eng
stringlengths
4
91
myn
stringlengths
5
92
I will go home after I do a little bit more work.
နောက်ထပ် အလုပ်လေး နည်းနည်း လုပ်ပြီး ပြန်မယ်။
It is not cold today.
ဒီနေ့ မအေးဘူး။
I am a student.
ကျွန်တော် ကျောင်းသားပါ။
It is very cold tonight.
ဒီည အရမ်း အေးတယ်။
My little sister is good at drawing pictures.
ညီမလေးက ပန်းချီ တော်တယ်။
Mr Hayashi probably knows the news.
မစ္စတာဟယရှိ အဲဒီသတင်းကို သိလိမ့်မယ်။
I do not have any money.
ပိုက်ဆံ မရှိဘူး။
A boy is climbing a tree over there.
ဟိုမှာ ကောင်လေးတစ်ယောက် သစ်ပင်ပေါ် တက်နေတယ်။
There is a new airport near here.
အိမ်နားက လေဆိပ်အသစ်ကြီး ဆောက်ပြီးသွားပြီ။
The socks section is on the first floor.
ခြေအိတ်အရောင်းကောင်တာက တစ်ထပ်မှာ ရှိတယ်။
It was my mother's birthday last week.
ရှေ့အပတ်တုန်းက အမေ့မွေးနေ့။
The rain continued for several days last week.
ရှေ့အပတ်က မိုး ဆက်တိုက် ရွာတယ်။
When summer ends, autumn comes.
နွေကုန်ရင် ဆောင်းဦး လာမယ်။
I met Mr Hayashi for the first time.
ကျွန်တော် ပထမဆုံးအကြိမ် မစ္စတာဟယရှိနဲ့ တွေ့ခဲ့တယ်။
There are vegetables and eggs in the refrigerator.
ရေခဲသေတ္တာထဲမှာ ဟင်းသီးဟင်းရွက်နဲ့ ကြက်ဥ ရှိတယ်။
I went shopping with my friend, and then we entered a cafe.
သူငယ်ချင်းနဲ့ ဈေးဝယ်ပြီး ကော်ဖီဆိုင် ဝင်ဖြစ်တယ်။
I am working at an automobile company.
ကျွန်တော် ကားကုမ္ပဏီမှာ အလုပ်လုပ်နေတယ်။
I was busy, so I couldn't eat lunch.
အလုပ်များလို့ နေ့လယ်စာ မစားလိုက်ရဘူး။
There are trees and flowers in Mr Tanaka's home garden.
မစ္စတာတာနာခါရဲ့ အိမ်ကခြံဝန်းထဲမှာ သစ်ပင်ပန်းပင်တွေ ရှိတယ်။
I took that picture last month.
အဲဒီဓာတ်ပုံက ရှေ့လက တိုကျိုမှာ ရိုက်ထားတာ။
I didn't know the time, so I looked at the clock in the classroom.
အချိန် မသိလို့ စာသင်ခန်းနာရီကို ကြည့်လိုက်တယ်။
I have already had lunch at the cafeteria.
ကျွန်တော် စားသောက်ဆိုင်မှာ နေ့လယ်စာ စားပြီးသွားပြီ။
There are a lot of policemen at the intersection.
လမ်းဆုံမှာ ရဲတွေ အများကြီးပဲ။
You should stop reading books where it is dark.
အမှောင်ထဲမှာ စာကြည့်တာမျိုး ရှောင်သင့်တယ်။
I went to a cafe with Mr Kimura during lunchtime yesterday.
မနေ့နေ့လယ်က မစ္စတာခိမုရနဲ့ ကော်ဖီဆိုင် သွားတယ်။
We write answers on tests with ballpoint pens.
စာမေးပွဲမှာ အဖြေကို ဘောပင်နဲ့ ရေးတယ်။
I played tennis and swam during summer vacation.
ကျွန်တော် နွေရာသီပိတ်ရက်မှာ တင်းနစ်ရိုက်လိုက် ရေကူးလိုက် လုပ်တယ်။
My mother likes cooking.
အမေက ဟင်းချက်ဝါသနာပါတယ်။
This baggage is heavy because it weighs five kilograms.
ဒီအထုပ်က ငါးကီလို ရှိလို့ လေးတယ်။
Flowers will blossom in the garden.
ခြံထဲမှာ ပန်းတွေ ပွင့်တယ်။
Mr Yamada is strong and healthy.
မစ္စတာယာမာဒါက သန်စွမ်းပြီး တက်တက်ကြွကြွ ရှိတယ်။
Although work is busy, it is fun.
အလုပ်က ပင်ပန်းပေမဲ့ စိတ်ဝင်စားဖို့ ကောင်းတယ်။
I went to eat dinner with Ms Kimura last night.
မနေ့ညက မစ္စတာခိမုရနဲ့ ညစာ သွားစားတယ်။
Mr Yamada has bad eyesight, so he is wearing glasses.
မစ္စတာယာမာဒါက မျက်စိ မကောင်းလို့ မျက်မှန် တပ်ထားတယ်။
I put in sugar and salt, and cook a meal.
ဟင်းထဲကို သကြားနဲ့ ဆား ထည့်ချက်တယ်။
I will write the answer here.
ဒီမှာ အဖြေ ရေးမယ်။
You cannot use the thing that is over there.
အဲဒီမှာ ရှိတဲ့ပစ္စည်းတွေကို မသုံးရဘူး။
I am not going to school tomorrow because I don't have class.
မနက်ဖန် အတန်းမရှိလို့ ကျောင်းမသွားဘူး။
Let's go get lunch later.
နောက်မှ နေ့လယ်စာ အတူတူ စားကြတာပေါ့။
We cross that intersection and go left.
အဲဒီလမ်းဆုံကို ဖြတ်ပြီး ဘယ်ဘက်ကို ကွေ့မယ်။
I have a fever, so I will be absent from school.
ကိုယ်ပူနေလို့ ဒီနေ့ အနားယူမယ်။
I bought a sweater, skirt and so on at the department store yesterday.
မနေ့က ကုန်တိုက်မှာ ဆွယ်တာတွေ စကတ်တွေ ဝယ်ခဲ့တယ်။
I received a bank transfer form at the counter.
ကောင်တာကနေ ငွေလွှဲပုံစံစာရွက် ရခဲ့တယ်။
Mr Tanaka was asked to do work by Mr Hayashi.
မစ္စတာခိုဘာယာရှိက မစ္စတာတာနာခါကို အလုပ်လုပ်ပေးဖို့ တောင်းဆိုတယ်။
I smoke.
ကျွန်တော် ဆေးလိပ်သောက်တယ်။
My brother has a strong body.
ညီလေးက ကိုယ်ခန္ဓာ အရမ်း သန်မာတယ်။
The weather today is very nice.
ဒီနေ့ရာသီဥတု အရမ်း သာယာတယ်။
Small animals are very cute.
တိရစ္ဆာန်သေးသေးလေးတွေက အရမ်း ချစ်ဖို့ကောင်းတယ်။
I got a cute cup from my friend.
သူငယ်ချင်းဆီက ခွက်လှလှလေး ရခဲ့တယ်။
I wake up at 6.00 every morning.
နေ့တိုင်း ခြောက်နာရီမှာ အိပ်ရာထတယ်။
We all sing songs together.
အားလုံး အတူတူ သီချင်းဆိုမယ်။
The food my mother cooks is very good.
အမေ ချက်တဲ့ဟင်းက အရမ်း စားလို့ကောင်းတယ်။
I eat at the cafeteria.
စားသောက်ဆိုင်မှာ ထမင်းစားတယ်။
I am thinking of cleaning when I get home.
အိမ်ပြန်ရောက်ရင် သန့်ရှင်းရေးလုပ်မယ်လို့ စိတ်ကူးတယ်။
I will go to the bank to transfer money.
ဘဏ်မှာ ငွေ သွားလွှဲမယ်။
I will write my name on the envelope.
စာအိတ်မှာ နာမည်ကို ရေးလိုက်မယ်။
That middle-aged man at the vegetable shop is always buoyant.
အဲ့ဒီဟင်းသီးဟင်းရွက်ဆိုင်ကဦးလေးကြီးက အမြဲတမ်း တက်ကြွနေတာပဲ။
I cannot play tennis on days when the wind is strong.
လေကြမ်းတဲ့နေ့ဆို တင်းနစ်ရိုက်လို့မရဘူး။
Ms Kobayashi likes pants better than skirts.
မစ္စခိုဘာယာရှိက စကတ်ထက် ဘောင်းဘီကို ပိုကြိုက်တယ်။
I asked the store staff for food.
ဆိုင်ဝန်ထမ်းကို အစားအသောက် မှာလိုက်တယ်။
You wrote this essay very well.
ဒီစာစီစာကုံးက အရေးအသား တော်တော် ကောင်းတယ်။
B: I'm sorry. Tomorrow is a little...
ဆောရီးပဲ။ နက်ဖန်ခါတော့ သိပ် အဆင်မပြေဘူး။
Yesterday, Mr Lee learned Kanji from Mr Matsui.
မစ္စတာလီ မနေ့က မစ္စတာမဆုအိဆီမှာ ခန်းဂျီး သင်တယ်။
I want to take the day off tomorrow. However, I need to go to school.
မနက်ဖန် တစ်နေ့လုံး နားချင်တယ်။ ဒါပေမဲ့ ကျောင်းမသွားလို့မရဘူး။
This road has twists and turns.
ဒီလမ်းက ကွေ့ကောက်နေတယ်။
I was tired yesterday, so I fell asleep quickly.
မနေ့က ပင်ပန်းနေလို့ ချက်ချင်း အိပ်ပျော်သွားတယ်။
I do not really like studying.
ကျွန်တော် စာကို သိပ် စိတ်မဝင်စားဘူး။
This bookshelf is 1 metre tall and 1.5 metres wide.
ဒီစာအုပ်စင်က အနံ တစ်မီတာ အလျားတစ်မီတာခွဲ ရှိတယ်။
I cannot sit here, so I will sit there.
ဒီမှာ ထိုင်လို့မရလို့ ဟိုမှာ ထိုင်မယ်။
This classroom is bright and pretty.
ဒီစာသင်ခန်းက အလင်းရောင်ကောင်းပြီး သန့်ရှင်းတယ်။
I must write an essay in English by the fourth.
လေးရက်နေ့အပြီး အင်္ဂလိပ်လိုစာစီစာကုံး မရေးလို့မဖြစ်ဘူး။
I will put up a picture on the wall.
နံရံမှာ ဓာတ်ပုံ ကပ်မယ်။
My class went on a trip together.
အတန်းကလူတွေနဲ့ ခရီးသွားခဲ့တယ်။
Please write your name.
နာမည် ရေးပါ။
I will put a film in the camera.
ကင်မရာထဲကို ဖလင် ထည့်တယ်။
Two bottles of Coca-Cola, please.
ကိုကာကိုလာ နှစ်ခွက် ပေးပါ။
The class will finish in five minutes.
နောက်ငါးမိနစ်ဆို အတန်းပြီးမယ်။
Who is the new teacher?
ဆရာအသစ်က ဘယ်သူပါလဲ။
This place is very lively.
ဒီနေရာက အရမ်း စည်ကားတဲ့နေရာ ဖြစ်တယ်။
Because I always use this pencil, it has become short.
အမြဲတမ်း ဒီခဲတံချည်းပဲ သုံးနေလို့ တိုတောင်တိုသွားပြီ။
The bank is open from nine in the morning to three in the afternoon.
ဘဏ်ဖွင့်ချိန်က မနက်ကိုးနာရီကနေ ညနေသုံးနာရီအထိပါ။
I like coffee more than tea.
ကျွန်တော် ကော်ဖီထက် လက်ဖက်ရည်ကို ပိုကြိုက်တယ်။
I was absent from school because I was sick.
ဒီနေ့ အအေးမိလို့ ကျောင်းမသွားဘူး။
When I opened the window, it became a little cooler.
ပြတင်းပေါက် ဖွင့်လိုက်တော့မှ နည်းနည်း အေးသွားတယ်။
I cried when I was watching the film.
ရုပ်ရှင် ကြည့်နေတုန်းက ငိုလိုက်ရတယ်။
Mr Matsui's voice is big.
မစ္စတာမဆုအိက အသံကျယ်တယ်။
This class is very interesting.
ဒီအတန်းက အရမ်း စိတ်ဝင်စားဖို့ကောင်းတယ်။
I will wear new shoes and go out.
ဖိနပ်အသစ် စီးပြီး အပြင်ထွက်မယ်။
It is cool in autumn.
ဆောင်းဦးက အေးမြတယ်။
I eat vegetables and fruit every morning.
ကျွန်တော် မနက်တိုင်း ဟင်းသီးဟင်းရွက်နဲ့ သစ်သီး စားတယ်။
Please do not forget the homework.
အိမ်စာလုပ်ဖို့ မမေ့ပါစေနဲ့။
Ms Matsui sat in front of me.
ကျွန်တော့်ရှေ့မှာ မစ္စတာမဆုအိ ထိုင်တယ်။
During the winter, the northern part of Japan gets very cold.
ဆောင်းတွင်း ရောက်ရင် ဂျပန်ရဲ့ မြောက်ဘက်ပိုင်းမှာ အရမ်း အေးတယ်။
Class will finish in the morning tomorrow.
မနက်ဖန် နေ့လယ်ဆို အတန်း ပြီးပြီ။
That shop is cheap, but the food does not taste good.
အဲဒီဆိုင်က ဈေးပေါပေမဲ့ စားလို့ မကောင်းဘူး။
The teacher asked a question.
ဆရာက မေးခွန်းထုတ်လိုက်ပါတယ်။
You may eat your boxed lunch in this room.
ဒီအခန်းထဲမှာ ထမင်းဘူး ဖွင့်စားလည်း ရတယ်။
I work eight hours every day.
နေ့တိုင်း တစ်နေ့ကို ရှစ်နာရီ အလုပ်လုပ်တယ်။
It's an old Japanese film.
ဂျပန်ရဲ့ ရုပ်ရှင်ကားဟောင်းပါ။
We show our passports at the airport.
လေဆိပ်မှာ ပတ်စပို့ကို ပြတယ်။