title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
Vasomotor Rhinitis (နှာခေါင်းအမြှေးပါးရောင် နှာရည်ယိုရောဂါ)
ဒီရောဂါဟာ ဓါတ်မတည့်မှုကြောင့် ဖြစ်သော ရောဂါမဟုတ်ချေ။ အကြောင်းရင်းမရှိဘဲ နှာခေါင်းအမြှေးပါးရောင်ပြီး နာတာရှည်နှာချေခြင်း သို့ နှာပိတ်ခြင်း၊ နှာရည်ယိုခြင်းတွေ တွေ့ရနိုင်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ အသက်အန္တရာယ်တော့ မရှိပါဘူး။ ဆိုးဆိုးရွားရွားမဟုတ်တဲ့ မသက်မသာခံစားရမှုတွေ တွေ့ရနိုင်ပါတယ်။အဖြစ်များပါတယ်။ အရွယ်အားလုံးဖြစ်နိုင်ပေမဲ့ အသက်၂၀အထက်တွေမှာ ပိုတွေ့ရတတ်ပါတယ်။ အမျိုးသမီးတွေမှာ အမျိုးသားတွေထက် ဖြစ်နိုင်ချေနှစ်ဆပိုများပါတယ်။ ဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကို ရှောင်ရှားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ အသေးစိတ်သိလိုတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။ဖြစ်လိုက်ပျောက်လိုက်နဲ့ တစ်နှစ်ပတ်လုံးတွေ့ရတတ်ပါတယ်။ မကုသဘူးဆိုရင် ရက်သတ္တပတ်တွေအများကြီး သို့ အကြာကြီး ဖြစ်နေနိုင်ပါတယ်။ တွေ့ရများတဲ့လက္ခဏာတွေကတော့။• နှာခေါင်းအနောက်ပိုင်းနှာရည် သို့ အချွဲများ လည်ချောင်းထဲသို့စီးသွားခြင်း။• နှာရည်ယိုခြင်း။• နှာချေခြင်း။• နှာပိတ်ခြင်း။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။အောက်ဖော်ပြပါအချက်တွေထဲကတစ်ခုခုရှိခဲ့မယ်ဆိုရင်သွားပြသင့်ပါတယ်။• သင့်အခြေအနေဆိုးရွားနေခဲ့မယ်ဆိုရင်။• ဆေးဆိုင်ကဆေးတွေ ဆေးမြီးတိုတွေနဲ့ကုလို့ မသက်သာရင်။• ဆရာဝန်ညွှန်ထားတဲ့ဆေးတွေ သို့ ဆေးဆိုင်ကစပ်ပေးတဲ့ဆေးတွေကြောင့် အခြားဘေးထွက်ဆိုးကျိုးတွေ ရှိနေခဲ့မယ်ဆိုရင်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။သင့်နှာခေါင်းထဲကသွေးကြောတွေ ကျယ်လာခြင်းကြောင့်ဖြစ်ပါတယ်။ ကျယ်လာခြင်းကနေ ရောင်ရမ်းခြင်း၊ ပိတ်ဆို့ခြင်းနဲ့ နှာခေါင်းထဲမှာအချွဲတွေပြည့်လာနိုင်ပါတယ်။ ဘာကြောင့် နှာခေါင်းသွေးကြောတွေ ရောင်ရတယ်ဆိုတာတော့ မပြောနိုင်သေးပါဘူး။ ဖြစ်နိုင်ချေများစေတဲ့အချက်တွေကတော့။• ရေမွှေး၊ အနံ့အသက်၊ ဆေးလိပ်နံ့စတဲ့ စိတ်ကသိကအောက်ဖြစ်စရာများ။• ရာသီဥတုအပြောင်းအလဲ အထူးသဖြင့် ပူအိုက်တဲ့ရာသီ။• အအေးမိ၊တုပ်ကွေးပိုးကဲ့သို့သော ဗိုင်းရပ်စ်ပိုးများ ကူးစက်ခံရခြင်း။• ပူစပ်သောအစားများ အရည်များ။• aspirin (သို့) ibuprofenကဲ့သို့သော ဆေးများ။• သန္ဓေတားဆေးများအသုံးပြုခြင်း ၊ သိုင်းရွိုက်ဟော်မုန်းနည်းခြင်း ကဲ့သို့သော ဟော်မုန်းအပြောင်းအလဲများ။အများကြီးရှိပါတယ်။• မီးခိုးငွေ့၊ ဆေးလိပ်ငွေ့စသော စိတ်ကသိကအောက်ဖြစ်စရာများ။• အသက်၂၀အထက် (ဓါတ်မတည့်မှုကြောင့်ဖြစ်တဲ့နှာရည်ယိုရောဂါတွေနှင့် မတူညီပါ။ ဒီရောဂါသည် အသက်၂၀ပြည့်ပြီးနောက်မှာ အများဆုံးဖြစ်တတ်ပါတယ်။)။• ရင်ကျပ်ပျောက်ဆေးအရည်တွေ ဖြန်းဆေး တွေ ကြာကြာအသုံးပြုခြင်း။ (Afrin၊ Dristan ကဲ့သို့သော ရင်ကျပ်ပျောက်ဆေးအရည်တွေ ဖြန်းဆေး တွေ ရက်အတော်ကြာ သုံးပြီးနောက်ပိုင်း ရင်ကျပ်ပျောက်ခြင်းသက်သာသွားပြီး ဆိုးဆိုးရွားရွားနှာပိတ်ခြင်း)။• အမျိုးသမီးများ (ဟော်မုန်းအပြောင်းအလဲများကြောင့် ကိုယ်ဝန်ဆောင်ချိန်၊ ဓမ္မတာလာချိန်မှာ ပိုဆိုးသွားနိုင်ပါတယ် ။)။• အချို့သောကျန်းမာရေးပြဿနာများ ( သိုင်းရွိုက်ဟော်မုန်းနည်းခြင်၊ နာတာရှည်အမောရောဂါကဲ့သို့သော နာတာရှည်ကျန်းမာရေးပြဿနာများ။• စိတ်ဖိစီးမှု ( စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် အချို့သောသူတွေမှာ ဖြစ်နိုင်ပါတယ။်)။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်မှာ နှာရည်ယိုရောဂါလက္ခဏာတွေ ရှိနေပြီဆိုရင် ဓါတ်မတည့်မှုကြောင့် (သို့) အခြားသောအကြောင်းတွေကြောင့် ဟုတ်မဟုတ်အရင်စမ်းသပ်ပါလိမ့်မယ်။ အခြားကြောင့်ဖြစ်တာ မဟုတ်ကြောင်း သိပြီးနောက်မှာတော့ သင့်မှာ နှာရည်ယိုခြင်း၊ နှာပိတ်ခြင်း၊ နှာရည်လည်ချောင်းထဲဝင်ခြင်းတွေ ရှိနေခြင်းတွေက နှာခေါင်းအမြှေးပါးရောင် နှာရည်ယိုရောဂါ။ကြောင့်လို့ အတည်ပြုနိုင်ပါတယ်။ဓါတ်မတည့်မှုကြောင့်ဟုတ်မဟုတ်သိချင်ရင်တော့ အရေပြားဓါတ်မတည့်မှုစစ်ခြင်း၊ သွေးစစ်ဆေးခြင်းတွေ ပြုလုပ်ပါလိမ့်မယ်။ နာတာရှည်လေအိတ်ရောင်ရောဂါကြောင့်ဟုတ်မဟုတ် သိချင်ရင်တော့ နှာခေါင်းနှင့် ဦးခေါင်းခွံရိုးကို ဆက်သွယ်ထားသော လှိုဏ်ခေါင်းပေါက် sinus ကို ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း (CT scan) တွေ ပြုလုပ်ပါလိမ့်မယ်။ သင့်တော်တဲ့ကုသမှုပေးနိုင်ဖို့ မှန်ကန်စွာအဖြေထုတ်နိုင်ဖို့တော့ လိုပါတယ်။သင့်လက္ခဏာတွေဆိုးလာမယ်ဆိုရင် သင့်ဆရာဝန်က အခြားဆေးတွေညွှန်ဖို့ လိုလာပါလိမ့်မယ်။ သွေးကြောရောင်နှာရည်ယိုရောဂါ ကုသနိုင်တဲ့ဆေးတွေကတော့။• ဆားရည်နှာဖြန်းဆေး။• fluticasone (Flonase) (သို့) triamcinolone (Nasacort)ကဲ့သို့သော စတီးရွိုက်ပါသောနှာဖြန်းဆေးများ။• azelastine (Astelin၊ Astepro)၊ olopatadine hydrochloride (Patanase) ကဲ့သို့သော Antihistamine နှာခေါင်းဖြန်းဆေးများ။• ipratropium (Atrovent)ကဲ့သို့သော Anti-drip anticholinergic နှာခေါင်းဖြန်းဆေးများ။• pseudoephedrine ကဲ့သို့သော သောက်ရသော ရင်ကျပ်ပျောက်ဆေးများ။တစ်ခါတစ်ရံမှာတော့ နှာခေါင်းအသားလုံးများဖယ်ထုတ်ရန်နှင့် နှာခေါင်းဆက်ကြားလွဲနေသည်ကို တည့်ပေးရန် ခွဲစိတ်ကုသခြင်းက ပိုအကျိုးရှိပါလိမ့်မယ်။ အခြားကုသမှုတွေနဲ့ မသက်သာလာတော့မှ ခွဲစိတ်ကုသဖို့ စဉ်းစားလေ့ရှိပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် နှာခေါင်းအမြှေးပါးရောင်၊ နှာရည်ယိုရောဂါ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျော ညီထွေဖြစ်အောင် နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။• ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရနိုင်တဲ့ ဆားရည်နှာဖြန်းဆေး။• pseudoephedrine (သို့) phenylephrine ကဲ့သို့သော ရင်ကျပ်ပျောက်ဆေးများ။• diphenhydramine (Benadryl)၊ clemastine၊ loratadine (Claritin) ကဲ့သို့သော Antihistamine နှာခေါင်းဖြန်းဆေးများ။• fluticasone (Flonase) (သု့ိ) triamcinolone (Nasacort) ကဲ့သို့သော စတီးရွိုက်ပါသောနှာဖြန်းဆေးများ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/nose-conditions/vasomotor-rhinitis-%e1%82%8f%e1%80%bd%e1%80%ac%e1%80%b1%e1%80%81%e1%80%ab%e1%80%84%e1%80%b9%e1%80%b8%e1%80%a1%e1%80%b1%e1%80%bb%e1%80%99%e1%80%bd%e1%80%b8%e1%80%95%e1%80%ab%e1%80%b8%e1%80%b1%e1%80%9b/
ပေါင်ခြံမှာ ပေါက်တဲ့ ပွေး နဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ
အရွယ်ရောက်ပြီးသူတွေမှာ အဖြစ်များတဲ့ မှိုကြောင့်ဖြစ်တဲ့ အရေပြားရောဂါတစ်မျိုး ဖြစ်ပြီးပေါင်ခြံတစ်ဝိုက်မှာ အဖြစ်များပါတယ်။ လိင်အင်္ဂါနဲ့ တင်ပါး တစ်ဝိုက်မှာလည်းပွေး ပေါက်နိုင်ပါတယ်။ ခန္ဓာကိုယ်အရေပြားအနှံ့ မှိုရောဂါပိုး ကူးစက်နိုင်ပြီးဦးရေပြား၊ မျက်နှာ၊ လက်သည်း၊ ခြေသည်း၊ ခြေထောက်၊ ချိုင်း၊ ပေါင်ခြံ၊လိင်အင်္ဂါတစ်ဝိုက်မှာ ကူးစက်နိုင်ပါတယ်။စက်ဝိုင်းပုံသဏ္ဍာန်ရှိပြီး အနားသတ်တွေက ဖောင်းကြွပြီး နီရဲနေပါတယ်။ ယားယံလွန်းတာကြောင့် မကြာခဏ ကုတ်မိရာကနေ ပိုးဝင်သွားနိုင်ပြီး ရောဂါလက္ခဏာ ပိုဆိုးသွားနိုင်ပါတယ်။ သေချာကုသမှု မခံယူတဲ့အခါမှာ ရောဂါအပျောက်နှေးတာ၊ ဆေးယဉ်သွားတာ၊ ပွေးက နေရာအနှံ့ကို ပျံ့လာတာအပြင် အရေပြားအောက်က တစ်သျှူးကိုပါ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ပူနွေးပြီး စိုစွတ်တဲ့ နေရာတွေ၊ချွေးမကြာခဏ ထွက်လွန်းတဲ့ နေရာတွေမှာ ပိုပြီး ပေါက်ဖွားဖို့ လွယ်ကူပါတယ်။အတွင်းခံဘောင်းဘီကို ကျပ်နေအောင် ဝတ်ထားတာ၊ ပူလောင်အိုက်စပ်တဲ့ ရာသီဥတုတွေမှာ အဖြစ်များပါတယ်။အားကစားလုပ်ပြီး တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတဲ့ အမျိုးသားတွေ၊ မိုးရေနဲ့ ချွေးနဲ့ အကြာကြီးထိနေမိတဲ့အခါမျိုးမှာ၊ မှိုရောဂါပိုးရှိနေတဲ့ သူရဲ့ အသုံးအဆောင်၊ ဖိနပ်နဲ့ အဝတ်အစားတွေ အတူတကွ သုံးစွဲတာကြောင့် ပွေး  ကူးစက်နိုင်ပါတယ်။၁။ များသောအားဖြင့် ပွေးပေါက်နေတဲ့ နေရာဟာ ယားယံနေတယ်။ တစ်ခါတလေမှာ နာကျင်တတ်ပါတယ်။၂။ ပေါင်ခြံ၊ စအို၊ လိင်အင်္ဂါတစ်ဝိုက်မှာ နီရဲနေတတ်တယ်။၃။ အနာက စက်ဝိုင်းပုံသဏ္ဍာန်ဖြစ်နေပြီး ပတ်ပတ်လည်ပြီး ဖောင်းကြွနေတဲ့ အဖက်ကလေးတွေ တွေ့ရတတ်ပါတယ်။၄။ ပွေး က ကြီးလာတဲ့အခါ အလယ်က ချိုင့်ဝင်သွားပြီး ဘေးဘက်ကို ပျံ့ပြီးပွားလာပါတယ်။၅။ ခြောက်နေတဲ့ အရည်ကြည်ဖုပုံစံ၊ အသားအရေက အကြေးခွံလို မာထစ်ထစ်ကြီး ဖြစ်နေတတ်ပါတယ်။၆။ တစ်ခါတလေမှာ ပြည်တွေထွက်နေတတ်တယ်။၇။ ပုံမှန်အသားအရောင်နဲ့ မတူဘဲ အရောင်ဖျော့တာ၊ ရင့်တာ ဖြစ်နိုင်တယ်။ပွေးလိုမျိုးမှိုကြောင့်ဖြစ်တဲ့ အရေပြားရောဂါတွေဟာ တစ်ဦးနဲ့ တစ်ဦး ကူးစက်ဖို့လည်း လွယ်ကူသလို အမြစ်ပြတ် မပျောက်ကင်းသွားဘူးဆိုရင် တခြားနေရာမှာ ထပ်ပေါက်လာဖို့ ပိုလွယ်ကူပါတယ်။ ကိုယ့်ကိုယ်ကို ပွေး ရှိတယ်လို့ သံသယရှိတယ်ဆိုရင် အရေပြားဆရာဝန်နဲ့ သေချာပြသပြီး တိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။ကိုယ့်ရဲ့ ရောဂါအခြေအနေ၊ ဖြစ်ပွားရခြင်း အကြောင်းရင်းပေါ် မူတည်ပြီး အရေပြားဆရာဝန် ကိုယ်တိုင် လိမ်းဆေးပေးနိုင်သလို လိမ်းဆေးနဲ့ သောက်ဆေးကို တွဲပြီး ပေးတာမျိုးလည်း ရှိနိုင်ပါတယ်။ဆေးလိမ်းတဲ့အခါမှာလည်း ဆရာဝန်ပြောထားတဲ့ ဆေးညွှန်းအတိုင်း သေချာလိုက်နာမယ်ဆိုရင် ၂ ပတ်ကနေ ၄ ပတ်အတွင်း အမြစ်ပြတ်ပျောက်ကင်းနိုင်ပါတယ်။၁။ ကျား၊ မ မရွေးတစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။၂။ ရေချိုးပြီးတဲ့အခါ ကိုယ်ခန္ဓာထဲမှာ ကျန်ရစ်နေတဲ့ ရေတွေကို ပြောင်စင်အောင် သုတ်ပါ။၃။ သန့်ရှင်းပြီး လေဝင်လေထွက်ကောင်းတဲ့ ချည်သား အဝတ်အထည်တွေကို ဝတ်ပေးပါ။၄။ အတွင်းခံတွေကို သန့်ရှင်းအောင်ထားပါ။ ဝတ်ပြီးသား အတွင်းခံတွေကို ပြန်ဝတ်တာမျိုး မလုပ်သင့်ပါဘူး။၅။လေ့ကျင့်ခန်းလုပ်ပြီးတဲ့အချိန်၊ ချွေးအလွန်ထွက်တဲ့ အချိန်ဆို ချွေးတိတ်အောင် ခဏစောင့်ပြီး ရေအမြန်ချိုးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/infectious-skin-diseases/tinea-cruris/
သားဥအိမ်ကင်ဆာအတွက် ရှောင်သင့်သော အစားအသောက်များ
သင့်တော်သော အစားအသောက်ပုံစံ က သားဥအိမ်ကင်ဆာဝေဒနာရှင် တစ်ဦးအတွက် အလွန်အရေးကြီးပါတယ်။ ကင်ဆာဖြစ်ပါက စားသုံးရမည့် အစားအစာများ အပြင် ရှောင်ကြဉ်ရမည့် အစားအစာများ အကြောင်း စဉ်းစားကြည့်မိဘူးပါလား။ သားဥအိမ်ကင်ဆာဖြစ်ပါက သင့်ရဲ့ နေ့စဉ် အစားအသောက် စာရင်းမှ ထုတ်ပစ်ရမည့် အစားအစာများကို အောက်တွင် ဖေါ်ပြထားပါတယ်။ကင်ဆာဆေးသွင်းခြင်းက ကင်ဆာရောဂါမှာ ပြုလုပ်ရမည့် ကုသနည်းတစ်ခုဖြစ်ပြီး အသည်းသည် ခန္ဓါကိုယ်အတွင်းရှိ အဆိပ်အတောက်များကို ချေဖျက်ရပါတယ်။ ကင်ဆာဆေးသွင်းခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများကို လျော့နည်းအောင် လည်း အသည်းကလုပ်ဆောင်ပေးသဖြင့် အသည်းကို ညှာတာရပါမယ်။ အရက်သည် အသည်းပေါ် ဖိအားဖြစ်စေပြီး လုပ်ငန်းများကို နှောက်ယှက်ပါတယ်။ အရက်ကြောင့် ပျို့ခြင်း၊ အူလမ်းကြောင်းဝေဒနာများ ပိုဆိုးနိုင်ပါတယ်။ ကင်ဆာဆေးများ နှင့်လည်း ဓါတ်ပြု ခြင်းများ ဖြစ်နိုင်ပါတယ်။ ထို့ကြောင့် သားဥအိမ်ကင်ဆာဖြစ်ပါက အရက်ကို လုံးဝရှောင်သင့်ပါတယ်။သားဥအိမ်ကင်ဆာသည်များသည် ကိုယ်ခံအားတက်စေခြင်း၊ ကင်ဆာဆဲလ်များဖျက်ဆီးခြင်း စသောအာနိသင်များ မရှိသော အစားအစာများကို မစားသုံးသင့် ဟုဆိုကြသည်။ အသားဆိုသည်မှာလည်း ကင်ဆာအတွက် အထောက်အကူဖြစ်သည်ဟု တွေ့ရှိချက်မရှိပါ။ အသားသည် trypsin and chymotrypsin စသော ကိုယ်ခံအားတက်စေသော ၊ ကင်ဆာဆဲလ်များကို သေစေသော enzymes နှစ်မျိုးကိုပင် သုံးစွဲပစ်ပါတယ်။ အသီးအရွက်များကတော့ ထိုသို့ မဟုတ်ပေ။ အသားစားခြင်းဖြင့် ကင်ဆာတိုက်ထုတ်ခြင်း စွမ်းရည်များပါ ကျစေပါတယ်။ ထို့ကြောင့် အသားများကို လျှော့စားသင့်ပါတယ်။အသားထဲတွင် ပြည့်ဝအဆီများ စွာပါပြီး အမျှင်ဓါတ်များမပါရှိသောကြောင့် ဖြစ်တယ်။အနီရောင်အသားများ က သင့်နေ့စဉ် အစားအစာများတွင် မပါသင့်ပါ။ ပုံမှန်ထက်နည်းသော အခြားအသားများ စားသုံးနိုင်ပါတယ်။ အသင့်လုပ်ပြီးသား အသားများ၊ အကင်များကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ဟော့ဒေါ့တွင် ဆိုဒီယမ်နိုက်ထရိုက်ပါဝင်ပြီး ကင်ဆာကို ပိုဆိုးစေပါတယ်။ ပြည်ုဝဆီများနဲ့ အသားများ စားခြင်းကို ကန့်သတ်ပါက နှလုံးကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။အပူအရမ်းပေးချက်ထားသော အစားများ ကိုလည်း မစားသုံးသင့်ပါ။ ကင်ဆာဖြစ်စေသော ကာဆီနိုဂျင်များ စွာပါသောကြောင့် ဖြစ်ပါတယ်။ အစားအစာများကို မကျော်၊ မကင်ဘဲ ပြုတ်ခြင်း၊ ဖုတ်ခြင်း၊ ပေါင်းခြင်းဖြင့် စားသုံးသင့်ပါတယ်။ ကာဆီနိုဂျင် နည်းရန် အနည်းငယ်သာ အပူပေးသင့်ပါတယ်။ကင်ဆာအကျိတ်များသည် သွေးထဲရှိ သကြားဓါတ်အပေါ် မူတည်ပါတယ်။ ထို့ကြောင့် သကြားဓါတ် အချိုနည်းသော အစားအစာများကို စားသုံးသင့်ပါတယ်။ ကဆီဓါတ်များသော အစားများသည် သွေးထဲမှ တစ်ဆင့် အာဟာရဓါတ်များကို ကင်ဆာဆဲလ်များကို ရောက်စေပါတယ်။ ထို့ကြောင့် ကဆီဓါတ်နည်းသော အစားအစာများ ကို စားသုံးသင့်ပါတယ်။အစားအစာများက ကင်ဆာရောဂါကို ကူညီတိုက်ထုတ်ပေးသလို၊ အစားအစာများကပင် ကင်ဆာရောဂါကို ပိုဆိုးစေပါတယ်။ ထို့ကြောင့် မည်သည့် အစားအစာကို စားရမည်၊ မည်သည့်အစားအစာကို ရှောင်ကြဉ်ရမည်ကို သိထားသင့်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်သော အစားအစာများ စားခြင်းဖြင့် ပြန်လည် ကောင်းမွန်လာစေနိုင်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/ovarian-cancer/%e1%80%9e%e1%80%ac%e1%80%b8%e1%80%a5%e1%80%a1%e1%80%ad%e1%80%99%e1%80%b9%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-%e1%80%b1%e1%80%9b%e1%80%bd%e1%80%ac/
ဘေဘီလေးကို ငုံးဥ ကျွေးလို့ရလား..............
ဘေဘီလေးက အသက် ၆ လရောက်လာပြီဆိုရင်အစားစကျွေးလို့ရပြီ။ ဒီအချိန်မှာ မေမေ့ခေါင်းထဲ ဝင်လာတာကစားစရာတစ်ခုခုကို ကိုင်လိုက်တိုင်း၊ တွေးမိလိုက်တိုင်း ဘေဘီလေး စားလို့ရလား မသိဘူးဆိုတာပါ။အခုတစ်ခေါက်တော့ငုံးဥပြုတ်စားတဲ့အခါ ဘေဘီလေးကို ခွံလို့ရမလား တွေးနေတဲ့ မေမေတွေအတွက် အဖြေထုတ်ပေးမယ့် ဆောင်းပါးလေးပါ။ဘေဘီလေးကိုကြက်ဥကျွေးလို့ရတယ်တော့ ပြောတယ်။ ငုံးဥရော ကျွေးလို့မရဘူးလားဆိုတော့ ရပါတယ်။ ဘေဘီလေး အသက် ၉ လလောက်ရောက်ပြီဆိုရင် ဘေဘီလေးကို ငုံးဥ စကျွေးလို့ ရပါပြီ။ငုံဥကျွေးတဲ့အခါ ဘေဘီလေးကို အကာစကျွေးပေးပါ။ နည်းနည်းချင်းစီ စကျွေးပြီး ဘေဘီလေးနဲ့ တည့်တယ်၊ဓာတ်မတည့်တဲ့ လက္ခဏာလည်း မပြဘူးဆိုရင် အနှစ်ရော အကာပါ စိတ်ချလက်ချ ကျွေးလို့ရပါပြီ။ငုံးဥက ဘေဘီလေးအတွက် အာဟာရ ဖြစ်ရဲ့လားဆိုတော့ သိပ်ဖြစ်တာပေါ့။ ငုံးဥမှာ အကျိုးပြု အဆီဓာတ်တွေ၊ပရိုတင်း၊ သံဓာတ်၊ ဇင့်ဓာတ် တို့လိုမျိုး ဘေဘီလေးတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရတွေ ပါဝင်နေပါတယ်။ငုံဥ အနှစ်မှာဆိုရင်ဗီတာမင် B အုပ်စု၊ဗီတာမင် Dတွေ ပါဝင်နေပြီးအရိုးတွေ သန်မာစေဖို့လိုအပ်တဲ့ကယ်လ်ဆီယမ် စုပ်ယူမှုကောင်းစေဖို့ အားဖြည့်ပေးပါတယ်။သတိထားရမယ့် တစ်ချက်ကတော့ ဘေဘီလေးကို ငုံးဥကျွေးတဲ့အခါ သေချာ ကျက်အောင် ပြုတ်ပေး၊ ကြော်ပေးဖို့ပါ။ ဒီလိုလုပ်ဆောင်ပေးမှ ဘေဘီလေးကိုsalmonellaပိုးဝင်ရောက် ကူးစက်ခံရမှုကနေ ကာကွယ်ပေးနိုင်မှာပါ။ဘေဘီလေးကို ငုံးဥကျွေးပေးတဲ့အခါ။ဘေဘီလေးကို ၉ လအရွယ်မှာ ငုံးဥကို တစ်နေ့ ၂ လုံးအထိ ကျွေးလို့ရပါတယ်။ ဒီလိုကနေမှ ၃ လုံး ၅လုံး စသဖြင့် အသက်အရွယ်အလိုက် တိုးကျွေးသွားလို့ ရပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/can-baby-eat-quail-egg/
လေဖြတ်ပြီးနောက် ကြွက်သားတောင့်တင်းခြင်းကို သက်သာစေသော နည်းလမ်း ၅ခု
လေဖြတ်ရောဂါ ဖြစ်ပြီး အသက်ရှင်သူများတွင် ခန္ဓါကိုယ် တောင့် တင်းနေတတ်ပါသည်။ အသက်ရှင်သူ ရောဂါရှင် အနေဖြင့် ယခင် လောက် လှုပ်ရှားရ မကောင်းသည်ကို တွေ့ရမည် ဖြစ်ပါသည်။ ယင်းကို ကြွက်သားတောင့်တင်းခြင်း (muscle spasticity) ဟု ခေါ်ပါသည်။လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် ကြွက်သားတောင့်တင်းခြင်း အ တွက် အရေးကြီးပါသည်။ ထို့ကြောင့် လေဖြတ်ပြီးသော လူနာကို ဆရာဝန်အနေဖြင့် ပြန်လည်သန်စွမ်းရေးအတွက် အကြောအဆစ် ပြန်လည်သန်စွမ်းရေး ပညာရှင်နှင့် တွေ့ဆုံပေးပါလိမ့်မည်။ ယင်းပညာရှင်က လူနာ၏ အခြေအနေပေါ် မူတည်ပြီး ပြန်လည်သ န်စွမ်းရေးအတွက် သင့်တော်သော လေ့ကျင့်ခန်းများကို သင်ကြား ပေးပါမည်။ နောက်ပိုင်းတွင်မူ ပညာရှင်နှင့် ရက်ချိန်ပေး တွေ့ဆုံပြီး ကြားထဲတွင် လူနာကိုယ်တိုင် လေ့ကျင့်ခန်း များကို ပြုလုပ်ရမည်ဖြစ်ပါသည်။ ရေကူးခြင်းကဲ့သို့ လေ့ကျင့်ခန်း များသည်လည်း ကြွက်သားများ လျော့ရဲခြင်းကို သက်သာစေ ပါမည်။ အချို့အခြေအနေများတွင် လိုအပ်ပါက ရေခဲကပ်ခြင်း၊ လျပ်စစ်လှုံဆော်ပေးခြင်း တို့ကို လိုအပ်သလို ပြုလုပ်ပေးပါ လိမ့်မည်။Braces ဟုခေါ်သော အထိန်းအချုပ် ကိရိယာများ တင်ဆင်ခြင်း၊ ကျပ်ထုတ်စည်းခြင်း စသည်တို့သည်လည်း ကြွက်သားများ၏ မူလ အနေအထားကို ထိန်းသိမ်းနိုင်ပြီး ကြွက်သားများ သိမ်သွားခြင်းကို တားဆီးနိုင်ပါမည်။ကြွက်သားတောင့်တင်းခြင်း များကို ဆေးဝါးအကူအညီဖြင့် လျော ချနိုင်ပါသည်။ ဆရာဝန်မှ အောက်ပါ ဆေးဝါးများကို လိုအပ်သလို ညွန်ကြားပါလိမ့်မည်။အချို့လူနာများတွင် ဆေးတစ်မျိုး မကဘဲ ပေါင်းစပ်ပေးခြင်းလည်း ရှိနိုင်ပါသည်။ထို့အပြင် အာရုံကြောကို တိုက်ရိုက်သက်ရောက် တားဆီးပေးသော ထိုးဆေးများလည်း အသုံးပြုနိုင်ပါသည်။ ယင်းထိုးဆေးများမှာ စားဆေးများထက် ပိုမိုအစွမ်းထက်ပြီး အန္တရာယ်ကင်းသော်လည်း ကျွမ်းကျင်သူများမှ ထိုးပေးရန် လိုအပ်ပါသည်။ အသုံးများသော ထိုးဆေး နှစ်မျိုးရှိပြီး ယင်းတို့မှာ botulinin toxin (Botox) နှင့် pheol.။ပြင်းထန်သော ကြွက်သားတောင့်တင်းခြင်းများတွင်မူ ခွဲစိတ်ခြင်း ဖြင့်လည်း ကုသနိုင်ပါသည်။ ခွဲစိတ်ကုသရာတွင် လက်ပိုင်းဆိုင်ရာ ပြဿနာဖြစ်ပါက Biceps သို့မဟုတ် Triseps ကြွက်သားများ၏ အရွက်များကို လျော့ပေးမည်ဖြစ်ပါသည်။ လမ်းလျောက်ရ ခက်ခဲသော လူနာများတွင်မူ Hamstrings ကြွက်သားများ သို့မဟုတ် ခြေညိုးရှိ Flexor ကြွက်သားများကို လျော့ပေးမည် ဖြစ်ပါသည်။လူနာကို ကြွက်သားတောင့်တင်းခြင်း သက်သာစေရန် အိမ်တွင်အောက်ပါအတိုင်း ပြုစုနိုင်ပါသည်။ကြွက်သားတောင့်တင်းခြင်းသည် လေဖြတ်ပြီးနောက် အတွေ့ရ အများဆုံး ပြဿနာပင် ဖြစ်ပါသည်။ လူနာ၏ ကိုယ်လက်လှုပ်ရှား မှု့ကို များစွာထိခိုက်စေနိုင်သော်လည်း ပြန်လည်သန်စွမ်းရေး လေ့ ကျင့်ခန်းများဖြင့် အတတ်နိုင်ဆုံး ပြန်လည်လှုပ်ရှားနိုင်ရန် ကြိုးစား နိုင်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချ က်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/stroke-and-aneurysm/%e1%80%b1%e1%80%9c%e1%80%bb%e1%80%96%e1%80%90%e1%80%b9%e1%80%bb%e1%80%95%e1%80%ae%e1%80%b8%e1%80%b1%e1%80%94%e1%80%ac%e1%80%80%e1%80%b9-%e1%81%be%e1%80%80%e1%80%bc%e1%80%80%e1%80%b9%e1%80%9e-3/
ရေပန်းစားလာသော သွားအလှပြုပြင်ခြင်း နည်းလမ်းများ
အရင်တုန်းကသွားနဲ့ ပတ်သက်ရင် အများစုက သိပ်ပြီး ဂရုစိုက်လေ့မရှိပါဘူး။သွားကိုက်တာလို၊ရေစီးကမ်းပြိုတာလို မဖြစ်မနေ ကုရမယ့် ကိစ္စရှိမှ သွားကြတာမျိုးပါ။ ခုခေတ်မှာတော့ သွားက ကျန်းမာရေးကိစ္စတစ်ခုထက် ပိုလာပါပြီ။ ပုံမှန်သွားကျန်းမာရေး စစ်ဆေးတာ၊ ကုသတာအပြင် သွားအလှပြုပြင်ခြင်း အတွက်လည်း စိတ်ဝင်စားလာကြပါပြီ။ အများနဲ့ ပြောဆိုဆက်ဆံတဲ့နေရာမှာ လှလှလေး ပြုံးနိုင်ဖို့ကလည်း အရေးကြီးတာကိုး။သွားအလှပြုပြင်ခြင်း နည်းလမ်းတွေက တကယ်လည်း အစွမ်းထက်လှပါတယ်။ လူတစ်ယောက်ရဲ့ မျက်နှာအသွင်အပြင်ကို အပြောင်းအလဲဖြစ်နိုင်လောက်တဲ့အထိ စွမ်းတာကြောင့် ခုခေတ်အခါမှာ ရေပန်းစားလာတာပဲ ဖြစ်ပါတယ်။သွားအလှပြုပြင်ခြင်း နည်းလမ်းတွေ အများကြီးရှိတဲ့ အထဲကမှ လူသိများပြီး အသုံးများတဲ့ နည်းလမ်း ၇ခုကတော့။Cosmetic Teeth Whitening/ Teeth bleaching စသဖြင့် ခေါ်ကြပါတယ်။ ဆေးလိပ်တွေ၊ ကော်ဖီတွေ သောက်လို့၊ ကွမ်းချိုးတွေ ကပ်နေလို့ သွားအရောင် မလှတဲ့အခါ၊ အရောင်ပြောင်းနေတဲ့အခါမှာ သုံးကြပါတယ်။ စျေးကွက်ထဲက အာမခံချက်မရှိတဲ့ သွားတိုက်ဆေးတွေနဲ့ သွားဖြူအောင် လုပ်မယ့်အစား သွားဆေးခန်းမှာ စနစ်တကျ ပြုလုပ်လာကြပါတယ်။လေဆာတွေ၊ ဆေးတွေ သုံးပြီး ဖြူအောင် လုပ်ကြတာ များပါတယ်။ လူတိုင်းက သွားအစွန်းချွတ်တာ၊ သွားဖြူအောင် လုပ်လို့မရတာဖြစ်တဲ့အတွက် သွားဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ လိုပါတယ်။Veneers လို့ခေါ်တဲ့ ကြွေ ဒါမှမဟုတ် compositeနဲ့ ပြုလုပ်ထားတဲ့ ကြွေလွှာကို အသုံးပြုထားတာ ဖြစ်ပါတယ်။ များသောအားဖြင့် လူနာရဲ့ သွားအခြေအနေကို လိုက်ပြီး လိုသလို ညှိယူလို့ ရပါတယ်။ ရှေ့သွားမှာ ကပ်ကြတာ များပါတယ်။ ကြွေလွှာကို သုံးပြီး သွားဝါနေတာ၊ ပဲ့နေတာ၊ သွားကျဲတာ၊ သွားထပ်နေတာကို ပြုပြင်လို့ရပါတယ်။Dental implantလို့ခေါ်ပါတယ်။ သတ္တုနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းကို သုံးပြီး လွတ်နေတဲ့ သွားနေရာမှာ အစားထိုးတာပဲ ဖြစ်ပါတယ်။ ဒီပစ္စည်းလေးကို တိုက်တေနီယမ်နဲ့ ပြုလုပ်ထားပြီး သွားမရှိတဲ့ မေးရိုးမှာ ခွဲစိတ်ပြီး ထည့်လိုက်တာပဲ ဖြစ်ပါတယ်။ သွားတုတပ်တာမျိုး မဟုတ်ဘဲ တိုင်စိုက်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီimplantကို မှီပြီး သွားတု၊ အံကပ် စတာတွေကို အပေါ်ကနေ ထပ်တပ်နိုင်ပါတယ်။သွားစိုက်ခါနီးရင် သွားဆရာဝန်က သွားပုံယူတယ်ဆိုတာကို ကြားဖူးမှာပါ။ ဒီလို ပုံယူပြီး လိုသလို စွပ်လို့ရအောင် ပြုပြင်ထားတာကိုCrownsလို့ခေါ်ပါတယ်။ ဒီပစ္စည်းလေးကို အခရိုင်းလစ်၊ ကြွေ စတာတွေနဲ့ ပြုလုပ်ပြီး ကြိတ်ဝါးလို့ ရအောင် သတ္တုတစ်မျိုးမျိုးနဲ့ ရောစပ်ထားပါတယ်။Crownsတွေကို သွားမလှတာ၊သွားပိုးစားနေတာ၊ သွားပဲ့နေတာ၊ သွားကျိုးနေတာ၊ အပေါက်ကြီးဖြစ်နေတာ၊ သွားကျဲနေတာတွေကို ပြုပြင်ဖို့ သုံးပါတယ်။Enamel shaping လို့ခေါ်ပါတယ်။ သွားကြွေလွှာ အနေအထားကို ကြည့်ပြီး ကြွေလွှာ ဖြည့်တာ၊ ဖယ်တာတွေ လုပ်ပေးတာပဲ ဖြစ်ပါတယ်။ နာကျင်မှု မရှိဘဲ ချက်ချင်းသိသာတဲ့ နည်းလမ်း ဖြစ်ပါတယ်။Bonding လုပ်တယ်လို့ ခေါ်ပါတယ်။ သွားနဲ့ အရောင်တူတဲ့ ပစ္စည်းကို သွားမှာ ကပ်ပြီး ပြုပြင်ပေးတာပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းတွေကို သွားအရောင်စွန်းတာ၊ သွားကျိုးတာ၊ သွားပဲ့တာတွေကို ပြုပြင်ဖို့အတွက် သုံးနိုင်ပါတယ်။သွားညှိကုသတာက ကလေးတွေပဲ လုပ်လို့ရတာ မဟုတ်ပါဘူး။ ဒီခေတ်မှာ လူကြီးတွေလည်း လုပ်လာကြပါပြီ။ အဓိကကတော့ သွားမညီတာကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရလို့ပါ။သွားထပ်နေတာ၊ သွားခေါနေတာအတွက်သွားညှိကုသနိုင်ပါတယ်။သွားကျန်းမာရေးက အရေးကြီးသလို သွားအလှအပကလည်း အရေးကြီးလာပါပြီ။ သွားကို လှပအောင် ပြုပြင်တာက မိမိရဲ့ ရုပ်သွင်ကို ပြောင်းလဲစေပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိစေလို့ သွားအလှပြုပြင်ခြင်း နည်းလမ်းတွေက ရေပန်းစားလာတာပဲ ဖြစ်ပါတယ်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/cosmetic-dentistry/common-cosmetics-dental-procedures/
အစာအိမ်နာတတ်သူတွေအတွက် အကောင်းဆုံး အစားအစာ ဘာတွေဖြစ်မလဲ
အစာအိမ်နာတတ်သူတွေအတွက် အကောင်းဆုံး အစားအစာ ဘာတွေဖြစ်မလဲ သိပြီးပါရဲ့လား! အစာအိမ်က အရေးကြီးတယ် ဆိုတာ လက်ခံကြတယ် ဟုတ်။ လူဆိုတာ မစားဘဲမှ မနေနိုင်တာ။ ဒီခန္ဓာကိုယ်က ဆက်လှုပ်ရှားနေနိုင်အောင် ပါးစပ်ကနေ လောင်စာ ဖြည့်သမျှ ဒီအစာအိမ်ထဲပဲ ရောက်တာကိုး။ ကိုယ် စားလိုက်တဲ့ အစားအစာတွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို အစာအိမ်က တိုက်ရိုက် လက်ခံရတာပါ။ အစာအိမ်ကို ဝေဒနာ ဖြစ်စေတာလည်း အစားအသောက်ကြောင့် ပါပဲ။မသန့်ရှင်းတာတွေ၊ အပူအစပ်တွေ၊ မလတ်ဆတ်တာတွေ၊ ဘက်တီးရီးယား ပါနေတာတွေ ကြောင့် အစာအိမ်ကို ထိခိုက်စေ ပါတယ်။ ဒါပေမယ့် အစာအိမ်နာကို သက်သာစေနိုင်တဲ့ အစားအသောက်တွေလည်း ရှိနေတယ် ဆိုတာက ဝမ်းသာစရာ တစ်ခု ပါပဲနော်။အစာအိမ်နာတတ်သူတွေအတွက် အကောင်းဆုံး အစားအစာ ဘာတွေဖြစ်မလဲ ဆိုတော့ –။(၁) ဒိန်ချဉ်။ဒိန်ချဉ်၊ ပဲပြား၊ ကင်ချီ၊ စတဲ့ အစားအစာတွေမှာ probiotics လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားတွေပါဝင်ပါတယ်။ အဲဒီ probiotics လေးတွေက H. pylori ရောဂါပိုးကို ခုခံတိုက်ထုတ် ပေးတယ် ဒါမှမဟုတ် ကုသမှုတွေ၊ ဆေးတွေကို အာနိသင် ပိုထိရောက်အောင် ကူညီပေးတယ်ဆိုတော့ အစာအိမ်နာကို သက်သာစေတာပေါ့။(၂)ပန်းသီး၊သစ်တော်သီး။ပန်းသီး၊ သစ်တော်သီး၊ အုတ်ဂျုံ စတဲ့ အစားအစာတွေမှာ အမျှင်ဓာတ် ပါဝင်မှု များပါတယ်။ အမျှင်ဓာတ်က အစာအိမ်ထဲမှာ အက်စစ် ထွက်ရှိမှုပမာဏကို လျော့နည်းစေပြီး လေပွခြင်း၊ ဗိုက်အောင့်ခြင်းတွေကို သက်သာစေပါတယ်။ အစာအိမ် အနာကိုလည်း ကာကွယ်ပေးတယ် လို့ သုတေသနတွေက ဆိုပါတယ်။(၃)ကန်စွန်းဥ။ဗီတာမင် A ကြွယ်ဝတဲ့ ကန်စွန်းဥက အစာအိမ်အနာတွေကိုတောင် သေးငယ်သွားစေနိုင်တယ်၊ မဖြစ်ခင်မှာလည်း ကြိုတင် ကာကွယ်ပေးနိုင်တဲ့ အစွမ်း ရှိတယ်လို့ သိရပါတယ်။ ဟင်းနုနွယ်၊ မုန်လာဥနီ၊နဲ့ အမဲအသည်းတို့ အပါအဝင် ဗီတာမင် A ကြွယ်ဝတဲ့ တခြား အစားအစာတွေဟာလည်း အာနိသင် အလားတူပါပဲ။(၄)အုန်းရည်။အုန်းစိမ်းရည် အေးအေးလေးက ရင်အေးစေရုံမက အစာအိမ်မှာ ဖြစ်တဲ့ ရင်ပူနာကိုပါ သက်သာစေနိုင် ပါတယ်။ သူ့မှာ ချေဖျက်ရ လွယ်တဲ့ ကာဗိုဟိုက်ဒရိတ်တွေက အချိုဓာတ်နဲ့ ဓာတ်ဆားဓာတ် အသွင်နဲ့ ပါဝင်နေတာ ဖြစ်ပါတယ်။(၅) ပဲအမျိုးမျိုး။ပဲအမျိုးမျိုးနဲ့ ပဲပိစပ်တို့က အသားဓာတ် အကောင်းဆုံး ပေးနိုင်တဲ့ သက်သတ်လွတ် အရင်းအမြစ်တွေ ဖြစ်တဲ့အပြင် အစာခြေစနစ် အတွက်လည်း တကယ် အကျိုးများ နိုင်ပါတယ်။  ပဲနို့က အစာအိမ် အနာကိုတောင် သက်သာစေနိုင်ပါ တယ်တဲ့။(၆)ပန်းဂေါ်ဖီစိမ်း။ပန်းဂေါ်ဖီစိမ်းမှာ ပါဝင်တဲ့ sulphoraphane ဓာတ်က အစာအိမ်ကို ဒုက္ခပေးတဲ့ H. Pylori ပိုးကို သေစေနိုင်တယ်လို့ သုတေသနကအတည်ပြုထားပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ အမျှင်ဓာတ်တွေ အပြင် ဗီတာမင် စီနဲ့ ကေ၊ ဖောလိတ်၊ ပိုတက်ဆီယမ်တို့ ပါဝင်ပြီး အစာခြေစနစ်အတွက် အကျိုးပြုပါတယ်။(၇)ကြက်သွန်ဖြူ။ကြက်သွန်ဖြူက ဘက်တီးရီးယားတွေ၊ မှိုပိုးတွေကိုသေစေနိုင်တဲ့ အစွမ်းသတ္တိကြောင့် H. Pylori ပိုးကိုလည်းကာကွယ်တိုက်ဖျက်နိုင်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/peptic-ulcer-disease/what-is-gastritis-diet/
လည်ချောင်းနာခြင်း
လည်ချောင်းနာတာ ဟာ တော်တော်ခံရခက်တဲ့ ကိစ္စတစ်ခုပါ။ နာလည်းနာတယ်၊ စိတ်နှောင့်အယှက်လဲတော်တော်ဖြစ်ပါတယ်။ ဒါပေမယ့် လည်ချောင်းနာတာ အများစူကတော့ သာမန်ဖျားတာနာတာလောက်ကြောင့်ပဲ ဖြစ်တတ်ပြီး ကုသမှု မလိုအပ်ပဲ ပျောက်ကင်းသွားနိုင်ပါတယ်။လည်ချောင်းနာခြင်းကို လည်ချောင်းရောင်ခြင်း (Pharyngitis) ဟုလည်းခေါ်ပါတယ်။ ပိုးဝင်၍ လည်ချောင်းနာကျင်သော ရောဂါတစ်ခုဖြစ်ပြီး အဖြစ်များပါတယ်။ လူနာသည် လည်ချောင်း တစ်လျှောက် နာကျင်ပူလောင်ခြင်းကို ခံစားရ၍ မသက်မသာဖြစ်ရတယ်။ အထူးသဖြင့် အစာမြိုချရ ခက်ခဲတတ်တယ်။ ဒီရောဂါဟာ အများအားဖြင့် ထိခိုက်မှုမရှိဘဲ တစ်ပတ်အတွင်း အလိုအလျောက် ပျောက်သွားတတ်တယ်။မည်သည့်အသက်အရွယ်မဆို ဒီရောဂါဖြစ်တတ်ပါတယ်။ ရောဂါဖြစ်ပွားနှုန်းကို မြင့်စေသော အကြောင်းရင်းများကို လျှော့ချခြင်းဖြင့် စီမံနိုင်တယ်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။လည်ချောင်းနာခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ။အဖြစ်အများဆုံးကတော့ လည်ချောင်းတစ်လျှောက် နာကျင်နေခြင်းပဲဖြစ်တယ်။ ရောဂါဖြစ်စေ သော အကြောင်းရင်းပေါ်မူတည်၍ နားကို၊ ဖျားနာ၊ အာသီးရောင်၊ လည်ပင်းနာ၊ စကားပြောရင်နာ၊ မြိုချရင်နာ၊ လည်ချောင်းနီရဲ၊ နှာစေး၊ အိပ်ရင်ဟောက်ပြီး အသက်ရှူရခက်၊ တံတွေးကျ၊ တစ်ကိုယ်လုံး ကိုက်ခဲ၊ လည်ပင်းအကျိတ်များ ရောင်ရမ်းနာကျင်ခြင်း စသည်တို့ ဖြစ်နိုင်ပါတယ်။အထက်မှာဖော်ပြထားတဲ့ အထဲမှာ မပါဝင်တဲ့ အခြားသောလက္ခဏာများလည်း ရှိနိုင်ပါသေး တယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ် သင့်ပါတယ်။ဘာတွေက လည်ချောင်းနာခြင်းကို ဖြစ်ပွားစေသလဲ။အများအားဖြင့် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တယ်။ လေထုညစ်ညမ်းခြင်း၊ အရက်၊ ဓါတ်မတည့် ပစ္စည်းများ၊ ဘတ်တီးရီးယား၊ ဓါတုပစ္စည်းများနဲ့ ဆေးလိပ်သောက်ခြင်းကလည်း လည်ချောင်းနာစေ တတ်ပါတယ်။ ထို့ပြင် ရာသီဥတုအေးလာရင်လည်း အဖြစ်များတယ်။ ဆီးပူညောင်းကျဂနိုရောဂါပိုးနဲ့ chlamydia ရောဂါပိုးများသည်လည်း လည်ချောင်းနာခြင်းကို ဖြစ်စေနိုင်သော်လည်း အဖြစ်နည်း ပါတယ်။ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့်အကြောင်းရင်းများ။ဘယ်အရာတွေက လည်ချောင်းနာခြင်းဖြစ်ပွားနိုင်ချေကို မြင့်စေပါသလဲ။လည်ချောင်းနာခြင်းဖြစ်ပွားနိုင်ချေကို မြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် –။ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူ၏အကြံပေး ချက်များနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ဆက်လက်သိရှိလိုသော အချက်အလက်များအတွက် သင့်ရဲ့ ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးပါ။သင့်ဆရာဝန်က သင့်ရောဂါရာဇဝင်ကိုမေးပြီး နားနဲ့လည်ချောင်းကို စမ်းသပ်စစ်ဆေးပြီးရောဂါ ကို အတည်ပြုပါတယ်။ တကယ်လို့ သင့်မှာ Streptococcus ပိုး(လည်ချောင်းနာရောဂါကိုဖြစ်စေသော ပိုး)ဝင်နိုင်ချေရှိရင် သင့်ဆရာဝန်က သင့်လည်ချောင်းထဲမှ အရည်ကို စမ်းသပ်စစ်ဆေးပါမယ်။ Glandular fever (သွေးဖြူဥနှုန်းမြင့်မားကာ အဖျားတက်စေသောရောဂါ) ကဲ့သို့သော အခြားရောဂါ များ ရှိတယ်ဟု သံသယရှိလျှင် သင့်ကို သွေးစစ်ခိုင်းပါလိမ့်မယ်။အများအားဖြင့် အလိုအလျောက်ပျောက်သည်ကများတယ်။ အဖျားနဲ့ အနာသက်သာအောင် ပါရာစီတမော သောက်နိုင်တယ်။ ပိုးဝင်ခြင်းကြောင့် ဖြစ်တယ်လို့ သံသယရှိရင် သင့်ဆရာဝန်က ပဋ္ဋိဇီဝဆေးများ ပေးပါလိမ့်မယ်။ သို့သော် သင်ခံစားနေရသည်မှာ ဗိုင်းရပ်စ် ပိုးကြောင့်ဆိုရင် ဘတ်တီးရီးယားပိုးသတ်ဆေးက အသုံးမဝင်ပါ။ ရေနွေးသောက်ခြင်း (သို့မဟုတ်) ပျားသံပရာဖျော်ရည်သောက်ခြင်းက သင့်ရောဂါသက်သာအောင် ကူညီပါလိမ့်မယ်။အောက်ဖော်ပြပါ လူနေမှုပုံစံမျာနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် လည်ချောင်းနာခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့ နေရာမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍ သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက် သင့်တော်တဲ့အဖြေရှာဖွေနိုင်ဖို့ ဆရာဝန် နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/throat-conditions/%e1%80%9c%e1%80%8a%e1%80%ba%e1%80%81%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%94%e1%80%ac%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
အိမ်မှာအလွယ်တကူလုပ်လို့ရတဲ့ ဆံပင်ပေါက်စေမယ့် ကုထုံးတွေ
ဆံသားဆိုတာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာဆိုလည်း မမှားပါဘူး။တချို့တွေ ဆံပင်ပါးလို့၊ဆံပင်တွေ အရမ်းကျွတ်လို့ စိတ်တွေ ညစ်ကြတယ်။ ကိုယ်က သူများတွေနဲ့ ယှဉ်လိုက်ရင် ဆံပင်ပေါက်တာနှေးတယ်၊ ဆံပင်မသန်ဘူး၊ ဆံပင်အုံမထူဘူး။ ဆံပင်ပါးတဲ့ ပြဿနာဟာ ကျား၊ မ မရွေး ဖြစ်နိုင်ပေမယ့် အသက်ကြီးတဲ့ သူတွေမှာ ပိုပြီး အဖြစ်များတတ်ပါတယ်။ဘာအကြောင်းရင်းကြောင့်ပဲ ဖြစ်စေ အိမ်မှာ အလွယ်တကူ လုပ်လို့ရတဲ့ ဆံပင်ပေါက်မြန်စေတဲ့ နည်းလမ်းတွေကို ဝေမျှပေးချင်ပါတယ်။ရှားစောင်းလက်ပပ်က ရတဲ့ ဂျယ်လ်အနှစ်ကို ဗောက်ပြဿနာတွေ ဖြေရှင်းတဲ့နေရာမှာ အသုံးပြုကြသလိုဆံပင်ကျွတ်လွန်းတဲ့သူတွေ ဆံပင်အမြန်ပြန်ပေါက်စေဖို့လည်း အသုံးပြုနိုင်ပါတယ်။ ရှားစောင်းလက်ပပ်ရဲ့ အဆီအနှစ်ဟာ ဦးရေပြားကို အေးမြစေပြီး ဗောက်တွေကို ဖယ်ရှားပေးတယ်။ ယားယံတာကိုလည်း သက်သာစေပြီးဦးရေပြားခြောက်တာကို သက်သာစေတယ်။ ဆံသားမွှေးညှင်းပေါက်ထဲမှာ ပိတ်မိနေတဲ့ အဆီတွေ၊ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ သဘာဝက ရတဲ့ ဂျယ်လ်အနှစ်ကို အသုံးပြုနိုင်သလို ရှားစောင်းလက်ပက်ပါဝင်တဲ့ ခေါင်းလျှော်ရည်ကိုလည်း အသုံးပြုပေးလို့ ရပါတယ်။ကျွန်တော်တို့ မြန်မာလူမျိုးတွေ ဆံသားနဲ့ဦးရေပြားကို အမြဲကျန်းမာစေဖို့ လိမ်းပေးတတ်တဲ့ ဆီတွေထဲမှာအုန်းဆီဟာ နာမည်ကြီးပါပဲ။ အုန်းဆီမှာ ပါဝင်တဲ့ အဆီတွေဟာ ဦးရေပြားအတွင်းထဲထိပါ စိမ့်ဝင်သွားပြီး ဆံသားကို ပရိုတင်းဓာတ် ဖြည့်တင်းပေးနိုင်ပါတယ်။ ဆံသားအဆီပြန်တဲ့သူတွေအတွက် ညအိပ်တဲ့အချိန်မှာ အုန်းဆီလိမ်းပြီး အိပ်ပါ။ မနက်နိုးတာနဲ့ ခေါင်းလျှော်လိုက်ပါ။ ဦးရေပြားခြောက်သူတွေဆိုရင် ခေါင်းလျှော်ပြီးရင် အုန်းဆီလိမ်းထားလိုက်ပါ။ အုန်းဆီဟာ ဆံပင်သားကို နူးညံ့ချောမွေ့စေပြီး ဆံပင်ပေါက်လာစေဖို့ အားဖြစ်စေပါတယ်။ငါးနဲ့ ပင်လယ်စာကနေ သဘာဝအတိုင်းရတဲ့ အဆီတွေဟာ အသားအရေအတွက်သာမက ဦးရေပြားကျန်းမာရေးကိုပါ အထောက်အကူပေးနိုင်ပါတယ်။ငါးကြီးဆီကို ဒီအတိုင်းစားပေးနိုင်သလို ဖြည့်စွက်အားဆေးအနေနဲ့လည်း မှီဝဲလို့ ရပါတယ်။ ဆံသားကို ထူစေပြီး ဦးရေပြားအောက်က ဆဲလ်တွေကို ပုံမှန်အလုပ်လုပ်စေပြီး ဆံပင်အမြန်ပြန်ပေါက်လာစေတယ်။ကိုယ်ခံအားကိုလည်း ကောင်းစေလို့ ရောဂါကြောင့် ဆံပင်ကျွတ်တာတွေ မဖြစ်စေပါဘူး။ဂျင်ဆင်းဟာ ကျန်းမာရေးအတွက်သာမကအသားအရေနဲ့ ဦးရေပြားကျန်းမာရေးကိုပါ ကောင်းမွန်စေပါတယ်။ ဂျင်ဆင်းအမြစ်မှာ ပါဝင်တဲ့ ဆေးဖက်ဝင်တဲ့ အာနိသင်တွေဟာ ဆံသားကျွတ်တာ သက်သာစေပြီး ဆံပင်အမြန်ပြန်ပေါက်လာစေဖို့ ကူညီပေးနိုင်ပါတယ်။ ဂျင်ဆင်းကို ဟင်းချက်ပြုတ်ရာမှာဖြစ်စေ၊ ဖြည့်စွက်အားဆေးအနေနဲ့ ဖြစ်စေ သောက်သုံးပေးနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးကင်းစေဖို့အတွက် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ သောက်ပေးတာ အကောင်းဆုံးပါပဲ။ကြက်သွန်နီကို ညှစ်ပြီး ရလာတဲ့အရည်ဟာ ဆံပင်တအားကျွတ်တာ၊ထိပ်ပြောင်တာတွေကို သက်သာပျောက်ကင်းစေပြီး ဆံပင်ပြန်ပေါက်လာစေတယ်။ အရေပြားတွင်း သွေးလည်ပတ်မှုကောင်းစေပြီး ဦးရေပြားအားဖြစ်စေတယ်။ ကြက်သွန်အနည်းငယ်ကို ကြိတ်စက်ထဲမှာ ထည့်ကြိတ်ပြီး ရလာတဲ့အရည်ကို ဦးရေပြားပေါ် သုတ်လိမ်းပေးပါ။ ၁၅မိနစ်ခန့် ထားပြီးရင် ခေါင်းလျှော်ပေးလိုက်ရုံပါပဲ။ဆံသားကို ထူစေပြီး ဆံပင်ပေါက်လာစေဖို့ သံပုရာရည် သို့မဟုတ် သံပုရာအဆီအနှစ်ကို လိမ်းပေးရင်လည်း အဆင်ပြေပါတယ်။ သံပုရာအဆီအနှစ်က ဗောက်တွေပျောက်စေတဲ့အပြင် ဦးရေပြားကို အေးမြစေတယ်။ အိမ်မှာ အလွယ်တကူလုပ်နိုင်တဲ့အတွက် အချိန်ကုန်၊ လူပင်ပန်းလည်း မဖြစ်စေပါဘူး။ ခေါင်းမလျှော်ခင် သံပုရာရည်၊ အဆီအနှစ်ကို ဦးရေပြားအနှံ့ ပွတ်လိမ်းပေးပါ။ ၁၅မိနစ်ခန့် ထားပြီးသွားရင် ရေပြန်ချိုးပေးလိုက်ရင် ရပါပြီ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/home-remedies-regrow-hair/
မောတန်စ်နူရိုးမား
Neuroma ဟာ ကိုယ်ခန္ဓါအစိတ်အပိုင်းများစွာမှာ ဖြစ်ပေါ်နိုင်တဲ့ အာရုံကြောတစ်ရှူးထူတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ခြေထောက်မှာ အဖြစ်အများဆုံး Neuroma ကတော့ Morton’s neuroma ဖြစ်ပြီး တတိယနဲ့ စတုတ္ထခြေချောင်းကြားမှာ အဖြစ်များပါတယ်။ သူ့ကို တခါတရံ Intermetatarsal neuroma ဆိုပြီး ခေါ်ကြပါတယ်။ Intermetatarsal ဟာ metatarsal အရိုးတွေကြားမှ ခြေဖနောင့်မှာရှိတဲ့ သူ့ရဲ့ နေရာကိုဖေါ်ပြခြင်းဖြစ်ပါတယ်။ Neuromas တွေဟာ ခြေထောက်ရဲ့ အခြားနေရာတွေမှာလည်း ဖြစ်ပေါ်နိုင်ပါတယ်။Neuromas တွေဟာ အာရုံကြောဖိမိခြင်းနဲ့ ယားယံခြင်းတွေကြောင့် အာရုံကြောထူထဲခြင်း၊ ကြီးလာခြင်းပဲ ဖြစ်ပါတယ်။ ဖိမိခြင်းဟာ အာရုံကြောကို ကြီးလာစေပြီး နောက်ဆုံးမှာတော့ အာရုံကြော ပျက်စီးမှုကို ဖြစ်စေနိုင်ပါတယ်။Morton’s Neuroma ဟာအဖြစ်များပါတယ်။ ခြေဖဝါး ချို့ယွင်းချက်ရှိသူတွေဖြစ်တဲ့ bunions, hammertoes, flatfeet ရှိတဲ့သူတွေဟာ Neuromas ပိုဖြစ်နိုင်ပါတယ်။Morton’s Neuroma ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာ Neuromas လက္ခဏာတွေ ရှိပြီး သက်သာမှုမရှိဘူးဆိုရင် ခြေဖဝါးပြဿနာကို အထူးကုသတဲ့ ကျွမ်းကျင်သူ podiatrist ကို ချိန်းဆိုပြီး ပြသသင့်ပါတယ်။အာရုံကြော ဖိမိခြင်း၊ ယားယံခြင်း ဖြစ်စေတဲ့အရာတိုင်းဟာ Neuromas ကို ဖြစ်စေနိုင်ပါတယ်။Neuromas ဟာ အောက်ပါအခြေအနေတွေနဲ့ ဆက်စပ်မှုရှိပါတယ်။ဒီအရာတွေဟာ Neuromas ကို တိုက်ရိုက်ဖြစ်စေတာလား၊ ပိုဆိုးစေတာလားဆိုတာကိုတော့ သေချာ သိရှိခြင်းမရှိပါဘူး။Morton’s Neuroma ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။ယေဘူယျအသိပေးချက် –ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။ရောဂါကို မှန်ကန်စွာ အမည်တပ်နိုင်ဖို့ ဆရာဝန်က လက္ခဏာတွေကိုသေချာစွာ မေးမြန်းပြီး ခြေဖဝါးကို စစ်ဆေးပါလိမ့်မယ်။ စစ်ဆေးချိန်မှာ ဆရာဝန်ဟာ ခြေဖဝါးကို ကိုင်တွယ်ပြီး လက္ခဏာပေါ်ထွက်လာအောင် ပြုလုပ်မှာ ဖြစ်ပါတယ်။ အခြားစစ်ဆေးမှုတွေ Imaging tests တွေကိုလည်း ပြုလုပ်နိုင်ပါတယ်။လက္ခဏာပေါ်ထွက်မှုရဲ့ အစောပိုင်းအဆင့်တွေမှာ သင်ဟာ ခြေဖဝါးနဲ့ ခြေချင်းဝတ်အထူးပြုဆရာဝန်ကို ပြသသင့်ပါတယ်။ Neuromas ကို စောစီးစွာ သိရှိခြင်းဟာ ခွဲစိတ်ရမှုကို ရှောင်ကျဉ်နိုင်ပြီး ကိုယ်ခန္ဓါထိုးဖေါက်မှုလိုအပ်တဲ့ ကုသမှုတွေကို လိုအပ်ချက်ကို နည်းပါးစေနိုင်ပါတယ်။Morton’s neuroma အတွက် ခွဲစိတ်ကုသမှုကို နာကျင်မှုပြင်းထန်လွန်းရင်သော်လည်းကောင်း အထက်ဖေါ်ပြပါနည်းလမ်းများနဲ့ မပျောက်ကင်းရင်သော်လည်းကောင်း အကြံပေးနိုင်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/%e1%80%b1%e1%80%99%e1%80%ac%e1%80%90%e1%80%94%e1%80%b9%e1%80%85%e1%80%b9%e1%80%94%e1%80%b0%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%99%e1%80%ac%e1%80%b8/
ဒီလောက်လေ့ကျင့်ခန်းတွေလုပ်နေတာတောင် ကိုယ်အလေးချိန်က တိုးနေတုန်းလား ။ ။
ကိုယ်လက်လေ့ကျင့်ခန်း တွေ နေ့တိုင်း ခေါင်းကချွေး ခြေမကျတဲ့အထိ မရပ်မနားလုပ်တယ်။ ၁ လကြာ ပေါင်ပြန်ချိန်တော့ ကိုယ်အလေးချိန် မကျတဲ့အပြင် တိုးတောင်လာသေးတယ်။ ဒီလိုအချိန်မျိုးဆို ပိန်စေရမယ်လို့ ကြုံးဝါးထားတဲ့ စိတ်ဓါတ်တွေ အောက်ဆုံးထိကို ကျသွားတာမျိုး ဖြစ်ဖူးပါသလား။ လေ့ကျင့်ခန်းလည်း အပြင်းအထန် လုပ်နေပါရက်နဲ့ ဘာကြော့င့်ကိုယ်အလေးချိန်မကျရတာလဲ ။ ။အဆီပိုမရှိတဲ့သွယ်လျတဲ့ ကိုယ်ခန္ဓါကို လိုချင်လို့၊ ကြွက်သားတွေ တောင့်ချင်လို့၊ ကိတ်ချင်လို့ ဆိုပြီး လေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်နေပေမယ့် ကိုယ်အလေးချိန်တွေ တိုးတိုးလာလို့ စိတ်ညစ်နေရတဲ့သူတွေ ဒီဆောင်းပါးလေးကို ဖတ်ထားသင့်တယ်နော် ။ ။ဒါ့အပြင် သင့်ကိုယ်ခန္ဓါကိုစိတ်ဖိစီးမှုဖြစ်စေတဲ့ အကြောင်းတရားတွေကလည်း ကိုယ်အလေးချိန် လျှော့ချနေတဲ့ သင့်ကိုနှောင့်ယှက်တတ်ပါတယ်။ ဘယ်လိုမျိုးတွေလဲဆိုတော့။ဒီလို စိတ်ဖိစီးမှုနဲ့ cortisol ဟော်မုန်းတွေ ကြောင့် ကိုယ့်ရဲ့ ကိုယ်အလေးချိန် လျှော့ချနေတဲ့ လမ်းခရီး အနှောင့်မယှက် မဖြစ်ရအောင် လေ့ကျင့်ခန်းတွေကို ဒီလိုမျိုး လုပ်ဖို့ အကြံပေးပါရစေ ။ ။အစားအသောက်ကလည်း လေ့ကျင့်ခန်းလုပ်နေပေမယ့် သင့်ကိုယ်အလေးချိန်ကို မကျအောင် လုပ်နေတဲ့ တရားခံတွေထဲက တစ်ယောက်ပါ။ ။ကဲ ဒီအချက်တွေကတော့ လေ့ကျင့်ခန်း လုပ်နေရက်နဲ့ ကိုယ်အလေးချိန် တိုးတိုးလာလို့ စိတ်ဓါတ်ကျနေတဲ့သူတွေ လိုက်နာသင့်တဲ့အချက်တွေ ပဲ ဖြစ်ပါတယ်။ လူတိုင်း ကျန်းမာသွယ်လျ လှပနိုင်ကြပါစေ ။ ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/gaining-weight-even-doing-exercise/
ခေါင်းကိုက်ဝေဒနာ ဆောင်ရန် ရှောင်ရန်များ။
ခေါင်းကိုက်ြခင်းကြောင့် ကိုယ့်ရဲ့ နေ့စဉ်ဘဝကို စိတ်ရော ကိုယ်ပါ အနှောင့်အယှက် ဖြစ်စေပါတယ်။ ခေါင်းထဲမှာ ထိုးကိုက်နေပြီး မူးဝေအော့အန်ချင်သလို ခံစားရမယ်။ အားနည်းပြီး ပျော့ခွေနေမယ်။ စိတ်လဲကြည်တော့မှာ မဟုတ်သလို ကိုယ့်ရဲ့အလုပ်ခွင်မှာလည်း သေချာအာရုံစိုက်ပြီး အလုပ်လုပ်လို့ ရတော့မှာ မဟုတ်ပါဘူး။နေ့စဉ်ရက်ဆက် ခေါင်းကိုက်တာ၊ ပြင်းပြင်းထန်ထန်ခေါင်းကိုက်တာ၊ခေါင်းတစ်ခြမ်း ကိုက်ခဲတာ အစရှိသဖြင့် ခေါင်းကိုက်လက္ခဏာ အမျိုးမျိုး ရှိနိုင်ပါတယ်။ ပုံမှန်အားဖြင့် ခေါင်းကိုက်ဝေဒနာ ခံစားနေရပြီဆိုရင် အနည်းဆုံး ၄ နာရီမှ အများဆုံး ၃ရက်အထိ ကြာရှည်နိုင်ပါတယ်။မကြာခဏ ခေါင်းကိုက်တတ်တဲ့သူတွေ၊ ခေါင်းကိုက်ဝေဒနာကို အမြန်ဆုံး သက်သာစေဖို့ ဆောင်ရန်၊ ရှောင်ရန် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။ခေါင်းကိုက်နေစဉ် ဘာတွေလုပ်သင့်လဲ။ခေါင်းကိုက်ဝေဒနာကို ပိုဆိုးစေနိုင်တဲ့ ဒီအချက်လေးတွေကို ရှောင်ပေးပါ။မကြာခဏ ခေါင်းကိုက်နေတာမျိုး မဖြစ်ရအောင် နေ့စဉ် အစာအာဟာရမျှတစွာ စားသုံးပေးပါ။ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။ တစ်နေရာထဲမှာ အကြာကြီးထိုင်တာ၊ အစားပျက်၊ အအိပ်ပျက်ပြီး အလုပ်လုပ်တာမျိုးတွေကို ရှောင်ပါ။ စိတ်ကို အေးချမ်းစွာ နေပါ။စိတ်ဖိစီးမှုဝေဒနာကို တစ်ယောက်တည်း မြိုသိပ်ထားမယ့်အစား မိသားစု၊ အပေါင်းအသင်းတွေကို တိုင်ပင်ပါ၊ ရင်ဖွင့်ပါ။ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို ဆရာဝန်နဲ့ အမြဲပုံမှန်ပြသပြီး စစ်ဆေးကုသမှု ခံယူပေးပါနော်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/headaches-and-migraines/headaches-dos-and-donts/
ဗောက် ပြဿနာကြောင့် စိတ်ညစ်နေပြီလား
ဗောက် ဆိုတာဦးရေပြားဆိုင်ရာ ပြဿနာဖြစ်ပြီး ကျား၊ မ မရွေး၊အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ ဦးရေပြားက မကြာခဏ ယားယံနေပြီး ခေါင်းဖြီးလိုက်တိုင်း အဖြူရောင်အမှုန်၊ အဖတ်တွေ ကျလာတတ်တာ ဗောက် ပြဿနာရဲ့ လက္ခဏာတွေပါ။ ဒါ့အပြင် ဦးရေပြားမှာ ဆီလို ချွဲကျိနေတဲ့ အကွက်တွေ ဖြစ်တတ်ပြီး အသားထဲက တစ်ခုခု ထိုးနေသလို ခံစားရနိုင်ပါတယ်။မိန်းကလေးတွေ ဆံပင်မကြာခဏ ဖြောင့်တာ၊ ကောက်တာ၊ ပုံသွင်းတာကြောင့်ဆံသားခြောက်သွေ့ပျက်စီးပြီး ဗောက်ထတတ်ပါတယ်။ယောက်ျားလေးတွေမှာလည်းတစ်ကိုယ်ရေသန့်ရှင်းမှု မရှိတာ၊ ခေါင်းသိပ်မလျှော်တာ၊ ဆံပင်ပုံသွင်းတဲ့ ဂျယ်လ်တွေ၊ ခရင်မ်တွေ သုံးလွန်းပြီး ခေါင်းမလျှော်ဘဲ ထားထားတာကြောင့်လည်း ဗောက်ထနိုင်ပါတယ်။မျိုးရိုးဗီဇ၊ ရောဂါအခြေအနေ၊စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့် ရံဖန်ရံခါ ဗောက်ထနိုင်ပါတယ်။အကောင်းဆုံးကတော့ ဗောက်ထတဲ့ ပြဿနာကို အမြစ်ပြတ်ဖြေရှင်းနိုင်ဖို့ အရေပြားဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ကုသမှု ခံယူသင့်ပါတယ်။ ဒီနေ့မှာတော့ဗောက် ပြဿနာကို အိမ်မှာ အလွယ်တကူ ဖြေရှင်းလို့ ရမယ့် နည်းလမ်းလေးတွေနဲ့ ပတ်သက်ပြီး ဝေမျှပေးချင်ပါတယ်။၁။ လက်ဖက်ပင်က ရတဲ့အဆီ။Tea Tree Oil လို့ ခေါ်တဲ့ လက်ဖက်ပင်က ရတဲ့အဆီတွေဟာဝက်ခြံ၊ အမာရွတ်အတွက်သာမက ဗောက်ပြဿနာကိုပါ ထိထိရောက်ရောက်ဖြေရှင်းနိုင်တာကို လေ့လာတွေ့ရှိခဲ့ပါတယ်။ ဦးရေပြားပေါ်က မှိုကြောင့် ဖြစ်တဲ့ ဗောက် ကို လျော့နည်းသွားစေပြီး ဦးရေပြားပေါ်က ယားနေတာ၊ အဆီပြန်နေတာကို သက်သာစေနိုင်ပါတယ်။အုန်းဆီထဲကို လက်ဖက်ပင်က ရတဲ့အဆီ ၁စက်၊ ၂စက်လောက် ထည့်ပြီး သေချာရောမွှေပေးပါ။ ပြီးမှ ဦးရေပြားကို နှံ့စပ်အောင် ပွတ်လိမ်းပေးပါ။ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက်တော့ အနည်းငယ် ယားယံစေနိုင်ပါတယ်။၂။ အုန်းဆီ။အသားအရေအတွက် ကောင်းကျိုးများစွာ ဖြစ်စေတဲ့ အုန်းဆီကို ဗောက်ရှင်းတဲ့ နေရာမှာလည်း အသုံးပြုကြပါတယ်။ အုန်းဆီဟာ အသားအရေကို ရေဓာတ်ဖြည့်တင်းပေးပြီး ခြောက်သွေ့ယားယံတာတွေ မဖြစ်စေပါဘူး။ခေါင်းလျှော်ပြီး ဆံပင်ကို ခြောက်အောင် သုတ်ပြီးသွားရင် အုန်းဆီအနည်းငယ် လက်ပေါ်မှာ ထည့်ပြီး ဦးရေပြားကို နေရာအနှံ့သုတ်လိမ်းပေးပါ။၃။ ရှားစောင်းလက်ပပ်။အသားအရေထိန်းသိမ်းတဲ့ နေရာမှာ နတ်ဆေးတစ်ပါးလို့ လူသိများကြတဲ့ရှားစောင်းလက်ပပ်ကို ဗောက် ပျောက်စေဖို့အတွက် အသုံးပြုလို့ ရပါတယ်။ သဘာဝအတိုင်း ရတဲ့ ရှားစောင်းလက်ပပ် ဂျယ်လ်အနှစ်ဟာ ဝက်ခြံ၊ အမာရွတ်နဲ့ အရေပြားပြဿနာတွေသာမက ဦးရေပြားကို အေးမြပြီး ဗောက်ပျောက်စေနိုင်ပါတယ်။ ဘက်တီးရီးယားနဲ့ မှိုပိုးတွေကို သေစေနိုင်လို့ ထပ်ပြီး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဆံပင်မကြာခဏ ကျွတ်တတ်သူတွေကိုလည်း ဆံပင်ပြန်ပေါက်လာစေပြီး ဆံပင်သန်စေပါတယ်။၄။ စိတ်ဖိစီးမှုတွေကို လျှော့ချပါ။စိတ်ဖိစီးမှုဆိုတာ စိတ်နဲ့ ခန္ဓာကျန်းမာရေးအတွက်သာမက အသားအရေနဲ့ ဆံသားအလှအပကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဗောက်ကို တိုက်ရိုက်ဖြစ်စေတာမျိုး မဟုတ်ပေမဲ့ ဦးရေပြားကို ခြောက်သွေ့ပြီး ယားယံစေတဲ့အတွက် ဗောက်ထစေဖို့ ပိုလွယ်ကူစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကြီးနေတဲ့အချိန်မှာ ကိုယ်ခံအားစနစ်ကိုလည်း သွားပြီး ထိခိုက်နိုင်တဲ့အတွက် ရောဂါပိုးကူးစက်ဖို့ အခွင့်အလမ်းပိုများလာပါတယ်။၅။ Omega-3 ငါးကြီးဆီ သောက်ပေးပါ။ငါးကြီးဆီဟာ ဦးနှောက်နဲ့ ဉာဏ်ရည်ကို ထက်မြက်စေတဲ့အပြင် အသားအရေကိုလည်း စိုပြေလှပစေတယ်။ ဦးရေပြားကိုလည်း ကျန်းမာစေပြီး ဗောက်ပြဿနာတွေကို ဖြေရှင်းပေးတဲ့ နေရာမှာ အထောက်အကူဖြစ်စေပါတယ်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/cure-dandruff/
အရေပြားကင်ဆာကာကွယ်ခြင်းနှင့်ပြုစုစောင့်ရှောက်ခြင်း
လေ့လာထားချက်တစ်ခုအရ အချိန်တစ်နာရီတိုင်း လူတစ်ယောက်ဟာ အရေပြားကင်ဆာနဲ့ အသက်ဆုံးရှုံးနေရပါတယ်။ ဒီအန္တရာယ်များတဲ့ ရောဂါဟာ စောစီးစွာ သိရှိမယ်ဆိုရင် ကုသလို့ ပျောက်ကင်းနိုင်ပေမယ့် လူတော်တော်များများက နောက်ကျတဲ့အခြေအနေမှ အဲ့ရောဂါရှိမှန်း သိကြပါတယ်။ ကံကောင်းတာက ရိုးရှင်းထိရောက်တဲ့ နည်းလမ်းတွေကို လိုက်နာပြီး သင့်အရေပြားကို ကင်ဆာဖြစ်စေနိုင်တဲ့ အချက်တွေကနေ ကာကွယ်ဖို့ အရာတော်တော်များများ လုပ်ဆောင်နိုင်ပါပြီ။အရေပြားကင်ဆာဆိုတာ ထူးဆန်းတဲ့ အကြောင်းအရာ မဟုတ်တော့ပေမယ့် လူတော်တော်များများက ဘယ်လို ကာကွယ်ရမလဲဆိုတာကို မသိကြပါဘူး။ ဒါပေမယ့် ဒီရောဂါက မျိုးရိုးလိုက်တာကနေ ပြင်ပသက်ရောက်မှုအထိ အချက်အလက် အများကြီးရဲ့ ရလဒ်တစ်ခု ဖြစ်နိုင်ပါတယ်။ အဖြစ်များစေတဲ့ အချက်တစ်ခုကတော့ ခရမ်းလွန်ရောင်ခြည် သင့်မှုပါပဲ။ ခရမ်းလွန်ရောင်ခြည်ဟာ ဗီတာမင်ဒီ ကြွယ်ဝပေမယ့် တချိန်တည်းမှာပဲ အရေပြားအတွက် မမြင်နိုင်တဲ့ လူသတ်သမားလည်း ဖြစ်နေပါတယ်။လူတစ်ယောက်က ခရမ်းလွန်ရောင်ခြည် အောက်မှာ အချိန်အတော်ကြာ နေမယ်ဆိုရင် (နေပူစာလှုံခြင်း သို့မဟုတ် tanning bed) သင့်အရေပြားကို လောင်စေနိုင်ပြီး အရည်ကြည်ဖုတွေ ဖြစ်စေပါလိမ့်မယ်။ ဒီလိုမျိုး အရေပြားပြဿနာတွေက အရေပြား တစ်သျှူးကို တိုက်ရိုက် ထိခိုက်စေပါတယ်။ ခုခံရေးဆဲလ်တွေက အပျက်အစီးတွေကို ကုစားဖို့ သွေးကြောထဲက သွားတဲ့အခါ ပူလောင်တဲ့ ခံစားမှုကို ထုတ်ပေးပါတယ်။ ဒီအရေပြားပျက်စီးမှုကို ကင်ဆာရောဂါရဲ့ ပထမဆုံး ခြေလှမ်းလို့ သတ်မှတ်ရပါမယ်။ ဒါ့အပြင် အဆိပ်သင့် ပစ္စည်းတွေနဲ့ ထိတွေ့ခြင်းလိုမျိုး အကြောင်းအရာတွေကလည်း အရေပြားကင်ဆာ ဖြစ်နိုင်ချေကို ပိုများစေနိုင်ပါတယ်။· နေအရမ်းပူတဲ့အချိန် အပြင်ထွက်ခြင်းကို ရှောင်ပါ– ပြင်းထန်တဲ့ နေပူပူအောက်မှာ သွားလာခြင်းက သင့်ကို အရေပြားကင်ဆာ ဖြစ်စေနိုင်ပါတယ်။ နေအရမ်းပူတဲ့အချိန် မနက် ၁၀နာရီကနေ ညနေ ၄နာရီအတွင်း အပြင်မထွက်ဖို့ အကြံပေးထားပါတယ်။ lightening treatment ခံယူနေချိန်မှာ ထီး၊ သစ်ပင် သို့မဟုတ် တခြားအရိပ်ရတဲ့ နေရာအောက်မှာ အရိပ်ခိုပြီး သင့်အရေပြား ပျက်စီးနိုင်ချေကို လျှော့ချနိုင်ပါတယ်။· အချိန်တိုင်း နေလောင်ခံလိမ်းဆေး လိမ်းပါ– နေလောင်ခံလိမ်းဆေးတွေက UV အားလုံးကို မစစ်ထုတ်ပေးနိုင်ပါဘူး၊ အထူးသဖြင့် melanoma ဖြစ်စေတဲ့ ရောင်ခြည်ကိုပါ။ ဒါပေမယ့် ဒီလိမ်းဆေးတွေက နေရောင်ခြည်ကာကွယ်မှု အစီအစဉ်တစ်ခုလုံး ခြုံကြည့်မယ်ဆိုရင် အဓိကနေရာက ရှိနေပါတယ်။ နေလောင်ခံလိမ်းဆေးတွေက သင့်အရေပြားကို UV တွေရဲ့ အန္တရာယ်ကနေ လုံးဝကာကွယ်ပေးနိုင်တာ မဟုတ်ပေမယ့် နေလောင်တာ ကာကွယ်ဖို့အတွက်တော့ အထိရောက်ဆုံးပါ။ UVA နဲ့ UVB ၂မျိုးလုံးပါပြီး SPF ၃၀နဲ့ အထက်ပါတာကို ရွေးချယ်သင့်ပါတယ်။· Tanning bed ကို ရှောင်ပါ– နေလောင်တဲ့ အသားအရည်ကို အလှအပရဲ့ သင်္ကေတလို့ သတ်မှတ်ထားပေမယ့် tanning bed သုံးတာက သင့်ကို အရေပြားကင်ဆာ ဖြစ်နိုင်ချေ သိသိသာသာ ပိုများသွားစေနိုင်ပါတယ်။ လေ့လာထားချက်တစ်ခုအရ မကြာခဏ နေလောင်ခံတဲ့သူတွေက ကင်ဆာဆဲလ် ဖြစ်ပေါ်လာနိုင်ချေ ပုံမှန်ထက် ၂ဆခွဲ ပိုများပါတယ်။· သင့်လျော်တဲ့ အဝတ်အစားကို ရွေးပါ– အဝတ်အစားကလည်း အရေပြားကို ကာကွယ်ဖို့ ကောင်းမွန်တဲ့ နောက်ထပ် ရွေးချယ်မှု တစ်ခုပါ။ ချည်သားများများပါပြီး သင်နဲ့ တော်တဲ့ အင်္ကျ ီရှည်၊ ဘောင်းဘီရှည်တွေကို ရွေးချယ်သင့်ပါတယ်။ ဒီအဝတ်အစားတွေက သင့်ကို UV ရောင်ခြည်တွေကနေ အကောင်းဆုံး ကာကွယ်မှု ပေးမှာပါ။ ဒါ့အပြင် စိုတဲ့ တီရှပ်တွေက ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးတဲ့နေရာမှာ ခြောက်တဲ့ တီရှပ်တွေထက် လျော့နည်းပါတယ်။ အရောင်ရင့်တာက အရောင်နုတာထက် ကာကွယ်မှု ပိုပေးနိုင်ပါတယ်။ ဒါ့အပြင် မျက်နှာ၊ ဦးခေါင်း၊ နား နဲ့ လည်ပင်းတို့ကို အရိပ်ရဖို့ လျှာထိုးကြီးကြီးနဲ့ ဦးထုပ်ကို ဆောင်းသင့်ပါတယ်။ canvas လိုမျိုး ချည်သားတွေက သင့်အရေပြားကို ခရမ်းလွန်ရောင်ခြည်တွေကနေ အကောင်းဆုံး ကာကွယ်ပေးပါတယ်။ နေရောင်ခြည် ဖောက်ဝင်နိုင်တဲ့ အပေါက်တွေပါတဲ့ ကောက်ရိုးဦးထုပ်တွေကို ရှောင်ပါ။· နေကာမျက်မှန် ဝတ်ဆင်ပါ– နေကာမျက်မှန်တွေက သင့်မျက်လုံးတွေကို ခရမ်းလွန်ရောင်ခြည်မထိအောင် ကာကွယ်ပေးရုံတင်မကပဲ သင့်မျက်လုံးပတ်လည်က နူးညံ့တဲ့ အရေပြား ဧရိယာတွေကို နေမလောင်အောင်လည်း ကာကွယ်ပေးပါတယ်။ ပတ်ပတ်လည် ကာထားတဲ့ နေကာမျက်မှန်တွေက UVA နဲ့ UVB ကို ၁၀၀% နီးပါး တားဆီးပေးပါတယ်။ UVA ရော UVB ပါ တားဆီးပေးနိုင်တဲ့ နေကာမျက်မှန်တွေက အကောင်းဆုံး အကာအကွယ်ကို ပေးနိုင်ပါတယ်။အရေပြားကင်ဆာကို စောစောသိတာက သင့်အသက်ကို ကယ်နိုင်မယ်ဆိုတာ ကျွန်တော်တို့အားလုံး သိပါတယ်။ သင့်အရေပြားရဲ့ ထူးဆန်းတဲ့ လက္ခဏာတွေကို သိပြီး ဆရာဝန်ရဲ့ စစ်ဆေးမှုကို အမြန်ဆုံး ခံယူပါ။ ဒါ့အပြင် သင့်အရေပြားကို ခရမ်းလွန်ရောင်ခြည်ကနေ ကာကွယ်ပြီး အရေပြားကင်ဆာ ဖြစ်နိုင်ချေကို တားဆီးတာ အကောင်းဆုံးပါ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/skin-cancer-cancer/%e1%80%a1%e1%80%9b%e1%80%b1%e1%80%95%e1%80%bc%e1%80%ac%e1%80%b8%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac%e1%80%80%e1%80%ac%e1%80%80%e1%80%bd%e1%80%9a%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba/
Atypical mole (ပုံမှန်မဟုတ်သော မှဲ့များ )
dysplastic nevi လို့ခေါ်တဲ့ ကင်ဆာမဟုတ်တဲ့ ဆဲလ်ပွားမှုကနေထွက်လာတဲ့ မှဲ့တွေဖြစ်ပါတယ်။Atypical mole တွေဟာ melonoma နဲ့ဆင်တူပြီး ဒီလိုမှဲ့တွေရှိသူတွေဟာ အခြားနေရာတွေမှာလည်း ရောင်ခြယ်ဆဲလ်ပွားမှု (melanoma) ဖြစ်နိုင်ချေများပါတယ်။ အရေအတွက်များလေ ဖြစ်နိုင်ချေများလေဖြစ်ပါတယ်။ ပဲုမှန်အရေအတွက်ရှိသူတွေထက် ၁၀ ဆကနေ ၁၂ ဆပိုများနိုင်ပါတယ်။ဒီလိုမှဲ့တွေဟာ များသောအားဖြင့် ကျောဘက်မှာတွေ့ရပါတယ်။ ဒါပေမယ့် ခါးအောက် ၊နဖူး၊ ရင်သားနု့ တင်ပါးလို့ အခြားနေရာတွေမှာလည်း တွေ့ရနိုင်ပါတယ်။သူတို့က ဘေးအရေပြားတွေထဲမှာ မြှုပ်နေပြီး ဘေးကအရေပြားနဲ့level တူတဲ့အပိုင်းလည်းပါရှိပါတယ်။ ဒီမှဲ့တွေဟာ ချောမွေ့တာ၊ကြမ်းတာ၊ ပုံမမှန် မာကျောပြီး ပုတီးစေ့လိုဖြစ်နေတာ စသဖြင့် ရှိတတ်ပါတယါ။ပုံမှန်မဟုတ်တဲ့ မှဲ့တွေ(Atypical Mole )တွေဟာ melonoma နဲ့ဆင်တူပြီး ဒီလိုမှဲ့တွေရှိသူတွေဟာ အခြားနေရာတွေမှာလည်း ရောင်ခြယ်ဆဲလ်ပွားမှု (melanoma) ဖြစ်နိုင်ချေများပါတယ်။ အရေအတွက်များလေ ဖြစ်နိုင်ချေများလေဖြစ်ပါတယ်။ ပုံမှန်အရေအတွက်ရှိသူတွေထက် ဖြစ်နိုင်ချေ ၁၀ ဆကနေ ၁၂ ဆပိုများနိုင်ပါတယ်။ဆရာဝန်တွေကတော့ ဒီမဲ့ှတွေကို melanoma အဆင့်ခွဲရာမှာသုံးတဲ့ ABCDE သင်္ကေတတွေနဲ့ ခွဲခြားလေ့ရှိပါတယ်။ပဲုမှန်မှဲ့တွေလိုမဟုတ်ပဲ ဒီမှဲ့တွေဟာ နှစ်ဖက်မညီတတ်ပါဘူး။ ဆိုလိုတာက အလယ်မှာ မျဉ်းဖြောင့်တစ်ကြောင်းဆွဲရင် တူညီတဲ့ အခြမ်း၂ခုရလာမှာ မဟုတ်ပါဘူး။ပုံမှန်မှဲ့တွေမှာ မူမှန်တိကျပြီး သေချာတဲ့ ဘေးနှုတ်ခမ်းသားတွေရှိပေမယ့် ဒီမှဲ့တွေကတော့ မူမမှန် မထင်ရှားပါဘူး။ သူတို့တွေဟာ ဘေးကအရေပြားနဲ့ ဆက်နေတတ်ပါတယ်။မူမှန်တဲ့ မှဲ့တွေဟာ ညိုရောင်သမ်းပြီး လက်နေပါတယ်။ ဒါပေမယ့် မူမမှန်တာတွေမှာတော့ အရောင်စုံ၊ မရေမရာနဲ့ ညို၊ နက်၊ နီ၊ ပြာ၊ မည်းဆိုပြီး တစ်ကွက်တစ်ကွက်စီဖြစ်နေပါလိမ့်မယ်။မူမမှန်မှဲ့တွေဟာ ၆မီလီမီတာ ကျော်ထိအချင်းရှိနိုင်ပြီး ၊ ခဲဖျက်အရွယ်၊ တစ်ခါတစ်လေလည်း သေးနိုင်ပါတယ်။နဂိုက ငြိမ်နေတဲ့မှဲ့က ကြီးလာတာ၊ အသက်၄၀ ကျော်မှ မှဲ့အသစ်တွေ ပေါ်လာတာမျိုးဆိုရင် သံသယဝင်သင့်ပါပြီ။အခြား ABCDE ထဲမှာမပါတဲ့ အချက်တွေကလည်း မူမမှန်မှဲ့ရှိနေတာကို ပြသပါတယ်။အလယ်မှာ မြင့်တက်နေပြီး ဘေးပတ်လည်က ချိုင့်ဝင်နေပါတယ်။ ပုံမှန်အားဖြင့် ကျောက်စရစ်မာမာခဲလေးလိုပါ။မူမမှန်မှဲ့တွေဟာ ပုံပန်းလည်း မှန်လေ့မရှိပါဘူး။ တစ်ခုနဲ့တစ်ခုကွဲပြားပါတယ်။တစ်ချို့အချက်တွေကတော့ melanoma လား melanoma ဖြစ်လာမယ့်အရာတွေလား ဆိုတာ ကောင်းကောင်းပြသနိုင်ပါတယ်။ထိုအချက်တွေကတော့ :။ယားယံခြင်း။နာကျင်ခြင်း။ကြွတက်ခြင်း။သွေးထွက်ခြင်း။အပေါ်ယံမျက်နှာပြင်မာနေခြင်း။ဖောရောင်နေခြင်း။အရည်စိမ့်ထွက်နေခြင်း။အနာဖြစ်နေခြင်း။ပြာနုရောင်သမ်းနေခြင်း။စတာတွေနဲ့ မှဲ့ပတ်လည်မှာဖြစ်နေတဲ့အခြားတွေဖြစ်ပါတယ်။အထက်ဖော်ပြပါ လက္ခဏာတွေမှာမပါတာတွေဖြစ်နိုင်ပါတယ်။ သင်သိရှိလိုပါက ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။အထက်ဖော်ပြပါ လက္ခဏာတွေထဲက တစ်ခုခုတွေ့လာပြီဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးပါ။လူတိုင်းရဲ့ ခန္ဓါကိုယ်တွေက လုပ်ဆောငိမှုမတူကြတဲ့အတွက် သင်နဲ့သင့်တော်မယ့် အကောင်းဆုံးအခြေအနေကိုရွေးချယ်ပါ။ရောင်ခြယ်တွေ ထုတ်တဲ့ ဆဲလ်တွေဟာ တစ်ခုနှင့် တစ်ခုစုသွားပြီး မှဲ့ဖြစ်လာပါတယ်။Melanocytes (ရောင်ခြယ်ဆဲလ်) တွေဟာ ပုံမှန်မဟုတ်တဲ့ မှဲ့တွေဖြစ်စေပြီး dysplastic nevi လို့ခေါ်ပါတယ်။အများစုကတော့ နေရောင်ထိလို့ ဖြစ်ပါတယ်။မျိုးရိုးကလည်း အဓိကနေရာမှာပါနေပါတယ်။ မိသားစုတွင်းမှာဖြစ်နိုင်ပြီး အထူးသဖြင့် Caucasians တွေဖြစ်ကာ ၂ % ကနေ ၃% လောက်ကရှိတတ်ကြပါတယ်။တကယ်လို့သင့်မှာ မူမမှန်မှဲ့တွေနဲ့ အခြား Melonoma တွေဖြစ်ဖို့ များနေတယ်ဆိုရင် ဒါတွေသတိထားသင့်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ပုံမှန်မှဲ့တွေဆိုတာ နှစ်အတော်ကြာမှာ လူတိုင်းပေါ်တဲ့ အညိုရောင်အစက်အကွက်လေးတွေကိုခေါ်တာဖြစ်ပါတယ်။ သူတို့တွေဟာ ပြားနေ ဒါမှမဟုတ်ဖောင်းကြွနေပြီး လုံးဝန်းကာ ပုံစံမှန်ကြပါတယ်။အများစုဟာ နေရောင်ခြည်ထိတွေ့မှုကြောင့်ဖြစ်ရတာဖြစ်ပါတယ်။Melonoma လို့ခေါ်တဲ့ သေစေနိုင်လောက်တဲ့အရေပြားကင်ဆာအမျိုးအစားဟာ ဘက်ညီမှုမရှိ၊ ဘေးကာမညီ၊ ရောင်စုံအညိုရောင် စသဖြင့်ရှိတတ်ပြီး အချိန်လိုက် အရွယ်စားကလည်းကြီးလာတတ်ပါတယ်။ စစချင်းမှာတော့ အစက်ပျောက်ပြားပြားလေးကနေ ကြွတက်လာတတ်ပါတယ်။ ရှားပါးကိစ္စတွေမှာတော့ ဒါဟာ မှဲ့ကို ညိုစေမည်းစေ နက်စေတဲ့ ရောင်ခြယ်တွေ တစ်ခုမှမပါတာလည်းဖြစ်နိုင်ပါတယ်။ဒါ့ထက် ပန်းရောင် အနီရောင် နဂိုအသားရောင် စသဖြင့်ဖြစ်သွားတတ်ပြီး စမ်းသပ်ရခက်စေတတ်ပါတယ်။တစ်ခါတစ်လေမှာ မူမမှန်မှဲ့နဲ့ ကင်ဆာရှေ့ဦးကာလကို ခွဲရခက်စေတတ်ပါတယ်။ မူမမှန်မူအဆင့်တွေက အန္တရာယ်ရှိမရှိ melonoma ဖြစ်နိုင်မဖြစ်နိုင်ဆိုတာ သတ်မှတိနိင်ပါတယ်။ အများစုသော ပညာရှင်တွေကတော့ dermoscope ဆိုတာနဲ့ စူးစမ်းပါတယ်။ မျက်စိနဲ့မမြငိနိုင်တဲ့ အရေပြားအတွင်းပိုင်းကအလွှာတွေထိပါ ကြည့်နိုင်တဲ့ မှန်ဘီလူးပါကိရိယာတစ်မျိုးဖြစ်ပါတယ်။ ဆရာဝန်တွေအနေနဲ့ မှဲကို ဖယ်ထုတ်ပြီး ဓါတ်ခွဲခန်းမှာ စမ်းသပ်တာတွေလုပ်နိုင်ပါတယ်။ဆရာဝန်က သင့်မှဲ့ကို ပုံမှန်မဟုတ်ဘူးလို့သတ်မှတ်ရင် ဒါမှမဟုတ် အသက် ၄၀ ကျော်မှပေါ်လာခဲ့ရင် အသားစစစ်ဆေးမှုတစ်ခုမက ခံယူသင့်ပါတယ်။ စစ်ဆေးတယ်ဆိုတာ ဆရာဝန်က မှဲ့တစ်ခုလုံးကို ယူပြီး microscope အောက်မှာကြည့်တာကိုခေါ်တာပါ။ တစ်ချို့ဆရာဝန်တွေက မူမမှန်မှဲ့တွေ အားလုံးဟာ melanoma ဖြစ်နိင်သလိုခွဲထုတ်ဖို့လိုတယ်လို့ယုံကြည်ထားကြပါတယ်။ တစ်ချို့ကတော့ ပြင်းထန်တဲ့အချို့ကိုပဲ ခွဲထုတ်ဖို့ ယုံကြည်ကြပါတယ်။ ဘာပဲဖြစ်စေ ပုံမှန်စစ်ဆေးမှုတွေကတော့အရးကြီးတာကြေုင့် တစ်ခုခုက melanoma အဖြစ်ပြောင်းနေရင် ချက်ချင်းသိပြီး ကုသမှုခံယူဖိုဲ့လိုအပ်ပါတယ်။အောက်ပါ နေထိုင်မှုပုံစံတွေက မူမမှန်မှဲ့ နဲ့ သင့်တော်ပါတယ်။နေ့စဉ်နေရောင်ခြည်ဒဏ်ကကာကွယ်ဖို့ လေ့ကျင့်ထားပါ။ခေါင်းစခြေဆုံး အရေပြားစစ်ဆေးမှု လစဉ်ပြုပါ။တစ်ယောက်ယောက်မှု melanoma ဖြစ်ဖို့ အခြေအနေများနေတယ်ဆိုရင်။အရေပြားကို လစဉ်စစ်ဆေးပါ။ ကိုယ်လုံးပေါ်မှန်ဖြစ်စေ၊ ကြည့်မှန်ဖြစ်စေ အလင်းရောင်ကောင်းကောင်းနဲ့ ဘယ်နေရာမဆိုမြင်နိုင်အောင် လုပ်ပါ။ သင်မတွေ့နိုင်တဲ့ ကျောဘက်တွေ အခြားနေရာတွေကို ကြည့်ဖို့ သင့်မိသားစုကိုခိုင်းပါ။ ခေါင်းအရေပြားကိုကြည့်ဖို့ အခြောက်ခံစက်သုံးပါ။ ခြေဖဝါးနဲ့ ခြေကြားတွေလည်း ကြည့်ဖို့ မမေ့ပါနဲ့။သင့်မှာmelanoma ရဲ့ အရေးကြီးလက္ခဏာတွေပြပြီဆိုရင် ကုသမှုချက်ချင်းယူသင့်ပါတယ်။ သင်သံသယဖြစ်တဲ့ လက္ခဏာတွေ၊ အရေပြားပြောင်းလဲတာတွေဆို ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ သမားတော်နဲ့ ခေင်းအစခြေဆုံး စစ်ဆေးဖို့ plan ချပါ။ မှဲ့တွေက ပိုများနေတယ်ဆိုရင် ပိုစစ်ဆေးပါ။သင်သိလိုတဲ့ မေးခွန်းများရှိပါက ပိုမိုသိရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/atypical-mole-%e1%80%95%e1%80%b6%e1%80%af%e1%80%99%e1%80%bd%e1%80%94%e1%80%b9%e1%80%99%e1%80%9f%e1%80%af%e1%80%90%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac-%e1%80%99%e1%80%b2%e1%80%bd%e1%82%95%e1%80%99/
လေဒီလေးတွေ လိုက်နာသင့်တဲ့ မိုးရာသီ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထ
မိုးရာသီရောက်လာပြီဆိုရင် အရေပြားပြဿနာတွေ အဖြစ်များသလို ဖျားနာတာ၊ မှိုပိုး ကူးစက်တာတွေလည်း အဖြစ်များပါတယ်။ ဒီလို စိုထိုင်းထိုင်းနဲ့ မှိုပိုးတွေ ပေါက်လွယ်တဲ့ရာသီမှာလေဒီလေးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ရှိပါတယ်။ ဒါကတော့ အဖြူဆင်းတာပါ။အဖြူဆင်းတာတင်လားဆိုတော့ မဟုတ်သေးပါဘူး။ မိန်းမကိုယ် ယားယံတာနဲ့ အချို့သော ကျန်းမာရေးပြဿနာတွေလည်း ခံစားရနိုင်ပါသေးတယ်။ ဒီတစ်ခေါက်တော့မုတ်သုံကာလကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်စေဖို့အတွက်လေဒီလေးတွေ လိုက်နာသင့်တဲ့ မိုးရာသီ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထ အကြောင်းလေး ပြောပြပေးချင်ပါတယ်။မိန်းမကိုယ် ပိုးဝင်ကူးစက်မှုတွေက မိုးတွင်းကာလမှာ အဖြစ်အများဆုံးပါ။ အကြောင်းကတော့ မုတ်သုံရာသီမှာ အပူချိန်က တသမတ်တည်း မရှိဘဲ ပြောင်းလဲနေသလို လေထုထဲမှာ စိုထိုင်ဆကလည်း များနေတတ်ပါတယ်။ ဒီအခြေအနေ ၂ ရပ်စလုံးက မှိုပိုးတွေ နဲ့ ဘက်တီးရီးယားတွေကို ပေါက်ဖွားဖို့ အားဖြည့်ပေးနိုင်ပါတယ်။မိုးတွင်းမှာ စိုထိုင်းဆက တော်တော်လေး များပါတယ်။ ဒါကြောင့် ဒီကာလမှာ ဦးရေပြား၊ ဆံသားနဲ့ အရေပြားပြဿနာ များစွာကို ခံစားရတာပါ။ ပတ်ဝန်းကျင်မှာ စိုထိုင်းဆများပြီး ချွေးထွက်များတာနဲ့ အတွင်းခံ တင်းတင်းကျပ်ကျပ် ဝတ်ဆင်တာတွေ စုစည်းမိသွားတဲ့အခါ ဘက်တီးရီးယားတွေက အလွယ်တကူပဲ ပေါက်ဖွားလာပါတယ်။မိုးရာသီက ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေ၊ မှိုပိုးတွေ ရှင်သန်ပေါက်ဖွားအောင် အားပေးတဲ့ ရာသီတစ်ခုအဖြစ် အမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ ဒါကြောင့် မိုးရာသီကို နာကျင်မှု၊ သက်သောင့်သက်သာ မရှိမှုတွေကင်းဝေးပြီး ပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်စေဖို့ဆိုရင် လေဒီလေးတိုင်း လိုက်နာသင့်တဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး အလေ့အထလေးတွေ ရှိပါတယ်။ ဒါတွေက ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။မိုးရာသီမှာ မိန်းမကိုယ်လေး မကျန်းမာတာမျိုး မဖြစ်စေဖို့အတွက် လေဒီလေးတွေ လိုက်နာသင့်တဲ့ မိုးရာသီ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထ တွေက ဘာတွေ ဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။လေဝင်လေထွက်ကောင်းတဲ့အတွင်းခံတွေက မိန်းမကိုယ်ကို ကျန်းမာစေပါတယ်။ တင်းကျပ်တဲ့ အတွင်းခံတွေ၊ နိုင်လွန်သားပါတဲ့ အတွင်းခံတွေက လေဝင်လေထွက်မကောင်းဖြစ်စေပြီး မိန်းမကိုယ် ယားယံတာ၊ ချွေးအောင်းတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဘက်တီးရီးယားတွေကို ပေါက်ဖွားစေပြီး မိန်းမကိုယ် ရောင်ရမ်းတာ၊ ပိုးဝင်တာတွေကို ဖြစ်စေနိုင်ပါတယ်။မုတ်သုံရာသီမှာ အစိုဓာတ် များနေတာကြောင့် အမျိုးသမီးတွေကို အလွယ်တကူ မိန်းမကိုယ်ပိုးဝင် ကူးစက်ခံရစေနိုင်ပါတယ်။ ဒါကြောင့် မိန်းမကိုယ်ကို မကြာခဏ သန့်စင်ပေးပြီး သန့်စင်ပြီးတိုင်းမှာ ခြောက်သွေ့အောင် ထားပေးပါ။  ဒီလိုလုပ်တာက ဘက်တီးရီးယားတွေ ပေါက်ဖွားမှုကို ဟန့်တားပေးနိုင်ပါတယ်။ အနံ့ဆိုးမဖြစ်အောင်လည်း ကာကွယ်ရာ ရောက်ပါတယ်။မိန်းမကိုယ်ကို အတွင်းပိုင်းအထိဆေးကြောတာက မိန်းမကိုယ်ရဲ့ pH ပမာဏကို ထိခိုက်စေနိုင်ပါတယ်။ အကျိုးပြုဘက်တီးရီးယားတွေရဲ့ ဟန်ချက်ကို ပျက်စေနိုင်ပါတယ်။ မိန်းမကိုယ် အတွင်းပိုင်းအထိ ဆေးကြောတာက မိန်းမကိုယ် ပိုးဝင်စေနိုင်ပြီး ကူးစက်ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။မုတ်သုံရဲ့ ပူနွေးစိုစွတ်မှု များတာက ချွေးထွက်များစေပါတယ်။  ချွေးထွက်တဲ့အခါ ခန္ဓာကိုယ်က ရေဓာတ်နဲ့ ဆားဓာတ်ကို လျင်လျင်မြန်မြန် လျော့ကျစေနိုင်ပါတယ်။ ဒီအအေနအထားက မိန်းမကိုယ် နဲ့ မိန်းမကိုယ် တဝိုက်မှာ ပူလောင်တာ၊ ယားယံတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မိန်းမကိုယ် ဘက်တီးရီးယားပမာဏကို ဟန်ချက်ညီစေဖို့ နဲ့ မိန်းမကိုယ် ကျန်းမာစေဖို့၊ pH ပမာဏ ထိန်းညှိဖို့ နဲ့ မိန်းမကိုယ် ပိုးဝင်ကူးစက်တာကို ကာကွယ်နိုင်ဖို့အတွက် ရေဓာတ်ပြည့်ဝနေအောင် ရေများများ သောက်ပေးပါ။ဆီးခုံမွေးတွေက မိန်းမကိုယ်ကို ကာကွယ်ပေးတာပါ။ ဘက်တီးရီးယားတွေ ကူးစက်မှုနဲ့ အတူနေစဉ်မှာ ထိခိုက်မှုတွေ ကင်းစေဖို့ ကာကွယ်ပေးပါတယ်။ မုတ်သုံမှာလည်း ဘက်တီးရီးယားတွေ ကူးစက်ပြန့်နှံ့တာနဲ့ ပိုးဝင်ကူးစက်မှုတွေကို ကာကွယ်ပေးပါတယ်။ ဒါကြောင့် မိုးတွင်းမှာ ဆီးခုံမွေးကို သန့်စင်တာမျိုးပဲ လုပ်ပါ။ ခဏခဏ ရိတ်တာမျိုး မလုပ်ပါနဲ့။မိန်းမကိုယ်ကို သန့်ရှင်းရေး လုပ်တဲ့အခါ အနောက်ကနေ အရှေ့ကို ဆွဲယူတဲ့ပုံစံနဲ့ မသန့်စင်ပါနဲ့။ စအိုတဝိုက်က ဘက်တီးရီးယားတွေ မိန်းမကိုယ်ကို ဝင်ရောက်ကူးစက်နိုင်တာကြောင့်ပါ။ ဒါ​ကြောင့် အပေါ့အလေး သွားပြီးလို့ သန့်စင်တဲ့အခါတိုင်း အရှေ့ကနေ အနောက်ကို ဆွဲယူတဲ့ပုံစံနဲ့ပဲ သန့်စင်ပေးပါ။စပ်လွန်းတဲ့ အစားအစာတွေက မိန်းမကိုယ်ရဲ့ pHကို အပြောင်းအလဲဖြစ်စေနိုင်ပါတယ်။ မိန်းမကိုယ် pHပျက်ရင် မိန်းမကိုယ်ပိုးဝင်တာတွေ ဖြစ်လာနိုင်ပါတယ်။ လူတိုင်းတော့ မဟုတ်ပေမဲ့ အစပ်များများစားမိတိုင်း မိန်းမကိုယ် ပိုးဝင်တာကို ခံစားနေရတယ်ဆိုရင်တော့ အစပ်စားတာကို လျှော့သင့်ပါတယ်။အတူနေပြီးချိန်မှာ ဆီးသွားတာ၊ မိန်းမကိုယ် သန့်စင်တာက မိန်းမကိုယ်ပိုးဝင်ကူးစက်မှုကို အတိုင်းအတာတစ်ခုအထိ ဟန့်တားပေးနိုင်ပါတယ်။ ဘက်တီးရီးယားတွေ ပေါက်ဖွားမှုကို ဟန့်တားပေးနိုင်မှာပါ။ရာသီလာနေတယ်ဆိုရင် လစဉ်သုံးကို ၆နာရီ တစ်ခါ၊ tampons ဆိုရင် ၂ နာရီ တစ်ခါ၊ menstrual cup ဆိုရင် ၈ နာရီ တစ်ကြိမ် ပုံမှန် လဲပေးတာ မိန်းမကိုယ် ကျန်းမာရေးကို မထိခိုက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ မိန်းမကိုယ်ကို သန့်စင်ပြီးပြီဆိုရင် တစ်သျှူးသုံးပြီး ခြောက်သွေ့အောင် လုပ်ဆောင်ပေးပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/pelvic-related-issue/female-hygiene-tips-you-must-follow-during-monsoon-season/
ကလေးများအတွက် ဒိုင်းသဖွယ် ကာကွယ်ပေးမယ့် နို့တစ်ခွက်
ခုချိန်မှာမေမေတစ်ယောက်အနေနဲ့ အဖြစ်ချင်ဆုံး ဆန္ဒကို ပြောပါဆိုရင် မေမေ့ကလေးတွေကို အမြဲ ကျန်းမာစေချင်တာတစ်ခုက အမြဲ နံပါတ်တစ်ပါပဲ။ ကျန်းကျန်းမာမာနဲ့ ဆော့ကစားနေတဲ့ ကလေးတွေကို မြင်နေရတာ မေမေအတွက်တော့ စိတ်ချမ်းသာစရာပါ။ကလေးတွေကို ရောဂါဘယကင်းဝေးပြီး ကျန်းမာအောင် ပြုစုပေးဖို့ မေမေတို့ ဘယ်လောက်တောင် ပင်ပန်းလဲဆိုတာ မေမေတို့ပဲ သိပါတယ်။ ခုလိုအချိန်မျိုးဆို ကလေးတွေ နှာစေးနေမလား၊ ချောင်းဆိုးနေမလားဆိုပြီး အရိပ်တကြည့်ကြည့်နဲ့ကို ဂရုစိုက်နေကြရမှာပါ။မေမေတို့ သိထားပြီးသား နည်းလမ်းတွေ ဖြစ်တဲ့အစာအာဟာရပြည့်ဝအောင်ကျွေးတာ၊ အိပ်ရေးဝအောင် သိပ်တာပါပဲ။ ဒါတွေအပြင် ခုလို ကာလဆိုရင်တော့ လက်ဆေးတာတို့၊ မဖြစ်မနေအပြင်ထွက်ရရင် နှာခေါင်းစည်းတပ်ရတာတို့ပါ ပါလာပါပြီ။ ဒီလောက်သိရုံနဲ့ လုံလောက်ပြီလားဆိုရင် မလုံလောက်သေးပါဘူး။ အထူးသဖြင့် အာဟာရပြည့်အောင် ကျွေးတဲ့နေရာမှာပေါ့။မေမေတို့ အနေနဲ့ ကလေးတွေကို ဘာကျွေးရမလဲဆိုတာနဲ့ ပတ်သတ်ပြီး အမြဲတမ်း ဒွိဟဖြစ်နေမှာပါ။ ကလေးတွေကို ထမင်းကျွေးရုံနဲ့ လုံလောက်ပါ့မလား။ နောက်ထပ် ဘာတွေ ထပ်ဖြည့်ပြီး ကျွေးရင် ကောင်းမလဲ။ ဘာတွေစားရင် သူတို့ ပိုပြီး အာဟာရ ပိုပြီး ပြည့်မလဲ။ ကျွေးတာမလုံလောက်လို့ ငါ့ကလေးတွေကိုယ်ခံအားမကောင်းဘဲ ဖျားနာရင် ဘယ်လို လုပ်မလဲ။ ဒါတွေက ဒီကာလမှာ ဖြစ်တတ်တဲ့ မိခင်သောကတွေပေါ့။မေမေတို့ ကလေးက ထမင်းကောင်းကောင်းစားတယ်။အသားငါး အသီးအရွက်အကုန်စားတယ်ဆိုရင်တော့ မေမေကံကောင်းတာပါပဲ။ ဒါပေမယ့် ကလေးက အစားကြေးများတာပဲ ဖြစ်ဖြစ်၊ စားတော့ စားပါရဲ့ နည်းနည်းပဲ စားတယ်ဆိုရင် ကလေးက ကိုယ်ခံအားကောင်းဖို့ အာဟာရလုံလုံလောက်လောက်ရမှာ မဟုတ်ပါဘူး။ ဒါဆိုရင် အပြင်ကနေ ဖြည့်စွက်ပြီး ကျွေးဖို့ လိုလာပါပြီ။ဖြည့်စွက်ပြီး ကျွေးမယ်ဆိုရင် မေမေတို့အနေနဲ့ကလေးတွေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို သေချာ စိစစ်ဖို့လိုပါတယ်။ အရည်အသွေးကောင်းပြီး စိတ်ချရတဲ့ ပစ္စည်းတွေကို ကျွေးဖို့လိုပါတယ်။ ခုဆိုရင် စျေးကွက်ထဲမှာ အာဟာရဖြည့်နို့တွေ ရှိနေပြီဖြစ်လို့ မေမေတို့ စိတ်ကြိုက်ရွေးချယ်လို့ ရနေပါပြီ။အသက်နှစ်နှစ်ကျော်လာပြီဆိုရင် ကလေးတွေက အမေ့နို့ကို သိပ်မသောက်တော့ပါဘူး။ သောက်တယ်ဆိုရင်တောင် နည်းသွားပါတယ်။ ထမင်းကျတော့လည်း ကလေးဆိုတော့ ဂျီးများတဲ့အတွက် ဟက်ဟက်ပက်ပက် မစားကြပါဘူး။ ဒါကြောင့် မေမေတို့ အနေနဲ့အာဟာရဖြည့်နို့မှုန့်တွေကို တိုက်ကျွေးဖို့ စဉ်းစားလာပါပြီ။အာဟာရဖြည့်နို့မှုန့်တွေကို ရွေးချယ်မယ်ဆိုရင် ကလေးမှာ လိုအပ်တဲ့ အာဟာရတွေ ပါဝင်တဲ့ နို့ကို ဦးစားပေး ရွေးချယ်သင့်ပါတယ်။ ကလေး ကိုယ်ခံအားကောင်းဖို့၊ ထွားဖို့၊ ဉာဏ်ကောင်းဖို့ စသဖြင့် လိုအပ်တဲ့ အာဟာရတွေ အားလုံးပါဝင်နေမှ ကလေးအတွက် တိုက်ရကျိုးနပ်မှာပါ။ခုလိုအချိန်ဆိုရင်တော့ ကိုယ်ခံအားက အရေးကြီးတာပေါ့။ ဒါကြောင့် သိပြီးသား ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အပြင် ဒီလိုအာဟာရဓာတ်တွေပါဝင်တာကို ရွေးချယ်သင့်ပါတယ်။လူရဲ့ နို့မှာပါတဲ့အူလမ်းကြောင်းကို ကောင်းမွန်စေတဲ့ အမျှင်ဓာတ်တစ်မျိုးပေါ့။ ဒီဓာတ်လေးက။– အူလမ်းကြောင်းထဲမှာ ရှိတဲ့ ကောင်းကျိုးပြု ဘတ်တီးရီးယားတွေကို ရှင်သန်စေလို့ အစာအိမ်နဲ့ အူလမ်းကြောင်း ပိုးမဝင်အောင် ကာကွယ်ပေးတယ်။-ဝမ်းပျက်ဝမ်းလျှော မဖြစ်အောင် ကာကွယ်ပေးတယ်။-ဒါ့ပြင် နို့သောက်လိုက်တဲ့အခါ လည်ချောင်းနားက ဆဲလ်တွေမှာ ကပ်တွယ်ပြီး ပြင်ပက အသက်ရှူလမ်းကြောင်း ရောဂါပိုးတွေ ဝင်လို့ မရအောင် ကာကွယ်ပေးနိုင်ပါသေးတယ်တဲ့။ဒါကတော့ probioticsလို့ ခေါ်တဲ့ ကောင်းကျိုးပြု ဘတ်တီးရီးယား အမျိုးအစားပါ။ သူ့ရဲ့ ကောင်းကျိုးတွေကတော့။-ခုခံအားကို ကောင်းစေလို့ ဝမ်းပျက်ဝမ်းလျှောအပြင် အအေးမိတာလိုမျိုး အသက်ရှူလမ်းကြောင်း ရောဂါတွေကိုပါ ကာကွယ်ပေးပါတယ်။-ဝမ်းချုပ်တာကိုလည်း ကာကွယ်ပေးပါတယ်။သူ့ရဲ့ အလုပ်က အူလမ်းကြောင်းမှာရှိတဲ့ မကောင်းတဲ့ ဘတ်တီးရီးယားတွေကို ရှင်းထုတ်ပေးတာကြောင့် မေမေ့ကလေးကို ကျန်းမာတဲ့ ဝမ်းဗိုက်ကလေး ရရှိစေမှာပါ။ဒါကတော့ ကိုယ်ခံအားကို ဒိုင်းသဖွယ်သန်မာစေတဲ့ အာဟာရဓာတ်တွေပါ့။ ဒါတွေအပြင်ကလေးဉီးနှောက်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ အမြင်အာရုံဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ပေါ့ DHA နဲ့ ARA ဓာတ်တွေပါ ပါရင်တော့ အပြည့်စုံဆုံးပေါ့ မေမေတို့ရယ်။နောက်ဆုံး အနေနဲ့ အရေးကြီးတာကတော့ ကလေးကို တိုက်မယ့် နို့ထဲမှာ အချိုမကဲစေဖို့ပါပဲ။ သကြားဓာတ်တွေ များလွန်းတာက ကလေးကို အဝလွန်စေပြီး စောစောစီးစီး သွားပိုးစားစေပါတယ်။မေမေတို့ ပုံမှန်ထမင်းကျွေးတာအပြင် ကလေးအတွက် လိုအပ်တဲ့ အာဟာရကိုပါ ဖြည့်စွက်ပေးရင် ဒါဟာ ကောင်းမွန်တဲ့ အာဟာရပဲပေါ့။ ရောဂါကာကွယ်စေဖို့ လူကြီးတွေလို ဗီတာမင်နဲ့ သတ္တုဓာတ်ပဲ  လိုအပ်တာ မဟုတ်ပါဘူး။ ကလေးသဘာဝအရ ရောဂါကာကွယ်စေတဲ့ တခြားအာဟာရတွေကိုပါ ဖြည့်စွက်ထားဖို့ လိုအပ်ပါတယ်။ရောဂါကင်းတဲ့ ကလေးဟာ ပုံမှန်ကြီးထွားနေမှာ ဖြစ်ပြီး ကျောင်းတက်ရက်လည်း မှန်လို့ စာလည်း လိုက်နိုင်တဲ့ ကလေး ဖြစ်လာမှာပါ။ ဒါကြောင့် နေ့ရက်တိုင်းမှာ ရောဂါပိုးတွေကနေ ကလေးများအတွက် ဒိုင်းသဖွယ် ကာကွယ်ပေးမယ့် နို့တစ်ခွက်ကတော့ လိုအပ်နေပါပြီ မေမေတို့ရေ . . .။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba-%e1%80%92%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%96%e1%80%bd/
လေပွ၊ဗိုက်ကယ်၊နေရခက်တာ မကြာခဏမဖြစ်အောင် ဒါလေးတွေသတိထားပါ
ဗိုက်ထဲနေလို့မကောင်းသလိုပဲ။လေပွနေသလို ဗိုက်ကယ်နေတာ၊ ရင်ခေါင်းတွေတောင့်ပြီး ထိုင်မရ ထမရနဲ့ အတော်နေရခက်ပါတယ်။ အခန့်မသင့်ရင်လေထိုးလေအောင့်က ဖြစ်ပါသေးတယ်။သိပ်တောင်မစားရသေးဘူး ဘာလို့ဗိုက်ကပြည့်ကားပြီးနေရခက်နေတာလဲ။ ကိုယ်စားလိုက်တဲ့အစားအသောက်အမျိုးအစားနဲ့ဆိုင်မယ်၊ ဒါမှမဟုတ် အဲဒီအစားအသောက်မှာပါတဲ့ အရာတွေနဲ့ဆိုင်မယ်၊ ကိုယ်အလေးချိန်၊ဝမ်းချုပ်ခြင်းတွေအပြင် အစာခြေစနစ်ပြဿနာတွေ၊ရောဂါအခံတွေ စတဲ့အကြောင်းရင်းတွေအများကြီးရှိနိုင်ပါတယ်။ပဲတွေက အမျှင်ဓါတ်နဲ့အသားဓါတ်ကြွယ်ဝတဲ့အရင်းအမြစ်တွေပါ။ ဒါပေမယ့် သူတို့မှာraffinose ဆိုတဲ့ဓါတ်ပစ္စည်းတစ်မျိုးပါဝင်လို့လေပွစေနိုင်ပါတယ်။ ဒါ့ကြောင့် ပဲကြီးလှော်စားပြီးလေလည်ကြတာပြောစမှတ်ဖြစ်ကြပါတယ်။ ဒါက ဆိုးကျိုးပေးတာတော့မဟုတ်သလိုလေပွ၊ ဗိုက်ပွတဲ့အတိုင်းအတာကလည်း လူတစ်ယောက်နဲ့တစ်ယောက်၊ ပဲတစ်မျိုးနဲ့တစ်မျိုး မတူညီကြပါဘူး။ ပန်းဂေါ်ဖီစိမ်း၊ဂေါ်ဖီထုပ်တို့မှာလည်းraffinose ပါဝင်ပါတယ်။ ဒါတွေကိုရှောင်ဖို့မလိုပါဘူး၊ အချင့်အဆနဲ့စားသောက်ပါ၊ဖြစ်လာရင်လေကြေဆေးတွေသောက်ပါ။အစားအသောက် မြန်မြန်စားလေ၊ ဗိုက်ထဲကိုလေတွေမျိုချမိလေပါပဲ။ အစာအိမ်ထဲမှာလေတွေရှိနေတဲ့အခါဖောင်းလာတတ်ပြီး တစ်ခါတလေ အူတွေထဲကိုရောက်ရှိသွားတတ်ပါတယ်။နောက်တစ်ချက်ကမြန်မြန်စားချတဲ့အခါ ဗိုက်ပြည့်မှန်းမသိ ပိုစားမိတတ်ပါတယ်။ဂက်စ်ပါတဲ့ဘူးအချိုရည်တွေ၊ ဘီယာ ၊ဆိုဒါ တို့ကိုသောက်လိုက်တဲ့အခါလေတွေပါ ပါသွားနိုင်လို့ အစာခြေစနစ်ထဲရောက်ရှိသွားနိုင်ပါတယ်။ တချို့တဝက်ကိုလေတက်လိုက်ရင်ပြန်ထုတ်လိုက်နိုင်ပေမယ့် တချို့က ကျန်ရစ်ခဲ့ပြီး အစာခြေစနစ်တလျှောက်ရွေ့လျားနေနိုင်တယ်။ တဂွီဂွီဖြစ်လိုက်၊လေထိုးလိုက်ပေါ့လေ။အငန်စားတာများရင် ခန္ဓါကိုယ်မှာရေဓါတ်ပိုများစေနိုင်လို့လေပွစေနိုင်ပါတယ်။ကျောက်ကပ်ပြဿနာတွေနဲ့သွေးတိုးတက်တာတွေလည်းဖြစ်စေနိုင်တယ်။ လျှာမှာမငန်တာနဲ့ပဲ အငန်ဓါတ်နည်းတယ်လို့ယူဆလို့မရပါဘူး။တစ်ခါတလေ အငန်ဓါတ်များနေမှန်းမသိတဲ့ အပြင်စာတွေ၊ ရယ်ဒီမိတ်အစားအစာတွေကို သတိထားရပါမယ်။ဝမ်းကပုံမှန်မသွားတာနဲ့ပဲလေထိုးလေအောင့်က စဖြစ်ပါလေရောပဲ။ရေများများသောက်၊ အမျှင်ဓါတ်များတာစားပေးပြီး ကိုယ်လက်လှုပ်ရှားမှုလည်းလုပ်ဖို့လိုပါတယ်။လူကဝိတ်တက်လာပြီလား။ အထူးသဖြင့် ဗိုက်ပတ်လည်မှာ ဝိတ်တက်လာတာနဲ့ အစာအိမ်အတွက် ကျုံ့ချဲ့အစာခြေဖို့နေရာကျဉ်းသွားစေတာကြောင့်လေထိုးလေအောင့်ဖြစ်စေတတ်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/bloating-gas/%e1%80%b1%e1%80%9c%e1%80%95%e1%80%bc%e1%81%8a-%e1%80%97%e1%80%ad%e1%80%af%e1%80%80%e1%80%b9%e1%80%80%e1%80%9a%e1%80%b9%e1%81%8a-%e1%80%b1%e1%80%94%e1%80%9b%e1%80%81%e1%80%80%e1%80%b9%e1%80%90%e1%80%ac/
ကိုယ်အလေးချိန် ကျချင်တဲ့ ပျိုမေတွေအတွက် Detox Water
ပိန်မှ လှတယ်လို့ ထင်ကြတဲ့ ခေတ်ကြီးထဲမှာမိန်းကလေးတွေအပြင် ယောက်ျားလေးတွေကပါ ပိန်ဖို့ ကြိုးစားနေကြပါတယ်။ ဒါဟာလည်း ခေတ်ရဲ့ ရေစီးကြောင်းမှာ လိုက်ပါစီးမျောနေကြတဲ့ လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ အရာတွေထဲက တစ်ခုပါပဲ။ ပိန်ချင်တာနဲ့အတူ ထပ်ပြီး ရေပန်းစားလာတာက Detox Water လို့ ခေါ်တဲ့ရေတစ်မျိုးပါ။အလှအပအနေနဲ့ မကြည့်ပဲ ကျန်းမာရေးအနေနဲ့ ကြည့်မယ်ဆိုရင်လည်းအဝလွန်ခြင်းဟာ နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေ အလွယ်တကူဖြစ်လာစေနိုင်တဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါပဲ။ အဝလွန်ခြင်းရဲ့ နောက်ကွယ်မှာနှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါ၊ဆီးချို၊သွေးတိုးအပြင် ကင်ဆာရောဂါ တစ်ချို့ပါ ဖြစ်နိုင်ခြေ မြင့်တက်လာပါတယ်။အလှအပရေးရာအတွက်ဆိုရင်လည်း ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု၊ ယုံကြည်မှု နည်းလာနိုင်တယ်။သိမ်ငယ်စိတ်တွေ၊ အားငယ်စိတ်တွေ ဖြစ်လာနိုင်တယ်။ကိုယ်အလေးချိန် ကျချင်တဲ့ ပျိုမေတွေအတွက် Detox Water လေးတွေအကြောင်း လေ့လာလိုက်ရအောင်နော်။ နောက်ပိုင်း ကိုယ်အလေးချိန် ကျလိုသူတွေကြားမှာ ရေပန်းစားလာတဲ့ အရာကတော့ Detox Water လို့ ခေါ်တဲ့ ရေတစ်မျိုးပါပဲ။ မိန်းကလေးတွေကတော့ ကိုယ်အလေးချိန်ကျဖို့ သက်သက်နဲ့ သောက်သုံးကြပေမယ့် တကယ်တမ်းမှာတော့ လူတွေ ထင်မထားမိတော့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေ များစွာ ရှိနေတာကို သုတေသီများက လေ့လာတွေ့ရှိခဲ့ပါတယ်။သဘာဝရေသန့်ကို လတ်လတ်ဆတ်ဆတ် သစ်သီးဝလံ၊ဟင်းသီးဟင်းရွက်၊ ဆေးမြစ်တွေနဲ့ ရောပြီးစိမ်ထားတဲ့ ရေဖြစ်ပါတယ်။ သစ်သီးစိမ်ထားတဲ့ ရေ၊ သစ်သီးအရသာနဲ့ ရေလို့လည်း ခေါ်ကြပါတယ်။အိမ်မှာ အလွယ်တကူ ပြုလုပ်လို့ ရပြီး ကိုယ်ကြိုက်နှစ်သက်ရာအသီးအနှံ၊ ဟင်းသီးဟင်းရွက် မျိုးစုံနဲ့ ရောပြီး စိမ်ထားလို့ ရပါတယ်။ ပုံမှန် သစ်သီးဝလံကို ကြိတ်ပြီး ရလာတဲ့ ဖျော်ရည်မျိုး မဟုတ်ပဲ စိမ်ထားတာ ဖြစ်တဲ့အတွက်ကယ်လိုရီပါဝင်မှု ပိုနည်းပြီး အဆိပ်အတောက်တွေ ပြေစေပါတယ်။စတိုးဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ရတဲ့ အအေး၊ အချိုရည်တွေအစား သစ်သီးစိမ်ထားတဲ့ Detox Water ကို အစားထိုးပြီး သောက်ပေးခြင်းဖြင့် ကျန်းမာရေးအတွက် ပိုကောင်းတဲ့ အာနိသင်ကို ရရှိနိုင်ပါတယ်။အိမ်မှာ အလွယ်တကူ လုပ်လို့ ရပြီး ကိုယ်ကြိုက်နှစ်သက်ရာ သစ်သီးမျိုးစုံကို လှီးစိတ်ကာ ရေပူ သို့မဟုတ် ရေအေးထဲ ထည့်စိမ်ထားပါ။ ပါဝင်တဲ့ အမယ်ပစ္စည်းများလေ အရသာ ပိုရှိမှာ ဖြစ်ပါတယ်။အေးအေးလေး သောက်ချင်ရင် ရေခဲသေတ္တာထဲမှာ ၁နာရီကနေ ၁၂နာရီထိ ထားပေးလို့ ရပြီး စိမ်ထားတဲ့ သစ်သီးနဲ့ ရေရဲ့ အရသာကို ပိုကောင်းစေနိုင်ပါတယ်။ ရေခဲသေတ္တာထဲက ထုတ်ပြီးသွားရင် သစ်သီး၊ ဟင်းသီးဟင်းရွက်တွေကို ဖယ်ထုတ်ပေးပါ။ ပျော့ပြီး အရည်ပျော်သွားနိုင်တာကြောင့်ပါ။အချိန်သိပ်မပေးနိုင်ရင် သစ်သီးတွေကို အရင် ကြိတ်ချေပြီး ရေထဲ ထည့်စိမ်ပေးပါ။၁။သခွားသီး နှင့် ပူစီနံ။၂။ သံပရိုသီး နှင့် ချင်း။၃။ ဘလက်ဘယ်ရီသီး နှင့် လိမ္မော်သီး။၄။ ဖရဲသီး နှင့် ပူစီနံ။၅။ လိမ္မော်သီး နှင့် သံပရိုသီး။၆။ သံပရိုသီး နှင့်သံပရာသီး။၇။ စတော်ဘယ်ရီသီး နှင့် ပင်စိမ်း။၈။ ပန်းသီး နှင့် သစ်ကြံပိုးခေါက် တွေဟာ လူတွေ အများဆုံး တွဲဖက် စိမ်တတ်ကြတဲ့ သစ်သီးတွေပဲ ဖြစ်ပါတယ်။၁။ကိုယ်အလေးချိန်ကို ကျစေတယ်။၂။ ခန္ဓါကိုယ်ထဲမှာ ရှိတဲ့ အဆိပ်အတောက်တွေ ပြေစေတယ်။၃။အစာခြေစနစ်ကို ကောင်းမွန်စေတယ်။၄။ pH level ကို ထိန်းညှိပေးနိုင်တယ်။၅။ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတယ်။၆။ စိတ်ကြည်လင်လန်းဆန်းစေတယ်။၇။ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးတယ်။၈။ အသားအရေ ကြည်လင်ဝင်းပစေတယ်။၉။ ရေဓါတ်မခမ်းခြောက်စေဖို့ ကူညီပေးတယ်။Detox Water ဟာ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ရေဖြစ်ပေမယ့်ရေအစားထိုးအနေနဲ့တော့ မသောက်သုံးသင့်ပါဘူး။ တစ်နေ့ ပုံမှန် ရိုးရိုးရေသန့် အနည်းဆုံး ၂ လီတာခန့်သောက်ပေးဖို့တော့ လိုအပ်ပါတယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/diet-weight-loss/detox-water-for-weight-loss/
အစာမကြေဖြစ်တာနဲ့ အစာအဆိပ်သင့်တာ ဘယ်လိုခွဲခြားမလဲ
အစာစားပြီး နောက်ပိုင်းမှာ ဖြစ်လာတာချင်း တူတယ် ဆိုပေမယ့် ဝေဒနာ အတိမ်အနက်က မတူပါဘူး။ အစာအဆိပ်သင့် ဖြစ်နေတာကို ရိုးရိုး အစာမကြေတာလို့ ထင်နေပြီး ပေါ့ဆနေမိရင် အန္တရာယ် ရှိပါတယ်။ ဒါ့ကြောင့် ဒီနှစ်မျိုးကို ခွဲခြားနိုင်ဖို့၊ စောစော ကုသနိုင်ဖို့ အရေးကြီးပါတယ်။ ဒီတော့ အစာမကြေဖြစ်တာနဲ့ အစာအဆိပ်သင့်တာ ဘယ်လိုခွဲခြားမလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။အစာမကြေဖြစ်တာနဲ့ အစာအဆိပ်သင့်တာ ဘယ်လိုခွဲခြားမလဲ ဆိုတော့။အစာမကြေ ဖြစ်ပြီဆိုရင် –။အစာအဆိပ်သင့်တယ်ဆိုတာ ကိုယ်စားလိုက်တဲ့ အစားအသောက်တွေမှာဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်နဲ့ ကပ်ပါးပိုးတွေ ပါနေတာကြောင့်ပါ။ ရောဂါပိုး ပါနေတဲ့ အစားအသောက်တွေကို စားမိပြီး နာရီပိုင်းအတွင်းမှာပဲ လက္ခဏာ စပြတတ်ပါတယ်။ အများအားဖြင့်တော့ အစာအဆိပ်သင့်တာက သိပ်မပြင်းထန်ဘဲ ဂရုစိုက် စောင့်ရှောက်ရင်း သက်သာသွား တတ်ပါတယ်။ ဒါပေမယ့် ကူးစက်ရရှိတဲ့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားကို မူတည်ပြီး လက္ခဏာ ပြင်းထန်သူ တချို့ကိုတော့ ဆေးရုံတင်ဖို့ လိုအပ်နိုင်ပါတယ်။အစာအဆိပ်သင့်တဲ့အခါ သိသာတဲ့ လက္ခဏာတွေ ကတော့။အစာအဆိပ်သင့်ရင် စားပြီး နာရီပိုင်းအတွင်း လက္ခဏာ စတတ်တယ်။ ရက်ပိုင်း ဒါမှမဟုတ် ရက်သီတင်းပတ် ကြာမှ လက္ခဏာ ပေါ်လာတာတောင် ရှိတတ်ပါတယ်။ အစာ အဆိပ်သင့်တဲ့ ဝေဒနာကို ခံစားရတာကလည်း နာရီပိုင်းကနေ ရက်သီတင်းပတ်နဲ့ ချီပြီး ကြာမြင့်နိုင်ပါတယ်။ဒါပေမယ့် ၃ ရက်အတွင်းမသက်သာလာခဲ့ရင်ဒါမှမဟုတ် အောက်ပါ လက္ခဏာတွေ ဖြစ်လာရင်။တကယ်လို့ အစာအဆိပ်သင့် လက္ခဏာတွေ ရှိနေရင် ပြင်းထန်နေပြီ၊ ခံစားရ မသက်သာဘူးဆို ဆေးရုံဆေးခန်း အရင်သွားပြီး စစ်ဆေးကုသမှု ခံယူတာ စိတ်အချရဆုံး ပါပဲ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/bloating-gas/indigestion-vs-food-poisoning/
အစာအိမ်လေးနဲ့ပတ်သက်တဲ့ ယုံတမ်းစကားတချို့
အစာချေဖျက်ခြင်းရဲ့ အဓိကလုပ်ငန်းစဉ်က အူသိမ်ထဲမှာ လုပ်ဆောင်တာ ဖြစ်ပါတယ်။ အစာအိမ်က အစာတွေလက်ခံပြီးတဲ့အခါရောမွှေပြီး အပိုင်းအစငယ်တွေအဖြစ်ဖြိုခွဲပေးပါတယ်။ပြီးတော့မှ အူသိမ်ထဲကို နည်းနည်းချင်းအစုလိုက်ပို့ထုတ်ပေးပြီး အစာချေဖျက်မှုအများစုကို လုပ်ဆောင်တာဖြစ်ပါတယ်။ အများစုထင်ထားကြသလို အရင်စားတာကိုအရင်ခြေတာမျိုး အစဉ်လိုက်လုပ်ဆောင်တာမဟုတ်ပါဘူး။ အစာအိမ်ထဲရောက်လာသမျှကို အတူရောမွှေပြီး အူသိမ်ထဲကို ပို့တာဖြစ်ပါတယ်။လူတစ်ယောက်က အရွယ်ရောက်လာပြီဆိုရင် ဗိုက်ထဲကအစာအိမ်ဟာ ရှိသင့်တဲ့အရွယ်အစားထိ ဖွံ့ဖြိုးနေမှာပါပဲ။ အကြောင်းရင်းတစ်ခုခုကြောင့် ခွဲစိတ်မှုနဲ့မလုပ်ထားသရွေ့ အစာအိမ်က အလိုလိုကျုံ့သွားမှာမဟုတ်ပါဘူး။ အစားလျှော့စားရင်း သိပ်မစားနိုင်တော့တာက အစာစားချင်စိတ်ထိန်းချုပ်မှုကိုပြန်ချိန်ညှိဖို့ အထောက်အကူဖြစ်စေလို့ သိပ်မဆာတော့တာဖြစ်ပါတယ်။“ဘယ်စားနိုင်မလဲ လူကောင်သေးသေးလေးဆိုတော့”ဆိုတဲ့စကား ပြောမိဖူးကြတယ်မလား။ ပိန်တဲ့သူုတွေကို လျှော့တွက်မိကြတယ်လေ။ တကယ်တော့ အစာအိမ်ရဲ့အရွယ်အစားက လူကောင်ကြီးတာ၊ သေးတာ၊ ပိန်တာ၊ ဝတာနဲ့မဆိုင်ပါဘူး။ ကိုယ်တွင်းအင်္ဂါဖွံ့ဖြိုးမှုက လူတစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။ တချို့ပိန်ပိန်လေးတွေက ဝိတ်များတဲ့သူတွေနဲ့တန်းတူအရွယ်အစား သို့မဟုတ် ပိုကြီးတဲ့အစာအိမ်တောင်ရှိနေနိုင်ပါသေးတယ်။ဟိုးအရင်ကတော့ အစာအိမ်အနာဆိုတာ အစားအသောက်တချို့ကြောင့်ဖြစ်ရတာလို့ ဆရာဝန်တွေက ယူဆခဲ့ကြဖူးပါတယ်။ ဒါပေမယ့် အခုတော့ အစာအိမ်အနာဖြစ်စေတာက အကိုက်အခဲပျောက်ဆေးတွေဆက်တိုက်သောက်လွန်းတာ၊H. pyloriလို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် စတဲ့အကြောင်းရင်းတွေကို သိလာကြပါပြီ။ အစားအသောက်ကြောင့် ဖြစ်ရတာချည်းမဟုတ်ဘူးဆိုပေမယ့်လည်း အစာအိမ်အနာကို သက်သာစေ ဒါမှမဟုတ် ပိုဆိုးစေနိုင်တဲ့ အစားအသောက်တွေတော့ရှိပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/%e1%80%a1%e1%80%85%e1%80%ac%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%9c%e1%80%b1%e1%80%b8%e1%80%94%e1%80%b2%e1%80%b7%e1%80%95%e1%80%90%e1%80%ba%e1%80%9e%e1%80%80%e1%80%ba%e1%80%90%e1%80%b2%e1%80%b7/
ကလေးက သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ များ ဖြစ်နေသလား
မေမေတို့ ချစ်ရတဲ့ကလေးတွေကို အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်ရင်း ဒီလိုမေးခွန်းတွေ အများကြီး ခေါင်းထဲ ရောက်ဖူးကြမှာပါ။ ကလေးကြည့်ရတာ အားမရှိသလိုပဲ၊ အာဟာရနည်းနေလို့လား၊ အတွင်း ကလီစာ တစ်ခုခုများ အားနည်းနေလား၊ဗီတာမင်တွေ ချို့တဲ့နေလား၊ သိပ်မထွားသလိုပဲ ဘာများချို့တဲ့နေလဲ‌ စသည်ဖြင့် တွေးပူကြရတယ်ဟုတ်။ ကလေးက နည်းနည်းကစားတာနဲ့ မောပန်းလွယ်နေတယ်၊ အားမရှိသလိုလေး ဖြစ်နေတယ်၊ ဖြူဖတ်ဖြူရော်လေး ဆိုရင် အကြောင်းရင်းတစ်ခုခု ရှိနေတာတော့ အမှန်ပါပဲ။ ဒီနေရာမှာ မေမေတို့ ထည့်စဉ်းစားသင့်တဲ့အချက်ကသံဓာတ် ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ သွေးအားနည်းရောဂါ ပါပဲ။ကလေးမှာ တခြားဓာတ်တွေပြည့်ဝနေလည်း မရှိမဖြစ် အာဟာရဓာတ် တစ်မျိုးဖြစ်တဲ့ သံဓာတ်ချို့တဲ့နေတဲ့အခါ သွေးအားနည်းရောဂါ ဖြစ်လာနိုင်ပါတယ်။ သံဓာတ် ချို့တဲ့တာက စစချင်းမှာ မသိသာပေမယ့်သွေးအားနည်းရောဂါဖြစ်လာတဲ့အခါမှ လက္ခဏာတွေ ထင်ရှားလာတတ်ပါတယ်။ မေမေတို့ ကလေးကို သတိထားကြည့်ရမှာက ကလေးမှာ –။အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့ –။ကိုယ့်ကလေးကို သံဓာတ်အားမနည်းစေဖို့မေမေတို့အားဖြည့်ပေးလို့ရပါတယ်။ ကလေးအတွက် အစာအာဟာရတွေထဲမှာ –။နောက်တစ်ချက်က သံဓာတ်ဖြည့်စွက်ထားတဲ့ဖြည့်စွက်အာဟာရနို့မှုန့်လေးတွေ တိုက်ပေးပါ။ သဘာဝ အစားအသောက်ကရော၊ ဖြည့်စွက်အာဟာရကနေပါ သံဓာတ်ရရှိနိုင်တော့ ချို့တဲ့စရာ အကြောင်းမရှိတော့ပါဘူး။ပြီးရင် ဗီတာမင် စီ ပါဝင်မှုများတဲ့ အသီးအနှံနဲ့ဟင်းသီးဟင်းရွက်တွေပြင်ဆင်ကျွေးပါ။ ဗီတာမင်စီက ကလေးတို့ရဲ့ ခန္ဓာကိုယ်မှာ သံဓာတ်စုပ်ယူနိုင်အောင် အထောက်အကူပေးတယ်လေ။မေမေတို့ရေ… ကလေးတွေမှာ သံဓာတ်အားနည်းချို့တဲ့နေရင် သွေးအားနည်းရောဂါ တင်မကဘဲ ကြာလာတဲ့အခါ ကြီးထွားဖွံ့ဖြိုးမှုကိုပါ နှေးကွေးထိခိုက်စေနိုင်ပါတယ်နော်။ ဒါ့ကြောင့် ကလေးတို့ ခန္ဓာကိုယ်မှာ သံဓာတ်အလုံအလောက် ရရှိအောင် ဂရုစိုက်ပေးကြပါလို့ သတိပေးလိုက်ပါရစေ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/is-your-kid-easily-fatigue-have-you-ever-worried-about-ida/
ဘေဘီလေးအတွက် လွယ်ကူတဲ့ ဗီတာမင် C စားစရာလေးတွေ ပြင်ဆင်ပေးကြမယ်။
ဗီတာမင် Cကိုကိုယ်ခံအားဗီတာမင်လို့ အသိများကြမယ်ထင်ပါတယ်။အအေးမိတာ၊ဖျားနာတာကင်းဖို့ဆိုရင် ဗီတာမင် C များများကျွေးပေးလေဆိုတာကကြားနေကျ စကားလေး တစ်ခွန်းပါ။ ဘာလို့ ကလေးကျန်းမာဖို့ ဗီတာမင် C များမျာကျွေးလို့ ပြောရတာလဲဆိုတာကို ပြောပြပေးသွားပါမယ်။ဗီတာမင် C က ascorbic acid ပါ။ ချဉ်တဲ့ အသီးအနှံတွေ၊ ပန်းသီး၊ဘယ်ရီသီး၊အာလူး၊ ငရုတ်ပွ စတာတွေမှာ ပါဝင်နေတဲ့ဗီတာမင်တစ်မျိုးပေါ့။ဗီတာမင် C က ဘေဘီလေးကို။ဗီတာမင် C ကဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ရပ် ဖြစ်တာကြောင့် ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေ အန္တရာယ်ကနေ ကာကွယ်ပေးပြီး ကျန်းမာစေတယ်။ ကိုယ်ခံအားဆဲလ်တွေကို အားဖြည့်ပေးတယ်။ ဖွံ့ဖြိုးဆဲဘေဘီလေးရဲ့ ကိုယ်ခံအားကိုအကောင်းဆုံး အားဖြည့်ပေးပြီး ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့ ထောက်ကူပေးပါတယ်။ဘေဘီလေးရဲ့ နေ့စဉ် စားသုံးမှုမှာ ဗီတာမင် C ပြည့်ဝစွာ ပါဝင်စေဖို့ အလွယ်ကူဆုံး ပြင်ဆင်ပေးလို့ ရမယ့် အစားအစာလေးတွေကတော့။ကလေးက အချိုကြိုက်တယ်၊ အချိုရည်တွေ သောက်မယ်ဆိုတဲ့အခါ ကျန်းမာရေး ထိခိုက်စေနိုင်တယ်။ ဒီတော့ အလွယ်ကူဆုံးလည်း ဖြစ်မယ်။ ဗီတာမင် C လည်း ကြွယ်ဝဖို့ဆိုရင် ကလေးကို လိမ္မော်သီးလေးတွကို အမွှာလိုက်လေးတွေ ခွာထုတ်ထားတဲ့ အသီးဖတ်လေးတွေနဲ့ လိမ္မော်သီး ဖျော်ရည်လေး ဖျော်ပေးတာပါ။ အလုံးလိုက် အစေ့ထုတ်ပြီးလည်း ကျွေးနိုင်ပါတယ်။ပန်းဂေါ်ဖီစိမ်းကို ထောပတ်နဲ့ ကြက်သွန်ဖြူ ကြိတ်ထားတာလေး သုတ်ပေးပြီး မီးအေးအေးလေးမှာ ကင်ကျွေးတာကလည်း ကလေးကို ဗီတာမင် C ပြည့်ဝစေပြီး ခံတွင်းတွေ့စေမှာပါ။ လွယ်လွယ်ကူကူ ပေါင်းပြီး ဆီလေးစမ်းကျွေးလည်း ရပါတယ်။စတော်ဘယ်ရီသီးကို နွားနို့လေးနဲ့ ခေါက်ပြီး ဖျော်ရည်လုပ်တိုက်တာကလည်း လွယ်ကူရိုးစင်းပြီး ကလေးကို ဗီတာမင် C ပြည့်ဝစေမယ့် နည်းလမ်းကောင်းပါ။ပြုတ်ထားတဲ့ ကြက်သားလေးတွေကို ခပ်သေးသေးလေး တုံးပြီး ပြုတ်ထားတဲ့ အာလူးလေးကို ကြိတ်ခြေလို့ ရောနယ်ပြီး အရွယ်တော်လေးတွေ ကြော်ပေးတာက ကလေးကို အကြိုက်တွေ့စေမယ့် ဗီတာမင် C ကြွယ်ဝတဲ့ စားစရာတစ်ခုပေါ့။ကလေးအများစု စကားသင်စမှာတင် ပြောတတ်တဲ့ apple ပန်းသီးလေးက ရင်သွေးလေးအတွက် ဗီတာမင် C ပြည့်ဝစေမယ့် အစားအစာတစ်မျိုးပါ။ ပန်းသီးလေးကို ရေစင်အောင်ဆေးပြီး အရွယ်တော်လေးတွေ တုံးပေးလို့ ပြင်ဆင်ပေးလို့ ရပါသေးတယ်။မေမေ့ ရင်သွေးလေး ကိုယ်ခံအားကောင်းပြီး ကျန်းမာစေဖို့ဆိုရင် အခုပြောခဲ့တာလေးတွေကို ပြင်ဆင်ပေးလို့ ရပါတယ်။ ဒါတွေက ကလေးတွေလည်း အကြိုက်တွေ့မှာဖြစ်ပြီး လုပ်ပေးရတာလည်း လွယ်ကူပါတယ်။ဒါ​ကြောင့် ဘေဘီလေးကို ရောဂါမျိုးစုံက ကာကွယ်ပေးဖို့  ဗီတာမင် C ပြည့်ဝအောင် ဖြည့်ဆည်းပေးဖို့ အကြံပြု တိုက်တွန်းလိုက်ပါရစေ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-nutrition/%e1%80%98%e1%80%b1%e1%80%98%e1%80%ae%e1%80%9c%e1%80%b1%e1%80%b8%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba-%e1%80%9c%e1%80%bd%e1%80%9a%e1%80%ba%e1%80%80%e1%80%b0%e1%80%90%e1%80%b2%e1%80%b7-%e1%80%97/
နားကို ထိခိုက်မိခြင်း
ပြင်ပကို ထိခိုက်မိတဲ့ ဒဏ်ရာအများစုကတော့ အညိုအမဲစွဲခြင်းနဲ့ ပွန်းပဲ့ခြင်းတို့ပါပဲ။ တကယ်လို့ နားက အလွန်အမင်း ဖောင်းလာတယ်၊ ဆေးကုသမှုလည်း မခံယူလိုက်ဘူးဆိုရင်တော့ သွေးခဲတွေရှိနေနိုင်ပြီး နားကို ထိခိုက်စေနိုင်ပါလိမ့်မယ်။ လက်သည်း၊ နားကြပ်တံ၊ ဆရာဝန်အသုံးပြုတဲ့ နားစမ်းသပ်ကိရိယာ စတာတွေနဲ့ နားအတွင်းပိုင်းကို ထိခိုက်မိရင်တော့ နားထဲမှာ သွေးထွက်သွားတာမျိုးတွေ ရှိတတ်ပါတယ်။ အဲဒါတွေက နည်းနည်းလောက် သွေးထွက်ပြီး ခဏလောက်အတွင်း ပြန်ကျက်သွားပါတယ်။ ခဲတံ၊ ပိုက်၊ ဝါယာ စတဲ့ ရှည်ပြီး ချွန်ထက်တဲ့အရာတခုခုနဲ့ ထိခိုက်မိရင်တော့ နားစည်ပေါက်သွားတာမျိုး ဖြစ်နိုင်သလို၊ အကြားအာရုံကို ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်။• အကြားအာရုံချို့ယွင်းလာမယ်။• နားထဲမှာ ဆူညံသံတွေ ကြားနေရမယ်။အနာကို ဆပ်ပြာ၊ ရေတို့နဲ့ဆေးပါ။ ပိုးသတ်ထားတဲ့ ပတ်တီးတစ်ခုနဲ့ ၁၀ မိနစ်ခန့် ဖိထားပြီး သွေးတိတ်အောင် လုပ်ပါ။ဒီလိုအခြေအနေတွေ ဖြစ်လာရင်တော့ ဆရာဝန်ဆီ ချက်ချင်းပြသပါ။• အရေပြားကွဲသွားပြီး ချုပ်ဖို့ လိုအပ်လာရင်။• နားက ရောင်ကိုင်းနေရင်။• ဆိုးဆိုးရွားရွား နာကျင်ရင်။• ချွန်ထက်တဲ့ အရာတခုခုနဲ့ နားကိုထိုးမိရင်၊ နာနေရင်။• နားထဲကနေ သွေး ၄စက်ထက်ပိုထွက်လာရင်။• နားထဲကနေ ဘယ်လိုကြည်လင်တဲ့ အရည်မျိုးဖြစ်ဖြစ် ထွက်လာရင်။• လမ်းကောင်းကောင်းမလျှောက်နိုင်တော့ရင်။• ဖြစ်တဲ့ဘက်ကနား ကောင်းကောင်းမကြားရတော့ရင်။• သင့်အနေနဲ့ သင့်ကလေးကို ဆရာဝန်ပြဖို့ လိုအပ်တယ်ထင်ရင်။ကျယ်လောင်တဲ့အရာတွေကြောင့် နားမထိခိုက်ဖို့အတွက် နားထဲတခုခု ဆို့ထားတာမျိုး လုပ်သင့်ပါတယ်။သေနတ်ပစ်တာ ဆိုင်ကယ်၊ကားမောင်းတာ၊ စက်ရုံအလုပ်ရုံတွေမှာ လုပ်နေရတာမျိုးတွေဆိုရင် နားကို အမြဲဂရုစိုက်ပါ။ကျယ်လောင်တဲ့သီချင်းတွေကို အချိန်အကြာကြိး နားထောင်တာမျိုး မလုပ်ပါနဲ့။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/nose-conditions/%e1%80%94%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%91%e1%80%ad%e1%80%81%e1%80%af%e1%80%ad%e1%80%b9%e1%80%80%e1%80%b9%e1%80%99%e1%80%ad%e1%81%bf%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ
သက်လတ်ပိုင်းအရွယ် အမျိုးသမီး ၄ ဦးမှာ ၁ ဦးကလိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရဖူးပါတယ်။ အကြမ်းဖျင်းအားဖြင့် အမျိုးသမီး ၈ ဦးမှာ ၁ ဦးနှုန်းဟာ အလုပ်ခွင် ဒါမှမဟုတ် သူတို့ ကျင်လည်ရာ လူမှုပတ်ဝန်းကျင်မှာ နှုတ်အားဖြင့် ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ခံစားရဖူးပါတယ်။ ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေသွေးတိုးရောဂါ ခံစားရနိုင်ခြေများ တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။လေ့လာမှုကို ၇ နှစ်ကြာ လုပ်ဆောင်ခဲ့ပါတယ်။ လေ့လာမှုမှာအမျိုးသမီးအသက် ၅၃ နှစ် ဝန်းကျင် အမျိုးသမီး ၃၃၁၂၇ ဦး ပါဝင်ခဲ့ပါတယ်။ သူတို့တွေကို စလေ့လာစမှာ သူတို့မှာ သွေးတိုးရောဂါအခံ ဒါမှမဟုတ်  သွေးတိုးရောဂါအတွက် ဆေးသောက်နေတာမျိုး မရှိပါဘူး။၇နှစ်ကြာပြီး ၂၀၁၅မှာတော့ လေ့လာမှာမှု ပါဝင်တဲ့ အမျိုးသမီးတွေရဲ့ ၇၁၀၀ခန့် (တနည်းအားဖြင့် ၅ယောက်မှာ ၁ယောက်က) သွေးတိုးရောဂါခံစားနေရတာကို တွေ့ရပါတယ်။လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေက အခြား အမျိုးသမီးတွေထက် သွေးတိုးရောဂါ ခံစားရနိုင်ခြေက ၂၃ ရာခိုင်နှုန်းပိုများနေပါတယ်။  လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှု ကြုံခဲ့ရဖူးသူတွေမှာကတော့ ပုံမှန်ထက် သွေးဆိုးရောဂါ ခံစားရနိုင်ခြေ ၁၂ ရာခိုင်နှုန်း ပိုများနေပါတယ်။ အခြေအနေ နှစ်ရပ်စလုံးကို ခံစားရဖူးတဲ့ အမျိုးသမီးတွေမှာတော့ သွေးတိုးရောဂါ ခံစားရနိုင်ခြေက ၆ ရာခိုင်နှုန်း ပိုများနေပါတယ်။အကြောင်းကတော့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရတာ ထိပါးစော်ကား ခံရတာက အမျိုးသမီးတွေကိုစိတ်ဖိစီးမှုဖြစ်စေပြီး ဒီလို စိတ်ဖိစီးမှုရဲ့ နောက်ဆက်တွဲအနေနဲ့ သွေးတိုးရောဂါ ဖြစ်လာရတာပါ။ နောက်ဆက်တွဲ အနေနဲ့ ထိခိုက်လာတာက နှလုံးကျန်းမာရေးပါ။လေ့လာမှုအရ သိရတာက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရဖူးတဲ့ အမျိုးသမီးတွေမှာ သွေးတိုးရောဂါ ခံစားရနိုင်ခြေ များနေသလို ရုတ်ရက် နှလုံးရပ်တာ နဲ့ လေဖြတ်တာကို ခံစားရနိုင်ခြေလည်း အတော်များနေတယ်ဆိုတာပါ။မကြာသေးခင်က တွေ့ရှိခဲ့တဲ့ လေ့လာတွေ့ရှိမှုအရလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာ၊ နှောင့်ယှက်ခံရတာတွေက စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ခံစားရနိုင်သလို သွေးတိုးရောဂါလိုမျိုး နာတာရှ​ည် ကျန်းမာရေးပြဿနာတွေကိုလည်း ခံစားရနိုင်ပါတယ်။အမျိုးသမီးတွေမှာ သွေးတိုးရောဂါ ခံစားရစေနိုင်တဲ့ နောက်ထပ် အကြောင်းအရင်းတွေကတော့ ခွဲခြားဆက်ဆံခံရတာ၊ အလုပ်ခွင်မှာ နှောင့်ယှက်စော်ကားခံရတာ၊ အလုပ်ခွင်မှာ ထိတွေ့မိနိုင်တဲ့ အဆိပ်အတောက် ဖြစ်စေတဲ့ အရာတွေကြောင့်ပါ။ ဒီအနေအထားတွေက သွေးပေါင်ချိန်ကို မြင့်တက်စေနိုင်ပါတယ်။ဆေးလိပ်သောက်တာ၊ နှလုံးရောဂါရှိတာမျိုး လုံးဝမရှိတဲ့ အမျိုးသမီးတွေဟာအလုပ်ခွင်မှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရတာကြောင့်  ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားခံရမှုတွေကြောင့် သွေးပေါင်ချိန်တွေတက်ပြီး သွေးတိုးရောဂါကို ခံစားကြရပါတယ်။ဒီလို ထိပါးစော်ကားခံရမှုက စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုကို ဖြစ်စေပြီး ရေရှည်မှာ သွေးတိုးတာကို ခံစားရပါတယ်။ သွေးတိုးတာကို အချိန်ကြာမြင့်စွာ ခံစားရမှုက နှလုံးထိခိုက်တာ၊ နှလုံးရောဂါ နဲ့ ရုတ်တရက် နှလုံးရပ်တာတွေကို ခံစားရနိုင်သလို လေဖြတ်တာကိုလည်း ခံစားရစေနိုင်ပါတယ်။လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ကိုယ်ထိလက်ရောက် ခံစားရမှ မဟုတ်ဘဲ နှုတ်အားဖြင့် ပြောဆိုမှုကို ခံစားရတာကလည်း သွေးတိုးတာနဲ့ သွေးတိုးရောဂါရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ခြေ များစေပါတယ်။လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ခံရပြီး နှစ် အနည်းငယ်အကြာမှာ အခုလိုမျိုး ရောဂါတွေကို ခံစားရလေ့ရှိတာပါ။ မျိုးရိုးမရှိသူ၊ ရောဂါဖြစ်နိုင်ခြေရှိတဲ့ နေထိုင်စားသောက်မှုပုံစံ မရှိသူတွေမှာတောင် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကြောင့် သွေးတိုးတာနဲ့ နှလုံးထိခိုက်တာတွေကို ခံစားရနိုင်ပါတယ်။ဒီလေ့လာမှုမှာ ကန့်သတ်ချက်တချို့တော့ ရှိနေပါတယ်။ လေ့လာချက်မှာ ပါဝင်သူအများစုက လူဖြူအမျိုးသမီး၊ သူနာပြုဆရာမတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် ရလဒ်တွေက အမျိုးသမီးတိုင်းကို ကိုယ်စားပြုမှာတော့ မဟုတ်ပါဘူး။  နောက်တစ်ခုက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ဖြစ်တဲ့အချိန်နဲ့ ဘယ်လောက်ထိ ဆိုးရွားခဲ့လဲဆိုတာကို သေချာမသိကြပါဘူး။ ဖြစ်ပြီးတာကို ပြန်မေးပြီး လေ့လာတာဖြစ်တဲ့အတွက် တိကျမှုမှာ အားနည်းနိုင်ပါတယ်။ဒါကြောင့် လေ့လာမှု ဦးဆောင်သူ Lawnက နောက်ထပ်လေ့လာမှုတွေ ပြုလုပ်တဲ့အခါ ဒီအချက်တွေကို ထည့်သွင်းစဉ်းစားပြီး လူမျိုးစုံ အမျိုးသမီးတွေပါဝင်အောင် ထပ်ပြီးလေ့လာရဦးမယ်လို့ ပြောကြားခဲ့ပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/womens-experiences-of-sexual-assault-and-harassment-linked-with-high-blood-pressure/
ဆံပင်အရှည်နှေးလို့ စိတ်ညစ်နေရင် ဒါလေးဖတ်ကြည့်နော်။ ။
ဆံပင်တစ်ခါ ညှပ်ပြီးရင် နောင်တတွေ ဗရပွနဲ့ မညှပ်လိုက်မိရင်ကောင်းသား။ အရင်တုန်းကဆံပင်အရှည်လေးကို ပြန်လိုချင်လိုက်တာဆိုပြီး ဆံပင်ညှပ်ပြီးနောက်ပိုင်း ၁ လလောက်အထိ နေ့တိုင်း အဲဒီ အကြောင်းတွေ ချည်းပဲ ခေါင်းထဲမှာရှိနေတတ်တာ တို့ မိန်းကလေးတိုင်းပါ ။ ခုဆောင်းပါးလေးထဲမှာ ညှပ်လိုက်လို့ တိုသွားတဲ့ ဆံပင်တွေကြောင့် သောက ရောက်နေတဲ့ ပျိုမေတို့အတွက် ဆံပင် အရှည်မြန်စေဖို့ လိုအပ်တဲ့ဗီတာမင်တွေ အကြောင်း ပြောပြပေးတော့မှာပဲ ဖြစ်ပါတယ် ။ ။ဗီတာမင် A– ကိုယ်ခန္ဓါက ဆဲလ်တွေအားလုံး ကြီးထွားဖို့အတွက် ဗီတာမင် A ရှိနေဖို့လိုအပ်ပါတယ်။ ဗီတာမင် A ရဲ့ အရေပြားကို စိုြေ ပစေတဲ့ အာနိသင်ကြောင့်ဦးရေပြားရော သင့်ဆံသားကိုရော စိုပြေတောင်ပြောင်စေမှာ အသေအချာပါ။ဗီတာမင် A ကြွယ်ဝတဲ့ အစားအသောက်တွေကတော့ကန်စွန်းဥ၊မုန်လာဥနီ၊ ရွှေဖရုံသီး၊ဟင်းနုနွယ်၊ ကိုက်လန် ၊ ဥ အမျိုး မျိုး၊ အသည်း ၊ နဲ့ နို့ထွက် ပစ္စည်းတို့ဖြစ်ပါတယ်။ဗီတာမင် B –Biotinလို့ခေါ်တဲ့ဗီတာမင် Bအမျိုးအစားတစ်ခုဟာ ဆံပင် အရှည်မြန်စေဖို့အတွက် အလိုအပ်ဆုံး ဗီတာမင် တစ်ခုဖြစ် ပါတယ်။ ဒါကြောင့်ဆံပင် ကျွတ်တဲ့သူတွေ ကိုကုသတဲ့နေရာမှာ biotin သုံးကြတာပါ။ဗီတာမင် B ကြွယ်ဝတဲ့ အစားအသောက်တွေကတော့ ဗန်ဒါစေ့၊ ပင်လယ်စာ၊ အသားအမျိုးမျိုးနဲ့ အစိမ်းရင့်ရောင်ရှိတဲ့ အသီးအရွက်တွေဖြစ်ပါတယ်။ဗီတာမင် C–Collagenထုတ်တဲ့နေရာမှာ အများကြီး ကူညီပေးတဲ့ ဒီ ဗီတာမင် C လေးဟာ အသားအရေ အိုမင်းရင့်ရော်တာအပြင် ဆံ သားတွေ ကျွတ်တာ၊ ဆံသားအသက်ကြီးတာကိုပါ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ဆံပင်ရှည်ဖို့အတွက် အဓိက လိုအပ် တဲ့သံဓါတ်စုပ်ယူမှု ကိုလည်း အားကောင်းစေပါတယ်။ချဉ်တဲ့ အသီးအနှံတွေ အားလုံးဟာ ဗီတာမင် C ကြွယ်ဝပါတယ်။ဗီတာမင် D– ဗီတာမင် D ဟာ ဆံပင် အမြစ်အိတ် ကို သန်စွမ်းစေလို့ ဆံပင်တွေတော်ရုံဆို မကျွတ်တော့ပါဘူး။ ဒီတော့ ဆံပင်တွေ အရှ ည်မြန်တာပေါ့။ ပြောင်းပြန်အနေနဲ့ကတော့ ဗီတာမင် D ချို့တဲ့တဲ့သူတွေဟာ ဆံပင်ကျွတ်လွယ်တတ်ကြပါတယ်။ဗီတာမင် D ကိုလိုချင်ရင်တော့ မနက်ပိုင်း ၇ နာရီကနေ ၁၀ နာရီအတွင်းက နေရောင်ခြည်ကို ခံပေးဖို့ပဲလိုတာပါ။ဗီတာမင် E–ဓါတ်တိုးဆန့်ကျင်တဲ့ အာနိသင်ကြွယ်ဝတာပြီးစိတ်ဖိစီးမှုကြောင့် ဖြစ်လာတဲ့ ကိုယ်တွင်းက မကောင်းတဲ့ ဓါတုပစ္စ ည်းတွေကို ဓါတ်တိုးဆန့်ကျင်ပေးပါတယ်။ ဒီအာနိသင်ဟာ ဆံသားအပေါ်ကိုလည်း သက်ရောက်တာကြောင့် ဆံပင်တွေ လွယ်လွယ်မကျွတ်တော့ဘဲ အရှည်လည်းမြန်လာစေပါတယ်။ ဒါကြောင့် ဆံပင်ကိုလိမ်းဖို့အတွက် ထုတ်ထားတဲ့ ခေါင်းလိ မ်းဆီတွေကဗီတာမင် Eကို အဓိကထား ထုတ်ထားတာပါ။ဗီတာမင် E ကြွယ်ဝတဲ့ အစားအစာတွေကတော့အစေ့အဆံတွေ၊ နေကြာစေ့နဲ့ ေထာပတ်သီးတို့ပဲဖြစ်ပါတယ်။ဒါတွေကတော့ ဆံပင်တိုသွားလို့ စိတ်ညစ်နေတဲ့ ပျိုမေတွေအတွက် ဆံပင်မြန်မြန်ရှည်လာစေဖို့ လိုအပ်တဲ့ ဗီတာမင် ၅ မျိုးအကြောင်းပဲဖြစ်ပါတယ်။ မြန်မြန် ဆံပင်ရှည်ချင်နေတဲ့သူတွေ ဒါလေးတွေ သိထားဖို့ လိုအပ်တယ်နော် ။ ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/vitamins-for-hair-growth/
ကလေးတွေကို ဖုန်းပေးကိုင်သင့်၊ မကိုင်သင့်
ယနေ့ခေတ်ကြီးထဲမှာမိဘတွေဟာ နှစ်ဦးလုံးလိုလို အလုပ်ထွက်လုပ်တတ်ကြပါတယ်။ ကလေးတွေဟာလည်း အရင်ခေတ်တွေကနဲ့ သိပ်မတူတော့ဘဲ မိဘတွေနဲ့ လက်ပွန်းတတီး သိပ်မရှိကြတော့ပါဘူး။ ကျောင်းချိန်၊ အပြင်သင်တန်းချိန်၊ အားကစားချိန်စသဖြင့် သူတို့လေးတွေဟာ ကိုယ်ပိုင် အချိန်တွေ သီးသန့်ရှိနေတတ်ကြပါတယ်။ ဒီတော့ မိဘတစ်ဦးအနေနဲ့ ကလေးနဲ့ နီးနီးကပ်ကပ်ရှိနေစေဖို့၊ ကလေးအကြောင်းကို အချိန်နဲ့အမျှသိရှိနေဖို့၊ မိဘနဲ့ ကလေးကြား အဆက်အသွယ်မပြတ်စေဖို့အတွက် ဖုန်းတစ်လုံး လိုအပ်ပါတယ်။ ပေးလည်း ပေးထားကြပါတယ်။ ဖုန်းတစ်လုံးဟာ တော်တော်လည်း အသုံးဝင် ပါတယ်။ မိမိရဲ့ကလေးဟာ အခုဘယ်ရောက်နေပြီလဲ၊ ဘာလုပ်နေလဲ၊ အဆင်ရောပြေရဲ့လား ဆိုတဲ့ တစ်နေ့တာလှုပ်ရှားမှုတွေကို ဖုန်းကတစ်ဆင့် သိနိုင်ပါတယ်။သတိထားရမှာကတော့ စမတ်ဖုန်းတစ်လုံး ပေးကိုင်တော့မယ်ဆိုရင် မိမိကလေးရဲ့ အသက်အရွယ် နဲ့ ရင့်ကျက်မှုကို အရင်ဆုံးသိရှိရမှာပါ။စမတ်ဖုန်းတစ်လုံးကို မိဘဆီကနေ ရရှိလိုက်ခြင်းကြောင့် ကလေးတစ်ယောက်မှာ စိတ်ကျေနပ်မှုတွေ ရရှိသွားနိုင်ပါတယ်။ မိမိအတန်းဖော်တွေ၊ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ပြုလုပ်နိုင်မှာ ဖြစ်သလို အပေါင်းအသင်းတွေ ကြားမှာလည်း ပိုပြီးအံဝင်ခွင်ကျ ဖြစ်လာနိုင်ပါတယ်။ဖေဖေမေမေတို့နဲ့လည်းမကြာခဏ ဆိုသလို အဆက်အသွယ်ပြုလုပ်ရင်းယုံကြည်မှုကိုတည်ဆောက်ထားနိုင်ပါတယ်။ကလေးရဲ့ လုံခြုံမှုအပိုင်းကို ကြည့်ရအောင်။စမတ်ဖုန်းတွေဟာအရေးပေါ်အခြေအနေတွေမှာတော်တော်လေးအသုံးဝင်ပါတယ်။မိမိကလေး အန္တရာယ်ရှိနေပြီလို့ ထင်နေတဲ့ အခြေအနေတွေမှာဆိုရင် ကလေးရဲ့တည်နေရာကို ဖုန်းထဲက GPS လုပ်ဆောင်ချက်နဲ့ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ကားမောင်းတတ်တဲ့ ဆယ်ကျော်သက်ကလေးတွေအတွက်လည်း ဒီလုံခြုံရေးစနစ်ဟာ အတော်လေး အသုံးဝင်ပါတယ်။ကလေးတွေဟာ တိုးတက်လာတဲ့ခေတ်ကြီးမှာ သိချင်၊ တတ်ချင်လာကြတာ များပါတယ်။ မိမိတို့သိချင်တဲ့ ဗဟုသုတတစ်ခုကို လူကြီးတွေဆီမှာ တကူးတကမေးမြန်းစရာ မလိုတော့ဘဲGoogleခေါက်လိုက်ရုံနဲ့ချက်ချင်းသိရှိနိုင်မှာပါ။ဘာသာစကားတစ်ခုကိုလေ့လာချင်တဲ့ ကလေးတွေအတွက်လည်းအတော်လေးအသုံးဝင်ပါတယ်။ဖုန်းထဲက အဘိဓာန်(Dictionary)ကိုသုံးပြီး  ရှာဖွေလိုက်ရုံပါပဲ။(၂၀၁၅) ခုနှစ်ကပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ (၈၈)ရာခိုင်နှုန်းသော ကလေးတွေမှာ စမတ်ဖုန်းတစ်လုံးစီရှိနေကြပါပြီ။ ကောင်းတဲ့အချက်တွေရဲ့ အနောက်မှာ ဆိုးကျိုးတွေဟာလည်း ဒွန်တွဲလျက် ရှိနေပါတယ်။အရင်ကတော့ ကလေးတစ်ယောက်ကို အိပ်ပျော်အောင်သိပ်ဖို့ (သို့မဟုတ်) စောစောအိပ်ခိုင်းဖို့ဆိုတာ မိဘတွေအတွက် လွယ်ကူတဲ့ကိစ္စပါ။ ဒါပေမယ့် ခုခေတ်မှာတော့ ခက်ခဲသွားပါပြီ။ လေ့လာချက်တွေဟာ ဖုန်းအသုံးပြုတဲ့ ဆယ်ကျော်သက်ကလေးတွေမှာအိပ်ရေးမဝခြင်းနဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေ ရှိနေတယ်လို့ ထောက်ပြထားပါတယ်။ အိပ်ရေးမဝတဲ့ နောက်ဆက်တွဲကတော့ ကျောင်းမှာလည်း စာကိုသေချာ မလေ့လာနိုင်တော့ပါဘူး။ အဝလွန်ရောဂါလည်း ဖြစ်ဖို့ရာခိုင်နှုန်းများလာပါတယ်။(၂၀၁၄)ခုနှစ်မှာ လေ့လာချက်တစ်ခု ပြုလုပ်ခဲ့ပါတယ်။ လေ့လာချက်မှာ ဖော်ပြထားတာကတော့ (၈၀) ရာခိုင်နှုန်းသော ဆယ်ကျော်သက်တွေဟာ ၎င်းတို့အိပ်ပျော်ဖို့အတွက် မအိပ်ခင်မှာ ဖုန်းကြည့်ကြတယ်လို့ ဆိုထားပါတယ်။ဓာတ်ရောင်ခြည်အန္တရာယ်ကတော့ နောက်ထပ်ကျန်းမာရေးဆိုးကျိုးပါပဲ။ စမတ်ဖုန်းတွေကနေ ဓာတ်ရောင်ခြည်လှိုင်းတွေ ထုတ်လွှတ်ပါတယ်။ ဒါကြောင့် လက်ကနေ ဖုန်းကိုင်ထားသည်ဖြစ်စေ၊ ဖုန်းပြောသည် ဖြစ်စေ၊ အိပ်တဲ့အချိန်မှာ ခေါင်းအနား၊ ခေါင်းအုံးအောက်မှာ ထားသည်ဖြစ်စေ ဓာတ်ရောင်ခြည်တွေကို ခန္ဓာကိုယ်က စုပ်ယူလိုက်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ မလိုလားအပ်တဲ့ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ကလေးတွေမှာ ဖြစ်ပေါ်လာနိုင်တဲ့ ဓာတ်ရောင်ခြည်ဆိုင်ရာ ကျန်းမာရေးပြဿနာတွေကိုတော့ သုတေသနလေ့လာချက် ‌တွေက တိတိကျကျမဖော်ပြနိုင်ကြသေးပါဘူး။ ဒါပေမယ့် ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့တော့ ဖုန်းပြောတဲ့အခါ Speaker ဖွင့်ပြောတာမျိုး၊ ဖုန်းသုံးချိန်လျှော့ခိုင်းတာမျိုးတွေတော့ ပြုလုပ်ထား လို့ရပါတယ်။အင်တာနက်ဟာ ကလေးရဲ့ ပညာရေးနဲ့ ဆက်သွယ်ရေးအတွက် အကောင်းဆုံးရင်းမြစ်ဖြစ်သလို အန္တရာယ်များတဲ့ လက်နက်လည်း ဖြစ်သွားနိုင်ပါတယ်။ ဖုန်းကတဆင့် အင်တာနက်လိုင်းကို ကျယ်ကျယ် ပြန့်ပြန့်သုံးလာနိုင်တဲ့အခါ အင်တာနက်ပေါ်က မကောင်းတဲ့ အကြောင်းအရာတွေ ကလေးတွေဆီ ရောက်ရှိ လာနိုင်ပါတယ်။ Comment မှာ အချင်းချင်းပြစ်တင်ရှုံ့ချတာမျိုး၊ လိမ်လည်တဲ့ကိစ္စမျိုး၊ အသက်အရွယ်နဲ့ မလိုက်ဖက်တဲ့၊ မမြင်သင့် မမြင်အပ်တဲ့ အရာတွေကို မြင်တာမျိုး၊ ညစ်ညမ်းဗီဒီယိုတွေ ကြည့်ရှုတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ Sex Educationကို မှန်ကန်တဲ့နည်းလမ်းနဲ့ မဟုတ်ဘဲ မကောင်းတဲ့ရှုထောင့်က သိရှိပြီး အမှားတွေ ပြုလုပ်လာနိုင်ပါတယ်။ဖုန်းအပြင် ကားပါပေးမောင်းတဲ့ အခါမှာတော့ အန္တရာယ်ဟာ ပိုဆိုးလာပါတယ်။ ကားမောင်းရင်း ဖုန်းပြောတာမျိုးတွေ ပြုလုပ်တဲ့အခါ မတော်တဆမှုတွေ ကြုံတွေ့လာရနိုင်ပါတယ်။ ကားမောင်းရင်း ဖုန်းသုံးတတ်တဲ့ ဆယ်ကျော်သက်ကလေးတွေရဲ့ ယာဉ်မတော်တဆဖြစ်ပွားနိုင်မှုနှုန်းဟာ သာမန်ထက်လေးဆ ပိုမြင့်ပါတယ်လို့ သုတေသနပညာရှင်တွေက ဆိုပါတယ်။ (၂၀၁၅)ခုနှစ်က တွေ့ရှိချက်တစ်ခုမှာတော့ယာဉ်မတော်တဆမှုတွေရဲ့ သုံးပုံတစ်ပုံဟာ ကားမောင်းရင်း ဖုန်းပြောတာတွေ၊ စာတိုပို့တာတွေကြောင့် ဖြစ်ရပါတယ်လို့ ဆိုထားပါတယ်။ဖုန်းတစ်လုံးရဲ့တန်ဖိုးဟာမနည်းလှပါဘူး။ နောက်ဆုံးပေါ်နည်းပညာတွေနဲ့ ဖုန်းတွေဆို ပိုလို့တောင်  စျေးကြီးပါသေးတယ်။ ဒီလိုတန်ဖိုးများလှတဲ့ အရာတစ်ခုကို  ကလေးသေးသေးလေးတွေလက်ထဲ ယုံယုံကြည်ကြည် ထည့်ပေးလိုက်ခြင်းဟာ အတော်လေး အရင်းအနှီးကြီးလှပါတယ်။ စိတ်ကောက်စိတ်ဆိုးပြီး ကိုင်ပေါက်လိုက်တာမျိုးတွေလည်း ဖြစ်နိုင်ပါသေးတယ်။ကလေးကို ဖုန်းဝယ်ပေးသင့်တယ်လို့ သင်ဆုံးဖြတ်ပြီးရင်တော့…။နောက်ဆုံးပေါ်စမတ်ဖုန်းအစား အင်တာနက်သုံးလို့မရတဲ့၊ သုံးလို့မကောင်းတဲ့ ဖုန်းမျိုးရွေးဝယ်ပေးနိုင်ပါတယ် (Keypad ဖုန်းမျိုးတွေပါ)။ အဆက်အသွယ်ရရုံသက်သက် ဝယ်ပေးထားသင့်တယ်လို့ ယူဆရင်ပါ။ကလေးရဲ့အသက်အရွယ်နဲ့ ရင့်ကျက်မှုပေါ်မူတည်ပြီး မော်ဒယ်အမျိုးအစား ရွေးချယ်ဝယ်ယူပေးနိုင်ပါတယ်။ နားလည်သိတတ်တဲ့အရွယ်ဆိုရင်တော့ ဖုန်းကိုလက်ထဲမထည့်ပေးခင်မှာ နှစ်ဦးနှစ်ဖက်သဘောတူ စည်းမျဉ်းမျိုး အရင်ထုတ်လိုက်ပါ။ရေးသားသူ-ဒေါက်တာမှူးခင်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-milestones/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%80%e1%80%ad%e1%80%af-%e1%80%96%e1%80%af%e1%80%94%e1%80%ba%e1%80%b8%e1%80%95%e1%80%b1%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%84/
ကော်ဖီ (သို့မဟုတ်) ကဖိန်းဟာ သံဓာတ်စုပ်ယူခြင်းကို အဟန့်အတားဖြစ်စေသလား
ကော်ဖီဒါမှမဟုတ် ကဖိန်းပါတဲ့ စားသောက်ဖွယ်ရာများကို ယနေ့အခါမှာ လူကြိုက်များလာကြပါတယ်။ ကော်ဖီကတော့ လူကြိုက်အများဆုံး စားကုန်တမျိုးဆိုတာက ငြင်းမရပါဘူး။ ကော်ဖီ (သို့မဟုတ်) ကဖိန်းဟာ အာရုံကြောကို လန်းဆန်းအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ တစ်ဖက်မှာလည်းကဖိန်းဟာ သံဓာတ်လိုအာဟာရဓာတ်တချို့ကို ကိုယ်ခန္ဓာကနေ မစုပ်ယူနိုင်အောင် တားဆီးတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် ကော်ဖီဟာ ရှောင်စရာလားဆိုတာ စဉ်းစားဖို့ ဖြစ်လာပါတယ်။ ယခု ဆက်လက်ဖော်ပြပေးမှာကတော့ ကော်ဖီ (သို့မဟုတ်) ကဖိန်းဟာ သံဓာတ်စုပ်ယူခြင်းကို အဟန့်အတားဖြစ်စေသလား ဆိုတာပါပဲ။သုတေသန အချို့အရ ကော်ဖီနဲ့ ကဖိန်းပါဝင်တဲ့ တခြားအဖျော်ယမကာများဟာ သံဓာတ်စုပ်ယူခြင်းကို လျော့ကျစေတယ်လို့ သိရပါတယ်။ ဥပမာ ဟမ်ဘာဂါတစ်လုံးကို ကော်ဖီတစ်ခွက်နဲ့ သောက်ချိန်မှာ သံဓာတ်စုပ်ယူမှုဟာ ၃၉% ထိ လျော့ကျနိုင်တယ်လို့ ဆိုထားပါတယ်။လက်ဖက်ရည်ဟာလည်း သံဓာတ်စုပ်ယူခြင်းကို လျော့နည်းစေပါတယ်။ ကော်ဖီပြင်းလေ သံဓာတ်စုပ်ယူမှု လျော့နည်းလေ ဖြစ်ပါတယ်။ဒါပေမယ့် ကဖိန်းချည်းပဲသက်သက်နဲ့ သံဓာတ်စုပ်ယူခြင်းကို လျော့နည်းစေခြင်း မရှိပါဘူးလို့လည်း ဆိုပါတယ်။ ကဖိန်းသက်သက်ပဲဆိုရင် အစားအသောက်မှာပါတဲ့ သံဓာတ်ရဲ့ ၆% ကိုပဲ ပေါင်းစပ်ဓာတ်ပြုတယ်လို့ ဆိုပါတယ်။ တခြား အကြောင်းအရင်းတွေကြောင့်ပါ သံဓာတ်စုပ်ယူနိုင်ခြင်းဟာ ဒီထက် ကျဆင်းသွားရတယ်လို့ ဆိုပါတယ်။အရေးကြီးတာကတော့ ကော်ဖီကြောင့် သံဓာတ်စုပ်ယူခြင်းအပေါ် ထိခိုက်မှုရှိမရှိဆိုတာဟာ သင်ဘယ်လောက် သောက်သုံးသလဲ၊ ဘယ်အချိန်သောက်သုံးသလဲဆိုတာပေါ် မူတည်ပါတယ်။ ဥပမာအစာမစားခင်တစ်နာရီလောက်ကြိုပြီး သောက်သုံးခြင်းကြောင့် သံဓာတ်စုပ်ယူခြင်းအပေါ် မထိခိုက်နိုင်ပါဘူး။ကဖိန်းတစ်မျိုးတည်းကတော့ သံဓာတ်စုပ်ယူခြင်းကို သိပ်မထိခိုက်စေပါဘူး။ ကော်ဖီနဲ့ လက်ဖက်ရည်မှာပါဝင်တဲ့ အခြားဓာတ်ပစ္စည်းများဟာလည်း သံဓာတ်အပေါ် သက်ရောက်ပါတယ်။ ဥပမာအားဖြင့် ပေါ်လီဖီနောဆိုတဲ့ ဓာတ်ပစ္စည်းဟာ လက်ဖက်ရည်နဲ့ ကော်ဖီမှာပါဝင်ပြီး သံဓာတ်စုပ်ယူဖို့ အဓိကအဟန့်အတားဖြစ်စေတဲ့ ပစ္စည်းပဲ ဖြစ်ပါတယ်။Chlorogenic acid ဟာ ပေါ်လီဖီနောတမျိုးဖြစ်ပြီး ကော်ဖီ၊ကိုကိုးနဲ့ ဆေးဖက်ဝင်အပင်တချို့မှာ တွေ့ရပြီး သံဓာတ်စုပ်ယူမှုကို ကျဆင်းစေပါတယ်။ ဒါ့အပြင် ကော်ဖီနဲ့လက်ဖက်ရည်မှာ တန်နင်ဆိုတဲ့ ဓာတ်ပစ္စည်းပါဝင်ပြီး သူဟာလည်း သံဓာတ်စုပ်ယူမှုကို ကျစေပါတယ်။သံဓာတ်စုပ်ယူမှုအပေါ်  ထိခိုက်တယ်ဆိုရာမှာ သုံးစွဲတဲ့ပမာဏအပေါ် မူတည်ပါတယ်။ ပေါ်လီဖီနောများလေ သံဓာတ်အရနည်းလေဖြစ်ပါတယ်။ ဥပမာ ကော်ဖီ ဒါမှမဟုတ် လက်ဖက်ရည်တစ်ခွက်မှာ ပေါ်လီဖီနော ၂၀-၅၀ မီလီဂရမ်ပါဝင်ရင် သံဓာတ်စုပ်ယူမှုကို ၅၀-၇၀% ကျဆင်းစေပြီး ပေါ်လီဖီနော ၁၀၀-၄၀၀ မီလီဂရမ်ပါဝင်ရင်တော့ ၆၀-၉၀%ထိ သံဓာတ်စုပ်ယူမှု လျော့နည်းသွားစေပါတယ်။သံဓာတ်ရရှိမှုဟာ စားသုံးတဲ့ အစားအစာတွေအပေါ်လည်း မူတည်ပါတယ်။ သံဓာတ်ကို heme နဲ့ non-heme ဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။ Non-heme ကိုတော့ အပင်များကနေရရှိတဲ့ အစားအစာတွေမှာ အဓိကတွေ့ပါတယ်။ ၂-၂၀%လောက်သာ စုပ်ယူပါတယ်။ Heme သံဓာတ်ကိုတော့ အသားငါးများကနေ ရရှိပါတယ်။ သံဓာတ်ကို ပိုမိုစုပ်ယူပြီး ၁၅-၃၅% စုပ်ယူပါတယ်။ကော်ဖီ (ကဖိန်း)ဟာ အပင်များကရရှိတဲ့ non-heme သံဓာတ်စုပ်ယူမှုကို ပိုမိုကျဆင်းစေပါတယ်။ တိရစ္ဆာန်များမှရရှိတဲ့ heme ကိုတော့ သိပ်ပြီး သက်ရောက်မှုမရှိပါဘူး။ကော်ဖီနဲ့ ကဖိန်းဟာ သံဓာတ်ချို့တဲ့ခြင်းမရှိတဲ့ ပုံမှန်ကျန်းမာရေး ကောင်းသူတွေအပေါ် ဆိုရင် သိသာတဲ့ အကျိုးသက်ရောက်မှု မရှိပါဘူး။ သံဓာတ်ချို့တဲ့သူတွေဆိုရင်တော့ သတိပြုသောက်သုံးရမှာ ဖြစ်ပါတယ်။အချုပ်ဆိုရရင် အစာစားချိန် တချိန်နဲ့တချိန်ကြားပဲ ကော်ဖီသောက်ပါ။ အစာအစားချိန်နဲ့ အနည်းဆုံး တစ်နာရီခွာပြီးမှ ကော်ဖီ လက်ဖက်ရည်သောက်ပါ။အသား၊ ငါးများများစားပါ။ သံဓာတ်စုပ်ယူမှုကို ပိုမိုအားကောင်းစေတဲ့ဗီတာမင် စီပါဝင်တဲ့ အစားအစာတွေကို ပုံမှန်စားသုံးနေကြ စားသောက်ဖွယ်ရာတွေနဲ့အတူ တွဲဖက်စားသုံးပါ။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/anaemia/coffee-caffeine-iron-absorption/
Erythema nodosum (အရီသီးမား နိုဒိုဆမ်မ်)
Erythema Nodosum ဆိုတာဟာ ယောင်ရမ်းနာကျင်စေတတ်သည့် အနီရောင်(သို့)ခရမ်းရောင် အနာဖုများ ဖြစ်ပွားတတ်သော အရေပြားရောဂါတစ်မျိုးဖြစ်ပြီး ခြေသလုံးရှေ့ဘက်ပိုင်းတွင် အများဆုံးတွေ့ရတတ်ပါတယ်။ တခါတရံ ထိုအနာဖုများသည် အခြားခန္ဓါကိုယ်အစိတ်အပိုင်းများတွင်လည်း ဖြစ်ပေါ်တတ်ပါတယ်။အဆိုပါရောဂါဟာ panniculitis လို့ခေါ်တဲ့ အရေပြားအောက် အဆီလွှာယောင်ရမ်းခြင်းကြောင့်ဖြစ်ပေါ်သော ရောဂါများထဲမှ တွေ့ရအများဆုံး ရောဂါပုံစံမျိုးဖြစ်ပါတယ်။ ရောဂါပိုးတစ်မျိုးမျိုးကို သင့်ခန္ဓါကိုယ်က ခုခံတံု့ပြန်မှု(သို့) သင် သုံးစွဲထားတဲ့ ဆေးဝါးတစ်ခုခုရဲ့ အာနိသင်တုံ့ပြန်မှုကြောင့် ယခုလို ဖြစ်ပွားတတ်ပါတယ်။Erythema Nodosum ဟာ အလွန်တွေ့ရများပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။တွေ့ရများတဲ့ရောဂါလက္ခဏာတွေကတော့ အဓိကအားဖြင့် ခြေထောက်အောက်ဖက်ပိုင်းမှာဖြစ်ဖြစ်တတ်တဲ့ အလွန်နာသော အနီရောင်အနာဖုများဖြစ်ပါတယ်။ တခါတရံ ထိုအနာဖုများဟာ သင့်ရဲ့ ပေါင်၊လက်မောင်း၊ ခန္ဓါကိုယ်နဲ့ မျက်နှာမှာလည်း ဖြစ်ပေါ်တတ်ပါတယ်။ထိုအနာဖုလုံးများဟာ လက်မဝက်မှ လေးလက်မအရွယ်အထိ ရှိနိုင်ပါတယ်။ သင့်ခန္ဓါကိုယ်အနှံ့အပြားမှာ အနာဖု နှစ်ခုကနေ အခုငါးဆယ်အထိ ပေါ်နိုင်ပါတယ်။ ထိုအနာဖုများဟာ အလွန်နာပြီးပူနွေးနေတတ်ပါတယ်။ သက်သာလာတဲ့အခါ အနီရောင်ကနေ ခရမ်းရောင်အဖြစ်ပြောင်းလဲသွားပြီး သွေးခြေဥနေသည်နဲ့ တူပါတယ်။ ထို့နောက် အနာဖုများဟာ တဖြည်းဖြည်းနဲ့ ချပ်ရပ်လာမှာဖြစ်ပါတယ်။ အနာဖုများဟာ နှစ်ပတ်လောက်အထိ ကြာအောင် ပေါ်တတ်ပါတယ်။ အနာဖုအသစ်တွေကတော့ ရက်သတ္တပတ် ခြောက်ပတ်လောက်အထိ ဆက်ပေါ်နေတတ်ပါတယ်။အခြားရောဂါလက္ခဏာတွေကတော့-။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ရောဂါဖြစ်ပွားသူတွေရဲ့ တစ်ဝက်လောက်ဟာ ဘာလို့ဖြစ်ပွားရသလဲဆိုတာကို မသိသေးပါဘူး။ သင့်ကို ရောဂါပိုးတစ်ခုခ ဝင်ရောက်ပြီးလျှင်သော်လည်းကောင်း၊ ဆေးဝါးအချို့ကို သုံးစွဲပြီးလျှင်သော်လည်းကောင်း erythema nodosum ရောဂါဖြစ်ပွားတတ်ပါတယ်။ ဆရာဝန်တွေက သင့်ခန္ဓါကိုယ်ဟာ ရောဂါပိုးတွေ၊ ဆေးဝါးတွေအပေါ်ကို တုန့်ပြန်မှုလွန်ကဲတာကြောင့် ဖြစ်ပွားတယ်လို့ ပဲ လက်ခံထားပါတယ်။ဖြစ်ပွားရတဲ့အကြောင်းအရင်းတွေကတော့-။အသက် နှစ်ဆယ်မှ လေးဆယ်အတွင်းရှိသူများ တွင်အများဆုံးတွေ့ရတတ်သည်။ အမျိုးသမီးများဟာ အမျိုးသားများထက် ခြောက်ဆ ပိုမိုဖြစ်ပွားနိုင်ပါတယ်။ သို့သော်လည်း အဆိုပါရောဂါကို အသက်အရွယ်မရွေး ကျားမ မရွေး တွေ့ရတတ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။သင့်ဆရာဝန်ဟာ သင့်ကျန်းမာရေးရာဇဝင်၊ သင့်ရဲ့ လတ်တလော ရောဂါပိုး ဝင်ရောက်ထားတဲ့လက္ခဏာရှိမရှိ၊ အချို့သောဆေးဝါးများ အသုံးပြုထားခြင်းရှိမရှိကို မေးမြန်းပါလိမ့်မယ်။ ထို့နောက် သင့်ဆရာဝန်က အနာဖုများကို စစ်ဆေးပါလိမ့်မယ်။သင့်ခန္ဓါကိုယ်မှာ ယောင်ရမ်းတဲ့လက္ခဏာရှိမရှိကို သွေးစစ်ဆေးမှု လုပ်ရနိုင်ပါတယ်။ အခြားသွေးစစ်ဆေးမှုအနေနဲ့ကတော့ တီဘီရောဂါနဲ့ အခြားရောဂါပိုးများ ရှိမရှိ စစ်ဆေးရနိုင်ပါတယ်။ လည်ပင်းအချဲွ ပိုးမွေးပြီး လေးဖက်နာပိုးရှိမရှိ စစ်ဆေးရနိုင်ပါတယ်။အခြားစစ်ဆေးမှုတွေအနေနဲ့။ရောဂါပိုးဝင်ရောက်ပြီးနောက်ပိုင်းမှာ ဖြစ်ပွားတာဆိုရင် သင့်ဆရာဝန်က သင့်လျော်တဲ့ပိုးသတ်ဆေးသောက်ဖို့ ညွှန်းဆိုပါလိမ့်မယ်။ ဆေးကြောင့်ဖြစ်ပွားတာဆိုရင်တော့ သင်ဟာ အဲဒီဆေးကို ဆက်လက် မသုံးစွဲပဲ နေလိုက်ရုံပါပဲ။အောက်ပါဆေးတွေကတော့ နာကျင်မှုနဲ့ အခြားလက္ခဏာတွေအတွက် ရောဂါပျောက်ကင်းသည့်တိုင်အောင် ကူညီပါလိမ့်မယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/erythema-nodosum-%e1%80%a1%e1%80%ba%e1%80%9b%e1%80%ae%e1%80%9e%e1%80%ae%e1%80%b8%e1%80%99%e1%80%ac%e1%80%b8-%e1%80%94%e1%80%ad%e1%80%af%e1%80%92%e1%80%ad%e1%80%af%e1%80%86%e1%80%99%e1%80%ba%e1%80%99/
သွေးဆုံးကိုင် ပျောက်ဆေး တကယ်ရှိရဲ့လား!
သွေးဆုံးတယ်ဆိုတာက အမျိုးသမီးတွေ အသက်အရွယ် တစ်ခုရောက်တဲ့ အချိန်မှာ ရှောင်လွှဲလို့ မရဘဲ ရင်ဆိုင်ရမယ့် ကျန်းမာရေး အခြေအနေ တစ်ရပ်ပါ။ အသက် ၄၅ နှစ်နဲ့ ၅၀ အကြားမှာ ဖြစ်တတ်ပါတယ်။ ဒီလို အခြေအနေမှာ ခံစားရတဲ့ ကျန်းမာရေး အခြေအနေကိုသွေးဆုံးကိုင်တယ်ခေါ်တာပါ။သွေးဆုံးတာက ချက်ချင်းသလို ဖြစ်လာတာ မဟုတ်ဘဲ သွေးမဆုံးခင်မှာ လက္ခဏာလေးတွေ ခံစားရနိုင်ပါတယ်။ ဒါတွေကို ကြည့်ပြီး သွေးဆုံးတော့မှာလား ဆိုတာကို ဆုံးဖြတ်တာပါ။ ဒီ လက္ခဏာတွေက အမျိုးသမီး တစ်ဦး နဲ့ တစ်ဦးမှာ ကွာခြားနိုင်သလို သွေးဆုံး လက္ခဏာ ခံစားရတဲ့ ကာလလည်း မတူကြပါဘူး။ဒီတစ်ခေါက်မှာ ပြောချင်တာကတော့ ဒီအခြေအနေတွေကို သက်သာစေဖို့အတွက် သောက်သုံးလို့ရတဲ့ သွေးဆုံးကိုင် ပျောက်ဆေး တကယ်ရှိရဲ့လား! ဆိုတာပါ။ အဖြေလေးကို သိရှိနိုင်စေဖို့ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။များသောအားဖြင့်တော့သွေးဆုံးတဲ့ လက္ခဏာတွေကို သွေးမဆုံးခင် လ အနည်းငယ် ဒါမှမဟုတ် နှစ် အနည်းငယ် အလိုမှာ စခံစား ရတတ်ပါတယ်။ အကြမ်းဖျင်းအားဖြင့်တော့ သွေးဆုံး လက္ခဏာက သွေးမဆုံးခင် ၄ နှစ် လောက် အလိုမှာ စပြတတ် ပါတယ်။ အချို့ အမျိုးသမီးတွေဆို သွေးမဆုံးခင် ၁၂ နှစ်လောက်အလိုကနေစပြီး သွေးဆုံးတော့မယ့် အရိပ်အယောင်တွေကို ခံစားကြရတာပါ။သွေးဆုံး တာက ရုတ်တရက် မဖြစ်နိုင်ဘူး ဆိုပေမယ့် မျိုးပွားအင်္ဂါတွေမှာ ကင်ဆာဖြစ်လို့ ကုသမှု တစ်ရပ်ရပ်ကို ခံယူရမယ်၊ သားအိမ်ကို ဖယ်ထုတ် ရတာမျိုး ဖြစ်မယ် ဆိုရင်တေ့ ရုတ်တရက် သွေးဆုံးတာမျိုး ဖြစ်နိုင်ပါတယ်။အသက် ၄၀ ကျော် ကနေ အသက် ၅၀ ကျော် ကာလတွေမှာ သွေးဆုံးခါနီး လက္ခဏာတွေ ဖြစ်ကြတဲ့ အခုလို လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။သွေးဆုံးချိန်မှာ ခန္ဓာကိုယ်ထဲက ဟော်မုန်း​တွေ လျော့နည်းသွားတာကြောင့်လည်း သွေးဆုံးချိန်မှာ ဇီဝက္မဖြစ်စဉ် လုပ်ဆောင်မှု နှေးကွေးသွားပြီး ကိုယ်တွင်းကို ရောဂါတွေ ဝင်ရောက်လာတာပါ။ ဒီလို ရောဂါ ဝင်ရောက်လာတာကိုပဲ သွေးဆုံးကိုင်တယ်လို့ ခေါ်ဝေါ်ကြတာပါ။သွေးဆုံးချိန်မှာ ခံစားရတဲ့ ကျန်းမာရေး ပြဿနာတွေကို သက်သာစေနိုင်တဲ့ သွေးဆုံးကိုက် ပျောက်ဆေး တကယ်ရှိလား! ဆိုတော့ သွေးဆုံးကိုင် ပျောက်ဆေးလို့တော့ မရှိပါဘူး။ သွေးဆုံးကိုင်တာကို သက်သာစေဖို့ အတွက်တော့ ဟော်မုန်းအစားထိုး ကုထုံး ခံယူတာက အကောင်းဆုံးပါ။ဟော်မုန်းအစားထိုး ကုထုံး [HRT] ကုထုံးက သွေးဆုံးချိန် ခန္ဓာကိုယ်ထဲမှာ လျော့နည်းသွားတဲ့ ဟော်မုန်းတွေကို ပြန်အစားထိုးကုသတဲ့ ကုထုံးပါ။ သွေးဆုံးချိန်မှာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲမှာestrogen နဲ့ progesterone ဟော်မုန်းတွေ နည်းသွားပါတယ်။ ဒီလို ဟော်မုန်းတွေ နည်းသွားတာက ညဘက်မှာ ချွေးစေးတွေ ပြန်တာ၊ ပူစပ်ပူလောင် ဖြစ်တာ၊ မိန်းမကိုယ် ခြောက်သွေ့တာမျိုးတွေ ဖြစ်စေနိုင်သလို အရိုးပါးတာ၊ အရိုးပွတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုမျိုး ဟော်မုန်း နည်းသွားတာကြောင့် ဖြစ်လာတဲ့ အခြေအနေတွေကို သက်သာစေဖို့အတွက် ဟော်မုန်းကုထုံးကို ခံယူလို့ ရပါတယ်။ဟော်မုန်းအစားထိုး ကုထုံး [HRT] က သွေးဆုံးချိန် ခံစားရတဲ့ ဝေဒနာ နဲ့ သွေးဆုံးချိန် မတိုင်ခင်မှာ ခံစားရတဲ့ ဝေဒနာတွေ သက်သာစေဖို့အတွက် သုံးလေ့ရှိတဲ့ ကုထုံးပါ။ ကုထုံး မခံယူခင်မှာတော့ ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ဖို့ လိုပါမယ်။HRT ကုထုံးမှာ oestrogen ဟော်မုန်းကိုပဲ သီးသန့် အစားထိုး တာမျိုးရှိသလို ဟော်မုန်း ၂ မျိုးပေါင်းစပ် အစားထိုးတာမျိုးလည်း ရှိပါတယ်။Oestrogenကို များသောအားဖြင့်က။တကယ်လို့ သားအိမ် ရှိဦးမယ်ဆိုရင်တော့ သားအိမ်နံရံတွေကို oestrogen ကြောင့် ထူထဲလာတာမျိုး မဖြစ်အောင် ကာကွယ်ဖို့အတွက် progesterone ကို ရရှိဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။ ဒီလိုအခါမျိုးမှာ ဟော်မုန်း ၂မျိုးပေါင်းသုံးသင့်ပါတယ်။ ဒီဟော်မုန်း ၂ မျိုး ပေါင်းစပ်ပါဝင်နေတဲ့ ကုထုံးကို ဟော်မုန်းအစားထိုး ကုထုံး [HRT] လို့ ခေါ်တာပါ။Progesterone ဟော်မုန်းကို။ဟော်မုန်းအစားထိုး ကုထုံး [HRT]ရဲ့ အဓိက ကောင်းကျိုးကတော့ သွေးဆုံးချိန် မတိုင်ခင် ကာလတွေနဲ့ သွေးဆုံးချိန်မှာ ခံစားရနိုင်တဲ့ အရေပြားတွေ ပူစပ်ပူလောင် ဖြစ်တာ၊ ဦးနှောက် ထိုင်းမှိုင်းသွားတာ၊ အဆစ်တွေ နာတာ၊ စိတ်ခံစားမှု ပြောင်းလဲတာ၊ မိန်းမကိုယ် ခြောက်သွေ့တာလိုမျိုး ကျန်းမာရေးပြဿနာတွေ သက်သာစေဖို့ ထောက်ကူပေးပါတယ်။ဒီကုထုံး ခံယူပြီးချိန်မှာ ပူစပ်ပူလောင် ဖြစ်တာ၊ ညဘက်ချွေးစေးတွေ ပြန်တာတွေက ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ သက်သာသွားမှာပါ။ အခြား လက္ခဏာတွေ ဖြစ်တဲ့ စိတ်ခံစားမှု ပြောင်းတာနဲ့ မိန်းမကိုယ် ခြောက်သွေ့တာတွေကတော့ လအနည်းငယ် အကြာမှာ သက်သာသွားမှာပါ။ဟော်မုန်းအစားထိုး ကုထုံး [HRT] က ဟော်မုန်း​ကြောင့် ဖြစ်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်တဲ့ အရိုးပွတာ နဲ့ နှလုံးရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ဟော်မုန်းအစားထိုး ကုထုံး [HRT] မှာ ဟော်မုန်းဘေးထွက်ဆိုးကျိုး ရှိနိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူနိုင်ပါဘူး။ ဒါကြောင့် အပေါ်မှာ ပြောခဲ့သလိုပဲ ကုထုံး မခံယူခင်မှာ ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ လိုပါမယ်။ဘေးထွက်ဆိုးကျိုးအနေနဲ့။ဒါကြောင့် HRTကို နှစ်ရှည်ပေးလေ့လည်း မရှိပါဘူး။ ဆေးပေးပြီးရင်လည်း ရက်ချိန်းမှန်မှန်ပြရပါတယ်။အကောင်းဆုံးကတော့ သွေးဆုံးကိုင်လက္ခဏာတွေကို လူနေမှုပုံစံပြောင်းလဲတာ၊ အစားအသောက် အနေအထိုင် ပြုပြင်တာနဲ့ ကုသတာပါ။ ဘာကြောင့်လဲဆိုတော့ အများစုက နှစ်အနည်းလောက်မှာ အလိုလိုသက်သာသွားတာ၊ ကျင့်သားရသွားတာတွေ ဖြစ်လို့ပါ။ဒါတွေနဲ့ မရတော့ဘူး။ လူနာကလည်း ကျန်းမာရေးအခြေအနေအရ လိုအပ်တယ်ဆိုမှသာ HRT ကုထုံးကို စဉ်းစားတာပါ။ HRTက သွေးဆုံးကိုင်လက္ခဏာတွေအတွက် ဦးစားပေး ကုထုံးတော့ မဟုတ်သေးပါဘူး။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menopause/is-there-medication-to-help-with-menopause/
ကျန်းမာချင်ရင် ငါးစားပေးပါ
လူတော်တော်များများက ငါးစားရင်အရိုးစူးမှာကိုတွေးကြောက်ပြီး ငါးမစားကြပါဘူး။ ငါးက ကြက်သားတွေ၊အမဲသားတွေလိုမျိုး စားရတာအရမ်းကြီး အဆင်မပြေပေမယ့် ခန္ဓာကိုယ်အတွက်ကတော့တော်တော်လေး အကျိုးရှိပါတယ်။ ငါးစားပေးပါ ၊ ငါးစားရင် ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိနိုင်လဲဆိုတာကိုပြောပြပေးပါရစေ။ငါးမှာကယ်လ်လိုရီပါဝင်မှုနည်းပြီး ပရိုတင်းပါဝင်မှုများတာကြောင့် ဦးနှောက်အတွက် အကျိုးပြုပါတယ်။ ငါးမှာ ခန္ဓါကိုယ်အတွက် မရှိမဖြစ်အရေးပါတဲ့omega-3 fatty acid လည်းပါဝင်ပါတယ်။ လူရဲ့ခန္ဓယကိုယ်ကomega-3 fatty acid ကိုမထုတ်လုပ်နိုင်ပါဘူး။လေ့လာမှုတွအရomega-3 fatty acid က နှလုံးကိုကျန်းမာစေနိုင်သလို ခန္ဓါကိုယ်ကျန်းမာရေးအတွက်လည်းအရေးပါပါတယ်။ ငါးကိုမကြိုက်ဘူး ဆိုရင်တောင်မှ ခန္ဓါကိုယ်ကျန်းမာစေဖို့အတွက် တစ်ပတ်ကို တစ်ကြိမ် နှစ်ကြိမ်လောက်တော့ ငါးစားပေးသင့်ပါတယ်။ကျန်းမာချင်ရင် ငါးစားပေးပါ လို့ ပြောရတဲ့ အကြောင်းအရင်းက။လေ့လာမှုတွေအရ တစ်ပတ်ကိုတစ်ကြိမ်ပုံမှန် ငါးစားသုံးတဲ့သူတွေက ပုံမှန်ထက် နှလုံးရောဂါဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်းနည်းနေတယ်၊လို့တွေ့ရှိခဲ့ရပါတယ်။ ငါးလုံးဝမစားသူတွေက ရံဖန်ရံခါ ငါးစားသူတွေထက် နှလုံးရောဂါဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းခန့်ပိုများနေတတ်တယ်လို့လည်း သိရပါတယ်။ ငါးမှာပါတဲ့omega-3 fatty acid က နှလုံးရောဂါခံစားရနိုင်ခြေကို ကျဆင်းစေတာပါ။တစ်ပတ်မှာ တစ်ကြိမ်လောက် ငါးစားသုံးပေးမယ်ဆိုရင် ဦးနှောက်နဲ့မှတ်ဉာဏ်စွမ်းရည်ကိုကောင်းမွန်စေနိုင်ပါတယ်။ ငါးကိုကြော်စားတာထက် ဟင်းချက်စားတာ၊ပေါင်းစားတာက ကျန်းမာရေးနဲ့ပိုသင့်တော်ပါတယ်။ ငါးက ဦးနှောက်ဆဲလ်တွေကို ကျန်းမာစေနိုင်ပါတယ်။ မှတ်ဉာဏ်ကောင်းပြီး သင်ယူမှုအားကောင်းချင်သူတေါအတွက် ငါးက အသင့်တော်ဆုံးအစားအစာပါ။အရေပြားနဲ့ဆံသားကိုကျန်းမာစေနိုင်တယ်။အရေပြားနဲ့ဆံသားကျန်းမာစေဖို့အတွက် ခန္ဓါကိုယ်မှာ ကျန်းမာတဲ့ အဆီပြည့်ဝနေဖို့လိုပါမယ်။ အဆီပြည့်ဝနေမှ အသားအရေက မွဲခြောက်မှုကင်းစင်မှာပါ။ ငါးမှာပါတဲ့omega-3 က ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီဖြစ်တာကြောင့် စားသုံးဖို့သင့်တော်ပါတယ်။ ဒါတင်မကသေးပါဘူး၊omega-3 ကအသားအရေကို အားဖြည့်ပေးသလို ဆံသားကိုလည်း ကျန်းမာသန်စွမ်းစေပါတယ်။လေ့လာမှုတွေအရ ငါးမှာပါတဲ့ omega-3 ကစိတ်ဖိစီးမှုကိုလျော့ပါးသက်သာစေနိုင်တယ်လို့သိရပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အနေနဲ့ တစ်နေ့ကိုomega-3 ၃၀၀ မီလီဂရမ်စားသုံးပေးမယ်ဆိုရင် ကိုယ်ဝန်ဆောင်ကာလအတွင်းခံစားရနိုင်တဲ့ စိတ်ကျရောဂါကို သက်သာစေနိုင်တယ်ဆိုပါတယ်။ဆယ်လ်မွန်ငါးမှာပါတဲ့EFA omega-3 နဲ့ ငါးကနေရရှိနိုင်တဲ့ အခြားအာဟာရဓါတ်တွေက ကလေးငယ်ရဲ့ ဥိးနှောက်ဖွံ့ဖြိုးမှုကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။omega-3 စားသုံးပေးတာက ကလေးငယ်တွေမှာ ADHDရောဂါလက္ခဏာတွေမဖြစ်အောင် လုပ်ဆောင်ပေးနိုင်တယ်၊လို့ ကျွမ်းကျင်သူတွေကလေ့လာတွေ့ရှိခဲ့ပါတယ်။ငါးစားပေးပါ ၊အမျိုးအစား- ၁ ဆီးချိုရောဂါလိုမျိုး နာတာရှည်ဝေဒနာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။omega-3 က ကလေးငယ်လေးတွေမှာလည်း အမျိုးအစား-၁ ဆီးချိုရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်သလိုလေးဖက်နာဝေဒနာနဲ့ အာရုံကြောထိခိုက်ပျက်ယွင်းတဲ့ဝေဒနာတွေခံစားရနိုင်ခြေကိုလည်းလျော့ကျစေနိုင်ပါတယ်။ပန်းနာရင်ကျပ်ရောဂါဆိုတာက နာတာရှည်လေပြွန်ရောင်ရမ်းနေတဲ့အနေအထားတစ်ရပ်ပါ။ အခုနောက်ပိုင်း ပန်းနာရင်ကျပ်ရောဂါ ခံစားရသူအရေအတွက်ကတော်တော်လေးတိုးလာနေပါတယ်။လေ့လာမှုတွေအရ ငါးပုံမှန်စားသုံးပေးတဲ့ ကလေးငယ်တွေမှာ ပန်းနာရင်ကျပ်ရောဂါဖြစ်နိုင်ခြေက ပုံမှန်ထက် ၂၄ ရာခိုင်နှုန်းပိုနည်းတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ကလေးငယ်လေးတွေမှာ ငါးများများစားလေလေ ပန်းနာရင်ကျပ်ရောဂါ ဖြစ်နိုင်ခြေနည်းလေလေပါ။လူကြီးတွေမှာဖြစ်တဲ့macular degeneration(မြင်လွှာအလယ်ရောင်ခြယ်ပျက်သုဉ်းခြင်း) က အမြင်အာရုံထိခိုက်ဆုံးရှုံးရတဲ့ အဓိကအကြောင်းအရင်းပါ။ အသက်အရွယ်ရလာတာနဲ့အမျှ အမြင်အာရုံက တဖြည်းဖြည်း အားနည်းလာပါတယ်။ ငါးမှာပါတဲ့ omega-3 fatty acid ကမြင်လွှာအလယ်ရောင်ခြယ်ပျက်သုဉ်းခြင်း မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ငါးပုံမှန်စားသုံးပေးမယ်ဆိုရင် အမျိုးသမီးတွေမှာ အမြင်အာရုံထိခိုက်တာကို ၄၂ ရာခိုင်နှုန်းအထိကျဆင်းစေနိုင်သလို အမြင်အာရုံဆိုင်ရာကြွက်သားတွေထိခိုက်နိုင်ခြေကိုလည်း ၅၃ ရာခိုင်နှုန်းအထိကျဆင်းစေနိုင်ပါတယ်။ လူကြီးတွေမှာ အမြင်အာရုံထိခိုက်တာမဖြစ်စေဖို့ တစပတ်တစ်ကြိမ်လောက် ငါးကျွေးပေးပါ။အခုခေတ်မှာ ညအိပ်မပျော်ရတဲ့အကြောင်းအရင်းတွေကတော်တော်လေးများလာပါတယ်။ ညဘက်အိပ်မပျော်တာက အကြောင်းအရင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ခန္ဓါကိုယ်ထဲမှာ ဗီတာမင် D နည်းရင်လည်း အိပ်မပျော်တာဖြစ်နိုင်ပါတယ်။ တစ်ပတ်မှာ ဆယ်လ်မွန်ငါး ၃ ကြိမ်ထက်ပိုစားသုံးပေးမယ်ဆိုရင် ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် D ကိုရရှိမှာဖြစ်ပါတယ်။ငါးစားတာကလေဖြတ်နိုင်ခြေကို ကျဆင်းစေပြီး ဦးနှောက်ကိုကျန်းမာစေနိုင်ပါတယ်။ ငါးမှာပါတဲ့omega-3 fatty acid ကလေဖြတ်နိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။အခုလောက်ဆိုရင် ငါးစားတာက ခန္ဓါကိုယ်ကို ကျန်းမာစေတယ်၊လို့ဘာကြောင့်ပြောရတာလဲဆိုတာကို သိလောက်ပြီထင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/benefits-of-fish-eating/
ကျောက်ကပ်ဝေဒနာရှင်တွေ မတည့်ပေမယ့် ဆေးဖက်ဝင်တဲ့ စောင်းလျားသီး
ကြယ်တာရာလို့တောင် အမည်ပေးတင်စားထားတဲ့စောင်းလျားသီးဟာ လှီးဖြတ်လိုက်တဲ့အခါမှာ တကယ်လည်း ကြယ်ပွင့်ပုံစံပါပဲ။ အရသာက ချဉ်ပြုံးပြုံးနဲ့ အရည်ရွှမ်းပြီး စားကောင်းတဲ့ အသီးတစ်မျိုးပါ။ သွားကျိန်းလို့ မစားရဲကြဘူးဆိုသူတွေတောင်စောင်းလျားသီးယို၊စောင်းလျားသီးနဲ့ချဉ်စပ်နှပ်ထားတဲ့လက်ဖက်တို့ကို စားရင်ကြွေသွားနိုင်ပါတယ်။စောင်းလျားသီးမှည့်ပြီဆို ချဉ်ပြုံးပြုံးအရသာလေးမှာ သကြားခတ်ထားသလို အရသာနဲ့ တကယ်ကိုစားလို့ကောင်းပါတယ်။ဒါပေမယ့် ဟိုးအရင်ကအိမ်ရှေ့တွေမှာ စိုက်ထားတတ်တဲ့စောင်းလျားပင်လေးတွေက အခုတော့ရှားပါးနေပါပြီ။ အပင်ရှိနေသေးတဲ့အိမ်တွေမှာဆိုလည်း တန်ဖိုးမစား၊ သိပ်မစားကြတော့ လမ်းပေါ်မှာပြန့်ကျဲ။ တကယ်တော့ တန်ဖိုးမကြီးတဲ့ သဘာဝအသီးအနှံ၊အပင်လေးတွေကဆေးဖက်ဝင်တာ လူသိနည်းကြပါတယ်။ ဥပမာ ငယ်ငယ်ကဆော့ကြ၊စားကြတဲ့ဗောက်သီးကဆေးဖက်ဝင်မှန်းသိလာတဲ့အခါ နိုင်ငံခြားမျိုးတွေကိုဈေးကြီးပေးပြီးမှာယူကြတယ်။ အခုလို တန်ဖိုးမထားကြတဲ့ သဘာဝဆေးဖက်ဝင်အသီးလေးတွေကို တန်ဖိုးသိလာတဲ့အခါ လွယ်လွယ်နဲ့ရှာဝယ်လို့မရနိုင်တော့ဘူး၊ဈေးကြီးပေးပြီးလိုက်ဝယ်ရတော့တာပါပဲ။ ခုတော့ အရမ်းမရှားသေးခင် တန်ဖိုးထားပေးလိုက်ပါ။စောင်းလျားသီးက ဘယ်လိုအဖိုးတန်လဲဆိုတော့ …။အရွယ်တော် စောင်းလျားသီးတစ်လုံး (၉၁ ဂရမ်ခန့်)မှာဗီတာမင် Cကအများဆုံးဆိုပေမယ့် အမျှင်ဓါတ်၊ ပရိုတင်း၊ ဗီတာမင် B5၊ဖောလိတ်၊ကော့ပါး၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်တွေ ပါဝင်ပါတယ်။ တစ်ခါစားအတွက် ကယ်လိုရီ ၂၈ နဲ့ ကာဗိုဟိုက်ဒရိတ် ၆ ဂရမ် ပါဝင်ပါတယ်။ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝလို့ ခန္ဓါကိုယ်ထဲကfree radicals အဆိပ်အတောက်တွေကို ပျက်ပြယ်သန့်စင်ပေးနိုင်ပါတယ်။ အမျှင်ဓါတ်ပါဝင်မှုလည်းများလို့ အူမကြီးမှာ ကျန်ရစ်နေတဲ့ အဆိပ်အတောက်တွေကို သန့်စင်ပေးနိုင်ပြီး အူမကြီးကင်ဆာဖြစ်နိုင်ခြေကိုလျော့နည်းစေပါတယ်။ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ရောင်ရမ်းမှုလျော့ကျစေနိုင်တဲ့flavonoidsတွေပါဝင်လို့ တစ်ရှူးတွေပျက်စီးစေနိုင်တဲ့ free radicals တွေကို ဟန့်တားနိုင်ပါတယ်။နို့တိုက်မိခင်တွေအတွက်က ကလေးအတွက် နို့ရည်အလုံအလောက်ထွက်ရှိနိုင်ဖို့ အရေးကြီးဆုံးပါ။ တခြားအာဟာရတွေလည်း စားလို့ရပေမယ့် တခါတလေချင့်ချိန်စားသုံးရင် နို့ထွက်များအောင် အထောက်အကူပေးနိုင်တဲ့အာနိသင်ရှိပါတယ်။ အရေးကြီးတာက သိပ်လည်းမစိမ်း၊ အမှည့်မလွန်ခင် စားဖို့ပါ။စောင်းလျားသီးမှာပါတဲ့ပိုတက်ဆီယမ်နဲ့ ဆိုဒီယမ်တွေဟာelectrolyte မှာပါဝင်တဲ့အရေးကြီးဓါတ်တွေဖြစ်ပြီးသွေးဖိအားကိုထိန်းညှိဖို့ အရေးပါတဲ့အရာတွေပါ။ နှလုံးကြွက်သားအပါအဝင် ခန္ဓါကိုယ်ရဲ့ကြွက်သားလုပ်ဆောင်ချက်တွေကို ထိန်းညှိပေးတဲ့ မဂ္ဂနီဆီယမ်ကြောင့် ဆိုဒီယမ်ကိုလည်း ထိန်းနိုင်တယ်။ ကိုလက်စထရောကိုလည်း ကျစေလို့ နှလုံးအတွက်ဆေးတစ်လက်ဖြစ်နေတာပါ။စောင်းလျားသီးမှာ ဗီတာမင် C ကြွယ်ဝတာကြောင့် ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးပြီး အအေးမိတုပ်ကွေးနဲ့တခြားရောဂါပိုးတွေကိုလည်း ကာကွယ်နိုင်တယ်။ဗီတာမင် C လို ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် အဆိပ်အတောက်တွေမှန်သမျှ ကူညီဖယ်ရှားပေးနေတော့ ဆိုင်မှာသွားပြီး အဆိပ်ထုတ်စရာမလိုတော့ပါဘူး။ အသားအရေပိုလှပြီး ဝက်ခြံကင်းဖို့၊ရေဓါတ်ဖြည့်တင်းပြီးချောမွတ်စေဖို့၊ အရေးအကြောင်းတွေလျော့စေဖို့စောင်းလျားသီးက ကူညီပေးမှာပါ။ချဉ်စော်ကားသီးခြောက်တို့ ဘာတို့ကို တကူးတကဝယ်ပြီးရေစိမ်သောက်ကြမယ့်အစားဈေးမကြီးတဲ့စောင်းလျားသီးကို မသုံးချင်ကြဘူးလား။ သတ္တုဓါတ်နဲ့အမျှင်ဓါတ်တွေကြွယ်ဝနေတော့ အဆီချအစီအစဉ်လုံးပမ်းနေသူတွေအတွက် ကွက်တိပါပဲ။ရေဓါတ်လည်းဖြည့်ဆည်းပေးနိုင်လို့ အားကစားလုပ်တဲ့အချိန်မှာဆို အဆင်ပြေတယ်၊electrolytesတွေထိန်းညှိပေးနိုင်မယ့်သတ္တုဓါတ်တွေရောနှောပါဝင်လို့ အသုံးဝင်ပါတယ်။စောင်းလျားသီးဟာoxalate ပမာဏပါဝင်မှုများလို့ တချို့သူတွေမှာဘေးထွက်ဆိုးကျိုးရှိနိုင်ပါတယ်။ အထူးသဖြင့်ကျောက်ကပ်မကောင်းသူ၊ကျောက်ကပ်ရောဂါရှိသူတွေအတွက်တော့ဖျော်သောက်တာတွေမလုပ်သင့်ပါဘူး။ကျောက်ကပ်ရောဂါအခံရှိသူတွေစောင်းလျားသီးကိုအမြဲစားသုံးရင်ကျောက်ကပ်ထိခိုက်စေမယ်၊ အာရုံကြောဆိုင်ရာပြဿနာတွေဖြစ်စေနိုင်တယ်၊တက်တာ၊ အသက်ဆုံးရှုံးတာအထိဖြစ်နိုင်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%80%e1%80%95%e1%80%ba%e1%80%9d%e1%80%b1%e1%80%92%e1%80%94%e1%80%ac%e1%80%9b%e1%80%be%e1%80%84%e1%80%ba%e1%80%90%e1%80%bd%e1%80%b1-%e1%80%99/
ဆားရည် နဲ့ ပလုတ်ကျင်းတဲ့အခါ
ဆားရည် နဲ့ အာလုတ်ကျင်းတာက လူတိုင်း ကြားဖူးမယ့် ကိစ္စတစ်ရပ်ပါ။ ဒါပေမယ့် ဆားရည် နဲ့ ပလုတ်ကျင်းတဲ့အခါ ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်လဲဆိုတာကို သိသူကတော့ ရှားမယ် ထင်ပါတယ်။ ဆားရည်ကိုလည်ချောင်းနာတဲ့အခါမှာ အများဆုံး အသုံးပြုကြပါတယ်။ ဒီတစ်ခေါက်တော့ လည်ချောင်းနာတဲ့အခါ အာလုတ်ကျင်းကြတဲ့ ဆားရည်က ဘယ်လို အထောက်အကူပြုလည်းဆိုတာကို ပြောပြပေးပါမယ်။ဆားရည်က အကုန်အကျ သက်သာပြီး လွယ်ကူတဲ့ကုသနည်းတစ်ရပ်ပါ။ ဘာကြောင့် ဒီလို ပြောရတာလဲ ဆိုတော့ရေနွေးနွေးထဲကို ဆားထည့်ပြီး ဆားရည် နဲ့ ပလုတ်ကျင်းတဲ့အခါ အခုလိုကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ရရှိလို့ပါ။ဆားရည်ကဘက်တီးရီးယားကြောင့်လည်ချောင်းထဲက အက်ဆစ်တွေ မညီမမျှ ဖြစ်တာကို ထိန်းညှိပေးပါတယ်။ ကျန်းမာတဲ့ pH ပမာဏကို ထိန်းညှိပေးပါတယ်။ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ မပေါက်ဖွားစေဖို့  ကာကွယ်ပေးပါတယ်။ဆားရည်နဲ့ ပလုတ်ကျင်းတာကအသက်ရှူလမ်းကြောင်းနဲ့ နှာခေါင်းထဲမှာ ရှိတဲ့ ချွဲတွေကို ဖယ်ရှားပေးနိုင်ပါတယ်။နာကျင်မှုတွေကို သက်သာစေသလို ရောင်ရမ်းမှုကို လျော့ကျစေ ပါတယ်။နှာခေါင်းထဲက ဘက်တီးရီးယား နဲ့ဗိုင်းရပ်စ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။သုတေသန ပြုချက်တွေအရ တစ်နေ့ကို ဆားရည်နွေးနွေးနဲ့ ၃ ကြိမ် ပလုတ်ကျင်း ပေးတာကအသက်ရှူလမ်းကြောင်း အထက်ပိုင်းမှာ ပိုးဝင်ကူးစက်တာမျိုး မဖြစ်စေဖို့ ၄၀ ရာခိုင်နှုန်း အထိ ကာကွယ်ပေးနိုင် တယ်လို့ တွေ့ရပါတယ်။ဘက်တီးရီးယား၊ ဗိုင်းရပ်စ်တွေကြောင့် အာသီးရောင် နိုင်ပါတယ်။ အာသီးရောင်တဲ့အခါ အစာတွေ ရေတွေ မျိုချဖို့ ခက်ခဲနိုင်ပါတယ်။ ဒီနာကျင်မှုကို သက်သာစေဖို့ ဆားရည် နွေးနွေးလေးနဲ့ အာလုပ်ကျင်း ပေးလို့ ရပါတယ်။အစားကြောင့် ဖြစ်ဖြစ်၊ အခြား အကြောင်းအရင်းကြောင့် ဖြစ်ဖြစ် ခံတွင်းနံ့ နံတာကို သက်သာစေဖို့ခံတွင်းသန့် ဆေးရည်တွေမသုံးချင်ဘူးဆိုရင် ဆားရည်နဲ့ အာလုပ် ကျင်းပေးလို့ ရပါတယ်။ဆားရည်နွေးနွေးလေးနဲ့ ပလုတ် ကျင်းတာကသွားဖုံးရောင်တာ၊ သွားဖုံး သွေးထွက်တာတွေကို သက်သာစေ နိုင်ပါတယ်။ ဆားရည်က ရောင်ရမ်းမှုကို သက်သာစေနိုင်သလို သွားဖုံး ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက် ပေးနိုင်ပါတယ်။ သွားကိုက် သွားနာတာကိုလည်း သက်သာစေနိုင် ပါတယ်။ပါးစပ်ထဲမှာ ဖြစ်တဲ့ အနာ ဖြူဖြူလေးတွေ သက်သာစေဖို့လည်း ဆားရည်နဲ့ ပလုပ်ကျင်းပေးလို့ ရပါတယ်။ အနာ သက်သာစေပြီး အနာကျက် မြန်စေနိုင် ပါတယ်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/oral-care/benefits-of-salt-water-gargling/
သံဓာတ်များပြီး အဆိပ်သင့်ခြင်း
သံဓာတ်ဟာကိုယ်ခန္ဓာအတွက် မရှိမဖြစ် အရေးပါတဲ့ အာဟာရဓာတ် ဖြစ်ပါတယ်။ ဦးနှောက်၊ ကြွက်သားများနဲ့ သွေးနီဥဆဲလ်တွေရဲ့ လုပ်ငန်းတာဝန်တွေ ကောင်းစွာလုပ်ဆောင်နိုင်ဖို့ သံဓာတ်လုံလောက်စွာ ရရှိဖို့ လိုအပ်ပါတယ်။ သံဓာတ်နည်းခြင်းနဲ့ ဆက်နွယ်ပြီး သွေးအားနည်းခြင်းလည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုသလို သံဓာတ်ဟာ များလွန်းရင်လည်း ဘေးဥပဒ်ဖြစ်စေတတ်ပါတယ်။ သံဓာတ်များလွန်းလာရင် ကိုယ်ခန္ဓာကနေ ဇီဝဖြိုခွဲခြင်းဖြစ်စဉ် မလုပ်နိုင်တော့ပါဘူး။ မဖြိုခွဲနိုင်တော့လို့ ပိုလျှံလာတဲ့ သံဓာတ်များဟာအစာအိမ်အူလမ်းကြောင်းတလျှောက် စုပုံလာပါတယ်။ ဒီနည်းနဲ့ အဆိပ်သင့်တဲ့ အဆင့်ကိုရောက်ရှိလာပါတယ်။သံဓာတ်ဟာ အဆိပ်အတောက်ဖြစ်လောက်တဲ့ ပမာဏရောက်လာပြီဆိုရင် ပျို့အန်ခြင်း၊ ဗိုက်နာခြင်း စတာတွေ ဖြစ်လာတတ်ပါတယ်။ သွေးအန်ခြင်း၊ ဝမ်းပျက်ခြင်း၊ရေဓာတ်ခန်းခြောက်ခြင်းများလည်း ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံမှာ သံဓာတ်များတာကြောင့် ဝမ်းအရောင်ဟာ အမည်းရောင်နဲ့ သွေးရောင်ဖြစ်သွားတတ်ပါတယ်။ ဒီကနဦးလက္ခဏာတွေဟာ ခြောက်နာရီအတွင်း ဖြစ်ပေါ်လာတတ်ပါတယ်။ကနဦးလက္ခဏာတွေပေါ်လာပြီး ၄၈ နာရီအတွင်းမှာ ဆိုးရွားတဲ့ အခြားနောက်ဆက်တွဲပြဿနာများ ပေါ်လာတတ်ပါတယ်။ အဆိုပါလက္ခဏာတွေကတော့။– မူးဝေခြင်း။–သွေးပေါင်ချိန်ကျခြင်း၊ သွေးခုန်နှုန်း အားနည်းသွားခြင်း။–ခေါင်းကိုက်ခြင်း။– ဖျားခြင်း။–အသက်ရှူကြပ်ခြင်း၊ အဆုတ်အတွင်း အရည်စုခြင်း။– အသားအရေ ပြာခြင်း။– အသားဝါဖြစ်ခြင်း။– တက်ခြင်း စတာတွေ ဖြစ်ပါတယ်။ကိုယ်ခန္ဓာထဲမှာ သံဓာတ်တွေ လိုအပ်တာထက်များလာရင် ဖြစ်တတ်ပါတယ်။ သွေးအားနည်းခြင်းကို ကုသဖို့ မကြာခဏ သွေးသွင်းခြင်း၊ သံဓာတ်ပါတဲ့ဆေးတွေ သောက်နေရခြင်း စတာတွေ ဖြစ်ပါတယ်။ ရုတ်တရက်အဆိပ်သင့်ခြင်းကတော့ ကလေးတွေမှာဖြစ်တာများပြီး သံဓာတ်အားဆေးတွေ၊ ဗီတာမင်ဆေးပြားတွေ သောက်မိတဲ့အတွက် ဖြစ်တတ်ပါတယ်။သံဓာတ်အဆိပ်သင့်ခြင်းကို မကုသဘဲထားလိုက်ရင် ရက်အနည်းငယ်အတွင်း အသည်းပျက်စီးလာနိုင်ပါတယ်။ သွေးယိုခြင်း၊ သွေးခဲခြင်းပြဿနာတွေလည်း ဖြစ်လာနိုင်ပါတယ်။အသည်းပျက်စီးခြင်းမဖြစ်ရင်တောင် အစာအိမ်အူလမ်းကြောင်း အမာရွတ်ဖြစ်လာပြီးအစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ပေးပါတယ်။ အသည်းတစ်ရှူးတွေ အမာရွတ်ဖြစ်သွားရင်တော့ အသည်းခြောက်တဲ့အဆင့်ကို ရောက်ရှိသွားပါတယ်။သံဓာတ်အဆိပ်သင့်ခြင်းကို အချိန်မီကုသခဲ့ရင် အမြဲတမ်းထိခိုက်ပျက်စီးခြင်းမျိုး မကြုံရပါဘူး။ သံဓာတ်အများအပြား စားသုံးမိပြီးချိန်မှာ ချက်ချင်းကုသမှုခံယူရင် ဝေဒနာတွေဟာ ၄၈ နာရီအတွင်း သက်သာနိုင်ပါတယ်။ဖော်ပြပြီးခဲ့တဲ့ သံဓာတ်အဆိပ်သင့်ခြင်းလက္ခဏာတွေ ကြုံတွေ့လာရင် ပြသသင့်ပါတယ်။ သံဓာတ်အဆိပ်သင့်ခြင်းကို သေချာစေဖို့ သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း ပြုလုပ်ပါလိမ့်မယ်။ ဆရာဝန်နဲ့ တွေ့ဆုံချိန်မှာ မိမိသောက်သုံးနေတဲ့ ဆေးဝါးတွေအကြောင်း၊ အားဖြည့်ဓာတ်စာတွေအကြောင်း ပြောပြသင့်ပါတယ်။သံဓာတ်အပါအဝင် တခြားဗီတာမင် အာဟာရဆေးဝါးတွေကို မလိုအပ်ဘဲ မသောက်သုံးပါနဲ့။ သံဓာတ်အားဖြည့်ဆေးတွေကို ကလေးများမှ မတော်တဆစားသုံးမိခြင်း မရှိအောင် လက်လှမ်းမီရာမှာ အလွယ်တကူထားခြင်းကို ရှောင်ကြဉ်ရပါမယ်။ မိမိဖာသာ ဝယ်ယူသောက်သုံးနိုင်တဲ့ over-the-counter ဆေးဝါးများကလွဲလို့ ကျန်ဆေးဝါးတွေကို နားလည်တတ်ကျွမ်းသူတွေရဲ့ အကြံဉာဏ်မပါဘဲ သောက်သုံးခြင်းကို ရှောင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/anaemia/iron-poisoning/
ဗိုက်က အဆီတွေကို တာတာ့ပြနိုင်ဖို့ သောက်သင့်တဲ့ ဖျော်ရည်များ
ဘယ်မိန်းကလေးကမှ ဗိုက်က အဆီတွေကို ကြည်ဖြူစွာ လက်ခံထားချင်မှာ မဟုတ်ပါဘူး။ ဗိုက်မှာ အဆီတွေရှိနေတာက လူကိုဝသလို ခံစားရစေနိုင်ပြီး အဝတ်အစား ဝတ်ရင်လည်း ဗိုက်ချပ်ချပ်လေး မဖြစ်လို့ မလှဘူးလို့ ခံစားရနေနိုင်ပါတယ်။ ဒီလိုတွေဖြစ်နေပြီဆိုရင်တော့ အဆီတွေ၊ ဗိုက်ခေါက်တွေကို လက်ပြနှုတ်ဆတ်ဖို့ အချိန်တန်ပါပြီ။တချို့တွေကတော့ ဗိုက်က အဆီတွေ ကျစေဖို့ အစားအစာ လုံးဝမစားတာမျိုး ရှိပါတယ်။ အစားအလွန်အကျွံရှောင်တဲ့ နည်းလမ်းက ကျန်းမာရေးကို ထိခိုက်စေတာမို့ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်တဲ့ နည်းလမ်းလေးနဲ့ပဲ ဗိုက်ကအဆီတွေကို ဖယ်ထုတ်ကြမယ်နော်။အဆီတွေ ကျစေမယ့် ဖျော်ရည်လေးတွေ သောက်လို့ရပါတယ်။ ဘယ်လိုဖျော်ရည်တွေ ဖြစ်မလဲဆိုတာ ဖော်ပြလိုက်ပါတယ်နော်။အဆီကျဖို့ဆိုရင်တော့ အမျှင်ဓာတ်များတဲ့ ဖျော်ရည်နဲ့ သကြားဓာတ်နည်းတဲ့ ဖျော်ရည်တွေကို သောက်သုံးရမှာပါ။ ဘာလို့လဲဆိုတော့ အမျှင်ဓာတ်ကပဲ အဆီတွေကို ကျစေတာပါ။ ကိုယ်သောက်သုံးတဲ့ ဖျော်ရည်မှာ အမျှင်ဓာတ်မပါဘူးဆိုရင်တော့ သွေးတွင်းသကြားဓာတ်မြင့်တက်လာပြီး အဝလွန်စေနိုင်ပါတယ်။အမျှင်ဓာတ်ကတော့ ကယ်လိုရီနည်းပြီး ကိုယ်အလေးချိန်ကျစေတဲ့ ဓာတ်တစ်မျိုးပါပဲ။ ဖျော်ရည်တွေ နေ့တိုင်းမသောက်ဖြစ်ရင်တောင် ရေတော့ များများ သောက်ပေးပါ။ပုံမှန်ဆိုရင်တော့မုန်လာဥနီကို အသုပ်၊ တို့စရာအဖြစ်သာ စားသုံးကြပါတယ်။ အဆီကျချင်ရင်တော့ ဖျော်ရည်အဖြစ် ပြောင်းပြီး သောက်နိုင်ပါတယ်နော်။ မုန်လာဥနီဖျော်ရည်က အလေးချိန်ကျစေပြီး ကယ်လိုရီ ပါဝင်မှုလည်း နည်းတဲ့အပြင် အမျှင်ဓာတ်လည်း များများ ပါဝင်ပါတယ်။မုန်လာဥနီ ဖျော်ရည် တစ်ခွက်ဟာ ဗိုက်အဆာလည်း ခံတာမို့ တခြား ကယ်လိုရီ ပါဝင်တဲ့ အစားအစာတွေ ထပ်စားမိတော့မှာ မဟုတ်ဘူးနော်။ ဒါဆိုရင်တော့ ဗိုက်က အဆီတွေ ကျမှာပါ။ သတိထားဖို့ကတော့ သကြားတတ်နိုင်သမျှ လျှော့ထည့်ဖို့ပါပဲ။သလဲသီးကတော့ ရာသီစာ ဖြစ်တာမို့ အမြဲတော့ ဖျော်သောက်ဖို့က မသေချာပေမယ့် ဒီအသီးက ဗိုက်က အဆီတွေကို လျှော့ချပေးနိုင်တဲ့ အသီးတစ်မျိုးပါ။ သလဲသီးကို ဖျော်ရည်အဖြစ် သောက်သုံးလို့ ရပါတယ်။ သလဲသီးက အသားအရည်ကို ကြည်လင်စေတဲ့အပြင် အလေးချိန်လဲ ကျစေပါတယ်။ဓာတ်တိုးဆန့်ကျင်တဲ့ ပစ္စည်း‌‌တွေနဲ့linolenic acidလည်း ပါဝင်တာမို့ ဇီဝဖြစ်ပျက်မှုကို ကောင်းစေပြီး ဗိုက်က အဆီတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ နောက်ထပ် အကောင်းဆုံးတစ်ခုကတော့ အစားစားချင်စိတ်ကို ထိန်းချုပ်ပေးတာမို့ ကယ်လိုရီများတဲ့ အစားအစာတွေ အများကြီး စားမိမှာ မဟုတ်ပါဘူး။ဖရဲသီးဖျော်ရည်ကတော့ တော်တော်လေး လူကြိုက်များတဲ့ ဖျော်ရည်တွေထဲက တစ်ခုပါ။ သတိပြုရမှာကတော့ ဖရဲသီးဖျော်ရည်သောက်တဲ့အခါမှာ နို့ဆီတွေ၊ သကြားတွေ အများကြီး မထည့်မိဖို့ပါပဲနော်။ဖရဲသီး(၁၀၀) ဂရမ်မှာ ကယ်လိုရီ (၃၀) ပဲ ပါဝင်ပြီး ရေဓာတ်ကို ပြည့်ဝစေပါတယ်။ ဖရဲသီးမှာ ပါဝင်တဲ့ အမိုင်နိုအက်ဆစ်က အဆီတွေကို လောင်ကျွမ်းစေတာမို့ ဗိုက်က အဆီတွေ၊ အခေါက်တွေကို တာတာ့ပဲနော်။လိမ္မော်သီးဖျော်ရည်ကတော့ ကယ်လိုရီ အနည်းဆုံးနဲ့ အမျှင်ဓာတ်အများဆုံး အသီးဖျော်ရည်တစ်မျိုးပါ။ လိမ္မော်သီးဖျော်ရည်က ကျန်းမာရေးနဲ့လည်း အရမ်းညီညွတ်ပြီး ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။ ဒါကြောင့် ဗိုက်ကအဆီတွေကို မြန်မြန်လေး နှုတ်ဆက်ချင်တယ်ဆိုရင်တော့ လိမ္မော်ဖျော်ရည်လေး သောက်ပေးနော်။တစ်ခုရှိတာက ဒီဖျော်ရည်‌က ဗိုက်အဆီတွေကျဖို့ ဘေးကနေပဲ ကူပေးနိုင်ပါတယ်။ ဖျော်ရည်တွေသောက်နေပေမဲ့ ကယ်လိုရီတွေ စားတာ မလျှော့ဘူး။ အထိုင်များမယ်ဆိုရင်တော့ အဆီတွေ ကျမှာ မဟုတ်ပါဘူး။ ဒါကြောင့် တကယ်အဆီကျဖို့ဆို ဖျော်ရည်တွေ သောက်တာအပြင် ကယ်လိုရီ တွက်ချက်စားဖို့၊ ကိုယ်လက်လှုပ်ရှားမှု လုပ်ဖို့လည်း လိုပါတယ်။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/obesity-healthy-eating/juices-for-belly-fat/
ပဒဲကော ရနံ့မွှေးရုံတင်မဟုတ် ကျန်းမာရေးပါ အကျိုးထူးပေးပါတယ်
မုန့်တီလေး ချက်ချက်၊ တုန်ယမ်း ဟင်းချိုလေး ချက်ချက်၊ ချဉ်စပ်ဟင်းချိုလေး ချက်ချက် အနံ့ မွှေးအောင်ဆိုပြီး ထည့်လေ့ရှိကြတဲ့ ရနံ့မွှေးပြီး ခံတွင်း ရှင်းစေတဲ့ ပဒဲကောက ခန္ဓာကိုယ်အတွက် ဘယ်လောက်ထိ အထောက်အကူပြုလဲ ဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးပါရစေ။ဟင်းခတ် အမွှေးအကြိုင် တစ်ခုပါ။ ချင်း(ဂျင်း) လိုမျိုး အတောင့်လေး ဖြစ်ပြီး အပေါ်ခွံက ခပ်ဖြူဖြူလေးပါ။ ဟင်းချက်တဲ့အခါ ထုထောင်းပြီး ထည့်လို့ရသလို ခပ်ပါးပါးလှီးပြီး ထည့်လို့လည်း ရပါတယ်။ပဒဲကောမှာ။ပဒဲကောကို စားသုံးပေးတာက။ပဒဲကောက နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် နာကျင်ရောင်ရမ်းမှုကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ အဆစ်ရောင်တာ၊ အဆစ်နာရောဂါနဲ့လေးဖက်နာရောဂါတွေကြောင့် အရိုးအဆစ်တွေ နာကျင်ရောင်ရမ်းတာကို သက်သာစေဖို့အတွက် ပဒဲကောကို စားသုံးပေးလို့ရပါတယ်။ဓာတ်တိုးဆန့်ကျင် အာနိသင်ပါဝင်နေတာကြောင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး သွေးစီးဆင်းမှုကို ကောင်းစေသလို အရေပြားတစ်ရှုးတွေကိုလည်း အားဖြည့်ပေးပါတယ်။အရေပြား အပါအဝင် ဦးရေပြားကိုပါ သွေးစီးဆင်းမှု ကောင်းစေသလို ဆံပင်သန်စေနိုင်ပါတယ်။ ခန္ဓာကိုယ်အနှံ့ကို သွေးစီးဆင်းမှု ကောင်းစေပြီး ကျန်းမာစေဖို့ အကောင်းဆုံး အထောက်အကူပြုပေးနိုင်မှာပါ။ပဒဲကောက အစာကြေစေနိုင်ပြီး အစာအိမ်ပြဿနာကို သက်သာစေနိုင်သလို ၊ ဝမ်းပျက်ဝမ်းလျှောတာကိုလည်း အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။ ကြို့ထိုးတာကိုသက်သာစေဖို့အတွက်လည်း  ပဒဲကောကို စားသုံးပေးလို့ရ ပါတယ်။ပဒဲကောမှာ သိမြင်မှုစွမ်းရည်ကိုကောင်းမွန်စေနိုင်တဲ့ ACA ဆိုတဲ့ ဒြပ်ပေါင်းတစ်မျိုးပါဝင်နေပါတယ်။ ဒါကြောင့် ပဒဲကောကို စားသုံးပေးတာက အသက်အရွယ်ကြောင့်ဖြစ်တဲ့ သတိမေ့တတ်တဲ့ပြဿနာအပါအဝင် သိမြင်မှုစွမ်းရည်ကျဆင်းလာတာကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ စိတ်ဖိစီးတာကိုလည်း အထိရောက်ဆုံးသက်သာစေနိုင်ပါတယ်။ပဒဲကောကအရေပြားကို ကျန်းမာစေနိုင်သလို အပူလောင်တဲ့အခါမှာလည်း အလွှာလိုက်လေးလှီးပြီး အပူလောင်တဲ့နေရာကို တစ်နေ့ ၃ ကြိမ် ကနေ ၄ ကြိမ်လောက်အထိကပ်ပေးပါ။ အနာရွတ်မကျန်ဘဲ သက်သာစေနိုင်မှာပါ။ကားမူးတဲ့အခါ ရေစင်အောင်ဆေးထားတဲ့ ပဒဲကောကို ပါးပါးလေးလှီးပြီး ဝါးစားပေးပါ။ ကားမူးတာ၊ လှိုင်းမူးတာတွေကို သိသိသာသာသက်သာစေနိုင်ပါတယ်။ပဒဲကောမှာ galanin လို့ခေါ်တဲ့ ဖလေဗာနွိုက်ပါဝင်နေတာကြောင့် ကင်ဆာကိုအထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ ရင်သားကင်ဆာနဲ့ အဆုတ်ကင်ဆာတွေမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ချင်တယ်ဆိုရင်တော့ ပဒဲကောကို စားသုံးပေး လို့ရပါတယ်။ပဒဲကောမှာ သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်တာကြောင့် သွေးတွင်းကအဆီတွေကို အထိရောက်ဆုံးဖယ်ရှားဖို့ အတွက် ပုံမှန်စားသုံးပေးသင့်ပါတယ်။ပဒဲကောမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေတာကြောင့် ကိုယ်ခံအားကောင်းစေဖို့အကောင်းဆုံး အထောက်အပံ့ ပေးနိုင်ပါတယ်။ ဒါကြောင့်ဖျားနာမှုကင်းပြီး ပြင်ပကရောဂါတွေ ခန္ဓာကိုထဲဝင်ရောက်မလာစေဖို့အတွက် ပဒဲကောကို စားသုံးပေးပါ။ပဒဲကောက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် အလွန်အကျွံ အသုံးပြုမယ်ဆိုရင် ဆိုးကျိုး ရှိလာနိုင်တာကြောင့် သတိထားစေချင်ပါတယ်။ခန္ဓာကိုယ် ပြင်ပအတွက် အသုံးပြုနိုင်ပေမယ့် ရောဂါအခံ ရှိသူတွေ၊ ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေ အနေနဲ့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီးမှ အသုံးပြုသင့်ပါတယ်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/galangal-root/
Contact dermatitis (ဓါတ်မတည့်ခြင်းကြောင့် အရေပြားရောင်ရမ်းခြင်း)
ဓါတ်မတည့်ခြင်းကြောင့် အရေပြားရောင်ရမ်းခြင်းဆိုတာ။သင့်အသားအရေနှင့် ထိတွေ့မိသော အရာဝတ္တုတစ်ခုကြောင့် အရေပြားတွင် ယားယံသော အနီပြင်ထလာခြင်းဖြစ်သည်။ ၎င်းသည် မကူးစက်တတ်ပါ၊ အသက်အန္တရာယ်လည်း မရှိနိုင်ပါ။ သို့သော်သင်.ကို အလွန်စိတ်အနှောင့်အယှက်ပေးနိုင်သည်။ဆပ်ပြာ ၊အလှကုန်ပစ္စည်း၊ အမွှေးနံ့သာများ၊ လက်ဝတ်ရတနာများ၊ အဆိပ်ရှိနွယ်ပင်များနှင့် ထိတွေ့မိရာမှ ဖြစ်နိုင်သည်။ အချို့လူများတွင် လုပ်ငန်းခွင်ရှိ အရာဝတ္တုများကြောင့်လည်း ဓါတ်မတည့်အရေပြားရောင်ရမ်းခြင်း ဖြစ်နိုင်သည်။ဓါတ်မတည့်ခြင်းကြောင့် အရေပြားရောင်ရမ်းခြင်းသည် အလွန်အဖြစ်များ၍ အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနှုန်းမြင့်မားစေသော အချက်များကို ရှောင်ကြဉ်ခြင်းဖြင့် ကာကွယ်နိုင်သည်။ သိလိုသည်များရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။ဓါတ်မတည့်ခြင်းကြောင့် အရေပြားရောင်ရမ်းခြင်း၏လက္ခဏာများ။အဖြစ်များသော လက္ခဏာများမှာ။ရောဂါပြင်းထန်မှု အခြေအနေသည် အောက်ပါအချက်များအပေါ် မူတည်သည်။အထက်တွင်ဖေါ်ပြခဲ့သည်နှင့် မတူသော ရောဂါလက္ခဏာများလည်းရှိနိုင်သည်။ ရောဂါလက္ခဏာများနှင့်ပတ်သတ်၍ သံသယရှိပါက ဆရာဝန်နှင့် တိုင်ပင်ပါ။အောက်ပါအခြေအနေများတွင် ဆေးရုံဆေးခန်းသို့ ချက်ခြင်းသွားသင့်သည်။ဓါတ်မတည့်အရေပြားရောင်ရမ်းခြင်းသည် သင့်အရေပြားကို အနှောင့်အယှက်ပေးသော ဓါတ်မတည့်မှုဖြစ်စေသည့် အရာဝတ္တုတစ်ခုနှင့် ထိတွေ့မိခြင်းကြောင့်ဖြစ်သည်။ ဓါတ်မတည့်မှုဖြစ်စေသည့် အရာဝတ္တုပေါင်း ထောင်နှင့်ချီ၍ ရှိသည်။ အချို့မှာ ဓါတ်မတည့်ခြင်းရော နာကျင်ကျိန်းစပ်ခြင်းပါ ဖြစ်စေသည်။နာကျင်ကျိန်းစပ်စေသည့် အရေပြားရောင်ရမ်းခြင်းသည် အဖြစ်အများဆုံးဖြစ်သည်။ ဓါတ်မတည့်မှုမဟုတ်သော ထိုရောင်ရမ်းခြင်းသည် သင့်အရေပြားကို ကာကွယ်ထားသော အပြင်ဘက်အလွှာကို ပျက်စီးစေသောအရာများကြောင့် ဖြစ်ပွားနိုင်သည်။ အချို့လူများတွင် အားပြင်းသောအရာများနှင့် တစ်ခါမျှထိမိရုံဖြင့် ပြင်းထန်စွာခံစားရသည်။ အချို့ အားပျော့သောအရာများသည် ထပ်ကာထပ်ကာထိတွေ့မိမှသာ လက္ခဏာပေါ်သည်။ အချို့လူများတွင် အချိန်ကြာလာသည်နှင့်အမျှ ထိုရောင်ရမ်းစေသောအရာကို ယဉ်ပါးသွားလေ့ရှိသည်။ နာကျင်ကျိန်းစပ်စေသည့် အရေပြားရောင်ရမ်းခြင်းကို ဖြစ်စေသောအရာများမှာ။ဓါတ်မတည့်အရေပြားရောင်ရမ်းခြင်းသည် ဓါတ်မတည့်မှုဖြစ်စေသည့် အရာဝတ္တုတစ်ခုကို သင့်အရေပြားပေါ်တွင် တုန့်ပြန်မှုဖြစ်ပေါ်စေခြင်း ဖြစ်သည်။ ထိုအရာဝတ္တုနှင့် ထိတွေ့မိသောနေရာတွင်သာ ဖြစ်ပွားသည်။ သို့သော် အစားအစာ၊ ဆေးဝါးနှင့် သွားနှင့်ခံတွင်းကုသမှုတို့မှတဆင့်လည်း သင့်ခန္ဓါကိုယ်ထဲသို့ဝင်ရောက်ပြီး ပြန့်နှံ့ဓါတ်မတည့်အရေပြားရောင်ရမ်းခြင်း ဖြစ်နိုင်သည်။အဆိပ်သင့်နွယ်ပင်ကဲ့သို့ အားပြင်းသောအရာနှင့်ထိတွေ့မိပါက သင့်ခန္ဓါကိုယ်မှ တစ်ကြိမ်တည်းဖြင့်မှတ်မိပြီးတုန့်ပြန်နိုင်သည်။ အားပျော့သောအရာများနှင့် ဓါတ်မတည့်မှုဖြစ်ရန် နှစ်အတန်ကြာအောင် ကြိမ်ဖန်များစွာ ထိတွေ့ဖို့လိုအပ်သည်။ ဓါတ်မတည့်မှုဖြစ်ပြီဆိုပါက အနည်းငယ်သောပမာဏကိုပင် သင့်ခန္ဓါကိုယ်မှ တုန့်ပြန်နိုင်သည်။ ဓါတ်မတည့်မှုဖြစ်စေသည့် အရာဝတ္တုများမှာ။ကလေးများတွင် ဓါတ်မတည့်အရေပြားရောင်ရမ်းခြင်း ဖြစ်ပွားမှုနှုန်းမှာ လူကြီးများနှင့် အတူတူပင်ဖြစ်သည်။ ဖြစ်နေကျအရာများအပြင် ကားထိုင်ခုံများ၊ အိမ်သာခုံရှိ ပလက်စတစ်များနှင့် ကလေးအနှီးချိတ်များကို ထိမိခြင်းကြောင့်လည်း ဖြစ်တတ်သည်။လုပ်ငန်းခွင်မှ ဓါတ်မတည့်မှုဖြစ်စေသည့် အချို့အရာများကို ထိတွေ့မိခြင်းဖြင့်လည်း ဓါတ်မတည့်အရေပြားရောင်ရမ်းခြင်းဖြစ်နိုင်သည်။ အချို့ အလုပ်အကိုင်နှင့် ဝါသနာများက သင့်ကို ထိုရောဂါဖြစ်ပွားမှုနှုန်းမြင့်မားစေသည်။ ဥပမာဆိုရလျှင်။ဓါတ်မတည့်အရေပြားရောင်ရမ်းခြင်းသည် ရောဂါဖြစ်စေသော အရာနှင့် အကာအကွယ်မဲ့သော အရေပြားတို့ တိုက်ရိုက်ထိတွေ့ရာမှ ဖြစ်လာခြင်းဖြစ်သည်။ ထို့ကြောင့် အဓိကအကြောင်းအရင်းမှာ ထိုထိတွေ့မှုဖြစ်သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်များမှ အောက်ပါအချက်များအရ အကြောင်းအရင်းကို ရှာဖွေဆုံးဖြတ်သည်။ နှံ့စပ်သော ရောဂါရာဇဝင်ယူခြင်းနှင့် စမ်းသပ်စစ်ဆေးခြင်း။သင်၏ရောဂါလက္ခဏာအကြောင်း မေးမြန်းပြီး အကြောင်းရင်းကို ရှာဖွေခြင်းနှင့် သင့်အရေပြားရောင်ရမ်းမှုပုံစံနှင့် ပမာဏကိုကြည့်ရှုစစ်ဆေးခြင်း။ ကပ်ခွာစစ်ဆေးမှု။တစုံတခုနှင့် ဓါတ်မတည့်အရေပြားရောင်ရမ်းခြင်း ရှိမရှိစစ်ဆေးရန် ဆရာဝန်မှ ထိုစစ်ဆေးမှုကို ဆောင်ရွက်သည်။ သင့်အရေပြားရောင်ရမ်းသည့် အကြောင်းရင်းကို မသိလျှင် သို့မဟုတ် ထပ်ကာတလဲလဲ ရောင်ရမ်းမှုများဖြစ်နေလျှင် စစ်ဆေးသည်။ ဆေးအချို့၊ နေရောင်ခြည်နှင့်ထိတွေ့ခြင်းကို စစ်ဆေးမှုမပြုမီ တစ်ပတ်နှစ်ပတ်ကြို၍ ရှောင်ကြဉ်ပါ။ စစ်ဆေးနေစဉ် ဓါတ်မတည့်မှုဖြစ်နိုင်ခြေရှိသည့် အရာများကို အနည်းငယ်စီ ကပ်ခွာတိပ်ဖြင့် အရေပြားပေါ်တွင်ကပ်ရမည်။ ကပ်ခွာများကို အရေပြားပေါ်တွင် နှစ်ရက်ခန့် ရေမစိုအောင် ထားရန်လိုသည်။ ဆရာဝန်က ကပ်ခွာအောက်မှ အရေပြားတုန့်ပြန်မှုကို ကြည့်ပြီး ထပ်မံစမ်းသပ်ရန် လိုမလိုဆုံးဖြတ်သည်။ လူအများစုက တစ်ခုထက်ပိုသောအရာများကို တုန့်ပြန်ကြသည်။ ဓါတ်မတည့်မှုဖြစ်စေသော အရာများကို ရှောင်ကြဉ်ပါ။ သင့်ကို ဓါတ်မတည့်မှုဖြစ်စေသော အရာများကို သိရှိခြင်းနှင့် ရှောင်ရှားခြင်းသည် အဓိကဖြစ်သည်။ သင်နှင့်မတည့်သောအရာများ စာရင်းကို ဆရာဝန်မှ ထုတ်ပေးလိမ့်မည်။ ဆရာဝန်ပေးသော စတီးရွိုက်ဆေး လိမ်းပါ။ သင့်ကိုယ်ပိုင်နည်းလမ်းများနှင့် ရောင်ရမ်းခြင်းမသက်သာလျှင် ဆရာဝန်မှ စတီးရွိုက်လိမ်းဆေးပေးလိမ့်မည်။ အရေပြားပြန်လည်ပြုပြင်သောဆေးများသုံးခြင်း၊ ခုခံအားစနစ်အပေါ်သက်ရောက်သည့် ခေူခငညနကမငည ဆန့်ကျင်ဆေးများဖြစ်သည့် အခေမသူငါကျ သို့မဟုတ် စငါနခမသူငါကျ လိမ်းဆေးများသည် အရေပြားကို ပြုပြင်ပေးပြီး နောက်ထပ်ဖြစ်ခြင်းမှလည်း ကာကွယ်ပေးသည်။ သို့ရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနမှ ထိုဆေးများနှင့် ပြန်ရည်ကျိတ်ကင်ဆာ အရေပြားကင်ဆာတို့ ဆက်စပ်မှုရှိနိုင်ကြောင်း သတိပေးထုတ်ပြန်ထားသည်။ ဆေးသောက်ခြင်း၊ ဗရာဂါပြင်းထန်ပါက ဆရာဝန်မှ အရောင်ကျရန် စတီးရွိုက်ဆေးများ၊ အယားသက်သာရန် ညေအင့ငျအောငညန ဆေးများ နှင့် ဘက်တီးရီးယားပိုးဝင်ခြင်းအတွက် ပဋိဇီဝဆေးများ ပေးနိုင်သည်။သိလိုသည်များရှိပါက သင့်အတွက် အကောင်းဆုံးအဖြေကို ရရှိနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်ပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/dermatitis/contact-dermatitis-%e1%80%93%e1%80%ab%e1%80%90%e1%80%b9%e1%80%99%e1%80%90%e1%80%8a%e1%80%b9%e1%80%b7%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9/
ချွေးထွက်ခြင်းတွေ လျှော့ကျစေဖို့ စားရမယ့် အစားအစာများ
ချွေးနံ့ကို ဘယ်သူမှ မကြိုက်နှစ်သက်ကြပါဘူး။ တခြားလူတွေ ကိုယ့်ချွေးနံ့ကို ရရင် အဆင်ပြေပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေရှိနေတာက ကိုယ့်ကိုယ်ကို ယုံကြည်မှု ကျစေပါတယ်။ ချွေးထွက်တာက ကျန်းမာရေးအတွက် တစ်ထောင့်တစ်နေရာက ကောင်းတာတွေ ရှိသလို ချွေးနံ့တွေကြောင့် စိတ်ညစ်ရတာလည်း ရှိမှာပါ။ ချိုင်းချွေးနံ့ပျောက်ဆေးတွေနဲ့ ရေမွှေးတွေ ဘယ်လောက်ပဲ သုံးသုံး ချွေးနံ့ရနေသေးတယ်ဆိုရင်တော့ ကိုယ့်ရဲ့ နေ့စဉ် နေထိုင်မှု ပုံစံကို ပြန်လည်စစ်ဖို့ လိုပါတယ်။ နေထိုင်မှု ပုံစံထဲမှာ တစ်နေ့တာ စားသောက်တဲ့ အစားအစာ၊ လေ့ကျင့်ခန်းတွေ ပါဝင်ပါတယ်။ ဒါကြောင့် အလွန်အမင်း ချွေးထွက်တာတွေနဲ့ ချွေးထွက်တဲ့အခါ အနံ့ဆိုး ဖြစ်ခြင်းတွေကို လျှော့ကျစေဖို့ အစားအစာ အချို့ကို ပြောပြချင်ပါတယ်။ချိစ်နဲ့ နို့ထွက်ပစ္စည်း။ကယ်လ်စီယမ်ဓါတ်တွေ ကြွယ်ဝတဲ့ အစားအစာတွေက ခန္ဓါကိုယ်ရဲ့ အပူချိန်ကို ထိန်းထားပေးပြီး ချွေးအရမ်းထွက်ခြင်းကိုလည်း နှိမ်နင်းပေးပါတယ်။ ဒီတော့ ကိုယ်က ချွေးအရမ်းထွက်တယ်ဆိုရင် ကယ်လ်စီယမ်များတဲ့ ချိစ်နဲ့ နို့ထွက်ပစ္စည်းတွေကို စားပေးပါ။ မနက်ခင်းမှာ နွားနို့တစ်ခွက်လောက် ထည့်သောက်တာ၊ ကြက်ဥနဲ့ ချိစ် ရောပြီးစားတာတွေ လုပ်ပေးပါ။သံလွင်ဆီ။သံလွင်ဆီက ဇီဝဖြစ်စဉ်နဲ့ အစာခြေလမ်းကြောင်းဆိုင်ရာတွေကို ကောင်းမွန်စေပါတယ်။ တစ်နည်းပြောရရင်တော့ အစာခြေလမ်းကြောင်းဆိုင်ရာ စနစ်တွေ ကောင်းမွန်နေတာက ခန္ဓါကိုယ် အပူချိန် အရှိန်နဲ့ တက်လာတာတွေကို တားဆီပေးပါတယ်။ ဒီလိုမျိုး ခန္ဓါကိုယ်မှာ အပူချိန်မများနေဘူးဆိုရင်တော့ ချွေးထွက်တာလည်း နည်းမှာပါ။ သံလွင်ဆီ ပါဝင်တဲ့ အစားအစာလေးတွေ စားပေးပါ။ဗာဒံစေ့။မဂ္ဂနီဆီယမ်ကလည်း အစာခြေလမ်းကြောင်းစနစ်နဲ့ ကိုယ်ခံအားစနစ်ကို တိုးတက်စေပါတယ်။ ဗာဒံစေ့မှာ မဂ္ဂနီဆီယမ် အပြည့်အဝ ပါဝင်ပါတယ်။ ဗာဒံစေ့ မဟုတ်ဘဲ တခြား မဂ္ဂနီဆီယမ် ကြွယ်ဝတဲ့ ဖရုံသီး၊ ဟင်းနုနွယ်နဲ့ မြေပဲကလည်း ချွေးထွက်တာ လျှော့ကျစေဖို့ ကူညီပေးပါတယ်။အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များ။အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေက ကျန်းမာရေးအတွက် ကောင်းမွန်စေတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ ဗီတာမင် ကြွယ်ကြွယ်ဝဝ ပါဝင်တဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေက ရေဓါတ်ကို ထိန်းထားပေးပြီး အစာခြေစနစ်ကို ကောင်းစေပါတယ်။ ဒါဆိုရင်တော့ ချွေးအလွန်အကျွံထွက်ခြင်းကို ထိန်းသိမ်းပေးနိုင်ပြီး ရေဓါတ် ပြည့်ဝနေမှာမို့ ချွေးနံ့တွေကြောင့် စိတ်ညစ်စရာ မလိုတော့ပါဘူးနော်။ငှက်ပျောသီး။ငှက်ပျောသီးမှာ ပိုတက်စီယမ် ကြွယ်ဝစွာ ပါဝင်ပြီး ရေဓါတ်ပြည့်နေစေဖု့ိ အထောက်အကူပြုပါတယ်။ ရေဓါတ်ပြည့်နေမယ်ဆိုရင်တော့ ချွေးထွက်ခြင်း နည်းနေမှာပါ။ ငှက်ပျောသီးမှာ မဂ္ဂနီဆီယမ်၊ ဗီတာမင် B6 နဲ့ အခြားအာဟာရဓါတ်တွေ ပါဝင်တာက အစာခြေလမ်းကြောင်းကို ကောင်းစေတာမို့ ချွေးတွေကို ထိန်းချုပ်ပြီးသားပါပဲ။ကိုယ်နေတိုင်းစားတဲ့ အစားအစာတွေထဲမှာ ချွေးအလွန်အကျွံထွက်တာကို လျော့နည်းစေတဲ့ အစားအစာတွေကို ထည့်စားပေးမယ်ဆိုရင် ချွေးထွက်နည်းမှာ ဖြစ်ပြီး အနံ့ဆိုးရတာလေးတွေလည်း ကင်းဝေးစေမှာပါနော်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%81%e1%80%bb%e1%80%bd%e1%80%b1%e1%80%b8%e1%80%91%e1%80%bd%e1%80%80%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%bd%e1%80%b1-%e1%80%9c%e1%80%bb%e1%80%be%e1%80%b1%e1%80%ac/
Temporal Lobe Epilepsy (နားထင်ပိုင်းဦးနှောက်ခြမ်း အတက်ရောဂါ)
အတက်ရောဂါဆိုတာ ဦးနှောက်ဆဲလ်တွေရဲ့ လှုပ်ရှားမှုအပြောင်းအလဲကြောင့် လေသင်တုန်းဖြတ်ခြင်း၊ ပုံမှန်မဟုတ်တဲ့ အပြုအမူနဲ့ ခံစားချက်တွေဖြစ်ပေါ်ခြင်း၊ တချို့လူတွေမှာ သတိလစ်ခြင်း စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်စေတဲ့ ရောဂါတစ်မျိုးကို ခေါ်ပါတယ်။ နားထင်ပိုင်းဦးနှောက်ခြမ်းအတက်ရောဂါ အပါအဝင် အတက်ရောဂါအမျိုးအစားပေါင်း ၂၀ရှိပါတယ်။နားထင်ပိုင်းဦးနှောက်ခြမ်းအတက်ရောဂါကို ရောဂါအခြေပြုတဲ့ အစိတ်အပိုင်းအပေါ်မူတည်ပြီး နှစ်မျိုးထပ်မံခွဲခြားနိုင်ပါတယ်။ ပထမတစ်မျိုးက အတွင်းဘက် နားထင်ပိုင်းဦးနှောက်ခြမ်းမှာ အခြေပြုပြီး ဒုတိယတစ်မျိုးက အပြင်ဘက် နားထင်ပိုင်းဦးနှောက်ခြမ်းမှာ အခြေပြုပါတယ်။ နားထင်ပိုင်းဦးနှောက်ခြမ်းဟာ စိတ်ခံစားမှုတွေကို ထိန်းချုပ်တဲ့ ဦးနှောက်အစိတ်အပိုင်းဖြစ်ပြီး ရေတိုမှတ်ဉာဏ် လုပ်ငန်းစဉ်နဲ့ ထိန်းသိမ်းခြင်းကိုလည်း ဆောင်ရွက်ပေးပါတယ်။အတက်ရောဂါ အမျိုးအစားအားလုံးထဲမှာ ဒီရောဂါဟာ အဖြစ်အများဆုံးဖြစ်ပါတယ်။ အတက်ရောဂါရှိသူတွေရဲ့ ၆၀ရာခိုင်နှုန်းဟာ နားထင်ပိုင်းဦးနှောက်ခြမ်း အတက်ရောဂါကို ခံစားနေရတာဖြစ်ပြီး အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဒီရောဂါစတင်ဖြစ်ပေါ်တဲ့အခါ ကာယကံရှင်အနေနဲ့ အောက်မှာဖော်ပြထားတဲ့ ပုံမှန်မဟုတ်တဲ့ ခံစားချက်တွေ ရုတ်တရက်ခံစားရမှာ ဖြစ်ပါတယ်။အဖြစ်အပျက်တစ်ခုခုကို ရင်းနှီးနေသလို၊ အရင်ကကြုံတွေ့ခဲ့ဖူးသလို ခံစားရခြင်း။အလွန်အမင်း ပျော်ရွှင်ခြင်း။အူလှိုက်သည်းလှိုက်ခံစားရခြင်း။စိုးရိမ်ပူပင်ခြင်း။ဒီလက္ခဏာတွေကို ရှေ့ပြေးနိမိတ်တွေ (auras) လို့ခေါ်ပါတယ်။ စက္ကန့်အနည်းငယ်မှ မိနစ်အနည်းငယ်ထိ ကြာမြင့်တတ်ပြီး နောက်ဆက်တွဲအနေနဲ့ လေသင်တုန်းဖြတ်သလို (ခြေလက်တွေတောင့်တင်းသွားတာ၊ ကွေးကောက်သွားတာမျိုး) ခံစားရမှာဖြစ်ပါတယ်။ အခြားဖြစ်နိုင်ချေရှိတဲ့ ရှေ့ပြေးနိမိတ်တွေကတော့ တကယ်မရှိတဲ့ အသံဗလံ၊ စကားပြောသံ၊ လူသံတွေကြားရခြင်း၊ အနံ့၊ အရသာ တမျိုးမျိုးရခြင်း တို့ပဲဖြစ်ပါတယ်။ ဒီရောဂါရှိတိုင်း ရှေ့ပြေးနိမိတ်တွေ ကြုံတွေ့ရမှာမဟုတ်သလို တချို့က ရှေ့ပြေးနိမိတ်တွေကို မမှတ်မိကြပါဘူး။လေသင်တုန်းဖြတ်ပြီဆိုရင် သင်ဟာ သတိရနေပေမယ့် သင့်ခန္ဓါကိုယ်က သူ့အလိုလို တွန့်လိမ်ကွေးကောက်လာတာ၊ လှုပ်ရှားမှုတွေဖြစ်လာတာကို ခံစားရမှာဖြစ်ပါတယ်။ နှုတ်ခမ်းကို တပြွတ်ပြွတ်လုပ်ခြင်း၊ မျိုချခြင်း၊ ဝါးခြင်း၊ တနေရာရာကို စိုက်ကြည့်ခြင်း၊ လက်တွေကို ပွတ်ခြင်း စတဲ့ သင်မထိန်းချုပ်နိုင်တဲ့ အပြုအမူတွေ ထပ်တလဲလဲ ပြုလုပ်မိနိုင်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် ရောဂါဖြစ်ပုံဖြစ်နည်း မတူညီတတ်သလို ဖြစ်တဲ့အချိန်ကာလ အတိုအရှည်လည်း မတူညီတတ်ပါဘူး။ ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် ပြတတ်သလို ကိုယ့်ဘာသာ ဖြစ်လို့ဖြစ်မှန်း သတိမထားလိုက်မိတဲ့ အခြေအနေမျိုးလည်း ရှိနိုင်ပါတယ်။ ဒီရောဂါကြောင့် လေသင်တုန်းဖြတ်ပြီးတဲ့အခါ ခံစားရလေ့ရှိတာတွေကတော့။စကားပြောရခက်ခြင်း။စိတ်ရှုပ်ထွေးခြင်း။လေသင်တုန်းဖြတ်မှန်း သတိမထားမိခြင်း။အလွန်အမင်း ခြေကုန်လက်ပမ်းကျခြင်း။ရှားရှားပါးပါးဆိုသလို နားထင်ပိုင်းဦးနှောက်ခြမ်း အတက်ရောဂါရှိသူတွေဟာ ခြေလက်လေးဘက်စလုံး တောင့်တင်းပြီး တဆတ်ဆတ်တုန်အောင် တက်လေ့ရှိတဲ့ grand mal လို့ခေါ်တဲ့ အတက်ရောဂါတစ်မျိုး ဆက်လက်ဖြစ်ပွားနိုင်ပြီး အပြင်းအထန် အကြောဆွဲ တက်ခြင်းနဲ့ သတိလစ်ခြင်းတို့ကိုပါ ခံစားရနိုင်ချေ ရှိပါတယ်။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဒီရောဂါဖြစ်ပွားစေနိုင်တဲ့ အကြောင်းရင်းများစွာရှိပေမယ့် အကြောင်းအရင်းအတိအကျကိုတော့ မသိရတာများပါတယ်။ပညာရှင်တွေရဲ့ ယူဆချက်အရ ဒီရောဂါဖြစ်စေနိုင်တဲ့ တချို့သောအကြောင်းအရင်းတွေကတော့။ဦးနှောက်ကို ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရခြင်း။ဦးနှောက်အမှေးရောင်ခြင်း၊ ဦးနှောက်သားရောင်ရမ်းခြင်း စသည့် ပိုးဝင်ဖူးသော ရာဇဝင်ရှိခြင်း။နားထင်ပိုင်းဦးနှောက်ခြမ်းရှိ hippocampus အမည်ရှိ အစိတ်အပိုင်းတွင် အမာရွတ်တက်ခြင်း။ဦးနှောက်သွေးကြောများ ပုံမမှန်ဖြစ်ခြင်း။လေဖြတ်ခြင်း။ဦးနှောက်အကျိတ်များ။မျိုးရိုးဗီဇ။ဦးနှောက်တွင်း လျှပ်စစ်လှိုင်းများလှုပ်ရှားမှု ပုံမမှန်ခြင်း။ဒီရောဂါ ဖြစ်ပွားနိုင်ချေကို မြင့်စေတဲ့အကြောင်းရင်းတွေအနက် အများဆုံးတွေ့ရတာကတော့ အဖျားကြီးပြီး အချိန်ကြာကြာ တက်ဖူးတဲ့ ရာဇဝင်ရှိခြင်းပဲ ဖြစ်ပါတယ်။ အခြားအကြောင်းရင်းတွေကတော့။ဦးခေါင်းပိုင်းထိခိုက်မိပြီး သတိလစ်ခြင်း။ငယ်ရွယ်စဉ် ထိခိုက်ဒဏ်ရာရခြင်း။မီးဖွားစဉ် ထိခိုက်ဒဏ်ရာရခြင်း။ဦးနှောက်ပုံမမှန်ခြင်း။ပိုးဝင်ခြင်း။ဦးနှောက်အကျိတ်ရှိခြင်း တို့ပဲဖြစ်ပါတယ်။ဒီရောဂါဟာ ဆယ်ကျော်သက်နှောင်းပိုင်းနဲ့ အသက် ၂၀နှောင်းပိုင်းတွေမှာ စတင်ဖြစ်လေ့ရှိပါတယ်။ ပညာရှင်တွေရဲ့ ပြောဆိုချက်အရ အမျိုးသမီးတွေဟာ ရာသီစက်ဝန်းနဲ့ မျိုးဥကြွေချိန်အပေါ်လိုက်ပြီး ဟော်မုန်းအပြောင်းအလဲများတဲ့အတွက် လေသင်တုန်းဖြတ်နိုင်ချေ ပိုများတယ်လို့ သိရပါတယ်။အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ့နားထင်ပိုင်းဦးနှောက်ခြမ်းအတက်ရောဂါ မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဒီရောဂါဟုတ်မဟုတ် အတည်ပြုဖို့ သင့်ဆရာဝန်အနေနဲ့ လေသင်တုန်းဖြတ်တဲ့အချိန် ဖြစ်သမျှအကြောင်းအရာတွေကို အသေးစိတ်မေးမြန်းမှာ ဖြစ်ပါတယ်။ များသောအားဖြင့် ကာယကံရှင်ကိုယ်တိုင် ပြောပြတာထက် ပိုမှတ်မိနိုင်ချေရှိတဲ့ မျက်မြင်သက်သေတစ်ဦးဦးကို ပြောပြစေဖို့ အကြံပြုပါလိမ့်မယ်။ဒီရောဂါဟုတ်မဟုတ် အဖြေရှာဖို့ စံထားအသုံးပြုတဲ့ နည်းပညာကတော့ MRI လို့လူသိများတဲ့ သံလိုက်လှိုင်းကိုအသုံးပြုပြီး ပုံရိပ်ဖော်ခြင်းပဲဖြစ်ပါတယ်။ MRI အကူအညီနဲ့ နားထင်ပိုင်းဦးနှောက်ခြမ်းအတက်ရောဂါ ဖြစ်စေနိုင်တဲ့ ဦးနှောက်ပုံမမှန်တဲ့ ဝိသေသလက္ခဏာတွေကို ရှာဖွေရတာ ဖြစ်ပါတယ်။နောက်ပြီး EEG လို့ခေါ်တဲ့ ဦးနှောက်လျှပ်စစ်လှိုင်း ပုံဖော်စက်နဲ့ ရောဂါရှာဖွေတဲ့နည်းလမ်းကိုလည်း အသုံးပြုနိုင်ပါတယ်။ သတ်မှတ်ထားတဲ့နေရာတွေမှာ ပြတ်သားတဲ့လှိုင်းတွေ တွေ့ရမယ်ဆိုရင်တော့ ဒါဟာ နားထင်ပိုင်းဦးနှောက်ခြမ်းအတက်ရောဂါ ရှိနေတာကို ညွှန်ပြနေခြင်းဖြစ်ပါတယ်။ ဆရာဝန်တွေအနေနဲ့ တခါတရံမှာ လေသင်တုန်းဖြတ်တာတွေကို မှတ်သားဖို့ EEG ကို ဗီဒီယိုမှတ်တမ်းတင်ပြီး ခွဲစိတ်ကုသမှု ခံယူဖို့လိုမလို ဆုံးဖြတ်လေ့ရှိကြပါတယ်။ဒီရောဂါရှိသူအများစုဟာ အတက်ကျဆေးပေးလိုက်ရင် သက်သာသွားတတ်ပါတယ်။ ဒါပေမယ့် အတက်ကျဆေးတွေမှာ ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အလေးချိန်တိုးခြင်း၊ ခေါင်းမူးခြင်း စတဲ့ အမျိုးမျိုးသော ဘေးထွက်ဆိုးကျိုးတွေရှိတဲ့အပြင် သန္ဓေတားဆေးကဲ့သို့ အချို့သောဆေးဝါးတွေရဲ့ အာနိသင်ကို နှောင့်ယှက်ဟန့်တားနိုင်တဲ့ သတ္တိရှိပါတယ်။ဒီရောဂါရှိသူ သုံးပုံတစ်ပုံလောက်က ဆေးသောက်ရုံသက်သက်နဲ့ မသက်သာနိုင်ဘဲ တခြားကုသမှုတွေကိုပါ တွဲဖက်ခံယူကြရပါတယ်။ ခွဲစိတ်ကုသခြင်းဟာလည်း ဒီရောဂါကို ကုသတဲ့နည်းလမ်းတစ်မျိုးဖြစ်ပြီး အဓိကရည်ရွယ်ချက်ကတော့ လေသင်တုန်းဖြတ်တာ ရပ်တန့်သွားအောင်၊ အကြိမ်ရေနည်းသွားအောင် ပြုလုပ်ဖို့ပဲ ဖြစ်ပါတယ်။ ခွဲစိတ်မှုတိုင်းဟာ အန္တရာယ်ဖြစ်နိုင်ချေရှိတယ် ဆိုပေမယ့် ဒီရောဂါကုသဖို့ ပြုလုပ်ရတဲ့ ခွဲစိတ်မှုသာ မအောင်မြင်ခဲ့ဘူးဆိုရင် ဦးနှောက်အာရုံကြောပြဿနာတွေ ဖြစ်လာနိုင်ချေရှိပါတယ်။တခြားကုသမှုနည်းလမ်းတွေကတော့။Vagus အာရုံကြောကို လှုံ့ဆော်ခြင်း။ရင်ဘတ်ထဲကို ညှပ်ရိုးအောက်ကတဆင့် ကိရိယာတစ်မျိုး ခွဲစိတ်ထည့်သွင်းပြီး လည်ပင်းမှာရှိတဲ့ Vagus အမည်ရှိ အာရုံကြောဆီ ဝိုင်ယာကြိုးသွယ်ကာ လှုံ့ဆော်မှုပေးတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီကိရိယာရဲ့ အကူအညီနဲ့ လေသင်တုန်းဖြတ်တဲ့ အကြိမ်ရေနဲ့ ပြင်းထန်မှုကို လျော့ချနိုင်မှာ ဖြစ်ပါတယ်။အာရုံကြောတုံ့ပြန်လှုံဆော်ခြင်း။ဒီနည်းလမ်းကတော့ ဦးနှောက်မျက်နှာပြင် ဒါမှမဟုတ် ဦးနှောက်တစ်ရှုးထဲကို ကိရိယာတစ်မျိုး ခွဲစိတ်ထည့်သွင်းပြီး ဦးခေါင်းခွံမှာချိတ်ဆက်ထားတဲ့ ဘတ္ထရီအားသုံး လျှပ်စစ်ထုတ်စက်နဲ့ ဆက်သွယ်ပေးရတာပဲ ဖြစ်ပါတယ်။ လေသင်တုန်းဖြတ်တာကို အာရုံခံနိုင်ပြီး ဒီလိုဖြစ်စေတဲ့ ဦးနှောက်အစိတ်အပိုင်းဆီ လျှပ်စစ်လှုံ့ဆော်မှု ပို့လွှတ်ပေးခြင်းအားဖြင့် လေသင်တုန်းဖြတ်တာ ရပ်တန့်အောင် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ဦးနှောက်အတွင်းပိုင်း လှုံ့ဆော်ခြင်း။ဒါကတော့ စမ်းသပ်နေဆဲ ကုသမှုနည်းလမ်းတစ်ခုဖြစ်ပါတယ်။ Thalamus လို့ခေါ်တဲ့ ဦးနှောက်အတွင်းထဲက အစိတ်အပိုင်းမှာ လျှပ်ခေါင်းငယ်တွေ တပ်ဆင်ကုသခြင်းဖြစ်ပြီး ဒီလျှပ်ခေါင်းငယ်တွေက လေသင်တုန်းဖြတ်တာကို ရပ်တန့်စေမယ့် လျှပ်စစ်အချက်ပြလှိုင်းတွေ ထုတ်လွှတ်ပေးမှာဖြစ်ပါတယ်။သင့်မှာ ဒီရောဂါရှိမယ်ဆိုရင် အောက်ဖော်ပြပါ အပြုအမူတွေက သင့်ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ရေကူးခြင်း – အဖော်မပါဘဲ တစ်ယောက်ထဲရေကူးခြင်းကို ရှောင်ကြဉ်ပါ။ အသက်ကယ်ဝတ်စုံ အမြဲဝတ်ဆင်ပါ။ရေစိမ်ခြင်း – ရေနစ်တဲ့အန္တရာယ်မှ ကာကွယ်တဲ့အနေနဲ့ ရေချိုးဇလုံထဲ စိမ်မယ့်အစား ရေပန်းနဲ့ရေချိုးပါ။အမြင့်မှာအလုပ်လုပ်ခြင်း – မြင့်တဲ့နေရာမှာ အလုပ်လုပ်နေရင်း ရုတ်တရက် အတက်ရောဂါ ဖောက်လာရင် ပြုတ်ကျပြီး ထိခိုက်ဒဏ်ရာရနိုင်တဲ့အတွက် လှေကားပေါ်၊ ခေါင်မိုးပေါ်နဲ့ အခြားမြင့်မားတဲ့နေရာတွေမှာ အလုပ်လုပ်ခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။ကားမောင်းခြင်း၊ စက်မောင်းခြင်း – နိုင်ငံခြားတိုင်းပြည်တွေက အချို့သောပြည်နယ်တွေမှာ အတက်ရောဂါရာဇဝင်ရှိသူတွေကို ယာဉ်မောင်းလိုင်စင် ကန့်သတ်တာမျိုး ပြုလုပ်လေ့ရှိပါတယ်။သင့်အနေနဲ့ အရေးပေါ်အခြေအနေတစ်ခုခု ကြုံလာရင် အနီးအနားကလူတွေ အကူအညီပေးနိုင်အောင် သတိပေးလက်ပတ်လိုမျိုး တစ်ခုခုဝတ်ဆင်ဖို့ စဉ်းစားသင့်ပါတယ်။ ဒီလက်ပတ်မှာ သင့်ရဲ့ရောဂါအခြေအနေ၊ အရေးပေါ်ဆက်သွယ်ရမယ့်ပုဂ္ဂိုလ်၊ သောက်လက်စဆေးတွေနဲ့ မတည့်တဲ့ဆေးတွေအကြောင်း ဖော်ပြထားရမှာ ဖြစ်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/seizure-disorders/temporal-lobe-epilepsy-%e1%80%94%e1%80%ac%e1%80%b8%e1%80%91%e1%80%84%e1%80%ba%e1%80%95%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%a6%e1%80%b8%e1%80%94%e1%80%be%e1%80%b1%e1%80%ac/
ကလေးလေးတွေ ဘာကြောင့် ငို တာလဲ
ကလေးတစ်ယောက်ရဲ့ အူဝဲ အူဝဲဆိုတာ အမေ့ဝမ်းက ကျွတ်ကျွတ်ခြင်းမှာပဲ နားထောင်လို့ ကောင်းတာပါ။ နောက်ပိုင်းအချိန်တွေဆိုရင်တော့ မေမေတို့ ဖေဖေတို့ မျက်ခုံးလှုပ်လာပါပြီ။ငိုတယ်ဆိုတာ ကလေးတွေရဲ့ ဘာသာစကားပါပဲ။ သူတို့လိုချင်တာ ဖြစ်ချင်တာကို ငို ပြီး ဖော်ပြတတ်ပါတယ်။ ဒါကို ဖေဖေတို့ မေမေတို့ နားလည်ထားဖို့ လိုပါတယ်။ဥပမာ ပြောရရင်ဗိုက်ဆာရင် ငိုတဲ့အသံက တအိအိနဲ့ ငိုတာပါ။ အကောင် တစ်ကောင်ကောင် ကိုက်လိုက်လို့၊နေမကောင်းလို့ ဆိုရင်တော့ ရုတ်တရက် စူးခနဲ အော်ငိုတတ်ပါတယ်။ နောက်ပိုင်း ထိန်းရင်းနဲ့ ကိုယ့်ကလေးရဲ့ အထာကို သိလာမှာပါ။ အစပိုင်းမှာတော့ ကလေးငိုရင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေဦးမှာပါပဲ။ကလေးငိုတာကို တုံ့ပြန်တဲ့ မိဘ နှစ်မျိုး ရှိပါတယ်။ တစ်ယောက်က ကလေးက အင့်ခနဲဆိုတာနဲ့ ပြေးချီပြီးသား မိဘပါ။ နောက်တစ်ယောက်က ကလေး ဘယ်လောက်ငိုငို မချီတဲ့ မိဘပါ။ လက်ကြိုက်သွားမှာ စိုးလို့ပါတဲ့။ ဒီနှစ်ယောက်လုံးက အစွန်းနှစ်ဖက်ကို ရောက်နေတာပါ။ တကယ်တော့ ကလေး ဘာကြောင့် ငိုလဲဆိုတာကို ရှာနိုင်ရင် ကလေးလည်း အငိုတိတ် မေမေလည်း မပင်ပန်းတော့ပါဘူး။ ကလေးငိုရတဲ့ အကြောင်းရင်း များများစားစား မရှိပါဘူး။ ဒါတွေကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ ကြည့်ကြည့်ရအောင်။ကလေးငိုပြီဆိုရင် အရင်ဆုံး အရေးကြီးတဲ့ အကြောင်းရင်းကို အရင်ရှာပါ။ ကလေးက နေမကောင်း ဖြစ်နေလား။ကိုယ်ပူနေတာလား။ အကောင်တစ်ကောင်ကောင် ကိုက်သွားတာလား စသဖြင့်ပေါ့။ အကောင်ကိုက်တယ်လို့ ယူဆရင် အနှီးထုပ်ကို ဖြည်ပြီး ကြားတွေ ကြားတွေမှာ သေချာ လိုက်ရှာပါ။ အကောင်ကိုက်သွားတဲ့ အဖုအပိမ့် ရှိသလားဆိုတာလည်း ရှာပါ။ ကလေးက အကောင်းကြီးကနေ ရုတ်တရက် စူးခနဲငိုတဲ့အခါ ပိုပြီး ဂရုစိုက်သင့်ပါတယ်။တခြား အကြောင်းရင်းတွေကတော့။ကလေးက ငိုတယ်လို့သာပြောတာ မျက်ရည်မထွက်ဘဲ အော်နေတာက များပါတယ်။ ငိုပြီဆိုရင် ခုနကပြောတဲ့ အရေးကြီးတဲ့ အကြောင်းအရာတွေကို အရင်ရှာပါ။ ကလေးက အားလုံးကောင်းတယ်။ ငိုပဲ ငိုနေတာဆိုရင် ဖြည်းဖြည်းချော့လို့ရပါတယ်။ ကလေးကို အငိုတိတ်အောင် အတင်းလုပ်စရာ မလိုပါဘူး။ ငိုလွန်းလို့ တက်မတတ် ချက်မတတ်ဖြစ်သွားတယ်ဆိုတာ လက်တွေ့မှာ ခပ်ရှားရှားပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/why-your-babies-cry/
ငယ်ငယ်ရွယ်ရွယ်နဲ့ ခါးနာ ရတာ ဒါကြောင့်ပါ။
ခါးနာ တဲ့ဝေဒနာက လူကြီးတွေမှာပဲ ဖြစ်တတ်တာမဟုတ်ပါဘူး။ ဒီခေတ်ရဲ့ ဘဝနေထိုင်မှု ပုံစံအရ လူငယ်တွေမှာလည်းခါးနာတာတွေ ခပ်စိတ်စိတ် တွေ့လာရပါပြီ။ အထူးသဖြင့်တော့ လုပ်နိုင်ကိုင်နိုင်တဲ့ ၂၀ကျော် ၃၀ပတ်ချာလည်လောက်မှာ တွေ့လာရတာပါ။ ငယ်ငယ်လေးနဲ့ ခါးနာနေရတာ ဘာကြောင့်များပါလိမ့်။လူငယ်တွေမှာ ခါးနာရတာကနေထိုင်မှု ပုံစံနဲ့ ရောဂါတွေကြောင့်လို့ ခွဲပြောလို့ရပါတယ်။ နေထိုင်မှု ပုံစံကြောင့် ဖြစ်တာကတော့ ပိုများပါတယ်။ ဒီနေ့ခေတ်မှာ အထိုင်များလာတာ၊ လှုပ်ရှားမှု နည်းလာတာ၊ လူနေမှုပုံစံက ပိုပြီး သက်သာအောင် ဖန်တီးလာတာတွေက ခါးါးနာစေတဲ့ အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။ အသေးစိတ်ကို ဆက်ကြည့်ရအောင်။ကွန်ပျူတာရှေ့မှာ အလုပ်လုပ်တဲ့အခါ ကိုယ်မသိလိုက်ဘဲ ရှေ့ကို ကုန်းပြီး ထိုင်မိတတ်ပါတယ်။ ဒီလိုပုံစံကကျောရိုးရဲ့ ပုံစံကို ပျက်စေပြီး ခါးဆစ်ကြားက အရိုးပြားတွေကို ထိခိုက်စေပါတယ်။ ဒါကြောင့် ညနေ အလုပ်စားပွဲက ထလိုက်တာနဲ့ ခါးထဲမှာ တဆစ်ဆစ်နဲ့ နာနေတာကို ခံစားရတာပါ။ပထမတစ်ချက်က အိပ်တဲ့မွေ့ရာပါ။ မွေ့ရာက မပျော့လွန်း မမာလွန်း ဖြစ်ရပါမယ်။ ပျော့လွန်းတဲ့မွေ့ရာက ကျောရိုးကို ထောက်ထားနိုင်ခြင်း မရှိတာကြောင့် လှဲလိုက်တာနဲ့ ကျောရိုးက နိမ့်ဝင်သွားပြီး ပုံစံပျက်ယွင်းသွားပါတယ်။နောက်တစ်ချက်က အိပ်တဲ့ ပုံစံပါ။ တစ်ပုံစံထဲ အကြာကြီး အိပ်တာ (ဥပမာ ပက်လက်ပဲ အိပ်တာ ဒါမှမဟုတ် မှောက်ရက်ပဲ အိပ်တာ)က ခါးနာစေတဲ့အပြင် ရှိပြီးသား ခါးနာဝေဒနာကိုပါ ပိုဆိုးစေပါတယ်။ထိုင်တဲ့အခါ မြေဆွဲအားက အောက်ကို သက်ရောက်နေတာကြောင့် လည်ဆစ်၊ ကျောရိုးနဲ့ ခါးဆစ်တွေက အောက်ကို ပိကျနေသလို ဖြစ်နေပါတယ်။ ကိုယ်အလေးချိန်ကပါ ဖိထားတဲ့အတွက် ကြာကြာထိုင်လေလေ အဆစ်တွေအပေါ် ဖိအားများလေလေပဲ ဖြစ်ပါတယ်။ဆေးလိပ်သောက်တာက မသောက်တာထက်  ၃ဆ ခါးပိုနာတတ်ပါတယ်တဲ့။ ဆေးလိပ်က သွေးကြောတွေကို ပျက်စီးစေတာကြောင့် ခါးဆစ်ရိုးကြားက အရိုးနုပြားလေးတွေ သွေးငတ်ပြီး ပျက်စီးလွယ်ပါတယ်။ ဒါအပြားလေးတွေ ပျက်စီးရင် ခါးဆစ်တွေပါ ပျက်စီးပြီး ခါးနာလာပါလိမ့်မယ်။ဆေးလိပ်ကြောင့်နာတာရှည် ချောင်းဆိုးတာကလည်း ခါးပတ်လည်က ကြွက်သားတွေကို ဆတ်ခနဲဆွဲဆုတ်သလို ဖြစ်တာကြောင့် ခါးနာတတ်ပါတယ်။အဝလွန်တာကလည်း ခန္ဓာကိုယ်တစ်ခုလုံးက အရိုးတွေကို ဝန်ပိစေပါတယ်။ အထူးသဖြင့် ခါးတွေ၊ ဒူးတွေပါ။ ဒါကြောင့် ငယ်ပေမယ့် ဝနေရင် လူကြီးတွေလိုပဲ ခါးနာနိုင်ပါတယ်။ထိုင်တဲ့အခါ၊ လမ်းလျှောက်တဲ့အခါကစလို့ ပစ္စည်းတွေ မတဲ့အခါ ကိုယ်အနေအထား မမှန်ရင် ခါးနာတတ်ပါတယ်။ ဒီလိုပဲ လူငယ်ပီပီ လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ အနေအထားမမှန်ဘဲ အလေးတွေ မတာ၊ ဆတ်ခနဲ ခါးကုန်းတာ၊ မတ်တာ စတာတွေကလည်း ခါးနာစေတဲ့ အကြောင်းရင်းတွေပဲ ဖြစ်ပါတယ်။အလုပ်လုပ်တဲ့အရွယ် ဖြစ်တာကြောင့် ပစ္စည်းတွေကို မပြီး သွားလာနေရတာက နေ့စဉ် ခါးကို ဒဏ်ဖြစ်စေပါတယ်။ဒေါက်ဖိနပ်က ခြေထောက်မှာတင် ဝန်ပိတာ မဟုတ်ပါဘူး။ ကိုယ်နေဟန်ထားကို မထိန်းနိုင်တာကြောင့် ခါးကိုပါ ပြန်ပြီး ဝန်ပိစေပါတယ်။ ဒါကြောင်း အချိန်ကြာကြာဝတ်လေလေ ခါးကြွက်သားတွေ နာလေလေပဲ ဖြစ်ပါတယ်။ရောဂါကြောင့် ခါးနာတာက အများကြီး ဖြစ်နိုင်ပေမယ့် လူငယ်နဲ့ လူလတ်ပိုင်းတွေမှာဆိုရင်တော့။ဒီရောဂါက အသက် ၂၀ အရွယ် လူငယ်တွေမှာတောင် တွေ့ရတတ်ပါတယ်။ ပုံမှန်ဆိုရင် ခါးဆစ်တွေကြားထဲမှာ အဆစ်ပြားတွေက ကူရှင်လိုမျိုး ရှိနေပါတယ်။ ဒီရောဂါမှာ အပြားလေးတွေ ပျက်စီးလာတဲ့အတွက် ခါးမှာရှိတဲ့ အဆစ်တွေရောင်ရမ်းတာ၊ ကြွက်သားတွေ တောင့်တင်းနာကျင်တာတွေ ဖြစ်လာပါတယ်။ခါးဆစ်ရိုး နှစ်ခုကြားမှာ ရှိရမယ့် အပြားလေးက ခါးဆစ်ရိုးအပြင်ကို ကျွံပြီး ချော်ထွက်သွားတာမျိုးပါ။ ကျွံသွားတဲ့ အဆစ်ပြားလေးက တင်ခံအာရုံကြောကို ဖိမိပြီး ဆိုင်ရာတီကာဆိုတဲ့ အာရုံကြောပြဿနာပါ ဖြစ်တတ်ပါတယ်။ ဒါဆိုရင်တော့ ခါးနာတာအပြင် ခြေထောက်နဲ့ ခြေဖျားတွေ ထုံကျင်တာပါ ခံစားရမှာပါ။လူငယ်တွေမှာ ခါးနာရတဲ့ အကြောင်းရင်းက နေထိုင်မှု ပုံစံကြောင့် ဖြစ်တာမို့လို့ နေထိုင်မှုပုံစံကို ပြောင်းလဲပစ်ဖို့ လိုပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/causes-of-back-pain-in-young-age/
Roseola (ရိုစီရိုးလာ)
Roseola ဆိုတာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ မပြင်းထန်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ အများအားဖြင့် အန္တရာယ်မဖြစ်စေဘဲ ကောင်းစွာအနားယူခြင်း၊ ဆေးသောက်ခြင်းတို့ဖြင့် ပျောက်ကင်းသွားလေ့ရှိပါတယ်။ ရှားရှားပါးပါးအချို့လူနာများမှာတော့ အဖျားကြီးပြီး ဘေးထွက်ဆိုးကျိုးများ ဖြစ်စေပါတယ်။ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ /လမှ ၂နှစ်အရွယ် ကလေးများမှာ ဖြစ်လေ့ရှိပါတယ်။ ၄နှစ်နောက်ပိုင်း ဖြစ်သူရှားပါတယ်။ ကလေးအများစုဟာ သူငယ်တန်းတက်ချိန်မှာ roseola ဖြစ်ပြီး ဖြစ်ပါတယ်။ တခါတရံ အရွယ်ရောက်ပြီးသူတွေမှာလည်း ဖြစ်တတ်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ရောဂါပိုးကူးစက်ခံရပြီး တစ်ပတ်နှစ်ပတ်အတွင်း ရောဂါလက္ဓဏာပြလေ့ရှိပါတယ်။ ရောဂါလက္ခဏာ နည်းနည်းပဲပေါ်တာနဲ့ လုံးဝမပေါ်တာလည်း ဖြစ်နိုင်ပါတယ်။ Roseola ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့-။Roseola ရဲ့အခြားလက္ခဏာတွေကတော့-။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။သင့်မှာအောက်ဖော်ပြပါအချက်အလက်တွေထဲကတစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။Roseola ဟာ လူမှာဖြစ်ပွားတဲ့ ရေယုန်ဗိုင်းရပ်စ်နံပါတ်၆ သို့မဟုတ် အချို့မှာ ၇ကူးစက်ခံရခြင်းကြောင့် ဖြစ်တဲ့ရောဂါတစ်မျိုးပါ။ နေမကောင်းသူများနှင့် ထိတွေ့မိခြင်း၊ သူတို့ အသုံးပြုထားပြီး ရောဂါပိုးပါနေသော ပစ္စည်းများကို ထိတွေ့မိခြင်းတို့ကြောင့် ကူးစက်နိုင်ပါတယ်။ ဥပမာ နေကောင်းတဲ့ ကလေးဟာ roseola ဖြစ်နေသော ကလေးရဲ့ ခွက်ကို ယူသောက်မိခြင်းဖြင့် ဗိုင်းရပ်စ်ပိုးကူးစက်နိုင်ပါတယ်။ နေထိုင်တဲ့ပတ်ဝန်းကျင်မှာ အကြီးအကျယ်ပြန့်နှံ့တာမျိုး မရှိပါ။ကလေးဘဝက ရောဂါမဖြစ်ဖူးသူ လူကြီးများလည်း ကူးစက်နိုင်ပြီး ကျန်းမာသူများမှာ ရောဂါပြင်းထန်လေ့မရှိပါ။ သင့်မှာအနီစက်မပေါ်ဘဲ အဖျားနည်းနည်းပဲရှိနေလျှင်တောင် သင့်ကလေးနဲ့ မိသားစုဝင်များကို သင့်ထံမှ တံတွေးနှင့် အသက်ရှူလမ်းကြောင်းမှ အရည်များမှတဆင့် ကူးစက်နိုင်ပါတယ်။မွေးကင်းစမှ သူငယ်တန်းအရွယ် ကလေးများမှာ ခုခံအားစနစ်ကောင်းစွာ မဖွံ့ဖြိုးသေးလို့ ရောဂါကူးစက်လွယ်ပါတယ်။ ထို့ပြင် စာသင်ခန်းတွင်းရှိနေခြင်းကြောင့် ကလေးတစ်ဦးမှတစ်ဦး ရောဂါကူးနိုင်ခြေများပါတယ်။ ရောဂါကူးစက်ခံရဆုံးအရွယ်ဟာ ၆လမှ ၁၅လကြား ဖြစ်ပါတယ်။အထက်ပါဖြစ်ပွားနိုင်ချေများမရှိခြင်းကြောင့် သင့်မှာ Roseola မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာမှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရောဂါရာဇဝင်မေးမြန်းခြင်းနဲ့ စမ်းသပ်ခြင်းတို့မှ သိနိုင်ပါတယ်။ သင့်ကလေးမှာအဖျားရှိပြီး သိသာထင်ရှားတဲ့ အနီကွက်ပုံစံကြောင့် ဆရာဝန်က roseola ဖြစ်ကြောင်းသိနိုင်ပါတယ်။ တခါတရံ roseola အတွက်ပဋိပစ္စည်းကို သွေးထဲမှာ စစ်ဆေးကြည့်ပြီး သိနိုင်ပါတယ်။အဖျားကြီးတာ သက်သာဖို့ ဆေးသောက်ရပါမယ်။ ပါရာစီတမောနဲ့ အိုင်ဗျူပရိုဖန်တို့ကို အသုံးများပါတယ်။ ကလေးကို ရေပတ်လည်းတိုက်ပေးနိုင်ပါတယ်။ ကလေးကို ဆေးဘယ်လောက်တိုက်ရမယ်ဆိုတာ ဆရာဝန်ဆီက အကြံပေးချက်ယူပါ။ အသက်၂၀အောက်ငယ်သူများမှာ Reye’s syndrome ဖြစ်နိုင်ခြေကြောင့် အက်စ်ပရင် မပေးသင့်ပါ။ရောဂါလက္ခဏာ မပြင်းထန်လျှင် ဆေးမသောက်ဘဲ ပျောက်ကင်းနိုင်ပါသည်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် Roseola ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။သင့်ကလေးမှာ roseola ရှိလျှင် အိမ်မှာပဲ အိပ်ယာပေါ်မှာ အနားယူခိုင်းတာ အကောင်းဆုံးပါ။ အခြားကလေးတွေကို ရောဂါကူးစက်ခြင်းကိုလည်း ဒီနည်းနဲ့ ကာကွယ်နိုင်ပါတယ်။သင့်မှာရောဂါရှိလျှင်/ရောဂါရှိတဲ့ကလေးကို ပြုစုပေးနေလျှင် ရောဂါကူးစက်နိုင်ခြေရှိသေးတဲ့ အခြားသူတွေကို မကူးစက်နိုင်အောင် လက်ကိုသတိထားပြီး မကြာခဏဆေးပေးပါ။သင့်ကလေးကို ရေဓါတ်မခန်းခြောက်စေရန် ရေ၊ ဂျင်းဖျော်ရည်၊ သံပုရာရည်၊ စွတ်ပြုတ်ရည်၊ ဓါတ်ဆားစတဲ့ အရည်ကြည်များ တိုက်ကျွေးပေးပါ။အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/roseola-%e1%80%9b%e1%80%ad%e1%80%af%e1%80%85%e1%80%ae%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%9c%e1%80%ac/
နေမကောင်းဖြစ်ပြီးရင် သွားပွတ်တံ လဲသင့်လား
အသက်ရှူလမ်းကြောင်းရောဂါအများစုက နှာခေါင်း၊ ပါးစပ်ကနေ ဝင်တာဖြစ်တဲ့အတွက် နေမကောင်းဖြစ်ပြီးရင် သွားပွတ်တံ လဲသင့်လား ဆိုပြီး တွေးစရာ ရှိပါတယ်။ နေမကောင်းတုန်းက တိုက်ထားတဲ့ သွားပွတ်တံမှာ ပိုးတွေ ကပ်နေပြီး ခုပြန်တိုက်ရင် ပိုးဝင်ပြန်ဝင်သွားမလားဆိုတာကို စိုးရိမ်ရပါတယ်။သွားပွတ်တံမှာ ရှိတဲ့ ပိုးမွှားအများစုက အောက်ဆီဂျင်မရှိမှ အသက်ရှင်နိုင်တာပါ။ သွားပွတ်တံကို ဆေးပြီး လေသလပ်ထားလိုက်ရင် အောက်ဆီဂျင်နဲ့ ထိတွေ့မိပြီး ပိုးအများစု အသက်မရှင်နိုင်ကြပါဘူး။နောက်တစ်ချက်က ခန္ဓာကိုယ်မှာ ရောဂါပိုးတွေ ဝင်လာပြီးရင် သူတို့အတွက်ခုခံအားတွေ ထွက်ပါတယ်။ ဒါကြောင့် နောက်တစ်ခါဝင်ခဲ့ရင်တောင် ဒီခုခံအားက ပြန်တိုက်မှာပါ။ဒါကြောင့် သာမန်ဖျားနာတာမျိုးပဲ ဖြစ်ခဲ့ရင်တော့ သွားပွတ်တံကို လဲစရာ မလိုပါဘူး။ခုလို ကိုဗစ်ကာလမှာလည်းကိုဗစ်ဖြစ်ပြီး နာလန်ပြန်ထလာတယ်ဆိုရင် သွားပွတ်တံ လဲလိုက်တာ ကောင်းပါတယ်။ အထူးသဖြင့် စတီးရွိုက်တွေ၊ ပိုးသတ်ဆေးတွေ သောက်ထားတဲ့သူတွေဆို လဲသင့်ပါတယ်။ ပိုးသတ်ဆေးတွေ အများကြီးသောက်ထားတဲ့အတွက်ဆေးယဉ်ပါးပိုးတွေလည်း ရှိနိုင်လို့ပါ။American Dental Association (ADA)ရဲ့ အဆိုအရ။အများစုကတော့ မျှပြီး မသုံးကြဘူးလို့ ယူဆပါတယ်။ သာမန်အချိန်တွေမှာလည်း မသုံးသင့်သလို ခုလို ကိုဗစ်ကာလမှာ ပိုတောင် မသုံးသင့်ပါဘူး။Oral Health Foundationအဆိုအရ ကိုဗစ်လူနာရှိတဲ့ မိသားစုရာကျော်ကို ၁၅ရက်လောက် လေ့လာကြည့်တဲ့အခါ သွားပွတ်တံ မျှသုံးတတ်တဲ့ သူတွေမှာ တစ်ဝက်လောက် (၅၅ ရာခိုင်နှုန်း)က ရောဂါပိုး ကူးကြတာကို တွေ့ရပါတယ်။သွားပွတ်တံတင်မကသွားတိုက်ဆေးကလည်း ဒီနေရာမှာ အရေးပါပါတယ်။ ဒါကြောင့် ကိုဗစ်လူနာကို သွားပွတ်တံရော၊ သွားတိုက်ဆေးရော သက်သက်ထားပေးပါ။ သိမ်းတဲ့နေရာလည်း သီးသန့် သတ်မှတ်ပေးထားပါ။ဆပ်ပြာရည် သုံးပြီး ဆေးစရာတော့ မလိုပါဘူး။ ရေဖွားဖွားအောက်မှာ စင်အောင် ဆေးရင် ရပါပြီ။သွားပွတ်တံက အထူးတလည် ပိုးသတ်စရာ မလိုပါဘူး။ ဒါပေမယ့် တော်တော်များများကတော့ နည်းမျိုးစုံသုံးပြီး ပိုးသတ်ချင်ကြပါတယ်။ သွားပွတ်တံကို ပိုးသတ်တာ ကောင်းလားဆိုတာနဲ့ ပတ်သက်ပြီးတိကျတဲ့ လေ့လာချက်မရှိသေးပါဘူး။တချို့ကလည်း သွားပွတ်တံကို ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ် ၃%  ဒါမှမဟုတ် Listerine အာလုပ်ကျင်းဆေးရည်ထဲကို ထည့်စိမ်တာက ပိုးသေစေတယ်လို့ ဆိုပါတယ်။ တချို့ကလည်း ဒီလို ပိုးသတ်တာက ပိုးတွေကို ပိုပြန့်စေပါတယ်တဲ့။သွားပွတ်တံကို အပူတိုက်တာ၊ ရေနွေးပူထဲ ထည့်တာကိုတော့ မလုပ်ရပါဘူး။ သွားပွတ်တံရဲ့ အမွေးလေးတွေ ပျက်စီးနိုင်လို့ပါ။Toothbrush sanitizer ဆိုတာတွေလည်း ရှိပါတယ်။ ဒါတွေကလည်း ပစ္စည်းကောင်းပြီး FDAထောက်ခံချက်ရဖို့ လိုပါတယ်။အကောင်းဆုံးကတော့ ဘာမှမလုပ်တာပါပဲ။သွားပွတ်တံကို သုံးပြီးရင် ရေသေချာဆေး၊ ပြီးရင် ထောင်ထားပြီး လေသလပ်ခံထားပါ။ သွားပွတ်တံကို အလုံပိတ်ပြီး မသိမ်းပါနဲ့။ ပိုးတွေ ပိုပေါက်နိုင်ပါတယ်။ တခြား သွားပွတ်တံတွေနဲ့လည်း နီးနီးကပ်ကပ် မသိမ်းပါနဲ့။ နေရာခြားပြီး သိမ်းပေးပါ။၃-၄ လပြည့်တိုင်းမှာ ဒါမှမဟုတ် သွားပွတ်တ့ အမွေးတွေ ဖွာလာတဲ့အခါ အသစ်လဲပေးပါ။ ဒါကတော့ နေကောင်းကောင်း၊ မကောင်းကောင်း ပုံမှန်လုပ်ပေးရမယ့် ကိစ္စပါ။ ဖွာလန်ကျဲနေတဲ့ သွားပွတ်တံက သွားနဲ့ ခံတွင်းကို ထိထိရောက်ရောက် သန့်ရှင်းပေးနိုင်မှာ မဟုတ်ပါဘူး။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/oral-care/should-i-change-toothbrush-after-being-sick/
သွေးဆုံးချိန်မှာ ကျန်းမာစေဖို့ ဘာတွေစားရမလဲ
အမျိုးသမီးတွေ အသက် ၄၅ နှစ်ကျော်ပြီး ၅၀ ဝန်းကျင်ရောက်လာတဲ့အခါ မကြုံချင်လည်း ရှောင်လွှဲလို့ မရဘဲ ကြုံရတဲ့ သဘာဝဖြစ်စဉ် တစ်ခုရှိပါတယ်။ ဒါကတော့သွေးဆုံးတာပါ။ ရာသီသွေးမဆင်းတော့ဘဲ မမျိုးဥအိမ်က မျိုးဥတွေ မရှိတော့တဲ့ ကာလပေါ့။ ဒီလို သွေးဆုံးချိန်မှာ ကိုယ်တွင်းဟော်မုန်းတွေ ပြောင်းလဲတာ ဟော်မုန်း ပမာဏ မညီမျှမှုတွေဖြစ်ပြီး သွေးဆုံးကိုင်တယ်လို့ ခေါ်ကြတဲ့ ကျန်းမာရေးပြဿနာတွေကို ခံစားကြရပါတယ်။ဒီလို သွေးဆုံးကိုင်တဲ့ အခြေအနေကို ကျန်းကျန်းမာမာ ရင်ဆိုင်နိုင်စေဖို့ဆိုရင် စားပေးသင့်တဲ့ အစားအစာလေးတွေ ရှိပါတယ်။ ဒါတွေက ဘာတွေဖြစ်မလဲဆိုတာကို သိချင်နေပြီလား ….. ဒါဆိုရင်တော့ သွေးဆုံးချိန်မှာ ကျန်းမာစေဖို့ ဘာတွေစားရမလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။သွေးဆုံးချိန်မှာ။သွေးဆုံးချိန်မှာ ကျန်းမာစေဖို့ ဘာတွေစားရမလဲ။သွေးဆုံးချိန်မှာ ကျန်းမာစေဖို့ အာဟာရပြည့်ဝမျှတတဲ့ အစားအစာတွေကို စားသုံးပေးဖို့ လိုပါမယ်။ အာဟာရပြည့်ဝမျှတစွာ စားသုံးခြင်းက သွေးဆုံးချိန်မှာ ကျန်းမာနေစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ယေဘုယျအားဖြင့်တော့ phytoestrogen ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးနိုင်ပါတယ်။ အီစထရိုဂျင်လို အာနိသင်ပေးတာကြောင့် သွေးဆုံးကိုင် လက္ခဏာတွေကို သက်သာစေပါတယ်။ဒီတော့ သွေးဆုံးချိန်မှာ ကျန်းမာစေဖို့ ဘာတွေစားရမလဲ ဆိုတော့။#အခွံမာသီးတွေ။အခွံမာသီးတွေမှာ စိုးရိမ်ပူပန်မှု၊ အိပ်မပျော်တာတွေ၊ စိတ်ခံစားမှု အတက်အကျမြန်တာတွေ၊ စိတ်ဖိစီးမှုတွေကို သက်သာစေနိုင်တဲ့ သတ္တုဓာတ် တစ်မျိုးဖြစ်တဲ့ မဂ္ဂနီဆီယမ် ပါဝင်နေပါတယ်။ မဂ္ဂနီဆီယမ်က အရိုးတွေ ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။နောက်တစ်ချက်က အခွံမာသီးတွေမှာ သွေးဆုံးကိုင်တာကို သက်သာစေနိုင်တဲ့ ပရိုတင်း၊ omega-3 fats၊ ကယ်လ်ဆီယမ်၊ ဇင့်တို့ ပါဝင်နေတာပါ။အခွံမာသီးက ကယ်လ်လိုရီ ပါဝင်မှု များတာကြောင့် တစ်နေ့ကို လက်တစ်ဆုပ်စာလောက်ပဲ စားဖို့ အကြံပြုချင်ပါတယ်။# ဘယ်ရီသီးတွေ။ဘယ်ရီသီးတွေက ချိုသလို အမျှင်ဓာတ်လည်း ကြွယ်ဝပါတယ်။ ရောဂါတွေကို တိုက်ထုတ်နိုင်တဲ့ အာဟာရဓာတ်တွေ နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။  ဦးနှောက်ကျန်းမာစေနိုင်သလို သွေးဆုံးချိန်မှာ ခံစားရနိုင်တဲ့ စိတ်ဖိစီးမှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။# အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ။အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက ကယ်လ်ဆီယမ် ကြွယ်ဝပြီး အရိုးတွေကို သန်မာစေပါတယ်။ သွေးဆုံးချိန်မှာ ခံစားရနိုင်တဲ့အရိုးပွတာကို သက်သာစေနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာက အရောင်ကျစေနိုင်တဲ့ အာနိသင် ရှိပါတယ်။ဟင်းနုနွယ်၊ ကိုက်လန်၊ မုန်ညှင်းစိမ်း စတာတွေကို စားပေးလို့ ရပါတယ်။#နှံစားသီးနှံတွေ။နှံစားသီးနှံတွေမှာ ဗီတာမင် B၊ သတ္တုဓာတ်တွေ၊ အာဟာရဓာတ်တွေနဲ့ အမျှင်ဓာတ်တို့ ပါဝင်နေပါတယ်။ ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေပြီး ခန္ဓာကိုယ်ကို အင်အားပြည့်ဝစေဖို့ ထောက်ကူပေးပါတယ်။ ကိုလက်စထရော ကျဆင်းစေပါတယ်။ နေ့စဉ်ပုံမှန် စားသုံးပေးသင့်ပါတယ်။#နနွင်း။နနွင်းက ဆေးဖက်ဝင်သလို အမျိုးသမီးကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။ စိတ်ဓာတ်ကျတာမဖြစ်အောင် ကာကွယ်ပေးသလို သွေးဆုံးချိန်မှာ ခံစားရတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ နို့နဲ့ ဖျော်သောက်ပေးလို့ ရပါတယ်။#ပန်းဂေါ်ဖီစိမ်း။ပန်းဂေါ်ဖီစိမ်းကအီစထရိုဂျင်ပမာဏကို မြှင့်တင်ပေးပါတယ်။ ကယ်လ်ဆီယမ် ကြွယ်ဝတာကြောင့် အရိုးသိပ်သည်းဆကို ကောင်းစေပါတယ်။ အမျှင်ဓာတ် ပါဝင်မှုက သွေးဆုံးချိန်မှာ ခံစားရနိုင်တဲ့ အစာခြေစနစ် ပြဿနာတွေ ကင်းစေပါတယ်။ တစ်ပတ်ကို ၅ ကြိမ်လောက် စားပေးသင့်ပါတယ်။#ဥအမျိုးမျိုး။သွေးဆုံးချိန်မှာ အမျိုးသမီးတွေက သံဓာတ်နဲ့ ဗီတာမင် D လျော့နည်းနေတတ်ပါတယ်။ ဥအမျိုးမျိုးက ဗီတာမင် D၊ သံဓာတ် နဲ့ ပရိုတင်းတို့ ပါဝင်နေပါတယ်။ သွေးတွင်းကိုလက်စထရော ကျဆင်းစေပြီး သွေးဆုံးချိန် ဝလာတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။# နို့ နဲ့ နို့ထွက်ပစ္စည်း။နို့ နဲ့ နို့ထွက်ပစ္စည်းတွေက ကယ်လ်ဆီယမ် ကြွယ်ဝတာကြောင့် အရိုးသိပ်သည်းဆ ကောင်းစေပါတယ်။ ဗီတာမင် D ကြွယ်ဝမှု နဲ့ ပရိုတင်း ပြည့်ဝမှုက အိပ်ပျော်စေပါတယ်။ ဒိန်ချဉ်လိုမျိုး အကျိုးပြုဘက်တီးရီးယား ကြွယ်ဝတဲ့ နို့ထွက် အစားအစာတွေက အစာခြေစနစ် ကျန်းမာစေပြီး ကိုယ်ခံအားကောင်းစေသလို အသားအရေကိုလည်း ကျန်းမာစေပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/menopause/best-foods-to-reduce-menopause-symptoms/
ယူရစ်အက်စစ် လျော့နည်းစေမယ့် အစားအစာ (၁၀) မျိုး
ယူရစ်အက်စစ် ( Uric Acid ) ဆိုတာ စားလိုက်တဲ့အစားအစာတွေထဲပါရှိတဲ့ပြူရင်းဓါတ်တွေနဲ့ ဆဲလ်သေတွေဆီကနေဖြစ်လာတဲ့သွေးထဲကစွန့်ပစ်ပစ္စည်းဖြစ်ပါတယ်။သွေးထဲမှာ ယူရစ်အက်စစ်က ထိုက်သင့်သလောက်ပမာဏတော့ရှိတာပုံမှန်ပဲဆိုပေမယ့် ကိုယ်စားတဲ့အစားအစာတွေကို မတိုင်းချင့်ဘူးဆိုရင် ယူရစ်အက်စစ်ပမာဏလွန်ကဲလာနိုင်ပါတယ်။ အဲဒီအခါကျောက်ကပ်က စစ်မထုတ်နိုင်တော့ဘဲ အဆစ်အမြစ်တွေရောင်ရမ်းစေတဲ့ ဂေါက်ရောဂါဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေကိုမထိန်းချုပ်ဘူးဆိုရင်သွေးထဲက ယူရစ်အက်စစ်ပမာဏကပိုပိုများလာပြီး အရိုးအဆစ်တွေနဲ့ကြွက်သားတစ်ရှူးတွေမှာယူရစ်အက်စစ်ပုံဆောင်ခဲတွေဖြစ်လာနိုင်တဲ့အန္တရာယ်ရှိပါတယ်။ဂေါက်ရောဂါကိုသေချာမကုသရင် အရိုးအဆစ်တွေပုံသဏ္ဍာန်ပျက်ယွင်းလာတာ၊ ပျက်စီးလာတာ၊ကျောက်ကပ်ကျောက်တည်တာတွေအထိဖြစ်စေနိုင်ပါတယ်။ ယူရစ်အက်စစ်ကို သွေးစစ်ကြည့်ပြီးမှ သိနိုင်တာဖြစ်ပြီး ပုံမှန်ရှိရမယ့် ယူရစ်အက်စစ်ပမာဏကတော့ အမျိုးသားတွေမှာ 3.5 ကနေ 7.0 mg/dl အမျိုးသမီးတွေမှာ 2.5 ကနေ 5.7 mg/dl ဖြစ်ပါတယ်။ဂေါက်ရောဂါရှိနေသူတွေရော၊ ယူရစ်အက်စစ်များနေသူတွေအတွက် စားသုံးသင့်တဲ့အစားအစာ (၁၀) မျိုးကို ဖော်ပြလိုက်ပါတယ်။(၁)ပန်းသီး။ပန်းသီးမကြာခဏစားပေးပါ။malic acid ကြွယ်ဝတာကြောင့်သွေးတွင်းကယူရစ်အက်စစ်ကိုချေဖျက်ပေးနိုင်ပါတယ်။(၂) ဘယ်ရီသီးများ။စတော်ဘယ်ရီ၊ဘလူးဘယ်ရီစတဲ့ ဘယ်ရီသီးတွေစားပေးပါ။ ဘယ်ရီသီးတွေစားပေးခြင်းဖြင့်ရောင်ရမ်းမှုကိုလျော့ကျစေတဲ့အာနိသင်ကြောင့်သွေးထဲက ယူရစ်အက်စစ်ပမာဏကိုလျော့ကျစေပါတယ်။ သကြားထည့်စားတာ၊ သိပ်မှည့်နေတဲ့အသီးကိုစားတာတွေတော့ မလုပ်ဖို့သတိထားပါ။ ဒီလိုစားရင်သွေးတွင်းကယူရစ်အက်စစ်ကိုလျော့ကျစေဖို့အာနိသင်ကို ထိရောက်မှုအားနည်းစေပါတယ်။(၃)ချယ်ရီသီး။တစ်နေ့ကို ချယ်ရီသီးဆယ်လုံးလောက်စားပေးရင် ယူရစ်အက်စစ်ပမာဏလျော့ကျစေနိုင်ပါတယ်။ မုန့်ထဲထည့်တာ၊ ချယ်ရီသီးယိုကိုစားတာတွေမဟုတ်ဘဲ သဘာဝအသီးအတိုင်းသာစားရမှာပါ။(၄) အမျှင်ဓါတ်များတဲ့အစားအစာများ။အမျှင်ဓါတ်များတဲ့အစားအစာတွေကသွေးထဲကယူရစ်အက်စစ်ကိုစုပ်ယူပေးပြီးကျောက်ကပ်ကတဆင့် ယူရစ်အက်စစ်တွေကို ဖယ်ရှားနိုင်ဖို့ အထောက်အကူပေးပါတယ်။ ကိုယ့်မှာယူရစ်အက်စစ်များနေပြီဆိုရင် အုတ်ဂျုံ၊မုန်လာဥနီ၊မုယောစပါး စတဲ့အမျှင်ဓါတ်များတဲ့အစားအစာတွေပိုစားပေးပါ။(၅) လိမ္မော်သီး နဲ့ သံပရာသီး။ဗီတာမင်စီက ယူရစ်အက်စစ်လျှော့ချရာမှာ အစွမ်းထက်ပါတယ်။ အရိုးအဆစ်တွေမှာဖြစ်နေတဲ့ ယူရစ်အက်စစ်ပုံဆောင်ခဲတွေကိုကြေပျက်စေပြီးဖယ်ရှားပေးနိုင်ပါတယ်။ သံပရာသီး၊ ဂရိတ်ဖရု၊ လိမ္မော်သီးတို့ကိုဖျော်ရည်သောက်ပေးတာက အကျိုးရလဒ်ကောင်းစေမှာပါ။(၆)ငှက်ပျောသီး။ငှက်ပျောသီးစားပေးတာကလည်း ယူရစ်အက်စစ်လျော့ကျစေဖို့ အကျိုးပြုပါတယ်။(၇) သခွားသီးနဲ့ ပန်းဂေါ်ဖီစိမ်း။ခရမ်းချဉ်သီး၊ သခွားသီးနဲ့ ပန်းဂေါ်ဖီစိမ်းတွေကိုစားပေးရင်သွေးတွင်း ယူရစ်အက်စစ်များမလာစေဖို့ ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။(၈) ရေ။နောက်တစ်ချက်ကရေကိုအလုံအလောက်သောက်ပေးဖို့ပါ။ ပိုလျှံနေတဲ့ ယူရစ်အက်စစ်အပါအဝင် ခန္ဓါကိုယ်ထဲကအဆိပ်အတောက်မှန်သမျှကိုရေကသန့်စင်ပေးတဲ့အတွက် တစ်နေ့ရေ ၈ ခွက်တော့သောက်သင့်ပါတယ်။(၉) အဆီထုတ်နို့ထွက်ပစ္စည်းများ။အဆီထုတ်နို့ထွက်ပစ္စည်းတွေစားပေးတာလည်းကောင်းပါတယ်။ အဆီထုတ်နွားနို့နဲ့ ဒိန်ခဲတို့လိုမျိုးတွေ စားပေးရင် ယူရစ်အက်စစ်မများအောင် ကာကွယ်ပေးပါတယ်။(၁၀)လက်ဖက်စိမ်း။လက်ဖက်စိမ်းကိုနေ့စဉ်သောက်ပေးရင်လည်း ယူရစ်အက်စစ် များသူတွေအတွက်လျှော့ချနိုင်စေသလိုဂေါက်ရောဂါဖြစ်နိုင်ခြေကိုလျော့နည်းစေပါတယ်။Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%9a%e1%80%b0%e1%80%9b%e1%80%85%e1%80%ba%e1%80%a1%e1%80%80%e1%80%ba%e1%80%85%e1%80%85%e1%80%ba%e1%80%9c%e1%80%bb%e1%80%b1%e1%80%ac%e1%80%b7%e1%80%94%e1%80%8a%e1%80%ba%e1%80%b8%e1%80%85%e1%80%b1/
စူပါသားသားမီးမီးတို့အတွက် စူပါသံဓာတ်
ကလေးလူကြီး အားလုံးရဲ့အချစ်တော် စူပါမန်းကြီးက လူသားတွေနေထိုင်တဲ့ ဒီကမ္ဘာကြီးပေါ်မှာ ဘာကြောင့်များ ခွန်အားကြီးမားနေရတာလဲ၊ ဘာကြောင့်များ သန်စွမ်းနေရတာလဲ၊ ဘာကြောင့်များ ထက်မြက်နေရတာလဲ? ဒီလိုတွေးခဲ့ဖူးကြလား။တကယ်တော့ စူပါမန်းက ခရစ်ပတွန်ဆိုတဲ့ ဂြိုဟ်ကြီးပေါ်ကနေလာတဲ့ သူတစ်ယောက်ပါ။ သူ့ရဲ့ မိဘအရင်းတွေက ဒီကမ္ဘာမြေဆီ သူ့ကို ပို့လိုက်ရတဲ့အကြောင်းအရင်းရှိပါတယ်။ ဒါကတော့ အဝါရောင်နေနဲ့ နီးကပ်တဲ့ လူ့အသိုက်အဝန်းဖြစ်နေတာကြောင့်ပါပဲ။သူ့အတွက် ကမ္ဘာဂြိုဟ်က ထူးခြားပါတယ်။ ပျိုမြစ်တဲ့အဝါရောင်နေကနေ ရရှိတဲ့နေရောင်ခြည်ဟာ စူပါမန်းကို အားအင်တွေတိုးစေ၊ ဉာဏ်ရည်ထက်မြက်စေ၊ ကျန်းမာစေပြီး ထိခိုက်မှုတွေ မရှိအောင် ခွန်အားတွေ တိုးပွားစေပါတယ်။မိဘတိုင်းဟာ သူတို့ရဲ့သားသားမီးမီးတွေကို စူပါမန်းကြီးလို ခွန်အားကောင်းကောင်း၊ ဉာဏ်ရည်ထက်ထက်၊ ကျန်းကျန်းမာမာဖြစ်နေစေချင်ကြပါတယ်။ သဘာဝပါပဲ။ ဒါပေမယ့် သားသားမီးမီးတွေကို ခုလို ကျန်းမာသန်စွမ်းပြီး ခွန်အားကောင်းအောင် ပံ့ပိုးပေးလို့ရနိုင်ပါ့မလား။အဖြေကတော့ ရနိုင်ပါတယ်တဲ့။စူပါသားသားမီးမီးတွေဖြစ်စေဖို့အတွက် ဖေဖေ မေမေတွေက အဓိက ပံ့ပိုးပေးရမှာကတော့ Iron လို့ခေါ်တဲ့သံဓာတ်ပါပဲ။ သံဓာတ်ဟာ သားသားမီးမီးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပြီးတော့ စူပါမန်းကြီး နေရောင်ခြည်နုနုကို လိုအပ်သလိုမျိုးပါပဲ။များသောအားဖြင့် သံဓာတ်က အမျိုးသမီးတွေအတွက် လိုအပ်လေ့ရှိတယ်လို့ အသိများကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့ချိုတိုက်ကျွေးနိုင်ဖို့အတွက် အဓိကလိုအပ်ပါတယ်။ ဒါပေမယ့် သံဓာတ်ဟာ အမျိုးသမီးတွေအတွက်တင်မကပါဘူး။ကလေးတွေအတွက်လည်း လိုအပ်ပါတယ်။ အဓိကကျကျကို လိုအပ်တာပါ။သံဓာတ်ဟာ Hemoglobin လို့ခေါ်တဲ့ စွယ်စုံရအာဟာရဓာတ်တစ်မျိုးကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီအာဟာရဓာတ်ဟာ ခန္ဓာကိုယ်တစ်ခုလုံးဆီ အောက်ဆီဂျင်စီးဆင်းစေဖို့အတွက် အရေးအပါဆုံးသော့ချက်ပါ။တကယ်လို့များခန္ဓာကိုယ်မှာ သံဓာတ်မလုံလောက်ခဲ့ဘူးဆိုရင် သွေးနီဆဲလ်တွေ လုံလုံလောက်လောက် ထုတ်လုပ်နိုင်တော့မှာမဟုတ်တာမို့ တစ်ရှူးတွေနဲ့ ကိုယ်တွင်းအင်္ဂါတွေဆီကို အောက်ဆီဂျင် လုံလုံလောက်လောက် ရောက်ရှိတော့မှာမဟုတ်ပါဘူး။ အောက်ဆီဂျင်မလုံလောက်တဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးဖွံ့ဖြိုး ကျန်းမာရေးကို ထိခိုက်စေတော့မှာပါ။ကလေးတစ်ယောက် သံဓာတ်ချို့တဲ့ပြီဆိုရင်ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးထိခိုက်မှုတွေအပြင် အမူအကျင့်ပိုင်းမှာပါ တိုးတက်မှုနှေးကွေးလာတာကို သိသာထင်ရှားစွာ တွေ့ရပါလိမ့်မယ်။ဒါကြောင့် မိမိတို့ရဲ့ရင်သွေးတွေကို သံဓာတ်လုံလုံလောက်လောက်ဖြည့်တင်းပေးနိုင်ဖို့ အထူးလိုအပ်ပါတယ်။ သံဓာတ်ပြည့်ဝတဲ့ အစားအစာတွေ ကျွေးမွေးဖို့လိုသလို သံဓာတ်ဖြည့်စွက်ထားတဲ့Formula Milkတွေကလည်း သံဓာတ်ဖြည့်တင်းနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စနစ်တကျ ရွေးချယ်ပြီး ကျွေးမွေးသင့်ပါတယ်။ ဒီလိုပြုလုပ်ပေးမှသာ ငယ်ရွယ်စဉ်မှာတင်သွေးအားနည်းတဲ့ ရောဂါတွေ မတွယ်ငြိလာအောင် ကာကွယ်ပေးနိုင်မှာမို့ပါ။မိဘတိုင်းအလိုရှိတဲ့ စူပါသားသားမီးမီးတွေဖြစ်လာဖို့ သံဓာတ်ကအရေးကြီးလှသလို သံဓာတ်ကိုဖြည့်စွက်ပေးနိုင်မယ့် နည်းလမ်းနဲ့ အစားအစာတွေကလည်း အမျိုးမျိုးပါပဲ။မိခင်နို့တိုက်ကျွေးတဲ့နည်းလမ်းအပြင် သံဓာတ်အားဖြည့် Formula Milk တိုက်ကျွေးတာ၊ သံဓာတ်ကြွယ်ဝတဲ့ အစိမ်းရင့်ရောင် အရွက်တွေ၊ ပဲတွေ၊ အနီရောင်အသားတွေကို ကျွေးမွေးတာတွေကိုလည်း လုပ်ဆောင်နိုင်ပါတယ်။သံဓာတ်ကို လုံလောက်စွာ ဖြည့်စွက်ပေးနိုင်မှသာ မိဘတိုင်းအလိုရှိတဲ့ စူပါ သားသားမီးမီးတွေဖြစ်လာကြမှာဖြစ်ပြီးတော့ ကျန်းမာသန်စွမ်းပြီးဉာဏ်ရည်ထက်မြက်တဲ့ ကလေးတွေကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မို့ စူပါသားသားမီးမီးတွေအတွက် စူပါသံဓာတ်ကို ပြည့်ပြည့်ဝဝ ဖြည့်စွက်ပေးနိုင်ဖို့ ဂရုစိုက်ကြပါနော်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/why-iron-is-important-for-kids/
ရာသီလာချိန်မှာ pad ကြောင့် ပွန်းတာတွေ သက်သာစေဖို့
ရာသီလာချိန်က လေဒီတိုင်းအတွက် ခက်ခဲပါတယ်။ စိတ်ရှုပ်စရာကောင်းသလို ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှုလည်း အတော်လေးကျနေတဲ့ အခိုက်အတန့်က လစဉ်ပြဿနာ ကြုံနေရချိန်ပါ။ လစဉ်ပြဿနာ ကြုံတွေ့နေချိန်မှာ ရှုပ်နေတဲ့ စိတ်ကို အပိုထပ်ဆောင်း ရှုပ်စေတဲ့အရာလေး တစ်ခုရှိပါသေးတယ်။ ဒါကတော့ ရာသီလာချိန်မှာ pad ကြောင့် အရေပြား ပွန်းတာပါ။ ဒီတစ်ခေါက်တော့ လေဒီလေးတိုင်းလိုလို ခံစားရနိုင်တဲ့  ရာသီလာချိန်မှာ pad ကြောင့် ပွန်းတာတွေ သက်သာစေဖို့ လုပ်ဆောင်နိုင်မယ့် နည်းလမ်းလေးတွေကို ဝေမျှပေးသွားပါမယ်။ရာသီလာချိန်မှာ pad ကြောင့် ပွန်းရတဲ့ အကြောင်းအရင်းတွေက တစ်ခုမက ရှိပါတယ်။ ဒီအချက်တွေက ဘာတွေဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်လား ……။ရာသီလာချိန်မှာ pad ကြောင့် ပွန်းတာကို သေချာ ဂရုစိုက်ပါ။ ဒီလိုပြောရတာက လစဉ်သုံးကြောင့် ပွန်းတာ၊ ဓာတ်မတည့်တာတွေက အရေပြားမှာ ပွန်းပဲ့တာ၊ နီမြန်းတာတွေကနေတဆင့် စိုထိုင်းမှု၊ အပူဒဏ်တွေကြောင့် ဘက်တီးရီးယားတွေ ပေါက်ပွားပြီးအရေပြားပွန်းတာကနေတဆင့် ပိုးဝင်တာမျိုး ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် မလိုလားအပ်တဲ့နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေမဖြစ်စေဖို့အတွက် ရာသီလာချိန်မှာ pad ကြောင့် အရေပြားပွန်းတာကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ရာသီလာချိန်မှာ pad ကြောင့် ပွန်းတာတွေ သက်သာစေဖို့ ဆိုရင်တော့ ဒီနည်းလမ်းလေးတွေကို လုပ်ဆောင်ကြည့်လို့ ရပါတယ်။အတွင်းခံကို ပွပွချောင်ချောင် ဝတ်ဆင်တာက လေဝင်လေထွက်ကောင်းစေပြီး ချွေးစိုတာမျိုး မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။ ချွေးစုပ်တာက စိုထိုင်းမှု ကင်းပြီး အရေပြားပွန်းတာမျိုး ဖြစ်နိုင်ခြေ နည်းစေပါတယ်။ရာသီလာနေချိန်မှာ ချည်သားပွပွချောင်ချောင်လေးတွေ ဝတ်ဆင်ပေးတာက ရာသီလာချိန်မှာ pad ကြောင့် ပွန်းတာတွေကို သက်သာစေနိုင်သလို မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။Pad အရွေးမှားတာကလည်း ရာသီလာချိန်မှာ ပွန်းတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရာသီလာချိန်မှာ ဂွမ်းသား pad ကို သုံးမလား။ ဘယ်လို pad အမျိုးအစားကို သုံးမလဲဆိုတာကို သေချာလေး ရွေးချယ်ဖို့ လိုပါမယ်။ရာသီလာချိန်မှာ pad ကြောင့် ပွန်းတာတွေကို သက်သာစေဖို့ဆိုရင် ဆီးသွားပြီးချိန်မှာတင် မဟုတ်ဘဲ အချိန်တိုင်းလိုလိုမှာ ခြောက်သွေ့သန့်ရှင်းအောင် ထားဖို့ လိုပါမယ်။ သေချာလေး သန့်စင်ပေးတာက အရေပြားကို ပွန်းပဲ့တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်မှာပါ။  ဒီလိုသန့်စင်တဲ့အခါ ရေကိုပဲ အသုံးပြုပေးလို့ ရပါတယ်။ရှားစောင်းလက်ပပ် ဂျယ်လီသားကို လိမ်းပေးတာကလည်း ရာသီလာချိန်မှာ pad ကြောင့် ပွန်းတာတွေကို သက်သာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ တစ်နေ့ကို ၂ ကြိမ်လောက် သုံးပေးလို့ ရပါတယ်။pad ကြောင့် ပွန်းတာတွေက ရာသီလာပြီးချိန် ၂ ရက် ကနေ ၁ ပတ်လောက်အတွင်းမှာ သက်သာသွားတတ်တယ်ဆိုပေမယ့် သေချာလေး ဂရုစိုက်တာတော့ အကောင်းဆုံးပါ။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/pad-burn-relief-tips-for-lady-in-menstrual-period/
သင့်ခန္ဓာကိုယ်မှာ ကြွက်သားတွေက ဘယ်လောက်အရေးပါသလဲ။
ကြွက်သားဆိုတာအရိုးတွေမှာ လာတွယ်ပြီး ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရှားနိုင်ဖို့ ကူညီပေးတယ်ဆိုတာ သိပြီးသာနေမှာပါ။ ဒါပေမယ့် ကြွက်သားတွေက ဒီထက့်ပိုပါတယ်။ မျက်တောင်ခတ်တာက စလို့ အသက်ရှင်ဖို့ နှလုံးခုန်နေရတာအထိ ကြွက်သားတွေ ပါပါတယ်။ နှလုံးခုန်တယ်ဆိုတာ နှလုံးကြွက်သား ညှစ်လို့ ခုန်တာပါ။ ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေအကြောင်းကို နည်းနည်းလောက် လေ့လာကြည့်ကြမလား။သင့်ခန္ဓာကိုယ်မှာ ကြွက်သားပေါင်း ၆၀၀လောက်ရှိတယ်လို့ ပြောရင် အံ့သြသွားမလား မသိ။ သင်နေ့စဉ်အသက်ရှင်ဖို့ လှုပ်ရှားသွားလာဖို့ ဒီကြွက်သားတွေက အလုပ်ပေးရပါတယ်။ကြွက်သားထုကြီးကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာကြည့်ရင် ကြွက်သားမျှင်တွေနဲ့ လုပ်ထားတာကို တွေ့ရပါလိမ့်မယ်။ ကြွက်သားမျှင်ပေါင်း ထောင်ပေါင်းများစွာနဲ့ပါ။ ဒီကြွက်သားမျှင်တွေက သားရေကွင်းနဲ့ တူပါတယ်။ ကျုံ့တာရယ် ဆန့်တာရယ်ပဲ လုပ်ပါတယ်။ ဒီအကျုံ့အဆန့်ပဲ လုပ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားတာပါ။ကြွက်သားတွေ အလုပ်လုပ်ဖို့ Action potentialလို့ ခေါ်တဲ့ လျှပ်စီးဓာတ်လေး လိုပါတယ်။ ကိုယ်တွင်း လျှပ်စီးဓာတ်လေးပေါ့။ ကြွက်သားကို ထောက်ပံ့ထားတဲ့ အာရုံကြောလေးက လျှပ်စီးဓာတ်တွေ လွှတ်ပေးတဲ့အခါ ကြွက်သားက အကျုံ့အဆန့်လုပ်ပါတယ်။ ဒီလျှပ်စီးဓာတ်လေးက တစ်ခါတလေ ကမောက်ကမဖြစ်တတ်ပါတယ်။ ဒါကြောင့်လည်း တစ်ခါတလေ အကြောင်းအရင်းမရှိဘဲအသားလှုပ်တာတို့၊ မျက်ခုံးလှုပ်တာတို့၊ နှုတ်ခမ်း တဆတ်ဆတ်တုန်တာတို့ ဖြစ်တာပေါ့။ ဒါတွေ့ ကြွက်သားတွေပဲလေ။ကြွက်သားတွေ ရာကျော်ကို အုပ်စုဖွဲ့လိုက်တဲ့အခါ ၃မျိုးပဲ ထွက်လာပါတယ်။ ကိုယ်တွင်းအင်္ဂါတွေမှာရှိတဲ့ ချောမွေ့ကြွက်သားလို့ခေါ်တဲ့ Smooth muscle ရယ်၊ နှလုံးကြွက်သားရယ်၊ ကိုကိုတို့ ကြွက်သားတက်အောင်ဆော့တဲ့ skeletal muscle ရယ်ပါ။အစာအိမ်နဲ့ အူလမ်းကြောင်းတို့၊ ဆီးလမ်းကြောင်းတို့၊ မျက်လုံးတို့၊ သွေးကြောနံရံတို့ စသဖြင့် ကိုယ်တွင်းအင်္ဂါတော်တော်များများမှာ ရှိတဲ့ ကြွက်သားတွေပါ။ စိတ်နဲ့ ထိန်းလို့ မရလို့ စိတ်ထိန်းမဲ့ ကြွက်သား (Involuntary muscle)လို့ ခေါ်ပါတယ်။ ဥပမာပြောရရင် အစာတွေက အူထဲကို ရောက်သွားရင် အူက ကြွက်သားကို သုံးပြီး တစ်နေရာက တစ်နေရာကို ရွေ့ပါတယ်။ ဒါ သူ့အလုပ်သူ လုပ်တာပါ။ ကိုယ်က လုပ်လို့ အမိန့်ပေးလို့ မရသလို မလုပ်နဲ့လို့လည်း တားလို့ မရပါဘူး။ ဒါကြောင့် စိတ်နဲ့ ထိန်းလို့ မရဘူးလို့ ပြောတာပါ။နှလုံးမှာပဲ တွေ့ရတဲ့ သီးသန့်ကြွက်သားပါ။ ဒီကြွက်သားက ကျုံ့လိုက်ရင် နှလုံးထဲက သွေးတွေ သွေးကြောမကြီးတွေထဲကို ညှစ်ထုတ်ပေးပြီး ပြန်ဆန့်လိုက်တဲ့အခါ နှလုံးအခန်းထဲကို သွေးတွေ ဝင်လာပါတယ်။ သူကလည်း ချောမွေ့ကြွက်သားလိုပဲ စိတ်ထိန်းမဲ့ကြွက်သားပါ။ နှလုံးကို ညှစ်၊ မညှစ်နဲ့ဆိုပြီး အမိန့်ပေးလို့ မရပါဘူး။ သူ့အလုပ်သူလုပ်ပြီး ပုံမှန်လေး သွေးတွေ ညှစ်ပေးနေပါတယ်။ ဒီနှလုံးကြွက်သားကို ထောက်ပံ့ပေးနေတဲ့ သွေးကြောပိတ်သွားတဲ့အခါ (နှလုံးသွေးကြောပိတ်) နှလုံးကြွက်သားပုပ်ပြီး heart attack ဖြစ်တတ်ပါတယ်။ဒါကတော့ ကြွက်သားလို့ အပြင်မှာ လူတွေ အလွယ်ခေါ်နေကြတဲ့ ကြွက်သားအမျိုးအစားပါပဲ။ အရိုးမှာ လာတွယ်ပြီး လှုပ်ရှားမှုတွေ ထိန်းညှိပေးနေတဲ့ ကြွက်သားပေါ့။ သူကတော့ စိတ်နဲ့ ထိန်းချုပ်လို့ ရပါတယ်။ လက်မြှောက်မယ်လို့ ဆုံးဖြတ်ပြီးမှသာ လက်မောင်းကြွက်သားက ကျုံ့ပြီး လက်မြောက်တက်လာတာပါ။ အဖြစ်အပျက်တွေက မြန်ဆန်လွန်းလို့ သတိထားမိမှာ မဟုတ်ပါဘူး။ကြွက်သားတွေက အရွတ်တွေ၊ အရွတ်တွဲတွေရဲ့ အကူအညီနဲ့ အရိုးမှာ တွယ်ကပ်နေတာပါ။ ခန္ဓာကိုယ်အလေးချိန်ရဲ့ ၄၀ရာခိုင်နှုန်းက ဒီကြွက်သားတွေပါ။ အရိုးကြွက်သားတွေက ပုံစံမျိုးစုံ၊ အရွယ်အစားမျိုးစုံရှိပြီး အလုပ်မျိုးစုံ လုပ်ပါတယ်။အသန်မာဆုံး ကြွက်သားကတော့ခြေသလုံး ကြွက်သားပါပဲ။ ခြေထောက်ကို ရောက်လာတဲ့ သွေးတွေကို အားနဲ့ ညှစ်ပြီး နှလုံးဆီကို ပြန်ပို့ပေးတာပါ။ ဒုတိယ နှလုံးလို့တောင် ခေါ်ကြပါတယ်။မျက်နှာမှာလည်း ကြွက်သားတွေ အများကြီး ရှိပါတယ်။ သင့်ရဲ့ ငိုခြင်း၊ ရယ်ခြင်း၊ မျက်နှာပေး အမျိုးမျိုးကို ကြွက်သားတွေက လုပ်ပေးတာပါ။ တစ်ခါ ပါးစပ်ထဲက လျှာကလည်း ကြွက်သားပါပဲတဲ့။ ဒါကြောင့်လည်း လျှာထုတ်ပြီး ပြောင်ပြတာ၊ အစာတွေကို ဝါးတဲ့နေရာမှာ ကူညီပေးနိုင်တာပေါ့။ကြွက်သားဆိုတာလည်း ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း တစ်ခုပဲမို့လို့ သူလည်း နေမကောင်း ဖြစ်တတ်ပါတယ်။ အဖြစ်များတဲ့ ပြဿနာတွေကတော့။ပုံမှန်လေ့ကျင့်ခန်းလုပ်ပြီး အာဟာရပြည့်အောင် စားမယ်ဆိုရင် ဘယ်ကြွက်သားအမျိုးအစားပဲ ဖြစ်ဖြစ် ကျန်းမာပြီး သန်စွမ်းလာမှာပါ။ ကြွက်သားတွေက နေ့စဉ်အသုံးပြုနေရတဲ့အတွက် ထိခိုက်မှုမရှိအောင် သတိထားသင့်ပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/anatomy-of-muscle/
သွားနဲ့ခံတွင်းအတွက် စားပေးသင့်တဲ့ အသီးအနှံတွေ
ကျန်းမာစေဖို့ အကောင်းဆုံးသော နည်းလမ်းက ကြိုတင် ကာကွယ်တာပါ။ အခုတစ်ခေါက်တော့ အပြုံးတွေ လှပစေဖို့အတွက် အရေးပါတဲ့သွားနဲ့ခံတွင်းကျန်းမာရေးအတွက် ဘယ် အသီးအနှံတွေ ကို စားသုံးရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။သွားနဲ့ခံတွင်း ကျန်းမာရေးက ခန္ဓာကိုယ် တစ်ခုလုံး ကျန်းမာဖို့အတွက် မရှိမဖြစ် အရေးပါပါတယ်။ ဒီလိုပြောရတာကခေါင်းအစ ခြေအဆုံးကျန်းမာစေဖို့ အရေးပါတဲ့ အာဟာရကို စားသုံးချေဖျက်ဖို့ တာဝန်ကို သွားနဲ့ခံတွင်းက တာဝန်ယူထားလို့ပါပဲ။ ဒီတော့ ကျန်းမာတဲ့ သွားနဲ့ခံတွင်းကို ပိုင်ဆိုင်ဖို့အတွက် စားပေးသင့်တဲ့ အသီးအနှံတွေ က ဘာတွေများလဲ…… အတူတူ ကြည့်လိုက်ရအောင်လား………….။လတ်ဆတ်တဲ့သစ်သီးတွေနဲ့ အသီးအရွက်တွေက သွားနဲ့ခံတွင်း ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ ဒီတော့ သွားတွေ၊သွားဖုံးနဲ့ လျှာ ကျန်းမာစေဖို့ ဒီ အသီးအနှံလေးတွေ ကို စားပေးဖို့ လိုပါမယ်။တစ်နေ့ကို ပန်းသီး တစ်လုံး ပုံမှန် စားပေးတာက ကျန်းမာစေတယ်ဆိုတဲ့ စကားထဲမှာသွားတွေအတွက်လည်း ပါပါတယ်။ ပန်းသီး ပုံမှန် စားနေသလို သွားနဲ့ ခံတွင်းကို ပုံမှန် သန့်ရှင်းရေး လုပ်ဖို့လည်း လိုပါမယ်။ ပန်းသီးဆိုတဲ့နေရာမှာ လတ်ဆတ်တဲ့ ပန်းသီး ဖြစ်ဖို့တော့ လိုပါမယ်။ ပန်းသီး ဖျော်ရည်၊ ပန်းသီးခြောက်တွေ မဖြစ်ဖို့တော့ လိုပါမယ်။ပန်းသီးကို ဝါးလိုက်တဲ့အခါ ပန်းသီးရဲ့အမျှင်ဓာတ်ကြွယ်ဝမှုက သွားဖုံးတွေကို ကျန်းမာစေဖို့ လှုံ့ဆော်ပေးပြီး ခံတွင်းထဲမှာဘက်တီးရီးယားတွေမပေါက်ဖွားစေဖို့လည်း ဟန့်တားပေးပါ။သွားနဲ့ခံတွင်း ကျန်းမာစေဖို့  ပန်းသီး အပြင်ဗီတာမင် Cကြွယ်ဝတဲ့ သစ်တော်သီး၊ စတော်ဘယ်ရီ၊ လိမ္မော်သီး၊နာနတ်သီး၊ ခရမ်းချဉ်သီး၊ သခွားသီး စတာတွေကို စားပေးလို့ ရပါတယ်။မုန်လာဥနီ၊ တရုတ်နံနံတို့လိုမျိုး အမျှင်ဓာတ် ကြွယ်ဝတဲ့ အသီးအနှံတွေကတံထွေးထွက်အောင် လှုံ့ဆော်ပေးပြီး သွားနဲ့ ခံတွင်း ကျန်းမာစေဖို့ အထိရောက်ဆုံး ထောက်ကူပေးနိုင်ပါတယ်။မုန်လာဥနီ နဲ့တရုတ်နံနံတို့မှာဗီတာမင် Aပါဝင်တာကြောင့် သွားတွေကို ကြံ့ခိုင်စေဖို့ အထိရောက်ဆုံး ထောက်ကူပေးနိုင်ပါတယ်။ဆလတ်ရွက်၊ ကိုက်လန်၊ ဟင်းနုနွယ်၊ ကညွတ်၊ ဂေါ်ဖီထုပ်တို့လိုမျိုး အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင် A၊ ဗီတာမင် C၊ဘီတာကယ်လ်ရိုတင်း၊ ဖော့စဖရိတ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်တွေ ပါဝင်နေတာကြောင့် သွားတွေကို အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။ခရင်မ်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး၊ ရက်စ်ဘယ်ရီသီးတို့ကသွားချေးတွေမဖြစ်အောင် ကာကွယ်ပေးသလို ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ မဖြစ်ပေါ်စေဖို့ ဟန့်တားပေးပါတယ်။သွားပိုးမစားအောင်လည်း ကာကွယ်ပေးပါတယ်။ကဲ……. သွားတွေကြံ့ခိုင်ပြီး ကျန်းမာတဲ့ ခံတွင်း ပိုင်ဆိုင်နိုင်စေဖို့ အခုပြောပြခဲ့တဲ့ အသီးအနှံလေးတွေကို စားသုံးပေးဖို့ လိုမယ်နော်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/oral-care/best-fruits-for-teeth/
မျိုးမအောင်တာ နဲ့ ကိုယ်ဝန်ပျက်ကျတာက အမျိုးသမီးတွေမှာ လေဖြတ်နိုင်ခြေ ပိုများ
လေဖြတ်တယ်ဆိုတာက လူတစ်ယောက်ကို အသက်ဆုံးရှုံးစေနိုင်တဲ့ကျန်းမာရေး အခြေအနေတွေထဲက တစ်ရပ်ပါ။ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး လေဖြတ်နိုင်ခြေ များပါတယ်။ လေဖြတ်တဲ့အခါမှာလည်းအမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး ပြင်ပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ မျိုးမအောင်တာ နဲ့ကိုယ်ဝန်ပျက်ကျတာက အမျိုးသမီးတွေမှာ လေဖြတ်နိုင်ခြေ ပိုများ နိုင်တယ်ဆိုတဲ့အကြောင်းကို ပြောပြပေးချင်ပါတယ်။လေဖြတ်တယ်ဆိုတာက ဦးနှောက်ဆီကိုအောက်ဆီဂျင်နဲ့ အာဟာရပြည့်ဝစွာပါဝင်နေတဲ့ သွေးတွေရောက်ရှိမှု မရှိတာကြောင့် ဦးနှောက်ရဲ့ လုပ်ဆောင်မှု ရပ်တန့်သွားတဲ့ အခြေအနေပါ။ဦးနှောက်ဆီ စီးဆင်းတဲ့ သွေးကြောတွေပိတ်ဆို့သွားတာကြောင့် လေဖြတ်နိုင်သလို ဦးနှောက်ထဲက သွေးကြော​ ပေါက်သွားတာကြောင့်လည်း လေဖြတ်နိုင်ပါတယ်။လေဖြတ်တာကအရေးပေါ် ကျန်းမာရေး အခြေအနေတစ်ရပ်ပါ။ လေဖြတ်ပြီဆိုရင် မြန်နိုင်သမျှ မြန်မြန် ဆေးကုသမှု ခံယူဖို့ လိုပါမယ်။ ဆေးကုသမှု အချိန်မီ ခံယူမှလည်း ပြန်ကောင်းလာနိုင်ခြေ များတာပါ။အမျိုးသမီးတွေက အမျိုးသားတွေထက် လေဖြတ်နိုင်ခြေ ပိုများပါတယ်။ ကမ္ဘာတလွှားမှာ နှစ်စဉ် လေဖြတ်တာကို လူဦးရေ ၁၂.၂ သန်းကျော် ခံစားနေရပါတယ်။ လေဖြတ်တာကမသန်စွမ်းမှုကို ဖြစ်စေပြီး သေဆုံးစေတဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုပါ။အမျိုးသမီးတွေက အမျိုးသားတွေထက် အသက်ရှည်တာကြောင့် လေဖြတ်နိုင်ခြေ ပိုများနေတာပါ။ ယေဘုယျအားဖြင့် အသက်ရှည်လေလေ ဘဝမှာ တစ်ကွေ့မဟုတ် တစ်ကွေ့ လေဖြတ်နိုင်လေပါပဲ။ အသက် ၅၅ နှစ် ကနေ ၇၅ နှစ်အရွယ်ရှိတဲ့ အမျိုးသမီး ၅ ဦးမှာ ၁ ဦးက လေဖြတ်နိုင်ခြေရှိပါတယ်။အမျိုးသမီးတွေဟာ အသက်ရှည်တာကြောင့်တင် မဟုတ်ဘဲ မျိုးမအောင်တာ၊ ကိုယ်ဝန်ပျက်ကျတာ၊ကလေး အသေမွေးဖွားတာက အမျိုးသမီးတွေမှာ လေဖြတ်နိုင်ခြေ ပိုများနေပါတယ်။အရင်တုန်းကတော့ အမျိုးသမီးတွေမှာ လေဖြတ်နိုင်ခြေ များစေတဲ့ အချက်ကဟော်မုန်းပါတဲ့ သန္ဓေတား သောက်ဆေးတွေနဲ့ ကိုယ်ဝန်ဆောင်ချိန် ဟော်မုန်းပြောင်းလဲတာကြောင့်လို့ သိထားကြပါတယ်။မကြာသေးခင်က အသက် ၃၂ နှစ် ကနေ ၇၃ နှစ်အရွယ်ရှိ အမျိုးသမီး ၆၁၈၀၀၀ ပါဝင်ခဲ့တဲ့လေ့လာမှု တစ်ရပ်အရ ကိုယ်ဝန် ၃ ကြိမ် နဲ့ ၃ ကြိမ်အထက် ပျက်ကျဖူးတဲ့ အမျိုးသမီးတွေဟာ ကိုယ်ဝန် မပျက်ကျဘူးတဲ့ အမျိုးသမီးတွေထက် အသက်အန္တရာယ်ရှိတဲ့ လေဖြတ်တာကို ခံစားရနိုင်ခြေ ၃၅ ရာခိုင်နှုန်း ပိုများနေပြီး အသက်အန္တရာယ် မရှိတဲ့ လေဖြတ်တာကို ခံစားရနိုင်ခြေ ၈၂ ရာခိုင်နှုန်း ပိုများနေပါတယ်။ကလေး အသေမွေးဖွားဖူးတဲ့ အမျိုးသမီးတွေမှာ အခြားအမျိုးသမီးတွေထက် အသက်အန္တရာယ်ရှိတဲ့ လေဖြတ်တာကို ခံစားရနိုင်ခြေ ၀.၇ ရာခိုင်နှုန်း ပိုများနေပြီး အသက်အန္တရာယ် မရှိတဲ့ လေဖြတ်တာကို ခံစားရနိုင်ခြေ ၂.၈ ရာခိုင်နှုန်း ပိုများနေပါတယ်။လေ့လာမှု အသစ်အရ သိရတဲ့ ရလဒ်က အမျိုးသမီးတွမှာ မျိုးမအောင်တာ၊ ကိုယ်ဝန်ပျက်ကျတာနဲ့ ကလေး အသေမွေးဖွားတာတွေက အမျိုးသမီးတွေကို လေဖြတ်နိုင်ခြေ ပုံမှန်ထက် ပိုများနေပါတယ်။အမျိုးသမီးတွေမှာ ဒီအချက်တွေကြောင့်လည်း လေဖြတ်နိုင်ခြေ များသလိုနေ့စဉ်နေထိုင် စားသောက်မှုပုံစံနဲ့ မျိုးဗီဇတွေကြောင့် လေဖြတ်နိုင်ခြေ များပါတယ်။မျိုးမအောင်တာ၊ ကလေးအသေမွေးဖွားတာနဲ့ ကိုယ်ဝန်ပျက်ကျတာတွေနဲ့ လေဖြတ်တာတွေရဲ့ ကြားက ဆက်စပ်မှုတွေကို သေသေချာချာ တိတိကျကျ သိရှိနိုင်စေဖို့အတွက် နောက်ထပ်လေ့လာမှုတွေကို လုပ်ဆောင်ဖို့တော့ လိုဦးမယ်လို့ သုတေသီတွေက ဆိုပါတယ်။မျိုးမအောင်တာ၊ ကလေးအသေမွေးဖွားတာနဲ့ ကိုယ်ဝန်ပျက်ကျတာတွေ နဲ့အတူ သွေးတိုးရောဂါ၊နှလုံးရောဂါရှိနေတာတွေကလည်း လေဖြတ်တာကို ခံစားရနိုင်ခြေ တိုးစေပါတယ်။ဒါကြောင့် ကိုယ်တိုင်က မျိုးမအောင်တာ၊ ကလေးအသေမွေးဖွားတာနဲ့ ကိုယ်ဝန်ပျက်ကျတာလိုမျိုး မျိုးပွားမှုကျန်မာရေးဆိုင်ရာ ပြဿနာလေးတွေ ရှိမယ်ဆိုရင် လေဖြတ်တာကို ကာကွယ်နိုင်မယ့် စားသောက်နေထိုင်မှုပုံစံကို မွေးမြူဖို့ လိုပါမယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/womens-health-issues/infertility-and-stroke/
အထိုင်များလို့ ခါးနာ၊ ကျောနာ ဖြစ်နေပြီလား။
အခုနောက်ပိုင်းနည်းပညာတိုးတက်လာမှုတွေကြောင့် အလုပ်တော်တော်များများကို ထိုင်ရာကမထဘဲ လူအများနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်နိုင်နေပါပြီ။ ဒီလို တိုးတက်လာမှုက တစ်ဖက်မှာ ကောင်းသလို တစ်ဖက်မှာလည်း ဆိုးကျိုးရှိနေပါတယ်။ဒီလိုပြောရတာက လူသားတွေဟာ အရင်က လမ်းလျှောက်တာ အပါအဝင် သင့်တင့်လျောက်ပတ်တဲ့ လှုပ်ရှားသွားမှု ရှိတဲ့နေ့စဉ်ဘဝရော အလုပ်ခွင်ကိုပါ ပိုင်ဆိုင်ထားပေမယ့် တိုးတက်လာတဲ့ ဒီဘက်ခေတ်ကြီးမှာတော့ လှုပ်ရှားမှုတွေက တော်တော်လေး နည်းလာပါတယ်။အရင်က ဓာတ်လှေကားတွေ၊ စက်လှေကားတွေ တွင်တွင်ကျယ်ကျယ် မပေါ်ခင်က လှေကားတက်ရတာလိုမျိုး လှုပ်ရှားမှုကို လုပ်ဆောင်မိပေမယ့် အခုခေတ်မှာတော့ ရုံးတွေ၊ အိမ်တွေက အထပ် ဘယ်လောက်မြင့်မြင့် ချွေးတစ်စက် မထွက်ဘဲ မတ်တတ်လေးရပ်ရင်း ဓာတ်လှေကားပြီး ရောက်သွားကြတာလေ။အလုပ်ခွင်မှာဆိုလည်း အွန်လိုင်း app တွေကို သုံးပြီး ထိုင်ရာကမထဘဲ တစ်စားပွဲခြားလောက်ကိုတောင် လမ်းမလျှောက်ဖြစ်တော့ဘူးလေ။ ဒီတော့ တိုးတက်လာတဲ့ ဒီဘက်ခေတ်မှာ လူတိုင်း လိုလိုက အထိုင်များတဲ့ နေထိုင်မှုပုံစံကို ကိုယ်တိုင်တောင် မသိလိုက်ဘဲ ပိုင်ဆိုင်နေကြပါတယ်။တစ်နေ့တာမှာ အထိုင်များတော့ ရေရှည်မှာ။လောလောလတ်လတ်မှာတော့ အထိုင်များတာကြောင့်။အထိုင်များတာကြောင့် အများဆုံး ခံစားရတဲ့ ကျန်းမာရေး ပြဿနာကတော့ ခါးနာတာပါ။ တစ်နေ့တာလုံးမှာ အချိန်တော်တော်များများ ထိုင်နေရပြီး ထိုင်တာက ပုံစံ မမှန်တဲ့အခါ ခါးတဝိုက်က ကြွက်သားတွေနဲ့ခါးဆစ်တွေမှာ ဝန်ပိပြီး ခါးနာတာ နောက်ကျောနာတာတွေကို ခံစားရတာပါ။ခါးနာတာက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာလို့ မယူဆကြပေမယ့် တကယ်ကတော့ ပေါ့ဆလို့ မကောင်းတဲ့ ကျန်းမာရေးပြဿနာပါ။ ခါးက တစ်နေ့တာ လှုပ်ရှားသွားလာမှုတွေကို ဟန်ချက်ညီအောင် ထိန်းပေးတဲ့ အရေးပါတဲ့ အစိတ်အပိုင်းပါ။ခါးနာတဲ့အခါ ကောင်းကောင်းထိုင်ပြီး အလုပ်လုပ်နိုင်ဖို့ ခက်သလိုလမ်းလျှောက်တာအပါအဝင် နေ့စဉ်လှုပ်ရှားမှုတွေကို လုပ်ဆောင်ဖို့ ခက်သွားပါမယ်။တစ်နေ့တာမှာ ထိုင်ရာကမထဘဲ အလုပ်လုပ်ရင်းအထိုင်များတာကြောင့် ခါးနာလာပြီဆိုရင် သက်သာစေဖို့ ဒီနည်းလမ်းလေးတွေကို လုပ်ဆောင်ပေးလို့ ရပါတယ်။အလုပ်စားပွဲမှာ ထိုင်တဲ့အခါ ခါးကို မတ်မတ်လေး ဆန့်ထားပြီး ပုံစံ မှန်မှန်လေး ထိုင်တာက ခါးနာတာကို သက်သာစေနိုင်သလို ခါးကို ဝန်မပိစေဖို့လည်း ထောက်ကူပေးပါတယ်။ဒါကြောင့် အလုပ်လုပ်ဖို့ ထိုင်တဲ့အခါ ပုံစံမှန်မှန်လေး ထိုင်ပေးပါ။အထိုင်များလို့ ခါးနာတာ သက်သာစေဖို့ဆိုရင် ၁၅ မိနစ် တစ်ခါ နာရီဝက် တစ်ခါလောက် ခန္ဓာကိုယ်အနေအထားကို ပြင်ဖို့ လိုပါမယ်။ ထိုင်နေရင်းက မတ်တတ် ထရပ်တာမျိုး၊ လမ်းလျှောက်တာမျိုး လုပ်ပေးတာက ကြွက်သားတွေကို လှုပ်ရှားမှု ဖြစ်စေပြီး သွေးစီးဆင်းမှု ကောင်းစေတာကြောင့် ကြွက်သားနာတာကို ကာကွယ်ပေးနိုင်မှာပါ။တစ်နေ့တာလုံးမှာ ထိုင်နေရမယ်ဆိုရင် ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှု နည်းသလို ကြွက်သားတွေ၊ အရိုးအဆစ်တွေ တောင့်တင်းတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်တာတွေကြောင့် ခါးနာတာမျိုး မဖြစ်စေဖို့ဆိုရင် အကြောလျှော့ပေးဖို့ လိုပါမယ်။ခါးနာတာကို သက်သာစေမယ့် နောက်ထပ် နည်းလမ်းတစ်ခုက ရေခဲကပ်တာပါ။ ခါးနာလာပြီဆိုရင် သက်သောင့်သက်သာ အနေအထား နေပြီး ရေခဲကပ်ပေးတာကလည်း ခါးနာတာကို သက်သာစေနိုင်မယ့် နည်းလမ်း တစ်ရပ်ပါ။ရေနွေးဝတ် ကပ်တာက ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေတာကြောင့် ခါးနာတာကို သိသိသာသာ သက်သာစေမယ့် နည်းလမ်း တစ်ရပ်ပါ။ ဒါကြောင့် ခါးနာလာရင် ရေနွေးဝတ် ကပ်ပေးတာမျိုး၊ ရေနွေးနဲ့ ရေစိမ်ချိုးတာမျိုး လုပ်ပေးလို့ ရပါတယ်။ခါးနာတာက နေ့စဉ် လုပ်ငန်းဆောင်တာတွေပေါ်မှာ အတော်လေး ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ခါးနာတာ သက်သာစေဖို့ ဆေးညွှန်း မလိုတဲ့ အကိုက်အခဲ ပျောက်ဆေးတွေကို ဆေးညွှန်းအတိုင်း သောက်ပေးတာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။အထိုင်များလို့ နာလာတဲ့ ခါးနဲ့ နောက်ကျောတွေကို အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေ သုံးပြီး ဖြေရှင်းလိုက်တော့နော်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/causes-of-back-pain-due-to-too-much-sitting/
Shaken baby syndrome (ကလေး ဦးနှောက်ဒဏ်ရာရခြင်း)
Shaken baby syndrome ဆိုတာ ကလေးငယ် အထူးသဖြင့်လသားကလေးကို ပြင်းပြင်းထန်ထန် လှုပ်ရမ်းလိုက်တဲ့အတွက်ဦးနှောက်ထိခိုက်သွားတာပဲ ဖြစ်ပါတယ်။ ဒီရောဂါစုက လူက လုပ်လို့ ဖြစ်တာပါ။ Traumatic ထိခိုက်ဒဏ်ရာလို့ ပြောလို့ရပါတယ်။ အခန့်မသင့်ရင် ကလေးအသက်ရှူရပ်ပြီး နေရာမှာတင် သေသွားနိုင်ပါတယ်။ အသက်ရှင်ခဲ့ရင်တောင် ဒုက္ခိတလေး ဖြစ်သွားနိုင်ပါတယ်။ လုံးဝမဖြစ်အောင် ကာကွယ်လို့ရတဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ သိပ်မရင်းနှီးတဲ့ စကားလုံးဖြစ်တာကြောင့် သေချာ ရှင်းပြပေးပါမယ်။ခုနကပြောခဲ့သလိုပဲ ကလေးကိုအားနဲ့ လှုပ်ရမ်းလိုက်လို့ ဦးနှောက်ဒဏ်ရာရသွားတာပါ။ စသလို နောက်သလိုနဲ့ လှုပ်ရမ်းလိုက်တာ ဖြစ်နိုင်သလို ဒေါသထွက်ပြီး အားနဲ့ လှုပ်ရမ်းလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ကလေးကို ၅စက္ကန့်လောက် ပြင်းပြင်းထန်ထန် လှုပ်ရမ်းလိုက်ရုံနဲ့ Shaken baby syndromeဖြစ်နိုင်တယ်လို့ ပြောကြပါတယ်။ကလေးလေးတွေဟာ ဇက်လည်း ကောင်းကောင်းမခိုင်သေးသလို ဦးနှောက်ကလည်း ကောင်းကောင်းမဖွံ့ဖြိုးသေးပါဘူး။ သွေးကြောတွေကလည်း နုနုနယ်နယ်လေးတွေပါ။ ဒီအချိန်မှာ ကလေးကို အားနဲ့ လှုပ်ခါလိုက်ရင် ဦးနှောက်နဲ့ ဦးခေါင်းခွံနဲ့ တိုက်ပြီး ဦးနှောက်ပွန်းတာ၊ သွေးထွက်တာ၊ ရောင်ရမ်းတာတွေ ဖြစ်လာနိုင်ပါတယ်။ အားသိပ်များသွားရင် ကလေးရဲ့ မျက်ခုံးရိုး၊ ကျောရိုးနဲ့ လည်ပင်းရိုးတွေအထိ ကျိုးတတ်ပါတယ်။Shaken baby syndromeက ၂နှစ်အောက်ကလေးတွေမှာ အဖြစ်များပါတယ်။ ဒါပေမယ့် ၅နှစ်အရွယ်အထိ တွေ့ရတတ်ပါတယ်။ အဖြစ်အများဆုံးကတော့ ၆ပတ်ကနေ ၈ပတ်သား ကလေးတွေပါ။ ဒီအရွယ်လေးတွေက အကြောင်းအရင်း မည်မည်ရရမရှိဘဲငိုတတ်တော့ ဒေါသထွက်ပြီး မကြာခဏ ကိုင်ဆောင့်ခံရပါတယ်။သာမန် ကလေးနဲ့ ဆော့ရုံ၊ ပေါင်ပေါ်တင်ပြီး လှုပ်ရုံ၊ ကလေးကို လေထဲမြှောက်ပြီး ဆော့ရုံနဲ့တော့ မဖြစ်ပါဘူး။ Shaken baby syndromeရဲ့ အဓိက အကြောင်းရင်းက ခုနကပြောသလို ကိုင်ဆောင့်လို့ပါ။ကလေးကို ကိုင်ဆောင့်မိလို့ Shaken baby syndromeဖြစ်သွားပြီဆိုရင်။ဒီလက္ခဏာတွေ ရှိပြီး ကလေးကို မသင်္ကာရင် ဆေးရုံကို အမြန်ခေါ်သွားပါ။ အခန့်မသင့်ရင် ဦးနှောက်က လုံးဝပျက်စီးသွားနိုင်ပါတယ်။ဇက်ကလည်း ကောင်းကောင်းမခိုင်၊ ဦးနှောက်ကလည်း ဦးခေါင်းခွံထက်စာရင် သေးနေတဲ့အရွယ်မှာ အပြင်ကနေ အားနဲ့ ခဏခဏ လှုပ်ရမ်းနေရင် ဦးနှောက်နဲ့ ဦးခေါင်းခွံရိုးနဲ့ ပွတ်ပြီး ဦးနှောက်ရောင်တာ၊ သွေးကြောပေါက်တာ ဖြစ်သွားပါတယ်။ လူကြီး ကလေးအငိုမတိတ်ရကောင်းလားဆိုပြီး ကိုင်လှုပ်လိုက်တော့ အငိုတိတ်သွားပါတယ်။ ကြောက်လို့တော့ မဟုတ်ပါ။ ဦးနှောက်ပျက်စီးပြီး မငိုနိုင်တော့လို့ပါ။ အခန့်မသင့်ရင် တစ်ခါတည်း အသက်ရှူပါရပ်သွားပါတယ်။စက္ကန့်လေးခဏ လှုပ်လိုက်တာနဲ့ ကလေးရဲ့ ဦးနှောက်ကို ကုမရအောင် ပျက်စီးသွားနိုင်ပါတယ်။ ကံကောင်းလို့ အသက်ရှင်ရင်တောင် နောက်ဆက်တွဲအနေနဲ့။Shaken baby syndromeဟာ ၁၀၀ရာခိုင်နှုန်း ကာကွယ်လို့ရပါတယ်။ ကလေးရဲ့ ဦးခေါင်းကို အားနဲ့ ခါရမ်းတဲ့ ကိစ္စမျိုးကို ရှောင်နိုင်မယ်ဆိုရင် ကာကွယ်လို့ရပါတယ်။ ဒီအဖြစ်ဆိုးဟာ ကလေးငိုတာကို ချော့မရလို့ ဒေါသနဲ့ ကိုင်လှုပ်မိတာကြောင့် အဖြစ်များပါတယ်။ ကလေးငိုတာ သဘာဝပါ။ ဒါပေမယ့် ကိုင်လှုပ်တာနဲ့တော့ ဖြေရှင်းလို့မရပါဘူး။ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ကလေးခေါင်းကို လှုပ်ရမ်းမိတာမျိုး မဖြစ်အောင် ဂရုစိုက်ပါ။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/shaken-baby-syndrome/
အဆစ်ရောင်နာ (Arthritis)
အဆစ်ရောင်နာ(Arthritis) ဆိုတာအဆစ်တွေကို ထိခိုက်စေနိုင်တဲ့ကျန်းမာရေးပြဿနာတစ်မျိုးပါ။ အဆစ်တွေ နာကျင်တာ၊ ရောင်ရမ်းတာတွေ ဖြစ်စေနိုင်ပါတယ်။ လှုပ်ရှားဖို့ ခက်တာ၊ တက်တက်ကြွကြွနေဖို့ ခက်တာမျိုးတွေကိုလည်း ခံစားရနိုင်ပါတယ်။အဆစ်ရောင်နာတွေက အမျိုးမျိုးပါပဲ။ တစ်မျိုးစီတိုင်းမှာမတူညီတဲ့ လက္ခဏာတွေခံစားရနိုင်ပါတယ်။အဆစ်ရောင်နာ အမျိုးအစားကို လိုက်ပြီး ကုထုံးတွေလည်း ကွာခြားနိုင်ပါတယ်။အဆစ်ရောင်နာ က များသောအားဖြင့် အသက်အရွယ် ကြီးရင့်သူတွေမှာ အဖြစ်များပါတယ်။ အမျိုးသားတွေမှာ ဖြစ်နိုင်သလို အမျိုးသမီးတွေ၊ ကလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ အရွယ်သုံးပါးစလုံး ခံစားရနိုင်တဲ့ ကျန်းမာရေး ပြဿနာပါ။အဆစ်ရောင်နာ ဆိုတာ အဆစ်တွေ ( အရိုး တစ်ခုခုနဲ့ တစ်ခု ဆုံပြီး လှုပ်ရှားမှုတွေ လုပ်ဆောင်နိုင်တဲ့ နေရာ) မှာ ထိခိုက်စေတဲ့ ကျန်းမာရေး ပြဿနာ တစ်မျိုးပါ။ အဆစ်ရောင်နာတွေထဲမှာအဆစ်တွေ ရောင်ရမ်းတာ၊ ကျိုးတာမျိုးတွေ ပါဝင်နေပါတယ်။ ဒီလိုပြောင်းလဲမှုတွေက အဆစ်တွေမှာ လှုပ်ရှားမှု လုပ်တဲ့အဆခါ နာကျင်မှုကို ခံစားရစေနိုင်ပါတယ်။အဆစ်ရောင်နာက များသောအားဖြင့် ဒီခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ ခံစားရနိုင်ပါတယ်။အဆစ်တစ်ခုမှာ တစ်ရှူးပျော့တွေက အရိုးတစ်ခုနဲ့ တစ်ခု ပွတ်တိုက်မိတာမျိုး မဖြစ်စေဖို့ ကြားခံ တစ်ခုအနေနဲ့ ခုခံပေးထားပါတယ်။အရိုးနုလို့ခေါ်တဲ့ တွယ်ဆက်တစ်ရှူးလေးတွေကအဆစ်တွေကို ကျိုးပဲ့ထိခိုက်တာမျိုး၊နာကျင်တာမျိုး မဖြစ်စေဘဲ ကောင်းကောင်း လှုပ်ရှားနိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။အချို့အဆစ်လေးတွေမှာဆိုရင် synovial membrane လို့ခေါ်တဲ့အဆစ်တွေ လှုပ်ရှားမှုကောင်းစေဖို့ ချောဆီသဖွယ် လုပ်ဆောင်ပေးတဲ့ အရည်အိတ်လေးတွေ ပါဝင်နေပါတယ်။အဆစ်တော်တော်များများ အထူးသဖြင့်ဒူးဆစ်လို အဆစ်တွေကိုတော့ အရွတ်တွေ၊ အရွတ်တွဲတွေက အကောင်းဆုံး လှုပ်ရှားနိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။ အရွတ်တွေက ကြွက်သားတွေနဲ့ အရိုးတွေကို တွယ်ဆက်ပေးပါတယ်။ အရိုး အချင်းချင်းကိုလည်း တွယ်ဆက်ပေးပါတယ်။အဆစ်ရောင်နာအမျိုးအစားတွေက အဆစ်တွေရဲ့ အခြေအနေကို လိုက်ပြီး အမျိုး ၁၀၀ ကျော် ကွာခြားနိုင်ပါတယ်။ အဖြစ်များတဲ့ အဆစ်ရောင်နာတွေကတော့။အဆစ်ရောင်နာက အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ အသက်ကြီးသူတွေမှာ အဖြစ်များသလို ကလေးတွေမှာလည်း အဖြစ်များပါတယ်။အဆစ်ရောင်နာဖြစ်ရတဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါ။ ဥပမာပြောပြရရင် ဂေါက်ရောဂါဆိုရင်ယူရစ်အက်ဆစ်များနေတာကြောင့်ပါ။ အခြား အဆစ်ရောင်နာတွေ ခံစားရတဲ့ အကြောင်းအရင်းတွေကိုတော့ တိတိကျကျ မသိရသေးပါဘူး။ များသောအားဖြင့်ကတော့။အဆစ်ရောင်နာဖြစ်စေနိုင်တဲ့ အခြားသော အချက်တွေကတော့။အဆစ်ရောင်နာက အမျိုးအစားပေါ်လိုက်ပြီး လက္ခဏာတွေလည်း ကွာခြားနိုင်ပါတယ်။ အချို့တွေမှာ သိပ်မပြင်းထန်ပေမယ့် အချို့တွေမှာတော့ တော်တော်လေး ပြင်းထန်နိုင်ပါတယ်။ အဆစ်ရောင်နာက သက်သာလိုက်၊ နာလိုက်ဖြစ်တတ်သလို တစ်ချိန်လုံး နာနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။အဖြစ်များတဲ့ လက္ခဏာတွေကတော့ အဆစ်တွေမှာ။အဆစ်ရောင်နာရောဂါ ခံစားနေရပြီလို့ သံသယရှိမယ်ဆိုရင် ဆရာဝန်နဲ့ သေချာလေး ပြသဖို့ လိုပါမယ်။ ဆရာဝန်က လက္ခဏာတွေကို မေးမြန်းပြီး အဆစ်ရောင်နာရဲ့ ပြင်းထန်မှုကို ဆုံးဖြတ်မှာပါ။ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေအနေနဲ့။ပုံရိပ်ဖော် စစ်ဆေးမှုတွေက အရိုး၊ အဆစ် နဲ့ တစ်ရှူးပျော့တွေကို သေချာ သိရှိနိုင်စေဖို့ ထောက်ကူပေးနိုင်မှာပါ။ X-ray၊ MRI၊ အယ်လ်ထရာဆောင်းတို့က အခုလို သိရှိနိုင်စေမှာပါ။သွေးစစ်တာက အဆစ်ရောင်နာရောဂါ ခံစားနေရတယ်လို့ တိုက်ရိုက် မသိရှိနိုင်စေပါဘူး။ ဆရာဝန်က ဂေါက်ရောဂါလို့ သံသယရှိမယ်ဆိုရင် ဒါမှမဟုတ် လေးဖက်နာ ဖြစ်နေတယ်လို့ ယူဆမယ်ဆိုရင် သွေးစစ်ခိုင်းပါလိမ့်မယ်။ သွေးထဲက ယူရစ်အက်ဆစ် ပမာဏ ဒါမှမဟုတ် inflammatory protein ပမာဏကို ကြည့်ပြီး အဆစ်ရောင်ရောဂါ ခံစားနေရလားဆိုတာကို အဖြေထုတ်ပေးမှာပါ။ဒါကတော့ ဖြစ်တဲ့အပေါ် မူတည်ပါတယ်။ တချို့မှာ ပျောက်ကင်းနိုင်ပေမယ့် တချို့မှာတော့ ရောဂါ ပိုဆိုး မလာအောင်ဘဲ ထိန်းပေးနိုင်မှာပါ။ ကုထုံးတွေကလည်း ရောဂါ ပြင်းထန်မှုအပေါ် လိုက်ပြီး ကွာခြားနိုင်ပါတယ်။ လက္ခဏာတွေလည်း ကွာခြားနိုင်ပါတယ်။ကုသမှုမှာ ခွဲစိတ်မှုပါတဲ့ ကုထုံးတွေ ရှိသလို ခွဲစိတ်မှု မပါတဲ့ ကုထုံးတွေလည်း ရှိပါတယ်။ဆေးသောက်တာ– အရောင်ကျဆေးလိုမျိုး ဆေးတွေ သောက်သုံးတာပါ။Physical therapy –လေ့ကျင့်ခန်း လုပ်ပြီး နေ့စဉ် လှုပ်ရှားမှုမှာ အဆစ်နာတာကို ပိုဆိုးစေနိုင်တဲ့ အလေ့အထတွေကို ရှောင်ကြဉ်တာပါ။Therapeutic injections –အဆစ်တွေထဲကို ပွတ်တိုက်မှု နည်းပြီး နာကျင်မှုနဲ့ ရောင်ရမ်းမှုကို သက်သာစေနိုင်ဖို့အတွက်  အဆစ်တွေထဲကို ဆေးရည် ထိုးထည့်တာပါ။ ခဏတော့ သက်သာစေနိုင်ပါတယ်။ ချောဆီ သဘောမျိုး လုပ်ဆောင်ပေးပြီး အဆစ်တွေကို လှုပ်ရှားရ လွယ်စေတာပါ။အဆစ်ရောင်နာက ပြင်းထန်တဲ့ အခြေအနေမှာဆိုရင်တော့ ခွဲစိတ်ကုသမှု ခံယူဖို့ လိုပါမယ်။ အပေါ်မှာ ပြောခဲ့တဲ့ ကုထုံးတွေနဲ့ ကုပေမယ့် တိုးတက်မှု မရှိဘူးဆိုရင် ခွဲစိတ်ကုသဖို့ လိုပါမယ်။ဥပမာ အဆစ်အစားထိုးကုသတာမျိုးပေါ့။ အဆစ်ရောင်နာ ဖြစ်နေတဲ့ အဆစ်နေရာကို လူလုပ် အဆစ်တွေနဲ့ အစားထိုး ကုသတာမျိုးပါ။ ခြေချင်းဝတ် အဆစ် အစားထိုး ကုသမှု၊ တင်ပါးဆုံရိုး အစားထိုးကုသမှု၊ ဒူးဆစ် အစားထိုး ကုသမှု၊ ပခုံး အစားထိုး ကုသမှုတွေပါ။အဆစ်ရောင်နာခံစားရနိုင်ခြေကို လျှော့ချချင်တယ်ဆိုရင်။အဆစ်ရောင်နာက လူတိုင်း၊ အသက်အရွယ် မရွေးခံစားရနိုင်တဲ့ ပြဿနာပါ။ ပျောက်ကင်းအောင် ကုသနည်း မရှိတာကြောင့် ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံး နည်းလမ်း ဖြစ်မှာပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/arthritis-orthopedics-musculoskeletal/about-arthritis/
လေဖြတ်ပြီးနောက် အစာပိုက်ထည့်ခြင်း
လေဖြတ်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာဖြစ်တဲ့ အစာ/ရေ ကောင်းစွာမမျိုနိုင်ခြင်းဟာ လူနာကို ဒုက္ခရောက်စေပြီး အာဟာရပြည့်ဝအောင် စားသောက်ဖို့ အခက်အခဲဖြစ်စေပါတယ်။ ဒီအခြေအနေမျိုးမှာ အစာပိုက်ထည့်ဖို့ လိုအပ်လာနိုင်တဲ့အတွက် အစာပိုက်နဲ့ပတ်သက်တဲ့ သိကောင်းစရာတွေကို ဒီဆောင်းပါးမှာ ဖော်ပြပေးလိုက်ပါတယ်။အစာ/ရေ မျိုချခြင်းဟာ ရှုပ်ထွေးတဲ့လုပ်ငန်းစဉ်တစ်ခု ဖြစ်ပြီး အစာနဲ့ရေတွေကို အစာအိမ်ဆီ လမ်းကြောင်းမှန်မှန် ရောက်ရှိစေဖို့ ကြွက်သားအမြောက်အမြား ပူးပေါင်းဆောင်ရွက်ရတဲ့ လှုပ်ရှားမှုတစ်ခုလို့ ဆိုနိုင်ပါတယ်။ လေဖြတ်ပြီးတဲ့နောက် ဒီလှုပ်ရှားမှုမှာပါဝင်တဲ့ ကြွက်သားတွေ ကောင်းစွာ အလုပ်မလုပ်နိုင်တော့ဘဲ အစားအသောက် မျိုချရာမှာ ပြဿနာဖြစ်လာပါတော့တယ်။စားသောက်လိုက်တဲ့ အစာနဲ့အရည်တွေဟာ အသက်ရှူလမ်းကြောင်းထဲ လမ်းမှားဝင်ရောက်သွားနိုင်ပြီး အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း၊ အစာ/ရေ နင်ခြင်း၊ အဆုတ်ရောင်ရောဂါဖြစ်ခြင်း၊ အာဟာရချို့တဲ့ခြင်း၊ ခန္ဓါကိုယ်မှာ ရေဓါတ်ခမ်းခြောက်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ ဆေးသောက်ရာမှာ အခက်အခဲရှိတဲ့အတွက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာဖို့ အဟန့်အတားဖြစ်စေသလို နောက်တစ်ကြိမ် ထပ်မံလေဖြတ်နိုင်တဲ့ အန္တရာယ်လည်း ရှိနေပါသေးတယ်။အစာ/ရေ မမျိုနိုင်တဲ့ပြဿနာဟာ ယာယီဖြစ်နိုင်သလို တစ်သက်လုံးမပျောက်တော့တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အချို့လူနာတွေမှာတော့ ရက်သတ္တပတ်၊ လနဲ့ချီပြီးမှ ပြန်ကောင်းလာတာတွေလည်း ရှိတတ်ပါတယ်။ဒီလိုအခြေအနေမျိုးမှာ အစာပိုက်ထည့်ခြင်းက ထိရောက်တဲ့အဖြေဖြစ်ပြီး လူနာကို အသက်အန္တရာယ်မှ ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။Nasogastric tube (NG tube) – နှာခေါင်းမှတဆင့် အစာအိမ်ထဲထည့်သော အစာပိုက်။Gastrostomy feeding tube (G-tube) – အစာအိမ်ထဲသို့ တိုက်ရိုက်ထည့်သော အစာပိုက်။Jejunostomy tube (J-tube) – အူသိမ်အလယ်ပိုင်းသို့ တိုက်ရိုက်ထည့်သော အစာပိုက် ဆိုပြီး အစာပိုက် ၃မျိုး ရှိပါတယ်။NG tube ဟာ ခန္ဓါကိုယ်ကို ခွဲစိတ်စရာမလိုဘဲ ထည့်နိုင်တဲ့ အစာပိုက်ဖြစ်ပြီး အစာ၊ ရေနဲ့ ဆေးဝါးတွေကို နှာခေါင်းကတဆင့် အစာအိမ်ဆီ တိုက်ရိုက်ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဒီအစာပိုက်ကို လေဖြတ်ထားတဲ့ လူနာတွေအတွက်သာမက ကယ်လိုရီထပ်ဆောင်းလိုအပ်တဲ့ လူနာတွေအတွက်လည်း အသုံးပြုနိုင်ပါတယ်။ အစာပိုက် ထည့်ပုံထည့်နည်းနဲ့ ထိန်းသိမ်းနည်းကို သူနာပြုက သင်ပြပေးမှာဖြစ်ပေမယ့် သူနာပြုကိုယ်တိုင် ထည့်ပေးတာက လူနာအတွက် ပိုသင့်တော်ပါတယ်။အရင်ဦးဆုံး အစာပိုက်ကို ချောဆီတစ်ခုခုနဲ့ သုတ်ပေးရမှာ ဖြစ်ပါတယ်။ နှာခေါင်းကတဆင့် ထည့်ရမှာဖြစ်တဲ့အတွက် သင့်နှာခေါင်းမှာ ပြဿနာတစ်စုံတစ်ရာရှိနေရင် သူနာပြုကို အသိပေးပါ။ ချောဆီသုတ်ပြီးနောက်မှာ အစာပိုက်ကို သင့်နှာခေါင်းကနေတဆင့် လည်ချောင်းထဲအထိရောက်အောင် ထည့်သွင်းမှာဖြစ်ပြီး သင့်ကို မျိုချဖို့ ပြောပါလိမ့်မယ်။ ဒီလိုလုပ်ရတဲ့အတွက် ခံရခက်နိုင်ပေမယ့် အစာပိုက် လမ်းကြောင်းမှားမဝင်သွားအောင် သူနာပြုပြောတဲ့အတိုင်း ကြိုးစားလိုက်နာဖို့ အရေးကြီးပါတယ်။ အစာပိုက်ဝင်သွားပြီးတဲ့နောက် လမ်းကြောင်းမှန်ကန်ခြင်း ရှိမရှိ (အစာအိမ်ထဲ ရောက်မရောက်) ဆေးထိုးပြွန်တစ်ချောင်းကို အသုံးပြုပြီး အစာအိမ်ထဲက အရည်အချို့ကို စုပ်ထုတ်ကြည့်မှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အစာပိုက်ကတဆင့် အစာ၊ ရေနဲ့ ဆေးဝါးတွေ ထည့်သွင်းနိုင်ပါတယ်။အစာပိုက်ဟာ ပိုက်လုံးသေးတဲ့အတွက် အခန့်မသင့်ရင် ပိတ်သွားတတ်ပါတယ်။ အစာပိုက်ဘယ်လိုဆေးရမယ်ဆိုတာ သူနာပြုက သင်ပေးမှာဖြစ်ပြီး ရက်အနည်းငယ်ကြာရင် အသစ်တစ်ချောင်း လဲလှယ်ပေးဖို့ လိုအပ်ပါတယ်။G-tube ဒါမှမဟုတ် PEG လို့ လူအများသိကြတဲ့ ဒီအစာပိုက်ကတော့ အရေပြားနဲ့ အစာအိမ်နံရံကိုဖောက်ပြီး အစာအိမ်ထဲ တိုက်ရိုက်ထည့်သွင်းရတဲ့ ပိုက်ဖြစ်ပါတယ်။ အလုံးသေးပြီး ပျော့ပျောင်းတဲ့ပိုက်ဖြစ်သလို အစာ၊ ရေနဲ့ ဆေးဝါးတွေကို အစာအိမ်ထဲ တိုက်ရိုက်ရောက်ရှိစေမှာ ဖြစ်ပါတယ်။အရင်ဦးဆုံး ခွဲစိတ်ဆရာဝန်က ထိပ်မှာကင်မရာတပ်ဆင်ထားတဲ့ ပြွန်ငယ်တစ်ချောင်း အကူအညီနဲ့ ခန္ဓါကိုယ်အတွင်းပိုင်းကို စစ်ဆေးကြည့်ရှုပြီး ဝမ်းဗိုက်ဘယ်ဖက်ပိုင်းက အရေပြားကို သန့်စင်ပိုးသတ်၊ ထုံဆေးပေးပါလိမ့်မယ်။ အဲဒီနောက် အရေပြားပေါ် ခွဲကြောင်းခပ်သေးသေးပေးကာ အစာပိုက်ကို အစာအိမ်ထဲ တိုက်ရိုက်ရောက်အောင် ထည့်ပြီး နောက်ဆုံးအဆင့်အနေနဲ့ အစာပိုက်ပတ်ပတ်လည်ကို ပြန်ချုပ်လိုက်မှာ ဖြစ်ပါတယ်။အစာပိုက်နဲ့ အရေပြားကို ဂရုစိုက်ထိန်းသိမ်းနည်း၊ သတိထားစောင့်ကြည့်ရမယ့် လက္ခဏာတွေနဲ့ အစာပိုက်ကို ဘယ်လိုဖုံးကွယ်ရမလဲဆိုတာ ဆရာဝန်ကိုယ်တိုင် သင်ပြပေးမှာ ဖြစ်ပါတယ်။ဒီအစာပိုက်ကိုတော့ ခွဲစိတ်ဆရာဝန်က အရေပြားကိုဖောက်ပြီး အူသိမ်အလယ်ပိုင်းဆီ တိုက်ရိုက်ထည့်ပေးမှာ ဖြစ်ပါတယ်။ J-tube ဟာ G-tube နဲ့ အလားသဏ္ဍာန်တူပေမယ့် ပိုက်ကထည့်သွင်းလိုက်တဲ့ အစာနဲ့ရေတွေဟာ အစာအိမ်ဆီ ရောက်မယ့်အစား အူထဲတိုက်ရိုက်ရောက်သွားမှာ ဖြစ်ပါတယ်။ အစာပိုက်နဲ့ အရေပြား ဂရုစိုက်ထိန်းသိမ်းနည်းကိုတော့ သက်ဆိုင်ရာဆရာဝန်နဲ့ သူနာပြုက သင်ပြပေးပါလိမ့်မယ်။ အစာပိုက်ပတ်ပတ်လည်ကို အမြဲသန့်ရှင်းခြောက်သွေ့အောင်ထားပါ။ ပိုက်ပြန်ထွက်နေရင်ဖြစ်စေ၊ ပိုက်ထည့်ထားတဲ့နေရာမှာ နီရဲရောင်ရမ်းခြင်း၊ နာကျင်ခြင်း၊ ပြည် သို့မဟုတ် အနံ့ထွက်ခြင်း ဖြစ်လာခဲ့ရင် ဆရာဝန်ကို ချက်ချင်းအကြောင်းကြားပါ။အစာပိုက်ဟာ သင့်ကို စားသောက်ရလွယ်ကူအောင်၊ ဆေးသောက်ရလွယ်ကူအောင် အကူအညီပေးတဲ့ ပစ္စည်းဖြစ်ပါတယ်။ အစာပိုက် ခဏခဏမပိတ်အောင် ဆေးနဲ့အစာအားလုံးကို အရည်ဖျော်ပြီးထည့်ဖို့ လိုအပ်ပါတယ်။ ဒါမှမဟုတ် အရည်ပုံစံနဲ့လာတဲ့ အာဟာရတွေ ထည့်သွင်းနိုင်ပါတယ်။ ဘယ်လို အစာအာဟာရတွေ ထည့်သင့်သလဲဆိုတာ သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။အစာပိုက်ဟာ အစာ/ရေ မျိုချရခက်ခဲသူတွေအတွက် များစွာအထောက်အကူဖြစ်စေတဲ့ ပစ္စည်းဖြစ်ပါတယ်။ အစာပိုက်ထည့်ပုံထည့်နည်း၊ ထည့်သွင်းရမယ့် အစာအာဟာရများ၊ အစာပိုက်ထည့်ထားရမယ့် ကြာချိန် စတဲ့အကြောင်းအရာတွေကို လေ့လာထားခြင်းအားဖြင့် လူနာအတွက် အကျိုးရှိစေမှာ ဖြစ်ပါတယ်။Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/stroke-and-aneurysm/%e1%80%b1%e1%80%9c%e1%80%bb%e1%80%96%e1%80%90%e1%80%b9%e1%80%bb%e1%80%95%e1%80%ae%e1%80%b8%e1%80%b1%e1%80%94%e1%80%ac%e1%80%80%e1%80%b9-%e1%80%a1%e1%80%85%e1%80%ac%e1%80%95%e1%80%ad%e1%80%af%e1%80%80/
လေဖြတ်ခြင်းကြောင့် ဖြစ်လာသော နောက်ဆက်တွဲရောဂါစု
BáLint’s syndrome သည် လေဖြတ်ခြင်းကြောင့် ဖြစ်လာရသော နောက်ဆက်တွဲ ရောဂါစု တစ်ခုဖြစ်ပါသည်။ ဤဆောင်းပါးတွင် BáLint’s syndrome အကြောင်းကို ဖော်ပြသွားပါမည်။BáLint’s syndrome သည် လေဖြတ်လူနာများ ဖြစ်တတ်သည့် ရှားပါးရောဂါစု တစ်ခုဖြစ်ပါသည်။ BáLint’s syndrome တွင် မြင်ကွင်းထဲရှိ အရာဝတ္ထုကို အာရုံစိုက်မရခြင်း (simultanagnosia) ၊ အာရုံစိုက်၍ ကြည့်မရခြင်း (oculomotor apraxia) နှင့် အမြင်အာရုံဖြင့် လက်လှမ်းပါက ယင်းအရာ ကို မရောက်ခြင်း (optic ataxia) စသော လက္ခဏာများ ပါဝင်ပါသည်။BáLint’s syndrome သည် လေဖြတ်ပြီး ဦးနှောက် ထိပ်ပိုင်းနှင့် နောက်စေ့တွင် ရှိသော parieto-occipital ဦးနှောက်ဖုများ ထိခိုက် ခြင်းကြောင့် ဖြစ်ရပါသည်။ ယင်းဦးနှောက်ဖုများသည် တစ်ကြိမ်နှင့် တစ်ကြိမ်ထက်ပိုသော လေဖြတ်ခြင်းကြောင့် ဖြစ်တတ်ပါသည်။BáLint’s syndrome သည် လေဖြတ်ခြင်းကြောင့်သာမက ရုတ်တရက် ပြင်းထန်စွာ သွေးပေါင်တက်ခြင်းကြောင့်လည်း ဖြစ်တတ်ပါသည်။ အယ်ဇိုင်းမားနှင့် အခြားသော ဦးနှောက်ဆဲလ် များ ယိုယွင်းခြင်းကြောင့် ဖြစ်သော ရောဂါများ ကြောင့်လည်း BáLint’s syndrome ဖြစ်တတ်သလို ဦးနှောက်ထိခိုက်ခြင်းနှင့် အကျိတ်ရောဂါ ကြောင့်လည်း ဖြစ်တတ်ပါသည်။BáLint’s syndrome ၏ လက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ် ပါသည်။Simultanagnosia – တစ်ခုထက်ပိုသော အရာဝတ္ထုများကို အာရုံ စိုက်မကြည့်နိုင်ခြင်း၊ မြင်ကွင်းတွင် ရှိသော ပစ္စည်းအားလုံး တစ်ပြိုင်နက် မမြင်ရခြင်း။Oculomotor apraxia – မျက်လုံးကို စိတ်ထိန်းချုပ်ပြီး လှုပ်ရှားရ ခက်ခဲခြင်း၊ ထို့ကြောင့် ဘေးရှိပစ္စည်းများကို ကြည့်ချင်ပါက ခေါင်း ပါစောင်းကြည့်ရခြင်း၊ မျက်လုံးကို အပေါ်နှင့် အောက်သာ လှုပ်ရှား နိုင်ခြင်း။Optic ataxia – အမြင်အာရုံနှင့် အရာဝတ္ထုကို လက်လှမ်း၍ မရခြင်း၊ လက်နှင့် အရာဝတ္ထုကြား အကွာအဝေးကို အမြင်ဖြင့် မတွက်နိုင်ခြင်း (ဥပမာ။ ကော်ဖီခွက်ကို စားပွဲပေါ်တင်ပါက စားပွဲဆီ မရောက်ဘဲ ခွက်ကိုလွတ်ချမိခြင်း)။ဤရောဂါရှင်များသည် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများနှင့် တိုးတက်လာအောင် ပြုလုပ်နိုင်ပါသည်။ အမြင်အာရုံတိုးတက်စေသော လေ့ကျင့်ခန်းများ၊ အကူအညီပေး ရွေ့လျားမှု့များ လေ့ကျင့်ခြင်းဖြင့် လူနာများ၏ ခွန်အားနှင့် စွမ်းဆောင်ရည်များ တိုးတက်စေပြီး နေ့စဉ် လုပ်ငန်းဆောင်တာများ ပိုမိုကောင်းမွန်အောင် လုပ်နိုင်လာပြီး သတိလည်း ပိုကောင်းလာပါမည်။BáLint’s syndrome သည် လေဖြတ်ခြင်းကြောင့် ဖြစ်လာတတ်သော မျက်စိနှင့် အမြင်ဆိုင်ရာ ပြဿနာဖြစ်ပါသည်။ ရောဂါရှာဖွေသိရှိမှု နှေးပါက ကုသမှုလည်း နှေးကွေးစေပါမည်။ အကယ်၍ လေဖြတ်လူနာများတွင် အထက်ဖော်ပြပါ လက္ခဏာများ သံသယရှိပါက ဆရာဝန်နှင့် တိုင်ပင်ပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချ က်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/stroke-and-aneurysm/%e1%80%b1%e1%80%9c%e1%80%bb%e1%80%96%e1%80%90%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b7-%e1%80%bb%e1%80%96%e1%80%85%e1%80%b9/
ဆောင်းရာသီမှာ နှုတ်ခမ်းတွေ ကွဲအက်လို့ စိတ်ညစ်နေပြီလား
ရာသီအကူးအပြောင်းကာလမှာနှုတ်ခမ်းသားအတွင်းမှာ ရှိတဲ့ အစိုဓါတ်တော်တော်များများ ဆုံးရှုံးသွားပါတယ်။ ဒီအခါမှာ နှုတ်ခမ်းက ခြောက်သွေ့လာတယ်။ အရောင်မှိန်လာတယ်။ အသားပပ်ပြီး နူးညံ့မှုမရှိတော့ပဲ မာကြမ်းကြမ်းဖြစ်ပြီးကွဲအက်လာပါတယ်။မကြာခဏ နှုတ်ခမ်းကို လျှာနဲ့ လျက်တတ်တဲ့သူတွေ၊ နှုတ်ခမ်းကိုက်တတ်သူတွေ၊ နှုတ်ခမ်းအပေါ်ယံ အရေပြားကို အမြဲတမ်းဖဲ့နေတတ်သူတွေ၊ ရေသောက်နည်းသူတွေ၊အစာအာဟာရမမျှတသူတွေမှာ နှုတ်ခမ်းကွဲတာ အဖြစ်များပါတယ်။ဆောင်းရာသီမှာပဲ နှုတ်ခမ်းအသားပပ်တာ၊ခြောက်တာ၊ ကွဲတာဖြစ်နိုင်တယ်လို့ ထင်ကြပေမယ့် တကယ်ကတော့ ကိုယ့်အသားအရေကိုသေချာဂရုမစိုက်ဘူးဆိုရင် တစ်နှစ်ပတ်လုံး ဘယ်အချိန်မဆိုဖြစ်နိုင်ပါတယ်။နှုတ်ခမ်းကွဲတာဟာ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ကြီးကြီးမားမား မရှိပေမယ့်အလှအပကို တန်ဖိုးထားသူတွေအတွက်တော့ အကြည့်ရဆိုးစေလို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ထိခိုက်စေနိုင်လောက်တဲ့အထိ စိတ်ညစ်စရာကိစ္စပါပဲ။ဒီတော့ အလှပြင်ဖို့ အချိန်သိပ်မပေးလိုတဲ့ အမျိုးသားတွေ၊ အိမ်မှာ ရှိတဲ့ ပစ္စည်းတွေနဲ့ပဲ အလွယ်တကူ နှုတ်ခမ်းသားပြုပြင်လို့တဲ့ အမျိုးသမီးတွေအတွက် နည်းလမ်းကောင်းတွေနဲ့ အသုံးဝင်မယ့် ပစ္စည်းလေးတွေကို မိတ်ဆက်ပေးချင်ပါတယ်။အသားအရေနဲ့ ဆံသားကျန်းမာရေးအတွက် အလွန်ကောင်းတဲ့ အော်လ်မွန်စေ့ကရတဲ့ အဆီအနှစ်တွေဟာ အရေပြားကို အစိုဓါတ်ထိန်းပေးပြီး အေးမြစေလို့ ဆောင်းရာသီလို နှုတ်ခမ်းခြောက်သွေ့ကွဲအက်တဲ့ ရာသီဥတုအတွက်ဆိုရင်တော့ သုံးလို့ အလွန်သင့်လျော်ပါတယ်။ ဒါ့အပြင် ဗီတာမင်နဲ့ A နဲ့ ဗီတာမင် E ပါဝင်လို့ နှုတ်ခမ်းကို နူးညံ့သွားစေတယ်။ ပန်းနုရောင်သမ်းစေပြီး အသားပပ်တာတွေ ပျောက်စေနိုင်ပါတယ်။အော်လ်မွန်စေ့အဆီအနှစ် ပါတဲ့ နှုတ်ခမ်းလိမ်းဆေး Lip Balm ကို နှုတ်ခမ်းသားပေါ်မှာ အနည်းငယ်တင်ပြီး အသုံးပြုနိုင်ပါတယ်။သခွားသီးကို မိန်းကလေးတော်တော်များများက မျက်နှာပေါင်းတင်ဖို့ အသုံးပြုလို့ ရတယ်လို့ သိထားကြပါတယ်။ လူတွေ သတိမထားမိတဲ့အချက်က သခွားသီးကို ခြောက်သွေ့နေတဲ့ နှုတ်ခမ်းအတွက်လည်း အသုံးပြုလို့ ရတယ်ဆိုတာပါပဲ။သခွားသီးကို ပါးပါးလေး စိတ်လှီးပြီး နှုတ်ခမ်းပေါ်မှာ ၅မိနစ်ခန့် တင်ထားပေးမယ်ဆိုရင် ရေဓါတ်ပြန်ဖြည့်တင်းပေးနိုင်တဲ့အပြင် အစိုဓါတ်ကိုပါ ထိန်းပေးလို့ နူးညံ့ချောမွေ့သွားစေပါတယ်။ကျွန်တော်တို့ မြန်မာလူမျိုးတွေ အိမ်တိုင်းလိုလိုမှာအုန်းဆီကို ဆောင်ထားတတ်ပါတယ်။ များသောအားဖြင့် ဆံသားနက်မှောင်တောက်ပစေပြီးဦးရေပြားကျန်းမာစေတဲ့ အုန်းဆီဟာ ခြောက်သွေ့ကွဲအက်နေတဲ့ နှုတ်ခမ်းသားအတွက်လည်း အကောင်းဆုံး ဆေးတစ်လက်ပါပဲ။အသုံးပြုပုံကလည်း လွယ်လွယ်လေးပါပဲ။ လက်ပေါ်မှာ အုန်းဆီအနည်းငယ်ထည့်ပြီး နှုတ်ခမ်းပေါ်ကို သုတ်လိမ်းပေးရုံပါပဲ။ ညလုံးပေါက် ထားထားရင် ပိုကောင်းတဲ့ အာနိသင်ကို ရနိုင်ပါတယ်။သကြားညိုဟာ အရေပြားပေါ်က ပျက်စီးနေတဲ့ ဆဲလ်အသေတွေကို အလွှာလိုက်ကွာကျစေပြီးပျားရည်ကတော့ သဘာဝအတိုင်း အစိုဓါတ်ထိန်းပေးနိုင်ပါတယ်။ ဒီလို အရေပြားအလှအပအတွက် အကျိုးထူးတဲ့ ပစ္စည်း ၂မျိုးကို ရောစပ်လိုက်တဲ့အခါ နှုတ်ခမ်းအတွက်သာမက တစ်ကိုယ်လုံးမှာ ရှိတဲ့ အရေပြားတွေအတွက် သဘာဝအလှကုန်ပစ္စည်းတွေပါပဲ။သကြားညိုနဲ့ ပျားရည်ကို သေချာရောမွှေပြီး နှုတ်ခမ်းသားပေါ် သုတ်လိမ်းပေးပါ။ မိနစ်အနည်းငယ်လောက် ထားပြီးမှ ရေနဲ့ စင်အောင် ဆေးလိုက်ပါ။ နှုတ်ခမ်းသားအရမ်းခြောက်သွေ့နေပြီဆိုရင် သွားပွတ်တံအပျော့ပေါ်မှာ ပျားရည်အနှစ်ကို တင်ပြီး နှုတ်ခမ်းသားကို ဖြည်းညှင်းစွာ ပွတ်တိုက်ပေးပါ။ရှေးနှစ်ပေါင်းများစွာက လက်ဆင့်ကမ်း အသုံးပြုလာတဲ့ နည်းလမ်းဖြစ်ပြီး ထိရောက်မှုအရှိဆုံးလို့လည်း လူသိများကြပါတယ်။သုံးပြီးသား လက်ဖက်ခြောက်အထုပ်ကို နှုတ်ခမ်းသားပေါ် ၄မိနစ်ခန့် တင်ပေးထားပါ။ နေ့စဉ်ပုံမှန်လုပ်ပေးရုံနဲ့ အသားအရေကို အစိုဓါတ်ထိန်းပေးတဲ့အပြင် ခြောက်သွေ့ကွဲအက်ခြင်း မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။အသားအရေကို သဘာဝအတိုင်း အစိုဓါတ်ထိန်းပေးပြီး နူးညံ့ချောမွေ့သွားစေတဲ့ ဆီကောင်းဆီသန့် ဖြစ်ပါတယ်။နှုတ်ခမ်းခြောက်ပြီဆိုရင် သံလွင်ဆီလေး အနည်းငယ်ယူပြီး နှုတ်ခမ်းသားကို သေချာလေး ပွတ်ပေးပါ။ ကိုယ်သောက်မယ့်ရေထဲကို သံလွင်ဆီ ရောမွှေပြီးတော့ သောက်ပေးမယ်ဆိုရင်လည်း အာဟာရဖြစ်စေပြီး ကိုယ်တွင်းကနေ အစိုဓါတ်ထိန်းပေးနိုင်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/remedies-for-chapped-lips/
Myasthenia Gravis (ကြွက်သားပျော့ခွေ အာရုံကြောရောဂါ)
Myaesthenia gravis ဆိုတာ ခုခံအားစနစ်က မိမိကိုယ်ကို ပြန်လည် တိုက်ခိုက်တဲ့ အာရုံကြောကြွက်သား ရောဂါတစ်ခုပဲဖြစ်တယ်။ မျက်လုံး၊ မျက်နှာ၊ လည်ချောင်း၊ လက်နဲ့ ခြေထောက်တွေရဲ့ ကြွက်သားတွေကို အားယုတ်လျော့သွားစေတယ်။ ရောဂါစဖြစ်တဲ့ ပထမ ၃ နှစ်အတွင်းမှာ ကြွက်သားအားလျော့မှု အများဆုံးဖြစ်ပြီးတော့ အဲဒီနောက်ပိုင်းမှာတော့ ဆိုးဝါးမှုဟာ တဖြည်းဖြည်း နှေးကွေးလာပါတယ်။လူတိုင်း ဒီရောဂါဖြစ်နိုင်ပါတယ်။ သို့သော်ငြားလည်း အမျိုးသမီးတွေမှာ အသက် ၄၀ မတိုင်ခင် အဖြစ်များပြီး အမျိုးသားတွေမှာ အသက် ၅၀ နောက်ပိုင်းမှာ အဖြစ်များတယ်။ ဖြစ်ပွားနိုင်ချေများကို လျော့ချခြင်းဖြင့်စီမံနိုင်တယ်။ အချက်လက်များကို ထပ်မံသိရှိ ဖို့ အတွက် ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်သင့်တယ်။ရောဂါလက္ခဏာတွေအများကြီးရှိပါတယ်။ ဥပမာ –။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။အသက်ရှုကြပ်လာလျှင် (သို့) လက္ခဏာများ ပိုပြီး ဆိုးလာလျှင် ဆရာဝန်နှင့် ပြသ သင့်ပါသည်။ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ဖြစ်စေတဲ့ အကြောင်းရင်း တိတိကျကျမရှိသော်လည်း ခုခံအားစနစ်ပြန်တိုက်တဲ့ ရောဂါ လည်ပင်းနားရှိ သိုင်းမတ် အကျိတ်နဲ့ ဆက်စပ်မှုရှိတယ်လို့ သုတေသနပြုသူတွေက ယူဆကြပါတယ်။ မျိုးရိုးဗီဇ ကြောင့်လည်း Myasethenia gravis ဖြစ်နိုင်ပါတယ်။Myasthenia gravis ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်-။အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ Myaesthenia gravis မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ဆရာဝန်တွေက လက်တွေ့စမ်းသပ်မှုများ အဆုတ်၊ အာရုံကြောနဲ့ ကြွက်သားအားနည်းမှုတွေကို စစ်ဆေးခြင်းဖြင့် အဖြေရှာနိုင်ပါတယ်။ ဒါ့အပြင် electromyography၊ ကြွက်သားခွန်အားစမ်းသပ်ခြင်း၊ သွေးစစ်ခြင်း၊ ကွန်ပျူတာဓါတ်မှန် ရိုက်ခြင်းများလည်း ထပ်လုပ်နိုင်ပါတယ်။ကုသခြင်းကြောင့် သင့်ရောဂါလက္ခဏာများကို မခံစားရအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဆေးညွန်းတွေမှာ Neostigmine pyridostigmine, prednisolone, azathioprine, cyclosporine or mycophenolate mofetil တို့ပါဝင်ပါတယ်။ Myaesthenia gravis ကြောင့် အသက်ရှုရခက်ခဲလာလျှင် ဆေးရုံမှာ အသက်ရှုစက်အကူအညီနဲ့ နေသင့်ပါတယ်။ တခြားကုထုံးတွေအနေနဲ့ သွေးရည်ကြည်လဲလည်ခြင်းနှင့် ရောဂါကို ခုခံတိုက်ဖျက်ပေးသည့် ဓါတ် (immunoglobulin) ဆေးသွင်းခြင်းတို့ လုပ်လို့ရပါသေးတယ်။ သွေးရည်ကြည် လဲခြင်းဆိုသည်မှာ လူ့သွေးထဲက Myesthenia ပဋ္ဋိပစ္စည်း ပါတဲ့ အရည်ကို myasthenia ပဋ္ဋိပစ္စည်း ကင်းစင်တဲ့ သွေးရည်ကြည်နဲ့ လဲလှယ်ခြင်းဖြစ်ပါတယ်။ရောဂါကို ခုခံတိုက်ဖျက်ပေးသည့်ဓါတ် (Immunoglobulin) ဆေးသွင်းခြင်းဆိုသည်မှာသွေးကြောထဲကို အသုံးဝင်တဲ့ ခုခံတိုက်ခိုက်ပေးတဲ့ဓါတ်ပစ္စည်း(antibodies) တွေကို တိုက်ရိုက်သွင်းပေးခြင်းဖြစ်ပါတယ်။အကယ်လို့ Myasthenia gravis ကိုဖြစ်စေတဲ့ သိုင်းမတ်အကျိတ် ရှိနေခဲ့မယ်ဆိုရင် ဆရာဝန်က thymectomy လို့ခေါ်တဲ သိုင်းမတ်ဂလင်း ကို ခွဲစိတ်ခြင်းလုပ်နိုင်ပါတယ်။ အကယ်လို့ သင့်မှာ အမြင်အာရုံနဲ့ ပတ်သက်ပြီး ပြသနာတစ်ခုခုရှိနေလျှင် ဆရာဝန်က သင့်ကို မျက်မှန်တပ်ဖို့ အကြံပြုပါလိမ့်မယ်။ မျက်လုံးကြွက်သားတွေကို လဲ ခွဲစိတ်ကုသနိုင်ပါတယ်။ ထို့အပြင် လေ့ကျင့်ခန်းတွေလုပ်ခြင်းဖြင့်လဲ သင့်ရဲ့ ကြွက်သားတွေကို သန်မာစေပါတယ်။ ဒါဟာ သင့်ရဲ့အသက်ရှူခြင်းဆိုင်ရာကြွက်သားတွေမှာ ပိုပြီး အထောက်အကူပြုပါတယ်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Myaesthenia gravis ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Myaesthenia gravis ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/brain-and-spine-disorders/myasthenia-gravis-%e1%80%80%e1%80%bc%e1%80%bd%e1%80%80%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8%e1%80%95%e1%80%bb%e1%80%b1%e1%80%ac%e1%80%b7%e1%80%81%e1%80%bd%e1%80%b1-%e1%80%a1%e1%80%ac%e1%80%9b-3/
ကလေးကာကွယ်ဆေးတွေ အရေးပါရတဲ့ အကြောင်းရင်းများ
ကာကွယ်ဆေးတွေရဲ့ ကျေးဇူးကြောင့် အချို့သော ရောဂါဆိုးတွေဟာဆိုရင် သမိုင်းတွေထဲမှာ ကျန်ရစ်ခဲ့ပြီး ကာကွယ်ဆေး ထုတ်လုပ်ဖို့အတွက် ဓာတ်ခွဲခန်းတွေမှာပဲ ရှင်သန်နေကြတော့ပါတယ်။  ကာကွယ်ဆေးတွေကြောင့် နှစ်ပေါင်းများစွာအတွင်း ချစ်ရတဲ့ ရင်သွေးလေးတွေကို ရောဂါဆိုးတွေများစွာရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ခဲ့ပါတယ်။ဘေဘီလေးတွေကို ရောဂါ ကင်းစင်ပြီး ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့ဆိုရင် အရေးကြီးတဲ့အချက်က ဘေဘီလေးကို ငယ်စဉ်ကတည်က ကာကွယ်ဆေး စုံလင်အောင် ထိုးပေးဖို့ပါ။ကာကွယ်ဆေးတွေက ကလေးတွေကို အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ပိုလီယို၊ မေးခိုင် နဲ့ ဆုံဆို့နာလိုမျိုး ရောဂါတွေကနေ ကာကွယ်ပေးပါတယ်။ ကလေးတွေကို ကြောက်စရာကောင်းတဲ့ ရောဂါတွေ ခံစားရနိုင်ခြေကို လျှော့ချပေးသလို က​လေးတစ်ယောက်ဆီကနေ တစ်ယောက်ကို ရောဂါပိုးတွေ မကူးစက်စေဖို့လည်း ဟန့်တားပေးပါတယ်။ကာကွယ်ဆေးဆိုတာက သေဆုံးသွားပြီဖြစ်တဲ့ ဒါမှမဟုတ် အားပျော့သွားပြီဖြစ်တဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ် အနည်းငယ်ကို ဓာတ်ခွဲခန်းမှာ စမ်းသပ်ထားတဲ့ ပရိုတင်းနဲ့ ပေါင်းစပ်ပြီး ထိရောက်ဘေးကင်းအောင် ထုတ်ထားတဲ့အရာပါ။ဒီဖော်စပ်မှုကို ခန္ဓာကိုယ်ထဲ ထည့်ပေးလိုက်တဲ့အခါကိုယ်ခံအားက တုံ့ပြန်ပေးပြီး ပြင်ပက ဝင်လာမယ့် အလားတူ ရောဂါပိုးတွေကိုလည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်စေဖို့ အသင့်ပြင်ထားပေးတဲ့အရာကို ကာကွယ်ဆေးလို့ ခေါ်တာပါ။antibodiesလို့ ခေါ်တဲ့ ပဋိပစ္စည်း ထွက်လာအောင် လုပ်လိုက်တဲ့ သဘောပေါ့။ကာကွယ်ဆေးက ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ပေးသလို ရောဂါဒဏ်ကို ဆိုးဆိုးရွားရွား မခံရစေဖို့ အားဖြည့်ပေးပါသေးတယ်။ နုနယ်တဲ့ဘေဘီလေးတွေအတွက်တော့ ဒါကအရေးပါလှပါတယ်။လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတော့ကာကွယ်ဆေးရဲ့ ဘေးကင်းစိတ်ချရမှုနဲ့ပတ်သက်ပြီး  အငြင်းပွားမှုတွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် သေချာ ဆန်းစစ်လေ့လာမှုတွေအရတော့ ကာကွယ်ဆေးက ဘေဘီလေးတွေကို အန္တရာယ်ဖြစ်စေတယ်ဆိုတဲ့ အထောက်အထားမတွေ့ရပါဘူး။အချို့ ကလေးတွေမှာ ဆေးထိုးတဲ့နေရာမှာ ရောင်တာ၊ ကိုယ်ပူတာ၊ နာတာမျိုးတွေ ဖြစ်ပေမယ့် အနည်းအကျဉ်းပါ။  တကယ်ကတော့ ကာကွယ်ဆေးက ဘေဘီလေးကို ရောဂါဆိုးတွေ အန္တရာယ်ကနေ ကာကွယ်ပေးတဲ့ အရာပါ။ကာကွယ်ဆေးမထိုးမိလို့ ပိုလီယို၊ ဦးနှောက်ရောင်ရောဂါလို ရောဂါတွေ ဖြစ်လာတဲ့အခါ အကြောသေတာ၊ဦးနှောက်ရောင်ရာကတဆင့် အသက်ဆုံးရှုံးတာ၊ အမြင်အာရုံ၊ အကြားအာရုံထိခိုက်တာလိုမျိုး ဆိုးရွားတဲ့ အကျိုးဆက်တွေကို ခံစားရနိုင်တာပါ။ ဒါကြောင့် ဘေဘီလေးတွေကို ငယ်စဉ်မှာ ရောဂါတွေရဲ့ အန္တရာယ်ကို ကာကွယ်ပေးနိုင်မယ့် ကာကွယ်ဆေးတွေကို စုံလင်အောင် ထိုးပေးဖို့ လိုပါမယ်။ဘေဘီလေးတွေကို ရောဂါကင်းပြီး ကျန်းမာသန်စွမ်းစွာ ကြီးပြင်းလာစေဖို့ မွေးစကနေစပြီး အသက် ၁၀ နှစ်အတွင်းမှာ။ချစ်ရတဲ့ မေမေဖေဖေတို့အနေနဲ့ ဘေဘီလေးအပေါ်မှာ တာဝန်ကျေစေဖို့ဆိုရင် ရောဂါဆိုးတွေကို ကာကွယ်ပေးနိုင်မယ့် ကာကွယ်ဆေးတွေကို ငယ်စဉ်မှာကတည်းက စုံလင်အောင် ထိုးပေးပါနော်။# ဘေဘီလေးကို ရောဂါဆိုးတွေကနေ ကာကွယ်ပေးနိုင်မယ့် ကာကွယ်ဆေး အချိန်ဇယားလေးကို မေမေကြည့်လို့ ရစေဖို့။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/vaccines/why-are-childhood-vaccines-so-important/
အဖြစ်များတဲ့ ဗိုက်ထဲကဝေဒနာတွေနဲ့ အယူအဆအလွဲ (၅) ခု
ဗိုက်အောင့်တာ၊ ဗိုက်ပွတာ၊ ဗိုက်ကယ်တာတွေကတော့ အဖြစ်များလွန်းတဲ့ အစာခြေစနစ်ပြဿနာတွေပါ။ အဖြစ်များကြပေမယ့် သူတို့နဲ့ပတ်သက်တဲ့ ဗဟုသုတမှာတော့ လူတိုင်းက အမှန်မသိကြပါဘူး။ပီကေစားရင် မျိုချမိမယ်နော်၊ မျိုချမိရင် အူမှာကပ်သွားလိမ့်မယ်၊ သေတတ်တယ်လို့ ငယ်ငယ်တည်းက ကြားဖူးတယ်။ ကလေးကိုပီကေမကျွေးနဲ့တို့ဘာတို့ (အမှန်က အသက်ရှူလမ်းကြောင်းပိတ်ဆို့မှာစိုးတာဖြစ်ပါလိမ့်မယ်)။ ပီကေကို အစာခြေစနစ်က မချေဖျက်နိုင်တာမှန်ပါတယ်။ ဒါပေမယ့် သူက အစာခြေလမ်းကြောင်းမှာလည်း ကပ်မနေပါဘူး။ အန္တရာယ်မရှိနိုင်တဲ့အပြင် ရက်အနည်းငယ်အတွင်း တခြားအရာတွေလိုပဲ မစင်နဲ့အတူ စွန့်ထုတ်ခံရမှာသာဖြစ်ပါတယ်။အစပ်ကြိုက်တဲ့ ငရုတ်သီးချစ်သူတွေအတွက် သတင်းကောင်းပါနော်။ အပူအစပ်များများစားရင် အစာအိမ်အနာဖြစ်လိမ့်မယ်လို့ ထင်ကြတယ်။ ဒါပေမယ့် အစာအိမ်နံရံမှာအနာအများစုက Helicobacter pylori (H. pylori)  လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့် ဒါမှမဟုတ် အကိုက်အခဲပျောက်ဆေးတွေကြောင့်ဖြစ်ရတာပါ။ အပူအစပ်တွေက အစာအိမ်အနာဖြစ်ပြီးသား၊ ရောဂါရှိပြီးသားလူတချို့အတွက် ဝေဒနာပိုဆိုးစေနိုင်ပေမယ့် သူ့ကြောင့်ချည်းတော့ အဓိကအကြောင်းရင်းတော့မဟုတ်ပါဘူး။ငယ်ငယ်က အသီးတွေစားရင် မျိုချမိမှာအရမ်းကြောက်တယ်။ဆီးသီးစားရင်း မတော်တဆမျိုချမိရင် အူထဲ ပိတ်နေတော့မှာပဲ၊ အပင်တွေပေါက်လာတော့မှာပဲ တွေးမိသလိုပေါ့။ တချို့လူကြီးတွေကလည်း အစေ့တွေ၊ အစေ့အဆန်တွေမျိုချမိရင် အူလမ်းကြောင်းမှာ ပိတ်နေရင် ဒုက္ခပဲလို့ တွေးကြောက်တာတွေရှိပါတယ်။ Diverticulitis လို့ခေါ်တဲ့ အူရောင်ေရောဂါတစ်ခုမှာ အူမကြီးနံရံမှာရှိတဲ့ အိတ်ကလေးတွေထဲ အစေ့အဆန်လေးတွေ ဝင်သွားရင် ရောင်လာမယ်၊ ရောဂါပိုးဝင်မယ်လို့ ထင်ကြပါသေးတယ်။ တကယ်တော့မဟုတ်ပါဘူး။ အစေ့အဆန်တွေနဲ့ အမျှင်ဓာတ်များတဲ့အစားအစာတွေက ဒီရောဂါဖြစ်နိုင်ခြေကိုတောင် ပိုနည်းစေပါတယ်။ပဲကြီးလှော်မစားနဲ့၊ ဗိုက်ပွလိမ့်မယ်တဲ့။ ပဲက ကျန်းမာရေးအတွက် အကျိုးပြုတာများလို့ စားသင့်တဲ့အထဲမှာ ပါတယ်နော်။  ပမာဏအများကြီးစားတာကလွဲရင် တော်ရုံက ဘာမှမဖြစ်ပါဘူး။ ပြောရရင် နို့ထွက်ပစ္စည်းတွေကမှ တခြားဟာတွေထက် လေပွစေနိုင်သေးတယ်။ လေပွမှာကြောက်ရင် အစာကြေဆေး၊ လေဆေးတွေ ဆောင်ထားလိုက်ပေါ့။  ရှောင်ဖို့တော့ မလိုပါဘူး။ဒါကတော့ သောက်ချင်လို့ ရမည်ရှာတာပါနော်။ တကယ်တော့ ဆေးလိပ်သောက်တာကမှ ရင်ပူဝေဒနာကို ဖြစ်နိုင်ခြေပိုများစေတာပါ။ နီကိုတင်းက အစာရေမျိုကို အစာခြေရည်တွေပြန်ဆန်မတက်လာအောင် ထိန်းပေးတဲ့ အစာအိမ်ကြွက်သားတွေကို ပြေလျော့စေပါတယ်။ အဲဒီတော့ မထိန်းနိုင်တော့တဲ့အခါ အစာခြေရည်ပြန်ဆန်တက်ပြီး ရင်ပူနာဖြစ်စေတာပေါ့။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/other-digestive-health-issues/%e1%80%a1%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%b2%e1%80%b7-%e1%80%97%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%91%e1%80%b2%e1%80%80%e1%80%9d%e1%80%b1/
Pharyngomycosis (လည်ချောင်းမှိုစွဲရောင် ရောဂါ)
Pharyngomycosis (tonsillomycosis, fungal infection of the mouth, fungal pharyngitis, fungal tonsillitis, fungal infection of the throat, thrush) လည်ချောင်းမှိုစွဲရောင်ရောဂါ ဟာ မှိုကြောင့် ဖြစ်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ Pharyngitis ဟာ oropharynx ရဲ့ mucosa ရောင်ရမ်းခြင်းဖြစ်ပါတယ်။အာသီးရောင်ခြင်းကတော့ အာသီးတွေမှာ lymphoid formation ဖြစ်ပြီး အာသီးရောင်တာဖြစ်ပါတယ်။ အခြေအနေ အတော်များများမှာ ဒီရောဂါဟာ yeast-type မှိုကြောင့် ဖြစ်ပြီး mold type ဖြစ်တာရှားပါတယ်။ ပိုးသတ်ဆေးတွေ၊ cortecosteroids၊ cytotoxic drugs၊ ဒဏ်ရာရရှိမှုတွေနဲ့ လည်ချောင်းရောင်ရမ်းခြင်း၊ ဆီးချို၊ တီဘီ၊ ဗီတာမင် ချို့ယွင်းခြင်းတွေဟာ ဒီရောဂါကို ဖြစ်စေနိုင်ပါတယ်။Pharyngomycosis ဟာအသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ကလေးတွေမှာပိုအဖြစ်များပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။Pharyngomycosis ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့။နာကျင်မှုဟာ အလယ်အလတ်ဖြစ်ပြီး ဝါးရင်၊အစာစားရင်ပိုဆိုးလာတတ်ပါတယ်။ လူနာတွေဟာ မေးရိုးနေရာတွေနဲ့ လည်ပင်းအရှေ့ပိုင်း၊ နားရွက်တွေကို ပြန့်လာတဲ့ နာကျင်မှုကို ခံစားကြရပါတယ်။Pharyngomycosis ရဲ့ အဓိကလက္ခဏာကတော့ အကွက်တွေ ထခြင်း၊ mucosa ရောင်ခြင်းနဲ့ အဆိပ်တက်ခြင်း တွေပဲဖြစ်ပါတယ်။ Pharyngomycosis ဟာ မကြာခဏ (တစ်နှစ်မှာ ၂-၁၀ကြိမ် အထိ) ဖြစ်တတ်ပြီး အသက်အရွယ်မျိုးစုံမှာ ဖြစ်နိုင်ပါတယ်။Pharyngomycosis ဟာ ရုတ်တရက် (သို့) နာတာရှည်ဖြစ်နိုင်ပါတယ်။ အာသီး၊ palatal handles တွေနဲ့ အာခေါင်နောက်ပိုင်းမှာ ဖြစ်နိုင်ပါတယ်။ လူနာတွေမှာ အောက်ပါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။ကုတ်ခြင်း၊ ပူခြင်း၊ လည်ချောင်း မသက်မသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ငွေ့ငွေ့ဖျားခြင်း တွေပဲဖြစ်ပါတယ်။ Pharyngomycosis ရှိခြင်းဟာ မှိုရောဂါကြောင့် ဖြစ်တဲ့ အဖြူရောင် အကွက်ထခြင်းဖြစ်ပြီး လွယ်ကူစွာဖယ်ရှားနိုင်ပါတယ်။ သွေးထွက်တဲ့ အနာတွေကို တခါတလေ တွေ့နိုင်ပါတယ်။Pharyngomycosis ဟာ မှိုကြောင့် ဖြစ်ပြီး အကွက်တွေဟာ အဝါရောင်ရှိကာ ဖယ်ရခက်နေရင်တော့ ဒါဟာ ဆုံဆို့နာ ဖြစ်နိုင်ပါတယ်။ မှိုရောဂါ larynx, esophagus ကို ပြန့်သွားပြီး peritonsillar abscesses တွေလည်းဖြစ်နိုင်ပါတယ်။ရောဂါကိုစောစီးစွာ သိရှိပြီး ကုသခြင်းဟာ ရောဂါပိုဆိုးလာခြင်းနဲ့ အခြားအရေးပေါ် အခြေအနေဖြစ်ခြင်းတွေကနေ ကာကွယ်ပေးနိုင်တာကြောင့် ဒီလိုအခြေအနေကို ကာကွယ်ဖို့ ဆရာဝန်နဲ့ စကားပြောသင့်ပါတယ်။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။စစ်တမ်းတွေအရ Candida အမျိုးအစားဟာ မှိုရောဂါ ၄၃% ဖြစ်စေခြင်းဖြစ်ပြီး ဖြစ်စေတဲ့ အကောင်တွေကတော့ C. albicans, C. tropicalis, C.krusei, C. glabrata, C. parapsillosis, S. stellatoidea, C. intermedia, S. brumpti, C. sake, and others. S. albicans (၅၀%) ဖြစ်တာ အဖြစ်အများဆုံးဖြစ်ပြီး S. stellatoidea ကတော့ ဒုတိယ အဖြစ်အများဆုံးဖြစ်ပါတယ်။ ဒီအမျိုးအစားဟာ ရုပ်သွင်အရ၊ ဓါတုဇီဝ ဂုဏ်သတ္တိတွေအရ C. albicanse နဲ့ တူတယ်လို့ ဆိုကြပါတယ်။Pharyngomycosis ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်။အသက် ငယ်ရွယ်စဉ်မှာ အဖြစ်များပြီး အသက် ၂ နှစ်အောက်ကလေးငယ်တွေမှာ အဖြစ်နည်းပါတယ်။ကျောင်းတက်အရွယ်ကလေးငယ်တွေဟာ ရွယ်တူကလေးတွေဆီကရောဂါကူးပြီး Pharyngomycosis ဖြစ်နိုင်ပါတယ်။တကယ်လို့ သင့်ဆရာဝန်က ဒီရောဂါရှိတယ်လို့ သံသယရှိတယ်ဆိုရင် ကိုယ်ခန္ဓါစစ်ဆေးခြင်းကို ပြုလုပ်ပြီး အခြားစစ်ဆေးမှုတွေ ပြုလုပ်မှာဖြစ်ပါတယ်။ ရောဂါစဖြစ်ချိန်၊ ထူးခြားမှုတွေကို ထည့်သွင်းစဉ်းစားမှာဖြစ်ပါတယ်။ လူနာတွေမှာ အရင်က အာသီးပတ်လည် ရောင်ဖူးခြင်း၊ အနာဖြစ်ဖူးခြင်း ရှိမရှိ၊ အာသီးရောင်ခြင်းရဲ့ အကြိမ်အရေအတွက်၊ ကြာချိန်နဲ့ ပုံစံ တွေကို သိသင့်ပါတယ်။အရင်က ကုသမှုနဲ့ အစွမ်းထက်မှုတွေကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ လူနာမှာ ပိုးသတ်ဆေး၊ cortecosteroids, cytotoxic drugs တွေ သောက်နေမှု ရှိမရှိ၊ အလုပ်လုပ်ပုံ၊ နေပုံထိုင်ပုံတွေရဲ့ ထူးခြားမှု၊ အရင်က ဖြစ်ဖူးတဲ့ရောဂါနဲ့ ဓါတ်မတည့်ခြင်းတွေကိုလည်း မေးမြန်းမှာဖြစ်ပါတယ်။ Pharyngomycosis မကြာခဏဖြစ်တဲ့ လူနာတွေမှာ ပုံမှန်ကုသမှုတွေဟာ ထိရောက်လေ့မရှိပါဘူး။Pharyngomycosis ရောဂါအတည်ပြုခြင်းကို မှန်ပြောင်းကြည့်ခြင်းနဲ့ အကွက်တွေ စစ်ဆေးမှု အဖြေပေါ်မူတည်ပြီး ဆုံးဖြတ်ပါတယ်။ အခြားရောဂါတွေ ဖြစ်တဲ့ ဆုံဆို့နာ၊ ကာလသားရောဂါ၊ တီဘီ၊ အကျိတ်တွေနဲ့ အခြားမှိုရောဂါတွေကိုလည်း ထည့်သွင်းစဉ်စား ဆုံးဖြတ်သင့်ပါတယ်။Pharyngomycosis ကုသမှုမှာ nystan ဆေးတွေကို ဝါးစားရမှာဖြစ်ပါတယ်။ အစွမ်းထက်မှုမရှိရင် levorinum, dequalinium chloride တွေကို အသုံးပြုနိုင်ပါတယ်။ ရောဂါဖြစ်တဲ့နေရာကို % gentian violet, 10% solution of sodium tetraborate in glycerol and Lugol iodine solution တွေကိုလည်း အသုံးပြုနိုင်ပါတယ်။တကယ်လို့ ပုံမှန်အသုံးပြုနေကျဖြစ်တဲ့ fluconazole က အသုံးမဝင်ဘူးဆိုရင် တစ်နေ့ကို Itraconazole 100mg (သို့) Ketokonazole 200mg ကို တစ်လ အသုံးပြုနိုင်ပါတယ်။ Itraconazole ဟာ Candida မှိုကိုသာမက Mold မှိုကိုလည်း သတ်နိုင်ပါတယ်။အခြားဆေးမတိုးတဲ့ Pharyngomycosis အတွက် amphotericin B ကို တစ်နေ့ 0.3 mg/kg ထိုးနိုင်ပါတယ်။ Pharyngomycosis ကို amphotericin B နဲ့ ketoconazole တို့ အသုံးပြုပြီး ကုသခြင်းရှိရင် အသည်း၊ ကျောက်ကပ် လုပ်ငန်းဆောင်တာတွေကို တိုင်းတာသင့်ပါတယ်။ သူတို့ဟာ အသည်းနဲ့ ကျောက်ကပ်ကို ပျက်စီးစေနိုင်ပါတယ်။အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Pharyngomycosis ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/throat-conditions/pharyngomycosis/
Allergic Rhinitis (ဓါတ်မတည့်မှုကြောင့် နှာခေါင်းအမြှေးပါးရောင်ခြင်း)
နှာခေါင်းအတွင်းသား အမြှေးပါးလေးတွေ aရာင်ရမ်းတာကို rhinitis လို့ခေါ်ပါတယ်။ မိမိနဲ့ဓါတ်မတည့်တဲ့ပစ္စည်းတခုခုကိုရှုရှိုက်မိလို့ ဖြစ်လာတဲ့ နှာခေါင်းအတွင်းသားရောင်ရမ်းမှုကို Allergic rhinitis လို့ခေါ်ပါတယ်။allergens လို့ခေါ်တဲ့ မိမိနဲ့ဓါတ်မတည့်တဲ့ပစ္စည်းတခုခုကိုခန္ဓါကိုယ်ကအလွန်အကျွံတုံ့ပြန်တဲ့အတွက် ဒီအခြေအနေ ဖြစ်ပေါ်လာရတာပါ။Allergic rhinitis အမျိုးအစားနှစ်မျိုးရှိပါတယ်။ နှစ်တစ်နှစ်ရဲ့အချိန်တခုခုမှာ သတ်သတ်မှတ်မှတ် ဖြစ်လေ့ရှိတဲ့ seasonal allergic rhinitis နဲ့တစ်နှစ်လုံးတောက်လျှောက်ဖြစ်နေတဲ့ perennial allergic rhinitis တို့ပဲ ဖြစ်ကြပါတယ်။ဒီရောဂါဟာ အနည်းငယ်အဖြစ်များပြီး အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ aလ့လာချက်မှတ်တမ်းတွေအရ ကမ္ဘာ့လူဦးရေရဲ့ ဆယ်ရာခိုင်နှုန်းကနေ သုံးဆယ်ရာခိုင်နှုန်းလောက်ဟာ ဒီဝေဒနာကိုခံစားနေရတယ်လို့ဆိုပါတယ်။ သူတို့ထဲက အများစုဟာ ပန်းဝတ်မှုန်တွေနဲ့ဓါတ်မတည့်တာပါတဲ့။Allergic rhinitis ရဲ့အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ –။• နှာချေခြင်း။• နှာရည်ယိုခြင်း။• နှာခေါင်း၊မျက်စိ၊လည်ချောင်း၊အရေပြားဒါမှမဟုတ်ဘယ်နေရာမဆိုယားယံခြင်း။• ချောင်းဆိုးခြင်း။• နှာပိတ်ခြင်း။• လည်ချောင်းနာခြင်း၊ရှတတဖြစ်ခြင်း။• မျက်ရည်ပူတွေထွက်ခြင်း။• မျက်ကွင်းညိုခြင်း။• ခေါင်းခဏခဏကိုက်ခြင်း။• အရေပြားအလွန်အမင်းခြောက်သွေ့၊ယားယံ၊အရည်ကြည်ဖုထခြင်းအစရှိတဲ့နှင်းခူပုံစံလက္ခဏာများထွက်ခြင်း။• အင်ပြင်တွေထွက်ခြင်း။• အရမ်းနုံးချိနေတာ။• ခေါင်းကိုက်ခြင်း။အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင်ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။• ရောဂါလက္ခဏာတွေ ပြင်းထန်လာရင်။• အရင်ကသုံးနေကျဆေးတွေမတိုးတော့ရင်။• ဘာဆေးသုံးသုံးမသက်သာရင် ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။allergen လို့ခေါ်တဲ့ ဓါတ်မတည့်စေတဲ့ ပစ္စည်းတမျိုးမျိုးကို ရှုသွင်းလိုက်တဲ့အခါ သင့်ခန္ဓါကိုယ်ရဲ့ ခုခံအားစနစ်ကတုံ့ပြန်တဲ့အနေနဲ့ histamine လို့ခေါ်တဲ့ ပစ္စည်းတမျိုးကို ထုတ်ပေးလိုက်ပါတယ်(histamine ဆိုတာ အန္တရာယ်ရှိစေတဲ့ ပြင်ပအရာဝတ္တုတွေရဲ့ ရန်ကနေခန္ဓါကိုယ်ကို ကာကွယ်ပေးတဲ့ပစ္စည်းတခုပါ)။ ဒီhistamineကြောင့်ပဲ လက္ခဏာတွေပေါ်ပေါက်လာကာ allergic rhinitis ဆိုပြီး ဖြစ်လာပါတယ်။လူအများစုနဲ့ဓါတ်မတည့်တာ ဖြစ်လေ့ရှိတဲ့ allergens တွေကတော့။• ပန်းဝတ်မှုန်။• မြက်။• ဖုံမှုန့်။• အစားအသောက်မှာတက်တဲ့မှို။• တိရစ္ဆာန်အညစ်အကြေး။• ဆေးလိပ်ငွေ့။• ရေမွှေးနံ့စသဖြင့် ဖြစ်ပါတယ်။Allergic rhinitis ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်-။• ဓါတုပစ္စည်း။• ရာသီဥတုအေးခြင်း။• စိုထိုင်းဆများခြင်း။• လေတိုက်ခြင်း။• လေထုညစ်ညမ်းခြင်း။• ဆံပင်ဖြန်းဆေး။• အမွှေးနံ့သာ။• သစ်သားမီးရှို့တဲ့အနံ့။• အခိုးအငွေ့။ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင်အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲ့အမြဲတိုင်ပင်ဆွေးနွေးပါ။နှစ်တစ်နှစ်ရဲ့အချိန်တစ်ခုခုမှာ သတ်သတ်မှတ်မှတ် ဖြစ်လေ့ရှိတဲ့ seasonal allergic rhinitis လား ဒါမှမဟုတ် တစ်နှစ်လုံးတောက်လျှောက်ဖြစ်နေတဲ့ perennial allergic rhinitis လားဆိုတာကို ခွဲခြားသိရှိနိုင်ဖို့အတွက် သင့်ဆရာဝန်အနေနဲ့ရောဂါလက္ခဏာတွေကို မေးမြန်းပါလိမ့်မယ်။ မေးခွန်းတွေမေးပြီးတဲ့အခါ ဓါတ်မတည့်တဲ့ အခြေအနေကို သိရှိနိုင်စေဖို့ သင့်အရေပြားအပေါ်ယံလွှာကို ဓါတ်မတည့်ဖြစ်စေတတ်တဲ့ ပစ္စည်းအချို့ ထိုးသွင်းပြီး အရေပြားစစ်ဆေးမှုကို ပြုလုပ်ပါလိမ့်မယ်။ သင့်အရေပြားမှာ အနီရောင်ဖုလေးတွေပေါ်လာမယ်ဆိုရင် သင့်ဆရာဝန်တွေအနေနဲ့ allergic rhinitis ဖြစ်စေတဲ့အကြောင်းရင်းကို သိရှိနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့အရေပြားကိုစစ်ဆေးဖို့အခြေအနေမပေးဖူးဆိုရင် သင့်ဆရာဝန်အနေနဲ့radioallergosorbent test (RAST) လို့ခေါ်တဲ့သွေးစစ်ဆေးမှုကို ပြုလုပ်ခိုင်းပါလိမ့်မယ်။ဓါတ်မတည့်စေတဲ့ပစ္စည်း allergens တွေကို တုံ့ပြန်တဲ့အနေနဲ့သွေးထဲမှာထွက်ရှိလာတဲ့ ပဋိဇီဝပစ္စည်းimmunoglobin E antibodies တွေရဲ့ ပမာဏကိုတိုင်းတာခြင်းအားဖြင့် ဓါတ်မတည့်စေတဲ့ ပစ္စည်းတွေရဲ့အနေအထားကိုသိရှိနိုင်ပါတယ်။allergic rhinitis ရဲ့ ရောဂါလက္ခဏာတွေကို သက်သာစေဖို့အတွက် အောက်ပါကုသမှုနည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။•Antihistamines။ဒီရောဂါအတွက် အသုံးအများဆုံးဆေးဖြစ်ပြီး histamines တွေထွက်ရှိမလာအောင် တားဆီးပေးပါတယ်။ သောက်ဆေး ဒါမှမဟုတ် နှာခေါင်းဖြန်းဆေးအနေနဲ့သုံးစွဲနိုင်ပါတယ်။ တချို့histamines အမျိုးအစားတွေက အိပ်ငိုက်စေတတ်တာကို သိထားရပါမယ်။•Decongestants။ နှာခေါင်းပိတ်တာကို သက်သာစေတဲ့ဆေးတွေပဲ ဖြစ်ပြီးသူတို့ကိုသုံးရက်ထက်ပိုပြီး မသုံးစွဲရပါဘူး။•စတီးရွိုက် နှာခေါင်းဖြန်းဆေး။သူတို့ဟာလည်း allergic rhinitis ကိုထိရောက်စွာကုသနိုင်တဲ့ဆေးတွေပဲ ဖြစ်ပါတယ်။သင့်အနေနဲ့တခြားသုံးစွဲနေတဲ့ဆေးတွေရှိတယ်ဆိုရင်ဒီရောဂါအတွက်ဆေးအသုံးမပြုခင်ဆရာဝန်ကိုကြိုတင်အသိပေးရမှာပဲ ဖြစ်ပါတယ်။ကိုယ်ခံအားကုထုံး။တကယ်လို့သင့်အခြေအနေက အနည်းငယ်ဆိုးရွားတယ်ဆိုရင်သင့်ဆရာဝန်က ဒီကုထုံးကို အကြံပေးပါလိမ့်မယ်။ ဒီကုသမှုနည်းလမ်းမှာဆိုရင် ဓါတ်မတည့်စေတဲ့ပစ္စည်း (allergens) တွေကို သင့်ရောဂါလက္ခဏာတွေ သက်သာလာတဲ့အထိ ပုံမှန်နည်းနည်းစီထိုးသွင်းသွားပြီး ဓါတ်မတည့်မှုကို လျော့နည်းလာအောင် ကိုယ်ခံအားမွေးမှာ ဖြစ်ပါတယ်။လျှာအောက်ဆေးငုံခြင်း (Sublingual immunotherapy (SLIT)။ ဒါဟာ အထက်မှာပြောခဲ့တဲ့နည်းလမ်းနဲ့သဘောသဘာဝချင်းတူပေမယ့် လျှာအောက်ငုံရထားရမယ့်ပုံစံဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ပါးစပ်ထဲမှာ ယားယံတာ ဒါမှမဟုတ် နားရွက်နဲ့လည်ချောင်းယားယံတာမျိုး၊ နီရဲရောင်ရမ်းတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/nose-conditions/allergic-rhinitis-%e1%80%93%e1%80%ac%e1%80%90%e1%80%b9%e1%80%99%e1%80%90%e1%80%8a%e1%80%b9%e1%80%b7%e1%80%99%e1%82%88%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b7-%e1%82%8f%e1%80%bd/
သားသားမီးမီးတို့အတွက် သံဓာတ်ပြည့်ဝစေမယ့် အလွယ်ကူဆုံး အစားအစာလေးများ
သားသားမီးမီးတွေကို တက်တက်ကြွကြွ လန်းလန်းဆန်းဆန်းနဲ့ နေရောင်ဆမ်းတဲ့ ပန်းလေးတွေလို လန်းဆန်းစေချင်တယ် မဟုတ်လားမေမေဖေဖေတို့ရေ…… သားသားမီးမီးတို့ လန်းဆန်းတက်ကြွမှုက ကလေးကို ဉာဏ်ရည်ထက်မြက်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ကလေးက သွက်လက် တက်​ကြွနေမှ သင်ယူမှုကောင်းသလိုမှတ်သားနိုင်စွမ်းလည်း ကောင်းမှာပါ။ ပျော်ရွှင်ပြီး ဉာဏ်ရည်ထက်မြက်တဲ့ သားသားမီးမီးတို့ကို ပိုင်ဆိုင်ခွင့်ရတာက မေမေဖေဖေတို့အတွက် အဖိုးမဖြတ်နိုင်တဲ့ ပျော်ရွှင်မှုပါ။ဒီလို တက်ကြွပြီး ဉာဏ်ရည်ထက်မြက်တဲ့ သားသားမီးမီးတို့ဖြစ်စေဖို့ဆိုရင် ဖေဖေမေမေတို့အနေနဲ့ ပြည့်ဝအောင် ဖြည့်ဆည်းပေးရမယ့်အာဟာရဓာတ်လေး တစ်ခုရှိပါတယ်။ ဒါကတော့ သံဓာတ်ပါ။သားသားမီးမီးတွေက အရွယ်ရောက်လာလေ အစားအသောက် ကျွေးရခက်လာလေလေပါ။ အသက် ၂ နှစ်ကျော်လာပြီဆိုရင် အစားအသောက်တွေကို ကိုယ်တိုင် ရွေးချယ်လာကြပြီလေ။ ဒီလိုအချိန်မှာ အာဟာရပြည့်ဝဖို့ကလည်း အရေးကြီး၊ သူတို့ကလည်း ဟိုဟာဆို မစားချင် ဒီဟာဆို စားချင်ဘူးဆိုတော့ မေမေတို့ အခက်တွေ့ပြီပေါ့။ဒီကာလမှာ ကလေးအများစုက အစားရွေးရင်း သံဓာတ် အားနည်းတာကို ကြုံတွေ့ပါတယ်။ ၂နှစ်အထက် ကလေးတွေရဲ့ ၈ ရာခိုင်နှုန်းလောက်က သံဓာတ် ချို့တဲ့ကြပါတယ်။သံဓာတ်မပြည့်ဝမှုက ကလေးကို သွေးအားနည်းစေပြီး အာရုံစိုက်ဖို့ ခက်ခဲတာ၊ ပင်ပန်းလွယ်တာ၊ သင်ယူနိုင်စွမ်း အားနည်းတာတွေ ဖြစ်စေပါတယ်။ ဒါကြောင့် ကလေးကိုကျန်းမာရွှင်လန်းစွာနဲ့ သံဓာတ်ပြည့်ဝစေဖို့ဆိုရင် တစ်နေ့တာမှာ ၇ မီလီဂရမ် ကနေ ၁၀ မီလီဂရမ်အထိ ပြည့်ဝအောင် ဖြည့်ပေးဖို့ လိုမှာပါ။သားသားမီးမီးတို့ကို သံဓာတ်ပြည့်ဝစေဖို့ဆိုရင် သူတို့ နေ့စဉ် စားသုံးမယ့် အစားအစာလေးတွေထဲမှာ။အကာကျက် ကြက်ဥက သားသားမီးမီး အများစု နှစ်သက်တဲ့ အစားအစာလေးပါ။ ကြက်ဥပြုတ်မှာ သံဓာတ်က ၁ မီလီဂရမ် ပါဝင်နေပါတယ်။ ဒါကြောင့် သံဓာတ် ပြည့်ဝစေဖို့ဆိုရင် ကြက်ဥကို ပြုတ်ပေးတာ၊ ကြော်ပေးတာ၊ ပေါင်မုန့်နဲ့ ရောကြော်ပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။အာဟာရဖြည့်နို့။အာဟာရဖြည့်နို့ကတော့ ကလေးတိုင်း မငြင်းမယ့် သောက်စရာ တစ်မျိုးပါ။အာဟာရဖြည့်နို့မှာ သံဓာတ်အပြင်DHA၊ အကျိုးပြုဘက်တီးရီးယားအာဟာရနဲ့ ဗီတာမင်၊ သတ္တုဓာတ်လိုမျိုး သားသားမီးမီးတို့ကို ပျော်ရွှင်ပြီး ဉာဏ်ရည်ထက်မြက်စေမယ့် အာဟာရတွေ ပါဝင်နေပါတယ်။တစ်နေ့ကို တစ်ခွက်လောက် သောက်ပေးရုံနဲ့ သံဓာတ်လိုအပ်ချက်ကိုရော အာဟာရ လိုအပ်ချက်ကိုပါ အကောင်းဆုံး ဖြည့်ပေးနိုင်မှာပါ။ငါးက သားသားမီးမီးတို့ရဲ့ နေ့စဉ် စားသုံးမှုမှာ မဖြစ်မနေ ပါဝင်သင့်တဲ့ စားစရာတစ်ခုပါ။ ငါးကပရိုတင်းကြွယ်ဝသလို omega-3 fatty acidsလည်း ကြွယ်ဝပါတယ်။ သံဓာတ်လည်း ကြွယ်ဝတဲ့ အစားအစာ တစ်မျိုးပါ။ငါးကို ကြော်ပေးတာ၊ အသားနွှင်ပြီး ပေါင်မုန့်နဲ့ ဆန်းဒဝှစ် လုပ်ပေးတာမျိုး ပြင်ဆင်ပေးလို့ ရပါတယ်။ကလေးကို သံဓာတ်ပြည့်ဝတဲ့ အသီးအရွက်တွေဖြစ်တဲ့ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း၊ ပဲစိမ်းသီး စတာတွေကို ထမင်းနဲ့ ရောကြော်ပေးတာမျိုး လုပ်ပေးလို့ရပါတယ်။ကလေးတွေအကြိုက်တွေ့မယ်။အနီရောင်အသားတွေက သံဓာတ်ကို အကောင်းဆုံးအားဖြည့်ပေးမယ့် အစားအစာတွေထဲက တစ်ခုပါ။ ကလေးကို တစ်ပတ်ကို ၃ ကြိမ်လော်က အဆီမပါတဲ့ အနီရောင်အသားကျွေးပေးတာကလည်း ထိရောက်တဲ့ သံဓာတ် အားဖြည့်နည်း တစ်ရပ်ပါ။ကဲ…ဒါလေးတွေကို ပြင်ဆင်ပေးရင်း ချစ်ရတဲ့ သားသားမီးမီးတို့ကို သံဓာတ်ပြည့်ဝစေဖို့ ပြင်ဆင်ပေးလိုက်နော် မေမေတို့ရေ……………..။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/easiest-iron-rich-foods-for-your-kid/
Cellulite (အကြောပြတ်ရာများ)
အသက် ၂၀ နဲ့ ၃၀ ကြားမှာ ခန္ဓါကိုယ်မှာ အကြောပြတ်ရာတွေပေါ်လာတတ်တယ်။ အရေပြားပေါ်မှာ တွန့်ခေါက်နေတဲ့အရာတွေဖြစ်ပြီး အဲ့ဒါတွေက တကယ်တော့ အရေပြားအောက်က အဆီပြင်တွေကချိုင့်ရာတွေဖြစ်တယ်။ အကြောပြတ်ရာတွေရှိတာ ဝတယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ ပိန်တဲ့လူတွေမှာလည်း ထိုအရာတွေရှိတတ်ပါတယ်။အကြောင်းအရင်းတစိတ်တပိုင်းကတော့ အရေပြားအတွင်းလွှာက ကော်လဂျင်တွေကြောင့်ဖြစ်တယ်။ ကော်လဂျင်တွေဟာ အရေပြားပုံစံ၊ တင်းရင်းမှုတွေကို ဖော်ဆောင်ပေးပြီး အဆီ၊ သွေးကြော၊ အာရုံကြောနဲ့ မွေးညင်းပေါက်တွေအတွက် ကိုယ်ထည်အဖြစ်ဆောင်ရွက်တယ်။ ကော်လဂျင်တွေဟာ ပျက်စီးသွားနိုင်ပြီး ထိုကနေ အကြောပြတ်ရာတွေပေါ်လာပါတယ်။မျိုးရိုးဗီဇနဲ့လည်းဆိုင်နိုင်ပြီး တခြားအချက်တွေကတော့-။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။တကယ်တော့အန္တရာယ်မရှိပါဘူး။ကုသမှုနည်းတွေကတော့ –။ရှောင်ရှားနိုင်ဖို့ –။အကြောပြတ်ရာတွေဟာ စိတ်အနှောင့်အယှက်ဖြစ်ရပေမယ့် တကယ်တော့အန္တရာယ်မရှိပါဘူး။ ကုသဖို့ နည်းလမ်း၊ ထုတ်ကုန်၊ လိမ်းဆေး၊ ပစ္စည်းအမျိုးမျိုးရှိပါတယ်။ ဒါပေမယ့် ထိုနည်းလမ်းတွေကို ထောက်ခံထားတဲ့ သက်သေတော့သိပ်မရှိပါဘူး။ သက်သာစေတဲ့နည်းတေ့ွရင်တောင် ရလဒ်က သိပ်ကြာရှည်မခံတတ်ပါဘူး။ကုသမှုတစ်ခုခုလုပ်ခင်တိုင်းမှာဆရာဝန်နဲ့သေချာတိုင်ပင်ဖို့မမေ့ပါနဲ့။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/cellulite-%e1%80%a1%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%bb%e1%80%95%e1%80%90%e1%80%b9%e1%80%9b%e1%80%ac%e1%80%99%e1%80%ba%e1%80%ac%e1%80%b8/
သွေးအားနည်း ခြင်းကို ဘယ်လိုကုသကြမလဲ။
သွေးအားနည်းတယ်ဆိုတာ တကယ်တော့ ရောဂါလက္ခဏာတစ်ခုပါပဲ။ သူ့နောက်မှာ တခြားအကြောင်းရင်းတွေ အများကြီး ရှိနိုင်ပါတယ်။ ဒါကြောင့် သွေးအားနည်းတာကို ကုမယ်ဆိုရင် သာမန် သံဓာတ်အားဆေးလေးပဲ သောက်လို့မရပါဘူး။ သွေးအားနည်းတိုင်း သံဓာတ်ချို့တဲ့လို့ မဟုတ်ပါဘူး။ နောက်ခံ အကြောင်းရင်းကို သေချာကုသမှ ရမှာပါ။သွေးအားနည်းတယ်ဆိုတာ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့သွေးနီဥတွေ အလုပ်ကောင်းကောင်း မလုပ်နိုင်တာ၊ အရေအတွက် နည်းသွားတာကို ဆိုလိုတာပါ။ အတိအကျပြောရရင် သွေးနီဥထဲက ဟေမိုဂလိုဘင်လို့ခေါ်တဲ့ ပရိုတိန်းဓာတ် နည်းနေတာပါ။သွေးအားနည်းတာရဲ့ လက္ခဏာတွေက ဖြစ်တဲ့ အကြောင်းရင်းပေါ် မူတည်ပါတယ်။ တစ်ခါတစ်လေ ရောဂါရဲ့ တခြားလက္ခဏာတွေနဲ့ တွဲပြီးတွေ့ရတတ်ပါတယ်။ တစ်ခါတစ်လေတော့လည်း ဘာလက္ခဏာမှ မပြတတ်ပါဘူး။ ပြခဲ့ရင်တော့။စစချင်းမှာ မပြင်းထန်ရင် ဘာမှ မသိပါဘူး။ သွေးအားနည်းတာ ဆိုးလာလေလေ ခံစားရတာ ပြင်းထန်လေပါပဲ။ ဒါကို မကုဘဲ ထားလိုက်ရင် နောက်ဆက်တွဲ အနေနဲ့။ခုနက လက္ခဏာတွေရှိလာပြီဆိုရင် ဆရာဝန်ပြပြီး လိုအပ်တဲ့ စမ်းသပ်ချက်တွေ လုပ်ရမှာပါ။ သွေးအားနည်းတာအတွက်။သွေးထွက်စေတဲ့ အကြောင်းရင်းများ။သွေးနီဥ ကောင်းကောင်း မထုတ်နိုင်တာ။သွေးနီဥတွေ ဖျက်ဆီးခံရတာ။ဒီလောက်ဆိုရင် သွေးအားနည်းရောဂါက ထင်သလောက် မရိုးရှင်းဘူးဆိုတာ သိလောက်ပါပြီ။ သွေးအားနည်းတိုင်း အကြောင်းအရင်း မသိဘဲ သံဓာတ်အားဆေးတွေ သောက်တာ အဖြေမဟုတ်ပါဘူး။ နောက်ကွယ်က ရောဂါကို ရှာဖွေပြီး ထိထိရောက်ရောက် ကုသသင့်ပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/anaemia/%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8%e1%80%94%e1%80%8a%e1%80%ba%e1%80%b8-%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%98%e1%80%9a%e1%80%ba/
Detox Water သောက်တာ ကောင်းလား
အခုနောက်ပိုင်း လူတွေကြားမှာ Detox Water သောက်တာကတော်တော်လေးကိုခေတ်စားလာတဲ့ ကျန်းမာရေးအလေ့အထတစ်ခုလိုဖြစ်လာပါတယ်။ ကိုယ်အလေးချိန်ကျချင်သူတွေ၊ အဆီမရှိဘဲ ကျစ်လျစ်သွယ်လျတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ချင်တဲ့ ပျိုမေတော်တော်များများက Detox Water ကိုသောက်သုံးလာကြနေပြီပဲဖြစ်ပါတယ်။ ဒီတစ်ခါတော့ သိလို့ပဲဖြစ်ဖြစ်၊ မသိဘဲနဲ့သူများညွှန်းလို့ပဲဖြစ်ဖြစ် Detox Waterသောက်နေကြတဲ့ သူတွေအတွက် Detox Water ကဘယ်လိုမျိုး အထောက်အကူပြုပေးလဲဆိုတာကိုပြောပြချင်ပါတယ်။Detox Water ဆိုတာကရေထဲမှာ လတ်ဆတ်တဲ့ သစ်သီးတွေ၊ဟင်းသီးဟင်းရွက်တွေ နဲ့ဆေးဖက်ဝင်အပင်တွေကိုရောစပ်ထားတဲ့သောက်စရာတစ်မျိုးပါ။ Detox Water ကိုအိမ်မှာပဲ အလွယ်တကူလုပ်နိုင်ပြီး Detox Water လုပ်နည်းကလည်း အမျိုးမျိုးရှိပါတယ်။ Detox Water က သစ်သီးဖျော်ရည်တွေလောက် အရသာမရှိပေမယ့် ကယ်လ်လိုရီပါဝင်မှုကတော့တော်တော်လေးနည်းပါတယ်။ ကိုယ်အလေးချိန်ကျချင်သူတွေအနေနဲ့ Detox Water ကိုပုံမှန်သောက်သုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်က အဆီပိုတွေကျသွားမှာသေချာပါပဲ။Detox Water ကိုအိမ်မှာတင် အလွယ်တကူလုပ်လို့ရပါတယ်။ လိုအပ်မှာကတော့ ရေ၊ သစ်သီးတွေ၊ဟင်းသီးဟင်းရွက်တွေနဲ့ ဆေးဖက်ဝင်အပင်တွေပါ။ အရင်ဆုံးလုပ်ရမှာက ကိုယ်ထည့်ချင်တဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်ကို အရင်ဆုံး ခပ်ပါးပါးလေးလှီးဖို့ပါ။ပြီးရင်တော့ Detox water စပ်မယ့်ဗူးထဲကို ထည့်ရပါမယ်။ အပေါ်ကနေ ရေခဲတုံးလေးနည်းနည်းထည့်ပြီး ရေတစ်ဘူးပြည့်အောင်ထည့်လိုက်ပါ။ အရသာကတော့ ကိုယ်အသုံးပြုမယ့် ပါဝင်ပစ္စည်းတွေအပေါ်မှာပဲ မူတည်ပါတယ်။အသောက်များတဲ့ Detox Water အမျိုးအစားတွေကတော့ –။၁။ စွမ်းအင်တိုးစေနိုင်တယ်။Detox Water ကလတ်ဆတ်တဲ့သစ်သီးတွေ၊ဟင်းသီးဟင်းရွက်တွေကို စိမ်ပြီးသောက်ရတာဖြစ်တာကြောင့် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တွေ၊ ဗီတာမင်တွေ နဲ့ အခြားအာဟာရဓာတ်တွေကိုရရှိစေနိုင်ပါတယ်။ အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာတွေမပါဝင်တာကြောင့် ကိုယ်အလေးချိန်ကို မတက်စေဘဲနေ့စဉ်လှုပ်ရှားမှုအတွက် လိုအပ်တဲ့ စွမ်းအင်တွေကိုရရှိစေမှာဖြစ်ပါတယ်။၂။ ကိုယ်တွင်းက အဆိပ်အတောက်တွေကိုဖယ်ရှားပေးတယ်။Detox Water က ကိုယ်တွင်းအင်္ဂါထဲမှာ ခိုအောင်းနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကိုကောင်းကောင်းမွန်မွန်လုပ်ဆောင်နိုင်အောင် လှုံ့ဆော်ပေးပါတယ်။ အူမကြီး နဲ့ကျောက်ကပ်တို့ကို သန့်စင်စေနိုင်ပါတယ်။၃။ ကိုယ်အလေးချိန်ကျစေနိုင်ပါတယ်။လှုပ်ရှားမှုနည်းလာတဲ့ ဘဝနေထိုင်မှုပုံစံ နဲ့ အမြန်စား၊ အသင့်စား အစားအသောက်တွေကို နှစ်နှစ်ခြိုက်ခြိုက်စားသုံးလာမှုတွေကြောင့် အဝလွန်တာတွေ များလာကြပါတယ်။ ကိုယ်အလေးချိန်ကျချင်ပေမယ့် လေ့ကျင့်ခန်းလုပ်ဖို့အချိန်မရှိတဲ့သူတွေအတွက် သတင်းကောင်းတစ်ခု ကတော့ Detox Waterသောက်တာပါပဲ။ Detox Water ကခန္ဓာကိုယ်တွင်းက မလိုအပ်တဲ့အဆီတွေနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ရေရှည်သောက်သုံးဖို့တော့လိုပါမယ်။ အစားအသောက်အနေအထိုင်ကို ဆင်ခြင်ဖို့ကိုလည်းမေ့ထားလို့မဖြစ်ပါဘူး။၄။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေနိုင်တယ်။ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ဆောင်မှုတွေကောင်းကောင်းလုပ်ဆောင်နိုင်မှ ကိုယ်ခံအားစနစ်လည်း ကောင်းမွန်မယ်ဆိုတာကို သိထားပြီးဖြစ်ကြမှာပါ။ ကိုယ်ခံအားစနစ်ကောင်းမွန်အောင် လုပ်ဆောင်တယ်ဆိုတဲ့နေရာမှာ ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေကြောင့် ကျန်းမာရေးထိခိုက်တာမျိုးမဖြစ်အောင် ကာကွယ်ဖို့ကလည်း အရေးကြီးပါတယ်။ ဒီပြဿနာတွေကိုပြေလည်အောင် Detox Water ကလုပ်ပေးနိုင်တယ်ဆိုရင် ယုံမလား။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ Detox Water က ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကို free radicalတွေ၊ ဗိုင်းရပ်စ်တွေ၊ဘက်တီးရီးယားတွေနဲ့ အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေကြောင့် ထိခိုက်တာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးတဲ့အတွက် ဖျားနာတွေမဖြစ်အောင် ကာကွယ်ပြီးသားဖြစ်သွားပါတယ်။၅။ အသားအရေကို ကျန်းမာစေနိုင်ပါတယ်။Detox Water ကခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးနိုင်သလို အသားအရေ ကျန်းမာကောင်းမွန်ဖို့ လိုအပ်တဲ့ ဗီတာမင် C ကိုလည်းဖြည့်တင်းပေးပါတယ်။ ဗီတာမင် C ကကော်လာဂျင်ထုတ်လုပ်မှုကိုတိုးစေပြီး အသားအရေမှာ အရေးအကြောင်းတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။ အသားအရေကို နုပျိုကျန်းမာစေနိုင်စွမ်းရှိပါတယ်။၆။ အစာခြေစနစ်ကိုကောင်းမွန်စေနိုင်တယ်။သံပရိုသီးနဲ့ လုပ်ထားတဲ့ Detox Water က အစာတွေကို ကြေညက်စေပြီး အစာခြေစနစ်ကိုကောင်းမွန်စေနိုင်ပါတယ်။လေပွတာ၊ အစာမကြေတာနဲ့ ရင်ပူတာတွေအတွက်လည်း သံပရိုသီးနဲ့လုပ်ထားတဲ့ Detox Water ကိုသုံးဆောင်ပေးလို့ရပါတယ်။၇။ အနာကျက် မြန်စေနိုင်ပါတယ်။Detox Water မှာ အရွယ်တင်စေနိုင်တဲ့ အာနိသင်ရှိသလို ဓာတ်တိုးဆန့်ကျင်အာနိသင်တွေလည်း ပါဝင်ပါတယ်။ ဒီလိုအာနိသင်တွေပါဝင် တာကြောင့် အရေပြားဆဲလ်အသစ်တွေဖြစ်ပေါ်မှုကို တိုးတက်စေနိုင်ပါတယ်။ သံပရိုသီး၊ လိမ္မော်သီး၊ စပျစ်သီးတို့နဲ့ လုပ်ထားတဲ့ Detox Water ကကော်လာဂျင်ထုတ်လုပ်မှုကို တိုးတက်စေပြီး အသားအရေတွေကို တင်းရင်းစေတဲ့အပြင်နေလောင်ဒဏ်ကြောင့်အရေပြားပျက်စီးတာကိုလည်း ကာကွယ်ပေးပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ဒဏ်ရာတွေကိုလည်း အနာကျက်မြန်စေနိုင်ပါတယ်။၈။ ဆီးလမ်းကြောင်း သန့်စင်စေနိုင်ပါတယ်။Detox Water က ဆီးရွှင်စေနိုင်တဲ့ သဘာဝသောက်စရာတစ်ခုပါ။ Detox Waterသောက်ပေးမယ်ဆိုရင် ဆီးမကြာခဏ သွားစေနိုင်တာကြောင့် ဆီးလမ်းကြောင်းကိုသန့်စင်စေနိုင်ပါတယ်။ ဆီးသွားတာနဲ့အတူ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေကို ဆီးကနေ တဆင့်စွန့်ထုတ်လိုက်ပါတယ်။ ဒီလိုလုပ်ပေးခြင်းဖြင့် ဆီးလမ်းကြောင်းမှာ ပိုးဝင်တာနဲ့ အခြားရောဂါတွေဖြစ်နိုင်ခြေကိုလျှော့ချပေးပါတယ်။၉။ အသည်းကိုသန့်စင်စေတယ်။ခန္ဓာကိုယ် အတွင်းပိုင်းအင်္ဂါတွေသန့်စင်စေဖို့ အဓိကတာဝန်ယူထားတာက အသည်းပါ။ ဒါကြောင့် အသည်းက ခန္ဓာကိုယ် ကျန်းမာဖို့အတွက် အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ နေ့စဉ်နေထိုင်မှုဘဝပုံစံက ကျန်းမာရေးနဲ့ မညီညွတ်တဲ့အခါ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ အသည်းက ပိုအလုပ်လုပ်ရပါတယ်။ Detox Waterသောက်ပေးမယ်ဆိုရင် သည်းခြေရည်ထုတ်လုပ်မှုကိုတိုးစေနိုင်ပြီး အစာကြေချက်မှုကောင်းအောင်လုပ်ဆောင်ပေးပါတယ်။ ဒါတင်မကသေးပါဘူး၊ Detox water က အစာခြေရည်အလွန်အကျွံထွက်တာကြောင့် အစာအိမ်ထိခိုက်တာတွေမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ Detox Water သောက်သုံးပေးမယ်ဆိုရင် ကျန်းမာရေးနဲ့ မညီညွတ်တဲ့စားသောက်နေထိုင်မှု ပုံစံကြောင့် ကိုယ်တွင်းမှာ အဆိပ်အတောက်ဖြစ်တာမျိုးတွေရှိလာတဲ့အခါမှာလည်း အသည်းကကောင်းကောင်းဖြေရှင်းနိုင်အောင် အထောက်အကူပြုပေးမှာဖြစ်ပါတယ်။၁၀။ ခံတွင်းအနံ့ဆိုးတွေကို သက်သာစေနိုင်ပါတယ်။ခံတွင်းနံ့ဆိုးရတဲ့ အဓိကအကြောင်းအရင်းက အူမကြီးထဲမှာဘက်တီးရီးယားတွေနဲ့ အဆိပ်အတောက်တွေရှိနေတာကြောင့်ပါ။ Detox Waterသောက်သုံးပေးတာက အူမကြီးကို သန့်စင်စေပြီး ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တာကြောင့် ခံတွင်းနံ့ဆိုးတွေကိုပျောက်ကင်းစေမှာသေချာပါတယ်။ဒါတွေတင်ပဲလားဆိုတော့မဟုတ်သေးပါဘူး။ Detox Water က အာရုံစိုက်နိုင်စွမ်းကိုတိုးစေနိုင်သလို မှတ်မိနိုင်စွမ်းကိုလည်း တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ဆံသားတွေကို ကျန်းမာသန်စွမ်းစေပြီး အသားအရေကိုတင်းရင်းလှပစေနိုင်ပါတယ်။ ကိုယ်တွင်းအဆိပ်အတောက်တွေကိုဖယ်ရှားပေးတာကြောင့် ကိုယ်တွင်းအင်္ဂါတွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဆံပင်ကျဲတာ၊ပါးတာတွေမဖြစ်အောင်လို့လည်း Detox Water ကိုသောက်ပေးလို့ရပါတယ်။ ဒီလိုမျိုးခေါင်းအစခြေအဆုံး အကျိုးကျေးဇူးတွေရစေနိုင်တဲ့ Detox Water ကိုသောက်တာကောင်းလား မကောင်းဘူးလားဆိုတာကို စာဖတ်သူတို့ကိုယ်တိုင် ဆုံးဖြတ်လိုက်ပါ။ အားလုံးရောဂါဘယ ကင်းပြီး ကျန်းမာကြပါစေကြောင်း။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/detox-water-%e1%80%9e%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%90%e1%80%ac-%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%9c%e1%80%ac%e1%80%b8/
စိုးရိမ်ပူပန်မှုများသောအမျိုးသားများသည် ကင်ဆာရောဂါကြောင့်သေဆုံးနိုင်ခြေများပါတယ်
အမျိုးသားများ၏ သေဆုံးခြင်းနှင့်ပတ်သက်သောစိုးရိမ်မှုသည် အမျိုးသမီးများနှင့်မတူပေ။ လွန်ကဲစွာစိုးရိမ်တတ်ခြင်းကကင်ဆာရောဂါဖြစ်၍သေဆုံးနိုင်ခြေကိုနှစ်ဆတိုးစေသည်။စိုးရိမ်ပူပန်မှုများသော အမျိုးသားများသည် အခြားအမျိုးသားများထက် ကင်ဆာရောဂါဖြစ်၍ သေဆုံးနိုင်ခြေ ၂ဆများခြင်းကိုလေ့လာမှုတစ်ခုကတွေ့ရှိထားသည်။သို့သော် စိတ်ကျန်းမာရေးချို့တဲ့သောအမျိုးသားများတွင်တော့ထူး၍ အန္တရာယ်မမြင်ပါဟုသုတေသနကဆိုသည်။ စိုးရိမ်မှုများသော အမျိုးသားများသည် ထိုစိုးရိမ်မှုကိုလျှော့ချရန် ဆေးလိပ်နှင့်အရက်တို့ကိုသောက်သုံးတက်ခြင်းကြောင့်ကင်ဆာဖြစ်နိုင်ခြေပိုမိုမြင့်မားရသည်။ အမျိုးသမီးများက ရောဂါဖြစ်လျှင်ဆရာဝန်နှင့်စောစီးစွာပြတတ်သဖြင့် ရောဂါကိုဆောလျင်စွာသိရှိပြီးကုသမှုလုပ်ရလွယ်ကူစေသည်။လေ့လာမှုတစ်ခုက ဗြိတိန်နိုင်ငံသား ၁၅၉၃၈ ယောက်တွင်စိုးရိမ်ပူပန်သောကခံစားနေရသည်ဟုဆိုသည်။ ထိုရောဂါ၏ သဘာဝမှာ ဘဝနှင့်ပတ်သက်သောအတွေးအမြင်များတွင် လိုအပ်သည်ထက်ပိုမို၍ အထိန်းအကွပ်မဲ့ပူပန်တတ်မှုပင် ဖြစ်သည်။ရောဂါလက္ခဏာများမှာ ကြွက်သားများနာကျင်ခြင်း ၊ အိပ်မပျော်ခြင်း ၊ အာရုံစူးစိုက်ရခက်ခြင်း နှင့် ဂနာမငြိမ်ခြင်းတို့ဖြစ်သည်။ လေ့လာမှုတွင် အမျိုးသား ၁၂၆ ယောက် (ပါဝင်သောလူဦးရေ၏ ၁.၈ %) နှင့် အမျိုးသမီး ၂၁၅ ယောက် (ပါဝင်သော လူဦးရေ၏ ၂.၄% )သည် ထိုရောဂါခံစားနေရသည်ကိုတွေ့ရှိရသည်။၁၅ နှစ်ကြာစောင့်ကြည့်ကုသရာတွင် စိုးရိမ်လွန်ရောဂါခံစားရသောအမျိုးသားများသည် အခြားအမျိုးသားထက် ကင်ဆာရောဂါဖြစ်၍ သေဆုံးမှု ၂ ဆခန့်မြင့်တက်သည်ကိုတွေ့ရသည်။ အင်္ဂလန်နိုင်ငံဆေးသုတေသနနှင့် ကင်ဆာလေ့လာမှု၏ အဆိုအရအမျိုးသမီးများတွင်မူထိုကဲ့သို့ကင်ဆာဖြစ်နိုင်ခြေမြင့်မားမှုမရှိဟုဆိုသည်။ကင်းဘရိတ်ခ်ျတက္ကသိုလ်မှ စိတ်ကျန်းမာရေးသုတေသီ Olivia Remesက သူမ၏လေ့လာတွေ့ရှိချက်များကိုဗီယင်နာတွင် ပြုလုပ်သောဥရောပဦးနှောက်နှင့်စိတ်ပညာညီလာခံတွင် ရှင်းလင်းပြခဲ့သည်။ သူမ၏အဆိုအရ ယခင်ကစိုးရိမ်မှုနှင့်ကင်ဆာရာဂါ၏ ဆက်စပ်မှုကိုခိုင်မာသောလေ့လာမှုများမရှိခဲ့သေးကြောင်း ၊ ယခုသူမတို့ပြုလုပ်သောလေ့လာမှုသည် စိုးရိမ်မှုနှင့်ကင်ဆာရောဂါ၏ဆက်စပ်မှုကိုလေ့လာသည့် အကြီးမားဆုံးသုတေသနဖြစ်ပြီးစိုးရိမ်မှုလွန်ကဲသောအမျိုးသားများသည် အခြားပုံမှန်အမျိုးသားများထက် ကင်ဆာရောဂါဖြစ်၍သေဆုံးနိုင်ခြေ၂ဆမြင့်တက်မှုကိုတွေ့ရှိခဲ့သည်ဟုဆိုပါသည်။ထိုသို့ဖြစ်ရခြင်းအခြားအကြောင်းအချက်များမှာအသက်အရွယ် ၊နာတာရှည်ရောဂါ၊ အခြားပြင်းထန်သော စိတ်ဝေဒနာ ၊ ဆေးလိပ်သောက်ခြင်း ၊ အရက်သောက်ခြင်း ၊ ကိုယ်လက်လှုပ်ရှားမှုနှင့် မိမိဘာသာဆေးဝါးများသုံးစွဲမှုတို့ကြောင့်လည်း ဖြစ်သည်ဟုထည့်သွင်းဖော်ပြထားသည်။အမျိုးသမီးများတွင် စိုးရိမ်ပူပန်မှုနှင့် ကင်ဆာရောဂါ၏ဆက်စပ်မှုကိုမတွေ့ရပါ။ သူမတို့ကိုလေ့လာမှုများမှတစ်ဆင့် စိုးရိမ်ပူပန်မှုသည် အမျိုးသားများတွင်ကင်ဆာရောဂါဖြစ်၍ သေဆုံးမှုနှင့်ဆက်စပ်လျက်ရှိကြောင်းသိရသည်ဟုပြောထားသည်။သို့သော် သုတေသီများအနေဖြင့်အခြားသူများတွင်လည်းထိုကဲ့သို့ဖြစ်မည်ဟုကျိန်းသေမပြောနိုင်ပါ။ စိုးရိမ်တတ်သောအမျိုးသားနှင့်ကင်ဆာရောဂါဖြစ်နိုင်ခြေကိုသာဆက်စပ်ပြလိုခြင်းဖြစ်ပြီးအခြားလူနေမှုပုံစံများကိုလည်းထည့်သွင်းစဉ်းစားရဦးမည်ဖြစ်သည်။ စာဖတ်သူတို့အနေဖြင့် စိုးရိမ်မှုသည်ကျန်းမာရေးအတွက် ထိခိုက်နိုင်ကြောင်းကိုတော့ သတိပြုဖွယ်မှတ်ယူနိုင်သည်။သူမကဆက်လက်ပြောပြသည်မှာ – သုတေသီများ ၊ နိုင်ငံတော်နှင့် ဆရာဝန်များသည် စိုးရိမ်မှုနှင့်ပတ်သတ်၍ အရေးတယူပြုလုပ်ခြင်းမရှိခြင်းကို ပြောင်းလဲရန်လိုအပ်ပြီဟုလည်းဆိုထားပါသည်။လူအများစုသည် စိုးရိမ်တတ်ကြပြီးထိုမှတစ်ဆင့်ကျန်းမာရေးပြဿနာများလည်းဖြစ်လာနိုင်သည်။ လေ့လာမှုတွင် စိုးရိမ်တတ်မှုသည်လူတစ်ဦး၏စိတ်ပိုင်းဆိုင်ရာကိုယ်ရည်ကိုယ်သွေးထက်သာမကကင်ဆာကဲ့သို့သေစေနိုင်သောရောဂါများအထိဆက်စပ်မှုရှိနေခြင်းကိုဖော်ပြထားသည်။သူမ၏တွေ့ရှိချက်များကို ဆေးဝါးဗေဒဆိုင်ရာနိုင်ငံတော် အတိုင်ပင်ခံပညာရှင်ဟောင်းတစ်ဦးဖြစ်သူ Imperial ကောလိပ်မှပါမောက္ခ David Nutt ကလက်ခံသဘောတူထားသည်။ ပါမောက္ခ David Nutt ကအင်္ဂလန်နိုင်ငံတွင် ပြင်းထန်သောစိတ်ဝေဒနာရှင်များကို ကုသပေးနေရသော စိတ်ကျန်းမာရေးအထူးကုဆရာဝန်တစ်ဦးအနေဖြင့်ထိုဆက်စပ်မှုသည် သူ့ကိုအံ့အားသင့်မှုမဖြစ်စေပါဟုလည်းဆိုသည်။နေ့စဉ်ဘဝတွင် ကြုံတွေ့ရသောစိတ်ဖိစီးမှုများသည် ခန္ဓာကိုယ်ကိုဖိစီးပင်ပန်းစေသည်။ ထိုမှတစ်ဆင့် ကိုယ်ခန္ဓာတွင်းဇီဝကမ္မ ဖြစ်စဉ်များပေါ်တွင် ကြီးမားသောအကျိုးသက်ရောက်မှု ဖြစ်စေပြီးကင်ဆာဆဲလ်များပွားများမှုကိုထိန်းချုပ်သည့် ခုခံအားစနစ်ယိုယွင်းပျက်စီးလာခြင်းကိုလည်း ဖြစ်စေသည်။လေ့လာသူများကဆေးလိပ်နှင့် အရက်သောက်ခြင်းသည်လည်း များစွာပါဝင်ပတ်သက်နေသည်ကို ဖော်ပြထားပြီးဖြစ်ရာစိုးရိမ်ပူပန်မှုရောဂါအရင်းအမြစ်ကိုရှာဖွေကုသရာတွင် သတင်းအချက်အလက်ဖြန့်ဝေမှုနှင့် ပိုမိုအားစိုက်ရင်းနှီးမြှုပ်နံမှုများလည်းပြုလုပ်သင့်ကြောင်းထပ်ဆင့်ထောက်ခံဖော်ပြထားပါသည်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/%e1%80%85%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%ad%e1%80%99%e1%80%ba%e1%80%95%e1%80%b0%e1%80%95%e1%80%94%e1%80%ba%e1%80%99%e1%80%be%e1%80%af%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%9e%e1%80%b1/
ပီကျူထရီဂလင်း ကောင်းစွာအလုပ်မလုပ်လျှင်
ပီကျူထရီဂလင်းဟာ သင့်ဦးနှောက်ရဲ့အောက်ဘက်မှာ တည်ရှိပြီး ဟော်မုန်းရှစ်မျိုးလောက်အထိ ထုတ်လုပ်ပေးပါတယ်။ အဆိုပါဟော်မုန်းတစ်မျိုးချင်းစီဟာလည်း သင့်ရဲ့ကိုယ်ခန္ဓာ လုပ်ငန်းတာဝန်များအတွက် အရေးကြီးလှတဲ့ဟော်မုန်းတွေပဲ ဖြစ်ပါတယ်။ လုပ်ငန်းတာဝန်များဆိုရာမှာအရိုးများဖွံ့ဖြိုးကြီးထွားအောင် လှုံ့ဆော်ခြင်း၊ သိုင်းရွိုက်ဂလင်းမှ ဟော်မုန်းများထုတ်ခြင်း စတာတွေ ဖြစ်ပါတယ်။– ACTH ဟော်မုန်း။ ကော်တီဆောဟော်မုန်းထုတ်ခြင်း၊ အဒရီနယ်လင်၊ နော်အဒရီနယ်လင် ထုတ်လုပ်ခြင်း အတွက် လှုံ့ဆော်ပေးခြင်း။– ADH ဟော်မုန်း။သွေးပေါင်ချိန်ထိန်းပေးခြင်း၊ ကိုယ်ခန္ဓာအတွင်း အရည်ဓာတ်များ မျှတအောင် ထိန်းသိမ်းပေးခြင်း။– FSH ဟော်မုန်း။ အမျိုးသမီးများ သားဥအိမ်ကြီးထွားခြင်း၊ အမျိုးသားများတွင် သုက်ပိုးထုတ်လုပ်ခြင်း။– ကြီးထွားမှုဟော်မုန်း။ ကလေးများ ဖွံ့ဖြိုးကြီးထွားခြင်း၊ အရွယ်ရောက်ပြီးသူများ ဇီဝဖြစ်ပျက်မှုကို ထိန်းကျောင်းပေးခြင်း။– LH ဟော်မုန်း။ အမျိုးသမီးများ အပျိုဖော်ဝင်ခြင်း၊ ကလေးရခြင်း၊ ဓမ္မတာလာခြင်း။– အောက်ဆီတိုဆင်ဟော်မုန်း။ ကလေးမီးဖွားခြင်း၊ မိခင်နို့တိုက်ခြင်း။– ပရိုလက်တင်ဟော်မုန်း။ လုပ်ငန်းတာဝန်ပေါင်း ၃၀၀ ကျော် ရှိပါတယ်။– TSH ဟော်မုန်း။ သိုင်းရွိုက်ဂလင်းမှ ဟော်မုန်းများ ထုတ်လုပ်ခြင်း။အဆိုပါဟော်မုန်းများအနက်က တစ်မျိုးမျိုးကို လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းမရှိတော့ရင် ပီကျူထရီဂလင်း ကောင်းစွာ အလုပ်မလုပ်ခြင်း (Underactive Pituitary) လို့ သတ်မှတ်ပါတယ်။ပီကျူထရီဂလင်းကို ထိခိုက်မှုတစ်ခုခုကြုံရင် ဖြစ်တတ်ပါတယ်။ ဥပမာ ဦးနှောက်ခွဲစိတ်ကုသမှု ခံယူခြင်း၊ ဦးနှောက်ကို ရောဂါပိုးဝင်ခြင်း၊ ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်း စတာတွေ ဖြစ်ပါတယ်။ အကျိတ်များကြောင့်လည်း ဖြစ်တတ်ပါတယ်။ဦးနှောက်အကျိတ်၊ ပီကျူထရီဂလင်းအကျိတ်၊ ဟိုက်ပိုသဲလမတ် အကျိတ် စသဖြင့် ဖြစ်ပါတယ်။– Sarcoidosis ခေါ်နာတာရှည်အဆုတ်ရောဂါတစ်မျိုး။– ကိုယ်ခန္ဓာအတွင်း သံဓာတ်များလွန်းသည့်ရောဂါ။– Histiocytosis ခေါ် မိမိကိုယ်ခံအားက မိမိကို ပြန်လည်တိုက်ခိုက်သည့်ရောဂါ။– လေဖြတ်ခြင်း။–တီဘီရောဂါ။– ကလေးမီးဖွားစဉ် သွေးအများအပြားဆုံးရှုံးခြင်း။–ဓာတ်ရောင်ခြည်ကုသမှုခံယူခြင်း။– ဦးနှောက်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရခြင်း စတာတွေ ဖြစ်ပါတယ်။ပီကျူထရီဂလင်း ကောင်းစွာ အလုပ်မလုပ်ရင် ဘယ်ဟော်မုန်းထုတ်လုပ်မှုမှာ သက်ရောက်သလဲဆိုတာပေါ် မူတည်ပြီး လက္ခဏာပြပါတယ်။ ဥပမာ ကြီးထွားမှုဟော်မုန်းများ လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းမရှိရင် ကလေးများ ဖွံ့ဖြိုးမှုနည်းပြီး အရပ်ပုတတ်ပါတယ်။ LH ဟော်မုန်း ထုတ်လုပ်မှုနည်းရင် ဓမ္မတာမမှန်ခြင်း၊ ကလေးမရခြင်း ဖြစ်တတ်ပါတယ်။ပီကျူထရီဂလင်း ကောင်းစွာ အလုပ်မလုပ်တဲ့ လက္ခဏာမျိုးတွေကို သံသယရှိရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဘယ်ဟော်မုန်းနည်းနေသလဲ၊ ဘယ်အင်္ဂါအစိတ်အပိုင်းပေါ် သက်ရောက်မှု ဖြစ်နေသလဲ စစ်ဆေးပါလိမ့်မယ်။ အထူးသဖြင့် ဟော်မုန်းဆိုင်ရာ အထူးကုဆရာဝန်များ (Endocrinologist) နဲ့ ပြသသင့်ပါတယ်။ အဓိကကတော့ ချို့ယွင်းမှုဖြစ်နေတဲ့ ဟော်မုန်းတွေ ပုံမှန်ပြန်ဖြစ်လာဖို့ပါပဲ။ တစ်ခါတရံမှာ ခွဲစိတ်ကုသခြင်းတွေပါ ကြုံရနိုင်ပါတယ်။ ဥပမာ ပီကျူထရီဂလင်းမှာ အကျိတ်ဖြစ်ပေါ်နေရင် ခွဲစိတ်ဖယ်ရှားရတာမျိုး ဖြစ်ပါတယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/hypopituitarism/
ညအရမ်းနောက်ကျမှ အစာစားတဲ့အခါ ဘာဖြစ်နိုင်လဲ
ခေတ်ကြီးတိုးတက်ပြောင်းလဲလာတာနဲ့အမျှ လူတွေရဲ့ နေ့စဉ် နေထိုင်စားသောက်ပုံေကြာင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို လေ့လာစမ်းသပ်ကြည့်ဖို့ ပိုမိုလွယ်ကူလာပါတယ်။ တစ်ချိန်တည်းမှာပဲ ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းအရလူငယ်တွေရာ လူကြီးတွေပါအစာအာဟာရချို့တဲ့လာတယ်။ နေ့စဉ် လုံလောက်တဲ့ဗီတာမင်နဲ့ သတ္တုဓါတ်တွေ မရတာကြောင့် ရောဂါအသစ်အဆန်းတွေ ဖြစ်ဖို့ ပိုပြီး လွယ်ကူလာပါတယ်။ကျား၊ မ အသက်အရွယ် မရွေး အဆီ၊အချို၊ အငန် စားသုံးမှု ပိုများလာတယ်။ အချိန်ပေးစရာ မလိုပဲ အလွယ်တကူ မှာစားလို့ ရတဲ့ Fast Food တွေ၊တာရှည်ခံေအာင် ဓါတုဗေဒနည်းပညာတွေနဲ့ စီမံပြုလုပ်ထားတဲ့ အစားအစာတွေ၊ ကျန်းမာရေးနဲ့လည်း မညီညွတ်၊ အာဟာရလည်း မဖြစ်စေတဲ့ အစားအစာတွေ စားသုံးမှု များလာတဲ့အခါ ကျန်းမာရေးထိခိုက်လာတယ်။တိုးတက်ပြောင်းလဲလာတာနဲ့အမျှ ကျန်းမာရေးအတွက် သတ်မှတ်ချက်တွေလည်း များလာတယ်။ မနက်စောစော အစာစားရမယ်။ကိုယ်အလေးချိန်လျှော့ဖို့ ညဘက်တွေ အစားတွေ လျှော့စားကြတယ်။ ညမိုးချုပ် အိပ်ခါနီးအချိန်မှာ အစာစားတာ ရှောင်ဖို့ လူကြီးသူမတွေ ပြောတာ ကြားဖူးကြမယ် ထင်ပါတယ်။ လူအများစု သိထားတာကတော့ ညဘက် အစာစားတဲ့ အခါ အဝလွန်မယ်၊ ကိုယ်အလေးချိန်တက်မယ်၊ တကယ်တမ်းမှာ ဒါတွေအပြင် တခြားသော ကျန်းမာရေးပြဿနာလည်း ဖြစ်နိုင်ပါသေးတယ်။မိုးချုပ်တဲ့အထိ စာလုပ်နေရတဲ့ ကျောင်းသားကျောင်းသူတွေ၊ မနက်နဲ့ ည အလုပ်လုပ်ချိန် ပုံမှန်မရှိတဲ့သူတွေ၊ ညကို နောက်ကျမှ အိပ်ပြီး ရုပ်ရှင်ကြည့်၊ ဂိမ်းဆော့နေကြတဲ့ လူငယ်တွေအတွက်တော့ ညဘက် နောက်ကျတဲ့အထိ အစာစားတာ ပုံမှန်လိုဖြစ်နေပေမယ့် တကယ်တော့ ကျန်းမာရေးဘက်က ကြည့်မယ်ဆိုရင် ဆိုးကျိုး များစွာ ဖြစ်စေနိုင်ပါတယ်။ညနေဘက်မှာ အစားလျှော့စားတာထက် ၈ နာရီမတိုင်ခင် နောက်ဆုံးထားပြီး အစာစားပေးပါ။ အိပ်ခါနီးနဲ့ အချိန် ၂နာရီလောက် ခြားပြီး အစာစားပေးရပါမယ်။ အဲ့လို မဟုတ်ပဲ ညအတော်လေး နောက်ကျမှ အစာတွေ စားမယ်ဆိုရင်တော့ ဖြစ်လာနိုင်တဲ့ ပြဿနာတွေ ရှိပါတယ်။ဒါကတော့ လူတော်တော်များများ သိထားကြပြီး ဖြစ်မှာပါ။ ညစာရှောင်တာထက် ညမိုးချုပ်မှ အစာစားခြင်းဟာကိုယ်အလေးချိန်ကို တက်စေပြီး အဝလွန်စေတယ်။ ညမိုးချုပ်တဲ့အခါ ကိုယ်က မအိပ်ပဲ နိုးနေရင်တောင် ကိုယ်တွင်းအင်္ဂါတွေက ပင်ပန်းနေမှာ ဖြစ်တဲ့အတွက် အစာကောင်းကောင်း ချေပေးနိုင်မှာ မဟုတ်ပါဘူး။ အစာမကြေဖြစ်ပြီး ရင်ပြည့်မယ်။ ဗိုက်မအီမသာဖြစ်ပြီး နိုးလာတဲ့အခါမှာလည်း နေလို့ထိုင်လို့ ကောင်းမှာ မဟုတ်ပါဘူး။အစာဝင်သွားတဲ့အခါ ကိုယ်တွင်းအင်္ဂါတွေအပြင် ဦးနှောက်ကပါ အလုပ်လုပ်နေရတဲ့အတွက် ကိုယ့်ရဲ့ ညဘက်အိပ်ချိန်ကိုပါ အဟန့်အတားဖြစ်စေပါတယ်။ လူတစ်ယောက်အတွက် နေ့စဉ်အိပ်ချိန်အနည်းဆုံး ၇နာရီ ပြည့်ဝဖို့ လိုအပ်တာကြောင့် ကြာလာတဲ့အခါ ညဘက်အစာစားတတ်တဲ့အကျင့်ကြောင့် ကျန်းမာရေး ထိခိုက်လာနိုင်ပါတယ်။အစာစားလိုက်တဲ့အခါ အစာအိမ်က အက်စစ်တွေ စီးဆင်းတဲ့အတွက် နှလုံးနဲ့ ရင်ဘက်တစ်ဝိုက်မှာ ပူလောင်နေမယ်။ အစာကောင်းကောင်းချေဖျက်ေပးနိုင်မှာ မဟုတ်တဲ့အပြင် အစာစားပြီး အိပ်ရာတန်းဝင်လိုက်တဲ့အခါ ရင်ဘက်ထဲမှာ ပူလောင်နေတဲ့ ဝေဒနာကို ခံစားရနိုင်ပါတယ်။အိပ်စက်နေရမယ့် အချိန်မှာ အစာစားတဲ့အခါ အစာမကြေတာတော့ သဘာဝပါပဲ။ ညဘက် နောက်ကျမှ အစာစားပြီး အိပ်ရင် အစာချေဖျက်ဖို့ ကြာတဲ့ အပြင် နောက်နေ့ မနက် နိုးလာတဲ့အခါမှာလည်း ဗိုက်က အလွန်အမင်း ဆာလောင်နေမှာပါ။ရေခဲသေတ္တာထဲမှာ ရှိတဲ့ အချိုမုန့်တွေ၊ အကြော်အလှော်တွေဟာ ညဘက် နောက်ကျမှ အစာစားချင်စိတ်ကို ဖြစ်စေတဲ့ အဓိကတရားခံပါပဲ။ ရုပ်ရှင်ကြည့်နေတဲ့အချိန်မှာ ပိုပြီးစားကောင်းနေမှာ ဖြစ်တဲ့အတွက် ခါတိုင်းအချိန်ထက် ပိုစားမယ်။ ကိုယ်ခန္ဓါအတွက် မကောင်းတဲ့ သကြားဓါတ်တွေ၊ ကိုလက်စထရောနဲ့ ကယ်လိုရီဓါတ်တွေ တိုးလာမယ်။ ဒီအခါမှာဆီးချို၊ သွေးတိုးအပြင် နှလုံးရောဂါဖြစ်နိုင်ခြေကိုပါ မြင့်တက်စေနိုင်ပါတယ်။၁။ မနက်နဲ့ နေ့လည်ကို ပြည့်ဝစွာ စားပြီး ညဘက်မှာ အစားလျှော့စားပါ။ အစာကြေလွယ်စေတဲ့ အမျှင်ဓါတ်များတဲ့ အစားအစာ၊ ကယ်လိုရီနည်းတဲ့ အစားအစာတွေကို ညဘက်တွေမှာ ပိုစားပေးပါ။၂။ ၇နာရီမတိုင်ခင် ညစာကို အပြီးစားတဲ့ အကျင့်လုပ်ပေးထားပါ။ နောက်အကျဆုံး ၈နာရီထိသာ အစာစားပြီး အိပ်ချိန်နဲ့ အနည်းဆုံး ၂နာရီလောက် ခြားထားပေးပါ။၃။ ညဘက်တွေမှာ ဗိုက်အရမ်းဆာလာပြီဆိုရင် သစ်သီး၊ ပေါင်မုန့်ကြမ်းကို ရေတစ်ခွက် အဝသောက်ပြီး စောစောအိပ်ပါ။၄။ ညနောက်ကျတဲ့အထိ ရုပ်ရှင်ကြည့်တဲ့အခါ အစာစားချင်စိတ်ကို ဖြစ်စေတဲ့အပြင် အိပ်စက်ခြင်းကိုပါ ထိခိုက်စေနိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။၅။ ညဘက်တွေမှာ စောစောအိပ်တဲ့ အလေ့အကျင့်ကို ငယ်စဉ်ကတည်းက မွေးမြူထားပါ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/obesity-healthy-eating/late-night-eating/
ဆဲတတ်တဲ့ ကလေး ကို ဘယ်လို ဆုံးမမလဲ။
ကလေးတွေ ဘာကြောင့် ဆဲတတ်တာလဲဆိုတာ ရှေ့ဆောင်းပါးမှာ ပြောပြီးပါပြီ။ဒီမှာပြန်ဖတ်လို့ရပါတယ်။ ခုဆက်ပြောမှာက ကိုယ့်ကလေးက ဆဲတတ်နေရင် ဘာလုပ်ကြမလဲ။ ဒီတိုင်းထားလိုက်ပါ။ ကြီးရင် အလိုလို ပျောက်သွားမယ်လို့ ပြောလို့ ရတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဆဲနေရင်းနဲ့ ပိုယဉ်ပါးလာပြီး ထမင်းစား ရေသောက်ကိစ္စဖြစ်သွားဖို့ ပိုများပါတယ်။ လူကြားသူကြားထဲရောက်မှ ထထဆဲနေတာကလည်း ရှေ့တင်တာ ဘာမှမပြောတာ နောက်ကွယ်မှာ ရိုင်းလိုက်တဲ့ကလေး။ မိဘက မဆုံးမဘူးလား မသိပါဘူးဆိုပြီး ကဲ့ရဲ့ နေမှာပါ။ဆဲတတ်တဲ့ ကလေး ကို ဆုံးမတဲ့နေရာမှာ ရှေးရိုးနည်းတွေအတိုင်း ကလေးကိုရိုက်နှက်လို့ မဖြစ်ပါဘူး။ တစ်ခါ နှစ်ခါ အဆင်ပြေကောင်း ပြေနိုင်ပါတယ်။ ကြာလာရင်တော့ ကလေးကထုံသွားပြီး ကြောက်မှာ မဟုတ်တော့ပါဘူး။ အရင်လို ကလေးကို ‘နင် ဆဲစမ်း။ နောက်တစ်ခါ ထပ်ဆဲရင် ပါးစပ်ကို အပ်နဲ့ ချုပ်ပစ်မယ်တို့၊ ငရုတ်သီးနဲ့ ပွတ်ပစ်မယ်တို့’ကလည်း အသုံးမဝင်တော့ပါဘူး။ ခုခေတ်ကလေးတွေကဉာဏ်ကောင်းပြီး လည်လည်ဝယ်ဝယ်ရှိကြပါတယ်။ အကျိုးသင့် အကြောင်းသင့် ပြောပြပြီး စိတ်ရှည်လက်ရှည်ပြောပြရင် သူတို့လေးတွေ လက်ခံပါတယ်။ဒီနေရာမှာ ၃ပိုင်းပိုင်းပြီး ပြောကြည့်ရအောင်။ မိဘတွေကိုယ်တိုင်လိုက်လုပ်နိုင်တဲ့ နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။ ကြည့်ကြည့်ရအောင်။ကလေးက ဆဲလိုက်တာနဲ့ မေမေက ရိုက်စရာ မလိုသေးပါဘူး။ သူဘာကြောင့် ဆဲတာလဲဆိုတာ အရင်လေ့လာပါ။ တချို့ကလေးတွေက ဆဲတာကို ဆဲမှန်းမသိပါဘူး။ လူကြီးတစ်ယောက်ယောက်က သူ့ရှေ့မှာ ဆဲတဲ့ စကားလုံးသုံးလိုက်လို့ သူက ပြောလိုက်တဲ့ သဘောပါ။ ဆဲတဲ့စကားဆိုတာတောင် မသိပါဘူး။ အထူးသဖြင့်ကျောင်းတက်စ အရွယ်လေးတွေပေါ့။ဒါမျိုးဆိုရင် မေမေက ပြင်းပြင်းထန်ထန် မတုံ့ပြန်ပါနဲ့။ ကလေးက ဘာပြောလိုက်တာလဲဆိုတာကို သူနားလည်နိုင်လောက်တဲ့ စကားလုံးနဲ့ အရင်ရှင်းပြပါ။ ခုနက ပြောလိုက်တာသည် မသင့်တော်တဲ့ စကားလုံးဖြစ်ကြောင်း၊ ဒါကို ဆဲတယ်လို့ ခေါ်ကြောင်း တစ်ခါတည်း ရှင်းပြလို့ ရပါတယ်။ ဒါက မပြောသင့်ဘူးဆိုတာ သူသိသွားရင် ထပ်ပြောမှာ မဟုတ်ပါဘူး။ရှေ့ဆောင်းပါးလည်း ပြောပြီးပါပြီ။ ကလေးက တစ်ယောက်ယောက်ကို ဆဲလိုက်တာကို လူကြီးမိဘက မဟန့်တဲ့အပြင် ကလေးက အတတ်မြန်လိုက်တာဆိုပြီးချီးကျူးလိုက်တဲ့အခါ၊ အားရဝမ်းသာ ရယ်မောလိုက်တဲ့အခါ ကလေးက ဒါကို မှတ်ထားပါတယ်။ သူဒီလိုလုပ်လို့ မိဘတွေက ချီးကျူးတယ်၊ ဝမ်းသာတယ်ဆို သေချာပေါက် ထပ်လုပ်မှာပါပဲ။ ချီးကျူးတုန်းက ချီးကျူးပြီး ကလေးက ဆဲတတ်တဲ့အခါ ‘ငါတို့အမျိုးထဲမှာ ဒီလိုဆဲတတ်တဲ့သူ မရှိဘူး’ဆိုပြီး ကလေးကို အပြစ်မတင်ပါနဲ့။ကလေးကဒေါသထွက်ပြီး ဆဲလိုက်တယ်ဆိုရင်တောင် သင်က ဒေါသနဲ့ ပြန်မအော်သင့်ပါဘူး။ ဒါက ခုနက ကလေးဆဲတာကို အားပေးအားမြှောက်လုပ်တာနဲ့ အတူတူပါပဲ။ တချို့ကလေးတွေက attention seekလုပ်တတ်ပါတယ်။ ဆိုလိုတာက အငယ်လေးရှိနေရင်၊ သူ့ကို ဂရုမစိုက်ဘူးထင်ရင် မိဘက အာရုံစိုက်လာအောင် မကြိုက်တာလုပ်လေ့ရှိပါတယ်။ဒါကြောင့် ကလေးဆဲတာကို ဒေါသတကြီး တုံ့ပြန်မယ့်အစား သူတို့ ဒီလိုလုပ်တာကြောင့် မေမေစိတ်ညစ်ရတယ်ဆိုတာကို ပြောပြပါ။ ဒါက ဆူပူနေတာထက် ပိုပြီး အလုပ်ဖြစ်ပါတယ်။ကလေးတွေက ဆဲမယ့်သာ ဆဲနေတာ သူတို့ ဘာပြောလဲဆိုတာ သေချာ မသိပါဘူး။ တစ်ယောက်ယောက်ကစိတ်ဆိုးတဲ့အချိန်မှာ ဆဲလိုက်ရင် သူတို့လည်း စိတ်ဆိုးတဲ့အချိန်မှာ လိုက်ဆဲတော့တာပါပဲ။ ဘာလို့လဲဆိုတော့ စိတ်ဆိုးတာကို တခြားနည်းနဲ့ မဖော်ပြတတ်လို့ပါ။ မေမေတွေ လုပ်ရမှာက ကလေးကို စိတ်ဆိုးရင် ဒီလိုဆဲမယ့်အစား သားသား စိတ်မကြည်ဘူး။ မီးမီးစိတ်ညစ်တယ်။ ဒီလို သုံးလို့ရတယ်ဆိုတာကို ပြောပြပေးပါ။ နောက်ပြီး သားသားက ဒီလိုဆဲလိုက်ရင် တစ်ဖက်လူက ဝမ်းနည်းသွားနိုင်လို့ မပြောရဘူးလို့ သင်ထားပေးပါ။ရှေ့ဆောင်းပါးမှာလည်း ပြောပြီးပါပြီ။ ကလေးတွေက မိဘတွေ၊ ပတ်ဝန်းကျင်က သင်ယူတာပါ။ ဒါကြောင့် သူတို့ ရှေ့မှာ မဆဲပါနဲ့။ မတော်တဆ ကလေးရှေ့မှာ ဆဲမိခဲ့ရင်တောင် ခုနက ဆဲမိကြောင်း တောင်းပန်ပါ။ ဒါဟာ မကောင်းတဲ့ အကျင့်ဖြစ်ကြောင်း ပြောပြီး နောက်မပြောတော့ဘူးလို့ ကလေးကို ကတိပေးပါ။အိမ်မှာ ဘယ်သူမှ မဆဲပါဘဲနဲ့ ကလေးက ဆဲတတ်နေပြီဆိုရင် ဘယ်က တတ်တာလဲဆိုတာ ရှာပါ။ အထူးသဖြင့် ကျောင်းနေစ အရွယ်တွေပေါ့။ ဆိုပါစို့ အမျိုးအိမ် သွားလည်ပြီးမှ ဆဲတတ်လာရင် နောက်တစ်ခါ အဲ့ဒီအိမ်သွားဖို့ စဉ်းစားရတော့မှာပါ။ ဒါမှမဟုတ် TVကြည့်ပြီးမှ ဆဲတတ်တယ်ဆိုရင် ကလေးကို ဘာကားတွေပဲ ပြမလဲဆိုတာ စဉ်းစားပါ။ ဒါတွေက ပြင်လို့ ရတာတွေပေါ့။ တစ်ခါတစ်လေ ကလေးက သူငယ်ချင်းဆီက ဆဲတာကို တတ်လာနိုင်ပါတယ်။ ဒီလိုဆိုရင်တော့ သူ့သူငယ်ချင်းမိဘကိုပါ အကျိုးအကြောင်း ပြောပြဖို့လိုပါပြီ။ တိုင်ပြောတယ်ဆိုတာထက် သားသမီးချင်း ကိုယ်ချင်းစာစိတ်နဲ့ ပြောပါ။ နောက်ပြီး ကလေးကို ဒါက မကောင်းတဲ့ စကားတွေ ဖြစ်လို့ မပြောရဘူးဆိုတာကို ရှင်းပြပေးပါ။ဒေါသထွက်လို့ ဆဲတာဆိုရင် အရင်ဆုံး လုပ်ရမှာက ဘာလို့ ဒေါသထွက်တာလဲဆိုတဲ့ အကြောင်းရင်းကို ရှာပါ။ ဥပမာ သူငယ်ချင်းက စလိုက်လို့များလားပေါ့။ ပြီးတော့မှ ကလေးကို ဒေါသထွက်ရင်တောင် ဆဲဆိုတာမျိုး မဟုတ်ဘဲ တခြားနည်းလမ်းနဲ့ ဒေါသထွက်တာကို ဖော်ပြလို့ရတယ်ဆိုတာမျိုး သင်ပေးပါ။ ဒေါသထွက်တိုင်း ဆဲတာက ပြဿနာကို မပြေလည်ဘူးဆိုတဲ့အကြောင်း ပြောပြပေးပါ။အိမ်မှာ မဆဲရဘူး။ သူများတွေကို မဆဲရဘူး။ လူကြားထဲမှာမဆဲရဘူး စသဖြင့် စည်းကမ်းထုတ်ထားပါ။ တစ်ခါဆဲမိရင် အပြစ်က ဘယ်လိုဆိုတာ တစ်ခါတည်း သဘောတူညီမှု လုပ်ထားပါ။ ဥပမာ တစ်ခါဆဲမိရင် စနေနေ့တိုင်း ပြနေကျ ကာတွန်းကား မကြည့်ရဘူး စသဖြင့်ပေါ့။ ရိုက်နှက်တဲ့ ပြစ်ဒဏ်မျိုးမဟုတ်ပါဘူး။ အရေးကြီးဆုံးကတော့ မိဘတွေကစံပြအနေနဲ့ မဆဲဘဲ နေပြရမှာပါ။ အနည်းဆုံးတော့ ကလေးရှေ့မှာ မဆဲမိပါစေနဲ့။ဒေါသထွက်တိုင်း ဆဲတတ်တဲ့ ကလေးက ဒီတစ်ခါ မဆဲတော့ဘူးဆိုရင် ကလေးကို ချီးကျူးပေးပါ။ ပြောခဲ့သလိုပဲ ကလေးတွေက သဘာဝအရကို attention seekလုပ်တတ်ပါတယ်။ ဒါကြောင့် သူ့ကို ချီးကျူးတာကို သူသိသွားရင် နောက်တစ်ခါ ဒေါသထွက်ရင်တောင် ဆဲတော့မှာ မဟုတ်ပါဘူး။ဆဲတတ်တဲ့ ကလေးကို ဆုံးမဖို့ဆိုတာ ထင်သလောက် မလွယ်ပါဘူး။ စိတ်ရှည်ရတယ်။ အချိန်ပေးရပါတယ်။ အရေးကြီးဆုံးက ကလေးကို ဒေါသနဲ့ တုံ့ပြန်တာ၊ ရိုက်နှက်တာမျိုး မလုပ်မိဖို့ပါပဲ။ နားလည်အောင် ပြောပြရင်းနဲ့ ကိုယ်လိုချင်သလို ပုံသွင်းယူတာက အများကြီး အကျိုးရှိပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-milestones/how-to-deal-with-swearing-kid/
ရောဂါကင်းချင်ရင် အစိမ်းမစားသင့်တဲ့အရာများ
အစိမ်းစားလို့မရတာ အသားနဲ့ငါးပဲရှိတယ်လို့ အရင်ကပြောကြပေမယ့် အခုဆို အသား၊ငါးတွေကို အစိမ်းပြင်ဆင်ထားတဲ့မီနူးတွေ ဟိုတယ်စာတွေမှာပါတွေ့နေရပါပြီ။ ထိုင်းစတိုင် ပုဇွန်အစိမ်းသုပ်တို့၊ ဂျပန်စတိုင်၊ ကိုရီးယားစတိုင် ငါးအသားလွှာတို့ဘာတို့ ကြိုက်ကြတယ်မလား။အစိမ်းစားတာက အစာအဆိပ်သင့်တာကလွဲရင် ချက်ချင်းတော့ အသက်အန္တရာယ်မရှိနိုင်တော့လည်း စားလို့ရတယ်လို့ပြောကြမှာပေါ့လေ။ ဒါပေမယ့် ကျန်းမာရေးရှုထောင့်ကနေဆိုရင်တော့ အစိမ်းမစားသင့်တဲ့အရာတွေရှိနေတယ်ဆိုတာ သိထားသင့်ပါတယ်။ ဘယ်အစားအစာတွေကိုရှောင်သင့်လဲ၊ ဘာကြောင့်ရှောင်သင့်လဲ ဆက်ပြီးဖတ်ကြည့်နော်။သိပ်ကိုလူကြိုက်များတဲ့ ဆူရှီတွေကို ထိခိုက်စေလိုတာတော့မဟုတ်ပါဘူး။ ထမင်းရယ်၊ရေညှိရယ်၊ အသီးအရွက်၊ အသားငါးပင်လယ်စာ၊ ကြက်ဥနဲ့လုပ်တဲ့ မာရိုးနစ်တို့ပါဝင်လို့ အာဟာရပြည့်တဲ့အစားအစာတစ်ခုပါ။ ဒါပေမယ့် အသား၊ပင်လယ်စာတွေကို အစိမ်းထည့်ထားတာတော့ မစားသင့်ပါဘူး။ ပျို့အန်တာ၊ ဝမ်းပျက်တာ၊ ဗိုက်အောင့်ဗိုက်နာတွေဖြစ်စေနိုင်တဲ့anisakiasis လို ကပ်ပါးပိုးတွေနဲ့ ဘက်တီးရီးယားတွေပါလာနိုင်ပါတယ်။ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်တွေနဲ့ ကိုယ်ခံအားနည်းတဲ့သူတွေဆို ပိုပြီးသတိထားသင့်ပါတယ်။ သူ့ဒေသရေမြေအနေအထား အပူချိန်၊လတ်ဆတ်မှု၊ တာရှည်ခံမှုတို့က ဒီမှာဆိုရင် ကွဲပြားနိုင်တာမို့ ဂျပန်စတိုင်အတိုင်း အစိမ်းမစားသင့်ပါဘူး။ဝက်သားကို အစိမ်းစားလေ့မရှိကြပေမယ့် မကျက်တကျက်တော့ စားမိနိုင်ပါတယ်။ လတ်ဆတ်မှုအားနည်းတဲ့အသားတွေကို အကင်အဖြစ်စားမိရင်salmonella၊E. coli, နဲ့ listeria တို့လို ဘက်တီးရီးယားတွေရသွားနိုင်ပါတယ်။ ဝက်သားဆိုတာ အပူပြင်းပြင်းနဲ့ ကျက်အောက်ချက်ပြုတ်ပြီး ကျက်ရင်တောင် အနည်းဆုံး ၃ မိနစ်လောက် ထားပြီးမှ စားသင့်တဲ့အသားပါ။အပေါ်မှာပြောခဲ့သလိုပဲ ယဉ်ကျေးမှုတွေ၊ အစားအသောက်တွေ နိုင်ငံအချင်းချင်းဖလှယ်လာကြတဲ့အခါ ကိုရီးယားရုပ်ရှင်တွေထဲကလိုရေဘဝဲအစိမ်းတို့၊ ကမာအစိမ်းတို့ စားချင်လာကြမှာပဲ။ရေဘဝဲကိုတော့ ဂျပန်ဆိုင်မှာ အစိမ်းသုပ်စားမိနိုင်တယ်၊ ကမာဆိုလည်းဈေးကြီးပေးပြီး မှာယူစားသုံးလာကြပါတယ်။ ကမာကောင်အစိမ်းကနေ အသည်းရောင်အေပိုးကို ကူးစက်ပြန့်ပွားနိုင်ပါတယ်။ပုဇွန် သို့မဟုတ် ပင်လယ်စာတွေကို သံပရာသီးနဲ့ အစိမ်းသုပ်တာဟာ ဆူရှီမှာလိုပဲ အစာအဆိပ်သင့်စေနိုင်တဲ့ ဘက်တီးရီးယားတွေ၊ ကပ်ပါးပိုးတွေပါလာနိုင်ပါတယ်။ ပုဇွန်အကွေး ငါးအနွေးလို့ပြောပြီး မကျက်တကျက်တွေ စားနေကြတာက သိပ်တော့မကောင်းပါဘူး။ပြန်နွှေးစားတဲ့အခါမှာလည်း အပူပြင်းပြင်းနဲ့နွှေးသင့်ပါတယ်။ကြက်ဥအစိမ်းတွေမှာ အစာအဆိပ်သင့်စေနိုင်တဲ့salmonella ပါနေနိုင်ပါတယ်။ အားရှိအောင်ဆိုပြီး အစိမ်းဖောက်သောက်တာတွေက မကောင်းပါဘူး။ အလွန်ဆုံး ကာကျက်၊ ဟက်ဖ်ဘွိုင်လောက်တော့ စားပါ။ကြက်အူချောင်းလို့တော့ခေါ်လိုက်တာပဲ။ ဒီမှာကဟော့ဒေါ့လို့လည်းခေါ်တယ်၊ခေါက်ဆွဲပြုတ်ထဲ၊ဟော့ပေါ့ထဲထည့်စားကြတယ်လေ။ပြုပြင်စီမံထားတာဘာညာ အသာထား။ အရေးကြီးတာက အသင့်စားလို့ရတယ်ဆိုတဲ့ဟော့ဒေါ့ချောင်းတွေကို ဒီအတိုင်းမစားလိုက်ဖို့ပါပဲ။ အနည်းဆုံးတော့ အပူပေးပြီးမှစားသင့်ပါတယ်။ သူတို့မှာListeria ဘက်တီးရီးယားပါဝင်နိုင်လို့ အပူပေးသင့်ပါတယ်။ပုံမှန်ဆိုမစားကြပေမယ့် အရသာချိုပြီးနူးညံ့တာကြောင့် တို့စရာအဖြစ် အစိမ်းစားသူတွေရှိပါတယ်။ ခရမ်းသီးအစိမ်းမှာsolanine ဆိုတဲ့ဓါတ်ပါဝင်တာကြောင့် အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။ နုတဲ့ ခရမ်းသီးမှာ ဒီဓါတ်ပိုများတတ်တာကြောင့် သတိထားစားပါ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%b1%e1%80%9b%e1%80%ac%e1%80%82%e1%80%ab%e1%80%80%e1%80%84%e1%80%b9%e1%80%b8%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%80%9b%e1%80%84%e1%80%b9-%e1%80%a1%e1%80%85%e1%80%ad%e1%80%99%e1%80%b9%e1%80%b8/
လေလည်ရလွန်းလို့ စိတ်အနှောင့်အယှက်ဖြစ်နေသလား
လေလည်ခြင်းဟာအစာအိမ်အူလမ်းကြောင်းရဲ့ သဘာဝလှုပ်ရှားမှုတစ်ခုဖြစ်ပြီး ကျန်းမာရေးကောင်းမွန်တဲ့ သင်္ကေတလို့ မှတ်ယူကြပါတယ်။ ကိုယ်ခန္ဓာထဲကလေဟာ အပြင်ကို မထွက်ရင် ဝမ်းဗိုက်ဟာ ပူဖောင်းကြီးလို ဖောင်းကားလာနိုင်ပါတယ်။ သုတေသနတစ်ခုအရ လူအများစုဟာ တစ်နေ့တာမှာ ၁၄ ကြိမ်ကနေ ၂၃ ကြိမ်အတွင်း လေလည်လေ့ရှိတယ်လို့ ဆိုပါတယ်။လေလည်လိုက်တဲ့ လေအများစုဟာ မျိုချလိုက်မိတဲ့လေ ဖြစ်ပါတယ်။တစ်နေ့တာစားသောက်ရာကနေ အစာအိမ်အူလမ်းကြောင်းထဲ ရောက်သွားတဲ့လေတွေ ဖြစ်ပါတယ်။ ကျန်တဲ့လေများကတော့ အစာအိမ်အူလမ်းကြောင်းကနေ အစားအစာတွေကို ချေဖျက်ရာကနေ ထွက်လာတဲ့လေ ဖြစ်ပါတယ်။လေလည်ခြင်းဟာ နေ့စဉ်ဘဝရဲ့ သာမန်အစိတ်အပိုင်းဆိုပေမယ့် တခါတရံမှာ လူမှုရေးအရ ကသိကအောင့်ဖြစ်ရပါတယ်။ အထူးသဖြင့် အနံ့ဆိုးနေချိန်မှာ ဖြစ်ပါတယ်။ လေလည်ခြင်းကို လုံးဝရပ်တန့်ထားဖို့ မဖြစ်နိုင်ပေမယ့် လေလည်တာကို လျော့ကျသက်သာစေမယ့် နည်းလမ်းတွေ ရှိပါတယ်။လေအများစုဟာ မျိုချလိုက်မိတဲ့လေတွေ ဖြစ်ပါတယ်။ စားသောက်ချိန်မှာ လေတွေပါ ပါမသွားအောင် တားဆီးဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အစာကို ဖြေးညင်းစွာနဲ့ ကြေညက်စွာ ဝါးစားရင် လေတွေသိပ်မဝင်နိုင်ပါဘူး။ အစားအစာကို တက်သုက်ရိုက်ပြီး မြန်မြန်စားရင် လေများစွာကို ဝမ်းဗိုက်ထဲရောက်စေမှာ ဖြစ်ပါတယ်။ ကောင်းတာကတော့ တခြားလှုပ်ရှားမှုတခုခု ဥပမာလမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း ပြုလုပ်နေစဉ် အစားမစားသင့်ပါဘူး။ပီကေကို တချိန်လုံးဝါးနေသူများဟာ လေများစွာကို မျိုချမိနေတတ်ပါတယ်။ ခံတွင်းအနံ့ကောင်းစေချင်ရင် ပီကေအစား သကြားမပါတဲ့ ပူရှိန်း (mint) တစ်မျိုးမျိုးငုံတာ ပိုကောင်းပါတယ်။ ဒါမှမဟုတ်ခံတွင်းသန့်ဆေးရည်ပြောင်းပြီးသုံးနိုင်ပါတယ်။အစားအစာတချို့ဟာ ပိုပြီး လေပွစေတတ်ပါတယ်။ အထူးသဖြင့် ကာဘိုဟိုက်ဒရိတ်ဖြစ်ပါတယ်။ ကာဘိုဟိုက်ဒရိတ်ဓာတ်ဟာ အူမကြီးထဲမှာ အချဉ်ပေါက်ပြီး လေများပိုမို ပွလာတတ်ပါတယ်။ ပဲအမျိုးမျိုး၊ပန်းပွင့်စိမ်း၊ ပန်းဂေါ်ဖီ၊ ကညွတ်၊ နို့နဲ့နို့ထွက်ပစ္စည်း၊ အာလူးနဲ့ တခြားအသီးအနှံအမျိုးမျိုးဟာလည်း လေပွစေတတ်ပါတယ်။ အမှန်တော့ အဲဒီအစားအစာတွေဟာ ကျန်းမာရေးအတွက် အထောက်အကူပြုစေတဲ့ အစားအစာတွေဖြစ်ပါတယ်။ ဒါကြောင့် လုံးဝရှောင်ရှားဖို့မဟုတ်ဘဲ အခြေအနေပေါ်မူတည်ပြီး အတိုးအလျှော့ပြုပြီး စားသုံးဖို့ ဖြစ်ပါတယ်။ကာဗွန်ထည့်သွင်းထားတဲ့ အဖျော်ယမကာများမှာ ပါဝင်တဲ့ ပူစီဖောင်းအမြှုပ်များဟာ သင့်ကို လေပိုပွစေတတ်ပါတယ်။ များသောအားဖြင့် အစာအိမ်အူလမ်းကြောင်းတလျှောက် ဖြတ်သန်းသွားပြီး အူမကြီးကနေတဆင့် အပြင်ပြန်ထွက်သွားပါတယ်။ လေပွနေချိန်မှာ ကာဗွန်ဖြည့်ထားတဲ့အချိုရည်တွေအစား ရိုးရိုးဖျော်ရည်ပဲ သောက်သုံးသင့်ပါတယ်။အစားအစာတွေကို ချေဖျက်ပေးနိုင်မယ့် ဆေးဝါးတချို့ရှိပါတယ်။ အဓိကအားဖြင့် a-galactosidase အင်ဇိုင်းကို သုံးစွဲပါတယ်။ ဈေးကွက်ထဲမှာ အမည်မျိုးစုံနဲ့ ရှိပါတယ်။ ဒီအင်ဇိုင်းတွေဟာ ကာဘိုဟိုက်ဒရိတ်များကိုအူမကြီးထဲထိ မရောက်စေဘဲ အူသိမ်ပိုင်းမှာပဲ ချေဖျက်ပေးတဲ့အတွက် လေလည်ခြင်းကို လျော့ကျစေပါတယ်။ အစာကိုလည်း ပိုမိုကြေညက်စေပါတယ်။ပရိုဘိုင်အိုတစ်ဆိုတာ အကျိုးပြုဘက်တီးရီးယားတွေကို ဆိုလိုပါတယ်။ အစာအိမ်အူလမ်းကြောင်းထဲမှာ အစားအစာများကို ချေဖျက်ရာမှာ ကူညီပေးတဲ့ အကျိုးပြုဘက်တီးရီးယားတွေ ရှိပါတယ်။ အဆိုပါအကျိုးပြုဘက်တီးရီးယားတွေကို အားဖြည့်ဓာတ်စာများကနေလည်း ရယူနိုင်ပါတယ်။ အထူးသဖြင့် အစာအိမ်အူလမ်းကြောင်း မကောင်းသူများအတွက် ပိုမိုသင့်တော်ပါတယ်။ဆေးလိပ်၊ ဆေးပြင်းလိပ်၊ အီးစီးကရက် ဘယ်အရာမဆို လေများကို မျိုချမိစေတတ်ပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ သင့်ရဲ့အစာအိမ်အူလမ်းကြောင်းထဲကို လေများ ပိုမိုဝင်ရောက်စေပါတယ်။ဝမ်းထဲမှာ ဘက်တီးရီးယားပေါင်းများစွာ ပါဝင်ပါတယ်။ အကယ်၍ ဝမ်းချုပ်နေတယ်ဆိုရင် အူမကြီးထဲမှာ ဘက်တီးရီးယားတွေ အချိန်ကြာမြင့်စွာ ခိုအောင်းနေနိုင်ပြီး အချဉ်ပေါက်တဲ့ ဖြစ်စဉ် ပေါ်ပေါက်လာပါလိမ့်မယ်။ အဲဒီအခါ လေများပိုမို ထွက်ပေါ်လာပြီး အနံ့ပါဆိုးရွားနိုင်ပါတယ်။ ဝမ်းချုပ်တာကို ကာကွယ်ဖို့ ရေများများသောက်ပြီး အမျှင်ဓာတ်ပါတဲ့ အသီးအနှံတွေစားရပါမယ်။ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ရပါမယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/bloating-gas/%e1%80%9c%e1%80%b1%e1%80%9c%e1%80%8a%e1%80%ba%e1%80%9b%e1%80%9c%e1%80%bd%e1%80%94%e1%80%ba%e1%80%b8%e1%80%9c%e1%80%ad%e1%80%af%e1%80%b7-%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%a1%e1%80%94%e1%80%be/
နေမကောင်း မဖြစ်ဖို့ သွားတိုက် ကြစို့
သွားတိုက် တာသွားကျန်းမာရေးအတွက်ပဲ မဟုတ်ပါဘူး။သွားနဲ့ ခံတွင်း ကျန်းမာရေးက သင်ထင်ထားတာထက် အများကြီး ပိုအရေးကြီးပါတယ်။ နှလုံးရောင်တာက စလို့ အယ်ဇိုင်းမား ရောဂါအထိ သွားတိုက်တာက အရေးပါတယ်လို့ ပြောရင် ယုံမလားမသိ။တခြားနေရာတွေလိုပဲ ခံတွင်းထဲမှာလည်း ဘက်တီးရီးယားတွေ ရှိပါတယ်။ အများစုကတော့ အန္တရာယ် မပေးပါဘူး။ ဒါပေမယ့် ခံတွင်းက ရောဂါတွေရဲ့ ဝင်ပေါက်ဆိုတာကိုလည်း မမေ့ပါနဲ့။ ဒီကနေ အစာခြေလမ်းကြောင်းနဲ့ အသက်ရှူလမ်းကြောင်းထဲကို ပိုးတွေ အများကြီး ဝင်သွားနိုင်တယ်လေ။ပုံမှန်ဆို လူတစ်ယောက်က ခုခံအားလည်း ကောင်းနေမယ်။သွားသန့်ရှင်းရေးလည်း ပုံမှန်လုပ်ပေးမယ်ဆိုရင် ဘက်တီးရီးယားတွေက မသောင်းကျန်းနိုင်ပါဘူး။ ဒါပေမယ့် သွားမတိုက်ဘူး၊ ခံတွင်း သန့်ရှင်းရေး မလုပ်ဘူးဆိုရင်တော့ ခံတွင်းထဲမှာ မကောင်းတဲ့ ဘက်တီးရီးယားတွေ ပိုများလာပြီး သွားနဲ့ ခံတွင်း ရောဂါတွေ ဖြစ်လာပါလိမ့်မယ်။ဒါ့ပြင် နှာစေးပျောက်ဆေး၊ အလာဂျီပျောက်ဆေး၊ အကိုက်အခဲ ပျောက်ဆေး၊ ဆီးဆေးနဲ့ စိတ်ကျရောဂါကုဆေးတွေကလည်း ဘေးထွက်ဆိုးကျိုးအနေနဲ့တံတွေးထွက်တာကို နည်းစေပါတယ်။ တံတွေးရဲ့ အလုပ်က စားကြွင်းစားကျန်တွေကို ရှင်းထုတ်ပြီး ဘက်တီးရီးယားတွေကြောင့် ထွက်လာတဲ့ အက်စစ်တွေကို ခြေဖျက်ဖို့ပါ။ ဒါ့ပြင် ပိုးတွေ ပွားမလာအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။လေ့လာချက်တွေအရ ခံတွင်းထဲက ဘက်တီးရီးယားတွေရယ်၊သွားဖုံးရောင်တာတွေရယ်က တချို့ရောဂါတွေနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ ဒါ့ပြင် ဆီးချိုတို့၊ HIV/AIDSတို့လိုမျိုး ရောဂါတွေမှာ ခုခံအားကျတာကြောင့် ခံတွင်းထဲက ပိုးတွေ ထကြွပြီး ခံတွင်းရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ခံတွင်းသန့်ရှင်းရေး မလုပ်ဘူးဆိုရင် အောက်ပါ ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ခံတွင်း အပါအဝင် ခန္ဓာကိုယ် တခြားနေရာက ပိုးတွေက သွေးထဲကနေတဆင့် နှလုံးကို ရောက်မယ်။ နှလုံးမှာ ကပ်တွယ်ပြီး ပွားမယ်ဆိုရင် နှလုံးအတွင်းပိုင်း ရောင်ရမ်းတာ ဖြစ်တတ်ပါတယ်။ဘာကြောင့်လဲဆိုတာ တိတိကျကျ မပြောနိုင်သေးပေမယ့် တချို့ လေ့လာချက်တွေမှာ ခံတွင်းက ပိုးမွှားတွေကြောင့် ဖြစ်လာတဲ့ ရောင်ရမ်းခြင်းတွေက သွေးကြောတွေကို ထိခိုက်စေပြီးလေဖြတ်စေနိုင်တယ်၊ နှလုံးရောဂါ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ သွားဖုံးရောင်ရမ်းတာကြောင့် ပိုးဝင်လွယ်ပြီးလမစေ့ ပေါင်မပြည့်တဲ့ ကလေးတွေ မွေးတတ်ပါတယ်။ခံတွင်းထဲက ပိုးတွေက အဆုတ်ထဲကို ရောက်တဲ့အခါ နမိုးနီးယား အဆုတ်ရောင် ရောဂါနဲ့ တခြား အသက်ရှူလမ်းကြောင်း ပြဿနာတွေ ဖြစ်တတ်ပါတယ်။တချို့ရောဂါတွေကြောင့် သွားကျန်းမာရေး ထိခိုက်ရတာမျိုးတွေလည်း ရှိပါတယ်။ ဥပမာ။ဆီးချိုရောဂါမှာ ခုခံအားကျပြီး ရောဂါပိုးတွေကို ခံနိုင်ရည် မရှိပါဘူး။ ဒီထဲမှာ ခံတွင်းရောဂါပိုးတွေလည်း ပါပါတယ်။ ဆီးချိုရောဂါရှိတဲ့သူတွေမှာ သူများထက် သွားဖုံးပြဿနာတွေ ပိုဖြစ်တတ်တာကို တွေ့ရပါတယ်။လေ့လာချက်တွေအရ သွားဖုံးရောဂါရှိတဲ့ ဆီးချိုသမားတွေက စားရသောက်ရ ခက်လို့ ဆီးချိုထိန်းရတာလည်း ပိုခက်ပါတယ်။ ဒါကြောင့် ဆီးချိုရှိသူတွေမှာ ခံတွင်းကျန်းမာရေးကို ပုံမှန်စစ်ဆေးပေးတာက ဆီးချို ထိန်းဖို့ အထောက်အကူ ဖြစ်နိုင်ပါတယ်။ခံတွင်းထဲမှာ အနာတွေ ပေါက်တာ၊ ပြည်တည်တာတွေက HIV/AIDSရှိတဲ့သူတွေမှာ ပိုတွေ့ရတတ်ပါတယ်။ သူတို့ဆိုရင်လည်း ပုံမှန် သွားတိုက်ဖို့၊ သွားကျန်းမာရေး စစ်ဆေးဖို့ လိုပါတယ်။အရိုးပွရောဂါကလည်း သွားကျွတ်ထွက်တာ၊ မေးရိုးတွေ ပါးလာတာနဲ့ ဆက်စပ်နေပါတယ်။ အရိုးပွရောဂါမှာ ကုသတဲ့ တချို့ဆေးတွေကလည်း မေးရိုးကို အနည်းငယ်ထိခိုက်စေနိုင်တာကို တွေ့ရပါတယ်။ဘာကြောင့်လည်း မသိပေမယ့် အယ်ဇိုင်းမား ရောဂါ ဆိုးလာလေလေ သွားကျန်းမာရေး ပိုပြီး ထိခိုက်လေလေပါပဲတဲ့။သွားကျန်းမာရေးကို ထိခိုက်စေတဲ့ တခြားရောဂါတွေကတော့ စားသောက်မှုပုံစံမမှန်တဲ့ ရောဂါတွေ (ဥပမာ စားပြီး ပြန်အန်ထုတ်ရာက အက်စစ်နဲ့ ထိတွေ့ပြီး သွားတွေ ပျက်စီးတာ)။ လေးဖက်နာရောဂါ၊ တချို့ကင်ဆာတွေနဲ့ တံတွေးမထွက်စေတဲ့ Sjogren’s syndromeလို ရောဂါတွေပဲ ဖြစ်ပါတယ်။သိထားပြီးသား ရိုးရှင်း လွယ်ကူတဲ့ နည်းလမ်းတွေပါပဲ။သွားကျန်းမာရေးမှာ ရင်းနှီး မြုပ်နှံဖို့ မနှမြောပါနဲ့။ ယုတ်စွအဆုံး သွားတိုက် ဖို့တောင် မပျင်းပါနဲ့။ သွားကျန်းမာရေးကို ဂရုစိုက်မှ နောက်ဆက်တွဲ ရောဂါတွေ ဆက်ဖြစ်မလာအောင် ကာကွယ်နိုင်မှာပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/oral-care/oral-health-for-overall-health/
အစာအိမ်သမားတွေ နွားနို့သောက်တာ ကောင်းလား
အစာအိမ် ရောဂါ ရှိတာလား နွားနို့သောက်လေ။ နွားနို့က အစာအိမ် အတွက်ကောင်းတယ်တဲ့။ ဟိုးအရင်တည်းက ဒီလို သိထားကြတာပဲ။ အစာအိမ်သမားတွေ နွားနို့သောက်တာ ကောင်းလား ။ဒါက တကယ်ရော မှန်ရဲ့လား။အမှန်ကတော့ အစာအိမ်အက်စစ် ပြန်ဆန်တက်တဲ့ ဝေဒနာကို သက်သာဖို့ နွားနို့သောက် ကြတာပါ။ ရင်ပူလာရင် အစာအိမ်အက်စစ် ထွက်တာ လျော့သွားအောင် နွားနို့သောက်ခြင်းက ကူညီပေးနိုင်တယ်ပေါ့။ အဲဒီမှာ နွားနို့က အစာအိမ်အက်စစ် ထွက်တာကို ယာယီပဲ လျော့စေနိုင်တာဖြစ်ပြီး တကယ် ကုသပေးနိုင်တာ မဟုတ်ပါဘူး။နွားနို့မှာပါတဲ့ ပရိုတင်းက အူသိမ်ဦးပိုင်း ကြွက်သားတွေကို အားကောင်းစေပြီး အစာအိမ်ရင်ပူခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် ရင်ပူဝေဒနာကို မကြာခဏ ခံစားနေကျ အစာအိမ်သမားတွေမှာ အဆီများတဲ့ အစားအသောက်တွေကြောင့် အစာအိမ်အက်စစ် ပိုထွက်စေနိုင်လို့ သောက်မယ်ဆို အဆီထုတ် နွားနို့ကမှ အဆင်ပြေနိုင်ပါတယ်။နွားနို့သောက် လိုက်ရင် ရင်ပူတာနဲ့ အစာအိမ်အက်စစ်ကြောင့် ဖြစ်တဲ့ အနာတို့ရဲ့ လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ သောက်တာများရင်တော့ အက်စစ် ပိုထွက်စေပြီး ပိုလို့တောင် ဆိုးစေနိုင်ပါတယ်။ ဒါ့ကြောင့် အစာအိမ်သမားတွေ အနေနဲ့ အက်စစ်ထွက်ရှိမှု ထိန်းနိုင်ဖို့ နွားနို့ နဲ့ နို့ထွက်ပစ္စည်းတွေကို အလွန်အကျွံ မစားမသောက်ဖို့ ကျန်းမာရေးပညာရှင်တွေက သတိပေးထားပါတယ်။နွားနို့အပြင် အစာအိမ်သမားတွေ စားသုံးနိုင်တဲ့ အစားအစာတွေကတော့။Probioticsပါတဲ့အစားအစာ။ဒိန်ချဉ်၊ ပဲပြား၊ ကင်ချီ၊ စတဲ့ အစားအစာတွေမှာ probiotics လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားတွေပါဝင်ပါတယ်။ အဲဒီ probiotics လေးတွေကH. pyloriရောဂါပိုးကို ခုခံတိုက်ထုတ်ပေးနိုင်ပါတယ်။ ဒါ့ပြင် ကုသမှုတွေ၊ ဆေးတွေကို အာနိသင်ပိုထိရောက်အောင် ကူညီပေးပါတယ်။အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာ။ပန်းသီး၊ သစ်တော်သီး၊ အုတ်ဂျုံ စတဲ့အစားအစာတွေမှာ အမျှင်ဓာတ်ပါဝင်မှုများပါတယ်။ အမျှင်ဓာတ်က အစာအိမ်ထဲမှာ အက်စစ်ထွက်ရှိမှုပမာဏကိုလျော့နည်းစေပြီး လေပွခြင်း၊ ဗိုက်အောင့်ခြင်းတွေကို သက်သာစေပါတယ်။ အစာအိမ်အနာကိုလည်း ကာကွယ်ပေးတယ်လို့ သုတေသနတွေက ဆိုပါတယ်။ဗီတာမင် A ကြွယ်ဝတဲ့ အစားအစာ။ဗီတာမင် A ကြွယ်ဝတဲ့ ကန်စွန်းဥက အစာအိမ်အနာတွေကို သေးငယ်သွားစေနိုင်တယ်၊ မဖြစ်ခင်မှာလည်း ကြိုတင်ကာကွယ်ပေးနိုင်တဲ့ အစွမ်းရှိတယ်လို့ သိရပါတယ်။ ဟင်းနုနွယ်၊ မုန်လာဥနီနဲ့ အမဲအသည်းတို့အပါအဝင် ဗီတာမင် A ကြွယ်ဝတဲ့တခြားအစားအစာတွေဟာလည်း အာနိသင်အလားတူပါပဲ။ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာ။ဗီတာမင် C က အနာကျက်စေနိုင်တဲ့ အစွမ်း ရှိတာမို့ ဒီဓာတ် မလုံလောက်တဲ့ သူတွေမှာ အစာအိမ် အနာဖြစ်နိုင်ခြေ ပိုများပါတယ်။ ပန်းငရုတ်ပွအပြင် အရည်ရွှမ်းတဲ့ အချဉ်သီးတွေ၊ စတော်ဘယ်ရီ၊ ကီဝီနဲ့ ပန်းဂေါ်ဖီစိမ်းတို့ကိုလည်း စားလို့ ရပါတယ်။ အချဉ်တွေ စားမယ်ဆိုရင်တော့ သတိပြုပါ။ တချို့တွေက အချဉ်တွေ စားတဲ့အခါ ရင်ပူဝေဒနာ ပိုဆိုးတတ်လို့ပါ။ဒါကြောင့်နွားနို့သောက်မယ်ဆို အဆီနည်းတဲ့ နွားနို့ကို တော်သင့်ရုံ အနည်းအကျဉ်း သောက်ပါ၊ သက်သာပါတယ်။ အစာအိမ် မကောင်းချိန်မှာ အဆီတွေ၊ မလိုင်တွေနဲ့ အဆီပြည့် နွားနို့တွေ၊ နို့ထွက်ပစ္စည်းတွေကို များများ မသောက်၊ မစားပါနဲ့။တစ်ချိန်တည်းမှာပဲ အစာအိမ်နာရတဲ့ အကြောင်းရင်းကို ရှာဖွေကုသဖို့ပါ အကြံပြုချင်ပါတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/gastritis-digestive-health/does-milk-calm-an-upset-stomach/
လျှာကိုက်မိတာ ကြောင့် အနာဖြစ်ရင် သက်သာစေဖို့
စကားပြောရင်းဖြစ်ဖြစ် အစားစားရင်းဖြစ်ဖြစ် အခန့်မသင့်ရင်လျှာကိုက်မိတတ်ကြပါတယ်။ တစ်ခါတလေ ညအိပ်နေရင်း ယောင်ပြီး လျှာကိုက်မိတာ မျိုးတောင် ဖြစ်တတ်ပါတယ်။လျှာကိုက်မိတဲ့အခါ ကိုက်မိတဲ့ အားပြင်းသလောက် ထိခိုက်မှုလည်း ပြင်းပါတယ်။ တစ်ခါတလေ လျှာက ရက်အတော်ကြာတဲ့အထိ နာနေတာမျိုး ရှိသလို လျှာမှာ အနာလို ဖြစ်တာမျိုးတောင် ရှိပါတယ်။ ဒီတစ်ခေါက်တော့ မတော်တဆ လျှာကိုက်မိတာကြောင့် လျှာမှာ အနာဖြစ်တဲ့အခါ သက်သာစေဖို့ လုပ်ဆောင်ရမယ့်အိမ်တွင်းနည်းလမ်းလေးတွေကို ပြောပြပေးသွားမှာပါ။လျှာမှာ အနာဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေက အများကြီးပါ။ အပေါ်မှာ ပြောခဲ့သလို လျှာကိုက်မိတာ ကြောင့် ဖြစ်နိုင်သလိုသွားထိန်းတပ်ထားသူတွေမှာ သွားထိန်းတပ်ထားတာကြောင့် ထိခိုက်မိပြီး လျှာမှာ အနာဖြစ်နိုင်ပါတယ်။အရမ်းစပ်တဲ့ အစားအစာတွေ စားမိတာ၊ဆေးလိပ်သောက်တာ၊ ဆေးဝါးအချို့ကြောင့်လည်း လျှာမှာ အနာဖြစ်နိုင်ပါတယ်။ တစ်ခါတလေမှာမှိုပိုးကူးစက်တာကြောင့်လည်း လျှာမှာ အနာဖြစ်စေနိုင်ပါတယ်။ဒီလိုဖြစ်တဲ့အခါ ဆေးဝါးတွေ သောက်သုံးတာမျိုး မဟုတ်ဘဲနေအိမ်မှာပဲ သက်သာအောင်လုပ်ပေးလို့ ရပါတယ်။လျှာမှာအနာဖြစ်တဲ့အခါ သက်သာစေဖို့ ဒီနည်းလမ်းလေးတွေက အသုံးတည့်မှာပါ။ရေခဲကပ်တာက ထုံသွားစေတာကြောင့် လျှာနာတာကို သက်သာစေနိုင်ပါတယ်။ လျှာ အရမ်းနာနေရင် အသုံးပြုသင့်တဲ့ နည်းလမ်းပါ။  လျှာအနာကို ရေခဲကပ်ပေးလို့ ရသလို ရေခဲနဲ့ ပွတ်ပေးတာမျိုး လုပ်ပေးလို့လည်း ရပါတယ်။အုန်းဆီကဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ လျှာက အနာကို သက်သာစေဖို့လည်း အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။ဒါကြောင့် လျှာအနာ ဖြစ်မယ်ဆိုရင် ဂွမ်းစသန့်သန့်လေးမှာ အုန်းဆီဆွတ်ပြီး လျှာအနာပေါ်မှာ ၁၅ မိနစ်လောက် ကပ်ထားပေးပါ။ ပြီးရင်ရေနွေးနွေးလေးနဲ့ အာလုပ် ကျင်းလိုက်ပါ။ ဒီလိုလုပ်ပေးတာကလည်း လျှာပေါ်က အနာကို သက်သာစေနိုင်မှာပါ။ချာမိုမိုင်း လက်ဖက်ရည်က အရောင်ကျစေနိုင်ပါတယ်။ လျှာအနာမှာ ပြည်တည်နေခဲ့ရင်လည်း  ပြည်တွေကို သန့်စင်ပေးနိုင်မှာပါ။ချာမိုမိုင်း လက်ဖက်ရည်ကို ခပ်နွေးနွေးအနေလေးမှာ ပါးစပ်ထဲ ခဏငုံထားပြီး သောက်ပေးပါ။ ထွေးထုတ်လို့လည်း ရပါတယ်။Baking soda က အနာကျက်စေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဒီတော့ လျှာအနာဖြစ်မယ်ဆိုရင် Baking soda လက်ဖက်ရည်ဇွန်း ၃ ဇွန်း ဒါမှမဟုတ် ၄ ဇွန်းစာကို ရေနဲ့ ခပ်ပျစ်ပျစ်​လေး ဖျော်ပေးပြီး လျှာအနာ ပေါ်မှာ လိမ်းပေးပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ ဆေးချပေးပါ။ဒီလို လုပ်ပေးတာက နာတာကို သက်သာစေသလို အနာလည်း ကျက်စေနိုင်မှာပါ။ဆားရည်က အာသီးရောင်တာ၊ ပါးစပ်ထဲကအနာ၊ လည်ချောင်းနာတာ၊ ချောင်းဆိုးတာတွေကို သက်သာစေနိုင်သလို လျှာအနာ ကိုလည်း သက်သာစေနိုင်ပါတယ်။လျှာအနာ သက်သာစေဖို့ဆိုရင်တော့ တစ်နေ့ကို ၂ ကြိမ် ကနေ ၃ ကြိမ်လောက် ဆားရည်နဲ့ အာလုပ်ကျင်းပေးပါ။ အစားစားတာကြောင့် လျှာနာတာ၊ စကားပြောတာကြောင့် လျှာနာတာတွေကို သက်သာစေနိုင်သလို လျှာအနာကို ပိုးဝင်ကူးစက်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။လျှာမှာ အနာဖြစ်နေတာကြောင့် စားရတာ အဆင်မပြေဖြစ်နေမယ်။ စကားပြောရတာ အဆင်မပြေဖြစ်နေမယ်ဆိုရင်တော့ ဒီနည်းလမ်းလေးတွေက သက်သာစေမှာပါ။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/gum-mouth-diseases/home-remedies-for-sore-on-tongue/
လေဖြတ်ခြင်းရဲ့နောက်ဆက်တွဲ ခေါင်းကိုက်ဝေဒနာကို ဘယ်လိုဖြေရှင်းရမလဲ
ခေါင်းကိုက်ခြင်းဟာ အလွန်အဖြစ်များတဲ့ ဝေဒနာတစ်ခု ဖြစ်ပါတယ်။ စိတ်ကျဝေဒနာ၊ စိတ်ဖိစီးမှု၊ အိပ်ရေးပျက်ခြင်း စတဲ့ အကြောင်းရင်းအမျိုးမျိုး၊ ရောဂါအမျိုးမျိုးကြောင့် ခေါင်းကိုက်နိုင်သလို လေဖြတ်ခြင်းကြောင့်လည်း ခေါင်းကိုက်ဝေဒနာ ခံစားရတတ်ပါတယ်။ လေဖြတ်ခြင်းရဲ့ နောက်ဆက်တွဲ ခေါင်းကိုက်ဝေဒနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ဒီဆောင်းပါးမှာ ဖော်ပြပေးလိုက်ပါတယ်။ဦးနှောက်ရောင်ရမ်းခြင်း၊ ဦးနှောက်အစိတ်အပိုင်းအချို့ ထိခိုက်ပျက်စီးခြင်း၊ ဦးနှောက်တွင်း သွေးလှည့်ပတ်မှု ပြောင်းလဲခြင်းတို့ကြောင့် အချို့လူနာတွေဟာ လေဖြတ်ပြီးနောက်မှာ ခေါင်းကိုက်ဝေဒနာ ခံစားကြရပါတယ်။ ဦးနှောက်သွေးယိုခြင်းကြောင့် လေဖြတ်တဲ့လူနာတွေမှာ ခေါင်းကိုက်ဝေဒနာ ခံစားရနိုင်ချေ ပိုများပါတယ်။လေဖြတ်ခြင်းရဲ့နောက်ဆက်တွဲ ခေါင်းကိုက်ဝေဒနာ (၄) မျိုး ရှိပါတယ်။သင့်အနေနဲ့ လေဖြတ်ပြီးနောက်ပိုင်း ခေါင်းကိုက်ဝေဒနာ ခံစားရမယ်ဆိုရင် သင့်ဆရာဝန်နဲ့ မဖြစ်မနေ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဒါမှသာ အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲပြဿနာ ရှိမရှိ အမြန်ဆုံးစစ်ဆေးနိုင်ပြီး လိုအပ်တဲ့ကုသမှု ခံယူနိုင်မှာ ဖြစ်ပါတယ်။ များသောအားဖြင့် ခေါင်းကိုက်ဝေဒနာဟာ စိုးရိမ်စရာမလိုတဲ့ လက္ခဏာတစ်ခုသာဖြစ်ပြီး ဖြစ်ပွားရတဲ့အကြောင်းအရင်းကို ရှာဖွေကုသနိုင်မယ်ဆိုရင် သက်သာပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။သင့်ဆရာဝန်အနေနဲ့ သင့်မှာဖြစ်နေတဲ့ ခေါင်းကိုက်ဝေဒနာအမျိုးအစားကိုလိုက်ပြီး သင့်တော်တဲ့ကုသမှု ပေးသွားမှာဖြစ်ပါတယ်။ကုသမှုနည်းလမ်းတွေကတော့။အကယ်၍ ခေါင်းကိုက်ဝေဒနာ ပိုမိုဆိုးရွားလာမယ်၊ ခေါင်းကိုက်တဲ့ပုံစံ ပြောင်းလဲလာမယ်ဆိုရင်တော့ အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲပြဿနာ ဖြစ်လာနိုင်တဲ့အတွက် သင့်ဆရာဝန်ကို အသိပေးသင့်ပါတယ်။ ပြင်းထန်တဲ့ခေါင်းကိုက်ဝေဒနာဟာ နောက်တစ်ကြိမ် လေဖြတ်မယ့်လက္ခဏာ ဖြစ်နေနိုင်ပါတယ်။ခေါင်းကိုက်ဝေဒနာဟာ ဦးနှောက်သွေးကြောပိတ်ဆို့မှုကြောင့် လေဖြတ်ထားတဲ့လူနာတွေမှာ အဖြစ်များတဲ့ နောက်ဆက်တွဲပြဿနာတစ်ခုဖြစ်ပါတယ်။ များသောအားဖြင့်တော့ ဒီဝေဒနာဟာ သာမန်လက္ခဏာတစ်ခုသာဖြစ်ပြီး ကုသပျောက်ကင်းနိုင်ပါတယ်။Hello Health Groupသည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/headaches-and-migraines/%e1%80%b1%e1%80%9c%e1%80%bb%e1%80%96%e1%80%90%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%80%9b%e1%80%b2%e1%82%95%e1%80%b1%e1%80%94%e1%80%ac%e1%80%80%e1%80%b9%e1%80%86%e1%80%80%e1%80%b9/
မေမေ ဖြစ်ခြင်း အနုပညာ
မေမေဆိုတဲ့ အသံလေးကို ကလေးဆီက ပထမဆုံးကြားရတဲ့ ပျော်ရွှင်မှုကလေ လက်ရှိအချိန်ထိ မေမေတို့ ပင်ပန်းခဲ့ရသမျှကို အကုန်လွင့်ပျောက်သွားစေတယ် မဟုတ်လား။ကလေးတို့ရဲ့ မေမေဖြစ်ရတာ ပျော်လား လို့မေးရင် ဘယ်လိုဖြေကြမှာလဲ။ ခဏလောက် တွေဝေပြီးရင် ကိုယ့်ရဲ့ နောက်ဆုံးအဖြေက ပျော်တာပေါ့ ဆိုတာပဲ ဖြစ်ကြမှာပါ။ မေမေဘဝမှာ ပင်ပန်းလိုက်၊ ဝမ်းသာလိုက်၊ ဝန်ပိပြီး စိတ်ဓာတ်ကျလိုက်၊ ပျော်ရွှင်လိုက်၊ တက်ကြွလိုက်နဲ့ ရသတွေ စုံခဲ့ရတာကိုး။ဒါပေမယ့်သားသားမီးမီးတို့ မျက်နှာကို မြင်လိုက်ရတဲ့ မေမေတို့ရဲ့ ပီတိအပျော်က ပင်ပန်းခဲ့ရသမျှ အရာအားလုံးကို ချေဖျက်ပစ်လိုက်နိုင်ပါတယ်။မိခင် တစ်ယောက် ဖြစ်ရတာ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ မေမေ့ရင်တွင်းကပျော်ရွှင်မှုက အတိုင်းမသိ များနေတာ သေချာပါတယ်။ ကလေးတွေ ဘယ်လောက် ကဲကဲ၊ ဝေယျာဝစ္စ အလုပ်ဘယ်လောက် များများ အကုန်လုံးကို ထမ်းပိုး ထိန်းသိမ်းနိုင်တာ မေမေ့မေတ္တာကြောင့်ပေါ့။ဖေဖေနဲ့ တခြားမိသားစုဝင်တွေ ဘယ်လောက်ပဲ ကူညီတယ်ပြောပြော ကလေးရဲ့ အရင်းနှီးဆုံးနဲ့ အနီးဆုံးသူဟာ မေမေ ပါ။ သားသားမီးမီးတွေကို ဘေးမရှိအောင် ထိန်းရ၊အာဟာရပြည့်အောင်ဂရုစိုက်ရ၊ လိမ္မာ အောင် သွန်သင်ရတာနဲ့ ဖတ်ဖတ်ကို မောရတာလည်း မေမေ ပါပဲ။မေမေတစ်ယောက် ဖြစ်ဖို့ သင်တန်းတွေ၊ ဆရာတွေ မလိုပါဘူး။ ကလေးကို ပြုစုစောင့်ရှောက်ဖို့ဆိုတာ  အချိန်တန်တော့ သူ့အလိုလို တတ်မြောက်သွားကြတာပဲ မဟုတ်လား။ ဒါပေမယ့် လွယ်တဲ့အလုပ်တော့ မဟုတ်ခဲ့ပါဘူး။ကိုယ့်သားလေး၊ သမီးလေး သူများတွေလို ကျန်းမာပါ့မလား။ အသေးအဖွဲ အမူအရာ၊လက္ခဏာလေးတွေက အစ အရိပ်တကြည့်ကြည့်နဲ့ စိတ်ပူရတာ၊ အတွေ့အကြုံရှိသူတွေဆီ မေးရ၊ လေ့လာရနဲ့ စိတ်မောရတာပါပဲ။ကလေးက ပုံမှန်ထွားလာရဲ့လား၊ တခြားကလေးတွေနဲ့ ယှဉ်ရင် ညှက်နေမလား၊ဉာဏ်ရည်ထက်မြက်ရဲ့လား အမြဲ ဂရုစိုက်နေတာ မေမေပါ။ဒီအတွက် ဘာတွေလိုအပ်မလဲအားဆေးလား အာဟာရလား ဘာလေးကျွေးရကောင်းမလဲ၊ ဘာလုပ်ပေးရကောင်းမလဲ ကောင်းနိုးရာရာ စုံစမ်းရတော့တာပေါ့။အိမ်ကနေ ဂရုစိုက်ပေးနေတာမို့ အပြင်ကိစ္စလည်း မေမေ မပါလို့ မဖြစ်ပြန်ပါဘူး။ ကျောင်းပညာရေးမှာရောစာလိုက်နိုင်ရဲ့လားကြည့်ရပါသေးတယ်။ ကလေးရဲ့အောင်မြင်မှု အတွက် အထောက်အကူ ဖြစ်စေမယ့် နည်းလမ်းတွေ ရှာလို့ ပင်မြင့်ကို တွန်းတင်ခဲ့တာ မေမေရဲ့လက်တစ်စုံ ပါပဲ။ကလေးတစ်ယောက် ပျော်ပျော်ရွှင်ရွှင်နဲ့ ကောင်းကောင်းမွန်မွန် ကြီးပြင်းလာဖို့ မိသားစု နဲ့ ပတ်ဝန်းကျင်ရဲ့ ပံ့ပိုးမှု အများကြီးပါဝင်ပါတယ်။ငယ်ငယ်ကတည်းကအမူအကျင့်ကောင်းလေးတွေ မွေးမြူပေးဖို့၊ လိုအပ်တာ ရှိရင် သွန်သင်တည့်မတ်ပေးဖို့၊ စည်းကမ်းပေးဖို့ ၊ ကလေး အမြင်မှာ စံပြ ဖြစ်အောင် နေပြဖို့မိဘတွေမှာ တာဝန် ရှိနေတာပါ။ ဒီတာဝန်မှာ အနီးဆုံး ဖြစ်တဲ့ မေမေက ပိုပြီး ပင်ပန်းရတာ အသေအချာ ပါပဲ။ဒါကြောင့် မေမေတွေကိုစူပါမေမေတွေလို့ ပြောရင် မလွန်ပါဘူးနော်။ ဘက်စုံထူးချွန်တဲ့ ကလေးတစ်ယောက်ရဲ့ နောက်ကွယ်မှာ စူပါမေမေရှိတယ်ဆိုတာက အမှန်တကယ်ပါ။လူလားမြောက်လာတဲ့ ခရီးလမ်းတစ်လျှောက်ကလေးတစ်ယောက်ကို ဒီလိုအသေးစိတ် ပုံသွင်းပျိုးထောင်လာခဲ့ရတဲ့မိခင်ဘဝထက် အနုပညာဆန်တာ ရှိပါဦးမလား။ဘယ်လောက်ပဲ ပင်ပန်းနေပါစေ၊ ကလေးတို့ရဲ့ အပြုံးတစ်ချက်၊ ခိုးခိုးခစ်ခစ်ရယ်သံတစ်ချက်နဲ့တင် မေမေတို့ အမောပြေရတာပဲ မဟုတ်လား။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/the-subtle-art-of-being-mom/
Cellulitis (အနာစိမ်း သို့ အရေပြားပိုးဝင်ခြင်းတစ်မျိုး)
Cellulitis ခေါ် အနာစိမ်း သို့အရေပြားပိုးဝင်ခြင်းတစ်မျိုးဖြစ်တယ်။ ဖြစ်လေ့ဖြစ်ထရှိပြီး အရေပြားနီရဲရောင်ရမ်းကာ ပူပြီးနာကျင်ရပါတယ်။ ခန္ဓါကိုယ်တစ်နေရာမှ တခြားတစ်နေရာကို လွယ်လွယ်ပျံ့တတ်ပြီး လူတစ်ယောက်ကနေတစ်ယောက်တော့ ပျံ့နှံ့ခဲပါတယ်။ခန္ဓါကိုယ်နေရာမရွေးဖြစ်နိုင်ပေမယ့် ခြေထောက်အောက်ပိုင်းအရေပြားတွေဟာ ဖြစ်နိုင်ချေအများဆုံးဖြစ်တယ်။ အရေပြားအပေါ်လွှာပဲဖြစ်နိုင်သလို အရေပြားအောက်ထဲ တစ်သျှူးနဲ့ ပြန်ရည်ကြောအကျိတ်၊ သွေးလမ်းကြောင်းတွေထိ ပျံ့နိုင်ပါတယ်။ မကုသပါက ပျံ့နှံ့သွားပြီး အသက်အန္တရာယ်ထိခိုက်နိုင်တယ်။ cellulitis လက္ခဏာတွေ့တွေ့ချင်း ချက်ခြင်းဆေးကုသမှုခံယူဖို့အရေးကြီးပါတယ်။ဖြစ်ေ့လဖြစ်ထရှိတဲ့ရောဂါတစ်မျိုးလို့ ပြောလို့ရပါတယ်။ လူမျိုးမရွေး၊ ဘာသာမရွေးဖြစ်နိုင်ပြီး အသက် ၄၅ နှစ်ကျော်ပါက ပိုခံစားရနိုင်ချေများပါတယ်။ဒါပေမယ့် ရောဂါဖြစ်ခြင်းကို အားပေးတဲ့အချက်တွေ၊ အခြေအနေတွေကို ထိန်းသိမ်းခြင်းဖြင့် ရောဂါဖြစ်ခြင်းကိုလျှော့ချနိုင်ပါလိမ့်မယ်။ အသေးစိတ်အချက်အလက်တွေအတွက် ဆရာဝန်ကိုမေးနိုင်ပါတယ်။လက္ခဏာအမျိုးမျိုးရှိတယ်။ များသောအားဖြင့် ခန္ဓါကိုယ်ရဲ့တစ်နေရာရာမှာပဲဖြစ်ပေါ်တတ်တဲ့ ဖြစ်နိုင်ချေရှိတဲ့ လက္ခဏာတွေကတော့ –။စောစီးစွာရောဂါတွေ့ရှိကုသခြင်းဟာ အခြေအနေ ပိုမဆိုးအောင်ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ပြင်းထန်တဲ့အခြေအနေထိဖြစ်မသွားဖို့ ဆရာဝန်နဲ့စောစောစီးစီးတိုင်ပင်သင့်တယ်။ ဖော်ပြပါအချက်များကြုံရပါက သို့ သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ပါ။ လူတိုင်းခန္ဓါကိုယ်က တစ်ယောက်နဲ့တစ်ယောက် မတူတာကြောင့် သင့်အခြေအနေအတွက် အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်တာ အကောင်းဆုံးပါ။ဘတ်တီးရိးယားများကြောင့်ဖြစ်တတ်ပြီး များသောအားဖြင့် streptococcus, staphylococcus ပိုးတွေဟာ အရေပြားပေါ်ရှိ ပေါက်ပြဲ ကွဲအက် ပြတ်ရှနေသော နေရာများမှ ဝင်တတ်ပါတယ်။ ပိုပြင်းထန်တဲ့ MRSA လို့ခေါ်တဲ့ methicillin ဆေးယဉ်ပါး ပိုးဝင်ခြင်း အခြေအနေဟာ ခုဆိုအဖြစ်များနေပါတယ်။ခန္ဓါကိုယ်နေရာအနှံ့မှာဖြစ်နိုင်ပေမယ့် အဖြစ်အများဆုံးကတော့ ခြေထောက်ဖြစ်တယ်။ ဘတ်တီးရီးယားတွေဟာ လတ်တလောခွဲစိတ်ထားခြင်း၊ ပြတ်ရှခြင်း၊ ပြည်တည်နာ၊ ခြေထောက်ကွဲခြင်း၊ အရေပြားရောင်ခြင်း တို့ကဲ့သို့ အရေပြားပေါ် ထိရှနေတဲ့နေရာတွေကနေဝင်နိုင်တယ်။တချို့သောအင်းဆက်ကိုက်ခြင်း၊ ပင့်ကူကိုက်ခြင်းတွေကလည်း ဘတ်တီးရီးယားတွေကို ပျံ့နှံ့စေတယ်။ ဘတ်တီးရီးယားတွေဟာ ခြောက်သွေ့၊ ကွဲရှ၊ ရောင်ရမ်းနေတဲ့နေရာတွေကနေ ဝင်နိုင်တယ်။တကယ်လို့ အောက်ပါအခြေအနေများကြုံဖူးပါက cellulitis ရောဂါဖြစ်နိုင်ချေများပါတယ်-။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရောဂါရှာဖွေမှု –။ဆရာဝန်ကရုပ်ပိုင်းဆိုင်ရာစမ်းသပ်မှုများနဲ့ တခြားစစ်ဆေးမှုတွေလုပ်လိမ့်မယ်။ ထိုစစ်ဆေးမှုတွေကတော့-။ထိခိုက်ထားသောနေရာမှ အရည်ကိုထုတ်ယူကာ ပိုးစစ်ဆေးမှုပြုလုပ်ပါလိမ့်မယ်။ပဋိဇီဝပိုးသတ်ဆေးဖြင့်ကုသနိုင်တယ်။ ဆေးသောက်ပြီး သုံးရက်ခန့်အကြာမှာ ဆေးအာနိသင်ထိရောက်မှုရှိမရှိဆရာဝန်ကိုပြောပြပါ။ ဆရာဝန်ညွှန်သလောက်သောက်ရနိုင်ပြီး များသောအားဖြင့်ကတော့ ၅-၁၀ ရက်မှ ၁၄ ရက်ခန့်ထိဖြစ်နိုင်ပါတယ်။များသောအားဖြင့်တော့ ရက်အနည်းအကြာမှာကောင်းသွားတတ်ပေမယ့် အောက်ပါအခြေအနေတွေဖြစ်ရင်တော့ ဆေးရုံတက်ပြီး ပဋိဇီဝပိုးသတ်ဆေးသွင်းဖို့လိုပါလိမ့်မယ်။များသောအားဖြင့် ဆရာဝန်တွေက streptococci နဲ့ staphylococci ပိုးများအတွက် ဆေးပေးလေ့ရှိတယ်။ လက္ခဏာတွေသက်သာသွားသည့်တိုင်အောင် ညွှန်းတဲ့အတိုင်း ဆေးကုန်သည်ထိ အတိအကျသောက်ဖို့က အရမ်းအရေးကြီးပါတယ်။အိမ်တွင်းကုထုံးများ၊ နေထိုင်မှုပုံစံပြောင်းလဲခြင်းများ။တခြားသိလိုသည်များရှိပါက သင့်အခြေအနေအတွက် အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/cellulitis-%e1%80%a1%e1%80%94%e1%80%ac%e1%80%85%e1%80%ad%e1%80%99%e1%80%b9%e1%80%b8-%e1%80%9e%e1%80%ad%e1%80%af%e1%82%94-%e1%80%a1%e1%80%b1%e1%80%9b%e1%80%bb%e1%80%95%e1%80%ac%e1%80%b8%e1%80%95/
ဘေဘီလေးကို ကာကွယ်ဆေးထိုးပေးဖို့ရာ မေမေတို့ ကျော်လွှားရတဲ့ အခက်အခဲများစွာ
ဘေဘီလေးက မေမေတို့အတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာပါ။ ဒီအဖိုးမဖြတ်နိုင်တဲ့ ရတနာကို အရိပ်တကြည့်​ကြည့် စောင့်ကြည့်ရင်း  လိုအပ်ချက်မရှိအောင် ဖြည့်ဆည်းပေးရင်းကို ပျော်နေတတ်တာလည်းမေမေတစ်ယောက်ရဲ့ ဘာနဲ့မှ မလဲနိုင်တဲ့ ပီတိပါ။ဘေဘီလေးကို အကောင်းဆုံးသော အရာတွေပဲ ပေးချင်နေတဲ့ မေမေတစ်ယောက်အနေနဲ့ဘေဘီလေးကို ကျန်းမာစေဖို့အခက်အခဲတွေကို ကျော်လွှားပြီး လုပ်ဆောင်ပေးရတဲ့ ကိစ္စလေးတစ်ခု ရှိပါတယ်။ ဒါကတော့ဘေဘီလေးကို ကာကွယ်ဆေးထိုးတာပါ။ရင်သွေးလေးတွေက နုနယ်လွန်းပြီးရောဂါဘယတွေဒဏ်ကို ခံနိုင်ရည် နည်းပါးလွန်းပါတယ်။ မွေးစမှာကိုယ်ခံအားက အပြည့်အဝ မဖွံ့ဖြိုးသေးတာ​ကြောင့်ကောင်းမွန်တဲ့ ကိုယ်ခံအားစနစ်ရစေဖို့မေမေတွေက အာဟာရ ပြည့်ဝအောင်စားပြီး ဘေဘီလေးကိုမိခင်နို့ရည်ပြည့်ပြည့်ဝဝ တိုက်ရပါတယ်။ဒီလို အာဟာရ ဖြည့်ဆည်းမှုနဲ့အတူ ဘေဘီလေးကိုရောဂါပိုးတွေ အန္တရာယ်ကနေ ကင်းစေဖို့ ကာကွယ်ဆေးတွေကို မွေးစကနေစပြီး အသက်အရွယ်အလိုက် ပြည့်မီအောင် ထိုးပေးရပါမယ်။ ဒါမှ ကုသဖို့ နည်းလမ်း မရှိသေးဘဲ ကာကွယ်ဆေးနဲ့သာ ကာကွယ်နိုင်မှာဖြစ်တဲ့ ရောဂါတွေရန်ကနေ ကာကွယ်နိုင်မှာပါ။ဒါကြောင့် ဘေဘီလေးကိုချစ်တဲ့ မေမေတိုင်းက ကာကွယ်ဆေးကို စုံအောင် ထိုးပေးချင်ကြပါတယ်။ ဒီလို ကာကွယ်ဆေးတွေ ထိုးပေးတဲ့အခါ ဘယ်လို အခက်အခဲတွေကြုံရနိုင်လဲဆိုတာကို ဝေမျှပေးပါမယ်။ဘေဘီလေးကို ကျန်းမာစေဖို့ ကာကွယ်ဆေးထိုးပေးတဲ့အခါ မေမေတို့အနေနဲ့။ကာကွယ်ဆေးထိုးပေးတဲ့အခါကလေးက ငိုတာ– ဒီလို ငိုရင် မေမေ့ရင်ထဲမှာ ကူကယ်ရာမဲ့သလိုကို ခံစားရတာနော်။ ကလေးဆိုတာကလည်း တစ်ယောက် ငိုရင် လိုက်ငို တတ်ကြတယ်လေ။ကာကွယ်ဆေးထိုးတဲ့နေရာကနီတာ၊ ရောင်တာ– ကာကွယ်ဆေး ထိုးတဲ့အခါ ဘေဘီလေးမှ မဟုတ်ပါဘူး။ လူကြီးတွေမှာလည်း ကာကွယ်ဆေး ထိုးတဲ့နေရာက နီမြန်တာ၊ ရောင်ရမ်းတာတွေ ခံစားရနိုင်ပါတယ်။ ဒါပေမယ့် မေမေတို့အတွက်တော့ စိတ်ပူရတဲ့ ကိစ္စပါ။ကာကွယ်ဆေးထိုးတဲ့နေရာကပြည်ဖုလေးတွေလို ဖြစ်တာ– ဘေဘီလေးတွေ အချို့မှာ ကာကွယ်ဆေးထိုးတဲ့အခါ ဆေးထိုးထားတဲ့နေရာက နီတာ၊ ရောင်တာအပြင် ပြည်ဖုလေးလို ဖြစ်နေတာမျိုးတောင် ရှိနိုင်ပါတယ်။ဖျားတာ– ကာကွယ်ဆေးထိုးပြီးရင် ကလေးက ကိုယ်လေးတွေ နွေးလာတာ၊ တအီအီနဲ့ ဂျီကျတာမျိုးပေါ့။အငိုမတိတ်တာ– အချို့ဘေဘီလေးတွေဆိုရင် ကာကွယ်ဆေး ထိုးပြီး အတော်ကြာတဲ့အထိ အငိုမတိတ်တာမျိုး ဖြစ်နိုင်ပါတယ်။ကာကွယ်ဆေးက ကလေးကို ထိခိုက်စေနိုင်တယ်ဆိုပြီး ပြောဆိုတာ– ကာကွယ်ဆေးက ကလေးကိုဓာတ်မတည့်တာခံစားရစေတယ်။အော်တစ်စင်ဖြစ်စေနိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေပါ။လူကြီးမိဘတွေဆီက အကူအညီ မရတာ– ကလေးကို ကာကွယ်ဆေးထိုးပေးချင်တယ်။ လူခွဲ မရှိလို့ အကူအညီတောင်းပေမယ့် လူကြီးတွေက ကာကွယ်ဆေးထိုးတာ ကလေး နာတာပဲ ရှိတယ်။ ထိုးမနေနဲ့ ဆိုပြီး ပြောဆိုတာတွေ ခံရတာမျိုးပါ။ဒီလိုအခက်အခဲတွေကို အကောင်းဆုံး ကျော်လွှားပြီး ဘေဘီလေးကို ကာကွယ်ဆေး စုံလင်အောင် ထိုးပေးနိုင်မှ ဘေဘီလေးက ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းအရွယ်ရောက်လာမှာပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/vaccines/hards-for-baby-vaccination/
ဒူးချောင် နေတာ ဘာကြောင့်လဲ
ဒူးချောင် တာကရုတ်တရက် ဒူးညွှတ်ပြီး ခွေကျလာတာလည်း ဖြစ်နိုင်သလို ဖြည်းဖြည်းချင်းနဲ့ ပိုဆိုးလာပြီး ပုံမှန်အတိုင်း လှုပ်ရှားဖို့ ခက်လာတာတွေလည်း ရှိနိုင်ပါတယ်။ ရောဂါတစ်ခုခုကြောင့် ဖြစ်နိုင်သလို ဒူးချောင်တာကြောင့် မတော်တဆချော်လဲပြီး ထိခိုက်မှုတွေလည်း ရှိနိုင်ပါတယ်။ဒူးဆစ်က တခြားအဆစ်တွေနဲ့ မတူဘဲ ရှုပ်ထွေးတဲ့ အဆစ်တစ်ခုပါ။ ရိုးရိုးတန်းတန်း အရိုးနှစ်ခုဆက်ထားရုံတင် မဟုတ်ဘဲ အရွတ်တွဲတွေနဲ့ ရှုပ်ယှက်ခတ်အောင် ထိန်းထားတဲ့ အဆစ်တစ်ခုပါ။ ဒီတော့ ဒီအဆစ်တွေ၊ အရိုးတွေ၊ အရွတ်တွဲတွေမှာ တစ်ခုခုထိခိုက်မှုဖြစ်ရင် ဒူးချောင်လာတတ်ပါတယ်။ဖြစ်နိုင်တဲ့ အကြောင်းတွေကတော့။အရွတ်တွဲတွေပြဲတာ။ဒူးမှာ အရွတ်တွဲ ၄ခုရှိပါတယ်။ အရှေ့ရယ်၊ အနောက်ရယ်၊ အတွင်းရယ်၊ အပြင်ဘေးဘက်ခြမ်းရယ်လို့ အလွယ်မှတ်ထားနိုင်ပါတယ်။ ဒီအရွတ်တွဲတွေ တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် လုံးဝပြဲထွက်သွားတဲ့အခါမျိုးမှာ ဒူးမခိုင် ဘဲ ဖြစ်တတ်ပါတယ်။ ဥပမာ အရှေ့က အရွတ်တွဲလုံးဝပြဲသွားရင် ချက်ချင်း ဒူးညွှတ်ပြီး ခွေကျလာနိုင်သလို ဘေးဘက်က အရွတ်တွေပြဲတာကျတော့ ချက်ချင်းညွတ်ကျသွားတာမျိုး မဟုတ်ဘဲ လည်ထွက်သွားသလို ခံစားရပါတယ်။ဒူးအရွတ်ပြဲတဲ့ အမျိုးအစားတွေကတော့။ရုတ်တရက် လှုပ်ရှားမှုတွေ လုပ်တဲ့အခါ (ဥပမာ အးကစားလုပ်ရင်း ရုတ်တရက် ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ လုပ်တဲ့အခါ) အရွတ်ပြဲတတ်ပါတယ်။ ခြေထောက်ကို လှည့်ပြီး ကစားရတဲ့ နည်းတွေမှာ ဖောက်ဆို ပြဲပြီး လဲကျသွားတတ်ပါတယ်။ ကားမတော်တဆဖြစ်မှုတွေမှာလည်း တွေ့ရတတ်ပါတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်ပါတယ်။ညို့သကျီးကို ပြင်းပြင်းထန်ထန်ထိခိုက်လို့ ရှေ့ကို ဒူးနဲ့ကျတယ်ဆိုရင် ဖြစ်တတ်ပါတယ်။ ကားရှေ့ခန်းမှာ ထိုင်နေတုန်း ကားတိုက်လို့ ရှေ့ခြေသလုံးရိုးကို dashboardနဲ့ ဆောင့်မိတဲ့အခါ ဖြစ်တတ်ပါတယ်။ တခြားအရွတ်ပြဲတာတွေနဲ့ တွဲတွေ့ရတတ်ပါတယ်။ဒူးကို အပြင်ဘက် ဘေးကနေ  ပြင်းပြင်းထန်ထန် ခိုက်မိတဲ့အခါ အတွင်းထဲက အရွတ်ထိတတ်ပါတယ်။ အရွတ်ပြဲတာနဲ့အတူ နာတာ၊ ရောင်တာ၊ ဒူးကွေးလို့မရတာတွေ  ဖြစ်တတ်ပါတယ်။ဒူးအတွင်းဘက်ကနေ ဖိအားတစ်ခုခုနဲ့ ပြင်းပြင်းထန်ထန်ခိုက်မိရင်၊ ဘောလုံးကန်ရင်း ဒူးအတွင်းဘက်ကို ထိမိတာမျိုးတွေမှာ ဖြစ်တတ်ပါတယ်။ အတွင်းဘက်အရွတ်ပြဲသလိုမျိုး လက္ခဏာတွေ တွေ့ရတတ်ကပါတယ်။အရိုးနုအခံပြား ပြဲခြင်း။ဒီအရိုးနုအခံပြားတွေက ဒူးဆစ်အတွက်  shock absorbersတွေလိုပါပဲ။ ဒူးဆစ်ငြိမ်အောင် ထိန်းထားပေးနိုင်ပါတယ်။ ဒူးဆစ်ကို ရုတ်တရက် လှည့်တာ၊ လည်ထွက်သွားတာမျိုးတွေဆိုရင် အရိုးနုအပြားလေးတွေ ပြဲတတ်ပါတယ်။ချက်ချင်းဆိုသလိုဒူးဆစ်နာတာ၊ တောင့်တာတွေ ခံစားရပြီး လှုပ်တာနဲ့ ဒူးဆစ်ကနေ အသံထွက်လာနိုင်ပါတယ်။ အရိုးနုခံပြား ပြဲတာက ဒူးဆစ်အရှေ့အရွတ်ပြဲတာနဲ့လည်း တွဲဖြစ်တတ်ပါတယ်။အသက် ၄၀နဲ့အထက်တွေမှာလည်း အရိုးနုတွေ ပါးလာတာကြောင့် အကြောင်းအရင်းမရှိဘဲ ဒူးချောင်တတ်ပါတယ်။ဂုံညင်းရိုး ချောင်ခြင်း။ဂုံညင်းရိုးကို ဒူးဆစ်မှာ ငြိမ်နေအောင် အရွတ်တွေ၊ အရွတ်တွဲတွေနဲ့ ထိန်းထားတာပါ။ ပုံမှန်ဆိုရင် လှုပ်ရှားမှု လုပ်တိုင်းမှာ ဂုံညင်းရိုးက အလိုက်သင့်လေး မြောင်းလေးတစ်ခုပေါ်မှာ အပေါ်အောက် ရွေ့နေပါတယ်။ ဒီလိုဖြစ်အောင်လည်း အရွတ်တွေက ဝိုင်းထိန်းပေးထားတာပါ။ဂုံညင်းရိုးကို တိုက်ရိုက်ထိခိုက်မိရင် (ဥပမာ မတော်တဆမှုတွေ၊ အားကစားလုပ်ရင်း ထိမိတာတွေကြောင့်) မြောင်းလေးကနေ ချော်ထွက်သွားတတ်ပါတယ်။ ဒါကို ဂုံညင်းရိုးချော်တယ်လို့ ခေါ်ပါတယ်။ တစ်ခါတလေ ဒူးကို အလှည့်မတော်ရင်လည်း ဂုံညင်းရိုး ပြုတ်ထွက်သွားပြီး ဒူးချောင်တတ်ပါတယ်။Plica Syndrome။Plica syndromeဆိုတာက ဒူးဆစ်ထဲမှာရှိတဲ့ အမြှေးပါးလေးတွေ ရောင်ရမ်းတာပါ။ ရုတ်တရက် ဒူးကို ကွေးလိုက်တာ၊ ညွတ်လိုက်တာတွေမှာ ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ် ဒူးဆစ်ကို အသုံးများတဲ့သူတွေမှာလည်း ဖြစ်တတ်ပါတယ်။ လက္ခဏာက အရိုးနုပြဲတာနဲ့ တော်တော်တူပါတယ်။ ဒူးမခိုင်ဘဲ လဲကျမလို ခံစားချက်ရပါတယ်။အဆစ်ရောင်တာ။အထူးသဖြင့် အသက်ကြီးလာလို့ ဒူးဆစ်ပွန်းပြီး ရောင်တဲ့အခါ အရိုးနုတွေစားပြီး ပါးလာပါတယ်။ ဒီတော့ ဒူးမခိုင်တော့ပါဘူး။အာရုံကြောထိခိုက်တာ။အထူးသဖြင့် ပေါင်အာရုံကြောထိခိုက်တဲ့အခါ ဒူးမခိုင်တာ၊ ဒူးညွတ်တော့မလို ခံစားရတတ်ပါတယ်။ ဆီးချိုရောဂါရှိသူတွေ၊ အရက်ကို နှစ်အကြာကြီး သောက်သူတွေ၊multiple sclerosisရှိသူတွေမှာ တွေ့ရတတ်ပါတယ်။ ဒူးမခိုင်တာအပြင် ဒူးမှာ ထုံတာ၊ ကျဉ်တာတွေပါ ခံစားရတတ်ပါတယ်။ဒူးချောင်တာသက်သက် ခံစားရနိုင်သလို အောက်ပါလက္ခဏာတွေနဲ့လည်း တွဲတွေ့ရနိုင်ပါတယ်။အကြောင်းရင်းပေါ် မူတည်ပြီး သင့်တော်တဲ့ ကုသနည်းတွေ ရှိပါတယ်။ ဖြစ်ဖြစ်ချင်းမှာ ဆိုရင်တော့ နာတာသက်သာအောင်။ပြီးရင်တော့ သေချာကုသမှုခံယူပါ။ ဒူးဆစ်ချောင်တာက နေ့စဉ်လှုပ်ရှားမှုကို ထိခိုက်နိုင်သလို ဒူးဆစ်ချောင်တာကြောင့် မတော်တဆ ချော်လဲတာတွေလည်း ဆက်ဖြစ်လာနိုင်ပါတယ်။အကောင်းဆုံးကတော့ ဒူးဆစ်ကို ထိခိုက်နိုင်တဲ့ အရာတွေကို ရှောင်ကြဉ်တာပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/knee-giving-out/
မိန်းမကိုယ် ရောင်ရမ်းတာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ
လေဒီလေးတွေကျန်းမာပျော်ရွှင်စွာနဲ့ နေ့ရက်တိုင်းကို ကျော်ဖြတ်နိုင်စေဖို့ဆိုရင် မဖြစ်မနေကျန်းမာအောင် ဂရုစိုက်ပေးရမယ့် အစိတ်အပိုင်းလေး တစ်ခုရှိပါတယ်။ ဒါကတော့ ရာသီသွေးဆင်းတာနဲ့ မျိုးပွားမှုလုပ်ငန်းတွေကို တာဝန်ယူ လုပ်ဆောင်ပေးနေတဲ့ မိန်းမကိုယ်လေးပါ။ ဒီမိန်းမကိုယ်လေးမှာ ပိုးဝင်တာ၊ ခြောက်သွေ့တာ၊ ရောင်ရမ်းတာလိုမျိုး ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ဒီလို ခံစားရတဲ့အခါအနံ့ဆိုး ထွက်တာအပါအဝင် နေရထိုင်ရခက်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ မိန်းမကိုယ် ရောင်ရမ်းတာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ အကြောင်း ပြောပြပေးချင်ပါတယ်။မိန်းမကိုယ် ရောင်ရမ်းတယ် ဆိုတာကမိန်းမကိုယ် နံရံတွေက ပိုးဝင်ကူးစက်တာကြောင့်ဖြစ်ဖြစ်၊ ဓာတ်မတည့်တာကြောင့်ဖြစ်ဖြစ် ရောင်ရမ်းတဲ့ အခြေအနေ တစ်ရပ်ပါ။ ဒီလို မိန်းမကိုယ် ရောင်ရမ်းတာကို အမျိုးသမီးတိုင်း အသက်အရွယ်မရွေး ခံစားရနိုင်ပြီး မျိုးပွားနိုင်တဲ့ အသက်အရွယ်အပိုင်းအခြား အမျီုးသမီးတွေမှာ အဖြစ်များပါတယ်။ဘက်တီးရီးယားတွေ နဲ့ မှိုပိုးကူးစက်မှုတွေကြောင့် မိန်းမကိုယ်ရောင်ရမ်းနိုင်ပါတယ်။ ဓာတ်မတည့်မှု တစ်ရပ်ရပ်ကြောင့် ဖြစ်နိုင်သလို ဓာတုပစ္စည်းတွေ နဲ့ အီစထရိုဂျင် ဟော်မုန်းနည်းတာ၊ ဆေးဝါးတွေ နဲ့ သွေးဆုံးခါနီးတာလိုမျိုး အခြေအနေတွေကြောင့်လည်း မိန်းမကိုယ် ရောင်ရမ်းနိုင်ပါတယ်။မိန်းမကိုယ် ရောင်ရမ်းပြီဆိုရင် အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။မိန်းမကိုယ် ရောင်ရမ်းတာကို သက်သာစေမယ့်အိမ်တွင်းကုထုံးများကတော့။မိန်းမကိုယ် ရောင်ရမ်းနေတာကို သက်သာစေဖို့ဆိုရင် probiotics ပါတာတွေ စားပေးလို့ ရပါတယ်။ Probiotics က အကျိုးပြုဘက်တီးရီးယားတွေ ဖြစ်ပြီး ခန္ဓာကိုယ်မှာ ဝင်ရောက်ကူးစက်တဲ့ ပိုးတွေကို တိုက်ထုတ်ပေးသလို ကိုယ်တွင်းမှာ အကျိုးပြုဘက်တီးရီးယားတွေကို တိုးပွားစေပါတယ်။ဒါကြောင့် မိန်းမကိုယ် ပိုးဝင်တာကို သက်သာစေဖို့ဆိုရင် ဒိန်ချဉ်၊ ကင်မ်ချီ၊ ကီဖာတို့လိုမျိုး အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်နေတဲ့ အစားအစာတွေကို စားပေးလို့ ရပါတယ်။ကြက်သွန်ဖြူ စားပေးတာက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး မိန်းမကိုယ် ပိုးဝင်ကူးစက်တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် မိန်းမကိုယ် ရောင်ရမ်းနေပြီဆိုရင် ကြက်သွန်ဖြူ စားပေးတာကလည်း နည်းလမ်းကောင်းတစ်ရပ်ပါ။မိန်းမကိုယ် ရောင်ရမ်းနေပြီဆိုရင် ရေနွေးနွေးနဲ့ ဆားကို ရောဖျော်ပြီး မိန်းမကိုယ်ကို ဆေးကြောသန့်စင်ပေးတာကလည်း မိန်းမကိုယ် ရောင်ရမ်းတာကို သက်သာစေမယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။ အပြင်ပိုင်းကိုပဲ ဆေးကြောပေးရင် ရပါပြီ။မိန်းမကိုယ်ရောင်ရမ်းတာကို သက်သာစေမယ့် နောက်ထပ် နည်းလမ်း တစ်ရပ်က ရေခဲဝတ် ကပ်ပေးတာပါ။ မိန်းမကိုယ်ကို ရေအေးဝတ်ကပ်ပေးတာ ရေခဲဝတ်ကပ်ပေးတာက မိန်းမကိုယ်ရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။ဒီအချက်တွေအပြင် မိန်းမကိုယ်ရောင်ရမ်းတာကို သက်သာစေဖို့ လိုက်နာပေးရမယ့် အခြား အချက်တွေလည်း ရှိပါသေးတယ်။ ဒါတွေကတော့။ဒါတွေက မိန်းမကိုယ်ရောင်ရမ်းတာကို ကုသတဲ့အခါ မြန်မြန်သက်သာလာဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်းတွေပဲ ဖြစ်ပြီး ပျောက်ကင်းစေတဲ့ ‌ဆေးနည်းတွေ မဟုတ်ပါဘူး။ မိန်းမကိုယ်ရောင်တာကို အမြစ်ပြတ်ပျောက်ချင်ရင်တော့ ဆရာဝန်နဲ့ ပြသပြီး ပိုးသတ်ဆေးတွေ မှီဝဲတာ၊ တခြားလိုအပ်တဲ့ ကုသမှုတွေ ခံယူဖို့ လိုပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/vaginitis/home-remedies-for-vaginitis/
အကင်တွေစားတာများလွန်းရင် ဘာတွေဖြစ်လာနိုင်လဲ
အခုနောက်ပိုင်းမှာ အဝစားဘူဖေးစနစ်တွေ များလာတော့ သွားကြစားကြနဲ့ အသားကင်နဲ့ဟော့ပေါ့ဘူဖေးတွေခေတ်စားလာပါတယ်။ ဟိုနေရာလေးကောင်းတယ်တဲ့။ ဒီဆိုင်လေးက တန်တယ်တဲ့ဆိုပြီး တစ်ဆိုင်က တစ်ဆိုင်ပြောင်းစားကြရင်း ပုံမှန်ဖောက်သည်တွေတောင်ဖြစ်လာတဲ့အထိပဲ။ အကင်တွေစားတာများလွန်းရင် လည်း မကောင်းပါဘူးနော်။အရင်ကညနေပိုင်းဆို လူစည်လှတဲ့ ဘီယာဆိုင်နဲ့ဘားတွေမှာပဲ အမြည်းဟင်းလျာတွေအဖြစ် အကင်မျိုးစုံရရှိနိုင်တာဖြစ်ပေမယ့် အခုတော့ အကင်ဆိုင်တွေများလာပြီး ငါးကင်၊အသားကင်စားတဲ့အလေ့အထက ကျယ်ပြန့်လာပါတယ်။ အခုခေတ်စားနေတဲ့ အဝစား အကင်ဘူဖေးကိုတော့ အကြိုက်ပေါ့။ အကင်နဲ့ဟော့ပေါ့အလေ့အထက ဘယ်လောက်ကျယ်ပြန့်လာသလဲဆိုရင် ကိုယ့်အိမ်မှာ ကိုယ်တိုင်လုပ်စားရလွယ်စေမယ့် အကင်အိုးတွေ၊ဟော့ပေါ့အိုးတွေဈေးကွက်မှာရောက်ရှိလာတဲ့အထိပါပဲ။အကင်ဆိုတော့ ဆီလည်းမများဘူးပေါ့ဆိုပြီး အကင်ဆိုင်ချည်းပဲခြေဦးလှည့်နေသူတွေ၊ဘူဖေးဆိုင်ကို လူစုပြီးချီတက်ကြသူတွေ၊ ငါးကင်အသားကင်ဆိုင်မှာ မိတ်ဆုံစားပွဲလုပ်ကြသူတွေအနေနဲ့ အကင်က ကျန်းမာရေးအတွက်ဘေးကင်းရဲ့လားဆိုတာ သတိမလွတ်သင့်ပါဘူး။ အသားကင်တွေက အရသာရှိတာမှန်ပေမယ့် ရံဖန်ရံခါ၊ တစ်ခါတလေလောက်ကပြဿနာမရှိပါဘူး။ ဒါပေမယ့် မကြာခဏစားတာများလွန်းရင်ဘေးဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ –။အပူပြင်းပြင်းနဲ့ကင်တဲ့အခါ အသားထဲမှာပရိုတင်းနဲ့အဆီဓါတ်တွေ ဓါတ်ပြုပြီးadvanced glycation end products (AGE)လို့ခေါ်တဲ့ အဆိပ်အတောက်ဓါတ်တွေထွက်ရှိလာစေပါတယ်။ ဒီဓါတ်တွေက ခန္ဓါကိုယ်အတွင်း ရောင်ရမ်းမှု၊ဓါတ်တိုးဆန့်ကျင်မညီမျှမှုနဲ့ဆက်နွှယ်နေတတ်ပြီး ဆီးချိုရောဂါနဲ့နှလုံးရောဂါဖြစ်နိုင်ခြေပိုများစေပါတယ်။Heterocyclic amines (HCAs) ဆိုတာကတော့ငါးနဲ့အသားတွေကို အကင်ဖိုပေါ်တင်လိုက်တဲ့အခါ အပူချိန် ၃၀၀ ဒီဂရီဖာရင်ဟိုက်အထက်မှာ ထွက်ရှိလာတဲ့ကင်ဆာဖြစ်စေနိုင်တဲ့ဓါတ်တွေဖြစ်ပါတယ်။HCAsတွေက ဆီးကျိတ်ကင်ဆာ၊ပန်ကရိယကင်ဆာ၊နဲ့အူကင်ဆာတွေဖြစ်လာစေနိုင်တယ်လို့ သုတေသနတွေကပြောကြပါတယ်။အကင်ဖိုထဲကို အသားရဲ့အဆီတွေကျသွားတဲ့အခါ ကာစီနိုဂျင်နောက်တစ်မျိုးဖြစ်တဲ့ Polycyclic Aromatic Hydrocarbons (PAHs)ဖြစ်လာပါတယ်။PAHsတွေက မီးခိုးငွေ့နဲ့အတူအကင်မှာကပ်ပါလာပြီး စားမိတဲ့အခါ အစာအိမ်ကင်ဆာဖြစ်ပွားမှုနှုန်းပိုများစေပါတယ်။ ဒါ့ကြောင့် အကင်ကိုတူးနေတာတွေမစားသင့်တာပါ။ မီးဖိုနဲ့မဟုတ်ဘဲ အကင်အိုးနဲ့ကင်စားမယ်ဆိုလည်း သိပ်မတူးစေဖို့ဂရုစိုက်သင့်ပါတယ်။ငါးကင်၊ အသားကင် မှန်သမျှဟာ နယ်ရနှပ်ရတဲ့အထဲ အငန်ဓါတ်ပါဝင်မှုများပါတယ်။ အငန်ဓါတ်ပိုစားမိတာများရင်သွေးတိုးရောဂါ၊ရေဓါတ်ခန်းခြောက်ခြင်းနဲ့ နှလုံးရောဂါဖြစ်စေနိုင်ပါတယ်။ ကိုယ့်မှာကျောက်ကပ် သို့မဟုတ် နှလုံးရောဂါရှိထားတယ်ဆိုရင် ပိုသတိထားသင့်ပါတယ်။အကင်တွေဆိုတာသေချာချက်ပြုတ်ထားတာမဟုတ်တဲ့အတွက်E.coliနဲ့ Listeria monocytogenesတွေလို ဘက်တီးရီးယားတွေပါလာနိုင်ပြီး အစာအိမ်ကိုဒုက္ခပေးလာနိုင်ပါတယ်။E.coli ပိုးက ဝမ်းပျက်ဝမ်းလျှောခြင်းနဲ့အစာအိမ်နာကိုဖြစ်စေပြီးL. monocytogenes ကအစာအဆိပ်သင့်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ဒါတွေကြောင့်မို့ ကိုယ့်လူတွေနဲ့အိမ်မှာပဲ အကင်စားတော့မယ်ဆိုရင်ဒီအချက်လေးတချို့ကိုမမေ့ပါနဲ့။Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%a1%e1%80%80%e1%80%84%e1%80%b9%e1%80%b1%e1%80%90%e1%80%bc%e1%80%85%e1%80%ac%e1%80%b8%e1%80%90%e1%80%ac-%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%9c%e1%80%bc%e1%80%94%e1%80%b9%e1%80%b8%e1%80%9b/
နေ့စဉ် စားသုံးနေတဲ့ ထမင်းက ခန္ဓာကိုယ်ကို ဘယ်လောက်ထိ အကျိုးပြုနေသလဲ
ထမင်းက မြန်မာလူမျိုးတွေ အဓိကစားသုံးတဲ့ အစားအစာတစ်ခုပါ။ ထမင်းက ဘယ်လိုအရောင်အဆင်း ဘယ်လိုအရသာရှိတယ်ဆိုတာကိုတော့ အထူးတလည်ပြောပြဖို့ လိုမယ်မထင်ပါဘူး။ တစ်နေ့ကို အနည်းဆုံး ၂ ကြိမ်လောက်စားဖြစ်နေတဲ့ ထမင်းက ခန္ဓာကိုယ်အတွက် ဘယ်လောက်တောင် အကျိုးပြုပေးနေလဲဆိုတာကိုတော့ သိပ်သတိမထားမိကြပါဘူး။ အရှေ့တောင်အာရှနိုင်ငံတွေက ပြည်သူတွေကထမင်းကိုအဓိကထားစားသုံးကြပါတယ်။ ဒီလိုမျိုး နေ့စဉ်စားသုံးဖြစ်နေတဲ့ ထမင်းက ခန္ဓာကိုယ်ကို ဘယ်လောက်ထိ အကျိုးပြုပေးနေလဲဆိုတာကို အခုဆောင်းပါးလေးထဲမှာပြောပြပေးချင်ပါတယ်။ထမင်းမှာ ခန္ဓာကိုယ်အတွက် စွမ်းအင်ပေးတဲ့ ကာဗိုဟိုက်ဒရိတ်၊ ကိုယ်တွင်း ကယ်လ်ဆီယမ်နဲ့ ဖော့စဖရိတ်ဓာတ်တွေကို ထိန်းညှိပေးဖို့လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်တဲ့ ဗီတာမင် D၊ အရိုးတွေ ကြံ့ခိုင်သန်စွမ်းဖို့အတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်၊ အစာတွေကို ကြေညက်စေဖို့နဲ့ အူလမ်းကြောင်းက အာဟာရဓာတ်တွေစုပ်ယူမှုကို အားဖြည့်ပေးတဲ့ အမျှင်ဓာတ်၊ ခန္ဓာကိုယ်ရဲ့ သွေးဆဲလ်တွေကို တိုးပွားစေနိုင်တဲ့ သံဓာတ်၊ ခန္ဓာကိုယ်ရဲ့ သွေးပမာဏနဲ့ ရေဓာတ်ပမာဏကို ထိန်းညှိပေးတဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်တဲ့ ဆိုဒီယမ်တို့ပါဝင်ပါတယ်။နေ့စဉ် စားသုံးနေတဲ့ ထမင်းက ခန္ဓာကိုယ်ကို ဘယ်လောက်ထိ အကျိုးပြုနေသလဲ ဆိုတာ သိပြီးပြီလား။ မသိသေးဘူးဆိုရင် ဆောင်းပါးလေးကို ဖတ်ကြည့်ပါ။စိတ်ကျန်းမာရေးကောင်းမွန်စေဖို့အတွက် ကာဗိုဟိုက်ဒရိတ်က အရမ်းကိုအရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ခန္ဓာကိုယ်ထဲမှာ ကာဗိုဟိုက်ဒရိတ်မရှိဘူးဆိုရင် အားမရှိသလိုခံစားရမှာဖြစ်ပါတယ်။ တွေးခေါ်စဉ်းစားမှုတွေကို ကောင်းကောင်းမလုပ်နိုင်ဘဲ စိတ်ရှုပ်တာ၊ စိတ်ဓာတ်ကျတာတွေတောင် ခံစားလာရနိုင်ပါတယ်။ ဒီလိုတွေမဖြစ်စေဖို့ဆိုရင်တော့ ထမင်းကို ပုံမှန်စားပေးဖို့လိုပါမယ်။ထမင်းက ခန္ဓာကိုယ်အတွက် စွမ်းအင်အဓိကရရှိနိုင်တဲ့ အစားအသောက်ဖြစ်ရုံတင်မကဘဲ အရေပြားကို ကျန်းမာစေနိုင်တဲ့ အမျှင်ဓာတ်တွေကိုပါ ရရှိစေနိုင်တဲ့ အစားအစာတစ်ခုပါ။ အမျှင်ဓာတ်က ခန္ဓာကိုယ်ရဲ့ အစာခြေစနစ်အတွင်းက အဆိပ်အတောက်တွေ၊ ဘက်တီးရီးယားတွေ နဲ့ မှိုပိုးတွေကိုဖယ်ရှားပေးပါတယ်။ ဒီလိုမျိုးလုပ်ဆောင်ပေးတာက ဝက်ခြံဖြစ်တာနဲ့ အသားအရေမွဲခြောက်ခြောက်ဖြစ်တာတွေလျော့ပါးသက်သာစေပြီး အရေပြားကိုကျန်းမာစေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ဗီတာမင် D ချို့တဲ့သူတွေအနေနဲ့ သွေးတိုးဖြစ်တာနဲ့ ကိုယ်အင်္ဂါထိခိုက်ပျက်စီးတာတွေဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ထမင်းကို အသင့်အတင့်စားသုံးပေးမယ်ဆိုရင် အခုပြောခဲ့တဲ့ ပြဿနာတွေကနေ ကင်းဝေးစေမှာဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ အဝမလွန်ဖို့ကလည်း အရေးကြီးပါတယ်။ ဒါကြောင့်ထမင်းကိုအများကြီးမစားဖို့တော့ပြောချင်ပါတယ်။ထမင်းမှာ ကာဗိုဟိုက်ဒရိတ်ကြွယ်ဝစွာပါဝင်တဲ့အပြင် နှလုံးကျန်းမာစေနိုင်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ကိုလက်စထရောတွေပါဝင်နေပါတယ်။အချို့သူတွေက ထမင်းစားရင် အဆီတက်တယ်လို့ ထင်နေကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ထမင်းက ကာဗိုဟိုက်ဒရိတ်ပါဝင်မှု များတယ်ဆိုပေမယ့် လိုသလောက်ပဲ စားရင် ကိုယ်အလေးချိန်ကို ထင်သလောက်မတက်စေပါဘူး။ ထမင်းမှမဟုတ်ပါဘူး။ အလွန်အကျွံစားရင် ဘယ်အစားအစာမဆို ကိုယ်အလေးချိန်တက်စေနိုင်တယ်ဆိုတာကို သတိရပါ။ထမင်းမှာ အူမကြီးကျန်းမာရေးကို အထောက်အကူပြုတဲ့ အကျိုးပြုဘက်တီးရီးယားတွေ ပေါက်ပွားလာအောင် လှုံ့ဆော်ပေးနိုင်စွမ်းရှိပါတယ်။ ဒီဘက်တီးရီးယားတွေက ဝမ်းလျှောတာ၊ ဝမ်းကိုက်တာတွေမဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။ နောက်တစ်ခုက ထမင်းက ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်ပေးပါတယ်။ထမင်းမှာပါတဲ့ သံဓာတ်က ဟီမိုဂလိုဘင်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဟီမိုဂလိုဘင်အရေအတွက် များလာတဲ့အခါ သွေးအားနည်းဝေဒနာခံစားရနိုင်ခြေကို နည်းသွားစေမှာဖြစ်ပါတယ်။ခန္ဓာကိုယ်ထဲမှာ အမျှင်ဓာတ်နည်းတဲ့အခါ အစာအိမ်နဲ့ အူလမ်းကြောင်းကိုထိခိုက်စေနိုင်တဲ့ အူမကြီးကင်ဆာလိုမျိုး ကင်ဆာရောဂါကိုဖြစ်စေနိုင်ပါတယ်။ ဒီလို ဝေဒနာတွေမဖြစ်အောင် အမျှင်ဓာတ်ပါတဲ့ အစားအစာတွေကို စားသုံးပေးလို့ရသလို ထမင်းကို စားသုံးပေးလည်းရပါတယ်။ ထမင်းမှာ အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အစာခြေစနစ်ကိုကောင်းမွန်စေနိုင်တဲ့အပြင် အူမကြီးကင်ဆာ၊ သားအိမ်ကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာတွေ မဖြစ်အောင် ကာကွယ်ပေးသလို ရင်သားကင်ဆာဖြစ်နိုင်ခြေကိုလည်းလျော့ကျစေပါတယ်။ထမင်းမှာ ဗီတာမင် D ကြွယ်ဝစွာပါဝင်တာကြောင့် အသက်အရွယ်ကြီးရင့်သူတွေအတွက် အထူးသင့်တော်ပါတယ်။ အသက်အရွယ်ကြီးရင့်လာလေလေ ကိုယ်တွင်းက ဗီတာမင် နဲ့ သတ္တုဓာတ်တွေလျော့နည်းလာလေလေပါ။ ဒါကြောင့် အသက်ကြီးရင့်လာတဲ့သူတွေကို ကျန်းမာနေစေဖို့အတွက် ဗီတာမင် Dပြည့်ဝနေအောင် လုပ်ဆောင်ပေးဖို့လိုပါမယ်။ နေရောင်ခြည်ကနေလည်း ဗီတာမင် D ရနိုင်သလို ထမင်းကနေလည်း ဗီတာမင် D ရရှိနိုင်ပါတယ်။ ဒါကြောင့် အသက်အရွယ်ကြီးရင့်လာသူတွေမှာ အရိုးပွရောဂါမဖြစ်စေဖို့ အတွက် ဗီတာမင် D ရရှိအောင် ထမင်းကျွေးပေးလို့ရပါတယ်။ထမင်းက ကျန်းမာစေတာ မှန်ပေမယ့် ဆီးချိုလိုမျိုး ကျန်းမာရေး ပြဿနာ ရှိမယ်ဆိုရင် အများကြီး မစားသင့်ပါဘူး။ နောက်တစ်ချက်က ပေါင်းအိုးနဲ့ ချက်တာ ရေခမ်းချက်တာမျိုးတွေ မစားဘဲ ငှဲ့ချက်တာမျိုး စားပေးဖို့ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/benefits-of-eating-rice/
ပျော်ရွှင်တဲ့ သားသားမီးမီးဖြစ်အောင် ပျိုးထောင်နိုင်မယ့် နည်းလမ်း (၅) သွယ်
ချစ်ရတဲ့ သားသားမီးမီးတွေပျော်ရွှင်ကျန်းမာနေတာကိုပဲ လိုချင်တဲ့ ဆန္ဒက မိဘတိုင်းမှာ ရှိနေမယ့် ဆန္ဒတစ်ခုပါ။မေမေတွေရဲ့နေ့စဉ် ဆုတောင်းမှုတွေထဲက တစ်ခုက သားသားမီးမီးတို့ ပျော်ရွှင်ကျန်းမာစွာနဲ့ ကြီးပြင်းလာဖို့ဟုတ်။  ဒီဆန္ဒကို တောင်းဆုပြုရုံတင် မဟုတ်ဘဲ ကိုယ်တိုင် အကောင်အထည်ဖော်နိုင်မယ်ဆိုရင် ယုံမလား မေမေတို့။ တကယ်ကတော့ သားသားမီးမီးတို့ ပျော်ရွှင်ကျန်းမာမှုကိုဖန်တီးပေးနိုင်မယ့် လက်တစ်စုံက မေမေတို့ကိုယ်တိုင်ပါပဲ။ ဒီတော့ ပျော်ရွှင်တဲ့ သားသားမီးမီးဖြစ်အောင် ပျိုးထောင်နိုင်မယ့် နည်းလမ်း လေးတွေကို လေ့လာလိုက်ရအောင်နော်။အခက်ခဲဆုံးအလုပ်တစ်ခုကို ပြောပါဆိုရင် သားသားမီးမီးတို့ကို ပျိုးထောင်တာပါ။ ဒီလိုခက်ခဲစွာပျိုးထောင်မှုကို အကောင်းဆုံး လုပ်ဆောင်ပြီး ပျော်ရွှင်ကျန်းမာတဲ့ သားသားမီးမီးတို့ကို ပျိုးထောင်ချင်တယ်ဆိုရင်တော့ ဒီအချက်လေးတွေက တကယ့်ကို အသုံးတည့်စေမှာပါ။ဒီတော့ ပျော်ရွှင်တဲ့ သားသားမီးမီးလေးတွေဖြစ်အောင် ဘယ်လို ပျိုးထောင်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ဖတ်ကြည့်လိုက်နော် မေမေတို့………..။အချစ်ခံရတဲ့ ကလေးတွေ၊မိဘတွေနဲ့ ရင်းရင်းနှီးနှီးနေထိုင်တဲ့ ကလေးတွေက ပိုပြီး ပျော်ရွှင်ကျန်းမာကြပါတယ်။ ဒါ​ကြောင့် သားသားမီးမီးတို့ကို ကျန်းမာပျော်ရွှင်စေချင်တယ်ဆိုရင်တော့ ကလေးနဲ့အတူ ပန်းပင်လေးတွေ စိုက်ရင် ဘယ်ပန်းလေးကတော့ ဘာအရောင်လေး၊ ဘယ်လို ရနံ့လေးမွှေးတယ် စသဖြင့် စကားစမြည်ပြောတာမျိုး လုပ်ပေးပါ။နောက်ထပ် လုပ်ပေးလို့ရနိုင်တာတစ်ခုက အိမ်အပြင်ဘက် ခြံထဲ ဒါမှမဟုတ် လူရှင်းတဲ့ ပန်းခြံလိုမျိုး နေရာမှာ စက်ဘီး အတူတူစီးတာ၊ လမ်းလျှောက်ထွက်တာလိုမျိုးလုပ်ပေးရင်း ကလေးနဲ့ ပျော်စရာတွေကို အတူဖန်တီးပါ။ဒါကတော့ သားသားမီးမီးတွေကို ပျော်ရွှင်ကျန်းမာစေချင်တဲ့ မေမေတိုင်း မဖြစ်မနေ ဂရုစိုက်သင့်တဲ့ အချက်တစ်ခုပါ။ ယခုခေတ်မှာ နည်းပညာတွေ တိုးတက်လာတာကြောင့် ကလေးတွေက တီဗွီကြည့်တာအပြင် ကွန်ပျူတာ ဂိမ်းဆော့တာ၊ ဖုန်းသုံးတာတွေကိုပါ လုပ်လာကြပါတယ်။Screen Time များတာက သားသားမီးမီးတို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်သလို ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအပေါ်မှာလည်း ဆိုးကျိုးသက်ရောက်နိုင်ပါတယ်။ ဒါကြောင့် သားသားမီးမီးတို့ရဲ့ Screen Time ကို လျှော့ချဖို့က မဖြစ်မနေ လိုအပ်ပါမယ်။သားသားမီးမီးတို့ကို စားပွဲလေးတွေ ရှင်းခိုင်းတာမျိုး၊ အဝတ်လေးတွေ ကူခေါက်ခိုင်းတာမျိုး၊ ကစားစရာလေးတွေ ကူသိမ်းခိုင်းတာလိုမျိုး သူတို့နိုင်သလောက် တာဝန်လေးတွေကို ကူခိုင်းရင်း  Screen Time ကို နည်းနည်းစီ လျှော့ချသွားပါ။ အခြား ကိုယ်လက်လှုပ်ရှားမှု ပျော်စရာလေးတွေလည်း ဖန်တီးပေးရင်းပေါ့။သားသားမီးမီးတို့ကို ပျော်ရွှင်ကျန်းမာစေချင်တယ်ဆိုရင် အရေးကြီးတဲ့အချက်တစ်ခုက အာဟာရပြည့်ဝအောင် ပြင်ဆင်ပေးဖို့ပါ မေမေ။ ကလေးတွေက လိုအပ်တဲ့ အာဟာရတွေကို ပြည့်ဝစွာရရှိမယ်ဆိုရင် ကျန်းမာပြီး နေ့ရက်တိုင်းမှာ ပျော်ရွှင်တက်ကြွနေမှာပါ။ဒါကြောင့် သားသားမီးမီးတို့ရဲ့ နေ့စဉ်စားသုံးမှုထဲမှာ ကိုယ်ခံအားကောင်းစေဖို့အတွက် အာဟာရတွေ လုံလောက်စွာ ရရှိစေဖို့ အူနံရံတွေ ကျန်းမာအောင်အားဖြည့်ပေးမယ့်အကျိုးပြုဘက်တီးရီးယားတွေ၊ ဗီတာမင် C ၊ဦးနှောက်နဲ့ အမြင်အာရုံဖွံ့ဖြိုးစေဖို့ DHA ၊ ဗီတာမင် A ၊ ဗီတာမင် D တို့ ပြည့်ဝဖို့လိုအပ်ပါမယ်။အရိုးနဲ့သွားတွေ သန်မာစေပြီး ကြွက်သားတွေ အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ကတော့ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ARA လို့ခေါ်တဲ့ omega-6 fatty acid၊ ပိုတက်ဆီယမ်၊ အိုင်အိုဒင်း၊ ပရိုတင်းတို့ ပြည့်ဝလုံလောက်အောင် ပြင်ဆင်ပေးဖို့ လိုပါမယ်။ဒီလောက်အာဟာရတွေ စုံလင်အောင် ပြင်ဆင်ပေးနိုင်ပါ့မလားလို့ မစိုးရိမ်သွားနဲ့နော်။ ကလေးကို နေ့စဉ်အစာအုပ်စုတွေ စုံလင်မျှတအောင် ကျွေးမယ်ဆိုရင် အာဟာရပြည့်ဝမှာပါ။(၄)ကလေးကိုကိုယ်တိုင်ထိန်းချုပ်နိုင်ဖို့သင်ပေးပါ။မိဘတွေအနေနဲ့ သားသမီးတွေ ထိခိုက်မှာကို စိတ်ပူတာက သဘာဝပါ။ ဒီလိုဆိုတာနဲ့ ကလေးလုပ်ဆောင်သမျှကို လိုက် ပိတ်ပင်နေတာက ကလေးရဲ့ ကြီးထွားမှုနဲ့စူးစမ်းလေ့လာမှုကို ဟန့်တား လိုက်ရာကျပါတယ်။ဒါကြောင့် ကလေးအသက်အရွယ်အလိုက် သူလုပ်ဆောင်နိုင်မယ်လို့ ယူဆရမယ့် အရာလေးတွေကို ပေးလုပ်ပါ။ ဥပမာ –  မေမေနဲ့အတူ ချက်ပြုတ်ဖို့ အသီးအရွက်တွေ ကူသင်တာမျိုး၊ ဖေဖေနဲ့အတူ ကားရေဆေးတာမျိုး၊ ခြံသန့်ရှင်းရေး တူတူလုပ်တာ၊ အိမ်သန့်ရှင်းရေး တူတူလုပ်တာမျိုးက ကလေးကို ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့ ထောက်ကူပေးရာရောက်သလို အလေ့အကျင့်ကောင်း​လေးတွေ အုတ်မြစ်ချပေးရာလည်း ရောက်ပါတယ်။ကလေးက တစ်ခုခုကို ကူညီတဲ့အခါမျိုး၊ လိမ္မာတဲ့ အပြုအမူလေးတွေ လုပ်ဆောင်ပေးတဲ့အခါမျိုးမှာ ကျေးဇူးတင်တယ်ဆိုတာကို ဖေဖေမေမေတို့အနေနဲ့ ပြသပေးပါ။ ဒီလိုကျေးဇူးတင်စကားဆိုတာက ကလေးကို စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုတိုးစေပြီး အကောင်းမြင်စိတ် များစေပါတယ်။အလေ့အကျင့်ကောင်းလေးရသလို ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။ဒီအလေ့အကျင့်လေးတွေကို လုပ်ဆောင်ပေးရင်း နေ့ရက်တိုင်းမှာ နွေးထွေးစွာနဲ့ သားသားမီးမီးတို့ကို ချစ်ခင်ကြောင်းပြသလို့ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့ အကောင်းဆုံး ပျိုးထောင်လိုက်ပါ မေမေ………..။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-growth-and-development/5-precious-tips-for-happy-kid/
ဒရင်ကောက်ပင်၏ အံ့ဖွယ်(၇)ချက်
မြန်မာအခေါ် ဒရင်ကောက်ပင်( fiddlehead) ဆိုတာ နူးညံ့ပြီး အရွက်ရဲ့ထိပ်မှာ အခွေအလိပ်သ လေးရှိတဲ့ ဖန်းပင်တစ်မျိုးပါ ။ သူ့ရဲ့ ပုံစံက ကြိုးတပ်တူရိယာတွေမှာ အများဆုံးတွေ့ရတတ်တဲ့ (ဥပမာ-တယော) ရဲ့ ထိပ်ဆုံးက အဆင်တန်ဆာလေးနဲ့ ဆင်တူပါတယ်။ သူ့ကို အစို့အညှောက်လေးတွေ ထွက်ခါစမှာ ခူးယူစားသုံးနိုင်ပါတယ်။ နွေဦးရာသီအစမှာ ဒရင်ကောက်ပင်တွေကို ပေါပေါများများ တွေ့ရတတ်ပါတယ်။ အညွန့်လေးတွေကိုခူးပြီး သုပ်စားလို့ပဲဖြစ်ဖြစ်၊ ကြော်စားလို့ပဲဖြစ်ဖြစ် အမျိုးမျိုးအဖုံဖုံ လုပ်စားနိုင်ပါတယ်။ ဒရင်ကောက်ပင်မှာ ဗီတာမင်အေ၊ဗီတာမင်စီ နဲ့ omega 3 တို့ ကြွယ်ဝစွာ ပါရှိတဲ့အတွက် ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုနိုင်ပါတယ်။သင်မသိသေးတဲ့ ဒရင်ကောက်ပင်ရဲ့ အံ့ဖွယ်အချက် (၇)ချက်ကို အောက်မှာ ဖော်ပြထားပါတယ်။(၁) ဒရင်ကောက်ပင်ဟာ ကိုယ်အလေးချိန်ကျဆင်းရန် စွမ်းဆောင်ပေးနိုင်ပါတယ်။အာဟာရဓါတ်ပါဝင်မှု သိပ်သည်းဆမြင့်တဲ့ ဒရင်ကောက်ပင် 100 g မှာ 34 ကယ်လိုရီ ပါဝင်ပါတယ်။ သူ့ထဲမှာ ပါရှိတဲ့ အမျှင်ဓါတ်က ဦးနှောက်တွင်းရှိ အစာစားချင်စိတ်ကို လှုံဆော်ပေးတဲ့ ghrelin ဟော်မုန်းကို တားဆီးပေးပါတယ်။(၂) ဒရင်ကောက်ပင်ဟာ ရောဂါကူးစက်မှုတွေကို လျော့ချပေးနိုင်ပါတယ်။လူတွေမှာ နေ့စဉ်လိုအပ်တဲ့ ဗီတာမင်စီ ပမာဏက 100 ဂရမ်ပါ။ ဒရင်ကောက်ပင်မှာ 44 ရာခိုင်နှုန်းပါဝင်နေပါတယ်။ ဗီတာမင်စီဟာ ရေမှာပျော်ဝင်နိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်ပြီး ရောဂါတွေကို ခုခံနိုင်စွမ်း တိုးမြင့်စေပြီး ခန္ဓါကိုယ်မှာရှိတဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ free radicals တွေကို လျော့ကျစေပါတယ်။(၃) ဒရင်ကောက်ပင်ဟာ ကျန်းမာတဲ့ သွေးဖိအားကို ရရှိစေနိုင်ပါတယ်။ခန္ဓါကိုယ်ကြွက်သား၊အရိုးနဲ့ နှလုံးကျန်းမာရေးကို အထောက်အပံ့ပေးတဲ့ ပိုတက်ဆီယမ်ဓါတ် လုံလောက်စွာ ပါရှိပါတယ်။ ဒါကြောင့် သွေးတိုးရောဂါရှိတဲ့သူတွေအတွက် ဒရင်ကောက်ပင်ကို စားသုံးခြင်းဖြင့် သွေးလည်ပတ်မှုကောင်းစေပါတယ်။(၄) ဒရင်ကောက်ပင်ဟာ ခန္ဓါကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကို တိုးမြှင့်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။မဂ္ဂနီဆီယမ်ဟာ သွေးထဲမှာရှိတဲ့ သကြားဓါတ်၊ခန္ဓါကိုယ်ဇီဝဖြစ်စဉ်နဲံ သိုင်းရွိုက်ဂလင်းတွေရဲ့ လုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်ပေးတဲ့ အင်ဇိုင်းဓါတ်တွေအတွက် အလွန်ပင်အရေးပါလှပါတယ်။ ဒရင်ကောက် 100 ဂရမ်မှာ မဂ္ဂနီဆီယမ် 26 ရာခိုင်နှုန်းပါဝင်ပါတယ်။ မဂ္ဂနီဆီယမ် လျော့နည်းခြင်းဟာ မျိုးအောင်နှုန်းလျော့ကျခြင်း၊ဖွံဖြိုးမှုနည်းခြင်း၊မွေးရာပါချို့ယွင်းချက်တွေနဲ့ အထွေထွေအားနည်းချက်တွေကို ဖြစ်ပွားစေနိုင်ပါတယ်။(၄) ဒရင်ကောက်ပင်ဟာ ခန္ဓါကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကို တိုးမြှင့်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။မဂ္ဂနီဆီယမ်ဟာ သွေးထဲမှာရှိတဲ့ သကြားဓါတ်၊ခန္ဓါကိုယ်ဇီဝဖြစ်စဉ်နဲံ သိုင်းရွိုက်ဂလင်းတွေရဲ့ လုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်ပေးတဲ့ အင်ဇိုင်းဓါတ်တွေအတွက် အလွန်ပင်အရေးပါလှပါတယ်။ ဒရင်ကောက် 100 ဂရမ်မှာ မဂ္ဂနီဆီယမ် 26 ရာခိုင်နှုန်းပါဝင်ပါတယ်။ မဂ္ဂနီဆီယမ် လျော့နည်းခြင်းဟာ မျိုးအောင်နှုန်းလျော့ကျခြင်း၊ဖွံဖြိုးမှုနည်းခြင်း၊မွေးရာပါချို့ယွင်းချက်တွေနဲ့ အထွေထွေအားနည်းချက်တွေကို ဖြစ်ပွားစေနိုင်ပါတယ်။(၆) ဒရင်ကောက်ပင်ဟာ ကင်ဆာရောဂါ ဖြစ်ပွားမှုကို လျောချပေးနိုင်ပါတယ်။သူ့ထဲမှာ တွေ့ရတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း beta-carotene ဟာ ကင်ဆာဖြစ်ပွားနှုန်းကို လျော့ကျစေနိုင်ပါတယ်။ သုတေသနတွေအရ တစ်နေ့ကို beta-carotene 1.7 ကနေ 2.7 မီလီဂရမ်ထိ သောက်သုံးတဲ့သူတွေဟာ အဆုတ်ကင်ဆာဖြစ်ပွားနှုန်းကို 40 ရာခိုင်နှုန်းအထိ လျော့ချပေးနိုင်တယ်လို့ သိရှိရပါတယ်။(၇) ဒရင်ကောက်ပင်ဟာ မျက်လုံးကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။အမြင်အာရုံကို တိုးတက်စေပြီး ကြက်မျက်သင့်ရောဂါ၊မျက်လုံးအမြင်အာရုံ ယိုယွင်းခြင်း အစရှိသည်တို့ကို ကာကွယ်ပေးနိုင်တဲ့ ဗီတာမင်အေ လုံလောက်စွာ ပါရှိပါတယ်။ မုန်လာဥနီလိုပဲ ဒရင်ကောက်ဟာလဲ လက်စွဲထားသင့်တဲ့ ဆေးဖက်ဝင် အပင်တစ်မျိုးပါပဲ။အချုပ်ဆိုရရင်တော့ ဒရင်ကောက်ပင်ဟာ မျှတတဲ့ အာဟာရဓါတ်ကို ပေးစွမ်းနိုင်သည့်အပြင် ခန္ဓါကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကို ကောင်းမွန်အောင် စွမ်းဆောင်နိုင်တဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။ ဝိတ်ကျလိုသူတွေအတွက်လည်း အထူးသင့်လျော်ပါတယ်။ ဒါပေမဲ့ ဒရင်ကောက်ပင်ကို အလွန်အကျွံစားသုံးမိရင်တော့ ခန္ဓါကိုယ်အတွင်းမှာရှိတဲ့ ဗီတာမင် ဘီ1 ဓါတ်ကို ဆုံးရှုံးစေနိုင်ပြီး နောက်ဆက်တွဲ လက္ခဏာတွေဖြစ်တဲ့ အစာစားချင်စိတ်မရှိခြင်း၊အစာမကြေခြင်း ၊ကြွက်သားများအထိမခံနိုင်ခြင်း (အထူးသဖြင့် ခြေသလုံးကြွက်သား) စတဲ့ အရာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒရင်ကောက်ပင်ကို ချင့်ချိန်ပြီး တန်ဆေးလွန်ဘေး မဖြစ်အောင် စားသုံးကြဖို့ တိုက်တွန်းလိုပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/%e1%80%92%e1%80%9b%e1%80%84%e1%80%ba%e1%80%80%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%95%e1%80%84%e1%80%ba%e1%81%8f-%e1%80%a1%e1%80%b6%e1%80%b7%e1%80%96%e1%80%bd%e1%80%9a%e1%80%ba%e1%80%9b/
ဟေမိုဖီးလီးယား သွေးမတိတ်ရောဂါ
တစ်ခုခုနဲ့ ထိခိုက်မိရင်သွေးထွက်ပြီးသွေးမတိတ်တဲ့ သူတွေ ရှိပါသလား။ တစ်ခုခုနဲ့ တိုက်မိပြီးအညိုအမည်းစွဲနေတာ ပျောက်ကို မပျောက်တော့ဘူး ဆိုတဲ့ သူတွေရော ရှိပါသလား။ ဒီလို လက္ခဏာတွေလည်း ရှိတယ်။ ငယ်ငယ်လေးတည်းက ဖြစ်တာ၊ ယောကျာ်းလေးလည်း ဖြစ်နေတယ် ဆိုရင် ဟေမိုဖီးလီးယား သွေးမတိတ်ရောဂါများလား ဆိုပြီး စဉ်းစားကြည့်ရမှာပါ။ ဒီရောဂါ ဘာကြောင့်ဖြစ်တာလဲ။ အသက်အန္တရာယ်ရှိလားဆိုတာ လေ့လာကြည့်ရအောင်။ပုံမှန်ဆိုရင် တစ်ခုခုနဲ့ ခိုက်မိလို့ သွေးထွက်လာရင် သိပ်မကြာဘူး သွေးက အလိုလို တိတ်သွားပါတယ်။ ဘာကြောင့်လည်းဆိုတော့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့သွေးဥမွှားတွေ၊သွေးတိတ်စေတဲ့ ပစ္စည်းတွေက သွေးထွက်တဲ့ နေရာကို လာပြီး ပိတ်လိုက်လို့ပါ။ ဒီရောဂါရှိတဲ့သူတွေကျတာ့ သွေးတိတ်စေတဲ့ ပစ္စည်းတွေ မွေးရာပါ ချို့တဲ့နေတာကြောင့် သူများတွေထက် သွေးတိတ်တာ ပိုကြာပါတယ်။ ဒီတိုင်းနေရင်တော့ လူကောင်းပါပဲ။ တစ်ခုခုနဲ့ ခိုက်မိလို့ သွေးမတိတ်ဘူးဆိုမှသာ စပြီး သတိထားမိတာပါ။ဟေမိုဖီးလီးယား ရောဂါအမျိုးအစားက အများကြီး ရှိပါတယ်။ အများစု မျိုးရိုးလိုက်ပါတယ်။ ဆိုလိုတာက မိသားစုထဲမှာ ဖြစ်ဖူးတဲ့သူရှိပါတယ်။ ၃၀ရာခိုင်နှုန်းလောက်ကတော့ မျိုးရိုး မရှိဘဲဖြစ်တာပါ။ ဟေမိုဖီးလီးယားနဲ့ ပတ်သတ်တဲ့ မျိုးဗီဇမှာ ချို့ယွင်းချက်ဖြစ်သွားတယ်လို့ ယူဆကြပါတယ်။ရှားရှားပါးပါးခုခံအားကမောက်ကမဖြစ်ပြီး ကိုယ့်ရဲ့ သွေးတိတ်စေတဲ့ ပစ္စည်းတွေကို ပြန်ဖျက်ဆီးလို့ ဖြစ်ရတဲ့ ဟေမိုဖီးလီးယားရောဂါလည်း ရှိပါသေးတယ်။  ကိုယ်ဝန်ဆောင်နေတဲ့အချိန်၊ ခုခံအားကမောက်ကမ ရောဂါ၊ ကင်ဆာနဲ့ Multiple sclerosis ရောဂါတွေမှာ တွေ့ရတတ်ပါတယ်။အတွေ့ရများပါတယ်။ အရင်ဆုံး ပြောချင်တာက လူတစ်ယောက် ယောကျာ်းလေးလား မိန်းကလေးလား ဆိုတာကို မျိုးဗီဇအရ Xတွေ Yတွေနဲ့ ပြောပါတယ်။ XX ဆိုရင် မိန်းကလေး XYဆိုရင် ယောကျာ်းလေးပေါ့။ ဒီXတွေ Yတွေကို အဖေက တစ်ခု၊ အမေက တစ်ခုပေးထားတာပါ။ အဖေဆီက Yနဲ့ အမေက Xနဲ့ ပေါင်းရင် ယောကျာ်းလေး၊ အဖေက Xနဲ့ အမေက Xနဲ့ မိန်းကလေးပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် အမေက Xပဲ ပေးနိုင်တာပါ။ ဒါက ပုံမှန် ဖြစ်စဉ်ကို ရှင်းပြပေးတာပါ။ခု ဟေမိုဖီးလီးယားဖြစ်စေတဲ့ မျိုးဗီဇက Xမှာ ရှိနေတာပါ။ ဒါကြောင့် အမေဟာ ရောဂါသယ်ဆောင်သူ ဖြစ်နေရင်၊ ရောဂါရှိတဲ့ မျိုးဗီဇXက သားဆီရောက်သွားရင် သားမှာ ရောဂါဖြစ်လာမှာပါ။ သမီးတွေကတော့ အဖေ့ဆီက Xအကောင်းတစ်ခု ရထားတဲ့အတွက် ရောဂါသယ်ဆောင်သူ (carrier)ပဲ ဖြစ်လာမှာပါ။ ရောဂါလက္ခဏာလည်း ပြခဲပါတယ်။ ဒါကြောင့် ယောကျာ်းလေးတွေမှာ အဖြစ်များတယ်လို့ ပြောတာပါ။ နောက်ပိုင်းပြီး မျိုးရိုးရာဇဝင်ကို သိချင်ရင် အမေ့ဘက်က ယောကျာ်းလေးအမျိုးတွေမှာ ဒီရောဂါဖြစ်ဖူးတဲ့သူ ရှိမရှိမေးရမှာပါ။ဟေမိုဖီးလီးယားရဲ့ ရောဂါလက္ခဏာတွေက သူ့မှာ သွေးတိတ်ပစ္စည်း ဘယ်လောက်ချို့တဲ့နေလဲ အပေါ်မူတည်ပါတယ်။ သိပ်မနည်းဘူးဆိုရင် ကြီးကြီးမားမား ထိခိုက်မှု၊ အကြီးစားခွဲစိတ်မှု လုပ်မှပဲ သွေးမတိတ်တာပါ။ တော်တော်ချို့တဲ့မှ အလိုအလျောက်သွေးထွက်တာကို ကြုံရမှာပါ။ လက္ခဏာတွေကတော့။ဒါတွေထက် ပိုကြောက်ဖို့ကောင်းတာကဦးနှောက်ထဲ သွေးယိုတာပါ။ ဖြစ်ခဲပေမယ့် မသိလိုက်ရင် အန္တရာယ် ရှိပါတယ်။ ဥပမာပြောရရင် တစ်ခုခုနဲ့ ခေါင်းဆောင့်မိသွားတယ်ဆိုပါစို့။ သာမန်လူတွေက ဘာမှမဖြစ်ပေမယ့် သူတို့က ဦးနှောက်ထဲမှာ သွေးစိမ့်ပြီး မတိတ်တော့ပါဘူး။ လက္ခဏာတွေကတော့။ခုနကပြောတဲ့ လက္ခဏာတွေရှိခဲ့ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး စစ်ဆေးလို့ရပါတယ်။ ဟေမိုဖီးလီးယားရောဂါ ဘယ်လောက်ဆိုးလဲ ဆိုတာက သွေးတိတ်ပစ္စည်းတွေ ဘယ်လောက်ချို့တဲ့ နေလဲပေါ်မူတည်ပါတယ်။ တချို့ဆို သိပ်မပြင်းထန်လို့ ဘာလက္ခဏာမှ မပြတာတောင် ရှိပါတယ်။နောက်တစ်ခုက ဒီရောဂါက မျိုးရိုးလိုက်တဲ့အတွက် မွေးလာမယ့် ကိုယ့်ကလေးမှာ ဒီရောဂါရှိမရှိ ကြိုတင် စစ်ဆေးလို့ရပါတယ်။ ကိုယ်ဝန်ဆောင်ကတည်းက သိချင်တယ်ဆိုရင်တော့ ရေမြွာရည်ကို ယူပြီး စစ်ဆေးတာ၊ အချင်း အသားစယူပြီး စစ်ဆေးတာ လုပ်လို့ရပါတယ်။ ဒါပေမယ့် မတော်တဆကိုယ်ဝန်ပျက်ကျတာ၊ လမစေ့ဘဲမွေးတာတွေ ဖြစ်နိုင်တဲ့အတွက်  ဆရာဝန်နဲ့ သေချာ တိုင်ပင်ပါ။ဒါမှမဟုတ် မွေးပြီးမှ စစ်ချင်တယ်ဆိုလည်း ရပါတယ်။ ကလေးချက်ကြိုးကနေ သွေးကိုယူပြီး စစ်လို့ရပါတယ်။မျိုးဗီဇရောဂါဖြစ်တဲ့အတွက် အရှင်းပျောက်အောင်  ကုလို့မရပါဘူး။ တတ်နိုင်သမျှ သွေးမထွက်အောင် နေပြီး ကြားထဲမှာ လိုအပ်ရင် သွေးတိတ်ပစ္စည်းတွေ သွင်းနေရမှာပါ။ သွေးသွင်းသလိုပြပေါ့။ ခုနောက်ပိုင်းမှာ မျိုးဗီဇပြုပြင်ထားတဲ့ သွေးတိတ်ပစ္စည်းတွေလည်း ရှိနေပြီဆိုတော့ သွေးမတိတ်ဘူးဆိုရင် ထိုးလို့ရပါတယ်။ သွေးတိတ်ပစ္စည်း သိပ်မချို့တဲ့တဲ့ သူတွေကတော့ လိုမှထိုးရတာဖြစ်ပြီး ပြင်းထန်တဲ့ သူတွေကတော့ ပုံမှန်ထိုးနေရမှာပါ။အပြီးလည်း ပျောက်အောင် ကုလို့မရဘူးဆိုတော့ သွေးမထွက်အောင် တတ်နိုင်သမျှ ကာကွယ်ရမှာပေါ့။ သူတို့က သွေးမထွက်ရင် လူကောင်းအတိုင်းပဲ နေနိုင်ပါတယ်။ ကာကွယ်နည်းတွေကတော့။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/hemophilia/all-about-hemophilia/
အယ်လ်ဇိုင်းမားရောဂါ စတင်လာခြင်းလက္ခဏာများ
အယ်လ်ဇိုင်းမားရောဂါဟာ မှတ်ဉာဏ်နဲ့အသိဉာဏ်ပိုင်းဆိုင်ရာ ချို့ယွင်းတဲ့ရောဂါဖြစ်ပြီး ကမ္ဘာပေါ်မှာ လူသန်းပေါင်း ၅၀ ကျော်ခန့် ကြုံတွေ့နေ တဲ့ပြဿနာ ဖြစ်ပါတယ်။ အသက် ၆၅ နှစ်နဲ့အထက် အသက်ကြီးပိုင်းတွေမှာ ဖြစ်တာများပေမယ့် တခါတရံ အသက် ၄၀-၅၀ အရွယ်တွေမှာ ဖြစ်တာလည်း တွေ့ရတတ်ပါတယ်။ အသက်လေးဆယ်ကျော်အရွယ်တွေမှာ အယ်လ်ဇိုင်းမားဖြစ်ရင် ရောဂါအမည်တပ်ဖို့ ခက်ခဲတတ်ပါတယ်။စိတ်ဖိစီးမှုကြောင့် ဖြစ်တတ်တဲ့ ပြဿနာတွေနဲ့ ဆင်တူနေလို့ ဖြစ်ပါတယ်။အယ်လ်ဇိုင်းမားဟာဦးနှောက်ကို ထိခိုက်လာတဲ့အခါ မှတ်ဉာဏ်ပိုင်းဆိုင်ရာ ကျဆင်းခြင်း၊ ကျိုးကြောင်းဆင်ခြင်မှုနဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ ကျဆင်းခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ကျဆင်းခြင်းဟာ ဖြည်းဖြည်းချင်းဖြစ်လာတာမို့ သိပ်မသိသာပါဘူး။အယ်လ်ဇိုင်းမားရောဂါ အစပျိုးလာချိန်မှာမှတ်ဉာဏ်စတင်ချို့ယွင်းလာပါတယ်။ စိတ်ပိုင်းဆိုင်ရာ တွေးခေါ်မှု၊ ဆင်ခြင်မှုတွေလည်း စွမ်းရည်ကျဆင်းပြီး နေ့စဉ်ဘဝကို ထိခိုက်လာနိုင်ပါတယ်။ သင့်အနီးအနားက မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေဆီမှာ အောက်ပါလက္ခဏာတွေကြုံလာရင်တော့ အယ်လ်ဇိုင်းမားဝင်လာတာဖြစ်နိုင်လို့ ဆရာဝန်ပြသဖို့ တိုက်တွန်းသင့်ပါတယ်။မကြာခဏ သတိမေ့တတ်လာပါတယ်။ အရေးကြီးတဲ့ နေ့ရက်တွေ၊ အထိမ်းအမှတ်ကိစ္စတွေပါ မေ့လာပါတယ်။ မေးခွန်းတွေမေးလာတတ်ပြီး သိပြီးသား၊ ပြောပြီးသားကိစ္စတွေကိုပါ ထပ်တလဲလဲမေးမြန်းလာပါတယ်။ကိစ္စတခုခုကို စီမံဆောင်ရွက်နိုင်စွမ်း နည်းပါးလာပါတယ်။ ကိန်းဂဏန်းတွေနဲ့ ပတ်သက်ရင် ပိုဆိုးပါတယ်။ စာရင်းဇယားမှတ်သားတာမျိုး၊ လစဉ်မီတာဆောင်ခြင်းမျိုး စတဲ့ပုံမှန်ကိစ္စတွေကိုတောင် စီမံဖို့ ခက်ခဲလာပါတယ်။ ပြဿနာဖြေရှင်းနိုင်စွမ်း လျော့နည်းလာပါတယ်။အာရုံစူးစိုက်ဖို့ ခက်ခဲလာပါတယ်။ အနည်းငယ်တွေးခေါ်ပြီး လုပ်ကိုက်ရတဲ့ နေ့စဉ်လုပ်နေကြလုပ်ငန်းတွေကို ဆောင်ရွက်ရ ခက်ခဲလာပါတယ်။ ဥပမာ ကားမောင်းနေကြဖြစ်ပေမယ့် မောင်းနေကြ နေရာတွေလမ်းတွေကို ကောင်းကောင်းမမှတ်မိတော့တာမျိုး ဖြစ်ပါတယ်။နေ့ရက်တွေ မှတ်သားဖို့ ခက်ခဲလာပါမယ်။ နောက်နေ့ဘာလုပ်ရမလဲ မဆုံးဖြတ်တတ်တော့ပါဘူး။ ဒီထက်ဆိုးလာရင် ဘယ်နေရာရောက်နေသလဲ၊ ဘယ်လိုရောက်လာသလဲ၊ ဘာလုပ်ဖို့ ရောက်လာသလဲပါ မမှတ်မိဘဲ ဖြစ်နေတတ်ပါတယ်။စာဖတ်ဖို့ ခက်လာပါတယ်။ အကွာအဝေးကိုလည်း မခန့်မှန်းနိုင်ပါဘူး။ အရောင်တွေမှတ်သားနိုင်စွမ်းလည်း ထိခိုက်လာပါတယ်။ ဒါကြောင့် ကားမောင်းဖို့ အခက်အခဲ ရှိပါတယ်။ မီးပွိုင့်အရောင်တွေ မကွဲတော့လို့ပါ။စကားဝိုင်းဖွဲ့ပြောရာမှာလည်း အခက်အခဲရှိပါတယ်။ ပြောနေရင်းနဲ့ ရပ်သွားတာ၊ ဘယ်လိုစကားလုံး သုံးနှုန်းရမယ် မသိတော့တာမျိုးတွေ ကြုံလာတတ်ပါတယ်။ ပြောပြီးသားတွေကို ထပ်တလဲလဲပြောနေခြင်းလည်း ရှိတတ်ပါတယ်။ အရာဝတ္တုတခုခုကို ဘယ်လိုခေါ်သလဲဆိုတာပါ ရုတ်တရက် မမှတ်မိတာ ဖြစ်နိုင်ပါတယ်။ယခင်ပါဝင်နေကျ လူမှုရေးလုပ်ငန်းတွေ၊လှုပ်ရှားမှုတွေကနေ ရှောင်ရှားလာပါတယ်။ဝါသနာပါတဲ့ အလုပ်တွေကိုလည်း မလုပ်ဖြစ်တော့ပါဘူး။ ရောဂါအခြေအနေပိုဆိုးလေ ရှောင်ဖယ်တာ ပိုများလာလေပါပဲ။စိတ်အတက်အကျလည်း ဖြစ်လာနိုင်ပါတယ်။ အာရုံရှုပ်ထွေးခြင်း၊ စိတ်ကျခြင်း၊ စိတ်ပူခြင်း၊ ကြောက်လန့်တတ်ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ပေါ်လာနိုင်ပါတယ်။………………………………။အကယ်၍ သင့်မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေမှာ အထက်ပါလက္ခဏာမျိုးတွေ တွေ့လာရရင် အယ်လ်ဇိုင်းမားရောဂါ အစပျိုးလာတာ ဖြစ်နိုင်ပါတယ်။ သူတို့ရဲ့ပြဿနာကို တတ်နိုင်သလောက် နားလည်ကူညီပေးပြီး ဆရာဝန်နဲ့ ပြသဖို့ တိုက်တွန်းသင့်ပါတယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/dementia-and-alzheimers-disease/signs-of-early-onset-alzheimers/
Blocked Tear Duct (မျက်ရည်ပြွန် ပိတ်ဆို့ခြင်း)
မျက်ရည်ပြွန်ပိတ်ဆို့ခြင်းဆိုသည်မှာ မျက်လုံး၏ မျက်ရည်စွန့်ထုတ်သည့် စနစ်သည် တစိတ်တပိုင်း (သို့) အပြည့်ပိတ်ဆို့နေခြင်းကို ဆိုလိုသည်။ ပုံမှန်အတိုင်း မျက်ရည်မစီးဆင်းနိုင်လျှင် မျက်ရည်ဝဲခြင်း၊ ယားယံခြင်း (သို့) နာတာရှည် မျက်လုံးရောဂါဖြစ်စေနိုင်သည်။ ပိတ်ဆို့နေသော မျက်ရည်ပြွန်သည် ပြန်လည် ပြုပြင်၍ရသည်။ ကုသမှုသည် ပိတ်ဆို့ရသည့် အကြောင်းရင်း နှင့် လူနာ၏ အသက်ပေါ်မူတည်သည်။မျက်ရည်ပြွန်ပိတ်ဆို့ခြင်းသည် မွေးခါစကလေးများတွင် ပို၍ အဖြစ်များသည်။ အရွယ်ရောက်ပြီး သူမျးတွင် မျက်ရည်ပြွန်ပိတ်ဆို့ခြင်းသည် မျက်လုံးကူးစက်ရောဂါပိုး၊ ရောင်ရမ်းခြင်း၊ ဒဏ်ရာ (သို့) အကြိတ် တို့ကြောင့်ဖြစ်သည်။ မျက်ရည်ပြွန်ပိတ်ဆို့ခြင်းကို ဖြစ်စေနိုင်သော အချက်အလက်များကို လျှော့ချခြင်းဖြင့် ထိန်းချုပ်နိုင်သည်။အခြားသတင်းအချက်အလက်များအတွက် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။မျက်ရည်ပြွန်ပိတ်ဆို့ခြင်း၏ ရောဂါလက္ခဏာတွေက ဘာလဲ?။အဖြစ်များသော ရောဂါလက္ခဏာများမှာ။-မျက်ရည်အလွန်အကျူးထွက်ခြင်း။-မျက်ဖြူသား နီရဲခြင်း။-မျက်လုံး၏ အတွင်းထောင့်တွင် နာကျင်စွာ ရောင်ရမ်းခြင်း။-မျက်ဝပ်ထွက်ခြင်း။-အမြင်အာရုံေဝဝါးခြင်း။မျက်ရည်ပြန်ပိတ်ဆို့သည့်အခါ မျက်လုံး နှင့် နှာခေါင်းဆက်သွယ်ထားသော နေရာတွင် ပိတ်မိနေသော ဘတ်တီးရီးယားများသည် ကူးစက်ရောဂါကို ဖြစ်စေသည်။ကူးစက်ရောဂါ၏ လက္ခဏာများမှာ။-မျက်လုံး၏ အတွင်းထောင့် (သို့) မျက်လုံးတဝိုက် နှင့် နှာခေါင်း -ရောင်ရမ်းခြင်း၊ နာကျင်ခြင်း နှင့် နီရဲခြင်း။-မျက်ဝပ်ထွက်ခြင်း။-မျက်တောင်အထက်တွင် အလွှတစ်လွှာ ကပ်နေခြင်း။-အမြင်အာရုံဝေဝါခြင်း။-မျက်ရည်တွင် သွေးစပါခြင်း။-ဖျားခြင်း။အထက်တွင် ဖော်ပြထားသည့်အတွင်း မပါဝင်သော လက္ခဏာများ ရှိကောင်းရှိနိုင်ပါသည်။ ရောဂါလက္ခဏာတစ်ခုနှင့် ပါတ်သတ်ပြီး စိုးရိမ်ကြောင့်ကြပါက ဆရာဝန်နှင် ဆွေးနွေးတိုင်ပင်သင့်ပါသည်။အထက်ပါ ရောဂါလက္ခဏာဝေဒနာများ ခံစားနေရလျှင် (သို့) ထိုလက္ခဏာများနှင့် ပတ်သတ်ပြီး သိလိုလျှင် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။-ရက်ပေါင်းများစွာ မျက်ရည်ကျနေခြင်း။-မျက်လုံးသည် ခဏခဏ (သို့) ဆက်တိုက် ကူးစက်ရောဂါ ဖြစ်နေခြင်း။မျက်ရည်ပြွန်ပိတ်ဆို့ခြင်းကို ဖြစ်စေသည့် အကြောင်းရင်းများတွင်။-မွေးရာပါ ပိတ်ဆို့ခြင်း။ မွေးခါစ ကလေးများတွင် မျက်ရည်ပြွန်ပိတ်ဆို့ခြင်းသည် မွေးဖွားသည့်အချိန်တွင် အမြှေးပါး မပွင့်သေးသောကြောင့် ဖြစ်သည်။-အသက်အရွယ် နှင့် ဆိုင်သော ပြောင်းလဲချက်များ။ လူကြီးများတွင် မျက်ရည်ထွက်ရာ အပေါက်ငယ်သည် တဖြေးဖြေး ကျဉ်းလာပြီး ပိတ်သွားသောကြောင့် ဖြစ်နိုင်သည်။-ကူးစက်ရောဂါ နှင့် ရောင်ရမ်းခြင်း။ နာတာရှည် ဖြစ်သော ကူးစက်ရောဂါ နှင့် ရောင်ရမ်းခြင်းတို့သည် မျက်ရည်စွန့်ထုတ်သည့် စနစ်ကို ပျက်စီးစေသဖြင့် မျက်ရည်ပြွန်ပိတ်ဆို့ခြင်းကို ဖြစ်စေသည်။နာတာရှည် ထိပ်ကပ်နာသည် မျက်လုံးနားတဝိုက် တသျှူးများကို ထိခိုက်စေပြီး အမာရွတ်ဖြစ်စေကာ မျက်ရည်ပြွန်ပိတ်ဆို့ခြင်းကို ဖြစ်စေနိုင်သည်။-ထိခိုက်ဒဏ်ရာ။ နှာခေါင်းထိခိုက်မိခြင်း၊ ဥပမာ- နှာခေါင်းရိုးကျိုးခြင်းသည် မျက်ရည်ပြွန်ပိတ်ဆို့ခြင်းကို ဖြစ်စေနိုင်သော အမာရွတ်များကို ဖြစ်စေနိုင်သည်။-အကြိတ်။ မျက်ရည်ပြွန်စနစ်ကို ဖိမိနိုင်ပြီး မျက်ရည်ထွက်ခြင်းကို ဟန့်တားသည်။-ကင်ဆာအတွက် ဓါတုဆေးသွင်း ကုသခြင်း နှင့် ဓါတ်ရောင်ခြည်ဖြင့် ကုသနည်းတို့သည် ဘေးထွက်ဆိုးကျိုးအနေနှင့် မျက်ရည်ပြွန်ကို ပိတ်ဆို့စေနိုင်သည်။အောက်ပါတို့သည် မျက်ရည်ပြွန်ပိတ်ဆို့ခြင်းကို ပို၍ဖြစ်စေသည်။-အသက် နှင့် လိင်။ အသက်ကြီးအမျိုးသမီးများသည် ပို၍အဖြစ်များသည်။-နာတာရှည် မျက်လုံးရောင်ရမ်းခြင်း။-ယခင် ခွဲစိတ်မှုများ။ ဥပမာ- မျက်စိ၊ မျက်ခွံ၊ နှာခေါင်း ခွဲစိတ်များ။-မျက်စိတိမ်စွဲခြင်း။ မျက်စိတိမ်စွဲခြင်းအတွက် အသုံးပြုသောဆေးများသည် မျက်ရည်ပြွန်ပိတ်ဆို့ခြင်းကို ပို၍ဖြစ်စေသည်။-ကင်ဆာအတွက် ဓါတူဆေးသွင်းကုသခြင်း နှင့် ဓါတ်ရောင်ခြည်ပေးကာ ကုသခြင်း။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။မျက်ရည်ပြွန်ပိတ်ဆို့ခြင်းကို သိရှိနိုင်စေရန် ဆရာဝန်သည် ရောဂါလက္ခဏာများကို စစ်ဆေးမေးမြန်းမည်။အခြားဖြစ်နိုင်သော အကြောင်းရင်းများကို ရှာဖွေရန် မျက်လုံးကို စမ်းသပ်စစ်ဆေးပါမည်။အောက်ပါ စမ်းသပ်ချက်များသည် မျက်ရည်ပြွန်ပိတ်ဆို့ခြင်းကို ရှာဖွေစစ်ဆေးရာတွင် သုံးသည်။-အချိန်ဘယ်လောက်အတွင်း မျက်ရည်ကျသည်ကို စမ်းသပ်ခြင်း။-ဆားရည်ကို မျက်လုံးသို့ ပတ်ဖြန်းပြီး ဘယ်လောက်မြန်မြန် မျက်လုံးက စွန့်ထုတ်နိုင်လဲ စမ်းသပ်ခြင်း။-မျက်လုံးအား ဓါတ်မှန်၊ ကွန်ပြူတာ ဓါတ်မှန်၊ သံလိုက်စက်ကွင်း ဓါတ်မှန်ရိုက်ခြင်း။အထက်ပါ လုပ်ဆောင်ချက်များသည် မျက်ရည်ပြွန်ပိတ်ဆို့ခြင်း မည်သည့်နေရာတွင် ဘာ့ကြောင့် ဖြစ်နေသည်ကို သိရှိနိုင်သည်။ကုသခြင်းသည် ဖြစ်သည့်အကြောင်းရင်းပေါ်မူတည်သည်။တခါတရံ တစ်ခုထက်ပိုသော ကုသမှုမျိုး လိုအပ်တတ်သည်။ကုသမှုများတွင်။-ပိုးသတ်ဆေး။ဆရာဝန်သည် ကူးစက်ရောဂါပိုးကို သံသယရှိလျှင် ပိုးသတ်ဆေးပါဝင်သော မျက်စဉ်းခတ်ဆေး (သို့) သောက်ဆေးများကို ဆေးညွှန်းပေးမည်။-မျက်ရည်ပြွန်ကို နှိပ်နယ်ခြင်း။ကလေးများတွင် မျက်ရည်ပြွန်ပွင့်သွားစေရန် ကူညီပေးခြင်းဖြစ်သည်။ မည်သို့ပြုလုပ်ရမည်ကို ဆရာဝန်မှ ညွှန်ကြားပေးမည်။ညင်သာသော နှိပ်နယ်ခြင်းကို နှာခေါင်းအပေါ်ပိုင်းမှ တဆင့် မျက်ရည်ပြွန်တလျှောက် ပြုလုပ်ပေးရန်ဖြစ်သည်။-အကယ်၍ မျက်ရည်ပြွန်ပိတ်ဆို့ခြင်းကို ဖြစ်စေသည့် မျက်နာဒဏ်ရာ ဖြစ်ခဲ့ဖူးလျှင် ဆရာဝန်သည် အချိန်တစ်ခုစောင့်ပြီး ဒဏ်ရာသက်သာသည်နှင့်အမျှ မျက်ရည်ပြွန်ပိတ်ဆို့ခြင်းသက်သာခြင်း မသက်သာခြင်းကို စောင့်ဆိုင်းပေမည်။-မျက်ရည်ပြွန် အလိုလို မပွင့်နိုင်သည့် မွေးခါစကလေးများ၊ လမ်းလျှောက်စ ကလေးများ စသည်တို့နှင့် မျက်ရည်ပြွန် တစိတ်တပိုင်း ပိတ်ဆို့ခြင်းဖြစ်နေသည့် အရွယ်ရောက်ပြီး လူကြီးများတွင် မျက်ရည်ပြွန်ကို ချဲ့ခြင်း၊ စစ်ဆေးခြင်း နှင့် ရေများများဖြင့် ဆေးကြောလိုက်ခြင်းဖြင့် ကုသခြင်း။-ဘူဘောင်းပြွန်အသုံးပြုကာ ကုသခြင်း။အခြားသော ကုသနည်းများ မအောင်မြင်လျှင် (သို့) ပြန်ဖြစ်နေလျှင် ဒီနည်းလမ်းကို အသုံးပြုသည်။မွေးခါစကလေးများ၊ လမ်းလျှောက်စ ကလေးများ စသည်တို့နှင့် မျက်ရည်ပြွန် တစိတ်တပိုင်း ပိတ်ဆို့ခြင်းဖြစ်နေသည့် အရွယ်ရောက်ပြီး လူကြီးများတွင် အသုံးပြုနိုင်သည်။-မျက်ရည်ပြွန်အသစ်ပြုလုပ်ခြင်း။မေ့ဆေးဖြင့် လုပ်ဆောင်သည်။-မျက်ရည်ပြွန်ပိတ်ဆို့ခြင်းကို ကုသရာတွင် အသုံးပြုသော ခွဲစိတ်ခြင်းကို Dacryocystorhinostomy ဟုခေါ်သည်။ ထိုခွဲစိတ်မှုသည် မျက်ရည်ကို နှာခေါင်းတွင်းသို့ စီးဆင်းသည့် လမ်းကြောင်းကို ပြန်ပွင့်စေသည်။အောက်ပါလူနေမှုပုံစံပြောင်းလဲခြင်း နှင့် အိမ်သုံးဆေးမြီးတိုများသည်မျက်ရည်ပြွန်ပိတ်ဆို့ခြင်းကို သက်သာစေနိုင်သည်။-မကြာခဏ လက်ကို စင်ကြယ်စွာ ဆေးကြောခြင်း။-မျက်လုံးကို မပွတ်မိအောင် ကြိုးစားခြင်း။-ဆေးလိပ်ငွေ့သည် ကလေးငယ်များကို ထိခိုက်စေပြီး မျက်ရည်ပြွန်ပိတ်ဆို့ခြင်းကို ပိုဆိုးစေသဖြင့် ကလေးများနား ဆေးလိပ်သောက်ခြင်းကို ရှောင်ကျဉ်ခြင်း။အခြားသိလိုသည့်မေးခွန်းများရှိလျှင် ဆရာဝန် နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင့်အတွက် အကောင်းဆုံးဖြစ်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/other-eye-issues/blocked-tear-duct-%e1%80%99%e1%80%bb%e1%80%80%e1%80%ba%e1%80%9b%e1%80%8a%e1%80%ba%e1%80%95%e1%80%bc%e1%80%bd%e1%80%94%e1%80%ba-%e1%80%95%e1%80%ad%e1%80%90%e1%80%ba%e1%80%86%e1%80%ad%e1%80%af%e1%80%b7/
ရာသီဥတုပူနေတဲ့အချိန် ဘာလို့ ဖရဲသီး စားပေးသင့်တာလဲ
ပူအိုက်တဲ့ ရာသီမှာ လူတော်တော်များများက ရေမကြာခဏ ဆာတတ်ကြတာကြောင့် ဖရဲသီးကို စားတတ်ကြပါတယ်။နေပူတဲ့နေ့ရက်တွေမှာဆိုရင် စတိုးဆိုင်တွေမှာကအစ လှည်းလေးတွေအဆုံး ဖရဲသီးတွေ လှီးစိတ်ပြီး ရောင်းနေတာလည်း တွေ့ဖူးကြမှာပါ။အရည်ရွှမ်းပြီး အရသာလည်း ရှိတဲ့ ဖရဲသီးက ဒီလို ပူအိုက်တဲ့ ရာသီအတွက် ကျန်းမာရေးဆိုင်ရာ ဘယ်လိုအကျိုးကျေးဇူးတွေ ရစေနိုင်လဲဆိုတာကို ပြောပြပေးမယ်နော်။ရာသီဥတုပူလာရင် ချွေးထွက်လာမယ်။ ဆီးသွားများတဲ့အခါ ခန္ဓါကိုယ်ကရေဓါတ်ဆုံးရှုံးတာ သဘာဝပါပဲ။ ရေဓါတ်ဆုံးရှုံးတဲ့အခါမှာ ကိုယ်လက်မအီမသာဖြစ်တာ၊ လည်ချောင်းခြောက်ပြီး နာတာ၊ခေါင်းမူးခေါင်းကိုက်တာ၊ နေရထိုင်ရခက်တာ၊ အလုပ်လုပ်ချင်စိတ် မရှိတာ၊ မူးဝေအော့အန်ချင်စိတ်တွေ ဖြစ်လာမှာပါ။ဖရဲသီးမှာ ရေဓါတ် ၉၂ရာခိုင်နှုန်းပါဝင်တာကြောင့် ရေဓါတ်ခမ်းခြောက်မှုကို ကာကွယ်ပေးနိုင်တယ်။ ဒီလို ပူအိုက်တဲ့ ရာသီမှာ သဘာဝရေသန့်အပြင် ဖြည့်စွက်အစားအစာအနေနဲ့ စားပေးသင့်တဲ့ အစားအစာထဲမှာ ပါဝင်ပါတယ်။ဖရဲသီးမှာ ကယ်လိုရီပမာဏ အလွန်နည်းပြီး ကိုယ်ခန္ဓါအတွက် လိုအပ်တဲ့ ဗီတာမင် A ၊ဗီတာမင် C၊ ဗီတာမင် B အုပ်စု၊ ပိုတက်စီယမ်ဓါတ်၊ မဂ္ဂနီဆီယမ်ဓါတ် အစရှိတဲ့ သတ္တုဓါတ်တွေ များစွာ ပါဝင်ပါတယ်။ ရေဓါတ်ဖြည့်တင်းပေးပြီး ဗီတာမင် C ကြောင့် အသားအရေကို ကြည်လင်လန်းဆန်းကာ လှပစေတယ်။နေရောင်ခြည်ဒဏ်ေကြာင့် အသားအရေပျက်စီးကြမ်းတမ်းလာတာ၊ အိုမင်းရင့်ရော်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ဖရဲသီးမှာ ကင်ဆာရောဂါတချို့ကို ကာကွယ်ပေးနိုင်တဲ့ အာဟာရဓါတ်ပေါင်းအုပ်စုတွေ ပါဝင်ပါတယ်။ ဒါ့အပြင် ကိုယ်ခန္ဓါအတွက် လိုအပ်တဲ့ဗီတာမင်နဲ့ သတ္တုဓါတ်များစွာ ပါဝင်တာကြောင့် ကျန်းမာစေတယ်။ အစာကြေစေတယ်။ ကိုယ်တွင်းအင်္ဂါတွေကိုလည်း ကောင်းစွာ အလုပ်လုပ်နိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။နှလုံးရောဂါကြောင့် ရုတ်တရက်သေဆုံးသူတွေ ကမ္ဘာအနှံ့ များသထက် များလာတာကို သိကြမှာပါ။ နေထိုင်စားသောက်မှု ပုံစံအပြင် နေ့စဉ် အစာအာဟာရမျှတစွာ စားသုံးခြင်းဖြင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ဖရဲသီးဟာ သွေးတွင်း ကိုလက်စထရောဓါတ်ကို လျှော့ချပေးနိုင်တယ်။ ကယ်လိုရီ ပါဝင်မှုနည်းတဲ့အပြင် သွေးတိုးကျစေနိုင်ပါတယ်။ ဒါ့အပြင် lycopene လို့ ခေါ်တဲ့ ဖရဲသီးမှာ ပါတဲ့ ဓါတ်ပေါင်းတစ်မျိုးဟာ နှလုံးသွေးကြောနံရံ ကျဉ်းမြောင်းတာကို ကာကွယ်ပေးနိုင်တယ်။ဒီနေ့ခေတ် ကလေးတွေနဲ့ လူငယ်တွေမှာ တီဗီ၊ ဖုန်း၊ ကွန်ပျူတာ အကြည့်များတဲ့အပြင် ညဘက်တွေမှာ နောက်ကျအိပ်တာကြောင့် အမြင်အာရုံချို့ယွင်းပြီးမျက်စိမှုန်လာတယ်။ ဖရဲသီးကို ပုံမှန်စားပေးရင် မျက်စိမှုန်တာ၊ မျက်စိအမြင်အာရုံ အားနည်းတာကို ကာကွယ်ပေးနိုင်တယ်။ မျက်စိအမြင် ကြည်လင်စေတယ်။ အသက်ကြီးသူတွေမှာ ဖြစ်တတ်တဲ့ အမြင်အာရုံနဲ့ သက်ဆိုင်တဲ့ ရောဂါတွေကိုလည်း ဖြစ်နိုင်ခြေ လျော့ကျစေနိုင်ပါတယ်။အပြင်ထွက်ပြီး အမြဲသွားလာနေရသူတွေ၊အားကစားလိုက်စားသူတွေမှာ ကြွက်သားနဲ့ အရိုးအဆစ်တွေ နာကျင်ကိုက်ခဲတတ်တာ သဘာဝပါပဲ။ ဖရဲသီးဟာ ဒီလိုဝေဒနာကို သက်သာစေပြီး နှလုံးခုန်မြန်စေတာကြောင့် ပိုပြီး အမောခံနိုင်လာစေတယ်။ ရေဓါတ်လည်း ပြန်လည်ဖြည့်ပေးနိုင်တာကြောင့် ပူအိုက်တဲ့ ရာသီမှာ ရေဓါတ်ခမ်းခြောက်မှာကိုလည်း ပူစရာမလိုတော့ပါဘူး။ဖရဲသီးမှာ ပါဝင်တဲ့ ဗီတာမင် A နဲ့ ဗီတာမင် C ဟာ အသားအရေကို ဖြူစင်ဝင်းပစေပြီး နုပျိုလန်းဆန်းစေတဲ့ အာဟာရဓါတ်တွေ ဖြစ်ပါတယ်။ ဗီတာမင် C က အရေပြားနဲ့ ဦးရေပြားကို သန်စွမ်းစေတယ်။ ဖြူစင်ဝင်းပလာစေတယ်။ ပျက်စီးနေတဲ့ ဆဲလ်တွေကို ပြုပြင်ပေးပြီး ကျန်းမာတဲ့ အသားအရေအတွက် ဗီတာမင် A က ကူညီပေးပါတယ်။ရေဓါတ်နဲ့အမျှင်ဓါတ်ပါဝင်မှုများလို့ အစာကြေလွယ်စေတယ်။ ဗိုက်ပြည့်သွားစေတာကြောင့် မကြာခဏ အစာစားချင်စိတ်ကို မဖြစ်စေပါဘူး။ ဝမ်းကိုလည်း မှန်စေနိုင်ပါတယ်။ ဒါကြောင့် ရာသီဥတုပူတဲ့ အချိန်မျိုးမှာ ရေဓါတ်များတဲ့ အသီးအနှံတွေ၊ အမျှင်ဓါတ်များတဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားသုံးပေးဖို့ အကြံပေးလိုက်ပါတယ်နော်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/watermelon-in-summer/
ကြွက်သားနာကျင်မှုကို ဖြစ်စေနိုင်တဲ့ ကိုယ်နေဟန်ထားတွေကိုများ လုပ်မိနေပြီလား။
ကွန်ပျူတာရှေ့ထိုင်ပြီး အကြိုက်ဆုံး သီချင်းလေး နားထောင်ရင်း သီချင်းလေး ညည်းရင်း အချိန်တွေ ကုန်မှန်း မသိ အလုပ်တွေ လုပ်နေလိုက်တာ ညနေ အလင်းရောင် ပျောက်ချိန်မှ အော် ရုံးဆင်းချိန်တောင် ရောက်ပြီပဲဆိုပြီး လက်ပ်တော့ ပိတ်တတ်တဲ့workerholicလေးတွေ များရှိလား။ ဒါတောင် အလုပ် မပြီးသေးရင် ဆက်လုပ်လိုက်ပါဦးမယ် ဆိုတဲ့သူလေးတွေလည်း ရှိပါတယ်။အခုလို ကာလမှာWork from homeကြောင့် အိမ်မှာပဲနေပြီး အလုပ်လုပ်တဲ့အခါ လက်ပ်တော့တစ်လုံးချလို့ရတဲ့ နေရာတိုင်းကအလုပ်စားပွဲဖြစ်ပြီး သီချင်းဖွင့်ထားရင်ကို ပြီးပြည့်စုံတယ်လို့ ခံစားမိတဲ့အနေအထားမှာ တစ်နေကုန် လှုပ်ရှားမှု မရှိဘဲ အလုပ်လုပ်နေတာက ညနေများ နားချိန် ရောက်ပြီဆိုရင် အကြောတွေ တင်းပြီး နာတာကို မခံစားရဘူးဆိုတဲ့သူက နည်းမယ် ထင်ပါတယ်။ဒါတွေက ဘာကြောင့် ဖြစ်မယ် ထင်လဲ။ အလှုပ်အရှား မရှိလို့ပေါ့လို့တော့ လို့ မပြောလိုက်နဲ့နော်။ အလှုပ်အရှား မရှိတာထက် ကြွက်သားတွေကို ပိုထိခိုက် နာကျင်စေနိုင်တဲ့ အကြောင်းအရင်းလေး ရှိပါတယ်။ ဒါကတော့ ကိုယ်နေဟန်ထား မမှန်တာပါ။ကြွက်သားတွေက လေ့ကျင့်ခန်း လုပ်တာကြောင့် နာကျင်နိုင်သလို လှုပ်ရှားမှု နည်းရင်လည်းကိုက်ခဲ ညောင်းညာတာမျိုး ခံစားရနိုင်ပါတယ်။ ကြွက်သားတွေကို ထိခိုက်စေနိုင်တဲ့ လူအတော်များများ လုပ်မိနေတဲ့ အကြောင်းအရင်း တစ်ခုကတော့ ကိုယ်နေဟန်ထား မမှန်တာပါ။ထိုင်တဲ့အခါ ခါးဆန့်ဆန့်ထိုင်တာက ခါးကြွက်သားတွေကို ဝန်ပေါ့စေပြီး ခါးနာတာကိုမဖြစ်စေပါဘူး။ ဒါပေမယ့် လူအများစုက ခါးကို ဆန့်ထိုင်တာက ပင်ပန်းတယ်လို့ ယူဆပြီး ခါးကို ကိုင်းပြီး ထိုင်တတ်ကြပါတယ်။ ဒီလို ခါးကို အချိန်ကြာမြင့်စွာ ကိုင်းပြီး ထိုင်တာက ခါးနာတာကို ဖြစ်စေနိုင်ပါတယ်။လက်ပ်တော့ကို ပေါင်ပေါ်တင်ထိုင်ပြီး အလုပ်လုပ်တာ၊ မှောက်ရက် အနေအထားနဲ့ လက်ပ်တော့ အသုံးပြုတာ၊ လက်ကို ပုံစံမှန်မှန် အသုံးမပြုတာတွေက လက်ကြွက်သားတွေကို နာကျင်စေပြီး လက်ချောင်း အဆစ်လေးတွေကို နာကျင်စေနိုင်ပါတယ်။ရုံးမှာ စားပွဲတွေ ထိုင်ခုံတွေနဲ့ သေချာထိုင်တာကြောင့် ခြေထောက်ကို မလိုအပ်ဘဲ ဝန်မပိစေပေမယ့် အိမ်မှာက ကြမ်းပေါ်မှာ အဆင်ပြေသလို ထိုင်တာမျိုးက ခြေထောက် ကြွက်သားတွေဆီ သွေးစီးဆင်းမှုကို အဟန့်အတား ဖြစ်စေပြီး ​ခြေထောက် ကိုက်တာမျိုး ဖြစ်စေနိုင်ပါတယ်။ကွန်ပျူတာကို ထိုက်သင့်တဲ့ အကွာအဝေးမှာ ထားဖို့ လိုသလို မျက်လုံးနဲ့ တစ်တန်းတည်းမှာ ထားဖို့လည်း လိုပါမယ်။ ကွန်ပျူတာကို အကွာအဝေး မှန်မှန် မထားတာ၊ အနီးကပ်ကြည့်တာတွေက ဇက်တဝိုက်က ကြွက်သားတွေကို ထိခိုက်စေပြီး ဇက်ကြောတက်တာခေါင်းကိုက်တာတွေကို ခံစားရစေနိုင်ပါတယ်။ကွန်ပျူတာ သုံးရင်း ဖြစ်ဖြစ်၊ အလုပ်တစ်ခုခု လုပ်နေရင်း ဖြစ်ဖြစ် ဖုန်းလာတဲ့အခါ ဖုန်းကို ပခုံးနဲ့ညှပ်ပြီး အလွယ်တကူ ပြောလေ့ရှိပါတယ်။ ဒီလိုပြောတာကလည်း ကိုယ်နေဟန်ထား မမှန်တာကြောင့်ပခုံး ကြွက်သားတွေကို နာကျင်စေနိုင်ပါတယ်။လေဒီလေးတွေ သဘောတကျ ဝတ်လေ့ရှိတဲ့ ဒေါက်မြင့် ဖိနပ်တွေကလည်း ကိုယ်နေဟန်ထားကို ထိခိုက်စေပြီးခြေသလုံးကြွက်သားတွေကို နာကျင်စေနိုင်ပါတယ်။ ဖိနပ်စီးတဲ့အခါ သက်တောင့်သက်သာ ဖြစ်တာမျိုးကိုပဲ ရွေးချယ်ပေးပါ။တစ်နေ့တာမှာ သက်တောင့်သက်သာဖြစ်စေတယ်လို့ ယူဆမိပြီး လုပ်မိနေတဲ့ အခုလို အပြုအမူလေးတွေက ကြွက်သား နာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာရဲ့ လှုပ်ရှားမှုတွေမှာ ကိုယ်နေဟန်ထားကို မှန်မှန်လေး ထားပြီး ကြွက်သားတွေ နာကျင်မှု ကင်းအောင် ဂရုစိုက်စို့နော်။ကိုယ်နေဟန်ထား မမှန်တာကြောင့် နာကျင်နေတဲ့ ကြွက်သားလေးတွေ သက်သာစေဖို့ဆိုရင်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/daily-postures-that-can-cause-musculoskeletal-pain/
သင့်သွေးအမျိုးအစား ကပြောတဲ့ သင့်ကျန်းမာရေး အကြောင်း
သင်သွေးလှူဖူးပါသလား။ သွေးမလှူခင်မှာ သင့်သွေးအမျိုးအစားကို စစ်ဆေးကြည့်ရပါတယ်။ အချို့သောသူတွေဟာ မိမိရဲ့သွေးအုပ်စုက ဘာအုပ်စုလည်းဆိုတာမသိကြပါဘူး။ အများစုကတော့ သိနှင့်ပြီးသားပါ။ သင့်သွေးအုပ်စုအမျိုးအစားနဲ့ ကျန်းမာရေးအခြေအနေဟာ ဆက်စပ်မှုရှိပါတယ်။ သင့်သွေးအမျိုးအစား ကပြောတဲ့ သင့်ကျန်းမာရေး အကြောင်း လေ့လာကြည့်ရအောင်။သင့်သွေးအမျိုးအစား ကပြောတဲ့ သင့်ကျန်းမာရေး အကြောင်း မပြောခင် သွေးအုပ်စုတွေအကြောင်းလေး အရင်ပြောပြမယ်နော်။ သွေးအုပ်စုအမျိုးအစားလေးမျိုးရှိပါတယ်။ အေ ( A ) ,ဘီ ( B ) ,အေဘီ ( AB )နဲ့ အို (O) တို့ပါ။စိတ်ပိုင်းဆိုင်ရာ ။    ။ဒိန်းမတ်နိုင်ငံရဲ့ သုတေသနတစ်ခုအရ သွေးအုပ်စု ‘AB’ သွေးပိုင်ရှင်တွေရဲ့ (၈၂) ရာခိုင်နှုန်းလောက်ဟာ မှတ်ဉာဏ်ပျောက်ဆုံးလွယ်ပါတယ်။ အသက်ကြီးရင့်သူ ‘AB’ သွေးပိုင်ရှင် တွေဟာ စိတ်ကစဉ့်ကလျားဖြစ်နိုင်ခြေနဲ့ စိတ်ကျန်းမာရေး ပြဿနာတွေ (စိတ်ရောဂါ) ဖြစ်နိုင်ခြေများပါတယ်။သန္ဓေအောင်နိုင်ခြေ။   ။အမေရိကန်နိုင်ငံ နယူးပြည်နယ်က တက္ကသိုလ်တွေမှာ ပြုလုပ်ခဲ့တဲ့လေ့လာချက်တွေအရ ‘O’ သွေးပိုင်ရှင်အမျိုးသမီးတွေဟာ မျိုးအောင်နိုင်ခြေ နည်းပါးပါတယ်။ သူတို့ရဲ့ ‘မ’မျိုးဉပမာဏနဲ့ အရည်အသွေးဟာ တခြားသော သွေးအမျိုးအစားပိုင်ရှင်တွေထက် မကောင်းတဲ့ဘက်ကို ရောက်နေပါတယ်။အစာအိမ်ကင်ဆာ။      ။‘AB’ သွေးပိုင်ရှင်တွေဟာ ‘B’ နဲ့ ‘O’ သွေးထက် အစာအိမ်ကင်ဆာ ဖြစ်ပွားနိုင်ချေ (၂၆)ရာခိုင်နှုန်းများပါတယ်။ ‘A’သွေးပိုင်ရှင်တွေကတော့ ‘B’ နဲ့ ‘O’ သွေးပိုင်ရှင် တွေထက် (၂၀) ရာခိုင်နှုန်းပိုများပါတယ်လို့ဆိုထားပါတယ်။ ‘A’ နဲ့ ‘AB’ သွေးတွေဟာ ဆေးလိပ် သောက်ခြင်းနဲ့ အရက်အလွန်အကျွံ သောက်သုံးခြင်းကြောင့်ဖြစ်လာနိုင်တဲ့ရောဂါတွေ ခံစားရနိုင် ချေလည်းများပါသေးတယ်။နှလုံးရောဂါ။    ။ ‘A’ , ‘B’ နဲ့ ‘AB’ သွေးပိုင်ရှင်တွေဟာ နှလုံးရောဂါဖြစ်ပွားနှုန်းမြင့်ပါတယ်။ ‘AB’ က(၂၃)ရာခိုင်နှုန်း၊ ‘B’ က (၁၁)ရာခိုင်နှုန်းနဲ့ ‘A’ ကတော့ (၅) ရာခိုင်နှုန်းမြင့်ပါတယ်။ ကံကောင်းစွာနဲ့ ‘O’ သွေးပိုင်ရှင်တွေကတော့ နှလုံးရောဂါဖြစ်ပွားနိုင်ခြေနည်းပါတယ်။ပန်ကရိယာကင်ဆာ။   ။ ‘O’ သွေးပိုင်ရှင်တွေဟာ ပန်ကရိယာကင်ဆာဖြစ်ပွားနှုန်း သိပ်မရှိပါဘူး။စိတ်ဖိစီးမှု။      ။ ‘A’ သွေးပိုင်ရှင်တွေဟာ စိတ်ဖိစီးမှု တစ်ခုကြုံတွေ့ရတဲ့အခါ ဟော်မုန်းများပြား စွာထုတ်လုပ်ပါတယ်။ ‘O’ သွေးကတော့ အဒရီနယ်လင်း  (Adrenaline) ထုတ်ပါတယ်။ ဒီလို ဟော်မုန်းတွေထွက်လာခြင်းကြောင်း စိတ်ဖိစီးမှုဒဏ်ကို ကောင်းစွာမထိန်းချုပ်နိုင်တော့ပါဘူး။ စိတ်ဖိစီးမှု ဖြစ်လွယ်ပါတယ်။ ဒါတွေကိုဖြေရှင်းဖို့ဆိုရင်တော့ ‘A’ သွေးပိုင်ရှင်တွေဟာ ပြေးခြင်း၊ လက်ဝှေ့ထိုး ခြင်းလိုမျိုးလှုပ်လှုပ်ရှားရှား အားကစားမျိုးလုပ်သင့်ပါတယ်။နာတာရှည်ဖျားနာခြင်း။      ။ ‘A’ သွေးပိုင်ရှင်တွေဟာ Cortisol ပမာဏကြောင့် စိတ်ဖိစီးလွယ်သလို နာတာရှည်ဖျားနာခြင်းနဲ့ ရောင်ရမ်းခြင်း ကိုခံစားရနိုင်ပါတယ်။ကိုယ်အလေးချိန်တက်ခြင်း။    ။ ‘A’ သွေးအမျိုးအစားဟာ တခြားသွေးပိုင်ရှင်တွေနဲ့ယှဉ်ရင် ရောဂါဖြစ်ပွားနိုင်ချေနှုန်းနည်းပါးပေမယ့် ကိုယ်အလေးချိန်တော့ အလွယ်တကူတက်နိုင်တယ်လို့ ဆိုထားပါတယ်။ဉာဏ်ကောင်းခြင်း။     ။သွေးအမျိုးအစားနဲ့ ဉာဏ်ရည် (IQ) ပမာဏဟာ ပတ်သက်ဆက်နွယ်ခြင်းတော့မရှိပါဘူး။ မျိုးရိုးဗီဇာနဲ့သာ သက်ဆိုင်ပါလိမ့်မယ်။ခြင်တွေဟာဘယ်သွေးအမျိုးအစားကိုပိုကြိုက်သလဲ။  ။ခြင်တွေဟာခွဲခြားခြင်းမရှိပါဘူးနော်။ ကိုက်ချင်တဲ့သူကိုကိုက်မှာပါ။ ဒါပေမယ့် ‘O’ သွေးပိုင်ရှင်တွေရဲ့အရေပြားပေါ်မှာ တွေ့ရတဲ့ခြင် ပမာဏဟာ တစ်ခြားသော သွေးပိုင်ရှင်တွေထက်ပိုများပါတယ်လို့ လေ့လာချက်တွေကဖော်ပြ ထားတာကိုတွေ့ရပါတယ်။ဒါတွေက လေ့လာချက်တွေသာဖြစ်ပြီး အတိအကျ သက်သေပြနိုင်ခြင်း မရှိပါဘူး။ အကောင်းဆုံး သွေးအမျိုးအစားဆိုတာ မရှိပါဘူး။ ဘယ်သွေးအမျိုးအစားပဲဖြစ်ဖြစ် ကျန်းမာရေးအရ ကောင်းကျိုးဆိုးကျိုးတွေကတော့ ဒွန်တွဲနေမှာပဲ ဖြစ်ပါတယ်။ရေးသားသူ – ဒေါက်တာမှူးခင်။# ကျန်းမာစေဖို့ ဘယ်လိုလေးတွေ ဂရုစိုက် နေထိုင်ရမလဲ!။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/other-blood-disorders/health-conditions-that-tell-your-blood-types/
ဦးနှောက်ကို ကျန်းမာစေဖို့
ဦးနှောက်ဟာ ခန္ဓာကိုယ်ရဲ့လုပ်ငန်းတာဝန်အားလုံးကို ထိန်းချုပ်နေရတာမို့ အရေးအကြီးဆုံး အင်္ဂါအစိတ်အပိုင်းဖြစ်တယ် ဆိုတာကိုတော့ အငြင်းပွားဖွယ်ရာ မရှိပါဘူး။ အရေးအကြီးဆုံး အင်္ဂါအစိတ်အပိုင်း ဖြစ်တာမို့လည်း ပုံမှန်အခြေအနေရှိအောင် ဂရုစိုက်ပေးဖို့ လိုပါတယ်။ဆေးလိပ်သောက်ခြင်း၊ သွေးတိုးခြင်း၊၊ ဆီးချို စတဲ့အခြေအနေများဟာ ဦးနှောက်ကို ထိခိုက်စေတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါနဲ့ မှတ်ဉာဏ်ချို့ယွင်းလာတဲ့ ပြဿနာမျိုး ကြုံနိုင်ပါတယ်။ဆေးလိပ်သောက်ခြင်း၊ သွေးတိုး၊ဆီးချိုစတာတွေဟာ သွေးကြောတွေကို ဒုက္ခပေးရာကတဆင့် ဦးနှောက်ကို ထိခိုက်စေခြင်း ဖြစ်ပါတယ်။ သုတေသနတွေအရ အဆိုပါအချက်သုံးချက်စလုံးနဲ့ တိုက်ဆိုင်သူများဟာ သာမန်လူများထက် ဦးနှောက်ရဲ့အညိုရောင်အပိုင်း ထုထည်ပိုမိုလျော့နည်းပါတယ်။အဆိုပါအပိုင်းဟာအာရုံကြောဆဲလ်အများဆုံးရှိတဲ့အပိုင်းဖြစ်လို့ ထိခိုက်မှုရှိလာရင် အာရုံကြောတုံ့ပြန်မှုနဲ့ ဖြစ်စဉ်များ နှေးကွေးလာတယ်လို့ သိရပါတယ်။တကယ်တော့ သွေးကြောများကိုဒုက္ခပေးတဲ့ အဆိုပါပြဿနာတွေဟာ ဦးနှောက်ဖွဲ့စည်းပုံတစ်ခုလုံးကို ထိခိုက်စေနိုင်ပါတယ်။ အပြင်ပန်းအရ ကျန်းမာရေးကောင်းတယ်လို့ ယူဆရသူတွေကိုတောင် ရေရှည်မှာ ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် ဘယ်အသက်အရွယ်မှာဖြစ်စေစေ၊ ဘယ်ကျန်းမာရေး အခြေအနေမှာဖြစ်စေ ဦးနှောက်ကို ထိခိုက်စေနိုင်တဲ့ အမူအကျင့်တွေကို ပြုပြင်သင့်ပါတယ်။နေထိုင်မှုပုံစံကို အနည်းငယ်မျှစီ ပြောင်းလဲပေးခြင်းအားဖြင့် သင့်ဦးနှောက်နဲ့ အာရုံကြောတွေကို အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။ လိုက်နာဆောင်ရွက်သင့်တဲ့ နေထိုင်မှုပုံစံတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။တစ်ပတ်မှာ စုစုပေါင်း မိနစ် ၁၅၀ ခန့် အနည်းဆုံး ကိုယ်လက်လှုပ်ရှား ပြုလုပ်သင့်ပါတယ်။ ကာဒီယိုလေ့ကျင့်ခန်း၊ အေရိုးဗစ်ကစားခြင်း၊ ပြေးခြင်း စတာတွေ လုပ်ဆောင်သင့်ပါတယ်။ဒီလေ့ကျင့်ခန်းတွေကို ပုံမှန်မလုပ်ဖြစ်နိုင်ရင်လည်း ကိစ္စမရှိပါဘူး။ လမ်းလျှောက်ခြင်းဟာလည်း ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းမှာ အကျုံးဝင်ပါတယ်။ သုတေသနအချို့အရ တနှစ်ခန့် ပုံမှန်လမ်းလျှောက်ပေးတဲ့ အသက်ကြီးပိုင်းတွေမှာ မှတ်ဉာဏ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုနည်းပါးတယ်လို့ သိရပါတယ်။အေရိုးဗစ်လေ့ကျင့်ခန်းနဲ့ တွဲဖက်ပြီး အင်အားသုံးရတဲ့၊ သန်မာအောင်လေ့ကျင့်ရတဲ့ လေ့ကျင့်ခန်းတွေကို တစ်ပတ်မှာ အနည်းဆုံးနှစ်ကြိမ်ခန့် ပြုလုပ်သင့်ပါတယ်။ အဆိုပါလေ့ကျင့်ခန်းမျိုးဟာ နှလုံးနဲ့ သွေးလည်ပတ်မှုစနစ်ကို ကောင်းမွန်စေပါတယ်။ အဲဒီကတဆင့် ဦးနှောက်ကို အားဖြည့်ပေးပါတယ်။ဘလူးဘယ်ရီ၊ အခွံမာသီးများ၊ အဆီဓာတ်များသောငါးများ စတာတွေဟာ ဦးနှောက်ကို အားဖြစ်စေတဲ့ အစားအစာတွေ ဖြစ်ပါတယ်။ အေးခဲထားတဲ့ အစားအသောက်တွေ၊ အသင့်စား စားစရာတွေ စတာတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။ အဆိုပါ အစားအစာတွေမှာ ဆိုဒီယမ်များပြီး သွေးကြောများကို ထိခိုက်စေရာကတဆင့် ဦးနှောက်ကို သက်ရောက်မှုဖြစ်စေပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်၊ ပရိုတင်း စတာတွေကိုလည်း မျှတစွာ စားသောက်ရပါမယ်။သင့်စိတ်ကို သတိကပ်ကြည့်ပါ။ စိတ်ပူပန်ခြင်း၊စိတ်ဖိစီးခြင်းစတာတွေဟာ ဦးနှောက်ကိုရော ရုပ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေတာမို့ ဖြေဖျောက်ရပါမယ်။ တရားထိုင်ခြင်း၊ သတိကပ်နေထိုင်ခြင်း စတာတွေဟာ ဦးနှောက်ကို အကျိုးပြုပါတယ်။အိပ်ရေးပျက်ပါများရင် ကိုယ်အလေးချိန်တက်ခြင်း၊ သွေးတိုးခြင်း စတာတွေကတဆင့် ဦးနှောက်နဲ့ အာရုံကြောပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် ဦးနှောက်ဟာ အာရုံကြောဆဲလ်တွေကို ပြန်လည်ဖြည့်တင်းဖို့၊မှတ်ဉာဏ်တွေကို အစီအစဥ်တကျ ပြန်လည်မှတ်သားဖို့ အနားယူချိန်လိုအပ်ပါတယ်။ ဒီအတွက် တနေ့ကို အိပ်ချိန် ၈ နာရီလောက် လိုအပ်ပါတယ်။သင့်ဦးနှောက်ကို ဒီအတိုင်း ပစ်မထားဘဲ သင်ယူတွေးခေါ်ရာမှာ အသုံးချပေးနေခြင်းဟာ ကောင်းတဲ့အကျင့်တစ်ခုပါပဲ။ စာဖတ်အသင်းဝင်ခြင်း၊ အချက်အပြုတ်သင်တန်းတက်ခြင်း၊ အကြောင်းအရာသစ်တွေကို စူးစမ်းမှတ်သားခြင်း စတာတွေဟာ သင့်ဦးနှောက်ကို ထက်သန်အောင် ပြုလုပ်ပေးနိုင်ပါတယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/other-brain-ns-issues/how-to-keep-your-brain-healthy/
Amblyopia (lazy eye) (မျက်စိမြင်အားကျခြင်း)
မျက်စိမြင်အားကျခြင်းက ကလေးငယ်တွေနဲ့ကလေးဘဝအစမှာ အမြင်အာရုံစူးရှမှုလျော့နည်းသွားခြင်း ဖြစ်ပါတယ်။ မျက်မှန်တပ်ခြင်း၊ မျက်ကပ်မှန်တပ်ဆင်ခြင်းက ဒီအခြေအနေအတွက် အသုံးမဝင်ပါဘူး။ အများစူမှာ မျက်လုံးတစ်ဖက်တည်းဖြစ်ပေမယ့် အမြင်ကျသွားခြင်းက နှစ်ဖက်လုံးမှာဖြစ်နိုင်ပါတယ်။ မကုသဘဲထားမယ်ဆိုရင် မြင်အားကျခြင်းကနေ မျက်စိကန်းတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။တစ်နှစ်အောက်ကလေလးငယ်တွေနဲ့ ကလေးဘဝအစအမြင်အာရုံဖွ့ဖြိုးမှုပြဿနာဖြစ်တာကြောင့် လက္ခဏာတွေကိုလွယ်လွယ်သတိမထားတတ်ပါဘူး။ ကလေးအများစုက အမြင်ဆိုင်ရာပြဿနာတွေကို သတိမထားမိတတ်ကြပါဘူး။ တစ်ဖက်မျက်လုံးအမြင်ကောင်းပြီး အခြားတစ်ဖက်ကမကောင်းပေမယ့် အခက်အခဲမရှိဘဲနေသားကျနေတတ်ကြပါတယ်။ မျက်လုံးမကြာခဏစွေသွားခြင်း ိသု့ ကောင်ေးကာင်းမြင်ရဖို့ခေါင်းစောင်းခြင်းစတဲ့ အမြင်အာရုံပြဿနာရှိတဲ့အခါမှာ မိဘတွေအနေနဲ့သတိပြုမိနိုင်ပါတယ်။ အချို့ကလးတွေမှာ ရှူထောင့်သုံးခုတေါကို ကြည့်ရာမှာအခက်ခဲဖြစ်နိုငိပါတယ်။မိဘတစ်ယောက်အနေနဲ့ တစ်ချိန်တည်းမှာ မျက်လုံးတစ်ဖက်ကိုအုပ်ထားပြီး အခြားမျကလုံးတစ်ဖက်ကိုဒီတိုင်းထားခြင်းဖြင့် ကလေးရဲ့အမြင်အာရုံအခြေအနေကိုမေးမြန်းကာ အိမ်မှာပဲပြုလုပ်ကြိုးစားနိုင်ပါတယ်။ ကလေးက မျက်လုံးတစ်ဖက်ကိုအုပ်ထားချိန်မှာ အနှောင့်အယှက်မဖြစ်ပေမယ့် နောက်မျက်လုံးတစ်လုံးကိုအုပ်ထားချိနမှာ မသက်မသာဖြစ်မယ်ဆိုရင်တော့ မအုပ်ထားတဲ့မျက်လုံးက မြင်အားကျနေတယ်လို့ဆိုလိုပါတယ်။ ဒီရိုးရှင်းတဲ့နည်းလမ်းက ပြီးပြည့်စုံတဲ့စစ်ဆေးမှုတော့မဖြစ်နိုင်ပါဘူး။ မိဘတွေက ကလေးမျက်လုံးစစ်ဖို့အတွါက် ချက်ချင်းဆရာဝန်နဲပတွေ့ဆုံပြသသင့်ပါတယ်။မျက်လုံးတစ်လုံးရဲ့ဆုံမှတ်က အခြားတစ်လုံးထက်ပိုကောင်းတဲ့အခါမှာ မျက်လုံးအမြင်ကျခြင်းဖြစ်ပါတယ်။ အကြောင်းရင်းပေါ်မူတည်ပြီး အမျိုးအစား၃မျိုးရှိပါတယ်။နှစ်ထပ်မြင်ခြင်းနဲ့တွဲတဲ့မျက်စိအမြင်ကျခြင်းက အဖြစ်အများဆုံးအကြောင်းရင်းဖြစ်ပါတယ်။ မျက်လုံးနှစ်ဖက်မညီခြင်းက နှစ်ထပ်မြင်ခြင်းကိုဖြစ်စေပြီး မညီတဲ့မျက်လုံးကနေလာတဲ့အမြင်အာရုံကို ဦးနှောက်ကလျစ်လျူရှုလိုက်ပါတယ်။မျက်လုံးအနေအထားက ပုံမှန်ပဲဖြစ်ပါတယ်။ အချို့ကိစ္စတွေမှာ မျက်လုံးနှစ်ဖက်လုံးမှာ အလင်းယိုင်ခြင်းမှားယွင်းမှုမတူညီမှုကြောင့် ဖြစ်ပါတယ်။ ဦးနေျာက်က အလင်းယိုင်ခြင်းမှားယွင်းမှုနည်းတဲ့မျက်လုံးကိုပဲ အသုံးပြုပြီး ကျန်တဲ့တစ်ဖက်ရဲ့အမြင်ဝါးခြင်းကို လျစ်လျူရှူထားပါတယ်။ အဲ့အချိန်မှာ ကျန်တစ်ဖက်ကိုအသု့ံးမပြုခြင်းကြေင့် မျက်စိမြင်အားကျခြင်းဖြစ်ပါတယ်။မွေးရာပါတိမ်စွဲခြင်းလိုမျိုး မျက်လုံးထဲကိုဝင်လာတဲ့အလင်းကို ကြားဖြတ်တဲ့တစ်စုံတစ်ခုကြောင့် ဖြစ်ပါတယ်။ တိမ်စွဲခြင်းကိုကုသခြင်းက ပုံမှန်အမြင်အာရုံရဖို့အတွါက် အမှန်တကယ်အရေးကြီးပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
eye-health
eye-health
https://hellosayarwon.com/eye-health/eye-diseases/amblyopia-lazy-eye-%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%80%85%e1%80%ad%e1%80%bb%e1%80%99%e1%80%84%e1%80%b9%e1%80%a1%e1%80%ac%e1%80%b8%e1%80%80%e1%80%ba%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
သွေးဆိပ်သင့် ခြင်း
သွေးဆိပ်သင့် တယ်ဆိုတာ ခန္ဓာကိုယ်ထဲကို ရောဂါပိုးဝင်တာတဲ့အခါခုခံအားစနစ်က ဓာတ်ပစ္စည်းတွေကို ထုတ်ပြီး ပြန်တိုက်ခိုက်လို့ ဖြစ်လာတာပါ။ ဒီရောဂါက ဆိုးရွားပြီး သေနိုင်လောက်တဲ့အထိ ပြင်းထန်ပါတယ်။ သွေးဆိပ်သင့် တာကို ၃ဆင့်ခွဲလို့ ရပါတယ်။သွေးဆိပ်သင့်တာက လူတိုင်းဖြစ်နိုင်ပါတယ်။ အသက်ကြီးတဲ့သူတွေ၊ခုခံအားနည်းတဲ့သူတွေက ပိုပြီးသတိထားရပါမယ်။ခန္ဓာကိုယ်ထဲကို ဝင်လာတဲ့ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှိုပိုးစတာတွေကသွေးဆိပ်သင့်တာကို ဖြစ်စေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် ပိုးဝင်ဝင် သွေးဆိပ်သင့်တတ်ပါတယ်။ ဥပမာပြောရရင်။လူတိုင်းမှာဖြစ်နိုင်ပေမယ့် ပိုဖြစ်နိုင်တဲ့သူတွေကတော့။အောက်ကလက္ခဏာတွေက သွေးဆိပ်သင့်တာရဲ့ အစောပိုင်းလက္ခဏာတွေဖြစ်ပြီး ဒါတွေကို လျစ်လျူမရှုသင့်ပါဘူး။ပြင်းထန်သွေးဆိပ်သင့်ရင်တော့။ရှော့ဖြစ်လာရင်တော့ ခုနကလက္ခဏာတွေအပြင် သွေးပေါင်ထိုးကျတဲ့အထိဖြစ်လာမှာပါ။သွေးဆိပ်သင့်တာက အချိန်မီမကုသဘူးဆိုရင် သေတဲ့အထိ ဖြစ်နိုင်ပါတယ်။ တခြားနောက်ဆက်တွဲတွေကတော့။ဘယ်လိုနောက်ဆက်တွဲကြုံရမလဲဆိုတာကတော့။သွေးဆိပ်သင့်တာ ပိုဆိုးလာလေလေ ကိုယ်တွင်းအင်္ဂါတွေကို သွေးရောက်တာပိုနည်းလေလေပါ။ သွေးဆိပ်သင့်တာကြောင့် သွေးကြောမှာ သွေးခဲလေးတွေ ပိတ်လာပြီး ကိုယ်တွင်းအင်္ဂါတွေ ပုပ်တတ်ပါသေးတယ်။သွေးဆိပ်သင့်တာက သိပ်မပြင်းထန်ရင် ပြန်ကောင်းလာနိုင်ပါတယ်။ ဒါပေမယ့် သွေးဆိပ်သင့်တာက ခုထက်ထိတော့ အသေအပျောက်များတဲ့ ရောဂါဖြစ်နေတုန်းပါပဲ။သွေးဆိပ်သင့်တာက စောစောသိလေလေ စောစောကုနိုင်လေလေ အသက်ရှင်နိုင်ဖို့ အခွင့်အရေးများလေလေပါပဲ။ ကုသနည်းတွေကတော့။သွေးဆိပ်သင့်တာက ပြင်းထန်ပြီး သေနိုင်လောက်တဲ့ ရောဂါပါ။ အသက်ရှင်မလား မရှင်ဘူးလားဆိုတာကတော့ ပိုးကဘယ်ကဝင်တာလဲ၊ ဘယ်လောက်ထိပျံ့နေပြီလဲ၊ ကုသမှုကို ဘယ်လောက်စောစောခံယူနိုင်လဲဆိုတာပေါ် အများကြီးမူတည်နေပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
blood-disorders
blood-disorders
https://hellosayarwon.com/blood-disorders/other-blood-disorders/%e1%80%9e%e1%80%bd%e1%80%b1%e1%80%b8%e1%80%86%e1%80%ad%e1%80%95%e1%80%ba%e1%80%9e%e1%80%84%e1%80%ba%e1%80%b7-%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
သားဥအိမ် ရေအိတ်တည်ခြင်း ရောဂါစု PCOS ကို သက်သာစေနိုင်မယ့် အစေ့အဆန်တွေ
သားဥအိမ် ရေအိတ်တည်ခြင်း ရောဂါစု PCOSဆိုတာက ရာသီသွေးဆင်းတဲ့အရွယ် အမျိုးသမီးတွေမှာ ဟော်မုန်း မညီမျှမှုကြောင့်ဖြစ်ရတဲ့ အမျိုးသမီး ကျန်းမာရေးပြဿနာပါ။ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ မလိုအပ်ဘဲကျားဟော်မုန်းတွေမြင့်တက်မှုက PCOS ဖြစ်စေတဲ့ အခြေခံအကျဆုံး အကြောင်းအရင်း တစ်ရပ်ပါ။ တစ်ချိန်တည်းမှာ ရာသီသွေးမမှန်တာကလည်း PCOS ဖြစ်စေတဲ့ အဓိက အကြောင်းအရင်း တစ်ရပ်ပါ။ မြင်သာအောင် ပြောပြရရင် PCOS ဖြစ်တဲ့အခါ ဇီဝကမ္မဖြစ်စဉ် ကမောက်ကမဖြစ်တဲ့အနေအထားကို ဖြစ်ပေါ်ပြီးဆီးချို၊အဝလွန်တာ၊ ကင်ဆာနဲ့ အခြားသောကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။အမျိုးသမီး ၁၀ ဦးမှာ ၁ ဦးက PCOS ခံစားနေရနိုင်ပါတယ်။ PCOS ဖြစ်စေတဲ့အကြောင်းအရင်းကိုတော့ တိတိကျကျ မဖော်ထုတ်နိုင်သေးပါဘူး။ ဒါပေမယ့် PCOS ဖြစ်တဲ့အခါ အစားအသောက်ကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးပေးတာက အတော်လေး ထိရောက်မှု ရှိပါတယ်။ ဒီတစ်ခေါက်တော့ သားဥအိမ် ရေအိတ်တည်ခြင်း ရောဂါစု PCOS ကို သက်သာစေနိုင်မယ့်အစေ့အဆန်တွေအကြောင်းလေး ပြောပြပေးချင်ပါတယ်။အစေ့အဆန်တွေကPCOS ကို အခုလို ထောက်ပံ့ပေးပါတယ်။ အကြောင်းကတော့။သားဥအိမ် ရေအိတ်တည်ခြင်း ရောဂါစု (PCOS) ကို သက်သာစေနိုင်မယ့် အစေ့အဆန်တွေ ကဘာတွေ ဖြစ်မလဲဆိုတာ အတူတူ ကြည့်ရအောင်လား။ဖရုံစေ့မှာ ဗီတာမင် A၊ ဗီတာမင် B၊ မဂ္ဂနီဆီယမ်၊ copper၊ ဇင့်၊ သံဓာတ် တို့ ပါဝင်နေသလို ပရိုတင်းကြွယ်ဝပြီး ဟော်မုန်းတွေကို ထိန်းညှိပေးတဲ့ monounsaturated fatsတွေ ပါဝင်နေတာကြောင့် ဟော်မုန်းတွေကို ထိန်းညှိပေးပါတယ်။ အရိုးမပွစေဖို့ ထောက်ကူပေးနိုင်သလို သွေးတွင်းကိုလက်စထရောပမာဏကို ထိန်းညှိပေးပါတယ်။ ကိုယ်ခံအား ကောင်းစေနိုင်ပါတယ်။နှမ်းကြတ်စေ့မှာ မျိုးပွားအင်္ဂါ ကျန်းမာစေနိုင်တဲ့ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေ ပါဝင်နေသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝပါတယ်။ omega-3-fatty acids ပါဝင်တာကြောင့် estrogen ထွက်ရှိမှုကို ထိန်းညှိပေးနိုင်ပါတယ်။ ရာသီသွေးမှန်စေသလို PCOS ကြောင့် စိတ်ခံစားမှု ပြောင်းလဲတာ၊ ရာသီလာစဉ် နာကျင်ကိုက်ခဲတာ၊ ကြွက်သားနာကျင်တာကို သက်သာစေနိုင်ပါတယ်။Chia စေ့မှာ သံဓာတ်၊ ဇင့်၊ ကယ်လ်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်တို့ ကြွယ်ဝစွာ ပါဝင်နေပြီး ရာသီလာချိန်မှာ စိတ်ခံစားမှု ကောင်းစေဖို့ ထောက်ကူပေးပြီး PCOS ခံစားနေရသူတွေမှာ ဟော်မုန်းကို ထိန်းညှိပေးပြီး ရာသီသွေးမှန်စေဖို့ ထောက်ကူပေးပါတယ်။ပုံမှန် ရာသီသွေးဆင်းစေဖို့နဲ့ရာသီလာစဉ် နာကျင်ကိုက်ခဲတာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။နှမ်းမှာ ဇင့်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ် ပါဝင်နေသလို ဗီတာမင် E လည်း ပါဝင်နေတာကြောင့် မျိုးပွားစနစ် ကျန်းမာစေနိုင်ပါတယ်။ ဟော်မုန်းကို ထိန်းညှိပေးပြီး progesterone ထွက်ရှိမှုကို တိုးစေနိုင်ပါတယ်။ ကျန်းမာရေးအတွက် ကောင်းစေသလို သွေးတွင်းကိုလက်စထရောကိုလည်း ထိန်းညှိပေးပါတယ်။နေကြာစေ့ ဗီတာမင် E ပါဝင်နေတာကြောင့် ရာသီအ​ကြို လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ Progesterone ဟော်မုန်း ထွက်ရှိဖို့ လှုံ့ဆော်ပေးပြီး PCOS ကြောင့် ရောင်ရမ်းတာ၊ စိတ်ခံစားမှု ပြောင်းလဲလိုမျိုး လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ ဆီလီနီယမ်နဲ့ မဂ္ဂနီဆီယမ် ပါဝင်နေတာကြောင့် နှလုံးကျန်းမာစေပြီး အသည်း လုပ်ဆောင်မှု ကောင်းစေသလို အခြားကျန်းမာရေး ကောင်းကျိုးတွေလည်း ပေးစွမ်းပါတယ်။ကဲ ……. PCOS ကို သက်သာစေနိုင်မယ့် အစေ့အဆန်တွေ က ဘာတွေလဲဆိုတာ သိလောက်ပြီ ထင်ပါတယ်နော်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/pcos/seeds-that-can-help-manage-pcos/
ဖားသားကြိုက်ကြလား
စားလို့ရတဲ့အသားလို့ပြောလိုက်ရင် တော်တော်များများ ပြေးမြင်ကြမှာက ကြက်သား၊ ဝက်သား၊ ဆိတ်သား၊ အမဲသားတို့လို့ထင်ပါတယ်။ ဒီအသားတွေက ပရိုတင်းလိုအပ်ချက်ကို ဖြည့်ပေးသလို ခန္ဓာကိုယ်အတွက် ကောင်းကျိုးများတယ်ဆိုတာကို လူတိုင်းသိထားပြီးဖြစ်မှာပါ။ ဒီတစ်ခေါက်တော့ လူသိပ်မသိသေးတဲ့ ပရိုတင်းကြွယ်ဝတဲ့ အသားတစ်မျိုးအကြောင်းပြောပြပေးပါရစေလား…. ဘာအသားလည်း ဆိုတာကို မေးခွန်းလေး မေးရင်း စလိုက်ရအောင်နော်။ ဖားသားကြိုက်ကြလား …….။ဖားသားကို လူတိုင်းကတော့ မစားကြပါဘူး။ ဖားသားကနူးညံ့သလို အာဟာရဓာတ်လည်း ပြည့်စုံကြွယ်ဝပါတယ်။ ဖားဆတိုင်းကို စားဖို့မရပေမယ့် စားလို့ရတဲ့ ဖားသားကတော့ ကျန်းမာရေးအတွက် တော်တော်လေးအထောက်အကူပြုပေးပါသတဲ့။ဖားသားမှာ။ဖားသားကြိုက်ကြလား ……. ဖားသားကို ကြော်စားတာ၊ ကင်စားတာ၊ ချက်စားတာဆိုပြီး အမျိုးမျိုးလုပ်စားလို့ရပါတယ်။ ဒီလိုအရသာရှိတဲ့ ဟင်းတစ်ခွက်က ခန္ဓာကိုယ်ကို အခုလို အကျိုးကျေးဇူးတွေပေးပါသေးတယ်။ဝိတ်ကျစေနိုင်တယ်။ကျန်းမာရေးနဲ့ညီညွတ်ပြီးပရိုတင်းပြည့်ဝတယ်ဆိုပေမယ့် ကြက်သား၊ အနီရောင်အသားတွေအစား စားသုံးပေးလို့ရပါတယ်။ ပရိုတင်းကြွယ်ဝပေမယ့် အဆီပါဝင်မှုနည်းနေတာက အာဟာရပြည့်စေပြီး အဆီမတက်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ လည်းကြွယ်ဝပါတယ်။ပရိုတင်းကြွယ်ဝတယ်။ဖားသားက ပရိုတင်းကြွယ်ဝပြီး ကြွက်သားတွေဖွံ့ဖြိုးစေဖို့ လိုလောက်တဲ့ ပမာဏကိုဖြည့်တင်းပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ကို အားပြည့်စေပြီး ဆဲလ်အသစ်တွေဖြစ်ပေါ်အောင်လှုံ့ဆော်ပေးပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပရိုတင်းကို အကောင်းဆုံးဖြည့်တင်းပေးမယ့် အရသာရှိတဲ့ ဟင်းလျာတစ်မျိုးပေါ့။နှလုံးကျန်းမာစေနိုင်တယ်။နှလုံးကျန်းမာရေးအတွက် စားပေးသင့်တဲ့ အာဟာရတစ်ခုပါ။ နှလုံးအားနည်းသူတွေ နှလုံးရောဂါအခံရှိသူတွေလည်း စားသုံးပေးလို့ရပါတယ်။ အဆီပါဝင်မှုနည်းတာကြောင့် သွေးတွင်းအဆီဖြစ်မှာကိုလည်း စိုးရိမ်စရာမလိုပါဘူး။ ဆားနည်းနည်း၊ပျားရည်နဲ့ရောပြီး ရေနွေးဆူဆူထဲမှာ ဖားသားကိုပါထည့်ပြုတ်လို့ စားပေးလို့ရပါတယ်။ ဖားသားကို ကြက်သွန်ဖြူနဲ့ကြော်ပြီး စားပေးလို့လည်းရပါတယ်။ပန်းနာရင်ကျပ်သက်သာစေနိုင်တယ်။ဖားသားက ပန်းနာရင်ကျပ်ကို ကာကွယ်ပေးနိုင်သလို ရောဂါရှိနေသူတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဖားသားဟင်းချက်စားတာ ကြက်သွန်ဖြူနဲ့ကြော်စားတာက ပန်းနာရင်ကျပ်ကို သက်သာစေမယ့် ဆေးဖက်ဝင်ဟင်းတစ်မျိုးပေါ့။ရောဂါပိုးတွေကိုတိုက်ဖျက်ပေးနိုင်တယ်။ဖားရဲ့အရေပြားမျာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဓာတ်များစွာပါဝင်နေပါတယ်။ ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တဲ့ ရောဂါပိုးတွေကိူ အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။ ကူးစက်ရောဂါတွေ အန္တရာယ်ကနေ အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။အနာကျက်မြန်စေနိုင်တယ်။ဖားသားမှာပါတဲ့ ပရိုတင်းက အနာကျက်မြန်စေနိုင်ပါတယ်။ ဒါကောင့် ထိခိုက်ဒဏ်ရာရတဲ့အခါ ဖားသားကို စားသုံးပေးတာကလည်း အနာကို မြန်မြန်ကျက်စေဖို့ အကောင်းဆုံးအထောက်အကူပြူပေးနိုင်မှာပါ။လေပြွန်ရောင်တာကို သက်သာစေနိုင်တယ်။ဖားသားက ပန်းနာရင်ကျပ်ကိုတင် သက်သာစေနိုင်တာမဟုတ်ပါဘူး။ နာတာရှည်လေပြွန်ရောင်တာကို သက်သာစေနိုင်သလို လေပြွန်ရောင်တာတွေအတွက်လည်း စားပေးသင့်ပါတယ်။လေဖြတ်တာကို သက်သာစေနိုင်တယ်။ဖားသားက သွေးကြောတွေကို ပြန်လည်သန်စွမ်းစေပြီး လေဖြတ်တာကြောင့် ဖြစ်တဲ့ အာရုံကြောအားနည်းတာ ကြွက်သားအားနည်းတာတွေကိ သက်သာစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်ပါတယ်။ဆီးချိုသမားတွေနဲ့ သင့်တော်တယ်။ကင်ဆာကာကွယ်နိုင်တယ်။ယူကေမှာပြုလုပ်ခဲ့တဲ့လေ့လာမှုတွေအရ ဖားသားမှာပါတဲ့ ပရိုတင်းဓာတ်တွေက ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်းရှိတယ်လို့တွေ့ရှိခဲ့ရပါတယ်။ သွေးကြောတွေကို ကျန်းမာစေပြီးကင်ဆာကျိတ်တွေထပ်ပွားမလာအောင် အကောင်းဆုံထောက်ပံ့ပေးနိုင်ပါတယ်။ ကင်ဆာကာကွယ်ဖို့အတွက်လည်း စားပေးလို့ရပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/unexpected-health-benefits-of-frog-meat/
ဆောင်းတွင်းမှာ အဆစ်တွေ ပိုကိုက်ရတဲ့ အကြောင်းရင်း
ဆောင်းတွင်းရောက်လာပြီဆိုရင် လူကြီးဖြစ်ဖြစ်၊ လူငယ်ဖြစ်ဖြစ် အဆစ်တွေ ကိုက်တတ်ကြပါတယ်။ နဂိုအဆစ်ကိုက်တတ်တဲ့သူတွေဆိုရင် ပိုပြီး သတိထားမိမှာပါ။ သာမန်အချိန်တွေထက် ဆောင်းတွင်းမှာ အဆစ်ကိုက်တာက ပိုပြင်းထန်တတ်သလို ခဏခဏလည်း ကိုက်တတ်ကြပါတယ်။ ဒါက ဘာကြောင့်များပါလိမ့်။လူတိုင်းတော့ မဟုတ်ပေမယ့် တချို့က ဆောင်းတွင်းရောက်ရင် သိသိသာသာ အဆစ်ပိုကိုက်ကြပါတယ်။ခြေဆစ်လက်ဆစ်တွေကစလို့ ဒူးဆစ်လို အဆစ်ကြီးတွေအထိ ကိုက်တတ်ပါတယ်။ အအေးပိုတဲ့ ညဦးပိုင်းတွေ၊ မနက်အရုဏ်တက်ချိန်တွေဆို ပိုသိသာပါတယ်။အေးတဲ့အခါ ခန္ဓာကိုယ်က အပူကို ထိန်းထားဖို့လိုတဲ့အတွက် ကိုယ်တွင်းမှာ ရှိတဲ့ အင်္ဂါတွေဆီကို သွေးပိုပို့ပါတယ်။ ဥပမာ နှလုံး၊ အဆုတ်၊ အစာခြေစနစ် စတာတွေကိုပါ။ သိပ်အရေးမကြီးတဲ့ ခြေဖျားလက်ဖျားတွေက သွေးကြောတွေကိုတော့ ကျုံ့လိုက်ပြီး သွေးစီးဆင်းမှုနည်းအောင် လုပ်လိုက်ပါတယ်။ ဒါကြောင့် ခြေဖျားလက်ဖျားတွေ အေးတာ အပါအဝင် ခြေဆစ်လက်ဆစ်တွေ ကိုက်တာ၊ တောင့်တာတွေ ခံစားရတာပါ။အဆစ်ကိုက်တဲ့သူတွေက သူတို့အဆစ်ကိုက်လာပြီဆိုရင် ရှေ့လျှောက်ရာသီဥတုအေးတော့မယ်ဆိုတာကို ကြိုသိကြပါတယ်။ ဒါခံစားသိပါ။ အပြင်မှာ မအေးသည့်တိုင် သူတို့ အဆစ်ကိုက်နေပြီဆိုရင် မကြာခင်မှာ အေးတော့မှာပါ။ ဒီလိုဖြစ်ရတာက လေထုဖိအားအပြောင်းအလဲကို အဆစ်တွေက ခံစားမိလို့ပါ။အေးလာလို့ အဆစ်တွေမှာ လေထုဖိအားနည်းသွားရင် အဆစ်တွေက အလိုလိုနာလာပါတယ်။ တစ်ခုခုနဲ့ ခိုက်မိလို့ အပေါ်ကနေ လက်ဝါးလေးနဲ့ ဖိထားလိုက်ရင် မနာသလိုပါပဲ။ လေထုဖိအားများနေတဲ့အခါ အဆစ်တွေကို ဖိထားသလိုဖြစ်ပြီး မကိုက်ပါဘူး။ အေးလို့ ဖိအားနည်းသွားရင်တော့ စပြီး ကိုက်လာပါပြီ။အပြင်မှာ အေးလာရင် ဆီတွေခဲလာသလိုပဲ ရိုးတွင်းခြင်ဆီတွေလည်း ပျစ်လာပါတယ်။ ဒါကြောင့် အဆစ်တွေ လှုပ်လို့မကောင်းဘဲ တောင့်ပြီး နာလာပါတယ်။ဆောင်းတွင်းမှာ တခြားအချိန်တွေထက် အဆစ်ပိုကိုက်တတ်ပေမယ့် ဒါကို ကျိတ်ခံစားနေစရာ မလိုပါဘူး။အဆစ်ကိုက်တာ သက်သာစေဖို့။သာမန်အရိုးအဆစ်ကိုက်တာလောက်ကိုတော့ ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ပါတယ်။ အဆစ်ကိုက်ရုံတင် မဟုတ်ဘဲ ရောင်နေမယ်။ နာနေမယ်။ လှုပ်ရှားရခက်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးဖို့ လိုအပ်ပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/why-more-joints-pain-in-winter/
လေဒီလေးတိုင်း ထိုးထားသင့်တဲ့ ကာကွယ်ဆေး အချို့
ကာကွယ်ဆေးတွေက ခန္ဓာကိုယ်ကိုကိုယ်ခံအား ရစေဖို့နဲ့ ရောဂါတွေကို တိုက်ထုတ်ပေးဖို့  ထောက်ကူပေးတဲ့အရာပါ။ ကာကွယ်ဆေးတွေက ရောဂါတွေ ကူးစက်ဖြစ်ပွားမှုကနေ ကာကွယ်ပေးပြီး အသက်အန္တရာယ် ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ကိုဗစ် အပါအဝင် ရောဂါတော်တော်များများကို ကာကွယ်ဖို့ နဲ့ ဖြစ်လာခဲ့ရင် ပြင်းပြင်းထန်ထန် မခံစားရစေဖို့အတွက် ကာကွယ်ဆေးတွေ ထိုးထားတာက ထိရောက်တဲ့ ကာကွယ်မှုပါ။ ဒီတစ်ခေါက်တော့ လေဒီလေးတိုင်း ထိုးထားသင့်တဲ့ ကာကွယ်ဆေး အချို့ အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ကာကွယ်ဆေးက အခုလိုမျိုး ရောဂါတွေကို ကာကွယ်ပေးပါတယ်။ကာကွယ်ဆေးတွေက ဘေးအကင်း စိတ်အချရဆုံး ဆေးဝါးထုတ်ကုန်တွေပါ။ ဘေးအကင်းဆုံး ဆိုပေမယ့် ဘေးထွက်ဆိုးကျိုး မဆိုစလောက်လေးတော့ ရှိပါတယ်။  ကာကွယ်ဆေးဆိုတာက ရောဂါတွေကို ကာကွယ်ဖို့ ထုတ်ပေးထားတာကြောင့် ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေတာမျိုးတော့ မရှိပါဘူး။ကာကွယ်ဆေးတွေက ကုသဖို့ ခက်တဲ့ ရောဂါ အများစုကို အထိရောက်ဆုံး ကာကွယ်ပေးနေတဲ့ အရာတွေပါ။ ဒါကြောင့် လိုရင်း ပြောရရင်တော့ ကာကွယ်ဆေးတွေက စိတ်ချရပါတယ်။ကာကွယ်ဆေးတွေက ကိုယ်ခံအားကို အခုလို ထောက်ကူပေးပါတယ်။လေဒီလေးတိုင်း ထိုးထားသင့်တဲ့ ကာကွယ်ဆေး အချို့ က ဘာတွေဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်နော်။လေဒီလေးတွေအနေနဲ့ ရောဂါဆိုးတွေကနေ ကာကွယ်ဖို့ဆိုရင် ဒီကာကွယ်ဆေးလေးတွေကို ထိုးထားဖို့ လိုပါမယ်။အသည်းရောင် အသားဝါ A ပိုးက မသန့်ရှင်းတဲ့ အစားအစာနဲ့ ရေကနေတဆင့် ကူးစက်ဖြစ်ပွားနေတာပါ။ ဒါကြောင့် လေဒီလေးတွေအနေနဲ့ အသည်းထိခိုက်တာမျိုး ကင်းစေဖို့ဆိုရင် အသည်းရောင် အသားဝါ A ကာကွယ်ဆေးကို ထိုးထားဖို့ လိုပါမယ်။အသည်းရောင် အသားဝါ B က အသည်းကို ထိခိုက်စေနိုင်တဲ့ ဗိုင်းရပ်စ် တစ်မျိုးပါ။ ဒါပေမယ့် ကာကွယ်ဆေး ထိုးပြီး ကာကွယ်လို့ ရပါတယ်။ အသည်းရောင် အသားဝါBကာကွယ်ဆေးက ကာကွယ်ဆေး ၃ ကြိမ် ထိုးရမှာ ဖြစ်ပါတယ်။ အသည်းရောင် အသားဝါ B ပိုးက နာတာရှည် အသည်းထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။ အသည်းရွတ်နာ၊ နာတာရှည် အသည်းရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် အသည်းကို ဂရုစိုက်တဲ့အနေနဲ့ အသည်းရောင် အသားဝါ B ကာကွယ်ဆေး ထိုးထားပေးပါ။HPV ဗိုင်းရပ်စ် ကူးစက်ခံရမယ်ဆိုရင် အမျိုးသမီးတွေမှာလိင်အင်္ဂါမှာ ကြွက်နို့ပေါက်တာ၊သားအိမ်ခေါင်းကင်ဆာဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ လိင်အင်္ဂါ ကြွက်နို့က အဖြစ်များတဲ့ လိင်ကတဆင့် ကူးစက်တတ်တဲ့ ကျန်းမာရေး ပြဿနာပါ။ HPV ကာကွယ်ဆေးက အမျိုးသမီးတွေမှာ လိင်အင်္ဂါ ကြွက်နို့ မဖြစ်အောင် ၉၀ ရာခိုင်နှုန်းအထိ ကာကွယ်ပေးပြီး သားအိမ်ခေါင်းကင်ဆာ မဖြစ်အောင် ၇၀ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ပါတယ်။HPV ကာကွယ်ဆေးကို အသက် ၂၆ နှစ် မပြည့်ခင်မှာ ၃ ကြိမ် ထိုးနှံရမှာ ဖြစ်ပါတယ်။ လိင်ဆက်ဆံမှု လုံးဝ မရှိသေးခင်မှာ ထိုးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်တွေနဲ့ ပြင်းထန်တဲ့ နာမကျန်းမှု ခံစားနေရသူတွေ မထိုးနှံသင့်ပါဘူး။တုပ်ကွေး ကာကွယ်ဆေးက လူတိုင်း ထိုးသင့်တဲ့ ကာကွယ်ဆေးပါ။ ကျန်းမာတဲ့သူတွေရော၊ ကိုယ်ဝန်ဆောင်တွေရော၊ အသက်အရွယ်တိုင်းမှာ ထိုးသင့်ပါတယ်။ တစ်နှစ်ကို တစ်ကြိမ် ပုံမှန်ထိုးနှံထားဖို့ လိုပါမယ်။ကလေးဘဝမှာ မထိုးထားရင်ဖြစ်ဖြစ်၊ အရင်က ရောဂါကူးစက်မှု မရှိရင်ဖြစ်ဖြစ် ဒီကာကွယ်ဆေးကို ထိုးထားသင့်ပါတယ်။ MMR ကာကွယ်ဆေးက ကိုယ်ဝန်ဆောင်နိုင်တဲ့ အရွယ်အမျိုးသမီးတိုင်း ကာကွယ်ဆေး ထိုးသင့်ပါတယ်။  ကိုယ်ဝန်မဆောင်ခင်မှာ မဖြစ်မနေ ထိုးထားသင့်ပါတယ်။ ဒီကာကွယ်ဆေးက မေမေကိုတင် မဟုတ်ပါဘူး။ မွေးလာမယ့် ဘေဘီလေးကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ကလေးဘဝတည်းက ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ကာကွယ်ဆေး ထိုးထားပြီးရင် ၁၀နှစ်တိုင်းမှာ ထပ်ဆောင်းကာကွယ်ဆေး ထိုးသင့်ပါတယ်။ အနည်းဆုံးတော့ မေးခိုင်ကာကွယ်ဆေးကို ထိုးထားရပါမယ်။ ကလေးဘဝမှာ မထိုးရသေးလည်း အခုပြည့်အောင် ထိုးလိုက်ပါ။ ပြီးရင် ထပ်ဆောင်းကာကွယ်ဆေးကို ပုံမှန်ထိုးသွားပါ။ ဒီကာကွယ်ဆေးက ကိုယ်ဝန်ဆောင်မယ့် အမျိုးသမီးအတွက် အင်မတန်အရေးကြီးပါတယ်။ မွေးလာတဲ့ကလေးမှာပါ ဆုံဆို့နဲ့ မေးခိုင်ရောဂါ မဖြစ်အောင်  ကာကွယ်ပေးနိုင်ပါတယ်။ကိုဗစ်ကတော့ အမျိုးသမီးတွေမှ မဟုတ်ဘဲ လူတိုင်းထိုးထားသင့်ပါတယ်။ ကာကွယ်ဆေးကို နှစ်ကြိမ်အပြည့်ထိုးဖို့ လိုအပ်ပြီး လိုအပ်ရင် ၄-၆လကြားမှာ ထပ်ဆောင်းကာကွယ်ဆေး ထပ်ထိုးထားဖို့ လိုပါတယ်။[embed-health-tool-ovulation]
womens-health
womens-health
https://hellosayarwon.com/womens-health/screening-tests-women/vaccines-should-take-women/
သွားနဲ့ ခြင်း အတွက် အိမ်တွင်းနည်းလမ်းကောင်းများ
လူကြီးတွေကသွားနဲ့ပြီဆိုရင် တော်တော်များများက ကျိုးမှာကို စိုးရိမ်တတ်ကြပါတယ်။ ဒီအရွယ်က ကျိုးပြီးရင် ပြန်မပေါက်တော့ဘူးလေ။ ကလေးဆိုရင်တော့ တစ်မျိုးပေါ့။ သွားနဲ့တာဘာကြောင့် ဖြစ်တာလဲ။ သွားနဲ့တာကို အိမ်တွင်းနည်းလမ်းတွေနဲ့ ဘယ်လိုကုသနိုင်သလဲဆိုတာ ပြောပြပေးပါ့မယ်။သွားဖုံးရောင် ရေစီးကမ်းပြိုရောဂါကြောင့်ပါ။ သွားကို သေချာသန့်ရှင်းရေး မလုပ်တဲ့အခါ ဖြစ်တတ်ပါတယ်။ သွားကို သေချာမတိုက်တဲ့အခါသွားကျောက်တည်ပြီး ဘက်တီးရီးယားတွေ  ဝင်လာပါတယ်။ ဒီသွားကျောက်တွေက သွားတွေကို သွားဖုံးကနေ တွန်းထုတ်သလိုဖြစ်တာကြောင့် သွားဖုံးနဲ့ သွားကြားမှာ ဟလာပါတယ်။  ဟလာတဲ့ နေရာကို ပိုးတွေဝင်ပြီး သွားဖုံးရောင်လာပါတယ်။ဒါကြောင့် သွားနဲ့တာအပြင်။-သွားဖုံးက နီရဲရောင်ရမ်းတာ။-သွားတိုက်တဲ့အခါ သွားဖုံးက သွေးထွက်တာ။-သွားဖုံးပါးလာတာတွေ ဖြစ်လာပါတယ်။ကိုယ်ဝန်ရှိချိန်မှာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း ဟော်မုန်းအပြောင်းအလဲကြောင့် အရိုးနဲ့ သွားတွေမှာ အပြောင်းအလဲ ဖြစ်လာပါတယ်။ အရိုးနဲ့ သွားတွေကို ထောက်ပံ့ထားတဲ့ တစ်ရှူးတွေ အားနည်းလာတဲ့အခါ သွားနဲ့လာပါတယ်။ဒါပေမယ့် ဒါက ခဏပါပဲ။ ကလေးမွေးပြီးလို့ ဟော်မုန်းတွေ ပြန်ငြိမ်သွားရင် သွားပြန်ခိုင်သွားပါလိမ့်မယ်။မျက်နှာကို ထိခိုက်ဒဏ်ရာရတာ၊ ကားတိုက်မှု ဖြစ်တာ၊ သွားကို လက်နက်လိုသုံးပြီး ကိုက်တာ၊ ဖဲ့တာတွေ လုပ်ရင်လည်း သွားနဲ့တတ်ပါတယ်။ ဒါ့ပြင် စိတ်တိုလို့ အံကြိတ်တာ၊ ညအိပ်နေတုန်းသွားကြိတ်တာတွေကလည်း သွားနဲ့စေနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာကြောင့် သွားနဲ့သွားတယ်၊ သွားကို ထိခိုက်သွားတယ်လို့ ယူဆရင် သွားဆရာဝန်နဲ့ ပြသသင့်ပါတယ်။အရိုးပွတယ်ဆိုတာက အရိုးအတွင်းသားတွေက အပေါက်လေးတွေနဲ့ မွမွလေး ဖြစ်နေတာကို ပြောတာပါ။ ဒီလို အခြေအနေမျိုးမှာ သာမန်ထိခိုက်မိရုံနဲ့တင် အရိုးကျိုးသွားနိုင်ပါတယ်။အရိုးပွတာက ကျောရိုး၊ ပေါင်ရိုး၊ လက်ရိုးတွေမှာ ဖြစ်တတ်တယ်ဆိုပေမယ့် မေးရိုးမှာလည်း တွေ့ရတတ်ပါတယ်။ မေးရိုးက အရိုးပွနေရင်တော့ သွားတွေနဲ့ပြီး ကျွတ်ထွက်နိုင်ပါတယ်။သွားနဲ့တာအတွက် အကောင်းဆုံးနည်းလမ်းကတော့ သွားဆရာဝန်နဲ့ ပြ၊ ရောဂါအလိုက်တိကျတဲ့ ကုသမှု ခံယူတာပါ။ သွားနဲ့တာကို သက်သာစေဖို့ အိမ်တွင်းနည်းလမ်းတွေလည်း ရှိပါတယ်။-တစ်နေ့ ၂ကြိမ် နူးညံ့တဲ့ သွားပွတ်တံနဲ့ သွားတိုက်ပါ။-သွားပွတ်ကြိုးသုံးပါ။-အာလုပ်ကျင်းဆေးရည်လည်း သုံးနိုင်ပါတယ်။-ဂတ်စ်ပါတဲ့ အအေးတွေ သောက်တဲ့အခါ သွားနဲ့ တိုက်ရိုက် မထိအောင် ပိုက်နဲ့ စုပ်သောက်ပါ။ကယ်ဆီယမ်က အရိုးနဲ့ သွားကို သန်မာစေလို့ နေ့စဉ်စားတဲ့အထဲမှာ ပါသင့်ပါတယ်။ နို့ထွက်ပစ္စည်းတွေ၊ အစိမ်းရောင်  အရွက်ဖားဖားတွေ၊ အသားတွေ၊ ဥနဲ့ ငါးတွေက ကယ်ဆီယမ်ကြွယ်ဝပါတယ်။သူကတော့ နဲ့နေတဲ့ သွားပတ်လည်က ဘက်တီးရီးယားတွေကို သေစေပါတယ်။ ဘက်တီးရီးယားတွေက သွားပိုးပေါက်တွေ၊ ပိုးဝင်တာတွေ၊ သွားကျောက်တွေကို တည်စေလို့ သွားကို ပိုနဲ့စေနိုင်ပါတယ်။ဆားရည်နဲ့ ပလုပ်ကျင်းတာကလည်း သွားကြားမှာ အောင်းနေတဲ့ ဘက်တီးရီးယားတွေကို ရှင်းထုတ်ပေးနိုင်ပါတယ်။ သူကလည်း ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်လိုပဲ ပိုးသေစေနိုင်တဲ့ သတ္တိရှိပါတယ်။ ပိုးတွေ မရှိတော့ သွားဖုံးတွေ ကျန်းမာလာပြီး သွားခိုင်လာပါလိမ့်မယ်။ဒီ၂ခု အတွဲအစပ်က သွားနဲ့တာအတွက် ထိရောက်တဲ့ အိမ်တွင်းကုသနည်းပါ။ နှစ်ခုလုံးကို ဆတူရောပြီး နဲ့နေတဲ့ သွားနဲ့ သွားဖုံးကြားမှာ ကပ်ထားပါ။ ခဏနေရင် ရေနဲ့ ပလုပ်ကျင်းချပါ။ဒါတွေက အိမ်တွင်းနည်းလမ်းတွေသာ ဖြစ်ပြီး ပိုပြီး ထိရောက်ချင်တယ်ဆိုရင်တော့သွားဆရာဝန်နဲ့ ပြပြီးဖြစ်တဲ့ အကြောင်းရင်းအလိုက် ကုသမှု ခံယူသင့်ပါတယ်။ ဥပမာ။သွားမနဲ့အောင်  ဘယ်လိုကာကွယ်ကြမလဲ။သွားမနဲ့အောင် ရာနှုန်းပြည့်ကာကွယ်လို့ မရပေမယ့် ဖြစ်နိုင်ခြေကို လျှော့ချလို့ရပါတယ်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/dental-conditions/remedies-for-loose-tooth/
ခဏခဏ ခေါင်းမကိုက်ချင်ရင် လိုက်နာသင့်တဲ့ လူနေမှုပုံစံ
ဘယ်သူမှ ခေါင်းမကိုက်ချင် ကြပေမယ့် လူတိုင်းနီးပါးခေါင်းကိုက်ဝေဒနာကို ကြုံဆုံရတတ်တယ်။ များသောအားဖြင့် ခေါင်းကိုက်ရင် နှိပ်နယ်တာနဲ့ ဆေးဝါးမှီဝဲတာတွေ အသုံးပြုပြီး ကုစားကြတာများတယ်။ တကယ်တော့ ခေါင်းကိုက်ဝေဒနာဟာကျန်းမာရေးပြဿနာတွေကြောင့်ဖြစ်နိုင်သလိုလူနေမှုပုံစံမှားယွင်းနေတာကြောင့်လည်းဖြစ်နိုင်တယ်။ကျန်းမာရေးပြဿနာကြောင့်မဟုတ်တဲ့ ခေါင်းကိုက်ဝေဒနာတွေဟာကြိုတင်ကာကွယ်လို့ရနိုင်တဲ့ ကိစ္စတစ်ခုပါ။ လူနေမှုပုံစံကို ပြောင်းလဲလိုက်မယ်ဆိုရင် ခေါင်းကိုက်ဝေဒနာကို ဖြစ်မလာအောင် တားဆီးနိုင်ပါတယ်။ တချို့နည်းလမ်းတွေက ကာကွယ်ရုံတင်မကပါဘူး။ ခေါင်းကိုက်နေချိန်မှာလည်း အသုံးချလို့ပါရပါသေးတယ်။နှိပ်နယ်ပါ – ခေါင်းကိုက်တတ်သူတွေဟာ ဦးခေါင်းကို မကြာခဏအနှိပ်ခံပေးဖို့ လိုအပ်ပါတယ်။ လေ့လာချက်တွေအရ ခေါင်းကိုက်တဲ့အခါမှာ နှိပ်နယ်ပေးတာက ဝေဒနာကို အများကြီးသက်သာစေတတ်ပါတယ်။ နှိပ်နယ်ပေးတာက ခေါင်းကိုက်ဝေဒနာအပြင် စိတ်ဖိစီးမှုကိုပါ လျော့ကျစေပါတယ်။စိတ်ပြေလျော့စေမယ့် နည်းလမ်းတွေ သုံးပါ – များသောအားဖြင့် စိတ်ဖိစီးတာက ခေါင်းကိုက်စေတဲ့အဓိကအချက်ပါ။ စိတ်ရောကိုပါပြေလျော့စေမယ့်အသက်ရှူလေ့ကျင့်ခန်းမျိုး၊အာရုံစူးစိုက်မှုအလေ့အထမျိုးတွေ ပုံမှန်လုပ်ရင် ခေါင်းကိုက်ဝေဒနာကို လျော့ပါးသက်သာအောင်ကူညီနိုင်ပါတယ်။လေ့ကျင့်ခန်း – ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာကလည်း စိတ်ဖိစီးမှုကိုရော ခေါင်းကိုက်တာကိုရော သက်သာစေမယ့် နည်းပါ။ အထူးသဖြင့် နှလုံးသွေးလည်ပတ်မှုအားကောင်းစေတဲ့Cardio exerciseမျိုးကို တစ်နေ့ မိနစ် ၄၀ လောက် ပြုလုပ်သင့်ပါတယ်။Spinal Manipulation– ကျောရိုးမကြီးကို ကျွမ်းကျင်သူတွေနဲ့ နှိပ်နယ်ပေးတာကလည်း ခေါင်းကိုက်ဝေဒနာကို သက်သာစေပါတယ်။စကားပြောဆိုဆွေးနွေးတာ – တစ်ခါတစ်လေတော့ အာရုံလွှဲတဲ့နည်းကို အသုံးချပြီး စကားပြောဆိုဆွေးနွေးတဲ့ နည်းလမ်းကို သုံးကြည့်သင့်ပါတယ်။ ဒီနည်းလမ်းကလည်း ခေါင်းကိုက်ဝေဒနာကို လျော့ပါးမေ့ပျောက်သွားဖို့ ကူညီနိုင်ပါတယ်။အစေားအသောက် ပုံစံပြောင်းလဲပါ – တချို့သောခေါင်းကိုက်ဝေဒနာတွေကအစားအသောက်ပုံစံတွေနဲ့ အများကြီးဆက်နွယ်နေပါတယ်။ ခေါင်းကိုက်တာကို တွန်းအားပေးတဲ့ ငါးပိထောင်းတို့၊ မျှစ်တို့၊ ဓညင်းသီးတို့၊ကော်ဖီတို့၊ ချောကလက်တို့၊ စည်သွပ်ဘူးတို့၊ အေးခဲအသားတို့၊ ဒိန်ခဲတို့၊ အချိုမှုန့်တို့ကို ရှောင်ကျဉ်ဖို့ တိုက်တွန်းလိုပါတယ်။ဖိနှိပ်ကြည့်ပါ – တခါတစ်လေကျရင် ကိုယ့်ဘာသာကိုယ် ခေါင်းကိုက်သက်သာစေဖို့ ကြိုးပမ်းနိုင်ပါတယ်။ ဥပမာ –။အိပ်ရေးဝဝ အိပ်ပါ – အိပ်ရေးပျက်ခြင်းဟာ ခေါင်းကိုက်စေနိုင်ပါတယ်။အိပ်ရေးဝဝအိပ်ရင်ခေါင်းကိုက်နိုင်ခြေလျော့သွားပါလိမ့်မယ်။[embed-health-tool-bmi]
brain-ns
brain-ns
https://hellosayarwon.com/brain-ns/dementia-and-alzheimers-disease/nondrug-migraine-relief/
Ear Infections (နားလမ်းကြောင်းပိုးဝင်ခြင်း)
အအေးမိတဲ့အခါ၊ လည်ချောင်းထဲ ပိုးဝင်တဲ့အခါ ဒါမှမဟုတ် ဓါတ်မတည့်တာမျိုး ဖြစ်ပွားတဲ့အခါ နားရဲ့ အလယ်ပိုင်းမှာ အရည်လေးတွေ စုပုံပိတ်မိပြီး နားအတွင်းပိုးဝင်ခြင်း ဖြစ်ပေါ်လာပါတယ်။ နားအတွင်းပိုးဝင်ခြင်း ဟာ ကလေးတွေမှာ အဓိက ဖြစ်ပွားလေ့ရှိပြီး ရောဂါလက္ခဏာတွေအဖြစ် နားကိုက်တာ နဲ့ အဝါရောင်ခပ်ပျစ်ပျစ် အရည်လေးတွေ နားထဲကထွက်လာတာမျိုး ဖြစ်လေ့ရှိပါတယ်။ နား အလယ်ပိုင်းမှာ ရောင်ရမ်းနေတဲ့အပြင် အရည်တွေလည်း စုပုံနေတာမို့ နားအတွင်းပိုးဝင်ခြင်းဟာ နာကျင်လေ့ ရှိပါတယ်။နားထဲမှာရှိတဲ့ ပြွန်လေးတွေ ရောင်ရမ်းပိတ်ဆို့ပြီး အလယ်နားမှာ အရည်တွေ စုပုံလာတာကြောင့် နားအတွင်းပိုးဝင်ခြင်း ဖြစ်ပေါ်လာပါတယ်။ ဒီပြွန်လေးတွေဟာ သေးငယ်ပြီး နား နဲ့ လည်ချောင်းအနောက်ဖက်ကို တိုက်ရိုက်ဆက်သွယ်ပေးထားတဲ့ ပြွန်အသေးလေးတွေ ဖြစ်ပါတယ်။ ပြွန်လေးတွေ ပိတ်ဆို့စေတဲ့ အကြောင်းရင်းတွေက။နားအတွင်းပိုးဝင်ခြင်း ကို ပိုမိုဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေက။အရွယ်ရောက်ပြီးသူတွေမှာ တွေ့ရတဲ့ လက္ခဏာတွေက။• နားကိုက်ခြင်း (ရုတ်တရက် ဆစ်ခနဲ၊ဆစ်ခနဲ ကိုက်နေတာမျိုး ဖြစ်နိုင်သလို ပူထူပြီး တောက်လျှောက်နာနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်)။• ရုတ်တရက် တခုခုနဲ့ ထိုးလိုက်သလို နာသွားပြီး နားထဲကနေ ပြည်နွေးနွေးတွေ ကျလာခြင်း။• နားထဲမှာ ပြည့်ကျပ်နေသလို ခံစားရခြင်း။• ပျို့အန်၊မအီမသာ ဖြစ်ခြင်း။• နားကောင်းကောင်း မကြားရခြင်း။• နားထဲက အရည်တွေ ထွက်ခြင်း စသဖြင့် ဖြစ်ကြပါတယ်။ကလေးတွေမှာ ဖြစ်တတ်တဲ့ လက္ခဏာတွေက။• နားထဲမှာ ဆို့နေခြင်း။• ကောင်းကောင်း မအိပခြင်း။• အဖျားတက်ခြင်း။• ဂျီကျခြင်း၊ဂနာမငြိမ်ခြင်း။• နားထဲက အရည်တွေထွက်ခြင်း။• အစားကောင်းကောင်း မစားခြင်း။• ညဖက် အိပ်ယာပေါ်လှဲထားရင် ငိုခြင်း တို့ပဲ ဖြစ်ပါတယ်။နားတွင်းပိုးဝင်တာ အများစုဟာ ရေရှည်ပြဿနာတွေ ဖြစ်လေ့မရှိပါဘူး။ ဒါပေမယ့် ခဏခဏ ဖြစ်တာ ဒါမှမဟုတ် ကြာရှည်ဖြစ်တာမျိုး ဆိုရင်တော့ အရည်တွေဟာ ကြာရှည်စွာ စုပုံလာနိုင်တာကြောင့် နားကောင်းကောင်း မကြားရတော့တာ၊စကားပြောနောက်ကျတာ ဒါမှမဟုတ် ကြီးထွားဖွံ့ဖြိုးမှု နှေးတာ၊ပိုးပျံ့နှံ့တာ နဲ့ နားစည်ပေါက်တာ အစရှိတဲ့ ဆိုးဆိုးရွားရွား နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။သင်ပြောပြတဲ့ ရောဂါလက္ခဏာတွေရယ် ဆရာဝန်ကိုယ်တိုင် စမ်းသပ်လို့ရတဲ့ တွေ့ရှိချက်တွေရယ်အပေါ် မူတည်ပြီး နားတွင်းပိုးဝင်တာလား၊တခြားရောဂါလားဆိုတာကို အလွယ်တကူ ခွဲခြားနိုင်ပါတယ်။ ဆရာဝန် အနေနဲ့ သင့်နားအတွင်းဖက်၊ လည်ချောင်းနဲ့ နှာခေါင်းလမ်းကြောင်းတွေကို ကြည့်ဖို့အတွက် နားတွင်းကြည့်မှန်ပြောင်းလေးကို အသုံးပြုပါလိမ့်မယ်။နားကြည့်မှန်ပြောင်း။နားတွင်းပိုးဝင်တာကို ဖော်ထုတ်သိရှိဖို့အတွက် ဆရာဝန်တွေအနေနဲ့ အထူးကိရိယာတစ်ခုဖြစ်တဲ့ နားတွင်းကြည့်မှန်ပြောင်းလေးတစ်ခု ကိုအသုံးပြုပါတယ်။ ဒီကိရိယာလေးကို အသုံးပြုပြီး ဆရာဝန်တွေဟာ နားအတွင်းပိုင်းကို ကြည့်ရှုစစ်ဆေးနိုင်ကာ နားစည်မြှေးအနောက်ဖက်မှာ အရည်တွေ ရှိမရှိ သိနိုင်မှာပဲ ဖြစ်ပါတယ်။အခြားစစ်ဆေးမှုတွေ။တကယ်လို့ လုံလောက်တဲ့ အချက်အလက်တွေ မရရှိသေးဖူးဆိုရင်တော့ သင့်ဆရာဝန်အနေနဲ့ တခြားစစ်ဆေးမှုတွေကို ဆက်လက်ပြုလုပ်မှာပဲ ဖြစ်ပါတယ်။ ဥပမာ-။ဒီစစ်ဆေးမှုဟာနားစည်ရဲ့လှုပ်ရှားမှုကို တိုင်းတာစစ်ဆေးတာ ဖြစ်ပါတယ်။ နားစည်လှုပ်ရှားမှု ဘယ်လောက်ကောင်းတယ်ဆိုတာကို တွက်ထုတ်မှာဖြစ်ပြီး သွယ်ဝိုက်သော အဖြေကို ပေးမှာဖြစ်ပါတယ်။ဒီစစ်ဆေးမှုကတော့ စက်ကနေ လွှင့်ထုတ်ပေးလိုက်တဲ့ အသံလှိုင်းတွေဟာနားစည်က ဘယ်လောက်ပမာဏလောက် ပြန်ပြီး ကန်ထွက်လာနိုင်သလဲ ဆိုတာကို စစ်ဆေးတိုင်းတာ တာပဲ ဖြစ်ပြီး အလယ်နားမှာရှိတဲ့ အရည်ပမာဏကို သွယ်ဝိုက်တိုင်းတာနိုင်ပါတယ်။ပိုးဝင်တာဟာ ကနဦးကုသမှုတွေနဲ့ မသက်သာဖူးဆိုရင် နားတွင်းအရည်ထဲမှာရှိတဲ့ ကူးစက်ရောဂါပိုးကို အတိအကျ အမည်တပ်ထုတ်ဖော်နိုင်ဖို့အတွက် ဒီစစ်ဆေးမှုတွေကို လုပ်ဆောင်နိုင်ပါတယ်။တကယ်လို့ သင့်ကလေးဟာ နားတွင်းပိုးဝင်တာ ဒါမှမဟုတ် အလယ်နားမှာ အရည်တွေစုပုံနေတာဟာ ကြာရှည်နေပြီဆိုရင် သင့်ဆရာဝန် အနေနဲ့ နားအထူးကုဆရာဝန်၊ စကားပြောခြင်းဆိုင်ရာ ပြဿနာများကို ဖြေရှင်းရာမှာ ကျွမ်းကျင်သူတွေ၊ဖွံ့ဖြိုးမှုဆိုင်ရာပြဿနာတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေဆီ လွှဲပြောင်းပေးပြီး အကြားအာရုံ၊စကားပြောနိုင်စွမ်း၊ဘာသာစကား နားလည်နိုင်စွမ်းနဲ့ ဖွံ့ဖြိုးမှုရှိ မရှိတို့ကို စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ဆိုးဆိုးရွားရွား နောက်ဆက်တွဲပြဿနာတွေ ဖြစ်ပေါ်မလာခင်မှာ နားအလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ပိုးကူးစက်မှုကို ဖြေရှင်းကုသနိုင်ဖို့ဟာ ဆရာဝန်တွေရဲ့ ဦးတည်ချက်ဖြစ်ပါတယ်။ နားပိုးဝင်တာကို ဖြစ်စေတဲ့ နောက်ခံအကြောင်းရင်းကို ရှင်းလင်းဖယ်ရှားတာ၊ နားပြွန်လေးတွေထဲမှာ ရှိနေတဲ့ ဘက်တီးရီးယားပိုးတွေကို သတ်ပစ်တာ စတဲ့နည်းလမ်းတွေသုံးပြီး ကုသလေ့ရှိပါတယ်။ဘာဆေးတွေ ပေးမလဲ။နားတွင်းပိုးဝင်ရောဂါကို ကုသရာမှာ Amoxicillin ဟာ အကျိုးသက်ရောက်မှု အင်မတန်ကောင်းတဲ့အတွက် သူ့ကို အဓိက ရွေးချယ်လေ့ရှိကြပါတယ်။ Amoxicillin ဟာ ငွေကုန်ကြေးကျလည်း မများစေဘဲ နားတွင်းပိုးဝင်ရောဂါကို အများအားဖြင့် ၇ရက်ကနေ ၁၀ရက် အတွင်းမှာ လုံးဝပျောက်ကင်းသွားစေနိုင်ပါတယ်။ Aspirin သောက်တာနဲ့ အာသီးဖြတ်တာတို့ကိုတော့ လုပ်စရာ မလိုဖူး၊မလုပ်သင့်ဖူးလို့ ဆိုပါတယ်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။အောက်ပါအချက်လေးတွေကို လိုက်နာပေးမယ်ဆိုရင် နားတွင်းပိုးဝင်ရောဂါ ဖြစ်ပွားနိုင်ခြေကို လျော့ကျစေပါလိမ့်မယ်။လိုအပ်တဲ့ ကာကွယ်ဆေးတွေကို အချိန်မှန်မှန် လိုအပ်သလို ထိုးပေးပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/ear-conditions/ear-infections/