယ်။• ခွဲစိတ်ပြီး ၃-၄ ပတ် – လူနာတွေဟာ လုပ်နေပြီးဖြစ်တဲ့ လေ့ကျင့်ခန်းတွေနဲ့ လက်မောင်းကို အပြည့်အဝလှုပ်ရှားရတဲ့ လေ့ကျင့်ခန်းတွေကို စတင်လုပ်သင့်ပြီ ဖြစ်ပါတယ်။ လက်ကို ခေါင်းပေါ် မြှောက်ခြင်း၊ beach post လုပ်ခြင်း၊ ရင်ဘတ်ကို နောက်ကျောဘက်ကို ဆန့်ထုတ်ခြင်းတွေကို ဒီ အပတ်တွေမှာ စမ်းကြည့်နိုင်ပါတယ်။• ၆ ပတ်ကျော် – လူနာတွေဟာ ပုံမှန် လုပ်နေကျ အရာအတော်များများကို ပြန်လုပ်နိုင်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် လေးလံတဲ့ အရာတွေကို မဖို့တော့ အနည်းငယ် အခက်အခဲ ရှိနိုင်ပါသေးတယ်။ လိုအပ်ရင် ကျွမ်းကျင်သူတွေ အကြံဉာဏ်ကို ယူပြီး လေ့ကျင့်ခန်း အပိုတွေ လုပ်သင့်ပါတယ်။ ဒီအချိန်မှာတော့ ယေဘုယျ ကျန်းမာရေးကို ထိန်းသိမ်းဖို့က အရေးကြီးပါတယ်။ လမ်းဆက်လက် လျှောက်သင့်ပြီး မြန်မြန်နဲ့ ဝေးဝေးကို လျှောက်နိုင်ပါတယ်။ ပုခုံးဟာ ပုံမှန်အတိုင်း ပြန်ဖြစ်လာပြီ ဖြစ်ပေမယ့် အရင်တုံးက လုပ်ခဲ့တဲ့ လေ့ကျင့်ခန်းတွေကိုလည်း ဆက်လက်လုပ်သင့်ပါသေးတယ်။ရင်သားကင်ဆာ လူနာတွေအတွက် ကောင်းမွန်တဲ့ အစားအစာများ။ခွဲစိတ်မှု အပြီးမှာ ပြန်နေကောင်းစေဖို့ အားပေးတဲ့ အစာတွေကို စားသင့်ပါတယ်။ သင့်လျော်တဲ့ အစားအသောက်မှာ အခြားကင်ဆာနဲ့ နှလုံးရောဂါတွေကို ကာကွယ်ဖို့ အဆီအနည်းငယ်သာ ပါဝင်ပါတယ်။• ပရိုတင်း – ဆဲလ်တွေနဲ့ ခွဲစိတ်ရာတွေကို ပြန်လည်တည်ဆောက်ဖို့ ပရိုတင်း ဓါတ် ပိုလိုအပ်ပါတယ်။ အစားအစာထဲမှာ ပရိုတင်းပေါင်ဒါတွေ ထည့်သွင်းခြင်းနဲ့ ပရိုတင်းကြွယ်ဝတဲ့ မုန့်စားခြင်းကို ဆရာဝန်တွေက အကြံပေးတတ်ပါတယ်။• Phytochemicals – အချို့လေ့လာမှုတွေက အပင်တွေကရတဲ့ Phytochemicals တွေဟာ ကင်ဆာ ထပ်ဖြစ်မှုကို လျော့ကျစေပြီး ကင်ဆာကို တိုက်ဖျက်နိုင်တယ်လို့ ဆိုပါတယ်။• ပဲ – ပဲဟာ ဟော်မုန်းနဲ့ ပတ်သက်တဲ့ ရင်သားကင်ဆာ ဖြစ်ပွားနှုန်းကို လျော့ကျစေပါတယ်။ သူတို့မှာ phytoestrogen တွေ ပါဝင်ပြီး ဒါဟာ ကိုယ်ခန္ဓါထဲက estrogen တွေနဲ့ ဆင်ဆင်တူပါတယ်။ ပဲဟာ ဟော်မုန်းကုသမှုနဲ့ အခြားကုသမှုတွေကို အကျိုးသက်ရောက်မှု ရှိတာကြောင့် ဆရာဝန် အကြံဉာဏ်ကို ယူသင့်ပါတယ်။• Anti-oxidants – အသီးအရွက်၊ အခွံမာသီးမှာ တွေ့ရတတ်ပြီး သူတို့ဟာ ဆဲလ် ပျက်စီးခြင်းကို တားမြစ်ပေးပါတယ်။ Lycopene ဟာ antioxidant တစ်မျိုးဖြစ်ပြီး ခရမ်းချဉ်သီးတွေမှာ အနီရောင်နဲ့ grapefruit မှာ ပန်းရောင်ကို ဖြစ်စေတာဖြစ်ပါတယ်။ သူတို့ဟာလည်း ကင်ဆာကို တိုက်ဖျက်ဖို့ ကောင်းမွန်ပါတယ်။• Beta-carotene – Beta-carotene ပါဝင်တဲ့ မုန်လာဥနီ၊ တရုတ်ဆီးသီး၊ ကန်စွန်းဥနဲ့ အခြားအသီးအရွက်တွေဟာ ကင်ဆာ ပြန်ဖြစ်ခြင်းကို လျော့ကျစေပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/%e1%80%9b%e1%80%84%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac%e1%80%81%e1%80%bc%e1%80%b2%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%80%e1%80%af%e1%80%9e%e1%80%bb-2/
Anal Abscess (စအိုပြည်တည်နာ )
စအိုပြည်တည်နာသည် စအိုရှိ အကြိတ်ဂလင်းများ၌ ရောဂါပိုး ကူစက်ခြင်းကြောင့် ဖြစ်ပေါ်လာပါသည်။ စအိုဝန်းကျင်၌ ပြည်များကို ဖြစ်ပေါ်စေပါသည်။ စအို၀ ဝန်းကျင်၌ အဖြစ်အများဆုံး ဖြစ်ပါသည်။ မမြင်သာသော စအို၏ အတွင်းပိုင်း တစ်ရှုးများ တွင်လည်း ဖြစ်နိုင်ပါသည်။ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းဖြင့် စအိုပြည်တည်နာကို ထိန်းချုပ် ကာကွယ် နိုင်ပါသည်။ အခြား အချက်အလက်များ ထပ်မံ သိရှိနိုင်ရန် ဆရာဝန်နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။စအိုပြည်တည်နာ၏ အဖြစ်အများဆုံး ရောဂါလက္ခဏာသည် စအို၌ စူးရှစွာ နာကျင်ခြင်း ဖြစ်ပါသည် (အထူးသဖြင့် ထိုင်နေချိန်)။ အခြားလက္ခဏာများမှာ စအို၌ ယားယံခြင်း၊ ပြည်ယိုခြင်း နှင့် ဝမ်းချုပ်ခြင်းတို့ ဖြစ်ပါသည်။ ပြည်တည်နာသည် စအိုအတွင်းပိုင်း၌ ရှိနေလျှင် နုန်းချိခြင်း နှင့် ချမ်းတုန်၍ ဖျားခြင်းများ ခံစားရနိုင်ပါသည်။ တစ်ခါတစ်ရံ ဖျားနာခြင်း တစ်ခုတည်းကိုသာ ခံစားရနိုင်ပါသည်။အထက်၌ မဖော်ပြခဲ့သော ရောဂါလက္ခဏာအချို့လည်း ရှိနေနိုင်ပါသည်။ သင့်အနေဖြင့် ရောဂါလက္ခဏာတစ်ခုခု ရှိနေသည်ဟု ထင်ပါလျှင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။အထက်၌ ဖော်ပြခဲ့သော ရောဂါလက္ခဏာများ ရှိနေလျှင် သို့မဟုတ် မေးမြန်းစုံစမ်းလိုလျှင် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လူတစ်ယောက်နှင့် တစ်ယောက်၏ ကိုယ်ခန္ဓါသည် တုံ့ပြန်မှုခြင်း မတူညီကြပါ။ ထို့ကြောင့် သင့်ရောဂါအခြေအနေကို သိရှိနိုင်ရန် ဆရာဝန်နှင့် ပြသတိုင်ပင်ဆွေးနွေးခြင်းသည် အကောင်းဆုံး ဖြစ်ပါသည်။စအိုပြည်တယ်နာကို ဖြစ်စေနိုင်သော အကြောင်းများမှာ စအိုနှင့်ဆက်ထားသော လမ်းကြောင်းငယ်လေးများ၌ ရောဂါပိုးဝင်ရောက်ခြင်း၊ စအိုရှိ အကြိတ်ဂလင်းများ ပိတ်ဆို့ခြင်း နှင့် လိင်အင်္ဂါမှတစ်ဆင့် ရောဂါပိုးကူးဆက်ခြင်းများ ဖြစ်ပါသည်။သင်၌ အောက်ပါအချက်များ ရှိနေလျှင် စအိုပြည်တယ်နာ ဖြစ်နိုင်ခြေ ပိုများပါသည်။Corticosteroid ဆေးများ သုံးစွဲနေသူများနှင့် chemotherapy ခံယူနေသူများ၌လည်း စအိုပြည်တယ်နာ ဖြစ်နိုင်ခြေများပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။များသောအားဖြင့် စအိုတွင်းသို့ လက်ဖြင့် စမ်းသပ်စစ်ဆေးမှု လပ်ရုံဖြင့် စအိုပြည်တယ်နာကို သိနိုင်ပါသည်။ သို့သော် စအိုကင်ဆာ၊ လိင်မှတစ်ဆင့်ကူးဆက်သော ရောဂါများနှင့် အခြားရောဂါများ ရှိမရှိ သိရှိရန် ဆက်လက်၍ စစ်ဆေးမှုများ လိုအပ်ပါသည်။စအိုပြည်တယ်နာသည် ပြည်များပေါက်၍ ထွက်မလာခင် ကုသလျှင် အကောင်းဆုံး ဖြစ်ပါသည်။ ယေဘူယျအားဖြင့် ထုံဆေးသုံး၍ ခွဲစိပ်ကာ ပြည်များကို ဖောက်ထုတ်ဖယ်ရှားခြင်းဖြင့် ကုသနိုင်ပါသည်။ ပြင်းထန်ဆိုးရွားလျှင် ဆေးရုံတက်ရန် လိုအပ်နိုင်ပါသည်။ ပြည်များကို ဖောက်ထုတ်ဖယ်ရှားပြီးလျှင် အကိုက်အခဲပျောက်ဆေးနှင့် ပဋိဇီဝဆေးများ သောက်ရပါသည်။ တစ်ပတ်နှစ်ပတ် အတွင်းဖြစ်စေ၊ နှစ်များစွာကြာမှ ဖြစ်စေ စအိုတွင်း၌ လမ်းကြောင်းပေါက်လေးများ ဖြစ်ပေါ်လာ တတ်ပါသည်။ ထို့ကြောင့် ထိုလမ်းကြောင်းပေါက်လေးများ အတွက် နောက်ပိုင်းတွင် ခွဲစိပ်ကုသမှု သပ်သပ် ပြုလုပ်ရတတ်ပါသည်။လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် စအိုပြည်တယ်နာ ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။သင့်လျော်သော ကုသမှုနှင့် ဂရုစိုက်နေထိုင်မှုများ ရှိလျှင် စအိုပြည်တယ်နာသည် အချိန်တိုအတွင်း လုံး၀ ပျောက်ကင်းသွားနိုင်ပါသည်။ စအိုဖြင့် လိင်ဆက်ဆံချိန်၌ condom သုံးခြင်းဖြင့်လည်း ကာကွယ်နိုင်ပါသည်။ မွေးကင်းစကလေးများ နှင့် လမ်းလျှောက်တတ်စအရွယ် ကလေးများတွင် diaper မကြာခဏ လဲပေးတတ်ရ၍ လဲစဉ်၌ စအိုကို သန့်ရှင်းပေးစေခြင်းဖြင့် စအိုဝအက်ကွဲခြင်း နှင့် စအိုပြည်တယ်နာ နှစ်မျိုးလုံးကို ကာကွယ်ရာ ရောက်ပါသည်။အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/anal-abscess-%e1%80%85%e1%80%a1%e1%80%ad%e1%80%af%e1%80%bb%e1%80%95%e1%80%8a%e1%80%b9%e1%80%90%e1%80%8a%e1%80%b9%e1%80%94%e1%80%ac/
Digestive Disorders (အစာချေဖျက်ခြင်းနှင့် ပတ်သက်သော မူမမှန်မှုများ)
အစာချေစနစ်သည် ကိုယ်ထဲရှိ အကောက်အကွေ့များနှင့် ကျယ်ပြန့်သော ပါးစပ်မှသည် စအိုအထိ ရှည်လျားသော အစိတ်အပိုင်း ဖြစ်ပါသည်။ အစာချေလမ်းကြောင်းမှသည် ကိုယ်ခန္ဓာအတွက် လိုအပ်သော အစာဟာရများကို စုပ်ယူပြီး မလိုအပ်သော အညစ်အကြေးများကို ပြင်ပသို့ စွန့်ထုတ်ပေးပါသည်။ အစာချေဖျက်ခြင်းနှင့် ပတ်သက်သော မူမမှန်မှုများဖြစ်လာလျှင် မကုသဘဲ ပစ်ထားပါက ပိုပြင်းထန်လာစေပြီး နာတာရှည်လာစေပါသည်။အများအားဖြင့် အစာအိမ်မှ အက်ဆစ်များအပေါ်လျှံတက်ပြီး ရင်ပူခြင်း၊အူရောင်ခြင်းနှင့် ဝမ်းလျှောခြင်းတို့ အဖြစ်များပါသည်။အစာချေဖျက်ခြင်းနှင့် ပတ်သက်သော မူမမှန်မှုများသည် အဖြစ်များပါသည်။သို့သော်။ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။အစာချေဖျက်ခြင်းနှင့် ပတ်သက်သော မူမမှန်မှုများ၏ရောဂါလက္ခဏာများကဘာလဲ။အစာအိမ်မှ အက်ဆစ်များအပေါ်လျှံတက်ပြီး ရင်ပူခြင်း။အူလမ်းကြောင်းရှိ လုပ်ငန်းစဉ်များ မူမမှန်ခြင်း။အူရောင်ခြင်း။အထက်တွင် မဖော်ပြထားသော ရောဂါ လက္ခဏာများကိုလည်း ခံစားရနိုင်ပါသည်။ သင်ထပ်သိလိုသည်များရှိသော် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။ရောဂါကို စောစီးစွာသိရပြီး ကုသနိုင်ပါက ရောဂါပိုမဆိုးလာစေရန် နှင့် အရေးပေါ်ကျန်းမာရေးပြသနာများ မကြုံလာစေရန် ကူညီပေးပါသည်။ ထို့ကြောင့် နှောင့်နှေးမနေဘဲ ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။အထက်တွင်ဖော်ပြထားသော လက္ခဏာများအပြင် ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်ပါသည်။အစာအိမ်မှ အက်ဆစ်များအပေါ်လျှံတက်ပြီး ရင်ပူခြင်းကိုဖြစ်စေသောအကြောင်းများ။ထိုသို့ဖြစ်ခြင်းသည် အစာအိမ်ထဲတွင် ရှိသော အက်ဆစ်ဓါတ်များ သို့မဟုတ် အစာရေမြိုပြွန်ထဲရှိ အစာချေရည်များသည် အပေါ်လျှံတက်လာခြင်းကြောင့် ဖြစ်ပါသည်။အစာကိုမြိုချလိုက်ချိန်တွင် အစာရေမြိုပြွန်အောက်ခြေတွင်ရှိသော စက်ဝိုင်းကွင်းပုံစံ ကြွက်သားသည် အစာများကို အစာအိမ်ထဲသို့ရောက်သွားစေရန် ပြေလျော့ပေးရပါသည်။ ထို့နောက် အစာများ အောက်ရောက်သွားလျှင် ထိုနေရာသည် ပြန်ပိတ်သွားပါသည်။ ရင်ပူခြင်းမှာ ထိုကြွက်သားနေရာ လုပ်ငန်းစဉ်များ မူမမှန်ခြင်းနှင့် ကြွက်သားများအားနည်းခြင်းကြောင့် ဖြစ်ရခြင်းဖြစ်ပါသည်။ ရင်ပူခြင်းဖြစ်နေပါက နေ့စဉ်အလုပ်များလည်း ကောင်းကောင်း မလုပ်နိုင်တော့ပါ။အူလမ်းကြောင်းရှိ လုပ်ငန်းစဉ်များ မူမမှန်ခြင်း အကြောင်းများ။ထိုရောဂါကို ဖြစ်စေသော အကြောင်းများကို ဆရာဝန်များက တိတိကျကျမရှာဖွေနိုင်သေးသော်လည်း ယင်းနှင့် ဆက်စပ်နေသော အကြောင်းများစွာရှိကြောင်း ကျွမ်းကျင်ပညာရှင်များက ပြောထားပါသည်။အူရောင်ခြင်းကို ဖြစ်စေသော အကြောင်းများ။အစာအိမ်မှ အက်ဆစ်များအပေါ်လျှံတက်ပြီး ရင်ပူခြင်းကိုဖြစ်နိုင်ချေများစေသောအကြောင်းများ။အူလမ်းကြောင်းရှိ လုပ်ငန်းစဉ်များ မူမမှန်ခြင်း ကိုနိုင်ချေများစေသောအကြောင်းများ။အူရောင်ခြင်းကို ဖြစ်နိုင်ချေများစေသော အကြောင်းများ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အစာအိမ်မှ အက်ဆစ်များအပေါ်လျှံတက်ပြီး ရင်ပူခြင်း။ထိုရောဂါကို ခွဲစိတ်မှုများခံယူရန်လိုအပ်လာလျှင်အောက်ပါ စစ်ဆေးမှုများ ခံယူရပါမည်။အူလမ်းကြောင်းရှိ လုပ်ငန်းစဉ်များ မူမမှန်ခြင်း။အူရောင်ခြင်း။အစာအိမ်မှ အက်ဆစ်များအပေါ်လျှံတက်ပြီး ရင်ပူခြင်း။ရင်ပူခြင်းကို ခံစားရပါက ဆေးဆိုင်တွင် ဆေးဝယ်သောက်နိုင်ပါသည်။ သို့သော် ထိုဆေးများသောက်နေသော်လည်း မသက်သာပါက ဆရာဝန်ထံပြသရမည်ဖြစ်ပါသည်။ထိုဆေးများသည် အခြားဆေးများနှင့် တွဲသောက်လျှင် ဓါတ်မတည့်မှုများဖြစ်နိုင်သည့်အတွက် ဆရာဝန်နှင့် တိုင်ပင်ပြီးမှသောက်သင့်ပါသည်။အူလမ်းကြောင်းရှိ လုပ်ငန်းစဉ်များ မူမမှန်ခြင်း။အူရောင်ခြင်း။နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့်အစာချေဖျက်ခြင်းနှင့် ပတ်သက်သော မူမမှန်မှုများကိုခံစားနေရသူများအတွက်ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။အစာအိမ်မှ အက်ဆစ်များအပေါ်လျှံတက်ပြီး ရင်ပူခြင်း။အူလမ်းကြောင်းရှိ လုပ်ငန်းစဉ်များ မူမမှန်ခြင်း။အူရောင်ခြင်း။သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/digestive-disorders-%e1%80%a1%e1%80%85%e1%80%ac%e1%80%b1%e1%80%81%e1%80%ba%e1%80%96%e1%80%ba%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%94%e1%80%bd%e1%80%84%e1%80%b9%e1%80%b7/
အကျိုးပြုဘက်တီးရီးယား တွေက ဘေဘီလေးအတွက် ဘာတွေလုပ်ပေးလဲ
ဘေဘီလေးတစ်ယောက် ပျော်ရွှင်ကျန်းမာစွာ နဲ့ အရွယ်ရောက်လာစေဖို့ အရေးပါတဲ့အချက်တစ်ခုက ဘာလို့ထင်လဲ။ သူတို့ဝမ်းဗိုက်လေးကျန်းမာနေစေဖို့ပါ။ ကလေးလေးတွေ ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာကြီးပြင်းလာစေဖို့လိုအပ်တာက ကျန်းမာတဲ့အစာခြေစနစ်ပိုင်ဆိုင်ဖို့ပါ။ အစာခြေစနစ်ကျန်းမာပြီဆိုတာနဲ့ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုက အကောင်းဆုံးဖြစ်လာမှာပါ။အရပ်အမောင်းကစလို့  ဉာဏ်ရည်ဖွံ့ဖြိုးတာအထိ အကုန်လုံးက မေမေတို့ဆန္ဒရှိတဲ့အတိုင်း အကောင်းဆုံးဖြစ်လာမှာပါ။ရှေ့က အကျိုးပြုဆိုတဲ့စကားလုံးထက် ဘက်တီးရီးယားဆိုတဲ့ စကားလုံးကို အရင်တွေးမိတယ်ဟုတ်။ ဘက်တီးရီးယားဆိုတာကို အမြဲလိုလို သိထားခဲ့တာက ကူးစက်တတ်တယ်။ခန္ဓာကိုယ်ကို ထိခိုက်စေတယ်လို့ပေါ့။ ဒီနေရာမှာ ပြောပြပေးချင်တာက ဘက်တီးရီးယားတိုင်း ဆိုးတာမဟုတ်ပါဘူး။ အခုပြောတဲ့ အကျိုးပြုဘက်တီးရီးယား တွေက ဘေဘီလေးတွေရဲ့ ကျန်းမာရေးကို အကောင်းဆုံးထောက်ပံ့ပေးမယ့် ဘက်တီးရီယားလေးတွေပါ။ ဒါကြောင့်လည်း အကျိုးပြုဘက်တီးရီးယားလို့ခေါ်တာပေါ့။အကျိုးပြုဘက်တီးရီးယားလေးတွေက ဘေဘီ​လေးတွေအတွက် အကျိုးဖြစ်တာအများကြီးပါ။ ဘာလုပ်ပေးလဲဆိုတော့ ဘေဘီလေးကျန်းမာစေဖို့ အစစအရာရာတာဝန်ယူပေးပါတယ်။ ဘာတွေများဖြစ်မလဲ ဆက်ကြည့်လိုက်ရအောင်လား…။အစာခြေစနစ်ထဲမှာ အကျိုးပြုဘက်တီးရီးယားတွေရော ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားတွေရောရှိနေပါတယ်။ ဒီဘက်တီးရီးယားတွေရဲ့ ပမာဏက မျှခြေဖြစ်နေမှ အစာခြေစနစ်ကျန်းမာမှာပါ။ အကျိုးပြုဘက်တီးရီးယားလေးတွေက ဘေဘီလေးတွေကိုလေနာ၊ စားချဉ့်ရည်ပြန်ဆန်တက်တာ၊ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ ဝမ်းချုပ်တာတွေ မဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဒါတင်လားဆို​တော့ မဟုတ်ပြန်ပါဘူး။အကျိုးပြုဘက်တီးရီးယားလေးတွေက ဘေဘီလေးကို ပြင်းထန်အစာခြေစနစ်ပြဿနာတွေဖြစ်ကြတဲ့ နာတာရှည် အူလမ်းကြောင်းဆိုင်ရာပြဿနာစု (IBS) မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ တချို့လေ့လာချက်တွေမှာ တွေ့ရပါတယ်။ စားလိုက်တဲ့ အစားအစားတိုင်းကို အာဟာရဖြစ်စေဖို့လည်းကူညီပေးပါတယ်။အူနံရံတွေက အာဟာရဓာတ်တွေကိုလည်း အကောင်းဆုံး စုပ်ယူနိုင်စေပါသေးတယ်။ကိုယ်ခံအားစနစ်ကောင်းစေဖို့ ၈၀ ရာခိုင်နှုန်းလောက် အစာခြေစနစ်ပေါ်မှာ မူတည်နေတာပါ။ အစာခြေစနစ်ကျန်းမာစေဖို့ကို အဓိကပံ့ပိုးပေးတာက အကျိုးပြုဘက်တီးရီးယားလေးတွေပါ။ ဘေဘီလေးရဲ့ အစာခြေစနစ်ထဲမှာ အကျိုးပြုဘက်တီးရီးယား တွေလုံလောက်အောင်ရှိနေမယ်ဆိုရင် ကလေးကဖျားတာ၊တုပ်ကွေးဖြစ်တာအပါအဝင် အခြားသော နာမကျန်းမှုတွေကနေ ကင်းဝေးစေမှာပါ။အစာခြေစနစ်က ဦးနှောက်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ စိတ်ခံစားမှုကောင်းစေတဲ့ ဟော်မုန်းတွေထွက်ရှိလာစေဖို့ အခန်းကဏ္ဍမှာလည်း အကျိုးပြုဘက်တီးရီးယားလေးတွေက ၈၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းလောက်အထိတာဝန်ယူထားပေးပါတယ်။ ဒါကြောင့် ဘေဘီလေးကို  စိတ်ဖိစီးမှုကင်းကင်း၊ စိတ်ဓာတ်ကျမှုကင်းကင်းနဲ့အာရုံစူးစိုက်မှုကောင်းပြီး ဉာဏ်ရည်ဖွံ့ဖြိုးတဲ့ ကလေးတစ်ယောက်အနေနဲ့ ကြီးပြင်းလာစေချင်တယ်ဆိုရင် အကျိုးပြုဘက်တီးရီးယားလေးတွေကို အားကိုးလိုက်ပါ။ကလေးကိုအဝလွန်တာ၊အရမ်းညှက်တာမျိုးမဖြစ်စေချင်ဘူး။ သင့်တင့်တဲ့ကိုယ်အလေးချိန်ရှိပြီး ကျန်းကျန်းမာမာကြီးပြင်းစေချင်တယ်။ အဝလွန်တာရဲ့ နောက်ဆက်တွဲ အနေနဲ့ဖြစ်လာတဲ့ ဆီးချို၊ အသည်းအဆီဖုံးတဲ့ ပြဿနာတွေက ကင်းစေချင်တယ်ဆိုရင် ငယ်ငယ်ကတည်း က အကျိုးပြုဘက်တီးရီးယား လုံလောက်အောင်ကျွေးပေးပါ။ဘေဘီလေးတွေရဲ့ အရေပြားက နူးညံ့သလို ထိခိုက်တုံ့ပြန်လွယ်ကြပါတယ်။ ဘေဘီလေးတွေဟာ အသားခြောက်တာကနေစလို့ နို့ပွေး၊ ဝက်ခြံ၊ အရေပြား ဓာတ်မတည့်မှုစတဲ့ အရေပြား ပြဿနာတော်တော်များများကို ခံစားကြရပါတယ်။ ဒီအရေပြားပြဿနာကို ကင်းစေဖို့ဆိုရင်တော့ အကျိုးပြုဘက်တီးရီးယားလုံလောက်အောင်ကျွေးပေးဖို့လိုပါမယ်။ မိခင်ဝမ်းထဲမှာ ရှိကတည်းက မေမေက အကျိုးပြုဘက်တီးရီးယား လုံလောက်စွာ ရရှိအောင် စားသုံးပေးမယ်ဆိုရင် ဘေဘီလေးက အရေပြားပြဿနာကင်းတဲ့ ကလေးလေးအဖြစ်မွေးဖွားလာမှာပါ။အကျိုးပြုဘက်တီးရီးယားတွေက ကလေးရဲ့ အစာခြေစနစ်ကျန်းမာစေပြီး အကောင်းဆုံးကြီးထွားဖွံ့ဖြိုးစေမှာဖြစ်သလိုဉာဏ်ရည်ထက်မြက်ပြီးကျန်းမာတဲ့ ကလေးတစ်ယောက်အဖြစ်ကြီးပြင်းလာစေမှာပဲ ဖြစ်ပါတယ်၊၊။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/the-truth-about-baby-probiotics/
Bloating (ဗိုက်တင်းခြင်းနဲ့ ပတ်သတ်ပြီး ဘာတွေသိထားဖို့လိုသလဲ)
ယင်းအခြေအနေဟာ အစာအိမ်ကြီး တင်းပြီး သက်တောင့်သက်တာမဖြစ်တာပါ။ ဗိုက်ထဲမှာ တစ်ခုခုရှိနေတယ်လို့ ခံစားနေရပြီး အသံတွေလည်းကျယ်လောင်စွာ မြည်နေပါတယ်။ ဒါပေမယ့်လည်း စိုးရိမ်ရတဲ့ ရောဂါတစ်ခုတော့ မဟုတ်ပါဘူး။ နည်းမှန်လမ်းမှန်နဲ့ ဂရုစိုက်စိုက်ပေးဖို့ပဲ လိုပါတယ်။ဗိုက်တင်းတာက အသက်အရွယ်မရွေး တော်တော်အဖြစ်များပါတယ်။ အန္တရယ်ရှိအချက်များကို ရှောင်ကျဉ်ခြင်းဖြင့် ရင်ဆိုင်နိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များကို ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။အဓိကတော့ ဗိုက်မကောင်းတာပါ။ ဗိုက်တင်းရင်းတင်းရင်းနဲ့ အရမ်းဆိုးလာပြီဆိုရင် ကလေးရှိတယ်လို့တောင် ထင်နေရပါတယ်။ ဘာတွေပဲဖြစ်ဖြစ် ဒါဟာဗိုက်တင်းတာလေးတစ်ခုပါပဲ။ စားသောက်မှုပုံစံပြောင်းလဲရုံနဲ့ ပုံမှန်ပြန်ဖြစ်သွားနိုင်ပါတယ်။ဒါပေမယ့်လည်း ဗိုက်တင်းရုံသာမက အောက်ပါ အခြားလက္ခဏာတွေနဲ့ တွဲလာပြီဆိုရင်တော့ ဗိုက်တင်းတာမဟုတ်တဲ့အခြားရောဂါတစ်ခုခုကို ခံစားနေရရပါပြီ။အထက်တွင် ဖော်ပြထားသော လက္ခဏာတွေ ရှိနေမယ် ဒါမှမဟုတ် မေးစရာတွေရှိနေမယ်ဆိုရင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ လူတစ်ယောက်နဲ့တစ်ယောက်ဟာ ခန္ဓါကိုယ်တွေမတူကြပါဘူး။ သင့်အခြေအနေအတွက် ဘာတွေကအသင့်အတော်ဆုံးလဲဆိုတာ ဆရာဝန်ဖြင့်ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါပဲ။သတိမပြုနိုင်လောက်မယ့် အကြောင်းအရာတွေကြောင့် ဗိုက်တင်းတတ်ပါတယ်။ကျန်းမာစွာမစားသောက်သူတိုင်း ဗိုက်တင်းနိုင်ပါတယ်။ တစ်ခါတစ်ရံနေမကောင်းရင်လည်း ဖြစ်နိုင်ပါတယ်။ ဆေးပညာသဘောအရ ပြောရမယ်ဆိုရင် ဗိုက်တင်းတယ်ဆိုတာဟာ အစာခြေလမ်းကြောင်းပြဿနာတစ်ခုပါပဲ။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဗိုက်တင်းတယ်ဆိုတာကို ဘယ်လိုစစ်ဆေးတွေ့ရှိမှာလဲ။များသောအားဖြင့် ဗိုက်တင်းခြင်းအပြင် အခြားရောဂါလက္ခဏာတွေရှိမရှိသိဖို့ စစ်ဆေးမှုအသစ်တွေ လိုအပ်ပါလိမ့်မယ်။ အာထရာစောင်း ဒါမှမဟုတ် ဝမ်းဗိုက်ပိုင်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့လိုအပ်နိုင်ပါတယ်။ ဆိုးဆိုးရွားရွားဖြစ်နိုင်ခြေနည်းပါးတာကြောင့် ဆေးစစ်မှုတွေလုပ်မလုပ်ကတော့ အခြေအနေပေါ်မှာ မူတည်ပါတယ်။ပုံမှန်ဗိုက်တင်းခြင်းကတော့ စားသောက်ပုံစံလေးပြောင်းလဲရုံနဲ့ ပျောက်ကင်းနိုင်ပါတယ်။ ထိန်းထိန်းသိမ်းသိမ်းစားသောက်ခြင်း၊ အဆီလျော့စားခြင်းနဲ့ ဖြည်းဖြည်းမှန်မှန်စားသောက်ခြင်းတို့က ဗိုက်တင်းတဲ့ပြဿနာတွေကို ပြေလည်စေမှာပါ။အခြားရောဂါလက္ခဏာတွေနဲ့ တွဲနေတဲ့ ဗိုက်တင်းမှုတွေကိုတော့ ယင်းလက္ခဏာတွေပေါ်မူတည်ပြီး ကုသမှုတွေ ပြောင်းလဲသွားမှာပါ။ဗိုက်တင်းမှုကိုရင်ဆိုင်နိုင်စေဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။များသောအားဖြင့် ကျန်းမာသောလူနေမှုဘဝပုံစံ၊ ကိုယ်လက်လေ့ကျင့်ခန်းနဲ့ ကျန်းမာသော စားသောက်ပုံစံတို့က ဗိုက်တင်းခြင်းပြဿနာတွေ ဖြေရှင်းဖို့ အဓိကသော့ချက်တွေပါပဲ။မေးစရာတွေ ရှိနေမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုသိရှိနားလည်စေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/bloating-gas/bloating-%e1%80%97%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%90%e1%80%84%e1%80%ba%e1%80%b8%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%94%e1%80%b2%e1%80%b7-%e1%80%95%e1%80%90%e1%80%ba%e1%80%9e/
ဘိုးဘိုးဘွားဘွားတွေအတွက် အံကပ် သန့်ရှင်းရေးလုပ်နည်း
အသက်လေးကြီးလာလို့ စားလို့ ဝါးလို့ မကောင်းတော့ရင်၊ သွားတွေ မစုံတော့ဘူးဆိုရင်သွားစိုက်မှာလား၊အံကပ်တပ်မှာလား စဉ်းစားလာကြပါပြီ။ ဒီထဲမှာ အံကပ်တပ်မယ်လို့ ဆုံးဖြတ်ထားတဲ့ ဘိုးဘိုးဘွားဘွားတွေများရှိရင် ဒီအံကပ်ကို ဘယ်လို သန့်ရှင်းရေး လုပ်ရမလဲဆိုပြီး စဉ်းစားနေကြမှာပါ။ အံကပ်ဆိုတာ ကိုယ့်ရဲ့ မွေးစားသွားတွေပါပဲ။ ဒါကြောင့် ကိုယ်ပိုင်သွားတွေလိုပဲ ဂရုစိုက်ရမှာပါ။သွားတိုက်ဖို့လိုသလို အံကပ်တွေကိုလည်း ပုံမှန် သန့်ရှင်းရေး လုပ်ဖို့ လိုပါတယ်။သွားဆရာဝန်က သေသေချာချာ ရှင်းပြလိုက်ပေမယ့် ဘိုးဘိုးဘွားဘွားတွေက အကုန်မှတ်မိချင်မှ မှတ်မိမှာပါ။ ဒါကြောင့် အိမ်မှာရှိတဲ့ သားသမီးတွေ မြေးတွေက အံကပ်သန့်ရှင်းရေးလုပ်နည်းကို သေသေချာချာ ပြန်ရှင်းပြနိုင်ဖို့ လိုပါတယ်။ဘေစင်အောက်မှာ ရေဖွင့်ပြီး ရေနိုင်နိုင်နဲ့ ဆေးပေးတာက အံကပ်မှာကပ်နေတဲ့စားကြွင်းစားကျန်တွေကို သန့်စင်ပေးပါတယ်။ ဆေးနေရင်း အောက်ပြုတ်မကျအောင် သတိတော့ထားပေါ့။ အစာစားပြီးတိုင်း ဆေးဖို့ အဆင်မပြေရင်ပလုတ်လောက်တော့ ကျင်းပေးစေချင်ပါတယ်။အံကပ်တွေက ကိုယ့်ရဲ့ အံပုံနဲ့ ကိုက်အောင် လုပ်ထားတာပါ။ ဒါကြောင့် ဖြုတ်ရင်း၊ ဆေးရင်း မပြုတ်ကျအောင်၊ ကွေးတာ၊ ဆွဲဆန့်တာ မလုပ်မိအောင် သတိထားရမှာပါ။နူးညံ့တဲ့ အမွေးရှိတဲ့သွားပွတ်တံကို သုံးပြီး ကိုယ့်ရဲ့ သွားတွေ၊ သွားဖုံးတွေ၊ လျှာတွေကို သန့်ရှင်းရေး လုပ်ပေးပါ။ အထူးသဖြင့် အိပ်ခါနီး အံကပ်ဖြုတ်ရင် လုပ်ဖြစ်အောင် လုပ်ပါ။  အံကပ်ဂျယ်သုံးရင် ဂျယ်ကို ဖယ်ပြီး သန့်ရှင်းရေး လုပ်ပါ။ ဒီလိုတိုက်ပေးတာက ခံတွင်းထဲမှာ သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။အံကပ်ကို နေ့တိုင်းဖြုတ်ပြီး ဆေးပေးပါ။ နူးညံ့တဲ့ သွားပွတ်တံလေးရယ်၊ အံကပ်ဆေးတဲ့ အရည်လေးရယ် သုံးပြီးတော့ပေါ့။သွားတိုက်ဆေးနဲ့ ဆေးတာက ရေရှည်မှာ အံကပ်ကို ပျက်စီးစေလို့  တတ်နိုင်ရင် အံကပ်ဆေးဖို့ ထုတ်ထားတဲ့ ဆေးရည်ကို သုံးစေချင်ပါတယ်။ ဆေးရည်လေးကို သုံးပြီး စားကြွင်းစားကျန်တွေ၊ အစွန်းအထင်းတွေကို သေချာ သန့်ရှင်းပေးပါ။ ဒါပေမယ့် ဖြည်းဖြည်းတိုက်ပေးပါ။ ကြမ်းကြမ်းတမ်းတမ်း တိုက်ရင် အံကပ်ပုံပျက်သွားမှာပါ။ နောက်ပြီး အံကပ်မချွတ်ချင်လို့ ပါးစပ်ထဲမှာ တပ်ပြီး ဆေးရည်နဲ့ သန့်ရှင်းရေး မလုပ်ပါနဲ့။ ဒါက ခံတွင်းကို ပျက်စီးစေပါတယ်။အံကပ်တွေက ပုံမပျက်ဖို့ဆို စိုစွတ်နေရမှာပါ။ ဒါကြောင့် ညဘက်ဖြုတ်အိပ်ရင် အံကပ်စိမ်တဲ့ရေဖြစ်ဖြစ်၊ ရိုးရိုးရေမှာပဲ ဖြစ်ဖြစ် စိမ်ထားပါ။ ဒီတိုင်းထားလို့ ခြောက်သွားရင် ပုံပျက်သွားပါမယ်။ နောက်ပြီး ရေနွေးပူထဲ ထည့်စိမ်ရင်လည်း ပုံပျက်သွားနိုင်ပါတယ်။မနက်နိုးလို့ အံကပ်ကို ပြန်တပ်မယ်ဆိုရင် ရေပြန်ဆေးပါ။ အထူးသဖြင့် အံကပ်စိမ်တဲ့ရေထဲ ထည့်ထားရင်ပေါ့။ ဒီအရည်က မျိုချမိရင် ပျို့အန်တာ၊ ဗိုက်နာတာ၊ လည်ချောင်းမှာ ပူတာတွေ ဖြစ်တတ်လို့ပါ။အံကပ်တပ်တဲ့သူက အသားမကျဘူးဆိုရင် အံကပ်နဲ့ သွားဖုံးနဲ့ ပွတ်မိပြီးအနာလေးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အံကပ်ဖြုတ်တိုင်း သွားဖုံးတွေကို သေချာ စစ်ဆေးပါ။ လျှာအောက်ကိုလည်း သေချာ စစ်ဆေးပါ။ အနာရှိရင်၊သွားဖုံးနာရင် ဆက်မတပ်ဘဲ သွားဆရာဝန်နဲ့ ပြသပါ။စစတပ်ချင်းဆို ခိုးလို့ခုလုနဲ့ နေတတ်မှာ မဟုတ်ပါဘူး။ တဖြည်းဖြည်းနဲ့ နေသားကျသွားမျာပါ။ ဒါပေမယ့် အံကပ်နဲ့ ကိုယ်နဲ့ မကိုက်ဘူးထင်ရင်၊ ချောင်လွန်း၊ ကြပ်လွန်းရင် ဆရာဝန်ဆီ ပြန်သွားပါ။ ပြန်ညှိပါ။ ဘာမှမဖြစ်လည်း ၆လ တစ်ခါလောက် သွားဆရာဝန်နဲ့ အံကပ်ကို စစ်ဆေးဖို့ လိုပါတယ်။ ဒါမှ ချောင်နေလား၊ အထဲမှာ အံကပ်နဲ့ တိုက်မိပြီး အနာတွေ ရှိနေလားဆိုတာ စစ်ဆေးလို့ရမှာပါ။ ပုံမှန်ဆိုရင်တော့ အံကပ်တစ်ခုက ၅နှစ်ကနေ ၇နှစ်အထိ ခံပါတယ်။-ကြမ်းတမ်းတဲ့ သွားပွတ်တံတွေ၊ သွားတိုက်ဆေးတွေ။–သွားဖြူဆေးတွေ။-ကလိုရင်းပါတဲ့ အရောင်ချွတ်ဆေးတွေ။-ရေနွေးပူတွေ စတာတွေကိုတော့ လုံးဝရှောင်ဖို့ လိုပါတယ်။ခုလောက်ဆို ဘိုးဘိုးဘွားဘွားတွေ အံကပ် သန့်ရှင်းရေး လုပ်မယ်ဆို ဘယ်လို ကူရမလဲဆိုတာ သိလောက်ပြီလို့ ယူဆပါတယ်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/oral-care/denture-care/
အလုပ်များသူတို့အတွက် ယောဂပုံစံ ၄မျိုး
ယောဂဆိုတာ ရှေးဟောင်းစိတ်နဲ့ ခန္ဓါလေ့ကျင့်ရေးကျင့်စဉ်ဖြစ်ပြီး ဒီထဲမှာ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုတွေ၊ အသက်ရှူခြင်းကို ထိန်းချုပ်မှုတွေနဲ့ တရားထိုင်ခြင်း သို့မဟုတ် အနားယူခြင်း စတာတွေ ပါဝင်ပါတယ်။ ယောဂဟာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာနှစ်မျိုးလုံးအတွက် လေ့ကျင့်ပေးပြီး ဒါက သက်တောင့်သက်သာနဲ့ အနားရစေကာ ဖိအားတွေ၊ ေသောကတွေကို သက်သာစေပါတယ်။ ယောဂမှာ လူတိုင်းနဲ့ သင့်လျော်မယ့် စတိုင်လ်တွေ၊ ပုံစံတွေ ပြင်းအားတွေ အမျိုးမျိုးရှိပါတယ်။ယောဂရဲ့ ကောင်းကျိုးတွေကို လေ့လာထားတဲ့ သုတေသနတွေအများကြီးရှိပါတယ်။ ယောဂကို လေ့ကျင့်တဲ့သူတိုင်းနီးနီးကလည်း အစောကြီးတည်းက ကျင့်မိရင် ကောင်းသားလို့ တွေးဖူးကြတာချည်းပါပဲ။ ယောဂဟာ ဒီလိုကောင်းကျိုးတွေအများကြီးကို ယူဆောင်လာပေးနိုင်ပါတယ်။– ဖိအားလျော့ကျစေခြင်း။သုတေသနအများစုကတော့ ယောဂဟာ စိတ်ဖိစီးမှုတွေနဲ့ စိုးရိမ်သောကတွေကို လျော့ကျစေတယ်လို့ တွေ့ရှိကြပါတယ်။ ဒါဟာ သင့်ရဲ့ စိတ်ခံစားချက်တွေကို ပိုမိုကောင်းမွန်စေပြီး အခြားအရာတွေအားလုံးအတွက်လည်း အကျိုးဖြစ်စေပါတယ်။– ကြံ့ခိုင်စေခြင်း။ယောဂလေ့ကျင့်ခြင်းဟာ ခန္ဓါကိုယ်ကို ညီညွတ်မျှတစေခြင်း၊ ပျော့ပျောင်းစေခြင်း၊ လှုပ်ရှားဖို့ ပိုမိုလွယ်ကူစေခြင်းနဲ့ သန်မာခြင်းတွေကို ပိုပြီး ကောင်းမွန်လာစေပါတယ်။– နာတာရှည်ကျန်းမာရေးပြဿနာတွေကို ထိန်းချုပ်ပေးနိုင်ခြင်း။ယောဂဟာ နှလုံးရောဂါနဲ့ သွေးတိုးရောဂါ စတဲ့ နာတာရှည်ရောဂါတွေရဲ့ အန္တရာယ်ဖြစ်နိုင်မယ့် အခြေအနေတွေကို လျှော့ချပေးနိုင်ပါတယ်။ ယောဂဟာ စိတ်ဓါတ်ကျခြင်း၊ နာကျင်ခြင်း၊ စိုးရိမ်သောကများခြင်းနဲ့ အိပ်ရေးပျက်ခြင်းတို့လို ကာလကြာရှည်ခံစားနေရတဲ့ ဝေဒနာတွေကိုလည်း သက်သာစေနိုင်ပါတယ်။စားပွဲခုံမှာပဲ တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်ခြင်းဟာ ကျွန်တော်တို့ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာက အံ့အားသင့်စရာတော့ မကောင်းလှပါဘူး။ ဒါကြောင့် ဒီလိုအလုပ်ခုံမှာ တစ်နေကုန်ထိုင်နေမယ့်အစား ယောဂပုံစံအချို့ကို လေ့ကျင့်ကြည့်ပါ။ နေ့တစ်ဝက်လောက်မှာ အကြောတစ်ခါလျှော့တာပဲ ဖြစ်ဖြစ် လုပ်ကြည့်ပါ။ ဒါက သင့်ကို ဖိအားတွေလျော့စေပြီး စွမ်းအင်တွေပြည့်ဝစေမှာပါ။သင့်ရဲ့ ရုံးကထိုင်ခုံက စိတ်အေးချမ်းမှုကို ရရှိစေနိုင်မယ့် မှန်ကန်တဲ့နေရာတစ်ခုမဟုတ်သလို သင်ထင်နေနိုင်ပါတယ်။ ဒါပေမဲ့ ခုံဆိုတာက ရုံးမှာရှိနေစဉ်မှာ သင့်ရဲ့ လုပ်ငန်းခွင်ကို ထင်ဟပ်နေစေတဲ့ အရာတစ်ခုပဲ မဟုတ်ပါလား။ ဒီထိုင်ခုံမှာပဲ သင်ပြုလုပ်နိုင်တဲ့ ယောဂလေ့ကျင့်ခန်းအချို့ကတော့။၁။ Chair tree pose : ညာဘက်ခြေထောက်ပေါ် အားယူလိုက်ခြင်းကနေ စကြရအောင်။ သင့်ရဲ့ ဘယ်ဘက်ဒူးကိုကွေးလိုက်ပြီး ဘယ်ခြေဖဝါးကို ညာဘက်ပေါင်ပေါ်တင်ထားပါ။ ပေါင်ထိ မရောက်နိုင်ဘူးဆိုရင်တော့ ခြေထောက်ကို ညာဘက် ဒူးပေါ်ဖြစ်စေ၊ ခြေသလုံးပေါ်ဖြစ်စေ လျှော့ထားရင်လည်း ရပါတယ်။ ဘယ်ဘက်ခါးကို အလွတ်ထားပါ။ (ဘယ်ဘက်လက်ကို မြှောက်ထားပါ)။ လက်တစ်ဘက်က ခုံကိုကိုင်ပြီး မယိုင်အောင် ထိန်းထားပါ။ ဒီအနေအထားကို လုပ်လို့ရသွားပြီဆိုရင်တော့ အသက်ကိုဖြည်းဖြည်းမှန်မှန်ရှူပါ။ ပုံမှန်ရှူပါ။ မိနစ်အနည်းငယ်လောက် လုပ်ပြီးပြီဆိုရင် ဘက်ပြောင်းလိုက်ပါ။၂။ Seated Eagle : ဒီယောဂမှာတော့ သင်က ထိုင်ခုံပေါ်မှာ သက်တောင့်သက်သာထိုင်ပြီး လုပ်သင့်တဲ့ ယောဂပါ။ ညာဘက်တံတောင်ဆစ်ကို ဘယ်ဘက်တံတောင်ဆစ်အောက်မှာထားပြီး လက်ဖဝါးနှစ်ခုပူးနိုင်အောင်လုပ်ပါ။ နောက်တစ်ဆင့်ကတော့ ခြေထောက်တစ်ဘက်ကို ကြမ်းပေါ် တင်းတင်းချထားပြီး မရွေးစေဘဲ နောက်ခြေထောက်တစ်ဘက်ကို ချိန်ပါ။ ပေါင်နှစ်ဘက်ကို တင်းကြပ်စွာ ထိကပ်နေပါစေ။ အပေါ်တင်ထားတဲ့ခြေထောက်ဟာ ကြမ်းပေါ်ချထားတဲ့ခြေထောက်ရဲ့ နောက်ကို ထိနေရမှာပါ။ ပေါင်အတွင်းသားတွေမှာ ညှစ်အားတစ်ခုဖြစ်နေတာကို သင်ခံစားရပါလိမ့်မယ်။၃။ Chair dancer pose : ဘယ်ဘက်ခြေထောက်ကို အားပြုပြီး ဘယ်ဘက်လက်က ခုံရဲ့နောက်ကျောဖြစ်စေ၊ စားပွဲခုံဖြစ်စေ၊ နံရံဖြစ်စေ တစ်ခုခုကို ဖြည်းဖြည်းကိုင်ထားပါ။ ဘယ်ဘက်ဒူးကိုကွေးပြီး ညာဘက်ခြေမဘေးကိုဖြစ်စေ၊ ခြေချင်းဝတ်ကိုဖြစ်စေ ကိုင်လိုက်ပါ။ ကိုယ်ကို အရှေ့ကို ဖြည်းဖြည်းချင်းကုန်းပြီး ကိုင်ထားတဲ့ခြေထောက်ကို နောက်ကို ဖြည်းဖြည်းကန်ထုတ်ပါ။ နောက်တစ်ဘက်ပြောင်းလုပ်ပါ။၄။ Seated ankle to knee : ညာဘက်ခြေဖဝါးကို ကြမ်းပေါ်မှာ အဆင်ပြေသလိုချထားပြီး ဘယ်ဘက်ခြေချင်းဝတ်ကို ညာဘက်ဒူးပေါ်တင်ပါ။ အသက်ရှူပါ။ ဒူးအဆစ်ကို မထိခိုက်စေဖို့နဲ့ ဒဏ်ရာမရစေနိုင်တဲ့အထိ ခြေထောက်ကို ကွေးပါ။ နောက်တစ်ဘက်ပြောင်းလုပ်ပါ။ခန္ဓါကိုယ်တစ်ခုလုံးက အကြောတွေပြေလျော့သွားစေဖို့ အခြားသော ယောဂပုံစံတွေဖြစ်တဲ့ Wrist Release နဲ့ Desk shoulder opener တို့လို ယောဂပုံစံတွေကိုလည်း ခုံတစ်ဝိုက်မှာပဲ လုပ်ယူနိုင်ပါသေးတယ်။ယောဂဟာ ယေဘုယျအားဖြင့်တော့ ကျန်းမာရေးကောင်းတဲ့သူတွေအတွက် လုံခြုံစိတ်ချရတယ်လို့ ယုံကြည်ရပါတယ်။ ဒီလူတွေကလည်း သေချာ လေ့ကျင့်ထားတဲ့ နည်းပြရဲ့လမ်းညွှန်မှုအောက်မှာ လေ့ကျင့်တယ်ဆိုရင်ပေါ့။ ဒါပေမဲ့ ယောဂကြောင့် အန္တရာယ်ဖြစ်နိုင်မယ့် အခြေအနေအချို့လည်း ရှိနေပါသေးတယ်။ ယောဂကို စပြီး မလေ့ကျင့်ခင်မှာ သင့်ရဲ့ ကျန်းမာရေး အကြံပေးကို တွေ့ကြည့်ပြီး သင့်မှာ အောက်ပါအခြေအနေတွေ၊ ကျန်းမာရေးပြဿနာတွေရှိနေသလားဆိုတာ မေးကြည့်ပါ။– အရိုးကျီးပေါင်း။– သွေးခဲနိုင်ချေရှိခြင်း။– မျက်လုံးပြဿနာ၊ ရေတိမ်အပါအဝင်။– ကိုယ်ဝန်ဆောင်ခြင်း။ယောဂဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက်တောင် ယေဘုယျအားဖြင့် သင့်လျော်သော်လည်း အချို့သော ယောဂပုံစံတွေကိုတော့ ရှောင်ရှားသင့်ပါတယ်။– ပြင်းထန်တဲ့ ဘက်မညီခြင်းပြဿနာများ။– ပြင်းထန်တဲ့ အရိုးပွရောဂါ။– သွေးဖိအား ထိန်းချုပ်မရခြင်း။စတာတွေရှိနေရင်တော့ ဆရာဝန်နဲ့ တိုင်ပင်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။တစ်နေ့လုံး သင့်ရဲ့ အလုပ်စားပွဲမှာ အလုပ်လုပ်နေရခြင်းဟာ ပျင်းရိငြီးငွေ့စရာကောင်းရုံတင်မကပါဘူး သင့်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ် ။ အလုပ်ချိန်တွေမှာ ပျော်ရွှင်ဖို့နဲ့ အလုပ်လုပ်နိုင်စွမ်း၊ အလုပ်ပြီးမြောက်နိုင်စွမ်းတွေ တိုးတက်လာစေဖို့ သင်နဲ့ သင့်ရဲ့လုပ်ဖော်ကိုင်ဘက်တွေပါ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်တော့ ယောဂဟာ အကောင်းဆုံး ရွေးချယ်မှုဖြစ်ပါလိမ့်မယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/%e1%80%a1%e1%80%9c%e1%80%af%e1%80%95%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%9e%e1%80%b0%e1%80%90%e1%80%ad%e1%80%af%e1%82%94%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-%e1%80%9a%e1%80%ac/
ဒုတိယအကြိမ်ရင်သားကင်ဆာဖြစ်ခြင်း နှင့် စိတ်ခံစားမှု
အချို့သူတွေက secondary ရင်သားကင်ဆာဟာ ဒုတိယအကြိမ် အပြစ်ပေးခံရခြင်းလို့ ယူဆကြပါတယ်။ သူတို့ဟာ ရင်သားကင်ဆာကို တစ်ခါခံစားဖူးကြသူတွေ ဖြစ်ပြီး ကုသမှုတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ခံရပြီး ဖြစ်ပါတယ်။ အခုတော့ ဒီအရာတွေကို နောက်တစ်ကြိမ် ပြန်လည်ခံစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆိုးရွားတဲ့ အတွေးတွေ ဖြစ်လာခြင်းဟာ ပုံမှန်သာဖြစ်ပါတယ်။ ဘယ်လို ခံစားမှုတွေ ဖြစ်လာသလဲဆိုတာ ကြည့်လိုက်ကြရအောင်။ဘယ်လိုခံစားရမလဲ။ဒုတိယအကြိမ် ရင်သားကင်ဆာ ဖြစ်လာပြီဆိုရင် ပထမအကြိမ် ကျော်လွှားနိုင်ပြီလို့ ယူဆခဲ့တဲ့ ရင်သားကင်ဆာခံစားရတုံးက စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေကို ပြန်လည် ရရှိမှာ ဖြစ်ပါတယ်။ ကြောက်ရွံ့ခြင်း၊ စိတ်ပူခြင်း၊ စိတ်တိုခြင်းနဲ့ စိတ်ဓါတ်ကျခြင်းတွေ ခံစားရနိုင်ပါတယ်။ ကုသမှုတွေဟာ အကျိုးမှရှိရဲ့လားဆိုတဲ့ အတွေးတွေဟာလည်း ပိုမို ကြီးမားလာမှာ ဖြစ်ပါတယ်။ဆရာဝန်တွေ၊ အခြားကျန်းမာရေး ဝန်ထမ်းတွေနဲ့ မိမိကိုယ်ကိုယ် စိတ်တိုလာမှုတွေကို ခံစားရမှာ ဖြစ်ပါတယ်။ ဆရာဝန်ဟာ သင်ထင်သလို မတော်ပါဘူး (သို့) သင်ဟာ ကင်ဆာရောဂါကို ကျော်လွှားနိုင်တော့မှာ မဟုတ်ဘူး အစရှိသဖြင့် ခံစားရနိုင်ပါတယ်။စိတ်တိုလာပြီး ဘာလို့ သင်ကျမှ ဖြစ်ပါလိမ့်၊ နှစ်ခါတောင် ခံစားရပါလိမ့်လို့ ကိုယ်တိုင် မေးနေမိမှာ ဖြစ်ပါတယ်။ အချို့သူတွေမှာတော့ အမှန်တရားကို လက်ခံနိုင်ပြီး ရောဂါနဲ့ ပတ်သက်တဲ့ အကောင်းဘက်က အတွေးတွေကို တွေးနိုင်ပါတယ်။တုန့်ပြန်မှုတွေနဲ့ ခံစားမှုတွေဟာ လူနာတစ်ဦးစီမှာ ကွာခြားမှု ရှိပါတယ်။ ဒါဟာ အမှန်၊ အမှားရယ်လို့မရှိပဲ စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုသာ ဖြစ်ပါတယ်။ဒါကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ။အဆိုးဘက် အတွေးတွေ၊ ခံစားမှုတွေဟာ သင့်မှာ ကင်ဆာ နောက်တစ်ကြိမ် ပြန်ဖြစ်လာခြင်းအတွက် ပုံမှန်ဖြစ်ပြီး သူတို့ကို ကောင်းကောင်း မထိန်းချုပ်နိုင်ဘူးဆိုရင် ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ အချို့ ကိစ္စတွေမှာ စိတ်ဓါတ်ကျခြင်းကို ဖြစ်စေပြီး နောက်ပိုင်းမှာ ကြောက်ရွံ့မှုတွေကို ဖြစ်လာစေမှာပါ။ ဒီစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းတွေ အများကြီးရှိပါတယ်။• တိုင်ပင်ဆွေးနွေးခြင်း – ပညာရှင်တွေနဲ့ ဆွေးနွေးခြင်း ဖြစ်ပြီး လုံခြုံစိတ်ချရပြီး နွေးထွေးတဲ့ သီးသန့်အခန်းငယ်အတွင်းမှာ ပြုလုပ်တာဖြစ်ပါတယ်။ ဆွေးနွေးသူဟာ သင့်ခံစားမှုတွေ ဘာကြောင့် ခံစားရလဲဆိုတာဖေါ်ထုတ်မှာဖြစ်ပြီး သူတို့ကို ကိုင်တွယ်ဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။ ဆွေးနွေးသူကို မရှက်မကြောက်ပဲ သင့်ပြဿနာတွေ အကုန်လုံးကိုပြောပြမှသာ သူက အကူအညီ ပေးနိုင်မှာ ဖြစ်ပါတယ်။• အာရုံပြောင်းခြင်း – အခြားအရာတွေပေါ် အာရုံပြောင်းဖို့ ကြိုးစားပါ။ သင့်ရောဂါအကြောင်းပဲ တွေးမနေပါနဲ့။ သင့်ဘဝမှာ ပျော်စရာကောင်းတဲ့ အရာလေးတွေ အကြောင်း စဉ်းစားပါ။• အနားယူပါ – အတွေးတွေကို ရပ်လိုက်ပြီး အိပ်ရာဝင်ပါ (သို့) ရေပူနဲ့ ရေချိုးပါ။ နှိပ်နယ်ပေးခြင်းဟာလည်း သင့်ကို အပန်းပြေစေပါတယ်။• စိတ်ကို အစွမ်းကုန် ဖွင့်ထားပါ – လက်ရှိအချိန်မှာ သင့်မှာ ရှိတဲ့ အရာတွေ အကြောင်း၊ သင့်ကို ပျော်ရွှင်စေတဲ့ အရာတွေ အကြောင်းကို တွေးတောပါ။ အနံ့၊ အရသာ၊ အသံ အစရှိတာတွေကို အာရုံစိုက်ပါ။ သင့်ဘဝဟာ လှပတာကြောင့် ရင်သားကင်ဆာကို တိုက်ဖျက်ဖို့ ကြိုးစားရပါမယ်။တကယ်လို့ ခံစားမရမှုတွေဟာ မသက်သာဘူးဆိုရင် (သို့) အစာစားချင်စိတ် မရှိခြင်း၊ မပျော်ခြင်း၊ စိတ်ဝင်စားမှု မရှိခြင်း၊ အိပ်မပျော်ခြင်း၊ အာရုံစိုက်လို့မရခြင်းတွေ ဖြစ်လာမယ်ဆိုရင်တော့ ဆရာဝန်ကို ချက်ချင်း ပြသသင့်ပါတယ်။သင့်မှာ ကင်ဆာ နောက်တစ်ခါ ပြန်လည် ဖြစ်လာခဲ့ရင် မကောင်းတဲ့ အတွေးတွေကို နှစ်ခါ ပြန်လည် ခံစားရမှာ ဖြစ်ပါတယ်။ ရောဂါ ဖြစ်လာတဲ့အတွက် မပျော်ရွှင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မကောင်းတဲ့ အတွေးတွေဟာ သင့်ဘဝကို ခြယ်လှယ်တာမျိုး မဖြစ်စေသင့်ပါဘူး။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/%e1%80%92%e1%80%af%e1%80%90%e1%80%ad%e1%80%9a%e1%80%a1%e1%80%80%e1%80%bc%e1%80%ad%e1%80%99%e1%80%ba%e1%80%9b%e1%80%84%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac/
ကြက်သွန်နီ က အနံ့ဆိုးပေမယ့် ကျန်းမာရေးအတွက်ကောင်းပါတယ်
တစ်ခုခုစားရင် ကြက်သွန်နီ မထည့်နဲ့နော်။ပါးစပ်နံမှာစိုးလို့ မကြိုက်ဘူးဆိုပြီး ပြောနေမိတာ ကိုယ်တိုင်တောင် အစစ်ပါပါတယ်။ ဒါပေမယ့် ကြက်သွန်နီက မီးဖိုချောင်ရဲ့ ဂမုန်းလို့တောင်တင်စားကြတာပါ။ ကြက်သွန်နီက မွှန်တယ်၊ အနံ့ဆိုးတယ်ဆိုပေမယ့် ကျန်းမာရေးကို တော်တော်လေးအထောက်အကူပြုတာပါ။ ဒီတော့ ကြက်သွန်နီကို မကြိုက်ပေမယ့်လည်း စားသင့်တဲ့အကြောင်းအရင်းလေးတွေကိုပြောပြပေးမယ်နော်။အခွံက လိမ္မော်ရောင်ခပ်ဖျော့ဖျော့လေးရှိပြီး အထဲမှာ အရည်ရွှမ်းတဲ့အသားလွှာလေးတွေအထပ်ထပ်ပါ။ ဟင်းအနှစ်အတွက် ထုထောင်းပြီး ချက်ပြုတ်လေ့ရှိသလို အသုပ်တွေထဲကိုလည်း ပါးပါးလှီးထည့်ပါတယ်။ ကြက်သွန်နီကို မုန့်နှစ်နဲ့ကြော်ပြီး ကြက်သွန်ကြော်စားလေ့ရှိသလို ဆီချက်လေးချက်ပြီး အသုပ်တွေ၊ မုန့်ဟင်းခါး၊ မုန့်တီတို့ထဲထည့်စားတတ်ကြပါတယ်။ အုန်းနို့ခေါက်ဆွဲထဲကိုလည်း ကြက်သွန်နီပါးပါးလှီးပြီးထည့်တတ်ကြပါသေးတယ်။ကြက်သွန်နီမှာ။Hello ဆရာဝန် ပရိသတ်ကြီးကို ကြက်သွန်နီစားပါလို့ပြောရတဲ့ အကြောင်းအရင်းကတော့။ကြက်သွန်နီမှာ ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝသလို ဗီတာမင် C လည်းကြွယ်ဝစွာပါဝင်နေတာကြောင့် ကင်ဆာဖြစ်စေနိုင်တဲ့အရာတွေကို အကောင်းဆုံးဖယ်ရှားပေးနိုင်ပါတယ်။ အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ နဲ့ ဆီးကျိတ်ကင်ဆာတွေ မဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာကျိတ်တွေကို ထပ်မပွားလာအောင်လည်း အထိရောက်ဆုံးဟန့်တားပေးနိုင်ပါတယ်။ကြက်သွန်နီမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ရောင်ရမ်းမှုကို တိုက်ဖျက်ပေးနိုင်တဲ့ ဒြပ်ပေါင်းတွေပါဝင်နေပါတယ်။ သွေးတွင်းက အကျိုးမပြုကိုလက်စထရောပမာဏကို ကျဆင်းစေပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။ ပိုတက်ဆီယမ်ပါဝင်မှုကြောင့် သွေးပေါင်ကျစေနိုင်ပြိး နှလုံးကို သွေးတိုးကြောင့် ထိခိုက်တာမျိုးမဖြစ်အောင်လည်း အကောင်းဆုံးစောင့်ရှောက်မှုပေးနိုင်မှာပါ။ အဝလွန်နေသူတွေလည်း အထူးစားသုံးပေးသင့်ပါတယ်။ သွေးခဲပိတ်ဆို့မှုတွေ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ကြက်သွန်နီက စိတ်ဓာတ်ကျတာမျိုးမဖြစ်အောင် ကာကွယ်ပေးပြီး ဦးနှောက်ဆီကို လိုအပ်တဲ့ အာဟာရတွေနဲ့ သွေးစီးဆင်းရောက်ရှိမှုကောင်းမွန်စေနိုင်ပါတယ်။စိတ်ခံစားမှုကို ကောင်းစေတဲ့ ဟော်မုန်းတွေဖြစ်ကြတဲ့ ဒိုပါမင်၊ ဆီတိုနင်၊ အောက်ဆီတိုဆင် ဟော်မုန်းတွေကို ထွက်ရှိစေပြီး စိတ်ပျော်ရွှင်စေနိုင်သလို အစားစားချင်စိတ်ကိုလည်း ဖြစ်စေနိုင်ပါတယ်။ဗီတာမင် C ကြွယ်ဝမှုကြောင့် ကော်လာဂျင်ထွက်ရှိလာအောင် လှုံ့ဆော်ပေးပြီးဆံသားနဲ့ အရေပြားကို ကျန်းမာစေဖို့ အထောက်အကူပြုပေးပါတယ်။ကြက်သွန်နီမှာ သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်တဲ့ quercetin နဲ့ sulfur ဒြပ်ပေါင်းတွေ ပါဝင်နေတာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး အမျိုးအစား -၂ ဆီးချိုရှိသူတွေနဲ့ အထူးသင့်တော်ပါတယ်။ ကာကွယ်ဖို့အတွက်ရော ကုသဖို့အတွက်ပါ အသုံးပြုနိုင်ပါတယ်။နို့နဲ့ နို့ထွက်ပစ္စည်းတွေကပဲ အရိုးတွေကို သန်မာစေတာမဟုတ်ပါဘူး။ ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ ကြက်သွန်နီကလည်း အရိုးတွေကိုသန်မာစေပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရိုးသိပ်သည်းဆ လျော့ကျမှုကိုလည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ အရိုးပွရာဂါ အရိုးပါးတာတွေကို ကာကွယ်လိုသူတိုင်း နေ့စဉ်ကြက်သွန်နီစားပေးသင့်ပါတယ်။အမျှင်ဓာတ်နဲ့ အကျိုးပြုဘက်တီးရီးယားအာဟာရတွေပါဝင်နေမှုကြောင့် အစာခြေစနစ်ကို ကျန်းမာစေသလို အူလမ်းကြောင်းကိုလည်း ကျန်းမာစေနိုင်ပါတယ်။ အစာခြေစနစ်ကျန်းမာမှုနဲ့အတူကိုယ်ခံအားကို ကောင်းစေပြီး ခန္ဓာကိုယ်ကို ရောဂါတွေအန္တရာယ်ကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။ကြက်သွန်နီက အာဟာရဖြစ်တယ်ဆိုပေမဲ့ သင့်တင့်ရုံပဲ စားပေးသင့်ပါတယ်။ အလွန်အကျွံစားတာက ရင်ပူစေတာ၊ ဗိုက်ထဲ နေလို့ မကောင်းတာ ဖြစ်စေနိုင်ပါတယ်။ ဆေးဝါးတွေနဲ့လည်း ဓာတ်ပြုနိုင်တာကြောင့် ပမာဏများများ မစားဖို့ကိုလည်း သတိပေးလိုပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/onion-health-benefits/
မေမေတို့မေးချင်နေမယ့် အကျိုးပြုဘက်တီးရီးယား နဲ့ပတ်သက်တဲ့ မေးခွန်းအချို့
ကလေးကို အာဟာရပြည့်စေချင်ရင်၊ ကျန်းကျန်းမာမာကြီးပြင်းလာစေချင်ရင် ဒါတွေကျွေးပေးဖို့လိုမယ်၊ လို့ပြောတဲ့အခါတိုင်း ကျွေးချင်တယ်။ ဒါပေမယ့် ဘာကြောင့်လဲဆိုတဲ့ အကြောင်အရင်းကိုလည်း ပြည့်ပြည့်စုံစုံသိချင်မိတာက မေမေတိုင်းရဲ့ ရင်ထဲကဆန္ဒတစ်ရပ်ပါ။ ဒီတစ်ခေါက်တော့ဘေဘီလေးကျန်းမာစေဖို့ လိုအပ်တဲ့အာဟာရတစ်မျိုးဖြစ်တဲ့အကျိုးပြုဘက်တီးရီးယားနဲ့ပတ်သက်လို့မေမေတိုင်းသိချင်နေမယ့် မေးခွန်းလေးတွေကို ပြောပြပေးပါရစေလား……..။ဘေဘီလေးတွေရဲ့အစာခြေစနစ်ကနေစလို့ ခန္ဓာကိုယ်တစ်ခုလုံးနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက်ပါအကောင်းဆုံးထောက်ပံ့ပေးတဲ့ သက်ရှိဘက်တီးရီးယားလေးတွေပါ။ ဘေဘီလေးကို ကျန်းမာပျော်ရွှင်စွာကြီးပြင်းလာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့်လည်း အကျိုးပြုဘက်တီးရီးယားလို့ခေါ်တာပေါ့။Probiotics အမျိုးအစားက တစ်မျိုးမကရှိပါတယ်။ အမျိုးအစားမတူသလို အကျိုးပြုပုံချင်းလည်း မတူပါဘူး။ Probiotics အမျိုးအစားတွေက –။Lactobacillus –ဒါကတွေ့ရအများဆုံး Probiotic ပါ။ ဒီ Probiotic အမျိုးအစားကို ဒိန်ချဉ်မှာတွေ့ရများပါတယ်။ Probioticsတွေက ဝမ်းလျှောတာကို သက်သာစေနိုင်ပြီးlactose ကို အစာကြေခဲတဲ့သူတွေအတွက်လည်း အစာခြေစနစ်ကို အထောက်အပံ့ပေးပါတယ်။Bifidobacterium –ဒီProbiotic အမျိုးအစားကိုတော့ နို့ထွက်ပစ္စည်းတွေမှာတွေ့ရတာများပါတယ်။irritable bowel syndrome(IBS) (နာတာရှည် အူလမ်းကြောင်းဆိုင်ရာ ပြဿနာစု) လက္ခဏာတွေနဲ့ အခြားအစာအိမ်အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။Saccharomyces boulardii– ဒါကတော့probiotics ထဲမှာတွေ့ရတဲ့ တစေးတစ်မျိုးပါ။ဝမ်းလျှောတာနဲ့ အခြားအစာခြေစနစ်ဆိုင်ရာပြဿနာတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။များသောအားဖြင့်ကတော့ အစာခြေစနစ် အူလမ်းကြောင်းတလျှောက်နဲ့အူမကြီးထဲမှာ ရှင်သန်နေထိုင်ကြပါတယ်။အကျိုးပြုဘက်တီးရီးယားတွေက အမျိုးအစား အမျိုးမျိုးကွဲပြားသလို ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ပုံစံချင်းလည်းမတူကြပါဘူး။အကျိုးပြုဘက်တီးရီးယားတွေက ကလေးအတွက် ဘေးကင်းပါတယ်။ လုံလောက်တဲ့ ပမာဏဖြစ်ဖို့တော့လိုတာပေါ့။ အကျိုးပြုဘက်တီးရီးယားလေးတွေကို လုံလောက်စွာရရှိမှုကဘေဘီလေးကို အစာခြေစနစ်ကျန်းမာပြီးကိုယ်ခံအားကောင်းတဲ့ ကလေးအဖြစ်အရွယ်ရောက်ကြီးပြင်းလာစေမှာပါ။ဘေဘီလေးတိုင်းက အကျိုးပြုဘက်တီးရီးယားကို လိုအပ်တယ်ဆိုပေမယ့် ဒီလိုမျိုးဘေဘီလေးတွေက ပိုလိုအပ်ပါတယ်။ခွဲမွေးထားတဲ့ ဘေဘီလေးတွေ– ခွဲမွေးတဲ့ကလေးလေးတွေက မွေးလမ်းကြောင်းကို ဖြတ်သန်းမှုမရှိခဲ့တာကြောင့် မေမေ့ရဲ့မွေးလမ်းကြောင်းတလျှောက်မျာရျိနေတဲ့အကျိုးပြုဘက်တီးရီးယားလေးတွေကို တပါတည်း ယူမလာနိုင်ခဲ့ကြပါဘူး။ ဒါကြောင့် ခွဲမွေးထားတဲ့ ကလေးလေးတွေက အကျိုးပြုဘက်တီးရီးယားကို ရိုးရိုးမွေးတဲ့ကလေးလေးတွေထက် ပိုလိုအပ်ပါမယ်။ပဋိဇီဝဆေး သောက်သုံးနေရတဲ့ ဘေဘီလေးတွေ–  ပဋိဇီဝဆေးဝါးတွေ သောက်သုံးနေရမှုက ဘေဘီလေးရဲ့ အစာခြေစနစ်အတွင်းက အကျိုးပြုဘက်တီးရီးယားတွေကို အားနည်းစေနိုင်ပါတယ်။ ဒီလိုအားနည်းမှုက ဘေဘီလေးကိုဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ အစာခြေစနစ်အားနည်းတာ၊ စားချဉ့်ရည်ပြန်ဆန်တက်တာ၊လေနာတာနဲ့ ဝမ်းချုပ်တာလိုမျိုး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။နို့ဗူးသောက်နေတဲ့ ဘေဘီလေးတွေ– မေမေကအလုပ်များလို့ဆိုပြီး နို့ဗူးသောက်နေရတဲ့ ဘေဘီလေးတွေကမေမေ့နို့ကနေတဆင့် အကျိုးပြုဘက်တီးရီးယားတွေ ကြွယ်ဝစွာရရှိမယ့် အခွင့်အရေးကိုလက်လွတ်ဆုံးရှုံးနေတာပါ။ ဒါကြောင့် နို့ဗူးသောက်နေရတဲ့ ဘေဘီလေးတွေလည်း အကျိုးပြုဘက်တီးရီးယားကို လိုအပ်မှာပါ။အကျိုးပြုဘက်တီးရီးယားတွေက ဘေဘီလေးကို။အကျိုးပြုဘက်တီးရီးယားတွေကို။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/probiotics-for-babies/
နွေရာသီမှာ ကြက်ဥအကာ နဲ့ မျက်နှာပေါင်းတင်ကြမယ်
မျက်နှာပေါင်းတင်တဲ့ အလှကုန်ပစ္စည်းတွေ၊ အိမ်မှာ အလွယ်တကူ လုပ်လို့ရတဲ့ မျက်နှာပေါင်းတင်ပစ္စည်းတွေမှာ ကြက်ဥအကာ ကို တော်တော်လေး အသုံးများလာကြပါတယ်။ မတူညီတဲ့အသားအရေတိုင်းအတွက် သုံးပေးလို့ ရတဲ့အပြင် အရေပြားအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ဖြည့်ပေးလို့ သုံးပြီးတာနဲ့ မျက်နှာအသားလေး နူးအိပြီး စိုပြေသွားတဲ့အရသာကို ခံစားရမှာပါ။ကြက်ဥမှာ အသားအရေကို တင်းရင်းစေတဲ့ အာနိသင်ပါဝင်လို့ အသက်အရွယ်ကြီးသူတွေ၊ အရွယ်မတိုင်ခင် မျက်နှာပေါ်မှာအရေးအကြောင်း ထင်နေတဲ့သူတွေအတွက် သုံးလို့ အဆင်ပြေစေပါတယ်။ နွေ၊ မိုး၊ဆောင်းရာသီ မရွေး အသုံးပြုနိုင်တဲ့အပြင် အသားအရေကို နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးပြီး ဖြူစင်ဝင်းမွတ်လာစေနိုင်ပါတယ်။ဒါဆိုရင် နွေရာသီမှာ ချွေးတွေ ထွက်ပြီး မျက်နှာအဆီအမြဲပြန်နေလို့ စိတ်ညစ်နေတဲ့ ပျိုမေတွေနဲ့အလှအပကို စိတ်ဝင်စားတဲ့ သူတွေအတွက် ကြက်ဥအကာကို အသုံးပြုပြီး အလွယ်တကူမျက်နှာပေါင်းတင်လို့ ရမယ့် နည်းလမ်းတွေကို ပြောပြပေးမယ်နော်။၁။ မျက်နှာ အဆီပြန်တဲ့သူတွေအတွက်။အရင်ဆုံးကြက်ဥအကာ တစ်လုံးနဲ့ သံပရာသီးတစ်ခြမ်းကို အရည်ညှစ်ပြီး သေချာခေါက်မွှေပါ။ မျက်နှာသုတ် တစ်သျှူး သို့မဟုတ် ဂွမ်းစပေါ်မှာ ကြက်ဥအနှစ်ကို ပါးပါးလေး ယူပြီး မျက်နှာနေရာအနှံ့ကို သုတ်လိမ်းပေးပါ။ ၁၀မိနစ်လောက် ကြာအောင် ထားပြီးရင် ရေနွေးနွေးလေးနဲ့ ပြောင်စင်အောင် ဆေးပေးပါ။မျက်နှာပေါ်က အဆီတွေနဲ့ ချွေးပေါက်ထဲမှာ ပိတ်မိနေတဲ့ ဖုန်မှုန့်၊ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်တယ်။ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်တဲ့ အာနိသင်ကြောင့်ဝက်ခြံ၊ အဖုအပိမ့်တွေ မထွက်လာစေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။ တစ်ပတ်ကို ၃ကြိမ်ထိ အသုံးပြုပေးရုံနဲ့ သိသာထင်ရှားတဲ့ ရလဒ်ကို ပိုင်ဆိုင်နိုင်မှာပါ။၂။ ချွေးပေါက်ကျယ်တဲ့သူတွေအတွက်။အဆီပြန်တဲ့သူတွေသာမက အသားအရေခြောက်တဲ့သူတွေ အသုံးပြုလို့ ရပါတယ်။ အသားအရေကို အာဟာရဓာတ်ဖြည့်တင်းပေးပြီး ချွေးပေါက်ကျယ်တဲ့ ပြဿနာကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။ပြုလုပ်ပုံကတော့ အရင်ဆုံး ကြက်ဥအကာကို အမြှုပ်ထတဲ့အထိ ခေါက်မွှေပေးပါ။ ပြီးသွားရင် သံပရာရည် တစ်ဇွန်း၊ ပျားရည်တစ်ဇွန်းနဲ့ ရောမွှေပေးပါ။ ရလာတဲ့အနှစ်ကို ဂွမ်းစဖြင့် မျက်နှာပေါ် ဖြည်းဖြည်းချင်း ပွတ်ပေးပါ။ ၁၅မိနစ်ခန့် ထားထားပြီးရင် ရေနွေးလေးနဲ့ ပြောင်စင်အောင် ဆေးပေးလိုက်ရုံပါပဲ။ပျားရည်နဲ့ ဓာတ်မတည့်တဲ့ သူတွေ၊ သံပရာရည်ပါဝင်မှုကြောင့် အသုံးပြုပြီး မျက်နှာစပ်ဖျဉ်းဖျဉ်း ခံစားနေရပြီဆိုရင် မျက်နှာကို အမြန်ဆုံး ဆေးကြောသင့်ပါတယ်။၃။ အသားအရေကို ရေဓာတ်ဖြည့်တင်းပေးရန်အတွက်။နေပူဒဏ်ကြောင့် အသားအရေ ခြောက်ပြီး အရောင်မှိန်လာတာ၊ မျက်နှာအသားအရေ ကြမ်းတမ်းပြီး မည်းညစ်လာတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ မျက်နှာပေါင်းတင်နည်း ဖြစ်ပါတယ်။ကြက်ဥအနှစ်တစ်လုံးကို စပျစ်သီး ၇လုံးခန့် ရောမွှေပြီး ကြိတ်စက်ဖြင့် သေချာကြိတ်ပေးရပါမယ်။ သမအောင် ကြိတ်ပြီးသွားပြီဆိုရင် မျက်နှာသုတ် ဂွမ်းစဖြင့် အနည်းငယ်ဆီယူပြီး အပေါ်ဘက်သို့ မျက်နှာမူပြီး ပွတ်လိမ်းပေးရမှာပါ။ ၁၅ မိနစ်ခန့် ထားပြီးသွားရင် ရေနွေးဖြင့် သေချာပြောင်စင်အောင် ဆေးကြောပေးရပါမယ်။ဒီနည်းလမ်းကို ပုံမှန်လုပ်ပေးခြင်းဖြင့် နွေရာသီမှာ အသားအရေ ရေဓာတ်ခမ်းခြောက်မှုကို ကာကွယ်ပေးနိုင်တဲ့အပြင် သဘာဝအတိုင်း ဖြူစင်ဝင်းပစေနိုင်ပါတယ်။ ပိုကောင်းတဲ့ အာနိသင်ရရန်အတွက် မျက်နှာပေါင်းတင်ပြီးတိုင်း အစိုဓါတ်ထိန်းခရင်မ် (moisturizer) သုံးပေးနိုင်ရင် ပိုကောင်းပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/egg-white-mask-for-summer/
အသောက်ဆရာကြီးတို့ ဘာလို့ ရုပ်ရင့်လာရတာလဲ
အသောက်ဆရာကြီးတို့ ဘာလို့ ရုပ်ရင့်လာရတာလဲ ….. မယုံမရှိနဲ့နော်။အရက်သို့မဟုတ်ဘီယာခဏခဏသောက်တာ ဆက်တိုက် ဖြစ်လာပြီဆို ကိုယ့်မျက်နှာကို မှန်ထဲ သေချာကြည့်ပါ။ အရင်ကနဲ့ ဓာတ်ပုံတွေ ပြန်ယှဉ်ကြည့်ပါ။ သောက်ခဲ့တဲ့ ပမာဏ နဲ့ သက်တမ်း ကို မူတည်ပြီး အနည်းဆုံးတော့ အသားအရေ ပိုညစ်လာပါလိမ့်မယ်။နောက်တစ်ဆင့် အနေနဲ့ အသားက ပွယောင်းယောင်း ဖြစ်မယ်၊ ဗိုက်လေး စူထွက်လာမယ်၊ တဖြည်းဖြည်းနဲ့ ရှိရင်းစွဲ အသက်အရွယ် ထက် ပိုရင့်ရော်လာပါမယ်။အသောက်ဆရာကြီးတို့ ဘာလို့ ရုပ်ရင့်လာရတာလဲ ဆိုတော့ အရက်ကြောင့် ပေါ့။အရက်ဆိုတာ ဘီယာ၊ ဝီစကီ၊ ဝိုင် နဲ့ ဗော့ကာ စတဲ့အယ်လ်ကိုဟောပါသမျှ သောက်စရာ အားလုံးကို ဆိုလိုပါတယ်။ ဒါတွေ များများ သောက်လေ လူက ပိုရင့်ရော်လေ ပါပဲ။ရုပ်ရင့်တယ် ဆိုတာ အပြင်ပန်း ကိုပဲ မြင်ရသေးတာပါ။ တကယ်တမ်း အယ်လ်ကိုဟောကြောင့် သွေးကြောတွေ နဲ့ ကိုယ်တွင်းအင်္ဂါတွေ အပါအဝင် လူ့ခန္ဓာကိုယ် တစ်ခုလုံးကိုပါ အဆိပ်အတောက် ဖြစ်စေနိုင်ပါတယ်။အရက်ကြောင့် လူကို ဘာတွေ ထိခိုက်စေနိုင်သလဲ ဆိုတော့ –။အသက်ကြီးလာတာနဲ့ အမျှ ခန္ဓာကိုယ်ထဲ ရေဓာတ် ပိုနည်းလာတတ်တယ်။ အရက်၊ ဘီယာတွေက အရည်တော့ အရည်တွေ ပေမယ့် ရေဓာတ် မရနိုင်ပါဘူး။ ရေဓာတ် ကိုတောင် ပိုပြီးခမ်းခြောက်စေတတ်ပါတယ်။အယ်လ်ကိုဟောက ခန္ဓာကိုယ်ထဲက ရေတွေကို ဆီးအဖြစ်နဲ့ ပိုထွက်ရှိစေပြီး ရေဓာတ်ခမ်းခြောက်နိုင်တဲ့ အန္တရာယ်ကို ပိုတိုးစေနိုင်ပါတယ်။လူတွေက အသက်ကြီးလာရင် အရေပြားတွေ ပါးလာပြီး ပိုခြောက်သွေ့လာပါတယ်။ ဒါကတော့ သဘာဝအလျောက် ဖြစ်တဲ့ ရင့်ရော်မှု ဖြစ်စဉ် ဆိုတော့ ကိုယ်ထိန်းချုပ်လို့ မရနိုင်ဘူးပေါ့။ ဒါပေမယ့် ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်နဲ့ ကိုယ့်ရဲ့နေထိုင်ပြုမှုပုံတွေကြောင့် ဒီဖြစ်စဉ်ကို ပိုမြန်စေနိုင်ပါတယ်။ အယ်လ်ကိုဟောက သင့်ကို ရေဓာတ် ခမ်းခြောက်စေပြီး အသားခြောက်စေနိုင်တော့ ငယ်ငယ်နဲ့ ရုပ်ရင့်စေပါလိမ့်မယ်။အယ်လ်ကိုဟောက အရေးကြီးတဲ့ ကိုယ်တွင်းကလီစာ တချို့ကို ထိခိုက်စေပြီး မြန်မြန် ရင့်ရော်အားနည်းစေပါတယ်။ အရက်များများသောက်သူတွေဟာအသည်းခြောက်ခြင်းဖြစ်နိုင်ခြေ ပိုများစေနိုင်တယ် ဆိုပေမယ့် တော်တန်ရုံ သောက်တဲ့သူတွေမှာတောင် အသည်းအဆီဖုံးခြင်း ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး ကျောက်ကပ်လုပ်ဆောင်ချက် တွေမှာလည်း အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။အရက် တစ်ငုံ သောက်လိုက်တိုင်း ကိုယ့်ခေါင်းကို (ဦးနှောက်အာရုံကြောကို) အရင် တန်းထိမှာပဲ။ ခေါင်းထဲမှာ မူးနေချင်တာကိုး။သက်တမ်းကြာကြာ အရက်များများ သောက်ခဲ့သူတွေမှာ ဦးနှောက်ဆဲလ်တွေ ကျုံ့လာနိုင်ပြီး အရက်ကြောင့် ဖြစ်တဲ့ ဦးနှောက်ထိခိုက်မှု (ARBD) နဲ့ မှတ်ဉာဏ်ချို့ယွင်းမှုရောဂါတွေ ဖြစ်လာစေနိုင်တယ်။ဆုံးဖြတ် သုံးသပ်နိုင်စွမ်း မရှိတာ၊ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှု အားနည်းလာတာ၊ အာရုံစူးစိုက်ရခက်တာ၊ စိတ်တိုဒေါသ ဖြစ်လွယ်တာ စတာတွေ အပါအဝင် လက္ခဏာမျိုးစုံ ရှိလာတတ်ပါတယ်။အယ်လ်ကိုဟောကတီဘီရောဂါ၊နမိုးနီးယားရောဂါတို့လို အသက်အန္တရာယ် ပေးနိုင်တဲ့ ရောဂါတွေကို ခန္ဓာကိုယ်ရဲ့ခုခံကာကွယ်နိုင်စွမ်းအပေါ် ထိခိုက်စေနိုင်ပါတယ်။အရက်ကြောင့် ဖြစ်တဲ့ အသည်းရောဂါဟာ ကိုယ်ခံအားစနစ်က ခန္ဓာကိုယ်တစ်ရှူးတွေကို တိုက်ခိုက်မှုကြောင့် ဖြစ်လာတာ လို့လည်း သုတေသနတွေက လေ့လာတွေ့ရှိခဲ့ကြပါတယ်။ဝိုင်နီမှာ ကိုလက်စထရောပမာဏကို ထိန်းညှိပြီး သွေးကြောကျန်းမာရေးကို ကာကွယ်ပေးတယ် ဆိုတဲ့ polyphenols ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ တစ်နေ့တစ်ခွက်လောက် ဆေးဖြစ်ဝါးဖြစ် သောက်ရင် နှလုံးအတွက် ကောင်းတယ်လို့ သုတေသနတချို့ကဖော်ပြကြတယ်။ဒါပေမယ့် များသွားရင် နှလုံးခုန် မမှန်တာ၊ သွေးပေါင်တက်တာတွေ ဖြစ်စေနိုင်တယ်။ ဒါ့ကြောင့် ကျန်းမာချင်လို့တော့ အယ်လ်ကိုဟောကို အားမကိုးပါနဲ့။အိပ်ပျော်အောင် လို့ အရက်သောက်ပြီး အိပ်ပစ်လိုက်တယ် ဆိုတာ မှန်ကန်တဲ့ အနားယူနည်း မဟုတ်ပါဘူး။ အရက်သောက်ပြီး မှောက်သွားခဲ့ပေမယ့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မယ့်အစား တရေးနိုးမှာ အရက်ကြောင့်မျက်စိကြောင်နိုင်သလို အိပ်နေရင်းလည်း ဂနာမငြိမ် ဖြစ်နေစေနိုင်တယ်။ဘာပဲဖြစ်ဖြစ်ပါ၊အရက်ကြောင့် ကောင်းကျိုးဆိုတာ မရှိနိုင်တဲ့ အတွက် လျှော့သောက်ပါ။ အရွယ်ပိုရင့်တာ၊ ရောဂါထူတာ၊ အသေစောတာ မဖြစ်စေချင်ရင် ၊ ကိုယ့်ကိုယ်ကို ချစ်ရင် အယ်လ်ကိုဟောကို တတ်နိုင်သလောက် ရှောင်တာ အကောင်းဆုံးပါ။ကိုယ့်လူတို့ ရုပ်မရင့်ချင်ဘူးဆိုရင် –။ဒီအခြေခံ အချက်လေးတွေ အတိုင်း နေထိုင်မယ် ဆိုရင် ကျန်းမာနုပျိုပြီး အသက်ရှည်မှာ မလွဲပါဘူးနော်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/alcohol-drinking-and-aging-process/
သုက်ပိုးနဲ့ ပတ်သက်တဲ့ အလွဲလေးတချို့
သုက်ပိုးနဲ့ ပတ်သက်တဲ့ အလွဲလေးတချို့ သိပြီးကြပြီလား …… သုက်ပိုးဆိုတာ အမျိုးသားတွေရဲ့ဝှေးစေ့အတွင်းမှာ တည်ရှိပါတယ်။ လိင်ဆက်ဆံပြီးချိန်၊အာသာဖြေပြီးချိန် သုက်ရည်နဲ့အတူ သုက်ပိုးတွေပါ ပါသွားပြီးမမျိုးဥနဲ့ ပေါင်းစပ်ကာ သန္ဓေတည်စေပြီး ကိုယ်ဝန်ရစေပါတယ်။ အမျိုးသားတစ်ယောက် တစ်ကြိမ် သုက်လွှတ်တဲ့အခါ သုက်ပိုးပေါင်း သန်းနဲ့ချီ ပါသွားပြီး သုက်ပိုး တစ်ကောင်တည်းကသာ မမျိုးဥနဲ့ ပေါင်းစပ်တာပါ။ဒီဆောင်းပါးမှာတော့ လိင်ကျန်းမာရေးနဲ့ပတ်သက်ပြီး သိထားတဲ့ အလွဲတွေထဲမှာမှ သုက်ပိုးနဲ့ ပတ်သက်တဲ့ အလွဲလေးတချို့ကို ပြောပြပေးချင်ပါတယ်။သုက်ပိုးနဲ့ ပတ်သက်တဲ့ အလွဲလေးတချို့ ကတော့။၁။ သုက်ပိုးဟာ မမျိုးဥဆီသို့ တည့်တည့်ပြေးတဲ့ အလွဲ။ယောက်ျားလေးတစ်ယောက်မိန်းမကိုယ်အတွင်း သုက်လွှတ်လိုက်တဲ့အခါ သုက်ရည်ထဲမှာ ရှိတဲ့ သုက်ပိုးတွေဟာ မမျိုးဥဆီကို အပြိုင်ကူးခတ်တာ မှန်ပေမယ့် သုက်ပိုးတိုင်းက တည့်တည့်သွားတာမျိုး မဟုတ်ပါဘူး။မြွေလိမ်မြွေကောက် ပုံစံ သွားတာလည်း ရှိသလို မမျိုးဥဘေးမှာ ပတ်နေတာမျိုးလည်း ရှိပါတယ်။ လုံးဝ မသွားဘဲမိန်းမကိုယ်မှာပဲ ငြိမ်ငြိမ်လေး နေနေတဲ့ သုက်ပိုးတွေလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် သုက်လွှတ်ပြီးတာနဲ့ သုက်ပိုးတွေဟာ မမျိုးဥဆီကို တည့်တည့်ပြေးတယ်ဆိုတာ မဟုတ်ပါဘူး။၂။ ပျစ်တဲ့သုက်ရည်ထဲမှာ မျိုးအောင်နိုင်ခြေ များတဲ့သုက်ပိုးတွေ ပိုပါနေတယ်ဆိုတဲ့ အလွဲ။သုက်ရည်ပျစ်ခြင်း၊ ကျဲခြင်းဟာ အထဲမှာ ပါဝင်နေတဲ့ သုက်ပိုးတွေရဲ့ ကျန်းမာရေး၊ မျိုးအောင်နိုင်ခြေ၊ ကူးခတ်နိုင်စွမ်းနဲ့ သက်ဆိုင်ခြင်း မရှိပါဘူး။ ပုံမှန်အားဖြင့် အမျိုးသားများ လူပျိုဖြစ်ကာစမှာ တော်တော် ပျစ်နေတတ်ပြီးအာသာဖြေတဲ့ အကြိမ်ရေများလာလေ၊ အသက်ကြီးလာလေ ကျဲသွားတတ်ပါတယ်။ဒီအတွက် ပျစ်တဲ့သုက်ရည်ကနေ ထွက်လာတဲ့ သုက်ပိုးဟာ ပိုပြီးကျန်းမာတယ်။ ကျဲတဲ့သုက်ရည်ကနေ ထွက်လာတဲ့ သုက်ပိုးဟာ ကူးခတ်တာ မြန်တယ်ဆိုတာကတော့ ချင်း (ဂျင်း) သက်သက်ပါပဲ။၃။ သုက်ရည်ထုတ်ပြီးနောက်မှာ သုက်ပိုးတွေဟာ ခဏပဲ ရှင်သန်နိုင်တဲ့ အလွဲ။ဒါကတော့သုက်ရည်ဟာ ဘယ်နေရာပေါ် ကျသွားလဲဆိုတာပေါ် မူတည်ပြီး ပြောင်းလဲသွားနိုင်ပါတယ်။ များသောအားဖြင့် အေးတဲ့ နေရာတွေမှာ သုက်ရည်ကျသွားတဲ့အခါ လေနဲ့ အအေးဒဏ်ကြောင့် သုက်ရည်က ခြောက်သွားပါတယ်။သုက်ရည်ခြောက်ပြီ ဆိုတာနဲ့ မိနစ်အနည်းငယ်အတွင်းမှာသုက်ပိုးတွေဟာ သေသွားနိုင်ပါတယ်။ ပူတဲ့နေရာ (ဥပမာ ရေနွေးကန်ထဲမှာ) ဆိုရင်တော့ ဒီထက်ပိုပြီး မြန်မြန်သေနိုင်ပါတယ်။မိန်းမကိုယ်ထဲမှာ သုက်လွှတ်လိုက်ရင်တော့ အကြာဆုံး ၅ ရက်အထိ အသက်ရှင်နိုင်ပါတယ်။ ဒါကြောင့် ရာသီလာနေချိန် အတူနေပြီးကိုယ်ဝန်ရနိုင်ခြေ ရှိတယ်လို့ ပြောရခြင်းပဲ ဖြစ်ပါတယ်။၄။ သုက်ပိုးတွေဟာ အမျိုးသားတွေရဲ့ ဘဝတစ်လျှောက်လုံး ကျန်းမာပြီး မျိုးအောင်နိုင်တဲ့ အလွဲ။အမျိုးသားတွေဟာလူပျိုစဖြစ်တဲ့ အချိန်မှစပြီး အသက်ကြီးတဲ့အထိ ဝှေးစေ့က သုက်ပိုးထုတ်လုပ်နိုင်ပါတယ်။ ဒါပေမယ့် အသက်ကြီးလာတာနဲ့အမျှ သုက်ပိုး ထုတ်လုပ်နှုန်းဟာ နည်းသွားသလို မျိုးအောင်နိုင်စွမ်းလည်း ကျလာပါတယ်။ဒါက ပုံမှန်ဖြစ်စဉ်ပါ။ဆေးလိပ်အရမ်း သောက်တာ၊ အရက်သောက်တာ၊ဝှေးစေ့ကို အမြဲ ပူနေအောင် ထားတာက သုက်ပိုးပို မြန်မြန်ပျက်စီးစေပါတယ်။၅။ သုက်ပိုးရဲ့ ကျန်းမာရေးဟာ အတွင်းခံပေါ် သက်ရောက်နေနိုင်လား။အတွင်းခံကို ကျပ်နေအောင် ဝတ်တဲ့အခါ အထဲမှာ အပူအောင်းသွားတဲ့အတွက် သုက်ပိုးထုတ်လုပ်နိုင်စွမ်း ကျဆင်းသွားတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့်  အတွင်းခံဝတ်ရုံသက်သက်ကတော့ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေမှာ မဟုတ်ပါဘူး။ဘယ်လိုပဲဖြစ်နေပါစေ၊ ယောက်ျားလေး တစ်ယောက်အတွက် အရမ်းကျပ်နေတဲ့အတွင်းခံမျိုးတွေထက် ချောင်ချောင်ချိချိ လေဝင်လေထွက် ကောင်းမယ့် Boxer လို အတွင်းခံမျိုးကတော့ အကောင်းဆုံးပါပဲ။၆။ သုက်ပိုးကောင်ရေတိုင်းဟာ ကျန်းမာနေတယ်ဆိုတဲ့ အလွဲ။သုက်ရည်ထဲမှာ ပါတဲ့သုက်ပိုးအကောင်ရေတိုင်းဟာ မကျန်းမာနိုင်ပါဘူး။ ပြောရမယ်ဆိုရင် ယောက်ျားလေး တစ်ယောက်က စက္ကန့်နဲ့အမျှ သုက်ပိုးကောင်ရေကို ထုတ်လုပ်ပေးနေပါတယ်။ဒါပေမယ့် ထုတ်လိုက်ထဲကိုက မကျန်းမာတဲ့ သုက်ပိုးတွေ၊ ပုံစံမမှန်တဲ့ သုက်ပိုးတွေ ပါလာပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် သိပ်လည်း စိတ်မပူပါနဲ့။ မျိုးအောင်ဖို့က သန်စွမ်းကျန်းမာတဲ့ သုက်ပိုးတစ်ကောင်ပဲ လိုတာပါ။၇။ သုက်ရည်ကြည်ဟာ ကိုယ်ဝန်မရနိုင်ဘူးဆိုတဲ့ အလွဲ။ကွန်ဒုံးမပါဘဲ ထိုးသွင်းဆက်ဆံပြီး အပြင်မှာ သုက်လွှတ်လို့ ကိုယ်ဝန်မရနိုင်ဘူး ထင်ရင်တော့ လုံးဝမှားသွားပါလိမ့်မယ်။ အမျိုးသားတွေဟာ သုက်မထွက်သေးရင်တောင် ထိပ်ဖူးမှာ သုက်ရည်ကြည် (Pre-cum) တွေ စိမ့်ထွက်နေတတ်ပါတယ်။သုက်ရည်ကြည်ထဲမှာလည်း သုက်ပိုးကောင်ရေ အနည်းနဲ့ အများ ပါနေနိုင်တဲ့အတွက် ကိုယ်ဝန်ရနိုင်ခြေ မများတဲ့တိုင်အောင် လုံးဝမရတာတော့ မဟုတ်ပါဘူး။၈။ သုက်ပိုးများများ ထွက်လေ၊ မျိုးအောင်နိုင်ခြေ ပိုများနိုင်ဆိုတဲ့ အလွဲ။ပုံမှန်က သန္ဓေတည်ဖို့ မမျိုးဥတစ်လုံးနဲ့ သုက်ပိုးတစ်ကောင်ပဲ လိုအပ်တာပါ။ သုက်ပိုးများများ ထုတ်လွှတ်လိုက်တဲ့အခါ သန်းပေါင်းများစွာသော သုက်ပိုးတွေဟာ မမျိုးဥဆီကို ကူးခတ်သွားပြီး တစ်ကောင်ထက် ပိုတဲ့ သုက်ပိုးတွေက မမျိုးဥနဲ့ ပေါင်းစည်းသွားနိုင်ပါတယ်။ဒီအခါ အမြွှာမွေးတာမျိုးလည်း ရှိသလို၊ ရှားပါးအခြေအနေမှာ မွေးလာတဲ့ကလေးမှာ DNA ပုံမမှန်ခြင်း၊ဒေါင်းရောဂါ(Down Syndrome) ၊ နှလုံး၊ ကျောရိုး၊ ဦးခေါင်းခွံမှာ သေစေနိုင်တဲ့ ချို့ယွင်းချက်တွေ ဖြစ်လာနိုင်ပါတယ်။ဒီဆောင်းပါးကို ဖတ်ပြီးတော့ ကိုယ်သိထားတဲ့ လိင်ကျန်းမာရေးအလွဲလေးတွေနဲ့ အမှန်ကို ခွဲခြားသိမြင်လာနိုင်မယ်လို့ မျှော်လင့်မိပါတယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/myths-about-sperms/
မိန်းကလေးတိုင်း သိထားသင့်တဲ့ မိတ်ကပ်လိမ်းတဲ့အခါ သတိပြုရမယ့်အချက်များ
လှသထက် လှနိုင်ဖို့အတွက် အလှကုန်ပစ္စည်းတွေလည်း အပြိုင်အဆိုင် ထုတ်ကြသလို ပျိုပျိုမေလေးတွေလည်း ပြင်ကြတယ်မလား။ ဒီလိုမျိုး လှအောင်လို့ မိတ်ကပ်ပြင်တဲ့အခါမှာ အလှအပကို အနှောင့်အယှက် ပေးနိုင်တဲ့ အရာလေးတွေကိုလည်း ကျော်လွှားနိုင်ဖို့ လိုပါတယ်။ ဒါမှ လူတကာ အားကျ ငေးမောယူရတဲ့ မျက်နှာလှ ပိုင်ရှင်လေး ဖြစ်မှာနော်။ မိတ်ကပ်လိမ်းတဲ့အခါမှာ လုပ်ရမယ့် အချက်တွေနဲ့ ရှောင်ရမယ့် အချက်လေးတွေ ပြောပြမယ်နော်။အောက်ခံမိတ်ကပ်(foundation) ဟာ မျက်နှာတစ်ခုလုံးရဲ့ အရေးအကြီးဆုံး အလှပြင်ပစ္စည်းပါနော်။ မဟုတ်ရင် မျက်နှာမှာ အဆီတွေ ပြန်ပြီး ကွက်တာ၊ မိတ်ကပ်သား မတက်တာနဲ့ မျက်နှာမှာ မညီမညာတွေ ဖြစ်နိုင်ပါတယ်။ ဒါတွေကို မဖြစ်ရလေအောင် မျက်နှာမှာ အောက်ခံမိတ်ကပ် မလိမ်းခင် အစိုဓါတ်ဖြည့်ခရင်မ်နဲ့ Primerလေး အရင် လိမ်းပေးနော်။ အောက်ခံမိတ်ကပ်ရွေးတဲ့အခါမှာ ခန္ဓါကိုယ်အရေပြားက အသားအရေအရောင်လေးနဲ့ အရမ်းမကွာတာကို ရွေးနော်။ မျက်နှာမှာ ဘာမှမလိမ်းရသေးဘဲ အောက်ခံမိတ်ကပ် တန်းမလိမ်းနဲ့နော်။Concealer ကတော့ ခုနောက်ပိုင်း မိတ်ကပ်လိမ်းတဲ့အခါမှာ မရှိမဖြစ် ပစ္စည်းလို့တောင် ပြောလို့ ရပါတယ်နော်။ သူက မျက်နှာပေါ်က အပြစ်အနာအဆာတွေကို ဖုံးပေးတဲ့အပြင် မျက်နှာလေး တမူထူးခြားအောင်လည်း စွမ်းဆောင်ပါတယ်။ Concealer အရောင်ရွေးတဲ့အခါမှာ အောက်ခံမိတ်ကပ်ထက် (၁) ဆ (၂) ဆ လင်းတာလေး ရွေးပါ။ အရောင် အရမ်းကွာနေတာမျိုး မလုပ်နဲ့နော်။ Contour လုပ်တဲ့အခါမှာလည်း အလက်လက်တွေ မပါတဲ့ Bronzer ကို သုံးပေးရင် အဆင်ပြေပါတယ်။Highlight လုပ်တဲ့အခါမှာလည်း ပါးအို့နေရာ၊ နှာခေါင်းနဲ့ မျက်ခုံးရိုးနှစ်ခုကြားနေရာတွေမှာ လုပ်ပါ။ ပါးမို့ထိပ်နေရာမှာတော့ Hightlight မလုပ်မိဖို့ သတိပြုနော်။ ပါးနီလေးထည့်လိမ်းချင်တယ်ဆိုရင်လည်း ပါးမို့ထိပ်နားလေးမှာပဲ လိမ်းပေးဖို့ သတိပြုပါ။မျက်ခုံးမွှေးဆိုးဖို့အရောင်ရွေးနေတယ်ဆိုရင်တော့ ဆံပင်အရောင်ထက် (၁) ဆ (၂) ဆ လောက် ပိုနက်တဲ့အရောင်ကို ရွေးချယ်နိုင်ပါတယ်။ လုံးဝအမည်းချည်းပဲဆိုရင်တော့ အသက်အရွယ် ရင့်သယောင်ဖြစ်သွားနိုင်ပါတယ်။ အောက်ခံမလိမ်းဘဲ Eye shadow တွေချည်း သက်သက် မခြယ်နဲ့နော်။ မျက်လုံးတွေကို အရောင်တောက်တောက်ကြီး မခြယ်ခင်မှာလည်း အောက်ခံအနုလေးတွေ အရင်ခံပေးလိုက်ပါ။ မျက်တောင်ဆိုးဆေး မသုံးခင်မှာ မျက်တောင်ကော့ပါ။ ပေါ့ပေါ့ပါးပါးလေး ဖြစ်ချင်ရင်တော့ မျက်တောင်တုကို ပါးတာလေး ရှာတတ်ပါ။နှုတ်ခမ်းနီဆိုးတဲ့အခါမှာလည်း အပြင်နှုတ်ခမ်းအနားသတ်နေရာလေးကို သေးတဲ့ lip liner လေးနဲ့ အရင်ဆွဲပြီးမှ နှုတ်ခမ်းနီ အပြည့်ဆိုးတာမျိုးဆိုရင် ပိုကောင်းပါတယ်။ lip balm လေးဆိုးရင်လည်း ရပါတယ်။ နှုတ်ခမ်းခြောက်နေတာကို matte လိုမျိုးနှုတ်ခမ်းနီတွေ တိုက်ရိုက်မဆိုးနဲ့နော်။မိတ်ကပ်လိမ်းတဲ့အခါမှာ နောက်ဆုံးသတိပြုရမယ့် အချက်ကတော့ ဘရက်ရှ်တွေပါ။ ကိုယ်ရဲ့ မျက်နှာနဲ့တိုက်ရိုက်ထိတွေ့နေမယ့် ပစ္စည်းတွေဟာ သန့်ရှင်းနေဖို့လိုပါတယ်။ ဒါမှပဲ သုံးသမျှ skin care တွေရဲ့ အကျိုးအာနိသင်ကို ရရှိနိုင်မှာပါ။ ဒီလို မဟုတ်ရင် မျက်နှာမှာ အညစ်အကြေးတွေရှိနေပြီး ဝက်ခြံထွက်တာတွေတောင် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိတ်ကပ်လိမ်းတဲ့အခါမှာ အသုံးပြုတဲ့ ဘရက်ရှ်တွေကို မကြာခဏ ဆေးကြော သန့်စင်ပေးဖို့ မမေ့ပါနဲ့နော်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%99%e1%80%ad%e1%80%94%e1%80%b9%e1%80%b8%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8-%e1%80%9e%e1%80%ad%e1%80%91%e1%80%ac%e1%80%b8%e1%80%9e%e1%80%84/
အဆီချခြင်းအကြောင်းသိကောင်းစရာ
အားကစားလုပ်ခြင်း၊ အစားအသောက်ထိန်းခြင်းဖြင့်အဆီ ကျအောင်ကြိုးစားသော်လည်း အဆီမကျသဖြင့်စိတ်အား လျော့နေပါသလား။ အဆီကျစေသောနည်းလမ်းများကိုရှာ ဖွေနေပါသလား။ သင်မသိသေးသောအဆီချနည်းများရှိပါ တယ်။ဝိတ်ချခြင်းသည်အဆီချခြင်းနှင့်တူသည်ဟုသင်ထင်ပါသ လား။ အမှန်စင်စစ်အဆီချခြင်းသည်ဝိတ်ချခြင်းနှင့်များစွာ ကွဲပြားပါတယ်။ ဝိတ်ချလိုက်ပါက ခန္ဓါကိုယ်ရှိအဆီ၊ အသား၊ အရည်နှင့် ကိုယ်အင်္ဂါများလျော့နည်းသွားပါတယ်။ ထို့ကြောင့်ဝိတ်ချလိုက်ပါကအဆီအစားတန်ဖိုးရှိသောအ သားဓါတ်များကိုလျော့နည်းသွားစေပါတယ်။ ထို့ပြင်အဆီ များကျန်နေသေးသဖြင့်ဝိတ်ပြန်တတ်ရန်လည်းလွယ်ကူပါ တယ်။အစားအသောက်မှရရှိသောကယ်လိုရီများကိုအဆီအဖြစ် ခန္ဓါကိုယ်ထဲတွင်သိုလှောင်ထားပါတယ်။ ယေဘူယျအား ဖြင့်အဆီကျခြင်းကကိုယ်အလေးချိန်ကိုလျော့ကျစေနိုင် သော်လည်းတခါတရံတွင်လည်းဝိတ်တတ်စေနိုင်ပါတယ်။ သို့သော်လည်းအဆီကျပါကကျန်းမာစေနိုင်ပါတယ်။ အ ဘယ်ကြောင့်ဆိုသော်အဆီများပါကနှလုံးရောဂါနှင့် အခြား ရောဂါများကိုဖြစ်ပွားစေနိုင်သောကြောင့်ဖြစ်ပါတယ်။ကျွန်ုပ်တို့နေ့စဉ်လှုပ်ရှားသွားလာနိုင်ရန်စွမ်းအင်ကိုအဆီမှရရှိ သောကြောင့်ခန္ဓါကိုယ်တွင်အဆီအလုံအလောက်ရှိရန်လို အပ်ပါတယ်။ American Council ၏ပြောကြားချက်အရ အဆီပမာဏသည်။အမျိုးသမီးများတွင် ၁၀-၁၂%၊ အမျိုးသားများတွင်၂-၄% အနည်းဆုံးလိုအပ်ပါတယ်။အားကစားသမားများတွင် အမျိုးသမီးများသည် ၁၄-၂၀% နှင့် အမျိုးသားများသည် ၆-၁၃%လိုအပ်ပါတယ်။ကာယလေ့ကျင့်သူများတွင် အမျိုးသမီးများသည် ၂၁-၂၄%၊ အမျိုးသားများသည် ၁၄-၁၇% လိုအပ်ပါတယ်။ပုံမှန်အဆီပမာဏမှာအမျိုးသမီးများတွင် ၂၅-၃၁%၊ အမျိုး သားများတွင် ၁၈-၂၅% ဖြစ်ပါတယ်။Non-surgical fat reduction သည်မခွဲစိတ်ဘဲကိရိယာများ ကိုအသုံးပြု၍အဆီချခြင်းဖြစ်ပါတယ်။ ဝမ်းဗိုက်၊ တင်ပဆုံနှင့် ပေါင်ရှိအဆီပိုများကိုချမည်ဆိုပါကထိုနည်းသည်အကောင်း ဆုံးဖြစ်ပါတယ်။ ၎င်းနည်းသည်အရေပြားအောက်ရှိအဆီ များကိုလျော့နည်းစေပြီးသင့်ခန္ဓါကိုယ်ကိုလှပစေနိုင်ပါတယ်။ သို့သော်လည်း၎င်းသည်ဝိတ်ကျစေသောနည်းမဟုတ်ပါဘူး။ ကိုယ်အလေးချိန်ကိုမပြောင်းလဲစေနိုင်ပါဘူး။Non-surgical fat reduction နည်းသည်ခွဲကြောင်းမရှိသည့် အတွက်အနားယူရန်အချိန်အများကြီးမလိုပါဘူး။ အချိန်တို အတွင်းမိမိအလုပ်ကိုပြန်ဝင်နိုင်ပါတယ်။ ကုသနေစဉ်တွင် အနည်းငယ်ရောင်နိုင်သော်လည်းအချိန်တိုအတွင်းပျောက် ကင်းနိုင်ပါတယ်။မခွဲစိတ်ဘဲအဆီချနိုင်သောနည်းလမ်းများစွာရှိပါတယ်။ အရည်အချင်းပြည့်ဝသောဆရာဝန်နှင့်ကုသပါကထိရောက် ကာအန္တရာယ်ကင်းသောနည်းလမ်းများဖြစ်ပါတယ်။အာထရာဆောင်းနှင့် ကိရိယာကိုအသုံးပြုကာအရေပြား အောက်ရှိအဆီများကိုဖယ်ရှားသောနည်းဖြစ်ပါတယ်။ ကုသ ပြီး၂-၄ရက်အကြာတွင်အနာကျက်နိုင်ပါတယ်။ တစ်ကြိမ် ထက်ပို၍ကုသနိုင်ပါတယ်။ယင်းကုသနည်းသည်အဆီဆဲလ်များကိုအေးခဲစေပြီး၂လ၃လ အတွင်းအဆီဆဲလ်များကိုသေစေပါတယ်။ ဆဲလ်အသေများ ကိုခန္ဓါကိုယ်မှဖယ်ရှားပေးပါလိမ့်မည်။ အစားအသောက်နှင့် အားကစားလုပ်သော်လည်းမကျသောအဆီများအတွက်နည်း လမ်းကောင်းဖြစ်ပါတယ်။ထိုနည်းသည် ဆေးအနည်းငယ်ကိုအရေပြားထဲသို့သွင်းပြီး အဆီများကိုပျော်ဝင်စေသောနည်းဖြစ်ပါတယ်။ ဆေးတွင် amino acid၊ သတ္တုဓါတ်နှင့် ဗိုက်တာမင်များပါဝင်ပါတယ်။ သင့်အရေပြားကိုအားအင်ပြည့်ဝစေပြီးနုပျိုစေပါတယ်။သင့်လိုအပ်ချက်ပေါ်မူတည်၍ဗိုက်တာမင်များကိုအရေပြား အောက်သို့ထိုးသွင်းကာအဆီချသောနည်းဖြစ်ပါတယ်။ အသုံးပြုသောဗိုက်တာမင်များမှာ အဆီများကိုလောင်ကျွမ်း စေနိုင်သောဗိုက်တာမင် ဘီ၊ methionine၊ inositol၊ choline၊ carnitine တို့ဖြစ်ပါတယ်။အထက်ပါနည်းလမ်းများသည်အဆီကျစေနိုင်သော်လည်း အားကစားလုပ်ခြင်းနှင့် အစားအသောက်ထိန်းခြင်းကိုမမေ့ သင့်ပါဘူး။ သို့မှသာကျန်းမာပြီးလှပသောကိုယ်ခန္ဓါကိုပိုင် ဆိုင်နိုင်မှာဖြစ်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/weight-loss-exercises/%e1%80%a1%e1%80%86%e1%80%ae%e1%80%81%e1%80%bb%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%ad%e1%80%80%e1%80%b1/
အစားအသောက် နှင့် အပြေးလေ့ကျင့်ခန်း
အစာစားပြီး ပြေးဖူးပါသလား။ ဗိုက်ဆာတဲ့အခါ သင့်ကိုယ့်ကို ဘယ်လိုပြန်ဖြည့်တင်းပါသလဲ။ လိုအပ်နေတဲ့စွမ်းအင်တွေကို ဘယ်ကရနိုင်မလဲ။ ဗိုက်အပြည့်နဲ့ ပြေးတဲ့အခါ ခံစားရတာတွေကို တစ်ယောက်ယောက်ပြောပြတာမျိုးရော ကြားဖူးပါသလား။ ဗိုက်အပြည့်နဲ့ပြေးမယ်ဆိုရင် သင်ပြေးမယ့်ပုံစံမှားနေပါပြီ။တကယ်တော့ အစာစားပြီးပြေးပြေး မစားခင်ပဲပြေးပြေး မပြေးခင်စားသုံးရမယ့် Diet ကိုတော့ ချင့်ချိန်ဖို့လိုအပ်ပါတယ်။ ပြေးပြီးနောက် စားသုံးရမယ့် Diet ကိုလဲ ချင့်ချိန်ရမှာ ဟုတ်ပါတယ်။ ဒီတော့ အောက်ကိုဆက်ဖတ်ကြည့်ပါဦး။ပုဇွန်၊ ကြက်သား၊ ဝက်သားတို့ကို အပြတ်တွယ်လိုက်ရရင် သိပ်ကို အားရစရာကောင်းပါတယ်။ ပြီးတာနဲ့ သင်ပြေးတော့မယ်ဆိုပါတော့။ ဒီလိုဆို အကြံဉာဏ်ကောင်းတစ်ခု မဟုတ်ဘူးနော်။ အကြံဉာဏ်ကောင်းဆိုတာ မပြေးခင်လဲ ဗိုက်ဆာမနေသင့်သလို့ အသားအပြည့် ဗိုက်ထဲဖြည့်သွားဖို့လဲ မလိုပါဘူး။ အဲ့ဒီလိုပဲ အစာစားပြီး ပြေးလိုက်မယ်ဆိုရင် ဗိုက်ထဲအောင့်တာလိုလို နံကြားထဲအောင့်တာလိုလို ဖြစ်လာနိုင်ပါတယ်။ သင့်အစာအိမ်ကို မသက်မသာမဖြစ်စေဖို့ရန်အတွက် ပေါ့ပေါ့ပါးပါးကိုသာ စားပေးရမည်ကို သတိရပါ။ အဆီများတဲ့အစာတွေကိုတော့ မစားသင့်ပါဘူး။ကာဗိုဟိုက်ဒြိုက်ပါတဲ့ မုန့်တွေက ပြေးတဲ့အခါ စွမ်းအင်ထုတ်ပေးနိုင်တာမို့ အကောင်းဆုံးပါပဲ။ ဒါတွေအပြင် မပြေးခင် စားသုံးနိုင်မယ့် မီနူးကလဲ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ပူတင်း၊ ဗီတာမင်စီပါတဲ့ လိမ္မော်သီး၊ နှံစားသီးနှံ၊ အုတ်ဂျုံ၊ ခါကြက်ဥ ဒါမှမဟုတ် နို့ကော်ဖီတစ်ခွက်လောက် သောက်လို့ရပါတယ်။ အာရုံစိုက်ကောင်းချင်ရင်တော့ ကော်ဖီပေါ့။ ဒါတွေက ညွှန်ထားတဲ့ အစားအစာတစ်ချို့သာရှိပါသေးတယ်။ တစ်ဦးနဲ့တစ်ဦး စားသောက်ဖို့လိုအပ်ပုံချင်းကလဲ မတူနိုင်ပါဘူး။ မှတ်ထားရမှာ တစ်ခုပဲရှိပါတယ်။ ရိုးရှင်းတာမျိုးသာစားပါ။ ပေါ့ပေါ့ပါးပါးပဲစားပါ။ ဗိုက်ဗလာနဲ့ ပြေးတယ်ဆိုတာ မိနစ် ၃၀ လောက်ပဲ ပြေးနိုင်တာပါ။ တစ်နာရီထက်ပိုပြေးမယ်ဆိုရင်တော့ နည်းနည်းလောက် စားထားတာက ပိုအသုံးဝင်ပါလိမ့်မယ်။ယခုဆို သင်ဗိုက်အတော်ဆာနေလောက်ပါပြီ။ တကယ့်ဗိုက်တာမျိုးမဟုတ်တောင်မှ ပြေးနေတုန်း သုံးလိုက်ရတဲ့ စွမ်းအင်တွေကို ပြန်ဖြည့်တင်းရတော့မှာပါပဲ။ ဒီလိုဆိုပြီးတော့ ပေါက်ကရသွပ်လို့မရသလို သင်စားချင်တာတွေ လျှောက်စားလို့မရပါဘူး။ ဒီလိုစားလိုက်တာနဲ့ သင်ပြေးထားတာတွေ အလကားဖြစ်သွားမှာပေါ့။ သွေးအေးအောင်လုပ်ပြီးနောက် တစ်နာရီအတွင်း အစာစားတာ အကောင်းဆုံးဖြစ်ပါတယ်။ထို့အပြင် မနက်စာဆိုတာက နေ့တစ်နေမှာ အကောင်းဆုံးစားသောက်ရမယ့် အစာလဲဖြစ်ပါတယ်။ ဒီတော့ သင့်စိတ်ကူးထဲမှာ ကယ်လိုရီတွေရော ကာဗိုဟိုက်ဒြိုက်တွေရော ပရိုတင်းတွေရော ပလုံစီနေမှာပါ။ မီနူးမှာလဲ ကြက်ဥတွေ၊ ပန်ကိတ်တွေ၊ ဆန်းဝှစ်တွေ ဒါမှမဟုတ် ကျန်းမာရေးနဲ့ ညီညွှတ်သမျှ အားလုံးကိုထည့်စဉ်စားလိုက်ရင် သွားရေယိုချင်စရာချည်းပါပဲ။တစ်ခါတစ်လေ KFC တို့ Lotteria တို့ကိုလဲ မျက်စောင်းထိုးချင်တတ်ပါတယ်။ ဒီလိုစားလိုက်မိရင်တော့ ပါသမျှအဆီတွေအတွက် လေ့ကျင့်ခန်း ပိုလုပ်ရတော့မှာပါ။ ဒါပေမယ့်လဲ အနည်းအကျဉ်းတော့ စားပေးနိုင်ပါတယ်။ တစ်လမှာ တစ်ခါလောက်တော့ ကိုယ်စားချင်တာလွှတ်ပြီး စားနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်စီစဉ်ထားတဲ့ပလန်ကိုလဲ သတိရပေးပါ။ အဓိကက သင်နဲ့အသင့်တော်ဆုံးဖြစ်မယ့် Diet ကို မပြေးခင်ရော ပြေးပြီးပါ မျှမျှတတစားရမှာပဲဖြစ်ပါတယ်။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%a1%e1%80%b1%e1%80%9e%e1%80%ac%e1%80%80%e1%80%b9-%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%a1%e1%80%b1%e1%80%bb%e1%80%95%e1%80%b8%e1%80%b1%e1%80%9c/
လည်ချောင်းနာတာ အမြန်သက်သာစေမယ့် အိမ်တွင်းကုထုံး (၅) ချက်
လည်ချောင်းနာတယ် ဆိုတာ ရာသီမရွေးဖြစ်ပွားတတ်ပြီး ခုလို ပူလိုက်၊ အေးလိုက်ဖြစ်နေတဲ့အချိန်မျိုးမှာဆို ပိုဆိုးတာပေါ့။ ဒီလိုအချိန်တွေမှာ ရောဂါပိုးမွှားတွေက ပိုမိုပွားများလာဖို့လည်း မြန်တဲ့အပြင် ပါးစပ်မအုပ်ဘဲ နှာချေ၊ ချောင်းဆိုးလိုက်ရာကနေ လေမှတစ်ဆင့် လျင်မြန်စွာ ကူးစက်ခံရဖို့ ပိုလွယ်ကူတတ်ပါတယ်။ ခုလိုရာသီအကူးအပြောင်းကာလမှာတော့ လူတွေအဖြစ်များဆုံး ပြဿနာထဲမှာ လည်ချောင်းနာတာလည်း တစ်ခုအပါအဝင်ပါပဲ။ လည်ချောင်းနာတာက ပတ်ဝန်းကျင်ကိုတော့ အနှောင့်အယှက်မဖြစ်စေပေမဲ့ ဝေဒနာရှင်အတွက်တော့ အစားကောင်းကောင်း မစားရ၊ ရေလည်း မသောက်ရ၊ နောက်ဆုံး တံတွေးမြိုရင်တောင် နာရတယ်၊ တစ်ခါတစ်ခါလည်း ယားပြီး နေရခက်တော့ ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်တတ်တယ်နော်။ ဒါကြောင့် ဒီနေ့ဆောင်းပါးလေးမှာ လည်ချောင်းနာတာ အမြန်သက်သာစေမယ့် အိမ်တွင်းကုထုံး တွေကို ဝေမျှပေးလိုက်ချင်ပါတယ်။လည်ချောင်းနာတာ အမြန်သက်သာစေမယ့် အိမ်တွင်းကုထုံး (၅) ချက် ကတော့။၁။ဆားရည်နဲ့ ပလုတ်ကျင်းပါ။ယားယံပြီး နေထိုင်ရခက်တဲ့ လည်ချောင်းအတွက် အကောင်းဆုံးဖြေဆေးကတော့ ဆားရည်နဲ့ ပလုတ်ကျင်းတာပါပဲ။ သဘာဝဆားမှာ ရောဂါပိုးတွေကို သေစေတဲ့ အာနိသင်အပြင် နီရဲရောင်ရမ်းတာ၊ ယားယံတာကိုလည်း သက်သာစေတယ်။လည်ချောင်းထဲမှာ ရှိနေတဲ့ ချွဲတွေကို အပြင်ဘက်ရောက်အောင် ခတ်ထုတ်ပေးနိုင်လို့ခံတွင်းရှင်းပြီး ဝေဒနာအမြန်သက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။ရေနည်းနည်းနဲ့ ဆားဇွန်းတစ်ဝက်လောက်ကို ရောပြီး ပါးစပ်တစ်ခုလုံးနဲ့ အာခေါင်ထိရောက်အောင် ပလုတ်ကျင်းပေးဖို့ လိုပါတယ်။ တစ်နေ့ကို ၂ကြိမ်မှ ၃ကြိမ်ထိ လုပ်ပေးရုံနဲ့ ရက်အနည်းငယ်အတွင်း သက်သာတဲ့ အကျိုးကို ရရှိမှာပါ။၂။ ငုံဆေးသကြားလုံး ငုံထားပါ။Lozenge လို့ခေါ်တဲ့ ချောင်းဆိုးတဲ့အချိန်မှာ ခံတွင်းရှင်းစေဖို့ ငုံထားလို့ရတဲ့ ဆေးသကြားလုံးတွေကို လည်ချောင်းနာနေချိန်မှာလည်း ငုံထားပေးလို့ရပါတယ်။ သူက လည်ချောင်းထဲမှာရှိနေတဲ့ နီရဲရောင်ရမ်းနေတဲ့ တစ်ရှူးတွေကို အေးမြပြီး အရောင်ကျစေတယ်၊ ပူရှိန်းပါဝင်လို့ ယားယံတာ၊ နာကျင်တာကိုလည်း သက်သာစေနိုင်ပြီး ခံတွင်းရှင်းစေတယ်။၃။ ပျားရည်နဲ့ သံပရာရည် ရောသောက်ပါ။ချောင်းဆိုးပြီဆိုရင် ဝေဒနာအမြန်သက်သာအောင်ဆိုပြီး သံပရာရည်ထဲကို ပျားရည် နည်းနည်းရောပြီး တိုက်တာ မြင်ဖူးကြမှာပါ။ ဒီအိမ်တွင်းကုထုံးက ချောင်းဆိုးတာအတွက်တင်မကဘဲ လည်ချောင်းနာတာအတွက်ပါ အသုံးဝင်ပါတယ်။လည်ချောင်းယားတာ၊ လည်ချောင်းနာတာကို သက်သာစေတယ်။ ရောဂါပိုးတွေကို သေစေပြီး လည်ချောင်းထဲမှာကပ်နေတဲ့ ချွဲတွေကို အပြင်ဘက်ရောက်လာအောင် လှုံ့ဆော်ပေးနိုင်တယ်။ နီရဲရောင်ရမ်းနေတဲ့ လည်ချောင်းကို အရောင်ကျစေပါတယ်။ သံပရာရည်အစား ရေနွေး နွေးနွေးလေးတစ်ခွက်ကိုပျားရည်ဇွန်းတစ်ဝက်ရောပြီး သောက်မယ်ဆိုလည်း အဆင်ပြေပါတယ်။၄။ ရေဓာတ်ပြည့်ဝပါစေ။ခုလို လည်ချောင်းနာနေတဲ့အချိန်မှာ ကိုယ်ခန္ဓာကိုယ်ကရေဓာတ်ပြည့်ဝနေဖို့လည်း လိုအပ်ပါတယ်။ရေဓာတ်ပြည့်ဝတဲ့အခါ တံတွေးထုတ်လုပ်နိုင်စွမ်း ပိုများလာလို့ လည်ချောင်းထဲမှာ ရှိတဲ့ချွဲတွေကိုလည်း အပြင်ဘက်ရောက်လာအောင် ကူညီပေးတယ်။ ရောင်ရမ်းနေတာ၊ ယားယံနေတာကိုလည်း သက်သာစေနိုင်ပါတယ်။ရိုးရိုးရေကိုပဲ အနည်းဆုံး ၃လီတာခန့် သောက်ဖို့လိုသလိုရေနွေးကြမ်း၊ ရေနွေး၊ စွပ်ပြုတ်နွေးနွေးလေး သောက်ပေးရင်လည်း ရပါတယ်။ အရမ်းကြီးပူနေတဲ့အချိန်မှာတော့ မသောက်ဘဲ နည်းနည်း နွေးသွားတဲ့အထိ မှုတ်ပြီးမှ သောက်ပေးပါ။၅။ ရေနွေးနဲ့ ရေချိုးပေးပါ။ဒါကတော့ ခန္ဓာကိုယ်ပြင်ပကနေ အပူငွေ့ကို ရှူရှိုက်ပြီး လည်ချောင်းထဲမှာ ရှိတဲ့ ချွဲတွေကို ပျော်ကျလာစေတဲ့ နည်းလမ်းကောင်းပါ။ ရေကို အရမ်းပူနေတာမျိုး မဟုတ်ဘဲ ပူနွေးနွေးအနေအထားလောက်မှာ အနည်းဆုံး ၁၀ မိနစ်ခန့် ရေစိမ်ချိုးပေးတာဖြစ်စေ၊ ဒီအတိုင်း လောင်းပြီးတော့ ချိုးလို့လည်း ရပါတယ်။ အဓိကက ရောင်ရမ်းနေတဲ့ လည်ချောင်းကို အပူပေးပြီး အရောင်ကျစေတယ်။ချွဲတွေကိုလည်း ပျော်ကျလာစေပြီး အပြင်ကို ခတ်ထုတ်ဖို့ လွယ်ကူစေတယ်။ ရေနွေးငွေ့ကို ရှူခြင်းဖြင့်နှာခေါင်းပိတ်နေတာကိုပါ ပွင့်သွားစေပြီး အသက်ရှူဝစေပါတယ်။လည်ချောင်းနာတယ်ဆိုတာ ကျား၊ မ အသက်အရွယ်မရွေး ဖြစ်ပွားတတ်ပြီး မစိုးရိမ်ရသည့်တိုင်အောင် ကိုယ့်ရဲ့ နေ့စဉ်နေထိုင်မှုပုံစံကို ကောင်းကောင်းအနှောင့်အယှက်ပေးနိုင်တာကြောင့် ခုပြောပြခဲ့တဲ့ အိမ်တွင်းနည်းလမ်းတွေကို သေချာလိုက်နာဖို့တော့ လိုမယ်နော်။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/throat-conditions/tips-to-help-sore-throats/
Corneal Ulcer (မျက်ကြည်လွှာအနာ)
မျက်လုံးမှာ ပုံရိပ်တွေကိုစုပေးတဲ့ အပိုင်း၂ပိုင်းရှိပါတယ်။မျက်ကြည်လွှာက မျက်လုံးရဲ့ပြတင်းပေါက်ဖြစ်ပြီး အလင်းတွေကို မျက်လုံးထဲဝင်စေပါတယ်။ မျက်ရည်က မျက်ကြည်လွှာကို ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်၊ နဲ့ မှိုတွေကနေ ကာကွယ်ပေးပါတယ်။ မျက်ကြည်လွှာပေါက်ပြဲခြင်းက မျက်ကြည်လွှာမှာအနာပေါက် ဖြစ်သွားစေပါတယ်။ ကူးစက်ပိုးဝင်ခြင်းကြောင့်ဖြစ်ပါတယ်။ မျက်လုံးကိုသေးသေးလေးထိခိုက်မိခြင်း ဒါမှမဟုတ် မျက်ကပ်မှန်အကြာကြီးတပ်ခြင်းကြာင့် ပေါက်သွားခြင်းက ကူးစကပ်ပိုးတွေကိုဝင်စေပါတယ်။ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။မျက်ကြည်လွှာအနာ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။မျက်ကြည်လွှာပေါက်ပြဲခြင်းလက္ခဏာအားလုံးက ပြင်းထန်ပြီး မျက်လုံးမကန်းရအောင် အမြန်ကုသဖို့လိုပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အောက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ပြသသင့်ပါတယ်။အဓိကအကြောင်းရင်းက ကူးစက်ပိုးဝင်ခြင်းဖြ်စ်ပါတယ်။ ဘတ်တီးရီးယားကူးစက်ပိုးဝင်ခြင်းက မျက်ကပ်မှန်တပ်လေ့ရှိသူတွေမှာ အဖြစ်များပါတယ်။ ဗိုင်းရပ်ပိုးဝင်ခြင်းကလည်း မျက်ကြည်လွှာပြဲခြင်းရဲ့အကြောင်းရင်း ဖြစ်နိုင်ပါတယ်။ အနာတွေကိုဖြစ်စေတဲ့ရေယုန်ရောဂါပိုးနဲ့ ရေခြောက်၊ခါးပတ်ရေယုန်တွေကို ဖြစ်စေနိုင်တဲ့ ရေယုန်ရောဂါပိုးဗိုင်းရပ်စ်ပိုးတွေ ပါဝင်ပါတယ်။မှိုပိုးဝင်ခြင်းက အဖြစ်နည်းတတ်ပြီး သစ်ကိုင်းသစ်ခက်တွေကြောင့်ထိခိုက်မိတဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။ ဒီအမျိုးအစားကူးစက်ပိုးလူနာတွေကို စတီးရွိုက်မျက်စဉ်းတွေအသုံးပြုပါတယ်။အခြားအကြောင်းရင်းတွေကတော့။သတ်မှတ်ရက်ကျော်လွန်သွားတဲ့မျက်ကပ်မှန်များတပ်ခြင်း ၊ ညလုံးပေါက်မျက်ကပ်မှန်တပ်ထားခြင်းတွေက မျက်ကြည်လွှာပေါက်ပြဲနိုင်ချေကို များစေပါတယ်။မျက်ကြည်လွှာအနာ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ပြင်းထန်တဲ့အခြေအနေဖြစ်တာကြောင့် မျက်စိအထူးကုဆရာဝန်နဲ့ ပြသင့်ပါတယ်။ဖြစ်ရတဲ့အကြောင်းရင်းကို ဆရာဝန်ရှာတွေ့သွားတဲံအခါ ကုသဖို့ဘတ်တီးရီးယားဆန့်ကျင်ဆေး၊ မှိုဆန့်ကျင်ဆေး၊ ဗိုင်းရပ်ဆန့်ကျင်ဆေးတွေ သင့်လျော်ရာပေးပါလိမ့်မယ်။ ကူးစကပ်ပိုးကဆိုးနေမယ်ဆိုရင်တော့ ဓါတ်ခွဲခန်းမှာစမ်းသပ်အဖြေရှာနေတုန်းမှာ ဘတ်တီးရီးယားဆန့်ကျင်ဆေးမျက်စဉ်ေးတွ ပေးပါလိမ့်မယ်။ကော်တီကိုစတီးရွိုက်မျက်စဉ်းတွေ အသုံးပြုရပါလိမ့မယ်။ ဆရာဝန်က မျက်စဉ်းကို ရောင်နေတဲ့နေရာကိုခပ်ခိုင်းပါလိမ့်မယ်။ပြင်းထန်တဲ့အခြေအနေတွမှာ မျက်ကြည်လွှာအစားထိုးခြင်း လုပ်ရနိုင်ပါတယ်။ မျက်ကြည်လွှာအစားထိုးခြင်းက မျက်ကြည်လွှာကိုခွဲစိတ်ဖယ်ရှားပြီး အလှူခံထားတဲ့မျက်ကြည်လွှာနဲ့ အစားထိုးလိုက်ခြင်းဖြစ်ပါတယ်။ဒီခွဲစိတ်မှုကပေးနိုင်တဲ့ နောက်ဆက်တွဲရလဒ်တွေကတော့-။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် health condition ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/corneal-ulcer-%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%81%be%e1%80%80%e1%80%8a%e1%80%b9%e1%80%9c%e1%82%8a%e1%80%ac%e1%80%a1%e1%80%94%e1%80%ac/
သင်ဘာလို့ ခံတွင်းအနံ့ဆိုးရွားနေတာလဲ
ခံတွင်းကနေ အနံ့ဆိုးတွေ ထွက်တာ(Bad Breath or Halitosis or Oral Malodor) ကို လူတိုင်းကြုံဖူးကြပါတယ်။ အနံ့ပြင်းတဲ့အစားအစာတွေစားသောက်တာ၊ ခံတွင်းကို သန့်ရှင်းအောင် မထားတာတွေကြောင့် ခံတွင်းအနံ့ဆိုးထွက်တာမျိုးတွေဖြစ်တတ်ပါတယ်။ဒါပေမယ့် ခံတွင်းအနံ့ဆိုးထွက်တာတိုင်းက ဒီလိုအချက်တွေကြောင့်ချည်းပဲတော့ မဟုတ်ပါဘူး။ တခြားသောအကြောင်းအရင်းတွေကြောင့်လည်း ခံတွင်းအနံ့ဆိုးတွေ ထွက်လာနိုင်ပါတယ်။ တစ်ခါတစ်ရံမှာဆိုရင် နာတာရှည်ခံတွင်းအနံ့ဆိုးထွက်တဲ့ရောဂါ (ChronicHalitosis) လည်းဖြစ်နေနိုင်ပါတယ်။ယေဘုယျအားဖြင့် ခံတွင်းအနံ့ဆိုးတွေ ထွက်ပေါ်လာစေတဲ့ အကြောင်းအရင်း အမြောက်အများ ရှိပါတယ်။ အဓိက အကျဆုံးအချက်ကတော့ ၁၀ ချက်ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ ဒီအချက် ၁၀ ချက်ကို ဖော်ပြပေးသွားမှာပါ။အခြေခံအကျဆုံး အချက်ဖြစ်ပါတယ်။ သွားပုံမှန်မတိုက်တာ၊ တိုက်ဖြစ်ရင်တောင်မှ လျှာနဲ့ အာခံတွင်း တစ်ခုလုံးကို သန့်စင်အောင် မသန့်ရှင်းတာတွေက သင့်ကို ခံတွင်းအနံ့ဆိုးစေနိုင်ပါတယ်။ ဒီအချက်ကြောင့် သွားဖုံးရောင်တာ၊ ရေစီးကမ်းပြိုလိုက်တာလို ကျန်းမာရေးပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပြီး ရိုးရိုးအနံ့ဆိုးမျိုးသာမကပဲ အာပုတ်နံ့လို့ဆိုကြတဲ့ ဆိုးရွားလှတဲ့ အနံ့ဆိုးမျိုးတွေပါ ထွက်လာစေပါလိမ့်မယ်။ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ အပူအစပ်တွေ၊ တစ်ချို့သော သကြားဓာတ်များတဲ့ အဖျော်ယမကာတွေကို မှီဝဲစားသုံးထားမယ်ဆိုရင်လည်း ခံတွင်းနံ့ဆိုးရွားနိုင်ပါတယ်။ အစားအစာတွေထဲက အနံ့ဆိုးဖြစ်စေနိုင်တဲ့ Particles တွေကို သွေးကနေတဆင့် အဆုတ်ထဲကို ပို့ပေးပါတယ်။ ဒါကြောင့် အသက်ရှူထုတ်လိုက်တိုင်းမှာ အနံ့ဆိုးတွေ ရနေနိုင်ပါတယ်။လူကြိုက်များလှတဲ့ကော်ဖီဟာလည်း ခံတွင်းအနံ့ဆိုးတွေ ဖြစ်ပေါ်လာစေတဲ့ အကြောင်းအရင်းတစ်ချက်ပါပဲ။ မနက်စာစားရင်း မနက်ခင်းပိုင်းမှာ သောက်လိုက်တဲ့ ကော်ဖီတစ်ခွက်ဟာ ကျန်တဲ့အချိန်တွေမှာ ခံတွင်းနံ့ဆိုးလာစေရတဲ့ အကြောင်းအရင်းဖြစ်နေတတ်ပါတယ်။ ကော်ဖီမှာပါဝင်တဲ့ ကဖိန်းဓာတ်ဟာ တံတွေးရည်ထုတ်လုပ်နိုင်စွမ်းကို လျော့ကျစေပြီး အာခံတွင်းမှာ တံတွေးရည်နည်းပါးလာမယ်ဆိုရင် ဘက်တီးရီးယားတွေ ပိုမိုတွယ်ငြိလာတာကြောင့်ပါ။အရက်ဟာ ခံတွင်းနံ့ဆိုးစေတယ်ဆိုတာကို သောက်သုံးဖူးသူတိုင်း သိကြပါတယ်။ ဘယ်လောက် မွှေးတဲ့ အရက်ပဲဖြစ်ဖြစ် မနက်မိုးလင်းချိန်မှာတော့ ဆိုးရွားတဲ့ အနံ့သာပြန်ထွက်လာစေမှာပါ။ အယ်လ်ကိုဟောဟာ ခံတွင်းထဲမှာ တံတွေးရည်ထုတ်လုပ်နိုင်စွမ်းကို သိသိသာသာ လျော့ကျစေတဲ့အရာပါ။အချိုတွေ၊သကြားဓာတ်နဲ့ ပရိုတိန်းဓာတ်များတဲ့ အစားအစာတွေဟာလည်း ခံတွင်းနံ့ဆိုးစေဖို့ တွန်းအားတစ်ရပ်ဖြစ်ပါတယ်။ အထူးသဖြင့် သကြားဟာ ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ပေါက်ပွားအောင် အားပေးပါတယ်။ အချိုတွေ အများကြီးစားပြီးတဲ့အခါ ပါးစပ်ထဲမှာ တစ်မျိုးတစ်မည်ကြီးဖြစ်နေတတ်တာ အဲ့ဒါကြောင့်ပါ။ နောက်ပြီး ကာဘိုဟိုက်ဒြိတ်နည်းပါးတဲ့ အစားအစာတွေကလည်း ခံတွင်းအနံ့ဆိုးထွက်အောင် လုပ်နိုင်ပါသေးတယ်။ဆေးရွက်ကြီးပါဝင်တဲ့ ဆေးလိပ်တွေ၊စီးကရက်တွေနဲ့ကွမ်းယာတွေဟာ ခံတွင်းအနံ့ဆိုးတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် သွားဖုံး၊ လျှာနဲ့ အာခေါင်တွေကိုဖျက်ဆီးနိုင်ပြီး ဆိုးရွားတဲ့ ခံတွင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။အစာခြေစနစ်မူမမှန်တာ၊ အားနည်းတာတွေကလည်း အစာအိမ်ကို မသန့်မစင်ဖြစ်စေပြီး ပါးစပ်ကနေ အနံ့ဆိုးတွ ပြန်ထွက်လာစေတတ်ပါတယ်။ ဒီလိုဖြစ်ရတာက အစားအသောက်အမျိုးအစားကြောင့် အစာကောင်းကောင်း မခြေဖျက်နိုင်လို့ဖြစ်နိုင်သလို အစာခြေစနစ်နဲ့ ပတ်သက်တဲ့ ကျန်းမာရေးပြဿနာကြောင့်လည်းဖြစ်ပါတယ်။ခံတွင်းထဲမှာ တံတွေးရည် ထုတ်လုပ်နိုင်စွမ်းလျော့ကျလာပြီး ခံတွင်းခြောက်သွေ့လာတဲ့အခါ သန့်ရှင်းမှုလည်း နည်းပါးသွားပါတယ်။ ဒီအချက်ဟာ အခံတွင်း နံ့ဆိုးဖြစ်ပေါ်စေနိုင်တဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ ပါဝင်နေပါတယ်။ ဒါကို ရောဂါတစ်ခုအဖြစ် သတ်မှတ်နိုင်ပြီး Xerostomia လို့ ခေါ်ဆိုကြပါတယ်။တချို့သောလူတွေ ခံတွင်းရနံ့ဆိုးတာက ဆေးဝါးဓာတ်စာတွေကြောင့်ပါ။ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေတွေအရ မှီဝဲနေရတဲ့ ပဋိဇီဝဆေးတွေမှာ ပါဝင်တဲ့ ဓာတုဗေဒပစ္စည်းတွေဟာ ခံတွင်းကိုခြောက်သွေ့စေပြီး ခံတွင်းနံ့ဆိုးရွားမှုကို ဖြစ်စေနိုင်ပါတယ်။ကမ္ဘာပေါ်က လူ ၁% လောက်ဟာ သူတို့ရဲ့ ခံတွင်းနံက ဆိုးရွားတယ်လို့ တကယ်မဟုတ်ပဲ ခံစားနေကြပါတယ်။ ဒီဝေဒနာကို Halitophobia စိတ်ဝေဒနာလို့ ခေါ်ပါတယ်။ ဘယ်လိုအခြေအနေမှာမဆို ခံတွင်းအနံ့ဆိုးထွက်မှာကို ကြောက်နေတတ်သလို ကိုယ့်ရဲ့ ခံတွင်းအနံ့ဟာ သူများတွေထက် ဆိုးရွားနေတယ်လို့ ထင်မြင်နေတဲ့ စိတ်ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ဒီအချက်တွေအပြင် နှာရည်ယိုချင်နေတာ၊ သွားပိုးပေါက်ဖြစ်နေတာ၊ ရင်ပူနေတာ၊ Strep ပိုး ကူးစက်ခံထားရတာ၊ သွေးတွင်း သကြားပမာဏ မြင့်တက်နေတာ၊ ကိုယ်ခံအားစနစ် ဖောက်ပြန်တဲ့Sjogren’s Syndromeစွဲကပ်နေတာတွေကြောင့်လည်း ခံတွင်းနံ့ဆိုးရွားတတ်ပါတယ်။ခံတွင်းနံ့ဆိုးရွားတာဟာ ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာမဟုတ်ပေမယ့် ဆိုးရွားတဲ့ရောဂါတွေကို ကိုယ့်မှာ စွဲကပ်နေတာကို သတိပေးနေတဲ့ အချက်ပြချက်တစ်ခုဖြစ်နေတတ်ပါတယ်။ဒါပေမယ့် တစ်ခုသိထားရမှာက လူတွေဟာ အိပ်ရာထချိန်မှာ ခံတွင်းနံ့နံတယ်လို့ ခံစားရတတ်တာကိုပါပဲ။ ဒါကတော့ သဘာဝဖြစ်စဉ်သာဖြစ်ပါတယ်။ အိပ်ရာထချိန်ဖြစ်နေတာကြောင့်ပါ။ကိုယ်အိပ်ပျော်နေစဉ်မှာ တံတွေးတွေက ပါးစပ်ထဲက ဘက်တီးရီးယားတွေကို ရှင်းလင်းပေးနေတာကြောင့်ပါ။ ဒါက ပုံမှန်ကိစ္စတစ်ခုဖြစ်ပြီး မနက်ပိုင်းမှာ သွားတိုက်သန့်စင်လိုက်တာနဲ့ အဆင်ပြေသွားမယ့် ပြဿနာဖြစ်ပါတယ်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/other-oral-health-issues/reasons-why-your-breath-smells-bad/
Nonalcoholic Fatty Liver (အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးခြင်း ဆိုတာ ဘာလဲ)
အဆီဆိုတာ ခန္ဓါကိုယ်ရဲ့ စွမ်းအင်ရင်းမြစ်တစ်ခုပါပဲ။ ဒါပေမဲ့ အဆီများလွန်းခြင်းဟာ အလေးချိန်တိုးလာတာထက် ပိုတဲ့ ဆိုးကျိုးတွေ ဖြစ်လာစေနိုင်ပါတယ်။အသည်းဆိုတာ ဝမ်းဗိုက်ရဲ့ အပေါ်ညာဘက်မှာရှိတဲ့ ကိုယ်တွင်းအင်္ဂါတ်ခုပါ။ အသည်းရဲ့ အခန်းကဏ္ဍဟာ ခန္ဓါကိုယ်တွင်းက အဆိပ်အတောက်တေါကို စွန့်ထုတ်ဖို့၊ ပရိုတိန်း ထုတ်လုပ်ဖို့နဲ့ အစာခြေဖို့လိုအပ်တဲ့ အစာခြေရည်တွေထုတ်ပေးဖို့ဖြစ်ပါတယ်။ ပုံမှန်လူတစ်ယောက်အသည်းရဲ့ အလေးချိန်ဟာ ၁.၄၄ – ၁.၆၆ ကီလိုဂရမ်ရှိတတ်ပါတယ်။ပုံမှန်အားဖြင့်ဆိုရင် အသည်းမှာ အဆီရှိတာ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ အဆီတွေများလာပြီဆိုရင်တော့ အသည်းအဆီဖုံးခြင်းလို့ခေါ်ပါတယ်။ ဒီလိုရောဂါ အမျိုးအစားနှစ်မျိုးရှိပါတယ်။ အရက်ကြောင့်အသည်းအဆီဖုံးခြင်း (ALD) နဲ့ အရက်ကြောင့်မဟုတ်သော အသည်းအဆီဖုံးခြင်း (NAFLD) တို့ပါ။ရိုးရိုးလေးပြောရမယ်ဆိုရင်တော့ NAFLD ဆိုတာက သင်ဟာ အရက်လည်းမသောက်ပါဘဲ အဆီတွေက အသည်းအလေးချိန်ရဲ့ ၅% – ၁၀%လောက်ထိ ဖုံးလွှမ်းသွားတာကို ပြောတာပါ။ ဒါဟာ အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပြီး အပျော့စားကိစ္စတွေမှာဆိုရင် လက္ခဏာတွေ နောက်ဆက်တွဲပြဿနာတွေ ဘာမှ ပြနေမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ပြင်းထန်လာပြီဆိုရင်တော့ ရောင်ရမ်းခြင်းနဲ့ တစ်သျှူးတွေကို ဖျက်ဆီးလိုက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ပိုပြီးပြင်းထန်တဲ့ အရက်မသောက်ဘဲ အသည်းအဆီဖုံးခြင်းကို NASH (Noalcoholic steatohepatitis) လို့ခေါ်ပါတယ်။ ပြင်းထန်တဲ့ NASH ဟာ အသည်းပျက်စီးခြင်းကို ဖြစ်ပေါ်စေပါတယ်။NAFLD ဟာ နာတာရှည်အခြေအနေတစ်ခုပါ။ အခုအချိန်မှာတော့ ကမ္ဘာနဲ့အဝှမ်းမှာ အဝလွန်ခြင်းနဲ့ ကိုယ်အလေးချိန်တိုးခြင်းတွေလည်း အဖြစ်များလာတာကြောင့် ဒီရောဂါဟာလည်း အဖြစ်များလာပါတယ်။ဒီရောဂါမှာ အမျိုးအစား ၄မျိုးရှိပါတယ်။ အန္တရာယ်မရှိတဲ့အမျိုးကစလို့ အသက်သေစေနိုင်တဲ့အထိပေါ့။Nanolcoholic fatty liver ဟာ အသံတိတ်ရောဂါတစ်မျိုးဖြစ်ပြီး ဘယ်လိုလက္ခဏာကိုမှမပြပါဘူး။ ပြပြီဆိုရင်တော့။အသည်းကြီးတာ၊ မောပန်းတာ၊ အားနည်းတာ၊ အလေးချိန်ကျတာ၊ အစာစားချင်စိတ်လျော့တာ၊ ဗိုက်နာတာ၊ ပျို့အန်တာ၊ ပင့်ကူမျှင်သွေးကြောတွေဖြစ်တာ၊ အသားနဲ့ မျက်လုံးဝါတာ၊ ယားယံတာ၊ ခြေထောက်တွေရောင်ရမ်းတာ၊ အရည်တွေစုလာတာနဲ့ ဗိုက်ဖောင်းလာတာ၊ စိတ်ပိုင်းဆိုင်ရာအရ ဝေခွဲမရဖြစ်လာတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။အသည်းအဆီဖုံးခြင်းဟာ ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်ခဲပေမယ့် ဖြစ်လာရင်လည်း အသက်အန္တရာယ်ရှိနိုင်ပါတယ်။ လက္ခဏာတွေက ကိုယ်ဝန်ကာလ တတိယ ၃ပတ်မှာမှစပါတယ်။ လက္ခဏာတွေကတော့။ဆက်တိုက် ပျို့အန်ခြင်း၊ ဝမ်းဗိုက်ရဲ့ ညာဘက်အပေါ်မှာ နာကျင်ခြင်း၊ အသားဝါဖြစ်ခြင်း၊ သာမန် နာကျင်ခြင်း မသက်မသာဖြစ်ခြင်း စတာတွေဖြစ်တတ်ပါတယ်။လူအများစုဟာ သူတို့မှာ Nonalcoholic Fatty Liver ရောဂါ ဖြစ်နေမှန်း မသိကြပါဘူး။ မကုသဘဲ မထိန်းချုပ်ဘဲ ထားလိုက်တဲ့အခါမှာ ရောဂါက ပိုပြင်းထန်လာပြီး အသည်းကို ပြင်းပြင်းထန်ထန်ပျက်စီးစေတာမျိုးတွေ ဖြစ်စေတတ်ပါတယ်။အဓိက နောက်ဆက်တွဲပြဿနာတွေကတော့။Fibrosis သို့မဟုတ် Cirrhosis ဖြစ်လာဖို့တောင် နှစ်ပေါင်းများစွာအချိန်ယူရပါတယ်။ ရောဂါအခြေအနေ ပိုဆိုးမလာစေဖို့အတွက် နေထိုင်မှုပုံစံပြောင်းနိုင်ဖို့က အရေးကြီးပါတယ်။ဒီရောဂါဖြစ်ရတဲ့အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အချို့သောဆရာဝန်တွေကတော့ ဒီလိုထင်ကြပါတယ်။အသည်းဗိုင်းရပ်စ်ဝင်ခြင်း။ ။အချို့သောလေ့လာမှုတွေကတော့ သင့်ရဲ့အူသိမ်မှာ ဗိုင်းရပ်စ်သို့မဟုတ် ဘက်တီးရီးယားတွေအရမ်းများနေပြီး အူမှာ အပြောင်းအလဲတွေဖြစ်နေတယ်ဆိုရင် ဒါဟာ ဒီရောဂါနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။အင်ဆူလင် တုံ့ပြန်မှု။ ။အင်ဆူလင်ခံနိုင်ရည်အားဟာ ခန္ဓါကိုယ်က အင်ဆူလင်မလုံလောက်မှုကို မတုံ့ပြန်တော့တဲ့ အခြေအနေလို့ ရည်ညွှန်းပါတယ်။ဆေးဝါးနဲ့ အဆိပ်အတောက်များ။ ။ကျန်းမာရေးပြဿနာတွေကြောင့် သုံးစွဲရတဲ့ ဆေးဝါးအချို့ဟာ NASH နဲ့ ဆက်စပ်နေပါတယ်။ ဒီဆေးတွေမှာတော့ amiodarone (brand names: Corderone, Pacerone), tamoxifen (brand names: Nolvadex, Tamone), perhexiline maleate (brand name: Pexhid), steroids (eg, prednisone, hydrocortisone), synthetic estrogens and toxic pesticides စတာတွေပါဝင်ပါတယ်။ကိုယ်အလေးချိန်အမြန်ကျခြင်း။အစားစားတဲ့အလေ့အထ မမှန်ခြင်း။ကိုယ်ဝန်ဆောင်ခြင်း။ဒါကတော့ ရှားပေမယ့်လည်း သင်ကိုယ်ဝန်ဆောင်ချိန်မှာ အဆီတွေက အသည်းမှာ လာစုနိုင်ပါတယ်။ ဒါဟာ သင့်အတွက်ရောကလေးအတွက်ပါ အန္တရာယ်ရှိပါတယ်။Nonalcoholic fatty liver ဟာ အခြားသော အသည်းရောဂါတွေနဲ့အတူလည်း ဖြစ်နိုင်ပြီး အသည်းပျက်စီးမှုကို ပိုဆိုးစေပါတယ်။ ဒါနဲ့ဆက်စပ်နေတဲ့အချို့သော အခြေအနေတွေက။အဝလွန်ခြင်း။ ။ဒီဝေဒနာဖြစ်နေတဲ့ လူ ၇၀%ဟာ အဝလွန်ပါတယ်။ဆီးချို။ ။ဒီရောဂါဖြစ်နေတဲ့ လူ ၇၅%နဲ့အထက်မှာ ဆီးချိုပုံစံ ၂ ရှိနေပါတယ်။Hyperlipidemia (သွေးတွင်းအဆီဓါတ်များခြင်း)။ ။ဒီဝေဒနာဖြစ်နေတဲ့ လူ ၂၀%ကနေ ၈၀%ထိ သွေးတွင်းအဆီဓါတ်များပါတယ်။ (သွေးတွင်းကိုလက်စထရောလယ်ဗယ်မြင့်ခြင်း၊ triglyceride လယ်ဗယ်မြင့်ခြင်း)။တကယ်လို့များသင်က။အဝလွန်နေမယ်ဆိုရင် (အထူးသဖြင့် ခါးတစ်ဝိုက်)။ဆီးချိုအမျိုးအစား ၂ ရှိနေမယ်ဆိုရင်။သွေးတိုးရှိရင်။သွေးတွင်း ကိုလက်စထရောမြင့်နေရင်။Triglycerides မြင့်နေရင်။အသက် ၅၀အထက်ရှိရင်။ဆေးလိပ်သောက်ရင် သင့်မှာ NAFLD ဖြစ်နိုင်ချေမြင့်မားပါတယ်။ ဒါပေမဲ့ ဒီအချက်တွေဘာမှမရှိပါဘဲနဲ့လည်း ဖြစ်နိုင်ပါသေးတယ်။ ကလေးတွေပါ အပါအဝင်ပေါ့။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဒီရောဂါကတော့ သင့်ရဲ့ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတွေကနေ သိနိုင်ပါတယ်။ ပထမဆုံးလက္ခဏာကတော့ ပုံရိပ်ဖော်စစ်ဆေးမှုပါ။ တကယ်လို့များ Nonalcoholic fatty liver ဖြစ်နေတယ်ဆိုခဲ့ရင် သင့်ဆရာဝန်က သင့်မှာ အခြားသော အသည်းရောဂါတွေရှိမရှိဆိုတာကို စစ်ဆေးပေးပါလိမ့်မယ်။ ရောဂါကို ရှာတွေ့နိုင်မယ့် စစ်ဆေးမှုတွေကတော့။သင့်ဆရာဝန်က nonalcoholic fatty liver ရှိမရှိသေချာဖို့အတွက် အခြားသော စစ်ဆေးမှုတွေ ထပ်လုပ်ကောင်းလုပ်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာတော့ ဒါကို အတည်ပြုဖို့အတွက် အသည်းကို နမူနာယူပြီး အသားစစစ်ဆေးရတာတွေ လုပ်ရနိုင်ပါတယ်။ ဒီစစ်ဆေးမှုအတွက်တော့ အသားထဲ အပ်ကိုထိုးသွင်းရပြီး အသည်းအစိတ်အပိုင်းသေးသေးလေးကို ဖဲ့ယူရတာမျိုးလုပ်ရပါတယ်။အထူးကုသမှုတစ်ရပ်အနေနဲ့တော့ မရှိပါဘူး။ ဒါပေမဲ့ ဆရာဝန်တွေက သင့်အသည်းပျက်စီးမှုကို ထိန်းချုပ်နိုင်ဖို့အတွက် ကုသကြရတာမျိုးရှိပါတယ်။ ဆေးအသစ်တွေများစွာကိုလည်း ဒီရောဂါဖြစ်နေတဲ့ လူနာတွေမှာ စမ်းသပ်စစ်ဆေးပြီးပေမယ့် ရေရှည်မှာတော့ ကြီးကြီးမားမားအကျိုးရှိလာတယ်၊ ပြန်ကောင်းလာတယ်ဆိုတာမျိုးတော့ မရှိသေးပါဘူး။ ဒါပေမဲ့ သင်က သင့်ရဲ့အခြေအနေကိုတော့ ဆီးချိုကိုထိန်းချုပ်ခြင်းအားဖြင့် တိုးတက်လာစေနိုင်ပါတယ်။ဒီဝေဒနာရှိနေတဲ့ လူအများစုဟာ စောစောစီးစီးသိခဲ့တယ်ဆိုရင်တော့ ဘယ်လိုပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာမျိုးမှ မဖြစ်ပါဘူး။ တကယ်လို့သင်က ဒီလိုအခြေအနေရှိနေတယ်လို့ သတ်မှတ်ခံခဲ့ရရင် သင့်အခြေအနေပိုဆိုးမသွားစေဖို့ သင်လုပ်နိုင်တဲ့ နည်းလမ်းအနည်းငယ် ရှိပါတယ်။ကိုယ်အလေးချိန်လျှော့ချခြင်းဟာ ပထမဆုံးအဆင့်ပါပဲ။ အလေးချိန်လျှော့ချခြင်းက အသည်းအင်ဇိုင်းတွေ၊ အင်ဆူလင်တွေရဲ့ လယ်ဗယ်ကို လျှော့ချရာမှာ ကူညီပေးပြီး အသက်ရှည်စေပါတယ်။ ကိုယ်အလေးချိန်ကို အမြန်ကြီးလျှော့ချစရာမလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ အမြန်ဝိတ်ချခြင်းက အသည်းကို ပိုပြီးပျက်စီးစေလို့ပါ။ သင့်အတွက် အကောင်းဆုံး ဝိတ်လျှော့ရမယ့် အစီအစဉ်ကို ဆရာဝန်နဲ့ တိုင်ပင်ကြည့်နိုင်ပါတယ်။တကယ်လို့များ သင့်မှာ Nonalcoholic fatty liver ရောဂါမရှိနေဘူးဆိုရင်တောင်မှ အရက်ကို ရှောင်ကြဉ်သင့်ပါတယ်။ အချို့သောဟင်းလျာတွေဟာ အရက်နဲ့ချက်ထားတာမျိုး ဖြစ်တတ်ပြီး အချို့သောဆေးဝါးတွေ (ချောင်းဆိုးပျောက်ဆေးလိုဆေးတွေ) မှာလည်း အရက်တွေ ပါဝင်နေတတ်ပါတယ်။နောက်ဆုံးပေမယ့် အရေးကြီးတဲ့အချက်ကတော့ ကျန်းမာရေးနဲ့ညီပြီး မျှတတဲ့ စားသောက်မှုပုံစံရအောင်လုပ်ပြီး ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ သင်စားနေတတ်တဲ့ အချို့သောစားစရာတွေကို ကန့်သတ်ဖို့လည်း လိုကောင်းလိုနေပါလိမ့်မယ်။ ဘယ်လိုအာဟာရမျိုးက အသည်းကို ပြန်လည်ကောင်းမွန်လာစေမယ်ဆိုတာကို လေ့လာပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/liver-diseases/nonalcoholic-fatty-liver-%e1%80%a1%e1%80%9b%e1%80%80%e1%80%ba%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba%e1%80%99%e1%80%9f%e1%80%af%e1%80%90%e1%80%ba%e1%80%90%e1%80%b2%e1%80%b7/
Pterygium (မျက်သားတက်ခြင်း)
မျက်သားတက်ခြင်းကို ရေလှိုင်းစီးသမားမျက်လုံးဟုလည်း ခေါ်ပြီး မျက်ဖြူသားကိုဖုံးထားသည့် အမြှေးပါး နောက်ကျိလားသောအခြေအနေဖြစ်ပါသည်။ ၎င်းသည် အပြင်တွင်အနေများသူများ အထူးသဖြင့် ရေလှိုင်းစီးသူများတွင် အဖြစ်များသောကြောင့် ရေလှိုင်းစီးသူမျက်လုံးဟု ခေါ်ဆိုရခြင်းဖြစ်ပါသည်။၎င်းသည် ကင်ဆာမဟုတ်ပါ။ ပန်းရောင်ရှိပြီး အနည်းငယ်ဖောင်းကြွနေကာ သွေးကြောများကိုပင် မြင်ရတတ်ပါသည်။ များသောအားဖြင့် မျက်လုံးအတွင်းထောင့်မှစတင်လာပြီးနောက် အပြင်ဖက်ဆီသို့ ပျံ့နှံ့ခြင်းဖြစ်သည်။ ထိုကြီးထွားမှုသည် သူငယ်အိမ်အားဖုံးထားသည့် မျက်ကြည်လွှာထိ ရောက်ရှိနိုင်ပါသည်။ မျက်လုံးတစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံးတွင် ဖြစ်နိုင်ပါသည်။ နှစ်ဖက်စလုံးအား ထိခိုက်သည့်အခါ နှစ်ဖက်ဖြစ် မျက်သားတက်ခြင်း ဟုခေါ်ပါသည်။ဒီရောဂါသည်အဖြစ်များ၏။ အသက် ၂၀ – ၄၀ အတွင်း လူငယ်များတွင်အဖြစ်များ၏ ကလေးများတွင် ရှားပါးသည်။ အမျိုးသမီးထက် အမျိုးသားများတွင် ပိုအဖြစ်များ၏။ ရောဂါဖြစ်ပွားနိုင်သော အချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။မျက်သားတက်ခြင်းသည် ပြင်းထန်သည့်လက္ခဏာများကို ပုံမှန်အားဖြင့် မပြတတ်ပါ။ မျက်စေ့ထဲတွင် တစ်ခုခုဝင်နေသလို ခံစားရမည်ဖြစ်သည်။ မျက်သားတက်ခြင်း၏ အဖြစ်များသော လက္ခဏာများမှာ များသောအားဖြင့် ပျော့ပါသည်။ကြီးထွားမှုသည် မျက်ကြည်လွှာထိရောက်ပြီဆိုပါက အမြင်အာရုံမကောင်းမှုဖြစ်စေနိုင်ပါသည်။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။မျက်သားတက်ခြင်းဖြစ်ရသည့်အကြောင်းရင်းအား တိတိကျကျမသိရပါ။ တစ်ချို့သိပ္ပံပညာရှင်များက ၎င်းသည် နေရောင်ထိတွေ့ခြင်းမှ မျက်လုံးခြောက်သွေ့ရာကနေ ဖြစ်ရခြင်းဟု ယူဆကြပါသည်။ အပူပိုင်းဒေသ၊ ခြောက်သွေ့သော ဒေသများတွင် နေထိုင်သောသူများသည် ဤရောဂါဖြစ်နိုင်ချေ ပိုများပါသည်။မျက်သားတက်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်သည် မျက်လုံးတွင်ကြီးထွားနေသောအရာကို ကြည့်ရုံဖြင့် မျက်သားတက်ခြင်းအား အတည်ပြုနိုင်ပါသည်။ များသောအားဖြင့် အထူးစစ်ဆေးချက်များကို မလိုအပ်တတ်ပါ။ လိုအပ်သည်ဟု ဆရာဝန်မှယူဆလျှင် အောက်ပါတို့ကို စစ်ဆေးခိုင်းပါလိမ့်မည်။Photo documentation လုပ်ရာတွင် မျက်သားတက်ခြင်းကြီးထွားနှုန်းအားသိစေရန် ဓါတ်ပုံမရိုက်ခင်နှင့် ရိုက်ပြီးအခြေအနများအား မှတ်သားခြင်းဖြစ်ပါသည်။မျက်သားတက်ခြင်း၏ လက္ခဏာများမှာ မဆိုးဝါးလျှင် များသောအားဖြင့် ကုသရန်မလိုတတ်ပါ။ အကယ်၍ မျက်သားတက်ခြင်းလက္ခဏာများသည် မသက်မသက်ဖြစ်လာပါက အောက်ပါတို့နှင့် လျော့ချနိုင်ပါသည်။မျက်စဉ်းများ ဆီပါဆေးများနှင့် မသက်သာလျှင် မျက်သားတက်ခြင်းအား ခွဲထုတ်ရန် ဆရာဝန်မှ ညွှန်ပါလိမ့်မည်။ ခွဲစိတ်ခြင်းကို တက်နေသောမျက်သာအား အလှအပကို ထိခိုက်နေသောကြောင့်ဖြစ်စေ အမြင်ကိုကွယ်နေသောကြောင့်ဖြစ်စေ ပြုလုပ်နိုင်ပါသည်။ သို့သော် ခွဲစိတ်ပြီးနောက် ပြန်ဖြစ်နိုင်ချေရှိသလို ပိုပြီးဆိုးဝါးနိုင်ချေလည်း ရှိပါသည်။ နောက်ပိုင်းတွင် ခြောက်သွေ့ကျိန်းစပ်နေသလိုလည်း ခံစားရနိုင်ပါသည်။ အောက်ပါတို့ဖြစ်နေလျှင် ခွဲစိတ်ရန်ဆရာဝန်နှင့် တိုင်ပင်ကြည့်ပါ။မျက်သားတက်ခြင်းအား ခွဲစိတ်ကုသမှုသည် ၃၀ – ၄၅ မိနစ်ထိ ကြာတတ်ပါသည်။ ခွဲစိတ်နေစဉ်တွင် တက်နေသောမျက်သားဖယ်ရှားပြီး မျက်ခွံအတွင်းသား သို့မဟုတ် ထိန်းသိမ်းထားသည့် ရေမွှာအမြှေး၊ အချင်း စသည်တို့ကိုသုံးပြီး ချိုင့်သွားသည့်နေရာတွင် အစားထိုးပါလိမ့်မည်။ ဖယ်ထားသည့်နေရာအား အစားမထိုးလျှင် ပြန်ဖြစ်နိုင်ချေ ၅၀%ထိ များသွားပြီး အစားထိုးပါက ဖြစ်နိုင်ချေ ၅-၁၀% ထိ လျော့ချပေးနိုင်ပါသည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကမျက်သားတက်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများက သင့်အနေဖြင့် မျက်သားတက်ခြင်း ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-diseases/pterygium-%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8%e1%80%90%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
ဘယ်လောက်စားစား ဗိုက်မဝဘဲ အမြဲဆာနေတာ ဘာလို့လဲ
ဗိုက်ဆာတယ်ဆိုတဲ့ ခံစားချက်ဟာ တစ်နည်းအားဖြင့် ကိုယ်ခန္ဓာကနေ အစာလိုအပ်နေတယ်ဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာတစ်ခုပါပဲ။ လူက ဗိုက်ဆာလာပြီဆိုရင် ဝမ်းဗိုက်ကထဲကနေ ဂွီဂွီနဲ့ အသံတွေထွက်နေမယ်၊ စိတ်တိုဒေါသဖြစ်မယ်၊ ဘာကိုမှ အာရုံစုစည်းလို့မရတော့ဘဲ ခေါင်းကိုက်နေမှာပေါ့။ပုံမှန်လူတစ်ယောက်က အစာစားပြီး နောက်တစ်ကြိမ်ထပ်မစားခင်အထိ နာရီတော်တော်များများ နေနိုင်တယ်ဆိုပေမဲ့ တချို့လူတွေမှာတော့ ဘယ်လောက်ပဲစားစား ဗိုက်ကဝသွားတယ်လို့ကို မခံစားရဘဲ တစ်ခုမဟုတ် တစ်ခု ရေခဲသေတ္တာထဲကနေ လိုက်ရှာပြီး ပါးစပ်ထဲထည့်ဝါးလိုက်ရမှ ကျေနပ်တဲ့သူတွေလည်း ရှိပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ ဘယ်လိုအကြောင်းရင်းတွေကြောင့် ခဏခဏဗိုက်ဆာတတ်တာလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ပရိုတင်းဓာတ်လို့ ခေါ်တဲ့ အသားဓာတ်ဟာ လူတစ်ယောက်ရဲ့ ကိုယ်ခန္ဓာကြွက်သားထုတည်ဆောက်ခြင်းနဲ့ ကိုယ်ခံအားစနစ်၊ အစာခြေစနစ်၊ တစ်နေ့တာကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်ဆည်ပေးဖို့အတွက် လိုအပ်ပါတယ်။ ဒါ့အပြင် ပရိုတင်းဓာတ်ဟာ ဗိုက်ကိုပြည့်ဝစေပြီး အစာခဏခဏ စားချင်စိတ်ကို ဖြစ်စေတဲ့ ဟော်မုန်းတွေကို လျော့နည်းစေပါတယ်။ ဒါကြောင့် ပရိုတင်းဓာတ်ပါဝင်မှုများတဲ့ အသား၊ ငါး၊ ပဲ၊ နွားနို့၊ ဥတွေကို အစားနည်းတဲ့သူတွေမှာ အစာစားပြီးတိုင်းလည်း ဗိုက်သိပ်ဝသလို မခံစားရဘဲ ခဏလေးနဲ့ ဗိုက်ပြန်ဆာတတ်ပါတယ်။အိပ်ချိန်သည် လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ်။ တစ်နေ့တာလိုအပ်တဲ့အိပ်ချိန်ကို မရရှိတဲ့အခါ ဦးနှောက်က ကောင်းစွာအလုပ်မလုပ်နိုင်ပါဘူး။ ဒါ့အပြင် အစာစားချင်စိတ်ကို လှုံ့ဆော်ပေးနေတဲ့ ဂရီလင်ဟော်မုန်းတွေကို တိုးစေလို့ မကြာခဏအိပ်ရေးပျက်တဲ့သူတွေမှာ တခြားသူတွေထက် အစာပိုစားတတ်ကြတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် ညအိပ်ချိန်ကို တစ်ရက်လျှင် ၇နာရီခန့်ရှိဖို့ လိုအပ်ပါတယ်နော်။ရေကို တစ်နေ့ ၂လီတာထက် နည်းပြီး သောက်တဲ့သူတွေမှာ တခြားသူတွေထက် ရေဓာတ်ခမ်းခြောက်ခြင်းကို ပိုဖြစ်စေပါတယ်။ ကိုယ်ခန္ဓာက ရေဓာတ်နည်းတဲ့အခါ အစာခြေစနစ်က ကောင်းစွာအလုပ်မလုပ်နိုင်သလို အာဟာရဓာတ် စုပ်ယူမှုအားလည်း နှေးကွေးသွားပါတယ်။ အဲ့လို အစာချေဖျက်ခြင်း နှေးသွားတဲ့အခါ ဗိုက်ထဲ အစာရောက်သွားရင်တောင် ဗိုက်ဝသွားတယ်လို့ မခံစားမိဘဲ ဆက်တိုက်စားဖြစ်ရင်းကနေ ဗိုက်တင်းကားတဲ့အထိ စားမိတတ်ပါတယ်။ ဒါကြောင့် ထမင်းမစားခင် အနည်းဆုံး နာရီဝက်လောက်ကြိုတင်ပြီး ရေ လီတာဝက်လောက် သောက်ထားသင့်ပါတယ်။ တစ်နေ့လုံးစာအတွက် ရေကို အနည်းဆုံး ၃လီတာလောက်တော့ ရအောင်သောက်ပေးပါ။အမျှင်ဓာတ်ကို ဟင်းသီးဟင်းရွက်၊ အသီးအနှံကနေ အများဆုံးရရှိပြီး အစာခြေစနစ်ကို အထောက်အကူပေးပါတယ်။ ဒီလိုဟင်းသီးဟင်းရွက်တွေကို နည်းနည်းပဲ စားပြီး အသားတွေပဲ စားတဲ့အခါ အစာအိမ်က အစာချေဖျက်နှုန်းနှေးသွားစေတဲ့အတွက် ဗိုက်မဝသေးဘူးအထင်နဲ့ ထပ်ကာတလဲလဲ အစာတွေ စားမိတတ်ပါတယ်။အစာစားနေတဲ့အချိန် ရုပ်ရှင်ကြည့်တာ၊ ဖုန်းသုံးတာတွေ လုပ်နေရင် ကိုယ်စားနေတဲ့အစာကို သေချာအာရုံစိုက်ပြီး မဝါးနိုင်ဘဲ ဒီအတိုင်းမျိုချတတ်တာမျိုး လုပ်ဖူးကြမှာပါ။ အဲ့လိုမျိုး ကိုယ်စားတဲ့ အစားအစာကို စိတ်အာရုံနှစ်ပြီး မစားဘူးဆိုရင်လည်း ခဏလည်း ဗိုက်ပြန်ပြန်ဆာတာ၊ စားပြီး ဗိုက်မဝတာမျိုး ဖြစ်တတ်ပါတယ်။လေ့ကျင့်ခန်း၊ အားကစားအပြင်းအထန်လုပ်တဲ့သူတွေမှာ ကယ်လိုရီလောင်ကျွမ်းမှုနဲ့ ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ် ပိုများပါတယ်။ တစ်ကိုယ်လုံးမှာရှိတဲ့ ကြွက်သားတွေက ပိုပြီးအလုပ်လုပ်ရတဲ့အတွက် အားအင်ကုန်ခမ်းပြီး ရေဓာတ်ဆုံးရှုံးမှုပိုများပါတယ်။ အဲ့လို ကုန်ဆုံးသွားတဲ့အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးဖို့အတွက် ကိုယ်ခန္ဓာက ပုံမှန်ထက်ပိုပြီး အစာစားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။ညဆိုရင် တစ်ခွက်တစ်ဖလား မော့ပြီးမှ အိပ်တတ်တဲ့အကျင့်ရှိသူတွေမှာ ပုံမှန်ထက် အစားပိုစားတတ်ပြီး စားပြီးတိုင်းလည်း ဗိုက်က ပြည့်ဝသွားတယ်ဆိုတဲ့ ခံစားချက်မျိုး မရဘဲ တစ်ခုမဟုတ်တစ်ခု ဗိုက်ထဲထည့်နေရမှ ကျေနပ်နေတတ်ပါတယ်။အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးမှုများတဲ့သူတွေမှာ ခံတွင်းပျက်ပြီး ဘာမှမစားနိုင် မသောက်နိုင်တာမျိုးလည်း ရှိသလို မျက်စိထဲမြင်တာ အကုန်လျှောက်ရှာပြီး ပါးစပ်ထဲ ထည့်တတ်တဲ့အကျင့်တွေလည်း ဖြစ်လာနိုင်ပါတယ်။ အဓိကကတော့ စိတ်ဖိစီးမှုကို ပြေလျော့သွားစေဖို့ စိတ်က အစားဘက်ကို အာရုံလွှဲပြောင်းပေးလိုက်တဲ့ သဘောပါပဲ။အစားကို ဖြည်းဖြည်းနဲ့ မှန်မှန်ဝါးပြီး မစားဘူး။ တစ်လုပ်ပြီး တစ်လုပ် ပါးစပ်ထဲထည့်၊ ကျေညက်အောင် မဝါးဘဲ မျိုချတယ်၊ အစားကိုလည်း ခဏလေးနဲ့ ကုန်အောင်စားတတ်တဲ့ အကျင့်ရှိသူတွေမှာ တော်ရုံနဲ့ ဗိုက်ဝတယ်ဆိုတဲ့ ခံစားချက်မဖြစ်သလို မကြာခဏ ဆာလောင်နေတတ်ပါတယ်။ပုံမှန်အားဖြင့်တော့ ကိုယ့်ရဲ့ တစ်နေ့တာနေထိုင်စားသောက်မှုပုံစံကြောင့် အစားကို ပုံမှန်ထက်ပိုစားတတ်တဲ့ အကျင့်ဖြစ်လာတာပါ။ ဟော်မုန်းအပြောင်းအလဲရှိသူတွေ၊ တချို့သော ရောဂါပျောက်ဆေး သောက်နေရသူတွေမှာလည်း နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ အစားအလွန်အမင်းစားချင်စိတ်တွေ ဖြစ်တတ်ပါတယ်။ အဓိက ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို ပြင်လိုက်ရင်တော့ အဆင်ပြေသွားမှာပါ။အားလုံးပဲ ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%98%e1%80%9a%e1%80%ba%e1%80%9c%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%85%e1%80%ac%e1%80%b8%e1%80%85%e1%80%ac%e1%80%b8-%e1%80%97%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%99%e1%80%9d%e1%80%98/
ဘေဘီလေးတွေ လက်စုပ်တာ စိုးရိမ်ရမလား .....
ဘေဘီလေးတွေ လက်စုပ်တာ စိုးရိမ်ရမလား …..ဘေဘီလေးတွေလုပ်တတ်တဲ့အလေ့အထလေး တစ်ခုရှိတယ်။ ဒါကတော့ လက်မလေး စုပ်နေတတ်တာပါ။ တစ်ခါတလေ အိပ်နေရင်းဖြစ်ဖြစ်၊ တွေးနေရင်းဖြစ်ဖြစ် လက်ကလေးစုပ်နေတတ်ပါတယ်။ ဒီအလေ့အကျင့်လေးက ကောင်းလား၊ဆိုးလားဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လို့ရပါတယ်။ဘေဘီလေးတွေ လက်စုပ်တာ စိုးရိမ်ရမလား ….. ဆိုတော့ ဘေဘီလေး တော်တော်များများက လက်မလေးတွေကို စုပ်တတ်ကြပါတယ်။ အချို့ကလေးလေးတွေဆိုရင် ထမင်းစားနေချိန်၊ နို့စို့ချိန်ကလွဲလို့ အချိန်တော်တော်များများကို လက်မလေးစုပ်နေတတ်ကြပြီး သူတို့ပါးစပ်ထဲကနေ လက်မလေးကိုထုတ်လိုက်တဲ့အခါတိုင်း ဒေါသထွက်ပြီး ချော့မရအောင်ငိုတာမျိုးတွေတောင် ရှိတတ်ကြပါတယ်။  ဒီတော့သူတို့လေးတွေ ဘာကြောင့် လက်မစုပ်ကြတာလဲဆုတာကို ကြည့်လိုက်ရအောင်လား မေမေတို့ရေ…….။ဘေဘီလေးအများစုက အသက် ၆ လ၊ ၇ လလောက်ရောက်တဲ့အထိ လက်စုပ်တတ်ကြပြီး အချို့ဘေဘီလေးတွေကတော့ ၂ နှစ်လောက်အထိ လက်စုပ်တတ်ကြပါတယ်။ဘေဘီလေးရဲ့ လက်စုပ်တဲ့အကျင့်ကို ဖျောက်ချင်တယ်ဆိုရင်တော့။ဘေဘီလေးတွေ လက်စုပ်တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ခုပဲဆိုပေမယ့် အခုလိုအခြေအနေမျိုးဆိုရင်တော့ စိုးရိမ်စရာကောင်းနေပါပြီ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/why-do-babies-chew-on-their-hands/
အမျိုးသားတွေ သွေးဆုံး နိုင်သလား
အမျိုးသမီးတွေကတော့ သဘာဝအရ အသက်၅၀လောက်ဆိုသွေးဆုံးသွားကြပါပြီ။ ဒါက အမျိုးသမီးတိုင်း မလွဲမသွေ တွေ့ရတဲ့ ကိစ္စပါ။ အမျိုးသားတွေရော သွေးဆုံးတယ်လို့ ကြားဖူးပါသလား။ သိပ်မရင်းနှီးတော့ အမျိုးသားတွေလည်း သွေးမဆုံးတတ်ဘူးလို့ ထင်မှာပါ။ တကယ်တော့အမျိုးသားတွေလည်း သွေးဆုံးတတ်ပါတယ်။ ဒါပေမယ့် အမျိုးသားတိုင်းတော့ မဟုတ်ပါဘူး။ ဖြစ်လေ့ရှိတဲ့ ကျန်းမာရေးကိစ္စမို့လို့ သွေးဆုံးတဲ့အခါ အမျိုးသားတွေ  ဘာတွေခံစားရနိုင်လဲဆိုတာ ပြောပြပေးပါမယ်။ အမျိုးသားတွေ သွေးဆုံး နိုင်သလား ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။အမျိုးသမီးတွေမှာ သွေးဆုံးတာက menopauseဆိုရင် အမျိုးသားတွေမှာကandropauseလို့ခေါ်ပါတယ်။ အမျိုးသားတွေမှာ အသက်ကြီးလာတာနဲ့အမျှ ဟော်မုန်းတွေက ပြောင်းလဲလာပါတယ်။ အမျိုးသားတွေမှာ အသက်၅၀ကျော်လာတာနဲ့အမျှတက်စတိုစတီရုန်းပမာဏက လျော့နည်းလာပါတယ်။အမျိုးသားတွေမှာ တက်စတိုစတီရုန်းကိုဝှေးစေ့ကနေ ထုတ်ပေးတာပါ။ သူက အမျိုးသားတွေရဲ့လိင်စိတ်ဆန္ဒအတွက်ပဲ မဟုတ်ပါဘူး။လူပျိုဖော်ဝင်ချိန်အပြောင်းအလဲတွေ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေ၊ ကြွက်သားဖွံ့ဖြိုးမှုတွေ စတာတွေ လုပ်ပေးပါတယ်။အမျိုးသမီးတွေနဲ့ ကွာတာက အမျိုးသားတိုင်း သွေးဆုံးတာ မဟုတ်ပါဘူး။ မျိုးပွားအင်္ဂါတွေ လုံးဝအလုပ်မလုပ်တော့တာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ဟော်မုန်းနည်းသွားတာကြောင့် လိင်စိတ်ဆန္ဒလျော့နည်းသွားတာမျိုးတော့ ရှိပါတယ်။ဟော်မုန်းနည်းသွားတဲ့အတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာမှာ ထိခိုက်မှုရှိနိုင်ပါတယ်။ အသက်ကြီးလာလေလေ ဟော်မုန်းနည်းလေလေ ပိုဆိုးလာလေလေပါပဲ။ ဒါ့ပြင်။တခြားလက္ခဏာတွေကတော့ ရင်သားတွေဆူပြီး နာလာတာ၊ ဝှေးစေ့သေးလာတာ၊ ကျောပူရင်ပူတာ၊ ကိုယ်အမွေးတွေပါးလာတာ စတာတွေပဲ ဖြစ်ပါတယ်။လူပျိုမဖြစ်ခင်ဆိုရင် တက်စတိုစတီရုန်းက သိပ်မများပါဘူး။ တဖြည်းဖြည်းနဲ့ လူပျိုဖော်ဝင်လာပြီး သဘာဝအရ လိင်စိတ်ဆန္ဒတွေ ဖြစ်ဖို့ လိုလာပြီဆိုရင် တက်စတိုစတီရုန်း များလာပါတယ်။ တစ်ခါ အသက်ကြီးလာပြီဆိုရင် တက်စတိုစတီရုန်းက ပြန်ကျသွားပြန်ပါတယ်။ Mayo Clinic အဆိုအရ အသက်၃၀နောက်ပိုင်းဆိုရင် တက်စတိုစတီရုန်းက တစ်နှစ်ကို တစ်ရာခိုင်နှုန်းလောက် နည်းသွားပါတယ်။ ရောဂါတွေ ဘာတွေ ရှိနေရင် ပိုပြီး မြန်မြန်ကျပါတယ်။သာမန်အားဖြင့်တော့ လူကို ထိခိုက်လောက်အောင် မဆိုးဘူးဆိုရင် အိမ်မှာတင် ကိုယ့်ဟာကိုယ် သက်သာအောင် နေလို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဘယ်လိုမှ မသက်သာရင်တော့ ဆရာဝန်နဲ့ ပြပါ။ ဒါရှက်စရာကိစ္စမဟုတ်ပါဘူး။ အကောင်းဆုံးနည်းလမ်းကတော့ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်နေထိုင်တာပါပဲ။ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားမယ်၊ လေ့ကျင့်ခန်း ပုံမှန်လုပ်မယ်၊ အိပ်ရေးဝဝအိပ်မယ်၊ စိတ်ဖိစီးမှုနည်းအောင် နေမယ်ဆိုရင် သက်သာနိုင်ပါတယ်။ တော်တော်များများကတော့ ဒီလို ပြောင်းလဲနေထိုင်ပြီးနောက်မှာ သက်သာသွားတယ်လို့ ဆိုပါတယ်။နောက်ထပ်နည်းလမ်းကတော့ အမျိုးသမီးတွေလိုပဲ ဟော်မုန်းအစားထိုးကုသတာပါ။ ဒါကလည်း ကောင်းကျိုး ဆိုးကျိုး အမျိုးမျိုးရှိပါတယ်။ ဆီးကျိတ်ကြီးနေတဲ့သူဆိုရင် ဆီးကျိတ်ဆဲလ်တွေကို ပိုပွားစေလို့ မသင့်တော်ပါဘူး။ ဒီလို အကောင်းအဆိုးတွေ ရှိနေတဲ့အတွက် ကုသဖို့ လိုမလို ဆရာဝန်နဲ့ တိုင်ပင်ပါ။အမျိုးသားတွေဟာ အသက်ကြီးလာရင် ဟော်မုန်းနည်းသွားပြီး သွေးဆုံးသလို ဖြစ်တတ်တာ သဘာဝပါ။ လူတိုင်းမှာ မဖြစ်တာကြောင့် ကိုယ့်မှာ ဖြစ်လာရင်လည်း စိတ်မပူပါနဲ့။ လက္ခဏာအများစုက ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်စားသောက်ရုံနဲ့ သက်သာသွားတာပါ။ လိုအပ်ရင်တော့ ဆရာဝန်ပြပြီး ကုသမှုခံယူပါ။အမျိုးသားတွေ သွေးဆုံး နိုင်သလား ဆိုတာ အဖြေထွက်ပြီဟုတ် ……။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/andropause/
ရင်သားကင်ဆာနှင့် ကင်ဆာ ဆေးသွင်းကုသမှု
ကင်ဆာ ဆေးသွင်းကုသနည်းဟာ အစောပိုင်းတွေ့ရတဲ့ ရင်သားကင်ဆာတွေမှာ ခွဲစိတ်ကုသအပြီးကျန်ရှိနေနိုင်တဲ့ ကင်ဆာဆဲလ်တွေကို ဖယ်ရှားဖို့အတွက် အသုံးပြုပါတယ်။ ကင်ဆာ ပြန်လည် ဖြစ်ပွားခြင်းကို လျှော့ချပေးပြီး ရောဂါအဆင့်မြင့်တဲ့ ကင်ဆာတွေမှာ ကင်ဆာဆဲလ်တွေကို တတ်နိုင်သလောက် ဖျက်စီးပေးဖို့ အသုံးပြုပါတယ်။ ကင်ဆာဆေးသွင်းကုသခြင်းကို မခွဲစိတ်ခင်မှာ အကျိတ်ကျုံ့သွားဖို့အတွက်လည်း အသုံးပြုပါတယ်။ကင်ဆာဆေးသွင်းကုသခြင်းကို အသုံးပြုရမယ့် အခြေအနေများစွာ ရှိပါတယ်။ခွဲစိတ်ကုသအပြီး (adjuvant chemotherapy)။ခွဲစိတ်ကုသခြင်းဟာ မြင်နိုင်တဲ့ ကင်ဆာကို ဖယ်ထုတ်ဖို့ အတွက် အသုံးပြုပြီး ခွဲစိတ်ပြီးနောက်ပိုင်းကုသတဲ့ ကုသနည်းတွေကတော့ ကိုယ်ခန္ဓါအတွင်းမှာ ကျန်းနေနိုင်တဲ့ မျက်စိနဲ့ မမြင်နိုင်တဲ့ (သို့) imaging test တွေနဲ့ မတွေ့နိုင်တဲ့ ကင်ဆာ အကြွင်းအကျန်တွေကို ဖယ်ထုတ်ဖို့ အသုံးပြုပါတယ်။ ဒီဆဲလ်တွေဟာ ကိုယ်ခန္ဓါအတွင်းက အခြားနေရာတွေမှာ ကင်ဆာ ဖြစ်ပွားစေနိုင်ပါတယ်။ ရင်သားကင်ဆာပြန်ဖြစ်နှုန်းကို breast-conserving surgery အပြီး ကုသနည်းတွေ (သို့) ရင်သားတစ်ခုလုံး ဖြတ်ထုတ်ခြင်းနဲ့ လျှော့ချနိုင်ပါတယ်။ ဓါတ်ရောင်ခြည်နဲ့ ကုသနည်း၊ ကင်ဆာဆေးသွင်းကုသခြင်း၊ ပစ်မှတ်ထားကုသခြင်းနဲ့ ဟော်မုန်းကုသခြင်း တွေကို adjuvant ကုသနည်းတွေအဖြစ် အသုံးပြုနိုင်ပါတယ်။ အစောပိုင်းရင်သားကင်ဆာ လူနာတွေမှာ ကင်ဆာဆေးသွင်းကုသခြင်းကို ခွဲစိတ်ကုသမှု အပြီး ဒါပေမယ့် ဓါတ်ရောင်ခြည်ကုသမှု မခံယူခင်မှာ ပေးလေ့ရှိပါတယ်။ခွဲစိတ်ကုသမှု မလုပ်ခင် (neoadjuvant chemotherapy)။Neoadjuvant chemotherapy ဟာလည်း adjuvant chemotherapy လိုပါပဲ။ ဒါပေမယ့် ခွဲစိတ်မှု မပြုခင်မှာ ကင်ဆာဆေးသွင်းကုသခြင်းကို ပြုလုပ်ရမှာဖြစ်ပါတယ်။ ရင်သားတစ်ခုလုံး ဖြတ်ထုတ်ဖို့လိုအပ်တဲ့ အကျိတ်ကြီးတဲ့ အမျိုးသမီးတွေမှာ ကင်ဆာဆေးသွင်းကုသခြင်းဟာ အကျိတ်ကို ကျုံ့သွားစေတာကြောင့် ရင်သားတစ်ခုလုံး ဖြတ်ထုတ်ဖို့ မလိုအပ်တော့ပဲ lumpectomy လုပ်နိုင်ပါတယ်။ ကင်ဆာပြန်ဖြစ်ခြင်းနဲ့ အသက်ရှင်နှုန်းတွေနဲ့ ပတ်သက်ပြီး ကင်ဆာဆေးသွင်းကုသခြင်းဟာ ခွဲစိတ်ကုသမှု မပြုလုပ်ခင် (သို့) ပြုလုပ်ပြီးမှာ ကွာခြားမှုတွေ ရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ခွဲစိတ်မှုမပြုလုပ်ခင် ကင်ဆာဆေးသွင်းကုသခြင်းကတော့ အကျိုးကျေးဇူးနှစ်ခု ရှိပါတယ်။ ပထမဦးစွာ ကင်ဆာဆေးသွင်းကုသခြင်းဟာ အကျိတ်ကို ကျုံ့သွားစေတာကြောင့် ခွဲစိတ်မှုမှာ အများကြီး ဖယ်ထုတ်ဖို့ မလိုအပ်ပါဘူး။ ဒါကြောင့် neoadjuvant chemo ကို ရောဂါအမည်တပ်ချိန်မှာ ခွဲစိတ်ဖို့ ကြီးလွန်းတဲ့ အကျိတ်တွေ အတွက် အသုံးပြုပါတယ်။ ပြီးတော့ အကျိတ်မဖယ်ထုတ်ခင်မှာ ဆေးသွင်းခြင်းအားဖြင့် ကင်ဆာက ဘယ်လို တုန့်ပြန်လဲဆိုတာပါ ဆရာဝန်တွေက တွေ့ရှိနိုင်ပါတယ်။ ဆေးတွေက ကင်ဆာကို မကျုံ့စေနိုင်ဘူးဆိုရင် ဘယ်ဆေးကို လိုအပ်တယ်ဆိုတာ သိနိုင်မှာ ဖြစ်ပါတယ်။ရောဂါအဆင့်မြင့်တဲ့ ကင်ဆာတွေအတွက်။အချို့လူတွေမှာ ကင်ဆာဟာ ရင်သားနဲ့ လက်မောင်းအောက် နေရာတွေကို ကျော်ပြီးပြန့်သွားခဲ့မယ်ဆိုရင် ဆေးသွင်းကုသခြင်းဟာ ကင်ဆာဆဲလ်တွေ ရင်သားကနေ အခြားကိုယ်ခန္ဓါ အစိတ်အပိုင်းတွေကို ပြန့်သွားစေခြင်းကနေ ကာကွယ်ပေးပါတယ်။ ဆေးပေးရမယ့်ကာလကတော့ ကင်ဆာဘယ်လောက် ကျုံ့သွားသလဲဆိုတာနဲ့ ဆေးဒဏ် ဘယ်လောက်ခံနိုင်သလဲဆိုတာပေါ် မူတည်ပါတယ်။ ဆေးသွင်းကုသခြင်းဟာ ကင်ဆာနဲ့ ပတ်သက်တဲ့ ရောဂါ လက္ခဏာတွေကို လျော့ကျစေပြီး အသက်ပိုရှည်စေနိုင်ပါတယ်။သင့်အခြေအနေ၊ အကျိတ်အရွယ်အစား၊ ခံနိုင်ရည်နဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပြီး ကင်ဆာဆေးသွင်းကုသခြင်းလိုအပ်ခြင်း ရှိမရှိဆိုတာကို ဆရာဝန်က ဆုံးဖြတ်ပါလိမ့်မယ်။ ဆရာဝန်ရဲ့ ညွန်ကြားချက်တွေကို အမြဲလိုက်နာပြီး စိတ်ပူမှုတွေ ရှိနေခဲ့ရင် ဆရာဝန်ကို မေးမြန်းသင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/%e1%80%9b%e1%80%84%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac-%e1%80%b1/
နွေရာသီ မှာ အသားအရေလေးကို ဒီလိုဂရုစိုက်
နွေရာက်ပြီလေ…ဆိုတာက သီချင်းစာသားအနေနဲ့ပဲ နားထောင်လို့ ကောင်းတာပါနော်။ နဖူးတွေ့ ဒူးတွေ့ ခံစားရတဲ့နွေရဲ့အပူချိန်က ပူပြင်းလွန်းပါတယ်။ နေရထိုင်ရ ပူတဲ့အပြင် အသားတွေပါ မည်းတာနော်။ နွေရာသီ မှာ ဖြေရှင်းရတဲ့အသားအရေပြဿနာကလည်း အများသားနော်။ ဒီတစ်ခေါက်တော့ နွေရာသီရဲ့အပူဒဏ်ကြာင့် အသားအရေ ထိခိုက်ပျက်စီးတာမျိုးမဖြစ်အောင် ကာကွယ်နည်းလေးတွေ ပြောပြမယ်နော်။ ကဲ ….. နွေရာသီ မှာ အသားအရေလေးကို ဒီလိုဂရုစိုက် လိုက်ကြတော့နော်။နေအပူကြောင့်အသားအရေထိခိုက်တာမျိုးမဖြစ်စေဖို့ဆိုရင် အခုပြောပြမယ့်အချက်လေးတွေကို လက်တွေ့လုပ်ဆောင်ကြည့်ဖို့ပြောပါရစေနော်။ နွေရာသီ မှာ အသားအရေလေးကို ဒီလိုဂရုစိုက် ပါ။ကော်လာဂျင်ကောင်းကောင်းထုတ်နိုင်ဖို့အတွက် ဗီတာမင် စီ ပြည့်ပြည့်ဝဝရှိဖို့လိုအပ်ပါမယ်။ ဗီတာမင် စီ ပြည့်ဝမှလည်း အသားအရေက စိုစိုပြည်ပြည်နဲ့ တင်းရင်းလှပနေမှာပါ။အစိုဓာတ်လည်း ထိန်းပေးနိုင်ပါတယ်။ ဒါကြောင့် နွေရာသီ အပူဒဏ်ကို အံတုနိုင်ဖို့လိမ္မော်သီး၊ သံပရိုသီး၊ဇီးဖြူသီး၊ ဂရိတ်ဖရုခ်၊ ခရမ်းချဉ်သီးနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို စားပေးပါနော်။ရာသီတိုင်းမှာ အရေးပါတဲ့ အသားအရေ ထိန်းသိမ်းနည်းတစ်ခုပါ။ ဆဲလ်သေတွေကို ဖယ်ရှားပေးမှ အသားအရေက ကျန်းမာပြီး အသားအရေထိန်းတဲ့ပစ္စည်းတွေကို အကောင်းဆုံးစုပ်ယူနိုင်မှာပါ။ ဒါကြောင့် အသားအရေပေါ်က ဆဲလ်သေတွေကို ဖယ်ရှားဖို့မမေ့ပါနဲ့။နွေရာသီ မှာ အပြင်ထွက်မယ်ဆိုရင် လုံးဝမေ့လို့မဖြစ်တာက နေလောင်ကာခရင်မ်ပါနော်။ အပြင်မထွက်ခင် နာရီဝက်အလိုမှာ လိမ်းပေးမှ အသားအရေကို နေရောင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးတာမျိုးမဖြစ်စေမှာပါ။ နေလောင်တာကြောင့် အသားအရေမှာ အရေးအကြောင်းတွေပေါ်တာ၊ အမည်းစက်နဲ့ အသားအရေမညီညာတာတွေလည်း ကာကွယ်ပေးနိုင်ပါတယ်။အသားအရေကို ဂရုစိုက်ဆိုလို့ နှုတ်ခမ်းနဲ့ မျက်လုံးကို မေ့မထားပါနဲ့။ ဒီအစိတ်အပိုင်းတွေကလည်း နေရောင်ကြောင့် ထိခိုက်နိုင်ပါတယ်နော်။ ဒါကြောင့် နေကာမျက်မှန်တပ်တာမျိုး၊ ဦးထုပ်ဆောင်းတာမျိုး လုပ်ပေးပါ။နှုတ်ခမ်းအတွက်ကတော့ နေရောင်ဒဏ်ကနေ ကာကွယ်ပေးတဲ့နှုတ်ခမ်းနီအဆီတစ်မျိုးမျိုး ဆိုးပေးပါ။ အပြင်က ပြန်လာတဲ့အခါ ခဏနားပြီး ရေအေးအေးလေးနဲ့ မျက်လုံးနဲ့ နှုတ်ခမ်းကိုဆေးကြောပေးပါ။နေပူဒဏ်ကြောင့် ချွေးတွေထွက်တာ၊ အနံ့ဆိုးတွေ ဖြစ်တာမျိုး ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက အသားအရေမှာဖုန်မှုန့်တွေနဲ့ ရောဂါပိုးတွေ ကပ်ညှိတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို နှစ်ကြိမ်ရေချိုးသန့်စင်ပေးပါ။ ဒါမှလည်း နွေအပူကြောင့်ဖြစ်တဲ့မိတ်ပြဿနာကို ဖြေရှင်းနိုင်မှာပါ။နွေပူတဲ့အချိန်မှာ ခန္ဓာကိုယ်ရေဓာတ်ပြည့်နေစေဖို့အတွက် ဖရဲသီး၊ သခွားမွှေးနဲ့ အခြားအရည်ရွှမ်းတဲ့ အသီးအနှံတွေကို စားပေးပါ။ တစ်နေ့ကို ရေ ၈ ခွက်ကနေ ၁၀ ခွက်အထိ သောက်ပေးဖို့လည်း မမေ့ပါနဲ့။ အပူဒဏ်ကို သက်သာစေမယ့် အစားအစာတွေကို စားသုံးပေးပါ။ချွေးစုပ်တဲ့ ချည်သားပွပွချောင်ချောင်လေးတွေကို ဝတ်ပေးပါ။ တင်းကျပ်တဲ့ အဝတ်အစားတွေက နေရထိုင်ရတာ သက်သောင့်သက်သာမဖြစ်စေတဲ့အပြင်ချွေးပိုထွက်စေနိုင်ပါတယ်။ ဒီအခြေအနေက အရေပြားကို ယားယံစေပြီး မိတ်တွေပိုထွက်စေနိုင်သလို ပြင်းထန်တဲ့ အရေပြားပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။မီးဖိုချောင်ထဲမှာရှိနေတဲ့ အသားအရေကို ကောင်းကျိုးပြုတဲ့ ပစ္စည်းတွေကိုလည်း မေ့မထားဖို့ပြောချင်ပါတယ်။ ဥပမာ သံပရိုသီး၊ ခရမ်းချဉ်သီးတို့ကို အသုံးပြုပြီး အသားအရေကို ထိန်းသိမ်းတာမျိုးပေါ့။ ခရမ်းချဉ်သီးကို အရည်ညှစ်လို့ အခဲခံပြီး မျက်နှာမှာ ပွတ်ပေးတာမျိုးပေါ့။ကဲ… ဒီနည်းလမ်းလေးတွေသုံးလို့ ပူပြင်းတဲ့နွေရာသီမှာ အသားအရေ ထိခိုက်ပျက်စီးတာမျိုးမဖြစ်အောင် ကာကွယ်လိုက်ပါနော်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/summer-skin-care-tips/
ပင်စိမ်း (Basil)
ပင်စိမ်း (Basil) က ကျန်းမာရေးကို ဘယ်လိုများ ထောက်ကူပေးနိုင်လဲဆိုတာ အတူတူ လေ့လာလိုက်ရအောင်နော်။ပင်စိမ်း ဟာ မြေကြီးပေါ်မှာ ပေါက်တဲ့ အပင်တစ်မျိုးဖြစ်ပြီး ဆေးအဖြစ်အသုံးပြုကြပါတယ်။ လူအချို့က သူ့ကို အာလုပ်ကျင်းရည် အဖြစ်လည်း အသုံးပြုကြပါတယ်။ဗိုက်အောင့်ခြင်း၊ အစားအသောက် ပျက်ခြင်း၊ လေထခြင်း၊ ကျောက်ကပ်ရောဂါတွေနဲ့ အရည်ကိုယ်ခန္ဓါအတွင်းများခြင်း၊ ခေါင်းအအေးမိခြင်း၊ ကြွက်နို့များ၊ သန်ကောင် ထခြင်းတွေအတွက်လည်း အသုံးပြုကြပါတယ်။ မြွေနဲ့ အင်းဆက်ကိုက်ခြင်းတွေကို ကုသဖို့လည်း အသုံးပြုကြပါတယ်။အမျိုးသမီးအချို့ဟာ ကလေးမမွေးမီနဲ့ မွေးအပြီးမှာသွေးစီးဆင်းမှုကို မြှင့်တင်ဖို့နဲ့ နို့ထွက်ခြင်း အစပြုစေဖို့ အသုံးပြုကြပါတယ်။၎င်း ဘယ်လိုအလုပ်လုပ်လဲဆိုတာနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဒါပေမယ့် လေ့လာမှု အချို့က ပင်စိမ်းမှာ ဗီတာမင် စီ၊ calcium၊ magnesium၊ နဲ့ သံဓါတ်တွေ ပါဝင်ပါတယ်လို့ ဆိုပါတယ်။ ၎င်းမှာ ပါတဲ့ ဓါတုပစ္စည်းတွေဟာ နာကျင်ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ သုသေသန တစ်ခုက သူဟာ antibody တွေကို များပြားစေပြီး ကိုယ်ခံအားလှုံ့ဆော်ပေးတဲ့ အရာတစ်ခု အဖြစ် ယူဆ ကြပါတယ်။ပုံမှန်အားဖြင့် ပင်စိမ်းဆီတွေဟာ ခွဲစိတ်မှုတွေ အပြီးမှာ သွေးထွက်နှုန်းကို မြင့်မားစေပါတယ်။ စီစဉ်ထားတဲ့ ခွဲစိတ်မှု မစခင် အနည်းဆုံး နှစ်ပတ်လောက်ကြိုပြီး အသုံးပြုခြင်းကို ရပ်တန့်သင့်ပါတယ်။ပင်စိမ်း ကို အစိမ်း (သို့) ပေါင်ဒါမှုန့်အနေနဲ့ ဘယ်လိုအသုံးပြုရမလဲဆိုတာ သိသင့်ပါတယ်။ အရွက်တွေကိုသာ အသုံးပြုသင့်ပါတယ်။အချိန်အကြာကြီး အသုံးမပြုသင့်ပါဘူး။ သူဟာ မျိုးရိုးဗီဇ ပြောင်းလဲမှုကို ဖြစ်ပေါ်စေပါတယ်။အေးမြပြီး ခြောက်သွေ့တဲ့ နေရာတွေမှာ ထားသင့်ပြီး အပူနဲ့ ရေငွေ့ရိုက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ပင်စိမ်းကို ကိုယ်ဝန်ရှိနေရင်၊ ကလေးနို့တိုက်နေရင်၊ မွေးကင်းစကလေးတွေနဲ့ လမ်းလျှောက်တတ်ကာစ ကလေးတွေမှာ အသုံးမပြုသင့်ပါဘူး။ ၎င်းမှာ ပါဝင်တဲ့ ဓါတုပစ္စည်း တစ်မျိုးဖြစ်တဲ့ estragole ဟာ ကိုယ်ဝန်ဆောင်နေစဉ်ပင်စိမ်းကိုအများအပြား အသုံးပြုစဉ်မှာ မျိုးရိုးဗီဇ ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေပါတယ်။ဆီးချိုဆေး တွေ (သို့) အင်ဆူလင်ဆေးတွေနဲ့ အတူအသုံးပြုခြင်းဟာ သွေးသကြားဓါတ်နည်းခြင်းကို ဖြစ်ပေါ်စေတာမို့ အတူတကွ အသုံးမပြုသင့်ပါဘူး။အောက်ပါဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်။ပင်စိမ်း ဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အင်ဆူလင်၊ဆီးချိုဆေးတွေရဲ့ သွေးသကြားဓါတ်နိမ့်ကျစေမှုကို ပိုဆိုးစေတာမို့ အတူတကွ အသုံးမပြုသင့်ပါဘူး။ဒါ့အပြင်သွေးတွင်း သကြားဓါတ်ကို မြင့်တက်စေတာမို့ သွေးအဖြေတွေကို ပြောင်းလဲစေပါတယ်။ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်။ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်။သွေးသကြားဓါတ်ကျစေဖို့ ပြုလုပ်ထားတဲ့ သုတေသနတစ်ခုက ပင်စိမ်း အရွက် 2.5g ကို အမှုန့်အနေနဲ့ ရေ 200ml ထဲမှာထည့်ပြီး နေ့စဉ် နှစ်လအထိ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။Herbal supplementsတွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ပင်စိမ်း ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။အရွက်တွေကို ပိုင်းပြီး ကျိတ်ထားတဲ့ အမှုန့်၊ လက်ဖက်ရည်၊ တင်ချာရည်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/basil-explained/
ဘေဘီလေးအတွက် ဖေဖေ့တာဝန် ကျေပွန်ပါစေ
ကလေးတစ်ယောက်ရဲ့ ဖခင်ဖြစ်လာပြီဆိုရင် အရင်ကထက် အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့ တာဝန်က ပိုကြီးလာပါပြီ။ လူဖြစ်ပြီကွလို့ ပျော်နေရုံနဲ့ မပြီးသေးပါဘူး။ အရင်လို ပေါ့ပေါ့ပါးပါးနေတာတွေ၊ အပေါင်းအသင်းတွေနဲ့ အသွားအလာများတာတွေလျှော့ပြီး ကိုယ့်ရဲ့ မိသားစုကို ပိုဂရုစိုက်ရပါမယ်။ မိသားစုဝင်အသစ်လေးကို ကြိုဆိုရမယ်လေ။ ဘေဘီလေးအတွက် ဖေဖေ့တာဝန် ကျေပွန်ဖို့ လိုတာပေါ့။ကိုယ့်ရင်သွေးလေးကို ဇနီးဖြစ်သူက ကိုးလလွယ်ပြီးမွေးပေးခဲ့ပြီဆိုတော့ ဖခင်ဖြစ်တဲ့ကိုယ်ကလည်း ကူညီစောင့်ရှောက်ပေးမှ မိသားစုလေးပျော်စရာကောင်းမှာပါ။ မွေးဖွားလာတဲ့အချိန်ကစပြီး ကြီးပြင်းတဲ့အချိန်အထိကလေးရဲ့ဖွံ့ဖြိုးမှု၊ အသိဉာဏ်ပညာနဲ့ အရည်အချင်း စတာတွေအတွက်က မိဘနှစ်ဦးစလုံးမှာ တာဝန်ရှိပါတယ်။ ယောကျာ်းကစီးပွားရှာ၊ မိန်းမက အိမ်ထောင့်ကိစ္စ၊ကလေးကိစ္စအကုန်တာဝန်ယူရမယ်ဆိုပြီး တာဝန်ခွဲဝေသတ်မှတ်ထားတဲ့ အတွေးအခါ်မျိုးက မိသားစုစိတ်ဓာတ် အပြည့်အဝမပေးနိုင်ပါဘူး။ သူ့တာဝန် ကိုယ့်တာဝန်မခွဲဘဲ ချစ်ခြင်းမေတ္တာနဲ့သာ ကိုယ့်မိသားစုကိုစောင့်ရှောက်မှ လူအများပြောပြောနေကြတဲ့ သီရိဂေဟာလေးဖြစ်လာမှာပါ။ဒီလိုပြောလို့ အိမ်ထောင်ဦးစီးက အိမ်ကိစ္စတွေအမြဲဝင်လုပ်နေရမှာလို့ ဆိုလိုတာမဟုတ်ဘူးနော်။ အလုပ်အရမ်းရှုပ်နေတဲ့အချိန်တွေကလွဲလို့ မိသားစုကို အချိန်ပေးပြီး နွေးနွေးထွေးထွေးချစ်ခင်စောင့်ရှောက်ပေးဖို့ပဲလိုတာပါ။ ကလေးရဲ့ ဝေယျာဝစ္စတွေမှာ ဇနီးကိုဝင်ကူညီပေးတာကလည်း ကလေးနဲ့ ကိုယ်နဲ့ကြားက ရင်းနှီးမှုက အမေဖြစ်သူထက် မလျော့တော့ဘူးပေါ့။ ဥပမာ ဇနီးက အဝတ်လျှော်နေချိန် ကလေးကူထိန်းပေးတာ၊ ချော့မြှူပေးတာမျိုး၊ ကလေးသိပ်ပေးတာမျိုး၊ ကလေးသေးဝတ်လဲပေးတာမျိုးတွေဖြစ်ပါတယ်။ကလေးရှိတဲ့ ဖေဖေတို့ သိထားသင့်တဲ့အချက်လေးတွေကိုအောက်မှာ အကြံပြုထားတယ်နော်-။(၁) အစကတည်းက ကလေးဝေယျာဝစ္စတွေ ဝင်ကူပေးပါ။အနှီးလဲပေးတာ၊ ချော့မြှူပေးတာ၊ ရေချိုးပေးတာ၊ ကလေးသိပ်တာ စတဲ့ ကလေးရဲ့ တစ်နေ့တာဝေယျာဝစ္စတွေမှာ အချိန်ရတာနဲ့ တတ်နိုင်သလောက်ဝင်လုပ်ပေးပါ။ ကလေးငယ်လေးနဲ့ ပတ်သက်ရင် လုပ်စရာတွေက တစ်ခုပြီး တစ်ခုများလွန်းတာကြောင့် တစ်နေ့နည်းနည်းပဲ ဝင်ကူဦးတော့ ကလေးနဲ့ ဖခင်ကြားက ရင်းနှီးမှုက ခိုင်မာနီးကပ်လာစေမှာပါ။ တစ်ခါတစ်လေ စကားစပြောချိန်မှာ ဖေဖေလို့ အရင်ဆုံးခေါ်တတ်လာတာမျိုးတောင်ရှိပါတယ်။ နောက်တစ်ချက်က အလုပ်များပြီးပင်ပန်းနေတဲ့ ကလေးရဲ့ မေမေ၊ သင့်ရဲ့ ချစ်ဇနီးလည်း နည်းနည်းအနားရတာပေါ့။(၂) ကိုယ့်ကလေးရဲ့အထာကို နားလည်အောင် လေ့လာပါ။ကလေးတွေက စကားမပြောတတ်သေးတော့ ခြေဟန်လက်ဟန်၊ မျက်နှာအမူအရာလေးတွေနဲ့ သူတို့လိုတာကို တောင်းဆိုတတ်တယ်။ သင်္ကေတပြတတ်ပါတယ်။ အထာပေးတဲ့မျက်နှာလေးပေါ့။ ဥပမာ ပက်လက်လေးအိပ်နေရာကနေ မေမေခေါ်ပါ၊ ဖေဖေခေါ်ပါဆိုပြီး ချီခိုင်းချင်ရင် ခါးလေးကော့၊ လက်လေးကမ်းပြီး မခို့တရို့ချစ်စရာမျက်နှာပေးနဲ့ အသနားခံတတ်ကြပါတယ်။ တချို့ကတော့ လိုချင်တာကို ငိုပြီးတောင်းဆိုတတ်ပါတယ်။ ကလေးရဲ့ အထာကိုသေချာနားလည်ပြီဆိုရင် ထိန်းရ၊ ချော့ရတာ လွယ်ကူသွားပါလိမ့်မယ်။(၃) ကလေးနဲ့ ထိတွေ့မှုရှိပါ။ကလေးနဲ့ ရင်းရင်းနှီးနှီးထိတွေ့မှုရှိပေးတာက ကလေးရဲ့ စိတ်မှာ လုံခြုံစိတ်ချမှုခံစားရစေတဲ့အပြင် ဖခင်အပေါ် ယုံကြည်မှုနဲ့ ရင်းနှီးချစ်ခင်စိတ် တိုးစေပါတယ်။ မိခင်ဖခင်တွေနဲ့ ဒီလိုမျိုး နှောင်ဖွဲ့တဲ့သံယောဇဉ်က ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကိုလည်း နှိုးဆွအားပေးပါတယ်။ ကလေးကို ပွေ့ချီပေး၊ နမ်းရှုံ့ပေးပါ၊ ကြင်ကြင်နာနာ ပွေ့ချီထားရင်းနဲ့ ရင်ဘတ်ချင်းနီးကပ်အောင်ကြိုးစားရမှာပါ။(၄) မကြာခဏ ကလေးနဲ့စကားပြောပေးပါ။အူး၊အဲ၊ဂါး၊ဂဲ နဲ့ သူ့ဘာသာစကားနဲ့သူ ပြောနေချိန်မှာလည်း ကိုယ်ကသူ့ကို စကားပြောပေးပါ။ ချီထားရင်းနဲ့ မြင်ကွင်းရှေ့က အရာတစ်ခုခု အကြောင်းပြောပြပေးတာမျိုး၊ ဘာအကြောင်းပဲဖြစ်ဖြစ် စကားပြောပေးပါ။ နားလည်တာမလည်တာ အသာထား၊ သူကငြိမ်ပြီးနားထောင်ပေးမှာပါ။“သားရေ ဟိုမှာကြည့်စမ်း မီးညောင်လေးပါလား။ မီးညောင်လေးက ဘယ်လိုအော်လဲသိလား။ ညောင် လို့အော်တယ်။ သားသိလား ဘယ်လိုအော်လဲ” စသည်ဖြင့် သူမသိသေးတဲ့ အရာတွေ၊ အခေါ်အဝေါ်လေးတွေပါ ထည့်ပြောပေးရင် တဖြည်းဖြည်း မှတ်သားပြီး စကားပြောတတ်တာပိုမြန်စေပါလိမ့်မယ်။ကလေးရဲ့နားမှာ စကားလုံးတစ်လုံးကြားရတိုင်း ဝေါဟာရအသစ်တစ်ခုတိုးနေတာဖြစ်ပြီး ဖခင်နဲ့ရင်းနှီးမှုကလည်း ပိုလာမှာပါ။ ပုံပြင်ပြောပြတာ၊ စာအုပ်ဖတ်ပြတာ၊ သီချင်းဆိုပြတာလည်းကောင်းပါတယ်။(၅) ဗဟုသုတ ကိုယ့်ဘာသာရှာဖွေလေ့လာပါ။ဖခင်အသစ်စက်စက်တစ်ယောက်အဖြစ်နဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ စိတ်လှုပ်ရှားနေရတယ်ဆိုရင် သိပ်မစိုးရိမ်ပါနဲ့။ ကိုယ်တစ်ယောက်တည်းမဟုတ်ပါဘူး။ စာအုပ်တွေရှာဝယ်တာ၊ အင်တာနက်မှာ ရှာဖွေလေ့လာတာ၊ သားသမီးရှိတဲ့မိတ်ဆွေသူငယ်ချင်းတွေနဲ့ မေးမြန်းဆွေးနွေးတာတွေကနေ ကလေးစောင့်ရှောက်နည်းဗဟုသုတတွေလေ့လာနိုင်ပါတယ်။ အကောင်းဆုံးကတော့ ကလေးအကြောင်းသိချင်ရင် ကလေးအနားမှာ များများနေပေးပါ။(၆) အကူအညီယူပါ၊ အကူအညီတောင်းပါ။ဘာကူညီပေးရမလဲလို့ မေးတဲ့သူရှိရင်၊ ကိုယ်က ကလေးနဲ့  တိုင်ပတ်နေချိန်ဖြစ်ရင် အကူအညီလက်ခံလိုက်ပါ။ ကိုယ်ထိန်းရမယ့်အလှည့်မှာ ကလေးကို လုပ်ပေးရအဆင်မပြေတာရှိရင်မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ အိမ်နီးချင်းတွေဆီက အကူအညီကို လက်ခံလိုက်ပါ။ ဥပမာ ကလေးက ဝမ်းသွားထားတဲ့အခါ မသန့်စင်ပေးတတ်၊ အဝတ်မလဲပေးတတ်သေးတာမျိုး။ ကိုယ်မသိဘဲ လုပ်လိုက်တဲ့ကိစ္စက ကလေးအတွက်အဆင်မပြေဖြစ်စေနိုင်တာကြောင့် လိုအပ်ရင် အတွေ့အကြုံရှိသူတွေကို အကူအညီတောင်းပါ။ မေးမြန်းပါ။ အနည်းဆုံးတော့ ဖုန်းတစ်ချက်ဆက်မေးရင်တောင် ရပါတယ်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/role-of-daddy-in-babay-care/
ကိုယ့်မျက်နှာအသားအရေက ဘယ်အမျိုးအစားထဲမှာ ပါလဲ
ကျား၊ မ၊ အသက်အရွယ်မရွေး ကိုယ့်ရဲ့ မျက်နှာလေး ဖြူစင်ဝင်းပပြီး အပြစ်အနာအဆာတွေ ကင်းနေတာကိုပဲ မြင်ချင်ကြမှာပါ။ ဒါဆို အလှအပအတွက် အသားအရေပြုပြင်ထိန်းသိမ်းတာပဲဖြစ်စေ၊ အလှကုန်ပစ္စည်းရွေးဝယ်တော့မယ်ဆိုရင် ကိုယ့်ရဲ့ မျက်နှာက ဘယ်လိုအမျိုးအစားထဲမှာ ပါနေလဲဆိုတာ သိထားဖို့ လိုပါတယ်။ အဓိကအားဖြင့်။၁။ ပုံမှန် အသားအရေ (Normal Skin)။၂။ ခြောက်သွေ့ အသားအရေ (Dry Skin)။၃။ အဆီပြန် အသားအရေ (Oily Skin)။၄။ ပေါင်းစပ် အသားအရေ (Combination Skin)။၅။ ထိခိုက်လွယ် အသားအရေ (Sensitive Skin) ဆိုပြီး အသားအရေအမျိုးအစား ၅ မျိုး ရှိပါတယ်။ဒီနေ့ပြောပြပေးမယ့် ဆောင်းပါးလေးကတော့ မတူညီတဲ့ အသားအရေအမျိုးအစား ခွဲခြားပုံနဲ့ ဘယ်လိုအရေပြားပြဿနာတွေ ဖြစ်နိုင်လဲ၊ ဘယ်လို ဂရုစိုက်သင့်လဲဆိုတာကို ဗဟုသုတအနေနဲ့ ပြောပြပေးမယ်နော်။အဆီပြန်ြခင်း၊ ခြောက်သွေ့ခြင်းမရှိဘဲ ပုံမှန်အတိုင်း ဖြစ်နေတဲ့ မျက်နှာအသားအရေပိုင်ရှင်မျိုးတွေ ဖြစ်ပါတယ်။ ရာသီဥတုအပြောင်းအလဲကြောင့် တစ်ခါတလေမှာ အဆီပြန်တာ၊ အသားခြောက်တာ ဖြစ်လာခဲ့ရင်တောင် အချိန်တိုလေးအတွင်းမှာ ကိုယ့်မျက်နှာကို သန့်စင်ပေးလိုက်တာနဲ့ နဂိုပုံမှန်အတိုင်း ပြန်ဖြစ်စေတဲ့ အသားအရေမျိုးပေါ့။ပုံမှန်အသားအရေရှိသူတွေရဲ့ မျက်နှာပေါ်က ချွေးပေါက်တွေဟာ သေချာမမြင်နိုင်လောက်အောင် ကျဉ်းလွန်းပါတယ်။ တခြားအသားအရေ အမျိုးအစားနဲ့ ယှဉ်လိုက်တဲ့အခါ ဖြူဝင်းပြီး တောက်ပနေတာမျိုးလည်း မဟုတ်သလို ထိခိုက်ပျက်စီးဖို့လည်း မလွယ်ကူပါဘူး။ မျက်နှာပေါ်မှာအရေးအကြောင်း အနည်းငယ် ထင်နေတတ်တယ်။ အသားအရောင်ဟာ ညီနေပြီး မှဲ့ခြောက် အစွန်းအထင်းတွေ သိပ်မပေါ်ပါဘူး။အရေပြားပြဿနာတွေ ရံဖန်ရံခါမှ ဖြစ်တတ်ပေမဲ့ ကိုယ့်အသားအရေကို သေချာဂရုမစိုက်ဘဲ ပစ်ထားမယ်ဆိုရင်တော့ ပျက်စီးနိုင်ခြေရှိပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်၊ သွေးဆုံးချိန်နဲ့ အသက်အရွယ် ကြီးလာတဲ့အခါ ဟော်မုန်းအပြောင်းအလဲကြောင့် အသားအရေမှာ ပြဿနာတွေ ကြုံလာနိုင်ပါတယ်။ပုံမှန်အသားအရေ ပိုင်ရှင်တွေအနေနဲ့ တခြားအသားအရေထက်စာရင် ပြုပြင်ထိန်းသိမ်းရလွယ်ကူပေမယ့် ဒီအတိုင်း ပစ်ထားလို့တော့ မရပါဘူး။ အသားအရေထိန်းသိမ်းဖို့ အလှကုန်ပစ္စည်းတွေ ဝယ်တဲ့အခါ အရေပြားကို အဆီရွှဲနေစေမယ့်၊ ခြောက်သွေ့သွားစေမယ့် ပစ္စည်းတွေကို ရှောင်သင့်ပါတယ်။အသားအရေခြောက်တဲ့သူတွေမှာ အရေပြားကို လက်နဲ့ ထိမိချိန် တင်းနေသလို၊ ချောမွေ့မှုမရှိဘဲ အနည်းငယ် ကြမ်းရှနေသလို ခံစားရနိုင်ပါတယ်။ အဆီပြန်ခြင်း မရှိလို့ ဝက်ခြံ၊ အဆီဖုတွေ အထွက်နည်းတယ်။ မှဲ့ခြောက်တွေ၊နှင်းခူတွေအဖြစ်များတယ်။ ဆောင်းရာသီလို ရာသီဥတုအေးလွန်းတဲ့အချိန်မျိုးမှာ အသားအရေ ပပ်ကြားအက်တာ၊ အဖြူဖတ်တွေ မကြာခဏ ကွာကျတာ၊ အသားက ခြောက်ပြီး ကြမ်းတာမျိုးတွေ ဖြစ်နိုင်ပါတယ်။အရေပြားကို နူးညံ့ချောမွေ့သွားစေမယ့် သဘာဝအဆီ (Sebum) ကို အရေပြားတွင်းမှာရှိတဲ့ အဆီဂလန်းတွေက ထုတ်ပေးပါတယ်။ မျိုးရိုးဗီဇကြောင့် အရေပြားက သဘာဝအဆီတွေ ကောင်းစွာ မထုတ်ပေးနိုင်တဲ့အခါ အသားအရေ ခြောက်လာပါတယ်။ ပုံမှန်အသားအရေကို ရေဓါတ်၊ အစိုဓါတ် ဖြည့်တင်းမှုနည်းတာကြောင့် ကြာလာတာနဲ့အမျှ အသားအရေ ခြောက်လာတဲ့သူတွေလည်း ရှိပါတယ်။အသားခြောက်တဲ့သူတွေမှာ မကြာခဏဆိုသလို အရေပြား ယားယံတာ၊ အလှကုန်ပစ္စည်းတွေကြောင့် အရေပြားနဲ့ ဓါတ်မတည့်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အလှကုန်ပစ္စည်းတွေ ဝယ်မယ်ဆိုရင် ကိုယ့်အသားအရေနဲ့ ကိုက်ညီမှုရှိဖို့ အရင်လက်ပေါ်မှာ စမ်းသုံးကြည့်ဖို့ လိုအပ်ပါတယ်။အထူးသဖြင့် အရေပြားအတွင်းထဲထိ စိမ့်ဝင်သွားစေဖို့ အဆီပါဝင်မှုများတဲ့ အစိုဓါတ်ထိန်းခရင်မ် (Moisturizer) ကို မဖြစ်မနေ သုံးပေးဖို့ လိုအပ်ပါတယ်။ ပြင်းလွန်းတဲ့ မျက်နှာသန့်စင်ဆေးရည်တွေအစား သဘာဝပစ္စည်းတွေနဲ့ ပြုလုပ်ထားပြီး အသားအရေကို အတွင်းရော အပြင်ပါ အစိုဓါတ်ထိန်းပေးနိုင်မယ့် မျက်နှာသန့်စင်ဆေးရည်မျိုးကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။ခန္ဓါကိုယ်တွင်း ရေဓါတ်ပြည့်ဝနေစေဖို့ ရေများများသောက်ပေးရပါမယ်။ရေဓါတ်များတဲ့ အသီးအနှံတွေ၊ အရွက်တွေကို များများစားပေးရမယ်။ အသားအရေ ခြောက်သွေ့စေနိုင်တဲ့ အပြုအမူတွေ ဖြစ်တဲ့ ဆေးလိပ်နဲ့ အရက်သောက်တာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ပူလွန်းတဲ့ ရေနဲ့ ရေချိုးတာ၊ ရေစိမ်တာမျိုးကိုလည်း တတ်နိုင်သလောက် ရှောင်ပေးပါ။ ရေအေး သို့မဟုတ် ရေကျက်နွေးလေးနဲ့ ရေကို ၅မိနစ်လောက်ပဲ ချိုးပေးပါ။ပူလွန်းတဲ့ နိုင်ငံတွေမှာ တော်တော်လေးကို အတွေ့များတဲ့ အသားအရေအမျိုးအစားပါပဲ။ ဖုန်တလိမ်းလိမ်း၊ အဆီတဝင်းဝင်းနဲ့ ရုတ်တရက်ကြည့်လိုက်ရင် မျက်နှာက ပြောင်လက်နေတာပဲလို့တောင် ထင်ရက်စရာပါ။ ဒီလို အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေအတွက် အိပ်မက်ဆိုးကတော့ ဝက်ခြံတွေ မကြာခဏဆိုသလို ပေါက်တာပါပဲ။အသားအရေ အဆီပြန်ခြင်းဟာလည်း မျိုးရိုးဗီဇနဲ့ ကိုယ့်ရဲ့နေပုံထိုင်ပုံ၊ နေထိုင်ရာ ပတ်ဝန်းကျင်နဲ့လည်း အများကြီး သက်ဆိုင်မှု ရှိပါတယ်။ အသားခြောက်တဲ့သူတွေနဲ့ ကွာသွားတဲ့ တစ်ချက်ကတော့ အရေပြားတွင်း အဆီဂလန်းဟာ လိုတာထက် ပိုပြီး သဘာဝအဆီ (Sebum) တွေကို ထုတ်လုပ်ပေးနိုင်တာကြောင့် မျက်နှာက နူးညံ့ချောမွေ့တာထက် အဆီတွေ ရွှဲနေသလို ဖြစ်နေတတ်ပါတယ်။ ကောင်းတဲ့အချက်ကတော့အဆီပြန်အသားအရေပိုင်ရှင်တွေမှာ အရေပြားထူတဲ့အတွက် ရေဓါတ်ခမ်းခြောက်တာ၊ အရေးအကြောင်း ထင်တာမျိုးတွေ သိပ်မဖြစ်စေပါဘူး။မျက်နှာမှာ အဆီတွေ ပြန်နေတဲ့အခါ အပြင်လေထုမှာ ပါလာတဲ့ ဖုန်မှုန့်တွေ ကပ်ဖို့ ပိုလွယ်ကူသွားပါတယ်။ နေပူနေတဲ့အချိန်မှာဆိုရင် ချွေးရော အဆီပါပြန်ပြီး ချွေးပေါက်တွေ ကျယ်လာတယ်။ မျက်နှာကို သေချာမသန့်စင်တဲ့အခါ ဖုန်တွေဟာ ချွေးပေါက်အတွင်းထဲထိ ပိတ်နေပြီး ဝက်ခြံဖြစ်ဖို့ လမ်းစဖော်ပေးလိုက်တာပါပဲ။ ရိုးရိုးဝက်ခြံတွေတင် မကဘဲ ဆားဝက်ခြံ၊ အဆီဖု၊ ပြည်ဖုတွေပါ ဖြစ်လာနိုင်သည်အထိ ဒုက္ခပေးနိုင်ပါတယ်။အသားအရေကို ခြောက်သွေ့သွားစေမယ့် အာနိသင်ပါတဲ့ အလှကုန်ပစ္စည်းတွေ သုံးလိုက်တဲ့အခါ အကျိုးရှိမယ်လို့ ထင်ရပေမဲ့ တကယ်တမ်းက ကိုယ့်အရေပြားက အဆီတွေ ထပ်ပြီး ထုတ်လုပ်ဖို့ လှုံ့ဆော်ပေးလိုက်သလိုပါပဲ။ ဒါကြောင့် အဆီပြန်တဲ့ အသားအရေအတွက် အရေးအကြီးဆုံးကတော့ မျက်နှာအသားအရေပေါ်က ပျက်စီးသွားတဲ့ ဆဲလ်အသေတွေကို ဖြည်းညင်းစွာ တိုက်ချွတ်ပေးခြင်း (Exfoliation) လုပ်ပေးတာပါပဲ။ ပြီးသွားရင် အစိုဓါတ်ထိန်းခရင်မ်တစ်မျိုးမျိုးနဲ့ မျက်နှာကို လိမ်းပေးပါ။မျက်နှာကို ခဏခဏ သစ်တာထက် ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့ သန့်စင်ဆေးရည်နဲ့ မျက်နှာကို တစ်နေ့ ၂ကြိမ် သန့်ရှင်းရေးလုပ်ပေးပါ။ မျက်နှာကို လက်နဲ့ မကြာခဏ ထိတာ၊ ဝက်ခြံရှိနေတဲ့အချိန်မှာ ကုတ်လိုက်တာမျိုး မလုပ်ပါနဲ့။ အပြင်က ပြန်ရောက်လာပြီဆိုရင် ခဏစောင့်ပြီး မျက်နှာသစ်၊ ရေချိုးပေးပါ။ ဝက်ခြံနဲ့ အဖုအပိမ့်တွေအတွက်ကို အရေပြားအထူးကု ဆရာဝန်တွေ ညွှန်ကြားတဲ့ ဆေးကို သူ့အညွှန်းအတိုင်း သုံးပေးပါ။ အဆီများတဲ့ အစားအစာတွေ၊ အပူအစပ်တွေကို လျှော့စားပါ။ မိတ်ကပ်တွေကို အထူကြီး ဖုံးထားတာမျိုး မလုပ်ပါနဲ့။ မအိပ်ခင်မှာ မျက်နှာပေါ်က မိတ်ကပ်တွေအကုန် ချွတ်ပြီးမှ အိပ်ပါ။အဆီပြန်ခြင်း၊ အသားအရေခြောက်ခြင်း ၂မျိုးလုံး တွေ့ရတတ်တဲ့ အသားအရေ အမျိုးအစား ဖြစ်ပါတယ်။ လူတော်တော်များများက ပေါင်းစပ်အသားအရေနဲ့ အဆီပြန် အသားအရေကို အမှတ်မှားတတ်ကြပါတယ်။T-zone လို့ ခေါ်တဲ့ နဖူး၊ နှာခေါင်းနဲ့ ပါးပတ်လည်တစ်ဝိုက်မှာ အဆီပြန်နေပြီး ကျန်တဲ့ နေရာတွေမှာ အသားပပ်ပြီး ခြောက်နေတာကို ပေါင်းစပ် အသားအရေပိုင်ရှင်တွေမှာ မကြာခဏ တွေ့ရတတ်ပါတယ်။ ဒီလိုအသားအရေပိုင်ရှင်တွေမှာ အလှကုန်ပစ္စည်း ဝယ်တဲ့အခါ အသားအရေကို ယားယံခြင်း၊ ခြောက်သွေ့စေခြင်း၊ အဆီပြန်ခြင်း မဖြစ်စေတဲ့ အသားအရေ ၂မျိုးလုံးနဲ့ ကိုက်ညီမယ့် ပစ္စည်းကို ရွေးပြီး ဝယ်ရတာကြောင့် နည်းနည်းလေးတော့ အလုပ်ပိုရှုပ်စေပါတယ်။မျက်နှာအရေပြားကို ထိခိုက်စေနိုင်တဲ့ ဓါတုပစ္စည်း ပါဝင်တဲ့အလှကုန်ပစ္စည်းေတွအစား သဘာဝအိမ်တွင်းပစ္စည်းတွေပါဝင်တဲ့ ပစ္စည်းလေးတွေကို အဓိကသုံးပေးပါ။ အမွှေးနံ့သာတွေ များစွာ ပါဝင်တဲ့ ပစ္စည်းတွေဟာ အသားကို ပိုပြီး ယားယံစေနိုင်လို့ တတ်နိုင်သလောက် အမွှေးနံ့ နည်းပြီး အရည်အသွေးကောင်းတဲ့ ပစ္စည်းမျိုးတွေကို ရွေးဝယ်သင့်ပါတယ်။အစိုဓါတ်ထိန်းခရင်မ်ကို ပေါင်းစပ် အသားအရေသီးသန့်ထုတ် ပစ္စည်းရှာဝယ်ရခက်မယ်ဆိုရင် အဆီပြန်တဲ့ နေရာတစ်ဝိုက်အတွက် တစ်မျိုး၊ ခြောက်သွေ့ပြီး အသားပပ်နေတဲ့ နေရာအတွက် တစ်မျိုး၊ ၂မျိုးစီ သုံးပေးလို့ ရပါတယ်။ပေါင်းစပ် အသားအရေပိုင်ရှင်တွေမှာ ပျက်စီးနေတဲ့ အပေါ်ယံအရေပြားဆဲလ်အသေတွေ အများအပြား ရှိနေနိုင်တဲ့အတွက် တစ်ပတ်ကို အနည်းဆုံး တစ်ကြိမ်လောက် ချေးချွတ်သန့်စင်ပေးဖို့လည်း အရေးကြီးပါတယ်။အသားခြောက်တာ၊ အဆီပြန်တာ၊ ပေါင်းစပ် အသားအရေတွေမှာ အဖြစ်များတဲ့ လက္ခဏာတွေကို တွေ့ရတတ်ပြီး ဓါတုဗေဒပစ္စည်းတွေကို အသုံးပြုတဲ့အခါ အသားအရေပျက်စီးလွယ်တာ၊ နီရဲပြီး ယားယံလာတာမျိုး မကြာခဏ ဖြစ်တတ်ပါတယ်။ ကိုယ်သုံးလိုက်တဲ့ အလှကုန်တွေထဲမှာ ဓါတုဗေဒပစ္စည်း နည်းနည်းလေး ပြင်းတာ ပါလိုက်ပြီဆိုတာနဲ့ အသားက ပျက်စီးသွားတော့တာပါပဲ။ဒီလိုအသားအရေပိုင်ရှင်တွေအနေနဲ့ အလှကုန်ပစ္စည်း ဝယ်တဲ့အခါ၊ မျက်နှာအသားအရေ ထိန်းသိမ်းတဲ့အခါ တော်တော်လေးကို ဂရုစိုက်ဖို့ လိုပါတယ်။ နေပူထဲ သွားတဲ့အခါ နေလောင်ကာခရင်မ် ပါးပါးလေး လိမ်းသွားပေးပါ။ မိတ်ကပ်ကို ပါးပါးလေးသာ လိမ်းပါ။ ရေချိုးပြီးတဲ့အခါ အစိုဓါတ်ထိန်းခရင်မ် လိမ်းပေးပါ။ မျက်နှာပေါ်မှာ ဝက်ခြံ၊ အဆီဖု၊ အဖုအပိမ့်တွေ ပေါက်လာရင်လည်း လက်နဲ့ လုံးဝမထိပါနဲ့။ ပိုးဝင်သွားတဲ့အခါ ပိုဆိုးသွားစေနိုင်ပါတယ်။ မျက်နှာကို ထိတွေ့ကိုင်တယ်တဲ့အခါ နူးညံ့တဲ့ ဂွမ်းစလေးနဲ့သာဖြည်းဖြည်းချင်း ကိုင်တွယ်ပေးပါ။မျက်နှာပေါ်မှာ အသုံးပြုမယ့် ဘယ်ပစ္စည်းကိုမဆို သေချာစစ်ဆေးပြီးမှ ရွေးဝယ်ပါ။ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် အဓိကထုတ်ထားတဲ့ ပစ္စည်းတွေဖြစ်စေ၊ သဘာဝပစ္စည်းတွေနဲ့ ပြုလုပ်ထားတာဖြစ်စေ ဝယ်လို့ ရသလို ကိုယ်ပြသနေတဲ့ အရေပြားအထူးကုဆရာဝန် ညွှန်ကြားချက်အတိုင်း ရွေးဝယ်လို့လည်း ရပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%80%b7%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%82%8f%e1%80%bd%e1%80%ac%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%a1%e1%80%b1%e1%80%9b%e1%80%80-%e1%80%98/
မှတ်ဉာဏ်ကောင်းမွန်စေသော အစားအစာများ
အလုပ်လုပ်စဉ် (သို့) စာဖတ်စဉ်မှာအာရုံစိုက်ဖို့ခက်ခဲတယ်လို့ ခံစားရဖူးပါသလား။ တကယ်လို့ ခံစားရဖူးတယ်ဆိုရင်တော့ ဒီဆောင်းပါးဟာသင့်အတွက်အကျိုးရှိမှာပါ။ အခြေခံအားဖြင့် သင်စားသောက်သမျှဟာသင့်ရဲ့ကျန်းမာရေးနဲ့ မှတ်ဉာဏ်ကိုအကျိုးသက်ရောက်တာကြောင့် အာရုံစူးစိုက်မှု မရရှိခြင်းဟာကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်ပုံကြောင့်ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးမှာသင့်မှတ်ဉာဏ်ကိုကူညီပေးမယ့် အစားအသောက်တွေအကြောင်းဖေါ်ပြသွားမှာဖြစ်ပါတယ်။အချို့လူတွေဟာအဆီပါဝင်မှုများတယ်ဆိုပြီးထောပတ်သီးကိုမကြိုက်ကြပါဘူး။ တကယ်တော့ သူ့မှာပါဝင်တဲ့အဆီဟာ mono-saturated fat လို့ ခေါ်တဲ့ ခန္ဓါကိုယ်အတွက် ကောင်းမွန်တဲ့ အဆီပဲဖြစ်ပါတယ်။ ထောပတ်သီးဟာအသားအရည်ကို နူးညံ့ကောင်းမွန်စေပြီးဆံပင်နဲ့ လက်သည်းကျန်းမာရေးကိုအားပေးတဲ့ ကော်လဂျင်လိ ခေါ်တဲ့ ဓါတ်တစ်မျိုးကို ခန္ဓါကိုယ်အတွင်းမှာပိုထွက်စေပါတယ်။ နောက်ပြီးသွေးထဲရှိသကြားဓါတ်ကိုလည်းထိန်းညှိပေးပါတယ်။ဘလူးဘယ်ရီသီးဟာအရသာကောင်းမွန်ရုံတင်သာမကဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေပါ ပိုင်ဆိုင်ပါတယ်။ သူ့မှာဗီတာမင် စီ၊ ကေနဲ့ အမျှင်ဓါတ်များလည်းပါဝင်ပါတယ်။ ဘလူးဘယ်ရီသီးကို Gallic Acid နဲ့ ထုတ်ပိုးထားတာပါ။ ဒီအသီးဟာအာရုံစူးစိုက်မှုကိုအနှောင့်အယှက်ဖြစ်စေတဲ့ စိတ်ဖိစီးမှုနဲ့ အသက်ကြီးလာလို့ ဖြစ်တတ်တဲ့ ဦးနှောက်ယိုယွင်းပျက်စီးခြင်းကနေကာကွယ်ပေးပါတယ်။ ဘလူးဘယ်ရီကိုပုံစံအမျိုးမျိုးနဲ့ စားနိုင်ပါတယ်။ မုန့်အဖြစ်သော်လည်းကောင်း၊ ဒိန်ချိန်နဲ့ ရောစားခြင်းဖြင့်သော်လည်းကောင်း၊ မနက်စာမှာထည့်သွင်းစားသောက်ခြင်းဖြင့်သော်လည်းကောင်းစားနိုင်ပါတယ်။အစိမ်းရောင် အရွက်ပါသောအသီးအရွက်များမှာဗီတာမင် သတ္တုဓါတ်တွေ အမြောက်အများပါဝင်ပါတယ်။ သင့်သွေးနဲ့ အစာခြေစနစ်အတွက် ကောင်းမွန်တဲ့ chlorophy11 နဲ့ အမျှင်ဓါတ်တွေ အပြည့်အဝပါဝင်ပါတယ်။ ဖျားနာမှုနဲ့ ရောဂါဖြစ်ပွားမှုဒဏ်မှ ကာကွယ်ဖို့ အစိမ်းရောင် အရွက်ပါသောအသီးအရွက် တစ်ခွက်ကိုနေ့စဉ်သောက်သုံးသင့်ပါတယ်။သုတေသနအသစ်တစ်ခုရဲ့တွေ့ရှိချက်အရအစိမ်းရောင် အသီးအရွက်တွေဟာသင့်အာရုံစိုက်မှုကိုကောင်းမွန်စေပါတယ်။တကယ်တော့ အစိမ်းရောင် အရွက်တွေဖြစ်တဲ့ Swiss chard၊ romaine lettuce၊ kale တို့ဟာဦးနှောက်ထိခိုက်မှုကြောင့်ဖြစ်တဲ့ သတိမေ့ရောဂါကိုကာကွယ်ပေးနိုင်ပါတယ်။ဒါ့အပြင် ထိုအရွက်တွေဟာဗီတာမင် အေနဲ့ ကေပါဝင်တာကြောင့် စားသုံးခြင်းအားဖြင့် သင့်အရိုးကိုသန်စွမ်းစေပြီးရောင်ရမ်းခြင်းတွေကိုလျော့ကျစေပါတယ်။အထက်ဖေါ်ပြပါ အစားအစာတွေဟာသင့်အထွေထွေ ကျန်းမာရေးနဲ့ အာရုံစူးစိုက်မှုပေါ်မှာအကျိုးအများကြီးမရှိနိုင်ပေမယ့် သူတို့ဟာအရသာရှိပြီးချက်ရလွယ်ပါတယ်။ သင့်မှာစိုးရိမ်ပူပန်မှုများရှိတယ်ဆိုရင် သင့်ဆရာဝန်၊ အာဟာရပညာရှင်နဲ့ ကျန်းမာရေးစောင့်ရှောက်သူတို့ထံမှ အကြံဉာဏ်တောင်းခံပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/%e1%80%99%e1%80%bd%e1%80%90%e1%80%b9%e1%80%a5%e1%80%ac%e1%80%8f%e1%80%b9%e1%80%b1%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%99%e1%80%bc%e1%80%94%e1%80%b9%e1%80%b1%e1%80%85%e1%80%b1%e1%80%9e/
အစာခြေခြင်း အကြောင်းသိကောင်းစရာ
အစာစားခြင်းဟာ လူသားတို့အတွက် အခြေခံလိုအပ်ချက်ဖြစ်ပြီး အသက်ရှင်ရပ်တည်ရေးအတွက် စွမ်းအင်နဲ့အာဟာရဓာတ်တွေ အထောက်အပံ့ပေးပါတယ်။ ယခုဆောင်းပါးမှာတော့ အစာစားပြီးချိန်မှာ အစာဘယ်လိုခြေသလဲ၊ ဘာတွေဆက်လက်လုပ်ဆောင်သလဲ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။သင်စားသုံးလိုက်တဲ့ အစားအစာဟာ အစာအိမ်အူလမ်းကြောင်းတခုလုံးကို ဖြတ်သန်းသွားဖို့ ၂၄ နာရီကနေ ၇၂ နာရီထိ ကြာတတ်ပါတယ်။ သင်စားလိုက်တဲ့ အစားအစာအမျိုးအစားပေါ် မူတည်ပြီး ကွဲပြားပါတယ်။ ဒါ့အပြင် ကျား/မကွဲပြားခြင်း၊ ဇီဝဖြစ်ပျက်မှုနဲ့အစာအိမ်အူလမ်းကြောင်းမှာ ပြဿနာ တစ်စုံတစ်ရာရှိမရှိဆိုတာပေါ် မူတည်ပါသေးတယ်။စတင်စားသောက်ချိန်မှာအစားအသောက်များဟာ အူလမ်းကြောင်းထဲကို လျင်မြန်စွာ ဝင်ရောက်နိုင်ပါတယ်။ ၆ နာရီကနေ ၈ နာရီအတွင်းမှာ အစာများဟာ အစာအိမ်၊ အူသိမ်နဲ့ အူမကို ဖြတ်သန်းသွားနိုင်ပါတယ်။ အူမထဲရောက်ရင်တော့ တစ်ဝက်တစ်ပျက်ချေဖျက်ပြီးသား အစားအစာများကို အပြီးတိုင်ချေဖျက်ဖို့ တစ်ရက်ခန့် အချိန်ယူပါတယ်။ယေဘုယျအားဖြင့် အစာအိမ်အတွင်း အစာခြေချိန်ဟာ ၂နာရီမှ ၅နာရီ၊ အူသိမ်ထဲဖြတ်သန်းချိန်ဟာ ၂နာရီမှ ၆နာရီ၊အူမကြီးထဲ ဖြတ်သန်းချိန်ဟာ ၁၀ နာရီမှ ၅၉ နာရီ စသဖြင့် စုစုပေါင်း ၁၀ နာရီနဲ့ ၇၃ နာရီလောက် ဖြစ်ပါတယ်။အသား၊ ငါးများဆိုရင်အားလုံးကို ချေဖျက်နိုင်ဖို့ ၂ ရက်လောက်ထိ အချိန်ယူရတတ်ပါတယ်။ အသား၊ ငါးများမှာပါဝင်တဲ့ ပရိုတိန်းနဲ့ အဆီဓာတ်တွေကို ချေဖျက်နိုင်ဖို့ အချိန်ပိုယူရတတ်ပါတယ်။အသီးအနှံများ၊ အသီးအရွက်များကတော့ အမျှင်ဓာတ်များဖြစ်ပြီး အူလမ်းကြောင်းထဲမှာ နေ့တစ်ဝက်လောက်ပဲ အချိန်ယူပြီး ရွေ့လျားသွားနိုင်ပါတယ်။ ယေဘုယျအားဖြင့် အမျှင်ဓာတ်များတဲ့ အစားအစာများဟာ အစာအိမ်အူလမ်းကြောင်းရဲ့ လုပ်ဆောင်နိုင်စွမ်းကို ပိုမိုတိုးတက်ကောင်းမွန်စေပါတယ်။အစာခြေဖို့ အမြန်ဆုံးအစားအစာတွေကတော့ အဆင့်ဆင့်ပြုပြင်ပြီးသား စားစရာတွေ၊ အသင့်စားသရေစာတွေ ဖြစ်ပါတယ်။ နာရီအနည်းငယ်အတွင်း အားလုံးကို ချေဖျက်နိုင်သလို သင့်ကိုလည်း ပြန်ပြီးဆာလောင်လာစေမှာ ဖြစ်ပါတယ်။အစာခြေခြင်းဆိုတာ စားလိုက်တဲ့အစားအသောက်တွေကို ချေဖျက်ပြီး သူတို့မှာပါတဲ့ အာဟာရဓာတ်တွေကို ကိုယ်ခန္ဓာက လိုအပ်သလို အသုံးပြုဖို့စုပ်ယူခြင်း ဖြစ်ပါတယ်။ အားလုံးချေဖျက်စုပ်ယူပြီးချိန်မှာ ကျန်တာတွေကို အစာဟောင်းအနေနဲ့ ပြန်လည်စွန့်ထုတ်ပါတယ်။အစာခြေစနစ်မှာ အစိတ်အပိုင်း ၅ခုပါဝင်ပါတယ်။ ပါးစပ်၊ အစာရေမျို၊ အစာအိမ်၊ အူသိမ်၊ အူမကြီး စတာတွေ ဖြစ်ပါတယ်။အစားအစာတွေကို ကြိတ်ဝါးချိန်မှာ တံတွေးဂလင်းတွေထဲကနေ တံတွေးထွက်လာပါတယ်။ တံတွေးမှာ အင်ဇိုင်းတွေပါဝင်ပြီး အစာထဲက ကစီဓာတ်ကို စတင်ချေဖျက်ပါတယ်။ အဲဒီကနေ အစာရေမျိုထဲရောက်ပြီး အစာအိမ်ထဲဝင်ပါတယ်။ အစာအိမ်ထဲမှာ အစာခြေရည်ပါထွက်လာပြီး အစာများကို ပိုမိုချေဖျက်ပါတယ်။ အဲဒီနောက် အစာခြေရည်နဲ့ အစာ ရေနေတဲ့ အရောအနှောများဟာအစာအိမ်ထဲကတဆင့် အူသိမ်ထဲကို ရောက်ပါတယ်။အူသိမ်ထဲမှာ ပန်ခရိယနဲ့ အသည်းကနေပါ အစာခြေရည်ထုတ်လွှတ်ပေးပါတယ်။ ဗီတာမင်နဲ့ တခြားအာဟာရဓာတ်တွေကို အူသိမ်ကနေတဆင့် သွေးထဲကို စုပ်ယူပါတယ်။ ချေဖျက်ဖို့ ကြွင်းကျန်တဲ့ အစာများဟာ အူမထဲကို ထပ်မံရွေ့လျားသွားပါတယ်။ အူမကြီးထဲရောက်တဲ့အခါ ကျန်ရှိနေတဲ့ ရေနဲ့အာဟာရဓာတ်များကို ထပ်မံစုပ်ယူပါတယ်။ ကျန်တာတွေကိုတော့ မစင်အနေနဲ့ စွန့်ထုတ်ပါတယ်။ မစင်များကို အစာဟောင်းအိမ်ထဲမှာ ဝမ်းသွားချင်စိတ်ဖြစ်လာတဲ့အထိ ထားရှိပါတယ်။အစာအိမ်အူလမ်းကြောင်းမှာ ပြဿနာရှိရင် အစာမကြေရင်ပူခြင်း၊ လေပွလထခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ခြင်း စတဲ့ပြဿနာတွေ ဖြစ်ပွားတတ်ပါတယ်။ အစာရေမျို အပိတ်အဖွင့်လုပ်တဲ့ကြွက်သားအားနည်းရင် အစာအိမ်ထဲက အစာခြေရည်တွေ ပြန်ဆန်တက်ပြီးရင်ပူတတ်ပါတယ်။အစာခြေစနစ်ကောင်းမွန်စေဖို့ အမျှင်ဓာတ်များတဲ့ အစားအစာတွေ ပိုမိုစားသုံးသင့်ပါတယ်။ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အစေ့အဆန်တွေဟာ အမျှင်ဓာတ်ကြွယ်ဝတဲ့ စားသောက်ဖွယ်ရာတွေ ဖြစ်ပါတယ်။ အစာလမ်းကြောင်းကို လွယ်ကူချောမောစွာ ရွေ့လျားနိုင်စေပါ တယ်။ အနီရောင်အသားများ (ဥပမာ အမဲသား၊ ဝက်သား)နဲ့ အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအသောက်တွေကို  လျှော့စားသင့်ပါတယ်။ လေ့ကျင့်ခန်းတခုခုကို နေ့စဉ်လုပ်ဆောင်သင့်ပါတယ်။ အိပ်ရေးဝအောင်အိပ်ပြီး စိတ်ဖိစီးမှုကို လျှော့ချရပါမယ်။ ဒါ့အပြင် အစာအိမ်အူလမ်းကြောင်းအကျိုးပြုဘက်တီးရီးယားတွေ တိုးပွားစေဖို့ဒိန်ချဉ်၊ ကီဖာ (kefir) စတာတွေ စားသုံးသင့်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/how-long-does-it-take-to-digest-food/
လိပ်ခေါင်းရောဂါ သံသရာကို ဘယ်လိုရှောင်လွှဲကြမလဲ
လိပ်ခေါင်းရောဂါ(Hemorrhoids) လို့ ဆိုလိုက်တာနဲ့ အလိုလို ရှက်တာလိုလို ဘာလိုလို ဖြစ်သွားတတ်ကြတယ်။ ဒီရောဂါကြီး မဖြစ်ချင်ပါဘူးလို့လည်း တချို့က ဆိုကြသေးရဲ့။ ရောဂါဖြစ်လို့ ကုတော့မယ်ဆိုတာနဲ့ စပြီး ကိုယ့်အရှက်သိက္ခာကို လှစ်ဟပြရမယ့် ရောဂါကိုး။ အရှက်အကြောက်ကြီးတဲ့ လူတွေအတွက်တော့ ရှက်စရာပေကိုး။တကယ်တော့ လိပ်ခေါင်းရောဂါဆိုတာကစအိုဒါမှမဟုတ် အူမကြီးရဲ့ အောက်ဘက်ကသွေးပြန်ကြောတွေရောင်ရမ်းတဲ့ဝေဒနာဖြစ်ပါတယ်။ ဒီရောဂါဖြစ်စေရတဲ့ အဓိကအချက်ကတော့ ဝမ်းသွားရာမှာ အားစိုက်ညှစ်တာကြောင့်ပါ။မဖြစ်ချင်ဘူးလို့ ဆိုပင်ဆိုငြားသော်လည်းပဲ အသက် ၅၀ ကျော်လူကြီးတွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်ဟာ လိပ်ခေါင်းဝေဒနာ ခံစားနေရတတ်ပါတယ်။ အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်နိုင်ခြေ ရှိပါတယ်။လိပ်ခေါင်းမှာ ယေဘုယျအားဖြင့် အတွင်းလိပ်ခေါင်းနဲ့အပြင်လိပ်ခေါင်းဆိုပြီး ၂ မျိုးရှိပါတယ်။အတွင်းလိပ်ခေါင်းက အူမကြီးအောက်ပိုင်းမှာဖြစ်တတ်ပြီး များသောအားဖြင့် နာကျင်မှု နည်းပါးပြီး သွေးထွက်နိုင်ပါတယ်။အပြင်လိပ်ခေါင်းကတော့ စအိုအပြင်ဘက်မှာ ဖြစ်တာပါ။ ယားယံတာ၊ နာကျင်တာတွေဖြစ်နိုင်ပြီးတော့ ကွဲအက်တာ၊ သွေးထွက်တာတွေဖြစ်လေ့ရှိပါတယ်။လူအများစုက လိပ်ခေါင်းဝေဒနာခံစားရမှာကို စိုးထိတ်ကြပါတယ်။ ဖြစ်လာရင်လည်း တိုင်ပင်ဆွေးနွေးရမှာကို ရှက်ရွံ့တတ်ကြပါတယ်။လိပ်ခေါင်းရောဂါဟာ ပြင်းထန်ဆိုးရွားတဲ့ရောဂါမျိုး မဟုတ်ပါဘူး။ လူ့သဘာဝအရ ဖြစ်တတ်ပေမယ့် ကူးစက်နိုင်စွမ်းလည်း မရှိပါဘူး။ ဒီအတိုင်းကျန်းမာအောင်နေရင်း အလိုလိုတောင် ပျောက်ကင်းနိုင်တဲ့ ရောဂါမျိုးပါ။ ကုသနိုင်တဲ့ ဆေးဝါးတွေကလည်း အလွယ်တကူရရှိနေပါပြီ။ဒါကြောင့် လိပ်ခေါင်းဆိုတာနဲ့ မရှက်ပါနဲ့၊ မကြောက်ပါနဲ့။ ရှက်ခြင်းကြောက်ခြင်းဟာ ရောဂါကိုပိုဆိုးစေပြီး အဆိုးကျော့သံသရာ (Vicious Circle) ကိုပဲ ဖြစ်စေနိုင်တာပါ။အဓိကအားဖြင့် လိပ်ခေါင်းရောဂါကို ဖြစ်နိုင်စေတာက အိမ်သာအမျိုးအစား၊ ဝမ်းသွားပုံနဲ့ အသက်အရွယ်ကြောင့်ဖြစ်ပါတယ်။ဒါတွေအပြင် လိပ်ခေါင်းရောဂါ ဖြစ်နိုင်ခြေကို မြင့်မားစေတဲ့တခြားသောအချက်တွေ အများကြီးရှိပါသေးတယ်။ ဒါတွေကတော့။လိပ်ခေါင်းရောဂါကို အဖြစ်များစေတဲ့အကြောင်းရင်းကတော့ ဝမ်းချုပ်တာပဲ ဖြစ်ပါတယ်။ ဝမ်းချုပ်တယ်၊ဝမ်းချုပ်တာရက်ကြာလာတဲ့အခါ စမြင်းခံလာတယ်။ စမြင်းခံလာတော့ ဝမ်းကိုညှစ်ပြီး သွားတယ်။ ညှစ်ရတော့ သွေးကြောတွေထဲမှာ ဖိအားများလာပြီး သွေးကြောတွေ ဖောင်းလာပြီး လိပ်ခေါင်းဖြစ်လာတယ်။ စမြင်းတုံးက သွေးကြောတွေ  ပွတ်ဆွဲပြီး သွေးထွက်မယ်။သွေးထွက်တော့ ဝမ်းသွားရမှာ ကြောက်လာတယ်။ ကြောက်တော့ ဝမ်းသွားချင်လည်း အောင့်ထားတယ်။ အောင့်ထားတော့ ဝမ်းချုပ်တယ်။ ဝမ်းချုပ်တော့ စမြင်းပြန်ခံတယ်။ ဒီလိုနဲ့ ဝမ်းချုပ်လိုက်၊ လိပ်ခေါင်းဖြစ်လိုက်နဲ့ ဂျာအေးသူ့အမေရိုက်နေမှာပါ။ဒီသံသရာက လွတ်မြောက်ဖို့ဆိုရင်။ဒီအချက်လေးတွေကို လိုက်နာမယ်ဆိုရင် လိပ်ခေါင်းရောဂါကို ကြိုတင်ကာကွယ်ရာရောက်ပါတယ်။တကယ်လို့ ကိုယ့်မှာရောဂါဖြစ်နေတယ်ဆိုရင်လည်း အလွန်အမင်းစိုးရိမ်ထိတ်လန့်နေစရာမလိုအပ်ပါဘူး။ ခွဲစိတ်တာတင်မကဘဲ ဆေးထိုးတာ၊ ရာဘာသားရေကွင်းချည်ပြီးကုသတာတွေလိုမျိုး နည်းလမ်းတွေလည်းရှိနေတာကြောင့်ပါပဲ။လိပ်ခေါင်းဝေဒနာကို ကာကွယ်နိုင်ဖို့ကြိုးစားပါ။ ရှက်နေကြောက်နေခြင်းက ဝေဒနာကို ပိုဆိုးစေနိုင်တယ်ဆိုတာကို သိနားလည်ထားမယ်ဆိုရင် လိပ်ခေါင်းဝေဒနာရဲ့ အဆိုးကျော့သံသရာကို ရှောင်လွှဲနိုင်မှာဖြစ်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/how-can-you-avoid-making-your-hemorrhoids-worse/
လူငယ်တွေ ဦးနှောက်သွေးကြောပေါက် နိုင်သလား
အသက်လေး ငယ်ငယ်လေးနဲ့ လေဖြတ်သွားတယ်။ ဟိုကလေးမလေးပေါ့ ဟိုနေ့ကဦးနှောက်သွေးကြောပေါက်ပြီးဆုံးသွားတာ စသဖြင့် ပတ်ဝန်းကျင်မှာ ပြောတာကို ကြားဖူးပါသလား။ ကိုယ်က သွေးကြောပေါက်တာ၊လေဖြတ်တာတွေက လူကြီးတွေနဲ့ပဲဆိုင်တယ်လို့ သိထားတာလေ။ ခုဘယ်လိုများ ဖြစ်ရတာပါလိမ့်။လူငယ်တွေမှာ ဦးနှောက်သွေးကြောပေါက်စေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုကသွေးကြောဖောင်းတာပါ။ ဆေးပညာအရ Brain Aneurysmလို့ခေါ်ပါတယ်။ သွေးကြောဖောင်းနေတာလေးက ဘယ်ရီသီးလေး တွဲလောင်းကျနေတာလေးနဲ့ တူလို့ Berry Aneurysmလို့လည်း ခေါ်ပါသေးတယ်။ဖြစ်ရတဲ့ အကြောင်းရင်းအတိအကျကိုတော့ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် သွေးကြောနံရံတွေ အားပျော့ပြီး သွေးဖိအားဒဏ်ကို မခံနိုင်ဘဲ ဖောင်းလာတယ်၊ ပေါက်လာတယ်လို့တော့ အကြမ်းဖျင်းပြောနိုင်ပါတယ်။ ပြီးတော့ ဒီရောဂါက လူငယ်လူလတ်ပိုင်းတွေမှာ တွေ့ရများပါတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်ပါတယ်။ ဖြစ်တဲ့အကြောင်းရင်းကို အတိအကျမသိပေမယ့် ဒါတွေရှိရင်တော့ ပိုဖြစ်နိုင်ပါတယ်။မွေးစမှာ ဦးနှောက်သွေးကြောဖောင်းပြီး ကံကောင်းလို့မပေါက်ခဲ့ရင်တောင် အသက်ကြီးလာတဲ့အခါ ဒါတွေရှိရင် သတိထားရမှာပါ။တချို့သော သွေးကြောဖောင်းတာတွေကတော့ ဒီတိုင်းနေရင်အကောင်း ခေါင်းကိုထိခိုက်ဒဏ်ရာရပြီးနောက် ဒါမှမဟုတ် သွေးထဲက ရောဂါပိုးတွေ ဦးနှောက်ကိုရောက်လာပြီးတဲ့အခါမှာ ပေါက်တတ်ပါတယ်။-ရုတ်တရက်ခေါင်းကိုက်ပါတယ်။ (ဘဝမှာ အဆိုးဆုံးခေါင်းကိုက်ခြင်းလို့ ပြောလို့ရပါတယ်။)။​-ပျို့အန်ပါတယ်။-ဇက်ကြောတောင့်ပါတယ်။-အမြင်ဝါးတာ၊ နှစ်ထပ်မြင်တာတွေ ရှိပါတယ်။-အလင်းရောင်မခံနိုင်တာ။-တက်တာ။-မျက်ခွံလေးကျတာ။-သတိလစ်တာ။-ကယောင်ကတမ်းဖြစ်တာတွေ ဖြစ်တတ်ပါတယ်။-ရုတ်တရက်ပြင်းပြင်းထန်ထန်ခေါင်းကိုက်ပါတယ်။ သွေးယိုစိမ့်ပြီးရင် သွေးကြောပေါက်ဖို့ အလားအလာရှိပါတယ်။-သွေးကြောဖောင်းတာ သေးရင် ဘာလက္ခဏာမှ မပြတတ်ပါဘူး။ ကြီးရင်တော့ အနားမှာရှိတဲ့ ဦးနှောက်အသားတွေ၊ အာရုံကြောတွေကိုဖိမိတဲ့အတွက်။-မျက်လုံးနောက် ဒါမှမဟုတ် အပေါ်မှာ အောင့်တာ။-မျက်စိသူငယ်အိမ်ကျယ်တာ။-အမြင်ဝါးတာ နှစ်ထပ်မြင်တာ။-မျက်နှာတစ်ခြမ်းထုံတာ စတာတွေပဲ ဖြစ်ပါတယ်။ဒါကြောင့် တစ်ယောက်ယောက်ကများ ရုတ်တရက် ပြင်းပြင်းထန်ထန်ခေါင်းကိုက်မယ်၊ တက်မယ်၊ သတိလစ်သွားတယ်ဆိုရင်အမြန်ဆုံး ဆေးရုံပို့ဖို့ စီစဉ်ရပါမယ်။ နောက်ကျရင် အသက်အန္တရာယ်စိုးရိမ်ရပါတယ်။ဦးနှောက်သွေးကြောပေါက်တာ ခဏပဲဆိုပေမယ့် ဒီခဏအတွင်းမှာပဲ ဦးနှောက်ဆဲလ်တွေ သေသွားနိုင်ပါတယ်။ ဒါ့ပြင် ဦးနှောက်ထဲမှာ ဖိအားများပြီး သွေးနဲ့ အောက်စီဂျင်မလုံလောက်တာကြောင့် ရုတ်တရက် သတိလစ်တာ၊ သေဆုံးတာတွေ ဖြစ်တတ်ပါတယ်။ သွေးကြောပေါက်ပြီး နောက်မှာတော့။တကယ်လို့ ရုတ်တရက် ပြင်းပြင်းထန်ထန်ခေါင်းကိုက်မယ်။ ဦးနှောက်သွေးကြောပေါက်တဲ့ တခြားလက္ခဏာလည်းရှိမယ်ဆိုရင် အရင်ဆုံးဦးနှောက်ထဲမှာ သွေးယိုခြင်းရှိမရှိ စစ်ဆေးရပါမယ်။ သွေးယိုတာရှိတယ်ဆိုရင် ဦးနှောက်သွေးကြောပေါက်တာကြောင့်လားဆိုပြီး ဆက်စစ်ရပါမယ်။ နည်းလမ်းတွေကတော့။အဓိက ကုသနည်းကတော့ ခွဲစိတ်တာပဲဖြစ်ပါတယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/stroke-and-aneurysm/brain-aneurysm-in-middle-age/
စားသောက်ကုန်ပါ အညွှန်းများကို နားလည်အောင်ဖတ်ခြင်း
အာဟာရပြည့်ပြီး မျှတသည့် အစားအစာပမာဏဖြင့် နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် တစ်ချို့သောကင်ဆာများလို ရုပ်ပိုင်းဆိုင်ရာ ပြဿနာများဖြစ်နိုင်ချေကို လျော့ချပေးနိုင်ပါသည်။ စားသောက်ကုန်ပါအညွှန်းများတွင် အစာနှင့်ပါတ်သတ်သည့် အချက်အလက်များဖြစ်သော အာဟာရတန်ဖိုး၊ ပါဝင်ပစ္စည်းနှင့် ကယ်လိုရီပမာဏတို့ ပါဝင်ပါသည်။ထို့ကြောင့် စားသောက်ကုန်များတွင်ပါသော အညွှန်းစာကို မဝယ်ယူခင် သေချာဖတ်ခြင်းက မိသားစုအတွက် လုံလောက်သည့် အာဟာရများရရှိရန် စမတ်ကျကျ ရွေးချယ်နိုင်မည်ဖြစ်သည်။အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) နှင့် ယူအက်စ် စိုက်ပျိုးရေးဌာန (USDA) တို့သည် ထုပ်ပိုးရောင်းချသည့်အစားအစာများ၏အညွှန်းများ၌ အစာတွင်ပါသော အာဟာရဆိုင်ရာ အချက်အလက်များကို ဖတ်ရသောပုံစံနှင့် ထည့်ရန် များသောအားဖြင့် အထုပ်၏ နောက်ကျောဖက် သို့မဟုတ် အတွင်းထဲတွင် ထည့်ခိုင်းပါသည်။အောက်၌ အစားအစာအညွှန်းများတွင် ပါတတ်သော အချက်အလက်တစ်ချို့ကို ဖော်ပြထားပါသည်။ဤအချက်၌ သင်တစ်နေ့တာလိုအပ်မည့် အာဟာရ၏ရည်ညွှန်းပမာဏကို ရာခိုင်နှုန်းဖြင့်ဖော်ပြထားခြင်းဖြစ်သည်။ များသောအားဖြင့် တစ်နေတာလိုအပ်ချက် ၂၀၀၀၀ ကယ်လိုရီကို အခြေခံပြီး တွက်ပါသည်။အစာများမှ ကယ်လိုရီသည် အဓိကအားဖြင့် ကာဗိုဟိုက်ဒြိုက်၊ ပရိုတင်း၊ သကြားနှင့် အဆီများမှ လာသည်။ ထို့ကြောင့် သင်ထိုအစာတစ်ထုပ်လုံး စားလိုက်ပါက ရရှိမည့်ကယ်လိုရီကိုသိလိုလျှင် အညွှန်းကို ဖတ်ကြည့်ပါ။အစာတွင်ပါသော အာဟာရတစ်ခုစီကို သိနိုင်ရန် အထူးသဖြင့် ပြည့်ဝဆီများ၊ ဆိုဒီယမ်နှင့် အမျှင်ဓါတ်များကို သိနိုင်ရန် လူတိုင်း အညွှန်းကိုဖတ်သင့်ပါသည်။စားသောက်ကုန်ပါ အညွှန်းစာများ၏ထိပ်တွင် ပါဝင်သည့် ပမာဏစာရင်းကို တွေ့နိုင်ပါသည်။ ပမာဏများကို စားသောက်ကုန်ထုတ်သူများမှ သတ်မှတ်ပြီး လူများ ယျေဘုယျအားဖြင့် စားသုံးသော ပမာဏကို အခြေခံပါသည်။ ထို့ကြောင့် စားသောက်ကုန်ကို နှစ်ခါစားလျှင် ပါဝင်သည့်အာဟာရများ နှစ်ဆစားကြောင်း ဆိုလိုပါသည်။စားသောက်ကုန်တစ်ခုတွင်ပါသော စုစုပေါင်းကယ်လိုရီသည် အဆီမှလာသည်။ အဆီများသည် ကာဗိုဟိုက်ဒြိုက် သို့မဟုတ် ပရိုတင်းများထက် စွမ်းအင်ပိုထုတ်နိုင်သည်။ သို့သော် အဆီစားများခြင်းသည် နှလုံးရောဂါလို ကျန်းမာရေးပြဿနာများ ဖြစ်စေနိုင်ပါသည်။အစားအသောက်ပညာရှင်များက အရွယ်ရောက်ပြီးသူများတွင် အဆီမှရသော ကယ်လိုရီကို ၃၀%ထက် ပိုမစားသင့်ကြောင်း အသက် ၁-၃ နှစ်ကလေးများတွင်လည်း အဆီမှရသော ကယ်လိုရီကို ၃၀-၄၀ %ထိ ရသင့်ကြောင်း ဆိုကြပါသည်။အညွှန်းတိုင်းတွင် အဆီများကို စားရင်ပြုထားပြီး အထူးသဖြင့် ဆီးချိုသမားအတွက် အဆီပမာဏကို ထိန်းချုပ်နိုင်ရန် ဖော်ပြထားပါသည်။ပြည့်ဝဆီများကို “မကောင်းသောအဆီ” များဟုခေါ်ပြီး ၎င်းတို့သည် ကိုလက်စ်ထရောကို မြင့်တက်စေကာ နှလုံးရောဂါများကို ဖြစ်စေနိုင်ပါသည်။ တိရိစ္ဆာန်ထွက် စားသောက်ကုန်များဖြစ်သော ထောပတ်၊ ဒိန်ခဲနှင့် အသားများတွင် ပါရှိ၏။ မပြည့်ဝဆီများကိုတော့ “ကောင်းသောအဆီများ” ဟု ခေါ်ပြီး ဟင်းသီးဟင်းရွက်ဆီ၊ ခွံမာသီးနှင့် ငါးတို့တွင်ပါဝင်၏။နှလုံးရောဂါရှိသူများသည် ဒီအချက်လက်ကို သေချာဂရုစိုက်သင့်ပါသည်။ကိုလက်စ်ထရောကို အဆီဖော်ပြချက်အောက်၌ စာရင်းပြုထားတတ်သည်။ ကိုလက်စ်ထရောသည် ဗီတာမင်ဒီနှင့် တစ်ချို့ဟော်မုန်းများ ထုတ်လုပ်ရာတွင် အရေးပါသော်လည်း သွေးတွင်း၌ ပမာဏများလာပါက ရောဂါများကိုဖြစ်စေနိုင်ပါသည်။ကိုလက်စ်ထရောများခြင်းသည် သွေးကြောများကို ပိတ်စေနိုင်ပြီး နှလုံးဖောက်ခြင်း သို့မဟုတ် လေဖြတ်ခြင်းများကို ဖြစ်စေနိုင်ပါသည်။သွေးတိုးရှိသူများက ဤအချက်ကို သေချာဖတ်ရပါမည်။ ဆိုဒီယမ်များက သွေးပိုတိုးနိုင်ပါသည်။ဗီတာမင်များ။ဗီတာမင်အေသည် မျက်လုံးအာရုံကောင်းရန် အရေးကြီးပြီး အဝါရောင်ဟင်းသီးဟင်းရွက်များဖြစ်သော မုန်လာဥနီနှင့် အစိမ်းရင့်ရောင်အရွက်များတွင် ပါရှိပါသည်။ ခန္ဓါကိုယ်မှ ဗီတာမင်စီကိုသုံးကာ တွယ်စပ်တစ်ရှူးများ တည်ဆောက်ခြင်း၊ အနာကျက်ခြင်းနှင့် ရောဂါပိုးများကို တိုက်ခြင်းတို့ ပြုလုပ်ပါသည်။ထိုကဲ့သို့အရေးပါမှုများကြောင့် ဗီတာမင်းများကို စားသောက်ကုန်အညွှန်းများတွင် စားရင်ပြုစုပေးပါသည်။ စားသောက်ကုန်တစ်ထုပ်လျှင် ပါဝင်သည့်ပမာဏကို တစ်ရက် ၂၀၀၀ ကယ်လိုရီနှုန်းပေါ် မူတည်ပြီးတွက်ချက်ပါသည်။အစားအသောက်ထုတ်လုပ်သူများသည် စားသောက်ကုန်အညွှန်း၌ ပါဝင်ပစ္စည်းများအားလုံးကို သေသေချာချာဖော်ပြပေးရန် လိုအပ်ပါသည်။ သို့သော် သင်၌ ထိုပါဝင်စ္စည်းတစ်ခုခုနှင့် ဓါတ်မတည့်မှုရှိပါက အမည်ကွဲများအားလုံးကို သိထားသင့်ပါသည်။အဘယ်ကြောင့်ဆိုသော် ထိုပါဝင်ပစ္စည်းသည် တစ်ခြားတစ်နေရတွင် ကိုယ်မရင်းနှီးသည့်အမည်ဖြင့် စာရင်းပြုထားကောင်း ပြုထားနိုင်သောကြောင့် ဖြစ်သည်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%85%e1%80%ac%e1%80%b8%e1%80%b1%e1%80%9e%e1%80%ac%e1%80%80%e1%80%b9%e1%80%80%e1%80%af%e1%80%94%e1%80%b9%e1%80%95%e1%80%ab-%e1%80%a1%e1%80%8a%e1%82%8a%e1%80%94%e1%80%b9%e1%80%b8%e1%80%99%e1%80%ba/
Arginine
Arginine ဟာ အမိုင်နိုအက်ဆစ်လို့ခေါ်တဲ့ ဓါတုပစ္စည်းပဲ ဖြစ်ပါတယ်။ အစားအစာကနေရရှိပြီးကိုယ်ခန္ဓါအတွက် ပရိုတိန်းတည်ဆောက်ဖို့ လိုအပ်ပါတယ်။ နီတဲ့အသား၊ ကြက်ဘဲ၊ ငါးနဲ့ နို့ထွက်ပစ္စည်းတွေမှာတွေ့နိုင်ပါတယ်။ ဓါတ်ခွဲခန်းမှာလည်းထုတ်လုပ်နိုင်ပြီးအောက်ပါရောဂါတွေအတွက် သုံးပါတယ်။Arginine ကိုဆေးညွှန်းမလိုဘဲမိမိဖာသာသုံးစွဲနိုင်တဲ့ ဆေးများစွာနဲ့ရောအညွှန်းပါတဲ့ ဆေးပေါင်းများစွာနဲ့ပါ တွဲဖက်သောက်သုံးနိုင်ပါတယ်။ ကျောက်ကပ်လဲလှယ် ထားပြီးချိန်မှာကျောက်ကပ်စနစ်ပိုကောင်းလာအောင် ကူညီပါတယ်။ အားကစားသမားတွေ စွမ်းဆောင်ရည်ကိုတက်လာစေပါတယ်။ ကိုယ်ခံအားကို မြှင့်ပေးပါတယ်။ လမပြည့်ဘဲမွေးတဲ့ကလေးတွေမှာအစာလမ်းကြောင်းရောင်ရမ်းတာကိုကာကွယ်ပေးပါတယ်။ဆေးနှင့်ပတ်သက်ပြီးလုံလောက်တဲ့ လေ့လာစမ်းသပ်ချက်တွေ မရှိသေးပါဘူး။ ပိုပြီးသိရအောင် သဘာဝဆေးဘက်ဝင် အပင်များအကြောင်းကျွမ်းကျင်သူ (ဒါမှမဟုတ်) သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ဒါပေမယ့် လေ့လာချက်တချို့အရ။နိုက်ထရစ်အောက်ဆိုဒ် ပါဝင်မှုများခြင်းဟာဦးနှောက်ကိုအဆိပ်ဓါတ် ဖြစ်စေပါတယ်။ သဘာဝဆေးဖက်ဝင်အပင်အတွက် လိုက်နာရမယ့်အချက်တွေဟာ ဆေးဝါးများလောက်တော့ မများပါဘူး။ သူ့ရဲ့ လုံခြုံစိတ်ချရမှုအတွက် လေ့လာစမ်းသပ်ချက်တွေ ပိုမိုလိုအပ်ပါသေးတယ်။ သူ့ကိုသုံးစွဲမယ်ဆိုရင် မသုံးခင်မှာအကျိုးကျေးဇူးကဆိုးကျိုးထက် ပိုများဖို့ လိုပါတယ်။ ပိုပြီးသိရအောင် သဘာဝဆေးဘက်ဝင် အပင်များအကြောင်းကျွမ်းကျင်သူ (ဒါမှမဟုတ်) သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ရောဂါမျိုးစုံရှိတဲ့ အန္တရာယ်များတဲ့ ကိုယ်ဝန်ဆောင်တွေမှာ သွေးကြောထဲarginineပေးခြင်းကြောင့် လမပြည့်ဘဲမွေးခြင်း၊ ကိုယ်ဝန်ဆောင်သွေးတိုးခြင်း၊ မိခင်ရောကလေးပါ သေဆုံးခြင်းစတာတွေ ဖြစ်နိုင်ပါတယ်။နှလုံးရောဂါ၊ အသည်းရောဂါ၊ ရေယုန်၊ ပန်းနာ၊ သွေးပေါင်ကျခြင်း၊ ကျောက်ကပ်ရောဂါ စတာတွေမှာမသုံးရပါဘူး။arginine မှာအောက်ပါ ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်ပါတယ်။ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးတွေကိုခံစားရပုံမှာတဦးနဲ့ဦးကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ ဖော်ပြပါဘေးထွက်ဆိုးကျိုးများမှာ မပါဝင်တဲ့ ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီးစိုးရိမ်ပူပန်မှုတွေရှိရင် အပင်များအကြောင်းကျွမ်းကျင်သူ (ဒါမှမဟုတ်) သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်။Arginineဟာသင့်ရဲ့လက်ရှိသောက်သုံးနေတဲ့ ဆေးဝါး၊ ကျန်းမာရေးအခြေအနေတွေအပေါ် ဓါတ်ပြုပြောင်းလဲခြင်းတွေ ရှိနိုင်ပါတယ်။ အပင်များအကြောင်းကျွမ်းကျင်သူ (ဒါမှမဟုတ်) သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။Arginine ဟာသွေးပေါင်ကျစေပါတယ်။ သွေးပေါင်ကျဆေးတွေနဲ့ တွဲသောက်ရင် သွေးပေါင် အရမ်းနည်းသွားတတ်ပါတယ်။အောက်ပါဆေးတွေနဲ့ တွဲသုံးရင် သတိပြုသင့်ပါတယ်။ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်။ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်။Arginine ကိုသောက်ဆေးအနေနဲ့ အခြေအနေပေါ် မူတည်ပြီးတရက်ကို ၆ ဂရမ်ကနေ ၃၀ ဂရမ်အထိသောက်နိုင်ပါတယ်။ ၃၀ ဂရမ်ကျော်ပြီးတော့ မသောက်သင့်ပါဘူး။ သောက်သုံးဖို့ ပမာဏဟာတဦးနဲ့တဦးမတူနိုင်ပါဘူး။ သင့်ရဲ့ အသက်အရွယ်၊ ကျန်းမာရေးနဲ့ တခြားအခြေအနေတွေပေါ်မှာမူတည်ပါတယ်။ သဘာဝဆေးဘက်ဝင်အပင်တွေက ထုတ်ထားတဲ့ ပစ္စည်းတွေဟာအမြဲတမ်းတော့ အန္တရာယ်မကင်းပါဘူး။ အပင်များအကြောင်းကျွမ်းကျင်သူ (ဒါမှမဟုတ်) သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။Arginineက ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ။Arginine ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများဖြင့် ရရှိနိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/arginine/
Sunken fontanelle (ငယ်ထိပ်ချိုင့်ခြင်း )
ကလေးတွေဟာ Fontanelles များစွာဖြင့် မွေးဖွားလာပါတယ်။ ယင်းတို့ကို ငယ်ထိပ်လို့အခေါ်များကြပါတယ်။ မွေးလမ်းကြောင်းကို ဦးခေါင်းဖြတ်တဲ့အချိန်မှာ ကျုံ့နိုင်ဆန့်နိုင်စေဖို့ ထိုငယ်ထိပ်တို့က အရေးပါပါတယ်။ ထိုစွမ်းရည်ကပဲ ကလေး၁နှစ်သားလောက်မှာ ဦးနှောက်နဲ့ ဦးခေါင်းခွံတို့ကို ကြီးထွားစေပါတယ်။ မွေးကင်းစကလေးငယ်တွေမှာ ငယ်ထိပ်တို့ကို ဦးခေါင်းထပ်ပိုင်း၊ နောက်ပိုင်းနဲ့ ဘေးဘက်ပိုင်းတို့မှာ တွေ့ရှိနိုင်ပါတယ်။ကလေးဦးခေါင်းခွံပေါ်မှာရှိတဲ့ ငယ်ထိပ်အရည်အတွက် သူတို့ရဲ့ အသက်အရွယ်ပေါ်မှာ မူတည်နေပါတယ်။ ဦးခေါင်းနောက်ဘက်ရှိ ငယ်ထပ်က ၁လသား၊၂လသားလောက်မှာ ပျောက်ကွယ်သွားပါတယ်။ ထိုအရာကို သင်ခံစားနိုင်မှာမဟုတ်သလို၊ မြင်နိုင်မှာလည်း မဟုတ်ပါဘူး။ ခေါင်းထပ်ဘက်ရှိ ငယ်ထိပ်ကတော့ အသက်၇လနဲ့ ၁၉လကြားလောက်ထိ မပိတ်ဘဲရှိနေတတ်ပါတယ်။ကလေးရဲ့ငယ်ထိပ်ဟာ အတော်အသင့်တင်းပြီး ကွေးသွားကာ အတွင်းသို့အနည်းငယ်ချိုင့်နေရပါမယ်။ အတွင်းကို အရမ်းချိုင့်နေတဲ့ ငယ်ထပ်ကို Sunken Fontanel လို့ခေါ်ပါတယ်။ အရေးပေါ်ဆေးကုသမှု ခံယူရန်လိုအပ်သော်လည်း များသောအားဖြင့် ကုသရ လွယ်ကူပါတယ်။ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ငယ်ထိပ်ချိုင့်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အောက်ပါတို့ဖြစ်ပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ သို့မဟုတ် သင်ချစ်ရသူတစ်ဦးဦးမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ငယ်ထိပ်ချိုင့်ခြင်းရဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။ရေဓါတ်ခန်းခြောက်ခြင်း –လိုအပ်တဲ့ ရေဓါတ်ပမာဏ မရအောင် ရေမသောက်တဲ့အခါ ရေဓါတ်ခန်းခြောက်ခြင်း ဖြစ်ပေါ်လာပါတယ်။ ချွေးထွက်လွန်ခြင်းလိုမျိုး ရေဓါတ်ဆုံးရှုံးခြင်းကြောင့်လည်း ဖြစ်ပေါ်နိုင်ပါတယ်။ အရေးပေါ် ကျန်းမာရေးအခြေအနေတစ်ခုဖြစ်ပြီး ချက်ချင်းဆေးကုသမှုခံယူဖို့ လိုအပ်ပါတယ်။ကွာရှာကော– ပရိုတင်းမရှိတော့သောကြောင့် ဖြစ်ပေါ်လာသော အာစဟာရချို့တဲ့မှု ရောဂါတစ်မျိုးပါ။ ထိုအခြေအနေကို ဘယ်လိုသိပြီး ဘယ်လိုကာကွယ်ရမယ်ဆိုတာနဲ့ ပတ်သတ်ပြီး လေ့လာကြည့်ပါ။မဖွံ့ဖြိုးနိုင်ခြင်း –စံသတ်မှတ်ထားတဲ့ ကြီးထွားနှုန်းနဲ့ မကိုက်တော့ဘူးဆိုရင် ထိုကလေးကို မဖွံ့ဖြိုးနိုင်ဘူးလို့ သတ်မှတ်နိုင်ပါတယ်။ မဖွံ့ဖြိုးနိုင်ခြင်းဆိုတာဘာလဲ၊ ဘယ်လိုကုသရမယ်နဲ့ ပတ်သက်ပြီး လေ့လာလိုက်ပါ။အဆိပ်ဖြစ်သော အူမကြီးခြင်း –များသောအားဖြင့် အူရောင်ရောဂါ (IBD) ကြောင့်ရရှိလာသော အူမကျယ်သည့် ရှားပါးရောဂါတစ်မျိုးဖြစ်ပါတယ်။ ထိုရောဂါကို ရှာဖွေအတည်ပြုခြင်း၊ ကုသခြင်းတို့ပတ်သက်ပြီး လေ့လာလိုက်ပါ။ ကျန်းမာရေးအရေးပေါ်အခြေအနေတစ်ခုဖြစ်ပြီး ဆေးကုသမှု ချက်ချင်းခံယူဖို့ လိုအပ်ပါတယ်။ဒိုင်ရာဘိတိစ် အင်စိပိဒပ်စ် (DI)­– DI က ဆီးချိုသွေးချို မဟုတ်ပါဘူး။ ကျောက်ကပ်ကနေ ရေတွေ မထိန်းနိုင်သော ရှားပါးရောဂါတစ်မျိုးပါ။ ထိုရောဂါကို အဖြေရှာအတည်ပြုခြင်း၊ ကုသခြင်းနဲ့ ပတ်သက်ပြီး လေ့လာလိုက်ပါ။နောက်ထပ်သိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။သင့်ကလေးမှာ ငယ်ထိပ်ချိုင့်နေမယ်ဆိုရင် ဆေးကုသမှု တတ်နိုင်သမျှ ခံယူသင့်ပါတယ်။ ဆရာဝန်က ကလေးကို ပထမဦးစွာ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်ပါလိမ့်မယ်။ ချိုင့်နေတဲ့နေရာကို မျက်လုံးဖြင့်ကြည့်ခြင်း၊ ခံစားကြည့်ခြင်းတို့ ပါဝင်မှာပါ။ ကလေးအရေးပြားရဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်းတွေကိုလည်း စစ်ဆေးနိုင်ပါတယ်။ ကလေးမျက်လုံးနဲ့ ခံတွင်းတို့မှာရှိတဲ့ စိုစွတ်မှုပမာဏက ရေဓါတ်ခန်းခြောက်မှု ဘယ်လောက်ရှိတယ်ဆိုတာကို သိဖို့ သဲလွန်စ ပေးနိုင်ပါတယ်။ ဒုတိယကတော့ ကလေးရောဂါလက္ခဏာတွေနဲ့ ပတ်သက်ပြီး မေးမြန်းပါလိမ့်မယ်။ သင်သိသလောက် ပြောပြဖို့ အရေးကြီးပါတယ်။ ထိုပြဿနာက ဘယ်အချိန်မှာ ပေါ်ပေါက်လာတာလဲ၊ ကလေးပုံမှန် ငယ်ထပ်နဲ့ ယှဉ်လိုက်မယ်ဆိုရင် ယခုငယ်ထိပ်က ဘယ်လောက်ဆိုးနေတယ်ဆိုတာတွေကို မေးမြန်းနိုင်ပါတယ်။ ကလေးဖျားဖူးတာတွေ၊ အန်ဖူးတာတွေ၊ ဝမ်းလျောဖူးတာတွေ ရှိမယ်ဆိုရင်လည်း မှတ်သားထားပေးပါ။ ကလေးက အရင်ထက် ချွေးပိုထွက်မယ်၊ ရေဆာမယ်၊ နိုးကြားမှုက ပုံမှန်မဟုတ်ဘူးဆိုရင် ဆရာဝန်အားပြောပြပါ။ပြီးနောက် ဆရာဝန်က တစ်ခု သို့မဟုတ် တစ်ခုထက်ပိုတဲ့ စစ်ဆေးမှုတွေ ပြုလုပ်နိုင်ပါတယ်။ သွေးစစ်ခြင်းနဲ့ ဆီးစစ်ခြင်းတို့ ပါဝင်ပါတယ်။ သွေးဆဲလ်အားလုံးအရည်အတွက်ရှာခြင်းလိုမျိုး တိကျတဲ့ စစ်ဆေးမှုတွေ ပြုလုပ်နိုင်ပါတယ်။ ထိုစစ်ဆေးမှုတွေက ရေဓါတ်ခန်းခြောက်ခြင်းဖြင့် တွဲဖက်နေနိုင်သော သွေးအားနည်းခြင်းနဲ့ ပိုးဝင်ခြင်းတို့ကို တွေ့ရှိစေနိုင်သည့် သွေးနီဥနဲ့ သွေးဖြူဥ အရည်အတွက်ကို စစ်ဆေးပေးနိုင်ပါတယ်။ ဆီးစစ်ခြင်းမှာလည်း ရေဓါတ်ခန်းခြောက်မှုကို သိရှိစေနိုင်သော စစ်ဆေးမှုများပါဝင်ပါတယ်။ နောက်ထပ်လိုအပ်နိုင်မယ့် စစ်ဆေးမှုကတော့ ဇီဝကမ္မစစ်ဆေးမှုပါပဲ။ ခန္ဓါကိုယ်တွင်း ဓါတုဒြပ်ပေါင်းတွေ ဘယ်လိုပြိုကွဲနေတယ်၊ အစားအစာတွေကို ဘယ်လိုအသုံးပြုနေတယ်ဆိုတာတွေကို စစ်ဆေးပေးနိုင်မှာပါ။ အစာအာဟာရ မပြည့်ဝမှုကို တွေ့ရှိစေနိုင်ပါတယ်။ဆရာဝန်က ကလေးမှာ ရေဓါတ်ခန်းခြောက်နေတယ်လို့ တွေ့ရှိသွားရင် သွေးကြောကနေတစ်ဆင့် အရည်ဓါတ် ထိုးသွင်းပေးပါလိမ့်မယ်။ အရမ်းငယ်တဲ့ကလေးတွေမှာ ရေဓါတ်ခန်းခြောက်ခြင်းက အရေးပေါ်ကျန်းမာရေးအခြေအနေဖြစ်ပြီး အိမ်မှာ မကုသသင့်ပါဘူး။ ကလေးက အာဟာရ ဓါတ်မပြည့်ဝနေဘူးဆိုရင် အစာပိုက်ကနေတစ်ဆင့် သို့မဟုတ ်အကြောတွင်းကနေတစ်ဆင့် ကျွေးပါလိမ့်မယ်။ ဆရာဝန်က ကလေးကို အိမ်မှာပဲ ကုသနိုင်မယ့်လို့ ထင်ရင် အောက်ပါတို့ကို ပြုလုပ်ခိုင်းနိုင်ပါတယ်။အရည်များများတိုက်ပါ။ ကလေးအတွက် အခြားသော အရည်တွေလည်း တိုက်ဖို့ လိုပါတယ်။ နို့ခဏခဏတိုက်ပါ သို့မဟုတ် နို့ဘူးခဏခဏတိုက်ပါ။ အစာဝအောင်ကျွေးတာထက် ခဏခဏကျွေးကြည့်သင့်ပါတယ်။ နို့မှုန့်ကို သိပ်ပျော့အောင် ရေမရောပါနှင့်။ ကလေးက အခဲတွေ စားနေနိုင်ပြီဆိုရင် ရေတိုက်နိုင်ပါတယ်၊ ကလေးအတွက်ထုတ်ထားသော ဓါတ်ဆားရည် တိုက်နိုင်ပါတယ်။ ဆိုဒါတွေ၊ အသီးဖျော်ရည်တွေ မတိုက်ပါနဲ့။ကလေးသီးသန့် ဓါတ်ဆားရည်သုံးပါ။ ဓါတ်ဆားရည်ပုလင်းကို အပြင်ဆောင်ထားပါ။ ဆရာဝန်က လက်ခံသော အမျိုးအစားကိုသာ အသုံးပြုပြီး အားကစားသုံးတွေကို ရှောင်ကျဉ်ပါ။ ဓါတ်ဆားရည်တွေက ကလေးကို ပိုတက်စီယမ်၊ သကြားနဲ့ ဆားဓါတ်တွေ ပြန်လည် ဖြည့်တင်းပေးနိုင်ပါတယ်။အလွယ်တကူဝယ်ယူရရှိနိုင်သော အကိုက်အခဲပျောက်ဆေးများကို စမ်းသုံးကြည့်ပါ။ ကလေးနေမကောင်းတဲ့အခါ သို့မဟုတ် လည်ချောင်းနာတဲ့အခါ အစာစားဖို့ ငြင်းဆိုနိုင်ပါတယ်။ ဆရာဝန်ကလည်း ကလေးတွေအတွက်ထုတ်ထားသော ဆေးဆိုင်များတွင် အလွယ်တကူရရှိနိုင်သည့် အကိုက်အခဲပျောက်ဆေးတွေ ညွှန်ကြားနိုင်ပါတယ်။ အက်စီတာမီနိုဖန်ကို ၂လသားအထက်တွေနဲ့ အိုင်ဗျူပရိုဖန်ကို ၃လက်နဲ့အထက်ကလေးတွေကိုသာ ပေးနိုင်ပါတယ်။ ဆေးပမာဏကို သေချာမသိဘူးဆိုရင် ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူတို့ထံမှ အချိုးအစားသေချာသိအောင်မေးပါ။ပူအိုက်တဲ့နေ့တွေမှာ ကလေးကို အေးအောင်ထားပါ။ ရာသီဥတုပူပြီး ကလေးမှာ ရေဓါတ်ခန်းခြောက်နေပြီဆိုရင် နေပူနဲ့ ဝေးဝေးမှာထားပြီး အေးအောင်လုပ်ပေးပါ။ ရေဓါတ်ပိုရအောင် နို့ဘူးများများတိုက်ပေးခြင်း၊ အစာများများပိုကျွေးပေးခြင်းနဲ့ နို့ခဏခဏတိုက်ပေးခြင်းတို့ပြုလုပ်ပေးပါ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ငယ်ထိပ်ချိုင့်ခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။ကလေးကို ရေဓါတ်မခန်းခြောက်အောင် ကာကွယ်ပေးခြင်းက ငယ်ထိပ်ချိုင့်ခြင်းကို ကာကွယ်ခြင်းနဲ့ အတူတူပါပဲ။ ကလေးက အစာလည်းမစား၊ အရည်လည်းမသောက်ဘူးဆိုရင် အရည်ဓါတ်ဖြည့်တင်းပေးနေဖို့ မမေ့ပါနဲ့။ ကလေးနို့ဆာတိုင်း နို့တိုက်ပါ။ ကလေးက အာဟာရဓါတ်တွေ ဖောက်ပြန်နေမယ်ဆိုရင် အသက်အရွယ်နဲ့လိုက်ပြီး စာသင့်တာနဲ့ ကိုက်ညီအောင် ကျွေးနေရဲ့လားဆိုတာကို ပြန်လည်ဆန်းစစ်ပါ။ ကလေး၁နှစ်ထိ ထိုစားသောက်ပုံက အထောက်အကူပြုပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Group ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/sunken-fontanelle-%e1%80%84%e1%80%9a%e1%80%ba%e1%80%91%e1%80%ad%e1%80%95%e1%80%ba%e1%80%81%e1%80%bb%e1%80%ad%e1%80%af%e1%80%84%e1%80%b7%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
ခံတွင်းအနံ့က ပြောပြနေတဲ့ သင့်ရဲ့ ကျန်းမာရေးအခြေအနေများ
လူတစ်ယောက်ရဲ့ ပါးစပ်ကနေ အနံ့ဆိုး တစ်စုံတစ်ရာ ထွက်နေပြီဆိုရင် လူတော်တော်များများက မသိမသာလေး ကျဉ်သွားကြပါတယ်။ ထုတ်ပြောလို့ကလည်း အားနာစရာ၊ အနားမှာ နေဖို့ကလည်း အဆင်မပြေနဲ့မဟုတ်လား။တကယ်တော့ခံတွင်းအနံ့ဆိုးထွက်နေတဲ့ လူတစ်ယောက်နဲ့စကားပြောဖြစ်နေပြီဆိုရင် သူ့ကို အသိပေးလိုက်ပါ။ ဒါက သူ့ရဲ့ ကျန်းမာရေးကို အထောက်အကူပြုခြင်းတစ်မျိုးဖြစ်သလို သူ့ကို ကူညီရာလည်း ရောက်ပါတယ်။ခံတွင်းအနံ့ဆိုးတာဟာ ယျေဘုယျအားဖြင့် ခံတွင်းမသန့်ရှင်းလို့၊ အနံ့ပြင်းတဲ့အစားအစာတွေ မှီဝဲစားသောက်ထားလို့၊ အရက်သေစာနဲ့ ဆေးလိပ်မှီဝဲထားလို့လည်းဖြစ်နိုင်သလို ကျန်းမာရေးပြဿနာတစ်စုံတစ်ရာ ရှိနေတာတွေကြောင့် ဖြစ်တတ်ပါတယ်။ဒါပေမယ့် ဒါတင်မကပါဘူး။ ပြင်းထန်တဲ့ကျန်းမာရေးပြဿနာတွေရဲ့ နိမိတ်လက္ခဏာတွေလည်းဖြစ်နေနိုင်တာကို သိထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ခံတွင်းနံ့ဆိုးဖြစ်စေတဲ့ ကျန်းမာရေးပြဿနာတွေကို အောက်မှာ စုစည်းဖော်ပြပေးထားပါတယ်။လူတစ်ယောက် အိပ်ပျော်နေချိန်မှာ ဟောက်တတ်တာကို သဘာဝဖြစ်စဉ်တစ်ခုအဖြစ် အတော်များများက မှတ်ယူတတ်ကြတယ်။ တကယ်တမ်းကတော့ ဟောက်တာဟာ ကျန်းမာရေးပြဿနာဖြစ်ပါတယ်။ အိပ်နေစဉ်ဟောက်တာဟာ Sleep Apnea လို့ခေါ်တဲ့ အိပ်နေစဉ် အသက်ရှူရပ်သွားတဲ့ ဝေဒနာကြောင့် ဖြစ်ပါတယ်။ ဒီလို အိပ်နေစဉ်ဟောက်တတ်တဲ့လူတွေဟာ မနက်ပိုင်းမှာ ခံတွင်း အနံ့ဆိုးထွက်တတ်ကြပြီး ဒါကိုMorning Breathလို့ ခေါ်ပါတယ်။ခံတွင်း အနံ့ဆိုးထွက်နေတာဟာသွားဖုံးရောင်တာ၊ ရေစီးကမ်းပြိုလိုက်တာတွေလိုမျိုး ဝေဒနာတွေရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ ဒါတွေဟာ များသောအားဖြင့် ဆေးလိပ်သောက်တာ၊ သွားပုံမှန်မတိုက်တာတွေကြောင့် ဖြစ်တတ်ပါတယ်။အစာအိမ်ထဲက အစာခြေရည်တွေ ပြန်ဆန်တက်လာတာကို အက်ဆစ်ပြန်စီးခြင်းဝေဒနာ (Acid Reflux) လို့ ခေါ်ပါတယ်။ အစာအိမ်ထဲကနေ လည်ချောင်းထဲကို ပြန်ဆန်တက်လာတာပါ တစ်ခါတစ်ရံမှာ ပါးစပ်ထဲအထိတောင် ရောက်တတ်ပါတယ်။ ဒီလိုအချိန်မျိုးဆိုရင် ကိုယ့်ရဲ့ ခံတွင်းဟာ ချဉ်စူးစူးအနံ့အသက်မျိုးထွက်နေတတ်ပါတယ်။ဆီးချိုသမားတွေအနေနဲ့ သွေးတွင်း သကြားဓာတ်ပမာဏ မြင့်တက်နေချိန်တွေမှာ ခံတွင်းအနံ့အသက်တွေ ဆိုးရွားနေတတ်ပါတယ်။ ဒါက ကိုယ့်ရဲ့သွေးတွင်းမှာ အင်ဆူလင်ဓာတ် နည်းပါးနေတယ်ဆိုတဲ့ လက္ခဏာဖြစ်ပါတယ်။တစ်ခါတစ်ရံမှာ ခံတွင်း အနံ့ဆိုးတွေ မကြာခဏထွက်နေတာဟာ အစာအိမ်ကင်ဆာနဲ့ အစာအိမ်အနာလိုရောဂါတွေကိုဖြစ်စေနိုင်တဲ့ H. Pylori ဆိုတဲ့ ဘက်တီးရီးယားပိုး ကူးစက်ခံထားရတာလည်းဖြစ်နိုင်ပါတယ်။ ဒီပိုးရှိနေပြီဆိုရင် ရင်ပူတာ၊ အန်တာနဲ့ ဗိုက်အောင့်တာအပြင် ဆိုးရွားတဲ့ အာပုပ်နံ့တွေလည်း ထွက်နေနိုင်ပါတယ်။ချောင်းဆိုးတာ၊ အအေးမိတာနဲ့ အသက်ရှူလမ်းကြောင်းပိုးဝင်တာတွေဟာ နှာခေါင်းနဲ့ ပါးစပ်ကနေတဆင့် ကူးစက်ကြတာများပါတယ်။ ကိုယ်ရှူသွင်းလိုက်တဲ့လေမှ ပိုးမွှားပါရှိနေတတ်တာကြောင့် ဒီလိုဝေဒနာတွေဖြစ်တတ်ပါတယ်။တချို့သောလူတွေ ခံတွင်းရနံ့ဆိုးတာက ဆေးဝါးဓာတ်စာတွေကြောင့်ပါ။ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေတွေအရ မှီဝဲနေရတဲ့ ပဋိဇီဝဆေးတွေမှာ ပါဝင်တဲ့ ဓာတုဗေဒပစ္စည်းတွေဟာ ခံတွင်းကိုခြောက်သွေ့စေပြီး ခံတွင်းနံ့ဆိုးရွားမှုကို ဖြစ်စေနိုင်ပါတယ်။Tonsil Stones (အာသီးကျောက်တည်ခြင်း) ဆိုတဲ့ဝေဒနာ ကိုယ့်မှာရှိလာပြီဆိုရင်လည်း အနံ့ဆိုးတွေ ထွက်လာနိုင်ပါတယ်။ Tonsil ဟာ ပိုမွှားတွေ တိုက်ထုတ်ပေးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အဲ့ဒီနေရာမှာ ကယ်လ်ဆီယံဓာတ်တွေ ကပ်ငြိနေရာကနေ ဒီရောဂါဖြစ်လာတာဖြစ်ပါတယ်။ ဒီပြဿနာမဖြစ်ရအောင် သွားကိုတင်မက လျှာကိုပါ သေချာသန့်စင်တိုက်ချွတ်ပေးဖို့ လိုအပ်ပါတယ်။Dehydration ဆိုတဲ့ ရေဓာတ်ချို့တဲ့မှုကြောင့် တံတွေးထုတ်လုပ်မှုကို လျော့ကျစေနိုင်ပြီး နောက်ဆက်တွဲအနေနဲ့ ခံတွင်းအနံ့ကို ဆိုးရွားသွားစေတတ်ပါတယ်။ ပိုမိုဆိုးရွားတဲ့ အခြေအနေမှာ Sjögren’s syndrome နဲ့ Scleroderma တို့ပါ ဖြစ်နိုင်ခြေရှိပါတယ်။အာခေါင်အတွင်းမှာ အနာဖြစ်ပြီး ဘက်တီးရီးယားပိုးတစ်စုံတစ်ရာ ကူးစက်ခံရရင်လည်း ခံတွင်းနံ့ဆိုးတွေ ဖြစ်ပေါ်လာမှာပါ။ ဒီဝေဒနာကို သက်သာစေဖို့ဆိုရင် ဆားရည်ငုံတာ ဒါမှမဟုတ် ပဋိဇီဝဆေးတွေ မှီဝဲတာတွေ ပြုလုပ်ရပါလိမ့်မယ်။ခံတွင်း နံ့လေးဆိုးရုံသက်သက်ဆိုပေမယ့် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်လောက်တဲ ဝေဒနာတွေရဲ့ လက္ခဏာတွေလည်း ဖြစ်နေနိုင်ပါတယ်။ ဥပမာပြောရရင်တော့ အသည်းပျက်စီးတာမျိုးပေါ့။ ခန္ဓာကိုယ်တွင်းက အသည်း ဒါမှမဟုတ်ကျောက်ကပ်တွေကောင်းမွန်စွာ အလုပ်မလုပ်နိုင်တော့တဲ့ အခြေအနေမျိုးတွေမှာ အသားဝါတာတွေ၊ ခံတွင်းကနေ အာပုပ်နံ့ထွက်တာတွေ ဖြစ်တတ်ပါသေးတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/other-oral-health-issues/breath-symptoms/
ရင်သားကင်ဆာ ရောဂါကို တိုက်ဖျက်ပေးမယ့် အကောင်းဆုံး အစားအသောက် ၇ မျိုး
ရင်သားကင်ဆာနဲ့ ဆက်နွယ်နေတဲ့ ရောဂါဖြစ်နှုန်းများစေတဲ့ အချက်တွေ အများကြီးရှိပါတယ်။ သူတို့ထဲက တစ်ခုကတော့ အဆီနဲ့ ကယ်လိုရီများတဲ့ အစားအသောက်တွေကို စားခြင်းပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ရင်သားကင်ဆာ ရောဂါကို တိုက်ဖျက်ပေးမယ့် အကောင်းဆုံး အစားအသောက် ၇ မျိုးအကြောင်း ပြောပြမှာဖြစ်ပါတယ်။ ကျန်းမာစွာ စားသောက်ခြင်းဟာ ရင်သားကင်ဆာ ကုသမှုကို ကူညီပေးရုံသာမက ဖြစ်ပွားမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။၁။ Cruciferous ဟင်းသီးဟင်းရွက်များ။Cruciferous ဟင်းသီးဟင်းရွက်တွေဟာ Brassica အပင်မျိုးတွေ ဖြစ်ပြီးတော့ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီ၊ တရုတ်မုန်လာနဲ့ collard greens တွေ ပါဝင်ပါတယ်။Cruciferous ဟင်းသီးဟင်းရွက်တွေဟာ carotenoids တွေ၊ ဗီတာမင် C, E, K၊ folate နဲ့ သတ္တုဓါတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ သူတို့ဟာ အကျိတ်ဖြစ်စေခြင်းကို တားမြစ်စေတဲ့ အရာတွေလဲ ပါဝင်ပြီးတော့ ရင်သားကင်ဆာ ထပ်မံ ပြန့်ပွားခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ဒါ့ပြင် အခြားကင်ဆာတွေ ဖြစ်တဲ့ ဆီးကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာနဲ့ အဆုတ်ကင်ဆာတွေကို ကာကွယ်ပေးပါတယ်။၂။ ငါး။အဆီပါတဲ့ ငါးတွေ (အထူးသဖြင့် anchovies, sardines, herring, ocean tuna, salmon, eel, trout, mackerels) တွေဟာ အောက်ဖေါ်ပြပါ အရာတွေ များပြားစွာ ပါဝင်ပါတယ်။• Omega – 3 ဟာ telomeres တွေကို ပြန်လည် ရှည်လျားစေပါတယ်။• ဗီတာမင် အေ – ကင်ဆာရောဂါကို တိုက်ဖျက်ဖို့အတွက် အရေးကြီးပါတယ်။• ဗီတာမင် ဒီ – ကင်ဆာရောဂါကို တိုက်ဖျက်ဖို့ ကူညီပေးပါတယ်။၃။ နနွင်း။နနွင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတည်းက အိန္ဒိယမှာ ဟင်းချက်ရာမှာ အသုံးပြုခဲ့ကြပြီး သူဟာ ချင်းအနွယ်ဝင် တစ်မျိုးဖြစ်ပါတယ်။ ဆနွမ်းဟာ polyphenol cucumin ပါဝင်ပြီး ဒါဟာ ကင်ဆာရောဂါ တိုက်ဖျက်ပေးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ သူဟာ ကင်ဆာ တွေဖြစ်တဲ့ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အသည်းကင်ဆာ၊ အူမကြီးကင်ဆာတွေ ဖြစ်ပွားမှုကို တားမြစ်ပေးပါတယ်။၄။ လက်ဖက်စိမ်း။လေ့လာမှုတွေဟာ ရောဂါဆက်လက် ဖြစ်ပွားမှုကို လက်ဖက်စိမ်းက တားမြစ်ပေးတယ်လို့ ဆိုပါတယ်။ အကျိတ်ပြန့်ပွားခြင်းကိုလည်း တားမြစ်ပေးပြီး ကင်ဆာဖြစ်နှုန်းကို မြင့်မားစေတဲ့ ပတ်ဝန်းကျင်နဲ့ ဆဲလ်တွေ ထိတွေ့မှုကိုလည်း ကာကွယ်ပေးပါတယ်။၅။ ဘယ်ရီသီး။ဘယ်ရီသီးတွေမှာ anthocynins နဲ့ phytochemicals တွေ အမြောက်အမြား ပါဝင်ပြီးတော့ ကင်ဆာဆဲလ်တွေ ကိုယ်ခန္ဓါထဲမှာ ဖြစ်ပွားမှုကို တားမြစ်ပေးပါတယ်။၆။ ကြက်သွန်ဖြူ။ကြက်သွန်ဖြူဟာ ကင်ဆာကာကွယ်ပေးတဲ့ အကောင်းဆုံး ဟင်းခတ် အမွှေးအကြိုင်ဖြစ်ပါတယ်။ လေ့လာမှုတွေအရ သူဟာ ကင်ဆာ ရောဂါ အမျိုးအစားအကုန်ကို ကာကွယ်ပေးပြီး ကင်ဆာပြန့်ပွားမှုကိုလည်း တားမြစ်ပေးတယ်လို့ ဆိုပါတယ်။ WHO က လူကြီးတွေမှာ နေ့စဉ် လက်ဆတ်တဲ့ ကြက်သွန်ဖြူ နှစ်တောင့် စားသင့်တယ်လို့ ဆိုပါတယ်။၇။ အခွံမာသီး။အခွံမာသီးတွေမှာ selenium ပါဝင်ပြီး သူဟာ ကင်ဆာတိုက်ဖျက်ဖို့ အလွန်အသုံးဝင်ပါတယ်။ Walnuts နဲ့ Almonds တွေမှာ ကောင်းမွန်တဲ့ အဆီနဲ့ သဘာဝ အမျှင်ဓါတ်တွေ ပါဝင်တာကြောင့် ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ Cancer Watch ရဲ့ သုတေသန တစ်ခုအရ နေ့တိုင်း အခွံမာသီးစားတဲ့သူတွေဟာ အခြားသူတွေထက် အသက်ပိုရှည်ကြတယ်လို့ ဆိုပါတယ်။မကျန်းမာတဲ့ အစားအသောက်တွေဖြစ်တဲ့ အောက်ပါ အရာတွေကိုတော့ ရှောင်ကျဉ်သင့်ပါတယ်။• တိရိစ္ဆာန်အဆီ။• သန့်စင်ထားတဲ့ အသား (ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်)။• အရက်။• နို့ထွက် ပစ္စည်းများ (ခရင်မ်၊ ထောပတ်)။အနီရောင်ရှိတဲ့ အသားစားတာကိုလည်း ကန့်သတ်သင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/%e1%80%9b%e1%80%84%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac-%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%80%e1%80%ad%e1%80%af-%e1%80%90%e1%80%ad%e1%80%af/
ကျားဟော်မုန်း နှင့် အမျိုးသားများ ထိပ်ပြောင်ခြင်း ဆက်စပ်မှုရှိလား
ကျားဟော်မုန်း(testosterone) ဆိုတာ အမျိုးသားတွေရဲ့ဝှေးစေ့ကနေ အဓိက ထုတ်လုပ်တဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပြီး အမျိုးသမီးတွေမှာလည်း တွေ့ရတတ်ပါတယ်။လိင်ပိုင်းစွမ်းဆောင်ရည်ကိုသာမက ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာ အလုပ်လုပ်နိုင်စေဖို့နဲ့ ကြွက်သားတွေ ဖွံ့ဖြိုးကြီးထွားဖို့အတွက် တာဝန်ကို ယူထားပါတယ်။ကျားဟော်မုန်းနည်းခြင်း၊ များခြင်းဟာ မျိုးရိုးဗီဇနဲ့ သာမက ကိုယ့်ရဲ့ နေပုံထိုင်ပုံ၊ အစားအစာ အာဟာရနဲ့လည်း သက်ဆိုင်မှု ရှိပါတယ်။ဒါဆိုရင် ထိပ်ပြောင်ခြင်းနဲ့ ကျားဟော်မုန်း ဘယ်လိုသက်ဆိုင်မှု ရှိသလဲ။ ဘာလို့ ကျားဟော်မုန်းများတဲ့ အမျိုးသားတွေမှာ မြန်မြန်ထိပ်ပြောင်နိုင်လဲဆိုပြီး လူတွေ ထင်နေကြတာလဲ။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးချင်ပါတယ်။အမျိုးသားတွေရဲ့ နဖူး ဘေး နှစ်ဖက်မှာ စတင်နောက်ပြန်ကျပြီး ဆံပင်ပေါက်နှေးတာ၊ဆံသားပါးလာတာ၊ ဆံပင်ကျွတ်မြန်တာ စတင်ဖြစ်လာပါတယ်။ ဆံပင်ပါးလာတဲ့ ဘေးနှစ်ဖက်ကနေ တဖြည်းဖြည်း သွားစုမိတဲ့အခါ “U” ပုံသဏ္ဍာန် ဖြစ်လာပါတယ်။ဦးရေပြားရဲ့ အလယ်တည့်တည့်မှာ ကွက်ပြီး ထိပ်ပြောင်တာမျိုးလည်း ရှိသလို ရင်ဘတ်မှာ ရှိတဲ့ အမွေးအမျှင်တွေထိပါ ကူးစက်လာနိုင်ပါတယ်။အသက်အရွယ် ကြီးသူတွေမှာ အတွေ့များပြီး အမျိုးသားတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဆံသားမွေးညှင်းပေါက်တွေ ကျုံ့သွားရာကနေ ဆံသားကျန်းမာရေးကို ထိခိုက်ပါတယ်။ တဖြည်းဖြည်းနဲ့ ဆံပင်တွေ ကျွတ်ရာကနေ နောက်ပိုင်းမှာ မွေးညှင်းပေါက်တွေကနေ ဆံပင်လုံးဝပြန်မပေါက်တော့တဲ့အထိ ဖြစ်လာပါတယ်။အရွယ်မတိုင်ခင် ထိပ်ပြောင်ခြင်းကို အဓိက ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့စိတ်ဖိစီးမှုများတာ၊ ဟော်မုန်းအပြောင်းအလဲ ဖြစ်တာနဲ့ ဆံသားကျန်းမာရေးကို ထိခိုက်စေတဲ့ မကောင်းတဲ့ နေထိုင်စားသောက်ပုံ အမူအကျင့်တွေပဲ ဖြစ်ပါတယ်။ဆံပင်ကျွတ်တာ၊ ထိပ်ပြောင်တာ မျိုးရိုးလိုက်တဲ့သူတွေမှာလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ထိပ်ပြောင်နိုင်ပါတယ်။ခန္ဓာကိုယ်ထဲမှာ testosterone လို့ ခေါ်တဲ့ ကျားဟော်မုန်းတွေဟာ ပုံစံအမျိုးမျိုးနဲ့ ဖြစ်တည်နေပါတယ်။ပရိုတင်းဓာတ်နဲ့ မသက်ဆိုင်ဘဲ လွတ်လပ်စွာ ဖြစ်တည်နေတဲ့ ကျားဟော်မုန်းတွေဟာ ခန္ဓာကိုယ်က လိုအပ်တဲ့အခါမှာ အချိန်မရွေး အသုံးပြုဖို့ အတွက်ပဲ ဖြစ်ပါတယ်။သွေးထဲမှာရှိတဲ့ အယ်လ်ဗျူမင် (albumin) လို့ခေါ်တဲ့ ပရိုတင်းနဲ့ ဆက်စပ်နေတာလည်း ရှိသလို ဟော်မုန်းအများစုကတော့ လိင်စိတ်ဆန္ဒကို ဖြစ်ပေါ်စေတဲ့ ဂလိုဗျူလင် (globulin) ဆိုတဲ့ ပရိုတင်းနဲ့ ဆက်စပ်နေပါတယ်။အင်ဇိုင်းကနေ တစ်ဆင့် ပြုလုပ်ထားတဲ့ DHT ကျားဟော်မုန်း (Dihydrotestosterone) ဟာ ပုံမှန် ကျားဟော်မုန်းတွေထက် အာနိသင် ၅ ဆ ပြင်းထန်ပြီး အဓိကအားဖြင့်ဆီးကျိတ်၊ အရေပြားနဲ့ ဆံသားမွေးညှင်းပေါက်မှာ တည်ရှိနေပါတယ်။DHT အရေအတွက်ဟာ ဆံသားမွေးညှင်းပေါက်အပေါ် သက်ရောက်မှု ရှိစေတဲ့အတွက် ဆံပင်ကျွတ်ခြင်း ဖြစ်ပေါ်လာပါတယ်။ DHT နည်းတဲ့အခါ ဆီးကျိတ်ကောင်းစွာ အလုပ်မလုပ်နိုင်သလို များလွန်းတဲ့အခါမှာလည်း ဆီးကျိတ်ကင်ဆာ ဖြစ်လာနိုင်ပါတယ်။လေ့လာတွေ့ရှိချက်တွေအရ ထိပ်ပြောင်တဲ့အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုများတယ်လို့ သိရှိရပါတယ်။ DHT များခြင်းဟာ ဆီးချိုရောဂါအပြင် တခြားသော ကျန်းမာရေးပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။အမျိုးသားတွေမှာ ထိပ်ပြောင်ခြင်းဟာ ကိုယ်ခန္ဓာထဲမှာ ရှိနေတဲ့ ကျားဟော်မုန်း၊ DHT ပမာဏ များခြင်းနဲ့ မသက်ဆိုင်ပဲ မျိုးရိုးဗီဇနဲ့သာ သက်ဆိုင်ပါတယ်။အဓိက မျိုးရိုးဗီဇကြောင့် ဆံသားမွေးညှင်းပေါက်တွေ အားနည်းလာတဲ့အခါ DHT ကျားဟော်မုန်းတွေဟာ ဆံသားမွေးညှင်းပေါက်တွေကို အလွယ်တကူ ထိခိုက်မိပြီး ဆံပင်ကျွတ်လာရာမှ ထိပ်ပြောင်ခြင်း စတင်ပါတယ်။အမျိုးသမီးတွေမှာ DHT ဟော်မုန်းပမာဏ များလွန်းတဲ့အခါ ထိပ်ပြောင်နိုင်သလို အသက်အရွယ်ကြီးရင့်သူတွေ၊စိတ်ဖိစီးမှုများသူတွေ၊ ဘဝကို မှားယွင်းစွာ နေထိုင်ကြသူတွေ၊ အစာအာဟာရမျှတစွာ မစားသောက်သူတွေမှာလည်း ထိပ်ပြောင်ခြင်း ဖြစ်နိုင်ပါတယ်။အရေပြားအထူးကု ဆရာဝန်နဲ့ သေချာပြသပြီး ဆံပင်ကျွတ်ခြင်းရဲ့ ပြဿနာအရင်းအမြစ်ကို အရင်သိအောင် လုပ်ဖို့ လိုအပ်ပါတယ်။ လေဆာဖြင့် ကုသခြင်း၊ ဆံပင်မပေါက်တော့တဲ့ ဆံသားမွေးညှင်းပေါက်ထဲကို ဆံသားစိုက်ခြင်း အစရှိတဲ့ နည်းလမ်းတွေနဲ့ ကုသလို့ ရပါတယ်။မဖြစ်အောင် ကာကွယ်ဖို့ အတွက် နေ့စဉ် လိုအပ်တဲ့ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ပြည့်ဝအောင် စားသုံးပေးပါ။ လိုအပ်ရင် ဖြည့်စွက်အားဆေးတွေ သောက်ပေးပါ။အားကစား၊ လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးပါ။ ဆံသားကို ထိခိုက်စေမယ့် အမူအကျင့်တွေ ဖြစ်တဲ့ မကြာခဏ ဆံပင်ပုံသွင်းတာ၊ ခေါင်းလျှော်တာ၊ ဆံပင်ဖြောင့်တာ၊ ကောက်တာမျိုးကို လျှော့ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/testosterone-and-male-balding/
Bowel Incontinence (ဝမ်းမထိန်းနိုင်ခြင်းဆိုတာဘာလဲ)
ဝမ်းမထိန်းနိုင်ဘူးဆိုတာ အူရွေ့လျားမှုတွေမူမမှန်တော့တဲ့ အခြေအနေတစ်ရပ်ပါ။ ပုံမှန်လူတွေမှာဆို အူတွေက လှုပ်ရှားနေကျအတိုင်း လှုပ်ရှားနေပါတယ်။ ဒါပေမယ့် ဝမ်းမထိန်းနိုင်တဲ့လူတွေမှာတော့ ညဘက် မစင်ယိုစိမ့်ထွက်ခြင်း အဖြစ်များပါတယ်။ကျွန်တော်တို့စားသောက်ပြီးနောက်မှာ မချေဖျက်ရသေးတဲ့အစာတွေ၊ ဘက်တီးရီးယားတွေ၊ အကျိအချွဲတွေနဲ့ ဆဲလ်သေတွေ ပေါင်းပြီး အစိုင်အခဲပုံစံကြီးတစ်ခုဖြစ်လာပါတယ်။ ယင်းအရာကိုတော့ မစင်လို့ခေါ်ပါတယ်။ ထို့နောက် အူတွေကို ဖြတ်သန်းပြီး စအိုကနေ ခန္ဓါကိုယ်အပြင်ဘက်သို့ စွန့်ထုတ်လိုက်ပါတယ်။ ယင်းဖြစ်စဉ်တစ်ခုလုံးကို အူရွေ့လျားခြင်းလို့ခေါ်ပါတယ်။ အူရဲ့လုပ်ငန်းဆောင်တာတွေ ပုံမှန်မဟုတ်တော့တဲ့အခါမှာ ဝမ်းမထိန်းနိုင်ခြင်း ဖြစ်လာပါတယ်။ ဘယ်အချိန်မှာ ဝမ်းသွားရမယ်၊ ဘယ်အချိန်မှာ ထိန်းထားရမယ်ဆိုတာ မသိတော့တာကြောင့် ကသိကအောက်ဖြစ်ရပါတယ်။ ကံကောင်းထောက်မစွာဖြင့် ဝမ်းမထိန်းနိုင်ခြင်းက ဆိုးဆိုးရွားရွားရောဂါတစ်ခုမဟုတ်ပဲ ကုသပျောက်ကင်းနိုင်ပါတယ်။အသက်အရွယ်မရွေး တော်တော်လေးအဖြစ်များပါတယ်။ အန္တရယ်ရှိအချက်များကို လျော့ချခြင်းဖြင့် ရင်ဆိုင်နိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ဝမ်းမထိန်းနိုင်ခြင်းနဲ့ပတ်သတ်တဲ့ ရောဂါလက္ခါတွေဟာ ပြတ်ပြတ်သားသားရှိပါတယ်။ ဝမ်းတစ်စိမ့်စိမ့်ထွက်ခြင်း ဒါမှမဟုတ် ချီးထွက်ကျခြင်းတို့က အဓိကရှာဖွေသင့်တဲ့ လက္ခဏာတွေပါ။ ဝမ်းမထိန်းနိုင်ခြင်းက အခြားရောဂါတွေနဲ့တွဲတတ်ပါတယ်။ ဝမ်းချုပ်မယ် ဒါမှမဟုတ် ဝမ်းသွားနေမယ်ဆိုရင် ဝမ်းမထိန်းနိုင်ဘူးဆိုတဲ့ပြဿနာဟာ ကွယ်ပျောက်နေတတ်ပါတယ်။ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို နှောက်ယှက်နေပြီဆိုရင်တော့ ဆရာဝန်ပြသင့်ပါပြီ။ သင့်ကိုယ်သင်မယုံပါနဲ့။ စအိုပိတ်ကြွက်သားမထိန်းနိုင်တော့ဘူးဆိုရင် ပြဿနာတွေဖြစ်လာပါလိမ့်မယ်။အထက်တွင် ဖော်ပြထားသော လက္ခဏာတွေ ရှိမယ် ဒါမှမဟုတ် မေးစရာတွေရှိနေမယ်ဆိုရင် ဆရာဝန်ဖြင့်ဆွေးနွေးတိုင်ပင်ပေးပါ။ လူတစ်ယောက်နဲ့တစ်ယောက်ဟာ ခန္ဓါကိုယ်တွေမတူကြပါဘူး။ မိမိအအခြေအနေအတွက် ဘာကအသင့်တော်ဆုံးလဲဆိုတာ ဆရာဝန်ဖြင့်ဆွေးနွေးတိုင်ပင်ခြင်းက အကောင်းဆုံးပါပဲ။စအိုထိန်းကြွက်သားတွေ ပျက်စီးခြင်းက အဖြစ်များတဲ့အကြောင်းအရင်းတစ်ခုပါပဲ။ စအိုထိန်းကြွက်သားဆိုတာ စအိုတဝိုက်မှာရှိတဲ့ ကြွက်သားတွေဖြစ်ပြီး စိတ်သဘောအတိုင်း ကျုံ့နိုင်၊လျော့နိုင်ပါတယ်။ ယင်းကြွက်သားတွေ ဒါမှမဟုတ် သူတို့ကိုထိန်းချုပ်နေတဲ့ အာရုံကြောတွေ ပျက်စီးဆုံးရှုံးတဲ့အခါ မစင်များယိုစိမ့်ကျနိုင်သလို အဆိုးဝါးဆုံးဖြစ်နိုင်ခြေကတော့ ဝမ်းလုံးဝမထိန်းနိုင်တော့တာပါပဲ။အခြားအကြောင်းအရင်းတွေလည်း ရှိပါသေးတယ်။ ဝမ်းချုပ်ခြင်းနှင့် ဝမ်းလျောခြင်းတွေလည်း အပါအဝင်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အူလှုပ်ရှားမှုတွေနဲ့ ပတ်သတ်နေလို့ပဲဖြစ်ပါတယ်။ အူရောင်ခြင်းက အစာခြေလမ်းကြောင်းပေါ်မှာ လွှမ်းမိုးမှုရှိနေတာကြောင့် သူ့ကြောင့်လည်းဖြစ်နိုင်ပါတယ်။ အထက်တွင် ဖော်ပြထားသော အာရုံကြောပျက်စီးခြင်းကြောင့် ကြွက်သားတွေ သူ့အလိုလို ဆန့်လိုက်သလိုမျိုး ဖြစ်သွားနိုင်ပါတယ်။ အယ်ဇိုင်မားရောဂါကြောင့်လည်း အူလှုပ်ရှားမှုလုပ်ငန်းစဉ် ချို့ယွင်းနိုင်ပါတယ်။လူအများစုဟာ ဘဝမှာတစ်ခါလောက်တော့ ဝမ်းမထိန်းနိုင်ဖြစ်တတ်ကြပါတယ်။ အထူးသဖြင့် ဝမ်းလျောခြင်း၊ ဝမ်းချုပ်ခြင်းတို့နဲ့ တွဲလာတတ်ပါတယ်။ ခွဲမမွေးဘဲ ရိုးရိုးတန်းတန်းမွေးတဲ့ မိန်းမတွေမှာဆိုရင်တော့ ဖြစ်နိုင်ခြေ ၂ဆရှိပါတယ်။ အသက်အရွယ်ကြီးရင့်လာရင် ဖြစ်လာတတ်တဲ့ ဝမ်းရောဂါအခြေအနေတစ်ချို့ကြောင့် လူကြီးတွေလည်း ဖြစ်နိုင်ခြေများပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဘာတွေက ဒုက္ခပေးနေတာလဲဆိုတာ သိရှိဖို့ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေ ပြုလုပ်ပါလိမ့်မယ်။ စအိုထိန်းကြွက်သားတွေ ကောင်းမကောင်းသိရှိဖို့ စအိုအတွင်းသို့ လက်ထိုးကြည့်ပါလိမ့်မယ်။ မစင်အားဓါတ်ခွဲကြည့်ခြင်းနဲ့ အစာခြေလမ်းကြောင့် တစ်လျောက်ရှိ ပြဿနာများသိရှိစေဖို့ စအိုအတွင်း မှန်ပြောင်းထည့်ကြည့်ခြင်းလိုမျိုး အခြားစစ်ဆေးနည်းလမ်းတွေလည်း ရှိပါသေးတယ်။ အာရုံကြောထိခိုက်ပျက်စီးမှုရှိမရှိလည်း စစ်ဆေးမှာပါ။ တစ်ခါတစ်ရံ စအိုနဲ့ အူမကြီးနံရံတွေမှာ ပြဿနာရှိမရှိကို အာထရာဆောင်းရိုက်ကြည့်နိုင်ပါသေးတယ်။လူနာ့အခြေအနေပေါ်မှာ မူတည်ပြီး ခွဲစိတ်ကုသနည်းတွေရှိသလို၊ ခွဲစရာမလိုတဲ့ ကုသနည်းတွေလည်း ရှိပါတယ်။အောက်ပါလူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဝမ်းမထိန်းနိုင်ခြင်းကို ရင်ဆိုင်နိုင်စေဖို့ ကူညီပေးပါလိမ့်မယ်။မေးစရာတွေ ရှိနေမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုသိရှိနားလည်နိုင်စေရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/bowel-incontinence-%e1%80%9d%e1%80%99%e1%80%ba%e1%80%b8%e1%80%99%e1%80%91%e1%80%ad%e1%80%94%e1%80%ba%e1%80%b8%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
ဝှေးစေ့က ယားယံနေပြီဆိုရင် ဒါတွေကို ပြန်စစ်ကြည့်ပါ
အမျိုးသားတွေရဲ့လိင်အင်္ဂါသည် စိုထိုင်းပြီးချွေးအောင်းတဲ့ နေရာမှာ ရှိတဲ့အတွက် ရံဖန်ရံခါ ယားယံတာမျိုးတော့ ဖြစ်တတ်ပါတယ်။ အဲဒီလို မဟုတ်ဘဲ အမြဲလိုလို ဝှေးစေ့ကယားယံပြီး ကုတ်နေရတယ်ဆိုရင်တော့ ဒီအချက်တွေကို စစ်ကြည့်ဖို့တော့ လိုမယ်နော်။ဝှေးစေ့က ယားယံနေပြီဆိုရင် ဒါတွေကို ပြန်စစ်ကြည့်ပါ ဘာတွေဖြစ်မလဲ။တစ်နေ့လုံး ရေလည်း လုံးဝမချိုးထားဘူးဆိုရင်ဝှေးစေ့မှာ ချွေး၊ အဆီ၊ အညစ်အကြေးတွေ ရောပြီးဘက်တီးရီးယားပိုးတွေ ပေါက်ဖွားကာ ယားယံခြင်းတွေ ဖြစ်စေပါတယ်။ရေချိုးဖို့ လိုအပ်နေပြီလားဆိုတာကိုဝှေးစေ့ကို ကိုင်ပြီးစမ်းကြည့်တဲ့အခါ မှိုစော်၊ အောက်စော် အနံ့ရမရ နမ်းကြည့်ရင် သိနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်ဖြစ်ဖြစ် ရေချိုးပေးဖို့တော့ လိုပါတယ်။ ကိုယ်က ချွေးထွက်သန်တဲ့သူ၊ ကိုယ်နံ့ပြင်းတဲ့သူဆိုရင် မနက် တစ်ကြိမ်၊ ညတစ်ကြိမ် ရေချိုးပေးရင် အကောင်းဆုံးပါပဲ။ယောက်ျားလေး အများစု လုပ်တတ်ကြတဲ့ ပြဿနာကအတွင်းခံတွေ၊ ဘောင်းဘီတွေကို ထပ်ခါတလဲလဲ ပြန်ဝတ်တာပါ။ လိင်အင်္ဂါဆိုတာ ရောဂါပိုးမွှားပေါင်းစုံ အောင်းနေတဲ့ နေရာပါ။ အဲဒီလို နေရာတွေနဲ့ အမြဲထိတွေ့နေရတဲ့ ဘောင်းဘီ၊အတွင်းခံတွေဆိုတာလည်း တစ်နေ့ တစ်ထည်တော့ ပုံမှန်လဲပေးဖို့ လိုပါတယ်။ ဒီလို အဝတ်မလဲဘဲ ဒါကိုပဲ ပြန်ဝတ်နေရင်တော့ဘက်တီးရီးယားပိုးတွေ အောင်းပြီး ယားယံတာမျိုး ဖြစ်တတ်ပါတယ်။ ဒီအတွက် မလျှော်ရသေးတာတွေ လျှော်မယ့်အပုံထဲ ထည့်ပြီး လျှော်ပြီးသား အသစ်တစ်ထည် အမြန်ယူဝတ်လိုက်ပါ။ချည်သားမဟုတ်တဲ့ အရမ်းကျပ်တဲ့အတွင်းခံတွေကို တစ်နေကုန် ဝတ်ဆင်ထားတဲ့အခါ ချွေးတွေက အတွင်းခံထဲမှာ ငုပ်ပြီး အောင်းနေတတ်ပါတယ်။ ဒီတော့ ဘက်တီးရီးယားပိုးတွေ ပေါက်ပြီး ယားယံသလို ခံစားရတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် အပြင်သွားတော့မယ်ဆိုရင် လေဝင်လေထွက် ကောင်းတဲ့ ချည်သားအတွင်းခံတွေကိုပဲ ဝတ်ဆင်ပေးပါ။ အရမ်းကျပ်နေအောင် မဝတ်ပါနဲ့။ အိမ်မှာနေရင် အတွင်းခံ မဝတ်ပါနဲ့။တစ်ခါတလေဝှေးစေ့မှာ ဒဏ်ရာဖြစ်မိပြီး အနာကျန်ခဲ့ရင် ချွေး၊ အဆီတွေဝင်ပြီး ယားယံတာမျိုး ဖြစ်တတ်ပါတယ်။ အနာအရမ်း မကြီးရင်တော့ ဒီအတိုင်း ဆေးမထည့်ဘဲတစ်ကိုယ်ရေသန့်ရှင်းရေး သေချာလုပ်ပေးရင် ရပါပြီ။ အနာအရမ်း ကြီးတာ၊ ပြည်တည်နေတာဆိုရင်တော့ အရေပြားဆရာဝန်နဲ့ တစ်ချက်သွားပြကြည့်ပါ။ကိုယ့်အရေပြားနဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှုကို သေချာဂရုမစိုက်တတ်သူတွေဟာ အောက်မှာ ဘာတွေ ဖြစ်နေလဲဆိုတာလည်း သတိမထားတတ်ပါဘူး။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် မကြာခဏ ယားနေတယ်လို့ သတိထားမိရင်ဝှေးစေ့ကို သေချာစစ်ဆေးကြည့်ပါ။အနီရောင်ပွေးကွက်တွေ၊ အနီဖုလေးတွေ၊ဝဲခြောက်လေးတွေ ပေါက်နေတာ ရှိ၊ မရှိကို စစ်ကြည့်ပါ။ တွေ့ရတယ်ဆိုရင်လည်း အရေပြားဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုခံယူပါ။ ကိုယ့်သဘောနဲ့ကိုယ် ဆေးဆိုင်က ဆေးတွေ လျှောက်ဝယ်ပြီး မလိမ်းပါနဲ့။အမျိုးသားတို့လည်း ခုလို မိုးရာသီမှာအရေပြားပြဿနာတွေ၊လိင်အင်္ဂါယားယံတာတွေ အဖြစ်များတဲ့အတွက် ကိုယ့်ကျန်းမာရေးကိုယ် သေချာဂရုစိုက်ကြပါလို့ ထပ်ပြီး တိုက်တွန်းလိုက်ချင်ပါတယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/causes-of-itchy-scrotum/
လေဖြတ်တော့မယ်ဆိုရင်
လေဖြတ်တော့မယ်ဆိုရင် ဘာတွေဖြစ်လာမှာလဲ။ လူတော်တော်များများက လေဖြတ်မှာကို ကြောက်ကြပါတယ်။ တစ်ခါတရံ သာမန်ခေါင်းကိုက်ချိန်မှာ ခေါင်းများ လျှော်မိခဲ့ရင် လေဖြတ်တော့မလားဆိုပြီး တွေးပူတတ်ကြပါတယ်။ ဒီတော့ လေဖြတ်တော့မယ်ဆိုရင် ဘယ်လို လက္ခဏာတွေ ပြနိုင်လဲဆိုတာကို လေ့လာကြည့်ရအောင်ပါ။လေဖြတ်ပြီဆိုရင် ဦးနှောက်ကသွေးကို အလုံအလောက်မရတဲ့အတွက် အချိန်မီမကုနိုင်ရင် ဦးနှောက် ပျက်စီးတာ၊ မသန်စွမ်း ဖြစ်သွားတာ၊ အသက် သေဆုံးတာတွေ အထိ ဖြစ်သွားနိုင်ပါတယ်။ ဒီတော့ အချိန်မီ သိရအောင် အောက်က အတိုကောက် စာလုံးတွေနဲ့ မှတ်ထားရအောင်။Face(မျက်နှာ)  ပြုံးပြီး ပါးရွဲ့နေတာ ရှိ၊ မရှိ စစ်ဆေးပါ။Arms(လက်)     လက်နှစ်ဖက် ရှေ့ထုတ် ဆန့်ကြည့်ပါ။ မဆန့်နိုင်ဘဲ အားပျော့သွားတဲ့ လက်ရှိ၊ မရှိ စစ်ဆေးပါ။Speech(စကား)    စကားပြောကြည့်ပါ။ စကားလေးတာ၊ လုံးတာ ရှိ၊ မရှိ စစ်ဆေးပါ။Time(အချိန်)     အပေါ်မှာ ပြောထားတဲ့ အချက် တစ်ခုခု ရှိနေပြီဆိုရင် ဆေးရုံကား အချိန်မီ ခေါ်ပါ။ လက္ခဏာ ပြတဲ့အချိန်ကို မှတ်ထားပါ။လေဖြတ်တာကို ကုတဲ့နေရာမှာ အချိန်က အရေးကြီးပါတယ်။ ဘယ်နည်းနဲ့ပဲ သွားသွား ဆေးရုံကို မြန်မြန်ဆန်ဆန် ရောက်ရှိပြီး စောစော ကုသမှု ခံယူနိုင်ဖို့က အရေးကြီးပါတယ်။ ဆေးရုံကား ခေါ်မှာလား။ ကိုယ်တိုင် ကားမောင်းပို့မှာလား မြန်တဲ့လမ်းကို ရွေးချယ်ပါ။လေဖြတ်ရတဲ့ အကြောင်းရင်းပေါ် မူတည်ပြီးသွေးကြောပိတ်ရင်သွေးကျဲဆေးတိုက်တာ၊သွေးကြောပေါက်ရင် သွေးထွက်ရပ်အောင် လုပ်တာ စသဖြင့် ကုသနည်းတွေ အများကြီး ရှိပါတယ်။ အရေးကြီးတာက လေဖြတ်ပြီး ၃နာရီအတွင်း ကုသမှု ခံယူနိုင်ဖို့ပါပဲ။တစ်ခါတလေ အထဲမှာ တဖြည်းဖြည်းခြင်း သွေးကြောပိတ်တာ၊ ပေါက်တာဖြစ်ပြီး လေဖြတ်ပါတယ်။ ဒါပေမယ့် အပြင်က သင်ကတော့ ရုတ်တရက်။ဒီလက္ခဏာတွေ ခံစားနေရပြီ။ လေဖြတ်တာလားလည်း မသေချာဘူး။ ဒါဆိုရင် ဆေးရုံကား အမြန်ခေါ်ပြီး ဆေးရုံကို သွားလိုက်ပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/stroke-and-aneurysm/signs-of-stroke/
အမျိုးသားတွေအတွက် အရွယ်မတိုင်မီရင့်ရော်မှုကို တားဆီးပေးနိုင်မယ့်နည်းလမ်း (၅) သွယ်
ကိုယ့်လူတို့ရေ… ကိုယ်အသက်အရွယ်လေး ရလာတဲ့အခါ “သိပ်အရွယ်တင်တာပဲ၊ လူငယ်လေး အတိုင်းပဲနော်” ဆိုတဲ့ မှတ်ချက်စကားကို ကြားချင်သလား။ ဒါမှမဟုတ် ကိုယ့်အသက်လည်း မကြီးသေးဘဲ “ဟယ် ငယ်ငယ်လေးနဲ့ ရုပ်ရင့်လိုက်တာ၊ မထင်ရဘူးနော်” ဆိုတဲ့ စကားမျိုး ကိုယ့်နားထဲ နားဝင်ချိုနိုင်ပါ့မလား။ ဒီလို မကြားချင်ဘူးဆို အမျိုးသားတွေအတွက် အရွယ်မတိုင်မီရင့်ရော်မှုကို တားဆီးပေးနိုင်မယ့်နည်းလမ်း လေးတွေ လေ့လာထားလိုက်ပါတော့။အမျိုးသားတွေအတွက် အရွယ်မတိုင်မီရင့်ရော်မှုကို တားဆီးပေးနိုင်မယ့်နည်းလမ်း တွေကတော့။(၁) ဗီတာမင် တွေ ပြည့်ဝအောင် စားသုံးပါ။အစားမရွေးတတ်တဲ့ ကိုယ့်လူတွေအတွက်တော့ အဆင်ပြေပေမယ့် ဟိုလိုဆို မစား၊ ဒါဆိုလည်း မကြိုက်နဲ့ ကြေးထူတတ်တဲ့ သူတွေအတွက် ရုပ်ပိုရင့်စေမယ့် အချက်ပါ။ဗီတာမင် စီ၊ ဗီတာမင် အီး၊ ဗီတာမင် အေ စတာတွေက အရွယ်တင်နုပျိုစေဖို့ အဓိကအရေးပါသလို ကိုယ်ခံအား၊ အသားအရေ ကာကွယ်မှုတို့အတွက် အကျိုးပြုအဆီဓာတ် အိုမီဂါသရီး၊ ဆယ်လီနီယမ်တို့လို အာဟာရဓာတ်တွေလည်း လိုအပ်ပါတယ်။အရိုးအဆစ်နဲ့ ကြွက်သားတွေ သန်မာဖို့ အတွက်လည်း ဗီတာမင် နဲ့ သတ္တုဓာတ်တွေက မရှိမဖြစ် အရေးကြီးတာကြောင့် အသားငါး၊ အသီးအရွက် စုံလင်အောင်စားပါ၊ မစားနိုင်ရင် ဖြည့်စွက်အားဆေး သောက်ပါ။(၂) အားကစား လုပ်ပါ။ကျန်းမာရေး လိုက်စားပါ လို့ ခြုံငုံ ပြောကြတာက ကျန်းမာရေးနဲ့ ညီအောင် စားသုံးပြီး ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်လုပ်ဖို့ကို ဆိုလိုပါတယ်။ Gym မသွားနိုင်တောင် အနည်းဆုံး ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုတော့ လုပ်သင့်တယ်။ကြွက်သား အားစိုက်ရတဲ့လေ့ကျင့်ခန်းတွေက အရိုးအဆစ်နဲ့ကြွက်သားသန်မာမှုအတွက် သိပ်ကို အထောက်အကူပေးပါတယ်။ အသက်ကြီးလာတာတောင် လူငယ်တွေထက် သန်မာနေတဲ့ သူတွေ မြင်ဖူးကြတယ်မဟုတ်လား။(၃)အရက်၊ဘီယာလျှော့ပါ။အယ်လ်ကိုဟောနဲ့ ကင်းတဲ့ ပုရိသတွေဆိုတာ ခပ်ရှားရှား၊ မရှိသလောက်ပါပဲ။ ဒါပေမယ့်အယ်လ်ကိုဟောက ကိုယ့်ရဲ့ ရုပ်ရည် အသွင်အပြင်ကိုရော၊ ခန္ဓာကိုယ် တစ်ခုလုံး ကိုပါ အိုမင်းရင့်ရော်စေနိုင်တာကို သင်သိပါရဲ့လား။ဒါ့ကြောင့် မရှောင်နိုင်၊ မဖြတ်နိုင်တောင် အလွန်အကျွံ မသောက်ပါနဲ့။ ဆက်တိုက် သို့မဟုတ် မကြာခဏ မသောက်ပါနဲ့။ ရောဂါ ပိုထူစေပြီး လူ့သက်တမ်း တိုစေနိုင်ပါတယ်။(၄) ဆေးလိပ်ဖြတ်ပါ။ဆေးလိပ်မှာပါတဲ့ ဓာတုပစ္စည်းတွေက ခန္ဓာကိုယ်တစ်ခုလုံး ဘယ်နေရာကိုမှ ကောင်းကျိုးမပေးပါဘူး။ ဆေးလိပ်သောက်တာကြောင့် အဆုတ်ထိခိုက်ပြီး သက်လုံမကောင်းတာ၊ အသားအရေတွေ ပျက်စီးတာ၊ အမျိုးသားစွမ်းဆောင်ရည်တွေ ကျဆင်းတာ စတာတွေကြောင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်နေမှာ အသေအချာပါပဲ။ဒါကြောင့် ဆေးလိပ်မသောက်တတ်ရင် အစလုပ်ပြီး မသောက်ပါနဲ့။ သောက်တတ်ရင်တော့ ဖြတ်လိုက်တာ အကောင်းဆုံးပါပဲ။ ဆေးလိပ်လက်ကြားညပ်မှ ခေတ်မီတဲ့ ခေတ်မဟုတ်တော့ပါဘူး။(၅) အသားအရေ ထိန်းသိမ်းပါ။ယောကျာ်းလေးမို့ အသားအရေ ထိန်းဖို့ မလိုဘူးလို့ မတွေးပါနဲ့။ ခုနောက်ပိုင်း အမျိုးသား တွေ အသားအရေကို ဂရုစိုက်လာကြပြီဆိုပေမယ့် တချို့တွေကတော့ ဖြစ်သလို နေကြလေ့ရှိပါတယ်။အရွယ်မတိုင်ခင်ရုပ်မရင့်ချင်၊မအိုစာချင်ဘူးဆိုရင်တော့ မျက်နှာသန့်စင်တာ ၊Toner သုံးတာ၊ နေရောင်ကာခရင်မ်လိမ်းတာ၊ Moisturizer လူးတာ လိုမျိုး ပုံမှန် အသားအရေ ထိန်းသိမ်းမှုတွေတော့ လုပ်ပေးသင့်ပါတယ်။(၆)ရေ များများ သောက်ပါ။တခြားအရည်တွေ ထက် ရေကိုပဲ ဦးစားပေးသောက်ပါ။ လူ့ခန္ဓာကိုယ် အတွက် အရေးပါဆုံးအရာတွေထဲ ရေက ထိပ်ဆုံးမှာ ပါဝင်နေပါတယ်။ ဘီယာတွေ မော့မယ့်အစား ရေသာ သောက်ပါ။အရွယ်တင်နုပျိုပြီး အသားကြည်မယ့် အပြင် ကိုယ်တွင်းအင်္ဂါ တွေရဲ့ လုပ်ဆောင်ချက်ကို ပိုကောင်းစေတာမို့ ကျန်းမာကြံ့ခိုင်စေဖို့ သေချာပါတယ်။မယုံရင် လိုက်လေ့လာကြည့်ပါ။ အသက်ကြီးလာလည်း မပျက်စီးလာတဲ့ အမျိုးသားတွေဟာ ဒီအချက်တွေနဲ့ ကိုက်ညီနေတာ တွေ့ရပါလိမ့်မယ်နော်။ရေးသားသူ – Dr. Thin Yadanar@ Frances။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/reduce-premature-aging-tips-in-men/
ဝမ်းလျှောခြင်း အကြောင်း တစေ့တစောင်း
ဗိုက်ထဲက ရစ်ရစ်ပြီးနာတယ်၊ ဝမ်းသွားနေတာ ခဏခဏပဲ။ ဝမ်းကလည်း သွားလိုက်တိုင်း အရည်တွေ ဖြစ်နေတယ်။ ခြေလက်တွေတောင် မသယ်ချင်တော့ဘူး။ အာခေါင်တွေပါ ခြောက်လာတယ်ဆိုရင်တော့ သင်ဝမ်းလျှောနေပါပြီ။ ဝမ်းလျှောခြင်း အကြောင်းကို အစအဆုံး လေ့လာလိုက်ရအောင်။ဝမ်းလျှောတယ်ဆိုတာက ဝမ်းအရည်တွေ ခဏခဏ သွားတာပါ။ ဝမ်းလျှောနေပြီဆိုရင် တစ်နေ့တာမှာ ဝမ်းအရည်တွေ ၃ ကြိမ် ဒါမှမဟုတ် ၃ ကြိမ်နဲ့ အထက် သွားတာမျိုး ခံစားရနိုင်ပါတယ်။ဝမ်းလျှောတာက လူတော်တော်များများ ခံစားရနိုင်တဲ့ကျန်းမာရေး ကိစ္စတစ်ရပ်ပါ။ ကံကောင်းတာ တစ်ချက်က သာမန် ဝမ်းလျှောတာက ၂ ရက် ကနေ ၃ ရက်အတွင်းမှာ သူ့အလိုလို ပျောက်သွားတတ်ပါတယ်။တကယ်လို့ ဝမ်းလျှောတာက ၃ ရက်နဲ့အထက် ကြာနေပြီဆိုရင်တော့ပြင်းထန်တဲ့ အခြေအနေတစ်ရပ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ဝမ်းလျှောတာက ၄ ပတ်ထက်မနည်း ကြာနေပြီဆိုရင်တော့ နာတာရှည် ရောဂါတစ်ခုခုရဲ့လက္ခဏာပါ။ သေချာ ကုသမှု ခံယူဖို့ လိုပါမယ်။ဝမ်းလျှောခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေက တော်တော်လေး များပါတယ်။တစ်ခါတလေမှာ အကြောင်းအရင်း တိတိပပ ရှာမရဘဲ ဝမ်းလျှောတာမျိုး၊ အစာအိမ်ခွဲစိတ်ကုသမှု ခံယူထားတာကြောင့် ဝမ်းလျှောတာမျိုလည်း ခံစားရနိုင်ပါတယ်။ဝမ်းလျှောနေပြီဆိုရင်။တကယ်လို့ ဝမ်းသွားတာနဲ့အတူ ကိုယ်ပူမယ်၊ ချမ်းတုန်မယ်၊ သွေးစပါမယ်ဆိုရင်ဗိုင်းရပ်စ်ဒါမှမဟုတ်ဘက်တီးရီးယား​ကြောင့်ဖြစ်တဲ့ ဝမ်းလျှောမှုပြဿနာကို ခံစားနေရတာပါ။ဝမ်းလျှောတာက ပြင်းထန်ရောဂါအခြေအနေ တစ်ရပ်ရပ်ကြောင့် မဟုတ်ဘူးဆိုရင်။ဝမ်းလျှောတဲ့အခါမှာ အူလမ်းကြောင်းထဲမှာရှိတဲ့အကျိုးပြုဘက်တီးရီးယားတွေလည်း ဆုံးရှုံးသွားတတ်ပါတယ်။ အူလမ်းကြောင်းထဲမှာရှိတဲ့ ဒီအကျိုးပြုဘက်တီးရီးယားလေးတွေ (Probiotics) တွေက အူလမ်းကြောင်းပုံမှန်အတိုင်း အလုပ်လုပ်နိုင်ဖို့၊ အာဟာရဓာတ်တွေစုပ်ယူနိုင်ဖို့နဲ့ကိုယ်ခံအားကောင်းဖို့အတွက် အရေးကြီးပါတယ်။ အခုလိုဝမ်းလျှောသွားတဲ့အချိန်မှာ ဆုံးရှုံးသွားတဲ့အကျိုးပြုဘက်တီးရီးယားလေးတွေကို ပြန်လည်ဖြည့်တင်းပေးဖို့ အကျိုးပြုဘက်တီးရီးယားပါတဲ့ ဆေးတစ်ခုခုသောက်သင့်ပါတယ်။ဝမ်းလျှောတာက တကယ်လို့ အခုလို အခြေအနေဖြစ်လာမယ်ဆိုရင် ဆရာဝန်နဲ့ပြဖို့ လိုပါမယ်။ဝမ်းလျှောတာက ကာကွယ်လို့ ရပါတယ်။ဝမ်းလျှောတာက ကာကွယ်လို့ ရတဲ့ရောဂါ တစ်ရပ်ဖြစ်သလို သတိမထားမိရင် အသက်ဆုံးရှုံးနိုင်တာကြောင့် ကိုယ်တိုင်ကိုရော မိသားစုကိုပါ ဝမ်းလျှောနိုင်မယ့် အခြေအနေတွေကနေ ကာကွယ်ပေးလိုက်ကြပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/diarrhea-digestive-health/diarrhea-process/
ဆီရိုတိုနင်ဟော်မုန်းကို မြှင့်တင်ပေးမည့် အစားအစာများ
ပထမဆုံးဆီရိုတိုနင်ဆိုတဲ့ ဟော်မုန်းအကြောင်း ရှင်းပြလိုပါတယ်။ ဆီရိုတိုနင်ဆိုတာဟာ စိတ်ကိုတည်ငြိမ်စေတဲ့ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ စိတ်ကို တည်ငြိမ်အေးချမ်းစေပြီး ကောင်းစွာအိပ်ပျော်စေပါတယ်။ ဆီရိုတိုနင်ဟာ စိတ်ပိုင်းဆိုင်ရာကိုရော အပြုအမူကိုပါ သက်ရောက်မှု ရှိပါတယ်။ဆီရိုတိုနင်ပမာဏကို မြင့်တက်လာစေပြီးအမိုင်နိုအက်ဆစ်တမျိုးဖြစ်တဲ့ tryptophan ကို စားသုံးနိုင်ပါတယ်။ tryptophan ကနေ ဆီရိုတိုနင်ကို ဖွဲ့စည်းနိုင်ပါတယ်။ ဒါပေမယ့် သဘာဝအားဖြင့်လည်း ဆီရိုတိုနင်ပမာဏကို မြင့်တက်လာအောင် tryptophan ပါဝင်တဲ့အစာတွေ စားသုံးနိုင်ပါတယ်။Tryptophan နည်းပါးတဲ့အခါ စိတ်ကျခြင်း၊စိတ်ပူပန်ခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့ ဆက်စပ်နေပါတယ်။ ဒီလိုအခြေအနေမှာtryptophan ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပြီး ဆီရိုတိုနင်ပမာဏကို မြှင့်တင်ပေးသင့်ပါတယ်။ယခုဆက်လက်ဖော်ပြမှာကတော့ ဆီရိုတိုနင်ဓာတ်ကို ပိုမိုကြွယ်ဝစေမယ့် အစားအစာတွေပဲ ဖြစ်ပါတယ်။၁။ဥအမျိုးမျိုး။ဥအမျိုးမျိုးမှာ ပါဝင်တဲ့ ပရိုတိန်းဟာ သွေးထဲမှာပါဝင်တဲ့ tryptophan ပမာဏကို မြင့်တက်စေတယ်လို့ သုတေသနစာစောင်တွေမှာ ရေးသားထားပါတယ်။ အထူးသဖြင့် အကာပိုင်း ဖြစ်ပါတယ်။ ကြက်ဥအကာမှာ tryptophan နဲ့ tyrosine အပြင် choline၊ biotin၊omega-3 fatty acidနဲ့ တခြား အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။၂။ဒိန်ခဲ။ဒိန်ခဲဟာ tryptophan ကြွယ်ဝတဲ့ စားစရာတမျိုးပဲ ဖြစ်ပါတယ်။ ဒိန်ခဲကို ကြက်ဥ၊ နို့ စတာတွေနဲ့ ရောနှောစားသုံးခြင်းဟာ အရသာကောင်းမွန်တဲ့အပြင် tryptophan ဓာတ်ကို ကောင်းစွာ ရရှိစေပါတယ်။၃။နာနတ်သီး။နာနတ်သီးဟာ bromelain လို့ခေါ်တဲ့ ပရိုတိန်းကြွယ်ဝတဲ့ စားစရာတမျိုးဖြစ်ပြီး ကင်ဆာရောဂါသည်တွေကင်ဆာဆေးသွင်းကုသခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကို လျှော့ချပေးနိုင်ပါတယ်။ ဆီရိုတိုနင်ကို မြှင့်တင်ပေးပြီး စိတ်တည်ငြိမ်အေးချမ်းမှုဖြစ်အောင် ကူညီပေးနိုင်မယ့်အသီးအနှံပဲ ဖြစ်ပါတယ်။၄။တို့ဟူး။ပဲပိစပ်ကနေ ထုတ်လုပ်ထားတဲ့ အစားအစာတွေဟာ tryptophan ကြွယ်ဝပါတယ်။တို့ဟူးဟာအသီးအရွက်ပဲစားတဲ့ သက်သတ်လွတ်သမားတွေအတွက် ပရိုတိန်းဓာတ် ကောင်းစွာပေးနိုင်တဲ့ စားစရာပဲ ဖြစ်ပါတယ်။ ဆီရိုတိုနင်ကိုလည်း ကောင်းစွာမြှင့်တင်ပေးနိုင်ပါတယ်။၅။ဆယ်လ်မွန်။ဆယ်လ်မွန်ငါးမှာလည်း tryptophan ကြွယ်ဝပြီး ဆီရိုတိုနင်ဟော်မုန်းကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် သွေးတွင်း ကိုလက်စထရောကိုထိန်းညှိပေးခြင်း၊သွေးတိုးကျစေခြင်း စတဲ့ အကျိုးကျေးဇူးတွေလည်း ရရှိစေပါတယ်။၆။အစေ့အဆန်များ။အစေ့အဆန်တွေနဲ့ ပတ်သက်ရင် ကြိုက်တဲ့အမျိုးအစားသာ ရွေးချယ်လိုက်ပါ။ ဘာကြောင့်လဲဆိုရင် အစေ့အဆန်တိုင်းမှာ tryptophan ကြွယ်ဝလို့ ဖြစ်ပါတယ်။ အစေ့အဆန်များကို နေ့စဉ်စားသုံးပေးခြင်းဟာ ကင်ဆာ၊ နှလုံးရောဂါနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ဖြစ်နိုင်ခြေ လျှော့ချပေးပါတယ်။ အစေ့အဆန်များမှာအမျှင်ဓာတ်၊ ဗီတာမင်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများအပြားပါဝင်ပါတယ်။၇။ကြက်ဆင်။ကျေးဇူးတော်နေ့မှာ စားသုံးကြတဲ့ ကြက်ဆင်သားမှာTryptophan ကြွယ်ဝနေခြင်းဟာလည်း ထူးခြားတဲ့ တိုက်ဆိုင်မှုပါပဲ။……………….။ဆီရိုတိုနင်ဟော်မုန်းကို အစားအသောက်တွေမှာ မတွေ့နိုင်ပါဘူး။ tryptophan ကို ရယူပြီးမှသာ ဆီရိုတိုနင်အဖြစ် ဖွဲ့စည်းခြင်းဖြစ်ပါတယ်။ ပရိုတိန်း၊ သံဓာတ်၊ riboflavin၊ ဗီတာမင် b6 စတာတွေမှာလည်း ဒီအမိုင်နိုအက်ဆစ်အမျိုးအစား ပါဝင်ပါတယ်။ကစီဓာတ်ဟာ အင်ဆူလင်ကို ပိုမိုထွက်စေပြီး အမိုင်နိုအက်ဆစ်စုပ်ယူခြင်း၊ သွေးထဲမှာ tryptophan ကို ချန်ထားခဲ့ခြင်း စတဲ့ဖြစ်စဉ်တွေကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် tryptophan ကြွယ်ဝတဲ့ အစားအစာတွေကို ကစီဓာတ်နဲ့ တွဲဖက်စားသုံးခြင်းဟာ ဆီရိုတိုနင်ဓာတ်ကို မြင့်တက်စေပါတယ်။အမှန်တော့ ဆီရိုတိုနင်မြင့်တက်စေဖို့ဆိုရင် အစားအစာတွေအပြင် တခြားနည်းလမ်းတွေလည်း ရှိပါသေးတယ်။ အဲဒီအချက်တွေကတော့။–လေ့ကျင့်ခန်းပြုလုပ်ခြင်း။ အင်္ဂလန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသနတခုအရ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းဟာ ဆီရိုတိုနင်မြင့်တက်စေပြီးစိတ်ကျခြင်းကို ကာကွယ်ပေးတဲ့ အာနိသင် ရှိတယ်လို့ သိရပါတယ်။–နေရောင်ခြည်။ တောက်ပတဲ့နေရောင်ခြည်ဟာ ဆီရိုတိုနင်ဓာတ်ကို မြင့်တက်စေပါတယ်။ နွေးထွေးတဲ့နေရောင်ခြည်ကို ထိတွေ့ခြင်းဟာ ညအချိန်မှာလည်း ကောင်းစွာအိပ်ပျော်စေပြီး စိတ်ကြည်လင်စေတယ်လို့ သိရပါတယ်။– အပြုသဘောဆောင်သောစိတ်။ နေ့စဉ်ဘဝမှာ အပြုသဘောဆောင်တဲ့ စိတ်ထားနဲ့ ကျင့်ကြံနေထိုင်ခြင်းဟာ ဆီရိုတိုနင်ပမာဏကို ပိုမိုမြင့်တက်လာစေတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%86%e1%80%ae%e1%80%9b%e1%80%ad%e1%80%af%e1%80%90%e1%80%ad%e1%80%af%e1%80%94%e1%80%84%e1%80%ba%e1%80%9f%e1%80%b1%e1%80%ac%e1%80%ba%e1%80%99%e1%80%af%e1%80%94%e1%80%ba%e1%80%b8%e1%80%80%e1%80%ad/
ရင်သား တစ်စိတ်တစ်ပိုင်းကို ခွဲစိတ်ဖြတ်ထုတ်ခြင်း (Breast conserving surgery)
Breast conservation surgery ကို lumpectomy, partial mastectomy, quadrantectomy, or segmental mastectomy ဆိုပြီး ခေါ်ကြပါတယ်။ Breast conservation surgery ဟာ ရင်သားကင်ဆာ လူနာတွေအတွက် ကုသနည်း တစ်မျိုးဖြစ်ပါတယ်။ သူဟာ ရင်သားရဲ့ ကင်ဆာဖြစ်နေတဲ့ အစိတ်အပိုင်းကို ဖြတ်ထုတ်တာ ဖြစ်ပါတယ်။ ဖြတ်ထုတ်တဲ့ တစ်ရှူးပမာဏဟာ အကျိတ်တည်နေရာနဲ့ အရွယ်အစားနဲ့ အခြားအချက်အလက်တွေပေါ်မှာလည်း မူတည်ပါသေးတယ်။ ခွဲစိတ်မှုမပြုခင် ဆရာဝန်နဲ့ ရင်သားရဲ့ ဘယ်လောက်ကို ဖြတ်ထုတ်မှာလဲ၊ ဘယ်လို အမာရွတ်မျိုး ကျန်ခဲ့မှာလဲ အစရှိတဲ့ အသေးစိတ်အချက်အလက်တွေကို မေးမြန်းသင့်ပါတယ်။ ဘာလို့လဲဆိုတော့ အကျိတ်ပတ်လည်က ပုံမှန် ကောင်းတဲ့ တစ်ရှူးအချို့ကိုပါ ဖြတ်ထုတ်မှာမို့ပဲ ဖြစ်ပါတယ်။Breast conservation surgery ကို ဘယ်သူတွေ လုပ်လို့ရပါသလဲ။Breast conservation surgery ရဲ့ အဓိက ကောင်းကျိုးကတော့ အမျိုးသမီးတွေဟာ သူတို့ရဲ့ ရင်သားအတော်များများကို ဆက်လက် ရှိနေနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဓါတ်ရောင်ခြည်ကုသမှုကိုတော့ ခံယူသင့်ပါတယ်။ဒီကုသမှုဟာ သင့်မှာ အောက်ပါ အချက်တွေ ရှိတယ်ဆိုရင်တော့ သင့်ရွေးချယ်မှုပဲ ဖြစ်ပါတယ်။• ရင်သားအကျိတ် တစ်လုံး (5mm ထက်ငယ်တဲ့ အရွယ်အစား)။• ရင်သားအကျိတ်တစ်လုံး (သို့) နီးကပ်စွာတည်ရှိတဲ့ အကျိတ်အများကြီး (သူတို့ကို ဖြတ်ထုတ်လိုက်ခြင်းဟာ ရင်သားကို ပုံပျက်စေခြင်း သိပ်မရှိနိုင်ပါဘူး)။• တစ်ရှူး အလုံအလောက် ရှိခြင်း (ဒါမှသာ ဘေးပတ်လည်က တစ်ရှူးတွေ ဖြတ်ထုတ်ခြင်းဟာ ရင်သားကို ပုံမပျက်စေမှာပါ)။• ရောင်ရမ်းတဲ့ ရင်သားကင်ဆာ မရှိခြင်း။• ကိုယ်ဝန်ရှိမနေခြင်း။• ဒီကုသမှုနဲ့ နောက်ဆက်လုပ်ရတဲ့ ဓါတ်ရောင်ခြည်ကုသမှုကို ခံယူဖို့ စိတ်ထက်သန်ခြင်း။အချို့အမျိုးသမီးတွေက ဒီကုသမှုဟာ ရင်သားအကုန်ထုတ်မပစ်တာကြောင့် ကင်ဆာပြန်ဖြစ်မှာကို စိုးရိမ်တတ်ကြပါတယ်။ ဒါပေမယ့် အခြေအနေအတော်များများမှာ ရင်သားတစ်ခုလုံးဖြတ်ထုတ်ခြင်းဟာလည်း ရေရှည် အသက်ရှင်သန်မှု (သို့) ကုသမှုနဲ့ ပတ်သက်တဲ့ ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေကို ပေးစွမ်းခြင်း မရှိပါဘူး။ နှစ်ပေါင်း ၂၀ ကျော်လေ့လာခဲ့တဲ့ လေ့လာမှု တွေက ရင်သားတစ်ခုလုံး ဖြတ်ထုတ်ခြင်းဟာ ပိုမိုကောင်းမွန်တဲ့ အသက်ရှင်နှုန်းကို မပေးနိုင်တာကြောင့် Breast conservation surgery ကို လုပ်နိုင်ပါတယ်လို့ ဆိုပါတယ်။ခွဲစိတ်နည်း။ခွဲစိတ်ခြင်းဟာ တစ်နာရီကနေ နှစ်နာရီအထိ ကြာတတ်ပါတယ်။ ရင်သားအတွင်းဘက်မှာ သတ္တုနဲ့ ပြုလုပ်ထားတဲ့ ညှပ်ကလေးတွေကို ထားခဲ့မှာဖြစ်ပြီး ဒါဟာ ထုတ်လိုက်တဲ့ နေရာအတိအကျကို ဖေါ်ပြမှာ ဖြစ်ပါတယ်။ ခွဲစိတ်ဆရာဝန်ဟာ ပြန်ရည်ကျိတ်တွေကိုလည်း စစ်ဆေးမှာဖြစ်ပါတယ်။ အကျိတ် ပတ်လည်ကို radioactive tracer (သို့) အပြာရောင် dye ကို ထိုးလိုက်မှာ ဖြစ်ပါတယ်။ ဒီ ပစ္စည်းဟာ ကင်ဆာဆဲလ်တွေ သွားတဲ့ လမ်းအတိုင်းသွားမှာဖြစ်ပါတယ်။ ဒါဟာ ခွဲစိတ်ဆရာဝန်ကို စစ်ဆေးဖို့ လိုအပ်တဲ့ ပြန်ရည်ကျိတ်တွေ ရှိမရှိ ဆုံးဖြတ်ဖို့ ကူညီပေးမှာဖြစ်ပါတယ်။နေပြန်မကောင်းခင်မှာ လက်မောင်း (သို့) လက် ရောင်ခဲ့ရင်၊ အရေပြားအောက်မှာ အရည်ရှိနေရင်၊ နီမြန်းခြင်းနဲ့ အခြားရောဂါပိုးဝင်တဲ့ လက္ခဏာတွေ ရှိနေရင် ဆရာဝန်ကို အကြောင်းကြားသင့်ပါတယ်။Breast conservation surgery လုပ်ပြီးနောက်မှာတော့ ဓါတ်ရောင်ခြည်ကုသမှု ယူရမှာဖြစ်ပါတယ်။ဘာကိုမျှော်လင့်ထားရမလဲ။ဆရာဝန်က။• ခွဲစိတ်မှု မပြုခင် လိုက်နာရမယ့် အချက်အလက်တွေ။• လုပ်ဆောင်နည်း။• ပြန်ကောင်းလာစဉ်နဲ့ ခွဲစိတ်ပြီး ဂရုစိုက်ဖို့ အချက်တွေ ကို ပြောပြမှာဖြစ်ပါတယ်။Breast conservation surgery ရဲ့ ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ။Breast conservation surgery က ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေကတော့။• နာကျင်ခြင်း။• ခဏတာ ရောင်ရမ်းခြင်း။• ခွဲစိတ်တဲ့နေရာမှာ မာတဲ့ အမာရွတ် ဖြစ်ခြင်း။• ရင်သားပုံစံ ပြောင်းလဲခြင်း။• ရင်ဘတ်ထဲ၊ ချိုင်းကြားနဲ့ ချိုင်းမှာ အာရုံကြော နာကျင်ခြင်းနဲ့ အချိန်ကြာသော်လည်း သက်သာမှု မရှိခြင်း ( post-mastectomy pain syndrome) တွေပဲ ဖြစ်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/%e1%80%9b%e1%80%84%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8-%e1%80%90%e1%80%85%e1%80%ba%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%90%e1%80%85%e1%80%ba%e1%80%95%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8/
ထောင်နေတဲ့ မောင်းတံကြီး ပြန်မကျနိုင်တော့ဘူးလား (Priapism)
ထောင်နေတဲ့ မောင်းတံကြီး ပြန်မကျနိုင်တော့ဘူးလား (Priapism) …… အမျိုးသားထုကြီးနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ Priapism ဆိုတာ လိင်အင်္ဂါထောင်မတ်နိုင်ခြင်း နာရီနဲ့ ချီနေပြီး လုံးဝပြန်မကျတော့တဲ့ အခြေအနေကို ခေါ်ပါတယ်။ ပုံမှန် ယောက်ျားလေးမှာ လိင်အင်္ဂါထောင်မတ်ခြင်း ဖြစ်စေဖို့ ခန္ဓာကိုယ်မှာ ရှိတဲ့ သွေးတွေက လိင်တံအတွင်း သွေးကြောနဲ့ တစ်ရှူးထဲကို စီးဆင်းကာ ထောင်မတ်ခြင်း၊ ဖောင်းကြွခြင်းကို ဖြစ်စေပါတယ်။သုက်လွှတ်ပြီးတာနဲ့ သွေးတွေက ခန္ဓာကိုယ်ရဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေဆီကို ပြန်ရောက်သွားပြီးလိင်အင်္ဂါပျော့ခွေသွားပါတယ်။ အကြာဆုံး ၄၅ မိနစ်၊ တစ်နာရီလောက်ပဲ ထောင်မတ်နေသင့်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ၄နာရီထက် ကျော်လွန်ပြီးထောင်မတ်နေတာ၊ ဘယ်လိုမှ ပြန်မကျတော့ဘူးဆိုရင်တော့ Priapism လို့ သတ်မှတ်လို့ ရပြီး အရေးပေါ် ကုသမှုခံယူဖို့ လိုအပ်ပါတယ်။လိင်အင်္ဂါထောင်မတ်ပြီး ပြန်မကျတော့တဲ့ အခြေအနေကို သွေးစီးဆင်းမှုနှုန်းပေါ် မူတည်ပြီး ၂ မျိုးခွဲခြားနိုင်ပါတယ်။ပထမ တစ်မျိုး ဖြစ်တဲ့ သွေးစီးဆင်းနှုန်း နည်းသေးတဲ့ အခြေအနေ (Low-flow or Ischemic Priapism) မှာ။• ထောင်မတ်နေချိန် ၄နာရီထက် ကြာမြင့်ခြင်း။•လိင်အင်္ဂါရဲ့ ထိပ်က ပျော့နေပြီး ကိုယ်ထည်က မာနေခြင်း။• လိင်အင်္ဂါအတွင်းက နာကျင်နေခြင်းကို ခံစားရပါတယ်။ဒုတိယ သွေးစီးဆင်းနှုန်း မြင့်တဲ့ထောင်မတ်ခြင်း အခြေအနေ (High-flow Priapism) မှာတော့ နာကျင်မှုကို ခံစားရတော့မှာ မဟုတ်ပါဘူး။ လိင်ဆက်ဆံပြီး ဖြစ်စေ၊လိင်စိတ်ထကြွစေရန် နှိုးဆွခြင်းမရှိတဲ့တိုင်အောင် သူ့အလိုလို ထောင်မတ်ပြီး ပြန်မကျတော့တာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ထောင်နေတဲ့ မောင်းတံကြီး ပြန်မကျနိုင်တော့ဘူးလား (Priapism) ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ အဓိက လိင်အင်္ဂါတွင်း သွေးစီးဆင်းမှု အဝင်အထွက်ကို အဟန့်အတားဖြစ်စေတဲ့ ရောဂါ၊ ကျန်းမာရေး အခြေအနေတစ်ခုကြောင့် ဖြစ်ရတာပါ။သွေးအားနည်းရောဂါရှိသူ၊သွေးကင်ဆာရှိသူ၊ သွေးဖြူဆဲလ်တွေကြောင့် ဖြစ်တဲ့ ကင်ဆာအမျိုးအစားကြောင့် Priapism ပြဿနာ ဖြစ်နိုင်ခြေ ရှိပါတယ်။ ရှားပါးဖြစ်စဉ်အနေနဲ့။အကယ်လို့ ကိုယ့်ရဲ့ လိင်တံထောင်မတ်နေတာ ၄ နာရီထက် ကျော်သွားတာ၊ အချိန်အကြာကြီး ထောင်မတ်ပြီးနောက် ပြန်မကျတော့ဘဲ နာလာတာဆိုရင်တော့ အရေးပေါ်ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ ဆရာဝန်အနေနဲ့ လူနာရှင်ရဲ့ လိင်အင်္ဂါ အခြေအနေ၊ ကျန်းမာရေး ပြဿနာ၊ နောက်ကြောင်း ရာဇဝင်၊ ရောဂါအတွက် ရေရှည်စွဲသောက်နေရတဲ့ သောက်ဆေး စတာတွေကို အရင်ဆုံး မေးမြန်းစစ်ဆေးမှာ ဖြစ်ပါတယ်။နောက်ထပ် လိုအပ်တဲ့ စစ်ဆေးမှုအနေနဲ့။• ထောင်မတ်နေတဲ့လိင်တံအတွင်း အပ်နဲ့ ထိုးသွင်းကာ သွေးနမူနာယူခြင်း။• သွေးတွင်းမှာ ရှိတဲ့ သွေးနီဆဲလ် ပမာဏကို စစ်ဆေးခြင်း။• ဆီးနမူနာယူပြီး မူးယစ်ဆေး သုံးစွဲထားခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း။• လိင်တံအတွင်း သွေးစီးဆင်းမှုနှုန်းကို တိုင်းတာရန် အာထရာဆောင်းရိုက်ခြင်း စတာတွေကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ကုသမှုပုံစံအနေနဲ့။၁။ Low-flow အမျိုးအစားကြောင့် ဖြစ်တဲ့ Priapism ပြဿနာအတွက် လိင်တံကို ဆေးထိုးအပ်နဲ့ ထိုးဖောက်ပြီး အထဲမှာ အောင်းနေတဲ့ သွေးများကို ဆေးထိုးပြွန်ထဲ ထုတ်ယူမှာ ဖြစ်ပါတယ်။ လိင်အင်္ဂါမှာ သွေးနည်းလာတာနဲ့အမျှ နာကျင်မှုက သက်သာလာမှာ ဖြစ်ပြီး ထောင်မတ်ခြင်းလည်း ပြန်ကျသွားမှာ ဖြစ်ပါတယ်။၂။ နောက်ထပ် ကုသမှုအနေနဲ့ သွေးကြောများကို ကျဉ်းသွားစေတဲ့ ဆေးရည်ကို လိင်အင်္ဂါအတွင်း ထိုးသွင်းတဲ့ ကုထုံးကို အသုံးပြုနိုင်ပါတယ်။ လိင်အင်္ဂါအတွင်း သွေးဝင်စေတဲ့ သွေးကြောများကို ကျုံ့သွားစေပြီး အပြင်ပြန်ထွက်စေတဲ့ သွေးကြောများကို ချဲ့ပေးလိုက်ခြင်းဖြင့် လိင်အင်္ဂါအတွင်းက သွေးများကို ခန္ဓာကိုယ်နေရာအနှံ့ဆီ ပြန်ရောက်သွားအောင် ကူညီပေးနိုင်ပါတယ်။၃။ ဒီကုသမှု ၂ မျိုးလုံးနဲ့ အဆင်မပြေဘူးဆိုရင်တော့ ခွဲစိတ်ကုသမှု ခံယူဖို့ ဆရာဝန်က အကြံပေးမှာ ဖြစ်ပါတယ်။ ဒီခွဲစိတ်ကုသခြင်းရဲ့ ရည်ရွယ်ချက်က လိင်အင်္ဂါအတွင်း သွေးဝင်ထွက်နှုန်းကို ထိန်းချုပ်ဖို့ သွေးကြောများကို ပြုပြင်ပေးဖို့ပဲ ဖြစ်ပါတယ်။၄။ High-Flow အမျိုးအစား လိင်တံထောင်မတ်ခြင်းကတော့ သိပ်ပြီး အန္တရာယ်မရှိတဲ့အပြင် နာကျင်မှုလည်း မရှိတာကြောင့် ကုသမှု ကြီးကြီးမားမား ခံယူဖို့ မလိုပါဘူး။ ရံဖန်ရံခါမှာ ကုသမှု မခံယူဘဲ သူ့အလိုလို ထောင်မတ်ခြင်း ပြန်ကျသွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ လူနာရှင်ရဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး လိုအပ်တဲ့ ဆေးဝါးနဲ့ ကုထုံးတွေကိုတော့ ဆရာဝန်က အကြံပေးမှာပါ။လိင်တံထောင်မတ်ခြင်းဟာ အမျိုးသားတစ်ယောက်ရဲ့ လိင်ကျန်းမာရေးနဲ့ လိင်မှုကိစ္စအတွက် အရေးပါတဲ့ လုပ်ငန်းဆောင်တာ ဖြစ်ပေမယ့် အချိန်ကြာမြင့်စွာ ထောင်မတ်ခြင်းကိုတော့ ကုသမှုခံယူဖို့ လိုအပ်တဲ့ ကျန်းမာရေးပြဿနာအဖြစ် သတ်မှတ်လို့ ရတာကြောင့် မပေါ့ဆသင့်ပါဘူးနော်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/treatment-of-priapism/
ပင်ပန်းနွမ်းနယ်ခြင်းအတွက် အစားအစာကောင်းများ
အကယ်၍ သင်သည် ပင်ပန်းနွမ်းနယ်ခြင်းကို ပြန်လည် တိုက်ထုတ်နိုင်မဲ့ စွမ်းအားရင်းမြစ်ကို ရှာဖွေနေသူဆိုလျှင် အောက်တွင်သင်ရှာဖွေနေသော အရာများ ဖော်ပြထားပါတယ်။ အောက်ဖော်ပြပါ အစားအစာတွေကို သင့်နေ့စဉ်အစားအသောက်ထဲတွင် ထည့်သွင်းစားသုံးခြင်းဖြင့် လွယ်ကူထိရောက်စွာပင် ပင်ပန်းနွမ်းလျခြင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။သို့ဖြစ်၍ ထိုနည်းလမ်းကောင်းများကို သင်ဘာကြောင့် မကြိုးစားကြည့်ပါသလဲ။ပင်ပန်းနွမ်းနယ်ခြင်းဆိုသည်မှာ စိတ်ရောကိုယ်ပါ အားအင်ကုန်ခမ်း နုံးချိခြင်းကို ချုံငုံသုံးထားသော အသုံးအနှုန်းတစ်ခု ဖြစ်ပါတယ်။ ၎င်းသည် အိပ်စက်အနားယူဖို့ လိုအပ်သော ငိုက်မျဉ်းခြင်းနှင့် မတူပေ။ ပင်ပန်းနွမ်းနယ်ခြင်းသည် မောပန်းခြင်း၊ အားအင် ကုန်ခမ်းခြင်း နှင့် ထိုင်းမှိုင်းလေးကန်ခြင်းတို့ ပါဝင်ပါသည်။ကျန်းမာရေးရှုထောင့်အရ ပင်ပန်းခြင်းသည် အိပ်ငိုက်ခြင်း၊ ငိုက်မျဉ်းခြင်းနဲ့ မတူပေ။ သင်ပင်ပန်းနေသော အခါတွင် သင့်မှာ နောက်ထပ် ခွန်အားနဲ့ လုပ်နိုင်စွမ်းအား မရှိတော့ခြင်း၊ ကုန်ခမ်းသွားခြင်း ဖြစ်သည်။ပင်ပန်းနွမ်းနယ်ခြင်းကို တိုက်ထုတ်ဖို့ အကောင်းဆုံး နည်းလမ်းများထဲမှ တစ်ခုကတော့ မရှိမဖြစ်လိုအပ်သော ဗီတာမင် သက်စောင့်ဓါတ်များ၊ ခွန်အားအတွက် ကာဗိုဟိုက်ဒရိတ် နှင့် ခံနိုင်ရည်အားအတွက် အသားဓါတ် တို့ စားသုံးခြင်း ဖြစ်သည်။ချီရာ အစေ့ (Chia seeds)။၎င်းတို့သည် သေးငယ်သော အစေ့အဆန်များဖြစ်သော်လည်း ခန္ဓါကိုယ်အတွက် များစွာသော ကျန်းမာခြင်း အကျိုးကျေးဇူးများ သယ်ဆောင်လာသည်။ ၎င်းတွင် အသားဓါတ်၊ အဆီဓါတ်နှင့်အမျှင်ဓါတ်တို့ အချိုးမျှတစွာ ပါဝင်သည်။ သင့်စွမ်းအားကို မြှင့်တင်ပေးနိုင်ရုံသာမက ရေကို ဆယ်ဆ ပိုမိုစုပ်ယူနိုင်သောကြောင့် ရေဓါတ်လည်း ဖြည့်တင်းပေးသည်။ရှေးယခင်က Azetcs နဲ့ Mayans လူမျိုးများသည် ချီရာအစေ့ (Chia seeds) ကို ခံနိုင်ရည်အားနဲ့ လှုပ်ရှားနိုင်စွမ်း တိုးတက်ဖို့အတွက် အသုံးပြုခဲ့ကြသည်။ ထို့ကြောင့်လည်း ချီရာအစေ့ (Chia seeds)များကို ပြေးနေသော အစေ့လေးများဟုပင် တင်စားခေါ်ဝေါ်ခဲ့ကြသည်။ဥအမျိုးမျိုး။ဥများသည် ကျွန်ုပ်တို့ကို သံဓါတ်၊ ဇင့်ဓါတ် နဲ့ အသားဓါတ်များစွာကို ပေးစွမ်းနိုင်သော စွမ်းအားရင်းမြစ်များဖြစ်သည်။ သင့်နေ့စဉ် အစားအသောက်ထဲတွင် ဥများကို ပုံစံမျိုးစုံနဲ့ ထည့်သွင်းစားသုံးခြင်းကကြွက်သားတည်ဆောက်ရာမှာ ကူညီရုံသာမက ခွန်အားဆက်လက်ပြည့်ဝနေအောင် ထိန်းသိမ်းရာတွင်လည်း ကူညီပေးပါတယ်။ဥတွင် ပါဝင်သော အသားဓါတ် ၆ ဂရမ်သည် သွေးတွင်း သကြားဓါတ် နှင့် လူစင်း (leucine) အမိုင်နိုအက်ဆစ်ဓါတ်ကို ထိန်းသိမ်းပေးပါတယ်။ ဥတွင်ပါဝင်သော ဗီတာမင် ဘီ သည် ခန္ဓါကိုယ်မှ စွမ်းအင်ထုတ်လုပ်မှုကို ထောက်ပံ့ပေးပါတယ်။အုတ်ဂျုံ (Oatmeal)။အကယ်၍ သင်သည်မနက်ပိုင်း အားအင်လျော့နည်းနေတယ်လို့ ခံစားရတယ်ဆိုလျှင် အုတ်ဂျုံ တစ်ခွက်စာ စားသုံးလိုက်ခြင်းက အကြံဉာဏ်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ အုတ်ဂျုံသည် ခန္ဓါကိုယ်တွင် သိုလှောင်ထားသော ကာဗိုဟိုက်ဒရိတ်နဲ့ အရည်အသွေးတူသော ကာဗိုဟိုက်ဒရိတ်များ ပါရှိပြီး ဦးနှောက်နဲ့ ကြွက်သားအတွက် စွမ်းအင်လောင်စာ ဖြည့်တင်းပေးသည်။အကယ်၍ သင့်စွမ်းအားကို မြှင့်တင်လိုလျှင် အုတ်ဂျုံကို မနက်စာအဖြစ်သာမက တစ်နေ့တာ၏ မည်သည့် အချိန်တွင်မဆို စားသုံးပေးနိုင်ပါတယ်။ပဲအမျိုးမျိုး။ပဲသည် အစားအစာများထဲတွင် စွမ်းအင်ဖြည့်တင်းပေးသော အဓိက ရင်းမြစ်တစ်ခုပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပဲတွင် အသားဓါတ်၊ အမျှင်ဓါတ်နှင့် ကာဗိုဟိုက်ဒရိတ်ဓါတ်များစွာ ပါဝင်သောကြောင့်ဖြစ်သည်။ အသားဓါတ်သည် သင့်ကို လောင်စာဖြည့်တင်းပေးပြီး ကာဗိုဟိုက်ဒရိတ်က သင့်နေ့စဉ်လုပ်ငန်းဆောင်တာများအတွက် စွမ်းအားကို ထောက်ပံ့ပေးသည်။အမျှင်ဓါတ်ကတော့ သင့်သွေးတွင်း သကြားဓါတ်ကို ထိန်းညှိပေးသည်။ စွမ်းအားမြင့်တင်ပေးသော ကိစ္စရပ်နှင့် ပတ်သတ်လာလျှင် ပဲလွန်းသည် သင့်အတွက် အထူး မိတ်ဆွေကောင်းပင်ဖြစ်သည်။အခွံမာသီးများ။အသားဓါတ်နှင့် အမျှင်ဓါတ်ကြွယ်ဝစွာ ပါဝင်သော နောက်ထပ် ရင်းမြစ်တစ်ခုသည် အခွံမာသီး အမျိုးမျိုး ဖြစ်ပါတယ်။ ၎င်းတို့သည် သင့်စွမ်းအား ကို တိုးပွားစေပြီး ဆက်လက်ထိန်းသိမ်းပေးနိုင်စွမ်းရှိပါတယ်။အခွံမာသီးများသည် သင် ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီးချိန်တွင် စွမ်းအင်ပြန်လည်ဖြည့်တင်းဖို့အတွက် ရွေးချယ်မှုကောင်းတစ်ခုဖြစ်သည်။ အားကစားလုပ်ပြီးချိန် ခန္ဓါကိုယ်မှ ဆုံးရှုံးသွားသော (ပိုတက်ဆီယမ်၊ ဆိုဒီယမ်ကဲ့သို့သော) ဓါတ်များ ပြန်လည်ဖြည့်တင်းဖို့အတွက် အစိမ်းဖျော့ရောင် အခွံမာသီးတစ်မျိုးဖြစ်သည့် ပီစတာချီအို (pistachio) စားသုံးသင့်ပါတယ်။ ၎င်းကို စားသုံးခြင်းသည် ပင်ပန်းနွမ်းနယ်ခြင်းကို သက်သာစေရုံသာမက မဂ္ဂနီဆီယမ်ဓါတ်ကိုလည်း ရရှိစေပါတယ်။ပင်ပန်းနွမ်းနယ်ခြင်းကို တိုက်ထုတ်သော နည်းလမ်းများသည် သင်ထင်သလောက် မခက်ခဲပါ။ အထက်တွင် ဖော်ပြထားသော အံ့ဖွယ် အစားအစာများကို သင့်နေ့စဉ် စားသောက်ဖွယ်ရာများတွင် ထည့်သွင်းစားသုံးရုံမျှနှင့်ပင် သင့်အတွက် လုံလောက်သည်ထက်ပိုသော စွမ်းအင် ခွန်အားများရရှိလာမှာ ဖြစ်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%95%e1%80%84%e1%80%ba%e1%80%95%e1%80%94%e1%80%ba%e1%80%b8%e1%80%94%e1%80%bd%e1%80%99%e1%80%ba%e1%80%b8%e1%80%94%e1%80%9a%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%a1%e1%80%90/
အမျိုးသားတစ်ဦးရဲ့ ကျန်းမာရေးပြဿနာ
အမျိုးသားတစ်ဦးရဲ့ ကျန်းမာရေးပြဿနာ တွေက ဘာတွေများ ဖြစ်မလဲ။ သင်ဟာ သင့်ရဲ့ကျန်းမာရေးထက် ကားတွေ၊ သင်ပိုင်ဆိုင်တဲ့ဖုန်းတွေ၊ ကွန်ပျူတာစတဲ့ တန်ဖိုးကြီးပစ္စည်းတွေကို ဂရုစိုက်တဲ့ အမျိုးသားတစ်ယောက် ဖြစ်နေပါသလား။ မပူပါနဲ့။ သင်တစ်ယောက်တည်း မဟုတ်ပါဘူးနော်။အမျိုးသားတစ်ဦးရဲ့ ကျန်းမာရေးပြဿနာ တွေကတော့။သွေးပေါင်ချိန်တာ၊ သွေးတိုးရောဂါတွေဟာ အသက်(၄၅)နှစ်ကျော်တဲ့ အမျိုးသားတွေမှာ ပိုတွေ့ရတဲ့ ရောဂါပါ။ ကျန်းမာရေးစစ်ဆေးမှုကို ပုံမှန် ပြုလုပ်ဖို့  စိတ်မပါကြတဲ့အခါ မိမိမှာ ရောဂါရှိလို့ ရှိနေမှန်းလည်း မသိကြပါဘူး။ ဒါကြောင့် ဆေးရုံဆေးခန်းကို သွားရောက်ပြီး ကျန်းမာရေးစစ်ဆေးမှု ပုံမှန်ပြုလုပ်သင့်ပါတယ်။ဆရာဝန်တွေဟာ သင့်ရဲ့ ကိုလတ်စထရောပမာဏ၊ သွေးပေါင်ချိန်နဲ့ ဆေးလိပ်သောက်ခြင်း/ မသောက်ခြင်း အလေ့အထပေါ်မူတည်ပြီးတော့ နှလုံး သွေးကြောကျဉ်းရောဂါ ဖြစ်ပွားနိုင်မှုနှုန်းကို တွက်ချက်ပေးနိုင်ပါတယ်။ဆေးလိပ်သောက်ခြင်းအလေ့အထဟာ အမျိုးသား တွေမှာ ပိုတွေ့ရပါတယ်။ အဆုတ်ကင်ဆာ၊ အဆုတ်လေပြွန်ရောင်ရောဂါ၊ COPD နဲ့ တီဘီရောဂါ တွေဟာ အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ ဒါဟာ ဆေးလိပ်သောက်လို့ ဖြစ်ရတာပါ။ တီဘီ ရောဂါ၊ ကိုရိုနာဗိုင်းရပ်စ်လို ကူးစက်ရောဂါတွေဟာလည်း ဆေးလိပ်သောက်သူတွေ ကူးစက်ခံရပါက ပိုအထိနာမှာပါ။ဒါ့အပြင် ကျောက်ဂွမ်းမှုန့်၊ Silica ဒါမှမဟုတ် မီးခိုးမီးလျှံတွေနဲ့ ထိတွေ့လုပ်ကိုင်နေရတဲ့ စက်ရုံ/အလုပ်ရုံ အလုပ်တွေဟာ အမျိူးသားတွေ လုပ်ကြရတဲ့ အလုပ်တွေဖြစ်ပါတယ်။ အမျိုးသမီးတွေက ဒီအလုပ်တွေကို သိပ်မလုပ်ကြပါဘူး။ ဒီအလုပ်တွေဟာ အဆုတ်ကင်ဆာ ဒါမှမဟုတ် အဆုတ်နဲ့ပတ်သက်တဲ့ ရောဂါတွေ ဖြစ်ပွားရတဲ့ အကြောင်းအရင်းတွေပါပဲ။အရက်ကြောင့်ဖြစ်တဲ့ ရောဂါတွေကြောင့် ဆေးရုံတက်ရခြင်းနဲ့ သေဆုံးရခြင်းတွေဟာ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ အရက်စွဲလမ်းသောက်သုံးခြင်းမှာ အမျိုးသားဦးရေဟာ အမျိုးသမီးဦးရေထက် နှစ်ဆပိုများပါတယ်။အရက်သောက်ခြင်းကြောင့် စိတ်တိုစိတ်ဆတ်ခြင်းကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ရောဂါတွေနဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းတွေ ပြုလုပ်လာနိုင်ပါတယ်။ ဒါ့အပြင် အရက်သောက် သုံးမှုများခြင်းကြောင့် ခံတွင်းကင်ဆာ၊ လည်မျိုကင်ဆာ၊ အသည်းကင်ဆာ စတာတွေ ဖြစ်ပွားနိုင်ပြီး ဟော်မုန်း ထုတ်လုပ်မှုတွေကိုလည်း ထိခိုက်နိုင်ပါသေးတယ်။ဒါဟာ အရက်သောက်သုံးခြင်းရဲ့ အကျိုးဆက်ပါ။ မိမိကိုယ်ကို သတ်သေခြင်းကိစ္စကို ကြည့်ပါက အမျိုးသားတွေဟာ ပိုမိုသတ်သေလေ့ရှိကြောင်း သုတေသနပြုစုချက်တွေက ဖော်ပြထားပါတယ်။ရေနစ်ခြင်း၊ မတော်တဆမှုကြောင့် ဦးနှောက် ထိခိုက်ရခြင်း၊ ယာဉ်မတော်တဆမှုစတဲ့ မတော်တဆမှုတွေကြောင့် ထိခိုက်ရခြင်းတွေဟာ အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ မတော်တဆမှုတွေဟာ အမျိုးသားတွေ သေဆုံးရခြင်းရဲ့ ထိပ်တန်းအကြောင်းအရင်းတွေထဲက တစ်ခုပါပဲ။ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် အန္တရာယ်များတဲ့ အလုပ်တွေကို ဦးဆောင်လုပ်ကိုင်နေရသူတွေမို့ ထိုအလုပ်တွေကြောင့် ထိခိုက်နစ်နာမှုတွေ ပိုခံစားရသူတွေပါပဲ။အရက်သောက်ခြင်းနဲ့ ဆေးလိပ်အလွန်အကျွံသောက်သုံးခြင်းကြောင့် အသည်းခြောက်ခြင်း၊ အသည်းရောင်အသားဝါရောဂါ နဲ့ အသည်းကင်ဆာတွေ ဖြစ်ပွားနှုန်းများရပါတယ်။အမျိုးသားတွေမှာ ဆီးချိုရောဂါ ဖြစ်ပွားတဲ့အခါ ဆေးကုသမှုမခံယူဘဲ ပစ်စလက်ခတ် နေတတ်ကြပါတယ်။ အဲ့ဒီအခါ ဆီးချိုရောဂါကနေ။ဆီးချိုရောဂါနဲ့ အမျိုးသားတွေဟာ ကျားဟော်မုန်း ပမာဏတွေ ကျဆင်းလာပြီး လိင်မှုပိုင်းဆိုင်ရာမှာ အစွမ်းဆောင်နိုင်တော့ခြင်းနဲ့ မျိုးပွားမှု ပြဿနာတွေခံစားရတတ်ပါတယ်။ သင့်မိသားစုမျိုးရိုးမှာ ဆီးချိုရောဂါရှိပါက သင်လည်း စစ်ဆေးမှုပြုလုပ်ပေးသင့်ပါတယ်။အမျိုးသားတွေဟာ ဆေးလိပ်သောက်တဲ့အတွက် အဆုတ်ပြဿနာတွေကို ခံစားထားရသူများမို့ အဆုတ်ရောင် ရောဂါပိုးတွေ ပိုမိုကူးစက်လွယ်ပါတယ်။ ရာသီတုပ်ကွေးရောဂါနဲ့ နမိုးနီးယားရောဂါကို ကာကွယ်ချင်ရင်တော့ ကာကွယ်ဆေးထိုးထားပါ။Melanoma ဆိုတဲ့ အရေပြားကင်ဆာဟာ အသက်(၅၀)ကျော် အမျိုးသား တွေမှာ အဖြစ်များပါတယ်။ ဒါဟာ အမျိုးသားတွေဟာ အမျိုးသမီးတွေလို နေလောင်ခရင်မ်တွေ၊ အသားအရေထိန်းသိမ်းတဲ့ အလှကုန်ပစ္စည်းတွေကို အသုံးပြုဖို့ စိတ်မဝင်စားလို့ပါ။ ဒါကြောင့် သင်ဟာ အမျိုးသာတစ်ဦး ဖြစ်သည့်တိုင် နေပူထဲသွားတဲ့အခါ နေလောင်ကာခရင်မ် (Sunscreen)တွေ လိမ်းခြင်း၊ နေကာမျက်မှန်တပ်ခြင်း၊ အင်္ကျီလက်ရှည် ဝတ်ဆင်ခြင်းနဲ့ ဦးထုပ်ဆောင်းခြင်းတွေ ပြုလုပ်သင့်ပါတယ်။ ဒါဟာ သင်ကြိုက်တဲ့ ဖက်ရှင်နဲ့ မကိုက်ညီသည့်တိုင် ကျန်းမာရေးအတွက် ပြုလုပ်သင့်တဲ့ အလေ့အထပါ။အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ခုခံအားကျဆင်းမှု HIV ဗိုင်းရပ်စ်ပိုး ပိုမိုကူးစက်တာကို တွေ့ရပါတယ်။ ဒါဟာ အမျိုးသားတွေမှာလိင်တူဆက်ဆံခြင်းဦးရေများလာလို့ပါပဲ။ ရောဂါပိုးရှိသူ အမျိုးသားတစ်ဦးနဲ့ လိင်တူဆက်ဆံလိုက်တဲ့ အမျိုးသား တစ်ဦးဟာ HIV ​ရောဂါပိုးကူးစက်ပြီး AIDS​ ရောဂါကို ခံစားရမှာပါ။ HIV ​ရောဂါပိုးတင်မဟုတ်ပါဘူး လိင်မှတဆင့်ကူးစက်တဲ့ ရောဂါတွေ (STD) ​တွေလည်း ပိုခံစားတတ်ပါတယ်။အမျိုးသားတွေမှာ ပိုဖြစ်ပွားနိုင်တဲ့ ရောဂါအခြေအနေတွေကို သိရှိပြီးသွားပြီမို့ သင့်ရဲ့အသုံးအဆောင်တွေကိုသာ ဂရုစိုက်မနေဘဲ မိမိကိုယ်ကိုချစ်မြတ်နိုးတဲ့အနေနဲ့ မိမိရဲ့  ကျန်းမာရေးကို ဂရုစိုက်ပေးပါ။ နေထိုင်စားသောက်မှုပုံစံကိုလည်း ကျန်းမာတဲ့ဘက်ကို ဦးတည်ပြောင်းလဲလိုက်ပါ။ရေးသားသူ-ဒေါက်တာမှူးခင်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/health-risks-for-men/
ပထမဆုံးယောဂသင်တန်းကနေ ဘာတွေ သင်ယူရမလဲ
သင်က ယောဂလေ့ကျင့်သူတစ်ယောက် သို့မဟုတ ်ယောဂီတစ်ယောက်ဖြစ်နေမယ်ဆိုရင်တော့ သင့်ခန္ဓါကိုယ်နဲ့ စိတ်အတွက် ကျန်းမာရေးနဲ့ညီတဲ့ စားစရာတွေစားဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိနှင့်ပြီးသားဖြစ်ပါလိမ့်မယ်။ သသင့်ကျန်းမာရေးဟာ သင့်ရဲ့အစာခြေစနစ်ရဲ့ လွှမ်းမိုးမှုကိုလည်း ခံနေရပါတယ်။ အစာချေစနစ်ကို သန်စွမ်းနေစေဖို့အတွက် ယောဂမှာ ရိုးရှင်းတဲ့ စားသောက်ပုံတွေ ရှိနေပါတယ်။ သဘာဝစားစရာတွေ အနည်းငယ်မျှသာစားပေးရုံပါပဲ။သင်အိပ်ပျော်နေစဉ်မှာ ခန္ဓါကိုယ်က စွမ်းအင်တွေကိုဖြည့်ဆည်းပြီး အလိုအလျောက် သန့်စင်ပေးနေပါတယ်။ ဇီဝကမ္မဖြစ်စဉ်တွေဟာ အနိမ့်ဆုံးအခြေအနေကိုရောက်နေပါတယ်။ သင်နိုးလာတဲ့အခါ သင့်ရဲ့ ဇီဝယန္တရားကို စတင်လည်ပတ်ဖို့ အချိန်လိုပါတယ်။ တကယ်လို့ နံနက်ခင်းမှာ အစားအသောက်တွေ အများကြီးကို အရင်စစားလိုက်မယ်ဆိုရင် သင့်ခန္ဓါကိုယ်က မှန်မှန်ကန်ကန် အလုပ်လုပ်နိုင်စွမ်းမရှိသေးတဲ့အတွက် အစာချေစနစ်မှာ ပြဿနာဖြစ်စေနိုင်ပါတယ်။ ဒါကိုကာကွယ်ဖို့အတွက် သင့်ရဲ့ အစာချေစနစ်ကို အရင်နှိုးဆွဖို့ နေ့တစ်နေ့ရဲ့ နံနက်ခင်းကို ရေတစ်ဖန်ခွက်နဲ့သာ စတင်လိုက်ပါ။အစာချေစနစ်က နံနက်ခင်းမှာတည်းက မှန်မှန်ကန်ကန် အလုပ်စတင်ခဲ့မယ်ဆိုရင် နေ့လည်လောက်ရောက်တဲ့အချိန်မှာ အမြင့်ဆုံးလုပ်နိုင်စွမ်းကို ရောက်နေပါလိမ့်မယ်။ ဒါကြောင့်လည်း လူတွေက တစ်နေ့တာမှာ နေ့လည်စာက ဒုတိယအကြီးဆုံးစားခြင်းဖြစ်ကိုဖြစ်ရမယ်လို့ ယုံကြည်တာနေပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ခါတည်းအများကြီးစားရင်တော့ ကောင်းမှာမဟုတ်ပါဘူး။ ကာဘိုဟိုက်ဒရိတ်တွေကို အများကြီးမစားမိဖို့ ကြိုးစားကြည့်ပါ။ ဒါတွေနဲ့ဆိုရင်တော့ ဗီတာမင် B အုပ်စုကြောင့် အိပ်ငိုက်လာတာမျိုး ဖြစ်လာပါလိမ့်မယ်။ အသင့်လျော်ဆုံးနေ့လည်စာကတော့ အသီးအရွက်တွေနဲ့ အဖြူရောင်ထမင်းတွေပါပဲ။ ဒိန်ချဉ်နဲ့ အခြားဟင်းခတ်တွေကလည်း တစ်ခါတစ်ရံပိုပြီးကောင်းမွန်စေပါတယ်။သင့်အတွက်ကိုတော့အမျိုးမျိုးသော အရသာတွေက ကျေနပ်မှုကိုပေးနိုင်မှာဖြစ်ပေမယ့် အစာချေစနစ်ကတော့ ဒါတွေကို သိပ်လိုလားမှာမဟုတ်ပါဘူး။ အစာအမျိုးအစားအများကြီးကို ပေါင်းစပ်စားသုံးတာဟာ အစာမကြေတာ၊ လေနဲ့ အခြားပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကိုဖြစ်ပေါ်စေပါတယ်။အစားတစ်နပ်မှာတော့ ကျက်ပြီးသားတွေနဲ့ မကျက်တာတွေ၊ နို့ထွက်ပစ္စည်းတွေနဲ့ အသီးအနှံတွေ သို့မဟုတ် အစာခြောက်တွေနဲ့ အရည်ရွှမ်းတဲ့အစာတွေ စသဖြင့် ဆန့်ကျင်ဘက်နှစ်မျိုးလုံး ပါဝင်နေဖို့မသင့်တော်ပါဘူး။ animal protein တွေကလည်း နို့ထွက်ပစ္စည်းတွေကနေ ရမှာမဟုတ်ပါဘူး။ ယောဂီတစ်ယောက်ရဲ့ ညာစာဟာ ညနေ၅နာရီမတိုင်မီစားတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဒီညစာမှာလည်း သွားရည်စာတွေဖြစ်တဲ့ ဆန်ကိတ်တွေ၊ ဗာဒံစေ့ထောပတ်တွေ သို့မဟုတ် raw cashews တွေသာ ဖြစ်သင့်ပါတယ်။သင့်ရဲ့အစာအိမ်ဟာ အစာချေဖို့ အချိန် ၅နာရီနဲ့ အထက်လိုပါတယ်။ သင်အိပ်စက်တဲ့အချိန်အနားယူရဦးမှာမို့ ညဘက်မှာ အစာစားခြင်းဟာ ပြဿနာတွေ ပိုဖြစ်စေပါတယ်။ ၅နာရီနောက်ပိုင်းမှာတော့ သင့်အစာအိမ်ဟာ ဆေးဘက်ဝင်လက်ဖက်ရည်လောက်သာ တောင့်တပါလိမ့်မ်ယ။ ကုသနိုင်စွမ်းတွေပါဝင်တဲ့ နနွင်း သို့မဟုတ် ချင်းတို့လို ပစ္စည်းတွေက ပိုပြီးကောင်းမွန်ပါလိမ့်မယ်။ အိပ်ရာမဝင်ခင်မှာ အစာချေနိုင်ဖို့ အချိန်အနည်းငယ်ခြားပါ။ ပုံမှန်အားဖြင့်တော့ ၃နာရီကနေ ၅နာရီအထိလောက် ခြားလိုက်တာက ပိုပြီးကောင်းမွန်စေပါတယ်။နိဂုံးအားဖြင့် ဆိုရရင် ယောဂလေ့ကျင့်သူတွေ စိတ်ထဲမှာ အစာတွေစားတာများပြီး ခန္ဓါကိုယ်ကို အလုပ်ပိုတွေမပေးဖို့ဆိုတာကို မှတ်ထားဖို့က အရေးအကြီးဆုံးပါပဲ။ ရှိသမျှစွမ်းအင်တွေအားလုံးကို အစာချေနိုင်ဖို့အတွက် အစာချေစနစ်မှာ အသုံးပြုလိုက်ရတာနဲ့စာရင်တော့ ကျန်းမာရေးနဲ့ညီညွတ်ပြီး ရိုးရှင်းတာတွေကိုသာ စားသုံးပါ။ ဒါမှသာ သင့်ခန္ဓါကိုယ်မှာ ခုခံအားစနစ် ကောင်းမွန်ဖို့နဲ့ အခြားအရေးကြီးတဲ့ အင်္ဂါရပ်တွေကို ကာကွယ်ဖို့ လုံလောက်တဲ့ စွမ်းအင်ပမာဏရှိနေမှာပေါ့။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/%e1%80%95%e1%80%91%e1%80%99%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%b1%e1%80%9a%e1%80%ac%e1%80%82%e1%80%9e%e1%80%84%e1%80%b9%e1%80%90%e1%80%94%e1%80%b9%e1%80%b8%e1%80%80%e1%80%b1%e1%80%94-%e1%80%98/
ဘာလို့ အူကျ ရတာလဲ။ ဘယ်လိုကုသကြမလဲ။
အူကျ တယ်ဆိုတာခန္ဓာကိုယ်ထဲက ကလီစာတစ်ခုခု (ဥပမာ အူဖြစ်ဖြစ် ) အပြင်ကို ကျွံထွက်လာတာပါ။ အထူးသဖြင့် ဝမ်းဗိုက်ရဲ့ အားနည်းတဲ့ အပိုင်းကနေပေါ့။ အူကျတာက ဘာလက္ခဏာမှ မပြဘဲ ဒီတိုင်း ဖောင်းရုံလေးပဲ ဖြစ်နိုင်သလို တစ်ခါတလေ အရေးပေါ် ခွဲစိတ်ရမယ့် အခြေအနေမျိုးလည်း ရှိနိုင်ပါတယ်။ အူကျတာက လူတိုင်းသိတဲ့ ကပ္ပာယ်အိတ်ထဲကို အူကျတာ အပါအဝင် ပေါင်ခြံကနေ အူကျတာ၊ ချက်ပတ်လည်ကနေ အူကျတာ၊ အရင်ဗိုက်ခွဲထားတဲ့ နေရာကနေ အူကျတာ အမျိုးမျိုး ရှိနိုင်ပါတယ်။ အူကျတာရဲ့ အဓိက ကုသမှုကတော့ ခွဲစိတ်တဲ့ နည်းလမ်းပါပဲ။ ဒီဆောင်းပါးမှာ အူကျရင် ဘယ်လို ခံစားရမှာလဲ။ ဘယ်လိုနည်းလမ်းတွေနဲ့ ခွဲစိတ်ကုသလို့ ရလဲဆိုတာ ပြောပြပေးသွားပါမယ်။ခန္ဓာကိုယ်ရဲ့ တစ်နေရာရာမှာ အားနည်းတဲ့နေရာ weak point ရှိနေပြီဆိုရင် အဲ့ဒီနေရာကနေ အူကျတတ်ပါတယ်။ အတွေ့များတဲ့ အူကျခြင်း အမျိုးအစားတွေကတော့။အူကျတာဟာ ကြွက်သားအားနည်းတာနဲ့ အပေါ်က ဖိအား တစ်ခုခုကြောင့်ပါ။ ဖြစ်တဲ့ အကြောင်းရင်းပေါ်မူတည်ပြီး ခပ်မြန်မြန်ဖြစ်မှာလား၊ တဖြည်းဖြည်း ပိုဆိုးလာမှာလား စသဖြင့် ရှိပါတယ်။ကြွက်သားအားနည်းတာကို ဖြစ်စေတဲ့ အကြောင်းတွေကတော့။အတွေ့အများဆုံးကတော့ အူကျတဲ့နေရာမှာ ဖောင်းနေတာပါပဲ။ ဥပမာ ပေါင်ခြံမှာ အူကျတယ်ဆိုရင်ပေါင်ခြံနေရာမှာ ဖောင်းနေပါတယ်။ ဒီဖောင်းတဲ့ နေရာလေးက လှဲချလိုက်ရင် အထဲကို ပြန်ဝင်သွားပါတယ်။ မတ်တတ်ရပ်ရင်၊ ချောင်းဆိုးရင်၊ ရှေ့ကို ကုန်းလိုက်ရင် ပြန်ထွက်လာပါတယ်။တစ်ခါတလေ ဖောင်းနေတဲ့ နေရာမှာ နာတာ၊ အောင့်သက်သက် ဖြစ်တာမျိုး ဖြစ်တတ်ပါတယ်။ တချို့တွေမှာတော့ ဖောင်းရုံအပြင် ဘာလက္ခဏာမှ မခံစားရပါဘူး။အူကျတာအတွက် အကောင်းဆုံး ကုသမှုကတော့ ခွဲစိတ်တဲ့ နည်းလမ်းပါပဲ။ အူကျတာက သေးတယ်၊ ဘာလက္ခဏာမှ မပြဘူး။ ဒါမှမဟုတ် လှဲလိုက်လို့ ပြန်ဝင်သွားတယ်ဆိုရင် မခွဲဘဲ ခဏစောင့်ကြည့်လို့ရပါတယ်။ ဒါပေမယ့် ထိရောက်တဲ့ ကုသနည်းကတော့ ခွဲစိတ်ပြီး ပြုပြင်တာပါပဲ။ မဟုတ်ရင် အောက်က အခြေအနေမျိုးအထိ ရောက်ပြီး အရေးပေါ်ကုသရတတ်ပါတယ်။အူကျတာကို ခွဲစိတ်ကုသမယ်ဆိုရင် နည်းလမ်းတွေ အများကြီး ရှိပါတယ်။ အူကျတဲ့ နေရာပေါ် မူတည်ပြီး ခွဲစိတ်မှု နည်းလမ်းတွေ အမျိုးမျိုးရှိပါတယ်။မေ့ဆေးပေးပြီး အူကျတဲ့နေရာနားမှာ ခွဲကြောင်းလေး ပေးလိုက်ပါတယ်။ ပြီးရင် ကျနေတဲ့ ကလီစာတွေ အူတွေကို ပြန်ထည့်ပြီး လျော့ရဲနေတဲ့ ကြွက်သားတွေကို ပြန်ချုပ်လိုက်ပါတယ်။ ကြွက်သားအားနည်းလွန်းပြီး အူကျတဲ့ အပေါက်ကျယ်လွန်းရင်တော့ နိုင်လွန်ဇကာကွက်နဲ့ ချုပ်ကြိုးတွေကို သုံးပြီး ခံချုပ်ပေးလိုက်ပါတယ်။ ဒါမှ နောက်တစ်ခါ အူကျွံနိုင်ခြေ နည်းသွားမှာပါ။ဒါကတော့ ပေါင်ခြံမှာ အူကျွံတာတွေအတွက် အသုံးများပါတယ်။ ခုနလို ခွဲကြောင်းပေးစရာ မလိုပါဘူး။ အူကျတဲ့နေရာနားမှာ အပေါက်သေးသေးလေးတွေ ဖောက်ပြီး laparoscope လို့ ခေါ်တဲ့ ကိရိယာလေးနဲ့ အပေါက်လေးကနေတဆင့် ခွဲစိတ်မှု လုပ်တာပါ။ ကင်မရာတပ်ထားတာကြောင့် ကိုယ်တွင်း အင်္ဂါတွေကို ရှင်းရှင်းလင်းလင်း မြင်ရပါတယ်။ ခွဲစိတ်တဲ့ အဆင့်တွေကတော့ တူတူပါပဲ။ ဗိုက်မှာ အကြီးကြီး ခွဲစရာ မလိုတဲ့အတွက် နာလန်ထ ပိုမြန်ပြီး ဆေးရုံမြန်မြန် ဆင်းလို့ရပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/symptoms-and-treatment-for-hernia/
အဆီပြန်တဲ့ ဦးရေပြားကြောင့် စိတ်ညစ်နေပြီလား ။ ။
မနေ့ကပဲ ခေါင်းလျှော်ထားတယ်။ ဒီနေ့ကျတော့ဆံပင်တွေ အဆီပြန်နေပြီး ပုံမကျဖြစ်နေလို့ စိတ်ညစ်ရတဲ့ အခိုက်အတန့် ကျွန်မတို့ မိန်းကလေးတိုင်းမှာ ရှိပါတယ်။ဆံပင်အရင်းမှာတော့ အဆီတွေပြန် စိုရွဲနေပြီး ဆံပင်အဖျားမှာ ခြောက်သွေ့နေတော့ ဘယ်လိုလုပ် လှတော့မှာလဲနော် ။ ဓာတုပစ္စည်းတွေနဲ့ ထုတ်ထားတဲ့ ပစ္စည်းတွေကိုလည်း မသုံးချင်ဘူး၊ အဆီပြန်နေတဲ့ ဆံပင်တွေကိုလည်း မလိုချင်ဘူး ဆိုရင်အဆီပြန်နေတဲ့ ဆံပင်အတွက် သဘာအတိုင်း သက်သာအောင်လုပ်လို့ရတဲ့ နည်းတွေရှိပါတယ် ။ ။ပန်းသီးရှာလကာရည်–ပန်းသီးရှာလကာရည်မှာပါတဲ့ အက်ဆစ်ဓာတ်ကဦးရေပြားပေါ်က pH ပမာဏကို ထိန်းညှိပေးလို့ အဆီပြန်တာကို လျှော့ချပေးနိုင်ပါတယ်။ ပန်းသီးရှာလကာရည် ၁ဇွန်းကို ရေတစ်ဖန်ခွက်ထဲရောမွှေပြီး ဦးရေပြားနဲ့ ဆံသားတွေပေါ်ကို သုတ်လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီး လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ ပုံမှန်အတိုင်း ခေါင်းပြန်လျှော်ပါ ။ နှစ်ပတ်တစ်ခါလောက်လုပ်ပေးပါက ဆံသားတွေ အားရှိလာမယ့်အပြင်ဆံပင်ကျွတ်ခြင်းကိုလည်း သက်သာစေပါတယ်။ရှားစောင်းလတ်ပပ်–ရှားစောင်းလက်ပပ်မှာပါတဲ့ astringent အစွမ်းဟာ ဦးရေပြားကနေ အဆီထုတ်လုပ်မှုကို လျှော့ချပေးနိုင်တဲ့အပြင် သူ့မှာပါတဲ့ အစိုဓါတ်က ဦးရေပြားခြောက်သွေ့တာကြောင့်ဖြစ်ရတဲ့ဗောက်ထခြင်းရော၊ဆံပင်အဖျားခြောက်သွေ့ကွဲအက်တာတွေကိုပါသက်သာစေဦးမှာပါ။ ရေမချိုးခင် ခေါင်းအနှံ ရှားစောင်းလက်ပပ် သုတ်လိမ်းပြီး ၁ နာရီလောက်ပေါင်းထားပါ။ ပုံမှန်လျှော်နေကျ အတိုင်းခေါင်းလျှော်ပါ။ဒိန်ချဉ်– ဆံသားမှာဖြစ်နေသမျှ ပြဿနာတွေ အားလုံးကို ဒိန်ချဉ်က ဖြေရှင်းပေးနိုင်တယ်ဆိုတာ သင်သိပါသလား။ ဒိန်ချဉ်မှာ ပါဝင်တဲ့အကျိုးပြု ဘက်တီးရီယားက ဦးရေပြားရဲ့ pH ကို ကောင်းကောင်းထိန်းထားပေးလို့ အဆီပြန်ခြင်း သက်သာစေမယ့်အပြင် ဦးရေပြားပေါ် မှိုစွဲတဲ့ရောဂါတွေဖြစ်တဲ့ဗောက်ထခြင်းကိုပါ သူက ကာကွယ်ပေးဦးမှာပါ။ ဒိန်ချဉ်လက်ဘက်ရည်ပန်းကန် တစ်လုံးထဲကိုသံလွင်ဆီအနည်းငယ်ရောထည့်ပြီး ဦးရေပြားနဲ့ ဆံပင်တွေ အနှံ့ကို သုတ်လိမ်းပေးပါ။ မိနစ် ၃၀ခန့်ပေါင်းထားပြီး ခေါင်းပြန်လျှော်ပါ။ကြက်ဥ–ကြက်ဥ အနှစ်ဟာ ခြောက်သွေ့နေတဲ့ ဦးရေပြားအတွက်ဆို အစိုဓာတ်ထိန်းပေးပြီး အဆီပြန်နေတဲ့ ဦးရေပြားအတွက်ဆိုရင်တော့ အဆီပြန်ခြင်းကို ထိန်းညှိပေးတဲ့အတွက် အဖက်ဖက်က အဆင်ပြေတဲ့ ကြက်ဥ အနှစ်လေးပါ။ lecithin, biotin နဲ့ protein တွေပါဝင်တာကြောင့် ဆံသားကို ပျော့ပျောင်းသန်စွမ်းစေတဲ့အပြင် တောက်ပြောင်စေဦးမှာပါ။ ကြက်ဥ အနှစ်ထဲကို သံလွင်ဆီလေးရောထည့်ပြီး ဦးရေပြားနဲ့ ဆံသားတွေ အပေါ် သုတ်လိမ်းပေးပါ။ ၁နာရီ လောက်ပေါင်းထားပြီး ခေါင်းပြန်လျှော်ပါ။ဒီလို အိမ်တွင်းပေါင်းတင်နိုင်တဲ့ သဘာဝ နည်းလမ်းတွေ အပြင် အဆီပြန်တဲ့ ဆံကေသာပိုင်ရှင်တွေ သိထားသင့်တဲ့ အခြားအချက်တွေကတော့။ဒါတွေကတော့ အဆီပြန်တဲ့ ဆံသား ပိုင်ရှင်တွေ အတွက် အသုံးဝင်လှသလို အမှန်တကယ်လည်း ထိရောက်တဲ့ အိမ်တွင်း နည်းလေးတွေဖြစ်ပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/oily-hair/
သင်္ဘောသီးနဲ့ မျက်နှာပေါင်းတင်တော့မယ်ဆိုရင်
သင်္ဘောသီးမှာ ကိုယ်ခန္ဓါနဲ့အသားအရေအတွက် အကျိုးဖြစ်စေတဲ့ အာဟာရဓါတ် များစွာပါဝင်တဲ့အပြင် အပြင်ပန်းအလှအပအသားအရေထိန်းသိမ်းခြင်းဆိုင်ရာမှာ အသုံးများလာကြပါတယ်။ သင်္ဘောသီးမှာအမျှင်ဓါတ်ပါဝင်မှုများလို့ အစာကြေ ရင်ချောင်စေတယ်။ ကိုယ်ခန္ဓါ သွယ်လျစေတယ်။ ကျန်းမာစေဖို့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ အများအပြား ပါဝင်ပါတယ်။ဒီနေ့ပြောပြပေးမယ့် အကြောင်းအရာကတော့ နွေရာသီမှာ မျက်နှာအသားအရေ ခြောက်နေတဲ့ သူတွေ၊ အဆီပြန်ပြီးဝက်ခြံေတွပေါက်နေလို့ စိတ်ညစ်နေတဲ့သူတွေအတွက် သင်္ဘောသီးကို အသုံးပြုပြီး အိမ်မှာ အလွယ်တကူမျက်နှာပေါင်းတင်လို့ ရမယ့် နည်းလမ်းတွေကို ဝေမျှပေးချင်ပါတယ်။ပါဝင်ပစ္စည်း – မှည့်နေသော သင်္ဘောသီး၊ မလိုင်ပြည့်နွားနို့၊ ပျားရည်။ပြုလုပ်ပုံ – သင်္ဘောသီးအမှည့်ကို ဇွန်းဖြင့် ၄ဇွန်းလောက် ခြစ်ထုတ်ပါ။ ကြေအောင် ချေညက်ပြီးရင် နွားနို့ ၂ဇွန်း၊ပျားရည်၁ဇွန်း ရောပြီး သမအောင် မွှေပေးပါ။အသုံးပြုပုံ – ရလာတဲ့ သင်္ဘောသီးအနှစ်ကို မျက်နှာအနှံ့နဲ့ လည်ပင်း၊ ဂုတ်သားပေါ်မှာ သုတ်လိမ်းထားပါ။ ၁၅ မိနစ် ကြာအောင် အအေးခံပြီးရင် ရေအေးအေးလေးနဲ့ ဆေးပေးရုံပါပဲ။ တစ်ပတ်ကို တစ်ကြိမ် ကနေ ၂ကြိမ်ထိ အသုံးပြုပေးရင် ပိုကောင်းပါတယ်။ နို့ထွက်ပစ္စည်းနဲ့ ဓါတ်မတည့်သူတွေအတွက် နွားနို့အစား ပျားရည် နောက်ထပ်တစ်ဇွန်း ထပ်ထည့်ပြီး မွှေပေးရင် အဆင်ပြေပါတယ်။အာနိသင် – ခြောက်သွေ့နေတဲ့ အသားအရေကို အစိုဓါတ်ထိန်းပေးပြီး နူးညံ့ချောမွေ့စေတယ်။ မျက်နှာပေါ်က အမည်းစက်နဲ့ မှဲ့ခြောက်တွေကို သန့်စင်ပေးပြီး ဖြူစင်ဝင်းပလာစေတယ်။ပါဝင်ပစ္စည်း – မှည့်နေသော သင်္ဘောသီး၊ ပျားရည်၊ သံပရာရည်။ပြုလုပ်ပုံ – သင်္ဘောသီး အမှည့် ၄ဇွန်းကို အရင်ချေထားပေးပါ။ ပြီးသွားရင် ပျားရည် တစ်ဇွန်း၊ သံပရာရည် တစ်ဇွန်း ထည့်ပြီး သမအောင် မွှေပေးပါ။အသုံးပြုပုံ – သေချာမွှေထားတဲ့ သင်္ဘောသီးအနှစ်ကို မျက်နှာနဲ့ လည်ပင်းပေါ်မှာ သုတ်လိမ်းပေးပါ။ ၁၀ မိနစ်မှ ၁၅မိနစ်ထိ အခြောက်ခံပြီးသွားရင် ရေအေးဖြင့် သေချာပြောင်စင်အောင် ဆေးကြောပေးပါ။ ပိုကောင်းတဲ့ အာနိသင်ကို ရရှိဖို့ ၃-၄ရက် တစ်ကြိမ် မျက်နှာပေါင်းတင်ပေးရပါမယ်။အာနိသင် – ပျားရည်ဟာ မျက်နှာအရေပြားကို အာဟာရဖြည့်တင်းပေးပြီး နုပျိုလန်းဆန်းစေတယ်။ သင်္ဘောသီးမှာ ပါဝင်တဲ့ အင်ဇိုင်းနဲ့ သံပရာရည်ဟာ ချွေးပေါက်ထဲမှာ ပိတ်မိနေတဲ့ ဖုန်မှုန့်၊ အဆီတွေကို ဖယ်ရှားပေးပြီး ဝက်ခြံဖြစ်စေတဲ့ ပိုးမွှားတွေကို သေစေနိုင်တယ်။ပါဝင်ပစ္စည်း – သင်္ဘောသီး၊ သခွားသီး၊ ငှက်ပျောသီး။ပြုလုပ်ပုံ – အနေတော်သခွားသီးကို တစ်ဝက်စိတ်ပြီး ပါးပါးလေးလှီးထားပါ။ ကြိတ်စက်ထဲမှာ သခွားသီးစိတ်၊ သင်္ဘောသီး အမှည့် ၂ဇွန်း၊ ငှက်ပျောသီး အမှည့် ၂ဇွန်း ရောမေပြီး ကြေညက်တဲ့အထိ ကြိတ်ပေးပါ။အသုံးပြုပုံ – ရလာတဲ့ သစ်သီးအနှစ်ကို မျက်နှာနဲ့ လည်ပင်းပေါ်မှာ သုတ်လိမ်းပေးပါ။ ၁၅ မိနစ်နေရင် ရေနွေးနဲ့ အရင်ဆေးကြောပေးပါ။ တော်တော်လေး ပြောင်သွားတော့မှ ရေအေးနဲ့ အချောသတ် ဆေးကြောပေးပါ။ တစ်ပတ်ကို တစ်ကြိမ် ပုံမှန် မျက်နှာပေါင်းတင်ပေးရပါမယ်။အာနိသင် – သခွားသီးဟာ အရေပြားကိုရေဓါတ်ြဖည့်တင်းပေးပြီး အေးမြစေတယ်။ငှက်ပျောသီးရဲ့ အဆီအနှစ်ကြောင့် အသားအရေကို နူးညံ့စေပြီး အစိုဓါတ်ထိန်းပေးတယ်။ အရေးအကြောင်းတွေကို သက်သာစေပြီး တင်းရင်းသွားစေတယ်။နေလောင်ခံအသားအရေ၊ နီရဲယားယံနေတာတွေကိုလည်း ပျောက်ကင်းစေပါတယ်။ပါဝင်ပစ္စည်း – သင်္ဘောသီး အမှည့်၊ကြက်ဥ အကာတစ်လုံး။ပြုလုပ်ပုံ – အရင်ဆုံး သင်္ဘောသီးအမှည့်ကို ၄ဇွန်းလောက် ကြိတ်ချေထားပါ။ ကြက်ဥအကာကို အမြှုပ်ထတဲ့အထိ ခေါက်ပေးပါ။ သင်္ဘောသီးအနှစ်ထဲကို ကြက်ဥအမြှုပ် နည်းနည်းစီထည့်ပြီး မွှေပေးပါ။အသုံးပြုပုံ – ရလာတဲ့ အနှစ်ကို မျက်နှာနဲ့ လည်ပင်းပေါ်မှာ နှံ့နေအောင် လိမ်းပြီး အခြောက်ခံထားပါ။ ၁၅မိနစ်ကြာရင် ရေနဲ့ သေချာပြောင်စင်အောင် ဆေးကြောပေးပါ။ တစ်ပတ်ကို တစ်ကြိမ် အသုံးပြုပေးရင် လုံလောက်ပါတယ်။အာနိသင် – ချွေးပေါက်ကျယ်တာကို သက်သာစေပြီး အမည်းစက်တွေကို ပျောက်ကင်းစေတယ်။ အရေးအကြောင်းတွေကို ပြေလျော့စေပြီး တင်းတင်းရင်းရင်း ဖြစ်စေပါတယ်။ပါဝင်ပစ္စည်း – သင်္ဘောသီးအမှည့်၊ လိမ္မော်သီးစိတ်။ပြုလုပ်ပုံ – လိမ္မော်သီးစိတ် ၅-၆စိတ်ကို လက်ဖြင့် အရည်ညှစ်ထားပါ။ သင်္ဘောသီးကို အနေတော်အတုံးလေး လှီးစိတ်ပြီးရင် လိမ္မော်ရည်ထဲ ထည့်စိမ်ထားပါ။အသုံးပြုပုံ – သေချာစိမ်ထားတဲ့ သင်္ဘောသီးစိတ်ကို မျက်နှာပေါ်မှာ တင်ထားလိုက်ပါ။ ၁၅ မိနစ်ခန့် ထားထားပြီးရင် ရေအေးနဲ့ ပြောင်အောင် ဆေးကြောလိုက်ပါ။ တစ်ပတ်ကို ၂ကြိမ် အသုံးပေးရပါမယ်။အာနိသင် – မျက်နှာပေါ်က မလိုအပ်တဲ့ အဆီပိုတွေကို ဖယ်ရှားပေးနိုင်တယ်။ အသားအရေကို ဝင်းမွတ်တောက်ပစေတယ်။ အဆီပြန်မနေတော့တဲ့အတွက် ဝက်ခြံဖြစ်နိုင်ခြေကို လျော့နည်းစေတယ်။ မျက်နှာပေါ်က မှဲ့ခြောက်၊ အစက်အပျောက်၊ အရောင်မှိန်တာတွေကို သက်သာစေနိုင်ပါတယ်။၁။ သင်္ဘောသီးမှာ ပါဝင်တဲ့ ပိုတက်စီယမ်ဓါတ်ဟာ အသားအရေကို ရေဓါတ်ဖြည့်တင်းပေးပြီးအသားခြောက်တာ၊ အရောင်မှိန်တာကို သက်သာစေတယ်။၂။ အသားအရေဖြူစင်ဝင်းပလာစေဖို့ လိုအပ်တဲ့ ဗီတာမင် A နဲ့ C ဓါတ်တွေ သင်္ဘောသီးမှာ အများအပြားပါဝင်ပါတယ်။ ဒါ့အပြင် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးပြီး အရေးအကြောင်းတွေကို လျော့နည်းလာစေတယ်။၃။ မျက်နှာအရေပြားပေါ်က ဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး အသားအရေကို ကြည်လင်သန့်စင်သွားစေတယ်။၄။ ဝက်ခြံပေါက်စေတဲ့ ဘက်တီးရီးယားပိုးတွေ၊ ချွေးပေါက်ထဲမှာ ပိတ်မိနေတဲ့ ဖုန်နဲ့ အဆီတွေကို ဖယ်ရှားပေးပြီး အရေပြားအတွင်းထဲထိ သန့်စင်ပေးတယ်။၅။ နေလောင်ဒဏ်ကြောင့် အသားအရေ မဲခြောက်သွားတာ၊ ပျက်စီးကြမ်းတမ်းသွားတာ၊ နီရဲပြီး ယားယံတာတွေအတွက်လည်း ကုသပေးလို့ ရတယ်။၆။ ပိုးသေစေတဲ့ အာနိသင်ကြောင့် ဝက်ခြံအပြင် တခြားသော မှိုနဲ့ အရေပြားရောဂါ မကူးစက်စေဖို့ ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/papaya-facial-mask/
ကလေးတွေအတွက် မသင့်တော်တဲ့အစားအစာ (၇)မျိုး။
ကိုယ့်ကလေးကို သူများတွေထက်၊ ပိုထွားစေချင်တာ ၊ဉာဏ်ပိုကောင်းအာဟာရပိုပြည့်စေချင်တာ မိဘတိုင်းရဲ့ ရင်တွင်းက ဆန္ဒပါ။ ကလေးအသက်၂ နှစ်ကျော် လူကြီးစားတဲ့ အစာကျွေးလို့ရတဲ့ အချိန်ရောက်ပြီဆိုတာနဲ့ ကိုယ့်ကလေးအာဟာရပြည့်ပါစေဆိုတဲ့ စိတ်နဲ့ မေမေတို့ စကျွေးပါပြီ။ ကလေးက အစားမက်တဲ့သူဖြစ်လို့ကတော့ ပွဲပြီးပြီပေါ့။ ကလေးစားရင် ပြီးရောဆိုပြီး ကလေးနဲ့ တည့်တာ မတည့်တာ မစဉ်းစားတော့ဘဲ ရှိသမျှ အကုန်ကျွေးပါတော့တယ်။ ခက်တာက လူကြီးစားတဲ့ အစားအသောက်တိုင်းက ကလေးနဲ့ မတည့်တတ်ပါဘူး။ ဒါကြောင့် ကိုယ့်စေတနာကြောင့် ကလေးကို ဝေဒနာတွေ မပေးမိစေဖို့ ကလေးအတွက် မကောင်းတဲ့ အစားအသောက် ၇ မျိုးအကြောင်း ပြောပြပေးချင်ပါတယ်။၁။ ပျားရည်။သိမ်းထားတာ ကြာတဲ့ပျားရည်မှာ အစာအဆိပ်သင့်ခြင်းကိုဖြစ်စေနိုင်တဲ့Clostridium botulinum ဘက်တီးရီးယားတွေရဲ့မျိုးမှုန်တွေ တစ်ခါတစ်လေ ပါဝင်တတ်ပါတယ်။ လူကြီးတွေရဲ့အူလမ်းကြောင်းကတော့ ပျားရည်မှာပါတဲ့ အဆိပ်တွေကို လွယ်လွယ်လေးကာကွယ်ရှင်းလင်းနိုင်ပေမယ့် ကလေးအတွက်တော့ အန္တရာယ်ရှိနိုင်ပါတယ်။၂။ ဂက်စ်ပါတဲ့အချိုရည်။ဂက်စ်ပါတဲ့အချိုရည်တွေ၊ အချိုပြင်းတဲ့အချိုရည်တွေက ကလေးတွေကို အဝလွန်စေပါတယ်။ အာဟာရဓာတ်ကင်းမဲ့တဲ့ ဒီအချိုရည်တွေက ကလေးရဲ့ နုနယ်တဲ့ခန္ဓာကိုယ်အတွက်ဘေးဖြစ်စေတာပဲရှိပါလိမ့်မယ်။ ဒီလိုအချိုရည် တစ်ပုလင်းလောက်မှာသကြား၆၀ ဂရမ်လောက်ပါဝင်တတ်တာမို့ ကလေးရဲ့တစ်နေ့တာမှာ ရရှိသင့်တဲ့ပမာဏ ထက်လေးဆကျော် ပိုများနေနိုင်ပါတယ်။၃။ အချိုများတဲ့အရာ။သကြားလုံး၊ အချိုရည်၊ အချိုများတဲ့မုန့်တွေက အများကြီးစားလို့မသင့်တော်တဲ့ အရာတွေပါ။ ကလေးအတွက်သွားပိုးစားမယ့်၊၊အဝလွန်မယ့်အန္တရာယ်တွေ ရှိသလိုချောင်းဆိုးရင်ကျပ်ဝေဒနာကိုပိုဆိုးစေနိုင်ပါတယ်။ ဒါ့အပြင် ပိုဆိုးတာကအမျိုးအစား ၂ ဆီးချိုသွေးချိုဖြစ်နိုင်တဲ့အန္တရာယ်လည်း များစေပါလိမ့်မယ်။၄။အသင့်စားခေါက်ဆွဲ။အလုပ်ရှုပ်သက်သာတယ်၊ မြန်မြန်စားလို့ရတယ်ဆိုပြီး ကလေးတွေကို ကိုယ်စားနေကျ ခေါက်ဆွဲပြုတ်တွေ မကျွေးလိုက်ပါနဲ့။ အသင့်စားခေါက်ဆွဲတွေမှာဗီတာမင်တွေ၊အာဟာရတွေဘာမှမပါတဲ့အပြင် –။၅။အသက်ရှူလမ်းကြောင်းပိတ်ဆို့နိုင်လောက်တဲ့စားစရာ။ကလေးဆိုတော့ သွားပေါက်ကာစအရွယ်မှာ ဘာပဲစားစား တစ်ကိုက်ပဲ ကိုက်ချလိုက်မှာ၊ မဝါးနိုင်ရင် မျိုချပစ်မှာစိုးရပါတယ်။ ဒါ့ကြောင့် အသက်ရှူလမ်းကြောင်းမှာပိတ်ဆို့စေနိုင်လောက်တဲ့ အရွယ်အစားတွေကိုမကျွေးပါနဲ့။ ဥပမာ သကြားလုံးကို အလုံးလိုက်မစားပါစေနဲ့၊ ကိုက်ခွဲပြီးမှကျွေးပါ။အစေ့အဆန်တွေ၊ ပီကေ၊ ဂျယ်လီအမာလေးတွေကိုလည်း မကျွေးပါနဲ့ဦး။၆။ကော်ဖီနဲ့ လက်ဖက်ရည်။ကလေးအတွက်က ကဖင်းပါတဲ့ ဘယ်သောက်စရာကမှ မသင့်တော်ပါဘူး။ လူကြီးတွေကော်ဖီသောက်ချိန်မှာ လာတောင်းလို့ နည်းနည်းခွဲတိုက်တာမျိုးလည်း အကျင့်မလုပ်ပါနဲ့။ လက်ဖက်ရည်မှာပါတဲ့ tanninဓာတ်က အစားအစာတွေထဲကနေ သံဓာတ်စုပ်ယူနိုင်စွမ်းကို ဟန့်တားနိုင်ပါတယ်။ကဖင်းဓာတ်ရဲ့ သက်ရောက်မှုတွေက ကလေးရဲ့ ဖွံ့ဖြိုးကြီးထွားမှုတွေအတွက် မကောင်းတာကြောင့် အားဖြည့်အချိုရည်အပါအဝင်၊ ကော်ဖီ၊လက်ဖက်ရည်တွေ မတိုက်ကျွေးသင့်တာ ဖြစ်ပါတယ်။ မဖြစ်မနေ စိတ်ကျေနပ်အောင်လုပ်ပေးချင်တယ်ဆိုရင် ကလေးရဲ့ဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေမယ့် နို့မှုန့်တွေကို ရွေးချယ်နိုင်ပါတယ်။၇။ အကင် နဲ့ အချဉ်ဆော့စ်။အသားကင်တွေ၊ ရယ်ဒီမိတ်အသားလုံးတွေမှာ နိုက်ထရိတ်ပါဝင်မှုမြင့်မားလို့ ကင်ဆာအန္တရာယ် စိုးရိမ်ရပါတယ်။ အသားချောင်း၊ ဝက်/ကြက်အူချောင်းတွေမှာ ဆိုဒီယမ်နဲ့ တိရစ္ဆာန်အဆီတွေ ပါဝင်မှုလည်းများတာကြောင့် ကလေးအာဟာရကောင်းကျိုးထက် ဆိုးကျိုးပိုများစေနိုင်ပါတယ်။အရောင်အသွေးနီနီနဲ့ ဖျော်စပ်ထားတဲ့အချဉ်ရည်ေတွနဲ့တို့စားရတာ နှစ်သက်လွန်းတဲ့ကလေးတွေရှိပါတယ်။ တုတ်ထိုး၊ အကင်၊ ကြက်ကြော် စတဲ့စားစရာတွေကို အချဉ်ရည်လေး၊ ဆော့စ်လေးနဲ့မှ ကြိုက်ကြတာ။ တစ်ခါတလေလေးစားတာထက်ကျော်လွန်ပြီး မကြာခဏစားခွင့်ပေးထားတယ်ဆိုရင် အချဉ်ရည်တွေမှာပါတဲ့အရောင်ဆိုးဆေးတွေ၊တာရှည်ခံပစ္စည်းတွေလို ပါဝင်ပစ္စည်းတချို့က ကလေးတွေအတွက် မသင့်တော်ပါဘူး။အပေါ်က ပြောခဲ့တာတွေက မကျွေးသင့်တာတွေပဲဆိုတော့ မေမေတို့ အနေနဲ့ ဘာကျွေးရမလဲဆိုပြီး အတော်လေးစဉ်းစားရကြပ်သွားနိုင်ပါတယ်။ ဒါကြောင့် ခုပြောချင်တာကတော့ ကလေးကို ဘာတွေပိုကျွေးရမလဲဆိုတာ ပြောပြပေးချင်တာပါ။ကလေးတွေကို ကျွေးတဲ့ အစားသောက်တွေမှာအစာခြေစနစ်ကို ကျန်းမာစေတဲ့ အကျိုးပြုဘက်တီးရီးယားအာဟာရ(Prebiotics) တွေပါသင့်ပါတယ်။ ဒါမှ အူလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ အကျိုးပြု ဘက်တီးရီးယားတွေ အားကောင်းလာပြီး အပြင်ကဝင်လာတဲ့ ပိုးတွေကို မြန်မြန်တိုက်ထုတ်နိုင်မှာပါ။ ဒါ့အပြင် ဦးနှောက်နဲ့အမြင်အာရုံဖွံ့ဖြိုးစေဖို့အတွက် အရေးပါတဲ့ ဓာတ်တွေဖြစ်တဲ့ DHA၊Omega-3နဲ့Omega-6 ပါတဲ့ အစားအသောက်တွေကိုလည်း ကလေးတွေကို ကျွေးသင့်ပါတယ်။ ဒါကြောင့် ကြီးထွားဖွံဖြိုးစေတဲ့DHA၊ Omega-3 ၊Omega-6 နဲ့အကျိုးပြုဘက်တီးရီးယားအာဟာရ(Prebiotics) တို့ ကြွယ်ဝစွာတဲ့ အာဟာရနို့မှုန့်တွေကို ကလေးတွေကို ပိုတိုက်ပေးပါ။ကိုယ့်ကလေးကို အခြားသူတွေထက်သာစေချင်တာမှန်ပေမယ့်လည်း စေတနာကနေ ဝေဒနာ မပြောင်းဖို့ ပြောပြခဲ့တဲ့ အချက်တွေကို မေမေတို့ လိုက်နာဖို့တော့ လိုလိမ့်မယ်နော်။ ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-nutrition/7-bad-foods-for-kids/
ဆောင်းရာသီမှာ လည်ချောင်းမနာဖို့ ဒီလိုကာကွယ်ကြမယ်
ဆောင်းရာသီမှာ လည်ချောင်းမနာဖို့ ဒီလိုကာကွယ်ကြမယ် …ဆောင်းရာသီလိုမျိုး ခြောက်သွေ့အေးစက်တဲ့ ကာလဆိုတာ ရောဂါပိုးမွှားတွေ ပျံ့နှံ့ပေါက်ဖွားဖို့ အရမ်းလွယ်ကူတဲ့ အချိန်ကာလပါ။ အဲ့ဒါကြောင့်လည်း ဒီလိုမျိုး အေးတဲ့အချိန်ဆို ခဏခဏ ဖျားနာတာ၊ နှာစေးအအေးမိ၊ လည်ချောင်းနာနေကြတာပေါ့။ ဒါ့အပြင် ပါးစပ်ကို လက်ကိုင်ပဝါနဲ့ မအုပ်ဘဲ နှာချေ၊ ချောင်းဆိုးလိုက်တဲ့အခါမျိုးမှာဆို သူတို့ကိုယ်ခန္ဓာထဲမှာ ရှိနေတဲ့ ရောဂါပိုးမွှားပေါင်းများစွာက လေထဲကို အလွယ်တကူ ပျံ့နှံ့သွားပြီး တခြားသူတွေဆီကို ကူးစက်ဖို့ ပိုလွယ်တာပေါ့။လည်ချောင်းနာတယ်ဆိုတာ ပုံမှန် ရိုးရိုးဖျားနာတာ၊ရာသီအပြောင်းအလဲကြောင့် ဓာတ်မတည့်ဖြစ်တာ စတဲ့ကျန်းမာရေးပြဿနာအနေနဲ့ ရင်ဆိုင်ရတဲ့အခါ တွေ့နေကျ လူတွေနဲ့လည်း သိပ်မစိမ်းတော့တဲ့ လက္ခဏာတစ်မျိုးပါပဲ။ အရမ်းကြီး စိုးရိမ်စရာမဟုတ်ပေမဲ့ လည်ချောင်းနာတဲ့ ဝေဒနာကြီးကို ဒီအတိုင်းနေရင်လည်း ခံစားနေရတယ်။ အစာစားလိုက်တဲ့အချိန်၊ ရေသောက်လိုက်တဲ့အချိန်ဆိုရင်လည်း လည်ချောင်းက ပူစပ်ပူလောင်နဲ့ နာနေတော့ နေရတာ အဆင်မပြေတော့ဘူးပေါ့။• ရိုးရိုး အအေးမိဖျားနာတာ။• ဗိုင်းရပ်စ်ပိုးဝင်ပြီးလည်ချောင်း၊ လေပြွန်ရောင်ရမ်းခြင်း။• ရေကျောက်၊ ဝက်သက်ပေါက်ခြင်း။• လေထဲမှာရှိတဲ့ ဖုန်တွေ၊ အမှုန်အမွှားတွေနဲ့ ဓာတ်မတည့်ဖြစ်ခြင်း။• ကျနေတဲ့ နှာရည်တွေကို အထဲပြန်ရှူသွင်းပြီး မျိုချခြင်း။• ပါးစပ်ဖွင့်ပြီး အသက်ရှူသွင်း ရှူထုတ်လုပ်ခြင်း။• ရင်ပူခြင်း စတဲ့ ကျန်းမာရေးပြဿနာတွေကြောင့် လည်ချောင်းနာနိုင်ပါတယ်။အဓိကကတော့ လူများလွန်းတဲ့ နေရာတွေကို သွားတာ၊ ရောဂါပိုးရှိတဲ့လက်နဲ့ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်အုပ်တာ၊ ဘာကိုင်ကိုင် ကိုင်ပြီးတိုင်း လက်မဆေးတာတွေကြောင့်လည်း ရောဂါပိုးတွေ ပျံ့နှံ့ဖို့ ပိုလွယ်ကူသွားတာပါပဲ။ဆောင်းရာသီမှာ လည်ချောင်းမနာဖို့ ဒီလိုကာကွယ်ကြမယ် လည်ချောင်းနာတာကို ရာနှုန်းပြည့် ကာကွယ်လို့မရပေမယ့် တတ်နိုင်သလောက် ဖျားနာခြင်းနည်းစေဖို့အတွက် ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို ပြင်ကြည့်လို့ရပါတယ်။ ဘာတွေပြုပြင်ဖို့ လိုအပ်သလဲဆိုရင်။၁။ အပြင်ကနေ ပြန်လာရင်၊ အိမ်သာတက်ပြီးတိုင်း၊ အစာမစားခင်၊ အစာစားပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ သေချာဆေးကြောဖို့ လိုပါတယ်။၂။ အပြင်မှာလက်ဆေးဖို့ နေရာမရှိရင် လက်သန့်စင်ဆေးရည် ဆောင်ထားပါ။ လိုသလောက် ပမာဏကို လက်ဖဝါးပေါ်ထည့်ပြီး လက်နေရာအနှံ့ကို လိမ်းပေးပါ။၃။ လက်မဆေးဘဲ မျက်နှာ၊ ပါးစပ်၊ နှာခေါင်းကို မပွတ်ပါနဲ့။၄။ချောင်းဆိုး၊ နှာချေတော့မယ်ဆိုရင် ပါးစပ်ကို လက်ကိုင်ပဝါနဲ့ အုပ်ပါ။ တခြားသူတွေ စည်းမဲ့ကမ်းမဲ့ နှာချေချောင်းဆိုးနေရင်လည်း ကိုယ့်နှာခေါင်းကို တစ်ခုခုနဲ့ လုံအောင်အုပ်ထားပါ။၅။ ရေများများသောက်ပါ။ အေးနေတဲ့အချိန်ဆိုရင် ရေသောက်ဖို့ တော်တော်များများ ပျင်းတတ်ကြပါတယ်။ ဒီလိုအချိန်တွေဆိုရင် ကိုယ်ခန္ဓာက ရေဓာတ်ခမ်းခြောက်လွယ်တဲ့အတွက် လွယ်လွယ်နဲ့ ဖျားနာနိုင်ပါတယ်။ ဒါကြောင့် ရေကို အနည်းဆုံး ၃လီတာထက်မနည်း သောက်ပေးဖို့လိုပါတယ်။၆။ဟင်းသီးဟင်းရွက်၊ အသီးအနှံ များများစားပေးပါ။၇။ မနက်ပိုင်းမှာ ဗီတာမင် စီ အားဆေးတစ်လုံး သောက်ပေးပါ။၈။ ညအိပ်ချိန်တစ်နေ့ ၈နာရီရှိအောင် အိပ်ပေးပါ။ ပိတ်ရက်တွေမှာ ပိုအိပ်စက်အနားယူပါ။၉။ ဖျားနာနေတယ်လို့ သံသယရှိတဲ့သူနဲ့ ဝေးဝေးမှာနေပါ။ အဲ့ဒီလူရဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ ထိတွေ့မိရင် လက်ကို ဆပ်ပြာနဲ့ ပြောင်စင်အောင် ဆေးပေးပါ။ခုပြောပြခဲ့တဲ့ နည်းလမ်းတွေနဲ့ လည်ချောင်းမနာအောင်၊ အလွယ်တကူ မဖျားနာအောင် လိုက်နာကြည့်ဖို့ ထပ်မံအကြံပေးလိုက်တယ်နော်။ ကိုယ့်ရဲ့ ကျန်းမာရေးကောင်းခြင်း၊ မကောင်းခြင်းသည် ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ အများကြီးဆက်နွယ်နေတာကြောင့် သတိလက်လွတ်မနေဖို့ သေချာ ဂရုစိုက်ပေးပါ။Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/throat-conditions/chronic-sore-throat-causes-skip-this-winter/
လေဖြတ် တဲ့အခါ အဓိက ကုသမှုတွေက ဘာတွေလဲ
ရှေ့မှာရေးခဲ့တဲ့ “လေဖြတ် တယ်ဆိုတာ”  ဆောင်းပါးကို ဖတ်ဖူးထားရင် အခုဆောင်းပါးကို ဖတ်တဲ့ အခါ ပိုပြီး သဘောပေါက်လွယ်ပါလိမ့်မယ်။CVA ( cardiovascular accident ) ဦးနှောက်သွေးကြောပြတ်ခြင်း ခေါ် လေဖြတ်ခြင်းကို ကုသဖို့ရာမှာ ဦးနှောက်သွေးကြောပိတ်တာလား၊ ပေါက်တာလား ဆိုတာ သိဖို့လိုပါတယ်။ ဒီအကြောင်းရင်းခံ နှစ်မျိုး ကုသနည်း မတူကြလို့ပါ။လူတစ်ယောက် လေဖြတ်ပြီဆိုတာနဲ့ ၁နာရီအတွင်း ဦးနှောက်ကို ကွန်ပျူတာဓာတ်မှန်ရိုက်ပြီး သွေးကြောပိတ်တာလား ပေါက်တာလား ခွဲဖို့လိုပါတယ်။ ဒါ့ကြောင့်မို့လို့ လေဖြတ်ရင် တခြား ဘာမှလုပ်မနေဘဲ ဆေးရုံကြီးကိုသာ အချိန်မီအောင် အမြန်ပြေးဖို့ တိုက်တွန်းကြတာပါ။ ဒါဆို ကွန်ပျူတာဓာတ်မှန် မရှိတဲ့နေရာတွေမှာ ဘယ်လိုခွဲလဲ ဆိုပြီးမေးစရာဖြစ်လာပါတယ်။ အဲ့ဒီလိုမရှိတဲ့ နေရာမှာဆိုရင်တော့ ဖြစ်လာတဲ့ ရောဂါလက္ခဏာ ရဲ့ အဆိုးဘက်ကိုရွေ့တဲ့ အချိန် အနှေးအမြန်ကို ကြည့်ပြီးဖြစ်ဖြစ်၊ လူနာရဲ့ အခြေအနေကို ကြည့်ပြီးဖြစ်ဖြစ် ဆရာဝန်ရဲ့ အတွေ့အကြုံနဲ့ပေါင်းစပ်ပြီး ခန့်မှန်းရပါတယ်။ ကွန်ပျူတာဓာတ်မှန်လိုတော့ ရာနှုန်းပြည့်မသိနိုင်ပါဘူး။ ဒါကြောင့် ဦးနှောက်သွေးကြောပြတ်ရင် ပိတ်ပြီးပြတ်တာလား၊ ပေါက်ပြီးပြတ်တာလားဆိုတာ မျက်မြင်နဲ့ ခွဲခြားရတာ အင်မတန်ခက်ပါတယ်။ ခြေလက်မလှုပ်နိုင် စကားပြော ဗလုံးဗထွေးဖြစ်ပြီး နာရီပိုင်းလောက်နဲ့ ပြန်ကောင်းသွားတာမျိုးလည်းရှိနိုင်ပါသေးတယ်။ လေဖြန်းတဲ့ သူတွေပေါ့။ သူတို့က သာမန် လူထက် လေဖြတ်နိုင်ချေ အများကြီးပိုများပါတယ်။ ၇ ရက်အတွင်း လေပြန်ဖြတ်နိုင်တာမို့ ကာကွယ်ကုသမှု လိုပါတယ်။ သွေးတွင်းအဆီကျဆေး၊ သွေးပေါင်ထိန်းဆေး နဲ့ သွေးကျဲဆေးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့ အဆက်မပြတ် မှီဝဲ နေဖို့ လိုပါတယ်။ဦးနှောက်သွေးကြောပိတ်တဲ့ အကြောင်းကိုပြန်သွားကြည့်ရအောင်။ ပိတ်ပြီးပြီးချင်း ၄နာရီခွဲ အတွင်း ဆေးရုံကြီးကိုရောက်လာခဲ့တယ်ဆိုရင် သွေးခဲဖျော်ဆေး ထိုးပေးလို့ရနိုင်တယ်။  လေဖြတ်ပြီးပြီးချင်း မိနစ် ၉၀ အတွင်းထိုးရင်တော့ အကောင်းဆုံးရလဒ်ကို ပေးတယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် သည်ဆေးဟာလည်း လူတိုင်းကို ထိုးပေးလို့မရဘူး။ ဆေးနဲ့ ကိုယ့်ရောဂါ အခံနဲ့ တည့်မတည့်ဆိုတာကို အဆင့်ဆင့်စစ်ဆေးဖို့ လိုပါသေးတယ်။ဆေးက ကောင်းသလို စျေးလည်း အင်မတန်ကြီး ဘေးထွက်ဆိုးကျိုး လည်းအင်မတန်များပါတယ်။ ဆေးပေးလိုက်မှ သွေးခဲပျော်ရုံမက သွေးကျဲသွားပြီး အစာအိမ်သွေးယိုခြင်း၊ ဦးနှောက်သွေးယိုခြင်း စတာတွေဖြစ်လာနိုင်တယ်။ ဒါကြောင့် သွေးခဲပျော်ဆေးထိုးထားတဲ့လူနာကိုဆိုရင် ဦးနှောက်ဓာတ်မှန်ပြန်ရိုက်ကြည့်ဖို့လိုသလို အနီးကပ် စောင့်ကြည့်နေပေးဖို့လည်းလိုအပ်တယ်။ လေဖြတ်တာချင်းတူတူကို သူ့ကျ ဆေးထိုးပေးတယ်၊ ငါ့ကျ မထိုးပေးဘူး ဆိုတဲ့ အငြင်းပွါးမှုတွေ တွေ့တွေ့နေရတတ်တာမို့  နည်းနည်းရှင်းပြပါ့မယ်။ ဒီဆေးက ဦးနှောက်သွေးကြောပိတ်ပြီး လေဖြတ်တဲ့လူနာမှသာထိုးလို့ရပါတယ်။ ဒါတောင် ပိတ်တဲ့သွေးကြောက ကြီးလို့ ဦးနှောက်ပုပ်တဲ့ ဧရိယာကြီးရင် ပေးလို့မရပြန်ပါဘူး။ ပေးလိုက်မိရင် ပုပ်တဲ့နေရာက သွေးယိုပြီး ပိုဆိုးတတ်လို့ပါ။ သွေးကျဲဆေးထိုးပေးလို့မရတဲ့ တခြားအကြောင်းရင်းခံတွေကို လက်လှမ်းမီသလောက် ပြောပြရရင်။သွေးရောဂါတစ်ခုခုရှိနေတာမျိုး၊ မကြာခင်ကမှ ခွဲစိတ်ကုသမှု ခံယူထားတာ (သို့) ဒဏ်ရာရထားတာမျိုး၊ အရင်က ဦးနှောက်သွေးယိုဖူးတာမျိုး (သို့) ၂၁ ရက်အတွင်း အစာအိမ်သွေးယိုဖူးတာမျိုး၊ အစာရေမြိုမှာ (သို့) ခန္ဓာကိုယ်တွင်း သွေးကြောထုံးရှိနေတာမျိုး၊ အသည်းမကောင်းတာ (သို့) အသည်းကြောင့်ဖြစ်တဲ့ သွေးတိုးရှိတာမျိုး၊ ဆီးချိုက သတ်မှတ်ပမာဏထက်ကျော်လွန်ပြီး တအားတက်နေတာမျိုး၊ လေဖြတ်တဲ့ လက္ခဏာ မထင်ရှားတာ သို့ အချိန်တိုအတွင်းတအားပိုဆိုးလာတာမျိုး စတဲ့ အချက်တွေပါပဲ။သွေးကျဲဆေးက သောက်ဆေးအဖြစ်လည်း လာပါတယ်။ သူ့ကိုလည်း ဖြစ်ဖြစ်ချင်းကုသမှု အနေနဲ့ရော၊ နောက်ပိုင်း ရောဂါ ပိုဆိုးမလာအောင် ထိန်းပေးဖို့အတွက်ပါ သုံးသလို လေမဖြတ်သေးတဲ့ လူတွေမှာဆိုရင် လေဖြတ်နိုင်ချေကို လျှော့ချပေးဖို့ အတွက်ရော သုံးကြပါတယ်။ ဆေးဝါးနဲ့ မဟုတ်ဘဲ ခွဲစိတ်ကုသ ပညာရပ် အပိုင်းကနေ ပိတ်နေတဲ့ သွေးကြောကို ပိုက် (stent) ထည့်ပြီးချဲ့တာမျိုး ၊ သွေးခဲဖယ်တာမျိုးကိုလည်း အတိုင်းအတာတစ်ခုထိ လုပ်ပေးလို့ရပါတယ်။ ဒီနေရာမှာလည်း စောစောက ထိုးဆေးလိုပါပဲ…..ဖြစ်တဲ့နေရာ နဲ့ ရောဂါအခြေအနေပေါ်မူတည်ပြီး  လုပ်ပေးလို့ရနိုင်တဲ့သူ၊ မရနိုင်တဲ့သူ ဆိုတာမျိုးရှိပါတယ်။ လုပ်လို့ရခဲ့ရင်တောင် ကုန်ကျစရိတ်ကြီးမားတဲ့အပြင် ရောဂါအခံ၊ လုပ်ပေးမယ့်သူရဲ့ ကျွမ်းကျင်မှုနဲ့ အခြားသော အခြေအနေတေွပေါ် မူတည်ပြီးလည်း ရလဒ်ကွာပါတယ်။သွေးကြောပေါက်တာဆိုရင်တော့ အဓိက ကုသမှုက ဦးခေါင်း ခွဲစိတ်မှုလုပ်ပြီး သွေးခဲကိုဖယ်ထုတ်/စုပ်ထုတ်တာနဲ့ ပေါက်နေတဲ့သွေးကြောကိုချည်တာပါပဲ။ အကယ်၍ လူနာအခြေအနေကြောင့်ဖြစ်ဖြစ်၊ ပစ္စည်းကိရိယာ မရှိလို့ဖြစ်ဖြစ် ခွဲစိတ်မှု လုပ်မရဘူးဆိုရင်တော့ ပိုဆိုးမလာအောင် အရံကုသမှုများသာလုပ်ပေးလို့ရမှာပါ။ ဦးနှောက်သွေးကြောပေါက်ခြင်းက အသက်အန္တရာယ် အများကြီးပိုရှိနိုင်တဲ့အတွက် ပြန်ကောင်းလာနိုင်တဲ့ ရာခိုင်နှုန်းလည်း နည်းပါတယ်။အကယ်၍ အဓိကကုသမှု လုပ်ပေးလိုက်လို့ အသက်အန္တရာယ်က လွတ်ပြီဆိုရင် ဘာတွေဆက်လုပ်ပေးဖို့ ဆရာဝန်တွေညွှန်ကြားလေ့ရှိသလဲ၊ လေဖြတ်နိုင်ချေ လျော့နည်းအောင် ဘာတွေ လိုက်နာရမလဲ ဆိုတာနဲ့ အခု ခေတ်စားနေတဲ့ လေမဖြတ်ကာကွယ်ဆေးဆိုပြီးထိုးပေးနေတဲ့ဆေးတွေက ဘာဆေးတွေလဲ။ တကယ်ကာကွယ်ချင်ရင် ဘာတွေလုပ်ရမလဲ ဆိုတဲ့ အကြောင်းအရာတွေကို နောက်ဆောင်းပါးမှာ ပြောပြပေးသွားပါမယ်နော်။ဘေးအန္တရာယ်ကို သဘောပေါက်လွယ်ကြပြီး မိမိကိုယ်ကို စောင့်ရှောက်နိုင်ကြစေရန် ရည်ရွယ်လျက်။ရေးသားသူ – ဒေါက်တာနှင်းနုအေး။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/stroke-and-aneurysm/%e1%80%9c%e1%80%b1%e1%80%96%e1%80%bc%e1%80%90%e1%80%ba%e1%80%90%e1%80%b2%e1%80%b7-%e1%80%a1%e1%80%81%e1%80%ab-%e1%80%a1%e1%80%93%e1%80%ad%e1%80%80-%e1%80%80%e1%80%af%e1%80%9e%e1%80%99%e1%80%be/
ဒေါင်းရောဂါလက္ခဏာစုအကြောင်း တစေ့တစောင်း
ဒေါင်းရောဂါလက္ခဏာစုအကြောင်း တစေ့တစောင်း လေ့လာလိုက်ရအောင်နော်။မျက်နှာပုံစံလေးတွေ သိသာနေပြီး အခြားသူတွေနဲ့ မတူ တမူကွဲပြားနေတဲ့လူတွေကို မြင်ဖူးကြမှာပါ။ ဒါကို ဒေါင်းရောဂါ လက္ခဏာစု (Down Syndrome)လို့ ခေါ်ပါတယ်။ သူတို့လေးတွေဟာ ပုံမှန်လူတွေမှာပါဝင်တဲ့ မျိုးရိုး ဗီဇဆဲလ် (ခရိုမိုဆုမ်း)ပမာဏထက် ပိုမို ပါဝင်နေကြသူတွေပါ။ခရိုမိုဆုမ်းဆိုတာ မျိုးရိုးဗီဇဆဲလ်တွေ စုစည်းထားတဲ့ အစုအဝေးတစ်ခုပါ။ ခရိုမိုဆုမ်းတွေဟာ  ကိုယ်ဝန်ဆောင်စဉ်မှာ ကလေးရဲ့ ဖွံ့ဖြိုးမှုပုံသဏ္ဍာန်တွေကို သတ်မှတ်ပေးပြီး မွေးဖွားပြီးချိန်မှာလည်းခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို သတ်မှတ်ပေးနိုင်ပါတယ်။သာမန်ကလေးတစ်ယောက်ဟာ ခရိုမိုဆုမ်း (၄၆)ခု ပါဝင်ပါတယ်။ ဒေါင်းကလေးတစ်ယောက်မှာတော့ သူများထက် ခရိုမိုဆုမ်း တစ်ခု ပိုမိုပါဝင်နေပါတယ်။ ခရိုမိုဆုမ်းပိုလျှံခြင်းရဲ့ နောက်ဆက်တွဲကတော့ ကလေးရဲ့ ခန္ဓာကိုယ်နဲ့ဦးနှောက်ဖွံ့ဖြိုးမှုတွေကို သက်ရောက်တာပါပဲ။ ဒါဟာ ကလေးအတွက် စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာအတွက်ပါ စိန်ခေါ်မှုတွေ ဖြစ်စေနိုင်ပါတယ်။ဒေါင်းရောဂါလက္ခဏာစု ကလေးတွေဟာ ရုပ်ချင်းဆင်တူကြပေမယ့် စွမ်းရည်ခြင်း အနည်းငယ်ကွဲပြား တတ်ကြပါတယ်။ သာမန်ထက် ဉာဏ်ရည် (IQ)အနည်းငယ်နိမ့်ပြီးတော့  စကားပြောလည်းနောက်ကျ ပါတယ်။သူတို့လေးတွေရဲ့ရုပ်ရည်သွင်ပြင်ဟာ။ဒေါင်းရောဂါလက္ခဏာစုအမျိုးအစား (၃)မျိုးရှိပါတယ်။ အမေရိကန်ပြည်ထောင်စုက လေ့လာချက်အရ တစ်နှစ်အတွင်း ကလေးခုနှစ်ရာမှာ တစ်ယောက်ဟာ ဒေါင်းရောဂါလက္ခဏာစု ရောဂါနဲ့ မွေးဖွားလာကြပါတယ်။ခရိုမိုဆုမ်း ပိုမိုပါဝင်ခြင်းကြောင့် ‌ဒေါင်းဆင်ဒရုန်းဖြစ်စေတတ်ပါတယ်လို့ သုတေသနပညာရှင်တွေက ဆိုကြပေမဲ့ ဘာလို့ဒီလို ပိုမိုပါဝင်ကြသလဲ ဆိုတာကိုတော့ ဘယ်သူမှ တိတိကျကျ မပြောနိုင်ကြသေးပါဘူး။နောက်ထပ်အချက်ဟာ မိခင်ရဲ့ အသက်အရွယ်ပါ။ အသက်(၃၅)နှစ်အထက် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ ငယ်ရွယ်တဲ့မိခင်တွေထက် ဒေါင်းကလေးတွေ မွေးနိုင်ခြေပိုများပါတယ်။ မိခင်ရဲ့ အသက်ကြီးလေလေ ကလေးဟာ ဒေါင်းရောဂါ လက္ခဏာစု ရောဂါဖြစ်နိုင်လေလေပါပဲ။ အသက်(၃၅)နှစ်အောက်  ငယ်ရွယ်တဲ့ ကိုယ်ဝန်ဆောင်တွေမှာလည်း ဒေါင်းမွေးဖွားတာမျိုးတွေ့နိုင်ပါတယ်။ ဒါဟာ ဘာကြောင့် လဲဆိုတော့ (၃၅)နှစ်အောက် အမျိုးသမီးတွေဟာ ကလေး ပိုမိုမွေးဖွားကြလို့ပါပဲ။သာမန်ကလေးတွေထက် ဉာဏ်ရည်အနည်းငယ်နိမ့်ပေမဲ့ စာသင်ကြားလို့ရပါတယ်။ သင်ကြားမှုကို လက်ခံနိုင်တဲ့ ဉာဏ်ရည်ကို ပိုင်ဆိုင်ထားကြပါတယ်။ အခြားကလေးတွေနဲ့ အတူတူသင်ကြားတာမျိုး မဟုတ်ဘဲ ပုံစံတူ ကလေးတွေနဲ့ သင်ပေးတာမျိုးပါ။ဒေါင်းရောဂါ လက္ခဏာစု ဖြစ်ပွားသူကလေးတွေဟာ မျက်နှာသွင်ပြင်တူကြပြီး မွေးရာပါချို့တဲ့မှု ဖြစ်ပွားတာ နည်းကြပါတယ်။ ဒါပေမယ့် အချို့မှာတော့ ချို့တဲ့မှု ကျန်းမာရေးပြဿနာတွေ ရှိတတ်ကြပါတယ်။ဒေါင်းရောဂါ လက္ခဏာစု ခံစားနေရသူတစ်ယောက်ရဲ့ ပျမ်းမျှသက်တမ်းဟာ ခြောက်ဆယ်ဝန်းကျင်ပါ။ ကမ္ဘာ့အသက်အကြီးဆုံး ဒေါင်းရောဂါလက္ခဏာစု ခံစားနေရသူ အဖိုးအိုဟာ အသက်(၈၃)နှစ်မှာ သေဆုံးခဲ့ပါတယ်။ (၂၀၁၂)တုန်းကပါ။ဒေါင်းရောဂါ လက္ခဏာစုဟာ ဘဝတလျှောက်လုံး ရှိနေမယ့် အခြေအနေတစ်ခုပါ။ အသက်ငယ်ရွယ်စဉ်မှာ ရုပ်ပိုင်းဆိုင်ရာနဲ့ အသိဉာဏ်ပိုင်းဆိုင်ရာစွမ်းရည်တွေကို မြှင့်တင်ပေးနိုင်ပါတယ်။ စကားပြောဆိုခြင်း၊ ရုပ်ပိုင်းဆိုင်ရာကုထုံးတွေနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ကုထုံးတွေလိုအပ်ပါတယ်။ ပုံမှန်ကျောင်းတစ်ခုမှာ ဒေါင်းကလေးလေးတစ်ယောက်ကို ထားမယ်ဆိုရင် တော့ အခြားကလေးတွေထက် အကူအညီတွေ ထောက်ပံ့မှုတွေနဲ့ အားပေးမှုတွေ၊ အာရုံထား အလေးထားမှုတွေ ပိုမိုလိုအပ်မှာပါ။ရေးသားသူ-ဒေါက်တာမှူးခင်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/down-syndrome-at-a-glance/
null
null
skin-health
skin-health
https://hellosayarwon.com/skin-health/nail-care/paronychia-%e1%80%9c%e1%80%80%e1%80%b9%e1%80%9e%e1%80%8a%e1%80%b9%e1%80%b8%e1%80%95%e1%80%ad%e1%80%af%e1%80%b8%e1%81%80%e1%80%84%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%9c%e1%80%80/
အုန်းဆီ ရဲ့ ဆန်းကြယ်သော အသုံးဝင်ပုံ ၁၀ ချက်
အုန်းဆီ ကို လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက အသုံးပြုလာကြတာဖြစ်ပြီး ယနေ့ထိတိုင် အသုံးအများဆုံး သဘာဝဆေးဖက်ဝင်ပစ္စည်းအဖြစ် ကမ္ဘာတစ်လွှားမှာ အသုံးပြုနေကြဆဲပါ။ သူ့ရဲ့ကောင်းကျိုးတွေဟာဟင်းချက်တဲ့ဆီကစပြီး အလှအပအလယ် ဆေးကုသခြင်းအဆုံး အမျိုးမျိုး အသုံးဝင်ပါတယ်။အုန်းဆီ ကို အသုံးပြုနိုင်တဲ့နည်းလမ်း ၁၀ မျိုး ကိုအောက်မှာဖော်ပြထားပါတယ်။အုန်းဆီဆိုတာက အုန်းသီးကို ကြိတ်ရာကနေ ရတဲ့အဆီပါ။ စားသုံးလို့ ရသလို အသားအရေနဲ့ ဆံသားလှပ ကျန်းမာစေဖို့လည်း အသုံးပြုကြပါတယ်။အုန်းဆီ ရဲ့ ဆန်းကြယ်သော အသုံးဝင်ပုံ ၁၀ ချက်။အုန်းဆီ ရဲ့ ဆန်းကြယ်သော အသုံးဝင်ပုံ ၁၀ ချက် ကို အတူတူ ကြည့်လိုက်ရအောင်နော်။ အုန်းဆီက အခုလို အသုံးဝင်ပါတယ်။၁. သွေးတွင်းမှာ အကျိုးပြုကိုလက်စထရော တိုးစေတယ်။အုန်းဆီက HDL လို့ခေါ်တဲ့ အကျိုးပြု ကိုလက်စထရောပမာဏကို တိုးစေနိုင်ပါတယ်။ ဒီလို အကျိုးပြု ကိုလက်စထရောပမာဏ တိုးလာတာက နှလုံးကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အဆိုပါ တွေ့ရှိထားတဲ့ အုန်းဆီက အကျိုးပြု ကိုလက်စထရော တိုးစေတယ်ဆိုတာက ကာလတို လေ့လာမှုလေးတွေပေါ်မှာ အခြေခံထားတာ ဖြစ်တာကြောင့် အုန်းဆီကို အလွန်အကျွံ မသုံးဖို့လိုပါမယ်။အုန်းဆီကို လျှော့သုံးဖို့ အကြံပြုထားပါတယ်။၂. ဝိတ်ကျစေတယ်။Lipidsဂျာနယ်မှာ ဖော်ပြခဲ့တဲ့ သုတေသန လေ့လာမှုတွေအရ အုန်းဆီးကဝိတ်ကျစေနိုင်ပြီးဗိုက်အဆီကို လျှော့ချပေးနိုင်စွမ်း ရှိတယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။အခြားစားသုံးလို့ရတဲ့ ဆီတွေထက်လည်း အစာကြေလွယ်ပါတယ်။ အချို့သော ကနဦး လေ့လာမှုတွေမှာတော့ အုန်းဆီက ပန်ခရိယပေါ် သက်ရောက်နေတဲ့ ဖိအားတွေကို ဖယ်ရှားပေးပြီး ဇီဝကမ္မဖြစ်စဉ်တွေကို တိုးတက်စေပါတယ်။ အဝလွန်နေသူတွေ (အထူးသဖြင့် အမျိုးသားတွေ) ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုများနေတဲ့သူတွေကို စွမ်းအင်တွေ လောင်ကျွမ်းစေပြီး ဝိတ်ကျစေဖို့ ထောက်ကူပေးပါတယ်။ နောက်ထပ် လေ့လာမှုတွေ လုပ်ဆောင်ဖို့တော့ လိုအပ်ပါသေးတယ်။၃. နှလုံးကျန်းမာစေတယ်။လေ့လာမှုတွေရဲ့ ရလဒ်တွေအရ အုန်းဆီက အကျိူးပြု အဆီတွေထဲက တစ်မျိုးဖြစ်ပြီး နှလုံး ကျန်းမာစေနိုင်ပါတယ်။ အုန်းဆီ စစ်စစ် ကြွယ်ဝစွာ ပါဝင်နေတဲ့ အစားအစာတွေက သွေးတွင်း အကျိုးပြု ကိုလက်စထရော (HDL) ကို တိုးစေပြီး အကျိုးမပြု ကိုလက်စထရော LDL ကို လျော့ကျစေပါတယ်။နောက်ထပ် လေ့လာမှု တစ်ခုအရ သိရတာက အုန်းဆီက သွေးဆုံးမတိုင်ခင် အမျိုးသမီးတွေမှာ ကျန်းမာတဲ့ အဆီပမာဏ ရှိနေအောင် ထောက်ကူပေးပါတယ်။ အဆီများတာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အုန်းဆီကို မကြာခဏ အသုံးပြုပေးမယ်ဆိုရင် သွေးတွင်းကိုလက်စထရောကိုလည်း မကြာခဏ စစ်ဆေးဖို့ လိုပါမယ်။ သွေးတွင်းကိုလက်စထရော များနေမယ်ဆိုရင် လျှော့စားတာ၊ မစားဘဲ ရပ်လိုက်တာမျိုး လုပ်ဖို့ လိုပါမယ်။ အချို့သော အခြေအနေတွေမှာ အုန်းဆီကို စတင်စားသုံးတာမျိုး မလုပ်ခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ လိုပါမယ်။၄. ဆံပင် ကျန်းမာစေတယ်။အုန်းဆီကဆံသားကျန်းမာသန်စွမ်းစေဖို့ထောက်ကူပေးပါတယ်။ ပျက်စီးနေတဲ့ ဆံသားတွေကို ပြန်လည် ကျန်းမာစေဖို့ အသုံးပြုပေးသင့်ပါတယ်။ ပျက်စီးနေတဲ့ ဆံသားတွေ ကျန်းမာစေဖို့အတွက် အုန်းဆီကို အသုံးပြုပေးလို့ ရပါတယ်။ ဆံသားအတွက် လိုအပ်တဲ့ ပရိုတင်းတွေကို ဖြည့်တင်းပေးနိုင်မှာပါ။ဦးရေပြားကို အုန်းဆီလိမ်းပြီး နှိပ်နယ်ပေးတာက ဦိးရေပြားကို ဗောက်ကင်းစေမှာပါ။ ဦးရေပြား ခြောက်သွေ့တာကြောင့် ဗောက်ဖြစ်တာပါ။ အုန်းဆီရဲ့ နောက်ထပ် အာနိသင် တစ်ခုကတော့ ဆံပင်နဲ့ ဦးရေပြားကို သန်းကင်းစေတာပါ။၅. အသားအရေ ကျန်းမာစေတယ်။အုန်းဆီမှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်စွမ်း ရှိသလို အရွယ်တင်စေနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝသလို အရောင်ကျစေနိုင်စွမ်းလည်း ရှိပါတယ်။ အောက်ဖော်ပြပါ အရေပြားပြဿနာများ အပါအဝင် အရေပြားပြဿနာ အများစုကို သက်သာစေနိုင်ပါတယ်။၆. Dementia လက္ခဏာတွေ သက်သာစေတယ်။အုန်းဆီက အယ်လ်ဇိုင်းမားရောဂါရှိသူတွေမှာသိမြင်မှုစွမ်းရည်တိုးတက်စေဖို့ ထောက်ကူပေးပါတယ်။ အထူးသဖြင့် ဘာသာစကားစွမ်းရည် နဲ့ နေ့စဉ်ထိတွေ့နေတဲ့ အရာတွေကို မှတ်မိနိုင်စွမ်းတွေကိုပါ။ အုန်းဆီက သိပ္ပံနည်းကျ အချက်အလက်တွေ၊ ဆေးပညာရပ်ဆိုင်ရာ အချက်အလက်တွေ လိုအပ်နေဆဲဆိုပေမယ့် အုန်းဆီက ဦိးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို တိုးမြှင့်ပေးနိုင်ပါတယ်။၇. သွားနဲ့ ခံတွင်း ကျန်းမာစေတယ်။လေ့လာမှုတွေအရ အုန်းတီ အသုံးပြုပေးတာ သွားချေးတက်တာ နဲ့ ခံတွင်းနံ့ဆိုးတာကို သက်သာစေနိုင်ပါတယ်။ အုန်းဆီကို ငုံထားပြီး သွားတွေကို သန့်ရှင်းရေးလုပ်တာက သွားနဲ့ခံတွင်းကို ကျန်းမာစေနိုင်လားဆိုတာကို နောက်ထပ်လေ့လာမှုတွေ လုပ်ဆောင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။၈. အတက်ရောဂါကို သက်သာစေတယ်။အကျိုးပြုအဆီ ပါဝင်မှုများတဲ့ အစားအစာတွေက ကလေးဘဝမှာ ဖြစ်တဲ့ အတက်ရောဂါတွေကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အုန်းဆီက အတက်ရောဂါကို သက်သာစေနိုင်တဲ့  အကျိုးပြု အဆီပါတဲ့ ဓာတ်စာတွေထဲကို ထည့်သွင်းသင့်တဲ့ ကောင်းမွန်တဲ့ အဆီတစ်မျိုးပါ။၉. စိတ်ဖိစီးမှု ပြေလျော့စေတယ်။အုန်းဆီစစ်ကို စိတ်ဖိစီးမှုတွေကို ပြေလျော့စေတဲ့ ရနံ့ကုထုံးမှာ အသုံးပြုကြပါတယ်။ အုန်းဆီကို ခေါင်းမှာ လိမ်းပေးပြီး ခပ်ဖွဖွလေး နှိပ်ပေးတာက စိတ်ပင်ပန်းနွမ်းနယ်မှုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အုန်းဆီ စစ်စ်စက စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝပါတယ်။၁၀. ကျောက်ကပ် နဲ့ အသည်း ကျန်းမာစေတယ်။အုန်းဆီမှာ အလယ်အလတ်အဆင့် အကျိုးပြူအဆီ ပါဝင်နေသလို fatty acids ပါဝင်နေတာကြောင့် ကျောက်ကပ်၊ အသည်း နဲ့ သည်းခြေအိတ်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒီအကျိုးကျေးဇူးတွေရဲ့ ထိရောက်မှုကို ပိုမိုသိရှိနိုင်စေဖို့ နောက်ထပ် လေ့လာမှုတွေ လုပ်ဆောင်ဖို့ လိုအပ်မှာပါ။အုန်းဆီက သဘာဝပစ္စည်းကနေ ထုတ်ယူထားတဲ့ အုန်းဆီစစ်စစ် ဖြစ်မယ်ဆိုရင် ဘေးထွက်ဆိုးကျိုး မရှိသလောက် နည်းပါတယ်။ရောဂါအခံရှိမယ်ဆိုရင် စားသုံးဖို့အတွက် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ စားသုံးသင့်ပါတယ်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/alternative-medicines/10-usages-of-coconut-oil/
ကျန်းမာရေးအစ သန့်ရှင်းတဲ့အစားအသောက်က။ ။
စိတ်ချ လုံခြုံရတဲ့ အစားအသောက်တစ်ခုဆိုတာ အချက် ၂ ချက်နဲ့ ပြည့်စုံရပါမယ်။အာဟာရလည်း ပြည့်ဝရမယ်၊ ရောဂါပိုးတွေကနေလည်း ကင်းဝေးရပါမယ်။ ဒီလိုအချက်တွေနဲ့ ပြည့်ဝတဲ့ အစားအသောက်တွေကို ဖန်တီးပြီး ကိုယ့်ကလေးကို ကျန်းမာအောင်လုပ်ဖို့က မေမေတို့ တတ်အပ်တဲ့ ပညာတွေပါ။ ကျန်းမာစေချင်လို့ အစားအသောက်တွေ ပြင်ဆင်ကျွေးမွေးကာမှ ရောဂါပိုးတွေ ကလေးကိုယ်ထဲထည့်ပေးမိသလို မဖြစ်စေဖို့ ခုအကြံပေးထားတဲ့ အချက် ၅ ချက်ကို မေမေတို့ သိထားဖို့လိုတယ်နော်။ ။အစားအသောက်တွေဆိုတာ အပြင်ကပိုးတွေကို ကိုယ်ခန္ဓာထဲ တိုက်ရိုက်ရောက်အောင် ပို့ပေးနိုင်တဲ့ ကြားခံနယ်တစ်ခုပါ။ ရောဂါပိုးတွေက အဲ့ဒီ လမ်းကြောင်းကနေ အများဆုံးဝင်နေတာပါ။ ကိုယ်ကြိုက်လို့စားလိုက်တဲ့ အစားအစားတွေကနေ ရောဂါရတာမျိုး ဘယ်သူမှတော့ မဖြစ်ချင်ကြဘူးလေ။ ဒါကြောင့် ကိုယ့်မိသားစုစားတဲ့ အစားအသောက်တွေ သန့်ရှင်းနေဖို့ဆိုတာ အိမ်ရှင်မတွေဖြစ်တဲ့ မေမေတို့အပေါ် အများကြီးမူတည်နေတဲ့ အရာတစ်ခုပါ။ကျန်းမာရေးမကောင်းတဲ့ ကလေးတစ်ယောက်က တခြားကလေးတွေနဲ့ ယှဉ်လိုက်ရင်ကြီးထွားမှု အပိုင်းရော ၊ဉာဏ်ရည်ဖွံဖြိုးမှု အပိုင်းမှာရော နောက်ကျသွားတတ်ပါတယ်။ ဒါကြောင့် အစားအသောက်တွေသန့်ရှင်းဖို့ ဆိုတာ ကလေးတွေအတွက်တော့ အရမ်းအရေးကြီးတဲ့ အရာတစ်ခုပါ။၁။ ဈေးစဝယ်တည်းက ဂရုစိုက်ပါ။ ။၂။မီးဖိုချောင်က အရေးအကြီးဆုံးပါ။၃။ လုံခြုံအောင် ဖုံးအုပ်ပါ။၄။ ဆေးကြောပါ။၅။ အာဟာရပြည့်ဝအောင် ၊ စားသင့်တာတွေ အားလုံးပါအောင် သေချာပြင်ဆင်ကျွေးပါ။ကလေးအတွက် အစားအစာတွေကို အာဟာရပြည့်ဝမျှတအောင်လည်ကျွေးမယ်၊ သန့်သန့်ရှင်းရှင်းလည်း ပြင်ဆင်မယ်ဆိုရင် ရောဂါတွေကင်းဝေးပြီး သင့်ကလေးရဲ့ နေ့ရက်တိုင်းက လှပနေမှာပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/school-age-children/school-age-children-nutrition/food-hygiene/
သင့်ကိုလည်ချောင်းနာစေရတဲ့ အကြောင်းအရင်းများနဲ့ကာကွယ်နည်းများ
နေလေးပူလိုက်၊ မိုးလေးရွာလိုက်။ နေပူထဲထွက်လိုက်၊ အဲယားကွန်းခန်းထဲဝင်လိုက်လုပ်ပြီး အိမ်ပြန်ရောက်တဲ့အထိ ဘာမှမဖြစ်ပေမယ့်မနက်ခင်းလည်းနိုးရော လည်ချောင်းက တံထွေးတောင်မျိုချမရအောင် နာနေတာမျိုးဖြစ်နေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက လည်ချောင်းနာနေတာကို အမြန်သက်သာစေဖို့ရော မဖြစ်သေးရင်လည်း ကာကွယ်ဖို့ပါအသုံးတည့်စေမှာပါနော်။လည်ချောင်းနာတာကိုဖြစ်စေတဲ့အကြောင်းအရင်းက အများကြီးပါ။ သင့်ကိုလည်ချောင်းနာစေတဲ့ အဓိကအချက်တွေကတော့ –။ကုသမှုထက် ကာကွယ်မှုကပိုကောင်းပါတယ်။ အကြောင်းကတော့ အချိန်ကုန်လူပန်းသက်သာမှုပါပဲ။ ဒါကြောင့် လည်ချောင်းနာပြဿနာ ကိုယ့်ဆီ အလည်မလာစေဖို့ဆိုရင်။လည်ချောင်းနာတာက ပြောတော့သာ ဘာမှမဟုတ်ပေမယ့် တော်တော်လေးနေရထိုင်ရခက်စေတာကြောင့် အခုပြောခဲ့တဲ့နည်းလမ်းလေးတွနဲ့ ကာကွယ်လိုက်ပါ။တကယ်လို့လည်ချောင်းနာလာခဲ့မယ်ဆိုရင်တော့။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/throat-conditions/%e1%80%9e%e1%80%84%e1%80%b9%e1%80%b7%e1%80%80%e1%80%ad%e1%80%af%e1%80%9c%e1%80%8a%e1%80%b9%e1%80%b1%e1%80%81%e1%80%ba%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%94%e1%80%ac%e1%80%b1%e1%80%85%e1%80%9b/
ဆယ်ကျော်သက်ကောင်လေးတွေ ဆံပင်ကျွတ်ရခြင်း တရားခံ
အသက်ကြီးတဲ့ အမျိုးသားတွေမှာထိပ်ပြောင်တာ အတွေ့များပေမယ့်ဆယ်ကျော်သက်ေကာင်လေးတွေမှာ ဆံပင်မကြာခဏ ကျွတ်တဲ့ ပြဿနာတွေ ကြုံလာတတ်ပါတယ်။ အဓိကတရားခံကတော့ဆံပင်ဆေးဆိုးတာ၊ ဆံပင်ဖြောင့်တာ၊ ကောက်တာ၊ ဆံပင်ပုံသွင်းတဲ့ ပစ္စည်းတွေ အသုံးများတာအပြင် တခြားသော နေထိုင်မှုပုံစံ၊ အလေ့အကျင့်တွေကြောင့် ဆံပင်မကြာခဏ ကျွတ်နိုင်ပါတယ်။ကံကောင်းစွာနဲ့ပဲထိပ်ပြောင်ခြင်းမဟုတ်တဲ့ ဆံပင်ကျွတ်တဲ့ ပြဿနာကို အလွယ်တကူကုသလို့ ရသလို ကိုယ့်ရဲ့ နေပုံထိုင်ပုံကို ပြုပြင်ပြောင်းလဲလိုက်ရင်လည်း ဆံပင်တွေ ပုံမှန်အတိုင်း ပြန်ပေါက်လာနိုင်ပါတယ်။ ဒီလိုအကြောင်းရင်းတွေကြောင့် မဟုတ်ပဲ တခြား ငုပ်နေတဲ့ ရောဂါအခံတွေ၊ သောက်နေရတဲ့ ဆေးဝါးတွေကြောင့်လည်း ဆံပင်ကျွတ်နိုင်ပါတယ်။ဆံပင်ကျွတ်တယ်ဆိုတာ ပုံမှန် ကိုယ်ခန္ဓါရဲ့ ဇီဝကမ္မ ပြောင်းလဲမှု ဖြစ်စဉ်တွေထဲက တစ်ခုပါပဲ။ ပုံမှန်အားဖြင့်ဆံပင်ေတွဟာ တစ်လကို တစ်စင်တီမီတာခန့် ရှည်တတ်ပြီး ၂နှစ်မှ ၃နှစ်ထိ ရှည်လျားနိုင်ပါတယ်။ ဒါ့အပြင် ဆံပင်တွေမှာလည်း အရှည်မြန်တဲ့ ဆံပင်တွေရှိသလို ပေါက်တာ နှေးတဲ့ ဆံသားတွေလည်း ရှိနိုင်ပါတယ်။ဦးရေပြားရဲ့ ၉၀ရာခိုင်နှုန်းမှာ ဆံပင်ပုံမှန်အတိုင်း ရှည်ထွက်လာတတ်ပြီး ကျန်တဲ့ ၁၀ရာခိုင်နှုန်းမှာ ၃လ မှ ၄လ အထိ မရှည်ပဲ နဂိုအတိုင်း ရှိနေနိုင်ပါတယ်။ သူ့ရဲ့ သက်တမ်းကုန်သွားတဲ့အခါမှာ ဆံပင်ဟာ ကျွတ်သွားပြီး နောက်ဆံပင်အသစ်ပြန်ပေါက်ဖို့အတွက် နေရာပေးလိုက်ပါတယ်။ ဒီလို ပုံမှန်ဖြစ်စဉ်ကြောင့် ကျား၊ မ မရွေး တစ်နေ့ကို ဆံပင် ၅၀ ကနေ ၁၀၀ ထိ နေ့စဉ်ကျွတ်နိုင်ပါတယ်။အသက်အရွယ် ကြီးလာတဲ့အခါမှာ အမျိုးသားအများစုဟာထိပ်ပြောင်တဲ့ လက္ခဏာကို စတင်တွေ့ကြုံရပါတယ်။ ဟော်မုန်းအပြောင်းအလဲ၊ ထိပ်ပြောင်တဲ့ မျိုးရိုးဗီဇလိုက်တဲ့ ဆယ်ကျော်သက် ကောင်လေးတွေ၊ လူငယ်လူရွယ်တွေမှာလည်း စောစီးစွာ ထိပ်ပြောင်တတ်တဲ့ လက္ခဏာတွေ ဖြစ်တဲ့ နဖူးထိပ်နားကနေ ဆံပင်တွေ ပါးလာတာ၊ နဖူးဆံစပ်ကနေ ဆံပင်တွေ နောက်ပြန်ကျတာ၊ ပြန်မပေါက်တော့တာ အစရှိတဲ့ လက္ခဏာတွေကို တွေ့ရပါတယ်။စိတ်ဖိစီးမှုပြင်းပြင်းထန်ထန် ခံစားရတဲ့အချိန်၊ ခွဲစိတ်ကုသမှုခံယူနေချိန်၊ အဖြစ်အပျက် တစ်စုံတစ်ရာကြောင့် စိတ်တုန်လှုပ်ခြောက်ခြားသွားတဲ့အခါ ဆံပင်သန်စွမ်းမှု၊ ဆံပင်ရှည်တာ ခဏတာ ရပ်တန့်သွားပါတယ်။ ဒီပြဿနာအရင်းခံကြောင့် နောက်ပိုင်း ဆံပင်တွေ အများအပြား ကျွတ်လာတဲ့အခါမှ လူတော်တော်များများက သတိထားမိတတ်ပါတယ်။ဦးရေပြားမှာပွေးကဲ့သို့ မှိုအရေပြားရောဂါ ကူးစက်ခံရတဲ့အခါမျိုးမှာလည်း ဆံပင်တွေ အကွက်လိုက် ကျွတ်တာမျိုး ဖြစ်နိုင်ပါတယ်။ အရေပြားဆရာဝန်နဲ့ သေချာပြသပြီး သောက်ဆေး၊ လိမ်းဆေး သေချာသုံးစွဲဖို့ လိုအပ်ပါတယ်။ အဓိက မှိုရောဂါကြောင့် ဆံပင်ကျွတ်တာဖြစ်တဲ့အတွက် ဒီပြဿနာ အမြစ်ပြတ်ပျောက်သွားမယ်ဆိုရင် ဆံပင်က ပြန်ပေါက်လာမှာပါ။ကိုယ်ခံအားစနစ်ဟာ ဆံသားမွေးညှင်းပေါက်တွေကို တိုက်ခိုက်ခြင်းကြောင့် ဆံပင်ကျွတ်နိုင်ပါတယ်။ ဒီပြဿနာကို ဖြစ်စေတဲ့ အကြောင်းရင်းအတိအကျကိုတော့ လေ့လာနိုင်ခြင်း မရှိသေးပေမယ့် ဆေးဝါးအထောက်အကူနဲ့ ဆံပင်ကျွတ်တာနည်းအောင်၊ ဆံပင်ပြန်ပေါက်လာအောင် ထိန်းထားနိုင်ပါတယ်။မကြာခဏ ဆံပင်ဖြောင့်၊ ကောက်၊ ပုံသွင်း၊ ဆေးဆိုးခြင်း၊ ဆံပင်ထောင်ဖို့ ဓါတုဗေဒပစ္စည်းတွေ ပါဝင်တဲ့ ဆံပင်ပုံသွင်းဂျယ်လ်၊ ခရင်မ်တွေ အသုံးပြုခြင်း၊ ခေါင်း ခဏခဏ လျှော်ခြင်း သို့မဟုတ်ခေါင်းလုံးဝမလျှော်ပဲ ပစ်ထားခြင်း၊သံဓါတ်ချို့တဲ့ခြင်း၊ အစာအာဟာရမမျှတခြင်းတို့ကြောင့် ဆံပင်ကျွတ်နိုင်ပါတယ်။၁။ ဆယ်ကျော်သက်အရွယ် အမျိုးသားများ ဆံပင်ကျွတ်ခြင်းဟာ ရံဖန်ရံခါ ဖြစ်တတ်တဲ့အတွက် သိပ်ပြီးတော့ စိုးရိမ်စရာမရှိပါဘူး။ ပရိုတင်းဓါတ်၊ သံဓါတ်များတဲ့ အစားအစာတွေ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေ စုံလင်အောင် စားပေးဖို့တော့ လိုပါတယ်။၂။ ကိုယ့်ရဲ့ ဆံပင်ကို ထိခိုက်ပျက်စီးစေတဲ့ အပြုအမူမျိုးတွေ၊ အလေ့အကျင့်တွေကို ရှောင်ပေးပါ။ မရှောင်နိုင်ဘူးဆိုရင်လည်း ဆံသားကို ပြန်လည်ထိန်းသိမ်းပြုပြင်မှုတွေ ပြုလုပ်ပေးပါ။၃။ ဆံသားနဲ့ ဦးရေပြားကို အပူဖြင့် ပုံသွင်းတာမျိုး တတ်နိုင်သလောက် ရှောင်ပေးပါ။၄။ ဆံပင်ကျွတ်တာ အရမ်းကြာတဲ့အထိအောင် လုံးဝမသက်သာလာဘူးဆိုရင် အရေပြားဆရာဝန်နဲ့ သေချာပြသပြီး ဆံပင်ကျွတ်စေတဲ့ ပြဿနာအရင်းအမြစ်ကို ရှာဖို့ လိုပါတယ်။၅။ တစ်ပတ်ကို အနည်းဆုံး ၂ကြိမ် ခေါင်းပုံမှန်လျှော်ပေးပါ။ ပူလွန်းတဲ့ရေထက် ရေအေး၊ ရေကျက်နွေးနဲ့ ခေါင်းလျှော်ပေးနိုင်ရင် ပိုကောင်းပါတယ်။ ဆံပင်အခြောက်ခံစက် အသုံးပြုတာထက် ဆံသားကို သေချာခြောက်အောင်သုတ်ပေးပါ။၆။ စိတ်ဖိစီးမှုတွေ၊ စိတ်ကျန်းမာရေးပြဿနာတွေ ခံစားနေရတယ်ဆိုရင် ကိုယ့်ရဲ့ မိသားစု၊ မိတ်ဆွေတွေနဲ့ တိုင်ပင်ပါ။ စိတ်ရောဂါ ကုထုံးပညာရှင်တွေနဲ့သေချာတိုင်ပင်ပြီးဆွေးနွေးကြည့်ပါ။၇။ ကိုယ်သောက်နေတဲ့ဆေးတွေကြောင့် ဆံပင်ကျွတ်တာဆိုရင်လည်း ကိုယ့်သဘောနဲ့ ကိုယ်ဆေးရပ်တာမျိုး မလုပ်ပဲ ဆရာဝန်နဲ့သေချာတိုင်ပင်ပြီးဆေးပြောင်းသောက်တာမျိုး လုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/hair-loss-in-teen-boys/
သွေးကျဆေးများသည် ရင်သားကင်ဆာဖြစ်ပွားနိုင်ခြေကို မြင့်စေပါသလား
The Intermountain Medical Center Heart Institute in Murray, Utah, The United States ရဲ့ နောက်ဆုံးပေါ်သုတေသန အရ အသုံးများတဲ့ သွေးကျဆေးတွေဟာ ရင်သားကင်ဆာဖြစ်နှုန်းကို တိုးမြှင့်စေခြင်း မရှိဘူးလို့ ဆိုပါတယ်။သွေးတိုးကျဆေးတွေနဲ့ ရင်သားကင်ဆာ။အရင်က လေ့လာမှု။၂၀၁၃ မှာ Fred Hutchinson Cancer Research Centre ရဲ့ လေ့လာမှုတစ်ခု ထုတ်ဝေခဲ့ပါတယ်။ သူက ဘာလို ဖေါ်ပြလဲဆိုတော့ သွေးတိုးကျဆေး တစ်မျိုးဖြစ်တဲ့ calcium channel blockers တွေဟာ အချို့ အမျိုးသမီးတွေမှာ ရင်သားကင်ဆာကို ဖြစ်စေတယ်ဆိုတာပဲ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ calcium channel blockers ဟာ အမေရိကမှာ လူသိအများဆုံးဆေးတစ်ခု ဖြစ်တာကြောင့် အံ့သြတကြီး ဖြစ်ကုန်ကြပါတယ်။calcium channel blockers တွေဟာ သွေးတိုးကို ကုသတဲ့ သွေးတိုးကျဆေးဖြစ်ပါတယ်။ သူတို့ဟာ calcium တွေကို နှလုံးနဲ့ သွေးကြောထဲကို ဝင်ရောက်စေခြင်းမှ တားမြစ်ပြီး သွေးပေါင်ကျစေပါတယ်။ အောက်ဖေါ်ပြပါဆေးတွေ ပါဝင်ပါတယ်။ Amlodipine (Norvasc®), Diltiazem (Cardizem LA®, Tiazac®), Isradipine (DynaCirc CR®), Nicardipine (Cardene SR®), Nifedipine (Procardia®, Procardia XL®, Adalat CC®), Nisoldipine (Sular®), and Verapamil (Calan®, Verelan®, Covera – PM®).။ဒါပေမယ့် ဒီလေ့လာမှုဟာ ဆက်နွယ်မှု တစ်ခု ရှိတာကိုသာ ပြနိုင်ခဲ့ပြီး ဆေးနဲ့ ရင်သားကင်ဆာကြားက အကျိုးအကြောင်းဆက်သွယ်မှုကိုတော့ အတည်မပြုနိုင်ခဲ့ပါဘူး။လောလောဆယ် လေ့လာမှု။၂၀၁၄ မှာ The Intermountain Medical Centre Heart Institute က calcium channel blockers တွေဟာ ရင်သားကင်ဆာနဲ့ ဆက်နွယ်မှု မရှိဘူးလို့ဆိုပါတယ်။ ဒီလေ့လာမှုမှာ Intermountain Healthcare centres နှစ်ခုမှာ ပြသနေတဲ့ အသက် ၅၀ ကနေ ၇၀ ကြား အရင်က ရင်သားကင်ဆာ မရှိခဲ့တဲ့ အမျိုးသမီးပေါင်း ၃၇၀၀ ကျော် ပါဝင်ပါတယ်။အုပ်စုတစ်ခုချင်းစီမှာ သုတေသီတွေက နှစ်ပေါင်းများစွာ calcium channel blockers သောက်တဲ့ အမျိုးသမီးတွေကို မသောက်သူတွေနဲ့ နှိုင်းယှဉ်ခဲ့ကြပါတယ်။သူတို့ သုံးသပ်ချက်ချတဲ့အခါမှာတော့ calcium channel blockers အသုံးပြုခြင်းဟာ ရင်သားကင်ဆာဖြစ်ဖို့ ၁.၆ဆ ပိုမို များပြားတယ်လို့ ဆိုပါတယ်။ ဒီလို ပိုမိုဖြစ်စေမှုဟာ ပုံမှန်ထက် အနည်းငယ်သာ များပေမယ့် ၂၀၁၃ ကလေ့လာမှုတွေထက်တော့ အတော်ပိုနည်းတာ တွေ့ရပါတယ်။နောက်တစ်ဖက်မှာလည်း Intermountain Cardiac Catheterisation Laboratory မှာ ကုသခံနေတဲ့ လူနာတွေကို ကောက်ခံခဲ့တဲ့ အချက်အလက်တွေအရ calcium channel blockers သောက်နေတဲ့ အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ဖြစ်နှုန်းဟာ ၅၀% ပိုမို နည်းပါးတယ်ပြီး calcium channel blockers နဲ့ ရင်သားကင်ဆာဟာ ပြောင်းပြန်ဆက်နွယ်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပြောင်းပြန်ဖြစ်နေတဲ့ လေ့လာမှုတွေရဲ့ အဖြေတွေက ဘာကိုပြောလဲဆိုတော့ ရင်သားကင်ဆာ ဖြစ်ပွားနှုန်းတွေနဲ့ ဆက်နွယ်နေတာဟာ calcium channel blockers မဟုတ်ပဲ အခြားအချက်အလက်တွေသာ ဖြစ်နိုင်ပါတယ်။ဖြစ်နိုင်ခြေကို ဘယ်လိုနည်းအောင် လုပ်မလဲ။တကယ်တော့ သွေးတိုးဖြစ်စေတဲ့ အချက်တွေက ရင်သားကင်ဆာကိုပါ ဖြစ်နိုင်စေပါတယ်။ ဥပမာ – ဝခြင်း၊ လေ့ကျင့်ခန်းမလုပ်ခြင်း၊ ဆေးလိပ်၊ အရက်သောက်ခြင်း တို့ပဲဖြစ်ပါတယ်။အောက်ဖေါ်ပြပါအချက်တွေကတော့ သင့်နှလုံးနဲ့ ရင်သားကို အကောင်းဆုံးအခြေအနေဖြစ်စေဖို့ ဖြစ်ပွားစေတဲ့အချက်တွေကို လျော့ကျအောင် ဘယ်လိုလုပ်မလဲ ဆိုတာတွေ ဖြစ်ပါတယ်။ပြီးတော့ သင်ဟာ calcium channel blockers သောက်နေတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%80%e1%80%bb%e1%80%86%e1%80%b1%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%9e%e1%80%8a%e1%80%ba-%e1%80%9b%e1%80%84%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8/
နဖူးပေါ်မှာ အရေးအကြောင်းတွေမထွက်အောင် ကာကွယ်ကြမယ်
လူသားတိုင်း ဇရာကို လွန်ဆန်လို့ မရတာတော့ သဘာဝပါပဲ။ အသက်ကြီးလာတာနဲ့အမျှ နဖူး၊ မျက်နှာပေါ်မှာ အရေးအကြောင်းတွေ ဖြစ်လာမယ်။ ခြေထောက်ကြွက်သား၊လက်မောင်းသားတွေ လျော့တွဲလာမယ်။ ဒါဟာ ဖြစ်နေကျဖြစ်စဉ်မို့ ရှောင်လွယ်လို့ မရတာမှန်ပေမယ့် ဘယ်သူမှတော့ အသက်ငယ်ငယ်လေးနဲ့ အရေးအကြောင်းတွေ ထင်ပြီးအိုမင်းရင့်ရော်ေနသလို ပုံစံကြီးဖြစ်နေဖို့ လိုလားမှာ မဟုတ်ပါဘူး။အသက်အရွယ်ကြောင့် မဟုတ်ပဲ ငယ်ငယ်လေးနဲ့ အရေးအကြောင်းတွေ ပေါ်လာတာဟာ ကိုယ့်ရဲ့ နေပုံထိုင်ပုံ၊စိတ်ကျန်းမာရေးအခြေအနေ၊နေရောင်နဲ့ မကြာခဏ ထိတွေ့မှု၊ မျိုးရိုးဗီဇနဲ့ သက်ဆိုင်မှု အများကြီးရှိပါတယ်။ ဒါကြောင့် ဒီလို နဖူးပေါ်က အရေးအကြောင်းလေးတွေ ပြေလျော့သွားစေဖို့နဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကနေ ကာကွယ်ပေးမယ့် နေထိုင်မှုပုံစံလေးတွေကို ဝေမျှပေးချင်ပါတယ်။ခရမ်းလွန်ရောင်ခြည်မှာ ပါတဲ့ UVA နဲ့ UVB ကြောင့် အသားအရောင် မဲခြောက်ပျက်စီးစေတဲ့အပြင် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေနိုင်ပါတယ်။ ဒါကြောင့် အပြင်သွားတော့မယ်ဆိုရင် မျက်နှာ၊ လည်ပင်းကိုနေရောင်ကာခရင်မ်တစ်ခုခု လိမ်းပြီးမှ ထွက်ပါ။ SPF 15 အနည်းဆုံး ပါဝင်ပြီး ကိုယ့်အသားအရေနဲ့ လိုက်ဖက်ညီမယ့် နေရောင်ကာခရင်မ်ကို ရွေးချယ်ဝယ်ယူပါ။မနက် ၁၀ ကနေ နေ့လည် ၃နာရီအတွင်း နေအလွန်ပူတဲ့ အချိန်တွေမှာ အပြင်ထွက်တာကို တတ်နိုင်သလောက် ရှောင်ပါ။ မရှောင်နိုင်ရင်လည်း ဦးထုပ်၊ နေကာမျက်မှန် တပ်သွားပါ။ လေဝင်လေထွက်ကောင်းမယ့် အဝတ်အစားမျိုးသာ ဝတ်ဆင်ပါ။အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေတဲ့ အဓိကတရားခံတွေထဲမှာစိတ်ဖိစီးမှုဟာလည်း တစ်ခုအပါအဝင်ပါပဲ။ အသက်အရွယ်မရွေး ဘဝအခက်အခဲတွေ ကြုံလာတဲ့အခါ စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်တာတွေ ဖြစ်လာမှာ သဘာဝပါပဲ။ စိတ်ဖိစီးမှုတွေ များလာရင် ရုပ်ကရင့်လာမယ်။ နဖူးမှာ အရေးအကြောင်းတွေ ဖြစ်လာမယ်။ လူက အိုမင်းရင့်ရော်လာမယ်။ စိတ်နဲ့ ခန္ဓါ ကျန်းမာရေးပြဿနာတွေ ဖြစ်လာမယ်။ဒါကြောင့် ကိုယ့်မှာ အဆင်မပြေတဲ့ ကိစ္စတွေ ကြုံလာတိုင်း နောက်ဆက်တွဲ စိတ်ဖိစီးမှုတွေကို တရားထိုင်ခြင်း၊ယောဂကျင့်စဉ်ကျင့်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်း၊ ပြည့်ဝစွာ အိပ်စက်ခြင်း၊အစာအာဟာရမျှတမှု၊ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးခြင်းဖြင့် ဖြေလျှော့ပေးနိုင်ပါတယ်။ ဒီလိုနည်းလမ်းနဲ့မှ မပြေလည်သွားဘူးဆိုရင်လည်း နားလည်တတ်ကျွမ်းတဲ့စိတ်ရောဂါကုထုံး ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။ခြောက်သွေ့နေတဲ့ အရေပြားပေါ်မှာ အရေးအကြောင်းတွေ ဖြစ်ဖို့ ပိုမိုလွယ်ကူပါတယ်။ တစ်နေ့ကို ရေ ၃လီတာ အနည်းဆုံး ပုံမှန် သောက်ပေးခြင်းဖြင့် ခန္ဓါကိုယ်ရေဓါတ်ခမ်းခြောက်မှုမဖြစ်စေဖို့ ကာကွယ်ပေးနိုင်တဲ့အပြင် အရေးအကြောင်းတွေကိုပါ ပြေလျော့စေပြီး အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပါတယ်။လေ့ကျင့်ခန်းလုပ်တဲ့သူ၊ နေပူထဲ အမြဲသွားလာလှုပ်ရှားနေရတဲ့သူတွေဆိုရင် ပိုပြီးတောင် ရေသောက်ပေးဖို့ လိုအပ်ပါတယ်။ကျန်းမာရေးနဲ့ အလှအပဆိုတာ နေပုံထိုင်ပုံအပြင် နေ့စဉ်စားသောက်နေတဲ့ အစားအစာ အာဟာရပြည့်ဝမှုနဲ့လည်း အများကြီးသက်ဆိုင်နေပါတယ်။ အထူးသဖြင့် အရေးအကြောင်းတွေ ဖြစ်မလာစေဖို့ဗီတာမင် Cနဲ့ Omega – 3ငါးကြီးဆီအဆီအနှစ်တွေ ပါဝင်တဲ့ အစားအစာတွေကို များများစားပေးရပါမယ်။ အချဉ်ဓါတ်များတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ သဘာဝအဆီအနှစ်တွေ ပါဝင်တဲ့ ငါးနဲ့ ပင်လယ်စာတွေကို ပိုပြီး စားပေးနိုင်ရင် အကောင်းဆုံးပါပဲ။နဖူးမှာ အရေးအကြောင်းတွေ ထင်ပြီး ကြည့်ရဆိုးနေတာမျိုး မဖြစ်ချင်ဘူးဆိုရင် ဆေးလိပ်သောက်တဲ့ အကျင့်ကို မလုပ်တာ အကောင်းဆုံးပါပဲ။ ဆေးလိပ်ဟာ အရေပြားအလှအပအတွက်သာမက ကျန်းမာရေးအတွက်ပါ ကောင်းကျိုးတစ်ခုမှ မရရှိပါဘူး။ အဆုတ်ကင်ဆာ၊ နှလုံးရောဂါ၊ ခံတွင်းကင်ဆာတွေအပြင် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာ၊ နဖူးရေတွန့်တာ၊ အသားအရေမွဲခြောက်ပြီး အရောင်မညီတာ၊ ကြွက်သားလျော့တွဲတာတွေကို ဖြစ်စေပြီး လူကိုတော်တော်လေး ကြည့်ရဆိုးစေနိုင်ပါတယ်။နဖူးပေါ်မှာ အရေးအကြောင်းလေးတွေ ဖြစ်မလာစေချင်ဘူးဆိုရင် အပေါ်မှာ ပြထားတဲ့ ဆောင်ရန်၊ ရှောင်ရန် အချက် ၅ ချက်ကို သေချာလိုက်လုပ်ဖို့တော့ လိုမယ်နော်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%94%e1%80%96%e1%80%b0%e1%80%b8%e1%80%b1%e1%80%95%e1%81%9a%e1%80%99%e1%80%bd%e1%80%ac-%e1%80%a1%e1%80%b1%e1%80%9b%e1%80%b8%e1%80%a1%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8/
ကယ်လ်စီယမ်စုပ်ယူအားကို ဘယ်လိုတိုးမြှင့်မလဲ
ကယ်လ်စီယမ်သည် သတ္တုဓါတ်တစ်မျိုးဖြစ်ပြီး အရိုးများကို သန်မာစေပါသည်။ လုံလောက်သည့် ကယ်စီယမ်ပမာဏ မရရှိပါက သင့်ခန္ဓါကိုယ်သည် လိုအပ်သည်များကို အရိုးများမှ ထုတ်သုံးသောကြောင့် အရိုးများကို အားနည်းစေပြီး ကျွတ်ဆတ်ခြင်း သို့မဟုတ် ပျော့ခြင်း ဖြစ်စေနိုင်ပါသည်။ကယ်လ်စီယမ်ကြွယ်ဝသော အစားအစာများကိုစားခြင်း ကယ်လ်စီယမ်စုပ်ယူမှုကိုတားသော အစာများကိုရှောင်ခြင်း၊ ဗီတာမင်ဒီလုံလောက်စွာရအောင် လုပ်ခြင်းများသည် ကယ်လ်စီယမ်လယ်ဗယ်ကို တည်ငြိမ်အောင် လုပ်ပေးနိုင်ပါသည်။သင့်ခန္ဓါကိုယ်သည် အားဆေးများမှပါသော ကယ်လ်စီယမ်ထက် အစာများမှပါသော ကယ်လ်စီယမ်ကို အလွယ်တကူ စုပ်ယူနိုင်ပါသည်။ ကယ်လ်စီယမ် စုပ်ယူမှုကောင်းစေရန်အတွက် ကယ်လ်စီယမ်ကြွယ်ဝသည်များကို နေ့စဉ်စားပေးရမည်။အဆီနည်းသော သို့ အဆီထုတ်ထားသော နွားနို့ကိုလည်း သောက်ပေးခြင်းဖြင့် အဆီများများစားရန်မလိုပါပဲနှင့် ကယ်လ်စီယမ်စုပ်ယူမှုကို အားကောင်းစေပါသည်။ တခြားသော ကယ်စီယမ်ကြွယ်ဝသည့် အစားအစာများမှာ ဒိန်ချဉ်၊ ဒိန်ခဲ၊ ဆာဒင်းနှင့် ဆာမွန်ငါးများဖြစ်သည်။တစ်ချို့သောအစားအစာများသည် ကယ်လ်စီယမ်စုပ်ယူမှုကို တားဆီးနိုင်၏။ ဥပမာ ချောကလက်သည် ကယ်လ်စီယမ်နှင့် ပေါင်းစပ်သွားပြီး ခန္ဓါကိုယ်မှ မစုပ်ယူနိုင်တော့ပါ။ ဘယ်ရီသီးများ၊ စပျစ်သီး၊ ကန်စွန်းဥနှင့် ခရမ်းသီးတို့တွင်လည်း အောက်ဆလိတ်များ ပါဝင်သည်။ကယ်လ်စီယမ်ချို့တဲ့ပါက သင်စားနေသည့် အောက်ဆလိတ်ပါဝင်သောအစားအစာများဆိုင်ရာ ပမာဏတို့ကို ဆရာဝန်နှင့်ဆွေးနွေးပါ။ ထို့အပြင် အရက်နှင့် ကဖိန်းဓါတ်သည် ကယ်လ်စီယမ်စုပ်ယူမှုကို တားမြစ်သောကြောင့် ဖြတ်ရန် စဉ်းစားပါ။ဗီတာမင်ဒီသည် ကယ်စီယမ်ကို ပိုစုပ်ယူစေနိုင်ရန် အထောက်အကူပြု၏။ ဗီတာမင်ဒီ လုံလောက်စွာမရရှိပါက ကလေးများတွင် ကယ်လ်စီယမ်ချို့တဲ့ခြင်းကြောင့် ဖြစ်သော ရစ်ကက်ရောဂါ ဖြစ်ပွားစေနိုင်ပါသည်။ဗီတာမင်ဒီ လုံလောက်စွာရစေမည့် သဘာဝနည်းလမ်းသည် နေရောင်အောက်၌ တစ်ရက်လျှင် ၁၅ မိနစ်ခန့် နေပေးခြင်းပင်ဖြစ်သည်။ အရေပြားကင်ဆာ ဖြစ်နိုင်ချေကို လျော့ချနိုင်ရန်အတွက် ကလေးကို ၁၅ နစ်ထက်ပိုပြီး နေရောက်အောက်မှာ မနေပါစေနှင့်။ကလေးတွင် ဗီတာမင်ဒီ အားဆေး သောက်ရန်လိုမလို ဆရာဝန်နှင့် တိုင်ပင်နိုင်ပါသည်။ အာဟာရဖြည့်စွက်နွားနို့နှင့် နို့ထွက်ပစ္စည်းများ စားသုံးခြင်းသည်လည်း ခန္ဓါကိုယ်တွင် လိုအပ်သော ဗီတာမင်ဒီကို ထောက်ပံ့နိုင်ပါသည်။ကလေး၏အစားအသောက်တွင် ဘယ်ဖြည့်စွက်အာဟာရမှ မထည့်ခင် ဆရာဝန်နှင့် အရင်တိုင်းပင်ရန် သတိရပါ။· ဗီတာမင်စီသည် ရေ၌ပျော်ဝင်၏။ ၎င်းသည် ခန္ဓါကိုယ်၏ ကယ်လ်စီယမ်စုပ်ယူနှုန်းကိုလည်း တိုးမြှင့်ပေး၏။ ရေတွင်ပျော်ဝင်သော ဗီတာမင်များသည် အဆီတွင်ပျော်ဝင်သော ဗီတာမင်များထက် ခန္ဓါကိုယ်မှ စွန့်ထုတ်ရမြန်သောကြောင့် ကလေး၏ အစားအသောက်တွင် ထိုဗီတာမင်များ အမြဲပါရန် လိုအပ်ပါသည်။ဗီတာမင်စီ အပေါများဆုံး အစားအစာများတွင် ချဉ်သောသစ်သီးများ၊ ငရုတ်စိမ်းပွ၊ စတော်ဘယ်ရီနှင့် ခရမ်းချဉ်သီးတို့ ဖြစ်သည်။· အအေးများတွင် ဖော်စဖော်ရစ်အက်စစ်များပါပြီး ကယ်လ်စီယမ်စုပ်ယူမှုကို လျော့ကျစေနိုင်ပါသည်။ ထို့ကြောင့်အအေးများကို ကလေးများ အလွန်အကျွံမသောက်စေရန် ဂရုစိုက်ပါ။· ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းသည် ကယ်လ်စီယမ် ချို့တဲ့သည်ထက်ကို ပိုပြီး အရိုးပွနိုင်ပါသည်။ ကိုယ်လက်လှုပ်ရှားခြင်းသည် ကြွက်သားများကိုသာမက အရိုးများကိုပါ တည်ဆောက်ပေးပါသည်။လေ့ကျင့်ခန်းများ ပုံမှန်လုပ်ခြင်းဖြင့်လည်း ကယ်လ်စီယမ်လယ်ဗယ်ကို တိုးမြှင့်နိုင်ပါသည်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%80%e1%80%9a%e1%80%ba%e1%80%9c%e1%80%ba%e1%80%85%e1%80%ae%e1%80%9a%e1%80%99%e1%80%ba%e1%80%85%e1%80%af%e1%80%95%e1%80%ba%e1%80%9a%e1%80%b0%e1%80%a1%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af/
ကလေးနှင့် နို့အာဟာရတိုက်ကျွေးခြင်း
ကလေးမေမေတွေ မကြာခဏ မေးတတ်တဲ့ ပြဿနာတွေထဲမှာ ကလေးကို တစ်နေ့ဘယ်နှကြိမ်နို့တိုက်သင့်လဲ၊ တစ်ခါတိုက်ရင် ဘယ်လောက်ပမာဏ တိုက်သင့်လဲ၊ ကလေးကနို့ဆာပြီဆိုရင် ဘယ်လိုပြုမူတတ်လဲ အစရှိတဲ့ မေးခွန်းတွေနဲ့ ပတ်သက်ပြီး ဗဟုသုတရအောင် ဝေမျှပေးချင်ပါတယ်။ကလေးမွေးပြီး ပထမလမှာ ၈ကြိမ်ကနေ ၁၂ကြိမ်အထိ နို့တိုက်ကျွေးသင့်ပါတယ်။ ကလေးတွေအတွက် မိခင်နို့ဟာနို့မှုန့်ထက်ပိုပြီး အစာကြေလွယ်စေတာကြောင့် ဗိုက်အဆာမြန်တယ်။ အဲ့တော့ မေမေတွေအနေနဲ့ မိခင်နို့ကို ပိုပြီး တိုက်ကျွေးဖို့ လိုအပ်ပါတယ်။ မကြာခဏနို့တိုက်ရတဲ့ မေမေတွေမှာနို့ထွက်အားလည်း ပိုကောင်းလာပါတယ်။မိခင်နို့တစ်မျိုးတည်းကိုသာ သောက်သုံးတဲ့ ကလေးတွေ အသက် ၁လ ကနေ ၂လ အရွယ်မှာ တစ်နေ့ကို ၇ကြိမ်ကနေ ၉ကြိမ်ထိ နို့တိုက်ဖို့ လိုပါတယ်။ ပုံမှန်အားဖြင့် တစ်နာရီခွဲကနေ ၃နာရီခြား တစ်ခါ အချိန်ခြားပြီး နို့တိုက်ပေးရပါမယ်။ ကလေးတွေ ကြီးလာတာနဲ့အမျှ နို့တိုက်တဲ့အကြိမ်ရေ နည်းသွားမှာဖြစ်ပြီး မေမေတွေအနေနဲ့လည်း ကိုယ့်ကလေး ဘယ်အချိန် နို့တိုက်ရမလဲဆိုတာ အချိန်ခန့်မှန်းလို့ ရပါပြီ။မေမေအများစု လုပ်တတ်တဲ့ အရာကတော့ ကလေးငိုမှ နို့ဆာပြီထင်ပြီး နို့တိုက်ကြတာပါ။ ကလေးဟာ ငိုနေပြီဆိုရင်တော့ နို့ဆာတာ အချိန်တော်တော် ကြာနေပါပြီ။ ဒါကြောင့် ကလေး နို့ဆာတဲ့ အချိန်ထိ မစောင့်ပဲ ကြိုပြီး နို့တိုက်ပေးတာ အကောင်းဆုံးပါပဲ။ ကလေးနို့ဆာပြီဆိုရင်။ကလေးငိုတာဟာ နို့အဆာလွန်တာကြောင့်လည်း ဖြစ်သလို အပွေ့ဖက်ခံချင်တာ၊ ကလေးသေးခံ လဲစေချင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကလေးကို တစ်ယောက်ထဲ လွှတ်ထားလို့ ကြာလာရင် ပျင်းသွားတာ၊ ရာသီဥတုကြောင့် တအားပူတာ၊ အေးတာမျိုးဆိုရင်လည်း ငိုတတ်ပါတယ်။ အရမ်းဆာနေတဲ့အချိန်မှာ ကလေးကို နို့တိုက်ရင်နို့ပြန်အန်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။မွေးပြီး ၂၄နာရီအတွင်းမှာ ကလေးရဲ့ အစာအိမ်ဟာ အလွန်သေးငယ်တဲ့အတွက် မိခင်နို့ 7mL ဒါမှမဟုတ် လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲစာလောက်ပဲ သောက်နိုင်မှာပါ။ ၃ရက်ကြာရင် 22-27mL ၊ တစ်ပတ်အကြာမှာ 45-60mL ၊ ၂ပတ်အကြာမှာ 80-150mL ထိ သောက်နိုင်လာပါပြီ။ကလေးတွေမှာ နို့သောက်နိုင်တဲ့ ပမာဏ တစ်ဦးနဲ့ တစ်ဦး မတူညီတာကြောင့် ကိုယ့်ကလေး နို့ဝပြီလားဆိုတာကို မေမေတွေအနေနဲ့ အမြဲ ကြည့်နေပေးဖို့ လိုပါတယ်။မိခင်အနေနဲ့ အပြင်သွားစရာရှိရင် အလုပ်သွားစရာရှိရင် နို့ဘူးထဲ ကြိုတင်နို့ညှစ်သိမ်းဆည်းထားပေးဖို့ လိုပါတယ်။နို့တိုက်နေတဲ့အချိန်မှာ ကလေးရဲ့ အမူအရာကို အကဲခတ်ပြီး လေ့လာနေပါ။ နို့စို့တာ နှေးလာပြီ၊ နို့စို့ရတာ စိတ်မပါတော့တာ၊မိခင်နို့၊ နို့ဘူးဆီကနေ မကြာခဏ ခေါင်းဖယ်တာ အစရှိတဲ့ အပြုအမူကို တွေ့ရပြီဆိုရင် ကလေးနို့ဝနေပါပြီ။ ပုံမှန်အားဖြင့်တော့ မွေးကာစ ကလေးတွေမှာ မိနစ် ၂၀ခန့် တစ်ဖက်စီ နို့စို့တတ်ပြီး အသက်ကြီးလာတာနဲ့အမျှ ၅မိနစ်ကနေ ၁၀မိနစ်လောက်သာ ကြာနိုင်ပါတယ်။မေမေတွေအနေနဲ့ နို့တော့ တိုက်လိုက်တယ်။ ကိုယ့်ရဲ့ ကလေး နို့ဝပါ့မလားဆိုပြီး စိတ်ပူနေတတ်ရင်တော့ ဒီအချက်လေးတွေကို လေ့လာကြည့်လို့ ရပါတယ်။နို့တိုက်ပြီးတဲ့အခါမှာ ကလေးမျက်နှာမှာ ဗိုက်ဝသွားတဲ့ အရိပ်အယောင်မြင်ရတာ၊ ကလေးသေးခံအဝတ်ကို တစ်နေ့ ၄ကြိမ်ကနေ ၆ကြိမ်အထိ လဲရတာ၊ဝမ်းမှန်တာ၊ ကောင်းကောင်းအိပ်ပျော်တာ၊ နိုးလာတဲ့အခါမှာ ကလေးက တက်ကြွနေတာ၊ပျော်ရွှင်နေတာ၊ ကိုယ်အလေးချိန်တက်လာတာ တွေ့ရပြီဆိုရင်တော့ ကိုယ့်ရဲ့ ကလေး နို့ဝတာ သေချာပါတယ်။ဒီအချက်တွေ မတွေ့ရဘူးဆိုရင်တော့ ကိုယ့်ရဲ့ ကလေးကို မိခင်နို့မထွက်တာလား၊ ကလေးက နို့ကောင်းကောင်း မစို့နိုင်တာလား ဆိုတာ သေချာသိဖို့ ဆရာဝန်နဲ့ သေချာပြကြည့်ပါ။ မိခင်နို့မှာ ကလေးတွေကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့အာဟာရဓါတ်၊ သတ္တုဓါတ်တွေ အလုံအလောက်ပါဝင်တာကြောင့် ကိုယ့်ရဲ့ ကလေးကို မွေးပြီး ၆လအထိ မိခင်နို့တစ်မျိုးတည်းကိုသာ မှန်မှန်တိုက်ကျွေးပေးဖို့ အရေးကြီးပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/breastfeeding-children/
Chamomile (ချန်မိုမိုင်း)
အသုံးပြုကြပါသလဲ။Chamomile ကို စိတ်ချရတဲ့ အပင်တစ်ခုအဖြစ် ယူဆကြပြီး ယဉ်ကျေးမှုပေါင်းများစွာမှာ အစာအိမ်နာခြင်းနဲ့ စိတ်ငြိမ်ဆေး အပျော့တစ်မျိုး အဖြစ်အသုံးပြုကြပါတယ်။ အချို့လေ့လာမှုတွေမှာ Chamomile ကို အခြားအပင်တွေနဲ့ ပေါင်းသုံးခြင်းဟာ ကျန်းမာရေးအကျိုးကျေးဇူး အများကြီး ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီလိုပေါင်းသုံးမှုကြောင့် အကျိုးကျေးဇူး ရှိလာခြင်းဟာ တစ်မျိုးတည်းကြောင့်လို့ ပြောဖို့ ခက်ခဲပါတယ်။Chamomile နဲ့ အခြားအပင်တွေ ပေါင်းသုံးခြင်းဟာ အစာအိမ် နာခြင်း၊ ရင်ပူခြင်း၊ ပျို့အန်ခြင်းတွေကို သက်သာစေပါတယ်။ Chamomile ပေါင်းစပ်ရည်နောက်တစ်မျိုးဟာ ကလေးတွေမှာ ဗိုက်နာခြင်းကို သက်သာစေပါတယ်။Chamomile နဲ့ အာလုပ်ကျင်းခြင်းဟာ ကင်ဆာကုသမှုတွေ ကြောင့် ဖြစ်လာတဲ့ ပါးစပ်တွင်း အနာတွေကို သက်သာစေပါတယ်။ သုတေသနတွေက Chamomile ဟာ အခြားအခြေအနေတွေဖြစ်တဲ့ ကလေးတွေမှာ ဝမ်းလျှောခြင်း၊ လိပ်ခေါင်း၊ စိတ်ပူခြင်းနဲ့ အိပ်မပျော်ခြင်းတွေအတွက် အကျိုးရှိတယ်လို့ ဆိုပါတယ်။ အရေပြားပေါ်မှာ အသုံးပြုရင် Chamomile ဟာ အရေပြားယားယံခြင်းကို သက်သာစေပြီးတော့အနာကျက်မှု ကို အားပေးပါတယ်။ လေ့လာမှု အချို့က သူဟာ နှင်းခူနာကိုက ကုသရာမှာ hydrocortisone လိုမျိုး အကျိုးရှိတယ်လို့ ဖေါ်ပြပါတယ်။Chamomile ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒါပေမယ့် အချို့လေ့လာမှုတွေက Chamomile ရဲ့ flavonoid အပိုင်းဟာ စိတ်ငြိမ်စေတဲ့ အစွမ်း ရှိတယ်လို့ ဆိုပါတယ်။ Chamomile, glucoside နဲ့ chamaemeloside တွေမှာပါတဲ့ flavonoids နှစ်ခုဟာ သွေးအတွင်းသကြားဓါတ်ကို ကျဆင်းစေပါတယ်။Chamomile ကို အေးမြပြီး ခြောက်သွေ့တဲ့ နေရာတွေမှာ ထားသင့်ပြီး အပူနဲ့ ရေငွေ့ရိုက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။Chamomile မျာ courmarin အနည်းငယ်ပါဝင်ပြီး သွေးကြဲစေတဲ့ အာနိသင် အနည်းငယ် ရှိပါတယ်။ ဒါပေမယ့် ဒါဟာ အချိန်အကြာကြီး ပမာဏ အများကြီးသုံးမှ ဖြစ်တတ်တာဖြစ်ပါတယ်။ Chamomile ကို ခွဲစိတ်မှု မပြုခင် နှစ်ပတ်လောက်ကြိုပြီး အသုံးပြုခြင်းကို ရပ်သင့်ပါတယ်။ ထုံဆေး၊ မေ့ဆေးတွေနဲ့ ဓါတ်ပြုမှာ စိုးရိမ်လို့ပဲဖြစ်ပါတယ်။ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဒီဆေးကို ကိုယ်ဝန်ရှိနေတဲ့ အမျိုးသမီးတွေမှာ အသုံးမပြုသင့်ပါဘူး။ အချို့လေ့လာမှုတွေက Chamomile ဟာ မမွေးသေးတဲ့ကလေးတွေကို ထိခိုက်နိုင်ပြီး ကလေးပျက်ကျနိုင်တယ်လို့ ဆိုပါတယ်။ ဒီဆက်စပ်မှုကို အတည်ပြုဖို့ လေ့လာမှုတွေ လိုအပ်ပါသေးတယ်။Chamomile ကို အခြားစိတ်ငြိမ်ဆေးတွေ၊ အရက်တွေနဲ့ပေါင်းပြီး သောက်ရင် သူတို့ရဲ့ အာနိသင်ကို ပိုများစေတာမို့ ပေါင်းသောက်ခြင်း မပြုသင့်ပါဘူး။Chamomile ဟာ အောက်ပါဆိုးကျိုးတွေ ရနိုင်ပါတယ်။• မျက်နှာ၊ မျက်လုံး ပူလောင်ခြင်း။• အိပ်ချင်ခြင်း (ပမာဏ အများကြီး သောက်ရင်)၊ အန်ခြင်း။• ဓါတ်မတည့်ခြင်း။လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်။Chamomile ဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။German Chamomile ကို ကိုယ်ဝန်တားဆေးတွေနဲ့ ပေါင်းသောက်ခြင်းဟာ ကိုယ်ဝန်တားဆေးတွေရဲ့ အာနိသင်ကို လျော့ကျစေပါတယ်။ estrogen pills တွေနဲ့ ပေါင်းသောက်ခြင်းဟာလည်း estrogen pills တွေရဲ့ အာနိသင်ကို လျော့ကျစေပါတယ်။Chamomile ဟာ အသည်းကနေ ပြောင်းလဲလိုက်တဲ့ ဆေးတွေနဲ့ စိတ်ငြိမ်ဆေးတွေနဲ့ အစွမ်းထက်မှုကို ပြောင်းလဲစေနိုင်ပါတယ်။သူ့ကို သွေးကြဲဆေးနဲ့ ပေါင်းသောက်ခြင်းဟာ သွေးခဲခြင်းကို အလွန်အမင်း နှေးစေတာကြောင့် အညိုအမဲစွဲခြင်းတွေ၊ သွေးထွက်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။Chamomile ဟာ အရက်ရဲ့ အာနိသင်ကိုလည်း တိုးမြှင့်ပေးနိုင်ပါတယ်။ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်။ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်။Chamomile အသုံးပြုတဲ့ ပုံစံပေါ်မူတည်ပြီး ဆေးအချိုးအစားဟာ ကွာခြားမှု ရှိပါတယ်။ Chamomile ကို သောက်သုံးရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။Chamomile ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။• ဆေးတောင့်။• ခရင်မ်။• အရည်။• လိုးရှင်း။• ခေါင်းလျှော်ရည်၊ ဆံပင်ပျော့ဆေး။• လက်ဖက်။• တင်ချာရည်။• ဒီအပင်ကို အလှပြင်ပစ္စည်းတွေမှာလည်း တွေ့ရှိနိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/chamomile-%e1%80%81%e1%80%ba%e1%80%94%e1%80%b9%e1%80%99%e1%80%ad%e1%80%af%e1%80%99%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8/
ကျားလိင်အင်္ဂါမှာ ဝဲခြောက် ယားနာ ဖြစ်နေခဲ့ရင်
Mite လို့ ခေါ်တဲ့ အလွန်သေးငယ်တဲ့ကပ်ပါးပိုးကောင်တစ်မျိုးဟာ အရေပြားထဲကို ထိုးဖောက်ဝင်ရောက်ပြီး အသက်ရှင်သန်ပါတယ်။ အဲ့ဒီနောက်မှာ အထဲကနေအရေပြားဆဲလ်တွေကို ဖြည်းဖြည်းချင်းစားကာ ဥ ဥပြီး တဖြည်းဖြည်း ကြာလာတာနဲ့ ဝဲခြောက် ယားနာတွေ ဖြစ်လာပါတယ်။ ကပ်ပါးပိုးရှိသူနဲ့ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း၊ အရေပြား ထိတွေ့မိတဲ့အခါ ဝဲခြောက်ယားနာကူးစက်ခံရနိုင်ပါတယ်။ဝဲခြောက် သည် ခန္ဓာကိုယ်ရဲ့ နေရာမရွေးပေါက်နိုင်ပြီး အမျိုးသားတွေမှာတော့ တစ်ကိုယ်ရေသန့်ရှင်းမှုမရှိခြင်း၊ ပိုးရှိသူရဲ့ အရေပြား၊ အဝတ်အစားနဲ့ ထိတွေ့မိရာကနေ ကူးစက်ခံရတာ ဖြစ်ပါတယ်။ လိင်တံပေါ်မှာ ပေါက်တဲ့ ဝဲခြောက်တွေဟာ သေးငယ်ပြီး အပေါ်ကို အနည်းငယ် ချွန်တက်နေတဲ့ဝက်ခြံကဲ့သို့ ပုံစံရှိပါတယ်။ လိင်တံအပြင်ကပ္ပာယ်အိတ်၊ ပေါင်ခြံ၊ တင်ပါးအထိပါ ပြန့်သွားနိုင်ပါတယ်။ ကပ်ပါးပိုးတွေ ကိုယ့်အရေပြားထဲ ဝင်သွားပြီးနောက် ၄ ပတ်မှ ၆ ပတ်အတွင်း ဝဲခြောက်အင်ပျဉ်ကွက်တွေ ထလာပါတယ်။အဓိက အတွေ့များတဲ့ ရောဂါလက္ခဏာကတော့ ပြင်းပြင်းထန်ထန် ယားယံတာပါ။ အကြောင်းရင်းက ကပ်ပါးပိုးကောင်တွေဟာ အရေပြားအတွင်းထဲမှာ မျိုးပွားပြီးနောက် ဥတွေကအရေပြားအတွင်းထဲ မြှုပ်ထားတာကြောင့်ပါ။ ဒီဥလေးတွေကြောင့် အရေပြားမှာ ဝဲခြောက်ဖုလေးတွေ ထွက်လာရခြင်း ဖြစ်ပါတယ်။ ဥ ကနေ ပေါက်လာတဲ့ အကောင်တွေက အရေပြားတွင်း တွားသွားတဲ့အခါ အဖြူရောင် မျဉ်းကြောင်းလေးတွေ ပေါ်လာပါတယ်။ယားယံလေ၊ လူက ပိုကုတ်လေ၊ ကုတ်တဲ့နေရာမှာ အနာဖြစ်ပြီး ပိုးဝင်ကာ ထပ်ယားတာကြောင့် အဆုံးမသတ်နိုင်အောင် ယားယံပြီး လူကို နေရထိုင်ရခက်စေပါတယ်။လိင်တံမှာ ပေါက်တဲ့ ဝဲခြောက် ယားနာတွေသည် အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းနဲ့ အရေပြား တိုက်ရိုက်ထိတွေ့ခြင်းကနေ ကူးစက်ပါတယ်။ ဆက်ဆံဖော် တစ်ဦးထက် ပိုတာ၊ ကပ်ပါးပိုး တွယ်နေတဲ့အဝတ်အစား၊ အိပ်ရာခင်းတွေနဲ့ ထိတွေ့ရာကနေလည်း ကူးစက်ပါတယ်။ တိရစ္ဆာန်ကနေ လူကို ကူးစက်တာမျိုးတော့ မရှိပါဘူး။ လူ လူ ချင်းသာ ကူးစက်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှုကြောင့် ဝဲခြောက်ပေါက်တာမျိုး မဟုတ်ပေမဲ့ နဂို ဝဲခြောက်ရှိနေတယ်ဆိုရင်တော့ ယားယံခြင်းကို ပိုဆိုးသွားစေနိုင်ပါတယ်။ဝဲခြောက်သည် ပြင်းထန်တဲ့ အရေပြားပြဿနာအဖြစ် သတ်မှတ်လို့ ရတဲ့အတွက် အရေပြားဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုခံယူသင့်ပါတယ်။ ဆရာဝန်အနေနဲ့လိင်အင်္ဂါပတ်လည်နဲ့ ပေါက်နေတဲ့ အဖုတွေကို သေချာစစ်ဆေးပြီးနောက် အရေပြားနမူနာကို ဓာတ်ခွဲခန်းပို့ကာ ဝဲခြောက် ဟုတ်မဟုတ် အတည်ပြုစစ်ဆေးမှာပါ။ဝဲခြောက် ယားနာအတွက် ယားယံခြင်းကို သက်သာစေမယ့် လိမ်းဆေးအဆီ၊ ကျားလိင်အင်္ဂါလိမ်းဖို့အတွက် သီးသန့် ဝဲပျောက်ဆေး (သောက်ဆေး၊ လိမ်းဆေး) ကို ဆရာဝန်က ညွှန်းပေးမှာဖြစ်ပါတယ်။ဆေးအညွန်းအတိုင်း နေ့စဉ် ပုံမှန်လိမ်းဖို့ လိုအပ်သလို တစ်နေ့ကို ရေသေချာချိုးပေးဖို့၊ သန့်ရှင်းတဲ့အဝတ်အစားတွေကို ဝတ်ဖို့ အရေးကြီးပါတယ်။ဝဲပေါက်နေတဲ့ လူနာ ဝတ်ထားတဲ့ အဝတ်အစား၊ မျက်နှာသုတ်ပဝါ၊ တဘက်၊ အိပ်ရာခင်းတွေကို ရေပူပူထဲမှာ အနည်းဆုံး ၁၀ မိနစ်ကြာအောင် ဆေးပြီးမှ ပိုးသတ် အဝတ်လျှော်ဆပ်ပြာနဲ့ သေချာလျှော်ဖွပ်ပါ။တခြားမိသားစုတွေရဲ့ အဝတ်နဲ့ ရောပြီး မထားပါနဲ့။ အသုံးမပြုပါနဲ့။ ကပ်ပါးပိုးကောင်တွေဟာ အရေပြားကနေ ထွက်ကျပြီး ကြမ်းပြင်မှာ ၇၂ နာရီထိ အသက်ရှင်နိုင်တဲ့အတွက် အိမ်ပတ်ဝန်းကျင်၊ ကြမ်းပြင်ကို ရေပူနဲ့ အစွန်းချွတ်ဆေးရောပြီး တိုက်ဆေးလို့ ရပါတယ်။ဝဲခြောက်ယားနာသည် သေချာကုသမယ်ဆို ပျောက်ကင်းဖို့လည်း လွယ်သလို အချိန်သိပ်မကြာပါဘူး။ ကုသနေစဉ် ဝဲခြောက်တွေကို လက်နဲ့ မကုတ်မိဖို့၊အနာပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထားဖို့ အရေးကြီးပါတယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/scabies-on-the-penis/
အစာခြေစနစ်နဲ့ ခုခံအားစနစ်က ဒီလိုဆက်စပ်နေပါတယ်။ ။
လူ့ကိုယ်ခန္ဓါဆိုတာ ကားနဲ့တူပါတယ်။ မှန်ကန်တဲ့လောင်စာဆီထည့်မှ အင်ဂျင်တွေကောင်းကောင်းအလုပ်လုပ်နိုင်ပြီး လိုရာခရီးကို ချောချောမွေ့မွေ့ရောက်မှာဖြစ်ပါတယ်။ လူ့ကိုယ်ခန္ဓါလည်း ဒီလိုပါပဲ။ ကိုယ်ခန္ဓါအတွက် မှန်ကန်အကျိုးရှိတဲ့ အရာတွေကို ရွေးစားပေးမှအားအင်ြပည့်ဝပြီး ရောဂါဘယတွေကနေ ကင်းဝေးမှာဖြစ်ပါတယ်။ ဒါတွေကို ကြည့်လိုက်တာနဲ့တင် အစာခြေစနစ်နဲ့ ခုခံအားစနစ်က ဆက်သွယ်မှုရှိနေတယ်ဆိုတာ တွေ့ရမှာပါ။ ။အစာခြေစနစ်ကြီးမှာ ပါးစပ်ပေါက်ကနေ စအိုဝအထိတောက်လျှောက်ပါပါတယ်။ လူတို့သက်တမ်းတစ်လျှောက် မရေမတွက်နိုင်အောင်စားတဲ့ အစားအစာတွေကို ဒီစနစ်ကပဲတာဝန်ယူ ခြေဖျက်ပေးပြီး လိုအပ်တဲ့ အာဟာရတွေကို စုပ်ယူပေးနေရတာပါ။ မှန်ကန်တဲ့ အစားအသောက်တွေစားမှလည်း လိုအပ်တဲ့အာဟာရတွေကို ရဖို့အတွက် အစာခြေစနစ်က တာဝန်ယူပေးနိုင်မှာပါ။ခုခံအားစနစ်ကိုတော့ ကိုယ်တွင်းစစ်တပ်ကြီးလို့ပြောလို့ရပါတယ်။ အပြင်ကရောဂါပိုးတွေ ဝင်မလာနိုင်အောင်၊ ဝင်လာခဲ့ရင်လည်း ပြန်ထွက်သွားအောင် တိုက်ထုတ်ပေးရတဲ့ စနစ်ကြီးပါ။သောင်းကျန်းသူဘက်တီးရီးယားတွေ အများဆုံးရှိတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်း နယ်မြေမှာ ခုခံအားစစ်တပ်ကြီးရဲ့ ၈၀ ရာခိုင်နှုန်းလောက်က အချိန်ပြည့် တာဝန်ယူနေရပါတယ်။ စားလိုက်တဲ့ အစားအသောက်တွေထဲကအာဟာရေတွ ရအောင် အစာအိမ်နဲ့ အူလမ်းကြောင်းက စုပ်ယူပေးရတာဖြစ်လို့ ကိုယ်ခန္ဓါအတွက် သူတို့က အရေးကြီးတယ်ဆိုတာ ယုံမှားဖွယ်မရှိပါဘူး။ သောင်းကျန်းသူ ဘက်တီးရီးယားတွေဟာ အခွင့်ရရင်ရသလို ဒုက္ခပေးတတ်ကြပါတယ်။ အဲ့ဒီ အခါကျရင် အစာအိမ်နဲ့ အူလမ်းကြောင်းမှာတစ်ခုခုဖြစ်ပြီး ကိုယ်တွင်းခုခံအား စနစ်ကြီး အလုပ်စရှုပ်ပါတော့တယ်။ ဒါကြောင့် ခုခံအားနဲ့ အစာအိမ်အူလမ်းကြောင်းဆိုတာ အမြဲ ဆက်စပ်နေတဲ့ အရာတစ်ခုပါ။အစားအသောက်ဆိုတာ စားတတ်ရင် ကောင်းတဲ့ အရာဖြစ်ပြီး အစားမတော်ရင်တော့ ဘေးဖြစ်နိုင်ပါတယ်။အာဟာရေတွ ပြည့်ဝမျှတအောင် လိုအပ်တဲ့ ကလေးတွေ အတွက်ဆို မှန်ကန်တဲ့အစားအသောက် စားဖို့ ပိုလို့တောင် အရေးကြီးပါသေးတယ်။ ဒါကြောင့် ခုပြောပြမယ့်အကျိုးပြု ဘက်တီးရီးယားတွေကို ဒုက္ခပေးနိုင်တဲ့ အစားအသောက်တွေကို ကလေးတွေ မစားမိဖို့ အရေးကြီးပါတယ်။တာရှည်ခံေအာင်လုပ်ထားတဲ့ စည်သွပ်ဘူး၊ အသားခြောက်တွေ၊အရောင်ဆိုးထားတဲ့ အစားအစာတွေ၊ အချိုဓါတ်လွန်ကဲတဲ့ အစားအသောက်တွေ၊ ကလေးသောက်ရတဲ့ဆေးတွေ၊စိတ်ဖိစီးမှုတွေက မကောင်းတဲ့ ဘက်တီးရီးယားတွေကို ထကြွစေပါတယ်။ ဒီလိုဆို ခုခံအားစနစ် အားနည်းသွားပြီး ကလေးတွေ နေမကောင်းဖြစ်ကြပါတော့တယ်။ နေမကောင်းလို့ဆိုပြီး ပဋိဇီဝ ပိုးသတ်ဆေးတွေကို လူကြီးတွေ သောက်သလို ကလေးတွေ လိုက်သောက်လို့ မရပါဘူး။ ဆေးတွေကို လိုအပ်တဲ့ ပမာဏထက် ပိုသောက်မိရင် ကောင်းတဲ့အကျိုးပြု ဘက်တီးရီးယားတွေကိုပါ သေစေနိုင်ပါတယ်။ ဒီလိုနဲ့ ကိုယ်တွင်းမှာ အကျိုးပြု ဘက်တီးရီးယားတွေ နည်းလာပါတော့တယ်။အကျိုးပြု ဘက်တီးရီးယားတွေ မရှိတော့ဘူးဆိုတာနဲ့ မကောင်းတဲ့ ဘက်တီးရီးယားတွေ သောင်းကျန်းလာပြီးအစာမကြေတာ၊ လေပွတာ၊ ဝမ်းလျှောတာတွေ ဖြစ်လာပါတော့တယ်။ အဲလိုမျိုးဖြစ်လာပြီဆို ကိုယ်တွင်းခုခံအားက ပြင်ပကဝင်ရောက်လာတဲ့ အစာတွေကို ရောဂါပိုးတွေ အဖြစ် မှားသတ်မှတ်ပြီး immune antibodies တွေနဲ့ စတင်တိုက်ခိုက်ပါတော့တယ်။ ဒီလိုနဲ့ လိုအပ်တဲ့ အာဟာရတွေလည်း မရတော့လို့ ခုခံအား စနစ်ကြီး ပိုပြီးအားနည်းလာပါတော့တယ်။အရေးအကြီးဆုံးကတော့ အစားစားတာပါ။ အကျိုးပြု ဘက်တီးရီးယားတွေ အားကောင်းစေတဲ့ ၊ အစားအသောက်တွေ စားပေးခြင်းကသာ အကောင်းဆုံးပါ။ အကျိုးပြု ဘက်တီးရီးယားတွေကို အားကောင်းစေတဲ့ အစားသောက်တွေကတော့။အစာအိမ်နဲ့ အူလမ်းကြောင်း ဟာ ကိုယ်ခန္ဓါအတွက် လိုအပ်တဲ့ အာဟာရတွေကို စုပ်ယူချေဖျက်ပေးနေတဲ့ အပြင် သူ့ထဲမှာ ရှိနေတဲ့ အကျိုးပြု ဘက်တီးရီးယားလေးတွေက တစ်ခြား ရောဂါပိုးတွေ မဝင်နိုင်အောင်လည်း တာဆီးကာကွယ်ပေးပါတယ်။ ဒါကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုတာ ကျန်းမာသန်စွမ်းတဲ့ ကိုယ်ခန္ဓါတစ်ခုဖြစ်ဖို့ အတွက် အဓိက တာဝန်ယူထားရတဲ့ စနစ်ကြီးတစ်ခုပါ။ ခုခံအားကောင်းစေဖို့ အတွက် လိုအပ်တဲ့ အရာတွေကို ထောက်ပံ့ပေးနေတဲ့ ပင်မအရင်းအမြစ်တစ်ခုဆိုလည်း မမှားပါဘူး။ အစာအိမ်ခြေစနစ်နဲ့ ခုခံအားစနစ် တက်ညီလက်ညီတွဲပြီး အလုပ်လုပ်မှသာ ကျန်းမာပျော်ရွင်ရတဲ့ နေ့ရက်တိုင်း ကို သင့်ကလေး ပိုင်ဆိုင်နိုင်မှာပါ။ ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/digestive-problems/digestive-system-and-immune-system/
အရက်ကြောင့် အာရုံကြော အားနည်းခြင်း
မင်္ဂလာပါ။Hello Sayarwon စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခါ ‌ဆွေးနွေးပေးမယ့် အကြောင်းအရာကတော့ ကျွန်တော့်ဆေးခန်းမှာ ကြုံတွေရလေ့ရှိတဲ့ အရက်ကြောင့် အာရုံကြော အားနည်းခြင်း ဖြစ်ပါတယ် ။မြန်မာနိုင်ငံဟာ အရက်သောက်သုံးမှုနှုန်း မြင့်မားတဲ့ နိုင်ငံတစ်ခုဆိုတာ လူတိုင်း သိကြမယ် ထင်ပါတယ် ။ ချက်အရက်တွေ၊ အရက်တုတွေကလည်း ပေါများတဲ့အတွက် အခြေခံလူတန်းစားနဲ့ လူလတ်တန်းစားတွေမှာ ဒီအခြေအနေတွေကို ကြုံတွေ့ရတတ်ပါတယ် ။အရက်အလွန်အကျွံသောက်ခြင်းကနေ အာရုံကြောများ ပျက်စီးတတ်ပြီး ရလဒ်အနေနဲ့ ခြေထောက်များ နာကျင်ခြင်း ၊ တစ်ဆစ်ဆစ်ကိုက်ခဲခြင်းတွေ ဖြစ်တတ်ပါတယ် ။ ဒါ့အပြင် အရက်သောက်ခြင်းကြောင့် ခန္ဓာကိုယ်ထဲမှာ ဗီတာမင် B အုပ်စုတွေ ချို့တဲ့လာတတ်ပါတယ် ။ ‌သုတေသနပြုချက်တွေအရ အရက်ဖြတ်လိုက်တဲ့အခါမှာ အာဟာရဓါတ်တွေ တိုးတက်လာပြီး အာရုံကြောအားနည်းခြင်းတွေကို သက်သာစေပါတယ် ။အရက်အသောက်များတဲ့ လူတွေမှာ ဒီလက္ခဏာတွေ ဖြစ်နေရင်တော့ အာရုံကြောအားနည်းလာပြီလို့ ဆိုနိုင်ပါတယ် ။အရက်ကြောင့် နောက်ထပ်ကြွက်သားအားနည်းတာကတော့ ဆီးနှင့် ဝမ်းလမ်းကြောင်းကို ထိတတ်ပါတယ် ။ အမျိုးသားတွေမှာ ဆီးမလုံခြင်း ၊ ဆီးသွားရခက်ခြင်း ၊ ဝမ်းချုပ်ခြင်းနှင့် ဝမ်းပျက်ခြင်းတွေလည်း ဖြစ်တတ်ပါတယ် ။အခြားသော လက္ခဏာတွေကတော့ လိင်ပိုင်းဆိုင်ရာ အားနည်းခြင်း ၊ ပန်းသေခြင်း ၊ မြုံခြင်း ၊ စကားများ လုံးထွေးခြင်း ၊ မျိုချရခက်ခြင်း ၊ မူးဝေ အော့အန်ခြင်းတွေပဲ ဖြစ်ပါတယ် ။ဒီလက္ခဏာတွေ ဖြစ်လာရင်တော့ တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ ပြသတာ အကောင်းဆုံးနည်းလမ်းပါ ။ ဆရာဝန်က ကနဦးရောဂါ စစ်ဆေးခြင်း ၊ အာရုံကြော စမ်းသပ်မှုများ ၊ လိုအပ်သလို သွေးဖောက်စစ်ဆေးပြီးတော့ ကိုယ်တွင်းက အာဟာရဓါတ်တွေ ၊ ဘာတွေ မူမမှန်လဲဆိုတာကို ကြည့်ရမှာ ဖြစ်ပါတယ် ။ကုသမှုကတော့ ဗီတာမင်ဓါတ်တွေ အားနည်းတာ ဖြစ်တဲ့အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေ ပြန်လည်ဖြည့်တင်းဖို့ လိုအပ်ပါမယ် ။ အထူးသဖြင့် Vitamin B အုပ်စုတွေပါ ။ အကိုက်အခဲ ပျောက်ဆေးများ သောက်နိုင်ပြီး ကိုယ်လက်လေ့ကျင့်ခန်းတွေလည်း လုပ်ပေးလို့ရတဲ့အပြင် လိုအပ်ပါက အရိုးအကြော ဆရာဝန်ရဲ့ လမ်းညွှန်ကုသချက်တွေကိုလည်း လိုက်နာရမှာ ဖြစ်ပါတယ် ။ဒီလိုတွေ မဖြစ်ရအောင်။ရေးသားသူ – Dr.Aung Kyaw Myint။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/nervous-problems-cause-of-alcohol/
ရင်သားကင်ဆာ နှင့် အိပ်စက်ခြင်းဆိုင်ရာပြဿနာ
အိပ်စက်ခြင်းဟာ ကိုယ်ခန္ဓါရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အိပ်စက်မှုဆိုင်ရာ ပြဿနာတွေနဲ့ ကင်ဆာ ဆက်နွယ်ချက်တွေကို လေ့လာမှု အတော်များများမှာ သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ ကင်ဆာရောဂါသည်တွေရဲ့ ၅၀% ဟာ အိပ်စက်မှု ပြဿနာတွေကို ရင်ဆိုင်နေရပါတယ်။ သူတို့ရဲ့ ကျန်းမာရေးအခြေအနေတွေကို မြင့်တက်စေဖို့ ဒီပြဿနာတွေကို ဖြေရှင်းဖို့ လိုအပ်ပါတယ်။ကင်ဆာ လူနာတွေမှာ ဖြစ်တတ်တဲ့ အိပ်စက်မှု ပြဿနာ အကြောင်းရင်းများ။လေ့လာမှု တွေအရ အိပ်စက်မှု ပြဿနာတွေ ဖြစ်စေတဲ့ အကြောင်းရင်းတွေ ရှိတယ်လို့ ဆိုပါတယ်။ အဖြစ်အများဆုံးကတော့ အကျိတ်ကြောင့် ပြောင်းလဲသွားတဲ့ ကိုယ်ခန္ဓါ လုပ်ငန်းဆောင်တာတွေ ကြောင့်ပဲ ဖြစ်ပါတယ်။ ရင်သားကင်ဆာ ခံစားနေရသူ လူနာတွေဟာ ကိုယ်ခန္ဓါပိုင်းဆိုင်ရာ ခံစားမှုတွေ ဖြစ်တဲ့ နာကျင်မှု၊ အသက်ရှူကျပ်ခြင်း၊ ပျို့အန်ခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းလျှောခြင်း အစရှိတာတွေကို ခံစားကြရပါတယ်။ ဒီလက္ခဏာတွေဟာ လူနာတွေကို ကောင်းကောင်းအိပ်စက်ဖို့ ခက်ခဲစေပါတယ်။ကိုယ်ခန္ဓါပိုင်းဆိုင်ရာ လက္ခဏာတွေ အပြင် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဟာလည်း ရင်သားကင်ဆာ လူနာတွေမှာ အိပ်မပျော်ခြင်းကို ဖြစ်စေပါတယ်။ ကင်ဆာလို့ အမည်တပ်ခံရမှုဟာ စိတ်ဖိစီးမှုနဲ့ စိတ်ပူပန်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ အချို့လူနာတွေဟာ ဆေးရုံလိုနေရာမျိုးကြောင့် သူတို့ မအိပ်နိုင်ဘူးလို့လဲ ဆိုကြပါတယ်။ ဆေးရုံမှာ အသံတွေ၊ သူစိမ်းတွေနဲ့ တစ်ခန်းတည်းမှာ အတူနေရလို့ ဖြစ်ပါတယ်။ဒါ့ပြင် ကုသမှုပြုလုပ်နေစဉ် သောက်ရတဲ့ ဆေးတွေကလည်း အအိပ်ပျက်စေပါတယ်။ ဥပမာ ဟော်မုန်းတွေ၊ corticosteroids, antidepressants, anticonvulsants တွေ ဖြစ်ပါတယ်။ အကြာကြီး အသုံးပြုခြင်း (သို့) ဆေးရုတ်တရက် ရပ်လိုက်ခြင်းဟာ အိပ်မပျော်ခြင်းကို ဖြစ်စေပါတယ်။ ဆေးအတော်များများရဲ့ ဘေးထွက်ဆိုးကျိုးတွေကလဲ ဒီအခြေအနေကို ပိုဆိုးစေပါတယ်။အိပ်စက်မှု ပြဿနာတွေကို ဖြေရှင်းခြင်း။ဒီပြဿနာတွေကို ဖြေရှင်းဖို့ ပထမအဆင့်ကတော့ အိပ်စက်မှု ပြဿနာတွေကို သုံးသပ်ဖို့ပဲ ဖြစ်ပါတယ်။ ဆရာဝန် တွေဟာ သင့်ရဲ့ ကိုယ်ခန္ဓါ အခြေအနေ၊ ကျန်းမာရေး ရာဇဝင်နဲ့ အိပ်စက်မှု ဆိုင်ရာ ရာဇဝင်တွေကို မေးမြန်းမှာ ဖြစ်ပါတယ်။ လူနာတွေဟာ အိပ်စက်မှု အခြေအနေ တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဆရာဝန်တွေကို တိကျစွာ ပြောပြသင့်ပါတယ်။ အိပ်စက်မှု ပြဿနာတွေကို ကုသဖို့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ လူနာတွေဟာ ကင်ဆာဆေးသွင်းကုသစဉ်မှာ အသုံးပြုတဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ (သို့) အခြားကုသမှုတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို သေချာစွာ သိရှိထားသင့်ပါတယ်။ လူနာတွေကို သေချာစွာ ထောက်ပံ့ကုသပေးမယ်ဆိုရင် အိပ်စက်မှုဆိုင်ရာ ရောဂါတွေ သက်သာနိုင်ပါတယ်။ရင်သားကင်ဆာမှာ အဖြစ်အများဆုံး အိပ်စက်မှုဆိုင်ရာ ပြဿနာကတော့ cognitive behavioural therapy (CBT) ပဲ ဖြစ်ပါတယ်။ ဒီကုသမှုဟာ လူနာတွေကို အဆိုးမြင် အတွေးတွေက နေပြီးတော့ ဘယ်လို ပြောင်းလဲမလဲဆိုတာကို သင်ကြားပေးတာ ဖြစ်ပါတယ်။ သူတို့ဟာ အိပ်ကိုအိပ်ရမယ်ဆိုတဲ့ အတွေးကို စိတ်လျှော့ထားလိုက်နိုင်ပါတယ်။ CBT မှာ stimulus control ( အိပ်စက်ပုံ ပြောင်းလဲခြင်း)၊ sleep restriction (အိပ်ရာပေါ်ရှိချိန် လျှော့ချခြင်း) နဲ့ relaxation therapy ( အကောင်းကိုသာ တွေးပြီး ကြွက်သားတင်းမှုကို လျှော့ချခြင်း) တွေ ပါဝင်ပါတယ်။လူနာတွေကို ဘယ်လိုအိပ်ရေးဝအောင် အိပ်ရမယ်ဆိုတာ သင်ပေးဖို့လည်း အရေးကြီးပါတယ်။ ပထမဦးစွာ သက်တောင့်သက်သာ ရှိစေမယ့် အိပ်ရာတစ်ခုကို ရှာဖွေသင့်ပါတယ်။ အိပ်စက်ရာ အခန်းဟာ အိပ်ပျော်ဖို့ လွယ်ကူသင့်ပါတ်ယ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေနဲ့ လေ့ကျင့်ခန်းတွေကလည်း ဒီပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။ တကယ်လို့ ဒီနည်းလမ်းတွေက အကျိုးမရှိဘူးဆိုရင် အချိန်အနည်းငယ်အတွင်းမှာ ပြဿနာ ဖြေရှင်းဖို့ ဆေးတွေ သောက်သင့်ပါတယ်။ရင်သားကင်ဆာနဲ့ ဆက်နွယ်နေတဲ့ အိပ်စက်မှုဆိုင်ရာ ပြဿနာတွေဟာ လူနာအတော်များများမှာ အဖြစ်များပါတယ်။ လူနာတွေဟာ ဒါကို သတိပြုသင့်ကာ ထိရောက်တဲ့ အဖြေကို ရှာဖွေပြီး အခြေအနေကို တိုးတက်စေဖို့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/%e1%80%9b%e1%80%84%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac-%e1%80%94%e1%80%be%e1%80%84%e1%80%b7%e1%80%ba-%e1%80%a1%e1%80%ad%e1%80%95%e1%80%ba%e1%80%85/
လေလည် ခြင်း (သို့) အီးပေါက်ခြင်း အနုပညာ
လေလည်ခြင်း ဆိုတာ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ Gas တွေများလာတဲ့အခါ အပြင်ကို စွန့်ထုတ်ဖို့အတွက် ဖြစ်လာရတဲ့ သဘာဝလုပ်ငန်းလေးတစ်ခုပဲဖြစ်ပါတယ်။ တချို့က လေလည်တာကို ရှက်စရာ ကိစ္စတစ်ခုအနေနဲ့ စဉ်းစားကြပါတယ်။ လူတွေအရှေ့မှာ လေလည်တဲ့အခါ အသံထွက်လာမှာ၊ အနံ့ဆိုးနေမှာ စိုးရိမ်တဲ့ စိတ်တွေနဲ့ တစ်ခါတစ်လေမှာ အတင်းအောင့်ထားတတ်ကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ လေဘာကြောင့် လည်ရတယ်၊ အောင့်ထားရင် ဘာတွေ ဖြစ်နိုင်တယ်၊ လေလည်တဲ့ အကြိမ်နည်းသွားအောင် ဘယ်လို နည်းလမ်းတွေ သုံးနိုင်တယ်ဆိုတာတွေ နဲ့ ပတ်သတ်ပြီး သိသင့်တဲ့ အချက်လေးတွေကို ကျန်းမာရေး ရှုထောင့်ကနေ ပြောပြပေးသွားမှာဖြစ်ပါတယ်။ကျွန်ုပ်တို့ စားလိုက်တဲ့အစာတွေကို ခြေဖျက်တဲ့ အခါgasတွေထွက်လာပါတယ်။ ဒါ့အပြင် စားသောက်ရင်းလေတွေ မျိုချမိတာ၊ carbonated drinks အများကြီး သောက်မိတာ စတဲ့ အချက်တွေကြောင့်  gas တွေ များလာနိုင်ပါတယ်။ အဲဒီအခါမှာ သင့်ရဲ့ အစာခြေလမ်းကြောင်းလေးက သင့်ကို ကျန်းမာနေစေဖို့အတွက် များလာတဲ့ gas တွေကို စအိုပေါက်ကနေတစ်ဆင့် အပြင်ကို စွန့်ထုတ်ဖို့ ကြိုးစားတဲ့အတွက် လေလည်ရတာ ဖြစ်ပါတယ်။ဒါ့ကြောင့် လေလည်ခြင်းကိုအစာခြေလမ်းကြောင်းလေးက လုပ်ငန်းတွေ ကောင်းကောင်းလုပ်နေတယ်ဆိုတာကိုပြနိုင်တဲ့ အချက်တစ်ခုလို့တောင် သတ်မှတ်ထားကြပါတယ်။  တချို့ ဗိုက်ခွဲထားတဲ့ လူနာတွေဆို အခြေအနေ ကောင်းမကောင်း သိချင်ရင် ဆရာဝန်တွေက လေလည်ပြီလားလို့တောင် မေးတတ်ကြပါတယ်။လူတွေဟာ တစ်နေ့ကို ၅ကြိမ်ကနေ အကြိမ် ၂၀ လောက်ထိ လေလည်နိုင်ပါတယ်။ လေလည်တဲ့အခါ အနံ့အသက်မရှိတာလည်း များပါတယ်။ တချို့ သော sulphur ပါတဲ့ အစားအစာတွေ၊ အနံ့ပြင်းတာတွေ စားမိတာမျိုးမှာ အနံ့မကောင်းတာတွေ ဖြစ်တတ်ပါတယ်။အရှေ့မှာ ဖော်ပြထားသလိုပဲ လေလည်တာက ကျန်းမာအောင် များနေတဲ့ gas တွေကို အပြင်ထုတ်ပေးတဲ့ ဖြစ်စဉ်ဖြစ်တာကြောင့် မအောင့်ထားသင့်ပါဘူး။ လူတွေများနေတယ်ဆိုရင် လူရှင်းတဲ့ နေရာ တစ်နေရာကို အမြန်သွားပြီး လွှတ်ထုတ်သင့်ပါတယ်။လေ့လာချက်တွေအရ အောင့်ထားရင် ကျန်းမာရေးပြသနာတွေ အများကြီးကို ဖြစ်စေနိုင်ပါတယ်။ အချိန်အတိုအတွင်းမှာပဲဗိုက်နာခြင်း၊ ဗိုက်ပြည့်ကယ်လာခြင်း၊ မသက်မသာဖြစ်ခြင်း၊အစာမကြေခြင်း၊ ရင်ပူခြင်း၊ ဝမ်းဗိုက်ထဲမှ လေသံတွေ ကြားလာရခြင်း စတဲ့ ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ ဒါ့အပြင် အစာခြေလမ်းကြောင်းတစ်လျှောက်မှာ ပိုနေတဲ့ gas တွေကြောင့် pressure များလာပြီး စိတ်ဖိစီးမှုတွေလည်း မြင့်တက်လာနိုင်ပါတယ်။ 1970 မှာတွေ့ရှိခဲတဲ့ တွေ့ရှိချက်တစ်ခုအရ လေလည်ချင်တာကို မကြာခဏ အောင့်ထားတဲ့ အလေ့အကျင့်ရှိသူတွေမှာdiverticulitisလို့ခေါ်တဲ့ အစာခြေလမ်းကြောင်းတစ်လျှောက်မှာ ရှိတဲ့ diverticula လို့ခေါ်တဲ့ အိတ်သေးသေးလေးတွေ ရောင်ရမ်းတာတွေ ပိုဖြစ်နိုင်တယ်လို့ တွေ့ရပါတယ်။ ဒါပေမယ့် ပိုပြီး တိကျသေချာတဲ့ အထောက်အထားတွေတော့ မရှိသေးပါဘူး။လေလည်ခြင်းဟာ သဘာဝဖြစ်စဉ်ဖြစ်ပြီး ရှောင်လွှဲလို့မရပေမယ့် လေလည်တဲ့ အကြိမ်အရေအတွက်ကို လျော့နည်းအောင်တော့ ဂရုစိုက်နိုင်ပါတယ်။ လေလည်တာဟာ အစာခြေလမ်းကြောင်းထဲမှာ gas တွေ စုပုံလာတာကြောင့် ဖြစ်တဲ့အတွက် လေလည်တာကို  လျော့နည်းချင်တယ်ဆိုရင်တော့ gas တွေအများကြီးဖြစ်မလာအောင် စားသောက်နေထိုင်ဖို့ လိုအပ်ပါတယ်။၁။ အစားအစာကို မျှတအောင်စားပါ။အဆီများတဲ့ အစားအစာတွေ၊ ပရိုတင်းဓာတ်အရမ်းများတာတွေကို အများကြီး စားမယ်ဆိုရင် အဲဒီအစားအစာတွေကို ခြေဖျက်ဖို့ အချိန်ပိုပြီးကြာတာကြောင့် gas တွေလည်း ပိုထွက်နိုင်ပါတယ်။ ဒါ့ကြောင့် fatty and high-protein diet ကို အများကြီး မစားပါနဲ့။ ဒါ့အပြင် gas တွေပါတဲ့ cola, sprite စတဲ့ carbonated drink တွေ၊ beer တွေ၊ အချိုတွေ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေကလည်း gas တွေကို ပိုပြီးဖြစ်စေပါတယ်။၂။ အစာစားတဲ့အခါ ဖြည်းဖြည်းချင်းစားပါ။အစာစားတဲ့အခါ မြန်မြန်စားမယ်ဆိုရင် လေတွေကို ပိုပြီးမျိုချမိသလို ဖြစ်တဲ့အတွက် ဖြည်ဖြည်းချင်း ကျေညက်အောင်ဝါးစားသင့်ပါတယ်။ ဒါ့အပြင် တစ်ပြိုင်နက်တည်း အများကြီးမစားဘဲ နည်းနည်းချင်းစီ နဲ့ မကြာခဏ စားပေးတာက အစာခြေလမ်းကြောင်းကိုလည်း သက်သာစေပြီး gas တွေထွက်တာ လျော့နည်းစေနိုင်ပါတယ်။၃။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးတာဟာ gas တွေကို ထိန်းညှိပေးနိုင်တဲ့အပြင် ခန္ဓာကိုယ်ကျန်းမာရေးကို ရော၊ စိတ်ခံစားချက်တွေကိုပါ အထောက်အကူဖြစ်စေပါတယ်။ကျန်းမာကြပါစေ။ရေးသားသူ – Khine Phoo Ngon။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/bloating-gas/the-art-of-farting/
မအီမသာဖြစ်ခြင်းကို သက်သာစေမည့် အစားအသောက်များ
သင်သည် မအီမသာခံစားနေရပါလျှင် အရင်ဦးဆုံး သင်စားသောက်ခဲ့သော အစားအသောက်များကြောင့်ဖြစ်သည်ဟု စဉ်းစားမိပါလိမ့်မည်။ သို့သော် သင့်ကျန်းမာရေးအတွက် အာဟာရဓါတ်လုံလောက်စွာ စားသုံးရန်လိုအပ်ပါသည်။အချို့သော အစားအစာများသည် မအီမသာဖြစ်စေသော်လည်း အချို့သောအစားအစာများစားခြင်းဖြင့်လည်း ထိုမအီမသာဖြစ်မှုများကို ပျောက်ကင်းစေပါသည်။ပန်းသီးသည် မအီမသာဖြစ်ခြင်းကို သက်သာစေသော်လည်း ပမာဏများစွာ တပြိုင်နက်စားလိုက်လျှင် သင့်ကိုပိုနေရဆိုးစေပါသည်။ တနေ့ပတ်လုံး ပန်းသီး၊ အသီးအရွက် စသည့် အမျှင်ဓါတ်များသော အစားအစာများကို ဖြေးဖြေးစားပေးပါ။သင်သည် မာသော အစာများကို အစာခြေနိုင်စွမ်းမရှိပါက ပန်းသီးအနှစ်၊ ပန်းသီးဖျော်ရည်တို့သောက်နိုင်ပါသည်။သင်သည် မအီမသာဖြစ်ပြီး ရေဓါတ်ခမ်းခြောက်မှုဖြစ်ပါက သို့မဟုတ် အန်ပါက အချို့သော အသီးများကသင့်အတွက် သက်သာစေပါလိမ့်မည်။ဌက်ပျောသီးသည် အန်ပြီး ဝမ်းလျှောပြီးတွင် ခန္ဓါကိုယ်မှ ဆုံးရှုံးသွားသော ပိုတက်ဆီယံဓါတ်ကို ပြန်ဖြည့်ပေးနိုင်သည်။ သင် ဝေဒနာသက်သာလာပြီး အစာပြန်စားနိုင်စအချိန်တွင် ဆရာဝန်က ဌက်ပျောသီးကဲ့သို့သော အစာပျော့မျိုးကို စကျွေးပါလိမ့်မည်။ပေါင်မုန့်၊ ပေါင်မုန့်ကြွပ်နှင့် ပေါင်မုန့်ကင်တို့ကဲ့သို့ ကစီဓါတ်ကြွယ်ဝသောအစားအစာများသည် အစာအိမ်တွင် အက်ဆစ်ဓါတ်ကို စုပ်ယူပေးပြီး ပျို့အန်ချင်ခြင်းကို လျော့ကျစေသည်။ သင်ညအိပ်ခါနီး ဘီစကွတ်အချို့ကို စားပေးခြင်းသည် မနက်မိုးလင်းလာလျှင် မအီမသာဖြစ်ခြင်းကို လျော့နည်းစေသည်။ဂျငိးသည် ပျို့ခြင်း၊ အန်ခြင်းကို လျော့နည်းစေသည်။ ဂျင်းဖြင့်ပြုလုပ်ထားသော လက်ဘက်ရည်၊ ဘီယာ၊ ကွတ်ကီး၊ သကြားလုံး နှင့် ဆူရှီနှင့်တွဲစားရသော ဂျင်းဆားရည်စိမ် စသည်တို့ဖြင့် စားသုံးနိုင်သည်။ပရိုတင်းဓါတ်နည်းခြင်းသည် ပျို့အန်ခြင်းကို ပိုဆိုးစေသည်။ ထို့ကြောင့် ပရိုတင်းဓါတ်ပြည့်ဝသော အခွံမာသီများ၊ မြေပဲထောပတ်(ဓါတ်မတည့်ခြင်း မရှိလျှင်)စသည်တို့သည် အစာခြေလွယ်စေသည်။ထို့ပြင် ကုန်ဆုံးသွားသော အားအင်များကို လျှင်မြန်စွာပြန်ဖြည့်နိုင်ပြီး မအီမသာဖြစ်ခြင်းကိုလည်း သက်သာစေသည်။အားကစားလုပ်ရာတွင်သောက်သော အချိုရည်အများစုသည် ဆိုဒီယံနှင့် ပို တက်ဆီယံဓါတ်များ ကြွယ်ဝကြသည်။ သို့သော ်သင်သည် အားကစားသမားတဦးမဟုတ်လည်း ထိုအားဖြည့်အချိုရည်များကို သောက်သုံးနိုင်ပါသည်။ ၎င်းတို့သည် မအီမသာဖြစ်ခြင်းကို သက်သာစေပါသည်။ပူစီနံသည် မအီမသာဖြစ်ခြင်းကို သက်သာစေကြောင်းလူသိများသည်။ ဂျင်းကဲ့သို့ပင် ပူစီနံကိုလည်း အလွယ်တကူဝယ်ယူနိုင်ပါသည်။ ပူစီနံအနံ့ကို စိတ်ကြည်လင်စေရန် ရှုနိုင်ပါသည်။ သို့သော် ပူစီနံကို စားခြင်းက သင့်ဖြစ်နေသော မအီမသာခံစားမှုကို ထိရောက်စွာ သက်သာစေပါလိမ့်မည်။ရေနည်းနည်းစီသောက်ပေးခြင်းဖြင့် ခေါင်းကိုက်ခြင်းနှင့် ပျို့ခြင်းတို့ကို လျော့နည်းစေသည်။ သင့်အစာအိမ်ကလက်ခံနိုင်သလောက်ရေပမာဏကို နည်းနည်းချင်းစီ စသောက်ပါ။ ရေခဲချပ်များသည်လည်း အအေးမိခြင်း၊ ကား၊သင်္ဘော၊ လေယာဉ်မူးခြင်း၊ အအေးမိတုပ်ကွေးဖြစ်ခြင်း၊ ကိုယ်ဝန်ဆောင်ချိန်ပျို့ခြင်း၊ အစာအဆိပ်သင့်ခြင်းနှင့် ကင်ဆာဆေးများကြောင့် ပျို့အန်ခြင်းတို့ကို သက်သာစေပါသည်။ရေခဲသည် အန်ခြင်း၊ ဝမ်းလျှောခြင်းတို့ကြောင့်ရေဓါတ်ခမ်းခြောက်ခြင်းတို့ကိုလည်းလျှော့နည်းစေပါသည်။ သံပရာ၊ လီမွန်စသည့်အရသာများနှင့် ပြုလုပ်ထားသော ရေခဲတုံးများကို ဝါးမစားဘဲ ပါးစပ်ထဲတွင် ငုံထားခြင်းဖြင့်လည်း မအီမသာဖြစ်ခြင်းကို သက်သာစေပါသည်။အထက်ဖော်ပြပါနည်းလမ်းများသည် သင်မအီမသာဖြစ်နေသောအခါ ကူညီပေးနိုင်သော နည်းလမ်းများဖြစ်ပါသည်။ ထိုအနက်မှ အချို့အစားအစာများသည် ကင်ဆာရောဂါသည်များနှင့် မနက်အိပ်ရာထချိန် ပျို့အန်သော သူများအတွက် ကောင်းကျိုးများစွာရှိပါသည်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/foods-that-help-nausea/
Chromium (ခရိုမီယမ်)
Chromium ကို ဆီးချိုမဖြစ်မီ၊ ဆီးချိုအမျိုးအစား ၁ နဲ့ ၂၊ စတီးရွိုက်တွေ သောက်နေတာကြောင့် သွေးသကြားဓါတ်တွေ များနေခြင်းတွေမှာ သကြားဓါတ်ကို ထိန်းချုပ်ဖို့ အသုံးပြုပါတယ်။သူ့ကို စိတ်ကျခြင်း၊ polycystic ovarian syndrome (PCOS)၊ beta blockers လို့ခေါ်တဲ့ နှလုံးဆေး သောက်နေသူတွေမှာ ကော်လက်စထရော ပမာဏ ကျဆင်းအောင်နဲ့ ကောင်းမွန်တဲ့ ကော်လက်စထရောဓါတ်တက်အောင်လည်း အသုံးပြုကြပါတယ်။အချို့သူတွေကတော့ Chromium ကို ကိုယ်အလေးချိန်ကျဆင်းအောင်၊ ကြွက်သား တိုးတက်လာအောင်၊ ကိုယ်ခန္ဓါအဆီဓါတ် လျော့ကျအောင် အသုံးပြုကြပါတယ်။ Chromium ဟာ အားကစား စွမ်းဆောင်ရည်နဲ့ အားအင်တွေကို မြှင့်တင် ပေးနိုင်ပါတယ်။Chromium ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒါပေမယ့် Chromium ကို သတ္တုဆိုတာ ဖေါ်ပြတဲ့ လေ့လာမှုတွေတော့ ရှိပြီး သူ့ကို မရှိမဖြစ် အနည်းငယ်လိုအပ်တဲ့ သတ္တုဓါတ်လို့ ဆိုတာ အနည်းငယ် သုံးစွဲခြင်းဟာ ကျန်းမာရေးအတွက် အကျိုး ရှိပါတယ်။Nutritional trivalent chromium (Cr+3) ဟာ industrial hexavalent chromium (Cr+6) နဲ့ ကွာခြားမှု ရှိပါတယ်။ industrial hexavalent chromium ဟာ ထိမိတဲ့ အလုပ်သမားတွေမှာ ပြင်းထန်တဲ့ အဆုတ်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။Chromium ကို အေးမြပြီး ခြောက်သွေ့တဲ့ နေရာတွေမှာ ထားသင့်ပြီး အပူနဲ့ ရေငွေ့ရိုက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Nutritional trivalent chromium (Cr+3) ဟာ industrial hexavalent chromium (Cr+6) နဲ့ ကွာခြားမှု ရှိပါတယ်။ industrial hexavalent chromium ဟာ ထိမိတဲ့ အလုပ်သမားတွေမှာ ပြင်းထန်တဲ့ အဆုတ်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။Chromium ကို အေးမြပြီး ခြောက်သွေ့တဲ့ နေရာတွေမှာ ထားသင့်ပြီး အပူနဲ့ ရေငွေ့ရိုက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Chromium ဟာ အောက်ပါဆိုးကျိုးတွေ ရှိနိုင်ပါတယ်။• ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်ပြောင်းလဲခြင်း၊ ဂနာမငြိမ်ခြင်း၊ စိတ်တိုခြင်း။• အများကြီး သောက်မိရင် – သွေးအားနည်းခြင်း၊ platelet နည်းခြင်း၊ သွေးဆဲလ်တွေ ပေါက်ထွက်ခြင်း။• အများကြီး သောက်မိရင် – ကျောက်ကပ် ပျက်စီးခြင်း၊ အသည်းအလုပ်ကောင်းကောင်း မလုပ်ခြင်း။လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်။Chromium ဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Chromium ဟာ အောက်ဖေါ်ပြပါ ဆေးတွေ Herbal တွေနဲ့ ဓါတ်ပြုမှု ရှိနိုင်ပါတယ်။• အစာအိမ်ဆေး။• ဆီးချိုဆေး။• Ascorbic acid။• သံဓါတ်၊ ဇင့် ပါတဲ့ဆေး။Chromium ဟာ သွေးဂလူးကို့စ်၊ HDL နဲ့ Tryglycerides တွေရဲ့ စစ်ဆေးမှုတွေကို အကျိုါ်သက်ရောက်မှု ရှိနိုင်ပါတယ်။ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်။ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်။ဆီးချိုအမျိုးအစား ၂ အတွက် သောက်ဆေး – 200-1000mcg နေ့စဉ် ခွဲသောက်ရန်။Chromium ကို သောက်သုံးရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။Chromium ကို သောက်ဆေးလုံး အနေဖြင့် ရရှိနိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/chromium-%e1%80%81%e1%80%9b%e1%80%ad%e1%80%af%e1%80%99%e1%80%ae%e1%80%9a%e1%80%99%e1%80%b9/
Copper (ကြေးနီ)
Copper ဟာ သတ္တုဓါတ်တစ်မျိုးဖြစ်ပါတယ်။ သူ့ကို အစားအစာတွေမှာ၊ အထူးသဖြင့် အသားတွေမှာနဲ့ ပင်လယ်စာတွေမှာ၊ အခွံမာသီးတွေ၊ cocoa ထုတ်ကုန်တွေမှာ တွေ့ရပါတယ်။ ကိုယ်ခန္ဓါဟာ Copper ကို အရိုးတွေနဲ့ ကြွက်သားတွေထဲမှာ များသောအားဖြင့် သိမ်းဆည်းထားပါတယ်။ အသည်းဟာ သွေးထဲမှာ ရှိတဲ့ Copper ပမာကို ထိန်းညှိပေးပါတယ်။Copper ကို Copper ချို့တဲ့မှုတွေနဲ့ သူ့ကြောင့် ဖြစ်တဲ့ သွေးအားနည်းမှုတွေကို ကုသဖို့ အသုံးပြုကြပါတယ်။ Copper ချို့တဲ့မှုကတော့ ရှားပါတယ်။ Copper ချို့တဲ့မှုတွေဟာ အစားအသောက်ကနေ ဇင့်ဓါတ်များပြားစွာ ရရှိတဲ့သူတွေ၊ အူဖြတ်ထုတ်ထားတဲ့သူတွေနဲ့ အစာပြွန်ကနေ အစာစားရသူတွေမှာ ဖြစ်တတ်ပါတယ်။ အာဟာရချို့တဲ့တဲ့ ကလေးတွေဟာလည်း Copper ချို့တဲ့မှု ဖြစ်နိုင်ပါတယ်။Copper ကို အနာကျက်ခြင်းကို အားပေးဖို့လည်း အသုံးပြုပါတယ်။ အဆစ်ရောင်ခြင်းနဲ့ အရိုးပွခြင်းကို ကုသဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ပုံမှန် အစားအသောက်စားသူတွေဟာ Copper ဓါတ်လိုအပ်တယ်ဆိုတဲ့ သက်သေ မရှိပါဘူး။ အားကစားသမားတွေတောင်မှ ကျန်းမာစွာ စားသောက်ရင် Copper ဓါတ် မလိုအပ်တတ်ပါဘူး။Copper ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဒါပေမယ့် ကိုယ်ခန္ဓါဟာ Copper အနည်းငယ်သာ လိုအပ်ပြီးတော့ သူဟာ အစားအသောက်တွေမှာ သဘာဝအတိုင်း အနည်းငယ်ပါဝင်တာကြောင့် လေ့လာမှုတွေက အပိုဖြည့်စွက်စာအဖြစ် အသုံးပြုဖို့ မလိုဘူးလို့ ဆိုပါတယ်။ Copper ချို့တဲ့မှုဟာ သွေး၊ အာရုံကြောဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ် (Menkes disease, Wilson’s disease, နဲ့ ကင်ဆာရောဂါ)။Copper ကို အေးမြပြီး ခြောက်သွေ့တဲ့ နေရာတွေမှာ ထားသင့်ပြီး အပူနဲ့ ရေငွေ့ရိုက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Copper ကို ကလေးတွေမှာ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးနို့တိုက်နေသူတွေ၊ Haemodialysis နဲ့ Wilson’s disease ရှိသူတွေမှာ ပမာဏ အများကြီး အသုံးပြုဖို့ မသင့်ပါဘူး။ မွေးရာပါ ရောဂါ ရှိသူတွေ (Copper အဆိပ်သင့်သူတွေနဲ့ ကလေးငယ်တွေမှာ အသည်းခြောက်ရောဂါဖြစ်သူ)မှာ Copper အပိုအသုံးပြုခြင်းဟာ ရောဂါကို ပိုဆိုးစေပါတယ်။Copper ကနေ ဘယ်လိုဆိုးကျိုးတွေ ရနိုင်ပါသလဲ။Copper ကနေ အောက်ပါဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။Copper ဟာ အသည်းနဲ့ အစာအိမ်လမ်းကြောင်း ပျက်စီးမှုတွေအပါအဝင် အခြားဆိုးကျိုးတွေလည်း ဖြစ်နိုင်ပါတယ်။လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်။Copper ဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်။ယခုဖော်ပြပါအချက်အလက်တွေဟာ ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာမှာ အစားထိုးရန်မဟုတ်ပါ။ ဆေးမသောက်သုံးခင်မှာ ဆရာဝန်နှင့်ဖြစ်စေ ဆေးဝါးကျွမ်းကျင်သူနှင့်ဖြစ်စေ အမြဲ ဆွေးနွေးတိုင်ပင်ပါ။Copper ကို တစ်နေ့မှာ 900 mcg အသုံးပြုနိုင်ပါတယ်။Copper ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။Copper ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။သောက်ဆေးပြား၊ သောက်ဆေးတောင့်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/copper-%e1%80%b1%e1%81%be%e1%80%80%e1%80%b8%e1%80%94%e1%80%ae/
မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးရိတ်ပြီးတိုင်း Aftershave သုံးရမှာလား။
မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးရိတ်ပြီးတိုင်း Aftershave သုံးရမှာလား။ ယောကျ်ားလေးတွေမှာကျားဟော်မုန်းတွေကြောင့် မိန်းကလေးတွေထက်အမွေးအမျှင်တွေ ပိုများပါတယ်။ တစ်ကိုယ်လုံးမှာရော၊ မျက်နှာမှာပါနှုတ်ခမ်းမွေး၊မုတ်ဆိတ်မွေးတွေ စသဖြင့် ပေါက်ကြပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ အဲ့ဒီလို အမွေးအမျှင်တွေ (အထူးသဖြင့် မျက်နှာက အမွေးအမျှင်တွေ) ကို ရိတ်ပြီးတဲ့အခါအသားခြောက်ခြင်း၊ ယားယံခြင်း၊ ပွန်းပဲ့ခြင်း၊ချွေးပေါက်ကျယ်ခြင်း စတဲ့ အဖြစ်များပြီး စိတ်အနှောင့်အယှက်အင်မတန်ဖြစ်စေတဲ့ အရေပြားပြသနာတွေကို ကာကွယ်ဖို့နဲ့ အသားအရေကို ဂရုစိုက်ဖို့အတွက် ဘယ်လို aftershave မျိုးကို ရွေးချယ်အသုံးပြုသင့်တယ် ဆိုတာလေးကို ပြောပြပေးသွားပါမယ်။Aftershave ဆိုတာကတော့ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေး၊ ချိုင်းမွေး စတဲ့ ခန္ဓာကိုယ် တစ်နေရာရာက အမွေးအမျှင်တွေရိတ်ပြီးတဲ့အခါ အသားအရေကို ကောင်းမွန်အောင် ထိန်းသိမ်းပေးဖို့ လိမ်းနိုင်တဲ့ gel (သို့) cream (သို့) lotion (သို့) oil စတာတွေကို ခေါ်တာပါ။မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးရိတ်ပြီးတိုင်း Aftershave သုံးရမှာလား။ ဆိုတော့ Aftershave ကို ရိတ်ပြီးတိုင်း မဖြစ်မနေသုံးမှ ရမယ့် essential ပစ္စည်းတော့ မဟုတ်ပါဘူး။အမျိုးသားတွေဟာ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေး စသည်ဖြင့် အမွေးအမျှင်တွေကို မကြာခဏ ရိတ်ကြရပါတယ်။ အထူးသဖြင့် မျက်နှာက အမွေးအမျှင်တွေကို ဘရိတ်ဓား၊ ဂျုတ် စတာတွေနဲ့ ရိတ်ပြီးတဲ့အခါ အသားအရေ ကြမ်းတမ်းသွားတာ၊ ခြောက်သွေ့တာ၊ ယားတာ၊ နီလာတာ၊ ချွေးပေါက်ကျယ်တာ၊ပွန်းပဲ့ ပြတ်ရှ ဒဏ်ရာဖြစ်သွားတာ စတဲ့ ပြသနာတွေ အများကြီးဖြစ်လေ့ရှိပါတယ်။ဒီပြသနာတွေကြောင့် စိတ်အနှောက်အယှက်တွေ ဖြစ်ရသလို ဂရုမစိုက်ဘဲထားမယ်ဆိုရင်လည်း ကြာလာတဲ့ အခါ အသားအရေပျက်စီးသွားနိုင်တဲ့အပြင် အခန့်မသင့်ရင်ပိုးဝင်နိုင်ပါတယ်။ အဲလို ပြသနာတွေကို ကာကွယ်နိုင်ဖို့အတွက် aftershaveကို အသုံးပြုသင့်ပါတယ်။ကိုယ်သုံးတဲ့ aftershave gel or cream က ကိုယ့်အသားအရည်ကို ဘယ်လိုအကျိုးပြုနိုင်တယ်ဆိုတာကတော့ သူ့မှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေအပေါ်မှာပဲ မူတည်ပါတယ်။ ဒါ့ကြောင့် aftershave ကို ရွေးချယ်တဲ့အခါ ပါဝင်ပစ္စည်းတွေကို သေသေချာချာကြည့်ဖို့ အရေးကြီးပါတယ်။၁။ alcohol ပါဝင်သော အမျိုးအစားတွေကို ရှောင်ပါ။အရင်တုန်းကတော့ aftershave gel or cream ဝယ်တဲ့အခါ alcohol ပါတဲ့အမျိုးအစားတွေကို ပိုးသေအောင်ဆိုပြီး အများဆုံး ရွေးချယ်အသုံးပြုကြပါတယ်။ ဒီလို alcohol ပါဝင်တဲ့ ပစ္စည်းတွေက ပိုးမွှားတွေကိုရှင်းလင်းပေးနိုင်ပေမယ့် မကြာခဏ အသုံးပြုတဲ့အခါမှာ အသားအရေကို ခြောက်သွေ့သွားစေနိုင်ပါတယ်။အစိုဓာတ်တွေဆုံးရှုံးသွားစေတဲ့အတွက် အရေပြားကို ထိခိုက်လွယ်ခြင်း၊ ယားယံစေခြင်း စတဲ့ပြသနာတွေကို ပိုဆိုးလာစေပါတယ်။ ဒါ့ကြောင့် မျက်နှာမှာဆိုရင် ပိုပြီးတော့တောင် မသုံးသင့်ပါဘူး။ ဒါ့အပြင် အသုံးပြုတာကြာတဲ့အခါမှာ ရလာတဲ့ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနေတာကြောင့် alcohol ပါတဲ့ အမျိုးအစားတွေကို ရှောင်သင့်ပါတယ်။၂။ သဘာ၀ ပစ္စည်းများပါဝင်သော aftershave အမျိုးအစားတွေကို အသုံးပြုပါ။ဥပမာ- Aloe vera (ရှားစောင်းလက်ပပ်)၊ jojoba oil ၊ coconut oil (အုန်းဆီ) အစရှိတဲ့ သဘာဝအဆီအနှစ်တွေနဲ့ ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကတော့ အသားအရေကို အစိုဓာတ်ထိန်းပေးနိုင်ရုံတင်မကဘဲ ချွေးပေါက်တွေထဲကို ပိုးမွှားတွေမဝင်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ပြင် ထိခိုက်ပြတ်ရှ ဒဏ်ရာတွေအတွက် အနာအကျက်မြန်အောင် ကူညီပေးခြင်း၊ ရိတ်ပြီးတဲ့အခါမှာ အဖြစ်များတဲ့ ယားယံတဲ့ပြသနာတွေ၊ ရောင်ရမ်းတဲ့ ပြသနာတွေကို သက်သာစေခြင်း စတဲ့ ကောင်းကျိုးတွေကို ရရှိစေပြီး အရေပြားကိုလည်း ကြည်လင် သန့်ရှင်းစေပါတယ်။Essential oil တွေဖြစ်တဲ့ lavender oil ၊ eucalyptus oil တွေနဲ့ ဗီတာမင် E ၊ green tea (လက်ဖက်စိမ်း) ၊ oatmeal ၊ witch hazel စတဲ့ သဘာဝပစ္စည်းတွေပါဝင်တဲ့ aftershave လေးတွေကိုလည်း အသုံးပြုသင့်ပါတယ်။၃။ Artificial scent ပါတဲ့ ပစ္စည်းတွေကို ရှောင်ပါ။သဘာဝပစ္စည်းတွေမဟုတ်ဘဲ အခြားအမွှေးနံ့တွေ၊ ဓာတုပစ္စည်းတွေ ပါဝင်တဲ့ aftershave တွေ ဟာ အသားအရည်ကို အဆိပ်အတောက်ဖြစ်စေပြီး ပျက်စီးစေနိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။ဝက်ခြံရှိတဲ့သူတွေ ဆိုရင် အသားအရေက ရေဓာတ်ပြည့်ဝနေဖို့ ပိုပြီးတောင်လိုအပ်တဲ့အတွက် အသုံးပြုသင့်ပါတယ်။ ဒါ့အပြင် ဝက်ခြံအတွက် ပိုးမွှားလေးတွေကိုပါသေစေနိုင်တဲ့ အစွမ်းရှိတဲ့ tea tree လို၊ witch hazel လို ပစ္စည်းလေးတွေပါဝင်တဲ့ aftershaveလေးတွေ ရွေးချယ်အသုံးပြုနိင်ပါတယ်။ကောင်းမွန်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ဖို့နဲ့ အမွေးတွေကို ရိတ်ပြီးတဲ့အခါ အရေပြားပြသနာတွေ မဖြစ်ဖို့ Aftershaveအပြင် ရိတ်တဲ့အခါ အသုံးပြုတဲ့ ဓားတွေ၊ foam တွေ၊ မျက်နှာသစ်ဆေး တွေကိုလည်း ဂရုတစိုက်ရွေးချယ်အသုံးပြုသင့်ပါတယ်။Hello ဆရာဝန်ပရိသတ်ကြီးထဲက အမျိုးသားတွေမှာလည်း အမွေးအမျှင်တွေရိတ်တဲ့အခါတိုင်း အရေပြားပြသနာတွေဖြစ်တတ်တယ်ဆိုရင် ဒီဆောင်းပါးလေးက အထောက်အကူဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ရေးသားသူ – Khine Phoo Ngon။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/is-aftershave-necessary/
လည်ချောင်းနာသက်သာစေမယ့် သဘာဝနည်းလမ်းများ
မနက်နိုးနိုးချင်းခံစားမိတဲ့ ခံစားမှုက အဟမ်း..လည်ချောင်းထဲက ခြောက်ကပ်ကပ်နဲ့ နာလိုက်တာ ဆိုတာမျိုးဖြစ်နေပြီလား။ နိုးနိုးချင်းမို့လည်ချောင်းခြောက်တာဖြစ်မယ်ထင်တယ် ဆိုပြီး ရေတစ်ခွက်သောက်လိုက်တဲ့အထိတောင်မှ လည်ချောင်းနာတာက ပျောက်မသွားဘူးဆိုရင် သေချာတာက လည်ချောင်းခြောက်တာ မဟုတ်တော့ပါဘူး။ လည်ချောင်းနာနေတာပါ။ ကဲ ….. လည်ချောင်းနာသက်သာစေမယ့် သဘာဝနည်းလမ်းများ အကြောင်းလေး လေ့လာလိုက်ရအောင်နော်။လည်ချောင်းနာတယ်ဆိုတာက အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။လည်ချောင်းကတော့ နာနေပြီ။ လည်ချောင်းနာတဲ့ဝေဒနာကို ခံစားနေရတာကြောင့် အလုပ်ထဲမှာတောင် အာရုံစိုက်ရခက်နေပြီ။ ဆေးကလည်း မသောက်ချင်ဘူးဆိုတဲ့ မေးခွန်းပေါင်းစုံခေါင်းထဲမှာ စဉ်းစားမိနေပြီဆိုရင်တော့ ဒီပြဿနာကို အတူတူဖြေရှင်းရအောင်လား။ ကဲ…. လည်ချောင်းနာသက်သာစေမယ့် သဘာဝနည်းလမ်းများ အကြောင်း လေ့လာလိုက်ရအောင်နော်။ပျားရည်။ရေနွေး ခပ်နွေးနွေးတစ်ခွက်ထဲကို ပျားရည်ထည့်လို့ သောက်ပေးတာက လည်ချောင်းနာတာကို သက်သာစေနိုင်တဲ့နည်းလမ်းတစ်ခုပါ။ အကြောင်းကတော့ ပျားရည်က လည်ချောင်းနာတာကို ဖြစ်စေနိုင်တဲ့ဗိုင်းရပ်စ်တွေကို အကောင်းဆုံးတိုက်ထုတ်ပေးနိုင်တာကြောင့်ပါ။အနာကျက်မြန်စေတဲ့ ပျားရည်ရဲ့ အစွမ်းက လည်ချောင်းနာတာမှာလည်း ထိရောက်မှုရှိပါသတဲ့။ဆားရည်။ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင် ရှိတာကြောင့် လည်ချောင်းနာတာအတွက် အသုံးပြုပေးလို့ ရပါတယ်။ လည်ချောင်းထဲက ချွဲသလိပ်တွေ ကင်းစေဖို့နဲ့ လည်ချောင်း နာကျင်ရောင်ရမ်းမှုတွေကိုပါ သက်သာစေဖို့ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာကို ရေတစ်ခွက်စာနဲ့ ရောလို့ အာလုတ်ကျင်းပေးပါ။ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ မီးဖိုချောင် ဆေးတစ်လက်ပါ။ ကြက်သွန်ဖြူမှာပါတဲ့ allicin ဒြပ်ပေါင်းက ကူးစက်ရောဂါတွေကို အကောင်းဆုံး တိုက်ထုတ်ပေးနိုင်ပါတယ်။ ဟင်းခါး ချက်သောက်လို့ ရသလို တို့စားလို့လည်း ရပါတယ်။ယူကလစ်ဆီ။အသက်ရှုလမ်းကြောင်းနဲ့ လည်ချောင်းကို ကျန်းမာစေတဲ့ သဘာဝ ပစ္စည်း တစ်ခုပေါ့။ ဘက်တီးရီးယားတွေကြောင့် ဖြစ်တဲ့ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ ဓာတ်မတည့်မှု ပြဿနာတွေကို အထိရောက်ဆုံး ဖြေရှင်းပေးနိုင်ပါတယ်။ကိုယ်ခံအားကိုလည်း ကောင်းစေပြီး ရောဂါပိုးတွေ ကူးစက်ခံရမှု ကလည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ပဲနံ့သာစေ့ စားသုံးပေးပါ။ရေနွေးထဲကို သန့်စင်နေအောင် ဆေးကြောထားတဲ့ပဲနံ့သာစေ့ထည့်ပြီး သောက်သုံးပေးလို့ ရပါတယ်။ ပဲနံ့သာစေ့ ရေနွေးကြမ်းလေးက လည်ချောင်းနာတာကို သိသိသာသာ သက်သာစေမှာပါ။ငုံဆေးငုံပါ။လည်ချောင်းနာတာကို သက်သာစေနိုင်တဲ့ နည်းလမ်း တစ်ခုပါ။ သွားရင်းလာရင်း ငုံထားလို့လည်း ရပါတယ်။ ပူရှိန်းရှိန်း ခံစားမှုကြောင့် လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။လည်ချောင်းနာပြီး ဆေးမသောက်ချင်သူတိုင်း အတွက် အဆင်ပြေစေမယ့် နည်းလမ်းလေး တစ်ခုခုကို အသုံးပြုလို့ လည်ချောင်းနာတဲ့ပြဿနာကို ရှင်းထုတ်လိုက်ရအောင်…..။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/throat-conditions/natural-remedies-for-sore-throat/