title
stringlengths
5
157
⌀
content
stringlengths
23
51.2k
⌀
category
stringclasses
28 values
subcategory
stringclasses
31 values
url
stringlengths
40
304
သွားတိုက်ဆေးနှင့် ဝက်ခြံအလွဲလေးများ
ဆေးမြီးတိုတော့ မဟုတ်ပေမယ့် လူတွေကြားမှာ ရေပန်းစားနေတဲ့အလွဲလေးတစ်ခုဖြစ်တဲ့ သွားတိုက်ဆေးကို အသုံးပြုပြီး မျက်နှာပေါ်ကဝက်ခြံကို ပျောက်အောင်လုပ်လို့ရတယ်ဆိုတဲ့ အကြောင်းကို ပြောပြပေးချင်ပါတယ်။ ဒီအယူအဆနဲ့ ပတ်သက်လို့ သွားတိုက်ဆေးနှင့် ဝက်ခြံအလွဲလေးများ အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။လူပျို၊ အပျိုဖြစ်လာတဲ့အချိန်ကစပြီး မျက်နှာနဲ့ ကိုယ်ခန္ဓာ နေရာအနှံ့မှာ ဝက်ခြံတွေ ပေါက်လာနိုင်ပါတယ်။ ဝက်ခြံကို အလွယ်ပျောက်ချင်တဲ့သူတွေက သွားတိုက်ဆေးကို ဝက်ခြံပေါ်မှာ သုတ်လိမ်းပြီး ထားထားလိုက်တယ်။ မနက်ရောက်တော့ နီရဲနေတဲ့ ဝက်ခြံက ခြောက်ပြီး ပြားချပ်သွားတယ်။ ဒီလိုနဲ့ပဲ သွားတိုက်ဆေးက ဝက်ခြံပျောက်စေတဲ့ အိမ်တွင်းဆေးဆိုပြီး လူသိများလာကြပါတယ်။သွားတိုက်ဆေးမှာ ပါဝင်တဲ့ triclosan – ထရိုင်ကလိုစန် ဒြပ်ပေါင်းဟာဘက်တီးရီးယားပိုးတွေကို သေစေနိုင်တဲ့ အစွမ်းသတ္တိတွေ ပါဝင်ပါတယ်။ အပြင်က ဝင်လာတဲ့ ဖုန်မှုန့်တွေ၊ မျက်နှာပေါ်က အဆီတွေကြောင့် ဘက်တီးရီးယားပိုးတွေ ပေါက်လာပြီး ဝက်ခြံဖြစ်လာပါတယ်။ထရိုင်ကလိုစန်အပြင် သွားတိုက်ဆေးမှာ ပါဝင်တဲ့ မုန့်ဖုတ်ဆိုဒါ၊ အယ်လ်ကိုဟောလ်၊ ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ်ဓါတ်တွေဟာ ဘက်တီးရီးယားပိုးကို သေစေပြီးဝက်ခြံကို ပြားချပ်သွားစေပါတယ်။သိထားရမှာ တစ်ခုကတော့ သွားတိုက်ဆေးမှာ ပါဝင်တဲ့ သွားကိုဖြူစေတဲ့ ဓာတ်ပေါင်းတွေဟာ မျက်နှာပေါ်က နူးညံ့လွန်းတဲ့အရေပြားကို ကောင်းကျိုးထက် ဆိုးကျိုးများစွာ ဖြစ်စေနိုင်ပါတယ်။သွားတိုက်ဆေးကို အသုံးပြုလိုက်တဲ့အခါမှာ ဝက်ခြံတော့ ပျောက်သွားတယ်။ ဒါပေမဲ့ ပြားချပ်သွားတဲ့နေရာမှာ အသားအရေခြောက်သွားပြီး ယားယံစေတယ်။ နောက်ထပ် ဝက်ခြံပိုပေါက်လာစေဖို့ ကူညီပေးလိုက်သလို ဖြစ်သွားပါတယ်။သွားတိုက်ဆေးကို အရေပြားပေါ် တင်လိုက်တဲ့အခါမှာ အဖုအပိမ့်တွေ ထွက်လာစေနိုင်တယ်။ ပူစပ်ပူလောင် ဖြစ်စေနိုင်တယ်။ နဂိုအသားအရေကို ပျက်စီးသွားစေနိုင်ပါတယ်။နောက်ပိုင်း သွားတိုက်ဆေးအများစုမှာ ထရိုင်ကလိုစန် မပါဝင်တော့တဲ့အတွက် ဝက်ခြံကို အရင်ကလောက် မပြားချပ်စေနိုင်တော့တဲ့အပြင် အချိန်ကြာကြာ အသားအရေပေါ် တင်ထားလိုက်ရင် ခြောက်သွားပြီး ဝက်ခြံကို ပိုပေါက်စေနိုင်ပါတယ်။ဒါကြောင့် သွားတိုက်ဆေးကို ဝက်ခြံပျောက်ဆေးအဖြစ် အသုံးပြုတဲ့ နည်းလမ်းဟာ ပိုပြီးဆိုးရွားသွားစေနိုင်တဲ့အတွက် အသုံးမပြုတာ အကောင်းဆုံးပါပဲ။၁။ မျက်နှာကို တစ်နေ့ ၂ကြိမ် မှန်မှန်သစ်ပေးပါ။ ရေမှန်မှန် ချိုးပါ။၂။ ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့ မျက်နှာသစ်ဆပ်ပြာ၊ အလှကုန်ပစ္စည်းတွေကိုပဲ ဝယ်ယူသုံးစွဲပါ။၃။ လက်သည်းရှည်တွေဟာ အသားအရေကို ပွန်းပဲ့စေနိုင်တဲ့အပြင် ကပ်ငြိနေတဲ့ ဖုန်မှုန့်တွေက ဝက်ခြံထဲ ဝင်သွားတဲ့အခါ ပိုပြီးဆိုးစေနိုင်ပါတယ်။ ဒါကြောင့် လက်သည်းပုံမှန်ညှပ်ပေးပါ။၄။ ဝက်ခြံပေါက်နေတဲ့နေရာမှာ ဆံပင်အတိုထားပါ။ ဒါမှမဟုတ်ဆံပင်ကို နောက်စည်းထားပါ။၅။မျက်နှာကို အစိုဓာတ်ထိန်းပေးနိုင်တဲ့ အယ်လ်ကိုဟော သိပ်မပါတဲ့ အစိုဓါတ်ထိန်းခရင်မ်တွေ လိမ်းပေးပါ။၆။ နေပူထဲ၊ ဖုန်ထူထပ်တဲ့ နေရာ၊ လူများတဲ့ နေရာတွေ သွားတာ တတ်နိုင်သလောက် ရှောင်ပါ။၇။ အပူ၊ အစပ်တွေ လျှော့စားပေးပါ။၈။ အိပ်ရေး၀၀အိပ်ပါ။၉။စိတ်ဖိစီးမှုမဖြစ်စေဖို့ တရားထိုင်ပါ။ ယောဂကျင့်ပါ။ လေ့ကျင့်ခန်းလုပ်ပါ။၁၀။ ဆေးဆိုင်ကနေ အလွယ်တကူ ဝယ်ယူလို့ ရတဲ့ ဆေးတွေလိမ်းလိုက်တာမျိုးထက် အရေပြားဆရာဝန်နဲ့ သေချာပြသပြီး ကုသမှု ခံယူပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/toothpaste-and-acne/
ဝိတ်တုံးမပြီး ကိုယ်ပေါ်က အဆီတွေ လောင်ကျွမ်းအောင် ဘယ်လိုလုပ်မလဲ ။
Gymရောက်ပြီဆိုတာနဲ့ ပိန်တဲ့သူတွေရော၊ ဝနေတဲ့သူတွေရောဝိတ်တုံးလေးတွေ ကိုယ်စီကိုယ်စီနဲ့ လေ့ကျင့်ခန်းလုပ်နေတာကို လူတိုင်း မြင်ဖူးကြမှာပါ။ ကြားဖူးတာကတော့ဝိတ်တုံးမတာကြွက်သားတက်စေဖို့ဆိုတော့ ဝနေတဲ့သူတွေက ဝိတ်မဖို့လိုလို့လား။ပိန်ချင်လို့ ဝိတ်မရင် လေးတာကောင်းလား ပေါ့တာကောင်းလား။ အကြိမ်ရေ နည်းနည်းလား များများလား သိချင်နေတဲ့သူတွေအတွက် ဒီဆောင်းပါးလေးက အဆင်ပြေစေမှာပါ။စပြီးလေ့ကျင့်ခန်းလုပ်တည်းက ဒီအလေးချိန်ကိုပဲ မတယ်။ ၃ လ ၄ လကြာတဲ့အချိန်အထိလည်း ဒီ အလေးချိန်ကိုပဲ ဆက်မနေမယ်ဆိုရင် ကိုယ်လိုချင်တဲ့ ရလဒ်ကို ဘယ်လိုမှ ရမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကိုယ် မ နေတဲ့ ဝိတ်တုံး အလေးချိန်ကို တဖြည်းဖြည်းတိုးလာဖို့ လိုပါတယ်။ ဝိတ်တုံးလေးလေးတွေက ကြွက်သားတွေကို တက်စေပြီး ကိုယ်ခန္ဓာကို ကျစ်လစ်စေပါတယ်။ကြွက်သားတက်လာတော့ဇီဝကမ္မဖြစ်စဉ်တွေ မြန်ဆန်လာပါတယ်။ဇီဝကမ္မဖြစ်စဉ်တွေ မြန်လာတော့ အဆီတွေ များများလောက်ကျွမ်းပါတယ်။ လောင်ကျွမ်းတဲ့ ကယ်လိုရီက စားလိုက်တဲ့ကယ်လိုရီတွေထက် များနေပြီဆိုရင် သင် ဝိတ်ကျမှာ ကျိန်းသေနေပါပြီ။ ဒါ့ကြောင့် အဆီပိုတွေမရှိဘဲ ကျစ်လစ်တဲ့ကိုယ်ခန္ဓာတစ်ခုရဖို့ဆို ဝိတ်တုံးလေးလေးတွေ မဖို့လိုအပ်ပါတယ်။ပြင်းပြင်းထန်ထန်လုပ်ဆိုပြီး ၁နာရီ ၂ နာရီလောက် ဝိတ်မနေဖို့မလိုပါဘူး ။ အနည်းဆုံး မိနစ် ၂၀ အများဆုံး နာရီဝက် ၄၅ မိနစ်လောက် ဝိတ်တုံးမရင်ပဲ အဆင်ပြေနေပါပြီ။ အရေးကြီးတာက ကိုယ်လုပ်နေတဲ့အချိန်အတွင်းမှာ သေချာ အာရုံစိုက်ပြီး ပြင်းပြင်းထန်ထန်လုပ်ဖို့ပါပဲ။ ဘယ်လောက်ကြာအောင်လုပ်တယ်ဆိုတာထက် ဘယ်လိုလုပ်တယ်ဆိုတာက ပို အဓိကကျပါတယ်။ တစ်ကြိမ်နဲ့ တစ်ကြိမ်ကြား အကြာကြီးမနားပါနဲ့။ကိုယ်အလေးချိန်ကျစေဖို့အတွက် ဝိတ်တုံးမတဲ့လေ့ကျင့်ခန်းတွေကို နေ့တိုင်း ဆက်တိုက် လုပ်နေစရာမလိုပါဘူး။ ကြွက်သားတွေကို အနားပေးဖို့လည်းလိုအပ်သေးတာကြောင့် တစ်ပတ်ကို အနည်းဆုံး ၃ ကြိမ် အများဆုံး ၅ ကြိမ်လောက် ဝိတ်မတဲ့လေ့ကျင့်ခန်းတွေ လုပ်ပေးလို့ရပါတယ်။ကိုယ်အလေးချိန် ကျစေဖို့ လေ့ကျင့်ခန်းတစ်ခုတည်းကိုပဲ အားကိုးနေလို့မရပါဘူး။ ကိုယ်ခန္ဓာ အချိုးအစားရဲ့ ၈၀ ရာခိုင်နှုန်းက အစားအသောက်တွေပေါ်မူတည်နေပြီး ၂၀ ရာခိုင်နှုန်းလောက်ပဲ လေ့ကျင့်ခန်းတွေ အပေါ် မူတည်နေတာပါ။ ဒါကြောင့် ဝိတ်ကျအောင် ကြိုးစားနေတဲ့သူတိုင်းအဆီများတာတွေ မစားဖို့၊ ထမင်းလျှော့စားဖို့ အသီးအရွက်များများစားဖို့ အရေးကြီးပါတယ်။၁ နဲ့ ၁ ပေါင်းမှ ၂ ဖြစ်နိုင်တာကြောင့်ဝိတ်ကျချင်ရင် ဝိတ်မတာအပြင် အခြား cardio လေ့ကျင့်ခန်းတွေ HITT လေ့ကျင့်ခန်းတွေ ပေါင်းပြီး လုပ်ပေးဖို့လည်း အရေးကြီးပါသေးတယ်။ များများလှုပ်မှ အဆီတွေ များများလောင်ကျွမ်းမှာလေ မဟုတ်ဘူးလား။ဒီတော့ “များများလှုပ်၊ လေးလေးမ၊ နည်းနည်းစား” ဒါဆိုရင် သင့်လိုချင်တဲ့ သွယ်လျကျစ်လစ်တဲ့ကိုယ်ခန္ဓာတစ်ခု ပိုင်ဆိုင်မှာ လုံးဝကို အသေအချာနော် ။ ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/weight-loss-exercises/weight-lifting/
Royal Jelly (ရွိုင်ရယ် ဂျယ်လီ) ဆေးဖက်ဝင်သလား
ပျားနို့ ဆိုတာထက် Royal Jelly (ရွိုင်ရယ် ဂျယ်လီ) လို့ပြောလိုက်ရင် ပိုပြီး သိကြတဲ့သဘာဝ ဆေးဖက်ဝင်ပစ္စည်းလေး တစ်မျိုးရှိပါတယ်။ ဒီဆေးဖက်ဝင်ပစ္စည်းလေးက ခန္ဓာကိုယ် ကျန်းမာရေးအတွက် ဘယ်လို ထောက်ကူပေးလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ Royal Jellyကို ပျားနို့၊ ပျားနို့ရည် ဆိုပြီး အမျိုးမျိုး ခေါ်ကြပါတယ်။Royal Jelly (ရွိုင်ရယ် ဂျယ်လီ) ဆိုတာက နို့လိုမျိုး ဖြူနှစ်နှစ်လေးပါ။ လုပ်သားပျားတွေက ပျားဘုရင်မ သားလောင်းလေး စားသုံးအာဟာရဖြည့်တင်းနိုင်ဖို့ လုပ်ဆောင်ပေးထားတဲ့ အာဟာရတစ်မျိုးပါ။ ဒါကြောင့်လည်း Royal Jelly လို့ ခေါ်ကြတာပါ။ နေရာဒေသ နဲ့ ရာသီဥတု အခြေအနေကို လိုက်ပြီး ပါဝင်ဖွဲ့စည်းထားတဲ့ အာဟာရတွေကတော့ ကွာခြားနိုင်ပါတယ်။ဒါပေမယ့် သေချာတာတစ်ခုက Royal jelly မှာ အာဟာရ ပြည့်ဝစွာ ပါဝင်နေပြီး ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်သလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွလည်း ကြွယ်ဝပါတယ်။ အရောင်ကျစေနိုင်ပြီး ကျန်းမာရေးကို ထောက်ကူပေးနိုင်ပါတယ်။ စားသုံးပေးလို့ ရသလိုအရေပြားပေါ်မှာ တိုက်ရိုက် အသုံးပြုပေးလို့လည်း ရပါတယ်။Royal Jellyကိုပျားဝတ်မှုန်၊ ပျားဖယောင်း၊ ပျားအဆိပ်၊ ပျားရည် စတာတွေလိုပဲ တိုင်းရင်းဆေးဝါးတွေမှာ အသုံးပြုပါတယ်။Royal Jellyမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။Royal Jellyကို အခုလို ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ဖို့ နဲ့ သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။Royal Jelly မှာ သဘာဝပစ္စည်းတွေ ပါဝင်နေပြီး သွေးဆုံးလက္ခဏာတွေ သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သွေးဆုံးချိန်မှာ ခံစားရနိုင်တဲ့ ဟော်မုန်းပြောင်းလဲတာ၊ ပူစပ်ပူလောင်ဖြစ်တာ၊ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကို သက်သာစေဖို့ ထောက်ကူပေးသလို အရေပြားနဲ့ ဆံသား ပြောင်းလဲမှုဗတွကိုလည်း သက်သာစေဖို့ ထောက်ကူပေးပါတယ်။ရာသီလာချိန်မှာကိုယ်ခံအားနည်းတာ၊ ဟော်မုန်း ပြောင်းလဲတာ၊ ခန္ဓာကိုယ်မှာ နာကျင်ကိုက်ခဲတာလိုမျိုး ရာသီအကြိုလက္ခဏာတွေကို သက်သာစေဖို့ဆိုရင် Royal Jellyကို အသုံးပြုပေးလို့ ရပါတယ်။ ရာသီသွေးမှန်စေဖို့ ထောက်ကူပေးသလို ရာသီလာချိန်မှာ နာကျင်ကိုက်ခဲတာကို သက်သာစေဖို့လည်း ထောက်ကူပေးပါတယ်။လေ့လာမှုတွေအရ Royal Jellyက အနာကျက် မြန်စေနိုင်ပါတယ်။ ဆဲလ်တွေ အရေပြားတစ်ရှူးတွေကို အသစ်ဖြစ်ပေါ်စေပြီး အနာကျက် မြန်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာတွေ သက်သာစေဖို့အတွက် Royal Jellyကို အသုံးပြုပေးလို့ ရပါတယ်။ သောက်သုံးပေးလို့ ရသလို ထိခိုက်တဲ့နေရာမှာ တိုက်ရိုက် အသုံးပြုပေးလို့လည်း ရပါတယ်။လေ့လာမှုတွေအရ Royal Jellyကို အမျိုးအစား -၂ ဆီးချိုရှိသူတွေ အနေနဲ့လည်း အသုံးပြုပေးလို့ ရပါတယ်။ Royal Jellyကို ပုံမှန် အသုံးပြုပေးတာက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး ရုတ်တရက် သွေးချိုတက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။Royal Jellyကို အဆီကျစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ သွေးတွင်းက အကျိုးမပြု ကိုလက်စထရောတွေကို ကျဆင်းစေပြီး နှလုံးသွေးကြော ကျဉ်းတာ၊ လေဖြတ်တာ၊ ရုတ်တရက် နှလုံးရပ်တာ၊ အဝလွန်တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ဘေးထွက်ဆိုးကျိုးရယ်လို့ ကြီးကြီးမားမား မရှိပါဘူး။ တစ်ခု သတိထားရမှာကတော့ အလွန်အကျွံ မသုံးဖို့ပါ။ အရင်က သုံးဖူးပြီး ဓာတ်မတည့်ပြဿနာဖြစ်ဖူးရင်လည်း ထပ်မသုံးသင့်ပါ။ ဓာတ်မတည့်တဲ့ လက္ခဏာတွေ ခံစားရမယ်ဆိုရင် အသုံးပြုတာကို ချက်ချင်းရပ်ပြီး နီးစပ်ရာဆေးခန်းကို အလျင်အမြန် သွားရောက်ဖို့ လိုပါမယ်။Royal Jellyကို အရေပြားပေါ်နဲ့ ဦးရေပြားမှာ တိုက်ရိုက်အသုံးပြုတာက ပြဿနာ မရှိပေမယ့် သောက်မယ်ဆိုရင်တော့ရောဂါအခံရှိသူတွေကျန်းမာရေး ပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရမယ်။ ကိုယ်ဝန်ဆောင်ဖြစ်မယ်။ နို့တိုက်မိခင် ဖြစ်မယ်ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင်စေချင်ပါတယ်။ သွေးကျဆေး၊ သွေးမခဲဆေးတွေနဲ့လည်း ဓာတ်ပြုနိုင်တာကြောင့် ဒီဆေးတွေ သောက်နေမယ်ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင်ရပါမယ်။Royal Jellyကဆေးဖက်ဝင်တယ်ဆိုပေမယ့် သူ့ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးကို ဆက်ပြီး လေ့လာဖို့ လိုပါသေးတယ်။ မိမိမှာ အထက်ပါရောဂါတွေ ခံစားနေရမယ်ဆိုရင် တတ်ကျွမ်းနားလည်သူနဲ့ ပြသပြီး ကုသတာက အကောင်းဆုံး ဖြစ်ပါတယ်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/royal-jelly/
အဝလွန်ခြင်းက ကိုယ်ခံအား အပေါ် ဘယ်လို သက်ရောက်မှု ရှိသလဲ။
ဒီလိုတုပ်ကွေးရာသီနီးလာပြီဆို “အာဟာရရှိအောင်စား။ အားရှိအောင်နေ။ကိုယ်ခံအားကောင်းမှ ရောဂါကို တိုက်ထုတ်နိုင်မှာ” လို့ လူကြီးတွေက မှာလေ့ရှိပါတယ်။ တကယ်လည်း ကိုယ်ခံအား ကောင်းနေရင် တော်ရုံ ရောဂါပိုးလောက်က အသာလေးပါပဲ။ ဒါပေမယ့် စားရင်း စားရင်းနဲ့ ဝိတ်တွေ တက်လာရင်ရော ကိုယ်ခံအားက လိုက်တက်လာမှာလား။  ကိုယ့်ရဲ့ ကိုယ်အလေးချိန် ပိန်ခြင်း၊ ဝခြင်းက ကိုယ်ခံအား အပေါ်ကို ဘယ်လို သက်ရောက်မှု ရှိနေပါတယ်။ ဒီတော့ အဝလွန်ခြင်းက ကိုယ်ခံအား အပေါ် ဘယ်လို သက်ရောက်မှု ရှိသလဲ။ ဆိုတာကို လေ့လာလိုက်ရအောင်နော်။ပိန်တဲ့သူက ရောဂါဒဏ်ကို ခံနိုင်ရည် မရှိဘူးဆိုတာ လူတိုင်း သိပါတယ်။ ဒါပေမယ့် ဝတာကလည်း ကိုယ်ခံအား ကျစေတယ်ဆိုတာ သိကြပါရဲ့လား။ ဒီအကြောင်းကို ဆက်ကြည့်ကြ ရအောင်နော်။လူတစ်ယောက်ရဲ့ ပိန်ခြင်း ဝခြင်းကို အရင်ကလို “နင်ကတော့ ပိန်သွားလိုက်တာ၊ နင်ဝလာတယ်နော်” စသဖြင့် အမြင်နဲ့ မဆုံးဖြတ်ပါဘူး။ ပေါင်ချိန်သီးသန့်နဲ့လည်း မပြောတော့ပါဘူး။BMIလို့ခေါ်တဲ့ ကိုယ်အလေးချိန် ထုထည် ညွှန်းကိန်းနဲ့ပဲ ပြောတော့တာပါ။ ဒါက အရပ်နဲ့ ကိုယ်အလေးချိန်ပေါ် မူတည်ပြီး တွက်ထားတဲ့အတွက် ပိုပြီး သင့်လျော်ပါတယ်။BMI 18.5 အောက်ဆို ပိန်တယ်လို သတ်မှတ်ပြီး 30ကျော်ရင်တော့အဝလွန်နေပြီလို့ သတ်မှတ်ပါတယ်။ ဒါကြောင့် ဒီအဝလွန်ခြင်းက ခုခံအား အပေါ် ဘယ်လို အကျိုးသက်ရောက်မှုရှိလည်းဆိုတာ ပြောပြပေးပါ့မယ်။အဝလွန်ခြင်းက ကိုယ်ခံအား အပေါ် ဘယ်လို သက်ရောက်မှု ရှိသလဲ။ ဆိုတော့ ဒီနေရာမှာ ပြောစရာ နှစ်ပိုင်း ရှိပါတယ်။ အဝလွန်ခြင်းကနေ တစ်ဆင့် ရောဂါတွေ ဖြစ်ပြီး ကိုယ်ခံအား  ကျတာနဲ့ အဝလွန်ခြင်း ကိုယ်တိုင်ကြောင့် ကိုယ်ခံအား ကျတာပါ။အဝလွန်ခြင်းကြောင့်ဆီးချို၊သွေးတိုး၊ နှလုံးရောဂါတွေ ဖြစ်နိုင်တယ်ဆိုတာ လူတိုင်း သိပြီးသားပါ။ ဒီရောဂါတွေရဲ့ နောက်ဆက်တွဲ ဥပမာ ဆီးချိုရောဂါဆိုရင် နောက်ပိုင်းကျ အနာမကျက်တာ၊ ပိုးဝင်လွယ်တာ စတာတွေ ဖြစ်လာနိုင်ပါတယ်။ ကျောက်ကပ်လည်း ထိခိုက်တာကြောင့် ရောဂါတိုက်ထုတ်မယ့် ပဋိဇီဝပစ္စည်း (immunoglobulin)တွေ ဆီးထဲ ပါသွားပြီး ရောဂါပိုးတွေ ကို ကောင်းကောင်း မတိုက်ထုတ်နိုင်တော့ပါဘူး။နောက်ပြီး ဒီလို ရောဂါအခံတွေ ရှိနေရင် အပြင်ကနေ ပိုး တစ်ခုခု ဝင်လာတဲ့အခါ double burden ဖြစ်လာပြီး ရောဂါဒဏ်ကို ပိုခံရပါတယ်။ အသက်ကြီးတဲ့ သူဆိုရင် ပိုပြီး သတိထားရမှာပါ။ကိုယ်ခံအားကျစေတဲ့ အကြောင်းတွေကတော့။– cytokine ထုတ်တာ နည်းသွားတာ။–ခုခံအားဆဲလ်တွေ အလုပ်မလုပ်နိုင်တာ။– ကိုယ်ထဲကို ပြင်ပပစ္စည်း (ရောဂါပိုး) ဝင်လာရင် တုံ့ပြန်နိုင်စွမ်း နည်းသွားတာ။ဒါတွေက ဆေးပညာ အသုံးအနှုန်းတွေမို့လို့ နားမလည်လည်း ရပါတယ်။  ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းကိုလည်း အတိအကျ မပြောနိုင်သေးပါဘူး။ အဓိကပြောချင်တာက အဝလွန်တာက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအား စနစ်ကို ထိခိုက်စေပြီး ရောဂါပိုး ဝင်လွယ်စေတယ်ဆိုတာပါပဲ။ဒါ့ပြင် လေ့လာချက်တွေအရ ဆေးရုံမှာ ကုသမှု ခံယူတဲ့ လူနာချင်း တူရင်တောင် နောက်ဆက်တွဲ ပိုးဝင်တာ၊ အနာမကျက်တာ၊ အဆုတ်ရောင်တာ၊ ဆီးပိုက်ကနေ ပိုးဝင်တာ စတာတွေ ပိုအဖြစ်များတာကို တွေ့ရပါတယ်။တချို့သော လေ့လာချက်တွေအရ အဝလွန်ခြင်းနဲ့ကာကွယ်ဆေးအောင်ခြင်း မအောင်ခြင်း ဆက်စပ်မှုရှိတယ်လို့ ဆိုပါတယ်။ ကာကွယ်ဆေး ဆိုတာက အားပျော့နေတဲ့ ပိုးတွေကို ခန္ဓာကိုယ်ထဲ ထည့်လိုက်ပြီး ကိုယ်ခံအားကို တိုက်ခိုင်းတာပါ။ ဒီပိုးတွေက အားပျော့တဲ့ အတွက် သာမန်အားဖြင့်တော့ လူကို အန္တရာယ်မပြုနိုင်ဘူး။ တစ်ခါဝင်သွားပြီးရင် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားက မှတ်ထားတဲ့ အတွက် နောက်တစ်ခါ ရောဂါပိုး ဝင်လာရင် အလွယ်တကူပဲ တိုက်ထုတ်နိုင်မှာပါ။အဝလွန်တဲ့အခါ ခုနက ပြောခဲ့သလို  ခုခံအားဆဲလ်တွေ ကောင်းကောင်း အလုပ်မလုပ်တဲ့ အတွက်ပဋိဇီဝပစ္စည်းကောင်းကောင်း မထွက်ပါဘူး။ ဒါကြောင့် ကာကွယ်ဆေး ထိုးမယ်ဆို ဆေးအောင်မအောင် စစ်ဆေးသင့်ပါတယ်။အတိအကျ မပြောနိုင်ပေမယ့် အဆီတစ်ရှူးကြောင့် လို့ဆိုပါတယ်။ အဆီတစ်ရှူးတိုင်းတော့ မဟုတ်ပါဘူး။ White adipose tissue (WAT) လို့ခေါ်တဲ့ အဆီအမျိုးအစားပါ။ မြန်မာလို တည့်တည့်ပြန်ရင် အဖြူရောင် အဆီတစ်ရှူးပေါ့။ ဝတဲ့သူတွေမှာ ပိုတွေ့ရပါတယ်။ ဒီအဆီတစ်ရှူးက ခန္ဓာကိုယ်ရဲ့ ရောင်ရမ်းမှုတွေအပေါ်မှာ သက်ရောက်မှု ရှိပါတယ်တဲ့။ ဒီအဆီတွေ များလာတဲ့အခါ ခန္ဓာကိုယ်မှာ နာတာရှည်ရောင်ရမ်းတာတွေ ဖြစ်လာပြီး ရောဂါပိုးတွေ တိုက်ထုတ်ဖို့ ခက်ခဲ သွားပါတယ်။ ဒီနေရာမှာ ရောင်ရမ်းတယ်ဆိုတာ လူတွေ သိကြတဲ့ ရောင်ရမ်း နာကျင်တာကို ပြောတာမဟုတ်ပါဘူး။ ဆဲလ်တွေ ရောင်ရမ်းတာကို ပြောတာပါ။ သာမန်မျက်စိနဲ့ မမြင်နိုင်ပါဘူး။အဓိက အစားအသောက်နဲ့လေ့ကျင့်ခန်းကို အားကိုးရမှာပါ။ အစားအသောက်မှာ ဆိုရင်လည်း များများစားမှ အားရှိမယ်ဆိုတာမျိုး မဟုတ်ဘဲ ညီညွတ်မျှတအောင် စားပေးရင် ရပါပြီ။ အထူးသဖြင့် ကိုယ်ခံအား ကောင်းစေမယ့် အစားအစာတွေပေါ့။ လေ့ကျင့်ခန်းလည်း လုပ်ပေးရမှာပါ။ လေ့ကျင့်ခန်း လုပ်တာက ကိုယ်အလေးချိန်ကို ထိန်းပေးတဲ့ အပြင် ကိုယ်ခံအားကိုလည်း တက်စေပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့သူတွေက သာမန် ဖျားတာ နာတာလောက်ကို ကောင်းကောင်းကြီး ခံနိုင်ရည်ရှိပါတယ်။ခုလို အိမ်တွင်းပုန်းနေရတဲ့အချိန်ဆို ပိုပြီး သတိထားသင့်ပါတယ်။ လုပ်စရာ မရှိတော့ စား၊ စားပြီးတော့အိပ်၊ နိုးလာတော့ စား၊ အိပ်ရာပေါ်မှာပဲ တစ်နေကုန် နေမိမှာပါ။ ဒါကြောင့် ဒီအချိန်တွင်းမှာလည်း တွေ့တာ မစားဘဲ အာဟာရရှိတာကို ရွေးပြီး စားပေးပါ။ လေ့ကျင့်ခန်း မလုပ်ချင်ရင်တောင် တစ်နေ့ကို နာရီဝက်လောက် လှုပ်လှုပ်ရှားရှားနေပေးပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/obesity-healthy-eating/how-obesity-affect-on-immune/
ဆံပင်ပျက်စီးခြင်း ၇ မျိုးနဲ့ ကာကွယ်ရန် နည်းလမ်းများ ။
ဆံပင်ဆိုတာ လူတွေရဲ့ ဒုတိယမျက်နှာပါ။ ဘယ်လောက်ပဲ အလှပြင်ထားပါစေ ဆံပင်ပုံကျပါမှ ဆွဲဆောင်မှု ရှိတဲ့သူတစ်ယောက်ဖြစ်မှာပါ ။ ဒီလို ဆံပင်လှလှလေးတစ်ခုရဖို့အတွက် ကောက်ကြ၊ဖြောင့်ကြ၊ ဆေးဆိုးကြနဲ့ ဆံပင်ကို ဖျက်စီးနေတဲ့ နည်းလမ်းများစွာရှိပါတယ်။ ဆံပင်ကို ပျက်စီးစေတဲ့ အကြောင်းအရာတွေက ဘာတွေလဲ ။ ဒီလိုပျက်စီးနေတာတွေကို ဘယ်လိုပြန်ပြုပြင်မှာလဲ ။ ။ကိုယ့်ဆံပင်က ဘယ်အမျိုးအစားထဲမှာ ပါနေတာလဲ။ ဘာတွေ ရှောင်ရမလဲ၊ ဆောင်ရမလဲ ဆိုတာ သိသွားစေဖို့အတွက် ဒီဆောင်ပါးလေးက ရည်ရွယ်ပါတယ်။ ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/hair-damage/
ငရုတ်ခါးရွက်
ဆီးချိုသမားတွေက အခါးနဲ့ တည့်တယ်ဆိုပြီး ငရုတ်ခါးရွက် စားရမယ်လို့ ပြောတာကို ကြားဖူးမယ် ထင်ပါတယ်။ ဒီငရုတ်ခါးရွက်ကို ဆီးချိုအတွက် ဆေးတွေလုပ်ပြီး ထုတ်လုပ်ကြတာ ရှိသလို ဆေးခါးကြီး လုပ်ရာမှာလည်း ငရုတ်ခါးရွက်ကို အသုံးပြုကြပါတယ်။ ဒီတစ်ခေါက်တော့ ငရုတ်ခါးရွက်က ကျန်းမာရေးအတွက် ဘယ်လိုတွေ ထောက်ကူပေးသလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ငရုတ်ခါးရွက် လို့ဆိုပေမယ့် တကယ်ကတော့ ငရုတ်ခါးပင်ကလည်း အခြား ဆေးဖက်ဝင်အပင်တွေလိုပဲ တစ်ပင်လုံး ဆေးဖက်ဝင်ပါတယ်။ ဆေးဖက်ဝင် အပင်တွေရဲ့ သဘာဝအတိုင်း ပဉ္စငါးပါးစလုံး ဆေးဖက်ဝင်တာပါ။ တောင်အာရှနိုင်ငံတွေ ဖြစ်ကြတဲ့ အိန္ဒိယနိုင်ငံ သီရိလင်္ကာနိုင်ငံတွေမှာ ပေါက်ရောက်ကြသလို မြန်မာနိုင်ငံမှာလည်း စိုက်ပျိုးဖြစ်ထွန်းပါတယ်။အရွက်က အစိမ်းရောင် ရှည်မြောမြောလေးတွေပါ ပင်စိမ်းရွက်နဲ့ ခပ်ဆင်ဆင် ပုံစံမျိုးလည်း ရှိပါတယ်။ ပန်းလေးတွေ ပွင့်တတ်ပြီး ငရုတ်သီးတောင့်လိုမျိုး အသီးလေးတွေ သီးပါတယ်။ ချုံပင်ငယ်လေးလိုမျိုး ပေါက်ရောက်တာပါ။ငရုတ်ခါးပင်ကို အအေးမိဖျားနာတာတွေ သက်သာစေဖို့ အသုံးပြုကြသလိုအစာခြေစနစ်ပြဿနာတွေအတွက်လည်း အသုံးပြုကြပါတယ်။ငရုတ်ခါးရွက်ကို ဘယ်လိုအသုံးပြုကြသလဲ။ ဘာတွေအတွက် အသုံးပြုကြသလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။လေ့လာမှုတွေအရ ငရုတ်ခါးရွက်ကိုအအေးမိဖျားနာတာတွေကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ ထိရောက်မှု ကောင်းစေဖို့အတွက်တော့  ၇၂ နာရီအတွင်း အသုံးပြုဖို့ လိုပါမယ်။ အဖျားကျစေဖို့ ထောက်ကူပေးနိုင်ပေမယ့် တုပ်ကွေးလိုမျိုး ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေ ရရှိနေမယ်ဆိုရင်တော့ လိုအပ်တဲ့ ကုသမှုကို ခံယူဖို့ လိုပါမယ်။ရိုးရိုး အအေးမိဖျားနာတာကို သက်သာစေဖို့အတွက် အသုံးပြုပေးလို့ရပါတယ်။ ကာကွယ်ဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။ငရုတ်ခါးရွက်က လည်ချောင်းနာတာကို သက်သာစေနိုင်သလို အာသီးရောင်တာ၊ လည်ချောင်းနာတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ကာကွယ်ဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။လေထိုးတာ၊ လေအောင့်တာတွေကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ လေအောင့်တာနဲ့ အစာခြေစနစ် ကျန်းမာရေး ပြဿနာတွေ ကင်းစေဖို့လည်း ထောက်ကူပေးပါတယ်။အဆစ်ရောင်တာကို သက်သာစေဖို့အတွက် ငရုတ်ခါးရွက်ကို ပုံမှန် အသုံးပြုပေးလို့ ရပါတယ်။ သောက်သုံးပေးလို့ ရသလို အရေပြားမှာ တိုက်ရိုက်အသုံးပြုပေးလို့လည်း ရပါတယ်။အရေပြား ယားယံတာ၊ မှိုရောဂါနဲ့ အရေပြားပြဿနာ တော်တော်များများကို သက်သာစေဖို့အတွက်လည်း ငရုတ်ခါးရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ အရေပြားပေါ်မှာ ပြုတ်ရည်၊ အရွက်ကြိတ်ထားတာ ဒါမှမဟုတ် သတ္တုရည်ကို အသုံးပြုပေးလို့ ရပါတယ်။ငရုတ်ခါးရွက်ကို သွေးတိုးသက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ အကြောင်းကတော့ ငရုတ်ခါးရွက်က သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ဆီးချိုရှိသူတော်တော်များများနဲ့တော့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ ငရုတ်ခါးရွက်ကသွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့် သွေးချိုကို ထိန်းညှိပေးနိုင်ပါတယ်။ဒါတွေအပြင်။ငရုတ်ခါးရွက်က ပုံမှန်အားဖြင့် အသုံးပြုဖို့ ဘေးကင်းပါတယ်။ ရေတိုမှာပေါ့။ ဒါပေမယ့် ငရုတ်ခါးရွက်ကို အခြားကျန်းမာရေးပြဿနာတွေအတွက် ဆေးသောက်နေရတာရှိရင် တွဲသောက်တာမျိုး မလုပ်ပါနဲ့။ငရုတ်ခါးရွက်က အစားစားချင်စိတ် ပျောက်တာ၊ ဝမ်းပျက်စေတာ၊ အော့အန်တာ၊ အင်ပြင်တွေ ထွက်တာ၊ ခေါင်းကိုက်တာ၊နှာစေးတာ၊ ခြေကုန်လက်ပမ်းကျတာတွေ ဖြစ်စေနိုင်ပါတယ်။ရေရှည်မှာ သောက်သုံးတာက ပြန်ရည်ကျိတ်တွေ ရောင်စေတာ၊ ပြင်းထန်တဲ့ ဓာတ်မတည့်မှု ပြဿနာ၊ အသည်းအင်ဇိုင်းထုတ်လုပ်မှုအပေါ် သက်ရောက်တာ နဲ့ အခြား ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ငရုတ်ခါးရွက်နဲ့ ပတ်သက်ပြီး ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။ သဘာဝဆေးဖက်ဝင်ဆိုပေမယ့် ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်း မရှိရင် ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်နိုင်တာကို သိထားရန် လိုအပ်ပါသည်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/green-chiretta-health-benefits/
နေထိုင်မကောင်းချိန်မှာ စားသင့်တဲ့ အစားအစာများ
အစာလည်းဆေး ဆေးလည်းအစာ ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ အထူးသဖြင့် နေထိုင်မကောင်းဖြစ်ပြီး အားအင်မပြည့်ဝချိန်မှာ ဖြစ်ပါတယ်။ နေမကောင်းချိန်မှာ စားသောက်တဲ့ အစားအစာများဟာ ကျန်တဲ့အချိန်တွေထက် ပိုပြီးအရေးပါပါတယ်။ ရောဂါဝေဒနာတွေကို သက်သာစေဖို့၊ အာဟာရပြည့်ဝစေဖို့အတွက် နေထိုင်မကောင်းချိန်မှာ ဗီတာမင်၊ သတ္တုဓာတ်၊ ကယ်လိုရီနဲ့ ပရိုတိန်းဓာတ်တွေ မျှတအောင် ရွေးချယ်စားသောက်တတ်ဖို့ လိုပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ နေထိုင်မကောင်းချိန်မှာ စားသင့်တဲ့ အစားအစာများ အကြောင်းပဲ ဖြစ်ပါတယ်။နေထိုင်မကောင်းချိန်မှာ စားသင့်တဲ့ အစားအစာများ က ဘာတွေများ ဖြစ်မလဲ။အအေးမိတုပ်ကွေး ပြဿနာတွေအတွက် ကြက်စွတ်ပြုတ်ကို ဆေးဝါးတခုလိုအသုံးပြုခဲ့ကြတာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဖြစ်ပါတယ်။ ကြက်စွတ်ပြုတ်ဟာ ပရိုတိန်း၊ အရည်ဓာတ်နဲ့ ဓာတ်ဆားတွေ အများကြီးပါဝင်ပါတယ်။ အဆိုပါ အာဟာရဓာတ်တွေဟာ နေထိုင်မကောင်းသူတွေအတွက် ဆေးဝါးတွေလိုပါပဲ။ အထူးသဖြင့် အဖျားတက်နေချိန်မှာ အရည်ဓာတ် ပိုမိုလိုအပ်ပါတယ်။ဒါ့အပြင် ကြက်စွတ်ပြုတ်မှာ cysteine ဆိုတဲ့ အမိုင်နိုအက်ဆစ်ပါဝင်ပါတယ်။ အဆိုပါ cysteine ဟာ ချွဲများကိုပျော်စေပြီး ဗိုင်းရပ်စ်ဆန့်ကျင်တဲ့၊ ရောင်ရမ်းမှာကျစေတဲ့ အာနိသင်တွေ ဖြစ်ပေါ်စေပါတယ်။ အသက်ရှူလမ်းကြောင်းက ချွဲသလိပ်တွေကို ရှင်းလင်းစေပါတယ်။ ချောင်းဆိုးခြင်း၊ နှာပိတ်ခြင်း စတာတွေကို သက်သာစေပါတယ်။ဒါပေမယ့် ပရိုတိန်းဓာတ်က စွပ်ပြုတ်ရည်ထက် အသားမှာ ပိုပါတဲ့အတွက် အရည်ချည်းပဲ မသောက်ဘဲ အသားပါ စားပေးသင့်ပါတယ်။ကြက်သွန်ဖြူဟာ သင့်ကျန်းမာရေးအတွက် များစွာ အကျိုးရှိပါတယ်။ နှစ်ပေါင်းများစွာကတည်းက ဆေးဖက်ဝင်အပင်အနေနဲ့ အသုံးပြုခဲ့ကြပါတယ်။ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှို စတာတွေကို နှိမ်နင်းနိုင်တဲ့ အာနိသင်တွေ ရှိပါတယ်။ ကိုယ်ခံစွမ်းအားကိုလည်း မြှင့်တင်ပေးပါတယ်။ အအေးမိတုပ်ကွေးဖြစ်နေချိန်မှာ ကြက်သွန်ဖြူ စားသုံးပေးခြင်းဟာ နာလန်ထစေဖို့ မြန်ဆန်စေပါတယ်။ ကြက်သားစွတ်ပြုတ်ကို ကြက်သွန်ဖြူနဲ့ တွဲဖက်စားသုံးရင် ပိုပြီး အာနိသင်ကောင်းမွန်ပါတယ်။နေထိုင်မကောင်းလို့ အရည်ဓာတ်လိုအပ်နေချိန်မှာ အုန်းရည်ဟာ အသင့်တော်ဆုံး ရွေးချယ်မှု ဖြစ်ပါတယ်။ အထူးသဖြင့် အဖျားတက်နေချိန်၊ ချွေးအလွန်အမင်းထွက်ချိန်၊ ပျို့အန်ချိန်၊ ဝမ်းပျက်ချိန်မှာ အရည်ဓာတ်ကို ပိုမိုလိုအပ်ပါတယ်။ အုန်းရည်ဟာ အနံ့အရသာ ကောင်းမွန်တဲ့အပြင် ဂလူးကို့စ်နဲ့ဓာတ်ဆားတွေ ပါဝင်နေပါတယ်။သုတေသနအချို့အရ အုန်းရည်ဟာ လေ့ကျင့်ခန်းပြုလုပ်ပြီးချိန် ဒါမှမဟုတ် ဝမ်းသွားပြီးချိန်မှာ အရည်ဓာတ် ပြန်လည်ဖြည့်တင်းဖို့ သင့်တော်ကြောင်း သိရပါတယ်။ တခြားအရည်တွေထက်စာရင် ဝမ်းဗိုက်ကို မအီမသာဖြစ်စေခြင်း၊ အောင့်ခြင်း မဖြစ်သလောက်ပါပဲ။ ဒါ့အပြင် အုန်းရည်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။ လေ့လာချက်တခုမှာတော့ အုန်းရည်ဟာ လေပွစေတယ်လို့ ဆိုပါတယ်။ ဖြည်းဖြည်းချင်းသောက်ရင်တော့ လေပွလေထ သိပ်မဖြစ်စေပါဘူး။ပျားရည်မှာ ဘက်တီးရီးယားတွေကို နိုင်တဲ့ အာနိသင်ရှိပါတယ်။ ရှေးခေတ်အီဂျစ်များဟာ ပျားရည်ကို အနာဆေးထည့်ရာမှာ အသုံးပြုခဲ့ကြပါတယ်။ ပျားရည်ဟာ ကိုယ်ခံစွမ်းအားကို လှုံ့ဆော်ပေးတဲ့ အာနိသင်ရှိတယ်လို့လည်း သိရပါတယ်။ အဆိုပါအာနိသင်တွေကြောင့် နေထိုင်မကောင်းချိန်မှာ ပျားရည်ကို သုံးစွဲသင့်ခြင်းပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဘက်တီးရီးယားပိုးတွေကြောင့် လည်ချောင်းနာနေချိန် ဖြစ်ပါတယ်။ပျားရည်ဇွန်းတဝက်ခန့် (၂.၅ မီလီလီတာ)ကို နို့တခွက်၊ ဒါမှမဟုတ် ရေ စသဖြင့် ရောစပ်သောက်သုံးခြင်းဟာ အရည်ဓာတ်ကိုပါ ဖြည့်တင်းပေးရာရောက်သလို ချောင်းဆိုးနဲ့လည်ချောင်းနာကိုလည်း သက်သာစေပါတယ်။ဂျင်းမှာ ပျို့အန်ခြင်းကို သက်သာစေတဲ့ အာနိသင်ရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ ဒါမှမဟုတ် ကင်ဆာဆေးသွင်းချိန်မှာ ဖြစ်တတ်တဲ့ ပျို့အန်ချင်စိတ်ကို သက်သာစေပါတယ်။ ဒါ့အပြင် ဂျင်းမှာ အရောင်ကျစေတဲ့ အာနိသင်ရှိပါတယ်။ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ၊ ပိုးမွှားများသေစေတဲ့ ဂုဏ်သတ္တိ၊ ကင်ဆာဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေလည်း ရှိပါတယ်။ငှက်ပျောသီးဟာလည်း အနံ့အရသာကောင်းမွန်တဲ့အပြင် ကယ်လိုရီ၊ အာဟာရဓာတ် စတာတွေ အချိုးကျကျပါဝင်ပါတယ်။ ငှက်ပျောသီးမှာ အမျှင်ဓာတ်တွေလည်း ပါဝင်ပါတယ်။ ဝမ်းပျက်ချိန်မှာ ငှက်ပျောသီးကိုစားပေးရင်အမျှင်ဓာတ်တွေပါတာမို့ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ဒိန်ချဉ်တခွက်မှာ ကယ်လိုရီ ၁၅၀ နဲ့ ပရိုတိန်း ၈ ဂရမ် ပါဝင်ပါတယ်။ ကယ်လ်ဆီယမ်လည်း ကြွယ်ဝပြီး တခြား ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ ဒိန်ချဉ်အတော်များများမှာ probiotic လို့ခေါ်တဲ့ အကျိုးပြု ဘက်တီးရီးယားတွေ ပါဝင်နေပါတယ်။ Probiotic သုံးစွဲတဲ့ ကလေးတွေရော လူကြီးတွေပါ အအေးမိတုပ်ကွေးဖြစ်တာနည်းပြီး ဖြစ်ခဲ့ရင်လည်း နာလန်ထမြန်ပါတယ်။ထောပတ်သီးမှာ ကာဘိုဟိုက်ဒရိတ် အနည်းငယ်သာ ပါဝင်ပြီး အဆီဓာတ်များပါတယ်။ သံလွင်ဆီမှာ တွေ့ရတဲ့ အဆီနဲ့တူပါတယ်။ အမျှင်ဓာတ်အပြင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ ကယ်လိုရီ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်နေလို့ နေထိုင်မကောင်းချိန်မှာ စားသုံးဖို့ သင့်တော်ပါတယ်။ဒါ့အပြင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဓာတ်တွေ ပါဝင်လို့ ရောင်ရမ်းမှုကို လျော့နည်းစေပြီးကိုယ်ခံအားစနစ်မှာ ပါဝင်ကူညီနိုင်ပါတယ်။နေထိုင်မကောင်းချိန်မှာ နာလန်ပြန်ထဖို့၊ နေပြန်ကောင်းဖို့ အစားအသောက်တွေကို ဂရုစိုက်စားသောက်ဖို့ လိုပါတယ်။ ကိုယ်ခံအားကောင်းစေဖို့ အစားအသောက်အပြင် အနားကောင်းကောင်းယူဖို့လည်း လိုအပ်ပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/best-foods-when-sick/
ကလေးတွေအတွက် ကျန်းမာတဲ့သရေစာ
သရေစာမုန့်တွေ၊ အစားအသောက်တွေဟာ ကလေးတွေနဲ့မကင်းနိုင်တဲ့အရာဆိုတာမေမေတို့ငြင်းလို့မရပါဘူး။ အပြင်ကဝယ်ကျွေးတာနဲ့ ကိုယ်တိုင်လုပ်ကျွေးတဲ့ သရေစာပဲ မတူတာရှိမယ်။ ထမင်းကျွေးချိန်မှာ ရှိနေတဲ့ သူတို့လေးတွေရဲ့မျက်နှာအမူအရာတွေက သရေစာမုန့်တွေစားခါနီးသောက်ခါနီးပျော်နေပုံနဲ့ သိပ်ကိုကွာခြားနေတယ်မဟုတ်လား။ကလေးဆိုတာ ငိုနေရင်၊ စိတ်ကောက်နေရင်တောင် သူကြိုက်တဲ့သရေစာမုန့်လေးကျွေးလိုက်ရင်ပြုံးသွားတာမျိုး။ အဲဒီမှာပြဿနာရှိလာတော့တာပါပဲ။ ကလေးကြိုက်တဲ့အစားအသောက်တွေဆိုတာ အားလုံးကဘေးမကင်းနိုင်လို့ပါပဲ။ ဈေးကွက်က သရေစာအစားအသောက်တွေဆိုတာလည်း ကလေးတွေကြိုက်လောက်မယ့် အရောင်၊ အနံ့၊ ဒီဇိုင်း၊ ထုပ်ပိုးမှုပုံစံ၊ အရသာဖြစ်အောင် ဖန်တီးကြတာမို့ ကျန်းမာရေးအတွက် စိတ်ချရဖို့မသေချာသလို အာဟာရလည်း မပြည့်ဝပါဘူး။ နောက်ဆက်တွဲအနေနဲ့ အဝလွန်တာလို သရေစာစွဲနေတာလိုမျိုးတွေလည်း ဖြစ်နိုင်ပါသေးတယ်။ မိဘတွေကကျတော့ သရေစာကျွေးတဲ့အခါမှာ ကလေးတွေစိတ်ကျေနပ်အောင်ကျွေးလိုက်တာတွေရှိသလို အဆာပြေဖို့၊ အာဟာရပိုပြည့်စေဖို့ ရည်ရွယ်တာလည်းပါပါတယ်။ ဒီတော့ ကလေးကြိုက်တာတွေချည်း အလိုလိုက်တာမဟုတ်ဘဲ စားသင့်တဲ့ အာဟာရပြည့်သရေစာတွေကို ရွေးချယ်ပြီး ကလေးကြိုက်အောင်လုပ်ပေးဖို့ကမေမေတို့တာဝန်ဖြစ်ပါတယ်။ကလေးတွေအများဆုံး စားသုံးလေ့ရှိတဲ့ သရေစာတွေထဲမှာ အကျိုးပြုတာရော၊ မပြုတာရော ဒွန်တွဲနေတာတွေပါဝင်ပါတယ်။ တစ်ခါတလေ ကလေးတွေအာဟာရပြည့်ဝမှု၊ ဖွံ့ဖြိုးကြီးထွားမှုတွေအတွက် အကျိုးကျေးဇူးရှိတယ်လို့ယူဆပြီး မိဘတွေအမြဲကျွေးမွေးလေ့ရှိတာတွေက ကလေးအတွက် ဆိုးကျိုးတွေရှိနေနိုင်တာလည်း သတိပြုစရာပါ။ကလေးအတွက် ကျန်းမာတဲ့သရေစာများ။ဒိန်ချဉ်။ကလေးရဲ့အစာခြေစနစ်နဲ့ အကျိုးပြုဘက်တီးရီးယားတွေအတွက်ကောင်းတဲ့ ဒိန်ချဉ်ဟာ ကျန်းမာရေးအတွက် သင့်တော်တဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဗီတာမင်နဲ့သတ္တုဓါတ်တချို့ဖြည့်စွက်ထားတယ်ဆိုတဲ့ Fortified Yoghurtတွေကိုနေ့စဉ်တိုက်တဲ့အခါ Malted drink တွေလိုပဲ အချိုများနေနိုင်ပါတယ်။ ဒါ့ကြောင့် ဒိန်ချဉ်သီးသန့်ကိုဝယ်ပြီး သစ်သီးလေးတွေထည့်၊ အချိုကို ကိုယ်လိုသလိုချင့်ချိန်ကျွေးတာကောင်းပါတယ်။ပဲနို့။ပဲနို့မှာ ပရိုတင်းဓါတ်ကြွယ်ဝပြီး ဗီတာမင်ဓါတ်တွေပါဝင်လို့ကောင်းတဲ့အာဟာရအရင်းအမြစ်တစ်ခုဖြစ်ပေမယ့်ရေရှည်တိုက်ကျွေးမယ်ဆို အချိုဓါတ်ပမာဏကို သတိပြုသင့်ပါတယ်။ လတ်ဆတ်မှုရယ်၊ တာရှည်ခံပစ္စည်းရယ်၊ အရည်အသွေးရယ်ကိုလည်း ဂရုစိုက်ရွေးချယ်သင့်ပါတယ်။ဂျုံနဲ့လုပ်တဲ့မုန့်တွေ။ပေါင်မုန့်၊ကိတ်မုန့်၊ ဘီစကစ်၊ကွတ်ကီးစတဲ့ ဂျုံနဲ့လုပ်တဲ့စားစရာတွေက အရသာရှိပြီး ဗိုက်ပြည့်စေတဲ့သရေစာမုန့်တွေပါ။ ဒါကတော့ ထုတ်လုပ်မှုပါဝင်ပစ္စည်းတွေကို သတိပြုစရာရှိပါတယ်။ အချိုများတာ၊ အဆီများတာ(ပြည့်ဝဆီတွေပါနေတာ)၊ တာရှည်ခံပစ္စည်းတွေ စတာတွေမပါတဲ့အမျိုးအစားကိုဆိုမှ သင့်တော်မှာဖြစ်ပါတယ်။ကွေကာအုပ်။အုတ်ဂျုံကိုအခြေခံတဲ့ကွေကာအုပ်တွေဟာ လူကြီးကလေးတွေအတွက် အားပြည့်စေတဲ့အာဟာရသရေစာတစ်ခုအဖြစ် အရင်တည်းက သိထားကြပါတယ်။ကွေကာအုပ်လေးထဲ နွားနို့လေးထည့်၊ မုန့်လေးထည့်ပြီးလည်းကျွေးတတ်ကြပါတယ်။ ဒါပေမယ့် အသင့်သောက်ကွေကာတချို့မှာ အချိုများနေမှာကို သတိပြုပါ။အဆင့်မြင့်ပရိုတင်း။ကလေးတွေရဲ့ကြီးထွားဖွံ့ဖြိုးမှုနဲ့အသားဓါတ်ပြည့်ဝမှုအတွက်ဖြည့်တင်းပေးနိုင်မယ့် ပရိုတင်းမှုန့်တွေရှိပါတယ်။ အစားအသောက်ကနေ ပရိုတင်းဓါတ် အလုံအလောက်မရတဲ့အခါ အာဟာရချို့တဲ့မှုနောက်ဆက်တွဲတွေဖြစ်လာမှာကို သူကကာကွယ်ပေးနိုင်ပါတယ်။ ဈေးကွက်ထဲမှာ BRAND’S က ထုတ်လုပ်တဲ့ NutriChamp အဆင့်မြင့် ပရိုတင်းမှုန့်က အချိုများတာကိုစိတ်ပူစရာမလိုတဲ့ အကောင်းဆုံး ပရိုတင်းအရင်းအမြစ်ဖြစ်တဲ့အပြင် ဗီတာမင်နဲ့သတ္တုဓါတ် (၁၈) မျိုးပါဝင်လို့ အာဟာရအတွက် ကွက်တိပါပဲ။ အနံ့အရသာအတုတွေသုံးမထားဘဲ ကြက်သားကိုအခြေခံထုတ်လုပ်တဲ့အဆင့်မြင့်ပရိုတင်းဖြစ်တဲ့အတွက်ဖျော်တိုက်တဲ့အခါ ကလေးတွေနှစ်သက်အောင် နွားနို့နဲ့ရောဖျော်တာဖြစ်ဖြစ်၊ တခြားစားစရာတွေမှာထည့်ကျွေးတာဖြစ်ဖြစ် စီမံပေးလို့ရပါတယ်။ သူ့ရဲ့အားသာချက်က အစာကြေလွယ်ပြီး ခန္ဓါကိုယ်မှာ စုပ်ယူနိုင်စွမ်းမြန်ဆန်စေတာဆိုတော့ ကြက်သားဟင်းကျွေးတာထက် ထိရောက်မှုပိုမြန်ပါတယ်။ ဒီအဆင့်မြင့်ပရိုတင်းပါတဲ့ကြက်သားမှုန့်ကိုလည်း ကလေးကို သရေစာတစ်ခုအနေနဲ့ အလွယ်တကူဖျော်တိုက်လို့ရပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-nutrition/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba-%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%b8%e1%80%99%e1%80%ac%e1%80%90%e1%80%b2%e1%80%b7%e1%80%9e%e1%80%9b%e1%80%b1/
သင်္ကြန်လည်ပြီးပြန်လာရင် အသားအရေကို ဒီလိုလေးထိန်းသိမ်းပါ
တစ်နှစ်မှာတစ်ခါပဲကျတဲ့ သင်္ကြန်မှာ ဘာလုပ်မယ်လို့ စဉ်းစားထားလဲ …..Hello ဆရာဝန်ရဲ့ ချစ်ပရိသတ်ကြီးရေ…. လူငယ်ပီပီ သင်္ကြန်လည်မှာလား။ ဒါမှမဟုတ် တည်ငြိမ်ရင့်ကျက်သူတစ်ယောက်လိုမျိုး တရားစခန်းပဲဝင်မှာလား။ ပထမအဖြေကိုရွေးခဲ့သူတွေ ဒီဆောင်းပါးကို ဆက်ဖတ်လို့ရပြီနော်။ တရားစခန်းဝင်မယ့်သူတွေကိုတော့ ချီးကျူးလေးစားပါတယ်နော်။ သာဓုလည်းလည်းခေါ်ရင်းပေါ့။သင်္ကြန်ကို အကြိုကနေစလို့ အတက်နေ့အထိလည်လို့မဝကြဘူးနော်။နွေပူပူမှာရေပက်ခံရင်ပဲဖြစ်ဖြစ်ရေပက်ရင်ပဲဖြစ်ဖြစ်သေချာတာကတော့ရေနဲ့ထိမယ်၊နေနဲ့ထိမယ်ပေါ့နော်။ တစ်ချက်တစ်ချက်တိုက်ခတ်တဲ့လေကတောင်အသားအရေကို အစစ်လာထိဦးမှာနော်။ ဒီလိုဆိုတော့ အသားအရေထိခိုက်မယ်ဆိုတာကလည်းပြောနေစရာတောင်မလိုအောင်ပါနော်။ ဒီတာ့ သင်္ကြန်လည်းပြီး အသားလည်း မဲကျန်ခဲ့တာမျိုးဖြစ်နိုင်တာပေါ့။ ဒီလိုဆိုတော့ သင်္ကြန်ကို လည်လို့ဖြစ်ပါမလားလို့တွေးနေလား။ လည်ပါ ဒါပေမယ့် ညအိမ်ပြန်ရောက်ရင်အသားအရေထိန်းသိမ်းမှုလေးလုပ်ပေါ့။သင်္ကြန်လည်တဲ့အခါ အသားအရေကို မထိခိုက်စေဖို့ အခုပြောပြမယ့်နည်းလမ်းလေးတွေကို ဂရုစိုက်ပေးပါနော်။ရေများများသောက်ပါ– သင်္ကြန်လည်ရင်းပျော်လွန်းလို့ မေ့တတ်တာတစ်ခုကရေသောက်ဖို့ပါ။အချိုရည်ေလးသောက်လိုက်၊ မုန့်လေးစားလိုက်၊ပျော်လို့ သီချင်းလေးဆိုလိုက်ရေပက်လိုက်၊ရေပက်ခံလိုက်လုပ်နေရင်းနဲ့ရေမသောက်မိတာမျိုးဖြစ်နိုင်ပါတယ်။ရေသောက်နည်းတာက အသားအရေကိုတော်တော်လေးထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သင်္ကြန်ထွက်လည်ရင်ဖြစ်ဖြစ်၊ မဏ္ဍပ်ထိုင်ရင်ဖြစ်ဖြစ်ရေဗူးလေးယူသွားနော်။ရေသောက်ဖြစ်အောင်သောက်ပါ။အင်္ကျီလက်ရှည်ဝတ်ပါ– လှချင်လို့ အတိုအပြတ်လေးတွေဝတ်ချင်မှာ သိပေမယ့် ဂျင်းဘောင်းဘီရှည်လေးနဲ့ raincoatလေးထပ်ဝတ်တာကလည်း စမတ်ကျပါတယ်နော်။ အသားအရေကိုရေ၊လေနဲ့နေရောင်ကြောင့်ထိခိုက်မှုနည်းနိုင်သမျှနည်းစေဖို့ တတ်နိုင်သမျှ လုံလုံခြုံခြုံဝတ်ပါ။နေလောင်ကာခရင်မ်လူးပါ– သင်္ကြန်လည်ရင်မေ့ထားလို့မဖြစ်တဲ့ အသားအရေထိန်းသိမ်းမှုကနေလောင်ကာခရင်မ်လူးတာပါနော်။ အပြင်မထွက်ခင် နာရီဝက်အလိုလောက်မှာနေလောင်ကာခရင်မ်ကို ကြိုလူးပေးပါ။ ဒါမှ နေရောင်ကြောင့်အသားအရေပျက်စီးမှုကို ကာကွယ်ပေးနိုင်မှာပါ။ဦးထုပ်ဆောင်းပါ– ဦးထုပ်လေးဆောင်းပေးတာကမျက်နှာအသားအရေကိုနေလောင်ဒဏ်ကနေ ကာကွယ်ပေးနိုင်မှာပါ။ ဒါကြောင့် သြက်န်ထွက်လည်ရင်ပဲဖြစ်ဖြစ်ရေပက်မယ်ဆိုရင်ပဲဖြစ်ဖြစ် ဦးထုပ်လေးတော့ဆောင်းပါနော်။မိတ်ကပ်ဖျက်ဆေးသုံးပါ– သင်္ကြန်လည်ပြီးပြန်ရောက်လာပြီဆိုရင် ပင်ပန်းနေမယ်ဆိုရင်တောင်မှ မျက်နှာပေါ်ကမိတ်ကပ်တွေကို သန့်စင်ဖယ်ရှားပေးပါနော်။ မိတ်ကပ်ဖျက်ဆေးသုံးလို့ မျက်လုံးအတွက်အသုံးပြုထားတဲ့ မိတ်ကပ်တွေ၊ နှုတ်ခမ်းနီတွေပါမကျန် မျက်နှာပေါ်က မိတ်ကပ်တွေကို သန့်စင်သွားအောင်လုပ်ပါ။ရေချိုးသန့်စင်ပါ– တစ်နေကုန်ထိတွေ့မိလာတဲ့ရေတွေက သန့်ရဲ့လားဆိုတာ ကိုယ်တိုင်လည်း မသိနိုင်တာမို့ အိမ်ပြန်ရောက်လာပြီဆိုရင် တစ်ကိုယ်လုံးကို သန့်စင်သွားအောင်ရေချိုးလိုက်ပါနော်။ ဆပ်ပြာသေချာသုံးဖို့လည်း မမေ့ပါနဲ့။ခြေချောင်းလက်ချောင်းကြားလေးတွေပါမကျန်သေချာတိုက်ချွတ်သန့်စင်ပေးပါနော်။Body lotionလူးပါ– တစ်နေ့တာမှာ ပင်ပန်းလာတဲ့ အသားအရေကိုအစိုဓါတ်ထိန်းပြီး အာဟာရဖြည့်ပေးတဲ့ Body lotionလေးလူးလို့ သက်တောင့်သက်သာနေခွင့်ပေးလိုက်ပါ။ ချည်သားအင်္ကျီလေးဝတ်ပေးထားရင် ပိုအဆင်ပြေပါတယ်နော်။မျက်နှာကို အစိုဓါတ်ထိန်းပေးပါ– မျက်နှာကို အိပ်ရာမဝင်ခင်မှာအစိုဓါတ်ထိန်းတဲ့ခရင်မ်လေးလူးပေးတာnight creamလေးလူးပေးတာမျိုးလုပ်ပေးပါ။ တစ်နေကုန်ပင်ပန်းလာတဲ့ မျက်နှာကိုအိပ်စက်ချိန်မှာ လိုအပ်တဲ့ အာဟာရဓါတ်လေးတွေစုပ်ယူနိုင်စေဖို့ အစိုဓါတ်ထိန်းခရင်မ်လေးလူးပေးလိုက်ပါ။ပေါင်းတင်ပါ– အဆင်ပြေမယ်ဆိုရင် မျက်နှာကို သခွားသီးကပ်ပေးတာဖြစ်ဖြစ်၊ ရှာစောင်းလက်ပပ်လိမ်းပေးတာဖြစ်ဖြစ်၊ ကြက်ဥအကာနဲ့ပေါင်းတင်တာမျိုးဖြစ်ဖြစ် လုပ်ပေးပါ။ အသားအရေပျက်စီးမှုကိုလျှော့ချတဲ့သဘောပေါ့။သင်္ကြန်ပြီးသွားပြီဆိုရင်တော့အရေပြားပေါ်ကဆဲလ်သေတွေကိုဖယ်ရှားတာ၊ချေးချွတ်သန့်စင်တာတွေလုပ်ပြီး အသားအရေကိုပေါင်းတင်တာတွေလုပ်လို့ပြန်ထိန်းသိမ်းပါနော်။ အခုပြောခဲ့တဲ့နည်းလေးတွေကို သင်္ကြန်လည်ပြီးပြန်လာတိုင်းလုပ်ပေးမယ်ဆိုရင် သင်္ကြန်ရေကြောင့် အသားအရေပျက်စီးတာမျိုးဖြစ်နိုင်ခြေနည်းသွားမှာဖြစ်ပြီး သင်္ကြန်ပြီးလို့ အသားမဲကျန်ခဲ့တာမျိုးလည်း မဖြစ်ဘဲ နှစ်ဆန်းတစ်ရက်နေ့မှာ လှလှပပနဲ့ ဘုရားတက်နိုင်ဦးမှာပါနော်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/thinggyan-skincare-tips/
ပန်းသီးရှာလကာရည်၏ ဘေးထွက်ဆိုးကျိုးများ
ပန်းသီးရှာလကာရည်ဟာ လူသားတို့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရှိတယ်လို့ သိပ္ပံနည်းကျသုတေသနတွေအရ သိရပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုသလို ဘယ်အရာဖြစ်စေ အလွန်အကျွံသုံးစွဲမိရင် ဆိုးကျိုးတွေ ကြုံနိုင်ပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ပန်းသီးရှာလကာရည် သုံးစွဲချိန်မှာ ကြုံလာနိုင်တဲ့ ဖြစ်နိုင်ခြေ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပါတယ်။ပန်းသီးရှာလကာရည်ဆိုတာကတော့ ပန်းသီးကို တစေးနဲ့ ပေါင်းစပ်ထားခြင်း ဖြစ်ပါတယ်။ တစေးဟာ ပန်းသီးထဲကသကြားဓာတ်ကို အယ်လ်ကိုဟောအသွင် ပြောင်းစေပါတယ်။ ပြီးရင် ဘက်တီးရီးယားတွေ ပေါင်းစပ်ပြီး အယ်လ်ကိုဟောကို အက်ဆီတစ်အက်ဆစ်အသွင် ပြောင်းလဲသွားစေပါတယ်။ ဒါဟာ ပန်းသီးရှာလကာရည် ဖြစ်ပေါ်လာပုံ အကြမ်းဖျဉ်း ဖြစ်ပါတယ်။၁။အစာအိမ်မှ အစာခြေချိန်ကို နှေးစေခြင်း။ပန်းသီးရှာလကာရည်ဟာ အစာအိမ်ကနေ ချေဖျက်ပြီးသား အစာတွေ အူလမ်းကြောင်းထဲ ရောက်စေတဲ့ နှုန်းထားကို လျှော့ချပြီး သွေးတွင်းသကြားဓာတ် ရုတ်ချည်းမြင့်တက်မှုကို တားဆီးပေးပါတယ်။ ဒါဟာ သွေးထဲကို စုပ်ယူနိုင်ခြင်းကိုလည်း နှေးကွေးစေပါတယ်။ဒီအချက်ဟာ အစာအိမ်ကြွက်သားအားနည်းသူတွေမှာ အဆင်မပြေပါဘူး။ အစာတွေဟာ အစာအိမ်ထဲကနေ တော်တော်နဲ့မထွက်ဘဲ အချိန်ကြာကြာရှိနေတတ်ပါတယ်။ ဒါကြောင့် အစာမကြေလေပွခြင်း၊ ရင်ပူခြင်း၊ ပျို့အန်ချင်စိတ်ဖြစ်ပေါ်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ပန်းသီးရှာလကာရည် နှစ်ဇွန်းခန့်သောက်သုံးပေးရင် အစာအိမ်ထဲမှာ အစာတွေရှိနေချိန်ဟာ ရိုးရိုးရေသောက်သူတွေထက် ပိုကြာကြောင်း သိရပါတယ်။၂။အစာခြေစနစ်ဘေးထွက်ဆိုးကျိုးများ။ပန်းသီးရှာလကာရည်ဟာ အစားစားချင်စိတ်ကို လျော့ကျစေပြီး ဗိုက်ပြည့်သလို ခံစားရစေပါတယ်။ ဒါကြောင့် ကယ်လိုရီတွေ များများစားစား စားသုံးမိခြင်းကနေ ကာကွယ်ပေးပါတယ်။ တခါတရံမှာ အစာမကြေခြင်းကြောင့်လည်း ခံတွင်းပျက်တတ်ပါတယ်။စာစောင်တခုမှာဖော်ပြချက်အရ ပန်းသီးရှာလကာရည် ၂၅ ဂရမ် သောက်သုံးပြီးရင် အစားလျော့သွားရုံမကဘဲ ပျို့အန်ချင်စိတ်ပါ ဖြစ်လာတတ်တယ်လို့ သိရပါတယ်။၃။ပိုတက်ဆီယမ်နည်းပြီး အရိုးများပျက်စီးခြင်း။သုတေသနတွေအရ ပန်းသီးရှာလကာရည်ဟာ သွေးတွင်းပိုတက်ဆီယမ်ပမာဏကို လျော့နည်းသေပြီး အရိုးတွေကိုလည်း ပျက်စီးစေတယ်လို့ သိရပါတယ်။ တခါက သက်လတ်ပိုင်းအရွယ် အမျိုးသမီးတဦးဟာ ပန်းသီးရှာလကာရည် ၈ အောင်စ (၂၅၀ မီလီလီတာ) ကို ရေနဲ့ရောပြီး ၆နှစ်ကြာအောင် နေ့စဉ် သောက်သုံးခဲ့ပါတယ်။ အဆိုပါအမျိုးသမီးဟာ သွေးတွင်း ပိုတက်ဆီယမ် နည်းပါးပြီး ဆေးရုံတက်ရတဲ့အပြင် သူမရဲ့အသက်အရွယ်မှာ ဖြစ်ခဲတဲ့ အရိုးပွခြင်းပြဿနာကိုပါ ခံစားနေရတယ်လို့ ဆိုပါတယ်။ အကြောင်းအရင်းကတော့ သွေးတွင်းအက်ဆစ်ဓာတ် မြင့်တက်ပြီး အရိုးထဲက သတ္တုဓာတ်တွေ ဆုံးရှုံးသွားလို့ ဖြစ်ပါတယ်။ ဒါ့အပြင် အက်ဆစ်ဓာတ်မြင့်လာခြင်းဟာ အရိုးအသစ်များ ဖွဲ့စည်းဖြစ်ပေါ်ခြင်းကို အတားအဆီး ဖြစ်စေပါတယ်။၄။သွားကြွေလွှာကို ပျက်စီးစေခြင်း။အက်ဆစ်ဓာတ်ကဲတဲ့ အစားအသောက်တွေဟာ သွားရဲ့ အပေါ်ယံကြွေလွှာတွေကို ပျက်စီးစေပါတယ်။ ရှာလကာရည်မှာ ပါဝင်တဲ့ အက်ဆီတစ်အက်ဆစ်ဟာလည်း သွားရဲ့ အပေါ်ယံကြွေလွှာတွေကို ပျက်စီးစေပါတယ်။အံဆုံးသွားရဲ့ကြွေလွှာတွေဟာ pH ပမာဏ ၂.၇-၃.၉၅ အတွင်းမှာ ထိတွေ့မှုများရင် သွားမှာရှိတဲ့ သတ္တုဓာတ်တွေကို ၂၀% ထိ ဆုံးရှုံးစေတယ်လို့ ဆိုပါတယ်။၅။လည်ချောင်းပူခြင်း။ပန်းသီးရှာလကာရည်ဟာ အစာရေမျို ပူလောင်ခြင်းကို ဖြစ်စေပါတယ်။ အထူးသဖြင့် ကလေးငယ်များအတွက် အရေးကြီးပါတယ်။ ကလေးငယ်တွေ မတော်တဆမျိုချပြီး ပူလောင်စေတတ်တဲ့ အရည်တွေထဲမှာ ရှာလကာရည်လည်း ပါဝင်ပါတယ်။ ပန်းသီးရှာလကာရည်နဲ့ပဲ လောင်စားစေခဲ့တဲ့ ဖြစ်စဉ်တွေ ရှိမရှိကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်ကို သတိပြုသုံးစွဲရမှာ ဖြစ်ပါတယ်။၆။အရေပြားကိုလောင်ခြင်း။ပန်းသီးရှာလကာရည်ဟာ အက်ဆစ်သဘာ၀ ရှိတာကြောင့် အရေပြားပေါ်လိမ်းရင် တခါတရံမှာ လောင်စားစေတတ်ပါတယ်။ တခါက မိန်းကလေးတဦးဟာ အင်တာနက်ပေါ် တွေ့ရှိရတဲ့ နည်းလမ်းအတိုင်း မှဲ့တွေကို ဖယ်ရှားဖို့ ပန်းသီးရှာလကာရည်ကို အသုံးပြုရာမှာ သူမရဲ့ အရေပြားကိုပါ လောင်ကျွမ်းစေခဲ့တယ်လို့ သိရပါတယ်။ ပန်းသီးရှာလကာရည်ကို လိမ်းမိလို့ အရေပြားကို လောင်စားရတဲ့ တခြားဖြစ်စဉ်တွေလည်း ရှိပါသေးတယ်။၇။ဆေးဝါးများနှင့် ပေါင်းစပ်ဓာတ်ပြုခြင်း။ဆေးဝါးတချို့ဟာ ပန်းသီးရှာလကာရည်နဲ့ ပေါင်းစပ်ဓာတ်ပြုပြီး နောက်ဆက်တွဲပြဿနာတချို့ ဖြစ်လာနိုင်ပါတယ်။ အင်ဆူလင် ဒါမှမဟုတ် အင်ဆူလင်လှုံ့ဆော်တဲ့ ဆေးဝါးတွေကို သုံးစွဲနေရင်း ပန်းသီးရှာလကာရည်ပါ သုံးဆောင်မိရင် သွေးတွင်းသကြားဓာတ်နဲ့ ပိုတက်ဆီယမ်ကို အလွန်အမင်း ကျဆင်းစေတတ်ပါတယ်။ Digoxin ဆိုတဲ့ နှလုံးဆေးဟာ သွေးတွင်းပိုတက်ဆီယမ်ဓာတ်ကို ကျဆင်းစေပါတယ်။ ပန်းသီးရှာလကာရည်နဲ့ အချိန်သိပ်ကွာဘဲ သောက်မိရင် ပိုတက်ဆီယမ် လွန်ကဲစွာ ကျဆင်းနိုင်ပါတယ်။ ပန်းသီးရှာလကာရည်နဲ့ တွဲသုံးမိလို့ ပိုတက်ဆီယမ်ကျစေမယ့် တခြားဆေးတွေကတော့ ဆီးဆေးတွေပဲ ဖြစ်ပါတယ်။တနေ့မှုာ နှစ်ဇွန်းထက် ပိုမသုံးမိပါစေနဲ့။ သွားကြွေလွှာများ မထိခိုက်အောင် ပိုက်နဲ့သောက်သင့်ပါတယ်။ သောက်သုံးပြီးရင်လည်း အာလုတ်ကျင်းပါ။ အစာအိမ်မကောင်းရင် လျှော့သုံးပါ။ဓာတ်မတည့်ခြင်းရှိ၊မရှိ သတိပြုပါ။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/apple-cider-vinegar-side-effects/
အရေပြားပေါ်က ခြင်ကိုက်ဖုတွေကို သက်သာပျောက်ကင်းစေဖို့
ခြင်ကိုက်မခံရဖူးတဲ့သူ ဆိုတာ မရှိသလောက် ပါပဲ။ ခြင်ကိုက်တဲ့အခါအရေပြားမှာ ယားယံမှုတွေ ဖြစ်လာပြီး အနီရောင် အဖုလေးတွေ ကျန်နေတတ်ပါတယ်။ များသောအားဖြင့်ကတော့ အဝတ်တွေ လွတ်နေတတ်တဲ့ခြေထောက်နဲ့လက်တို့မှာ အဖြစ်များပါတယ်။ ဒီလို အရေပြားပေါ်က ခြင်ကိုက်ဖုတွေ များနေလို့ စိတ်ညစ်နေပြီလား ………….။ခြင်ကိုက်ဖုက အချိန်ကြာလာတာနဲ့အမျှ အညိုရောင် အစက်လေးတွေ အဖြစ် ကျန်ရှိနေတတ်ပါတယ်။အသားအရေက ထိခိုက်လွယ်သူတွေမှာဆိုရင်တော့ ခြင်ကိုက်ဖုတွေက အချိန်တော်တော်ကြာတဲ့အထိ မပျောက်ဘဲ ရှိနေတတ်ပါတယ်။ဒီလိုအရေပြားမှာ ကျန်နေတဲ့ ခြင်ကိုက်ဖုတွေကို ဘယ်လိုသက်သာအောင်လုပ်ရမလဲ မသိဖြစ်နေသူတွေအတွက် ဒီဆောင်းပါးလေးက အသုံးတည့်မှာပါ။အရေပြားပေါ်က ခြင်ကိုက်ဖုတွေ ကြောင့် စိတ်ညစ်ခံမနေပါနဲ့ ဒီနည်းလေးတွေ သုံးပြီးသက်သာအောင်လုပ်လို့ရပါတယ်။အရေပြားကိုအနာကျက်စေနိုင်ပါတယ်။ ခြင်ကိုက်ဖုတွေ ကို သက်သာစေမယ့် အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းတစ်ခုပါ။ ဗီတာမင် E ကို တစ်နေ့နှစ်ကြိမ် ကနေ သုံးကြိမ်လောက်အထိလူးပေးပါ။ခရမ်းချဉ်သီးကို အကွင်းလိုက်လှီးပြီး ခြင်ကိုက်ဖုတွေ ပေါ်မှာ တစ်နေ့နှစ်ကြိမ်ပွတ်ပေးပါ။အမာရွတ်တွေနဲ့ ခြင်ကိုက်ဖုတွေ ပျောက်ကင်းစေပြီ အသားအရေ ဝင်းလက်စိုပြေလာစေမှာပါ။ ၁၀ မိနစ်လောက်ထားပြီးရင်တော့ရေအေးနဲ့ဆေးချလိုက်ပါ။အရေပြားပေါ်က အမာရွတ်၊အမဲစက်တွေကို သက်သာပျောက်ကင်းစေနိုင်ပြီး အသားအရေကို ဝင်းလက်စေနိုင်ပါတယ်။ သံပရိုသီးစိတ်လေးနဲ့ ခြင်ကိုက်ဖုပေါ်ပွတ်ပေးပါ။ ၁၀ မိနစ်လောက်ထားပြီး ရေအေးနဲ့ ဆေးချပေးပါ။ တစ်နေ့ နှစ်ကြိမ် ပုံမှန် လုပ်ပေးပါ။သင်္ဘောသီးက အသားအရေအတွက်ကောင်းမွန်စေနိုင်ပါတယ်။ သင်္ဘောသီးကို ကြိတ်ခြေပြီး အနှစ်ကိုခြင်ကိုက်ဖုပေါ်မှာ အုံပေးပါ။ အရေပြားကစုပ်ယူနိုင်စေဖို့ ၁၀ မိနစ်လောက်ထားပြီးရေအေးနဲ့ဆေးချလိုက်ပါ။အလွယ်ကူဆုံးနဲ့ အကောင်းဆုံးသောနည်းလမ်းတွေထဲကတစ်ခုပေါ့။ အမာရွတ်တွေကို ပါးစေပြီး အသားအရေကို စိုပြေစေနိုင်ပါတယ်။ ဒါကြောင့်ခြင်ကိုက်ဖုတွေကို အုန်းဆီလိမ်းပေးပါ။အရေပြားအတွက် အသုံးဝင်တဲ့ သဘာဝပစ္စည်းလေးတစ်ခုပါ။ အတွင်းက ဂျယ်လီသားကို အအေးခံပြီးခြင်ကိုက်ဖုပေါ်မှာ ကပ်ပေးပါ။ တစ်နေ့ နှစ်ကြိမ်လုပ်ပေးပါ။ပျားရည်က အရေပြားရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။ လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ပျားရည်ကို အရေပြားအတွက် အသုံးပြုခဲ့ကြတာပါ။ခြင်ကိုက်ဖုပေါ်မှာ ပျားရည်လိမ်းပေးပြီးရေနွေးနွေးလေးနဲ့ဆေးချလိုက်ပါ။ယားယံမှုကို သက်သာစေပြီးခြင်ကိုက်ဖုတွေကို သက်သာစေမှာပါ။ခြင်ကိုက်ဖုပေါ်ကို ဗီနီကာအစက်ချပေးပါ။ နည်းနည်းစပ်သလိုခံစားရနိုင်ပါတယ်။ ၁၀ မိနစ်လောက်ထားပြီးရင်တော့ရေအေးလေးနဲ့ဆေးချလိုက်ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/other-skin-diseases/home-remedies-for-mosquito-bites/
ကျန်းမာပြီးပျော်ရွှင်တဲ့ ကလေးတစ်ယောက်ဖြစ်အောင် ပျိုးထောင်ဖို့ အကြံပြုချက် (၈)ချက်
ကိုယ့်ဝမ်းနဲ့လွယ်ပြီးမွေးထားတဲ့ ရင်သွေးလေးကိုတောက်ပတဲ့အနာဂတ် မပိုင်ဆိုင်စေချင်တဲ့ မိဘမရှိပါဘူး။ သားသမီးတွေကို အကောင်းဆုံးဖြစ်လာဖို့ကိုပဲ မျှော်လင့်ပြီး အကောင်းဆုံးအရာတွေကိုပဲ ပေးချင်တာက မိဘတိုင်းရဲ့ စိတ်ကူးဆန္ဒပါ။ ကလေးတွေဟာ ငယ်ရွယ်စဉ်မှာ ဖယောင်းလေးတွေလိုပဲ ပုံသွင်းလို့ရပါတယ်။ ငယ်စဉ်မှာ အကောင်းဆုံးသော ဂရုစိုက်ပျိုးထောင်မှုတွေပြုလုပ်ပေးမယ်ဆိုရင် ကျန်းမာပျော်ရွှင်ဉာဏ်ကောင်းစွာနဲ့ အရွယ်ရောက်လာမှာပါ။ ကျန်းမာပြီး ပျော်ရွှင်တဲ့ကလေးတစ်ယောက်ဖြစ်အောင် ဘယ်လိုပြုစုပျိုးထောင်မလဲဆိုတဲ့ အကြံပြုချက် (၈)ချက်ရှိပါတယ်။(၁) ချစ်ခင်မှုကို ခံစားရပါစေ –ကလေးကို မချစ်တဲ့ မိဘရယ်လို့မရှိလောက်ဘူးဆိုပေမယ့် ချစ်တာကိုဖော်ပြပေးဖို့မေ့မနေပါနဲ့။ အချို့မိဘတွေကချစ်တာကိုဖော်မပြဘဲ ရင်ထဲမှာ သိမ်းထားတတ်ကြပါတယ်။ ကလေးကိုမြင်သာအောင်ချစ်ပြဖို့ မမေ့ပါနဲ့။ ချစ်ခြင်းမေတ္တာဆိုတာ နွေးထွေးနူးညံ့တဲ့အရာတစ်ခုပါ။ အဲဒါကို ကလေးခံစားရပါစေ။(၂) ကလေးနဲ့အတူတူ အချိန်ဖြုန်းပေးပါ။ ကစားပေးပါ –ကလေးက ကစားစရာအဖော်တွေရှိနေတယ်ဆိုပေမယ့်တောင်မှ မိဘတွေအနေနဲ့ပျော်ရွှင်စရာ ကစားနည်းလေးတွေကို ကလေးနဲ့ အတူတူကစားပေးလို့ရပါတယ်။ ဒါမှ ကလေးနဲ့မိဘကြားမှာ ချစ်ခြင်းမေတ္တာတိုးလာပြီး ကလေးရဲ့ ခန္ဓါကိုယ် နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အကောင်းဆုံး အထောက်အပံ့ဖြစ်စေမှာပါ။(၃) ကလေးရဲ့ ရင်ဖွင့်တိုင်ပင်ဖော်ဖြစ်ပေးပါ– ကလေးလေးမို့ စိတ်ညစ်စရာမရှိဘူးလို့ မထင်လိုက်ပါနဲ့နော်။ သူ့အရွယ်လေးနဲ့သူစိတ်ညစ်စရာ ၊စိုးရိမ်စရာကတော့ ရှိစမြဲပါ။ဖေဖေကိုပြောပြခွင့်မရရင်တောင်မေမေ့ကိုရင်ဖွင့်ချင်မှာတော့ အမှန်ပါပဲ။ ဒါကြောင့် အလုပ်များနေရင်တောင် အချိန်လေးနည်းနည်းလေးဖဲ့ပေးပြီးဘေဘီလေးရဲ့ တစ်နေ့တာအတွေ့အကြုံတွေကို နားထောင်ပေးပါ။ ဝမ်းနည်းမှုတွေ ပျော်ရွှင်စရာတွေစသဖြင့် သူ့ခံစားချက်တွေကို နားထောင်ပေးပါ။(၄) ကလေးကို ဂရုစိုက်ကြောင်းသိအောင်ပြပေးပါ– ကလေးတိုင်းမှာ မိဘတွေရဲ့ ဂရုစိုက်အလေးထားမှုကိုအပြည့်အဝရရှိခွင့်ရှိနေပါတယ်။ ကလေးလေးကမေမေဖေဖေတွေရဲ့ ဂရုစိုက်မှုကိုရမှလည်း ကိုယ့်ကိုကိုယ် ယုံကြည်မှုပြည့်ဝပြီး ကိုယ်ရောစိတ်ပါကျန်းမာပျော်ရွှင်မှာပါ။ သူ့ကိုဂရုစိုက်တယ်ဆိုတာ ချစ်ခင်မြတ်နိုးအလေးပေးကြတယ်ဆိုတာကို သူလေးသိပါစေ။(၅) ကလေးနဲ့အတူ စာအုပ်ဖတ်ပါ၊ သီချင်းဆိုပါ– ကလေးလေးတွေကို စာအုပ်ဖတ်ပြတာ၊ ကလေးနဲ့အတူ သီချင်းအတူတူဆိုတာမျိုးရောင်စုံစာအုပ်မှာ အရောင်ခြယ်တာ၊ လက်ချောင်းလေးတွေကို သုံးပြီး လုပ်ရတဲ့ ကိုယ်လက်လှုပ်ရှားမှုလေးတွေကိုတူတူလုပ်ဆောင်ပေးပါ။ ဒီလိုလုပ်ပေးတာကကလေးကို စိတ်ပျော်ရွှင်စေပြီး စိတ်ကူးဉာဏ်ရင့်သန်စေမှာ အသေအချာပါ။(၆) ကလေးကို အတွေ့အကြုံသစ်တွေသင်ပေးပါ– ကလေးရဲ့ လက်ဦးဆရာတွေကမိဘတွေပါ။ ကလေးကို လူမှုဘဝနေထိုင်ရေးမှာလိုအပ်တာတွေကို သင်ပေးရမှာက မိဘတွေရဲ့တာဝန်ပါ။ ကလေးကို အစားအသောက်ကိုဘယ်လိုစားမယ်။ ဘယ်လိုနေထိုင်သွားလာရမယ်၊ပြုမူဆက်ဆံရမယ်ဆိုတာတွေအပြင် အသက်အရွယ်အလိုက် သိထားဖို့လိုမယ့် အချက်လေးတွေကို မိဘတွေက သင်ကြားပေးဖို့လိုပါမယ်။ ဒါက ကလေးတစ်ယောက်ကောင်းမွန်စွာကြီးပြင်းလာစေဖို့မေ့ထားလို့မဖြစ်တဲ့ အချက်တစ်ခုပါ။(၇) အာဟာရသတိပြု– မိဘတွေရဲ့ တာဝန်တွေအများကြီးမှာ ကိုယ့်ရဲ့ကလေးရဲ့ အစားအသောက်အာဟာရနဲ့ ကျန်းကျန်းမာမာ စားသုံးတတ်တဲ့သူတွေတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးဖို့လည်းပါပါတယ်။ အာဟာရပြည့်ဝစွာ စားသုံးတတ်အောင် သင်ကြားပေးဖို့နဲ့ အာဟာရပြည့်ဝတဲ့အစားသောက်တွေနဲ့ ကျွေးမွေးပြုစုပေးဖို့လိုပါတယ်။ ကလေးက ဘာစားစား ကျွေးနေတာမျိုး ဒါမှမဟုတ် သူစားချင်တာစားလွှတ်ပေးထားတာမျိုးမဟုတ်တာကို သတိထားဖို့လိုအပ်ပါတယ်။ အစားတွေစားနေပေမယ့် ကျွေးမွေးနေပေမယ့် အာဟာရပြည့်ဝတဲ့ ဦးနှောက်နဲ့ ခန္ဓါကိုယ်ဖွံ့ဖြိုးကျန်းမာစေတဲ့အစားအသောက်တွေမဟုတ်ဘူးဆိုရင် ကလေးကကောင်းကောင်းမွန်မွန်ပျော်ပျော်ရွှင်ရွှင် ဖွံ့ဖြိုးကြီးထွားနိုင်မှာမဟုတ်ဘဲ အဝလွန်နေတာ ဒါမှမဟုတ် ပိန်လှီနေတာတွေဖြစ်နိုင်ပါတယ်။ကလေးတစ်ယောက်ကျန်းမာပျော်ရွှင်စွာကြီးပြင်းလာစေရေးအတွက် ကလေးနေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ ပရိုတင်း၊ ဗီတာမင် နဲ့ သတ္တုဓါတ်တွေ ပြည့်ပြည့်ဝဝနဲ့ အချိုးကျမျှတနေဖို့ လိုအပ်ပါတယ်။ ကလေးကိုနေ့စဉ်အစားအစာပြင်ဆင်ပေးတဲ့အခါ အသား၊ ငါး၊ အသီးအရွက်တွေသမမျှတမှ ကလေးကျန်းမာစေဖို့လိုအပ်တဲ့အာဟာရဓါတ်တွပြည့်ဝမှာပါ။ ဒီလိုမျိုးပြင်ဆင်ပေးဖို့က အလုပ်များတဲ့မေမေတေအတွက် အမြဲအဆင်မပြေနိုင်တာတော့ အမှန်ပဲနော်။ ဒါပေမယ့် ကလေးကို အခြားကလေးတွေလိုပဲ ကျန်းမာပျော်ရွှင်စွာနဲ့ကြီးပြင်းလာစေတဲ့ဆန္ဒကလည်းရှိနေမယ်ဆိုရင်တော့မေမေတို့အဆင်ပြေစေဖို့အတွက်ဖြည့်စွက်အာဟာရတွေကို အားကိုးလို့ရပါတယ်။ အခုနောက်ပိုင်းကဈေးကွက်ထဲမှာ ကလေးအတွက်ရော၊ လူကြီးအတွက်ပါ အာဟာရဖြည့်တင်းပေးနိုင်တဲ့အရာတွေကအတော်များသားနော်။သောက်စရာအနေနဲ့သောက်မလား။ ဒါမှမဟုတ် စားမလားပေါ့။ ခက်တာက ဖြည့်စွက်အာဟာရတွေဆိုပေမယ့်လည်း ကလေးကြိုက်အောင်လုပ်ရင်း သကြားတွေအရမ်းများနေတာ၊ အာဟာရအမှန်တကယ်မပြည့်တာတွေဖြစ်နိုင်ပါတယ်။ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးကာမှ ဆေးကြောင့်လေး နေရတာမျိုး မဖြစ်ချင်ဘူးမလား။ ဒီတော့ များပြားလှတဲ့ ဖြည့်စွက် အာဟာရတွေထဲက ကိုယ့်ကလေးလေး အတွက် ဘာရွေးရမှန်မသိဘူးဖြစ်နေရင်တော့ ကလေးတွေကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေပြည့်ပြည့်ဝဝပါဝင်နေတဲ့ BRAND’S NutriChamp လေးကို ညွှန်းပါရစေBRAND’S NutriChamp မှာဆိုရင် ကလေးတွေကျန်းမာစေဖို့နဲ့ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်၁၈ မျိုးပါဝင်နေပြီး အရည်အသွေးမြင့်အာဟာရဖြစ်တာကြောင့် သားသားမီးမီးတို့အတွက် စိတ်ချစွာနဲ့အားကိုးလို့ရပါတယ်။ အားဖြည့်အချိုရည်တွေ၊ သကြားဓါတ်ကဲတဲ့သောက်စရာတွေအစား ရေနွေးထဲဖြစ်ဖြစ် နို့ပူပူလေးတစ်ခွက်ထဲရောစပ်လို့ဖြစ်ဖြစ်နေ့လယ်နေ့ခင်း အဆာပြေသောက်ပေးလို့ရပါတယ်။ အာဟာရဓါတ်လည်း ပြည့်ဝတဲ့အပြင် ပြုလုပ်ရတာလည်း လွယ်ကူတော့ မိဘတွေအတွက်ရော ကလေးတွေအတွက်ရော အရမ်းကိုအဆင်ပြေပါတယ်။(၈) အိပ်စက်ချိန်ဂရုစိုက်ပါ– ကလေးတစ်ယောက်ကျန်းမာပျော်ရွှင်ဖို့နောက်ဆုံးသတိထားပေးရမယ့်အချက်က ပြည့်ဝလုံလောက်တဲ့ အိပ်စက်ချိန်ကမဖြစ်မနေထားရှိသင့်တာပါ။ ဒါကြောင့်ကလေးကို ညစဉ် ၈ နာရီပြည့်အောင် အိပ်စက်နိုင်ဖို့ သတိထားပေးပါ။ အိပ်ရာဝင်ပုံပြင်ပြောပြတာ၊ သီချင်းဆိုပြတာတွေက ကလေးကိုကောင်းကောင်းအိပ်ပျော်စေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ကဲ လက်တွေ့ကျကျနဲ့ ကလေးကိုပျိုးထောင်ကြည့်လိုက်ပါ။ နည်းစနစ်မှန်မှန်ပျိုးထောင်မှုနဲ့အတူ ကလေးကို ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းခွင့်ပေးလိုက်ပါ……..။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-growth-and-development/to-raise-a-smart-baby/
ဒူးနာတာ ဘာကြောင့်လဲ၊ ဘယ်လို သက်သာအောင် လုပ်ရမလဲ။
ဒူးနာတာ က တော်တော်လေး အဖြစ်များကြတဲ့ ဝေဒနာတစ်ခုပါ။ သွားရင်းလာရင်း ဒူးက မျက်ခနဲ ဖြစ်သွားတာ၊ လှေကား အတက်အဆင်းမှာ နည်းနည်းနာသွားတာလောက်ကနေ ခြေထောက် ထောက်မရ၊ လမ်းလျှောက်မရ ဖြစ်လာတတ်ပါတယ်။ဒူးနာပြီဆို နေ့စဉ်ဘဝလှုပ်ရှားမှုတွေမှာ အနှောင့်အယှက်ဖြစ်ရပါတယ်။ ဒူးနာခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဒီထဲကမှ အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့။Osteoarthritis (အရိုးနဲ့ အဆစ်အမြစ်ရောင်ခြင်း) ကြောင့် ဒူးနာလေ့ ရှိပါတယ်။ ဒီရောဂါကို အဆစ်အမြစ်များ ယိုယွင်းပျက်စီးရောင်ရမ်းခြင်းလို့လည်း ခေါ်ပါသေးတယ်။ အချိန်ကြာမြင့်လာတာနဲ့အမျှ သင့်ဒူးဟာ ကွေးနိုင်ဆန့်နိုင်စွမ်း တဖြည်းဖြည်းနည်းပါးလာပြီး တောင့်တင်းနာကျင်လာပါတော့တယ်။ဒူးမျက်နှာပြင်ကလည်း ထိခိုက်ပျက်စီးလို့ လာပါတယ်။ သင့်လှုပ်ရှားသွားလာတဲ့အချိန် ဒါမှမဟုတ် ညအိပ်ရာဝင်ချိန်မှာ ဒူးနာလေ့ရှိပြီး နားလိုက်ရင်တော့ အနည်းငယ်သက်သာသွားနိုင်ပါတယ်။ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကနေ ကိုယ်ပိုင်တစ်ရှူးတွေကို ပြန်တိုက်ခိုက်တဲ့အခါ Rheumatoid arthritis လို့ခေါ်တဲ့ လေးဖက်နာအဆစ်အမြစ်ရောင်ရောဂါ ဖြစ်လာရပါတယ်။ ဒူးအပါအဝင် ခန္ဓာကိုယ်ရဲ့ ဘယ်အဆစ်မှာမဆို ဖြစ်နိုင်တဲ့ လေးဖက်နာကြောင့် မကြာမကြာ ဒူးနာတတ်ပါတယ်။ဂေါက်ရောဂါကြောင့်လည်း ပြင်းထန်စွာ ဒူးနာခြင်း၊ နီရဲရောင်ရမ်းခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဂေါက်ရောဂါကြောင့် လှုပ်ရှားလို့ သိပ်မကောင်းတော့ဘဲ မကြာခဏ အဆစ်တွေ နာတတ်၊ ရောင်ရမ်းစေတတ်ပါတယ်။ပေါင်ရိုးနဲ့ ခြေသလုံးရိုးတို့ကို ဆက်သွယ်ချိတ်ဆက်ပြီး ဒူးဆစ်ကို ပံ့ပိုးပေးထားတဲ့ အရွတ်တွေ စုတ်ပြဲရင်၊ အလွန်အကျွံ ဆွဲဆန့်ခံရရင် ဒူးနာနိုင်ပါတယ်။ဒူးအရွတ် စုတ်ပြဲတာကို အားကစားလုပ်တဲ့သူတွေမှာ တွေ့ရတာ များပါတယ်။ ကစားနေရင်း ခန္ဓာကိုယ်ဦးတည်ရာကို ရုတ်တရက် ပြောင်းရလေ့ရှိတဲ့အခါ အရွတ်က ခံနိုင်ရည် မရှိလို့ပဲ ဖြစ်ပါတယ်။ပေါင်ရိုးနဲ့ ခြေသလုံးရိုးတို့ကြားမှာရှိတဲ့ အရိုးနုလေး စုတ်ပြဲသွားရင်လည်း ဒူးနာနိုင်ပါတယ်။ ဒူးကို ပံ့ပိုးထောက်မ ပေးထားတဲ့ အရိုးနု နှစ်ခု ရှိပြီး တော်ရုံ ထိခိုက်ဒဏ်ရာတွေကို ကာကွယ်ပေးပါတယ်။သူတို့ရှိလို့သာ ပေါင်ရိုးနဲ့ ခြေသလုံးရိုးတို့အကြား ပွတ်တိုက်မှု မရှိဘဲ ကွေးနိုင်ဆန့်နိုင်တာ ဖြစ်ပါတယ်။ ဒီအရိုးနုလေးတွေက ရုတ်တရက် လှုပ်ရှားမှုတွေ၊ ဒဏ်ဖြစ်တာတွေ ကြောင့် စုတ်ပြဲသွားနိုင်ပါတယ်။ဂုံညင်းရိုးလို့ ခေါ်တဲ့ ဒူးဆစ်အရိုးဟာ မူလနေရာကနေ အပြင်ကို ထိုးထွက်လာတဲ့ အခြေအနေကို ဆိုလိုပါတယ်။ ဂုံညင်းရိုးဟာ ဒူးဆစ်အရှေ့ပိုင်းကို ကာထားတာမို့ ခြေထောက်ရှေ့ဖက်မှာပဲ ဒီပြဿနာ ဖြစ်ပေါ်လေ့ရှိပါတယ်။ ခံစားရတတ်တဲ့ ရောဂါလက္ခဏာလေးတွေကတော့ နာကျင်ခြင်းနဲ့ ကောင်းကောင်းမလှုပ်ရှားနိုင်ခြင်း တို့ပဲ ဖြစ်ကြပါတယ်။ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာ ဒါမှမဟုတ် အဝလွန်နေတာဟာ ဒူးကို ဝန်ပိစေတဲ့အတွက် ဒူးနာဖို့ အလေးသာစေတဲ့အချက်တစ်ချက် ဖြစ်ပါတယ်။ လမ်းလျှောက်တာ၊ လှေကားအတက်အဆင်းလုပ်တာ၊ မတ်တပ်ထရပ်လိုက်တာ စတဲ့ နေ့စဉ်ဘဝရဲ့ ပုံမှန်လှုပ်ရှားမှုတွေမှာတောင် မျက်ခနဲ၊ ဂျွတ်ခနဲ ထိခိုက်သွားနိုင်ပါတယ်။ကြွက်သားတွေ တောင့်တင်းပြီး သန်မာမှုအားနည်းနေတာက ဒူးနာခြင်း ဖြစ်နိုင်ခြေ ပိုများစေတဲ့ အကြောင်းရင်းတစ်ခု ပါပဲ။ ကြွက်သား သန်မာမှသာ အရိုးအဆစ်တွေကို တည်ငြိမ်အောင် ထိန်းပေးပြီး ကာကွယ်ပေးနိုင်မှာ ဖြစ်သလို ကြွက်သားတွေတောင့်တင်းမနေဘဲ လှုပ်ရှားရလွယ်၊ ပေါ့ပါးနေမှ လှုပ်ရရှားရကောင်းမယ်လေ။နာနေတဲ့ဒူး/ခြေထောက်ကို ညှာပြီး အနားပေးလွန်းရင်လည်း အဆစ်နာပိုဆိုးစေနိုင်ပါတယ်။အရမ်းလှုပ်ရှားပေးဖို့ မလိုပေမယ့် ပုံမှန်လှုပ်ရှားမှုတော့ရှိသင့်ပါတယ်။ ဒူးနာအတွက် သက်သာစေမယ့် ခပ်ဖြည်းဖြည်း လေ့ကျင့်ခန်း တွေရှိတာကြောင့် ဒူးကို အရမ်းအားမပြုရဘူး၊ ဝန်မပိစေဘူးဆိုရင် လှုပ်ရှားလို့ရပါတယ်။ဒူးစွပ် စွပ်ထားတဲ့အခါ ဒူးကိုဝန်ပိတာ သက်သာစေပြီး  ဒူးဆစ်ရဲ့ လှုပ်ရှားလုပ်ဆောင်နိုင်စွမ်းကို အထောက်အကူ ဖြစ်စေမှာပါ။ မကြာမကြာ ဝတ်လိုက်၊ ချွတ်လိုက် လုပ်ပေးပါ။ အမြဲစွပ်ထားဖို့တော့ မလိုပါဘူး။(၃)အကိုက်အခဲပျောက်ဆေးသောက်ပါ၊ လိမ်းပါ၊ဆေးပလာစတာကပ်ပါ။နာကျင်မှု သက်သာစေဖို့ အကိုက်အခဲပျောက်ဆေး သောက်လို့ရပါတယ်။ ဒါပေမယ့် အစာအိမ်ရောဂါ၊ ကျောက်ကပ်ရောဂါစတဲ့ ရောဂါအခံတွေ ကိုယ့်မှာ ရှိနေရင် ဆရာဝန်နဲ့ ပြပြီးမှ ဆေးညွှန်းအတိုင်း သောက်တာ ကောင်းပါတယ်။အကိုက်အခဲပျောက်လိမ်းဆေးတွေကတော့ ဘေးထွက်ဆိုးကျိုးပိုနည်းတာမို့ ပိုအဆင်ပြေပါတယ်။ပေါင်ကြွက်သားတွေ၊ခြေသလုံးကြွက်သားတွေအထိ နာကျင်ကိုက်ခဲနေတဲ့ အခြေအနေမျိုးမှာ ပလာစတာကပ်ပေးတာမျိုးကလည်း ကြွက်သားတွေကို ပြေလျော့စေပြီး နာကျင်မှုလျော့ပါးစေမှာပါ။ကိုယ်အလေးချိန်များနေတဲ့သူတွေဟာ ထိုက်သင့်သလောက် ကိုယ်လက်လှုပ်ရှားမှုလုပ်တာ၊ အစားဆင်ခြင်တာတွေနဲ့ အဆီချသင့်ပါတယ်။ ဒါမှ ဒူးဆစ်နဲ့ ခန္ဓာကိုယ်အပေါ် သက်ရောက်နေတဲ့ဝန်တွေ လျော့ပါးစေမှာဖြစ်ပါတယ်။နာရီအတော်ကြာ ထိုင်နေပြီးတဲ့အခါ မိနစ် ၃၀လောက် တစ်ကြိမ် လမ်းခဏထလျှောက်တာ၊ ဒါမှမဟုတ် ထိုင်လျက်ကနေ ခြေထောက်လှုပ်ရှားပေးတာ (ဒူးဆစ်လှုပ်ရှားမှု အနည်းငယ် ပါအောင် ဟိုလှုပ်ဒီလှုပ် ဆိုလည်းရပါတယ်) မျိုး လုပ်သင့်ပါတယ်။ ဒူးနာသူတွေ လုပ်သင့်တဲ့ လေ့ကျင့်ခန်းတွေ လုပ်လို့ရပါတယ်။(၆)ရေနွေးအိတ်ကပ်ပါ။နာကျင်ကိုက်ခဲမှု နဲ့ ရောင်ရမ်းမှုတွေကို ခဏတာ သက်သာစေဖို့ ရေနွေးအိတ် ကပ်ပေးပါ။ သိပ်ပူနေတယ်ဆိုရင် အဝတ်ပါးလေးခံပြီး ကြပ်ထုပ်ထိုးသလို အနွေးကပ်ပေးပါ။အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် သက်သောင့်သက်သာဖြစ်မယ့် ဖိနပ်ကိုရွေးချယ်သင့်ပါတယ်။ ကိုယ်နေဟန်ထား ပုံစံမကျအောင်၊ ဒူးကို ဖိအားသက်ရောက်စေနိုင်တဲ့ ဖိနပ်မျိုး၊ ဒေါက်မြင့်ဖိနပ်မျိုးကို မစီးသင့်ပါဘူး။ဆောင့်ကြောင့်ထိုင်တာ၊ ခြေထောက်ချိတ်ထိုင်တာ၊ မကြာခဏ လှေကားတက်တာတွေ ရှောင်ကြဉ်ရပါမယ်။ မလွဲသာလို့ လှေကားတက်ရမယ် ဆိုလည်း တည့်တည့်တက်တာထက် ဘေးလေးစောင်းပြီး ဖြည်းဖြည်းချင်း တက်သင့်ပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/knee-pain-what-are-the-causes-and-how-can-you-relieve-that/
စမုံစပါး ဆေးဖက်ဝင်သလား
စမုံစပါးကို ပုံမှန် ဒီအတိုင်းတော့ စားလေ့မရှိပေမယ့် ပဲဟင်းတွေ၊ အသားဟင်းတွေ ချက်တဲ့အခါမျိုးမှာ ထည့်သွင်း ချက်ပြုတ်လေ့ရှိပါတယ်။ ဟင်းလျာကို အရသာ တိုးစေနိုင် သလို အနံ့လည်း တိုးစေနိုင်ပါတယ်။ ဒီလို ဟင်းလျာတွေကိုအနံ့အရသာတိုးစေဖို့အတွက် အသုံးပြုကြတဲ့ စမုံစပါးမှာကျန်းမာရေးကို ထောက်ကူပေးနီုင်တဲ့ အကျိုးအာနိသင်တွေ ပါနေလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။စမုံစပါးဆိုတာ အစေ့လေးတွေလို့ ထင်စရာ ရှိပေမယ့် တကယ်ကတော့ အပင်ရဲ့ အသီးပါ။ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြတဲ့ ဇီယာ၊ နံနံစေ့တို့နဲ့ ခပ်ဆင်ဆင် တူပါတယ်။အနည်းငယ် ခါးသက်သက် ရှိပြီး ပူစပ်စပ်လေးပါ။ ညိုစိမ်းစိမ်း အရောင်ရှိပြီး အနံ့လေးက သင်းသင်းလေးပါ။နံနံပင်၊ တရုတ်နံနံတို့နဲ့ မျိုးရင်း တူပါတယ်။ဟင်းလျာတွေကို အရသာတိုးစေသလို ဆေးဖက်လည်းဝင်တဲ့ စမုံစပါးမှာ။စမုံစပါး ဆေးဖက်ဝင်သလား ဆိုတော့ အခုလိုဆေးဖက်ဝင်ပါတယ်။စမုံစပါးမှာ ပါဝင်နေတဲ့ အင်ဇိုင်းတွေက အစာခြေအက်ဆစ်ကို တိုးစေနိုင်ပြီး အစာမကြေတာ၊ လေပွတာတွေကို သက်သာစေနိုင်ပါတယ်။ လေထိုးလေအောင့်တာကိုလည်း သက်သာစေနိုင်ပါတယ်။ အစာအိမ်အနာကိုလည်း သက်သာစေနိုင်ပါတယ်။ အစာရေမျို၊ အစာအိမ်၊ အူတွေကို ကျန်းမာစေနိုင်ပါတယ်။စမုံစပါးမှာ ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး အစာအဆိပ်သင့်တာကို ဖြစ်စေနိုင်ပြီး အစာအိမ် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပါတယ်။စမုံစပါးမှာ သွေးကြောတွေထဲကို ကယ်လ်ဆီယမ် မရောက်အောင် တားပေးပြီး သွေးကြောတွေကို ပြေလျော့စေတာကြောင့် နှလုံးဆီကို သွေးစီးဆင်းမှု ကောင်းအောင် လုပ်ဆောင်ပေးပါတယ်။ သွေးစီးဆင်းမှု ကောင်းအောင် လုပ်ဆောင်ပေးတာက သွေးပေါင်ကို ထိန်းညှိပေးပြီး သွေးမတိုးအောင် ကာကွယ်ပေးနိုင်ပါတယ်။စမုံစပါးမှာ နှာခေါင်းထဲက ချွဲတွေကို ရှင်းပေးပြီး အသက်ရှူရလွယ်စေဖို့ ထောက်ကူပေးသလို အသက်ရှူလမ်းကြောင်းကိုလည်း ကျန်းမာစေပါတယ်။ အဆုတ်ထဲက ချွဲတွေကို ဖယ်ရှားပေးနိုင်တာကြောင့် လေပြွန်တွေကိုလည်း ကျန်းမာစေပြီး ချောင်းဆိုးတာကို သက်သာစေနိုင်ပါတယ်။စမုံစပါးက နာကျင် ရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။ အရေပြားပေါ်မှာ တိုက်ရိုက် အသုံးပြုပေးလို့ ရသလို နာကျင်ရောင်ရမ်းနေတဲ့ အရိုးအဆစ်တွေကိုလည်း နာကျင်မှု လျော့ပါးစေနိုင်ပါတယ်။ရေနွေးထဲ ထည့်စိမ်ပြီး ရေချိုးပေးလို့လည်း ရပါတယ်။စမုံစပါးက ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမား မရှိပါဘူး။ တန်ဆေး လွန်ဘေး ဆိုသလို အများကြီး စားမိရင်တော့ မအီမသာ ဖြစ်စေနိုင်ပါတယ်။သွေးတိုးရှိသူတွေအနေနဲ့တော့ သွေးပေါင်ကျဆေးနဲ့ အတူ တွဲသောက်တာမျိုး မလုပ်သင့်ပါဘူး။ သွေးပေါင်ချိန် အလွန်အကျွံ ကျဆင်းသွားနိုင်လို့ပါ။အစာဓာတ်မတည့်မှု ဖြစ်စေနိုင်တာကြောင့် ဓာတ်မတည့်မှု ခံစားဖူးသူတွေအနေနဲ့ သတိထားဖို့ လိုပါမယ်။ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်တွေ၊ ရောဂါအခံရှိသူတွေ၊ ဆေးတွေစွဲသောက်နေရရင် အထူးသတိထားဖို့ လိုပါတယ်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/carom-seeds-benefits/
ကြီးနေတဲ့ ကိုယ့်ခြေသလုံးကို ဘယ်လိုပိန်အောင် လုပ်ရပါ့။ ။
လူလေးကို ကြည့်တော့ အပေါ်ပိုင်းကတော့ ပိန်သွယ်သွယ်လေး ခြေသလုံးကျ ကြီးပြီးတုတ်နေရင် ကြည့်မကောင်းဘူးဆိုတာ အားလုံးသိကြမှာပါ။ ဒီတော့ ခြေသလုံး သွယ်ချင်လို့ လေ့ကျင့်ခန်းတွေ သွားလုပ်ခါမှ ခြေသလုံးကြွက်သားတွေ တက်လာပြီး ပိုဆိုးသွားလို့ စိတ်ညစ်နေပြီလား။ ဒါလေးတွေ သိထားဖို့လိုတယ်နော်။ ။ဒေါက်ဖိနပ်စီးတာ၊ ဘက်မညီတဲ့ ဖိနပ်မြင့်တွေ စီးတာဟာ ခြေသလုံးကြွက်သားကို အားပိုပြုသလိုဖြစ်စေပြီး ခြေသလုံးကြွက်သားတွေ ကြီးလာစေပါတယ်။ ဒါ့ကြောင့် ဖိနပ်အပါးတွေကိုစီးပါ။ နောက်ပြီး မတ်တပ်အကြာကြီး ရပ်တဲ့အခါနှလုံးဆီကို သွေးရောက်အောင် ခြေသလုံးကပိုညှစ်ပေးရတဲ့အတွက် ခြေသလုံးကြွက်သားတွေ ကြီးလာတတ်ပါတယ်။ ဒါကြောင့် အကြာကြီးမတ်တပ်မရပ်ပါနဲ့။ခြေသလုံးကြီးနေတာ အဓိကက စိုနေတဲ့အဆီကြောင့်ဆိုရင် ဒီအဆီတွေကို ချဖို့ cardio ဆော့ပေးမှရပါတယ်။ ဒါပေမယ့် သတိထားရမှာက ပြင်းထန်တဲ့ ခုန်ပေါက်တဲ့လေ့ကျင့်ခန်းတွေက ခြေသလုံးကြွက်သားပိုကြီးအောင် လှုံ့ဆော်သလိုဖြစ်တတ်တာကြောင့်လေ့ကျင့်ခန်းတွေလုပ်တဲ့အခါ ခြေထောက်ကို အားအရမ်းကြီး မသုံးရတဲ့ လေ့ကျင့်ခန်းကိုပဲ လုပ်ပေးပါ။ နောက်ြ့ပီး လေ့ကျင့်ခန်းတစ်ခုတည်းလုပ်ရုံနဲ့ ခြေသလုံးသေးသွယ်သွားမှာ မဟုတ်တာကြောင့် အစားအသောက်လေးပါ ထိန်းပေးပါ။ လေ့ကျင့်ခန်းလုပ်ပြီးတိုင်း ခြေသလုံးကိုအကြောလျှော့ပေးဖို့ မမေ့ပါနဲ့။လေ့ကျင့်ခန်းလုပ်ပြီးတိုင်း ခြေသလုံးကြွက်သားတွေကိုအကြော့လျှော့ပေး နှိပ်ပေးတဲ့အခါ လေ့ကျင့်ခန်းလုပ်စဉ်က တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့အောင် လုပ်ပေးတာဖြစ်သလို ပျော့ပျောင်းအောင် လုပ်ပေးသလိုလည်းဖြစ်တာကြောင့် ဖောင်းနေတဲ့ကြွက်သားတွေ သေးသွယ်သွားမှာပါ။ပြင်းထန်တဲ့ေလ့ကျင့်ခန်း တွေ လေးလွန်းတဲ့ အလေးတုံးတွေကခြေသလုံးကြွက်သားတွေကို ပိုကြီး ပိုထူလာစေတတ်ပါတယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်းလုပ်နေရင်း ခြေသလုံးကြီးလာပြီလို့ သတိထားမိတဲအ့ခါ အလေးတုံးကိုအလေးချိန် လျှော့လိုက်ပြီး အကြိမ်အရေအတွက် များများပိုလုပ်ပေးတာမျိုးလုပ်လို့ရပါတယ်။ ခြေသလုံးကြီးလာတာကို လုံးဝမကြိုက်ဘူးဆိုရင်ခြေသလုံးကို အားပြုရတဲ့ ေ့လကျင့်ခန်းတွေကို လုံဝ မလုပ်ဘဲလည်း နေလို့ရပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/claves-slimming/
လမ်းမြန်မြန်လျှောက်ရင် ပိုအသက်ရှည်နိုင်တယ်ဆိုတာ သိပြီးပြီလား
အလေးတုံးမလိုဘဲ လူကိုကျန်းမာကြံ့ခိုင်စေတဲ့လေ့ကျင့်ခန်းတွေထဲမှာ လမ်းလျှောက်တာလည်း ပါတယ်နော်။ ဟိုနားဒီနားသွားမလား၊ ရုံးသွား ကျောင်းသွားမလား၊ မိသားစုအတွက်ဈေးဝယ်ထွက်မလား၊ လူတိုင်းကတော့ လမ်းလျှောက်နေကြတာပါပဲ။ ပုံမှန်လမ်းလျှောက်တာမျိုးထက် ခြေလှမ်းခပ်သွက်သွက်နဲ့ လျှောက်တဲ့အခါ နှလုံးခုန်နှုန်း ပိုမြန်လာပြီး သွေးစီးဆင်းမှုကောင်းစေတယ်။ ကိုယ်တွင်းမှာရှိတဲ့ အဆီပိုတွေကို ကျစေတယ်။ကယ်လိုရီေလာင်ကျွမ်းမှုပိုဖြစ်စေတယ်နော်။လမ်းလျှောက်ရမှာ ပျင်းတဲ့သူတွေထဲမှာ သင်ကိုယ်တိုင်ရောပါနေလား။ ဒါဆိုရင် ဒီဆောင်းပါးကို သေချာဖတ်ကြည့်ဖို့ အကြံပေးလိုက်တယ်နော်။လူတွေရဲ့ အသက်စည်းစိမ်ကို ခြွေနေတဲ့ ရောဂါတွေထဲမှာ အဝလွန်တာလည်း တစ်ခုအပါအဝင်ပဲနော်။ ဝလို့လှလို့ဆိုတာမျိုးထက် ခန္ဓါကိုယ်တွင်း အဆီပိုတွေ အရမ်းများနေတဲ့အခါ သွေးတိုး၊ဆီးချိုေရာဂါတွေ၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါအချို့ ဖြစ်နိုင်ခြေ ပိုများလာတယ်နော်။ ပုံမှန်ထက်ပိုပြီး လမ်းမြန်မြန်လျှောက်တဲ့အခါ သွေးတွင်း ကယ်လိုရီတွေ အဆီပိုတွေကို ပိုမိုလောင်ကျွမ်းစေပြီး နှလုံးခုန်နှုန်းမြန်လာစေတယ်။ ဒီတော့ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးနိုင်ပြီး အဝမလွန်စေဖို့ ကာကွယ်ပေးနိုင်တာပေါ့။ပြေးတာနဲ့မတူဘဲ အမြန်လမ်းလျှောက်ခြင်းဟာ နှလုံးရဲ့ အလုပ်လုပ်နှုန်းကို မြန်စေတယ်။ အလွယ်တကူနဲ့ မောဟိုက်မသွားတော့ အချိန်ကြာကြာ လေ့ကျင့်ခန်းလုပ်လို့လည်း ရတယ်။ သွေးစီးဆင်းမှု ကောင်းစေတယ်။ ချွေးပုံမှန်ထွက်စေတယ်။ အမောခံနိုင်စေလို့ တခြားလေ့ကျင့်ခန်းတွေ လုပ်တဲ့အခါ ပိုပြီး အားစိုက်ထုတ်နိုင်စေတယ်။ သက်လုံကောင်းစေတဲ့အတွက် အားကစားလုပ်နေတဲ့အမျိုးသားေတွ၊ အိမ်ထောင်ရှင်တွေအတွက်လည်း အဆင်ပြေစေပါတယ်။လမ်းမြန်မြန်လျှောက်တဲ့သူတွေမှာ တခြားသူတွေနဲ့ ယှဉ်လိုက်ရင်အိပ်ငိုက်ေနတာ၊ လေးလံထိုင်းမှိုင်းနေတာမျိုး ဖြစ်တာအရမ်းနည်းပါတယ်။ လူက စိတ်အာရုံကြည်လင်လန်းဆန်းနေတဲ့အခါ အလုပ်လုပ်ရာမှာလည်း ပိုပြီး အာရုံစိုက်လာနိုင်စေတယ်။ တွေးခေါ်ကြံဆဉာဏ်တွေကိုလည်း ထက်မြက်စေတယ်။ အထူးသဖြင့် အလုပ်ခွင်မှာ ပျင်းရိငြီးငွေ့တဲ့စိတ်တွေ ဖြစ်မလာစေဖို့ ကူညီပေးနိုင်ပါတယ်။သက်လုံကောင်းလာတဲ့အခါ တခြားလေ့ကျင့်ခန်းေတွ လုပ်နေရင်လည်း အလွယ်တကူမမောနိုင်တော့ပါဘူး။ အဲ့တော့ အလေးပိုပြီးမလာနိုင်တယ်။ အရင်ကထက်လည်း ပြင်းပြင်းထန်ထန်ကစားနိုင်တယ်။ အဆီပိုနည်းသွားတော့ကြွက်သားထွက်မြန်စေတယ်။ အားကစားလုပ်နေတဲ့သူဆိုရင်လည်း ပိုကောင်းတဲ့ရလဒ်တွေ ရလာနိုင်ပါတယ်။ဒါ့အပြင်စိတ်ဖိစီးမှုကိုပြေလျော့စေတယ်။ အင်ဒိုဖင်ဟော်မုန်းတွေကို ပိုမိုထုတ်လွှတ်ပေးနိုင်တဲ့အတွက် စိတ်ကိုပျော်ရွှင်စေတယ်။ ကိုယ်အလေးချိန်ချဖို့ ကြိုးစားနေသူတွေအတွက်လည်း ကယ်လိုရီပိုမိုလောင်ကျွမ်းစေတယ်။ အဆီကျစေနိုင်တယ်။ ကလေးတွေဆိုရင် ကြီးထွားကြံ့ခိုင်မှုအတွက် အကူအညီဖြစ်သလို လူကြီးအရွယ်တွေမှာလည်း ကိုယ်ခံအားကောင်းစေလို့ ရောဂါတွေအလွယ်တကူ ဝင်မလာအောင် တားဆီးပေးနိုင်တယ်။ မလိုအပ်တဲ့ အဆီပိုတွေ သွေးထဲမှာရှိမနေတဲ့အခါ နောက်ဆက်တွဲရောဂါတွေကိုလည်း ကာကွယ်ပြီးသားဖြစ်တာမို့ ဒီနေ့ကစပြီး လမ်းမြန်မြန်လျှောက်ကြဖို့ အကြံပေးလိုက်တယ်နော်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/%e1%80%9c%e1%80%99%e1%80%b9%e1%80%b8%e1%80%bb%e1%80%99%e1%80%94%e1%80%b9%e1%80%bb%e1%80%99%e1%80%94%e1%80%b9%e1%80%b1%e1%80%9c%e1%80%bd%e1%80%ba%e1%80%ac%e1%80%80%e1%80%b9%e1%80%9b%e1%80%84%e1%80%b9/
လေ့ကျင့်ခန်းလုပ် နေပေမယ့် ပေါင်ချိန်စက်ကပြတဲ့ အလေးချိန်တွေ မကျသေးလို့ စိတ်ဓါတ်ကျနေပြီလား။
ဒီနေ့ပြောချင်တဲ့ အကြောင်းလေးကတော့လေ့ကျင့်ခန်းလုပ်နေတာ ကြာပြီပေါင်ချိန်စက်ပေါ်တက်တိုင်း ကိုယ်အလေးချိန်က ထင်သလောက်မကျသေးလို့ လေ့ကျင့်ခန်း ဆက်လုပ်ရမှာ စိတ်ဓါတ်ကျနေသူတွေအတွက်ပါ။ ကိုယ်ပေါ်က အဆီတွေဆိုတာကလည်း ခေါင်းမာတဲ့အရာတွေမလား။ ကိုယ်မှန်းထားသလောက်ကျချင်မှ ကျတာလေ။ ဒီလောက်လေ့ကျင့်ခန်းလုပ်နေတာတောင် ဝိတ်မကျလို့ဆိုပြီး စိတ်ဓါတ်တော့ မကျလိုက်ပါနဲ့။ ခုပြောမယ့် ၇ ချက်ထဲက တစ်ချက်လောက်ဖြစ်ဖြစ် ရှိနေပြီဆိုရင် ဝိတ်ကျဖို့နီးစပ်လာပါပြီ ။ ။ဟိုးအရင်gymမပြောနဲ့ လမ်းလေးလျှောက်ဖို့တောင် ထိုင်ရာက မထချင်တဲ့ကိုယ်။ ခုတော့ ဘယ်လောက်ပင်ပန်းတဲ့ လေ့ကျင့်ခန်းမျိုး ဖြစ်ဖြစ် လုပ်ဖို့ အဆင့်သ့င်ဖြစ်နေတတ်တာ ကိုယ်သွားချင်တဲ့ဝိတ်ကျပန်းတိုင်ဆီကို တစ်လှမ်းလှမ်းပြီးသား မဟုတ်လား။စစချင်းလေ့ကျင့်ခန်းလုပ်တုန်းက ပုံနဲ့ ခုပုံကို ပြန်ယှဉ်ကြည့်ပါ။ အရင်ကဆို လက်လေးလှုပ်ရင်တောင် မောနေတဲ့သူက ခုတော့ ဘယ်လောက်ပင်ပန်းတာတွေပဲ လုပ်လုပ် အေးဆေးလေးပဲကျော်ဖြတ်နေနိုင်တဲ့အပြင် သူ့ထက် ပိုပင်ပန်းတာတွေကိုတောင် လုပ်ဖို့ အားရှိနေသေးတယ်ဆိုတာ မနေ့ကထက် ဒီနေ့ ကြံ့ခိုင်လာနေပြီဖြစ်ကြောင်းကိုပြနေတာမလား။ပေါင်ချိန်စက်ပေါ်တက်လိုက်တဲ့အချိန် သိသိသာသာဝိတ်မကျပေမယ့် အရင်က မတော်လို့ ချောင်ထိုးထားတဲ့ အကျီၤလေးတွေ ခုတော့ ပြန်ဝတ်လို့ရနေပြီ။ အကျီၤတွေ ပြန်တော်နေပြီဆိုတာက ပြောင်းလဲစပြုနေတာကို ပြောတာပဲ မဟုတ်လား။ ဒီတော့ ပေါင်ချိန်စက်ပေါ်က အဖြေက မသိသာပေမယ့်လည်းလေ့ကျင့်ခန်း တွေ ရှေ့ဆက်လုပ်သွားပါ။ အရမ်းကို နီးစပ်နေပါပြီ။အရင်ဝတုန်းက ေသွးတွင်းအဆီဓါတ်များ။ကိုလက်စရောမျာ း၊ သွေးတွင်းသကြားဓါတ်များ၊ဒူးနာခါးနာနဲ့ ရောဂါကိုစုံလို့။ ဟော ခုနောက်ပိုင်း လေ့ကျင့်ခန်းတွေလုပ်ပြီး သွေးပြန်စစ်ကြည့်တော့ များနေတဲ့ မကောင်းတာအားလုံး ကျသွားပြီ၊ အရင်ကလို လေးပင်နေတာ၊ ဒူးနာတာလည်း မရှိတော့မလား။ ဒီတော့ အလေးချိန် သိသိသာသာ မကျပေမယ့် ဒါတွေက သင်ပိုပြီး ကြံ့ခိုင်လာနေပြီဆိုတာကို ပြောတာပဲ မဟုတ်လား။Gymသွားတဲ့လူတိုင်း ခံစားဖူးကြမှာပါ။ လေ့ကျင့်ခန်းလုပ်ပြီး နောက်ပိုင်း ပျော်တဲ့ခံစားချက်မျိုး၊ အားရကျေနပ်ပြီး တစ်ခုခုပြီးမြောက်သွားတဲ့ ခံစားချက်မျိုး၊ ဒီလိုမျိုး gym မှာ ဆက်တိုက်ဆော့ဖန်များလာလေလေ ကိုယ့်ကိုကိုယ် ယုံကြည်ချက်တွေ တိုးလာလေလေပါပဲ။ စိတ်လည်းချမ်းသာ ကိုယ်လည်း ကျန်းမာလာတယ်မဟုတ်လား။လေ့ကျင့်ခန်းလုပ်တာ များလာတော့ ကိုယ်ခန္ဓါကလည်း တဖြည်းဖြည်းပြောင်းလဲသွား၊ အသားလေးလည်းကြည်လာပြီးတော့ စိတ်လေးကလည်း ပျော်နေတော့ တွေ့တဲ့လူတိုင်းက အရင်ကထက်ပိုပြီး ကြည့်ကောင်းလာတယ်လို့ ပြောနေကြတယ်မဟုတ်လား။အရင်ကလို စားချင်တိုင်း စွတ်စားတာမျိုး မဟုတ်တော့ဘဲ ချင့်ချိန်ပြီးစားတတ်လာတဲ့ ကိစ္စကလည်း ဝမ်းသားစရာပဲ မဟုတ်လား။ အားလူးကြောေ်တွ ကိတ်မုန့်တွေသကြားတွေလျှော့စားပြီး အသီးအရွက်တွေနဲ့ အာဟာရဖြစ်တာတွေ ပိုစားတတ်လာတာဟာ ကိုယ်အလေးချိန်အတွက်တင်မဟုတ် ရှေ့လျှောက်ကျန်းမာရေးအတွက်ပါ ကောင်းတဲ့မျိုးစေ့ချနေတာပဲ မဟုတ်လား ။ကဲ စဉ်းစားကြည့်ပါဦး။ အရင်တုန်းကကိုယ်နဲ့ အခုလက်ရှိ ပြောင်းလဲသွားတာတွေမှ အများကြီး။ ဒီတော့ ပေါင်ချိန်စက်ပေါ်က အလေးချိန်တွေ သိပ်မလျော့သေးလို့ ဆိုပြီး ဘာ့ကြောင့် စိတ်ဓါတ်ကျနေမှာလဲ ။ အားမလျှော့နဲ့။ ဆက်သာလုပ် ။ ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/weight-loss-exercises/getting-fit/
လမ်းကြောင်းမှားသုတ်လွှတ်ခြင်း
လမ်းကြောင်းမှားသုတ်လွှတ်ခြင်းဟာ ကာမဆက်ဆံစဉ်မှာ သုတ်လွှတ်စဉ်သုတ်ရည်များလမ်းကြောင်းမှားကာ ဆီးအိတ်ထဲဝင်သွားခြင်းဖြစ်တယ်။ ကာမသာယာမှုမှာအနှောင့်အယှက်မဖြစ်သော်လည်း သုတ်ရည်မထုတ်နိုင်ဘဲဖြစ်ရပါတယ်။လမ်းကြောင်းမှားသုတ်လွှတ်ရခြင်းအမျိုးမျိုးရှိတယ်။ပထမဆုံးကတော့ ဆီးအိတ်နဲ့ပတ်သတ်တဲ့ခွဲစိတ်ခြင်း ဥပမာ ဆီးကျိတ်ခွဲစိတ်ခြင်း၊ တင်ပါးဆုံးရိုးနဲ့ပတ်သတ်ပြီးခွဲစိတ်ခြင်း တို့ရဲ့ နောက်ဆက်တွဲပြဿနာဖြစ်တယ်။ ဆီးလမ်းကြောင်းကိုဖြတ်ပြီး ဆီးကျိတ်ခွဲစိတ်ခြင်းဟာ သုတ်ရည်လမ်းကြောင်းမှားစေဖို့ ၁၀ မှ ၁၅ ရာနှုန်းထိရှိပါတယ်။ အူမကြီးကင်ဆာ၊ ဝမ်းအိတ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ နဲ့ အမျိုးသားအင်္ဂါကင်ဆာတို့မှာ ပြုလုပ်ရတတ်တဲ့ တင်ပါးဆုံရိုးတဝိုက်ခွဲစိတ်မှုတွေကြောင့်လည်း လမ်းကြောင်းမှားသုတ်ရည်လွှတ်ခြင်းဖြစ်ရတတ်တယ်။တချို့သောရောဂါတွေကြောင့်အာရုံကြောထိခိုက်မှုတွေလည်းဖြစ်နိုင်တယ်၊ ဥပမာ မကုသသောနာတာရှည်ဆီးချိုးသွေးချိုသမား များမှာဖြစ်တတ်ပါတယ်။နောက်ဆုံးအချက်ကတော့ ဆေးတချို့ရဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်တယ်။ စသည်ဖြင့် ဆီးကျိတ်ကြီးခြင်းအတွက်ဆေးများ၊ စသည့် စိတ်ဓါတ်ကျခြင်းအတွက်ဆေးများ၊ စိတ်ရောဂါအတွက် ဆေးများဟာလည်း လမ်းကြောင်းမှားသုတ်လွှတ်ခြင်းဖြစ်စေတယ်။ကုသမှု။အကြောင်းအရင်းပေါ်မူတည်ပြီးကုသမှုကွဲပါတယ်။ ဆေးရဲ့ဘေးထွက်ဆိုးကျိုးကြောင့်ဖြစ်ပါက ဆရာဝန်ကထိုဆေးကိုပြောင်းလိမ့်မယ်။ခွဲစိတ်မှုနောက်ဆက်တွဲဆိုးကျိုးကြောင့်ဖြစ်ပါက ကဲ့သို့ဆီးအိတ်အဝင်လမ်းမှကြွက်သားများသန်မာစေမယ့်ဆေးမျိုး မှီဝဲရနိုင်တယ်။ ဒါ့အပြင် ထိုသို့ လမ်းကြောင်းမှားသုတ်ရည်လွှတ်ရောဂါရှိသော အမျိုးသားများ ကလေးလိုချင်ပါက မျိုးပွားခြင်းဆိုင်ရာကျွမ်းကျင်သူက သုတ်ပိုးများစုပြီး သန္ဓြေတည်ခြင်းဖန်တီးပေးလိမ့်မယ်။ သားအိမ်တွင်းသုတ်ပိုးတိုက်ရိုက်ထည့်ခြင်းနည်း နဲ့ ဖန်ပြွန်သန္ဓြေသားနည်းတို့ဟာ အသုံးအများဆုံးနည်းဖြစ်တယ်။ဆီးကျိတ်ကြီးခြင်းခွဲစိတ်မှုတွေမှာ တတ်နိုင်သမျှသေးငယ်သောခွဲစိတ်နည်းသုံးခြင်းဟာ လမ်းကြောင်းမှားသုတ်လွှတ်ခြင်းဖြစ်နိုင်ချေကိုနည်းစေနိုင်တယ်။ နောက်ဆုံးနည်းလမ်းတွေကတော့ transurethral needle ablation (ရေဒီယိုလှိုင်းသုံးသောအပ်ဖြင့်ဆီးလမ်းကြောင်းကိုဖြတ်ကာ ဆီးကျိတ်ပျော်ချေခြင်း) နှင့် transurethral microwave thermotherapy (ဆီးလမ်းကြောင်းဖြတ်ပြီးအပူလှိုင်းသုံးဆီးကျိတ်ချေခြင်း) တို့ဖြစ်တယ်။ ဒါပေမယ့်ထိုနည်းတွေဟာ လူနာတိုင်းနဲ့အဆင်မပြေတတ်တာကြောင့် ဆရာဝန်ကစစ်ဆေးမှုတွေအရင်လုပ်ကြည့်ပါလိမ့်မယ်။ဖော်ပြပါလက္ခဏာများခံစားရပြီး သုတ်ရည်လွှတ်ခြင်းလမ်းကြောင်းမှားနေတယ်ဆိုရင်တော့ ဆွေးနွေးတိုင်ပင်ပြီး ကုသမှုခံယူဖို့အတွက် ဆရာဝန်နဲ့ပြကြည့်ပါ။ ကုသမှုတွေဟာအကြောင်းအရင်းပေါ်မူတည်ပြီးကွဲပြားပါလိမ့်မယ်။Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/%e1%80%9c%e1%80%99%e1%80%ba%e1%80%b8%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%be%e1%80%ac%e1%80%b8%e1%80%9e%e1%80%af%e1%80%90%e1%80%ba%e1%80%9c%e1%80%bd%e1%80%be/
ကော်ဖီဟာ ဇီဝဖြစ်ပျက်မှုတွေကို မြန်ဆန်စေသလား
ကော်ဖီမှာ ကဖိန်းဓာတ် ပါဝင်ပါတယ်။ ကဖိန်းဓာတ်ဟာ ကမ္ဘာပေါ်မှာ စားသုံးမှုအများဆုံး စိတ်ပိုင်းဆိုင်ရာ တက်ကြွစေတဲ့ စားသောက်ဖွယ်ရာတမျိုးပဲ ဖြစ်ပါတယ်။ကဖိန်းဓာတ်ဟာ စီးပွားဖြစ်ထုတ်လုပ်လာကြတဲ့အဆီကျဆေးဖြည့်စွက်စာတွေမှာလည်း ထည့်သွင်းထားကြပါတယ်။ကဖိန်းဟာ အဆီတစ်သျှူးတွေထဲက အဆီဓာတ်တွေကို ရွှေ့ပြောင်းဖယ်ထုတ်နိုင်ပြီး ဇီဝဖြစ်ပျက်မှုကို မြှင့်တင်ပေးတဲ့ ပစ္စည်းတွေထဲမှာ တခုအပါအဝင် ဖြစ်ပါတယ်။ဒီလိုဆိုရင် ကော်ဖီဟာ ကိုယ်အလေးချိန် ကျစေပါသလား။ ဒီဆောင်းပါးမှာ ဆက်လက်ဆွေးနွေးသွားပါမယ်။ကော်ဖီစေ့မှာ တွေ့ရှိရတဲ့ ဇီဝပစ္စည်းတွေဟာ လူ့ခန္ဓာကိုယ်ထဲက ဇီဝဖြစ်ပျက်မှုတွေကို သူ့နည်းသူ့ဟန်နဲ့ လှုံ့ဆော်ပေးနိုင်ပါတယ်။ ဥပမာပေးရမယ်ဆိုရင် အောက်ပါပစ္စည်းတွေ ဖြစ်ပါတယ်။– ကဖိန်း။ ကော်ဖီမှာပါဝင်တဲ့ အဓိက ဇီဝလှုံ့ဆော်တဲ့ ပစ္စည်းဖြစ်ပါတယ်။– သီရုဘရိုမိုင်း။ ကိုကိုးမှာ အဓိကတွေ့ရတဲ့ လှုံ့ဆော်ပစ္စည်းဖြစ်ပြီး ကော်ဖီမှာလည်း အနည်းငယ်တွေ့ရပါတယ်။– သီရိုဖိုင်လင်း။ ကိုကိုးမှာရော ကော်ဖီမှာပါတွေ့ရပြီးပန်းနာရင်ကျပ်ကို ကုသရာမှာ သုံးပါတယ်။– ကလိုရိုဂျင်းနစ်အက်ဆစ်။ ကော်ဖီမှာ အဓိကပါဝင်တဲ့ ဇီဝလှုံ့ဆော်ပေးတဲ့ ပစ္စည်းဖြစ်ပြီး ကစီဓာတ်စုပ်ယူမှုကို နှေးကွေးစေပါတယ်။အဲ့ဒီပစ္စည်းတွေထဲမှာ အရေးအကြီးဆုံးကတော့ ကဖိန်းပဲ ဖြစ်ပါတယ်။ ကဖိန်းဟာ အဒီနိုဆင်းလို့ခေါ်တဲ့ဦးနှောက်အာရုံကြောလျှပ်ကူးပစ္စည်းကို တားဆီးပေးပါတယ်။ အဒီနိုဆင်းကို တားဆီးခြင်းအားဖြင့် ကဖိန်းဟာ ဒိုပါမင်းနဲ့ နော်အပီနက်ဖရင်းလို့ခေါ်တဲ့ လျှပ်ကူး ပစ္စည်းတွေကို ထွက်လာစေပါတယ်။အဆိုပါလျှပ်ကူးပစ္စည်းများဟာ သင့်ကို နိုးကြားတက်ကြွစေနိုင်ပါတယ်။ ကဖိန်းဟာ အဆိုပါနည်းလမ်းနဲ့ ပင်ပန်းနွမ်းနယ်ချိန်မှာတောင် တက်ကြွလန်းဆန်းအောင် အထောက်အကူ ပြုပါတယ်။ လှုပ်ရှားမှုတွေကို ၁၁ ကနေ ၁၂% တိုးတက်လာစေတယ်လို့ ဆိုပါတယ်။ကဖိန်းဟာ အာရုံကြောစနစ်ကို လှုံ့ဆော်ပေးပါတယ်။ အဲ့ဒီအချိန်မှာအဆီဆဲလ်တွေဆီ အချက်ပြမှုတွေ ထုတ်လွှင့်ပြီး အဆီတွေကို ဖြိုခွဲစေပါတယ်။ အပီနက်ဖရင်းဟော်မုန်းကို မြင့်တက်စေခြင်းဖြင့် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ အပီနက်ဖရင်းဟာ သွေးထဲကတဆင့် အဆီတစ်သျှူးတွေဆီသွားပြီး အဆီတွေကို ဖြိုခွဲကာ သွေးထဲကို ရောက်လာစေပါတယ်။ဒါပေမယ့် အဆိုပါ အဆီများ သွေးထဲရောက်စေတဲ့ ဖြစ်စဉ်သက်သက်နဲ့ အဆီဓာတ်တွေ လျော့မသွားနိုင်ပါဘူး။ ကယ်လိုရီတွေ များများလောင်ကျွမ်းအောင် ဆောင်ရွက်နိုင်မှသာ အဆီများလျော့ကျမှာ ဖြစ်ပါတယ်။ အစားကို လျှော့စားခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်း ပိုမိုပြုလုပ်ခြင်း စတဲ့နည်းလမ်းတွေနဲ့ ကယ်လိုရီကို လျှော့ချနိုင်ပါတယ်။ ဒါ့အပြင် ကဖိန်းပါတဲ့ အဆီကျဆေးတချို့ကိုလည်း သုံးစွဲနိုင်ပါတယ်။နားနေချိန်မှာ ကယ်လိုရီလောင်ကျွမ်းနှုန်းကို resting metabolic rate (RMR) လို့ သတ်မှတ်ပါတယ်။ အဆိုပါ ဇီဝဖြစ်ပျက်နှုန်း မြန်ဆန်လေလေ ကိုယ်အလေးချိန်ကျဆင်းဖို့ လွယ်ကူလေ ဖြစ်ပါတယ်။ သုတေသနတွေအရ ကဖိန်းဟာ RMR ကို ၃ %ကနေ ၁၁% ထိ မြင့်တက်စေတယ်လို့ သိရပါတယ်။ ပမာဏများလေလေ အာနိသင်များလေလေ ဖြစ်ပါတယ်။ ဇီဝဖြစ်ပျက်မှု အများစု မြင့်တက်ခြင်းဟာ အဆီလောင်ကျွမ်းမှု မြင့်တက်ခြင်းကြောင့် ဖြစ်ရပါတယ်။ဒါပေမယ့် ဒီနှုန်းဟာ အဝလွန်သူတွေမှာ လျော့ကျနေနိုင်ပါတယ်။ သုတေသနတခုမှာတော့ ကဖိန်းကြောင့်အဆီလောင်ကျွမ်းမှုဟာ ပိန်ပိန်ပါးပါးလူတွေမှာ ၂၉% ခန့်ရှိပြီး အဝလွန်သူတွေမှာတော့ ၁၀% ပဲ ရှိတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီနှုန်းဟာ အသက်ကြီးလာတာနဲ့အမျှ ကျဆင်းသွားပြီး ငယ်ရွယ်သူတွေမှာတော့ ပိုမိုမြင့်မားပါတယ်။သတိပြုရမှာတော့ တချက်ရှိပါတယ်။ လူသားများဟာ ကဖိန်းရဲ့ အာနိသင်တွေကို ကြာလာတာနဲ့အမျှ ယဉ်ပါးသွားတာ၊ မတိုးတော့တာ စသဖြင့် ဖြစ်နိုင်ပါတယ်။ ရေတိုကာလမှာ ကဖိန်းဟာ ဇီဝဖြစ်ပျက်မှုကို မြန်ဆန်စေပြီး အဆီလောင်ကျွမ်းမှုကို မြင့်တက်စေပါတယ်။ ဒါပေမယ့် လူတချို့ကတော့ ကဖိန်းနဲ့ယဉ်ပါးလာပြီး ကဖိန်းရဲ့အာနိသင် သိပ်မပေါ်လွင်တာမျိုး ဖြစ်တတ်ပါတယ်။ လူတဦးချင်းစီရဲ့ အခြေအနေပေါ်လည်း မူတည်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/coffee-increase-metabolism/
လေ့ကျင့်ခန်းလုပ်ပြီးနောက် ပျို့အန်ချင်တာကို ဘယ်လိုသက်သာအောင်လုပ်မလဲ ။ ။
လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ အရမ်းပန်းသွားပြီး လက်မြောက်တာ၊ လက်ကလေးလှုပ်လိုက်တာနဲ့ ရင်ထဲ ပျို့ချင်အန်ချင် ဖြစ်သွားတဲ့ သူများရှိသလား။ ဒါတွေက ဖြစ်တတ်တဲ့ အရာတစ်ခုပါ။ တစ်ချို့လူတွေမဖြစ်ဘူးဆိုပေမယ် ဖြစ်တဲ့သူတွေလည်း အများကြီးရှိပါတယ်။လေ့ကျင့်ခန်းလုပ်ပြီးနောက် ပျို့အန်ခြင်းဖြစ်ရတဲ့အကြောင်းအရင်းတွေကို သိပြီးပြီဆိုတော့ နောက်မဖြစ်အောင် ဒီလို ကာကွယ်လို့ရပါတယ်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/exercise-safety-tips/workout-nausea/
ဓာတ်မတည့်ခြင်း
ဓာတ်မတည့်ခြင်းဆိုတာ ပုံမှန်အားဖြင့် အန္တရာယ် မရှိတဲ့အရာတွေကို ကိုယ်ခံအားက ပုံမှန် မဟုတ်ဘဲ တုံ့ပြန်တဲ့ အခြေအနေပါ။ ဒီအခြေအနေကို ဓာတ်မတည့်ခြင်း (ALLERGY) လို့ခေါ်တာပါ။ဓာတ်မတည့်မှုဖြစ်စေတဲ့အရာ(allergens) တစ်ခုခုကို ထိတွေ့မိပြီဆိုတာနဲ့ ခန္ဓာကိုယ်က နှာချေတာ၊ နှာစေးတာ၊အရေပြားမှာ အနီအပိမ့်တွေထွက်တာ၊ အင်ပြင်တွေလိုဖြစ်တာမျိုး ဖြစ်ပြီး တုံ့ပြန်ပါတယ်။  ဒါက ခန္ဓာကိုယ်က ဓာတ်မတည့်မှုကို တုံ့ပြန်ဖို့ ခန္ဓာကိုယ်က ဓာတုပစ္စည်းတွေ ထုတ်နေတဲ့ လက္ခဏာတွေပါ။ အဆိုးဆုံးအနေနဲ့ ဓာတ်မတည့်တာက သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။အတွေ့ရများတဲ့ ဓာတ်မတည့်မှုတွေကတော့ ဝတ်မှုန်ဓာတ်မတည့်ခြင်း (Hay Fever)၊ အစားဓာတ်မတည့်ခြင်း (food allergies)၊ အရေပြားဓာတ်မတည့်မှုပြဿနာတွေပါ။ဓာတ်မတည့်မှုက အဖြစ်များတဲ့ကျန်းမာရေးပြဿနာဖြစ်ပြီး သေချာလေး ကုသမှုခံယူဖို့ လိုပါမယ်။ဓာတ်မတည့်မှုဖြစ်တဲ့အခါ ခန္ဓာကိုယ်က histamine နဲ့ leukotrienes အပါအဝင် ဓာတုပစ္စည်းတွေကို ထုတ်လွှတ်ပါတယ်။ ဒီဓာတုပစ္စည်းတွေက အရေပြားကို ထိခိုက်စေသလို၊ အသက်ရှူလမ်းကြောင်းစနစ်၊ အစာခြေစနစ် နဲ့ အခြားသောအရာတွေကို ထိခိုက်စေနိုင်ပါတယ်။ဥပမာ အရေပြားဓာတ်မတည့်မှု (atopic dermatitis) ဆိုရင် အဓိကလက္ခဏာက ယားယံတာပါ။ အစားအစာ ဓာတ်မတည့်တာဆိုရင် အရေပြားမှာ အင်ပြင်တွေဖြစ်တာ၊ ရောင်တာ၊ ယားယံတာ၊ အနီရောင်အဖုအပိမ့်တွေထွက်တာမျိုး ခံစားရနိုင်ပါတယ်။ အစာခြေစနစ်မှာဆိုရင်တော့ မအီမသာဖြစ်တာ၊ ဝမ်းပျက်ဝမ်းလျှောတာမျိုး ခံစားရနိုင်ပါတယ်။ အသက်ရှူလမ်း​ကြောင်းမှာဆိုရင်တော့ အသက်ရှူရခက်တာမျိုး ခံစားရနိုင်ပါတယ်။ဓာတ်မတည့်မှုကြောင့် နှာခေါင်း အမြှေးပါးရောင်ခြင်း (Allergic rhinitis) ကတော့ ဝတ်မှုန်၊ မှို၊ တိရစ္ဆာန်အမွေးတွေ၊ ဖုန်မှုန့်တွေကြောင့် ဖြစ်တာပါ။ ဒီလိုဖြစ်တဲ့အခါ နှာချေတာ၊ နှာရည်တွေကျတာ၊ နှာစေးတာ၊ မျက်လုံးတွေယားတာ၊ နှာခေါင်းပိတ်တာမျိုး ခံစားရနိုင်ပါတယ်။ ရှူရှိုက် မိတာမဟုတ်ဘဲ ထိတွေ့မိတာဆိုရင်တော့ အရေပြား နီမြန်းတာ၊ ယားယံတာ၊ အရည်​ကြည်ဖုထွက်တာတွေ ခံစားရနိုင်ပါတယ်။ပြင်းထန်တဲ့ ဓာတ်မတည့်မှုရဲ့ တုံ့ပြန်မှုအနေနဲ့ မျက်နှာတွေ ရောင်ကိုင်းတာ၊ လျှာတွေ၊ နှုတ်းခမ်းတွေ၊ ခြေလက်တွေ ရောင်တာ၊ အင်ပြင်တွေ ထွက်တာ၊ အသက်ရှူရတာ ခက်တာ၊ သွေးပေါင်ကျတာလိုမျိုး လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ ဒီလို လက္ခဏာတွေ ခံစားရမယ်ဆိုရင် အရေးပေါ်ကုသမှု ခံယူဖို့ လိုပါမယ်။စစ်ဆေးတဲ့အခါ အရေပြားကို စစ်ဆးတာ (skin testing ) နဲ့ သွေးကို စစ်ဆေးတာ (specific IgE (sIgE)) ဆိုပြီး ရှိပါတယ်။ အစားဓာတ်မတည့်မှုဆိုရင်တော့ အစားစားတာကနေတဆင့် စစ်ဆေးရပါမယ်။ပန်းနာရင်ကျပ်ဆိုရင်တော့ spirometry ကနေတဆင့် သိနိုင်ပါတယ်။ဓာတ်မတည့်မှု ဖြစ်ရင် များသောအားဖြင့်ကတော့ နောက်တစ်ခါ ဓာတ်မတည့်မှု ဖြစ်စေတဲ့အရာတွေကို ရှောင်ဖို့ ပြောကြတာများပါတယ်။ ဘယ်ကနေ ဓာတ်မတည့်မှု ဖြစ်တာလဲဆိုတာကို သိထားဖို့လည်း မှာတတ်ကြပါတယ်။ဓာတ်မတည့်မှုက အကြိမ်ကြိမ် ပြန်ဖြစ်နိုင်လို့ အနေအထိုင်၊ အစားအသောက် အရာရာ ဂရုစိုက်ဖို့ လိုပါမယ်။သိပ်မပြင်းထန်တဲ့ ဓာတ်မတည့်မှုတွေအတွက်တော့ antihistamines လိုမျိုး ဆေးဝါးတွေ သောက်တာ၊ ဆားရည်နဲ့ ဆေးကြောတာ၊ နှာခေါင်းထဲ အစက်ချတာမျိုး လုပ်ပေးလို့ ရပါတယ်။တကယ်လို့ ဒီလိုတွေ လုပ်ပေမယ့် မသက်သာဘူးဆိုရင် လိုအပ်တဲ့ကုသမှုကို ခံယူပါ။ ဆေးလိမ်းတာ၊ ဆေးသောက်တာတွေကို တတ်ကျွမ်းနားလည်သူက ညွှန်ပေးပါလိမ့်မယ်။ အရမ်းပြင်းထန်မယ်ဆိုရင် ဆေးထိုးဖို့ လိုအပ်ပါမယ်။ဓာတ်မတည့်ပြဿနာဆိုတာ မျိုးဗီဇ၊ ပတ်ဝန်းကျင်အခြေအနေ၊ ခုခံအား စတာတွေနဲ့ သက်ဆ်ုင်တာဖြစ်တဲ့အတွက် အပြီးပျောက်အောင် ကုဖို့ရာ ခဲယဉ်းပါတယ်။ ဒါ့ပြင် ဓာတ်မတည့်ရောဂါက အမျိုးအစားအများကြီး ရှိသလို ဓာတ်မတည့်စေတဲ့ ပစ္စည်းတွေကလည်း အများကြီးရှိပါတယ်။ ကံကောင်းတာတစ်ခုက ကိုယ်နဲ့ မတည့်တာကိုသာ ရှောင်နိုင်မယ်ဆိုရင် လူကောင်းတစ်ယောက်လို နေထိုင်သွားနိုင်တာကြောင့် မတည့်တာကို သေချာမှတ်ထားပြီး ရှောင်ကြည့်ဖို့က အရေးကြီးဆုံးပါပဲ။[embed-health-tool-bmr]
allergies
allergies
https://hellosayarwon.com/allergies/all-about-allergy/
မှို စားပေးခြင်းဖြင့် ရနိုင်တဲ့ အရေပြားဆိုင်ရာ ကောင်းကျိုးတွေ
မှို ဟာ ကျန်းမာရေးအတွက် အလွန်ကောင်းတဲ့အစားအစာအဖြစ် လူသိများကြပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေအပြင်အရွယ်တင်နုပျိုစေတဲ့ antioxidant တွေအများအပြား ပါဝင်တဲ့ မှိုဟာအရေပြားအလှအပအတွက်လည်း အထူးကောင်းတဲ့ ဓာတ်စာ ဖြစ်ပါတယ်။ဟင်းသီးဟင်းရွက်တွေအများစုက မီးပြင်းပြင်းနဲ့ ချက်ပြုတ်လိုက်တဲ့အခါမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေ ပျက်စီးသွားတတ်ပါတယ်။ မှိုကတော့ များသောအားဖြင့် ဆီနည်းနည်းနဲ့ ကြော်ချက်ပြီး စားတဲ့အတွက် အာဟာရဓာတ်တွေကို ပြည့်ဝစုံလင်စွာ ရရှိနိုင်ပါတယ်။မှို ထဲမှာ အမျှင်ဓာတ်နဲ့ မပြည့်ဝဆီတွေ ပေါကြွယ်ဝပြီးကယ်လိုရီပါဝင်မှု နည်းပါတယ်။ ဗီတာမင် B အုပ်စု၊ အသားအရေအတွက် ကောင်းကျိုးများစွာ ပေးနိုင်တဲ့ဗီတာမင် Dနဲ့ ပိုတက်စီယမ်ဓာတ်တွေ အများအပြား ပါဝင်ပါတယ်။၁။ အသားအရေကိုရေဓာတ်ဖြည့်တင်းပေးတယ်။ ပုံမှန်စားပေးရင် ကျန်းမာပြီး နူးညံ့လှပတဲ့ အရေပြားအလှကို ပိုင်ဆိုင်ရမှာပါ။ အသားအရေကို ညီညာတင်းရင်းစေပြီး အရောင်ညီစေပါတယ်။၂။ မှို မှာ ပါဝင်တဲ့ ဗီတာမင် D ဓာတ်ဟာ ဝက်ခြံတွေကို သက်သာစေနိုင်တဲ့အပြင်ဝက်ခြံပေါက်ပြီး ကျန်ခဲ့တဲ့ အမာရွတ်တွေကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။၃။ မှိုမှာ အသားအရေကို ဝင်းမွတ်တောက်ပစေတဲ့ ဓာတ်ပေါင်းတစ်မျိုး ပါဝင်ပါတယ်။ အရေပြားပေါ်က ဆဲလ်အသေတွေ ကွာကျသွားတဲ့အခါ အသစ်ဖြစ်လာမယ့် အရေပြားဆဲလ်တွေကို အားဖြစ်စေပါတယ်။၄။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးတဲ့အပြင် မျက်နှာက အရေးအကြောင်းတွေကို ပျောက်ကင်းစေနိုင်ပါတယ်။၅။ ဝက်ခြံ၊ တင်းတိပ်၊ နှင်းခူ အစရှိတဲ့ အရေပြား ပြဿနာတွေကိုလည်း ပျောက်ကင်းစေပြီး နေလောင်ဒဏ်ကြောင့် အသားအရေ ခြောက်သွေ့ယားယံတာ၊ နီရဲတာကို သက်သာစေနိုင်ပါတယ်။၆။ ဆံသားမွေးညှင်းပေါက်တွေကို အားဖြစ်စေတဲ့ အာဟာရဓာတ်တွေ ပါဝင်လို့ ဆံသား သန်စွမ်းစေတယ်။ ဆံပင်အများအပြား မကျွတ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။၇။ မှို မှာပါဝင်တဲ့ ဆယ်လီနီယမ်ဓာတ် (selenium) က ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်တဲ့အပြင် ဦးရေပြားမှာ ဗောက်မထအောင်လည်း ကာကွယ်ပေးပါတယ်။၁။ မှို မှာ လူ့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်၊အမျှင်ဓာတ်၊ အင်ဇိုင်းနဲ့ ကစီဓာတ်တွေ ပါဝင်ပြီး ကိုယ်ခန္ဓာကို ဘေးဥပါဒ်ဖြစ်စေတဲ့ အဆီနဲ့ ကိုလက်စထရောတွေကို လောင်ကျွမ်းစေပါတယ်။၂။ အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာ၊ အမျိုးသမီးတွေမှာ ရင်သားကင်ဆာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။၃။ ဗီတာမင်နဲ့ အာဟာရဓာတ်တွေ ပေါကြွယ်ဝပြီး သွေးထဲမှာ ရှိတဲ့ သကြားဓာတ်ကို ထိန်းညှိပေးနိုင်လို့ ဆီးချိုရောဂါရှင်တွေအတွက်လည်း အကောင်းဆုံး ဓာတ်စာထဲမှာ ပါဝင်ပါတယ်။ သဘာ၀ ပဋိပစ္စည်းတွေ ပါဝင်လို့ ရောဂါတွေ အလွယ်တကူဖြစ်မလာအောင်လည်း တားဆီးပေးနိုင်ပါတယ်။၄။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးလို့ ခန္ဓာကိုယ်ထဲ ဝင်လာမယ့် ရောဂါတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။၅။ သွေးတွင်း အဆီဓာတ်နဲ့ ကိုလက်စထရောတွေကို ကျစေလို့ ကိုယ်အလေးချိန် ထိန်းနေတဲ့ ပျိုမေတွေအတွက်လည်း ဝိတ်ကျစေတဲ့ (diet) အစားအစာအဖြစ် စားသုံးပေးနိုင်ပါတယ်။၆။ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီး စိတ်ကို ကြည်လင်လန်းဆန်းစေတယ်။ စိတ်ကျရောဂါတွေကို မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။၇။ အရိုးကို သန်စွမ်းစေတဲ့ ဖောလစ်အက်ဆစ် ပါဝင်လို့ အမျိုးသမီးတွေအရိုးပွရောဂါမဖြစ်အောင် ကာကွယ်ဖို့အတွက် နေ့စဉ် စားပေးသင့်ပါတယ်။မှိုဟာ ကျန်းမာရေးနဲ့ ညီညွတ်စေပြီး ကျား၊ မ မရွေး၊ အသက်အရွယ်မရွေး စားသုံးပေးသင့်တဲ့ အစားအစာဖြစ်ပါတယ်။ ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာ အလုပ်လုပ်နိုင်စေတယ်။ အသားအရေနဲ့ ဦးရေပြားကိုလည်း ကျန်းမာစေလို့ အလှအပကြိုက်တဲ့ သူတွေ မဖြစ်မနေ စားပေးသင့်တယ်နော်။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/health-benefits-of-mushrooms/
ရင်သားကင်ဆာခွဲစိတ်ပြီး လေ့ကျင့်ခန်းနှင့် အစာအာဟာရ
ရင်သားကင်ဆာခွဲစိတ်အပြီးမှာ ကျန်းမာရေးကို ဆက်လက်ပြီး ဂရုစိုက်ဖို့၊ စနစ်တကျ နေထိုင်စားသောက်တတ်ဖို့ အရေးကြီးပါတယ်။ သည်ဆောင်းပါးက ရင်သားကင်ဆာခွဲစိတ်ပြီး လေ့ကျင့်ခန်းနှင့် အစာအာဟာရ နဲ့ ပတ်သက်လို့ အကြံဉာဏ်ပေးသွားမှာ ဖြစ်ပါတယ်။ရင်သားကင်ဆာခွဲစိတ်အပြီးမှာ လက်မောင်းနဲ့ ပုခုံးတို့ ပုံမှန်လှုပ်ရှားမှု ပြန်လုပ်နိုင်စေဖို့ မှန်ကန်တဲ့ လေ့ကျင့်ခန်းများ ပြုလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းများက ခွဲစိတ်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများဖြစ်တဲ့ပုခုံးတစ်ဝိုက်တောင့်တင်းပြီး လှုပ်ရှားရခက်တာ၊ ဖောရောင်တာတွေကို သက်သာစေပါတယ်။ ဆရာဝန်များက သင်နဲ့ သင့်တော်သော လေ့ကျင့်ခန်း အမျိုးအစားကို ရွေးချယ်ပေးနိုင်ပါတယ်။-ခွဲပြီး ပထမနှစ်ပတ်တွင် ပုခုံးအထက် လက်ကို မြှောက်ခြင်း၊ အလေးအပင်မခြင်းများကို ရှောင်ကြဉ်ပါ။ ခွဲထားသောဘက်မှ လက်မောင်းကို အသုံးပြုပြီး တွန်းခြင်း၊ ဆွဲခြင်းများ မပြုလုပ်ပါနဲ့။ဒီအချိန်မှာ ပုခုံးတွန့်ခြင်း၊ ပုခုံးကို စက်ဝိုင်းပုံလှုပ်ရှားခြင်း၊ ပုခုံးကို မခြင်း၊ လက်မောင်းလွှဲခြင်း၊ ခန္ဓာကိုယ်ကို လှည့်ခြင်းတို့ကို ခပ်ဖြည်းဖြည်း  လုပ်ပေးနိုင်ပါတယ်။ အသက်ပြင်းပြင်းရှူခြင်း၊ ခေါင်းဖီးခြင်း ၊ ရေချိုးခြင်း၊ အဝတ်လဲခြင်းလိုမျိုး ပုံမှန်လှုပ်ရှားမှုများကိုလည်း ပြုလုပ်နိုင်ပါတယ်။-နောက်ထပ် ၂ ပတ်မှာ လေ့ကျင့်ခန်း အသစ် တစ်ခုကို အစပြုနိုင်ပြီး လုပ်လက်စ လေ့ကျင့်ခန်းကိုလည်း ဆက်လုပ်သင့်ပါတယ်။ ဒါမှ လက်မောင်းရဲ့ လှုပ်ရှားနိုင်စွမ်း အပြည့်အ၀ ရပါမယ်။ အခြား လေ့ကျင့်ခန်းများမှာ လက်ကို ခေါင်းပေါ်မြှောက်ခြင်း၊ ကွေးခြင်း၊ ရင်ဘတ်ကို ကျောဘက်သို့ လှန်ချခြင်း များ ဖြစ်ပါတယ်။-၆ပတ်မြောက်မှာ ပုံမှန် လှုပ်ရှားမှုများ လုပ်နိုင်ပါပြီ။ ဒါပေမဲ့ အလေးအပင်တွေတော့ မမပါနဲ့ဦး။ ပုခုံးက ပုံမှန်အတိုင်း လှုပ်ရှားနိုင်ပြီဖြစ်သော်လည်း အချို့လေ့ကျင့်ခန်းများကို ဆက်လုပ်သွားသင့်ပါတယ်။ခွဲစိတ်မှုကနေ နာလတ်ထလာရင်တောင် လေ့ကျင့်ခန်းတွေကို ဆက်လုပ်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်းများက ရင်သားကင်ဆာပြန်ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။အာဟာရကလည်း ရင်သားကင်ဆာရောဂါသည်များအတွက် အရေးကြီးပါတယ်။ ခွဲစိတ်အပြီးမှာ သင့်တော်တဲ့ စားသောက်ပုံကို ထားရှိသင့်ပါတယ်။-ခွဲစိပ်အပြီးမှာ ခန္ဓာကိုယ်က ဆဲလ်များ ပြန်တည်ဆောက်ရန်နဲ့ ခွဲစိတ်အနာများ ကျက်ရန်အသားဓာတ်များ ပိုလိုအပ်ပါတယ်။ အသားအမျိုးမျိုး၊ ပဲ၊ ကြက်ဥ၊ နို့ စတာတွေကို တိုးပြီး စားသုံးသင့်ပါတယ်။-အပင်များမှရသော ဖိုင်တိုဓာတ်များသည်ကင်ဆာပြန်ဖြစ်နိုင်ချေကို နည်းစေပြီး ကောင်းကျိုးများကို ဖြစ်စေသည်ဟု လေ့လာချက်များအရ သိရပါတယ်။ ဒါကြောင့် အသီးအရွက်၊ အသီးအနှံများ စားပေးပါ။–ပဲနို့မှာ ဖိုင်တိုအီစထရိုဂျင် ဟော်မုန်း ပါဝင်သောကြောင့် ရင်သားကင်ဆာဖြစ်နိုင်ချေကို နည်းစေပါတယ်။ ဖိုင်တိုအီစထရိုဂျင် ဟော်မုန်းက ခန္ဓာကိုယ်ထဲရှိ အီစထရိုဂျင် ဟော်မုန်းနဲ့ ဆင်တူပါတယ်။-အသီးအရွက်အတော်များများနဲ့ ပဲများမှာ တွေ့ရတဲ့ ကင်ဆာကာကွယ်တဲ့ အင်တီအောက်စီးဒင့်ဓာတ်များက ဆဲလ်များ ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။ အသီးတွေမှာ အနီရောင်၊ ပန်းရောင် ဖြစ်စေတဲ့လိုင်ကိုပင်းဓာတ်က အင်တီအောက်စီးဒင့်တစ်မျိုး ဖြစ်ပါတယ်။ ရင်သားကင်ဆာကို ကူညီတိုက်ခိုက်ပေးပါတယ်။ ကျွဲကောသီး၊ ခရမ်းချဉ်သီးတို့ကနေ ရနိုင်ပါတယ်။-ဘီတာ ကရိုတင်းပါသော အစားအစာများ ဖြစ်တဲ့ မုန်လာဥနီ၊ သစ်ကြားသီးနဲ့ ကန်စွန်းဥများကလည်း ရင်သားကင်ဆာ ပြန်ဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ရင်သားကင်ဆာ ခွဲစိတ်မှု အပြီးမှာ မြန်မြန် နာလန်ထနိုင်ဖို့၊ ရင်သားကင်ဆာ နောက်ထပ် ပြန်ဖြစ်ခြင်းကို လျှော့ချနိုင်ဖို့ သင့်တော်တဲ့ လေ့ကျင့်ခန်းနဲ့ အာဟာရများ လိုအပ်ပါတယ်။ရေးသားသူ- Dr Nyan Linn။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/exercise-and-nutrition-for-post-op-breast-cancer/
ဘေဘီလေးတွေမှာဖြစ်တဲ့ နှာစေးနှာပိတ် သက်သာစေဖို့
ကလေးက ဂျီကျနေတယ်။ အသက်ရှူသံလည်း ပြင်းလို့၊ ဘာကျွေးကျွေးမစားဘူးပဲ လုပ်နေပြီလား။ ဒါဆိုရင်တော့ မိဘတွေအနေနဲ့ တွေးစရာတစ်ခုရှိတာက ဘေဘီလေးကနှာစေးနှာပိတ်များ ဖြစ်နေလားဆိုတာပါနော်။ အခုတစ်ခေါက်တော့ ဘေဘီလေးတွေမှာဖြစ်တဲ့ နှာစေးနှာပိတ် သက်သာအောင် လုပ်ပေးရမလဲဆိုတဲ့ အကြောင်းလေးတွေပါနော်။ နှာစေးတာ၊ နှာခေါင်းပိတ်တာက လူကြီးတွေမှာတောင် တော်တော်လေး နေရခက်ပါတယ်နော်။ ဘာမှတောင် မပြောနိုင်သေးတဲ့ ကလေးလေးတွေမှာဆို ဘယ်လောက်များ ခံရခက်လိုက်မလဲ။နှာစေးနှာပိတ်တယ်ဆိုတာနှာခေါင်းမှာ အရည်တွေ (ချွဲတွေ) များပြားစုပုံနေတဲ့ အခြေအနေတစ်ရပ်ပါ။ ပြင်ပအရာတစ်ခုခု နှာခေါင်းတွင်း ဝင်ရောက်တဲ့အခါမှာလည်း ဒီလိုမျိုး တုံ့ပြန်နိုင်ပါတယ်။ဓာတ်မတည့်တဲ့အရာတွေ၊ဗိုင်းရပ်စ်တွေကို တုံ့ပြန်ဖို့လည်း နှာခေါင်းက ဒီနည်းလမ်းကိုပဲ အသုံးပြုတာပါ။ နှာခေါင်းပိတ်တဲ့အခါ ဘေဘီလေးတွေမှာ။မိခင်နို့– သဘာဝဆေးတစ်လက်ပေါ့။ အလွယ်ကူဆုံးနဲ့ အရိုးစင်းဆုံးပါ။ စိတ်အချရဆုံးဆိုလည်း ဟုတ်ပါတယ်နော်။ နည်းလမ်းကတော့ ကလေးရဲ့ နှာခေါင်းထဲကို မိခင်နို့ရည် တစ်စက်၊ နှစ်စက်လောက် ချပေးလိုက်ပါ။ ပြီးရင် ကလေးကို ပခုံးပေါ်မှောက်ပြီး ချီထားလိုက်ပါ။ ခေါင်းလေးကို ခပ်မတ်မတ်လေး ထားပေးဖို့တော့ လိုပါမယ်နော်။ ပြီးရင် ကလေးကို ထိုင်ရက်အနေအထားမှာ ထားပေးပါ။ ချွဲတွေ ပျော်ကျလာပါလိမ့်မယ်။ဆားရည်–ဆားကို ရေနွေးလေးနဲ့ ဖျော်ပြီး နှာခေါင်းထဲကို တစ်စက်၊ နှစ်စက်လောက် ချပေးလိုက်ပါ။ ရေတစ်ဘူးစာကို ဆား လက်ဖက်ရည်ဇွန်းနဲ့ ၄ ပုံတစ်ပုံပဲရောစပ်ရမှာပါနော်။ ဒါမှမဟုတ် ဆေးဆိုင်တွေမှာ ရောင်းတဲ့ နှာခေါင်းဆေး saline (ဆလိုင်း) နဲ့ လုပ်ပေးလို့လည်း ရပါတယ်။ ဗူးကို ဖွင့်ပြီး ၂၄နာရီအတွင်းသာ သုံးပါ။အစိုဓာတ်ထိန်းစက်လေး ဖွင့်ပေးပါ– ကလေးအိပ်နေတဲ့ နေရာနားလေးမှာ အစိုဓာတ်ထိန်းစက်လေး ဖွင့်ပေးတာ၊ ကလေးဆော့တတ်တဲ့နေရာမှာ အစိုဓာတ်ထိန်းစက်လေး ဖွင့်ပေးတာမျိုးကလည်း ကလေးကို နှာစေးနှာပိတ် သက်သာစေမှာပါ။နှာခေါင်းတွင်းပိတ်နေတဲ့ ချွဲတွေကို ဖယ်ရှားပေးပါ– ကလေးရဲ့ နှာခေါင်းတွင်းထဲနဲ့ အပြင်ဘက်မှာ နှပ်ချေးတွေ ချွဲတွေ ကပ်နေနိုင်တာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါဂွမ်းစမှာ ရေနွေးနွေးလေးစွတ်လို့ သေချာဂရုတစိုက်လေး ဖယ်ရှားပေးပါ။ကျောလေးကို ခပ်ဖွဖွလေးပုတ်ပေးပါ-ကျောလေးကို ခပ်ဖွဖွလေးပုတ်ပေးတာကလည်း ကလေး နှာစေးတာကို သက်သာစေနိုင်ပါတယ်။ ကလေးကို ပေါင်ပေါ်မှာမှောက်ရက်အနေအထား တင်ထားပြီး ကျောလေးကို လက်ဖဝါးသုံးလို့ ခပ်ဖွဖွလေး ပုတ်ပေးပါ။ ပြီးရင် ကလေးကို ပေါင်ပေါ်မှာ ထိုင်ခိုင်းပြီးခန္ဓာကိုယ်ကို အရှေ့ဘက်ကို ၃၀ ဒီဂရီလောက် ကိုင်းထားပေးပါ။ ဒီလိုလုပ်တာက ချွဲတွေကို ပျော်စေပြီး ပြင်ပကို ထွက်လာစေမှာပါ။ နှာခေါင်းပိတ်တာကို သက်သာစေဖို့ အသုံးဝင်တဲ့ နည်းလေးတစ်ခုပေါ့။ဘေဘီလေးတွေမှာဖြစ်တဲ့ နှာစေးနှာပိတ် အတွက် ဆေးတိုက်ဖို့ကလည်း ငယ်လွန်းသေးတယ်ဆိုရင်တော့ ဒီနည်းလေးတွေက အသုံးတည့်မှာပါ။သတိထားရမယ့်အချက်က။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/baby-stuffy-nose/
ဒူးအစားထိုးကုသမှု မလုပ်ခင် ဆရာဝန်ကိုမေးသင့်တဲ့ အရေးကြီးဆုံးမေးခွန်းများ
ဒူးနာတယ်၊ အထိုင်အထလုပ်ရင် အရမ်းနာကျင်ရတယ်၊ လမ်းမလျှောက်နိုင်ဘူး၊ စတဲ့နာကျင်မှုတွေက အမြန်ဆုံးကုသမှုခံယူသင့်တဲ့ လက္ခဏာတွေပါ။ ဒါတွေဟာ အသက်အရွယ်ကြောင့် အရိုးအဆစ်တွေ ယိုယွင်းအားနည်းလာတာ၊ နာတာရှည် အဆစ်နာရောင်ရမ်းမှု၊အရွတ်ထိခိုက်မှု၊ ဒဏ်ဖြစ်စေတဲ့ ထိခိုက်မှုကြောင့်ဒူးဆစ်ထိခိုက်မှု၊အရိုးနုလွှာထိခိုက်မှု စတဲ့ အကြောင်းရင်းတွေ အများကြီးရှိနိုင်ပါတယ်။ဒူးနာတဲ့အခါ ရောဂါအတိမ်အနက်ကို မူတည်ပြီး သောက်ဆေး၊ လိမ်းဆေးတွေနဲ့ကုသမှု၊ ထိုးဆေးကုသမှု၊ ဒူးအစားထိုးကုသမှုတို့လို နည်းလမ်းတွေနဲ့ ကုသရပါတယ်။ တကယ်လို့ တခြားနည်းတွေနဲ့ မသက်သာဘဲဒူးအစားထိုးကုသမှုကို စဉ်းစားနေရပြီဆို ကိုယ့်ဘက်က ကြိုတင်လေ့လာဖို့လိုပါတယ်။(၁) ဒူးအစားထိုးကုသမှု ဘယ်အမျိုးအစားက ကိုယ့်အတွက် အသင့်တော်ဆုံးလဲ။အဆစ်နာဝေဒနာပြင်းထန်မှုအတိုင်းအတာ၊ အသက်အရွယ်နဲ့ အထွေထွေကျန်းမာရေးအခြေအနေ တို့ကို မူတည်ပြီး သင့်တော်တဲ့ ခွဲစိတ်ကုသမှုအမျိုးအစားကို ဆရာဝန်က ရွေးချယ်ပေးမှာပါ။ ကိုယ့်အတွက် အသင့်တော်ဆုံးက ဒူးဆစ်တစ်ခုလုံး အစားထိုးကုသမှုလား၊ ဒူးဆစ်တစ်စိတ်တစ်ပိုင်း အစားထိုးကုသမှု လား ကြိုသိထားသင့်ပါတယ်။(၂)နောက်ဆက်တွဲပြဿနာတွေဖြစ်နိုင်ခြေရှိလား။ဒီကုသမှုရဲ့ နောက်ဆက်တွဲပြဿနာတွေက အဖြစ်နည်းပါတယ်။ ကုထုံးတိုင်းရဲ့ ထုံးစံအတိုင်း နောက်ဆက်တွဲပြဿနာတွေ ဖြစ်နိုင်ခြေကတော့ရှိတာပေါ့။ သွေးခဲပိတ်ဆို့ခြင်း၊ ခွဲစိတ်ဒဏ်ရာပိုးဝင်ခြင်း၊ ဒူးဆစ်နဲ့တဝိုက်တစ်ရှူးတွေထိခိုက်ခြင်းစတာတွေ ပါဝင်နိုင်ပါတယ်။ ဒါပေမယ့် ဆရာဝန်ညွှန်ကြားချက် အတိုင်း လိုက်နာဂရုစိုက်မယ်ဆို အမြန်ဆုံးအကောင်းအတိုင်း ဖြစ်နိုင်ပါတယ်။(၃)ခွဲစိတ်မှုက ကြာမှာလား၊ ဆေးရုံတက်ရမှာလား။တချို့တွေမှာတော့ ဒူးအစားထိုးကုသမှုကို ပြင်ပလူနာအဖြစ်နဲ့ ကုသပေးနိုင်ပါတယ်။ ဒါပေမယ့် ယေဘုယျအားဖြင့် ခွဲစိတ်မှုနောက်ပိုင်း ဒူးတစ်ဖက်တည်းအတွက် သုံးရက်ကနေ လေးရက် ဒါမှမဟုတ် ဒူးနှစ်ဖက်အတွက်ဆို ငါးရက်ကနေ ခုနစ်ရက်အထိ ဆေးရုံမှာနေရနိုင်ပါတယ်။(၄) ခွဲစိတ်မှုက နာကျင်မှာလား၊ ဘယ်လိုဂရုစိုက်ရမလဲ။ခွဲစိတ်မှုနောက်ပိုင်း နာကျင်မှုကတော့ ကိုယ်ခံယူခဲ့တဲ့ ကုသမှုအမျိုးအစားကို မူတည်မှာဖြစ်ပါတယ်။ ဒါပေမယ့်မပူပါနဲ့။ လိုအပ်တဲ့အကိုက်အခဲပျောက်ဆေးနဲ့ အရောင်ကျဆေးတွေကို ဆရာဝန်က ညွှန်ကြားပေးမှာပါ။ ညွှန်ကြားချက်အတိုင်း လိုက်နာနေထိုင်လေ ပျောက်ကင်းသက်သာမှု ပိုမြန်လေပါပဲ။(၅)သောက်နေကျဆေးတွေကို ခွဲစိတ်မှုမခံယူခင် ရပ်ဖို့လိုလား။ကိုယ့်မှာ တခြားရောဂါအခံ သို့မဟုတ် ကျန်းမာရေးအခြေအနေကြောင့် သောက်နေရတဲ့ဆေးဝါးတွေ ရှိနိုင်ပါတယ်။ အဲဒီဆေးတွေကို ခွဲစိတ်ချိန်နဲ့ နောက်ပိုင်း ဘယ်လိုသောက်သုံးရမလဲ သေချာမေးမြန်းပါ။(၆) ပြန်ကောင်းဖို့ ဘယ်လောက်ကြာမလဲ။အများစုက ခွဲစိတ်ပြီး ၆ ပတ်အကြာမှာပုံမှန်လှုပ်ရှားမှုတွေပြန်လုပ်နိုင်ပါပြီ။ လုံးဝအကောင်းအတိုင်း ပြန်လှုပ်ရှားနိုင်ဖို့က အချိန် ၃လအထိ ကြာနိုင်တယ်လို့ ကျန်းမာရေးအဖွဲ့အစည်းတွေက ပြောပါတယ်။ ကိုယ့်ရဲ့ခွဲစိတ်မှု အမျိုးအစားကို မူတည်ပြီး ပြန်ကောင်းဖို့ ကြာချိန်အကြောင်း ဆရာဝန်ကို သေချာမေးမြန်းကြည့်ပါ။(၇) ဆောင်ရန်၊ ရှောင်ရန် အချက်တွေ။ခွဲစိတ်မှုနောက်ပိုင်းမှာ ကျွမ်းကျင်သူတွေရဲ့ ပြန်လည်ကျန်းမာရေးလမ်းညွှန်ချက်တွေကို လိုက်နာဖို့ အရေးကြီးပါတယ်။ ဒူးသန်မာစေဖို့ရည်ရွယ်တဲ့ ပြန်လည်သန်စွမ်းရေးကုထုံးတွေ၊ လေ့ကျင့်ခန်းတွေ ရှိမယ်၊ ဒါတွေက အနည်းငယ် နာကျင်ရနိုင်ပေမယ့်နောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်ခြေနည်းစေပါတယ်။ ဒါ့ကြောင့် ဘယ်လိုမျိုးလေးတွေ ရှောင်ရမယ်၊ နေထိုင်သင့်တယ်၊ ဘာတွေဂရုစိုက်ပေးရမလဲဆိုတာ ကြိုတင်မေးမြန်းသင့်ပါတယ်။ခွဲစိတ်ကုသမှုတွေ မခံယူခင်မှာ ဒီအချက်လေးတွေကို သေချာလေး မေးမြန်းဖို့ လိုပါမယ်။အရိုးနဲ့ ပတ်သက်တဲ့ ခွဲစိတ်မှုတွေကို ခံယူဖို့ဆိုရင် ကျန်းမာရေးစောင့်ရှောက်မှု အကောင်းဆုံးပေးနိုင်ပြီး အရိုးကုသမှုပိုင်းမှာ ကျွမ်းကျင်တဲ့King of Bonesလို့ တင်စားခံရတဲ့ ထိုင်းအခြေစိုက်ဝေ့ဌာနီဆေးရုံလိုမျိုး ဆေးရုံတွေမှာ ကုသမှုခံယူလို့ရပါတယ်။အရိုးကျန်းမာပြီး နေ့ရက်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း……….။Vejthani (ဝေ့ဌာနီ) ဆေးရုံနဲ့ပတ်သက်ပြီး အချက်အလက်တွေကို ပိုမို သိရှိလိုပါက banner logo လေးကို click တောက်ကြည့်လိုက်ပါ။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/orthopedic-surgery/%e1%80%92%e1%80%b0%e1%80%b8%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%80%91%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%af%e1%80%9e%e1%80%99%e1%80%be%e1%80%af/
ပန်းသေပန်းညှိုးကို ကုသနည်း ၃ နည်း
သင့်မှာ ပန်းသေပန်းညှိုး ပြဿနာတွေကို ကုသဖို့ အခက်အခဲ ရှိနေပါသလား။ ဒီဆောင်းပါးမှာ ဒီပြဿနာတွေကို ကူညီပေးဖို့အတွက် ပန်းသေပန်းညှိုး ပြဿနာတွေကိုတိုးတက်စေတဲ့ နည်းလမ်းသုံးမျိုးကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ ကဲ ….. ပန်းသေပန်းညှိုးကို ကုသနည်း ၃ နည်း က ဘာတွေလဲဆိုတာကို ကိုယ်တိုင် လေ့လာလိုက်ပါ။ပန်းသေပန်းညှိုးကို ကုသနည်း ၃ နည်း ကတော့။၁။ တစ်ကိုယ်လုံး စစ်ဆေးမှုကို ပုံမှန် ပြုလုပ်ပါ။လိင်တံထောင်မတ်မှု ဆိုင်ရာ ပြဿနာရှိတဲ့အမျိုးသားသန်းပေါင်းများစွာဟာ သူတို့ရဲ့ ရောဂါလက္ခဏာတွေကို ဆရာဝန်ကို ပြောပြဖို့ ရှက်တတ်ကြပါတယ်။ ဒီရောဂါဟာ အမျိုးသားတွေကြားမှာ အလွန်အတွေ့များတာကြောင့် ဆရာဝန် အကြံဉာဏ်တောင်းပြီး ကုသမှုယူဖို့ ဘာမှ ရှက်စရာ မလိုပါဘူး။ ဒီရောဂါဟာ အသက်ကြီးလို့ ဖြစ်တာမဟုတ်ပဲ ကိုယ်ခန္ဓါထဲမှာ ရှိတဲ့ အရာတစ်ခုခုက မှားယွင်းလို့ဖြစ်တယ်ဆိုတာကို သိထားသင့်ပါတယ်။ နောက်တစ်မျိုးပြောရရင် သူဟာ ကုသဖို့လိုအပ်တဲ့ အခြေခံ ရှိနေတဲ့ ရောဂါတွေကို မီးမောင်းထိုး ပြနေတာဖြစ်ပါတယ်။ ကိုယ်တိုင် ကုသမှုမပြုခင်မှာ ဆရာဝန်ကို သွားရောက်တိုင်ပင်သင့်ပြီးလိင်တံထောင်မတ်မှုကို သက်ရောက်မှုရှိတဲ့ ပြဿနာတွေ ရှိသလားဆိုတာ ရှာဖွေစစ်ဆေးသင့်ပါတယ်။ သင့်မှာ သွေးတွင်းသကြားဓါတ်များနေရင်၊ ကိုလက်စထရော များနေရင်၊ သွေးပေါင်တက်နေရင် ဒီရောဂါတွေဟာ လိင်တံထောင်မတ်မှုကို အခက်အခဲ ဖြစ်စေပါတယ်။နှလုံးရောဂါနဲ့ ဆီးချိုရောဂါတွေဟာလည်း လိင်တံထောင်မတ်မှု ဆိုင်ရာ ပြဿနာတွေကို ဖြစ်စေတတ်တဲ့ အကြောင်းရင်းနှစ်ခု ဖြစ်ပါတယ်။၂။ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ပြီး ကိုယ်ခန္ဓာ အလေးချိန်ကို ထိန်းသိမ်းပါ။လေ့ကျင့်ခန်းလုပ်ခြင်းကို မမေ့သင့်ပါဘူး။ သူဟာသင့်ကျန်းမာရေးကိုတိုးတက်စေပြီး ကိုယ်အလေးချိန်ထိန်းဖို့ အရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်နေပါတယ်။ လှုပ်ရှားမှုတွေ ဖြစ်တဲ့ အားကစားရုံကို သွားခြင်း၊ ယောဂ လေ့ကျင့်ခြင်း၊ လမ်းလျှောက်ခြင်း၊ တောင်တက်ခြင်း၊ ရေကူးခြင်း၊ တိုက်ကွမ်ဒို ကစားခြင်း၊ စက်ဘီးစီးခြင်း အစရှိတဲ့ ကိုယ်ခန္ဓါကို ကျန်းမာစေပြီး စိတ်ကြည်လင်စေတဲ့ အရာတွေကို ပြုလုပ်သင့်ပါတယ်။ ဒီလိုလှုပ်ရှားမှုတွေကို အနည်းဆုံး တစ်ပတ်ကို လေးကြိမ်၊ တစ်ခါလုပ်ရင် နာရီဝက်ခန့် ပြုလုပ်သင့်ပါတယ်။ ဟားဗတ် က ပြုလုပ်ထားတဲ့ လေ့လာမှုတစ်ခုအရ ကိုယ်လက်လှုပ်ရှားမှု မလုပ်တဲ့ အမျိုးသားတွေဟာ လိင်တံထောင်မတ်မှု ဆိုင်ရာပန်းသေပန်းညှိုးပြဿနာတွေကို ၄၁ ရာခိုင်နှုန်း ပိုဖြစ်စေတယ်လို့ ဆိုပါတယ်။ ပြီးတော့ကိုယ်အလေးချိန်ထိန်းပေးဖို့လဲ လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်သင့်ပါတယ်။ တကယ်တော့ အဝလွန်ခြင်းဟာ လိင်တံထောင်မတ်မှု ဆိုင်ရာ ပြဿနာတွေ ဖြစ်နှုန်းကိုမြင့် စေပါတယ်။ ကိုယ်ခန္ဓါ ကျန်းမာအောင် ပြုလုပ်တဲ့ ဖြစ်စဉ်ကို မြန်မြန်ဆန်ဆန် ဖြစ်စေဖို့ ကျန်းမာရေးနဲ့ ညီမျှတဲ့ အစားအသောက်ကို စားသောက်သင့်ပါတယ်။ အစားအသောက်မှာ အသီးအရွက် အမြောက်အမြား၊ လုံလောက်တဲ့ ပရိုတင်းပမာဏနဲ့ ကျန်းမာတဲ့ အဆီတွေ ပါဝင်သင့်ပါတယ်။၃။ စိတ်ဖိစီးမှုတွေကို ဖယ်ရှားပါ။လိင်တံထောင်မတ်မှု ဆိုင်ရာ ပန်းသေပန်းညှိုး ပြဿနာအကြောင်းပြောရရင် စိတ်ပူပန်မှုဆိုတာဟာ အကြီးမားဆုံး တရားခံပါပဲ။ တစ်နည်းအားဖြင့် ပြောရရင် လိင်တံထောင်မတ်မှု ဆိုင်ရာ ပြဿနာတွေကို ကူညီပေးဖို့ စိတ်ဖိစီးမှုနဲ့ စိတ်ဖိစီးစေတဲ့ အရာတွေကို သက်သာစေမယ့် နည်းလမ်းတွေ ရှာဖွေသင့်ပါတယ်။ အလုပ်မှာ သင့်ကိုစိတ်ဖိစီးစေတဲ့ အရာတွေကို ဘေးဖယ်ပြီး အိမ်ကို အေးအေးချမ်းချမ်း ပြန်လာသင့်ပါတယ်။ စိတ်ထဲမှာ အလုပ်တွေ အများကြီး ရှိနေခဲ့ရင်လည်း အလုပ်တွေကို လျှော့ဖို့ အချိန် တန်ပါပြီ။ တကယ်လို့ နားချိန်တောင်မရှိပဲ အလုပ်ကို ဆက်တိုက်လုပ်ရမယ့် ကျပ်တည်းတဲ့ အလုပ်ချိန်တွေ ရှိနေပြီဆိုရင်တော့ မကြာခဏ ခွင့် တစ်ရက်နှစ်ရက် ယူသင့်ပါတယ်။ အလုပ် အလွန်အကျွံလုပ်ခြင်းဟာ သင့်ရဲ့ လိင်တံထောင်မတ်မှု ဆိုင်ရာ လုပ်ငန်းဆောင်တာကို ထိခိုက်စေရုံတင်မကဘူး ဘဝရဲ့ အခြားရှုထောင့်တွေမှာလဲ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ဆေးကုသမှုမခံယူခင် ဒီလိုရိုးရှင်းပြီး လွယ်ကူတဲ့ နည်းလမ်းတွေကို စမ်းသပ်ကြည့်ပါ။ ဘယ်လောက် အစွမ်းထက်လဲဆိုတာကို အံ့သြသွားပါလိမ့်မယ်။ အထက်ဖေါ်ပြပါ အချက်တွေ အကုန်လုံးက အလုပ်မလုပ်ဘူးဆိုရင်တော့ ဆရာဝန်ကို ပြသပြီး အကြံဉာဏ်တောင်းကာ ဆေးကုသမှု ယူသင့်ပါတယ်။ရေးသားသူ – Dr. Phyu Mon Latt။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/erectile-dysfunction/treatments-for-erectile-dysfunction/
ယောဂအကြောင်း သင်ဘာတွေသိသင့်သလဲ
ယောဂဆိုတာ အိန္ဒိယကနေ အစပြုပြီး နှစ်ပေါင်း ၅၀၀၀ကျော်ကြာခဲ့ပြီးဖြစ်တဲ့ သက်ရှည်ကျန်းမာစေတဲ့ နည်းလမ်းကောင်းတစ်ခုပါ။ လူတွေဟာ ယောဂဆိုတာ ခန္ဓါကိုယ်ကို ထူးဆန်းတဲ့နည်းလမ်းတွေနဲ့ လိမ်ချိုးနေတာလို့မြင်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ယောဂဆိုတာ သင့်ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်းအားလုံးဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ခံစားချက်ပိုင်းဆိုင်ရာနဲ့ စိတ်ဝိဉာဉ်ဆိုင်ရာတွေအားလုံးကို ကုသပေးနိုင်တဲ့ လေ့ကျင့်ခန်းအုပ်စုတစ်ခုပါ။ ယောဂဟာ ခုမှစကျင့်တဲ့သူတွေအတွက်ရော ပုံမှန်လေ့ကျင့်သူတွေအတွက်ပါ ပြီးပြည့်စုံတဲ့ အစီအစဉ်တွေပါဝင်တဲ့ လေ့ကျင့်မှုတစ်ခုပါ။ယောဂဆိုတဲ့စကားလုံးကတော့ သက္ကတဘာသာစကား “yuj” မှလာပါတယ်။ အဓိပ္ပါယ်ကတော့ “ ပေါင်းစည်းရန်”၊ “ပူးပေါင်းရန်” ၊ “ဆက်စပ်ပေးရန်” သို့မဟုတ် “ တွဲဆက်ပေးရန်” လို့ အဓိပ္ပါယ်ရပါတယ်။ ယောဂဟာ စိတ်နဲ့ကိုယ်နဲ့ဟာ တစ်ထပ်တည်းဖြစ်တယ်ဆိုတဲ့ အတွေးအခေါ်ကို အခြေခံပါတယ်။ ယောဂမှာ အသက်ရှူနည်းစနစ်တွေ၊ ကိုယ်နေဟန်ထားတွေ (asana တွေလို့လည်းခေါ်ပါတယ်) နဲ့ တရားထိုင်ခြင်းတွေ အားလုံးပေါင်းစည်ညးထားပါတယ်။ဒီပေါင်းစည်းမှုကို ရရှိဖို့ဆိုရင် စည်းကမ်းတကျဖြစ်ဖို့နဲ့ ခန္ဓါကိုယ်၊ စိတ်နဲ့ ဝိဉာဉ်ကိုပေါင်းစည်းနိုင်အောင် လေ့ကျင့်ဖို့ လိုပါတယ်။ လေ့ကျင့်သူတွေဟာ ယောဂက သင်ကမ္ဘာကြီးကို ဘယ်လိုမြင်တယ်ဆိုတာကို ပြောင်းလဲပေးနိုင်တယ်၊ စိတ်ကိုအေးချမ်းစေတယ်၊ ဖိအားတွေကို လျော့ကျစေတယ်လို့ ယုံကြည်ကြပါတယ်။ ဒီလိုပေါင်းစပ်မှုတွေ အားလုံးဟာ ကျန်းမာရေးကိုတိုးတက်စေနိုင်ပါတယ်။ယောဂအမျိုးအစားတွေ အများကြီးရှိပါတယ်။ ဥပမာ Ashtanga, Iyengar နဲ့ Sivananda စသဖြင့်ပေါ့။ အချို့သော စတိုင်လ်တွေကတော့ ပိုပြီးပြင်းထန်တာမျိုးကို တွေ့ရပါတယ်။ ဒါတွေအတွက်ဆိုရင်တော့ သင်ဟာ ပိုပြီးပျော့ပျောင်းရမယ်၊ ဒါမှမဟုတ် အသက်ရှူခြင်းကို ထိန်းချုပ်တာ ပိုကောင်းရပါတယ်။ တစ်ခုချင်းစီဟာ အကျိုးသက်ရောက်မှုတစ်ခုချင်းစီအတွက် ရည်ရွယ်ပြီး ပိုပြီးခက်ခဲတဲ့ အဆင့်တစ်ခုမှာရှိပါတယ်။ ဒါပေမဲ့ ဒါတွေအားလုံးမှာတော့ ပန်းတိုင်က တစ်ခုတည်းရှိပါတယ်။ သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး နှစ်ခုလုံး ကောင်းမွန်ဖို့ပါပဲ။လူအများစုကတော့ ယောဂကို ဟဿယောဂနဲ့ စကြတာများပါတယ်။ ဒီယောဂဟာ ယောဂအခြေခံနှစ်ခုဖြစ်တဲ့ အသက်ရှူခြင်းနဲ့ ခန္ဓါကိုယ်ကို ဆွဲဆန့်ပေးတဲ့ ကိုယ်နေဟန်ထား တို့နဲ့ တွဲဆက်ထားတာပါ။ ဒီ Asana တွေကိုတော့ မတ်တပ်ရပ်ရင်းဖြစ်စေ၊ လဲလျောင်းရင်းဖြစ်စေ၊ သင့်ရုံးခန်းက စားပွဲမှာ ထိုင်နေရင်းဖြစ်စေ ဒါမှမဟုတ် ကင်းမြီးကောက်ထောင်ပြီးပဲဖြစ်စေ လေ့ကျင့်နိုင်ပါတယ်။ အသက်ရှူခြင်းကို ထိန်းချုပ်တာက ကြွက်သားတွေကို အနားရစေပြီး ကိုယ်နေဟန်ထားကို မှန်ကန်စေကာ အာရုံစူးစိုက်မှုရရှိစေနိုင်ပါတယ်။ဒီယောဂမှာတော့ asana အစဉ်အတိုင်းကို မရပ်မနားလုပ်ရမှာပါ။ ဒီယောဂအမျိုးအစားဟာ အသက်ရှူနည်းစနစ်ကိုလည်း အာရုံစိုက်ရမယ့်အပြင် ဒါက အာရုံစူးစိုက်မှုကို ပိုကောင်းစေပြီး အသက်ရှူလိုက်တဲ့အခါ ခန္ဓါကိုယ်တစ်ခုလုံးကို စွမ်းအင်တွေ စီးဆင်းစေတဲ့နေရာမှာ ထိန်းချုပ်ပေးနိုင်တယ်လို့ဆိုပါတယ်။ဒီယောဂကိုတော့ Hot yoga လို့လည်းခေါ်ပါတယ်။ ဒီယောဂအမျိုးအစားကိုတော့ ၄၀ဒီဂရီ ဆဲလ်စီးယပ်စ်ထက်ပိုတဲ့ အရမ်းပူတဲ့အခန်းထဲမှာ လေ့ကျင့်ရမှာပါ။ တကယ်လို့ ဒီယောဂကို လေ့ကျင့်မယ်ဆိုရင်တော့ သင့်မှာ သွေးတိုးတာတို့၊ ဆီးချိုတို့လို ကျန်းမာရေးပြဿနာတွေ မရှိဖို့ လိုအပ်ပါတယ်။ မလေ့ကျင့်ခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။ဒီယောဂကတော့ နှေးကွေးပြီးအသေးစိတ်ကျပါတယ်။ ယောဂကို စပြပီးလေ့ကျင့်မယ့်သူတွေနဲ့ အထူးသင့်လျော်ပါတယ်။ ခါးပတ်တွေ၊ အောက်ခံတုံးတွေနဲ့ ခေါင်းအုံးလိုအရာမျိုးတွေကို သုံးပြီးလေ့ကျင့်ရင်တော့ သင့်ရဲ့ကိုယ်နေဟန်ထားတွေကို တိတိကျကျ မှန်ကန်စေမှာပါ။ ဒါနဲ့ အလားသဏ္ဍာန်တူတာတွေကတော့ Anusara yoga နဲ့ viniyoga တို့ပါပဲ။ဒီယောဂကတော့ စိတ်ဝိဉာဉ်ပိုင်းဆိုင်ရာ ယောဂအမျိုးအစားပါ။ သူကတော့ တရားထိုင်ခြင်း၊ အသက်ရှူခြင်းနဲ့ မန္တန်ရွတ်ခြင်းတို့ကို ပိုပြီးအဓိကထားပါတယ်။ သူ့ရဲ့အဓိကသီအိုရီကတော့ အသက်စွမ်းအင်ဖြစ်ပြီး ကျောရိုးမရဲ့ အောက်ခြေမှာ အခွေလိုက်တည်ရှိနေတဲ့ အခဲလို့ဆိုပါတယ်။ ဒီယောဂကိုလေ့ကျင့်တဲ့ ယောဂီတေါဟာ သူတို့ရှူလိုက်တဲ့ စွမ်းအင်ကို သုံးပြီး အသက်စွမ်းအင်ကို အင်အားဖြည့်တင်းပါတယ်။ဒီယောဂကတော့ အပြင်းထန်ဆုံးယောဂလို့ဆိုနိုင်ပါတယ်။ ယောဂနဲ့ အေရိုးဗစ်တွဲကစားရတာပါ။ လေ့ကျင့်သူတွေဟာ အနေအထား စီးရီးစ်လိုက်ကို ကစားရမှာဖြစ်ပြီး ဒါတွေကိုလည်း သူတို့ရဲ့ အသက်ရှူတဲ့အခါ ရှူသွင်းလေနဲ့ ရှူထုတ်တဲ့လေတွေနဲ့ တွဲပြီးကကစားရမှာပါ။ PPPooower yoga ဟာ ယောဂအမျိုးအစားတွေထဲက အားကစားနဲ့အတူဆုံး ယောဂပါပဲ။ နည်းပြတွေနဲ့ သင်လုပ်တဲ့ အနေအထားပေါ်မူတည်ပြီး သင့်ခန္ဓါကိုယ်ကြံ့ခိုင်မှုတွေ၊ ပျော့ပျောင်းမှုတွေနဲ့ ညီညွတ်မျှတမှုတွေကို တည်ဆောက်ပေးနိုင်ပါတယ်။ယောဂရဲ့ပန်းတိုင်ကတော့ ခန္ဓါကိုယ်၊ စိတ်နဲ့၊ ဝိဉာဉ်တို့ကို ညီညွတ်မျှတအောင် ပြန်လည်ထိန်းသိမ်းဖို့ပါပဲ။ ယောဂလေ့ကျင့်ခြင်းဟာ ခန္ဓါကိုယ်ကို ကြံ့ခိုင်စေတယ်၊ စိတ်ကို တည်ငြိမ်အေးချမ်းစေပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေတိုးလာ စေတဲ့အပြင် အာရုံစူးစိုက်မှုကိုလည်း ပိုအားကောင်းစေပါတယ်။ သိပ္ပံရှုထောင့်ကကြည့်မယ်ဆိုလည်း ယောဂကပေးစွမ်းနိုင်တဲ့ကောင်းကျိုးတွေဟာ အများကြီးရှိနေပါတယ်။ ယောဂဟာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာကိုပါ တိုးတက်ကောင်းမွန်စေပါတယ်။ ယောဂအနေအထားတွေဟာ ခန္ဓါကိုယ်ကို ကြံ့ခိုင်သန်စွမ်းစေပါတယ်။အထူးသဖြင့်တော့ အောက်ပိုင်းတွေဖြစ်တဲ့ ခြေချင်းဝတ်နဲ့ ဒူးတွေပါ။ သင့်ရဲ့ မျှခြေကိုလည်း ထိန်းပေးနိုင်တာကြောင့် ချော်လဲကျတာတွေကို လျှော့ချပေးနိုင်ပါတယ်။ ဒါပေမဲ့ ယောဂကျင့်နေစဉ်မှာ ကျန်းမာရေးပြဿနာတစ်ခုခုကြောင့် ပြုတ်ကျ၊ လဲကျခဲ့တယ်ဆိုရင် ဆရာဝန်ပြလိုက်တာ အကောင်းဆု့းပါပဲ။ ယောဂမှာလေ့ကျင့်ရတဲ့ အနေအထားတွေဟာ နာတာရှည်ကျန်းမာရေးပြဿနာတွေရဲ့ အကျိုးဆက်တွေဖြစ်တဲ့နာကျင်ခြင်းတွေကို လျှော့ချပေးနိုင်ပါတယ်။ အဆစ်ပြဿနာတွေကိုရောပေါ့။ယောဂဟာ တရားထိုင်ခြင်းနဲ့လည်း တွဲဖက်လုပ်ဆောင်ရပါတယ်။ တရားထိုင်ခြင်းဆိုတာကလည်း ရောဂါမတူကြတဲ့ လူနာအမျိုးမျိုးအတွက် အကျိုးရှိစေတဲ့ အရာတစ်ခုပါ။ ယောဂဟာ သူတို့ရဲ့ ဖိအားတွေကို လျှော့ချပေးနိုင်ပြီး စိတ်ကို တည်ငြိမ်စေတယ်လို့ လူတွေက လက်ခံထားကြပါတယ်။ တကယ်လို့များ သင့်မှာ နာတာရှည်ပြဿနာရှိခဲ့မယ်ဆိုရင်တော့ ယောဂနဲ့ သင်လိုအပ်တဲ့ဆေးဝါးကုသမှုတွေကို တွဲလုပ်တာက သင့်အတွက် ပိုပြီးကောင်းမွန်စေပါလိမ့်မယ်။ယောဂရဲ့ကောင်းကျိုးတွေနဲ့ ခန္ဓါကိုယ်ပေါ် ဘယ်လိုသက်ရောက်စေတယ်ဆိုတာတွေကို လေ့လာစရာတွေ အများကြီးကျန်နေးပေမယ့် ယောဂဟာ ခန္ဓါကိုယ်ကြံ့ခိုင်သန်စွမ်းဖို့၊ ပျော့ပျောင်းဖို့နဲ့ ညီညွတ်မျှတဖို့ဆိုတာတွေအတွက်တော့ လုံခြုံစိတ်ချရပြီး ထိရောက်မှုရှိစေတဲ့ နည်းလမ်းတစ်ခုပါ။ ယောဂဟာ အကြောဝေဒနာခံစားနေရသူတွေအတွက် နာကျင်မှုတွေကို သက်သာစေတယ်လို့ နာမည်ကြီးပါတယ်။ သူ့ရဲ့ သိမ်မွေ့တဲ့ ကိုယ်နေဟန်ထားတွေက ပျော့ပျောင်းမှုနဲ့ အားကောင်းမှုကို တိုးမြှင့်စေပါတယ်။အချို့တွေကတော့ ဒီလိုတည်ငြိမ်စေတဲ့ သက်ရောက်မှုတွေဟာ လူတွေရဲ့ သွေးဖိအားတွေကို မျှတစေပြီး သွေးဖိအားပြဿနာရှိတဲ့လူတွေအတွက် ကောင်းမွန်စေကာ နှလုံးရောဂါရှိသူတွေအတါကတော့ သွေးကို ပုံမှန်စီးဆင်းစေပြီး ရောင်ရမ်းခြင်းတွေကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ စိတ်ကျရောဂါနဲ့ ဖိအားတွေရဲ့ လက္ခဏာတွေကိုလည်း သက်သာစေပြီး ပင်ပန်းမှုကို လျှော့ချပေးကာ ရင်ကြပ်ရောဂါသည်တွေအတွက်တော့ အသက်ကို ဘယ်လိုလွယ်ကူအောင် ရှူရမယ်ဆိုတာကို သင်ကြားပေးနိုင်ပါတယ်။ လေ့လာမှုတစ်ခုကလည်း ယောဂဟာ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေကို ပြေလည်စေတယ်လို့ တွေ့ရှိပြီး အိပ်ဆေးတောင် သောက်စရာမလိုတော့တာကို တွေ့ရှိရပါတယ်။ဒါပေမဲ့ အချို့သော ယောဂလှုပ်ရှားမှုတွေဟာ အချို့သော လူတွေအတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ ဆရာဝန်သို့မဟုတ် Physiotherapist နဲ့စစ်ဆေးပြီး ဘယ်လိုလှုပ်ရှားမှုတွေ ရှောင်ရမယ်ဆိုတာကို မေးကြည့်ပါ။ အကြောနာခြင်းအကြောင်းကို နားလည်တဲ့ ဆရာတစ်ယောက်ကို ရှာတာက ကိုယ့်အတွက် ဘယ်လိုလှုပ်ရှားမှုမျိုးလုပ်ဖို့ ပိုသင့်တော်မယ်ဆိုတာကို သိနိုင်ဖို့ ပိုပြီးလွယ်ကူပါတယ်။ အထူးသဖြင့် သင်က အဆစ်တွေကို အစားထိုးထားရတဲ့လူဆိုရင်ပေါ့။ယောဂကို အသက်အရွယ်မရွေး လူတိုင်းလေ့ကျင့်လို့ရပါတယ်။ ယောဂဟာ ကလေးဘဝကနေပြီး အသက်ကြီးလာတဲ့အချိန်အထိ ပျော်ပျော်ရွှင်ရွှင်လုပ်ဆောင်သွားလို့ရတဲ့ လေ့ကျင့်ခန်းတစ်ခုပါ။ ယောဂကျင့်တဲ့ လူအများစုကတော့ သူတို့စောစောစခဲ့မိရင် အကောင်းသားလို့ ဆန္ဒရှိတတ်ကြပါတယ်။ယောဂကို စပြီးလေ့ကျင့်ဖို့ဆိုရင်တော့ သင်နေထိုင်ရာ အနားတစ်ဝိုက်မှာ ယောဂစတူဒီယိုရှိမရှိကြည့်ပါ။ လေ့ကျင့်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို ပြင်ဆင်ပါ။ ယောဂလေ့ကျင့်ဖို့ လိုအပ်တဲ့ အဓိကအခြေခံ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။– သင်နေထိုင်ရာ နေရာတစ်ဝိုက်မှာရှိတဲ့ ယောဂပုံစံအများကြီးလေ့ကျင့်ပေးနိုင်တဲ့ စတူဒီယိုကို ရှာဖွေပါ။ ဒါဟာ သင့်အတွက် ဘယ်ယောဂပုံစံက အသင့်လျော်ဆုံးဖြစ်မယ်ဆိုတာကို ရှာဖွေနိုင်ဖို့ အခွင့်အရေးပိုများစေပါတယ်။ စတူဒီယိုမှာတော့ အရည်အချင်းပြည့်မီတဲ့ ယောဂနည်းပြတွေရှိဖို့လိုပြီး ယောဂကျင့်တဲ့အခါ သင်လိုအပ်မယ့် အရာတွေကို ဖြည့်ဆည်းပေးနိုင်ရပါမယ်။ ဒါမှသာသင့်ရဲ့ယောဂလေ့ကျင့်မှုကို အာရုံအပြည့်အဝစိုက်နိုင်မှာပေါ့။– သက်တောင့်သက်သာရှိပြီး အသက်ရှူရလွယ်ကူတဲ့ အဝတ်အစားများ။ ယောဂမှာ ဆန့်ထုတ်တာတွေအများကြီးလုပ်ရမယ်ဆိုတာ သတိရပါ။သက်တောင့်သက်သာရှိပြီး အသက်ရှူရလွယ်မယ့် အဝတ်တွေကို ရွေးချယ်ဝတ်ဆင်ဖို့လိုပါတယ်။ အချို့သော လေ့ကျင့်ခန်းတွေမှာ သေချာလုပ်ရမယ့် ပုံစံအနေအထားတွေရှိပါတယ်။ ဥပမာ Iyengar လိုပေါ့။ ဒီလို အနေအထားမျိုးမှာဆိုရင်တော့ သင့်ရဲ့ကိုယ်နေဟန်ထားကို ဖုံးကွယ်မထားတဲ့ အဝတ်အစားမျိုးလိုပါမယ်။ ဒါမှ နည်းပြကသင့်အနေအထား မှန်မမှန်၊ မျှမမျှကြည့်လို့ရမှာပါ။ သင့်ပုံစံနဲ့ ကိုက်ညီမယ့်အဝတ်အစားကိုရှာပါ။ ခါးပတ်တွေ၊ အင်္ကျီလက်တွေနဲ့ ငြိပြီးလေ့ကျင့်ရာမှာ အနှောက်အယှက်ဖြစ်မှာတော့ သင်လည်း လိုလားမှာမဟုတ်ပါဘူး။– ရေဘူးကောင်းကောင်း။ဘယ်လိုလေ့ကျင့်ခန်းပဲလုပ်လုပ် အရေးအကြီးဆုံးက ရေဓါတ်ပြည့်နေဖို့ပါပဲ။ ယောဂလည်း ထိုနည်းနှင်နှင်ပါ။ လေ့ကျင့်နေစဉ်မှာ ချွေးထွက်များတာကြောင့် ရေဓါတ်ဆုံးရှုံးလာခြင်းဟာ လေ့ကျင့်နေတဲ့အချိန်မှာ ခေါင်းမူးတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ခြေထောက်တစ်ဘက်တည်းနဲ့ ရပ်နေပြီး အသက်ရှူတာကိုပါ ထိန်းချုပ်နေရမယ်ဆိုရင် ပိုပြီး မူးလွယ်ပါတယ်။ ခန္ဓါကိုယ်ကို ရေသောက်ပြီး ရေဓါတ်ပြန်ဖြည့်ပေးနေမယ်ဆိုရင်တော့ ဘယ်လိုယောဂကိုပဲ လေ့ကျင့်သည်ဖြစ်စေ၊ အာရုံစူးစိုက်မှုကို အပြည့်အဝပြန်ရစေပါတယ်။– ကိုယ်ပိုင်ဖျာ။ဒါကတော့ လိုအပ်ရင်ပါ။ ယောဂစတူဒီယိုအများစုက လေ့ကျင့်သူတွေအတွက် ဖျာတွေထုတ်ပေးလေ့ရှိပါတယ်။ သန့်ရှင်းမှုအတွက်တော့ ကိုယ့်ကိုယ်ပိုင်ဖျာရှိနေတာက အကောင်းဆု့းပါပဲ။ သူများတကာလည်း အကြိမ်ကြိမ်သုံးနေတဲ့ ဖျာကို ကိုယ်လည်း ဆက်သုံးရမှာက မနှစ်မြို့စရာပဲလေ။ ဒါ့အပြင် အိမ်မှာထပ်ပြီးလေ့ကျင့်ချင်သေးတယ်ဆိုရင်လည်း ကိုယ်ပိုင်ဖျာ ရှိထားသင့်တယ် မဟုတ်လား။– ဖျာသုတ်ဝတ်။တကယ်လို့များ hot yoga သို့မဟုတ် ဆက်တိုက်လုပ်ရတဲ့ ယောဂတွေကို လေ့ကျင့်မယ်ဆိုရင် တဘက်တစ်ထည်တော့ မဖြစ်မနေလိုပါပြီ။ ချွေးတွေနဲ့ ချောနေတဲ့ ဖျာဟာ အန္တရာယ်ကြီးပါတယ်။ ဒါ့အပြင် အာရုံစိုက်ဖို့နဲ့ ပုံစံမှန်ဖို့ ဂရုစိုက်နေတဲ့ အချိန် ကြိုးစားနေတဲ့အချိန်မှာ ချွေးတွေ မျက်စိထဲဝင်လာမှာတော့ မလိုလားကြဘူးမဟုတ်လား။ ဒါဟာ လေ့ကျင့်ဖို့ထဲ တဘက်ဘယ်လိုပါလာရတာလဲဆိုတဲ့ အကြောင်းရင်းပါပဲ။ယေဘုယျပြောရမယ်ဆိုရင်တော့ ယောဂမှာ Beginner, Intermediate, နဲ့ Experienced ဆိုပြီး အဆင့်သုံးဆင့်ရှိပါတယ်။ ဒါတွေကို Level 1 ကနေ 3ထိ သတ်မှတ်ထားရအောင်ပါ။ ဒါပေမဲ့ ဒီတစ်ဆင့်ပြီးလို့ နောက်တစ်ဆင့်တက်ရအောင်ဆိုတဲ့ စနစ်မျိုးတော့ မရှိပါဘူး။ အချို့လူတွေဟာ Level 1 နဲ့တင် တစ်ဘဝလုံး ကုန်ဆုံးသွားတတ်ပါတယ်။ ယောဂလေ့ကျင့်နေတဲ့အချိန်မှာ သင်ဘယ်လောက်အကြောပျော့တယ်၊ ဘယ်လောက်ကွေးညွှတ်နိုင်တယ်ဆိုတာနဲ့လည်း မဆိုင်ပါဘူး။ ဒါဟာ သင်ဘယ်လောက်နားလည်လိုက်တယ်၊ ယောဂနဲ့ပတ်သက်လို့ ဘယ်လို ဗဟုသုတရှိတယ်ဆိုတာနဲ့ ယောဂကို ဘယ်လောက်လေ့ကျင့်ဖူးတယ်ဆိုတဲ့အပေါ်မူတည်ပါတယ်။နည်းပြအများစုကတော့ Level 1 ယောဂကို ရိုးရှင်းတဲ့ ယောဂစတိုင်လ်တွေနဲ့ အခြေခံ အနေအထားတွေအတိုင်းလေ့ကျင့်ပေးကြပါတယ်။ gymnastics သို့မဟုတ် ကခဲ့ဖူးတဲ့ လူအချို့တောင်မှ Level 1 အတန်းတွေကနေသာ စပြီး လေ့ကျင့်သင့်ပါတယ်။ဒီအဆင့်ကတော့ ယောဂကို ဘယ်တုန်းကမှ မလေ့ကျင့်ခဲ့ဖူးသူတွေနဲ့ ဒဏ်ရာရှိသူတွေအတွက်ပါ။ ဒဏ်ရာရသူတွေအတွက်တော့ ဆရာဝန်နဲ့ နည်းပြရဲ့ ထောက်ခံချက်လိုပါတယ်။ ပြောခဲ့သလိုပါပဲ ယောဂလေ့ကျင့်သူအများစုဟာ အားလုံးကိုကျွမ်းကျင်သွားတယ်ဆိုရင်တော့ ပိုပြီးကောင်းမွန်ဖို့ Level 1 အဆင့်ကို ပြန်လာတတ်ကြပါတယ်။ ဒီအတန်းတွေက ယောဂရဲ့အခြေခံ Asana တွေ အများကြီးရယ်၊ အသုံးများတဲ့ ယောဂအနေအထားတွေကို ဘယ်လို အာရုံစိုက်ရပြီး ဘယ်လို အန္တရာယ်ကင်းအောင် ကစားရမယ်ဆိုတာတွေကို ဖြည်းဖြည်းချင်း ပြသပေးနိုင်ပါလိမ့်မယ်။ဒီအတန်းတွေမှာတော့ ယောဂအကြောင်း သိထားဖို့တော့ လိုလာပါပြီ။ ဒါ့အပြင် အချို့သော အနေအထားတွေမှာ ဘယ်အရာတွေက မရှိမဖြစ်လိုတာမျိုး ဥပမာ လက်တွေကို ဘယ်လို မျှတအောင်ထားမယ်ဆိုတာမျိုးတွေ သိထားဖို့လိုပါတယ်။ ဒီအတန်းကတော့ Level 1 ထက်ကို ပိုပြီး မြန်မြန်လေ့ကျင့်မှာပါ။ ဒါပေမဲ့ နှစ်ခုကြားက အနေအထားတွေတော့ ရှိနေဦးမှာပါပဲ။ ပိုပြီးအဆင့်မြင့်တဲ့ အနေထားတွေနြ့ နည်းလမ်းတွေကို သင်ကြားပေးမှာပါ။ ဥပမာ အသက်ရှူခြင်းကို ဘယ်လိုထိန်းချုပ်မယ် ဆိုတာမျိုးပေါ့။နောက်ဆုံးမှာတော့ သင်ထိပ်ဆုံးကို ရောက်လာပါပြီ။ ယောဂလေ့ကျင့်မှုတွေရဲ့ အမြင့်မားဆုံးတောင်ထိပ်ပါပဲ။ ကံဆိုးတာကတော့ ဒါဟာ ယောဂလေ့ကျင့်မှုတွေရဲ့ နောက်ဆုံးအဆင့်တော့မဟုတ်ပါဘူး။ ထပ်ပြီးလေ့လာဖို့တွေ ရှိနေပါသေးတယ်။ ဒီအဆင့်မှာတော့ သင့်ခန္ဓါကိုယ်နဲ့ စိတ်မှာ ဘာတွေဖြစ်နေတယ်ဆိုတာကို အာရုံစိုက်ရမှာပါ။ ဒီအတန်းမှာ ကင်းမြီးကောက်ထောင်တာတွေနဲ့ အနေအထားတစ်ခုနဲ့တစ်ခုကြား သေချာ အဆုံးထိ ကွေးညွတ်ရတာတွေ ဘာတွေ ပါလာနိုင်ပါတယ်။အခြားလေ့ကျင့်ခန်းတွေလိုပါပဲ။ ယောဂလည်း အန္တရာယ်များနိုင်ပါတယ်။ အဆစ်ပြဿနာတွေ၊ အကြောပြဿနာရှိတဲ့သူတွေဆိုရင်တော့ ဥပမာအားဖြင့် ရှေ့ကို အဆုံးထိကွေးညွတ်ရတာမျိုးတွေ ရှောင်သင့်ပါတယ်။ လည်ပင်းပြဿနာရှိနေရင်တော့ ကင်းမြီးကောင်မထောင်သင့်ပါဘူး။ ယောဂမလေ့ကျင့်မီ ဆရာဝန်ကိုရော နည်းပြကိုပါ သင့်ရဲ့ကျန်းမာရေးပြဿနာအကြောင်းပြောပြပြီးတိုင်ပင်ပါ။ သင်လုပ်နိုင်သမျှ အစွမ်းကုန်ကို နည်းပြကို ပြောပြထားပါ။သင့်အတွက်မှန်ကန်တဲ့ ယောဂပုံစံကို ဆု့းဖြတ်နိုင်ဖို့ဆိုရင် သင့်ကိုယ်သင် ဒီမေးခွန်းတွေကို မေးဖို့ လိုအပ်ပါတယ်။– ယောဂကို ကြံ့ခိုင်ဖို့နဲ့ ခန္ဓါကိုယ်ကောက်ကြောင်းအတွက် ရွေးချယ်ခဲ့တယ်ဆိုရင် ပြင်းထန်တဲ့ ယောဂစတိုင်လ်တွေဖြစ်တဲ့ Power Yoga တို့၊ Ashtanga yoga သို့မဟုတ် Bikram yoga တို့လို ယောဂလေ့ကျင့်ခန်းတွေကို ရွေးချယ်ပါ။– ခန္ဓါကိုယ်နဲ့ စိတ်ရဲ့ဆက်သွယ်ချက်ကို သိချင်တာမျိုးဆိုရင်တော့ သက်တောင့်သက်သာနဲ့ အာရုံစိုက်ရတဲ့ ယောဂမျိုါ်ကိုရွေးချယ်ပါ။ ဆိုလိုတာက တရားများများထိုင်ရာတာမျိုး၊ မန္တန်ကျူးရတာမျိုးနဲ့ ယောဂရဲ့စိတ်ပိုင်းဆိုင်ရာအချက်တွေကို လေ့လာရတဲ့ ယောဂမျိုးကို ရွေးချယ်ပါ။– ဒဏ်ရာကြောင့်၊ ကျန်းမာရေးကြောင့် သို့မဟုတ် အခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်မယ်ဆိုရင်တော့ ခန္ဓါကိုယ်အလိုင်းမန့်ညီဖို့ကို အာရုံစိုက်တဲ့ ယောဂနှေးနှေးကျင့်တဲ့ အတန်းတွေကို ရွေးချယ်ပါ။သင့်မှာ ဘယ်လိုရည်ရွယ်ချက်ပဲ ရှိနေပါစေ၊ ကိုယ်နေဟန်ထားတွေကို မှန်ကန်စွာလုပ်နိုင်ဖို့နဲ့ အလွယ်တကူလုပ်နိုင်ဖို့ ယောဂစပြီးလေ့ကျင့်သူတွေတက်ရမယ့် အတန်းတွေကို တက်ဖို့ လိုကိုလိုပါတယ်။ လေ့ကျင့်ခန်းသစ်မစတင်မီ။ သို့မဟုတ် fitness program တစ်ခု မစတင်မီတိုင်းမှာ ဆရာဝန်နဲ့ တိုင်ပင်ပါ။ အထူးသဖြင့် သင့်မှာ ကျန်းမာရေးပြဿနာတစ်ခုခုရှိခဲ့ရင် သို့မဟုတ် သင်ကိုယ်တိုင်က သက်ကြီးပိုင်းဖြစ်နေခဲ့ရင်ပေါ့။ကျွမ်းကျင်သူတွေကတော့ ယောဂဟာ အန္တရာယ်ကင်းတယ်လို့ ဆိုပါတယ်။ ယောဂကြောင့် ဒဏ်ရာရတယ်ဆိုတာ ဖြစ်ခဲပေမယ့် အခြားသော လေ့ကျင့်ခန်းတွေလိုပဲ မတော်တဆဆိုတာ ဖြစ်တတ်ပါတယ်။ ယောဂကြောင့်ဖြစ်တဲ့ အချို့သော ဒဏ်ရာတွေဟာ အဆန့်လွန်သွားတာမျိုးတွေ တစ်နေရာတည်းကို ခဏခဏအသုံးပြုနေတာတွေကြောင့် ဖြစ်ရပြီး ချောနေတဲ့အရာတွေကိုနင်းမိပြီးချော်လဲတာမျိုးကြောင့်လည်း ဖြစ်တတ်ပါတယ်။ ညင်ညင်သာသာအကြောဆန့်ပြီး လေ့ကျင့်ခန်းတွေ မစမီမှာ လိုအပ်တဲ့ပစ္စည်းတွေကို စနစ်တကျပြင်ဆင်တာက ဒဏ်ရာရခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။အရည်အသွေးပြည့်ဝတဲ့ နည်းပြဆရာတစ်ယောက်ရှိနေမယ်ဆိုရင်ောတ့ ယောဂဟာ လုံးဝစိတ်ချရပါတယ်။ မှန်ကန်တဲ့ဆရာရှိဖို့နဲ့ သင့်အခြေအနေနဲ့ လိုက်ဖက်မှန်ကန်တဲ့ အတန်းကိုရွေးချယ်ခြင်းဟာ ဒဏ်ရာရနိုင်ချေတွေနဲ့ ဝေးကွာစေပါတယ်။ တကယ်လို့သင်က ကုသမှုတစ်ခုခုခံယူနေရတယ်ဆိုရင် သင်သုံးစွဲမယ့် နည်းလမ်းတွေ၊ လုပ်ချင်တာတွေကို ပြောပြပါ။ ဆရာဝန်က ဖြစ်လာနိုင်မယ့် အန္တရာယ်တွေနဲ့ သင့်အတွက် လိုအပ်မှာတွေကို ပြောပြပေးနိုင်ပါလိမ့်မယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/%e1%80%b1%e1%80%9a%e1%80%ac%e1%80%82%e1%80%a1%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8-%e1%80%9e%e1%80%84%e1%80%b9%e1%80%98%e1%80%ac%e1%80%b1%e1%80%90%e1%80%bc%e1%80%9e%e1%80%ad/
မျက်ခုံးထဲက ဆားဝက်ခြံ ဘယ်လိုဖြေရှင်းရမလဲ
ဝက်ခြံပေါက်တယ်ဆို ပါးနဲ့  နှာခေါင်းမှာပဲ အဖြစ်များ ကြပါတယ်။ မျက်နှာကို အသားအရေ ထိန်းသိမ်းရေးဆိုလည်း လုပ်လိုက်ကြတာပဲ။ ဂရုစိုက်ဖို့ ကျန်နေတဲ့ တစ်နေရာက ရှိနေပါတယ်။ အလှပြင်တဲ့ အခါ ခဲတံလေးတွေ နဲ့ ဆွဲလေ့ရှိကြတဲ့ မျက်ခုံးပါပဲ။ မျက်ခုံး လှရင်၊ ပုံစံ ကျရင် မျက်နှာ အလှမှာ ပြည့်စုံ ထင်ရှားစေတယ် ဆိုပေမယ့် အဲဒီ မျက်ခုံးထဲမှာ ပုန်းနေတတ်တဲ့ဆားဝက်ခြံလေးတွေကြောင့် ပြဿနာ ရှိနိုင်ပါတယ်။ ကဲ ….. ဒီတော့ မျက်ခုံးထဲက ဆားဝက်ခြံ ဘယ်လိုဖြေရှင်းရမလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။မျက်ခုံးမွေးရဲ့ အမြစ်အိတ်ထဲမှာ အဆီနဲ့ ဆဲလ်သေတွေ ပိတ်ဆို့လာတဲ့အခါ ဝက်ခြံဆိုတာ ဖြစ်လာပါတော့တယ်။ ဆားဝက်ခြံတွေလည်း ရှိနေနိုင်တယ်၊ တစ်ခါတစ်ခါ ရောင်ရမ်းတဲ့ ဝက်ခြံဖုတွေလည်း ဖြစ်လာနိုင်တယ်။မျက်ခုံးမွေးရဲ့ အမြစ်အိတ်တွေက ပိတ်ဆို့ လွယ်ပါတယ်။ အမြစ်အိတ် တစ်ခုစီမှာ အဆီ ဂလင်း ရှိပါတယ်။ အဲဒီ ဂလင်းမှာ အရေပြား ဆဲလ်သေတွေ ကပ်ငြိပြီး ပိတ်ဆို့သွားတဲ့အခါ ဖြစ်လာနိုင်တဲ့ ဝက်ခြံ အမျိုးမျိုးမှာ-။အလှကုန်ပစ္စည်းတွေကြောင့်လည်း ဖြစ်နိုင်တယ်။ကိုယ်အသုံးပြုနေတဲ့ အလှကုန် ပစ္စည်းတွေကြောင့်လည်း မျက်ခုံးထဲမှာ ဝက်ခြံ ဖြစ်စေနိုင်ပါတယ်။ မျက်နှာ သစ်တဲ့အခါမှာ၊ မိတ်ကပ် ဖျက်တဲ့အခါ မျက်ခုံးကိုတော့ သေချာသန့်စင်ဖို့ ဂရုမထား မိတတ်ကြပါဘူး။ မိတ်ကပ် လိမ်းတဲ့ ပစ္စည်းတွေက မသန့်ရင်၊ ဘက်တီးရီးယားတွေ ရှိနေရင်လည်း ဝက်ခြံ ဖြစ်စေနိုင်ပါတယ်။မျက်ခုံးထဲက ဆားဝက်ခြံ ဘယ်လိုဖြေရှင်းရမလဲ ဆိုတာကို အတူတူ ကြည့်လိုက် ရအောင်နော်။ ဝက်ခြံ ပေါက်လာတယ်ဆို benzoyl peroxide ပါတဲ့ ဆေးလေး တို့ထားလို့ ရပါတယ်။ ဆေးဆိုင်မှာ အလွယ်တကူ ဝယ်လို့ရတဲ့ ဆေးတွေက ဝက်ခြံမှာ ရှိတဲ့ ဘက်တီးရီးယားပိုးတွေကို လျော့ပါးစေပြီး အရေပြား ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ဆားဝက်ခြံ အပါအဝင် မျက်ခုံးက ဝက်ခြံတွေကို ပိုမဆိုးအောင်နဲ့ အမာရွတ် မကျန်စေအောင် ရှောင်ရမယ့် အချက်တွေက –။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/acne-skin-health/take-care-tips-for-pimple-on-eyebrow/
ကလေးတွေမှာ ထိခိုက်ဒဏ်ရာဖြစ်လာရင် ဒီ (၇) ချက်ကိုဂရုစိုက်ပေးပါ
ထိခိုက်မှုဒဏ်ရာကြီးရင်တော့ဆေးရုံ၊ဆေးခန်းအမြန်ပြဖို့လိုအပ်ပါတယ်။တော်တန်ရုံထိခိုက်ပွန်းပဲ့တာ၊အရေပြားပေါက်ပြဲတာ၊ ထိရှတာတွေကို အိမ်မှာပဲ ဘယ်လိုဂရုစိုက်ပေးလို့ရမလဲ ဆိုတာ ဆက်ပြီးဖတ်ကြည့်ပါဦး။အနာကိုဂရုစိုက်ပေးသင့်တဲ့အချက် (၈) ချက်။(၁)ဒဏ်ရာကိုရေနဲ့ဆေးကြောပါ။ကပ်ငြိနေတဲ့ အညစ်အကြေးတွေသန့်စင်သွားအောင် ဒဏ်ရာကို တစ်မိနစ်ခွဲလောက်ကြာအောင် ရေလောင်းချပြီးဆေးကြောပေးပါ။ လိုအပ်ရင် ဆပ်ပြာအပျော့စားနဲ့ ဆေးကြောပါ။(၂) အဝတ်နုသန့်သန့်နဲ့ တို့သုတ်ပါ။ခပ်ဖွဖွ တို့သုတ်ပါနော်။ ဒဏ်ရာကသွေးထွက်နေတုန်းပဲဆိုရင်အနာေပါ်ကနေ ငါးမိနစ်လောက် ဖိထားပေးပါ။(၃) အရက်ပြန် သို့မဟုတ် hydrogen peroxideတွေမသုံးပါနဲ့။ဒါတေထည့်ရင် ပိုစပ်မယ်၊လောင်မယ်၊ပြီးတော့ ထည့်ဖို့မလိုဘူး လို့သိထားရပါမယ်။ ဒါ့အပြင်အရက်ပြန်က အရေပြားကိုခြောက်သွေ့စေပြီး(ခြောက်သွေ့ရင် အနာကျက်နှေးစေနိုင်တယ်)hydrogen peroxide က ကျန်းမာတဲ့ဆဲလ်တွေရှင်သန်မှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။(၄)ဆေးထည့်ပါ။အနာကိုသန့်စင်ပြီးတာနဲ့ အနာထည့်ဆေးတွေ ထည့်ပေးသင့်ပါတယ်။ဆေးထည့်ပြီးလည်း ဒီအတိုင်းမထားဘဲ ပလာစတာ ဖုံးအုပ်ပေးထားရမယ်နော်။Povidone-iodine ပါဝင်တဲ့အတွက် ထိခိုက်ဒဏ်ရာ၊ ပွန်းပဲ့ရှနာမှန်သမျှကိုအနာအမြန်ကျက်စေတဲ့အပြင်အပူလောင်နာအတွက်ပါ သုံးလို့ရပါတယ်။ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်တို့လိုရောဂါပိုးမွှားတွေ နှိမ်နင်း၊ ကာကွယ်နိုင်တဲ့ဆေးဖြစ်လို့ အနာပိုးမဝင်ဖို့ပါ ကာကွယ်ပေးနိုင်ပါတယ်။(၅) မျက်နှာမှာ ထိခိုက်ခဲ့ရင် ဒဏ်ရာကို စစ်ဆေးပါ။မျက်နှာမှာအသေးစားထိခိုက်မှုက လွယ်လွယ်နဲ့အနာကျက်သွားမှာဖြစ်ပေမယ့် မျက်လုံးနား နီးနေသလားသေချာကြည့်ပါ။ အနာက မျက်စိနဲ့ နီးလွန်းတာ ဒါမှမဟုတ် ဒဏ်ရာကြီးရင် ဆရာဝန်အမြန်ပြပါ။အသေးစားထိခိုက်ဒဏ်ရာဆိုရင်လည်း မပေါ့ဆဘဲ အနာဂရုစိုက်နည်းမှန်ကန်မှ ကလေးရဲ့မျက်နှာလေးမှာ အမာရွတ်မကျန်နိုင်မှာပါ။(၆) အနာကို ဒီအတိုင်းမထားပါနဲ့။ဆိုလိုတာက အနာကို မဖုံးအုပ်ဘဲလေသလပ်ခံတာက အရေပြားကိုခြောက်သွေ့စေပြီး အနာဖေးတက်စေတာကြောင့်အနာကျက်နှေးစေပြီး ပိုးဝင်ခြင်း၊ အမာရွတ်ကျန်ခြင်းတွေဖြစ်နိုင်ခြေများစေပါတယ်။ ကလေးဆိုတော့ အနာဖေးတွေခြောက်လာရင် ခွာတတ်ကြတယ်၊ဆော့ရင်းကစားရင်း ညစ်ပေသွားနိုင်တယ်၊ အနာပြန်ပွင့်ပြီးသွေးထွက်စေနိုင်တယ်။နေရောင်ခြည်နဲ့ထိတွေ့ရင်လည်း အမာရွတ်ဖြစ်စေပြီး အရေပြားဆဲလ်အသစ်တွေကို ထိခိုက်ပျက်စီးစေနိုင်တယ်။ ဆေးထည့်ပြီးတဲ့အခါပလာစတာသို့မဟုတ် ပတ်တီးနဲ့ ဖုံးအုပ်ထားမှ အရေပြားအသစ်ဖြစ်ပေါ်ဖို့ အကောင်းဆုံးအခြေအနေဖန်တီးပေးနိုင်မယ်၊အနာပိုးမဝင်အောင်ကာကွယ်နိုင်မယ်။(၇)ဒဏ်ရာအခြေအနေကိုနေ့တိုင်း စစ်ဆေးပါ။အနာကို စစ်ဆေးတယ်ဆိုတာ ပလာစတာကို ခွာခွာပြီးကြည့်ဖို့မဟုတ်ပါဘူးနော်။ ပလာစတာ၊ ပတ်တီးကို တစ်နေ့တစ်ကြိမ် လဲရင်း၊ဆေးထည့်ရင်း အနာကျက်တဲ့အခြေအနေကို ကြည့်ဖို့ပါ။ တစ်နေ့တစ်ကြိမ်ဆိုပေမယ့် ပလာစတာမှာရေစိုနေတာ၊ ညစ်ပေနေတာဆိုရင် အချိန်မရွေး အသစ်လဲရပါမယ်။တကယ်လို့ထိခိုက်ဒဏ်ရာကသံစူးတာလိုမျိုး အရေပြားကို စူးမိ၊ထိုးဖောက်မိတဲ့ဒဏ်ရာဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီးမေးခိုင်ကာကွယ်ဆေးထိုးသင့်ရင်ထိုးရပါမယ်။ ဒီလိုအနာအနေအထားကမေးခိုင်ရောဂါပိုးကူးစက်ခံရဖို့ ပိုလွယ်ကူစေတာကြောင့် ပိုဂရုစိုက်သင့်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/common-symptoms-and-conditions/%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1%e1%80%99%e1%80%be%e1%80%ac-%e1%80%91%e1%80%ad%e1%80%81%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%92%e1%80%8f%e1%80%ba%e1%80%9b%e1%80%ac/
အမျိုးသား လိင်တံတွေရဲ့ ဖွဲ့စည်းပုံ နဲ့ အလုပ်လုပ်ပုံအကြောင်း အသေးစိတ်ရှင်းလင်းချက်
အမျိုးသား လိင်တံတွေရဲ့ ဖွဲ့စည်းပုံ နဲ့ အလုပ်လုပ်ပုံအကြောင်းလေး လေ့လာလိုက်ရအောင်နော်။အမျိုးသား လိင်တံ တစ်ခုမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေကတော့။Corpora cavernosa ဟာ လိင်တံ ရဲ့ အလျားတစ်လျှောက်ရှိနေတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဒီအခန်းတွင်းမှာ ရေမြှပ်ပုံစံကဲ့သို့သော တစ်ရှူးများစွာ ရှိနေပါတယ်။Corpora cavernosa ရဲ့အောက်မှာ တည်ရှိတဲ့ ထောင်မတ်ကြွက်သားကို corpus spongiosumလို့ ခေါ်ပါတယ်။ဆီးနဲ့ သုက်ရည်တို့ထွက်တဲ့ လမ်းကြောင်း ဖြစ်ပြီး corpora cavernosa ရဲ့ အောက်မျက်နှာပြင်အောက်မှာတည်ရှိပါတယ်။ဒီတစ်ရှူးဟာ ဆီးလမ်းကြောင်းကို ဝန်းရံထားပြီး အဓိက သွေးလွှတ်ကြော ၂ ခု၊ သွေးပြန်ကြောများစွာနဲ့ နာဗ်ကြောတွေပါဝင်ပါတယ်။အမျိုးသားအင်္ဂါရဲ့ အရှည်ဆုံး အပိုင်းဖြစ်ပါတယ်။လိင်တံ ရဲ့ ထိပ်ဆုံးမှာရှိတဲ့ အပိုင်းကိုခေါ်တာ ဖြစ်ပါတယ်။လိင်တံ ထိပ်မှာရှိပြီး ဆီးနဲ့ သုက်ရည်များ ထွက်တဲ့ အပေါက်ဝကို ခေါ်တာ ဖြစ်ပါတယ်။လိင်တံ အရေပြားဟာ ဝမ်းဗိုက်အောက်ဘက်ပိုင်း အရေပြားနဲ့ တိုက်ရိုက်ဆက်သွယ်နေပါတယ်။ ဒီအရေပြားဟာ အမွေးအမျှင်မပါတဲ့ အရေပြားဖြစ်ပြီး။လိင်တံ ထိပ်ခေါင်းအထိ သွားဖုံးပေးထားပါတယ်။ Corona လို့ခေါ်တဲ့ လိင်တံ ထိပ်ခေါင်းမှာဖုံးထားတဲ့ ဒီအရေပြားကိုတော့ လိင်တံထိပ်ငုံအရေပြားလို့ခေါ်ပါတယ်။ လိင်တံနဲ့ကပ္ပာယ်အိတ်အောက်မှာ ကြွက်သားအပျော့တွေ အများအပြားရှိပြီး ဒီကြွက်သားတွေကို dartos fascia လို့ခေါ်ပါတယ်။အမျိုးသားတွေရဲ့ လိင်အင်္ဂါမှာ အရှည်ဆုံး အစိတ်အပိုင်းကတော့ Shaft လို့ခေါ်တဲ့ အတံ ဖြစ်ပါတယ်။ လိင်တံရဲ့ ထိပ်ပိုင်းမှာတော့ အမျိုးသား လိင်တံထိပ်ခေါင်း ရှိပါတယ်။ ဒီလိင်တံထိပ်ခေါင်းကနေ ဆီးနဲ့ သုက်ရည် တို့ ထွက်တာ ဖြစ်ပါတယ်။လိင်တံကိုတော့ ထောင်မတ်နိုင်တဲ့ တစ်ရှုး ၃ ခုဖြင့် ဖွဲ့စည်းထားပါတယ်။ အဲ့ဒါတွေကတော့ Corpora cavernosa လို့ခေါ်တဲ့ သွေးများဝင်လာရင် မာကြောလာတဲ့ ကြွက်သားပွ တစ်ရှုး ၂ ခုနဲ့ corpus spongiosum လို့ခေါ်တဲ့ Corpora cavernosa ရဲ့အောက်မှာ တည်ရှိတဲ့ ထောင်မတ်ကြွက်သား တစ်ခုနဲ့ ဖွဲ့စည်းထားပါတယ်။ Corpora cavernosa ထဲက ထောင်မတ်တစ်ရှုးတွေအတွင်းမှာ သွေးလွှတ်ကြောတွေ၊ နာဗ်ကြောတွေ၊ ကြွက်သားမျှင်တွေနဲ့ သွေးလွှတ်ကြောပြွန်လေးတွေနဲ့ သွေးကြောတွင်းမှာတွေ့ရတဲ့ endothelial ဆဲလ်တွေပါဝင်ပါတယ်။အထက်ပါ အရာတွေက Corpora cavernosa ထဲမှာ ပြည့်ကျပ်နေပြီး Corpora cavernosa ရဲ့ ကန့်လန့်ဖြတ်ပုံစံကတော့ ရေမြှပ်တစ်ခုနဲ့ တူပါတယ်။ Corpora cavernosa ထဲက သွေးတွေ အဓိက ဝင်တဲ့ သွေးကြောကတော့ cavernosal arteries သွေးလွှတ်ကြောတွေဖြစ်ပြီး Corpora cavernosa တစ်ခုချင်းစီရဲ့ အလယ်ခေါင် တည့်တည့်မှာ တည်ရှိနေတာ ဖြစ်ပါတယ်။ corpora cavernosa တစ်ခုချင်းဆီအတွင်းမှာ အဓိက သွေးလွှတ်ကြော ၂ ခု ရှိပြီး သွေးပြန်ကြောတွေကတော့ အများအပြား ရှိပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ တစ်ခြားသော အစိတ်အပိုင်းတွေနဲ့ ဆက်သွယ်ဖို့ အတွက် နာဗ်ကြောပေါင်းများစွာလည်း ရှိပါတယ်။Corpora cavernosa ရဲ့ ကျောဘက်မှာတော့ သွေးပြန်ကြော၊ သွေးလွှတ်ကြောများ အပြင် ကျောဘက် နာဗ်ကြောများစွာလည်း ပါဝင်နေပါတယ်။ Corpora cavernosa နှစ်ခုလုံးမှာ ထောင်မတ်နိုင်တဲ့ တစ်ရှုးတွေ ပါဝင်ပြီး နှစ်ခုလုံးကို tunica albuginea လို့ခေါ်တဲ့ သိပ်သည်း အမျှင် ကြွက်သားတွေက ဖုံးပေးထားပါတယ်။ Corpora cavernosa နှစ်ခုလုံးရဲ့ အလယ်မှာ ခန္ဓာကိုယ် တစ်ရှူး ၂ ခုကို ခြားနားပေးထားတဲ့ အမြှေးပါးတစ်ခုရှိပြီး အရင်းပိုင်းရောက်လေ ပိုပြီး ထူလာလေဖြစ်ပါတယ်။အမျိုးသားလိင်တံတွေမှာ တစ်ခုတည်းပါဝင်တဲ့ Corpus spongiosum ကတော့ Corpora cavernosa ၂ ခုရဲ့ အောက်ဘက်ပိုင်း မြောင်းလေးမှာ တည်ရှိတာ ဖြစ်ပါတယ်။ Corpus spongiosum ဟာ သူနဲ့ ပုံစံတူ Corpora cavernosa နဲ့ နှိုင်းယှဉ်ရင် သေးငယ်ပြီး ထောင်မတ်ချိန်ဆို သူ့ရဲ့ ထုထည် ၉၀ ရာခိုင်နှုန်းခန့်ဟာ သွေးများနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒီ တစ်ရှူး သုံးခုလုံးဟာ ပြန့်ကားနိုင်ပြီး ရေမြုပ်ကဲ့သို့သော ကြွက်သားများဖြစ်ကာ လိင်တံထဲ သွေးဝင်လာရင် ထောင်မတ်လာတဲ့ တစ်ရှူးတွေ ဖြစ်ပါတယ်။အမျိုးသားလိင်တံရဲ့ Corpus spongiosum ဟာ အမျိုးသမီးတွေရဲ့ မွေးလမ်းကြောင်းအဝမှာ တည်ရှိတဲ့ ထောင်မတ်နိုင်တဲ့ တစ်ရှုးတွေနဲ့ ဆင်တူပါတယ်။ Corpus spongiosum မှာဆိုရင် သုက်နဲ့ ဆီးတို့ထွက်ရှိတဲ့ ဆီးလမ်းကြောင်းပြွန်ပါပြီး ထိပ်ဆုံးမှာတော့ လိင်တံရဲ့ ခေါင်းတည်ရှိပါတယ်။ ဒါ့အပြင် corpus spongiosum ဟာ လိင်တံထောင်မတ်ချိန်မှာ ဆီးလမ်းကြောင်းကို မဖိနှိပ်ထားစေဖို့ အတွက် ကာကွယ်ပေးပါတယ်။ဒါ့အပြင်လိင်တံအရင်းမှာ လိင်တံကို ထောက်ပံ့ပေးထားတဲ့ ထောက်ပံ့တစ်ရှူး (၂) ခုလည်းရှိပါသေးတယ်။အမျိုးသား အင်္ဂါတစ်ခုရဲ့ လိင်မှုကိစ္စနဲ့ပတ်သတ်ပြီး အဓိက လုပ်ဆောင်တဲ့ အပိုင်းကတော့ ၂ ပိုင်းရှိပါတယ်။ အဲ့ဒါကတော့ ထောင်မတ်ခြင်း (Erection) နဲ့ သုက်ထွက်ခြင်း (Ejaculation) ဖြစ်ပါတယ်။ ထောင်မတ်ခြင်းကတော့ လိင်တံပျော့နေတဲ့ အချိန်မှာ သွေးကြောများက ပွင့်လာပြီး လိင်တံတွင်း သွေးတွေဝင်တဲ့ အချိန်မှာ ဖိအားကြောင့် လိင်တံထောင်မတ်လာတဲ့ ဖြစ်စဉ်ကိုခေါ်တာပါ။ထောင်မတ်ခြင်းရဲ့ အစကတော့ ဦးနှောက်က စတာဖြစ်ပါတယ်။ သင်အရာ တစ်ခုခုကို မြင်လိုက်မယ်၊ ခံစားလိုက်ရမယ်၊ အနံ့ရှူလိုက်ရမယ်၊ ကြားလိုက်ရမယ်၊ တွေးလိုက်ရမယ် ဆိုရင် ဒီအရာတွေက ဦးနှောက်ကနေ သင့်ရဲ့ လိင်တံတွင်းရှိ သွေးကြောတွေကို ဓာတုအချက်ပြစနစ်တွေ ပို့လွှတ်စေပါတယ်။ အဲ့ဒီအချိန် သွေးလွှတ်ကြောတွေက လိင်တံထဲ သွေးပိုဝင်လာစေဖို ပိုပွင့်သွားပြီး သွေးပြန်ကြောတွေကလည်း ပိတ်သွားပါတော့တယ်။Corpora cavernosa ထဲက သွေးကြောများ ပွင့်နေတဲ့အခါမှာ သွေးများက Corpora cavernosa ထဲရှိ သွေးလွှတ်ကြောတွေထဲကို တွန်းအားအပြည့်နဲ့ ဝင်ရောက်လာပါတော့တယ်။ လိင်တံထဲ သွေးတွေ ဝင်လာပြီဆိုတာနဲ့ Corpora cavernosa ကပြန့်ကားလာပြီး သွေးလွှတ်ကြောများ ဖိအားပမာဏများလာတဲ့အခါမှာတော့ ထောင်မတ်ခြင်း ဖြစ်ပေါ်လာပါတော့တယ်။Tunica albuginea လို့ခေါ်တဲ့ Corpora cavernosa ကို ဖုံးအုပ်ပေးထားတဲ့ အမြှေးများဟာ Corpora cavernosa ထဲ သွေးကြောများ ပိတ်မိနေစေရန်လုပ်ဆောင်ပေးပြီး ထောင်မတ်ခြင်းကို ထိန်းပေးထားတာ ဖြစ်ပါတယ်။ လိင်တံထဲက ကြွက်သားတွေ ကျုံ့သွားပြီး လိင်တံထဲ သွေးစီးဆင်းမှု ရပ်သွားကာ သွေးများ ပြန်ထွက်သွားမယ်ဆိုရင်တော့ သင်ရဲ့ လိင်တံကပြန်လည်ပျော့ခွေသွားမှာ ဖြစ်ပါတယ်။လိင်ပိုင်းရာ လှုံ့ဆော်မှုတွေနဲ့၊ လိင်ဆက်ဆံတဲ့အခါ ဖြစ်ပေါ်တဲ့ ပွတ်တိုက်မှုတွေက နာဗ်ကြောအချက်ပြချက်တွေကို ဖြစ်ပေါ်စေပြီး ဒီအချက်ပြမှုတွေက ဦးနှောက်နဲ့ ကျောရိုးနာဗ်ကြောထဲကို ဝင်ရောက်သွားပါတယ်။သုက်ထွက်ခြင်းဆိုတာ ဗဟိုနာဗ်ကြောစနစ်က ထိန်းချုပ်ထားတဲ့ အလိုအလျောက် တုံ့ပြန်တဲ့ စနစ်ဖြစ်ပါတယ်။ လိင်မှုကိစ္စ လုပ်ရပ်တွေ လုံလောက်တဲ့ ပမာဏ တစ်ခု အထိ ရောက်သွားရင် သုက်ထွက်ခြင်းဖြစ်စဉ်ဖြစ်ပေါ်လာပါတယ်။သင့် လိင်စိတ် ပြင်းထန်လာတဲ့အခါမှာ Vas deferens လို့ခေါ်တဲ့ ပြွန်လေးက ဝှေးစေ့ထဲမှ သုက်ကောင်များကို ဆီးလမ်းကြောင်းရဲ့ နောက်ဆုံးသို့ ပို့လွှတ်လိုက်ပြီး အဲ့အချိန် သုက်ရည်ဆိုင်ရာ ဂလင်းတွေကလည်း ဆီးလမ်းကြောင်းရဲ့ နောက်ဆုံးဘက်ကို ပို့လွှတ်လိုက်ပါတယ်။ဒီလို Vas deferens မှ သုက်ကောင်များနဲ့ သုက်ကောင်ဆိုင်ရာ အရည်ကြည်အရောတွေ ဆီးလမ်းကြောင်း နောက်ဘက်ပိုင်းရောက်နေပြီဆိုရင် ဆီးလမ်းကြောင်းက အာရုံခံမိလိုက်ပါတယ်။အဲ့နောက်ပိုင်းလိင်မှုဆိုင်ရာ ခံစားချက်အထွတ်အထိပ်ရောက်ပြီဆိုရင်ဆီးလမ်းကြောင်းဟာ သင့်ရဲ့ ကျောရိုးနဗ်ကြောမကြီးသို့ နာဗ်အချက်ပြစနစ်တွေ ပို့လွှတ်လိုက်ပါတယ်။ အဲ့ဒီနောက် ကျောရိုး နဗ်ကြောမကြီးက လိင်တံအရင်းရှိ ကြွက်သားများသို့ ထပ်မံအချက်ပြစနစ်တွေပို့လွှတ်လိုက်ပါတယ်။အဲ့ဒီအချက်ပြစနစ်ကို ရရှိတာနဲ့ တစ်ပြိုင်နက် ဒီကြွက်သားများက အားပြင်းပြင်းပြင်းနဲ့ လျင်မြန်စွာ ဝ.၈ စက္ကန့်အတွင်းကျုံ့သွားပါတော့တယ်။ ဒီအားဟာ သင့်လိင်ခံစားချက် အထွတ်အထိပ်ရောက်သွားတာနဲ့ သုက်ရည်များကို ထွက်သွားစေတာဖြစ်ပါတယ်။သုက်ထွက်ခြင်းမှာ ဖြစ်စဉ် (၂) ဆင့်ရှိပါတယ်။ပထမ အဆင့်မှာ Vas deferens လို့ခေါ်တဲ့ ဝှေးစေ့မှ သုက်ရည်များကို သယ်ဆောင်ပေးတဲ့ ပြွန်ဟာ သုက်ကောင်များကို ဝှေးစေ့ရဲ့ အရင်းအထိ ရောက်စေရန်အတွက် ကျုံ့သွားပါတယ်။ အဲ့ဒီနောက်မှာ ပရော့စတိတ် ဂလင်း (prostate gland) နဲ့ သုက်ရည်ဂလင်း (seminal vesicles) ကသုက်ရည်ဖြစ်စေရန် အရည်ကြည်များကို စစ်ထုတ်လိုက်ပါတယ်။ ဒီအဆင့်မှာ သုက်ထွက်ခြင်းကို ထိန်းထားလို့မရပါဘူး။ဒုတိယ အဆင့်မှာ လိင်တံအရင်းက ကြွက်သားတွေက ဝ.၈ စက္ကန့်တိုင်းမှာ သုက်ရည်များကို အများဆုံး၅ ကြိမ်လောက်အထိ ပန်းထွက်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/about-men-reproductive-organ/
လူအများ ဂရုမပြုမိသော ကင်ဆာလက္ခဏာများ
ကင်ဆာရောဂါသည် သေစေနိုင်သော အဖြစ်အများဆုံး ရောဂါတစ်မျိုး ဖြစ်သည်။ ကင်ဆာရောဂါ လက္ခဏာများ များစွာ ရှိသည်။ လူများသည် ၎င်းတို့ကို လျော့တွက်သောကြောင့် နောက်ကျမှ သတိထားမိကြသည်။ ဤဆောင်ပါးတွင် လူအများစု ဂရုမပြုမိသော ကင်ဆာလက္ခဏာများ အကြောင်းကို ဖော်ပြ သွားပါမည်။ချောင်းဆိုးခြင်း အများစုသည် ကိစ္စမရှိသော်လည်း ဆက်တိုက် ချောင်းဆိုးခြင်း သို့မဟုတ် ချောင်းဆိုးသွေးပါခြင်း ဖြစ်ပါက အန္တရာယ်ရှိနိုင်သည်။ အဆုတ်တွင် ပြဿနာရှိသော ကြောင့် ဖြစ်နိုင်သည်။ အဆိုးရွားဆုံး ဖြစ်နိုင်ချေမှာ အဆုတ် ကင်ဆာ ဖြစ်သည်။ ထို့ကြောင့် ဆက်တိုက် ချောင်းဆိုးခြင်း၊ အသံအက်ကွဲခြင်း ဖြစ်ပါက CT scan သို့မဟုတ် ရင်ဘတ် ဓာတ်မှန်ရိုက်ရန် ဆေးရုံသို့သွားပါ။ဝမ်းတွင် အရောင် သို့မဟုတ် ပုံစံ ရုတ်တရက်ပြောင်းလာပါက၊ ဝမ်းသွားရန် အလွန်ခဲယဉ်းလာပါက ၎င်းသည် အူမကြီးကင်ဆာ လက္ခဏာ ဖြစ်နိုင်သည်။ အူမကြီးတွင် အကျိတ်ခဲ ရှိနေနိုင်ပြီး ဝမ်း လမ်းကြောင်းကို ပိတ်ဆို့နိုင်သည်။ အကြောင်းရင်းခံကို ဖော်ထုတ်ရန် အူမကြီးအတွင်းသို့ ပြောင်းသွင်း၍ ကြည့်နိုင်သည်။ဆီးတွင် သွေးပါလာခြင်း ဖြစ်နိုင်သည်။ ၎င်းသည် ဆီးလမ်း ကြောင်း ရောဂါပိုးဝင်ခြင်း၏ လက္ခဏာဖြစ်နိုင်သည်။ ပိုဆိုးပါက ဆီးအိတ် သို့မဟုတ် ကျောက်ကပ်ကင်ဆာ၏ လက္ခဏာ ဖြစ်နိုင် သည်။ ဤအန္တရာယ်ရှိသော အခြေအနေတွေ့ရှိပါက ကျန်းမာရေး အကူအညီ အမြန်ရယူပါ။နာကျင်မှုများသည် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုကြောင့် ဖြစ်ပါ က အန္တရာယ် မရှိပါ။ သို့သော်လည်း ရှင်းမပြနိုင်သော ဆက်တိုက် နာကျင်မှုများသည် အခြားအကြောင်း ဖြစ်သည်။ နာကျင်မှုဖြစ်သော နေရာပေါ်မူတည်ပြီး မတူညီသော ကင်ဆာ အမျိုးမျိုး ဖြစ်နိုင်သည်။ ခေါင်းကိုက်ခြင်းသည် ဦးနှောက်ကင်ဆာ ၏ လက္ခဏာ ဖြစ်နိုင်ပြီး ဗိုက်အောင့်ခြင်းသည် သားဥအိမ်ကင်ဆာ လက္ခဏာ ဖြစ်နိုင်သည်။မှဲ့တွင် နီရဲခြင်း၊ ယားယံခြင်း သို့မဟုတ် နာကျင်ခြင်း စသော ပြောင်းလဲခြင်းများတွေ့ပါက စစ်ဆေးအဖြေရှာရန် အထူးကု ဆရာဝန်ထံ သွားပါ။မမျှော်လင့်ဘဲ သွေးထွက်ခြင်းသည် ကင်ဆာဖြစ်နိုင်ချေကို ဖော်ပြသည်။ ရာသီလာခြင်းမဟုတ်ဘဲ မိန်းမကိုယ်မှ သွေးထွက် ခြင်းသည် သားအိမ်ကင်ဆာ ဖြစ်နိုင်ပြီး နှာခေါင်းသွေးထွက်ခြင်း သည် သွေးအားနည်းရောဂါ ဖြစ်နိုင်သည်။သင့် အနာသည် ၃ပတ် နှင့် အထက်ကြာသည်အထိ မကျက်ပါက ကင်ဆာအကျိတ်၏ လက္ခဏာတစ်ခု ဖြစ်နိုင်သည်။ သင့်တော်သော ကုသမှု ရရန် ဆရာဝန်နှင့် သွားရောက်ပြသပါ။ရင်သားတွင် အလုံးစမ်းမိခြင်းသည် ရင်သားကင်ဆာ၏ လက္ခဏာတစ်ခု ဖြစ်သည်။ သင့်ခန္ဓာကိုယ်တွင် အလုံးတစ်ခု တွေ့ရှိပါက ဆရာဝန်နှင့် တတ်နိုင်သလောက် မြန်မြန် ပြသပါ။သင်သည် အစားသောက် ထိန်းမထားသော်လည်း ကိုယ် အလေးချိန် ကျနေပါက ၎င်းသည် အန္တရာယ် အလွန်ရှိပါသည်။ သင့်တွင် အကျိတ် သို့မဟုတ် ကင်ဆာ ရှိသည်ဟု ညွှန်ပြခြင်း ဖြစ်နိုင်သည်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/other-cancers/%e1%80%9c%e1%80%b0%e1%80%a1%e1%80%99%e1%80%bb%e1%80%ac%e1%80%b8-%e1%80%82%e1%80%9b%e1%80%af%e1%80%99%e1%80%95%e1%80%bc%e1%80%af%e1%80%99%e1%80%ad%e1%80%9e%e1%80%b1%e1%80%ac-%e1%80%80%e1%80%84%e1%80%ba/
လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းကြောင့် ရနိုင်မယ့် အကျိုးကျေးဇူးတွေ ။
လေ့ကျင့်ခန်းပုံမှန်လုပ်တာဟာ ကောင်းတဲ့ အလေ့အကျင့်တစ်ခုဆိုတာ လူတိုင်းသိကြမှာပါ ။အဆီတွေကျဖို့၊ကိုယ်အလေးချိန်တက်ဖို့၊ ကြွက်သားတွေ တက်စေဖို့ အပြင် လေ့ကျင့်ခန်းမှာ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အခြား အရာတွေ အများကြီးရှိပါသေးတယ်။ ပိန်ချင်တာတစ်ခုတည်းကြောင့် လေ့ကျင့်ခန်းလုပ်တာတော့မှန်ပါတယ်။ ဒါပေမယ့်ကိုယ်အလေးချိန်ကျတာက နောက်မှာ ခုပြောပြမယ့် အကျိုးကျေးဇူးတွေ အရင်ရမှာမို့ လေ့ကျင့်ခန်းမှာ ဘယ်လိုအကျိုးကျေးဇူးတွေ ရလဲဆိုတာ ကြည့်ရအောင် ။ ။လေ့ကျင့်ခန်းက ကိုယ်ခန္ဓာကို အသုံးပြုပြီးလုပ်ရတာမှန်ပေမယ့်လေ့ကျင့်ခန်းလုပ်တာကြောင့် ရနိုင်တဲ့ အကျိုးကျေးဇူးတွေက စိတ်ရော ကိုယ်ပေါ်မှာပါ သက်ရောက်မှုရှိပါတယ်။လေ့ကျင့်ခန်းက ကိုယ်စားလိုက်တဲ့ကယ်လိုရီတွေ လောင်ကျွမ်းအောင် အားပေးတယ်၊ ပိုနေတဲ့ အဆီတွေကို ဖြိုခွဲပေးတယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်း ပုံမှန်ုလုပ်နေတဲ့သူတစ်ယောက်ရဲ့ ကိုယ်ခန္ဓာက အမြဲအချိုးကျနေမှာဖြစ်တဲ့အပြင် ကိုယ့် ခန္ဓာကိုယ်နဲ့ ပက်သက်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအမြဲရှိနေမှာပါ။ပုံမှန်လေ့ကျင့်ခန်းလုပ်တာကြောင့် လူတိုင်းကို ဒုက္ခပေးတဲ့နာတာရှည်ရောဂါတွေဖြစ်တဲ့ဆီးချို၊ သွေးတိုး၊နှလုံး၊ သွေးကြောကျဉ်း၊ လေဖြတ်တာနဲ့ကင်ဆာရောဂါတို့ဟာ သင့်နဲ့ အဝေးဆုံးမှာ ရှိနေမှာပါ။ပုံမှန်လေ့ကျင့်ခန်းလုပ်နေတဲ့သူတစ်ယောက်ဟာ မလုပ်တဲ့သူထက် သက်လုံပိုင်းမှာရော ကိုယ်ခန္ဓာကြံ့ခိုင်မှု အပိုင်းမှာရော ပိုပြီးသန်စွမ်းမှုရှိနေမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စားထားတဲ့အာဟာရဓာတ်တွေနဲ့ အရေးကြီးတဲ့ အောက်ဆီဂျင်တွေက လေ့ကျင့်ခန်းလုပ်နေစဉ် တစ်ရှူးတွေဆီ အလုံအလောက်ရောက်သွားတယ်ရယ်၊လေ့ကျင့်ခန်းလုပ်ချိန်အတွင်းမှာ အသုံးပြုရတဲ့ ကြွက်သားနဲ့ အရိုးတွေ သန်မာလာတာကြောင့်ရယ်ဖြစ်ပါတယ်။ နောက်ပြီး လေ့ကျင့်ခန်းက ခုခံအားစနစ်ကိုလည်း အားပေးတဲ့ အရာတစ်ခုပါ။Gymစစချင်းသွားဖို့၊ လေ့ကျင့်ခန်းစလုပ်ဖို့ ပျင်းနေ စိတ်ညစ်နေပေမယ့် တကယ်လုပ်ပြီးသွားတဲ့အချိန်ကျ ကျေနပ်ပျော်ရွင်တဲ့ခံစားချက်တစ်မျိုး ခံစားရတယ်ဆိုတာ gym သွားတဲ့လူတိုင်းသိပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလုပ်တဲ့အချိန်မှာ ဦးနှောက်ဆီကနေ endorphins လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးထွက်လာပါတယ်။ အဲဒီ endorphins ဟော်မုန်းက စိတ်ကိုပျော်ရွင်စေတဲ့အပြင်စိတ်ကျရောဂါနဲ့ စိုးရိမ်ပူပန်လွန်တဲ့ ပြဿနာတွေကို ပါဖြေရှင်းပေးပါတယ်။လေ့ကျင့်ခန်းလုပ်ထားတဲ့ ရက်မှာ မြင်သမျှစားချင်နေတတ်ပြီး စားသမျှလည်း ကောင်းနေပါလိမ့်မယ်။ ညရောက်ရင်လည်း လေ့ကျင့်ခန်းကြောင့် ပင်ပန်းထားရတဲ့ဒဏ်နဲ့ တန်းပြီးအိပ်ပျော်မှာ ကျိန်းသေပါတယ်။ဒါကလည်း လေ့ကျင့်လုပ်တဲ့ ပျိုမေတိုင်း ခံစားရတဲ့ အကျိုးကျေးဇူးတစ်ခုပါ။လေ့ကျင့်ခန်းလုပ်စဉ် ထွက်နေတဲ့ endorphins ဟော်မုန်းက morphine လိုမျိုး အနာသက်သာစေတဲ့အာနိသင်ရှိတာကြောင့်ဓမ္မတာလာစဉ်ခံစားရတဲ့ကိုက်ခဲတဲ့ဝေဒနာတွေကို သက်သာစေမှာပါ။လေ့ကျင့်ခန်းလုပ်တဲ့အချိန် ထွက်သွားတဲ့ချွေးတွေနဲ့အတူ အဆိပ်အတောက်တွေပါ ထွက်သွားတာကြောင့်အသားအရေတွေပါ ကြည်လင်သွားမှာ ကျိန်းသေပါတယ်။ကဲဒီတော့ စိတ်ရောကိုယ်ပါ ကို အကျိုးရှိစေတဲ့ လေ့ကျင့်ခန်းလုပ်ဖို့ ဘာကြောင့် ပျင်းနေမှာလဲ။ ခုပဲ gym သွားလိုက်ရအောင် ။ ။.။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/exercise-benifits/
ဇီယာရွက် ကပေးတဲ့ ကျန်းမာရေး
ချောင်းတွေဆိုးနေတယ်။ လည်ချောင်းတွေနာတယ်၊ နှာခေါင်းတွေပိတ်တယ်။ နေရခက်ပေမယ့် ဆေးတော့မသောက်ချင်ဘူး၊ ဆိုတဲ့ helloဆရာဝန်ရဲ့ ပရိသတ်ကြီးတွေများရှိလား။ ဒါဆိုရင်တော့ ချောင်းဆိုးတာ၊လည်ချောင်းနာတာနဲ့နှာခေါင်းပိတ်တာတွေကို သက်သာစေနိုင်မယ့် သဘာဝကပေးတဲ့ ဆေးတစ်မျိုးအကြောင်း ပြောပြပေးပါရစေလား။ ဒါကတော့ ဇီယာရွက် ပါ။ငယ်ငယ်က ဖိုးဖိုးဖွားဖွားတွေ တိုက်လို့ သောက်မိကောင်း သောက်မိဖူးပါလိမ့်မယ်။ ဇီယာရွက်က တကယ်လည်း ဆေးဖက်ဝင်သလိုချောင်းဆိုးတာကိုလည်း သိသိသာသာ သက်သာစေနိုင်ပါတယ်။အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို သက်သာစေနိုင်တယ်။အအေးမိတာကြောင့် လည်ချောင်းနာနေမယ်။ နှာစေးနှာပိတ်ဖြစ်နေမယ်၊ ချောင်းဆိုးနေမယ်ဆိုရင်တော့ ဇီယာရွက်ကို ရေစင်အောင်ဆေးပြီး ဝါးစားပေးပါ။ ဒါမှမဟုတ် ရေနွေးဆူဆူထဲကို ထည့်ပြီးသောက်ပေးပါ။ ချွဲတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။အသက်ရှူလမ်းကြောင်းတလျှောက်မှာ ဘက်တီးရီးယားတွေရှိနေရင်လည်း အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပြီးကိုယ်ခံအားကိုလည်း ကောင်းစေနိုင်ပါတယ်။အဖျားသက်သာစေနိုင်တယ်။အအေးမိဖျားနာခံစားရတဲ့အခါမှာလည်း အဖျားသက်သာစေဖို့ ဇီယာရွက်ကို စားသုံးပေးလို့ရပါတယ်။ ဇီယာရွက်က  ကိုယ်ခံအားကောင်းစေနိုင်သလို ချွေကနေတဆင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အနာကျက်လည်းမြန်စေနိုင်ပါတယ်။စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်တယ်။စိတ်ဖိစီးနေတာ၊ စိတ်ပူပန်မှုတွေများနေရင်လည်း ဇီယာရွက်ကို စားပေးလို့ရပါတယ်။ စိတ်ဖိစီးနေတာကို သက်သာစေဖို့အတွက် ရေနွေးဆူဆူထဲမှာ ရေစင်အောင်ဆေးထားတဲ့ ဇီယာရွက် ကို စိမ်ပြီး သောက်ပေးလို့ရပါတယ်။ စိတ်ကိုတည်ငြိမ်စေသလို ညတိုင်းလည်း အိပ်ပျော်စေမှာပါ။အသားအရေကျန်းမာစေနိုင်တယ်။အရေပြား​ပြဿနာအတွက်လည်း ဇီယာရွက် ကို အသုံးပြုပေးလို့ရပါတယ်။ အရေပြားမျာ ပိုးကောင်ကိုက်ခံရတဲ့အခါ ဇီယာရွက်ကို ရေစင်အောင်ဆေးပြီး ကြိတ်ခြေလို့ အုံပေးလို့ရပါတယ်။ အရေပြားမှာ နီမြန်းရောင်ရမ်းနေတာတွေ၊ ယားယံနေတာတွေရှိမယ်ဆိုရင်လည်း သက်သာစေမှာပါ။ကင်ဆာကာကွယ်ပေးနိုင်တယ်။ဇီယာရွက်မှာ ဓာတ်တ်ုးဆန့်ကျင်အာနိသင်ပါဝငနေတာကြောင့် ကင်ဆာဆဲလ်တွေပွားတာကို တားဆီးပေးနိုင်သလို ခန္ဓာကိုယ်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် ထိခိုက်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ကျောက်ကပ်ကျန်းမာစေနိုင်တယ်။ဇီယာရွက်က ဆီးရွှင်စေနိုင်ပြီး ကိုယ်တွင်းကအဆိပ်အတောက်တွေကိုဆီးကနေတဆင့် ဖယ်ရှားပေးနိုင်ပါတယ်။ ကိုယ်တွင်းမျာပိုနေတဲ့ အငန်ဓာတ်တွေ၊ အဆီဓာတ်တွေ၊ ရေဓာတ်တွေကို ဆီးကနေတဆင့် စွန့်ထုတ်ပေးပါတယ်။ ကျောက်ကပ်ရဲ့ လုပ်ဆောင်မှုတွေကို အဆင်ပြေပြေလုပ်ဆောင်နိုင်စေမှာပါ။Irritable Bowel Syndrome(IBS) အူလမ်းကြောင်းလှုပ်ရှားမှုမမှန်တဲ့ပြဿနာ ကိုသက်သာစေနိုင်တယ်။အစာအိမ်နာတာနဲ့ အစာခြေစနစ်ရောင်ရမ်းတာတွေကို သက်သာစေနိုင်သလို အူလမ်းကြောင်းလှုပ်ရှားမှုမမှန်တဲ့ပြဿနာ (IBS) ခံစားနေရတာကိုလည်း သက်သာစေနိုင်ပါတယ်။ IBS ရှိနေမယ်ဆိုရင် ဇီယာရွက်ကို ရေစင်အောင်ဆေးလို့ရေနွေးထဲစိမ်ပြီး သောက်ပေးပါ။အဆစ်ရောင်တာကို သက်သာစေနိုင်တယ်။Omega-6 fatty acidsကြွယ်ဝစွာပါဝင်နေတာကြောင့် အဆစ်ရောင်နာဖြစ်နိုင်ခြေကို နည်းစေနိုင်သလို ဖြစ်လာခဲ့ရင်လည်း အဆစ်နာတာကို သက်သာစေနိုင်ပါတယ်။အရိုးပွရောဂါကို ကာကွယ်ဖို့အတွက်လည်း စားသုံးပေးလို့ရပါတယ်။အမြင်အာရုံကောင်းစေတယ်။ဗီတာမင် Aကြွယ်ဝစွာပါဝင်နေမှုကြောင့် အမြင်အာရုံကို အကောင်းဆုံးအားဖြည့်ပေးနိုင်မှာပါ။ မျက်လုံးကြွက်သားတွေကိုလည်း ကျန်းမာစေနိုင်ပါသေးတယ်။အရွက်ခပ်ထူထူလေးနံ့ အပေါ်မှာအမွှေးပါးလေးတွေ အုပ်ထားတဲ့ ဇီယာရွက်လေးက အခုလို ကျန်းမာရေးအကျိုးကျေးဇူးအများကြီးကို ပေးစွမ်းနိုင်တယ်ဆိုတော့ ရေနွေးလေးထဲစိမ်လို့ ဆေးဖြစ်ဝါးဖြစ်သောက်ကြည့်ဖို့ ပြောပါရစေနော်။ဇီယာရွက်က ချောင်းဆိုး သက်သာစေသလို ဆေးဖက်ဝင်တာ မှန်ပေမယ့် အလွန်အကျွံ မသုံးဖို့တော့ လိုပါမယ်။ နောက်တစ်ခုက ဇီယာရွက်ကို အသုံးမပြုခင်မှာ ရေစင်အောင် ဆေးကြောဖို့ပါ။ကျန်းမာရေး ပြဿနာ တစ်ခုခုကြောင့် ဆေးသောက်နေရသူတွေ ရောဂါအခံ တစ်ခုခု ရှိသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/health-benefits-of-indian-borage/
ရေဝါးရွက် ဆေးဖက်ဝင်သလား
ရေဝါးရွက် ဆိုတာကို သိသူတွေလည်း ရှိသလို အပင်ကို မြင်ဖူးပြီး အမည်နဲ့ မတွဲမိတာ၊ လုံးဝ မသိတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အပင်လေးလည်း လှသလို အရွက်လေးရဲ့ အရောင်လေးပါ ချစ်စရာကောင်းတဲ့ ရေဝါးရွက်လေးက ဘယ်လို ဆေးဖက်ဝင်လဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ရေဝါးရွက် ဆေးဖက်ဝင်သလား ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ရေဝါးရွက် ဆိုတာက ရေဝါးပင်ရဲ့ အရွက်ပါ။ ရေဝါးပင်ဆိုတာက နွယ်ပင်တစ်မျိုးပါ။ အပင်က အပေါ်ကို နွယ်တက်တာမျိုး မဟုတ်ဘဲ လိုက်ကာလေးလိုမျိုး အောက်ဘက်ကို နွယ်ဆင်းတာပါ။ အရွက်က ခရမ်းရောင်ကနေ အနီရောင်ရှိပါတယ်။ အရွက်လေးတွေက ထိပ်ပိုင်းမှာ ချွန်ချွန်လေးပါ။ ရိုးတံနဲ့ အရွက်လေးတွေမှာ အမွေးပါးလေးတွေ ဖုံးနေပါတယ်။ရေဝါးရွက် ဆေးဖက်ဝင်သလား ဆိုတော့ လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက ရေဝါးရွက်ကို ဆေးဝါးအဖြစ် အသုံးပြုခဲ့ကြတာပါ။ အကြောင်းကတော့ ရေဝါးရွက်က ဆေးဖက်ဝင် အပင် တစ်မျိုး ဖြစ်တာကြောင့်ပါ။ ရေဝါးရွက်က အလှစိုက်ကြတာ များပေမယ့် တကယ်ကတော့ အခုလိုလေး ဆေးဖက်ဝင်ပါတယ်။ရေဝါးရွက်ကို အသုံးများတဲ့ ကျန်းမာရေး ပြဿနာကတော့နာတာရှည် ရောဂါတစ်မျိုး ဖြစ်တဲ့ ဆီးချိုရောဂါပါ။ ဆီးချိုရောဂါ ရှိသူတွေမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့အတွက် ရေဝါးရွက်ကို အသုံးပြုကြပါတယ်။ဆီးချိုရောဂါက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေတဲ့ကျန်းမာရေး ပြဿနာတစ်ခုပါ။ ဆီးချိုရောဂါက အချိန်ကြာလာတဲ့အခါ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်သလို ကျောက်ကပ် ထိခိုက်တာ အပါအဝင် ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုရှိသူတွေအနေနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့ အသုံးပြုပေးလို့ ရပါတယ်။ဆီးချိုရှိသူတွေ အနေနဲ့ ရေဝါးရွက်ကို သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့နဲ့ ဆီးချိုနောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ဖို့ အသုံးပြုပေးလို့ ရပါတယ်။ ရေဝါးရွက် အဆီအနှစ်တွေက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်ပါတယ်။ရေဝါးရွက်ရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင် တစ်ခုကတော့ သွေးပေါင်ကို ထိန်းညှိပေးတာပါ။ သွေးတိုးတာကို သက်သာစေဖို့အတွက် ရေဝါးရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ ရေဝါးရွက်က သွေးပေါင်ကို ထိန်းညှိပေးနိုင်တာကြောင့် သွေးတိုးရှိသူတွေအတွက် သဘာဝ ဆေးဖက်ဝင် အပင်တစ်မျိုးပါ။ရေဝါးရွက်ကသွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသလိုသွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။မျက်နှာပေါ်က အမည်းစက်တွေ၊ ဝက်ခြံ နဲ့ ဆားဝက်ခြံတွေ သက်သာစေဖို့ဆိုရင် ရေဝါးရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ ရေဝါးရွက်ကို ကြိတ်ပြီး မျက်နှာပေါ်က ဝက်ခြံတွေမှာ အသုံးပြုပေးလို့ ရပါတယ်။အရေပြားမှာ ဖြစ်တတ်တဲ့ ပွေး၊ ဝဲ၊ ညှင်းတို့လိုမျိုး အရေပြားပြဿနာတွေ ကင်းစေဖို့နဲ့ သက်သာစေဖို့ဆိုရင်လည်း ရေဝါးရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ အရပြားပြဿနာ အမျိုးမျိုးကို သက်သာစေဖို့အတွက် အသုံးပြုပေးလို့ရတဲ့သဘာဝ အပင်တစ်မျိုးပါ။ရေဝါးရွက်က အဆစ်တွေ ရောင်တာ၊ အရေပြား ရောင်တာ၊ ဝက်ခြံကြောင့် အရေပြားတွေကို ရောင်ရမ်းတာကို သက်သာစေဖို့အတွက်လည်း ရေဝါးရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ရေဝါးရွက်က ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမား မရှိပါဘူး။တန်ဆေး လွန်ဘေး ဆိုသလို အများကြီး စားမိရင် သွေးပေါင်ကျတာ၊ သွေးတွင်းသကြားဓာတ် ကျဆင်းတာမျိုး ဖြစ်စေနိုင်ပါတယ်။ဆီးချိုရှိသူတွေအနေနဲ့တော့ ဆီးချိုဆေးနဲ့ အတူ တွဲသောက်တာမျိုး မလုပ်သင့်ပါဘူး။ သွေးတွင်းသကြားဓာတ် အလွန်အကျွံ ကျဆင်းသွားနိုင်လို့ပါ။သွေးတိုးရှိသူတွေအနေနဲ့တော့ သွေးကျဆေးနဲ့ အတူ တွဲသောက်တာမျိုး မလုပ်သင့်ပါဘူး။ သွေးပေါင်ကျဆင်းတာမျိုး ဖြစ်စေနိုင်တာကြောင့်ပါ။အစာဓာတ်မတည့်မှု ဖြစ်စေနိုင်တာကြောင့် ဓာတ်မတည့်မှု ခံစားဖူးသူတွေအနေနဲ့ သတိထားဖို့ လိုပါမယ်။ရေဝါးရွက်နဲ့ ပတ်သက်ပြီး ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။ သဘာဝဆေးဖက်ဝင်ဆိုပေမယ့် ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်း မရှိရင် ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်နိုင်တာကို သိထားရန် လိုအပ်ပါတယ်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/red-water-grass-plant-health-benefits/
အရိုးပွခြင်းအကြောင်း သိသင့်သမျှ
အရိုးပွခြင်းဆိုတာ အရိုးတွေမှာရှိသင့်တဲ့သိပ်သည်းဆလျော့နည်းသွားခြင်း ဖြစ်ပါတယ်။ လူတိုင်းရဲ့ အရိုးတွေထဲမှာ ပျားအုံတစ်အုံလိုပဲ အခေါင်းပေါက်ငယ်ကလေးတွေ ရှိပါတယ်။ အရိုးပွခြင်းဖြစ်လာရင် အဆိုပါ အပေါက်ငယ်ကလေးများရဲ့ အရွယ်အစားဟာ ပိုမိုကျယ်ပြန့်လာပါတယ်။ ဒါကြောင့် အရိုးရဲ့ သိပ်သည်းဆရော ကြံ့ခိုင်မှုပါ အားနည်းလာပါတယ်။ အရိုးလည်း ပါးလျလာပြီး ထိခိုက်မိရင် ကျိုးပဲ့လွယ်လာပါတယ်။အရိုးပွခြင်းဟာ ဘယ်အရွယ်မှာမဆို ဖြစ်ပွားနိုင်ပါတယ်။ အထူးသဖြင့် အသက်ကြီးပိုင်း အမျိုးသမီးတွေမှာ ဖြစ်တတ်ပါတယ်။ အရိုးပွနိုင်ခြေ အများဆုံး အရိုးများကတော့ နံရိုး၊ ပေါင်ရိုး၊ ခါးရိုးနဲ့ လက်ကောက်ဝတ်ရိုးများပဲ ဖြစ်ပါတယ်။များသောအားဖြင့် ကနဦးလက္ခဏာ မတွေ့ရတတ်ပါဘူး။ အရိုးကျိုးသည့်တိုင်အောင် အရိုးပွတဲ့ အခြေအနေကို ကြိုတင်ပြီး မသိတာများပါတယ်။ တစ်ခါတရံမှာ တွေ့ရတတ်တဲ့ အခြေအနေတွေကတော့။အရိုးပွခြင်းကို ထိရောက်တဲ့ ကာကွယ်ကုသမှုမလုပ်ရင် အရိုးများ ပိုမိုပါးလျား အားနည်းလာပြီး ကျိုးပဲ့လွယ်လာပါတယ်။ ဆိုးရွားလွန်းတဲ့ အခြေအနေမှာဆိုရင် ချော်လဲရင်၊ ချောင်းပြင်းပြင်းဆိုးရင် ကျိုးပဲ့တတ်ပါတယ်။ ခါး၊ လည်ပင်းနာခြင်းတွေ ဖြစ်တတ်ပြီး ကိုယ်ခန္ဓာအပေါ်ပိုင်း ဖိအားကြောင့် ခါးဆစ်ရိုးကျိုးတတ်ပါတယ်။အဓိကကတော့ အသက်အရွယ်ဖြစ်ပါတယ်။ သင့်ဘဝတလျှောက်မှာအရိုးများဟာ ပျက်စီးခြင်း၊ အသစ်ပြန်လည်ဖြစ်ပေါ်ခြင်း စတာတွေကို ပုံမှန်လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် အသက် ၃၀ ကျော်လောက်ကစပြီးအရိုးဆဲလ်များပျက်စီးနှုန်းက အသစ်ပြန်ဖြစ်နှုန်းထက် ပိုများလာပါတယ်။ ဒါကြောင့် အရိုးများ သိပ်သည်းဆနည်းလာနိုင်ပါတယ်။အမျိုးသမီးတွေမှာဆိုရင် အသက် ၄၀ ကျော် ၅၀ ခန့်အရွယ်မှာ သွေးဆုံးတတ်ပါတယ်။ သွေးဆုံးချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် အရိုးများပိုမို ပျက်စီးလာတတ်ပါတယ်။ မိသားစုထဲမှာ အရိုးပွရောဂါ ဖြစ်သူရှိခြင်း၊အာဟာရဓာတ်ချို့တဲ့ခြင်း၊ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ ဆေးလိပ်သောက်ခြင်း စတာတွေကြောင့်လည်း အရိုးပွနိုင်ခြေ များပါတယ်။သိုင်းရွိုက်ရောဂါမှာ ကုသတဲ့ဆေးဝါးတချို့ကြောင့်လည်း အရိုးပွနိုင်ခြေများပါတယ်။ ပရဒ်နီဆလုံး၊ ကော်တီဆုန်း စတဲ့စတီးရွိုက်ဆေးဝါးတွေကြောင့် အရိုးပွတတ်ပါတယ်။အရိုးပွခြင်းကိုစစ်ဆေးဖို့အတွက် ဆရာဝန်ဟာ ရောဂါရာဇဝင်မေးမြန်းပြီး လိုအပ်တဲ့စစ်ဆေးမှုတွေ ပြုလုပ်ပါလိမ့်မယ်။ အရိုးများအခြေအနေကို သိရအောင် သွေး၊ ဆီးစစ်ခြင်း ပြုလုပ်ပါလိမ့်မယ်။ အဓိကအားဖြင့် အရိုးသိပ်သည်းဆကို စစ်ဆေးပါလိမ့်မယ်။X-rayတစ်မျိုးကို အသုံးပြုပြီး လက်ကောက်ဝတ်၊ ပေါင်၊ ကျောရိုး စတာတွေရဲ့ သိပ်သည်းဆကို စစ်ဆေးပါလိမ့်မယ်။ အဆိုပါ စစ်ဆေးမှုဟာ ၁၀ မိနစ်ကနေ နာရီဝက်အထိကြာနိုင်ပြီး နာကျင်မှု မရှိပါဘူး။အရိုးပွနေကြောင်း သိရပြီဆိုရင်တော့ ဆရာဝန်ဟာ သင့်ပြဿနာကို ဘယ်လိုကုသပေးမလဲ အစီအစဉ်ဆွဲပါလိမ့်မယ်။ ဆေးဝါးများသောက်သုံးရသလို နေထိုင်မှုပုံစံတွ ပြောင်းလဲပေးခြင်းလည်း ပါဝင်ပါလိမ့်မယ်။ ကယ်လ်ဆီယမ်နဲ့ ဗီတာမင် D တွေကို ဆရာဝန်ညွှန်ကြားချက်နဲ့  သုံးစွဲရသလို သင့်တော်တဲ့ လေ့ကျင့်ခန်းတချို့လည်း ပြုလုပ်ရတတ်ပါတယ်။တကယ်တော့ အရိုးပွခြင်းကို လုံးဝပျောက်ကင်းအောင် ကုသခြင်းမရှိပါဘူး။ ဒါပေမယ့် ထိရောက်တဲ့ကုသမှုနဲ့ဆိုရင် အရိုးများကို သန်စွမ်းအောင်၊ ပျက်စီးခြင်းနည်းအောင် ကာကွယ်ပေးနိုင်ပါတယ်။အာဟာရပြည့်ဝတဲ့ အစားအသောက်များကိုလည်း စားသုံးဖို့ အရေးကြီးပါတယ်။ အရေးအကြီး ဆုံးကတော့ ကယ်လ်ဆီယမ်နဲ့ ဗီတာမင် D ပါပဲ။ ဒါ့အပြင် ပရိုတိန်း၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် K၊ ဇင့် စတာတွေဟာလည်းအရိုးကျန်းမာရေးကို အထောက်အကူပြုပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/osteoporosis-orthopedics-musculoskeletal/osteoporosis/
ရှားစောင်းလက်ပပ် (သို့) အသားအရေအတွက် နတ်ဆေးတစ်ပါး
အလှအပအတွက်သာမကအရေပြားကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ အိမ်တွင်းဆေးဝါးလို့ ဆိုလိုက်ရင် ရှားစောင်းလက်ပပ်ဟာ မပါမဖြစ် ထိပ်ဆုံးနေရာက ပါဝင်တဲ့ နတ်ဆေးတစ်ပါးပါပဲ။ အလွယ်တကူ ဝယ်လို့ရတယ်။ ကိုယ်တိုင်ပြုလုပ်ဖို့လည်း လွယ်ကူတယ်။ ကျား၊ မ၊ အသက်အရွယ်မရွေး အသုံးပြုလို့ရတယ်။ ဆေးဖက်ဝင်တယ်။ နွေ၊ မိုး၊ဆောင်းရာသီမရွေး အသုံးပြုနိုင်တယ်။ ဒါကြောင့် ရှားစောင်းလက်ပပ်ကို ရှေးယခင်မှ ယခုအချိန်ထိ လူတွေ ယုံယုံကြည်ကြည်နဲ့ လက်ခံအသုံးပြုနေကြပါတယ်။ရှားစောင်းလက်ပပ်ကိုအသားအရေကျန်းမာရေးနဲ့ အလှအပအတွက် ဘယ်လိုအခြေအနေမှာ အသုံးပြုလို့ရလဲဆိုတာနဲ့ ပတ်သက်ပြီး ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။ကမ်းခြေသွားပြီး ပြန်လာတဲ့အချိန်၊ အချိန်အတော်ကြာ နေပူစာလှုံတာ၊ နေပူထဲ အကာအကွယ်မပါပဲ ထွက်တာကြောင့် ပျက်စီးကြမ်းတမ်းပြီး နေလောင်သွားတဲ့ အသားအရေအတွက် အကောင်းဆုံး ဖြေဆေးကတော့ ရှားစောင်းလက်ပပ်ပါပဲ။ရှားစောင်းလက်ပပ်က ရတဲ့ ဂျယ်လ်အနှစ်မှာ အရေပြားကို အေးမြစေပြီး နီရဲတာ၊ ပူစပ်ပူလောင်ဖြစ်တာ သက်သာစေတယ်။ ပျက်စီးသွားတဲ့ အရေပြားအပေါ်ယံလွှာကို ဖြည်းညှင်းစွာ ခွာချပေးတယ်။ လိမ်းလိုက်တဲ့အခါမှာ အသားအရေကို အစိုဓါတ်ထိန်းပေးလိုက်တဲ့အပြင်နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးနိုင်တဲ့ အလွှာလေးတစ်ထပ် အုပ်ပေးလိုက်ပါတယ်။များသောအားဖြင့် အသားအရေဟာ ရေသောက်နည်းလာတဲ့အမျှ ခြောက်သွေ့ပြီး အစိုဓါတ်တွေ နည်းလာပါတယ်။ အလှကုန်ပစ္စည်းဆိုင်တွေမှာ တွေ့ရတတ်တဲ့ အစိုဓါတ်ထိန်းခရင်မ်တွေမှာလည်း ကိုယ့် အသားအရေနဲ့ မကိုက်ညီတဲ့အခါ ချွဲကျိတာ၊ ပိုပြီး အဆီရွှဲတာ၊ဓါတ်မတည့်တာတွေ ဖြစ်နိုင်ပါတယ်။ရှားစောင်းလက်ပပ်က သဘာဝအတိုင်းရတဲ့ အနှစ်တွေဟာ အသားအရေကို အစိုဓါတ်ထိန်းပေးတဲ့အပြင် လိမ်းပြီးလို့ အရေပြား ချွဲကျိနေတာမျိုး လုံးဝမဖြစ်စေပါဘူး။ မတူညီတဲ့ အသားအရေပုံစံတိုင်းအတွက် စိတ်ချပြီး အသုံးပြုလို့ ရပါတယ်။အသားအရေကို နူးညံ့ချောမွေ့စေပြီး ချွေးပေါက်တွေ မကျယ်သွားစေဖို့ ကာကွယ်ပေးနိုင်တယ်။အမျိုးသားေတွ ကိုယ်ခန္ဓါက အမွေးအမျှင်တွေ ရိတ်တဲ့အခါမှာ ရှားစောင်းလက်ပပ်အနှစ်ကို သဘာဝချောဆီအနေနဲ့ အသုံးပြုလို့ ရပါတယ်။ ရိတ်နေရင်းနဲ့ ပွန်းပဲ့ထိခိုက်ရှနာ ဖြစ်တာကိုလည်း အမြန်ဆုံး သက်သာစေပြီးအနာကျက်မြန်စေတယ်။ ရေဓါတ်လည်း ထိန်းပေးနိုင်ပါတယ်။ရှားစောင်းလက်ပပ်ကရတဲ့ အနှစ်တွေဟာ ထိခိုက်၊ ပွန်းပဲ့၊အပူလောင်တာအပြင် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်တဲ့ ဒဏ်ရာတွေကို အမြန်ဆုံး သက်သာစေပြီး ဘက်တီးရီးယားပိုးတွေ မဝင်လာအောင် တားဆီးပေးနိုင်ပါတယ်။အရေပြားတစ်သျှူးထဲက အနာပျောက်စေဖို့ ဆဲလ်တွေကို ထုတ်လုပ်ပေးတဲ့ နေရာမှာ ကူညီပေးနိုင်တဲ့အပြင် အောက်အလွှာထိ ကောင်းစွာ စိမ့်ဝင်စေပြီး ရေဓါတ်ကို ဖြည့်တင်းပေးနိုင်ပါတယ်။အသားအရေကို နုပျိုကျန်းမာစေတဲ့ ဗီတာမင် C ၊ ဗီတာမင် E ၊ ဗီတာမင် A အပြင် antioxidant ဓါတ်ပေါင်းများစွာ ပါဝင်လို့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးနိုင်တယ်။ မျက်နှာပေါ်ကအရေးအကြောင်းတွေကို သက်သာစေပြီး အရွယ်တင်နုပျိုစေတယ်။ အသားအရေကို တင်းရင်းသွားစေပြီး အသားဖြူစေဖို့ ကိုယ်ခန္ဓါက ကော်လဂျင်တွေ ထုတ်လွှတ်ပေးရာမှာလည်း အထောက်အကူ ဖြစ်စေပါတယ်။ရှားစောင်းလက်ပပ်မှာဘက်တီးရီးယားပိုးတွေကို သေစေနိုင်တဲ့ အစွမ်းအာနိသင်ပါဝင်လို့ ဝက်ခြံ၊ အရေပြားမှိုရောဂါတွေ မဖြစ်လာစေဖို့ ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။ချွေးပေါက်ထဲမှာ ရှိနေတဲ့ ဖုန်မှုန့်တွေကိုလည်း သန့်စင်ပေးနိုင်တယ်။ အရေပြား ယားယံတာ၊ အသားအရေနီရဲနေတာကို အမြန်ဆုံး သက်သာစေတယ်။ အမြန်ဆုံးပျောက်စေတဲ့အပြင် ပုံမှန်အသုံးပြုပေးနေရုံနဲ့ နောက်ထပ် ဖြစ်မလာစေဖို့ အရေပြားကို ကာကွယ်ပေးနိုင်ပါတယ်။ပွေး၊ ဝဲ၊ ညှင်း၊ နှင်းခူ အစရှိတဲ့ အရေပြားရောဂါတွေကို ကုသတဲ့နေရာမှာလည်း ရှားစောင်းလက်ပက်က ရတဲ့ အနှစ်ကို အသုံးပြုနိုင်ပါတယ်။အရေပြားဆဲလ်တွေ ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်တဲ့အပြင် အနာကျက်လည်း မြန်စေတဲ့ ရှားစောင်းလက်ပပ်ဟာ မှဲ့ခြောက်နဲ့ အမာရွတ်တွေကိုပါ အချိန်တိုအတွင်းမှာ သက်သာပျောက်ကင်းစေနိုင်ပါတယ်။ဝက်ခြံအမာရွတ်တွေ၊ ဗိုက်၊ ခြေသလုံးနဲ့ ပေါင်တံမှာ အကြောပြတ်တာကိုလည်း ပျောက်ကင်းစေပြီး အရေးအကြောင်းတွေကိုလည်း လျော့နည်းသွားစေနိုင်ပါတယ်။ မျက်နှာပေါ်က အမည်းစက်တွေ၊ ဆားဝက်ခြံတွေကိုလည်း လုံးဝပျောက်ကင်းသွားစေပြီး ကြည်လင်ရှင်းသန့်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပါတယ်။ရှားစောင်းလက်ပပ်ရဲ့ အနှစ်ဟာ ကိုယ်ခန္ဓါအတွက်သာမက ဦးရေပြားကို ကျန်းမာစေပြီး ဆံပင်သန်စေတယ်။ ဆံသားနက်မှောင်လာစေတယ်။ ဗောက်တွေကိုလည်း ရှင်းပေးနိုင်ပြီး ဆံသားအတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေကိုလည်း ဖြည့်တင်းပေးနိုင်တယ်။ ဆံပင်မကြာခဏ ကျွတ်တတ်တဲ့သူတွေလည်း ရှားစောင်းလက်ပက်ရဲ့ အနှစ်ကို လိမ်းပေးလို့ ရပါတယ်။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/benefits-of-aloe-vera/
အရေပြားကင်ဆာ - သတ္တုဓါတ်ပါတဲ့ မိတ်ကပ်တွေသုံးပြီး နေလောင်ဒဏ်ကို ကာကွယ်နိုင်ခြင်း
ဘယ်ရောဂါကိုမဆို ခံစားရပြီဆိုရင် အတွင်းပိုင်း သက်ရောက်မှုတွေ သာမကပဲ အပြင်ပိုင်း ထိခိုက်မှုတွေပါ ဖြစ်နိုင်ပါတယ်။ အဲ့လိုအဖြစ်မျိုးတွေမှာ အရေပြားကင်ဆာက လူနာတွေရဲ့ အတွင်းရော အပြင်ပါ ထိခိုက်မှု ဖြစ်စေတဲ့ အဓိကရောဂါ ဖြစ်ပါလိမ့်မယ်။ အရေပြားကင်ဆာကို ကာကွယ်ဖို့ နေရောင်ခြည်ကို ကာကွယ်ဖို့ တခြားနည်းလမ်းတွေအပြင် နေလောင်ခံလိမ်းဆေးနဲ့ SPF များများပါတဲ့ အလှကုန်ပစ္စည်းတွေ အသုံးပြုတာက သင့်ကို အရေပြားကင်ဆာ ပြဿနာတွေကနေ ကူညီကာကွယ်ပေးဖို့ အောင်အောင်မြင်မြင် သက်သေပြမှာပါ။Makeup ထုတ်လုပ်မှုရဲ့ ရှည်လျားတဲ့ သမိုင်းကြောင်းနဲ့အတူ mineral makeup က သဘာဝ ပါဝင်ပစ္စည်းတွေဖြစ်တဲ့ talc, iron oxide, zinc oxide နဲ့ titanium oxide တို့ ပါဝင်တဲ့ ဖိသိပ် သို့မဟုတ် ပွယောင်းယောင်း ပေါင်ဒါအမှုန့်အနေနဲ့ ပေါ်လာပါတယ်။ တခြားအရောအနှောတွေရဲ့ ကောင်းမွန်တဲ့ ပေါင်းစပ်မှုအပြီးမှာ ဒီမိတ်ကပ်ဟာ သူ့ရဲ့ နူးညံ့မှု၊ တာရှည်ခံမှု၊ တောက်ပတဲ့ အရောင်နဲ့ ပြီးပြည့်စုံတဲ့ စုပ်ယူမှုတွေကြောင့် လူသိများလာပါတယ်။mineral makeup ရဲ့ အားသာမှုက တခါတလေမှာ အရေပြားယားယံမှု မဖြစ်အောင် ကူညီဖို့အတွက် အနံ့၊ နူးညံ့စေတဲ့ ဆီ၊ binder သို့မဟုတ် တာရှည်ခံပစ္စည်းတွေမပါပဲ ပြုလုပ်တာပါ။ တချို့ mineral ထုတ်ကုန်တွေမှာ ထုတ်လုပ်သူတွေက အရေပြား နူးညံ့ဖို့နဲ့ ရေဓါတ်ထိန်းတာ ကူညီဖို့ ဆီလီကွန်ပါ ထည့်သွင်းပါတယ်။ လူအတော်များများက ရေဓါတ်ပိုရဖို့နဲ့ ပိုမိုနူးညံ့ဖို့အတွက် ဓါတ်တိုးဆန့်ကျင်ပစ္စည်း သို့မဟုတ် pro-vitamin တွေပါတဲ့ mineral makeup ကိုလည်း ညွှန်းကြပါတယ်။ပြင်းထန်တဲ့ နေရောင်အောက်မှာ အချိန်အတော်များများ ရှိနေတာက သင့်အရေပြားကို လောင်စေတာနဲ့ အရေကြည်ဖုထတာတွေ ဖြစ်စေပါတယ်။ ဒီအရေပြား ပြဿနာတွေက အရေပြားတစ်သျှူးတွေကို တိုက်ရိုက် ပျက်စီးစေပါတယ်။ အပျက်အစီးကို ကုစားဖို့ ခုခံတဲ့ ဆဲလ်တွေက သွေးကြောထဲ သွားရပြီး ပူလောင်တဲ့ ခံစားမှုကို ဖြစ်စေပါတယ်။ ဒီအရေပြား ထိခိုက်မှုက အရေပြားကင်ဆာ ဖြစ်စေဖို့ ပထမအဆင့်လို့ သတ်မှတ်ကြပါတယ်။ ဒါ့ကြောင့် လူတော်တော်များများ နေလောင်ခံလိမ်းဆေး လိမ်းရပါမယ်။နေရောင်ကို ကာကွယ်ဖို့ အရေပြားကို တခြားမိတ်ကပ် လိမ်းရပါမယ်။ တခုချင်းပြောရရင် mineral makeup က နေရောင်ကို ကာကွယ်တဲ့ titanium dioxide နဲ့ zinc dioxide လိုမျိုး အရာတွေကို အောက်ခံလိမ်းဆေးထဲ ထည့်သွင်းထားပါတယ်။ အဲ့သက်ရောက်မှုကြောင့် ဒီမိတ်ကပ် အမျိုးအစားကို အမျိုးသမီးအတော်များများ အရွေးများကြပါတယ်။ တခြား ကာဗွန်ဓါတ်ပေါင်း နေလောင်ခံလိမ်းဆေးတွေက ခရမ်းလွန်ရောင်ခြည်ကို အနည်းငယ် စုပ်ယူတဲ့အချိန်မှာ mineral makeup တွေက ကာဗွန်ဓါတ်ပေါင်းမပါပဲ ခရမ်းလွန်ရောင်ခြည်ကို ကျွန်တော်တို့ အရေပြားကနေ အဝေးကို တန်ပြန်သက်ရောက်စေပါတယ်။ဒါပေမယ့် mineral makeup ချည်းသပ်သပ်တော့ အရေပြားကို နေရောင်ကနေ လုံလောက်တဲ့ ကာကွယ်မှု မရနိုင်ပါဘူး။ ဒါ့ကြောင့် SPF များများ (၃၅ အထက်) ပါဝင်တဲ့ နေလောင်ခံလိမ်းဆေးနဲ့ တွဲဖက် အသုံးပြုရပါမယ်။ mineral makeup ကို နေလောင်ခံလိမ်းဆေး တခုခုလိမ်းပြီးမှ အဲ့အပေါ်မှာ လိမ်းပေးတာက သူ့ရဲ့ အကောင်းဆုံး အကျိုးရလဒ်ကို ရစေမှာပါ။အရေပြားကင်ဆာကို တိုက်ထုတ်နေတဲ့သူတွေနဲ့ သူ့ကြောင့် အမာရွတ် အမျိုးမျိုးရတဲ့သူတွေအတွက် mineral makeup က အန္တရာယ်ကင်းကင်း ကွက်တိ ဖုံးပေးနိုင်ပါတယ်။ အရေပြားကင်ဆာကို ရင်ဆိုင်ရတာ စိန်ခေါ်မှုတစ်ရပ်မှန်း လူတိုင်းသိပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ ဒီတိုက်ပွဲက ရတဲ့ အမာရွတ်တွေက စိတ်ဓါတ်ကျစေနိုင်ပါတယ်။ ကံကောင်းတာက ဈေးကွက်မှာရှိတဲ့ တခြား သမာရိုးကျ ထုတ်ကုန်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် mineral makeup မှာ သင့်အရေပြားကို ကာကွယ်ဖို့ SPF အနည်းဆုံး ၁၅ ပါဝင်ပြီး သင့်ရဲ့ ထိခိုက်ထားတဲ့ အရေပြားကို ဖုံးဝှက်ထားနိုင်ပါတယ်။အောက်ခံလိမ်းဆေး တော်တော်များများက အမာရွတ်တွေကို ကွက်တိ ဖုံးပေးထားနိုင်ချိန်မှာပဲ သင့်ရဲ့ အမာရွတ်က tissue တွေကိုလည်း ခန္တာကိုယ်ရဲ့ ကျန်တဲ့ မျက်နှာပြင်တွေထက် အရောင်ပိုရင့်သွားစေပါတယ်။ mineral makeup နဲ့ဆို သူ့မှာပါတဲ့ သဘာဝပစ္စည်းတွေရဲ့ ကျေးဇူးနဲ့ သင့်အမာရွတ်တွေရဲ့ အရောင်ရင့်နေတာတွေကို လျော့ကျဖို့ ကူညီပေးနိုင်ပါတယ်။Mineral makeup လို ကောင်းမွန်တဲ့ မိတ်ကပ်မျိုး ရွေးချယ်တာက သင့်အရေပြားကို ဘယ်တော့မှ ထိခိုက်စေမှာ မဟုတ်ပါဘူး။ နေလောင်ခံလိမ်းဆေးနဲ့ တွဲသုံးတဲ့အခါမှာ သင့်အရေပြားကို နေရောင်ခြည်ကနေ ကောင်းကောင်းမွန်မွန် ကာကွယ်ထားမှာ ဖြစ်ပြီး မမြင်စေချင်တဲ့ အမှတ်အသားတွေကိုလည်း အကောင်းဆုံး လုံခြုံမှုနဲ့ ကာကွယ်ပေးထားမှာပါ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/skin-cancer-cancer/%e1%80%a1%e1%80%b1%e1%80%9b%e1%80%bb%e1%80%95%e1%80%ac%e1%80%b8%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac-%e1%80%9e%e1%80%90%e1%81%b1%e1%80%b3%e1%80%93%e1%80%ac%e1%80%90%e1%80%b9%e1%80%95/
အရေပြားပေါ်က ဆဲလ်အသေတွေ ဖယ်ရှားခြင်းရဲ့ ကောင်းကျိုး
ပြင်ပကနေရောင်ခြည်ဒဏ်၊ ဖုန်မှုန့်၊ အညစ်အကြေး၊လေထုညစ်ညမ်းမှုတွေနဲ့တစ်ကိုယ်ရေသန့်ရှင်းမှုအစရှိတာတွေကြောင့် အရေပြားပေါ်က ဆဲလ်တွေဟာ ပျက်စီးလာတတ်ပါတယ်။ အရေပြားက သဘာဝအတိုင်း ကြေးချွတ်ရာမှာ ရက် ၃၀ခန့် ကြာပြီးမှ ဆဲလ်အသေတွေကို ကောင်းကောင်းဖယ်ရှားနိုင်တာပါ။ နောက်ထပ်ဆဲလ်အသစ်တွေ ထွက်လာဖို့အတွက် အရေပြားပေါ်က ဒီလို ပျက်စီးသွားတဲ့ ဆဲလ်အသေတွေကို ဖယ်ရှားဖို့ လိုအပ်ပါတယ်။ဆဲလ်အသေတွေက သူ့အလိုလို မကွာကျဘဲ စုပုံသွားတဲ့အခါအရေပြားဆဲလ်အသစ်တွေ ထုတ်လုပ်ဖို့ နှောင့်နှေးသွားပါတယ်။ ဒီအခါ အသားအရေက မွဲခြောက်ခြောက်နဲ့ ကြမ်းတမ်းလာမယ်။ အသားအရောင်မှိန်လာပြီး အဖြူဖတ်တွေ ကွာကျလာမယ်။ချွေးပေါက်ေတွ ကျယ်လာပြီး ဖုန်နဲ့ အညစ်အကြေးတွေ၊ အဆီတွေ ခိုအောင်းဖို့ ပိုလွယ်ကူသွားတဲ့အတွက်ဝက်ခြံ၊ အဆီဖု၊ အမည်းစက်တွေ ထွက်ဖို့ ပိုလွယ်ကူသွားနိုင်ပါတယ်။ပုံမှန်ရေချိုးတဲ့အခါ ဆပ်ပြာနဲ့ ပွတ်တိုက်တာမျိုး မဟုတ်ဘဲ ဆဲလ်အသေတွေကို ဦးတည်ပြီး ထိထိရောက်ရောက် တိုက်ချွတ်ပေးတာဖြစ်တဲ့အတွက် အသားအရေက ပိုပြီး ကြည်လင်ဝင်းပလာမယ်၊အလှကုန်ပစ္စည်းတွေရဲ့ အာနိသင်ကို ကောင်းစွာ စုပ်ယူနိုင်စေလို့ အသားဖြူဖို့၊ အစိုဓါတ်ထိန်းဖို့၊ ရေဓါတ်ဖြည့်ဖို့ ပိုလွယ်ကူလာပါတယ်။ဆဲလ်အသေတွေကို ပုံမှန်တိုက်ချွတ်ပေးတဲ့အခါ အရေပြားထဲက အသားဖြူပြီး တောက်ပစေတဲ့ကော်လဂျင်ဟော်မုန်း(Collagen) ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။ ဒါ့အပြင် အရေပြားကို တင်းရင်းစေပြီးအရေးအကြောင်းတွေကို ပြေလျော့စေတယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကိုလည်း တားဆီးပေးနိုင်ပါတယ်။မျက်နှာအတွက်ဖြစ်စေ၊ ကိုယ်ခန္ဓါအတွက်ဖြစ်စေ၊ ဆဲလ်အသေတွေကို ဖယ်ရှားတဲ့ နေရာမှာ မရှိမဖြစ် သုံးပေးရတဲ့ ပစ္စည်းကတော့ Scrub ပါပဲ။ ဓါတုပစ္စည်းပါဝင်တဲ့ Scrub အမျိုးအစားတွေလည်း ရှိသလို အစားအစာတွေနဲ့ အိမ်မှာ အလွယ်တကူပြုလုပ်လို့ ရတဲ့ Scrub တွေကိုလည်း သုံးပေးလို့ ရပါတယ်။Scrub တိုက်တဲ့အခါ အရေပြားပေါ်က ဆဲလ်အသေတွေကို ဖြည်းဖြည်းချင်း ကွာကျသွားစေပါတယ်။ တစ်ပတ်ကို တစ်ကြိမ်မှ ၂ကြိမ်ခန့် ပုံမှန်တိုက်ချွတ်ပေးရင် အချိန်တိုအတွင်းမှာ ညိုညစ်ညစ်ဖြစ်နေတဲ့ ကိုယ့်ရဲ့ အသားအရေကို နဂိုအတိုင်း ကြည်လင်ရှင်းသန့်သွားစေမှာပါ။ရေချိုးခါနီး ဆပ်ပြာမတိုက်ခင်မှာ အရေပြားဆဲလ်အသေတွေကို ဖယ်ရှားဖို့ Scrub နဲ့ အရင်တိုက်ပေးသင့်ပါတယ်။ အတွင်းထဲထိ စိမ့်ဝင်သွားစေဖို့၊ သွေးလည်ပတ်မှုကောင်းစေဖို့ အရေပြားကို ရေအရင်စွတ်ပြီးမှ Scrub ကို စက်ဝိုင်းပုံသဏ္ဍာန် ပွတ်ပေးပါ။ ၃မိနစ်လောက် ထားထားပြီးရင် ရေနဲ့ သေချာပြောင်အောင် ဆေးပြီး မျက်နှာသစ်၊ ရေချိုးလိုက်ရုံပါပဲ။ ရေချိုးသန့်စင်အပြီး ခြောက်အောင် သုတ်ပြီးသွားရင်တော့ အစိုဓါတ်ထိန်းခရင်မ် တစ်မျိုးမျိုးနဲ့ ကိုယ် တိုက်ချွတ်ခဲ့တဲ့ နေရာအနှံ့ကို လိမ်းပေးရင် ပိုကောင်းပါတယ်။စတိုးဆိုင်က ဝယ်တဲ့ Scrub ပဲဖြစ်ဖြစ်၊ ကိုယ့်အိမ်မှာ ကိုယ်တိုင်ပြုလုပ်ထားတဲ့ Scrub ပဲဖြစ်ဖြစ် စတင်သုံးကာစမှာ ဘေးထွက်ဆိုးကျိုး အနည်းငယ်ရှိနိုင်တယ်ဆိုတာ သိထားရပါမယ်။အရင်ဆုံး အသုံးမပြုခင် ကိုယ်က ဘယ်လိုအသားအရေအမျိုးအစားထဲမှာ ပါနေလဲဆိုတာ သေချာသိထားဖို့ လိုပါတယ်။ အထူးသဖြင့် မျက်နှာပေါ် မတိုက်ချွတ်ခင် လက်ဖမိုးပေါ် Scrub အနည်းငယ် တင်ပြီး ပွတ်တိုက်ကြည့်ပါ။ အရမ်းယားလာတယ်၊ ဓါတ်မတည့်တဲ့ လက္ခဏာတွေဖြစ်တဲ့ အနီကွက်တွေ၊ အဖုအပိမ့်တွေ ထလာတာ၊ ပူစပ်ပူလောင် ဖြစ်သလို ခံစားနေရတယ်ဆိုရင် ဆက်မသုံးသင့်ပါဘူး။အကောင်းဆုံးကတော့ Scrub ကို ဝယ်ယူတော့မယ်ဆိုရင် အရေပြားဆရာဝန်နဲ့ သေချာတိုင်ပင်ပြသပြီး ကိုယ့်အသားအရေအမျိုးအစားနဲ့ လိုက်ဖက်ညီတဲ့ တံဆိပ်ကို ရွေးချယ်အသုံးပြုသင့်ပါတယ်။ အထူးသဖြင့် ပေါင်းစပ်အသားအရေနဲ့ ထိခိုက်လွယ်ပြီး ဓါတုပစ္စည်းတွေနဲ့ ဓါတ်မတည့်တဲ့ အသားအရေပိုင်ရှင်တွေဆိုရင် Scrub ကို အသုံးမပြုခင်မှာ ကိုယ့်အတွက် သုံးလို့ အဆင်ပြေ၊ မပြေ သေချာစမ်းသပ်ကြည့်ပြီးမှ ဝယ်ယူတာအကောင်းဆုံးပါပဲ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/%e1%80%a1%e1%80%b1%e1%80%9b%e1%80%bb%e1%80%95%e1%80%ac%e1%80%b8%e1%80%b1%e1%80%95%e1%81%9a%e1%80%80-%e1%80%86%e1%80%b2%e1%80%9c%e1%80%b9%e1%80%a1%e1%80%b1%e1%80%9e%e1%80%b1%e1%80%90%e1%80%bc-%e1%80%96/
ဂျိုးခနဲ ဂျွတ်ခနဲမြည်တဲ့ အရိုးအဆစ် ပြဿနာ အဖြေရှာ
အရိုးအဆစ် တွေက လှုပ်ရှားလို့ မကောင်းဘူး၊ အကြောအခြင်တွေ တောင့်တင်းနေလိုက်တာ လက်ကလေးမြှောက်လိုက်လည်း ဂျွတ်ခနဲ၊ ခြေထောက်လေး လှုပ်လိုက်လည်း ဒူးက ဂျွတ်ခနဲ၊ခါးက မျက်ခနဲ။ ဒီပြဿနာတွေကို ခုနောက်ပိုင်း လူကြီး၊ လူငယ် မရွေး တွေ့ကြုံခံစားရတာများလာပါတယ်။ ဘာတွေကြောင့် ဖြစ်မလဲ ဖြစ်နိုင်ခြေအကြောင်းရင်းလေးတွေ စဉ်းစားကြည့်ရအောင်လား။ ကဲ …. ဂျိုးခနဲ ဂျွတ်ခနဲမြည်တဲ့ အရိုးအဆစ် ပြဿနာ အဖြေရှာ ကြည့်လိုက်စို့နော်။ဂျိုးခနဲ ဂျွတ်ခနဲမြည်တဲ့ အရိုးအဆစ် ပြဿနာ အဖြေရှာ ကြည့်မယ်ဆိုရင်တော့ ဒီအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။အသက်အရွယ်ကြီးလာတာနဲ့ အမျှ အရိုးထိပ်မှာ အကာအကွယ်ပေးထားတဲ့ အရိုးနုလွှာက စတင် ခြောက်သွေ့ပြီး တောင့်တင်းလာပါတယ်။ အရိုးအဆစ်တွေကို ချောမွေ့စွာ လှုပ်ရှားနိုင်ဖို့ ခန္ဓာကိုယ်က ထုတ်ပေးနေကျ အရိုးအဆစ်တွေကြားက synovial fluid တွေ လျော့နည်းလာလို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် လှုပ်ရှားတဲ့အခါ အဆင်မပြေတော့ဘဲ ဂျိုးဂျိုးဂျွတ်ဂျွတ်တွေ အသံမြည်လာတာပေါ့။နာရီအတော်ကြာ အိပ်ပျော်နေတဲ့အခါ အရိုးအဆစ်တွေ လှုပ်ရှားမှု လွယ်ကူစေဖို့ ထုတ်ပေးတဲ့ synovial fluid အရည်ဓာတ်က လုပ်ဆောင်ချက် သိပ်မရှိပါဘူး။ ဒါ့ကြောင့် အိပ်ရာထကာစမှာ ဒူးတွေ၊ လက်တွေ လှုပ်ရှားရ တောင့်တင်းနေတာပေါ့။ အိပ်ရာထမှာအညောင်းဆန့်တာ၊အကြောလျှော့တာတွေ လုပ်ကြတာ ဒါကြောင့်ပါ။အလုပ်ကြောင့်ပဲ ဖြစ်ဖြစ်၊ အိမ်မှာ လှုပ်ရှားမှု သိပ်မရှိလို့ပဲဖြစ်ဖြစ် ကိုယ့်ရဲ့တစ်နေ့တာမှာ လှုပ်ရှားတဲ့အချိန်ထက် ငြိမ်နေတဲ့အချိန်က ပိုများနေခဲ့ရင် ဒီလိုဖြစ်နိုင်ပါတယ်။ အကြောအခြင်တွေက တောင့်တင်း၊ ခြေလက်တွေ လေးလံပြီး တဂျိုးဂျိုးတဂျွတ်ဂျွတ်နဲ့ပေါ့။အရိုးတွေ ကြားက အဆစ်မှာ ဖုံးအုပ်ထားတဲ့အရိုးနုလွှာပါးလာတဲ့အခါ ဒါမှမဟုတ် ထိခိုက်ထားတဲ့အခါ အရိုးတွေ ကြားမှာ ပွတ်တိုက်မိပြီး နည်းနည်းချင်း ပွန်းစေနိုင်ပါတယ်။အရိုးအဆစ်နာအတွက် အကိုက်အခဲပျောက်ဆေး၊ အရောင်ကျဆေးလို အလွယ်တကူ သောက်လို့ ရတဲ့ ဆေးတွေကို အားကိုးကြပါတယ်။ အကိုက်အခဲပျောက်ဆေးတွေ အလွန်အကျွံ သုံးစွဲရတဲ့အခါ ကြွက်သားတွေကို အားနည်းစေနိုင်ပါတယ်။လက်ကောက်ဝတ်နဲ့ လက်ချောင်းအဆစ်တွေမှာ အများဆုံး သိသာတတ်ပေမယ့် တခြားအဆစ်တွေမှာလည်း နာကျင်ကိုက်ခဲရတဲ့ လေးဘက်နာအဆစ်ရောင်ရောဂါ ကလည်း အကြောင်းရင်း ဖြစ်နိုင်ပါတယ်။ လေးဘက်နာ ဖြစ်ရင် အဆစ်တွေ အမြဲတမ်း နာကျင်၊ တောင့်တင်းနေစေနိုင်ပါတယ်။ တစ်ခါတလေတော့ ရောဂါက ငြိမ်နေပြီး မကြာမကြာမှ လက္ခဏာပေါ်လာတတ်ပါတယ်။ရာသီဥတု အေးလာပြီဆို အရိုးအဆစ်တွေ လှုပ်ရှားရမကောင်းတော့ဘူး ဆိုတာ လူကြီးမိဘတွေဆီက ကြားဖူးကြမှာပါ။ ရာသီဥတု ပြောင်းလဲတဲ့အခါ အရိုးအဆစ်နာခြင်းက ပိုဆိုးလာတာများပါတယ်။လေးဘက်နာသမားတွေရာသီဥတု အေးရင် ပိုကိုက်ခဲကြတာ တွေ့ရများပါတယ်။နာတာရှည် ဖြစ်တတ်တဲ့ ဒီရောဂါကြောင့် အရိုးအဆစ်နဲ့ ကြွက်သားတွေ နာကျင်ကိုက်ခဲစေနိုင်တဲ့ အပြင် အိပ်စက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာနဲ့ မှတ်ဉာဏ်ပိုင်းပြဿနာတွေပါ ရှိတတ်ပါတယ်။ ရောဂါတစ်ခုခု၊ ခွဲစိတ်မှု၊ စိတ်ဖိစီးမှု ပြင်းထန်တာတွေ နောက်ပိုင်းမှာ ဒီဝေဒနာ ပိုဆိုးစေတတ်ပါတယ်။အရိုးအဆစ်ကို ထိခိုက်မှုတစ်ခုခု ရှိထားတယ်ဆိုရင် ရောင်ရမ်းခြင်း နဲ့ တောင့်တင်းနာကျင်ခြင်းတွေ ဖြစ်နေမှာပါပဲ။ အရိုးအဆစ်တွေကို အသုံးပြုရများလွန်းရင်၊ လှုပ်ရှားမှု ပုံစံမမှန်ရင်လည်း အရွတ်ပါ ထိခိုက်ပြီး ဒီလိုတွေ ဖြစ်စေနိုင်ပါတယ်။(၁) အတန်အသင့် လှုပ်ရှားမှု။အရိုးအဆစ် တွေကို လှုပ်လှုပ်ရှားရှားနေလေ၊ တောင့်တင်းနာကျင်နေဖို့ အခွင့်အလမ်းနည်းလေ ပါပဲ။ အိမ်ရှေ့ခဏလောက် လမ်းထွက်လျှောက်တာ၊ အပင်လေးတွေ စိုက်တာလောက်နဲ့လည်း ကိုယ်လက်လှုပ်ရှားမှု ဖြစ်ပါတယ်။ အထိုင်များတဲ့အလုပ် ဆိုလည်း ဟိုဟိုဒီဒီ နည်းနည်းလမ်းလျှောက်ပေးတာ၊ ခြေဆန့်လက်ဆန့် အကြောလျှော့တာတွေ လုပ်ပေးပါ။ပိတ်ရက်တွေမှာ ဖြစ်ဖြစ်၊ မနက်အစောပိုင်းဖြစ်ဖြစ် လေ့ကျင့်ခန်းအနည်းငယ် လုပ်ပေးရင် အရိုးအဆစ်တွေကို ထောက်ပံ့ပေးတဲ့ ကြွက်သားတွေကို သန်မာစေပြီး အရိုးတွေလည်း သန်မာစေမယ်၊ ဟန်ချက်ထိန်းနိုင်စွမ်း ပိုကောင်းစေမယ်၊ ကယ်လိုရီ လောင်ကျွမ်းစေတယ်။နာနေလို့ ဆိုပြီး မလှုပ်မယှက် ငြိမ်နေရင် ပိုဆိုးပါလိမ့်မယ်။ အနည်းဆုံး ပုံမှန်လှုပ်ရှားမှုတော့ ရှိရပါမယ်။ လုံးဝလှုပ်မရဘဲ နာကျင်မှုပြင်းထန်တာ (ထိခိုက်မှုကြောင့် အရိုးအက်တာ လိုမျိုး) ဖြစ်နေရင်တော့ လိုအပ်တဲ့ ကုသမှု ခံယူတာ၊ ကြပ်ထုပ်ထိုးတာ၊ ဆေးစည်းတာ၊ ငြိမ်ငြိမ်နားနေတာ တို့ လုပ်သင့်ပါတယ်။ လှုပ်ရှားလေ ပိုဆိုးလေ ဖြစ်ရင်တော့ ချက်ချင်းရပ်ပြီး ဆရာဝန်ပြပါ။(၂) အပူကုထုံး။မနက်ပိုင်း အဆစ်အမြစ် တောင့်တင်းနေတယ်ဆို ရေနွေးလေးနဲ့ ရေချိုးကြည့်ပါ။ သွေးလည်ပတ်မှု ကောင်းစေပြီး အကြောအခြင်တွေ ပြေလျော့စေပါတယ်။ ရေနွေးအိတ်လေး ကပ်ပေးလည်း ရပါတယ်။(၃) အအေးကုထုံး။နာကျင်နေတဲ့ အဆစ်ကို ရေခဲကပ်လို့ ရပါတယ်။ သွေးကြောတွေကို ကျဉ်းစေပြီး နာကျင်နေတဲ့ ဧရိယာမှာ သွေးလည်ပတ်မှု နှေးစေတဲ့ အတွက် ရောင်ရမ်းမှုကို လျော့စေပါတယ်။ ရေခဲကို ပုဝါတစ်ခုနဲ့ ပတ်ပြီး နာတဲ့နေရာမှာ ကပ်ပေးပါ။ ဒါပေမယ့် တစ်ကြိမ်မှာ မိနစ် ၂၀ ထက် မပိုပါစေနဲ့။တကယ်လို့ …။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-joint-tendon-diseases/stiff-joints-solving-tips/
အသားအရေအတွက် တရုတ်နံနံရဲ့ အသုံးဝင်ပုံ
တရုတ်နံနံလို့ပြောလိုက်ရင် ဟင်းချိုနဲ့ အစိမ်းကြော်၊ ကြာဇံကြော်၊ ခေါက်ဆွဲကြော်တွေထဲမှာ ထည့်စားတဲ့အခါ အနံ့အရသာပြည့်စုံစေတဲ့ အရွက်လို့ ပြေးမြင်မယ်ထင်ပါတယ်နော်။ ဒီအရွက်လေးက ဟင်းတွေကိုတင် အရသာတိုးစေတာမဟုတ်ပါဘူး။အသားအရေအတွက်လည်း အသုံးဝင်ပါသေးတယ်။တရုတ်နံနံကဟင်းခတ်အမွှေးအကြိုင်ဆိုတာထက်ပိုပါတယ်။ အသားအရေအတွက် အခုလိုမျိုး အကျိုးကျေးဇူးတွေ ပေးပါသေးတယ်။နုပျိုစေတယ်။တရုတ်နံနံမှာ အသားအရေအတွက် အရေးပါတဲ့ဗီတာမင် တစ်မျိုးဖြစ်တဲ့ဗီတာမင် Cကြွယ်ဝစွာပါဝင်နေပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် အသားအရေထိခိုက်မှုမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။အရေပြားကို တင်းရင်းစေပြီးနာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။အရေပြားကင်ဆာမဖြစ်အောင်လည်း အထိရောက်ဆုံးကာကွယ်ပေးပါတယ်။တရုတ်နံနံ နုနုလေး ၂ ပင် ၃ ပင်လောက်ကို နုတ်နုတ်စဉ်းပါ။ရှားစောင်းလက်ပပ်အနှစ်သား လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ အုန်းနို့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဆန်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာတို့ကို ရောပြီး သမအောင်မွှေပါ။ အရေပြားပေါ်မှာ လိမ်းပေးပြီး ၁၅ မိနစ် မိနစ် ၂၀ လောက်ထားပေးပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ မျက်နှာသန့်စင်လိုက်ပါ။ဆားဝက်ခြံသက်သာစေနိုင်တယ်။နားလည်အလွယ်ဆုံးဖြစ်အောင်ပြောပြရရင် ဆားဝက်ခြံဆိုတာက မျက်နှာပေါ်ကချွေးပေါက်တွေထဲမှာ အဆီပိုတွေနဲ့ မျက်နှာအရေပြားပေါ်က ဆဲလ်သေတွေ ပိတ်ဆို့ရာကနေဖြစ်လာတဲ့အရာတွေပါ။ ဆားဝက်ခြံကလည်း ဝက်ခြံအမျိုးအစားတစ်ခုပါပဲ။ များသောအားဖြင့်ကတော့ မျက်နှာမှာအဖြစ်များပါတယ်။ကျော၊ ရင်ဘတ် နဲ့ ပုခုံးတွေမှာလည်း ဆားဝက်ခြံတွေဖြစ်တတ်ပါတယ်။ ညစ်ပတ်တဲ့ဖုန်မှုန့်တွေနဲ့ အဆီတွေထိတွေ့တာကြောင့် အနက်ရောင်ဖြစ်သွားတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ မဟုတ်ပါဘူး။ အရေပြားအတွင်းပိုင်းက အဆီနဲ့ ပြင်ပလေထုထဲကအောက်ဆီဂျင်တို့ထိတွေ့မိတာကြောင့် အနက်ရောင်အဖြစ်ပြောင်းလဲသွားတာပါ။ဒီကြည့်ရဆိုးတဲ့ဆားဝက်ခြံတွေကို သက်သာချင်တယ်ဆိုရင်တော့ဗီတာမင် Cကြွယ်ဝစွာပါဝင်နေတဲ့ တရုတ်နံနံကိုကြိတ်ထားတဲ့အရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကိုသံပရာရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာနဲ့ရောလိုက်ပါ။ ဆားဝက်ခြံတွေပေါ်မှာ လိမ်းပေးပြီး တစ်နာရီလောက်ထားလိုက်ပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။ဝက်ခြံသက်သာစေနိုင်တယ်။တရုတ်နံနံက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်သလို ချွေးပေါက်တွေကို သန့်စင်စေပြီး အရေပြားရောင်ရမ်းတာကိုသက်သာစေနိုင်ပါတယ်။ တရုတ်နံနံက ဝက်ခြံတွေကို သက်သာစေနိုင်သလို ထပ်မဖြစ်လာအောင်လည်း ကာကွယ်ပေးပါတယ်။တရုတ်နံနံ လက်တစ်ဆုတ်စာကိုစပါးလင်ပါးပါးလှီးထားတာ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ။ချာမိုမိုင်းလက်ဖက်ခြောက် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာတို့ကို ရေနွေးဆူဆူထဲမှာ ၁ နာရီကြာစိမ်ထားပါ။ ပြီးရင်ဆယ်ယူပြီး အနှစ်ဖြစ်အောင် ကြိတ်ခြေပါ။ ရလာတဲ့အနှစ်ကို မျက်နှာပေါ်မှာ လိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။ ပြီးရင်ခြောက်သွေ့အောင် သုတ်ပေးပါ။အရေးအကြောင်းတွေသက်သာစေတယ်။အသက်အရွယ်ရလာတဲ့အခါ မျက်နှာမှာ အရေးအကြောင်းတွေက သူ့အလိုလိုပေါ်လာတတ်ပါတယ်။ ဇရာကြောင့်ဖြစ်တဲ့ အရေးအကြောင်းတွေကို သက်သာချင်တယ်ဆိုရင်တော့ဗီတာမင် Cကြွယ်ဝပြီး အရေပြားကျန်းမာစေတဲ့ကော်လာဂျင်တွေထွက်ရှိအောင် လှုံ့ဆော်ပေးနိုင်တဲ့ တရုတ်နံနံကို အသုံးပြုပေးလို့ရပါတယ်။အရေးအကြောင်းကင်းတဲ့မျက်နှာလေးဖြစ်စေဖို့ တရုတ်နံနံ ၂ ပင် ၃ ပင်စာလောက်ကို ကြိတ်ခြေပါ။ကြက်ဥအကာနှစ်လုံး၊အုတ်ဂျုံခွက်တစ်ဝက်စာတို့ကိုရောလို့ အနှစ်ဖြစ်အောင်ရောမွှေပါ။ ရလာတဲ့အနှစ်ကို အရေပြားပေါ်မှာ လိမ်းပေးပြီး ၁၀ မိနစ် ကနေ ၁၅ မိနစ်လောက်ထားလိုက်ပါ။ ပြီးရင်ရေနွေးနွေးလေးနဲ့ဆေးချလိုက်ပါ။တစ်ပတ်ကိုတစ်ကြိမ်လောက် ပုံမှန်လုပ်ပေးရုံနဲ့ ကျန်းမာလှပတဲ့အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/beauty-benefits-of-cilantro/
ကပ္ပါယ်အိတ် နာကျင်ခြင်းအကြောင်း သိကောင်းစရာ
ဝှေးစေ့ တဖက် ဒါမှမဟုတ် နှစ်ဖက်လုံးမှာ နာကျင်တဲ့ အခြေအနေမျိုးကို ဆိုလိုပါတယ်။ ဝှေးစေ့ မှာ နာကျင်တာဟာ ဗိုက်အောက်ပိုင်းအထိပါ ပျံ့နှံ့သွားနိုင်ပါတယ်။ဝှေးစေ့ ဘာလို့ နာကျင်ရတာလဲ။ဖြစ်နိုင်ချေတွေ အများကြီးရှိပါတယ်။ ဝှေးစေ့ တွေဟာ အရမ်းနူးညံ့တာမို့ အနည်းအပါး ထိမိခိုက်မိရင်တောင် နာကျင်တာ၊မသက်မသာဖြစ်တာမျိုး ခံစားရလေ့ရှိပါတယ်။ ဝှေးစေ့ နာကျင်ခြင်းခံစားရတာဟာ ဝှေးစေ့ ကိုယ်နှိုက်က နာကျင်တာဖြစ်နိုင်သလို coiled tube လို့ခေါ်တဲ့ ပြွန်လေးတွေကြောင့် ဒါမှမဟုတ် ဝှေးစေ့အနောက်ဖက်မှာရှိတဲ့ ထောက်မပေးထားတဲ့တစ်ရှူးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။တခါတလေကျရင် ပေါင်ခြံ၊ဗိုက် ဒါမှမဟုတ် တခြားနေရာက ပြဿနာတွေကြောင့်လည်း ဝှေးစေ့နာကျင်တတ်ပြန်ပါသေးတယ်(ဥပမာ ကျောက်ကပ်မှာ ကျောက်တည်တာနဲ့ အူကျတဲ့ တချို့လူနာတွေမှာ ဝှေးစေ့ နာတတ်ပါတယ်)။ ရှားရှားပါးပါးဆိုသလို ဘာကြောင့်မှန်းမသိဘဲ နာနေတာမျိုးတွေလည်း ရှိပြန်ပါသေးတယ်။ဝှေးစေ့နာကျင်မှုကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်းတွေကတော့။• ထိခိုက်ဒါဏ်ရာ ရတာ။• သုတ်ပို့ပြွန် ဒါမှမဟုတ် ဝှေးစေ့မှာ ပိုးဝင်တာ ဒါမှမဟုတ် ရောင်ရမ်းတာ။• အသက်၁၀နှစ်နဲ့ အသက်၂၀ကြား ယောက်ျားလေးတွေမှာ ဝှေးညှာလိမ်ပတ် တတ်တဲ့အတွက် သွေးစီးဆင်းမှုကို ပိတ်ဆို့ပြီး နာကျင်စေနိုင်ပါတယ်။ ဒါဟာ အရေးပေါ် အခြေအနေဖြစ်ပြီး ဆေးကုသမှု ချက်ချင်းခံယူဖို့ လိုအပ်ပါတယ်။ ခြောက်နာရီအတွင်း ခွဲစိတ်မှုလုပ်နိုင်မယ်ဆိုရင်တော့ ဝှေးစေ့ထုတ်ပစ်ရတဲ့ အန္တရာယ်ကနေ ရှောင်ရှားနိုင်မှာပါ။• ကပ္ပါယ်အိတ်ထဲမှာ အရည်တွေစုနေရင်လည်း အနည်းငယ် နာကျင်မှုကို ဖြစ်စေပါတယ်။ဥပမာ။• ကပ္ပါယ်အိတ်ထဲက သွေးပြန်ကြောတွေ ကြီးမားဖောင်းကားလာတာ (varicocele)။• ဝှေးစေ့ထဲ့မှာ အရည်တွေ စုပုံလာတာ (spermatocele)။• ဝှေးစေ့ပတ်ပတ်လည်မှာ အရည်တွေ စုပုံလာတာ (hydrocele)။• ကျောက်ကပ် ကျောက်တည်တာ။• ပါးချိပ်ရောင်တာ။• ဝှေးစေ့ကင်ဆာဖြစ်တာ။ ဒါကြောင့် နာတာအပြင် အလုံး၊အကျိတ်ပါ စမ်းမိရင် ဆရာဝန်ဆီ အမြန်ပြသင့်ပါတယ်။အနည်းအကျဉ်း နာကျင်တာမျိုးလောက်ကတော့ အိမ်မှာပဲ ကုလို့ရပါတယ်။ အောက်ပါအချက်တွေကို တချက်ဖတ်ကြည့်ပါ။• အားကစားသမားတွေ ဝတ်တဲ့ အတွင်းခံဝတ်ထားပါ။• ပက်လက်လှန်အိပ်ရင် ကပ္ပါယ်အိတ်အောက်မှာ တဘက်လေးကို ခေါက်ပြီး ခုထားပါ။• ရေခဲကပ်ပါ။• ရောင်ရမ်းတာမျိုးရှိတယ်ဆိုရင် ရေနွေးနဲ့ ရေချိုးပါ။• aspirin, ibuprofen ဒါမှမဟုတ် acetaminophen တို့လို အလွယ်တကူ ဝယ်လို့ရတဲ့ အကိုက်အခဲ ပျောက်ဆေးတွေကို သောက်ပါ။ ဒါပေမယ့် ကလေးတွေမှာ အက်စ်ပရင်ဆေးပြားကို အသုံးပြုမယ်ဆိုရင်တော့ ဆရာဝန်ကို အရင်မေးပြီးမှ တိုက်ပါ။• မှန်ကန်တဲ့ အရွယ်အစားရှိတဲ့ အတွင်းခံ ဘောင်းဘီကို ဝတ်ဆင်ပါ။• အရမ်းပြင်းထန်တဲ့ ကိုယ်လက်လေ့ကျင့်ခန်း၊လှုပ်ရှားမှုတွေကို မလုပ်ပါနဲ့။• လိင်ဆက်ဆံရင် အကာအကွယ်သုံးပါ။• သင့်ကလေးကို MMR သုံးမျိုးစပ် ကာကွယ်ဆေး မှန်ကန်စွာ ထိုးပေးပါ။ရုတ်တရက် ပြင်းပြင်းထန်ထန် နာကျင်တာမျိုးဆို ဆရာဝန်နဲ့ ချက်ချင်းပြသင့်ပါတယ်။အောက်ပါ အခြေအနေတွေမှာ အရေးပေါ် ဆေးကုသမှုကို ခံယူရပါမယ်။• ရုတ်တရက် ပြင်းထန်စွာနာရင်။• ကပ္ပါယ်အိတ်ကို ထိခိုက်မိရင် ၊တစ်နာရီလောက်ကြာပြီးတဲ့အထိ နာနေတုန်း ဒါမှမဟုတ် ရောင်ရမ်းနေတုန်းဆိုရင်။• နာတာနဲ့အတူ ပျို့အန်တာ၊ချမ်းတုန်ဖျားတာ ဒါမှမဟုတ် ဆီးထဲသွေးပါတာတွေပါ ဖြစ်လာရင်။တကယ်လို့ အောက်ပါအချက်တွေ ဖြစ်နေတယ်ဆိုရင်လည်း ဆရာဝန်နဲ့ ပြဖို့လိုအပ်ပါတယ်။• ဝှေးစေ့နားတဝိုက်မှာ ရောင်ရမ်းတာ၊ဖောင်းတာ၊အလုံးလိုမျိုးဖြစ်နေတာ ရှိရင်။• အရမ်းကြီးမနာပေမယ့် ရက်ကြာလာရင်။• ကပ္ပါယ်အိတ်က ပူနွေး၊နီရဲပြီး အထိမခံနိုင်အောင် နာနေရင်။• ပါးချိပ်ရောင်နေတဲ့ သူနဲ့ ထိတွေ့မိရင်။သင့်ဆရာဝန်က နာတာနဲ့ ပတ်သက်တဲ့ မေးခွန်းလေးတွေမေးပြီး သင့်ရဲ့ ပေါင်ခြံနေရာ၊ကပ္ပါယ်အိတ်၊ဝှေးစေ့နဲ့ ဝမ်းဗိုက်တို့ကို စမ်းသပ်ပါလိမ့်မယ်။ ပိုးဝင် မဝင် သိနိုင်ဖို့ ဆီး၊သွေးတွေ စစ်ဖို့လည်း သင့်ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ပြီးရင် ဝှေးစေ့နာတာကို ဖြစ်စေတဲ့ နောက်ခံအကြောင်းရင်းပေါ်မူတည်ပြီး လိုအပ်သလို ကုသပေးပါလိမ့်မယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/%e1%80%80%e1%80%95%e1%80%b9%e1%80%95%e1%80%ab%e1%80%9a%e1%80%ba%e1%80%a1%e1%80%ad%e1%80%90%e1%80%ba-%e1%80%94%e1%80%ac%e1%80%80%e1%80%bb%e1%80%84%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8/
ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုဒဏ် နှင့် ကလေး စိတ်ကျန်းမာရေး
စိတ်ကျန်းမာရေးဆိုတာ လူကြီးတွေမှာပဲ ဖြစ်တတ်တယ်လို့ လူတော်တော်များများက ထင်တတ်ကြပေမယ့် တကယ်တော့ မဟုတ်ပါဘူး။ တချို့ကလေးတွေ ငယ်ရွယ်စဉ်မှာကတည်းက ပတ်ဝန်းကျင်၊မိဘ၊ အသိုင်းအဝိုင်းတွေရဲ့ ရိုက်ခတ်မှုဒဏ်ကြောင့် ကလေးဘဝကတည်းက စိတ်ကျန်းမာရေးပြဿနာတွေ ကြုံလာရပါတယ်။ လေ့လာတွေ့ရှိချက်အရ ကလေး ၁၀ ယောက်မှာ ၁ယောက်ဟာ စိတ်ကျန်းမာရေးဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာ ပြဿနာတွေ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ သိရှိရပါတယ်။ ဆိုလိုတာက ကလေး စိတ်ကျန်းမာရေး ကို လျစ်လျူမရှုသင့်တော့ပါဘူး၊၊။ကလေးဆိုတာ အင်မတန်ကို စိတ်ဓာတ်နုနယ်သေးတဲ့အရွယ်၊ စိတ်ထိခိုက်လွယ်တဲ့ အရွယ်ပဲ ဖြစ်ပါတယ်။ “စိတ်ချမ်းသာမှ ကိုယ်ကျန်းမာ” ဆိုတဲ့ စကားအတိုင်းပါပဲ။ စိတ် နဲ့ ခန္ဓာ ၂ခုလုံး ကျန်းမာမှ ဘဝရဲ့ နေ့ရက်နဲ့ အခက်အခဲတွေကို အကောင်းဆုံး ရင်ဆိုင်ကျော်ဖြတ်နိုင်မယ်။ အရွယ်ရောက်လာတဲ့အခါစိတ်ဓာတ်ကြံ့ခိုင်တဲ့ လူကြီးတွေ ဖြစ်လာမယ်။ သာယာပျော်ရွှင်တဲ့ဘဝတစ်ခုမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်နိုင်မယ်။ ဒါကြောင့် ကိုယ်ခန္ဓာကျန်းမာဖို့အတွက်သာမက စိတ်ချမ်းသာမှုကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။၁။ မိဘ၊ ဆွေမျိုးသားချင်းတွေရဲ့ ပြည့်ဝတဲ့ချစ်ခြင်းမေတ္တာ၊ ယုံကြည်မှု၊ နားလည်မှုအောက်မှာ ကြီးပြင်းလာခြင်း။၂။ စိတ်လုံခြုံမှု ပေးစွမ်းနိုင်တဲ့ ပတ်ဝန်းကျင်၊ နေရာမှာ ကြီးပြင်းလာခြင်း (မိဘတွေနဲ့အတူ ကြီးပြင်းလာခြင်း)။၃။ အရာရာအပေါ် မျှော်လင့်ချက်ထားခြင်း၊အကောင်းမြင်တတ်တဲ့ အလေ့အကျင့် ရှိခြင်း။၄။ ဘဝရဲ့ နေ့ရက်တိုင်းကို ပျော်ပျော်ရွှင်ရွှင်၊ ကျန်းကျန်းမာမာနဲ့ ဖြတ်သန်းရခြင်း။၅။ အသစ်အဆန်းတွေကို လေ့လာသင်ယူခွင့်ရခြင်း၊တီထွင်ဖန်တီးခွင့်ရခြင်း။၆။ မိမိကိုယ်ကို အရှိအတိုင်း လက်ခံနိုင်ခြင်း၊ ကိုယ့်ရဲ့ အားသာချက်ကို နားလည်သဘောပေါက်ခြင်း။၇။ ကိုယ်ခန္ဓာ ကျန်းမာခြင်း၊ အစာအာဟာရမျှတခြင်း၊ ကိုယ်လက်လှုပ်ရှားအားကစားပုံမှန်လုပ်ပေးခြင်း။၈။ အပေါင်းအသင်းတွေနဲ့ လွတ်လွတ်လပ်လပ် ဆော့ကစားခွင့်ရခြင်း။၉။ ကိုယ့်အပေါ် နားလည်ပေးနိုင်၊သံယောဇဉ်ထားတဲ့ မိသားစုနဲ့ အမြဲ အတူ အချိန်ကုန်ဆုံးရခြင်း။၁၀။ ပတ်ဝန်းကျင်၊ လူမှုရေးရာ ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ခြင်း၊ ပါဝင်ကူညီခြင်း အစရှိတဲ့ အချက်တွေဟာ ကိုယ့်ရဲ့ ကလေး စိတ်ချမ်းသာပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးပြင်းလာနိုင်စေဖို့ ကူညီပေးနိုင်ပါတယ်။ကလေး စိတ်ကျန်းမာရေး အပေါ် ပတ်ဝန်းကျင်က သက်ရောက်မှုအများကြီး ဖြစ်စေပါတယ်။ ကလေးဘဝမှာ မပျော်မရွှင်နဲ့ ကြီးပြင်းလာတဲ့အခါမှာလည်း လူမှုပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်တာ၊ စိတ်ကျန်းမာရေးအခြေအနေ ပိုဆိုးလာတာတွေ ဖြစ်နိုင်ပါတယ်။ တချို့မိဘတွေမှာလည်း ကလေးတွေရဲ့ စိတ်အခြေအနေ မကောင်းဖြစ်နေတာကို သေချာမသိတာ၊ အမြဲတမ်းဆူပူ အော်ဟစ်ရိုက်နှက်နေတဲ့အခါ ကလေးတွေအတွက်တော့ ပိုပြီး စိတ်ဆင်းရဲစရာ ဖြစ်လာနိုင်ပါတယ်။၁။ နာတာရှည်ရောဂါ ခံစားနေရတဲ့ ကလေးတွေ။၂။ အရက်သောက်၊ ဖဲရိုက်၊ ဥပဒေနဲ့ မညီညွတ်တဲ့ အလုပ်တွေ လုပ်တတ်တဲ့ မိဘ၊ ဆွေမျိုးတွေနဲ့ ကြီးလာရတဲ့ ကလေးတွေ။၃။ ဆွေမျိုးသားချင်း၊ မိဘ ဆုံးပါးမှုကြောင့် စိတ်ထိခိုက်မှု ရခဲ့ဖူးတဲ့ ကလေးတွေ။၄။ မိကွဲ၊ ဖကွဲ နေခဲ့ရတဲ့ ကလေးတွေ။၅။ ပြင်းပြင်းထန်ထန် အနိုင်ကျင့်ခံခဲ့ရဖူးတာ၊ ရုပ်ပိုင်းဆိုင်ရာ၊လိင်ပိုင်းဆိုင်ရာနှိပ်စက်စော်ကားခံခဲ့ရတာ။၆။ ဆင်းရဲလွန်းတဲ့ အိမ်၊ အိမ်ခြေယာမဲ့ နေခဲ့ရတဲ့ ကလေးတွေ။၇။ လူမျိုး၊ ဘာသာ၊ လိင်စိတ်တိမ်းညွတ်မှုကြောင့် ခွဲခြားဆက်ဆံခံရတာ။၈။ လူကြီးတွေရဲ့ ဂရုစိုက်မှုကို ခံရမယ့်အရွယ်မှာ ကိုယ်က တခြားဆွေမျိုးသားချင်း ကလေး၊ လူကြီးတွေကို ပြန်ပြီး ဂရုစိုက်ရတာ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ လူကြီးတစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေ ယူခဲ့ရတဲ့ ကလေးတွေ။၉။ အရိုက်နှက်၊ နှိပ်စက်ခံရတာ၊ အနှိမ်ခံရတာ၊ စော်ကားခံရတာ၊ ခွဲခြားဆက်ဆံခဲ့ရတာ၊ ပြင်းထန်တဲ့ စိတ်တုန်လှုပ်ခြောက်ခြားမှု ကိစ္စတွေကို ကြုံတွေ့ခဲ့ရတဲ့ ကလေးတွေမှာစိတ်ဒဏ်ရာစွဲကပ်သွားပြီး အသက်ကြီးတဲ့အထိ ဒီဒဏ်ရာတွေဟာ ကိုယ့်ရဲ့အနောက်ကနေ အရိပ်မည်းတစ်ခုလို ကပ်ပါလာပါတယ်။လူကြီးတွေမှာပဲ စိတ်ဓာတ်ကျနိုင်တာ မဟုတ်ပါဘူး။ ကလေးအရွယ်တွေ အထူးသဖြင့် ဆယ်ကျော်သက် လူငယ်လူရွယ်တွေမှာစိတ်ဓာတ်ကျတဲ့ ပြဿနာတွေ ပိုပြီး ကြုံတွေ့ရနိုင်ပါတယ်။လူငယ်တွေမှာ အတွေ့အများဆုံး စိတ်ကျန်းမာရေးပြဿနာပါ။ စိတ်ဓာတ်ကျတာ တစ်ခုတည်းကြောင့် မဟုတ်ပဲ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုဝေဒနာကို လျော့နည်းစေဖို့၊ တခြားဘက်ကို အာရုံလွှဲဖို့၊ ကိုယ်လက်အင်္ဂါတွေကို ဓားနဲ့လှီးဖြတ်တာ၊ ကိုယ့်ကိုယ်ကို အပူလောင်အောင် လုပ်တာမျိုးတွေ လုပ်တတ်ပါတယ်။ ဒါပေမယ့် ဒီလို ကိုယ့်ကိုယ်ကို ထိခိုက်အောင် လုပ်တဲ့သူတွေဟာ သေလိုစိတ်၊ အဆုံးစီရင်လိုစိတ်၊ အသက်မရှင်ချင်တော့ဘူးလို့ ခံစားရတဲ့ စိတ်တွေ မရှိတာ များပါတယ်။နာမည်အတိုင်းပါပဲ။ အလွန်အမင်း စိုးရိမ်ပူပန်မှုကို ဖြစ်စေပြီး စိတ်ကို တော်တော်လေး ပူလောင်စေတဲ့ စိတ်ရောဂါတစ်မျိုးပါပဲ။ ငယ်သေးတဲ့ ကလေးတွေ၊ ကျောင်းစတက်ကာစ၊ ကျောင်းပြောင်းရမယ့် ကလေးတွေမှာလည်း အဖြစ်များပါတယ်။ ကလေးဘဝမှာ သိပ်ပြီး မပြင်းထန်ခဲ့ရင်တောင် ကြီးလာတဲ့အခါမှာ ဒီစိတ်အခြေအနေကြောင့် ကိုယ့်ရဲ့ အလုပ်ခွင်၊ လူမှုရေး၊ ပတ်ဝန်းကျင်မှာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ညှင်းပန်းခံရတာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာ၊ စိတ်ခြောက်ခြားဖွယ်ရာ အဖြစ်အပျက်တစ်ခုခုကို ကိုယ့်မျက်စိနဲ့ တပ်အပ်မြင်လိုက်တာ၊ ကိုယ့်ဆီမှာ ဖြစ်ပျက်တာ၊ အကြမ်းဖက်မှု၊ အနိုင်ကျင့်ခံရမှု၊ အသက်အန္တရာယ်တစ်ခုခုကို ကြုံတွေ့ခဲ့ပြီးနောက် နောက်ဆက်တွဲ ပြင်းထန်တဲ့ စိတ်ဒဏ်ရာ ကျန်ခဲ့နိုင်ပါတယ်။ဖြစ်ရခြင်းအကြောင်းရင်း တိတိကျကျမရှိတဲ့ ဒီရောဂါ အခြေအနေဟာ မိန်းကလေးတွေထက် ယောက်ျားလေးတွေမှာ ပိုပြီး အဖြစ်များတာကို တွေ့ရပါတယ်။ စာသင်ကြားရာမှာ သေချာအာရုံမစူးစိုက်နိုင်တော့တာ၊ အချိန်တိုင်း တက်ကြွလွန်းနေပြီး အငြိမ်မနေနိုင်တာ အစရှိတဲ့ အမူအကျင့်တွေကို တွေ့ရပါတယ်။မိန်းကလေးတွေမှာ အတွေ့များပြီး ပုံမှန်အားဖြင့် ဆယ်ကျော်သက်အရွယ်မှာ စတင်ဖြစ်ပေါ်လာတတ်ပါတယ်။ အစားမစားရ မနေနိုင်တာ၊ အမြဲတမ်း ဗိုက်ကဆာလောင်နေသလို ခံစားရတာ၊ ဘယ်လောက်စားစား မဝဘူးလို့ ခံစားရတာ အစရှိတဲ့ ခံစားချက်မျိုး ဖြစ်စေပါတယ်။ အစာစားတာ စိုးရိမ်စရာ မဟုတ်ပေမယ့် အလွန်အကျွံ နေ့တိုင်းစားနေမယ်ဆိုရင်တော့ နောက်ဆက်တွဲ အဝလွန်ရောဂါ၊ ဆီးချို၊ သွေးတိုးရောဂါတွေပါ ဖြစ်နိုင်ခြေ မြင့်တက်လာပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/behavioral-and-developmental-disorders/kids-mental-health-and-environment/
အသက် ၆၅ နှစ်ကျော်ချိန်မှာ သင့်အရိုးကျန်းမာနေဖို့ဆိုရင်
အရိုးဟာ အမြင်အားဖြင့်ဆိုရင် လူ့ခန္ဓာကိုယ်မှာ မာကျောတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒါပေမယ့် သူ့မှာလည်း သက်တမ်းရှိပါတယ်။ ကိုယ်ထိန်းသိမ်းရင် ထိန်းသိမ်းသလောက်၊ ဂရုစိုက်ရင် ဂရုစိုက်သလောက်တော့ ကျန်းမာမှာပေါ့။ဒီလိုမဟုတ်ပဲ နေထိုင်စားသောက်ပုံမဆင်ခြင်ပဲ နေထိုင်သွားမယ်ဆိုရင်တော့ သင်အသက်ကြီးလာချိန်မှာ သင့်ကို အရင်ဦးဆုံး ဒုက္ခပေးမှာက အရိုးပါပဲ။အရိုးမကောင်းတော့လို့ သွားရေးလာရေးမကောင်း၊ကိုယ်လက်လေ့ကျင့်ခန်းမလုပ်နိုင်ဘူးဆိုရင် စိတ်လည်းပိုပင်ပန်းလာမှာဖြစ်သလို တခြားကျန်းမာရေးပြဿနာတွေကိုလည်း ဖိတ်ခေါ်နေသလိုဖြစ်သွားမှာပါ။ဒါကြောင့် အရိုးကို ငယ်ရွယ်စဉ်ကတည်းက ဂရုစိုက်ဖို့၊ ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်လှပါတယ်။ အသက် ၆၅ နှစ်ကျော်လွန်ချိန်မှာ သင့်အရိုးတွေ ကျန်းမာနေဖို့ဆိုရင် ခုချိန်ကတည်းက သင်လိုက်နာပြုလုပ်ထားရမယ့် အချက်တွေရှိထားပါတယ်။ကဲ လိုက်လုပ်ကြည့်ကြမလား …။ယနေ့ သင့်ခန္ဓာကိုယ်ကျန်းမာမှုဟာ အနာဂတ်ကျန်းမာရေးအခြေအနေတွေနဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။ခန္ဓာကိုယ်ကြီးတစ်ခုလုံးကျန်းမာနေအောင် စောင့်ရှောက်ဖို့လိုအပ်သလို ဦးခေါင်းနဲ့ တခြားအစိတ်အပိုင်းတွေကိုလည်း ကျန်းမာအောင် ကာကွယ်ရပါမယ်။ ရာသီပေါ်ရောဂါတွေနဲ့ ကင်းဝေအောင်လည်း နေသင့်ပါတယ်။ ဒီလိုနေထိုင်မှ အနာဂတ်သင့်ကျန်းမာရေးအတွက် အခြေခံကောင်းတွေ အုတ်မြစ်ကောင်းတွေ ဖန်တီးသွားရာရောက်မှာပါ။ပျင်းရိခွေခေါက်နေတာက အမြင်တင် မတင့်တယ်တာမဟုတ်ပါဘူး။ ခန္ဓာကိုယ်နဲ့စိတ်ပိုင်းဆိုင်ရာအပေါ်မှာလည်း သက်ရောက်စေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုမရှိတာလည်း သေချာစေပါတယ်။ ဒီပုံနဲ့ဆို သင်အသက်ကြီးလာရင် အရိုးတင်မက တခြားအစိတ်အပိုင်းတွေပါ ကျန်းမာဖို့ ခက်ပါလိမ့်မယ်။ငယ်ရွယ်စဉ်ကတည်းက လေ့ကျင့်ခန်းလုပ်တဲ့ အလေ့အကျင့်ကို ပြုလုပ်ထားသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာက ကြွက်ကသားနဲ့ အရိုးတွေကို ကျန်းမာစေဖို့ အထောက်အကူဖြစ်စေပါတယ်။Gymသွားခိုင်းတာလို့ မမှတ်ယူပါနဲ့။ လေ့ကျင့်ခန်းဆိုတာ အိမ်မှာလုပ်လည်းရပါတယ်။ ကိုယ်နဲ့ ကိုက်ညီပြီး အရိုးကိုလည်း အကျိုးပြုမယ့်လေ့ကျင့်ခန်းမျိုးတွေကို ရွေးချယ်ပြုလုပ်ပါ။ပုံမှန်အားဖြင့် တစ်ပတ်ကို မိနစ် ၁၅၀ နဲ့အထက် ပြုလုပ်ပေးသင့်ပါတယ်။ လမ်းလျှောက်မယ်ဆိုရင်တော့ တစ်နေ့ကို နာရီဝက်နဲ့ တစ်ပတ် ၅ ရက်လောက် ပြုလုပ်သင့်ပါတယ်။ ကတာ၊ယောဂကျင့်တာနဲ့ တိုက်ချိကစားတာတွေကလည်း အရိုးကို သန်မာစေနိုင်တာကို မမေ့ပါနဲ့။အရိုးပွရောဂါက အသက်အရွယ်ကြီးရင့်ချိန်မှာ လူကြီးတွေကို ဒုက္ခအပေးဆုံး ရောဂါတစ်မျိုးပါ။ ဒီရောဂါကို ကာကွယ်နိုင်ဖို့ ဂရုစိုက်နေထိုင်ဖို့လိုအပ်ပြီး လိုအပ်တဲ့ကျန်းမာရေးစစ်ဆေးမှုတွေလည်း ပုံမှန်ပြုလုပ်ဖို့ လိုအပ်ပါတယ်။ဗီတာမင် D ၊ ကယ်လ်ဆီယမ်၊ ပရိုတိန်းစတာတွေ ကြွယ်ဝစွာပါဝင်နေတဲ့ အစားအစာတွေကို နေ့စဉ်မှီဝဲပေးရပါမယ်။အထက်မှာဖော်ပြထားတဲ့ နည်းလမ်းတွေအပြင် တခြားနည်းလမ်းတွေလည်း ကျန်ရှိနေပါသေးတယ်။ ဒါတွေကတော့။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/keep-your-bones-strong-over-65/
ရေသောက် ခြင်း၏ အကျိုးကျေးဇူးများ
ရေသောက် ခြင်းဟာ နေ့စဉ်ကြုံနေကျ ရိုးစင်းတဲ့အရာဖြစ်တာမို့ သိပ်ပြီးထူးထူးထွေထွေ သဘောမထားမိကြပါဘူး။ တကယ်တော့ ရေသောက်ခြင်းမှာ အကျိုးကျေးဇူးများစွာရှိကြောင်း သိပ္ပံနည်းကျ သုတေသနတွေအရ သိရှိရပါတယ်။လူသားတို့ရဲ့ခန္ဓာကိုယ်မှာ ရေဓာတ်ဟာ ၆၀ ရာခိုင်နှုန်းပါဝင်ဖွဲ့စည်းထားပါတယ်။ အခြေခံဆဲလ်များအတွက် မရှိမဖြစ်တဲ့ အရာပဲဖြစ်ပါတယ်။ တစ်နေ့ကို ရေဖန်ခွက် ၈ခွက်ခန့် သောက်သုံးသင့်ကြောင်း ဆိုထားပါတယ်။ရေဓာတ်ကို ကိုယ်ခန္ဓာကနေ လျော့နည်းမသွားစေဘဲ နည်းမျိုးစုံနဲ့ ဖြည့်တင်းထားသင့်ပါတယ်။ယခုဆက်လက်ဖော်ပြမှာကတော့ ရေများများသောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။ရေသောက် ခြင်း၏ အကျိုးကျေးဇူးများက။ရေဓာတ်ခန်းခြောက်တဲ့အခါ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုတွေကို ထိခိုက်နိုင်ပါတယ်။ အထူးသဖြင့် ပြင်းထန်တဲ့ လေ့ကျင့်ခန်းပြုလုပ်နေချိန်နဲ့ ရာသီဥတုပူပြင်းချိန် ဖြစ်ပါတယ်။ ကိုယ်ခန္ဓာထဲက ရေဓာတ် ၂%ခန့် လျော့နည်းသွားရင်တောင် ရေဓာတ်ခန်းခြောက်ခြင်းကို သိသိသာသာ ခံစားရမှာ ဖြစ်ပါတယ်။ ကိုယ်ခန္ဓာအပူချိန် ပြောင်းသွားခြင်း၊ အလုပ်ကို စိတ်ပါလက်ပါ မလုပ်နိုင်တော့ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း စတာတွေ ခံစားလာရမှာ ဖြစ်ပါတယ်။ ရေဓာတ်ကို ဖြည့်တင်းထားခြင်းအားဖြင့် အဆိုပါပြဿနာတွေကနေ ကာကွယ်ပေးနိုင်ပြီး ဖိစီးမှုတွေကို လျော့ကျစေပါတယ်။ရေဓာတ်ပြည့်ဝမှုရှိမရှိဟာ ဦးနှောက်အပေါ် သက်ရောက်မှု ရှိပါတယ်။ ကိုယ်ခန္ဓာရဲ့ ၁-၃%လောက် ရေဓာတ်ဆုံးရှုံးရင်တောင် ဦးနှောက်လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေနိုင်ပါတယ်။ သုတေသနတခုရဲ့ ဖော်ပြချက်အရ ရေဓာတ် ၁.၅၉% ဆုံးရှုံးတဲ့အခါ မှတ်ဉာဏ်ပိုင်း ထိခိုက်ခြင်း၊ စိတ်ပူပန်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း စတာတွေ ဖြစ်လာပြီး လုပ်ငန်းခွင်စွမ်းဆောင်ရည်ကို ထိခိုက်လာစေပါတယ်။ရေဓာတ်ခန်းခြောက်တဲ့အခါ ခေါင်းကိုက်ခြင်း၊ ခေါင်းတခြမ်းကိုက်ခြင်း စတဲ့ပြဿနာတွေ ကြုံလာတတ်ပါတယ်။ ရာသီဥတုပူပြင်းတဲ့အခါ ရေများများသောက်ဖို့ လိုပါတယ်။ ရာသီဥတုကြောင့် ရေဓာတ်ခန်းခြောက် ခေါင်းကိုက်ခြင်းကို သက်သာသေစေပါလိမ့်မယ်။ရေဓာတ်နည်းပါးလာရင် ဝမ်းချုပ်လာတတ်ပြီး အူလမ်းကြောင်း လှုပ်ရှားမှုနည်းသွားခြင်း၊ ဝမ်းသွားရန် ခက်လာခြင်း၊ ဝမ်းမာခြင်း စတာတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ဝမ်းချုပေးတဲ့အခါ ရေများများသောက်ဖို့ လိုပါတယ်။ အူလမ်းကြောင်းထဲမှာ ချောမွေ့နိုင်စေဖို့ ဖြစ်ပါတယ်။ဆီးကျောက်များဟာဆီးလမ်းကြောင်းထဲမှာ သတ္တုဓာတ်ပုံဆောင်ခဲတွေ စုပုံလာရာကနေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဆီးကျောက်အများစုဟာ ကျောက်ကပ်အတွင်းမှာ ဖြစ်ပေါ်တတ်ပါတယ်။ ရေများများသောက်ခြင်းဟာ ဆီးလမ်းကြောင်းမှာ သတ္တုဓာတ်တွေ အနည်မထိုင်အောင် အထောက်အကူပြုပါတယ်။ အဲဒီနည်းနဲ့ ဆီးကျောက်တည်ခြင်းကို ကာကွယ်နိုင်စေပါတယ်။အရက်သောက်တာများသွားရင် နေရထိုင်ရမကောင်းတဲ့ ခံစားမှုတွေ ဖြစ်ပေါ်လာစေပါတယ်။ အယ်လ်ကိုဟောဟာ ဆီးသွားများစေတာကြောင့် ရေဓာတ်ကို ဆုံးရှုံးနိုင်စေပါတယ်။ အရက်သောက်များသွားရင် ရေငတ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အာခြောက်ခြင်း စတာတွေ ခံစားလာရပါတယ်။ ဒီလိုမဖြစ်အောင် အရက်သောက်နေချိန်မှာလည်း ရေကိုပါ သောက်ပေးနေဖို့ လိုပါတယ်။ အိပ်ရာမဝင်ခင်လည်း ရေတဖန်ခွက် အဝသောက်သင့်ပါတယ်။ရေများများသောက်တဲ့အခါ ဗိုက်ပြည့်စေပြီး ဇီဝဖြစ်ပျက်မှုကိုလည်း မြန်ဆန်စေပါတယ်။ သုတေသနတစ်ခုမှာ ရေလီတာဝက်သောက်တဲ့အခါ ဇီဝဖြစ်ပျက်မှုကို ၂၄-၃၀%နဲ့ ၁.၅ နာရီထိ ပိုမိုမြန်ဆန်သွားစေကြောင်း သိရပါတယ်။ တနေ့ကို ရေနှစ်လီတာသောက်ခြင်းဟာ ၉၆ ကလယ်လိုရီခန့်ကို လောင်ကျွမ်းစေနိုင်ပါတယ်။အစားမစားခင် နာရီဝက်လောက်မှာ ရေသောက်ထားခြင်းဟာ ဗိုက်ကိုပြည့်နေစေပြီး ကယ်လိုရီနည်းနည်းသာ စားသုံးမိစေကြောင်း ဆိုထားပါတယ်။ ရိုးရိုးရေအေးသောက်တာ ပိုကောင်းပါတယ်။ကိုယ်ခန္ဓာအပူချိန်အတိုင်းဖြစ်လာအောင် ရေကို ထိန်းညှိယူတဲ့အခါ စွမ်းအင်ကို အပိုဆောင်းထပ်သုံးတာကြောင့် ကယ်လိုရီကို ထပ်မံလောင်ကျွမ်းနိုင်စေပါတယ်။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/health-benefits-of-water/
အသားမကြိုက်တဲ့ကလေးကို အာဟာရဓာတ်လုံလောက်အောင် ဘာတွေကျွေးရမလဲ
အိမ်က သမီးလေးကလေ အသားဆိုမစားဘူး။အသီးအရွက်လေးနဲ့မှ ထမင်းကျွေးလို့ရတယ် ဆိုတာမျိုး တချို့မေမေတွေဆီက ကြားရတတ်ပါတယ်။ တကယ်လည်းဟုတ်တယ်။ တချို့ကလေးတွေက ထမင်းစစားကတည်းက အသီးအရွက်ပဲကြိုက်တာ၊ အသားတွေ၊ ငါးတွေ လုံးဝမကြိုက်၊ထွေးထုတ်တတ်တယ်။ ဒါပေမယ့် အဲလိုဘာမှကျွေးမရတဲ့အခါ တချို့မိဘတွေက ဒီအတိုင်းထားလိုက်တယ်၊နောက်တော့ စားလာမှာပေါ့ ဆိုပြီးလေ။ သူစားတာလေးလိုက်ကျွေးပြီး ဒီအတိုင်းစောင့်နေတဲ့နည်းက မှန်ရဲ့လား မေမေတို့ပြောကြည့်ပါဦး။အသားမကြိုက်တဲ့ကလေးကို အသားပါအောင်၊ အသားဓာတ်ရအောင် အတင်းထည့်ကျွေးတာမျိုး မလုပ်ဘဲနဲ့ အသားဓာတ်ရအောင် လုပ်ပေးလို့ရတဲ့နည်းတွေရှိပါတယ်နော်။ ဖွံ့ဖြိုးဖို့အရှိန်ယူဆဲအရွယ် ကလေးတွေအတွက်အာဟာရဓာတ်မျိုးစုံကို အလုံအလောက်ရနိုင်ဖို့ စီစဉ်ပေးသင့်တာမို့ ကလေးစားတာလေးကျွေးပြီး အလွယ်လမ်းမှာငြိမ်မနေပါနဲ့။ခုနေခါ ကလေးရဲ့ကျန်းမာရေးနဲ့အာဟာရမှာ မိဘရဲ့ဂရုစိုက်မှုက ကြီးပြင်းလာတဲ့အခါ ရလဒ်အနေနဲ့ သက်ရောက်စေမှာဖြစ်လို့ပါ။ သက်သတ်လွတ်စားတယ်ပဲထားဦး၊ သေချာဂရုစိုက်စီစဉ်ပေးရင် အသားဓာတ်ရနိုင်တဲ့အပြင် တခြားမရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်တွေကိုပါ အပြည့်အဝရရှိနိုင်ပါတယ်။ ကြီးထွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ပရိုတင်းနဲ့ သံဓာတ်က မပါမဖြစ်ဆိုတော့ ကလေးအာဟာရပြင်ဆင်တဲ့အခါ သတိထားသင့်တဲ့ ဒီအချက်တွေသေချာဖတ်ကြည့်လိုက်ပါဦး။သက်သတ်လွတ်စားတိုင်း အားမပြတ်ပါဘူးနော်။မေမေတို့လက်ထဲမှာ ပုံသွင်းသလို ကြီးပြင်းလာမယ့် ကလေးတွေရဲ့ကျန်းမာဖွံ့ဖြိုးမှုအတွက် ဂရုစိုက်ကြိုးစားပေးလိုက်ပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/malnutrition/%e1%80%a1%e1%80%9e%e1%80%ac%e1%80%b8%e1%80%99%e1%81%be%e1%80%80%e1%80%ad%e1%80%b3%e1%80%80%e1%80%b9%e1%80%90%e1%80%b2%e1%80%b7%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%a1/
နာတာရှည် နာကျင်မှုအပေါင်း သက်သာစေကြောင်း
စားလိုက်တဲ့အစားအသောက်တွေက စိတ်ကျန်းမာရေးရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ်မှာပါ အများကြီး သက်ရောက်နေပါတယ်။ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးတာကစိတ်ရောကိုယ်ပါ ကျန်းမာစေတာအပြင် နောက်ထပ် ကောင်းကျိုး တစ်ရပ် ရှိပါသေးတယ်။ ဒီကောင်းကျိုးလေးကတော့ ဘာလဲဆိုတာကို သိရှိနိုင်စေဖို့အတွက် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ဒါကတော့အာဟာရပြည့်ဝပြီး ကျန်းမာအောင် စားသုံးမှုက နာတာရှည်အဆစ်နာကျင်တာနဲ့ကြွက်သားနာကျင်တာတွေကို သက်သာစေပါတယ်။ ကြွက်သားတွေ အမြဲလိုလို နာနေတယ်။အဆစ်တွေနာနေတယ်။ ဘာစားရမလဲ မသိဘူးဖြစ်နေရင် ပြောပြပေးမှာမို့ ဆောင်းပါးလေးကို ဖတ်ကြည့်နော်။ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေက။အမြန်စား အစားအစာတွေ၊ အသင့်စားအစားအစာတွေက နာကျင်မှုကို ပိုဆိုစေပြီးနာတာရှည်ရောဂါတွေ၊ နာတာရှည် နာကျင်ရောင်ရမ်းမှုတွေကို ဖြစ်စေနိုင်ပါတယ်။အဆီများတဲ့ အစားအစာတွေ၊ ဆီကြော်စာတွေကလည်း အမြန်စား၊ အသင့်စား အစားအစာတွေ နည်းတူ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ကိုယ်အလေးချိန်ကို ရှိသင့်တာထက် ပိုများစေတာ၊ အဝလွန်တာတွေ ဖြစ်စေပြီး အဆစ်တွေ ထိခိုက် တာ၊ကြွက်သားတွေနာကျင်တာကို ဖြစ်စေနိုင်ပါတယ်။နာတာရှည် နာကျင်မှုအပေါင်း သက်သာစေကြောင်း ဖြစ်စေဖို့ဆိုရင်။Tart cherriesမှာ ကင်ဆာကို တိုက်ဖျက်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင် ပါဝင်နေပါတယ်။ Tart cherriesမှာ ပါတဲ့ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ဖြစ်ကြတဲ့ cyanidine က အဆစ် နဲ့ ကြွက်သားနာကျင်တာကို သက်သာစေနိုင်ပါတယ်။ အက်စပရင်ထက် ပိုပြီးနာကျင်မှုကို သက်သာစေနိုင်ပါတယ်။ဂေါက်ရောဂါ၊ လေးဖက်နာတို့ကြောင့် အဆစ်တွေ နာကျင်တာကိုလည်း သက်သာစေနိုင်ပါတယ်။ပဲပိစပ်က ပရိုတင်း ကြွယ်ဝသလို ဓာတ်တိုးတာကို နှေးစေတဲ့ ဒြပ်ပေါင်း ပါဝင်နေပါတယ်။ရောင်ရမ်းမှုကိုလည်း သက်သာစေနိုင်ပါတယ်။ငါးက နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ နှလုံးရောဂါ ကာကွယ်ပေးသလိုသွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပါတယ်။Omega-3 fatty acids ပါဝင်မှုက နာတာရှည် နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် Omega-3 fatty acids ကြွယ်ဝတဲ့ ပင်လယ်ငါးတွေ ဖြစ်ကြတဲ့ဆယ်လ်မွန်ငါး၊ တူနာငါးတို့ကို စားပေးပါ။နနွင်းမှာ ကင်ဆာကို တိုက်ဖျက်ပေးပြီး နာကျင်ရောင်ရမ်းမှုကို သက်သာစေတဲ့curcuminဒြပ်ပေါင်း ပါဝင်နေပါတယ်။ curcumin ကနာတာရှည် နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ဗီတာမင် D ချို့တဲ့တာက နာတာရှည် နာကျင်မှုကို ပိုဆိုးစေပါတယ်။ ဒါကြောင့် နာတာရှည် နာကျင်မှုကို သက်သာစေဖို့ဆိုရင် ဗီတာမင် D ကြွယ်ဝတဲ့ကြက်ဥအနှစ်၊ ဆယ်လ်မွန်ငါး၊ ထရောက်ငါးတို့ကို စားပေးပါ။အနက်ရောင် ချောကလက်မှာပါတဲ့ ကိုကိုးက နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် နာတာရှည် နာကျင်ရောင်ရမ်းမှုကို ခံစားနေရတယ်ဆိုရင် အနက်ရောင်ချောကလက်လေး စားပေးပါ။နာတာရှည် နာကျင်ရောင်ရမ်းမှုကို သက်သာစေဖို့ဆိုရင်။နာတာရှည် နာကျင်ရောင်ရမ်းသူတွေအနေနဲ့ ဟင်းချက်တဲ့အခါ အခြားဆီတွေအစား သံလွင်ဆီကို သုံးပေးပါ။လက်ဖက်ခြောက်ခပ်ထားတဲ့ ရေနွေးကြမ်း၊လက်ဖက်စိမ်း ရေနွေးကြမ်း၊ ဆေးဖက်ဝင် အပင်တွေထည့်သွင်းဖော်စပ်ထားတဲ့ ရေနွေးကြမ်းတွေက နာတာရှည် နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/can-diet-heal-chronic-pain/
စပျစ်စေ့ကရတဲ့အဆီ ဆံသားအတွက် ဘယ်လိုအသုံးဝင်သလဲ
စပျစ်စေ့အဆီဟာ သံလွင်ဆီ၊ အုန်းဆီတို့လိုပဲ ဆံကေသာကို  အားဖြည့်ပေးနိုင်ပါတယ်။ ၎င်းကို ဦးရေပြားက စုပ်ယူနိုင်စွမ်းပိုကောင်းပြီး ဗောက်ပျောက်စေပါတယ်။ စပျစ်စေ့အဆီမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ကြွယ်ဝပါတယ်။ စပျစ်အစေ့နဲ့အခွံမှာ ဆံသားမခြောက်သွေ့အောင်ထိန်းသိမ်းပေးမယ့် fatty acids နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝပါတယ်။ဆံသားအတွက် သူ့ရဲ့အကျိုးကျေးဇူးတွေက –။အုန်းဆီနဲ့မတူတာက စပျစ်စေ့အဆီဟာ အေးစိမ့်တဲ့ရာသီမှာ ခဲသွားမှာမဟုတ်ဘဲ ၎င်းကို လိမ်းပေးခြင်းအားဖြင့် စေးကပ်မှုမရှိဘဲ ဆံသားကိုအားဖြည့်ပေးမှာဖြစ်ပါတယ်။ ခပ်ကျဲကျဲအဆီဖြစ်တာကြောင့် jojoba oil လို၊ သံလွင်ဆီတို့ထက် ပိုအဆင်ပြေမှာပါ။စပျစ်စေ့အဆီကို အိန္ဒိယ တိုင်းရင်းဆေးလောကမှာ ဆံပင် ပြန်လည်သန်စွမ်းစေနိုင်တဲ့ဆေးအဖြစ် သိကြပါတယ်။ သူ့မှာဆံသားကို အားဖြည့်ပေးတဲ့ oleic acid, linoleic acid နဲ့ fatty acids တို့ ကြွယ်ဝစွာ ပါဝင်ပါ တယ်။Linoleic acid ဆိုတာ ဆံကေသာသန်စွမ်းမှုကို နှိုးဆွပေးတဲ့omega 6 fatty acidတစ်မျိုးဖြစ်ပါတယ်။ စပျစ်စေ့အဆီမှာ ပါဝင်တဲ့သဘာဝဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေထဲ ဗီတာမင်အီး လည်း ပါဝင်ပြီး ဦးရေပြားပျက်စီးမှုကို ကုသပြုပြင်ပေးနိုင်ပါတယ်။စပျစ်စေ့အဆီက မွေးကျွတ်ရောဂါကြောင့်ဖြစ်ရတဲ့ဆံပင်ကျွတ် ခြင်းကို ကုသရာမှာ အထောက်အကူပေးနိုင်တယ်လို့ သုတေသနတွေက ဖော်ပြလာပါတယ်။ သည် အဆီကို တစ်မျိုးတည်းသုံးတာထက် ရို့စ်မေရီ၊ လာဗန်ဒါ၊ စမုန်ဖြူနဲ့ သစ်ကတိုးသားတို့ကရတဲ့ အဆီတွေနဲ့အတူ အသုံးပြုပေးတာက အာနိသင်ပိုကောင်းတယ်လို့ သုတေသနက ဆိုပါတယ်။စပျစ်စေ့မှာ အဆီဓါတ်ပမာဏမြင့်မားတာကြောင့် ခြောက်သွေ့နေတဲ့ ဦးရေပြားနဲ့ ဆံသားကို အစိုဓါတ်ထိန်းသိမ်းပေးဖို့ အသုံးဝင်ပါတယ်။စပျစ်စေ့အဆီရဲ့ ရောင်ရမ်းမှု လျော့ကျစေနိုင်စွမ်း၊ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိနဲ့ ရောဂါပိုးမွှားသေစေနိုင်တဲ့ အစွမ်းတို့ကြောင့် ခန္ဓါကိုယ်တွင်းက Free Radical ကြောင့် ထိခိုက်မှုကို ရင်ဆိုင်အံတုနိုင်ပါတယ်။ Free Radical ထိခိုက်မှုဟာ ဆံပင်တွေ ဖြူလာရတဲ့အကြောင်းရင်းတွေထဲက တစ်ခုဖြစ်တယ်လို့ သုတေသနက ဆိုပါတယ်။စပျစ်စေ့အဆီ ကျဲကျဲက ဦးရေပြားမှာ ယားယံပြီး အဖတ်လိုက် ကွာကျစေတတ်တဲ့ ဗောက်ထတာတွေကို ပျောက်ကင်းစေနိုင်စွမ်းရှိပါတယ်။၎င်းမှာ ကြွယ်ဝတဲ့ fatty acid နဲ့ leucoanthocyanins အပြင် ပိုလီဖနောဓါတ်တွေကြောင့် အနာကျက်မြန်စေတဲ့ အာနိသင်လည်းရှိပါတယ်။ ဦးရေပြားမှာ အနာဖြစ်နေတာ၊ ရောင်ရမ်းနေတာတွေအတွက်က သည်အဆီက ဆေးကောင်းတစ်လက်ပါပဲ။ဆံပင်ပေါင်းတင်ရာမှာ စပျစ် စေ့အဆီတစ်မျိုးတည်း ဖြစ်ဖြစ်၊ တခြားနှစ်သက်ရာအဆီတွေနဲ့ ရောစပ်ပြီးဖြစ်ဖြစ် သုံးနိုင်ပါတယ်။ အပူဓါတ်နဲ့ပေါင်းတင်တာက ပိုကောင်းတယ်လို့ ဆိုပါတယ်။စပျစ်စေ့အဆီ လက်ဖက်ရည် ဇွန်းလေးဇွန်းကနေ ခြောက်ဇွန်းခန့်ကို တခြား ဆံပင်လိမ်းအဆီတစ်မျိုးမျိုးရဲ့ လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ရောပါ။ လာဗန်ဒါအဆီနဲ့ လက်ဖက်ပင်အဆီတို့ကို ရွေးချယ်နိုင်ပါတယ်။ ရောစပ်ထားတဲ့ အဆီ တွေကို ဦးရေပြားပေါ် စက်ဝိုင်းပုံသဏ္ဍာန် နှိပ်နယ်ရင်း နှစ်မိနစ်ကြာ သုတ်လိမ်းပေးပါ။ နောက်တစ်ဆင့်က ခေါင်းကို တဘက်နွေးနွေးနဲ့ပတ်ပြီး အဆီတွေကို ဦးရေပြားက စုပ်ယူနိုင်လောက်တဲ့အထိ နာရီဝက်လောက်ထားပေးပါ။  အဲသည်နောက်မှ ခေါင်းလျှော်ချပါ။ ဒီနည်းအတိုင်း မကြာခဏ ပြုလုပ်ပေးနိုင်ပါတယ်။စပျစ်စေ့အဆီမှာ အဆီဓါတ် ကြွယ်ဝပြီး ပြည့်ဝဆီတွေ ပါဝင်တာကြောင့် နှလုံးကျန်းမာရေး အတွက် မကောင်းတဲ့အတွက် သိပ်မစားသုံးသင့်ပါဘူး။ အပြင် ပန်းအသုံးပြုမှုတွေအတွက်က အများအားဖြင့် ဘေးဥပဒ်ကင်း တတ်ပေမဲ့ အရေပြားဓါတ်မတည့် မှုဖြစ်တတ်တဲ့သူတွေ သုံးမယ်ဆိုရင်တော့ အရင်စမ်းသပ်ဖို့ လိုအပ်တယ်လို့ သတင်းဆောင်းပါးမှာ သတိပေးထားပါတယ်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/%e1%80%85%e1%80%95%e1%80%bb%e1%80%85%e1%80%ba%e1%80%85%e1%80%b1%e1%80%b7%e1%80%80-%e1%80%9b%e1%80%90%e1%80%b2%e1%80%b7-%e1%80%a1%e1%80%86%e1%80%ae-%e1%80%98%e1%80%9a%e1%80%ba%e1%80%9c%e1%80%ad/
အိမ်တွင်လုပ်နိုင်သော လေ့ကျင့်ခန်းများ
အားလုံးဟာ ပုံပန်းတကျ ဖြစ်လိုကြပါတယ်။ ဒါပေမယ့် အလုပ်များလွန်းလို့ အားကစားခန်းမ မသွားနိုင် ဖြစ်နေရင် ဘယ်လိုလုပ်ရပါမလဲ။ စိတ်မပူပါနဲ့။ သင့်ဆီမှာ ကိုယ်ခန္ဓါ ပုံပန်းတကျဖြစ်အောင် လေ့ကျင့်ဖို့ အခွင့်အရေး ရှိပါသေးတယ်။ အားကစားခန်းမဆိုတာ အားလုံးအတွက် အဆင်အပြေဆုံး ဖြေရှင်းနည်း တခုတော့ မဟုတ်ပါဘူး။ လေ့ကျင့်ခန်းလုပ်ခြင်း ဟာလည်း ပုံမှန်လုပ်နိုင်မှသာ ထိရောက်ပါတယ်။ ဒီအခြေအနေမှာ အိမ်တွင်းလေ့ကျင့်ခန်းများဟာ အကောင်းဆုံး ဖြေရှင်းမှုဖြစ်ပါတယ်။အောက်ပါ အကြောင်းအရာတွေကတော့ ပစ္စည်းကိရိယာမလိုဘဲ အိမ်မှာနဲ့ ဘယ်နေရာမှာမဆို ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။ဒီနည်းလမ်းဟာ ရိုးရှင်းပြီး ပျော်ဖို့ကောင်းတဲ့ နည်းလမ်းဖြစ်ပါတယ်။ နှလုံးညှစ်အားကို ကောင်းစေပါတယ်။ နှလုံးလေ့ကျင့်ခန်းများဟာ အမြဲတမ်း ပြေးခြင်းတမျိုးထဲတော့ မဟုတ်ပါဘူး။ နှလုံးခုန်နှုန်းကို မြင့်စေတဲ့ ဘယ်ကိုယ်ကာယလှုပ်ရှားမှု မဆို အကျုံးဝင်ပါတယ်။ ဒီလေ့ကျင့်ခန်းဟာ သင့်ကိုယ်ခန္ဓါကို ဟန်ချက်ညီပြီး အင်အားဖြစ်စေ ပါတယ်။ခြေထောက်ကိုကွေးပြီး မတ်တပ်ရပ်ပါ။ မြင့်နိုင်သလောက်မြင့်အောင် ခုန်ပါ။ ခုန်ချိန်မှာ ဒူးခေါင်းများကို ရင်ဘတ်ထိ ဆွဲကပ်ပြီး လက်များကို ဆန့်ထုတ်ပါ။ မြေပြင်ပေါ် ညင်သာစွာပဲ ခြေထောက်ပြန်ကျပါစေ။ ဒူးခေါင်းကို မဆန့်ထုတ်လိုက်ဘဲ အနည်းငယ်ကွေးထားပါ။ နဂိုအနေအထား ပြန်ယူပြီး နောက်ထပ် ဆက်လုပ်ပါ။သင့်တကိုယ်လုံးက ကြွက်သားတွေကို ခိုင်မာအောင် တည်ဆောက်နိုင်တဲ့နည်းလမ်း ဖြစ်ပါတယ်။ကြမ်းပြင်ဘက် မျက်နှာမူပြီး လက်ဖျံများနဲ့ထောက်ပြီးလှဲပါ။ ခြေထောက်များကို ဆန့်ထားပြီး ခြေဖျားကို အားပြုထောက်ထားပါ။ ကျောကိုဆန့်ပြီး ကိုယ်လုံးတလျှောက်ကြွက်သားများ တောင့်ထားလိုက်ပါ။ အဲဒီအနေအထားအတိုင်း စက္ကန့်၆၀လောက်ကနေ လုပ်နိုင်သလောက် ထိန်းထားပါ။ ၅-၁၀ ကြိမ်ထိ ပြန်လုပ်ပါ။ဒီလေ့ကျင့်ခန်းဟာ ပျော်ဖို့ကောင်းပေမယ့် သင့်တကိုယ်လုံး အတွက် အကျိုးရှိစေတဲ့ လေ့ကျင့်ခန်း တခုဖြစ်ပါတယ်။ သင့်ကိုယ်ခန္ဓါမှ ချွေးထွက်လာစေပြီး နှလုံးညှစ်အားကို ကောင်းမွန်စေပါတယ်။ခြေကိုခွဲပြီး မတ်မတ်ရပ်ပါ။ ဒူးနှစ်ဖက်ကိုကွေးပါ။ လက်များကို နောက်သို့ အားကုန်လွှဲပြီး မြင့်နိုင်သလောက်ခုန်ပါ။ မြေပြင်ပေါ်သို့ ခြေထောက်ကို ညင်သာစွာ ပြန်ချပါ။ ခြေပြန်ချတဲ့အချိန် ဒူးကွေးထားပြီး လက်များကို သင့်ရှေ့က ကြမ်းပြင်ပေါ် ချထားပြီး ခြေထောက်များကို The Plank ပုံစံမှာ ဆုံးအောင်ထားပါ။ ဒိုက်ထိုးသလို ရင်ဘတ်ကို နှိမ့်ချပါ။ ပြီးရင် ခြေထောက်များကို လက်ဆီဆွဲကပ်ပြီး မတ်တပ်ပြန်ရပ်ပါ။ နောက်တခေါက်လုပ်ဖို့ ထပ်ခုန်ပါ။ တမိနစ်အတွင်းမှာ အကြိမ်များနိုင်သမျှ များအောင် ထပ်လုပ်ပါ။ဒီလေ့ကျင့်ခန်းဟာ ခြေထောက်များကို သန်မာစေရုံ သာမက တင်ပါး၊ ကျောနဲ့ ပေါင်များကိုပါ ပုံပန်းကျန စေပါတယ်။လက်ကိုခေါင်းပေါ်မြှောက်ထားပြီး ခြေခွဲရပ်ပါ။ ဒူးခေါင်းကိုတောင့်ထားပြီး ထိုင်ခုံမှာ ထိုင်သလို တင်ပါးကို နောက်သို့ထိုင်ချပါ။ ခါးကိုဆန့်ထားပါ။ ၁၀ ခါခန့်လုပ်ပါ။ပေါင်နဲ့ခြေထောက်တွေကို သန်မာစေတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။နံရံကိုမှီပါ။ ထိုင်ခုံမှာထိုင်နေသလို ပေါင်များကို ကြမ်းပြင်နဲ့ မျဉ်းပြိုင်ဖြစ်အောင် ဖြည်းဖြည်းချင်းထိုင်ချပါ။ ကျောကိုဆန့်ထားပါ။ ဒူးများကို ခြေအရှေ့ဖက် ထွက်မနေပါစေနဲ့။ အဲဒီအနေအထားအတိုင်း တမိနစ်လောက် ထိန်းထားပြီး ၂ကြိမ်ခန့်လုပ်ပါ။ယောဂပုံစံဖြစ်ပြီး လက်မောင်းကြွက်သားများနဲ့ ခါးကို သန်မာစေပါတယ်။တဖက်စောင်းလှဲပါ။ လက်မောင်းအားကိုသုံးပြီး ကိုယ်ခန္ဓါကို တစောင်းအတိုင်း မ တင်ပါ။ လက်မောင်းကို ပခုံးအောက်မှာပဲ ထားပါ။ လက်နဲ့ ကိုယ်ခန္ဓါ ၉၀ဒီဂရီ ကျအောင် ထားပါ။ ခြေထောက်များကို စုထားပြီး ကိုယ်ခန္ဓါနဲ့ တပြေးတည်းထားပါ။ တခြားလက်တဖက်ကို အပေါ်ကို ဆန့်တန်းပါ။ ဝမ်းဗိုက်နဲ့ ပေါင်ကြွက်သားများကိုသုံးပြီး ကိုယ်ကိုလှည့်ပါ။ အကြိမ်တိုင်းမှာ လက်ကိုဆန့်ပြီး ထောက်ထားပါ။ ၄ကြိမ်ခန့်လုပ်ပါ။ တဖက်စီလုပ်ပါ။ဒီလေ့ကျင့်ခန်းဟာ နောက်ကျောနာခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။အပေါ်ကို မျက်နှာထားပြီး ဒူးကိုကွေးထားပြီး ပက်လက်လှန်လှဲပါ။ ခြေကိုချဲထားပါ။ ခါးကိုမကွေးစေဘဲ တင်ပါးကနေ အားပြုပြီး ဖြည်းဖြည်းချင်း မ တင်ပါ။ ပြီးရင် ပြန်ချပါ။ တင်ပါးကို အတင်အချ လုပ်နေစဉ်မှာ လည်ပင်းနဲ့ကျောကို သက်တောင့်သက်သာထားပါ။ ၁၀ခါခန့် ထပ်လုပ်ပါ။ဒီလေ့ကျင့်ခန်းဟာ သင့်ကို အင်အားတွေ အများကြီး မပေးနိုင်ပါဘူး။ ဒါပေမယ့် အားဖြစ်ပြီး နောက်ကျောကို ကျစ်လစ်သွယ်လျစေပါတယ်။အောက်ကို မျက်နှာမူထားပြီး လက်နဲ့ခြေထောက်များ ဆန့်ထားပါ။ ကိုယ်လုံးကို တတ်နိုင်သလောက် တောင့်ထားပါ။ လက်နဲ့ခြေထောက်များကို မ ယူပါ။ ကိုယ်လုံးဟာ အနည်းငယ် ကွေးလာတဲ့အထိ ထိန်းထားပါ။ စက္ကန့် ၃၀-၆၀ ကနေ တတ်နိုင်သလောက် ထိန်းထားပါ။ ၅ကြိမ်ခန့်လုပ်ပါ။ဒီလေ့ကျင့်ခန်းဟာ သင့်နောက်ကျောကို ဆွဲဆောင်မှု ရှိလာစေပါတယ်။မှောက်လျက်လှဲပါ။ လက်များကို ဆန့်ထုတ်ပြိး လက်ဖဝါးနှစ်ခု ပူးထားပါ။ လက်တဖက်ကို ကြမ်းပြင်ကနေ စင်တီမီတာ အနည်းငယ်မြှောက်ပါ။ တကြိမ်တည်းမှာပဲ ဆန့်ကျင်ဘက်ခြေထောက်ကို မြှောက်ပါ။ ပခုံးကို လည်မသွားစေဘဲ ခေါင်းကို ငြိမ်အောင်ထားပါ။ ပြီးရင် လက်နဲ့ခြေထောက်ကို ပြန်ချပါ။ နောက်တဖက်စီ ပြန်မြှောက်ပါ။သုံးခုပေါင်းကြွက်သားတွေကို သန်မာစေပါတယ်။ထိုင်ခုံ၊ ခုံတန်းရှည် တခုခုရှာပါ။ ဒူးအနည်းငယ်ကွေးပြီး ကြမ်းပြင်ပေါ် ထိုင်ချပါ။ လက်ကိုဆန့်ပြီး ထိုင်ခုံစွန်းကို ဆုပ်ကိုင်ပါ။ လက်ကို ၉၀ဒီဂရီကွေးယူပြီး ဖနောင့်များကို အားပြုပြီး မတ်မတ်ရပ်ပါ။ တမိနစ်လောက် အကြိမ်ရေလုပ်နိုင်သမျှ လုပ်ပါ။ဆွဲဆောင်မှုရှိစေတဲ့ လက်မောင်းတွေ ဖြစ်လာစေဖို့ ဒီလေ့ကျင့်ခန်းကို ပြုလုပ်နိုင်ပါတယ်။လက်ကို စိန်ပုံသဏ္ဍာန်ဆိုင်ထားပါ။ လက်ကိုကြမ်းပြင်ပေါ် ချထားပြီး ခြေထောက်များကို Plank လေ့ကျင့်ခန်းလုပ်စဉ်ကလို ဆန့်တန်းထားပါ။ ကိုယ်လုံးကိုတောင့်ထားပြီး ရင်ဘတ်ကို ကြမ်းပြင်နဲ့ ထိတဲ့အထိ တံတောင်ဆစ်ကို ဒိုက်ထိုးသလို ကွေးချပါ။ ၁၀ကြိမ်ကနေ အကြိမ်၂၀ ထိလုပ်ပါ။သင့်လက်ကို လက်ဝှေ့သမားလို သန်မာလာစေ ပါလိမ့်မယ်။ခြေခွဲရပ်ပြီး ဒူးအနည်းငယ် ကွေးထားပါ။ တံတောင်ကိုကွေးထားပါ။ လက်တဖက်ကို ဆန့်ထုတ်ပြီး ကျန်တဖက်ကို ကပ်ထားပါ။ ပြီးရင် လက်ကို ပြန်သိမ်းပြီး ကျန်တဖက်ကို အလှည့်ကျလုပ်ပါ။ မိမိကိုယ်ကို ဝါရင့်လက်ဝှေ့သမားတယောက်လို သဘောထားပြီး ထိုးချက်တိုင်းကို တတ်နိုင်သလောက် အားထည့်ပါ။ တမိနစ်ခန့်လုပ်ပါ။ နားပြီးရင် ပြန်လုပ်ပါ။ဒီလေ့ကျင့်ခန်းတွေကို ပစ္စည်းကိရိယာမပါဘဲ အိမ်ထဲမှာသာမက ဘယ်နေရာမှာ ဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။ အားကစားအသင်း သွားဝင်စရာလည်း မလိုပါဘူး။ ဒီနည်းလမ်းတွေဟာ ရိုးရှင်း ထိရောက်ပြီး ဟန်ချက်ညီမှု၊ ပျော့ပြောင်းမှု၊ သန်မာမှုစတဲ့ အကျိုးကျေးဇူးတွေကို ရရှိလာစေပါတယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%9c%e1%80%af%e1%80%95%e1%80%ba%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%9e%e1%80%b1%e1%80%ac-%e1%80%9c%e1%80%b1/
မွေးကင်းစကလေးလေးတွေ ဝမ်းခဏခဏသွားတာ ပုံမှန်ပဲလား
မိဘရယ်လို့ဖြစ်လာရင် သားသမီးတွေကို အရိပ်တကြည့်ကြည့်နဲ့ ကြည့်တာပါ။ စားတာကနေစလို့ ဝမ်းသွားတာ အိပ်တာအဆုံး အကုန်လုံးကိုသေချာစောင့်ကြည့်နေမိတယ်နော်။ မိဘဆိုတဲ့တာဝန်က တော်တော်လေးကြီးလေးလွန်းပါတယ်။ ဒီနေရာမှာ မိဘတော်တော်များများကြုံတွေ့ရနိုင်တာက ဘယ်သူ့ရဲ့ ကလေးကတော့ဖြင့် တစ်ပတ်နေမှ တစ်ကြိမ်လောက်ဝမ်းသွားတယ်၊ ကိုယ့်ရဲ့ဘေဘီလေးကတော့ နို့စို့လိုက်ပြီးတိုင်း ဝမ်းသွားနေတယ်။ ဘာဖြစ်တာလဲ။ စိုးရိမ်စရာများရှိနေလားဆိုတဲ့အချက်ပါ။ တကယ်တော့ ကလေးက မကြာခဏ ဝမ်းသွားတာ ရက်တော်တော်ကြာမှဝမ်းသွားတယ်ဆိုတာတွေက ကလေးမှာကျန်းမာရေးပြဿနာတစ်ခုခုရှိနေတာ မဟုတ်ပါဘူး။ ဘာကြောင့်ဒီလိုပြောတာလဲဆိုတာကိုအောက်မှာ ရှင်းပြပေးထားတယ်နော်။ကလေးလေးတွေဟာ မွေးစကနေ ၆ လမရောက်ခင် မကြာခဏဆိုသလိုဝမ်းသွားနိုင်ပါတယ်။ ဒါပေမယ့် ဒါကစိုးရိမ်ရမယ့် အနေအထားတော့မဟုတ်ပါဘူး။ ကလေးကဝမ်းခဏခဏသွားနေတာကခန္ဓာကိုယ်ရဲ့ပြောင်းလဲမှုဖြစဉ်တွေကြောင့်ပါ။ ကလေးကဝမ်းသွားတာအပြင် အော့အန်နေမယ်။ နို့မစို့ဘဲဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသဖို့ လိုအပ်မှာပါနော်။မိခင်နို့ကိုပဲ အားကိုးနေရတဲ့အရွယ်မှာ ကလေးက ခဏခဏဆိုသလိုဝမ်းသွားနိုင်ပါတယ်။ဒီလိုဖြစ်ရတာက မိခင်နို့မှာimmunoglobins ပါဝင်နေတာကြောင့် ကလေးက မကြာခဏဆိုသလို ဝမ်းသွားနေတာပါ။ လေ့လာမှုတွေအရကတော့ immunoglobins က ဝမ်းသွားစေဖို့ လှုံ့ဆော်ပေးနိုင်တယ်၊လို့ သိရပါတယ်။ မိခင်နို့သောက်တဲ့ကလေးငယ်တွေက နို့မှုန့်သောက်တဲ့ ကလေးငယ်တွေထက်ပိုပြီး ဝမ်းသွားတတ်ကြပါတယ်။တစ်ခါတစ်လေမှာ မေမေတွေထင်တတ်တာက သူတို့စားတာတစ်ခုခုမှားလို့ ဘေဘီလေးဝမ်းသွားတယ်လို့ပေါ့။ တကယ်တေ့ ကလေးကမွေးစမှာပိုပြီးဝမ်းသွားနိုင်ပါတယ်။ နောက်တစ်ခုသိထားရမှာက ကလေးလေးတွက သူတို့ခန္ဓာကိုယ်မှာပြောင်းလဲမှုတစ်ခုခုလုပ်တော့မယ်။ တိုးတက်မှုအဆင့်တစ်ခုခုဖြစ်ပေါ်တော့မယ်ဆိုရင် ဝမ်းသွားတာပါ။အချို့ကလေးလေးတွေကတော့ နို့စို့ပြီးတိုင်းဝမ်းသွားတတ်ပေမယ့် အချို့ကလေးလေးတွေကတော့ ၃ ပတ်တစ်ခါလောက်မှဝမ်းသွားတတ်ကြပါတယ်။ ဒါတွေအားလုံးက သမာရိုးကျဖြစ်စဉ်တွေပါပဲ။ တစ်ခုခုစားပြီးတိုင်းဝမ်းသွားတာက များသောအားဖြင့်က မွေးကင်းစအရွယ်ကလေးငယ်တွေမှာအဖြစ်များပါတယ်။မွေးပြီး ရက်သတ္တပတ်အနည်းငယ်ကြာတဲ့အထိ ကလေးငယ်လေးတွေကမေမေဆီကနေ နို့စို့ပြီးတိုင်း ဝမ်းသွားကြပါတယ်။ ဒါကတကယ်တော့ ဝမ်းသာရမယ့်ကောင်းတဲ့လက္ခဏာတစ်ခုပါ။ သူတို့လေးတွေ လုံလောက်တဲ့နို့ပမာဏကိုရရှိနေတယ်ဆိုတဲ့ သဘောပါပဲ။မွေးပြီးစကနေ ၃ ပတ် ဒါမှမဟုတ် ၆ ပတ်လောက်ရောက်လာတဲ့အခါ ကလေးက ဝမ်းခဏခဏမသွားတော့ပါဘူး။ ဒါပေမယ့် ကလေးတိုင်းတော့မဟုတ်ပါဘူး။ အချို့ကလေးတွေက ဝမ်းဆက်သွားနေတာမျိုးဖြစ်နိုင်ပါတယ်။ ကလေးက တစ်နှစ်လောက်ရောက်လာပြီဆိုရင်တော့ တစ်နေ့လုံးကို ဝမ်း ၅ကြိမ်လောက်သွားတာမျိုးဖြစ်လာနိုင်ပါတယ်။ဒါကြောင့် မွေးကင်းစကနေ တစ်နှစ်လောက်အထိ ကလေးက ဝမ်းခဏခဏသွားတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကစိုးရိမ်စရာမဟုတ်ပါဘူး။ တကယ်လို့ ကလေးရဲ့ဝမ်းအခြေအနေကပြောင်းလာမယ်၊ ဝမ်းအရည်တွေလိုသွားနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသကြည့်ဖို့လိုပါမယ်။ ကလေးဝမ်းအရည်တွေအရမ်းသွားတာကအစာခြေစနစ်ပိုးဝင်တာမျိုးဖြစ်နိုင်တာကြောင့် သတိထားတာပိုကောင်းပါမယ်။ ကလေးက တစ်ပတ်ကို တစ်ခါလောက်တောင် ဝမ်းမသွားရင်တော့ ဝမ်းချုပ်တာမျိုးဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ပြသကြည့်ဖို့လိုအပ်မှာပါ။ဒီနေရာမှာ စိတ်ပူရမှာတစ်ခုက ဝမ်းခဏခဏသွားတာကို မဟုတ်ဘဲ ဝမ်းခဏခဏသွားလို့ ကလေးမှာသေးခံလောင်နာတွေဖြစ်မှာကိုပါ။ ဒါကြောင့် ကလေးကဝမ်းသွားလို့ဆေးကြောသန့်စင်ပြီးတိုင်း ကလေးကိုသေးခံမလောင်အောင်ကာကွယ်ပေးတဲ့ ခရင်မ်လူးပေးဖို့ပါ။ ကလေးက ဝမ်းခဏခဏသွားတာကို စိတ်မပူပါနဲ့။ ကလေးဝမ်းသွားတဲ့ အလေ့အထပြောင်းသွားတာမျိုး ဥပမာ – တစ်နေ့ကို ဝမ်း ၃ ကြိမ်လောက် ပုံမှန်သွားနေရာကနေ တစ်ပတ်မှ တစ်ကြိမ်လောက် တစ်ပတ်ကျော်မှ တစ်ကြိမ်လောက်ဖြစ်သွားတာမျိုးကသာစိတ်ပူရမှာပါ။ နောက်တစ်ခုကအပေါ်မှာပြောခဲ့သလို ဝမ်းအရည်တွေသွားနေတာမျိုးဖြစ်တာကိုသာစိတ်ပူရမှာပါ။ ကလေးရဲ့ အစာခြေစနစ်မှာ ပိုးဝင်ကူးစက်တာမျိုးဖြစ်နေနိုင်တာကြောင့်ပါ။ကလေးက တစ်နှစ်လောက်အထိတော့ အစားစားပြီးတိုင်း ဝမ်းသွားတာမျိုးဖြစ်နေနိုင်တာကြောင့် ကလေးလေးတွေ ဝမ်းခဏခဏသွားတာပုံမှန်ပါပဲလို့ ပြောပါရစနော်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/babys-first-year/%e1%80%99%e1%80%bd%e1%80%b1%e1%80%b8%e1%80%80%e1%80%84%e1%80%ba%e1%80%b8%e1%80%85%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%bd%e1%80%b1-%e1%80%9d%e1%80%99%e1%80%ba/
ကိုယ့်ကိုယ်ကို ဆံပင်အရမ်းကျွတ်နေတယ်လို့ သံသယရှိနေပြီလား
ဆံပင်ကျွတ် တယ်ဆိုတာဟာ လူ့ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ်ပြောင်းလဲမှုတွေထဲက တစ်ခုပါပဲ။အမျိုးသားရော၊ အမျိုးသမီးပါမကျန် တစ်နေ့ကို ဆံပင် အပင် ၅၀ ကနေ ၁၀၀ ကြားထိ ပုံမှန် ကျွတ်နိုင်ပါတယ်။ ကျွတ်သွားတဲ့ နေရာမှာလည်း ဆံပင် အသစ်တွေက ပြန်လည်အစားထိုးပြီး ပေါက်ပါတယ်။ရေချိုးတဲ့ အချိန် ဖြစ်စေ၊ မနက် အိပ်ရာ ထတဲ့ အချိန် ဖြစ်စေ၊ ကိုယ်က ခေါင်းဖြီးလိုက်တဲ့ အချိန် ဖြစ်စေ ဆံပင်တွေ အရမ်း ကျွတ်နေတယ်လို့ သံသယ ရှိလာပြီဆိုရင်တော့ သေချာ စစ်ဆေးကြည့်သင့်ပါတယ်။ ဆံပင် ကျွတ်တာဟာ ရံဖန်ရံခါ ဖြစ်နိုင်သလို ကိုယ့်ရဲ့ ကိုယ်ခန္ဓာထဲမှာ ကြီးမားတဲ့ ပြောင်းလဲမှု ရှိလာတဲ့အခါမှာလည်း ဖြစ်နိုင်ပါတယ်။ကိုယ့်ကိုယ်ကို ဆံပင်အရမ်းကျွတ်နေတယ်လို့ သံသယရှိနေပြီလား ။ ဒါဆိုရင်တော့ ကိုယ့်ရဲ့ ကျန်းမာရေး အခြေအနေကို ပြန်စစ်ဆေးပြီးအရေပြားဆရာဝန်နဲ့ သေချာ ကုသမှု ခံယူတာ အကောင်းဆုံးပါပဲ။၁။ ပုံမှန်အားဖြင့် မျိုးရိုးဗီဇကြောင့် ဆံပင်ကွက်ပြီး ပါးလာတာ၊ထိပ်ပြောင်တဲ့ လက္ခဏာတွေ အတွေ့များပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ဒီလက္ခဏာတွေကို တွေ့ရမှာဖြစ်ပြီး လူငယ်တွေမှာလည်း ဖြစ်နိုင်ခြေ ရှိပါတယ်။၂။ လူပျိုဖော်၊ အပျိုဖော်ဝင်ကာစ အချိန်မှာလည်း ကိုယ်ခန္ဓာထဲမှာ ဖြစ်လာတဲ့ လိင်ဟော်မုန်းအချို့ကြောင့် ဆံပင်ကျွတ်နိုင်ပါတယ်။၃။ အပြင်းဖျားတာ၊ ခွဲစိတ်ကုသမှု ခံယူရတာ၊ဦးနှောက်ကို ထိခိုက်မိတဲ့ အခြေအနေမှာ ဆံပင်ကျွတ်တဲ့ ပြဿနာ ကြုံလာရနိုင်ပါတယ်။ ဒီအခြေအနေမှာတော့ အရေပြားဆရာဝန်ဆီမှာ ကုသမှု ခံယူပြီး ဆံပင်ပေါက်လာအောင် ပြန်လုပ်ဖို့ အရေးကြီးပါတယ်။၄။ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်စဉ်၊ မီးဖွားပြီးစဉ်၊သန္ဓေတားဆေးသုံးတာ ရပ်လိုက်ချိန်နဲ့ သွေးဆုံးချိန်တွေမှာ ခေတ္တခဏ ဆံပင်ကျွတ်တဲ့ ပြဿနာ တွေ့ရနိုင်ပါတယ်။၅။ အရေပြားမှို စွဲကပ်တဲ့အခါမျိုး၊ ကိုယ်ခံအားစနစ်က ဆံသားမွေးညင်းပေါက်တွေကို ထိခိုက်မိတဲ့ ရောဂါမျိုးမှာ ဆံပင်ကျွတ်တဲ့ လက္ခဏာအပြင် ဆံပင်ပြန်မပေါက်တော့တဲ့အထိ ပြင်းထန်နိုင်ပါတယ်။၆။ ကင်ဆာကုထုံး ကုသမှုခံယူနေချိန်၊ သွေးတိုးရောဂါ၊အဆစ်ရောင်ရောဂါ၊ နှလုံးနဲ့ သက်ဆိုင်တဲ့ ရောဂါဝေဒနာကို ခံစားနေရချိန်၊ စိတ်ဓာတ်ကျနေချိန်မှာလည်း ဆံပင်ကျွတ်နိုင်ပါတယ်။၇။ မိသားစုဝင် ဒါမှမဟုတ် ကိုယ်ချစ်ရတဲ့သူ ဆုံးသွားတဲ့အချိန် စိတ်ခြောက်ခြား တုန်လှုပ်မှုဖြစ်ခြင်း၊ ကိုယ်အလေးချိန် အလွန်အမင်း ကျဆင်းသွားချိန်၊ အဖျားကြီးချိန်မှာ ဖြစ်တတ်တဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေကြောင့်လည်း ဆံပင်ကျွတ်နိုင်ပါတယ်။၈။ ဦးခေါင်းမှာ ရှိတဲ့ အမွေးအမျှင်တွေ (ဆံပင်၊ မျက်ခုံး၊ မျက်တောင်၊ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေး) ကို မကြာခဏ လက်နဲ့ သွားသွားနှုတ်ချင်လာအောင် စေ့ဆော်နေတတ်တဲ့ စိတ်ရောဂါမျိုး ရှိနေရင်လည်း ဆံပင်ကျွတ်နိုင်ပါတယ်။၉။ ဆံပင်ကို တင်းတင်းကြပ်ကြပ်စည်းတဲ့အခါ ဆံသားမွေးညှင်းပေါက်တွေကို ဖိအားသက်ရောက်သလို ဖြစ်နေတဲ့အတွက် ဆံပင်ကျွတ်တဲ့ လက္ခဏာမျိုး ကြုံလာနိုင်ပါတယ်။၁၀။ ပရိုတင်းဓာတ်၊ သံဓာတ်နဲ့ အာဟာရဓာတ်ချို့တဲ့သူတွေမှာ ဆံပင်ပါးတဲ့ ပြဿနာမျိုး တွေ့နိုင်ပါတယ်။ပုံမှန်ထက် ဆံပင် ပိုကျွတ်တဲ့အခါမှာ ကိုယ်ခန္ဓာထဲမှာ ငုပ်နေတဲ့ ရောဂါတစ်မျိုးမျိုး၊ ကျန်းမာရေး ပြဿနာအခြေအနေတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ နားလည်တတ်ကျွမ်းတဲ့ အရေပြားဆရာဝန်ဆီမှာ သေချာကုသမှု ခံယူရပါမယ်။ ကိုယ့်မှာ မိဘမျိုးရိုးဗီဇကြောင့် ဆံပင်ကျွတ်တာလား၊ စိတ်ကျန်းမာရေးအခြေအနေကြောင့်လား၊ ရောဂါ တစ်ခုခုရှိနေလို့လား ဆိုတာကို သေချာပြောပြပေးမှ ဆရာဝန်က ကိုယ့်ရဲ့ ဆံပင် ကျွတ်ရခြင်း ဇစ်မြစ်ကို နားလည်ပြီး ပြဿနာကို ဖြေရှင်းနိုင်မှာပါ။၁။ သွေးစစ်ခြင်း –HIVလို ကိုယ်ခံအားစနစ်ကို ထိခိုက်နေတဲ့ ရောဂါတွေ ရှိနေပြီလားဆိုတာကို ရှာဖွေစစ်ဆေးလို့ ရပါတယ်။၂။ ဆံသားကို ဆွဲပြီး စစ်ဆေးခြင်း – အရေပြားဆရာဝန်က ကိုယ့်ရဲ့ ဆံပင်က ဆွဲလိုက်တဲ့အခါ ဆံပင်အများကြီး လက်မှာ ကပ်ပါလာသလဲဆိုတာ ကြည့်ပြီး အခြေအနေကို သုံးသပ်လို့ ရပါတယ်။၃။ ဦးရေပြားကို ဓာတ်ခွဲစစ်ဆေးခြင်း – ကိုယ့်ရဲ့ ဆံသားတချို့ ဒါမှမဟုတ် ဦးရေပြားအပိုင်းအစကို နမူနာယူပြီး စစ်ဆေးကြည့်တာပါ။ ဆံပင်တွေ ကျွတ်လာရတဲ့ အဓိကအကြောင်းရင်းကို အဖြေရှာနိုင်ပါတယ်။၄။ ဆံသားပြန်ပေါက်စေဖို့ ဆေးသုံးစွဲခြင်း – အရေပြားဆရာဝန်ကိုယ်တိုင် ညွှန်းပေးလိုက်တဲ့ သောက်ဆေး သို့မဟုတ် လိမ်းဆေးကို အသုံးပြုပြီး ဆံသားကျွတ်တဲ့ ပြဿနာကို ဖြေရှင်းနိုင်ပါတယ်။၅။ ဆံပင်စိုက်ကုထုံး – ထိပ်ပြောင်တဲ့သူတွေအတွက် ဆံသားအုံထူတဲ့နေရာကနေ ဆံပင်အနည်းကိုယူပြီး ဆံပင်ပြန်မပေါက်တော့တဲ့ နေရာမှာ ပြန်စိုက်ပေးတာဖြစ်ပါတယ်။၁။ ဆံသားမွေးညှင်းပေါက်တွေကို ဖိအားဖြစ်စေလောက်တဲ့အထိ ဆံပင်ကို အရမ်းကျပ်နေအောင် မစည်းထားပါနဲ့။၂။ အစာအာဟာရ မျှတစွာ စားသောက်ပေးပါ။ သံဓာတ်နဲ့ ပရိုတင်းဓာတ် နေ့စဉ် လုံလောက်စွာ ရှိပါစေ။၃။ ဆံပင်ကို တစ်ရက်ခြား တစ်ခါ ပုံမှန်လျှော်ပေးပါ။ ခေါင်းလျှော်တဲ့အခါမှာလည်း မပြင်းတဲ့ ကလေးသုံး ခေါင်းလျှော်ရည်နဲ့ လျှော်ပေးရင်အကောင်းဆုံးပါပဲ။၄။ ဆံသားကို ခြောက်သွေ့အောင် ထားပါ။ မလိုအပ်ပဲ ဆံပင်ကို မကိုင်ပါနဲ့။ မပွတ်ဆွဲပါနဲ့။၅။ ဆံပင်ကို အပူပေးတဲ့ ကိရိယာတွေ၊ အခြောက်ခံဖို့ လေမှုတ်စက်တွေကို သိပ်မသုံးပါနဲ့။၆။ စိတ်ဖိစီးမှုဟာ ကိုယ်ခန္ဓာအတွက်ရော စိတ်ကျန်းမာရေးအတွက်ရော မကောင်းတာကြောင့် အမြန်ဆုံး ဖြေဖျောက်နိုင်ရင် အကောင်းဆုံးပါပဲ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/treating-hair-loss/
ကလေးကို ဝမ်းမှန်စေဖို့ ဘာတွေဂရုစိုက်ပေးရမလဲ
အိမ်မှာ ချစ်တီးလေးတွေရှိလား။ ကလေးက ဝမ်းမှန်မှန်မသွားတော့ အစားလည်းသိပ်မစားဘူး၊ အင်အင်းတည်တိုင်း ငိုယိုရုန်းကန်တာ ကျွက်ကျွက်ကိုညံလို့ပါပဲ။ ကလေးက တစ်ပတ်ကို အများဆုံး သုံးကြိမ်လောက်ပဲဝမ်းသွားတယ်၊ သွားတဲ့အခါလည်း ဝမ်းကမာကျစ်ပြီး တစ်နေတယ်(စမြင်းတုံးပေါ့)၊၊ ဗိုက်အောင့်တယ်ဆို ချစ်တီးလေးဖြစ်နေပါပြီ။ ဝမ်းသွားဖို့ ညှစ်ရင် စအိုမှာနာကျင်ရမယ်၊ တအားညှစ်ရမှာပင်ပန်းမယ်ဆိုတာ သိနေတော့ အင်အင်းတည်ရင် အကြောက်အကန်ငြင်းတာပေါ့၊ ဝမ်းသွားချင်စိတ်လေးပေါ်လာရင်တောင်အောင့်ထားတတ်ပါတယ်။ကလေးတွေ ဝမ်းချုပ်တဲ့ကိစ္စကရောဂါကြီးတော့မဟုတ်ပေမယ့် အဖြစ်များတဲ့ပြဿနာပါ။ ဒါပေမယ့် ဂရုမစိုက်ပေးဘဲ အချိန်ကြာလာရင်တော့စအိုဝမှာ ကွဲလာမယ်၊စအိုကျွံကျခြင်း လိုမျိုး စအိုအတွင်းသားအပြင်ကိုထွက်လာမယ် စတဲ့နောက်ဆက်တွဲပြဿနာတွေရှိလာနိုင်သလိုရောဂါအကြောင်းရင်းတစ်ခုခုရဲ့လက္ခဏာဖြစ်နေနိုင်လို့ မပေါ့ဆသင့်တာဖြစ်ပါတယ်။အရည်များများတိုက်ပါ။ရေ သို့မဟုတ် အရည်(နို့၊ဖျော်ရည်၊စွတ်ပြုတ်၊စတာတွေ) တွေကို လုံလောက်အောင် တိုက်ကျွေးရင် ဝမ်းမှန်စေပါတယ်။ ဘယ်ပမာဏလောက်ဆိုလုံလောက်မလဲဆိုတာကတော့ ကလေးရဲ့ကိုယ်အလေးချိန်နဲ့ အသက်အရွယ်ကိုမူတည်ပါလိမ့်မယ်။ အဓိကကရေဓါတ်မနည်းစေဖို့ပါ။ ရေသောက်နည်းတဲ့ကလေးကိုပန်းသီး၊ သစ်တော်သီး၊ဖရဲသီးတို့ကို ကြိတ်တဲ့ဖျော်ရည်တိုက်ပေးပါ။အမျှင်ဓါတ်ကြွယ်ဝတာတွေပိုကျွေးပါ။အမျှင်ဓါတ်ပါဝင်မှုများတဲ့အစားအစာတွေ(သစ်သီး၊ဟင်းသီးဟင်းရွက်တွေနဲ့ ဂျုံကြမ်းပေါင်မုန့် စတာတွေ)က ဝမ်းမချုပ်အောင်ကာကွယ်ပေးပါတယ်။ အမျှင်ဓါတ်က အစာခြေစနစ်နဲ့အူလမ်းကြောင်းလုပ်ဆောင်ချက်တွေကို ကူညီပေးပါတယ်။ အမျှင်ဓါတ်များတာ ပိုကျွေးပေးခြင်းအားဖြင့် အစာချေဖျက်မှုပိုကောင်းပြီး ဝမ်းမှန်စေပါလိမ့်မယ်။ရေသောက်ဖို့တော့ သတိထားပြီးတိုက်ကျွေးဖို့လိုပါတယ်။ ပန်းသီး၊ သစ်တော်သီး၊ လိမ္မော်သီး၊ ဘယ်ရီသီးတွေ၊ထောပတ်သီး၊ ငှက်ပျောသီးမှည့်၊ ဂျုံကြမ်းပေါင်မုန့်၊ အုတ်ဂျုံ(ကွေကာ)၊သင်္ဘောသီး၊ ပဲအမျိုးမျိုး စတာတွေကို ပါအောင်ကျွေးပါ။ထိုက်သင့်တဲ့ကိုယ်လက်လှုပ်ရှားမှုရှိပါစေ။ကိုယ်လက်လှုပ်ရှားမှုက အစာကြေစေပြီး အူလမ်းကြောင်းကို တွန်းအားပေးတဲ့အတွက် ကလေးကိုလှုပ်လှုပ်ရှားရှားကစားဖို့အားပေးပါ။ငြိမ်ငြိမ်နေနော် ဆိုတဲ့ ဆူသံ၊ စကားသံတွေက ကလေးရဲ့ကျန်းမာရေးနဲ့ ဖွံ့ဖြိုးမှုကို အနှောင့်အယှက်ဖြစ်စေပါလိမ့်မယ်။ ဒစ်ဂျစ်တယ်ပစ္စည်းတွေနဲ့ ငြိမ်မနေပါစေနဲ့။ ပြေးကစားတာ၊ဘောလုံးကန်တာ၊ လမ်းလျှောက်တာလိုမျိုး လှုပ်ရှားမှုလေးတွေရှိမှဖြစ်မှာပါ။အစားစားချိန်ပုံမှန်သတ်မှတ်ပါ။ကလေးကတောင်းနေတိုင်း မကျွေးပါနဲ့ ဒါမှမဟုတ် စားမှအားရှိမှာဆိုပြီး မတောင်းလည်း တစ်ခုပြီးတစ်ခုကျွေးနေတာမျိုး မလုပ်ပါနဲ့။ ပုံမှန်အစားစားချိန်ရှိနေမယ်ဆို ကလေးရဲ့အစာခြေစနစ်လုပ်ဆောင်ချက်မှန်ကန်ပြီး ဝမ်းလည်းမှန်ပါလိမ့်မယ်။အိမ်သာတည်တဲ့အလေ့အကျင့်လုပ်ထားပါ။ကလေးက အင်အင်းပါချလိုက်မှ ဒါမှမဟုတ် အိမ်သာသွားချင်တယ်ပြောမှ အရေးစိုက်ပေးတာမျိုးမလုပ်ပါနဲ့။ ဆီးသွားဖို့၊ ဝမ်းသွားဖို့ အချိန်သတ်မှတ်ပြီး တည်ပေးပါ။ အတင်းညှစ်ခိုင်းတာမဟုတ်ဘဲ သက်တောင့်သက်သာအနေအထားနဲ့ ကလေးကို အိမ်သာသွားအောင် တည်ပေးဖို့ပါ။ဆေးဝါးတွေကို ကြည့်ပါ။ကလေးသောက်သုံးနေတဲ့ဆေးဝါး(အားဆေး သို့မဟုတ် ကျန်းမာရေးအတွက်သောက်နေရတဲ့ဆေးဝါးတခုခု)တွေက ဝမ်းချုပ်စေတတ်တဲ့ဘေးထွက်ဆိုးကျိုးပါနေနိုင်လို့ ဝမ်းချုပ်တာ တစ်ပတ်ထက်ပိုပြီးကြာလာရင် ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပါတယ်။Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/digestive-problems/%e1%80%9d%e1%80%99%e1%80%ba%e1%80%b8%e1%80%81%e1%80%bb%e1%80%af%e1%80%95%e1%80%ba%e1%80%90%e1%80%90%e1%80%ba%e1%80%90%e1%80%b2%e1%80%b7%e1%80%80%e1%80%9c%e1%80%b1%e1%80%b8%e1%80%80%e1%80%ad%e1%80%af/
ဗောဓိညောင် ဆေးဖက်ဝင်ပါတယ်
ဗောဓိညောင်ဆိုတာက ဗုဒ္ဓဘာသာဝင်တိုင်း အထွဋ်အမြတ်ထားကြတဲ့ အပင် တစ်မျိုးပါ။ ဗုဒ္ဓဂါယာမှာဆိုရင် ဘုရားရှင်ပွင့်တော်မူရာ ဗောဓိညောင်ပင်ကြီး ရှိပါတယ်။ ဒီအပင်ကြီးက ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ ဖွားဖက်တော်ဆိုလည်း ဟုတ်ပါတယ်။ ဒီဗောဓိညောင်ပင်က အထွဋ်အမြတ် ကိုးကွယ်ရာတင် မဟုတ်ပါဘူး။ ဆေးဖက်လည်း ဝင်ပါသတဲ့။ ဘာကြောင့် ဗောဓိညောင် ဆေးဖက်ဝင်ပါတယ် လို့ ပြောရသလဲ ဆိုတာကို ကိုယ်တိုင် ဖတ်ကြည့်လိုက်တော့နော်။ဗောဓိညောင်ဆိုတာက ညောင်ပင်နဲ့ ခပ်ဆင်ဆင် အပင် တစ်မျိုးပါ။ ဒီအပင်ကသဖန်းပင်နဲ့ မျိုးရင်းတူပြီး mulberry မျိုးရင်းပင်ဆိုလည်း ဟုတ်ပါတယ်။ အရွက်က ဝိုင်းဝိုင်း ကြီးကြီးနဲ့ ထိပ်ဖျားမှာ ရှည်မြောမြောလေး ရှိပါတယ်။ အရွက်မှာ ရွက်ကြောတွေ ဖြာနေပြီး နုစဉ်မှာ ညီုတိုတို ရှိပြီး ရင့်လာချိန်မှာ အစိမ်းရောင်လေးပါ။ဗောဓိညောင်က အရွက်တင် ဆေးဖက်ဝင်တာ မဟုတ်ပါဘူး။ အခေါက်၊ ပင်စည်၊ အမြစ် စတာတွေကပါ ဆေးဖက်ဝင်ပါတယ်။ဗောဓိညောင်က ဆေးဖက်ဝင်သလို အခုလိုအာဟာရဓာတ်တွေလည်း ပါဝင်နေပါတယ်။ဗောဓိညောင်က အခုလို ဆေးဖက်ဝင်ပါတယ်။ဗောဓိညောင်ပင်ကအဖျားကျစေဖို့ထောက်ကူပေးနိုင်ပါတယ်။ ဗောဓိညောင်ရွက်ကို ရေဆူဆူမှာ ထည့်ပြုတ်ပြီး ပြုတ်ရည်ကို အသုံးပြုပေးလို့ ရသလို နွားနို့ထဲမှာ ထည့်ပြုတ်ပြီး သုံးဆောင်ပေးလို့ ရပါတယ်။ အအေးမိတာကို သက်သာစေနိုင်ပါတယ်။ပန်းနာရင်ကျပ်က အတော်လေး နေရထိုင်ရ ခက်စေနိုင်ပါတယ်။ညစ်ညမ်းမှုတွေကြောင့် ပိုဆိုးနိုင်သလို ကိုယ်တွင်းမှာလည်း အောက်ဆီဂျင် ရရှိမှု နည်းအောင် လုပ်ဆောင်နေပါတယ်။ ဗောဓိညောင်ရွက်ကိုပန်းနာရင်ကျပ်သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။အကြောင်းအမျိုးမျိုးကြောင့်မျက်စိနာနိုင်သလို မျက်စိနာတာက အတော်လေး နေရထိုင်ရ ခက်စေသလို အမြင်အာရုံကို ထိခိုက်စေနိုင်ပါတယ်။ ဒီလို ခံရခက်တဲ့ မျက်စိနာတာကို သက်သာစေဖို့အတွက်ဆိုရင်လည်း ဗောဓိညောင်ရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ညောင်ရွက်က ပါးစပ်ထဲက ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်ပြီး သွားနဲ့ ခံတွင်း ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ သွားက အစွန်းအထင်းတွေကိုလည်း ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ခံတွင်းနံ့ဆိုးတာကိုလည်း သက်သာစေပါတယ်။မကြာခဏနှာခေါင်းသွေးလျှံလာပြီဆိုရင် ဗောဓိညောင်ကို အသုံးပြုပေးလို့ ရပါတယ်။ အရွက်ရဲ့ သတ္တုရည်ကို အသုံးပြုပေးလို့ ရပါတယ်။ဗောဓိညောင်က အသည်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်သလို အသည်း ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဗောဓိညောင်ရွက်ကို အသုံးပြုပေးတာက အသည်းကို သက်သာစေဖို့ ထောက်ကူပေးမှာပါ။ဝမ်းချုပ်တာက တော်တော်လေး ကသိကအောက် ဖြစ်စေနိုင်ပါတယ်။ ဒီတော့ ဝမ်းမှန်စေဖို့ဆိုရင် လုပ်ပေးလို့ ရတဲ့အရာ တစ်ခု ရှိပါတယ်။ ဒါကတော့ ဗောဓိညောင်ရွက်ပါ။ အစာခြေစနစ် ကျန်းမာစေပြီး အူတွေကို လှုပ်ရှားမှု ကောင်းစေသလို ဝမ်းမှန်စေဖို့လည်း လုပ်ဆောင်ပေးပါတယ်။နှလုံးကျန်းမာစေဖို့က အတော်လေး အရေးကြီးပါတယ်။ ဒါကြောင့် နှလုံး ကျန်းမာစေဖို့ဆိုရင် ဗောဓိညောင်ကို အသုံးပြုပေးလို့ ရပါတယ်။ ရုတ်တရက် နှလုံးရပ်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်သလို နှလုံးရောဂါ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ဝမ်းပျက်ဝမ်းလျှောတာကို ကာကွယ်ဖို့ဖြစ်ဖြစ် ကုသဖို့ဖြစ်ဖြစ် ဗောဓိညောင်ကို အသုံးပြုပေးလို့ ရပါတယ်။ ဝမ်းပျက်တာက ကိုယ်တွင်းမှာ ရေဓာတ်ဆုံးရှုံးစေနိုင်သလို ကိုယ်တွင်းက ဓာတ်ဆားဓာတ်တွေကို လျော့ကျစေပြီး အဆိုးဆုံးအနေနဲ့ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါတယ်။ဗောဓိညောင်ရွက်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ဆီးချိုရောဂါ ရှိသူတွေအနေနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိနိုင်စေဖို့ အသုံးပြုပေးလို့ ရပါတယ်။ အရွက်သတ္တုရည်ကို သုံးပေးလို့ ရသလို အရွက်ကို အခြောက်ခံပြီး အမှုန့်ကိုလည်း အသုံးပြုပေးလို့ ရပါတယ်။အသားအရေတွေ ယားယံတာ၊ အရေပြား ပိုးဝင်ကူးစက်တာတွေကို သက်သာစေဖို့အတွက် ဗောဓိညောင်ကို အနှစ်ကြိတ်ပြီး အရေပြားပေါ်မှာ တိုက်ရိုက် အသုံးပြုပေးလို့ ရပါတယ်။ အခေါက်ကို သွေးပြီးသံပုရာရည်နဲ့ အရေပြားပေါ်မှာ လိမ်းပေးရင်လည်း ရပါတယ်။ဖနောင့်ကွဲတာကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ဗောဓိညောင်က ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမား မရှိပါဘူး။တန်ဆေး လွန်ဘေး ဆိုသလို အများကြီး စားမိရင် သွေးပေါင်ကျတာ၊ သွေးတွင်းသကြားဓာတ် ကျဆင်းတာမျိုး ဖြစ်စေနိုင်ပါတယ်။ဆီးချိုရှိသူတွေအနေနဲ့တော့ ဆီးချိုဆေးနဲ့ အတူ တွဲသောက်တာမျိုး မလုပ်သင့်ပါဘူး။ သွေးတွင်းသကြားဓာတ် အလွန်အကျွံ ကျဆင်းသွားနိုင်လို့ပါ။သွေးတိုးရှိသူတွေအနေနဲ့တော့ သွေးကျဆေးနဲ့ အတူ တွဲသောက်တာမျိုး မလုပ်သင့်ပါဘူး။ သွေးပေါင်ကျဆင်းတာမျိုး ဖြစ်စေနိုင်တာကြောင့်ပါ။အစာဓာတ်မတည့်မှု ဖြစ်စေနိုင်တာကြောင့် ဓာတ်မတည့်မှု ခံစားဖူးသူတွေအနေနဲ့ သတိထားဖို့ လိုပါမယ်။ဗောဓိညောင်နဲ့ ပတ်သက်ပြီး ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။ သဘာဝဆေးဖက်ဝင်ဆိုပေမယ့် ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်း မရှိရင် ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်နိုင်တာကို သိထားရန် လိုအပ်ပါတယ်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/peepal-tree-benefits/
လာဗင်ဒါ ပန်းလှလှလေးတွေက ပေးတဲ့ကျန်းမာရေး
လာဗင်ဒါလို့ပြောလိုက်ရင် ခရမ်းရောင် ပန်းခင်းလှလှလေးတွေကို ပြေးမြင်မိမယ်ဆိုတာ ပြောနေစရာတောင်မလိုအောင်ပါ။ လာဗင်ဒါပန်းခင်းလှလှလေးက ဓာတ်ပုံတွဲရိုက်ရင် အလှတိုးစေသလိုမျက်လုံးကိုလည်းပသာဒရစေပါတယ်။ အလှကုန်တွေမှာရော မွှေးပျံ့စေဖို့အိမ်သန့်ရှင်းရေးသုံး ပစ္စည်းတွေမှာလည်း လာဗင်ဒါဆီကိုအသုံးပြုလေ့ရှိကြပါတယ်။လာဗင်ဒါ ဆိုတာက မြေထဲပင်လယ်နဲ့အိန္ဒိယမျိုးရင်းအပင်တွေပါ။ စိုက်ပျိုးရလွယ်ကူတဲ့အပင်တစ်မျိုးဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀၀ ကျော်လောက်ကတည်းကပေါက်ရောက်ခဲ့တာပါ။ အာရှဒေသတော်တော်များများမှာ ရှေးယခင်ကာလကတည်းကအနာကျက်စေဖို့အတွက် အသုံးပြုခဲ့ပါတယ်။ခရမ်းရောင်သန်းတဲ့ လာဗင်ဒါပန်းက အခုလိုအကျိုးကျေးဇူးတွေပေးစွမ်းပါတယ်။စိတ်ဖိစီးတာ၊ စိတ်ပူပန်တာတွေကို သက်သာစေနိုင်ပါတယ်။လေ့လာမှုတစ်ရပ်အရ လာဗင်ဒါ အဆီကစိုးရိမ်မှုကိုဖြစ်စေတဲ့ ကော်တီစောဟော်မုန်းကို ကျဆင်းစေနိုင်ပါတယ်။ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေသက်သာစေဖို့အတွက် လာဗင်ဒါအဆီကို အသုံးပြုလို့ရပါတယ်။ စိတ်ဓာတ်ကျနေသူတွေအတွက်လည်း တော်တော်လေးအသုံးတည့်ပါတယ်။ အမျိုးသမီးတွေမှာ ကလေးမွေးပြီးဖြစ်တဲ့စိတ်ကျရောဂါနဲ့ သွေးဆုံးချိန်မှာဖြစ်တဲ့ စိတ်ဓာတ်ကျတာတွေကို သက်သာစေနိုင်ပါတယ်။ဆီးချိုသက်သာစေနိုင်တယ်။၁၅ ရက်ကြာလုပ်ခဲ့တဲ့ လေ့လာမှုရလဒ်အရ လာဗင်ဒါဆီကသွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးတာအပါအဝင် ဆီးချိုရောဂါကြောင့်ဖြစ်တဲ့ လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ကိုယ်အလေးချိန်တိုးစေနိုင်သလိုအသည်းကျန်းမာစေနိုင်ပါတယ်။ဦးနှောက်စွမ်းဆောင်ရည်ကောင်းမွန်စေတယ်။လာဗင်ဒါဆီက ဦးနှောက်စွမ်းဆောင်ရည်ကို ကောင်းမွန်စေသလို အယ်လ်ဇိုင်းမားအပါအဝင် အသက်အရွယ်ကြောင့်ဖြစ်တဲ့မှတ်ဉာဏ်ချို့ယွင်းမှုတွေကိုပါ ကာကွယ်ပေးပါတယ်။အာရုံကြောဆဲလ်လေးတွေကို ကျန်းမာစေနိုင်ပါတယ်။နာကျင်မှုတွေကို သက်သာစေနိုင်ပါတယ်။သဘာဝ အကိုက်အခဲပျောက်ဆေးတစ်ခုပါ။ ရာသီလစဉ်နာကျင်ကိုက်ခဲတာကို သက်သာစေဖို့အတွက် လာဗင်ဒါဆီကို လူးပြီး နှိပ်ပေးလို့ရပါတယ်။ ဇက်ကြောတက်တာ၊ ကိုယ်လက်ကိုက်ခဲတာတွေကို သက်သာစေဖို့အတွက်လည်း လာဗင်ဒါဆီကို အသုံးပြုပေးလို့ရပါတယ်။ထိခိုက်ဒဏ်ရာတွေကို သက်သာစေနိုင်တယ်။ထိခိုက်ဒဏ်ရာတွေကို သက်သာစေဖို့အတွက်လည်း လာဗင်ဒါဆီကို လူးပေးလို့ရပါတယ်။ အနာကျက်မြန်စေနိုင်သလိုအရေပြားတစ်ရှုးတွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ပြတ်ရှဒဏ်ရာကနေစလို့ ထိခိုက်ဒဏ်ရာအမျိုးမျိုးအတွက် လာဗင်ဒါအဆီကို လိမ်းပေးလို့ရပါတယ်။အိပ်ပျော်စေနိုင်တယ်။လာဗင်ဒါ ပန်းရနံ့က အိပ်မပျော်တာကို သက်သာစေနိုင်သလို အိပ်ပျော်စေနိုင်ပါတယ်။အစိုဓာတ်ထိန်းစက်ထဲမှာ လာဗင်ဒါဆီထည့်ပြီး အငွေ့ရှုပေးမယ်ဆိုရင် ကောင်းကောင်းအိပ်ပျော်စေမှာ အသေအချာပါ။အသားအရေကျန်းမာစေတယ်။လာဗင်ဒါဆီက အသားအရေကို ကျန်းမာစေနိုင်ပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်သလို မှိုပိုးတွေကိုလည်း သက်သာစေနိုင်ပါတယ်။ အရေပြားမှာဖြစ်တဲ့ကူးစက်ရောဂါတွေကို သက်သာစေနိုင်သလိုဝက်ခြံအပါအဝင် အရေပြားမှာဖြစ်တဲ့အင်ပျဉ်နဲ့ အမျိုးမျိုးသောအရေပြားပြဿနာတွေကို သက်သာစေနိုင်ပါတယ်။ဆံသားကျန်းမာစေနိုင်ပါတယ်။လာဗင်ဒါအဆီက ဆံသားကို သန်စွမ်းစေနိုင်ပြီး ဆံသားကို တောက်ပြောင်စေနိုင်ပါတယ်။ဆံပင်ကျွတ်တာကို သက်သာစေနိုင်သလိုဦးရေပြားကိုလည်းသွေးလည်ပတ်မှုကောင်းစေနိုင်ပါတယ်။လာဗင်ဒါပန်းလှလှလေးက အဆင်းရောအချင်းပါပြည့်စုံတယ်ဆိုတာကို အခုလောက်ဆိုရင်သိလောက်ပြီထင်ပါတယ်။ ဒီတော့ ကျန်းမာပျော်ရွှင်စေဖို့ဆိုရင် လာဗင်ဒါအဆီကို အသုံးပြုပေးလို့ရပါတယ်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/health-benefits-of-lavender-flower/
ခါးလှည့်ကွင်း ကနေရနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ ။ ။
ခါးလှည့်ကွင်းကို လူတိုင်းသိကြတယ်ဟုတ်။ ကွင်းကြီးကြီးဝိုင်းဝိုင်းလေးနဲ့ ခါးမှာလှည့်ရတဲ့ ဟာလေးလေ။ ဒီ ခါးလှည့်ကွင်းကို ငယ်ငယ်တုန်းက ကစားစရာအဖြစ် ကစားကြသလို ကြီးလာတော့လည်း သူကကိုယ်အလေးချိန်လျှော့ချတဲ့နေရာမှာ အသုံးဝင်နေပြန်ပါတယ်။ ခါးလှည့်ကွင်းနဲ့ခါးလှည့်တယ်ဆိုတာ လှည့်တတ်တဲ့သူတွေအတွက်သာ လွယ်ပေမယ့် မလှည့်တတ်တဲ့သူတွေ အဖို့ကတော့ အတော်ကြီး ရုန်းကန်ရမယ့် ကစားနည်းပါ။ စစချင်း ခါးလှည့်ကွင်းကို မလှည့်တတ်ပေမယ့် စိတ်ရှည်ရှည်နဲ့သာ ဆက်လှည့်သွားရင် နောက်ပိုင်း လှည့်တတ်သွားမယ်ဆိုတာ ရဲရဲကြီးအာမခံပါတယ်။ဒီတော့ လှည့်တတ်သွားရင် ကစားရတာ ပျော်စရာလည်းကောင်း ကျေနပ်စရာလည်းကောင်းတဲ့ ခါးလှည့်ကွင်းကနေ ဒီလိုကျန်းမာရေး အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်နော် ။ ။ခါးလှည့်ကွင်း မိနစ် ၃၀ လောက် ပြုတ်မကျဘဲ တော်လျှောက်လှည့်နိုင်ခဲ့ရင်ကယ်လိုရီ၂၁၀ လောင်ကျွမ်းပြီး တစ်နာရီလောက် လှည့်နိုင်ရင် ကယ်လိုရီ ၄၀၀ လောက်လောင်ကျွမ်းပါတယ်။ ဒီပမာဏဟာ ပြေးစက်ပေါ်မှာ နာရီဝက် ၁ နာရီပြေးလို့ လောင်ကျွမ်းသွားတဲ့ ကယ်လိုရီ ပမာဏ နဲ့ တူတူပါပဲ။ ဒီတော့ လုပ်ရတာလည် းမပင်ပန်း ပျော်စရာလည်းကောင်းပြီး ကယ်လိုရီတွေလည်း မျာများလောင်စေတဲ့ ခါးလှည့်တဲ့ ကစားနည်းက ခုနောက်ပိုင်း ခေတ်စားလာရတာပဲ ဖြစ်ပါတယ်။ဒါပေမယ့် အချိန်အကြာကြီးလှည့်ရင် ခါးကိုထိခိုက်လာနိုင်တဲ့ အတွက်ကြောင့် သုတေသီတွေက တစ်နေ့ကို အများဆုံး နာရီဝက်လောက်သာ ခါးလှည့်ပြီး တစ်ရက်ခြား တစ်ခါ လှည့်ပေးပါလို့ အကြံပြုထားပါတယ်။Belly ရိုက်တာလို့ခေါ်တဲ့ အိပ်ထမတင် ဗိုက်လေ့ကျင့်ခန်းက အရမ်းကို ခက်ခဲ ပင်ပန်းတယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမယ့်လည်း ဗိုက်လေ့ကျင့်ခန်းအတွက် သူက အရေးကြီးတယ်ဆိုတော့ လုပ်နေရတာပေါ့။ ခုနောက်ပိုင်းမှာတော့ ခါးလှည့်ကွင်းတွေပေါ်လာပါပြီ။ လေ့လာချက်တွေ အရ ခါးလှည့်ခြင်းကဗိုက်အဆီတွေကိ ုလောင်ကျွမ်းစေရုံသာမက ခါးကအဆီတွေကိုပါ လောင်ကျွမ်းစေတာကြောင့် အိပ်ထမတင်နေရာမှာ အစားထိုးလုပ်လို့ရတဲ့ ကစားနည်းတစ်ခုပါ။ခါးလှည့်ကွင်း လှည့်တာ ၁၅ မိနစ်လောက်ကြာပြီဆိုရင် နှလုံးခုန်သံတွေ စမြန်လာတာကို သတိထားမိကြပါလိမ့်မယ်။ နှလုံးခုန်မြန်မြန်လေလေ နှလုံးပိုအလုပ်လုပ်ရလေလေနှလုံးကြွက်သားတွေ ညှစ်အားကောင်းလေလေဖြစ်ပြီး သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။ ငယ်တုန်းမှာတော့ နှလုံးကျန်းမာရေးကို ဂရုမထားတတ်ကြပေမယ့် အသက်ကြီးလာတဲ့အခါကျရင်တော့ လေ့ကျင့်ခန်းတွေ လိုက်စားခဲ့တဲ့ အတိတ်ကသင့်ကို သင့်ပြန်ကျေးဇူးတင်နေရပါလိမ့်မယ်။ခါးလှည့်တဲ့အခါ ရှေ့နောက် ဘယ်ညာ ဟန်ချက်ထိန်းပြီး တစ်ချိန်လုံး လှုပ်ရှားနေရတာဖြစ်တဲ့အတွက် တစ်နေ့ခင်းလုံးထိုင်ပြီး အလုပ်လုပ်ထားရလို့ အညောင်းမိနေတဲ့ သင့်ခါးကို ပြန်ပြီးအားကောင်းစေပါတယ်။ ခါးနောက်ပိုင်းက ကြွက်သားတွေကို အဓိက အလုပ်လုပ်ရတာဖြစ်လို့ပင်မကျောရိုးဆီ သွေးစီးဝင်မှု ပိုကောင်းပြီး အကြောပြေစေပါတယ်။ခါးလှည့်ဖူးသူတိုင်း သိပါတယ်။ ခါးလှည့်နေတဲ့အခါ ဗိုက်နဲ့ ခါးတစ်ဝိုက်ကို လာထိတဲ့ ကွင်းလေးကြောင့် အနှိပ်ခံနေရသလိုပါပဲ။ လှည့်ပြီးသွားတဲ့အချိန်အကြောပြေနေတာကို လက်တွေ့ခံစားရမှာပါ။ခါးလှည့်တာနဲ့ တရားထိုင်တာနဲ့က ပုံစံတူတယ်ဆိုရင် သင့်အံသြသွားမလား။ တရားထိုင်တယ်ဆိုတာ အသက်ရှူနေတဲ့ စည်းချက်ကို လိုက်မှတ်နေရတာဖြစ်ပြီး ခါးလှည့်တယ်ဆိုတာကလည်း လှည်နေတဲ့ခါးလှည့်ကွင်း ပြုတ်မကျအောင် အာရုံစိုက်ထားရတာ ဖြစ်တဲအ့တွက် ဦးနှောက်ရဲ့ စူးစိုက်မှု စွမ်းရည်တိုးတက်လာပါတယ်။( ၇ )စိတ်ဓါတ်ကျနေတာတွေ ပူပန်မှု များနေတာတွေကို လျှော့ချပေးနိုင်ပါတယ်။လေ့ကျင့်ခန်းလုပ်တဲ့အခါ ထွက်လာတဲ့endorphinsဟော်မုန်းတွေကြောင့် စိတ်တွေ ပျော်ရွင်ပြီး စိတ်ကျတဲ့ဝေဒနာ၊ ပူပန်မှုများနေတာတွေ အားလုံး ပြေပျောက်သွားမှာပါ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/hula-hoop/
လုပ်သမျှလေ့ကျင့်ခန်းတွေ မထိရောက်တာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ် ။ ။
ဝတဲ့သူတွေကလည်း ပိန်ချင်လို့၊ပိန်တဲ့သူတွေကလည်း ကိတ်ချင်လို့ဆိုပြီး လေ့ကျင့်ခန်းတွေ ကြိုးကြိုးစားစားလုပ်ကြပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ အပင်ပန်းခံပြီး လေ့ကျင့်ခန်းလုပ်လုပ် ဝမြဲဝဆဲ၊ ပိန်မြဲပိန်ဆဲ ဖြစ်နေလို့ စိတ်ညစ်နေပြီလား။ လေ့ကျင့်ခန်းလုပ်ပါတယ်ဆိုမှ ဘယ်လိုပဲ ဖြစ်ဖြစ် တစ်ခုခုတော့ ထူးခြားရမှာပဲလေ။ ဒါပေမယ့် ဘာမှ မထူးခြားဘူးဆိုရင်တော့ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။လုပ်သမျှလေ့ကျင့်ခန်းတွေ မထိရောက်တာ။Gymကို မှန်မှန်သွားနေရုံနဲ့တင် ချက်ချင်း ဝိတ်ကျ၊ဝိတ်တက်တာမျိုးတွေ ဖြစ်မှာ မဟုတ်ပါဘူး။ ကိုယ်ခန္ဓာတစ်ခု တည်ဆောက်တဲ့နေရာမှာ အမှန်ကန်ဆုံးနဲ့ အထိရောက်ဆုံး ဖြစ်ဖို့ လေ့ကျင့်ခန်းနဲ့အတူ အစားအသောက်ပိုင်းကလည်း အရေးကြီးပါသေးတယ်။ဥပမာ gym မှာ ဆော့တာကယ်လ်လိုရီ၁၀၀ လောက်ကုန်သွားတယ်၊ gym ကပြန်တော့ ကယ်လ်လိုရီ ၂၀၀ လောက်ပြန်စားဖြစ်တယ်ဆိုရင် ကိုယ် gym မှာ ပင်ပန်းခဲ့သမျှ အကျိုးမရှိတော့ဘူးပေါ့။ဒီတော့ ဝိတ်ကျဖို့ဆို ကိုယ်စားတဲ့ ကယ်လ်လိုရီထက်ပိုတဲ့ ပမာဏကို ပိုဖြုန်းပေးရမှာဖြစ်ပြီး ဝိတ်တက်ချင်ရင်တော့ ကုန်သွားတဲ့ ကယ်လ်လိုရီပမာဏထက်ပိုတဲ့ ကယ်လ်လိုရီတွေ ပြန်ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ ဒီတော့ လေ့ကျင့်ခန်းနဲ့ အစားအသောက် ၂ ခုလုံး ဘက်ညီမှ ကိုယ်လုပ်သမျှ အကျိုးရှိမှာပါ ။ဒီတိုင်းဘာမှ မလုပ်ဘဲနေတော့ အများကြီး စားလိုက်တာနဲ့ ချက်ချင်းဝလာနိုင်တယ်လေ။gymလေးဘာလေးဆော့ပေးတော့ ကိုယ်စားသလောက် ဝမလာတော့ဘူပေ့ါ။ ဒီတော့gym ဆော့တာ များများ ပိုစားချင်လို့ဆိုတဲ့ရည်ရွယ်ချက်နဲ့သာဆိုလို့ကတော့ သင်မှားနေပါပြီ။gym ဆော့ရင် ကြွက်သားတွေ ကျစ်လာမယ်၊ ကျစ်လာတဲ့ ကြွက်သားတွေအပေါ်အဆီတွေ ထပ်စုရင် နဂိုထက် ပိုပြီးတော့တောင် ဝလာပါလိမ့်မယ်။ ဒီတော့ gym လည်းဆော့ အစားလည်း ဆင်ခြင်ပါ။ ဆင်ခြင်ပါဆိုလို့ ဘာမှ မစားခိုင်းတာမဟုတ်ပါဘူး။ စားလို့ရပါတယ်။ သင့်တင့်တဲ့ ပမာဏ ဖြစ်ဖို့သာ လိုတာပါ။အိပ်ရေးပျက်တာ ဝိတ်တက်ခြင်း ဝိတ်ကျခြင်းမှာ အရေးပါတဲ့ အရာတစ်ခုပါ။ စစချင်းမှာတော့ အိပ်ရေးပျက်ပြီး လူက ပိန်လာသယောင်ရှိပေမယ့် နောက်ပိုင်း အိပ်ပျက်ရက်တွေ များလာတဲ့အခါ ကိုယ်တွင်း ဖြစ်စဉ်တွေ ပြောင်းပြန်ဖြစ်၊ ဟော်မုန်းတွေလည်း ပြောင်းလဲပြီး ကိုယ်အလေးချိန်ပိုတက်လာပါလိမ့်မယ်။အိပ်ရေးပျက်ရက်များလာတဲ့အခါအစားစားချင်စိတ်တွေ ပိုဖြစ်နေတတ်ပြီး ဗိုက်ဆာခြင်းကို လှုံ့ဆော်တဲ့ leptin နဲ့ ghrelin ဟော်မုန်းတွေ ပိုထွက်လာရခြင်းကလည်း ဝလာစေတဲ့အချက်တစ်ခုပါ။ နောက်ပြီး အိပ်ရေးပျက်တဲ့အခါ ကိုယ်တွင်းမှာ အများကြီးထွက်လာတဲ အင်ဆူလင်က အဆီစုခြင်းကို အားပေးပါတယ်။ ဒီတော့ ဘယ်လောက်ပဲ ပိန်ချင်လို့ လေ့ကျင့်ခန်း လုပ်လုပ် ကောင်းကောင်း မအိပ်ရင် ကိုယ်လုပ်သမျှ မထိရောက်ပဲ ဖြစ်နေတော့မှာပါ။ဒီနေ့လည်း ဒီပုံစံပဲ နောက်နေ့လည်း ဒီပုံစံ လေ့ကျင့်ခန်းတွေပဲ လုပ်တဲ့အခါ ထိရောက်သင့်သလောက် မထိရောက်ဘဲ ဖြစ်နေတတ်ပါတယ်။ နောက်ပြီး ဒါတွေချည်းပဲလုပ်ရတော့ ကြာရင် ပျင်းလာ၊ ထိကလည်း မထိရောက်တော့ဆက်လည်း မလုပ်ချင် ဖြစ်သွားတတ်ပါတယ်။ဒါ့ကြောင့်လေ့ကျင့်ခန်းလုပ်ပြီဆိုရင် တစ်နေ့နဲ့ တစ်နေ့ မတူအောင် ခွဲထားပေးသင့်ပါတယ်။ ဒီနေ့က အပေါ်ပိုင်းဆော့မယ်ဆိုရင် နောက်ရက်ကျ အောက်ပိုင်းထိုင်မယ် ခြေထောက်ဆော့မယ် ဒါမျိုးပေါ့။Gym တော့သွားပါရဲ့၊ ဟိုမှာ နည်းနည်းပါးပါးလေးလှုပ်ပြီး ထိုင်နေတဲ့အချိန်က များနေမယ်ဆိုရင် gym သွားတယ်လို့သာ နာမည်ခံတာ။ ပြောင်းလဲမှုကတော့ ဖြစ်လာမှာ မဟုတ်ပါဘူး နောက်ပြီး ကိုယ်နဲ့ မကိုက်ညီတဲ့လေ့ကျင့်ခန်းမျိုးတွေကို လုပ်မိရင်လည်း လုပ်သာလုပ်နေရတယ် ထိရောက်မှု ရှိမှာ မဟုတ်တဲ့အတွက်ကြောင့် gym trainer တွေကို ကိုယ်က ဘယ်လိုဖြစ်ချင်တာဆိုတာကို သေချာပြောပြပါ။ ဘာတွေလုပ်သင့်လဲဆိုတာကိုလည်း သေချာမေးပါ ။ ။ဒါတွေကတော့ ကိုယ်လက်လေ့ကျင့်ခန်းတော့ လုပ်နေပါရဲ့။ မထိရောက်ဘူးလို့ထင်နေတဲ့သူတွေ အတွက် စဉ်းစားသင့်တဲ့ အချက်လေးတွေပါ။ နည်းလမ်းမှန်မှန်နဲ့ ရက်ဆက်သာ လုပ်သွားလို့တော့ ပြောင်းလဲမှုကို ခဏချင်းတွေ့မှာ အသေအချာပဲနော် ။ ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/other-fitness-activities/why-your-workout-does-not-work/
ခရုန်းရောဂါအတွက် ဗီတာမင်များ
Crohn’s disease ဆိုသည်မှာ အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းခြင်းကို ဖြစ်စေသော နာတာရှည် ရောဂါ တစ်ခုဖြစ်သည်။ ထိုရောဂါသည် အစာအိမ်အူလမ်းကြောင်း တစ်လျှောက် မည်သည့်နေရာတွင် မဆိုဖြစ်နိုင်ပြီး အထူးသဖြင့် အူသိမ်နှင့် အူမကြီး အစတွင် ပို၍ ဖြစ်ပွားတတ်သည်။အကယ်၍ သင်သည် အူသိမ်အောက်ဖက်ပိုင်းတွင် ခွဲစိတ်မှုပြုခဲ့ဖူးလျှင် ဗီတာမင်ဘီ၁၂ ဓါတ်ကို အလုံအလောက် စုပ်ယူနိုင်စွမ်းမရှိတော့ပေ။ အူသိမ်အောက်ဖက်ပိုင်းကို အူသိမ်အဖျားပိုင်း (ileum) လို့ခေါ်ဝေါ်ကြသည်။ ပုံမှန်တွင် ထိုအူသိမ်အပိုင်း၌ ဗီတာမင် ဘီ၁၂ ကို စုပ်ယူသည်။ သို့ဖြစ်၍ ထိုအပိုင်းကို ခွဲစိတ်ဖြတ်ထုတ်လိုက်ပါက ဗီတာမင်ဘီ၁၂ ဓါတ် ချို့တဲ့မှု ဖြစ်ပွားနိုင်သည်။ဗီတာမင် ဘီ၁၂ ဓါတ်ကို ခန္ဓါကိုယ်က ထုတ်လုပ်ပြီး သိုလှောင်ထားသည်။ ဗီတာမင်ဘီ ၁၂ ဓါတ်သည် သွေးဆဲလ်များထုတ်လုပ်မှုကို ကူညီသောကြောင့် ထိုဓါတ်ချို့တဲ့ပါက သွေးအားနည်းခြင်းကို ဖြစ်ပွားစေနိုင်သည်။ ဗီတာမင် ဘီ၁၂ သည် ပင်မအာရုံကြောစနစ် လှုပ်ရှားမှုတွင်လည်း အရေးပါသော အခန်းကဏ္ဍမှလည်း ပါဝင်နေပါသည်။နာတာရှည် အူလမ်းကြောင်းရောင်ရမ်းသော ရောဂါ (Crohn’s disease) ရှိသော လူနာ ၇၀ ရာခိုင်နှုန်းနီးပါးသည် ဗီတာမင်ဒီ ဓါတ်ချို့တဲ့နေသည်။ ဗီတာမင်ဒီသည် ကယ်လ်ဆီယမ်နှင့် အတူ အရိုးကျန်းမာသန်စွမ်းဖို့အတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓါတ်တစ်မျိုးဖြစ်သည်။ ၎င်းသည် အရိုးသန်မာကြံ့ခိုင်ဖို့အတွက် ကယ်လ်ဆီယမ်ကို ခန္ဓါကိုယ်မှာ စုပ်ယူနိုင်ရန် ကူညီပေးသည်။ သို့သော Crohn’s disease ရောဂါ ခံစားနေရသော လူနာများသည် ဗီတာမင်ဒီ အလုံအလောက်မရှိပေ။ သတ်မှတ်ထားသော နေ့စဉ် လိုအပ်သည့် ဗီတာမင်ဒီ ဖြည့်စွက်အားဆေး ပမာဏမှာ တစ်ရက်လျှင် ၈၀၀ I.U ဖြစ်ပါတယ်။ထိုဗီတာမင်များသည် အဆီတွင် ပျော်ဝင်နိုင်သော ဗီတာမင်ဓါတ်များဖြစ်သည်။ နာတာရှည် အူလမ်းကြောင်း ရောင်ရမ်းသော ရောဂါ (Crohn’s disease)ကို ခံစားနေရသော လူနာများသည် အဆီစုပ်ယူဖို့ အခက်အခဲများရှိကာ ဗီတာမင် အေ၊ အီး ၊ ကေ ဓါတ်များချို့တဲ့စေသည်။ဗီတာမင်အေကို အသားအရေနှင့် အမြှေးပါးများ ကျန်းမာဖို့အတွက် လိုအပ်သည်။ ၎င်းသည် အရိုးနှင့် သွားများ သန်မာကြီးထွားဖို့ ကူညီပြီး ကိုယ်ခံအားကောင်းစေသည်။ ဗီတာမင် အီးသည် ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိပြီး ဆဲလ်နံရံများကို ကာကွယ်ပေးသည်။ ဗီတာမင်ကေသည် သွေးခဲခြင်းကို ကူညီပေးသည်။ထိုဗီတာမင်ဓါတ်တွေကို အစားအစာတွေကနေ ရရှိနိုင်ပါတယ်။ ပုံမှန်အားဖြင့် ညီညွှတ်မျှတသော ကျန်းမာစေသည့် အစားအသောက်များသည် ဗီတာမင်ဓါတ်များ အလုံအလောက်ပေးနိုင်စွမ်းရှိသည်။ သို့သော် နာတာရှည် အူလမ်းကြောင်းရောင်ရမ်းသော Crohn’s disease ရောဂါ ဖြစ်ပွားနေသူအတွက် ဗီတာမင်နှင့် သတ္တုဓါတ်များ စုပ်ယူနိုင်စွမ်းသည် လျော့နည်းလျက်ရှိသည်။ သင်သည် ထိုဗီတာမင်ဓါတ်တွေကို အောက်ပါ အစားအသောက်များကနေ ရရှိနိုင်ပါတယ်။သင်သည် ထိုဗီတာမင်ဓါတ်များ ရရှိစေဖို့ ဖြည့်စွက်စာများလည်း စားသုံးနိုင်ပါသည်။ Crohn’s disease ရောဂါ ပြင်းထန်မှုနှင့် ရောင်ရမ်းမှုဖြစ်ပွားသော နေရာကိုလိုက်၍ တစ်ဦးနှင့် တစ်ဦး လိုအပ်ချက်များကွဲပြားနိုင်သည်။အကယ်၍ ရောင်ရမ်းခြင်းသည် အူသိမ် အဖျားပိုင်း (ileum) တွင် ဖြစ်ပွားလျှင် ဗီတာမင် ဘီ၁၂ ဖြည့်စွက်စာ လိုအပ်ပါသည်။ ထိုဖြည့်စွက်စာများကို သောက်ဆေး၊ ထိုးဆေး၊ နှာဖြန်းဆေး အနေဖြင့် ရရှိနိုင်ပါသည်။ အကယ်၍ သင့်မှာ အထက်ပါ ရောဂါ အခြေအနေရှိလျှင် ဆရာဝန်က သင့်သွေးအားနည်းရောဂါကို ကုသဖို့ သွေးတွင်း ဗီတာမင် ဘီ၁၂ ဓါတ် ပမာဏကို စစ်ဆေးမှာ ဖြစ်ပါတယ်။အူလမ်းကြောင်းလုပ်ငန်းဆောင်တာ ပုံမှန်မဟုတ်သောရောဂါ (Irritable bowel disease, IBD) ကို ခံစားနေရသော လူအများစုအတွက် အားဆေး ပုံမှန်သောက်ရခြင်းသည် မလွန်ပါ။ နာတာရှည်အူလမ်းကြောင်းရောင်ရမ်းသော ရောဂါ (Crohn’s disease)တွင် အစာကို မချေဖျက်နိုင်ခြင်းသည် ဖြစ်လေ့ရှိသော အရာတစ်ခုဖြစ်သည်။ အဆီတွင် ပျော်ဝင်နိုင်သော ဗီတာမင် အေ၊ ဒီ၊ အီး၊ ကေ သည် ဆေးလုံးအနေထက် ဆေးရည်အနေဖြင့် သောက်သုံးပါက ပို၍ စုပ်ယူအားကောင်းစေသည်။အူလမ်းကြောင်းရောင်ရမ်းသော ဝေဒနာခံစားနေရသော လူနာအများစုသည် အာဟာရနှင့် ရေဓါတ်ဆုံးရှုံးမှုနည်းစေရန် အစားအသောက်ကို ချင့်ချိန်စားသုံးဖို့ လိုအပ်သည်။ သင့်လိုအပ်ချက်အတွက် အသင့်တော်ဆုံး စားသောက်မှုပုံစံအတွက် ဆရာဝန် (သို့) အာဟာရကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်သည်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/inflammatroy-bowel-disease/%e1%80%81%e1%80%9b%e1%80%af%e1%80%94%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%82%e1%80%ab%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba-%e1%80%97%e1%80%ae%e1%80%90%e1%80%ac%e1%80%99-3/
ထိပ်ပြောင်ခြင်းသည် အမျိုးသားများတွင် နှလုံးရောဂါ ဖြစ်နိုင် ချေကို မြင့်တက်စေသည်။
ထိပ်ပြောင်သော အမျိုးသားများသည် နှလုံးရောဂါ ဖြစ်နိုင် ချေ ပိုပြီးမြင့်သည်ဟု သုတေသနအသစ်တစ်ခုက ဆိုသည်။ ကံကောင်းသည်မှာ ၎င်းသည် ခေါင်း၏ ထိပ်ပိုင်းတွင် ပြောင်ခြင်းကိုသာ ဆိုလိုခြင်း ဖြစ်သည်။ နဖူး ဆံပင်စပ်တွင် ပြောင်ခြင်း သည် ဖြစ်နိုင်ချေ မမြင့်ပါ။အမျိုးသားများတွင် ထိပ်ပြောင်ခြင်းနှင့် နှလုံးသွေးကြော ကျဉ်းရောဂါတို့အပေါ် လေ့လာမှုများ ပြုလုပ်ခဲ့သည်။ ထို လေ့လာမှုများအနက် ၃ခုသည် ထိပ်ပြောင်သော အမျိုးသား များ၏ ကျန်းမာရေးကို အနည်းဆုံး ၁၁ နှစ်ကြာ စောင့်ကြည့် ခဲ့သည်။ ထိပ်ပြောင်သော အမျိုးသားများသည် ဆံပင်ပုံမှန်ရှိ သူများထက် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ချေ ၃၂ ရာနှုန်း မြင့်တက်သည်ကို တွေ့ရသည်။အသက် ၅၅-၆၀ အောက် အသက်အုပ်စုတွင် အံ့သြဖွယ်ကောင်းသော တွေ့ရှိမှု တစ်ခု တွေ့ခဲ့သည်။ အလွန်ထိပ်ပြောင်နေသော အမျိုးသား များသည် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ချေ ၄၄ ရာနှုန်း မြင့်တက်သည်ဟူသော တွေ့ရှိချက် ဖြစ်သည်။ ယေဘုယျ အားဖြင့် ထိပ်ပြောင်သော အမျိုးသားများသည် နှလုံးရောဂါ ဖြစ်နိုင်ချေ ၇၀ ရာနှုန်းမြင့်တက်သည်။ ပို၍ငယ်သော အသက် အုပ်စုတွင် ၈၄ ရာနှုန်း မြင့်တက်သည်။လူတစ်ယောက် ဘယ်လောက် ထိပ်ပြောင်သလဲသည် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ချေနှင့် ဆက်စပ်သည်ဟု သုတေသန ပညာရှင်များက ယုံကြည်ထားသည်။ သို့သော် လည်း ထိပ်ပြောင်ခြင်းသည် ဦးခေါင်း၏ ထိပ်တွင်ဖြစ်မှသာ မှန်ကန်ပါသည်။ အလွန်အမင်း ထိပ်ပြောင်ပါက နှလုံးရောဂါ ဖြစ်နိုင်ချေ ၄၈ ရာနှုန်းရှိပြီး အတော်အသင့် ထိပ်ပြောင်ခြင်း သည် ၃၆ ရာနှုန်းရှိသည်။ အနည်းငယ် ထိပ်ပြောင်ခြင်းသည် ၁၈ ရာနှုန်းသာ ရှိသည်။ နဖူး ဆံပင်စပ်တွင် ပြောင်ပါက သိသာသော ကွာခြားမှုမတွေ့ရပါ။ထိပ်ပြောင်ခြင်းသည် နှလုံးရောဂါဖြစ်နိုင်ချေနှင့် ဘယ်လို ဆက်စပ်သလဲနှင့် ပတ်သက်ပြီး သီအိုရီများစွာ ရှိသည်။ ထိပ်ပြောင်ခြင်းသည် နာတာရှည် ရောင်ရမ်းခြင်း၊ ကျား ဟော်မုန်းကို အလွန်တုံ့ပြန်ခြင်း သို့မဟုတ် အင်ဆူလင် ခုခံခြင်း ( ဆီးချိုသွေးချို ဖြစ်နိုင်) ၏ သတိပေးသော လက္ခဏာတစ်ခု ဖြစ်နိုင်သည်ဟု သုတေသနပညာရှင်များက ဆိုသည်။ ၎င်းတို့ အားလုံးသည် နှလုံးရောဂါကို ဖြစ်စေသည်။အမှန်တကယ်တော့ ထိပ်ပြောင်ခြင်းသည် ခါးတိုင်း လောက် စိုးရိမ်စရာမရှိပါ။ နှလုံးရောဂါနှင့် ထိပ်ပြောင်ခြင်း၏ ဆက်နွယ်မှုကို သက်သေလုံလောက်စွာ မပြနိုင်သောကြောင့် မယုံကြည်ဘဲ နေခြင်းသည် ကောင်းသည်။ သင်သည် ထိပ်ပြောင်ပါက နှလုံးရောဂါ ရနိုင်ချေ ပိုမြင့်သည်။ သို့သော် သင် နှလုံးရောဂါ ဖြစ်ကိုဖြစ်မည်ဟု မဆိုလိုပါ။ ဆက်နွယ်မှု သည် ယေဘုယျအချက်တစ်ခုသာ ဖြစ်နိုင်သည်။ ထိပ်ပြောင် သော အမျိုးသားများသည် တွေ့ရှိချက်ကြောင့် ထိတ်လန့် မသွားသင့်ပါ။ သို့သော် အထူးသဖြင့် ငယ်ရွယ်သော အမျိုးသားတွင် နှလုံးနှင့်သွေးကြောရောဂါများအတွက် အနည်းငယ် ပိုပြီး ဂရုစိုက် စစ်ဆေးသင့်သည်။Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/%e1%80%91%e1%80%ad%e1%80%95%e1%80%ba%e1%80%95%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%8a%e1%80%ba-%e1%80%a1%e1%80%99%e1%80%bb%e1%80%ad/
ထိုင်ထလေ့ကျင့်ခန်း လုပ်တော့မယ်ဆိုရင် ဒါလေးတွေ သိထားသင့်တယ်နော် ။ ။
တင်ပါးက ပြားနေလို့၊ တင်းပါးဘေးက ချိုင့်နေလို့၊ တင်ကျနေလို့ဆိုပြီး စိတ်ညစ်နေကြတဲ့ ချိမတို့ရှိလား။ မိန်းကလေးပဲလေ။ အခြားနေရာတွေ မကိတ်ရင်နေပါစေ။တင်ပါးလေးမှာတော့ ကိတ်ချင်ကြတာပေါ့နော်။ ဒါပေမယ့် ကိုယ်က နဂိုတည်းက ကိတ်တဲ့သူမဟုတ်တော့ တင်ပါးဝိုင်းပြည့်ပြည့်လေးရဖို့ လေ့ကျင့်ခန်းလုပ်ရမယ်ဆိုရင် ထိုင်ထလေ့ကျင့်ခန်း ကို ပြေးမြင်မိမှာပေါ့နော်။လေ့ကျင့်ခန်းအားလုံးမှာ အရေးအကြီးဆုံးကတော့ ဘယ်လောက်ပုံမှန်လုပ်ဖြစ်လဲ ( frequency ) ဆိုတာနဲ့ လုပ်တဲ့အချိန် စိုက်ထုတ်တဲ့အား( intensity ) ပါပဲ။ ဒီတော့ တင်ပါးလေ့ကျင့်ခန်း ထိုင်ထ လုပ်တဲ့နေရာမှာလည်း သိသင့်တဲ့ အခြေခံအချက်တွေ အတိုင်း လိုက်နာမယ်ဆိုရင် ပြောင်းလဲလာမယ့် သင့်တင်ပါးလေးကို ၁၂ပတ်အတွင်း မြင်ရမှာပါ။ ကဲ ဆက်ကြည့်လိုက်ရအောင်။ ။ထိုင်ထလေ့ကျင့်ခန်းလုပ်တော့မယ်ဆိုရင် တင်ပါးမှာ ရှိတဲ့ ကြွက်သားတွေကို ထိအောင် လုပ်ဖို့ လိုပါတယ်။ မဟုတ်ရင်  ပေါင်က ကြွက်သားတွေကိုပဲ လေ့ကျင့်မိသလို ဖြစ်နေမှာပါ။ ထိုင်ထလေ့ကျင့်ခန်းမှာလည်း အမျိုးမျိုး ရှိပါတယ်။ ဥပမာ Back squat, Sumo squat, Lateral squat စသဖြင့်။တစ်ပတ်အတွင်းလုပ်တဲ့လေ့ကျင့်ခန်းအကြိမ်ရေကလည်း ကိုယ်လိုချင်တဲ့ ကိုယ်ခန္ဓာကို ပြောင်းလဲတဲ့နေရာမှာ အရေးကြီးတဲ့ အရာတစ်ခုပါ။တင်ပါးလေ့ကျင့်ခန်းမှာ အရေးအကြီးဆုံးက ထိုင်ထဆိုတာမှန်ပေမယ့် တင်ပါးဝိုင်းဝိုင်းပြည့်ပြည့်လေးရဖို့ ထိုင်ထ တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ ဒီတော့ အခြားတင်ပါးလေ့ကျင့်ခန်းတွေလုပ်ပေးဖို့လည်းလိုပါသေးတယ်။ ဘယ်လိုအမျိုးအစားတွေ လုပ်ပေးရမလဲဆိုတာသိချင်ရင် You Tube မှာ Butt toning Workout videos တွေရှာလို့ရသလို google မှာ butt workout ဆိုပြီး ရိုက်ရှာကြည့်လို့ရပါတယ်။လှပတဲ့ ကိုယ်ခန္ဓာတစ်ခုကို တည်ဆောက်တဲ့နေရာမှာ လေ့ကျင့်ခန်းတင်မဟုတ် အစားအသောက်ကလည်းအရေးကြီးတာကြောင့် ကိုယ့်တင်ကို ကြီးပြီး ကိတ်စေမယ့် အစားအသောက်တွေ ရွေးစားပေးဖို့လည်း လိုပါသေးတယ် ။ ။ ကိုယ်လုပ်ရင်လုပ်သလောက် ကိုယ်ခန္ဓာက ပြောင်းလဲလာမှာ ဖြစ်တဲ့အတွက် မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိပါဘူး။ ကဲ ဒီနေ့က စပြီး ကြိုးစားလိုက်ရအောင် ။ ။[embed-health-tool-bmi]
health-fitness
health-fitness
https://hellosayarwon.com/health-fitness/strength-training/tips-for-round-butt-with-squat/
သင့်ကို နေ့ချင်းညချင်း ဝလာစေနိုင်တဲ့ အစားအသောက်တွေ ။ ။
ဝလာတယ်ဆိုတဲ့ ဖြစ်စဉ်မှာ အဓိက တရားခံက အစားအသောက်ပါပဲ။ အစားတွေ အများကြီးစားမိလို့၊ကယ်လိုရီတွေ လိုတာထက်ပိုစားမိလို့ စတာတွေက သင့်ကို ဝလာနိုင်စေတဲ့ အကြောင်းတရားတွေပဲဖြစ်ပါတယ်။ အစားအများကြီး မစားပေမယ့် နေ့ချင်းညချင်း ဝလာစေမယ့် ခုပြောပြမယ့် အစားအသောက်တွေ စားတာကြောင့်လည်း သင့်ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်။ ဒီတော့ကိုယ်အလေးချိန် ကျချင်တဲ့သူတွေ ဝေးဝေးကရှောင်သင့်တဲ့ အစားသောက်တွေက ဘာတွေလဲ ။အဖတ်မှ မဟုတ်တာ၊ အရည်လေးသောက်တာ ဘာမှမဖြစ်လောက်ပါဘူးလို့ ထင်နေရင် သိပ်မှားသွားမှာပေါ့။ အသင့်ဖျော် အချိုရည်ဘူးတွေထဲမှာပါတဲ့ ဆိုဒါနဲ့သကြားအတွဲ အစပ်လောက် သင့်ကို ဝစေတဲ့သူရှိမှာ မဟုတ်ပါဘူး။ ဒါ့အပြင် အချိုရည်ထဲမှာပါတဲ့ သကြားက သင့်ကိုဆီးချိုရောဂါ၊နှလုံးရောဂါ၊ နဲ့အဝလွန်တဲ့ ရောဂါတွေကို ဖြစ်စေဦးမှာပါ။ကော်ဖီကိုယ်တိုင်က ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတစ်ခုပါ။ ဒါက ကိုယ်တိုင်နှပ်ဖျော်တဲ့ကော်ဖီတစ်ခွက် ဖြစ်မှပါ။ သကြားတွေ၊ အချိုတုတွေ နဲ့ ခရင်မ်တွေ ထည့်ဖျော်ထားတဲ့ ကော်ဖီတစ်ခွက်ကတော့ သင့်ကိုယ်အလေးချိန်တက်လာစေမှာ မလွဲပါဘူး။ချိုစိမ့်နေတဲ့ ရေခဲမုန့်တိုင်းမှာ သကြား နဲ့ ပြည့်ဝဆီတွေ အများကြီးပါမယ်ဆို ပြောစရာတောင်လိုမယ် မထင်ပါဘူး။ ဒါ့အပြင် နို့တွေအများကြီးနဲ့ လုပ်ထားတဲ့ ရေခဲမှုန့်တစ်ခွက်မှာ ကယ်လိုရီ ၃၅၀ တောင်ပါတာကြောင့် ရေခဲမှုန့်ဟာ သင့်ကို ဝလာစေတဲ့ အစားအသောက်တစ်ခုပါ။နာမည်ကြီး လူကြိုက်အများဆုံးအသင့်စားအစားအသောက်တွေ ဖြစ်တဲ့ ပီဇာ၊ ဟမ်ဘာဂါ တို့မှာ ပြည့်ဝဆီတွေ၊ ပြုပြင်ထားတဲ့ ကာဘိုဟိုက်ဒရိတ်တွေနဲ့ ကယ်လိုရီတွေ အများကြီးပါပါတယ်။ ချိစ်တွေ၊ အသားတွေ ၊နဲ့ ပြည့်နေတဲ့ ပီဇာတို့ ဘာဂါတို့ဆိုတာ သ့င်ကို နေ့ချင်းညချင်း ဝလာစေမယ့် အစားသောက်တွေ ဆိုတာ သံသယ ဖြစ်စရာတောင် မရှိပါဘူး။ကွတ်ကီးတို့ ၊ ဒိုးနတ်တို့ဆိုတာ အရသာရှိပြီးလူတိုင်း မငြင်းနိုင်တဲ့ အစားအသောက်တွေပါ။ ကယ်လိုရီများပြီး သကြားတွေ ပါရုံသာမက တစ်ခါစားပြီးရင် ထပ်ထပ် စားချင်စိတ်ကို ဖြစ်စေတာကြောင့် စားတဲ့သူတိုင်းကို ဝလာစေမှာ မလွဲပါဘူး။French Fries လို့ လူသိများကြတဲ့ ဆီပူပူထဲ နှစ်ကြော်ထားတဲ့ ဒီ အာလူးချောင်းကြော်မှာ ပြည့်ဝဆီတွေ ပါတဲ့အပြင် တစ်ချောင်းစားပြီးရင် နောက်တစ်ချောင်း ထပ်ထပ်စားချင်စိတ်ကို ဖြစ်စေတဲ့ အာလူးရဲ့ အစွမ်းကြောင့် သူတို့ဟာ သင့်ကို ဝလာစေမှာပါ။နာမည်မှာကိုတည်း မြေပဲရော ထောပတ်ရောပါတာကြောင့် ဒီ မြေပဲထောပတ်ဟာ သ့င့်ကို ကိုယ်အလေးချိန် တက်စေမယ့် အစားအသောက်တစ်ခုဆိုတာ မမှားပါဘူး။အနက်ရောင် ချော့ကလက်က သင့်ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီးရှိပေမယ့် အဖြူရောင် ချော့ကလက်လို့ လူသိများကြတဲ့ နို့ချော့ကလက်က တော့ အနက်ရောင် ချော့ကလက်နဲ့ ဆန့်ကျင်ဘက်ပါ။ ပါဝင်တဲ့ သကြားတွေ ၊နို့တွေက သ့င်ကိုဝစေတာဖြစ်ပါတယ်။ဒါတွေကတော့ သ့င်ကို နေ့ချင်းညချင်း ဝလာစေမယ့် အပြင် အခြား ကျန်းမာရေးကို ပါထိခိုက်စေနိုင်တဲ့ အများကြီးစားဖို့ မသင့်တော်တဲ့ အစားအသောက်တွေ အကြောင်းပဲ ဖြစ်ပါတယ်။ ပိန်ချင်တဲ့သူတွေ ယောင်လို့တောင် အဲဒီ အစားအသောက်တွေကို လှည့်မကြည့်နဲ့နော် ။ ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/obesity-healthy-eating/food-that-cause-fattening/
ကာဗွန်ထည့်သွင်းထားတဲ့ အချိုရည်များဟာ ကောင်းသလား ဆိုးသလား
ကာဗွန်ထည့်သွင်းထားတဲ့ အရည်များဟာ လူကြိုက်များတဲ့အချိုရည်များပဲ ဖြစ်ပါတယ်။ အရသာရှိပြီး အမျိုးအစားစုံလို့ ဈေးကွက်လည်း တွင်ကျယ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ လူအများဟာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုတချို့ ရှိလာပါတယ်။ယခုဆောင်းပါးမှာတော့ ကာဗွန်အချိုရည်နဲ့ ပတ်သက်ပြီး သိသင့်တဲ့အချက်များကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ကာဗွန်ထည့်သွင်းထားတဲ့ အရည်ဆိုတာကတော့ ရေထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို ဖိအားပေးပြီး ထည့်သွင်းထားခြင်းပဲ ဖြစ်ပါတယ်။ စပါကလင်ရည်လို့လည်း ခေါ်ကြပြီး လှုပ်ရှားလိုက်တဲ့အခါ အမြှုပ်လေးတွေ တစီစီနဲ့ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ဆိုဒါရည် (Soda Water) လို့လည်း ခေါ်ကြပါတယ်။seltzer water နဲ့ fizzy water လို့လည်း ခေါ်ကြပါသေးတယ်။ seltzer water ကလွဲလို့ ကျန်တဲ့ ကာဗွန်ရည်တွေမှာ အရသာပိုကောင်းအောင် ဆားပါထည့်သွင်းထားပါတယ်။ တခါတရံမှာ သတ္တုဓာတ်အနည်းငယ်လည်း ထည့်သွင်းထားပါသေးတယ်။ သတ္တုဓာတ်ပါတဲ့ စမ်းရေများကနေ ထုတ်လုပ်ပြီး သတ္တုဓာတ်ကိုရော ဆာလ်ဖာကို ထည့်သွင်းထားပါတယ်။ တောနစ်ရည်ဟာလည်း ကွီနိုင်းနဲ့ သကြားဓာတ်ပါတဲ့ အရည်ဖြစ်ပါတယ်။ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့နဲ့ ရေနဲ့ပေါင်းသွားတဲ့အခါ ကာဗွန်နစ်အက်ဆစ် ဖြစ်သွားပါတယ်။ အားပျော့တဲ့ အက်ဆစ်တမျိုးဖြစ်ပြီး ခံတွင်းမြိန်စေတဲ့ အရသာနှိုးဆွပေးတဲ့ ဂုဏ်သတ္တိ ရှိပါတယ်။ စူးရှရှ ပူရှိန်းရှိန်း အရသာကို ဖြစ်စေပါတယ်။ကာဗွန်ရည်ရဲ့ pH ညွှန်ကိန်းဟာ 3 နဲ့ 4 ကြားရှိတာကြောင့် အက်ဆစ်ဓာတ်ကဲပါတယ်။ ဒါပေမယ့် အဆိုပါ အချိုရည်တွေသောက်ခြင်းကြောင့် ခန္ဓာကိုယ်ရဲ့ အက်ဆစ်ဓာတ်ကတော့ ပြောင်းလဲသွားခြင်း မရှိပါဘူး။ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ များလာတဲ့အခါမှာတော့ ကျောက်ကပ်နဲ့ အဆုတ်ကနေ ဖယ်ရှားပေးပါတယ်။ အဲဒီအခါ သွေးရဲ့ pH ညွှန်ကိန်းကို 7.35 နဲ့ 7.45 ဖြစ်သွားစေပြီး သင်ဘာစားစား ဘာသောက်သောက် အယ်လ်ကာလီအခြေအနေမှာ ထိန်းထားပေးလိုက်ပါတယ်။ကာဗွန်ပါတဲ့ အချိုရည်တွေနဲ့ ပတ်သက်ရင် လူတွေအနေနဲ့ စိုးရိမ်တတ်ကြတာကတော့ သွားကို ထိခိုက်မှာ စိုးတာပဲ ဖြစ်ပါတယ်။ အချိုရည်များဟာ သွားရဲ့ အပေါ်ယံကြွေလွှာကို ထိခိုက်စေနိုင်ပါတယ်။ သတ္တုဓာတ်ပါတဲ့ အချိုရည်တွေဆိုရင် သာမန်အချိုရည်တွေထက် ပိုပြီး သွားရဲ့ကြွေလွှာကို ထိခိုက်စေနိုင်ပါတယ်။ သုတေသနတခုမှာတော့ ကာဗွန်ပါတဲ့ အချိုရည်ဟာ သွားကြွေလွှာတွေကို ပျက်စီးစေနိုင်တယ်ဆိုပေမယ့်သကြားဓာတ်လွန်ကဲမှသာ ဖြစ်တတ်ကြောင်း ဆိုထားပါတယ်။ကာဗွန်ရည်မဟုတ်ပေမယ့် ချိုလွန်းတဲ့ အဖျော်ယမကာတွေဟာလည်း ကာဗွန်ပါပြီး သကြားမပါတဲ့ အချိုရည်တွေထက် ပိုပြီး ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။သွားကျန်းမာရေးအတွက် စိတ်ပူနေတယ်ဆိုရင်တော့ ကာဗွန်ပါတဲ့ အချိုရည်တွေကို သူ့ချည်းပဲ မသောက်ဘဲ အစားတခုခုနဲ့အတူ စားသောက်ပြီး သောက်ပြီးချိန်မှာလည်း ပလုပ်ကျင်းပစ်သင့်ပါတယ်။ကာဗွန်ပါအချိုရည်များဟာ ရိုးရိုးရေထက်စာရင် ပိုပြီး ဗိုက်ပြည့်သလို ခံစားရစေပါတယ်။ အစာအိမ်ထဲမှာလည်း အစာကို အချိန်ကြာကြာရှိနိုင်အောင် ထိန်းထားပေးပြီး အဆာခံစေပါတယ်။ သုတေသနတခုမှာဆိုရင် ဆိုဒါရည် ၈အောင်စ (၂၅၀ မီလီလီတာ) သောက်ထားပြီးချိန်မှာ အဆာခံနှုန်းဟာ သိသိသာသာမြင့်တက်နေကြောင်း တွေ့ရှိရပါတယ်။ဝမ်းချုပ်နေသူအများစုဟာ ကာဗွန်အချိုရည်ကို သောက်သုံးပြီးချိန်မှာ ဝမ်းချုပ်ခြင်းကို သက်သာစေတယ်လို့ ဆိုကြပါတယ်။ လေဖြတ်ဝေဒနာခံစားဖူးသူ အသက် ၄၀ကျော်သူများမှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ ကာဗွန်ဖြည့်အချိုရည်သောက်သုံးသူများဟာ ရိုးရိုးရေသောက်သူများထက် အစာအိမ်အူလမ်းကြောင်း လှုပ်ရှားမှု ပိုမိုကောင်းမွန်ကြကြောင်း တွေ့ရှိထားပါတယ်။ ဝမ်းချုပ်ခြင်းရဲ့ လက္ခဏာတွေ ၅၈% သက်သာသွားတယ်လို့ ဆိုထားပါတယ်။ တကယ်တော့ ကာဗွန်ဖြည့် အချိုရည်များဟာ အစာမကြေခြင်းကို သက်သာစေပါတယ်။လူအများစုဟာကာဗွန်ဖြည့်အချိုရည်များအနေနဲ့ အရိုးများအတွက် ကောင်းကျိုးမပေးဘူးလို့ ယုံကြည်ကြပါတယ်။ အက်ဆစ်ဓာတ်ကဲတယ်ဆိုတဲ့ အချက်အပေါ် မူတည်ပြီး စဉ်းစားကြခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် သုတေသနတွေအရ ဒီအချက်ဟာ မှားယွင်းတယ်လို့ ဆိုပါတယ်။လူပေါင်း ၂၅၀၀ လောက်နဲ့ ပြုလုပ်ခဲ့တဲ့ သုတေသနမှာတော့ ကိုလာအချိုရည်တမျိုးတည်းသာ အရိုးရဲ့သတ္တုဓာတ်သိပ်သည်းဆကို ကျဆင်းစေတယ်လို့ ဆိုပါတယ်။ ကျန်ကာဗွန်ဖြည့် အချိုရည်များဟာ အရိုးအပေါ် ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။ တခြားကာဗွန်ဖြည့်အချိုရည်များနဲ့ မတူတဲ့အချက်ကတော့ ကိုလာအရည်မှာ ဖော့စဖရပ်ဓာတ် ပါဝင်မှုများခြင်း ဖြစ်ပါတယ်။ကာဗွန်ဖြည့်အချိုရည်များဟာ နှလုံးကျန်းမာရေးအတွက် ကောင်းတယ်လို့ သုတေသနအချို့မှာ ဆိုထားပါတယ်။ ဒါပေမယ့် ဒီအချက်ကို သေချာစေဖို့ လေ့လာမှုတွေ ထပ်မံပြုလုပ်ဖို့ လိုပါသေးတယ်။ သုတေသနတခုအရ သွေးဆုံးပြီးတဲ့ အမျိုးသမီး ၁၈ယောက်ဟာ ဆိုဒီယမ်ကြွယ်ဝတဲ့ ကာဗွန်အရည်သောက်သုံးတဲ့အတွက် မကောင်းတဲ့ LDL ကိုလက်စထရော ကျဆင်းစေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကျန်းမာရေးအတွက်ကောင်းတဲ့ HDL ကိုလက်စထရောကို တက်လာစေပါတယ်။ ဒါ့အပြင် ဆယ်နှစ်အတွင်း နှလုံးရောဂါဖြစ်ပွားနိုင်ခြေဟာ ၃၅% လျော့နည်းစေတယ်လို့ ဆိုပါတယ်။ကာဗွန်ဖြည့်အချိုရည်များဟာ ပုံမှန်သောက်သုံးရုံနဲ့ ကျန်းမာရေးကို ထိခိုက်နိုင်ခြင်း မရှိပါဘူး။ သွားများကိုလည်း ထင်သလောက် မထိခိုက်စေပါဘူး။ အရိုးများကိုလည်း ထိခိုက်စေခြင်း မရှိပါဘူး။ ကောင်းတဲ့အချက်ကတော့ ကာဗွန်အရည်များဟာ အစာကိုကြေစေပြီးအစာအိမ်အူလမ်းကြောင်းလှုပ်ရှားမှုကို ကောင်းမွန်စေပါတယ်။ ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေပါတယ်။ သကြားလွန်ကဲလွန်းတဲ့ အချိုရည်များကိုသာ သတိပြုသောက်သုံးရမှာ ဖြစ်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/carbonated-water-good-or-bad/
Latex Allergy (သားရေနဲ့ ဓာတ်မတည့်ခြင်း)
Latex allergy(သားရေနဲ့ဓာတ်မတည့်ခြင်း) ဆိုတာ သဘာဝ သားရေမှာတွေ့ရတဲ့ ပရိုတင်းတစ်မျိုးနဲ့ ဓာတ်ပြုတုံ့ပြန်တဲ့ အခြေအနေပါ။ ရော်ဘာပင် အစေးနဲ့ ဓာတ်မတည့်တာပါ။ တကယ်လို့ သားရေနဲ့ဓာတ်မတည့်ဘူးဆိုရင် သားရေကို ထိတွေ့မိတဲ့အခါမျိုးမှာခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားက တုံ့ပြန်မှုတွေ ပြလာပါလိမ့်မယ်။သားရေဓာတ်မတည့်မှုဖြစ်တဲ့အခါ အရေပြား ယားယံတာ၊ အင်ပျဉ်လို အဖုအပိမ့်တွေ ထွက်တာမျိုး ခံစားရနိုင်ပါတယ်။ ဒီထက်ဆိုးရင်တော့ လည်ချောင်းတွေ ရောင်ရမ်းတာ၊ လေပြွန်တွေ ရောင်ရမ်းတာ၊ အသက်ရှူရခက်တာ၊ အသက်အန္တရာယ် ထိခိုက်တာမျိုးတွေအထိ ခံစားရနိုင်ပါတယ်။ဒီတော့ ကြိုတင် သိရှိကာကွယ်နနိုင်စေဖို့ သားရေနဲ့ဓာတ်မတည့်ခြင်းအကြောင်းကို လေ့လာကြည့်ရအောင်ပါ။သားရေနဲ့ဓာတ်မတည့်ဘူးဆိုရင် သားရေနဲ့လုပ်ထားတဲ့အရာတစ်ခုခု ဥပမာ လက်အိတ်၊ ဘောလုံးစတာတွေကို ကိုင်တွယ်ထိတွေ့ အသုံးပြုချိန်မှာ ဖြစ်ဖြစ် လေထုထဲမှာ လွှင့်ပါနေတဲ့ သားရေမှုန်လေးတွေကို ရှူရှိုက်မိတဲ့အခါမျိုးမှာဖြစ်ဖြစ် ဓာတ်မတည့်မှု လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။သားရေဓာတ်မတည့်မှု လက္ခဏာဟာ သိပ်မပြင်းထန်တဲ့အဆင့်ကနေ အပြင်းထန်ဆုံး အခြေအနေအထိ အမျိုးမျိုး ခံစားရနိုင်ပါတယ်။ ထိတွေ့မိတဲ့ အတိုင်းအတာ၊ ရှူရှိုက်မိတဲ့ပမာဏကို လိုက်ပြီး ခံစားရတဲ့ လက္ခဏာတွေ ကွာခြားနိုင်ပါတယ်။ သားရေဓာတ်မတည့်မှုကို ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုဟာ တစ်ကြိမ်ထက် တစ်ကြိမ် ပိုဆိုးလာနိုင်ပါတယ်။သားရေနဲ့ ဓာတ်မတည့်မှုဟာ သိပ်မပြင်းထန်ဘူးဆိုရင် အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။သားရေဓာတ်မတည့်မှုက ပြင်းထန်မယ်ဆိုရင်။ဒီအခြေအနေမှာ ဓာတ်မတည့်မှုကို တုံ့ပြန်တဲ့ အခြေအနေက အဆိုးဆုံးဖြစ်နိုင်ပါတယ်။ အခန့်မသင့်ရင် အသက်ဆုံးရှုံးနိုင်ပါတယ်။ အခုပြောပြမယ် လက္ခဏာတွေကို ခံစားရပြီဆိုရင် အမြန်ဆုံး ကုသမှု ခံယူဖို့ လိုပါမယ်။အခုပြောပြခဲ့တဲ့ လက္ခဏာတွေကို ခံစားရပြီဆိုရင် တတ်ကျွမ်းနားလည်သူနဲ့ သေချာပြသပြီး လိုအပ်တဲ့ ကုသမှုကို ခံယူဖို့ လိုပါမယ်။သားရေနဲ့ ဓာတ်မတည့်မှုဆိုတာခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က သားရေကို အန္တရာယ်ရှိတဲ့ အရာတစ်ခုခုလို့ သတ်မှတ်ပြီး တုံ့ပြန်တိုက်ခိုက်ဖို့အတွက် antibodies တွေကို ထုတ်လွှတ်တာကြောင့်ပါ။ဒီလိုကနေ နောက်တစ်ကြိမ် သားရေကို ထပ်ထိတွေ့မိချိန်မှာလည်း ကိုယ်ခံအားက histamine နဲ့ အခြား ဓာတုပစ္စည်းတွေကို သွေးကြောထဲကို ထုတ်လွှတ်ပြီး တုံ့ပြန်ခုခံဖို့ အဆိုပါ antibodies က သတင်းပို့ပါလိမ့်မယ်။ဒီလို သတင်းပို့မှုက သားရေနဲ့ဓာတ်မတည့်မှု လက္ခဏာတွေကို ခံစားဖြစ်ပေါ်စေတာပါ။ အကြိမ်များများ ထိတွေလေလေ ကိုယ်ခံအားရဲ့ တုံ့ပြန်တိုက်ခိုက်မှုက ပြင်းထန်လာလေလေပါ။ ဒါကို ထိတွေ့သိရှိခံစားမှုလို့ ခေါ်ပါတယ်။သားရေနဲ့ဓာတ်မတည့်မှုက များသောအားဖြင့် ဒီအချက် (၂)ကြောင့်ဖြစ်ရတာပါ။သားရေနဲ့ဓာတ်မတည့်မှုက လူတိုင်း ဖြစ်နိုင်တယ်ဆိုပေမယ့် အခုလို အခြေအနေရှိသူတွေမှာ ပိုအဖြစ်များပါတယ်။သားရေနဲ့ဓာတ်မတည့်သူတွေဟာ ဒီအသီးတွေကို မစားသုံးသင့်ပါဘူး။ အကြောင်းကတော့ အလားတူ ဓာတ်မတည့်မှုဖြစ်စေနိုင်တာကြောင့်ပါ။အပေါ်မှာ ပြောခဲ့သလို လက္ခဏာတွေ ခံစားရမယ်ဆိုရင် ကိုယ်တွင်းက IgE antibody ပမာဏကို စစ်ဆေးပြီး တတ်ကျွမ်းနားလည်သူက အဖြေထုတ်ပေးပါလိမ့်မယ်။သားရေနဲ့ဓာတ်မတည့်တာကို ကုသပေးနိုင်တဲ့ နည်းလမ်း မရှိသေးပါဘူး။ ကာကွယ်နည်းက အထိရောက်ဆုံး ကုသနည်းပါ။ သိပ်မပြင်းထန်တဲ့ အခြေအနေဆိုရင်တော့ antihistamines ပေးတာ။ epinephrine ထိုးပေးတာမျိုးတွေ လုပ်ပေးပါလိမ့်မယ်။သားရေနဲ့ဓာတ်မတည့်မှုကို ကာကွယ်ဖို့ဆိုရင် အကောင်းဆုံးနည်းလမ်းက သားရေနဲ့ လုပ်ထားတဲ့ပစ္စည်းတွေကို  မထိတွေ့မိအောင် ဂရုစိုက်တာ အကောင်းဆုံးပါ။သွားနဲ့ခံတွင်းအပါအဝင် ကုသမှုတွေ ခံယူတဲ့အခါ သားရေနဲ့ ဓာတ်မတည့်ကြောင်း ကြိုတင် အသိပေးထားဖို့ မမေ့ပါနဲ့။[embed-health-tool-bmr]
allergies
allergies
https://hellosayarwon.com/allergies/other-allergies/latex-allergy/
ဟိုအရွက် သည်အရွက် ပြုတ်သောက်ကြတဲ့အခါ
ကိုယ်တွေ အလုပ်သင်ဆရာဝန်ဘဝ ward ထဲ လူနာနည်းတဲ့ နေ့မျိုးဆို ရက်ရှည်ဆေးရုံတက်သောလူနာတွေဆီ သွားသွားစကားပြောလေ့ရှိသည်။ ဟိုဘက်ကုတင် သည်ဘက်ကုတင်လူနာစောင့်တွေနဲ့ ပေါင်းပြီးလက်ဖက်သုပ်စား…သူတို့ပြောတာတွေလည်း နားထောင်ပေါ့လေ။ တစ်ခါတစ်မျိုး မရိုးရအောင် နည်းလမ်း အသစ်အဆန်းတွေလည်းကြားရပါရဲ့။ သူတို့ကတော့ ကိုယ့်ပါ ဗဟုသုတရပါစေဆိုပြီး အာပေါင်အာရင်းသန်သန်နဲ့ မျှဝေတာပေါ့။ ဆီးကျိတ်ရောဂါသည်ကို သံမနိုင်ကျောက်မနိုင် ပြုတ်တိုက်တဲ့သူနဲ့ (ဆီးကျိတ်ကကျောက်ကပ်နဲ့ ဘာမှမဆိုင်တာလည်း သိပုံမရ) ၊ ဆီးချိုသမားကိုကြက်ဟင်းခါးစေ့ဝါးခိုင်းတဲ့သူနဲ့။ ကိုယ့်မှာတော့ လက်ဖက်သုပ်နှိုက်လျက် ဇွန်းတန်းလန်းနဲ့ မျက်လုံးတွေလည်းပြူး …စိတ်ထဲလည်း ထိတ်ကနဲ ထိတ်ကနဲပါပဲ။ ဒါနဲ့ သူတို့ အမြင်ရှင်းသွားပြီး နားလည်လက်ခံနိုင်မယ့် နည်းလမ်းလေးကို စဉ်းစားပြီး ဝင်ပြောကြည့်သည်။“တိုင်းရင်းဆေးတွေကစစ်မှန်ရင် တကယ်စွမ်းတယ်နော်။ အနောက်တိုင်းဆေးပညာ မပေါ်ခင်ကတည်းက အတည်တကျအခိုင်အမာရှိခဲ့တာပဲ”။“ ဟုတ်တယ်ဆို …. တချို့တွေက လက်မခံချင်ကြဘူး ဆရာမရဲ့။ ကျွန်မတို့ကပဲ ခေတ်နောက်ကျနေသလိုလို နဲ့ အထင်သေးချင်ကြတာ”။ဆရာဝန်ကပါ သူ့ဘက်ပါပြီဆိုပြီး ဝမ်းသာအားရ ထောက်ခံတာ။“ ကျွန်မပြောပါတယ်။ စစ်မှန်ရင် စွမ်းပါတယ် လို့။ ဒါပေမဲ့ ကိုယ်သိထားတဲ့တိုင်းရင်းဆေးနည်းက စစ်မှန်တယ် မစစ်မှန်ဘူး ဘယ်သူအတိအကျ သိလဲ…. ခွဲခြားနိုင်လဲ။”။စကားဝိုင်းက ရုတ်တရပ် ငြိမ်ကျသွားသည်။ ဒီလိုအချိန် ပြောချင်တာလေးဖိပြောမှ။“ တိုင်းရင်းဆေးနည်း အများစုက သဘာဝသစ်ဖုသစ်ဥ၊ သစ်ပင်နွယ်ပင်တွေကိုအခြေခံပြီး ဖော်စပ်ကြတာလေ။ အဲ့လိုဖော်စပ်တဲ့နေရာမှာ ပြုတ်တာတစ်ခုထဲ မဟုတ်ဘူးလေ…. ရေခမ်းကြိုတာ ၊အနှစ်တိုက်တာ၊ ပြာချတာ၊ အခြောက်ခံတာ၊ ကြိတ်တာ စသည်ဖြင့် အများကြီးရှိတယ်။ ဘယ်ရောဂါအတွက် ဘယ်အပင် ဘယ်အသီးကို ဘယ်လိုလုပ်ပြီး ဘယ်လောက်ပမာဏထည့်မယ်ဆိုတဲ့ ဖော်နည်းကျတော့ တကယ်နားလည်တတ်ကျွမ်းတဲ့ တိုင်းရင်းဆေးပညာရှင်မှပဲ သိမှာလေ။ကျွန်မ တိုင်းရင်းဆေးပင် စာအုပ်တွေ လေ့လာဖူးပါတယ်။ ဆေးပင်တစ်မျိုးထဲမှာတောင် အရွက်ပေးတဲ့အာနိသင် အခေါက်ကရတဲ့အာနိသင်၊ အသီးအပွင့်ရဲ့အာနိသင်၊ အမြစ်ရဲ့အာနိသင် မတူကြပါဘူး။ ထည့်ရတဲ့ပမာဏပေါ်လိုက်ပြီးလည်း အာနိသင်ကွဲပါတယ်။ ပြုလုပ်ပုံ ဖော်နည်းပေါ်လိုက်ပြီးလည်း အာနိသင်ကွဲပါတယ်။ ဆေးပင်တစ်မျိုးထဲမှာတင် အသီးကင်းကသာ အာနိသင်ရှိပြီး တစ်ပင်လုံး အဆိပ်ဖြစ်နေတာမျိုးရှိနိုင်သလို ပမာဏ အနည်းအများကွာတာနဲ့ ခန္ဓာကိုယ်အတွက်အဆိပ်အတောက်ဖြစ်စေနိုင်တဲ့အထိ ဒုက္ခပေးတတ်တဲ့ဟာတွေလည်း ရှိပါသေးတယ်။ နေလှန်းပြာချရမယ့် ကိစ္စကို ပြုတ်တိုက်မိရင်လည်း ဘာအကျိုးမှမရှိတဲ့အပြင် ဒုက္ခတောင်ရောက်နိုင်တယ်။ အပင်အားလုံးက သဘာဝက လာတာပဲ … ဘယ်လိုလုပ်စားစား ကိုယ့်ကိုယ်ထဲမှာ ဘေးကင်းတာပဲ လို့ယူဆထားလို့မရဘူးလေ။အဆိပ်ဆိုတာလည်း အရင်းစစ်ရင် သဘာဝကလာတဲ့ပစ္စည်းပဲ။ သည်တော့ ဒေါ်လေးတို့  အခုလို ဘာပင်ကဘာရောဂါအတွက်ကောင်းတယ် လို့ ကြားဖူးနားဝ မှတ်သားထားပြီး ကိုယ်သဘောနဲ့ကိုယ် ပြုတ်သောက်ကြိတ်သောက် လုပ်နေတာက လမ်းဘေးစပ်ဆေးဝယ်သောက်နေသလိုပဲ အန္တရာယ်များတယ်။ အဲ့ဒီ့ သံမနိုင်ကျောက်မနိုင်ပင်ရဲ့  ဘယ်အပိုင်းက ဆီးကောင်းစေတာလဲ… ဘယ်လောက်ပမာဏဆိုသင့်ပြီး ဘယ်လောက်ဆို အန္တရာယ်ရှိပြီလဲ ဒေါ်လေးသိလား။ မတော်လို့ သူ့ထည့်ရမယ့် ပမာဏကျော်ပြီးအဆိပ်ဖြစ်တတ်မယ့် ကိစ္စမျိုးဆို ဘယ့်နှယ့်လုပ်မှာတုန်း?”။အဲ့ကျမှ ရင်ဘတ်လေးဖိပြီး “ ကျွန်မ အဲ့လို တစ်ခါမှ မတွေးမိဖူးဘူး” တဲ့။“ ကျွန်မတို့ အနောက်တိုင်းဆေးပညာလိုပဲ တိုင်းရင်းဆေးပညာ မှာလည်း တိုင်းရင်းဆေးပညာတက္ကသိုလ်တွေ သင်တန်းကျောင်းတွေ ဆိုပြီး ရှိတယ်။ တကယ့်ကျွမ်းကျင်လက်မှတ်ရ တိုင်းရင်းဆေးသမားတော်တွေရှိသလို လက်မှတ်မရှိ ရမ်းကုတွေ လည်းအများကြီးပဲ။ ဉာဏ်နဲ့ချိန်ပြီး ရွေးကုရတာပေါ့။ ဒေါ်လေးတို့ လက်ဖက်နဲ့ အကြော်တောင် ရွေးဝယ်တယ်မှတ်လား။ အခုလက်ဖက်ဆိုမန်ကျည်းရွက်နုလေးတွေရောနှပ်တဲ့ မြင်းခြံလက်ဖက်မှ အကြော်ဆိုလည်း ဆီသန့်ပြီးကြွပ်ရွနေမှ။ အသက်နဲ့ဆိုင်တဲ့ကိစ္စကျမှ ဘယ်လိုဖြစ်လို့ ကြားဖူးနားဝကို လက်လွတ်စပယ် အလွယ်လိုက်ချင်နေတုန်း။ တိုင်းရင်းဆေးပြောင်းကုချင်ရင် နိုင်ငံတော်က တရားဝင်ဖွင့်ထားတဲ့ တိုင်းရင်းဆေးရုံ ရှိသားပဲ။ သဘာဝဆေးမှ သောက်ချင်ရင်လည်း သေချာ သုတေသနလုပ်ပြီး စမ်းသပ်စစ်ဆေး ထုတ်လုပ်ထားတဲ့ FAME တို့ဘာတို့ရှိတာပဲ။ ဒါတောင် အညွှန်းတိုင်းမဟုတ် ရမ်းသောက်နေရင် ဖြစ်ဖြစ် ရောဂါအခံနဲ့ မတည့်ရင်ဖြစ်ဖြစ် အာနိသင်မပြတာ ဥပါဒ်ပေးတာမျိုး အနည်းနဲ့အများတော့ ရှိနေနိုင်သေးတာပဲ။ “။“ အို… ဘာမှပြုတ်မတိုက်ရဲတော့ပါဘူး။ အဆိပ်ဖြစ်နိုင်တယ်ဆိုတာ ခုမှသေချာတွေးမိသွားလို့။”။“ အမလေး။ ဘာရွက်မှန်းမသိ ပြုတ်သောက်ပြီးအသည်းထိသွားလို့ ဆေးရုံကို အသည်းအသန်လူနာအနေနဲ့ ရောက်လာတာတွေ ရှိတယ်နော်။ မယုံမရှိနဲ့။”။လက်ဖက်သုပ်လေးဝါးလိုက် ပြောလိုက်နဲ့ ကိုယ့်ဘက်ပါလာပြီတော့ မှတ်တာပဲ။ဘေးအန္တရာယ်ကို သဘောပေါက်လွယ်ကြပြီး မိမိကိုယ်ကို စောင့်ရှောက်နိုင်ကြစေရန် ရည်ရွယ်လျက်။ရေးသားသူ – ဒေါက်တာနှင်းနုအေး။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/%e1%80%9f%e1%80%ad%e1%80%af%e1%80%a1%e1%80%9b%e1%80%bd%e1%80%80%e1%80%ba-%e1%80%9e%e1%80%8a%e1%80%ba%e1%80%a1%e1%80%9b%e1%80%bd%e1%80%80%e1%80%ba-%e1%80%95%e1%80%bc%e1%80%af%e1%80%90%e1%80%ba%e1%80%9e/
လိင်တံထိပ်အရေပြား နောက်ဆုတ်၍ ရှေ့ကိုပြန်ဆွဲမရတော့ဘဲ လိင်တံအား ညှစ်ထားသကဲ့သို့ ဖြစ်နေသောအခြေအနေ
Paraphimosis ဆိုတာ လိင်တံထိပ်အရေပြားဟာ နောက်ဆုတ်သွားပြီး နဂိုနေရာကိုပြန်ဆွဲမရတော့ဘဲ လိင်တံထိပ်အား ညှစ်ထားသကဲ့သို့ ဖြစ်သော အခြေအနေကို ခေါ်ပါတယ်။ ဒီအခြေအနေဟာ လိင်တံထိပ်အရေပြား မဖြတ်ထုတ်ရသေးတဲ့ ယောင်္ကျားငယ်လေးတွေမှာသာ တွေ့ရပြီး လူတွေဟာ ၎င်းအခြေအနေကို များသောအားဖြင့် လိင်တံထိပ် အရေပြားငုံခြင်း (Phimosis) နှင့်ရောထွေးနေတတ်ပါတယ်။ လိင်တံထိပ်အရေပြား ငုံခြင်း၊ မပွင့်ခြင်း နောက်ကို ဆွဲလို့မရခြင်း (Phimosis) ဟာ ငယ်ရွယ်တဲ့ ယောင်္ကျားလေးတွေအတွက် သဘာဝအခြေအနေတစ်ခုဖြစ်ပါတယ်။ သို့သော် Paraphimosis လို့ခေါ်တဲ့ လိင်တံကို ဆွဲညှစ်ထားသလိုဖြစ်နေတဲ့ အခြေအနေကတော့ အရေးပေါ်အခြေအနေ တစ်ခုဖြစ်လာပြီး လိင်တံထိပ်သို့သွားသော သွေးလည်ပတ်မှုကိုပါ ရပ်သွားစေနိုင်တဲ့ အခြေအနေ တစ်ခုဖြစ်ပါတယ်။ ဒီလိုအခြေအနေဟာ ဆရာဝန်နှင့် ချက်ချင်းတိုင်ပင် ကုသရန် လိုအပ်ပါတယ်။အဖြစ်အများဆုံး အကြောင်းအရင်းကတော့ လိင်တံထိပ်အရေပြားကို ကောင်းစွာမကိုင်တွယ်ခြင်း (သင့်ကျန်းမာရေးကို ဂရုစိုက်ပေးသူဟာ ဆေးကုသမှုဆိုင်ရာ လုပ်ငန်းစဉ်တွေကို လုပ်နေစဉ်မှာ လိင်တံထိပ်အရေပြားကို ပုံမှန်နေရာသို့ ပြန်မထားပေးခြင်းကြောင့် ဖြစ်နိုင်ပါတယ်) အခြားသော Paraphimosis ဖြစ်ရခြင်းရဲ့ အဓိက အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။Paraphimosis အခြေအနေကို ဖြစ်စေတဲ့ အခြားသော အကြောင်းအရင်း များလည်းရှိပါတယ်။လိင်တံကိုဆေးကြောခြင်း ကဲ့သို့ တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုတစိုက် ပြုလုပ်ခြင်းမရှိသောကြောင့်လည်း Paraphimosis အခြေအနေဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် လိင်တံကို တစ်စုံတစ်ခုဖြင့် ဖောက်ထွင်းပြီး ပစ္စည်း ထည့်ခြင်း ပြုလုပ်တဲ့အခါ ရောင်ရမ်းပြီး နာကျင်လာတဲ့ အတွက်ကြောင့် လိင်တံထိပ် အရေပြားကို သူ၏နဂိုနေရာကို ပြန်မရောက်နိုင်ဖြစ်ကာ လိင်တံကိုဆွဲညှစ် သလိုဖြစ်စေတတ်ပါတယ်။ လိင်ဆက်ဆံခြင်းဟာလည်း Paraphimosis ဖြစ်စေတဲ့ နောက်ထပ် အကြောင်းအရင်း တစ်ခု ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လိင်တံထောင်မတ်နေတဲ့ အချိန်မှာ သင့်ရဲ့ လိင်တံထိပ်အရေပြားကို အနောက်သို့ အချိန်အကြာကြီး ဆွဲလိုက်တဲ့အခါ ၎င်းဟာ ဖောင်းရောင်လာပြီး လိင်တံရဲ့ အနောက်ဖက်မှာ သွားစုနေနိုင်ကာ နဂိုနေရာ အရှေ့သို့ ပြန်မရောက်နိုင်တော့ဘဲ လိင်တံကို ဆွဲညှစ်ထားသလို ဖြစ်စေပါတယ်။သင့်ရဲ့အသက်အရွယ် နဲ့ Paraphimosis ရဲ့ ဆိုးဝါးမှုပေါ်အခြေခံပြီး ကုသမှုကို ပေးနိုင်ပါတယ်။ များသောအားဖြင့် အရေးပေါ်ခန်းထဲမှာ ကုသရမှာ ဖြစ်ပါတယ်။ သင့်ရဲ့ လိင်တံထိပ် အရေပြားကို လျော့ရဲ သွားအောင် လက်နှင့် မပြုလုပ်ခင်မှာ ယေဘုယျအားဖြင့် ပြုလုပ်ရမယ့် ပထမအဆင့်ကတော့ နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်း လျော့ကျအောင် ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။ အချို့သော ကုသမှုများကတော့။ရောင်ရမ်းခြင်းကို ကုသပေးပြီးတဲ့ နောက်မှာဆိုရင် ဆရာဝန်ဟာ လိင်တံထိပ်အရေပြားကို နဂိုနေရာ ကိုထားပေးရန် ကြိုးစားပါလိမ့်မယ်။ ဒီဖြစ်စဉ်ကို မပြုလုပ်ခင်မှာ သင့်ကို အနာသက်သာစေတဲ့ ဆေးတွေ ပေးပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ ၎င်းဟာအလွန်နာကျင်စေသောကြောင့် ဖြစ်ပါတယ်။ အသုံးအများဆုံး အနာသက်သာစေတဲ့ ဆေးတွေကတော့ ထုံဆေး၊ နာကျင်မှုအာရုံခံသော အာရုံကြောကို ပိတ်ခြင်း သို့မဟုတ် သောက်ဆေးများကို ပေးခြင်း စတာတွေကို ပေးပါလိမ့်မယ်။ လိင်တံနှင့် လိင်တံထိပ်အရေပြားကို ချောမွေ့အောင် ပြုလုပ်ပြီးတဲ့နောက်မှာ သင့်ရဲ့ ဆရာဝန်ဟာ လိင်တံထိပ်ကို ညှစ်ပြီး လိင်တံထိပ်အရေပြားကို သူ၏နဂိုနေရာ ရောက်အောင် ပြုလုပ်ပေးပါလိမ့်မယ်။အလွန်ဆိုးဝါးတဲ့ အခြေအနေတွေမှာဆိုရင် လိင်တံထိပ်အရေပြားကို လုံးဝ ဖြတ်တောက်လိုက်ခြင်း သို့မဟုတ် လိင်တံထိပ်အရေပြားကို လုံးဝဖယ်ရှားပစ်လိုက်ခြင်းကို ပြုလုပ်နိုင်ပါတယ်။ ဒီလို ဖယ်ရှားလိုက်မယ်ဆိုရင်တော့ သင်ဟာ နောက်ထပ် Paraphimosis အခြေအနေထပ်ဖြစ်မှာကို စိတ်ပူစရာ မလိုတော့ပါဘူး။Paraphimosis ဆိုတဲ့ အခြေအနေဟာ မကုသပဲ ထားမယ်ဆိုရင် အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုရောင်ရမ်း ၊ ဖောင်းတင်းလာမှု ဟာဆိုရင် လိင်တံကိုသွားတဲ့ သွေးလည်ပတ်မှုကို လျော့ကျစေပြီး လိင်တံအသားစတစ်ရှူးတွေဟာ အောက်စီဂျင် ရရှိမှာမဟုတ်တော့ပါဘူး။ Paraphimosis ဖြစ်နိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့။တကယ်လို့ သင့်ရဲ့ လိင်တံဟာ ရောင်ရမ်းပြီး နာကျင်ခြင်းတွေ ခံစားရပြီဆိုရင်၊ လိင်တံရဲ့ အရောင်ဟာ အနီပုပ်ရောင် သို့မဟုတ် အပြာပုပ်ရောင် အဖြစ်သို့ ပြောင်းလာပြီဆိုရင် ဆရာဝန်နှင့် ချက်ချင်းပြသ သင့်ပါတယ်။ ဒါဟာလွယ်ကူသော ကိစ္စမဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ Paraphimosis ဆိုတဲ့ အခြေအနေဟာ လိင်တံကင်ဆာ ဖြစ်စေနိုင်ပြီး သင့်ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%90%e1%80%b6%e1%80%91%e1%80%ad%e1%80%95%e1%80%ba%e1%80%a1%e1%80%9b%e1%80%b1%e1%80%95%e1%80%bc%e1%80%ac%e1%80%b8-%e1%80%94%e1%80%b1%e1%80%ac%e1%80%80%e1%80%ba/
ရင်သားကင်ဆာအတွက် ထိရောက်တဲ့လေ့ကျင့်ခန်းတွေက ဘာတွေလဲ
ရင်သားကင်ဆာ အတည်ပြုခြင်းခံရပြီးပါက လူအများစုသည် ခံစားချက်များ၊ စိတ်ဖိစီးမှုများ ခံစားရစေပါတယ်။ ထိုသို့ဖြစ်လာပါက ရောဂါကိုရေရှည် တိုက်ခိုက်နိုင်ရန် မိမိကိုယ်မိမိ စိတ်ရော၊ ကိုယ်ပါ တည်ငြိမ်အောင် လုပ်ယူဖို့ အရေးကြီးပါတယ်။ထိုသို့ တည်ငြိမ်စေသော လေ့ကျင့်ခန်းများပြုလုပ်နိုင်ရန် အတွင်းစိတ်အေးချမ်းမှု လိုအပ်ပါတယ်။ သွေးပူ တည်ငြိမ်လေ့ကျင့်ခန်း၊ တရားထိုင်ခြင်း၊ အသက်ပြင်းပြင်းရှူသွင်းထုတ်ခြင်း များပဲဖြစ်ပါတယ်။ရှေးဦးစွာ သင့်ခန္ဓာကိုယ်ကို ပြေလျော့စေပြီး အတွေးအာရုံနဲ့ အသက်ရှူခြင်းကို အာရုံစိုက်ထားပါ။ အသက်ကို ဖြေးဖြေးနဲ့ မှန်မှန် ရှူသွင်း၊ရှူထုတ်ပါ။ တင်းကြပ်မှုများခံစားရပါက ဦးခေါင်းကို စက်ဝိုင်းပုံစံ တစ်ကြိမ်၊နှစ်ကြိမ်ခန့် လှည့်လှုပ်ရှားခြင်းဖြင့် ပြေလျော့အောင်လုပ်ပါ။ နာကျင်ပါက ချက်ချင်းရပ်ပါ။ ထို့နောက် ပုခုံးကို ရှေ့တိုး၊နောက်ဆုတ် စက်ဝိုင်းပုံစံ လှည့်ပါ။ တည်ငြိမ်သွားသည်အထိ အသက်ကို ဖြေးဖြေးနဲ့ မှန်မှန်ရှူပါ။ဒုတိယအနေနဲ့ ကောင်းသောအတွေးကို တွေးခြင်းဖြင့် စိတ်ကို ပြေလျော့ပါစေ။ သည်အနေတွင်လည်း မျက်လုံးမှိတ်ကာ အသက်ကို ဖြေးဖြေးနဲ့ မှန်မှန်ရှူပါ။ အကောင်းဘက်ကတွေးခြင်း၊ မိမိကိုယ်မိမိ ‘ငြိမ်းချမ်းမှု’ ‘မျှော်လင့်ခြင်း’ ‘ငါဟာတည်ငြိမ်နေတယ်’ စသည်ဖြင့် တိုးသာစွာ စကားပြောခြင်းဖြင့် အတွင်းစိတ်အေးချမ်းမှုကို ရယူပါ။ စိတ်ကို တခြားမရောက်ဘဲ ၁၀ မိနစ်ခန့် မိမိ အတွေးကိုသာ အာရုံစိုက်ထားပါ။ အသက်ရှူခြင်းနှင့် ရွေးချယ်ထားသော စကားများကို အာရုံစိုက်ခြင်းကလည်း အလုပ်ဖြစ်ပါတယ်။အသက်ကို ခပ်ပြင်းပြင်းရှူခြင်းဖြင့် အောက်ဆီဂျင်ပမာဏ အများကြီး ခန္ဓာကိုယ်ထဲဝင်ကာ စိတ်ဖိစီးမှုနှင့် စိုးရိမ်မှုများကို ပြေလျော့စေပါတယ်။ နည်းလမ်းအများကြီးရှိပါတယ်။ ဥပမာ- သင့်ဗိုက်ကို အသက်ရှူသွင်းခြင်းဖြင့် လေများပြည့်စေကာ တတ်နိုင်သလောက် ခပ်များများ ရှူသွင်းပြီး ဖြေးဖြေးချင်း ရှူထုတ်ပါ။ အကြိမ်များစွာ ပြုလုပ်ပြီး တည်ငြိမ်သွားပါက အနားယူပါ။နောက်ဆုံးအနေနဲ့ အသက်ပြင်းပြင်းရှူသွင်းခြင်းနှင့် စိတ်ကို ပြေလျော့စေခြင်းနည်းလမ်းကို ပေါင်းပြီး guided imagery လို့ခေါ်ပါတယ်။ အသက်ပြင်းပြင်းရှူသည့်အပေါ် အာရုံစိုက်ခြင်းနှင့် ကောင်းသော အတွေး၊မှတ်ဉာဏ်များကို တွေးခြင်း တို့ကို ပေါင်းစပ်ထားပါတယ်။ထို့ပြင် သဘာဝရဲ့ သံစဉ်များဖြစ်တဲ့ ရေတံခွန်ရေကျသံ၊ ပင်လယ်ရေလှိုင်းအသံ စသည်တို့၏ record အသံများကို လေ့ကျင့်ခန်းလုပ်နေစဉ် နားထောင်နိုင်ပါတယ်။ ထိုအသံများက သင့်ကို တည်ငြိမ်ခြင်း၊ လုံခြုံခြင်း၊ အေးချမ်းခြင်းများကို ခံစားရစေနိုင်ပါတယ်။ ထို့ပြင် yoga, tai chi, Qigong စသည်တို့ကို ကျန်းမာရေးစင်တာများတွင် စမ်း၍ ပြုလုပ်ကြည့်နိုင်ပါတယ်။ဆရာဝန် အတော်များများက ထိုကုထုံးများကို စိတ်ဖိစီးမှုကို ကုသခြင်းနှင့် ကင်ဆာ ကုထုံးများကို လွန်စွာ အထောက်အကူပြုခြင်းတို့ကြောင့် ထောက်ခံကြပါတယ်။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/%e1%80%9b%e1%80%84%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba-%e1%80%91%e1%80%ad%e1%80%9b%e1%80%b1%e1%80%ac%e1%80%80/
အရိုးပွသူများအတွက် သင့်တော်သော အာဟာရဓာတ်များ
အသက်အရွယ်ကြီးလာတာနဲ့အမျှအရိုးများကြံ့ခိုင်မှုအားနည်းသွားပြီး အရိုးပွခြင်း ဖြစ်လာနိုင်ပါတယ်။အရိုးပွတဲ့အခါ ထိခိုက်မိရင် အရိုးများကျိုးပဲ့ပျက်စီးလွယ်ပါတယ်။ အရိုးပွခြင်းကို ကာကွယ်နိုင်ဖို့အတွက်ဗီတာမင်နဲ့အာဟာရဓာတ်တချို့ကို စားသုံးပြီး ကာကွယ်နိုင်ပါတယ်။အစားအစာများကတဆင့် လိုအပ်တဲ့ အာဟာရဓာတ်တွေ ရရှိနိုင်သလိုဖြည့်စွက်စာများ အားဆေးများ သုံးစွဲရာကနေလည်း ရရှိနိုင်ပါတယ်။ အရိုးပွခြင်းကို ကာကွယ်နိုင်ဖို့အတွက် အောက်ပါအာဟာရဓာတ်တွေ လိုအပ်ပါတယ်။ကယ်လ်ဆီယမ်ဟာ အရိုးပွခြင်းကို ကာကွယ်နိုင်ဖို့အတွက် အရေးအကြီးဆုံး သတ္တုဓာတ်ဖြစ်ပါတယ်။ များသောအားဖြင့် အစားအစာများကနေ ရရှိနိုင်ပြီး လုံလောက်မှုမရှိမှသာ အားဆေးအနေနဲ့ သုံးစွဲနိုင်ပါတယ်။သင့်ရဲ့ခန္ဓာကိုယ်ဟာ တစ်ကြိမ်ကို ကယ်လ်ဆီယမ် ၅၀၀ မီလီဂရမ်ထက်ပိုပြီး မစုပ်ယူနိုင်ပါဘူး။ ဒါကြောင့် ဖြည့်စွက်စာဆိုရင် အချိန်ခွဲပြီး သောက်သုံးရပါတယ်။ အစားအစာနဲ့ အားဖြည့်ဓာတ်စာကို အတူသုံးစွဲတာ ခန္ဓာကိုယ်က စုပ်ယူခြင်းအတွက် ကောင်းစေပါတယ်။ ကယ်လ်ဆီယမ်များတဲ့ အစားအစာတွေကတော့။အရိုးပွခြင်းကိုကာကွယ်ဖို့အတွက် ဗီတာမင် D ဟာလည်း ကယ်လ်ဆီယမ်လိုပဲ အရေးပါပါတယ်။ ကိုယ်ခန္ဓာကနေ ကယ်လ်ဆီယမ်ကို စုပ်ယူနိုင်ဖို့အတွက် ဗီတာမင် D က အထောက်အကူပြုပါတယ်။ အရိုးပွရောဂါကို ကုသရာမှာ ကယ်လ်ဆီယမ်အပြင် ဗီတာမင် D ကိုလည်း သုံးစွဲဖို့ ထောက်ခံမှုပြုထားပါတယ်။ ဗီတာမင် D ကို နေရောင်ခြည်ကနေ ရရှိနိုင်ပါတယ်။အသက်ငါးဆယ်အထက် လူကြီးများအနေနဲ့ တစ်နေ့တာလိုအပ်တဲ့ ဗီတာမင် D ပမာဏကတော့ ၈၀၀ ကနေ ၁၀၀၀ ယူနစ် (IU) ဖြစ်ပါတယ်။မဂ္ဂနီဆီယမ်ဟာ အစားအစာတွေမှာ သဘာဝအတိုင်းတွေ့နိုင်တဲ့ သတ္တုဓာတ် ဖြစ်ပါတယ်။ ပေါင်မုန့်ကြမ်း၊ အစိမ်းရင့်ရောင်အရွက်များ၊ အခွံမာသီးများ စတာတွေမှာ ပါဝင်ပါတယ်။ မဂ္ဂနီဆီယမ်ဟာလည်း အရိုးများရဲ့ သန်မာမှုကို ထိန်းသိမ်းပေးနိုင်ပါတယ်။ တနေ့တာလိုအပ်တဲ့ မဂ္ဂနီဆီယမ်ပမာဏကတော့ ၃၀၀ ကနေ ၅၀၀ မီလီဂရမ်ဖြစ်ပါတယ်။ အဆင့်ဆင့်ပြုပြင်ထားတဲ့ မုန့်ပဲသရေစာတွေကိုပဲ စားသုံးနေမယ်ဆိုရင်တော့ လိုအပ်တဲ့ မဂ္ဂနီဆီယမ်ပမာဏကို မရရှိနိုင်ပါဘူး။ မဂ္ဂနီဆီယမ်များတဲ့ လက္ခဏာတွေကိုလည်း သတိပြုသင့်ပါတယ်။ ဗိုက်အောင့်ခြင်း၊ ဝမ်းသွားခြင်း စတာတွေဖြစ်ရင် မဂ္ဂနီဆီယမ်ကို လျှော့ချသင့်ပါတယ်။ဗီတာမင် K ဟာ ကယ်လ်ဆီယမ်ကို အရိုးတွေဆီ ပေါင်းစပ်နိုင်အောင် ကူညီပေးပါတယ်။ ဒါပေမယ့်ဗီတာမင် Kကို မနည်းလွန်း မများလွန်းဖြစ်အောင်လည်း ဂရုစိုက်ရပါမယ်။ တနေ့တာ လိုအပ်တဲ့ ပမာဏကတော့ ၁၅၀ မိုက်ခရိုဂရမ် ဖြစ်ပါတယ်။ ဗီတာမင် K ဟာ သွေးကျဲဆေးများရဲ့ အာနိသင်ကို ပြောင်းလဲစေနိုင်ပါတယ်။ ဒါကြောင့် ဗီတာမင် K ကို တိုးမြှင့်သောက်သုံးမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ဘိုရွန်ကို ကိုယ်ခန္ဓာကနေ များများစားစား မလိုအပ်ပါဘူး။ ဒါပေမယ့် ကိုယ်ခန္ဓာကနေ ကယ်လ်ဆီယမ်ကို ထိရောက်စွာ အသုံးချနိုင်ဖို့အတွက် ကူညီပေးတဲ့အတွက် အရေးကြီးပါတယ်။ အရိုးများ ဖြစ်ပေါ်ခြင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို လှုံ့ဆော်ပေးခြင်းအားဖြင့် အရိုးပွရောဂါကို ကုသရာမှာ ပါဝင်ပါတယ်။ တနေ့တာလိုအပ်တဲ့ ပမာဏကတော့ ၃-၅ မီလီဂရမ် ဖြစ်ပါတယ်။ ပန်းသီး၊ စပျစ်သီး၊ အခွံမာသီး၊ မက်မွန်သီး၊ သစ်တော်သီး စတာတွေမှာ တွေ့ရှိနိုင်ပါတယ်။ ဘိုရွန် လွန်ကဲရင်တော့ ပျို့အန်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ဝမ်းပျက်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ဆီလီကွန်ဟာ အရိုးများနဲ့ကြွက်သားချောင်းများ၊ အရွတ်များ ကြံ့ခိုင်ဖွံ့ဖြိုးရေးအတွက် အရေးကြီးပါတယ်။ ဆီလီကွန်ကို တစ်နေ့တာလိုအပ်တဲ့ ပမာဏကတော့ ၂၅ – ၅၀ မီလီဂရမ် ဖြစ်ပါတယ်။မည်သည့် ဗီတာမင်အားဆေးကိုမဆို၊ဖြည့်စွက်စာကိုမဆို ရေရှည်သုံးစွဲတော့မယ်ဆိုရင် ဆရာဝန် ဒါမှမဟုတ် နားလည်တတ်ကျွမ်းသူနဲ့ တိုင်ပင်သင့်ပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/osteoporosis-orthopedics-musculoskeletal/supplements-and-vitamins-you-should-consider/
ကျန်းမာတဲ့ လက်သည်းတစ်စုံ ပိုင်ဆိုင်ဖို့ ဘာတွေ သိထားရမလဲ ။ ။
လက်သည်းခြေသည်း ကြည်ကြည်လှလှ လေး တစ်စုံဟာ လူတစ်ယောက်ရဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ သူ့ရဲ့အလှအပကို ဖော်ပြတယ်တဲ့။ ဒီလို လှပတဲ့ လက်လေးတစ်စုံ ရဖို့အတွက် ကိုယ့်ဘက်က ဘာတွေ ဆောင်ရမလဲ၊ ဘာတွေ ရှောင်ရမလဲ ။ ။ပုံမှန် ကျန်းမာနေတဲ့ လက်သည်းလေးဟာ ပန်းရောင်ကြည်ကြည်လေးဖြစ်နေသင့်ပြီး ချောမွေ့နေတဲ့ မျက်နှာပြင် တစ်ခုရှိနေရပါမယ်။ ဒါ့အပြင် လက်သန်းပန်းကုံးလေးတွေ နဲ့ လက်အသားကြားထဲမှာလည်း ဘာအသားစမှ ထွက်မနေသင့်ပါဘူး။လက်သည်းဆိုတာလည်း ကိုယ်ပေါ်က အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကိုယ့်ကျန်းမာရေး အခြေအနေတွေကိုလည်း သူကဖော်ပြနိုင်တာကြောင့် သူ့ကို ကျန်းမာအောင် ထားသင့်ပါတယ် ။ ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/nail-care/nails-do-and-dont/
လိင်တံအကြောင်းသိသင့်သည့်အချက် ၅ချက်
လိင်တံအကြောင်းသိသင့်သည့်အချက် ၅ချက် က ဘာတွေများလဲ။ Tom Hickman က သူ့စာအုပ်မှာ လိင်တံကို God’s Doodle လို့ တင်စားခေါ်ဝေါ်ခဲ့ပါတယ်။ ဒီအကြောင်းကို မှတ်တမ်းပိုင်းဆိုင်ရာ ရှင်းပြမှုတွေ ကနေစပြီး ယုံတမ်းစကားတွေအထိ သုတေသန ပြုလုပ်ခဲ့ကြပြီး ပုံနှိပ်ထုတ်ဝေထားတဲ့ ဆောင်းပါးတွေရှိပါတယ်။သင့်လိင်တံအကြောင်း အကုန်သိပြီးပြီလို့ ထင်ထားရင်တောင်မှ သင့်ကို အံ့သြသွားစေမယ့် အချက်တွေ ရှိပါသေးတယ်။လိင်တံအကြောင်းသိသင့်သည့်အချက် ၅ချက် ကတော့။လိင်တံ အများစုဟာ ၃ လက်မလောက် ရှည်တတ်ပေမယ့် လိင်တံ ထောင်မတ်မှု ဖြစ်တဲ့အခါမှာ ၄.၅ ကနေ ၆.၅ လက်မ အထိ ကြီးထွားလာနိုင်ပါတယ်။ အကြီးဆုံးလိင်တံကတော့ ၁၃.၅ လက်မ ရှည်ပါတယ်။ ဒါပေမယ့် အမျိုးသားတွေက ဒါကို စိတ်မပူသင့်ပါဘူး။ လိင်ဆက်ဆံစဉ်မှာ လိင်တံ အရွယ်အစားဟာ အရေးမကြီးဘူးလို့ သိပ္ပံပညာရှင်တွေက သက်သေပြခဲ့တာကြောင့် စိတ်လျှော့ပြီး မိမိရဲ့ ကျွမ်းကျင်မှုကိုသာ အသုံးပြုသင့်ပါတယ်။၂၀၀၂ မှာ လုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ အမျိုးသားတွေရဲ့ လိင်တံဟာ boomerang သဏ္ဍာန်ရှိပြီး ဒါဟာ အမှန်ပဲဖြစ်ပါတယ်။ ဒါ့ပြင် လိင်ဆက်ဆံမှုသာ သိပ်ပြင်းထန်ခဲ့ရင်လိင်တံကျိုးနိုင်ပါတယ်။ လိင်တံမှာ အရိုးတွေ မရှိတာကြောင့် ကျိုးတယ်ဆိုတာဟာ အကွေးလွန်သွားတာဖြစ်ပြီး သူကိုယ်တိုင် ပုံမှန်အတိုင်း ပြန်ဖြစ်လာနိုင်ဖို့ ဆေးကုသမှု လိုအပ်နိုင်ပါတယ်။အမျိုးသားတွေဟာ လိင်တံထောင်မတ်စဉ်မှာ ခုတင်ပေါ်က ပြုတ်ကျပြီး လိင်တံကျိုးသွားတဲ့ အဖြစ်အပျက်တွေ ရှိပါတယ်။ သေချာကုသဖို့နဲ့ လိုတာထက်ပိုပြီး လှုပ်ရှားမှုပြုတာကို ၆ ပတ်လောက် ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။သုက်ရည်ဟာ spinach တစ်ခွက်မှာ ပါဝင်တဲ့ ကယ်လိုရီလောက်ပဲ (၁-၇ ကယ်လိုရီသာ) ပါဝင်ပါတယ်။ သူဟာ ရေတွေ၊ အင်ဇိုင်းတွေ၊ citric acid၊ fructose နဲ့ amino acids တွေ ပါဝင်ပါတယ်။ သုက်ရည်ဟာ အာဟာရဓာတ်တွေနဲ့ ပြည့်နေတတ်ပါတယ်။ခြေထောက် အရွယ်အစားနဲ့ လိင်တံအရွယ်အစားဆက်စပ်မှုတွေဟာ ယုံတမ်းစကားတွေသာဖြစ်ပါတယ်။ ကိုယ်အလေးချိန်၊ အရပ်၊ ခြေထောက်အရွယ်အစား၊ လက် အရွယ်အစား၊ နောက်ဆုံး ခေါင်းအရွယ်အစားကပါ လိင်တံအရွယ်အစားကို ခန့်မှန်းခြင်းအတွက် အသုံးမဝင်ပါဘူး။အချို့လူတွေမှာ ပျော့ပျောင်းနေတဲ့လိင်တံအရွယ်အစားဟာ လိင်ဆက်ဆံစဉ်မှာလည်း ဒီလိုပဲ ဖြစ်လိမ့်မယ်လို့ မဆိုလိုပါဘူး။ သုတေသနများစွာက ပျော့ပျောင်းစဉ် သေးငယ်တဲ့ လိင်တံတွေဟာ ကြီးမားတဲ့ လိင်တံတွေနဲ့စာရင် လိင်ဆက်ဆံစဉ် အဆမတန် ကြီးထွားလာတတ်တယ်လို့ ဆိုပါတယ်။ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ လေ့ကျင့်ခန်း မလုပ်ခြင်းတွေ ရှိမယ်ဆိုရင် လိင်တံရဲ့ ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။ လေ့လာမှုတွေက အိပ်စက်ခြင်း အရည်အသွေးနဲ့ လေ့ကျင့်ခန်းတွေဟာအမျိုးသားတွေမှာ ယောက်ျား ဟော်မုန်းပမာဏနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ဒါ့ပြင် ဆေးလိပ်သောက်ခြင်းဟာလိင်တံထောင်မတ်မှုကို လျော့နည်းစေပြီး လိင်တံကိုလည်း တိုစေပါတယ်။ရေးသားသူ− Dr Phyu Mon Latt။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/penis-health/5-fun-facts-about-penis/
အရိုးအဆစ် ဒီလိုဖြစ်ရင် အမြန်ဆုံးကုသသင့်ပါတယ်
အရိုးအဆစ်တွေမှာ ဖြစ်တဲ့ ထိခိုက်မှုတွေက ခံစားရတဲ့ဝေဒနာ အတိမ်အနက် မတူတာဘဲ ရှိပါတယ်။ ဒါပေမယ့် တချို့အခြေအနေတွေဆို အမြန်ဆုံး အရေးပေါ်မကုသရင် ဆိုးရွားပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်ပြီး အခန့်မသင့်ရင် အရေးပေါ် ခွဲစိတ်ကုသရနိုင်ပါတယ်။အရေးပေါ်ကုသမှု သို့မဟုတ် ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်တဲ့ အခြေအနေတချို့က –။ဒီလို အရိုးအဆစ်ပြဿနာတွေဆို ကျွမ်းကျင်ဆရာဝန်တွေရဲ့ ကုသမှု အမြန်ဆုံး ခံယူဖို့ လိုအပ်ပါတယ်။ ဒါမှ မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေ မဖြစ်ရအောင်ပါ။ထိခိုက်မှုဖြစ်တဲ့ အခါပဲ ဖြစ်ဖြစ်၊ ခွဲစိတ်ကုသမှု နောက်ပိုင်းပဲ ဖြစ်ဖြစ်အရိုးအဆစ်မှာ ပြဿနာဖြစ်လာတဲ့ အခါ ဒီလိုအခြေအနေမျိုးတွေ ဆိုရင်လည်း ကျွမ်းကျင်ဆရာဝန်တွေဆီ အမြန်ဆုံး ပြသပြီး အရေးပေါ်ကုသမှု ခံယူသင့်ပါတယ်။ကုသမှု ခံယူထားပြီးသူတွေ မှာ သို့မဟုတ် ပထမ နာကျင်ကိုက်ခဲမှုအပြင် ဝေဒနာထပ်တိုးလာသူတွေမှာ ဒီလက္ခဏာတွေ ဆက်ဖြစ်လာရင် မပေါ့ဆပါနဲ့။ အမြန်ဆုံး ကုသမှုခံယူပါလို့ တိုက်တွန်းချင်ပါတယ်။သိပ်မပြင်းထန်တဲ့ အရိုးအဆစ် ထိခိုက်မှု ဆိုလည်း ပေါ့ပေါ့ဆဆ မနေသင့်ပါဘူး။ စောစောစီးစီး ရောဂါရှာဖွေစမ်းသပ်မှုတွေ လုပ်ပြီး ကုသမှု ခံယူသင့်ပါတယ်။ ဒါမှ အထက်မှာ ဖော်ပြခဲ့သလို ကြောက်စရာဆိုးကျိုးတွေကို ရှောင်ရှားနိုင်မှာပါ။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/%e1%80%a1%e1%80%9b%e1%80%ad%e1%80%af%e1%80%b8%e1%80%a1%e1%80%86%e1%80%85%e1%80%ba-%e1%80%92%e1%80%ae%e1%80%9c%e1%80%ad%e1%80%af%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%9b%e1%80%84%e1%80%ba-%e1%80%a1/
ကဖိန်းဟာ ရေဓာတ်ခန်းခြောက်စေသလား
ကော်ဖီဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး သောက်သုံးစရာတခုဖြစ်ပါတယ်။ ကော်ဖီကို လူကြိုက်များရတဲ့ အကြောင်းတခုကတော့ သူ့မှာပါဝင်တဲ့ ကဖိန်းဓာတ်ကြောင်းဖြစ်ပြီး တက်ကြွလန်းဆန်းစေတဲ့ အာနိသင် ရှိပါတယ်။ ဒါပေမယ့်ကဖိန်းကြောင့်ရေဓာတ်ခန်းခြောက်ခြင်းဖြစ်စေတယ်လို့လည်း ဆိုကြပါတယ်။ဒီဆောင်းပါးမှာတော့ ကဖိန်းဓာတ်ကြောင့် ရေဓာတ်ခန်းခြောက်စေသလား၊ ရေဓာတ်ပြည့်ဝစေသလား ဖော်ပြသွားမှာ ဖြစ်ပါတယ်။ကော်ဖီသောက်ရတဲ့ အဓိကအကြောင်းကတော့ ကဖိန်းဓာတ်ကို ခံစားရရှိနိုင်ဖို့ ဖြစ်ပါတယ်။ ကဖဖိန်းဟာ ကမ္ဘာပေါ်မှာ စားသုံးမှုအများဆုံးပစ္စည်းတမျိုးဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်မြှင့်တင်ပေးနိုင်တဲ့အပြင်ရုပ်ပိုင်းဆိုင်ရာစွမ်းဆောင်မှုတွေကိုပါ တိုးတက်စေဖို့ အထောက်အကူ ပြုပါတယ်။ကိုယ်ခန္ဓာထဲကို ရောက်တဲ့အခါ ကဖိန်းဟာအစာအိမ်အူလမ်းကြောင်းကတဆင့် သွေးထဲကို ရောက်သွားပါတယ်။ နောက်ဆုံးမှာအသည်းကို ရောက်ပြီး ဒြပ်ပေါင်းများစွာအဖြစ် ဖြိုခွဲပြီး ဦးနှောက်အပါအဝင် တခြားအင်္ဂါအစိတ်အပိုင်းတွေဆီ ရောက်သွားပါတယ်။ကဖိန်းဓာတ်ဟာဦးနှောက်အပေါ် အဓိက အကျိုးသက်ရောက်တယ်လို့ သိထားကြပေမယ့် သုတေသနတွေအရလည်း ကျောက်ကပ်အပေါ် အကျိုးသက်ရောက်မုှရှိပြီး ဆီးရွှင်စေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ကော်ဖီအသောက်များရင် ဖြစ်ပါတယ်။ကဖိန်းဓာတ်ဟာ ကျောက်ကပ်များဆီသွေးစီးဆင်းမှုကို များလာစေပါတယ်။ အဲဒီအခါ ဆီးစွန့်ထုတ်မှုလည်း ပိုများလာတတ်ပါတယ်။ ဆီးသွားများစေတာကြောင့် ကဖိန်းဟာ သင့်ကိုယ်ခန္ဓာရဲ့ ရေဓာတ်အပြောင်းအလဲအပေါ် အကျိုးသက်ရောက်မှု ရှိပါတယ်။ဖျော်စပ်ပုံမတူတဲ့ ကော်ဖီတွေမှာ ကဖိန်းပါဝင်မှုလည်း ကွာခြားပြီး ရေဓာတ်ရှိသလား၊ လျော့နည်းစေသလား အကျိုးသက်ရောက်မှု ရှိပါတယ်။ ကော်ဖီမှုန့် လတ်လတ်ဆတ်ဆတ်ကနေ နှပ်ဖျော်တဲ့ ကော်ဖီ ၈အောင်စ (၂၄၀ မီလီလီတာ) မှာ ကဖီန်း ၇၀-၁၄၀ မီလီဂရမ် ပါဝင်ပါတယ်။အသင့်ဖျော်ကော်ဖီတွေမှာတော့ ပုံမှန်ကော်ဖီတွေထက် ကဖိန်းဓာတ်နည်းပြီး ၈ အောင်စ (၂၄၀ မီလီလီတာ) မှာ ၃၀ ကနေ ၉၀ မီလီဂရမ်ထိ ပါဝင်ပါတယ်။ အိပ်စ်ပရက်ဆိုကော်ဖီ ၃၀-၅၀ မီလီလီတာမှာတော့ ကဖိန်း ၆၃ မီလီဂရမ် ပါဝင်ပါတယ်။ ကဖိန်းဓာတ်လျှော့ထားတဲ့Decaf ကော်ဖီမှာတော့ ကော်ဖီအရည် ၈အောင်စ (၂၄၀ မီလီလီတာ)မှာ ဝ-၇ မီလီဂရမ် ပါဝင်ပါတယ်။ကဖိန်းဟာ ဆီးရွှင်စေတဲ့အာနိသင်ရှိပေမယ့် ကဖိန်းသောက်ခြင်းကြောင့် ရေဓာတ်ခန်းခြောက်ခြင်းထိတော့ မဖြစ်စေပါဘူး။ ဒါ့အပြင် ဆီးသွားများစေတဲ့ အာနိသင်ကို ရစေဖို့ဆိုရင် ၅၀၀ မီလီဂရမ်အထက် (၅ခွက်ခန့်) သောက်သုံးဖို့ လိုပါတယ်။တခါက ကော်ဖီသောက်သုံးသူ ဆယ်ဦးအပေါ် ကော်ဖီရဲ့ အကျိုးသက်ရောက်မှုတွေကို လေ့လာခဲ့ပါတယ်။အဆိုပါ အစီအစဉ်မှာ ရေ ၂၀၀ မီလီလီတာ၊ ကဖိန်းနည်းတဲ့ကော်ဖီ (ကဖိန်း ၂၆၉ မီလီဂရမ်) နဲ့ ကဖိန်းများတဲ့ ကာ်ဖီ (ကဖိန်း ၅၃၇ မီလီဂရမ်) ကို သောက်သုံးခြင်းများ ပါဝင်ပါတယ်။ လေ့လာမှုများအရ ကဖိန်းများတဲ့ ကော်ဖီဟာ ဆီးသွားများစေတဲ့ အာနိသင်ရှိပြီး ကဖိန်းနည်းတဲ့ ကော်ဖီနဲ့ရေ နှစ်မျိုးစလုံးဟာ ရေဓာတ်ပြည့်ဝစေတဲ့ အာနိသင်ရှိကြောင်း တွေ့ရပါတယ်။ကော်ဖီကို အသင့်အတင့်သောက်သုံးခြင်းဟာရိုးရိုးရေသောက်သလိုပဲ ရေဓာတ်ပြည့်၀ စေတယ်လို့ တွေ့ရှိရပါတယ်။ဒါ့အပြင် ကော်ဖီကို စွဲစွဲမြဲမြဲသောက်သုံးသူ ၅၀ အပေါ် ပြုလုပ်ခဲ့တဲ့ သုတေသနအရ နေ့စဉ် ၂၆.၅ အောင်စ (၈၀၀ မီလီလီတာ) ကို သုံးရက်ဆက်တိုက်သောက်သုံးခြင်းဟာ ပမာဏတူ ရေကို သောက်သုံးခြင်းနဲ့ ညီမျှတယ်လို့ ဆိုပါတယ်။ တထိုင်တည်းနဲ့ ကော်ဖီသုံးခွက်လောက်ထိ သောက်သုံးသူများကတော့ ဆီးသွားနှုန်း ၃.၇အောင်စ (၁၀၉ မီလီလီတာ) ပိုမိုလာတယ်လို့ဆိုပါတယ်။ခြုံကြည့်မယ်ဆိုရင် ကဖိန်းဟာ ဆီးရွှင်စေတဲ့ အာနိသင်ရှိပြီး မကြာခဏ ဆီးသွားလာစေပါတယ်။ အများအပြား သောက်မိရင်တော့ ရေဓာတ်လျော့ပါးခြင်းကို ဖြစ်စေနိုင်ပါတယ်။ တနေ့ကို တခွက်နှစ်ခွက်နှုန်းပဲ သင့်တင့်ရုံသောက်သုံးရင်တော့ ရိုးရိုးရေသောက်သလို ရေဓာတ်ပြည့်ဝစေမှာ ဖြစ်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/does-coffee-dehydrate-you/
ဒူးခွဲစိတ်မှု နောက်ပိုင်း မဖြစ်မနေ သတိထားသင့်တဲ့ (၁၄) ချက်
ထိခိုက်မှုကြောင့် ၊အရွတ်စုတ်ပြဲခြင်းကြောင့် စတဲ့ အကြောင်းရင်း အမျိုးမျိုးကြောင့် ဒူးခွဲစိတ်မှု ခံယူပြီးတဲ့နောက်မှာ အမြန်သက်သာစေဖို့၊ နောက်ဆက်တွဲပြဿနာတွေ မဖြစ်စေဖို့နဲ့ အနာပိုးမဝင်ဖို့ ဂရုစိုက်ရပါမယ်။ကုသမှုခံယူခဲ့တဲ့ခွဲစိတ်မှုအမျိုးအစား၊ ဝေဒနာပြင်းထန်မှု အတိမ်အနက်၊ လူနာရဲ့ ကျန်းမာရေးအခြေအနေကို မူတည်ပြီး ၁ ရက်ကနေ ၃ ရက်လောက်တော့ ဆေးရုံတက်ရပါလိမ့်မယ်။နာကျင်မှုရှိနိုင်ပေမယ့် ကုသမှု အပြီး နောက်တစ်ရက်မှာ အထိန်းကိရိယာတစ်ခုခုနဲ့ဖြစ်ဖြစ် ထဖို့၊ လမ်းနည်းနည်း လျှောက်ကြည့်ဖို့ ကျန်းမာရေးစောင့်ရှောက်သူတွေက ဂရုစိုက်ပေးမှာပါ။ကိုယ့်ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေ၊ ပြန်လည်ကျန်းမာရေး လမ်းညွှန်ချက်တွေကို လိုက်နာဖို့တော့ အရေးကြီးပါတယ်။ဒူးသန်မာစေဖို့ရည်ရွယ်တဲ့ ပြန်လည်သန်စွမ်းရေး ကုထုံးတွေ၊ လေ့ကျင့်ခန်းတွေ ရှိမယ်၊ ဒါတွေက အနည်းငယ် နာကျင်ရနိုင်ပေမယ့် နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်ခြေ နည်းစေပါတယ်။အများစုက ဒူးခွဲစိတ်မှု ကုသအပြီး ၆ ပတ်အကြာမှာ ပုံမှန်လှုပ်ရှားမှုတွေ ပြန်လုပ်နိုင်ပါပြီ။ ဒါပေမယ့် ၃ လလောက်ထိတော့ နာကျင်မှုနဲ့ ရောင်ရမ်းမှုတချို့ ရှိနိုင်တယ်၊တစ်ရှူးနဲ့ ကြွက်သားအမာရွတ်တွေ ပျောက်ကင်းဖို့ ၂ နှစ် ကြာနိုင်ပါတယ်။(၁) အနာကျက်မြန်စေဖို့ နဲ့ ကြွက်သားသန်မာစေဖို့ အထောက်အကူဖြစ်မယ့် လိုအပ်တဲ့ အားဆေး သောက်ပါ။(၂) အနာ ပိုးမဝင်အောင် ဂရုစိုက်ပါ။ပိုးဝင်တဲ့လက္ခဏာတွေ တွေ့တာနဲ့ ဆရာဝန်အမြန်ပြပါ။(၃) ကိုယ်အလေးချိန်ကို ဒူးက သေချာထမ်းနိုင်လောက်တဲ့ အနေအထား မရောက်မချင်း လမ်းလျှောက်အကူကိရိယာ၊ ချိုင်းထောက်၊ တုတ်ကောက် တို့ကိုသုံးပါ။(၄) ညွှန်ကြားချက်အတိုင်း ဆေးကို ပုံမှန်သောက်ပါ။(၅)ဒူးကျန်းမာရေးအတွက် သင်ပြပေးလိုက်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ပါ။(၆) ထိုင်ခုံမှာ ထိုင်တဲ့အခါ ခွဲစိတ်ထားတဲ့ ခြေထောက်ကို ခွေးခြေခုံလေးနဲ့ မြှင့်ထားပါ။(၇) နီမြန်း၊ ရောင်ရမ်း၊ သွေးထွက်၊ ပြည်တည်၊ အရည်ထွက်၊ ကိုယ်ပူတာတွေ အပါအဝင် အနာပိုးဝင်တဲ့ လက္ခဏာတွေ ရှိလာသလား သတိထား စောင့်ကြည့်ပါ။(၈) ချော်လဲတာမျိုး ထပ်ပြီးထိခိုက်တာ မဖြစ်စေဖို့ ဂရုစိုက်ပါ။(၉) ကုသမှု လုပ်ပြီးပြီးချင်း တစ်ပတ်၊ နှစ်ပတ်အတွင်း ဒူးကွေးမချဖို့၊အလေးအပင်မ မ ဖို့ သတိထားပါ။(၁၀) အနာ သေချာမကျက်သေးဘဲ ရေစိုမခံပါနဲ့။ အနာပိုးဝင်ဖို့ လွယ်စေနိုင်ပါတယ်။(၁၁) အချိန်အကြာကြီး မတ်တတ်မရပ်ပါနဲ့။ ခြေကျင်းဝတ်တွေ ရောင်လာနိုင်တယ်။(၁၂) ထိုင်တဲ့အခါ ခြေထောက်ချိတ်ပြီး မထိုင်ပါနဲ့။(၁၃) ဒူးကို ဖိအားများစေမယ့် လှုပ်ရှားမှုတွေ၊ လေ့ကျင့်ခန်းတွေ မလုပ်ပါနဲ့။(၁၄) နာကျင်မှုကို လျစ်လျူမရှုပါနဲ့။ လိုအပ်ရင် သောက်ဖို့ ပေးထားတဲ့အကိုက်အခဲပျောက်ဆေးတွေ သောက်ပါ။ ပိုဆိုးလာရင်၊ ထူးခြားတဲ့လက္ခဏာရှိလာရင် ဆရာဝန် ပြန်ပြပြီး တိုင်ပင်ပါ။တကယ်လို့ ဒူးဆစ် ခွဲစိတ်ကုသ ထားတဲ့နေရာက ပိုပြီး ရောင်ရမ်းလာတာ၊နီမြန်းလာတာ၊ အရည်ထွက်လာတာ၊ပြည်တည်လာတာ၊ အဖျားတက်လာတာ လိုမျိုး ပိုးဝင်တဲ့ လက္ခဏာတွေ ရှိလာရင် ချက်ချင်းကုသမှု ခံယူသင့်ပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/orthopedic-surgery/14-facts-to-know-post-op-knee-surgery/
နို့စို့ကလေး ဝမ်းချုပ်ခြင်း
မိမိချစ်ရတဲ့ဘေဘီလေးဝမ်းမကောင်းလို့ ခေါင်းခဲနေရတဲ့ မေမေတွေများရှိလား။ နို့စို့ကလေး လေးတွေ တစ်ခုခုဆိုတိုင်း အရင်ဆုံး စိတ်ပူစိတ်ညစ်တတ်တာက မေမေတွေပါနော်။ အချို့ကိစ္စတွေက ဖြစ်လေ့ဖြစ်ထရှိတာမို့ စိတ်ပူစရာမလိုပေမယ့် ဖြစ်လေ့ဖြစ်ထမရှိတာတွေအတွက်ကတော့ စိတ်ပူဖို့လိုမှာပါ။ ကလေးလေးတွေက မွေးကာစအရွယ်မှာ ခဏခဏဝမ်းသွားနိုင်ပါတယ်။ ကလေးကို ဝမ်းချုပ်တယ်လို့ ပြောဖို့ဆိုရင် အရင်ဆုံးသိထားရမှာက ကလေးဟာ တစ်နေ့ကို ဘယ်နှကြိမ်လောက် ဝမ်းသွားတတ်လဲဆိုတဲ့အချက်ပါ။ ဒီအချက်ကလည်း ကလေးတစ်ယောက်နဲ့တစ်ယောက်မှာ မတူနိုင်ပါဘူး။ သူတို့လေးတွေရဲ့စားသောက်နေထိုင်မှုကွာခြားချက်အရ ဝမ်းသွားတာကလည်း ကွာခြားနိုင်ပါတယ်။နို့စို့ကလေး တွေကို ဝမ်းချုပ်စေနိုင်တဲ့ အကြောင်းအရင်းတွေက တော်တော်လေးများပါတယ်။[embed-health-tool-baby-poop-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/baby-care-baby/%e1%80%94%e1%80%ad%e1%80%af%e1%80%b7%e1%80%85%e1%80%ad%e1%80%af%e1%80%b7%e1%80%80%e1%80%9c%e1%80%b1%e1%80%b8-%e1%80%9d%e1%80%99%e1%80%ba%e1%80%b8%e1%80%81%e1%80%bb%e1%80%af%e1%80%95%e1%80%ba%e1%80%bc/
သားဦးမေမေတို့သိချင်နေမယ့် နို့တိုက်ခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာများ
မကြာခင်မှာ အသစ်စက်စက်မေမေဖြစ်တော့မယ့် Hello ဆရာဝန်ပရိသတ်ကြီးတွေများ ရှိနေလား။ ကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ အစ်မ ဒါမှမဟုတ် သူငယ်ချင်းတွေအတွက်ပဲဖြစ်ဖြစ် ဒီဆောင်းပါးလေးက ဖတ်ထားသင့်ပါတယ်နော်။ ဘာလို့ ဒီဆောင်းပါးကို ဖတ်သင့်တယ်လို့ပြောရလဲဆိုတာ အကြောင်းအရင်းရှိပါတယ်။ဘေဘီလေးတစ်ယောက် ကိုယ့်ဘဝထဲရောက်လာပြီဆိုရင် သူတို့အဆင်ပြေပါ့မလားဆိုက တစ်နေ့တာရဲ့ ၂၄ နာရီမှာ ၁၆ နာရီမကကို တွေးမိနေမှာပါ။ သိချင်မိတဲ့မေးခွန်းပေါင်းကလည်း သောင်းခြောက်ထောင်ပေါ့။ ဒီလိုသိချင်လောက်မယ့်မေးခွန်းတွေကို ဒီဆောင်းပါးလေးထဲမှာပြောပြပေးမှာဖြစ်လို့ပါနော်။ ကဲ …. သားဦးမေမေတို့သိချင်နေမယ့် နို့တိုက်ခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာများ ရဲ့ အဖြေကို ကြည့်လိုက်ရအောင်လား ……..။အသစ်စက်စက်မေမေတို့ သိချင်လောက်မယ့် မေးခွန်းလေးတွေရဲ့ အဖြေက။ကလေးလေး တော်တော်များများက မွေးလာလာချင်းမှာ ဗိုက်ဆာနေတတ်ကြပြီး ကလေးကမိခင်နို့ကို သောက်ဖို့အဆင်သင့် ဖြစ်နေတတ်ကြပါတယ်။ မိခင်နို့နဲ့ သူတို့ပါးစပ်လေးကို ထိတွေ့ပေးလိုက်တာနဲ့ သဘာဝပေးထားတဲ့ အသိအရ နို့စစို့တော့တာပါပဲ။ နို့ကို ဘေဘီလေးက ချက်ချင်းမစို့ဖြစ်ရင်တောင်မှ မွေးပြီးချိန်ကနေ နာရီဝက်အတွင်းမှာ နို့စစို့ပါလိမ့်မယ်။ဒါပေမယ့် မေမေရော ကလေးရောက အကျင့်မရှိသေးတဲ့အတွက် နို့တိုက်တဲ့အခါ နို့ငုံမိဖို့၊ နို့ကောင်းကောင်းစို့တတ်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ရှိချိန်တည်းက ကလေးနို့တိုက်နည်းကို ကြိုတင်လေ့လာထားပါ။ကလေးက နို့ဝပါ့မလား၊လို့ စိတ်ပူနေမိလား။ စိတ်မပူပါနဲ့နော်။ မွေးကင်းစကလေးရဲ့ အစာအိမ်က တော်တော်လေး သေးပါတယ်။ ဒါကြောင့် ကလေးကနို့အများကြီး မစို့နိုင်သေးပါဘူး။ နည်းနည်းချင်းနဲ့ အကြိမ်ရေများများတော့ စို့နိုင်ပါတယ်။ မွေးစကလေးကို ၂-၄နာရီခြား တစ်ခါ တစ်ရက်ကို ၈ကြိမ်ကနေ ၁၂ကြိမ် တိုက်ပေးရပါမယ်။ကလေးလေးတွေ နို့ဆာတဲ့အခါ သူတို့လက်ကို သူတို့စုပ်တာ၊နှုတ်ခမ်းလေးကို ကျွတ်ကျွတ်မြည်အောင် စုတ်တာ၊ ပါးစပ်ကလေးဖွင့်ပြီး မိခင်နို့ကို ရှာတာမျိုး လုပ်နိုင်ပါတယ်။ ကလေးက အိပ်မနေဘူးဆိုရင် ကလေးကို ညင်ညင်သာသာလေး ထွေးပွေ့လို့ နို့နားမှာပါးစပ်လေးတေ့ပေးကြည့်လိုက်ရင်လည်း နို့ဆာနေလားဆိုတာကို သေသေချာချာကို သိရမှာပါ။မွေးစကလေးမှာတော့ နို့ဆာသည်ဖြစ်‌စေ၊ မဆာသည်ဖြစ်စေ ၂-၄နာရီခြား တစ်ခါ နို့တိုက်ပေးပါ။ သူဗိုက်ဝနေရင်တော့ ကလေးက ငြင်းပါလိမ့်မယ်။ကလေးကို နို့တိုက်တဲ့အခါ ဘယ်လောက်ကြာကြာ တိုက်ရမယ်လို့ မရှိပါဘူး။ ကလေးက နို့ဝတဲ့အခါ နို့ကို ဆက်မသောက်တော့တာမျိုး၊ နို့ကိုပါးစပ်ကနေဖြုတ်တာမျိုး လုပ်ပါလိမ့်မယ်။ ဒါက သူနို့ဝသွားပြီဆိုတဲ့ သဘောပါ။ဒါကြောင့် ဘယ်လောက်ကြာကြာ နို့တိုက်ရမယ်လို့ အချိန်အတိအကျ သတ်မှတ်ချက် မရှိပါဘူးနော်။ ဘေဘီက အစားပုတ်လေးဆိုရင်တော့ နို့စို့ချိန်က ပိုကြာနိုင်ပြီး ခဏခဏလည်း ဆာနိုင်ပါတယ်နော်။ကလေးတွေက နို့ဝပြီဆိုတာကို နို့ဆက်မစို့တော့ဘဲ အချက်ပြပါလိမ့်မယ်။ အရမ်းကြီး စိုးရိမ်နေဖို့ မလိုပါဘူးနော်။ နို့ဝတဲ့အခါ နို့သီးခေါင်းကို ပါးစပ်ကနေ ဖြုတ်လို့အိပ်သွားတာမျိုး ရှိနိုင်သလို နို့ဆက်စို့ဖို့ ငြင်းဆန်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ ကလေးက နို့ဝနေပြီဆိုတဲ့ အဓိပ္ပာယ်ပါနော်။ကဲ အသစ်စက်စက် မေမေတို့ရေ သဘာဝတရားကြီးက ဘေဘီလေးကို လိုအပ်တဲ့ အသိဉာဏ်တွေ ထည့်ပေးလိုက်မှာဆိုတော့ အရမ်းကြီး စိတ်ပူမနေဖို့ ပြောပါရစေ။ အခုချိန်မှာ ဘာမှမလုပ်တတ်သေးပေမယ့် မိခင်မေတ္တာကြောင့် ကလေးကို အကောင်းဆုံးပျိုးထောင်ပေးနိုင်မှာပါနော်။ အရာရာကို တအားကြီး စိတ်မပူပါနဲ့……..။သားဦးမေမေတို့သိချင်နေမယ့် အရာများ အဖြေထွက်လောက်ပြီ ထင်ပါတယ်။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/baby/breast-feeding/breastfeeding-facts-that-want-to-know-newest-moms/
ခြေဖဝါး၊လက်ဖဝါး အကြောလျှော့အနှိပ်ခံခြင်းရဲ့ အကျိုးကျေးဇူးတွေ သိထားပြီးပြီလား
ရုံးဆင်းပြီဆိုရင် Foot Reflexology ဆိုင်တွေကို ပြေးတတ်ကြတယ်နော်။ ဒီနေရာတွေက တစ်နေ့ကုန် ဖိစီးတောင့်တင်းနေတဲ့ အကြောအခြင်တွေကို နာရီပိုင်းလေးအတွင်းမှာ ပြေလျော့သက်သာစေမယ့် အနားယူစရာလေးတွေ ဖြစ်လာပါတယ်။ အလုပ်မှာပင်ပန်းသမျှ စိတ်ဖိစီးမှုတွေကိုပါ ပြေလျော့ သက်သာစေနိုင်ပါတယ်တဲ့။ ခြေဖဝါး၊လက်ဖဝါး အကြောလျှော့အနှိပ်ခံခြင်းရဲ့ အကျိုးကျေးဇူးတွေ က မနည်းလှပါဘူး။ခြေဖဝါး၊ လက်ဖဝါးတို့ အပြင် ခန္ဓာကိုယ်ရဲ့ အကြောတောင့်တင်းနိုင်တဲ့ ဧရိယာတွေကို ဖြေလျှော့ နှိပ်နယ်ပေးတဲ့ ဝန်ဆောင်မှုဟာ ဒီနှစ်ပိုင်းမှာ အတော်လေး ခေတ်စားလာခဲ့ပြီမို့ အကြောပြေ အနှိပ်ခံခြင်းရဲ့ အကျိုးကျေးဇူးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ အားသုံး နှိပ်နယ်တာ မဟုတ်ဘဲ အကြောအခြင် အဓိက ပွိုင့်လေးတွေကိုပဲ အသာအယာ နှိပ်နယ်နှိုးဆွပေးတဲ့ နည်းကို ဆိုလိုတာပါနော်။ခြေဖဝါး၊လက်ဖဝါး အကြောလျှော့အနှိပ်ခံခြင်းရဲ့ အကျိုးကျေးဇူးတွေ ကတော့။(၁)အာရုံကြောလုပ်ဆောင်မှုကို ပိုကောင်းစေတယ်။အသက်ကြီးလာတာနဲ့အမျှ ကျွန်မတို့ခန္ဓာကိုယ်မှာရှိတဲ့ အာရုံကြောစွန်းတွေ (ခြေဖျား၊လက်ဖျားတို့လို အစွန်အဖျားအစိတ်အပိုင်းတွေ)က ထိတွေ့အာရုံခံနိုင်စွမ်း အားနည်းလာပါတယ်။ Reflexology တစ်ကြိမ်လောက်နဲ့ အာရုံကြောအစွန်းပေါင်း ၇၀၀၀ ကျော်ကို နှိုးဆွပေးနိုင်တယ်၊ လုပ်ဆောင်ချက်နဲ့ ပြန်လည်တုံ့ပြန်နိုင်စွမ်းပိုကောင်းစေနိုင်တယ်လို့ ဆိုကြပါတယ်။(၂) အားပိုဖြစ်စေတယ်။ကိုယ်တွင်းအစိတ်အပိုင်းတွေနဲ့ ကြွက်သားစနစ်လုပ်ဆောင်ချက်တွေကို ထိန်းညှိပေးတဲ့ reflexology ကကိုယ်တွင်းဇီဝဖြစ်စဉ်တွေနဲ့ ခွန်အားဖြစ်ပေါ်မှုတွေကို တိုးမြှင့်ပေးနိုင်ပါတယ်။(၃) အိပ်ပျော်စေတယ်။အိပ်ရာမဝင်ခင် အချိန်ကခြေထောက်ကို နှိပ်နယ်ဖို့ အကောင်းဆုံး ပါပဲ။ ခြေထောက်ကို အကြောပြေလျော့ပြီး သက်သောင့်သက်သာ ရှိစေတဲ့ နှိပ်နယ်မှုက သွေးလည်ပတ်မှု ပိုကောင်းစေပါတယ်။ သွေးလည်ပတ်မှု ပိုကောင်းတဲ့အခါ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။(၃) သွေးလည်ပတ်မှုပိုကောင်းစေတယ်။အကြောလျှော့ အနှိပ်ခံခြင်းရဲ့လူသိများတဲ့ ကောင်းကျိုးတွေထဲမှာ ခန္ဓာကိုယ်အနှံ့ သွေးလည်ပတ်မှု ပိုကောင်းစေတဲ့ အချက် ပါဝင်ပါတယ်။ ညင်သာစွာနဲ့ ထိမိတဲ့ နှိပ်နယ်မှုကြောင့် ကိုယ်တွင်းက အရေးပါတဲ့ အစိတ်အပိုင်းတွေဆီကို အောက်စီဂျင် ပိုမို ရောက်ရှိစေပြီး လုပ်ဆောင်ချက်တွေ ပိုကောင်းစေမယ်။ အကျိုးရလဒ် အနေနဲ့ အနာကျက်ခြင်းနဲ့ ထိခိုက် ပျက်စီးနေတဲ့ ဆဲလ်တွေ ပြန်လည် ဖြစ်ပေါ်မှုတို့ မှာလည်း ပိုမြန်ဆန်စေ ပါတယ်။(၄) ပင်ပန်းမှုတွေကို ပြေပျောက်စေတယ်။အပေါ်မှာ ပြောခဲ့သလိုပဲ reflexology က အာရုံကြောတွေကို နှိုးဆွပေးနိုင်လို့ ခန္ဓာကိုယ်ကို ပြေလျော့စေပြီး ပိုလို့ သက်သောင့်သက်သာ ဖြစ်စေပါတယ်။ ဒါ့ကြောင့်ပဲ အိပ်စက်မှု ဆိုင်ရာ ရောဂါတွေကို ကုသရာမှာ ဒီနည်းကို သုံးခဲ့ကြပါတယ်။ ညအိပ်မပျော်သူတွေမှာ reflexology ကြောင့် ခန္ဓာကိုယ်ကို ပေါ့ပါး သက်သာစေပြီး နှလုံးခုန်နှုန်းကိုပါ ပုံမှန် ပြန်ဖြစ်စေပါတယ်။(၅)အဆိပ်အတောက်တွေ ကင်းစင်စေတယ်။Reflexology ကြောင့် ဆီးအိမ် လုပ်ဆောင်ချက်ကို ပိုကောင်းစေပြီး ဆီးလမ်းကြောင်း ပြဿနာတွေကို သက်သာ လျော့ပါးစေပါတယ်။ ဒါ့ကြောင့် ကိုယ်တွင်းက အဆိပ်အတောက်တွေနဲ့ တခြား ဓာတ်ပစ္စည်း တွေကို ဖယ်ရှား သန့်စင်ရာမှာ လုပ်ဆောင်ချက် ပိုကောင်းစေပါတယ်။ဒီလို ကောင်းကျိုးတွေ ရှိတယ် ဆိုတော့လည်း အလုပ်ဆင်းလို့ အားတဲ့ အချိန် ဒါမှမဟုတ် အလုပ် ပိတ်ရက်လေးတွေမှာ အနားယူရင်း တစ်ကြိမ် တစ်ခေါက်တော့ သွားပြီး အနားယူသင့်တာပေါ့နော်။ Hello ဆရာဝန် ပရိသတ်တို့ ကျန်းမာ ပေါ့ပါးတဲ့ နေထိုင်မှု ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေလို့။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/alternative-medicines/foot-reflexology-benefits/
ဆံပင်မခြောက်ခင် အိပ်ရာမဝင်ပါနဲ့
ညဘက် ခေါင်းမလျှော်နဲ့နော်။ ရေစိုကြီးနဲ့ အိပ်ရင် ဖျားမယ်လို့ မေမေတို့ ဖွားဖွားတို့ဆီက ဆူတာ ခံရဖူးတာ။ ဆံပင်စိုကြီးနဲ့ အိပ်လို့ ဖျားတယ်ဆိုတာကတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆံပင် ရေစိုနေရင် အိပ်ရာ မဝင်သင့်တာကတော့ အမှန်ပါပဲ။ ခေါင်းလျှော်ပြီးရင် အိပ်ချင်တာကလည်း အမှန်ပဲနော်။ ဒါပေမယ့် ဆံပင် ခြောက်မှပဲ အိပ်ပါ။ ဘာကြောင့် ဆံပင်မခြောက်ခင် အိပ်ရာမဝင်ပါနဲ့ လို့ပြောရတာလဲ ဆိုတာကို ပြောပြပေးပါရစေနော်။ဆံပင် ရေစိုနေရင် မအိပ်သင့်ပါဘူး။ အိပ်ချင်ရင်တောင်မှ Dryer သုံးပြီး ဆံပင်ကို အခြောက်ခံပြီးမှ အိပ်ရာ ဝင်သင့်ပါတယ်။ ဆံပင်အခြောက်မခံဘဲ အိပ်ရာ ဝင်တဲ့အခါ ဒါလေးတွေ ဖြစ်နိုင်ပါတယ်။ခေါင်းက စိုနေတဲ့ ခေါင်းအုံးစွပ်နဲ့ ထိတွေ့မိပြီးဘက်တီးရီးယားတွေပေါက်ဖွားမှု ကနေတဆင့် မျက်နှာမှာ ဝက်ခြံတွေ ဖြစ်စေနိုင်ပါတယ်။ ခေါင်းလျှော်ပြီးတဲ့အခါတိုင်း ဆံပင်ကို ရေခြောက်အောင် သုတ်တာအပြင်ခေါင်းအုံးစွပ်ကိုပါ လဲဖို့ မမေ့ပါနဲ့။ခေါင်းအုံးစွပ်မှာ ဘက်တီးရီးယားတွေ ရှိနေနိုင်သလိုမှိုပိုးတွေလည်း ပေါက်ဖွားနေနိုင် ပါတယ်။ ဒါကြောင့် ဆံပင် ရေစိုနေရင် မအိပ်ပါနဲ့။အစိုဓါတ်က ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့ အားဖြည့်ပေးတာမျိုး ဖြစ်သွားနိုင်တာကြောင့်ပါ။ ဒီလိုကနေ တဆင့်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေဖြစ်စေနိုင် ပါတယ်။ဘယ်သူကမှတော့ ခေါင်းဦးရေပြားမှာ ဗောက်တွေ ဖြစ်ချင်မှာ မဟုတ်ပါဘူး။ ခေါင်းလျှော်ရည်နဲ့ ဆံပင် အတွက် သုံးတဲ့ ရှန်ပူအများစုက ဗောက်တွေ သက်သာစေဖို့ ထုတ်ထားတာပါ။ တကယ်လို့ သင့်အနေနဲ့ ဆံပင် ရေစိုကြီးနဲ့ အိပ်ရာ ဝင်လိုက်မယ် ဆိုရင် ဦးရေပြားမှာ ဗောက်တွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဗောက်ပြဿနာ ကင်းချင်တယ်ဆိုရင် ဆံပင် ရေစိုနေတုန်း အိပ်ရာ မဝင်ပါနဲ့။ဦးရေပြားမှာ ဘက်တီးရီးယားတွေ ဖြစ်စေပြီး ဆံပင်တွေကို အကွက်လိုက် ကျွတ်စေတဲ့ ဦးရေပြားဆိုင်ရာ ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ဦးရေပြားမှာ အရေပြားဆိုင်ရာ ပြဿနာတွေ ဖြစ်မလာစေဖို့ ဆံပင်မခြောက်ခင် အိပ်ရာမဝင်ပါနဲ့။ဆံသားက ကျန်းမာနေတဲ့အခါ ပျော့ပျောင်းပြီး အရောင်စိုစိုတောက်တောက်လေးနဲ့ တော်တော်လေး ကြည့်လို့ ကောင်းတာပါ။ တကယ်လို့ သင့်အနေနဲ့ ဆံပင်ရေမခြောက်ဘဲ အိပ်ရာမဝင်မိဖို့ သတိထားပါ။ နောက်ထပ် ဖြစ်နိုင်တာကတော့ ဆံသားတွေ ကြွပ်ဆတ်ပြီး ခြောက်ဖွာလာနိုင်တာကြောင့်ပါ။ဆံပင်မခြောက်ခင် အိပ်တာက ခေါင်းအုံတာ၊ ခေါင်းကိုက်တာတွေ ဖြစ်စေနိုင်ပါတယ်။ ဆံပင်နဲ့ ခန္ဓာကိုယ် အပူချိန်တို့ မမျှမတဖြစ်ပြီး ခေါင်းကိုက်တာကို ခံစားရနိုင်ပါတယ်။ဆံပင်မှာ ရေမခြောက်ဘဲ အိပ်စက်တဲ့အခါ ဦးရေပြားမှာ မှိုပိုးတွေ ပေါက်ဖွားမှုဖြစ်ပြီး ဗောက်ဖြစ်တာ အပါအဝင် အခြားသော ဦးရေပြားကို ယားယံစေတဲ့ ပြဿနာတွေ ခံစားရနိုင်ပါတယ်။ ခေါင်းက အကြောင်းအရင်း မရှိဘဲ ယားယံတာမျိုးလည်းဖြစ်လာနိုင်ပါတယ်။ဒါကြောင့် ကျန်းမာသန်စွမ်းပြီး လှပကြော့ရှင်းတဲ့ ဆံသားကို ပိုင်ဆိုင်ဖို့ဆိုရင် ညဘက် ခေါင်းလျှော်ပြီးတဲ့အခါ ဆံပင်မခြောက်ခင်မှာ အိပ်ရာဝင်တာမျိုး မလုပ်ပါနဲ့။ အရမ်း အိပ်ချင်နေရင်လည်း Dryer အကူအညီနဲ့ ဆံပင်ကို ခြောက်အောင်လုပ်ပြီးမှ အိပ်စက်ဖို့ အကြံပြုပါရစေ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/hair-scalp-care/dangers-of-sleeping-with-wet-hair-at-night/
ရေညှိကြိုက်သူတွေအတွက် သတင်းကောင်း
ကိုရီးယားကြည့်ရင်း မင်းသားမင်းသမီးတွေရေညှိထမင်းလိပ်စားတာတွေ့လိုက်တိုင်းဖြစ်ဖြစ်၊ရေညှိဟင်းချိုသောက်တာဖြစ်ဖြစ် ကြည့်ရင်း စားချင်နေတတ်တဲ့ရေညှိကြိုက်တတ်သူလေးတွေများရှိနေလား။ ဒါဆိုရင်တော့ စားသာစားပါ။ရေညှိက ကျန်းမာရေးအတွက်ကောင်းကျိုးများတာမို့ စားပါလို့ပြောရတာပါ။ရေညှိက ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်လဲဆိုတာကို သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပါနော်။ရေညှိက ပင်လယ်ရေပြင်ထဲမှာပေါက်ဖွားတဲ့ သဘာဝစားစရာတစ်မျိုးပေါ့။ အရောင်အသွေးကနေ အနီရောင်၊ အစိမ်းရောင်၊အညိုရောင် နဲ့ အနက်ရောင်ဆိုပြီးအရောင်အသွေးအမျိုးမျိုးပါပဲ။ရေညှိက ပင်လယ်ပြင်ရှိနေတဲ့ ကမ္ဘာ့နေရာတိုင်းမှာရှိပေမယ့်ရေညှိကို အဓိကစားသုံးကြတာက ဂျပန်၊ ကိုရီးယား၊ တရုတ်တို့လိုမျိုး အာရှနိုင်ငံတွေပါ။ ဂျပန်ဆူရှီဆိုင်တွေနဲ့ ကိုရီးယားရုပ်ရှင်တွေကြောင့် အခုနောက်ပိုင်းမြန်မာနိုင်ငံမှာလည်းရေညှိစားသုံးသူအရေအတွက်တော်တော်လေးများလာပါပြီ။ရေညှိကသတ်သတ်လွတ်စားသုံးသူတွေအတွက် ဗီတာမင် နဲ့သတ္တုဓါတ်တွေများစွာကိုပေးစွမ်းနိုင်တဲ့ စားစရာတစ်ခုပါ။ရေညှိမှာအာဟာရဓါတ်တွေများစွာပါဝင်နေပါတယ်။စားလို့ကောင်းသလို အာဟာရကြွယ်ဝတဲ့ရေညှိလေးစားသုံးရင်းရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့။သိုင်းရွိုက်ဂလင်းတွေကို ကျန်းမာစေနိုင်ပါတယ်။သိုင်းရွိုက် ဂလင်းကဟော်မုန်းတွေကို ထိန်းချုပ်ပေးတဲ့၊ ထုတ်လွှတ်ပေးတဲ့တာဝန်တွေကို လုပ်ဆောင်ပေးပါတယ်။ ဒီလိုလုပ်ဆောင်ပေးမှုက ခန္ဓါကိုယ်မှာ အင်အားတွေဖြစ်စေသလိုခန္ဓါကိုယ်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် နဲ့ ဆဲလ်တွေပြင်ဆင်ဖို့အတွက် လိုအပ်တဲ့ အချက်တစ်ခုပါ။ ဒီလုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်ဆောင်ပေးဖို့အတွက် အိုင်အိုဒင်းကိုလိုအပ်မှာပါ။ ကိုယ်တွင်းမှာ အိုင်အိုဒင်းနည်းတဲ့အခါ သိုင်းရွိုက်ပြဿနာတွေခံစားရနိုင်ပါတယ်။ ဒီတော့ အဖြေက သိုင်းရွိုက်ပြဿနာကင်းချင်ရင် အိုင်အိုဒင်းပြည့်ဝရမယ်ဆိုတဲ့သဘောပေါ့။ရေညှိလေးက သဘာဝကပေးတဲ့ အိုင်အိုဒင်းပြည့်ဝတဲ့ စားစရာတစ်ခုဖြစ်တာကြောင့် သိုင်းရွိုက်ကျန်းမာစေဖို့ စားသုံးပေးလို့ရပါတယ်။ဆီးချိုသမားတွေအတွက် သင့်တော်တယ်။ရေညှိကအမျှင်ဓါတ်ကြွယ်ဝတာကြောင့် ဆီးချိုသမားတွေအတွက် သင့်တော်ပါတယ်။ အမျှင်ဓါတ်ကသွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးသလို အင်ဆူလင်ပမာဏကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုရှိသူတွေအနေနဲ့သွေးချိုထိန်းရာမှာ အထောက်အကူပြုတဲ့ အမျှင်ဓါတ်ကို ကျန်းမာတဲ့ အစားအသောက်အရင်းအမြစ်ကရရှိချင်တယ်ဆိုရင်တော့ကယ်လ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓါတ်ကဲတဲ့ရေညှိကို စားသုံးပေးပါ။အစာခြေစနစ်ကျန်းမာစေနိုင်တယ်။စားသုံးလိုက်တဲ့ အစားအစာတွေကိုဖြိုခွဲဖို့ နဲ့ အစာခြေစနစ်ကို ကျန်းမာစေဖို့အတွက်ရော ခန္ဓါကိုယ် ကျန်းမာစေဖို့အတွက်ပါ အရေးပါတဲ့ လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်ပေးနေတဲ့ ဇာတ်လိုက်လေးတွေက အစာခြေစနစ်ထဲက ဘက်တီးရီးယားတွေပါ။ ဒီတော့ အပေါ်မှာပြောခဲ့တဲ့ လုပ်ငန်းတာဝန်တွေကို အကောင်းဆုံးလုပ်နိုင်စေဖို့ဆိုရင်အကျိုးပြုဘက်တီးရီးယားလေးတွေကို အားဖြည့်ပေးဖို့လိုမှာပါ။ သူတို့ကို အားဖြည့်ပေးနိုင်တဲ့ အမျှင်ဓါတ်တွေကရေညှိမှာပါဝင်နေပါတယ်။ ဒါကြောင့်ရေညှိစားသုံးပေးမယ်ဆိုရင် အစာခြေစနစ်က အကျိုးပြုဘက်တီးရီးယားလေးတွေကို ကျန်းမာစေနိုင်ပြီး အစာခြေစနစ်ကို ကျန်းမာစေနိုင်မှာပါ။ရေညှိစားသုံးပေးမှုက ဝမ်းမချုပ်အောင် ကာကွယ်ပေးနိုင်သလို ဝမ်းသွားနေတာကိုလည်း သက်သာစေနိုင်ပါတယ်။ဝိတ်ကျစေနိုင်တယ်။ရေညှိမှာပါတဲ့ အမျှင်ဓါတ်တွေက ကိုယ်အလေးချိန်ချဖို့ကြိုးစားနေသူတွေအတွက်တော်တော်လေးအထောက်အကူဖြစ်စေမှာပါ။ရေညှိက ကယ်လ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓါတ်ပါဝင်မှုများတာကြောင့်ကိုယ်အလေးချိန်ကျစေဖို့ အထောက်အပံ့ပေးပါတယ်။နှလုံးကျန်းမာစေနိုင်တယ်။ရေညှိအပါအဝင် အမျှင်ဓါတ်များစွာပါဝင်တဲ့ အစားအစာတွေကသွေးတွင်းကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ရေညှိမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ များစွာပါဝင်နေတာကြောင့်သွေးတွင်းကိုလက်စရောကို ကျစေတဲ့အပြင် နှလုံးကိုပါ ကျန်းမာစေနိုင်ပါတယ်။ရေညှိစားရင်း အခုလို အကျိုးထူးတွေရစေနိုင်တယ်ဆိုမှတော့ရေညှိကြိုက်သူလေးတွေကို စားသာစား၊လို့ပြောပါရစေနော်။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/nutrition-facts/%e1%80%9b%e1%80%b1%e1%80%8a%e1%80%be%e1%80%ad%e1%80%80%e1%80%bc%e1%80%ad%e1%80%af%e1%80%80%e1%80%ba%e1%80%9e%e1%80%b0%e1%80%90%e1%80%bd%e1%80%b1%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba-2/
Perforated Eardrum (နားစည်ပေါက်ခြင်း )
နားစည်ပေါက်ခြင်းသည် အတွင်းနားနှင့် အပြင်နားအား ခြားနားထားသည့် အမြှေးပါး ပြဲသွားခြင်းဖြစ်သည်။ ၎င်းအမြှေးပါးအား စည်ပုံစံဖြစ်ပြီး အရေပြားနှင့် ဆင်တူသော တစ်ရှူးများနှင့် ဖွဲ့စည်းထား၏။နားစည်သည် နား၏အရေးကြီးလုပ်ငန်းနှစ်ခုအား လုပ်ဆောင်ပေးသည်။ ၎င်းသည် အသံလှိုင်များကို ဖမ်းယူပြီး ဦးနှောက်ဆီသို့ အသံရောက်ရန် အာရုံကြောလှုံစော်မှုအချက်ပြများအဖြစ် ပြောင်းလဲပေး၏။ နားအတွင်သို့ ဘက်တီးရီးယားများနှင့် ပြင်ပဝတ္ထုများ မဝင်စေရန်လည်း ကာကွယ်ပေးပါသည်။ပုံမှန်အားဖြင့် နားအလယ်ပိုင်းသည် ပိုးကင်စင်၏။ သို့သော် နားစည်ပေါကလျှင် ဘက်တီးရီးယားများ နားအလယ်ပိုင်းသို့ ဝင်သွားနိုင်ပြီး Otitis media ဟုခေါ်သော ပိုးကူးစက်ခြင်းကိုဖြစ်စေနိုင်ပါသည်။နားစည်ပေါက်ခြင်းသည် အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။နားစည်ပေါက်ခြင်း ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ။မြန်မြန်သက်သာသွားသော နားကိုက်ခြင်း။နားမှအရည်ကြည်များ သို့ ပြည်များသို့ သွေးများကျခြင်း။မကြားရတော့ခြင်း။နားတွင် တစီစီမြည်ခြင်း (tinnitus)။ချာချာလည်နေခြင်း (vertigo)။ချာချာလည်ခြင်းမှ ပျို့ခြင်း အန်ခြင်းဖြစ်စေခြင်း။အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။စောလျှင်စွာ သိခြင်းနှင့် ကုသခြင်းသည် ဤအခြေအနေအား ပိုဆိုးမသွားအောင် နောက်ထက် အရေးပေါ်အခြေအနေများမဖြစ်အောင် ကာကွယ်ပေးနိုင်ပါသည်။ ထို့ကြောင့် ပြင်းထန်သောအခြေအနေအား တားဆီးနိုင်ရန် ဆရာဝန်နှင့် တတ်နိုင်သလောက် စောစော တိုင်ပင်ပါ။သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။နားစည်ပေါက်ခြင်းဖြစ်စေသည့် အကြောင်းရင်းများစွာရှိကြောင်း သက်သေပြပြီးဖြစ်ပါသည်။ အောက်ပါအကြောင်းရင်းများသည် အဖြစ်များသောအရာများဖြစ်ပါသည်။နားအလယ်ပိုင်းပိုးဝင်ခြင်း (oitits media)။နားအလယ်ပိုင်းပိုးဝင်ခြင်းသည် နားအလယ်ပိုင်းတွင် အရည်များစုခြင်းကြောင်း မကြာခဏဖြစ်ရသည်။ ထိုအရည်များ၏ဖိအားကြောင့် နားစည်ပေါက်စေနိုင်သည်။Barotrauma။Barotrauma ဆိုသည်မှာ အပြင်ဖက်နှင့် နားအတွင်းဖက် လေဖိအားမညီမျှသည့်အခါ နားစည်ပေါ်သို့ ဖိစီးမှုသက်ရောက်သည့်အခြေအနေကို ဆိုလိုသည်။ ဖိအားအလွန်ဆိုးဝါးလျှင် နားစည်ပေါက်နိုင်၏။ Barotrauma သည် လေကြောင်းခရီးသွားသည့်အခါ လေဖိအားပြောင်းလဲခြင်းကြောင့် အဖြစ်များသည်။ရုတ်တရတ်ဖိအားပြောင်းစေသော တခြားအခြေအနေများ –။နားစည်ပေါက်ခြင်းဖြစ်နိုင်သည်များ –ရေငုပ်ခြင်း၊ နားတစ်ဝိုက်အားထိုးမိခြင်း ဥပမာ ကားတိုက်လျှင် လေအိတ်များနှင့် ဖိမိခြင်းမျိုးတို့ ဖြစ်ပါသည်။အသံကျယ်ခြင်း သို့မဟုတ် ပေါက်ကွဲခြင်း (acoustic trauma)။အသံကျယ်ခြင်း သို့မဟုတ် သေနတ်သံ ဗုံးပေါက်သံများ –အသံလှိုင်းအားအလွန်ပြင်းသောအသံသည် နားစည်ကို ပေါက်ပြဲစေနိုင်ပါသည်။ြပင်ပဝတ္ထုများ နားထဲဝင်ခြင်း။ဂွမ်းစများ သို့ ဆံညှပ်များလို ပစ္စည်းလေးများသည် နားစည်အား ပြဲခြင်း ပေါက်ခြင်း ဖြစ်စေနိုင်ပါသည်။ြပင်းထန်သောခေါင်းထိခိုက်မှု။ပြင်းထန်သော ထိခိုက်မှု ဥပမာ ဦးခေါင်းရိုးကျိုးခြင်းသည် နားစည်အပါအဝင် နားအလယ်ပိုင်းနှင့် အတွင်းပိုင်းဖွဲ့စည်းပုံများအား နေရာလွဲခြင်း သို့ ပျက်စီးခြင်းတို့ ဖြစ်စေနိုင်ပါသည်။နာစည်ပေါက်နိုင်ချေအများဆုံးသော အန္တရာယ်ရှိသူမှာ ကလေးများဖြစ်သည်။ တစ်ခါတစ်ရံ ကလေးများသည် တုတ်ချောင်းများ အရုပ်လေးများကို နားထဲထည့်ရာမှ ကိုယ့်ကိုယ်ကို နားစည်ကို ဖောက်မိသွားစေနိုင်ပါသည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။နားစည်ပေါက်ကြောင့် လက္ခဏာများကို ခံစားရပါက ဆရာဝန်သည် နားအတွင်းမှန်ပြောင်းကြည့်ပြီး စစ်ဆေးနိုင်ပါသည်။ နားအတွင်းကြည့်မှန်ပြောင်းသည်။ နားအတွင်းသို့ကြည့်ရာတွင်သုံးသော် မီးအလင်းပါသည့် ပစ္စည်းလေးဖြစ်သည်။ ဖြစ်ရပ်အများစုတွင် နားစည်ပေါက်ခြင်း သို့ ပြဲခြင်းရှိပါက ဆရာဝန်မှ မြင်နိုင်မည်ဖြစ်သည်။တစ်ခါတစ်ရံတွင် နားဖာချေးများ အရည်များ များလွန်းနေလျှင် ဆရာဝန်မှ နားစည်ကို ကောင်းကောင်း မြင်နိုင်မည်မဟုတ်ပါ။ ထိုကဲ့သိုဆိုပါက ဆရာဝန်သည် နားအခေါင်းအား သန့်ရှင်းပေးခြင်း သို့မဟုတ် နားဆေးစက်ချကာ သန့်ရှင်းအောင် လုပ်ပေးပါလိမ့်မည်။တစ်ခါတစ်ရံ နားစည်ပြွန်တွင် ရာဘာလေဖောင်းကိုတပ်က နားအတွင်းသို့ လေမှုတ်ထုတ်ရင်း ကြည့်ပါလိမ့်မည်။ နားစည်မပေါက်ပါက လေထိလျှင် လှုပ်ရှားမည်ဖြစ်သည်။ နားစည်ပေါက်နေပါက လှုပ်မည်မဟုတ်ပါ။ထို့အပြင် ဆရာဝန်မှ သင့်အကြားအာရုံကို စစ်ဆေးပြီး နားစည်ပေါက်ခြင်းသည် အကြားအာရုံအပေါ် ဘယ်လောက်သက်ရောက်နေသလဲ ဆိုသည်ကို စမ်းသပ်ပါလိမ့်မည်။ ဆရာဝန်သည် သံစဉ်ခရင်းခွကို သုံးကာ စစ်ဆေးခြင်းဖြစ်သည်။ဆရာဝန်သည် နောက်ထပ် audiology စမ်းသပ်ချက်အား စစ်ဆေးရန် ပြောပါလိမ့်မည်။ ၎င်းတွင် tone အမျိုးမျိုးကို နားကြပ်နှင့် နားထောင်ခိုင်းက သင်၏ အကြားအာရုံ လယ်ဗယ်ကို ဆုံးဖြတ်ပါလိမ့်မည်။နားစည်ပေါက်ခြင်းကြောင့် အကြားအာရုံ ပျောက်သွားခြင်းသည် ခဏတာသာဖြစ်ပါသည်။ နားစည်ပြန်ကောင်းသွားလျှင် ပုံမှန်အကြားအာရုံ ပြန်ရမည်ဖြစ်သည်။နားစည်ပေါက်ခြင်းအား ကုသရန် အမြဲတမ်းမလိုအပ်ပါ။ အဘယ့်ကြောင့်ဆိုသော နားစည်သည် နားအတွင်း ခြောက်သွေ့အောင်ထားခြင်း သို့ ပိုးမဝင်လျှင် ရက်သတ္တပတ်အနည်းငယ်မှ လပိုင်းအတွင်း သူ့ဟာသူ ပြန်ကောင်းနိုင်သည်။နာကျင်မှု သို့မဟုတ် သက်တောင့်သက်သာမရှိလျှင် ဆေးဆိုင်မှဝယ်ယူနိုင်သော အကိုက်အခဲပျောက်ဆေးများဖြစ်သော ပါရာစီတမော သို့ ibuprofen တို့အား ဝယ်ယူသုံးစွဲနိုင်ပါသည်။ အသက် ၁၆ နှစ်အောက် ကလေးများကို အက်စ်ပရင် မပေးရသည်ကို သတိထားပါ။ရေနွေးဝတ်ပွပွလေးနှင့် နားပေါ်အုပ်ပေးပါကလဲ နာကျင်မှုကို သက်သာစေပါသည်။ ထို့အပြင် နားစည်ပေါက်ခြင်းသည် ပိုးဝင်ခြင်းကြောင့် ဆိုပါက သို့မဟုတ် နားစည် အနာပြန်ကျက်နေချိန်တွင် ပိုးကူးစက်နိုင်ချေ ရှိပါက ဆရာဝန်မှ ပဋိဇီဝဆေးများ ပေးနိုင်ပါသည်။လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကနားစည်ပေါက်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။နားစည်ပေါက်လျှင် ပိုးမဝင်စေရန်အတွက် နားစည်မကျက်မချင်း နားကိုခြောက်သွေ့စွာ ထားခြင်းဖြင့် အကူအညီပြုပါသည်။ရေမကူးရသည်ကို သတိရပါ။ ရေချိုးလျှင်လဲ နားကို အကာအုပ်ပြီးမှ ချိုးပါ။ အလုပ်လုပ်သည့်နေရာ သို့မဟုတ် အပန်းဖြေသည့်နေရာများတွင် အသံဆူညံမှုများရှိနေပါက သင့်နားအား မလိုလားအပ်သည့် ထိခိုက်မှုမျိုးမဖြစ်စေရန် အကာအကွယ်ပေးသည့် နားကြပ် နားအုပ်များ ဝတ်ဆင်ပေးပါ။အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/ear-conditions/perforated-eardrum-%e1%80%94%e1%80%ac%e1%80%b8%e1%80%85%e1%80%8a%e1%80%b9%e1%80%b1%e1%80%95%e1%80%ab%e1%80%80%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8/
တရားထိုင်စဉ် နောက်ကျောနဲ့ ခါးနာခြင်းကို သက်သာစေမယ့် နည်းလမ်းများ
လူအများစုကတရားထိုင်တာက လောကီအတွက်ရော လောကုတ္တရာအတွက်ပါ ကောင်းတဲ့အလုပ်ဆိုတာကို သိနားလည်ထားကြတယ်။ ဒါပေမယ့် လူတိုင်းတော့ တရားမထိုင်နိုင်ကြဘူး။ ဒီတစ်ခေါက်မှာတော့ တရားထိုင်စဉ် နောက်ကျောနဲ့ ခါးနာခြင်းကို သက်သာစေမယ့် နည်းလမ်းများ အကြောင်းကို ပြောပြပေးချင်ပါတယ်။တရားထိုင် မယ်ဟေ့လို့ တွေးပြီး အားရပါးရထိုင်လိုက်ပြီးရင် ၅ မိနစ် ၁၀ မိနစ်လောက်နေတော့ ကျောကနာသလိုလို၊ ခါးက တောင့်သလိုလို၊ တင်ပဆုံရိုးကညောင်းသလိုလိုနဲ့ နေမထိ ထိုင်မသာ ဖြစ်လာတတ်ကြတယ်မဟုတ်လား။ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုရင်အလေ့အကျင့်မရှိတာကတစ်ကြောင်း၊ တစ်သက်လုံး လုပ်ငန်းခွင်နဲ့ နေအိမ်အတွင်းမှာ အညောင်းမိနေတဲ့ လူနေမှုပုံစံနဲ့ နေထိုင်ခဲ့တာကတစ်ကြောင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပြီး ကျန်းမာရေးမလိုက်စားခဲ့တာတွေကတစ်ကြောင်း အကြာင်းပြချက် အမျိုးမျိုးကြောင့်ပါပဲ။ခုဆို ဝါတွင်းကာလမို့ဥပုသ်သီလဆောက်တည်မယ့် သူတွေရှိကြမှာပါ။ နေ့စဉ် ပုံမှန်တရားထိုင်နေကြလူမဟုတ်ရင် ရုတ်တရက်တရားထိုင်တာက ခန္ဓာကိုယ် အညောင်းမိတာ၊ နာကျင်ကိုက်ခဲတာတွေ ကြုံဆုံရဖို့ သေချာသလောက်ပါပဲ။ ကြာကြာထိုင်နိုင်ဖို့လည်း ခက်ခဲမှာပါ။ အဓိကဖြစ်တာကတော့ ခါးနာတာပါပဲ။ခါးတွေ ကျောတွေ မနာအောင် ဘယ်လို တရားထိုင်ကြမလဲဆိုတာကို တရားထိုင်ကြမယ့်လူတိုင်း သိချင်ကြမယ်ထင်ပါတယ်။ ဒါကြောင့် နာကျင်မှုလျော့ပါးစွာနဲ့ သက်သောင့်သက်သာ တရားထိုင်လို့ရတဲ့ နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။တရားထိုင်စဉ် နောက်ကျောနဲ့ ခါးနာခြင်းကို သက်သာစေမယ့် နည်းလမ်းများ ကတော့။တကယ်တမ်းအားဖြင့် တရားထိုင်တာဟာ ခါးနာတာကို သက်သာစေနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ စနစ်တကျအသုံးချနိုင်ရင် နာတာရှည် ခါးနာတဲ့ဝေဒနာရှိနေသူတွေကိုတောင် သက်သာစေနိုင်ပါတယ်။ နည်းစနစ်မမှန်ရင်သာ ပြောင်းပြန်သက်ရောက်မှုဖြစ်ပြီး ခါးနာစေတာဖြစ်ပါတယ်။ဒါကြောင့် တရားရှုမှတ်ချိန်မှာ နည်းမှန်လမ်းမှန်နဲ့ ရှုမှတ်ဖို့ သတိရှိပါ။ မှန်ကန်စွာ တရားရှုမှတ်တာဟာ ကုသိုလ်ရေး တစ်ခုတည်းသာမဟုတ်ပါဘူး။ ကျန်းမာရေးအတွက်လည်း အကျိုးရှိစေတဲ့ နည်းလမ်းဖြစ်ပါတယ်။[embed-health-tool-bmi]
orthopedics-musculoskeletal
orthopedics-musculoskeletal
https://hellosayarwon.com/orthopedics-musculoskeletal/musculoskeletal-pain/reduce-back-pain-in-meditation/
သားဥအိမ်ကင်ဆာအတွက် ကလေးရနိုင်မည့်နည်းလမ်းများ
သားဥအိမ်ကင်ဆာနှင့် ကုသမှုများ က သင့်ရဲ့ ကလေးရနိုင်စွမ်းကို ထိခိုက်စေပါတယ်။ သို့သော် သားဥအိမ်ကင်ဆာဖြစ်သော အချို့ အမျိုးသမီးများသည် ကလေးရနိုင်ချေ ရှိသော်လည်း အချို့မှာတော့ ထိုသို့မဟုတ်တော့ပေ။ သားဥအိမ်ကင်ဆာအတွက် ကုသမှု ခံယူနေစဉ် ကလေးယူနိုင်စွမ်းကို ထိန်းသိမ်းလိုခြင်းဟာ ရှုတ်ထွေးပါတယ်။ ထို့ကြောင့် တတ်ကျွမ်းသူများ နှင့် တိုင်ပင် ဆွေးနွေးသင့်ပါတယယ်။သင်ဟာ အောက်ပါ ကုသနည်းများဖြင့် ကုသခံရပါက ကိုယ်ဝန်မဆောင်နိုင်ဘဲ ၊ကလေးမရနိုင်တော့ဘဲ ဖြစ်သွား နိုင်ပါတယ်။-သားဥအိမ်နှစ်ဖက်လုံးကို ခွဲစိပ်ရာတွင် ဖယ်လိုက်ရခြင်း။-ကင်ဆာအကြောဆေးများက သားဥအိမ်ရဲ့ လုပ်ငန်းဆောင်တာများကို နှောက်ယှက်ခြင်း။-ဓါတ်ရောင်ခြည်များကြောင့် သားဥအိမ်မှ သားဥများ မထုတ်လုပ်ပေးနိုင်ခြင်း။သားဥအိမ် တစ်ဖက်တည်းရှိတော့သော အမျိုးသမီးများက ကိုယ်ဝန်ဆောင်နိုင်ပါသေးတယ်။ နှစ်ဖက်လုံးမရှိတော့ပါက မျိုးမအောင်နိုင်တော့ပါ။ သို့သောာ် အောက်ပါနည်းလမ်းများ သုံး၍ ကိုယ်ဝန်ဆောင်နိုင်ပါတယ်။-သားဥ အလှူရှင်ထံမှ သားဥကိုယူကာ သင့်အမျိုးသား၏ မျိုးစိတ်နှင့် ပေါင်းစပ်ပြီး သင့်ရဲ့ သားအိမ်တွင် ကိုယ်ဝန်ဖြစ်တည်စေခြင်း ဖြစ်သည်။ သည်နည်းလမ်းက ၄၀% အောင်မြင်ပြီး အလှူရှင်ရဲ့ သားဥ၊ အမျိုးသာရဲ့ မျိုးစိတ်၊ သင့်ရဲ့ သားအိမ်ကျန်းမာရေး အပေါ် မူတည်ပါတယ်။သို့သော် ကုန်ကျစရိတ်များသော နည်းလမ်းဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးသင့်ပါတယ်။-ယခုနည်းလမ်းမှာတော့ အခြားအမျိုသမီး တစ်ယောက်ကို အငှားကိုယ်ဝန်ဆောင်ခိုင်း ခြင်းဖြစ်ပါတယ်။ သားအိမ်ထုတ်လိုက်ရပြီး သားဥကောင်းသေးပါက သည်နည်းကို သုံးနိုင်ပါတယ်။ သို့မဟုတ် အခြား ကျန်းမာရေး ပြဿနာများ ကြောင့် ကိုယ်ဝန်ဆောင်ရန် ခက်ခဲသောအခါ အသုံးပြုပါတယ်။ မိမိသားဥသို့မဟုတ် အလှူရှင်၏ သားဥကို မိမိ အမျိုးသားရဲ့ မျိုးစိတ်နှင့် ပေါင်းစပ်က အခြားအမျိုးသမီး တစ်ဦး၏ သားအိမ်ထဲထည့်၍ ကိုယ်ဝန်အငှားဆောင်ခိုင်းခြင်း ဖြစ်ပါတယ်။သည်နည်းမှာလည်း ကုန်ကျစရိတ်များပါတယ်.။-ယခု နည်းလမ်းကတော့ ကလေးမွေးစားခြင်း ဖြစ်ပါတယ်။ မမွေးစားခင် သေချာ စဉ်းစားတွေးခေါ်ကာ မွေးစားမည့် ကလေးအကြောင်းကို သေချာ လေ့လာသင့်ပါတယ်။ အချို့ နိုင်ငံများသည် ကင်ဆာဝေဒနာရှင်အား ကုသမှုအပြည့်ခံယူပြီး ကုသမှုရပ်လိုက်သည့် အချိန်တွင် ကောင်းစွာ နေထိုင်နိုင်ခြင်း ရှိမရှိကို လေ့လာပြီးမှ ကလေးမွေးစား ခြင်းကို ခွင့်ပြုပါတယ်။-သန္ဓေသားကို ဓါတ်ခွဲခန်းတွင် အရင်ဖန်တီးခြင်း၊ သည်နည်းလမ်းသည် အအောင်မြင်ဆုံးနည်းတစ်ခု ဖြစ်ပြီး သားဥနှင့် ဖိုမျိုးစိတ်ကို ဓါတ်ခွဲခန်းထဲတွင် ပေါင်းစပ်ကာ သန္ဓေသားကို ခဲထားပြီးမှ အမျိုးသမီး၏ သားအိမ်ထဲတွင် ကိုယ်ဝန်ဆောင်စေခြင်း ဖြစ်ပါတယ်။သားဥအိမ်ကင်ဆာ ရှိပါက ကလေးရနိုင်ခြင်း ဟာ တဖြည်းဖြည်း ကျဆင်းသွားပါတယ်။ သို့သော် ကုသမှုခံယူပြီး ကလေးရလိုစိတ်ရှိသေးပါက ရွေးချယ်နိုင်သော နည်းလမ်းများကို နားလည်ထားပြီး သန္ဓေသားအထူပြုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယယ်။Hello Health Group သည် ဆေးပညာ အကြံပေးချက်များ ၊ ရောဂါရှာဖွေမှုများ ၊ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/ovarian-cancer/%e1%80%9e%e1%80%ac%e1%80%b8%e1%80%a5%e1%80%a1%e1%80%ad%e1%80%99%e1%80%b9%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-%e1%80%80%e1%80%b1%e1%80%9c%e1%80%b8/
နားကြပ်အမြဲတပ်လေ့ရှိသူတွေ သတိထားသင့်တဲ့ ဘေးထွက်ဆိုးကျိုး ၇ ခု
နည်းပညာက တစ်နေ့ထက်တစ်နေ့ ပိုတိုးတက်လာနေချိန်မှာ လူသားတွေဟာကျန်းမာရေးအတွက် ရလဒ်ဆိုးတွေရှိနေနိုင်တဲ့ ဇိမ်ခံပစ္စည်းတွေ၊ အသုံးအဆောင်တွေနဲ့ ဝိုင်းဝိုင်းလည်နေခဲ့ပါတယ်။ Headphone နဲ့ နားကြပ်တွေဟာလည်း နောက်ကွယ်ကဆိုးကျိုးတွေကို မသိကြဘဲ ယနေ့ခေတ်လူငယ်တွေ အသုံးများတဲ့ နည်းပညာပစ္စည်းတွေဖြစ်ပါတယ်။ နားကြပ်အမြဲတပ်လေ့ရှိသူတွေ သတိထားသင့်တဲ့ ဘေးထွက်ဆိုးကျိုး တွေလည်း ရှိပါတယ်။နားကြပ်လေးတပ်ပြီး သီချင်းနားထောင်ကြတဲ့သူတွေကို ရထားပေါ်၊ ဘတ်စ်ကားပေါ်၊ လမ်းပေါ်၊ နေရာတကာမှာတွေ့နေရသလို ကိုယ်ကိုယ်တိုင်လည်း စိတ်အပန်းပြေဖို့၊ ပြင်ပအသံတွေ မကြားချင်လို့၊စိတ်ဖိစီးမှုပြေလျော့စေဖို့၊ သီချင်းနှစ်သက်လို့ စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် နားကြပ်နဲ့ သွားရင်းလာရင်း နားထောင်လေ့ရှိပါတယ်။ အိမ်မှာနေလည်း အနားယူရင်းနားထောင်၊ အိပ်ရာဝင်နားထောင်တာတွေ ရှိကြပေမယ့် ကျန်းမာရေးအတွက်ကျတော့ သတိထားမိကြပါရဲ့လား။ ရံဖန်ရံခါဆိုရင်တော့ မသိသာပေမယ့် အမြဲနားကြပ်တပ်ပြီး သုံးနေတာ အကျင့်ပါပြီး ကြာလာရင် ကျန်းမာရေးကို ဆိုးရွားတဲ့သက်ရောက်မှုတွေပေးနိုင်တယ်ဆိုတာတော့ သတိထားသင့်ပါတယ်။နားကြပ်အမြဲတပ်လေ့ရှိသူတွေ သတိထားသင့်တဲ့ ဘေးထွက်ဆိုးကျိုး တွေကတော့။Headphones သို့မဟုတ် နားကြပ်ကို သုံးတဲ့အခါ သင့်ရဲ့ နားထဲကို အသံကတိုက်ရိုက် အနီးကပ်ဝင်ရောက်လာတာဖြစ်ပါတယ်။ 90 decibels ထက်ကျော်တဲ့အသံအတိုင်းအတာကအကြားအာရုံမှာ နောက်ဆက်တွဲထိခိုက်မှုတွေဖြစ်လာစေနိုင်ပြီး နားမကြားတော့တဲ့အထိ ဖြစ်စေနိုင်ပါတယ်။ Headphones နဲ့နားကြပ်တပ်ပြီး နားထောင်လေ့ရှိသူတွေဟာ အကြားအာရုံဆုံးရှုံးဖို့ ရာခိုင်နှုန်းများပါတယ်။100 decibels ထက်ကျော်တဲအသံနှုန်းနဲ့ ၁၅ မိနစ်လောက် နားထောင်ရင်တောင် ဒီအန္တရာယ်ကို စိတ်ပူရပါတယ်။ ဒါ့ကြောင့် ကိုယ်က ဒီလိုအလေ့အကျင့်မျိုးရှိနေသူဖြစ်ရင် ကိုယ့်ရဲ့နားကို နည်းနည်းလောက်အနားပေးပြီးအသံအကျယ်ကြီးဖွင့်နားမထောင်ဖို့ သတိပြုပါ။သင်က ကိုယ့်နားကြပ်ကိုပဲ သုံးလေ့ရှိသူလား။ ဒါမှမဟုတ် တခြားသူဆီက ငှားသုံးတတ်သလား။ သူငယ်ချင်းမိတ်ဆွေတွေ၊ မိသားစုတွေဆီက တစ်ခါတစ်ရံတော့ ငှားသုံးမိမှာပါပဲ။ ဒါပေမယ့် ဒီလိုတစ်ကြိမ်တစ်ခါတည်းကနေပဲ လွယ်လွယ်နဲ့ နားပိုးဝင်ခြင်းဖြစ်နိုင်ပါတယ်။နားထဲက ဘက်တီးရီးယားတွေကနားကြပ်တွေကတဆင့် တစ်ယောက်နဲ့တစ်ယောက်ကူးစက်ဖို့လွယ်ပါတယ်။ ဒါ့ကြောင့် တခြားသူဆီကို ငှားပေးရတော့မယ်ဆိုရင် သန့်စင်ဆေးရည်နဲ့ပိုးသတ်တာမျိုး၊ ဒါမှမဟုတ် လုံးဝမငှားတာမျိုး၊ ငှားမသုံးတာမျိုး သတိထားသင့်ပါတယ်။ထုတ်လုပ်တဲ့ကုမ္ပဏီတွေကတော့ အသံစနစ်ကောင်းမွန်ကြောင်းကြော်ငြာကြမှာပါပဲ။ ဒါပေမယ့် အသံဘယ်လောက်ကောင်းကောင်း ကျန်းမာရေးရှုထောင့်မှာတော့ ကိုယ့်ရဲ့အသုံးပြုမှုကိုမူတည်ပြီး ထိခိုက်မှုအနည်းနဲ့အများရှိလာစေနိုင်ပါတယ်။နားထဲကို နားကြပ်ထိုးထည့်ထားရင်ပဲ လေလမ်းကြောင်းပိတ်ဆို့စေနိုင်ပါတယ်။လေအဝင်အထွက်မရှိရင် သိချင်းသံပိုနားထောင်ကောင်းတယ်ဆိုပေမယ့် နားပိုးဝင်ခြင်းတွေဖြစ်လာနိုင်ခြေများပါတယ်။အများဆုံးဖြစ်လေ့ရှိတာက နားကြပ် နဲ့ Headphones တွေကို အမြဲပုံမှန်သုံးလေ့ရှိတဲ့သူတွေဟာ နားအူခြင်း၊ နားပိုးဝင်ခြင်းနဲ့ နားလေးခြင်းတို့ဖြစ်လာတတ်ပါတယ်။တစ်နေ့လုံး အသံအကျယ်ကြီးနဲ့ နားကြပ်အသုံးများတဲ့သူတွေဟာ အကြားအာရုံခေတ္တပျောက်ဆုံးတတ်ပါတယ်။ ဒီလို numb earsဖြစ်ပြီးရင် ခဏအကြာမှာ ပုံမှန်ပြန်ဖြစ်လာပါတယ်။ ဒါပေမယ့် ဒီအခြေအနေက အန္တရာယ်များတဲ့အပြင် တကယ်နားမကြားတော့တဲ့အထိဖြစ်စေနိုင်ပါတယ်။နားကြပ် သုံးတဲ့သူတွေမှာ နားကိုက်တဲ့ပြဿနာ ခဏခဏကြားရပါတယ်။ နားထဲမှာ တဝီဝီနဲ့အသံတွေကြားနေရတာ ဒါမှမဟုတ် ဟိုးအတွင်းက စူးကနဲနာကျင်ကိုက်ခဲတာတွေ ခံစားရတတ်ကြပါတယ်။အခုနောက်ပိုင်းမှာ နားကြပ်တပ်ရင်း လမ်းသွားလမ်းလာတွေ မတော်တဆဖြစ်မှုတွေများလာပါတယ်။ ကားဟွန်းသံမကြား၊ ရထားသံ မကြားနိုင်တဲ့သူတွေဟာ ဖြစ်ရပ်ဆိုးရဲ့သားကောင်ဖြစ်သွားနိုင်ပါတယ်။ တစ်ခါတစ်ရံ နားကြပ်တပ်ထားသူရဲ့ အသက်ကို ကယ်တင်နိုင်ဖို့ ကြိုးစားရင်း တခြားသူတွေရဲ့အသက် အန္တရာယ်ဖြစ်ရတာတွေတောင် ရှိပါတယ်။နားကြပ် အသုံးပြုခြင်းရဲ့ ကျန်းမာရေးအန္တရာယ်တွေကို သိထားပြီးပြီဆိုရင်တော့ စိုးရိမ်နေမှာပါပဲ။ ဒါပေမယ့် ဒီအတိုင်းတော့ မသုံးတော့ဘဲ လက်မလျှော့လိုက်ပါနဲ့။ နားကိုလည်း မထိခိုက်စေဘဲheadphoneနဲ့ နားကြပ်တွေကို သုံးနိုင်မယ့် နည်းလမ်းတွေရှိပါသေးတယ်။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/ear-conditions/health-issues-side-effects-of-using-headphones-and-earphones/
မေမေတစ်ယောက်အတွက် ဂုဏ်ယူစရာအကောင်းဆုံးက ဘာလဲ...................
လူတစ်ယောက်စီမှာ ဂုဏ်ယူစရာအကောင်းဆုံး ကိစ္စ အမျိုးမျိုးရှိစမြဲပါ။ ဒီလိုပါပဲမေမေတွေမှာလည်း ဂုဏ်ယူစရာအကောင်းဆုံး ကိစ္စရပ်တစ်ခု ရှိပါတယ်။ ဒါကတော့ မေမေကိုယ်တိုင် ပျိုးထောင်ထားတဲ့ဘေဘီလေးက အကောင်းဆုံး ကြီးပြင်းလာတာပါ။ကိုယ်တိုင် စိုက်ပျိုးထားတဲ့ ပန်းပင်လေးတွေ အကောင်းဆုံး ဖူးပွင့်လာရင် ပီတိဖြစ်မဆုံးဟုတ်။ ဒီလိုပါပဲ ကိုးလလွယ်လို့ ဆယ်လဖွားထားရတဲ့ ဘေဘီလေးကအကောင်းဆုံး ကြီးထွားဖွံ့ဖြိုးလာတယ်ဆိုရင် မေမေတို့အတွက် ဒါ့ထက် ဂုဏ်ယူစရာကောင်းတဲ့ ကိစ္စက ရှိပါ့ဦးမလား….။ဒီလို မျိုး ဘေဘီလေးက အကောင်းဆုံး ကြီးပြင်းလာလို့ လူတိုင်းက ကလေးက ထွားလိုက်တာ။ဉာဏ်လည်းကောင်းတယ်နော်လို့ ပြောလိုက်တိုင်း အရမ်းကို ဂုဏ်ယူဝမ်းသာနေတဲ့ မေမေရဲ့ ပီတိက မျက်နှာမှာ အတိုင်းသားပေါ်နေစမြဲပါ။ဒီလို ချီးမွမ်းမှုတွေက ဒီအတိုင်း ပြီးသွားသလားဆိုတော့ မဟုတ်သေးပါဘူး။ ချီးမွမ်းမှုတွေရဲ့ နောက်မှာ မေးခွန်းတွေ ပါလာစမြဲပါ။ ဒါတွေကတော့ ဘေဘီလေးကို။ဘေဘီလေးတစ်ယောက် ကောင်းမွန်စွာ ကြီးပြင်းလာစေတာကမေမေတစ်ယောက်အတွက် အအောင်မြင်ဆုံး ကိစ္စ တစ်ရပ်ပါ။ ဒီလို အောင်မြင်စေဖို့ဆိုရင်။ဘေဘီလေးကို နေ့စဉ် စားသုံးမှုမှာအရိုးနဲ့ ကြွက်သားတွေသန်မာစေဖို့ ကိုယ်ခံအားကောင်းစေဖို့ လိုအပ်မယ့်ပရိုတင်း၊ ကယ်လ်ဆီယမ်၊ ဗီတာမင် C၊အမြင်အာရုံကောင်းစေဖို့ ဗီတာမင် A၊ အစာခြေစနစ် ကျန်းမာစေဖို့အမျှင်ဓာတ်စတာတွေကို ပြည့်ဝအောင် ပြင်ဆင်ပေးရပါမယ်။ဒါတွေကို ဘယ်ကနေရလဲဆိုတော့ ဘေဘီလေး နေ့စဉ် စားသုံးနေတဲ့ အဆီမပါတဲ့အနီရောင်အသား၊ အရေခွံနဲ့ အဆီမပါတဲ့ ကြက်သား၊ အသီးအရွက်တွေ၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး စတာတွေကနေရရှိပါတယ်။ဘေဘီလေးကို ငယ်စဉ်ကတည်းကပြုပြင်ထားတဲ့ အစားအစာတွေ၊ အသင့်စားတွေကို မကျွေးပါနဲ့။ ဒီလို မကျွေးတာက ကလေးကို အချိုကဲ၊ အငန်ကဲတဲ့ ပြဿနတွေကနေ ကာကွယ်ပေးရာ ရောက်သလိုကျန်းမာတဲ့ စားသောက်မှုပုံစံကို ပျိုးထောင်ပေးရာ ရောက်ပါတယ်။ဘေဘီလေးကိုအသက်၂နှစ်အထိမိခင်နို့တိုက်ပါ။ အသက် ၆ လပြည့်တဲ့အခါ ရေကျက်အေး၊ ရေသန့်စတာတွေ စတိုက်လို့ရပါပြီ။ ဒီလိုကနေ အရွယ်ရောက်လာတဲ့အခါ နွားနို့၊ သဘာဝ အသီးဖျော်ရည်၊ ရေစတာတွေပဲ တိုက်ပါ။ကလေးကို အချိုရည်တွေ၊ မုယောအားဖြည့်သောက်စရာတွေ မတိုက်ပါနဲ့။ ဒါတွေက အချိုကဲတာကြောင့် ကလေးကိုအဝလွန်တာအပါအဝင် အချိုကြောင့်ဖြစ်နိုင်တဲ့ အခြား ကျန်းမာရေး ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို ရေပဲ များများတိုက်ပါ။ကလေူကို ငယ်စဉ်ကတည်းက သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်တတ်အောင် အကျင့်လေး လုပ်ပေးပါ။ ဒီလို လုပ်ပေးတာက ကလေးကို အဝလွန်တာကနေ ကာကွယ်ပေးနိုင်သလို ဉာဏ်ရည်ထက်မြက်စေဖို့လည်း ထောက်ပံ့ပေးနိုင်ပါတယ်။ဒါကြောင့် ကလေး သီချင်းလေးတွေနဲ့ကတာ၊ လမ်းလျှောက်တာ၊ စက်ဘီးစီးတာလိုမျိုးကိုယ်လက်လေ့ကျင့်ခန်းတွေလုပ်ပေးပါ။ကလေးကို အချိန်ပေးတာက မိဘနဲ့ ချစ်ခင်မှုကို တိုးစေသလို ကလေးကို ရဲရင့်ပြီး ယုံကြည်မှုရှိတဲ့ ဘေဘီလေးအဖြစ် ပျိုးထောင်ပေးနိုင်ပါတယ်။ ဒါကြောင့် ကလေးကို အချိန်ပေးပြီး စကားပြောပေးတာ သူပြောတာလေးတွေကို နားထောင်ပေးတာမျိုး လုပ်ပေးပါ။ကလေးက ထွားလိုက်တာ၊ တော်လိုက်တာလို့ ချီးမွမ်းခံရတဲ့ မေမေတိုင်းက အခုပြောခဲ့တဲ့ အဆင့်လေး တစ်ဆင့်ချင်းစီကို အကောင်းဆုံး ကျော်ဖြတ်ခဲ့တာပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/toddler-preschooler/toddler-and-preschooler-growth-and-development/%e1%80%99%e1%80%b1%e1%80%99%e1%80%b1%e1%80%90%e1%80%85%e1%80%ba%e1%80%9a%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%a1%e1%80%90%e1%80%bd%e1%80%80%e1%80%ba-%e1%80%82%e1%80%af%e1%80%8f%e1%80%ba%e1%80%9a/
သားဥအိမ်ကင်ဆာကို မပြန့်အောင် ဘယ်လိုကာကွယ်မလဲ
သားဥအိမ်ကင်ဆာသည် အန ္တရာယ်အများဆုံးကင်ဆာထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။ သို့သော် စောစီးစွာ သိပါက အသက်ရှင်နေနိုင်ချေ ၉၅% လောက်မြင့်မားပါတယ်။ သည်ကင်ဆာရဲ့ လက္ခဏာများကို စောစီးစွာ သိဖို့နှင့် မည်သို့ကာကွယ်ရမည်တို့ကို အောက်တွင် ဖေါ်ပြထားပါတယ်။သားဥအိမ်ကင်ဆာကို တိတ်တဆိတ် လူသတ်သမား လို့ခေါ်ကြပါတယ်။သားဥအိမ်ကင်ဆာရဲ့ လက္ခဏာတွေက သာမန် ရောဂါအသေးစား လက္ခဏာများနဲ့ ဆင်တူပါတယ်။ ထို့ကြောင့် သတိမထားမိဘဲ ကင်ဆာအဆင့်မြင့်ပြီး အခြားနေရာများကို ပျံ့နှံ့ သွားမှ သိကြပါတယ်။ ထိုလက္ခဏာများကတော့။-ဗိုက်လေပွခြင်း၊ ရောင်ရမ်းခြင်း။-အစာစားပြီး လျင်မြန်စွာ ဗိုက်ပြည့်ခြင်း(နည်းနည်းသာ စားသော်လည်း)။-ကိုယ်အလေးချိန်ကျခြင်း၊ တက်ခြင်း။-ခါးနာခြင်း။-ဝမ်းသွားခြင်းများ ပုံမမှန်ခြင်း၊ ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း။-ဆီးမကြာခဏ သွားလိုခြင်း။-အကြောင်းပြချက်မရှိဘဲ မိန်းမကိုယ်မှ သွေးဆင်းခြင်း။-အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း။အထက်ပါ လက္ခဏာများ ရှိလျှင် သေချာပေါက် သားဥအိမ်ကင်ဆာဖြစ်သည် မဟုတ်ပါ။ အသေးစိတ် သိရှိလိုပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ဆရာဝန်များက ကင်ဆာကျိတ်ကို မည်မျှလျှင်မြန်စွာ ကြီးထွားနှုန်းအပေါ် မူတည်ပြီး အဆင့်သက်မှတ်ကြပါတယ်။ ပုံမှန် အသားစနှင့်တူသော ကင်ဆာတစ်ရှူးသည် နှေးကွေးစွာ ကြီးထွားပါက အဆင့်နိမ့်ကင်ဆာအဖြစ်သတ်မှတ်ပြီး လျင်မြန်စွာကြီးထွား ပျံ့နှံ့သော ကင်ဆာကျိတ်ကိုတော့ အဆင့်မြင့်ကင်ဆာအဖြစ် သတ်မှတ်ကြပါတယ်။ အဆင့် လေး ဆင့်ရှိပါတယ်။-အဆင့် ၀ – ကင်ဆာကျိတ်များသည် မကြီးထွားပါ။ သာမန် အသားစ များနဲ့ တူပါတယ်။-အဆင့် ၁ – ကင်ဆာကျိတ်သည် ကြီးထွားမှု နှေးပြီး သာမန် အသားစများနဲ့ တူပါသေးသည်။-အဆင့် ၂ – ကင်ဆာကျိတ်သည် သာမန် အသားစများနဲ့ မတူတော့ဘဲ နည်းနည်း လျင်မြန်စွာ ကြီးထွားလာပါတယ်။-အဆင့် ၃ -ကင်ဆာကျိတ်သည် သာမန်အသားစနှင့် လုံးဝခြားနားပြီး ပိုမို လျင်မြန်စွာကြီးထွား ပျံ့နှံ့ပါတော့တယ်။-အဆင့်နိမ့်ကင်ဆာများအတွက် အကျိတ်ဖြစ်သော သားဥအိမ်ကို ဖယ်ထုတ်ရပါမယ်။ အခြားတစ်ဖက် သားဥအိမ်နှင့် သားအိမ်ကောင်း၍ ကျန်သေးပါက အနာဂါတ်မှာ ကိုယ်ဝန်ဆောင်ကာ ကလေးရနိုင်ပါတယ်။ သွေးဆုံးပြီးဖြစ်၍ ကလေးယူဖို့ အစီအစဉ်မရှိသူများက သားဥအိမ်နှစ်ဖက်လုံးနဲ့ သားအိမ်ကို ထုတ်နိုင်ပါတယ်။ ခွဲစိပ်ပြီးပါက မည်သည့်ကုသနည်းမှ မလိုအပ်ပါ။-အဆင့် ၁ ကင်ဆာအတွက် ခွဲစိပ်မှုပြုလုပ်ကာ သားဥအိမ်များ၊ သားဥပြွန်များနဲ့ သားအိမ်တို့ကို ဖယ်ထုတ်ရပါမယ်။ ပြန်ဖြစ်နိုင်ချေများပါက ခွဲစိပ်ပြီးပါက ကင်ဆာဆေးသွင်းရပါမယ်။ကင်ဆာ အဆင့်မြင့်သွားပါက ကုသမရနိုင်တော့ပါ။ ကုသမှုရဲ့ ရည်ရွယ်ချက်မှာ ကင်ဆာရောဂါကို တတ်နိုင်သလောက် ထိန်းထားဖို့ပဲ ဖြစ်ပါတယ်။ကင်ဆာကို စောလျင်စွာ သိမှ သာ ကုသပျောက်နိုင်ချေ များပါမယ်။ အထက်ပါ လက္ခဏာများ ခံစားရပါက ဆရာဝန်နဲ့ သွားရောက် စစ်ဆေးခြင်းများ ပြုလုပ်သင့်ပါတယ်။ လျစ်လျူမရှုသင့်ပါ။ စောစီးစွာ သိခြင်းသည် ကုသမှုအတွက် အထောက်အကူပြုပါတယ်။Hello Health Group သည် ဆေးပညာ အကြံပေးချက်များ ၊ ရောဂါရှာဖွေမှုများ ၊ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/ovarian-cancer/%e1%80%9e%e1%80%ac%e1%80%b8%e1%80%a5%e1%80%a1%e1%80%ad%e1%80%99%e1%80%b9%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac%e1%80%80%e1%80%ad%e1%80%af-%e1%80%99%e1%80%bb%e1%80%95%e1%80%94%e1%80%b9%e1%82%94/
လိင်တံ မာကျောလာစေတဲ့ နည်းလမ်းအမျိုးမျိုး
လိင်တံထောင်မတ်ခြင်းဆိုတာလိင်တံသည်သွေးဖြင့် ပြည့်တဲ့အခါ မာကြောပြီးထောင်မတ်လာခြင်းကိုဆိုလိုပါတယ်။ အခြေခံအားဖြင့် မာကျောခြင်းနဲ့ လိင်တံထောင်မတ်တဲ့ ကြာချိန်ဟာယောက်ျားတစ်ယောက်ရဲ့ ယောက်ျားပီသတယ်လို့ ကိုယ့်ကိုကိုယ် ခံစားရမှုနဲ့ သူ့ရဲ့ လိင်မှုဘဝမှာကိုယ့်ကိုကိုယ်ယုံကြည်မှုတို့နဲ့ ဆက်သွယ်နေပါတယ်။လိင်ဆက်ဆံစဉ် လိင်တံထောင်မတ်မှုရဲ့ အရည်အသွေးကိုတိုးတက်ဖို့ အောက်ဖေါ်ပြပါ ရိုးစင်းတဲ့ နည်းလမ်းတွေကိုဖတ်ရှုနိုင်ပါတယ်။လိင်တံထောင်မတ်ခြင်းဟာသင့်ရဲ့ ကျန်းမာတဲ့ သွေးလှည့်ပတ်မှုစနစ်နဲ့ ဆက်စပ်နေပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းအားဖြင့် နှလုံးအစရှိတဲ့ သင့်ရဲ့ ယေဘုယျကျန်းမာရေးကိုတိုးတက်စေပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာသင့်နှလုံးကိုပိုခုန်စေပြီးတော့ လိင်တံအပါအဝင် ခန္ဓါကိုယ်ထဲမှာရှိတဲ့ ဆဲလ်တိုင်းကိုသွေးရောက်မှုမြင့်တက်စေပါတယ်။ခန္ဓါကိုယ်တစ်ခုလုံးကျန်းမာရေးအတွက် လေ့ကျင့်ခန်းတွေသာမကလိင်တံဆိုင်ရာလေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာလိင်တံထောင်မတ်ဖို့ အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ဥပမာ –။သင့်လိင်တံမာကျောဖို့အတွက် အောက်ဖေါ်ပြပါ အစားအသောက်နဲ့ အရည်တွေကိုသောက်သုံးသင့်ပါတယ်။အခြားတစ်ဖက်က ကြည့်ရင်လည်းစိတ်ဖိစီးမှုနဲ့ ဖိအားတွေဟာဘယ်တော့မှ မိတ်ဆွေကောင်းတွေ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့်သင်ဟာအနားယူပြီးစိတ်ဖိစီးမှုကိုတတ်နိုင်သမျှ လျှော့ချသင့်ပါတယ်။ ၎င်းက သင့်ရဲ့ လိင်စိတ်ကိုလျော့ကျစေပါလိမ့်မယ်။ သင်ပိုမိုအနားရလေလေသင့်ရဲ့ လိင်တံကပိုမိုထောင်မတ်ပြီးအားပြည့်လေဆိုတာမမေ့သင့်ပါဘူး။လိင်မှုဘဝဆိုတာပုံမှန်ဖြစ်ပြီးသဘာဝကျတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒီအချက်တွေကသင့်ကိုမကူညီနိုင်ဘူးဆိုရင် သင့်ရဲ့ လိင်တံထောင်မတ်မှု အားနည်းခြင်းအတွက် သင့်ဆရာဝင်နဲ့ ပြသသင့်ပါတယ်။ သင့်ဆရာဝန်ကစမ်းသပ်စစ်ဆေးပြီးသင့်အတွက် အကျိုးရှိတဲ့ ဆေးဝါးတွေကိုပေးပါလိမ့်မယ်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/erectile-dysfunction/%e1%80%9c%e1%80%ad%e1%80%84%e1%80%ba%e1%80%90%e1%80%b6-%e1%80%99%e1%80%ac%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%9c%e1%80%ac%e1%80%85%e1%80%b1%e1%80%90%e1%80%b2%e1%80%b7-%e1%80%94%e1%80%8a/
သုက်လွှတ်စောခြင်းကို ကုသနည်း
အမျိုးသားအတော်များများဟာ သုက်လွှတ်စောခြင်းအကြောင်း ပြောဆိုဖို့ ရှက်ရွံ့တတ်ကြပါတယ်။ ဒါပေမယ့် ဒါဟာ အလွန်အဖြစ်များတဲ့ လိင်ပိုင်းဆိုင်ရာရောဂါ တစ်ခုဖြစ်ပြီး အမျိုးသား သုံးယောက်မှာ တစ်ယောက်က သူတို့တစ်သက်မှာ တစ်ချိန်ချိန်တော့ ခံစားရပါတယ်။ သင့်မှာ အချိန်မတန်ဘဲ သုက်လွှတ်တဲ့ ပြဿနာဖြစ်နေပြီဆိုရင် စိတ်ပူစရာမလိုပါဘူး။ ဘာလို့လဲဆိုတော့ ဒီပြဿနာဟာ ကုသပျောက်ကင်းနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ သင့်ရဲ့ ရှက်ရွံ့ခြင်းတွေကို ဘယ်လို ကျော်လွှားရမယ်ဆိုတာ ဖော်ပြထားပါတယ်။အခြေအနေ အတော်များများမှာတော့ အချိန်မတိုင်ဘဲ သုက်လွှတ်ခြင်းဟာ သူ့ဘာသာ ပြန်ကောင်းနိုင်တဲ့အတွက် ကုသစရာ မလိုပါဘူး။ ဒါပေမယ့် မပျောက်ကင်းဘဲနဲ့ သင့်ဘဝကို ထိခိုက်နေပြီ ဆိုရင်တော့ အောက်ဖော်ပြပါ ကုသနည်းတွေကို တစ်ခုချင်း (သို့) နည်းတွေကို ပေါင်းစပ်ကုသခြင်း ပြုနိုင်ပါတယ်။ဆရာဝန်တွေဟာ အချိန်မတိုင်ဘဲ သုက်လွှတ်ခြင်း အတွက် clomipramine နဲ့ paroxetine အစရှိတဲ့ စိတ်ကျရောဂါပျောက်ဆေးတွေကို ညွှန်တတ်ကြပါတယ်။ ဒီဆေးတွေဟာ သူတို့ရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်တဲ့ လိင်စိတ်အထွတ်အထိပ်ရောက်ခြင်းကို တားပေးခြင်းအားဖြင့် သုက်လွှတ်ခြင်းကို နှောင့်နှေးစေပါတယ်။ ဒီဆေးတွေဟာ ဆေးပတ်လည်ဖို့ နှစ်ပတ်ကနေ သုံးပတ်အထိ ကြာတတ်ပါတယ်။ ဒါ့ပြင် အကိုက်အခဲ ပျောက်ဆေးတွေဖြစ်တဲ့ Tramadol ဟာလည်း အချိန်မတိုင်ပဲ သုက်လွှတ်ခြင်းကို ကုသဖို့ အသုံးများတဲ့ ဆေးတစ်မျိုးဖြစ်ပါတယ်။သောက်ဆေးတွေအပြင် အမျိုးသားတွေဟာ ခရင်၊ ဂျယ်နဲ့ ဖျန်းဆေးတို့ကိုလဲ အချိန်မတိုင်ပဲ သုက်လွှတ်ခြင်းအတွက် အသုံးပြုနိုင်ပါတယ်။ Lidocaine နဲ့ lidocaine-prilocaine ဟာ ဒီဆေးတွေမှာ ပါဝင်တဲ့ အရာနှစ်ခုဖြစ်ပါတယ်။ သူတို့ကို လိင်ထိုးသွင်းဆက်ဆံခြင်း မပြုလုပ်ခင် လိင်တံပေါ်မှာ သုက်လိမ်းပေးရပါတယ်။ ဆေး ရဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ အာရုံခံစားမှု ပျောက်ဆုံးခြင်း၊ အမျိုးသားနဲ့ လိင်ဆက်ဆံဖက်မှာ လိင်မှုဆိုင်ရာ သာယာမှု လျော့ကျခြင်းတို့ ဖြစ်ပါတယ်။အချို့နည်းလမ်းတွေဟာ လိင်စိတ်အထွတ်အထိပ်ရောက်ခြင်းကို တားမြစ်ပြီးတော့ အချိန်မတိုင်ပဲ သုက်လွှတ်ခြင်းကို နှောင့်နှေးစေပါတယ်။ အချိန်မတိုင်ပဲ သုက်လွှတ်ခြင်း ရှိတဲ့ အမျိုးသားတွေဟာ အောက်ဖော်ပြပါ နည်းတွေကို စမ်းသပ်ကြည့်နိုင်ပါတယ်။အပြုအမူပိုင်းဆိုင်ရာ ပြောင်းလဲခြင်းတွေဟာ စိတ်ဖိစီးမှုကို လျော့ကျစေပြီးတော့ သုက်လွှတ်ခြင်းကို နှောင့်နှေးစေပါတယ်။ ဒီနည်းတွေမှာ လိင်မဆက်ဆံခင် တစ်နာရီ၊ နှစ်နာရီလောက် ကြိုပြီး ဆန္ဒဖြေဖျောက်ခြင်း၊ လိင်ဆက်ဆံမှုကို အချိန်တစ်ခုထိ ရှောင်ရှားခြင်း၊ အခြား လိင်ဆက်ဆက်မှုနဲ့ ဆိုင်နဲ့ ပုံစံတွေကို အာရုံစူးစိုက်ခြင်းတွေ ပါဝင်ပါတယ်။ရပ်လိုက်၊ ညှစ်လိုက် လုပ်တဲ့နည်းဟာလည်း အချိန်မတိုင်ပဲ သုက်လွှတ်ခြင်းအတွက် အခြားနည်းတစ်ခု ဖြစ်ပါတယ်။ ဒီနည်းမှာ လိင်ဆက်ဆံဖက်ဟာ အဓိကကျပြီးတော့ အမျိုးသားဟာ သုက်လွှတ်ခါနီးပြီဆိုရင် လိင်တံရဲ့အဆုံးကို ညှစ်ပေးထားရမှာပါ။ လိင်ဆက်ဆံဖက်ဟာ ဒါကို စက္ကန့်အနည်းငယ်ကြာအောင် လုပ်ပြီးတော့ သုက်လွှတ်ချင်တဲ့ ဆန္ဒပျောက်ကွယ်သွားအောင် စောင့်ရမှာပါ။ အမျိုးသားဟာ ထိုးသွင်းလိင်ဆက်ဆံစဉ်မှာ သုက်လွှတ်ခြင်းကို မထိန်းချုပ်နိုင်မချင်း လိင်ဆက်ဆံဖက်ကို ဒီလို ပြန်လည်ပြုလုပ်ဖို့ ပြောဆိုနိုင်ပါတယ်။အခြားစိတ်ရောဂါ ပြဿနာတွေ ဖြစ်တဲ့ စိဖိစီးမှု များခြင်း၊ စိတ်ကျခြင်း၊ စိတ်ပူခြင်းတွေဟာလည်း အချိန်မတိုင်ပဲ သုက်လွှတ်ခြင်းရဲ့ အကြောင်းရင်းတွေ ဖြစ်နိုင်ပါတယ်။ အချိန်မတိုင်ပဲ သုက်လွှတ်တဲ့ အမျိုးသားတွေဟာ သူတို့ရဲ့ လိင်ဆက်ဆံဘက်နဲ့ ဆက်သွယ်မှု ပျောက်ဆုံးသလိုဖြစ်ပြီး စိတ်တိုလာတာတွေ၊ ရှက်တာတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် တွေ့ဆုံဆွေးနွေးပေးတဲ့ ပညာရှင်နဲ့ ဒီပြဿနာတွေအကြောင်းကို ဆွေးနွေးပါ။ ဆွေးနွေးပြီးရင်တော့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်လာပါ လိမ့်မယ်။အချိန်မတိုင်ပဲ သုက်လွှတ်ခြင်းကို နည်းတစ်မျိုးတည်းနဲ့ ဖြစ်စေ၊ ပေါင်းစပ်ကုသဖို့ ဖြစ်စေ အချိန်လိုတတ်ပါတယ်။ ကုသမှုသာ ခံယူရင် အချိန်နဲ့ အမျှ ပြန်ကောင်းလာနိုင်တာကြောင့် စိတ်ပူဖို့ မလိုပါဘူး။ များသောအားဖြင့် အပြုအမူပိုင်းဆိုင်ရာ နည်းလမ်းနဲ့ ဆေးတွေကို ပေါင်းစပ်အသုံးပြုခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/%e1%80%9e%e1%80%af%e1%80%80%e1%80%ba%e1%80%9c%e1%80%bd%e1%80%be%e1%80%90%e1%80%ba%e1%80%85%e1%80%b1%e1%80%ac%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%80%e1%80%af/
ကဖိန်းဓာတ်လွန်ကဲခြင်း၏ အကျိုးအပြစ်များ
ကော်ဖီနဲ့လက်ဖက်ရည်များဟာ လူကြိုက်များတဲ့ စားသုံးဖွယ်ရာတွေဖြစ်ပါတယ်။ နှစ်မျိုးစလုံးမှာကဖိန်းဓာတ်ပါဝင်ပြီး စိတ်ပိုင်းဆိုင်ရာ လန်းဆန်းတက်ကြွစေခြင်း၊ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ ဇီဝဖြစ်ပျက်မှုများကို မြန်ဆန်စေခြင်း စတဲ့အာနိသင်တွေ ပေးပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ကဖိန်းဓာတ်ဟာ သင့်တင့်ရုံသောက်သုံးရင် ဘေးကင်းစိတ်ချရပါတယ်။ ဒါပေမယ့် ကဖိန်းဓာတ် လွန်ကဲလာရင်တော့ ဘေးထွက်ဆိုးကျိုးတွေ များပြားလာနိုင်ပါတယ်။အောက်ဖော်ပြပါအချက်တွေကတော့ ကဖိန်းဓာတ်ရဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပါတယ်။ကဖိန်းဟာ တက်ကြွမှုကို ဖြစ်စေပါတယ်။ အဒီနိုဆင်းလို့ခေါ်တဲ့ ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေတဲ့ ဓာတုပစ္စည်းကို တားဆီးပေးပါတယ်။ တစ်ချိန်တည်းမှာပဲ အဒရီနယ်လင်းလို့ခေါ်တဲ့ စွမ်းအင်မြှင့်ပေးတဲ့ ဟော်မုန်းကို ထွက်လာစေပါတယ်။ ဒါပေမယ့် အဆိုပါဟော်မုန်းတွေ များပြားလာရင် စိတ်ပူပန်ခြင်း၊ ဂနာမငြိမ်ခြင်းတွေ ဖြစ်စေပါတယ်။အမေရိကန်စိတ်ကျန်းမာရေး ဆရာဝန်အသင်းအနေနဲ့လည်း ကဖိန်းကြောင့်ဖြစ်တတ်တဲ့ စိတ်ပူပန်ခြင်းကို ရောဂါရှာဖွေအတည်ပြုခြင်းအဆင့်မှာ ထည့်သွင်းစဉ်းစားပါတယ်။ တစ်နေ့တာမှာ ကဖိန်းဓာတ် ၁၀၀၀ မီလီဂရမ်ထိ သောက်သုံးမိရင်တော့ ဂနာမငြိမ်ခြင်း၊ ယောက်ယက်ခတ်ခြင်း စတာတွေကို ဖြစ်စေတတ်ပါတယ်။တကယ်လို့ သင့်အနေနဲ့ ဂနာမငြိမ်ခြင်း၊ ကတုန်ယယင်ဖြစ်ခြင်း စတာတွေဖြစ်နေတတ်ရင် တစ်နေ့မှာ ကဖိန်းဓာတ် ဘယ်လောက်သုံးစွဲတယ်ဆိုတာ ပြန်လည်သုံးသပ်ပြီး လျှော့ချဖြတ်တောက်သင့်ပါတယ်။လူအများစုဟာ မနက်ပိုင်းကော်ဖီတစ်ခွက် သောက်သုံးခြင်းအားဖြင့် အူလမ်းကြောင်း လှုပ်ရှားမှု ကောင်းမွန်စေပါတယ်။ ကော်ဖီဟာ ဂတ်စ်ထရင်လို့ခေါ်တဲ့ ဟော်မုန်းကို အားပေးကူညီပါတယ်။ အဆိုပါဟော်မုန်းဟာ အူမကြီးရဲ့ လှုပ်ရှားမှုတွေကို ပိုမိုမြန်ဆန်စေပါတယ်။ အစာအိမ် အူလမ်းကြောင်းရဲ့ လှုပ်ရှားမှုလှိုင်းတွေကို လှုံ့ဆော်ပေးတာကြောင့် စားလိုက်တဲ့အစာတွေကို အူလမ်းကြောင်းတလျှောက် ကောင်းစွာ ရွေ့လျားနိုင်စေပါတယ်။ အဲဒီအကျိုးအာနိသင်တွေကြောင့် လူတချို့မှာ ကဖိန်းများသွားရင် ဝမ်းသွားတတ်ပါတယ်။ အစာမကြေဘဲ အစာရေမျိုကနေ လေချဉ်တတ်တတ်သူတွေမှာတော့ ရောဂါလက္ခဏာကို ပိုဆိုးစေတတ်ပါတယ်။ကဖိန်းမှာ ကျန်းမာရေးအတွက် ကောင်းစေတဲ့ အကျိုးကျေးဇူးတွေ ရှိနေပေမယ့် စွဲလန်းခြင်းပြဿနာလည်း ဖြစ်ပေါ်စေပါတယ်။ ကဖိန်းဟာ ကိုကင်းနဲ့ အင်ဖက်တမင်းတို့လိုမျိုး စွဲလန်းခြင်းကိုဖြစ်စေတဲ့ ဓာတုပစ္စည်းတွေကို ထုတ်လွှတ်စေပါတယ်။ ကဖိန်းသုံးစွဲမှုများပြီး အဆိုပါ ဓာတုပစ္စည်းတွေ များလာရင် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော စွဲလန်းခြင်းတွေ ဖြစ်လာပါတယ်။ စွဲလန်းခြင်းထိ မဖြစ်ရအောင် သင့်တင်ရုံသောက်သုံးတာပဲ ကောင်းပါတယ်။လူအများစုမှာတော့ ကဖိန်းဟာ နှလုံးရောဂါ၊ လေဖြတ်ခြင်း စတဲ့ရောဂါဝေဒနာတွေကို မဖြစ်စေပါဘူး။ ဒါပေမယ့် အာရုံကြောစနစ်ကို လှုံ့ဆော်တဲ့ အာနိသင်ကြောင့် သွေးပေါင်ချိန် တက်လာတတ်တယ်လို့ သုတေသနတချို့မှာ ဖော်ပြထားပါတယ်။ သွေးတိုးခြင်းကြောင့် နှလုံးသွေးကြောတွေကို ထိခိုက်စေလာပြီး နှလုံးနဲ့ဦးနှောက်ကို သွေးရောက်တာနည်းသွားပြီး နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတွေကို ဖြစ်စေတတ်ပါတယ်။ ကောင်းတဲ့အချက်က ဦးနှောက်အပေါ် ကဖိန်းရဲ့ လွှမ်းမိုးမှုဟာ ယာယီပဲဖြစ်ပါတယ်။ သင့်တင့်ရုံပဲသောက်သုံးသူတွေအတွက် သိပ်ပြီး စိုးရိမ်စရာ မလိုပါဘူး။ ဒါပေမယ့် ကဖိန်းသုံးစွဲမှုပမာဏနဲ့ အချိန်ကို ပြန်သုံးသပ်သင့်ပါတယ်။ အထူးသဖြင့် သွေးတိုးအခံရှိရင် ဖြစ်ပါတယ်။ကဖိန်းဓာတ်ဟာ နှလုံးခုန်ခြင်းကို ပိုမိုမြန်ဆန်စေပါတယ်။ နှလုံးခုန်စည်းချက်ကို ပြောင်းလဲခြင်းလည်း ဖြစ်စေတတ်ပါတယ်။ စွမ်းအားဖြည့် အချိုရည်တွေကို လွန်ကဲစွာသောက်တတ်သူ လူငယ်များမှာ တွေရတတ်ပါတယ်။ မိမိနှလုံးခုန်နှုန်း မြန်နေတယ်ထင်ရင်၊ နှလုံးခုန်တာ မမှန်ရင် ကဖိန်းကို လျှော့ချသင့်ပါတယ်။ကော်ဖီ၊ လက်ဖက်ရည်နဲ့ ကဖိန်းပါတဲ့ တခြားအဖျော်ယမကာများဟာ စွမ်းအင်မြှင့်ပေးတဲ့အနေနဲ့ လူသိများကြပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ ကဖိန်းဓာတ် ကုန်သွားတဲ့အခါ ဆန့်ကျင်ဘက် ဝေဒနာတွေ ပြန်ပေါ်လာတတ်ပါတယ်။ ကဖိန်းဓာတ်မကုန်အောင် ဆက်လက်သောက်သုံးနေမယ်ဆိုရင်လည်း အိပ်မရဘဲ ကတုန်ကယင်ဖြစ်လာပါလိမ့်မယ်။ကဖိန်းများသွားရင် ဆီးအိမ်ကို လှုံ့ဆော်မှုရှိတာကြောင့် ဆီးသွားများလာတတ်ပါတယ်။ ပုံမှန်ထက် ကော်ဖီ၊ လက်ဖက်ရည်ပိုသောက်မိရင် ဆီးသွားတာ ပိုများလာပါလိမ့်မယ်။ အသက်ကြီးသူတွေမှာဆိုရင် ဆီးအိမ်ပိုမို လုပ်ဆောင်တာ၊ ဆီးမထိန်းနိုင်တာတွေ တွေ့ရတတ်ပါတယ်။ဆီးအိမ်ကောင်းသူတွေမှာတောင် ကဖိန်းသုံးစွဲမှုများရင် ဆီးမထိန်းနိုင်တာတွေ ဖြစ်လာတတ်ပါတယ်။ကောင်းတာကတော့ ဘယ်အရာမှာမဆို တန်ဆေးလွန်ဘေး ရှိတာကြောင့် ကဖိန်းသုံးစွဲမှုကိုလည်း ချင့်ချိန်ပြီးတော့ သုံးစွဲသင့်ပါတယ်။Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%80%e1%80%96%e1%80%ad%e1%80%94%e1%80%ba%e1%80%b8%e1%80%93%e1%80%ac%e1%80%90%e1%80%ba%e1%80%9c%e1%80%bd%e1%80%94%e1%80%ba%e1%80%80%e1%80%b2%e1%80%81%e1%80%bc%e1%80%84%e1%80%ba%e1%80%b8%e1%81%8f/
အမျိုးသားများရဲ့ မျိုးအောင်နိုင်စွမ်း ကို တိုးတက်စေသော အာဟာရဓာတ်များ
အမျိုးသားများရော အမျိုးသမီးများမှာပါ ကလေးရနိုင်စွမ်းဟာ ဘဝနေထိုင်မှု ပုံစံနဲ့ များစွာဆက်စပ်နေပါတယ်။ အမျိုးသားများရဲ့ သုက်ပိုး အရည်အသွေးကို အကြီးမားဆုံး ထိခိုက်စေနိုင်တဲ့ အရေးကြီးဆုံး ဘဝနေထိုင်မှုဆိုင်ရာ အချက်တစ်ခုကတော့ နေ့စဉ်စားသောက်နေတဲ့ အစားအသောက်ပဲ ဖြစ်ပါတယ်။မျိုးအောင်ခြင်းကို အားပေးတဲ့အစားအသောက်တွေဟာ သင့်ရဲ့သုက်ပိုးတွေ ကျန်းမာစေဖို့ ကူညီပေးရုံသာမကပဲ ချစ်တင်းနှောလိုစိတ်ကိုလည်း တိုးတက်စေကာ သင့်တို့စုံတွဲတွေကို ကိုယ်ဝန်ရလွယ်ကူစေနိုင်ပါတယ်။ ယခုဖော်ပြပါ ဆောင်းပါးမှာ အမျိုးသားများရဲ့ မျိုးအောင်နိုင်စွမ်း အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာအာဟာရတွေ အကြောင်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ဇင့်ဓာတ်ဟာဆိုရင် သုက်ပိုးအရည်အသွေးကို ကောင်းမွန်စေရုံသာမက ခုခံအားစနစ်ကိုပါ တိုးတက်စေတဲ့ မရှိမဖြစ် အရေးကြီးသော အာဟာရတစ်ခု ဖြစ်ပါတယ်။ ဇင့်ဓာတ်ချို့ယွင်းမှုဟာ အမျိုးသားအများစုမှာ ဖြစ်လေ့ရှိပြီး ဒါက testosterone ဟော်မုန်းပမာဏကို လျော့ကျစေနိုင်ပါတယ်။ ဒီဟော်မုန်းပမာဏ လျော့နည်းနေတဲ့ အမျိုးသားတွေအတွက် ဇင့်ဓာတ်ဟာ ၎င်းဟော်မုန်းဓာတ်ကို ပြန်လည်တိုးတက်လာစေနိုင်ပြီး ကလေးရနိုင်စွမ်းကို တိုးတက်စေပါတယ်။ဇင့်ဓာတ် ကြွယ်ဝသော အစားအသောက် အချို့ကတော့ ငါးများ အထူးသဖြင့် ပြည်ကြီးငါး၊ အခွံမာရေသတ္တဝါများ၊ ပုဇွန်များ၊ အနီရောင်အသားများ အထူးသဖြင့် အမဲသား၊ သိုးသားနဲ့ နှမ်းစေ့၊ ရွှေဖရုံသီးအစေ့၊ ပဲစိမ်း စတဲ့ အသီးအရွက်များ ဖြစ်ပါတယ်။ဒါပေမယ့် ကျန်းမာရေး ကောင်းဖို့ရာအတွက် ငါး၊ အသီးအရွက် စတာတွေကို များများစားပေးပြီး အနီရောင် အသားများကို လျှော့စားပေးဖို့ရာ အကြံပေးလိုပါတယ်။Fructose သကြားဟာဆိုရင် သုက်ရည်ထဲမှာ ပါဝင်တဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်ပြီး သုက်ပိုးများ ကူးခတ်စေဖို့အတွက် စွမ်းအင်ကိုပေးရာမှာ အရေးကြီးပါတယ်။Fructose သကြားဓာတ် ကြွယ်ဝတဲ့ အစားအသောက်တွေထဲမှာ အသီးအနှံနဲ့ အသီးအရွက်တွေပါဝင်ပြီး အမျိုးသားများရဲ့ သုက်ပိုးဆိုင်ရာ အဖြစ်များတဲ့ ပြဿနာတွေဖြစ်တဲ့ သုက်ပိုး ပမာဏ နည်းခြင်း၊ လှုပ်ရှားမှု မကောင်းခြင်းနဲ့ ရွေ့လျားနိုင်စွမ်း မကောင်းခြင်း စတဲ့ ပြဿနာတွေ ကို ကူညီပေးနိုင်ပါတယ်။နေ့စဉ် အသီးအနှံ၊ အသီးအရွက်များကို စားပေးခြင်းဟာ သုက်ပိုးကျန်းမာရေး အတွက် ကောင်းမွန်တဲ့ အကျိုးတွေရှိတယ်ဆိုတာကို လေ့လာထားပြီး ဖြစ်ပါတယ်။ ဒါကြောင့်အမျိုးသားတွေဟာ တစ်နေ့မှာ အသီး၂မျိုး အနည်းဆုံး စားပေးသင့်ပြီး အသီးအရွက်အသုပ်တွေကို နေ့လယ်စာရော၊ ညစာရော ၂ခုလုံးမှာ စားသောက်ပေးခြင်းဟာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပါတယ်။ဖောလစ်အက်စစ်ဟာ သုက်ပိုးတွေရဲ့ အရည်အသွေးကို ကောင်းမွန်စေတယ်လို့ သိပ္ပံနည်းကျလေ့လာ ဖော်ပြထားပြီး ဖြစ်ပါတယ်။ ဖောလစ်ဓာတ် ချို့ယွင်းနေတဲ့ အမျိုးသားတွေဟာ သူတို့ရဲ့ သုက်ပိုးမှာ ခရိုမိုဆုန်းဆိုတဲ့ မျိုးရိုးဗီဇ လျော့နည်းစေနိုင်ပါတယ်။ ဒါဟာ သင်တို့ရဲ့ အနာဂတ် ကလေးကျန်းမာရေးအတွက် အရမ်းအန္တရာယ်ရှိပါတယ်။ဘာကြောင့်လဲ ဆိုတော့ တကယ်လို့ အားနည်းနေတဲ့ သုက်ပိုးဟာ မမျိုးဥနဲ့ ပေါင်းပြီး သန္ဓေအောင်သွားတဲ့အခါ မွေးလာတဲ့ကလေးမှာ မွေးရာပါချို့ယွင်းမှု သို့မဟုတ် ကိုယ်ဝန်ပျက်ကျခြင်း စတာတွေကို ဖြစ်စေနိုင် ပါတယ်။ဖောလစ်အက်စစ် ကြွယ်ဝသော အစားအသောက်တွေထဲမှာ ပဲနီလေး၊ ပင်တိုပဲ၊ ပဲနက်၊ ပဲကြီး၊ ဟင်းနုနွယ်နှင့် ဂေါ် ဖီထုပ် စတာတွေ ပါဝင်ပါတယ်။ဗီတာမင်စီဟာ သင့်ရဲ့ သုက်ပိုးများ ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒီဗီတာမင် စီဓာတ်ဟာဆိုရင် အမျိုးသားများမှာ သုက်ပိုးအရည်အသွေးကို မြှင့်တင်နိုင်ပြီး သုတ်ပိုးများ ခဲသွားခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။ ဆေးလိပ်သောက်တဲ့ အမျိုးသားတွေက ပိုပြီး လိုအပ်ပါတယ်။ဗီတာမင်စီဓာတ်ဟာ မီးအပူနဲ့ ချက်ပြုတ်ပြင်ဆင်ခြင်းခံရတဲ့အခါအာဟာရဓာတ်ကို လျော့နည်းသွားပါတယ်။ ဒါကြောင့် ဗီတာမင်စီ ကြွယ်ဝတဲ့ အစားအသောက်တွေကို အစိမ်းတိုင်း စားပေးသင့်ပါတယ်။သင်္ဘောသီး၊ ပန်းဂေါ် ဖီစိမ်း၊ ငရုတ်ပွ၊ စတော်ဘယ်ရီသီး၊ လိမ္မော်သီး၊ ကီဝီသီး၊ ပန်းဂေါ် ဖီ၊ ကိုက်လံ စတာတွေဟာ ဗီတာမင်စီ ကြွယ်ဝတဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။အသင့်သောက်ပုလင်းထဲမှာ ထည့်ထားတဲ့ ဗီတာမင်စီ အချိုရည်တွေကိုတော့ သောက်သုံးပေးဖို့ရာ သိပ်အားမပေးပါဘူး။ ဗီတာမင်စီ ပါဝင်ပေမယ့် ကျန်းမာရေးအတွက် ဆိုးကျိုးများတဲ့ သကြားဓာတ်တွေလည်း ပါဝင်မှု များလို့ပါ။အထက်ဖော်ပြပါအစာအာဟာရများဟာ အမျိုးသားများမှာ မျိုးအောင်နိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။ သင့်ရဲ့ မျိုးပွားမှု စနစ်ကို မြှင့်တင်ဖို့ရာအတွက် ကျန်းမာရေးနှင့် ညီညွတ်သော မျိုးအောင်စေသည့် အစားအသောက်များ၊ အစာအဟာရများကို စားပေးသင့်ပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/foods-to-promote-fertility-in-men/
ဓာတ်မတည့်စာအကြောင်း သိထားသင့်သမျှ
ဓာတ်မတည့်တဲ့ ပြဿနာဟာ တစ်ကမ္ဘာလုံးရဲ့ လူသန်းပေါင်းများစွာ ခံစားနေရတဲ့ ပြဿနာတစ်ခုပါ။ ဘာကြောင့်ဓာတ်မတည့်တာလဲဆိုတာနဲ့ ပတ်သက်ပြီး အကြောင်းအရင်း အတိအကျကို ရှာဖွေနိုင်ခြင်းမရှိသေးပေမဲ့မိဘမျိုးရိုး၊ ကိုယ်ခံအားစနစ် ဖောက်လွဲဖောက်ပြန်ဖြစ်တာ၊ ရောဂါအခံ၊အရေပြားက ထိခိုက်လွယ်တာ စတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်နိုင်ခြေ ပိုများပါတယ်။ဓာတ်မတည့်ခြင်းတွေထဲမှာ အစားအစာက အဖြစ်အများဆုံးဖြစ်ပြီး၊ လေထု၊ ရေထု၊ ဓာတုဗေဒပစ္စည်း၊ ဖုန်မှုန့်၊ ရောဂါပိုးမွှား၊ အဝတ်အစား စတာတွေကြောင့်လည်း ဓာတ်မတည့်ဖြစ်စေနိုင်ပါတယ်။ အစားအစာတွေနဲ့ ဓာတ်မတည့်တဲ့ လူဦးရေဟာ လူလတ်ပိုင်းအရွယ်တွေမှာ ၅ ရာခိုင်နှုန်း၊ ကလေးအရွယ်မှာ ၈ ရာခိုင်နှုန်းအထိ ဖြစ်နေပြီး အခုထိလည်းဓာတ်မတည့်တဲ့ လူဦးရေဟာ တိုးပွားနေဆဲလို့ စစ်ဆေးချက်များအရ သိထားပါတယ်။ရင်သွေးလေးတွေနဲ့ အသက်အရမ်းငယ်သေးတဲ့ ကလေးတွေမှာ ဓာတ်မတည့်တာ အဖြစ်များပြီး အသက် ၆ လ မတိုင်ခင် နွားနို့အတိုက်ခံရဖူးတဲ့ ကလေးတွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ကလေးအများစုကတော့ အသက် ၃ နှစ်နောက်ပိုင်း ဒီဓာတ်မတည့်တဲ့ လက္ခဏာက သူ့အလိုလိုပဲ ပျောက်သွားတတ်ပါတယ်။ ဓာတ်မတည့်ခြင်းဟာ နွားနို့သောက်ပြီး ၅မိနစ်မှ မိနစ် ၃၀အတွင်း ပြလာတတ်ပြီး အသားဖောရောင်တာ၊ အင်ပျဉ်ထတာ၊ အဖုသေးသေးလေးတွေ အပြုံလိုက်ထတာ၊ အော့အန်တာ၊ ဝမ်းချုပ်တာ သို့မဟုတ် ဝမ်းလျှောတာအပြင် သွေးလန့်တာတွေ ဖြစ်နိုင်ပါတယ်။ နွားနို့သာမက နို့ပါဝင်တဲ့ အစားအစာတွေဖြစ်တဲ့ ချိစ်၊ ထောပတ်၊ ဒိန်ချဉ်၊ ရေခဲမုန့်တွေ စားရင်လည်း ဖြစ်နိုင်ပါတယ်။ကလေးတွေမှာ တော်တော်အဖြစ်များတဲ့ ဓာတ်မတည့်စာတွေထဲမှာကြက်ဥဟာလည်း တစ်ခုအပါအဝင်ပါပဲ။ အသက် ၁၆ နှစ်အရွယ်လောက်မှာဓာတ်မတည့်တာ ပျောက်သွားတဲ့ ကလေးတွေလည်း ရှိသလို ကြီးတဲ့အထိ မပျောက်တာမျိုးလည်း ရှိပါတယ်။ ကြက်ဥစားလိုက်တာနဲ့ အစာချေဖျက်ဖို့ ခက်တာ၊ ဗိုက်အောင့်ဗိုက်နာတာ၊အင်ပျဉ်၊ အဖုအပိမ့်လေးတွေ ထလာတာ၊အသက်ရှူရခက်လာတာအပြင် သွေးလန့်တာတွေပါ ဖြစ်နိုင်ပါတယ်။ ကြက်ဥအနှစ်ထက် ကြက်ဥအကာကို ဓာတ်မတည့်တဲ့ ဦးရေဟာ ပိုများတာကိုလည်း လေ့လာတွေ့ရှိခဲ့ပါတယ်။သစ်ပင်ကနေ ရတဲ့ အစေ့အဆန်တွေဖြစ်တဲ့ အော်လ်မွန်စေ့၊ သီဟိုရ်စေ့၊ ပစ္စတာရှီယို သစ်စေ့ (Pistachio) ၊ အခွံမာသီး (Walnuts) တွေ စားမိတဲ့အခါ ဓာတ်မတည့်ခြင်း ဖြစ်ပါတယ်။ ဒီလိုအစေ့တွေကနေ လုပ်ထားတဲ့ ထောပတ်တွေ၊ ဆီတွေ စားမိရင်လည်း ဖြစ်နိုင်ပါတယ်။ တခြားသော အစားအစာတွေနဲ့ မတူဘဲ အစေ့အဆန်တွေနဲ့ ဓာတ်မတည့်ခြင်းဟာ အချိန်တော်တော်ကြာတဲ့အထိ ပျောက်ဖို့ ခဲယဉ်းတဲ့အပြင် ဓာတ်မတည့်ဝေဒနာဟာလည်း တော်တော်ပြင်းထန်နိုင်ပါတယ်။အစေ့အဆန်တွေလိုပါပဲ၊ ပဲတွေဟာလည်း ဓာတ်မတည့်မှု တော်တော်လေးအဖြစ်များတဲ့ အစားအစာပါ။ မတော်တဆ စားမိလိုက်တဲ့အခါမှာလည်း အရေးပေါ်ကုသမှု ခံယူဖို့ လိုအပ်တဲ့အထိ လက္ခဏာတော်တော်လေး ပြင်းထန်နိုင်ပါတယ်။ ဒါ့အပြင် ပဲတွေနဲ့ ဓာတ်မတည့်တဲ့သူတွေမှာ အစေ့အဆန်နဲ့ဓာတ်မတည့်မှုပါ ပါလာတတ်ပါတယ်။ ပဲတွေထဲမှာတော့ မြေပဲနဲ့ ဓာတ်မတည့်မှုက ပိုတွေ့ရပါတယ်။ အသက်ရှူရခက်တာ၊ ပါး၊ မျက်နှာတွေ ရောင်ကိုင်းလာတာ၊ အင်ပျဉ်ကွက်တွေ တစ်ကိုယ်လုံးထလာတာ အစရှိတဲ့ လက္ခဏာတွေကို ဓာတ်မတည့်စာ စားမိချိန်မှာ တွေ့ရပါတယ်။ပင်လယ်စာတွေဟာ ကျန်းမာရေးအတွက် ကောင်းပြီး အာဟာရလည်း ရှိစေလို့ လူကြိုက်များကြပေမယ့် ဓာတ်မတည့်လို့ မစားရတဲ့သူတွေဟာလည်း ဒုနဲ့ ဒေးပါပဲ။ ကလေးဘဝမှာသာမက လူပျို၊ အပျိုဖော်ဝင်ကာစ အချိန်တွေမှာလည်း လက္ခဏာ စတင်ပြလာတတ်ပါတယ်။ ပင်လယ်စာလို့ဆိုရာမှာ ပုစွန်၊ ဂဏန်း၊ ကျောက်ပုစွန်၊ ရေဘဝဲ၊ ပြည်ကြီးငါး၊ ကရုကမာကောင်၊ ပင်လယ်ငါး၊ ရေချိုငါး အစရှိတာတွေ ပါဝင်ပါတယ်။ဓာတ်မတည့်လက္ခဏာ ခံစားရပုံခြင်းဟာလည်း တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ တချို့လူတွေမှာ သာမန်ယားယံတာလောက်ပဲ ဖြစ်နိုင်သလို တချို့တွေမှာလည်း အရေးပေါ် ကုသမှုခံယူဖို့ လိုတဲ့အထိ ပြင်းထန်နိုင်ပါတယ်။ ပင်လယ်စာတွေထဲမှာ အထူးသဖြင့် ပုစွန်နဲ့မတည့်တဲ့သူတွေ ပိုများပါတယ်။ကလေးတွေမှာ မကြာခဏဆိုသလို ဖြစ်တတ်ပေမယ့် အသက် ၁၀ နှစ်ပြည့်ပြီးနောက်မှာတော့ ဓာတ်မတည့်တဲ့ လက္ခဏာတွေက ပျောက်သွားတတ်ပါတယ်။ ဂျုံ၊ ပြောင်း ပါဝင်တဲ့ အစားအစာတွေ စားမိတဲ့အခါ အစာကောင်းစွာ မချေဖျက်နိုင်တာ၊ အဖုလေးတွေ အပြုံလိုက်ထွက်တာ၊အော့အန်တာ၊ အင်ပျဉ်ထတာ၊ ရောင်တာတွေ ဖြစ်နိုင်ပြီး အသက်သေစေနိုင်သည်အထိ ပြင်းထန်တဲ့ အခြေအနေတွေလည်း ရှိပါတယ်။ပဲပိစပ်တွေ၊ ပဲငံပြာရည်နဲ့ ဓာတ်မတည့်မှုဟာ အလွန်ငယ်သေးတဲ့ ကလေးတွေမှာ ပိုဖြစ်တတ်ပါတယ်။ ပါးစပ် ယားတာ၊ အသားထဲက စူးသလိုဖြစ်နေတာ၊ နှာရည်ယိုတာ၊ပန်းနာရင်ကျပ်ဖြစ်တာ၊ အသက်ရှူရခက်တာ၊ သွေးလန့်တာ အစရှိတဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။ဓာတ်မတည့်တဲ့ အစားအစာများသည် ကိုယ့်ရဲ့ အသက်အပိုင်းအခြားတစ်ခုရောက်မှ ရုတ်တရက် ဖြစ်လာတာမျိုးလည်း ရှိသလို ကလေးဘဝကတည်းက စွဲမြဲပြီး ဓာတ်မတည့်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အစပိုင်းမှာ ဓာတ်မတည့်လက္ခဏာတွေဟာ မပြင်းထန်သော်လည်းအသက်ကြီးလာမှ ရုတ်တရက် အသက်အန္တရာယ်ထိခိုက်လာတဲ့အထိ ပြင်းထန်လာတာလည်း ရှိနိုင်ပါတယ်။ကိုယ့်မှာ ဓာတ်မတည့်တဲ့ အစားအစာတစ်ခုရှိတယ်ဆိုရင် တတ်နိုင်သလောက် ဒီအစားအစာကို ရှောင်ပေးပါ။ဟင်းလျာတွေ ချက်ပြုတ်တဲ့အခါ သို့မဟုတ် အပြင်မှာဝယ်စားရင်လည်း ကိုယ်နဲ့မတည့်တဲ့ အစားအစာတွေ ထည့်သွင်းချက်ပြုတ်ထားခြင်း ရှိ၊ မရှိကို ကြိုတင်မေးပါ။ အစာစားနေရင်း အသက်ရှူကျပ်တာ၊ အင်ပျဉ်တွေ ထလာတာ၊ အရေပြား ယားယံလာတာမျိုး ဖြစ်လာရင် စားလက်စကနေ ချက်ချင်းရပ်လိုက်ပါ။ကိုယ်နဲ့ မတည့်တာတွေ စားမိပြီး အသက်အန္တရာယ်ထိခိုက်လာတဲ့အထိ လက္ခဏာတွေ ပြလာပြီဆိုရင် အရေးပေါ်ကုသမှုခံယူပါ။ သိပ်ပြီးမပြင်းထန်တဲ့ ရိုးရိုးဓာတ်မတည့်လက္ခဏာများအတွက် ဆရာဝန်ညွှန်းပေးထားတဲ့ သောက်ဆေး၊ လိမ်းဆေးများ မှီဝဲလို့ရပါတယ်။Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။[embed-health-tool-bmr]
allergies
allergies
https://hellosayarwon.com/allergies/food-allergies/%e1%80%a1%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%90%e1%80%b2%e1%80%b7-%e1%80%93%e1%80%ac%e1%80%90%e1%80%ba%e1%80%99%e1%80%90%e1%80%8a%e1%80%b7%e1%80%ba%e1%80%85/
သော်ကပင် ဆေးဖက်ဝင်သလား
သော်ကပင်ကို သိသူတွေလည်း ရှိသလို မသိသူတွေလည်း ရှိနိုင်ပါတယ်။သော်ကပင်တွေကအတွေ့ရများပေမယ့် နာမည်နဲ့ အပင်ကို တွဲမသိကြတာက ပိုများပါတယ်။ မျက်လုံးထဲ မြင်သာအောင် ပြောပြရရင် သော်ကပင်က အလှစိုက် အပင်တစ်မျိုးနဲ့ တူပါတယ်။ အပင်ကြီးမျိုးဖြစ်ပြီး အရွက်ရှည်ရှည်လေးတွေ ပိုင်ဆိုင်ထားတဲ့ အပင် တစ်မျိုးပါ။ ဒီတစ်ခေါက်တော့ သော်ကပင် ဆေးဖက်ဝင်သလား ။ ဘယ်လိုတွေဆေးဖက်ဝင်သလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။သော်ကပင် ဆိုတာက မိုးသစ်တောအပင် တစ်မျိုးပါ။ အိန္ဒိယတိုက်ထဲမှာ တွေ့ရနိုင်ပါတယ်။ အပင်ကြီးမျိုးဖြစ်ပြီး အစိမ်းရင့်ရောင် အရွက်ရှည်ရှည်လေးတွေပိုင်ဆိုင်ထားပါတယ်။ အပင်ရဲ့ ပုံပန်းသဏ္ဍာန်က ကတော့ မှောက်ရက်အနေအထားနဲ့ တူပါတယ်။ လိမ္မော်ရောင် နဲ့ အဝါရောင် ပန်းလေးတွေ အခိုင်လိုက် ပွင့်တတ်ပြီး မကြွေခင်မှာ အနီရောင် ပြောင်းသွားတတ်ပါတယ်။ အိန္ဒိယလူမျိုးတွေ အမြတ်တနိုးထားကြတဲ့ အပင်တစ်မျိုးပါ။သော်ကပင်မှာ များစွာသောအာဟာရဓာတ်တွေပါဝင်နေပါတယ်။သော်ကပင် ဆေးဖက်ဝင်သလား ဆိုတော့ အခုလိုလေး ဆေးဖက်ဝင်ပါတယ်။ သော်ကပင်က အရွက်၊အခေါက်၊ အစေ့ အားလုံးက ဆေးဖက်ဝင်ပါတယ်။သော်ကပင်အခေါက်ကို ပြုတ်ပြီး အနှစ်တိုက်လိုက်ပါ။ ပြီးရင် မုန်ညှင်းဆီထည့်ပြီး အအေးခံလို့ အရေပြားပေါ်မှာ လိမ်းပေးတာက ဝက်ခြံ သက်သာစေနိုင်ပါတယ်။သော်ကပင်ရဲ့ကျန်းမာရေး အာနိသင်တစ်ခုက သားအိမ်ကြွက်သားတွေကို ကျန်းမာစေပြီး ရာသီလာချိန်မှာ နာကျင်ကိုက်ခဲတာ၊ သားအိမ်ထဲမှာ သွေးကျန်တာ၊ ရာသီသွေး မမှန်တာ၊ သားအိမ်ထဲမှာ ရေအိတ်တည်တာတွေ မဖြစ်အောင် ကာကွယ်ပေးတာပါ။ အမျိုးသမီး ကျန်းမာရေးအတွက် အသုံးတည့်တဲ့ အပင် တစ်မျိုးပါ။သော်ကပင်ရဲ့ အခေါက်ကို အမှုန့်ကြိတ်ပြီး နွားနို့နဲ့ သောက်ပေးတာက ဦးနှောက်နဲ့ အာရုံကြောကို ကျန်းမာစေပြီး မှတ်ဉာဏ်ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။သော်ကပင်ရဲ့ နောက်ထပ် ကျန်းမာရေးအာနိသင် တစ်ရပ်က သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တာပါ။ ဓာတ်မတည့်မှုတွေ မဖြစ်အောင် ကာကွယ်ပေးသလို အရေပြားမှာ ဖြစ်တတ်တဲ့ ဓာတ်မတည့်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။အစာအိမ်ရောင်တာတွေကို သက်သာချင်တယ်ဆိုရင် သော်ကပင်ရဲ့အရွက်နဲ့ အခေါက်ကို အသုံးပြုပေးလို့ ရပါတယ်။ မှိုပိုးတွေကို ဖယ်ရှားပေးနိုင်သလို ဘက်တီးရီးယားတွေနဲ့ အစာခြေစနစ်တွင်းက သန်ကောင်တွေကို ဖယ်ရှားပေးပါတယ်။ ရင်ပူတာတွေကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။သော်ကပင်ရဲ့ အပွင့်လေးတွေက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး သွေးချိုထိန်းပေးပါတယ်။ ဆီးချိုရှိသူတွေ အနေနဲ့ အသုံးပြုပေးလို့ ရပါတယ်။အတွင်းလိပ်ခေါင်းရော အပြင်လိပ်ခေါင်းပါ သက်သာစေဖို့အတွက် သော်ကပင်ရဲ့ အခေါက်ကို အသုံးပြုပေးလို့ ရပါတယ်။ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေဖို့အတွက် သော်ကပင်ရဲ့အပွင့်၊ အရွက်၊ အခေါက် အာလုံးတို့ကို အသုံးပြုပေးလို့ ရပါတယ်။ ဗိုက်ထဲက ရစ်နာတာကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။သော်ကပင်ရဲ့ အရွက်ကို ပန်းနာရင်ကျပ် သက်သာစေဖို့အတွက် အသုံးပြုပေးလို့ ရပါတယ်။ သော်ကပင်ရဲ့ အရွက်ကို နေပြအခြောက်ခံ အမှုန့်လုပ်ပြီး ကွမ်းရွက်နဲ့ တွဲစားပေးရမှာပါ။သော်ကပင်ရဲ့ အစေ့ကို အမှုန့်လုပ်ပြီး အသုံးပြုပေးတာကလည်း ကျောက်ကပ်ကျောက်တည်တာကို သက်သာစေဖို့ ထောက်ကူပေးပါတယ်။နာကျင်ကိုက်ခဲမှုတွေ သက်သာစေဖို့အတွက်လည်း သော်ကပင်ရဲ့ အဆီအနှစ်ကို အသုံးပြုပေးလို့ ရပါတယ်။ အဆစ်တွေနာကျင်တာကို သက်သာစေဖို့ဆိုရင် သော်ကပင်ခေါက်ကို သွေးလိမ်းပေးလို့လည်း ရပါတယ်။သော်ကပင်က ဆေးဖက်ဝင်တယ်ဆိုပေမယ့် တစ်ခု သတိထားရမှာကတော့ အလွန်အကျွံ မသုံးဖို့ပါ။ အရင်က သုံးဖူးပြီး ဓာတ်မတည့်ပြဿနာဖြစ်ဖူးရင်လည်း ထပ်မသုံးသင့်ပါ။ ဓာတ်မတည့်တဲ့ လက္ခဏာတွေ ခံစားရမယ်ဆိုရင် အသုံးပြုတာကို ချက်ချင်းရပ်ပြီး နီးစပ်ရာဆေးခန်းကို အလျင်အမြန် သွားရောက်ဖို့ လိုပါမယ်။သော်ကပင်ကို အရေပြားပေါ်မှာ တိုက်ရိုက်အသုံးပြုတာက ပြဿနာ မရှိပေမယ့် သောက်မယ်ဆိုရင်တော့ ရောဂါအခံရှိသူတွေ ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရမယ်။ ကိုယ်ဝန်ဆောင်ဖြစ်မယ်။ နို့တိုက်မိခင် ဖြစ်မယ်ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင်စေချင်ပါတယ်။ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်တာကြောင့်ပါ။ ဆီးချိုဆေးတွေ၊ သွေးကျဆေး၊ သွေးမခဲဆေးတွေနဲ့လည်း ဓာတ်ပြုနိုင်တာကြောင့် ဒီဆေးတွေ သောက်နေမယ်ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင်ရပါမယ်။သော်ကပင်ကဆေးဖက်ဝင်တယ်ဆိုပေမယ့် သူ့ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးကို ဆက်ပြီး လေ့လာဖို့ လိုပါသေးတယ်။ မိမိမှာ အထက်ပါရောဂါတွေ ခံစားနေရမယ်ဆိုရင် တတ်ကျွမ်းနားလည်သူနဲ့ ပြသပြီး ကုသတာက အကောင်းဆုံး ဖြစ်ပါတယ်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/asoka-health-benefits/
ကလေး မွေးစားတော့မယ့် မိဘတွေ ဘာတွေပြင်ဆင်ထားသင့်လဲ
ကလေးမွေးစားတယ်ဆိုတာ မိဘတွေအတွက်ရောကလေးအတွက်ပါ လွယ်တဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ မိဘတွေအနေနဲ့လည်း မမွေးစားခင် ကိုယ့်ဘက်က အခြေအနေကို ပြီးပြည့်စုံအောင် ပြင်ဆင်ထားရမယ်။ ကလေးအနေနဲ့လည်း ကိုယ်ရောက်သွားမယ့် အိမ်က လူတွေဟာ ဘယ်လိုစိတ်ဓါတ်အခြေအနေ ရှိမလဲဆိုတာ စိုးရိမ်နေမိမှာပါ။ မွေးစားပြီးတဲ့အခါမှာလည်း အတူနေရင်း ကြုံလာရမယ့် အိမ်တွင်းရေးပြဿနာတွေအတွက်လည်း ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။ကလေး မွေးစားတယ်ဆိုတာ ပုံစံအမျိုးမျိုးတော့ ရှိပါတယ်။ တချို့အခြေအနေတွေမှာ မိဘမဲ့ဂေဟာက ကလေးကို မွေးစားတာ ဖြစ်နိုင်တယ်။ တစ်ခါတလေမှာ မိဘဆုံးပါးသွားတဲ့ သွေးသားတော်စပ်တဲ့ ကလေးကို မွေးစားတာလည်း ဖြစ်နိုင်သလိုကလေးမရနိုင်တဲ့ စုံတွဲတွေ၊ လိင်တူချင်း လက်ထပ်ထားကြသူတွေမှာလည်း ကလေးမွေးစားနိုင်တာတွေ ရှိနိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ ကလေးတစ်ယောက်ကို ကိုယ့်ရဲ့ ဘဝထဲ ဆွဲခေါ်လာပြီး နွေးထွေးတဲ့ အိမ်လေးတစ်ခု တည်ဆောက်လိုတဲ့မိသားစုေတွအတွက် ပြင်ဆင်ထားသင့်တာတွေကို ပြောပြပေးချင်ပါတယ်။အခုခေတ်မှာ ခင်ပွန်းရော၊ ဇနီးပါ အလုပ်ထွက်လုပ်တတ်ကြတာ သဘာဝပါပဲ။မေတ္တာငတ်မွတ်နေတဲ့ မိဘမဲ့ ကလေးတွေအတွက်တော့ ဒီလိုလုပ်တာဟာ သိပ်အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် ကိုယ်က ကလေးမွေးစားတော့မယ်လို့ ဆုံးဖြတ်ပြီးသွားရင် ကိုယ့်ရဲ့ အလုပ်ကိစ္စတွေကို လက်စဖြတ်ထားပါ။ခရီးထွက်စရာရှိတာ၊ အိမ်ကို ပြုပြင်အလှဆင်စရာရှိတာတွေ ကြိုလုပ်ထားပါ။ ကိုယ့်ဘက်က ဘယ်လိုအရာမှ နောက်ဆံတင်းစရာ မရှိတော့ဘူးဆိုမှ ကလေးမွေးစားမယ့် အစီအစဉ်ကို စတင်ပါ။ကိုယ်မွေးစားမယ့် ကလေးက မွေးကင်းစအရွယ်ဆိုရင်တော့ မိဘတွေ ဘယ်သူဘယ်ဝါဆိုတာကိုပဲ စုံစမ်းထားကြည့်ပါ။ အဲ့လိုမဟုတ်ပဲ လူမှန်းသိတတ်စ အရွယ်ရောက်နေတဲ့ ကလေးကို မွေးစားတော့မယ်ဆိုရင် ကလေးရဲ့ အတိတ်မှာ ဘာတွေဖြစ်ခဲ့သလဲ၊ ကလေးရဲ့ စိတ်အခြေအနေ၊ စကားပြောဆိုပုံ၊ နေပုံထိုင်ပုံ၊ ပညာရေး၊လူမှုရေးမှာ သီးသန့်နေတတ်လား၊ လူတွေနဲ့ ပေါင်းသင်းဆက်ဆံလို့ လွယ်ကူလား၊ ဘယ်လို အရုပ်မျိုး၊ စားစရာမျိုး ကြိုက်နှစ်သက်လဲ အစရှိသဖြင့် ကြိုတင်သိထားဖို့ အရေးကြီးပါတယ်။ကလေးအတွက် အိမ်အသစ်၊ အခန်းအသစ်၊ အိပ်ရာအသစ်၊ မိသားစုဝင် အသစ်နဲ့ ချက်ချင်း အသားကျဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အထူးသဖြင့် မိဘမဲ့ဂေဟာမှာ နေခဲ့တဲ့ ကလေးတွေညအိပ်တဲ့အခါ တစ်ယောက်တည်း အိပ်တာမျိုးမဟုတ်ပဲ စုပြီး အိပ်တာ ဖြစ်တဲ့အတွက် အိမ်အသစ်ကို ရောက်လာတဲ့အချိန် တစ်ယောက်တည်းအိပ်တဲ့ အရသာကို ကျင့်သားရမှာ မဟုတ်သေးပါဘူး။ ဒါကြောင့် ကကေးတွေအတွက် အချိန်ပေးပါ။ စိတ်ရှည်ပါ။ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ဖို့ ကြိုးစားနေတဲ့ ကလေးအတွက် မေတ္တာနဲ့ နွေးထွေးမှု ပေးပါ။ကိုယ်မွေးစားလိုက်တဲ့ ကလေးမို့ သူ့ရဲ့ မိဘအရင်းတွေနဲ့ လုံးဝပေးမဆက်သွယ်တာ၊ ဖုန်းပြောဖို့ကို တားမြစ်တာမျိုး မလုပ်သင့်ပါဘူး။ မိဘအရင်းတွေအကြောင်း ကလေးကို ပြောပြထားပါ။ ကလေးက တွေ့ဖို့ စိတ်ပါတယ်၊ လက်ခံတယ်ဆိုရင် ပေးတွေ့ပါ။ ဒါမှမဟုတ် မိဘအရင်းနဲ့ မွေးစားထားတဲ့ မိဘတွေ အမြဲတွေ့ဆုံပြီး ကလေးရဲ့ ကျန်းမာရေးအခြေအနေ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာတွေကို ပြောပြထားပါ။မွေးစားမယ့် ကလေး အိမ်ရောက်လာတဲ့အခါ ကိုယ့်ဘက်က မေတ္တာအပြည့်နဲ့ နွေးနွေးထွေးထွေး ကြိုဆိုပေးဖို့၊ လိုအပ်တဲ့ ကိစ္စတွေကို ကူညီပေးဖို့ ဆွေမျိုးတွေ၊ မိတ်ဆွေတွေကို ပြောပြထားပါ။ ကလေးအတွက် ဒီနေရာဟာ သူနေထိုင်သင့်တဲ့ နွေးထွေးစရာအိမ်လေး ဖြစ်တဲ့အကြောင်းကို ဖော်ပြပေးပါ။မိဘစွန့်ပစ်တာ ခံရတဲ့ကလေးတွေအတွက်တော့ ဒီလိုခံစားချက်မျိုးဟာ အလွန်ရလွယ်နိုင်ပါတယ်။ တစ်အိမ်လုံးမှာ ရှိတဲ့ သူတွေက အလုပ်လုပ်ပြီး ကလေးကို ပစ်ထားမယ်ဆိုရင် ပိုပြီးတောင် ဆိုးသွားနိုင်ပါတယ်။ ဒါကြောင့် အိမ်မှာ မိသားစုဝင်တစ်ယောက်တော့ အမြဲ ရှိနေပေးဖို့ လိုပါတယ်။ ကလေးက အခန်းထဲမှာပဲ အောင်းနေမယ်ဆိုရင် အပြင်ထွက်ခိုင်းပြီး စကားပြောတာ၊ ရုပ်ရှင်ကြည့်တာ၊ ဈေးဝယ်ထွက်တာ၊ အပြင်ထွက်လမ်းလျှောက်တာ၊ အိမ်အလုပ် ဝိုင်းကူလုပ်ခိုင်းတာ၊ ပျော်ပျော်ပါးပါး ဟင်းချက်တာ အစရှိသဖြင့် လုပ်ပေးလို့ ရပါတယ်။ကိုယ်ကတော့ ကလေးအပေါ်မှာ မြင်မြင်ချင်းသံယောဇဉ်ြဖစ်မိသွားနိုင်ပေမယ့် ကလေးတွေအတွက်တော့ လွယ်ကူမှာ မဟုတ်ပါဘူး။ ကိုယ်မြင်တွေ့ဆက်ဆံနေကျ လူတွေနဲ့ မဟုတ်ပဲ သူစိမ်းတွေနဲ့ အတူနေနေရတဲ့အခါ သူတို့အတွက် သဟဇာတဖြစ်ဖို့တောင် အချိန်လိုအပ်ပါတယ်။ မလောပါနဲ့၊ စိတ်ရှည်ပါ။ ကိုယ့်ကလေးအပေါ်မှာ ပြည့်ဝတဲ့ မေတ္တာနဲ့ ဆက်ဆံပါ။ အချိန်ကြာလာတာနဲ့အမျှ ကလေးကလည်း ကိုယ့်အပေါ် သံယောဇဉ်တွယ်လာနိုင်ပါတယ်။တချို့အိမ်တွေမှာ စည်းကမ်းတင်းကြပ်လွန်းတာ၊ ချုပ်ချယ်လွန်းတာ၊ ကိုယ်လိုချင်တဲ့ ပုံစံအတိုင်း မဖြစ် ဖြစ်အောင် ပုံသွင်းတဲ့အပြုအမူမျိုး လုပ်တတ်ပါတယ်။ မွေးစားခံရတဲ့ ကလေးတွေဟာ ကလေးအရင်းတွေထက် စိတ်ပိုင်းဆိုင်ရာ အားနည်းနေမှာကို မေ့လို့ မဖြစ်ပါဘူး။ သူတို့ အဆင်ပြေသလို ပုံစံနဲ့ အရင်ပေးနေလိုက်ပါ။ နောက်ပိုင်းမှ ကလေးနဲ့ မိသားစု အသားကျသွားပြီဆိုရင် ဖြည်းဖြည်းချင်း ပြုပြင်ပေးပါ။Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။[embed-health-tool-vaccination-tool]
parenting
parenting
https://hellosayarwon.com/parenting/child-health/behavioral-and-developmental-disorders/how-to-prepare-before-adoption/
သင်ထင်မထားတဲ့ ငှက်ပျောရွက် ရဲ့အကျိုးအာနိသင်
ငှက်ပျောရွက် က စားစရာတစ်ခုမဟုတ်သလို ဆေးဖက်ဝင်မယ်လို့လည်း ဘယ်သူမှထင်ထားလောက်မှာမဟုတ်ပါဘူး။ ထုပ်ပိုးမှုအတွက် သုံးတာကလွဲလို့ ငှက်ပျောရွက်ကို စားဖို့ ဒါမှမဟုတ်ဆေးဖက်ဝင်တဲ့အရာတစ်ခုအနေနဲ့ အသုံးပြုလို့ရမယ်ရယ်လို့ ထင်မထားဘူးဟုတ်။ ဒီတော့ သင်ထင်မထားတဲ့ ငှက်ပျောရွက်က ဘယ်လိုအကျိုးကျေးဇူးတွေများရှိလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ငှက်ပျောရွက်ဆိုတာက ငှက်ပျောပင်ရဲ့ အရွက်ပါ။ နုစဉ်မှာ အစိမ်းရောင် နုနုလေး ဖြစ်ပြီး ရင့်ပြီဆိုရင်တော့ အစိမ်းရောင် ရင့်ရင့်ပါ။ အနံ့လေး မွေးပြီး ဟင်းထုပ်တွေ မုန့်ဖက်ထုပ်တွေ လုပ်ရာမှာ အသုံးပြုကြပါတယ်။ စားသုံးပေးလို့လည်း ရပါတယ်။ငှက်ပျောရွက် က အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိပါတယ်။ငှက်ပျောရွက်ကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ရင်ကျပ်ချောင်းဆိုးသက်သာစေဖို့အတွက် အသုံးပြုခဲ့ကြတာပါ။ လေ့လာမှုတွေအရ ငှက်ပျောရွက်ဟာ ကိုယ်ခံအားကိုတိုးစေနိုင်သလို၊ ချောင်းဆိုးသက်သာစေပြီးနာကျင်ရောင်ရမ်းမှုကို လျော့ပါးစေနိုင်ပါတယ်။အသက်ရှူလမ်းကြောင်းအထက်ပိုင်းမှာရောဂါပိုးတွေ ဝင်ရောက်ကူးစက်တာကိုလည်း အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။အအေးမိဖျားနာတာကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင် ရှိပါတယ်။ ချွဲတွေကိုပျော်စေနိုင်ပြီး လည်ချောင်း ယားယံခြင်းကို သက်သာစေနိုင်ပါတယ်။ ငှက်ပျောရွက်ကို အရည်ညှစ်ပြီး ရေနဲ့ရောလို့ ၁၀ မိနစ်လောက်ကျိုးပေးပါ။ ပြီးရင်ပျားရည်လေးနဲ့ ရောပြီး သောက်ပေးလို့ရပါတယ်။သင်မှာ နာတာရှည် ချောင်းဆိုးကြောင့် လေပြွန်ရောင်ရမ်းနာများ ရှိမယ်ဆိုရင် သဘာဝဆေး အနေနဲ့ ငှက်ပျောရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ ကူးစက်ရောဂါပိုးတွေကြောင့် ဖြစ်တဲ့ လေပြွန်ရောင်ရမ်းခြင်းကိုသာမကဘဲ ချွဲကျပ်ပြီး ဆိုးတဲ့ချောင်းကိုပါ သက်သာစေနိုင်ပါတယ်။ Polysaccharides ဒြပ်ပေါင်းပါဝင်နေတာကြောင့် ချွဲဖြစ်ပြီး ချောင်းဆိုးတာကို သက်သာစေနိုင်ပါတယ်။ ချောင်းခြောက်ဆိုးတာကို သက်သာစေနိုင်ပါတယ်။ငှက်ပျောရွက်ကို ရေစင်အောင်ဆေးပြီး ရေနွေးထဲမှာ ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက်စိမ်လို့ ပေါင်းခံရည်ယူပါ။ ပြီးရင် စိမ်ထားတဲ့အရည်ကိုသောက်ပေးပါ။ တစ်နေ့ကို ၃ ခွက်လောက်အထိ သောက်ပေးလို့ရပါတယ်။အရေပြားမှာ ရောင်ရမ်းတာ၊ ယားယံတာ နဲ့ နာကျင်တာတွေသက်သာစေဖို့အတွက်လည်း ငှက်ပျောရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ ငှက်ပျောရွက်မှာ အရေပြားကို ယားယံမှုသက်သာစေပြီး အသားအရေချောမွေ့လို့ ကျန်းမာတဲ့အရေပြားတစ်ရှူးတွေကို ဖြစ်ပေါ်စေနိုင်တဲ့ allantoin ဒြပ်ပေါင်းကြွယ်ဝစွာပါဝင်နေပါတယ်။ နေလောင်ဒဏ်ကနေ ကာကွယ်ပေးနိုင်သလို ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။အသားအရေကို ကြည်လင်စေနိုင်ပါတယ်။ ငှက်ပျောရွက်ကိုစင်အောင်ဆေး အရည်ညှစ်ပြီး အရေပြားမှာ စွတ်ပေးရုံပါ။ထိခိုက်ဒဏ်ရာတွေအတွက်လည်း ငှက်ပျောရွက်ကို အသုံးပြုပေးလို့ရပါတယ်။ အနာကျက်စေနိုင်တဲ့ အာနိသင်ရှိနေပါတယ်။ Allantoin ပါဝင်တဲ့အတွက် အနာကျက်စေနိုင်ပြီး အသေးစားပြတ်ရှဒဏ်ရာ၊ အနာ၊ ပျားတုပ်တာ၊ ပိုးကောင်ကိုက်တာတွေကို သက်သာစေနိုင်ပါတယ်။ငှက်ပျောရွက်ကြိတ်ရည်ကို ပျားရည်နဲ့ရောစပ်ပြီး အနာကိုလူးပေးလို့ရပါတယ်။ ငှက်ပျောရွက်ကို ရေစင်အောင်ဆေးပေးပြီး အနာပေါ်မှာ ကပ်ပေးလို့လည်းရပါတယ်။ခံတွင်းထဲကအနာတွေ သက်သာစေဖို့အတွက်လည်း ငှက်ပျောရွက်ကို အသုံးပြုပေးလို့ရပါတယ်။ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ ငှက်ပျောရွက်က ခံတွင်းအနာတွေကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ ငှက်ပျောရွက်ကို အခြောက်ခံလို့ အမှုန့်ကြိတ်ပြီး ပျားရည်လေးနဲ့ရောလို့ အစားမစားခင်စားပေးပါ။ငှက်ပျောရွက်က နာတာရှည်ဝမ်းချုပ်တာကို သက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဝမ်းပျော့ပျော့သွားစေနိုင်ပါတယ်။ ဝမ်းမှန်စေဖို့အတွက်လည်း စားသုံးပေးလို့ရပါတယ်။ ငှက်ပျောရွက်ကို ပြုတ်ပြီး ပြုတ်ရည်ကိုသောက်ပေးပါ။ ငှက်ပျောရွက်၊ ရှောက်ရွက်ကိုအခြောက်ခံလို့ အမှုန့်ကြိတ်ပြီး ဆတူရောပါ၊ ရေဆူဆူထဲကို အမှုန့်တွေကိုထည့်ပြီး ၅ မိနစ်က နေ ၁၀ မိနစ်လောက်အထိထားပေးပါ။ ဒီအရည်ကိုသောက်သုံးတာက အစာအိမ်နာတာကိုပါ သက်သာစေနိုင်ပါတယ်။အစာခြေစနစ်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။ငှက်ပျောရွက်က သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပါတယ်။ လေ့လာမှုတစ်ရပ်အရ ငှက်ပျောရွက်ပြုတ်ရည်ကို တစ်နေ့နှစ်ကြိမ် ပုံမှန်သောက်သုံးပေးသူတွေက သွေးတွင်းကိုလက်စထရောကျဆင်းတာကို တွေ့ရှိခဲ့ရပါတယ်။ သွေးတွင်းကိုလက်စထရောများသူတွေအတွက် စားသုံးပေးသင့်တဲ့ သဘာဝဆေးဖက်ဝင်အပင်တစ်မျိုးပေါ့။သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ရေမှာပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်က သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်သလို ကာဗိုဟိုက်ဒရိတ်စုပ်ယူမှုကိုလျော့ကျစေနိုင်ပါတယ်။ အမျိုးအစား -၂ ဆီးချိုရောဂါရှိသူတွေအနေနဲ့ ငှက်ပျောရွက်ပြုတ်ရည်ကို တစ်နေ့နှစ်ကြိမ်သောက်သုံးပေးတာက သွေးတွင်းသကြားဓာတ်ကိုကျဆင်းစေနိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။ဆေးဖက်ဝင်တာ မှန်ပေမယ့် အများကြီး အသုံးပြုတာ၊ အလွန်အကျွံ အသုံးပြုတာမျိုး မလုပ်မိဖို့ လိုပါမယ်။ရောဂါအခံ ရှိသူတွေ၊ ကျန်းမာရေး ပြဿနာတစ်ရပ်ရပ်အတွက် ဆေးသောက်နေရသူတွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ ကလေးတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ အသုံးပြုသင့်ပါတယ်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/health-benefits-of-plantain/
Chronic Sore Throat (ကြာရှည်စွာ လည်ချောင်းနာခြင်း)
လည်ချောင်းရောင်ခြင်းဖြစ်လျှင် လည်ချောင်းနာခြင်း၊ ယားခြင်းနှင့် တံတွေးမျိုလိုက်လျှင် ထိုလက္ခဏာများပို ဆိုးခြင်းတို့ဖြစ်နိုင်သည်။ လည်ချောင်းရောင်ခြင်းသည် အအေးမိတုပ်ကွေးဖြစ်စေသော ဗိုင်းရပ်စ်ပိုးကြောင့်အဖြစ်များပြီး ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော လည်ချောင်းနာခြင်းသည် ဆေးသောက်စရာမလိုဘဲကောင်းသွားနိုင်သည်။လည်ချောင်းနာခြင်းသည် ပုံမှန်အာဖြင့် ရက်အနည်းငယ်ကြာလျှင်ပျောက်သွားသော်လည်း ၃-၄ ပတ်အထိလည်း ကြာမြင့် နိုင်သည်။ အကယ်၍လည်ချောင်းနာခြင်းသည် ရက်ရှည်လာပြီး လက္ခဏာများပိုဆိုးလာပါက သင်သည် ပိုဆိုးသော ကျန်းမာရေးအခြေအနေနှင့် ကြုံလာရနိုင်ပါသည်။ကြာရှည်စွာ လည်ချောင်းနာခြင်း သည်အသက်အရွယ်မရွေးဖြစ်နိုင်သည်။သို့သော် ကြာရှည်စွာ လည်ချောင်းနာခြင်း သည် ဖြစ်စေသောအကြောင်းများကို သေချာစွာသိလျှင် ကာကွယ်နိုင်သောကြောင့် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။ကြာရှည်စွာ လည်ချောင်းနာခြင်း ၃ ပတ်မှ ၄ပတ် အထိကြာမြင့်နိုင်ပြီး အောက်ပါ လက္ခဏာများနှင့် တွဲပြီးတွေ့နိုင်သည်။အထက်တွင်မဖော်ပြထားသော လက္ခဏာများကျန်နေနိုင်ပါသေးသည်။ ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။အထက်တွင်မဖော်ပြထားသော လက္ခဏာများခံစားနေရပါက ဆရာဝန်နှင့်ပြသင့်သည်။လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။ကြာရှည်စွာ လည်ချောင်းနာခြင်း ကိုဖြစ်စေသော အကြောင်းများအချို့မှာ။ရာသီတုပ်ကွေးကြောင့်ဖြစ်လျှင် ကုသမှုမလိုဘဲ ပျောက်ကင်းနိုင်သော်လည်း Streptococcus အကောင်ကြောင့်လည်ချောင်းနာခြင်း၊ အာသီးရောင်ခြင်းကို မကုဘဲထားလျှင် ဆိုးကျိုးများရှိလာနိုင်ပါသည်။ ဆေးလိပ်သောက်နေလျှင်ဆေးလိပ်ဖြတ်ပါ။ လည်ချောင်းနာစေသော အကြောင်းများကို သင်လက်လှမ်းမှီသလောက်ရှောင်ကျဉ်နိုင်သော်လည်း အကြောင်းရင်းရေရေရာရာ မရှိဘဲ လည်ချောင်းနာနေလျှင် ဆရာဝန်နှင့် သွားပြသင့်သည်။ဘယ်အရာတွေကကြာရှည်စွာ လည်ချောင်းနာခြင်းကို ပိုဖြစ်စေသလဲ။ရာသီအကူးအပြောင်းတွင် ဓါတ်မတည့်ခြင်း နှင့် ဖုန်မှုန့်နှင့် တိရိစ္ဆာန်များကို ဓါတ်မတည့်ခြင်း တို့ကလည်ချောင်းနာခြင်း ကို ပိုဖြစ်စေသည်။လောင်စာဆီနှငိ အိမ်သုံးဓါတုဗေဒပစ္စည်းများမှထွက်သော အမှုန်များသည် လည်ချောင်းယားစေသည်။နှာရည်များသည် လည်ချောင်းထဲသို့ အဆက်မပြတ်စီးနေသောကြောင့် လည်ချောင်း ပိုးဝင်နိုင်သည်။ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများသည် ကလေးငယ်ထိန်းသိမ်းရေး စခန်းများ၊ ကျောင်း၊ ရုံး၊ လေယာဉ်ကွင်း စသည့် လူစုလူဝေးနေရာများတွင် လွယ်ကူစွာပျံ့နှံ့နိုင်သည်။သင်သည် ကိုယ်ခံအားနည်းနေလျှင်။ရောဂါပိုဝင်နိုင်သည်။ ကိုယ်ခံအားနည်းခြင်းကိုဖြစ်စေနိုင်သော အခြေအနေများမှာ HIV ရောဂါ၊ဆီးချိုရောဂါ၊ စတီးရွိုက်နှင့် ကင်ဆာဆေးများသောက်နေရခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း နှင့် အစားအသောက်မမှန်ခြင်း စသည်တို့ဖြစ်သည်။ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.။ရောဂါအမည်တပ်ရန် စစ်ဆေးမှုများကို ပြုလုပ်ရပါသည်။ ရောဂါလက္ခဏာများနှင့် လူနာ၏ရာဇဝင်အပေါ်မူတည်ပြီး ရောဂါဖြစ်စေသော အကြောင်းရင်းများစွာရှိပါသည်။ လည်ပင်း ဒါတ်မှန်ရိုက်ခြင်း၊ CT ရိုက်ခြင်း၊ လည်ချောင်းတွင်းမှန်ပြောင်းကြည်ခြင်း စသည်တို့ဖြင့်လည်း စစ်ဆေးနိုင်ပါသည်။လည်ချောင်းနာစေသော အကြောင်းရင်းကို သိမှ ကုသနိုင်မည်ဖြစ်သည်။ လည်ချောင်းနာခြင်းသည် ဘက်တီးရီးယားပိုးကြောင့်ဖြစ်ရပြီး ပိုးသတ်ဆေးဖြင့်ကုသနိုင်သည်။ လည်ချောင်းနာခြင်းကို သေချာစွာမကုသပါက နှလုံးရောဂါဖြစ်ခြင်း၊ နှလုံးအဆို့ရှင်များ ထိခိုက်ခြင်း စသည့်ဆိုးကျိုးများဖြစ်လာနိုင်သည်။ဗိုင်းရပ်စ်ကြောင့်ဖြစ်သော လည်ချောင်းနာခြင်း ကိုဗိုင်းရပ်စ်သတ်ဆေးများဖြင့် ကုနိုင်သလို ဆေးမလိုဘဲ အလိုလိုလည်းပျောက်သွားနိုင်သည်။လည်ချောင်းနာခြင်းသည် ဓါတ်မတည့်ခြင်းကြောင့်ဖြစ်ပါက ထိုဓါတ်မတည့်ပစ္စည်းကိုရှောင်ကျဉ်ပါမှ သင့်ရောဂါလက္ခဏာများ သက်သာလာမည်ဖြစ်သည်။နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ။နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့် ကြာရှည်စွာ လည်ချောင်းနာသူများအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။အောက်ပါနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများသည် သင့်အတွက်အကူအညီဖြစ်နိုင်ပါသည်။သင်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။[embed-health-tool-bmi]
ent
ent
https://hellosayarwon.com/ent/throat-conditions/chronic-sore-throat-%e1%80%80%e1%80%bc%e1%80%ac%e1%80%9b%e1%80%be%e1%80%8a%e1%80%ba%e1%80%85%e1%80%bd%e1%80%ac-%e1%80%9c%e1%80%8a%e1%80%ba%e1%80%81%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba/
ရင်သားကင်ဆာ အတွက် အဝတ်အစား - ဘရာစီယာ၊ လည်စည်း၊ အသုံးအဆောင် နှင့် တခြားအရာများ
ရင်သားကင်ဆာဟာ အကောင်းဆုံး ကျန်းမာရေး စောင့်ရှောက်မှု ရရှိရင်တောင်မှ စိန်ခေါ်မှုတစ်ခုအဖြစ် ရပ်တည်နေပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ကုသမှုတွေက အထူးသဖြင့် သင့်အသွင်အပြင်ကို အပြင်းအထန် ပြောင်းလဲစေတာကြောင့် ဖြစ်ပါတယ်။ ကံကောင်းတာက ကင်ဆာရောဂါကို တွန်းလှန်နိုင်သူတွေအတွက် ရည်ရွယ်ပြီး ဒီဇိုင်းထုတ်ထားတဲ့ ဘရာ၊ လည်စည်း၊ ဆံပင်တု စတဲ့ အသုံးအဆောင်တွေ ရရှိနိုင်ပါပြီ။ယခုအခါ ဘရာစီယာတွေကို ရင်သားဖြတ်ထုတ်ထားသူတွေအတွက် ကွဲပြားခြားနားတဲ့ ပုံစံ၊ အရောင်အသွေး၊ အရွယ်အစားအမျိုးမျိုးနဲ့ ရရှိနိုင်ပါပြီ။ နာမည်ပေးကြည့်လို့ရပါတယ်။ သူတို့က ပုံမှန် ဘရာစီယာတွေနဲ့ အနည်းငယ် ကွဲပြားပါတယ်။ ဘာကြောင့်လဲဆိုတော့ ရင်သားအတုထည့်သွင်းဖို့ အိတ်လေးတွေ ပါလို့ပါပဲ။ သင်လိုချင်တဲ့ သင်နဲ့သင့်တော်မယ့် ဘရာစီယာကို မှာယူနိုင်ပါပြီ။ ဘရာစီယာတစ်စုံလုံး မလိုဘူးဆိုရင် ကပ်ထားနိုင်တဲ့ နို့သီးခေါင်းနဲ့ အဖုံးအကာတွေကိုတောင်မှ ရရှိနိုင်ပါပြီ။ တကယ်လို့ သင်က ရင်သားပြန်လည်တည်ဆောက်မှု ပြုလုပ်နေရင် အထူး လိုအပ်ပါလိမ့်မယ်။ဘရာစီယာတွေလိုပဲ ရေကူးဝတ်စုံ ထုတ်လုပ်မှုကလည်း ရင်သားကင်ဆာကို တွန်းလှန်နိုင်သူတွေအတွက် ပေါ်ထွက်လာပါပြီ။ ပိုပြီး ထောက်ပံ့ပေးနိုင်တဲ့ အားကစားဝတ်စုံနဲ့ ဘီကနီတောင်မှ သင်လိုချင်တဲ့အတိုင်း ရရှိနိုင်ပါပြီ။ သင်အကုန်အကျ ပိုခံနိုင်ရင် ပိုပြီး စတိုင်ကျတဲ့ ဝတ်စုံကို ရရှိပါလိမ့်မယ်။ တကယ်လို့ သင်က ရိုးရှင်းတဲ့ ဝတ်စုံနဲ့ သက်တောင့်သက်သာ ရှိမယ်ဆိုရင် low-end နဲ့ mid-end section တွေက သင့်အတွက် ရွေးချယ်စရာတွေ ဖြစ်နေမှာပါ။ဆံပင်ကျွတ်တာက သိသာတဲ့ ပြောင်းလဲမှု တစ်ခုပါ။ တကယ်လို့ သင်ဟာ သင့်ဘဝတလျှောက်လုံး ဆံပင်ပုံစံ တစ်မျိုးတည်း ထားခဲ့ရတယ်ဆိုရင်တော့ အသစ်အဆန်းလေးတွေ လုပ်ကြည့်ဖို့အတွက် အခွင့်အလမ်းတစ်ခုပါပဲ။ ရွေးချယ်ရခက်နေရင်တော့ ဆံတု ကျွမ်းကျင် ပညာရှင်တွေက သင့်မူလဆံပင်နဲ့ ဆင်တူတဲ့ ဆံတုကို ကူညီဖွေရှာပေးနိုင်ပါတယ်။ သင်အမြဲတမ်း လိုချင်နေတဲ့ နာမည်ကြီးဆယ်လီတွေရဲ့ ဆံပင်ပုံစံကိုတောင် သူတို့ကို မေးမြန်းနိုင်ပါတယ်။ ဆံကေသာ အလှပြင်ဆိုင် တော်တော်များများမှာ ဆံတုတွေကို မျှတတဲ့ ဈေးနှုန်းနဲ့ ဝန်ဆောင်မှု ပေးနေပါတယ်။ ကောင်းမွန်တဲ့ အလှပြင်ဆိုင်တွေမှာ သင့်တော်တဲ့ ခေါင်းလျှော်ရည်၊ ဆံပင်ပျော့ဆေးနဲ့ ဘီးတွေက သင့်ဆံတုကို သူ့ရဲ့ အကောင်းဆုံး အခြေအနေမှာ ရှိနေအောင် ကူညီပါလိမ့်မယ်။ သင်အပြင်သွားစရာရှိတဲ့အချိန်မှာ သင့်ဆံတုက ညစ်ပေနေတာ ဒါမှမဟုတ် စတိုင်ပြင်ဖို့ အလှပြင်ဆိုင်မှာ စောင့်နေရတာတို့ဆိုရင် အခက်အခဲ ဖြစ်ပါလိမ့်မယ်။ ဆံတု တစ်ခုထက် ပိုရှိတာက သင်သွားချင်တဲ့အချိန် သွားလာနိုင်စေပါလိမ့်မယ်။ အာမခံကြေးအများစုက ဆေးကုသမှုအတွက် ရည်ရွယ်တဲ့ ဆံတုရဲ့ ၈၀ရာခိုင်နှုန်းအထိ မြင့်တက်လာပါတယ်။ ဒါပေမယ့် သင့်လုပ်ချင်တာကို ထောက်ခံဖို့ ဆရာဝန်ရဲ့ ညွန်ကြားချက် လိုပါလိမ့်မယ်။ အမြဲတမ်း ဆံတုဝတ်မယ်ဆိုရင်တော့ ပျင်းစရာကောင်းမှာပါ။ တခါတလေ ပုဝါ၊ ဦးထုပ် ဒါမှမဟုတ် ခေါင်းပေါင်းလေးတွေ စမ်းကြည့်ပါ။ စတိုင်ကျကျ လှပတဲ့ လည်စည်းလေးတွေက သင့်ကို တနေ့လုံး လန်းဆန်းစေနိုင်ပါတယ်။တကယ်လို့ သင့်မှာ သိချင်တာရှိမယ်ဆိုရင် ဒီလိုဖြစ်ရပ်မျိုး ကြုံဖူးတဲ့ တစုံတယောက်နဲ့ စကားစမြည်ပြောတာက အထောက်အကူ ကြီးကြီးမားမား ဖြစ်စေပါလိမ့်မယ်။ အားပေးထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းတခုခုမှာ ပါဝင်ပါ။ ရင်သားကင်ဆာကို တွန်းလှန်နိုင်ခဲ့တဲ့ တခြားလူတွေက သင့်ကို သင့်ရဲ့ သွင်ပြင်ပြောင်းလဲမှုကို စီမံဖို့ အကြံပြုချက်တွေ ပိုပေးနိုင်ပါတယ်။ ရင်သားကင်ဆာရှိတာက သင့်ကို မလှပနိုင်တော့ဘူးလို့ မဆိုလိုပါဘူး။ ဒါကို အလှအပ အသစ်အဆန်းအတွက် အခွင့်အလမ်းတစ်ရပ်လို့ မြင်တာက သင့်ကို ပိုမိုကောင်းမွန်တဲ့ ခံစားမှုရဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/breast-cancer-cancer/%e1%80%9b%e1%80%84%e1%80%b9%e1%80%9e%e1%80%ac%e1%80%b8%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac-%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-%e1%80%a1%e1%81%80%e1%80%90%e1%80%b9%e1%80%a1%e1%80%85/
အမျိုးသားမျိုးပွားအင်္ဂါစနစ်
အမျိုးသားမျိုးပွားအင်္ဂါစနစ်ဟာ မျိုးဆက်ပွားနိုင်မယ့် အင်္ဂါအစိတ်အပိုင်းတွေ နဲ့ပါဝင်ဖွဲ့စည်းထားပါတယ်။ ၎င်းအစိတ်အပိုင်းတွေက သုက်ရည်ထွက်ရှိခြင်း နဲ့သယ်ယူပို့ဆောင်ခြင်း၊သုက်ပိုးထုတ်လွှတ်ခြင်းနဲ့ ဟော်မုန်းထုတ်လုပ်ခြင်းတို့ကို လုပ်ဆောင်ပေးပါ တယ်။အမျိုးသမီးမျိုးပွားအင်္ဂါစနစ်နဲ့ယှဉ်ရင် အမျိုးသားမျိုးပွားအင်္ဂါစနစ်ဟာ လိင်တံ၊ကပ်ပယ်အိတ်၊ နဲ့ ဝှေးစေ့တို့အပါအဝင် ခန္ဓါကိုယ်ပြင်ပမှာ အများဆုံး အခြေခံပါတယ်။လိင်တံဟာ လိင်မှုကိစ္စမှာအသုံးပြုရတဲ့အစိတ်အပိုင်း ဖြစ်ပါတယ်။ အခြေခံအားဖြင့် ၎င်းမှာအပိုင်း ၃ ပိုင်းရှိပါ တယ်- ဝမ်းဗိုက်နဲ့တစ်ဆက်တည်းရှိတဲ့ အရင်းပိုင်း၊ ကိုယ်ထည်နဲ့ အာရုံကြောများစုဝေးရာ အဖျားပိုင်း တို့ ဖြစ်ပါတယ်။ လိင်တံရဲ့ အဆုံးမှာ သုက်ပိုးနဲ့ဆီးကို ထုတ်ပေးတဲ့ပြွန်တစ်ခုရှိပါတယ်။ ထို သုက်ပို့ပြွန် တနည်းအားဖြင့် ဆီးစွန့်ပြွန်ကနေတဆင့် သုက်ပိုးတွေ ထုတ်ပေးတဲ့လုပ်ငန်းစဉ်ကို သုက်ပိုးထုတ်လွှတ်ခြင်း လို့ခေါ်ပါတယ်။ကပ်ပယ်အိတ်ဆိုတာ ဝှေးစေ့၊ အာရုံကြောနဲ့ သွေးကြောတွေကို အတူတကွ ထိန်းသိမ်းထားတဲ့ အရေပြားအိတ်တစ်ခုဖြစ်ပါတယ်။ ၎င်းက ဝှေးစေ့တွေ ကို ကာကွယ်ပေးရုံတင်မက သုက်ပိုးအရည်အသွေး အကောင်းဆုံးဖြစ်စေဖို့ အပူချိန်ကိုတည်ငြိမ်အောင် ထိန်းထားပေးနိုင်ပါတယ်။အမျိုးသားတွေမှာ ဝှေးစေ့က နှစ်ခုပါပါတယ်။ ၎င်းနှစ်ခု ကို spermatic cord ဟုခေါ်သော အကြောက ကပ်ပယ်အိတ်ထဲမှာ ထိန်းသိမ်းပေးထားပါတယ်။ ၎င်းတို့ကို သုက်ပိုးနဲ့ ဟော်မုန်းထုတ်လုပ်ရာနေရာလို့ ယူဆနိုင်ပါတယ်။ ၎င်းတို့က ဘဲဥပုံသဏ္ဍာန်ရှိပြီး သံလွင်သီးကြီးကြီး နှစ်လုံးအရွယ်အစားခန့်ရှိပါတယ်။ဝှေးစေ့နဲ့ တစ်တန်းတည်းရှိနေတာက vas deferens ပါပဲ။ ၎င်းက epididymis လို့ခေါ်တဲ့ ပြွန်အခွေလေး တွေနဲ့ချိတ်ဆက်ထားတဲ့ သုက်ရည်(သုက်ပိုးပါရှိသော) ကိုပို့ဆောင်ပေးတဲ့ပြွန်ဖြစ်ပါတယ်။ သုက်ပိုးဟာ epididymis ကတဆင့်ဖြတ်သန်းနိုင်ဖို့ ၆ ပတ်လောက်အထိ ကြာမြင့်နိုင်ပါတယ်။ ဒါ့အပြင် အမျိုးသားမျိုးပွားအင်္ဂါစနစ်ဟာ ချောဆီအရည်တွေ ထွက်ရှိမှုနဲ့ သုက်ပိုးအားဖြည့်တင်းမှုတို့အတွက် အပိုဂလင်းတွေရဲ့စနစ်တစ်ခုလည်း ဖြစ်ပါတယ်။အမျိုးသားအများစုဟာ အခုလိုမျိုး မျိုးပွားအင်္ဂါစနစ်နဲ့ မွေးဖွားလာကြတာပါ။ ဒါပေမယ့် (အသက် ၉နှစ် ကနေ ၁၅ နှစ်အတွင်း ဖြစ်လေ့ရှိတဲ့) လူပျိုဖော် မဝင်မချင်း တော့ ဒီအစိတ်အပိုင်းတွေကို အသုံးပြုလို့ မရနိုင်သေးပါဘူး။ ကောင်လေးတစ်ယောက်က ဒီအသက်အပိုင်းအခြားကိုရောက်လာတဲ့အခါ သူ့ရဲ့ ဦးနှောက်က ရုပ်ပိုင်းနဲ့စိတ်ပိုင်းပြောင်းလဲမှုတွေ ဖြစ်လာစေတဲ့ testosterone ဟော်မုန်းထုတ်လုပ်မှု ကိုစတင်စေမယ့် ဟော်မုန်းတွေ ထုတ်ပေးပါတယ်။ လူပျိုဖော်ဝင်စဉ်အတွင်း မျိုးပွားအင်္ဂါတွေ ပိုကြီးထွားလာခြင်း၊ ခန္ဓါကိုယ် အမွေးအမျှင်တွေ ထွက်ပေါ်လာပြီး အသံတွေသြ လာပါမယ်။ ကောင်လေးက အရပ်ရော၊ ကိုယ်အလေးချိန်ရော အရမ်းကိုမြန်ဆန်စွာ ကြီးထွားလာပါလိမ့်မယ်။အမျိုးသားတွေဟာ အသက်ကြီးလာတာနဲ့အမျှ ၎င်းတို့ရဲ့ testosterone ပမာဏက တဖြည်းဖြည်း လျော့နည်းသွားပြီး အမျိုးသားသွေးဆုံးကာလ ရောက်လာနိုင်ပါတယ်။ ဟော်မုန်းအပြောင်းအလဲတွေ က ပင်ပန်းနွမ်းနယ်ခြင်း၊ စိုးရိမ်စိတ်များခြင်း၊ ပန်းသေခြင်း တို့လို သိသာထင်ရှားတဲ့အကျိုးဆက် တွေ ရှိလာစေနိုင်ပါတယ်။ ဒီလက္ခဏာတွေကို ဟော်မုန်းဆေးတွေနဲ့ကုသနိုင်ပါတယ်။ ဒါပေမယ့် ဟော်မုန်းဆေးနဲ့ကုသမှုက ဆီးကျိတ်ကင်ဆာကို ပိုဆိုးစေပြီး သွေးကြောတွေကိုမာသွားစေတဲ့အထိ ဖြစ်တတ်တာကြောင့် ဟော်မုန်းဆေးဝါးကုထုံး ဘယ်အမျိုးအစားကိုမဆို မခံယူခင် ဆရာဝန်နဲ့ သေသေချာချာတိုင်ပင်ဆွေးနွေးသင့်ပါတယ်။Hello Health Groupသည် ဆေးပညာ အကြံပေးချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/%e1%80%a1%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b8%e1%80%95%e1%80%be%e1%80%ac%e1%80%b8%e1%80%a1%e1%80%84%e1%80%bb%e1%80%ba/
ကမ်းခြေသွားပြီး အသားအရေနေလောင် လို့ စိတ်ညစ်နေပြီလား
ကမ်းခြေကို အပန်းဖြေခရီးသွားပြီး ပြန်လာတဲ့အခါ တော်တော်များများ ပြောကြတဲ့အရာကတော့ “ငါ့အသားတွေ မည်းသွားတယ်” ဆိုတာပါပဲ။ လူအများစုကကမ်းခြေရာက်ပြီဆိုရင် အင်္ကျီ၊ ဘောင်းဘီအတိုနဲ့ စိတ်လွတ်ကိုယ်လွတ် ပျော်ချင်ကြတာပါပဲ။ ဒါပေမယ့် ကိုယ့် အသားအရေနေလောင် နိုင်တာကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။နေရောင်ခြည်မှာ ပါတဲ့ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အသားအရေဟာရေဓာတ်ခမ်းခြောက်ပြီး မွဲခြောက်လာတယ်။ ညိုပြီး မည်းလာတယ်။နေလောင်ခံရတာ ပြင်းထန်တဲ့အခါ အရည်ကြည်ဖုတွေ ထွက်လာပြီး တော်တော်လေးကို နာကျင်တဲ့ ဒုက္ခ ခံစားရနိုင်ပါတယ်။နေပူထဲ အကာအကွယ်မပါဘဲ၊ လုံခြုံတဲ့ အဝတ်အစားတွေ မဝတ်ဆင်ဘဲ အကြာကြီးထွက်လိုက်တဲ့အခါ နေလောင်ခံရပြီး အရေပြားကို ထိခိုက်စေပါတယ်။၁။ နေလောင်သွားတဲ့အသားအရေဟာ အရင်ဆုံး နီရဲပြီး ရောင်ရမ်းလာမယ်။၂။ ပူစပ်ပူလောင်ဖြစ်ပြီး အရည်ကြည်ဖုတွေ ထွက်လာမယ်။၃။ ရေဓာတ်ခမ်းခြောက်မယ်။၄။ အရေပြားထဲ ဘက်တီးရီးယားပိုးဝင်ပြီး ရောဂါကူးစက်လွယ်မယ်။၅။ အသားအရောင် မညီတော့ဘဲ ညိုမည်းလာမယ်။၆။အသားအရေယားယံလာမယ်။၇။ အစိုဓာတ်နည်းသွားတဲ့အတွက် ကြမ်းပြီးခြောက်လာမယ်။၈။ ကြည့်ရဆိုးတဲ့အပြင် အိုမင်းရင့်ရော်နေသလို ဖြစ်စေနိုင်ပါတယ်။၁။ အရေပြားအောက်မှာ ငုပ်နေတဲ့ အပူတွေကို အနည်းငယ်စုပ်ယူသွားစေဖို့ ရေခဲဝတ် ကပ်ပေးထားပါ။ တစ်ရက်ကို ၁၀မိနစ်ကနေ ၁၅မိနစ်အထိ နေ့စဉ် မကြာခဏ လုပ်ပေးပါ။၂။ ရိုးရိုးရေနဲ့ ရေချိုးတာ၊ ရေစိမ်တာမျိုး လုပ်ပေးပါ။ ခဏခဏ မလုပ်နိုင်ရင်တောင် တစ်နေ့ကို ၂ကြိမ်လောက် လုပ်ပေးပါ။အနာကို သက်သာစေပါတယ်။၃။ ရေချိုးပြီးတာနဲ့ ကိုယ်ကို ဖြည်းညင်းစွာ ရေသုတ်ပေးပါ။ လုံးဝခြောက်အောင် မသုတ်လိုက်ပါနဲ့။ ရေအနည်းငယ်လောက် ချန်ထားပါ။၄။ရှားစောင်းလက်ပပ်ပါတဲ့ အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးပါ။ ရှားစောင်းလက်ပပ်ဟာ အသားအရေကို အေးမြစေတယ်။ အရေပြားပေါ်က ပျက်စီးနေတဲ့ ဆဲလ်အသေတွေကို ခွာချပေးပြီး ဆဲလ်အသစ်တွေ ပြန်ဖြစ်လာစေဖို့ ကူညီပေးတယ်။ အသားကို အေးစေတယ်။ အစိုဓာတ်လည်း ထိန်းပေးနိုင်လို့ နေလောင်ခံရတဲ့ သူတွေအတွက် အကောင်းဆုံးပါပဲ။၅။ ရေများများသောက်ပေးပါ။ ခန္ဓာကိုယ်က ရေဓာတ်တွေ အများအပြားဆုံးရှုံးသွားတဲ့အတွက် ရေဓာတ်ခမ်းခြောက်မသွားစေဖို့ ရေသောက်ပေးဖို့ အရေးကြီးပါတယ်။၆။အရည်ကြည်ဖုတွေ ထွက်လာရင် ကုတ်လိုက်တာ၊ ဖဲ့လိုက်တာမျိုး မလုပ်ပါနဲ့။ ပိုပြီး ဆိုးသွားနိုင်တဲ့အပြင် ဘက်တီးရီးယားပိုးမွှားတွေ ဝင်နိုင်ပါတယ်။ အချိန်ပေးပြီး သူ့အလိုလို ပျောက်တဲ့အထိ စောင့်ပေးပါ။၇။ နေလောင်ခံရလို့ အနာသက်သာချင်ရင် ibuprofen ပါဝင်တဲ့ လိမ်းဆေးတွေ လိမ်းပေးလို့ ရပါတယ်။၈။ဖျားနာတာ၊ မူးတာ၊ အားနည်းပြီး ပျော့ခွေတာ၊ ကိုယ်လက်မအီမသာ ဖြစ်တယ်ဆိုရင် ဆရာဝန်နဲ့ ပြဖို့ လိုအပ်ပါတယ်။၉။ နေလောင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ အရေပြားတစ်ဝိုက်ကို အမြဲဂရုစိုက်ပေးပါ။ကမ်းခြေရောက်ပြီဆိုရင်တော့ ဘယ်သူမှ အခန်းထဲမှာ နေချင်ကြမှာ မဟုတ်ပါဘူး။ ပတ်ဝန်းကျင်ရဲ့ အလှအပတွေကို ငေးမောခံစားချင်မယ်။ ပင်လယ်၊ ရေကူးကန်မှာ ရေကူး၊ ရေစိမ်ချင်ကြမယ်။ နေပူစာ လှုံချင်ကြမယ်။ ဒါကတော့ သဘာဝပါပဲ။ ကိုယ့်အသားအရေကို မပျက်စီးစေဖို့အတွက် ကိုယ့်ဘက်က ကာကွယ်လို့ ရမယ့် အရာလေးတွေတော့ သိထားဖို့ အရေးကြီးပါတယ်။၁။ နေပူထဲ ထွက်တော့မယ်ဆိုရင် နေလောင်ကာ ခရင်မ်ကို လိမ်းသွားပါ။ ကိုယ်က အတိုအပြတ်တွေ ဝတ်တော့မယ်ဆိုရင် အသားအရေနဲ့ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့နိုင်မယ့် နေရာတွေ မှန်သမျှ လိမ်းဖို့ အရေးကြီးပါတယ်။ နေလောင်ကာခရင်မ်မှာ အနည်းဆုံး SPF 30 ရှိဖို့ လိုအပ်ပါတယ်။၂။ အပြင်ကနေ ပြန်ရောက်တာနဲ့ ခဏနားပြီး ရေချိုးပါ။ ရေချိုးပြီးသွားရင် အသားအရေကို အေးမြစေဖို့ အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးပါ။၃။ နေလောင်ခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ ရေများများ သောက်ပေးဖို့ မမေ့ပါနဲ့။၄။ အပြင်သွားတဲ့ အခါ နေအရမ်းပူတဲ့ အချိန်တွေဖြစ်တဲ့ မနက် ၁၀နာရီကနေ နေ့လည် ၄နာရီကြား အချိန်တွေကို ရှောင်ပါ။ မရှောင်နိုင်ရင်လည်း နေကာမျက်မှန်၊ ဦးထုပ်၊ ထီး ဆောင်းသွားပါ။၅။ အသားအေးပြီး လေဝင်လေထွက်ကောင်းတဲ့ ချည်သားအဝတ်အထည်တွေ ဝတ်ဆင်ပါ။[embed-health-tool-bmi]
skin-health
skin-health
https://hellosayarwon.com/skin-health/skin-care-cleansing/beach-and-sunburn/
အရေပြားကင်ဆာ - နေလောင်ဒဏ်ခံခြင်း
လူအတော်များများက အသားအရောင်ရင့်တာဟာ ကောင်းမွန်တဲ့ ကျန်းမာရေးရဲ့ လက္ခဏာလို့ သတ်မှတ်တတ်ကြပါတယ်။ တကယ်လို့ သင်က နေပူစာ လှုံတာ၊ အသားအရောင်ရင့်တာ သဘောကျတဲ့သူဆိုရင် သင့်မှာ အရေပြားကင်ဆာ ဖြစ်နိုင်ချေ များနိုင်ပါတယ်။ အရေပြားကင်ဆာ အပါအဝင် ကျန်းမာရေး ပြဿနာများကို ရှောင်ရှားဖို့ နေရောင်ခြည်နဲ့ အလွန်အကျွံထိတွေ့မှုရဲ့ ထိခိုက်မှုတွေကို သိထားရပါမယ်။အရေပြားကင်ဆာဟာ နေပူစာလှုံတာကို အတော်မက်မောတဲ့ လူတွေရှိတဲ့ အနောက်တိုင်းနိုင်ငံတွေမှာ အဖြစ်များဆုံး ကင်ဆာပုံစံလို့ သတ်မှတ်ကြပါတယ်။ အရေပြားကင်ဆာဟာ အကျိတ်တွေရဲ့ ဆဲလ်တွေ အထိန်းအကွပ်မဲ့ ကြီးထွားလာတာကြောင့် ဖြစ်ရတာပါ။ အဲ့ဒါက ကင်ဆာမဟုတ်တာ (Benign) သို့မဟုတ် ကင်ဆာ (Malignant) ဖြစ်နိုင်ပါတယ်။ အရေပြားကင်ဆာကို အဓိကဖြစ်စေတာ နေရဲ့ ခရမ်းလွန်ရောင်ခြည်က အရေပြားအမျှင် (Elastin) ကို ဆိုးဆိုးရွားရွား ပေါက်ပြဲစေတာကြောင့်ပါ။ Elastin ဆုံးရှုံးတာရဲ့ ပထမဆုံး လက္ခဏာကတော့ အရေပြား ရော့ရဲလာတာပဲ ဖြစ်ပါတယ်။ ပိုပြင်းထန်တဲ့ကိစ္စတွေမှာ အရေပြားဟာ အလွယ်တကူ အနာတရ ရတာတွေ ဖြစ်တတ်ပါတယ်။ ဒီအခြေအနေကို နေလောင်တာလို့ လူသိများပါတယ်။နေလောင်တယ်ဆိုတာ နေရောင်ခြည်အောက်မှာ ဘာအကာအကွယ်မှ မပါပဲ အတော်ကြာကြာနေတဲ့သူတွေမှာ အလွယ်တကူ မြင်တွေ့နိုင်တဲ့ အခြေအနေပါ။ တကယ်လို့ သင့်အရေပြားက ပန်းရောင် သို့မဟုတ် အနီရောင်ဖြစ်နေတာကို သတိထားမိရင် ဒါက နေလောင်တဲ့ လက္ခဏာပါ။ ပိုပြီး ပြင်းထန်တဲ့ အခြေအနေမှာ နေလောင်တဲ့နေရာတွေကနေ အရည်ကြည်ဖု ထွက်တာတွေ၊ အရေပြား ကွာတာတွေ ဖြစ်တတ်ပါတယ်။ နေရဲ့ ခရမ်းလွန်ရောင်ခြည်က သင့်အရေပြားဆဲလ်မှာရှိတဲ့ DNA ကို ထိခိုက်ပျက်စီးစေပါတယ်။ ပျက်စီးတာ များလာတဲ့အခါ ဆဲလ်တွေက စတင်ပြီး အထိန်းအကွပ်မဲ့ ကြီးထွားလာပါလိမ့်မယ်။ ဒါက အရေပြားကင်ဆာ ဖြစ်စေလာနိုင်ပါတယ်။အရိပ်အောက်မှာ နေပါ– Lightening Treatment လုပ်နေစဉ်မှာ ထီးဆောင်းတာ၊ အပင်ရိပ် သို့မဟုတ် တခြားအရိပ်အာဝါသအောက်မှာ ခိုနားခြင်းက သင့်အရေပြား ပျက်စီးခြင်းကို လျှော့ချနိုင်ပါတယ်။နေပူခံလိမ်းဆေးလိမ်းခြင်း– နေရောင်ခြည်ကာကွယ်ခြင်း အညွှန်းကိန်း (SPF) ၃၀ နဲ့ အထက်၊ UVA နဲ့ UVB ကာကွယ်နိုင်တဲ့ နေပူခံလိမ်းဆေးကို အသုံးပြုပါ။ သင့်ကို ချွေးထွက်စေတဲ့ အိမ်အပြင်က အလုပ်တွေလုပ်ခြင်း သို့မဟုတ် ရေကူးပြီးနောက်၊ နေရောင်အောက်မှာ ၂နာရီထက်ပိုပြီး နေရရင် နေပူခံလိမ်းဆေး ထပ်လိမ်းပါ။ ဒါ့အပြင် လိမ်းဆေးရဲ့ သက်တမ်းကုန်မယ့်ရက်ကို သတိပြုသင့်ပါတယ်။ သက်တမ်းကုန်မယ့်ရက်မပါတဲ့ လိမ်းဆေးတွေမှာ ၃နှစ်ထက် မပိုတဲ့ အရည်အသွေးသက်တမ်း ပါတတ်ပါတယ်။ အပူချိန်များတဲ့နေရာမှာ ထားရင် အဲ့သက်တမ်းက ပိုလျော့ကျသွားမှာပါ။သင့်တော်တဲ့ အဝတ်အစားနဲ့ ဦးထုပ်ကို ရွေးချယ်ခြင်း– အဝတ်အစား ဝတ်ဆင်ခြင်းက အရေပြားကို ကာကွယ်ဖို့ ကောင်းမွန်တဲ့ နောက်ထပ် ရွေးချယ်စရာ ဖြစ်ပါတယ်။ ချည်နဲ့ ရက်လုပ်ထားတဲ့ အင်္ကျ ီလက်ရှည်၊ ဘောင်းဘီရှည်တွေကို ရွေးချယ်သင့်ပါတယ်။ ဒီအဝတ်အစားတွေက နေရောင်ခြည်ရဲ့ ခရမ်းလွန်ရောင်ခြည်တွေကို အကောင်းဆုံးကာကွယ်မှု ပေးပါတယ်။ ဒါ့အပြင် စိုတဲ့ တီရှပ်တွေက ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးတဲ့နေရာမှာ ခြောက်တဲ့ တီရှပ်တွေထက် လျော့နည်းပါတယ်။ အရောင်ရင့်တာက အရောင်နုတာထက် ကာကွယ်မှု ပိုပေးနိုင်ပါတယ်။ ဒါ့အပြင် မျက်နှာ၊ ဦးခေါင်း၊ နား နဲ့ လည်ပင်းတို့ကို အရိပ်ရဖို့ လျှာထိုးကြီးကြီးနဲ့ ဦးထုပ်ကို ဆောင်းသင့်ပါတယ်။ canvas လိုမျိုး ချည်သားတွေက သင့်အရေပြားကို ခရမ်းလွန်ရောင်ခြည်တွေကနေ အကောင်းဆုံး ကာကွယ်ပေးပါတယ်။ နေရောင်ခြည် ဖောက်ဝင်နိုင်တဲ့ အပေါက်တွေပါတဲ့ ကောက်ရိုးဦးထုပ်တွေကို ရှောင်ပါ။နေကာမျက်မှန်များ– နေကာမျက်မှန်တွေက သင့်မျက်လုံးတွေကို ခရမ်းလွန်ရောင်ခြည်မထိအောင် ကာကွယ်ပေးရုံတင်မကပဲ သင့်မျက်လုံးပတ်လည်က နူးညံ့တဲ့ အရေပြား ဧရိယာတွေကို နေမလောင်အောင်လည်း ကာကွယ်ပေးပါတယ်။ ပတ်ပတ်လည် ကာထားတဲ့ နေကာမျက်မှန်တွေက UVA နဲ့ UVB ကို ၁၀၀% နီးပါး တားဆီးပေးပါတယ်။ UVA ရော UVB ပါ တားဆီးပေးနိုင်တဲ့ နေကာမျက်မှန်တွေက အကောင်းဆုံး အကာအကွယ်ကို ပေးနိုင်ပါတယ်။သမားတော်အတော်များများက နေပူတဲ့ ဘယ်အချိန်ပဲ အပြင်ထွက်ထွက်၊ ဆောင်းဦး၊ ဆောင်းနှောင်း သို့မဟုတ် ကောင်းမွန်တဲ့ ရာသီဥတုမှာတောင်မှ ကျွန်တော်တို့ရဲ့ အရေပြားကို ကာကွယ်ဖို့ ညွှန်ကြားထားတာပါ။ နေလောင်ခြင်းရဲ့ နောက်ဆက်တွဲ အကြောင်းအရာတွေကို သိထားခြင်းက သင့်ကို အရေပြားကင်ဆာအတွက် ပိုကောင်းတဲ့ ကြိုတင်ကာကွယ်မှုတွေ ရဖို့ ကူညီပေးမှာပါ။[embed-health-tool-bmi]
cancer
cancer
https://hellosayarwon.com/cancer/skin-cancer-cancer/%e1%80%a1%e1%80%b1%e1%80%9b%e1%80%bb%e1%80%95%e1%80%ac%e1%80%b8%e1%80%80%e1%80%84%e1%80%b9%e1%80%86%e1%80%ac-%e1%80%b1%e1%80%94%e1%80%b1%e1%80%9c%e1%80%ac%e1%80%84%e1%80%b9%e1%80%92%e1%80%8f/
ပျဉ်းမရွက် ကနေ ဒီလိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်
ပျဉ်းမရွက် က corosolic acid၊ lagerstroemia နဲ့ gallotannins တို့ကိုရရှိနိုင်တဲ့ အရင်းအမြစ် တစ်ခုပါ။ Corosolic acid က သွေးတွင်းသကြားဓာတ်ကိုလျော့ကျစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး၊ ပျဉ်းမရွက်ကနေ ဒီလိုကျန်းမာရေးအကျိုးကျေးဇူးတွေလည်းရရှိနိုင်ပါသေးတယ်။ပျဉ်းမပင်က အရိပ်အာဝါသတင် ပေးတာ မဟုတ်ပါဘူး။ ဒီလို အကျိုးကျေးဇူးတွေ ပေးပါသေးတယ်။ပျဉ်းမရွက်က ဆဲလ်တွေရဲ့ သွေးတွင်းအချိုဓာတ် တုံ့ပြန်နိုင်စွမ်းကို တိုးစေနိုင်တာကြောင့်သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေအောင် အထောက်အကူ ပြုပေးပါတယ်။ ပျဉ်းမရွက်က သွေးတွင်းအချိုဓာတ် ထုတ်လုပ်မှုကို ၃၀ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်ပြီး ဂလူးကို့စ် သိုလှောင်ထားတဲ့ မော်လီကျူးတွေရဲ့ လုပ်ဆောင်မှုတွေကိုလည်း လျော့ကျအောင်လုပ်ဆောင်ပေးပါသေးတယ်။ဆီးချိုရောဂါကြောင့် အရမ်း ဝလာတာမျိုး မဖြစ်အောင်လည်း ပျဉ်းမရွက်က လုပ်ဆောင်ပေးပါသေးတယ်။ ဆီးချိုဆေး အများစုက သွေးတွင်း သကြားဓာတ်ကိုကျဆင်းစေနိုင်ပေမယ့် အဆီဓာတ်ကိုတော့ ကျဆင်းစေနိုင်ခြင်း မရှိပါဘူး။ ပျဉ်းမရွက်ကတော့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ထိန်းသိမ်း ပေးပြီး အစားစားချင်စိတ် သိပ်မဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။ အဆီဆဲလ်တွေ ဖြစ်ပေါ်မှုကို လျော့ကျစေပြီးသွေးတွင်းကိုလက်စထရောပမာဏ ကိုလည်း ကျဆင်းစေနိုင်ပါတယ်။ပျဉ်းမရွက်က superoxide ပမာဏကို ကျဆင်းစေပြီး ဆဲလ်တွေကို လုပ်ငန်းဆောင်တာတွေ ကောင်းစွာ လုပ်ဆောင်နိုင်အောင် လုပ်ဆောင်ပေးပြီး ရောဂါပိုးတွေကူးစက်ရှင်သန်နိုင်စွမ်းကို ကျဆင်းစေနိုင်ပါတယ်။ပျဉ်းမရွက်မှာ ပါတဲ့ Corosolic acid က ရောင်ရမ်းမှုတွေကို လျော့ပါးသက်သာစေနိုင်စွမ်း ရှိပါတယ်။ပျဉ်းမရွက်မှာ ပါတဲ့ Corosolic ၊ gallic နဲ့ ellagic အက်ဆစ်တွေက လူသားဆဲလ်တွေမှာ ဗိုင်းရပ်စ်တွေ မရှင်သန်နိုင်အောင် တားဆီးပေးနိုင်တာကြောင့် ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးပါတယ်။ပျဉ်းမရွက် အဆီက E.coli လိုမျိုး ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်စွမ်းရှိ ပါတယ်။ပျဉ်းမရွက် မှာပါတဲ့ Corosolic acid က အူမကြီးကင်ဆာဆဲလ်တွေကို သေစေနိုင်စွမ်း ရှိပါတယ်။ ကင်ဆာကျိတ်တွေ ကြီးထွားမှုကိုလည်း ဟန့်တားပေးနိုင်ပါတယ်။ပျဉ်းမရွက် မှာပါတဲ့ gallotannin က နှလုံးကျန်းမာစေဖို့အတွက် အဓိက အခန်းကဏ္ဍကနေ ပါဝင်နေတဲ့ tannic acid တစ်မျိုးပါ။ ပျဉ်းမပင် မှာပါတဲ့ corosolic acid က သွေးတိုးကျစေပြီး နှလုံးကို ကျန်းမာစေနိုင်ပါတယ်။အသည်းမှာ အဆီတွေ များလာတဲ့အခါမှာ အသည်းရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ သကြားဓာတ် အစားများတာက အသည်းရောဂါ ဖြစ်ရတဲ့ အဓိက အကြောင်းအရင်းပါ။ ပျဉ်းမရွက် အဆီက သွေးတွင်း ကိုလက်စထရော ပမာဏကို ကျဆင်းစေပြီး အသည်းရောဂါတွေကြောင့် အသည်း ပျက်စီးတာကို လျော့ပါးသက်သာစေနိုင်ပါတယ်။ပျဉ်းမရွက်က ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် အလွန်အကျွံ အသုံးပြုမယ်ဆိုရင် ဆိုးကျိုး ရှိလာနိုင်တာကြောင့် သတိထားစေချင်ပါတယ်။ခန္ဓာကိုယ် ပြင်ပအတွက် အသုံးပြုနိုင်ပေမယ့် ရောဂါအခံ ရှိသူတွေ၊ ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေ အနေနဲ့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီးမှ အသုံးပြုသင့်ပါတယ်။[embed-health-tool-bmi]
herbals-alternatives
herbals-alternatives
https://hellosayarwon.com/herbals-alternatives/herbal-medicines/crepe-mrytle-benefits/
ကဖင်းဆိုတိုင်း လန်းရောလား
ခြေကုန်လက်ပမ်းကျမယ်။ကော်ဖီ၊လက်ဖက်ရည်နဲ့ အခြား ကဖင်းဓါတ်ပါတဲ့သောက်စရာတွေက တိုက်ရိုက်အကျိုးဆက်အနေနဲ့ တက်ကြွလန်းဆန်းစေနိုင်တယ်ဆိုပေမယ့် တကယ်တော့နောက်ပိုင်းရရှိလာမယ့် အကျိုးဆက်က ခန္ဓါကိုယ်မှာ အင်အားကုန်ခမ်းပြီးခြေကုန်လက်ပမ်းကျသွားတာပါ။ဆီးခဏခဏ သွားမယ်၊ ဆီးမအောင့်နိုင်ဖြစ်မယ်။ကဖင်းဓါတ်က ဆီးရွှင်စေနိုင်ပါတယ်။ ကဖင်းပါတဲ့ကော်ဖီ၊လက်ဖက်ရည်တွေကိုသောက်မိရင်ဖြစ်ဖြစ် ကဖင်းပါတဲ့ အချိုရည်တွေကိုသောက်ပြီးရင်ဖြစ်ဖြစ် ခဏခဏ ဆီးသွားချင်နေတာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုဆီးခဏခဏသွားတာနဲ့အတူဖြစ်လာနိုင်တာကရေဓါတ်ဆုံးရှုံးတာပါ။သွေးတွင်းသကြားဓါတ်ြမင့်တက်စေနိုင်တယ်။ကဖင်းဓါတ်ကအမျိုးအစား – ၂ ဆီးချိုရောဂြါဖစ်နိုင်ခြေကို ကျဆင်းစေနိုင်တယ်ဆိုပေမယ့် ဆီးချိုရှိပြီးသူတွေမှာတော့ ကဖင်းများလွန်းရင်သွေးတွင်းသကြားဓါတ်မြင့်တက်စေနိုင်ပြီးအင်ဆူလင်တုံ့ပြန်နိုင်မှုကို ထိခိုက်စေနိုင်ပါတယ်။ကဖင်းပါတဲ့အရာတွေကို အလွန်အကျွံစားမိတာ၊သောက်မိတာတွေကြောင့် ပိုလန်းမသွားပါဘူး။ ပိုပြီး ဂါ သွားနိုင်တယ်နော်။ ဒီတော့ အိပ်ရေးပျက်တိုင်း ကဖင်းကိုချည်းသောက်မနေဘဲပြည့်ဝတဲ့အိပ်စက်မှုလေးရအောင်ဂရုစိုက်ပါလို့ တိုက်တွန်းပါရစေ။Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။[embed-health-tool-bmr]
healthy-eating
healthy-eating
https://hellosayarwon.com/healthy-eating/other-healthy-eating-tips/%e1%80%80%e1%80%96%e1%80%84%e1%80%ba%e1%80%b8%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8-%e1%80%9c%e1%80%94%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%9c/
အဝစားဘူဖေးသွားစားရင် အစာမကြေမဖြစ်အောင် သိထားသင့်တဲ့ နည်းလမ်း (၆) ခု
ဟိုနားမှာ ဆိုင်သစ်ဖွင့်တယ်၊ ပရိုမိုးရှင်းတန်တယ်ဟေ့၊ ပင်လယ်စာတွေသိပ်လတ်တာပဲ ဆိုပြီးပြောတတ်ကြတဲ့ အဝစားဘူဖေး ချစ်သူတို့ရေ။ ယူတို့အစာအိမ်လေးတွေမထိခိုက်စေဘဲအဝကြိတ်နိုင်မယ့် နည်းလေးမသိချင်ဘူးလား။ဟော့ပေါ့ဘူဖေး၊ အကင်ဘူဖေးဆိုင်တွေနဲ့ ဟိုတယ်အဆင့်မြင့်ဘူဖေးတွေ လူကြိုက်များနေတဲ့အချိန် အဓိကကျတဲ့ အစာအိမ်ကျန်းမာရေးကိုတော့ မေ့ထားလို့မဖြစ်ဘူးနော်။ ဒီအစာအိမ်ကောင်းမှ အစားကောင်းကောင်းစားနိုင်မှာပေါ့။ ကဲ ကဲ…အစာမကြေဗိုက်အောင့်တာလည်းမဖြစ်အောင် ဘူဖေးလည်းတန်အောင် ဘယ်လိုဉာဏ်သုံးရမလဲ ဖတ်ကြည့်လိုက်ပါဦး –။ဟိုရောက်ရင်မစားနိုင်ဘဲနေမယ်၊ ပြီးမှအပီအပြင်ကြိတ်မယ်လို့ မတွေးလိုက်ပါနဲ့။ အစောပိုင်းမှာ အဆာပြေတစ်ခုခုတော့ နည်းနည်းစားထားသင့်ပါတယ်။ မဟုတ်ရင် ရောက်ရောက်ချင်း ဆာဆာနဲ့အလောတကြီးစားမိပြီး အမျိုးစုံအောင်မစားနိုင်ခင် ဗိုက်ပြည့်သွားနိုင်တယ်၊ အစာမကြေဖြစ်လွယ်တယ်။ ဟိုရောက်မှကြိတ်မယ်လို့တွေးထားတယ်ဆိုရင်အစာကောင်းကောင်းခြေနိုင်ဖို့က ရေဓာတ်လိုအပ်တာမို့ ရေလည်းနည်းနည်းသောက်ထားပါ။ဘူဖေးအစားအစာတွေတွေ့ရင် ဘာတွေရှိလဲ၊ ဘာတွေပြင်ဆင်ထားလဲ အခြေအနေတစ်ချက်ပတ်ကြည့်ပါ။ စားကောင်းမယ်ထင်ရာတွေ တွေ့ရာဆွဲမထည့်ပါနဲ့ဦး။ တကယ်ကောင်းတဲ့စားစရာကိုတွေ့တဲ့အခါ ကိုယ်ကဗိုက်ပြည့်ပြီးနေပြီဆို နှမြောစရာကြီး။ တကယ်စားကောင်းမယ့်ဟာကိုမှ များများစားဖို့ကြံပါ။စကတည်းက ခေါက်ဆွဲကြော်တို့၊ ထမင်းကြော်တို့လို ဗိုက်ပြည့်စေမယ့်အကြီးတွေ စမစားပါနဲ့။ပုဇွန်တို့ အရွက်သုပ်တို့လို အသေးစားတွေ အရင်စားပြီး အစာအိမ်ကို စနှိုးပါ။ဒါစားမယ်၊ ဒါကြိုက်တယ်ဆိုပြီး တစ်မျိုးနှစ်မျိုးတည်းကို တစ်ခါတည်းအများကြီးထည့်လာတာက သင့်ကို စမတ်မဖြစ်စေပါဘူး။ အရသာကောင်းမယ်ထင်တာကို ထိုက်သင့်သလောက်မျှထည့်ပါ။ ကုန်ရင်ချက်ချင်းထပ်ယူလို့ရတာကို ဘာတွေပူနေတာလဲ။ အများကြီးထည့်လာပြီးမကုန်မှ အတင်းထိုင်စားရတာ အစာအိမ်ကို ဒုက္ခပေးတာပါပဲ။ခုနကပြောသလို နည်းနည်းချင်းထည့်စားပြီး လိုရင်ထထယူတာက ဒီအချက်နဲ့လည်းဆိုင်ပါတယ်။ ထပြီးသွားထပ်ယူရတာက အစာကြေစေတဲ့လှုပ်ရှားမှုတစ်ခုပါပဲ။ ဟိုလျှောက်ဒီလျှောက် လျှောက်ရင်းနဲ့ကယ်လိုရီတချို့လောင်ကျွမ်းစေပြီး ထပ်စားနိုင်တာပေါ့။စားထားတာတွေပြည့်ကျပ်ပြီး မအီမသာဖြစ်တာ၊ အစာမကြေဖြစ်တာ၊ လေထိုးလေအောင့်တာတွေအတွက် အစာကြေလေဆေး ဒါမှမဟုတ် လျက်ဆားလေးဆောင်သွားပါ။ မသိမသာလေး ကောက်ဝါးပြီး ခဏနေ စားချင်တာထပ်စားပေါ့။ ဒါမှမဟုတ် အားလုံးစားပြီးလို့ ပြန်ခါနီးဗိုက်လေးပြီးမထနိုင်ရင်လည်း သောက်လို့ရတယ်။[embed-health-tool-bmr]
digestive-health
digestive-health
https://hellosayarwon.com/digestive-health/bloating-gas/%e1%80%a1%e1%80%9d%e1%80%85%e1%80%ac%e1%80%b8%e1%80%98%e1%80%b0%e1%80%96%e1%80%b1%e1%80%b8-%e1%80%9e%e1%80%bd%e1%80%ac%e1%80%b8%e1%80%85%e1%80%ac%e1%80%b8%e1%80%9b%e1%80%84%e1%80%ba-%e1%80%a1%e1%80%85/
ဘယ်လိုအခြေအနေမျိုးမှာ သွားနဲ့မေးရိုးခွဲစိတ်မှု လုပ်ဖို့ လိုမလဲ။
သွားနဲ့မေးရိုးခွဲစိတ်မှု တွေက သာမန်သွားဆေးခန်းပြတာနဲ့ အနည်းငယ်ကွာခြားပါတယ်။ သွားနဲ့ မေးရိုးကခံတွင်းကျန်းမာရေးအတွက် အရေးကြီးသလို လူတစ်ယောက်နဲ့ မျက်နှာသွင်ပြင်ကိုလည်း ပြောင်းလဲစေနိုင်တဲ့အတွက် တချို့သောသွားရောဂါတွေမှာ ခွဲစိတ်ပြုပြင်မှုတွေ လုပ်ဖို့ လိုပါတယ်။သွားက မေးရိုးနဲ့ မဆန့်တဲ့အခါ သွားတွေက စုပြီး ထပ်လာပါတယ်။ အထူးသဖြင့်တော့ အပေါ်ရှေ့သွားတွေမှာ အဖြစ်များပါတယ်။ သွားထပ်တာက တချို့တွေမှာ ကြည့်လို့လှပေမယ့် တချို့တွေမှာတော့ ရုပ်ရည်ကို သက်ရောက်မှု ရှိပါတယ်။ သွားထပ်တာကြောင့် စားရသောက်ရခက်တာ၊ သွားသန့်ရှင်းရေး လုပ်ရတာ ခက်တာမျိုး ဖြစ်နိုင်ပါတယ်။ပုံမှန်ဆို ပါးစပ်ပိတ်လိုက်ရင် အပေါ်သွားနဲ့ အောက်သွားနဲ့က ထပ်ပြီး ထိနေပါတယ်။ ဒီလိုဖြစ်မှလည်း စားရဝါးရ အဆင်ပြေမှာပါ။ သွားတွေက ပုံစံမမှန်တဲ့အခါ သွားစေ့မရတာမျိုး ဖြစ်တတ်ပါတယ်။သွားစိလိုက်တဲ့အခါ အောက်သွားက အနည်းငယ်တော့ ပေါ်နေရပါမယ်။ ဒီလိုမဟုတ်ဘဲ အပေါ်သွားက အောက်သွားကို လုံးဝအုပ်နေရင် နောက်ပိုင်းမှာ သွားရောဂါတွေ ဖြစ်လာတတ်ပါတယ်။ သွားဖုံးနဲ့ အာခေါင်ပျက်စီးတာ၊သွားဖုံးရောဂါတွေ ဖြစ်တာ၊ သွားကျွတ်တာ စတာတွေ ဖြစ်တတ်ပါတယ်။သွားစိလိုက်ရင် သွားရဲ့ အစွန်းတွေက အပေါ်အောက် မညီဘဲ ရှေ့ထွက်တာ၊ နောက်ရောက်တာ ရှိနေတာမျိုးပါ။ ဒီလိုမျိုး ဖြစ်နေတာက ရုပ်ရည်ထိခိုက်တာ၊ စားရဝါးရအဆင်မပြေတာ၊ သွားပွန်းတာတွေ ဖြစ်တတ်ပါတယ်။ငယ်ငယ်က လက်မ၊ လက်ချောင်းစုပ်တာများတဲ့အခါ အပေါ်ရှေ့သွားက ရှေ့ကို ခေါထွက်တတ်ပါတယ်။ လက်မမစုပ်ပေမယ့်လည်း မေးရိုးတွေ မညီဘူးဆိုရင် သွားခေါတတ်ပါသေးတယ်။ဒါကတော့ အပေါ်ကနဲ့ ပြောင်းပြန်ပါ။ အောက်မေးရိုးက ရှေ့ကို ငေါထွက်နေတာပါ။ ရုပ်ရည်ထိခိုက်တဲ့အပြင်  သွားလည်း ပွန်းလွယ်ပါတယ်။သွားတွေက ညီညီမျှမျှ မဖွံ့ဖြိုးဘဲ တချို့က သေးနေမယ်။ သွားတွေ အပြည့်အစုံမပေါက်ဘူးဆိုရင်  ဖြစ်တတ်ပါတယ်။အဓိကbracesလို့ခေါ်တဲ့ သွားထိန်းနဲ့ အလားတူပစ္စည်းတွေကို အသုံးပြုကြပါတယ်။ ဒီထဲမှာမှ အမြဲတမ်း တပ်ထားရတဲ့ fixed appliances နဲ့ ယာယီပဲ ထပ်ရတဲ့ removable appliancesဆိုပြီး ရှိပါတယ်။Fixed appliances တွေကို အသုံးပြုတဲ့အခါ တိကျမှုက အရေးကြီးပါတယ်။  တပ်ထားချိန်မှာ ပုံမှန်အတိုင်း စားနိုင်သောက်နိုင်ပေမယ့် တချို့သောအစားအစာတွေ (ဥပမာ ကာဗွန်ပါတဲ့ အချိုရည်တွေ၊ မာတဲ့ အစားအစာတွေ၊ ပီကေနဲ့ ကပ်စေးတဲ့ အစားအစာတွေ) ကို ရှောင်ကြဉ်ရပါမယ်။တွန်းတွန်းတိုက်တိုက် အားကစားတွေ လုပ်နေတယ်။ သွားဖုံးကို ထိခိုက်နိုင်ခြေရှိတယ်ဆိုရင်တော့ သွားဖုံးအကာတွေ သုံးရပါမယ်။အသုံးများတဲ့ Fixed appliances တွေကတော့ သွားထိန်းတွေ၊ Fixed-space maintainers လို့ခေါ်တဲ့ ကလေးတွေ သွားကျိုးပြီးရင် တည့်တည့်လေး ပေါက်လာအောင် ထိန်းပေးတဲ့ အကူပစ္စည်းတွေ ပါပါတယ်။ဒီ appliances တွေကတော့ သာမန်ပြဿနာတွေဖြစ်တဲ့ လက်မစုပ်ရင် မစုပ်အောင် တပ်ထားရတာ၊ သွားစောင်းနေတာတွေကို ပြုပြင်တာ စတာတွေပဲ ဖြစ်ပါတယ်။ဒါတွေကို သွားတိုက်တာ၊ စားသောက်တာ၊သွားပွတ်ကြိုးသုံးတာ စတဲ့အချိန်တွေမှာ ဖြုတ်ထားလို့ရပါတယ်။ တစ်ခါတလေ သွားဆရာဝန်တွေက စက်ဘီးစီးတဲ့အခါ၊ တူရိယာတွေ မှုတ်တဲ့အခါ ဖြုတ်ထားဖို့ အကြံပေးလေ့ရှိပါတယ်။Removable orthodontic appliances တွေထဲမှာ Alignersလိုမျိုး သွားထိန်းနဲ့ အလားတူပစ္စည်းတွေ၊ သွားကို နှုတ်ခမ်းနဲ့ ပါးတွေ မဖိမိအောင် ကာထားတဲ့ Lip and cheek bumpers လိုမျိုးတွေ ပါဝင်ပါတယ်။ဒါကတော့ မေးရိုးတွေမှာ တပ်ရတာပါ။ မေးရိုးကို ပုံမှန်အတိုင်း လှုပ်ရှားလို့ရအောင် ထိန်းပေးပါတယ်။ မေးရိုးလှုပ်ရှားတဲ့အခါ နာကျင်တာ၊ ကြွက်သားတွေ ပုံမှန်မလှုပ်ရှားနိုင်တဲ့အခါမျိုးမှာ သုံးကြပါတယ်။သွားနဲ့မေးရိုးခွဲစိတ်မှုတွေက အခါခပ်သိမ်း အောင်မြင်တာတော့ မဟုတ်ပါဘူး။ တစ်ခါတလေမှာ လိုချင်တဲ့ရလဒ်မျိုး မရတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အများစုက အောင်မြင်ပြီး အန္တရာယ်လည်း နည်းပါတယ်။ ဖြစ်နိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့။သွားထိန်းတပ်တဲ့အခါ တပ်ထားတဲ့နေရာကို သေချာ မသန့်ရှင်းတတ်ရင် သွားပိုးစားလာနိုင်ပါတယ်။ အထူးသဖြင့် အချိုစားတာများရင် ပိုဖြစ်တတ်ပါတယ်။သွားကို သွားထိန်းတပ်တဲ့အခါ အောက်က အမြစ်တွေပါ အနည်းနဲ့အများ ထိခိုက်တတ်ပါတယ်။ဒါကလည်း သွားထိန်းတွေကြောင့်ပဲ ဖြစ်တာပါ။ သွားထိန်းတပ်တဲ့သူ တချို့မှာသွားဖုံးရောင်တာ၊ သွားဖုံးရောဂါတွေ ဖြစ်တာကို တွေ့ရပါတယ်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/orthodontics/when-will-you-need-orthodontic-procedures/
သားသားမီးမီးတို့ရဲ့ သွားကျန်းမာရေး
သွားလေးတွေ ကျိုးနေတာ ချစ်စရာလေး ဆိုပေမယ့်သားသားမီးမီးတို့ရဲ့ သွားကျန်းမာရေး ကို သေချာလေး ဂရုစိုက်ဖို့က အရေးကြီးပါတယ်။ ဘေဘီလေး အရွယ်ကစလို့ ဖိုးဖိုးဖွားဖွားတွေအရွယ်အထိ သွားတွေ ကျန်းမာဖို့က အတော်လေး အရေးကြီးပါတယ်။ အကြောင်းကတော့ သွားကောင်းမှ အစားများများစားနိုင်ပြီး ခန္ဓာကိုယ်က ကျန်းမာမယ်။ကြီးထွားဖွံ့ဖြိုးမယ်လေ။ဘေဘီလေးတွေဆိုရင် ကြီးထွားဖို့ အရှိန်ယူနေတဲ့အရွယ်မို့ အာဟာရ ပြည့်ဝဖို့က အတော်လေး အရေးပါတာပါ။ ဘေဘီလေးတွေက အသက် ၆ လမှာမိခင်နို့အပြင် အစာမာကို စစားကြပါတယ်။ ဒီလို စားသုံးမှုနဲ့အတူ ဒီအရွယ်မှာပဲ ဘေဘီလေးတွေကအစားအစာတွေကို ကိုက်ဖြတ်နိုင်မယ့် အစိတ်အပိုင်းတွေဖြစ်တဲ့ သွားတွေကို ပိုင်ဆိုင်လာကြပါတယ်။သွားငုတ်တုတ် လူငုတ်တုတ်ဆိုသလိုပေါ့။ စစထွက်ချင်းတော့ ဘေဘီလေးက ရှေ့အပေါ်သွား ၂ ချောင်းနဲ့ ရှေ့အောက်သွား ၂ ချောင်းကို ပိုင်ဆိုင်ကြပါတယ်။ ဒီလိုကနေမှ စွယ်သွား၊ အံသွားလေးတွေ ဖြစ်လာတာပါ။ တကယ်လို့များ ဘေဘီလေးက အသက် ၂ နှစ်ကျော်တဲ့အထိ မေမေ့နို့စို့မယ်။အချိုစာတွေကို အများကြီး စားမယ်ဆိုရင် ဘေဘီလေးရဲ့ ရှေ့သွားလေးတွေကအံသွားလေးတွေနဲ့တောင် မဆုံလိုက်ရ ကြိတ်ဝါးတဲ့ တာဝန်တွေကို အတူတူ မထမ်းဆောင်လိုက်ရတာမျိုး ရှိတတ်ပါတယ်။ဒီလို သွားပိုးစားတာမျိုးကငယ်သွားလေးတွေမှာ ဖြစ်တာက သိပ်ပြဿနာ မရှိပေမယ့် ကြီးသွားတွေ လဲပြီးချိန်မှာ မဖြစ်အောင်တော့ သေချာ ဂရုစိုက်ဖို့ လိုပါမယ်။ ဒါကြောင့် သားသားမီးမီးတို့ရဲ့သွားကျန်းမာရေး နဲ့ပတ်သက်ပြီး ဖေဖေမေမေတို့ သိထားဖို့ လိုမယ့် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။သားသားမီးမီးလေးတွေဆိုတဲ့နေရာမှာ မွေးပြီး သွားစပေါက်တဲ့ အရွယ်ကနေ အသက် ၁၀ နှစ်ကျော်ဝန်းကျင်အထိ အကျုံးဝင်ပါတယ်။ တိတိကျကျ ပြောရရင်တော့ ကြီးသွားတွေ မပေါက်ခင်အထိပေါ့။ဘေဘီလေးတွေက ငယ်သွားတွေပဲ ကြီးသွားတွေမှ မဟုတ်သေးတာဆိုပြီး မိဘတွေက ခပ်ပေါ့ပေါ့ နေတတ်ကြပါတယ်။ တကယ်ကတော့ သွားနဲ့ ခံတွင်း ကျန်းမာရေးက အရွယ်တိုင်းအတွက် အရေးပါသလို ငယ်ကတည်းက သွားနဲ့ခံတွင်း ကျန်းမာရေးကို စောင့်ရှောက်တတ်အောင် သင်ပေးတာ၊ သေချာလေး ဂရုစိုက်ပေးတာတွေ လုပ်ပေးမှ ဘေဘီလေးကကျန်းမာလှပတဲ့ သွားတွေကို ပိုင်ဆိုင်ပြီး လိုအပ်တဲ့ အာဟာရ ဖြည့်တင်းမှုတွေကို လုပ်ဆောင်နိုင်တော့မှာပေါ့။ဒါကြောင့် ဘေဘီလေးတွေကို ငယ်စဉ်ကတည်းကစပြီး သွားနဲ့ ခံတွင်း ကျန်းမာရေးကို သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။သားသားမီးမီးတို့မှာ အဖြစ်များတဲ့သွားကျန်းမာရေး ပြဿနာတွေက တော်တော်လေး များပါတယ်။ကလေးတွေရဲ့ သွားတွေ ပျက်စီးရဲ့ အကြောင်းအရင်းတွေက အများကြီး ရှိသလို တစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။သားသားမီးမီးတို့ သွားကျန်းမာစေဖို့ ဆိုရင်။[embed-health-tool-bmi]
oral-health
oral-health
https://hellosayarwon.com/oral-health/pediatric-dentistry/about-pediatric-dentistry/
ဘာကြောင့် ယောင်္ကျားလေးတွေ အပြာကား ကြိုက်ကြတာလဲ
ညတိုင်းလိုလိုမှာ ဇနီး ဖြစ်သူ ကိတ်တစ်ယောက် အိပ်ရာဝင်သွားတာနဲ့ Tom တစ်ယောက် Internet မှာ အပြာရုပ်ရှင်ကားတွေကို ရှာဖွေလှန်လှောကြည့်ရှုပါတော့တယ်။ ဒါကိုလည်း ကိတ်က သူတို့လင်မယား စုံတွဲကုသမှု ဒုတိယ အကြိမ်မှာမှ သိခဲ့တာ ဖြစ်ပါတယ်။ တွမ်ကတော့ ဒီလို ညဘက်မှာ အပြာ ဇာတ်ကားတွေ ကြည့်ရှုတာက သူတို့ ဇနီးမောင်နှံရဲ့ လိင်မှုဘဝနဲ့ ဘာမှ ပတ်သတ်မှုမရှိဘူးလို့ဆိုပေမဲ့ ကိတ်ကတော့ တွမ်တစ်ယောက် သူမထက် အပြာရုပ်ရှင် ဇာတ်ကားတွေကိုပိုပြီး စွဲလန်းသွားမလားလို့ စိုးရိမ်နေမိပါတယ်။ဒါက အမျိုးသမီးတွေရဲ့ ပုံမှန်တုံ့ပြန်ချက်ပါပဲ။” အဖော်ဖြစ်သူ က အပြာဇာတ်ကားတွေကို စိတ်ဝင်စားနေတယ်ဆိုရင် တခြားတစ်ယောက်က ဒါဟာ ပြဿနာ လို့ထင်တတ်ကြပါတယ်။ ဒါပေမဲ့ ဒီလို ပြဿနာ ဖြစ်တာမျိုးက တော်တော်ရှားပါတယ်။ လေ့လာချက်တွေအရတော့ အပြာကားကြည့်ရှုသူ ၅ ရာခိုင်နှုန်း လောက်ကပဲ သူတို့ရဲ့ နေ့စဉ်ဘဝတွေမှာ ပြဿနာ တက်လေ့ရှိကြပါတယ်။ ” လို့ မီချီဂန် ပြည်နယ်မှ စိတ်ပညာရှင်နဲ့ လိင်မှုဗေဒဆိုင်ရာ ကျွမ်းကျင်သူ ရပ်ဆဲလ် စတန်းဘော့ (Russell Stambaugh) ကဆိုပါတယ်။ဒါဟာ တကယ့် သတင်းကောင်းပါပဲ။ ဘာကြောင့်ဆိုတော့ လူတော်တော်များများက အပြာဇာတ်ကားတွေကို ကြည့်တတ်ကြပါတယ်။Pew Internet & American Life Project အဖွဲ့ရဲ့ လေ့လာချက်တစ်ခုအရ အင်တာနက်အသုံးပြုသူ အမျိုးသား ၂၆ % ရာခိုင်နှုန်းဟာ အပြာဇာတ်ကား Website တွေမှာ ကြည့်ရှုတတ်ကြပြီး အမျိုးသမီးတွေကတော့ ၃ ရာခိုင်နှုန်းခန့်သာ Website တွေမှာ ကြည့်ရှုကြတယ် သိရပါတယ်။ အပြာဇာတ်ကားစီးပွားရေးလုပ်ငန်းက ဘယ်လောက်ကြီးသလဲဆိုရင် ၂၀၀၆ ခုနှစ်မှာ အပြာဇာတ်ကား လုပ်ငန်းတွေရဲ့ ဝင်ငွေက ၁၃ ဘီလီယံဒေါ်လာအထိ ရှိခဲ့ပါတယ်။ယောက်ျားလေးတွေနဲ့ အပြာရုပ်ရှင်။ (ဆင့်ကဲ့ ဖြစ်ပေါ်လာတဲ့ ဆက်နွယ်မှု)။အမျိုးသမီးအများစု အတွက်တော့ အပြာဇာတ်ကားကြည့်ခြင်းဟာ စိုးရိမ်စရာ မလိုပါဘူး။“ အမျိုးသမီး တချို့ကတော့ သူတို့ရဲ့ ခင်ပွန်းတွေ အပြာဇာတ်ကားများကြည့်တဲ့ အခါ သူတို့က အပြာမင်းသမီးတွေလောက် မလှလို့လားဆိုပြီး စိုးရိမ်မှုကို ခံစားတတ်ကြပါတယ်။ ဒါပေမဲ့ အပြာကားတွေကြောင့် အမျိုးသားတွေ ဖောက်ပြန်တာ မဟုတ်ပါဘူး။ အပြာကားတွေဟာ သရုပ်ဖော်ဇာတ်လမ်းတွေသာ ဖြစ်ပြီး လိင်စိတ်ဆန္ဒကို နှိုးဆွပေးတဲ့ အရာတွေ သာ ဖြစ်ပါတယ်။ ” လို့ ဆန်ဖရန်စစ်စကိုမြို့ရှိ လိင်မှုဆိုင်ရာ ကုထုံးပညာရှင် ဒေါက်တာ လီယွန်နီ ဘာဘက်ခ်ျ (Lonnie Barbach) ကဆိုပါတယ်။ဒါပေမဲ့ မေးစရာ မေးခွန်းတွေတော့ ကျန်ပါသေးတယ်။ ဘာကြောင့် အမျိုးသား အများစုက အဝတ်အစားမပါတဲ့ လူတွေရဲ့ ဓာတ်ပုံ၊ ပန်းချီတွေကို ကြည့်ရတာ ကြိုက်ကြတာလဲ။ ဒါကလည်း ဖြေရတာ လွယ်တဲ့ မေးခွန်းတစ်ခုတော့ မဟုတ်ပါဘူး။ အပြာရုပ်ရှင်ကားကြည့်လို့ ဖြစ်လာတဲ့ လိင်စိတ်ဆန္ဒဟာ ဦးနှောက် အစိတ်အပိုင်းများစွာနဲ့ ဆက်နွယ်နေပါတယ်။ လတ်တလာ သီအိုရီ တစ်ခုကတော့ လိင်ဆက်ဆံချိန်နဲ့ အပြာကားကြည့်ရှုချိန်မှာ အမျိုးသား လိင်စိတ်တက်ကြွရာမှာ အရေးပါတဲ့ ဦးနှောက် နူရွန်ဆဲလ်များ စတင် လှုပ်ရှားတယ်လို့ ဆိုပါတယ်။စတန်းဘော့ကတော့ ဒီအချက်ကို ဆင့်ကဲ့ ဖြစ်စဉ်အနေနဲ့ ပြောထားပါတယ်။ အမျိုးသားတွေရဲ့ ဦးနှောက်ဟာ လိင်စိတ်အမြန်နိုးကြွစေဖို့အတွက် ဖွဲ့စည်းထားတာ ဖြစ်ပြီး ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် လိင်မှုကိစ္စ အတွက် အမြဲတမ်း အဆင်သင့်ဖြစ်နေပါတယ်။ ဒါဟာ လူသားမျိုးနွယ်အတွက် မျိုးပွားမှု ဆိုင်ရာ ဆင့်ကဲ့ ဖြစ်စဉ်တစ်ရပ်လည်း ဖြစ်ပါတယ်။နောက်ပိုင်း ကိတ်တစ်ယောက် အပြာရုပ်ရှင်ကားများဟာ သူမရဲ့နေရာကို အစားထိုးနေတာ မဟုတ်ကြောင်းသိရတဲ့ အခါမှာတော့ တွမ်ကလည်း သူ့အလေ့အကျင့်အပေါ် ရှက်ရွံ့စိတ် နည်းသွားပါတော့တယ်။ ဒါ့အပြင် သူတို့ ဇနီးမယားနှစ်ယောက်လုံးကလည် သူတို့ရဲ့ လိင်မှုဘဝကို ပိုပြီး ပွင့်လင်းစွာပြောဆိုလာကြပါတော့တယ်။ ဒါ့အတွက်ကြောင့် လိင်မှုကိစ္စပိုပြီး အသစ်အဆန်းတွေ လုပ်လာကြပြီး သာယာမှုကို ပိုခံစားရလာကြတယ်လို့ဆိုပါတယ်။စတန်းဘော့ကတော့ “ အပြာရုပ်ရှင်ဟာ ပြဿနာ မဟုတ်ပါဘူး။ ပြဿနာက သင် သင့်အဖော်နဲ့ ဘယ်လိုစကားပြောသလဲဆိုတာနဲ့ ကိုယ်ရဲ့ ခံစားချက်တွေကို တခြားတစ်ယောက်ထံ ဘယ်လို ထုတ်ဖော်ပြသလဲဆိုတာက ပြဿနာပါ။ ” လို့ဆိုပါတယ်။အပြာရုပ်ရှင်ကားများကို စူးစမ်းကြည့်ခြင်း။သင်ဟာ အပြာရုပ်ရှင်တွေကြည့်ရတာ ကြိုက်နှစ်သက်သူ တစ်ယောက်ဖြစ်မယ်ဆိုရင် ဒီလို ကြည့်တဲ့ အကျင့်ကနေ သင်ရဲ့ အိမ်ထောင်ရေးမှာ ကောင်းကျိုးတွေ ဖြစ်လာဖို့ အောက်ပါ အချက်တွေကို လိုက်နာသင့်ပါတယ်။အမျိုးသမီးကို ရွေးချယ်ခွင့်ပေးပါ။အပြာဇာတ်ကားတွေကို အတူတကွ ကြည့်လိုတဲ့ စုံတွဲတွေအနေနဲ့ ရွေးချယ်စရာတွေ အများကြီးရှိပါတယ်။ အမျိုးသားများဟာ လွယ်လွယ်ကူကူနဲ့ လိင်စိတ်ခံစားမှု တိုးမြှင့်နိုင်တာကြောင့် အရေးကြီးတာကတော့ အမျိုးသမီး ဘာကို ကြိုက်နှစ်သက်သလဲဆိုတာရှာဖွေဖို့လိုပါတယ်။လုံခြုံရေးဟာ ပထမ။အပြာရုပ်ရှင်ကားတွေမှာ အန္တရာယ်မကင်းတဲ့ လိင်မှုကိစ္စတွေကို လုပ်နေကြတာဟာ ပုံမှန်ဖြစ်ပါတယ်။ ဒါပေမဲ့ အိပ်ရာထဲမှာတော့ လုံခြုံစိတ်ချရတဲ့ လိင်မှုကိစ္စကိုသာပြုလုပ်သင့်ပါတယ်။အချိန်နဲ့ ငွေကြေး။အပြာရုပ်ရှင်ကားများအတွက် သင် ပိုက်ဆံ (သို့မဟုတ်) အချိန် အရမ်း အကုန်ခံနေပြီဆိုရင် သင့်မှာ အိမ်ထောင်ရေးပြဿနာတွေနဲ့ အလုပ်ပြုတ်သွားတာမျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။အပြာရုပ်ရှင်ကားများက စွဲလမ်းစေနိုင်သလား။အပြာရုပ်ရှင်ကားများဟာ ဦးနှောက်အပေါ် အဆိပ်အတောက်ဖြစ်စေနိုင်ပြီး ကိုကင်း သုံးစွဲတဲ့ အခါ ဖြစ်ပေါ်တဲ့ စွဲလမ်းမှုမျိုးနဲ့ ဆင်တူပါတယ်။ စိတ်ပညာရှင်တစ်ယောက်ကတော့ အပြာရုပ်ရှင်ကားများကို ရေရှည်ကြည့်ရှုတဲ့ လူတစ်ယောက်ဟာ အဖွဲ့လိုက် လိင်ကိစ္စလုပ်ဆောင်ခြင်းကို ကြိုက်နှစ်သက်လာနိုင်ပြီး ညှင်းပန်းနှိပ်စက်ခြင်းဖြင့် ကာမသာယာမှုကို ကြိုက်နှစ်သက်နိုင်တဲ့ လူတစ်ယောက် (sadism) ဖြစ်လာနိုင်တဲ့အပြင် တိရစ္ဆာန်များနဲ့ လိင်စိတ်သာယာတတ်မှုတွေကိုပါ ခံစားချင်လာသူတစ်ယောက် ဖြစ်လာနိုင်တယ် လို့ဆိုပါတယ်။အရင်ခေတ်ကာလတွေတုန်းကတော့ သင့်အနေနဲ့ အပြာရုပ်ရှင်၊ ဇာတ်လမ်းတွေကို ဖတ်ရှုလိုတယ်ဆိုရင် အိမ်အပြင်ထွက်ပြီး ငှားရမ်းကြည့်ရှုရတဲ့အတွက်ကြောင့် လူသားတွေရဲ့ အပြာရုပ်ရှင် ကြည့်ရှုတဲ့ အကျင့်ကို ကန့်သတ်ချက်တစ်ခုရှိခဲ့ပေမဲ့ လက်ရှိအချိန်မှာ အပြာရုပ်ရှင်ကားကြည့်ရှုနိုင်တဲ့ Website တွေက သန်း ၅၀၀ နဲ့ အထက်ရှိနေပါတယ်။ ဒီတော့ အပြာရုပ်ရှင်ကြည့်ရှုရတာ စွဲလန်းနေတဲ့ လူတစ်ယောက်အနေနဲ့ Click တစ်ချက်နှိပ်လိုက်တာနဲ့ ကြည့်ရှုနိုင်တဲ့အတွက် ဖြတ်တောက်ဖို့ ပိုခဲယဉ်းပါတယ်။အပြာရုပ်ရှင်ကား အလွန်အကျွံကြည့်ရှုတတ်တဲ့ လူတစ်ယောက်မှာ ပြဿနာတွေ အများကြီးရှိပါတယ်။ မြန်မာနိုင်ငံမှာ သိပ်ခေတ်မစားပေမဲ့ နိုင်ငံခြားမှာဆိုရင် အပြာရုပ်ရှင်တွေကို Credit card နဲ့ ကြည့်ရှုရတဲ့ အတွက် ပိုက်ဆံကုန်ခြင်း၊ အိပ်ရေးပျက်ခြင်း၊ တာဝန်ပျက်ကွက်ခြင်းနဲ့ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကိုပါ လျစ်လျူရှုထားခြင်းတွေ အထိဖြစ်စေနိုင်ပါတယ်။အတင်းအကျပ်ဖြစ်နေတာလား၊ မူးယစ်ဆေးဝါးကို စွဲနေသလို စွဲလမ်းတာလား။(Compulsion or Addiction)။အပြာရုပ်ရှင်ကားများကို စွဲလမ်းခြင်းနဲ့ ပတ်သတ်ပြီး ဆွဲဆောင်နိုင်လွန်းခြင်းနဲ့ မူးယစ်ဆေးစွဲသလို စွဲလမ်းခြင်းဆိုတဲ့ အသုံးအနှုန်း ၂ ခုထဲက တစ်ခု သုံးနှုန်းရမယ်ဆိုရင် ဆွဲဆောင်နိုင်လွန်ခြင်းက ပိုပြီးသင့်တော်ပါတယ်။ ဒီ အသုံးအနှုန်း ၂ ခုကြား ကွာခြားချက်က သိပ်မကြီးမားပေမဲ့ အပြာရုပ်ရှင်ကားနဲ့ ပတ်သတ်ရင်တော့ ခွဲခွဲခြားခြား သိဖို့က အရေးကြီဒပါတယ်။အမေရိကန် အင်ဒီယာနာ ပြည်နယ် ဘလိုမင်တန်မြို့ရှိ (Bloomington) Kinsey Institute for Research in Sex, Gender, and Reproduction မှ လေ့လာသူ တစ်ယောက်ဖြစ်တဲ့ အဲရစ် ဂျန်ဆင် (Erick Janssen) ကတော့ အပြာရုပ်ရှင်ကားစွဲလမ်းနေသူတွေဟာ မူးယစ်ဆေးဝါးစွဲလမ်းနေသူတွေ လို ပြုမူတတ်ကြပေမဲ့ မူးယစ်ဆေးဝါးစွဲနေသူတွေကို ကုသသလိုတော့ ကုသလို့ မရဘူးလို့ဆိုပါတယ်။အပြာရုပ်ရှင်ကားတွေ ကြည့်ရတဲ့ အကြောင်းအရင်း။အဓိက အားဖြင့် လူသားတွေ အပြာ ရုပ်ရှင်ကားတွေ ကြည့်ရတဲ့ အကြောင်းရင်း ၃ ခုရှိပါတယ်။ အဲ့ဒါတွေကတော့ သူတို့ရဲ့။တစ်ခါတစ်ရံမှာ လူတွေက အပြာရုပ်ရှင်ကားတွေထဲမှာ လုပ်နေတဲ့ အရာတွေကို လက်တွေ့ဘဝမှာလည်း လုပ်ချင်ကြပါတယ်။ ဒါ့အပြင် အပြာကားများဟာ အိမ်ထောင်ရေးထဲက ကွက်လပ်တချို့ကိုလည်း ဖြည့်ဆည်းပေးနိုင်ပါတယ်။ ဥပမာ လူတစ်ယောက်ရဲ့ အိမ်ထောင်ဖက်က ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကို လုံးဝမကြိုက်ဘူးဆိုရင် ကျန်တဲ့သူက အပြာရုပ်ရှင်ကားများထဲက ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းကိုသွားကြည့်လေ့ရှိပါတယ်။ ဒီလိုကိစ္စမျိုးမှာတော့ အပြာရုပ်ရှင်ကားတွေက သာယာတဲ့ အိမ်ထောင်ရေးတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခု အဖြစ်ပါဝင်နေနိုင်ပေမဲ့ ကိစ္စတော်တော်များများမှာတော့ အပြာရုပ်ရှင်ကားများက လိင်ဆက်ဆံချင်စိတ်ကို နည်းပါးစေနိုင်ပါတယ်။တစ်ခါတစ်ရံမှာ သူတို့ လိင်ဆက်ဆံချိန်မှာ လုပ်ဆောင်ချင်တဲ့ ပုံစံကို ဖွင့်မပြောရဲတဲ့ လူတွေလည်းရှိပါတယ်။ ဒီလို သူတို့ လုပ်ဆောင်ချင်တဲ့ ပုံစံကို သူတို့ အဖော်နဲ့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောလိုက်မယ်ဆိုရင် သူတို့အနေနဲ့ ပိုပြီးသာယာတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်နိုင်ကြမှာပါ။ဒါပေမဲ့ တစ်ခါတစ်ရံမှာ ထုတ်ပြောလို့ မရတဲ့ အခြေအနေတွေလည်းရှိနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ အိမ်ထောင်ဖက်ဖြစ်သူ လက်ခံနိုင်တဲ့ နောက်ဆုံး အတိုင်းအတာကိုရောက်ပြီဆိုရင် ထုတ်ပြောလည်း လက်ခံမှာ မဟုတ်ဘူးလို့ စဉ်းစားတဲ့ အတွက် ကျန်အိမ်ထောင်ဖက်က သူတို့လိုချင်တဲ့ ပုံစံတွေကို အပြာရုပ်ရှင်ကားတွေကြည့်ပြီး စိတ်ဖြေတတ်ကြပါတယ်။နောက်ဆုံးအတွေ့ရများတဲ့ အပြာရုပ်ရှင်ကား ကြည့်ခြင်းဖြစ်စဉ်ကတော့ တစ်ကိုယ်ရည် အာသာဖြေတဲ့အခါမှာ ကြည့်ရှုတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။ လူအများစုဟာ အပြာရုပ်ရှင်ကားများကို တစ်ကိုယ်ရည် အာသာမဖြေခင်နဲ့ အာသာဖြေနေစဉ်မှာ ကြည့်ရှုတတ်ကြပါတယ်။အပြာရုပ်ရှင်ကားများဟာစွဲလန်းတတ်စေရဲ့လားဆိုတာနဲ့ ပတ်သတ်ပြီး ယခုအချိန်ထိ ဆေးပညာအသိုင်းအဝိုင်းမှာပါ တစ်စုတစ်စည်းထဲ အတည်မပြုရသေးပါဘူး။Ultimate Guide to Adult Videos စာအုပ်ရေးသူနဲ့ လိင်ပညာပေးနေသူ ဗိုင်အိုလက် ဘလူး (Violet Blue) ကတော့ “ကျွန်မကတော့ အပြာရုပ်ရှင်ကားများကို စွဲလန်းခြင်းဆိုတာ လူ့ပတ်ဝန်းကျင်ကနေ ကန့်ကွက်ထားတဲ့ အမူအကျင့်အနေနဲ့ နာမ်နှိမ်ထားတဲ့ နာမည်တစ်ခုသာ ဖြစ်တယ် လို့ထင်ပါတယ်။ လူအများစုဟာ တစ်ကိုယ်ရည် အာသာဖြေခြင်းကို ရှက်တတ်ကြပါတယ်။ ” လို့ဆိုပါတယ်။ယောက်ျားလေးတွေဟာ မိန်းကလေးတွေထက် အပြာရုပ်ရှင်တွေကြည့်ပြီး လိင်စိတ် ပိုထကြွတတ်တယ်လို့ ယူဆထားကြပေမဲ့ အမျိုးသမီး အများစုလည်း အပြာရုပ်ရှင်ကားကြည့်ပြီး လိင်စိတ်ဖြေဖျောက်တတ်တယ် လို့သူမက ဆိုပါတယ်။[embed-health-tool-bmi]
mens-health
mens-health
https://hellosayarwon.com/mens-health/mens-health-issues/%e1%80%a1%e1%80%bb%e1%80%95%e1%80%ac%e1%80%80%e1%80%ac%e1%80%b8/